Cover

အမှာ စာ

"ခင်ဗျားက ဒီနှစ် လဲ ဆက်ထုတ်ပြန်ပြီ ဟုတ်လား"

“ဟို….လေ၊ တစ်နှစ် လုံး ဖတ်ထား၊ မှတ်ထား၊ အင်တာနက်ထဲမှာ တွေ့ ထားတာလေးတွေ ကို မရေး ဘဲ မနေနိုင်လို့ပါ… ဒါနဲ့ ….ဘာ ဖြစ်လို့ အဲဒီ လိုမေးရတာ လဲဗျာ”

“ကျပ်က ခင်ဗျားကို အပြစ်ပြောချင်လို့ မဟုတ်ပါဘူး….”

“တော် သေးတာပေါ့

“ဒါပေမယ့် ….ခင်ဗျားကို ကျုပ်က မပြောချင်လို့ ကြည့်နေတာ ကြာပြီ”

“ဟင်…လုပ်ပြီ”

“ရှေ့စာအုပ်တွေ ထဲမှာ လဲ ဟိုဟာတွေ လျှောက်ရေး ၊ ဒီဟာတွေ လျှောက်ရေး နဲ့ ကလေးတွေ လမ်းမှားလိုက်ပြီး လျှောက်လုပ်နေရင် ဘယ်လိုလုပ်မလဲ”

“အား… ကျပ်က အဲဒီ လိုဟာတွေ မရေး ရပါဘူးဗျာ”

“အင်းလေ…ထားပါတော့ အရင်တစ်ခေါက်စာအုပ်တုန်းက အပျိုးကြီးတွေ ခင်ဗျားကို တော် တော် လေး စိတ်ဆိုးသွားကြတယ်ဆို”

“အဟီး”

“ဒီတစ်ခေါက်ရော ဘာတွေ ရေး ထားတာလဲ”

“အင်း… ဒီမှာ ၊ ဖတ်ကြည့်ပါဦးဗျ… ဒီတစ်ခေါက်လည်း အရင်တုန်းကလိုပါပဲ… အချစ်နဲ့ ပတ်သက်တဲ့ တိုလီမိုလီလေးတွေ ရယ်၊ အခြား အချစ်နဲ့သတ်သက်တဲ့ ပျော်ပျော်ရွှင်ရွှင်အ ဖြစ်အ ပျက်လေးတွေ ပါပဲ။”

“ကဲ… ကျုပ်ကိုပေးထား၊ အိမ်ကျမှ ဖတ်ကြည့်လိုက်ဦးမယ်”

“ဟင်… ဒီမှာ မဖတ်ဘူးလား”

“ခင်ဗျား သိပ်ရှည်တာပဲ…ခပ်ဗျာစာအုပ်ကို ဘယ်မှာ ဖတ်ဖတ်ပေါ့… ဖတ်စေချင်တာ အဓိကပဲမဟုတ်လား”

“ဟုတ်…ဟုတ်ကဲ့ပါ….”

“ဒါဆို ဘာစကားမှာ ထပ်မရှည်နဲ့… နေဦး၊ ရှေ့စာမျက်နှာလေးတော့ ဒီမှာ ကြည့်ပေးမယ် …အံမယ်… ဒီတစ်ခေါက်တော့ “ချစ်ခံရသော ကျား၊ မများ နှင့် မုန်းခံရသော ကျား၊ မများ အလုံး သို့” ဆိုပါလား….

ချစ်ခံရသော ကျား၊ မများ

နှင့်

မုန်းခံရသော ကျား၊ မများ

အားလုံးသို့…..

Museum of

Broken Relationships

(Zagreb)

(၁)

“ရည်းစားနဲ့ ပြတ်သွားပြီဗျာ… အခုဆိုရင်.. ခြောက်လလောက်ရှိနေပြီ”

“အင်…ဟုတ်လား”

လေသံလေးက လွမ်းဆွတ်တသအသံနဲ့ ပြောတဲ့လူကလည်းရှိသည်။

“မိန်းမနဲ့ကွဲသွားတာ မကြာသေးဘူးဗျာ… သိပ်သတိရတာ ပဲ”

“သြော်”

ထိုသို့ဖြင့် ငိုချင်းချတဲ့သူတွေ လည်း ရှိသည်။

“ကျွန်တော့် ရည်းစားက ကျွန်တော့်ထက်သာတဲ့ နောက်တစ်ယောက် နဲ့ဗျာ… ကျွန်တော့် နေရာကို ခင်ဗျားပဲ ၀င်ခံစားကြည့်ပါတော့”

“အေးဗျာ”

ထို့ပြင် မိန်းမတွေ ကလည်း တစ်မျိုးတစ်ဘာသာ ဖြစ်သည်။

“ရှင်တို့ယောက်ျားတွေ က သစ္စာကို မရှိဘူး”

“အဟီး”

“အခုတော့ သူက နောက် တစ်ယောက် နဲ့လေ…ရှင်တို့ပဲ စဉ်းစားကြည့်ပါတော့.. ကျွန်မ သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ…”

“ဟုတ်”

“အခုတော့ ကျွန်မဘာလုပ်ရမလဲဟင်… ပြောပြစမ်းပါဦး ကျွန်မဘာလုပ်ရမလဲ”

