
စာရေး သူအမှာ စာ
စာပေရေး သားခြင်းနည်းများ ဆိုသည်မှာ ထောင်သော င်း မကရှိနိုင်ပါတယ်။ သို့ သော် ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်တဲ့ ရေး သားနည်း ကတော့ မရှိနိုင်ပါ။ ရေး နည်းတိုင်းမှာ တော့ အားနည်း ချက်၊ အားသာချက်ဆိုတာရှိပါတယ်။
ဘယ်သူဘဲရေး ရေး ၊ ဘယ်လိုနည်းနဲ့ ဘဲရေး ရေး ရည်ရွယ် ချက်ကောင်းကောင်း၊ စေတနာမှန်မှန်နဲ့ ရေး သားတဲ့စာပေမှန်သမျှ ဟာ စာကောင်းပေကောင်း ဖြစ်တယ်လို့ဆိုချင်ပါကြောင်း။
ဒေါက်တာထွန်းဝင်း
၁။ ယုံကြည်ချက်အတိုင်းရေး သားခြင်းနှင့်
ယုံကြည်ချက်မရှိရေး သားခြင်း
(HOT News, 2 March 12 မှ ကောက်နှုတ်ချက်)
ယုံကြည်ချက်ကြောင့် ပြဿနာတက်ကြသူများ
သိပ္ပံပညာရှင်ကြီးချားလ်ဒါဝင်သည် လူသားမျိုးနွယ်တို့သည် မျောက်ကဆင်းသက်သည်ဟု သူ၏ ယုံကြည်ချက်အတိုင်း ထုတ်ဖော်ရာ လူတွေ ကို မျောက်ကဆင်းသက်သည်ဟုရေး ရပါမည် လားဟုဆိုကာ ပြဿနာပေါ်ဘူး၏ ။ လွန်ခဲ့သော နှစ် ၄ဝဝ ခန့်က သိပ္ပံပညာရှင်ကြီး တစ်ဦးသည် သူ၏ ယုံကြည်ချက်အတိုင်း ကမ္ဘာကြီးကို လုံးတယ်ဟုရေး ၍ ပြဿနာတက်ဖူး၏ ။ နောက်တော့ ကမ္ဘာဟာ လုံးနေကြောင်းလူတွေ လက်ခံကြပါသည်။
လေးစားစရာကောင်းသော စာရေး ဆရာကြီးတစ်ဦး
ယခုအခါ စာရေး ဆရာကိုကိုမောင်ကြီးအား ဂျာနယ်တစ်စောင် က အင်တာဗျူး ရာ ဘဘကြီးက ဆိုရှယ်လစ်စနစ်ကိုယုံသလားဟုမေးရာ၊ ယုံတယ်ဟုဖြေ၏ ။ ယခုအခါ ဆိုရှယ်လစ်စနစ်နှင့် တိုင်းပြည်မချမ်းသာ၍ ဆိုရှယ်လစ်စနစ်ဦးမဆောင်တော့သော်လည်း စာရေး ဆရာကြီးကိုကို မောင်ကြီးက ဘက်မပြောင်းပါ။ ယုံကြည်ချက်အတိုင်း ရပ်တည်သည်မှာ လေးစားထိုက်ပါသည်။
ဟိုဟာယုံ၊ ဒီဟာယုံ၊ ဟိုခုန်၊ ဒီခုန်သမားများ
မြန်မာဘုရင်လက်ထက်က အချို့အရာရှိများ သည် သီပေါမင်း ၏ ဘုန်းလက်ရုံးကို ယုံကြည်ခစားသည်။ သီပေါမင်းပါတော် မူ၍ အကျဉ်းသား ဖြစ်သွားသော အခါ ဝိတိုရိယဘုရင်မကြီးနှင့် ဘုရင်ခံတို့၏ ဘုန်းတန်ခိုးကို ယုံကြည်ကြပြီး အင်္ဂလိပ်အရာရှိများ ထံ မျက်နှာချိုသွေး ကြပါ၏ ။ ဒါကို စာရေး ဆရာကြီးအချုပ်တန်းဆရာဖေက မျက်စိနောက် ၍ ဒီလိုစာဖွဲ့၏ ။
''ပလူးရပြေးကြို့ခါခါ၊ ခွေးသို့ ပမာ''ဟုစာဖွဲ့၏ ။ အင်္ဂလိပ် အာဏာရှိ သူတွေ ထံ သွားရောက်အောက်ကြို့ပြီး ခွေးကဲ့သို့ ပလူးကြသူ တွေ ရှိသည်ဟု အချုပ်တန်းဆရာဖေက ဆို၏ ။
