Cover

စာရေး သူ၏ အမှာ

ဟာသဆိုသည်မှာ ပေါ့ပျက်ပျက် မဟုတ်ပါ။ ဘိုးတော် ဘုရင်ကြီးလက်ထက်လွှတ်တော် ဝန်ကြီးအဆင့်ရှိ အမတ်ကြီးဦးပေါ်ဦး သည် ဟာသကစကားများ ကို ဘုရင့်ကိုလျှောက်တင်၍ ဘုရင်ကို ဒေါသမထွက်စေဘဲ ဘုရင်၏ စီမံခန့်ခွဲမှု များ ကို ကောင်းမွန်အောင် အကြံပြုခဲ့သည်။

မင်းတုန်းမင်းလက်ထက်က ဗန်းမော်ဆရာတော် ဘုရားကြီး ဟာသစာပေ၊ ဟာသကဗျာရေး ခဲ့သည်။ အင်္ဂါဇာဆရာတော် ဘုရား ကြီးသည် တရားဟောရာ၌ မှတ်သားရလွယ်ရန် ဟာသဥပမာများ ပေးခဲ့သည်။ ကျွန်တော် တို့အား ဆေးပညာသင်ပေးခဲ့သော ပါမောက္ခ ဆရာဝန်ကြီးအချို့သည် မှတ်သားရလွယ်ရန်ဟာသဖြင့် ဥပမာပေး ခဲ့ဘူးသည် ဥပမာ-လူနာတွေ ကို ရောဂါ ပျောက်မယ်လို့ ရာနှုန်းပြည့် အာမခံရဘူး။ ငါတို့တွေ ဟာယ ဇီဝကမဟုတ်ဘူးလို့ဆုံးမအပြီးမှာ ဟာသပုံပြင်ပြေပြသည်။

တစ်ခါတုန်းက အပျိုကြီး တစ်ယောက် သည် ဘယ်တော့ ယောက်ျားရမလဲ ဗေဒင်မေးရာဗဒင်ဆရာက (၆)လအတွင်း ယောက်ျားရမယ်။ အာမခံသည်။ (၆)လအတွင်းလင်မရရင် ဗေဒင် ဆရာ၏ တာဝန် ဖြစ်သည်ဟု အာမခံခဲ့ရာ (၆)လပြည့်သော်အပျိုကြီး က လင်မရသေး၍ ဗေဒင်ဆရာက အပျိုကြီးကိုယူလိုက်ရသည်။ ဒီတော့မင်းကိုလည်း အာမခံတာလွန်ကဲရင် ဗေဒင်ဆရာလို ဖြစ်နေ မယ်ဟု ဟာသပုံပြင်ပြောပြရာ ကျွန်တော် တို့တသက်လုံးမမေ့တော့ပါ။

ကမ္ဘာကျော်ရီးဒါးဒိုင်ဂျက်မဂ္ဂဇင်းမှာ လည်း ဟာသအတို အတွာလေးတွေ ထည့်ပေးရပါသည်။ အမေရိကန်သမ္မတဟောင်းများ မဲဆွယ်သည့်အခါ ဟာသပုံပြင်များ ပြောလေ့ရှိပါသည်။

ဟာသသည် စိတ်ဖိစီးမှု (STRESS) ကို လျော့စေသည်။ ထိုကြောင့် ဟာသသည် စိတ်ဖိစီးမှု ကြောင့် ဖြစ်သော သွေးတိုးကဲ့သို့ ရောဂါ ကိုသက်သာစေ၏ ။

ဤဟာသစာအုပ်ကိုဖတ်ပြီး လူအချို့သွေးတိုး ရောဂါ သက်သာမည် ဟု ကျွန်တော် ယုံကြည်သည်။ ဒါကြောင့် ဤစာအုပ်ကို ရေး ခြင်းသည် ဆေးကုပေးခြင်းတစ်မျိုးဘဲ ဖြစ်သည်။ ဒါကြောင့် ဆရာဝန် တစ်ယောက် ၏ အလုပ်ကို ကျွန်တော် လုပ်လိုက်သည်ဟု ကျွန်တော် ခံယူလိုက်သည်။

ဒေါက်တာထွန်းဝင်း

***


၁။ လူမှားပေးမိတဲ့ရည်းစားစာ (သို့မဟုတ်) နိုင်ငံခြားသား တစ်ယောက် ရဲ့ ကဗျာ

တစ်ခါတုန်းက အာဆီယံနိုင်ငံတစ်ခု၏ INGO ရုံးခန်း၌ ဖြစ် ပါသည်။ ဌာနကိုယ်စားလှယ် (နိုင်ငံခြားသား) မစ္စမီချီကိုအီတိုနှင့် အမျိုးသားစီမံကိန်းအရာရှိ ဒေါက်တာဒါစ်တို့သည် အလုပ်များ နေကြ ၏ ။ သူတို့ INGO က ယခုမှစ၍ ၄င်းနိုင်ငံသို့ လာရောက်လုပ်ကိုင်တာ ဖြစ်ပါသည်။ ဝန်ထမ်း တွေ လဲ မခန့်ရသေးပါ။ လောလောဆယ်ဆယ် ဝန်ထမ်းမှာ MS.Michik Ito နှင့် Dr.Das နှစ် ယောက် ထဲ ဖြစ်ပါ၏ ။ တဖြည်းဖြည်းမှ မြို့နယ် မြို့များ တွင် စီမံကိန်းရုံးခွဲများ ဖွင့်ပြီး ဝန်ထမ်း တွေ ထပ်မံခန့်ထားရပါမည် ။ လောလောဆယ်တော့ ၄င်း Country office အတွက် Admin Manager ရာထူးတစ်နေ ရာခန့်ရန် အရေး ပေါ်လိုနေပါသည်။ လျှောက်ထားသော လျှောက်လွှာများ ကို Short list လုပ်၍ အင်တာဗျူး ပြီးပြီ။ နောက်ဆုံးစကားစတင်သုံးဦး စာရင်းထွက်ရာတွင် ၄င်းတို့မှာ - မစ္စတာ ကူးမား၊ မစ္စလက်ချမီး၊ မစ္စချန်ဒရာ တို့ ဖြစ်၏ ။ သုံးဦးလုံးမှာ လူတော် များ ဖြစ်၏ ။ ထိုစဉ် မီချီကိုက Dr.Das ကို တစ်လှမ်းပြောသည်။ ''ဟေး Mr. Kuma လျှောက်လွှာကို Referce List မပါပါလား''ဟုမေး၏ ။ Referee ဆိုသည်ကား မိမိကောင်းကြောင်း ထောက်ခံသော သူဟု အဓိပ္ပာယ်ရ၏ ။ အလုပ်လျှောက်လွှာတွင် မိမိကိုထောက်ခံမည့် သူများ ၏ အမည် ၊ ရာထူး၊ ဆက်စပ်ပုံ ၄င်းတို့၏ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ် စသည်တို့ ဖြစ်၏ ။ (ဥပမာ- ယခင်မူလအလုပ်ရှင်၊ ယခင်အထက် အရာရှိ၊ မိမိ၏ သင်တန်းဆရာစသဖြင့် ဖြစ်ပါ၏ )များ သော အားဖြင့် Referee list ကို သုံးဦးလောက်တော့ အလုပ်လျှောက်လွှာ၌ ထည့်ထား ရပါ၏ ။ သို့သော် Mr Kumar ၏ အလုပ်လျှောက်လွှာ၌ Referee List ပါမလာ၍ မီချီကိုက Dr.Das ကို လှမ်းပြောခြင်း ဖြစ်၏ ။

Referee မပါသော်လည်း စကာတင်စရင်း၌ Mr Kumar သည် အကောင်းဆုံး ဖြစ်နေ၏ ။ Dr.Das ကလည်း Mr Kumar ကောင်းကြောင်းသိပါသည်။ အဘယ်ကြောင့် ဆိုသော် Dr.Das နှင့် Kumar တို့သည် စီမံကိန်းတော် တော် များများ ၌ လက်တွဲ လုပ်ဖူး၏ ။ ထိုစဉ်မီချီကိုက စိတ်မြန်လက်မြန်နှင့် Refree list မပါလဲကိစ္စမရှိပါဘူး' ယခင်အလုပ်က အထက်အရာရှိကို ဖုန်းဆက်မေးလိုက်တာပေါ့ဟု ဆိုကာ ပစ္စတာကူးမား၏ ယခင်စီမံကိန်းက အထက်အရှိရှိ Project Director ထံ ဖုန်းဆက်မည် ပြုတော့၏ ။ ထိုအခါ Dr.Das သည် မျက်လုံးပြူးအောင်လန့်သွား၏ ။

“Oh.please wait.Please wait” ''နေပါဦး၊ ခဏနေပါဦး'' ဟုပြာပြာသလဲ ပြောရ၏ ။ မီချီကိုက အလွန်အံ့သြသွားသည်။ ထိုအခါ Dr.Das ကမပြော ဖြစ်သော အောက်ပအ ဖြစ်အပျက်ကို ပြောပြရပါ တော့၏ ။ ၄င်းအ ဖြစ်အပျက် ကတော့ မစ္စတာကူးမား၏ ယခင်စီမံကိန်း အတိတ် ဖြစ်ရပ်ပဲ ဖြစ်ပါ၏ ။

မစ္စတာကူးမား၏ အတိတ် ဖြစ်ရပ်

တစ်ခါက စီမံကိန်းကြီးတစ်ခုမှာ စီမံကိန်းကွပ်ကွဲရေး ရုံးကြီးရှိ ပြီး နယ်များ ၌ မြို့နယ်စီမံကိန်းရုံးများ ကို ကွပ်ကဲနေပါသည်။ စီမံကိန်း ရုံးကြီးကို စီမံကိန်းဒါရိုက်တာ ဘဘ တစ်ယောက် က အုပ်ချုပ်ပါတယ်။ ဘဘရဲ့ အသက်က ၅၂ နှစ် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက မဟာဘွဲ့ Master Degree ရ သွက်သွက်လက်လက်၊ ချက်ချက်ချာချာ ဘဘ တစ်ယောက် ပါ။ အထက်တန်းပညာတတ်မြောက်ထားပြီး နည်းပညာ Techonology နဲ့ ပတ်သက်လို့တော့ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ကို တောင် အကြံပေးနိုင်တဲ့အဆင့်ရှိပါတယ်။

အဲဒီ ရုံးမှာ လဲ စာရေး မလေး တစ်ယောက် ရှိပါတယ်။ ရက်ရက် စက်စက်လှတဲ့အပြင် ယဉ်လည်းယဉ်လို့ သူမနာမည် Rosy လို့ဆိုကြ ပါစို့။ စီမံကိန်းဒါရိုက်တာ ဘဘက စာရေး မလေးကို ကြိတ်ပြီးသဘော ကျနေပါသည်။ ဘဘလည်း အိမ်ထောင်သည် တစ်ယောက် ပါ။ ဒါပေမဲ့ အိမ်ထောင်ဟူသော သတ်မှတ်ချက်တစ်ခုက အချစ်ကိုတော့သော့ ခတ် ထားနိုင်သညမှမဟုတ်ဘဲ။

ဒီတော့ ဒါရိုက်တာဘဘက တစ်နေ့တော့ စာရေး မလေး Rosy ကိုချစ်ရေး ဆိုပါတယ်။ ထိုရုံးရဲ့ ရုံးသုံးစာဟာ အင်္ဂလိပ်စာ ဖြစ်ပြီး အားလုံးကွန်ပျူတာနဲ့ အလုပ်လုပ်ရလို့ စာရေး စာချီကစ၍ အားလုံး ကွန်ပျူတာကိုယ်စီနဲ့ ဖြစ်ပါတယ်။ ဘဘက အချစ်ကဗျာတစ်ပုဒ်ကို အင်္ဂလိပ်လိုရေပြီး ကွန်ပျူတာနဲ့ စာစီပါတယ်။ ဘဘရဲ့ ကဗျာကပြောင် မြောက်လှပါသည်။ တအားဖတ်လို့ကောင်းတဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ ဘဘက အမေရိကားတက္ကသိုလ်က Master ဘွဲ့ရလာ တော့ အင်္ဂလိပ်ကဗျာကို ပိုင်နိုင်စွာ စပ်နိုင်တယ်လို့ထင်စရာရှိပါတယ်။ ဒါပေမဲ့ ကဗျာကို သေသေချာချာဖတ်ကြည့်တော့ ကမ္ဘာကျော် ကဗျာ ဆရာကြီးတဂိုးရဲ့ ကဗျာကိုမှီငြမ်းပြီး ကော်ပီလုပ်ထားတာကိုး၊ ကောင်းမှာ ပေါ့။

