
၁။ဤစာအုပ်ရေး သားရခြင်း၏ ရည်ရွယ်ချက်
HIV ရောဂါ သည် ၁၉၈၂ ခုနှစ် တွင် ရောဂါ ပိုး (ဗိုင်းရပ်စ်)ကို စတင်တွေ့ ရှိရာ ကျွန်တော် တို့ကမ္ဘာကြီးသည် HIV ကာကွယ်ရေး အတွေ့ အကြုံ မှာ နှစ် ပေါင်း (၃ဝ) ဝန်းကျင်ရှိပါပြီ။ ဆရာဝန်တို့သည် HIV ကူးစက်ပုံအမျိုးမျိုး ကို ပညာပေးခြင်း ပြု လုပ်ခဲ့ကြ၏ ။ HIVကူးစက်ခြင်းသည် ကူးဆက်ခံကာယကံရှင်၏ မဆင်ခြင်မှု ကြောင့် ကူးစက်ကြောင်း လူသိများ ၏ ။ သို့ သော် ရောဂါ ပိုး (ဗိုင်းရပ်စ်)ကို လက်နက်သဖွယ်သုံး၍ တမင်သက်သက် လူသားတွေ ကို HIV ဖြစ်စေသော မှုခင်း များ လည်းရှိ၏ ။ ဤသို့ သော မှုခင်း မျိုးသည် ရှိတော့ရှိသည် ရှားသည်ဟု ယ္ခင်က ကျွန်တော် ထင်ခဲ့၏ ။ သို့ သော် ကျွန်တော် သည် HIVကာကွယ်ရေး စီမံကိန်းများ ၌ အလုပ်လုပ်သော အခါ HIV ပိုးရှိသူများ နှင့် မိတ်ဆွေ ဖြစ်ခွင့်ရပြီး ရင်းရင်းနှီးနှီး အပေါင်းအသင်း ဖြစ်သော အခါ ဤသို့ သော မှုခင်း မျိုးသည် မရှားကြောင်းသိရပါ၏ ။ သို့ ပါ၍ အများ ပြည်သူတို့အား ဗဟုသုတအ ဖြစ် သိစေချင်ပါသည်။ ဤမှုခင်း များ နှင့် သက်ဆိုင်သော ဥပဒေများ ကိုလည်း သိစေချင်ပြီး HIVကူးစက်ခံရ၍ နစ်နာသူများ ရှိပါက တရားမကြောင်း၊ ပြစ်မှု ကြောင်းများ ဖြင့် တရားစွဲဆိုနိုင်သော အခွင့်အရေး များ ကိုလည်း သိစေချင်ပါ၏ ။
ဤစာအုပ်သည် HIV ကာကွယ်ရေး အတွက်၎င်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှု ကျူးလွန်ခံရပြီး HIV ရောဂါ ရ၍ နစ်နာသူများ အတွက်¤င်း တနည်းတဖုံ အကျိုးရှိမည် ဟု ယုံကြည်ပါကြောင်း။်း။
တရားလွှတ်တော် ရှေ့နေကြီး ဦးဝင်းထိန်၏ အမှာ စာ
ကျွန်တော် သည် ဤစာအုပ်ကိုရေး သားသူ ဒေါက်တာထွန်းဝင်းနှင့် ရင်းနှီးကြပြီး တစ်ဦးနှင့် တစ်ဦး ဥပဒေပညာနှင့် စပ်လျဉ်း၍ တိုင်ပင်ဖော်တိုင်ပင်ဖက် ဆွေးနွေးဖော်ဆွေးနွေးဖက်များ ဖြစ်ကြသည်။ ဒေါက်တာထွန်းဝင်းသည် အထက်တန်းရှေ့နေအောင်လက်မှတ် (H.G.P)ကို ရရှိခဲ့သူလည်း ဖြစ်ပါသည်။
ဤစာအုပ်တွင် ရောင်းရင်းကြီး ဒေါက်တာထွန်းဝင်းက အမှာ စာရေး ရန် ဆန္ဒပြု ခဲ့သဖြင့် ကျွန်တော် အနေဖြင့် ဂဃနဏဖတ်ရှုရန်တာဝန်သည် ကျွန်တော် အပေါ်ကျရောက်လာပါသည်။ ဤစာအုပ်တွင် ဒေါက်တာထွန်းဝင်းသည် လက်ရှိကမ္ဘာနိုင်ငံအသီးသီးတွင် ကုရာနတ္ထိဆေးမရှိသည့် HIV ရောဂါ နှင့် ပတ်သက်၍ လိင်တူကာမဆက်ဆံခြင်း၊ ပြည့်တန်ဆာများ ဖြင့် မြူးတူးပျော်ပါးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့မှ ရောဂါ ကူးစက်ပုံတို့ကို အသေးစိတ် ညွှန်းထားသည့်အပြင် ဆေးကုသပေးသည့် ဆရာဝန်များ ကိုယ်တိုင် ကြို တင်ကာကွယ်မှု များ ပြု ရန်၊ ကုသရန်တို့နှင့် တကွ ဆောင်ရန်ရှောင်ရန်များ ကို ထည့်သွင်းရေး သားထားခြင်းဖြင့် ကျွန်တော် တို့နိုင်ငံရှိ လူငယ်၊ လူရွယ်၊ လူကြီးများ ပါမကျန် နိုင်ငံသူ၊ နိုင်ငံသားများ အနေဖြင့် တန်ဖိုးမဖြတ်နိုင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
ကျွန်တော် တို့နိုင်ငံရှိ နိုင်ငံသူ၊ နိုင်ငံသားတို့သည် မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု အရ လွန်စွာ အရှက်ကြီးသူများ ဖြစ်ကြသည်ကို ကျွန်တော် ရောင်းရင်းကြီး ဒေါက်တာထွန်းဝင်းက သိရှိသဖြင့် မရှက်သင့်သည့် နေရာများ တွင် မရှက်ကြရန် လက်ထပ်ကြမည့်  မင်္ဂလာမောင်မယ်များ အတွက်ပါ ထိမ်းမြားခြင်းမပြု မီ HIV သွေးစစ်ခြင်းဖြင့် ဘဝအမောမဆိုက်ရလေအောင် အသိပညာပေးထားသည်မှာ လည်း ကျေနပ်ဖွယ်ရာပါ။
