
မိတ်ဆက်ခြင်း
ကျွန်တော် ရေး ခဲ့သော လူငယ်များ ကမေးကြသည် ဘွဲ့ရပြီးရင်ဘာလုပ်မလဲအမည် ရှိ စာအုပ်ကို ပထမအကြိမ်အ ဖြစ် ၂၀၁၁ ခုနှစ် က ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ယ္ခုတစ်ဖန် ဒုတိယအကြိမ် ပုံနှိပ်ရာတွင် “ဘွဲ့ရပြီးရင်ဘာလုပ်မလဲ မေးခွန်းအတွက် တိကျသော အဖြေ” နှင့် အခြားဆောင်းပါးများ စွာ ကို ထပ်မံထည့်သွင်းထားပါသည်။ လူငယ်များ အတွက် တစ်စုံတစ်ရာသော အတိုင်းအတာအထိ အကျိုးရှိမည် ဟု မျှော်လင့်ယုံကြည်စွာ ရေး သားလိုက်ရပါသည်။
ဒေါက်တာထွန်းဝင်း
အခန်း (၁)
လူငယ်မောင်မယ်တို့ ကြီးပွားဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်လျှောက်တော့မယ်ဆိုရင် ဦးစွာ “ဗစ်ရှင်” Vision ဆိုတဲ့ စကားလုံးတစ်ခုကို သိနားလည်သင့်ပါတယ်။ ဗစ်ရှင်ဆိုတဲ့ အသံတစ်ခုကို ကြားဖူးကြမှပါ။ T.V ကြော်ငြာတစ်ခုမှာ ပေါ့၊ မင်းသားလွင်မိုးက ပြောတယ်။
“ပါဝါလည်းတိကျတယ်။ ခေတ်မီစက်ကရိယာတွေ နဲ့ ပြုလုပ်ပေးလို့ ဒီနေ့လုပ်ရင် ဒီနေ့ရတယ်” လို့ ဆိုတော့ မင်းသမီးခိုင်သင်းကြည်က
“အဲဒါဘယ်မှာ လဲ ဟင်” လို့ဆိုပါတယ်။
ဒီတော့ လွင်မိုးက
“ရွှေဘုံသာအလယ်လမ်းက ယူနိုက်တက်ဗစ်ရှင်းမျက်မှန်ဆိုင်ပေါ့” လို့ ဆိုလိုက်ပါတယ်။
အဲဒီ လွင်မိုးပြောတဲ့ ဗစ်ရှင်းပါ။ Vision လို့ခေါ်ပါတယ်။ ဒါပေမဲ့ မျက်မှန်သမားတွေ ပြောတဲ့ Vision နဲ့ ကြီးပွားရေး လမ်းကြောင်းပေါ်က Vision က စာလုံးပေါင်းနဲ့ အသံထွက်တူပေမဲ့ အဓိပ္ပာယ်တော့ ကွဲတယ်။
မျက်မှန်သမားတွေ ပြောတဲ့ ဗစ်ရှင်းက မြင်ကွင်းလို့ အဓိပ္ပာယ်ရပါတယ်။ မျက်စိရှေ့က မြင်ရတဲ့ မြင်ကွင်းပဲပေါ့။
ကြီးပွားရေး လမ်းကြောင်းပေါ်က Vision ကတော့ “အနာဂတ်မြင်ကွင်း” လို့ အဓိပ္ပာယ်ရတယ်။ သာမန်မျက်စိနဲ့ မမြင်ရဘူး။ စိတ်မျက်စိနဲ့ ကြည့်ရတာ ။
Oxford အဘိဓာန်မှာ Vision ကို
- Wisdom in Planning The Future
- Imaginary Picture in Mind လို့ဆိုပါတယ်။ အဓိပ္ပာ ကတော့ အနာဂတ်ကို စိတ်ဖြင့် မှန်းဆ ပုံဖော်ခြင်းပါပဲ။
ဥပမာ-ယနေ့ အသက်(၂၅)နှစ် လောက်ရှိတဲ့ လက်ထောက် ဆရာဝန်လေး တစ်ယောက် က ကြာရင် ဆေးတက္ကသိုလ်ပါမောက္ခကြီး ဖြစ်ချင်တယ် ဆိုပါဆို့။ နောင်(၂၅)နှစ် လောက်အကြာမှာ ဖြစ်လာမယ့် ဆေးတက္ကသိုလ်ပါမောက္ခကြီးရဲ့ ပုံပန်းသဏ္ဍန်ကို ဒီဆရာဝန်ငယ်လေးရဲ့ စိတ်ထဲမှာ စိတ်ကူးကြည့်လိုက်တာ အဲဒါ အနာဂတ်မြင်ကွင်းသို့ မဟုတ် Vision ပဲ။
ဒါကြောင့် ကြီးပွားလိုသူတွေ ဟာ မိမိဘ၀ရဲ့ အနာဂတ်မြင်ကွင်း Vision ကို စိတ်ကူးနဲ့ ပုံဖော်ပြီး ဖြစ်ရပါမယ်။ အဲဒီ Vision မရှိသေးရင် ဘယ်လိုဦးတည်ချက်ထားရမှန်းမသိ ဖြစ်နေတတ်ပါတယ်။
Vision ဆိုတဲ့ အနာဂတ်မြင်ကွင်းကို စိတ်ကူးနဲ့ ပုံဖော်ပြီးရင် မစ်ရှင် Mission ဆိုတဲ့ လမ်းစဉ်ကို ချမှတ်ဖို့လိုပါတယ်။ Mission ဆိုတဲ့ စကားရပ်ကို အဘိဓာန်မှာ ရှာရင် သာသနာပြုအဖွဲ့လို့ အဓိပ္ပာယ်ရပါမယ်။ ဖွံဖြိုးရေး ဘာသာရပ်ရဲ့ Mission ကတော့ အဲဒီ့ အဓိပ္ပာယ် မဟုတ်ပါဘူး။
Vision ကို ရောက်အောင် ဘယ်လိုသွားမလဲ ?
ဥပမာ- သူဌေးကြီး ဖြစ်ချင်တဲ့ အနာဂတ်မြင်ကွင်းရှိရင် သူဌေး ဖြစ်နည်းက အမျိုးမျိုးရှိပါတယ်။ မိမိလမ်းစဉ်ကို မိမိရွေးရပါမယ်။ ဒါပေမဲ့ စစ်မှန်သော ကြီးပွားဖွံ့ဖြိုးရေး ကို ရဖို့ဆိုရင်တော့ -
“မှန်ကန်ပြီး တရားမျှတသော နည်း” နဲ့သာ ဆောင်ရွက်ရပါမယ်။
မိမိ ဖြစ်လိုတဲ့ အနာဂတ်မြင်ကွင်းဆီရောက်ဖို့ လျှောက်လှမ်းရာမှာ ဘယ်နည်းဘယ်ပုံ လှမ်းမှာ လဲ။ ဘယ်လိုခံစားချက် ဘယ်လိုနှလုံးသားနဲ့ ကြိုးစားမှာ လဲဆိုတဲ့ လမ်းစဉ်ကို ချမှတ်တာဟာ မစ်ရှင် Mission လို့ ခေါ်ပါတယ်။ Mission ဆိုတဲ့ လမ်းစဉ်ကို ချမှတ်ပြီးရင်တော့ အသေးစိတ်လုပ်ရမယ့် ကိစ္စရည်ရွယ်ချက်တွေ ကို ချမှတ်ဖို့လိုပါတယ်။
အဲဒါတွေ ကို OBJECTIVES လို့ ခေါ်ပါတယ်။ ဥပမာ - လူငယ် တစ်ယောက် ဟာ အင်ဂျင်နီယာကြီး တစ်ယောက် ဖြစ်ချင်တယ်ဆိုပါစို့။ သူဟာ အင်ဂျင်နီယာဘာသာရပ် စာအုပ်တွေ ကို ဖတ်နိုင်ဖို့ အင်္ဂလိပ်စာတတ်ရမယ်။ ဒီတော့ ငါအင်္ဂလိပ်စာသင်တန်း တက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ ချမှတ်သင့်သော ရည်ရွယ်ချက်တစ်ခုပါ။ နှစ် ရှည်တက်ရမယ့် အင်ဂျင်နီယာတက္ကသိုလ်မှာ ပင်ပန်းမယ်။ ဒီတော့ ကျန်းမာရမယ်။ ဒီတော့ အားကစားလဲ အသင့်အတင့် လိုက်စားရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း ချမှတ်သင့်တဲ့ ရည်ရွယ်ချက်တစ်ခုပါ။ ငါအင်ဂျင်နီယာ တက္ကသိုလ် တတ်နိုင်ရေး အတွက် (၁၀)တန်းစားမေးပွဲကို ဘယ်လို ဂုဏ်ထူးမျိုးနဲ့ အောင်ရန်ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးလည်း ချမှတ်နိုင်ရပါမယ်။
ဒါကြောင့် မိမိကြီးပွားတိုးတက်လိုသော အခြေအနေတစ်ခုကို ရောက်ဖို့ဆိုရင် -
Vision ဆိုတဲ့ အနာဂတ်မြင်ကွင်း
Mission ဆိုတဲ့ လမ်းစဉ်
Objectives ဆိုတဲ့ ရည်ရွယ်ချက်များ ရှိပြီး ပစ္စုပ္ပန်ကာလကစ၍ ကြိုးစားရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ အရေး ကြီးတာတစ်ခုလည်း ရှိပါတယ်။
လူ့ဘ၀ဟာ အချိန်အကန့်အသတ်နဲ့ အသက်ရှင်ရတာ ပါ။ အနာဂတ်မြင်ကွင်းကိုရောက်ဖို့ အဆုံးမရှိသော အချိန်ကာလကို သဘာဝတရားက ခွင့်မပြုပါဘူး။ ဒါကြောင့် Vision, Mission, Objectives တွေ ရေး ဆွဲရမှာ ဖြစ်ပါတယ်။
စာရေး သူဟာ လွန်ခဲ့တဲ့ (၁၀)နှစ် ခန့်က ကုလသမဂ္ဂဖွံ့ဖြိုးရေး စီမံကိန်းမှာ လူမှုဖွံ့ဖြိုးရေး အရာရှိအ ဖြစ် တာဝန်ကျရာဒေသက ရှမ်းပြည်နယ်တောင်ပိုင်းပါ။ အဲဒီ မှာ Vision, Mission, Objectives ဆိုတဲ့ စကားသုံးလုံးကို တပည့်တွေ ကို ကြုံရင် ကြုံသလို ပြောပြတယ်။ များ သော အားဖြင့် စိတ်မ၀င်စားကြပါဘူး။ ပင်လောင်းနယ်ဘက်က ပအို့ကလေး မောင်လေးနိုင်ဆိုသူ ကတော့ စိတ်ဝင်စားတယ်။ သူက ကျွန်တော့လက်အောက်မှာ Village Development Worker အ ဖြစ် အမှုထမ်းနေပါတယ်။ အဲဒီ တုန်းက သူကပအို့လို မွှတ်နေအောင် တတ်ပေမဲ့ ဗမာစကားကို အတော် ကြိုးစားပြောရသူပါ။ ၀ဲတဲဝဲတဲနဲ့ပါ။ တစ်နေ့တော့ ကျွန်တော့်  အလုပ်စားပွဲရှေ့မျာ လာရပ်တယ်။ သူက -
“ဆရာ - ဆရာပြောတဲ့ အနာဂတ်မြင်ကွင်း Vision ကို ကျွန်တော် ဘ၀အတွက် စိတ်ကူးပုံဖော်လိုက်ပြီ”
သူက “ကျွန်တော် တစ်နေ့ကြရင် ဖွံ့ဖြိုးရေး ပညာရှင်ကြီး တစ်ယောက် ဖြစ်ချင်တယ်ဆရာ။ အဲဒါ ကျွန်တော် ရဲ့ အနာဂတ်မြင်ကွင်းပါ”
“ကောင်းတာပေါ့ကွာ၊ ဆက်ပြောပါဦး” “ကျွန်တော် ရဲ့ Mission ကတော့ ကျွန်တော် ရိုးသား၊ ကြိုးစား၊ နောက်မဆုတ်တဲ့ ဇွဲနဲ့ လုပ်ကိုင်မယ်ဆရာ၊ ကျွန်တော့် ရည်ရွယ်ချက်တွေ လည်း ချမှတ် ရဦးမယ်။ ကျွန်တော် စာပေးစာယူနဲ့ ဘွဲ့တစ်ခုရအောင်ယူမယ်။ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ တက်ရမယ်။ ဆရာလည်းလိုသလို ဆုံးမလမ်းညွှန်ပါခင်ဗျာ”
ကျွန်တော် က -
“လောလောဆယ်တော့ ဆုံးမစရာမရှိဘူး။ နာမည် ပေးစရာတော့ရှိတယ်။ ဒီတော့မင်းကို အင်္ဂလိပ်စာအမည် ပေးမယ်။ မင်းနာမည် “Vision” လို့ မှတ်ထားလိုက်လို့ ပြောလိုက်ပါတယ်။”
“ကောင်းပါတယ် ဆရာ”
သို့ နှင့် သူ့နာမည် Vision Vision နဲ့ခေါ်ကြရာ ကာလရွေ့လျားသော Victor လို့ အမည် တွင် သွားပါတယ်။ ဒီလိုနဲ့ စီမံကိန်းပြီးတော့ ကျွန်တော် က အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့တစ်ခုသို့ ပြောင်းသွား ရာ သူနဲ့ကျွန်တော် လူချင်းကွဲ သွားပါတယ်။
တစ်လောက သူ့သတင်းပြန်ကြားရတယ်။ သူ ရာထူးအဆင့်ဆင့်တက်တယ်။ စာပေးစာယူနဲ့ ဘွဲ့ရတယ်။ ဗမာစကားလည်း မွှတ်နေပြီ။ အင်္ဂလိပ်စကားလည်း မွှတ်နေပြီ။
ပြီးတော့ သူ့နာမည် က Victor လို့ အမြဲတွင် သွားပါတယ်။ တစ်လောက အမေရိကန်နိုင်ငံကို Fellowship Program တစ်ခုအတွက် (၁)နှစ် သွား၍ သင်တန်းတက်ရန် ပညာတော် သင်ဆု ရ သွားပါတယ်။ အမေရိကန်က ပြန်လာတော့ ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဖွံဖြိုးရေး ဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ ပညာသင်ဆုရတယ်။ အဲဒီ ကဘွဲ့ရ ပြန်လာပြီး ယခု အကြီးတန်း စီမံဝန်ထမ်း Senior Project Officer အ ဖြစ် အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေပါပြီ။
အနာဂတ်မြင်ကွင်း တကယ်အကောင်အထည်ဖော်လာတာ Vision Become Reality ဟု ခေါ်ဆိုပါကြောင်း။
ကြီးပွားရေး လမ်းညွှန်
အောက်တိုဘာလ၊ ၂၀၀၆ ခုနှစ်
အခန်း (၂)
