Cover

၂။ ဖွံ့ဖြိုးသော နိုင်ငံသားတို့၏ စရိုက်လက္ခဏာ တစ်ခု(သို့ )ယုံကြည်ခြင်းကို ခံယူထိုက်သူ ဖြစ်ခြင်း

(HOT NEWS ဂျာနယ်,f 14-20 Oct 2011)

ယခု ဤဆောင်းပါးကို ရေး သားရခြင်းအကြောင်း ကတော့ မကြာမီရက်ပိုင်း ထုတ်ဝေခဲ့သော ဂျာနယ်များ တွင် အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့သွားသော မြန်မာနိုင်ငံသား ဦးဖိလစ်မောင် ဆိုသူသည် ယခု အခါ အမေရိကန်၌ ဆူရှီ ဆိုင်ပေါင်း (၄ဝဝ) ကျော်ကို ပိုင်ဆိုင်နေသော လုပ်ငန်းရှင် အင်ထရာ ပရနော (En-trepreneur) တစ်ယောက် ဖြစ်နေပြီး အမေရိကန်သမ္မတ အိုဘားများ ကပင် အိမ်ဖြူတော် သို့ဖိတ်၍ ဂုဏ်ပြုရသည်ဟု ဆိုပါသည်။

ဦးဖိလစ်မောင်က ရှင်းပြရာတွင် သူ၏ အောင်မြင်ရကြောင်းမှာ သူ၏ အလုပ်သမား (Staff) တို့ကောင်း၍ အောင်မြင် သည်ဟု ဆိုပါ၏ ။ သူက ဆက်လက်ရှင်းပြရာတွင် သူ၏ အလုပ် သမားတွေ ကို ပြောပြတာ ကတော့ ဒီအလုပ်ကို စီးပွားရေး ကြောင့် လုပ်ရတာ ထက် ဝါသနာအရ လုပ်တာပါ။ အလုပ်သမားတွေ က လည်း ဝါသနာကို အခြေပြု၍ ပျော်ပျော်ရွှင်ရွှင် ကြိုးစားကြတာ ကြောင့် အောင်မြင်သည်ဟု ဆိုပါ၏ ။ ဤတွင် ပေါ်လွင်ထင်ရှား သော အချက်တစ်ခုမှာ ဦးဖိလစ်မောင်သည် ဆိုင်(၄ဝဝ)စလုံး ကိုလိုက်မကြည့်နိုင်ပါ။ လုပ်ငန်းရှင်က မျက်လုံးဒေါက်ထောက် ကြည့်နေသည် ဖြစ်စေ၊ မကြည့်ဘဲ ဖြစ်စေ ကြိုးစား၊ ရိုးသားစွာ လုပ်ကိုင်ခြင်းကို ယုံကြည်ထိုက်သူများ ဖြစ်ခြင်း Persons of reli-ability ဟုခေါ်ပါသည်။ အမေရိကန်ကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံတို့တွင် လူတော် တော် များများ Relibility ရှိကြသည်ဟု ဆိုပါ၏ ။Belief (ယုံကြည်ခြင်း)နှင့် Reliability (ယုံကြည်ထိုက်သူ ဖြစ်ခြင်း) ဟူသော အဓိပ္ပါယ်မတူပါ။ လွန်ခဲ့သော (၃)နှစ် ခန့်က မြန်မာနိုင်ငံတွင် ဟောပြောပွဲတို့၌ ဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာ လူတွေ တစ်ယောက် နှင့် တစ်ယောက် ယုံကြတယ်။ မယုံဘူးဆိုရင် မဖွံ့ဖြိုးလို့ပဲဟုဆိုရာ Belief လုပ်ရမလို ဖြစ်နေ၍ အမှန် ကတော့ ဖွံ့ဖြိုးပြီး နိုင်ငံတို့တွင် မျက်စိမှိတ်ပြီး ယုံနေကြတာ မဟုတ်ဘဲ၊ လူအများ စုက ယုံကြည် ထိုက်သူတွေ ဖြစ်နေတာသာ ဖြစ်ပါ၏ ။

ယုံကြည်ထိုက်သူတွေ ဖြစ်ခြင်းဆိုရာ၌ ငွေရေး ကြေးရေး ကိစ္စ၌ သာမဟုတ် အချိန်မှန်ခြင်း၊ အချိန်လေးစားခြင်း၊ ကတိ တည်ခြင်း စသဖြင့် ကဏ္ဍအမျိုးမျိုး ပါဝင်ပါ၏ ။

ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် လူ တစ်ယောက် ကို မယုံကြည် ထိုက်ပါက မိမိဘက်က တစ်ကွက်ဦးဖို့ လိုပါသည်။

စာရေး သူ ကျွန်တော် ငယ်ငယ်က ကာတွန်းဆရာမောင်ဝဏ္ဏ ရေး သော စုံထောက်ကြီး အာဖျံကွီး ဇာတ်လမ်းများ ကို နှစ် ခြိုက်စွာ ဖတ်ရှုဖူးပါသည်။ ဇာတ်လမ်းတစ်ပုဒ်၌ ဇာတ်လိုက်ကြီး စုံထောက်အာဖျံကွီးသည် အယောင်ယောင်အမှားမှား လုပ်တတ် သည့်အပြင် အချိန်ကို လေးစားသူမဟုတ်။ တစ်နေ့တော့ မြို့မိ မြို့ဖများ အစည်းအဝေးတစ်ခုသို့ အာဖျံကွီးကို ဖိတ်ပါတယ်။ နံနက်(၉)နာရီမှာ အစည်းအဝေးရှိပါ၍ ဆက်လက်ကြွရောက်ပါရန် ဖိတ်တယ်။ သို့သော် အာဖျံကွီးက အချိန်မလေးစား၍ အစည်း အဝေးကို ညနေ(၄)နာရီမှ ရောက် သွားပါတယ်။ သူနောက်ကျ နေပြီ ဆိုတာသိတော့ အာဖျံကွီးဟာ လမ်းလျှောက်မသွားဘဲ အစည်း အဝေးသို့ ပြေးပြီး သွားပါတယ်။ ညနေ(၄)နာရီမှာ အစည်းအဝေး ခန်းထဲသို့ အာဖျံကွီးသည် ဟောဟဲ ..... ဟောဟဲနှင့် အစည်းအဝေး လုပ်နေသူများ ကို အာဖျံကွီးက တောင်းပန်စကားဆိုပါတယ်။။ ''ခွင့်လွှတ်ပါခင်ဗျာ။ ကျွန်တော် အစည်းအဝေး နောက်ကျတာ ခွင့်လွှတ်ပါ'' လို့ဆိုတယ်။ ထိုအခါ အစည်းအဝေး သဘာပတိက ''တောင်းပန်စရာ မလိုပါဘူး။ အစည်းအဝေးက မစရသေးပါဘူး။

အခုမှ စမလို့လုပ်နေတာပါ''ဟုဆိုရာ အာဖျံကွီးက ''ဟာ နံနက် (၉)နာရီမှာ စမယ့် အစည်းအဝေးက ဘာ့ကြောင့် ခုထိ မစရသေး တာလဲ'' လို့ ဆိုပါတယ်။ ထိုအခါ သဘာပတိက ''အစည်းအဝေး က ညနေ (၄)နာရီမှာ စမယ်လို့ ဖိတ်စာမှာ ရေး ရင် ခင်ဗျားက နောက်ကျတတ်တော့ည(၉)နာရီမှ ရောက်လာမှာ ကိုး။ ဒါကိုကြို သိလို့ ညနေ(၄)နာရီ စမယ့်အစည်း အဝေးကို နံနက်(၉) နာရီလို့ ရေး လိုက်တာပါ'' ဟုဆိုရာ အာဖျံကွီးက လန့်သွားပြီး ''ဟိုက်ရှားဘား'' ဟု အော်လိုက်ပါကြောင်း၊ စုံထောက်ကြီးသည် ယုံကြည်ထိုက်သူ မဟုတ်ဟုဆိုပါမည် ။