ဒီလိုလူမျိုးတွေ က ယုံကြည်ချက်မရှိ မရိုးမသား မိမိတစ်ကိုယ် ကောင်းစိတ်သာမွေး၏ ။ ယခုအခါကျွန်တော် တို့မြန်မာနိုင်ငံကြီးသည် ၂ဝ၁၁ ၌ ပါတီစုံ လွှတ်တော် ကြီးကိုကျင်းပပါပြီ။ မယုံချင်ပါတဲ့ပါတီကို မယုံလို့လည်းရပါတယ်။ ယုံယုံ၊ မယုံယုံရိုသားဖို့တော့လိုမည် ထင်ပါ၏ ။ နိုင်ငံရေး သမားတို့သည် ဘက်ပြောင်းပါကသာလို့ ကူးသွားတာထက် မှန်တယ်ထင်လို့ပြာင်း သွားတာသာ ဖြစ်သင့်ပါ၏ ။
ဗန်းမော်ဆရာတော် ဘုရားကြီးသည် ယုံကြည်ချက်အတိုင်း ရပ်တည်သူ ဖြစ်သည်။ သီပေါမင်းလက်ထက်က အရာရှိအချို့သည် သီပေါမင်းနန်းကျပြီးနောက် အင်္ဂလိပ်ထံသွား၍ ပလူးရ ပြေးကြို့ခါခါခွေးသို့ ပမာ လုပ်တာတော့ သူတို့မှာ ခိုင်မာ ယုံကြည်ချက် မရှိပါ။
ယုံကြည်ချက်ခြင်း မတူသော်လည်း ရိုးသားယုံကြည်ချက် မတူသူများ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ပါသည်။ ဒါဆိုရင် နိုင်ငံတော် ကြီးပွားတိုးတက်မည် ။
ယုံကြည်ချက် မရှိ ရေး သားခြင်းဆိုတာ ကတော့ မိမိအကျိုးစီးပွားကိုသာ ကြည့်၍ မိမိကိုပေးကမ်းထောက်ပံ့ကျွေးမည့်  နိုင်ငံမည် သူကို မြှော က်ပင့်ဖော်လံဖားရေး သားခြင်းမျိုး ဖြစ်သည်။
ဘွဲ့တံဆိပ်နဲ့ မြေကွက်ရသော စာရေး ဆရာ
ဗြိတိန်၌ ဝိတိုရိယဘုရင်မကြီး စိုးစံစဉ် မစ္စတာရိုက်တာဟာဂါတ် ဆိုသော စာရေး ဆရာသည် ရှိ(SHE)ဟူသော လုံးချင်းဝတ္ထုကြီးကိုရေး ၏ ။ ဇာတ်ဝင်ခန်း၌ ဇာတ်လိုက်မင်းသားသည် လူရိုင်းတိုင်းပြည်သို့ ရောက်သွားရာနတ်သမီးတမျှ လှပသော ဘုရင်မကိုတွေ့ ရာ သူမ၏ အလှ၌ မှင်တက်မိ၏ ။ ဇာတ်လိုက်မင်းသားကိုမှူးကြီး မတ်ကြီးတို့က ဘုရင်မ ရှေ့တော် ၌ ဒူးထောက်ခိုင်း၏ ။ မင်းသားက သတ်ချင်သတ်လိုက်ပါ ''သူမ''ရဲ့ ရှေ့မှာ ဒူးမထောက်နိုင်ပါဟုဆို၏ ။ မှူးကြီးမတ်ကြီးများ က ဘာကြောင့် လဲမေးရာဇာတ်လိုက်က ကျွန်ုပ်သည် ကျွန်ုပ်နိုင်ငံတော် က ဝိတိုရိယဘုရင်မကြီး ရှေ့မှော က်ကလွဲ၍ ဘယ်သူ့ကိုမှ ဒူးမထောက်ဟု ဖြေသော ဇာတ်ဝင်ခန်းပါ၏ ။ ထိုဝတ္တုထွက်လာသော အခါ ဝိတိုရိယ ဘုရင်မကြီးကဖတ်ပြီး အထူးသဘောကျကာ စာရေး ဆရာအား(ဆာ) (SIR) ဘွဲ့တံဆိပ်နှင့် မြေဧကပေါင်းများ စွာ ချီးမြှင့်တော် မူသည်။ ထိုကြောင့် စာရှုသူများ စဉ်းစားကြည့်ပါ။ ဗန်းမော်ဆရာတော် သည် ယုံကြည်ချက် အတိုင်းရေး ၍ နယ်နှင်ခံရ၏ ။ ယောမင်းကြီးသည် ယုံကြည်ချက်အတိုင်း ရေး ၍ အလုပ်ပြုတ်၏ ။ မစ္စတာ ရိုက်ဒါဟာဂါတ်က