စသည်စသည်ဖြင့် တိုင်တည်ကြသူတွေ လည်းရှိသည်။

ဤသို့ ပြောလာကြသည့်အခါတွင် ကျွန်တော့်မှာ ပြောစရာစကားတစ်ခွန်းသာ ရှိသည်။

ထိုစကားကိုလည်း ရူးသလိုလို၊ ပေါသလိုလို၊ နောက်သလိုလိုနဲ့ အတည်ပြောရလေ့ရှိ သည်။

သူက အသည်းကွဲနေပါတယ်ဆိုမှ ကိုယ့်စကားမကြိုက်လို့ ထလုပ်နေရင် ဒုက္ခဆိုပြီး လုပ်ရ ရသေးသည်။

(၂)

တစ်ခါက အိမ်နားရှိ ကောင်လေး တစ်ယောက် က တရှုံ့ရှုံ့နဲ့ ငိုရင်း အိမ်ကိုရောက်လာသည်။

“အစ်ကိုရာ……ကျွန်တော့်ရည်းစားက ကျွန်တော့် ကို ပစ်သွားပြီဗျ……ဟီး…..ဟီး”

ပြောလည်းပြော ငိုလည်းငိုနေသည်။

ကျွန်တော် လည်း ဘာမှမပြောဘဲ ဟိုကြည့် ဒီကြည့်လုပ်နေရသည်။ အဲဒီ လိုအသည်းကွဲလာ တဲ့သူတွေ ဆိုရင် သိပ်စိတ်ညစ်ဖို့ကောင်းတာ။

သူတို့ အကြောင်းတွေ ရင်ဖွင့်သည်။ ကောင်မလေးကို သူက ဘယ်လိုကြိုရတယ်။ ဘယ်လိုပိုးခဲ့ရသည်။ ဘာတွေ ၀ယ်ပေးခဲ့ရသည်။ ဘယ်လိုယုယခဲ့သည်။ စသည် ဖြင့် ပြောမဆုံး တော့…….

ထမင်းစားပြီးချိန်မှာ ရောက်လာရင်တော့ ညနေစောင်းတဲ့အထိ မနားမနေပြောနိုင်သည့် အသည်းကွဲသမားတွေ ဖြစ်သည်။

“အစ်ကိုရာ…..ကျွန်တော့် ကို ဒီအတိုင်းကြည့်နေတော့မှာ လား”

ကျွန်တော် လဲ စကားလေးတစ်ခွန်းတလေ၀င်ပြောမှ ကောင်းမည် ဟု စဉ်းစားရင်း-

“ဟိုး…..ပြန်ကြိုးစားကြည့်ပါလားကွ”

“မရတော့ဘူး အစ်ကို…..မရတော့ဘူး”

ဗီဒီယိုထဲက အိုက်တင်တွေ အတိုင်း ဆံပင်ကိုလက်နဲ့ ထိုးဖွ၊ ရီဝေတဲ့ အကြည့်ကို နံရံဆီပို့ထားသည်။

“မင်းက ဘာအမှားလုပ်လို့ မင်းကိုပစ်သွားရတာ လဲ”

“မသိပါဘူးအစ်ကိုရာ……မေးလို့လည်းမရဘူး…..”

“အစ်ကိုရာ……သူနဲ့ကျွန်တော် ပြတ်သွားတာ ၆လတောင်ရှိပြီ၊ ဒီကြားထဲမှာ နည်းအမျိုးမျိုးနဲ့ ကြိုးစားတာပဲ၊ ဘယ်လိုမှ မရဘူး”

“၆လတောင်ရှိနေပြီ၊ ဘာ ဖြစ်လို့ အခုမှလာပြောနေရတာ လဲ”

ကျွန်တော် လည်း စိတ်အချဉ်ပေါက်တာနဲ့ ပြောချပစ်လိုက်သည်။

“မဟုတ်ဘူး အစ်ကိုရ….ဒီနေ့က သူကျွန်တော့်ကို အဖြေပေးခဲ့တဲ့နေ့လေ…..ဒါကြောင့် အစ်ကို့ဆီမှာ လွမ်းနေတာပေါ့”

ဘာမှမဆိုင်သော်လည်း…..စိတ်မကောင်းသလိုလို ဘာလိုလိုနဲ့ သက်ပြင်းတစ်ချက် ချလိုက် ရသည်။

သူ့လို နံရံကို မငေးကြည့်သော်လည်း ခေါင်းကို အောက်နည်းနည်း ချထားလိုက်သည်။

“ပြီးတော့….အစ်ကို….သူ..သူ….နောက် တစ်ယောက် တောင်ရသွားပြီဗျ”

“ဟင်း”

ဒါကိုတော့ ကျွန်တော် တကယ်စိတ်မကောင်းတာပါ။

သူ့မှာ မျှော်လင့်ချက်ကလေးနဲ့ (၆)လတိတိ ကြိုးစားနေပုံရသည်။ ဒီနေ့မှ သူ့ကောင် မ လေးက နောက် တစ်ယောက် နဲ့ ဆိုတာကို သိသားပြီး ပိုပြီး ၀မ်းနည်းနေပုံရသည်။ မျှော်လင့်ချက် ကြီးဗုန်းဗုန်းလဲသွားပုံရသည်။

“အစ်ကို…..ကျွန်တော် ….ဘာလုပ်ရမလဲ……ဟင်”

ကျွန်တော် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“ဒီအတိုင်းဆိုရင် သူလည်း နောက် တစ်ယောက် နဲ့ အဆင်ပြေနေပြီဆိုတော့ ……မင်းမေ့ လိုက်တာအကောင်းဆုံး ဖြစ်မှာ ပါ”

