
၁။ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့် တို့ကို ဖက်ရူရာတွင် ဗိုလ်ချုပ်က ခေါင်းဆောင်ဆိုသော ဂုဏ်ကို ၀န်ကြီးဆိုတဲ့ရာထူးထက် ပိုမက်ကြောင်း ပြောကြားမူကို ဖက်ရူပြီး နောက်ဝယ်
(Venus News Journal 17 November 2011)
ယခု ပစ္စုပ္ပန်ကာလသည် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရေး သော စာများ ကို အများ ပြည်သူတို့ အလွန်စိတ် ဝင်စားစွာ ဖတ်ရှုနေချိန် ဖြစ်ပါသည်။ ဗိုလ်ချုပ်သည် တစ်ချိန် က လွတ်လပ်ရေး ရခါနီး ဆဲဆဲ ကာလ၌ ဘုရင်ခံကောင်စီ၏ ဒုတိယဥက္ကဌ ဖြစ်ပြီး ကက်ဘိနက်ခေါ် ဝန်ကြီးအဖွဲ့ဝင် တစ်ဦး ဖြစ်၏ ။ စစ်သေနာပတိလည်း ဖြစ်၏ ။ ထို့ပြင် အများ ပြည်သူတို့၏ အထူးလေးစားမှု ကို ခံရသော အမျိုးသားခေါင်းဆောင်ကြီးလည်း ဖြစ်ပါသည်။
ထိုအချိန်ဝယ် ရာထူးများ နှင့် ပတ်သက်၍ အောက်ပါ အတိုင်း ဗိုလ်ချုပ်သည် ပြောခဲ့ဖူးပါ၏ ။
''ယခု ဝန်ကြီး ဖြစ်နေရပေမယ့် ကျွန်တော့် မှာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ယခုလို မီးတောင်ကြီးပေါ်မှာ တက်ထိုင်နေရတာ နဲ့တူတဲ့ ဝန်ကြီးရာထူးဆိုတာဟာ ခုနေခါ ကျုပ်တို့ယူချင်တာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အကြောင်း ကြောင်းတွေ ထောက်ပြီး မျက်စိမှိတ် စွန့်ယူရတာ ပဲ။ လူထု ကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ် ကို ဝန်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျား တို့ မှတ်ထားလိုက်ကြပါ။ ဝန်ကြီးဆိုတဲ့ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့ မြေမှု န်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်''ဟု ဆိုပါ၏ ။
ဤနေရာ၌ တင်ပြလိုသည်မှာ ဝန်ကြီးဆိုသည်မှာ အုပ်ချုပ်သူ သို့ မဟုတ် အရာရှိတစ်ဦး ဖြစ်ပြီး စာရေး သူ ကျွန် တော် မောင်ထွန်းဝင်းက အုပ်ချုပ်သူ(အထက်အရာရှိ)နှင့် ခေါင်းဆောင် ကွာခြားပုံကို ဦးစွာ တင်ပြလိုပါသည်။ ¤င်း နောက်မှသာ ဗိုလ်ချုပ်ကို လေးစားလှချည်ရဲ့ ဟု ဆိုသော ပုဂ္ဂိုလ်အချို့ ရာထူးမက်ကြပုံကို ဆက်လက်တင်ပြလိုပါသည်။
ခေါင်းဆောင်နှင့် အထက်အရာရှိ ဘယ်လိုကွာသလဲ
ခေါင်းဆောင်ဟူသည် ငယ်သားတို့က အသိအမှတ်ပြုခြင်းခံရ၍ ခေါင်းဆောင် ဖြစ်လာသည်။ အထက်အရာရှိ ဟူသည် အမိန့်စာဖြင့် ခန့်အပ်ခြင်းခံရ၍ အထက်အရာရှိ ဖြစ်လာသည်။
ခေါင်းဆောင်တို့သည် မိမိတို့ကိုယ်တိုင် မှန်သော အလုပ်ကို လုပ်နေကြသည်။ အထက်အရာရှိတို့သည် မှန်သော အလုပ်ကို လုပ်ကြရန် ငယ်သားတို့အား တိုက်တွန်း ကြသည်။ ရာထူးမြင့်တိုင်း ခေါင်းဆောင်မဟုတ်။ အထက်အရာရှိတို့သည် မြင့်သော ရာထူး၌ အမြဲနေကြရသည်။
ခေါင်းဆောင်နှင့် နောက်လိုက် ဆက်နွယ်မှု မှာ နောက်လိုက်တို့က ခေါင်းဆောင်အား ကြည်ညိုလေးစား၍ နောက်လိုက်လုပ်နေကြခြင်း ဖြစ်သည်။ အထက်အရာရှိနှင့် ငယ်သား ဆက်နွယ်မှု မှာ ငယ်သားတို့က လခရ၍ ငယ်သား အ ဖြစ် ဆောင်ရွက်ကြသည်။
ခေါင်းဆောင်ကို မည် သူမျှ အမိန့်စာထုတ်၍ ခေါင်း ဆောင်အ ဖြစ်မှ ရပ်စဲလို့မရပါ။ နောက်လိုက်တို့က မကြည် ညို မလေးစားတော့ရင် ခေါင်းဆောင်အ ဖြစ်က အလိုလို ရပ်စဲသည်။ အထက်အရာရှိတို့မည် သည် အလုပ်ရှင်က အမိန့်စာထုတ်၍ အလုပ်ထုတ်သော် အလုပ်ပြုတ်သည်။ လက်အောက်ငယ်သားတို့က မကြည်ညိုရုံနှင့် အလုပ်ပြုတ် မသွား။ လူမိုက်တို့၌ ခေါင်းဆောင်မရှိ။ ဝန်ထမ်းလုပ်လျှင် တော့ အထက်အရာရှိဆိုသည်မှာ အမြဲတမ်းရှိနေမည် ။
လူတိုင်းသည် မိမိ၏ ခေါင်းဆောင်ကို မိမိရွေးချယ် ခွင့်ရှိသည်။ လက်အောက်ငယ်သား ကတော့ မိမိ၏ အထက် အရာရှိဘယ်သူ ဖြစ်ရမယ်ဆိုတာ ရွေးချယ်ခွင့်မရှိပါ။
ခေါင်းဆောင်တို့သည် ကိုယ်ပိုင်ပစ္စည်းမှာ မှန်သော အလုပ်ကိုလုပ်ခြင်း၊ အနစ်နာခံခြင်း၊ ရှေ့ဆောင်နိုင်ခြင်းတို့ ဖြစ်သည်။ အထက်အရာရှိတို့၏ ကိုယ်ပိုင်အရည်အချင်းမှာ ဘွဲ့၊ ဒီဂရီ၊ လုပ်သက် အတွေ့ အကြုံတို့ ဖြစ်ကြသည်။
ခေါင်းဆောင်ဆိုသည်မှာ မှန်တာလုပ်နေသော လူ တစ်ယောက် ဖြစ်သော်လည်း ပတ်ဝန်းကျင်က မိမိကို မယုံ ကြည်၊ မလေးစား၍ မိမိနောက်လိုက် မလုပ်သော် အနေသာ ချည်း။ အထက်အရာရှိဆိုသည် ကတော့ လက်အောက်ငယ် သား မဟုတ်တာလုပ်ရင် အမုန်းခံ ဆုံးမရမယ့် တာဝန်ရှိသည်။
ခေါင်းဆောင်ဆိုတာရဲ့ သဘာဝ သို့ မဟုတ် သာမန်အညတြ တစ်ဦးက အထင်ကရပုဂ္ဂိုလ်တစ်ဦးအား ခေါင်းဆောင် ခန့်ထားပုံ ဥပမာ
ကျွန်တော် ၏ ဇနီးသည် သာမန်အညတြ ပြည်သူတစ်ဦးသာ ဖြစ်ပါသည်။ တစ်နေ့တော့ သူမသည် မြို့ထဲ သွားရင်း ကျွန်တော် တို့အိမ်၏ ဧည့်ခန်း၌ ချိတ်ဆွဲရန် ဗွီနိုင်း ပိုစတာတစ်ခု ဝယ်လာပါသည်။ ၄င်းဗွီနိုင်း ကတော့ အထင်ကရပုဂ္ဂိုလ် ဖြစ်သော ဗိုလ်ချုပ်၏ သမီး ဒေါ်အောင်ဆန်းစု ကြည်၏ ပုံ ဖြစ်ပါတယ်။ ကျွန်တော် တို့၏ ဧည့်ခန်း၌ ဒေါ် အောင်ဆန်းစုကြည်ပုံကို ချိတ်ဆွဲတဲ့အချိန်မှာ ဇနီးသည်က ကျွန်တော့် အား ရှင်းပြတာ ကတော့ သူမသည် ဒေါ်အောင် ဆန်းစုကြည်အား အလွန်လေးစားကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်သည် သူမ၏ ခေါင်းဆောင် ဖြစ်ကြောင်း ပြောပါတယ်။ ဒီနေရာမှာ ရှင်းလိုတာက ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်တော် ၏ ဇနီးတို့ လုံးဝမသိကြပါ။ ဒေါ်အောင်ဆန်းစု ကြည်က ကျွန်တော့် ဇနီးကို နောက်လိုက် (Follower)အ ဖြစ် ခန့်အပ်တာမဟုတ်ဘဲ ဇနီးသည်က ဒေါ်အောင်ဆန်းစုကြည် ကိုLader အ ဖြစ် ခန့်တာပါ။ အောက်ခြေကခန့်တာ ခံရ တာက ခေါင်းဆောင်တို့ရဲ့ သဘာဝ ပါ။ ဗိုလ်ချုပ်ကိုလည်း ဘုရင်ခံကောင်စီ ဒုတိယဥက္ကဌရာထူးကို ဘုရင်ခံက ခန့်တာ ဖြစ်ပြီး လူထုခေါင်းဆောင်ဆိုတဲ့ ရာထူးဂုဏ်ကိုတော့ ပြည် သူက ခန့်တာပါ။ ဗိုလ်ချုပ်က လူထုခန့်တဲ့ ဂုဏ်ကိုပိုမက် ပါတယ်။
တစ်ဖန် ဆက်လက်တင်ပြလိုသည်က ခေါင်း ဆောင်တိုင်း အထက်ကမနေဘဲ နေရာအမျိုးမျိုး၌ နေတတ် ပုံ ဖြစ်ပါတယ်။
ခေါင်းဆောင်တို့ ရောက်ရှိနေတတ်သော နေရာအဆင့်အမျိုးမျိုး
အုပ်ချုပ်သူ သို့ မဟုတ် အထက်အရာရှိ သို့ မဟုတ် မန်နေဂျာတို့ ရှိရာအရပ်သည် သတ်မှတ်ရသည်မှာ လွယ် ကူပါသည်။ ၄င်းတို့သည် ရာထူးလက်ကိုင်ပုဂ္ဂိုလ်များ ဖြစ်၍ အလုပ်လုပ်ရာ အရပ်ဒေသ၊ ရုံးခန်း တိတိကျကျ ရှိပါသည်။ခေါင်းဆောင်တိုင်းသည် ရာထူးလက်ကိုင်ရှိသူ မဟုတ်ပါ သော ကြောင့် ၄င်းတို့သည် တည်နေရာအမျိုးမျိုး၌ ရှိနိုင်ပါ သည်။ ၄င်းနေရာတို့သည်ကား အောက်ပါအတိုင်း ဖြစ်ပါ သည်။
(၁) ခေါင်းဆောင်နှင့် အထက်အရာရှိသည် တစ်ခါတစ် ရံ တစ်ယောက် တည်း ဖြစ်သည့်အခါ ခေါင်းဆောင် သည် အထက်အရာရှိနေရာ၌ ရှိပါမည် ။ အထင်ရှား ဆုံး ဥပမာတစ် ခုမှာ သမိုင်းတွင် ဂရိပြည့်ရှင်မဟာ အလက်ဇန္ဒြားဘုရင် (Alexandra The Great)၏ စစ်တိုက်ပုံစံသည် ခေါင်းဆောင် ပီသလွန်းသည် ဟု ဆိုပါ၏ ။ ဥပမာ တပ်ဦးမှနေ၍ တိုက်ခြင်း၊ တပ်သားတို့နှင့် သေအတူရှင်မကွာ စိတ်ဓာတ် စသည်တို့ ဖြစ်၏ ။ သို့ သော်¤င်းသည် တစ်ချိန် တည်းမှာ ပင် တပ်၏ စစ်သေနာပတိလည်း ဖြစ်ပါသည်။ အုပ်ချုပ်သူ လည်း ဖြစ်၏ ။ ဤဥပမာ ၌ ခေါင်းဆောင်သည် တစ်ခါတစ် ရံ အုပ်ချုပ်သူနေရာ၌ ရှိပါသည်။
