လမ်းပေါ်တွင် လူငယ်နှစ်ယောက် အငြင်းအခုန် ဖြစ်နေကြသည်။
ထိုအငြင်းအခုန် ဖြစ်နေသော ပွဲကို လမ်းသွားလမ်းလာများ က ရပ်ကြည့်နေကြရာ မကြာမီအချိန်တွင် ကြည့်ရှုသူတော် တော် များ လာလေ၏ ။
‘ငါက သူ့ကို မင်းချစ်တာထက် ပိုချစ်တာကွ. . .’
‘အံမယ်. . . အဲ့ဒီလိုပြောရအောင် မင်းက သူ့ကို ဘယ်လောက်ချစ်လို့လဲ. . .’
‘ရူးလောက်အောင် ချစ်တယ်ဆိုတဲ့စကားကိုတော့ မင်းကြားဖူးမှာ ပေါ့’
‘ကြားဖူးပ. . . ဘာလဲ မင်းက သူ့ကို ရူးလောက်အောင် ချစ်လို့လား’
‘အဲ့ဒီထက် ပိုတယ်. . . ငါက သူ့ကို သေလောက်အောင်ချစ်တာ သိပြီလား. . .’
‘ဒါဆို မင်းနဲ့သူနဲ့ ညားမှာ မဟုတ်ဘူး၊ ငါနဲ့ပဲ ညားလိမ့်မယ်. . .’
‘ဘာကွ. . . ဘာဆိုင်လို့ မင်းနဲ့ပဲ ညားရမှာ လဲ. . .’
‘မင်းက သေလောက်အောင်ချစ်တယ်ဆိုတော့ သူ့ကို ရရင်တောင်မင်းက သေနေပြီလေ. . ဒီတော့. . . ဟဲ. . . ဟဲ. . .၊ ငါက သူ့ကို ရူးလောက်အောင်ပဲ ချစ်တာဆိုတော့ သူက အရူးနဲ့ပဲ လက်ထပ်ရမှာ ပေါ့. . .’
‘အဲ့ဒီလိုကြေးသာဆိုရင် မင်းနဲ့လည်း ညားမှာ မဟုတ်ဘူး. . .’
‘အင်. . . ဘာ ဖြစ်ရပြန်တာလဲ. . .’
‘သူက အရူးဆိုရင် ကြောက်တယ်ကွ၊ ဒီတော့ မင်းကို ယူမှာ မဟုတ်ဘူး. . .’
အဲဒီ လိုနဲ့ ငြင်းခုန်နေလိုက်ကြတာ တော် တော် နဲ့ကို မပြီးတော့ဘူး၊ ကြာလာတော့ ရပ်ကြည့် နေတဲ့လူတွေ က စိတ်မရှည်နိုင်တော့ဘဲ. . .
‘ဟေ့ကောင်တွေ မင်းတို့ စကားနိုင်လုနေတာ ကြာပြီ၊ ငါတို့ ရပ်ကြည့်နေတာလည်း ညောင်း နေပြီ၊ နေပါဦး. . . မင်းတို့က ဘယ်ကောင်မလေးကို ဒီလောက်အသည်းအသန် ချစ်နေရတာ လဲ၊ ငါတို့လည်း ဘယ်သူတုံး. . . ဘယ်သူတုံး ဆိုပြီး သိနိုး သိနိုးနဲ့ စောင့်နေရတာ ကွ. . .’
ဟု ပြောယူရတဲ့အထိ ဖြစ်လာလေ၏ ။
ဟုတ်တော့လည်း ဟုတ်သည်။ သူတို့နှစ် ယောက် ငြင်းသာငြင်းနေကြတာ၊ ဘယ်သူ့ဘယ် သူဆိုတာကို နာမည် တပ်မပြောကြဘူး ဖြစ်နေသည်။
ကျန်ရပ်ကြည့်နေသူများ ကလည်း တစ်ယောက် တခွန်းဝိုင်းပြောသော ကြောင့် ငြင်းခုန်နေ သော လူငယ်နှစ် ဦးမှာ ရပ်သွား၏ ။
‘ကဲ. . . ပြော. . . ဘယ်သူလဲ. . .’
ထိုအခါကျတော့လည်း မင်းပြောလိုက်၊ ငါပြောလိုက်နှင့် ဖြစ်နေကြသေးသည်။ စိတ်မရှည် သော လူ တစ်ယောက် က. . .
‘အာ. . . တော် ကြပါတော့. . . မောင်ဖေ. . . မင်းအရင်ပြော. . .’
ဟု ဆိုလိုက်မှပင် မောင်ဖေဆိုသော လူငယ်က မဆိုင်မတွဘဲ ပြောချလိုက်၏ ။
‘ဦးလေကော သမီး ချိုအီကို ပြောတာပါ. . .’
‘ဒါဆို မင်းတို့နှစ် ယောက် သူ့ကို ချစ်နေတာ သူသိပြီးပြီပေါ့. . .’
‘ဟင့်အင်း. . . သိသေးဘူး. . .’
‘ဟာကွာ. . . ဒါနဲ့များ ဘယ်သူက ပိုချစ်တယ်လေး ဘာလေးနဲ့ ငြင်းနေကြသေးတယ်. . .’