ကျွန်တော် သည် တစ်ခါကINGO တစ်ခု၏ စီမံကိန်း တစ်ခုတွင် တာဝန်ထမ်းဆောင်စဉ်နယ်၌ တာဝန်ထမ်းနေရသည် ဖြစ်ရာ ရန်ကုန်ရုံးသို့ အရေး ပေါ် အရေး ကြီးအစီရင်ခံစာတစ်စောင် ကို ကွန်ပျူတာနှင့် ကျွန်တော် ကိုယ်တိုင်ရိုက်နေသည်။ ထိုစဉ် ကွန်ပျူတာကို ပရင့်ထုတ်ရန် A 4 စာရွက်ကုန်သွား၍ ကျွန်တော် က ရုံးလုလင်လေးအား ဈေးသို့သွား၍ A 4 ဝယ်ခိုင်း၏ ။ ရုံးနဲ့ ဈေးနဲ့ လမ်းလျှောက်သွားရင် (၁ဝ)မိနစ် ပဲ လျှောက်ရသဖြင့် ခပ်မြန် မြန် လမ်းလျှောက်ပြီး သွားဝယ်ကွာဟု ပြော၏ ။ ဤတွင် အခြား အရာရှိ တစ်ယောက် က ကြားဝင်၍ ဆရာရေ ရုံးလုလင်လေးကို မော်တော် ဆိုင်ကယ်နှင့် သွားဝယ်ခိုင်းပါလား။ ဆိုက်ကယ်ပေးသုံးလိုက်ပါဆရာဟု ဆိုပါ၏ ။ ကျွန်တော် က မော်တော် ဆိုင်ကယ်ပေးသုံးလိုက်ရင် A 4 တစ်ထုပ်ဝယ်တာ အချိန်(၂)နာရီ လောက် ကြာလိမ့်မယ်ဟုပြောရာ သူကမဟုတ်တာ ဆရာရယ်။ ဆိုင်ကယ် နဲ့သွားဝယ်ရင် (၂)မိနစ်အတွင်း ပြန်ရောက်လာမှာ ပေါ့။ အရာရှိ တွေ မှ ဆိုင်ကယ်စီးရမယ်။ စားရေး စာချီ ရုံးလုလင်တွေ ဆိုင်ကယ် မစီးရဘူးဆိုပြီး မခွဲခြားသင့်ပါဘူးဟု ဆိုပါ၏ ။ ကျွန်တော် ကလည်း ဒါဆိုရင် ရှေ့ဘာဆက် ဖြစ်မလဲ သိရအောင် ''ဆိုင်ကယ် ပေးသုံး လိုက်မယ်။ ယူ သွားပါစေ''ဟုဆိုရာ ရုံးလုလင်ပျော်သွားပြီး ဆိုင်ကယ်နဲ့ ဈေးသို့ A 4 စက္ကူဝယ်ရန် ထွက်သွား၏ ။ သုံးနာရီခွဲ လောက် ကြာသော်လည်း ပြန်မလာပါ။ သုံးနာရီခွဲလောက်ကြာမှ ဗ၄ စက္ကူ တစ်ထုပ်နဲ့ ပြန်ရောက်လာရာ ကျွန်တော် က ဘာကြောင့် နောက်ကျတာလဲ လုံးဝမမေးပါ။ ဆိုင်ကယ်ပေးစီးရန် အကြံပြုသူ အရာရှိက Report နောက်ကျမည် စိုးပြီး မျက်နှာပျက်နေ၏ ။ သူက ကျွန်တော့် ကို မေးတာ ကတော့ သူကဆိုင်ကယ်နဲ့သွားရင် ပိုကြာလိမ့်မယ်ဆိုတာ ဆရာဦးထွန်းဝင်း ဘယ်လိုသိသလဲ မေးပါ ၏ ။ ကျွန်တော် ဖြေရတာ ကတော့ ဒီကောင်လေးက လူ့ဘော်ကြော့ လေးပါ။ Reliability မရှိဘူး။ မော်တော် ဆိုင်ကယ် ပေးသုံးလိုက် ရင် ဆိုင်ကယ်နဲ့ မိန်းကလေးတွေ အိမ်ကို လျှောက်လည်တတ် တယ်။ ခင်ဗျားတို့ မရိပ်မိပေမယ့် ကျွန်တော် ရိပ်မိနေတာကြာပြီ။ အခုလဲ ဆိုင်ကယ်လေးကို ရှိုးတပြပြနဲ့ မိန်းကလေးတွေ အိမ် ဝင်လည်နေမှန်းသိလို့ ဘာကြောင့် နောက်ကျတာလဲ ကျွန်တော် မမေးတော့တာဟု ဖြေပါ၏ ။ ဒီတော့သူက ဟာ ဒါဆိုရင် ဆရာ ဦးထွန်းဝင်းက သိသိကြီးနဲ့ ဆိုင်ကယ်ပေးလိုက်တာပဲ။ ဆရာ အချိန်မီ Print မထုတ်ရတာ ဘယ်လို လုပ်မလဲဟု မေးပါ၏ ။ ကျွန်တော် က Print ထုတ်ပြီးပါပြီဗျာ။ ကျွန်တော် ရုံးခန်းထဲမှာ အရေး ပေါ်သုံးဖို့ A 4 တစ်ထုပ် အပိုဆောင်ထားပါတယ်။ ရုံးဝန်ထမ်းတွေ Reliability မရှိတော့ ကျွန်တော် ကြိုတင်ပြင်ဆင် ထားပါ။ မိန်းကလေးအိမ်ကို လျှောက်လည်မယ်ဆိုတာ သိသိကြီး နဲ့ ဆိုင်ကယ်ပေးလိုက် တာက ခင်ဗျားတို့ကို နှုတ်နဲ့ရှင်းပြလည်း သဘောပေါက်ချင်မှ ပေါက်မယ်။ ဒါက အနောက်နိုင်ငံ အထောက် အပံ့နဲ့ INGO ရုံးလေ။ ရုံးထဲမှာ အာဏာရှင်ဆန်တယ်တို့၊ အဆင့် အတန်းခွဲတယ်တို့၊ ခွဲခြားဆက်ဆံတယ်ဆိုတဲ့အသံတွေ ထွက်လာ နိုင်တယ်။ ဒီတော့ နှုတ်နဲ့ရှင်းမယ့်အစား လက်တွေ့ သက်သေပြ တာပါဟု ပြောလိုက်ရပါ၏ ။

လွန်ခဲ့သော (၁ဝ)နှစ် ခန့်က ကျွန်တော် သည် ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ရေး ထားသော စာပေများ ကို ဖတ်ရှုရာ ဆောင်းပါးရှင် တစ်ယောက် က နိုင်ငံခြားသား တစ်ဦး၏ မှတ်ချက် စကားကို ရေး ထားပါ၏ ။ ၄င်းနိုင်ငံခြားသားနှင့် ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ၊ ဇူလိုင်(၁၉)ရက်၊ မွန်းတည့် (၁၂)နာရီတွင် တွေ့ ဆုံရန် ချိန်းထား၏ ။ သို့သော် ဗိုလ်ချုပ်ရောက်မလာပါ။ ဗိုလ်ချုပ်ကဲ့သို့ လူမျိုးကဘာကြောင့် ကတိပျက်တာလဲဆိုတာ နိုင်ငံခြားသားက စဉ်းစားမရဘူးဆိုပါ၏ ။ သို့သော် နောက် မိနစ် အနည်းငယ်ကြာသော ၄င်းနေ့ နံနက်တွင် ဗိုလ်ချုပ်လုပ်ကြံ ခံရပြီဆိုတာ သိရပါ၏ ။ ထို့ကြောင့် Reliability ရှိသော သူများ သည် သေသွားမှသာ ကတိကို မဖြည့်ဆည်း နိုင်တာမျိုးရှိ၏ ။ ဒါဟာ မြန်မာ့စံပြပုဂ္ဂိုလ်တစ်ဦး၏ Reliability ဖြစ်ပါ၏ ။