(၂) တစ်ခါတစ်ရံ ခေါင်းဆောင်ဟူသည် မိမိထက် ရာထူးနိမ့်သူတစ်ဦး ဖြစ်နေတတ်ပါသည်။
တစ်ခါက ဖြစ်ပါ၏ ။ ကုသိုလ် ဖြစ်ဆေးရုံကြီးတစ် ခုတွင် ဒေါက်တာမောင်သီလဆိုသူ ဆရာဝန် လူလတ်ပိုင်း တစ်ဦးသည် ဆေးအရာရှိ Medical officer အ ဖြစ် အမှု ထမ်း၏ ။ ဒေါက်တာမောင်သီလ၏ လက်အောက်၌ ဦးသန်း အောင်ဟူသော အထွေထွေလုပ်သား အသက် ၆ဝ ခန့် လူ ကြီးတစ်ဦး အမှု ထမ်းပါသည်။ ဦးသန်းအောင်သည် ဤ ဆေးရုံကြီး၌ အသက် ၂ဝ မှစ၍ တာဝန်ထမ်းဆောင်လာ ခဲ့သည်မှာ ယခုဆိုလျှင် အနှစ် ၄ဝ ကျော်လာပါပြီ။ ဦးသန်း အောင်၌ အိမ်မရှိပါ။ သမီးနှင့် သမက်အိမ်၌ ကပ်နေသည် ဟု ဆိုပါ၏ ။ ဒေါက်တာမောင်သီလနှင့် ဦးသန်းအောင်တို့ ရင်းနှီးလာတော့ ဦးသန်းအောင်က¤င်း၌ အိမ်မရှိသည့် ဒဿ နကို အောက်ပါအတိုင်း ပြောပြသည်။
''ကျွန်တော် ကတော့ အိမ်မရှိတာ မရှက်ဘူး ဆရာလေး။ ကျွန်တော့် မိဘက ဆင်းရဲသားပါ။ အမွေမပေး နိုင်ဘူး။ ကျွန်တော် ထီလည်းမပေါက်ဖူးပါဘူး။ တခြား အလုပ်လည်းမရှိဘူး။ ဒီဆေးရုံမှာ အနှစ် ၄ဝ လုပ်ခဲ့တယ်။ ဆေးရုံလခကလည်း ထမင်းဝရုံ သက်သက်ပါ။ ဒီတော့ အခု အချိန်မှာ ကျွန်တော် တိုက်ခန်းတစ်ခန်းဝယ်နိုင်ရင် ဒီတိုက် ခန်းဟာ ကျွန်တော် ဒီဆေးရုံကနေ ခိုးတဲ့ပိုက်ဆံနဲ့ ဝယ်တာပဲ ဖြစ်မှာ ပေါ့။ ကျွန်တော် အခု လုံးဝမချမ်းသာတော့ လုံးဝ မခိုးခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့''ဟု ပြောခဲ့ဖူး၏ ။
ဦးသန်းအောင်သည် အလုပ်ကိုလည်း ရိုသေကြိုး စားသူ ဖြစ်၏ ။ ထို့ကြောင့် ဒေါက်တာမောင်သီလသည် ဦး သန်းအောင်၏ ကြိုးစားရိုးသားမှု ကို အတုယူပါသည်။ ထို့ ကြောင့် ဒေါက်တာမောင်သီလ၏ Leader သည် ဦးသန်း အောင် ဖြစ်၏ ။ တကယ်တော့ ဦးသန်းအောင်သည် ဒေါက် တာမောင်သီလ၏ လက်အောက်က အထွေထွေလုပ်သား General Worker တစ်ဦးသာ ဖြစ်ပါ၏ ။
ဤဥပမာတွင် Leader တို့သည် တစ်ခါတစ်ရံ လက်အောက်ငယ်သားနေရာ၌ ရောက်နေတတ်ပါသည်။
(၃) ခေါင်းဆောင်သည် တစ်ခါတစ်ရံ သူငယ်ချင်း အုပ်စုထဲ၌ ရှိတတ်၏
Someyimes Leaders is in the peer group
တစ်ခါတရံ ခေါင်းဆောင်သည် သူငယ်ချင်းအုပ်စု ထဲက ဖြစ်နေတတ်ပါသည်။ ကျွန်တော် သည် ဆေးတက္က သိုလ်တက်စဉ်က သူငယ်ချင်း ဆရာဝန်တစ်ဦး ရှိသည်။ သူ့နာမည် က ဒေါ်တာဇော် ဖြစ်ပါ၏ ။ သူ့တွင် မောင်နှမ ၆ ဦးလောက်ရှိ၏ ။ ကျွန်တော် တို့ ဆေးကျောင်းသားဘဝက သူ၏ အစ်ကိုအကြီးဆုံးသည် အမေရိကား၌ စိတ် ရောဂါ ပါ
ရဂူ အထူးကုဆရာဝန်ကြီး ဖြစ်နေပြီ။ ဒေါက်တာဇော်တို့ မောင်နှမအားလုံးသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်က ဘွဲ့ ရများ ဖြစ်၏ ။ ဒေါက်တာဇော်တို့မောင်နှမ ဆရာဝန် ဖြစ်လာ သော အခါ ဒေါက်တာဇော်၏ ညီ၊ အစ်ကို၊ အစ်မ၊ ညီမတို့သည် အစ်ကိုအကြီးဆုံးရှိရာ အမေရိကားကို ထွက်သွားပြီး ၄င်းနိုင်ငံကြီး၏ ပါရဂူဘွဲ့ကို ရခဲ့၏ ။ ထိုနိုင်ငံ၌ ပါရဂူ ဆရာဝန်ကြီးများ ဖြစ်လာပြီး ချမ်းသာကြွယ်ဝကြသည်။ ဒေါက်တာဇော် ကတော့ အမေရိကားသို့ သွားနိုင်သော အခွင့် အရေး ကိုမယူပါဘူး။ ရန်ကုန်မြို့၌ ကုန်သည်လုပ်နေသည်။ မိဘများ နှင့် ရန်ကုန်တစ်မြို့တည်းမှာ နေပြီး အိမ်ခွဲနေသည်။ သို့ သော် နှစ် ပေါင်းများ စွာ တစ်ရက်မပျက် မိဘနှစ် ပါးလုံး ကို နေ့စဉ်လာကြည့်၊ ကျန်းမာရေး စစ်ဆေးပေး၏ ။ ဖခင် ကြီး ဆုံးသွားသည်အထိ ဖြစ်လာပြီး မိခင်အိုကြီးကို ပြုစုဆဲ ဖြစ်၏ ။ ဒေါက်တာဇော်ကို ကျွန်တော် လေးစားအားကျမိ သည်။ အမေရိကားရောက်နေသော ၄င်း၏ ညီအစ်ကို ဆရာဝန် ပါရဂူကြီးများ ထက် ဒေါက်တာဇော်ကို ကျွန်တော် ပို၍ လေးစားမိ၏ ။ ကျွန်တော့် တွင် လည်း ယခုအချိန်ထိ မိခင်အိုကြီး ရှိနေသေးရာ ကျွန်တော် အချိန်ပေး၍ မိခင်ထံ လည်ပတ်စောင့်ရှောက်နေရ၏ ။ ဤတွင် ဒေါက်တာဇော်သည် ကျွန်တော် ၏ Leader ဖြစ်ပါသည်။ တကယ်တော့ သူသည် ကျွန်တော် ၏ သူငယ်ချင်း ဖြစ်၏ ။ ထို့ကြောင့်
Leader သည် တစ်ခါတစ်ရံ သူငယ်ချင်းအုပ်စုတွင်း၌ ရှိနေ တတ်ပါသည်။
(၄) အဝေးတစ်နေရာက ခေါင်းဆောင်
ဒေါက်တာမောင်သီလ အားကျလေးစားနေသူ နှစ် ဦးရှိသေးသည်။၎င်းတို့မှာ စစ်ကြိုခေတ် ရုပ်ရှင်မင်းသား ကြီး ဇေယျနှင့် ယနေ့ ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်းတို့ ဖြစ်၏ ။ ရုပ်ရှင်မင်းသားကြီး ဇေယျသည် အလွန်ကျော်ကြား ခဲ့ပြီး အသက်အရွယ်ရသော် ဘုန်းကြီးဝတ်သွားပြီး ရာသက် ပန် စစ်ကိုင်းချောင်၌ သီတင်းသုံးနေတော့၏ ။ ဦးကျော်ဟိန်း မှာ မူကား အသက် ၆ဝ အရွယ်တွင် ရုပ်ရှင်လောက၌ လျှမ်း လျှမ်းတောက် အောင်မြင်ဆဲ ဖြစ်၏ ။ သို့ သော် အောင်မြင်နေ ချိန်၌ ပင် လူ့လောကီဘဝကိုစွန့်ကာ ဘုန်းကြီးဝတ်သွားပြန် ၏ ။ သူတို့သည် ကုသိုလ်တော် တော် များများ ရမည် ဟု ဒေါက်တာမောင်သီလ ယုံကြည်သည်။ သူတို့ဘဝကို အားကျမိ၍ မိမိ၏ ဘဝနေဝင်ချိန်တွင် သူတို့လို ကုသိုလ် မျိုးလုပ်လိုပါသည်။ သူတို့သည် ဒေါက်တာမောင်သီ၏ Leader များ ဖြစ်ကြ၏ ။ သို့ သော် ဦးဇေယျနှင့် ဦးကျော်ဟိန်းသည်မောင်သီလကို မသိကြပါ။ အဝေးမှာ ရှိကြ၏ ။ ထို့ကြောင့် ဤဥပမာ၌ တစ်ခါတစ်ရံ Leader သည် အဝေးတစ်နေရာ၌ ရှိနေကြ၏ ။
(၅) တမလွန်ဘဝက ခေါင်းဆောင်
ဥပမာ ရှင်ဘုရင်တစ်ပါး နတ်ရွာစံသော် သူ၏ အုပ် ချုပ်သူဟူသော ရာထူးက ပြီးဆုံး သွားပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း အနိစ္စရောက်တော့ သူ၏ ဘုရင်ခံကောင်စီ ဒုတိယ ဥက္ကဌနှင့် စစ်သေနာပတိရာထူးက ပြီးဆုံးခဲ့ပါ၏ ။ သို့ သော် သူ့အား အများ ပြည်သူတွေ က ကြည်ညိုဆဲ၊ လေးစားဆဲ ဖြစ်၍ ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်က မပြီးဆုံးပါ။ သို့ သော် ဗိုလ်ချုပ် ကတော့ တမလွန်ဘဝသို့ ရောက်ရှိနေပါပြီ။ ထို့ကြောင့် ဤဥပမာ၌ ခေါင်းဆောင်သည် တစ်ခါတစ်ရံ တမလွန်ဘဝ၌ ရှိတတ်၏ ။
ခေါင်းဆောင်နှစ် မျိုး
ပထမခေါင်းဆောင်မျိုးမှာ ခေါင်းဆောင်သီးသန့် ဖြစ်၏ ။ ဥပမာ - မဟတ္တမဂန္ဒီသည် အင်္ဂလိပ်အစိုးရလက် ထက်၌ ရာထူးမရှိပါ။ သို့ သော် သူသည် အိန္ဒိယလူမျိုးတို့ ၏ ခေါင်းဆောင် ဖြစ်၏ ။ သူ၏ အရှိန်အဝါက ကြီးမား၏ ။ ဒုတိယခေါင်းဆောင်မျိုးမှာ ခေါင်းဆောင်နှင့် အုပ် ချုပ်သူသည် တစ်ယောက် တည်း ဖြစ်၏ ။ ဥပမာ အလက်ဇန္ဒြားဘုရင်သည် ဘုရင်ရာထူးလည်းရှိပြီး ခေါင်း ဆောင် စရိုက်လည်း ရှိပါ၏ ။
ဗိုလ်ချုပ်မြတ်နိုးခဲ့သော ခေါင်းဆောင်အမျိုးအစားမှာ အုပ်ချုပ်သူရာထူးနှင့် တွဲမနေသော သီးသန့်ခေါင်းဆောင် မျိုး ဖြစ်၏ ။
ဗိုလ်ချုပ်အကြောင်းစာပေကို ဖတ်ရှုပြီးနောက်ဝယ်