ဘဘက၄င်းကဗျာကို ကွန်ပျူတာထဲမှရိုက်၍ Floppy နဲ့ ကူးပေးပြီးဖွင့်ကြည့်နိုင်ရန် Floppy ကို စာရေး မလေး Rosy ကိုပေး လိုက်ပါတယ်။ တစ်ချိန်တည်းမှာ ပဲ အလုပ်ကိစ္စတစ်ခုနဲ့ ရေး ထားတဲ့ စာကို Floppy နောက်တစ်ချပ်ထားပြီး အုပ်ချုပ်ရေး အရာရှိ Mr Kumar ကိုပေးလိုက် ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ Kumar ရဲ့ ကွန်ပျူတာ မျက်နှာပြင်မှာ ရည်စားစာ ကဗျာကြီးပေါ်လာရော။

'ဟိုက်'

Kumar ရဲ့ အာမဋိတ်အသံ ဖြစ်ပါတယ်။ ပထမတော့ Kumar လည်း ကြောင်သွားပြီး နောက်တဖြည်းဖြည်းနဲ့ ဒါရိုက်တာက စာရေး မလေးကိုပေးတဲ့ ရည်စားစာကဗျာမှန်း သိလိုက်ရတယ်။

ဒီနေရာမှာ နည်းနည်း ရေး ချင်တာက Kumar နဲ့ ဒါရိုက်တာ ဘဘတို့က ပုဂ္ဂိုလ်ရေး မကြည်၊ မကြည်လေးတွေ နည်းနည်း ရှိတယ်။ Kumar ကို လုပ်ငန်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာက ဟောက်တာတွေ ရှိတယ်။ုကာေ ကလည်း မဟုတ်မခံဆိုတော့ ပြန်ပတ်ထားတာလေး ရှိတယ်။

ဒီနေရာမှာ Kumar တို့ အကွက်ဝင်လာပြီ ဖြစ်ပါတယ်။ အမှန် ကတော့ စာရေး မလေးကို ပေးတဲ့ရည်စားစာ Floppy ကို စာရေး မလေး စားပွဲပေါ် သွားတင်လိုက်လည်းရပါတယ်။ ဒါပေမယ့် ငယ်တဲ့အမှု ကြီး အောင်၊ ကြီးတဲ့အမှု ကို ပေါက်ကွဲအောင် လုပ်ပါတော့တယ်။ ၄င်း စီမံကိန်းရုံးသို့ ငွေကြေးထောက်ပံ့နေသော အလှူရှင်ရုံး FUNDING ANENCY သို့ ကွန်ပျူတာထဲရောက်လာသော ရည်းစားစာ အား e-mail ပို့လိုက်ပါတော့သည်။

နောက်တစ်နေ့နံနက်မှာ တော့ Funding Agency မှဆက် သွယ်ရေး အရာရှိ မစ္စစင်သီယာနွယ်ဇင်လတ် သူမရဲ့ ကွန်ပျူတာကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ ရည်စားစာကဗျာကို တွေ့ ရတော့ လန့်သွား ပါတယ်။ မြစ်ဖျားခံလိုက်တော့ e-mail ပို့သူ Kumar ဆိုတာ သိရတော့ Kumar ကို အကျိုးအကြောင်း ဖုန်းဆက်မေးတယ်။

Kumar ကလည်း အကွက်ဝင်ပြီဆိုပြီး သာသာနဲ့ နာနာချွန်တွန်း လုပ်လိုက်ပါတော့တယ်။ စင်သီယာတို့ ဒေါကန်ပြီပေါ့။ ဒါပေမဲ့ မိန်းကလေးက လာတိုင်တာမဟုတ်တော့ ဘာမှလည်းလုပ်လို့မရ၊ ကဗျာစပ်တာကို အရေး ယူတဲ့ပုဒ်မကလည်း ရှာမရတော့ ဘယ်သူ့မြားဦး လှည့်ရမှန်းလည်းမသိဘဲ ဖြစ်နေပါတယ်။ အဲဒီ အချိန်က စင်သီယာ တို့ နယ်ရုံးတွေ ကို တာဝန်နဲ့ ခရီးထွက်မယ့်ဆဲဆဲပါ။ စင်သီယာ တို့ နယ်ရုံးကို ခရီးထွက်ခဲ့တယ်။ နယ်ရောက်တော့ Field Officer (နယ် အရာရှိ)တွေ ကို ဒီအကြောင်းပြောပြတယ်။ အတင်းတုတ်တာပါ။ ဒီလို လုပ်တာ ကောင်းကြသေးရဲ့ လားပေါ့။ နယ်အရာရှိတွေ က ဖြစ်ရပ်ကို အကောင်းအဆိုးတော့ မဝေဖန်ဘူး။ ကဗျာကိုတော့ ကောင်းလွန်းလို့ ဆိုပြီး ဖတ်သူဖတ်၊ ကူးသူကူး၊ အလွတ်ကျက်သူကျက်၊ ပြုံးသူပြုံး ဖြစ်ကုန်ပါတယ်။

ရည်စားစာကဗျာ ကတော့ စီမံကိန်းရဲ့ မြို့နယ်ရုံးတွေ အားလုံးး ကို ပြန့်နှံ့ သွားပါတော့တယ်။ ဒီလိုနဲ့ တစ်ဆင့်တစ်ဆင့်နဲ့ ပြန့်နှံ့သွားပြီး ဒီအကြောင်းက ကဗျာရှင် ဒါရိုက်တာဘဘရဲ့ နားကိုပြန်ရောက် သွားပါ တော့တယ်။ ဒါရိုက်တာဘဘတိုက ဒေါကန်ပြီပေါ့။ တရားခံရှာတော့ အခြားသူဟုတ်ရိုးလား။

သူရဲ့ လက်အောက်က အုပ်ချုပ်ရေး အရာရှိ Admin Officer kuma ဆိုတာသိလိုက်ရတယ်။

Kuma ကို စီမံကိန်းကာလတစ်လျှောက်လုံး လုပ်ငန်းကိစ္စနဲ့ ပတ်သက်ပြီး အပြစ်ရှာရမယ်ရှာကြိမ်းမောင်းနေပါတော့တယ်။ Rosy က ဒါရိုက်တာဘဘကို ပြန်မချစ်ပါဘူး။ ဘာကြောင့် မှန်းတော့မသိဘူး။ အလုပ်က ထွက်စာတင်ပြီး ဇာတိမွေးရပ်မြေကို ပြန် သွားပါတယ်။

ဒါရိုက်တာဘဘ ကတော့ အချစ်ကို တန်ဖိုးမထားသော်လည်း နှလုံးသားကိုတော့ အအားမထားပါဘူး။ အလှဆုံးစာရေး မလေးကို မရတော့ ဒုတိယအလှဆုံးလို့ဆိုတဲ့ အခြားစာရေး မလေး ရီတာကို ချည်းကပ်ပါတယ်။ ရီတာ ကတော့ ဘဘရဲ့ အချစ်ကိုလက်ခံလိုက်တယ်။ ချစ်သူတွေ အ ဖြစ်နေကြပါတယ်။ ဇာတ်ပေါင်းသော် စီမံကိန်းပြီးသွားတဲ့ အခါ ဝန်ထမ်းအားလုံး ကိုယ့်အိမ်ကိုပြန်ကြတယ်။ ဘဘရဲ့ ဆူပူကြိမ်း မောင်းမှု ကြောင့် စိတ်ဆင်းရဲပြီး သွေးတိုး ရောဂါ ရခဲ့သည်ဟုဆိုပါသည်။

သို့နှင့် အထက်ကဖော်ပြခဲ့သည့်အတိုင်း Kuma က INGO အသစ်တစ်ခု ဖြစ်တဲ့ Ms.Michiko တို့ရုံးထိုင်နေသော နေရာသို့ အလုပ်လျှောက်တာပါ။ သူ့ခမြာယခင်အထက်အရာရှိ ထောက်ခံစာလည်းမပါလာဘူး။ ဒါရိုက်တာဘဘက Project Report ရေး ရန်သူ့နိုင်ငံမပြန်သေးဘူး၊ Funding Agency ရဲ့ ရုံးမှာ တစ်လလောက်ရုံးထိုင်နေတုန်း Ms. Michiko က ဒါရိုက်တာဘဘထံ ဖုန်းဆက်၍ Kuma တော် လား၊ ညံ့လားမေးမယ်လုပ်တာပါ။ တကယ်လို့ သာဖုန်းဆက်မေးရင်တော့ Ms. Kumar တို့ ရစရာမရှိအောင် ဒါရိုက်တာ ပြောတော့မှာ ဖြစ်တယ်။ ဒါပေမဲ့ ကူးမားတို့ကံကောင်းချင်တော့Ms.Michiko ရဲ့ လက်အောက်မှာ အမျိုးသားစီမံကိန်းအရာရှိလုပ်နေတဲ့ Dr.Das က ယခင်စီမံကိန်းမှာ Kuma နဲ့ အတူလုပ်ဖူးတာကို အဲဒီ တုန်းက Dr.Das က နယ်ရုံး (Field Officer) မှာ ရုံးထိုင်တယ်။ Field Officer မှာ ရုံးထိုင်တုန်း Ms.Jennifer ကပြလို့ ဒါရိုက်တာဘဘရဲ့ ရည်စားစာကို Dr.Das ဖတ်ဖူးတယ်။ Dr.Das ကလည်း ကဗျာ ဝါသနာပါလို့ ကူးယူထားသေးတယ်။ ဒါကြောင့် Ms.Michoko က ဒါရိုက်တာဘဘထံ ဖုန်းဆက်ပြီးမေးမယ်လုပ်တော့ Dr.Das က ပြာပြသလဲ တားရတာ ပေါ့။

ဒီဇာတ်လမ်းကိုပြောပြတော့ Ms.Michoko ခမြာ ရယ်လိုက် တာ မျက်ရည်တွေ တောင်ကျတယ်။ (၁ဝ)မိနစ်လောက်ကြာတယ်။ ရယ်တာမရပ်ဘူး။

ဇာတ်ပေါင်းသော် ဒါရိုက်တာဘဘကလည်း သူ့နိုင်ငံပြန် သွားပြီ။ Ms.Michokp က သုံးနှစ် လောက်လုပ်ပြီး သူနိုင်ငံပြန်ပြီး Dr.Das လည်း အခြားစီမံကိန်းသို့ ပြောင်းသွား ပါပြီ။

Kuma ကတော့ သူ့ရဲ့ ကြိုးစားမှု ၊ Skill တို့ကြောင့် ၄င်း INGO က တိုးတက်ခဲ့တယ်။ုကာေ ကတော့ နောက်စီမံကိန်းကျ တော့လည်း ၄င်း IMGO ၌ ဆက်ပြီး တာဝန်ထမ်းနေတာယနေ့တိုင်ပဲ။

Dr.Das ကတော့ မိမိရဲ့ မှန်ကန်တဲ့ Information ကြောင့် လူ တစ်ယောက် မနစ်နာဘဲ နစ်နာတာမျိုး ဖြစ်မသွားလို့ ပီတိ ဖြစ်တယ်။

သင်ခန်းစာယူရန်

ဒီဆောင်းပါးမှာ ရေး ချင်တာ ကတော့ အလုပ်လျှောက်လွှာ တစ်ခုတွင် ယခင် အလုပ်က အထက်အရာရှိဟောင်းတို့ရဲ့ ထောက်ခံစာ နဲ့ ထောက်ခံချက်တွေ ဟာ ရာနှုန်းပြည့်တော့ မယုံရဘူးဆိုတာပါပဲ။

***


၂။ ခန္ဓာကိုယ်အချိုးအစား ၃၆-၂၂-၃၆ သတို့သမီးမျိုးနဲ့

လက်ထပ်လိုသူ သတို့သားလူပျိုကြီးရဲ့ ဒုက္ခ

(HIV ဝေဒနာသည်တို့ရင်ဆိုင်ရသော ဖိုမပြဿနာများ နှင့် ဖြေရှင်းနည်းလမ်းအသွယ်သွယ်စာအုပ်မှ ကောက်နှုတ်ချက်၂ဝဝ၉)