ထို့ပြင် ယောက်ျားလျာ၊ မိန်းမလျာများ နှင့် ပြည့်တန်ဆာများ နှင့် ပတ်သက်၍ လည်းကောင်း၊ လိင်တူဆက်ဆံခြင်း၊ ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်ခြင်းများ နှင့် ပတ်သက်၍ လည်းကောင်း၊ ရှောင်ရန်ကိစ္စရပ်များ ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားရုံမျှမက HIV ရောဂါ ပိုးရှိသူ လူမသမာများ ၏ မသမာစိတ်ဖြင့် ရောဂါ ဖြန့်ဝေပုံတို့ကို ဖော်ပြထားသည်မှာ လည်း သတိထားရှောင်ကြဉ်ရမည့်  သာဓကများ ဖြစ် ပါသည်။ ကျွန်တော် ၏ ရောင်းရင်းကြီးကပင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၌ ဗုဒ္ဓဘာသာဝင်ယောက်ျားတစ်ဦးသည် မိန်းမ တစ်ယောက် ထက်ပိုယူသည့် ဓလေ့ထုံးတမ်းမှာ မြန်မာနိုင်ငံ၌ ရှေးနှစ် ပေါင်းများ စွာ ကတည်းက တည်ရှိနေသည်ကို အခွင့်ကောင်းတစ်ရပ်အ ဖြစ် မရယူသင့်ဘဲ ယခုခေတ်တွင် တစ်လင်တစ်မယားအိမ်ထောင်ရေး သာ အကောင်းဆုံး ဖြစ်ကြောင်း ရည်ညွှန်းရေး သားထားသည်မှာ လည်း ခေတ်ကာအလျောက် ဆင်ခြင်ကျင့်သုံးသင့်ပါသည်။
ကျွန်တော် ၏ ရောင်းရင်းကြီး ဒေါက်တာထွန်းဝင်း၏ အိပ်အိုင်ဗွီမှုခင်း များ ၊ ဖိုမပြဿနာမှုခင်း များ နှင့် သက်ဆိုင်ရာဥပဒေများ စာအုပ်မှာ လူ့လောကတွင် ဖြစ်ပျက်ကြုံ တွေ့ နေရသည့် ဖြစ်ရပ်များ နှင့် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ ပြစ်မှု ဆိုင်ရာ ဥပဒေများ နှင့် ဆက်စပ်ယှဉ်တွဲရေး သားထားခြင်းဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အနေဖြင့် ဆောင်ရန်၊ ရှောင်ရန်များ နှင့် ဥပဒေ အကာအကွယ်ဖြင့် အခွင့်အရေး ရနိုင်သည်များ ကို ကျယ်ပြန့်စွာ သိရှိနိုင်မည် ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်း တောနှင့် မြို့ ပါမကျန် အိမ်တိုင်းအိမ်တိုင်း၌ ဆောင်ထားရမည့့်် စာအုပ်ကောင်းတစ်အုပ်သာ ဖြစ်ပါသည်။ လူတိုင်းလူတိုင်းသည် ကျန်းမာမှ စိတ်ချမ်းသာမည် ၊ ကျန်းမာမှ အလုပ်လုပ်ကိုင်နိုင်မည် ၊ အလုပ်လုပ်ကိုင်နိုင်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်၍ ဤစာအုပ်သည် ကိုယ်စိတ်နှစ် ပါး ကျန်းမာရေး ရှု့ထောင့်အရလည်း အရေး ပါနေသဖြင့် တိုင်းပြည်အကျိုးပြု စာအုပ်တစ်အုပ်ဟုဆိုလျှင် မှားအံ့မထင်ပါ။
နိဂုံးချု ပ်အားဖြင့် ဆေးကုသသည့်ဆရာဝန်တ ဖြစ်လဲ ဆရာဝန်စာရေး ဆရာ ရောင်းရင်းကြီး ဒေါက်တာထွန်းဝင်းအနေဖြင့် ယခုကဲ့သို့ တိုင်းကျိုးပြည်ပြု စာအုပ်မျိုးကို ဥာဏ်ကူဆေးခန်းမှ ဆထက်ထမ်းပိုး တိုး၍ ရေး သားခြင်းဖြင့် နိုင်ငံအကျိုးပြည်သူ၊ ပြည်သားအကျိုးတို့ကို စဉ်ဆက်မပြတ် သယ်ပိုးထမ်းဆောင်နိုင်စေရန် ဆုမွန်ချွေလျက် လိုက်ပါသည်။
ဦးဝင်းထိန်
B.Sc (Maths)R.L.
တရားလွှတ်တော် ရှေ့နေနှင့်
ဥပဒေအတိုင်ပင်ခံ
အမှတ် (၆ဝ)၊ တတိယထပ်
မဟာဗန္ဓု လပန်းခြံလမ်း၊
ကျောက်တံတားမြို့ နယ်၊
ရန်ကုန်။
စာရေး သူ၏ ကျေးဇူးတင်လွှာ
ကျွန်တော် သည် တချိန်က အထက်တန်းရှေ့နေအောင်လက်မှတ်စာမေးပွဲ (H.G.P) ဖြေဆိုရန် ဥပဒေပညာ ဆည်းပူးခဲ့ဘူးရာ ကျွန်တော့် အား ဥပဒေပညာသင်ပေးခဲ့သော ရှေ့နေကြီးများ ဖြစ်သော ဦးဝင်းထိန် (B Sc RL)ဒေါ်တင်မိုးဝေ (L.L.M) (ဦးသန်းစိန်)၊ ဦးသန်းစိုး (ထွန်း)၊ ဦးမြကြည်၊ ဦးသက်မော် တို့အား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်း တင်အပ်ပါသည်။
ဒေါက်တာထွန်းဝင်း
HIV ဖြန့်ဝေသူအတွက် တရားမကြောင်းနှင့် ပြစ်မှု ကြောင်း စွဲနိုင်ခြင်း
(သို့ မဟုတ်)
အဆိုတော် မလေးကို ထောင်ချပေမယ့် ရောဂါ ကတော့ကူးပါပြီ
(သို့ မဟုတ်)
ဘယ်သူမပြု မိမိမှု