“ဟုတ်ပါတယ် အစ်ကို…..ကျွန်တော် လည်း မေ့ဖို့ ဆုံးဖြတ်ထားပါတယ်……ဒါပေမယ့် ခက်တော့ ခက်တယ် အစ်ကို၊ သူ့ကို ဘယ်လို မေ့ပစ်လို့ရမလဲ”

“အာ…”

သိပ်ခက်တဲ့ မေးခွန်း ဖြစ်သည်။

အချိန်တန်ရင် သူ့အလိုလိုမေ့သွားမည် ဖြစ်သော်လည်း အခုအချိန်မှာ တော့ သူတို့အသည်း ကွဲသမားတွေ က ထိုစကားကို လက်ခံမည် မဟုတ်ပေ….။

“ဒီတော့ ကျွန်တော် လည်း အပြေးအလွှားစဉ်းစားရင်း……”

“နေဦး……ငါတစ်ခုသတိရပြီ”

“ဘာ…..ဘာများ လဲ အစ်ကို”

သူလည်း စိတ်ဝင်စားလာပြီး မျက်ရည်များ ကို သုတ်လိုက်၏ ။

“မင်း သူ့ကို ချစ်ကြောင်းလဲ သက်သေပြလို့ရမယ်ကွာ”

“ဟာ …..ဟုတ်လား”

“ပြီးတော့ ကဗျာဆန်ဆန်လေးလဲ ဖြစ်မယ်လ”

“ဟင်”

“နောက်ပြီး ……မင်းအသည်းကွဲတဲ့ ဇာတ်လမ်းကို ကမ္ဘာကြီးတစ်ခုလုံးကလဲ သိမယ်ကွာ”

“တကယ်”

သူ့မှာ စိတ်ဝင်စားလွန်းသော ကြောင့် ပါးစပ်မပိတ်နိုင်ပဲ ဟစိဟစိ ဖြစ်နေသည်။

“ဒါပေမယ့်……မင်းမှာ မင်းရဲ့ချစ်သူနဲ့ ပတ်သက်ပြီး အမှတ်တရပစ္စည်းလေးတွေ ရှိသေး လား”

“အများ ကြီးပဲ အစ်ကို အများ ကြီး……ပြော….ပြောပါဦး၊ အစ်ကို….ကျွန်တော် အသည်းကွဲ နေတာကို လူအများ သိအောင် ဘယ်လိုလုပ်ရမလဲ”

“နည်းနည်းတော့ အူကြောင်ကြောင်နိုင်လိမ့်မယကွ”

“ရပါတယ်”

“ပိုက်ဆံလည်း နည်းနည်းကုန်မယ်နော်”

“ ဖြစ်တယ်”

“ဒါဆို…….”

“အသည်းကွဲပြတိုက်ကိုသွား…….”

(၃)

“ဟင်…ဘာ….ဘာကို”

“အသဲကွဲပြတိုက်ကို သွားလို့ပြောတာ”

“အပြင်မှာ ရှိလို့လား”

“ရှိတယ်”

“အဲဒါက ဘာလုပ်လို့ရတာ လဲ”

“မင်းနဲ့ မင်းကောင်မလေးကြားမှာ ပတ်သက်ခဲ့တဲ့ပစ္စည်းလေးတွေ ကို အဲဒီ ပြတိုက်ကို ပို့ပေးလို့ရတယ်၊ အဲ့ဒါကို နိုင်ငံတကာက လူတွေ ကို အဲဒီ ပြတိုက်ကို ပို့ပေးလို့ရတယ်၊ အဲဒါကို နိုင်ငံတာကာက လူတွေ က အခကြေးငွေပေးပြီး ၀င်ကြည့်တာ”

“ဟာ…….မိုက်လိုက်တာ”

“ဥပမာ…..မင်းနဲ့ မင်းရဲ့ ချစ်သူကြားမှာ စာရွက်အပြဲလေးတစ်ခုရှိခဲ့မယ်ဆိုပါစို့၊ အဲဒီ စာရွက် အပြဲလေး မင်းဆီမှာ အခုထိရှိနေဦးမယ်ဆိုရင်….အဲဒီ စာရွက်အပြဲလေးနဲ့အတူ…. ဘာ ဖြစ်လို့ စာရွက်ပြခဲ့တယ်၊ ဘာကိစ္စကြောင့်၊ ဘယ်နေ့၊ ဘယ်ရက်ဆိုတာကို ရေး သားပြီး အဲဒီ ပြတိုက်ကို ပို့ပေးလို့ရတယ်”

“ကျွန်တော် လိုကောင်မျိုးရဲ့ ဟာတွေ ကို အဲဒီ ပြတိုက်မှာ ပြပေးပါ့မလား”

“အဲဒီ ပြတိုက်က နာမည် ကြီးမှ ပြပေးတာမဟုတ်ဘူး…….မထင်မရှားလူတွေ ရဲ့ အသည်းကွဲ ကိစ္စလေးတွေ ကိုလည်းပြပေးထားတယ်”

“ဟာ……မိုက်တယ်ဗျာ……အဲဒီ ပြတိုက်က ဘယ်မှာ လဲ”

“ခရော်တီးယားနိုင်ငံထဲက Zagreb မြို့မှာ ရှိတယ်”