‘မငြင်းလို့မရဘူး ဦးလေးရဲ့ ၊ ဒီကောင် မောင်ကိုက အရင်စပြောလို့ ကျွန်တော် က သူ့ထက်ပိုချစ်ကြောင်း ပြန်ပြောနေရတာ . . .’
အားလုံးကလည်း မောင်ဖေနဲ့ မောင်ကို အကြောင်းကို သိပြီးကြသူများ ဖြစ်သော ကြောင့် တချို့က ရယ်ကျဲကျဲလုပ်နေကြ၏ ။
‘အချင်းချင်းတွေ ပဲကွာ ငြင်းမနေကြပါနဲ့. . .’
‘အာ. . . မရဘူး ဦးလေးရဲ့ ၊ ဒီကောင်မောင်ဖေက အချင်းချင်းရော ဘာရော သိတာမဟုတ် ဘူး၊ ဇွတ်ငြင်းနေတာ. . . ပြီးတော့ ပြောသေးတယ်. . .’
‘ဘာပြောလဲ’
‘မင်း အသိဉာဏ်က ဘူးသီးလောက်ပဲ ရှိတယ်တဲ့၊ အဲ့ဒါကို ခံပြင်းနေတာ. . .’
‘ဟင်. . . ကောင်းသားဘဲ၊ ဘူးသီးက ကြီးတယ်လေ၊ မင်း အသိဉာဏ်ကြီးတယ်လို့ ပြော တာမဟုတ်ဘူးလား. . .’
‘မဟုတ်ဘူး ဦးလေးရဲ့ ၊ ဒီကောင်က သူ့အသိဉာဏ်ကျတော့ အုန်းသီးနဲ့ တူတယ်တဲ့. . .’
‘ရှုပ်ကုန်ပြီ. . . ပြောစမ်းပါဦး အဲ့ဒါနဲ့ပတ်သက်ပြီး ဘာမခံချင် ဖြစ်နေရတာ လဲ. . .’
‘သူဆိုလိုတာ ကျွန်တော် သိတယ်. . .’
‘အေး. . . ပြောပါဦး. . .’
‘ဘူးသီး ဆိုရင် နုတယ် ပျော့တယ်လေ. . .’
‘အင်း. . . ဟုတ်တယ်လေ. . .’
‘ဒီတော့ ကျွန်တော့်အသိဉာဏ်က နုတယ်၊ ပြီးတော့ အုန်းသီးက မာတယ်၊ ရင့်တယ်ဆိုတာ သူ့အသိဉာဏ်က ရင့်ကျက်တယ် ဖြစ်နေဘူးလား. . .’
‘အေး. . . ဟုတ်သလိုလိုပဲကွ. . .’
‘ဒါပေမယ့် ကျွန်တော် က ဒီကောင့်ကို အနိုင်မယူချင်လို့၊ အနိုင်ယူချင် အပျော့ပဲဗျ. . .’
‘ဟေ. . . ဘယ်လိုမျိုးလဲ. . .’
‘အုန်းသီးက အရည်ပဲရှိတယ်လေ၊ ဒီတော့ ဒီကောင့်ဦးနှောက်မှာ အရည်တွေ ကြီးပဲလို့ ပြောလိုက်ရင် မပြီးဘူးလား. . .’
‘ဟုတ်သားပဲ၊ အဲ့ဒါ ဘာ ဖြစ်လို့ မပြောလဲ. . .’
‘အဲ့ဒီလိုကျရင်လည်း သူက ပြောဦးမှာ ဗျ. . .’
‘အဲ့ဒီအရည်ကိုပဲ လူတွေ က တခုတ်တရနဲ့ သောက်သုံးချင်နေကြတာဆိုပြီးတော့ပေါ့. . .’
မောင်ကို့စကားကို အားလုံးက ၀ိုင်းရယ်လိုက်ကြသည်။
‘အေးပါကွာ. . . ဒီတော့ မင်းတို့က ဆက်ငြင်းကြမယ်ပေါ့. . .’
မောင်ဖေက. . .
‘အဲ့ဒီလိုကြီးလည်း မဟုတ်ပါဘူး၊ ငြင်းတာ ကတော့ အတိုင်းအတာတခုထိပဲ ငြင်းဖို့စဉ်းစား ထားပါတယ်. . .’
‘အံမယ်. . . စကားက တယ်ဟုတ်ပါလား၊ ပြောပါဦး မငြင်းတော့ရင် မင်းတို့နှစ် ယောက် က ဘာဆက်လုပ် ကြမှာ လဲ. . .’
‘ကောင်မလေးကို သူ့အဖေဆီမှာ သွားတောင်းမယ်လေ. . .’
‘ဟင်. . . နှစ် ယောက် လုံးလား. . .’
အားလုံး မျက်လုံးပြူးသွားကြ၏ ။
‘ဟုတ်တယ်. . .’
‘ ဖြစ်. . . ဖြစ်ပါ့မလား. . .’