တစ်ခါက ကျွန်တော် တို့လင်မယားသည် ကျွန်တော် တို့ ရပ်ကွက်ထဲ၌ လက်ဖက်ရည်ဆိုင်ထိုင်ကြ၏ ။ လက်ဖက်ရည် သောက်ပြီးသော် ကျွန်တော် ၏ ဇနီးသည်က စားပွဲထိုးလေးများ အား ''ဟေ့သားတို့ ဘယ်လောက်ကျလဲ လာတွက်ဦး'' ဟုဆိုရာ စားပွဲထိုး တို့ တော် တော် နဲ့ ရောက်မလာပါ။ အမှန်က မကြားချင်ယောင် ဆောင်နေတာပါ။ ဇနီးသည်က မရိပ်မိ။ ကျွန်တော် ကတော့ အတွေ့  အကြုံရှိသူပီပီ ရိပ်မိနေ၏ ။ ဒီတော့ ဇနီးသည်ကို ပြောရတာ က ''ဟေ့ မိန်းမရဲ့ ၊ ကောင်တာမှာ ဘယ်လောက်ကျလဲ ကိုယ်တိုင် သွားမေး''ဟု ပြောရာ ဇနီးက ငွေသိမ်းကောင်တာမှာ ထိုင်နေ သော ဆိုင်ပိုင်ရှင်ကို ဘယ်လောက်ကျလဲမေးတော့မှ ဆိုင်ပိုင်ရှင် က စားပွဲထိုးအား ''ဟေ့ ဟိုစားပွဲ ဘယ်လောက်ကျသလဲ''ဟု တိုးတိုးလေးပြောသော်လည်း စားပွဲထိုးတွေ ကြားပြီး ပျာပျာ သလဲ လာတွက်၍ ဇနီးသည်က စောစောက ကျွန်မ အကျယ်ကြီး ပြောတာ စားပွဲထိုးတွေ မကြားဘူး။ ဆိုင်ရှင်က တိုးတိုးလေးပြောတာ ကြား တယ်ဆိုပြီး အံ့သြနေ၏ ။ အမှန်တော့ စားပွဲထိုးလေးတွေ က Reliability မရှိတာပါ။ အမေရိကန်ရောက် ဖိလစ်မောင်သည် ကျွန်တော် တို့ရပ်ကွက်ထဲမှာ ဆူရှီဆိုင်လာဖွင့်ရင် ဆိုင်ခွဲ (၄ဝဝ) ကျော် ဖွင့်နိုင်ဖို့နေနေသာသာ အရင်းပြုတ်မည် ထင်ပါ၏ ။

ကျွန်တော် ဆိုလိုချင်သည်က မည် သည့်နိုင်ငံသားမဆို နိုင်ငံတော် ကြီးကို ဖွံ့ဖြိုးစေချင်မှာ ပါ။ ထိုအခါမှာ နိုင်ငံ့ဝင်ငွေ (GDP)(GDP) တွေ တိုးတက်ရေး ၌ အာရုံ ရောက်ကြ၏ ။

တကယ်တော့ နိုင်ငံသားတိုင်းသည် မိမိတို့၌ Reliability ရှိ မရှိ ဆန်းစစ်သင့်ပါ၏ ။ မရှိသေးပါက နိုင်ငံသားတိုင်း Reliability ရှိအောင် ကြိုးစားမည် ဆိုပါက နိုင်ငံတော် ကြီး မကြာမီ ဖွံ့ဖြိုးမှာ ဖြစ်ပါ၏ ။

Reliability မရှိသူများ ၏ လုပ်ရပ်ကို တင်စားသော စကားပုံ တစ်ခုရှိပါ၏ ။ ¤င်းစကားပုံ ကတော့ ''မျက်နှာလွှဲ၊ ခဲပစ်လုပ်ကြ တယ်'' ဟူသော စကားပုံလေး ဖြစ်ပါကြောင်း ကျွန်တော် တို့တတွေ သည် မျက်နှာလွှဲသည် ဖြစ်စေ၊ မလွှဲသည် ဖြစ်စေ၊ ယုံကြည်စိတ်ချ ထိုက်သူများ ဖြစ်အောင် လုပ်ဆောင်ရမည် ဟု ဆိုချင်ပါကြောင်း။

•••


၃။ ဖွံ့ဖြိုးသော နိုင်ငံသားတို့၏ စရိုက်လက္ခဏာတစ်ခု (သို့ မဟုတ်) လက်ကိုင်တုတ် မလုပ်ခြင်း

(HOT NEWS ဂျာနယ်, Sep 30-Oct 6 2011)

နေ့အခါသမယသည် ကျွန်တော် တို့နိုင်ငံ ဖွံ့ဖြိုးတိုး တက် သော နိုင်ငံတစ်ခု ဖြစ်လာရန် ကြိုးစားနေသော အချိန် ဖြစ်ပါ ၏ ။ ဖွံ့ဖြိုးရေး ဟုဆိုရာ၌ နိုင်ငံ၏ စီးပွားရေး တိုးတက်ရုံဖြင့် မပြီးဘဲ နိုင်ငံသားတို့၏ ဖွံ့ဖြိုးခြင်းစရိုက်များ တိုးတက်ဖို့လည်း လိုပါသည်။ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သော နိုင်ငံများ တွင် လက်ကိုင်တုတ် (STOOGE) ဟူသော လူတန်းစားတစ်ရပ်သည် ကျယ်ကျယ် ပြန့်ပြန့် ရှိပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် တော့ ဒီလို လူတန်းစားမျိုးရှိသည် နည်းပါ၏ ။

ဒုတိယကမ္ဘာစစ်ကာလက ဂျာမနီအာဏာရှင်ဟစ်တလာ သည် ဂျူးလူမျိုး (၆)သန်းကို လူမျိုးတုံး သတ်ပစ်ခဲ့၏ ။ ထိုသို့ လုပ်ရာ တွင် လူ(၆)သန်းကို ဟစ်တလာ တစ်ယောက် တည်းက သေနတ်နဲ့ ပစ်သတ်၍ မရပါ။ ဟစ်တလာ၏ ဆန္ဒတွေ ကို အကောင် အထည်ဖော်ပေးရန် သူ၏ တပည့်များ လက်ကိုင်တုတ်တွေ ရှိပါ သည်။ လစ်ဗျား အာဏာရှင် ဗိုလ်မှူးကြီး မွမ်မာကဒါဖီ၊ ဆီးရီးယား အာဏာရှင် အာဆတ် စသူတို့သည် တိုင်းပြည်ကို နှစ် ရှည်လများ ချုပ်ကိုင်၍ အာဏာကို စွဲကိုင်ထားရာ၌ သူတို့တစ်ဦးတည်းလုပ်၍ မရဘဲ လက်ကိုင်တုတ်များ ကို အားကိုးရပါသည်။

လက်ကိုင်တုတ် (STOOGE) ကို အဘိဓာန်တွင် အဓိပ္ပါယ် ဖွင့်ဆိုရာ၌ A STOOGE IS A PERSON WHO IS USED BYSOMETHING TO DO THINGS THAT ARE UNPLESANT ORDISHONEST အဓိပ္ပါယ် ကတော့ လက်ကိုင်တုတ်ဆိုသည်မှာ မကောင်းတာ သို့မဟုတ် မရိုးသားသည့် အလုပ်ကိုလုပ်ရန် တစ်စုံ တစ်ယောက် သော သူ၏ အသုံးချ ခံရသူ ဖြစ်၏ ဟုဆိုပါ၏ ။

လက်ကိုင်တုတ် (STOOGE) ဟူသော အာဏာရှင်တို့၌ သာ ရှိသည်မဟုတ်၊ ကုမ္ပဏီ၊ အသင်းအဖွဲ့ဌာနစသဖြင့် မည် သည့်အဖွဲ့ အစည်း ၌ မဆို ရှိနိုင်ပါသည်။