ဗိုလ်ချုပ်က ဝန်ကြီးရာထူးကို မမက်ပေမယ့် အချို့ လူတွေ ကတော့ ရာထူးကို အသက်နဲ့ထပ်တူ မြတ်နိုးကြ တယ်လို့ ဆိုရလောက်ပါတယ်။ ဒါကြောင့် လည်း ရာထူးလု ရင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကုန်းချော၊ သပ်လျှို၊ အချွန်နဲ့မ၊ နောက်ကျော်ကဓားနဲ့ထိုး၊ အဆင်းဘီတပ် စတာ တွေ ခဏခဏ ဖြစ်ကြပါတယ်။ ဒါတွေ ကို ဋီကာချဲ့ရရင် တစ်ထောင့်တစ်ညပုံပြင်တွေ ဖြစ်ကုန်မှာ ပါ။ ဒါကြောင့် အ ဖြစ်အပျက်လေးတစ်ခုပဲ ရေး ပြပါမယ်။ ကျွန်တော INGO တစ်ခုမှာ လုပ်တုန်းက အရာရှိမတစ်ဦးဟာ နိုင်ငံခြားက Master Degree ရလာခဲ့ပြီး တော် လည်းတော် ပါတယ်။ သူမ ဟာ လက်ရှိရာထူးကနေ တစ်ဆင့်မြင့်ရာထူးကိုတက်ရန် အပြင်းအထန်ကြိုးစားပါတယ်။ သူမရဲ့ ပြိုင်ဘက်တွေ နဲ့ အထက်အရာရှိတွေ ကို နောက်ကျောကဓားနဲ့ထိုး၊ သပ်လျှို လုပ်တာ ပြိုင်ဘက်တွေ တော် တော် ရှင်းကုန်ပါတယ်။
ဒါပေမယ့် ခက်တာက စီမံကိန်းပြီးရန် နှစ် လလောက်ပဲ လိုပါတော့တယ်။ စီမံကိန်းပြီးရင် အားလုံးအလုပ် ပြုတ်ကြမှာ ပါ။ ထိုအခါ တချို့က သူမကိုမေးတာက ဒီအ ချိန်မျိုးကျမှ ရာထူးတက်ရင် ဘယ်လောက်ကြာကြာလုပ်ရ
မှာ လဲ။ ဘာထူးမှာ လဲမေးကြတယ်။ ဒီတော့ သူမဖြေတာက တော့ အမြင့်ရာထူးမှာ တစ်ရက်ပဲ လုပ်ရ လုပ်ရ လုပ်ပျော် ပါတယ်လို့ ဆိုပါတယ်။ အဲဒါ ရာထူးမက်ပုံပါ။ အဲဒီ အရာ ရှိမကလည်း ဗိုလ်ချုပ်ကို လေးစားသူဟု ဆိုပါတယ်။ သို့ သော် လုပ်ရပ် ကတော့ ဗိုလ်ချုပ်နဲ့များ ကွာပဟု ဆိုချင် ပါကြောင်း ......။
၂။ဗိုလ်ချုပ်အကြောင်းရေး သော စာတစ်ပိုဒ် (သို့ မဟုတ်) လွတ်လပ်တယ်ဆိုတိုင်း လမ်းမပေါ် ဆေးရိုးဖြန့်လှန်းလို့ မရဘူးဟူသော ဗိုလ်ချုပ်စကား၏ နောက်ဆက်တွဲ ဖြစ်ရပ် အချို့
(Venus News Journal 18 August 2011)
ယခု မျက်မှော က်ကာလတွင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရေး သော လုံးချင်းစာအုပ်၊ ဆောင်းပါး စသည်တို့ကို ပြည်သူအပေါင်း အထူးစိတ်ဝင်စားကြပါသည်။ ယခုခေတ်ကာလမှမဟုတ်၊ ကျွန်တော် တို့ ငယ်ငယ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာပေတွေ ကို သင်ဖူးပါသည်။ ဗိုလ်ချုပ်က မိန့်ခွန်းတစ်ခုပြောရာမှာ လွတ်လပ်တယ်ဆိုတိုင်း လမ်းမပေါ် ဆေးရိုးဖြန့်ခင်းလို့ မရဘူး။ လမ်းမပေါ်မှာ ဆေးရိုးဖြန့်ခင်းတာဟာ လွတ်လပ်ရေး မဟုတ်ဘူး စည်းကမ်းမရှိတာ ဟုဆိုပါသည်။ ဗိုလ်ချုပ်က ဒီလိုပြောခဲ့တယ်ဆိုတာကို ကျွန်တော် သည် အထက် တန်းကျောင်းသားဘဝကတည်းက ဖတ်ဖူးပါသည်။ သို့ သော် မေ့မေ့ပျောက်ပျောက်ပါပဲ။ ဒီလိုနဲ့ ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ် ဆက်တက်ပါ၏ ။ အဲ့ဒီတုန်းက ပြည်လမ်းရှိ အတန်းငယ် ဆေးကျောင်းသားများ ကိုထားသော လိပ်ခုံးအဆောက်အအုံဝန်းသို့ တက်ရပါသည်။ ထိုစဉ်က အလွန်လှပသော လိပ်ခုံးခန်းမကြီးကို မဖျက်ရ သေးပါ။ ထိုစဉ်က အဓိက စာသင်ခန်းမကြီး ၂ ခုရှိရာ သီရေတာ (A)နှင့် သီရေတာ (B) ခေါ်၏ ။ ကျွန်တော် တို့က ခန်းမ(A)သို့ မဟုတ် သီရေတာ (A)၌ စာသင်ရာ ကျောင်းသား ၂ဝဝ ဆံ့သော ခန်းမကြီး ဖြစ်၏ ။ နောက်ဆုံး ခုံတန်း၌ ထိုင်ရသော ဆေးကျောင်းသားများ သည် ဆရာ စာသင်တာကို သိပ်မကြားရပါ။ ထို့ကြောင့် မိန်းကလေး များ က ရှေ့ဆုံးခုံတို့၌ ၄င်းတို့၏ လွယ်အိတ်၊ စာအုပ်၊ ထမင်းဘူးတို့ကို ချကာ နေရာဦးကြ၏ ။ လွတ်လပ်ရေး ရ တယ်ဆိုပြီး စည်းကမ်းမဲ့သလို ဖြစ်နေကြပါ၏ ။ ဒါကို ကျွန်တော် တို့ ယောက်ျားလေးတွေ က ခွင့်လွှတ်တယ်။ ခန္တီ ပါရမီကြောင့် လည်းကောင်း၊ ခွင့်လွှတ်နားလည်တတ်သော မြင့်မြတ်စိတ်ထားကြောင့် လည်းကောင်း ခွင့်လွှတ်တာဟု မထင်စေချင်ပါ။ ယောက်ျားလေးတွေ ကလည်း သူ့အကွက် နဲ့သူပါ။ ယောက်ျားလေးများ က စာကိုဒီလောက်စိတ်မဝင်စားပါ။ သူတို့က သီရေတာ (A)ရဲ့ နောက်တံခါးဝက ထွက်သော် လူသွားစင်္ကြံရှိရာ ၄င်းစင်္ကြံကို ပိတ်ဆို့၍ ခြင်းလုံးခတ်ကြပါသည်။ အဲ့ဒီအထဲမှာ ကျွန်တော် လည်း ပါသည်။ စဉ်းစားကြည့်ပါက ဗိုလ်ချုပ်က လွတ်လပ်ရေး ဆိုတာ လမ်းမပေါ် ဆေးရိုးဖြန့်မလှမ်းရဘူးလို့ဆုံးမတယ်။ စင်္ကြံလမ်းကို ပိတ်ဆို့ပြီး ခြင်းခတ်တာဟာ အတူတူပဲပေါ့။ ဆေးကျောင်းသားတွေ အားလုံး ဗိုလ်ချုပ်ရဲ့ ပြောစကား တွေ ကို အထက်တန်းကျောင်းမှာ သင်ဖူးပါတယ်။ ဒီတော့ စကားနားမထောင်သလို ဖြစ်နေပါ၏ ။ ဒါက အတိတ်က ကိစ္စပါ။
ဒီလိုနဲ့ ပစ္စုပ္ပန်ကို ရောက်လာပါပြီ။ ၂ဝ၁၁ မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က လမ်းဘေးဈေးသည်တွေ လမ်းဘေးမှာ ဈေးရောင်းရန်မသင့်ပါကြောင်း မေတ္တာရပ်ခံရပါသည် ဆိုပါသည်။
တကယ်တော့ လမ်းဘေးမှာ ဈေးရောင်းတာတင်မကပါ။ ကတ္တရာလမ်းမပေါ်ကိုပါ တော် တော် တက်ပြီး ရောင်း နေကြတာပါ။
ဆိုင်ခန်းနဲ့ရောင်းတဲ့ ဈေးသည်တွေ ကျပြန်တော့ ဈေးအတွင်းမှာ ဆိုရင် လူသွားလမ်းစင်္ကြံပိတ်လောက်အောင် ပစ္စည်းတွေ ကို ဆိုင်ဘက်ကို ကျူးကျော်ပါသည်။ လမ်းဘေး လူနေတိုက်ခန်း ဆိုင်ခန်းများ ကတော့ မိမိတို့ဆိုင်ရှေ့ ကတ္တရာလမ်းပေါ်မှာ သစ်သားငုတ်တိုဖြင့် မြားပြထားပြီးယာဉ်မရပ်ရ၊ ဤနေရာသည် xxxဆိုင်xxx ကုမ္ပဏီသို့ လာသော ယာဉ်များ သာရပ်ရန် စသည်ဖြင့် စာရေး ပြီး လမ်းမပေါ် တက်၍ နေရာဦးကြပါသည်။ တချို့တွေ ကတော့ ဘတ်စ်ကားဂိတ် လူနားခိုသော အမိုးအောက်မှာ ကွမ်းယာရောင်း ကြပါသည်။ ဆေးလိပ်ရောင်းကြ၏ ။ တချို့ ကတော့ အများ ပိုင်လမ်းပေါ်မှာ လေးတိုင်စင်ခေါက်သိမ်း၍ ရသော ကျူးကျော်အမိုးဖြင့် ဈေးရောင်းကြပါ၏ ။
အချို့ ကတော့ မြေစိုက်ထီးနဲ့ ဈေးရောင်းကြပါသည်။ တချို့ကျတော့ မီးစက်တွေ ကို လမ်းဘေးမှာ ချထားပြီး၊ အချို့က ပန်းအိုးတွေ ချထားပါသည်။
ဗိုလ်ချုပ်က 'ဆေးရိုး' တစ်မျိုးတည်းနဲ့ ဥပမာပေး သွားတာပါ။ သို့ သော် မြေစိုက်ထီး၊ လေးတိုင်စင်ထီး၊ လမ်း ဘေးမီးစက်၊ လမ်းဘေးဈေးသည်၊ ပန်းအိုး အားလုံးအကျုံး ဝင်ပါသည်။ ဒါတွေ အားလုံး စည်းကမ်းမရှိတာပါ။
၂ဝ၁၁ တစ်ခုသော လဝယ် ဗိုလ်ချုပ်အကြောင်း ရေး သားသော ဆောင်းပါးပေါင်းချုပ်ဂျာနယ်သည် အထူးရောင်း ကောင်းပါသည်။ ဒီတော့ ဂျာနယ်သမားတွေ ကလည်း ဈေး တင်ရောင်းကြပါသည်။ စာရေး ဆရာကြီးတစ်ဦးကပင်လျှင် ဗိုလ်ချုပ်သည် ရောင်းကုန်မဟုတ်ဟု ဆောင်းပါးရေး ရသည် အထိ ဖြစ်ခဲ့ပါသည်။
ကျွန်တော် သည် တစ်ခုသော နံနက်ခင်းတွင် လမ်းဘေးဂျာနယ်ဆိုင်၌ ဂျာနယ်ဖတ်နေစဉ် ကျွန်တော် လည်း လမ်းဘေးမှာ ဂျာနယ်ဖတ်တာ ဖြစ်၍ ကျွန်တော် လည်း လမ်းမပေါ် ဆေးရိုးဖြန့်ခင်းရသလို ဖြစ်ရာ ဒီလိုလုပ် ဖို့မသင့်ကြောင်း စဉ်းစားမိ၍ ဂျာနယ်ကိုငှားပြီး လက်ဖက် ရည်ဆိုင်ထဲ၌ ဝင်ဖတ်ပါ၏ ။ ဒီလို နေ့စဉ်အ ဖြစ်အပျက်တစ် ခုကို သတိထားမိပါတယ်။ ရပ်ကွက်ထဲက လူအချို့သည် ဗိုလ်ချုပ်အကြောင်း ဆောင်းပါးပေါင်းချုပ်ဂျာနယ်ကို လာဝယ်ကြ၏ ။ လူအချို့က ဗိုလ်ချုပ်ကိုလေးစားလှချည်ရဲ့ ဟုပြောကာ အိမ်ပြန်ကြ၏ ။ ¤င်းလူအချို့ကို လေ့လာတော့ သူတို့က သူတို့၏ မြေညီထပ်အောက်ခန်းရှေ့၌ ကျူးကျော် အဖီထုတ်ထားကြပါသည်။
