
(အမှာ စာ)
လွန်ခဲ့သော တစ်ဆယ့်ငါးနှစ် ခန့်က ဖြစ်သည်။ ရှမ်းပြည်နယ်တောင် ပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်အောက်ရှိ ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်း နယ်မြေများ ၌ တာဝန်ထမ်းဆောင်စဉ်ကပါ။ အသက် ၄၀ ၀န်းကျင် လူရွယ်လူလတ် တစ်ယောက် ကို တွေ့ ကြုံခင်မင်ခဲ့ရသည်။ ထိုသူ၏ ကိုယ်လုံး ကိုယ်ဟန်က ထွားထွားကြိုင်းကြိုင်း သန်သန်မာမာအရပ်အမောင်းက ထောင် ထောင်မောင်းမောင်း ဖြစ်ပါသည်။ သူသည် ပုဆိုးကို ဒူးအောက်ခြေသလုံး အလယ်လောက်ထိ ခပ်တိုတိုအမြဲဝတ်လေ့ရှိပြီး ခါးတွင် တွဲ လောင်းအိတ်ပါ ခါးပတ်ကိုအမြဲပတ်ထားလေ့ရှိသည်။ အင်္ကျီမှာ လည်း လက်တိုကိုသာဝတ်သည်။
လက်တိုအင်္ကျီပေါ်တွင် မှ ဝေ့(စ်)ကုတ်ကို ထပ်၍ ၀တ်တတ်သည်။ သူ၏ ဆံကေ သာစတိုင်မှာ တောကျလှသည်ဟု ဆိုရမလား မသိပါ။ အဘယ့်ကြောင့် ဟူမူ သူ၏ လုံးဝိုင်းသော ဦးခေါင်းအတိုင်း ပတ်ပတ်လည်တွင် “ဂျာဝိုင်း”တိဖြတ်ထား ပြီး ဆံပင်၏ အလယ်တည့်တည့်မှ ခွဲထားသည်။ သပ်သပ်ယပ်ယပ်တော့ မဟုတ် ပါ။ ခေါင်းဘီးဖြင့် “ဖြီး”ထားဟန်မတူ။ လက်ဖြင့် ပွတ်သပ်ခွဲထားပုံပေါ်သည်။ သူ့ ကို တစ်ကိုယ်လုံးကြည့်လျှင် ကပိုကယိုပုံသဏ္ဌာန် ဖြစ်သည်။ စကားပြောတော့ ချိုသာယဉ်ကျေးပြီး ရွှင်ပျသော အပြုံးက အမြဲပါသည်။
မသိလျှင် ရွှေမန်းသား ဟု ထင်ရလောက်သည်။ သို့ရာတွင် မဟုတ်ပါ။ ရံဖန်ရံခါ “ကျွန်တော် က ရန်ကုန် သားပါ”ဟု ထုတ်ဖော်ပြော၍ သာ ယုံရသည်။ သူဒီလိုပြောတော့ ရန်ကုန်သား နှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်း “ကီး”မှ ကိုက်ပါ့မလားဟုပင် ထင်ခဲ့မိသည်။
ထိုသူကား ယခုဆောင်းပါးပေါင်းချုပ်စာအုပ်ကို ရေး သားသူ စာရေး ဆရာကြီး ဒေါက်တာထွန်းဝင်း ဖြစ်သည်။
ဒေါက်တာထွန်းဝင်းကို တွေ့ ကတည်းက သတိထားမိသော အချက် များ ရှိသည်။ သူသည် လူတကာကို ချေချေငံငံပြေပြေပြစ်ပြစ် ဆက်ဆံသည်။ တစ်ချိန်တည်းမှာ ပင် အသက်အရွယ်ကြီးရင့်သူ အတွေ့ အကြုံရှိသူ အထူးပြု ကျွမ်းကျင်သူတို့ကို နီးနီးကပ်ကပ် ရိုရိုသေသေလေးလေးစားစား ဆက်ဆံလေ့ရှိ သည်။ ထိုပုဂ်္ဂိုလ်တွေ နှင့် တွေ့ လျှင် သိလိုသည့် အချက်များ ရနိုင်သလောက်ရ အောင် စကားတွင် နှော၍ ယူတတ်သူ ဖြစ်သည်။ စူးစူးစိုက်စိုက်စုံစမ်းလေ့လာ တတ်သူဟု ဆိုရမည် ဖြစ်သည်။
ဤတွင် သူ့မှာ ရည်ရွယ်ချက်တစ်ခုခုတော့ ရှိဟန်တူသည်ဟု ထင်မြင်မိခဲ့သည်။ တဖြည်းဖြည်းရင်းနှီးချစ်ခင်စွာ ဆက်ဆံလာ တော့မှ ရိပ်စားမိလာပါတော့သည်။ သူ၏ အဘိုး တစ်ယောက် သည် စာရေး ဆရာ ဖြစ်ကြောင်း၊ သူက နိုင်ငံကျော်ဆရာဝန်စာရေး ဆရာ ဖြစ်သော ဒေါက်တာ ထွန်းရွှေ၊ ဒေါက်တာမောင်မောင်ညို၊ ဒေါက်တာအောင်ခင်ဆင့်တို့ကို အားကျမိ ကြောင်း၊ သူတို့ခြေရာကိုနင်းလိုကြောင်း စကားစပ်၍ ပြောမှ သူ၏ ရည်ရွယ်ချက် ရည်မှန်းချက်ကို အထင်းသားသိရပါတော့သည်။ ဒေါက်တာထွန်းဝင်း အားကျ သော သူ၏ ဆရာ နိုင်ငံကျော်ဆရာဝန်စာရေး ဆရာတစ်ဦးမှာ အခြားမဟုတ်။
ကျွန်တော် ဂုဏ်ယူစွာ ခင်မင်ရင်းနှီးခွင့်ရခဲ့သည့် မိတ်ဆွေ “လူချွန်လူကောင်း” ပါမောက္ခဒေါက်တာမောင်မောင်ညို ဖြစ်ပါသည်။ ဒေါက်တာထွန်းဝင်းကို ကျွန်တော် အားပေးခဲ့သည်။
ဒေါက်တာထွန်းဝင်း သည် လက်မနှေးပါ။ အခွင့်အရေး ရသည်နှင့် တစ်ပြိုင်နက် သူ၏ ကလောင် သွေးပါတော့သည်။ အစတော့ ဆေးပညာပိုင်းဆိုင်ရာတွေ ကို ရေး သားခဲ့သည်။ နောင်တွင် တဖြည်းဖြည်း နယ်ပယ်အသီးသီးကြုံသလို ရေး သားတတ်လာပါသည်။ အရေး အသားမှာ လည်း စာဖတ်သူတိုင်း နားလည်လွယ်သည့် ရေး သားဟန် ဖြစ် ကြောင်း တွေ့ ရသည်။