ကျွန်တော် HIV ကာကွယ်ရေး စီမံကိန်း ဆရာဝန်တစ်ဦးပါ။ ကျွန်တော် တို့သူငယ်ချင်းတစ်ဦးရှိ၏ ။ သူ့နာမည် က ကိုစိန်လှ (နာမည် လွှဲထား)။ သူ၏ ဇနီးသည် ဒေါ်ရွှေရည်အေး(နာမည် လွှဲထား) နှင့် လက်ထက်ပြီးသည်မှာ (၄)လခန့်သာရှိသေးသည်။ သူတို့ဇနီး မောင်နှံ(၂)ဦးလုံး၏ အသက်သည် (၄၂)နှစ် စီရှိကြသည်။ လေးဆယ် ကျော်မှ ကံပေါ်ကြသူများ ဟုဆိုနိုင်ပါ၏ ။

တစ်နေ့တော့ ကိုစိန်လှက ကျွန်တော် အား တရုတ်ခေါက်ဆွဲ ဆိုင်တစ်ဆိုင်မှာ ဘီယာသောက်ရင်း ညစာစားရန် ဒကာခံပါသည်။ ကျွန်တော် လဲ ကျေးဇူးတင်စွာ ၄င်းတည်ခင်းသော အစားအသောက် များ ကိုစားခဲ့သည်။ စားပြီးတော့ ကျွန်တော် က ပြန်မယ်လုပ်တယ်။ သူက အိမ်မပြန်သေးကြောင်း၊ ပြည့်တန်ဆာခန်းသွားဦးမည် ဖြစ်ကြောင်း ပြောတော့ အံ့သြရသေးတယ်။ သူမှာ လဲ ဇနီးအသစ်နဲ့ လက်ထပ်ပြီးတာ မှမကြာသေးဘူး။ ကျွန်တော် က ဘာကြောင့် ပြည့်တန်ဆာခန်းသွားမှာ လဲ လို့ စပ်စုကြည့်တော သူကမူးမူးနဲ့ ရင်ဖွင့်တယ်။ ဖြစ်ပုံကဒီလိုပါ။ ကိုစိန်လှနှင့် မရွှေရည်အေးတို့သည် အသက်(၄ဝ)အထိ အပျိုကြီး၊ လူပျိုကြီးများ ဖြစ်ပါသည်။ လူကြီးပေးစားတာမဟုတ်။ (၄ဝ)ကျော် တာမှ အောင်သွယ်ကောင်း၍ (၁)လလောက်သမီးရည်းစား ဖြစ်ပြီး ခိုးပြေး ကြတဲ့ (၄ဝ)ကျော်စုံတွဲ ပါ။ ရွှေရည်အေးတို့မိဘဘက်ကသဘောမတူ။

(၄ဝ)ကျော်ဆိုတော့ တက္ကသိုလ်ကျောင်းတက်ရင်းတွေ့ ကြတဲ့ စုံတွဲ မဟုတ်။ (၂)ယောက် စလုံးဘွဲ့ရသည်မှာ အနှစ် (၂ဝ)ကျော်ခဲ့ပြီ။ အလုပ်အကိုင်ကိုယ်စီနဲ့ပါ။ ရတာ မလို၊ လိုတာမရရင်ရွေးလာခဲ့ရာ ရွေးပြီးရင်းရွေးရင်းနဲ့ လေးဆယ်ကျော်လာတော့ တစ်နေတော့ ကိုစိန်လှ ရဲ့ သူငယ်ချင်းမောင်မောင်လှက သူ့မိတ်ဆွေအပျိုကြီးမ ရွှေရည်အေးနဲ့ ကိုစိန်လှကိုအောင်သွယ်တယ်။ မောင်မောင်လှရဲ့ ဇနီးတိုးတိုးလှိုင်ကလဲ သတို့သမီးလောင်း ရွှေရည်အေးနဲ့ သူငယ်ချင်း။ မောင်မောင်လှနဲ့ တိုးတိုးလှိုင်တို့လင်မယားကလဲ အောင်သွယ်တာ အထူးဝါသနာပါတယ်။

အောင်သွယ်ပုံက ရိုးရိုးလေးနဲ့ ရှင်းရှင်းလေး။ မောင်မောင်လှ နဲ့ တိုးတိုးလှိုင်တို့လင်မယားက အလှူအသေးလေးတစ်ခုလုပ်ပြီး လူပျို ကြီး ကိုစိန်လှကိုဖိတ်တယ်။ တိုးတိုးလှိုင်ကလဲ ရွှေရည်အေးကိုဖိတ် ထားတယ်။ တိုးတိုးတိတ်တိတ်လည်းပြောထားတာက လူပျိုကြီးကိုစိန်လှ လဲလာမယ်။ တစ်ယောက် နဲ့ တစ်ယောက် အကဲခတ်ကြပါ။ သဘော ကျရင်လဲ မိမိကိုပြော၊ အခမဲ့အောင်သွယ်မယ့်အကြောင်း စကားလုံးတွေ သွင်းထားတော့ အပျိုကြီးရွှေရည်အေးကလဲ နည်းနည်း လေးအလှပြင် လာရတာ ပေါ့။ တစ်ဖက်ကလဲ မောင်မောင်လှက လူပျိုကြီးစိန်လှကို မိမိတို့အသိထဲက အပျိုကြီးလှလှနုနုရွှေရည်အေးလာမယ်။ အကဲခတ် ကြည့်ပါ။ စိတ်ဝင်စားရင်ပြောဆိုပြီး စကားထည့်ထားတာ လူပျိုကြီး ကိုစိန်လှက အလှူကိုလာတာ တိုက်ပုံတွေ ဘာတွေ နဲ့ ဝတ်ပြီး ပေါင်ဒါမှု န့် ပါးပါးလေးတောင် သူရဲ့ မျက်နှာ အသားညိုညိုပေါ်မှာ တင်ထားလိုက် သေးတယ်။ ရခိုင်ပုဆိုးအဆင်လှလှလေးပါဝတ်လို့ မရိုင်းမယဉ် ဖြစ် အောင် နည်းနည်း လေးပြင်လာရကြောင်းပါ။

မောင်မောင်လှနဲ့ တိုးတိုးလှိုင်တို့ လင်မယား ကတော့ နိုင်ငံခြား မှသာနေရင် အောင်သွယ်တော် ကုမ္ပဏီတစ်ခုခုမှာ မန်နေဂျင်းဒါရိုက်တာ နှင့် စီအီးအို CEO အမှု ဆောင်အရာရှိချုပ်လုပ်နိုင်လောက်အောင် အရည်အချင်းရှိသူတွေ ပါ။ အပို့ကောင်းသလို အလှော်လည်းကောင်း တယ်။ အညွှန်းလဲကောင်းတယ်။ ဒါနဲ့ အလှူပွဲမှာ လူပျိုကြီးကိုစိန်လှ နဲ့ အပျိုကြီးရွှေရည်အေးတို့ကို မိတ်ဆက်ပေးတယ်။ လူပျိုကြီး အပျိုကြီးတွေ တစ်ယောက် နဲ့ တစ်ယောက် မသိမသာအကဲခတ်ကြတာပေါ့။ လေးဆယ်ကျော်တွေ ဆိုတော့ ဆယ်ကျော်သက်လေးတွေ လိုတော့ စကား ဖောင်လောက်အောင် မပြောဘူး။ မိတ်ဆက်ပေးတဲ့အခါ တွေ့ ရတာ ဝမ်းသာပါတယ်ဆိုတဲ့ စကားကို မပွင့်တပွင့်အပြုံးနဲ့ အတူပြောရင်း အလှူရှင်တည်ခင်းတဲ့ ထမင်းကိုအိနြေ္ဒနဲ့ သမာဓိ(၂)မျိုးပေါင်းထားတဲ့ အမူအရာနဲ့ စားတာပေါ့။

အလှူပြီးတော့ လူပျိုကြီးက အပျိုကြီးကိုကြိုက်သွားပြီ။ ကြိုက်မှာ ပေါ့။ ရွှေရည်အေးက မျက်နှာကလှပြီးသား။ (၄ဝ)ကျော်သာ ဆိုရတယ် (၃၅)နှစ် လောက်ပဲထင်ရပါတယ်။ လူပျိုကြီးကလဲလျင်တယ်။ အပျိုကြီးရဲ့ ကောင်းခြင်းငါးဖြာကို အကဲခတ်လိုက်သည်။ ကိုယ်လုံး ကိုယ်ပေါက်ကိုလဲ ကြည့်တယ်။ အပျိုကြီးရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို လူပျိုကြီးက အကဲခတ်တော့ အပြစ်ဆိုစရာမရှိဘူး။ တင်-ရင်-ခါး အချိုးကျမှကျ။ လူပျိုကြီးစိတ်တွက်နဲ့ တွက်ကြည့် ခန့်မှန်းတော့ ၃၆- ၂၂-၃၆ ရယ်လို့မှန်းလိုက်တယ်။ ဒီလိုအတိုင်းမျိုးက မယ်ဘွဲ့ရတဲ့ မိန်းကလေးဆိုဒ်မျိုး။ လူပျိုကြီး ရင်ခုန်ရပြီ။ လူပျိုကြီးက ကဗျာတစ်ပုဒ် ကိုတောင်သတိရတယ်။

''မြကြောစိမ်းစိမ်း

ရှိန်းရှိန်းစိုစို

လှသည့်ကိုယ်ဝယ်

ရှိုက်ဖိုကြီးငယ်

အသွယ်သွယ်စု

လှပကျော့မှု

သိကြားထုသို့''

ဆိုပြီး မိန်းမသားအလှဘွဲ့ ခန္ဓာကိုယ်အချိုးအစားကိုဖွဲ့ထား တဲ့စာကိုသတိရမိတယ်။ ဒီလိုနဲ့ ချစ်လှချည်ရဲ့ ၊ ကြိုက်လှချည်ရဲ့ ဆိုပြီး အောင်သွယ်လင်မယားကို ကပ်ပါလေရော။ အပျိုကြီးကလဲ ငြင်းလို့ ဘယ် ဖြစ်တော့မလဲ။ အသက်(၄ဝ)ကျော်ခဲ့ပြီ။ ဒီလိုအခွင့်အရေး မျိုးက ဘာနဲ့ တူလဲဆိုတော့ ဘောလုံးပွဲတစ်ပွဲရဲ့ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ရတဲ့ဂိုးသွင်းခွင့်လိုပေါ့။ မူနေရင် မှားမယ်ဆိုတာသိလို့ လုံးဝမမူတော့ ပါဘူး။ တိုတိုပဲပြောကြပါစို့။ သူတို့ညားကြလေသတည်းပေါ့။ မင်္ဂလာဦးညရောက်တော့ လူပျိုကြီးကပျော်နေတယ်။ သုံးပန်းလှမိန်းမ သား တစ်ယောက် ကို ပိုင်ဆိုင်ရတော့မယ်ပေါ့။ ဒီလိုနဲ့ ညအိပ်ရာဝင် တော့ လူပျိုကြီးကိုစိန်လှက ရွှေရည်အေးကို ဖက်လိုက်တယ်။

''ဟင်''ဒါ ကတော့ ကိုစိန်လှရဲ့ လန့်သွားတဲ့၊ အံ့သြသွားတဲ့ အသံပါ။ ဇနီးအလှ ပြည့်ပြည့်ဖြိုးဖြိုးလေးရယ်လို့ ဖက်လိုက်တာ အိအိ နွေးနွေးမခံစားရတဲ့ ပိန်တာရိုး တစ်ယောက် ကို ဖက်လိုက်ရသလို ခံစား ရတယ်။ ဒီတော့ မင်္ဂလာဦးညမှာ ကိုစိန်လှ အိပ်မပျော်ပါ။

