Cover

တစ်ခါတုန်းက မြို့လေးတစ်မြို့ရှိတယ်၊

‘သိဖူးတဲ့မြို့’ လို့ ဆိုကြပါစို့ . . .

အဲဒီ မြို့မှာ အထူးခြားဆုံးလေးရှိတယ်၊

ပထမဆုံးအနေနဲ့ . . .

[က]

‘ဂလင် . . . ဂလင်. . . ဂလင်’

ဒါဟာ ဒီမြို့လေးရဲ့ မြို့လယ်နာရီသံပါ။ အခြားမြို့က နာရီတွေ လို ‘ဒင် . . . ဒင် . . . ဒင်’ လို့ မမြည် ချင်ဘူးဆို၍ မြို့ရဲ့ ရပ်မိရပ်ဖများ က နာရီလုပ်တဲ့လူကို သပ်သပ်ထွင်ခိုင်းထားခြင်း ဖြစ် သည်။

‘ဂလင် . . . ဂလင်. . . ဂလင်’

နာရီသံက ဆယ်ချက်တွင် ရပ်သွားသည်။ ထိုနာရီသည် လူသွားလူလာစည်သော မြို့၏ ဈေးနားတွင် တည်ရှိ၏ ။

နာရီ၏ အချက်ပေးသံကြောင့် ဈေးဝယ်သူများ က မော့ကြည့်ကြသည်။ ‘ဟယ်. . . ဒုက္ခပါပဲ. . . ဆယ်နာရီတောင်ထိုးပြီ. . . အိမ်မှာ . . . ဘာ . . . ညာ . . . ’

ဆိုပြီးတော့ ခပ်သွက်သွက်ပြန်သွားကြသူများ လည်းရှိသည်။

‘ဟင်း . . . အခုမှ ဆယ်နာရီထိုး’

ဆိုပြီးတော့လည်း နဂိုအတိုင်း ပျင်းတိပျင်းတွဲ ဆက်သွားနေသူများ လည်းရှိ၏ ။

[ခ]

ထိုနာရီစင်၏ ဘေးနားတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုရှိ၏ ။

မြို့၏ တစ်ခုတည်းသော ဆိုင်လည်း ဖြစ်၏ ။ ထို့ကြောင့် ထိုဆိုင်ကား . . .

မနက်ပိုင်းတွင် လူစည်သည်။ နေ့လယ်ပိုင်းတွင် ထို့ထက်စည်၏ ။ ညနေပိုင်းတွင် ပို၍ စည် သည်။ ညပိုင်းတွင် ကား ထို့ထက် . . . ထို့ထက် စည်လေ၏ ။

လူစည်သော ကြောင့် သတင်းစုံလေသည်။

သတင်းစုံသော ၊ လူစုံသော ကြောင့် လည်း ‘အား အား ယား ယား’ လာထိုင်သူများ ၊ စိတ်ညစ်၍ အကြံရမလားဆိုပြီးတော့ လာထိုင်နေသူများ ကြောင့် လည်း ထိုဆိုင်သည် လူပိုစည်၏ ။

ထိုဆိုင်၏ အမည် ကား . . .

‘ဂြီ’

ဟု အမည် တွင် ၏ ။

[ဂ]

ထိုမြို့၏ အရှေ့ဖက်ပိုင်းတွင် လည်း ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသေး၏ ။ ထိုဘုန်းကြီး ကျောင်းသည်လည်း ထိုမြို့၏ တစ်ခုတည်းသော ဘုန်းကြီးကျောင်းပင် . . .။

ထိုဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးရှိသည်။

ဒီမြို့ရဲ့ ပေါက်ပေါက်ရှာရှာအတွေးဆုံးသူကို ပြပါဆိုလျှင် ထိုဘုန်းကြီးကို ပြရပေမည် ။

သို့သော်လည်း . . . ထိုဘုန်းကြီးကို တစ်မြို့လုံးက ချစ်ကြောက်ရိုသေကြသည်။

တစ်ခါတုန်းက ဒကာ တစ်ယောက် က ကျောင်းထိုင်ဘုန်းကြီးကို လျှောက်တင်တယ်။

‘အရှင်ဘုရား . . . ‘ဘ၀’ ဆိုတာ ဘာလဲဘုရား’

ဘုန်းကြီးက ဒကာကို စာဖတ်နေရင်းမှ အကြည့်တစ်ချက်ဖြင့် ကြည့်သည်။ ပြီးတော့ မဖြေ သေးဘဲ . . . ထိုဒကာကို မေးခွန်းတစ်ခုမေးလိုက်သည်။

‘ဒကာ . . . ဘတ်(စ်)ကားစီးဖူးလား’

‘စီးဖူးပါတယ် ဘုရာ့’

‘သံဃာတော် များ သာဆိုတဲ့ ထိုင်ခုံမှာ ထိုင်ဖူးလား’

‘ထိုင်ဖူးပါတယ် ဘုရာ့’

‘အေး . . . အဲဒီ လိုပဲ ဘ၀ဆိုတာ ဘတ်(စ်)ကားပေါ်မှာ ဘုန်းကြီးခုံထိုင်ရသလိုပဲ တည်မြဲမှု မရှိပါဘူး ဒကာ’

ကဲ . . . ပြတ်ကရော။

ဒကာမှာ ဘုန်းကြီးအဖြေကို စောဒကမတတ်နိုင်တော့ . . . ။ ဘုန်းကြီးလည်းတစ်ဖက်သို့ ပြန်လှည့်ကာ စာဆက်ဖတ်နေ၏ ။

ထိုကျောင်းထိုင်ဘုန်းကြီး၏ ဘွဲ့အမည် မှာ . . . အရှင်ဥာဏ ဖြစ်သည်။ သို့ သော် ထိုဘွဲ့ အမည် ကိုကား မည် သူမှမခေါ်ကြ။ ထိုဘုန်းကွယ်ရာတွင် . . .

‘တွေးတဲ့ ဘုန်းကြီး’

ဟုခေါ်ကြ၏ ။ ခေါ်ပါများ လည်း များ လာရော

‘တွေးတဲ့ ဘုန်းကြီးကနေ’ ကနေ ‘တွေ့ တဲ့ ဘုန်းကြီး’ ဖြစ်လာလေသည်။

[ဃ]

ထို့ပြင် . . .

ထိုမြို့လေးမှ တည်းခိုခန်းလုံးဝမရှိပါ။ မည် သို့ဆိုသော် . . .

မြို့ကို လူစိမ်းအလာနည်းတာက တစ်ကြောင်း။

အကယ်၍ များ လူစိမ်းဧည့်သည် လာခဲ့လို့ရှိရင်လည်း စည်းကမ်းတစ်ခုချမှတ်ထားသေး သည်။

ထိုစည်းကမ်းမှာ ကျောင်းထိုင်ဘုန်းကြီးက ချမှတ်ထားခြင်း ဖြစ်သည်။ ယင်းမှာ . . .

‘မည် သည့် အိမ်ကို ဧည့်သည်လာလာ . . . ၎င်းဧည့်သည်,သည် ထိုအိမ်ရှင်၏ အိမ်တွင် မတည်းခိုရ . . . ။ ဘုန်းကြီးကျောင်းတွင် သာ တည်းခိုရမည် ’

အဲဒီ လိုချမှတ်ထားလို့လည်း ဤမြို့ကို ဧည့်သည်အလာနည်းခြင်းလည်း ဖြစ်သည်။ မည် သို့ ကြောင့် ထိုသို့သတ်မှတ်ထားရတယ်ဆိုတာကို ကျောင်းထိုင်ဘုန်းကြီးက ရှင်းပြသေးတယ်။ သူ ရှင်းပြတော့လည်း သူ့အတွေးနဲ့သူဆိုတော့ . . . ဟုတ်သလိုလိုရှိသား။

‘စကားတစ်ခွန်းရှိတယ်. . . ဒကာ, ဒကာမတို့လည်း သိမှာ ပေါ့။ ‘လူသာလာပါ၊ ပြဿနာ ခေါ်မလာနဲ့’ ဆိုတာလေ. . . အေး. . . အဲဒီ လိုပဲ . . . ဒကာ, ဒကာမတို့အိမ်ကို ဧည့်သည်လာရင် ပြဿနာတွေ ပါ ယူလာမှာ စိုးတယ်၊ အကုန်လုံးကိုတော့ မဆိုလိုပါဘူး . . . ၊ ဒါပေမဲ့လည်း ယူလာ လား မယူလာဘူးလားဆိုတာကို ဘယ်လိုခွဲခြားသိမတုန်း . . . ပြီးတော့ ယူလာပြီဆိုရင်လည်း အိမ် ရှင်က အားနာတာနဲ့ဆိုတော့ ခက်တယ်လေ . . . ၊ ဒါကြောင့် ယူလာချင်ယူလာ ဘုရားရိပ် တရားရိပ်ရှိတဲ့ ဘုန်းကြီးကျောင်းကို ယူလာတာကမှ တော် သေးတယ်’

[င]

နောက်ဆုံးအနေနဲ့ပြောရရင် ကျောင်းတစ်ကျောင်းလည်းရှိသေးတယ်။ ဒီကျောင်းလည်းပဲ မြို့ရဲ့ တစ်ခုတည်းသော ကျောင်းလေးပင်. . . ။

ထိုကျောင်း၏ ကျောင်းအုပ်ဆရာကြီးသည် သူ့ကျောင်းကို သူလွန်စွာ ပလွှား၏ ။ ကျောင်း စည်းကမ်းအချို့ကိုလည်း ပေါက်ပေါက်ရှာရှာ လုပ်ထားသေးသည်။

ဒီလိုပါ. . .

ကျောင်းသားတွေ ဟာ ကျောင်းလာတက်လို့ရှိရင် ကျောင်းဂိတ်တံခါးနားမှာ ရှိတဲ့ အစောင့် ဆရာ တစ်ယောက် ဆီမှာ ‘ဒဿန’ ဒါမှမဟုတ် ‘အတွေးအခေါ်’ တစ်ခုခုရေး ရသည်။ ကိုယ်ပိုင် အတွေးအခေါ်လည်း ဖြစ်ရပါမည် ။

ထိုသို့မရေး သော သူသည် ကျောင်းထဲသို့ ၀င်ခွင့်မရ။ ပြီးတော့. . . အတွေးအခေါ်ချင်း ထပ် နေရင်လည်း ၀င်ခွင့်မရချေ။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ရေး ထားသော ဒဿနစာအုပ်ကြီးထဲမှအကောင်း ဆုံးကို ရွေးချယ်ပြီး ကျောင်းရှေ့တွင် တစ်လတစ်ခါ ဆိုင်းဘုတ်တင်ထားလေ့ရှိသည်။ ပြီး. . . ဆု လည်း ပေးသေး၏ ။ ထို့ကြောင့် သူ၏ ကျောင်းရှေ့တွင် ဆိုင်းဘုတ်များ နှင့် ပြည့်နေတော့သည်။

ထိုကျောင်းအုပ်ဆရာကြီး၏ အမည် မှ ‘ဦးဘ၀င်းနိုင်’ ဖြစ်သည်။ သို့သော်. . . သူ့ကို မည် သူမျှ ထိုသို့မခေါ်ကြ။ သူ၏ ကွယ်ရာတွင် သူ့အား ‘ဆိုင်းဘုတ်ဆရာ’ ဟုခေါ်ကြ၏ ။

တစ်နေ့ . . .

အဲဒီ မြို့လေးကို ဂယက်ရိုက်သွားစေမယ့်

လူငယ်လေး တစ်ယောက်

ရောက်လာတယ် . . . ။

(၁)

‘ဂလင်. . . ဂလင်. . . ဂလင်’

နာရီသံသည် ဆယ့်နှစ် ချက်တိတိတွင် ရပ်သွားသည်။ ဈေးတွင် လည်း လူများ ပါးလျစ ဖြစ် နေပြီ။ ‘ဂွီ’ လက်ဖက်ရည်ဆိုင်မှာ ကား ထုံးစံအတိုင်း လူ အပြည့်ပင် ဖြစ်သည်။

ကျောင်းပိတ်ရက် ဖြစ်သော ကြောင့် လက်ဖက်ရည်ဆိုင်လာထိုင်သော ကျောင်းအုပ်ဆရာ ကြီး၏ အသံစာတာစာတာကိုလည်း လူတိုင်းကြားရသည်။

ထို့အပြင် လူကြီး၊ လူငယ်များ အားလုံးကလည်း ကိုယ့်ဝိုင်းနှင့် ကိုယ်၊ ကိုယ့်အကြောင်းနှင့် ကိုယ် အာပေါင်အာရင်းသန်သန် ဆွေးနွေးနေကြသည်။

စားပွဲထိုးကောင်လေးကလည်း နားချိန်မရဘဲ ဟိုပြေးဒီပြေးလုပ်နေရသည်။ ဆိုင်ရှင် ကတော့ ၀ိုင်းတစ်ဝိုင်းမှာ ထိုင်ပြီး သူများ ပြောသည့်စကားတွေ ကို နားထောင်နေသည်။

လေပြင်းလေးတစ်ချက်တိုက်သွားသည်။ လေပြင်းကြောင့် ဆိုင်ထဲက လူများ လှုပ်လှုပ်ရှား ရှား ဖြစ်သွားကြသည်။

ထိုစဉ်မှာ ပဲ. . .

ဆိုထဲသို့ လူငယ် တစ်ယောက် ၀င်လာသည်။

အားလုံး၏ စကားသံတွေ တိတ်ဆိတ်သွား၏ ။

တစ်ခါမှ မမြင်ဖူးသော တစ်စိမ်းတရံ ဖြစ်ခြင်းကြောင့် ဆိုင်ထဲမှ လူများ က ထိုလူငယ်ကို ကြည့်လိုက်ကြသည်။

လူငယ်၏ အသက်မှာ နှစ် ဆယ်ကျော်လောက်ပဲရှိမည် ။ ရုပ်ရည်မှာ ချောမောပြီး ယောက်ျား ပီသသော အသွင်အပြင်ရှိသည်။ ခရီးဆောင်အိတ်တစ်လုံးကိုင်ပြီး ဆိုင်ထဲသို့ ၀င်လာခြင်း ဖြစ်၏ ။

လူငယ်က ဆိုင်အတွင်းသို့ တစ်ချက်ဝေ့ကြည့်သည်။ ထိုင်ခုံးများ မှာ လူများ နှင့် ပြည့်နေပြီ။ သို့သော်. . . တစ်ယောက် တည်းထိုင်နေသော လူ တစ်ယောက် ကိုတွေ့ လိုက်ရသော ကြောင့် ထိုသူ၏ ခုံတွင် သွားထိုင်ရန်အတွက် ခြေလှမ်းများ ဦးတည်လိုက်သည်။

ဆိုင်အတွင်းရှိ လူများ က လူငယ်ကို ‘မသိမသာတစ်မျိုး’၊ ‘ပြောင်ပြောင်တင်းတင်းတစ်ဖုံ’ ကြည့်ကြ၏ ။

လူငယ်က အိတ်ကိုအရင်ချသည်။ ပြီး . . . ခုံတွင် ၀င်ထိုက်လိုက်ရင်း သူ့ရှေ့မှလူအားလည်း မေးပြောကလေးပြောလိုက်သည်။

‘ဒီခုံမှာ လူမရှိပါဘူးနော်’

ထိုအမေးခံရသော သူမှာ လည်း မှုံထိုင်းထိုင်းမျက်နှာလေးနှင့် . . .

‘မရှိပါဘူး’ ဟုပြန်ဖြေ၏ ။

ဝိုင်းကြည့်နေသော လူများ လည်း တစ်ဖက်သို့ ပြန်လှည့်သွားကြသည်။

စားပွဲထိုးကောင်လေးက ထိုလူစိမ်းလူငယ်လေးအနီးသို့ ရောက်လာပြီး . . .

‘အစ်ကို . . . ဘာမှာ ဦးမလဲ’

ထိုအခါ လူငယ်က မဆိုင်းမတွပင် ပြန်ဖြေသည်။

‘နွားမနို့စစ်စစ်နဲ့ လက်ဖက်ရည် ပြောင်းပြန်တစ်ခွက်’

‘ဗျာ . . .’

