Cover

၁။ နိုင်ငံရေး သမားတို့၏ အဓိကအလုပ်နှစ် မျိုးနှင့် စပ်လျဉ်းသော စကားပုံအမျိုးမျိုး

နိုင်ငံရေး သမား (Politician) ဆိုတာဘာလဲ

အဘိဓာန်၌ နိုင်ငံရေး သမားဟူသော ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် . . .

‘A person who is doing politics especially as an elected member of Parliament’

‘နိုင်ငံရေး သမားဟူသည် နိုင်ငံရေး လုပ်သူ အထူးသဖြင့် ပါလီမန် (လွှတ်တော် ) ၌ ရွေးချယ် တင်မြှောက်ခြင်းခံရသူကို ဆိုလိုသည်’ ဟု ဆိုပါ၏ ။ ထို့ကြောင့် နိုင်ငံရေး သမားများ ဟူသော အဓိပ္ပါယ်ကို သိရုံဖြင့် နိုင်ငံရေး ဆိုတာဘာလဲဆိုတာ ထပ်သိရန်လိုပြန်ပါပြီ။ နိုင်ငံရေး (Politics) ကို အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုထားပါ၏ ။

Politiics

The activities included in getting and using power in public life and being influence decision that effect the community or society အဓိပ္ပါယ် ကတော့ ‘နိုင်ငံရေး ဆိုသည်မှာ လူထုအတွင်း ပါဝင် (Power) ကို ရယူခြင်းနှင့် အသုံချခြင်း ဖြစ်ပြီး လူထုနှင့် လူမှု အဆောက်အအုံအပေါ် သက်ရောက်မှု ရှိသော ဆုံးဖြတ်ချက်များ ချရာ၌ လွှမ်းမိုးစေခြင်း ဖြစ်သည်’ ဟ ဆိုပါသည်။

နိုင်ငံရေး သမားကို အကောင်းမမြင်ကြသူများ

ဗိုလ်ချု ပ်အောင်ဆန်း (မြန်မာ)၊ မဟတ္တမဂန္ဓီ (အိန္ဒိယ)၊ သမ္မတကြီး အေဗရာဟင်လင်ကွန်း (အမေရိကန်) စသည်တို့ကဲ့သို့ စေတနာမှန်သော နိုင်ငံရေး သမား များ စွာ ရှိသော်လည်း နိုင်ငံရေး သမားများ ကို အကောင်းမမြင်ကြသူများ များ စွာ လည်းရှိပါသည်။ OXFORD အဘိဓာန်၌ ပင်လျှင် နိုင်ငံရေး Politics ကို အခြားတနည်းတဖုံ အဓိပ္ပါယ်ဖွင့်ဆိုရာ၌

Politics

Disapproving matter corcern with getting or using power within a particular group or organisation

နိုင်ငံရေး ဆိုသည်မှာ အုပ်စု၊ အဖွဲ့တို့အတွင်း ပါဝါရရှိခြင်းနှင့် အသုံးချခြင်းတို့ဖြင့် ပြု လုပ်အပ် သော မဟုတ်တရုပ်အလုပ်တွေ ဖြစ်၏ ဟု ဆိုပါ၏ ။

တဖန် ၎င်းအဓိပ္ပါယ်ဖွင့်ဆိုခြင်းကို ဥပမာပေးထားပုံမှာ

‘I don’t want to get involve in office politics’

‘ငါ ကတော့ ရုံးတွင်း နိုင်ငံရေး တွေ ထဲ ၀င်မပါချင်ဘူး’

ဟု အဘိဓာန်၌ ဥပမာ ပေးပါသော ကြောင့် Politics ဟူသော စကားရပ်ကို အဘိဓာန်က မချီးကျူး ခဲ့ပါ။ တဖန် ဗြိတိသျှ နိုင်ငံရေး သမား (၁၉၂၈-၁၉၉၉) က ဆိုသည်မှာ ကား. . .

‘နိုင်ငံရေး တွင် မိတ်ဆွေဆိုတာ မရှိ၊ ကျု ပ်တို့အားလုံး ရေပြင်ပေါ်မှာ ပေါ်လာမယ့် သွေစ တွေ ကို ၀ိုင်းကာပတ်ကာ စောင့်နေတဲ့ ငါးမန်းတွေ ဘဲ’

ဟု ဆိုပါသေး၏ ။

အထက်ပါစကားနှင့် ဥပမာတို့သည်ကား ရေး သားပြောကြားသူတို့၏ အာဘော်သာ ဖြစ်ပြီး စာရေး သူ ကျွန်တော် ကတော့ နိုင်ငံရေး သမားများ တွင် ကောင်းသူတွေ ရှိသလို၊ ဆိုးသူတွေ လည်း ရှိမှာ ပေါ့ ဟု ဉာဏ်မီသလောက် ဆိုချင်ပါသည်။

နိုင်ငံရေး သမားသည် ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ကောင်းတာလုပ်သည် ဖြစ်စေ၊ ဆိုးတာလုပ်သည် ဖြစ်စေ နိုင်ငံရေး အလုပ်ကို အုပ်စုခွဲကြည့်ပါသော် (၂) မျိုး အဓိကရှိပါ၏ ။ ပထမ တစ်မျိုး ကတော့ ‘အပြော’ (Talk) ဖြစ်ပြီး ဒုတိယတစ်မျိုး ကတော့ ‘အလုပ်’ (Task) ဖြစ်၏ ။ အပြော (Talk) ဟုဆိုရာ၌ စကားသက်သက်မဟုတ်၊ ရေး သားခြင်းလည်းပါ၏ ။ ပေါ်လစီရေး ဆွဲခြင်း၊ မဲဆွယ်ခြင်း၊ စည်းရုံးခြင်း၊ ကတိပေးခြင်း၊ စည်းဝေးခြင်းအားလုံးသည် အပြောအုပ်စု၌ ပါဝင်ပါသည်။

သတိချပ်ရန်တစ်ခုမှာ အပြော (Talk) ဟူသည် နိုင်ငံရေး သမားနှင့် သာ သက်ဆိုင်သည့် ဝေါဟာရမဟုတ် လူတိုင်းနှင့် ဆိုင်ပါ၏ ။ သို့သော် နိုင်ငံရေး သမား ကတော့ စင်မြင့်ထက်တက်ရန် ကြိုး ပမ်းကြသူများ ဖြစ်ရာ သာမန်လူ တစ်ယောက် ရဲ့ အပြောထက် နိုင်ငံရေး သမား ဘာပြောလဲဆို တာ ကတော့ လူထုက ပို၍ စိတ်ဝင်စားပါမည် ။

အပြော (Talk) နှင့် ပတ်သက်သော မြန်မာစကားပုံ တစ်ခုမှာ . . . လျှာအရိုးမရှိတိုင်း ပြော ချင်တာပြောလို့ရတယ်ဟုဆို၏ ။ အဓိပ္ပာယ်မှာ အပြောကို ဘောင်ခတ်မထား၊ လျှာလှုပ်လျှင် စကား ကတော့ ထွက်မည် ပင် ဖြစ်၏ ။ ဆိုလိုရင်း ကတော့ ဘာပဲပြောပြော အပြောလောက်နဲ့ အရည် အချင်း လို့မသတ်မှတ်ပါ။ လူတိုင်း ပြေလို့ရတယ်ဟု ဆိုချင်တာ ဖြစ်ပါ၏ ။ အပြောနှင့် စပ်လျဉ်း၍ နောက်ထပ်စကားပုံများ မှာ ‘လူပြောမသန်၊ လူသန်မပြော’ ၊ ‘အပြောကောင်းသူကို သတိထား’ စသည်တို့ ဖြစ်၏ ။

အထက်ပါ စကားပုံများ ကို လေ့လာပါလျှင် အပြောသက်သက်ဖြင့် အကောင်းမမြင်ကြသေး ကြောင်း ပေါ်လွင်ပါ၏ ။ မည် သည့်နိုင်ငံရေး သမားမဆို ‘ကျွန်တော် ကတော့ တိုင်းပြည်ကို ဖျက်ဆီးမဲ့ သူပါခင်ဗျာ’ လို့ပြောမည် မဟုတ်။

