အခန်း (၁)
တက္ကသိုလ်တစ်ခုရှိ ကျောင်းသားတစ်ဦးသည် စာသင်ခန်းမှထွက်ကာ စာကြည့်တိုက် သို့ ခပ်သွက်သွက် လျှောက်လာခဲ့သည်။
ဆရာမ ရှာဖတ်ခိုင်းထားသည့် စာအုပ်များ မရှာရသေးသောကြောင့် စာကြည့်တိုက်သို့ အလောတကြီး ထွက်လာခဲ့ခြင်းဖြစ်သည်။
လက်ထဲက Note Book ကို ဖွင့်ကြည့်ကာ ရှာရမည့် စာအုပ်စာရင်းကို တစ်ချက်ပြန်စစ် ကြည့်သည်။
ထမင်းစားချိန်ဖြစ်သောကြောင့် စာကြည့်တိုက်ထဲတွင် လူရှင်းနေလေသည်။ တစ်ဦး တည်းရှိသော စာကြည့်တိုက်မှူးကလည်း စာအုပ်တစ်အုပ်နှင့် ငြိမ်နေလေ၏ ။ စာကြည့်တိုက် မှာ နှစ်ပိုင်းခွဲထားသောကြောင့် ပထမအပိုင်းရှိ စာအုပ်များ ကို စရှာကြည့်သည်။ အပေါ်ဆုံး တန်း၌ လိုချင်သော စာအုပ်ကို တွေ့သောကြောင့် လှမ်းယူလိုက်သည်။ စာအုပ်စာရင်းကို ပြန် ကြည့်ရသည်။ နောက်ဆုံးတစ်အုပ်ကို ရှာလို့မတွေ့သေးကြောင့် ဒုတိယအပိုင်းဖြစ်သည့် အခြားဘက်အခန်းတွင် ရှာရမည်ဟု စဉ်းစားလိုက်သည်။ ရှာပြီးသား စာအုပ်များ ကို စာကြည့် တိုက်မှူးက ကောင်တာတွင် တင်လိုက်ပြီး -
“ဆရာ၊ ဒီစာအုပ် ဘယ်မှာ ရှိလဲမသိဘူး”
စာကြည့်တိုက်မှူးက စာအုပ်နာမည်ကို တစ်ချက်ကြည့်ပြီး
“ဟိုဘက်အခန်းမှာ ရှိလိမ့်မယ်”
ဟုဆိုသည်။
ထို့ကြောင့် ရှာပြီးသားစာအုပ်များ ကို ခဏထားပြီး စာကြည့်တိုက် တစ်ဖက်ခန်းရှိရာသို့ သွားလိုက်ပါသည်။ တံခါးနားရောက်သောအခါ တံခါးကို ဆွဲဖွင့်လိုက်၏ ။
“ဟင်”
စာကြည့်တိုက် ဒုတိယအခန်းထဲတွင် ရေများ ပြည့်လျှံနေလေသည်။
ရေများ ကိုကြည့်ပြီး ကျောင်းသားမှာ အထိတ်တလန့်ဖြစ်သွားပြီး -
“စာကြည့်တိုက်မှူး၊ စာကြည့်တိုက်မှူး”
ဟု အလန့်တကြား အော်လိုက်လေသည်။
“ဟေ .. ဘာဖြစ်တာလဲကွ”
“ရေ …. ရေတွေ၊ အများ ကြီးပဲ”
“ဘယ်လို”
အခန်း (၂)
တက္ကသိုလ်ကျောင်းပေါင်း မြောက်များ စွာ ရှိသော ခေတ်တစ်ခေတ်ဖြစ်ထွန်းခဲ့ပါသည်။
တက္ကသိုလ်ကျောင်းများ များ လှသည်နှင့်အညီ တစ်ကျောင်းနှင့်တစ်ကျောင်းလည်း အပြိုင်အဆိုင်များ လှသည်။ ထိုတက္ကသိုလ်များ ထဲမှ နေရာဒေသတစ်ခုတွင် စုပေါင်းတည်ရှိနေသော တက္ကသိုလ် ကျောင်း (၆)ကျောင်းသည် လွန်စွာ နာမည်ကြီးလေသည်။ တက္ကသိုလ်ကျောင်းများ ၏ အဆင့် အတန်းကိုလိုက်၍ ကျောင်းနာမည်များ မှည့်ခေါ်ခဲ့ကြသည်။
နံပါတ် (၁) တက္ကသိုလ်
နံပါတ် (၂) တက္ကသိုလ်
နံပါတ် (၃) တက္ကသိုလ်
နံပါတ် (၄) တက္ကသိုလ်
နံပါတ် (၅) တက္ကသိုလ်
နံပါတ် (၆) တက္ကသိုလ်
အထက်ပါတက္ကသိုလ် (၆)ခုသည် ကျယ်ဝန်းလှသော ကျောင်းနေရာ၊ အဆောက်အဦ၊ ကျောင်းအင်္ဂါရပ်များ ပြောစရာမလိုအောင် ပြည့်စုံသည့် တက္ကသိုလ်များ ဖြစ်ကြသည်။
ထို့ပြင် တစ်ကျောင်းနှင့် တစ်ကျောင်းလည်း နီးနီးကပ်ကပ်ရှိကြသည်။
ထိုကျောင်း (၆)ကျောင်းတွင် နံပါတ် (၁) တက္ကသိုလ်သည် ထိပ်ဆုံးနာမည်ကြီး တက္က သိုလ်ဖြစ်သည်။ နံပါတ် (၆) တက္ကသိုလ်ကတော့ အောက်ဆုံးအဆင့်မှာ ရှိသည့် တက္ကသိုလ် ဖြစ်၏ ။
တက္ကသိုလ်များ ၏ ကြိုးစားမှု ၊ အောင်မြင်မှု ပေါ်လိုက်ပြီး တက္ကသိုလ်နံပါတ်စဉ် ပြောင်း လဲလေ့ရှိသည်။ အဓိကကတော့ ထိုတက္ကသိုလ်မှာ တက်နေတဲ့ကျောင်းသား၊ ကျောင်းသူရဲ့ အရည်အသွေး၊ ကြိုးစားမှု ၊ အောင်မြင်မှု အပေါ် မူတည်ခြင်းဖြစ်၏ ။
သို့ သော် ယခုဖော်ပြပါ တက္ကသိုလ် နံပါတ်စဉ်များ သည် နှစ်ပေါင်းများ စွာ တည်တံ့နေ သော နံပါတ်စဉ်ဖြစ်နေတာ ကြာခဲ့ပြီဖြစ်သည်။ ယနေ့အထိ မပြောင်းလဲသေးပေ။
မိဘများ က သားသမီးများ ကို ထိပ်ဆုံးတက္ကသိုလ် ၀င်ခွင့်ရအောင် ငွေကြေးမြောက်မြား စွာ ကုန်ကျခံပြီး ထားလေ့ရှိကြသည်။
