ကျွန်တော် ၏ အမည် မှာ ---------- ဖြစ်သည်။
ထူးဆန်းသော အိပ်မက်ကြောင့် လင်းသစ် အိပ်ရာက လန့်နိုးသွားသည်။ နိုးနိုးချင်းမှာ ပဲ သူမက်ခဲ့သော အိပ်မက်ကို ပြန်စဉ်းစား၍ မရတော့။
ကြောက်ဖို့ကောင်းတယ်ဆိုတာပဲ သိနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လည်း ချွေးများ ပြန် နေပြီး တစ်စုံတစ်ခုကြောင့် မောဟိုက်နေ၏ ။
အောက်ထပ်က လှမ်းအောက်နေသော သူ့အမေသံကို ခပ်သဲ့သဲ့ကြားရသည်။ မျက်လုံးကို ခဏ ပြန်မှိတ်ထားလိုက်ပြီး စိတ်ကိုငြိမ်အောင် အသက်မှန်မှန် ရှူနေလိုက်သည်။
“သားရေ၊ အိပ်ရာ ထတော့၊ နောက်ကျနေပြီ”
နောက်ကျနေပြီ။ ဘာကို နောက်ကျတယ်လို့ ငါ့အမေက ပြောနေတာပါလိမ့်။ ဒီနေ့က စနေနေ့ပဲ။ ကျောင်းလည်း ပိတ်တယ်။ ဘယ်မှ သွားစရာမရှိပါဘူးဆိုပြီး အိပ်ရာပေါ်ကနေ မှေးနေ ရင်း လင်းသစ် တွေးနေမိသည်။
ညက ငါအိမ်ပြန်နောက်ကျတာကို အမေက ဆူမလို့ဆင်းခဲ့လို့ ခေါ်နေတာလား။
ညကလည်း သိပ်အနောက်ကျကြီးတော့ မဟုတ်ပါဘူး။ သူငယ်ချင်း ထက်ကောင်းနဲ့ မိုးချုပ် ခါနီး အထိ Chess ထိုးပြီးနောက် အိမ်ပြန်လာတဲ့အထိတော့ လင်းသစ် မှတ်မိနေသည်။
ဒါပေမယ့် အိမ်ကို ဘယ်လိုပြန်ရောက်လာလဲဆိုတာတော့ သူ မမှတ်မိတော့။
အိပ်ရာက ထဖို့ကြိုးစားလိုက်သည်။
“အား. . .”
ခေါင်းက တဆစ်ဆစ်ကိုက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း တစ်ခုခုနှင့် ဖိထားသလို လေးလံနေ၏ ။
ပါးစပ်ကလည်း စေးကပ်ကပ် ဖြစ်နေပြီး ပါးစပ်ဟလို့ မရအောင်ပင် နာကျင်နေ၏ ။
ဘာ ဖြစ်တာပါလိမ့်။ မနေ့ညက ဟိုကောင်နဲ့လည်း ဘီယာမသောက်ခဲ့ပါဘူး။
အရင်တုန်းကလည်း ဘီယာတော့ သောက်နေကျပါ။ အခုလိုတော့ တစ်ခါမှ မ ဖြစ်ဘူး။ ကျန်းမာရေး တော့ နည်းနည်း ဂရုစိုက်ဦးမှပဲ. . .။
“ထူးဝေ. . .သား၊ ၈ နာရီ ထိုးတော့မယ်”
မ ဖြစ်နိုင်တာ။ နေတောင် ဒီလောက်ထွက်နေတာ ၁၀ နာရီလောက် ရှိရောပေါ့ဟု တွေးရင်း သူ အိပ်ရာနားက စားပွဲတင်နာရီရှိရာသို့ လက်ကို လှမ်းလိုက်သည်။
မတွေ့ . . .။ သူရဲ့ စားပွဲတင်နာရီပင် မဟုတ်ဘဲ သူ့ရဲ့ စားပွဲကိုပါ မတွေ့ ရချေ။
“ဟင်. . .”