ယခုထုတ်ဝေသည့် ဆောင်းပါးပေါင်းချုပ်စာအုပ်တွင် “ပတ်ဝန်းကျင် ဆိုင်ရာ”များ ကို အသားပေးရေး သားထားပါသည်။ တန်ဖိုးရှိပါသည်။ တစ်နည်း ဆိုသော “အသုံးချပတ်ဝန်းကျင် လေ့လာမှု ” ((Applied Environmental Study) [k qdkEdkifygonf/) ဟု ဆိုနိုင်ပါသည်။
သာမန်အားဖြင့် လူတို့သည် “လူသားတို့နှင့် သဘာဝပတ်ဝန်းကျင် ဆက်သွယ်တည်ရှိမှု ”၊ ၎င်းဆက်သွယ်မှု များ မှ ကောင်းကျိုးဆိုးပြစ် ဖြစ်ထွန်းမှု ၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မှု ၊ လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းအသီးသီး၏ တာဝန်သိ၊ တာဝန်ယူရန် လိုအပ် မှု တို့ကို မျက်ကွယ်ပြုထားကြသည်မှာ အမှန်ပင် ဖြစ်သည်။ လူသားတို့သည် မိမိ တို့၏ ဘ၀ကို မသိမသာရော၊ သိသိသာသာပါ မိမိကိုယ်တိုင်ဖျက်ဆီးနေကြ ကြောင်း မသိကြသည်မှာ ရင်နာစရာရင်လေးစရာပင် ဖြစ်သည်။
ဒေါက်တာထွန်းဝင်းသည် ဤအချက်များ ကို ပေါ်လွင်အောင် တာဝန် သိသိ၊ လက်တွေ့ ကျကျ ရေး သားတင်ပြထားသည်။ ကျေးဇူးကြီးလှပါပေသည်။ စာရေး သူ၏ ရည်ရွယ်ချက်နှင့် အနှစ် သာရကို ချုပ်သော် အောက်ပါ အတိုင်းတွေ့ ရသည်။
(၁) နေ့စဉ်ဘ၀တွင် လူတိုင်းသည် မိမိ၏ လုပ်ရပ်ကြောင့် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှု ၊ ပျက်စီးမှု မ ဖြစ်စေရေး ကို သတိထား ဆောင် ရွက်ရန်။
(၂) မိမိကြောင့် ဖြစ်သော သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ပျက်စီးမှု ကြောင့် တပါးသူတစ်ဦး တစ်ယောက် ကိုရော၊ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကိုပါ ကျန်းမာရေး ကအစ အခြားမည် သည့် ဘေးအန္တရာယ်မှ မကျရောက်စေရန်။
(၃) သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ၊ ပျက်စီးမှု ကို ကြိုတင်ကာကွယ်သော လုပ်ငန်းများ တွင် အားလုံးပါဝင်လှုပ်ရှားကြရန်။
(၄) သဘာဝပတ်ဝန်းကျင် (လေထု၊ မြေထု၊ ရေထု၊ တောတောင်ရေမြေ . . .) တိုးတက် ဖြစ်ထွန်းစေမည့်  နည်းနာများ ကို တီထွင်ကြံဆလုပ်ကြရန်။
(၅) “မည် သူမပြု မိမိမှု ”ဆိုရိုးစကားအတိုင်း မိမိကိုယ်တိုင်ကြောင့် ဖြစ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးမှု ကြောင့် မိမိကိုယ်တိုင်နှင့် မိသားစုကို မထိခိုက်မိစေရန်။
(၆) လေကောင်းလေသန့်ရရှိ၍ အောက်ဆီဂျင်အပြည့်အ၀ လုံလုံလောက် လောက်ရှူရှိုက်နိုင်သော သန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင်ကို ရှာဖွေ ခြင်း၊ ဖန်တီးခြင်းဖြင့် မိမိ၏ ကျန်းမာရေး ကို စောင့်ရှောက်ရန်။
(၇) သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ကင်းပြီး အဆိပ်အတောက်ဓာတုဆေး များ ရောနှောပါဝင်မှု ကင်းသည့် အော်ဂဲနစ်စိုက်ပျိုးရေး (Organic Farming) ကို တီထွင်ကြံဆစိုက်ပျိုးကြရန်။ စသည့် အချက်အလက် အနှစ် သာရများ ပါသည့် လူတိုင်းအတွက် အသုံးကျတန်ဖိုးရှိသော စာအုပ် ဖြစ်ကြောင်း အသိပေးလိုပါသည်။
ဒေါက်တာတိုးလှိုင်
Ph.D (UK)
ပါမောက္ခ(ငြိမ်း)
စိုက်ပျိုးရေး တက္ကသိုလ်
(အမှာ စာ)
ကျွန်တော် သည် ဒေါက်တာထွန်းဝင်း၏ စာဖတ်ပရိသတ်တစ်ဦး ဖြစ်ပြီး သူ၏ နားလည်လွယ်သော ဆောင်းပါးပေါင်းများ စွာ ကို ဖတ်ဖူးခဲ့ပါသည်။ ယခုအခါ ဤစာအုပ်၌ အမှာ စာရေး ခွင့်ရသော အခါ ဤစာအုပ်တွင် ဟိုတယ်များ နှင့် ဆိုင် သော သဘာဝပတ်ဝန်းကျင်ရေး ရာများ ပါရှိ၍ စာအုပ်ပါရေး သားချက်များ သည် ကျွန်တော် ၏ စိတ်နှလုံးနှင့် ထပ်တူထပ်မျှ ဖြစ်ပါသဖြင့် အထူးဝမ်းသာမိပါသည်။
အပြည်ပြည်ဆိုင်ရာ ဟိုတယ်လုပ်ငန်းများ သည် ဒေသတစ်ခုတွင် ရင်းနှီးမြှုပ်နှံသော အခါ သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှု များ ကို ပြုလုပ်ရာ၌ နှေးကွေး လေးလံကြသည်တော့ မဟုတ်ပါ။ ဖွံ့ဖြိုးမှု နောက်ကျသော ဒေသများ တွင် ရင်းနှီးမြှုပ်နှံရပါက ပိုမိုသိသာသော သဘာဝပတ်ဝန်းကျင်လုပ်ငန်းများ ကို ဆောင် ရွက်ကြပါသည်။