ကျွန်တော့် ဖခင်၏ ဖခင်၊ ကျွန်တော် ၏ အဘိုးသည် ကြို့ပင်ကောက်မြို့နယ်၊ ကျေးလက်ဒေသက ကျေးတောသားတစ်ဦး ဖြစ်၏ ။ သူ၏ ပညာအရည်အချင်းက လေးတန်း ဖြစ်ပါသည်။ အသက် (၁၈)နှစ် သားရောက်တော့ အထမ်းဈေးသည်အ ဖြစ် လုပ်ကိုင်ရပါ၏ ။ အထမ်းဈေးသည် တစ်ယောက် ၏ အဆင့်အတန်းဆိုသည်မှာ လယ်မရှိ၊ ယာမရှိ၊ နွားမရှိ၊ ကျွဲမရှိလယ်စာရင်းငှားအဆင့်သာ ဖြစ်ပါသည်။ ကျွန်တော် ၏ အဘိုးသည် ကြို့ပင်ကောက် မြို့နယ်အရှေ့ဘက်၊ ရွာစဉ်တစ်လျှောက် တစ်ရွာဝင်၊ တစ်ရွာထွက် ဈေးရောင်းရပါသည်။ အဘိုး၏ အထမ်းဈေးခြင်းတောင်းထဲမှာ ဘာတွေ ပါသလဲဆိုရင် လက်ဖက်ခြောက်၊ ပဲကြီးလှော်၊ ကြယ်သီး၊ ထန်းလျက်၊ ငရုတ်သီးစသော ကုန်စုံ၊ ကုန်ခြောက်များ ကို ရောင်းချရပါ၏ ။ တစ်နေ့လျှင် မိုင် (၂၀)ခန့် လမ်းလျှောက်ရပါသည်။ တစ်ခါတစ်ရံ တစ်ရွာနှင့် တစ်ရွာ ကူးစဉ် နေ၀င် သွားပါက လမ်းဘေးဇရပ်တွင် အထမ်းကိုဘေးချ၍ ကြုံသလိုအိပ်လိုက်ရပါသည်။ ထိုဒေသသည် ပဲခူးရိုးမတောင်ခြေရင်းလည်း ဖြစ်ပါ၍ ငှက်ဖျားခြင် အလွန်ပေါပါသည်။ ဇရပ်မှာ အိပ်ရသော အခါ ခြင်ထောင်မရှိပါ။ ပုဆိုးခေါင်းမြီးခြုံ၍ ကြုံသလိုအိပ်ရပါသော ကြောင့် ခြင်အလွန်ကိုက်၍ အလွန်ဆင်းရဲကြီးလှပါ၏ ။ ထိုခေတ်က ခြင်ထောင်တစ်လုံး၏ တန်ဖိုးသည် ငါးမူး(ပြားငါးဆယ်) ဖြစ်ရာ ဘိုးဘိုးသည် ငွေကြေးပြည့်စုံလာပါက ခြင်ထောင်တစ်လုံးဝယ်မည် ဟု ဆုံးဖြတ်ထား၏ ။ ဘိုးဘိုးတွင် အခြားရည်ရွယ်ချက်လည်း ရှိပါ၏ ။ ဘာလဲဆိုတော့ သူသည် တစ်နေ့မှာ ဆင်းရဲတွင်းက လွတ်ကင်းရမည် ဆိုတဲ့ ရည်ရွယ်ချက်ပါ။ သို့နှင့် ဘိုးဘိုးသည် ခြင်ထောင်ဝယ်ရန်အတွက် စားစရိတ်ကို ခြိုးခြံပြီး တစ်နေ့လျှင် (၁)ပြားခန့်စုရာ ရက်အတန်ကြာသော် ငွေပိုငွေလျှံလေး ပြားငါးဆယ်လောက်ရပါသည်။ ဒီတော့ ဘိုးဘိုးပျော်ပြီ။ ခြင်အကိုက်မခံရတော့ဘူး။ ခြင်ထောင်ဝယ်နိုင်ပြီ ဖြစ်၏ ။ သို့ သော် ငါးမူးစေ့လေးကိုင်ပြီး ကြို့ပင်ကောက်ဈေးထဲသို့ ခြင်ထောင်ဝယ်ရန် သွားသော အခါ ဘိုးဘိုးရဲ့ စိတ်ထဲမှာ လေးလာပါသည်။ ငါးမူးစေ့လေးကို နှမြောနေသည်။ တကယ်လို့ ၎င်းငါးမူးကို အရင်းထည့်ပါက အမြတ်ပိုလာမည် မှန်း သိပါ၏ ။ ဒီလိုနဲ့ ခြင်ထောင်မ၀ယ်တော့ဘဲ ၎င်းငါးမူးကို အရင်းထည့်ပါက အမြတ်ပိုလာမည် မှန်း သိပါ၏ ။ ဒီလိုနဲ့ ခြင်ထောင်မ၀ယ်တော့ဘဲ ၎င်းငါးမူးကို အရင်းထဲထည့်လိုက်ရာ အမြတ်ပိုထွက်လာပါသည်။ နောက်တော့ တဖြည်းဖြည်းစုဆောင်းရင်းနဲ့ ကြို့ပင်ကောက်ဈေးထဲမှာ အထည်ဆိုင်ပိုင်ရှင် ဖြစ်လာပါသည်။ ဘိုးဘိုးသည် အသက် (၆၄)နှစ် ကွယ်လွန်ချိန်၌ ပြည့်စုံသေ လူလတ်တန်းစား စစ်စစ် ဖြစ်နေပါပြီ။ သူရဲ့ သား ဖြစ်သူ ကျွန်တော် ၏ ဖေဖေအား အင်္ဂလိပ်ခေတ်တွင် ရန်ကုန်တက္ကသိုလ် ပို့နိုင်ပြီး ဘီအေအောင်သည်အထိ ကျောင်းထားပေးနိုင်ခဲ့ပါသည်။ ဘိုးဘိုးဟာ ဆင်းရဲတွင်းမှ အမှန်တကယ် ရုန်းထွက်နိုင်ခဲ့ပါသည်။ ဒီလို ရုန်းထွက်ရာမှာ ဘယ်သူ့အကူအညီမှ မရပါဘူး။ ကိုယ့်အားကိုယ်ကိုးရပါသည်။ ဘင်္ဂလားဒေ့ရှ်မှာ ဆင်းရဲသားတွေ ကို ငွေထုတ်ချေးသော နိုဘယ်ဆုရ ယူနွတ်ရဲ့ ဂရာမင်းဘဏ်မျိုးဆီက ဘိုးဘိုးဟာ ချေးငွေမရပါ။ အဲဒီ အချိန်က ကျေးလက်ဒေသကို ဖွံ့ဖြိုးရေး လာလုပ်သော NGO လည်း မရှိ၍ ဘိုးဘိုးဟာ NGO ဆီက အကူအညီလည်း မရခဲ့ပါ။ ဒုတိယကမ္ဘာစစ်ဆိုတာ မ ဖြစ်သေးဘူး။ ကုလသမဂ္ဂအဖွဲ့ကြီးလည်း မပေါ်သေး၍ UN စီမံကိန်းအကူအညီ Micro credit Project တွေ ဆီက အကူအညီ မရပါ။
ဘိုးဘိုးရခဲ့တဲ့ အရင်းအနှီးတစ်ခုတော့ ရှိပါ၏ ။ အဲဒါ ကတော့ သူခြင်ထောင်ဝယ်ဖို့ စုထားတဲ့ ပိုက်ဆံလေးပါ။
ဆင်းရဲခြင်းကို ကြိုတင်ကာကွယ်နိုင်သော လူ တစ်ယောက် (သို့ မဟုတ်) Poverty Prevention
ကျွန်တော့်အဖေ ကတော့ မဆင်းရဲတော့ပြန်ဘူး။ သူဟာ အသက်(၄၀)အရွယ်မှာ ဒုတိယကော်မရှင်နာမင်းကြီး Deputy Commisionner (D.C) (ခေါ်) အရေး ပိုင် ဖြစ်နေပြီ။ အဲဒီ တုန်းက ကျွန်တော် ဟာ (၆)နှစ် သားပါ။ အဲဒီ တုန်းက ကျွန်တော် တို့ မကွေးမြို့မှာ နေကြသည်။ နေတဲ့နေရာက မကွေးဗိုလ်ချုပ်ပန်းခြံနဲ့ မျက်နှာချင်းဆိုင်အိမ် ၀န်ထမ်းအိမ်ရာ ဖြစ်ပြီး အိမ်က တော် တော် ကြီးပါသည်။ ကျွန်တော် တို့ မိသားစုက (၄) ယောက် တည်း အဖေ၊ အမေ၊ ကျွန်တော် နဲ့ (၅) နှစ် အရွယ် ကျွန်တော် ၏ ညီမ ဖြစ်ပါသည်။ ဒီတော့် ကျွန်တော် တို့မိသားစု တစ်ယောက် တစ်ခန်းစီ နေကြသည်။ တစ်နေ့တော့ ကျွန်တော့် ဖေဖေ၏ အိပ်ခန်းက ဆူဆူညံညံအသံကြားရသည်။ ကျွန်တော် နားစွင့်လိုက်တော့ လင်မယားရန် ဖြစ်သံ၊ သေသေချာချာ နားစွင့်တော့ ဖေဖေနဲ့မေမေ ရန် ဖြစ်သံပါ။ အဲဒီ ခေတ်က TV မပေါ်သေးဘူး။ ရုပ်ရှင်ကလည်း ကြည့်ရခဲ၍ လင်မယားရန် ဖြစ်သော ဇတ်ဝင်ခန်းကို အခမဲ့ကြည့်ရတော့မှာ ဖြစ်၍ ကျွန်တော် သွား၍ ချောင်းကြည့်ပါသည်။ ဒီတော့ သူတို့ပြောတဲ့စကားတွေ အကုန်ကြားရပြီး ရန် ဖြစ်သော Story ကို ဇာတ်ရည်လည် သွားပါတော့သည်။ အ ဖြစ်က ဒီလိုပါ။ ကျွန်တော့်ဖေဖေက စီးကရက်တွေ အများ ကြီး ၀ယ်သောက်နိုင်သည်။ သူ့ကိုနိုင်ငံတော် က ပေးထားသော လစာက ပိုလျှံနေပါသည်။ ပိုလျှံတာကလည်း ပိုမှာ ပေါ့။ ဘူးသီးကြော်တစ်ခုရဲ့ တန်ဖိုးက ငါးပြားကိုး။
ဖေဖေဟာ ဆေးရွက်ကြီး Tobacco ကို အလွန်ကြိုက်၏ ။ သို့ သော် စီးကရက်ဝယ်သောက်ရင် ဈေးပိုပေးရ၍ စီးကရက်ထက်ဈေးချိုပြီး ပိုမိုပြင်းသော ဆေးပြင်းလိပ် (ထိုခေတ်က မငယ်တံဆိပ်) ကို ၀ယ်သောက်ပါသည်။ ဆေးလိပ်တစ်ခါဖွာပြီးရင် မီးခိုးကို မှုတ်ထုတ်ရာမှာ နှမြော၍ ပါးစပ်ထဲ၌ အကြာကြီးငုံထားပါသည်။ ဒီလိုနဲ့ ဆေးပြင်းလိပ်ကတိုသွားပြီး သောက်မရတော့တဲ့အခါ ဆေးပြင်းလိပ်တိုလေးများ ကို သူ၏ အခန်းထဲရှိ ဆေးလိပ်ခွက်ထဲထည့်ထား၏ ။ တဖန်ဆေးပြင်းလိပ်အသစ်ကို မီးညှိ၍ ဖွာပြန်၏ ။ ဒီလိုနဲ့ ဆေးလိပ်ခွက်ထဲမှာ ဆေးပြင်းလိပ်တိုလေးတွေ (၁၀)လိပ်လောက်ရှိလာပါသည်။ ဒီတော့တစ်နေ့မှာ ကျွန်တော့် မေမေဟာ ဖေဖေရဲ့ အခန်းထဲကိုဝင်ပြီး တံမြက်စည်းလှဲပေးရင်းနဲ့ ဆေးလိပ်တိုများ ကို သွန်ပစ်လိုက်ပါ၏ ။ ဖေဖေရုံးကပြန်လာတော့ သူ၏ ဆေးပြင်းတိုများ ပျောက်နေရာ ဘယ်ရောက်သွားလဲမေးရာမှ မေမေနှင့် စကားများ ရန် ဖြစ်ကြခြင်း ဖြစ်ပါ၏ ။
ဒီလိုနဲ့ မေမေက စိတ်ဆိုးသွား၍ ဖေဖေ၏ အခန်းထဲသို့ တံမြက်စည်းလှဲပေးခြင်းကို မလုပ်တော့ပါ။ ဖေဖေကလည်း ဆေးပြင်းလိပ်ကို ဆက်သောက်ရာ မကြာမီ ဆေးလိပ်ခွက်ထဲ၌ ဆေးပြင်းလိပ်တို(၁၀)ခုခန့် စုမိပြန်၏ ။ ဒီဆေးပြင်းလိပ်တိုတွေ ဘာလုပ်မှာ လဲဆိုတာသိလို၍ ကျွန်တော့် ဖေဖေ၏ အခန်းကို နေ့စဉ်ချောင်းကြည့်လျက်ရှိပါသည်။ ဒီလိုနဲ့ တစ်နေ့တော့ ဖေဖေဟာ သူ့အခန်းထဲမှာ နေစဉ် အင်္ကျီအိတ်ထဲက ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်၏ ။ ၎င်းပစ္စည်း ကတော့ ဆေးတံတစ်ချောင်းပါ။ ဖေဖေဟာ ဆေးပြင်းလိပ်တိုတစ်ခုကိုယူ၍ ဆေးတံမှာ စွပ်လိုက်ပါ၏ ။ ၎င်းနောက် မီးညှိ၍ ဖွာပါ၏ ။ ထိုအခါ ကျွန်တော် သည် ‘သြော် . . ဒီလိုကိုး’ ဟု သိလိုက်ပါ၏ ။
ဒီလိုနဲ့ ဆေးပြင်းလိပ်တိုကို ဆေးတံ၌ စွပ်၍ သောက်ရာ နောက်ဆုံးဆေးပြင်းလိပ်၏ အရှည်သည် ငါးမူးစေ့တစ်ခု၏ အထူလောက်သာ ရှိတော့၏ ။ ထိုအခါ ဆေးတံမှချွတ်လိုက်သော အခါ ဆေးပြင်းလိပ်တိုသည် ငါးပြားစေ့ဝိုင်းကလေးတစ်ခုလို ဖြစ်နေပါသည်။ ၎င်းငါးပြားစေ့ဝိုင်းလေးကို ဖေဖေသည် ဆေးလိပ်ခွက်၌ သိမ်းလိုက်ပြီး နောက်ထပ်ဆေးပြင်းလိပ်တိုကို ဆေးတံ၌ စွပ်၍ သောက်ပြန်၏ ။ သို့နှင့် ငါးပြားစေ့ဝိုင်းသဏ္ဍန် ဆေးပြင်းလိပ်အပြားလေးများ ဆယ်ခုခန့်စုမိပါ၏ ။
ကျွန်တော် ကထင်သည်မှာ ဒီလို ဆေးတံထဲထည့်၍ သောက်လိုမရတော့သော ဆေးပြင်းလိပ်ဝိုင်းများ ကတော့ လွှင့်ပစ်လို့ရပြီထင်၏ ။ ထိုအခါ ကျွန်တော် သည် အဖေ၏ အခန်းထဲသို့ ၀င်သွား၍ ဆေးပြင်းလိပ်ပြားဝိုင်းလေးများ ကို သိမ်းလိုက်ပြီး ကျွန်တော့် အား ဟောက်လွှတ်၍ ကျွန်တော် သည် အဖေ၏ အခန်းထဲက ထွက်ပြေးခဲ့ရ၏ ။ သို့ သော် သူဘာဆက်လုပ် မည် ကို ဆက်လက်ချောင်းကြည့်ရပါသည်။ အဖေသည် ဆေးပြင်းလိပ် အပြားဝိုင်းများ ကို စက္ကူပေါ်တင်၍ ချေလိုက်ရာ ဆေးမှုန့်များ ဖြစ်သွား၏ ။ ၎င်းဆေးမှုန့်များ ကို ဆေးတံထဲထည့်၍ သောက်ပါတော့၏ ။ ထိုအခါ ဆေးပြင်းလိပ်တစ်လိပ်လုံးသည် ပြာ ဖြစ်သွားပြီး အဖေ၏ ဆေးလိပ်ခွက်ထဲ၌ ဆေးလိပ်ပြာတွေ အတော် များ နေပြီ။ ဒီတစ်ခါတော့ ကျွန်တော် သေချာသွားပြီ။ ပြာဆိုရင်တော့ ဆက်သောက်လို့ မရတော့ဘူး။ လွှင့်ပစ်ရတော့မှာ ပဲ။ ဒါနဲ့ ကျွန်တော် သည် ဖေဖေ၏ အခန်းထဲသို့ ၀င်သွားပြီး ပြာတွေ ကို လွှင့်ပစ်မှာ လားမေးရာ အဖေကစိတ်ဆိုးပြီး ကျွန်တော့် ကို မောင်းထုတ်ပြန်ပါသည်။
ထိုအခါ ကျွန်တော် သည် စိတ်ဝင်စား၍ အဖေ၏ အခန်းကို ဆက်လက်ချောင်းကြည့်ရပါသည်။ အဖေသည် ပြာများ ကို စက္ကူနဲ့ထုပ်၍ တရိုတသေသိမ်းလိုက်၏ ။ နောက်နေ့ ဆက်လက်ချောင်းကြည့်တော့ ဖေဖေသည် သူ၏ အခန်းထဲက စားရေး စားပွဲရှေ့မှာ ထိုင်နေ၏ ။ အဖေက အသက်(၄၀)ဆိုတော့ ဆံပင်နည်းနည်း ဖြူပြီ၊ အဖေသည် စားပွဲခုံပေါ်၌ မှန်တစ်ချပ်ကို ထောင်လိုက်၏ ။ ထို့နောက် သိမ်းထားသော ပြာထုပ်ကို တရိုတသေဖြည်ကာ ပြာကို အသုံးပြု၍ ဆံပင်ဖြူနုတ်လျက် ရှိကြောင်းပါ။
အဲဒါ ကတော့ ဖေဖေ၏ ချွေတာရေး ဘ၀ဟန် Life Style ဖြစ်ပါ၏ ။
ဖေဖေဟာ Golf မရိုက်ဘူး။ Golf ရိုက်မယ့်အစား ခြံထဲဆင်းပြီး လမ်းလျှောက်သည်။
ရလဒ်အကျိုးကျေးဇူး ကတော့ လခစား ဖြစ်သော်လည်း ကုန်ဈေးနှုန်းတက်သည် ဖြစ်စေ၊ မတက်သည် ဖြစ်စေ ဖေဖေရဲ့ ဘ၀မှာ စီးပွားရေး အကျပ်အတည်းဆိုတာ မ ဖြစ်ခဲ့ဘူး။ ပင်စင်ယူတဲ့အချိန်အထိ လာဘ်စားမသွားဘူး။ စာရိတ္တကို ထိန်းသွားခဲ့ပါသည်။
ဆင်းရဲတွင်းက မတက်နိုင်ကြသေးသူများ
လွန်ခဲ့သော နှစ် အနည်းငယ်က ကျွန်တော် သည် Bus လုပ်ငန်းလုပ်ရာ ကျွန်တော့်ထံ၌ Driver အချို့ အလုပ်လုပ်ကြ၏ ။ ရွှေတစ်ကျပ်သား လေးသိန်းခွဲလောက်အချိန်က သူတို့၏ ၀င်ငွေမှာ တစ်နေ့တစ်သော င်းကျပ်ခန့် ရှိပါသည်။ အချိန်ကြာလာတော့လည်း သူတို့က ပြည့်စုံလာသည်မရှိဘဲ (၂) ရက်လောက် အလုပ်မဆင်းနိုင်ရင် ပိုက်ဆံလိုက်ချေးရပါသည်။ လွန်ခဲ့သော (၁၅)နှစ် ခန့်က ကျွန်တော် သည် ကျေးလက်ဒေသ၌ အတွင်းလူနာဆေးခန်းဖွင့်ရာ လူနာ တစ်ယောက် ကို ဆေးလက်မှတ်ရေး ပေးခဲ့ပါ၏ ။ ဆေးဖိုးက ၇၀၀ ကျပ်လောက် ဖြစ်နေလို့ လူနာရှင်က မ၀ယ်နိုင်ဟု ဆိုပါ၏ ။
သို့ သော် နာရီအနည်းငယ်ကြာတော့ ဆေးခန်းထဲသို့ ချဲထီရောင်းသူ တစ်ယောက် ၀င်လာရာ လူနာရှင်က ချဲထီ ၃၀၀၀ ဖိုး အလွယ်တကူ ထိုးလိုက်ပါ၏ ။
