
စာရေး သူ၏ အမှာ
ဤစာအုပ်၏ အမည် က သမ္မတ ဖြစ်လိုသူများ အတွက် စစ်ရေး အမြင်နှင့် အခြားကျင့်စဉ်များ ဖြစ်ရာ အပိုင်း(၂)ပိုင်းခွဲခြားလိုပါသည်။ပထမပိုင်းက အနာဂါတ်တွင် နိုင်ငံတော် သမ္မတ ဖြစ်သူ လူငယ်များ အတွက် စစ်ရေး အမြင်ဟူသော ဆောင်းပါး ဖြစ်ရာ ၄င်းအတွက်အမှာ ကတော့ သက်ဆိုင်ရာ ဆောင်းပါး၌ ဖော်ပြပြီး ဖြစ်ပါသည်။ ဒုတိယအပိုင်း ကတော့ သမ္မတ ဖြစ်လိုသူများ အတွက် အခြားကျင့်စဉ်များ ဆိုတာနှင့် စပ်လျဉ်း၍ အမှာ ရေး ရလျှင် သမ္မတဆိုသည့်စကားအဓိပ္ပါယ်အကြီးအမှူးဟူ၍ ဖြစ်ရာ သမ္မတကြီးအိုဘားမား၊ သမ္မကြီးပူတင်စသည့်တို့၏ ရာထူးမျိုးကို နိုင်ငံတော် သမ္မတဟုရေး ပါမှ ပိုမိုပြည့်စုံပါမည် ။ သမ္မတကို အင်္ဂလိပ်ဝေါဟာဖြင့် PRESIDENTဟုခေါ်ရာနိုင်ငံတော် အဆင့်အကြီးအမှူးမဟုတ်သော အင်ဂျီအို ဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌအမျိုးမျိုးတို့သည် PRESIDENT ဟု ခေါ်လေ့ရှိပါသည်။ မည် သို့ ပင် ဖြစ်စေ အကြီးအမှူးအ ဖြစ် စီမံခန့်ခွဲရသော သဘာဝ ကတော့ အနည်းနဲ့ အများ တူကြပါသည်။ အချိန်တစ်ခုတွင် နိုင်ငံတစ်ခု၌ နိုင်ငံတော် သမ္မတ တစ်ယောက် တည်းသာ ဖြစ်ရာ နိုင်ငံတော် သမ္မတ ဖြစ်ရန်အခွင့်အလမ်းသည် အလွန်ခက်ခဲမည် ဖြစ်သော်လည်း ဥက္ကဋ္ဌရာထူးအမျိုးမျိုးနေရာတွေ ကတော့ အနာဂါတ်မှာ လူငယ်များ စွာ ကလုပ်ရတော့မည် ဖြစ်ရာ ဤစာအုပ်သည် လူငယ်တော် တော် များများ ကို အထောက်အပံ့ပြုမည် ဟု ယုံကြပါသည်။
အပင်မြင့်လေ လေတိုက်လေ ဖြစ်တယ်ဟု ဆိုရိုးရှိရာသမ္မတ၊ ဥက္ကဋ္ဌ လုပ်ကြမည့် သူများ သည် များ စွာ သော စိန်ခေါ်မူ၊သွေးတိုးစမ်းမူ၊ အန္တရာယ်စွန့်စားခြင်း စသည်များ နှင့် ရင်ဆိုင်ရမည် ဖြစ်ပါသည်။ အမေရိကန်သမ္မတကြီးများ ဖြစ်ကြသော အီဗရာဟင်၊လင်ကွန်း၊ ဂျွန်အက်ကနေဒီ စသူတို့သည် လုပ်ကြံခြင်းပင်ခံရခဲ့ရပါသည်။ ဤသို့ သာ ကိစ္စမျိုးကို ကျော်လွှားနိုင်ရန် သမ္မတကြီးတို့၏ ပညာ၊ ဥာဏ်၊ သတိ၊ သီလ၊ အမြင်၊ သုတ၊ သစ္စာပြုပုံတို့ဖြင့် ကျော်လွှားရပါမည် ။ ဤစာအုပ်၌ ပညာ၊ ဥာဏ်၊ သတိ၊ သီလ အမြင်၊ သုတကျင့်စဉ်များ ကို ဖော်ပြရာ၌ ဘုရားဟောပရိတ်ကြီး (၁၁)နှင့် ဆက်စပ်ဖော်ပြထားပါသည်။
သမ္မတလုပ်လိုသည် ဖြစ်စေ၊ မလုပ်လိုသည် ဖြစ်စေ လူတိုင်းကျင့်ကြံအပ်သော ကျင့်စဉ်များ ဖြစ်သည်ဟု ဆိုချင်ပါကြောင်း . . .။
နေရာလိုချင်သူများ နှင့် မင်္ဂလသုတ်ဆက်စပ်ပုံ
နေရာလုတယ်ဆိုတာနဲ့ ရိုးသား စွာ ယှဉ်ပြိုင်ခြင်းဆိုတာ အဓိပ္ပာယ်မတူပါဘူး။
ကျွန်တော် (၁၆)နှစ် သားဘဝတုန်းက ဆယ်တန်းကျောင်းသားပါ။ အဲဒီ တုန်းက ကလေးလူငယ်ဆိုတော့ နေရာလုတာတွေ ဘာတွေ နားမလည်ခဲ့ရပါဘူး။ ဒါပေမဲ့ ဆယ်တန်းအောင်မြင်ပြီးရင် ဆေးတက္ကသိုလ်မှာ ကျောင်းတက်ခွင့်တစ်နေရာတော့လိုချင်တယ်။ ဒီတော့ရိုးရိုးပဲ ကြိုးစားခဲ့ရပါတယ်။ အဲဒီ တုန်းက ဆယ်တန်းဖြေတဲ့သူက နှစ် သိန်း၊ ထိုခေတ်က ဆေးတက္ကသိုလ်အားလုံးမှာ လက်ခံတဲ့အရေအတွက်က (၅၅ဝ)ဆိုတော့ယှဉ်ပြိုင်မှု တော့ရှိပါတယ်။
နေရာတစ်ခုအတွက် တံတောင်နဲ့ တွက်တယ်ဆိုခြင်းရဲ့ ဥပမာဥပမာ- ပစ္စည်းတစ်ခုကိုဝေမယ်ဆိုရင် လိုချင်သူတွေ တန်းစီရပါတယ်။ တန်းစီတဲ့သူတွေ က နေရာကိုကျော်တက်ကြတယ်။ ဒီတော့အချင်းချင်း တံတောင်နဲ့ တွက်တယ်။ ဒီတော့ ရန် ဖြစ်ကြတယ်။ ဒီတော့ခြေထိုးခံ၊ သပ်လျှို၊ ခွက်စောင်းခုတ် စတာတွေ ဟာ နေရာလုသူတွေ ရဲ့ သဘာဝ ဖြစ်ပါတယ်။
နေရာမလိုချင်ကြသူများ လည်း ရှိပါတယ်။
စာရေး ဆရာကြီး ဒဂုန်တာရာကို လွတ်လပ်ရေး ခေတ်ဦးကမြို့အုပ်ရာထူးပေးရာ ဆရာကြီးက ငြင်းပယ်ခဲ့ပါတယ်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေး လောကမှထွက်ပြီး စာရေး ဆရာလုပ်မယ်လို့ဆိုတော့ အစိုးရအဖွဲ့အတွင်းက နေရာတစ်နေရာကိုမလိုချင်တာထင်ရှားပါတယ်။ ကျွန်တော့် ရဲ့ အသက်(၁၄)နှစ် သားတုန်းက ရှစ်တန်းကျောင်းသားဘဝမှာ (၁၄)နှစ် အရွယ် ကျောင်းသူမိန်းကလေး တစ်ယောက် ကိုရည်းစားစာပေးဖူးတယ်။ သူကကျွန်တော့် ကို အဖြူအမည်းကွဲပြားတဲ့အဖြေမပေးပါ။ စိတ်ဝင်စားဟန်လည်းသိပ်မပြပါဘူး။ ဒီတော့ကျွန်တော် စဉ်းစားတယ်။ သူရဲ့ နှလုံးသားမှာ ကျွန်တော့် အတွက်နေရာမရှိဘူးထင်လို့ အခြား တစ်ယောက် ကို ကျွန်တော် ပြောင်းကြိုက်လိုက်ပါတယ်။ ဒီတော့ သူကစိတ်ဆိုးသွားတယ်။ အချစ်နဲ့ ပတ်သက်ပြီးဇွဲမရှိတာဟာ တကယ်မချစ်လို့ပေါ့ဆိုပြီး တချို့ကဝေဖန်ကြသေးတယ်။
ထိုစဉ်တုန်းက ထွန်းဝင်းဟာဇွဲမရှိတာမဟုတ်ဘူး။ စော်ကားတာလည်းမဟုတ်ဘူး။ နေရာမလုတာပါ။ သူရဲ့ နှလုံးသားမှာ မိမိအတွက်နေရာမရှိဘူးထင်လို့ သူရဲ့ ဘေးမှာ ဝိုင်းဝိုင်းလည်နေတဲ့ ပုရိသယောက်ျာ.းသားတွေ ကို တံတောင်နဲ့ မကွက်၊ ခြေထိုးမခံချင်တာပါသူ။ သူကျေနပ်နိုင်ပါစေ။ ကျွန်တော် ဆရာဝန် ဖြစ်ပြီး ဆမရတဲ့အခါကျတော့ လက်ထောက်ဆရာဝန်ရာထူးအတွက် လျှောက်လွှာခေါ်တော့ ခန့်မယ့်နေရာအရေအတွက်က (၄ဝဝ)ခန့် ဖြစ်ပြီး လျှောက်ထားသူက တစ်ထောင်ကျော် ဖြစ်လို့ ရာထူးအတွက် စာမေးပွဲဖြေရပါတယ်။