‘ဒါ ကတော့ သူ့အဖေနဲ့ သူ့သမီးသဘော ဖြစ်သွားပြီ. . . ဦးလေးရဲ့ . . . ကျွန်တော် တို့နှစ် ယောက် ထဲက သူတို့သဘောကျတဲ့ သူကို ရွေးပစေပေါ့. . .’
‘အင်. . .’
သူ ကတော့ ဒီရွာမှာ အေးဆေးပါပဲ၊ မိဘတွေ ဆုံးသွားပြီး ဆွေမျိုးမရှိ တစ်ကောင်ကြွက်ပေါ့၊ မိဘတွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေ ၊ အငှားချထားခဲ့တဲ့ လယ်တွေ ဆီကရတဲ့ ၀င်ငွေနဲ့ ရပ်တည်နေတဲ့ သူ တစ်ယောက် ဖြစ်သည်။
သူ့ တစ်ယောက် စာအပြင် ပိုပိုလျှံလျှံ စုဆောင်းမိလည်း ရှိပါသည်။ သူက အားရင် စာဖတ် သည်။ ပုဂ္ဂလိက စာကြည့်တိုက်ဆိုပြီးလည်း စာကြည့်တိုက်လေးတစ်ခု ထောင်ထားသေး၏ ။
ဈေးနှုန်းချိုသာစွာ နဲ့ ငှားရမ်းဖတ်ရှုနိုင်အောင် စီစဉ်ပေးထားသည်။ ရွာမှာ စာဖတ်တဲ့သူများ အောင် လုပ်ပေးတဲ့ စာကြည့်တိုက်ဆိုရင်လည်း မမှားဘူးပေါ့။
သူက ရွာမှာ ရှိတဲ့ ပညာတတ်အနည်းငယ်တွေ ထဲက တစ်ယောက် လည်း ဖြစ်သည်။ စာလေး ဘာလေးတွေ ဖတ်တော့ လူတွေ က ပြဿနာ ဖြစ်တာတို့၊ ကိစ္စတစ်ခုခု စဉ်းစားစရာရှိတာ တို့ဆိုရင် သူ့သွားမေးတာလည်း ရှိတတ်သည်။
သူကလည်း တတ်နိုင်သလောက် ပြောပြရှာပါသည်။ သူမတတ်နိုင်ရင်လည်း တကူးတက ရှာပြီး ဖြေရှင်းပေးတတ်သည်။ တခါတုန်းကဆိုရင် ရွာမှာ ရှိတဲ့ အဘိုးကြီးလင်မယားနှစ် ယောက် က မောင်ဖေကို လာတွေ့ သည်။
‘မောင်ဖေ. . .’
‘ဗျာ. . . အဘိုး ဘာအလိုရှိလို့လဲ. . .’
အိမ်ရှေ့ သစ်ပင်အောက်ရှိခုံမှာ ၀င်ထိုင်ရင်း အဘိုးကြီးက ပြောလိုက်ခြင်း ဖြစ်၏ ။
‘မင်း. . . ပြောစရာရှိလို့. . .’
‘ဟုတ်ကဲ့. . . ဘာများ လဲ အဘိုး. . .’
‘အိမ်က ကောင်တွေ ပေါ့. . .’
အိမ်ကကောင်တွေ ဆိုတာ သူ့သားသမီးတွေ ကို ဆိုလိုခြင်း ဖြစ်သည်။ သား၊ သမီးကြီးပဲ ငါးယောက် ရှိ၏ ။
‘သူတို့က ဘာ ဖြစ်လို့လဲ. . .’
‘အမွေတောင်းနေလို့. . .’
‘ဟင်. . . အဘိုးကဖြင့် ဘာမှ မ ဖြစ်သေးဘူး. . .’
အဘိုးကြီးက ခေါင်းခါသည်။ အဘိုးကြီး၏ သားသမီးတွေ ဆိုးကြောင်းကိုတော့ မောင်ဖေ သိသည်။
သမီးနှစ် ယောက် ပါ၏ ။ ထိုပါသော သမီးနှစ် ယောက် မှာ လည်း သူ့ဟာနဲ့သူ ဆိုးကြသည်။
‘သူတို့က အဖေရယ်. . . အဖေဆုံးလည်း သားတို့၊ သမီးတို့ပဲ ရမှာ ပဲ၊ အခုကတည်းက ပေးထားရင် နောက်ဆို အချင်းချင်း မလုရတော့ဘူးပေါ့တဲ့. . .’
‘အဲ့ဒီတော့ အဘိုးက သူတို့ကို အမွေမပေးချင်လို့လား. . .’
အဘိုးကြီးက ခေါင်းထပ်ခါပြသည်။
‘အဲ့ဒီလိုမဟုတ်ပါဘူး သား၊ သမီးတွေ ပဲ ဥစ္စာ ပေးချင်တာပေါ့၊ ဒါပေမဲ့ အဘိုးအပေါ်ကောင်း တဲ့သားသမီးကိုတော့ များများ လေး ပေးခဲ့ချင်တယ်. . .’
‘. . . . . . . . . . .’
‘ဒါပေမယ့် အခုထိ အဘိုးတို့အပေါ်ကို ကောင်းတဲ့ သားသမီး မတွေ့ သေးဘူး. . .’
