
၁။ အနာဂတ်မြင်ကွင်းတည်ဆောက်၍ ဆင်းရဲခြင်းမှ ရှောင်ကွင်းခြင်း
(လူငယ်များ ကမေးကြသည် ဘွဲ့ရပြီးရင် ဘာလုပ်မလဲ။
၂ဝ၁၁ - အောက်တိုဘာလုံးခြင်းမှ ကောက်နှုတ်ဆောင်းပါး)
လူငယ်မောင်မယ်တို့ ကြီးပွားဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ပေါ်လျှောက်တော့မယ်ဆိုရင် ဦးစွာ ''ဗစ်ရှင်'' Vision ဆိုတဲ့ စကားလုံး တစ်ခုကို သိနားလည်သင့်ပါတယ်။ ဗစ်ရှင်ဆိုတဲ့ အသံတစ်ခုကို ကြားဖူးကြမှာ ပါ။ T.V ကြော်ငြာတစ်ခုမှာ ပေါ့၊ မင်းသားလွင်မိုးက ပြောတယ်။
''ပါဝါလည်းတိကျတယ်။ ခေတ်မီစက်ကိရိယာတွေ နဲ့ ပြုလုပ် ပေးလို့ ဒီနေ့လုပ်ရင် ဒီနေ့ရတယ်''လို့ဆိုတော့ မင်းသမီးခိုင်သင်းကြည် က
''အဲဒါ ဘယ်မှာ လဲဟင်''လို့ဆိုပါတယ်။
ဒီတော့ လွင်မိုးက
''ရွှေဘုံသာအလယ်လမ်းက ယူနိုက်တက်ဗစ်ရှင်း မျက်မှန် ဆိုင်ပေါ့''လို့ ဆိုလိုက်ပါတယ်။
အဲဒီ လွင်မိုးပြောတဲ့ ဗစ်ရှင်းပါ။ Vision လို့ခေါ်ပါတယ်။ ဒါပေမယ့် မျက်မှန်သမားတွေ ပြောတဲ့ Vision နဲ့ ကြီးပွားရေး လမ်းကြောင်းပေါ်က Vision က စာလုံးပေါင်းနဲ့ အသံထွက်တူ ပေမဲ့ အဓိပ္ပာယ်တော့ကွဲတယ်။
မျက်မှန်သမားတွေ ပြောတဲ့ ဗစ်ရှင်းက မြစ်ကွင်းလို့အဓိပ္ပာယ် ရပါတယ်။ မျက်စိရှေ့က မြင်ရတဲ့မြင်ကွင်းပဲပေါ့။
ကြီးပွားရေး လမ်းကြောင်းပေါ်က ဠငျငသည ကတော့ ''အနာဂတ် မြင်ကွင်း''လို့ အဓိပ္ပာယ်ရတယ်။ သာမန်မျက်စိနဲ့ မမြင်ရဘူး။ စိတ်မျက်စိနဲ့ ကြည့်ရတာ ။
ဥပမာ- ယနေ့ အသက်(၂၅)နှစ် လောက်ရှိတဲ့ လက်ထောက် ဆရာဝန်လေး တစ်ယောက် က ကြာရင် ဆေးတက္ကသိုလ်ပါမောက္ခ ကြီး ဖြစ်ချင်တယ် ဆိုပါစို့။ နောင်(၂၅)နှစ် လောက်အကြာမှာ ဖြစ်လာမယ့် ဆေးတက္ကသိုလ်ပါမောက္ခကြီးရဲ့ ပုံပန်းသဏ္ဌာန်ကို ဒီဆရာဝန်ငယ်လေးရဲ့ စိတ်ထဲမှာ စိတ်ကူးကြည့်လိုက်တာ အဲဒါ အနာဂတ်မြင်ကွင်းသို့မဟုတ် Vision ပဲ။
ဒါကြောင့် ကြီးပွားလိုသူတွေ ဟာ မိမိဘဝရဲ့ အနာဂတ် မြင်ကွင်း Vision ကို စိတ်ကူးနဲ့ ပုံဖော်ပြီး ဖြစ်ရပါမည် ။ အဲဒီ ဠငျငသည မရှိသေးရင် ဘယ်လိုဦးတည်ချက်ထားရမှန်းမသိ ဖြစ်နေ တတ်နေပါ တယ်။
Vision ဆိုတဲ့ အနာဂတ်မြင်ကွင်းကို စိတ်ကူးနဲ့ ပုံဖော်ပြီးရင် မစ်ရှင် Mission ဆိုတဲ့ လမ်းစဉ်ကို ချမှတ် ဖို့လိုပါတယ်။ Mission ဆိုတဲ့ စကားရပ်ကို အဘိဓာန်မှာ ရှာရင် သာသနာပြုအဖွဲ့ကို အဓိပ္ပာယ် ရပါမယ်။ ဖွံ့ဖြိုးရေး ဘာသာရပ်ရဲ့ Mission ကတော့ အဲ့ဒီအဓိပ္ပာယ် မဟုတ်ပါဘူး။
Vision ကို ရောက်အောင် ဘယ်လိုသွားမလဲ?