နေရာတစ်ခုအတွက် စာမေးပွဲမဖြေချင်တော့ပါဘူး။ စားမေးပွဲဖြေရတာ ကို နေရာလုတယ်လို့ပြောတာမဟုတ်ဘူးနော်။ ရိုးသားစွာ ယှဉ်ပြိုင်ရတယ်လို့ပြောတာပါ။ ဒါပေမဲ့ ရိုးသားစွာ တောင်မယှဉ်ပြိုင်လိုတော့ပါဘူး။ ဒါနဲ့ ယှဉ်ပြိုင်စာမေးပွဲဖြေစရာမလိုတဲ့ ဒေသကိုထွက်လာခဲ့တယ်။ အဲဒီ ဒေသ ကတော့ ဆရာဝန်မရှိတဲ့ ကျေးလက်ဒေသပါ။ဒါပေမဲ့ အဲဒီ ဒေသမှာ ဒေါက်တာရမ်းကုတွေ က များ စွာ ရှိနေတာကိုတွေ့ ရပါတယ်။ ဆရာဝန်အချင်းချင်း မယှဉ်ပြိုင်လိုဘူးဆိုခါမှ ဒေါက်တာရမ်းကုတွေ နဲ့ ယှဉ်ပြိုင်ရပြန်ပြီ။ သြော် ဆိုးဝါးလိုက်တဲ့ဘဝပါလားရယ်လို့ညည်းညူမိပါသေးတယ်။ ဒီလိုနဲ့ NGO တို့ ကုလသမဂ္ဂစီမံကိန်းတို့မှာ ဆယ်နှစ် ဆက်တိုက်အလုပ်လုပ်ခဲ့သေးတယ်။ စီမံကိန်းပိုင်ငွေတွေ အများ ကြီး ကိုင်သုံးခဲ့ရပါတယ်။ သို့ သော် ငွေရေး ကြေးရေး အကျင့်ပျက်ခြစားတာနဲ့ ပတ်သက်လို့ ဘာအနံ့မှမထွက်ခဲ့ပါဘူး။ ဒါပေမဲ့တခြားအနံ့တစ်မျိုးက ကြောင်ချေးနံ့နံသလို စူးရှရှနဲ့ အနံ့ထွက်လာပါတယ်။ အဲဒါ ကတော့ ဒေါက်တာထွန်းဝင်းရဲ့ မိန်းမကိစ္စအပုပ်နံ့ပါ။ပုပ်လို့ပေါ် ဟုတ်လို့ကျော်တာတော့မဟုတ်ဘူး။ ဟိုက်ဒရိုဆာလ်ဖိုက်ခေါ် ဘဲဥပုပ်နံ့ကိုဓာတ်ခွဲခန်းမှာ လူတွေ ဖန်းတီးလို့ရသလိုပါပဲ။ လူသားတွေ လုပ်တဲ့အပုပ်နံ့ ဖြစ်နေတယ်။ ဒီနေရာမှာ ရုပ်ရှင်တစ်ကားကိုသတိရမိပါတယ်။ တရုတ် ရုပ်ရှင်မင်းသားကြီး ချောင်ယွန်ဖတ်က နန်းတွင်းအရာရှိအ ဖြစ်နဲ့ သရုပ်ဆောင်တော့ တခြားအရာရှိတစ်ဦးက ကျောက်စိမ်းတုံးအကွဲလေးကို ချောင်ယွန်ဖတ်ထံ ပို့ခို င်းပြီး ဘုရင်ကပို့ခိုင်းတာဆိုပြီး လီဆယ်ခိုင်းပါတယ်။ ကျောက်စိမ်းအကွဲလေးဟာ လမ်းခွဲတဲ့အထိမ်းအမှတ်လို့ဆိုပါတယ်။
ဒီတော့ ချောင်ယွန်ဖတ်ကသုံးသပ်ပါတယ်။ ဘယ်လိုလဲဆိုတော့ ''သြော်ငါ့ကို နန်းတော် ကြီးထဲက ထွက်သွားစေချင်တဲ့လူတစ်ယောက် ယောက် တော့ရှိနေပြီ''လို့သုံးသပ်ပါတယ်။ ကျွန်တော် ရဲ့ မိန်းမကိစ္စအပုပ်နံ့ထွက်လာတော့ ''သြော် ငါ့ကို ဒီရာထူးကနေ စွန့်ခွာသွားစေချင်တဲ့သူ တစ်ယောက် ယောက် ယောက် တော့ ရှိနေပြီ''လို့သုံးသပ်လိုက်ပါတယ်။ ယခုတော့ ကျွန်တော် ဟာ "FREELANCECON-SULTANT TOCOMPANIES & NGOS" (ရေတိုအကြံပေး)လုပ်ရင်း ဆောင်းပါးရေး တာ ပုဒ်ရေ (၇ဝဝ)ကျော် သွားပါပြီ။ ကျန်းမာနေသေးသရွေ့တော့ အလုပ်လုပ်ဆဲ၊ စာရေး ဆဲပါ။ ဒါပေမဲ့ ရုပ်ရှင်မင်းသားကြီး ချောင်ယွန်ဖတ်က ဇာတ်ဝင်ခန်းတစ်ခုမှာ ပြောခဲ့တာကတော့ ''လောကကြီးမှာ အမြဲတမ်းဆုပ်ကိုင်ထားနိုင်တဲ့အရာဆိုတာဘာမှမရှိဘူး''လို့ဆိုပါတယ်။
နေရာလုချင်သူတွေ အတွက် သင်ခန်းစာယူစရာပါ။ ကျွန်တော် ကိုင်ထားတဲ့ကလောင်လေးတစ်ချောင်းကိုတောင် ကျွန်တော် အသက်ကြီးလို့ သူငယ်ပြန်သွားရန် စွန့်လွှတ်လိုက်ရမှာ ပါ။ ENVOY ဂျာနယ်၁၄.၃.၂ဝ၁၃ အရ သိရတာ ကတော့ အထင်ရနိုင်ငံရေး သမားတစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီလိုပြောပါတယ်။ ''နိုင်ငံရေး လုပ်တယ်ဆိုတာ ယုံကြည်ချက်အတွက် အရာရာတိုင်းကို စွန့်လွှတ်ရဲ ရတယ်''လို့ဆိုပါတယ်။ ဆိုလိုတာ ကတော့ နိုင်ငံရေး ဆိုတာ နေရာနဲ့ အခွင့်အရေး အတွက်မဟုတ်ဘူး။ တာဝန်နဲ့ စွန့်လွှတ်မှု အတွက်ပဲ ဖြစ်တယ်လို့ဆိုလိုဟန်တူပါတယ်။ ဒသနကောင်းတွေ ကို ပြောပြသော တရုတ်မင်းသားကြီး ချောင်ယွန်ဖတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုကျေးဇူးတင်စရာပါ။ နိုင်ငံရေး သမားများ ၂ဝ၁၅ ခုနှစ် မှာ ကိုယ်စားလှယ်လောင်းယှဉ်ပြိုင်ကြရပါဦးမည် ။ အားလုံးဟာနေရာအတွက်မဟုတ်ဘဲတာဝန်အတွက် ယှဉ်ပြိုင်ခြင်းရယ်လို့ ယုံကြည်စွာ နဲ့ ကြိုတင်ဂုဏ်ပြုလိုက်ပါတယ်။
အမြဲတမ်းမင်္ဂလာရှိတဲ့ နေရာတစ်နေရာဆိုတာဘာလဲ
ဲသတ္တဝါတွေ အားလုံးဟာ သံသရာရဲ့ ခရီးသည်တွေ ပါ။ နိဗ္ဗာန်မရောက်သရွေ့သံသရာဝဲဂယက်ထဲမှာ နေရာကိုယ်စီရှိပြီးသားပါ။ဘယ်နေရာမှာ ပဲနေနေ (၃၈)ဖြာမင်္ဂလာတရားတော် နဲ့ အညီ နေထိုင်ရင်မင်္ဂလာရှိတဲ့နေရာတစ်နေရာအလိုလိုရပြီး ဖြစ်ပါတယ်။ ကဲ နေရာလုစရာလိုသေးလားခင်ဗျာ။ (၃၈)ဖြာထဲမှာ မင်္ဂလာတစ်ခု ကတော့ ရသမျှနှင့် ရောင့် ရဲခြင်းဟာ မင်္ဂလာတစ်ပါးလို့ဆိုပါတယ်။ ရောင့် ရဲနေရင် နေရာမလိုတော့ဘူးပေါ့။ ဒီတော့ မင်္ဂလာရှိတဲ့နေရာရ သွားပါပြီ။
တစ်ဖန် မကောင်းမှု ကို မကြံစည်ခြင်း၊ မကောင်းမှု ကိုမပြုလုပ်မပြောဆိုခြင်းတို့ဟာ မင်္ဂလာမည် ပါတယ်လို့ မြတ်စွာ ဘုရားကဟောပါတယ်။ ဒီတော့သူများ ကို မိမိနေရာရဖို့မကောင်းကြံ၊ ခြေထိုးခံ၊တံတောင်နဲ့ မတွက်ရင် မင်္ဂလာရှိတယ်လို့ထင်ပါတယ်။ ပြီးတော့သူများ ကို မိန်းမကိစ္စနဲ့ အပုပ်နံ့ထွက်အောင်ပြောတာမျိုး ကတော့ မင်္ဂလာဘယ်ရှိတော့မှာ လဲ။ မဟုတ်ဘူးလားကွယ်တို့ရယ်လို့ မေးလိုက်ချင်ပါကြောင်း။
၂။ ပုဗ္ဗဏှသုတ်နှင့် ကျေးလက်ဒေသကျန်းမာရေး ဆက်စပ်ပုံ
ကျွန်တ်ာသည် ၂ဝ၁၃ ဧပြီလတွင်းတစ်ခုသော နံနက်ခင်းမှာ လူထုပုံရိပ်ဂျာနယ်ကိုဖတ်ကြည့်ရာ Vol(1)No(29) ၌ စာမျက်နှာ၁၅ တွင် ရေး ထားချက်မှာ တိုင်းပြည်၏ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြည်ပရောက်မြန်မာဆရာဝန်များ ခေတ္တပြန်လာကာ ဆေးပညာကူညီလေ့ကျင့်ဖြန့်ဝေပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၆ ရက၌်PARK ROYALHOTEL ၌ ပြောကြားကြောင်းသိရပါတယ်။
ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပတ်သက်၍ ဆေးရုံအသစ်များ ဆောက်လုပ်နေခြင်းထက် ဆရာဝန်၊ သူနာပြုများ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများ ကို ဝေးလံခေါင်သီသော ဒေသများ သို့သွားရောက်တာဝန်ထမ်းဆောင်နိုင်စေမည့်  အချက်များ ကိုလုပ်ဆောင်ပေးခြင်းက ပို၍ အရေး ကြီးကြောင်း၊NLDကျန်းမာရေး ကွန်ရက်အနေဖြင့် ဆရာဝန်ကောင်းကောင်းမရှိသည့် ဒေသများ သို့ အရ ည်အချင်းပြည့်ဆရာဝန်များ စေလွှတ်ပေးမည့် အပြင် ဆေးဝါးလိုအပ်ချက်ရှိသော ဆေးရုံများ သို့ ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ကွန်ရက်၏ လုပ်ဆောင်မည့် အစီအစဉ်ကို ပြောပြသည်ဟုသိရပါတယ်။