စားပွဲထိုးလေးမှာ အူကြောင်ကြောင် ဖြစ်သွားသည်။

ထို့ကြောင့် ‘ဗျာ’ ဟုသာ အာမေဋိတ်ပြုနိုင်သည်။ ဆိုင်အတွင်းရှိ လူများ ကလည်း လူငယ်ကို ပြန်လည်စိတ်ဝင်စားလာပြန်သည်။

‘သြော်. . . ဒီလိုပါ . . . နို့ဆီနဲ့ မဖျော်ချင်ဘူး၊ နွားနို့စစ်စစ်နဲ့ ဖျော်မယ်လို့ပြောတာပါ’

‘ဟို. . . ပြောင်းပြန်ဆိုတာကရော’

‘. . . ဒါက. . . ဒီလိုလေ. . . လက်ဖက်ရည်ရိုးရိုးဖျော်တဲ့အခါကျင် ခွက်နှစ် ခွက်ကို အပေါ်နဲ့ အောက် ပြောင်းပြန်လုပ်ပြီး မွှေတယ်မှတ်လား. . . အဲ. . . အဲဒါကို ရိုးရိုးဆိုပြီး မပြောချင်လို့ ပြောင်းပြန်လို့ဆိုတာပါ’

စားပွဲထိုးလေးမှာ ခေါင်းကုတ်ပြီး ထွက်သွားရသည်။ လူငယ် ကတော့ သူ့အရှေ့တွင် ရှိသော မုန့်တစ်ခုကို ကောက်ဝါးလိုက်၏ ။

ထို့နောက် တစ်စားပွဲထဲထိုင်နေသာလူကို တစ်ချက်ကြည့်လိုက်သည်။ သူ့ရှေ့မှလူသည် လက်ဖက်ရည်ခွက်ကို တွေ တွေ ကြီးစိုက်ကြည့်နေသည်။ တစ်ခုခုကိုစိတ်ညစ်နေသည့် ပုံစံပင်။ သူ နှင့် လည်း သက်တူရွယ်တူလောက်ပင်ရှိပေလိမ့်မည် ။

လူငယ်က သူ့ရှေ့မှလူအား မိတ် ဖြစ်ဆွေ ဖြစ်သော မျိုးဖြင့် စကားစလိုက်သည်။

‘ဒီမှာ . . .ခင်ဗျ’

‘ဘာလဲ’

ခပ်ပြတ်ပြတ်ပြန်ထူး၏ ။ လူငယ် ကတော့ ခပ်ပြုံးပြုံးပင်။

‘ကျွန်တော် က ဒီမြို့ကို အခုမှရောက်တာပါ’

‘သိသားပဲ’

စောစောကအတိုင်း ခပ်ပြတ်ပြတ်ပင် ပြန်ဖြေပြီး လက်ဖက်ရည်ခွက်ကို စိုက်ကြည့်နေပြန် သည်။ ဆိုင်အတွင်းရှိလူများ က သူတို့နှစ် ယောက် ကို စိတ်ဝင်တစားနှင့် မသိမသာကြည့်နေကြ သည်။ သူစိမ်းလူငယ်နှင့် စကားပြောနေသော လူငယ်အကြောင်းကိုလည်း ကောင်းစွာ သိနေသော ကြောင့် စိတ်ဝင်စားခြင်းလည်း ဖြစ်သည်။

‘ခင်ဗျားကြည့်ရတာ စိတ်ညစ်နေပုံပဲ’

လူငယ်က ချိုချိုသာသာနှင့် ထပ်ပြောသည်။

‘အေး . . . ဟုတ်တယ်’

‘ဘာတွေ စိတ်ညစ်နေလို့လဲ. . . ၊ ကျွန်တော်ူညီနိုင်မယ်ဆိုရင် ကူညီပါရစေ၊ ကျွန်တော့်  နာမည် က ‘မင်းနေ’ လို့ခေါ်ပါတယ်’

ထိုသူက မျက်မှော င်ကုတ်လိုသည်။ ပြီးတော့. . .

‘မင်းက အခုမှပဲ ဒီမြို့ရောက်တယ် ဘယ်က ဘယ်လိုကူညီမှာ လဲ’

‘ဒီလိုဗျ. . .ကူညီတယ်ဆိုတာ နှစ် မျိုးရှိတယ်’

ထိုစဉ် စားပွဲထိုးလေးက လူငယ်မှာ ထားတဲ့ နွားမနို့စစ်စစ်နဲ့ဖျော်ထားသော လက်ဖက်ရည် ကို လာချသည်။ ‘စီးကရက်’ ဟု လူငယ်ကထပ်မှာ လိုက်ပြီး . . . စီးကရက်ရောက်လာတော့ လူငယ်က တစ်လိပ်ထုတ်ကာ တစ်ဖွာ,ဖွာလိုက်သေးသည်။

ထိုအခါ ထိုသူက စိတ်မရှည်သည့် ဟန်အမူအရာဖြင့် . . .

‘ဆိုစမ်းပါဦး. . . မင်းဟာက’

လူငယ်က စီးကရက်ခဲထားရင်း . . .

‘စိတ်မ၀င်စားတော့ဘူးထင်လို့ ဆက်မပြောတာပါ’

‘ပြောပါ . . . စိတ်ဝင်စားပါတယ်’

‘ဒါဆိုလည်း ပြောရတာ ပေါ့. . . ၊ ကူညီတာမှာ နှစ် မျိုးရှိတယ်တဲ့ . . . တစ်မျိုးက ကိုယ်တိုင် ကိုယ်ကျလိုက်ကူညီတာ၊ နောက်တစ်မျိုးက အကြံဥာဏ်ပေးပြီး ကူညီတာ . . .၊ အခု . . . ခင်ဗျား ကိစ္စက ဒုတိယအမျိုးအစားနဲ့များ ကူညီလို့ရမလားလို့ မေးကြည့်တာပါ’

လူငယ်ရဲ့ စကားဆုံးသွားတော့ ထိုသူသက်ပြင်းချသည်။ ဆိုင်ထဲမှ လူများ ကလည်း ဘာမှဝင်မပြောဘဲ နားထောင်နေကြသည်။

‘အေးကွာ. . . ငါ့အခက်အခဲကို ဘယ်လိုပြောရမှန်းတောင် မသိပါဘူး’

‘ဘာကိစ္စမို့လို့လဲဗျ’

‘ကောင်မလေးကိစ္စကွ. . . ကောင်မလေးကိစ္စ’

လူငယ်က ခပ်ပါးပါးလေးပြုံးလိုက်သည်။ ပြီးတော့ ဆက်မေးသည်။

‘ကောင်မလေးက ဘာ ဖြစ်လို့လဲ. . .ပြောစမ်းပါဦး’

ထိုသူက လူငယ်ကို ကြေကွဲအရိပ်အရောင် လေးနဲ့ကြည့်ရင်း ပြန်ဖြေသည်။

‘ဟိုတစ်နေ့တုန်းက ကောင်မလေး တစ်ယောက် ကို ငါက စကားလိုက်ပြောတယ်. . . ချစ် စကားလိုက်ပြောတာပေါ့ကွာ’

‘အင်း’

‘အဲဒီ မှာ သူက ငါ့ကိုပြန်ပြောတယ်. . . ၊ နင် ငါ့ကိုချစ်တယ်ဆိုရင်တဲ့ ချစ်တယ်၊ လက်ထပ် မယ်ဆိုတာကို တိုက်ရိုက်မပြောရဘူး၊ ပြီးတော့ . . . ပြောတဲ့စကားထဲမှာ လည်း အချစ်နဲ့ပတ်သက် တဲ့ စကားလုံးတွေ မ ဖြစ်ရဘူးတဲ့. . . ဒီလိုပြောမှ ပြန်ချစ်မယ်တဲ့ကွာ’

ထိုသူသည် မျက်လုံးလေး ‘ပုတ်ခတ်ပုတ်ခတ်’ လုပ်၏ ။

ပြီးတော့ မျက်လုံးကို တစ်ချက်ပါတ်လိုက်ပြန်သည်။

‘ကဲ. . . မင်းပဲစဉ်းစားကြည့်ကွာ. . . ရည်းစားစကားပြောပါတယ်ဆိုမှ ချစ်တယ်၊ ကြိုက် တယ်၊ လွမ်းတယ်နဲ့ နုနုတာတာလေးပြောမှရမှာ ပေါ့ကွ. . .အခုတော့. . . ကြည့်. . . အဲဒါတွေ နဲ့ ဘာမှမပတ်သက်ရဘူးတဲ့. . .ငါလည်းကွာ လူတိုင်းကို လိုက်မေးကြည့်ပါတယ် ဘယ်သူမှ မသိဘူး တဲ့ကွာ’

လူငယ်က ပါးပါးလေးထပ်ပြုံးပြန်သည်။ ဆိုင်ထဲမှ လူများ က ‘လငယ်လေးလည်း သိမှာ မဟုတ်ပါဘူးကွာ’ ဆိုသည့် အကြည့်ဖြင့် ကြည့်ပြီး တစ်ဖက်ပြန်လှည့်သွားကြသည်။

လူငယ်က

‘ကျွန်တော် ကူညီနိုင်ပါတယ်ဗျ’

ထိုသူ၏ မျက်နှာ ၀င်းပသွားသည်။ တစ်ဖက်လှည်သွားသော သူများ လည်း ပြန်လှည့်လာကြ သည်။

‘ဆို. . . စမ်းပါဦး . . . ဘာ. . . ဘာလဲ. . .ဘယ်လိုပြောရမှာ လဲ’

ထိုသူက စကားများ ပင် ထစ်ကုန်တော့သည်။ ထိုသူ၏ မျက်နှာတွင် ၀မ်းသာအားရသည့် ဟန်အမူအရာများ က အထင်းသားပေါ်လာသည်။

‘ကောင်မလေးနဲ့ ချိန်းထားသေးလား’

‘ချိန်းထားတယ်လို့တော့ မဟုတ်ဘူး. . . တအောင့်ကြာလို့ သူထွက်လာရင် ငါပြောရတော့ မှာ . . . အဲဒီ မှာ မပြောနိုင်ရင် ကွိုင်ပြီ’

‘စိတ်မပူပါနဲ့. . . အဆင်ပြေမှာ ပါ’

‘လူငယ်က စိတ်မပူပါနဲ့’ဆိုမှ ထိုသူ၏ မျက်နှာတွင် စိတ်ပူသည့် အရိပ်အရောင် များ ပေါ်လာ သည်။

‘လုပ်စမ်းပါဦး. . . ဘယ်လိုပြောရမလဲ’

ထိုသူက အလောတကြီးမးသည်။ လူငယ်က စီးကရက်ဖွာလိုက်သည်။ ပြီးမှ မီးခိုးငွေ့တွေ ကို မှု တ်ထုတ်လိုက်ရင်း စကားဆိုသည်။

‘ဒီတစ်ခါ ကောင်မလေးနဲ့တွေ့ ရင် . . . ‘ကောင်းမလေးရယ်၊ ကိုယ်ဟာ အနောက်အရပ်က လာတဲ့သူပါ’ လို့ ပြောလိုက်ဗျာ’

ထိုသူမျက်မှော င်ကျုံ့သွားသည်။ ဆိုင်ထဲမှလူများ ကလည်း နားမလည်သည့် မျက်နှာများ ဖြင့် လူငယ်ထိုင်နေသည့် ၀ိုင်းနားကို တိုးကပ်လာကြသည်။

‘မင်းပြောတာ နားမလည်လို့ ရှင်းစမ်းပါဦး. . . ကောင်လေး၊ ဒီကောင့်ကိစ္စက ရပ်သိရွာသိမို့ ငါတို့လည်း စိတ်ဝင်စားလို့ပါ’

တစ်ဖက်ဝိုင်းမှ လူလတ်ပိုင်း တစ်ယောက် ၀င်မေးလိုက်ခြင်း ဖြစ်သည်။

တစ်ခြားဝိုင်းက လူများ ကလည်း ‘ဟုတ်တယ်’ဟု ထောက်ခံကြသည်။ ထိုအခါ လူငယ်က ဆက်ပြောသည်။

‘ဒီကလူတွေ မေးသလို ‘ဘာအဓိပ္ပာယ်လဲ’ လို့ မေးလိမ့်မယ်’

‘အင်း. . . ဟုတ်ပြီ . . . ပြောပါဦး’

‘အဲဒီ လိုမေးတဲ့အခါမှာ ခင်ဗျားက ကောင်မလေးကို ပုံပြင်လေးတစ်ပုဒ်ပြောပြရမယ်’

‘ပုံပြင် . . . ဟုတ်လား’

‘အင်း. . . ဟုတ်တယ်’

‘ဘယ်လိုပုံပြင်လဲဗျ’

ထိုသူက အားတက်သရောမေးသည်။ လူငယ်ကလည်း ဆက်ပြောသည်။

‘တစ်ခါတုန်းက ရွာတစ်ရွာမှာ ခပ်ချောချောကောင်မလေး တစ်ယောက် ရှိတယ်၊ တော် တော် လေးချောတယ်ပေါ့ဗျာ၊ သူ့ကိုဝိုင်းကြိုက်နေတဲ့သူတွေ လည်း အများ ကြီးရှိတယ်၊ အဲဒီ ထဲမှာ မှ ကောင်မလေးဟာ တခြားရွာတစ်ရွာစီကလာတဲ့ ကောင်လေးနှစ် ယောက် ကို ထူးထူးခြားခြားစိတ်ဝင် စားနေတယ်၊ အဲဒီ ထဲက တစ်ယောက် ကတော့ အရှေ့ဖက်မှာ ရှိတဲ့ ရွာကနေ သူ့ဆီနေ့တိုင်းလာပိုး တယ်၊ နောက် တစ်ယောက် ကတော့ အနောက်ဖက်မှာ ရှိတဲ့ ရွာကနေလာတယ်ပေါ့၊ မနက်တိုင်း အဲဒီ ကောင်လေးနှစ် ယောက် ဟာ ကောင်မလေးဆီလာပြီး ညနေကျမှ ပြန်သွားလေ့ရှိတယ်’

‘အဲဒီ လိုနဲ့ တစ်နေ့မှာ သူတို့နှစ် ယောက် ထဲက တစ်ယောက် ကိုအိမ်ထောင်ဖက်အ ဖြစ် ရွေးရ တော့မယ့်နေ့ရောက်လာပါရော၊ အဲဒါနဲ့ကောင်မလေးက မည် သူကိုရွေးချယ်ရမလဲဆိုပြီး အထပ်ထပ်အခါခါစဉ်းစားတယ်။ နောက်ဆုံး. . . အနောက်အရပ်ကလာတဲ့ကောင်လေးကို ရွေးချယ်လိုက်တယ်’

‘ဘာ ဖြစ်လို့လဲကွ’

အခြားဝိုင်းမှ လူ တစ်ယောက် က ဖြတ်မေးသည်။ လူငယ်ကလည်း ဆက်ပြောပြသည်။

‘အဲဒီ ကောင်မလေးက တွေးတယ်။ သူတို့နှစ် ယောက် စလုံးမှာ အရည်အချင်းတွေ ကလည်း အတူတူပါပဲ၊ ရုပ်ရည်၊ ပညာကလည်း မတိမ်းမယိမ်းရှိကြတယ်ပေါ့၊ ဒါပေမဲ့ အရှေ့ရပ်ကလာတဲ့ ကောင်လေးဟာ သူ့ဆီကိုလာတဲ့အခါ နေကိုကျောခိုင်းပြီး လာရတယ်၊ နေက အရှေ့အရပ်ကထွက် တာကိုး၊ ညနေပြန်တော့လည်း အရှေ့အရပ်ကိုပြန်တာဆိုတော့ နေကိုကျောခိုင်းပြီးပြန်ရတယ်၊ ဒါကြောင့် ကောင်မလေးဆီလာတဲ့အခါမှာ သူဟာ နေကိုဘယ်တော့မှ မျက်နှာမူလေ့မရှိဘူး၊ အနောက်အရပ်ကလာတဲ့ ကောင်လေး ကတော့ ကောင်မလေးဆီလာတဲ့အခါမှာ လည်း နေကို မျက်နှာမူပြီးလာရတယ်၊ ပြန်တော့လည်း နေကိုမျက်နှာမူပြီးပြန်ရတယ်၊ ဒါကြောင့် . . . အနောက် အရပ်ကလာတဲ့ကောင်လေးကို အိမ်ထောင်ဖက်အ ဖြစ်ရွေးလိုက်တယ်။ အဲဒါကြောင့် မို့ ကိုယ်ဟာ အနောက်အရပ်လာတာပါလို့ မင်းကိုပြောတာပေါ့လို့ ခင်ဗျားက ပြန်ဖြေလိုက်ရင် ပြီးသွားပြီ’

ထိုသူက လူငယ်ကိုစိုက်ကြည့်နေသည်။ လူငယ့်အဖြေကိုလည်း သဘောကျသွားသည်။ ဆိုင်ထဲမှလူများ ကလည်း လူငယ်ကို သဘောကျသွားသည်။

‘ကျေးဇူးပါပဲကွာ. . . ကျေးဇူးပါပဲ . . . မင်းပြောတော့လည်း ရှင်းသွားတာပဲ’

ထိုသူက လူငယ်အား ‘ကျေးဇူးတင်ကြောင်း’ အထပ်ထပ်ပြောလေသည်။

‘သိပ်လည်း ကျေးဇူးတင်စရာမလိုပါဘူးဗျာ. . . ကျွန်တော် လည်း စာအုပ်တစ်အုပ်ထဲက ဖတ်ရတာ ပါ’

‘ဟာ ဘာပဲ ဖြစ် ဖြစ်ပေါ့ကွာ၊ မင်းပြောလို့ သိရတာ ပဲ’

‘ဟုတ်တယ်’

ဟု အခြားသူများ ကလည်း ထောက်ခံကြသည်။

ဤသို့ဖြင့် ထိုလူငယ်လေးနှင့် တစ်ဆိုင်လုံးရှိလူများ သည် ရင်းနှီးသွားလေသည်။

ထို့နောက်တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ ကျောင်းအုပ်ဆရာကြီးက. . .

‘ဒါနဲ့နေစမ်းပါဦး. . . ၊ မောင်ရင်က ဒီမြို့ကို ဘာလဘာလုပ်တာတုန်း. . . အလည်သက် သက်ပဲလား’

‘မဟုတ်ပါဘူး၊ ကျွန်တော် မိန်းမခိုးဖို့လာတာပါ’

‘ဟင်. . .’

‘အယ်’

အာမေဋိတ်သံများ ထွက်လာကြသည်။ ပြီးတော့ တိတ်ဆိတ်သွားကြသည်။

‘ဘယ်က ကောင်မလေးလဲ’

ကျောင်းအုပ်ဆရာကြီးကပဲ ထပ်မေးသည်။ လူငယ်က ဆေးလိပ်တစ်လိပ်ကောက်ဖွာ၏ ။ ပြီးတော့မှ. . .