အဲ့ဒီ ဗိုလ်ချုပ်ဆောင်းပါးပေါင်းချုပ်ဂျာနယ်ကို လာ ဝယ်ကြသူတွေ ထဲမှာ ၄င်းတို့အိမ်ရှေ့ ကျူးကျော်မီးစက် ချ ထားတဲ့လူတွေ လည်းပါတယ်။ ကျူးကျော်ပန်းအိုးသမားတွေ ပါသလို ကျူးကျော်ဈေးသည်တွေ လည်းပါတယ်။ အဲ့ဒီ ဆောင်းပါးပေါင်းချုပ်ကို ကျွန်တော် ဖတ်ကြည့်တော့ အဲ့ဒီ ဆောင်းပါးပေါင်းချုပ်ဂျာနယ်ထဲမှာ လည်း လွတ်လပ်ရေး ဆို တာ လမ်းမပေါ်မှာ ဆေးရိုးလှမ်းဖြန့်လှန်းတာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ကပြောတဲ့ စာကြောင်းထင်ထင်ရှားရှား ပါပါတယ်။ အဲ့ဒါ သူတို့မဖတ်မိတာလား၊ ဘာလား သေသေချာချာမသိ တော့ပါ။ သို့ မဟုတ် ဗိုလ်ချုပ်က ဆေးရိုးတစ်မျိုးတည်းကို ပြောသွားတာ။ ငါတို့ ကျူးကျော်တာက မြေစိုက်ထီးဟု မဆိုင်ဘူးထင်တာလားလဲ မသိပါ။ ဘာမှန်းကို မသိတော့ပါဘူး။ ဒီတော့ ဗိုလ်ချုပ်ကို လေးစားတယ်ဆိုတာ ဘာလဲလို့မေးရမလို ဖြစ်နေပါတယ်။
ကျူးကျော်တယ်၊ နယ်ချဲ့တယ် ဆိုတာ ဗိုလ်ချုပ်ရဲ့ လမ်းစဉ် မဟုတ်ပါဘူး။ အင်္ဂလိပ်ရဲ့ လမ်းစဉ်ပါ။ အင်္ဂလိပ် ကို နယ်ချဲ့ကျူးကျော်သမားရယ်လို့ သမိုင်းမှာ တင်စားခဲ့တာ သူတို့အသိပါ။ ဒီတော့ လေးစားတာက ဗိုလ်ချုပ်၊ လျှောက်တဲ့လမ်းစဉ်က အင်္ဂလိပ်လမ်းစဉ် ဖြစ်နေပါ၏ ။
တကယ်တော့ အများ နှင့် ဆိုင်သော ပစ္စည်းကို မိမိ ကိုယ်ပိုင်သဖွယ်လုပ်သော သဘော ကတော့ လွတ်လပ်ခြင်းရဲ့ အခွင့်အရေး တစ်ခု မဟုတ်ပါဘူး။ သို့ သော် လုပ်ကြပါ၏ ။
တစ်ခါတုန်းကလည်း NGO တစ်ခုသည် ကျေးလက်ဒေသရွာတစ်ရွာ၌ မိုးရေလှောင်ကန်တစ်ခု တည်ဆောက်ပေးပါ၏ ။ မိုးရေလှောင်ကန်ဟုဆိုရာ၌ သွပ်မိုးကြီး ကြီးရှိသော အိမ်ကြီးတွေ ဘေးမှာ သာ ဆောက်လို့ရပြီး သွပ် မိုးက ကျသော ရေကို ရေတံလျောက်၊ ရေပိုက်တို့ဖြင့် သွယ် တန်း၍ မိုးရေလှောင်ကန်ထဲသို့ ဝင်စေပါသည်။ ထိုအခါ ရွာထဲမှာ ရှိသော သူဌေးအိမ်တစ်အိမ်က မိမိအိမ်ဟာ သွပ်မိုး ဖြစ်၍ အိမ်ဘေးမှာ လာဆောက်ပါဟု ရပ်ရွာလူကြီးများ ၊NGOအရာရှိတို့ကိုပြော၍ သူ့ရဲ့ အိမ်ရှေ့မှာ ဂါလံငါးထောင် ဆံ့ မိုးရေလှောင်ကန်ကြီး ဆောက်ပေးပါတယ်။ ဆောက်လည်းပြီးရောသူက မိုးရေလှောင်ကန်ကြီးကို မောင်ပိုင်စီးချင် ပါသော ကြောင့် မိုးရေလှောင်ကန်ကြီးအပါအဝင် သွပ်မိုးအိမ် ကြီးကို ခြံစည်းရိုးခတ်လိုက်ရာ အများ သူငါတို့က ရေခပ်၍ မရတော့ပါ။ ထိုအခါ လူအများ က ရပ်ရွာလူကြီးကိုတိုင်၍ ခြံစည်းရိုးကို ပြန်ဖျက်ပေးပါ၏ ။ သို့ သော် ¤င်းသူဌေးအိမ် က ခွေးမွေးပြန်ပါ၏ ။ ခွေးအပေါင်းတို့သည် မိုးရေလာခပ်သော လူမှန်သမျှကို ကိုက်လွှတ်ရာ ကြာတော့ ရေတစ်ခွက် အတွက်နဲ့ ရန်လည်းမ ဖြစ်လိုတော့၍ ဘယ်သူကဘာမျှ မပြောတော့ပါ။ ဒီတော့NGO ပိုက်ဆံနဲ့ဆောက်ပေးတဲ့ မိုး ရေလှောင်ကန်ကို သူဌေးအိမ်က ပိုင် သွားပါ၏ ။
ယခုလည်း နိုင်ငံပိုင်မြေကြီး၊ လမ်းဘေး စတာတွေ ကို တစ်ဦး တစ်ယောက် ချင်းက နေရာဦး၍ မပိုင်သင့်ပါ။ ဗိုလ်ချုပ်အကြောင်း ဆောင်းပါးတွေ ဖတ်၍ အင်္ဂလိပ်လမ်းစဉ် လိုက်နေလို့ ကတော့ ဗိုလ်ချုပ်ကိုလေးစားရာ မရောက်ပါ။ ဗိုလ်ချုပ်၏ အဆုံးအမကို ကျင့်သုံးမှသာ ဗိုလ်ချုပ်ကို လေးစားရာ ရောက်ပါမည် ။
တချို့က ထင်ကြပါ၏ ။ ဗိုလ်ချုပ်အကြောင်း ဆောင်းပါးများ သည် နိုင်ငံရေး အကြောင်း၊ အင်္ဂလိပ် တော် လှန်ရေး အကြောင်း၊ လွတ်လပ်ရေး တိုက်ပွဲများ အကြောင်း များ သာဟု ထင်ကြ၏ ။ တကယ်တော့ ဗိုလ်ချုပ်ပြောစကား များ တွင် လူမှု ရေး ဒဿနတွေ အများ ကြီးပါပါသည်။ ဒါ့ကြောင့် ဒါ့ကြောင့် ရယ်ပါ။ ဖတ်ကြပါ၊ ဖတ်ကြပါ။ ပြီးရင် တလွဲတော့မလုပ်ကြပါနဲ့ဟု နှိုးဆော်အပ်ပါကြောင်း။
၃။ဗိုလ်ချုပ်အကြောင်း ရေး သားထားသော စာပေများ ကိုဖက်ရူရာတွင် ဘောလုံးကစားရာ၌ ရူံးခါနီး ရူံးမဲမဲ၍ လူမချသင့်ကြောင်း ဗိုလ်ချုပ်ပြောစကား၏ နောက်ဆက်တွဲ ဖြစ်ရပ်အချို့
(Venus News Journal 25 August 2011)
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သော်လည်း ဗိုလ်ချုပ်ပြောခဲ့ သော မိန့်ခွန်းများ ကို စာနယ်ဇင်းမီဒီယာတို့တွင် မကြာခဏ ပုံနှိပ်ဖော်ပြခဲ့သော ကြောင့် နှစ် ပေါင်း ၆ဝ ကျော်၊ ၇ဝ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော ဗိုလ်ချုပ်၏ အဆုံးအမများ သည် အမြဲ တန်းဆန်းသစ်နေပါ၏ ။ ဗိုလ်ချုပ်ကို မမီလိုက်သော လူငယ် များ လည်း ဖတ်ကြရပါသည်။ ဗိုလ်ချုပ်၏ သြဝါဒများ စွာ တို့အနက်မှ ဘောလုံးကစားရာတွင် ရှုံးခါနီး ၌ နိုင်ရန်မျှော် လင့်ချက် မရှိပါသော် ရှုံးမဲမဲ၍ လူမချသင့်ကြောင်း ဗိုလ်ချုပ် က ဆုံးမခဲ့သည်ကို အားလုံးသိကြမည် ဖြစ်ပါသည်။ ဗိုလ် ချုပ်က မြန်မာတွေ အားကစားစိတ်ဓာတ်မရှိဘူး ပြောသွား ခဲ့၏ ။
ပြောသွားခဲ့သော အချိန်သည်ကား သူမကျဆုံးမီ တစ်ပတ်အလို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်၌ ရန်ကုန် မြို့တော် ခန်းမဆောင် အပြင်ဘက်ကနေလျက် လူထုပရိသတ်ကြီးအား မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်၏ ။
ဒီလိုနဲ့ အချိန်တွေ ကြာမြင့်လာရာမှ ရက်ကိုလစား၊ လကို နှစ် စားရာမှ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်ကို ရောက် လာပါတော့တယ်။ ၄င်းမိန့်ခွန်းပြောအပြီး ၆၄ နှစ် နှင့် ၁၇ ရက် အကြာမှာ ဖြစ်ပါတယ်။ နေရာ ကတော့ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ဖြစ်ပါ၏ ။ မြန်မာ ဘောလုံးအသင်းနှင့် အိုမန်ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြပါ၏ ။ မြန်မာအသင်းဘက်သို့ ပင်နယ်တီအပေး ခံရပြီး ဒုတိယဂိုး ပေးခံရပြီးနောက် မြန်မာပရိသတ်က ဘော လုံးကွင်းထဲသို့ ရေသန့်ဘူး၊ အရက်ပုလင်း၊ ခဲ၊ တုတ် တို့ ဖြင့် ပစ်ပေါက်ပြီး အော်ဟစ်ဆဲဆိုကြသဖြင့် ပွဲပျက်ပြီး မြန် မာတို့ ရှုံးနိမ့်ခဲ့ရပါသည်။
ဒီတော့ မြန်မာပရိသတ်က အရှုံးကို လက်သင့်မခံဘဲ မင်းသားကြီးမလုပ်ရပါသော ကြောင့် ပတ်မကြီးထိုးဖောက်သလို ဖြစ်ခဲ့ရပါသည်။
လွန်ခဲ့သော နှစ် ပေါင်း ၆၄ နှစ် က ဗိုလ်ချုပ်က ကျုပ် တို့ဗမာတွေ Sporting Spirit (အားကစားစိတ်ဓာတ်) မရှိ သေးဘူးဟု ပြောခဲ့ရာ သွေးထွက်အောင် မှန်နေပါတော့သည်။ ဒါတောင် ဗိုလ်ချုပ်ပြောခဲ့သည့် အဓိပ္ပာယ်က ဘောလုံးကွင်းထဲ၌ ဘောလုံးသမားအချင်းချင်း လူချတာသာ ဖြစ် ပါသေး၏ ။ ပရိသတ်က ကွင်းထဲသို့ ပစ္စည်းတွေ နဲ့ပစ်ပေါက် တဲ့ ကိစ္စမျိုးကို ဗိုလ်ချုပ် သိမ သွားပါ။
ဗိုလ်ချုပ်ပြောခဲ့သော စကားကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားမည် ဆိုပါက ဘောလုံးကစားရာ၌ သာမဟုတ် မည် သည့်အားကစားနည်းကို ကစားသည် ဖြစ်စေ ရှုံးပါက တရားမျှတစွာ ရှုံးပါသော် အရှုံးကို လက်ခံနိုင်ရမည် ။ တစ်ဖန် အားကစားအရာ၌ သာမဟုတ် စီးပွားရေး ၊ လူမှု ရေး ၊ ပညာရေး မည် သည့်ယှဉ်ပြိုင်ပွဲ၌ မဆို အရှုံးကို လက်ခံနိုင် ရမည် ။ နိုင်သူကို လက်ဆွဲနှုတ်ဆက်၍ ကွန်ဂရက်ကျူလေး ရှင်း လုပ်နိုင်ရပါမည် ။