‘ကျွန်တော် သည် တိုင်းပြည်ကို တိုးတက်အောင် ဘယ်လိုလုပ်လိုက်မည် ’

ဟု ပြောမည့် သူများ သာ ဖြစ်ရာ အားလုံးကောင်းတာပြော၍ အပြောကောင်းကြမည် ဖြစ်ပါ၏ ။ နိုင်ငံရေး သမားတို့၏ ဒုတိယအလုပ်မှာ ကား TASK ခေါ် လက်တွေ့  အလုပ် ဖြစ်ပါ၏ ။

‘အပြော’ ကိစ္စတုန်းက လျှာရိုးမရှိတိုင်း ကြို က်တာပြောလို့ရပါသော်လည်း ‘အလုပ်’ ကိစ္စက တော့ အပြောလောက်မလွယ်ပါ။ မိမိကိုယ်တိုင် စံပြ၊ အနစ်နာခံရသော အလုပ် ဖြစ်ပါသော် ပို၍ ပင် ခက်ပါ၏ ။ ထို့ကြောင့် အပြောနှင့် အလုပ်မညီသော ကိစ္စတို့သည် ဖြစ်လေ့ ဖြစ်ထရှိသော သဘာဝ ဖြစ်ပါ၏ ။ ထို့ကြောင့် ပေါ်ပေါက်လာသော စကားပုံများ မှာ . . .

‘အငိုလွယ်၍ အရှိုက်ခက်သည်’

‘အပြောတစ်မျိုး အလုပ်တစ်မျိုး’

‘ခုစာကလေးကြော်၊ ခုဆီထမင်း’

‘ငါ ပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့’ တို့မှာ ထင်ရှားသော စကားပုံများ ဖြစ်ကြပါ၏ ။ မှတ်သားထိုက်သော နောက်စကားပုံတခုမှာ ကား ‘ရေနွေးငွေ့မီးရထားကြီး မောင်းသလိုပါပဲ’ ဟူသော စကားပုံ ဖြစ်၏ ။ ရှေးခေတ်က ယခုခေတ်လို ဒီဇယ်အင်ဂျင် မပေါ်သေးမီ ရထားလို ရေနွေး ငွေ့ဖြင့် အင်ဂျင်ကို မောင်းရ၏ ။ ရထားသည် ဆိုက်ရောက်မည့် ဘူတာသို့ ၀င်လာသော် အင်ဂျင် မောင်းသံတို့က ‘ဟုတ်. . . ဟုတ်’ဟု မည် ၍ ဗွို င်လာကို လေဖိအား လျှော့သော အသံမှာ ‘ဖူး. . .’ ဟူ၍ ဖြစ်ရာ ‘ဟုတ်ဖူး’ ‘ဟုတ်ဖူး’ ဟူ၍ ဖြည်းဖြည်းမှန်မှန်မြည် ကာ ဆိုက်ရောက်သည်ဆိုပါတယ်။

ထို့ကြောင့် တာထွတ်ချိန်၌ ‘ဟုတ်. . . ဟုတ်. . . ဟုတ်. . . ဟုတ်. . . ဟုတ်’ ဟုမြည် ပြီး ခရီးဆုံး၌ ‘ဟုတ်ဖူး. . . ဟုတ်ဖူး. . . ဟုတ်ဖူး’ ဟု မြည် တတ်၏ ။

ထို့ကြောင့် နိုင်ငံရေး သမားအပါအ၀င် လူသားတို့သည် အစပိုင်း၌ ‘ဟုတ်’ သလိုလိုနှင့် နောက်ပိုင်း၌ ‘ဟုတ်ဖူး’ ဖြစ်တတ်သော ‘ရေနွေးငွေ့မီးရထားကြီး မောင်းသလိုပါပဲ’ ဟူသော ဆိုရိုးစကား ပေါ်လာရ၏ ။ နောက်ထပ် မှတ်သားဖွယ် စကားပုံမှာ ကား ‘အပြော ကတော့ ရွှေမန်း၊ အကကျတော့ ချိုမိုင်မိုင်’ ဟု ဆိုပါ၏ ။

မြန်မာဇာတ်သဘင်တွင် ရွှေမန်းဦးတင်မောင်က ‘အပြော၊ အဆို၊ အငို’ ကောင်း၏ ။ စိန်အောင်မင်းက ‘အက’ ကောင်း၏ ။ ထို့ကြောင့် အပြောကောင်းသူအား ‘အပြော ကတော့ ရွှေမန်းပဲ’ ဟု တင်စားလေ့ရှိ၏ ။ ထို့ကြောင့် အပြောသာကောင်းပြီး လက်တွေ့ မလုပ်နိုင်ပါသော် ‘အပြော ကတော့ ရွှေမန်း အကကျတော့ ချိုမိုင်မိုင်’ ဟု တင်စားလေ့ရှိပါ၏ ။ အလားတူ စကားပုံ များ မှာ ‘အဖျားရှူး သွားတယ်’ ၊ ‘ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြို မယ့်ကြံ ခါးကမသန်’ စသည်တို့ ဖြစ်၏ ။ အခြားတစ်ဖက်က ကြည့်သော် ‘အပြော’ နှင့် ‘အလုပ်’ ညီသော လူသားနိုင်ငံရေး သမားများ လည်းရှိရာ ၎င်းတို့နှင့် သက်ဆိုင်သော စကားပုံများ မှာ ကား. . .

‘အပြောမဟုတ်၊ အလုပ်သက်သေ’

‘ပြောသလိုလုပ်၍ လုပ်သလိုပြောသည်’

‘ဆိုခဲစေ၊ မြဲစေ’ စသည်တို့ ဖြစ်ပါ၏ ။

အပြောနှင့် အလုပ်ညီသော ဥပမာတစ်ခု. . .

လွန်ခဲ့သော နှစ် ပေါင်းတစ်ထောင်ခန့်က မြန်မာနိုင်ငံတွင် ကျန်စစ်သားမင်းကြီး နန်းတက်၏ ။ နန်းတက်စတွင် ရန်သူတော် ငရမန်ကန်းအား လောလောလတ်လတ် နှိမ်နင်းပြီးခါ ဖြစ် ပြီး စစ်ပြီးခါစ ဖြစ်၍ နိုင်ငံတော် သည် အထိနာနေချိန် ဖြစ်၍ လောလောလတ်လတ် စစ်ဘေးဒုက္ခက ကင်းလွတ်စ ဖြစ်၏ ။ ထိုအခါ ကျန်စစ်သားက နန်းသိမ်းစတွင် ပြောသည်မှာ . . .

‘ငါသည် တိုင်းသူပြည်သားတို့အား ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ပါအံ့’ ဟု ပြော၏ ။ တကယ်လက်တွေ့ လုပ်ဆောင်ရာတွင် လည်း သက်တမ်းတလျှောက်လုံး မင်းကျင့်တရားဆယ်ပါး နှင့် အညီအုပ်ချု ပ် သွားပါ၏ ။ တဖန် မြေးတော် အလောင်းစည်သူမင်းသားအား ‘အိမ်ရှေ့မင်းသား’ အရာပေး၏ ။ ထိုသို့ပေးပြီးမှ မိမိတွင် သားအရင်း ‘ရာဇကုမ္မာ’ မင်းသားရှိကြောင်းသိရှိရသော်လည်း မြေတော် အားပေးပြီးသော အိမ်ရှေ့အရာကို ဖျက်သိမ်းခြင်းမပြု တော့ပါ။ ထို့ကြောင့် ‘မင်းမှာ သစ္စာ၊ လူမှာ ကတိ’ ‘မင်းတို့၏ စကားသည် ထွက်ပြီးသားဆင်စွယကဲ့သို့ ပြန်မ၀င်’ ဟူသော စကားပုံများ ထင်ရှားလာပါ၏ ။