ကျွန်တော် တစေ့တစောင်း လေ့လာကြည့်တော့ လူ တစ်ယောက် သည် ၀င်ငွေကို ပြန်သုံးရာတွင် ချဲထီ၊ ဆေးလိပ်၊ အရက်၊ ကွမ်း၊ ဗီဒီယိုအသုံးစရိတ်သည် ၀င်ငွေ၏ ရာနှုန်းအများ စု ဖြစ်ပြီး စားဖို့နဲ့ ကျန်းမာရေး အသုံးစရိတ်၊ ပညာရေး အသုံးစရိတ်က မသုံးသလောက်နည်းပါးသည်။
ဒီတော့ ဆင်းရဲတာပေါ့။ ဆင်းရဲခြင်း Poverty ဆိုတာကလည်း ယခုခေတ်မှာ ကျယ်ကျယ်လောင်လောင် ပြောလာပါ၏ ။ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက်နဲ့ ဘ၀ရပ်တည်ရတဲ့လူက သန်းတစ်ထောင်ရှိတယ် ဆိုပါ၏ ။ ကမ္ဘာ့ဦးရေက သန်းခြောက်ထောင် ဖြစ်ရာ ခြောက်ပုံတစ်ပုံ ဖြစ်၏ ။ Bottom Billion ဟုလည်း ခေါ်ပါသည်။ ဆင်းရဲခြင်းကို တိုက်ဖျက်ခြင်း Poverty Fighting ဆိုတာတွေ လည်း ကျယ်ကျယ်လောင်လောင် ပြောလာကြသည်။ ကုလသမဂ္ဂကြီးကို အားကိုးလိုကိုးနဲ့လည်း လုပ်လာကြပါသည်။ တစ်ချို့ဆောင်းပါးတွေ က ကုလသမဂ္ဂကြီးကို အားကိုးလိုကိုးနဲ့လည်း လုပ်လာကြပါသည်။ တစ်ချို့ဆောင်းပါးတွေ က ကုလသမဂ္ဂကြီးကို အလှူငွေပိုထည့်ရန် အမေရိကန်ကို တိုက်တွန်းထားပါသည်။ ကျွန်တော် တို့နိုင်ငံမှာ လူတချို့က သိန်းတစ်ထောင်ထီပေါက်မလား မျှော်မှန်းကြပါသည်။ မျှော်မှန်းမှာ ပေါ့၊ သိန်းတစ်ထောင်ပေါက်ရင် နောက်ထပ်သိန်းငါးရာ ထပ်ပေးပါမယ်ဆိုပြီး ထီလက်မှတ်ကို သာသာထိုးထိုး ဈေးတင်ရောင်းတာကိုး။ တချို့လည်း Foreign Investment အများ ကြီးလာမလားဆိုပြီး မျှော်တဲ့လူက မျှော်သည်။ တချို့ကလည်း INGO က အလှူငွေတွေ အများ ကြီး ၀င်လာမယ့်နေ့၊ ဆထက်ထမ်းပိုးတိုးပြီး ရမယ့်နေ့ကို မျှော်နေ၏ ။ မြန်မာပြည်က NGO လုပ်ငန်း အတွေ့ အကြုံရှိသူတွေ စုပေါင်းပြီး NGO ဖွဲ့ရင် LNGO (Local NGO) (ပြည်တွင် NGO) လို့ ခေါ်ပါတယ်။ INGO က အလှူရှင်တွေ ဖြစ်တဲ့ ဘီလ်ဂိတ်၊ ရော့က်ဖဲလား စသူတို့ဆီ တိုက်ရိုက်စာရေး ပြီး အလှူငွေတောင်းရင် ရဖို့မလွယ်ဘူး။ သူတို့က INGO အကြီးကြီးတွေ ကို လှူသည်။ LNGO တွေ က INGO, UN စသည်တို့ကို တစ်ဆင့်လက်ဝေခံ အလှူခံရပါသည်။ အလှူရှင်တွေ က ဘယ်လိုလဲ။ နိုင်ငံခြားသား NGO ဆိုရင်ယုံသည်။ တိုင်းရင်းသား ဆိုရင် မယုံဘူးဆိုတဲ့ သဘောလား။ သူတို့ငယ်ငယ်တုန်းက ပရင်စတန်၊ ဟားဗတ်၊ အောက်စဖို့ဒ်တက္ကသိုလ်တွေ တက်တုန်းက ယုံကြည်မှုတည်ဆောက်ရေး သင်တန်း “Training on Trust Building” မတက်ခဲ့ဘူးလားဟု သံသယ၀င်စရာ ဖြစ်ကုန်ပါ၏ ။ စာရေး ဆရာ JEFERY D.SACHS ရေး သော The End of Poverty How We Can Make it Happening in Our Life Time (ကျွန်ုပ်တို့ မသေမီ ဆင်းရဲခြင်းကို တိုက်ဖျက်ခြင်း) စာအုပ်၌ INGO, UN နှင့် အလှူရှင်များ ကို အားကိုးထားပါသည်။
ကျွန်တော် တင်လိုသည် ကတော့ NGO အလှူငွေ မျှော်လင့်ခြင်း၊ ထီထိုးခြင်း စသည်တို့ဟာ ကောင်းပါသည်။ ဘာကြောင့် လဲဆိုတော့ Somethings is better than nothing ဆိုသလို ဘာမှ မရတာ နဲ့စာရင် တစ်ခုခုရတာ ကောင်းတာပေါ့။ သို့ သော် တကယ်တမ်းအားကိုးရမှာ ကတော့ မိမိကိုယ်ကိုပဲ ဖြစ်ပါသည်။
ကျွန်တော် ရဲ့ ဘိုးဘိုးဟာ အထမ်းဈေးသည်ဘ၀ကနေ ကုန်သည်ဘ၀ရောက်အောင် ရုန်းထွက် သွားပါသည်။ အဲဒီ လို ရုန်းထွက်ရာမှ ပါမောက္ခစတစ်ဂလစ်ရဲ့ အကြံဥာဏ်ကို နားမထောင်လိုက်ရရှာပါ။ အဲဒီ တုန်းက ပါမောက္ခစတစ်ဂလစ် မမွေးသေးပါ။ သို့ သော် ပါမောက္ခကြီးကို ကျေးဇူးတင်ပါသည်။ ယနေ့လူငယ်များ အဖို့ ပါမောက္ခစတစ်ဂလစ်ရဲ့ အကြံဥာဏ်များ ကိုလည်း နားထောင်သလို ဆရာကြီးပီမိုးနင်းရဲ့ ကြီးပွားရေး လမ်းညွှန်တွေ လည်း ဖတ်သင့်ပါ၏ ။ ကျွန်တော် နိဂုံးချုပ်သတင်းပေးလိုတာ ကတော့ ကျွန်တော့် အဘိုးသည် ဆင်းရဲတွင်းက ရုန်းထွက်သူ တစ်ယောက် ဖြစ်ရာ သူ၏ ပညာအရည်အချင်းသည်ကား စတုတ္ထတန်း ဖြစ်ပါကြောင်း . . . . . ။
HR ဂျာနယ်
၁၉ ဖေဖော်ဝါရီ ၂၀၁၀
အခန်း (၃)
လွန်ခဲ့တဲ့ (၁)နှစ် ခန့်က ဂျာနယ်တစ်ခုတွင် ဖတ်ဖူးသည်မှာ စင်္ကာပူကို ပညာသင်သွားတဲ့ လူငယ်လေး တစ်ယောက် မြန်မာ ပြည်ပြန်လာရတယ်။ Dip in Hotel Management ခေါ် ဘွဲ့ကြို ဒီပလိုမာတစ်ခုရပြီး စင်ကာပူမှာ အလုပ်မလုပ်ဘဲ ပြန်လာရတယ်။ ပြန်လာရတဲ့အကြောင်း ကတော့ အဲဒီ ကလေးကို စင်ကာပူဟိုတယ် ကြီးတစ်ခုက လစာ စင်္ကာပူဒေါ်လာ ၁၂၀၀ နဲ့ အလုပ်လုပ်ရန် ကမ်းလှမ်းတယ်။ ကလေးက စင်ကာပူ ဒေါ်လာ ၁၈၀၀ လစာ လိုချင်တယ်။ ဒါနဲ့အပေးအယူမတည့်ဘဲ မြန်မာကလေးအချို့ စင်ကာပူမှာ ဟိုတယ်စီမံခန့်ခွဲရေး ဒီပလိုမာ သင်တန်းတက်နေစဉ် စာတွေ့ ကာလပြီးဆုံးလို့ လစာရ (အလုပ်သင်လစာ)နဲ့ ဟိုတယ်တွေ မှာ လက်တွေ့ သင်တန်းဆင်းနေတုန်း သင်တန်းရပ်ဆိုင်းခြင်း ခံရတာ မျိုး ဖတ်ရတယ်။ ဒါနဲ့ ဒီဆောင်းပါးကို ရေး လိုက်ပါတယ်။
နိုင်ငံခြားသွားမယ်ဆိုရင် အလုပ်လုပ်ဖို့ သွားတာပဲ ဖြစ် ဖြစ် ပညာသင်သွားတာပဲ ဖြစ် ဖြစ် သက်ဆိုင်တဲ့လေ့လာမှုမျိုးကိုတော့ ပြုလုပ်သွားကြမှာ ပါ။ ဥပမာ သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကား ယဉ်ကျေးမှုစသည်ဖြင့် ပေါ့။ ဒါပေမဲ့ အဲဒီ လေ့လာမှုတွေ ထက် ပိုမိုပြီး အခြေခံကျတဲ့ သဘာဝတရားတွေ ကို လေ့လာမိတဲ့သူရှိသလို မလေ့လာမိတဲ့သူတွေ လည်း ရှိမှာ မို့လို့ လက်လှမ်းမီသလောက် ရေး သားလိုက်ပါတယ်။ နိုင်ငံခြားမှာ ပညာသင်ကြတဲ့ ရည်ရွယ်ချက်တွေ က မြန်မာပြည်ပြန်လာပြီး အလုပ်လုပ်ကြမယ့် လူများ ရှိသလို နိုင်ငံခြားမှာ ပဲ ဆက်လက်နေထိုင်အလုပ်လုပ်ကြပြီး မြန်မာနိုင်ငံကို ငွေပြန်ပို့ရန် ရည်ရွယ်ချက်နဲ့ လူများ လည်း ရှိပါတယ်။ ဒါကြောင့် သဘာဝတရားအချို့ကို တင်ပြပါရစေ။
ပညာမာနနဲ့ ဘ၀င်မြင့်တာနဲ့ အဓိပ္ပာယ်ခြင်းမတူပါဘူး။
ဆရာဝန် တစ်ယောက် ရှိတယ် ဆိုပါတော့။ သူဟာအပြင်ဆရာဝန်ဘ၀နဲ့ ငွေရေး ကြေးရေး ပြေလည်ချင်မှ ပြေလည်မယ်။ ဒါပေမဲ့ ဆင်းရဲချင်ဆင်းရဲပါစေ။ ငွေဘယ်လောက်ပဲ ပုံပေးသည် ဖြစ်စေ ကလေးတော့ဖျက်မပေးဘူးဆိုတဲ့ ခံယူချက်မျိုးက ပညာရဲ့ မာနပါ။ ဘ၀င်မြင့်တယ်ဆိုတာ ကတော့ ဥပမာ-ငါဟာ အပြင်ဆရာဝန်ဘ၀နဲ့နေလာတာ အနှစ် (၂၀)ရှိပြီ။ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ လုပ်ရမယ်ဆိုရင် လက်ထောက်ဆရာဝန်လောက်တော့ မလုပ်နိုင်ဘူး။ ဒုတိယဆေးရုံအုပ်လောက်မှ လုပ်ချင်တယ်ဆိုရင်တော့ အဲဒါက ‘ဘ၀င်’ ပါ။ နိုင်ငံခြားတက္ကသိုလ်ကနေ ဘွဲ့ရခါစ သားငယ်၊ သမီးငယ်တို့အနေနဲ့ အသက်လည်းငယ်၊ ပညာလည်းတတ်၊ တတ်တဲ့ပညာ၊ ရတဲ့ဘွဲ့ကလည်း နိုင်ငံခြားဘွဲ့၊ မိဘနဲ့လဲဝေးနေဆိုတော့ ဘ၀မြင့်ကောင်း မြင့်သွားနိုင်ပါတယ်။ ဒါကြောင့် ‘မာန’ နဲ့ ‘ဘ၀င်’ ကို ခွဲခြားပြလိုက်တာပါ။
ကုမ္ပဏီတစ်ခုမှာ ပညာတတ်ပြီး ရာထူးဘယ်လောက်ပဲ
ကြီးနေပါစေ ‘၀န်ထမ်း’ ဟာ ‘၀န်ထမ်း’ ပါပဲ
STAFF ဆိုတဲ့ အင်္ဂလိပ်စကားဟာ ‘၀န်ထမ်း’ လို့ဆိုလိုတာပါ။ BOSS ဆိုတာ ကတော့ ‘အလုပ်ရှင်’ ပေါ့။ ကျွန်တော် ဟာ ဆရာဝန် တစ်ယောက် ပါ။ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆေးရုံအုပ်ကြီးရာထူးလောက် လုပ်ချင်တယ် ဆိုပါစို့။ အဲဒါဆိုရင် ဘယ်လို ကြိုးစားရမယ်ထင်သလဲ။ Diploma in Hospital Administration (ဆေးရုံစီမံခန့်ခွဲမှုဒီပလိုမာ) သင်တန်းပဲ သွားတက်ရမလား။ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ MBA တို့ သွားတက်ရမလား။ ပြည်သူ့ရေး ရာစီမံခန့်ခွဲမှုမဟာဘွဲ့MPA တို့ သွားတက်ရမလား။ ထင်ကောင်းထင်ကြမှာ ပါ။ ဒါပေမဲ့ မဟုတ်ပါဘူး။ ဆေးရုံပိုင်ရှင် BOSS က ခန့်လိုက်ရင် ချက်ချင်း ဆေးရုံအုပ် ဖြစ်သွားမှာ ပါ။
General Manager ပင် ဖြစ်ပါစေ BOSS ကဖြုတ်လိုက်ရင် ပြုတ်ရမှာ ပါ။ အဲဒါ STAFF ဘ၀ရဲ့ သဘာဝကိုနားလည်ရင် ရာထူးကြီးတဲ့ STAFF တွေ ဟာ မာနမကြီးတော့ပါဘူး။ ဒါဆိုရင်လုပ်ငန်းခွင်မှာ ပိုမိုအဆင်ပြေပြီး ရာထူးသက်တမ်းလည်း တာရှည်ခိုင်မြဲနိုင်ပါတယ်။
အလုပ်သမားဈေးကွက် (Labour Market) ဆိုတာ ဘာလဲ
Labour Market အကြောင်းမရေး ခင် Market ခေါ် ဈေးကွက်ရဲ့ အခြေခံသဘောတရားအချို့ နည်းနည်း ရေး ပါရစေ။ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေ ရှိတယ်။ အဲဒါကို ရောင်းလိုအား SUPPLY လို့ခေါ်ပါတယ်။ ဈေးကွက်မှာ ရောင်းလိုအားများ ပြီး (တစ်နည်း) DEMAND နည်းနေရင် ကုန်ပစ္စည်းဈေးကျတယ်။ ရောင်းလိုအား SUPPLY နည်းပြီးဝယ်လိုအား DEMAND များ နေရင် ကုန်ပစ္စည်းဈေးတက်ပါတယ်။ ဒါက Market ရဲ့ သဘော သဘာဝပါ။
Labour Market ခေါ် အလုပ်သမားဈေးကွက်မှာ အလုပ်လုပ်ချင်သူများ ပြီး အလုပ်ခန့်နိုင်သော အလုပ်ရှင်နည်းနေရင် ပုဂ္ဂလိကလုပ်ငန်းတွေ မှာ အလုပ်သမားလစနည်းတတ်ပြီး အလုပ်ရှင်က ဈေးကိုင်တတ်ပါသည်။ အလုပ်သမားနည်းနေပြီး အလုပ်ရှင်အရေအတွက်များ နေရင် အလုပ်သမားကို လစာကြီးကြီးပေးပြီး ခေါ်ရပါတယ်။ တစ်ခါက ချမ်းသာတဲ့နိုင်ငံတစ်ခုမှာ လျှပ်စစ်အင်ဂျင်နီယာ အရေအတွက်နည်းသွားတယ်။ ဒီတော့ သူတို့ရဲ့ အစိုးရနဲ့ပိုင်တဲ့ လျှပ်စစ်အင်ဂျင်နီယာတက္ကသိုလ်တွေ ကို နိုင်ငံခြားက ကျောင်းသားတွေ လာတက်ချင်အောင် လမ်းဖွင့်ပေးတယ်။ နိုင်ငံခြားကကျောင်းသားတွေ ကလည်း ကျောင်းလခဈေးကြီးတော့ မတက်နိုင်ပြန်ဘူး။ ဒီတော့အစိုးရက ပညာသင်စရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထောက်ပံ့ကြေး GRANT ပေးတယ်။ ဥပမာ ကျောင်းလခက ဒေါ်လာတစ်သော င်းကျရင် သူတို့အစိုးရက ဒေါ်လာ ၈၀၀၀ ကူညီတယ်။ ထောက်ပံ့တာ။ ချေးငှားတာ မဟုတ်ဘူး။ ဒီလိုနဲ့ နိုင်ငံခြားကျောင်းသားတွေ ကျောင်းလာတက်ပြီး လျှပ်စစ်အင်ဂျင်နီယာတွေ ပေါလာတယ်။ အဲဒီ အင်ဂျင်နီယာတွေ ကို အလုပ်လုပ်ခွင့်ပေးတော့ လျှပ်စစ်အင်ဂျင်နီယာရှားပါးမှု ပြေလည်သွားတယ်။ လျှပ်စစ်အင်ဂျင်နီယာ အရေအတွက်လုံလောက်သွားရင် အလုပ်သမားဈေးကွက် Labor Market မှာ Supply နဲ့ Demand မျှသွား၇င် နိုင်ငံခြားက အင်ဂျင်နီယာကျောင်းသား သိပ်မလိုတော့ဘူး။ အဲဒီ အခါမှာ အဲဒီ ဘာသာအတွက် Grant ခေါ် ပညာသင်ထောက်ပံကြေးကို ရပ်လိုက်တယ်။ အဲဒါကို Government’s Human Resource Management (အစိုးရ၏ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု) လို့ခေါ်ပါတယ်။
