
စာရေး သူ၏ အမှာ စာ
ဤစာအုပ်သည် HIV ကာကွယ်ရေး ၊မုဒိန်းမူကျဆင်းရေး တို့အတွက် အနည်းဆုံး အုပ်တစ်ချပ်သဲတစ်ပွင့် ပမာဏအ ဖြစ်အထောက်အကူရမည် ဟု ယုံကြည်မိပါသည်။ထို့အပြင် ဤစာအုပ်၌ အခြားတင်ပြစရာရှိသည်ကတော့ ဤစာအုပ်ဆောင်းပါး အမှတ်(၁၁)လိင်တူဆက်ဆံ ခြင်းဆိုင်ရာ တားမြစ်ဥပဒေနှင့် ဆေးပညာအမည် ပါဆောင်းပါးသည် ၁၉၉၁ ခုနှစ် ကတည်းက ကျွှန်တော် ရေး သော HIV ကာကွယ်ရေး နှင့် ဖိုမဆေးပညာစာအုပ်ပါဆောင်းပါးတစ်ပုဒ်ကို ထပ်မံ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ၁၉၉၁ ခုနှစ် လောက်က ဆေးပညာအယူအဆတစ်ခုကို ဤဆောင်းပါးတွင် ဖတ်ရှုလေ့လာနိုင်သည်။ ထိုစဉ်က မိန်းမလျာတွေ ကို ယောက်ျားစိတ်ပြန်ပေါ် လာမလားရယ်လို့ မျှော်လင့်ချက်ရှိခဲ့ဖူးသည်။ ယခုတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ၎င်းတို့ကို ရောဂါ သည်မဟုတ်သော သာမန်လူသားတွေ အ ဖြစ် သတ်မှတ်လိုက်ရာ ဆေးပညာအယူအဆ တစ်ခု၏ အလှည့်အပြောင်း ဖြစ်ပါသည်။ ယခုဤစာအုပ်တွင် တော့ သာမန်လူသားတွေ ဖြစ်သော မိန်းမလျာ၊ ယောက်ျာလျာတို့၏ ဘေးကြပ်နံကြပ် လူမှု ရေး အခြေအနေ၊ ၎င်းတို့၏ လူသားတန်ဖိုး တို့ကို လေ့လာနိုင်ပြီး ၎င်းတို့ကိုစာနာသော ပတ်ဝန်းကျင်တွင် တိုင်းပြည်တည်ဆောက်ရေး အတွက် ၎င်းတို့လည်းပါဝင်နိုင်တဲ့ဒသနကိုတင်ပြထားခဲ့ပါကြောင်း…..
ဒေါက်တာထွန်းဝင်း
၁။ ခရေဇီခေါ်ရူးသွပ်ခြင်းနှင့် လိင်ကူးစက် ရောဂါ ဆက်စပ်ပုံ
ဂျာနယ်တို့၏ အဆိုအရ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဒေါက်ကလပ်ဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်က လည်ချောင်းကင်ဆာ ဖြစ်ခဲ့တဲ့ကိစ္စမှာ ၊သူဟာ ပါးစပ်နဲ့လိင်ဆက်ဆံမှု ရှိခဲ့လို့လည်း ဤသို့ ဖြစ်ရန်တွန်းအားတစ်ခု ဖြစ်ခဲ့တယ်။ ဒေါက်ကလပ်ဟာ လွန်ခဲ့တဲ့ဆယ်နှစ် ကျော်က သူ့ထက် (၂၅)နှစ် ငယ်တဲ့ ရုပ်ရှင်မင်းသမီး ကက်သရင်းဇီးတာဂျုံးနဲ့ လက်ထပ်ခဲ့ပြီး ရင်သွေး ထွန်းကားခဲ့တယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကတော့ ဒေါက်ကလပ် တစ်ယောက် လည်ချောင်းကင်ဆာ ခံစားရပြီး သေမလောက် ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ တစ်ချို့ ကင်ဆာတွေ ဟာ မသန့်ရှင်းမှု နဲ့နှီးနွယ်နေပါတယ်။ အဆုတ်တီဘီ ရောဂါ မှာ တီဘီဘတ်တီးရီးယားကြောင့် တီဘီ ဖြစ်တယ်လို့ တိုက်ရိုက်ပြော လို့ရပေမယ့် ဆေးလိပ်မီးခိုးကြောင့် အဆုတ်ကင်ဆာ ဖြစ်တယ်လို့ တိုက်ရိုက်မပြောဘဲ ဆေးလိပ် မီးခိုးနဲ့ အဆုတ်ကင်ဆာ နှီးနွယ်နေတယ်လို့ပဲဆိုနိုင်ပါတယ်။ ဤဥပမာကဲ့သို့ ပင် အမျိုးသား လိင်တံကင်ဆာဟာ လိင်တံဖုံးအုပ်အရည်ပြားရှည်နေလို့ လိင်တံမသန့်ရှင်းဘဲ ဖြစ်ပါ၍ လိင်တံမသန့်ရှင်းတာနဲ့ လိင်တံကင်ဆာနှီးနွယ်နေပါတယ်။
မိုက်ကယ်ဒေါက်ကလပ်တို့လည်း ပါးစပ်၊ လည်ချောင်းမှ သန့်ရှင်းအောင်သွားပြီး အတတ် စမ်းလို့မ ဖြစ်သင့်တာတွေ ဖြစ်ကုန်ပါတယ်။ ဤနေရာမှာ ရေး ချင်တာကတော့ လိင်ကိစ္စနှင့် နှီးနှော ရတဲ့ ရောဂါ တွေ ဟာ တားဆီးရခက်၊ ကာကွယ်ရခက်တယ် ဆိုတာပါပဲ။ ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေ မှာ ပဋိပက္ခတွေ အခက်အခဲတွေ အများ ကြီးရှိပါတယ်။
အသိပညာအားနည်းလို့ ရောဂါ ဖြစ်တာဆိုရင်တော့ကုရတာ လယ်ပါတယ်။ပညာပေးရုံပါဘဲ။
လွန်ခဲ့တဲ့အနှစ် နှစ် ဆယ်နီးပါးတုန်းကတော့ HIV ကာကွယ်ရေး အတွက် အချို့ဒေသ တွေ မှာ ကွန်ဒုံးအကြောင်း ကောင်းကောင်းမသိသေးတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီ တုန်းက HIV ကာကွယ်ရေး စီမံကိန်းဝန်ထမ်းအချို့က ကွန်ဒုံးအကြောင်း နယ်လှည့်ပညာပေးပါတယ်။ ပညာပေး သူက ကွန်ဒုံးလေးကိုပက်ကင်ထဲကဖောက်ပြပြီး ရွာသားတွေ ကို ကွန်ဒုံးအသုံးပြုနည်း ပြောပြပါ တယ်။ သူရဲ့ လက်ညှိုးကို ကွန်ဒုံးစွပ်ပြတယ်။သရုပ်ပြတာပါ။ Condom Demonstration လို့ခေါ်ပါ တယ်။ ကွန်ဒုံးစွပ်ပြီး လိင်ဆက်ဆံရင် ကိုယ်ဝန်ကိုတားဆီးနိုင်ပြီး HIV ကိုလည်းကာကွယ် နိုင်ကြောင်း၊ ပြောပြပြီး၇ွာထဲမှာ ကွန်ဒုံးတွေ လက်ဆောင်ပေးခဲ့ပါတယ်။ နောက်သုံးလကြာတော့ ရွာသားတွေ က HIV စီမံကိန်းရုံးကိုလိုက်လာကြပါတယ်။ကွန်ဒုံးစွပ်ပြီး လိင်ဆက်ဆံတာ ဇနီးသည် တွေ ကိုယ်ဝန်ရှိကုန်ကြတယ်လို့ဆိုပါတယ်။ သေသေချာချာ စူးစမ်းတော့ ကွန်ဒုံးတော့စွပ်ပါတယ်။ အမျိုးသားလိင်တံမှာ မစွပ်ဘဲ လက်ညှိုးမှာ စွပ်ရင်း လိင်ဆက်ဆံတယ် လို့ဆိုပါတယ်။ ဒီလိုမသိလို့ မှားတာကတော့ ပြောရတာ လွယ်ပါတယ်။ ခရေစီခေါ်ရူးသပ်ခြင်းကြောင့် ရောဂါ ရတာ ဆိုရင်တော့ အသိပညာပေးရခက်ပါတယ်။