ထိပ်ဆုံးတက္ကသိုလ်များ က ကျောင်းသား၊ ကျောင်းသူများ ကို စိစစ်ရွေးချယ်သည်။
တက်ခွင့်ရသော ကျောင်းသား၊ ကျောင်းသူများ ကလည်း လွန်စွာ နာမည်ကြီးသွား သည်။ ထိုသို့ နာမည်ကြီးသွားသည့်အပြင် အခြားနံပါတ်နိမ့်တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ ကိုလည်း နှိမ့်ချစွာ ဆက်ဆံတတ်ကြသည်။
ဤသို့ ဖြင့် တက္ကသိုလ်များ ထွန်းကားလာခဲ့ကြသည်။
နံပါတ်စဉ်နိမ့်သော တက္ကသိုလ်တစ်ခုသည် နံပါတ်စဉ်မြင့်ရန်အတွက် နံပါတ်စဉ်အမြင့် နာမည်ကြီးတက္ကသိုလ်တစ်ခုအား စိန်ခေါ်ရလေ့ရှိသည်။
ထိုသို့ စိန်ခေါ်ခြင်းသည် ကျောင်းသား၊ကျောင်းသူများ အချင်းချင်း စိန်ခေါ်ခြင်းလည်း ဖြစ်သည်။
ဆရာများ ကလည်း တစ်ဖက်တစ်လမ်းက ပါဝင်ရသည်။
ထိုအခါ စိန်ခေါ်ခံရသောကျောင်းက မိမိကို စိန်ခေါ်သော ကျောင်းအား မနိုင်မှန်းသိ လျှင် အရှုံးပေးကြောင်း (သို့ ) တစ်ပတ်အတွင်း အကြောင်းမပြန်ပါက ရှုံးသည်ဟု သတ်မှတ် ကြောင်း စသည်ဖြင့် အစဉ်အဆက် ဖြစ်ခဲ့ကြသည်။
ဤသို့ ဖြင့် တက္ကသိုလ်များ သည် နာမည်ကြီး တက္ကသိုလ်ဖြစ်အောင် ပြုလုပ်လာခဲ့ကြ သည်။
ယခုလက်ရှိအချိန်တွင် နာမည်အကြီးဆုံးနှင့် အတော်ဆုံး ကျောင်းသား၊ ကျောင်းသူ များ အရှိဆုံးတက္ကသိုလ်မှာ နံပါတ် (၁) တက္ကသိုလ်ဖြစ်နေသည်မှာ နှစ်ပေါင်းများ စွာ ရှိနေပြီ ဖြစ်သည်။
အခန်း (၃)
“ဒါ .. နံပါတ် (၆) တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ရုံးလားမသိဘူး”
“ဟုတ်ပါတယ်”
စာပို့သမား၏ အမေးကို စာရေးမလေးက ပြန်ဖြေလိုက်သည်။
စာပို့သမားက စာအိတ်တစ်ခုအား ထုတ်လိုက်ပြီး -
“ပါမောက္ခချုပ်အတွက် စာလာပို့တာပါ”
“သြော် … ဟုတ်ကဲ့ရှင့်”
စာရေးမလေးက စာပို့သမားလက်ထဲမှ စာကို လှမ်းယူလိုက်သည် ။ စာပေါ်တွင် -
ဟုရေးထားလေသည်။
“လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါဦး”
စာရေးမလေးက စာရွက်ပေါ်တွင် လက်မှတ်ကို ခပ်သွက်သွက်လေး ထိုးပေးလိုက် သည်။
စာပို့သမား ပြန်ထွက်သွားသောအခါ စာရေးမလေးက စာအိတ်ကို ကိုင်ပြီး ပါမောက္ခ ချုပ် ရုံးခန်းတံခါးကို ဖွင့်ဝင်လိုက်၏ ။
“ဆရာကြီး”
“ဟေ”
ပါမောက္ခချုပ်က စာရေးနေရင်းမှ မော့ကြည့်သည်။
“ဆရာကြီးအတွက် စာရောက်နေလို့ပါ”
ဟုဆိုပြီး စာရေးမလေးက စာကို ဆရာကြီးစားပွဲပေါ်တင်ပြီး အခန်းထဲမှ ထွက်ခွာသွား လေသည်။
ဆရာကြီးက စာအိတ်ကို လှမ်းယူလိုက်သည်။
ဘယ်သူပို့တာလဲဟု စိတ်ထဲတွင် ဇဝေဇ၀ါဖြစ်သွားပြီး စာအိတ်ကိုဖွင့်လိုက်လေ၏ ။
“ဟင်”
ခဏကြာသောအခါတွင် ပါမောက္ခချုပ်ရုံးခန်းရှိ စာရေးမလေးသည် ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်သွားလေသည်။
“ဟယ်လို …. ဓာတုဗေဒဌာနကပါလား”
“ဟုတ်ပါတယ်”
“ပါမောက္ခချုပ်ရုံးကပါ အစည်းအဝေးအတွက် အကြောင်းကြားတာပါ”
“ဘယ်အချိန်ပါလဲရှင်”
“အခုချက်ခြင်းလို့ပြောပါတယ်”
စာရေးမလေးက ဖုန်းပြန်ချလိုက်ပြီး နောက်ဖုန်းတစ်လုံး ထပ်ခေါ်လိုက်သည်။
“ရူပဗေဒ ဌာနကပါလား”
“ဟုတ်ကဲ့”
“အစည်းအဝေးအတွက် အကြောင်းကြားတာပါ”
ဤသို့ ဖြင့် မကြာမီအချိန်က အစည်းအဝေးရှိသည့် သတင်းမှာ ပါမောက္ခအားလုံးဆီ သို့ ပျံ့နှံ့သွားလေ၏ ။
အရေးကြီးသည်ဆိုသည့် အဆင့်ကြောင့် ပါမောက္ခအားလုံးမှာ လုပ်လက်စများ ရပ်ပြီး အစည်းအဝေးခန်းမသို့ သွားကြရလေသည်။
“မင်းတို့ ပထမနှစ်ကျောင်းသားတွေ အတွက် သင်္ချာဟာ အခက်အခဲမရှိသေးပါဘူး။ ဒုတိယနှစ်လောက်ဆိုရင် မင်းတို့တွေ သင်္ချာကို အရမ်းကြီးစိတ်ဝင်စားလာနိုင်သလို၊ အရမ်း ကြီးလည်း ပျင်းရိသွားနိုင်တယ်ကွ”