ဝါသနာနှင့် ရွေးချယ်ခွင့်
ရှေးတုန်း ကတော့ တက်လမ်းစာပေရေး ကြသော ဆရာကြီးများ က မိမိဝါသနာပါသော အလုပ်ကိုရွေးရန် ဆုံးမကြဖူးပါသည်။ ဥပမာ စာရေး သူ ကျွန်တော် တို့ ဆယ်ကျော်သက်က ကျွန်တော် တို့ မြန်မာနိုင်ငံမှာ ဆရာဝန်အလုပ်ကို ကလေးလုပ်သူက စိတ်ဝင်စားသည် ဖြစ်စေ၊ စိတ်မ၀င်စားသည် ဖြစ်စေ မိဘက ဆေးကျောင်းတက်ရန် အတင်းအကြပ်တိုက်တွန်းတယ်။ ဒီတော့ ကလေးကလည်း မိဘဆန္ဒအရ ဆေးကျောင်းတက်ပြီး ဆရာဝန် ဖြစ်လာတော့ ကုန်သည်လုပ်တော့ အချို့သော လူမှုစာပေဘာသာရပ်ကိုရေး သော စာရေး ဆရာကြီးများ က အပြစ်တင်ရေး သားခဲ့ကြဖူးသည်ကို ဖတ်ဖူးပါသည်။ ဒါပေမဲ့ ယခုကိစ္စက သူတစ်ပါးနိုင်ငံမှာ သွားပြီး အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ မိမိဝါသနာပါသော ပညာရေး လိုင်းက သက်ဆိုင်ရာအိမ်ရှင်နိုင်ငံသား တိုင်းရင်းသားအချင်းချင်းတောင် အတော် ယှဉ်ပြိုင်ပြီး ခက်ခက်ခဲခဲတက်ရတဲ့ လိုင်းမျိုးဆိုရင် မျက်စိသူငယ်၊ နားသူငယ်နဲ့ နိုင်ငံခြားသားကလေးက ၀င်တိုးဖို့မလွယ်ဘူး။
အိမ်ရှင်နိုင်ငံအနေနဲ့ကလည်း သူတို့နိုင်ငံမှာ သိပ်ပြီး လူကြိုက်များ နေတဲ့ ပညာရေး လိုင်းမျိုးကို နိုင်ငံခြားသားကျောင်းသားကို လွယ်လွယ်ကူကူ တက်ခွင့်ပေးပြီး ဘွဲ့ရစေပြီး အလုပ်ရစေခြင်းဖြင့် မိမိနိုင်ငံသားတွေ အလုပ်လက်မဲ့နှုန်းမြင့်လာအောင်တော့ လုပ်မှာ မဟုတ်ဘူး။ စာရေး သူကျွန်တော် ၏ သမီးငယ် အသက်(၁၇) အရွယ်ရှိသူဟာ ၂၀၀၈ ခုနှစ် နှစ် ဦးမှာ ထုတ်ပြန်တဲ့ LCCI III Dip in Accounting စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူး (၄) ဘာသာဂုဏ်ထူးနဲ့ အောင်ပါတယ်။ ဒီတော့ သူမက Accounting ဘာသာရပ်ကို ၀ါသနာပါတယ်လို့ ဆိုပါတယ်။ ဒီတော့ သမီးလုပ်သူက စင်ကာပူမှာ ACCA ခေါ် အဆင့်မြင့်စာရင်းကိုင်သင်တန်းတက်ချင်ကြောင်း၊ သူ့အား စင်ကာပူ ACCA စာရင်းကိုင်ကျောင်းတစ်ခုခုတွင် ကျောင်းထားပေးပါရန် ပူဆာလာပါသည်။ ဒီတော့ ကျွန်တော် လည်း အင်တာနက်ကတစ်ဆင့် စင်ကာပူရဲ့ Accounting Staff အလုပ်သမားဈေးကွက်ကို ခန့်မှန်းပြီးကြည့်ပါတယ်။ ACCA သို့ မဟုတ် LCCI လက်မှတ်ရ တစ်ယောက် ဟာ အလုပ်တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ Demand ခေါ် အလုပ်ခန့်လိုအားက သိပ်မများ လှဘူး။ ဒေသခံစင်ကာပူတိုင်းရင်းသားတွေ နဲ့ အလုပ်နေရာအတွက် ယှဉ်ပြိုင်ရမယ်။ ဒီတော့ အလုပ်ရဖို့ အခွင့်အလမ်းက ရှိတော့ရှိပါတယ်။ သိပ်တော့မများ ဘူး။ ဒါပေမဲ့ အင်တာနက်မှာ တွေ့ ရတာ က စင်ကာပူမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းစီမံကိန်း အကြီးကြီးတစ်ခု လုပ်နေတယ်။ ဒီတော့ ဟိုတယ်လုပ်ငန်း တိုးချဲ့တယ်။ ဟိုတယ်ကျွမ်းကျင်ဝန်ထမ်း အလုပ်သမားဈေးကွက်မှာ အလုပ်ခန့်လိုအား Demand က သိပ်ကောင်းနေတယ်။ ဒီတော့ သမီးငယ်ကို ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ ဒီပလိုမာပဲ တက်ပါလို့ဆိုပြီး ဖျောင်းဖျနားချ၍ စင်ကာပူသို့ လွှတ်လိုက်ရပါတယ်။
အလုပ်ရှင်နေရာကနေပြီး စဉ်းစားကြည့်ဖူးပါသလား
ကုမ္ပဏီပိုင်ရှင်တွေ ဘက်က စဉ်းစားကြည့်ပြန်တော့ သူတို့မှာ လည်း ကုမ္ပဏီလုပ်ငန်းအချင်းချင်း ဈေးကွက်စီးပွားရေး နဲ့အညီ ကုန်ထုတ်စွမ်းအားချင်း အကြိတ်အနယ်ယှဉ် ပြိုင်ရတာ ပါ။ အဲဒီ လိုယှဉ်နိုင်ဖို့ ၀န်ထမ်းကောင်းတွေ ၊ မန်နေဂျာကောင်းတွေ လိုအပ်တယ်။ ဈေးကွက်ယှဉ်ပြိုင်မှုကိုပဲ အာရုံစိုက်ချင်တယ်။ မိမိကုမ္ပဏီတွင်း အလုပ်သမား ပြဿနာရှင်းနေရတာ မျိုး ၀န်ထမ်းစည်းကမ်းဖောက်လို့ အရေး ယူခြင်းနဲပ အချိန်ကုန်နေရတာ မျိုးဆိုရင် ကုန်ထုတ်စွမ်းအား ကျဆင်းတော့မှာ ပေါ့။ ဒီတော့ ရိုးသားကြိုးစားပြီး စေတနာပါတဲ့ဝန်ထမ်းမျိုးပဲ လိုချင်ကြမှာ ပါ။
သင်သာ ကုမ္ပဏီပိုင်ရှင်ဆိုရင် အလုပ်မကြိုးစားလို့ မိမိကုမ္ပဏီကို အရှုံးပေါ်စေမယ့် အလုပ်သမားမျိုးကို ခန့်ရဲပါ့မလား။
အလုပ်သမား တစ်ယောက် ရဲ့ တန်ဖိုးကို ဘယ်လိုတိုင်းတာသလဲ
ဒီဆောင်းပါးမှာ ရေး ခဲ့သလို နိုင်ငံတစ်နိုင်ငံရဲ့ လျှပ်စစ်အင်ဂျင်နီယာပညာရှင်နည်းသွားတော့ သူတို့အစိုးရက နိုင်ငံခြားကျောင်းသားတွေ ခေါ်ပြီး လျှပ်စစ်အင်ဂျင်နီယာသင်တန်းတက်ဖို့ ထောက်ပံကြေး GRANT (၈၀)ရာခိုင်နှုန်းပေးတယ်။ GRANT ပေးမယ့်ကျောင်းသားတွေ ကို ဘယ်လိုရွေးချယ်တိုင်းတာလဲဆိုတော့ အဲဒီ ကျောင်းသားတွေ ရဲ့ ဆယ်တန်းအမှတ်စာရင်း၊ အင်္ဂလိပ်စာ စာမေးပွဲ TOFEL,IELTS အမှတ်စာရင်း၊ အင်တာဗျူး ရမှတ်တွေ နဲ့ တိုင်းတာတယ်။ အမှတ်ကောင်းရင် GRANT ရတယ်။ ဒါပေမဲ့ အဲဒီ GRANT ရတဲ့ကလေးဟာ တကယ်တမ်းဘွဲ့ရပြီး အလုပ်ဝင်တော့ သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေး မိမိအလုပ်အပေါ် လေးစားမှု၊ ရိုးသားကြိုးစားမှု၊ အလုပ်အပေါ် စေတနာထားမှုတို့ကို ဘာပေတံနဲ့တိုင်းမလဲ။ တိုင်းတာလို့ မရခဲ့ဘူး။ တကယ်တမ်းအလုပ်ဝင်တော့ လုပ်ငန်းခွင်မှာ အဲဒီ ပုဂ္ဂိုလ်ဟာ ဆောင့်ကြွားကြွား ဖြစ်နေမယ်။ ဆက်ဆံရေး မပြေပြစ်ဘူး၊ စည်းကမ်းမလိုက်နာဘူးဆိုရင် ခက်ပြီ။ အလုပ်မခန့်တော့ရင် သူတို့နိုင်ငံကပေးထားတဲ့ ပညာသင်ထောက်ပံ့ကြေး ၈၀ ရာခိုင်နှုန်းဆုံးပြီပေါ့။ ဒီတော့ ဒီနည်းက သိပ်မကောင်းဘူး။ နောက်တစ်နည်း ကတော့ On Job Training ကာလအလုပ်သင်ဝန်ထမ်းအ ဖြစ် တကယ်ခိုင်းကြည့်ပြီး အကဲခတ်တော့တာပဲ။ ဥပမာ နိုင်ငံတစ်ခုမှာ ဆိုရင် ဟိုတယ်စီမံခန့်ခွဲရေး ဘာသာရပ် ဆိုပါတော့။ စာတွေ့  ၆ လ သင်လိုက်တယ်။ ပြီးရင် အလုပ်သင်ဝန်ထမ်းဆိုပြီး ဟော်တယ်ကြီးတွေ မှာ ၈ လ လက်တွေ့ ခိုင်းတယ်။ အဲဒီ မှာ လက်တွေ့ လူကောင်း ဟုတ်မဟုတ် လေ့လာတော့တာပဲ။ အလုပ်ဆင်းချိန်မှန်ရဲ့ လား။ ဆက်ဆံရေး ကောင်းရဲ့ လား။ အသင်းအဖွဲ့စိတ်ရှိရဲ့ လား။ အနစ်နာခံစိတ်ရှိရဲ့ လား။ ကလေးရဲ့ အမူအကျင့်တွေ ကို စောင့်ကြည့်တော့တာပဲ။ အဲဒါကို Monitor လုပ်တယ် (မော်နီတာ)လို့ ခေါ်တယ်။ အဲဒီ လို Monitor (၈)လ လုပ်ပြီးရင် အဲဒီ ကလေးဟာ ၀န်ထမ်းကောင်းဟုတ်မဟုတ် သတ်မှတ်အကဲဖြတ်တာကို EVALUATION (အီဗယ်လျူရေး ရှင်း)လုပ်တယ် လို့ခေါ်တယ်။ EVALUATION မှာ ၀န်ထမ်းကောင်းအ ဖြစ် သတ်မှတ်ခံရပါမှ အလုပ်သင်ဝန်ထမ်းဘ၀မှ ၀န်ထမ်းအစစ်အ ဖြစ် ဆက်လက်လုပ်ကိုင်ခွင့်ရမှာ ဖြစ်တယ်။ ဒီတော့ EVALUATION မှာ ကျရှုံးရင် ကျောင်းသားမိဘက ပညာသင်စရိတ် သိန်း ၁၀၀ ကျော်ဆုံးပြီး။ သက်ဆိုင်ရာအစိုးရက ပညာသင်ထောက်ပံ့ကြေး ၈၀ ရာခိုင်နှုန်း GRANT ပေးထားတာမဟုတ်လို့ သူတို့ဘက်ကမနစ်နာဘူး။ အဲဒီ ကလေးက တခြားကုမ္ပဏီင်္မျာ အလုပ်ပြောင်းလျှောက်ရတော့မယ်။ ဒါပေမဲ့ မိမိရဲ့ ကိုယ်ရေး ရာဇ၀င်မှာ ဒဏ်ရာရသွားတာပေါ့။
မျက်လုံးဒေါက်ထောက်စောင့်ကြည့်ပြီး အကဲဖြတ်ခြင်းခံလိုက်ရတာ ကို M & E အလုပ်ခံရတယ်လို့ ခေါ်တယ်။ တချို့ကလေးက မိမိကို မျက်လုံးဒေါက်ထောက်ပြီး စောင့်ကြည့်နေတယ် ဆိုတာ မသိဘူး။ ဒီတော့ အလုပ်သင်ကာလမှာ စိတ်လွတ်ကိုယ်လွတ်ပေါ့။ အချိန်မှန်လည်း လာချင်လာမယ်။ မလာချင်မလာဘူး။ ဆံပင်ကိုဆေးဆိုးပြီး လုပ်ငန်းခွင်လာတာ ရိုးရိုးမဆိုးဘူး။ ခေါင်းတစ်ခြမ်းကို ရွှေရောင် ဆိုးပြီး တစ်ခြမ်းကို အဖြူရောင် ဆိုးတယ်။ ပြီးတော့ နားကပ်ပန်တော့လည်း နားတစ်ဖက်ကိုပန်ပြီး တစ်ဖက်ကဗလာ။ ဒီတော့အလုပ်ရှင်တွေ က လန့်သွားပြီး မလိုလားအပ်တဲ့ နစ်နာမှုတွေ ဖြစ်ကုန်တာပေါ့။ M & E ဆိုတာလည်း ပုံစံအမျိုးမျိုး ရှိတယ်။ တချို့က M & E လုပ်ပြီဆိုရင် အလုပ်သမားကို ပွင့်ပွင့်လင်းလင်း အသိပေးတယ်။ အားနည်းချက်ရှိရင် ပြုပြင်ဖို့ နောက်တစ်ကြိမ် ဖြစ်စေ အခွင့်အရေး ထပ်ပေးတယ်။ တချို့ အလုပ်ရှင်က M & E ကို လျှို့ဝှက်လုပ်တယ်။ တချို့ အလုပ်သမားခမျာ မိမိအလုပ်ဆက်မရတော့တာ ဘာကြောင့် မှန်းတောင် မသိလိုက်တာရှိမယ်။ ဒီတော့ သတိထားကာမှ တန်ကာကျပါတယ်။
ကျွန်တော် က ဒီကိစ္စလေးတွေ ဘယ်လိုလုပ်ပြီး သိတာလဲဆိုတော့ ဒီလိုပါ။ ကျွန်တော် က ဆရာဝန်ဘ၀နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအမျိုးမျိုးနဲ့ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းအမျိုးမျိုးမှာ (၁၀)နှစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ နိုင်ငံ (၃၀)ကျော်လောက်က နိုင်ငံခြားသားတွေ နဲ့ အတူလုပ်ကိုင်ဖူးတယ်။
သူတို့ရဲ့ မော်နီတာ(Monitor) လုပ်ခြင်းကို (၁၀)နှစ် လုံးလုံး ခံခဲ့ရပါတယ်။ စီမံကိန်းမှာ အလုပ်ခန့်တယ်ဆိုတာ အသက်(၆၀) ပင်စင်အရွယ်အထိ ခန့်လိုက်တာမဟုတ်ဘူး။ တစ်ခါခန့်မှ (၁)နှစ် တိတိခန့်အပ်ကြောင်း ခန့်စာထွက်တာ။ တစ်နှစ် လုံး Monitor လုပ်၊ နှစ် ကုန်ခါနီး မှ Evaluation လုပ်ပြီး ကျေနပ်မှ နောက်ထပ်တစ်နှစ် အတွက် ခန့်စာထပ်ထွက်တာ။