မြှောက်ပင့်ရေး ၍ ဘွဲ့တံဆိပ်နှင့် မြေကွက်ရပါသည်။ ဘယ်စာရေး ဆရာက အနာခံတာလဲ။ ဘယ်စာရေး ဆရာက အသာစံတာလဲဆိုတာ စာရှုသူတို့စဉ်းစားရန် တာဝန်ရှိပါ၏ ။ မီဒီယာတို့၊ ကဗျာဆရာတို့၊ စာရေး ဆရာတို့တာဝန် ကျေမကျေဆိုသည်မှာ မီဒီယာစာရေး သူတို့က မိမိတို့ကိုယ်ကိုယ်မိမိ အကဲဖြတ်ရန် မဟုတ်ဘဲ စာရှုသူတွေ ကသာ အကဲဖြတ်စဉ်းစားသင့်၏ ။
စာရှုသူတို့၏ စဉ်းစားခြင်းသည် မီဒီယာနှင့် စာပေလောက ဖွံ့ဖြိုးခြင်းပင် ဖြစ်သည်ဟု ဆိုချင်ပါကြောင်း။
၃။ အပြုသဘောထောက်ပြ၍ စာရေး နည်း
(TRUE News,19 July 2011 ဆောင်းပါးမှ ကောက်နှုတ်ချက်)
မင်းတုန်းမင်းကြီးလက်ထက်က တာဝန်ကျေခဲ့သော ကဗျာ ဆရာကြီးတစ်ဦး
မင်းတုန်းမင်းစိုးစံစဉ် မင်းတုန်းမင်းကြီးနှင့် အစ်မလည်းတော် စပ်ပြီး မင်းတုန်းမင်းကြီးက ''အစ်မတော် ''ဟုခေါ်ရသော မိဖုရားခေါင်ကြီး သည် နာမကျန်း ဖြစ်တော် မူရာ မင်းတုန်းမင်းကြီးက မိဖုရားခေါင်ကြီး ၏ အဆောင်နန်းတော် သို့ သွား၍ သတင်းမေးသည်မှာ ဤသို့ ဖြစ်၏ ။ မင်းတုန်းမင်းကြီး ။ ဝေဒနာသက်သာတော် မူပါရဲ့ လားအစ်မတော် ။မိဖုရားကြီး။ မှန်လှပါ မောင်တော် ဘုရား။ ဝေဒနာကသက်သာချင်ပါ သော်လည်း စက်တော် ခေါ်လို့မရ၍ သက်သာသင့်သလောက် မသက်သာကြောင်းပါ။မင်းတုန်းမင်းကြီး။ အဘယ့်အတွက်ကြောင့် စက်တော် ခေါ်လို့မရ ဖြစ်ရတာ လဲ အစ်မတော် ။မိဖုရားကြီး။ ။ မှန်လှပါ။ နန်းတော် အနီးတဝိုက်၌ ခွေးလေ၊ ခွေးလွင့်တို့၏ အူသံ၊ ဟောင်သံတို့ကြောင့် ကောင်းစွာ စက်တော် ခေါ် မရကြောင်းပါ။
မင်းတုန်းမင်းကြီး ။ ။အလို။ တယ်ခက်ပေသကိုး။ ဒီခွေးတွေ ကို သတ်ပစ်ရင်လည်း ငရဲကြီးဦးမယ်။ ဒီတော့ ခွေးတွေ လည်းမသေရ၊ အစ်မတော် လည်းကောင်းစွာ စက်တော် ခေါ်ရအောင်ခွေးတွေ ကိုဖမ်းပြီး ဧရာဝတီမြစ်ကိုဖြတ်၍ စစ်ကိုင်းဘက်ကိုပို့ခိုင်းလိုက်ပါမယ်။
မိဖုရား ။ ။ သင့်တော် သလိုပါစီစဉ်တော် မူပါမော်တော် ဘုရား။
သို့ နှင့် မင်းတုန်းမင်းကြီး၏ အမိန့်ဖြင့် မန္တလေးရှိခွေးတွေ ကိုဖမ်း ပြီး လှေများ ပေါ်၌ တင်၍ စစ်ကိုင်းသို့ ပို့ရာ ခွေးတွေ အဖို့ကမ္ဘာပျက် သလို ဖြစ်တော့၏ ။ သားတစ်ကွဲ မယားတစ်ကွဲတွေ ဖြစ်ကုန်ကြပါသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ထိုခေတ်က ကဗျာဆရာကြီးတစ်ဦး ဖြစ်သော ဗန်းမော်ဆရာတော် ဘုရားကြီးသည် ဘဝင်မကျပါ။ တကယ်တော့ ခွေးတွေ ကို စိတ်ဆင်းရဲအောင်လုပ်၍ မင်းတုန်းမင်းကြီး ငရဲကြီးမှာ ကို စိုးရိမ်တာပါ။ သို့ သော် ဘုရင်ကိုသွား၍ သြဝါဒပေးလို့ကလည်းမရ ဖြစ် ရာ ဗန်းမော်ဆရာတော် ဘုရားကြီးသည် ကဗျာစပ်ခဲ့ပါ၏ ။ ကဗျာ၏ အဓိပ္ပာယ် ကတော့-