ဒီတစ်ခါတော့ မောင်ဖေ ခေါင်းညိတ်ရသည့်အလှည့် ဖြစ်သည်။ အဘိုးကြီးပြောတာလည်း ဟုတ်တော့ဟုတ်သည်။
မိမိအပေါ်ကောင်းတဲ့ သားသမီးကိုတော့ များများ ပေးခဲ့ချင်တာပေါ့။
ဆိုးတာက အဘိုးကြီးမှာ ကောင်းတဲ့သားသမီး မရှိတာပင် ဖြစ်သည်။ အလုပ်တွေ ကလည်း လုပ်တလှည့်၊ မလုပ်တလှည့် သားသမီးတွေ ဖြစ်သည်။
‘အဲဒီ တော့ ကျွန်တော် က ဘာကူညီရမလဲ အဘိုး. . .’
သူက ထိုသို့မေးတော့ အဘိုးကြီးရဲ့ သက်ပြင်းချသံသဲ့သဲ့လေးကို ကြားရသည်။
အသက်ကြီးမှ ပူပင်မှု တွေ များ နေသော အဘိုးကြီး၊ အဘွားကြီး စုံတွဲ ကိုကြည့်ပြီး တော် တော် လေးလည်း စိတ်မကောင်း ဖြစ်သွားသည်။
‘အဘိုးတို့အပေါ်ကောင်းတဲ့ သားသမီးကို အဘိုးတို့ ဘယ်လိုလုပ် သိနိုင်မလဲဆိုတာ မင်းနဲ့ လာတိုင်ပင်တာ၊ မင်းက စာလေးဘာလေး ဖတ်တော့. . .’
ဒီတစ်ခါတော့ မောင်ဖေ စိတ်ညစ်ရသည့်အလှည့် ဖြစ်သည်။ မိဘကိုယ်တိုင်တောင် မိမိအပေါ်ကောင်းတဲ့ သားသမီးကို မရှာနိုင်တာ သူဆို ဝေလာဝေးပေါ့။
သို့သော် အဘိုးကြီးနဲ့ အဘွားကြီးက အားကိုးတကြီး လာတိုင်ပင်တော့ မောင်ဖေမှာ အခက်တွေ့ နေလေ၏ ။
မ ဖြစ် ဖြစ်အောင်တော့ ကူညီရသည်။
‘အဲ. . . အဘိုးတို့ကိုယ်တိုင်တောင် မသိတော့ ကျွန်တော် က ပိုဆိုးပေါ့၊ ဒါပေမယ့် တစ်ခု တော့ စဉ်းစားမိတယ်. . .’
‘အေးကွယ်. . . ပြောကြည့်ပါဦး. . .’
‘အဘိုးတို့အပေါ်ကို သူတို့ ကောင်းမကောင်း စမ်းကြည့်လို့ရတော့ ရမယ်ထင်တယ်. . .’
‘ဟေ. . . အဲ့ဒီလိုရလား. . .’
အဘိုးကြီးနဲ့ အဘွားကြီးမှာ အားတက်သရော ဖြစ်သွား၏ ။
‘သေချာတော့ မပြောတတ်ဘူး၊ ဒါပေမယ့် စမ်းကြည့်သင့်တယ်လို့ ထင်တယ်. . .’
‘လုပ်စမ်းပါဦး ဘာပဲ ဖြစ် ဖြစ်. . .’
‘ပထမဆုံး ငါတို့မှာ အကြွေးတွေ ရှိတယ်ဆိုပြီး အဘိုးတို့ရဲ့ သားသမီးတွေ ကို ပြောရမယ်’
‘ဟင်. . . ယုံပါ့မလား၊ အိမ်တွေ ၊ လယ်တွေ ရှိနေတာ၊ အဲ့ဒါတွေ ကို သူတို့က သိနေလို့ အမွေတောင်းတာလေ၊ အခုလို သွားပြောတော့ ယုံပါ့မလား’
‘ယုံအောင်လုပ်လို့ ရပါတယ် အဘိုးရဲ့ . . .’
‘ဘယ်လိုလုပ်မလဲ. . .’
‘အတိုးပေးစ၀ားတဲ့ ဒေါ်မြသီးရယ်၊ ပြီးတော့ လူကြီးအချို့ရယ်ကို အကူအညီတောင်းရမယ်၊ ကဲပါလေ. . . ကျွန်တော် ပဲ စီစဉ်ပေးပါ့မယ်၊ အဘိုးနဲ့ အဘွားကသာ ကျွန်တော် ပြောတဲ့အတိုင်းသာ လုပ်၊ အဲ့ဒီလို စမ်းသပ်လိုက်လို့ သားသမီးတွေ က အဘိုးတို့၊ အဘွားတို့အပေါ် ကောင်း၊ မကောင်း သိလိမ့်မယ်. . .’
‘အေးလေ. . . မောင်ဖေပြောတဲ့အတိုင်း လုပ်ကြည့်ရတာ ပေါ့. . .’