ဥပမာ- သူဋ္ဌေးကြီး ဖြစ်ချင်တဲ့ အနာဂတ်မြင်ကွင်းရှိရင် သူဋ္ဌေး ဖြစ်နည်းက အမျိုးမျိုးရှိပါတယ်။ မိမိလမ်းစဉ်ကို မိမိရွေးရပါမယ်။ ဒါပေမဲ့ စစ်မှန်သော ကြီးထွားဖွံ့ဖြိုးရေး ကို ရဖို့ဆိုရင်တော့-
''မှန်ကန်ပြီး တရားမျှတသော နည်း''နဲ့ သာ ဆောင်ရွက်ရပါမယ်။
မိမိ ဖြစ်လိုတဲ့ အနာဂတ်မြင်ကွင်းဆီရောက်ဖို့ လျှောက်လှမ်း ရာမှာ ဘယ်နည်းဘယ်ပုံ လှမ်းမှာ လဲ။ ဘယ်လိုခံစားချက် ဘယ်လို နှလုံးသားနဲ့ ကြိုးစားမှာ လဲဆိုတဲ့ လမ်းစဉ်ကို ချမှတ်တာဟာ မစ်ရှင် Mission လို့ခေါ်ပါတယ်။ Mission ဆိုတဲ့ လမ်းစဉ်ကို ချမှတ်ပြီး ရင်တော့ အသေးစိတ်လုပ်ရမယ့် ကိစ္စရည်ရွယ်ချက်တွေ ကို ချမှတ်ဖို့ လိုပါတယ်။
အဲဒါတွေ ကို OBJECTIVE လို့ခေါ်တယ်။ ဥပမာ- လူငယ် တစ်ယောက် ဟာ အင်ဂျင်နီယာကြီး တစ်ယောက် ဖြစ်ချင်တယ် ဆိုပါစို့။ သူဟာ အင်ဂျင်နီယာဘာသာရပ်စာအုပ်တွေ ကို ဖတ်နိုင်ဖို့ အင်္ဂလိပ်စာတတ်ရမယ်။ ဒီတော့ ငါအင်္ဂလိပ်စာသင်တန်း တက်မယ် ဆိုတဲ့ ရည်ရွယ်ချက်ဟာ ချမှတ်သင့်ဟာ ရည်ရွယ်ချက်တစ်ခုပါ။ နှစ် ရှည်တက်ရမယ့် အင်ဂျင်နီယာတက္ကသိုလ်မှာ ပင်ပန်းမယ်။ ဒီတော့ အားကစားလဲ အသင့်အတင့် လိုက်စားရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ လည်း ချမှတ်သင့်တဲ့ ရည်ရွယ်ချက်တစ်ခုပါ။ ငါ အင်ဂျင်နီယာ တက္ကသိုလ် တက်နိုင်ရေး အတွက် (၁ဝ)တန်းစာမေးပွဲကို ဘယ်လို ဂုဏ်ထူးမျိုးနဲ့ အောင်ရန်ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးလည်း ချမှတ်နိုင်ရပါမယ်။
ဒါကြောင့် မိမိကြီးပွားတိုးတက်လိုသော အခြေအနေတစ်ခု ကို ရောက်ဖို့ဆိုရင် -
Vision ဆိုတဲ့ အနာဂတ်မြင်ကွင်း
Mission ဆိုတဲ့ လမ်းစဉ်
OBJECYIVE ဆိုတဲ့ ရည်ရွယ်ချက်များ ရှိပြီး ပစ္စုပ္ပန်ကာလက စ၍ ကြိုးစားရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ အရေး ကြီးတာတစ်ခုလည်း ရှိပါတယ်။
လူ့ဘဝဟာ အချိန်အကန့်အသတ်နဲ့ အသက်ရှင်ရတာ ပါ။ အနာဂတ်မြင်ကွင်းကိုရောက်ဖို့ အဆုံးမရှိသော အချိန်ကာလကို သဘာဝ တရားက ခွင့်မပြုပါဘူး။ ဒါကြောင့် Vision, Mission, Objectives တွေ ရေး ဆွဲရမှာ ဖြစ်ပါတယ်။
စာရေး သူဟာ လွန်ခဲ့တဲ့ (၁ဝ)နှစ် ခန့်က ကုလသမဂ္ဂဖွံ့ဖြိုးရေး စီမံကိန်းမှာ လူမှု ဖွံ့ဖြိုးရေး အရာရှိအ ဖြစ် တာဝန်ကျရာဒေသကို ရှမ်း ပြည်နယ်တောင်ပိုင်းပါ။ အဲဒီ မှာ Vision, Mission, Objectives ဆိုတဲ့ စကားသုံးလုံးကို တပည့်တွေ ကို ကြုံရင် ကြုံသလိုပြောပြတယ်။ များ သော အားဖြင့် စိတ်မဝင်စားကြပါဘူး။ ပင်လောင်းနယ်ဘက်က ပအို့ကလေး မောင်လေးနိုင်ဆိုသူ ကတော့ စိတ်ဝင်စားတယ်။ သူက ကျွန်တော့လက်အောက်မှာ Village Development Worker အ ဖြစ် အမှု ထမ်းနေပါတယ်။ အဲဒီ တုန်းက သူက ပအို့လို မွှတ်နေအောင် တတ်ပေမဲ့ ဗမာစကားကို အတော် ကြိုးစားပြောရသူပါ။ ဝဲတဲဝဲတဲနဲ့ ပေါ့။ တစ်နေ့တော့ ကျွန်တော့်အလုပ်စားပွဲရှေ့မှာ လာရပ်တယ်။ သူက-