''မန္တလေးနေပြည်တော် တွင် ခွေးထီးဂန္ဘီနှင့် ခွေးမလေးကျားမ တို့လင်မယားရှိသည်။ မင်းတုန်းမင်းကြီးက ခွေးတွေ ကိုဖမ်း၍ ဂန္ဘီ သည် တစ်ဖက်ကမ်းရောက်ရ၏ ။ ကျားမက ပြေးရင်းလွှားရင်း မန္တလေး ၌ ကျန်ခဲ့ရာ ကျားမခေါ် ခွေးမလေးအသည်းကွဲပါ၏ ။ အစရှိသော အဓိပ္ပါယ် ဖြင့် ပြောင်မြောက်သော ကဗျာတစ်ပုဒ်စပ်ဆိုသည်။ ပေဖူးလွှာတွင် ကညစ်တံဖြင့် ကဗျာရေး ခဲ့၏ ။ ကဗျာမိတ္တူများ ကို လက်ရေး မူဖြင့် မိတ္တူ တွေ ပွားရာ စာမူခမှာ အလကား မယ်တင်း ဖြစ်ပြီး ကဗျာမိတ္တူလက်ရေး ကော်ပီများ ကို လူစည်းကားရာဈေး၊ ဥပုသ်သည်များ သော ဘုန်းကြီး ကျောင်းရှေ့၊ နန်းတော် ရှေ့စသည်တို့တွင် သွားချထားခဲ့သည်။ ကောက် ရသူအချို့က ကဗျာကို မင်းတုန်းမင်းထံဆက်သ၍ မင်းတုန်းမင်းထံ ဆက်သ၍ မင်းတုန်းမင်းကြီးဖတ်ကြည့်ကာ စိတ်ဆိုးတော် မူ၏ ။သို့ ပါ၍ ဗန်းမော်ဆရာတော် ကို မန္တလေး၌ သီတင်းသုံးခွင့်ပိတ်ပင်ပြီး ဗန်းမော်သို့ ပို့လိုက်ပါ၏ ။ ဆရာတော် ဘုရားကြီးသည် ဗန်းမော်အရပ်၌ သုံးနှစ် သီတင်းသုံးပြီးနောက် ဘုရင်က စိတ်ဆိုးပြေ၍ မန္တလေးသို့ ပြန်ပင့်ရာ ဆရာတော် က မန္တလေးသို့ မပြန်တေတာ့ဘဲစစ်ကိုင်း၌ နေ၏ ။
တစ်ဖန်ထိုခေတ်ကပင် ယောမင်းကြီးဦးဘိုးလှိုင်သည် ရာဇသင်္ဂဟကျမ်းကိုရေး သားထုတ်ဝေပါသည်။ ထိုကျမ်း၌ ယောမင်းကြီး က အကြံပြုသဘောရေး သည်မှာ အသက်ဦးဆံပိုင်ဘုရင်စနစ်သည် ဒီမိုကရေစီစည်းမျဉ်းခံ ဘုရင်စနစ်သို့ ပြောင်းလဲကျင့်သုံးသင့်ကြောင်း အကြံပြုရာ မင်းတုန်းမင်းတို့စိတ်ဆိုးပါ၏ ။ ယောမင်းကြီးဦးဘိုးလှိုင် အလုပ်ပြုတ်ပါ၏ ။ မင်းတုန်းမင်းသည် ဦးဘိုးလှိုင်ကိုစိတ်ဆိုးပြီးအလုပ် ဖြုတ်လိုက် စိတ်ပြေသည့်အခါ ပြန်ခန့်လိုက်နှင့် ခဏခဏ ဖြစ်ခဲ့ဖူးပါ၏ ။ မည် သို့ ပင်ဆိုစေကာမူ အသက်ဦးဆံပိုင်ဘုရင်စနစ်မှ ဒီမိုကရေစီစည်းမျဉ်း ခံဘုရင်စံနစ်ကို ပြောင်းလဲကျင့်သုံးရန်ရေး သားခြင်းသည် စေတနာဖြင့် ထောက်ပြခြင်းသာ ဖြစ်၏ ။ နောက်ကျောကဓားနဲ့ ထိုးတာမဟုတ်။ မင်းတုန်းမင်းကြီးအားလုပ်ကြံရန် ကြံစည်သူများ မှာ ယောမင်းကြီး မဟုတ်ဘဲ သားတော် များ ဖြစ်သော မြင်ကွန်းမင်းသားနှင့် မြင်းခုန်တိုင် မင်းသားတို့သာလျှင် ဖြစ်ပါ၏ ။