သူနည်းနည်းငြိမ်သွားသည်။

ခုနကလို ချစ်သူကို လွမ်းလိုပ တမ်းတလို့ မဟုတ်လဲ တစ်ခုခုကို အသည်းအသန် စဉ်းစားနေပုံရသည်။

ဤသို့ ဖြင့် ခဏအကြာတွင် -

“ရပြီ……အစ်ကို…….ရပြီ”

“ဟင်……ဘာ……ရတာ လဲ”

“သူနဲ့……ကျွန်တော့် ကြားက ထူးထူးဆန်းဆန်းပစ္စည်းလေးတွေ ရှိတယ်၊ ပြန်ရှာလို့ရ နိုင် တယ်….ဟုတ်တယ်”

ကျွန်တော့်ကို ပြောသလိုလို၊ သူ့ကိုယ်သူပြောသလိုလိုလုပ်ရင်း ထိုင်နေရာမှ ထသည်။

ထို့နောက် ကျွန်တော့် ကိုပင် မနှုတ်ဆတ်တော့ပဲ အိမ်ပေါ်မှ ဆင်းသွားလေသည်။

ပါးစပ်ကလည်း-

“အင်း…..ငါ့ကုတင်အောက်က သေတ္တာထဲမှာ ထင်တယ်၊ နေပါဦး….အဲဒီ ကိစ္စက မေလ…၂၆ ရက်နေ့ ဖြစ်တာလား…..၊ ဇွန်လ ၂၆ ရက်နေ့လား……တောက်…..ဦးနှောက်ကလည်း မေ့နေပြန်ပြီ၊ အင်း….မေလ ၂၆ ရက်ပဲ ဖြစ်မယ်ထင်တယ်”

ဟု တတွတ်တါတ် ရေရွတ်ရင်း ထွက်သွားလေတော့သည်။

ထိုနေ့မှစ၍ သူ့အသည်းကွဲတဲ့အကြောင်းတွေ ကို မနားထောင်တော့ပဲ လမ်းမျာတွေ့ ရပါက တစ်ခုခုကို စဉ်းစားနေသလိုမျိုး ပုံစံနှင့်သာ တွေ့ မြင်ရတော့သည်။

အသည်းကွဲပြတိုက်

အသည်းကွဲပြတိုက်ကို ဥရောပတိုက်၊ ခရော်တီးယားနိုင်ငံထဲမှာ ရှိတဲ့ Zagreb မြို့မှာ ဖွင့် လှစ်ထားခြင်း ဖြစ်သည်။

ချစ်တဲ့သူနဲ့ ကွဲရတဲ့သူတွေ ၊ အိမ်ထောင်ကွဲရတဲ့သူတွေ ရဲ့ အသုံးအဆောင်ပစ္စည်းတွေ ကို ခင်းကျင်းပြသထားခြင်း ဖြစ်သည်။

ထိုပြတိုက်တွင် ပြသလိုသူသည် ရိုးရိုးပုံစံနဲ့တော့ ပြသလို့မရပါဘူး။ မိမိပြသလိုသည်မှာ စာရွက်တစ်ရွက်ဆိုပါစို့။ ထိုစာရွက်သည် ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်သူနဲ့ ဘာ ဖြစ်လို့ စသည်ဖြင့် အသေးစိတ်ရေး သားရပါသည်။

ဆွဲပြဲခဲ့သည်ဆိုပါက ဘာအကြောင်းကြောင့် စသည်ဖြင့် ရေး သားပေးပို့ရခြင်း ဖြစ်ပါသည်။

နာမည် ကြီး ပုဂ္ဂိုလ်မဟုတ်သော်လည်း ပေးပို့ပြသလို့ရပါသည်။ နှစ် ယောက် အတူတူ သက်ဆိုင်ခဲ့တဲ့ပစ္စည်း ဖြစ်ဖို့တော့ လိုအပ်ပါသည်။

ထိုအသည်းကွဲပြတိုက်ကို Zagreb မြို့သား ဖြစ်တဲ့ အနုပညာရှင်နှစ်ဦးက တည်ထောင် ခဲ့ခြင်း ဖြစ်သည်။

တစ်ဦးက Olinka Vistica ဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးလည်း ဖြစ်သည်။ နောက်တစ်ဦး ကတော့ ပန်းပုဆရာတစ်ဦး ဖြစ်ပြီး နာမည် ကတော့ Drazen Grubisic ဟုခေါ်၏ ။

တစ်နေ့ သူတို့နှစ် ဦးဟာ သူတို့ချစ်သူတွေ နဲ့ပြတ်ဆဲပြီး အသည်းကွဲနေသည့် အချိန်ကာလ တွင် နှစ်ယောက် အတူ နောက်ပြောင်ရင်း အသည်းကွဲတဲ့သူတွေ ရဲ့ ပစ္စည်းတွေ ကို ပြသတဲ့ ပြတိုက်တစ်ခုဖွင့်ဖို့ စိတ်ကူးခဲ့ကြခြင်း ဖြစ်သည်။

ထိုစိတ်ကူးရပြီး သုံးနှစ်အကြာရောက်မှသာ တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ စတင် လုပ်ဆောင်ခဲ့ကြသည်။

ရှေးဦးစွာ ခင်မင်ရာ သူငယ်ချင်းများ ရဲ့ အသည်းကွဲပစ္စည်းများ ကို တောင်းခံရင်း ပြတိုက်ကို စတင်ပြသနိုင်ခဲ့ကြသည်။