ဒီလိုနဲ့ နောက်နေ့မနက်ကျတော့ ကိုယ့်မိန်းမကိုယ် သေသေ ချာချာကြည့်ရတယ်။ ဒီတော့မှ တခြားဟုတ်ရိုးလား။ ရွှေရည်အေးက သူနဲ့ စတွေ့ တဲ့အချိန်နဲ့ တခြားအချိန်တွေ မှာ တင်အတု၊ ရင်အတုတွေ တပ်လာတာကိုး။ အဲဒါတွေ ဖြုတ်ထားလိုက်ရင် ပိန်ကပ်ကပ်လေးပါ။ ရှိုက်ဖိုကြီးငယ်တွေ မရှိတော့ သူက ရွှေရည်အေး။ ရှိုက်ငိုရမယ့်သူက တော့ ကိုစိန်လှ ဖြစ်နေပြီ။ ကိုစိန်လှ ဒေါကန်ပြီပေါ့။ လက်ထပ်လို့လည်း ပြီးနေပြီ။ ခုယူခုကွဲရင်ကောင်းမလား။ ဒီတော့ မယားကိုရွှဲ့ပြီး ပြည့်တန်ဆာ အိမ်သွားမယ်လုပ်ပါလေရော။

အထက်ပါကိစ္စကို ကျွန်တော့် ကိုပြောပြတော့ ကျွန်တော့် မလဲ ငိုရအခက်။ ရယ်ရအခက်ပါ။ သူ့အ ဖြစ်ကိုလည်း သနားမိတယ်။ သို့သော် ကျွန်တော် က နှစ် သိမ့်ပေးပါတယ်။ 'ကဲဗျာ ကိုစိန်လှ ပြီးခဲ့တာ တွေ လည်းပြီပြီ။ စိတ်အေးအေးထားပါ။ ကျွန်တော် ခင်ဗျာကို ကူညီမယ်။''

ထိုအခါ ကိုစိန်လှက ''ဆရာကိုထွန်းဝင်း ကျွန်တော့် ကိုကူညီ မယ်ဟုတ်လား။ ကူညီဗျာ။ ဘယ်လိုကူညီမှာ လဲ။ အခုလား။ ကျွန်တော့်  ကို ၃၆-၂၂-၃၆ ရှိတဲ့ မိန်းကလေး တစ်ယောက် ရှာပေးမှာ လား''ဆိုပြီး မေးပါတယ်။

ထိုအခါ ကျွန်တော် က ''ကူညီမှာ ကတော့ အခု ချက်ချင်း ပဲဗျာ။ ဒါပေမဲ့ ၃၆-၂၂-၃၆ မိန်းကလေးတော့မဟုတ်ဘူး။ တခြားဟာနဲ့ ကူညီ ရမှာ ပေါ့ဟုဆိုတော့ သူက ''တခြားဟာဆိုတာဘာလဲ''ဟုမေးရာ ကျွန်တော် က ''ခင်ဗျားအခုပဲ ပြည့်တန်ဆာအိမ်သွားမလို့မဟုတ်လား။ ရော့ဗျာ ကွန်ဒုံးလေး၊ အခုပဲပေးလိုက် ပါတယ်။ ကျွန်တော် ကူညီနိုင် တာလဲ ဒါပါပဲ''ဟု ပြောရင်း ကွန်ဒုံးလေးတစ်ခုကို သူ့လက်ထဲထည့် ပေးလိုက် ရကြောင်းပါခင်ဗျာ။

သင်ခန်းစာ

သတို့သားလောင်းများ ဤဆောင်ပါးဖတ်၍ သင်ခန်းစာ ယူနိုင်ကြပါစေ။

၃။ အပျိုကြီးတွေ ကို ညာစားတာမျိုးဟာ မကောင်းပါဘူး

(Vol-1,No.16,5 Nov 2010-HOT News)

ယခုကာလသည်ကား ကမ္ဘာတစ်ဝန်း၌ လူကုန်ကူးသည့်ကိစ္စ များ အထူးပျံ့နှံ့လာပါသော ကြောင့် တစ်ကမ္ဘာလုံး၌ အလေးထား တိုက်ဖျက်နေပါသည်။ လူကုန်ကူးခြင်းဟူသော အဓိပ္ပာယ်သတ်မှတ်ချက် သည် ပိုမိုကျယ်ပြန့်လာခဲ့ပါသည်။ ရှေးအခါက ယေဘုယျအားဖြင့် နားလည်လိုက်သလို ပြည့်တန်ဆာအလို့ငှာ မိန်းကလေး တစ်ယောက် အား ရောင်းချလိုက်မှ လူကုန်ကူးတာမဟုတ်ပါ။ တစ်ဖက်သား၏ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ မတန် တဆနည်းသော လုပ်အားခပေး၍ လုပ်အားကို ခေါင်းပုံဖြတ်လျှင်လည်း လူကုန်ကူးရာရောက်ပါ၏ ။

ဤဆောင်းပါးတွင် ရေး ချင်သည် ကတော့ လူကုန်ကူးခြင်း အကြောင်း အဓိကမကျဘဲ ''တတိယလူ'' (Third Person) အကြောင်း တင်ပြချင်ပါသည်။ တတိယလူဟုဆိုလိုက်သဖြင့် အလုပ်ရှင်နှင့် အလုပ် သမားကြားက ပွဲစားများ ကိုခေါ်လေသလား ထင်စရာရှိပါ၏ ။ တကယ် တော့ မဟုတ်ပါ။ ပွဲစားသည် ခေါင်းပုံဖြတ်ခံရသူမဟုတ်။ သူများ ခေါင်းပုံဖြတ်တာကို ကြားက ကူညီသူ ဖြစ်၏ ။

တတိယလူဆိုတာ၏ ဥပမာ

တတိယလူကိုတော့ လူကုန်ကူးမှု နဲ့ အရေး မယူထိုက်ပါ။ သူကလည်း ခေါင်းပုံဖြတ်တာခံရတာ ပါ။ ဥပမာအားဖြင့် ဆင်းရဲချိုတဲ့ သော မိန်းကလေး တစ်ယောက် သည် စားသောက်ဆိုင်၌ သီချင်းဆို ရသော အလုပ်ကိုလုပ်သည်ဆိုပါစို့။ စားသောက်ဆိုင်ပိုင်ရှင်က စေတနာမှန်လျှင် သူ့အားလခပေးရပါမည် ။ အချို့စားသောက်ဆိုင်ပိုင်ရှင် က လခမပေးကြပါ။ ညနေပိုင်းတွင် ဘီယာသောက်ရင်းအစားအသောက် များ လာစားကြသော စားသုံးသူများ ကို မိန်းကလေးတွေ က သီချင်းဆို ပြရပါသည်။ ထိုအခါ စားသုံးသူ Customers များ က မိန်းကလေး သီချင်းဆိုတာကိုသဘောကျပါသော် ဂုဏ်ပြုပန်းကုံးစွပ်နိုင်၏ ။ဂုဏ်ပြု ချင်လို့ဆိုပြီး မိမိအိမ်က ပန်းကုံးလုပ်လာလို့မရပါ။ ၄င်းစားသောက် ဆိုင်၌ ရောင်းသော ပလတ်စတစ်ပန်းကုံးကို ကြေးကြီးပေး၍ ဥပမာ ၅ဝဝဝ ကျပ်ခန့်ပေးဝယ်လျှင် မိန်းကလေးရှိရာ စင်ပေါ်သို့ပန်းကုံးကိုင် တတ်သွားပြီး သီဆိုနေသော တေးသံရှင်များ ၏ မျက်နှာချင်းဆိုင် တစ်ပေအကွာမှ ပန်းကုံးစွပ်၍ ရပါသည်။ ထိုအ ဖြစ်အပျက်တွေ တေသံ ရှင်မိန်းကလေး၏ သီဆိုမှု ကို ဂုဏ်ပြုတာ ဖြစ်ရာ ပန်းကုံးဝယ်သော ပိုက်ဆံ ကျပ် ၅ဝဝဝ ကို တေးသံရှင်မိန်းကလေးရသင့်၏ ။ သို့သော် မရဘဲ စားသောက်ဆိုင်ပိုင်ရှင်က ကျပ် ၄ဝဝဝ ခန့်ဖြတ်၍ ယူလိုက်၏ ။ တေးသံရှင်က ကျပ် ၁ဝဝဝ ခန့်သာ ရပါ၏ ။ ဤ ဖြစ်စဉ်တွင် ခေါင်းပုံ ဖြတ်ထားသော စားသောက်ဆိုင်ပိုင်ရှင်ကို ပထမလူဟုခေါ်လျှင် ခေါင်းပုံ ဖြတ်ခံရသော မိန်းကလေးက ဒုတိယလူ ဖြစ်၏ ။

တတိယလူဆိုတာ ကတော့ စားသောက်ဆိုင်၌ အစားအသောက် များ ကို မတန်တဆဈေးကြီးပေးဝယ်သည့်အပြင် ပန်းကုံးဖိုး ကျပ် ၅ဝဝဝ ပေးရသော စားသူ ဖြစ်၏ ။ သို့သော် ဒီလိုလူမျိုးတော့သနား စရာတော့သိမ်မကောင်းပါ။ သို့သော် သနားစရာကောင်းသော တတိယ လူဆိုတာလည်း ရှိပါသေး၏ ။

လွန်ခဲ့သော ၁၆ နှစ် ခန့်က ဖြစ်ပါသည်။ ကျွန်တော် သည် ရန်ကုန်မြို့၏ တစ်ခုသော NGO ဆေးရုံတစ်ရုံ၌ လက်ထောက်ဆရာဝန် အလုပ်လုပ်ကိုင်နေပါသည်။ နိုင်ငံခြားက လာဖွင့်တဲ့ NGO မဟုတ်ပါ။ ပြည်တွင်း NGO ဖြစ်လို့ ထိုအခါက လက်ထောက်ဆရာဝန်အား လခ ကျပ် ၂ဝဝဝ သာပေးနိုင်ပါသည်။ အဲဒီ ခေတ်က လက်ဖက်ရည် တစ်ခွက် ၁၅ ကျပ်ခေတ် ဖြစ်ပါသည်။ ဒီခေတ် ၂ဝ၁ဝ ခုနှစ် ဆိုရင်တော့ ကျပ် ၂ဝဝဝ ဆိုတာ အလွန်နည်းပါမည် ။ သို့သော် ဟိုခေတ် ၁၉၉၅ လောက်ကတည်းက လောက်ငသော ပမာဏမဟုတ်ပါ။

ဤတွင် ၁၉၉၅ ခုနှစ် တွင်း ထုတ်ဝေသော သတင်းစာတစ် စောင်၌ ''ဆရာဝန်အလိုရှိသည်''ဟူသော ကြော်ငြာတစ်ခုကိုတွေ့ လိုက် ရပါသည်။ ကြော်ငြာအပြည့်အစုံမှာ -

* ဆရာဝန်တစ်ဦးအလိုရှိသည်။

* MBBS ဘွဲ့ရ ဖြစ်ရမည် ။

* အမျိုးသား ဖြစ်ရမည် ။

* နေထိုင်ရေး ကိစ္စ တာဝန်ယူသည်။

* စားသောက်ရေး ကိစ္စ တာဝန်ယူသည်။

* ညှိနှိုင်းလစာပေးမည် ။

* လူတိုင်ကိုယ်လာရောက်လျှောက်ထားရမည် ။

ဟု ကြော်ငြာသဖြင့် ကျွန်တော် ဝမ်းမြောက်မိသည်။

ထိုစဉ်က ကျွန်တော် သည် လစာနည်းဝန်ထမ်း ဖြစ်ပြီး ဇနီး သည်နှင့် သမီးနှစ် ဦးရှိရာ သမီးကြီးက ရှစ်နှစ် ၊ သမီးငယ်က ခြောက်နှစ် ၊ ဖြစ်၏ ။ ထိုစဉ်က ကျွန်တော့် တွင် နေစရာအိမ်မရှိပါ။ မိဘအိမ်တွင် ကပ်နေရ၏ ။ တိုက်ဆိုင်ချင်တော့ ကျွန်တော့် မိဘများ သည် သူ့တို့ပိုင် အိမ်ကိုဖျက်၍ မြေကွက်ပေါ်၌ ကန်ထရိုက်တိုက်ဆောက်နေ၏ ။

ဒီလိုအခြေအနေမျိုးတွင် ယခုကဲ့သို့သော ''ဆရာဝန်တစ်ဦး အလိုရှိသည်'' အလုပ်ကြော်ငြာမှာ ကျွန်တော့် အတွက် မျှော်လင့်ချက် ရောင် ခြည်တစ်ခု ဖြစ်ပါသည်။