ဒီတော့ ကျွန်တော် က(၁၀)နှစ် လောက် စောင့်ကြည့်ုခြင်းခံခဲ့ရပြီး ဆယ်ကြိမ်ထပ်မနည်း Evaluation အကဲဖြတ်ခြင်းခံခဲ့ရပါတယ်။ ကိုယ့်ကို စောင့်ကြည့်နေမှန်းသိတော့ ကိုယ်ကလည်း သတိထားနေရတယ်။ တစ်ကွက်ဦးနေရတာ ပေါ့။
တစ်ဖန်ကိုယ်ကလည်း ကိုယ့်လက်အောက်ဝန်ထမ်းတွေ ကို M & E ပြန်လုပ်ရတယ်။ ဆုံးမတန်ဆုံးမ၊ ပြုပြင်တန်ပြုပြင်လုပ်ခံရတယ်။ တချို့ကျတော့လည်း လုံးလုံးပြင်လို့ မရတော့ဘူး။ သူ့ကိုဆက်ခန့်ရင် စီမံကိန်းမှာ နစ်နာပြီး တစ်ဖွဲ့လုံးအလုပ်ပြုတ်မယ့်လူမျိုးဆိုရင်လည်း စီမံကိန်းရှင်သန်ရေး အတွက် ၀န်ထမ်းတစ်ဦးစ၊ နှစ် ဦးစကို ဖြုတ်လိုက်ရတာ ရှိပါတယ်။
ကုမ္ပဏီတစ်ခုမှာ ဘယ်သူအရေး ပါသလဲဆိုရင် MBA ဘွဲ့ရမန်နေဂျာကြီးကြီးတွေ မှာ အရေး ပါမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ တကယ် Decision Making Power ခေါ် ဆုံးဖြတ်ပိုင်ခွင့်ပါဝါကို ကိုင်ထားသူ ကတော့ ကုမ္ပဏီရဲ့ အစုရှယ်ယာရှင်တွေ ပေါ့။ သူတို့က အလုပ်ရှင် Boss တွေ ပါ။ သို့ သော်လည်း အလုပ်ရှင်ကို ငွေရှာပေးနိုင်တဲ့ အလုပ်သမားကလည်း အရေး ပါပြန်တယ်။ ဥပမာ Marketing Manager တစ်ယောက် ဟာ ကုမ္ပဏီရဲ့ ကုန်ပစ္စည်းတွေ အများ ကြီးရောင်းရအောင် ဈေးကွက်ရှာဖွေပေးနိုင်ရင် သူကလည်း အရေး ပါပြန်တာပဲ။
တချို့အလုပ်ရှင်တွေ ကတော့ ၀န်ထမ်းကိုအကဲဖြတ်ရမှာ Result Based Evaluation ခေါ် ရလဒ်ကို အခြေပြုသော အကဲဖြတ်မှုဆိုတာကို လုပ်တယ်။ ဥပမာ Marketing Manager တစ်ယောက် ဟာ ရုံးတက်ရုံးဆင်းမှန်တာ အလုပ်ရှင်က သိပ်ပြီး စိတ်မ၀င်စားဘူး။ အဲဒီ Marketing Manager က ကုမ္ပဏီအတွက် အမြတ်ဘယ်လောက်ရအောင် လုပ်ပေးနိုင်သလဲဆိုတာပဲ ကြည့်တယ်။
နိုင်ငံတကာ အလုပ်သမားအမျိုးမျိုး
နိုင်ငံခြားလုပ်သား အမျိုးမျိုးရှိတယ်။
(၁)အခြေခံအကျဆုံးက အထွေထွေလုပ်သား General Worker လို့ခေါ်ပါတယ်။ နိုင်ငံခြားမှသွားပြီး အလုပ်ကြမ်းလုပ်ရတာ မျိုးပါ။
(၂)ကျွမ်းကျင်လုပ်သား (သို့ မဟုတ်) Skilled Worker ဆိုတာ ကတော့ အသက်မွေးဝမ်းကြောင်းပညာရှင်အဆင့်ပေါ့။ ဥပမာ နိုင်ငံတစ်နိုင်ငံက အထွေထွေ ရောဂါ ကုဆရာဝန် တစ်ယောက် က တခြားနိုင်ငံတစ်နိုင်ငံမှာ အထွေထွေ ရောဂါ လက်ထောက် ဆရာဝန်လောက် သွားလုပ်တာမျိုးပါ။
(၃) International Advisor အဆင့်ဆိုတာတော့ ရှားတယ်။ ဒီလိုလူမျိုးက နိုင်ငံတစ်နိုင်ငံကိုသွားရင် ‘ဟေ့ မင်းတို့တစ်နိုင်ငံလုံး ငါ့လောက်တတ်တဲ့သူမရှိလို့ ငါလာခဲ့တယ်ကွာ’ ‘မင်းတို့ကို ငါသင်ပေးမှာ ပေါ့’ ဆိုတဲ့လူမျိုး။ ဥပမာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှာ အထပ် ၁၀၀ ရှိတဲ့ မိုးထိအဆောက်အအုံကြီးတည်ဆောက်မယ်ဆိုပါတော့။ အဲဒီ နိုင်ငံရဲ့ ဒေသခံ အင်ဂျင်နီယာတွေ က အထပ် ၁၀၀ ဆောက်တဲ့ အတွေ့ အကြုံမရှိရင် နိုင်ငံခြားက Consultant Engineer ကို ငှားရမယ်။ အဲဒီ အဆင့်မျိုးက International Advisor အဆင့်ပါ။ သူ့ကိုကျတော့ အလုပ်ရှင် (Boss) တွေ က ပြန်လန့်ရတယ်။ မဟောက်ရဲဘူး။
နောက်ဥပမာတစ်ခုက အနောက်နိုင်ငံတစ်ခုမှာ အရှေ့တိုင်းယဉ်ကျေးမှုကို လေ့လာတဲ့ တက္ကသိုလ်တစ်ခု ရှိတယ်ဆိုပါစို့။ အဲဒီ တက္ကသိုလ်မှာ ရုပ်သေးပညာဘာသာရပ် သင်ကြားချင်တယ်။ သူတို့တစ်နိုင်ငံလုံး ရုပ်သေးပညာတတ်တဲ့သူမရှိရင် မြန်မာနိုင်ငံက ရုပ်သေးပညာရှင်ကိုခေါ်ရင် သူက International advisor အဆင့်ပဲ။
ဒါတွေ က ဘာပြုလို့ရေး ပြရတာ လဲဆိုတော့ နိုင်ငံခြားမှာ ပညာရှင်အဆင့်နဲ့ အလုပ်သွားလုပ်တဲ့အခါ မိမိကိုယ်ကို Skilled Worker အဆင့်လား၊ International Advisor အဆင့်လား မိမိကိုယ်ကို သတိပြုနားလည်ဖို့လိုပါတယ်။
International Advisor အဆင့်ရှိမှသာလျှင် အလုပ်ရှင်ကို ကလန်ကဆန်လုပ်လို့ရပါတယ်။ Skilled Worker အဆင့်လောက်နဲ့ အလုပ်ရှင်ကို ကလန်ကဆန်လုပ်ရင် အလုပ်ပြုတ်မှာ ဖြစ်တယ်။ သို့ သော်ဘာပဲ ဖြစ် ဖြစ် မာန်ဆိုတာ၊ ဘ၀င်ဆိုတာ မထားတာအကောင်းဆုံးပါ။ မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတစ်ပါးပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်တော် ရေး လိုသည် ကတော့ သည်ဆောင်းပါးမှာ ကျွန်တော် နားလည်သလို ရိုးသားစွာ တင်ပြခြင်း ဖြစ်ပြီး ဤဆောင်းပါးပါ အချက်များ ကို ဖတ်ရှုပြီး မှန်ကန်သည်ဟုထင်ကာ လက်ခံကျင့်သုံး၍ မှားသည်ဟုထင်က မေ့လိုက်နိုင်ပါသည်။ သို့ မဟုတ် ကျွန်တော့် အားနည်းချက်များ ကို စေတနာဖြင့် ထောက်ပြသော ဆောင်းပါးရေး သား၍ လည်း ကျွန်တော့် အား ဆုံးမနိုင်ပါသည်။
HR ဂျာနယ်
၅ ဖေဖော်ဝါရီ ၂၀၁၀
အခန်း (၄)
ပထမ ကတော့ ဥပမာပြစရာအ ဖြစ်အပျက်ကလေးများ ကို တင်ပြလျက် ဤဆောင်းပါးအား အမှုဆောင်တို့၏ အပိုအင်ဂျင် သို့ မဟုတ် အခြားအရည်အချင်းတစ်ခုဟု နာမည် ပေးမလိုလုပ်ခဲ့သော်လည်း သေသေချာချာသုံးသပ်သော် ဥပမာပေးမည့်  အရာများ သည် ယခုခေတ်နာမည် ကြီးသင်တန်းခေါင်းစဉ် SWOT Analysis မှ Strength ခေါ် အားသာချက်များ ဖြစ်၏ ။ SWOT ဆိုသည် ကတော့
S = Strength အားသာချက်များ
W = Weakness အားနည်းချက်များ
O = Opportunities အခွင့်အလမ်းများ
T = Threat အန္တရာယ်အခက်အခဲများ ဖြစ်ပါ၏ ။ SWOT တစ်ခုလုံးကိုရေး ရသော် အလွန်းများ သွားမည် ဖြစ်ပါ၍ Strength ဆိုသည်ကိုပဲ တင်ပြလိုက်ရပါသည်။ ကျွန်တော် သည် အသက် ၅၄ နှစ် ရှိပြီ ဖြစ်ရာ ဆရာဝန် တစ်ယောက် အနေနှင့် ရိုးရိုးဆရာဝန်သာ ဖြစ်၍ ပညာကမကြီးမားသော်လည်း အသက် ကတော့ ကြီးခဲ့ပြီ ဖြစ်၏ ။ ၁၉၈၀ ပြည်နှစ် တွင် MBBS ဘွဲ့ ရခဲ့ပါသဖြင့် ၂၀၀၅ ခုနှစ် တုန်းက ကျွန်တော် တို့ ကျောင်းနေဖက် အတန်းဖော်ဆရာဝန်များ စု၍ ဘွဲ့ရတာ ၂၅ နှစ် မြောက် ဆရာကန်တော့ပွဲကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ လုပ်ခဲ့ကြသေး၏ ။ အဲဒီ မှာ သူငယ်ချင်းများ ၏ လိပ်စာများ ကို စုစည်း၍ စာအုပ်ထုတ်ပေးရာ အဲဒီ မှာ ဆရာဝန် တစ်ယောက် က ကဗျာစပ်ထားသည်။ ကဗျာက - ‘သူငယ်ချင်းတို့
ရွှေမစုမိ
ငွေမစုမိ ပေမဲ့
အချိန်တွေ ငွေရတုတိုင်ခဲ့ပြီ’ ဟု ဆိုရာ ဆရာဝန် တစ်ယောက် ၏ ဘ၀အမောကို တင်ပြသော ကဗျာဟု ယူဆမိပါသည်။ အချို့သူငယ်ချင်းများ ကတော့ ပါမောက္ခ ဆရာဝန်ကြီးများ တောင် ဖြစ်နေပါပြီ ဆိုသည်ကို မုဒိတာပွားစရာ တွေ့ ရပါသော်လည်း အချို့မှာ မောဟိုက်စွာ နှင့် ဘဝလမ်းလျှောက်ကြဆဲ ရှိပါသေး၏ ။
အချို့ ပုဂ္ဂိုလ်များ သည် ဆေးတက္ကသိုလ်တက်စဉ်က အလွန်ထူးချွန်သော်လည်း ယခုအခါ ကားပွဲစား၊ အိမ်ဆိုင် စသည်ဖြင့် လုပ်နေကြသူများ လည်း ရှိပါ၏ ။ အဲဒါကို ယခုအခါမှာ ဆန်းစစ်တော့ တော် ခြင်း (Quality of Knowledge) အပြင် SWOT ကို သွားတွေ့ ၏ ။ လူ တစ်ယောက် တွင် တော် ခြင်းဟူသော အရည်အသွေး Quality အပြင် အားသာချက်၊ အားနည်းချက်များ ရှိ၏ ။ အချို့ လူတော် တွေ ခေတ်စကားနဲ့ပြောရရင် ‘မြောင်းထဲရောက်နေကြတယ်’ ဆိုရာ၌ တော် သလောက်အရာမရောက်သည်မှာ ၎င်းတို့၏ Weakness ကြောင့် ဖြစ်၏ ။ အချို့ငယ်စဉ်က စာမတော် သူတွေ ရှေ့တန်းရောက်နေကြသည်မှာ ၎င်းတို့၏ Strength ခေါ် အားသာချက် ဖြစ်၏ ။ Strength သည် Quality နှင့် မတူပါ။
ကျွန်တော် ဆရာဝန် ဖြစ်ခါစ ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်၌ ဆေးခန်းထိုင်၍ ဆေးခန်းသည် ညပိုင်းသာ ဖြစ်ရာ တစ်နေ့လုံးအား၏ ။ ညဘက်ဆေးခန်းက ရသည့်ပိုက်ဆံနှင့် နေ့ခင်းတစ်နေကုန် မော်တော် ဆိုင်ကယ်တစ်စီးနဲ့ ရန်ကုန်မြို့ဟိုတယ်များ ၌ လည်လိုက်ပတ်လိုက်နဲ့ အချိန်ကုန်၏ ။ တစ်နေ့တော့ လည်ရင်းပတ်ရင်းနဲ့ သူငယ်ချင်း တစ်ယောက် နဲ့တွေ့ ၏ ။ သူ့ခမျာ ပိန်နေ၏ ။ အသားလည်းမည်းနေ၏ ။ ကျွန်တော် တို့ သူငယ်ချင်းနှစ် ဦးသည် လှိုက်လှုက်လှဲလှဲ နှုတ်ဆက်ကြပါ၏ ။ ကျွန်တော် က ‘မင်းကလည်း ပိန်ပြီးမည်းနေပါလား’ ဟု မေးရာ သူက ‘အေးကွာ၊ ငါအစိုးရအလုပ် Posting ၀င်လိုက်တယ်။ အခု ဖောင်ကြီးသင်တန်းက ပြန်လာတာ’ ဟု ပြော၏ ။ ကျွန်တော် က ‘ဟိုတယ်မှာ တစ်ခုခုလိုက်စားပါလား’ ဟု ဖိတ်ရာ သူက နေပါစေကွာ၊ ငါအချိန်မရှိဘူး ဆိုပြီး လူချင်းခွဲလိုက်ကြ၏ ။ ထိုစဉ်က ကျွန်တော် ၏ သူငယ်ချင်းကို ကျွန်တော် ဂရုဏာသက်မိ၏ ။ တကယ်တော့ သူကကျွန်တော့် ကို ဂရုဏာသက်မိရမှာ ပါ။ ဘာကြောင့် လဲဆိုတော့ ၎င်းသူငယ်ချင်းဟာ ယခုအခါမှာ ဆေးတက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်နေပါပြီ။ ဘာ ဖြစ်လို့လဲဆိုတော့ သူ့မှာ Strength ရှိသည်။ Strength က ဘာလဲဆိုတော့ ဖောင်ကြီးသင်တန်းက ပင်ပန်းမှုဒဏ်ကို ခံနိုင်ခဲ့သော သည်းခံစွမ်းအား Ability to be patient သည် သူ၏ Stength ဖြစ်၏ ။ အဲဒီ တုန်းက ဖောင်ကြီးသင်တန်းတက်ရမှာ ကြောက်၍ Posting မလျှောက်ဘဲ ယခု ကားပွဲစားလုပ်နေသူတို့သည် ဖောင်ကြီးသင်တန်းကို သည်းခံနိုင်စွမ်းမရှိခြင်း Weakness ဖြစ်၏ ။ ထို့ကြောင့် အမှုဆောင် တစ်ယောက် အရာရောက်၊ မရောက်ဆိုရာ၌ တော် ခြင်း၊ မတော် ခြင်း (Quality of knowledge) နှင့် သိပ်မဆိုင်ဘဲ Strength and weakness တို့က ဆုံးဖြတ် သွားပါ၏ ။ Strength အကြောင်း လေ့လာရာ၌ Strength သည် သည်းခံစွမ်းရည်တစ်ခုလည်း မဟုတ်ပါ။ ရေး လို့မမီ၊ တွေးလို့မမီအောင်ကျယ်ပြန့်သည်။ ကျွန်တော် (၁၀)တန်း ကျောင်းသားဘ၀က ငါးတန်းကျောင်းသားလေး တစ်ယောက် မှာ စာတော် ၍ လူတော် တော် များများ ၎င်းကို သိကြ၏ ။ ယခုတော့ သူသည်လည်း MRCP ဘွဲ့ရအထူးကု သမားတော် ကြီး ဖြစ်နေပြီ။ တလောတုန်းက သူစိတ်ဆင်းရဲနေကြောင်း ကြားသိရ၏ ။ ဘာကြောင့် လဲ မေးကြည့်တော့ ပထမပိုင်းမှာ MRCP ဘွဲ့ရ၍ နိုင်ငံခြားက ပြန်ရောက်ခါစဝယ် သူ့ဆေးခန်း၌ လူနာများ လှ၏ ။ စာရင်းစစ်လိုက်တော့ MRCP အောင်ခါစက သူသည် အသက်(၄၀)ကျော် လူပျိုပါရဂူဆရာဝန် ဖြစ်၏ ။ အလွှာအသီးသီးက သမီးရှင်အမျိုးမျိုးတို့သည် နှလုံးတုန်ခြင်း၊ ရင်တုန်ခြင်း၊ ခေါင်းကိုက်ခြင်း စသော ဝေဒနာများ ဖြင့် သမီးပျိုတို့ကို အဖော်လိုက်စေ၍ ပါရဂူလူပျို၏ ဆေးခန်း၌ ပြသကြ၏ ။