ဒါမှသာ အားကစား စိတ်ဓာတ Sporting Spirit ဖြစ်ပါ၏ ။ တကယ်တော့လည်း အားကစားဆိုသည်မှာ အနိုင်အရှုံးသည် အဓိကမဟုတ်ဘဲ ယှဉ်ပြိုင်ခြင်းသာ အဓိက ဖြစ်၏ ။ ယှဉ်ပြိုင်ခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ်လက်လှုပ် ရှားလုပ်၍ ချွေးထွက်ကျန်းမာရန်သာ ဖြစ်ပါသည်။
အနိုင်အရှုံးဒဿန
တစ်ခါတုန်းက ဖြစ်ပါသည်။ ကျွန်တော် သညINGO တစ်ခုတွင် မြို့နယ်စီမံကိန်း ရုံးတစ်ရုံးကို အုပ်ချုပ် ရသော စီမ့ကိန်းအရာရှိတစ်ဦးအ ဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ထိုစဉ် ညိုညိုယဉ် (နာမည် လွှဲ) ဟူသော မိန်း ကလေးတစ်ဦးသည် စာရင်းကိုင်တာဝန် ထမ်းဆောင်၏ ။ လှပချောမောသော B.com ဘွဲ့ရ သူဌေးသမီး ဖြစ်၏ ။ ညိုညိုယဉ်က ကျွန်တော့် အား ပြောဖူးသည်မှာ ''ဆရာ သမီးက အိမ်မှာ အငယ်ဆုံးဆရာ။ ငယ်ငယ်ကတည်းက မောင်နှမ ၆ ယောက် မှာ အငယ်ဆုံးဆိုတော့ အစ်ကိုတွေ အစ်မတွေ ကရော မိဘကရော သမီးကို အလိုလိုက်ထားတယ်။ အိမ်မှာ ဆိုရင် ကိစ္စတစ်ခုခု ဖြစ်ရင် အစ်ကိုတွေ အစ်မ တွေ ကြားမှာ သမီးပဲ အမြဲတမ်း အနိုင်ရတယ်''ဟု ဆိုဖူး၏ ။ သူမက ဆက်လက်၍ ''သမီးကလည်း အမြဲတမ်းနိုင်နေရမှ ကျေနပ်တယ်ဆရာ''ဟု ဆိုပါ၏ ။ ထိုအခါ ကျွန်တော် က နိုင်တယ်ဆိုတာ ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ တရားမျှတစွာ ယှဉ်ပြိုင်ပြီးနိုင်မှ ကောင်းတာပါ။ အငယ်ဆုံး ဆိုပြီး အနိုင်ယူတာတော့ မကောင်းဘူးဟု ဆုံးမရဖူးပါ၏ ။
အောင်နိုင်သူ တစ်ယောက် ရှုံးခဲ့ပုံ
မြတ်စွာ ဘုရား လက်ထက်တော် က ဖြစ်ပါသည်။ ကောသလမင်းကြီးသည် စစ်တိုက်ထွက်ပြီး နောက်စစ်နိုင်ကာ အောင်နိုင်သူအ ဖြစ် လှေတပ်ကြီးကိုဦးစီး၍ မြစ်ကြောင်း အတိုင်း ဆန်တက်လာ၏ ။ ထိုစဉ် မြစ်ညှာထက်မှ မိုင်ဝက် ခန့်အကွာတွင် ''ငါအောင်ပြီ'' ''ငါအောင်ပြီ'' ''ငါအောင်ပြီ'' ဟူသော အသံကို ကောသလမင်းကြီး ကြားတော် မူ၏ ။
သို့ နှင့် စုံစမ်းရာ တောင်သူတစ်ဦးသည် ပေါက်ပြား လေးတစ်လက် ချမ်းသာ၏ ။ တစ်နေ့တော့ သင်္ကန်းဝတ်ပါ ၏ ။ ထိုစဉ် မိုးဥတုရောက်သော် ပေါက်ပြားလေးကို သတိ ရပြီး စိုက်ပျိုးရေး လုပ်လို၍ လူထွက်၏ ။ တစ်ဖန် စိုက်ပျိုး ချိန်ပြီးသော် သင်္ကန်းဝတ်ပြန်၏ ။ ထို့နောက် မိုးဥတုရောက် သော် ပေါက်ပြားကိုသတိရ၍ လူထွက်ပြန်၏ ။ ဤသို့ ဖြင့် သင်္ကန်းဝတ်လိုက်၊ ထွက်လိုက်နှင့် ၆ ကြိမ်တိုင်ပါသည်။ ၆ ကြိမ်တိုင်မြောက် လူထွက်ပြီးနောက် ၄င်းပုဂ္ဂိုလ်သည် မိမိ၏ ပေါက်ပြားသံယောဇဉ်ကြောင့် လူထွက်ရသည်ကိုသိ၍ ပေါက်ပြားကို မြစ်ထဲကိုပစ်ချလိုက်ပါ၏ ။ ထို့ကြောင့် နောက် တစ်ခါ သင်္ကန်းဝတ်သော် လူထွက်ချင်စိတ်ကို အောင်နိုင်၍ ''အောင်ပြီ'' ''အောင်ပြီ'' ကြွေးကြော်ခြင်း ဖြစ်ကြောင်း သိရ၏ ။
နောင်အခါ ကောသလမင်းကြီးသည် မြတ်စွာ ဘုရား နှင့် တွေ့ သော် မိမိက ရန်သူတို့ကို အောင်နိုင်သည်။ တောင် သူဘဝက ရဟန်းဝတ်သူသည် ပေါက်ပြားကို သံယောဇဉ် ဖြတ်၍ အောင်နိုင်၏ ။ မည် သည့်အောင်နိုင်မှု က ကြီးမြတ် ပါသလဲ မြတ်စွာ ဘုရားဟု လျှောက်ထားရာ မြတ်စွာ ဘုရားက ပေါက်ပြားကို သံယောဇဉ်ဖြတ်သော အောင်နိုင်ခြင်းသည် ပိုမိုမြတ်ကြောင်းဟောရာ ကောသလမင်းကြီး သိမ်ငယ်သွားဖူး၏ ။
ရှုံးရာမှ နိုင်သွားသော တက္ကသိုလ်ကျောင်းသားတစ်ဦး(သို့ မဟုတ်) ရှုံးတာကောင်းတယ်
လွန်ခဲ့သော နှစ် ၃ဝ ခန့်က ရန်ကုန်မြို့၏ တက္ကသိုလ်ကြီးတစ်ခုတွင် တက္ကသိုလ်ကျောင်းသား မောင်သီလ ဆိုသူ ရှိပါ၏ ။ သူက လူလတ်တန်းစားမိဘတို့၏ သား ဖြစ် ပြီး သာမန်ကျောင်းသား ဖြစ်၏ ။ သို့ သော် မည် သူ့အပေါ်မ ဆို အနွံတာခံပြီး အနစ်နာခံ ပေါင်း၏ ။ ကြွားဝါယှဉ်ပြိုင်စိတ်လည်းမရှိ။ ၄င်းတက္ကသိုလ်တွင် မောင်သီလတို့အတန်း ၌ ခင်ခင်လှဟူသော မိန်းမချောမှာ Queen (ကွင်း)ဟု သတ် မှတ်ခံရသော အလှဘုရင်မ ဖြစ်၏ ။ ခင်ခင်လှက စာတော် ၏ ။ သဘောကောင်း၏ ။ မာနမကြီးပါ။ ချမ်းသာ၏ ။ လှ၏ ။ ယဉ်၏ ။ ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံ၏ ။ ခင်ခင်လှကိုသူဌေးသားတွေ ၊ အရာရှိကြီးသားတွေ ၊ ရုပ်ချောစာတော် သူတွေ က ဝိုင်း၍ ကြိုက်ကြသည်မှာ များ ပြားလှပါ၏ ။
သို့ သော် မောင်သီလ ကတော့ ခင်ခင်လှနှင့် တစ်တန်းတည်း ဖြစ်၍ ရိုးရိုးခင်သော်လည်း ဆန်းဆန်းခင် ရန် မကြိုးစားခဲ့ပါ။ မောင်သီလ ယူဆသည်က ခင်ခင်လှ တို့လိုအလှမျိုးက မင်းကြိုက်စိုးကြိုက် အလှမျိုး ဖြစ်ရာ မိမိလို ကာလသားရိုးရိုးနဲ့ မလိုက်ဟု ယူဆ၏ ။ တစ်နေ့တော့ မောင်သီလတို့ ခင်ခင်လှတို့ တက္ကသိုလ်ကျောင်းသားများ အဖွဲ့သည် အလွန်ကြမ်းတမ်းသော လေ့လာရေး ၊ ခြေလျင် တောင်တက်ခရီးကြမ်းကြီးကို သွားခဲ့၏ ။ တောလမ်းခရီး ဝယ် ခင်ခင်လှကို တောပန်းခူးပေးချင်သော ပုရိသတွေ များ လှ၏ ။ မောင်သီလ ကတော့ တောပန်းလည်းမခူး၊ ခင်ခင် လှ အနားလည်းသွားမကပ်ပါ။
သူများ တွေ မသယ်ချင်သော လေးလံသော အထုပ် အပိုးတွေ သယ်ရင်း လိုက်လာ၏ ။ ထိုစဉ် သူတို့ခေတ္တ စခန်းချ၏ ။ မောင်သီလသည် စခန်းချစဉ် အဝတ်လဲ၍ သူ၏ အဝတ်ဟောင်းထုပ်လေးကို သူ့အိပ်ရာလိပ်နားပုံ၍ တော ထဲထွက်သွား၏ ။ ထိုစဉ် ခင်ခင်လှသည် ဘယ်သူတွေ ကမျှ မျှော်လင့်မထားသော အလုပ်တစ်ခုကို လုပ်လိုက်၏ ။ မပြော မဆိုနဲ့ မောင်သီလရဲ့ အဝတ်ဟောင်းထုပ်ကလေးကိုယူ၍ အနီးရှိ စမ်းချောင်း၌ သွားလျှောက်လိုက်၏ ။ ဘာ ဖြစ်လို့ လျှော်ပေးတာလဲလို့ သူများ တွေ ကမေးတော့ ခင်ခင်လှအဖြေက ''သီလက တစ်ဖွဲ့လုံးရဲ့ အလုပ်တွေ ကို ဒိုင်ခံလုပ်ပေးတော့ သူ့ကို ကူညီတာပါ''ဟု ဆို၏ ။ ဒါကို မောင်သီလက ပြန်ရောက်လာ၍ သိသော အခါ အလွန်အားနာသွား၏ ။ သို့ နှင့် ခင်ခင်လှအား ''ဟဲ့ ခင်ခင်လှရဲ့ ငါ့အဝတ် ငါလျှော်ပါ့မယ်။ နင်က ဘာလို့လျှော်ရတာ လဲ။အားနာစရာ''ဟု ဆို၏ ။ ခင်ခင်လှက ''သီလ ငါနဲ့ခဏလိုက်ခဲ့စမ်း''ဟု ခေါ်ကာ စမ်းချောင်းနားခေါ်သွား၏ ။ ၄င်းနောက် ခင်ခင်လှက ''ဟဲ့ သီလနင့်အဝတ် ငါကဘာလို့ လျှော်တာလဲဆိုတာ နင်သိချင်လား''
''ငါက ဟိုကောင်တွေ ပြောလို့ သိပြီးပါပြီဟာ။ ငါက တစ်ဖွဲ့လုံးရဲ့ အလုပ်တွေ ဒိုင်ခံလုပ်နေလို့ နင်က ငါ့ကိုကူညီ တာ မဟုတ်လား''
''မဟုတ်ဘူးဟဲ့။ ငါ့ဘာသာ ငါလျှော်ချင်လို့ လျှော် နေတာ။ နင်အခု ဘယ်ကပြန်လာတာလဲ''
''ငါတို့အားလုံးအတွက် ညစာချက်ဖို့ ထင်းသွား ခွေတာ''
''နင့်ရဲ့ အပေါ်ရှပ်အင်္ကျီကို ချွတ်လိုက်စမ်းသီလ''
''ဟဲ့...ဟဲ့ မလုပ်ပါနဲ့ ဘာကိစ္စချွတ်ရမှာ လဲ''
'' ငါတစ်ခါတည်း လျှော်ပေးမလို့''
''ဟာ ...... မလုပ်ပါနဲ့''
''ငါပြောတဲ့အတိုင်း လုပ်စမ်းပါ''
မောင်သီလက အပေါ်အင်္ကျီကို ချွတ်ပေးရာ ခင်ခင်လှက လျှော်ပေး၏ ။ နောင် ၃ လခန့်ကြာသော် မောင် သီလနှင့် ခင်ခင်လှတို့ ချစ်သူတွေ ဖြစ်သွား၏ ။ ထိုအခါ မောင်သီလက ခင်ခင်လှကို မိမိလို အရှုံးသမားကို ဘာကြောင့် ကြိုက်ရတာ လဲမေးတော့ ခင်ခင်လှက ....