သူ့အခန်း၏ နံရံသည် အပြာရောင် မဟုတ်ဘဲ အဖြူရောင် ပြောင်းနေ၏ ။
လင်းသစ်သည် အိပ်ရာမှ လူးလဲပြီး ထလိုက်သည်။ သူ၏ အခန်းသည် ပိုကျယ်နေတာကို တွေ့ ရသည်။
အရင်တုန်းက မရှိခဲ့သော ပြတင်းပေါက် ခန်းဆီးလိုက်ကာကိုလည်း တပ်ဆင်ထားတာ တွေ့ ရ၏ ။
မဟုတ်ဘူး. . .၊ မဟုတ်ဘူး. . .၊ ခန်းဆီးလိုက်ကာတင်မဟုတ်ဘူး။ ပြတင်းပေါက်နေရာတွေ ကလည်း ရှိနေကြနေရာမဟုတ်ဘဲ သူရဲ့ ညာဘက်အခြမ်းကို ရောက်နေ၏ ။
အရင်တုန်းက နှစ် ပေါက်ရှိသော ပြတင်းပေါက်သည် အခုတစ်ပေါက်တည်း ဖြစ်နေသည်။
ဒါ့အပြင် အခန်းထဲတွင် သူတစ်ခါမှ မတွေ့ ဖူးသော ကွန်ပျူတာတင်သည့် စားပွဲတစ်ခုကို တွေ့ ရပြီး ထိုစားပွဲပေါ်တွင် လည်း ကွန်ပျူတာ အဖြူရောင် တစ်လုံးကို တွေ့ ရသည်။
ဒါ. . . ဒါ. . . သူ့အခန်းတော့ မဟုတ်နိုင်။ သူ. . . ဘယ်သူ့အခန်းကို ရောက်နေတာလဲ။
သေချာ စဉ်းစားသော်လည်း ရေရာသည့်အဖြေမတွေ့ ရချေ။ ညက ထက်ကောင်း အခန်းမှာ ပဲ အိပ် ဖြစ်တာလား။ ဒါလည်း မ ဖြစ်နိုင်ဘူး။ ထက်ကောင်းအခန်းက ဒီအခန်းမဟုတ်တာကို လင်းသစ် သိနေသည်။
သူ့ခန္ဓာကိုယ်ပေါ်က အင်္ကျီသည်လည်း သူ့အင်္ကျီမဟုတ်ဘဲ အခြား တစ်ယောက် ရဲ့ အင်္ကျီ ဖြစ်နေတာကို တွေ့ ရသည်။
သူ့တွင် ဒီလိုမျိုး အင်္ကျီမရှိချေ။
ထိုစဉ် အောက်ထပ်ကနေ လှမ်းအော်ခေါ်နေသော အမျိုးသမီးကြီးတစ်ဦးရဲ့ အသံကိုလည်း ကြားနေရ၏ ။
သေချာတာ ကတော့ ထိုအမျိုးသမီးကြီးရဲ့ အသံသည်လည်း သူ့အမေအသံ မဟုတ်တာ တော့ သေချာသည်။
သူသေချာနားစွင့်လိုက်သည်။ ထိုအမျိုးသမီးခေါ်နေသည့် သူမှာ “ထူးဝေ”ဆိုသည့်သူကို ဖြစ်သည်။
သူနှင့် ဘေးချင်းကပ်အခန်းမှာ ရှိပုံရ၏ ။
သေချာတာ ကတော့ ထက်ကောင်းအိမ်အပြန်“ထူးဝေ”ဆိုတဲ့ သူရဲ့ အိမ်မှာ အိပ် ဖြစ်လိုက်ပုံ ရသည်။
“ထူးဝေ”ကိုတော့ သူမသိ. . .။ ဒါပေမယ့် အောက်ထပ်ဆင်းပြီး ထူးဝေဆိုသည့်သူကိုရှာပြီး နှုတ်ဆက်ကာ အိမ်ကို အမြန်ပြန်မှ ဖြစ်မည် ။
ညက သူများ အိမ်မှာ အိပ်နေလို့ အမေဆူတာကို ခံရဦးမည် ။
အခန်းထဲကနေ ခပ်မြန်မြန် ထွက်လိုက်သည်။