အဲဒီ နောက်ပိုင်းမှာ တော့ သူတို့ရဲ့ ပြတိုက်ကို ရွှေ့လျားပြတိုက်ပုံစံဖြင့် အာဂျင်တီးနား၊ ဘော့စနီးယား၊ဟာဇီဂိုဗီးနား၊ ဂျာမနီ၊ မက်ဆီဒိုးနီးယား၊ ဖိလစ်ပိုင်၊ ဆားဘီးယား၊ စ င်္ကာပူ၊ ဆိုဗီးနီးယား၊ တောင်အာဖရိက၊ တူရကီ၊ အင်္ဂလန်နှင့် အမေရိကန် တစ်ခွင်ကို ကမ္ဘာလှည့်ပြ သခဲ့သည်။

၂၀၀၆ နဲ့ ၂၀၁၀ အတွင်းမှာ ပဲ အသည်းကွဲပြတိုက်ကို ကြည့်ရှုသူပေါင်း (၂) သိန်းကျော်ခန့်ရှိ သည်ဟု သိရပါသည်။ ထိုကမ္ဘာလှည့်ပြသသည့် ခရီးစဉ်မှာ လည်း အသည်းကွဲသူတော် တော် များ များ က သူတို့၏ ပစ္စည်းများ ကို လာရောက်လှူဒါန်းခဲ့ကြသည်။

နောက်ပိုင်းတွင် အသည်းကွဲပြတိုက်ကို ယာယီဖွင့်လှစ်ရန်အတွက် ခရော်တီးယားယဉ် ကျေးမှု ၀န်ကြီးဋ္ဌာနကို လျှောက်ထားရာ ၀န်ကြီးဋ္ဌာနက ပယ်ချလိုက်သော ကြောင့် သူတို့နှစ် ဦးသည် မိမိတို့ ကိုယ်ပိုင်ပိုက်ဆံဖြင့် ပြတိုက်တစ်ခုဖွင့်လှစ်ရန် ရင်းနှီးမြုပ်နှံခဲ့ကြသည်။

နောက်ဆုံးတွင် ၂၀၁၀၊ အောင်တိုဘာလလောက်မှာ Zagreb ရဲ့ Upper Town မှာ ဧက 3200 Sqft ကျယ်ဝန်းသော နေရာတစ်ခုကို ငှားရမ်းကာ Zagreb မြို့ရဲ့ ပထမဦးဆုံး ပုဂ္ဂလိက ပြတိုက်အ ဖြစ် ဖွင့်လှစ်နိုင်ခဲ့လေသည်။

နေ့စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း မြောက်များ စွာ လာရောက်ကြည့်ရှုသော ပြတိုက်တစ် ခု ဖြစ်လာသည်။

၂၀၁၁ ခုနှစ်၊ မေလမှာ တော့ European Museum Forum (EMF) ကပေးတဲ့ Kenneth Hudson Award ကို ရရှိခဲ့သည်။

အသည်းကွဲပြတိုက်ဟာ စစဖွင့်ခြင်းတုန်းက ကြံကြံဖန်ဖန် ပေါက်ကရလုပ်ထားတဲ့ ပြ တိုက်လို့ ထင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကဗျာဆန်ဆန် လွမ်းမောစရာ ဖြစ်တဲ့ပြတိုက် အ ဖြစ် လူကြည့်တော် တော် များ ခဲ့သည်။

ယခုထိတိုင်လည်း လူကြည့်များ တဲ့ ပြတိုက်တစ်ခု ဖြစ်နေပါသည်။ ပြတိုက်ထဲမျာလည်း ကမ္ဘာ့နိုင်ငံအသီးသီးက အသည်းကွဲတဲ့သူတွေ ရဲ့ အသုံးအဆောင်များ နှင့် ၎င်းတို့ရဲ့ ဇာတ်လမ်း လေးတွေ က စိတ်ဝင်စားဖွယ်ရာ ရှိနေတာကို တွေ့ ရှိရသည်။

အမျိုးသမီးတစ်ဦးဆိုရင် သူ့ယောက်ျား နောက်မိန်းမနှင့် ဖောက်ပြန်သော ကြောင့် လိုက် ခုတ်နေတဲ့ ပုဆိန်ကိုတောင် ပြသထားပါသည်။

Cover

Cover

Cover

Cover

Cover

Cover

Cover

(၁)

“ချစ်သူများ နေ့ကလည်း မရောက်ပဲ မရောက်နိုင်တော့ဘူး….တစ်လတောင်လိုသေးတယ်”

“ရောက်ရင် မင်းက ဘာလုပ်မလို့လဲ”

“ဟ…..ချစ်သူကို ချောကလတ်ကျွေးမယ်၊ ပန်းလေးတွေ လက်ဆောင်ပေးမယ်လေကွာ”

“ဟာ….လစဉ်လတိုင်း ပေးလို့ရနေတဲ့ဟာကို”

“မင်းက ….ဒုံးကိုဝေးတာပဲ၊ သမီးရည်းစားနေ့ဆိုတော့ အမှတ်တရ ဘာညာလုပ် လို့ရတာ ပေါ့”

“ဘာလဲ ဘာညာလုပ်တယ်ဆိုတာ”