အဲ့ဒီကိစ္စကို မောင်ဖေ ဖြေရှင်းသွားတာက ရိုးရှင်းပါတယ်။ အဘိုးကြီးနဲ့ အဘွားကြီးတို့ဆီက ရှိသမျှ ပစ္စည်းတွေ ကို ဒေါ်မြသီးက အပေါင်ခံထားသည်။ လူကြီးတွေ လည်း သက်သေရှိသည်။ သားသမီးတွေ က သူတို့လည်း မသိရပါလားဆိုပါက နင်တို့က အိမ်က ကိစ္စတွေ ကို ဘယ်တုန်းက စိတ်ဝင်စားလို့လဲဆိုလိုက်၍ ကိစ္စပြတ်သွားသည်.
ဒေါ်မြသီးက နေ့စဉ်နေ့တိုင်း အဘိုးကြီးတို့အိမ်မှာ အကြွေးလာတောင်းသည်။ မဆပ်ပါက ရှိသမျှ သိမ်းမည် ဟု ပြောသည်။ လူကြီးတွေ ကလည်း သက်သေရှိတယ်ဆိုတော့ အမွေးတောင်း သော သား၊ သမီးများ မှာ မယုံရခက် ယုံရခက် ဖြစ်နေ၏ ။
သူ့အဖေအမေတွေ ဆီမှာ ပစ္စည်းတွေ ရှိနေသည်ဆိုသော အသိကြောင့် သာ အမွေတောင်း နေကြခြင်း ဖြစ်သည်။ အခုတော့ အမွေတွေ မရှိဘဲ အကြွေးတွေ သာ ရှိနေသော ကြောင့် အတော် လေးကို စိတ်ညစ်သွားကြသည်။
ကြာလာတော့ မိဘတွေ ကိုတောင် မကျေနပ် ဖြစ်လာကြသည်။ တွေ့ တိုင်းလည်း အမေတို့ အဖေတို့က သားတို့သမီးတို့ကို အမွေမပေးချင်လို့ ဒီဘ၀မှာ တင် ကုန်အောင်သုံးခဲ့တာလားဟု ရိသဲ့ ရိသဲ့ပြောကြသည်အထိ ဖြစ်လာကြသည်။
အဘိုးကြီး အဘွားကြီးမှာ လည်း သားသမီးတွေ ဟာ သူတို့အပေါ် မကောင်းကြပါလားဆို တာ သိလိုက်ရ၍ တော် တော် လေး ၀မ်းနည်းသွားကြလေ၏ ။
သို့သော် အရွယ်ရောက်နေပြီ ဖြစ်သော အငယ်ဆုံးသမီးလေး ကတော့ အနည်းငယ် ပုံစံ ပြောင်းသွား တာကို တွေ့ ရ၏ ။
အခြားအကြီးတွေ လို အမွေကိစ္စကို တွေ့ တိုင်းလည်း မပြောတော့ပေ။ ဒေါ်မြသီး အကြွေး လာတောင်းသည့်အခါတွင် လည်း ခပ်လှမ်းလှမ်းတွင် ထိုင်ပြီး သူ့အဖေအမေကို ကြည့်နေတတ် သသည်။
နောက်ဆုံးတွင် မောင်ဖေက ဒေါ်မြသီးအား အဘိုးကြီး အဘွားကြီး အကြွေးတွေ သည် များ လွန်းလှသော (အတိုး) ကြောင့် ပစ္စည်းသိမ်းယူသော်လည်း မကြေသော ကြောင့် မိဘတာဝန်ကို ကျန်ရှိသားသမီးက ဖြေရှင်းရမည် ဆိုတဲ့အတိုင်း မိဘဆုံးလျှင် ကျန်ခဲ့သော အကြွေးကို သားသမီး က ဆပ်ပေးရမည် ဆိုပြီး ပြောခိုင်းလိုက်၏ ။
ထိုအခါတွင် မိသားစုတွင်း တော် တော် လေး ဂယက်ရိုက်သွား၏ ။ ဘာဆိုင်လို့လဲ၊ ဘာတွေ လဲ ဖြစ်လာသည်။ အမေတို့ အဖေတို့ကိစ္စ မသေခင် ကိုယ့်ဘာကိုယ် ရှင်းသွားကြဆိုပြီး ဖြစ်လာ သည်။
ဒီလိုနဲ့. . .
‘မောင်ဖေ. . .’
‘ဗျာ. . .’
‘ကျေးဇူးပါပဲကွာ. . .’
‘အဆင်ပြေသွားပြီလား အဘိုး. . .’
‘အေး. . . ပြေသွားပြီကွ. . .’