၂ဝ၁၀ခုနှစ် ၊ သြဂုတ်လမှ ဂျာနယ်တော် တော် များများ မှာ နဲနဲ လှုပ်ခတ်တဲ့ သတင်းတစ်ပုဒ် ကတော့ HIV ရှိတဲ့ အဆိုကျော်မလေး တစ်ယောက် ဟာ မိမိမှာ HIV ရှိနေတာကို ဖုန်းကွယ်ပြီး ချစ်သူအမျိုးသား တော် တော် များများ နဲ့ အကာအကွယ်မယ့် ကာမဆက်ဆံတာ ပေါ်သွားလို့ အဆိုတော် မလေးကို ချစ်သူအမျိုးသား တစ်ယောက် က တရားစွဲတာ ဖြစ်ပါတယ်။ ဖြစ်တာက ဂျာမဏီနိုင်ငံမှာ ဖြစ်ပါတယ်။
ဂျာမဏီ၏ နာမည် အကြီးဆုံး အမျိုးသမီးအဆိုတော် အဖွဲ့ ဖြစ်သော '' နိုးအိန်(န်)ဂျဲ(လ်)'' အဖွဲ့မှ နာမည် ကြီး အဆိုတော် ''နက်ဂျာဘီနစ်ဆာ'' ကို ချစ်သူအမျိုးသားက တရားစွဲတာ ဖြစ်ပါတယ်။ အဆိုတော် မလေးက (၂၈)နှစ် ဖြစ်ပြီး လွန်ခဲ့တဲ့ (၁၁) နှစ် ကတည်းက သူမမှာ HIV ရှိကြောင်း သိနေခဲ့တာပါ။ တရားစွဲသူ အမျိုးသားက အသက် (၃၄) နှစ် ရှိပြီး သူဟာ အဆိုတော် မလေးရဲ့ ချစ်သူဟောင်းပါ။ ၂ဝဝ၄ ခုနှစ် အတွင်းမှာ သုံးလတာ ချစ်ကြိုးသွယ်စဉ် အနည်းဆုံး (၃)ကြိမ်မှာ အကာအကွယ်မဲ့ ဆက်ဆံခဲ့ပါတယ်။
တရားရုံးမှာ အမျိုးသားက ပြောတာ ကတော့ ''မင်းဟာ ငါ့ကို သော ကတွေ ပေးခဲ့တယ်'' လို့ ပြောခဲ့ပါတယ်။ဒီလိုအ ဖြစ်မျိုးတွေ ဟာ ဂျာမဏီနိုင်ငံတစ်ခုထဲမှာ သာမကဘဲ တကမ္ဘာလုံးက လူငယ်တွေ သင်ခန်းစာယူစရာ ဖြစ်ပါတယ်။ စာရေး သူ ကျွန်တော် က INGO နှင့် UNအေဂျင်စီတို့တွင် ဆယ်နှစ် ခန့် HIV ကာကွယ်ရေး လုပ်ငန်းတွေ လုပ်လာခဲ့၍ အထက်ပါ အ ဖြစ်အပျက်မျိုးတွေ ဟာ ဘယ်နေရာမှာ မဆို ရှိတယ်လို့ ပြောချင်ပါတယ်။ လူ တစ်ယောက် ဟာ HIV ကူးစက်ခံရပြီဆိုရင် သူ့ရဲ့ ပါတ်ဝန်းကျင်အပေါ်မှာ ထားတဲ့သူ့ရဲ့ စိတ်နေသဘောထားဟာ ယေဘူယျအားဖြင့် နှစ် မျိုးရှိနိုင်ပါတယ်။
ပထမတစ်မျိုး ကတော့ အကောင်းမြင်စိတ်နေသဘောထား (Positive Attitude) ဖြစ်ပါတယ်။ သူတို့က ပါတ်ဝန်းကျင်ကို သူတို့လိုမ ဖြစ်အောင် HIV ကာကွယ်ရေး လုပ်ငန်းတွေ မှာ ပူးပေါင်းပါဝင်တယ်။ ဥပမာ သူတို့က ကွန်ဒုံးတွေ လိုက်ပြီးဖြန့်ဝေပေးပါတယ်။
ဒုတိယတစ်မျိုး ကတော့ အဆိုးမြင်စိတ်နေသဘောထား (Negative Attitude) ဖြစ်ပါတယ်။ သူတို့ ကတော့ သူတို့ HIV ဖြစ်သလို တခြားသူတွေ ကိုလည်း HIV ဖြစ်စေချင်တယ်။ ပါတ်ဝန်းကျင်မှာ HIV ကိုလိုက်ပြီး ဖြန့်ဝေပါတယ်။ ဂျာမဏီအဆိုတော် မလေး နက်ဂျာဘီနစ်ဆာဟာ အဆိုးမြင်စိတ်သဘောထားရှိသူပါ။
အဆိုးမြင်စိတ်သဘောထားရှိတဲ့ HIV ပိုးရှိသူတွေ ဟာ နေရာတိုင်းမှာ ရှိနိုင်တယ်ဆိုတာ ယနေ့လူငယ်အားလုံး သဘောပေါက်ဖို့လိုပါတယ်။ မိမိရဲ့ ချစ်သူဟာ ဒီလိုလူမျိုးဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ပါ။
HIV ပိုးရှိသူဟာဂျို ပေါက်နေတာမဟုတ် AIDS ဖြစ်သွားရင်သာ ရေယုန်တို့၊ မက်ခရုတို့၊ ဝမ်းသွားတာတို့၊ ရက်ရှည်ဖျားတာတို့၊ ကိုယ်အလေးချိန် လျော့တာတို့ ဖြစ်ကုန်ပြီး ဝေဒနာသည်မှန်း သိပါတယ်။ HIV ပိုးရှိသူ ကတော့ လူကောင်းနဲ့ မခြားပါဘူး။ ရန်ကုန်မြို့ ပေါ်က INGO ရုံးတစ်ခုမှာ နံရံကပ်ဘီရို အပါးလေးတစ်ခုရှိတယ်။ ဘီရိုတံခါးမှာ စာရေး ထားတာက HIV ပိုးရှိကြောင်း ဖြစ်နိုင်ခြေရှိသူ၏ ပုံကိုတွေ့ ချင်ရင် ဤဘီရိုတံခါးကို ဖွင့်ပါလို့ ရေး ထားပါတယ်။ တကယ်လို့ ဘီရိုကိုဖွင့်လိုက်ပါက ကိုယ်လုံးပေါ်မှန်တစ်ချပ် တွေ့ ရပါမယ်။ ဘီရိုတံခါးဖွင့်သူရဲ့ ပုံရိပ်က မှန်မှာ ပေါ်နေမယ်။ ဒီတော့ သင်ကိုယ်တိုင်လည်း HIV ရှိနေနိုင်တယ်လို့ ပြောလိုက်တာပါ။