“ဘာဖြစ်လို့လဲဆရာ”
ကျောင်းသားတစ်ယောက်က ထမေးလေသည်။
သင်္ချာပါမောက္ခ ဦးဖေသန်းက -
“တကယ်တော့ မင်းတို့အပေါ်မှာ မူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်္ချာဟာ ပျော်စရာကောင်းပါတယ်၊ အဲ … စိတ်မ၀င်စားဘူး၊ ၀ါသနာမပါဘူးဆိုရင် ပျင်းစရာကောင်း တယ်လို့ ဆိုလိုတာပါ။ ဒုတိယနှစ်လောက်ဆိုရင် မင်းတို့လည်း ၀ါသနာပါမပါ သိရောပေါ့”
ဆရာကြီး ဦးဖေသန်း စကားကြောင့် အားလုံးမှာ ငြိမ်သွားကြပါသည်။
ပထမနှစ်အတန်းကို ဆရာကြီး ဦးဖေသန်းကိုယ်တိုင် သင်ကြားလေ့မရှိသော်လည်း ကျောင်းသားများ နှင့် ရံဖန်ရံခါ ထိတွေ့လိုသော ဆန္ဒကြောင့် စာဝင်သင်လေ့ရှိသည်။
ပထမနှစ်ကျောင်းသားများ ကလည်း ကျောင်းတက်တာ ကြာပြီဖြစ်သောကြောင့် ဆရာ ကြီးနှင့် အပေးအယူ ဖြောင့်နေကြသည်။
ထိုစဉ် -
“ဆရာကြီး”
စာသင်ခန်းအပြင်မှ ကျောင်းစာရေးမလေး၏ လှမ်းခေါ်သံကြောင့် ဆရာကြီးမှာ စာသင် နေရင်းမှ အပြင်သို့ ကြည့်လိုက်သည်။
“ဘာလဲဟေ့”
“ပါမေက္ခချုပ်က အရေးကြီး အစည်းအဝေးရှိလို့တဲ့”
“အခုလား”
“ဟုတ်ကဲ့”
“အေး … အေး ။ သွားလိုက်မယ်”
ဆရာကြီးက စာအုပ်များ ကို ကောက်သိမ်းလိုက်ပြီး -
“ကဲ ဆရာပေးထားတဲ့ ပုစ္ဆာတွေကို ဆက်တွက်ထား၊ နောက်မှတွေ့မယ်”
ဟု ဆိုပြီး အတန်းထဲမှ အလျင်စလို ထွက်သွားလေသည်။
ဆရာကြီးက အတန်းချိန်မပြည့်ခင် ထွက်သွားသောကြောင့် ကျောင်းသား၊ ကျောင်းသူ များ ပျော်သွားကြပြီး ကင်တင်းသို့ သွားဖို့ ပြင်သူကပြင်၊ စကားများ အော်ကြီးဟစ်ကျယ်ပြော သူကပြောနှင့်ရှုတ်ယှတ်ခတ်သွားလေသည်။
“ကဲ တပည့်တို့ တင်ချာကို ၀ါတနာပါကြရား”
ကျောင်းသားတစ်ယောက်၏ အော်ပြောသံကြောင့် အားလုံး ပွဲကျသွားသည်။
အတန်းထဲမှ ထွက်ခါနီး ကျောင်းသားများ ပင် ပြုံးစိစိနဲ့ ကြည့်သွားကြသည်။
အော်ပြောလိုက်သောသူမှာ သင်္ချာမေဂျာ၏ ကင်းဖြစ်သော ဟန်လင်းလွင်ဖြစ်သည်။
ဟန်လင်းလွင်က သူ့ဘေးနားတွင်ရှိသော သူငယ်ချင်းအား -
“ဆရာကြီးကလည်း အလကားပေါက်ကရတွေ ပြောသွားတယ်။ သင်္ချာက လွယ်ပါ တယ်ကွာ။ ငါက သင်္ချာကို အမှတ်အများ ဆုံးနဲ့ ၀င်တာ ဆရာကြီးမေ့နေတယ်နဲ့ တူတယ်”
“အေး ၊ ဟုတ်တယ်”
သူ့သူငယ်ချင်းကလည်း လွယ်အိတ်ထဲသို့ စာအုပ်များ ထိုးထည့်ရင်း ပြန်ဖြေသည်။
ထိုအချိန်တွင် အတန်း၏ နောက်ဆုံးခုံတန်း၌ ထိုင်နေသော ကျောင်းသားတစ်ယောက် သည် စာရေးစားပွဲအောက်တွင် ခိုးကြောင်ခိုးဝှက် အိပ်နေသော ကျောင်းသားအား လှုပ်နှိုး လိုက်သည်။
“ဟေ့ကောင် သာဂေါင် ထတော့ ဆရာကြီး အတန်းပြီးသွားပြီ”
သာဂေါင်ဆိုသော ကျောင်းသားသည် ခုံအောက်မှ အလူးအလဲထလိုက်ပြီး -
“ပြီး ပြီးသွားပြီလားကွ”
ဟုဆိုပြီး အလျင်စလို ထွက်လိုက်ရာ ခုံနှင့် ခေါင်းတိုက်မိလေ၏ ။ အားလုံးမှာ သာဂေါင် အဖြစ်ကို ၀ိုင်းရယ်လိုက်ကြသည်။
“သာဂေါင်၊ မင်းကို ဆရာကြီးက ပြောသွားတယ်ကွ”
ဟန်လင်းလွင်က သာဂေါင်ကို လှမ်းအော်သည်။
“ ဟင် … ဆရာကြီးက ငါအိပ်နေတာ တွေ့သွားလို့လား။ ငါက သူမတွေ့တဲ့ နေရာမှာ အိပ်နေတာပါ”
“တွေ့လို့မဟုတ်ဘူးကွ၊ ဒုတိယနှစ်မှာ မင်းက သင်္ချာဂုဏ်ထူးထွက်မယ်တဲ့။ အဲဒါ ပြော သွားတာ .. ဟား … ဟား…. ဟား”
အားလုံးမှာ ၀ိုင်းရယ်နေကြ၍ သာဂေါင်လည်း လွယ်အိတ်ကောက်လွယ်ကာ အတန်း ထဲမှ ထွက်ခဲ့သည်။
အစည်းအဝေးခန်းမသို့ ရောက်သောအခါ ပါမောက္ခအားလုံးရောက်နေသည်ကို တွေ့ ရသည်။
“ဆရာကြီး ဦးဖေသန်း ဒီကိုလာ၊ ဆရာကြီးကို စောင့်နေတာ အားလုံးရောက်နေပြီ”
ဆရာကြီးက အားနာသွားပြီး -
“အတန်းဝင်နေလို့ နောက်ကျသွားတာ”
ဟုပြောကာ နီးစပ်ရာခုံတွင် ၀င်ထိုင်လိုက်သည်။