ရုပ်ရှင်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ကတော့ မသိလို့မှားတာ မဟုတ်ပါဘူး။ Crazy ကြောင့် ဖြစ်တာပါ။ လူစိတ်ဆိုတာ သိပ်ကိုဆန်းကြယ်ပါတယ်။ အမျိုးမျိုး ရူးသွပ်ကြပါတယ်။ မိုက်ကယ်ဒေါက်ကလပ်ရဲ့ ရူးသွပ်မှု ကတော့ ပါးစပ်နဲ့သွားထိချင်တဲ့ ရူးသွပ်မှု ပါ။ ကျွန်တော် HIV ကာကွယ်ရေး ၀န်ထမ်းဘ၀တုန်းက ရူးသွပ်မှု ကြောင့် HIV ဖြစ်သွားသူ တစ်ယောက် ကို တွေ့ ဖူး ပါတယ်။ သူ့နာမည် က ဗဟာဒူး(နာမည် လွဲ)ပါ။ သူဟာ ပြည့်တန်ဆာမလေးတစ်ဦးကို အခကြေးငွေ ပေးပြီး ပျော်ပါးခဲ့တယ်။ အဲဒါဘယ်လိုရူးသွပ်လဲဆိုတော့ ဘီယာတစ်ပုလင်းယူလာပြီး ပြည့်တန်ဆာ မိန်းကလေးရဲ့ မိန်းမကိုယ်ထဲကိုဘီယာလောင်းထည့်တယ်။ ပြီးတော့မိန်းမကိုယ်ထဲကဘီယာကို အအေးဖျော်ရည်သောက်တဲ့အခါသုံးတဲ့ စုပ်တံစုပ်သောက်တယ်။ ပြီးမှ လိင်ဆက်ဆံတယ်။ ကွန်ဒုံးလည်း မသုံးတော့ဘူးပေါ့။ ယခုတော့ မဟာဒူးရော အဲဒီ ပြည့်တန်ဆာမလေးရော နှစ် ဦးစလုံး AIDS ရောဂါ နဲ့ဘ၀တစ်ပါးသို့ ထွက်ခွာ သွားပါပြီ။ နောက် အ ဖြစ်အပျက်တစ်ခုကတော့ဒီလိုပါ။ ကျွှန်တော် အင်းလေးကန်ဒေသမှာ ကျန်းမာရေး စီမံကိန်းလုပ်တုန်းကအ ဖြစ်အပျက်ပါ။ အဲဒီ ဒေသက တိုးရစ်ကမ္ဘာလှည့်ခရီးသည်တွေ များ ပါတယ်။ ဥရောပသားတိုးရစ်ကိုကို တစ်ယောက် က ဆေးခန်း တစ်ခုမှာ လာပြတာတော့ လျှာမှာ အနာပေါက်လို့ပါ။ အရင်းစစ်လိုက်တော့သူက မြန်မာပြည်ကို မလာခင်မှာ ဘန်ကောက်ကိုရောက်ခဲ့တယ်။ အဲဒါဘန်ကောက်မှာ ပြည့်တန်ဆာနဲ့လိင်ဆက်ဆံတဲ့ အခါကျတော့ပါးစပ်နဲ့ လိင်ဆက်ဆံခဲ့လို့ ကာလသား ရောဂါ အနာတစ်ခုလျှာမှာ ရခဲ့ပါတယ်။ သူ့ကို ကုပေးတဲ့ဆရာဝန်က ဒုက္ခပါဘဲဗျာ။ လျှာကိုစွပ်ရတဲ့ လျှာကွန်ဒုံးရယ်လို့ မပေါ်သေးဘဲလို့ ငြီးငြူခဲ့ပါ တယ်။
အဲဒါကတော့ခရေဇီခေါ်ရးသွပ်မှု ကြောင့် ဖြစ်တာပါ။ဥရောပသားမျက်နှာဖြူ တစ်ယောက် ကိုHIVဆိုတာဘာလဲဆိုတာမျိုးအထိပြောရန်မလိုပါ။သူတို့ကမိမိတို့ထက်ပိုသိမှာ ပါ။
ခရေဇီကိုဆေးကုမှာ လား။