''ဆရာ-ဆရာပြောတဲ့ အနာဂတ်မြင်ကွင်း Vision ကို ကျွန်တော့်  ဘဝအတွက် စိတ်ကူးပုံဖော်လိုက်ပြီ''
ကျွန်တ်ေက ''ကောင်းတာပေါ့ကွာ၊ မင်းက ဘာ ဖြစ်ချင် တာလဲ'' လို့ မေးလိုက်ပါတယ်။
သူက ''ကျွန်တော် တစ်နေ့ကြရင် ဖွံ့ဖြိုးရေး ပညာရှင်ကြီး တစ်ယောက် ဖြစ်ချင်တယ် ဆရာ။ အဲဒါ ကျွန်တော် ရဲ့ အနာဂတ် မြင်ကွင်းပါ''
''ကောင်းတာပေါ့ကွာ၊ ဆက်ပြောပါဦး'' ကျွန်တော် ရဲ့ Mission ကတော့ ကျွန်တော် ရိုးသား၊ ကြိုးစား၊ နောက်မဆုတ်တဲ့ ဇွဲနဲ့ လုပ်ကိုင်မယ်ဆရာ၊ ကျွန်တော့်  ရည်ရွယ်ချက်တွေ လည်း ချမှတ်ရဦး မယ်။ ကျွန်တော် စာပေးစာယူနဲ့ ဘွဲ့တစ်ခုရအောင်ယူမယ်။ ကွန်ပျူတာ သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ တက်ရမယ်။ ဆရာလည်းလိုသလို ဆုံးမလမ်းညွှန်ပါခင်ဗျာ''
ကျွန်တော် က-
''လောလောဆယ်တော့ ဆုံးမစရာမရှိဘူး။ နာမည် ပေးစရာ တော့ရှိတယ်။ ဒီတော့မင်းကို အင်္ဂလိပ်စာအမည် ပေးမယ်။ မင်းနာမည် “Vision” လို့ မှတ်ထားလိုက်လို့ ပြောလိုက်ပါတယ်။
''ကောင်းပါတယ် ဆရာ''
သို့နှင့် သူ့နာမည် Vision Vision နဲ့ ခေါ်ကြရာ ကာလ ရွေ့လျားသော Victor လို့အမည် တွင် သွားပါတယ်။ ဒီလိုနဲ့ စီမံကိန်း ပြီးတော့ ကျွန်တော် က အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့ တစ်ခုသို့ ပြောင်းသွား ရာ သူနဲ့ ကျွန်တော် လူချင်းကွဲ သွားပါတယ်။
တစ်လောက သူ့သတင်းပြန်ကြားရတယ်။ သူရာထူးအဆင့် ဆင့်တက်တယ်။ စာပေးစာယူနဲ့ ဘွဲ့ရတယ်။ ဗမာစကားလည်း မွှတ် နေပြီ။ အင်္ဂလိပ်စကားလည်း မွှတ်နေသည်။
ပြီးတော့ သူ့နာမည် က Vision လို့ အမြဲတွင် သွားပါတယ်။ တစ်လောက အမေရိကန်နိုင်ငံကို Fellowship Program တစ်ခု အတွက် (၁)နှစ် သွား၍ သင်တန်းတက်ရန် ပညာတော် သင်ဆုရသွား ပါတယ်။ အမေရိကန်က ပြန်လာတော့ ဘွဲ့လွန်ဒီပလိုမာ ပညာသင်ဆု ရတယ်။ အဲဒီ ကဘွဲ့ရပြန်လာပြီး ယခု အကြီးတန်းစီမံဝန်ထမ်း Senior Project Officer အ ဖြစ် အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေပြီး။
အနာဂတ်မြင်ကွင်း တကယ်အကောင်အထည်ဖော်လာတာ Vision Become Reality ဟု ခေါ်ဆိုပါကြောင်း။
၂။ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆင်းရဲခြင်းက လွတ်ကင်းခြင်း
(ဒေါက်တာထွန်းဝင်းရေး လုံးချင်းယုံကြည်ချက်ကို မပြောင်းလဲသော လူသားများ နှင့်
ယုံကြည်ချက်ကို ပြောင်းလဲ ကြကုန်သော လူသားများ - ၂ဝ၁၂ အောက်တိုဘာ)မှ ကောက်နှုတ်ချက်
၂ဝ၁၁ - အောက်တိုဘာလုံးခြင်းမှ ကောက်နှုတ်ဆောင်းပါး)
ကျွန်တော့် ဖခင် ပညာရေး စရိတ်အတွက် ကျွန်တော် ၏ အဒေါ် များ က ဈေးရောင်း၍ ထောက်ပံ့ရပါသည်။ ကျွန်တော် ဖခင်က B.A အောင်ပြီး လခစားလုပ်သော အခါ အငယ်ဆုံးကလေးများ ကို ကျောင်းပြန်ထားရပါ၏ ။