ထို့ကြောင့် ကျန်စစ်သားမင်းကြီးသည် ရွှေမန်းလို အပြောကောင်း၍ စိန်အောင်မင်းလို အက ကေင်းသည်ဟု ဆိုနိုင်ပါ၏ ။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံရေး သမားများ စွာ ရှိရာ သူတို့အားလုံး သည် ရွှေမန်းတင်မောင်ကဲ့သို့ ‘အပြော’ ကောင်းမည် မှာ သေချာပါ၏ ။ သူတို့အားလုံးကို စိန်အောင် မင်းကဲ့သို့ ‘အက’ ကောင်းနိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သမိပါကြောင်း။

*********

၂။ နိုင်ငံရေး အပြောင်းအလဲ လုပ်ကြသည်ဆိုရာတွင် ဉာဏ်ဖြင့် ကြည့်အပ်သည့် မပြောင်းလဲဘဲ ဆုပ်ကိုင်ထားရမည့်  တန်ဖိုးထားအပ်သော အရာများ

ယနေ့ခေတ်ကာလသည် ပြောင်းလဲခြင်း (Change) ‘ချိန်း’ ဟူသော ဝေါဟာရ အထူးခေတ် စားပါသည်။ အမေရိကန်သမ္မတ အိုဘားမားသည်ပင် Change ဟူသော စကားလုံး တွင် တွင် သုံး ကာ သမ္မတရာထူရခဲ့ပါ၏ ။ မြန်မာနိုင်ငံတွင် လည်း ၂၀၁၁ တွင် အစိုးရသစ်တစ်ရပ်ပေါ်ပေါက်ရာ Change ဖြစ်ပါသည်။

တကယ်တော့ အကောင်းဘက်သို့ ပြောင်းလဲခြင်းကို Development (ဖွံ့ဖြိုး ခြင်း) ဟုခေါ်ပါ သည်။ Development သည် (မပြီးဆုံးနိုင်သော လုပ်ငန်းစဉ်) ဟုခေါ်ရာ ပြောင်းလဲခြင်းသည် ရပ် တန့်နေ၍ မရပါ။

၂၀၁၁ ၌ မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်၌ လည်း ပြောင်းလဲခြင်းများ ကို လုပ်ကိုင်နေ ရာ ထင်ရှားသော ဥပမာတို့မှာ - အငြိမ်းစားပင်စင်လစာ၊ စာပေစီစစ်ရေး လုပ်ထုံး (တင်-ထုတ်) မှ (ထုတ်-တင်) စနစ်သို့ စသည်ဖြင့် အပြောင်းအလဲများ ဖြစ်ပါ၏ ။

အပြောင်းအလဲတွေ ကို စောင့်ကြည့်နေသူတွေ လည်း ကြည့်ကြသည်ဆိုပါ၏ ။ သို့ရာတွင် ပြောင်းလဲ၍ မရဘဲထာဝစဉ် တန်ဖိုးထား၍ ရင်၌ သိမ်းဆည်းဦးထိပ်ပန်ရမည့်  သဘောတရားများ ရှိ ရာ လက်လှမ်းမီသ၍ ဥပမာအချို့ကို တင်ပြလိုပါသည်။

ဥပမာ- ကမ္ဘာပေါ်တွင် ရှေးကျသော နိုင်ငံရေး စနစ်မှာ သက်ဦးဆံပိုင်ဘုရင်စနစ် ဖြစ်ပါသည်။ နိုင်ငံအသီးသီးတွင် ဘုရင်အမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ စိတ်အထွေထွေရှိခဲ့ကြပါသည်။ ဓမ္မရာဇာခေါ် တရားမျှတသော ရှင်ဘုရင်များ ပေါ်ပေါက်ခဲ့သလို အဓမ္မရာဇာခေါ် မတရားသော မင်းများ လည်း ပေါ်ပေါက်ခဲ့၏ ။ အဓမ္မရာဇာတို့၏ လက်ထက်တွင် ခါးသီးစွာ ခံစားရသော နိုင်ငံသားများ ရှိကြပါ သည်။ ထိုအခါ ဘုရင်စနစ်ကို ဖီဆန်၍ ဒီမိုကရေစီစနစ်ဆိုတာ ပေါ်ထွန်းလာသော နိုင်ငံများ ဥပမာ ရှိပါ၏ ။ ထိုအခါ ၎င်းတို့၏ နိုင်ငံတော် ဖွဲ့စည်းအုပ်ချု ပ်ပုံအရ သမ္မတက အုပ်ချု ပ်ရေး အာဏာ ရယူတာတွေ့ ရပြီး အချို့တွင် အုပ်ချု ပ်ရေး ကို ၀န်ကြီးချု ပ်က တာဝန်ယူ၍ အဓိကအုပ်ချု ပ်ရေး အာဏာယူသော စနစ် စသည့်ဖြင့် စနစ်အမျိုးမျိုး ပြောင်းကြရာ အထက်ပါ စနစ်များ သည် ပြောင်းလဲ၍ ရသော အရာများ ဖြစ်ကြပါသည်။ သို့သော် ဉာဏ်မျက်စိဖြင့် ကြည့်ပါက ပြောင်းလဲရန် လုံးဝမသင့်သော တန်ဖိုးများ ရှိ၏ ။ ၎င်းတန်ဖိုးတို့မှာ ကား. . .

သက်ဦးဆံပိုင် ဘုရင်စနစ် ဖြစ်ပါက ဘုရင်က စေတနာမှန်ရမည် ။ မင်းကျင့်တရား ဆယ်ပါး နှင့် ပြည့်စုံရမည် ။

သမ္မတစနစ် ဖြစ်ပါက သမ္မတက စေတနာမှန်ရမည် ။

ဝန်ကြီးချု ပ်က အဓိကအုပ်ချု ပ်ရေး အာဏာယူထားပါက ၀န်ကြီးချု ပ်က စေတနာမှန်ရမည် ။

ကတိတည်ရမည် စသည်တို့ ဖြစ်၏ ။

ကမ္ဘာ့သမိုင်းတွင် တစ်ခါတစ်ရံ၌ မတရားမင်းအုပ်စိုးခြင်းခံရပါက တိုင်းပြည်သည် သာယာဝပြောခြင်းမရှိ ဖြစ်လေ့ရှိ၏ ။ ထိုအခါ ဘုရင်သည် ပုန်ကန်ခြင်း ခံရပြီး သမ္မတစနစ်ပေါ်ထွန်း တတ်၏ ။ သို့သော် သမ္မတကလည်း အဂတိလိုက်စားခြင်း၊ ဖိနှိပ်ခြင်းတို့ လုပ်ပါသော် စနစ်သာ ပြောင်းသွား ၍ တိုင်းပြည်က မတိုးတက်ပါ။ ထိုအခါ ဘုရင်စနစ်ကို တော် လှန်စဉ်က ပေးဆပ်ခဲ့ရ သော အသက်၊ သွေး၊ ချွေးတို့သည် အလဟဿ ဖြစ်ကုန်၏ ။

အမှန်က ဘုရင်စနစ်က မကောင်းတာမဟုတ်။ ရှင်ဘုရင်က ‘စေတနာမှန်ခြင်း’ ဟူသော တန်ဖိုးမရှိတာသာ ဖြစ်၏ ။ ကျန်စစ်သားမင်းကြီးလို ဘုရင်မျိုး ကတော့ ကတိတည်၏ ။ စေတနာ မှန်၏ ။ တိုင်းသူပြည်သာများ ကို ရင်ဝယ်သားကဲ့သို့ အုပ်ချု ပ်၏ ။ ကျန်စစ်သားလို ဘုရင်မျိုးတွေ သာ အုပ်ချု ပ်မည် ဆိုပါသော် ဘုရင်စနစ် လက်ခံမည့် သူများ မည် ။ တကယ်တော့ ဘုရင်စနစ်ကို လက်ခံ တာမဟုတ် ‘စေတနာ’ ဟူသော မပြောင်းလဲသင့်သည့် တန်ဖိုးကို လက်ခံတာ ဖြစ်၏ ။