အဘိုးကြီးရဲ့ စကားတွေ က အရင်ကထက် ပိုပြီး လန်းဆန်းလာသည်။
‘ဘယ်လို ပြေသွားတာလဲ’
‘သမီးအငယ်ဆုံးက အဖေနဲ့ အမေ စိတ်ဆင်းရဲနေတာကို မကြည့်ရက်လို့ ကျန်တဲ့အကြွေး တွေ သူတာဝန်ယူပြီး ဆပ်ပေးပါ့မယ်တဲ့၊ အစ်မတွေ ကိုလည်း တတ်နိုင်သလောက် ဆပ်ပေးဖို့ လိုက် စည်းရုံးပေမယ့် ကျန်တဲ့လူတွေ က နင့်ဘာသာနင်ဆပ်၊ ငါတို့က မဆပ်ပေးနိုင်ဘူး ပြောလွှတ်တော့ သူ တစ်ယောက် တည်း ဆပ်ပေးပါ့မယ်တဲ့၊ အဖေနဲ့ အမေ သေရင် သူများ ဆီမှာ အကြွေးမတင်စေ ချင်လို့ပါတဲ့၊ အရင်တုန်းက အခြားအစ်ကို၊ အစ်မတွေ လို အမွေတောင်းခဲ့မိတာလည်း ခွင့်လွှတ်ပါ ဆိုပြီး ငိုပြီးပြောတယ်ကွဲ့. . .’
‘ဟာ. . . ဒါဆို အဘိုးတို့ကို တကယ်ကောင်းတဲ့ အငယ်မပဲပေါ့. . .’
‘အေး. . . ဟုတ်တယ် အခုတော့ အမှန်ကို သူတို့အားလုံးကို ဖွင့်ပြောလိုက်ပြီ၊ အဲဒီ လိုသိ သွားတော့ တချို့က ငိုကြ၊ တချို့က အဲ့ဒီလို မဟုတ်ပါဘူး အဖေရယ်၊ အမေရယ်နဲ့ကွာ ငါတော့ တရားကျပါတယ်. . .’
‘နောက်ဆုံး အဘိုး ဘယ်လိုဖြေရှင်းလိုက်လဲ. . .’
‘သမီးအငယ်ဆုံးကို တော် တော် များများ ပေးပြီး ကျန်တဲ့ဟာတွေ ကို သားသမီးဆိုတော့ မပေးဘဲလည်း မနေနိုင်တော့ နည်းနည်း စီ ပေးတယ်၊ ပြီးတော့ အဘိုးတို့ အသက်ရှင်နေတုန်းလေး တရားဘာဝနာလုပ်ဖို့၊ လှူဖို့တန်းဖို့အတွက်ပဲ ချန်ထားတယ်. . . အဲ့ဒါ မင်းကို ကျေးဇူးတင်ကြောင်း လာပြောရင်းနဲ့ မင်းကို လက်ဆောင်ပေးချင်လို့. . .’
‘အာ. . . ရပါတယ် အဘိုးရဲ့ . . .’
‘ပြောပါကွာ၊ မင်း ဘာလိုချင်လဲ. . .’
‘မလိုချင်ပါဘူး အဘိုးရယ်၊ ကျွန်တော် စေတနာနဲ့ ကူညီတာပါ. . .’
‘အေးပါ. . . တို့ကလည်း စေတနာနဲ့ လက်ဆောင်ပြန်ပေးချင်လို့ ပြောတာပါ၊ အဘိုးတို့ပေး ရင် မင်း မလိုချင်တာ ဖြစ်နေမှာ စိုးလို့. . .’
အဘိုးကြီးနဲ့ အဘွားကြီးက အတင်းအကြပ်ပြောနေသော ကြောင့် မောင်ဖေလည်း တစ်ခါ တုန်းက အဘိုးကြီးနဲ့ အဘွားကြီးဆီမှာ တွေ့ ဖူးသည့် ရာဘာကျည်ဆန်များ ကို အမှတ်တရလက် ဆောင်အ ဖြစ် တောင်းထားလိုက်၏ ။အဲ့ဒီလိုနဲ့ မောင်ဖေလည်း ရွာမှာ ဟိုလူလာတိုင်ပင်လိုက်၊ ဒီလူလာတိုင်ပင်လိုက်နဲ့ ဖြစ်နေ တော့တာပေါ့။
မောင်ကိုလည်း ရွာမှာ နာမည် ကြီး တစ်ယောက် ဖြစ်သည်။ မောင်ဖေနဲ့ဆိုရင်တော့ ခေတ် ပြိုင်လို့ဆိုရမည် ။
မောင်ဖေတော် သလောက် မောင်ကိုလည်း တော် ၏ ။ သူလည်း မောင်ဖေလိုပဲ တစ်ကောင် ကြွက်။ မိဘတွေ က ချမ်းသာခဲ့တော့ အေးအေးဆေးဆေးနေနိုင်သည်။
သူက မောင်ဖေ ဖွင့်သလို စာကြည့်တိုက်တော့ မဖွင့်ဘူး။ စာအုပ်အရောင်းဆိုင်တော့ ဖွင့် ထားသည်။
ရွာမှာ ရောင်းရ၊ မရောင်းရ၊ ၀ါသနာပါလို့ ဖွင့်ထားတာဟု ဆိုသည်။ ဘာလိုပဲဆိုဆို ရွာမှာ ရှိတဲ့လူတွေ က မောင်ဖေအပြင် မောင်ကိုကိုလည်း အားကိုးကြသည်။
မသိတာလေးတွေ သွားသွားမေတတ်သည်။ မောင်ကိုကလည်း ကူညီပေးသည်။
မောင်ဖေနဲ့ သူနဲ့ကလည်း သူမသာ ကိုယ်မသာ အနေအထားရှိတော့ သူတို့ရွာတွင် မောင်ဖေဘက်ကလူနဲ့၊ မောင်ကိုဘက်ကလူဆိုပြီး အဲ့ဒီလိုတောင် ရှိလာကြသည်။
ဘာပဲပြောပြော သူ့လူသူမေး၊ ကိုယ့်လူကိုယ်မေး ဆိုသလိုပေါ့။
တစ်ခါတုန်းက သူတို့ရွာကို လူ တစ်ယောက် က ရှေးဟောင်းဒင်္ဂါးတစ်ပြားလာရောင်းသည်။ ရွာမှာ လည်း ရှေးဟောင်းပစ္စည်းလေး ဘာလေးစုတဲ့သူတွေ ရှိတော့ စိတ်ဝင်စားတာပေါ့။
‘ဘယ်လောက်လဲ. . .’