အလုပ်ခေါ်သူက ရန်ကုန်မြို့နှင့် မိုင် ၃ဝ ခန့်ဝေးသော ရွာကြီး တစ်ရွာကခေါ်တာပါ။ ဖြစ်ပုံကဒီလိုပါ။ တချို့ကျေးရွာကြီးများ သည် မြို့ငယ်လေးတစ်မျှကြီးမားပြီး လျှပ်စစ်မီးရ၏ ။ သူတို့က သူတို့ရွာမှာ တိုက်နယ်ဆေးရုံရှိစေချင်၏ ။ တိုက်နယ်ဆေးရုံမရှိသော အခါ ရပ်မိ ရပ်ဖများ စုပေါင်းပြီး ရွာထဲတွင် ဆေးခန်းဆောက်ပြီး ဆရာဝန်လစာ ပေး၍ ခန့်ကြလေ့ရှိ၏ ။ သို့နှင့် ကျွန်တော် သည်ြွဥ ဆေးရုံက ခွင့်တစ်ရက်ယူ၍ ကျွန်တော် ၏ ဖွတ်ချက် ဖွတ်ချက်မော်တော် ဆိုင်ကယ် အစုတ်ကလေးကိုစီးကာ ၄င်းရွာကြီးသို့ခရီးထွက်ခဲ့၏ ။ ရွာသို့ရောက် သော် ဆေးခန်းကြီးကြပ်ရေး အဖွဲ့ ဖြစ်သော ရပ်မိရပ်ဖလေးငါးဦးလောက် နှင့် တွေ့ ၏ ။ သူတို့က ကျွန်တော် တို့ အင်တာဗျူး ၏ ။ မေးတဲ့မေးခွန်းက တစ်ခွန်းတည်းပါ။ 'ဆရာ လူပျိုလားခင်ဗျာ'တဲ့။ ကျွန်တော် က 'လူပျို မဟုတ်ပါဘူး ခင်ဗျာ၊ အိမ်ထောင်နဲ့ သမီးနှစ် ယောက် ရှိပါတယ်'ဟု ဖြေ၏ ။ ဤတွင် အင်တာဗျူး ပြီးပါပြီဟုပြော၏ ။ သူတို့ အင်တာဗျူး တာပြီးတော့ 'ကျွန်တော် ကလည်း မေးပါရစေဦးခင်ဗျာ၊ ဆရာဝန်ကို လခဘယ်လောက်ပေးမှာ လဲ'မေးတော့ 'ကျပ် ၁၅ဝဝ'ဟုဖြေ၏ ။ ဒီတော့ ကျွန်တော် က ပြောသည်မှာ 'ယခု ကျွန်တော် အလုပ်လုပ်နေသော NGO ဆေးရုံ၌ ကျပ် ၂ဝဝဝ ရကြောင်း၊ သတင်းစာကြော်ငြာ၌ ညှိနှိုင်း လစာဟုပါသဖြင့် လစာညှိနှိုင်းလားမေးရပါတယ်။ သူတို့ဟုတ်တဲ့။ ညှိနှိုင်းခွင့်ရှိပါတယ်။ ကျွန်တော် တို့ညှိနှိုင်းတိုးမြှင့်တဲ့အနေနံ့လစာကို ကျပ် ၁ဝဝ တိုးပေးပြီး ၁၆ဝဝ ပေးပါမယ်ပြော၏ ။ ထို့နောက် သူတို့က ကျွန်တော့် အား ဆေးခန်းကို လိုက်ပြပါ၏ ။ ဆေးခန်းသို့သွားရာ လမ်းဝယ် ရွာသားတစ်ဦးက ကျွန်တော့် အား လက်တို့၍ တိုးတိုးပြော သည်မှာ 'ဆရာကလည်း လူပျို ဟုတ်ဟုတ် မဟုတ်ဟုတ် ကျွန်တော် လူပျိုပါလို့ပြောလိုက်ရင်ပြီးတာပဲ၊ ဘယ်သူကရိုက်စစ်နေတာမှတ်လို့' ဟုဆိုပါ၏ ။ ကျွန်တော် က သူဘာကြောင့် ဒီလိုပြောတာလဲ နားမလည်ပါ။ ဆေးခန်းသို့ရောက်သော အခါ ဆေးခန်းကသပ်သပ်ရပ်ရပ်ပါ။ စမ်းသပ် ခန်း၊ ဆေးထိုးခန်း၊ လူနာစောင့်ဆိုင်ခန်းစသဖျြင့် အင်္ဂါစုံပါတယ်။

ကျွန်တော် က မေးလိုက်၏ ။ 'ဆရာဝန်အတွက် နေစရာအိမ် ကရော'ဟုပြောတော့ သူတို့မဖြေနိုင်။ တစ်ယောက် ကတော့ လူနာခုတင် ကိုထိုးပြပါသည်။ ကျွန်တော် ကလည်း နားမလည်။ သို့နှင့် ဆက်မေးရ သည်မှာ 'အလုပ်ခေါ် ကြော်ငြာမှာ နေရေး စားရေး တာဝန်ယူတယ် ဆိုတော့ စားဖို့အတွက် ဘယ်သူကကျွေးတာလဲ'ဟုမေးပါ၏ ။ ဒီတော့မှ သူတိုကလည်း မျက်နှာပျက်ပျက် ခပ်ရှက်ရှက်နဲ့ ပြောသည်က 'ဒီလိုပါ ဆရာ၊ အခုတော့ ပွင့်ပွင့်လင်းလင်းပဲပြောပါရစေတော့။ အရင်အလုပ် ထွက်သွားတဲ့ဆရာဝန်က လူပျိုပါ၊ တစ်ယောက် တည်းလာတော့၊ ဒီတော့အိမ်မလိုဘူး။ ဆေးခန်းထဲက လူနာစမ်းသပ်တဲ့ခုတင်မှာ ညဘက် ကျတော့ အိပ်ရာခင်းလေး ခင်းပြီးအိပ်လိုက်တာပဲ၊ အဲဒါကိုကျွန်တော် တို့ က နေစရာတာဝန်ယူတယ်လို့ပြောတာပါ'ဟုပြော၏ ။ ကျွန်တော် က 'ဒါဆိုရင် စားဖို့တာဝန်ယူတယ်ဆိုတာကရော'ဟုမေးရ၏ ။ ထိုအခါ သူတို့က 'ဒီလိုပါဆရာ၊ အရင်ဆရာဝန်က လူပျိုပါ၊ ဒီတော့ရွာထဲက အပျိုကြီးတွေ ဆရာဝန်စားဖို့ နေ့စဉ်ထမင်းချိုင့်ပို့ရတယ်။ ဒီတော့ ဆရာဝန်ကလည်း ချက်မစားရဘူး။ ဝယ်လည်းမစားရဘူး။ စားရေး သောက်ရေး အလိုလိုပြေလည်တယ်၊ အဲဒါကို ရည်ညွှန်းပြီးစာရေး တာဝန်ယူတယ်လို့သတင်းစာမှာ ကြော်ငြာလိုက်တာပါ'ဟု ပြောရာ ကျွန်တော် စိတ်ပျက်မိ၏ ။ ကျွန်တော် က 'ဒါဆိုရင်လည်း သတင်းစာမှာ ကြော်ငြာကတည်းက ပွင့်ပွင့်လင်းလင်းကြော်ငြာပါလား။ လူပျိုဆရာဝန် ဖြစ်ရမယ်။ ဆေးခန်းခုတင်မှာ အိပ်ရမယ်။ ရွာထဲက ထမင်းချိုင့်ပို့မယ် ဆိုပြီး ကြော်ငြာရောပေါ့ဗျာ။ ခုတော့ ဘုမသိ၊ ဘမသိနဲ့ ကျွန်တော် လာရတာ အချိန်ကုန်တယ်ဗျာ'ဟု ပြောရ၏ ။ သူတို့ကပြောသည်မှာ 'ပွင့်ပွင့်လင်းလင်းကြော်ငြာရင် ဘယ်သူမှ အလုပ်လာမလျှောက်မှာ စိုး လို့ပါ'ဟုပြောပါ၏ ။

ဒီတော့ စဉ်းစားကြည့်ပါ။ ကြော်ငြာဟာ လှည့်ဖြားတဲ့ကြော်ငြာ ဖြစ်နေပါတယ်။ ဆရာဝန် တစ်ယောက် ရဲ့ လုပ်အားခကို နှိမ်ပြီးပေးတဲ့အခါ ဘုမသိ၊ဘမသိနဲ့ ဆရာဝန်ကို လူပျိုမှတ်ပြီး ထမင်းချိုင့်ပို့ရမယ်ဆိုရင် ခေါင်းပုံဖြတ်ခံရတဲ့ တတိယလူဆိုတာ ရွာထဲက အပျိုကြီးတွေ ဖြစ်နေတယ်။

ဒီတော့ အမြတ်ထုတ်ခံရတဲ့ တတိယလူနှစ် မျိုးဟာ ပထမ အမျိုးအစားက စားသောက်ဆိုင်မှာ တေးသံရှင်မိန်းကလေးတွေ ကို ပန်းကုံးစွပ်သော ပုရိသများ သို့မဟုတ် သနားစရာမကောင်းသော ခပ်ကဲကဲလူများ ဖြစ်တယ်။

ဒုတိယအမျိုးအစား ကတော့ ရွာထဲမှာ ဆရာဝန်ကိုလူပျိုမှတ် ပြီး ထမင်းချိုင့်ပို့ပါသော် ထမင်းချိုင့်ပို့သော အပျိုကြီးများ သည် လိမ်ညာခံရ၍ သနားစရာ တတိယလူများ ဖြစ်ပါသည်။

သင်ခန်းစာယူရန်

အလုပ်ခေါ်သော ကြော်ငြာများ မှာ မစားရဝခမန်းမြှုပ်ကွက်များ ကို သတိထားရပါမယ်။ ဒီကိစ္စက မိမိရဲ့ အမိနိုင်ငံထဲမှာ ဖြစ်လို့ လက်မခံ ဘဲ ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ်လို့များ တခြားနိုင်ငံမှာ အလုပ်သွားလုပ်တာဆိုရင် ပြန်လာစရာလေယာဉ်ခမရှိပါခင်ဗျား။ အခြေအနေအရ စားစရာမရှိတော့လို့ အခြားနိုင်ငံမှာ လူပျိုယောင်ဆောင် ပြီး သူတို့နိုင်ငံက-ထမင်းချိုင့်ပို့မယ့် အပျိုကြီးတွေ နဲ့ လက်ထပ်လိုက် ရရင် ဆရာဝန်ပါ လူကုန်ကူးခံရသလို ဖြစ်မသွားနိုင်ပေဘူးလား စာဖတ်ပရိသတ်အပေါင်းတို့ခင်ဗျား။

တကယ်တော့ အပျိုကြီးတွေ ကို ညာစားတာမျိုး မကောင်းပါ ဘူးဟုဆိုချင်ပါကြောင်း။

***


၎။ စာရေး မလေး၏ ပဉ္စမမြောက်မျက်စောင်း

လှလှလေးနှင့် ရင်ခုန်သွားသော မန်နေဂျာကြီး

(24.6.2011-HR Journal)

အောက်ပါအ ဖြစ်အပျက်တစ်ခုကို လေ့လာကြည့်ကြစေချင် ပါသည်။

အချိန်ကာလသည်ကား လွန်ခဲ့သော ၁၉၉၇လောက်က အာဆီယံနိုင်ငံတစ်ခုတွင် ဖြစ်ပါသည်။ မစ္စတာပက်ထရစ်(နာမည် လွှဲ့) သည် INGO ကျန်းမာရေး စီမံကိန်း၏ မြို့နယ်စီမံချက်မန်နေဂျာ ဖြစ်ပြီး အသက် ၅၈ နှစ် ရှိပါပြီ။ မစ္စတာပက်ထရစ်၏ မြို့နယ်စီမံကိန်းရုံးသည် နယ်စပ်ဒေသတွင် ရှိပါသော ကြောင့် ဇနီးသည်ရိုစီပက်ထရစ်သည် လိုက်မလာနိုင်ပါ။ သူတို့၏ ဇာတိမြို့တွင် သူတို့၏ မူလလုပ်ငန်း ဖြစ် သော ကုန်စုံဆိုင်ကိုရောင်းချရင်း သားသမီးများ ကိုအုပ်ထိန်းကြီးကြပ် နေရစ်၏ ။