လက်ကိုင်တုတ်၏ စရိုက်ကို လေ့လာသော အခါ အောက်ပါအတိုင်း တွေ့ ရတတ်ပါသည်။

- သူတို့သည် ကိုယ်ထူးကိုယ်ချွန်စရိုက်မရှိ ကိုယ့်ကိုကိုယ် အား မကိုး။

- ပါဝါရှိသော မိမိ၏ အထက်အရာရှိကိုမှီ၍ သာ အလုပ် လုပ်တတ်၏ ။

- အထက်အရာရှိ၏ ပါဝါဖြင့် ပတ်ဝန်းကျင်ကို ဖိနှိပ် တတ်၏ ။

- လုပ်ငန်းတိုးတက်ရန် စိတ်မဝင်စားဘဲ အထက်အရာရှိ စိတ်ကျေနပ်ရန်သာ စိတ်ဝင်စား၏ ။

လက်ကိုင်တုတ်တို့ကြောင့် အထက်လူကြီးများ ဒုက္ခ ရောက်တတ်ပါ၏

မြန်မာစကားပုံတစ်ခုမှာ ''ကြက်တူရွေးကတော် တော် ၊ မယ်တော် ကကဲကဲ'' ဟူ၍ ဆိုရိုးရှိပါ၏ ။ အဓိပ္ပါယ်မှာ နိုင်ငံတစ်ခု တွင် အာဏာရှင်တစ်ဦး အုပ်ချုပ်ပါက အာဏာရှင်က တစ်ကျပ် ဖိုးလောက် ဖိနှိပ်ခိုင်းလျှင် လက်ကိုင်တုတ်တွေ က နှစ် ကျပ်ဖိုး လောက် ဖိနှိပ်ပြ၏ ။ ထိုအခါ ဖိနှိပ်ခံရသူတို့၏ အမုန်းတရား သည် ထိပ်ဆုံးက ရာထူးရှိသူတို့ထံသာ ကျရောက်တတ်၏ ။

တဖန် ကုမ္ပဏီအဖွဲ့အစည်းတို့တွင် အရာရှိကြီးများ သည် လက်ကိုင်တုတ်များ ရှိပါက လက်ကိုင်တုတ်များ သည် မိမိတို့ဆရာ များ ကို အလိုလိုက် အကြိုက်ဆောင်ပေးရ၏ ။ ဆရာတို့အတွက်

အရက်၊ မိန်းမ၊ အကျင့်ပျက်ခြစားရန်အခွင့်အလမ်းတို့ကို ဖန်တီး ပေးရင်း ကြာသော အခါ လက်ကိုင်တုတ်တို့ကို ဆရာတို့က မလွန် ဆန်နိုင်တော့ဘဲ လက်ကိုင်တုတ်တို့က ဆရာ့ကို အညှာကိုင်လိုက် သလို ဖြစ်ပါတော့သည်။

သို့ ပါ၍ လက်ကိုင်တုတ်များ ကို ကိုင်၍ ရမ်းသော အခါ လက်ကိုင်တုတ်များ သည် အရမ်းခံရသူတို့ကို အန္တရာယ်ပေးတတ် သလို ¤င်းတို့ကိုကိုင်သော လက်များ အတွက်လည်း အန္တရာယ် ရှိပါသည်။

မြန်မာဘာသာစကားတွင် လည်း လက်ကိုင်တုတ် (STOOGE) နှင့် ဆိုင်သော ဆိုရိုးစကားများ ရှိပါသည်။ ဥပမာ လက်ကိုင်တုတ်မွေးရာ၌ တပည့်မွေးသည် လူမိုက်မွေးသည်။ လက်ကိုင်တုတ်ကလည်း ဆရာကို ပြန်၍ အသုံးချပြီး အပြန်အလှန် အသုံးချပါက ဆရာမွေး၊ တပည့်မွေး စသော ဆိုရိုးစကားများ ရှိပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် တော့ ရာနှုန်းပြည့် ဒီမိုကရေစီ ရရှိပါက လက်ကိုင်တုတ်ဟူသည် မရှိသလောက် နည်းပါမည် ။ အဘယ့်ကြောင့် ဆိုသော် အမြင့်ဆုံးရာထူးကို ဒီမိုကရေစီနည်းဖြင့် ရရှိသူက လက်ကိုင်တုတ်မွေးလျှင် နောက်တစ်ကြိမ် ရွေးကောက် ပွဲ၌ ရှုံးနိမ့်နိုင်ပါ၏ ။ ထို့ကြောင့် လက်ကိုင်တုတ် (STOOGE) မရှိခြင်းသည် ဖွံ့ဖြိုးသော စရိုက် ဟုဆိုနိုင်ပါသည်။

လက်ကိုင်တုတ်တွေ ကြားမှ လက်ကိုင်တုတ် မလုပ်လိုသူ တစ်ယောက် ကသိကအောက် ဖြစ်ရပုံနှင့် အထက် ဆရာကြီးများ ပါ ကသိကအောက် ဖြစ်ရပုံ-

အောက်ပါအ ဖြစ်အပျက်ကလေးကို တင်ဆက်ရာမှာ တော့ မည် သည့်နိုင်ငံရယ်လို့ မဖော်ပြတော့ဘဲ လူပုဂ္ဂိုလ်တွေ လည်း နာမည် လွှဲထားပါရစေ။ တစ်ခါက အာဆီယံနိုင်ငံတစ်ခုမှာ အလွန်တစ်ရာမှ ဓနအင်အားတောင့်တင်းသော NGO တစ်ခုရှိပါ ၏ ။ ၄င်း NGO ကြီးမှာ အမြဲတမ်းဝန်ထမ်း (Core Staff) နှင့် ယာယီ စီမံကိန်းဝန်ထမ်း (Project Staff) ရယ်လို့ရှိပါ၏ ။ စီမံကိန်း ဝန်ထမ်း ကတော့ စီမံကိန်းပြီးရင် အလုပ်ပြုတ်ပါပြီ။ ကတော့ မပြုတ်တဲ့အမြဲ ဝန်ထမ်း ဖြစ်ပြီး ပင်စင်တောင်ရပါတယ်။ သြဇာရှိပြီး ဒေသခံ ဃသမနှအေ် ဟာ နိုင်ငံခြားသား အကြံပေး အရာရှိများ ကိုတောင် အလုပ်ဖြုတ်နိုင်ပါတယ်။

သြဇာကြီးသော ဒေသခံ (Core Staff)

အရာရှိကြီး (၂)ဦး

ပထမအရာရှိကြီး နာမည် ကတော့ မစ္စတာ TOM ALE-XANDER CHRIS TOPHER တွမ်အလက်ဇန္ဒားခရစ်စတိုဖာ (TAC) ဖြစ်ပြီးသူဟာ Senior Program officer အကြီးတန်းအစီအစဉ် အရာရှိ) ဖြစ်ပါတယ်။ ဒုတိယအရာရှိကြီးနာမည် ကတော့ မစ္စတာ HENERY MICHAEL PATRICK ဟင်နရီမိုက်ကယ်ပက်ထရစ် (HMP) ဖြစ်ပါတယ်။ သူကလည်း Program Officer ဖြစ်ပြီးT.A.C လောက်တော့ ရာထူးမကြီးပါဘူး။ (TAC) ရော (HMP) ပါ။ လူတော် လူကောင်းတွေ ပါ။ စီမံကိန်းနယ်မြေက လူထု အတွက်စေတနာ ရှိပါတယ်။ ဒါပေမဲ့ သူတို့နှစ် ဦးဟာ တစ်ခါတုန်း က နည်းပညာ သဘော ကွဲလွဲမှု Technogical Disagreement ဖြစ်ပြီး ငြင်းခုံကြရင်း HMP က TAC ကို မလေးစားရာက စ၍ တစ်ယောက် နဲ့ တစ်ယောက် လုံးဝ(လုံးဝ)မတည့်ြ ကတော့ ပါ။ HMP နှင့် TAC တို့သည်Workshop၊ Seminar၊ Meeting စသည်တို့တွင် တစ်ယောက် နဲ့ တစ်ယောက် အကွက်ရလျှင် ရသလို တွယ်ကြ၏ ။

ဤတွင် Project Staff ထဲမှပုဂ္ဂိုလ်အချို့သည် လက်ကိုင်တုတ်လုပ်ချင်သူ အချို့အလျှိုလျှိုပေါ်လြာ ကတော့၏ ။ အချို့က TAC ၏ လက်ကိုင်တုတ် ဖြစ်ခွင့်ရနိုးမျှော်လင့်၍ HMP ၏ အကြောင်း အတင်း အဖျင်းတို့ကွှိုဗဃ ထံသွားပြောပြီး အချို့ က TAC ၏ လက်ကိုင်တုတ် ဖြစ်ခွင့်ရနိုးမျှော်လင့်၍ TAC ၏ အတင်းကို HMP ထံသွားပြော၏ ။