အိမ်သည် အတော် ကြီးသော အိမ် ဖြစ်သည်။ အပေါ်ထပ်တွင် သူထွက်လာသော အခန်း အပါအ၀င် အခန်း(၃)ခန်းရှိပြီး မီးဆိုင်းများ နှင့် အလှဆင်ထားသော အခန်းသပ်သပ်လည်း ရှိသည်။
ပထမအခန်းကို ဖွင့်ကြည့်လိုက်၏ ။ ဘယ်သူမှ မတွေ့ ရချေ။ ယောက်ျားလေးအခန်း ဖြစ်ပုံရ ပြီး ရှုပ်ပွနေ၏ ။
နောက်တစ်ခန်း ကတော့ မိန်းကလေးအခန်း ဖြစ်ပုံရသည်။ ရှင်းလင်းကာ အခန်းတစ်ခုလုံး ပန်းရောင် သုတ်ထား၏ ။
မီးဆိုင်းနှင့် အခန်း ကတော့ ဘုရားခန်း ဖြစ်သည်။ ဒါနဲ့ အောက်ထပ်ကိုဆင်းတဲ့ လှေကားကို တွေ့ တော့ လှေကားလက်တန်းကိုကိုင်ကာ တဖြည်းဖြည်း ဆင်းခဲ့လိုက်၏ ။
ဧည့်ခန်းကို စတွေ့ ရသည်။ သူ မသိသော လူကြီးတစ်ဦးက သတင်းစာ ဖတ်နေတာကို တွေ့ ရ၏ ။
လှေကားပေါ်က ဆင်းလာသော သူ့ကိုတွေ့ တော့ တစ်ချက်သာကြည့်ပြီး သတင်းစာကို ပြန်ဖတ်နေ၏ ။
သူက ရယ်ပြလိုက်သော်လည်း ပြန်မရယ်ဘဲနဲ့ ခပ်တည်တည်ကြီး သတင်းစာဖတ်နေတာ ကို တွေ့ ရတော့ ဘယ်လိုလူကြီးလဲဆိုပြီး လင်းသစ် တွေးနေမိသည်။
သို့ သော် ထိုလူကြီးက အရေး မကြီး။ ထူးဝေ ဆိုတဲ့သူသာအရေး ကြီးလေသည်။
ဒါပေမယ့် အောက်ရောက်တဲ့အထိ ထူးဝေဆိုတဲ့သူရဲ့ အရိပ်အယောင်ကို မတွေ့ ရသေးချေ။
ဟိုဒီ လိုက်ကြည့်ရင်းနဲ့ ထမင်းစားခန်းထဲတွင် အလုပ်ရှုပ်နေသော အမျိုးသမီးကြီးတစ် ယောက် ကို တွေ့ ရသည်။
ခုနက လှမ်းအောက်နေသော ထူးဝေအမေပဲ ဖြစ်ပေလိမ့်မည် ။ ဘေစင်ထဲရှိ ပန်းကန်များ ကို ဆေးကြောနေပြီး လူကို သေချာမမြင်ရသော ကြောင့် ခပ်၀၀ အမျိုးသမီး တစ်ယောက် ဟုသာ ခန့်မှန်းလို့ရသည်။
ထမင်းစားခန်းထဲ ဘယ်သူမှမရှိဘဲ ရှင်းလင်းနေ၏ ။
ထူးဝေရော. . .၊ မနက်စာစားပြီးလို့ အပြင်များ ထွက်သွားပြီလား။ သူ တစ်ခုခု လှမ်းမေးမ လို့ ပြင်နေစဉ်မှာ ပဲ ပန်းကန်ဆေးနေသော အမျိုးသမီးကြီးက သူ့ကို တွေ့ သွားပြီး. . .
“သြော်. . . နိုးပြီလား”
ဆိုပြီး ခနဲ့တဲ့တဲ့အသံဖြင့် ပြောကာ စားပွဲပေါ်ကို ပေါင်မုန့်ကြမ်းနှင့် နို့ဆီများ တင်လိုက်၏ ။
ထို့နောက် သူ့ကို တစ်ချက်ကြည့်ပြီး-
“ဟဲ့. . . အခုထိ အင်္ကျီမလဲရသေးဘူးလား။ ငါ ဒီနေ့ အချိန်မရှိဘူးနော်၊ ရုံးစောစောသွားရ မှာ မို့နင့်ကိုကျောင်း အရင်ပို့ထားပေးခဲ့မှာ ”
“ဟင်. . .”