''နင်က မရှုံးပါဘူး။ နင်က အောင်နိုင်သူ။ အနစ်နာခံတဲ့နေရာရယ်၊ သည်းခံတဲ့နေရာရယ်၊ အနွံတာခံတာရယ်တွေ မှာ နင့်ကို နိုင်တဲ့သူမရှိဘူး'' ဟု ဆိုပါ၏ ။ ဒါကြောင့် အရှုံးသမားသည် တစ်ခါတစ်ရံ အောင်နိုင်သူ ဖြစ်၏ ။
အိုမန်နှင့် မြန်မာဘောလုံးပွဲ၌ မြန်မာတို့၏ အောင်နိုင်ခြင်းတစ်ပါးနှင့် ရှုံးနိမ့်ခြင်းနှစ် ပါး
၎င်းနေ့က မြန်မာတို့ ဂိုးအရေအတွက်ရှုံးနေသော် လည်း မြန်မာဘောလုံးသမားတို့ လူမချပါ။ ထို့ကြောင့် အားကစားစိတ်ဓာတ်အရာ၌ အောင်နိုင်ပါ၏ ။ အဲဒါက အောင်နိုင်ခြင်းတစ်ပါးပါ။
ရှုံးနိမ့်ခြင်း ၂ ပါးတွင် ပထမရှုံးခြင်းက ပရိသတ် တို့သည် ဘောလုံးကွင်းထဲသို့ ခဲ၊ ပုလင်းတို့ဖြင့် ပစ်ပေါက် ၍ စည်းကမ်းအရာ၌ ရှုံး၏ ။ ဒုတိယရှုံးနိမ့်ခြင်း ကတော့ ရှူရှူး၏ ရှုံးခြင်းပါ။ ဘာလဲဆိုတော့ ဂျာနယ်တစ်ခုအဆိုအရ ပရိသတ်အချို့သည် ရေသန့်ဘူးထဲ ရှူရှူးပေါက်ထည့်ပြီး ကွင်းထဲသို့ ပစ်သွင်းပုံကို CCTV ကင်မရာက မှတ်တမ်းတင်လိုက်ရာ CCTV ကို အရှုံးပေးလိုက် ရပါ၏ ။
ဘာကြောင့် ရှုံးတာလဲ
ဘာကြောင့် ရှုံးတာလဲဆိုတော့ မြန်မာတွေ ကို အား ကစားစိတ်ဓာတ်ရှိစေချင်သော ဗိုလ်ချုပ်ရဲ့ စကားကို နားမ ထောင်လို့ရှုံးတာပါဟု ဆိုချင်ပါကြောင်း။
၎။ဗိုလ်ချုပ်အကြောင်းရေး သော စာပေများ ထဲမှ ဗိုလ်ချုပ်သည် လွတ်လပ်ရေး ပြီးပါက နိုင်ငံရေး လောကမှ ထွက်၍ စာရေး ဆရာ လုပ်မယ်ဟူသော
စာပုဒ်ကို ဖက်၇ူပြီးသော အခါ ဘာတွေ သင်ခန်းစာယူသင့်လဲ
(Venus News Journal 1 September 2011)
ယနေ့ကာလတွင် ကျွန်တော် တို့၏ အမျိုးသားခေါင်းဆောင်ကြီးနှင့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း အကြောင်းရေး သားသော စာပေ၊ စာအုပ်၊ ဆောင်းပါးများ ကို အများ ပြည်သူတွေ စိတ်ဝင်စားကာ ဂရု စိုက်ဖတ်ရှုလျက်ရှိနေကြပါသည်။ လွန်ခဲ့သော နှစ် ပေါင်း ၆ဝ ကျော် ၇ဝ နီးပါးကပင် ကျဆုံးရှာပြီး ဖြစ်သော အာဇာနည်တစ်ဦးကို မှတ်မှတ်ရရ ရှိနေဆဲ ဖြစ်သော ပြည်သူအချို့၏ ဗိုလ်ချုပ်ကို လေးစားအမှတ်ရပုံမှာ ချီးကျူးထိုက်ပါ၏ ။ ဗိုလ်ချုပ်သည် လွတ်လပ်ရေး ရပြီးလျှင် နိုင်ငံရေး လောကမှ ထွက်၍ စာရေး ဆရာလုပ်မည် ဖြစ်ကြောင်း သူ၏ တပည့် စာရေး ဆရာကြီး တက္ကသိုလ်နေဝင်းကို ပြောခဲ့ဖူးသည်ဟု ဆိုပါသည်။
ထိုသို့ နိုင်ငံရေး လောကမှထွက်၍ စာရေး ဆရာ လုပ်ပါသော် ဗိုလ်ချုပ်အောင်ဆန်း စွန့်လွှတ်ရမည့်  အဓိက ရာထူးကြီးများ မှာ စစ်သေနာပတိချုပ်ရာထူး၊ လွတ်လပ်ရေး ရပြီးနောက် အစိုးရအဖွဲ့၏ ခေါင်းဆောင်ရာထူးများ ဖြစ်ရာ အလွန်ကြီးမားသော ရာထူးကြီးများ ဖြစ်ပါသည်။ သို့ သော် ဗိုလ်ချုပ်က ရာထူးမမက်ဘူးဆိုတာ ပည်သူတွေ အကဲခတ် နိုင်ပါသည်။
ဗိုလ်ချုပ်နှင့် ဆန့်ကျင်ဘက်လူ တစ်ယောက် အကြောင်း(သို့ မဟုတ်) ရာထူးမက်သူ တစ်ယောက် အကြောင်း ဥပမာ
ကျွန်တော် သည် ဆရာဝန်ဘဝနှင့် ရန်ကုန်-ပြည်လမ်း ကားလမ်းမကြီးပေါ်၌ ရှိသော မြို့ငယ်တစ်ခု၏ အရှေ့ဘက် ဆယ်မိုင်ခန့်ဝေး၍ လှည်းလမ်းဖြင့် သွားရသော ရွာကြီးတစ်ရွာမှာ ကိုယ်ပိုင်ဆေးခန်းဖွင့်ဖူးပါ၏ ။ ထိုရွာ၌ ဦးဟန်မောင် (နာမည် လွှဲ)ဆိုသူ အသက် ၈ဝ ခန့် ဘကြီး တစ်ဦးနှင့် သိကျွမ်းခဲ့ရာ ဦးဟန်မောင်က ရာထူးမက်သော ရွာသားဖိုးလုံးအကြောင်း ပြောပြဖူး၏ ။ အင်္ဂလိပ်ခေတ်က ဖိုးလုံးသည် အသက် ၃၅ နှစ် ခန့်၊ ကလေး ၅ ယောက် ဖခင် ရွာသားတစ်ဦး ဖြစ်ပြီး သိပ်ပြီးကျပ်မပြည့်ပါ။ သူက အလုပ်ကို လက်ကြောတင်းအောင်မလုပ်။ ထင်းခွေတာတို့၊ ပျိုးနှုတ်၊ လယ်ထွန် စသော ပင်ပန်းသော အလုပ်ကို မလုပ်ပါ။ ရွာမှာ ဖဲဝိုင်းရှိလျှင် ဖဲဝိုင်းသွား၍ ဖဲသမားများ ကို အကြော်ဝယ်ပေး၊ မုန့်ဝယ်ပေး၊ ရေနွေးကြမ်းကြိုပေးလုပ်ပြီး ဖဲသမားတို့ပေးသော မုန့်ဖိုးကိုယူ၏ ။ အလှူရှိလျှင် အလှူအိမ်၌ စား၏ ။ ဥပုသ်နေ့တွင် ဘုန်းကြီးကျောင်း၌ ထမင်းစား ၏ ။ သူ့မိန်းမက ရွာထဲလည်၍ သူများ အိမ်၌ အဝတ်လျှော် ၍ ကလေးများ ကို လုပ်ကျွေးရပါသည်။
တစ်နေ့တော့ လူအင်အား ၁၂ ဦးခန့်ရှိပြီး တပ်ကြပ် ကြီးတစ်ဦး ခေါင်းဆောင်သော ဂျပန်တပ်စိတ် ရွာသို့ ရောက် လာ၏ ။ ထိုအခါ ဂျပန်ခေတ်အစသို့ ရောက်လာပြီ ဖြစ်၍ အင်္ဂလိပ်အရာရှိများ သည် မြန်မာပြည်မြောက်ပိုင်းကတစ်ဆင့် အိန္ဒိယသို့ ပြေးကြ၏ ။ ဂျပန်တပ်စိတ်သည် ဖိုးလုံးတို့ရွာ၌ နှစ် ချီ၍ စခန်းချ သွားပါသည်။ ဖိုးလုံးသည် ဂျပန်တပ်စိတ်သို့ လက်ဟန်ခြေဟန်ဖြင့် စကားပြောမိတ်ဖွဲ့ ပါသည်။ ၄င်း နောက် ဂျပန်ကဖိုးလုံးအား ဂျပန်အတွက် ထမင်းထုပ်ဆင့်ရာထူး ခန့်ခဲ့၏ ။ ဂျပန်တပ်စိတ်အတွက် နံနက်တစ်ကြိမ် ညတစ်ကြိမ် ဂျပန် ၁၂ ယောက် စာ ထမင်းထုပ်ကို ရွာထဲမှာ ဆင့်တောင်းရ၏ ။ ဖိုးလုံးက ဂျပန် ၁၂ ယောက် စာတောင်းမည့် အစား အယောက် ၂ဝ စာတောင်းရာ ဘယ်သူကမှ ဘာမှမပြောရဲပါ။ ပိုသော ထမင်းထုပ်များ သည် ဖိုးလုံးတို့ မိသားစုအတွက် ဖြစ်၏ ။ ဖိုးလုံးတို့ အလုပ်လုပ်ရန် မလိုတော့ ပါ။ ကြာတော့ ဖိုးလုံးသည် ဗိုက်ရွှဲလာပြီး သူ၏ ကလေးများ ဝလာပါသည်။ ဒီလိုနဲ့ ဂျပန်ခေတ်ကုန်ပြီး အင်္ဂလိပ်တို့ ပြန်ဝင်လာကြရာ ဂျပန်တို့ပြေးကြ၏ ။ တစ်နေ့သော အခါ ဝယ် မြန်မာပြည်မြောက်ပိုင်းကစုန်ဆင်းလာသော အင်္ဂလိပ် တပ်မကြီးသည် ပြည်မြို့သို့ ရောက်နေပါပြီ။ ပြည်မှတဆင့် ရန်ကုန်-ပြည် ကားလမ်းအတိုင်း စုန်ဆင်းရန်ရှိ၏ ။ ဂျပန် တွေ က ထွက်ပြေးပြီ ဖြစ်၍ ဖိုးလုံး၏ ထမင်းထုပ်ဆင့်ရာထူး ပျောက်ခဲ့၏ ။
ဂျပန်တပ်ပြေးသော အခါ ဖိုးလုံး၌ မောင်းပြန်သေ နတ်လေး တစ်လက်ကျန်ခဲ့ရာ ဂျပန်ကပေးခဲ့တာလား၊ ဖိုးလုံး ခိုးထားတာလား မသိပါ။ ထိုစဉ် ဖိုးလုံးသည် သေနတ်ဆွဲ၍ ရန်ကုန်-ပြည် ကားလမ်းမကြီးသို့ ထွက်သွား ရာ ရွာသားများ က ဘာလုပ်ရမလဲသိလို၍ နောက်ကလိုက် ကြည့်ပါ၏ ။ ကားလမ်းသို့ ရောက်သော် ဖိုးလုံးသည် သစ် ပင်တစ်ပင်ကိုကွယ်၍ သေနတ်ပြောင်းကို ပြည်မြို့ဘက်သို့ လှည့်ချိန်ထား၏ ။ အင်္ဂလိပ်တပ်မကြီးက ပြည်ကဆင်းလာ ခါနီး ပြီ ဖြစ်၍ အန္တရာယ်ကြီးလှ၏ ။ ထို့ကြောင့် ရွာသားတွေ က ကျပ်မပြည့်သော ဖိုးလုံးကို ချော့မော့၍ ရွာသို့ ပြန်ခေါ် ခဲ့ရ၏ ။ ဖိုးလုံးကို ဒီလိုဘာလို့လုပ်ရတာ လဲဟု အကျိုးအ ကြောင်းမေးရာ ဖိုးလုံးက အင်္ဂလိပ်ကြောင့် ဂျပန်ပြေး၍ မိမိ သည် ထမင်းထုပ်ဆင့်ရာထူးက ပြုတ်ရပြီ။ ထို့ကြောင့် အင်္ဂလိပ်ကို မောင်းပြန်သေနတ်ဖြင့် တိုက်ထုတ်၍ ဂျပန်ကို ပြန်ခေါ်ရန် ဖြစ်သည်ဟုပြောရာ ရွာသားတွေ က ငိုအားထက် ရယ်အားသန်ရပါ၏ ။ ရွာဦးကျောင်းဆရာတော် ဘုရားကြီးက မှတ်ချက်ပြုသည်မှာ ဖိုးလုံး၏ ရာထူးမက်ပုံကလည်း ကြောက်စရာပါလားဟု မှတ်ချက်ပေးသည် ဆိုပါ၏ ။