သူကလည်းသမက်ဖမ်းတိုင်း အမိခံတဲ့ လူမျိုးမဟုတ်တော့ သူချစ်သော အသက် ၃၀ လောက် ဆရာဝန်မလေးနဲ့ လက်ထပ်လိုက်သော အခါ သူ့ဆေးခန်း၌ လူနာမလာတော့ခြင်း ဖြစ်၏ ။ ဤကိစ္စကို Analysis (ခွဲခြမ်းစိတ်ဖြာ)သော် MBBS, MRCP ဘွဲ့သည် ၎င်းညီငယ်လေး၏ Quality of Knowledge ဖြစ်၏ ။ သူ့ရဲ့ မူလတုန်းက လူပျိုဂုဏ်က Strength ခေါ် အားသာချက် ဖြစ်ပါ၏ ။
လွန်ခဲ့သော ရက်အနည်းငယ်က ကျွန်တော် သည် နေ့ခင်း၌ ဆိုင်တစ်ခုမှာ ထမင်းစားပါ၏ ။ ပဲပင်ပေါက်နဲ့ ပဲပြားကြော်တစ်ဇွန်းခပ်၍ ပါးစပ်ထဲထည့်လိုက်ရာ ခိုးလိုးခုလုအရာတစ်ခုကို ၀ါးမိ၏ ။ ကျွန်တော် က ပါးစပ်ထဲကအရာကို ကြည့်လိုက်တော့ သွားကြားထိုးတံ ထက်ပိုင်းကျိုးတစ်ခု ဖြစ်နေ၏ ။ ကျွန်တော် က ရွံလည်းရွံ၊ စိတ်လည်းစိုး၍ ကောင်တာထိုင်နေသော ပိုင်ရှင် ဖြစ်ဟန်တူသည့် အမျိုးသမီးကိုသွား၍ ပြော၏ ။ ကျွန်တော် မျှော်လင့်သည်က sorry ဟု တစ်ခွန်းပြောရင် ကျေနပ်ပါ၏ ။ ပိုင်ရှင် ကတော့ ဘာမထီမျက်နှာထားဖြင့် ‘မတတ်နိုင်ဘူးလေ၊ ဈေးထဲက ပဲပင်ပေါက်ဝယ်ကတည်းက သွားကြားထိုးတံ ပါလာမှာ ပေါ့’ ဟူ၏ ။ ၎င်းဆိုင်၌ ၀ယ်သူအမြဲမှန်သည် Customer always right ဟူသသော ဒဿနရှိဟန်မတူပါ။ သူကလည်းနောက်မလာချင်ဟန်နေဟူသော မျက်နှာပေးမျိုးဖြင့် ခပ်တင်းတင်းပင် ဆက်ဆံ၏ ။ ကျွန်တော် လည်း နောက်မသွားတော့ပါ။ ဤဆိုင်သည် Quality of service အလွန်ညံ့၏ ။ သို့ သော်ဆိုင်မပြုတ်ဘဲ ရပ်တည်နိုင်ခြင်းမှာ သူ့ဆိုင်မှာ Strength ခေါ် အားသာချက်ရှိသည်။ အားသာချက်က ဘာလဲဆိုတော့ သူ့ရဲ့ ဆိုင်က ဘတ်စ်ကားဂိတ်အနီး လမ်းနှစ် ခုရဲ့ ထောင့် Corner မှာ ဖွင့်ထားရာ မျက်နှာစာနှစ် ဖက်နှင့် ပါ။ လူစည်းကားရာနေရာ၌ လမ်းသွားလမ်းလာတို့ ခလုတ်တိုက်ဝင်စားကြမည် ဖြစ်၏ ။ Regular Customer ခေါ် ပုံမှန်ဖောက်သည် မလို။ ဆိုင်နေရာတည်နေရာအရ အားသာချက်ကိုယူ၍ အထက်စည်းကနေ Service ညံ့ညံ့ပေးခြင်း ဖြစ်ပါသည်။ ဒီလိုမျိုး Strength ခေါ် အားသာချက်မရှိတဲ့ ဆိုင်ဆိုရင်တော့ အရင်းပြုတ်သွားမှာ ဖြစ်ပါသည်။
ကြာတော့လည်း ကြာခဲ့ပါပြီ။ ကျွန်တော် ဆရာဝန် ဖြစ်ခါစ ကျွန်တော့်ထက် အသက်နည်းနည်း ၊ အတန်းနည်းနည်း ကြီးသော စီနီယာဆရာဝန် လူပျိုဟိုင်း တစ်ယောက် ကို တွေ့ ဖူး၏ ။ ၎င်းဆရာဝန်လူပျိုဟိုင်းဆေးခန်းသို့ တစ်နေ့သော အခါ ရွာတစ်ရွာက အသက်(၃၃)နှစ် ခန့်ရှိ အပျိုကြီး တစ်ယောက် ခြေထောက်မှာ သစ်ပင်ငုတ်စူး၍ လာပြ၏ ။ ၎င်းဆရာဝန်လူပျိုဟိုင်းက ဆေးကုတာအပြင် စကားတွေ ဖောင်းလောက်အောင် ပြော၏ ။ ‘ငါ့အစ်မ ငုတ်စူးလို့ ဟုတ်လား။ ဖြစ်မှ ဖြစ်ရလေ အစ်မရယ်။ ကြုံတဲ့အခါ ကျွန်တော် အစ်မတို့ရွာကို လိုက်လည်ချင်သေးတယ်။ အစ်မခြေထောက်ကို စူးတဲ့ငုတ်ကို ကိုယ်တိုင်တောင် ဓားနဲ့ခုတ်လိုက်ဦးမယ်။ အမတို့ရွာကို ဖိတ်မှာ လား’ ဟု ပြောလိုက်ပါသေး၏ ။ အပျိုကြီးကိုဆေးထည့်ပေးသော အခါ ‘နောက်နေ့လည်း လာခဲ့ဦးနော်။ မလာရင် ကျွန်တော် စိုးရိမ်နေမှာ ပဲ’ ဟု စကားထည့်လွှတ်လိုက်၏ ။ အနာ ကတော့ အသက်နဲ့အဝေးကြီး ဖြစ်ပါ၏ ။ သို့ သော်လူနာက (၈)မိုင်ခရီးလောက်ကို နွားလှည်းစီး၍ နေ့တိုင်းလိုလို လာပြရပါသည်။ ၎င်းဆရာသန်လူပျိုဟိုင်း၏ Quality of knowledge က MBBS သာ ဖြစ်၏ ။ သို့ သော် သူ့မှာ Strength ရှိသည်။ သူဟာလူနာကို ကျေနပ်အောင် ပီတိ ဖြစ်အောင် လုပ်နိုင်သည်။
ကျွန်တော် သည် INGO ၌ အလုပ်လုပ်တော့ ကျွန်တော် ၏ အရည်အချင်း Quality of knowledge က MBBS သာ ဖြစ်၏ ။ ရာထူးက မြို့နယ်စီမံကိန်းအရာရှိ ဖြစ်၏ ။ ကျွန်တော် ၏ အကျင့်တစ်ခုမှာ ကျွန်တော့် အား တစ်ယောက် ယောက် က ဆူလျှင်လည်းကောင်း၊ မကောင်းပြောလျှင်လည်းကောင်း မထုံတက်သေးနှင့် မှင်သေသေနေတတ်၏ ။ နောက်ပြီးသူများ ကို Fight ခေါ် အတွန်းအတိုက်လုပ်လေ့မရှိ။ နိုင်ငံခြားသားများ က ဘာစိတ်ကူးပေါက်သည်မသိပါ။ ကျွန်တော့် အား အချိန်တိုတစ်ခုအတွင်းဝယ် National Project Coordinator (NPC) ခေါ် အမျိုးသားစီမံကိန်း အရာရှိရာထူး ခန့်လိုက်၏ ။
ဒီနေရာမှာ တချို့က အံ့ဩပြီး ‘ဒီလိုကောင်မျိုးလောက် ကတော့ ဘာအရည်အချင်းရှိလို့ NPC ခန့်ရတာ လဲ’ ဟု မေးခွန်းထုတ်ကြကြောင်း သိရပါ၏ ။ ကျွန်တော် လည်း မိမိကိုယ်ကို ဆန်းစစ်ကြည့်တော့ ကျွန်တော့်မှာ အရည်အချင်း Quality of Knowledge နည်းသော်လည်း အရေထူခြင်းရှိနေ၏ ။ အရေထူးခြင်းက အားသာချက် Strength ဖြစ်ပါ၏ ။
'ကျွန်တော့်မှာ အရည်အချင်းမရှိပါဘူး ခင်ဗျာ။ အရေထူခြင်းပဲ ရှိပါသည်’ ဟု ပတ်ဝန်းကျင်ကို ပြောမိပါသေး၏ ။ စီမံကိန်းလုပ်တုန်း လုပ်ဖော်ကိုင်ဖတ်တစ်ဦးနဲ့ ကျွန်တော် ခင်မင်မိပါ၏ ။ သူ့နာမည် က ဦးတင်အောင်(အန်ကယ်တင်) ဖြစ်၏ ။ သူနဲ့ကျွန်တော် နဲ့ ပြောမနာဆိုမနာ ဖြစ်၍ သူကကျွန်တော့်ကို ဝေဖန်သည်။
‘ဆရာဦးထွန်းဝင်း ခင်ဗျားဟာ ယခု NPC လုပ်နေရပေမဲ့ Project Staff ဆိုတော့ Project ပြီးရင် ပြုတ်မှာ ပဲ။ ဆရာဘယ်တော့မှ အမြဲတမ်းဝန်ထမ်းမ ဖြစ်နိုင်ဘူး’ ဟု ပြော၏ ။ ကျွန်တော် က ဘာကြောင့် လဲမေးရာ သူက ‘ဆရာက အလုပ်သားကျုံးလုပ်နေတာ။ နိုင်ငံခြားသားကို လုံးဝမဖားဘူး။ တချို့ဆိုရင် Sunday မှာ နိုင်ငံခြားသားစကော့ဈေးကို ဈေးဝယ်ထွက်ရင် Tourist Guide လုပ်ပေးသေးတယ်’ ဟုပြော၏ ။
အန်ကယ်တင်ရဲ့ ဝေဖန်ချက်ကို ဆန်းစစ်တော့ သူက ကျွန်တော့် ရဲ့ Weakness ကို ထောက်ပြတာပါ။ အရိပ်အကဲနားမလည်တာက Weakness ဖြစ်နေပါ၏ ။ အန်ကယ်တင်ပြောသလိုပဲ ကျွန်တော် ဟာ INGO, UN စသည်တို့ရင် အမြဲတမ်းဝန်ထမ်း Core Staff ဖြစ်မလာခဲ့ပါဘူး။ အချိန်တန်တော့ အိမ်ပြန်ခဲ့ရပါ၏ ။
ဒီနေရာမှာ ရေး လိုသည် ကတော့ လူငယ်များ သည် မိမိတို့တက်လမ်းအတွက် Quality of Knowledge ကို တိုးတက်ရန် ကြိုးစားကြ၏ ။ တချို့ဆိုလျှင် Harvard, Oxford တက္ကသိုလ်က ဘွဲ့ရသော် အောင်မြင်ပြီဟာ ထင်ကြ၍ ကြိုးစားကြ၏ ။ Strength မရှိဘဲ Weakness တွေ သာရှိနေလျှင် Harvard တက္ကသိုလ်ဘွဲ့ရများ လည်း အရာရောက်မည် မဟုတ်ပါ။ လူငယ်တို့သည် မိမိတို့၏ Strength, Weakness တို့ကို ဆန်းစစ်သင့်ပါကြောင်း။
HR ဂျာနယ်
၂၅ ဒီဇင်ဘာ ၂၀၁၀
အခန်း (၅)
တစ်နေ့ ကျွန်တော် သည် ကုန်တိုက်ကြီးတစ်ခုတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် လက်ဖက်ရည်သောက်နေစဉ် အသက် ၂၀ ကျော် မိန်းကလေး တစ်ယောက် လာနှုတ်ဆက်ပါတယ်။
‘အန်ကယ်ဦးထွန်းဝင်း ထင်တယ်နော်။ သမီးကို မှတ်မိလား အန်ကယ်’ ဟု ဆိုရာ ကျွန်တော် ကကြည့်လိုက်သော် မြင်ဖူးသလိုလို ရှိသော်လည်း စိတ်ထဲက ဇဝေဇ၀ါ ဖြစ်နေ၏ ။ သို့ နှင့် သူမက သူမနာမည် ၊ နေရပ်တို့ကို ပြောပြတော့မှ မှတ်မိပါတယ်။ ကျွန်တော် မြို့နယ်တစ်ခု၌ NGO လုပ်ငန်း ဆောင်ရွက်နေစဉ် သူမ၏ မိဘများ သည် ကြေးရတက်မြို့မျက်နှာဖုံးများ ဖြစ်ပြီး ကျွန်တော် နှင့် သိကျွမ်းခင်မင်ပါတယ်။ ကျွန်တော် မှတ်မိပြီး လက်ဖက်ရည်သောက်ရန် ဖိတ်သဖြင့် သူမနှင့် မိနစ် ၂၀ ခန့် အာလာပသလ္လပ ပြော ဖြစ်၏ ။ သူမရန်ကုန်ရောက်နေသည့်အကြောင်းမှာ အလုပ်ရှာရန် ဖြစ်ကြောင်း သိရ၏ ။ သူမ၏ မိဘများ က သူမအား သူမတို့ဇာတိမြို့တွင် မိနီမားကတ်တစ်ခုထောင်ရန် အရင်းအနှီး ထူထောင်ပေးနိုင်ပါတယ်။ LCCI Level III အောင်ပြီး ဘွဲ့ရ၊ သူမသည် ထိုအခါဝယ် ထိုမီနီမားကတ်၏ Boss ဖြစ်နိုင်၏ ။ သို့ သော်သူမက ဆုံးဖြတ်ချက်မချရသေးဘဲ ရန်ကုန်တက်လာပြီး အလွန်ကြီးမားပြီး ပိုမိုဗဟုသုတအတွေ့ အကြုံရလောက်သည့် ကုမ္ပဏီကြီးများ တွင် Supervisor လောက်၊ လက်ထောက် မန်နေဂျာလောက် လုပ်ရမလား စဉ်းစားမိနေပါတယ်။
ထို့ပြင် ယနေ့ခေတ်စားနေသော ဒေါ်လာဖြင့် လခရသည့် INGO မှာ ပဲ လုပ်ရမလား စသဖြင့် ဇဝေဇ၀ါ ဖြစ်နေပါသဖြင့် ကျွန်တော် အား အကြံဥာဏ်တောင်းခံပါတယ်။
ဘယ်အလုပ်ဟာ အမွန်မြတ်ဆုံးလဲဟုလည်း မေးမြန်းပါတယ်။ ကျွန်တော် က ဘယ်အလုပ်ပဲလုပ်လုပ် စေတနာမှန်ရင် မွန်မြတ်တာချည်းပါပဲဟု ဖြေလိုက်ပါတယ်။ သူမက ဆက်မေးသည်မှာ Boss လုပ်တာ ကတော့ စီးပွားရေး ထူထောင်ပြီး ပိုက်ဆံရှာတာပဲ၊ ကုသိုလ်ရသလားဟု ဒဿနဆန်ဆန်မေးလာရာ ကျွန်တော် က Boss လုပ်၍ သမ္မာအာဇီဝကျကျလုပ်ရင် ဘုရားဟောတဲ့ မဂ္ဂင် ၈ ပါးထဲမှာ သမ္မညအာဇီဝဆိုတာ တစ်ပါးပါတယ်။ ဒီတော့ မဂ္ဂင်တစ်ပါး ဖြစ်၍ မွန်မြတ်ပါတယ်ဟု ဖြေလိုက်ရပါတယ်။
ဒီတော့ INGO ပဲ လုပ်လုပ်၊ ပြည်တွင်း NGO ပဲလုပ်လုပ် မန်နေဂျာပဲလုပ်လုပ်၊ Boss ပဲ လုပ်လုပ် စေတနာမှန်ရင် မလိမ်မကောက်ရင် သမ္မအာဇီဝပဲဟု ပြောလိုက်ရပါ၏ ။ သူမက INGO မှာ လုပ်ရင် အများ အကျိုးအတွက်လုပ်တာ ဖြစ်လို့ မွန်မြတ်မှုပိုတယ် ပြောလို့ရမလား မေးမြန်း၏ ။ ကျွန်တော် က သူများ အလှူငွေနဲ့ အလုပ်လုပ်တာဆိုတော့ အလှူငွေကို စနစ်တကျသုံးမယ်၊ မရိုးမသားမလုပ်ဘူး၊ သတ်မှတ်တဲ့ လခလောက်ကို အလှူရှင်ကို အသိပေးပြီးယူတာ ကတော့ တစ်ပိုင်းပေါ့။ စေတနာပါပါလုပ်ရင် ဂုဏ်ရှိပါတယ်ဟု ဆို၏ ။