တစ်ဖန် ကျွန်တော် သည် အသက် ၂၅ နှစ် ၌ ဆရာဝန် ဖြစ်ပြီး ကိုယ်ပိုင်ဆေးခန်းဖွင့်နိုင်သော အခါ ကျွန်တော့် အထက်အောက် ညီမသည် နောက်ဆုံးနှစ် ဆေးကျောင်းသူ ဖြစ်၏ ။ သူက နောက်ဆုံးနှစ် ဆေးကျောင်းသူ ဘဝမှာ ပဲ နောက်ဆုံးနှစ် ဆေးကျောင်းသားတစ်ဦးနဲ့ မင်္ဂလာဆောင် တယ်။ ဒီတော့ သူတို့ကျပ်တည်းတာပေါ့။ ဒီတော့ ကျွန်တော် က ဆေးခန်းထိုင်လို့ရတဲ့ငွေနဲ့ သူတို့ကိုထောက်ပံ့တယ်။ ဒီတော့သူတို့ ချောင်လည်တယ်။ ကျွန်တော် ညီမက ဆရာဝန် ဖြစ်ပြီး နှစ် အတန်ကြာ တော့ အမေရိကန်နိုင်ငံကို ထွက်သွားတယ်။ သူက USA မှာ စုမိတော့ ကျွန်တော် ရဲ့ သမီးကြီးကို နိုင်ငံခြားကောလိပ်တစ်ခုမှာ ကျောင်းပြီးသည် အထိ ကျောင်းထားပေးပါတယ်။
ဒီတော့ လောကဓံတရားကို ရင်ဆိုင်ရာမှာ မိသားစုအတွင်း အသင်းအဖွဲ့ စိတ်ကအရေး ကြီးပါတယ်။
၃။ ကိုယ့်ဒူးကိုယ်ချွန်၍ ဆင်းရဲခြင်းမှ ရုန်းထွက်ခြင်း
(လူငယ်များ ကမေးကြသည် ဘွဲ့ရပြီးရင် ဘာလုပ်မလဲလုံးချင်းမှ
ကောက်နှုတ်ချက် - ၂ဝ၁၁ အောက်တိုဘာ)
ကျွန်တော့် ဖခင်၏ ဖခင်၊ ကျွန်တော် အဘိုးသည် ကြို့ပင်ကောက် မြို့နယ်၊ ကျေးလက်ဒေသ ကျေးတောသားတစ်ဦး ဖြစ်၏ ။ သူ့ပညာ အရည်အချင်းက လေးတန်း ဖြစ်၏ ။ အသက် ၁၈ နှစ် သားရောက်တော့ အထမ်းဈေးသည်အ ဖြစ် လုပ်ကိုင်ရပါ၏ ။ အထမ်းဈေးသည် တစ်ယောက် ၏ အဆင့်အတန်းဆိုသည်မှာ လယ်မရှိ၊ ယာမရှိ၊ နွားမရှိ၊ ကျွဲမရှိ လယ်စားရင်းငှားအဆင့်သာ ဖြစ်သည်။ ကျွန်တော့် အဘိုးသည် ကြို့င် ကောက်မြို့နယ် အရှေ့ဘက် ရွာစဉ်တစ်လျှောက် တစ်ရွာဝင်တစ်ရွာထွက် ဈေးရောင်းရပါသည်။ အဘိုး၏ အထမ်းဈေးခြင်းတောင်းထဲမှာ ဘာတွေ ပါသလဲဆိုရင် လက်ဖက်ခြောက်၊ ပဲကြီးလှော်၊ ကြယ်သီး၊ ထန်းလျက်၊ ငရုတ်သီးစသော ကုန်စုံ၊ ကုန်ခြောက်များ ရောင်းချပါ၏ ။ တစ်နေ့လျှင် မိုင် ၂ဝ ခန့်လမ်းလျှောက်ရပါသည်။ တစ်ခါတစ်ရံ တစ်ရွာနှင့် တစ်ရွာ ကူးစဉ် နေဝင် သွားပါက လမ်းဘေးဇရပ်တွင် အထမ်းကိုဘေးချ၍ ကြုံသလိုအိပ်လိုက်ရပါသည်။ ထိုဒေသသည် ပဲခူးရိုးမတောင်ခြေရင်း လည်း ဖြစ်၍ ငှက်ဖျားခြင်အလွန်ပေါပါသည်။ ဇရပ်မှာ အိပ်ရသော အခါ ခြင်ထောင်မရှိပါ။ ပုဆိုးခေါင်းမြီးခြုံ၍ ကြုံသလိုအိပ်ရသော ကြောင့် ခြင်အလွန်ကိုက်၍ အလွန်ဆင်းရဲကြီးလှပါ၏ ။ ထိုခေတ်က ခြင်ထောင် တစ်လုံးတန်ဘိုးသည် ငါမူး(ပြားငါးဆယ်) ဖြစ်ရာ ဘိုးဘိုးသည် လောလောဆယ် မဝယ်နိုင်ပါ။ ထိုကြောင့် ဘိုးဘိုးသည် ငွေကြေး ပြည့်စုံလာပါက ခြင်ထောင်တစ်လုံးသည် ဝယ်မည် ဟုဆုံးဖြတ်ထား သည်။ ဘိုးဘိုးတွင် အခြားရည်ရွယ်ချက်လည်းရှိပါ၏ ။ ဘာလဲဆိုတော့ သူသည် တစ်နေ့မှာ ဆင်းရဲတွင်းမှလွတ်ကင်းမည် ဆိုတဲ့ရည်ရွယ်ချက် ပါ။ သို့နှင့် ဘိုးဘိုးသည် ခြင်ထောင်ဝယ်ရန်အတွက် စားစရိတ်ကို ခြိုးခြံပြီး တစ်နေ့လျှင် ၁ ပြားခန့်စုရာမှ ရက်အတန်ကြာသော် ငွေပို ငွေလျှံလေး ပြားငါးဆယ်လောက်ရပါသည်။ ဒီတော့ ဘိုးဘိုးပျော်ပြီ။ ခြင်အကိုင်မခံရတော့ဘူး။ ခြင်ထောင်ဝယ်နိုင်ပြီ ဖြစ်၏ ။ သို့သော် ငါးမူး စေ့လေးကိုင်ပြီး ကြို့ပင်ကောက်ဈေးထဲ ခြင်ထောင်ဝယ်ရန်ဝင်သွားသော အခါ ဘိုးဘို့းရဲ့ စိတ်ထဲမှာ လေးလာပါသည်။ ငါးမူးစေ့လေးကိုနှမြော သည်။ တကယ်လို့ ¤င်းငါးမူးကိုအမြတ်ပို ခြင်ထောင်မဝယ်ဘဲ အထမ်း ဖြင့် ရောင်းသော ကုန်အရင်းထဲသို့ထည့်ပါက အမြတ်ပိုလာမည် မှန်း သိပါ၏ ။ ဒီလိုနဲ့ ခြင်ထောင်မဝယ်တော့ဘဲ ¤င်းငါးမူးကိုအရင်းထဲထည့် လိုက်ရာ အမြတ်ပိုထွက်လာပါတယ်။ နောက်တော့ တဖြည်းဖြည်း စုတောင်းရင်းနဲ့ ကြို့ပင်ကောက်ဈေးထဲမှာ အထည်ဆိုင်ပိုင်ရှင် ဖြစ်လာ ပါသည်။ ဘိုးဘိုးသည် အသက် ၆၄ နှစ် ကွယ်လွန်ချိန်၌ ပြည့်စုံသော လူလတ်တန်းစားစစ် ဖြစ်နေပြီ။ သူ့သား ဖြစ်သူ ကျွန်တော့် ဖေဖေအား အင်္ဂလိပ်ခေတ်တွင် ရန်ကုန်တက္ကသိုလ်ပို့နိုင်ပြီး ဘီအေအောင်သည် အထိ ကျောင်းထားပေးနိုင်ခဲ့ပါသည်။ ဘိုးဘိုးဟာ ဆင်းရဲတွင်းမှ အမှန် တကယ်ရုန်းထွက်နိုင်ပါသည်။ ဒီလိုရုန်းထွက်ရာမှာ ဘယ်သူ့အကူအညီ မှမရပါဘူး။ ကိုယ်အားကိုယ်ကိုးရပါသည်။ ဘင်္ဂလားဒေ့ရှ်မှာ ဆင်းရဲ သားတွေ ကို ငွေထုတ်ချေးသော နိုဘယ်ဆုယူနွတ်ရဲ့ ဂရာမင်းဘဏ်မျိုး ဆီက ဘိုးဘိုးဟာ ချေးငွေမရပါ။ အဲဒီ အချိန်က ကျေးလက်ဒေသကို ဖွံ့ဖြိုးရေး လာလုပ်သော NGO လည်းမရှိ၍ ဘိုးဘိုးဟာ NGO ဆီက အကူအညီလည်းမရခဲ့ပါ။ ဒုတိယကမ္ဘာစစ်ဆိုတာမ ဖြစ်သေးဘူး။ ကုလသမဂ္ဂအဖွဲ့ကြီးလည်း မပေါ်သေး၍ UN စီမံကိန်းအကူအညီ Micro Credit Project တွေ ဆီကလည်း အကူအညီမရပါ။
ဘိုးဘိုးရခဲ့တဲ့ အရင်းအနှီးတစ်ခု ကတော့ရှိပါ၏ ။ အဲဒါ ကတော့ သူခြင်ထောင်ဝယ်ဖို့ စုထားတဲ့ ပိုက်ဆံလေးပါ။
၎။ ချိုးခြံချွေတာ၍ ဆင်းရဲခြင်းကို ကာကွယ်ခြင်း
ကျွန်တော် ဖေဖေကျတော့ မဆင်းရဲတော့ပြန်ဘူး။ သူဟာ အသက် ၄ဝ အရွယ်မှာ ဒုတိယကော်မရှင်နာမင်းကြီး Deputy Commisioneer(D.C) ခေါ် အရေး ပိုင် ဖြစ်နေပြီ။ အဲဒီ တုန်းက ကျွန်တော် ဟာ ၆ နှစ် သားပါ။ အဲဒီ တုန်းက ကျွန်တော် တို့ မကွေးမြို့ မှာ နေကြသည်။ နေတဲ့နေရာက ဝန်ထမ်းအိမ်ရာ ဖြစ်ပြီး မကွေး ဗိုလ်ချုပ် ပန်းခြံနှင့် မျက်နှာချင်းဆိုင်အိမ် ဖြစ်ပြီး အိမ်က တော် တော် ကြီးပါတယ်။ ကျွန်တော် တို့ မိသားစုက လေးယောက် တည်း။ ဖေဖေ၊ အမေ၊ ကျွန်တော် နဲ့ ငါးနှစ် အရွယ် ကျွန်တော့် ညီမတို့ ဖြစ်သည်။ ဒီတော့ ကျွန်တော် တို့ မိသားစု တစ်ယောက် တစ်ခန်းစီနေကြသည်။ တစ်နေ့တော့ ကျွန်တော် ဖေဖေ အိပ်ခန်းကဆူဆူညံညံကြားရသည်။ ကျွန်တော် နားစွင့်လိုက် တော့ လင်မယားချင်းရန် ဖြစ်သံ၊ သေသေချာချာ နားစွင့်တော့ ဖေဖေနဲ့ မေမေရန် ဖြစ်သံပါ။ အဲဒီ့ ခေတ်က TV မပေါ်သေးဘူး။ ရုပ်ရှင်ကလည်း ကြည့်ရခဲ၍ လင်မယားရန် ဖြစ်သော ဇာတ်ဝင်ခန်းကို အခမဲ့ကြည့်ရတော့ မှာ ဖြစ်၍ ကျွန်တော် သွား၍ လင်မယားရန် ဖြစ်သော ဇာတ်ဝင်ခန်းကို အခမဲ့ကြည့်ရတော့မှာ ဖြစ်၍ ကျွန်တော် သွား၍ ချောင်းကြည့်ပါတယ်။ ဒီတော့ သူတို့ပြောတဲ့စကားတွေ အကုန်ကြားရပြီး ရန် ဖြစ်သှောအသမပ ကို ဇာတ်ရည်လည် သွားပါတော့သည်။ အ ဖြစ်ကဒီလိုပါ။ ကျွန်တော့်  ဖေဖေက စီးကရက်အလွန်ကြိုက်သည်။ သူစီးကရက်တွေ အများ ကြီး ဝယ်သောက်လိုက်သည်။ သူ့ကို နိုင်ငံတော် ကပေးတဲ့ လစာကပိုလျှံနေ ပါသည်။ ပိုလျှံတာကလည်းပိုမှာ ပေါ့။ ဘူးသီးကြော်တစ်ခုရဲ့ တန်ဖိုးက ငါးပြားကိုး။
ဖေဖေက ဆေးရွက်ကြီး Tobacco ကို အလွန်ကြိုက်၏ ။ သို့သော် စီးကရက်ဝယ်သောက်ရင် ဈေးပိုပေးရ၍ စီးကရက်ထက် ဈေးချိုပြီး ပိုမိုပြင်းသော ဆေးပြင်းလိပ် (ထိုခေတ်က မငယ်တံဆိပ်)ကို ဝယ်သောက်ပါသည်။ ဆေးလိပ်တစ်ခါဖွာပြီးရင် မီးခိုးကို မှု တ်ထုတ် ရမှာ နှမြော၍ ပါးစပ်ထဲ၌ အကြာကြီးငုံထားပါသည်။ ဒီလိုနဲ့ ဆေးပြင်း လိပ်က တိုသွားပြီး သောက်မရတဲ့အခါ ဆေးပြင်းလိပ်တိုလေးများ ကို သူ၏ အခန်းထဲရှိ ဆေးလိပ်ခွက်ထဲထည့်ထား၏ ။ တစ်ဖန်ဆေးပြင်း လိပ်ကို အသစ် မီးညှိ၍ ဖွာပြန်၏ ။ ဒီလိုနဲ့ ဆေးလိပ်ထဲမှာ ဆေးပြင်း လိပ်တိုလေးတွေ ၁ဝ လိပ်လောက်ရှိလာပါသည်။ ဒီတော့ တစ်နေ့မှာ ကျွန်တော့်  မေမေဟာ ဖေဖေရဲ့ အခန်းထဲကိုဝင်ပြီး တံမြက်စည်းလှည်း ပေးရင်းနဲ့ ဆေးလိပ်တိုများ သွန်ပစ်လိုက်ပါ၏ ။ ဖေဖေရုံးကပြန်လာ တော့ သူ့ဆေးပြင်းလိပ်တိုများ ပျောက်နေရာ ဘယ်နေရာ ရောက်သွား လဲမေးရာနှင့် စကားများ ရန် ဖြစ်ကြခြင်း ဖြစ်ပါ၏ ။
ဒီလိုနဲ့ မေမေကစိတ်ဆိုးသွား၍ ဖေဖေ့အခန်းထဲသို့ တံမြက် စည်းလှည်းပေးခြင်းကိုမလုပ်တော့ပါ။ ဖေဖေကလည်း ဆေးပြင်းလိပ်ကို ဆက်သောက်ရာ မကြာမီဆေးလိပ်ခွက်ထဲ၌ ဆေးပြင်းလိပ်တို ၁ဝခုခန့် စုမိပြန်၏ ။ ဒီဆေးလိပ်တိုတွေ ဘာလုပ်မှာ လဲဆိုတာသိလို၍ ကျွန်တော် ဖေဖေ့အခန်းကို နေ့စဉ်ချောင်းကြည့်လျက်ရှိပါသည်။ ဒီလိုနဲ့ တစ်နေ့ တော့ ဖေဖေဟာ သူ့အခန်းထဲမှ နေစဉ် အင်္ကျီအိတ်ထဲက ပစ္စည်းတစ်ခု ကို ဆွဲထုတ်လိုက်၏ ။ ၄င်းပစ္စည်း ကတော့ ဆေးတံတစ်ချောင်းပါ။ ဖေဖေဟာ ဆေးပြင်းလိပ်တိုတစ်ခုကိုယူ၍ ဆေးတံမှာ စွပ်လိုက်ပါ၏ ။ ၄င်းနောက် မီးညှိ၍ ဖွာပါ၏ ။ ထိုအခါ ကျွန်တော် သည် 'သြော် ဒီလိုကိုး' ဟု သိလိုက်ပါ၏ ။
ဒီလိုနဲ့ ဆေးပြင်းလိပ်တိုကို ဆေးတံ၌ စွပ်၍ သောက်ရာ နောက်ဆုံးဆေးပြင်းလိပ်၏ အရှည်သည် ငါးမူးစေ့တစ်ခု၏ အထူ လောက်သာရှိတော့၏ ။ ထိုအခါ ဆေးတံမှချွတ်လိုက်သော အခါ ဆေးပြင်း လိပ်တိုသည် ငါးပြားစေ့ဝိုင်းလေးတစ်ခုလို ဖြစ်နေပါသည်။ ၄င်းငါးပြား စေ့ဝိုင်းလေးကို ဖေဖေသည် ဆေးလိပ်ခွက်၌ သိမ်းလိုက်ပြီး နောက်တော့ ဆေးပြင်းလိပ်တိုကို ဆေးတံ၌ စွပ်၍ သောက်ပြန်၏ ။ သို့နှင့် ငါးပြားစေ့ ဝိုင်းလေးသဏ္ဌာန် ဆေးပြင်းအလိပ်အပြားလေးများ ဆယ်ခုခန့်စုမိပါ၏ ။