ထို့နောက် ပါမောက္ခချုပ်သည် အခန်းထဲရှိ စာရေးမလေးအား -
“အစည်းအဝေးအခန်းတံခါး ပိတ်လိုက်။ ပြီးတော့ အပြင်မှာ ပဲ စောင့်နေ”
ခဏအကြာတွင် အစည်းအဝေးခန်းမ၌ အားလုံးတိတ်ဆိတ်သွားလေသည်။ အရေးကြီး အစည်းအဝေးခေါ်သော ပါမောက္ခချုပ်ကိုပင် အားလုံးက ကြည့်နေကြသည်။
ပါမောက္ခချုပ်က အားလုံးကို တစ်ချက်ကြည့်သည်။ ပြီးနောက် စားပွဲပေါ်သို့ စာအိတ် လေးတစ်ခု တင်လိုက်၏ ။
အားလုံး၏ အကြည့်က ထိုစာအိတ်ဆီသို့ ရောက်သွားကြသည်။
“ဒီစာက နံပါတ် (၁) တက္ကသိုလ်က ကျုပ်တို့ နံပါတ် (၆) တက္ကသိုလ်ကို ပို့လိုက်တဲ့ စာပါ”
“ဟင်”
“ဟာ”
ပါမောက္ခအားလုံး တအံ့တသြဖြစ်သွားကာ အထိတ်တလန့်လည်း ဖြစ်သွားကြသည်။
“ဒါဆို သူတို့ ကျွန်တော်တို့ ကျောင်းကို စိန်ခေါ်တာပေါ့”
ရူပဗေဒပါမောက္ခက ၀င်မေးသည်။
“အင်း .. အဲဒီ လိုပဲ ဆိုရမှာ ပဲ”
ပါမောက္ခချုပ်က ခေါင်းတဆက်ဆက်ညိတ်ပြီး ပြန်ဖြေသည်။ ပြီးနောက် -
“ကျုပ်မရှင်းတာ တစ်ခုရှိတယ်”
“ဟုတ်ကဲ့”
“သူလို နံပါတ် (၁) တက္ကသိုလ်ကြီးက ကျုပ်တို့ကို အောက်ခြေအဆင့်မှာ ရှိတဲ့ အဆင့် နိမ့်တက္ကသိုလ်ကို ဘာ့ကြောင့် စိန်ခေါ်တဲ့စာပို့ရတာ လဲ။ သူ့ဘာသာသူ နေလို့ရတာ ပဲဥစ္စာ”
ပါမောက္ခချုပ် စကားကြောင့် အားလုံးမှာ တွေဝေသွားကြသည်။
ပါမောက္ခချုပ် မေးလည်း မေးစရာပင်။
နံပါတ် (၁) တက္ကသိုလ်သည် တက္ကသိုလ်များ ထဲတွင် လူတော်များ ဥာဏ်ရည်ဥာဏ် သွေးထက်မြတ်သူများ အပြည့်ရှိသည့် တက္ကသိုလ်ဖြစ်သည်။ အစဉ်အလာအားဖြင့် နံပါတ်စဉ်နိမ့်သော တက္ကသိုလ်က နံပါတ်စဉ်မြင့်သော တက္က သိုလ်ကို စိန်ခေါ်ပြီး အဆင့်မြင့်အောင် နာမည်ကျော်ကြားအောင် လုပ်လေ့ရှိသည်။ အခုအခြေအနေက ထိုသို့ မဟုတ် .. ။
နံပါတ် (၁) တက္ကသိုလ်ကြီးက သူတို့လို ဘာမဟုတ်တဲ့ တက္ကသိုလ်လေး တစ်ခုကို စိန်ခေါ်လာ ချေပြီ။
“အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပါမောက္ခတွေရဲ့ သဘောထားကို သိချင်လို့ အစည်းအဝေး ခေါ်ရတာ ပါ”
ပါမောက္ခချုပ်ရဲ့ စကားကြောင့် အားလုံးမှာ ထပ်ပြီး တွေဝေသွားကြသည်။
ပါမောက္ခချုပ်က ဆက်ပြော၏ ။
“စည်းမျဉ်းတွေအရ ကျုပ်တို့ တက္ကသိုလ်က နံပါတ် (၁) တက္ကသိုလ်ရဲ့ စိန်ခေါ်စာကို လက်ခံမခံဆိုတာ ခုနှစ်ရက်အတွင်း အကြောင်းပြန်ရတော့မယ်”
ထိုအချိန်တွင် ရူက္ခဗေဒပါမောက္ခမှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် -
“ပါချုပ် ခင်ဗျား”
“အင်း ….. ပြောပါ”
“ကျွန်တော် အခုမှ သတိရလို့ပါ”
“ဘာများ လဲ”
“ဒီကိစ္စဟာ ကျွန်တော်တို့ကျောင်းမှာ အခုတလော ထွက်နေတဲ့ ကောလဟလနဲ့ ပတ် သက်လိမ့်မယ်ထင်တယ်”
“ကောလဟလ …. ဟုတ်လား”
ပါချုပ်အပါအ၀င် အားလုံးအကြည့်များ မှာ ရုက္ခဗေဒပါမောက္ခဆီသို့ ရောက်သွားကြ သည်။
“ဘာ ကောလဟလလဲ။ ကျုပ်တို့လည်း မသိပါလား”
“ကျွန်တော်လည်း တပည့်မလေး အချို့ ပြောသံကြားလို့ မနေ့ကမှ သိရတာ ပါ”
“ဘာများ လဲ”
“ကျွန်တော်တို့ကျောင်းကလို့ ယူဆရတဲ့ ကျောင်းသားတစ်ယောက်နဲ့ နံပါတ်(၁) တက္က သိုလ်က ကျောင်းသားတစ်စုတို့ တွေ့ကြတယ်တဲ့”
“ချိန်းတွေ့ကြတာလား”
“မဟုတ်ဘူး၊ ကင်တင်းမှာ နံပါတ် (၁) တက္ကသိုလ်က ကျောင်းသားတစ်စု ထိုင်နေ တယ်။ သူတိုခုံရဲ့ ကပ်ရပ်မှာ တော့ ကျွန်တော်တို့ ကျောင်းကလို့ ယူဆရတဲ့ ကျောင်းသား တစ်ယောက်ထိုင်နေတယ်တာတဲ့”
“အင်း”
အားလုံးမှာ စိတ်ဝင်စားလာကြသည်။
“အဲဒီ ဆိုင်ကလည်း ကျောင်းပေါင်းစုံက ကျောင်းသားကျောင်းသူတွေ၊ ဆရာ၊ ဆရာမ တွေ လာထိုင်တတ်တဲ့ဆိုင်ဆိုတော့ ကျောင်းအားလုံးကလည်း ရှိတယ်တဲ့”