လိင် ရောဂါ ကို ကာကွယ်မှာ လား။
ဒီနေရာမှာ ကျွှန်တော် တို့ဟာ မိမိတို့ ကိုယ်ကိုပြန်လည်ဆန်းစစ်ခဲ့ပါတယ်။ ကျွှန်တော် တို့ဟာ ခရေဇီကိုကုပေးမှာ လား။လိင် ရောဂါ ကိုကာကွယ်မှာ လားဆိုတာမိမိဘာသာပြန်စဉ်းစားရပါတယ်။
ခရေဇီကိုကုပေးချင်တယ်ဆိုရင် ဘာလုပ်မလဲ။
ခရေဇီကိုကုပေးချင်တယ်ဆိုရင်တော့ မိုက်ကယ်ဒေါက်ကလပ်တို့လို၊ ဗဟာဒူးတို့လို လူမျိုး တွေ ကိုပါးစပ်နဲ့လိင်မဆက်ဆံဖို့၊ သမရိုးကျနည်းနဲ့လိင်ဆက်ဆံဖို့သွားပြောရမှာ ဖြစ်ပါတယ်။
ခရေဇီကြောင့် လိင်ကူးစက် ရောဂါ ကို ကာကွယ်ပေးချင်တယ်ဆိုရင် ဘာလုပ်မလဲ။
လိင်ကူးစက် ရောဂါ ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ခရေဇီကမိမိတို့နဲ့ မဆိုင်ပြန်ဘူး။ သူဖာသူခရေဇီ ဖြစ်နေတာ၊ အနတ္တတရားပါ။ ပါးစပ်နဲ့လိင်ဆက်ဆံဖို့မြှော က်ပေးခြင်း၊ အားပေး ကူညီခြင်းလည်းမလုပ်သလို အဲဒါကိုတားဆီးခြင်းလည်း မလုပ်ပါဘူး။ ဒါပေမယ့် ဘာလုပ်လဲ ဆိုတော့ အချို့နိုင်ငံခြားသားပညာရှင်ပြောတာကတော့ ပါးစပ်နဲ့သိပ်ပြီး တို့ချင်နေရင် မိန်းမအင်္ဂါ ပေါ်မှာ ကွန်ဒုံးအပြားလေး အရင်ခင်းပြီးမှ အဲဒီ အပေါ်ကနေ ပါးစပ်နဲ့တို့ရင်တော့ HIV ကာကွယ်ပါ တယ်။ ကွန်ဒုံးအပြားလေးဆိုတာကတော့ အမျိုးသားလိင်တံကွန်ဒုံးကိုပက်ကပ်ထဲကထုတ်လိုက်ပြီး လိပ်ထားတာကိုဆွဲဆန့်ပြီး ကွန်ဒုံးအပေါက်ဝနဲ့နှုတ်ခမ်း တဖက်ကနေ ဒေါင်လိုက်ကတ်ကြေးနဲ့ ညှပ် လိုက်ရင် ၅လက်မx၇လက်မအရွယ်ကွန်ဒုံးအပြားလေး ဖြစ်သွားတော့ အဲဒါလေးကိုခင်းပြီး ပါးစပ်နဲ့ တို့လို့ရတယ်လို့ဆိုပါတယ်။ ဒီလိုရေး လိုက်တော့မိုက်ကယ်ဒေါက်ကလပ်ရဲ့ ခရေဇီ ဖြစ်မှု ကို အားပေး ကူညီတာမဟုတ်ပါဘူး။ ဒီဆောင်းပါးမရေး ခင်ကတည်းက မိုက်ကယ်ဒေါက်ကလပ် ခရေဇီ ဖြစ်မှု ဖြစ် ပြီးနေပါပြီ။ ခရေဇီကိစ္စကိုလုပ်ဖို့မြှောက်မပေးဘူး။ အားပေးကူညီတာမဟုတ်ပါဘူး။ ဒါပေမယ့် HIV နဲ့လိင်ကူးစက် ရောဂါ ကိုဝင်တားတာပါ။