ဒီတော့ မိန်းခလေးလှလှလေးတွေ နဲ့ ကာမဆက်ဆံခွင့်ရလို့ဆိုပြီး ဝမ်းသာစွာ နဲ့ အကာအကွယ်မဲ့ မဆက်ဆံဘို့ လိုပါတယ် ၁၉၉၇ ခုနှစ် တုန်းက ကျွန်တော် သည် WHO ကပြု လုပ်သော ကျန်းမာရေး စီမံကိန်း၌ အလုပ်လုပ်တုန်းကလုပ်ဖော်ကိုင်ဖက် ဒေါက်တာ ဝင်းဋ္ဌေးက ရွာတွေ ကိုဆင်းတော့ ရွာသားတွေ က ဒေါက်တာဝင်းဋ္ဌေးကို ပြောတယ် ''ဆရာရေ ကျွန်တော် တို့ရွာမှာ မြွေကိုက်တာတွေ တအားပေါတယ်ဗျာ'' လို့ပြောပြီး မြွေတွေ ကို ဘယ်လိုနှိမ်နှင်းမလဲ အကြံဥာဏ်တောင်းပါတယ်။ အဲ့ဒီမှာ ဒေါက်တာဝင်းဋ္ဌေးရဲ့ ပြောစကားက မှတ်သားစရာကောင်းတယ်။ သူကပြောတယ် ''စနိတ် ကတော့ ဘိုက်မှာ ဘဲဗျာ'' လို့ပြောတော့ ရွာသားကနားမလည်ဘူး။ ဒီတော့ ရှင်းပြရသည် SNAKE မြွေ ကတော့BITE ကိုက်မှာ ဘဲ မြွေကို မကိုက်ဖို့ သွားပြောလို့မရဘူး မြွေကလူကိုကိုက်တာ သူ့အလုပ် သူလုပ်တာပါ။ ဒီလိုလုပ်ဖို့ သဘာဝ တရားက မြွေကို အစွယ်နဲ့ အဆိပ်ပေးထားတယ်။ ဒါသဘာဝ ဘဲ မြွေက သူ့အလုပ်သူလုပ်ရင် မိမိတို့က မိမိတို့အလုပ် မိမိတို့ လုပ်ရမယ်။ မိမိတို့အလုပ်ကဘာလဲဆိုတော့ တောစီးဖိနပ် Jungle Boot စီးရမယ်လို့ပြောပါတယ်။
ဒီတော့ ယခုကိစ္စမှာ ဂျာမဏီ အဆိုတော် မလေးက HIVဖြန့်ဝေတဲ့ကိစ္စဟာNegative Attitude ရှိသူတွေ က သူတို့အလုပ် သူတို့လုပ်တာပါ။
မိမိတို့က ကွန်ဒုံးသုံးရပါမယ်။ ကွန်ဒုံးမသုံးတာ မိမိအပြစ်ပါ။ ဒီတော့ ဘယ်သူမပြု မိမိမှု ပါ။ မိမိကြောင့် ဖြစ်ရတာ ပါ။ မြွေကလူကိုကိုက်ရင် မြွေမှာ နဲနဲတော့ အပြစ်ရှိပါတယ်။ ဒါပေမယ့် လယ်ကွင်းထဲသွားတဲ့ကိစ္စမှာ Jungle Boot မစီးတဲ့ ကိစ္စ ကတော့ လူမှာ အပြစ်ရှိပါတယ်။
ဂျာမဏီ အဆိုတော် မလေးရဲ့ ချစ်သူက ချစ်သူချင်း ကာမဆက်ဆံရာမှာ HIVကိုဖုံးကွယ်မှု နဲ့ အကာအကွယ် ဆက်ဆံမှု အတွက် အဆိုတော် မလေးကို တရားစွဲတယ်။ ဒါပေမယ့် နောက်ကျခဲ့ပါပြီ။
ဂျာမဏီ အဆိုတော် မလေး ထောင်ကျခဲ့ရင်လည်း မိမိ ကတော့ HIVကူးနိုင်ချေရှိ သွားပါပြီ။ တကယ်တော့လည်း မိမိကိုယ်မိမိ ကွန်ဒုံးသုံးရန် ပျက်ကွက်မှု နဲ့ မိမိလည်း အပြစ်ရှိပါတယ်။
မော်တော် ဆိုင်ကယ်စီးတဲ့အခါ ဆိုင်ကယ်ဦးထုပ်ဆောင်းရပါမယ်။ ဆိုင်ကယ်ဦးထုပ် မဆောင်းရင် အက်ဆီးဒင့် ဖြစ်ရင်အန္တရာယ်ပိုများ ပါတယ်။ဆိုင်ကယ်ဦးထုပ်မဆောင်းရင်ဥပဒေအရ သတ်မှတ်ပြစ်ဒဏ် ကတော့ 'ဒဏ်ငွေ'' သာ ဖြစ်ပါတယ်။ လိင် အပျော်အပါးလိုက်စားတဲ့အခါ ကွန်ဒုံးမသုံးရင်တော့ မော်တော် ပီကယ် ယာဉ်ထိန်းရဲက လာဖမ်းလို့ မလွယ်ဘူး။ ဒါပေမယ့် သဘာဝ တရားကြီးက ပြဋ္ဌာန်းတဲ့ ပြစ်ဒဏ် ကတော့ HIVကူးစက်ခြင်းဘဲ ဖြစ်ပါတယ်။
ယနေ့ မြန်မာလူငယ်များ မိမိချစ်သူကို မိမိ HIV ကိုဖုံးကွယ်မှု နဲ့ တရားရုံးမှာ တရားစွဲရတဲ့ ဘဝမျိုးမရောက် စေချင်ဘူး။
ဒါ့အပြင် ယနေ့ လင်ယောက်ျားက ဖောက်ပြန်လို့ မိမိမှာ HIV ကူးစက်ခံရပြီး ဇနီးသည်ကို ကူးစက်သွား တာလည်း မ ဖြစ်စေချင်ပါ။ လူငယ်တွေ ၊ သမီးရည်းစားတွေ ၊ အိမ်ထောင်သည် လင်မယားတွေ အားလုံး ပုထုစဉ်အားလုံး HIVဘေးမှ ကင်းဝေးစေချင်ပါသည်။
တရားမကြောင်းလည်းစွဲနိုင်ခြင်း
ဖိုနှင့် မ ကာမဆက်ဆံရာတွင် တဦးဦးက မိမိတွင် HIV ရှိကြောင်းသိလျက်နှင့် ဖုံးကွယ်ပြီး ကာမဆက်ဆံ ပါက တရားမနစ်နာမှု နှင့် လျော်ကြေးတောင်းနိုင်ပါ၏ ။
တလင်နှစ် မယား သတင်းတပုဒ်၊ မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ယနေ့ကျန်းမာရေး အန္တရာယ်တခု
၂ဝ၁၁ ခုနှစ် ၊ ဇူလိုင်လအတွင်းဝယ် ဂျာနယ်တစောင်၌ ထူးထူးခြားခြား သတင်းတပုဒ် ပါလာသည်မှာ အမျိုးသားငယ်လေးတဦးသည် အမျိုးသမီးငယ် (၂)ဦးနှင့် ပြို င်တူမင်္ဂလာဆောင်သော သတင်း ဖြစ်ပါသည်။ ဤသတင်းသည် အင်တာနက်စာမျက်နှာပေါ်၌ ပြန့်နှံ့နေသည်ဟု ဂျာနယ်က ဆိုရာ စာရေး သူသည် အင်တာနက်ကို ဖွင့်ကြည့်မိပါသည်။ ထိုအခါ သတင်းကို ဝေဝေဆာဆာ တွေ့ ရပါသည်။
ဤသတင်းနှင့် စပ်လျဉ်း၍ နောက်ဆက်တွဲလှိုင်းဂယက် အချို့ မှာ -
- အချို့ အိမ်ရှင်မများ သည် ဒေါသ ဖြစ်ကြသည်။
- အချို့ ယောက်ျားလေး လူငယ်များ က အားကျကြောင်း အင်တာနက် စာမျက်နှာပေါ်၌ တွေ့ ရ၏ ။