INGO မှာ လုပ်လို့ ဂုဏ်ရှိတာမဟုတ်။ FEC ရလို့ ဂုဏ်ရှိတာမဟုတ်။ ရိုးသားမှုနဲ့ စေတနာကြောင့် ဂုဏ်ရှိတာဟု ဖြေရပါတယ်။
ကုမ္ပဏီပိုင်ရှင် Boss လုပ်ရင်လည်း မရိုးမသားမလုပ်ဘူး။ ဥပမာ စားသောက်ကုန်ထုတ်လုပ်ရေး ဆိုရင် ယခုခေတ်နာမည် ကျော် ဓာတုဆိုးဆေးတွေ မထည့်ဘူး။ ဈေးနှုန်းမှန်မယ်၊ ပစ္စည်းမှန်မယ်၊ ဝယ်သူကိုမလှည့်ဖြားဘူးဆိုရင် ဂုဏ်ရှိတာပါပဲ။ Boss ဖြစ်၍ ဂုဏ်ရှိတာမဟုတ်၊ သမ္မာအာဇီဝ ဖြစ်၍ ဂုဏ်ရှိတာပါ။ မန်နေဂျာလုပ်ရင်လည်း ကုမ္ပဏီကပစ္စည်းမခိုးဘူး၊ ရိုးသားရင် ဂုဏ်ရှိတယ်။ မန်နေဂျာ ဖြစ်နေလို့ ဂုဏ်လည်းမတက်ဘူး၊ ဂုဏ်လည်းမငယ်ဘူး။ မန်နေဂျာဘ၀နဲ့ သမ္မအာဇီဝရှိရင် ဂုဏ်တက်မယ်။ သမ္မအာဇီဝမရှိရင် ဂုဏ်ပျက်မယ်။ ဒီတော့ မွန်မြတ်ခြင်းရှိတာ မရှိတာသည် Boss၊ မန်နေဂျာ၊ INGO စသော ဝေါဟာရများ နဲ့ မဆိုင်။ သမ္မာအာဇီဝ ဖြစ် မ ဖြစ်နှင့် သာ ဆိုင်ပါတယ်။ နောက်ထပ် ဒဿနတစ်ခုကိုလည်း ထိုကလေးမကို ရှင်းပြခဲ့ပါတယ်။
ဘယ်အလုပ်ပဲလုပ်လုပ် သမုဒ္ဒရာဝမ်းတစ်ထွာ အတွက်လုပ်ကြရပါတယ်။ တချို့ Boss တွေ တစ်သက်စာရှိကောင်းရှိမယ်။ သို့ သော် သူ့ထက်ပိုရှိချင်လို့ အလုပ်လုပ်တာဆိုတော့ သူ့ထက်ပိုရှိသူနဲ့စာရင် သူက မရှိသူ ဖြစ်ပြန်ရော။ ဒီတော့ ဘယ်လိုဖြည့်ဖြည့် မပြည့်နိုင်သော ၀မ်းတစ်ထွက်အိုးကို ဖြည့်ဖို့ လှုပ်ရှားရုန်းကန်နေရတာ ပါ။
တချို့လည်း စီးပွားရေး နဲ့ကျော်ကြားမှု ပြည့်စုံလာတော့ အရှိန်အ၀ါဩဇာလိုလာပြန်ရော။ ဥပမာ ဟောလီးဝုဒ်က မင်းသားတွေ ဘီလျံနာ ဖြစ်ပြီးရင် နိုင်ငံရေး လောက၀င်ကြပြန်တယ်။
တချို့လည်းအဖြည့်ခံဘ၀နဲ့ အလုပ်လုပ်ပြီး ဘ၀ကိုမြှုပ်နှံကြ သူတွေ ရှိပါတယ်။ ဥပမာ နိုင်ဘယ်ဆုရှင် မာသာထရီဇာတို့လိုပေါ့။
နောက်ထပ်တစ်ဖန် ၎င်းကလေးမက မေးမြန်းပြန်သည်မှာ INGO မှာ လုပ်သော် နိုင်ငံခြားသားတွေ နဲ့ လုပ်ရလို့ Technology ပိုင်းဆိုင်ရာ ပိုမြင့်မလားဆိုရာ ကျွန်တော် က Technology ဆိုသည်မှာ လူ့လောကကို အကျိုးပြုသော Technology ဆိုလျှင် မွန်မြတ်တာချည်းပါပဲ။ ဥပမာ စပါးစိုက်တဲ့ Technology ဆိုရင်လည်း မွန်မြတ်တာပါပဲ။
High Tech ဆိုသော်လည်း လူ့လောကကို အန္တရာယ်ပေးသော High Tech ဆိုရင်တော မမွန်မြတ်ဘူး။ ဥပမာ ကြဥအတုလုပ်တဲ့ Technology ဆိုရင် မမွန်မြတ်ဘူး။ ကွန်ပျူတာတတ်တာ ကောင်းသလို ရန်ကန်းရက်တတ်တာလည်း ကောင်းပါတယ်။ မြင့်မားချင်လို့ လေ့လာတယ်ဆိုတာထက် ၀ါသနာကြောင့် လေ့လာသော် ပိုကောင်းပါတယ်။
ရွေးချယ်စရာ အများ ကြီးရှိသူ တစ်ယောက် အတွက် ၀ါသနာကို အခြေခံလျှင် ကောင်းပါတယ်။
လုပ်ငန်းတစ်ခုစီအတွက် Pro & Cons ခေါ် ကောင်းကွက် ဆိုးကွက်များ ကိုလည်း ခွဲခြမ်းစိတ်ဖြာ လေ့လာရန်လိုပါတယ်။ ဥပမာ Boss လုပ်ရင် ကောင်းကွက်မှာ မိမိကအလုပ်ရှင်ဆိုတော့ မိမိကို ဩဇာပေးမည့် သူ မရှိ။ ဆိုးကွက်မှာ လုပ်ငန်းအရှုံးပေါ်၍ အရင်းပြုတ်နိုင်၏ ။
Staff လုပ်သော် ကောင်းကွက်မှာ လခထုတ်သော် ဒေါ်လာ ရ၏ ။ သို့ သော် အဆူခံရနိုင်၏ ။ အလုပ်ပြုတ်နိုင်၏ ။
INGO Staff ၏ ကောင်းကွက်မှာ လခထုတ်သော် ဒေါ်လာရ၏ ။ သို့ သော် အလုပ်သမားသက်တမ်းမှာ စီမံကိန်းတစ်ခုစာသာ ဖြစ်၏ ။
ဘယ်အလုပ်ကမှ ဂုဏ်ရှိတယ်ဟု မဆိုချင်ပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု ဆိုချင်ပါကြောင်း . . . . . ။
HR ဂျာနယ်
၉ အောက်တိုဘာ ၂၀၁၀
အခွင့်အလမ်းဆိုသည်မှာ အလိုလိုရောက်လာတတ်သော်လည်း လိုက်ရှာရင် တွေ့ ချင်မှတွေ့ ပါမည် ။
တွေ့ ပြီဆိုတဲ့အခါကျရင်တော့ မှန်ကန်စွာ အသုံးချတတ်ဖို့တော့ လိုပါမည် ။ အသုံးချနိုင်ရန် အဆင်သင့်(Readliness)ရှိနေပါမည် ။ သို့ မဟုတ်ပါက အခွင့်အလမ်း လက်လွတ်နိုင်ပါ၏ ။
တစ်ခါက မောင်သီဟဆိုသော INGO ၀န်ထမ်းတစ်ယေုက် ရှိဖူးပါ၏ ။ သူက ရိုးရိုးအေးအေးသမား တစ်ယောက် ဖြစ်ပါ၏ ။ တစ်နေ့တော့ သူတို့ရဲ့ Country Director နိုင်ငံခြားသားသည် ဘန်ကောင်၌ workshop တစ်ခု သုံးရက်ခန့်တက်ရန် အစီအစဉ်ရှိပါ၏ ။ ရက်နီးလာတော့ Country Director က အကြောင်းမညီညွတ်လို့ ဘန်ကောက်ကို မသွားနိုင်ပါဘူး။ ဒီတော့ Workshop လုပ်ဖို့ သုံးရက်လောက်အလိုမှာ Country Director က ဘန်ကောက်တွင် ကျင်းပမည့်  Workshop သို့ မောင်သီဟကို သွားတက်ရန်ခိုင်းသည်။ ဖြစ်ချင်တော့ မောင်သီဟမှာ Passport လက်ဝယ်မရှိဘူး။ ဒီတော့ သူ့ကိုဖယ်ပြီး နောက် တစ်ယောက် ကို လွှတ်လိုက်ရသည်။ ဘန်ကောက် သွားခွင့်ရရင် ခရီးသွားဟန်လွှဲ စရိတ်မကုန်ဘဲ နာမည် ကြီး မြဘုရားလည်းဖူးရမည် ။ ဘုရားလည်းဖူး လိပ်ဥလည်းတူးပေါ့။ အဲဒါက Opportunity ရတာ ပါ။ ဒါပေမဲ့ Passport မရှိတော့ အဆင့်သင့်မ ဖြစ်ဘူး။ Readliness မရှိဘူး။ ဒီတော့ Opportunity လွတ် သွားပါသည်။
Opportunity ဆိုတာ ကတော့ လုပ်ယူဖို့ခက်သည်။ ဒါပေမဲ့ Readliness ဆိုတာ ကတော့ မိမိဘက်က လုပ်ထားရမှာ ပါ။
နောက်ပြီး ဦးနေလဆိုသူ NGO ၀န်ထမ်း တစ်ယောက် လည်း ရှိပါသည်။ သူက ရှေ့ရေး ကို မျှော်တွေးသူတစ်ဦး ဖြစ်ပါသည်။ လွန်ခဲ့တဲ့ (၁၅)နှစ် တုန်းက (၅)နှစ် အရွယ်သမီးကို အင်္ဂလိပ်ဘာသာကျူရှင် သေချာသင်ပေးသည်။ International School အဆင့်မှာ မထားနိုင်သော်လည်း နွေကျောင်းပိတ်ရက်များ တွင် အင်္ဂလိပ်ဘာသာကို သေသေချာချာ လေ့လာစေပါသည်။ (၇)နှစ် သမီးလောက်ကစ၍ ကွန်ပျူတာသင်စေခဲ့ပါ၏ ။ ဒီလိုနဲ့ (၁၃)နှစ် လောက်ကြာတော့ အမေရိကား၌ အလုပ်လုပ်နေသော ဦးနေလ၏ ညီမ ဖြစ်သူ မြန်မာပြည်သို့ အလည်လာပါသည်။ ၎င်းညီမက ဘာစိတ်ကူးပေါက်သည်မသိပါ။ ဦးနေလ၏ သမီး ဖြစ်သူအား စင်ကာပူတွင် ကျောင်းတက်ရန် ကျောင်းစရိတ် ပံ့ပိုးပေးမည် ပြော၍ ကလေးအတွက် Opportunity ဖြစ်တော့၏ ။ ဒီ Opportunity က မမျှော်လင့်ဘဲရတာ ပါ။ ကြိုတင်သိထားတာမဟုတ်။ သို့ နှင့် ကလေးက စင်ကာပူကျောင်းမှာ သွားတက်တော့ စင်ကာပူက ဒေသခံကလေးတွေ ထက် English မညံ့ဘူး။ Computer လည်း မညံ့ဘူး။ ဒီတော့ အလွယ်တကူ စာမေးပွဲအောင်ပြီး ကျောင်းပြီးတာနဲပ S’Pass ခေါ် ကျွမ်းကျင်လုပ်သား အဆင့်အလုပ်နှင့် နေထိုင်ခွင့်ရ သွားပါသည်။ ဒါကို လေ့လာကြည့်သော် Readliness ကို ကြိုတင်လုပ်ထားရတာ ဖြစ်ပါ၏ ။
Opportunity ရမှ English စာသင်မည် ။ Computer ထသင်မည် ဆိုရင် အချိန်မမီတော့ပါ။ Opportunity ကို လက်လွတ်ရမှာ ဖြစ်ပါ၏ ။
နိုင်ငံခြားသွား၍ အလုပ်လုပ်ရန် ရည်ရွယ်ချက်ရှိသူများ သည် အသည်း ရောဂါ ‘B’ ပိုးကာကွယ်ဆေးထိုးခြင်း စသော ကျန်းမာရေး ပြင်ဆင်မှုများ ကို လုပ်ထားသင့်ပါ၏ ။ ဆေးစစ်သော အခါတွင် Ready ဖြစ်စေရန် မိမိကျန်းမာရေး ကို မြှင့်တင်ထားရပါမည် ။ အလုပ်ခေါ်စာရောက်မှ ကျန်းမာရေး လိုက်စားသော် အချိန်မမီတော့ပါ။
အောင်မြင်ခြင်းကို ရယူမည် ဟု မိမိကိုယ်ကိုယ် ယုံကြည်ချက် (Self Confidence) ရှိသူတို့သည် အောင်မြင်ရန် အခွင့်အလမ်း Opportunity ပေါ်လာပါက အသုံးချနိုင်ရန် အဆင်သင့် ဖြစ်စေခြင်း Readliness ကိုပြုသော ဥပမာတစ်ခုကို တင်ပြပါရစေ။
အင်းဝခေတ်ရာဇ၀င်တွင် အင်းဝမြို့တော် ကို တရုတ်တပ်များ ကျူးကျော်ခဲ့၏ ။ မြန်မာတပ်များ နှင့် တရုတ်တပ်များ ထပ်တိုက်ရင်မဆိုင်ဘဲ တစ်ဖက်စီက သူရဲကောင်းတစ်ဦးချင်း စီးချင်းတိုက်ရန် သဘောတူကြ၏ ။ တရုတ်သူရဲကောင်း ဂါမဏိ ဖြစ်၏ ။ မြန်မာသူရဲကောင်းမှာ မွန်ပြည်နယ်ဘက်မှာ သုံ့ပန်းအ ဖြစ် မြန်မာတို့ဖမ်းထားသော သမိန်ဗရမ်း ဖြစ်၏ ။ တရုတ် သူရဲကောင်းနိုင်သော် အင်းဝဘုရင် အညံ့ခံရန်နှင့် မြန်မာ သူရဲကောင်းနိုင်သော် တရုတ်တပ်များ ပြန်ရန် သဘောတူကြ၏ ။ သမိန်ဗရမ်းက နိုင်ရမည် ဟု တထစ်ကျယုံကြည်၏ ။ စီးချင်းထိုးပွဲ၌ တရုတ်သူရဲကောင်း၏ ဦးခေါင်းကိုဖြတ်ရန် အခွင့်အလမ်း Opportunity ရမည် ဟု ယုံကြည်၏ ။ တရုတ် ဂါမဏိ၏ ဦးခေါင်း (Head)ကို မြန်မာဘုရင် မင်းခေါင်ထံ ဆက်သနိုင်သော အခွင့်အလမ်း Opportunity ရမည် ဟု ယုံကြည်၏ ။ စီးချင်းမထိုးမီ သမိန်ဗရမ်း ဘာအလိုရှိသလဲ ဘုရင်ကမေးရာ သံချိတ်တစ်ခုနှင့် ခြင်ကြားတစ်ခု ရလိုပါကြောင်း လျှောက်တင်၏ ။ ဘာလုပ်ဖို့လဲမေးရာ တရုတ်သူရဲကောင်း ဂါမဏိ၏ ဦးခေါင်းကို ဖြတ်ပြီးသော် သံချိတ်ဖြင့် ကလော်မ၍ ခြင်းကြား၌ ထည့်ပြီး ဘုရင်သို့ ဆက်သရန် ဖြစ်ကြောင်း လျှောက်တင်၏ ။
မှူးမတ်တို့ကကြားသော် ယုန်မရမီ သံပုရာရှာသည်ဟု ပြော၏ ။ သို့ သော် လက်တွေ့  မြင်ချင်း စီးချင်းထိုးရာ ဂါမဏိ ကျဆုံး၏ ။ ဦးခေါင်းကို သမိန်ဗရမ်းက ဖြတ်ပြီး ၎င်းဦးခေါင်းကို ဘုရင်ထံ ဆက်သခွင့် Opportunity ရပြီ။ သမိန်ဗရမ်း မြင်းပေါ်ကဆင်းပြီး ဦးခေါင်းကို လက်နဲ့ဆင်းကောက်ရန် မလိုပါ။ မြင်းပေါ်မှပင် သံချိတ်ဖြင့် မ၍ ကလော်ယူပြီး ခြင်းကြားထဲ ထည့်လိုက်၏ ။ ၎င်းနောက် မြင်းကို လှပစွာ စီး၍ စီးချင်းတိုက်ပွဲ ကြည့်နေသော ဘုရင်ကို ဆက်သနိုင်၏ ။
ထိုသို့ လှပစွာ ဆက်သနိုင်အောင် ခြင်းကြားနှင့် သံချိတ်ကို ကြိုးယူလာပြီး Ready ဖြစ်နေစေ၏ ။ ဦးခေါင်းဖြတ်ပြီးကာမှ ခြင်းကြားလိုက်ရှာရသော် မကောင်းပါ။