တာဝန်သိသော ဟိုတယ်လုပ်ငန်းရှင်များ နှင့် တာဝန်သိသော ဧည့်သည်များ သည် ဒေသခံများ ၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရန် သတိပြုကြရပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကို ကြိုဆို နေချိန်၌ နိုင်ငံတကာ ဟိုတယ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ ၏ သဘာဝပတ် ၀န်းကျင်ဆိုင်ရာ တာဝန်သိမှု ကို မျှော်မှန်းသည်ဆိုပါက သဘာဝကျပြီး ဖြစ်သင့် သော ကိစ္စပင် ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ကမ္ဘာကြီးပူနွေးလာမှု ကို တားဆီးရေး ၊ သဘာဝပတ်ဝန်း ကျင်အပေါ်၌ တာဝန်သိရေး တို့အတွက် များ ပြားလှသော ဆွေးနွေးပွဲများ ကို ကျွန်တော် တို့ မြင်တွေ့ ရဖူးပါသည်။သို့သော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ကိုလက်တွေ့ အကောင်အထည်ဖော်ရန်အတွက်မူကား အများ စုက ပျက်ကွက် ကြပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွသူ အနည်းငယ်ဖြင့် သာ ခရီးဆက် ခဲ့ကြရသည်ကို တွေ့ မြင်ရပါသည်။
ဒေသတစ်ခုချင်းကို အသေးစိတ်လေ့လာပါကလည်း သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ လမ်းညွှန်ချက်များ မရှိသည်တော့ မဟုတ်ပါ။ ဥပမာ ဤနေရာ၌ အမှိုက်မပုံရ၊ ပုံလျှင် ဒဏ်ငွေငါးရာကျပ်ပေးဆောင်ရမည် ဟူသော ဆိုင်းဘုတ် သည် အခြေခံအကျဆုံးနှင့် အရိုးရှင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှား ပုံ ဖြစ်ပါသည်။ ထိုအခါ လူအများ သည် အမှိုက်မပုံကြပါ။ ဤသို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းသည် ဒဏ်ငွေမဆောင်လိုသော ကြောင့် သာ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်သည် အသက်တမျှ အရေး ကြီးကြောင်း ကျယ်ကျယ်ပြန့် ပြန့် သဘောပေါက်၍ တော့ မဟုတ်ပါ။
ကျွန်တော် တို့ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကို နေ့စဉ် နှင့် အမျှ ဆောင်ရွက်ရန် လိုကြောင်း ကျယ်ကျယ်ပြန့်ပြန့် မသိ၍ ဗဟုသုတ ကွက်လပ် ဖြစ်ခဲ့ပါသည်။ ဤစာအုပ်သည် ထိုကွက်လပ်ကို ဖြည့်ပေးလိမ့်မည် ဟု ကျွန်တော် မြင် မိပါသည်။
Daniel Kyaw Thu Ya
Front Office Manager
Park Regis Hotel Singapore
andManaging Director
Pacific Diamond Hospitality Consultant Group
www.pacificdiamondhospitality.com
(စာရေး သူ၏ ကျေးဇူးတင်လွှာ)
ဤစာအုပ် ဖြစ်မြောက်ရန် အကြံပေးစေ့ဆော်အားပေးသော ဦးကျော်မိုးနိုင် (မန်နေဂျင်းဒါရိုက်တာKrislite Pte Ltd ) အား ကျေးဇူးတင်ရှိ ပါကြောင်း . . .
ဤစာအုပ် ဖြစ်လာရန် ဂျာနယ်၊ မဂ္ဂဇင်းများ တွင် ဖော်ပြပြီးခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးများ ကို စုစည်းခဲ့ခြင်း ဖြစ်ပါသည်။
ဆောင်း ပါးများ ကို ဖော်ပြပေးခဲ့သော True News, Hot News, The Farmer, ရန်ကုန်တိုင်း(မ်)ဂျာနယ်၊Venus News ဂျာနယ်နှင့် အောင်ပင်လယ်မဂ္ဂဇင်းတို့ အား ကျေးဇူးတင်ရှိပါသည်။
အမှာ စာရေး သားပေးသော သဘာဝပတ်ဝန်းကျင် ပညာရှင်နှင့် စိုက်ပျိုးရေး ကျွမ်းကျင်သူပါမောက(Ph.D) (London) ဒေါက်တာတိုးလှိုင် စိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခ(ငြိမ်း)နှင့် ဟိုတယ်လုပ်ငန်းကျွမ်း ကျင်ပညာရှင် ဦးကျော်သူရ @ Daniel Kyaw (Front Office Manager of Park Regis Hotel Singapore and Managing Director of Pacific Diamond Hospitality Consultant Group) တို့အားလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း . . .