ဈေးမေးတော့ လာရောင်းတဲ့သူက သက်ပြင်းချသည်။ ပြီးတော့. . .
‘ရှေးကျလွန်းတော့ အခုထိ တန်ဖိုးမဖြတ်နိုင်ဘူး ဖြစ်နေတယ်၊ ဒီမှာ ကြည့်လေ ဒင်္ဂါးပြားပေါ် မှာ ရေး ထားတာက ခရစ်တော် မခေါ်ခင် နှစ် ပေါင်း ၂၆၀ က ရိုက်နှိပ်ထားတဲ့ ဒင်္ဂါး BC 260 လို့ ရေး ထားတယ်၊ အဲ့ဒီလောက် ရှေးကျတော့ ဘယ်ဈေးသတ်မှတ်ရမှန်းတောင် မသိဘူး’
သူ့ဒင်္ဂါးကိုကြည့်တော့ တကယ်လည်း ဒင်္ဂါးပေါ်မှာ သူပြောတဲ့အတိုင်း BC 260 (Before Chirst) ဆိုပြီး ပါသည်။ နောက်ဆုံး ဈေးပြောမှ ၀ယ်လို့ရမှာ ပေါ့ဟု တောင်းဆိုတော့ လာရောင်းတဲ့ သူက မဖြတ်ချင် ဖြတ်ချင်ပုံစံဖြင့် . . .
‘ဒီလိုလုပ်ဗျာ. . .’
‘အင်း. . .’
‘တစ်နှစ် ကို 30000 နှုန်းနဲ့ နှစ် ပေါင်း 260 ဆိုတော့၊ အင်း. . . 260 ကို 30000 နဲ့ မြှောက် ရင် အဲ. . . 78 . . . 78 သိန်းပဲ ပေးဗျာ. . .’
78 သိန်းဆိုတော့ ၀ယ်ချင်တဲ့သူတွေ နည်းနည်း တွန့်သွားသည်။
ရှေးဟောင်းပစ္စည်းစုတဲ့လူတွေ ဟာ လူချမ်းသာတွေ များ တော့ ၀ယ်ချင်ကြသည်။ သို့သော် ဈေးနည်းနည်း များ တော့ အင်တင်တင် ဖြစ်နေကြ၏ ။
‘အဲ့ဒီဈေးက မများ ဘူးနော်. . . ဒင်္ဂါးကလည်း BC 260 ကဆိုတော့ ရှားပါး ဒင်္ဂါးပြား ဖြစ်နေ ပြီ. . .’
‘နည်းနည်း တော့ လျှော့ဦးကွာ. . .’
‘လျှော့လို့မရတော့ဘူး၊ ဒါတောင် ကျွန်တော် ပြောလိုက်တဲ့ဈေးက နည်းများ နည်းနေမလား ဆိုပြီးတောင် စိတ်ပူနေတယ်. . .’
နောက်ဆုံး ဘယ်လိုမှ ဈေးပြောလို့မရတဲ့အဆုံး ၀ယ်တဲ့လူတွေ က မောင်ကိုဘက်က လူတွေ ဖြစ်သော ကြောင့် မောင်ကို့ကို ပြကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
‘မောင်ကို’
‘ဗျာ. . .’
‘ဒီကပစ္စည်းရောင်းသူက 78 သိန်းနဲ့ ဒီရှေးဟောင်းဒင်္ဂါးပြားကို ရောင်းတယ်ကွာ၊ ဈေးလျှော့ ပါဦးပြောတော့ သူက လျှော့လို့မရဘူးတဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒင်္ဂါးကလည်း တကယ့် ရှေးကျတဲ့ ဒင်္ဂါး ဖြစ်နေတော့ ၀ယ်ချင်နေတယ်၊ အဲ့ဒါ မင်းများ တန်၊ မတန် ဈေးဖြတ်ကြည့်ပေးလို့ရ မလား မေးတာ. . .’
‘ဒင်္ဂါးက တော် တော် ကြီးကို ရှေးကျတာလား. . .’
မောင်ကိုကမေးတော့ ရောင်းတဲ့လူက ချက်ချင်း ၀င်ပြောသည်။
‘ရှေးကတာ ကတော့ မေးမနေနဲ့ ကိုယ့်လူ၊ ဒင်္ဂါးပေါ်မှာ ခရစ်တော် မပေါ်ခင် BC 260 ကလို့ ထင်ထင်ရှားရှားကြီး ရေး ထားတယ်. . .’