လင်းသစ်သည် အမျိုးသမီးကြီးကို တစ်ခုခုပြောဖို့ ပြင်လိုက်စဉ်မှာ ပဲ သူမက တစ်ဖက်ကို ပြန်လှည့်သွားလေသည်။
ထိုစဉ် ထမင်းစားခန်းထဲသို့ ကောင်မလေး တစ်ယောက် နှင့် ကောင်လေး တစ်ယောက် တို့ ပြေးဝင်လာပြီး ထမင်းစား စားပွဲမှာ ၀င်ထိုင်လိုက်ကြ၏ ။
“ဟဲ့. . . ဟဲ့. . . နင်တို့ မျက်နှာသစ်ပြီးသွားပြီလား”
အမျိုးသမီးကြီးက ၀င်လာသော ကောင်လေးနှင့် ကောင်မလေးကို လှမ်းအော်လိုက်၏ ။
“သစ်ပြီးပြီ အမေရဲ့ ၊ သမီးအရင်သစ်တာ”
“သားလည်း သစ်ပြီးပြီ”
ဆိုပြီး တစ်ယောက် တစ်ပေါက် ပြောကာ စားပွဲပေါ်က မုန့်များ ကို တစ်ဝတစ်ပြဲ စားနေ၏ ။
“ရမ္ဘိုေရာ. . . ရမ္ဘို”
“လာနေပြီ၊ သမီးနောက်က ပါလာတာ”
ပြောပြီး သိပ်မကြာခင်မှာ ပဲ အခန်းထဲကို ခွေးတစ်ကောင် ၀င်လာလေ၏ ။
ခွေးသည် အခန်းထဲ ရောက်ရောက်ချင်းမှာ ပဲ ခဏရပ်သွားပြီး လင်းသစ်ကိုကြည့်ကာ အဆက်မပြတ် ဟောင်လေတော့၏ ။
“ဟဲ့. . . ရမ်ဘို ဘာ ဖြစ်လို့ ဒီလောက်တောင် ဟောင်နေတာလဲ၊ နင်ကလည်း ဘာလုပ်နေ တာလဲ၊ မထိုင်ဘူးလား၊ ပြီးရင်ကျောင်းသွားရတော့မှာ ၊ အချိန်မရှိဘူး”
ငူငူငိုင်ငိုင်ကြီးနဲ့ မတ်တတ်ရပ်နေသော သူ့ကို အမျိုးသမီးကြီးက နီးစပ်ရာခုံတွင် ဇိုးဇိုးဆတ် ဆတ်နှင့် ၀င်ထိုင်ခိုင်း၏ ။
သူလည်း အူကြောင်ကြောင် ဖြစ်ပြီး ခုံပေါ်က ဇွန်းနှင့် ခရင်းကို ကောက်ကိုင်လိုက်မိ၏ ။
“ဟာ. . .”
ဇွန်း ခရင်းကိုင်ထားသော သူ့လက်သည် အနည်းငယ် ပိုကြီးနေသည်ဟု ထင်မိ၏ ။
“ကိုကြီး မစားဘူးလား၊ မစားရင် သားစားလိုက်မယ်နော်”
သူ့ရှေ့က ကောင်လေးက သူ့ကို ရင်းရင်းနှီးနှီး လှမ်းပြောပြီး သူ့ပန်းကန်ထဲက မုန့်တစ်ခုကို ဖျတ်ခနဲ လှမ်းယူလိုက်၏ ။
“အင်း. . . ယူစားလေ၊ ရပါတယ်”
ပါးစပ်က ထွက်သွားသော သူ့အသံကို ပြန်ကြားရချိန်တွင် လင်းသစ်သည် ထိတ်လန့်သွား လေ၏ ။
သူ့အသံသည် တစ်မျိုး ဖြစ်နေ၏ ။ သူ မကြားဖူးသည့် သူစိမ်း တစ်ယောက် အသံ ဖြစ်နေတာ ကို သတိထားမိလိုက်သည်။
ထိုစဉ် ဧည့်ခန်းထဲမှာ တွေ့ ရတဲ့ ဦးလေးကြီးက အခန်းထဲဝင်လာလေ၏ ။ ထို့နောက် သတင်းစာကို စားပွဲပေါ် ပစ်ချကာရေခဲသေတ္တာထဲကနေ ရေတစ်ပုလင်းယူပြီး ဧည့်ခန်းထဲ ပြန်ထွက် သွားပြန်သည်။
လင်းသစ်သည် သူ့ဘေးနားမှာ တင်ထားသော သတင်းစာကို တစ်ချက်ကြည့်လိုက်သည်။ သတင်းစာမှာ ခေါက်ထားသော်လည်း သတင်းစာနာမည် ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
သူတို့အိမ်က ယူနေကျ သတင်းစာ ဖြစ်၏ ။
သတင်းစာ နာမည် အောက်က နေ့စွဲနေရာကို အကြည့်တစ်ချက်ရောက်သွားသည်။
တနင်္လာနေ့၊ ၂၃-ရက်၊ ဒီဇင်ဘာလ
“ဟင်. . .”