ကျွန်တော် ဟာ မြန်မာပြည်ရဲ့ ဝေးသီခေါင်ဖျားဒေသတွေ မှာ နှစ် ပေါင်းများ စွာ နေထိုင်၍ ဆရာဝန်လုပ်ဖူးတော့ ကျေးလက်ပြည်သူတွေ ရဲ့ ထမင်းကိုစားခဲ့လို့ သူတို့ဟာ ကျေးဇူးရှင် ဖြစ်တယ်။ ဒီတော့ကျေးဇူးရှင်တွေ ရဲ့ ကျန်းမာရေး ကိစ္စကို ကွန်ရက်တစ်ခုက စေတနာဖြင့် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန် ဆန္ဒဖြင့် ကျေးဇူးရှင်တို့၏ ကျေးဇူးကို တစ်စိတ်တစ်ဒေသဆပ်သော အားဖြင့် ယခုဆောင်းပါးကိုတင်ဆက်လိုက်ပါသည်။
နိုင်ငံခြားကခေတ္တပြန်လာတဲ့ ဆရာဝန် ဖြစ်စေ၊ ပြည်တွင်းက စေတနာ့ဝန်ထမ်းဆရာဝန် ဖြစ်စေ ကျေးလက် ဒေသမှာ အလုပ်လုပ်မယ်ဆိုရင် ဗေဒင်ရက်တိုသင်တန်းတက် ထားရင်ပိုကောင်းပါတယ်။
တစ်ခါက ကျွန်တော် သည် ရွာကြီးတစ်ရွာ၌ ဆေးခန်းဖွင့်နေစဉ် သတိလစ်လူနာ၊ မြွေကိုက်လူနာတွေ ကိုပါ ကုသရသဖြင့် လူနာတစ်ချို့ကိုပြန်လွှတ်၍ မရဘဲ ဆေးခန်း၌ ညအိပ်စေရပါတယ်။ တစ်နေ့တော့ ကျွန်တော့ဆေးခန်းရဲ့ မြောက်ဘက်တစ်မိုင်ခန့်အကွာမှာ လူ တစ်ယောက် မြွေပွေးကိုက်ရာ ကျွန်တော် ထံသို့ ရောက်မလာပါ။တကယ်လာလို့လှည်းနဲ့ လာရင် ဆယ်မိနစ်ခရီးပါ။ ဒါပေမဲ့ မလာတဲ့အကြောင်းက အဲဒီ နေရာက ဒေါက်တာရမ်းကုကပြောတာ ကတော့ယခုအခါမှာ နဂါးခေါင်းမြောက်ဘက်လှည့်တယ်။ ဒေါက်တာထွန်းဝင်းရဲ့ ဆေးခန်းကိုသွားရင်တော့ နဂါးခေါင်းထဲဝင်သလို ဖြစ်ပြီး ဒီနေ့ဟာပြဿဒါးနေ့လည်း ဖြစ်တော့ ခန္ဓာပျက်ကိန်း(သေကိန်း)ရှိတယ်လို့ဟောလို့ လူနာကမလာရဲဘူး။ ဒါနဲ့ အသက်ဆုံးရှုံး သွားပါတယ်။ တကယ်တော့ အဲဒီ အချိန်မှာ ကျွန်တော် ဟာ အဲဒီ ဒေသမှာ မြွေကိုက်လူနာပေါင်း(၄ဝ)ခန့်ကိုကုခဲ့ရာ အသေအပျောက်လုံးဝ (လုံးဝ)မရှိခဲ့လို့ နာမည် တစ်ခုရနေပါပြီ။ ဒီတော့ မြွေကိုက်လူနာဆိုရင် ဒေါက်တာထွန်းဝင်းဆီသွားမယ်ဆိုတာ ဒေါက်တာရမ်းကုက ကြိုသိနေလို့ သူ့ဘက်ကတစ်ကွက်ရွှေ့လိုက်ပြီ ဖြစ်ပါတယ်။
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ပြီ(သို့ မဟုတ်) ဒေါက်တာရမ်းကုတစ်ပါးကိုအောင်နိုင်ခြင်း
ဒီတော့ ကျွန်တော် လည်း တစ်ကွက်ခံလိုက်ရပြီ ဖြစ်လို့ ဆရာကြီးမင်းသိင်္ခရေး တဲ့ ဗေဒင်ဆောင်းပါး၊ ဝတ္ထုတွေ ဖတ်တဲ့အပြင် ယတြာချေပုံတွေ လည်း လေ့လာမိပါတယ်။ ဆရာကြီးမင်းသိင်္ခဟာ ကျွန်တော် ရဲ့ မြင်ဆရာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့တော့ အသက်(၃ဝ)ခန့် မိန်းကလေးတစ်ဦးဟာ ၂၃ ရက်ဆက်တိုင်ဖျားပြီး သတိလစ် သွားပါတယ်။ ဒါနဲ့ ဆေးခန်းကို သတိလစ်လျက်ကြီးရောက်လာပါတယ်။ လူနာကိုစမ်းသပ်ကြည်တော့ ဝမ်းဗိုက်မှာ သရက်ရွက်ခေါ် ဗေလုံးကြီးနေပြီးအသည်းကလည်း ကြီးနေတယ်။ ဒါဟာ ဦးနှောက်ထဲ ငှက်ဖျားပိုးရောက်ပြီးသတိလစ်တာ ဖြစ်ကြောင်းသိရလို့ ဒက်ဆာမက်သာဇုန်းခေါ် ဦးနှောက်အရောင် ချတဲ့ဆေးကို အကြောက ချက်ချင်း သွင်း၊ အစာအိမ်ထဲကိုပိုက်ချပြီး ငှက်ဖျားသောက်ဆေးတွေ ကို အမှု န့်ကြိတ်ရေဖျော်ထည့်ရပါတယ်။ပြီးတော့ အစွမ်းထက်ငှက်ဖျားဆေး ကွီနိုင်ထိုးဆေးကို ဒရစ်ပုလင်းထဲထည့်ပြီး ဖြည်းဖြည်းမှန်မှန်အကြောကသွင်းနေခဲ့ပါတယ်။ လူနာရှင်တွေ က မျက်စိပျက်မျက်နှာပျက်နဲ့ လူနာဘေးမှာ ထိုင်နေကြပါတယ်။အဲဒီ အချိန်မှာ လူနာ၏ မောင်ဝမ်းကွဲဆိုသူ အသက်(၂၈)နှစ် ခန့်လူငယ်တစ်ဦးရောက်လာပြီး လူနာရဲ့ ဖခင်နဲ့ တိုးတိုးတိုးတိုးပြောနေပါတယ်။ပြီးတော့ လူနာရဲ့ ဖခင်က မျက်နှာပျက်သွားပြီး သတိလစ်လူနာကိုပြန်ခေါ် သွားပါရစေတော့၊ ဆက်မကုပါရစေနဲ့ တော့လို့ပြောပါတယ်။ဘာကြောင့် လဲမေးတော့ ဟိုဘက်ရွာက အကြားအမြင်ရတဲ့ဆရာကအဲဒီ လူနာက သွေးရိုးသားရိုး ရောဂါ မဟုတ်ဘူး။ ပြုစားခံရတာ ဖြစ်တယ်။ပယောဂနဲ့ ကုမှရမယ်ဆိုပြီး လူနာကိုခေါ်ခိုင်းလိုက်ပါတယ်။ ဒီလို ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော် က ကြိုတွက်ပြီးသားပါ။ ဒါနဲ့ ကျွန်တော် က ဒီလိုပြောလိုက်တယ်။
ကျွန်တော် ။ ။ ။ ခင်ဗျားတို့ လူနာအတွက် မစိုးရိမ်နဲ့ ဗျ။
လူနာ၏ ဖခင် ။ ။ ဒီလိုပါ။ ဒီ ရောဂါ က ဆရာတို့ဆရာဝန်တွေ နဲ့
မဆိုင်ဘူး။ အောက်လမ်းနည်းနဲ့ လုပ်ထားတာပါ။
ကျွန်တော် ။ ။ ။ ကျုပ်သိပြီးသားပါဗျာ။ လူနာက ပထမငှက်ဖျား ဖြစ်တာပါ။ မကောင်းဆိုးဝါးကပြုစားလိုက်တော့ ဦးနှောက်ထဲကိုငှက်ဖျားပိုးရောက်တာမြန်သွားတာပေါ့။ မကောင်းဆိုဝါးတိုက်ထုတ်တဲ့ယတြာကို ကျွန်တော် လုပ်ပြီးပါပြီဗျာ။ ဟိုနားမှာ ကျွန်တော် ထွန်းထားတဲ့အမွှေးတိုင်ကိုတွေ့ တယ်မဟုတ်လား။ အဲဒါ ကျွန်တော် ယတြာချေထားတာ။
လူနာ၏ ဖခင်။ ။ (အံ့သြစွာ ဖြင့် )ဟုတ်လားဆရာ။ ဆရာဘယ်လိုလုပ်ပြီး ယတြာချေတတ်တာလဲ။
ကျွန်တော် လွန်ခဲ့တဲ့ (၁ဝ)နှစ် လောက်ကတည်းက လေ့လာထားတာဗျာ။ ကဲပါဗျာ။ သတိလစ်လူနာကိုပြန်ခေါ်သွားရင်တော့လူနာသေမှာ ပဲ။ ကဲကဲဓာရဏပရိတ်ရွတ်လိုက်ဦး။
သို့ နှင့် သူတို့ပရိတ်ရွတ်ကြသည်။ နေ့ဝက်လောက်ကြာတော့လူနာက လူးလွန့်ပြီးသတိရလာပါတယ်။ တဖြည်းဖြည်းကောင်းသွားတယ်။ ဒေါက်တာထွန်းဝင်းဟာ ယတြာချေတတ်တယ်ဆိုပြီး နာမည် ကြီး သွားပါတယ်။ ဒီလိုလုပ်လိုက်တာ ကတော့ ဒေါက်တာရမ်းကုရဲ့ ရွှေ့မယ့်အကွက်ကို ကြိုသိဖို့ကြိုတင်ပြင်ဆင်ထားလိုက်နိုင်ခြင်း ဖြစ်ပါတယ်။