“ဟာကွာ…..မင်းက တမျိုးတွေးပြန်ပြီ…..အချစ်ရေ…..ဒီနေ့ကလေ စသည်ဖြင့် တော် ကီပစ်ပြီး အကြောင်းမရှိ အကြောင်းရှာ ကြည်နူးလို့ရတယ်လို့ ပြောတာ…ဟူး….မောတာ”

“သြော်….သိပြီ…..သိပြီ”

“အေး….သိရင်ပြီးရော…ဒါနဲ့နေပါဦး၊ မင်းက ဘယ်ကိုသွားမှာ လဲ”

“ဒီနေ့ (၁၄)ရက်နေ့ဆိုတော့ ငါ့ချစ်သူကို လက်ဆောင်သွားပေးမလို့ပေါ့”

“ဟာ….ဟေ့ကောင်၊ မင်းက ချစ်သူများ အနေနဲ့မှားနေပြီထင်တယ်….ဒီနေ့က ဖေဖော်ဝါရီ (၁၄) မဟုတ်ဘူးလေ၊ ဇန်န၀ါရီ (၁၄) လေကွာ”

“အာ…ဘယ်လ ဖြစ် ဖြစ် ၁၄ ရက်နေ့ရောက်ပြီဆိုရင် သူနဲ့သက်ဆိုင်ရာ လက်ဆောင်နဲ့ အထိမ်းအမှတ်တွေ ပြုလုပ်လို့ ရတယ်ကွ”

“ဟာ……တကယ်”

“အေး…….ဂယ်ပေါ့ကွ”

“မင်းကွာ……စောစောကတည်းက ပြောတာမဟုတ်ဘူး၊ ဒီနေ့က (၁)လပိုင်း ၁၄ ရက်နေ့ ဆိုတော့ ……ဘာ……..ဘာလက်ဆောင်ပေးရတာ လဲ…..”

“နှစ် တစ်နှစ် ရဲ့ အစဆိုတော့ တစ်ဦးနဲ့တစ်ဦး မှတ်တမ်းလေးတွေ ရေး လို့ရအောင် ဒိုင်ယာရီလေးတွေ အပြန်အလှန် လက်ဆောင်ပေးရတဲ့နေ့ကွ ‘Diary Diary’ လို့ ခေါ်တယ်၊ ဒိုင်ယာရီနဲ့အတူ ပန်းခြင်းလေးတွေ လည်း လက်ဆောင်ပေးလို့ ရသေးတယ်ကွ”

“ဟာ…….အေး၊ ခဏ…..ခဏပါကွာ၊ ငါ့ကို တစ်လချင်းစီပြော…..ငါလိုက်မှတ်မလို့”

သူ့အိတ်ထဲက စာအုပ်ကို ထုတ်ကာ လိုက်မှတ်လေတော့သည်။

Cover

1.January 14th “ Diary Day”

နှစ် တစ်နှစ် ရဲ့ အစပိုင်းလတစ်လ ဖြစ်တဲ့အတွက် ချစ်သူရှိတဲ့လူတွေ က တစ်ဦး နဲ့တစ်ဦး အမှတ်တရအ ဖြစ်အပျက်လေးတွေ ကို ဒိုင်ယာရီထဲရေး လို့ရအောင် အပြန် အလှန် လက်ဆောင်ပေးလို့ ရပါတယ်။

ချစ်သူမရှိသေးတဲ့လူတွေ ကလည်း ကိုယ်ချစ်နေတဲ့သူကို အဲဒီ နေ့မှာ ဒိုင်ယာ ရီပေးမယ်ဆိုလည်း ဖြစ်ပါတယ်။

ဒိုင်ယာရီနဲ့အတူ ပန်းစည်း (သို့ ) ပန်းခြင်းလေးတစ်ခုပါတွဲ ပြီး လက်ဆောင် ပေးရင်တော့ အကောင်းဆုံးပေါ့။

Cover

2.February 14th “ Valentine Day”

ဒါ ကတော့ လူသိများ တဲ့ နေ့တစ်နေ့ပါ။ ချစ်သူများ နေ့လို့ ခေါ်ကြတယ်။ ချောကလတ် လေးတွေ ၊ နှင်းဆီပန်းလေးတွေ ကို ကိုယ်ချစ်တဲ့ သူတွေ အတွက် လက်ဆောင်ပေးတဲ့ နေ့တစ်နေ့ဆို လည်း မမှားပါဘူး။

ကြည်နူးစရာ ကောင်းလှတဲ့ နေ့လေးတစ်နေ့ပါ။

3. March 14th “ White Day”

ယောကျာ်းလေးတွေ က သူတို့ချစ်တဲ့သူကို သကြားလုံး(ဒါမှမဟုတ်) လက်ဆောင်တစ်ခု ခုပေးလို့ရတဲ့ နေ့ပါ။

အဖြူရောင် နေ့လို့ ခေါ်ပါတယ်။ အဲဒီ နေ့မှာ သကြားလုံး (ဒါမှမအဟုတ်) လက်ဆောင် တစ်ခုခုပေးခြင်းဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသလို့ ရတဲ့နေ့တစ်နေ့ ဆိုပြီးတော့ လည်း ယူဆကြပါတယ်။

Cover

4.April 14th “Black Day”

ဒီနေ့ ကတော့ တစ်ကိုယ်တည်း လူပျိုကြီးတို့၊ အပျိုကြီးတို့ ကိုယ်အသုံးမကျလို့ ရည်းစားလေး တစ်ယောက် တောင်မရှိသေးတဲ့ လူတွေ အတွက်လို့ ဆိုထားတဲ့ နေ့တစ်နေ့ပါ။