နိုင်ငံရေး ပါတီ အရေအတွက်သည် ပြောင်းလဲလို့ရပါသည်

တရုတ်ပြည်၌ နိုင်ငံရေး ပါတီတစ်ခုသာ ရှိသည်။ သို့သော် တိုးတက်နေပါ၏ ။ အမေရိကန်၊ ဗြိတိန်တို့တွင် ပါတီတစ်ခုထက် ပိုရှိ၏ ။ ထို့ကြောင့် ပါတီစုံ ဖြစ်၏ ။ သူတို့လည်း တိုးတက်၏ ။ ထို့ကြောင့် ပါတီအရေအတွက်သည် ပြောင်းလို့ရ၏ ။ တရုတ်ပြည်၌ တိုးတက်ရခြင်းမှာ ပါတီခေါင်း ဆောင်ကြီးများ ဖြစ်သော မော်စီတုန်း၊ တင့်ရှောင်ဖိန် စသော ခေါင်းဆောင်ကြီးများ သည် စေတနာ မှန်ကြ၏ ။

ထို့ကြောင့် စေတနာသည် ပြောင်းလဲလို့မရဘဲ တရားသေ ဆုပ်ကိုင်ထားရမည့်  တန်ဖိုး ဖြစ် ပါသည်။ ပါတီစုံနိုင်ငံများ တိုးတက်ကြခြင်းမှာ သူတို့ကလည်း စေတနာမှန်၏ ။ Agree to Disagree ဟု ပြောကြ၏ ။ အဓိပ္ပာယ်မှာ ငြင်းခံကြဖို့ သဘောတူပြ၊ ဆွေးနွေး၊ စဉ်းစား၊ စုပေါင်းဆောင်ရွက် စသည်တို့သည် မပြောင်းသင့်သော တန်ဖိုးများ ဖြစ်ပါ၏ ။

နိုင်ငံတော် ဖွဲ့စည်းအုပ်ချု ပ်ပုံ အခြေခံဥပဒေသည် ပြောင်းလဲလို့ ရပါသလား

ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော် ဖွဲ့စည်းအုပ်ချု ပ်ပုံအခြေခံဥပဒေသည် မလေးရှားနိုင်ငံ၏ နိုင်ငံတော် ဖွဲ့စည်းအုပ်ချု ပ်ပုံ အခြေခံဥပဒေနှင့် မတူနိုင်ပါ။ တစ်နိုင်ငံတည်း၌ ပင် အချိန်ကာလ အလျောက် နိုင်ငံတော် ဖွဲ့စည်းအုပ်ချု ပ်ပုံ အခြေခံဥပဒေသည် ပြောင်းလဲတတ်၏ ။ သို့သော် မပြောင်းလဲအပ်သော တန်ဖိုးမှာ နိုင်ငံတော် ဖွဲ့စည်းအုပ်ချု ပ်ပုံ အခြေခံဥပဒေရေး ဆွဲသူတို့၏ စေတနာ မှန်ကန်မှု သည် မပြောင်းလဲဘဲ တည်ရှိအပ်၏ ။

(မှတ်ချက်။ မြန်မာနိုင်ငံတွင် ၁၉၄၈၊ ၁၉၇၄၊ ၂၀၀၈ တို့တွင် နိုင်ငံတော် ဖွဲ့စည်းအုပ်ချု ပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ခဲ့၏ ။)

Cover

ဖော်ပြထားသော ဇယားကို လေ့လာပါက အထင်ကရ အရည်အချင်းရှိသော နိုင်ငံရေး သမားကြီးများ သည် ဈေးဆစ်၍ ရသော အရည်အချင်း (ပညာရေး ) ၌ မတူညီ ကွဲပြားပြောင်းလဲ ကြသော်လည်း တန်ဖိုးအရည်အချင်း ဖြစ်သော စေတနာမှန်ခြင်းနှင့် စာရိတ္တတို့သည် ဈေးဆစ်၍ မရသော ၊ ပြောင်းလဲမရသော အရည်အချင်းများ ဖြစ်၏ ။

လွှတ်တော် အရေအတွက်သည် ပြောင်းလဲလို့ရပါသလား

အချို့နိုင်ငံတွင် လွှတ်တော် ၃ ရပ်ရှိ၏ ။ အချို့တွင် လွှတ်တော် ၂ ရပ်၊ အချို့တွင် လွှတ်တော် ၁ ခုသာရှိ၏ ။ ထို့ကြောင့် လွှတ်တော် အရေအတွက် ကိန်းဂဏန်းသည် ပြောင်းလဲ၍ ရပါ၏ ။ မပြောင်းလဲသင့်သော တန်ဖိုးမှာ လွှတ်တော် ကိုယ်စားလှယ်အားလုံး စေတနာမှန်ရမည် ဟူ၍ ဖြစ်၏ ။

နိုင်ငံရေး သမားတို့၏ ပြောင်းလဲ၍ ရသော အချက်များ (သို့မဟုတ်) သာမန်သဘောထားများ

နိုင်ငံရေး သမားတို့၏ ပညာအရည်အချင်း၊ အသက်၊ လုပ်ငန်းအတွေ့ အကြုံ ၊ မူဝါဒများ ၊ ရည်ရွယ်ချက်များ ၊ မိမိတို့သည် နိုင်ငံခြားနှင့် မည် သို့ကုန်သွယ်မည် ၊ ပညာရေး ကို မည် သို့မြှင့်တင် မည် ၊ ကျန်းမာရေး ကို မည် သို့မြှင့်တင်မည် ဆိုသည်ကား သာမန်သဘောထားများ ဖြစ်၏ ။ ဒါတွေ ကို သိလိုလျှင် သူတို့ရှင်းပြတာကို နားထောင်နိုင်၏ ။ ရေး တာကို ဖတ်နိုင်၏ ။ ဒီတော့ သာမန်မျက်စိနှင့် ကြည့်နိုင်၏ ။ သာမန်နားဖြင့် နားထောင်နိုင်၏ ။ ဂျာနယ်ဖတ်၍ လည်း သိနိုင်၏ ။ နိုင်ငံရေး သမားတို့၏ တန်ဖိုး အရည်အချင်းများ မှာ စေတနာမှန်ခြင်း၊ ကတိတည်ခြင်း စသည်တို့ ဖြစ်၏ ။ မပြောင်းလဲသင့်သော အရည်အချင်းများ မှာ စိတ်သဏ္ဌာန်၌ တည်လေ့ရှိ၏ ။

စိတ်သည် အရောင် အဆင်း အနံ့ အရသာမရှိ။ ထို့ကြောင့် သာမန်မျက်စိ ဖြစ့် ကြည့်၍ မရ။ နိုင်ငံရေး သမားတို့၏ တန်ဖိုးအရည်အချင်းကို ဉာဏ်မျက်စိနှင့် ကြည့်မှမြင်မည် ။ သာမန်မျက်စိဖြင့် ရရှိသော သတင်း Information အချက်အလက်များ Data တို့ကို တွေးတောခြင်းဖြင့် ပေါင်းစပ် သော် ဉာဏ်မျက်စိ ဖြစ်သွား၏ ။ ထို့ကြောင့် ‘ပညာရှိတို့ တွေးကြည့်ရင် ပြေးကြည်တာထက်မှန် တယ်’ ဟူသော စကားပုံ ပေါ်ခဲ့ဖူး၏ ။

မဲဆန္ဒရှင် ပြည်သူများ တွင် လည်း မပြောင်းလဲဘဲ အမြဲရှိသင့်သော အရည်အချင်းရှိ၏ ။ ၎င်းမှာ ဉာဏ်ဖြင့် တွေးတော ဆင်ခြင်ခြင်း ဖြစ်၏ ။

ထို့ကြောင့် စာနယ်ဇင်းဆိုလျှင် ဖတ်ရုံနှင့် မပြီး။ ဖတ်ပြီးလျှင် တွေးရမည် ။ စကားဆိုလျှင် နားထောင်ရုံဖြင့် မပြီး။ တွေးပါ တွေးရမည် ။

အတွေးမြင့်လျှင် ဉာဏ်မြင့်မည် ။ ဉာဏ်မြင့်လျှင် ဖွံ့ဖြိုး မှု အဆင့်အတန်းမြင့်မည် ။ ဖွံ့ဖြိုး ခြင်း အစ ဉာဏ်ကဟု ဆိုချင်ပါကြောင်း။