“အဲဒီ အချိန်မှာ ကျုပ်တို့ကျောင်းက သူတစ်ယောက်တည်း ရှိနေတာပေါ့”
“ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကျောင်းက ကျောင်းသား၊ ကျောင်းသူ တော်တော်များများ အဲဒီ ဆိုင်မှာ ထိုင်လေ့မရှိကြပါဘူး။ ထိုင်ခဲ့ရင်လည်း ရိသဲ့သဲ့ အပြောခံရတာ တို့၊ လူလည်ခေါင်မှာ ပညာစမ်းပြီး အရှက်ခွဲခံရတာ တို့ အလုပ်ခံရတယ်ဆိုပြီး မထိုင်ကြဘူး”
“အင်း … ဆက်ပြောပါဦး”
တက္ကသိုလ်ကျောင်းပေါင်းစုံက လာထိုင်လေ့ရှိသည့် ဆိုင်လေးအတွင်းတွင် ကျောင်း သား၊ ကျောင်းသူများ ကိုယ့်ကျောင်း အစုအဖွဲ့လေးများ ဖြင့် တစ်သီးတစ်သန့် ထိုင်နေကြ သည်။
ကျောင်း၏ ကျော်ကြားမှု ကိုလိုက်ပြီး အာဘောင်အာရင်းသန်သန် ပြောဆိုမှု များ လည်း မတူညီကြချေ….။
ကျော်ကြားတဲ့ကျောင်းက ကျောင်းသား ကျောင်းသူများ က လေသံကျယ်လောင်ပြီး စကားကြီး စကားကျယ်လည်း ပြောတတ်ကြသည်။
အခြားကျောင်းမှ လူများ ကို ရိသလိုလို၊ ပညာစမ်းချင်သလိုလိုလည်း လုပ်တတ်ကြ သည်။
ထိုအထဲတွင် အဆိုးဆုံးမှာ နံပါတ် (၁) တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ များ ဖြစ်ကြသည်။
“ကဲ … ဒီနေ့ ၊ ငါတို့ ဘာအကြောင်းပြောကြမလဲ”
နံပါတ် (၁) တက္ကသိုလ်မှ ကျောင်းသားတစ်ယောက်က သူတို့ ထိုင်နေသော အစုအဖွဲ့ အပြင် အခြားလူများ ကြားအောင်လည်း လေသံမြှင့်ပြောလိုက်သည်။
“ပြောနေကျအတိုင်းပဲ အကြောင်းအရာစုံ၊ အခြားလူတွေ မသိသေးတာ ပြောကြတာ ပေါ့”
နံပါတ် (၁) တက္ကသိုလ်ကျောင်းသား၏ ပြောစကားကြောင့် အခြားဝိုင်းတွင် ရှိနေကြ သော ကျောင်းသား၊ ကျောင်းသူများ မှာ နှာခေါင်း ရှုံ့လိုက်ကြသည်။
နံပါတ် (၁) တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ သည် လူမုန်းများ ခံရသည်။
သူတို့ကလည်း လူမုန်းခံရအောင် နေတတ်သည်။ သို့ သော် အခြားတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ ကလည်း သူတို့ကို မလှန်နိုင်၍ သာ အသာငြိမ်ခံနေရသည်။
“ကဲ ငါက စပြောမယ်”
နံပါတ် (၁) တက္ကသိုလ်မှ ဆံပင်ထောင်ထောင်နှင့် ကျောင်းသားက သူ့လူများ ကို စတင်ပြောလိုက်သည်။
“အေး မင်းက ဘာစပြောမှာ လဲ”
“ငါ အခုတလော သိပ္ပံပညာကို စိတ်ဝင်စားနေတယ်”
“ဟုတ်ပြီ ဒီတော့ ငါတို့က မင်းကို ကြိုက်တာမေးလို့ရတယ်ပေါ့”
“ငါတို့က နံပါတ် (၁) တက္ကသိုလ်က ဆိုတာ မင်းမေ့နေပြီလား”
“အေးပါ ၊ မမေ့ပါဘူး ၊ မေးပြီ”
မေးမယ့် ကျောင်းသားက တစ်ချက် စဉ်းစားလိုက်သည်။ ပြီးမှ
“ငါမနေ့က စာအုပ်တစ်အုပ်ဖတ်တယ်”
“ဒုံးပျံအကြောင်း ရေးထားတဲ့စာအုပ်ကွ”
“အင်း .. ဆိုစမ်းပါဦး”
“ဒါပေမယ့် .. ၊ အရမ်းကြီးတော့ နားမလည်သေးဘူး။ ဒီတော့ မင်းက ငါ့ကို ဒုံးပျံ ပျံနိုင် တဲ့ သဘောကို အလွယ်သိနိုင်တဲ့ နည်းလမ်းပြောပြနိုင်မလား”
ဆံပင်ထောင်ထောင်နဲ့ ကျောင်းသားက ခေါင်းကို တစ်ချက်ပွတ်လိုက်သည်။ ထို့ နောက် -
“ကလေးတွေ မှု တ်တဲ့ လေပူဖောင်းကို သိတယ်မှတ်လား”
“အေး .. သိတယ်လေ”
“အဲဒီ ပူဖောင်းနဲ့ ဒုံးပျံရဲ့ သဘောတရားကို အလွယ်တကူသိနိုင်တယ်”
“ဘယ်လိုမျိုးလဲ ၊ ရှင်းစမ်းပါဦး”
“ဒီလိုကွာ၊ ပူဖောင်းကို ဖောင်းနေအောင် လေမှု တ်သွင်းပြီး လည်ပင်းဝကို လက်ညှိုးနဲ့ လက်မ နှစ်ခုကြားထဲမှာ ညှပ်ထားပြီးတော့မှ လက်ညှိုးနဲ့ လက်မ ညှပ်ထားတာကို အသာလေး ခွာပေးလိုက်တာနဲ့ ပူစီဖောင်းဟာ လက်ထဲကနေ လွတ်ထွက်သွားပြီး တရှူးရှူးနဲ့ ဝှေ့ကာ ဟို ဟိုဒီဒီ ပြေးနေတာကို တွေ့ရလိမ့်မယ်။ လေကုန်တော့မှ မြေပေါ်ကျမယ်။ သဘောက ဒီလိုပဲ။ မှု တ်သွင်းထားလို့ ပူစီဖောင်းထဲက လေတွေဟာ မှု တ်တံရဲ့ အပေါက်ကျဉ်းကျဉ်းလေးထဲက ရုန်းထွက်တာနဲ့ တစ်ပြိုင်နက် ပူစီဖောင်းဟာ မှု တ်ထွက်တဲ့ အပေါက်ရဲ့ ဆန့်ကျင်ရာကို ပြေး တတ်တဲ့ နိယာမသဘောပဲဖြစ်တယ်။ ဒုံးပျံဟာလည်း အဲဒီ လိုပဲကွ”