‘ကျွန်တော် တိုက်ရိုက်ပြောလို့မရတာ တော့ ခွင့်လွှတ်ပါ၊ ဒါပေမဲ့ နောက်ကျရင် အားလုံးရိပ်မိ လိမ့်မယ်လို့ ထင်ပါတယ်’

ကျောင်းအုပ်ဆရာကြီးမှာ ဆက်မမေးတော့ချေ။

လူများ ကလည်း ထိုလူငယ်ကို သိချင်ရာများ မေးမြန်းကြလေသည်။

လူငယ်ကူညီလိုက်သော သူကား ပြောဖွယ်ရာမရှိတော့ချေ. . .။

ဆိုင်ထဲမှ လူ တစ်ယောက် က. . .

‘ကောင်မလေးနဲ့ မင်းက. . .ဘယ်မှာ ကြိုက်တာလဲ’

‘ကြိုက်တာ ကတော့ တစ်ခြားမြို့မှာ ကြိုက်တာပါ. . . သူ ဒီမြို့ကိုပြန်လာတော့ ကျွန်တော် နဲ့ ကြိုနေကြောင်း သူ့အိမ်က သိသွားတယ်. . . ၊ ပြီးတော့. . . သူတို့သဘောတူတဲ့သူနဲ့ လက်ထပ်ပေး ဖို့ စီစဉ်ကြတယ်. . .၊ ဒါနဲ့ ကျွန်တော် လည်း ကျွန်တော့် ချစ်သူကို ခိုးဖို့စီစဉ်ရတော့တာပေါ့’

လူငယ်က မေးတာထက်ပိုပြီးဖြေ၏ ။

‘အခု. . . မင်းလာခိုးတော့ ကောင်မလေးကသိလား’

‘မသိသေးပါဘူး’

တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ အဝေးကငှက်သံလိုလို၊ ဘာလိုလိုသဲ့သဲ့ကြား ကြရသည်။ တိုးဝှေ့လာတဲ့ လေပြေလေးကလည်း အချစ်နဲ့မကင်းသူများ အတွက် ကြည်နူးစရာပင်။

‘လိုအပ်တဲ့ အကူအညီရှိရင်လည်း ငါ့ကိုပြောပါ တတ်နိုင်သလောက် ကူညီပါ့မယ်. . . သြော် . . . ဒါနဲ့ ငါ့နာမည် တောင် ပြောဖို့မေ့နေတယ်. . .အုန်းမောင်တဲ့. . . မှတ်ထားဦး’

လူငယ်ကူညီလိုက်သော သူက လူငယ်အား စတင်မိတ်ဆက်သည်။ ဆိုင်ထဲမှ အချစ်နှင့် မကင်းကြသော လူငယ်များ ကလည်း ‘ကူညီမယ်’ ဟု ပြောကြသည်။

‘ငါ့နာမည် ကတော့ ‘မောင်မြင့်’ လို့ခေါ်တယ်. . . ၊ ဒါနဲ့ မင်းကိုတစ်ခုလောက်မေးချင်တယ်’

‘အင်း. . . မေးပါ’

‘မင်းက မိန်းမဘယ်တော့လောက်ခိုးမှာ လဲ’

‘နည်းနည်း တော့ အချိန်ယူရဦးမယ်၊ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော့် ကောင်မလေးရဲ့ မိဘတွေ က ကျွန်တော် လာလိမ့်မယ်ဆိုတာ သိချင်သိနေမှာ ၊ မသိလည်း တစ်ရက် နှစ် ရက်ဆိုရင် သိသွားတော့မှာ ပဲ၊ အဲဒီ တော့ သူတို့ဖက်က တင်းကျပ်ချင် တင်းကျပ်မှာ ဒါကြောင့် အချိန်နည်း နည်းယူရဦးမယ်လို့ ပြောတာ’

‘အင်း. . . မင်းဟာကလည်း. . . သြော်. . . ဒါနဲ့ ကောင်မလေးမိဘတွေ ကို မင်းတွေ့ ဘူး လား’

‘မတွေ့ တော့ မတွေ့ ဖူးဘူးထင်တယ်. . . ဒါပေမဲ့ သေချာတာ ကတော့ ကျွန်တော် နဲ့ လုံးဝ သဘောမတူဘူးဆိုတာပဲ’

လူငယ်လေးပြောသော စကားတွေ ကြောင့် ဆိုင်ထဲမှလူများ က ထိုလူငယ်လေး၏ အချစ်ကို ဂရုဏာသက်သွားကြသည်။

ပြီးတော့ တိတ်ဆိတ်သွားပြန်၏ ။

‘ဂလင်. . . ဂလင်’

ထိုစဉ် နာရီမြည် သံကို အားလုံးကြားလိုက်ရသည်။ နာရီသံမှာ နှစ် ချက်တိတိမြည် ပြီး ရပ်သွားသည်။

‘ဒီမြို့မှာ လူစိမ်းဧည့်သည်ဆိုရင် ဘုန်းကြီးကျောင်းမှာ တည်းရတယ်ဆို’

လူငယ်ကမေးလိုက်သည်။ ‘အုန်းမောင်’ က ‘အင်း’ ဟုပြန်ဖြေသည်။ သူ့ဆီမှာ တည်းစေချင် ပုံရသည်။ သို့သော်. . . ဘုန်းကြီးအမိန့်မို့ ဘာမှမပြောလိုက်ချေ. . .။

‘ဒါဆို. . . ကျွန်တော် သွားတော့မယ်၊ ကျွန်တော့် ကို ဘုန်းကြီးကျောင်းရှိရာ ညွှန်ပြကြပါဦး’

ဆိုင်ထဲမှ လူများ က ဘုန်းကြီးကျောင်းရှိရာသို့ ညွှန်ပြလိုက်ကြသည်။

လူငယ်ထွက်ခါနီး တွင် ဆိုင်ထဲမှလူ တစ်ယောက် က လှမ်းသတိပေးလိုက်သေးသည်။

‘ဘုန်းကြီးနဲ့စကားပြောရင် သေချာကြည့်ပြောဦးနော်’



(၂)

‘မင်းနေ’ သည် ဘုန်းကြီးကျာင်းသို့ ဦးတည်ပြီးထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွေ့  သော သူများ က သူ့ကို ‘ကွက်ကြည့်. . . ကွက်ကြည့်’ နှင့် ကြည့်ကြသည်။ ခဏကြာတော့ ဘုန်းကြီး ကျောင်းကို ခပ်လှမ်းလှမ်းမှ လှမ်းမြင်ရသည်။

သူ, သက်ပြင်းချလိုက်သည်။

ပြီးတော့ ခရီးဆောင်အိတ်ထဲမှ စာရွက်နှင့် ဘောလ်ပင်ထုတ်ကာ ပုံတစ်ပုံကောက်ဆွဲလိုက် သည်။

ပြီးနောက်. . . ဘုန်းကြီးကျောင်းထဲသို့ ဖိနပ်ချွတ်ပြီး လှမ်းဝင်လိုက်သည်။ ကျောင်းဝင်းထဲ မှာ တံမြက်စည်းလှဲနေသော ကပ္ပိယအား. . .

‘ဆရာတော် ရော. . . ’

ဟု မေးလိုက်ရာ. . . ၊ ကပ္ပိယက. . .

‘အပေါ်မှာ ’

ဟု ပြန်ဖြေသည်။

ကျောင်းပေါ်သို့ ရောက်သော အခါ ဆရာတော် ကို ‘မိန့်မိန့်ကြီး’ တွေ့ လိုက်ရသည်။ ဆရာ တော် ကလှမ်းကြည့်သည်။

‘ဘာကိစ္စလဲ. . . ဒကာ’

မင်းနေက ဆရာတော့် အမေးကို မဖြေသေးဘဲ ဦးသုံးကြိမ် အရင်ချလိုက်သည်။ ပြီးတော့မှ ပြန်ဖြေ၏ ။

‘ဆရာတော် ကို တပည့်တော် . . . ‘အပြုံးတွေ ’ လာပေးတာပါ ဘုရာ့’

ဆရာတော် မျက်မှော င်ကျုံ့သွားသည်။ ပြီးတော့ ‘တွေးသလိုလို၊ ဘာလိုလို’ နဲ့ နထင်ကို လက်ထောက်လိုက်သည်။ နောက်တော့မှ ပြုံးတုံ့တုံ့နှင့် . . .

‘ဘာအပြုံးတွေ လဲ ဒကာ’

ဟု ပြန်မေးလေသည်။

‘အရှင်ဘုရား. . . ဧည့်သည်တိုင်းဟာ အိမ်ရှင်ကိုတွေ့ ရင် ပြုံးပြတာချည်းပဲ မဟုတ်လား ဘုရာ့’

‘အေးလကွယ်’

ဆရာတော် က တွေးဆဆနှင့် ပြန်ဖြေသည်။

‘ဒီတော့ကာ. . . ဧည့်သည်လာရင် ‘အပြုံးတွေ ’ ပါတယ်လို့ ဆိုနိုင်လား ဘုရာ့’

‘အင်း. . .ဆိုနိုင်ပါတယ်’

‘အဲဒါကြောင့် မို့ . . . တပည့်တော် လည်း အရှင်ဘုရားကို ‘အပြုံးတွေ ’ လာပေးတာပါ ဘုရာ့’

ပြီးတော့ လက်ထဲမှာ ဆွဲထားသော ‘ဒီလိုနေ’ ပုံကို ဆရာတော် အား လှမ်းပေးလိုက်သည်။

ဆရာတော် က ပုံကိုကြည့်သည်။ ပြီးတော့ သဘောကျသွားသလိုဖြင့် ‘မင်းနေ’ အား မိန့်မိန့် ကြီးကြည့်ပြန်သည်။

‘ဒကာက ဘယ်ဆိုးလို့လဲ. . . ဧည့်သည်လာလုပ်တာကို တိုက်ရိုက်မပြောဘဲနဲ့. . . သွယ် ၀ိုက်ပြောတာကိုး. . . အေးကွယ်. . . ဘုန်းကြီးသဘောကျတယ်. . . ဒါပေမဲ့. . . ဒကာ’

‘ဘုရာ့’

‘အပြုံးများ ကို အင်္ဂလိပ်လို ဘယ်လိုပေါင်းတုန်း’

‘Smiles ပါ ဘုရာ့’

ဆရာတော် က ကျေနပ်သွားသဖြင့် ခေါင်းညိတ်လိုက်သည်။ ပြီးမှ. . .

‘ဒီလိုဆိုရင်. . . Smiles ဆိုတဲ့ အပြုံးများ မှာ . . . ပထမဆုံး (s) နဲ့ နောက်ဆုံး (s) ကြားမှာ mile ဆိုတာကြီးခံမနေဘူးလား’

‘ခံနေပါတယ် ဘုရာ့’

‘မိုင် (mile) ဆိုတာက ခရီးအကွာအဝေးကိုပြောတာ. . . ဒီတော့ကာ. . . ပထမဆုံး (s) နဲ့ နောက်ဆုံး (s) ကြားမှာ တစ်မိုင်လောက် ဝေးကွာနေတယ်လို့ ဆိုလိုရမှာ ပေါ့’

‘တင်ပါ့’

‘အဲဒီ လောက်ကြီးတောင် ဝေးကွာနေမယ်ဆိုရင်. . . အခု ဒကာပေးတဲ့ အပြုံးလေးတွေ ကို ‘စစ်သလား၊ မစစ်ဘူးလား’ ဆိုတာကို ဘုန်းကြီးက ဘယ်လိုလုပ်သိမလဲ’

‘မင်းနေ’ ကပြုံးလိုက်သည်။

‘တပည့်တော် တစ်ခုလောက် မေးချင်ပါတယ် ဘုရာ့’

‘မေးပါ. . . ဒကာ၊ မေးပါ’

‘ပစ္စည်းတစ်ခု စစ်သလား၊ မစစ်ဘူးလားကို ဘယ်လိုခွဲခြားပြီးသိလဲ ဘုရာ့’

ဆရာတော် မှာ တွေ ဝေသွားပုံရသည်။ ထို့နောက်

‘ဒါတော့ ဘုန်းကြီးမသိဘူးကွ. . . ၊ အခုက အတုတွေ ပေါမှ ပေါကိုး’

‘တပည့်တော် ကတော့ ဘုရား. . . သုံးကြည့်မှ သိမယ်လို့ ထင်ပါတယ် ဘုရား. . . ၊ ဒီတော့ တပည့်တော် ရဲ့ အပြုံးတွေ ကို စစ်သလား၊ မစစ်ဘူးလားခွဲခြားမယ်ဆိုရင်. . . အရှင်ဘုရား တပည့် တော် ကို လက်ခံပြီး ခွဲခြားလို့ရမယ်ထင်ပါတယ်ဘုရာ့’

‘ဒကာကိုတာ့ သဘောကျသွားပြီ. . . ဘုန်းကြီးတွေးစရာတွေ လည်း အများ ကြီးရသွားပြီ. . . ဒီတော့ ဒကာ ဒီမှာ ကြိုက်သလောက်တည်းနိုင်တယ်’

ဆိုပြီးခွင့်ပြုလိုက်လေသည်။ ‘မင်းနေ’ ကလည်း

‘တင်ပါ့ ဘုရာ့’

ဟုဆိုလိုက်ပြီး ဦးသုံးကြိမ်ချလိုက်ပြန်သည်။



(၃)

နောက်တစ်နေ့တွင် လူငယ်လေး၏ သတင်းသည် တစ်မြို့လုံးသို့ ပျံ့နှံ့သွား၏ ။

ပုံစံအမျိုးမျိုး၊ အကြောင်းအရာစုံလင်စွာ နဲ့ လူပြောများ နေသည်။ လူဆိုတာကလည်း ဘာ မဟုတ်တာလေးကိုပဲ စိတ်ဝင်စားကြသည် မဟုတ်ပါလား

စပ်စုတတ်သူများ က ‘ဂွီ’ လက်ဖက်ရည်ဆိုင်သို့ လာပြီးစပ်စုကြသည်။

တစ်ချို့ကား လမ်းသွားလာရင်းနှင့် ပင် မတ်တပ်ရပ်ပြီး သတင်းယူ၊ သတင်းဖြန့်ကြ၏ ။

ဤမြို့လေးကား ထိုသို့တည်း. . .။

‘ဟဲ့. . . နင် ဟိုသတင်းကြားပြီးသွားပြီလား’

‘ဘာလဲ. . . ဟိုလူငယ်လေးအကြောင်းလား’

‘အေး. . . ဟုတ်တော့ ဟုတ်တယ်. . . ဒါပေမဲ့ အဲဒီ ကောင်လေးခိုးမယ်ဆိုတဲ့ ကောင်မလေး အကြောင်းလေ’

‘ဟင်. . . ဟုတ်လား၊ ဒါ ကျွန်မ မကြားရသေးဘူး ပြောပါဦး’

ဈေးသွား ဈေးလာရင်းနှင့် ပင် အဒေါ်ကြီးနှစ် ယောက် စကားပြောနေကြခြင်း ဖြစ်သည်။ ပထမ အဒေါ်ကြီးကပဲ. . .

‘သူခိုးမယ့် ကောင်မလေးက တို့မြို့မှာ အချမ်းသာဆုံး ဒေါ်ခင်မကြီးရဲ့ သမီးဆိုပဲ’

‘ဟယ်. . . ဟုတ်ရောဟုတ်လို့လား၊ ဒေါ်ခင်မကြီးက ဒေါသ မာနခပ်ကြီးကြီးရယ်’

‘အို. . . သတင်း ကတော့ ကွက်တိပဲ’

‘ဟယ်. . . ဒါဆို ကောင်လေး ကတော့ ဒုက္ခပဲ၊ ဒါနဲ့ သူ့သမီး ‘လပြည့်ချို’ ကကော ဘာပြော သတဲ့လဲ’

‘အင်း. . . အဲဒါတော့ မသိဘူးဟဲ့’

စကားဆုံးတော့ ဈေးထိပ်ဝသို့ ရောက်နေလေပြီ။

ထို့ကြောင့် စကားစပြတ်သွားပြီး အဒေါ်ကြီးနှစ် ယောက် ဈေးဝယ်ကြသည်။ ထိုအချိန်တွင် ဈေးသည်နှစ် ယောက် သည်လည်း ဈေးအရောင်းပါးနေသော ကြောင့် စကားထိုင်ပြောနေကြသည်။

ပထမဈေးသည်က. . .

‘ဟဲ့. . . ကောင်လေးနဲ့ ကောင်မလေးက အရမ်းချစ်ဆိုပဲ’

‘နင့် ဘယ်သူပြောလဲ’

‘ဒီအတိုင်း ကြားတာပဲ’

‘အင်း. . . ဟုတ်ချင်လည်း. . . ဟုတ်မှာ ပေါ့. . . ၊ ဒါပေမဲ့. . . သေချာတာတစ်ခု ကတော့ နော်. . . ငါတို့ဘုန်းကြီးက ကောင်လေးကို တော် တော် သဘောကျသွားတယ်တဲ့’

‘ဘာ ဖြစ်လို့လဲ’

‘သူပြောတဲ့စကားကို အချက်ကျကျပြန်ပြောနိုင်လို့တဲ့လေ’

‘အင်း. . . ဟုတ်တော့ ဟုတ်တယ်. . . ၊ ဟိုနေ့ကတောင်မှ ‘အုန်းမောင်’ ကို ကူညီသွား သေးတယ်တဲ့’

ဈေးဝယ်သူလရောက်လာသဖြင့် စကားစပြတ်သွားပြန်သည်။

ဈေးဝယ်သူထွက်သွားတော့. . . ဒုတိယဈေးသည်က စကားစသည်။

‘လပြည့်ချို ကတော့ သနားပါတယ်ဟယ်’

‘အင်း. . . သူနဲ့ သူ့အဖေဦးဘတင်ကလည်း ခေါ်ခင်မကြီးကို ကြောက်ရတယ်ဆိုတော့ ဒီကိစ္စ ကတော့ သိပ်မလွယ်ဘူး၊ သြော်. . . ပြောစရာတစ်ခုကျန်သေးတယ်’

‘ဘာတဲ့တုန်း’

‘လပြည့်ချိုကို သူ့အမေက မြန်မြန်လက်ထပ်ပေးတော့မယ်တဲ့’

ဈေးဝယ်သူတွေ တစ်ဖွဲဖွဲရောက်လာကြပြန်သည်။

ထိုအချိန်တွင် နာရီသံကို ကြားလိုက်ရသည်။



(၄)

‘ဂွီ’ လက်ဖက်ရည်ဆိုင်ထဲသို့ ‘မင်းနေ’ ရောက်သွားတော့ မနေ့က သူကူညီလိုက်တဲ့ ‘အုန်းမောင်’ နှင့် အတူ အခြားသူများ ကို တွေ့ လိုက်ရသည်။

‘လာဟေ့. . . မင်းကိုမျှော်နေတာ’

အုန်းမောင်က လှမ်းခေါ်သည်။ မင်းနေက သူတို့ခုံမှာ ၀င်ထိုင်လိုက်ရင်း. . .