မစ္စတာပက်ထရစ်နှင့် ရိုစီပက်ထရစ်တို့သည် ငယ်လင်ငယ် မယားများ ဖြစ်ပြီး သက်တူရွယ်တူ ၂၈ နှစ် အရွယ်ကလက်ထပ်ခဲ့ရာ ယခုဆိုလျှင် မင်္ဂလာခရီးနှစ် ၃ဝ တိုင်ခဲ့ပြီး သားသမီးငါးဦးထွန်းကား သည်။ နှစ် ၃ဝ အတွင်းတည်ငြိမ်သော အိမ်ထောင်ရေး ကိုဖြတ်ကျော်ခဲ့ သည်။ မစ္စတာပက်ထရစ်သည် လူရိုးအရာရှိ တစ်ယောက် ဖြစ်သည်။ အာနိုးတို့လိုရှုပ်ရှုပ်ပွေပွေစရိုက်မရှိသလို အမေရိကန်သမ္မတဟောင်း ကလင်တန်ကဲ့သို့ ကြိတ်ပုန်းခုပ်တတ်သူမဟုတ်။ ပက်ထရစ် ၂၅ နှစ် အရွယ်က အသက် ၂၅ နှစ် အရွယ်ရိုစီကိုချစ်ရေး ဆိုစဉ်က ပက်ထရစ် ရော ရုစီပါရင်ခုန်ခဲ့ကြ၏ ။ သို့သော် အသက် ၂၈ နောက်ပိုင်းလက်ထပ် ပြီးသော အခါ အိမ်ထောင်သည်တွေ ဖြစ်၍ ရင်မခုန်ြ ကတော့ပါ။

သို့သော် ယခုအသက် ၅၈ နှစ် အရွယ်တွင် မစ္စတာပက်ထရစ် တစ်ဖန်ပြန်လည်ရင်ခုန်လာ၏ ။ နှလုံး ရောဂါ ကြောင့် ရင်ခုန်လာတာ မဟုတ်။ သူ၏ INGO ရုံးက ရှမီလားဒေဝီဆိုတာ အသက် ၂၅ နှစ် အရွယ်စာရေး မလေးကြောင့် ရင်ခုန်တာ ဖြစ်၏ ။ ရှမီလားဒေဝီကလည်း လှတယ်လို့ဆိုနိုင်ပါတယ်။

မစ္စတာပက်ထရစ်သည် မြို့နယ်တာဝန်ခံအရာရှိ ဖြစ်ရာ ပထမ ပိုင်းတွင် လူရိုးပီပီဝန်ထမ်းအားလုံးအပေါ်၌ သားသမီးကဲ့သို့အုပ်ချုပ်၏ ။ ဝန်ထမ်းမိန်းကလေးတွေ ထဲမှာ လည်း ဘယ်သူကမှ အိန္ဒိယက မယ်စကြာဝဠာအက်ရှဝါရိုင်းလိုလှနေတာမဟုတ်၍ ဘယ်သူ့ကိုမှလည်း စိတ်မဝင်စားပါ။

သို့သော် တစ်နေ့တော့ ပစ္စတာပက်ထရစ်သည် သူနိုင်ငံ၏ မြို့တော် ရုံးချုပ်သို့ အစည်းအဝေးသွားရန်ကိစ္စပေါ်လာ၏ ။ သို့နှင့် သွားရန်ပြင်ဆင်နေစဉ် အသက် ၂၅ နှစ် အရွယ် ရုံးစာရေး မလေးရှမီလား ဒေဝီက ပက်ထရစ်အနားသို့ကပ်လာပြီး ဒီလိုပြောပါတယ်။

'ဆရာ ရုံးချုပ်အစည်းအဝေးသွားမလို့ဆို'

'အေး ဟုတ်တယ်'

'သမီးတစ်ခုလောက်မှာ စရာရှိလို့'

'ဘာမှာ မလို့လဲ'

'ဆရာအပြန်ကျရင် သမီးအတွက် ချောကလက်ဝယ်ခဲ့'

'အေး အေး ကြုံရင်ဝယ်ခဲ့မယ်'

သို့သော် အချိန်မရ၍ မဝယ်ခဲ့ပါ။ ထိုအခါ သူမကမေးသည်မှာ

'ဆရာ သမီးအတွက်ချောကလက်ပါလား'

'ဆရာမေ့သွားလို့ မဝယ် ဖြစ်ဘူး။ ဆောရီး'

ထိုအခါ

'ဟာ ဆရာကလည်း'ဟုဆိုကာ မျက်စောင်းလှလှတစ်ချက် ထိုးလိုက်၏ ။ ရှမီလားဒေဝီသည် မျက်လုံးပြူးပြူးမျက်တောင်ကော့ ကော့ ဖြစ်ရာ သူမထိုးသော မျက်စောင်းသည် မျက်စောင်းလှလှ ဖြစ်ကြောင်း မစ္စတာပက်ထရစ်သတိထားမိသည်။ ရှမီးလားဒေဝီသည် စစ်တုရင် စကားနှင့် ပြောရသော် တစ်ကွက်ရွှေ့လိုက်ပြီ ဖြစ်၏ ။ မကြာပါချေ။ နောက်သုံးလခန့်ကြာ မစ္စတာပက်ထရစ်သည် သူတို့နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံတစ်ခု ဖြစ်သော နိုင်ငံဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ ညီလာခံ International Seminar တစ်ခုတက်ရန် ၅ ရက်လောက်ခရီး ထွက်ရမည် ဖြစ်၏ ။ ထိုအခါ ခရီးထွက်ရန်အထုပ်အပိုးပြင်နေစဉ် ရှမီလားဒေဝီက မစ္စတာပက်ထရစ်အနားသို့ရောက်လာပြန်၏ ။

ပက်ထရစ်က 'ဘာကိစ္စလဲဟဲ့'လို့မေးလိုက်တော့ 'ရော.. ဆရာဖို့'ဟုဆိုကာ မာဖလာလည်စီးလေးတစ်ခုကိုလှမ်းပေး၏ ။ 'ဘာလဲဟဲ့'ဟုမေးလိုက်တော့ 'ဆရာက ဘန်ကောက်ကကြယ်ငါးပွင့် ဟိုတယ်ကြီးမှာ Workshop သွားတက်မှာ မဟုတ်လား။ ဆရာလည်ချောင်း နာနေတာသမီးသိသားပဲ။ ကြယ်ငါးပွင့်ဟိုတယ်ရဲ့ Air Con ခန်းမမှာ ဆရာလည်ချောင်းနာမသက်သာမှာ စိုးလို့ ဘန်ကောက်သွားရင်ယူသွား ဖို့ မာဖလာလည်စီးကိုသမီးလက်နဲ့ ကိုယ်တိုင်ထိုးထားတာ'ဟု ကနွဲ့ ကလျပြောလိုက်၏ ။

ထိုအခါ မစ္စတာပက်ထရစ်က လှမ်းယူ၍ “Thank You”ဟု ပြောလိုက်၏ ။ ထိုအါ 'ကျေးဇူးတင်ရင် မုန့်ဝယ်ခဲ့ရမယ်'ဟုပြော၍ မျက်စောင်းထိုးလိုက်ပြန်၏ ။ ထိုအခါ မျက်စောင်းလှလှလေးကို ဒုတိယ အကြိမ်သတိထားမိပြန်သည်။

သို့နှင့် မစ္စတာပက်ထရစ်သည် ဘန်ကောက်သို့ထွက်သွား ရာ 'အမ်မာရီအေထရီယမ်'အမည် ရှိ ဘန်ကောက်မြို့လယ်က ကြယ်ငါးပွင့် ဟိုတယ်ကြီးတွင် IMGO စရိတ်နှင့် တည်းခိုပြီး ၄င်းဟိုတယ်၏ ခန်းမ ကြီးတစ်ခု၌ ဝပ်ရှော့လုပ်ရ၏ ။ Air Con က အလွန်အေး၏ ။ မစ္စတာ ပက်ထရစ်သည် မာဖလာလည်စည်းကလေးကို စည်းလိုက်တော့ လည်ချောင်းနာသက်သာသွား၏ ။ ရှမီးလားဒေဝီကို ကျေးဇူးတင်မိ၏ ။ သို့နှင့် တစ်ခုသော ညနေဘက်ဝယ် ဟိုတယ်အပြင်ဘက်သို့လမ်းလျှောက် ရာ ဟိုတယ်အနီးက Seven Eleven အမည် ရှိ မီနီမားကတ်ကိုဝင်၍ ရှမီလားဒေဝီကို လက်ဆောင်ပေးရန် ချောကလက်ဝယ်၏ ။ ဝယ်ပေး ချင်တာက ရှမီးလားဒေဝီ တစ်ယောက် ထဲကိုပါ။ သို့သော် ဒီလိုလုပ်ရင် မကောင်းတတ်၍ ရုံးဝန်ထမ်းအားလုံးအတွက် ဝယ်မှကောင်းမယ်ဟု စဉ်းစားမိ၍ ချောကလက်အတောင့် ၂ဝ ဝယ်လိုက်၏ ။ မိမိဇနီးရိုစီ ပက်ထရစ်အတွက်ပင် ဘန်ကောက်အပြန်လက်ဆောင်ဝယ်ပေးဖို့မေ့ခဲ့ ၏ ။ ဒီလိုနဲ့ မစ္စတာပက်ထရစ်သည် မိမိ၏ မြို့နယ်စီမံကိန်းရုံးသို့ပြန် ရောက်သော အခါ ရုံးဝန်ထမ်းတွေ ကိုချောကလက် တစ်ယောက် တစ် ထောင့်ဝေပေးရာ အားလုံးပျော်ကြ၏ ။ သို့သော်မပျော်နိုင်သူက ရှမီလားဒေဝီ ဖြစ်၏ ။ တစ်ရက်လောက်ြ ကတော့ ရှမီလားဒေဝီကနှုတ်ခမ်း ကိုမစူတစူလုပ်၍ မစ္စတာပက်ထရစ်အနားသို့ကပ်လာ၏ ။ ထိုအခါ 'ဆရာ'ဟုခေါ်လိုက်ရာ 'ဟေ ဘာကိစ္စလဲ' 'သမီးဖို့ဘန်ကောက်ကဘာ ပါလဲ' 'ဟဲ့ ချောကလက်ပေးပြီးပြီမဟုတ်လား'

'ဟာ ဆရာကလည်း သူများ တွေ နဲ့ အတူတူဝယ်ပေးတဲ့ ချောကလက်ဆိုရင် မစားချင်ဘူး။ သမီး တစ်ယောက် ထဲကိုသပ်သပ် တစ်ခုခုဝယ်ပေး'ဟုဆိုကာ မျက်စောင်းလှလှတစ်ချက်ထိုးလိုက်ရာ ရှမီးလားဒေဝီ၏ တတိယမျက်စောင်း ဖြစ်၏ ။ သို့နှင့် မစ္စတာပက်ထရစ် သည် ဈေးထဲသွား၍ ချောကလစ်ကွတ်ကီးမုန့်တစ်ထုပ်ကို သိုသိုသိပ်သိပ် ဝယ်ကာ ရုံးဝန်ထမ်းတွေ အလစ်၌ ရှမီးလားဒေဝီကိုပေးလိုက် ရာ ရှမီလား ဒေဝီက 'ဒါမှ တို့ဆရာကလိမ္မတာ'ဟုပြောပြီး မျက်စောင်းလှလှလေး တစ်ချက်ထိုးလိုက်ပြန်ရာ စတုတ္ထမျက်စောင်း ဖြစ်၏ ။

စတုတ္ထမျက်စောင်းလှလှလေးထိုးအပြီးမှတော့ မစ္စတာပက် ထရစ်သည် ရှမီလားဒေဝီနှင့် ပတ်သက်၍ ရင်နည်းနည်း ခုန် သွားပါ၏ ။