“ဟာ … .မင်းရှင်းတာ ကောင်းတယ်ကွာ”
အချင်းချင်း လက်ခုတ်ဝိုင်းတီးကြသည်။
အခြားကျောင်းကသူများ မှာ သူတို့ဝိုင်းကိုပဲ အားကျသလိုလို ကြည့်နေကြသည်။
“ကဲ ဒီတစ်ခါ ငါမေးရမယ့် အလှည့်”
ဆံပင်ထောင်ထောင်နဲ့ ကျောင်းသားက ပြန်မေးသည်။
“အထွေထွေ ဗဟုသုတတွေ စိတ်ဝင်စားတယ်”
“ဒါဆို ငါတစ်ခု မေးကြည့်မယ်”
“မေးလေ ရပါတယ်”
“ကလေးတစ်ယောက် ဥာဏ်ရည်ကောင်းဖို့ ဘာတွေလုပ်ရသလဲ”
မေးခံရသော ကျောင်းသားမှာ တစ်ချက်တွေဝေသွားသည်။
“ငါသိတာ တစ်ခုတော့ ရှိတယ်”
“အင်း”
“မိဘတွေဟာ ကလေးတွေကို ကိုယ်ဝန်ဆောင်ကတည်းက ဥာဏ်ရည် ဖွံ့ဖြိုးအောင် လုပ်လို့ရတယ်”
“ဟင် ဟုတ်လို့လား”
“ဟုတ်တယ်”
“ဒါဆို ဘယ်လိုလုပ်ရမလဲ”
“လူတိုင်း သိပြီးသားလေကွာ၊ မိခင်ဖြစ်သူဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ အာ ဟာရဖြစ်စေမယ့် အစားအစာကို စားရတယ်။ မွေးပြီးတဲ့နောက် နှစ်ခါလည်မတိုင်မီအတွင်းမှာ လည်း ကလေးကို လုံလောက်မျှတတဲ့ အဟာရဖြစ်စေမယ့် အစားအစာကို ကျွေးရတယ်။ ပြီးတော့ ကလေးငယ်ကို မကြာခဏ မဖျားအောင်လည်း ထားရမယ်။ အဲဒီ ပထမနှစ်နှစ် အတောအတွင်း အသားဓာတ်၊ အဆီဓာတ်၊ ကဆီဓာတ် စတဲ့ လိုအပ်တဲ့ အာဟာရတွေ မလုံ လောက်ရင် ကလေးရဲ့ ဦးနှောက်က ချို့ယွင်းသွားပြီး အထက်တန်းပညာသင်နိုင်တဲ့ မှတ် ဥာဏ်လျော့နည်းသွားနိုင်တယ်လို့ လေ့လာတွေ့ရှိရတယ်တဲ့။ တချို့ဆို အာဟာရချို့တဲ့လွန်း လို့ ခေါင်းထဲမှာ ဦးနှောက်တစ်ဝက်ပဲ ရှိပြီး ကျန်တစ်ဝက်က ရေတွေချည်းပဲတောင် ဖြစ်နေသ တဲ့”
“ဒါဆိုရင် ကလေးကို မမွေးခင်ကတည်းက အာဟာရ လုံလုံလောက်လောက် ကျွေးပြီး မွေးလာတော့လည်း ကြီးပြင်းသည်အထိ လုံလုံလောက်လောက် ကျွေးဖို့ လိုအပ်တယ်လို့ ဆို လိုတာပေါ့”
“အင်း”
“မင်းပြောပုံအရဆိုရင် ၀ယ်မကျွေးနိုင်တဲ့ မိဘတွေရဲ့ သားသမီးတွေက အားလုံး ဥာဏ် ထိုင်းတဲ့လူတွေ ဖြစ်နေမှာ ပေါ့”
“ဒါက ဒီလိုရှိတယ်ကွ၊ တကယ်တော့ မ၀ယ်ကျွေးနိုင်တာထက် အဟာရဗဟုသုတ ချို့ တဲ့နေတာကို တွေ့ရတယ်”
“ဆိုစမ်းပါဦး”
“ငါတို့စားနေတဲ့ ထမင်းကွာ”
“အင်း”
“တချို့က ထမင်းရည်သွန်ပြီး ချက်စားတယ်။ တကယ်တော့ ထမင်းရေထဲမှာ အဟာရ များ စွာ ပါနေတာကို မသိကြဘူး။ ရေခမ်းချက်ပြီးစားရင် ပိုအာဟာရဖြစ်တာပေါ့။ ပြီးတော့ … ပဲ။ ပဲမှာ အသားဓာတ် အများ အပြားပါတယ်လေ။ ဒီတော့ သာမန် စားသောက်မှု တွေကို စနစ် တကျစားသုံးတတ်ရင် အာဟာရဖြစ်ပါတယ်ကွ”
ဖြေတဲ့ကျောင်းသားက သူ့စကားကို အဆုံးသတ်လိုက်သည်။
နံပါတ် (၁) တက္ကသိုလ် ကျောင်းသားများ က အခြား တက္ကသိုလ်ကျောင်းသားများ ရှိရာ ၀ိုင်းသို့ တစ်ချက် ဝေ့ကြည့်လိုက်သည်။
တချို့က သူတို့ ၀ိုင်းကို ကြည့်နေပြီး တချို့ကတော့ မသိမသာ လှမ်းကြည့်နေတာ တွေ့ရသည်။ အခြားတက္ကသိုလ် ကျောင်းသားများ ကလည်း နံပါတ် (၁) တက္ကသိုလ်ကျောင်း သားများ ကလည်း နံပါတ် (၁) တက္ကသိုလ် ကျောင်းသားများ ၏ အကြည့်ကို နားလည်လိုက်ကြ သည်။
သူတို့ မေးခွန်းတစ်ခု မေးကြတော့မည်။
ဤဆိုင်သည် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ လာထိုင်တတ်ကြ သောကြောင့် အားလုံးမှာ ဥာဏ်ရည်ဥာဏ်သွေး မနိမ့်သောသူများ ဖြစ်ကြသည်။
သို့ သော် ကျောင်း၏ အရှိန်အ၀ါနှင့် ကျောင်းသား၊ ကျောင်းသူများ ၏ ကြိုးစားအား ထုတ်မှု ကို လိုက်၍ အသိဥာဏ် ကွားခြားကြသည်။