*********

၃။ နိုင်ငံတစ်ခုသည် မိမိနိုင်ငံထက် ပိုမိုဖွံ့ဖြိုး နေသော နိုင်ငံများ ကိုဘယ်လိုအမီလိုက် ကျော်တက်မလဲ

နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ဖွံ့ဖြိုး တိုးတက်ချင်ကြပါ၏ ။ G20 နိုင်ငံတွေ ရဲ့ ဖွံ့ဖြိုး မှု ၊ ကြွယ်ဝမှု တွေ ကို အားကျကြပါသည်။ ထိုအခါ အမီလိုက်ရန် ကြိုး စားလိုကြသည်။ ဤဆောင်းပါးသည် ဘယ်နိုင်ငံရယ်လို့ မရည်ညွှန်းလိုဘဲ ဖွံ့ဖြိုး မှု နောက်ကျသော မည် သည့်နိုင်ငံနှင့် မဆို သက်ဆိုင်ပါ သည်။ ကြိုး စားသည်ဆိုရာ၌ ကြိုး စားနည်းမှန်ကန်လျှင် ပိုမိုခရီးရောက်ပါသည်။

ဥပမာအားဖြင့် မြန်မာ့ရိုးရာလက်ဝှေ့တွင် ရွှေခါးပတ်ချန်ပီယံ တစ်ယောက် ကို တစ်စုံ တစ်ယောက် က စိန်ခေါ်သည်ဆိုပါစို့၊ ထိုအခါ ရွှေခါးပတ်ချန်ပီယံ၏ ယခင်ထိုးသတ်ပုံ မှတ်တမ်းဗွီဒီယို တွေ ကို စိန်ခေါ်သူက ကြည့်ရပါသည်။ ချန်ပီယံသည် ဘယ်ဝိုက်လက်သီး အလွန်တော် ပါက စိန်ခေါ်သူသည် ဘယ်ဝိုက်လက်သီးရှောင်နည်းကို အထူးလေ့ကျင့်ရမည် ။ ချိန်ပီယံကို မလေ့လာဘဲ မိမိဘာသာရမ်း၍ လေ့ကျင့်လျှင် ထင်သလောက် ခရီးမရောက်ပါ။

ဖွံ့ဖြိုး ဆဲ နိုင်ငံတို့သည် ဖွံ့ဖြိုး ပြီးနိုင်ငံတို့၏ ခြေလှမ်း၊ အလုပ်လုပ်ပုံ၊ ကြိုး စားပုံတို့ကို သေသေချာချာလေ့လာဖို့ လိုပါသည်။ ထိုသို့လေ့လာစဉ် G20 နိုင်ငံများ သို့ ခရီးထါက်ရန် မလိုပါ။ ဂျာနယ်တွေ ဖတ်ရုံနှင့် ပင် သိနိုင်ပါသည်။ ဂျာနယ်တွေ ကို ဖတ်ပါက ဖွံ့ဖြိုး ပြီးနိုင်ငံတို့သည် ဖွံ့ဖြိုး ဆဲ နိုင်ငံတွေ ထက် ဘယ်နေရာတွေ မှာ သာနေတာလဲဆိုတာကို သိနိုင်ပါမည် ။

အောက်ပါနှိုင်းယှဉ်ချက်တွေ ကို လေ့လာနိုင်ပါသည်။

နိုင်းယှဉ်ချက် (၁)

လွန်ခဲ့သော ကာလတစ်ခုက အမေရိကန်နိုင်ငံတွင် အကြို သမ္မတရွေးကောက်ပွဲ၌ ဟီလာရီ ကလင်တန်နှင့် အိုအားမားတို့ အကြီးအကျယ်ပြို င်ကြ၏ ။ တစ်ဦးနှင့် တစ်ဦး အရှုံးအနိုင်မပေါ်မီ တော် တော် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပါ၏ ။ သို့သော် အိုဘားမားက နိုင်ခြေများ သွားသော အခါ ဟီလာရီကလင်တန်က မိမိရှုံးကြောင်း ၀န်ခံလိုက်ပြီး မိမိအားထောက်ခံသူများ ကို အိုဘားမားအား ဆက်လက်ထောက်ခံရန် တိုက်တွန်းပါ၏ ။ တစ်ဖန် ဖိုင်နယ်သမ္မတရွေးပွဲ၌ အိုဘားမားနှင့် မက်ကိန်း တို့တွေ့ ကြရာ ပြင်းပြင်းထန်ထန် ပြို င်ကြ၏ ။ အိုဘားမားက နိုင်သော အခါ မက်ကိန်းက မိမိရှုံးကြောင်းဝန်ခံ၍ အိုဘားမားကို ဂုဏ်ပြု လိုက်ပါ၏ ။

ဖွံ့ဖြိုး ဆဲနိုင်ငံ ဖြစ်သော အိုင်ဗရီကို့စ်နိုင်ငံတွင် သမ္မတရွေးပွဲ၌ သမ္မတ ဂျီဘက်ဘိုနှင့် စိန်ခေါ် သူ အိုတာရာတို့ ယှဉ်ပြို င်ရာ အိုတာရာကနိုင်ကြောင်း အသိအမှတ်ပြု ခံရ၏ ။ သို့သော် ဂျီဘက်ဘိုက အနိုင်အရှုံးရလဒ်ကို လက်မခံ၍ တိုက်ပွဲ ဖြစ်ကြ၏ ။ တိုက်ပွဲ၌ အိုတာရာဘက်ကနိုင်ပြီး နောက်ဆုံး ဂျီဘက်ဘို၏ သမ္မတအိမ်တော် ကို ၀ိုင်းမိသော အခါမှသာ ဂျီဘက်ဘိုမှာ သမ္မတအိမ်တော် ၏ မြေအောက်ခန်းကထွက်လာပြီး သူ့ကိုတော့ မသတ်ကြရန် ပြောသည်ဆိုပါ၏ ။

ဖွံ့ဖြိုး ပြီးနိုင်ငံက သာသွားသော အကွက်တစ်ကွက်

ဖွံ့ဖြိုး ပြီးနိုင်ငံတွင် ယှဉ်ပြို င်ပြီးနောက် ရှုံးပါက အရှုံးကို လက်ခံသည်။

နှိုင်းယှဉ်ချက် (၂)

အမေရိကန်သမ္မတဟောင်းများ ဖြစ်သော ဘီကလင်တန်၊ ဂျော့ဘုရှ်ဂျူ နီယာတို့သည် အမေရိကန်၏ ထိပ်တန်းသူဋ္ဌေးကြီးများ စာရင်း၌ မပါဝင်ပါ။ သူတို့၏ အဓိက၀င်ငွေမှာ စာအုပ်ရေး ခြင်းနှင့် ဟောပြောပွဲတို့မှရသော ငွေတွေ သာ ဖြစ်ပါ၏ ။

အီဂျစ်သမ္မတဟောင်း မူဘာရက် ကတော့ ဒေါ်လာဘီလီယံ ၈၀ ခန့်ချမ်းသာရာ ဘီလ်ဂိတ်ကပင် အဘခေါ်ရလောက်ပါ၏ ။ လစ်ဗျားခေါင်းဆောင် ကဒါဖီ၏ သားသည် အဆိုကျော် ဘီယွန်ဆေးကို (၁) နာရီခန့် သီချင်းဆိုခိုင်းပြီးနောက် ပေးသော ဆုချသော ငွေပမာဏမှာ ဒေါ်လာ သန်းကျော်သည်ဆိုပါ၏ ။

ဖွံ့ဖြိုး ပြီးနိုင်ငံတွေ က သာသွားသော အကွက် (၁) ကွက်

ဖွံ့ဖြိုး ပြီးနိုင်ငံတို့တွင် အကျင့်ပျက်ခြစားခြင်း နည်းပါးပါ၏ ။

နှိုင်းယှဉ်ချက် (၃)

ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်း ဂျက်ရှီးရက်သည် တစ်ချိန်က အဂတိလိုက်စားမှု ဖြင့် အမှု ဆိုင်နေရပါသည်။