ဒေါက်တာထွန်းဝင်း
ပညာအရည်အချင်း - - M.B.B.S., H.G.P Dip.D.S.,M.P.A
ထမ်းဆောင်ခဲ့သည့် တာဝန်များ - ကိုယ့်အားကိုယ်ကိုး ပြည်သူ့ဆေးရုံ တာဝန်ခံ၊ NGO ဆေးရုံ၏ ဆေး အရာရှိ WHO, UNDP, UNO-PS နှင့် INGO စီမံကိန်းများ တွင် မြို့နယ်စီမံကိန်း ညှိနှိုင်းရေး မှူး၊ အမျိုး သားစီမံကိန်း ညှိနှိုင်းရေး မှူးတာဝန်ခံ များ ၊ လူသားအရင်းအမြစ် စီမံခန့်ခွဲ ရေး မန်နေဂျာ၊ လူသာအရင်းအမြစ် စီမံခန့်ခွဲရေး ကိုယ်ပိုင်သင်တန်း။
တွေ့ ကြုံခဲ့သော အလုပ်ရုံဆွေးနွေးပွဲများ - နိုင်ငံခြားသားများ နှင့် အတူ တက် ရောက်ခဲ့သော ၀ပ်ရှော့၊ ညီလာခံ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံအရေ အတွက် ၅၀ ခန့်၊ မိမိကိုယ်တိုင် ဦးစီး ၍ INGO ပြည်တွင်း INGOကုမ္ပဏီ၊ တောင်သူဦးကြီးများ ကို ကျင်းပပေးခဲ့သော ၀ပ်ရှော့အရေ အတွက် ၅၀ ခန့်။
လက်ရှိအလုပ်အကိုင် - စာရေး ဆရာ အ ဖြစ်လုပ်ကိုင်လျက်ရှိ ပြီး Human Resource Man agement, Admin Management, Project Cycle Management, Good Governance amp Public Policy, Policy Making For Companies ဘာသာရပ်အတွက်NGO များ နှင့် ကုမ္ပဏီများ သို့Freelance Training Consultant အ ဖြစ် လုပ်ကိုင် လျက်ရှိသည်။
ရေး သားခဲ့သော ဆောင်းပါးပုဒ်ရေ - ၁၀၀၀ ခန့်
ရေး သားပြီးလုံးချင်း - ၃၀ အုပ်
မြန်မာမဂ္ဂဇင်းများ တွင် စတင်ရေး သား - ၁၉၈၇ - ခုနှစ် သော ခုနှစ်
နိုင်ငံခြားမဂ္ဂဇင်းတွင် စတင်ရေး သား - ၂၀၀၀ - ခုနှစ် သော ခုနှစ်
မိမိဘ၀မျှော်လင့်ချက် - လူ့ဘ၀၀ယ် မသေမီစပ်ကြား၌ ပျား ရည်ထုတ်လုပ်ပေးသော ပျားတစ် ကောင်လောက်တော့ အနည်းဆုံး တန်ဖိုးရှိချင်သည်။
ဤစာအုပ်အတွက် မျှော်လင့်ချက် - ဖွံ့ဖြိုးသော တိုင်းပြည် တည်ဆောက်
အတိုင်းအတာ ရာတွင် အနည်းဆုံး အုတ်တစ်ချပ် သဲတစ်ပွင့်ပမာဏ။
(၁)
တစ်နေ့သ၌ ကျွန်တော် ၏ စာဖတ်ပရိတ်သတ်တစ်ဦးက ကျွန်တော့် ထံ သို့ ရောက်လာပါသည်။ သူက ထူးဆန်းတဲ့ အကြံတစ်ခုပေးပါတယ်။
ဘာအကြံ လဲဆိုတော့ အနာဂတ်နဲ့ ဆိုင်တဲ့ ဆောင်းပါးရေး ပါဦးလို့ ဆိုပါတယ်။ ဒီလိုထူးထူး ဆန်းဆန်းအကြံမျိုးဟာ တန်ဖိုးရှိပါတယ်။
အနာဂတ်နဲ့ ဆိုင်တဲ့ ဆောင်းပါးဆိုတာ ရဲ့ အဓိပ္ပာယ်ကို ပိုပြီးပေါ်လွင်စေချင်လို့ အတိတ်နဲ့ ဆိုင်တဲ့ ဆောင်းပါးဆိုတာ ဘာလဲ ပစ္စုပ္ပန်နဲ့ ဆိုင်တဲ့ ဆောင်းပါးဆိုတာဘာလဲဆိုတာ ဥပမာပေးချင်ပါတယ်။
အတိတ်နဲ့ ဆိုင်တဲ့ ဆောင်းပါးဆိုတာ ကတော့ ဥပမာ အတိတ်ကာလတုန်း က အင်္ဂလိပ်က မြန်မာကို အနိုင်ကျင့်ပြီး ကိုလိုနီနိုင်ငံလုပ်ခဲ့တယ်။ ဒီတော့ အင်္ဂလိပ်ရဲ့ လုပ်ပုံ ကတော့ မကောင်းဘူးဆိုတာ အထူးပြောစရာမလိုပါဘူး။
ဒီတော့ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့စနစ်ဆန့်ကျင်ရေး ဆောင်းပါးရေး တာမျိုးက အတိတ်နဲ့ ဆိုင် ပါတယ်။ ပစ္စုပ္ပန်နဲ့ ဆိုင်တဲ့ ဆောင်းပါးမျိုး ကတော့ ယခုနှစ် ထဲမှာ ပဲ အမျိုးသား လိင်တူချစ်သူနှစ် ဦးဟာ ပေါ်ပေါ်ထင်ထင် မင်္ဂလာနှစ် ပတ်လည်အခမ်းအနားလုပ် ပါတယ်။ ဒီတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ မတူညီတဲ့အမြင်တွေ ၊ ဆန့်ကျင်တာတွေ ၊ နားလည်ပေးတာတွေ စသဖြင့် အာဘော်ဆောင်းပါးတွေ အများ ကြီးပေါ်လာတာ မျိုး ကတော့ ပစ္စုပ္ပန်နဲ့ ဆိုင်တဲ့ဆောင်းပါး ဖြစ်ပါတယ်။
အနာဂတ်နဲ့ ဆိုင်တဲ့ဆောင်းပါးဆိုတာ ကတော့ ကျွန်တော် ရဲ့ စာဖတ်ပရိ သတ်ကပဲပြောပြသွားတာပါ။