အရည်အချင်းပြည့်ဝတဲ့ ဆရာဝန်နဲ့ အံဝင်တဲ့ဆရာဝန်နည်းနည်းတော့ ကွာခြားပါတယ်။
အရည်အချင်းပြည့်ဝတဲ့ဆရာဝန်ဆိုတာ ကတော့ ပြည်ပရောက်ပါရဂူဆရာဝန်ကြီးတွေ ပါ။ သူတို့က အသည်းအစားထိုး၊ နှလုံးအစားထိုး၊ ကျောက်ကပ်အစားထိုးစတဲ့နည်းပညာမြင့် (HI-TECH) ကုသချက်တွေ ကို ကျွမ်းပါတယ်။
အံဝင်တဲ့ဆရာဝန်ဆိုတာ ကတော့ တစ်ခါက ရန်ကုန်သားဆရာဝန် တစ်ယောက် ဟာ အညာဒေသကျေးရွာမှာ ဆေးခန်းထိုင်တော့ညဘက်ကြီး လူနာကြည့်ရန်လာနှိုးတယ်။ ဘာ ဖြစ်တာလဲမေးတော့''ပိုးကောင်ခိုက်မိတယ်''လို့ပြောပါတယ်။ ရန်ကုန်သားဆရာဝန်ကတွေးတာက ပိုးကောင်နဲ့ ခိုက်မိတာဆိုတော့ ပျားတုပ်ခံရတာ လား။ ခါချဉ်ကိုက်တာလား တစ်ခုခုပဲ။ ပျားတုပ်ခံရတာ ဆိုရင် တံတွေးဆွတ်လိုက်ပါလို့ပြောလိုက်တယ်။ လူနာကိုကြည့်မပေးတော့ဘူး။ တကယ်တော့အညာဒေသမှာ ပိုးကောက်ခိုက်မိတယ်ဆိုတာ မြွေပွေးကိုက်တာကိုပြောတာပါ။ ရန်ကုန်သားနဲ့ အညာသားဟာ မြန်မာချင်းမြန်မာလိုပြောတာတောင် အံမဝင်ဘူး။ ဒီတော့ အံဝင်သွားဖို့ အနည်းငယ်အချိန်ယူရပါတယ်။ မြွေပွေးကိုက်ခံရတဲ့လူနာကို ပိုးကောင်ခိုက်မိတယ်ပြောတာဆရာဝန်က ပျားတုပ်ခံရတယ်ထင်ပြီး မကြည့်တော့ လူနာကံကောင်းလို့မသေတယ်။ ဆရာဝန်ကို မနည်းရှင်းပြရပါတယ်။
ဝေးလံခေါင်ဖျားတဲ့ဒေသတွေ ကို ဆရာဝန်စေလွှတ်တဲ့ကိစ္စမှာ ယခင်က လုပ်ဖူးတဲ့အတွေ့ အကြုံ
မြန်မာပြည်မှာ သူဋ္ဌေးကြီးတစ်ဦးရှိပါတယ်။ သူဋ္ဌေးကြီးကသူရဲ့ ဇာတိရွာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရန်ကုန်က ပြင်ပဆရာဝန်တစ်ဦးကို လခနဲ့ ငှား ဆေးခန်းဆောက်ပေးပြီး ရွာမှာ သွားနေဖို့စီစဉ်ပေးပါတယ်။ ရွာသားတွေ နေမကောင်းရင် ဆရာဝန်စစ်စစ်နဲ့ ကုစေချင်တဲ့စေတနာပါ။ သုံးလလောက်လည်း ကြာရော အဲဒီ ဆရာဝန်ကရွာမှာ မနေနိုင်ဘဲ ရန်ကုန်ပြန်ရောက်လာပါတယ်။ ရန်ကုန်မြို့ကိုလွမ်းလို့ပြန်လာတာမဟုတ်ပါဘူး။ ရွာကလူတွေ က သူဋ္ဌေးကြီးရဲ့ ဝန်ထမ်းဆရာဝန်နဲ့ ဆေးမကု ဘဲ ရွာခံဒေါက်တာရမ်းကုနဲ့ပဲ ဆေးကုရပါတယ်။ဆေးခန်းမှာ လူနာ မလာလို့ ဆရာဝန်က အလုပ်မရှိဘဲနဲ့ တော့ သူဌေးပေးတဲ့လခကိုမှိန်း ပြီးမယူချင်ဘူးဆိုပြီး ပြန်ရောက်လာတာပါ။
လူနာတွေ က ဆရာဝန်နဲ့ မကုဘဲ ဒေါက်တာရမ်းကုနဲ့ ဘာကြောင့် ကုရတာ လဲဆိုတာ ကျွန်တော် စူစမ်းဖူးပါတယ်။
ကျွန်တော် သည် ဆရာဝန်တစ်ဦးအ ဖြစ် လွန်ခဲ့သော (၁၅)နှစ် လောက်က ကျေးရွာတွေ မှာ ဆေးခန်းဖွင့်ဖူး၏ ပြင်ပလူနာမလာပါဘူး။တစ်ခါတလေ တစ်ပတ်နေမှ (၂)ယောက် လောက်ပဲလာ၏ ။ သို့ သော်ဒေါက်တာရမ်းကုတွေ မကုတတ်သော လက်ဖျံရိုးကျိုး၊ လက်မောင်းအဆစ်လွဲ၊ ညှပ်ဆွဲသားဖွား၊ မြွေကိုက်၊ ဦးနှောက်ငှက်ဖျားစသော ရောဂါ များ ကို အတွင်းလူနာဆေးခန်းအ ဖြစ် ဆေးကုပေးခဲ့ဖူး၏ ။
ထိုသို့ရွာထဲမှာ နေရင်း ဖိုးအေး(နာမည် လွှဲထား)ဆိုသော ရွာသား တစ်ယောက် နဲ့ ခင်မိ၏ ။ ဒါနဲ့ ကျွန်တော် က ဖိုးအေးကိုမေးမိ၏ ။''ဖိုးအေးရေ၊ ရွာသားတွေ က ဒေါက်တာရမ်းကုကို အားကိုးတယ်။ဆရာဝန်စစ်စစ်ကို အားမကိုးဘူး။ ဘာကြောင့် လဲ''လို့မေးမိ၏ ။ ဖိုးအေးက ပြန်ဖြေသည်မှာ - ''ဒီလိုပါဆရာ။ ကျွန်တော် ဒေါက်တာရမ်းကုတွေ နဲ့ စကားပြောဖူးတယ်။ သူတို့ရဲ့ အာဘော်ကိုသိတယ်။ ဆရာ့ကိုတိုးတိုးတိတ်တိတ်ပြောပြမယ်။ ဒါပေမဲ့ ကျွန်တော် ပြောတယ်ဆိုတော့ ပြန်မပြောရဘူးနော်''ဟုဆို၏ ။
ကျွန်တော် က ''အေးပါကွာ၊ မပြောပါဘူး''ဟုဆိုရ၏ ။
သို့သော်လည်း ၄င်းအ ဖြစ်အပျက်သည် (၁၅)နှစ် ခန့်ကြာခဲ့ပြီ ဖြစ်၏ ။ ဖိုအေးနှင့် ဒေါက်တာရမ်းကုတို့၏ နာမည် တွေ ကို လွှဲထားပြီး ဖြစ်ပြီး ဖိုးအေးနှင့် ဒေါက်တာရမ်းကုတို့၏ အောက်ပါ အင်တာဗျူး ကို ကျေးလက်ပြည်သူအကျိုးငှာ တင်ဆက်ပါ၏ ။
ဖိုးအေးနှင့် ဒေါက်တာရမ်းကု အင်တာဗျူး
ဆရာဦးတင်မောင် ခင်ဗျား။ဆရာတို့လိုရွာခံဆေးဆရာနဲ့ မြို့ပေါ်ကဆေးတက္ကသိုလ်ဆင်းဆရာဝန်တွေ ဘယ်လိုကွာပါသလဲ။
ဒေါက်တာရမ်းကု ဦးတင်မောင်
်ဒီလိုပါ။ သူတို့က ဆေးကျောင်းတွေ မှာ သင်ကြားခဲ့တော့စာတွေ့ ဗဟုသုတသူတို့ကသာပါတယ်။ ကျွန်တော် တို့ ကတော့ ဆေးကျောင်းလည်းမတတ်၊ စာလည်းမဖတ်ပါဘူး။ ဒါပေမဲ့ လူနာတွေ ကိုလက်တွေ့ လေ့လာချင့်ချိန်ကုသရတော့ လက်တွေ့ ပညာသူတို့ထက်ပိုပါတယ်။
ဖိုးအေး
ဒါဆိုရင် လူနာကိုကုတဲ့နေရာမှာ ဘယ်လိုကွာပါသလဲ။
ဒေါက်တာရမ်းကု ဦးတင်မောင်
တိုက်နယ်ဆရာဝန်တွေ ဟာ ရွာတစ်ရွာမှာ တစ်သက်လုံးနေမှာ မဟုတ်ဘူးလေ။ သုံးနှစ် တစ်ကြိမ်လောက် နယ်ပြောင်းနေကြတာပဲ။ဆရာတို့ ကတော့ ရွာမှာ မွေး၊ ရွာမှာ ကြီးဆိုတော့ ထားတဲ့သံယောဇဉ်ချင်းမတူဘူး။ ကိုယ့်ကြောင့် လူနာသေရင် တစ်သက်လုံးမျက်နှာပူရတယ်။ ဆရာဝန်တွေ ကတော့ မကြာခဏ နယ်ပြောင်းရတော့ ဒီပြဿနာမရှိဘူး။ ဒါကြောင့် ဂရုစိုက်တာချင်းမတူဘူး။ သူတို့က လူနကိုတစ်ခါစမ်းသပ်ရင် ဆရာတို့က (၂)ခါ၊ (၃)ခါ ပြန်စမ်းသပ်တယ်။
ဖိုးအေး
ရွာခံဆေးဆရာ ဖြစ်တဲ့အတွက် ဘယ်လိုထူးခြားမှု ရှိပါသလဲ။
ဒေါက်တာရမ်းကုဦးတင်မောင်
ရွာခံ ဖြစ်တဲ့အတွက် ကိုယ်ရွာ၊ ကိုယ့်ဒေသတောတောင်ရေမြေအနေအထား၊ ရာသီဥတုအခြေအနေ၊ ဖြစ် တတ်တဲ့ ရောဂါ များ ကပိုသိပါတယ်။ ကျေးရွာမှာ ဖြစ်တဲ့ ရောဂါ တွေ အကြောင်းက ဆရာတို့ကပိုသိပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးပေါ်က ရောဂါ တွေ အကြောင်းကိုတော့ဆရာဝန်တွေ က ပိုသိတာပေါ့။