- အချို့ အိမ်ထောင်ဦးစီးယောက်ျားများ က ဤသတင်းကို မိမိတို့၏ ဇနီးများ အားပြရန် ဂျာနယ်ကို ဝယ်လာကြသည် ဆိုပါ၏ ။
သို့ ပါ၍ ကျွန်တော် သည် အိမ်ရှင်မများ အတွက်၎င်း၊ အားကျကြကုန်သော လူငယ်များ အတွက်၎င်း၊ အိမ်ထောင်ဦးစီး ယောက်ျားများ အတွက်၎င်း အချက်အလက်အချို့ ကို မျှဝေသိစေလိုသော ဆန္ဒကြောင့် ဤဆောင်းပါးကို ရေး သားလိုက်ရပါသည်။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မြန်မာအမျိုးသားတစ်ဦးသည် တပြို င်နက်ထဲ ဇနီးတယောက် ထက်ပို၍ ယူပိုင်ခွင့် ရှိတယ်ဆိုတာ တကယ်ဘဲလား
မြန်မာဓလေ့ထုံးတမ်းဥပဒေဆိုသည်မှာ လွှတ်တော် တို့က ပြဋ္ဌာန်းထားသော ဥပဒေမဟုတ်ပါ။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်အစိုးရတို့က ဥပဒေတွေ မပြဋ္ဌာန်းမီကတည်းကစ၍ မြန်မာဓလေ့ထုံးတမ်းဥပဒေသည် ရှိခဲ့၏ ။ မြန်မာဓလေ့ ထုံးတမ်းဥပဒေသည် မြန်မာတို့၏ ထုံးတမ်းစဉ်လာ၊ ဓလေ့ထုံးစံများ ကို စံထားပါ၏ ။ ရာဇဝင်ပါ တရားကိုပြဆိုသော ကျမ်း (ဓမ္မသတ်)များ ကို ကိုးကားပါ၏ ။ ဓမ္မသတ်ပေါင်းများ စွာ ရှိခဲ့သော်လည်း ပေစာဖြင့် ရေး သားခဲ့သော ဓမ္မသတ်များ သည် ထိန်းသိမ်းမှု အားနည်းသော ကြောင့် ပျောက်ဆုံးကုန်ကြပြီး မင်းတုန်းမင်းကြီးလက်ထက်ရောက်သော အခါ ဓမ္မသတ်များ အား စနစ်တကျ ရှာဖွေစုစည်းမှတ်တမ်းထားရန် မင်းတုန်းမင်းကြီးက ကင်းဝန်မင်းကြီးကို တာဝန်ပေး၍ ကင်းဝန်မင်းကြီးက လိုက်လံရှာဖွေ စုဆောင်းသော အခါ ဓမ္မသတ် (၃၆)စောင်သာ ရရှိပါတော့သည်။ ၄င်းဓမ္မသတ် (၃၆) စောင်မှ မနုကျယ်ဓမ္မသတ်၊ ဝါနုဓမ္မသတ်၊ ဓမ္မပါလ ဓမ္မသတ် တို့မှာ အထူးထင်ရှားပြီး ၄င်းဓမ္မသတ်တို့ကို မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် အဓိက ကိုးကား၏ ။
ဓမ္မသတ်တို့သည် မြန်မာယောက်ျားတို့အား ဇနီး တစ်ယောက် ထက် ပိုယူခွင့်ရှိကြောင်း (ခွင့်ပြု မိန့်)ကို ပြဋ္ဌာန်းမပေးပါ။ သို့ သော် ယောက်ျားတဦးသည် ဇနီးတဦးထက်ပိုယူသော ထုံးစံမှာ ရှေးကပင်ရှိနေပြီး ထုံးစံမှာ တရားဝင်နေခြင်း ဖြစ်ပါ၏ ။
သို့ သော်လင်ယောက်ျားသည် နောက်မယားကို ယူချင်တိုင်း ယူခွင့်မရှိပါ။ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ အရင်ယူထားသော ဇနီးက သဘောတူရပါမည် ။ အရင်ယူထားသော ဇနီးက သဘောမတူပါက နောက်ဇနီးသည် တရားမဝင်ဟု ဆိုလိုပိုင်ခွင့်တော့မရှိပါ။ သို့ သော် အရင်ယူထားသော ဇနီးက ယောက်ျားကို ကွာလိုပါက ကွာရှင်းခွင့် ပေးရမည် ဟု မြန်မာဓလေ့ထုံးတမ်း ဥပဒေက ဆိုပါသည်။
နောက်အိမ်ထောင်ပြု ခြင်းသည် ပထမအိမ်ထောင်အပေါ်၌ အိမ်ထောင်ရေး ပြစ်မှု ကျူးလွန်ရာရောက်သည် ဟု မြန်မာဓလေ့ထုံးတမ်းဥပဒေက ဆိုပါသည်။ ဤကိစ္စတို့သည်ကား ဥပဒေရေး ရာ ကိစ္စတွေ ဖြစ်ပါသည်။ ဤဥပဒေ ကိစ္စတို့သည်ကား မြန်မာရှင်ဘုရင်တွေ လက်ထက်ကတည်းက ဖြစ်နေတာ ဖြစ်ပါ၏ ။
သို့ သော် ၁၉၈ဝ ပြည့်လွန်နှစ် များ တွင် HIV/AIDS ရောဂါ သည် ပေါ်ပေါက် ခေါင်းထောင်ပြန့်ပွားလာပါသည်။
စာရေး သူ ကျွန်တော် သည် HIV ကာကွယ်ရေး စီမံကိန်းတွင် တာဝန်ထမ်းဆောင်ဘူးပါသည်။ ထိုစဉ်က ကမ္ဘာတဝှမ်းက အမျိုးသမီးတွေ ကို ခြိမ်းခြောက်သော အန္တရာယ်တခု ပေါ်လာပါသည်။ ၄င်းကို HIV ကာကွယ်ရေး ပညာရှင်တို့က THREAT TO WOMEN ဟု နာမည် တပ်ပါ၏ ။ ကျွန်တော် သည် HIV ကာကွယ်ရေး ဆရာဝန်ဘဝနှင့် ရွာတော် တော် များများ ရောက်ဖူး၏ ။ ရွာသားအချို့ သည် မလေးရှား၊ ထိုင်း၊ ဖားကန့် စသည့် တနယ်တကျေးတို့၌ အလုပ်လုပ်နေ ကြ၏ ။ ¤င်းတို့ ပြန်လာပြီးနောက် (၂) နှစ် ခန့်ကြာသော အခါ ဇနီးသည်တို့တွင် AIDS လက္ခဏာတွေ ပေါ်လာကြတာ တွေ့ ဖူး၏ ။ ယောက်ျားတွေ က တနယ်တကျေးမှာ ရောဂါ ကူးခဲ့ပြီး ပြန်လာသော အခါ ဇနီးကို ကူး၍ ဇနီးက ရောဂါ လက္ခဏာ အရင်ပြတာပါ။ ထိုအခါ ဇနီးသည်တို့က ယောက်ျားတွေ ကို တနယ်တကျေးလွှတ်ရမှာ လန့်ကြတာ တွေ့ ဖူးပါသည်။ အချို့ ဇနီးသည်များ ဆိုလျှင် ယောက်ျားတွေး ခရီးထွက်ခါနီး မှာ ယောက်ျား၏ အဝတ်သေတ္တာထဲ၌ ကွန်ဒုံးတွေ ထည့်ပေးကြပါသည်။