ယခုဆိုရင် နေရောင် ခြည်မှာ ခရမ်းလွန်ရောင် ခြည် ပြင်းအားကို တိုင်းတဲ့ညွှန်းကိန်းက အဆင့်(၁၂)လောက် ဖြစ်နေပါပြီ။ ဒီတော့ အရေပြားကင်ဆာအထိပြင်းထန်တဲ့ ရောဂါ မျိုး ဖြစ်နိုင်ပါတယ်။ နောင်အခါမှာ သဘာဝပတ်ဝန်းကျင်ယိုယွင်းလာရင် ပြင်းအားအဆင့် (၁၅)လောက် ခရမ်းလွန် ရောင် ခြည် ဖြစ်မလာအောင် ဘယ်လိုကာကွယ်မလဲ။ ယခုထဲက ဆောင်းပါးရေး ပါလားလို့ ဆိုပါတယ်။ အဲဒီ အကြံဟာ အတော် ကောင်းတဲ့ အကြံဥာဏ် ဖြစ်နေပါ တယ်။
အနာဂတ်မှာ ခရမ်းလွန်ရောင် ခြည်ပိုမြင့်တက်လာမှု ကိုကြိုပြီး တွေးထား တာပါ။ အနာဂတ် ဖြစ်လို့ လူငယ်တွေ နဲ့ လည်းဆိုင်ပါတယ်။ ခရမ်းလွန်ရောင် ခြည် အန္တရာယ်ကို ထောက်ပြလို့ ကျန်းမာရေး နဲ့ လည်းဆိုင်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ လည်း သက်ဆိုင်လို့ ဤဆောင်းပါးကို တင်ဆက်အပ်ပါတယ်။
တကယ်တော့ ခရမ်းလွန်ရောင် ခြည်ညွှန်းကိန်းတွေ မြင့်နေတယ်ဆိုတာ နေမင်းကြီးမှာ အပြစ်မရှိပါဘူး။ ရှေးယခင် ပဝေသဏီကတည်းကနေမင်းကြီးဟာ ခရမ်းလွန်ရောင် ခြည်ပြင်းအားမြောက်မြားစွာ ပါတဲ့ နေရောင် နဲ့ ကမ္ဘာကို အနွေး ဓာတ်ပေးပါတယ်။
နေရောင် ဟာ သစ်ရွက်၊ သစ်ပင်တွေ နဲ့ ထိတွေ့ ပြီး သစ်ပင်တွေ က လူ တွေ အတွက် ကောက်ပဲသီးနှံ၊ အောက်ဆီဂျင်ဓာတ်ငွေ့တွေ ဖြစ်ပေါ်စေပါတယ်။ လူခန္ဓာကိုယ်ထဲက ဗီတာမင်((D)) ကိုလည်း အရည်အသွေးကောင်းစေပါတယ်။ နေရောင် ထဲမှာ ပါတဲ့ ခရမ်းလွန်ရောင် ခြည်တွေ ဟာ ကမ္ဘာမြေပေါ်ကို မရောက် အောင် ကမ္ဘာ့လေထုထဲမှာ အိုဇုန်းဓာတ်ငွေ့လွှာ (Ozone Layer) က ကာ ကွယ်ထားပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ စက်မှု လုပ်ငန်းထွန်းကားလို့ ထုတ်လွှတ် တဲ့ မီးခိုး၊ အညစ်အကြေး စတဲ့ဘေးထွက်ပစ္စည်းတွေ ကြောင့် အိုဇုန်းလွှာပျက်စီး ပြီး နေရောင် ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင် ခြည် Ultra Violet Ray ကို ပြည့်ပြည့်၀၀မကာကွယ်နိုင်တော့လို့ ခရမ်းလွန်ရောင် ခြည်တွေ ကမ္ဘာပေါ်မှာ ရောက်လာပါတယ်။
ရှေးယခင်တုန်း ကတော့ အိုဇုန်းလွှာအလွန်အားကောင်းလို့ ခရမ်းလွန်ရောင် ခြည်အလွန်နည်းတဲ့ နေရောင် သာ ကမ္ဘာပေါ်မှာ ကျရောက်ပါတယ်။ အနာဂတ်မှာ အိုဇုန်းလွှာပါးသထက်ပါးပြီး ခရမ်းလွန်ရောင် ခြည်များ သထက်များ ရင် အနာဂတ်ကမ္ဘာမြေကြီးကို အမွေဆက်ခံမယ့် လူငယ်တွေ ရဲ့ လက်ထက်မှာ စိုးရိမ်စရာပါ။ ကျွန်တော် အပါအ၀င် ယခုခေတ် လူကြီးတွေ ကတော့ အနာဂတ် မှာ လူအို ရောဂါ နဲ့ အနိစ္စရောက်လောက်ပါပြီ။
ဒါကြောင့် လူငယ်တွေ ဟာ မိမိတို့ပိုင်ဆိုင်မယ့် အနာဂတ်ကမ္ဘာမြေကြီး ရဲ့ နေရောင် ခြည်အရည်အသွေးကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာ ယခုကစပြီး စဉ်းစားသင့်ပါတယ်။
နေရောင် ခြည်ကနေပြီးတော့ ကမ္ဘာမြေကြီးကို အမျိုးအစားပေါင်းများ စွာ သော လက်ဆောင်တွေ ပေးပါတယ်။ ဥပမာအားဖြင့် နေရောင် ခြည်ကို မှန်ဘီ လူးကိုဖြတ်စေရင် အလွန်ပူပြင်းလို့ ထမင်းချက်လို့ရတယ်။ ပင်လယ်ကမ်းခြေမှာ နေရောင် ခြည်ကို အသုံးပြုပြီး ပင်လယ်ရေကနေ ဆားချက်လို့ရတယ်။ နေရောင် ခြည်ကိုသုံးပြီး ငါးခြောက်ထုတ်လုပ်ရေး လုပ်လို့ရတယ်။ နေရောင် ခြည်နဲ့ အ၀တ် လှမ်းလို့ရတယ် စသဖြင့် လက်ဆောင်အမျိုးအစားတွေ များ စွာ ရှိပါတယ်။ အဲဒီ လက်ဆောင်များ အနက် လူ့လောကအတွက် တော် တော် ကောင်းတဲ့ လက်ဆောင် တစ်ခု ကတော့ နေရောင် ခြည်ကတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်လို့ရခြင်း ပဲ ဖြစ်ပါတော့တယ်။
တကယ်တော့ လျှပ်စစ်ဆိုတာ နိုင်ငံတစ်ခုဖွံ့ ဖြိုးရေး အတွက် အရေး ကြီးလွန်းလှပါတယ်။ လူငယ်တွေ လျှပ်စစ်ဓာတ်အားရှိမှသာ ကွန်ပျူတာသုံးလို့ ရမှာ ပါ။ စာကြည့်ရန်၊ စာရေး ရန်၊ တီဗွီ၊ အဲကွန်း၊ ရေခဲသေတ္တာ၊ ပန်ကာ၊ မီးပူ၊ မီးဖိုတွေ ကို လျှပ်စစ်နဲ့ မောင်းနှင်ရပါတယ်။