ဗန်းမော်ဆရာတော် ကြီးက ထွတ်ခေါင်ဆရာတော် ကြီးအား ကဗျာရေး ၍ ထောက်ပြတော် မူပုံ
ဗန်းမော်ဆရာတော် ကြီးသည် စစ်ကိုင်းသို့ ရောက်သော အခါ စစ်ကိုင်း၌ ထွက်ခေါင်ဆရာတော် ကြီး သီတင်းသုံးနေ၏ ။ ထွတ်ခေါင် ဆရာတော် သည် ဗန်းမော်ဆရာတော် ထက် ''ဝါ'' ''အသက်'' ''ပညာ'' ပိုကြီး၏ ။ မင်းတုန်းမင်းက အထူးကြည်ညို၏ ။ ထိုစဉ်ထွက်ခေါင် ဆရာတော် ၏ ကျောင်းဝင်းထဲဝယ် သီလရှင်ချောချောလေးများ ဇရပ် ဆောက်၍ လာနေကြပြီး ထွက်ခေါင်ဆရာတော် ထံမှ စာပေကျမ်းဂန်သင် ခြင်း၊ ထွတ်ခေါင်ဆရာတော် ကို ဆွမ်းဟင်းချက်၍ ဆွမ်းကပ်ခြင်းစသ ဖြင့် ရင်းရင်းနှီးနှီးနေပါ၏ ။ ဒါကိုဗန်းမော်ဆရာတော် က မသင့်တော် ဘူး ထင်သော်လည်း မိမိထက်ဝါကြီးသူကိုဆုံးမ၍ မ ဖြစ်ပါ။
ထိုကြောင့် ကဗျာစပ်ပုံကဒီလိုပါ
''စိန်ပုတီးရယ်နဲ့
ရိပ်ကြီးကိုခို
ဦးရွှေညိုသီလချောရယ်နဲ့ တောင်ခိုသည့်ချောင်''ဟုစပ်ဆိုခဲ့၏ ။ (မှတ်ချက်။ ဦးရွှေညိုဆိုသည်မှာ ထွတ်ခါင်ဆရာတော် ၏ ငယ်နာမည် ဖြစ်၏ )
၎င်းကဗျာကို လက်ရေး မိတ္တူတွေ ပွားပြီး ထွတ်ခေါင်ဆရာတော် ၏ ကျောင်းဝင်းထဲ၌ ဘုန်းကြီးကျောင်းသားတို့ကို သွားထားခိုင်း၏ ။ ထိုအခါကဗျာကို ထွတ်ခေါင်ဆရာတော် ကြီးဖတ်ကြည့်ပြီးစိတ်ဆိုးပါ၏ ။ သို့ နှင့် ထွတ်ခေါင်ဆရာတော် သည် မိမိနှင့် သီလရှင်ချောချောများ ကို သမုတ်ရပါမည် လားဟု ဗန်းမော်ဆရာတော် ကိုခေါ်၍ ရှင်းလင်းချက် တောင်းခံ၏ ။ ထိုအခါ ဗန်းမော်ဆရာတ်ာက လျှောက်ထားသည်မှာ -
''မှန်လှပါ၊ ဦးရွှေညိုသီလချောရယ်နဲ့ ဟူသော စာပိုဒ်သည် ထွတ်ခေါင်ဆရာတော် နှင့် သီလရှင်ချောချောလေးများ ကိုသမုတ်တာ မဟုတ်ပါ။ ထွတ်ခေါင်ဆရာတော် ကြီး စောင့်ထိန်းသော သီလသိက္ခာပုဒ် သည် ချောမွတ်လှပါသည်ဟုဆိုလိုကြောင်းပါ''ဟုလျှောက်တင်၍ ခပ်မြန်မြန်ပြေးခဲ့ရပါ၏ ။
၅။ ယုံကြည်ချက်၏ ကြိုးဆွဲရာအတိုင်း စာရေး နည်း။
(HOT News,21 July 2011 ဆောင်းပါးမှ ကောက်နှုတ်ချက်)
ယုံကြည်ချက်ခြင်းမတူညီလျှင် ကြိုးဆွဲရာကပါသည်
တကယ်တော့ ကျွန်တော် စာရေး ဆရာ ဒေါက်တာထွန်းဝင်းကို ကြိုးဆွဲဖူးသူတစ်ချို့ကိုပြောပြရင် ပထမဆုံးကြိုးဆွဲသူမှာ ကျွန်တော် ၏ တပည့်မျိုးမင်းဦးဆိုသူ ဖြစ်သည်။ ကျွန်တော် သည် Management သင်တန်းတစ်ခုဖွင့်ထားရာ မျိုးမင်းဦးသည် သင်တန်းသား ဖြစ်ဖူး၏ ။ သူကကုမ္ပဏီတစ်ခု၏ ဒုတိယမန်နေဂျာ ဖြစ်ပြီး ကြိုးစားသူ တစ်ယောက် ဖြစ်၏ ။ သူက တစ်နေ့တော့ပြောလာသည်မှာ