‘ဘယ်လိုလဲ. . . မနေ့ကကိစ္စအဆင်ပြေလား’

‘အနောက်အရပ်ကလာသည်’ ဆိုသော ကိစ္စကို ရည်ညွှန်းပြီးမေးလိုက်သည်။

‘ဟာ. . . ပြေသမှ ပြေဟေ့. . . ကွတ်တိပဲ၊ နောက်သုံးပတ်လောက်ဆိုရင် အဖြေတောင်ရ တော့မှာ . . . အဲဒါ ကျေးဇူးတင်စကားထပ်ပြောချင်သေးလို့ မင်းကိုစောင့်နေတာ’

‘ခင်ဗျား ကတော့ ကျွန်တော့်သူငယ်ချင်း တစ်ယောက် ပြောနေကျအကြောင်းနဲ့ ပြန်ပြောရ မလို ဖြစ်နေပြီ’

‘ဘာအကြောင်းလဲကွ’

‘ဒီလိုဗျ. . . ၊ ကျွန်တော့သူငယ်ချင်းက သူ့ကို ‘ကျေးဇူးတင်ပါတယ်’ ဆိုတဲံ စကားကို ခဏခဏပြောရင် ဒီအကြေင်းကို ပြောလေ့ရှိတယ်’

သူ့စကားကို ဆိုင်ထဲမှလူများ ပါ စိတ်ဝင်စားသွားသည်။ ထို့ကြေင့် လူငယ်ဖက်သို့ လှည့် လိုက်ကြသည်။ မင်းနေက ဆက်ပြော၏ ။

‘တစ်ခါတုန်းက ဆိုင်တစ်ဆိုင်မှာ ကျောက်သင်ပနုးနဲ့ စာတမ်းလေးတစ်ခုရေး ထားလေ့ရှိ တယ်. . . ၊ ‘ကျေးဇူးတင်ပါသည်’ တဲ့. . . ၊ ဒါ့အပြင် အဲဒီ ဆိုင်ပိုင်ရှင် ဖြစ်တဲ့ ‘ဦးကြူး’ ဆိုတဲ့လူ ကလည်း စာရေး ထားရုံတင်အားမရသေးဘူး. . . ပါးစပ်ကလည်း ‘ကျေးဖူးတင်ပါတယ်’ ဆိုပြီး ဆိုင်ကိုလာတဲ့ ဖောက်သည်တွေ ကို ခဏခဏပြောသေးတယ်တဲ့. . . သူ့ဆိုင်က ကုန်စုံဆိုင်လေး တစ်ဆိုင်ပါ. . . ၊ အဲ. . . တစ်နေ့လည်းကျရော ဆိုင်ရှေ့မှာ ဒေါသတကြီးအော်နေတဲ့ ဦးကြူးတစ် ယောက် ကို လူတိုင်းတွေ့ ရပါလေရော. . . ၊ အဲဒါနဲ့ လူ တစ်ယောက် က ‘ဘာ ဖြစ်နေတာလဲ’ မေးတော့. . . ဦးကြူးက သူ့ရဲ့ ‘ကျေးဇူးတင်ပါသည်’ ဆိုတဲ့ ဆိုင်းဘုတ်ကို ထိုးပြတယ်. . . ၊ ဘယ်သူက လက်ကမြင်းသွားလဲ မသိဘူး တစ်မျိုးပြောင်းနေတယ်’

‘ဘယ်လိုပြောင်းနေလဲ’

‘ဦးကြူး ဈေးတင်ပါသည်’ တဲ့. . . ၊ ဦးကြူးလည်း တော် တော် လေးဒေါသထွက်တာပေါ့. . . ၊ သူက မှန်မှန်ကန်ကန်လုပ်စားတဲ့သူကိုး. . . ၊ အဲဒီ ရေး တဲ့သူသာသိရင် ဘာ ဖြစ်မယ်. . . ညာ ဖြစ်မယ်ပေါ့. . . ဒါနဲ့ လူတွေ ကလည်း အုံလာတယ်၊ အဲဒီ မှာ အရူး တစ်ယောက် ထွက်လာပြီး ‘ဦး. . . ဘာတွေ ဒေါသထွက်. . . ဘာကြေင့် ဒေါသထွက်. . . ပလုံစွပ်’ ဆိုပြီးမေးတယ်. . . ၊ ဦးကြူးက အရူးကို မှတ်မိသွားတယ်. . . ဟိုတစ်နေ့ကမှ မုန့်လေးနည်းနည်း ပါးပါးပေးလိုက်တာကိုး. . . ၊ ဦးကြူးက ဆိုင်းဘုတ်ကို ထိုးပြပြီးပြောလိုက်တော့ အရူးက ရယ်ပါလေရော. . . အားရပါးရကိုရယ် တာ ၊ ပြီးတော့ ‘သူရေး ထားတာ. . . သူရေး ထားတာ’ လို့ပြောတယ်. . . ဒါကိုကြားတော့ ဦးကြူး လည်း တော် တော် ဒေါသထွက်သွားတယ်. . . ၊ အဲဒီ မှာ ဦးကြူးက. . . ‘မင်းဟာ ငါ့မုန့်လည်းစား သေးတယ်. . . ငါ့ကိုလည်း ကျေးဇူးကန်းစကားပြောတယ်ပေါ့လေ’ ဆိုပြီးပြောတော့ အရူးက ‘ဦး. . . ဘာတွေ ပြောနေတာလဲ. . . ဦးကိုကျေးဇူးတင်ကြောင်း ရေး ထားတာလေ. . . ၊ ဒီမှာ မတွေ့ ဘူး လား ‘ဦး ကြူးဈေး တင်ပါသည်’ ‘ကြူးဈေး’ ဆိုတာ ‘ကျေးဇူး’ လေ. . . ဒါတောင်မသိဘူးလား. . . ငတုံး’ လို့ပြောပြီး ထွက် သွားပါလေရော. . . ၊ အဲဒါကြေင့်မို့လို့ ကျွန်တော် က ဦးကြူးလိုမျိုးပဲ ကျေး ဇူးတင်လို့တင်မှန်းတောင် မသိတဲ့လူစားမျိုးပါဗျာ၊ ဒါကြောင့် ခင်ဗျားကျေးဇူးတွေ ကို ပြန်သိမ်းထား လိုက်ပါ ဟုတ်ပြီလား’

ဆိုင်ထဲမှလူများ က ပြုံးစိစိ ဖြစ်သွားကြသည်။ အုန်းမောင်က. . .

‘သြော်. . . မင်းကို သူတို့နဲ့ မိတ်ဆက်ပေးရဦးမယ်’

အုန်းမောင်က ၀ိုင်းထဲထိုင်နေတဲ့ လူလေးယောက် နဲ့ မိတ်ဆက်ပေးသည်။

‘သူ ကတော့ မင်းသိပြီးသား ဖြစ်မှာ ပါ. . . မနေ့က မိတ်ဆက်ထားတာ မောင်မြင့်ဆိုတာ လေ’

‘မှတ်မိပါတယ်’

မောင်မြင့်က ပြုံးပြသည်။ မောင်မြင့်သည် အသားညိုညို. . . ပြီးတော့ အရပ်လည်းပု၏ ။

‘ဒီဖက်မှာ ထိုင်နေတာ ကတော့ ကိုသန့်စင်တဲ့၊ မီးသွေးဆိုင်ပိုင်ရှင်ပေါ့’

ထိုသူက ဂုဏ်ယူ၍ လားမသိ၊ ကားတွန်းကားတွေ ထဲကအတိုင်း ‘ဟဲ. . . ဟဲ’ ဟု သွားဖြီးပြ သည်။

‘အင်း. . . ဒီဖက်က နှစ် ယောက် ကတော့ ညီအစ်ကိုကွ’

‘ဒါပေမဲ့ သူတို့နှစ် ယောက် က ထူးထူးဆန်းဆန်းပဲ. . . ဘာ ဖြစ်လို့လဲဆိုတော့ တစ်ယောက် က နားလေးနေတယ်၊ တစ်ယောက် က မျက်စိမှု န်နေတယ်’

မင်းနေက သူတို့နှစ် ယောက် ကို သေချာကြည့်လိုက်သည်။ သူတို့နှစ် ယောက် ထဲမှ တစ်ယောက် က သူ့ကို ပြူးတူးပြဲတဲကြည့်နေရခြင်းအကြောင်းကို အခုမှ သဘောပေါက်သွားသည်။ နောက် တစ်ယောက် ကတော့ ‘အကုန်နားလည်တယ်၊ ကြားတယ်’ ဟူသော ပုံစံဖြင့် မကြာခဏ ခေါင်းတဆတ်ဆတ်ညိမ့်နေသည်။

‘အဲဒါကြောင့် နားလေးတဲ့အစ်ကိုကို ‘ငနား’ ၊ မျက်စိမှု န်နေတဲ့ ညီကို ‘ငမျက်စိ’ လို့ ငါတို့က ခေါ်ကြတယ်’

‘အို. . . အဲဒီ လောက်ကြီးလည်း ကျုပ်တို့မတော် သေးပါဘူးဗျာ၊ အဲဒီ နေ့က ပြိုင်ဖက်မလာ လို့ ကျုပ်တို့နိုင်တာပါဗျ’

‘ငနား’ က ဘာမဆိုင် ညာမဆိုင် ၀င်ပြောသည်။

‘အစ်ကို ကတော့ စွတ်ရမ်းဖောတော့မယ်. . . အုန်းမောင်က ကျွန်တော် တို့ကို မိတ်ဆက် ပေးနေတာ. . . ဟုတ်တယ် မဟုတ်လား အုန်းမောင်’

ဟုဆိုပြီး မောင်မြင့်ကို လှမ်းပုတ်လိုက်သည်။

‘ဟေ့ကောင်. . . ငါ မောင်မြင့်ကွ’

‘ဟင်. . . ဟုတ်လား . . . အုန်းမောင်မှတ်လို့’

သူတို့ညီအစ်ကိုနှစ် ယောက် ကိုကြည့်ပြီး တစ်ဆိုင်လုံးက ၀ိုင်းရယ်ကြသည်။ မင်းနေက. . .

‘အေးဗျာ. . . ခင်ဗျားတို့နဲ့တွေ့ ရတာ ၀မ်းအရမ်းသာတာပဲ’

‘၀မ်းသာတယ်လုပ်ပါကွ. . . မသိရင် ငါတို့ကများ ၀မ်းနှုတ်ဆေးတွေ လိုလို ဘာလိုလို’

မီးသွေးဆိုင် ကိုသန့်စင်က ၀င်ပြောသည်။ ထိုအခါ မင်းနေက. . .

‘ကျွန်တော် က ခင်ဗျားတို့ကို မိတ်ဆွေကောင်းတွေ လို့ ဆိုလိုတာပါ’

‘ဘယ်လို’

‘မိတ်ဆွေကောင်းဆိုတာ ၀မ်းကောင်းကောင်းသွားသလိုပါပဲ၊ အကယ်၍ ၀မ်းမသွားဘူး ဖြစ် နေတယ်ဆိုရင် နေရတာ အီလည်လည်ကြီးဗျ၊ အဲဒါကြောင့် မိတ်ဆွေကောင်းမဟုတ်ရင် ၀မ်းမသာ နိုင်ဘူး၊ အီလည်လည်ကြီးလို့ဆိုတာ၊ အဲ. . . မိတ်ဆွေကောင်းဆိုရင်တော့ ၀မ်းမှန်မှန်သွားသလိုပဲ နေရထိုင်ရတာ ပေါ့ပါးတယ်၊ ဒါကြောင့် ၀မ်းသာတယ်လို့ ဆိုတာပါ’

အားလုံးတိတ်ဆိတ်သွားသည်။ ကောင်းကင်ရဲ့ ရနံ့လိုလို လက်ဖက်ရည်နဲ့လေးလိုလို သင်းနေသည်။ တကယ်တော့ သူတို့အားလုံးကို နွေးထွေးမှု က လွှမ်းခြုံထားတာပါ. . .။ အဲဒီ ထဲမှာ ရင်းနှီးမှု တွေ ပါတယ်လေ. . . ။

‘မင်းအကြောင်းတော့ ဒီမြို့မှာ ပြန့်နေပြီ’

‘ဒါဆို သူ့မိဘတွေ က ကျွန်တော် ရောက်ကြောင်း သိသွားပြီပေါ့’

‘အင်း. . . မင်းပြောတာ ဒေါ်ခင်မကြီးကို မှတ်လား’

မင်းနေက ခေါင်းညိတ်ပြသည်။

အဝေးမှ ငှက်သံသဲ့သဲ့ကြားရ၏ ။ စားပွဲထိုးကောင်လေး၏ ၀မ်းတီး၊ တူးတီးအသံနှင့် ရောယှက်နေသည်။

‘သူ့ယောက်ျား ဦးဘတင် ကတော့ သဘောကောင်းတယ်ကွ. . . ဒါပေမဲ့. . . ဒေါ်ခင်မကြီး ကတော့ မလွယ်ဘူးနော်၊ တစ်ခါတုန်းက သူ့သမီးကို ကောင်လေး တစ်ယောက် က စကားလိုက် ပြောတယ်. . . ၊ ဒါကို သူသိသွားတော့ ရှင်းလိုက်ရတာ . . . ရုံးရောက်တော့မှပဲ ပြီးတယ်’

သက်ပြင်းချသံသဲ့သဲ့ကြားရသည်။ အုန်းမောင်က

‘အခု မင်းဘယ်လိုလုပ်မလဲ စိတ်ကူးထားလဲ’

မင်းနေ ဆိုင်အပြင်ကို ငေးနေသည်။ ထို့နောက်

‘အရင်ဆုံး. . . ကျွန်တော့်ကောင်မလေးနဲ့ ဆက်သွယ်မယ်လို့ စိတ်ကူးထားတယ်’

‘ဟာ. . . သူ့အမေကြီးကို သတ်လို့ဘယ် ဖြစ်မလဲ’

ငနားက ဟုတ်သလိုလိုနဲ့ အတင်းဝင်ငြင်းသည်။

‘ငနား. . . သူက သူ့ကောင်မလေးကို အရင်ဆက်သွယ်မယ်လို့ ပြောတာ’

အုန်းမောင်က ငနားကြားလောက်အောင် အော်ပြောသည်။

ငနားက တိတ်သွားသည်။ မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် ဖြစ်သွားသည်။ ငမျက်စိက သူ့အစ်ကိုကို မျက်စောင်းထိုး၏ ။ ဒါတောင် မီးသွေးဆိုင် ကိုသန့်စင်ကို မှားထိုးသေး သည်။

‘အင်း. . . အဲဒါပြောပါဦး. . . ဆက်သွယ်ဖို့ဆိုတာ သိပ်တော့မလွယ်ဘူးနော်. . . ၊ သူ့တို့ အိမ်က ခြံစောင့်တွေ ကလည်း ဆိုးမှဆိုးပဲ’

မင်းနေ သူ့ရဲ့ အကြည့်တွေ ကို လက်ဖက်ရည်ဆိုင်ထဲသို့ ရွှေ့လိုက်သည်။

အတော် ကြာတဲ့အထိ ငြိမ်သက်နေသည်။

ထို့နောက် ငနားတို့ညီအစ်ကိုနှစ် ယောက် ကိုကြည့်လိုက်ပြီး. . .

‘ကျွန်တော် သူတို့နဲ့ ဆက်သွယ်ခိုင်းဖို့ စိတ်ကူးမိတယ်’

‘သူတို့ဟုတ်လား. . . ၊ ဟုတ်မှလည်း လုပ်ဦးနော်၊ ငါတို့တောင် မသွားရဲတာ’

‘ဒီလိုမဟုတ်ဘူးဗျ. . . ကျွန်တော် စီစဉ်မှာ က. . .’

ထိုသို့ပြောရင်း မီးသွေးဆိုင်ရှင်ကိုသန့်စင်ဖက် လှည့်လိုက်ပြီး. . .