ဆိုလာပလိတ်ပြားများ နှင့် နေရောင် ခြည်မှ လျှပ်စစ်ဓာတ်အားထုတ်လို့ ရနေတာဟာဆိုရင် မျက်မှော က်ခေတ်ကာလမှာ အားလုံးသိကြမှာ ပါ။ ကျေး လက်ဒေသတွေ မှာ ဆိုရင်လည်း တစ်နိုင်တစ်ပိုင်ဆိုလာပလိပ်ပြားများ ဖြင့် လျှပ် စစ်မီးလင်းနိုင်ပါပြီ။
ရေအားလျှပ်စစ်၊ လောင်စာဖြင့် မောင်းနှင်ရသော ဂျင်နရေတာ များ မှ ရသော လျှပ်စစ်များ နည်းလာပြီး အနာဂတ်မှာ လျှပ်စစ်သုံးစွဲမှု များ လာရင် ဆိုလာ လျှပ်စစ်ဟာ ယနေ့ခေတ်လူငယ်တွေ အတွက် ရွေးချယ်စရာနောက်တစ်ခု ဖြစ် နေပါတော့တယ်။ ဘာကြောင့် လဲဆိုတော့ နေရောင် ခြည်က လိုချင်သလောက် ရနေလို့ လျှပ်စစ်ကုန်ကျစရိတ်တွေ ဈေးတက်ရင် နေရောင် ခြည်က အခက်အခဲ ကို တစ်စိတ်တစ်ဒေသဖြေရှင်းပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပျမ်းမျှအားဖြင့် ဆိုလာပြားစိုက်ထူရင် တစ်နေ့ကို နေရောင် ခြည်ရရှိနှုန်းက (၅)နာရီ၊(5 Hours per day) ဖြစ်ပါတယ်။ အဲဒါဟာ လျှပ် စစ်ပမာဏကိုကောင်းကောင်းထုတ်နိုင်တဲ့အချိန် ဖြစ်ပါတယ်။ ဖွံ့ ဖြိုးဆဲနိုင်ငံတွေ မှာ ဆိုလာလျှပ်စစ်ထုတ်လုပ်ရေး အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိလာနိုင်သလို တစ်ဖက်ကလည်း ကျေးလက်ဒေသတွေ မှာ မိမိတို့ တစ်နိုင်တစ်ပိုင်ဆိုလာပြား တွေ တပ်ဆင်ထားကြတာတွေ့ ခဲ့ဖူးပါတယ်။
ကျွန်တော် ဟာ INGO စီမံကိန်းတစ်ခုမှာ လုပ်တုန်းက ဆေးရုံတစ်ရုံ မှာ INGOဘတ်ဂျက်နဲ့ ဆိုလာစွမ်းအင်သုံးရေခဲသေတ္တာတပ်ဆင်ပေးဖူးပါတယ်။ လျှပ်စစ်မီးပျက်မှာ မကြောက်ရတော့ဘဲ ကလေးသူငယ် ရောဂါ ကာကွယ်ဆေး များ ကို ဆိုလာရေခဲသေတ္တာမှာ သိုလှောင်ထားနိုင်ပါတယ်။ ဆိုလာလျှပ်စစ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်ရင် လေထုညစ်ညမ်းမှု များ စွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် အိုဇုန်းလွှာ ပျက်စီးမှု ကာကွယ်နိုင်ပြီး အိုဇုန်းလွှာ ကျန်းမာလာရင် ခရမ်း လွန်ရောင် ခြည်တွေ များ လာမှာ သိပ်မပူရတော့ပါဘူး။ ဒါဆိုရင် နွေရာသီမှာ အနာဂတ်မှာ နေပူထဲထွက်ရင် ခရမ်းလွန်ရောင် ခြည်ကာကွယ်ရေး ခရင်လိမ်းတဲ့ နှုန်းတောင် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ကျေးလက်ပြည်သူအချို့ဟာဆိုရင် ဆိုလာလျှပ်စစ်ကို စိတ်ဝင်စားကြ တာတွေ့ ဖူးပါတယ်။ အင်တာနက်သတင်းများ အရ ဖွံ့ ဖြိုးပြီးနိုင်ငံတွေ မှာ ဆိုလာ ပါဝါသုံးဟိုတယ်များ ၊ ဆိုလာပါဝါသုံး လူနေအိမ်များ တည်ဆောက်ကြပါတယ်။ အဲဒါဟာ အနာဂတ်ကမ္ဘာမြေကြီးပတ်ဝန်းကျင်ထိခိုက်မှု မရှိရန် စိတ်ပူလို့ပဲ ဖြစ် ပါတယ်။
လူငယ်တွေ ဟာ အနာဂတ်သဘာဝပတ်ဝန်းကျင်အတွက် စိတ်ပူကြ မယ်ဆိုရင် ကောင်းတဲ့လက္ခဏာပဲ ဖြစ်ပါတယ်လို့ ဆိုချင်ပါကြောင်း . . . ။
ကျွန်တော် သည် ရန်ကုန်သားစစ်စစ် ဖြစ်ပါသည်။ ကျွန်တော် တို့ငယ်ငယ် တုန်းက ဆယ်ကျော်သက်ဘ၀တွင် ရန်ကုန်မြို့ ကြီးသည် ယခုကဲ့သို့မော်တော် ကား မီးခိုးတွေ များ ပြားခြင်းမရှိသေးပါ။ နောက်ဆုံးပေါ် ကားနံပါတ်လောက်မှာ (ဇ) (ဈ) လောက်သာ ဖြစ်၏ ။ မီးစက်တွေ လည်းမပေါသေးပါ။ မီးပျက်လျှင် ဖယောင်း တိုင်ထွန်း၍ စာကျက်ပါသည်။
ထိုစဉ်က နာမည် ကြီးဂျပန်ရုပ်ရှင်ကားတစ်ကားမှာ့ Love and Death (အချစ်နှင့် သေခြင်း) ဖြစ်ပြီး သမ္မတရုံ၌ ရုံတင်ရာ နာမည် ကြီးပါ၏ ။ ၎င်းရုပ်ရှင်ကားတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ကြီး၏ ရှုခင်းတွေ ကိုရိုက်ပြရာ ထိုစဉ်ကဂျပန်ဆလွန်းကားမော် ဒယ်မြင့်တွေ ကို အားကျခဲ့ရသည်။