ယခုလည်း ဤဆိုင်လေး၏ ထုံးစံအတိုင်း နံပါတ် (၁) တက္ကသိုလ်မှ သူတို့ ပြောချင် သည့်အကြောင်းများ ကို ပြောပြီးနောက် အခြားဝိုင်းများ သို့ ကြည့်ကာ မေးခွန်းမေးလိုသည်ဆို သည့် အကြည့်ဖြစ်သည်။
မေးတဲ့လူရှိပြီး ဖြေတဲ့သူက မဖြေနိုင်လျှင် သိက္ခာကျသည်။ ထို့ပြင် မေးတဲ့လူကမေးပြီး ဖြေတဲ့လူက ဖြေနိုင်လျှင် မေးတဲ့သူက ပို၍ သိက္ခကျတတ်သည်။
ထို့ကြောင့် မေးခွန်း သိပ်မမေးကြချေ။
အခု နံပါတ် (၁) တက္ကသိုလ်မှ ကျောင်းသားတစ်စုက အားလုံးကို ကြည့်နေလေပြီ။
ဆံပင်ထောင်ထောင်နှင့်ကျောင်းသားက -
“ဒီနေ့ ကျွန်တော်က နံပါတ် (၁) တက္ကသိုလ်ရဲ့ ကိုယ်စား အားလုံးကို မေးခွန်းတစ်ခု မေးချင်ပါတယ်”
အခြား တက္ကသိုလ်များ မှ ပြန်ဖြေသံများ မကြားရချေ။
ဆံပင်ထောင်ထောင်နှင့် ကျောင်းသားက ဆက်ပြောသသည်။
“မေးခွန်းလေးက လွယ်ပါတယ်။ ဖြေနိုင်တဲ့ တက္ကသိုလ်ကျောင်းက မည်သူမဆို ဖြေနိုင် ပါတယ်”
အားလုံးတိတ်ဆိတ်နေသည်။
အခြေအနေမှာ ရှောင်ပြေးလို့မရတဲ့ အခြေအနေဖြစ်နေသည်။ သူကဆက်ပြော၏ ။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ၁၄ နှစ်၊ ၁၅ နှစ် အရွယ် အမျိုးသမီး လေးတစ်ဦးမှာ ရောဂါဆန်းတစ်ခုဖြစ်ပေါ်ခဲ့ဖူးပါတယ်။ သူ့ရောဂါက တစ်မိနစ်တစ်ခါလောက် ဟပ်ချိုးချေတဲ့ ရောဂါပါ။ အိပ်ချိန်လောက်သာ အချေရပ်ပြီး နိုးတာနဲ့ မိနစ်တိုင်း မိနစ်တိုင်း ဟယ်ချိုးချေနေတော့ မိန်းကလေးက ကြာတော့ တစ်ကိုယ်လုံး နာကျင်နေပြီး စိတ်မချမ်းမသာ ဖြစ်နေခဲ့ရပါတယ်။ ဘယ်ဆရာဝန်မှလည်း ကုလို့မရပါဘူး။ အဲဒါ သူ့ကို ဘယ်လိုကုရင်ကောင်း မလဲဆိုတာ သိတဲ့သူရှိပါသလား”
ပြန်ဖြေသံမကြားရချေ။
ဟိုလူဖြေနိုးနိုး၊ ဒီလူဖြေနိုးနိုးနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
နံပါတ်(၁) တက္ကသိုလ် ကျောင်းသားများ ကတော့ အားလုံးကို မထေမဲ့မြင် ကြည့်နေကြ သည်။
ဖြေနိုင်မှာ မဟုတ်ပါဘူးဟုလည်း တစ်ယောက်က ရေရွတ်သည်။ ထိုစဉ် -
“တိရစ္တာန်တွေရဲ့ အကျင့်တွေကို ပြုပြင်ပေးတဲ့ နည်းလမ်းနဲ့ စမ်းကြည့်လေ”
“တိရစ္တာန်တွေရဲ့ အကျင့်တွေကို ပြုပြင်ပေးတဲ့ နည်းလမ်းနဲ့ စမ်းကြည့်လေ”
ကျောင်းသားတစ်ယောက်က အိပ်ချင်မူးတူးအသံဖြင့် နံပါတ် (၁) တက္ကသိုလ် ကျောင်း သားများ ကို ကြည့်ကာ ပြောလိုက်သောကြောင့်ဖြစ်သည်။
“ဘယ်လိုနည်းလဲ”
ဆံပင်ထောင်ထောင်နဲ့ ကျောင်းသားကပဲ ဘုဆက်ဆက်ပြန်မေးသည်။
“ဒီလိုဗျ၊ မိန်းမငယ်ရဲ့ ခန္ဓာကိုယ်ကို ၀ိုင်ယာကြိုးတွေ တပ်ဆင်ထားပြီး မိန်းမငယ် ဟပ် ချိုးချေလိုက်တာနဲ့ တစ်ကိုယ်လုံးကို ဓာတ်လိုက်သွားစေနိုင်တဲ့ အစီအမံတွေ ပြုလုပ်ထားရပါ မယ်။ ဒီလိုဆိုရင် မိန်းကလေး ဟာ ဟပ်ချိုးချေလိုက်တာနဲ့ တစ်ကိုယ်လုံးကို ဓာတ်လိုက်ပြီး ထုံကျင်တဲ့ ဝေဒနာ ခံစားရပါမယ်။ ဒီတော့ ချေရင် အရသာ၊ ချေရင် ဝေဒနာအဖြစ် ခန္ဓာကိုယ် ကို ခံစားစေတဲ့အခါ မကြာခင်ပဲ ခန္ဓာကိုယ်အတွင်းမှာ ဓာတ်ပြောင်းလဲမှု ဖြစ်ပြီး မိနစ်မလပ်ချေ နေမှု က လုံးဝပျောက်ကင်းသွားမှာ ပါ”
အားလုံးမှာ ထိုကျောင်းသားကို ၀ိုင်းကြည့်နေကြသည်။
ပြီးနောက် နံပါတ် (၁) တက္ကသိုလ်၏ ကျောင်းသားများ ကိုလည်း ကြည့်လိုက်ကြ၏ ။
သူတို့၏ မကျေမနပ်ဖြစ်နေသည့်ပုံစံကို ကြည့်ခြင်းအားဖြင့် ထိုကျောင်းသား အဖြေမှန် သည်ကို သိလိုက်ရသည်။
“မှန်လား”
အခြားတက္ကသိုလ်ကျောင်းသားများ က ၀ိုင်းမေးကြသည်။
နောက်ဆုံးတွင် နံပါတ် (၁) တက္ကသိုလ်မှ ကျောင်းသားသည် မဖြေချင် ဖြေချင်နှင့် ဖြေလိုက်ရသည်။
“မှန်ပါတယ်”
“ဟေး……………..”