ပြည့်တန်ဆာထံ မိမိလင်သားသွားသော် ကွန်ဒုံးသုံးရန် ဖြစ်၏ ။ အချို့ ဇနီးသည်တွေ က မိမိတို့၏ လင်ယောက်ျားတွေ ကို တနယ်တကျေးကို မလွှတ်ြ ကတော့ပါ။ ကျွန်တော် တွေ့ ဖူးသော အမျိုးသမီးတဦးက သူ့ယောက်ျားကို တနယ်တကျေးသို့ မလွှတ်တော့ပါ။ ချမ်းလဲမချမ်းသာချင်ပါဘူး ကိုယ့်နိုင်ငံထဲမှာ ဘဲ မိသားစု စည်းစည်းလုံးလုံး လုပ်ကိုင်စားသောက်ကြမယ် ဆိုပါသည်။ သို့ သော် ၄င်းအမျိုးသမီးတွင် လည်း အချိန်တန်တော့ AIDSလက္ခဏာတွေ ပြလာပြန်ပါသည်။ အကြောင်းရင်းကိုစစ်သော အခါ လင်ယောက်ျားလုပ်သူသည် သူတို့၏ မြို့ နယ်ထဲမှာ ဘဲ ၄ - ၅ ရွာကျော်လောက်မှာ မယားငယ်ထားပါသည်။ ၄င်းမယားငယ်က ဖောက်ပြန်၏ ။ မယားငယ်ထံမှ ရောဂါ ရပြီး ထိုမှတဆင့် လင်ကိုကူးပြီး ထိုမှတဆင့် အပြစ်မရှိသော မယားကြီးထံကို ကူးသွားပုံပါ။
တလင်တမယားစနစ်မှာ ပင် HIV မကူးအောင် ထိန်းရတာ တော် တော် ခက်ပါသော ကြောင့် တလင် (၂)မယား၊ တလင် (၃)မယားစနစ်တို့တွင် ပို၍ ခက်ပါလိမ့်မည် ။
ကျွန်တော် သည် ဆရာဝန် ဖြစ်ခါစက ရန်ကုန်မြို့  ဆင်ခြေဖုန်းရပ်ကွက်တခု၌ ဆေးခန်းထိုင်ပါသည်။ ထိုအခါ ကျွန်တော့် ထံသို့ အသက် (၄ဝ)ခန့် လူတဦး ဆီးပူညောင်းကျကာလသား ရောဂါ ဖြင့် လာပြပါသည်။ ကျွန်တော် က ဇနီးသည်ပါ ခေါ်လာရန်ပြောပြီး လင်မယား (၂)ယောက် လုံးကို ပြို င်တူဆေးကုပါသည်။ သို့ သော် အမြစ်မပြတ်ဘဲ ရောဂါ က ခဏခဏ ပြန် ဖြစ်ပါသည်။ သို့ နှင့် ကျွန်တော် သည် ယောက်ျားကို တိုးတိုးတိတ်တိတ် သေသေခြာခြာ မေးသော အခါ ယောက်ျား၌ မယားငယ်ရှိနေ၏ ။ ထိုအခါ ယောက်ျားကိုရော၊ မယားကြီးရော၊ မယားငယ်ရော သုံးပွင့်ဆိုင် ပြို င်တူဆေးကုလိုက်သော အခါမှသာ ဂနို (ခေါ်) ဆီးပူညောင်းကျနာ အမြစ်ပြတ်သွား၏ ။ ဒါက ဂနို ရောဂါ ဖြစ်နေ၍ သာပါ။ HIV/AIDS ဆိုရင် မလွယ်ပါ။
ဥပမာတခု ထပ်မံတင်ပြရပါသော် သူဋ္ဌေးကြီးတဦးသည် ဇနီး (၅)ယောက် ပြို င်တူယူထားသည် ဆိုပါစို့။ တဦးတယောက် ယောက် က ဖောက်ပြန်လိုက်ပါက ဇနီး (၅)ယောက် နှင့် သူဋ္ဌေးကြီး စုစုပေါင်း (၆)ယောက် HIV/ AIDS ဖြစ်နိုင်ပါသည်။
တရားရုံးချု ပ်စီရင်ထုံး အချို့ ကို လေ့လာပါသော် လင်မယားစုံတွဲတတွဲရှိရာ လင် ဖြစ်သူ ဖောက်ပြန်၍ ဆစ်ပလစ် ကာလသား ရောဂါ ရ၏ ။ ၄င်း ရောဂါ သည် ဇနီးသည်ကိုကူးရာ ဇနီးသည်က ဤကိစ္စကို အကြောင်းပြ၍ ကွာရှင်းခွင့် လျှောက်ထားရာ အယူခံအဆင့်ဆင့် ဖြစ်ပေါ်ပြီး နောက်ဆုံးတွင် တရားရုံးချု ပ် စုံညီခံရုံးက ကွာရှင်းခွင့်ပြု သော စီရင်ထုံး ရှိခဲ့ပါ၏ ။ အဲဒါက ကာလသား ရောဂါ အဆင့်ဘဲ ရှိပါသေးသည်။ ထိုစဉ်က HIV/ AIDS။ မပေါ်သေးပါ။ HIV ကို မိမိအိမ်ထောင်ဖက်အား ကူးစက်ရန် လုပ်သည်ဆိုလျှင်တော့ အပြစ်ကြီးလိုက်မည် မှာ ဆိုဖွယ်ရာမရှိပါပြီ။ ရှေးခေတ်က လက်မထပ်မီ ဇနီးမောင်နှံတို့သည် ဆစ်ဖလစ် ကာလသားပိုး ရှိ/မရှိ သွေးစစ်ကြ၏ ။ ယခုခေတ်မှာ တော့ HIV သွေးစစ်ကြရပါ၏ ။ အကယ်၍ လင်ယောက်ျားသည် ဇနီး (၂)ယောက် ပြို င်တူယူပါက လင်ယောက်ျားနှင့် ဇနီး (၂)ယောက် စုစုပေါင်း (၃)ဦး သွေးစစ်ရပါမည် ။ ထိုအခါ အလုပ်တော် တော် ရှုပ်ပါ၏ ။
ယ္ခင်ခေတ် အခြေအနေနှင့် ယ္ခု ခေတ် အခြေအနေများ နှိုင်းယှဉ်ချက်
ယ္ခင်ခေတ်အခြေအနေ
* လင်ယောက်ျားတဦး ဇနီး (၁) ယောက် ထက် ပိုယူသော ထုံးစံရှိ၏