ထိုစဉ်က ရန်ကုန်မြို့တွင် မာဇဒါဖယ်မလီယာတံခါးလေးပေါက်၊ မာဇဒါ ဆီဒင်တို့လောက်ကို နောက်ဆုံးပေါ်လုပ်၍ စီးနေရပါ၏ ။ ဂျပန်နိုင်ငံ၌ လမ်းမကြီးတွေ ပေါ်မှာ ကားတွေ အဆက်မပြတ်တာကိုကြည့်ပြီး အားကျခဲ့ရ၏ ။ ယခုတော့ ဒါတွေ ကိုပြန်စဉ်းစားသော အခါ ဂျပန်နိုင်ငံတွင် ထိုခေတ်ကတည်းက လေထုညစ်ညမ်းနေ ပါပြီ။ ယခုအခါ (၂၀၁၁)မှာ တော့ အတိတ်ကာလက မော်တော် ကားမီးခိုးနည်းခဲ့ သော ရန်ကုန်မြို့ ကြီးကို ပြန်လည်လွမ်းဆွတ်ရပါပြီ။
၂၀၁၁ အရောက်တွင် တော့ ကျွန်တော့် တွင် အက်စမာ Asthma ခေါ် ပန်းနာရင်ကြပ် ရောဂါ စွဲကပ်လာပါ၏ ။ ရင်ကြပ်သမားဆိုသည်က လေကောင်းလေ သန့်ကို အလွန်မြတ်နိုးသည်။ အောက်ဆီဂျင်ပြည့်ဝများ ပြားသော လေကို ရှူသွင်းချင် သည်။ သို့သော် ၂၀၁၁ ၀ယ် ကျွန်တော် နေထိုင်သော ရန်ကုန်မြို့သည် လေကောင်း လေသန့်မရတော့ပါ။
သို့နှင့် ကျွန်တော် သည် နံနက်စောစောထ၍ လမ်းလျှောက်ပါသည်။ သိပ်ပြီးတော့လည်း စောစောမထရဲပါ။ သိပ်ပြီးစောလွန်းပါက သူခိုးနဲ့ မှားပြီး ခွေး ကိုက်ခံရမှာ စိုးရပါသည်။ ဒီတော့ ကျွန်တော် သည် နံနက်(၆)နာရီမထိုးခင်လောက် စောစောထ၍ လမ်းလျှောက်ပါသည်။ သို့သော် ထိုအချိန်မှာ လည်း မော်တော် ကား တွေ က ဥဒဟိုသွားလာနေပြီ ဖြစ်ပါသော ကြောင့် ကားမီးခိုးရှူရသည်သာ ဖြစ်ပါ၏ ။
ကျွန်တော့် ဇနီးသည်က ကျွန်တော် ၏ ကျန်းမာရေး ကို ဂရုစိုက်ဖော်ရပြီး ကျန်းမာရေး အကြံပေးလည်းလုပ်ပါ၏ ။ သူမ၏ အကြံပြုချက်အရ ရန်ကုန်မြို့ထဲက ဘုရားရင်ပြင်တော် တွေ ကိုသွားပြီး လေကောင်းလေသန့်ရှူပါသည်။ သို့သော် ဘုရား ရင်ပြင်တော် ပေါ်ရောက်တော့ အမွှေးတိုင်ရနဲ့၊ ပန်းရနဲ့၊ ဖယောင်းတိုင်မီးခိုးတွေ ရှိ၍ လေကသန့်လွန်းလှသည်ဟု မဆိုသာပါ။
သို့နှင့် ဇနီးသည်၏ အကြံပြုချက်အရ တစ်ခုသော ညနေဆည်းဆာဝယ် ကျွန်တော် တို့လင်မယားနှစ် ယောက် သည် အင်းလျားကန်၊ ကန်ပေါင်ရိုးသို့သွား၍ လေကောင်းလေသန့်ရှူရန် အကြံထုတ်ပါ၏ ။
သို့နှင့် ကျွန်တော် တို့လင်မယား အင်းလျားကန်ပေါင်သို့သွားကြရာ ကန် ပေါင်ပေါ်ရောက်တော့ ဆယ်ကျော်သက်စုံတွဲ တွေ နဲ့ ပြည့်နေပါ၏ ။ အသက် ၅၀ ကျော် ကျွန်တော် နှင့် အသက် ၄၀ တွင်း ကျွန်တော် ၏ ဇနီးသည်တို့စုံတွဲ အင်းလျား ကန်ပေါင် ရောက်သွားသော အခါ ကျွန်တော် တို့၏ ရည်ရွယ်ချက်က လေကောင်းလေ သန့်ရှူရန်ပါ။ သို့သော် ပတ်ဝန်းကျင်က ငါးဆယ်ကျော်စုံတွဲ ဘာလာလုပ်တာလဲ ကွက်ကြည့်ကွက်ကြည့်လုပ်ကြရာ ကျွန်တော် တို့၏ ဆယ်ကျော်သက်မြေးစုံတွဲ လိုက် ရှာတယ်ထင်သလား မသိပါ။ ကျွန်တော် တို့ လင်မယားခပ်ရှက်ရှက်နဲ့ ပြန်ပြေးလာ ကြပြန်ပါ၏ ။
တစ်ဖန် ကျွန်တော် ၏ ဇနီးသည်အား သူမ၏ မိတ်ဆွေတစ်ဦးက ပြောသည် ဆိုပါ၏ ။ ဗိုလ်တစ်ထောင်ဘုရားဝင်းထဲဝင်သွားရင် ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ လေကောင်းလေသန့်ရတယ် ဆိုပါ၏ ။
သို့နှင့် ကျွန်တော် တို့လင်မယားသည် Taxi ငှား၍ စမ်းချောင်းမြို့နယ်မှနေ ၍ ဗိုလ်တစ်ထောင်သို့ သွားကြ၏ ။
မြန်မာပြည်က Taxi u Air Con ပါတာမဟုတ်ပါ။ တစ်ခါတော့Taxi မီးပွိုင့်၌ ရပ်နေ၏ ။ ထိုစဉ် ကုန်ကားကြီးတစ်စင်း Taxi ဘေး၌ လာရပ်၏ ။
“၀ရုတ် ၀ရုတ် ၀ရုတ်”
အဲဒါက ကုန်ကားကြီးရဲ့ စက်သံပါ။ ပြီးတော့ အိပ်ဇောမီးခိုးတွေ က Taxi ကားထဲ အလုံးလိုက်ဝင်လာပါ၏ ။
“အဟွတ် အဟွတ် အဟွတ်”
အဲဒါက မီးခိုးရှူရ၍ ကျွန်တော် ၏ ချောင်းဆိုးသံ ဖြစ်ပါတော့သည်။ ဒီတော့ ဗိုလ်တထောင်ဆိပ်ကမ်းက လေကောင်းလေသန့်ကနောက်၊ မော်တော် ကားမီးခိုးက အရင် ဖြစ်၍ ဆိပ်ကမ်းသွားပြီး လေသန့်ရှူသော အလုပ်သည်လည်း အားမကိုး လောက်ပြန်ပါ။