ထိုစဉ်၎င်းတို့ NGO သို့ လူသစ်တစ်ဦးပြောင်းလာရာ သူ၏ အမည် က Dr.Tom William (Dr.TW)(တွမ်ဝီလျံ) ဖြစ်၏ သူက လက်ကိုင်တုတ်လုပ်တာဝါသနာမပါ။ အလုပ်လုပ်ရန်သာဝါသနာပါ၏ သို့ သော်ပြောစရာရှိသည်က Dr.TW နှင့် HMPတို့သည် တစ်ရပ်ကွက်တည်း တစ်လမ်းတည်းနေကြသော ရပ်ဆွေရပ်မျိုး ဖြစ်၏ ။ ယခင်ကတည်းက သိကျွမ်း၏ ။ အထက် တန်းကျောင်းနေစဉ် Dr.TW ပထမတန်းတက်စဉ် HMP က ဆယ်တန်း ဖြစ်၏ ။ သို့ သော် မူလကတည်းက သိကျွမ်းတာက သပ်သပ် ဖြစ်ပြီး အလုပ်ထဲရောက်တော့ သိတာခင်တာတွေ ကမဆိုင် ပါဟု Dr.TW ခံယူ၏ ။ Dr.TW သည် TAC ဦးစီးရသော စီမံကိန်း၌ ရာထူးကြီးကြီးရ၏ ။ တိုင်းရင်းသားဒေသခံထဲ၌ အမြင့်ဆုံး ရာထူးရ၏ ။ ဤတွင် ပြဿနာစပါပြီ လက်ကိုင်တုတ် လုပ်လိုသူ တချို့က TAC ထံသွား၍ Dr.TW သည် HMP ၏ အသိအကျွမ်း ဖြစ်ကြောင်း ပြောပြရာ TAC ကောင်းကောင်းအိပ် မပျော်ဘဲ သတိထားရ၏ ။ တဖန်အချို့က HMP ထံသွား၍ Dr.TW သည် TAC ၏ လက်ကိုင်တုတ် ဖြစ်သွားပြီဟု ပြောကြရာ HMP သည် Dr.TW ကိုသတိထား နေရ၏ ။ Dr.TW ကလည်း TAC နှင့် HMP ကြား၌ ညပ်ပြီ ဖြစ်ရာ သတိထားရပါတော့၏ ။ ဒီတော့ စီမံကိန်းပြီးတဲ့အထိ သုံးယောက် လုံး သတိထားနေရပါ သော ကြောင့် သုံးယောက် လုံး ဇက်ကြောတွေ တက်၊ သွေးတိုး ရောဂါ ဖြစ်ကုန်ရာ TAC ရော HMP ရော Dr.TW ရော နံနက် စောစောထပြီး လမ်းလျှောက်နေရပါတယ်။

စီမံကိန်းပြီးကာနီး (၁)လအလိုမှာ Dr.TW ဟာတခြား INGO တစ်ခုကို ပြောင်းသွား ပါတယ်။ ပြောင်းတာလက်ဦးလို့ပါ။ တကယ်လို့ မပြောင်းဘဲနဲ့ မူလ INGO ရဲ့ နောက်စီမံကိန်းမှာ အလုပ်လျှောက်မိရင် TAC က Dr.TW ကို အလုပ်ဖြုတ်ဖို့ပြင်ထား ပါတယ်။ HMP ကDr. TW ကို အလုပ်မဖြုတ်လိုက်ရတာ နာကြောင်း ပြောတာကို TAC ပြန်ကြားတယ်။ ဒီတော့မှ Dr.TW ဟာ HMP ရဲ့ လက်ကိုင်တုတ် မဟုတ်ဘူးဆိုတာ TAC သိသွား ပါတယ်။ နည်းနည်း ကြာလာတော့ Dr.TW ဟာ TAC ရဲ့ လက်ကိုင်တုတ်လည်း မဟုတ်ဘူးဆိုတာ HMP သိ သွားပါတယ်။ သို့ သော် သုံးယောက် စလုံးဟာမလိုအပ်ဘဲ သတိထားနေရလို့ ဇက်ကြောတွေ တက်ကုန်ကြပါတယ်။ သွေးတိုး ဖြစ်ကုန်၍ သုံးဦးလုံး ဆေးခန်းပြရပါ၏ ။

သင်ခန်းစာ

လက်ကိုင်တုတ်လုပ်လိုသူတွေ များ နေရင် အလုပ်ကောင်း ကောင်း မလုပ်ရဘဲ ဇက်ကြောတက်ရင်း အချိန်ကုန်ပါ၏ ။

ယခုအခါ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၊ ဈေးကွက်စီးပွားရေး ခေတ်၊ အင်တာနက်ခေတ်တို့၌ ပြိုင်ဆိုင်မှု တွေ ပြင်းထန်ပါသည်။ အလုပ်တွေ ကို ကျုံးလုပ်နိုင်ပါမှ တန်ကာကျမည် အလုပ်မလုပ် နိုင်ဘဲ ဇက်ကြောတက်နေရလျှင် ဖွံ့ဖြိုးမှု နောက်ကျပါမည် ။

သို့ ပါ၍ လက်ကိုင်တုတ်တွေ များ နေပါက ဖွံ့ဖြိုးမှု နောက် ကျမည် ဖွံ့ဖြိုးသော နိုင်ငံသားတို့၏ စရိုက်လက္ခဏာ တစ်ခုမှာ လက်ကိုင်တုတ်မလုပ်ခြင်းဟု ဆိုချင်ပါကြောင်း။

•••


၎။ ဖွံ့ဖြိုးသော နိုင်ငံသားတို့၏ စရိုက်လက္ခဏာ တစ်ခု(သို့ မဟုတ်) နောက်ကျောကဓါးဖြင့် မထိုးခြင်း

(HOT NEWS ဂျာနယ် 26 Aug - 1 Sep 2011)

နောက်ကျောကဓားနဲ့ထိုးသည်ဆိုခြင်းမှာ မြန်မာစာ ဘာသာရပ်တွင် စာတင်ထားသော အလင်္ကာတစ်ခုပင် ဖြစ်ပါသည်။ မိမိမလို မုန်းထားသော လူ တစ်ယောက် အပေါ်၌ ဖြေရှင်းခွင့် ခုခံချေပခွင့် မပေးတော့ဘဲ ထိုသူ၏ အကျိုးပျက်စီးရာပျက်စီးကြောင်းကို ယုတ်မာစွာ လုပ်ဆောင်လိုက်ခြင်းကို နောက်ကျောက ဓားနဲ့ထိုးခြင်းဟု တင်စားလိုက်ခြင်း ဖြစ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာ တော့ နောက်ကျောက ဓားနဲ့ထိုးတဲ့ အလုပ်ကို အလွန်စက်ဆုပ်ကြသည်ဟု ဆိုပါ၏ ။ ဒီအလုပ်မျိုးက

လူယုတ်မာတွေ သာ လုပ်ကြတဲ့ အလုပ်မျိုးပါ။ ကျွန်တော် သည် ငယ်ငယ်က နာမည် ကျော်ရုပ်ရှင်မင်းသမီး မာရီလင် မွန်ရိုးပါဝင် သရုပ် ဆောင်ထားသော "The River of No Return" ရုပ်ရှင်ကားကို ကြည့်ဖူး၏ ။ ၄င်းရုပ်ရှင်၌ အ ဖြစ်အပျက်တစ်ခုမှာ ဇာတ်လိုက် မင်းသားသည် ထောင်ကျနေ၏ ။ သူ၏ ကိုးနှစ် သားအရွယ် သားငယ်ကို မာရီလင်မွန်ရိုးက စောင့်ရှောက်ထား၏ ။ ဖခင်ထောင် ကထွက်လာသော် (၉)နှစ် သားက ဖခင်ကို ခပ်စိမ်းစိမ်း ဖြစ်နေပါ ၏ ။ အကြောင်းမှာ သူ၏ ဖခင် ထောင်ကျသော အမှု မှာ လူတစ် ယောက် အား နောက်ကျောဘက်ကနေ၍ သေနတ်နှင့် ပစ်သော ကြောင့် ဖြစ်ပါသည်။