* ကုန်ဈေးနှုန်း မတက်သေး
* HIV/AIDS ။ ရောဂါ မပေါ်သေး
* သားသမီး ဆယ်ယောက် လောက်ကို ဖခင်တယောက် ထဲက လယ်ထွန်၍ လုပ်ကျွေးနိုင်၏
* သားသမီးကို ပညာသင်ပေးလိုပါကဘုန်းကြီးကျောင်းပို့လိုက်ရုံသာ ဖြစ်၏ ၊ ပညာရေး စရိတ် မကုန်ပါ
* စီးပွားရေး ၊ ကုန်ဈေးနှုန်း၊ ကျန်းမာရေး ၊ ပညာရေး အခြေအနေတွေ က ယောက်ျားတယောက် ကို မိန်းမ (၁)ယောက် ထက် ပိုယူလိုပါက ယူနိုင်ရန် အခြေအနေ ပေး၏
* ဤထုံးစံသည် ယနေ့တိုင်တည်မြဲ တရားဝင်နေသေး၏
* ကုန်ဈေးနှုန်း ကြောက်စရာကောင်း လောက်အောင် တက်၏
* HIV ရောဂါ ပေါ်နေပါပြီ
* သားသမီး တယောက် ကို လုပ်ကျွေးဘို့အနိုင်နိုင် ဖြစ်၏
* ပညာရေး စရိတ် အလွန်ကြီးပါသည်
* မယား တစ်ယောက် ထက်ပို ယူရန်အခြေအနေမျိုး မပေးတော့ပါ
မယားကြီးတယောက် ၏ ဥာဏ်ပညာ
ကျွန်တော့် တွင် မိတ်ဆွေလင်မယားရှိ၏ ။ တနေ့တော့ လင်ယောက်ျားက မယားငယ်ထား၏ ။ မယားကြီးက သိလျှင်သိချင်း၎င်းလင်ယောက်ျားနှင့် အတူ အိပ်ခန်းတခန်းထဲ၌ လုံးဝ မအိပ်တော့ပါ။ ယောက်ျားလုပ်သူက စိတ်ဆိုး၏ ။ မယားကြီး၏ အကြောင်းပြချက် ကတော့ သူမထံသို့ HIV က မဖိတ်ခေါ်ဘဲ ရောက်လာနိုင်သည်ဟု ဆိုပါ၏ ။ နောက်တော့ တဖြေးဖြေး လင်းမယားကွဲကြပါ၏ ။ ဒါ ကတော့ မယားကြီးက HIV မ ဖြစ်အောင် ကာကွယ်လိုက်တာ ဖြစ်ပါ၏ ။ မယားကြီး၏ ဥာဏ်ပညာဟု ဆိုရပါမည် ။ အသက်ကို ဥာဏ်စောင့်ခြင်း ဖြစ်ပါသည်။
ဒီခေတ်ကြီးမှာ တော့ တကိုယ်တည်း အပျို ကြီး၊ လူပျို ကြီးများ သည်၎င်း၊ တလင်တမယား စုံတွဲများ သည်၎င်း၊ ကုန်ဈေးနှုန်းကြောင့် ဦးနှောက်ခြောက်ရသော အချိန် ဖြစ်ရာ တလင်နှစ် မယား ယူမည် ဆိုပါက ပိုမိုဦးနှောက်ခြောက် ကြလိမ့်မည် ဟု ထင်မြင်ယူဆမိပါကြောင်း။
ဆရာဝန်များ အခွင့်မရဘဲ
ဘိန်းဖြတ်ပေးခွင့်မရှိခြင်း
(သို့ မဟုတ်)
မူးယစ်ဆေးစွဲ လူငယ်တို့၏ မိဘများ လုပ်ဆောင်ချက်အချို့ 
ဆေးထိုးအပ်ကို တရားမဝင်ကိုင်ဆောင်ကြရာတွင် ဒေါက်တာရမ်းကုများ သာ မဟုတ်၊ မူးယစ်ဆေး မှီဝဲသူများ မှာ လည်း အဓိကပါဝင်ပါ၏ ။ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီကူးစက်သူများ မှာ အဓိကအားဖြင့် မူးယစ်ဆေးကို ဆေးထိုးအပ်ဖြင့် အကြောတွင်းထိုးသွင်းမှီဝဲသူများ အများ စုပါဝင်ပါ၏ ။
အမှန်အားဖြင့် မော်ဖီးယားပက်သဒင်းစသော (ဘိန်း) အုပ်စုဝင် ဆေးဝါးများ မှာ တရားဝင်သုံးစွဲမည် ဆိုပါက ဆေးပညာကို အထောက်အကူပြု ၏ ။ ဥပမာ - - နှလုံးသွေးကြောပိတ် ရောဂါ
- အပြင်းအထန်နာကျင်မှု ဝေဒနာများ
- မျှော်လင့်ချက်ကုန်ဆုံးနေသော ကင်ဆာဝေဒနာရှင်များ စသည်တို့ ဖြစ်၏ ။
ဆရာဝန်များ အနေနှင့် လည်း မသုံးမ ဖြစ်¤င်းဆေးများ ကို ပေးရလျှင် စနစ်တကျ မှတ်တမ်းထားရန် အထူးလိုအပ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော် ကြုံ ခဲ့ဖူးသော အတွေ့ အကြုံ တစ်ခုမှာ -
ရန်ကုန်မြို့ တွင် တစ်ခါက ဆယ်ကျော်သက်လူငယ်တစ်ဦး နံပါတ်ဖိုး အမှု နဲ့ အဖမ်းခံရ၏ ။ ဆီးနမူနာယူ၍ ဆီးစစ်ရာ ဆီး၌ (ဘိန်း) တွေ့ ၏ ။ ထိုသူငယ်မှာ ထောင်ကျရန် အခွင့်အလမ်းများ နေ၏ ။ သို့ နှင့် ¤င်းတို့၏ မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်းတွေ က သူ့သား ထောင်မကျရန် လွတ်ရာလွတ်ကြောင်းကြံတော့၏ ။ ဘယ်သူက အကြံပေးလိုက် သည်မသိ။ သူ၏ မိဘများ ကျွန်တော့် ထံ ရောက်လာ၏ ။ ထိုသူငယ်မှာ လွန်ခဲ့သည့် သုံးလခန့်က ဖျားနာ၍ ကျွန်တော် ဆေးကုပေးခဲ့ဖူး၏ ။
မိဘများ ။ကျွန်မတို့သားလေး အဖမ်းခံရတယ်ဆရာ ဆီးစစ်တော့ ရံဖန်ရံခါ ဘိန်းမှီဝဲတယ်လို့ အဖြေထွက်တယ်တဲ့ ဆရာရယ်။
ကျွန်တော် ။ ဖြစ်ရလေဗျာ ကျွန်တော် ကြားရတာ စိတ်မကောင်းပါဘူး။