သို့နှင့် ကျွန်တော် တို့လင်မယားသည် တိရစ္ဆာန်ရုံထဲပဲသွားရမလိုလို၊ ကန် တော် ကြီးစောင်းပဲသွား၍ လေသန့်ရှူရမလိုလိုနှင့် ရန်ကုန်မြို့၏ အရပ်ရှစ်မျက်နှာကို နှံ့စပ်ခဲ့ရပါသည်။ ရန်ကုန်သားစစ်စစ် ဖြစ်ပြီး ရန်ကုန်ဇာတိ ဖြစ်သော ကျွန်တော် သည် ဘယ်နေရာသွားပြီး လေကောင်းလေသန့်ရှူရမလဲဆိုတာ မစဉ်းစားတတ်တော့ပါ။
သို့သော်ငြားလည်း ဥာဏ်မီသလောက် နဖူးပေါ်လက်တင်စဉ်းစားရင်း ကျွန်တော် သည် အိပ်ပျော် သွားပါသည်။ တစ်ဖန်နိုးလာသော အခါ တစ်ရေး နိုးသော် အကြံပေါ်ဆိုသလို လူ တစ်ယောက် ၏ မျက်နှာဓာတ်ပုံက ကျွန်တော် ၏ မျက်စိထဲ၌ လာပေါ်နေ၏ ။ ထိုသူကား အသက်ရှူသော အခါ ပြည့်ဝသော အောက်ဆီဂျင် (Oxygen) ရနေပါ၏ ။ သူကားအခြားမဟုတ်ပါ။ အထင်ကရ စာရေး ဆရာကြီး လူထုစိန်ဝင်းပါ။ သူက အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ပါ။ “ဟုတ်ပြီ” “ဟုတ်ပြီ” ဟု ကျွန်တော် ရေရွတ်မိ၏ ။ ကျွန်တော် သည် ဆရာကြီးလူထုစိန်ဝင်းကို အားကျမိ ပါ၏ ။ သူ ကတော့ ဘာကြောင့် အောက်ဆီဂျင်ရှူနေတာလဲ၊ သူ့ ရောဂါ ကိုကျွန်တော် သေသေချာချာမသိ။ သို့သော် သေချာတာတစ်ခုရှိပါ၏ ။ ဘာလဲဆိုတော့ ရှူတဲ့လေ ကတော့ ပြည့်ဝအောက်ဆီဂျင်ပါ။
ကျွန်တော့် လို ပန်းနာရင်ကျပ်သမား တစ်ယောက် ဖို့ သူ့ကိုအားကျစရာပါ။ အောက်ဆီဂျင်ရရေး အတွက် ဗိုလ်တထောင်ဆိပ်ကမ်းလည်း သွားစရာမလို၊ အင်းလျားကန်ပေါင်လည်း သွားစရာမလိုပါ။ ရွှေတိဂုံဘုရားရင်ပြင်၊ ကန်တော် ကြီး စောင်း၊ တိရစ္ဆာန်ရုံတို့ကိုလည်း သွားစရာမလိုတော့ပါ။ ရန်ကုန်မြို့ထဲက မော်တော် ကား အိပ်ဇောမီးခိုးတွေ ကိုလည်း ကြောက်စရာမလိုတော့ပါ။
ကျွန်တော် သည်ဆက်လက်၍ အတွေးနယ်ချဲ့မိပါသည်။ နောက်ဆယ်နှစ် လောက်များ ကြာရင် ကျွန်တော် တို့ရန်ကုန်မြို့ ကြီး ဒီထက်များ ပိုပြီးလေထုညစ်ညမ်း နေမှာ လား။ ကမ္ဘာကြီးပိုပြီး ပူနွေးလာပြီလား။ သစ်တောတွေ ပိုမိုပြုန်းတီးလာမှာ လား။ ကျွန်တော် ခန့်မှန်းမိပါ၏ ။ သို့သော် ပညာရှင်မဟုတ်၍ တိတိကျကျတော့ ခန့်မှန်းရန် မလွယ်ပါ။
သို့သော် ယခုထက်ပို၍ မော်တော် ကားမီးခိုးတွေ များ နေလျှင် အသက်ရှူ လမ်းကြောင်း ရောဂါ ရှိသူတွေ သည် ရန်ကုန်မြို့ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လို့ လွယ်မှာ မဟုတ်တော့ပါ။
ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော် တို့သည် ကျောပိုးအိတ်ထဲမှာ အောက်ဆီဂျင်ဆိုင်လင်ဒါဗူးလေးထည့်ပြီး နှာခေါင်းပိုက်တန်းလန်းနဲ့ လမ်းလျှောက် ရပါက ကျွန်တော် တို့သည် ဆရာကြီးလူထုစိန်ဝင်းကို အတုခိုးသည်ဟုထင်စရာပါ။ တကယ်တော့ အတုခိုးထားမိတာရှိပါသည်။ ဘာလဲဆိုတော့ သူ့ရဲ့ စေတနာမှန်ခြင်း ကို အတုခိုးမိပါ၏ ။ နောင်အနာဂတ်တွင် အောက်ဆီဂျင်ပိုက်ကို အတုခိုးရတော့မှာ လား မဆိုနိုင်ပါ။ ဒါဆိုရင် ဆရာကြီးလူထုစိန်ဝင်း၏ ကျေးဇူးကြီးပါသည်ဟု ဆိုချင် ပါ၏ ။
ကျွန်တော် ကတော့ ဂျပန်နိုင်ငံမှာ ကားတွေ များ တာကိုအားမကျတော့ပါ။ ငယ်ငယ်တုန်းက နယ်မှာ နေစဉ်တုန်းက မြင်းလှည်း၊ ဆိုက်ကား၊ စက်ဘီးစတာတွေ ကို လွမ်းမိပါသည်။
ယနေ့ ကျွန်တော် တို့လူသားတွေ သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ် ငန်းကို စနစ်တကျလုပ်ရင်လုပ်၊ မလုပ်လို့ ကတော့ တစ်နေ့နေ့မှာ ကျွန်တော် တို့ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ လမ်းမလျှောက်ရဘူးလို့ ဘယ်သူမှအာမ,မခံနိုင် ကြောင်း ဆော်သြလိုက်ပါကြောင်း။
Hot News
အတွဲ ၂၊ အမှတ် ၅၅၊ ၂၀၁၁။