‘ကိုသန့်စင်. . . ကျွန်တော့်ကို မီးသွေးတစ်အိတ်နဲ့ မီးသွေးတင်တဲ့လှည်း ခဏလောက်ငှား ပါလား’

‘ငှားတာတော့ ငှားလို့ရပါတယ်. . . ဒါနဲ့ ဘာလုပ်မလို့လဲဆိုတာ ပြောဦးလေ’

‘ကျွန်တော် နဲ့ ကျွန်တော့် ကောင်မလေးကြားမှာ မီးသွေးနဲ့ပတ်သက်ပြီး ကိစ္စတစ်ခုရှိခဲ့ဖူး တယ်၊ ကဲပါ. . . နောက်မှပဲ ရှင်းပြတော့မယ်. . . အခုအဲဒါတွေ သွားယူရအောင်ဗျာ. . .၊ လမ်းကျ မှပဲ အစီအစဉ် အသေးစိတ်ပြောပြတော့မယ်’



(၅)

ဒေါ်ခင်မကြီး၏ အိမ်ရှေ့တွင် ဖြစ်သည်။

‘မီးသွေးလာပို့တာဗျို့ မီးသွေးလာပို့တာ’

ငမျက်စိအော်သံကြောင့် ရုပ်ရှင်ထဲက လူမိုက်ပုံစံဖမ်းထားသော ဒေါ်ခင်မကြီး၏ ခြံစောင့် နှစ် ယောက် က လှမ်းကြည့်သည်။

မီးသွေးလှည်းနှင့် ငမျက်စိကိုတွေ့ တော့-

‘ဘာလဲဗျ. . . ဟေ့လူ’

‘မီးသွေးလာပို့တာလို့ ပြောနေမှပဲ’

‘ဘယ်သူမှာ ထားလို့လဲ’

‘ဟာ. . . ဒီအိမ်က မှာ ထားတာပဲလေ’

ခြံစောင့်နှစ် ယောက် က ငမျက်စိကို သေချာကြည့်လိုက်သည်။ ငမျက်စိ တစ်ယောက် တည်း ပင် ဖြစ်၏ ။

ထို့နောက် မေးမြန်းသော ခြံစောင့်က အခြားခြံစောင့် တစ်ယောက် ကို လှမ်းပြောသည်။

‘ဟေ့ကောင် ငါတို့ကိုလည်း ဘာမှမပြောထားပါလား’

‘ဟုတ်ရင် ဟုတ်နေမှာ ပေါ့. . . ၊ ငါတို့ကို ပြောဖို့ မေ့များ မေ့နေလားမှ မသိတာ’

ခြံစောင့်နှစ် ယောက် ငမျက်စိကို သေသေချာချာထပ်ကြည့်ပြန်သည်။

‘အရင်တုန်းက တစ်ခါမှ လာမပို့ဖူးပါဘူး’

‘ဟုတ်တယ်. . . အရင်တုန်းက လာမပို့ဖူးဘူး’

‘ဟိုတစ်နေ့ကမှ အိမ်ကိုလာပို့ပေးပါဆိုလို့ လာပို့တာ’

ခြံစောင့်နှစ် ယောက် က တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ပထမခြံစောင့်က-

‘ဟုတ်ရင်ဟုတ်မှာ ကွ. . . ဖွင့်ဖပးလိုက်ရအောင်’

‘ဒါပေမဲ့ ဟေ့ကောင် . . . မမကြီးက ဘယ်သူလာလာ မဖွင့်ပေးရဘူးလို့ ပြောထားတယ် လေ’

‘ဟာ. . . ဒါက ဟိုကောင့်ရန်ကို ကြောက်လို့ပါ. . . ၊ အခုဟာက မီးသွေးလာပို့တာပဲဟာ’

ဒုတိယခြံစောင့်က တွေးဆဆ ဖြစ်သွားသည်။ ထို့နောက်မှ. . .

‘အေး. . . မင်းသဘောပဲလေ’

ပထမခြံစောင့်က တံခါးဖွင့်ပေးလိုက်သည်။

‘ကျွီ’

ဟူသော သံရှည်ရှည်နှင့် အတူ တံခါးပွင့်သွား၏ ။

ငမျက်စိက မီးသွေးလှည်းကို မနိုင့်တနိုင်နှင့် တွန်းဝင်သည်။ လှည်းပေါ်တွင် မီးသွေးအိတ် တစ်အိတ်သာပါသည်။ ထိုမီးသွေးအိတ်ပေါ်တွင် စာကြောင်းကြောင်း ရေး ထားသေး၏ ။

သို့ သော် ရုတ်တရက်ကြည့်လျှင် တံဆိပ်လိုလိုဘာလိုလိုနှင့် ကွဲကွဲပြားပြားမသိချေ။ သေချာ ကြည့်မှသာ စာရေး ထားမှန်းသိနိုင်သည်။

‘ဟဲ့. . . ဘယ်သူလဲ’

ခြံစောင့်နှစ် ယောက် နှင့် ငမျက်စိတို့ တွန်းလှည်းနှင့် ၀င်လာစဉ် ခက်ထန်ထန်အသံတစ်သံ ကိုကြားလိုက်ရသည်။ ထိုအသံကိုကြားတော့ ခြံစောင့်နှစ် ယောက် သတိဆွဲပြီးသား ဖြစ်သွားသည်။

ငမျက်စိက ဒေါ်ခင်မကြီးအသံမှန်း သိလိုက်သည်။ ထို့ကြောင့် အသံလာရာကြည့်လိုက် တော့ တံခါးဝတွင် လူသုံးယောက် ရပ်နေသည်ကို မှု န်တိမှု န်ဝါးတွေ့ ရ၏ ။

ပြူးတူးပြဲတဲကြည့်လိုက်တော့ ဒေါ်ခင်မကြီး၊ ဦးဘတင်နဲ့ သူတို့သမီး လပြည့်ချိုတို့ ဖြစ်မှန်း ရိပ်မိလိုက်သည်။ အပြင်သွားခါနီး လည်း ဖြစ်ပုံရသည်။

‘မီးသွေးလာပို့တာတဲ့. . . မမကြီး’

ခြံစောင့် တစ်ယောက် က လှမ်းဖြေသည်။ တစ်ချိန်တည်းဆိုသလိုပင် ငမျက်စိကလည်း မီးသွေးလှည်းကို သူတို့ရှေ့သို့ ခက်သွက်သွက်လေးတွန်းသွားလိုက်သည်။

‘ဟဲ့. . . ဟဲ့ ဘယ်သူက မှာ လို့တုန်း’

‘ဒီအိမ်ကပဲ လာမှာ သွားတာပါ’

ငမျက်စိက ပြန်ဖြေသည်။

‘မမှာ ပါဘူး. . . ဘယ်သူက မှာ လို့လဲ. . .သြော် နေဦး. . . ဟဲ့ မိစန်းကိုသွားခေါ်စမ်း သူတို့ပဲ မှာ ထားသလားလို့’

ခြံစောင့် တစ်ယောက် က ပျာပျာသလဲ ထွက်သွားသည်။

ငမျက်စိလည်း တွန်းလည်းကို လက်ထောက်ရင်း စောင့်နေသည်။ ပြီး . . . မီးသွေးအိတ်ကို ငေးနေသည်။ ထို့နောက်မှ မီးသွေးအိတ်ပေါ်က စာတန်းတွေ ကို အခုမှတွေ့ သည့်အလား ဆက်ကနဲ ပြူးကြည့်ရင်း. . .

‘ဟာ. . . မိးသွေးအိတ်ပေါ်မျာ ဘယ်ကောင်တွေ လက်ကမြင်းသွားလဲ မသိဘူး’

ဒေါ်ခင်မကြီးက မသိမသာ စောင်းငှဲ့ကြည့်၏ ။ ထို့နောက် မျက်နှာထားခပ်တင်းတင်းနဲ့ ပြန် လှည့်သွားသည်။ ဦးဘတင် ကတော့ လှည့်မကြည့်ချေ။

ငမျက်စိ ညည်းညူသံကြောင့် လပြည့်ချိုက မီးသွေးအိတ်ကို ကြည့်လိုက်သည်။

‘အို’

ဟု ယောင်ထွက်သွားသည်။ သို့ သော် မည် သူမျှ သတိမထားမိ။

ရင်ထဲမှာ ပျော်ရွှင်လှိုင်းခတ်သွားသည်။

ဒေါ်ခင်မကြီးက ကျောခိုင်းထား၏ ။

ထို့ကြောင့် သွယ်လတ်ခက မီးသွေးအိတ်ပေါ်က စာကိုသေချာထပ်ဖတ်သည်။

‘သေချာပါတယ်’ ဟုလည်း စိတ်ထဲက ပြောလိုက်သေးသည်။

ထိုအချိန်တွင် ခုနက ခြံစောင့်နှင့် အတူ မိန်းမကြီး တစ်ယောက် လာလေသည်။

‘ဒီမီးသွေးအိတ်ကို နင်တို့မှာ ထားတာလား မိစန်း’

အခုတလော ဒေါ်ခင်မကြီး မအား၍ မိစန်းတို့ကို ဈေးတာဝန်များ ခိုင်းထားရသည်။ ထို့ကြောင့် သူမသိတုန်းများ မှာ ထားသလားဟု မေးခြင်း ဖြစ်သည်။

‘မ. . . မမှာ ထားပါဘူး. . . မမကြီး’

အမျိုးသမီးကြီးက မရဲတရဲဖြေသည်။ ဒေါ်ခင်မကြီးက ငမျက်စိဘက်သို့ ပြန်လှည့်ပြီး. . .

‘ဘယ်သူက မှာ တယ်ပြောလို့ လာပို့ရတာ လဲ’

ငမျက်စိ ဖြေမလို့ ပြင်လိုက်စဉ်မှာ ပင်. . .

‘ဟာ. . . ညီလေး၊ အိမ်မှားနေပြီ ကိုကြီးတို့ပို့ရမှာ က ဒီအိမ်မဟုတ်ဘူး’

ငနား၏ အသံကြားလိုက်ရသည်။ အသံလာရာသို့ အားလုံးလှမ်းကြည့်လိုက်၏ ။ ခြံတံခါး ဖွင့်ထားဆဲ ဖြစ်သော ကြောင့် ခြံထဲသို့ ငနားဝင်လာသည်ကို တွေ့ ရသည်။

‘ညီလေး. . . ကိုကြီးတို့ပို့ရမှာ ဒီအိမ်မဟုတ်ဘူး’

‘ဟာ. . . ကိုကြီးပဲ အိမ်နံပါတ် (၃၃) ဆို’

ဒေါ်ခင်မကြီးက . . .

‘ဟဲ့. . . တို့အိမ်က အိမ်နံပါတ် (၄၄) ဟဲ့. . . တကတည်း ဘယ်လိုမှန်းကို မသိဘူး’

ငနားက ဒေါ်ခင်မကြီးကို ကြည့်လိုက်ပြီး. . .

‘တောင်းပန်ပါတယ် ခင်ဗျာ. . . ကျွန်တော့်ညီလေးက မျက်စိမှု န်နေလို့ပါ’

ဒေါ်ခင်မကြီးက ရှုသိုးသိုးဖြင့် ပြန်ကြည့်သည်။ ထို့နောက် ဆက်ကနဲ့လှည့်လိုက်ပြီး. . .

‘ရှုပ်ရှုပ်ယှက်ယှက်. . . အလုပ်ပျက်လိုက်တာ. . . ဘယ်လိုလူတွေ မှန်း မသိဘူး’

ပြောပြောဆိုဆို အိမ်ထဲဝင်သွားသည်။

ဦးဘ၀င်းက ဒုတိယလိုက်ဝင်သွားသည်။ လပြည့်ချိုက အထဲမ၀င်သေးခင် မီးသွေးအိတ်ကို တစ်ခေါက်ကြည့်လိုက်၏ ။

‘သမီး. . . ဘာလုပ်နေတာလဲ လာလေ’

သူ့အမေအော်သံကြားမှ အိမ်ထဲသို့ ပြေးဝင်သွားသည်။

ငနားနဲ့ ငမျက်စိတို့ ခြံထဲမှအထွက် ခြံစောင့်နှစ် ယောက် နှင့် ဘုကြည့်ကြည့်ကြသေးသည်။

ဒေါ်ခင်မကြီး အိမ်နှင့် ခပ်ဝေးဝေးရောက်တော့ ငနားက. . .

‘မီးသွေးအိတ်ပေါ်က စာကို ကောင်မလေးကြည့်သွားတယ်ကွ’

‘သေချာလို့လား အစ်ကိုရဲ့ ’

‘သြော်. . . ငါ့ရှေ့မှာ ကြည့်သွားတဲ့ဟာကို. . . ငါက နားပဲလေးတာနော်. . . မျက်စိမမှု န် ဘူး’

‘ဒါဆို. . . အခုကိစ္စအောင်မြင်တာပေါ့’

‘ရှူး. . . တိုးတိုးပြောပါကွ. . . မင်းကလည်း’

‘အစ်ကို မကြားမှာ စိုးလို့ပါ’

‘ကြားပါတယ်ကွ’

နှစ် ယောက် သား ပြောစရာစကားမရှိတော့ဘဲ တိတ်ဆိတ်သွားသည်။

ခဏကြာတော့ ငမျက်စိက ရုတ်တရက်သတိရသဖြင့်

‘အစ်ကိုကြီး’

ငနားက မကြားချေ။ သူ့အတွေးနှင့် သူ မျောနေပုံရသည်။

‘အစ်ကိုကြီး’

ထပ်မေးတော့မှ ကြားသည်။

‘ဘာလဲ’

‘မီးသွေးအိတ်ပေါ်မှာ ဘာရေး ထားတာလဲ သိချင်လို့ပါ. . . ကျွန်တော် သိပ်မမြင်ရဘူး. . . ၊ မှု န်တိမှု န်ဝါး ဖြစ်နေတယ်’

ငမျက်စိ ခပ်ကျယ်ကျယ်လေးအော်ပြောသည်။

‘တိုးတိုးပြောပါဟ. . . ကြားပါတယ်. . . ဘာလဲ မီးသွေးအိတ်ပေါ်က စာ. . . ဟုတ်လား’

‘အင်း’

ငနားက မီးသွေးအိတ်ကို ကြည့်လိုက်သည်။ ထို့နောက်

‘ကဗျာတွေ ရေး ထားတာကွ’

‘ကဗျာ. . . ဟုတ်လား’

‘အေး’

‘ဖတ်ပြပါလား အစ်ကိုကြီး’

ငနားက ကဗျာကို အသံထွက်ဖတ်ပြသည်။

သို့

ဆွေးရပြီလေ

ပဝေသနက်၊ ရှေးရေစက်က

မောင့်အတွက် မကူညီတကား. . . ။

‘ဘာအဓိပ္ပာယ်လဲ အစ်ကိုကြီး’

‘ဟ. . . လွမ်းလို့ ရေး ပေးလိုက်တဲ့ ကဗျာ ဖြစ်မှာ ပေါ့’

‘ကဗျာက တစ်မျိုးကြီးပဲနော်’

‘မျိုးချင်ရင် ဟိုရောက်မှပဲ မျိုးတော့. . . ဟိုမှာ မင်းနေတို့ စောင့်နေတယ်’

ငမျက်စိလည်း ဆက်မမေးတော့ဘဲ လှည်းကို ခပ်သွက်သွက်လေးတွန်းလိုက်သည်။



(၆)

မြို့၏ အနောက်ဖက်ဆုံးရေကန်နားတွင် ဖြစ်သည်။ အရိပ်ရသစ်ပင်ကြီးများ အစီအရီပေါက် နေကြ၏ ။

အရွက်တို့မှာ ပါးလျစပြုနေသည်။ သို့သော် အရိပ်ကောင်းစွာ ရနေသေး၏ ။ လောကဓံကို ခံခဲ့ရ၍ လားမသိ။ အချို့သစ်ပင်များ မှာ အရိုးအပြိုင်းပြိုင်းထနေသည်။

မင်းနေ တစ်ချက်လှည့်ကြည့်လိုက်သည်။ အုန်းမောင်၊ မောင်မြင့်နှင့် မီးသွေးဆိုင်ကိုသန့်စင် တို့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်၊ လမ်းမဖက်သို့ လှမ်းကြည့်လိုက်နှင့် ဂဏာမငြိမ် ဖြစ် နေသည်။

သူ သက်ပြင်းဖွဖွလေး ရှိုက်လိုက်သည်။ အခုမှ ခင်ရပေမယ့်လည်း ငယ်ပေါင်းတွေ လို ဖြစ် နေကြမှန်း သူသိနေသည်။

လမ်းမဖက်သို့ တစ်ချက်ကြည့်လိုက်သည်။ ညီအစ်ကိုနှစ် ယောက် ၏ အရိပ်အယောင်ပင် မတွေ့ ရသေး။

အဆင်ပြေပါ့မလားဟူသည့် အတွေးကလည်း ၀င်လာသည်။

ထို့နောက် အနား၌ ရှိသော တုတ်ချောင်းကိုကောက်ကိုင်လိုက်ပြီး မြေပြင်ပေါ်တွင် တစ်စုံ တစ်ခု ရေး ခြစ်နေမိသည်။

‘လ’

နွေးထွေးသွားသလို ခံစားလိုက်ရသည်။ တကယ်တော့. . . ကိုယ့်ချစ်သူရဲ့ ပတ်သက်သမျှ အရာအားလုံးဟာ နွေးထွေးစရာတွေ ကြီးပဲ မဟုတ်ပါလား. . . ။

အချစ်ဆိုတာ ဘာမှန်းမသိတဲ့အရာ ဖြစ်ပေမယ့်. . . ခံစားလို့ရပါတယ်. . . ။

‘ဟော. . . ဟိုကောင်တွေ လား မသိဘူး’

မောင်မြင့်အသံကြောင့် မင်းနေ လမ်းမဖက်သို့ ကြည့်မိသည်။

‘ဟေး’

ဟူသော အသံနှင့် အတူ တွန်းလှည်းကို ဒုန်းဆိုင်းတွန်းလာသော ညီအစ်ကိုနှစ် ယောက် ကို တွေ့ ရသည်။

သူတို့ပုံစံကြည့်ကတည်းက အဆင်ပြေခဲ့မှန်း မင်းနေသိလိုက်သည်။ ပျော်လည်း ပျော်သွား သည်။

ထို့နောက် မြေပြင်ပေါ်တွင် ရေး ထားသော ချစ်သူနာမည် ကို တစ်ချက်ကြည့်လိုက်သည်။

အချစ်ရေ. . . တကယ်တော့ ကိုယ်တို့နီးဖို့ သိပ်မလိုတော့ဘူး. . . ။

‘အဆင်ပြေခဲ့ရဲ့ လား’

ညီအစ်ကိုနှစ် ယောက် ရောက်ရောက်ခြင်း အုန်းမောင်က မေးလိုက်သည်။

ငမျက်စိက. . .