အီရတ်နိုင်ငံမှာ တော့ တစ်ချိန်က သမ္မတကြီး ဆက်ဒမ်ဟူစိန်လက်ထက်တွင် ဆက်ဒမ်ဟူစိန်၏ ညီဝမ်းကွဲတော် သူ ဓာတုအလီသည် ဆန္ဒပြသော နိုင်ငံသားတို့အား ဓာတုအဆိပ် ဖြင့် နှိမ်နင်းကာ ဆက်ဒမ်ဟူစိန် အာဏာရှိနေသရွေ့ အရေး ယူခြင်း မခံရပါ။

ဖွံ့ဖြိုး ပြီး နိုင်ငံက သာသွားသော အကွက်တစ်ကွက်

ဖွံ့ဖြိုး ပြီး နိုင်ငံတစ်နိုင်ငံတွင် ဥပဒေအထက်မှာ မည် သူမျှ မရှိပါ။

နှိုင်းယှဉ်ချက် (၄)

ဂျပန်နိုင်ငံတွင် ၀န်ကြီးချု ပ်များ သည် ကိစ္စတစ်ခု မအောင်မြင်လျှင် မိမိအသိစိတ်ဖြင့် မိမိတို့ ဘာသာ မကြာခဏ နှုတ်ထွက်ကြပါ၏ ။

လစ်ဗျားနိုင်ငံမှာ တော့ အာဏာရှင်ဗိုလ်မှူး ကြီးကဒါဖီသည် နှစ် (၄၀) တိုင်အောင် အာဏာကို ဖက်တွယ်ထားသည်။

ဖွံ့ဖြိုး ပြီးနိုင်ငံက သာသွားသော အကွက်တစ်ကွက်

ဖွံ့ဖြိုး ပြီးနိုင်ငံသားတို့သည် ရာထူးတစ်ခုကို ကျားကုတ်ကျားခဲ ဖက်တွယ်လေ့မရှိပါ။

နှိုင်းယှဉ်ချက် (၅)

အမေရိကန်တွင် သမ္မတကြီး ဘီလ်ကလင်တန်သည် အိမ်ဖြူ တော် ၀န်ထမ်း မော်နီတာလူ ၀င်းစကီးနှင့် ဖောက်ပြန်၍ ခြေပုန်းခုတ်ရာ ဂျာနယ်တို့က ဖော်ကောင်လုပ်၏ ။ အီရတ်နိုင်ငံတွင် တော့ ဆက်ဒမ်ဟူစိန် အုပ်စိုးစဉ်တွင် ဆက်ဒမ်ဟူစိန် မကောင်းကြောင်းကို လုံးဝမပြောရဲပါ။

ဖွံ့ဖြိုး ပြီးနိုင်ငံက သာသွားသော အကွက်တစ်ကွက်

ဖွံ့ဖြိုး ပြီးနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ရှိသည်။

နှိုင်းယှဉ်ချက် (၆)

အမေရိကန်နိုင်ငံတွင် ယခင်က အလာစကာပြည်နယ်အုပ်ချု ပ်ရေး မှူး ဟောင်း ဖြစ်ပြီး ဒုတိယ သမ္မတလောင်းအ ဖြစ် ယှဉ်ပြို င်ဖူးသော မစ္စတာဆာရာပါလင်းသည် ဟောပြောပွဲများ လုပ်၍ သမ္မတ အိုဘားမားညံ့ဖျင်းပုံကို ပြောပြနေ၏ ။

အကယ်၍ ဖွံ့ဖြိုး ဆဲ သက်ဦးဆံပိုင်ဘုရင်စနစ်ကျင့်သုံးသော နိုင်ငံတစ်ခုဆိုပါက ထိုသို့ လုပ်လျှင် ခေါင်းပြတ်သွားနိုင်ပါ၏ ။

ဖွံ့ဖြိုး ပြီးနိုင်ငံက သာသွားသော အချက်တစ်ချက်

ဖွံ့ဖြိုး ပြီး နိုင်ငံတို့၌ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိပါ၏ ။

အထက်ပါကိစ္စတို့သည် ဖွံ့ဖြိုး ပြိးနိုင်ငံတို့က ဖွံ့ဖြိုး ဆဲနိုင်ငံတို့ထက် သာသည်ဆိုရာဝယ် သာသည့်အတွက် အနည်းငယ်သာ ဖော်ပြခြင်း ဖြစ်ပါ၏ ။ အခြားသာသော အကွက်များ ရှိပါဦးမည် ။

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုး မှု အလွန်နောက်ကျသော နိုင်ငံများ တည်ရှိရာ အာဖရိကတိုက် ဖြစ်ပါ သည်။ မြန်မာနိုင်ငံ၏ နာမည် ကျော် စာရေး ဆရာကြီးတစ်ဦးက အာဖရိကတိုက်ကို အမှော င်တိုက်ကြီးတစ်ခုဟုပင် တင်စားခဲ့ပါ၏ ။

ကမ္ဘာပေါ်တွင် အလွန်ဆင်းရဲမွဲတေသော လူကို အဓိပ္ပာယ်သတ်မှတ်ရာတွင် တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက်နည်းသော လူသားများ ကိုခေါ်ပြီး အာဖရိကတိုက်တွင် အများ ဆုံးပါရှိပါ၏ ။

ဆင်းရဲမွဲတေမှု ၏ အကြောင်းအရင်းကို ရှာဖွေရာတွင် အချို့က အမျိုးမျိုးပြောကြပါသည်။

- အချို့က ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်လို့

- တချို့က သဲကန္တာရ ဖြစ်လို့

- တချို့က သဘာဝဘေးဒဏ်ခံရလို့

- တချို့က စစ် ဖြစ်လို့

- တချို့က NGO၊ နိုင်ငံခြားက အကူအညီနည်းလို့

- တချို့က NGO၊ နိုင်ငံခြားတို့က ကူညီသည်ဆိုသော်လည်း သူတို့ကူညီသော ငွေသည် သူတို့ အလှူ ရှင် နိုင်ငံသားများ အကြံပေးများ လာသော် လခတွေ အများ ကြီးယူလို့ စသဖြင့် အမျိုးမျိုးပြောကြပါ၏ ။

တချို့က ဆင်းရဲသော ၊ ဖွံ့ဖြိုး မှု နောက်ကျသော နိုင်ငံများ ကို အကူအညီတွေ များများ ပေးရန် ဆော်သြကြပါသည်။ တကယ်တော့ အကျင့်ပျက်ခြစားမှု တွေ များ သာနိုင်ငံ၊ စာနယ်ဇင်းလွတ်လပ် ခွင့်မရှိသော နိုင်ငံတို့တွင် အကူအညီ နိုင်ငံခြားဒေါ်လာများ စွာ ပေးလည်း သိပ်ပြီး မထိရောက်ပါ။

အချို့ဖွံ့ဖြိုး မှု နောက်ကျသော နိုင်ငံများ ကို အကူအညီမတွေ များများ ပေးရန် ဆော်သြကြပါ သည်။ တကယ်တော့ အကျင့်ပျက်ခြစားမှု တွေ များ သော နိုင်ငံ၊ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိသော နိုင်ငံတို့တွင် အကူအညီ နိုင်ငံခြားဒေါ်လာများ စွာ ပေးလည်း သိပ်ပြီးမထိရောက်ပါ။

အချို့ဖွံ့ဖြိုး မှု နောက်ကျသော နိုင်ငံများ သည် ဖွံ့ဖြိုး ပြီးနိုင်ငံများ ကို အမီလိုက်ကြသည်ဆိုရာ ၀ယ် စပါးအထွက်တိုးအောင် လုပ်ရမလိုလို၊ NGO အလှူ ငွေများများ တောင်းရမလိုလို၊ ကွန်ပျူ တာ ပညာတွေ သင်ရမလိုလို ဟိုလိုလို ဒီလိုလို ဖြစ်ကြပါ၏ ။

တကယ်တော့ ဖွံ့ဖြိုး ပြီးနိုင်ငံတွေ ဖွံ့ဖြိုး ကုန်သည်မှာ . . .