ကျွန်တော် တို့ ငယ်ငယ်က ဖတ်ဖူးသော ဝတ္ထုတချို့တွင် ဗြိတိန်နိုင်ငံ၌ လူနှစ် ယောက် တစ်ယောက် နှင့် တစ်ယောက် ပုဂ္ဂိုလ်ရေး မုန်းတီးကြသည်ဆိုပါစို့။ ထိုအခါ တစ်ဦးနှင့် တစ်ဦး ခြောက်လုံးပူး သေနတ်ချင်းယှဉ်ပစ်ရန် စိန်ခေါ်ကြ၏ ။ ခြောက် လုံးပြူး သေနတ် တစ်ခုစီ၌ ကျည်တစ်ထောင့်စီသာ ထည့်ရ၏ ။ ၄င်းနောက် မုန်းတီး ကြသူ နှစ် ဦးသည် တစ်ဦးနှင့် တစ်ဦး ကျောချင်းကပ်လိုက်၍ သေနတ် ကိုယ်စီကို မိုးပေါ်ထောင်ထား၏ ။ ထို့နောက် တတိယသူ (သို့ မဟုတ်) ဒိုင်လူကြီးက အချက်ပေး ဝီစီမှု တ်သော် ထိုလူနှစ် ဦးတို့သည် ခြေလှမ်း ဆယ်လှမ်းစီလှမ်းရ၏ ။

တစ် နှစ် သုံး လေး ငါး ခြောက် ခုနှစ် ရှစ် ကိုး ဟု

လှမ်းပြီးသော် တစ်ဆယ်ဟု နောက်ဆုံးလှမ်းပြီးသည်နှင့် နောက် ပြန်လှည့်ကာ တစ်ယောက် ၏ ဦးခေါင်းကို တစ်ယောက် က သေနတ်နှင့် ပစ်၏ ။ လျှင်တဲ့ သူကနိုင်ပါသည်။ ရှေးခေတ်ဥရောပ စတိုင်ပြဿနာ ဖြေရှင်းနည်း ဖြစ်ပြီး ထိုခေတ်ဥပဒေက ဤသို့ ဖြေရှင်းခြင်းကို အသိမှတ်ပြုထားပြီး တစ်ယောက် ယောက် သေသော် နိုင်သူကို အရေး မယူကြေး ဖြစ်၏ ။ ဒီတော့ သူတို့က ရှေ့ကနေ ဗြောင်ကျကျ သေနတ်နဲ့ပစ်တယ်။ နောက်ကျောက ဓားနဲ့မထိုးဘူး။

ဒီဘက်ခေတ်မှာ တော့ ကိုးရီးယားစာတမ်းထိုး ရုပ်ရှင် ကားများ ခေတ်မစားမီ တရုတ်စာတမ်းထိုးခေတ်တစ်ခေတ် ဖြစ်ခဲ့ ပါသေး၏ ။ ဥပမာ သုခမိန်ကြီးပေါင်ချိန်၊ ကျန်ကျောင်းတို့၏ တရုတ်ရာဇဝင် စာတမ်းထိုးခေတ်ပါ။ ဤတွင် ကျွန်တော် သည် တရုတ် ရာဇဝင်ကားတစ်ကားကို ကြည့်ဖူးသည်မှာ ရှေးက ရွာတစ် ရွာတွင် ချစ်သူလူငယ်စုံတွဲ ရှိကြ၏ ။ လက်မထပ်မီ လူငယ်က စစ်ထဲ ဝင်သွားရာ ထူးချွန်၍ စစ်သူကြီး ဖြစ်လာ၏ ။ ထိုအခါ သူ၏ ငယ် ရည်းစားမိန်းကလေးကို တောင်းရမ်း လက်ထပ်ခါနီး ဆဲဆဲ ရှင်ဘုရင် က တိုင်းခန်းလှည့်လည်ရင်း မိန်းကလေးကိုတွေ့ သွား၏ ။ ဘုရင်က သဘောကျ၍ မိဖုရားမြှောက်၏ ။ ထိုအခါ မိဖုရားနှင့် စစ်သူကြီးတို့သည် ငယ်ရည်းစားများ ဖြစ်ပြီး နန်းတော် ၌ ပြန်တွေ့ ကြသော်လည်း ဘဝခြားနေပြီ ဖြစ်သဖြင့် စည်းစောင့် ကြသည်။ ဘုရင်ကြီးအပေါ်၌ စစ်သူကြီးကရော မိဖုရားကြီးကပါ သစ္စာရှိ၏ ။ ဒီလိုနဲ့ နေလာရော ၄င်းမိဖုရားသည် သားတော် လေး ဖွားမြင်၍ ဘုရင်ကြီးက သဘောကျပြီး တောင်နန်းစံ မိဖုရားကြီး ခန့်အပ်ခံရသည်။ ဤတွင် အခြားမိဖုရားများ က မနာလို ဖြစ်ကြပါပြီ။ သို့ နှင့် တောင်နန်းစံ မိဖုရားကြီး၏ ရာဇဝင်ကို စုံစမ်းရာ တောင်နန်းစံမိဖုရားကြီးမှာ စစ်သူကြီးနှင့် တစ်ရွာတည်းသား ငယ်ရည်းစား ဖြစ်ကြောင်းသိသွား၍ ဘုရင်ကြီးကို ကုန်းချောသည်မှာ ယခုတောင်နန်းစံမိဖုရားကြီးက ဖွားမြင်သော သားတော် လေးမှာ ဘုရင်ကြီး၏ သွေးသားမဟုတ်ဘဲ စစ်သူကြီးနှင့် ရသော သား ဖြစ်ကြောင်း ကုန်းစကားဆို၏ ။ သို့ နှင့် မိဖုရားကြီးနှင့် စစ်သူကြီးတို့သည် ထောင်သွင်း အကျဉ်းကျခံရပါ၏ ။ အချိန်ကြာသော အခါ ဇာတ်ရည်လည်သွားပြီး စစ်သူကြီးနှင့် မိဖုရားကြီးတို့ ရိုးသားကြောင်း ဘုရင်ကြီး သိ သွားပါ၏ ။ သို့ နှင့် ထောင်မှ လွှတ်မည် ကြံသော အခါ စစ်သူကြီးနှင့် မိဖုရားကြီးတို့သည် မိမိကိုယ်ကို သတ်သေသွားကြပြီး ဖြစ်ပါသည်။ အဲဒါ ကတော့ နောက်ကျောက ဓားနဲ့ထိုးလိုက်ပုံပါ။