ဖိုးအေး
ဆေးပညာဘွဲ့ရတာ နဲ့ မရတာ နဲ့ လက်တွေ့ မှာ ဘယ်လိုကွာပါသလဲ။
ဒေါက်တာရမ်းကုဦးတင်မောင်
်ဒါတွေ ဟာ ပညတ်တွေ ပါ။ နာမည် ပေးသလိုပေါ့။ မောင်ဘလို့နာမည် ပေးရင် မောင်ဘ ဖြစ်သွားတာပဲ။ ဘွဲ့မရှိလို့ ပညာမတတ်ရဘူးလို့ ဘယ်သူကမှမဆိုလိုပါဘူး။ ဆရာတို့ ကတော့ ကိုယ့်ပညာကိုအလုပ်နဲ့ သက်သေပြမှာ ပဲ။
အထက်ပါစကားများ ကိုနားထောင်ပြီး ရွာသားများ သည်ဆရာဝန်ထံမသွားကြ။ ဒေါက်တာရမ်းကုများ နှင့် သာကု၏ ။ တိုက်နယ်ဆရာဝန်အချို့မှ အတော် ညည်းညည်းခံ၍ ခန္တီပါရမီဖြည့်တင်းနေရပါ၏ ။ကျေးလက်ဒေသမှာ ဆရာဝန်မရှိခြင်းထက် ပိုဆိုးတဲ့အရာဆိုသည်မှာ
ကျေးလက်ဒေသမှာ ဆရာဝန်မရှိခြင်းထက် ပိုဆိုးတဲ့အရာဆိုသည်မှာ
တကယ်တော့ ဒေါက်တာရမ်းကုတွေ ရှိနေခြင်းပါပဲ။ ဒေါက်တာရမ်းကုတွေ ကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် တင်ပေးဖို့လိုပါတယ်။
ဥပမာ- ဒေါက်တာရမ်းကု တစ်ယောက် ကို မတတ်တ တတ်နဲ့ ဆေးကုနေမယ့်အစား တိုင်းပြည်အကျိုးပြု တောင်သူလယ်သမားကြီး ဖြစ်စေချင်တာပါ။ ဒေါက်တာရမ်းကုတွေ ကို လမ်းမှန်ရောက်အောင်တင်ပေးရန်အတွက် ဒေါက်တာရမ်းကုအကြောင်းကို လေ့လာသင့်ပါတယ်။ဒေါက်တာရမ်းကုတွေ ရဲ့ ခံစားချက်၊ ယုံကြည်ချက်၊ သူတို့ဘာကြောင့် တောင်သူလယ်သမားမလုပ်တာလဲ။ သူတို့ဘယ်ကနေပြီး ဆေးထိုးနည်းသင်သလဲစသဖြင့် သုတေသန (RECHARCHံ) လုပ်ပြီးဒေါက်တာရမ်းကုဆိုင်ရာ စတမ်းတစ်စောင်လောက် ပေါ်ပေါက်လာရင်ကောင်းမှာ ပဲလို့ ကျွန်တော် အိပ်မက်မက်မိပါတယ်။
ဥပမာအားဖြင့် NGOတို့ ၏ မူဝါဒအကြံပေး (Policy Advi Sor) တွေ စဉ်းစားသင့်သော အချက်တစ်ချက်
ဥပမာအားဖြင့် ဒေါက်တာရမ်းကုတွေ ထဲမှာ ဆယ်တန်းအောင်သူရှိရင် သူတို့ကိုNGO က စကောလားရှစ်ပေးပြီးMBBS သင်တန်းကို စေလွှတ်မလားဆိုတာ PolicyAdvisor တွေ စိတ်ကူးယဉ်သင့်ပါတယ်။ သူတို့မှာ လည်းဉာဏ်ရှိလို့ဆရာဝန် ဖြစ်နိုင်ပါတယ်။ကြိုးစားရင် ဘုရား ဖြစ်တယ်ဆိုတဲ့ စကားပုံတောင်ရှိသေးတာပဲ။ သူတို့က ကျေးရွာတွေ မှာ တစ်သက်လုံးနေမယ့်ပုဂ္ဂိုလ်တွေ ပါ။ ဒေါက်တာရမ်းကုတွေ MBBSဘွဲ့နဲ့ (ဆမ)ရသွားရင် ကျေးရွာတွေ ကို ကျောခိုင်းပြီး မြို့ကြီးပြကြီးမှာ အသပြာဆရာဝန်လုပ်မှာ လားဆိုတဲ့ ကိစ္စ ကတော့စိုးရိမ်စရာမရှိပါဘူး။ ဘာကြောင့် လဲဆိုတော့ ရန်ကုန်မြို့မှာ ပုဂ္ဂလိကဆေးခန်းဖွင့်မယ်ဆိုရင် မြေညီထပ်ဆိုင်ငှားခက တစ်လကို (၆)သိန်းဆိုတော့ ကျွန်တော် ဒေါက်တာထွန်းဝင်းတောင် မတတ်နိုင်လို့ အရင်းနည်းနည်း နဲ့ တစ်ချောင်းကို နှစ် ရာကျပ်တန်ဘောပင်တစ်ချောင်းဝယ်ပြီးဆောင်းပါးရေး စားနေပါတယ်။
ဒီဆောင်းပါးမှာ ရေး လက်စနဲ့ တစ်ဆက်တည်း တောင်သူကြီးတွေ ကို အကြံပြုပါရစေ။ တကယ်လို့များ ပြည်ပရောက် မြန်မာဆရာဝန်များ ကျေးလက်ဒေသမှာ လာရောက်ဆေးကုခဲ့ရင် ဒီနေ့ဟာ ပြဿဒါးနေ့ ဖြစ်လို့ ဆေးမကုဘူးဆိုတာမျိုး မ ဖြစ်စေချင်ပါဘူး။ ငါးပါးသီလလုံသူတွေ အတွက် နေ့တိုင်းရက်ရာဇာ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ နက္ခတ်နဲ့ လူနာနဲ့ နက္ခတ်မတည့်လို့ ဖြစ်ပါ့မလားဆိုပြီး သံသယမ ဖြစ်စေချင်ပါဘူး။ ပုဗ္ဗဏှသုတ်မှာ မြတ်စွာ ဘုရားက ဒီလိုဟောပါတယ်။''သုနက္ခတ္တံ၊ သုမင်္ဂလံ၊ သုပ္ပဘာတံသုဟုဋ္ဌိ တံ၊ သုခဏော၊ သုမုဟုတ္တောစ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု''ဆိုလိုတာ ကတော့ ကောင်းမြတ်သော အကျင့်ကို ကျင့်သူများ အဖို့ အစဉ်အမြဲနက္ခတ်ကောင်းလာပါပြီး အရာရာတိုင်း ကျက်သရေမင်္ဂလာရှိပါတယ်။
ဟုတ်ကဲ့ခင်ဗျာ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျေးလက်ဒေသကျန်းမာရေး ဖွံ့ဖြိုးပါစေလို့ ဆုတောင်းရင်းနဲ့ ဤဆောင်းပါးကို နိဂုံးချုပ်ပါရစေလား။
၃။ (၃၈)ဖြာ မင်္ဂလာတရားနှင့် စစ်ရေး အမြင် ဆက်စပ်ပုံ
မင်္ဂလာသုတ်၌ မြတ်စွာ ဘုရားဟောတော် မူသည်ကို ကောက်နှုတ်ရပါသော်။
ဗာဟုသစ္စဉ္စ၊ သိပ္ပဉ္စ
မင်္ဂလမုတ္တမံ
အကြောင်းအမြင် ဗဟုသုတများ ခြင်း၊ သိပ္ပံအတတ်ကို တတ်ကျွမ်းခြင်းတို့ဟာ မင်္ဂလာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီတော့ အမြင်ဟုဆိုရာ၌ ပညာရေး ဆိုင်ရာ အမြင်၊ နိုင်ငံရေး အမြင်၊ စီးပွားရေး အမြင်စသည်ဖြင့် အမြင်တွေ အမျိုးမျိုးရှိရာ၌ ဤဆောင်းပါး၌ စစ်ရေး အမြင်အကြောင်းကို တင်ပြဆွေးနွေးလိုပါတယ်။ ဒါမှလည်း မင်္ဂလာရှိမယ်မဟုတ်လား။ စစ်ရေး အမြင်ဆိုင်ရာ ဥပမာ အချို့ကိုတင်ပြရပါစေ။
စာရေး ဆရာကြီး ဒေါက်တာခင်မောင်ညို၏ စစ်ရေး အမြင်
ယခုအခါ ၂ဝ၁၃ ၌ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ စစ်ရေး တင်းမာမှု တွေ အထူး ဖြစ်ပေါ်နေပါတယ်။ မြောက်ကိုရီးယားကလည်း သာမန်နိုင်ငံမဟုတ်တော့ပါ။ အနုမြူလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်နေပြီ။ မြောက်ကိုရီးယားဟာ စစ်တိုက်ရန်လေသံတွေ ပြစ်လာပါတယ်။ မြောက်ကိုရီးယား ရန်လိုနေတဲ့အထဲမှာ ကမ္ဘာ့နံပါတ်တစ်စူပါပါဝါအနုမြူအင်အားကြီး ထိပ်ခေါင်တင် အမေရိကန်တောင်မှရန်လိုနေပါတယ်။ ဒီတော့ ဒေါက်တာခင်မောင်ညိုက အနုမြူစစ်သား ဖြစ်လို့ ကတော့ မြောက်ကိုရီးယားလည်းမလွယ်၊ တောင်ကိုရီးယားလည်းမလွယ်၊ အထူးနစ်နာဆုံးရှုံးမှု တွေ ဖြစ်ကုန်တော့မယ်ဆိုတာဆောင်းပါးရေး တာ ဖတ်ရပါတယ်။ News Watch ဂျာနယ် (၁၆၊၄၊၂ဝ၁၃)မှာ ဒေါက်တာခင်မောင်ညို၏ ဆောင်းပါးအရ အနူမြူစစ် ဖြစ်ရင် နှစ် ဖက်လုံးဆုံးရှုံးမယ် (Lose-Lose) ဖြစ်မယ်လို့သူကမြင်ပါတယ်။