မိခင် ။ ။အဲဒါ တစ်ခုကူညီပါဦး ဆရာရယ်။ အဲဒါ ကျွန်မတို့သားလေး ဝမ်းကိုက်တုန်းက ဆရာဝမ်းသွားရပ်အောင် ဘိန်းနဲ့ဆိုင်တဲ့ ဆေးတစ်ခုခု ညွှန်းခဲ့တယ်လို့ သက်သေ ခံပေးပါဦး ဆရာရယ်၊ ကျေးဇူးမမေ့ပါဘူး။
ကျွန်တော် ။အောင်မလေး မလုပ်ပါနဲ့ (ရာဇသတ် ကြီးဥပဒေ) စာအုပ်ကို ထုတ်ပြ၍ - ဒီမှာ တွေ့ လား ''ဖြောင့်မှန်စွာ တရားစီရင်ရေး ကို နှောင့်ယှက်သော ပြစ်မှု ပြစ်ဒဏ်များ ဆိုတဲ့အခန်းမှာ - မမှန်သော သက်သေ ခံရင်ထောင် ၇ နှစ် ထိကျနိုင်တယ်၊ မလုပ် လိုက်ပါနဲ့ဗျာ၊'' သို့ နှင့် သူတို့လဲ စိတ်မသက် မသာ ဖြစ်ပြီးပြန်သွားကြ၏ ။ နောက်လူနာ
တစ်ဦး ကတော့ ဆရာဝန်ကို ခပ်တည်တည် အကြောင်ရိုက်၏ ။ သူတို့သားကလည်း ဘိန်းဖြူ သုံးစွဲမှု နဲ့ အဖမ်းခံရ၏ ။ ဆီးစစ်တော့ ဘိန်းသုံးထားကြောင်း အထောက်အထားတွေ့ ၏ ။ မိဘများ ကျွန်တော့် ထံရောက်လာပြီ။
မိခင် ။ ။ကိစ္စ ကတော့ ဒီလိုပါဆရာ၊ လွန်ခဲ့တဲ့ (၂)လလောက်က ကျွန်မသား နေမကောင်း လို့ ချောင်းလဲ မတရား ဆိုးတယ်၊ အဲဒါဆရာနဲ့ပြတာ ဆရာက ကွန်မီသာဇင် (ဘိန်းပါသော ချောင်းဆိုးပျောက်ဆေး တစ်မျိုး)ပေးခဲ့သေးတယ်လေ။ ဆရာတော့ မှတ်မိချင်မှ မှတ်မိတော့မယ်၊ အဲဒါ ဆရာ ရယ် သားကို ဆီးစစ်တော့ ဘိန်းတွေ့  နေလို့တဲ့ ဆရာလိုက်ရှင်းပေးပါဦး။ ကျွန်တော် လည်း ဆေးမှတ်တမ်းများ ကို ပြန်ကြည့်ရာ သူ့သားကို ကွန်မီသာဇင် လုံးဝ မညွှန်းခဲ့၊ သို့ နှင့် ငြင်းလိုက်ရပါ၏ ။
ဆရာဝန်များ အခွင့်မရဘဲ ဘိန်းဖြတ်ပေးခွင့်မရှိခြင်း
တစ်ခါက ကျွန်တော် ၏ မိတ်ဆွေလင်မယားနှစ် ယောက် ကျွန်တော့် ထံ လာရောက်၍ ကျွန်မတို့သားလေး ဘိန်းစွဲနေလို့ ဆရာ - ပတ်ဝန်းကျင်တော့ မသိသေးဘူး၊ ရှက်စရာကောင်းလို့ ဆရာရယ်၊ အဲဒါ စိတ်ကျန်းမာရေး ဆေးရုံ လည်း မတက်ချင်ဘူး၊ ဖြစ်နိုင်ရင်ဆရာပဲ င်္ောငူပီသခအသမ ဖြစ်နေတော့ ဆရာပဲ ဘိန်းဖြတ်ပေးပါလား။
ကျွန်တော် ။ကျွန်တော့် မှာ ဘိန်းဖြတ်ခွင့် မရှိပါဘူး။ မူးယစ်ထုံထိုင်း ဘေး ဖြစ်စေတတ်သော ဆေးဝါးများ ဥပဒေ ဆိုတာရှိတယ်၊ အဲဒီ ဥပဒေများ အရ ဘိန်းစွဲသူဟာ သက်ဆိုင်ရာ မှတ်ပုံတင်ရမယ်။ အဲဒါကို လျှို့ ဝှက်ထားရင် ပုဒ်မ ၁၄(ဃ)အရ ထောင်ဒဏ် (၃)နှစ် ကျနိုင်တယ်။ ပြီးတော့ ကျင့်ထုံးဥပဒေ ပုဒ်မ (၄၇)အရ အစိုးရသတ်မှတ်ထားတဲ့ ဌာနကြီးများ ၊ ဥပမာ- စိတ်ကျန်းမာရေး အထူးကုဆေးရုံ၊ အဲဒီ ဌာနတွေ မှာ သာ ဖြတ်ခွင့်ရှိတယ်။
မိခင် ။ ။မသိပါဘူးဆရာရယ် ကျွန်မတို့ ကတော့ လိုင်စင်ရှိရင် ကုပေးခွင့်ရှိတယ်ထင်နေတာ။ ဒါဆိုရင် ဒီကိစ္စကို လျှို့ ဝှက်ထားတာကိုက ဥပဒေနဲ့ငြိတာပေါ့။
ကျွန်တော် ။ဒါပေါ့ဗျာ -ဥပဒေမှာ စကားပုံတစ်ခုရှိတယ်။ ဥပဒေကို နားမလည် မသိလို့ ဥပဒေ ဖောက်ဖျက်တာမျိုးကို တရားရုံးမှာ က ခွင့်မလွှတ်ဘူး။ ဒီတော့ မသိတာကို သိအောင် တတ်နိုင်သမျှ လေ့လာပြီး လေးစားလိုက်နာဖို့လိုတယ်။
မိခင် ။ ။ဟုတ်ကဲ့ဆရာ။
ကျွန်တော် ။ဒါနဲ့ တစ်ခုထပ်ပြောရဦးမယ်၊ ဘိန်းသုံးစွဲ သူတွေ အတွက် အန္တရာယ်သစ် ထပ်တိုး နေတယ်ဗျာအဲဒါ အိတ်ခ်ျအိုင်ဗွီ ရောဂါ ကူးစက်မှု ပဲ၊ ဘယ်လောက်ကြောက်ဖို့ ကောင်းလဲ၊အရင်တုန်းကဖိုးသမား တစ်ယောက် ဟာ ရိုးရိုးတန်းတန်း လူညွန့် တုံးတာ။ အခု အေအိုင်ဒီအက်စ် ဖြစ်ရင် လူညွန့်တုံးတာ၊ဒီတော့ မခက်လား၊ ဒီတော့ ဒီမူးယစ်ဆေးကို တိုက်ဖျက်ဖို့ ယခင်က ထက် အများ ကြီး ပိုမိုတာဝန်ရှိလာတာပေါ့ ဗျာဟု ပြောပြလိုက်ရပါသတည်း။
![]() စစ်ရေးအမြင်နှင့် အခြားကျင့်စဉ်များ | ![]() ကျွန်တော်၏ လူမိသွားသော ရည်းစားစာများ နှင့် အခြားဟာသပုံပြင်များ | ![]() သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည်ဆိုသော ဟိုတယ်တို့ကိုတိုင်းတာသောစံနှုန်းများ |