- အရှုံးကို လက်သင့်ခံခြင်း၊

- ဥပဒေ၏ အထက်မှာ မည် သူမျှမရှိခြင်း၊

- မီဒီယာ လွတ်လပ်ခွင့်ရှိခြင်း၊

- ရာထူတစ်ခုကို ရာသက်ပန် ဖက်တွယ်မထားခြင်း၊

- ဈေးကွက်စီးပွားရေး စနစ် ပီပြင်ခြင်း၊

အစရှိသော လုပ်နည်းလုပ်ဟန်နှင့် ဒဿနတွေ သာ ဖြစ်ပါ၏ ။ ရှေ့ကသွားသော သူတို့၏ စရိုက်ကိုသိမှသာ သူတို့ကို မီအောင်လိုက်နိုင်ပါမည် ။

သို့ပါ၍ ဖွံ့ဖြိုး ပြီး နိုင်ငံတို့ကို ဖွံ့ဖြိုး ဆဲနိုင်ငံတို့က အမီလိုက်လိုပါက သူတို့၏ အဓိကတန်ဖိုးရှိ လုပ်နည်းလုပ်ဟန်များ VALUED WORKED STYLE များ ကို လေ့လာ၍ သူတို့ထက်သာအောင် လုပ်ရမည် ဖြစ်ပါကြောင်း။

*********

၎။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းအရာ အပါအ၀င်အကြောင်းအရာ (၆) မျိုးကို ဆက်စပ်စဉ်းစားပုံ

ကျွန်တော် သည် နိုင်ငံသားတို့၏ စဉ်းစားခြင်းအနုပညာ Art of Thinking တိုးတက်စေခြင်း ဖြင့် နိုင်ငံတော် ကြီးကို ဖွံ့ဖြိုး တိုက်တက်စေလိုသော ဆန္ဒရှိပါ၏ ။ ယခု တင်ပြအံ့သော အကြောင်း အရာ ကတော့ အကြောင်းအရာ ခြောက်ခုဆက်စပ်ပုံကို တစ်ပြို င်နက်တည်း စဉ်းစားမိပုံ ဖြစ်ပါသည်။ ၎င်းအကြောင်းအရာ (၆) ခု ကတော့. . .

၁။ နိုင်ငံတောည်ဖွဲ့စည်းပုံဥပဒေပါ အကြောင်းအချို့

၂။ ဘတ်စ်ကားကြပ်သည့်အကြောင်း

၃။ ဒိုင်နာကားတွေ တကယ်အန္တရာယ်ရှိသလား

၎။ သဘာဝပတ်ဝန်းကျင်အကြောင်း

၅။ ဈေးကွက်စီးပွားရေး စနစ်အကြောင်း

၆။ CNG ဓာတ်ငွေ့ဖြန့်ဖြူး ရေး လုပ်ထုံးလုပ်နည်းအကြောင်းတို့ပဲ ဖြစ်ပါ၏ ။

ဤဆောင်းပါးကို ရေး သားရန်အကြောင်း ဖြစ်ပေါ်လာပုံ ကတော့ 7 Day News ဂျာနယ် 14 July 2011 နေ့ထုတ် စာစောင်၌ မေ၀င်းမွန်တင်ပြသော သတင်းတစ်ပုဒ်တွင် CNG ဓာတ်ငွေ့ဖြန့် ဖြူး ရေး အကြောင်းအရာ တစ်ခုပါရှိပါသည်။ ယခု လတ်တလောကာလတွင် ရန်ကုန်မြို့  တွင်း၌ CNG ဓာတ်ငွေ့အသုံးပြု သော ယာဉ်အရေအတွက်သည် ၂၆၅၄၈ စီး ဖြစ်ကြောင်း သိရပြီး ယခုလတ်တ လောယာဉ်များ ကို CNG သုံးသော ယာဉ်အ ဖြစ် ပြောင်းလဲခြင်းကို ရပ်ဆိုင်းထားကြောင်း သိရပါ၏ ။ သို့သော် ယာဉ်လိုင်းများ နှုတ်ထွက်သွားသော ယာဉ်များ အစား ယာဉ်များ ကို CNG ၀ယ်ခွင့်ပြု လုပ် ပေးလျက်ရှိ၏ ဟု ဖတ်ရှုရပါ၏ ။

ထိုအခါ ကျွန်တော် နားလည်လိုက်သည် ကတော့ CNG ဓာတ်ငွေ့ရောင်းချနိုင်သော အင်အားပမာဏသည် ယာဉ်အစီး ၂၆၅၄၈ စီးစာအတွက်သာ ဖြစ်၏ ။ ဥပမာ ယာဉ်အစီး ငါးသော င်း ကို ရောင်းရမည် ဆိုလျှင် လောလောဆယ်ရောင်းရန်မလွယ်ဟု အဓိပ္ပာယ်ရပါ၏ ။ သို့သော် ယာဉ်လိုင်းများ မှ နှုတ်ထွက်သွားသော ယာဉ်များ အစား CNG ပြောင်းလဲပေးသည်ဆိုရာ ယာဉ်များ သည် ဘတ်စ်ကားလိုင်းမှ နှုတ်ထွက် သွားပါက CNG ၀ယ်ခွင့်ရပ်ဆိုင်းရာ ၎င်းယာဉ်များ အရေ အတွက်အစား နောက်ထပ်ယာဉ်များ CNG ပြောင်းပေးနိုင်ကြောင်း သဘောရရှိပါသည်။

ဘတ်စ်ကားတွေ ဘာကြောင့် ယာဉ်လိုင်းက နှုတ်ထွက်ရပါသလဲ (သို့မဟုတ်) ဒိုင်နာကား အန္တရာယ် တကယ်ရှိသလား

ဘတ်စ်ကားတွေ ဘတ်စ်ကားမပြေးတော့ဘဲ ယာဉ်လိုင်းမှ နှုတ်ထွက်ကြရာ ၎င်းကားတို့မှာ ဒိုင်နာ၊ ကင်တာ၊ တိုယိုအေ့ အစရှိသော ကားများ ဖြစ်ပါ၏ ။ ဒိုင်နာကားတို့သည် မကြာမီ အတိတ် ကာလက ရန်ကုန်မြို့  ၏ ဆင်ခြေဖုံးနှင့် မြို့  တွင်းဧရိယာ ဥပမာ ဆူးလေဘုရားစသည်တို့ကို ပြေးဆွဲ ခဲ့ပါ၏ ။ ၎င်းနောက် ဒိုင်နာကားတို့သည် မြို့  တွင်းသို့ ၀င်ခွင့်မရှိကြောင်း ဟန့်တားခံရသော အခါ ဆင်ခြေဖုံးတို့တွင် သာ ပြေးဆွဲရပါသော ကြောင့် တွက်ခြေမကိုက် ဖြစ်ပြီး နှုတ်ထွက်ကြ၏ ။ သက်ဆိုင် ရာ၏ အကြောင်းပြချက် ကတော့ ဒိုင်နာကားတို့၏ မူလဒီဇိုင်းမျာ ခရီးသည်တင်ရန်မဟုတ်၊ ကုန်တင် ရန်သာ ဖြစ်၏ ။ ယခင်က လိုအပ်ချက်အရ ခွင့်ပြု ထားတာသာ ဖြစ်ကြောင်း ဆိုပါ၏ ။ ခရီးသည်တင် ကား စစ်စစ်ကသာ ခရီးသည်တို့အတွက် လုံခြုံ သည်ဟု ယူဆပါက ဆင်ခြေဖုံးရပ်ကွက်များ တွင် လည်းကောင်း၊ ကျောင်းကားအ ဖြစ်လည်းကောင်း၊ စက်ရုံကြို ပို့ဖယ်ရီကားအ ဖြစ်လည်းကောင်း၊ နယ်ဒေသအသီးသီးတွင် ခရီးသည်တင်နေကြသော ဒိုင်နာကားများ အား ခရီးသည်မတင်ရန် လိုအပ်လျှင် နိုင်ငံတော် က ဆောင်ရွက်ရန်သာ ရှိပါ၏ ။