ပြည့်တန်ဆာရဲ့ မိန်းမကိုယ်ထဲကို ဘီယာလောင်းထည့်ပြီး သောက်ချင်တဲ့မဟာဒူးကို မြှောက်ပေး၊ အားပေးတဲ့အထဲမှာ ကျွန်တော် တို့မပါဝင်ပါဘူး။ ဒါပေမယ့် HIV ကိုဝင်ရောက် တားဆီးရမယ်ဆိုရင်တော့ဒီလိုပါ။ အမျိုးသမီး ကွန်ဒုံးဆိုတာလဲရှိပါတယ်။ အဲဒီ ပစ္စည်းက ဖြန့်လိုက် ရင်ခွက်လေးတစ်ခွက်နဲ့တူပြီးမိန်းမအင်္ဂါထဲကိုထည့်လို့၇ပါတယ်။ ဘီယာလောင်းထည့်ချင် ရင်တော့ အကာအကွယ်မဲ့မိန်းမကိုယ်ထဲကိုမလောင်းဘဲ ကွန်ဒုံးစွပ်ထားတဲ့မိန်းမကိုယ်ထဲကို လောင်းထည့် နိုင်တယ်။ အဲဒီ ဘီယာကိုသောက်ရင်တော့HIVပိုးကင်းစင်တယ်။
ဒါပေမယ့်ကွန်ဒုံးဆိုတာအသိအမှတ်ပြုကွန်ဒုံးအဆီ (Con-dom GEL) ကလွဲလို့ ဘာအရည် နဲ့မှချောဆီသုတ်လို့မကောင်းလို့ ဘီယာစိုနေတဲ့ အမျိုးသမီးကွန်ဒုံးနဲ့တော့ လိင်ဆက်ဆံရင်မသင့် လို့ဘီယာသောက်ပြီး အမှန်တကယ်ယောကျာ်းလိင်တံနဲ့လိင်ဆက်ဆံတော့မယ်ဆိုရင်တော့ ကွန်ဒုံး အသစ်လဲဖို့လိုပါတယ်။
ဒါကြောင့်ပြည်သူအပေါင်းတို့ကို ခရေဇီ ဖြစ်ဖို့အားပေးအားမြှောက်မလုပ်သလို ကျွန်တော် ဟာ ယဉ်ကျေးလိမ္မာသင်တန်းဆရာမ ဟုတ်လို့ ခရေဇီိကိုမလုပ်ပါနဲ့လို့ ပြောဖို့လည်းခက်ပါတယ်။ ဒါပေမယ့် ဆရာဝန် တစ်ယောက် ဖြစ်နေလို့ ခရေဇီလုပ်ရင်း HIV မ ဖြစ်ဖို့တတ်သလောက်မှတ် သလောက်တင်ပြလိုက်ရပါကြောင်း။
ယခုတလော ဂျာနယ်တွေ မှာ မုဒိန်းကိစ္စတွေ ၊ အရွယ်မရောက်သေးသော မိန်းကလေးငယ် များ ကို မုဒိန်းကျင်တဲ့ကိစ္စတွေ စတဲ့လိင်ပိုင်းဆိုင်ရာ မှုခင်း တွေ များ နေတာကိုတွေ့ ရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးကို ရေး သားတင်ဆက်အပ်ပါတယ်။
ရှေ့ဦးစွာ Outlet (သို့ မဟုတ်) ထွက်ပေါက်ဆိုတဲ့ဝေါဟာရကိုရှင်းပြလိုပါတယ်။ ဥပမာ ဆည်ကြီးတစ်ခုမှာ ရေတွေ ၀င်တာများ နေပြီဆိုရင် ရေထွက်ပေါက်ကနေပြီး သိုလှောင်ရေတွေ ကို ထုတ်ပစ်ရပါတယ်။ အဲဒီ လိုမဟုတ်ရင် ဆည်ကျိုးသွားပြီး အနီးအနားကျေးရွာ တွေ ကိုရေလွှမ်းမိုး နိုင်ပါတယ်။
ဓာတ်ငွေ့တွေ ကို သိုလှောင်တဲ့သတ္တု တိုင်ကီတွေ မှာ ဆိုရင်အတွင်းမှာ ဓတ်ငွေ့ဖိအား သိပ်များ လာရင် အဲဒီ ဓတ်ငွေ့တွေ ကိုအပြင်ထုတ်ပစ်ဖို့ ထွက်ပေါက် Outlet တွေ ရှိရပါတယ်။ မဟုတ်ရင် ဓာတ်ငွေ့တိုင်ကီပေါက်ကွဲနိုင်ပါတယ်။
လိင်ကိစ္စနှိုးဆွမှု ကို အုပ်ထိန်းသူတို့က ကြပ်မတ်ပြုပြင်ထိန်းချုပ်ပေးရမယ်။