‘ပြေတာမှ အကုန်ပြေ. . . ဒိုင်ယာလော့စ်တွ. . . အိုက်တင်တွေ အပြည့်. . . အပြည့်ပဲဟေ့. . . ကိုမင်းနေပြောတဲ့ အတိုင်းလုပ်လိုက်တာ ကွက်တိပဲ’

မောင်မြင့်က. . .

‘ဟာ. . . ဒါဆိုမိတာပေါ့ကွ’

‘ဟာကွာ. . . မင်းတို့ကလည်း ဒီလူနဲ့ဒီလူ ကျေးဇူးတင်စရာမလိုပါဘူး’

ငနားက ၀င်ပြောခြင်း ဖြစ်သည်။ သူ့စကားကို မည် သူမျှ မပြင်ပေြး ကတော့ဘဲ ပြုံး၍ သာ ကြည့်နေကြသည်။ ထို့နောက် မင်းနေဖက်လှည့်လိုက်ပြီး. . .

‘မင်းနေ. . . ဘယ်လိုလဲ’

ဟု မေးလိုက်သည်။

မင်းနေက ဘာမှပြန်မပြောသေးဘဲ လက်မောင်းက ကြွက်သားတွေ ကို ကာယဗလမောင် ညှစ်သလို ညှစ်ပြလိုက်သည်။

‘ဘာလဲဟ. . . မင်းဟာက. . .’

အားလုံးက ပြူးတူးကြောင်တောင်ကြည့်ရင်း မေး၏ ။

မင်းနေက. . .

‘မင်းတို့စကားကြားရတာ အားရှိလိုက်တာလို့ ပြောတာပါ’

‘ဟာ. . . မင်း ကတော့ လုပ်တော့မယ်’

ငနားက ဘုမသိဘမသိ ရယ်လေသည်။ သူ့ကိုကြည့်ပြီးတော့ အားလုံးက ရယ်ကြပြန် သည်။

ပြီးတော့ မြေကြီးပေါ်သို့ သက်တောင့်သက်သာ ထိုင်လိုက်ကြသည်။

နေမင်းကြီးက ရက်ရက်စက်စက် ပူနေသော်လည်း သူတို့ထိုင်နေတဲ့ သစ်ပင်အောက်မှာ အေးမြနေသည်။

ကန်ရေပြင်က တံလျှပ်များ ကလည်း တလက်လက်ထနေ၏ ။

‘ကဲ. . . ဘယ်လို ဖြစ်လဲပြောကြပါဦး’

မင်းနေက ငနားတို့ညီအစ်ကိုနှစ် ယောက် ကို မေးလိုက်သည်။

ထို့နောက် ငနားနှင့် ငမျက်စိတို့၏ တစ်ယောက် တစ်လှည့်ပြောသံများ ကြောင့် သူတို့စကား ၀ိုင်းမှာ စိုပြေသွားလေသည်။

အားလုံးပြောပြီးသော အခါ ငမျက်စိက. . .

‘ကိုမင်းနေ. . . ကျွန်တော့် ကို မီးသွေးအိတ်ပေါ်က ကဗျာအကြောင်း ရှင်းပြပါဦး’

‘ဟာ. . . ကဗျာအကြောင်တင် ဘယ်ဟုတ်ဦးမလဲ၊ ဒီနေ့လုပ်တဲ့ကိစ္စတွေ ဟာ ဘာအဓိပ္ပာယ်လဲဆိုတာကို ဒီကောင်ရှင်းပြရဦးမယ်’

မီးသွေးဆိုင်ကိုသန့်စင်က ငမျက်စိစကားကို ဖြည့်ပေးလေသည်။

ငနားက ငမျက်စိကို တံတောင်နှင့် တွတ်၏ ။ သူမကြားဖူးဆိုသည့်သဘော. . . ။

ငမျက်စိက ခပ်ကျယ်ကျယ်လေး ပြန်ပြောပြရသည်။ အားလုံးဝိုင်းရယ်ကြ၏ ။ မင်းနေက -

‘အင်း. . . ဘယ်ဟာက စပြောရမလဲ’

‘ကဗျာက စပြောဗျာ’

ငမျက်စိက ၀င်ပြောသည်။

ထို့နောက် မင်းနေက မြေပြင်ပေါ်တွင် ရေး ထားသော နာမည် ကို တုတ်ကလေးနှင့် ထပ်ပြီး ရေး လိုက်သည်။

အားလုံးကလည်း သူရေး တဲ့ဆီကို ကြည့်မိကြသည်။

ပြီးတော့ သက်ပြင်းဖွဖွလေးရှိုက်မိကြ၏ ။ အုန်းမောင်က

‘မင်းနေ. . . ငါတို့ကို မင်းတို့နှစ် ယောက် စကြိုက်ခဲ့တဲ့အကြောင်းက စပြောပါလား’

မင်းနေ ဆက်ကနဲလှည့်ကြည့်သည်။ မောင်မြင့်က

‘ဟုတ်တယ်. . . မင်းနေ. . . ပြောမယ့်အတူတူ အစကပဲပြောလိုက်တာကောင်းတယ်. . . ငါတို့နားထောင်ချင်လို့ပါ’

အခြားသူများ ကလည်း ‘ဟုတ်တယ်’ ဟု ထောက်ခံကြသည်။

မင်းနေက သူ့အကြည့်တွေ ကို လမ်းမဆီသို့ ရွှေ့လိုက်သ်။

သစ်ပင်ပေါ်က ငှက်ကလေးက လွမ်းလွမ်းဆွေးဆွေးနှင့် အော်နေ၏ ။

ဤသို့ဖြင့် . . .

အိမ်မက်တွေ ဖရိုဖရဲ

ကောင်ကင်းတွေ ပြိုကျ

ကြယ်တကာရာ လင်းလက်

အလွမ်းတွေ ဆွမ်းခံရင်း ငှက်သင့်

အဲဒီ လို. . .

မပြောတတ်ပေမယ့်လည်း အချစ်ရယ်

တကယ်တော့. . .

သိပ်သတိရတာ ပဲ. . . ။

[A]

ကောင်လေး တစ်ယောက် က ကောင်မလေး တစ်ယောက် ကို ရည်းစားစကားလိုက်ပြောနေ သည်။

ကောင်မလေးက ပုံမှန်ဖြေးဖြေးလေးလျှောက်နေပြီး ကောင်လေးက ဘေးချင်းယှဉ်လျှက် လိုက်ပြောနေခြင်း ဖြစ်၏ ။

ကောင်လေးက -

‘မင်းလေးဟာလေ. . . ကိုယ့်ရဲ့ နတ်သမီးလေးပဲ သိလား’

ထိုစကားကိုကြားတော့ ကောင်မလးက ကောင်လေးကို ဆတ်ကနဲကြည့်ပြီး. . .

‘နေစမ်းပါဦး’

‘အင်း. . . ပြောလေ’

‘ကျွန်မတို့ မြန်မာနတ်တွေ ထဲမှာ အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်းဆိုတာရှိတယ်. . . အဲဒီ ထဲမှာ ဘယ်နတ်ရဲ့ သမီးကိုပြောတာလဲ’

‘အင်’

ကောင်လေးကြောင်သွားသည်။ နောက်တော့မှ တစ်စုံရယ် တစ်ခုရယ်ကို သတ်ရသွား ပြီး. . .

‘မဟုတ်ပါဘူးကွာ. . . ကိုယ့်ရင်ထဲက ပေါက်ဖွားလာတဲ့ အချစ်နတ်သမီးလေးကို ပြောတာပါ’

‘တော် လိုက်တဲ့ ငါ’ ဟု ကောင်လေးက ကိုယ့်ကိုကိုယ် တွေးလိုက်သည်။

ကောင်မလေးက လမ်းသွားနေရင်းမှ ဆက်ကနဲ ရပ်လိုက်သည်။ ထို့နောက် ကောင်းလေး ကို သေချာကြည့်လိုက်ပြီး. . .

‘ဒီမှာ . . . ကျွန်မတို့ မြန်မာတွေ မှာ စကားတစ်ခွန်းရှိတယ်. . . ယောက်ျားလေးသည် သား ကျွေးမှု ၊ မယားကျွေးမှု ပြုရ၏ ။ မိန်းကလေးသည် သွားမွေးမှု ပြုရ၏ တဲ့. . . ရှင်ကပဲ ရာရာစစ ယောက်ျားလေးကပဲ သမီးလေးမွေးရတယ်လို့. . . မြန်မာစကားကို တလွဲတချော် ဖြစ်အောင် မလုပ် စမ်းပါနဲ့ရှင်’

‘အဲ. . . ဟို. . . ဟိုဒင်းလေ. . . ကို. . . ကိုယ်က. . . တင်. . . တင်စားပြီး ပြောတာပါ’

‘အမလေး. . . ယုတ်ပတ်လိုက်တာ’

ကောင်လေးမှာ ဘာပြောရမှန်း မသိတော့. . . ။ ကောင်လေးငေးငိုင်နေတုန်းမှာ ပဲ ကောင်မ လေးက ကောင်လေးကို မသတီသလိုကြည့်ပြီး ဇတ်တောက်ဇတ်တောက်နှင့် ထွက်သွားလေ သည်။



[B]

‘ဟား. . . ဟား. . . ဟား’

‘အေး. . . အေး. . . မင်းတို့ပဲ. . . ရီ၊ ငါ့မှာ တော့လေ. . . ဘာပြောလို့ ပြောရမှန်းတောင် မသိဘူး’

‘နေစမ်းပါဦး. . . မင်းကကော တင်,စားပြီးသွားပြောလို့လား’

‘ဟာ. . . မင်းကြီးတော် ထဲမှပဲ’

မင်းနေတို့ ၀ိုင်းရယ်ကြသည်။ ကျော်သိန်းက သူရည်းစားစကားလိုက်ပြောတဲ့ အကြောင်း ကိုပြန်ပြောပြနေခြင်း ဖြစ်သည်။

မင်းနေ၊ မိုးဇော်နှင့် ဝေထွန်းတို့က တဟားဟားနှင့် နားထောင်နေသည်။ လက်ဖက်ရည် ဆိုင်ထဲမှာ လူရှင်းနေတာကြောင့် ဆိုင်ထဲမှာ သူတို့တွေ ပဲရှိနေတယ်။

‘အဲဒါနဲ့ မင်းက ဆက်ကြိုးစားမယ်ပေါ’

ဝေထွန်းက မေးသည်။

‘တော် ပါပြီကွာ. . . တော် ပါပြီ. . . စကားလုံးတွေ ကို ကြောက်လွန်းလို့ပါ’

သူတို့ ရယ်မိကြပြန်သည်။ ထို့နောက် မင်းနေက. . .

‘အဲ. . . ကောင်မလေးက ဘယ်သူလဲ’

‘ဘာလဲ. . . မင်းက စိတ်ဝင်စားလို့လား’

‘မဟုတ်သေးပါဘူး. . . သဘောကျလို့ပါ’

‘အင်း. . . မင်း ကတော့ လုပ်တာ့မယ်. . . ဘာပဲပြောပြော အဲဒီ ကောင်မလေးက မင်းနဲ့မှ ကီးကိုက်မယ်ထင်တယ်’

‘ဘာ ဖြစ်လို့လဲ’

‘ဟ. . . မင်းကလည်း ပေါက်ပေါက်ရှာရှာပြောတာကိုး’

‘ကဲ. . . ပြောပါဦး. . . အဲဒီ ကောင်မလေးက ဘယ်သူလဲလို့’

‘သူက ဒီမြို့က မဟုတ်ဘူး. . . တစ်ခြားမြို့က. . . အခုဒီမှာ . . . သူ့အဒေါ်ဆီ ခဏလာနေ တာ’

‘ငါ့ နောက်နေ့ပြစမ်းပါ’

‘နောက်နေ့ ပြစရာတောင်မလိုဘူး. . . ခဏကြာရင် ဒီကနေဖြတ်ပြီး ဈေးကိုသွားလိမ့်မယ်’

‘အလဲ့. . . သိလှချည်လား’

‘စုံစမ်းထားတာကို. . . ဒါနဲ့ နေပါဦး. . . မင်းက စိတ်ဝင်စားလို့လား’

‘ရော. . . ပြောပြီးပကော၊ စကားပြောတာ သဘောကျလို့ပါဆိုနေ’

‘စကားပြောတင်မဟုတ်ဘူး. . . ရုပ်ကလေးကပါ ချောတာ. . . အင်း. . . ဘယ်လိုပြော ရမလဲဆိုရင်. . .’

ကျော်သိန်းက စဉ်းစားနေသည်။ မင်းနေက ကြားကဖြတ်ပြီး. . .

‘ဦးမောင်တင့် မိန်းမလောက်ချောလား’

‘အင်း. . . ချော. . . နေစမ်းပါဦး. . . ဘယ်က ဦးမောင်တင့်လဲ’

‘သြော်. . . ဒါလေးတောင်မသိဘူးလား၊ ကိုရွှေထူး ကာတွန်းထဲက ဦးမောင်တင့်ရဲ့ မိန်းမ မချိုကို ပြောတာလေ’

‘ဟာ. . . မင်းကလေည်း. . . သာတယ်ဟေ့. . . သာတယ်. . . ဆယ်ဆမက သာတယ်’

ကျော်သိန်းက ဒေါနဲ့မောနဲ့ ပြောသည်။ သူတို့က တဟားဟားနဲ့ ၀ိုင်းရယ်ကြပြန်သည်။

ထို့နောက် ထိုအကြောင်း ဒီအကြာင်းရောက်သွားကြသည်။ လက်ဖက်ရည်ဆိုင်မှာ လည်း လူများ ပြည့်လာ၏ ။

စကားပြောသံများ ကလည်း ကျယ်လောင်လာသည်။ မင်းနေတို့ဝိုင်းက အကျယ်လောင်ဆုံး ဟုထင်ရသည်။ သို့သော် ကိစ္စမရှိ။ ဒီဆိုင်နှင့် ဒီလူများ မှ သူတို့၏ အသိများ ပင် ဖြစ်သည်။

ထိုစဉ်. . .

‘ဟာ. . . ဟိုမှာ . . . လာနေပြီ. . . လာနေပြီ’

ကျော်သိန်းက လမ်းမဖက်သို့ လက်ညှိုးတစ်ထိုးထိုးနှင့် ပြောလေ၏ ။ ကျန်တဲ့သူများ က ကြည့်လိုက်ကြသည်။ မင်းနေက လမ်းကိုကျောပေးပြီး ထိုင်နေတဲ့အတွက် ဖြည်းဖြည်းခြင်း လှည့် ကြည့်ရ၏ ။

ပန်းနဲ့ထုဆစ်ထားတဲ့ နတ်သမီးတစ်ပါးကို တွေ့ လိုက်ရ၏ ။



[C]

‘မင်း အဲဒီ ကောင်မလေးကို မကြိုက်တော့တာ သေချာတယ်နော်’

မင်းနေက သေချာအောင်ထပ်မေး၏ ။

‘အေး. . . မကြိုက်တော့ပါဘူး’

‘သေချာတယ်နော်’

‘အေးပါဆို၊ ဒါနဲ့မင်းက. . .’

‘ဟဲ. . .ဟဲ. . . ချစ်လို့ပေါ့ကွ’

‘မင်းချစ်ရင်လည်း မြန်မြန်လိုက်ကွာ၊ ကောင်မလေးက ပြန်တော့မယ် အသံကြားရတယ်’

‘ဘယ်ကြားထဲကလဲ’

‘ဘာ’

သုံးယောက် သား အူကြောင်ကြောင် ဖြစ်သွားသည်။

‘သြော်. . . ဘယ်ကြားထဲက အသံကြားရတလဲလို့ . . . မင်းပဲ အသံကြားရတယ်ဆို’

‘ရော်. . . ခက်ပြီ. . . သူ့အဒေါ်နဲ့သိတဲ့ ငါ့အဒေါ်က ပြောနေသံကြားရတာ ဟေ့’

‘သြော်’

‘ငါတစ်ခုလောက်မေးချင်တယ် မင်းနေ’

မိုးဇော် ၀င်မေးခြင်း ဖြစ်သည်။

‘ပြောလေ. . . မေလေး’

မိုးဇော် တွန့်သွားသည်။

‘ငါ့. . . ငါ့နာမည် မိုးဇော်ပါကွ’

‘ဟုတ်ပါတယ်. . . မင်းနာမည် မိုးဇော်. . . ယောက်ျားကြီး. . . ငါသိသားပဲ. . . ၊ ဘာ ဖြစ် လို့လဲ’

‘မင်းပဲ. . . ‘မေလေး’ ဆို’

‘ဟာ. . . မေလေးဆိုတာ မေးလေလို့ပြောတာ. . . ဒုံးဝေပ’

‘သြော်. . . အေး. . . ကြောင်သွားလို့. . . ငါ. . . ဘာမေးမလို့ပါလိမ့်. . . အဲ. . . ဟို. . . မင်း. . . ကောင်မလေးကို တကယ်ချစ်ရဲ့ လားလို့’

မင်းနေက မိုးဇော်ကို ကြည့်လိုက်သည်။ ထို့နောက် ‘၀ုန်း’ ကနဲ မတ်တပ်ရပ်သည်။ သုံးယောက် သား မင်းနေကို ပြူးတူးကြောင်တောင်နှင့် ကြည့်ရင်း. . .