ကျွန်တော် ထင်သည်မှာ ဒီလို ဆေးတံထဲထည့်၍ သောက်လို့ မရတော့သော ဆေးပြားလိပ်ဝိုင်းလေများ ကတော့ လွှင့်ပစ်ရပြီထင်၏ ။ ထိုအခါ ကျွန်တော် သည် အဖေ့အခန်းထဲသို့ဝင်သွား၍ ဆေးပြင်းလိပ် ပြားဝိုင်းလေးများ ကို သိမ်းလိုက်ပြီး ကျွန်တော် အား ဟောက်လွှတ်၍ ကျွန်တော် သည် အဖေ့အခန်းထဲမှ ထွက်ပြေးခဲ့ရသည်။ သို့သော် သူ ဘာဆက်လုပ် မည် ကို ဆက်လက်ချောင်းကြည့်ရပါသည်။ အဖေသည် ဆေးပြင်းလိပ်အပြားဝိုင်းများ ကို စက္ကူပေါ်တင်၍ ချေလိုက်ရာဆေးမှု န့် များ ဖြစ်သွား၏ ။ ၄င်းဆေးမှု န့်များ ကို ဆေးတံထဲထည့်၍ သောက်ပါတော့ ၏ ။ ထိုအခါ ဆေးပြင်းလိပ်တစ်လိပ်လုံးသည် ပြာ ဖြစ်သွားပြီး အဖေ့ ဆေးလိပ်ခွက်ထဲ၌ ဆေးလိပ်ပြာတွေ တော် တော် များ နေပြီ။ ဒီတစ်ခါတော့ ကျွန်တော် သေချာသွားပြီ။ ပြာဆိုရင်တော့ ဆက်သောက်လို့မရတော့ ဘူး။ လွှင့်ပစ်ရတော့မှာ ပဲ။ ဒါနဲ့ ကျွန်တော် ဖေဖေ့အခန်းထဲဝင်သွားပြီး ပြာတွေ ကိုလွှင့်ပစ်ရမှာ လားမေးရာ အဖေက စိတ်ဆိုးပြီး ကျွန်တော့် ကို မောင်းထုတ်ပြန်ပါသည်။
ထိုအခါ ကျွန်တော် သည် စိတ်ဝင်စားပြီး အဖေ့အခန်းကို ဆက်လက်ချောင်းကြည့်ရပါသည်။ အဖေသည် ပြာများ ကိုစက္ကူနဲ့ ထုပ် ၍ တရိုတသေသိမ်းလိုက်၏ ။ နောက်နေ့ဆက်လက်ချောင်းကြည့်တော့ ဖေဖေသည် သူ့အခန်းထဲက စာရေး စားပွဲရှေ့မှာ ထိုင်နေ၏ ။ အဖေက အသက် ၄ဝ ဆိုတော့ ဆံပင်နည်းနည်း ဖြူပြီ၊ အဖေသည် စားပွဲခုံပေါ်၌ မှန်တစ်ချပ်ကို ထောင်လိုက်သည်။ ထို့နောက် သိမ်းထားသော ပြာထုပ် ကို တရိုတသေ ဖြည်ကာပြာကိုအသုံးပြု၍ ဆံပင်ဖြူနုတ်လျက်ရှိနေ ကြောင်းပါ။
အဲဒါ ကတော့ ဖေဖေ၏ ချွေတာရေး ဘဝဟန် Life Style ဖြစ်ပါ၏ ။
ဖေဖေဟာ Goft မရိုက်ဘူး။ Goft ရိုက်မည့် အစား ခြံထဲဆင်း ပြီး လမ်းလျှောက်သည်။ ရလဒ်အကျိုးကျေးဇူး ကတော့ လခစား ဖြစ် သော်လည်း ကုန်ဈေးနှုန်းတက်သည် ဖြစ်စေ၊ မတက်သည် ဖြစ်စေ ဖေဖေ့ရဲ့ ဘဝမှာ စီးပွားရေး အကျပ်အတည်းဆိုတာမ ဖြစ်ခဲ့ဘူး။ ပင်စင် ယူတဲ့အချိန်အထိ လာဘ်မစားသွားဘူး။ စာရိတ္တကို ထိန်းသွားခဲ့ပါသည်။
ဆင်းရဲတွင်းက မတက်နိုင်ကြသေးသူများ
လွန်ခဲ့သော နှစ် အနည်းငယ်က ကျွန်တော် သည် Bus လုပ်ငန်း လုပ်ရာ ကျွန်တော့် ထံ၌ Driver အချို့၊ စပယ်ယာ အချို့အလုပ်လုပ်ကြ ၏ ။ ရွှေတစ်ကျပ်သား လေးသိန်းခွဲလောက်အချိန်က သူတို့၏ ဝင်ငွေ မှာ တစ်နေ့ တစ်သော င်းကျပ် ခန့်ရှိပါသည်။ အချိန်ကြာလာတော့ လည်း သူတို့က ပြည့်စုံလာသည်မရှိဘဲ ၂ ရက်လောက် အလုပ်မဆင်း နိုင်လျှင် ပိုက်ဆံလိုက်ချေးရပါသည်။ လွန်ခဲ့သော ၁၅ နှစ် က ကျွန်တော် သည် ကျေးလက်ဒေသ၌ အတွင်းလူနာဆေးခန်းဖွင့်ရာ လူနာတစ် ယောက် ကို ဆေးလက်မှတ်ရေပေးခဲ့ပါ၏ ။ ဆေးဖိုးက ၇ဝဝ ကျပ် လောက် ဖြစ်နေလို့ လူနာရှင်က မဝယ်နိုင်ဟု ဆိုပါ၏ ။
သို့သော် နာရီအနည်းငယ်ကြာတော့ ဆေးခန်းထဲသို့ချဲထီ ရောင်းသူ တစ်ယောက် ဝင်လာရာ လူနာရှင်က ချဲထီ ၃ဝဝဝ ဖိုးအလွယ် တကူထိုးလိုက်ပါ၏ ။