ဆယ်ကျော်သက်လူငယ်တွေ အရွယ်မတိုင်မီ ပြည့်တန်ဆာထံ သွားကြတာမျိုး၊ မှု ဒိမ်းမှုခင်း တွေ ၊ ရည်းစားဘ၀မှာ လွန်လွန်ကျွံကျွံတွေ မ ဖြစ်အောင် မိဘတွေ က တစေ့တစောင်း အကဲခတ် စောင့်ကြည့်ရမယ်။ ဥပမာ ညစ်ညမ်းရုပ်ရှင်၊ညစ်ညမ်းဗီဒီယိုတွေ ကို ထိန်းချုပ်သင့်ပါသည်။ လိင်ကိစ္စ နိုးကြားရန် ဆေးကုသရတဲ့အခါမျိုးလည်းရှိပါတယ်။
တစ်ခါတုန်းကပါ။ အသက်၇၀ အရွယ်ချမ်းသာတဲ့ အဘကြီးတစ်ဦးဟာ အသက်၃၅နှစ် အရွယ်အမျိုးသမီးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ သူဋ္ဌေးဘဘကြီးက ပန်းသေပန်းညှိုး ရောဂါ ရှိနေလို့ အိမ်ထောင်ရေး မသာယာပါဘူး။ သားသမီးလည်း လိုချင်တာမရခဲ့ပါဘူး။ ဒါနဲ့ဆရာဝန်ဆီ အကြံဥာဏ် တောင်းကြည့်တော့ ညစ်ညမ်းခွေကြည့်ဖို့ ဘဘကြီးကို ဆရာဝန်ကိုယ်တိုင် အကြံပြု လိုက်ရဘူးပါတယ်။ လိင်စိတ်ကိုနိုးကြွားစေတဲ့ တက်စတြိုစတီရုန်းခေါ် ကျားဟော်မုန်းနဲနှီးနွယ်တဲ့ ဆေးတွေ ကို ပေးခဲ့ရဖူးပါတယ်။
ဒါကြောင့် လိင်မှု ကိစ္စဆိုတာကတော့ မနှိုးဆွရဘူးလို့ လည်းပုံသေမှတ်လို့မရ၊ နှိုးဆွရ မယ်လို့လည်း တိုက်တွန်းလို့မရဘဲ လူ့လောကကြီးမှာ မှီတင်းနေထိုင်ကြတဲ့ လူသားတစ်ဦးစီ အတွက် ပြဿနာရှိ၊ မရှိပေါ်မူတည်ပြီး လိုအပ်သလို အကြံပေး၊ကုသဆောင်ရွက်ခြင်းကို Sex Problem Management (လိင်ပြဿနာများ စီမံခန့်ခွဲခြင်း)လို့ခေါ်ဆိုသင့်ပါတယ်။
လိင်စိတ်ဆိုတာကတော့ သက်ရှိပုထုဇဉ်တို့ရဲ့ သဘာဝပဲ ဖြစ်လို့နှိုးဆွပေးသည် ဖြစ်စေ၊ မနှိုးဆွသည် ဖြစ်စေ အပျိုဘော်၊ လူပျိုဘော်ဝင်ပြီးနောက်မှာ အလိုအလျောက် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
တစ်ခါက ကမ္ဘာပေါ်မှာ ရှိတဲ့ အကျဉ်းထောင်တစ်ခုထဲကအမျိုးသားဆောင်မှာ အမျိုးသား တွေ ချည်းပဲ စုဝေးနေထိုင်ရတယ်။လူတို့ရဲ့ ဖြစ်ပေါ်လာတဲ့ လိင်စိတ်တွေ ကို ဘယ်လိုဖြေဖျောက်ရ မလဲ။ ဘယ်လိုထွက်ပေါက်ပေးရမလဲဆိုတာမရှိပါဘူး။ဒီတော့ ယောက်ျားချင်း အဓမ္မလိင်ဆက်ဆံ တာတွေ ဖြစ်ကုန်ကြပါတယ်။ ဒီတော့ လိင်စိတ် ဖြစ်လာရင် သူ့ကိုဖြေဖျောက်တဲ့ ထွက်ပေါက်တစ်ခု တော့ရှိသင့်ပါတယ်။ မဟုတ်ရင် လိင်ပြဿနာတွေ ပေါ်ပေါက်လာပါမယ်။
လိင်ထွက်ပေါက်မရှိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော လိင်ပြဿနာ
ဥပမာအချို့
အဲဒါတွေ က….