စာရေး ဆရာကြီးလူထုစိန်ဝင်း၏ စစ်ရေး ခံယူချက်
အမေရိကန်သမ္မတ အိုဘားမား၏ ပထမသမ္မတသက်တမ်းတုန်းက ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသတစ်ခုမှာ အမေရိကန်လေယာဉ်တွေ ဗုံးကျဲလို့ ကလေးစာသင်ကျောင်းကို ထိမှန်ပြီး ကလေးတွေ အတော် များများ သေကုန်ပါတယ်။ ဒါကို လူထုစိန်ဝင်းက တော် တော် ကြီးကို စိတ်မကောင်း ဖြစ်ပြီး အိုဘားမားမကောင်းကြောင်းဆောင်းပါးရေး ခဲ့ပါတယ်။ လူထုစိန်ဝင်းရဲ့ စစ်ရေး အမြင် ကတော့စစ်တိုက်ရာမှာ ဘယ်အခါမဆို အရပ်သားကလေး၊ အမျိုးသမီးတွေ ကိုအသေ အပျောက်နည်းအောင် ထိန်းသိမ်းရမယ်လို့ အမြင်ရှိပါတယ်။
တရုတ်ပညာရှိလောင်ဇူး၊ မြန်မာပညာရှိအမတ်ကြီးဝန်ဇင်းဖိုးရာဇာနှင့် ထိုင်နိုင်ငံတို့၏ တူညီသော စစ်ရေး အမြင်
တရုတ်ပညာရှိ လောင်ဇူးက မိန့်ကြားခဲ့ဖူးတာ ကတော့တစ်ခါတစ်ရံမှာ ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်နေရင်းနဲ့ အောင်မြင်မှု ကို ရနိုင်တယ်ဆိုတဲ့ ဒဿနကိုဖွင့်ဆိုခဲ့ပါတယ်။ အဲဒီ ဒဿနကိုလက်တွေ့ အသုံးချပြသူတစ်ဦး ကတော့ မြန်မာရာဇဝင်မှာ မင်းကြီးစွာ စော်ကဲလက်ထက်က ပညာရှိအမတ်ကြီး ဝန်းဇင်းဖိုးရာဇာပဲ ဖြစ်ပါတယ်။
အင်းဝဘုရင်မင်းကြီးစွာ စော်ကဲလက်ထက် သက္ကရာဇ် ၇၃၂ခုနှစ် တွင် ကလေးနယ်စားသိုချည်ဘွားနှင့် မိုးညှင်းနယ်စားခုံမှိုင်းတို့စစ်တိုက်ကြပါတယ်။ ကလေးနယ်စားနဲ့ မိုးညှင်းနယ်စားတို့ နှစ် ဦးစလုံးက အင်းဝဘုရင်ထံ စစ်တူကောင်းပါတယ်။ ဤကိစ္စနှင့် စပ်လျဉ်း၍ မည် သည့်ဘက်ကို ကူညီရန်သင့်ကြောင်း၊ မင်းတရားကြီးက ပညာရှိအမတ်ကြီး ဝန်ဇင်းဖိုးရာဇာကို တိုင်ပင်ပါတယ်။ ဝန်ဇင်းဖိုးရာဇာကယာလည်းညက်စေ၊ ကြက်လည်းမောစေဆိုသော ဒဿနကိုရှင်းပြပါတယ်။ တစ်ခါတုန်းက ယာသမားတစ်ဦး ယာထွန်နေစဉ်မှာ ယာဘေးမှာ တောကြက်နှစ် ကောင်ခွပ်နေပါတယ်။ ဒီတော့ ယာသမားက မိမိယာကိုသာ ဆက်ထွန်နေပါတယ်။ ယာညက်သွားတော့ တောကြက်နှစ် ကောင်လုံး အမောဆို့နေလို့မပြေးနိုင်တော့မှ ကြက်နှစ် ကောင်လုံးကို ဖမ်းလိုက်ပါတယ်ဆိုတဲ့ ဒဿနကိုရှင်းပြပါတယ်။ ဒီတော့ အင်းဝဘုရင်က ဘယ်ဘက်ကမှမကူညီပါဘူး။ ကလေးနယ်ရော မိုးညှင်းနယ်ရော စစ်ပန်းသွားပြီး စစ်မတိုက်နိုင်တော့တဲ့အခါမှ နယ်နှစ် ခုလုံးကို အင်းဝက အလွယ်တကူသိမ်းယူလိုက်ပါတယ်။
ဗြိတိသျှကိုလိုနီခေတ်မှာ အင်္ဂလိပ်က အာရှရဲ့ အနောက်ဘက်တစ်လွှားမှာ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေ ကိုကိုလိုနီအ ဖြစ်သိမ်းထားပါတယ်။ တစ်ချိန်ထဲမှာ ပဲ အရှေ့ဘက်မှာ ကမ်းပူခြား၊ ဗီယက်နမ်၊ လာအိုတို့ကို ပြင်သစ်က ကိုလိုနီပြုထားပါတယ်။ အသိမ်းမခံရသေးတဲ့နိုင်ငံ ကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ အနောက်ဘက်ကိုကြည့်ရင် မြန်မာနိုင်ငံမှာ အခြေစိုက်ထားတဲ့ ဗြိတိသျှစစ်တပ်ကိုတွေ့ ရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အရှေ့ဘက်ကိုမျှော်ကြည့်ရင် လာအိုနဲ့ ကမ်းပူးခြားမှာ အခြေစိုက်ထားတဲ့ ပြင်သစ်တပ်ကြီးကိုတွေ့ ရမှာ ဖြစ်ပါတယ်။ အင်အားသေးတဲ့ ထိုင်းနိုင်ငံအဖို့ကျောချမ်းစရာပါ။ ဒီတော့ ထိုင်းနိုင်ငံဟာ လိမ္မာပါးနပ်စွာ နေထိုင်ပါတယ်။ အင်္ဂလိပ်နဲ့ မဟာမိတ်လည်းမဟုတ်၊ ရန်သူလည်းမဟုတ်တဲ့ဆက်ဆံရေး လမ်းကြောင်းငယ်လေး တည်ဆောက်ထားပါတယ်။အခြားတစ်ဖက်မှာ လည်း ပြင်သစ်နဲ့ မဟာမိတ်လည်းမဟုတ် ရန်သူလည်းမဟုတ်တဲ့ ဆက်ဆံရေး လမ်းကြောင်းလေးတည်ဆောက် ထားပါတယ်။ အင်္ဂလိပ်က ကျူးကျော်လာရင် ပြင်သစ်နဲ့ မဟာမိတ်ပြု ရန်စီစဉ်ထားပြီး ပြင်သစ်က ကျူးကျော်လာရင် အင်္ဂလိပ်နဲ့ မဟာမိတ်ပြုရန် စီစဉ်ထားတယ်။ ဒီတော့ အင်္ဂလိပ်ကလည်း ထိုင်းကိုကျူးကျော်လိုက်ပါက မြန်မာနိုင်ငံက သီပေါဘုရင်ကို ကျူးကျော်သလောက်မလွယ်ဘူးဆိုတာ ရိပ်မိသလို ပြင်သစ်ကလည်း ထိုင်းကိုကျူးကျော်ချင်ရင် လာအိုနဲ့ ကမ်းပူးခြားတို့ကို ကျူးကျော်သလောက် မလွယ်ဘူးဆိုတာရိပ်မိတယ်။ ထိုင်းနိုင်ငံဟာ မိမိစစ်အင်အားကို ထုတ်သုံးစရာမလိုဘဲ စစ်အင်အားကြီးနိုင်ငံနှစ် ခုကို ခေါင်းချင်းဆိုင်ပေးထားပါတယ်။
အင်္ဂလိပ်နဲ့ ပြင်သစ်ကလည်း လူပါးတွေ ဖြစ်ပါတယ်။ အင်အားကြီးတွေ အချင်းချင်းပြဿနာမတတ်အောင် လက်ရှောင်ပါတယ်။ ဒီတော့ထိုင်းနိုင်ငံဟာ အင်္ဂလိပ်လက်အောက်လည်းမရောက်၊ ပြင်သစ်လက်အောက်လည်းမရောက်ဘဲ ထိုင်းဘုရင်မင်းဆက်ဟာ ယနေ့အထိတည်မြဲနေရပါတယ်။ အဲဒါ ကတော့ ထိုင်းနိုင်ငံရဲ့ စစ်ရေး အမြင်ပါ။
မိတ်ဆွေတို့၏ ယုံကြည်ကိုးစားရမှု စစ်ရေး အမြင်
အီရတ်သမ္မတ ဆဒမ်ဟူစိန်လက်ထက်က ဆဒမ်ဟူစိန်နဲ့ အမေရိကန်သမ္မတ ဘုရှ်(အကြီး)တို့ တော် တော် မတည့်ပါဘူး။ ဆဒမ်ဟူစိန်ကို ကာဒ်လူမျိုးစုတို့၊ ကလန်ကဆန်လုပ်ရန် ဘုရှ်ကစေ့ဆော်ပေးတယ်။ တကယ်လို့ ဆဒမ်ဟူစိန်က ကာဒ်လူမျိုးစုကို အင်အားသုံးနှိမ်နင်းရင်း အမေရိကန်က လာကယ်မှာ ပဲလို့ထင်မိလို့ ဆဒမ်ဟူစိန်ကို ကလန်ကဆန်လုပ်မိပါတယ်။ ဆဒမ်က ရက်ရက်စက်စက်နှိမ်နင်းတော့ အမေရိကန်က ထိထိရောက်ရောက်လာမကယ်ပါဘူး။ ကာဒ်လူမျိုးတွေ အမေရိကန်ကို အားကိုးမိလို့ တော် တော် ခံလိုက်ရတယ်။
အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု ကတော့ မိတ်ဆွေကိုယုံပြီး ပုံမထားပါဘူး။ အီရန်ကအစ္စရေး ကို ကမ္ဘာမြေပုံပေါ်ကဖျောက်ပစ်မယ်ပြောပြီးတော့ အနုမြူစွမ်းအင်တည်ဆောက်တဲ့ မသင်္ကာစရာတွေ လုပ်နေပါတယ်။ အစ္စရေး က အီရန်ကို အနုမြူဗုံးပိုင်ခွင့်မပေးနိုင်ဘူး။ လက်ဦးအောင် အီရန်ကိုတိုက်ချင်ပါတယ်။ အစ္စရေး ရဲ့ မိတ်ဆွေကြီး အမေရိကန်က ဒီလိုလုပ်ဖို့ မီးစိမ်းမပြဘူး။
ဒီတော့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု ပြောတာက ကျုပ်တို့အမိနိုင်ငံရဲ့ ကံကြမ္မာကို မိတ်ဆွေနိုင်ငံတွေ ရဲ့ လက်ထဲမှာ ဝကွက်အပ်မထားပါဘူးလို့ ဆိုပါတယ်။ လိုအပ်ရင် အမေရိကန်သဘောတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ ကိုယ်တိုင်တိုက်မှာ ပါ။ အဲဒါ ကတော့မိမိနိုင်ငံကို မိမိပဲကာကွယ်ရမယ်ဆိုတဲ့ အစ္စရေး ရဲ့ စစ်ရေး အမြင် ဖြစ်ပါတယ်။
ပြည်သူတို့စစ်ရေး အမြင်၏ သြဇာ
၁၉၆ဝ ပြည့်နှစ် လွန်နှစ် များ က အမေရိကန်နှင့် သမ္မတရွေးပွဲမှာ သမ္မတလောင်းမစ္စတာဂိုးဝါးတား (Gold WATER) နဲ့ သမ္မတလောင်း လင်ဒွန်ဂျွန်ဆင်တို့ ယှဉ်ပြိုင်ရာမှာ ဂိုးဝါးတားက ဆိုဗီယက်၊တရုတ်ကွန်မြူနစ်နိုင်ငံတွေ ကို လိုအပ်ရင် အနုမြူဗုံးနဲ့ တိုက်မယ်ဆိုပြီးမဲဆွယ်စည်းရုံးပါတယ်။ လင်ဒွန်ဂျွန်ဆင်က ဂိုးဝါးတားနဲ့ စာရင်စစ်မလိုလားပါဘူး။ ထိုစဉ်က အမေရိကန်ပြည်သူအများ စုရဲ့ စစ်ရေး အမြင်က အနုမြူစစ်ပွဲကို အကျိုးရှိမယ်လို့မမြင်ဘူး။ ဒါကြောင့် ဂိုးဝါးတားကို မဲဆန္ဒမပေးလို့ သမ္မတ ဖြစ် သွားပါတယ်။ အဲဒါ ကတော့ ပြည်သူတို့၏ စစ်ရေး အမြင်ရဲ့ သြဇာပါ။ ဒီမိုကရေစီနိုင်ငံတွေ မှာ ပြည်သူတွေ ဟာစစ်ရေး အမြင်ရှိသင့်ပါတယ်။ တကယ်လို့ ပြည်သူအချို့က စစ်ရေး ဘာသာရပ်ကို စိတ်မဝင်စားလျှင်တောင်မှ နိုင်ငံရေး သမား (Politician) တွေ က စစ်ရေး အမြင်ရှိသင့်တယ်လို့ဆိုချင်ပါကြောင်း။
၎။ ဓဇဂ္ဂသုတ်မှရသော အသိပညာ
ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်းဆိုတဲ့ဒဿနက ယခုခေတ်မှာ လူပြောသူပြော နည်းနည်း များ လာပါတယ်။ ကျွန်တော် တို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းစဉ်ကို ထူထောင်ခြင်းနဲ့ အတူ အုပ်ချုပ်သူတို့ရဲ့ တစ်ဆင့်ချင်းဖြေလျော့မှု တွေ ကို တွေ့ ရပါတယ်။ စာပေနယ်ပယ်မှာ နည်းနည်း ပဲရေး ရဲရာကနေ များများ ရေး ရဲလာပါတယ်။ တချို့ကလည်းလူတွေ ကိုမကြောက်ပါနဲ့ ၊ ရဲရဲတွေး၊ ရဲရဲရေး ပါဆိုပြီး အားပေးလာကြပါတယ်။ ဒါပေမယ့် ပုထုဇဉ်လူသားဆိုတာကလည်း ကြောက်စိတ်ဆိုတာ အတိုင်းအတာတစ်ခုအထိရှိပါတယ်။ အာဇာနည်အဆင့်သူရဲကောင်းတွေ အတွက် သတ္တိဆိုတာမဆန်းပါဘူး။ ဒါပေမယ့် သာမန်ပြည်သူ၊ သာမန်နိုင်ငံအားအားလုံး ကတော့ အာဇာနည်လောက်သတ္တိရှိရန်မလွယ်ပါ။ သို့သော် လွယ်အောင်လုပ်တဲ့နည်းရှိပါတယ်။ သို့ ပါ၍ သာမန်နိုင်ငံသား တစ်ယောက် အနေဖြင့် အကြောက်တရားမှကင်းဝေးအောင်နေထိုင်ခြင်းဆိုတဲ့ ဆောင်းပါးကိုတင်ဆက်ပါတယ်။
တစ်ချိန်တုန်းက နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုရေး တဲ့ ''အာဇာနည်''လို့ အမည် ရတဲ့ လုံးချင်းစာအုပ်ကိုဖတ်ဖူးပါတယ်။ သမိုင်းအဆက်ဆက်မှာ အသက်စွန့်ရဲတဲ့ အာဇာနည်တွေ အကြောင်း ရေး ထားတာပါ။အာဇာနည်တွေ ကို လေးစားစရာပါ။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်လေသူရဲတွေ ဟာ လေယာဉ်ပေါ်မှာ ဗုံးတွေ အပြည့်တင်ပြီး ရန်သူရဲ့ ဧရာမသင်္ဘောကြီးရဲ့ ခေါင်းတိုင်ထဲကို လေယာဉ်ရော၊ လူရော၊ ဗုံးရောထိုးစိုက်ပြီး သင်္ဘောကြီးတွေ ကို အသေခံဖျက်ဆီးဖူးတယ်။ အဲဒါမျိုး ကတော့ မကြောက်တတ်တဲ့ သူရဲကောင်းတွေ ပါ။
ဒါပေမယ့် လူတိုင်း လူတိုင်း သာမန်နိုင်ငံသားတိုင်း ကတော့ထိုကဲ့သို့ သတ္တိရှိရန်မလွယ်ဘူးဆိုတာ ဥပမာပြရရင် ကျွန်တော့် ကိုယ်ကျွန်တော် ပဲ ဥပမာပေးပါတော့မယ်။ ဘာကြောင့် လဲဆိုတော့ သူများ ကိုသွားပြီး ကြောက်တတ်တာကို ဥပမာပေးမိရင် အသရေဖျက်မှု နဲ့ တရားစွဲခံရမှာ ကိုလည်း ကြောက်မိပြန်တယ်။ ဒီတော့ မိမိကိုယ်ကို ဥပမာပေရရင် ကျွန်တော့် ကို တစ်စုံ တစ်ယောက် ကပြောမယ်ဆိုပါတော့။ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပဲပစ်တတ်တယ်လို့ပြောရင်ကျွန်တော် တော့ ကြောက်ပါတယ်။ ဒီလိုရေး လို့ ကျွန်တော် ကိုအထင်သေးသူတွေ ရှိမယ်။ ဒါပေမယ့် အဲဒီ လို ကြောက်တတ်တယ်လို့ဝန်ခံတာဟာလည်း သတ္တိမဟုတ်ဘူးလား။ သာမန်နိုင်ငံသား တစ်ယောက် ရဲ့ သတ္တိဥပမာပါ။ အသက်အသေခံစရာမလိုပါဘူး။
အာဇာနည်ဆိုတာရှားပါတယ်။ လူနည်းစုပါ။ လူအများ စု ကတော့ အနည်းနဲ့ အများ ကြက်သီးမွေးညင်းထဖူးမှာ ပါ။ ဒီတော့လူအများ စုဟာ ကြောက်နေလို့မပြီးဘဲ သတ္တိမွေးပြီး တိုင်းပြည်ထူထောင်ရာမှာ ပါဝင်မှ တိုင်းပြည်တိုးတက်မှာ ဖြစ်လို့ မကြောက်တရားကိုရေး ရမယ်ဆိုရင်တော့ ပရိတ်ကြီး ၁၁ သုတ်က ဓဇဂ္ဂသုတ်မြန်မာပြည်မှာ ရေး သားချက်အရ သိရတာ ကတော့ သိကြားမင်းက နတ်တွေ ကိုမကြောက်တရားဟောဖူးတယ်။ သိကြားမင်းက အသူရာနတ်မင်းနဲ့ စစ်တိုက်တော့ နတ်စစ်သည်တို့ မကြောက်အောင် ဒီလိုပြောတယ်။
''အိုနတ်များ တို့ ဒီတိုက်ပွဲမှာ ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေကြရင် ငါကိုင်ထားတဲ့အလံကို လှမ်းကြည့်ပါ။ ငါမကျဆုံးသေးဘဲအောင်လံတဝင့်ဝင့်နဲ့ တိုက်ပွဲဝင်နေတာတွေ့ ရင် သင်တို့အကြောက်ပြေ သွားပါလိမ့်မယ်''လို့ ဟောပါတယ်။