ကျွန်တော် တစေ့တစောင်းလေ့လာကြည့်တော့ လူ တစ်ယောက် သည် ဝင်ငွေကိုပြန်သုံးရာတွင် ချဲထီ၊ ဆေးလိပ်၊ အရက်၊ ကွမ်း၊ ဗီဒီယို အသုံးစရိတ်သည် ဝင်ငွေ၏ ရာနှုန်းအများ စု ဖြစ်ပြီး စားဖို့နဲ့ ကျန်းမာရေး အသုံးစရိတ်၊ ပညာရေး အသုံးစရိတ်က မသုံးသလောက်နည်းပါသည်။
ဒီတော့ ဆင်းရဲတာပေါ့။ ဆင်းရဲခြင်း Povety ဆိုတာကလည်း ယခုခေတ်မှာ ကျယ်ကျယ်လောင်လောင်ပြောလာပါ၏ ။ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက်နဲ့ ဘဝရပ်တည်ရတဲ့သူက သန်းတစ်ထောင်ရှိ တယ်လို့ဆိုပါ၏ ။ ကမ္ဘာ့လူဦးရေက သန်းခြောက်ထောင် ဖြစ်ရာ ခြောက်ပုံတစ်ပုံ ဖြစ်၏ ။ Bottom billion တွေ လည်း ကျယ်ကျယ် လောင်လောင်ပြောလာပါသည်။ ကုလသမဂ္ဂကြီးကို အားကိုးလို ကိုးနဲ့ လည်း လုပ်လာကြပါသည်။ တချို့ဆောင်းပါးတွေ က ကုလသမဂ္ဂကြီး ကို အလှူငွေပိုထည့်ရန် အမေရိကန်ကို တိုက်တွန်းထားပါသည်။ ကျွန်တော် တို့နိုင်ငံမှာ လူတချို့က သိန်းတစ်ထောင်ထီပေါကမလား မျှော်မှန်းကြပါသည်။ မျှော်မှန်းမှာ ပေါ့။ သိန်းတစ်ထောင်ပေါက်ရင် နောက်ထပ် သိန်းငါးရာထပ်ပေးပါ့မယ်ဆိုပြီး ထီလက်မှတ်ကိုသာသာ ထိုးထိုးဈေးတင်ရောင်းတာကိုး။ အချို့လည်း Foregin Investment အများ ကြီး လာမလားဆိုပြီး မျှော်တဲ့လူက မျှော်သည်။ တစ်ချို့ကလည်း INGO က အလှူငွေတွေ အများ ကြီးဝင်လာမည့် နေ့၊ ဆတက်ထမ်းပိုး တိုးပြီးရမယ့်နေ့ကို မျှော်နေ၏ ။ မြန်မာပြည်က NGO လုပ်ငန်းအတွေ့  အကြုံရှိသူတွေ စုပေါင်းပြီး NGO ဖွဲ့ရင် LNGO (Local NGO) (ပြည်တွင်း NGO)လို့ခေါ်ပါတယ်။ LNGO က အလှူရှင်တွေ ဖြစ်တဲ့ ဘီလ်ဂိတ်၊ ရော့က်ဖဲလားစသူတို့ဆီ တိုက်ရိုက်စာရေး ပြီး အလှူငွေ တောင်းရင်ရဖို့မလွယ်ဘူး။ သူတို့က INGO အကြီးကြီးတွေ ကိုလှူ သည်။ LNGO တွေ က INGO,UN စသည်တို့ကို တစ်ဆင့်လက်ဝေ ခံ အလှူခံရပါသည်။ အလှူရှင်တွေ က ဘယ်လိုလဲ။ နိုင်ငံခြားသား NGO ဆိုရင်ယုံသည်။ တိုင်းရင်းသား NGO ကို မယုံဘူးဆိုတဲ့သဘော လား။ သူတို့ငယ်ငယ်တုန်းက ပရင်စတန်၊ ဟားဗတ်၊ အောက်စဖို့စ် တက္ကသိုလ်တွေ တက်တုန်းက ယုံကြည်မှု တည်ဆောက်ရေး သင်တန်း “Training on Trust Building” မတက်ခဲ့ဘူးလားဟု သံသယဝင်စရာ ဖြစ်ကုန်ပါ၏ ။ စာရေး ဆရာ JEFERY D.SACHS ရေး သော The End of Povery How we Can Make it Happening in our Life Time (ကျွန်ုပ်မသေမီ ဆင်းရဲခြင်းကို တိုက်ဖျက်ခြင်း)စာအုပ်၌ NGO,UN နှင့် အလှူရှင်များ ကို အားကိုးထားပါသည်။
ကျွန်တော် တင်ပြလိုသည် ကတော့ NGO အလှူငွေမျှော်လင့် ခြင်း၊ ထီထိုးခြင်းစသည်တို့ဟာ ကောင်းပါသည်။ ဘာကြောင့် လဲဆို တော့ Something is better than nothing ဆိုသလို ဘာမှမရတာ နဲ့ စာရင် တစ်ခုခုရတာ ကောင်းတာပေါ့။ သို့သော် တကယ်တမ်း အားကိုးရမှာ ကတော့ မိမိကိုယ်ကိုယ်ပဲ ဖြစ်ပါသည်။