မုဒိမ်းမှု
အရွယ်မရောက်သူ၊မသိနားမလည်သူ၊ရူးသွပ်သူတွေ ကို လှည့်ဖျားပြီး လိင်ဆက်ဆံမိတာ။
တိရစ္ဆာန်များ နှင့် လိင်ဆက်ဆံမိတာ။
လူသေကောင်များ နဲ့ကာမဆက်ဆံမိတာစတဲ့ မဖွယ်မရာကိစ္စတွေ ဖြစ်ကုန်တတ်ပါတယ်။
ပြည့်တန်ဆာများ သည် အမျိုးသားများ ၏ လိင်ထွက်ပေါက် (Sex Outlet)လား။
အမေရိကန်နိုင်ငံ၊ အင်ဒီယားနားတက္ကသိုလ်က သုတေသီတွေ ရဲ့ အဆိုအရတော့ ပြည့်တန် ဆာခန်းများ ကြောင့် မုဒိမ်းမှု ကျဆင်းတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ အချို့နိုင်ငံများ မှာ ပြည့်တန်ဆာလုပ်ငန်းသည် ဥပဒေအတားအဆီး၊ လူမှု ရေး အတားအဆီးများ ရှိလို့ ပြည့်တန်ဆာခန်းကိုကောင်းသော လိင်ထွက်ပေါက်(Good Sex Outlet)လို့ အမွှမ်းတင်လို့ခက်ပြန်ပါတယ်။ Good Sex Outlet မဟုတ်သော်လည်း သာမန် Sex Outlet တစ်ခု တော့ ဖြစ်ပါတယ်။
အင်ဒီယားတက္ကသိုလ်က ပြုလုပ်ထားတဲ့ သုတေသနအစီရင်ခံစာ မိန်းကလေးပြည့်တန်ဆာ ဆီကို သွားတဲ့ ယောက်ျားတွေ ကို အောက်ပါအကြောင်းကြောင့် သွားပါတယ်။
အကြောင်းအရင်များ
- အချို့ လူပျို၊ အိမ်ထောင်ရှိသူများ သည် ဆန္ဒဖြေသိမ့်ဖို့ Sex Outlet အ ဖြစ်သွားကြတယ်။
- အချို့မှာ အိမ်ထောင်ရှိသော်လည်း အသစ်အဆန်းကြုံတွေ့ လို၍ ဆက်ဆံခြင်း။
- အချို့မှာ အိမ်ထောင်ဖက်နဲ့ ကာမဆက်ဆံရေး အဆင်မပြေ၍ ပြည့်တန်ဆာထံသွားရောက် ခြင်း
- အချို့မှာ သာမန်မိန်းကလေးများ နှင့် မရနိုင်သော ၊ ရလေ့မရှိသော ကာမအပြုအမူမျိုး အရ ပြည့်တန်ဆာအားငွေပေးစေခိုင်းခြင်း။
(ဥပမာ စတိုနှင့် ကာမဆက်ဆံခြင်း၊ နားထဲသို့ ဆက်ဆံခြင်းစသည်များ )
- အချို့က အဖော်ကောင်းလို့ လိုက်သွားတာ။
- အချို့ယောက်ျားများ သည် ခြေလက်အင်္ဂါမသန်စွမ်းခြင်းစသော ဒုက္ခိ ဖြစ်လာပါက သာမန်မိန်းကလေးကို လိင်ဆက်ဆံဘက်အ ဖြစ်မတောင်းဆိုတော့ဘဲ ပြည့်တန်ဆာထံ သွားကြသည်လို့ အင်ဒီယားနားတက္ကသိုလ် ဒေါက်တာကင်စီကဆိုပါသည်။
ဒါပေမဲ့ Sex Outletအနေနဲ့ ပြည့်တန်ဆာဆီသွားတာဟာ HIVအန္တရာယ်လည်းရှိပြန်လို့ စနစ်မကျကွန်ဒုံးမသုံးစွဲတတ်ခြင်း အသိပညာကလည်း လိုလာပြန်ရာ လိင်ပညာ Sex Education ကဏ္ဍကလည်း အရေး ပါလာပြန်ပါတယ်။