‘ဘာ. . . ဘာ ဖြစ်လို့လဲ မင်းနေ. . . ငါ. . . ငါ. . . မေးတာ မှားသွားလို့လား’

မင်းနေက ဘာမှမဖြေသေးဘဲ ကောင်တာဆီသို့ ဦးတည်လျှောက်သွားသည်။ ကောင်တာမှ ဘကြီးငြိမ်းက သူ့ကို တစ်ချက်ကြည့်၏ ။

‘ဘကြီးငြိမ်း’

‘ဟေ’

‘သွားကြားထိုးတံတစ်ချောင်းလောက်’

သွားကြားထိုးတံယူပြီးတော့ ပြန်လာထိုင်သည်။ သုံးယောက် စလုံး ကတော့ မင်းနေလုပ်သမျှ ကို ငေးကြည့်နေသည်။

မင်းနေက ခုံမှာ ထိုင်ပြီးနောက် သွားကြားထိုးတံနှင့် ငေါက်ငေါက်ထိုးကာ

‘ဒီမှာ ’

သုံးယောက် စလုံး မင်းနေထိုးပြသော သွားကြားထိုးတံကိုကြည့်ပြီး ကြောင်စီစီ ဖြစ်သွား သည်။ ထို့နောက်မှ သတိရသွားပြီး

‘သြော်. . . အေး. . . ချွန်သားပဲ’

‘ဘာချွန်တာလဲ’

‘သွားကြားထိုးတံချွန်တာလေ. . . မဟုတ်ဘူးလား’

‘အဲဒါတော့ ဟုတ်တာပေါ. . . ငါက မင်းတို့ကို စကားစပြောမလို့ ‘ဒီမှာ ’ လို့စကားစတာ’

‘. . . . . မသိပါဘူး၊ သွားကြားထိုးတံပြတယ်အောက်မေ့လို့. . . နေစမ်းပါဦး. . . ငါမေး လိုက်တာနဲ့ မင်းက သွားကြားထိုးတံကို ဘာကြောင့် အလောတကြီး သွားယူရတာ လဲ’

‘မုန့်စားရင်း သွားကြားညှပ်လို့ပေါ့ကွ’

‘ဟင်. . . ငါတို့မှာ တော့ ဘာများ ဖြစ်သွားလဲလို့’

မင်းနေက သွားကြားထိုးနေလိုက်သည်။ ဝေထွန်းက

‘ဟေ့ကောင်. . . ငါတို့မေးထားတာ ဖြေဦးလေ’

မင်းနေက သွားကြားထိုးတံကို လွှင့်ပစ်လိုက်သည်။ ထို့နောက်သူငယ်ချင်းသုံးယောက် ဖက် လှည့်လိုက်ပြီး. . .

‘ဒီမှာ . . . ဟေ့ကောင်တွေ ငါ့အချစ်က အခုလွှင့်ပစ်လိုက်တဲ့ သွားကြားထိုးတံလိုပဲကွ’

‘ဘာဆိုင်လို့လဲ’

‘ဆိုင်ဆိုင် မဆိုင်မဆိုင်တော့မသိဘူး. . . ငါ့အချစ်က တစ်ခါပဲသုံးလို့ရတယ်. . . ၊ တစ် ယောက် တည်းပဲ ချစ်တယ်ဆိုတဲ့ သဘောပေါ့’

သုံးယောက် စလုံး ငြိမ်သွားသည်။ မင်းနေက သူ့ရှေ့မှာ ရှိနေသော ယိုပါတဲ့မုန့်ကို ကောက် ယူလိုက်သည်။ ပြီး. . .

‘ဒီမုန့်ထဲမှာ ဘာပါလဲ’

‘ယိုပါတယ်လေ’

‘မြင်ရောမြင်ရလား’

‘ဟာ. . . ဘယ်မြင်ရမလဲ’

‘ယိုပါတယ်ဆိုတာရော ယုံတယ်ပေါ့’

‘ဟ. . . ဒီမုန့်ကို နေ့တိုင်းစားနေကျပဲဟာ အထဲမှာ ဘာပါလဲ သိတာပေါ့’

‘အေး. . . အဲဒီ လိုပဲ. . . ငါ့အချစ်တွေ ကို မင်းတို့မြင်ရမှာ မဟုတ်ဘူး. . . ဒါပေမဲ့ ရှိနေတယ် လို့တော့ ယုံရလိမ့်မယ်’

ထို့နောက် မင်းနေက မုန့်ကို ခွဲလိုကသည်။ မုန့်ထဲမှ ယိုများ ထွက်လာ၏ ။ ပြီး. . . မုန့်နှစ် ခြမ်း ကို လက်တစ်ဖက်စီကိုင်လိုက်ကာ. . .

‘အကယ်၍ များ ငါ့အချစ်တွေ ကို မြင်ချင်တယ်ဆိုရင်တော့. . . ဒီမုန့်လိုပဲ ငါ့ရင်ကို နှစ် ခြမ်းခွဲ ပြီးမှ တွေ့ ရလိမ့်မယ်’

မင်းနေ အတည်ပြောနေမှန်း သူတို့သိလိုက်ကြသည်။

မင်းနေက မုန့်နှစ် ခြမ်းကို ပြန်ချသည်။ ထို့နောက် မိနစ်အနည်းငယ်လောက် သူတို့တွေ ငြိမ်း သက်သွားသည်။

မည် သူမျှ စကားမဆိုမိကြ။ ခဏကြာတော့မှ မင်းနေက. . .

‘ဒါနဲ့ . . . ကောင်မလေး နာမည် က’

‘လပြည့်ချိုတဲ့’

‘သြော်’

ဟု ရေရွတ်လိုက်ပြီး ရေနွေးခွက်ထဲမှ ရေနွေးအေးအေးလေးကို လက်ညှိုးနှင့် နှစ် ယူလိုက် ကာ ခုံပေါ်တွင်

‘လပြည့်ချို’

ဟု ရေး လိုက်လေသည်။ ပြီးနောက်. . .

‘သူ့အဒေါ်နာမည် က ဘယ်သူလဲကွ’

‘ဒေါ်ပုဆွေလို့တော့ ပြောတာပဲ’



[D]

မင်းနေရင်ခုန်နေသည်။ မနေ့ ကတော့ မခုန်ဘူးလားဆိုတော့လည်း မဟုတ်ပါ။ ဒီနေ့မှ ထူးထူးခြားခြား တဒိတ်ဒိတ်နှင့် ရင်ခုန်နေသည်။

ကောင်မလေးနှင့် စကားပြောရတော့မည် ။ မြှောက်ပြောတာတော့ မဟုတ်ပါဘူး. . . ဒီနေ့မှ ကောင်းကင်ကြီးက တယ်သာယာလှပါလား. . . ။

လပြည့်ချို ဒီလမ်းကလာလိမ့်မည် ဟု မင်းနေသိထားသည်။ ထို့ကြောင့် လာစောင့်နေခြင်း ဖြစ်သည်။

သူ တစ်ယောက် တည်း ဖြစ်၏ ။

ထိုစဉ် မှု န်ဝါးဝါး ပုံရိပ်လေးတစ်ခုက အဝေးမှလာနေသည်။ ကောင်မလေးမှန်း မင်းနေသိ လိုက်သည်။ ထို့ကြေင့် ဘေးနားမှာ ရှိသော လမ်းအချိုးကွေ့လေးသို့ ၀င်လိုက်ပြီး ပုန်းနေလိုက်၏ ။

ခဏကြာတော့ သူ့ကို လပြည့်ချိုကျော်သွားသော အခါ ပုန်းနေရာမှ ထွက်လိုက်၏ ။ ပြီး. . . လပြည့်ချိုနောက်သို့ ခပ်သွက်သွက်လေး ပြေးသွားလိုက်သည်။

‘ဒီမှာ . . . ဒီမှာ ’

လပြည့်ချိုက လှည့်ကြည့်သည်။ ယောက်ျားလေး တစ်ယောက် မှန်းသိသွား၍ ဆက်ကနဲပြန် လှည့်ပြီး ခပ်သွက်သွက်ကလေး လျှောက်၏ ။

‘ဒီမှာ . . . ဒီမှာ ’

လှည့်မကြည့်ချေ. . . ။ မင်းနေကသာ မှီအောင်လိုက်နေရသည်။

‘ဒီမှာ . . . ခင်ဗျားက ဒေါ်ပုဆွေတို့ အိမ်ကလား’

လပြည့်ချိုက ပြန်လှည့်ကြည့်သည်။ ခြေလှမ်းကိုလည်း ရပ်လိုက်သည်။

‘ခင်ဗျားက ဒေါ်ပုဆွေတို့အိမ်က မှတ်လား’

‘ဟုတ်ပါတယ်. . . ရှင်က ကျွန်မအဒေါ်ကို သိလို့လား’

‘မသိပါဘူး. . .’

‘ဟင်. . . မသိပဲနဲ့’

‘မဟုတ်ပါဘူး. . . ခင်ဗျားကို ရည်းစားစကားပြောမလို့. . . ဒေါ်ပုဆွေတို့ အိမ်ကလားလို့ မေးတာပါ’

‘ရှင်’

လပြည့်ချို အံ့သြသွားသည်။ ဘယ်လိုလူပါလိမ့်။ သို့သော်. . . ဘာပဲ ဖြစ် ဖြစ် ကိုယ့်ကို ရည်းစားစကားပြောတာဆိုတော့. . . ။ ထို့နောက် အိနြေ္ဒကို ထိန်းသိမ်းလိုက်ပြီး မင်းနေကိုတစ်ချက် ကြည့်၏ ။ ပြီး. . .

‘ရည်းစားစကားဆိုတော့ ဘယ်လိုရည်းစားစကားမျိုးလဲ’

‘စပြီ’ ဟု မင်းနေသိလိုက်သည်။ ပြီး . . . မင်သေသေမျက်နှာလေးဖမ်းလိုက်ကာ. . .

‘ဟုတ်ကဲ့. . . အချစ်အကြောင်းတွေ ပါတဲ့ ရည်းစားစကားပါ’

‘အချစ်. . . ဟုတ်လား’

‘ဟုတ်ပါတယ်’

‘ဘာလဲ. . . သူများ တွေ ပြောလို့ စမ်းပြောကြည့်တဲ့ လျှာဖျားလေးပေါ်က အချစ်မျိုးလား’

‘ကျုပ်အချစ်က အဲဒီ လို အချစ်မျိုးမဟုတ်ဘူး’

‘ဒါဖြင့် . . . ဘယ်လိုအချစ်တုန်း’

‘ကျုပ်အချစ်က ငှက်ပျောသီးလို အချစ်မျိုးဗျ’

‘ရှင်နော်’

ကောင်မလေးက စူပုတ်ပုတ်မျက်နှာပေးနှင့် ပြန်ပြောသည်။ ဒီလိုလေးလည်း ချစ်စရာလေး ပဲဟု တွေးလိုက်မိသည်။

‘ရော်. . . ခက်ပြီ၊ ခင်ဗျား ငှက်ပျောသီး စကားထာမကြားဖူးဘူးလား’

‘မကြားဖူးဘူး’

ပြောပြောဆိုဆို လပြည့်ချိုက လမ်းဆက်လျှောက်သည်။ ပုံမှန်ဖြည်းဖြည်းလေးပါပဲ။ မင်းနေက ဘေးချင်းယှဉ်လျက်။

‘အသီးတစ်ရာ အညှာတစ်ခုဆိုတာလေ’

‘တွံတေးသိန်းတန်သီချင်းလား’

‘ဟာ. . . ဘယ်ကလာ. . . ငှက်ပျောသီးကို ဖွတ်ထားတဲ့ စကားထာပါ’

‘အဲဒီ တော့ ရှင် ကျွန်မကိုချစ်တာနဲ့ ဘာဆိုင်လို့လဲ’

‘ဆိုင်ပါပြီကောဗျာ. . . ကျုပ်ရင်ထဲမှာ အချစ်အညှာလေးတစ်ညှာရှိတယ်. . . အဲဒီ မှာ ခင်ဗျားအတွက် အချစ်သီးတွေ အများ ကြီးသီးနေတယ်လို့ ပြောတာဗျ’

‘ဘာ. . . ဒါ. . . ဒါ. . . ဘာစကားလဲ’

‘ဒါလဲ. . . စကားထာပါပဲ. . . မင်းနဲ့ ကိုယ်နဲ့ဟာ ‘အပ်နဲ့ အပ်ချည်’ ဖြစ်ချင်တာပါလို့ ဆိုလို တာပါ. . . ပူးတွဲ တဲ့သဘောပေါ့’

လပြည့်ချိုပြုံးမိသည်။ ပျော်သလိုလိုလည်း ခံစားလာရမိသည်။ ထို့နောက် မင်းနေကို ကြည့်ပြီး. . .

‘ရှင်က တော် တော် စကားပြောတတ်တာပဲ’

‘ဟုတ်ပါတယ်. . . ငယ်ငယ်လေးထဲက မေမေက မြန်မာစပီကင်သင်ပေးလိုက် တာပါ’

လပြည့်ချိုက သဘောကျစွာ ရယ်သည်။ ပြီး. . .

‘ရှင်က ဘယ်ထိလိုက်လာဦးမှာ လဲ. . . ရှေ့မှာ အဒေါ့်အိမ်ရောက်တော့မယ်’

‘အနိစ္စသဘောကို ကွဲပြားတဲ့အထိ သိပြီးမှပြန်မှာ ပါ’

‘အင်း. . . ကျွန်မတွေ့ ဖူးတဲ့ ယောက်ျားလေးတွေ ထဲမှာ တော့ ရှင်က စကားပြောမဆိုးဘူး ရှင့်. . . ဒီတော့ ကျွန်မလည်း ရှေးလူကြီးတွေ အစဉ်အလာအတိုင်း. . . စဉ်းစားဦးမယ်ရှင်’

‘ခင်ဗျားလည်း ကြားဖူးမှာ ပေါ့ . . အချိန်နဲ့ ဒီရေသည် ရည်းစားစကားကို မစောင့်ဆိုတာ လေ’

‘လူကိုပါရှင်’

‘အခု. . . ရည်းစားစကားပြောနေတဲ့ဟာကို. . . ရည်းစားစကားပဲ ထားလိုက်ပါ’

‘အင်း. . . ထားလိုက်ပါတော့’

‘အဲဒီ စကားပုံထဲကအတိုင်း အချိန်တော့ သိပ်မဆွဲပါနဲ့ဗျာ. . . နို့မို့ဆိုရင် ‘သာဓု လေးကြိမ် ဆိုတဲ့ လူ’ ထက် ကျုပ်က ဆိုးနေပါဦးမယ်’

‘သာဓုလေးကြိမ်ဆိုတဲ့လူ. . . ဟုတ်လား. . . ၊ ရှင့်ဟာက အဆန်းပါပဲလား. . . ပြောပါဦး’

‘သြော်. . . ဒီလိုပါ. . . တစ်လောတုန်းက ကျွန်တော် ဘုရားသွားတော့ ဘုရားပေါ်မှ ဘုရား ရှိခိုးနေတဲ့ လူ တစ်ယောက် ကိုတွေ့ တယ်. . . ကျွန်တော့် ဘေးမှာ အသံကျယ်ကျယ်ကြီးနဲ့ကို ဘုရား ရှိခိုးနေတာဗျ. . . ဒါနဲ့ ကျွန်တော် လည်း ဘုရားရှိခိုးပြီးတော့ သူနဲ့ မလှမ်းမကမ်းမှာ သွားထိုင်နေ တယ်. . . သူက မပြီးသေးဘူး. . . သူ့ ဘုရားရှိခိုးသံကို ကြားရတုန်းပဲ. . . အဲ. . . နောက်ဆုံးပြီး ခါနီး သာဓုခေါ်တဲ့နေရာလည်း ရောက်ရော သူက ‘သာဓု. . .သာဓု. . . သာဓု. . . သာဓု’ ဆိုပြီး လေးကြိမ်တောင်ဆိုပါလေရော. . . ၊ ပထမတော့ . . . ကျွန်တော် လည်း ကြောင်သွားတယ်. . . ၊ ငါ့များ နားကြားလွဲတာလားပေါ့. . . မဟုတ်ဘူးဗျို့၊ နောက်တစ်ခေါက်လည်း လေးခါဆိုတာပဲ. . . နောက်ဆုံးအခေါက်ကျမှ ‘သုံးခေါက်’ ဖြစ်သွားတယ်. . . နောက်တော့မှ ကျွန်တော် စဉ်းစားမိတယ် . . . . ၊ ဒီလူကြီး ဘုရားရှိခိုးနေပေမယ့် စိတ်က ဟိုလွင့် ဒီလွင့် ဖြစ်နေပုံရတယ်ဗျ. . . ဂဏာမငြိမ်ဘူး လို့ပြောရမှာ ပေါ့. . . ဒါကြောင့် သာဓုသုံးခါဆိုပြီးပေမယ့်လည်း နှစ် ခါပဲဆိုရသေးတယ် အောက်မေ့ ပြီး နောက်တစ်ခါထပ်ဆိုတာပေါ့’

‘ရှင်ကလေ. . . တော် တော် ပေါက်ပေါက်ရှာရှာ ပြောတာပဲ’

‘အဲဒီ လိုပဲ. . . ခင်ဗျားအဖြေမရရင်. . . ကျွန်တော့် မှာ စိတ်တွေ ဂဏာမငြိမ် ဖြစ်ပြီး ညဖက် ဘုရားရှိခိုးရင် ‘သာဓု ငါးခါ’တောင်ဆိုမိနိုင်ပါတယ်ဗျာ’

လပြည့်ချိုရယ်လေသည်။ မင်းနေကိုလည်း သဘောကျသလိုကြည့်လိုက်ပြီး. . .