လွန်ခဲ့သော နှစ် ပေါင်း ၃၅နှစ် ခန့်က မြန်မာနိုင်ငံတွင် ဆေး ကျောင်းသားလေး အသက်၂၁နှစ် အရွယ် မောင်သီလ (နာမည် လွှဲ) ဆိုသူရှိပါသည်။ တစ်နေ့သော အခါ အသက် ၇ဝအရွယ် မောင်သီလ၏ ဘွားဘွားသည် တုတ်ကွေး ဖြစ်၏ ။ တုတ်ကွေး ဖြစ်ပြီး အဆုတ် ယောင် ရောဂါ ရသော အခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ရ၏ ။ မောင်သီလက နှစ် ကြီးဆေး ကျောင်းသား ဖြစ်၍ ဂျူတီကုတ်နဲ့ နားကြပ်လေး ရှိ၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ နေ့၊ ည ဝင်ခွင့် ထွက်ခွင့်ပါသော ကြောင့် သူ၏ ဘွားဘွား နားဝယ် နေ့ရောညရော ၂၄ နာရီမပြတ် စောင့်ရှောက် ၏ ။ တုတ်ကွေး ဖြစ်သော ဘွားဘွားသည် ဆေးရုံတက်ပြီး သုံးရက်အကြာ၌ အဆုတ်ယောင်ဖြင့် ကွယ်လွန်၏ ။ ဒီလိုနဲ့ နှစ် ပေါင်း ၃၅နှစ် ကြာ ညောင်းခဲ့ပြီး ၂ဝ၁၁ သို့ ရောက်ခဲ့၏ ။ ၄င်း ဘွားဘွား၌ မြေး ၁၅ ယောက် ကျန်ခဲ့၏ ။ တစ်နေ့တွင် ဆွေမျိုး ထဲက အလှူလုပ်ရာ ဒေါက်တာမောင်သီလသည် တစ်ဝမ်းကွဲ မောင်နှမ (၁၅)ယောက် ၌ အကြီးဆုံး ဖြစ်၍ မောင်သီလကို မြင်သော အခါ ညီ၊ ညီမများ က အစ်ကိုကြီး၊ အစ်ကိုကြီးဟု ခေါ် ကာ ဝမ်းသာအားရနှုတ်ဆက်၏ ။ သို့ သော် မောင်သီလ၏ ဇနီး သည်၏ အိမ်ပြန်ရောက်သော် ပြောပြချက်အရ တစ်ဝမ်းကွဲညီမ ငယ်တစ်ဦးမှာ မျက်နှာအမြဲ ညှိုးငယ်နေပါသည်။ ဘာကြောင့် လဲ လို့ ဇနီးကမေးတော့ မောင်သီလ ဖြေတာ ကတော့ အဲဒီ ညီမလေး က သူမသုံးနှစ် သမီးမှာ သူ့ဖေဖေ ဆုံးတာ ဖတဆိုးလေး၊ ဖအေ ဆုံးပြီး ဖခင်ဖက်က ဆွေမျိုးတွေ ကို သိပ်မခင်ဘူးဟုပဲ ပေါ့ပေါ့ တန်တန် ဖြေလိုက်၏ ။ သို့ သော် ဒေါက်တာ မောင်သီလ၏ ဇနီးက အပေါင်းအသင်းကောင်း၍ ၄င်းမျက်နှာ ညှိုးနေသော သူမ၏ ယောင်းမနှင့် ခင်အောင်ပေါင်း၍ ညီအစ်မအရင်းလို ဖြစ်သွားတော့မှ သိရသည်မှာ ဘယ်သူက ကုန်းချောလဲမသိ။ နောက်ကျော ကဓားနဲ့ ထိုးပုံက လွန်ခဲ့တဲ့ နှစ် ပေါင်း ၃၅နှစ် က ဘွားဘွားက ဆေးရုံပေါ်မှာ နေမကောင်းတော့ ဘွားဘွားမှာ ရှိတဲ့ စိန်တွေ ကို မြေးတွေ ကို ပေးချင်တာနဲ့ သူမကိုခေါ်ခိုင်းတယ်။ ခေါ်မပေးဘူး ဟု ဆိုရာ ဒေါက်တာ မောင်သီလက ''မြတ်စွာ ဘုရား၊ ဗုဒ္ဓေါ''ဟု အော်ရပါ၏ ။ တကယ်တော့ ဘွားဘွားက မောင်သီလ၏ လက်ပေါ်၌ ဆုံးတာပါ။ ဘွားဘွားကို နောက်ဆုံးစကား ပြော လိုက်ရသူက မောင်သီလပါ။

ပြောခဲ့တဲ့စကား ကတော့ ''ဘွားဘွားတရားမှတ်''ဟု နောက်ဆုံးပြောရာ ဘွားဘွားက ခေါင်းညိတ်ပြ၏ ။ ဒါပါပဲ။ ဘွားဘွားက မောင်သီလကို ဘာမှမမှာ ပါ။ ဘယ်သူ့ကိုမှလည်း ခေါ်မခိုင်းပါ။ မောင်သီလကသာ ဘွားဘွားကို တရားမှတ်ရန် မှာ လိုက်တာ ဖြစ်၏ ။ ဘွားဘွား၏ သားသမီးများ ဖြစ်သော မောင်သီလ၏ မိခင်၊ ဦးလေး၊ အဒေါ်တို့သည် ဘွားဘွားနားမှာ အချိန်ပြည့်မနေနိုင်ခဲ့။ မောင်သီလကသာ ဆေးကျောင်းသား ဖြစ်၍ ဘွားဘွားခုတင်ဘေး၌ အချိန်ပြည့်နေ နေတာ ဖြစ်၏ ။ ဘွားဘွားဆုံးတော့ ဆေးရုံပေါ်မှာ ဘွားဘွားရဲ့ ပစ္စည်းလေးတွေ ကို မောင်သီလပဲ သိမ်းရသည်။ အပေါစားစိတ်ပုတီးလေးရယ်၊

ထွေးခံတစ်လုံးရယ်၊ သလိပ်တွေ ရယ်၊ ဘွားဘွားရဲ့ အဝတ်ဟောင်း လေးတွေ ရယ်၊ ဒါပါပဲ။ ဘွားဘွားရဲ့ ထွေးခံထဲက သလိပ်တွေ ကို

မောင်သီလ မရွံမရှာဆေးခဲ့၏ ။ ညီမလေးက ဘွားဘွားသည် စိန်တွေ ထားခဲ့သည်ဟုထင်၏ ။ တကယ်ထားခဲ့တာက အဆုတ် ဝေဒနာရှင် တစ်ဦးရဲ့ သလိပ်တွေ ပါ။ မောင်သီလစဉ်းစားမိ သည်။ တကယ်လို့များ ထွေးခံထဲမှာ စိန်တွေ ထားခဲ့ရင် ဘွားဘွားရဲ့ ခင်ပွန်း ကွယ်လွန်သူ ဘိုးဘိုးသည် တစ်ချိန်က လခ ၁၆ဝဝကျပ် ရသော မြန်မာနိုင်ငံ အမြတ်တော် ခွန်မင်းကြီး ဖြစ်၏ ။ လခ ၁၆ဝဝလောက်နဲ့ စိန်တွေ မဝယ်နိုင်ပါ။ တကယ်လို့ဝယ်ခဲ့ရင် ဘိုးဘိုးသည် အကျင့်ပျက် ခြစားထားခြင်းသာ ဖြစ်မည် ။ အကျင့် ပျက်ခြစားထားတဲ့ စိန်တွေ ထားခဲ့ရင် မောင်သီလမလိုချင်ပါ။ အကျင့်ပျက်ခြစားခြင်းနဲ့ မသက်ဆိုင်သော ဘွားဘွား၏ သလိပ် ကို မောင်သီလမရွံပါ။ အကျင့်ပျက် ခြစားတဲ့ စိန်ဆိုရင်တော့ ရွံတယ်။ ဒါကို ညီမလေးကို ရှင်းပြတော့ ညီမလေးက သူ ၃၅နှစ် လုံး အထင်လွဲခဲ့လို့ငိုပါ၏ ။

၃၅နှစ် လုံးလုံး နောက်ကျောမှာ စိုက်ခဲ့တဲ့ ဓားတစ်ချောင်း ပါ။ ဘယ်သူစိုက်သွားမှန်းလဲမသိပါ။ သို့ သော် မောင်သီလ မသေပါ။

နောက်ကျောသို့ ထိုးပြန်ပါသော

နောက်ထပ်ဓားတစ်ချောင်း

ဒေါက်တာမောင်သီလ အိမ်ထောင်ကျတော့ သမီးနှစ် ယောက် ထွန်းကားတယ်။ သမီးတွေ ငယ်ငယ်က မောင်သီလရယ်၊ ဇနီးရယ်၊ သမီးနှစ် ယောက် ရယ် ကျေးလက်ဒေသတွေ မှာ ဆေးခန်းဖွင့်၏ ။ တစ်နေ့တော့ ဇနီးသည်က ရင်သားတွင် အကြိတ်တွေ့ သည်ဆို၍ မောင်သီလသည် ခွဲစိတ်ပါရဂူဆရာဝန် နဲ့ပြပေးခဲ့၏ ။ ရိုးရိုး အကြိတ်သာ ဖြစ်၏ ။ ကင်ဆာအကြိတ် မဟုတ်လို့ ရက်ပိုင်းအတွင်းခွဲရန်တော့ မလို။ တစ်လတန်သည် နှစ် လတန်သည်ကြာမှ အလုပ်အားမှခွဲရင်လည်းရပါ၏ ။ သို့ သော် ထိုအချိန်၌ ဒေါက်တာမောင်သီလသည် UN အေဂျင်စီ၌ စီမံကိန်းအရာရှိကြီး ဖြစ်နေပြီ။ ပညာရေး ဌာန၌ အမှု ထမ်း ဖူးသော ဒေါက်တာမောင်သီလ၏ ဇနီးသည်က UN အေဂျင်စီ တစ်ခု၏ မြို့နယ်လူထုပညာရေး စီမံကိန်း ညှိနှိုင်းရေး မှူးတာဝန် ထမ်းဆောင် နေ၏ ။ ရင်သားကိုခွဲရန် ချက်ချင်း ခွင့်မယူသေးဘဲ အလုပ်ပါးချိန် စောင့်နေ၏ ။ တစ်လလောက်ကြာတော့ ဇနီးသည်ကို ဆေးရုံတက်ရန် အတွက် တခြား မြို့နယ်တစ်ခု၌ တာဝန်ထမ်းဆောင်နေသော မောင်သီလသွားခေါ်၏ ။ ဇနီးက အိမ်ငှား နေရာ အိမ်ရှင်အစ်မကြီးကလည်း ရင်သား၌ အလုံးရှိပြီး မခွဲဘဲ ထားတာ ကြာလှပြီဆို၏ ။ ဇနီးက မခွဲချင်သေးဘူးဆိုပြီးခေါ်၍ မရပါ။ စီမံကိန်းပြီးတော့ ဇနီးကပြောသည်မှာ သူမရဲ့ ရင်သားထဲ ကအလုံးက မရွေ့တော့ဘူး။ အမြစ်တွယ်နေသလိုပဲ ပြော၍ စစ်ဆေးသော အခါ ကင်ဆာ ဖြစ်နေရာ (၄၈)နာရီအတွင်းဆေးရုံ တက်၍ ခွဲစေပါ၏ ။ သို့သော် ဇနီးသည်က အနိစ္စရောက်သွားတာ ကတော့ ကင်ဆာနဲ့သေတာမဟုတ်ပါ။ ခွဲစိတ်ပြီး ဓာတ်ကင်တော့ ဓာတ်ရောင် ခြည်ကို နှလုံးကြွက်သားလောင်ပြီး သေတာပါ။ Post Radiation Cardiac Fibrosis ဖြစ်ပါ၏ ။