ယနေ့ ကျွန်တော် တို့နိုင်ငံတွင် ရာထူးမက်သူတွေ အများ ကြီးရှိသလို ရာထူးမမက်သူတွေ လည်း အများ ကြီး ရှိပါသည်။ ရာထူးမမက်သူတွေ ကတော့ ဗိုလ်ချုပ်နှင့် စရိုက် ချင်းတူ၍ ရာထူးမက်သူတွေ ကတော့ ဖိုးလုံးနှင့် စရိုက်ချင်း တူသည်ဟု ဆိုရပါမည် ။
ရာထူးကို မက်ပြီဆိုလျှင်တော့ ရာထူးအတွက် ယှဉ် ပြိုင်ရပါတော့မည် ။ ရာထူးမက်တာ လွန်ကဲရင်တော့ ရိုးရိုး မယှဉ်ပြိုင်တော့ဘဲ အဆင်းဘီးတပ်၊ သပ်လျှို၊ အချွန်နဲ့မ၊ နောက်ကျောကဓားနဲ့ထိုး၊ ဂုံးတိုက် စသော ရိုးသားခြင်းမရှိ သည့် နည်းတွေ ပါဝင်လာပါတော့မည် ။ ထိုအခါ တိုင်းပြည် ဖွံ့ဖြိုးရေး နောက်ကျမည် ဖြစ်ပါ၏ ။
တချို့ ကတော့ ရာထူးပြုတ်မှာ စိုး၍ မလုပ်မရှုပ်မပြုတ်နေကြပြန်ရာ တိုင်းပြည်မဖွံ့ဖြိုးတော့ပါ။ ဗိုလ်ချုပ် အောင်ဆန်းသည် အင်္ဂလိပ်ဘာသာ စာပေ၊ စကား၊ အရေး အသားတွေ ကို အထူးကျွမ်းကျင်ပိုင်နိုင်ရန် လေ့ကျင့်ထားသည်ဆိုပါ၏ ။ ရည်ရွယ်ချက်မှာ အင်္ဂလိပ်ဘုရင်ခံ၊ အင်္ဂလန် နန်းရင်းဝန်တွေ နှင့် တွေ့ လျှင်တောင် မိမိစိတ်ထဲက သဘော မတူလျှင် သဘောမတူကြောင်း ရဲရဲပြောရန် ဖြစ်၏ ။ မှန်တာ ပြော၊ မှန်တာရေး ၍ အင်္ဂလိပ်မကျေနပ်လည်း ဂရုမစိုက်သည့် သဘော ဖြစ်၍ ရာထူးပြုတ်မှာ စိုး၍ လက်ညှိုးထောင် ခေါင်းညိတ် သဘာဝ မျိုးနှင့် အကွာကြီးကွာပါသည်။
တစ်ခါတုန်းက ဖြစ်ပါသည်။NGO စီမံကိန်းတစ် ခုတွင် နိုင်ငံခြားကပေးပို့သော အလှူငွေ လျော့နည်းလာပါ သည်။ ထိုအခါ ဝန်ထမ်းဦးရေ လျှော့ရမလို ဖြစ်နေပါသည်။ ထိုအခါ ဝန်ထမ်းတစ်ဦးသည် မိမိအလုပ်ပြုတ်မှာ စိုးကြောက် လှပါ၏ ။ ဒီတော့ အထက်အရာရှိကြီးများ ကို ပြေးကပ်တော့ ၏ ။ ချဉ်းကပ်ရာ၌ ရိုးရိုးမကပ် မိမိ၏ လုပ်ဖော်ကိုင်ဖက်များ အကြောင်းကို ဟုတ်တာရော မဟုတ်တာရော ဂုံးချောပါတော့၏ ။ သို့ သော် အချိန်တန်တော့ တပြုံလုံးပြုတ်ကြရာ ပြုတ်သည့်အထဲမှာ ဂုံးချောသူလည်းပါ၏ ။ အလုပ်ပြုတ်ကြ ၍ အပြင်လောက၌ ကုန်သည်လုပ်သော အခါ သူ့ကိုခေါ်ချင် ပြောချင်သူ နည်း သွားပါသည်။
၂ဝ၁၁ ခုနှစ် တွင် ဂျာနယ်တိုက်တစ်ခုက ဗိုလ်ချုပ် အကြောင်း ဆောင်းပါးပေါင်းချုပ်ဂျာနယ် ထုတ်ဝေသော အခါ ၄င်းဆောင်းပါးပေါင်းချုပ်ကို ဝယ်ကြသည့်အများ ပြည်သူတွေ ထဲမှာ ၄င်းဂုံးချောသူလည်းပါသည်ကို တွေ့ ရမိ သည်။ ၄င်းစာတွေ ထဲ၌ ဗိုလ်ချုပ်၏ ရာထူးမမက်ပုံကို ဖတ် မိပါစေဟု ကျွန်တော် ဆုတောင်းမိပါသည်။
ဗိုလ်ချုပ်သည် ရာထူးမမက်ဘူးဟုဆိုရာ၌ ဘာမှ မလုပ်ဘဲ တစ်သက်စာထိုင်စားနိုင်လောက်အောင် ချမ်းသာ နေသော ကုဋေကုဋာကြွယ် သူဌေးကြီး မဟုတ်ပါ။ ဗိုလ်ချုပ် သည် အပြင်လောက၌ လုပ်စားရမည့် အလုပ်မှာ စာရေး ဆရာသာ ဖြစ်ပါသည်။ ဘာပဲ ဖြစ် ဖြစ် ရိုးရိုးသားသား ကြိုး ကြိုးစားစားလုပ်လျှင် ထမင်းတစ်လုပ်တော့ စားရပါသည်။
ဗိုလ်ချုပ်သည် ရာထူးမမက်ကြောင်းစာကို ဖတ်ပြီး သော အခါ ယူသင့်သော သင်ခန်းစာများ မှာ -
ပုထုဇဉ် သဘောအရ ရာထူးမက်သင့်သလောက် မက်တာကို အပြစ်မဆိုထိုက်သော်လည်း အစိုးရိမ်လွန်ပြီး မလုပ်မရှုပ် မပြုတ်ဒဿနကို မကျင့်သုံးသင့်ပါ။
ပြုတ်မှာ ကြောက်၍ မပြောရဲ၊ မဆိုရဲ၊ မဆုံးဖြတ်ရဲ၊ တာဝန်မယူရဲဘဲ လက်ညှိုးထောင် ခေါင်းညိတ်မလုပ်သင့်ပါ။
မိမိပြုတ်မှာ စိုး၍ သူများ ကို ဂုံးချော၊ နောက်ကျောက ဓားနဲ့ထိုး၊ အချွန်နဲ့မ၊ သပ်လျှို၊ တံတောင်နဲ့တွက်တာ မျိုး မလုပ်သင့်ပါ။
ဗိုလ်ချုပ်၏ သတ္တိကို အတုယူသင့်၏ ။ ဤဆောင်း ပါး၌ ဖော်ပြခဲ့သော ဂျပန်ထမင်းထုပ်ဆင့်ရာထူး ပြုတ်မှာ စိုး သော ဖိုးလုံး၏ လုပ်ရပ်ကို အတုမယူသင့်ဟု ဆော်သြလို ပါသည်။
၅။ဗိုလ်ချုပ်က လွတ်လပ်ရေး ရဲ့ အရသာကို ခံစားချင်ရင် ခင်ဗျားတို့ရဲ့ အကျင့်ဆိုးအကျင့်ဟောင်းတွေ ကို
ပြင်ဖို့လိုတယ်ဟု ပြောဖက်ပြီး နောက်ဆက်တွဲ ဖြစ်ရပ်များ
(Venus News Jonrual 8 September 2011)
အချို့ပြည်သူ(အားလုံးကိုမဆိုလို)တို့၏ အကြောင်းကို သိသွားကြသော ခေါင်းဆောင်၊ ပညာရှိအချို့
မြတ်စွာ ဘုရားသခင်သည် ၄၅ ဝါ ကာလပတ်လုံး တရားဓမ္မဟောကြားကာ လူနတ်ဗြဟ္မာအားလုံးကို ဆုံးမသွားတော် မူခဲ့၏ ။ သို့ သော် မြတ်စွာ ဘုရားသည် နိဗ္ဗာန်ကို မျက်မှော က်မပြုမီ ဟောကြားတော် မူရာ၌ မိမိ၏ အဆုံးအမ ကိုလိုက်နာ၍ ကျွတ်တန်းဝင်သော သတ္တဝါအရေအတွက်မှာ ဥပမာပြရပါသော် ဂင်္ဂါမြစ်ထဲကသဲကို ခြေမဖြင့် ကော်ပါကခြေမတွင် တင်ပါလာသော သဲပွင့်ပမာဏသာရှိပြီး ဆက်လက်မိုက်တွင်းနက်၍ ကျွတ်တန်းမဝင်နိုင်သော ပမာဏသည် ဂင်္ဂါမြစ်ထဲက သဲပွင့်တွေ ပမာဏလောက်ရှိသည်ဟု နှိုင်းယှဉ်ဥပမာ ပေးခဲ့ပါ၏ ။
ပြည်သူအချို့ မိုက်တွင်းနက်ပုံကိုသိသွားသော အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ
အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီသည် မိမိဘဝ တစ်ခုလုံးကို တိုင်းပြည်တိုးတက်ရေး တွင် မြှုပ်နှံကာ အများ အကျိုးကို တစိုက်မတ်မတ် ရှေ့ရှုဆောင်ရွက်သူ ဖြစ်၏ ။ သို့ သော် မဟတ္တမဂန္ဒီသည် လုပ်သက်ရင့်၍ အရွယ်ရင့်လာ သော အခါ ပြည်သူနောက်လိုက်အချို့သည် သူထင်သလို မလိမ္မာကြောင်း မသေခင်သိသွားသည်ဟု မဟတ္တမဂန္ဒီကြီး၏ အတ္ထုပ္ပတ္တိ၌ ဖတ်ခဲ့ရဖူးပါ၏ ။ ဆုံးမတဲ့သူက ဆုံးမတယ်။ မဟုတ်တာလုပ်တဲ့လူတွေ က လုပ်ကြတယ်ဟု ဆိုရပါမည် ။
နောက်ဆုံးတွင် ငြိမ်းချမ်းရေး လိုလားသော မဟတ္တမဂန္ဒီအား သူ၏ သက်ကြီးရွယ်အိုဘဝတွင် ဘာသာ ရေး အစွန်းရောက် လူငယ်တစ်ဦးက လုပ်ကြံတာကိုပင် မဟတ္တမဂန္ဒီ ခံလိုက်ရပါ၏ ။
သီပေါမင်းပါတော် မူကာစ မြန်မာပြည်သူအချို့အကြောင်းကိုသိသော အချုပ်တန်းဆရာဖေ
ခရစ်သက္ကရာဇ် ၁၈၈၅ ခုနှစ် တွင် အင်္ဂလိပ်တို့သည် ဗိုလ်ချုပ်ပရင်ဒါဂါတ်စ်နှင့် ကာနယ်စလေဒင်တို့ဦးဆောင်၍ မြန်မာနိုင်ငံကို အင်္ဂလိပ်စစ်သင်္ဘောများ ဖြင့် ကျူးကျော်ကာ သီပေါမင်းနှင့် မိဖုရားကြီး စုဖုရားလတ်တို့ကို ဖမ်းဆီး၍ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့လက်အောက်သိုပ သွတ်သွင်း လိုက်ပါ၏ ။ ထိုစဉ်က ရတနာပုံ မန္တလေးနေပြည်တော် ဝယ် မြန်မာအချို့၏ ဖြစ်ပုံလှုပ်ရှားဟန်ကို ကျွန်တော် မောင်ထွန်း ဝင်း မသိပါခင်ဗျာ။ သို့ သော် ထိုခေတ်က မျိုးချစ်ပုဂ္ဂိုလ်ကြီး အချုပ်တန်းဆရာဖေ ကတော့ မျက်ဝါးထင်ထင်တွေ့ မြင်ရပြီး တော် တော် မျက်စိစပါးမွှေးစူးပါတယ်။ မြန်မာအချို့ အင်္ဂလိပ် ထံသို့ သွားသွားပြီးအောက်ကြို့တာမြင်ရတော့ အချုပ်တန်း ဆရာဖေသည် ဆဲချင်စိတ်တွေ ပေါ်လာ၍ တေးထပ်ကြီးတစ် ပုဒ်ကို စပ်ဆိုခဲ့ရာ အောက်ပါအတိုင်း ဖြစ်ပါ၏ ။
တေးထပ်
မြန်မာတွေ စည်းကမ်းဖောက်
ထီးနန်းပျောက် ဖြစ်ပြီ။
မှီငြမ်းထောက်အသစ်မှီတယ်
ညစ်ပလီလူမျိုး
မိပစ်လို့ ဖရှောင်သွေတယ်
ခွကောင်တွေ ခွေး ဖြစ်ပေါ့ဗျိုး
မြန်မာချင်းကြွားချင်ကြ
ဓားပြသွင်လူဆိုး
ကုလားမြင် သူ့အမေ(....)