ရှေးခေတ်အင်္ဂလိပ်ခေတ်၊ မြန်မာဘုရင်တွေ ခေတ်တုန်းက အသက် ၁၆ နှစ် ပြည့်ရင် မိဘ တွေ က အိမ်ထောင်ချပေးကြပါတယ်။ ကင်းဝန်မင်းကြီးစုဆောင်းတဲ့ ဓမ္မသတ်တို့အဆိုအရပင် မိဘ၀တ္တရားအရ မိမိသားသမီး အသက် ၁၆နှစ် ရောက်ရင် မိဘများ က မိဘ၀တ္တရားအရ အိမ်ထောင်ချပေးရမယ်။ မဟုတ်ပါရင် မိဘ၀တ္တရားမကျေပွန်ရာရောက်မည် လို့ဆိုပါတယ်။ ယခု ခေတ်မှာ တော့ ရှည်လျားသော ပညာရေး ခရီး၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ၊ နေထိုင်စရာ ခက်ခဲတွေ ကြောင့် အသက် ၃၀၊ ၃၅နှစ် လောက်မှ အိမ်ထောင်ပြုကြတာရှိပါသည်။ ဂျပန်မှာ ဆိုရင် အသက် ၄၀၊ ၅၀ လူပျိုကြီး၊ အပျိုကြီးတွေ တော် တော် များ တယ်ဆိုပါစို့။ ဒါဆိုရင် သူ့အသက် ၁၆ နှစ် မှ ၄၀ အတွင်းကာလအတွက် သူ၏ Sex Outlet ကဘယ်လိုလဲမေးခွန်းထုတ်စရာရှိပါတယ်။ Sex Outlet သည် လိင်အသိပညာ Sex Education နဲ့မယှဉ်တွဲ ပါက HIV ဖြစ်နိုင်ပါတယ်။ Sex Outlet ဟူသည် လူ တစ်ယောက် နှင့် တစ်ယောက် မတူနိုင်ပါ။
ကမ္ဘာပေါ်တွင် Sex Outlet ပေါင်းများ စွာ ရှိနိုင်ပါတယ်။ တစ်ဦး၏ Sex Outlet သည် နောက် တစ်ဦးနှင့် အသုံးတည့်ချင်မှတည့်မယ်။ မိမိ၌ ဖြစ်နေတဲ့ Sex ပြဿနာအတွက် အဖြေရှာရာ မှာ ဖိုမဆေးပညာစာအုပ်များ ၊ မိသားစုဆရာဝန်အား အကြံပြုနိုင်သော ပညာရှင်တို့ထံ၌ အကြံဥာဏ်ရှာဖွေရမှာ ဖြစ်ပါတယ်။
Sex Outletထက်ပိုမိုအရေး ကြီးသည့်အရာ
တကယ်တော့ လူတစ်ဦးဟာ Sex Outlet ဆိုရာ၌ Sex Outletတစ်ခုခုကို အန္တရာယ်ကင်း စွာ ဖြတ်သန်းသွားနိုင်ဖို့ အလင်းရောင် ပေးသော မိမိ၏ ဥာဏ်ပညာ၊ မိမိကိုယ်ကို ကာကွယ်ဖို့ အသိ တရား Wisdom သည် Sex Outlet ထက်ပို၍ အရေး ကြီးပါတယ်။
ယနေ့ခေတ်လူများ ဥာဏ်ပညာကြီးကြပါစေဟု ဆန္ဒပြုလိုက်ကြောင်း
![]() PROJECT CYCLE MANAGEMENT | ![]() အသရေဖျက်မှု ရှောင်တိမ်း စာရေးနည်း | ![]() ၃၈ ဖြာမင်္ဂလာဖြင့် လောကကြီးကို စီမံခန့်ခွဲခြင်း ဗျူဟာများ |