ထိုစဉ် ရုံးတွင် ၌ Junier Account ခေါ် လက်ထောက်စာရင်း ကိုင်နေရာတစ်ခုလစ်လပ်ရာ ဘွဲ့ရပြီးစာရေး များ လျှောက်ထား၏ ။ ရာထူးအတွက် စာမေးပွဲဖြေရ၏ ။ ရှမီလားဒေဝီလည်း ရာထူးတိုးစာမေး ပွဲဖြေ၏ ။ ရှမီလားဒေဝီ၏ ပညာအရည်အချင်းက BA.DA(LCCI) ဖြစ်ပြီး တခြားယောက်ျားလေးတစ်ဦး ဖြစ်သူ မစ္စတာပရမ်းကူးမားဟူ သော စာရေး လေး၏ ပညာအရည်အချင်းက B.Com ဖြစ်၏ ။ သူတို့ နှစ် ယောက် အမှတ်အများ ဆုံး ဖြစ်ပြီး အမှတ်တူနေ၏ ။ မစ္စတာ ပက်ထရစ်က မျက်နှာလိုက်ပြီး ရှမီလားဒေဝီသည် ရာထူးတိုးသင့်ကြောင်း ထောက်ခံလိုက်ရာ စီမံကိန်းကိုအုပ်ချုပ်သော နိုင်ငံခြားသားကအတည် ပြု၍ ရှမီလားဒေဝီသည် Junior Account အ ဖြစ် ရာထူးတိုး၏ ။ ထိုအခါ ရှမီလားဒေဝီသည် ကျေးဇူးတင်ကြောင်း မစ္စတာပက်ထရစ်ကို မျက်စောင်းလှလှလေးထိုးပြန်ရာ ပဉ္စမမျက်စောင်း ဖြစ်၏ ။

ထိုအခါ အသက် ၅၈ နှစ် ရှိ မစ္စတာပက်ထရစ်အတွေးထင် သည်မှာ ရှမီလားဒေဝီသည် မိမိကိုရေလာမြောင်းပေးလုပ်သည်ထင်မိ ၏ ။ မိမိကလည်း နည်းနည်း ရင်ခုမိ ဖြစ်ရာ ရှမီလားဒေဝီကို ရည်းစား စာပေးမိတော့၏ ။ ထိုအခါ အရှက်လှလှကြီးကွဲတော့၏ ။ ရှမီလားဒေဝီ က လုံးဝငြင်းလိုက်၏ ။ တကယ်တော့ ရှမီလားဒေဝီမှာ ချစ်သူရှိတယ်။ သူရဲ့ ရည်းစားကောင်းလေးနာမည် က ရှမ်ဘဲကူမားဆိုတဲ့ MBBS ဘွဲ့ရ အသက် ၃ဝ အရွယ်ဆရာဝန်လေးပါ။ သူကလည်း INGO တစ်ခုမှာ အလုပ်လုပ်ရင်း Senier Project Officer လုပ်နေပြီ။

ဒီတော့ သူတို့လက်ထပ်ြ ကတော့ ရှမီလားဒေဝီက လှောင်ပြုံး လေးလား၊ ဘာလား၊ ညာလား ဝေခွဲရခက်သော အပြုံးနဲ့ အတူ မစ္စတာ ပက်ထရစ်ကို မင်္ဂလာဆောင်ဖိတ်စာပို့ရင်း အလုပ်မှနုတ်ထွက်လွှာလည်း တင် သွားပါတယ်။

ဇာတ်ပေါင်းသော် မစ္စတာပက်ထရစ်သည်

- မာဖလာလေးတစ်ခုလက်ဆောင်ရ၏ ။

- မျက်စောင်းလှလှလေးများ ကြိမ်ဖန်များ စွာ ထိုးခံရ၏ ။

- နွဲ့ဆိုးဆိုးတာခံရ၏ ။ ရင်ခုန်သွား၏ ။

- ရာထူးတိုးကိစ္စတစ်ခုမှာ မျက်နှာလိုက်မိ၏ ။

ရှမီးလားဒေဝီသည်

- ဘန်ကောက်က ချောကလစ်နှင့် ဈေးထဲကကွက်ကီးမုန့်လက်ဆောင် ရ၏ ။

- မျက်နှာလိုက်ခံရပြီး ရာထူးတိုး၏ ။

- မူလ INGO က နုတ်ထွက်ပြီး INGO အသစ်တွင် အရာရှိရာထူး ရသွား၏ ။

- မစ္စတာပက်ထရစ်ကိုလှည့်စားလိုက်ရ၍ ပျော်ရွှင်မိ၏ ။

နိဂုံး

မစ္စာပက်ထရစ်သည် မိမိ၏ ရည်စားစားကို ရှီမီလားဒေဝီက အင်တာနက်ပေါ်တင်မှာ လန့်နေပြီး တစ်လလောက်အိပ်မပျော်ပါ။ သို့သော် ရှမီးလားက ဒီလိုမလုပ်၍ ကျေးဇူးတင်ရပါ၏ ။

သင်ခန်းစာ

ရေလာမြောင်းပေးလုပ်တိုင်း ရည်စားစာမရေး သင့်ပါ။ ရေလာ မြောင်းပေးလုပ်တယ်ဆိုတာ မိန်းကလေးတချို့၏ ဗျူဟာတစ်ခုသာ ဖြစ်ပါ၏ ။ အရာရှိမန်နေဂျာကြီးများ သတိပြုရန်လိုသည်ဟုဆိုပါကြောင်း။

ဖြေရှင်းချက်

ဤဆေးပါး၏ ဇာတ်လိုက် INGO အရာရှိ မစ္စတာပက်ထရစ် (နာမည် လွှဲ)သည် စာရေး သူဒေါက်တာထွန်းဝင်း (ကိုယ်တိုင်)လုံးဝ (လုံးဝ)မဟုတ်ရပါ။ မစ္စတာပက်ထရစ်နှင့် ဒေါက်တာထွန်ဝင်းတို့သည် သီးခြားတစ်ဦးစီး ဖြစ်ပါကြောင်း။

၅။ အခန်းဝဝလိုချင်သူ

တစ်ခါတုန်းက မြန်မာနိုင်ငံတွင် အလုပ်လုပ်သော NGO တစ်ခုတွင် ဂျပန်နိုင်ငံသား မစ္စတာအိဆု ဆိုသူအလုပ်လာလုပ်သည်။ သူ၏ လက်အောက်၌ မြန်မာအရာရှိတွေ အလုပ်လုပ်ကြပါသည်။ မစ္စတာ အိစုသည် အသက်(၃၅)နှစ် ရှိပြီး သဘောကောင်းသည်။ ပြုံးပြုံး၊ပြုံးပြုံး နဲ့ နေတတ်သည်။ သူသည်ရုံးတက်သော အခါ အခြားနိုင်ငံခြားသား ကဲ့သို့ ဘောင်းဘီရှည်၊ လည်စည်း(နက်ကတိုင်)ဝတ်လေ့မရှိဘဲ ရခိုင် ပုဆိုးနဲ့ တိုက်ပုံဝတ်သည် မြန်မာစကားကိုသင်ယူနေတယ်လို့ဆိုပါ တယ်။ သူကိုအစည်းအဝေး၌ မြန်မာတွေ က ဂွတ်ဒ်မောနင်း၊ (ကောင်းသော နံနက်ခင်းပါ)လို့နှုတ်ဆက်ရင် သူကပြုံး၍ မင်းဂလားဘား (မင်္ဂလာပါ)ဟု မြန်မာလိုပြန်ပြောရာ လုပ်ဖော်ကိုင်ဖက်တွေ ပြုံးကြရသည်။

တစ်နေတော့ မစ္စတာအိဆုနှင့် မြန်မာအရာရှိအချို့ ပုဂံ ရှေးဟောင်းမြို့တော် ကို ခရီးထွက်သည်။ အိဆုက မြန်မာစကားတတ် ကြောင်း သိပ်ကြွားချင်နေသည်။ ပုဂံမြို့က ဟိုတယ်ကိုရောက်တော့ အိဆုက သူများ ထက် ဦးအောင်ကားပေါ်ကခုန်ဆင်းပြီး ဟိုတယ်ဧည့် ကြိုစာရေး မလေးတွေ ကို မြန်မာလိုဒီလိုပြောပါတယ်။

''အခန်း ဝဝ လိုချင်တယ်၊ အခန်း ဝဝလေးပေးပါ'' ဟိုတယ် စာရေး မလေးတွေ ပထမတော့နားလည်ပါ။ နောက်တော့မှ အခန်း ကျယ်ကျယ်လိုချင်တာကိုပြောတာ ဖြစ်မယ်ဆိုတာ ရိပ်မိတယ်။ ဒီတော့ အခန်းကျယ်ကျယ်ပေးပြီး ဒီလိုပြောလိုက်ပါတယ်။

''အခန်းဝဝလို့ မပြောရဘူး။ အခန်းကျယ်ကျယ်လို့ပြောရ တယ်''ဟုဆိုပါတယ်။ ဒီတော့ မြန်မာဘာသာကိုသိပ်ပြီး စိတ်ဝင်စား နေတဲ့ အီဆုက ချက်ခြင်းဘဲမှတ်စုစာအုပ်ကိုထုတ်ပြီး ''ဝဝဆိုတာ ကျယ်ကျယ် ဖြစ်တယ်''လို့ မှတ်လိုက်ပါတယ်။

ဒီလိုနဲ့ နောင်(၂)လလောက်ကြာတော့ မစ္စတာအိဆုကိုအစည်း အဝေးလုပ်ကြပါတယ်။ အဲဒီ မှာ မစ္စတာအိဆုနဲ့ အခြားမြန်မာအရာရှိ တွေ ရောက်နေကြပြီး ရပ်ဝေးက အစည်းအဝေးလာတတ်တဲ့ ဒေါ်တင်တင် ဆိုတဲ့အရာရှိမကြီးရောက်မလာသေးဘဲ တော် တော် ကြာမှရောက်လာ ပါတယ်။ ဒေါ်တင်တင်က အသက်(၄ဝ)နှစ် အရာရှိမကြီး အပျိုကြီး ချောချော ဖြစ်ပါတယ်။ အပျိုကြီး ဒေါ်တင်တင်ဟာ အိနြေ္ဒကြီးတဲ့အပျို ကြီးပါ။

ဒေါ်တင်တင်ဟာ အစည်းအဝေးခန်းထဲကိုရောက်လာပါ တယ်။ မတွေ့ ရတာ ကြာပြီ ဖြစ်တဲ့ ဒေါ်တင်တင်ဟာ လှလို့ဝလို့ ဖြစ် နေပါတယ်။ အလှပြင်နေလို့ နောက်ကျတာပါ။ အပျိုကြီးဒေါ်တင်တင် ဟာ စိတ်ချမ်းသာလို့လားမသိဘူး၊ နဲနဲဝလာပါတယ်။ အစည်းဝေးခန်း ကိုရောက်တော့ ဒေါ်တင်တင်က မစ္စအိဆုကို (ဟဲလို..ဂွတ်ဒ်မောနင်း အိဆု)ဆိုပြီး ဘိုလိုနှုတ်ဆက်တယ်။ ဒေါ်တင်တင်နဲနဲဝလာတာကို အိဆု ကသတိထားမိတယ်။ ဒီတော့ ပြန်လည်နှုတ်ဆက်လိုက်ပုံက

''ဟေ့ တင်တင်...မင်းဒီတခေါက်နဲနဲကျယ်လာပါလား''ဟု မြန်မာစကားနဲ့ နှုတ်ခွန်းခဆက်သလိုက်ပါကြောင်း . . .။

ဤကိစ္စ၌ သင်ခန်းစာယူရန်

တကယ်တော့ မစ္စတာအိဆုက ဒေါ်တင်တင်ကိုဝလာပါလား လို့နှုတ်ဆက်ချင်တာပါ။ ကျယ်လာပါလားလို့ နှုတ်ဆက်မိတယ်။ ဒီတော့ ဒေါ်တင်တင်ရဲ့ မျက်စိနဲ့ ပါးစပ်တို့ကျယ်လာသလိုလို အဓိကပ္ပါယ်ပေါက်ကုန်တော့ တစ်လွဲအဓိပ္ပါယ် ဖြစ်ပါတယ်။ ရယ်စရာ ဒါဟာဘာလဲဆိုတော့ ဗမာစကားကို နဲနဲဘဲတတ်တော့ တတ်ယောင် ကား ဖြစ်တာပေါ့။