''ဆရာ Business Education ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါး တစ်ပုဒ်လောက်ရေး ပါဦး''ဟုဆို၏ ။ ကျွန်တော် က ရေး တာပေါ့ကွာဟု ဆိုကာ HR ဂျာနယ်၌ ရေး လိုက်၏ ။ သာမန်မျက်စိနဲ့ ကြည့်ရင် မျိုးမင်းဦး က ကျွန်တော့် ကိုကြိုးဆွဲလိုက်တာပါ။ ဉာဏ်မျက်စိနဲ့ ကြည့်ရင်ဒီလို မဟုတ်။ Business Education ဆိုသော ခေါင်းစဉ်သည် တိုင်းပြည် အတွက်အကျိုးရှိမည် ဟု မျိုးမင်းဦးက ယုံကြည်၏ ။ ကျွန်တော် ကလည်း ဒီအတိုင်းယုံ၏ ။ သို့ ပါ၍ ကျွန်တော့် ကိုကြိုးဆွဲသူမှာ ကျွန်တော် ၏ ယုံကြည်ချက်သာ ဖြစ်ပါ၏ ။
တစ်ဖန် HR ဂျာနယ် CEO ဦးသန်းစိုးက ပြောလာသည်မှာ ၂ဝ၁၁ အလွန် HR ကဏ္ဍ၏ အရေး ပါပုံကိုရေး ပေးပါဆိုရာရေး ပေးခဲ့၏ ။ တကယ် HR ဂျာနယ်ထွက်လာတော့ HR ဂျာနယ်၌ ဆောင်းပါး (၁ဝ)ပုဒ်ခန့်သည် ခေါင်းစဉ်တစ်ခုတည်းကို စာရေး ဆရာ ၁ဝ ဦးလောက် က ဝိုင်းရေး ထားပါ၏ ။ တစ်ဖန် အခွင့်အလမ်းဂျာနယ်၌ Countrolling (ထိန်းချုပ်ခြင်း)ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးရေး ပေးရန်ကျွန်တော့်  ကိုဖိတ်ကြား၏ ။ ကျွန်တော် က စဉ်းစားတော့ Countrolling ဆိုသည်မှာ Management ဘာသာရပ်ဆိုင်ရာခေါင်းစဉ်တစ်ခုပါ။ ဤခေါင်းစဉ်ကို ရေး သားခြင်းဖြင့် ပြည်သူအတွက်အကျိုးရှိမည် ဟု ယုံကြည်၍ ရေး ပေး လိုက်၏ ။ အမှန်တကယ်ဂျာနယ်ထွက်သော အခါ စာရေး ဆရာ(၁ဝ)ဦး ခန့်က Countrolling ခေါင်းစဉ်တစ်ခုတည်းဖြင့် ဆောင်းပါး(၁ဝ)ပုဒ် ရေး ခဲ့၏ ။ ကျွန်တော် သိလိုက်ရသည် ကတော့ စာရေး ဆရာတို့၏ ကလောင်ကို ကြိုးဆွဲသူမှာ ၄င်းစာရေး ဆရာတို့၏ ယုံကြည်ချက်သာ ဖြစ်ပါ၏ ။
ယုံကြည်ချက်အတိုင်းရေး သားတာက ရိုးသားမှု ဖြစ်ပြီး ယုံကြည်ချက်ကသပ်သပ် ရေး တာကသပ်သပ်ဆိုလျှင်တော့လိမ်ညာ တာသာ ဖြစ်ပါ၏ ။ စာရေး ဆရာ တစ်ယောက် နဲ့ တစ်ယောက် ယုံကြည်ချက် ချင်းတူချင်မှတူမည် ။ အယ်ဒီတာနဲ့ စာရေး သူလည်း ယုံကြည် ချက်ချင်း တူချင်မှတူမည် ။ ဒီတော့ စာရေး ဆရာတို့၏ ကွဲပြားခြားနားသော ဆောင်းပါးများ စွာ ပေါ်ပေါက်နိုင်ပါ၏ ။ ထိုအခါစာဖတ်သူပရိသတ်က ဘယ်စာရေး ဆရာကို ယုံရမှာ လဲဟူသော ကိစ္စတစ်ရပ်သည် ဆွေးနွေး စရာ ဖြစ်လာပါ၏ ။ ဤနေရာ၌ မြတ်စွာ ဘုရားဟောကြားတော် မူသော ကာလမသုတ္တန်ဒေသနာပါ အကြောင်းအရာအချို့ကို တင်ပြရပါက ဘုရားကဟောသည်မှာ -