ဥပမာ ဘီစီ ၃ဝဝဝ လောက်က ဂရိဘုရင်မဟာအလက်ဇန်းဒါးဟာ စစ်တိုက်ရင် အောင်လံဝင့်ဝင့်နဲ့ ရှေ့ကနေပြီး ဦးဆောင်တိုက်တော့ နောက်လိုက်စစ်သည်တွေ အားရှိသလိုမျိုး ဖြစ်ပါသည်။ထို့ပြင် သိကြားမင်းက ဆက်ပြောတာက ''ငါ၏ နောက်ကနေ၍ စစ်တိုက်နေသော နတ်မင်းကြီး(၃)ပါး ကိုင်ထားတဲ့အလံကို လှမ်းကြည့်ပါ၊ အကြောက်ပြေ သွားပါမယ်''လို့ဆိုပါတယ်။
သို့ သော် မြတ်စွာ ဘုရားကိုယ်တော် တိုင် ဟောတော် မူတာကတော့ သိကြားမင်းရဲ့ တိုက်ပွဲဝင်အလံကို လှမ်းကြည့်ရုံနဲ့ ကြောက်စိတ်ပျောက်မပျောက် မသေချာပါ။ ဘာကြောင့် လဲဆိုတော့ သိကြားမင်းကိုယ်တိုင်က ရာဂ၊ ဒေါသ၊ မောဟ မကင်းသေးတော့ ကြောက်တတ်တယ်၊ လန့်တတ်တယ်၊ ကြောက်ပြီး ထွက်ပြေးတတ်ပါတယ်။
ဘုရား ကတော့ ရဟန်းတွေ သစ်တစ်ပင်ဝါးတစ်ပင်အောက်မှာ ကြောက်စိတ်တွေ ပေါ်ရင် ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါးကို အကြိမ်ကြိမ် သတိရရင်ကြောက်ရွံ့မှု့ တွေ ပပျောက် သွားပါလိမ့်မယ်လို့ ဆိုပါတယ်။ ဘုရား ကတော့ မကြောက်တတ်ဘူး။ ထွက်မပြေးပါဘူးမဟုတ်လား။
ဆုံတွေ့ ရသော အခါ မတုန်လှုပ်သင့်သော ဘုရားဟောတရားရှစ်ပါး
မြတ်စွာ ဘုရား ကတော့ လောကဓံတရားရှစ်ပါးကိုဟောကြားရာမှာ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ ခြင်း၊ အခြွေအရံနည်းခြင်း၊ အခြွေအရံများ ခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်းရယ်လို့ရှစ်ပါးရှိပါတယ်။ ဒါတွေ ကို ရင်ဆိုင်ရတဲ့အခါ မတုန်လှုပ်သင့်ပါဘူး။
မြတ်စွာ ဘုရားဟောတဲ့ ကြောက်သင့်တဲ့အရာ
ဘုရားက ဟီရိသြတ္တပဆိုတဲ့ စကားကိုဟောခဲ့ပါတယ်။ ဟီရိဆိုတာက မကောင်းမှု လုပ်ရမှာ ကို ရှက်ခြင်း၊ သြတ္တပဆိုတာကမကောင်းမှု လုပ်ရမှာ ကို ကြောက်ခြင်း ဖြစ်ပါတယ်။
သာမန်နိုင်ငံသားတစ်ဦးရဲ့ မကြောက်တရားဥပမာ
ကျွန်တော့် မှာ သူငယ်ချင်းတစ်ဦးရှိပါတယ်။ သူရဲ့ နာမည် ကမောင်တင်မောင်(နာမည် လွှဲ)ဆိုပါစို့။ မောင်တင်မောင်တို့ တက္ကသိုလ်ကျောင်းသားဘဝတုန်းက ၁၉၇ဝ ပြည့်နှစ် လွန်တွေ မှာ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကပါ။ အဲဒီ တုန်းက ဦးသန့်ဈာပနာအရေး အခင်း၊မှိုင်းရာပြည့်အရေး အခင်း စသဖြင့် အစိုးရနဲ့ ထိပ်တိုက်တွေ့ ရတဲ့အရေး အခင်းတွေ မှာ မောင်တင်မောင်ဟာ ပါဝင်ဆင်နွှဲခြင်းမရှိပါဘူး။
ဘာကြောင့် လဲဆိုတာ ကြောက်တတ်တယ်လို့ဆိုပါတယ်။ ဒီတော့အပေါ်ယံကြောကြည့်ရင် သူ့ကိုအထင်သေးစရာပါ။ ဒါပေမယ့် သူကနောင်အခါ လူလတ်ပိုင်းရောက်လာတော့ ကုန်ဈေးနှုန်းတွေ က တစ်စတစ်စမြင့်မားလာချိန်မှာ အကျင့်ပျက်ခြမစားဘူး။ ဒီတော့ ဆင်းရဲတဲ့လောကဓံကို မကြာက်ဖူးပေါ့။ အလုပ်လုပ်တဲ့အခါမှာ အဂတိမလိုက်စားဘူး။ ဒီတော့ လာဘ်မရဘူး။ လာဘ်မရခြင်းဆိုတဲ့ လောကဓံကိုမကြောက်ဘူးပေါ့။ အလုပ်လုပ်တဲ့အခါ အထက်ဖားအောက်ဖိမလုပ်ဘူး။ မိမိရာထူးတက်ရေး အတွက် သူများ ကိုတံတောင်နဲ့ မတွက်ဘူး။ဒီတော့ ရာထူးကြီးကြီးမရမှာ မကြောက်ဘူး။ ဒီတော့ အချွေအရံနည်းခြင်းဆိုတဲ့ လောကဓံကို မကြောက်ဘူး၊ ဆင်းဆင်းရဲရဲနေရတဲ့အခါအနှိမ်ခံရမှာ ကိုမကြောက်ဘူး။ ဒီတော့ ကဲ့ရဲ့ ခြင်းဆိုတဲ့ လောကဓံကိုသူမကြောက်ဘူး။
ဒီတော့ သူက သတ္တိရှိနေပြန်ရောလား။ အဲဒါက သာမန်နိုင်ငံသား တစ်ယောက် ရဲ့ သတ္တိပါ။
အမှန်တကယ်ကြောက်တတ်တဲ့သူ စစ်စစ်တွေ ကြောင့် ခက်တယ်အမှန်တကယ် ကြောက်တတ်တဲ့သူ စစ်စစ်ဆိုတာ ဥပမာပြောရရင် သေနတ်ဆိုတာ မိုးပေါ်တောင်မပစ်ဖူး။ တည့်တည့်ပဲပစ်တတ်ဆိုရင် ကြက်သီးထသွားသူဟာ အမှန်တကယ် ကြောက်တတ်သူစစ်စစ်မဟုတ်ပါဘူး။
ဆင်းရဲရမှာ ကြောင့် လို့ အကျင့်ပျက်ခြစားမိသူဟာ အမှန်တကယ်ကြောက်တတ်သူစစ်စစ်ပါ။ အခြွေအရံနည်းမှာ စိုးလို့ ရာထူးတတ်ချင်ဇောနဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်ကို တံတောင်နဲ့ တွက်တဲ့သူဟာ သူရဲဘောကြောင်သူ စစ်စစ်ပါ။ သူရဲဘောကြောင်သူတွေ များ နေရင်းတိုင်းပြည်ဟာ ဘယ်လိုမှ မတိုးတက်နိုင်ပါဘူး။
ဘကြီးသခင်ကိုယ်တော် မှိုင်း၏ ငြင်းရဲတဲ့သတ္တိ
ဘကြီး သခင်ကိုယ်တော် မှိုင်းဟာ စီးပွားရေး အရ သိပ်ပြီးပြေပြေလည်လည်မရှိ ဖြစ်နေချိန်မှာ ဗြိတိန်က ဝေလမင်းသားက မြန်မာပြည်ကိုရောက်လာပြီး ဗြိတိသျှရဲ့ ဘုန်းတော် ဘွဲ့ကို ကဗျာစပ်ပေးရင်ဉာဏ်ပူဇော်ခ အသပြာတစ်ထောင်ပေးမယ်လို့ ကမ်းလှမ်းတယ်။ အင်္ဂလိပ်ခေတ်က ရွှေတစ်ကျပ်သား ၂၅ ကျပ် လောက်ရှိတဲ့ အချိန်မှာ သခင်ကိုယ်တော် မှိုင်းဟာ ကျပ် တစ်ထောင်ကို ငြင်းပယ်ပြီး မြန်မာနိုင်ငံကိုကျွန်ပြုတဲ့ ဗြိတိသျှတို့ ဘုန်းတော် ဘွဲ့ကို ကဗျာစပ်ရန် ငြင်းပယ်ပါတယ်။အဲဒါ ကတော့ လာဘ်လာဘကို ငြင်းရဲတဲ့သတ္တိပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အာဇာနည်တွေ က အသက်စွန့်ပြီး အများ အကျိုးထမ်းရွက်ချိန်မှာ သာမန်နိုင်ငံသားတွေ က အကျင့်ပျက်ခြစားပြီး သူရဲဘောကြောင်ပြနေရင် အာဇာနည်တို့ရဲ့ လုပ်ရပ်ဟာ မထိရောက်နိုင်ပါ။
သာမန် နိုင်ငံသား တစ်ယောက် ဟာလည်း သူ့အတိုင်းအတာနဲ့ သူသတ္တိဆိုတာလိုပါတယ်။ သာမန်နိုင်ငံသားတွေ လည်း သတ္တိရှိမှနိုင်ငံတော် ကြီးဖွံ့ဖြိုးမယ်လို့ ဆိုချင်ပါကြောင်း . . .။
![]() ဂုဏ်ယူစရာထက်ပို၍ ဂုဏ်ယူစရာကောင်းသော | ![]() စီမံခန့်ခွဲရေးမန်နေဂျာတို့အတွက် လက်တွေ့ဗျူဟာများ | ![]() တက်လမ်းရှာ ဝန်ထမ်းအမျိုးမျိုးတို့အတွက် ဗျူဟာများ |