ရုတ်တရက် အံ့သြသွားပြီး ဟုတ်ရော ဟုတ်ရဲ့ လားဟု တွေးမိကာ သတင်းစာကို နှစ် ခေါက် ပြန်ကြည့်မိသည်။
သေချာသည်။ ရက်စွဲမှာ ခုနက ဖတ်မိသော ရက်စွဲပင် ဖြစ်သည်။ တစ်ခုခုတော့ လွဲနေပြီ။
ထိုစဉ်-
“ဟဲ့. . . ထူးဝေ၊ နင် မျက်နှာရော သစ်ပြီးရဲ့ လား”
ဆိုပြီး ခုနက အမျိုးသမီးကြီးက သူ့ပခုံးကို ပုတ်ကာ လှမ်းပြောလိုက်လေ၏ ။
ရုတ်တရက် ထခုန်မိမတတ် ထိတ်လန့်သွားလေ၏ ။ ထူးဝေ ဘယ်မှာ လဲ ထူးဝေ၊ အခန်းထဲ ကို လိုက်ကြည့်မိသော်လည်း ထူးဝေဆိုသည့်သူကို မတွေ့ ရချေ။ သေချာသည်။
အမျိုးသမီးကြီးက သူ့ကို ထူးဝေလို့ ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ ဒါပေမယ့် သူ့နာမည် က ထူးဝေ မဟုတ်. . .။ သူ့နာမည် က လင်းသစ် ဖြစ်သည်။
ဘာ ဖြစ်လို့ ထိုအမျိုးသမီးကြီးက သူ့ကို ထူးဝေလို့ ခေါ်တာပါလိမ့်။
လင်းသစ်သည် ယခု ဖြစ်နေသော အခြေအနေကို နည်းနည်း တော့ကြောက်ရွံ့လာပြီ ဖြစ် သည်။
“မျက်နှာ မသစ်ရသေးဘူး မှတ်လား၊ သွားသစ်ဦး။ နင် ဒီနေ့ ဘယ်လို ဖြစ်နေတာလဲ၊ မျက်နှာကလည်း အူကြောင်ကြောင်နဲ့”
လင်းသစ်သည် ထိုင်နေရာမှ ထပြီး ထမင်းစားခန်းနှင့် ကပ်လျက်ရှိသော ရေချိုးခန်းထဲကို လှမ်းဝင်လိုက်၏ ။
“ဟင်. . . ဘယ်သူကြီးလဲ”
ရှေ့တည့်တည့်ရှိမှန်ထဲတွင် သူစိမ်း တစ်ယောက် ၏ မျက်နှာကို တွေ့ လိုက်ရသော ကြောင့် ဘယ်သူလဲဆိုပြီး နောက်ကို လှည့်ကြည့်မိသည်။ ဘယ်သူမှမတွေ့ ရသော ကြောင့် ရှေ့ကို ပြန်ကြည့် ရာ ထိုသူစိမ်းကိုပဲ မှန်ထဲမှာ ပြန်မြင်နေရသည်။
မဟုတ်သေးပါဘူး။
လင်းသစ်က သူ့မျက်နှာကို လက်နှင့် ကိုင်လိုက်သည်။ မှန်ထဲက သူစိမ်းကလည်း သူကိုင်သ လို လိုက်ကိုင်၏ ။ လင်းသစ်သည် မှန်ထဲရှိ သူ့ပုံစံကိုကြည့်ပြီး တုန်လှုပ်သွားလေသည်။ မှန်ထဲမှာ မြင်နေရသော မျက်နှာသည် သူ့မျက်နှာမဟုတ်. . .။ ဘယ်သူလဲ။ သူ ဘယ်သူလဲ။ ငါ ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ထဲ ရောက်နေတာလဲ။
မှန်ထဲတွင် လင်းသစ်၏ ခန္ဓာကိုယ်သည် သူ၏ ခန္ဓာကိုယ်မဟုတ်ဘဲ အခြား တစ်ယောက် ၏ ခန္ဓာကိုယ် ဖြစ်နေတာကို တွေ့ လိုက်ရသည်။
သေချာတာ ကတော့ သူသည် အခြား တစ်ယောက် ၏ ခန္ဓာကိုယ်ထဲ ရောက်နေတာကို ထိတ်လန့်စွာ တွေ့ လိုက်ရလေ၏ ။
သူမသိသော သူစိမ်း တစ်ယောက် အိမ်မှာ ရုတ်တရက်လန့်နိုးလာပြီး သူ၏ ခန္ဓာကိုယ်မှာ လည်း သူစိမ်း တစ်ယောက် ၏ ခန္ဓာကိုယ် ဖြစ်နေတာကို တွေ့ လိုက်ရသော လင်းသစ်မှာ ဆောက် တည်ရာမရ ဖြစ်နေလေသည်။