ဒါကြောင့် တတ်ယောင်ကား ဗဟုသုတစာ ကြောက်စရာ ကောင်းတယ်လို့ဆိုချင်တယ်။

“A LITTLE KNOWLEDGE IS A DANGEROUS THING” ရယ်လို့စကားပုံရှိပါတယ်။

***


၆။ လူမိခံလိုက်သော ကျွန်တော် ၏ ရည်းစားစာများ

ကျွန်တော့် ဘိုးဘိုး သေတော့ကျန်ခဲ့သည့် ထူးဆန်းသော ပစ္စည်း

လွတ်လပ်ရေး ရခါစက ကျွန်တော့် ဘိုးဘိုးဟာ နိုင်ငံ့ဝန်ထမ်းပါ။ ဘိုးဘိုး ဟာ နိုင်ငံ တစ်ဝန်း ကုန်သည်၊ လုပ်ငန်းရှင်တွေ ဆီက အမြတ်တော် ခွန် ကောက်ဖို့ တာဝန်ရှိသူ တစ်ယောက် ဖြစ်လို့ သူသာလာဘ်စားပြီး ကုန်သည်ဆွေဆီ က ပိုက်ဆံတောင်းရင်း ဘိုးဘိုးဟာ ဧရာမသူဋ္ဌေးကြီး ဖြစ်မှာ ပါ။ ဒါပေမဲ့ လခကလွဲလို့ ဘာမှမယူခဲ့ဘူး။ ဘိုးဘိုးရဲ့ အိပ်ခန်းထဲ မှာ သံသေတ္တာ ကြီးတစ်လုံးရှိတယ်။ အဲဒီ သံသေတ္တာကြီးကို ဘိုးဘိုး တစ်ယောက် က လွဲလို့မဖွင့်ရဘူး။ ဘွားဘွားကလည်း စပ်စပ်စုစုမိန်းမသား မဟုတ်လို့ မဖွင့်ဘူး။ တကယ်လို့များ တစ်ယောက် ယောက် က အထင်လွဲမယ် ဆိုပါတော့။ အရာရှိ တစ်ယောက် လာဘ်စားလို့ရတဲ့ ရွှေငွေရတနာတွေ ကို အဲဒီ သေတ္တာထဲမှာ ဝှက်ထားလိမ့်မယ်လို့ထင်ရင် စိတ်မဆိုးပါဘူး။ ဒါပေမဲ့ ရှင်းပြစရာတော့ရှိတယ်။ တစ်နေတော့ သင်္ခါရ သဘောတရားအရ ဘိုးဘိုးအနိစ္စရောက်ပါတယ်။ ဒီတော့ ဘိုးဘိုးရဲ့ ကျန်ခဲ့တဲ့ သေတ္တာကြီးကိုဘွားဘွားက ဖွင့်လိုက်တယ်။ အဲဒီ အခါ ဘွားဘွားဟာ မျက်လုံးတွေ ဝိုင်းသွားအောင် အံ့သြသွားတော့သည်။

ကဲ စာရှုသူများ ခင်ဗျာ . . ဘာတွေ ရှိမယ်ထင်ပါသလဲ။ ဘိုးဘိုး ရဲ့ ပညာအရည်အချင်း ကတော့ ဘီအေအက် ဖြစ်ပါတယ်။ ဘိုးဘိုးဟာ အင်္ဂလိပ်ခေတ် တက္ကသိုလ်ကျောင်းသား၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်၊ ဘိုးဘိုးဆယ်ကျော်သက်ဘဝက တက္ကသိုလ်မှာ ရည်စားတွေ ရှိတယ်။ အဲဒီ တုန်းက ရည်စားစာတွေ ကို ဘိုးဘိုးက သံသေတ္တာထဲမှာ သိမ်းထား တာပါ။

ဘွားဘွားမဟုတ်တဲ့ တခြားမိန်းကလေး တော် တော် များများ နဲ့ လည်း ဘိုးဘိုးက ရည်စား ဖြစ်ဖူးတာကိုး။ အဲဒီ တုန်းက ရည်စားစာကို ဘွားဘွားနဲ့ အိမ်ထောင်ပြုချိန်မှာ ဘိုးဘိုးက မဖျက်ဆီးဘဲသိမ်းထားပါ တယ်။

ကောက်ချက်ဆွဲရရင်တော့ ဘိုးဘိုးက ဘွားဘွားကိုပေးဆပ် ဖို့အချစ်ကြွေးတင်ရှိပါတယ်။ ဘိုးဘိုးဟာ တက္ကသိုလ်မှာ နှလုံးသား အရှုပ်အရှင်းနည်းနည်း ရှိခဲ့တယ်။ အဲဒါကို ဖွားဖွားကမိသွား ဖြစ်ပါတယ်။

ကျွန်တော် တွင် ဝှက်ထားမိသော ပစ္စည်းတစ်ထုပ်တော့ရှိဖူးပါ၏ ။

ကျွန်တော် သုံးကြိမ်လက်ထပ်ခဲ့ဖူးပြီး ဇနီးသုံးယောက် ရခဲ့ဖူး ပါတယ်။ စာရှုသူတို့ရုတ်တရက် အထင်မကြီးစေချင်ပါ။ (အဲ... ယောင်လို့ပါ) အထင်မသေးစေချင်ပါ။ ပထမဇနီးနဲ့ ကွဲ၊ ဒုတိယဇနီးက အနိစ္စရောက်ပြီး ယခုတတိယဇနီးနဲ့ နေထိုင်ပါတယ်။ တစ်ပင်လဲမှ တစ်ပင်ထူတာ ဖြစ်ပါတယ်။

ဒါပေမဲ့ထားဖူးတဲ့ ရည်စားကသုံးယောက် မကပါ ခင်ဗျာ။ ကျွန်တော် ၁၅ နှစ် သားလောက်တုန်းက မိန်းကလေးတွေ ကို ရည်းစား စာပေးတော့ မိတ္တူလေးတွေ ကူးထားဖူးတယ်။ သူတို့ကပြန်ပေးတဲ့ ရည်စားစာတွေ ၊ ဓာတ်ပုံတွေ ၊ ပို့စ်ကတ်တွေ ကို ကျွန်တော် သိမ်းထား ပါတယ်။ အရင် ဇနီးနှစ် ယောက် လက်ထက်က အဲဒီ ရည်စားစာတွေ ကို ဝှက်ရတာ လွယ်ပေမဲ့ တတိယဇနီးနဲ့ ကျတော့ ပြဿနာပေါ်ပါတော့ တယ်။ ကျွန်တော့် လက်ရှိဇနီးက တစ်ချိန်က မကွေးတိုင်း ၂၁ မြို့နယ် ကာယအလှမယ်ပြိုင်ပွဲမှာ ဒုတိယရဖူးသူပါ။ သူမက လှသလောက် မာနမကြီးပေမဲ့ သဝန်တိုပါတယ်။ သူမက ကျွန်တော် ရဲ့ အရင်ရည်းစား ဟောင်းပုံတွေ ရှိရင် ဖျက်ဆီးပစ်ဖို့ ရာဇသံပေးဖူးလို့ ကျွန်တော် ဟာ ဆယ်ကျော်သက် ဘဝလောက်ကတည်းက နှစ် ၃ဝလောက်ကြာအောင် သိမ်းခဲ့ရတဲ့ ရည်းစားစာတွေ ကို ဘယ်မှာ ဝှက်ရမလဲ ဦးနှောက်ခြောက်ရ ပါတော့တယ်။ နောက်တော့မှ အကြံရပါတယ်။ ကျွန်တော် INGO မြို့နယ်ရုံးမှာ အလုပ်လုပ်တုန်းက ကျွန်တော့် ရုံးခန်း ဗီရိုထဲမှာ ဝှက်ထား ဖို့ဆုံးဖြတ်ပြီး ဝှက်ထားလိုက်ပါတယ်။ ရုံးအဖွဲ့ကို ကျွန်တော် က ဒီလို ပြောခဲ့တယ်။ ''ဟေ့ ... ငါ့ရုံးခန်းထဲက ဗီရိုကို ဘယ်သူမှမဖွင့်ရဘူး။ ဖွင့်ရင် ငါနဲ့ အတွေ့ ပဲ''လို့ ပြောလို့ ဘယ်သူမှ မဖွင့်ရဲကြဘူး။

တစ်နေ့တော့ ကျွန်တော် မော်တော် ဆိုင်ကယ်တစ်စီးနဲ့ ရွာတွေ ဆီ ရုံးကိစ္စနဲ့ ခရီးထွက်ပါတယ်။ အဲဒီ နေ့မှာ ရုံးတည်ရှိရာ ရပ်ကွက် မှာ မီးလောင်ပါတယ်။ ရုံးအဖွဲ့က ရုံးကို မီးကူးစက်မှာ စိုးလို့ အရေး ကြီးတဲ့ ကွန်ပျူတာ၊ ပရင်တာထုပ်ပိုးကြပါတယ်။ ဒါပေမဲ့ သူတို့မဖွင့်ရဲ တာက ကျွန်တော့် ရုံးခန်းထဲက ဗီရိုကြီးပါ။ အဲဒီ အချိန်မှာ ကျွန်တော့်  ဇနီးက အနီးအနားရပ်ကွက်မှာ ကိုယ်ပိုင်ဈေးဆိုင်ဖွင့်နေပါတယ်။ ကျွန်တော့် တပည့်တွေ က ကျွန်တော့် ဇနီးဆိုင်ပြေးကြပြီး ဒီလိုပြောပါတယ်။

''အစ်မရေ ... ကယ်ပါဦး''

ဇနီးကလည်း ''ဘာများ လဲ''လို့မေးတဲ့အခါ သူတို့ကရုံးနားမှာ မီးလောင်နေတယ်။ ပစ္စည်းရွှေ့ဖို့ ဆရာဦးထွန်းဝင်းဗီရိုကို ကျွန်တော် တို့မဖွင့်ရဲဘူး။ အစ်မလိုက်ဖွင့်ပေးပါဆိုလို့ ကျွန်တော့် ဇနီးလည်းစိုးရိမ် စိတ်နဲ့ ရုံးကို လိုက်လာပြီး ကျွန်တော် ဗီရိုကို ဖွင့်လိုက်တယ်။ အဲဒီ အခါ လွန်ခဲ့တဲ့နှစ် ၃ဝ လောက်က ကျွန်တော် ရေး ခဲ့တဲ့ ရည်စားစာတွေ ၊ မိန်းကလေးတို့ဆီက ပြန်စာ၊ ဓာတ်ပုံစတာတွေ ကို အမိခံလိုက်ရပါ တယ်။ ကျွန်တော့် ဘိုးဘိုးက သေပြီးမှ ရည်စားစာ မိတာပါ။ ကျွန်တော် ကတော့ အရှင်လတ်လတ်အမိခံလိုက်ရတယ်။ ဒါနဲ့ အဲဒီ အထုပ် ဖျက်ဆီးခံလိုက်ပါတော့တယ်။

ဖိုးဖိုးရဲ့ ရည်စားတွေ ကို ဖွားဖွားမိတော့ ဖိုးဖိုးကကွယ်လွန်ပြီး ဖြစ်လို့ ဖွားဖွားခမြာ ဖိုးဖိုးကိုရန်တွေ့ လို့မရတော့ပါဘူး။ ကျွန်တော် ရဲ့ ရည်းစားတွေ ကို ကျွန်တော် ဇနီးက မိလိုက်တော့ ကျွန်တော် ရန်တွေ့ တာ ကို တော် တော် ခံလိုက်ရလို့ ဒီနေရာ မှာ ဖိုးဖိုးလောက် ကျွန်တော် ကံမကောင်းဘူးလို့ ထင်မိတယ်လို့ ဆိုချင်ပါကြောင်း။

သင်ခန်းစာ

တကယ်တော့ ငယ်ငယ်တုန်းက ရည်းစားစာတွကိုသိမ်းထား တယ်ဆိုတာ အလုပ်ရှုပ်တာပါဘဲ။



ဝန်ဇင်းချစ်သူများ ဒေါက်တာ ထွန်းဝင်း ၏ “ ကျွန်တော်၏ လူမိသွားသော ရည်းစားစာများ နှင့် အခြားဟာသပုံပြင်များ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


၃၈ ဖြာမင်္ဂလာဖြင့် လောကကြီးကို စီမံခန့်ခွဲခြင်း ဗျူဟာများ

ကတိသစ္စာကိုတန်ဖိုးထားသော အဖော်အချွတ် မိန်းမသားတစ်ဦးအကြောင်းနှင့် ဖိုမပြဿနာဖြေရှင်းချက်များ

နှစ်ဖက်ချွန် ဘက်စုံချွန်လိင်တို့အကြောင်းနှင့် အခြားဖိုမဆေးပညာ ဆောင်းပါးများ