‘ဒါဆိုလည်း ရှင် ‘သာဓုငါးကြိမ်’ မဆိုမိအောင် ခပ်မြန်မြန်လေး စဉ်းစားပေးပါ့မယ်’

‘ဟာဗျာ. . . အတိအကျလုပ်လေ’

‘ရှင်နော်. . . ပြောလေ ကဲလေပါပဲလား’

‘ဟ. . . မင်းက ပြန်တော့မှာ ဆို’

‘အင်. . . ရှင်က ဘယ်လိုလုပ်သိလဲ’

‘ဒီလိုပဲပေါ့ဗျ. . . ၊ အင်း. . . ဒီလိုလုပ်ဗျာ၊ ခင်ဗျား မပြန်ခင်နှစ် ပတ်အလို အဖြေပေး. . . ဘယ်လိုလဲ သဘောတူလား’

ခပ်လှမ်းလှမ်းတွင် လပြည့်ချိုအဒေါ်အိမ်ကို လှမ်းမြင်နေရလေပြီ။

လပြည့်ချိုက စိုးရိမ်တကြီးလှမ်းကြည့်လိုက်ပြီး. . .

‘သွား. . . သွားတော့. . . အဒေါ်တွေ့ သွားလိမ့်မယ်’

‘ဘယ်လိုလဲ. . . သဘောတူလား’

‘အင်း. . . အင်း. . . သဘောတူပါတယ်’

လပြည့်ချိုက သူ့အဒေါ်အိမ်ထဲသို့ ခပ်သွက်သွက်လေး လျှောက်သွားသည်။

မင်းနေ ကတော့ ရပ်ပြီးကျန်ခဲ့သည်။ (ဆိုလိုသည်မှာ . . . အခြေအနေကောင်းသည်. . . ၊ ဒူးထောင်ပြီး. . . မင်းရက်စက်တယ်. . . ဘာဖစ်တယ်. . . ညာဖစ်တယ်. . . ပြောပြီး ကြေကွဲမှု မရှိ. . . လို့ဆိုလိုတာပါ)



အိပ်မက်မက်တာတော့ မဆန်းပါဘူး၊

ဒါပေမဲ့. . .

အိမ်မက်ထဲမှာ မင်းပါနေတော့ ဆန်းတယ်

(၇)

‘နေစမ်းပါဦး. . . မင်းက သူပြန်မယ့်ရက်ကို သိလို့ ချိန်းလိုက်တာလား’

အုန်းမာင်က အလောတကြီး ၀င်မေးသည်။

‘အင်း. . . သူ့အဒေါ်နဲ့သိတဲ့ ကျွန်တော့်သူငယ်ချင်းအဒေါ်ဆီက သိထားတာလေ. . .’

ငမျက်စိက. . .

‘အဲဒီ နေ့မှာ အဖြေဘယ်လိုပေးလဲ၊ ပြောပြပါဦး၊ ဟဲ. . . ဟဲ. . . သိချင်လို့’

‘အဲဒီ နေ့မှာ သူ့ရဲ့ အဖြေကို ကျွန်တော် အင်္ကျီချွတ်ပြီး ယူခဲ့ရတယ်’

‘ဘယ်လို’

အားလုံး နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ ‘ဘာလဲဟ’ဟူသော အတွေးတွေ လည်း ၀င်လာသည်။

‘တစ်မျိုးတော့ မထင်ပါနဲ့. . . အဲဒီ နေ့မှာ . . .’



[E]

ဒီနေ့သည် ကောင်မလေးဆီမှ အဖြေရမည့် နေ့ ဖြစ်၏ ။

သူမနှင့် နေ့တိုင်းတွေ့ ပြီး စကားတွေ ပြော ဖြစ်ခဲ့ကြသည်။ တရားဝင်မဟုတ်တာတောင်မှ မှော င်ခိုအချစ်တွေ နဲ့ ကြည်နူးခဲ့ရသည်။ လွမ်းဆွတ်ခဲ့ရသည်။

ဒီနေ့. . . တရားဝင်အဖြေရမည့် နေ့ ဖြစ်သည်။

ဈေးသို့ သွားသည့်လမ်းမှာ လူရှင်းနေသည်။ တစ်ယောက် စ, နှစ် ယောက် စပဲ တွေ့ ရသည်။

တစ်ယောက် တွေ့ တိုင်း သူမလားဆိုပြီး လည်တဆန့်ဆန့်ကြည့်မိ၏ ။ မဟုတ်သေးပါက သက်ပြင်းချသည်။ သက်ပြင်းချတိုင်းသာ အသက်တိုမည် ဆိုပါက ယခုဆိုရင် အဘိုးကြီးအရွယ် လောက်တောင်ရှိရောပေါ့. . . ။

ထိုစဉ်. . .

အဝေးကလာနေသော ကောင်မလေး တစ်ယောက် ၏ ပုံရိပ်ကို မြင်ရ၏ ။

သေချာကြည့်မိသည်။

‘ဟ. . . လာနေပြီ’

ရင်ခုန်သွားသည်။ အဖြူရောင် ၀တ်စုံလေးနှင့် လှနေသော ကောင်မလေးသည် အဝေးက ကြည့်ကတည်းကပင် ရင်ခုန်စရာကောင်းလှတော့၏ ။

အနီးကပ်ကြည့်လျှင် ရူးသွားနိုင်သည်ဟု လူပြောများ သော အလှမျိုး ဖြစ်သည်။ သူမသည် သူမကိုင်နေကျ အိတ်လေးတစ်အိတ်နှင့် ဆွဲခြင်းတောင်းလေးကိုင်ကာ သူ့ဆီကို လှပစွာ လျှောက် လာနေ၏ ။

မျောလွင့်သွးသည်။ ‘သေဒဏ်လား’. . . ‘လွတ်ငြိမ်းခွင့်လား’ ဆိုတဲ့ စိုးရိမ်စိတ်တွေ နဲ့. . . ထိပ်. . . ပြီး. . . မျော. . . လွင့်. . . လျှက်. . . ။

‘ဟိတ်’

‘အင်’

‘ဘာ ဖြစ်နေတာလဲ. . . ရောက်တာကြာပြီလား’

‘သိပ်မကြာသေးပါဘူး. . . ကိုယ်ထက်စောပြီး မတ်တပ်ရပ်စောင့်နေသူတွေ ရှိတော့ အဖော် လည်းရှိပါတယ်’

လပြည့်ချိုက ဘေးဘီကို ဝေ့ကြည့်သည်။ တစ်ယောက် မှ မတွေ့ သဖြင့် . . .

‘ဘယ်မှာ လဲ’

မင်းနေက. . .

‘ဒီမှာ လေ’

ဟုဆိုပြီး သူ့နောက်နားမှာ ရှိတဲ့ သစ်ပင်နှစ် ပင်ကို လက်ညှိုးထိုးပြသည်။ ပြီး. . .

‘ဒီမှာ မတ်တပ်ရပ်ပြီးစောင့်နေတဲ့သူဆိုလို့. . . ကိုယ်ရယ်. . . ဒီသစ်ပင်ကြီးနှစ် ပင်ရယ်ပဲ ရှိတယ်’

‘ကြာပြီလို့ပြောတာပေါ့လေ’

မင်းနေက ဘာမှပြန်မပြော။ လပြည့်ချိုကိုသာ ငေးကြည့်နေသည်။

‘ဘာကြည့်တာလဲ’

‘မင်း. . . ဟိုသီချင်းကြားဖူးလား မသိဘူး. . . ‘သူ့မျက်နှာ တစိမ့်စိမ့်ကြည့်ကာ တသိမ့်သိမ့် အချစ်တွေ လှုပ်ခတ်လို့လာ’ ဆိုတဲ့ သီချင်းလေ’

‘သြော်. . . အင်း. . . ကြားဖူးတယ်၊ အဲဒီ သီချင်းနဲ့ ဘာဆိုင်လို့လဲ’

‘ဆိုင်လား မဆိုင်လားတော့ မသိဘူး၊ အဲဒီ သီချင်းထဲကအတိုင်း ‘သိမ့်သိမ့်’ အချစ်တွေ လှုပ် ခတ်လာမလားလို့ စမ်းကြည့်တာပါ’

‘အဲဒီ တော့ လှုပ်ခတ်လာလား’

‘ဟာ. . . ဘယ်လှုပ်ခတ်မလဲ. . . ကိုယ်က ‘သိမ့်သိမ့်’ မှ မဟုတ်တာ’

‘အဲ. . .’

လပြည့်ချို မျက်လုံးလေးဝိုင်းသွားသည်။ ယခုတိုင်အောင် လမ်းမပေါ်မှာ သူတို့တွေ မတ်တပ်ရပ်ပြီး စကားပြောနေကြခြင်း ဖြစ်သည်။

‘ဆိုင်တစ်ဆိုင်သွားကြရအောင်လား’

မင်းနေကင စကားစသည်။ လပြည့်ချိုက. . .

‘မသွားတော့ဘူး. . . ၊ အဒေါ်က ဒီနေ့စောစော ပြန်ခဲ့ခဲ့. . . အဲဒါကြောင့် . . .’

‘ဒါဆို. . . ကိုယ့်ကို အဖြေပေးတော့လေ’

‘အဖြေပေးရမယ်’

‘ဟုတ်တယ်လေ. . . ဒီနေ့အဖြေပေးရမယ့်နေ့လေ’

‘အင်း’

လပြည့်ချိုက စဉ်းစားသလိုပြု၏ ။ ပြီး. . .

‘အဲဒါဆို ရှင့်မှာ ထည့်စရာပါလား’

‘ဗျာ. . . ’

‘ထည့်စရာလေ. . . အဖြေပေးရင် ထည့်ပြီးယူသွားဖို့. . . ထည့်စရာတို့ ဘာတို့လေ. . . ဒီအတိုင်းယူသွားလို့ ဘယ်ကောင်းမလဲ’

မင်းနေ ကြောင်တောင်တောင် ဖြစ်သွားသည်။ ထို့နောက် လပြည့်ချိုကို သေချာကြည့်လိုက် ပြီး. . .

‘ဘယ်လိုထည့်စရာလဲ’

‘သြော်. . . ကြွပ်ကြွပ်အိတ်တို့ ဘာတို့ပေါ့ရှင်၊ ထုပ်ယူသွားဖို့ပေါ့’

‘ဟင့်အင်း. . . မပါဘူး’

လပြည့်ချိုက မင်းနေကို ခြေအဆုံးခေါင်းအဆုံးကြည့်သည်။ ပြီးနောက် သက်ပြင်းချလိုက် ရင်း. . .

‘ဒါဆိုလည်း. . . အင်္ကျီချွတ်’

‘ဂျာ’

‘အင်္ကျီချွတ်လို့ဆိုနေ’

‘ဟာ. . . ဘာလုပ်မလို့လဲ. . . ကျုပ်. . . ကျုပ်က ရှက်တတ်တယ်ဂျ၊ ဟိုမှာ . . . လူတွေ လည်းလာနေတယ်’

လမ်းသွားလမ်းလာများ က သူတို့နှစ် ယောက် ကို ကွက်ကြည့် ကွက်ကြည့်နဲ့ ကြည့်သွားကြ သည်။

‘ရှင်. . . ချွတ်မလား၊ မချွတ်ဘူးလား. . . ဒါပဲပြော’

‘အို. . . ဘ၀ပျက်ပါပြီ’

လပြည့်ချိုမှာ ရယ်ချင်ချင် ဖြစ်လာသည်။ သို့ သော် -

‘ဒါဆိုလည်း အဖြေမပေးရုံပေါ့ရှင်’

ထိုအခါကျမှ မင်းနေ ပျာပျာသလဲ ဖြစ်သွားပြီး. . .

‘ဟာဗျာ. . . ချွတ်ပေးမှာ ပေါ့၊ ခင်ဗျားက စိတ်ကြီးပဲ’

‘ကဲ. . . ဒါဆိုလည်း ချွတ်’

မင်းနေက ဘေး, ဘီ, ၀ဲ, ယာ တစ်ချက်ကြည့်သည်။ အဒေါ်ကြီးနှစ် ယောက် လာနေ၏ ။

‘လူလာတေနတယ်. . . ခဏနော်’

ဆိုပြီး ‘အလာပသလာပ’ ပြောသလို လုပ်နေသည်။

‘မရဘူး. . . အခုချွတ်ရမယ်’

‘ကဲ. . . ဇွတ်ကြီးပဲ. . . ချွတ်ပြီဗျာ. . . ချွတ်ပြီ’

ပြောပြောဆိုဆို အင်္ကျီကြယ်သီးတွေ ဖြုတ်လိုက်သည်။ တစ်လုံး. . . နှစ် လုံး. . . သုံးလုံး။ အဒေါ်ကြီး တစ်ယောက် လမ်းသွားရင်းနှင့် ပင် မင်းနေကို ကြည့်နေသည်။

ကောင်မလေး တစ်ယောက် နှင့် အင်္ကျီချွတ်နေတဲ့ ကောင်လေး တစ်ယောက် . . . ‘အို’. . . ဆိုသော အတွေးများ ဖြင့် ကြည့်ကြခြင်း ဖြစ်သည်။

မင်းနေက အကျှင်္ီချွတ်သည်။

‘ကဲ. . . ချွတ်ပြီးပြီ’

‘ဒါဆို ခဏစောင့်’

သူရော ချွတ်မှာ လားဆိုသည့်အတွေးက မင်းနေခေါင်းထဲဝင်လာသည်။

အင်းလေ. . . မ ဖြစ်လောက်ပါဘူးဆိုပြီး ငြိမ်နေလိုက်ရသည်။

အဒေါ်ကြီးနှစ် ယောက် က ‘ဘာတွေ လဲဟ’ ဆိုသည့် အကြည့်တွေ ဖြင့် သူတို့နှစ် ယောက် ကို ကျော်သွားသည်။ မင်းနေက ကိုယ်တုံးလုံးကြီးနဲ့ စောင့်နေရသည်။

‘ဘာတွေ လဲ’

‘အက်ႌေပး’

‘အင်း. . . ရော့. . . ဒီမှာ ’

မင်းနေက သူ့အင်္ကျီကို လှမ်းပေးလိုက် သည်။ ထိုအချိန်မှာ လေကလည်း ဝှေ့တိုက်သွား တာမို့ ချမ်းတက်သွားသည်။

လပြည့်ချိုက မင်းနေအင်္ကျီကို လှမ်းယူ၏ ။ ထို့နောက် သူ့လက်ထဲမှ စာရွက်အထပ်လိုက်ကို မင်းနေအင်္ကျီဖြင့် ထုပ်ကာ. . .

‘ရော့’

မင်းနေကို ပြန်ပေး၏ ။

‘ဒီအထဲမှာ ကျွန်မအဖြေပါတယ်. . . ၊ အိမ်ရောက်မှ ဖွင့်ကြည့်နော်’

‘ဟာ. . . ဒါဆို. . . ကိုယ်တုံးလုံးချွတ်အတိုင်း အိမ်ပြန်ရမှာ ပေါ့’

‘အင်း. . . ဟုတ်တယ်’

‘ဟာဗျာ’

‘ဘာလဲ. . . မပြန်ချင်ဘူးပေါ့’

‘အင်းလေ. . . ကျုပ်က ချစ်တာကိုးဗျ’

‘ဟင်. . . ဘာဆိုင်လို့လဲ’

‘သြော်. . . ချစ်မိတော့လည်း ချစ်သူခိုင်းတိုင်းလုပ်ရမှာ ပေါ့လို့ ပြောတာပါ’

လပြည့်ချိုက မျက်စောင်းထိုးသည်။ မင်းနကလည်း ခပ်ပြုံးပြုံးလေး ပြန်ကြည့်၏ ။

‘. . . ဒါဆို ကျွန်မသွားတော့မယ်. . . အိမ်ရောက်မှ ဖွင့်ကြည့်နော်’

ပြောပြောဆိုဆို လှစ်ကနဲပြေးထွက်သွားသည်။

မင်းနေမှာ သာ အထုပ်တစ်ထုပ်ကိုင်ထားပြီး ကိုယ်တုံးလုံးချွတ်နှင့် ကျန်ခဲ့လေသည်။ လေက တိုက်ပြန်သည်။

‘အီး. . . ချမ်းလိုက်တာ’

အိမ်ကို တစ်ချိုးတည်ေးပြးလေတော့သည်။

ထိုစဉ်. . .

သူတို့နှင့် ခပ်လှမ်းလှမ်းချုံပုတ်မှ အဒေါ်ကြီးနှစ် ယောက် ၏ ခေါင်းများ ပြူတစ်ပြူတစ်နှင့် ထွက်လာ၏ ။ အဒေါ်ကြီး တစ်ယောက် က အခြားအဒေါ်ကြီး တစ်ယောက် ကို လှမ်းပြောသည်။

‘ဟုတ်မလိုလိုနဲ့ . . . ဘာမှလည်း မဟုတ်ဘူး’



ဝန်ဇင်းချစ်သူများ လူနေ ၏ “ မြို့တစ်မြို့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


WZRECOMMEND