- သူတစ်ပါးပြောတိုင်းလည်း မယုံကြည်ရာ
- စာပေကျမ်းဂန်တို့၌ ရေး သားထားတိုင်းလည်း မယုံကြည်ရာ
- ပုဂ္ဂိုလ်သတ္တဝါတို့သည် မိမိ၏ ဉာဏ်ပညာဖြင့် ဝေဖန်ပိုင်းခြား၍ အမှားအမှန်ကို မိမိÓဏ်ဖြင့် ရှာဖွေပြီး မိမိကိုယ်မိမိသာယုံကြည် ရာ၏ ဟု ဟောတော် မူ၏ ။
ထိုကြောင့် စာဖတ်ပရိသတ်သည် စာကိုဖတ်ကြည့်ပြီး စာရေး သူကို ယုံကြည်မလိုပါ။ စာကိုဖတ်ပြီး ဉာဏ်ဖြင့် ဆင်ခြင်ပါ။ ဒီစာရေး ဆရာဟာ ဘယ်လိုလူလဲ၊ ကြိုးဆွဲရာကတဲ့လူလား၊ မြှောက်ပင့် တတ်သူလား၊ မကောင်းစိတ်ဖြင့် တိုက်ခိုက်သူလား၊ စေတနာဖြင့် ထောက်ပြသူလား စသဖြင့် တွေးကြည့်ပြီး မိမိ၏ အတွေးကိုသာ မိမိယုံကြည်ဖို့လိုပါသည်။
သို့ ပါ၍ အချုပ်အားဖြင့် ဆိုရပါသော် စာရေး ဆရာကိုကြိုးဆွဲ သူမှာ မမလည်းမဟုတ်၊ ညီမလေးလည်းမဟုတ်၊ အန်တီမဟုတ်သလို သမီးလည်းမဟုတ်ပါ။ စာရေး ဆရာကိုကြိုးဆွဲသူမှာ စာရေး ဆရာ၏ ယုံကြည်ချက်ပဲ ဖြစ်ပါ၏ ။ စာဖတ်သူတို့ကလည်း စာရေး သူကိုမယုံကြည် ဘဲ မိမိ၏ အတွေးကိုသာ မိမိယုံသင့်၏ ။
စာရှုသူအပေါင်းတို့ခင်ဗျား ဆောင်းပါးဝတ္ထု၊ သတင်း၊ ကဗျာ တို့ကို အပျင်းပြေဖတ်ရုံလောက်သဘောမထားသင့်ပါ။ ဖတ်ပြီးရင် တွေးပါ။ စာတစ်ပုဒ်ကို အပျင်းပြေဖတ်ရုံနဲ့ တိုင်းပြည်မတိုးတက်ပါ။ ဖတ်ပြီးတွေးမှသာ တိုင်းပြည်တိုင်းတက်မည် ဟု ကျွန်တော် ကယုံကြည် ပါ၏ ။ ယုံကြည်ချက်နှင့် အညီ ဤဆောင်းပါးကိုတင်ဆက်လိုက်ပါ ကြောင်း ။ ။
သတ္တိမရှိသော မဝံ့မရဲစာရေး ဆရာ တစ်ယောက်
မြန်မာပြည်မှာ စာရေး ဆရာ တစ်ယောက် ရှိရာ သူ၏ သတ္တိက မဝံ့မရဲသတ္တိပါ။ အဲဒီ စာရေး ဆရာ ကတော့ ကျွန်တော် မောင်ထွန်းဝင်းပါ။ လွန်ခဲ့သော ၁၅ နှစ် လောက်က ကျွန်တော် သည် ကျေးလက်ဒေသတို့၌ ဆေးခန်းဖွင့်ရာ ကျေးရွာတွေ မှာ ဒေါက်တာရမ်းကုတွေ ကြောင့် လူနာတွေ အသက်ဆုံးရတာ တွေ့ ဖူးပါ၏ ။ ထိုအခါ ကျွန်တော် ၏ မရဲတရဲသတ္တိ ဖြင့် ဒေါက်တာရမ်းကုတွေ ၏ အန္တရာယ်အကြောင်းကို ကျန်းမာရေး မဂ္ဂဇင်းတို့မှာ ဆောင်းပါးတော် တော် များများ ရေး လိုက်ပါ၏ ။မကြာပါ ဘူး။ ကျွန်တော့် ကို ဆဲတဲ့စာတွေ အယ်ဒီတာချုပ်ထံရောက်လာကြ ပါသည်။ သို့ နှင့် ကျွန်တော် လည်း နည်းနည်း အမြီးကုတ် သွားပါတယ်။ ဒီတော့ ကျွန်တော် ဟာ ဟောင်တုန်းကဟောင်ပြီး