စုံတွဲ မရှိသေးတဲ့ လူတွေ အချင်းချင်း တစ်နေရာမှာ စုပြီး အထိမ်း အမှတ်ပွဲ လေးလုပ် ကြ ပါတယ်။

အဲဒီ နေ့မှာ အားလုံးဟာ အနက်ရောင် အကျီင်္များ ကို တူညီစွာ ၀တ်စားထားကြပြီး (တစ်ချို့စာအုပ်ထဲမှာ တော့ တရုတ်အနက်ရောင် ခေါက်ဆွဲတစ်မျိုးကို အတူတူစားကြတယ်) လို့ ဆို ထားပါတယ်။

ဒီနေ့ကိုတော့ အနက်ရောင် နေ့ (Black Day) လို့ခေါ်ပါတယ်။

5. May 14th “Rose Day”

နာမည် ကိုက ‘နှင်းဆီပန်းများ နေ့’ လို့ဆိုထားတော့ အဲဒီ နေ့မှာ ကိုယ့်ချစ်သူကို နှင်းဆီ ပန်းလေးတွေ ပေးရတဲ့နေ့ဆိုတာကိုတော့ မိတ်ဆွေလည်း ရိပ်မိမှာ ပါ။

နှင်းဆီပန်းလေးပေးပြီး မိတ်ဆွေရဲ့ အချစ်ကို ဖော်ပြလို့ရတဲ့ နေ့လေးတစ်နေ့ဆိုလည်း မမှားပါဘူး။

(အချို့စာအုပ်ထဲမှာ တော့ အ၀ါရောင် နေ့ (Yellow Day) ဆိုပြီး မူကွဲတွေ တွေ့ ရသေး တယ်။ သူ ကတော့ ချစ်သူမရှိတဲ့အတွက်ပါ။ ပြီးခဲ့တဲ့ကာလက အနက်ရောင် ၀တပြီး အနက်ရောင် ခေါက်ဆွဲမစား ဖြစ်လိုက်တဲ့ တစ်ကိုယ်တည်းသမားတွေ အတွက် ဒီနေ့မှာ အ၀ါရောင် ထမင်း (အ၀ါရောင် ဟင်းအနှစ် ဆမ်းတဲ့ နယ်ထားတဲ့ ထမင်းကို) စားကြတဲ့နေ့လို့ ဆိုထားပါတယ်။)

6.June 14th “Kiss Day”

ဒါ ကတော့ မပြောတော့ပါဘူးဗျာ။ ဒီနိုင်ငံမှာ တော့ မကောင်း ပါဘူး။ လိုက်မလုပ်ကြနဲ့ဦ်း။

7. July 14th “Silver Day”

ဒီနေ့မှာ ကိုယ့်ချစ်သူကို ငွေထည်ပစ္စည်းတစ်ခုလက်ဆောင်ပေးရင်း အနာဂတ်ကာလအ တွက် ကတိစကားတစ်ခု ပြောလို့ရတဲ့ နေ့တစ်နေ့လို့ ဆိုထားပါတယ်။

ဆေးလိပ်မသောက်တော့ပါဘူး။ ရေမှန်မှန်ချိုးပါ့မယ် စသည်ဖြင့် ကတိလေး ဘာလေး ပေးပေါ့။ ဟုတ်ဘူးလား။

Cover

8. August 14th “Green Day”

အစိမ်းရောင် နေ့လို့ ခေါ်ပါတယ်။ ဒီနေ့မှာ ချစ်သူစုံတွဲတွေ ဟာ သဘာဝအလှအပတွေ ရှိ တဲ့ နေရာများ ကို အလည်အပတ်သွားပြီးတစ်နေ့တာ ကုန်ဆုံးကြတယ်လို့ ဆိုထားပါတယ်။

(မူကွဲတစ်ခုမှာ တော့ ဒီနေ့ကို Music Day လို့လည်း ဆိုထားပါတယ်။ အချစ်သီချင်းလေး တွေ ပါတဲ့ CD လေးတွေ ကို သူငယ်ချင်းပဲ ဖြစ် ဖြစ်၊ ချစ်သူအချင်းချင်းပဲ ဖြစ် ဖြစ် ပေးလို့ရတဲ့နေ့လို့ ဆို ထားပါတယ်။ ဒါ ကတော့ ရည်းစားမရှိသေးတဲ့သူလတွေ အတွက် ပိုပြီးကဗျာဆန်လို့ရတာ ပေါ့။)

9. September 14th “Photo Day”

ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး အပြန်အလှန်လက်ဆောင်ပေးလိုရတဲ့နေ့လို့ ဆိုထားတဲ့ နေ့တစ်နေ့ပေါ့။

နှစ် ယောက် တွဲ ပုံပဲ ဖြစ် ဖြစ်၊ တစ်ယောက် ထဲပုံပဲ ဖြစ် ဖြစ်၊ အခြားအလှပုံပဲ ဖြစ် ဖြစ် ရိုက်ပြီး အမှတ်တရ ပေးလို့ရတယ်လို့ ထင်ပါ တယ်။