ရေချိုးခန်းတံခါးကို ဂျက်သေချာထိုးလိုက်သည်။ မှန်ထဲကို နောက်တစ်ခေါက် ပြန်ကြည့် လိုက်၏ ။ သူစိမ်း တစ်ယောက် ကိုပဲ တွေ့ ရသည်။
ဒါ. . . ဒါ. . . ဟိုအမျိုးသမီးခေါ်တဲ့ ထူးဝေဆိုတဲ့ လူပဲ ဖြစ်ရမည် ။ မဟုတ်ဘူး. . . မဟုတ်ဘူး။
ငါ ထူးဝေ မဟုတ်ဘူး။ လင်းသစ်. . .။ အဲ့ဒီအမျိုးသမီးကြီးကရော ဘယ်သူလဲ။ ငါ ဘယ်ရောက်နေတာလဲ။ ငါ့ နာမည် က လင်းသစ်။
အမေ. . . အမေရော၊ အမေ ဘယ်မှာ လဲ၊ ငါ့အမေ ဘယ်မှာ လဲ။
လင်းသစ်မှာ စိတ်မထိန်းနိုင်ဘဲ ဘေစင်ကို လက်နဲ့တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားနေမိ သည်။
သူ၏ အ ဖြစ်မှာ အံ့သြထိတ်လန့်စရာကောင်းနေသော ကြောင့် ချက်ချင်း ဆိုသလိုပင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေလေသည်။
စိတ်သည် လင်းသစ် ဖြစ်နေပြီး ခန္ဓာကိုယ်သည် သူတစ်ခါမှ မမြင်ဘူးသော ထူးဝေဆိုသည့် လူ၏ ခန္ဓာကိုယ် ဖြစ်နေလေသည်။
ဘာ ဖြစ်တာလဲ။ အိပ်မက် မက်နေတာလား။
သူ့ကိုယ်သူ ခပ်နာနာလေး ဆိတ်ဆွဲကြည့်မိသည်။ ဟာ. . . နာသွားသော ကြောင့် အိပ်မက် မ ဖြစ်နိုင်။ နေပါဦး၊ ငါ. . . ထက်ကောင်းနဲ့ နောက်ဆုံး Chess ထိုးခဲ့တာက. . .။
သေချာပြန်တွက်ကြည့်နေမိသည်။ ခုနက သတင်းစာထဲက ရက်စွဲအရဆိုရင်. . .
“မ ဖြစ်နိုင်ဘူး”
လင်းသစ်သည် နောက်တစ်ခေါက် ပြန်တွက်ကြည့်လိုက်သည်။ သူ ထက်ကောင်းနဲ့ Chess ထိုးခဲ့တာက သော ကြာနေ့၊ ဇူလိုင်လ ပထမပတ်လောက်ကပဲ။
ဒါဆို အဲဒီ အချိန်နှင့် ယနေ့အချိန် ကြားတွင် ခြောက်လတိတိ ကွာခြားနေတာကို တွေ့ ရသည်။ ထိုကြားကာလတွေ မှာ သူဘာ ဖြစ်ခဲ့လဲ။
သူ မမှတ်မိတော့။
“ဒေါက်. . . ဒေါက်”
“ဟဲ့. . . မျက်နှာသစ်တာ ကြာလှချည်လား၊ ဒီမှာ နင့်ညီက ရှူးရှူးပေါက်ချင်လို့တဲ့”
လင်းသစ်သည် မျက်နှာကို ကမန်းကတန်းသစ်လိုက်၏ ။
ပြီးနောက် အပြင်ထွက်ပြီး ထူးဝေဟာ သူမဟုတ်ပါဘူး။ သူ့နာမည် က လင်းသစ်ပါလို့ ပြောလိုက်ရင် ကောင်းမလားဟု တွေးလိုက်၏
သို့ သော် သူ့ကို ဘယ်သူက ယုံမှာ လဲ။ ဒီခန္ဓာကိုယ်ကြီးထဲမှာ ရှိနေတဲ့သူဟာ လင်းသစ်ပါလို့ ဘယ်သူက ယုံမှာ လဲ။
“ဒေါက်. . . ဒေါက်”
“ဟဲ့. . . ထူးဝေ”
တံခါးကို ဆွဲဖွင့်လိုက်သည်။
ထူးဝေ အမေသည် သူ့ကို ပွစိပွစိပြောရင်း သူ့သားငယ်ကို အထဲထည့်လိုက်၏ ။ ထို့နောက် လင်းသစ်ဘက်လှည့်ကာ-