တော့မလိုပ
ခုမြေလျှိုးပုန်းရှောင်
မိုက်မနော်ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့ မဟောင်
ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်
စာဇင်တောင်ဦးချလို့
ပလူးရပြေးကြို့ခါခါ
ခွေးသို့ ပမာ
တွေးမိတိုင်းအရိုးနာသည်
အမျိုးပါဆဲချင်ပေါ့လေး။
ဟု စပ်ဆိုခဲ့ပါ၏ ။
အထက်ပါ တေးထပ်ကို ဖတ်ကြည့်ပါက သီပေါမင်း ပါတော် မူပြီးစ ၁၈၈၅ ခုနှစ် တွင် မြန်မာအချို့သည် အင်္ဂလိပ်တို့ကို သွားသွားပြီး အောက်ကြို့ကြပုံကို ခန့်မှန်း နိုင်ပါ၏ ။
မြန်မာအချို့အကြောင်းကိုသိသွားသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်ကြံခြင်းကို ခံရစဉ် အခါက သူ၏ အသက်မှာ ၃၃ နှစ် သာ ရှိပါသေးသည်။ သို့ သော် ၃၃ နှစ် အရွယ် လူငယ်တစ်ဦး ဖြစ်သော ဗိုလ်ချုပ်သည် အချို့ လူပုဂ္ဂိုလ်တို့အကြောင်းကို သိနေသည်။ ဗိုလ်ချုပ်သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် လုပ်ကြံခံရရာ၌ ထိုသို့ မခံရမီ တစ်ပတ်အလို၌ မိန့်ခွန်းပြောရာတွင် ဗိုလ်ချုပ် က -
''လွတ်လပ်ရေး ရဲ့ အရသာကို ခံစားချင်ရင် ခင်ဗျား တို့ရဲ့ အကျင်းဆိုး၊ အကျင့်ဟောင်းတွေ ကို ပြင်ဖို့လိုတယ်'' ဟု ခပ်ပြတ်ပြတ် ပြောသွားခဲ့ပါ၏ ။
အဲ့ဒီတုန်းကလည်း ကျွန်တော် မောင်ထွန်းဝင်းကို မမွေးသေးပါ။ သို့ ပါ၍ ဗိုလ်ချုပ်က ဘယ်လို အကျင့်ဆိုးတွေ ကို မြင်ထားတာလဲဆိုတာ ကျွန်တော် သေသေချာချာမသိပါ။ သို့ သော် ဗိုလ်ချုပ်က အားမနာတမ်း ဒီလိုပြောယူရတဲ့အဆင့် ဆိုတော့ တော် တော် တော့ဆိုးလိမ့်မယ်ဆိုတာ ခန့်မှန်းမိပါ သည်။
ဒီလို ပြောပြီးမကြာမီ ဗိုလ်ချုပ်လုပ်ကြံခံရပါသည်။၎င်းနောက် ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေး ရခဲ့ပါသည်။ ဒီလိုနဲ့ နှစ် ပေါင်းများ စွာ ကြာညောင်းခဲ့ပါ၏ ။
ဘာတွေ ဆက် ဖြစ်ကြပါသလဲ
ဘာတွေ ဆက် ဖြစ်ကြပါသလဲလို့ ပြောရမယ်ဆိုရင် တော့ ခက်တော့ခက်ပါ၏ ။ သေသေချာချာ ပြောလို့မလွယ် ပါ။ ဘာကြောင့် လဲဆိုတော့ မြန်မာပြည် တစ်နံတစ်လျား ခရီးသွား၍ အမူအကျင့်တွေ ကို မှတ်တမ်းတင်ရန်လည်း မလွယ်ပါ။ သို့ သော်ငြား ဂျာနယ်တွေ အများ ကြီးထွက်တဲ့ ခေတ်ကို ရောက်လာရာ ဂျာနယ်ဖတ်တဲ့အခါ အ ဖြစ်အပျက် တွေ တော် တော် များများ သိရပါ၏ ။ ဗိုလ်ချုပ်က အကျင့် ဟောင်းတွေ ပြင်ဖို့ပြောခဲ့ပါ၏ ။ ယခုတော့ အကျင့်သစ်တွေ ပေါ်လာ၏ ။ လွန်ခဲ့သော နှစ် အနည်းငယ်က စားသောက် ကုန်ထုတ်လုပ်ရေး လုပ်ငန်းရှင်အချိုက လက်ဖက်ထဲဝယ် ဆိုးဆေးရောရော ဂျာနယ်တွေ က ဖော်ကောင်လုပ်၍ ဟိုးလေးတကျော်ကျော် ဖြစ်ကြ၏ ။ တဖန် နည်းနည်း ငြိမ်သွား တော့ ကိတ်မုန့်ထဲဝယ် ဆိုးဆေးရောကြပြန်၏ ။ တစ်ဖန် ငါးပိ၊ ငရုတ်သီး၊ ကြက်သား စသည်တို့ကို ကင်ဆာ ဖြစ် စေသော ဆိုးဆေးများ ရောကြသည် ဆိုပါ၏ ။ ဗိုလ်ချုပ် ရှိစဉ် က အစားအသောက်ထဲ ဆိုးဆေးရောတဲ့ကိစ္စ မပေါ်သေးပါ။ ဗိုလ်ချုပ်သာရှိရင် ဘာပြောမလဲမသိပါ။
ဗိုလ်ချုပ်ရှိစဉ် ကတော့ ဘတ်စ်ကားကြပ်တာ ပြောသံသိပ်မကြားရပါ။ ယခုတော့ ဘတ်စ်ကားတွေ တစ်စီး နဲ့တစ်စီး အန္တရာယ် ဖြစ်လောက်အောင် ပြိုင်မောင်းပြီး စပယ် ယာတို့က ခရီးသည်တွေ ကို ဟောက်ကြပါ၏ ။ ဒါကအကျင့်သစ်ပါ။
ဓာတ်ဆီဆိုင်မှာ မော်တော် ကားတွေ တန်းစီသော အခါ စက်သုံဆီဝယ်ယူခွင့်စာအုပ်ကို အတုလုပ်ကြသည် ဆို ပါ၏ ။ ဒါမျိုးဟာ လိမ်လည်အတုပြုမှု နဲ့ ပြစ်မှု မြောက်ပါ တယ်။ ဒါကို စိစစ်တော့ တချို့ကားများ သည် နံပါတ်အတု များ ဖြင့် လာရောက်ဆီထုတ်ယူသည်ဟု ဂျာနယ်တို့က ဆိုပါ ၏ ။
တစ်ဖန် ဟိုတစ်လောကလေးကမှ မြန်မာ့လက်ရွေး စင်ဘောလုံးအသင်းနှင့် အိုမန်ဘောလုံးအသင်းတို့သည် ရန်ကုန်မြို့၌ ဘောလုံးကစားကြရာတွင် မြန်မာတို့ ရှုံးခါနီး သော အခါ မြန်မာလူငယ်ပရိသတ်အချို့က ဘောလုံးကွင်း ထဲသို့ ပုလင်း၊ ထီး၊ ခဲ တို့ဖြင့် ပစ်ပေါက်ကြသည်ဆိုရာ ဒီကိစ္စက အကျင့်သစ်တွေ ပေါ်လာကြတာပါ။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် စပ်လျဉ်း၍ မူကားကြွပ်ကြွပ် အိတ်တွေ သုံး၊ သစ်တွေ ခုတ်၊ ရေနုတ်မြောင်းတွေ ပိတ်ကြရာ ရေလျှံကြပါ၏ ။
လမ်းဘေးဈေးသည်တွေ ကတော့ ပလက်ဖောင်းပေါ် သာမက ကတ္တရာလမ်းပေါ်ပါတက်၍ ဈေးရောင်းပါသော ကြောင့် ပြဿနာတစ်ခု ဖြစ်နေပါ၏ ။
လူကုန်ကူးသည့်ကိစ္စ၊ ကာရာအိုကေ၊ အနှိပ်ခန်း စသည်တို့ ကတော့ တော် တော် ထိန်းရပါသည်။ ဒီကြားထဲ မြန်မာ့ဆိပ်ကမ်းသို့ တင်သွင်းလာသော ကွန်တိန်နာခေါ်ကုန်သေတ္တာကြီးများ ကို စစ်ဆေးသော အခါ တရားမဝင်ကား များ ကို တစ်စစီဖြုတ်၍ တရားမဝင် မှော င်ခိုသွင်းလာပါ သည်ဟုဆိုရာ ဒါတွေ က အကျင့်သစ်၊ အကျင့်ဆိုးတွေ ပါ။
အထက်ပါကိစ္စ ကတော့ လက်လှမ်းမီသလောက် ဥ ပမာများ သာ ဖြစ်ပါ၏ ။ ဂျာနယ်ဖတ်သော သူများ အားလုံး သိပြီး ဖြစ်ပါလိမ့်မည် ။ စစ်စစ်ပေါက်ပေါက် တစ်ခုမကျန် လိုက်ရေး ရပါလျှင် ကုန်မည် မဟုတ်ပါ။ သို့ သော် ကျွန်တော် အဓိကဆိုလိုချင်သည် ကတော့ ဒါတွေ ဟာ အကျင့်ဆိုးတွေ ပါ။
ယခုအခါ ကျွန်တော် တို့ မြန်မာနိုင်ငံတွင် ကျွန်တော် တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို လူအများ လေးစား၊ ရိုသေ၊ ချစ်ခင်ကြပါသည်။
ဗိုလ်ချုပ်အကြောင်း ရေး သားသော စာတွေ ဆိုလျှင် အထူးရောင်းကောင်းသည်ဟု ဆိုပါသည်။
ဒါပေမယ့် ဖတ်တာတခြား၊ လုပ်တာတခြား ဖြစ်နေ ပါ၏ ။
ဗိုလ်ချုပ်က အကျင့်ဆိုး (ဟောင်း)တွေ ကို ပြင်ခိုင်း ၏ ။ ယခုအကျင့်ဆိုး(သစ်)တွေ ပေါ်လာပါ၏ ။ ဒီတော့ ခက် တယ်၊ ခက်တယ်၊ ခက်တယ်ကွယ်ဟု ငြီးငြူရမလို ဖြစ်နေ ပါပြီ။
လူ တစ်ယောက် ရဲ့ စကားကို နားထောင်မှသာ သူ့ကို လေးစားရာရောက်မည် ဟု ဆိုချင်ပါကြောင်း။
![]() စစ်ရေးအမြင်နှင့် အခြားကျင့်စဉ်များ | ![]() ဆင်းရဲခြင်းမှ လွတ်မြောက်ကင်းရန် နည်းလမ်း (၁၁) မျိုး | ![]() စွန့်ဦးတီထွင် လုပ်ငန်းရှင် ENTREPRENEUR စရိုက်များ |