အခြားကျောင်းသားများ က ၀မ်းသာအားရ ၀ိုင်းအော်ကြလေသည်။ နံပါတ် (၁) တက္က သိုလ်မှ ကျောင်းသားများ ကိုလည်း ဘယ်ကတည်းက အမြင်ကတ်နေသည်မသိ။ ၀ိုင်းလှောင် ကြလေသည်။
နံပါတ် (၁) တက္ကသိုလ်မှ ကျောင်းသားများ သည် လွန်စွာ ရှက်သွားကြပြီး သူတို့မေးခွန်း ကို ဖြေသော ကျောင်းသားအား စူးစိုက်ကြည့်လိုက်ကြသည်။
“နောက်မေးခွန်းတစ်ခု ထပ်မေးမယ်”
ထပ်မံစိန်ခေါ်လိုက်ပြန်၏ ။
ဖြေသောကျောင်းသားမှာ ခေါင်းညိတ်ပြသည်။
ဆိုင်ရှိအားလုံးမှာ စိတ်ဝင်စားလာကြပြီး မေးခွန်းမေးခံရသော ကျောင်းသားကိုပဲ တစ်ခဲ နက်အားပေးကြလေသည်။
နံပါတ် (၁) တက္ကသိုလ်ရှုံးပါကလည်း ၀ိုင်းလှောင်ရန်အတွက် အသင့်ပြင်ထားကြ သည်။
“ဒီမေးခွန်းကို တစ်စက္ကန့်အတွင်း ဘယ်ပစ္စည်းအကူမှ မပါပဲ ဖြေရမယ်”
“ကောင်းပါပြီ”
ဖြေတဲ့ကျောင်းသားက ယဉ်ယဉ်ကျေးကျေးပြန်ပြောသည်။
“ကဲ .. စမယ်။ ၁၂ နဲ့ ၇၁၅၆၂၄ နဲ့ မြှော က်ရင် ဘယ်လောက်ရမလဲ။”
မေးလည်းမေး နာရီကိုလည်းကြည့်ကာ မှတ်လိုက်လေသည်။
“ဟင်”
ကြည့်နေသော သူများ မှာ စိုးရိမ်သွားလေသည်။ ဂဏန်းအရှည်ကြီးတစ်ခုကို တစ် စက္ကန့်အတွင်း မြှော က်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
နံပါတ် (၁) တက္ကသိုလ်က ညစ်တာပဲဟု အားလုံး တွေးမိလိုက်ကြသည်။ သို့ သော် အမေးခံလိုက်ရသော ကျောင်းသားပုံစံက အေးအေးဆေးဆေးပဲ ဖြစ်နေသည်။
ခဏစဉ်းစားနေပုံရသည်။ သိပ်မကြာပါဘူး။
တစ်စက္ကန့်မပြည့်ခင်တွင် ဘာမှ ချမတွက်ဘဲ ချက်ချင်းဆိုသလို အဖြေကို ရွတ်ပြလိုက် လေသည်။
“၈၅၈၇၄၈၈”
“ဟာ”
“ဘယ်လိုတွက်တာလဲ”
“စိတ်နဲ့တွက်တာမြန်လှချည်လား”
တအံ့တသြဖြစ်သွားကြသည်။
နံပါတ် (၁) တက္ကသိုလ်က ကျောင်းသားများ ပင် အဖြေမှန်ဟုတ်၊ မဟုတ် ပြန်တွက်နေ ကြသည်။ သူတို့လည်း ပါးစပ်ထဲရှိရာ ဂဏန်းများ ကို မေးလိုက်ပုံရသည်။
အခြားတက္ကသိုလ်ကျောင်းသားများ ကလည်း ပြန်ချတွက်နေကြသည်။ အဖြေမှာ မှန်နေ ၏ ။
“အဖြေမှန်တယ်ဟေ့”
အခြားတက္ကသိုလ်မှ ကျောင်းသားတစ်ယောက်က ထအော်သည်။
နံပါတ် (၁) တက္ကသိုလ် ကျောင်းသားများ မှာ ရှက်သွားကြပြီး ရှက်ရမ်းလည်း ရမ်းလာ ကြသည်။
“၄၄၁၃၆၂ ကို ၁၂ နဲ့ မြှော က်ရင်ရောကွာ”
ကျောင်းသားမှာ စက္ကန့်အနည်းငယ် စဉ်းစားလိုက်ပြီး ချက်ချင်းပြန်ဖြေပြန်သည်။
“၅၂၉၆၃၄၄”
“ဟာ”
အဖြေမှန်၊ မမှန် တွက်ကြည့်ကြပြန်သည်။
မှန်နေတာကိုတွေ့ရသည်။
“အဲဒီ ၄၄၁၃၆၂ ကိုပဲ ၁၃ နဲ့ မြှော က်ရင်ရောကွာ”
“၅၇၃၇၇၀၆”
တွက်ကြည့်တာမှန်နေပြန်၏ ။
နောက်ဆုံးတွင် နံပါတ် (၁) တက္ကသိုလ် ကျောင်းသားများ သည် ကြာကြာနေပါက ပို၍ ရှုံးနိမ့်နိုင်သည်ဟု တွေးမိကြပြီး အားလုံးထရပ်လိုက်ကြသည်။ ပြီးနောက် မေးခွန်းဖြေသော ကျောင်းသားကို ကြည့်လိုက်ပြီး -
“မင်း ဘယ်တက္ကသိုလ်ကလဲ”
ဟုမေးလိုက်သည်။
ကျောင်းသားကလည်း အေးအေးဆေးဆေး ပြန်ဖြေသည်။
“နံပါတ် (၆) တက္ကသိုလ်ကပါ”
![]() ဘာဆိုလားပဲ | ![]() သမီးရည်းစား အဘိဓာန် (၃) | ![]() လူသုံးယောက်မှတ်တမ်း |