ဇနီးသည် ဆုံးပြီးနောက် (၁၃)နှစ် နှင့် (၁ဝ)နှစ် အရွယ် သမီး (၂)ဦး ကျန်ခဲ့ပါ၏ ။ သမီးနှစ် ဦးက ဖခင်နဲ့ နည်းနည်း စိမ်း နေသလို မောင်သီလ ခံစားမိ၏ ။ တစ်နေ့တော့ ရန်ကုန်မြို့ထဲ လမ်းလျှောက်စဉ် မောင်သီလသည် မိမိ၏ မိဘအိမ်၌ နှစ် (၃ဝ)ခန့် အိမ်အကူလုပ်သွားသော မငွေကြည် (နာမည် လွှဲ)နဲ့တွေ့ ၏ ။ မငွေကြည်သည် တောက ရောက်ကာစ အသက်(၂ဝ) လှလှပပ တောသူလေး ဖြစ်ပြီး ယခုတော့ အသက် (၅ဝ)ကျော်ပြီ။ မောင်သီလနှင့် မငွေကြည်တို့သည် နှစ် (၃ဝ) အတူနေခဲ့ရ၍ မောင်နှမအရင်းလို ဖြစ်နေ၏ ။ မငွေကြည်က ''အစ်ကိုကြီးကို ကျွန်မ ပြောစရာ နည်းနည်း ရှိတယ်''။

''ဟဲ့ နင့်ဟာက ထူးထူးဆန်းဆန်းပါလား''

''ကျွန်မ အစ်ကိုကြီးတို့အိမ်မှာ နေတုန်း အစ်ကိုကြီး သမီးကြီးက ကျွန်မကို မေးတယ်။ သူ့အမေ ရင်သားကင်ဆာကို အစ်ကိုကြီးက ဘာလို့ဆေးမကုတာလဲတဲ့''

''ဟိုက် ဗုဒ္ဓေါ''

တစ်ယောက် ယောက် က မောင်သီလ၏ နောက်ကျောကို ဓားနဲ့ထိုးပါပြီ။ ဇနီးသည်၏ ကင်ဆာဝေဒနာကို ဆေးမကုဘဲ လက်သည်ပျောက် သတ်လိုက်သည့် ပုံစံမျိုး ကုန်းချောထား၏ ။ တကယ်တော့ ဇနီးသည် ရင်သားအကြိတ် ဖြစ်ကတည်းက ပြ ပေးသော FRCS ဘွဲ့ရဆရာဝန်သည် သူ့ရဲ့ အစ်မဝမ်းကွဲနဲ့ မောင်သီလရဲ့ အစ်ကို ဝမ်းကွဲနဲ့ အိမ်ထောင်ကျတာ ဖြစ်၍ တစ်ဖက်စီ တော် သလို ဖြစ်ပြီး မှတ်မိနေ၍ ဆေးမှတ်တမ်းမရှိတော့လည်း မောင်သီလ လာပြပေးတယ်ဆိုတာ သက်သေခံနိုင်ပါလိမ့် မည် ။ ၄င်းဆရာဝန်လည်း မသေသေးပါ။

သို့ သော် နောက်ကျောက ဓားချက် ကတော့ ပြင်းထန်လှ ပါ၏ ။ ဒုက္ခ ဒုက္ခ ဒုက္ခဟု မောင်သီလ သံဝေဂရမိပါ၏ ။

တကယ်တော့ မဖွံ့ဖြိုးသေးသော နိုင်ငံများ တွင် နောက်ကျော က ဓားနဲ့ထိုးတယ်ဆိုတာ လက်ယဉ်နေပါပြီ။ ရှေ့တည်တည့်က ဝေဖန်ပြတဲ့ အတွေ့ အကြုံနုပါသေးပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် တော့ ရှေ့တည့်တည့်က ဝေဖန်တာမျိုးက လက်ယဉ်နေပါ ပြီ။ နောက်ကျောက ဓားနဲ့ထိုးလေ့မရှိပါ။ နိုင်ငံတော် ကို ဖွံ့ဖြိုး အောင် လုပ်ဆောင်ရာ၌ နောက်ကျောက ဓားနဲ့ထိုးတဲ့အကျင့်ကို ဖျောက်ရပါဦးမည် ဟု ဆိုချင်ပါ၏ ။

ကျွန်တော် တို့နိုင်ငံသည် ဖွံ့ဖြိုးရေး သစ်ပင်ငယ်တစ်ခုနှင့် တူပါသည်။ ¤င်းသစ်ပင်ကို ရေလောင်းရုံဖြင့် မလုံလောက်ပါ။ ပေါင်းသင်ပေးရမည် ။ ပေါင်းပင်တွေ က ဘာလဲဆိုရင် ယုတ်မာသော စိတ်ပါ။ ဥပမာ-နောက်ကျောက ဓားနဲ့ထိုးတဲ့စိတ် ဖြစ်၏ ။

နိုင်ငံတော် ဖွံ့ဖြိုးရုံဖြင့် မပြီးပါ။ စိတ်ကောင်းနှလုံးကောင်းများ ဖွံ့ဖြိုးဖို့ အထူးလိုအပ်ပါသည်ဟု ဆိုချင်ပါ၏ ။

နှိုင်းယှဉ်ချက်

ယခုခေတ်၌ ဂျာနယ်တစ်ခုခုက တစ်စုံ တစ်ယောက် ကို မကောင်းရေး သော် မှန်ချင်လည်း မှန်မည် ။ မှားချင်လည်း မှားမည် ။ သို့ သော် နောက်ကျောက ဓားနဲ့ထိုးတာမဟုတ်ပါ။ နောက်ကြောကထိုးတဲ့ဓား ဆိုတာ ကတော့ ဘယ်သူထိုးလိုက်မှန်း မသိဘဲ မိမိအနိစ္စ ရောက်သွားမှာ ပါ။ ထို့ကြောင့် ဂျာနယ် တို့၏ လုပ်နည်းလုပ်ဟန်သည် ဖွံ့ဖြိုးရေး သဏ္ဍာန်ဆောင်သည်ဟု ဆိုနိုင်ပါကြောင်း။

•••




ဝန်ဇင်းချစ်သူများ ဒေါက်တာထွန်းဝင်း ၏ “ ဥပဒေ အထက်၌ လူမရှိခြင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မိန်းမလျာတို့၏ လိင်ထွက်ပေါက် နှင့် အခြား ဖိုမ ဆေးပညာ ဆောင်းပါးများ

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာပေများကို ဖတ်ရှုပြီးနောက်ဝယ် ပြည်သူအချို့၏ နောက်ဆက်တွဲဖြစ်ရပ်များ

နှစ်ဖက်ချွန် ဘက်စုံချွန်လိင်တို့အကြောင်းနှင့် အခြားဖိုမဆေးပညာ ဆောင်းပါးများ