“ကဲ မြန်မြန်စား၊ ပြီးရင် အင်္ကျီသွားလဲတော့။ နင့်ကို ငါရုံးသွားရင်းနဲ့ ကျောင်းကို ၀င်ပို့ခဲ့မယ်။ နင့်အမနဲ့ နင့်ညီကိုတော့ နင့်အဖေက ခေါ်သွားလိမ့်မယ်”
ကျောင်းတစ်ကျောင်းရှေ့မှာ သူ့ကို ချထားပေးခဲ့ပြီး ထွက်ခွာသွားသော ကားကိုကြည့်ကာ တော် တော် ကြာသွားသည်အထိ ငူငူငိုင်ငိုင်နဲ့ ရပ်နေမိသည်။
ယခုအခါတွင် လင်းသစ်သည် ထူးဝေ၏ ခန္ဓာကိုယ်၊ ထူးဝေ၏ အ၀တ်အစား၊ ထူးဝေ၏ ကျောပိုးအိတ်တို့နှင့် အတူ ထူးဝေတက်နေသော ကျောင်းရှေ့ကို ရောက်နေပြီ ဖြစ်သည်။
သူ ဘာလုပ်ရမလဲ။
ပိုဆိုးတာက သူ ရောက်နေသော နေရာသည် ဘယ်နေရာမှန်း သူလည်း မသိချေ။ သူတစ်ခါမှ မရောက်ဖူးသော နေရာ တစ်နေရာ ဖြစ်သည်။
ကျောင်းကလည်း သူနေသော နေရာ တစ်ခါမှ မတွေ့ ဖူးသော ကျောင်းတစ်ကျောင်း ဖြစ် သည်။
လင်းသစ်သည် ကျောင်းထဲကို မ၀င်သေးဘဲ ကျောင်းရှေ့ရှိ ကော်ဖီဆိုင်နံရံကိုမှီကာ ထူးဝေ ကျောပိုးအိတ်ကို ရင်မှာ ပိုက်ထားပြီး ဘာလုပ်ရမလဲဆိုကာ စဉ်းစားနေမိ၏ ။
ထိုစဉ် လက်တစ်ဖက်က ထူးဝေ လွယ်အိတ်ရဲ့ ဘေးတစ်ဖက်ကို စမ်းမိလိုက်သည်။
မာကျောသော အရာတစ်ခုကို စမ်းမိသော ကြောင့် အိတ်ကိုဖွင့်ပြီး ထုတ်ကြည့်ရာ ဖုန်းတစ်လုံး ဖြစ်နေတာကို တွေ့ ရသည်။
သို့ သော် ယနေ့သည် တနင်္လာနေ့ ဖြစ်ပြီး နာရီကို ကြည့်လိုက်တော့ ၈ နာရီ ၂၅ မိနစ်ခန့် ရှိနေပြီ ဖြစ်သည်။
အဖေ ကတော့ ရုံးသွားနေပြီ ဖြစ်ပြီး သူ့အမေ ကတော့ ညီလေးကို နံနက်စာကျွေးပြီး ကျောင်းပို့ဖို့ ကားပေါ်ရောက်နေလောက်ပြီ ဖြစ်သည်။
ခက်တာက သူ့အဖေ၊ အမေရဲ့ ဖုန်းနံပါတ်တွေ ကို အလွတ်မရခြင်း ဖြစ်သည်။
သူ့ရဲ့ ဖုန်းထဲက ဖုန်း List တွေ ထဲမှာ သာ မှတ်ထားလေ့ရှိသည်။ ဒါပေမယ့် အိမ်ဖုန်းနံပါတ်ကို တော့ အလွတ်မှတ်မိ၏ ။ အခု အချိန်ဆို လူ တစ်ယောက် မှ မရှိသော ကြောင့် ဖုန်းဖြေမည့် သူ ရှိမှာ မဟုတ်ချေ။
အမေ့ ရုံးဖုန်းကို ဆက်ရင်ရော. . .။ ရုံးဖုန်းကိုတော့ သူမှတ်မိသည်။
ဒီအချိန်မှာ ရုံးကို အမေ မရောက်သေးပေမယ့် Message ချန်ထားလို့တော့ ရသည်။ သူ့အမေရဲ့ ရုံးဖုန်းနံပါတ်ကို ပြန်စဉ်းစားလိုက်သည်။
ဖုန်းနံပါတ်က အပူးနံပါတ်များ ဖြစ်သေကြောင့် အလွယ်တကူ မှတ်မိနေသေးသည်။
ဒါပေမယ့် အမေ့ကို ဖုန်းထဲမှာ ဘယ်လိုပြောရမလဲ။ ခြောက်လတိတိ ဘာတွေ ဖြစ်ခဲ့မှန်း မသိ. . .။ အခုလည်း ဘယ်ကိုရောက်နေမှန်း မသိတဲ့အ ဖြစ်အပျက်ကို သူဘယ်လိုပြောရမလဲ။
နောက်ဆုံးတွင် လင်းသစ်သည် နံပါတ်အချို့ကို ခပ်သွက်သွက်လေး နှိပ်လိုက်၏ ။
“တူ. . . တူ. . . တူ. . .”