စာထဲမှာ တော့ အသေးစိတ်မပါပါဘူး။

10. October 14th “Win Day”

သူတို့ဆီမှာ တော့ ကိုယ့်ရင်ထဲက အချစ်ဆုံးသူနဲ့ ၀ိုင်လေးတွေ သောက်ပြီးကြည်နူးပျော် ရွှင် တီတီတာတာ ပြောလို့ရတဲ့နေ့လို့ ဆိုထားပါ တယ်။

ဒီနိုင်ငံမှာ တော့ “အအေးလေးဘာလေးသောက်” ပေါ့။ ဒါဆို Cold Drink Day’ ဆိုပြီး ပြောင်းရမယ်ထင်တယ်။

Cover

11. November 14th

“Movie Day”

အချစ်ဇာတ်လမ်းလေးတွေ ကို နှစ် ယောက် သား အတူ တူ ကြည့်ကြတဲ့နေ့လေးတစ်နေ့ပါ။ ပျော်စရာကောင်းတဲ့ နေ့ လေးတစ်နေ့ ဖြစ်မှာ ပါ။

Cover

12. December 14th “Hug Day”

ပွေ့ဖက်တဲ့နေ့လို့ ဘာသာပြန်လို့ရတဲ့နေ့တစ်နေ့ပါ။ သူတို့ဆီမှာ က အေးတဲ့ရာသီဆို တော့ ချစ်သူနဲ့အတူ နွေးထွေးစွာ ပွေ့ဖက်ပြီး ဖြတ်သန်း ကြတဲ့ နေ့တစ်နေ့လို့ ဆိုထားပါတယ်။

(မူကွဲတစ်ခု ကတော့ ထိုနေ့ကို ‘Money Da’ လို့လည်း ဆိုထားပါသေးတယ်။ ကိုယ်ချစ်တဲ့ သူတဲ့အတွက် သဘော ထားကြီး ကြီးနဲ့ မိမိမှာ ရှိတဲ့ ငွေတွေ ကို သူ့အတွက် သုံးဖြုန်းတဲ့ နေ့လို့ဆို ထားပါ တယ်။

မိတ်ဆွေက ‘Money Day’ ဆိုတာကို မကြိုက်ရင် မသိချင် ယောင်ဆောင်ပြီး ကျော် ဖတ်သွားပေါ့။ ဟုတ်ဘူးလား။ တော် ကြာ မရှိမဲ့၊ ရှိမဲ့ ငွေတွေ ကုန်နေမှဖြင့် ….)

Cover

မှတ်ချက်။ ။ တစ်ဖက်ပါ လစဉ် (၁၄) ရက်နေ့အထိမ်းအမှတ်များ မှာ ဂျပန်နှင့် ကိုရီး ယားတွင် တွင် တွင် ကျယ်ကျယ်ပြုလုပ်လေ့ရှိသည့်နေ့များ ဖြစ်ပါသည်။ ဒီမှာ တော့ သိပ်ပြီး မတွင် ကျယ်သေးပါ။ တစ်ချို့ ကတော့ စီးပွားရေး လုပ်ငန်းရှင်များ က သူတို့ပစ္စည်းများ ကို ရောင်းရန် အတွက် ထိုနေ့များ ကို တီထွင်ထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဟုတ်၊ မဟုတ်တော့ အတိအကျ မသိပါ။

ကာတွန်းများ က

ပြောသော အချစ်…….

Cover

မြင်မြင်ချင်းအချစ်ကို

အချစ်စစ်လို့ မိတ်ဆွေထင်ပါသလား……..?

SHE’S

BROKEN

SHE’S BROKEN (သူမအသည်းကွဲနေချိန်မှာ

HE’S OK (သူ ကတော့ အေးဆေးပါပဲ)

ဒီကိစ္စ ကတော့

တစ်ချို့စုံတွဲ တွေ အတွက်ပဲ မှန်ပါလိမ့်မယ်….

တော် တော် များများ က

အသည်းကွဲကြတဲ့အချိန်မှာ

ထပ်တူခံစားရလိမ့်မယ်လို့

ယုံကြည်ပါတယ်….

Cover

Cover

Cover

Cover

ဟူး….

ကျွန်တော် တို့

အကြိမ်ကြိမ်

အဲဒီ လို ဖြစ်ဖူးကြပါတယ်……

Cover

အဲဒီ လိုပဲ

အချစ်ဆိုတာ စစတုန်း ကတော့ အဆင်ပြေသားဗျ…

ကြာမှသာ…….

Cover

ပြီးတော့….မင်းနဲ့ငါ…..

ဒါတွေ ဟာ အမြဲတမ်း တွဲ ဖက်နေတဲ့ အရာတွေ ပါ……

Cover

Cover

ကဲ…. ကောင်မလေးရေ…

နင်ကရော ငါ့ကို အဲဒီ တစ်ခုလေးပဲ

မလိုက်လျောနိုင်ဘူးလား……

Cover

မိန်းမတိုင်းဟာ

အဲဒီ လိုမျိုးကြီးပဲလို့ တွေးထားလို့ မရပါဘူးဗျာ…..

တစ်ခါတစ်ခါ

ကိုယ်ဖမ်းထားတဲ့ ငါးတွေ ကို

ကူသယ်ပေးတဲ့ လူကိုရော

တွေးကြည့်လို့ မရဘူးလား…..



ဝန်ဇင်းချစ်သူများ လူနေ ၏ “ သမီးရည်းစား အဘိဓာန် (၃) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


၂၉၈၇ ခုနှစ်

ပါဆယ်

၂၅