ဘတ်စ်ကားကြပ်ခြင်းနှင့် ဈေးကွက်သဘောတရား

ယခုအခါ အများ ပြည်သူတို့ စိတ်ဖိစီးမှု ဖြစ်ပေါ်သော အကြောင်းတစ်ခုမှာ ဘတ်စ်ကားကြပ် ခြင်း ဖြစ်ပါ၏ ။ ဘတ်စ်ကားကြပ်ခြင်းကို ဈေးကွက်ဗျူ ဟာဖြင့် ဖြေရှင်းသင့်ပါ၏ ။ ဥပမာ နိုင်ငံခြားမှ ခရီးသည် ၅၀၀၀ လောက်စာအတွက် ခေတ်မီဘတ်စ်များ တင်သွင်းလာသည် ဆိုပါစို့။ ထိုအခါ ခရီးသည် ၅၀၀၀ စာ ဒိုင်နာကားများ ကို ဆင်ခြေဖုံးသို့ လည်းကောင်း၊ နယ်သို့လည်းကောင်း ရောက်စေခြင်းဖြင့် ဈေးကွက်သဘော မပီပြင်သလို ဘတ်စ်ကားချောင်မျာ မဟုတ်ပါ။ မူလ ၅၀၀၀ လောက်စာ ဒိုင်နာကားများ ကိုလည်း ဆက်ထားပြီး နောက်ထပ်လူ ၅၀၀၀ စာ ဘတ်စ်ကားသစ်များ ပေါ်လာပါမှ လူ ၁၀၀၀၀ာ ဖြစ်သွားပြီး ဘတ်စ်ကားချောင်ပါမည် ။ အဲဒါက ဈေးကွက်လုပ်ထုံးပါ။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရယ် ဘတ်စ်ကားကြပ်တာရယ်၊ CNG ရောင်းချခြင်း လုပ်ထုံးရယ် ဆက်စပ်ပုံကို စဉ်းစားခြင်း

ဘတ်စ်ကားတွေ ကတော့ ကြပ်မြဲကြပ်ဆဲ ဖြစ်ပြီး ဒိုင်နာကားတွေ ဆင်ခြေဖုံးရောက်သော အခါ ကားပိုင်ရှင်တို့ တွက်ခြေမကိုက်၍ အခြားလုပ်ငန်းလုပ်ရန် ဥပမာ- ကျောင်းကား၊ စက်ရုံဖယ်ရီ၊ ကုန်တင်ယာဉ်လုပ်ရန် လိုင်းကထွက်ကြ၏ ။ ထိုအခါ CNG ၀ယ်ယူခွင့် ရပ်ဆိုင်းသည်ဟု သိရပါ၏ ။ ထိုအခါ CNG ဖြန့်ဖြူး ပုံ လုပ်ထုံးမှာ ဘတ်စ်ကားဆိုလျှင် CNG ရောင်းမည် ။ ကျောင်းကား၊ ဖယ်ရီ၊ ကုန်ကားဆိုလျှင် မရောင်းသော သဘောရှိပါ၏ ။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသူ၊ နိုင်ငံသားများ ၏ မူလအခွင့်အရေး နှင့် တာဝန်များ ခေါင်းစဉ်မှ ပုဒ်မ ၃၄၉ (ဃ) အရ နိုင်ငံ သားများ သည် စီးပွားရေး လုပ်ငန်း လုပ်ကိုင်မှု တွင် တူညီသော အခွင့်အလမ်းရှိစေရမည် ဟု ဆိုပါ၏ ။

ဤသို့ဆိုပါလျှင် ဘတ်စ်ကားလုပ်ငန်းလုပ်ကိုင်သူသည် CNG ၀ယ်ယူခွင့် ရရှိမည် ဆိုပါက ကျောင်းကား၊ ဖယ်ရီကား၊ ကုန်တင်ကားများ လုပ်ငန်းလုပ်ကိုင်သူတို့သည်လည်း CNG ၀ယ်ယူခွင့် ရရှိရန် သင့်၊ မသင့် စဉ်းစားခြင်း (Thinking) လုပ်သင့်ပါ၏ ။ ယခုပစ္စု ပ္ပန်ကာလ၌ အချို့နံပါတ် အနက်အိမ်စီးကားများ လည်း CNG ၀ယ်ယူခွင့် တရားဝင်ရရှိနေတာကို တွေ့ မြင်နေရပါသော ကြောင့် ဘာကြောင့် လဲဆိုတာ စဉ်းစား၍ အဖြေမထွက်ခဲ့ပါ။

CNG နှင့် သဘာဝပတ်ဝန်းကျင်ကိစ္စ စဉ်းစားပုံ

လွန်ခဲ့သော နှစ် ကာလအတန်ကြာက ဓာတ်ဆီ၊ ဒီဇယ်ကားပိုင်ရှင်များ သည် CNG လောင်စာသုံးကား အ ဖြစ်မပြောင်းလိုကြပါ။ ထိုအခါ ၎င်းတို့ကို ပညာပေးရပါ၏ ။ ပညာပေးရာတွင် အကြောင်းအရာတစ်ခုမှာ CNG ကားသည် မီးခိုးထွက်နည်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု သက်သာသည်ဆိုပါ၏ ။ ယခုအခါ ယာဉ်လိုင်းမှ နှုတ်ထွက်သော ဘတ်စ်ကားများ ဒီဇယ်၊ ဓာတ်ဆီ ပြန်ပြောင်းရပါသော် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကို စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

အထက်ပါကိစ္စတွေ ကိုဆေတာ့ ဒိုင်နာကားအန္တရာယ်ကိစ္စရယ်၊ ဘတ်စ်ကားကြပ်တဲ့ကိစ္စ ရယ်၊ ဈေးကွက်သဘောတရား ပီပြင်ရေး ရယ်၊ အဖွဲ့အစည်းတို့၏ လုပ်ထုံးသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်ရန် ကိစ္စရယ်၊ CNG ရောင်းချခြင်း လုပ်ထုံးရယ်။ သဘာဝ ပတ်ဝန်းကျင်ကိစ္စရယ်ကို တစ်ပြို င်နက် စဉ်းစားပုံပါ။

ဒီတော့ ဘတ်စ်ကားလည်း ချောင်အောင်၊ သဘာဝပတ်ဝန်းကျင်လည်း မညစ်ညမ်းအောင် CNG ဖြန့်ဖြူး ရေး သည် နိုင်ငံတော် ဖွဲ့စည်းအုပ်ချု ပ်ပုံ အခြေခံဥပဒေကို ဆန့်ကျင်ရာမရောက်အောင် ဒိုင်နာကားတွေ လည်း တကယ် အန္တရာယ် ရှိ၊ မရှိ သေချာအောင် ဈေးကွက်သဘောတရားလည်း ပီပြင်အောင် တစ်ချက်ခုတ် ခြောက်ချက်ပြတ်ရန်ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားတော့ ဤကိစ္စမျိုးကို လွှတ်တော် ကိုယ်စားလှယ်ကြီးများ သည် သက်ဆိုင်ရာသို့ ဆွေးနွေးသင့်ကြောင်း စဉ်းစားမိပါ၏ ။

အဲဒါတွေ ကတော့ ကျွန်တော် မောင်ထွန်းဝင်းရဲ့ စဉ်းစားပုံပါ။ စာရှုသူများ ရွှင်လန်းချမ်းမြေ့ စွာ စဉ်းစားတော် မူနိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုတောင်းလိုက်ပါကြောင်း။

*********


ဝန်ဇင်းချစ်သူများ ဒေါက်တာထွန်းဝင်း ၏ “ နိုင်ငံရေးလေ့လာလိုသူ လူငယ်တို့အတွက် နိုင်ငံရေးဆိုင်ရာ လူမှုရေးကိစ္စရပ်များ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည်ဆိုသော ဟိုတယ်တို့ကိုတိုင်းတာသောစံနှုန်းများ

မိန်းမလျာတို့၏ လိင်ထွက်ပေါက် နှင့် အခြား ဖိုမ ဆေးပညာ ဆောင်းပါးများ

စွန့်ဦးတီထွင် လုပ်ငန်းရှင် ENTREPRENEUR စရိုက်များ