တစ်ဖက်ကပြန်လည်မာန်ဖီကိုက်ကြရမယ့် အချိန်ရောက်တော့ ကျွန်တော် ကရှောင်သွားတဲ့သဘော ဖြစ်ရာ သတ္တိ နည်းရာကျပါ၏ ။ ဒေါက်တာရမ်းကုတွေ ၏ မကောင်းကြောင်းကိုလည်း တော် တော် နဲ့ မရေး ဖြစ်ပြန်ပါ။ သတ္တိနည်းတဲ့ ကျွန်တော် က သတ္တိဆိုပြီး ဆောင်းပါးရေး ပြန်တော့ ကျွန်တော့် ကိုယ်ကျွန်တော် သတ္တိကောင်းအောင် ပြုပြင်ရန်တာဝန်ရှိပါမည် ။ တစ်ဖန်သတ္တိအကြောင်း ဥပမာစာဖွဲ့ရသော် ဒီလိုပါ။
ကမ္ဘာပေါ်၌ INGO တို့တွင် အကြံပေးအရာရှိချုပ် Cheif Technical Advisor အဆင့်ရှိ သစ်တောပညာရှင်နိုင်ငံခြားသား များ ရှိပါ၏ ။ သူတို့မှာ ကမ္ဘာမြေကြီးကို ဂြိုလ်တုက ဓာတ်ပုံရိုက်ထားရာ ကမ္ဘာ့ဘယ်နေရာမှာ ဘယ်နိုင်ငံမှာ သစ်တောတွေ ပြုန်းတီးနေတယ် ဆိုတာ သူတို့သိတယ်။ ဒါကြောင့် လည်း ကမ္ဘာပေါ်မှာ တစ်စက္ကန့် တစ်မိနစ်ဆိုရင် သစ်တောဧရိယာဘယ်လောက်ပြုန်းတီးနေလဲဆိုတဲ့ သတင်းအရင်းအမြစ်ကိုသူတို့ရေး နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေ က ဝေဝါးဝါးနိုင်လွန်းတယ်။ တကယ်သတ္တိရှိရင် ယခုကျွန်ုပ်ရောက်နေသော ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်၊ ဘယ်ခရိုင်၊ ဘယ်မြို့နယ်မှာ ဘယ်ရွာနဲ့ အနီးဘယ်နှစ် မိုင်အကွာမှာ သစ်ခွဲတဲ့လွှစင်ထောင်ပြီး ''တရားမဝင် သစ်ခိုးခုတ်နေပါတယ်''ဆိုပြီး သတင်းပေးရင် ပိုမကောင်းလား။ တစ်နှစ် မှာ ကမ္ဘာပေါ်မှာ သစ်တောဧရိယာရာနှုန်း (၁၄)ရာနှုန်းစသဖြင့် သစ်တော ပြုန်းတီးမှု ကို သတင်းပေးရုံနဲ့ တော့ သက်ဆိုင်ရာသစ်တောဌာနတွေ က ဘယ်လိုအရေး ယူမလဲ။ ကမ္ဘာပေါ်မှာ အလွန်ကြီးမားသော အမေဇုန် သစ်တောကို ကာကွယ်ရန်တာဝန်ရှိသော သူတို့နိုင်ငံက သစ်တောဌာန ဆိုလျှင် လူတစ်ဖက်မကတဲ့ သစ်လုံးကြီးတွေ ကို ကားပေါ်တင်သွား တာမမြင်လိုက်လောက်အောင် မျက်စိအားနည်းနေပါတယ်လို့ အထင်ခံရ နေချိန်မှာ မျက်စိအားနည်းသူကို မှု န်ဝါးဝါး ဖြစ်အောင် သွားလုပ်တော့ အကန်းလို ဖြစ်သွားတော့မှာ ပေါ့။
အဲဒီ တော့ မှု န်ဝါးဝါး ဖြစ်အောင် စာရေး သလို ဖြစ်ပါတော့ တယ်ဟု ဆိုချင်ပါကြောင်း။
![]() တက်လမ်းရှာ ဝန်ထမ်းအမျိုးမျိုးတို့အတွက် ဗျူဟာများ | ![]() အိပ်ခ်ျဗွီ ပြစ်မှု၊ ဖိုမပြဿနာဆိုင်ရာပြစ်မှုတို့နှင့် သက်ဆိုင်သော တရားဥပဒေများ | ![]() စီမံခန့်ခွဲရေးမန်နေဂျာတို့အတွက် လက်တွေ့ဗျူဟာများ |