ဟုဆိုပြီး ဒင်္ဂါးကို မောင်တို့လက်ထဲ ထည့်လိုက်၏ ။
ထိုစကားကိုကြားတော့ မောင်ကိုက ဒင်္ဂါးပြားကို မကြည့်တော့ဘဲ ရောင်းသူလက်ထဲ ပြန် ထည့်ပေးလိုက်၏ ။
‘ဘယ်လိုလဲ. . . ဈေးမဖြတ်နိုင်ဘူးမှတ်လား၊ ကျုပ်ပြောတဲ့ ဈေးကတောင် နည်းနေသေး တယ်မှတ်လား’
‘ဈေး ကတော့ ဖြတ်နိုင်ပါတယ်၊ ဒါပေမယ့်. . .’
‘ဒါပေမယ့် ဘာ ဖြစ်လဲ. . .’
‘ဒီဒင်္ဂါးပြားက တစ်ပြားမှ မတန်တော့ ဈေးဖြတ်ရမှာ ခက်နေတယ်. . .’
‘ဘာဗျ’
ရောင်းသူမှာ အတော် ကြီးကို စိတ်ဆိုးသွားပြီး သူ့ဒင်္ဂါးပြားကို စော်ကားကြောင်း၊ သူ့သိက္ခာ ကိုလည်း ချကြောင်း ရေရွတ်ပြီး ဒီရွာမှာ မရောင်းတော့ဘူးဟု လုပ်လေတော့၏ ။
ဝယ်ချင်တဲ့လူတွေ လည်း မရောင်းတော့ဘူးဆို၍ ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး. . .
‘ဘယ်လို ဖြစ်ရတာ လဲ မောင်ကိုရာ. . . ဒင်္ဂါးက ရှေးဟောင်းဒင်္ဂါးဆိုတော့ တစ်ခုခုတော့ တန်မှာ ပေါ့. . .’
‘ကျွန်တော် တစ်ခုမေးမယ်. . .’
‘အင်း. . . မေးလေ. . .’
‘အခု ဦးမှာ သမီး တစ်ယောက် ရှိတယ်. . .’
‘အေး. . . ရှိတယ်လေ. . .’
‘အဲ့ဒါဆိုရင် ဦးသမီးရဲ့ ကလေး၊ ဦးရဲ့ မြေး ဘယ်အချိန်မွေးမလဲဆိုတာ ဦးသိနိုင်လား. . .’
‘အာ. . . ဘာတွေ ပြောနေတာလဲ၊ ငါ့သမီးက အခုမှ အပျိုပဲ ရှိသေးတာ. . .’
‘ဒီလိုပဲလေ. . . ဘုရားသခင် ဘယ်တော့ပေါ်မလဲ၊ ဘယ်သူက အတိအကျသိမှာ လဲ၊ ဒါတောင် ဒီဒင်္ဂါးပေါ်မှာ ဘုရားသခင် မပေါ်မီ နှစ် ပေါင်း 250 က ဒင်္ဂါးဆိုပြီး ရိုက်ထားတဲ့အတွက် လိမ်ဆင်ပြီး ဖြစ်မနေဘူးလား. . .’
‘အဲ. . .’
‘ဒီတော့. . . ဒီဒင်္ဂါးပြားဟာ အတု ဖြစ်တဲ့အတွက် တစ်ပြားမှ မတန်ဘူးလို့ ကျွန်တော် က ဆိုလိုတာပါ. . .’
ဒီလိုနဲ့ အဲဒီ ကိစ္စက ပြတ်သွားရော။
မောင်ကိုကိုလည်း အထင်တွေ ကြီးပြီး သူ့ဘက်ကလူတွေ က မောင်ကိုသာ အတော် ဆုံးလို့ ဖြစ်လာသည်။
ရွာမှာ သူပြိုင် ကိုယ်ပြိုင် ဖြစ်နေကြတဲ့ မောင်ဖေနဲ့ မောင်ကိုဟာ ဦးလေကောသမီး ချိုအီကို ချစ်တာလည်း အပြိုင် ဖြစ်လာကြ၏ ။ နောက်ဆုံး လမ်းလယ်ခေါင်မှာ ငြင်းခုန်ကြရင်း လက်ထပ်ရန် အတွက် တောင်းရမ်းသည့်အဆင့် ဖြစ်လာကြသည်။
တောင်းတော့လည်း တစ်နေ့တည်း၊ တစ်ပြိုင်တည်း၊ တောင်းရမ်းပေးတဲ့ လူကြီးတွေ ကတော့ သူ့ဘက်ကလူကြီး၊ ကိုယ့်ဘက်က လူကြီးနဲ့ပေါ့၊ ရွာလူကြီးဦးဝတော့ သူတို့နှစ် ယောက် ကြားထဲ မ၀င်ချင်ဘူးဆိုပြီး ကျန်နေခဲ့သည်။
![]() ကျွန်တော်၏အမည်မှာ ------ ဖြစ်သည်။ | ![]() မိန်းမရှာရွာ | ![]() လိပ်ပြာရယ်သံ |