ဖုန်းဝင်သွားပြီး ခဏအကြာတွင် ကိုင်မယ့်သူ မရှိသော ကြောင့် Message ထားခဲ့ရန်ပြော သည့် အလိုအလျှောက် စကားသံကို ကြားလိုက်ရသည်။
အသံသွင်းထားသော သူ့အမေအသံကို ကြားလိုက်ရသော ကြောင့် လင်းသစ်မှာ တုန်တုန် ယင်ယင် ဖြစ်သွားပြီ-
“အမေ. . . သား လင်းသစ်ပါ၊ သား. . . ဘာတွေ ဖြစ်ပြီး၊ ဘယ်တွေ ရောက်နေမှန်း မသိဘူး အမေ၊ သားကို လာခေါ်ပါလား အမေ၊ သား အိမ်ပြန်ချင်တယ်၊ ကြောက်လည်း ကြောက်နေတယ် အမေ”
ဖုန်းကို ချလိုက်သည်။
အမေသည် သူ့အသံကို ကြားပြီး ဆက်ထားသော ထူးဝေဖုန်းကို ပြန်ခေါ်ပေလိမ့်မည် ။ မျက်ဝန်းက မျက်ရည်များ ကို သုတ်ပစ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။
ယခုဆိုရင် လင်းသစ်သည် သူ့အမေ ပြန်ခေါ်မည့် ဖုန်းကို စောင့်နေရုံပဲ ရှိတော့သည်။
နာရီကို တစ်ချက်ကြည့်လိုက်သည်။ ကိုးနာရီထိုးဖို့(၁၀)မိနစ် လိုသေးသည်။
သူ့အမေသည် ကိုးနာရီကျော်မှသာ ရုံးရောက်သော ကြောင့် နည်းနည်း တော့ စောင့်ရပေ မည် ။
ထိုအချိန်တွင် သူ့လက်ထဲတွင် ကိုင်ထားသော ဖုန်းမြည် သွားလေ၏ ။
Message တစ်ခုရောက်လာခြင်း ဖြစ်သည်။ Messageကို ဖွင့်ကြည့်လိုက်ရာ ကောင်မလေး တစ်ယောက် ဆီမှ Message ဖြစ်ပြီး ဘာတွေ ရေး ထားမှန်းမသိချေ။ ထူးဝေရဲ့ ကောင်မလေး တစ်ယောက် ဖြစ်ပုံရသည်။
နာမည် က “နှင်းလဲ့ဝါ”ဟု ရေး ထား၏ ။
ထိုအခါမှပဲ လင်းသစ်သည် သူ၏ ကိုယ်ပိုင်ဖုန်းနံပါတ်၊ သူကိုင်နေကျ ဟန်းဖုန်းကို ခေါ်ကြည့်ရန် သတိရလိုက်သည်။
ဟုတ်သားပဲ။ သူ့ရဲ့ ဖုန်းနံပါတ်ကို တစ်ယောက် ယောက် ကိုင်ထားရင် ကိုင်ထားနိုင်တယ်။
ချက်ချင်း ဆိုသလိုပဲ လင်းသစ်သည် သူ၏ နံပါတ်အဟောင်းကို နှိပ်လိုက်သည်။
ထို့နောက် ဖုန်းကို နားထောင်လိုက်သော အခါ “သင်ခေါ်ဆိုသော ဖုန်းနံပါတ်မှာ တပ်ဆင် ထားခြင်းမရှိပါ”ဟု ပြန်ဖြေသံကို ကြားလိုက်ရသော ကြောင့် လင်းသစ်မှာ သူ့ဖုန်းနံပါတ် မှားနှိပ်မိ သည်ထင်သော ကြောင့် ဖုန်းနံပါတ်ကို သေချာကြည့်လိုက်သည်။
ဖုန်းနံပါတ်သည် အမှန်ပါပဲ။ ဘာ ဖြစ်လို့ မရတာ ပါလိမ့်။ နောက်တစ်ခေါက် ထပ်နှိပ်ပြီး ခေါ်ကြည့်သည်။
“တပ်ဆင်ထားခြင်း မရှိပါ”ဆိုသည့် ဖြေသံကိုသာ ကြားရသည်။
အား. . .