ကုန်းဘောင်ခေတ်ရာဇ၀င်၌ မင်းတုန်းမင်းလောင်းလျာ မင်းသားသည် ဘုရင်ရာထူးလက်ခံရန် Ready ဖြစ်အောင် ပြင်ဆင်မထား၍ ဘုန်းကြီးကျောင်းသားဘ၀က ပြဋ္ဌန်းစာအုပ်၌ သင်ဖူးသည်မှာ မင်းတုန်းမင်းကြီးငယ်စဉ်က ဘုန်းတော် ကြီးကျောင်း၌ ကျောင်းသားအ ဖြစ် ငယ်စဉ်က စာသင်ခဲ့၏ ။ တစ်နေ့တွင် ဒကာတစ်ဦးက ဆရာတော် ကြီးအား ငါးခြောက်တစ်ပြားလာလှူ၏ ။ ဆရာတော် ကြီးက မင်းတုန်းမင်းလောင်းလျာ ဘုန်းကြီးကျောင်းသားအား ၎င်းငါးခြောက်ပြားကို သိမ်းခိုင်းထား၏ ။ မကြာမီ ငါးခြောက်ပြားသည် ဘယ်သူ့လက်ချက်မှန်းမသိဘဲ ပျောက်သွားရာ ဆရာတော် က ဆုံးမသည်မှာ မင်းသားဟူသည် ဘုရင် ဖြစ်ရန် အခွင့်အလမ်းရှိသည်။ ငါးခြောက်ပြားကို မစီမံ မခန့်ခွဲနိုင်က တိုင်းပြည်တစ်ခုလုံး စီမံခန့်ခွဲရန် အဆင်သင့် ဖြစ်ခြင် (Ready) ဖြစ်မည် မဟုတ်။ Ready မ ဖြစ်၍ ဟုဆိုက ရိုက်၍ ဆုံးမခဲ့ဖူးပါ၏ ။
စာပေကျမ်းဂန်၌ ကုဋေရှစ်ဆယ်သူဌေးသားသည် တစ်နေ့တွင် အမွေရ၍ သူဌေး ဖြစ်ရန် Opportunity ရှိ၏ ။ သို့ သော် ၎င်း Opportunity ကို အသုံးချရန် Readiness ဖြစ်အောင် မိဘများ က လုပ်မပေး၊ ပညာသင်မပေးပါ။ ထို့ကြောင့် Education မရှိ၊ Accounting နားမလည်။ ထို့ကြောင့် သူဌေးဘ၀ကို လက်ခံရန် Ready မ ဖြစ်ပါ။ ထိုအခါ မိဘများ သေသော် Readness မရှိဘဲ သူဌေး ဖြစ်ရာ လူလိမ်များ ၏ လှည့်ဖျားခံရ၍ ဆင်းရဲသွားဖူး၏ ။
နိုင်ငံခြားပညာသင်သွားလိုသော အချို့ကလေးများ သည် Scholarship ဟူသော Opportunity ကို စောင့်မျှော်နေကြ၏ ။ အခြားတက္ကသိုလ်များ တွင် နိုင်ငံခြားကျောင်းသားအ ဖြစ် ၀င်ခွင့်ရစေရန် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ TOFEL IELTS စသည်တို့ ဖြေဆိုအောင် လက်မှတ်ရထားခြင်းသည် Readliness တစ်မျိုးပင် ဖြစ်ပါ၏ ။ Opportunity ဆိုသည်ကား အစိုးမရသော်လည်း Readliness ဆိုသည် ကတော့ မိမိ အသင့်ပြင်ထားလျှင် မိမိ၌ ရှိနေမည် မှာ သေချာပါကြောင်း။
HR ဂျာနယ်
၂၉ ဇန်န၀ါရီ ၂၀၁၀
အခန်း (၆)
သီအိုရီအရဆိုလျှင်တော့ ပညာရေး မျှဝေမှုမှာ စီးပွားရေး ဆန်ဆန်ဈေးကွက် Market ရယ်လို့ မရှိသင့်ပါ။ ရှေးအခါက ဘုရင့်သားတော် မင်းသားများ ပင်လျှင် အဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်ပညာကို ဒိသာပါမောက္ခဆရာကြီးထံတွင် ပညာရှာပမာ သူဖုန်းစားဟူသော စကားကို လက်ကိုင်ပြု၍ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ် မိမိကိုယ်ကို နှိမ့်ချပညာရှာရ၏ ။ ဆရာကလည်း အနန္တဂိုဏ်းဝင် ဖြစ်၏ ။ ဆရာနှင့် တပည့်ကြား မြင့်မိုရ်တောင်ဦးမကကျူးသည့် ကျေးဇူးရှိပြီး ဈေးကွက် Market ရယ်လိုတော့ မရှိပါ။ သို့ သော် ယနေ့တော့ ရှိလာပြီ။ ဘယ်လိုရှိလာပါသလဲ။ မရှင်းပြမီ ဒီကဘွဲ့နဲ့ ဟိုကဘွဲ့အကြောင်းကို ဦးစွာ နည်းနည်း တင်ပြမှ ကောင်းပါမည် ။
ဒီကဘွဲ့ (သို့ မဟုတ်) ဒီမှာ ပေးတဲ့ ဒီကဘွဲ့
ဥပမာအားဖြင့် ကျွန်တော် သည် MBBS ဘွဲ့ ရခဲ့ပါ၏ ။ ဘွဲ့ပေးတဲ့တက္ကသိုလ်ကတေ့ လမ်းမတော် မြို့နယ်က ဆေးတက္ကသိုလ်-၁ ပါ။ ရန်ကုန်မြို့မှာ ပဲ ဘွဲ့ပေးလိုက် ပါ၏ ။ ထို့ကြောင့် ဒီမှာ ပေးတဲ့ ဒီကဘွဲ့ဟု ဆိုနိုင်ပါသည်။
ဟိုမှာ ပေးတဲ့ ဟိုကဘွဲ့
ကျွန်တော် တို့ အထက်တန်းကျောင်းသားဘ၀က မြန်မာစာ စကားပြေ၌ သင်ရသည်မှာ မြန်မာလူငယ် မောင်းသော င်းဘေဆိုသူသည် ၀တ်လုံ(ဥပဒေ)အတတ်သင်ရန် ဘိလပ်သို့ သင်္ဘောဖြင့် ခရီးထွက်ရာ (၆)လခန့်ကြာ၏ ။ အဲဒီ တုန်းက အင်္ဂလိပ်ခေတ်ပါ။ ငါးနှစ် လောက် ပညာသင်ပြီတော့ မြန်မာပြည်သို့ ပြန်လာ၏ ။ ရခဲ့သော ဘွဲ့က Bar At Law ဖြစ်၏ ။ အဲဒါ ကတော့ ဟိုမှာ ပေးတဲ့ ဟိုကဘွဲ့ပါ။ ဟိုကို သွားသင်ရပါတယ်။
ဒီမှာ ပေးတဲ့ ဟိုကဘွဲ့ (သို့ မဟုတ်) Business Education
တစ်နေ့တော့ ကျွန်တော် ၏ အိမ်သို့ တပည့် ဖြစ်သူ ကိုမျိုးမင်းဦး ရောက်လာပါ၏ ။ သူက ကျွန်တော် ပို့ချနေသော “Management Training For Managers” သင်တန်းကို တက်ဖူး၏ ။ ပညာရှာရန် စိတ်ဝင်စားပြီး MBA သင်တန်းတက်ရန် ပြင်ဆင်နေသူ ဖြစ်၏ ။ သူကပြောသည်မှာ “ဆရာရေ၊ မြန်မာပြည်မှာ MBA ဘွဲ့ပေးမယ်တဲ့” ဟု သတင်းပေး၏ ။ တကယ်တော့ ဒီခေတ်မှာ MBA သည် စီးပွားရေး တက္ကသိုလ်၌ ပို့ချနေသည်မှာ ကြာလှပြီ ဖြစ်၍ ဒီသတင်းက သိပ်မဆန်းပါ။
ကျွန်တော် က “မြန်မာပြည်၌ MBA ဘွဲ့ပေးတာ ကြာလှပါပကော၊ ဘာဆန်းတာမှတ်လို့” ဟု ပြောပါ၏ ။ ထိုအခါ သူက “ဒီလိုပါဆရာ၊ အခုဟာက နိုင်ငံခြားက လာပေးမှာ ” ဟု ဆိုပါ၏ ။
ဒါဆိုရင်တော့ ကျွန်တော် သိလိုက်ပါပြီ။ မြန်မာနိုင်ငံတွင် မြန်မာအချင်းချင်း စာသင်ခိုင်း၍ ဟိုနိုင်ငံဘွဲ့လက်မှတ်ပို့ပေးခြင်းပါ။ ဘွဲ့ပေးပိုင်ခွင့်ရှိသော တက္ကသိုလ်က ဆောင်ရွက်တာ ဖြစ်ပါ၏ ။ တရားဝင်ဘွဲ့ပါ။ သို့ သော် ၎င်းတက္ကသိုလ်သို့ ပေးသွင်းရသော ကြေး ကတော့ ကျပ်တစ်ကုဋေအတွင်း၌ ရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံသားအနေနှင့် တော့ များ သည်ဟု ဆိုနိုင်ပါ၏ ။
ကမ္ဘာ့တက္ကသိုလ်များ ကလည်း ၀တ်လုံတော် ရ မောင်သော င်းဘေကဲ့သို့ ဘိလပ်သွား၍ စာသင်လျှင် ကျောင်းသားနည်းမည် ။ ထိုအခါ ဈေးကွက်ချဲ့ထွင်ခြင်းပင် ဖြစ်ပါသည်။ ဒီတော့ Business Education (ပညာရေး ဆိုင်ရာ စီးပွားရေး လုပ်ငန်း) ဟု ဆိုနိုင်၏ ။ Business Education ကို လေ့လာကြည့်တော့ ငါးပါးသီလကျိုးတာမဟုတ်၍ သမ္မာအာဇီဝဟု ဆိုနိုင်ပါသည်။ ကျောင်းသားဘက်ကကြည့်လျှင် တချို့က ချမ်းသာ၍ အင်တာနေရှင်နယ်ဘွဲ့ယူတာရှိသလို၊ တချို့က အိမ်ပေါင်၊ ယာပေါင်နဲ့ ကျောင်းလခပေးရတာ ဖြစ်၍ အောက်ပါဒဿနများ ကို လေ့လာနားလည်သင့်၏ ။
Opportunity (အခွင့်အလမ်း)ဆိုင်ရာ သဘောတရား
မြန်မာပြည်က မိန်းကလေး တစ်ယောက် သည် စင်ကာပူတွင် ခရီးသွားဆိုင်ရာ ဒီပလိုမာသင်တန်း တစ်နှစ် ခွဲသွားတက်ရာ မိဘများ က သိန်း ၁၅၀ ခန့် စိုက်ထုတ်ရ၏ ။
သင်တန်းပြီးတော့ စင်ကာပူ၌ အလုပ်ရ၏ ။ ၎င်းနောက် လေကြောင်းကုမ္ပဏီတစ်ခု၌ အလုပ်ရသွား၏ ။ လခအမေရိကန်ဒေါ်လာ ၄၀၀၀ လောက်ရနေပါပြီ။ ဒါက Opportunity ဖြစ်ပါ၏ ။ သို့ သော် ဒီလိုအကုန်ခံရင် ဒီလို ဖြစ်မယ်ဆိုတာ မသေချာ အခွင့်အလမ်းဆိုတာ ပုံသေတွက်လို့မရပါဟုတော့ နားလည်သင့်၏ ။
Risk (ဆုံးရှုံးနစ်နာနိုင်ခြေ)ဆိုင်ရာ သဘောတရား
နောက်ထပ် မြန်မာမိန်းကလေးတစ်ဦးသည် အထက်ပါသင်တန်းကို သွားတက်၏ ။ သင်တန်းပြီးတော့ ဘယ်မှာ မှ အလုပ်မရပါ။ စင်ကာပူမှ မြန်မာပြည်သို့ သွားတာပါ။ ချမ်းသား၍ သွားရရှာတာမဟုတ်ပါ။ အဒေါ်ခမျာ တစ်သက်လုံး ချွေတာစုဆောင်းထားတာလေး ကုန်ပါ၏ ။ အဲဒီ လို Risk မျိုးလည်းရှိပါ၏ ။
Opportunity Cost (ပေးဆပ်ရသော တန်ဖိုး) ဆိုင်ရာဒဿန
မြန်မာပြည်က ယောက်ျားလေး တစ်ယောက် က စင်ကာပူမှာ ဒီပလိုမာသင်တန်းသွားတက်တာ သိန်း ၂၀၀ ကျော်ကုန်တယ်ဆိုပါ၏ ။ ကျောင်းပြီးတော့ စင်ကာပူ၌ အလုပ်မရပါ။ မြန်မာပြည်ပြန်လာပြီး ကုမ္ပဏီတစ်ခု၌ လစာ ကျပ်တစ်သန်းရသည်ဆိုပါ၏ ။ လစာ ကျပ်တစ်သန်းအတွက် ပေးဆပ်ရတဲ့တန်ဖိုးက ကျပ်သိန်း ၂၀၀ နှင့် အချိန် နှစ် နှစ် ဖြစ်၏ ။ မိဘက ချမ်းသာရင်တော့ အကြောင်းမဟုတ်ပါ။ အပြည်ပြည်ဆိုင်ရာ အတွေ့ အကြုံအတွက် ကျပ်သိန်း ၂၀၀ ကုန်တာ တန်သည်ဟု သဘောထားနိုင်သော် ကောင်းပါ၏ ။ သို့ သော် ပေးဆပ်ရမည့်  တန်ဖိုးဆိုတာကိုတော့ နားလည်သင့်၏ ။
နိုင်ငံခြားကျောင်းသားများ အတွက် ဘွဲ့ဒီဂရီအမျိုးအစား
ဥပမာ ဆေးပညာနယ်ပယ်တွင် Business Education လုပ်ရာ၌ သူတို့နိုင်ငံသားတို့၏ စားကျက်ကို လု၍ မရသော ဘွဲ့အမျိုးအစား ဖြစ်၏ ။ ဆေးပညာနယ်ပယ်တွင် သည်းခြေကြိုက် ဘွဲ့လွန်အမျိုးအစားမှာ မင်းကြိုက်၊ စိုးကြိုက်၊ ကာလသားနဲ့ လားလားမျှ မထိုက်ဆိုသော FRCS, MRCP စသော သမားတော် အထူးကုဘွဲ့မျိုး ဖြစ်၏ ။
ဒီလိုဘွဲ့မျိုးကို နိုင်ငံခြားသား(ဖွံ့ဖြိုးဆဲနိုင်ငံက ပုဂ္ဂိုလ်များ )ကို ဘုံးပေါလအောပေးသော် သူတို့နိုင်ငံက ဆရာဝန်တွေ အလုပ်လက်မဲ့နှုန်း မြင့်တက်မည် ။ MPH ကဲ့သို့ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့မျိုး ကတော့ လူနာကို ဆေးမကု၊ UN တို့ NGO တို့မှာ လုပ်လေ့ရှိ၏ ။ သူတို့နိုင်ငံသား၏ ဈေးကွက်ဝေစုကိုလည်း မလုပါ။ MPH လိုဘွဲ့ကို ဒီမှာ ပေးတဲ့ ဟိုကဘွဲ့လုပ်ပြီး ကျောင်းလခများများ ယူ၍ Certificate များများ ထုတ်ပေးရန် ဝန်မလေးပါ။ MPH ရတိုင်းလည်း NGO မှာ အလုပ်ရတာ မဟုတ်ဆိုတတော့ သတိထားရပါမည် ။ ဖွံ့ဖြိုးဆဲနိုင်ငံကဆရာဝန်များ UK, USA တို့တွင် ဆေးပညာမဟာဘွဲ့လွန်များ တက်ရန် အခွင့်အလမ်းစသော သတင်းများ ကို ဖတ်ဖူးပါ၏ ။ အဲဒီ ဘွဲ့လွန်ရပြီးရင် UK, USA ရဲ့ ဆရာဝန်လိုင်စင်(သူတို့နိုင်ငံက ဆမ) မရဘူးဆိုတာတော့ ကြိုတင် သိထားရမည် ။ တခြားအလုပ် (Job Opportunity)ဆိုသည်ကလည်း ဆောက် ဖြစ်မှ ကျောင်းဒကာဆိုတာ သိထားရပါမည် ။
အချုပ်အားဖြင့် ဆိုပါသော် Business Education ဆိုတာ ဥပဒေဘောင်ထဲက သမ္မအာဇီဝပါ။ ဒီကဘွဲ့ ဖြစ် ဖြစ်၊ ဟိုကဘွဲ့ ဖြစ် ဖြစ်၊ ဒီမှာ ပေးတဲ့ဟိုကဘွဲ့ ဖြစ် ဖြစ်၊ ပညာဆိုတာ ကောင်းပါတယ်။ မကျင့်အပ်တဲ့ တရားသာရှိပြီး မသင်အပ်တဲ့ပညာရယ်လို့တော့ မရှိပါ။ သို့ သော် အထက်က ဖောပြခဲ့သော ဒဿနများ ကိုလည်း နားလည်အပ်ပါသည်။
လူတိုင်းအတွက် ကျောင်းလခမပေးရတဲ့ တက္ကသိုလ်ကြီး
ပညာရှိကြီး တစ်ယောက် ပြောဖူးသည်မှာ ဒီကမ္ဘာကြီးဟာ လူတိုင်းအတွက် တက္ကသိုလ်ကြီးပါပဲ။ မွေးကင်းစကစ၍ သေသည်အထိ လေ့လာစရာတွေ အများ ကြီးပါ။ သိချင်သူတွေ အတွက် ကမ္ဘာကြီးဟာ အသိတရားတွေ အများ ကြီးပေးပါတယ်။ ကျောင်းလခလည်း မတောင်းပါဘူးဟု ဆိုပါကြောင်း။
Hot News ဂျာနယ်
၂၈ အောက်တိုဘာ ၂၀၁၀
![]() ဥပဒေ အထက်၌ လူမရှိခြင်း | ![]() ဂုဏ်ယူစရာထက်ပို၍ ဂုဏ်ယူစရာကောင်းသော | ![]() ဆင်းရဲခြင်းမှ လွတ်မြောက်ကင်းရန် နည်းလမ်း (၁၁) မျိုး |