Cover

စာရေး သူ၏ အမှာ

ဤစာအုပ်ကို ရေး သားရာတွင် စီမံကိန်းနှင့် စပ်လျဉ်း၍ လုံးဝအထိအတွေ့  မရှိဘူးသော အစိမ်းသက်သက် စာရှုသူများ နားလည်ရန် အလွယ်ကူဆုံး ဖြစ်အောင် ရေး သားခဲ့ပါသည်။

ဤစာအုပ်သည် စီမံကိန်းဘာသာရပ်အတွက် ပြီးပြည်စုံသော (PERFECT) အရအတခုမဟုတ်ပါ။ နားလည်လွယ်ရန် ဦးစားပေးခဲ့၍ ခက်ခဲသော အပိုင်းများ မပါဝင်ခဲ့ပါ။ ဤစာအုပ်သည် အလွန်လှပသော အိမ်တဆောင်နှင့် သဏ္ဍာန်မတူပါ။ ခိုင်ခဲ့သော အုတ်မြစ် (ဖောင်ဒေးရှင်း)နှင့်သာ သဏ္ဍာန်တူပါ၏ ။ ဤ အုတ်မြစ်ပေါ်၌ မိမိနှစ်သက် ရာ အိမ်ဆောက်နိုင်ပါသည်။ ဤ အုတ်မြစ်ကို ခုတုံးသဖွယ်နင်း၍ ပိုမို မြင့်မားသော အရာကို လက်လှမ်းနိုင်ပါသည်။ အခြေခံကို နားလည်လျှင် အဆင့်မြင့် စီမံကိန်းပညာများ ကို ဆက်လက်လေ့လာရန် လွယ်ကူ သွားပါပြီဟု ဆိုချင်ပါကြောင်း ။

ဒေါက်တာ ထွန်းဝင်း

***

Cover
Cover
Cover
Cover
Cover
Cover

၁။စီမံကိန်းဆိုသည်မှာ လိုအပ်မှသာ လုပ်ပါမည်
(HR JOURNAL 30.9.2011)

ကျွန်တော် သည် ရန်ကုန်မြို့တွင် HR နှင့် Management သင်တန်းပို့ချနေရာ အချို့ တပည့်များ သည် ပညာလိုချင်သူ Active Learner များ ဖြစ်ကြပါ၏ ။ ကျွန်တော် သည် INGO နှင့် UN စီမံကိန်းတို့တွင် (၁၀) နှစ် တာဝန် ထမ်းဆောင်ဖူးကြောင်း သူတို့ သိကြပါ၏ ။ ကျွန်တော် ကလည်း HR သင်တန်းပြီးခါနီး တွင် တပည့်တို့အား ‘မေးချင်တာရှိရင် မေးကြပါ အားမနာနှင့် ဘာမဆိုမေးနိုင်ပါတယ် တတ်သလောက်တော့ ဖြေပါ့မယ်’ဟု Question တွေ မေးနိုင်ရန် Open ဖွင့်ပေးမိ၏ ။ ထိုအခါတပည့်တစ်ဦးက ‘HR နဲ့မဆိုင်တဲ့ မေးခွန်းလေး မေးနိုင်မလား’ဟု ဆိုပါ၏ ။ ကျွန်တော် က မေးနိုင်ပါတယ် ပြောတော့ သူက

‘ Health Project Design တစ်ခုလောက်ဆွဲပြပါ ဆရာ’ ဟုဆိုလာပါသည်။ ထိုအခါ ကျွန်တော် က

>>>     ဘယ်မှာ (ဘယ်မြို့နယ်)မှာ Projecgt လုပ်ချင်တာလဲ။ (Where…?)

>>>     ကျန်းမာရေး စီမံကိန်းဆိုရာမှာ ဘယ်လိုအမျိုးအစားလဲ။ ဥပမာ TB လား ၊ ငှက်ဖျားလား။ (Which…..?)

>>>     ဘာကြောင့် စီမံကိန်းဆိုတာ လုပ်ရမှာ လဲ ။ (Why…?)

>>>     ဘယ်တော့လုပ်မှာ လဲ။ (When…..?)

ဟုမေးခွန်းများ ကို ပြန်မေးတော့ သူက မသိပါဘူး ဆရာ။ Project Document တစ်ခုကို ဖတ်ကြည့်ချင်တာ ပါဟု ဖြေပါသည်။

ဖွံဖြိုးဆဲ နိုင်ငံများ တွင် Project ဆိုသည်မှာ အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်လာပါပြီ

ဖွံဖြိုးမှု နောက်ကျနေသော နိုင်ငံအများ စုတွင် လူတစ်ဦးချင်း၏ တနေ့ဝင်ငွေမှာ နည်းပါ၏ ။ နိုင်ငံ့ဝန်ထမ်း ကုမ္ပဏီဝန်ထမ်းတို့သည် ရာထူးငယ်ပါက လခနှင့် လောက်ငှရန် ခဲယဉ်းပါလိမ့်မည် ။ INGO အပြည်ပြည်ဆိုင်ရာ စီမံကိန်းဝန်ထမ်းတို့အဖို့မှာ မူကား နိုင်ငံခြားက ချမ်းသာသော နိုင်ငံများ က ငွေပို့ပေး တာ ဖြစ်၍ သိပ်ပြီး အများ ကြီး မဟုတ်တောင် ဒေသခံ အဖွဲ့အစည်း ၀န်ထမ်းနှင့်စာလျှင်တော့ ဖူဖူလုံလုံ ရှိနိုင်ပါသည်။ ဒီတော့ INGOတွင် ၀န်ထမ်းလုပ်၍ ၄င်း ပြည်တွင် NGO ထူထောင်၍ နိုင်ငံခြားငွေ အလှူခံပြီး Project လုပ်ခြင်းသည်၎င်း အသက်မွေးဝမ်းကျောင်းတစ်ခုသဖွယ် ဖြစ်လာပါ၏ ။ ထိုအခါ Project လုပ်ရ တော့မည် ဖြစ်ရာ Project ဟူသည် အဓိက ကတော့ မိမိအသက်မွေးဝမ်းကျောင်းအတွက် ဒုတိယ ဖြစ်ပြီး လိုအပ်လို့လုပ်ခြင်းသည် ပထမ ဖြစ်၏ ။ မလိုလျှင် Project လုပ်၍ မရပါ။

Project ဘာကြောင့်လိုတာလဲ

Project Activity ဘာကြောင့်လိုတာလဲ မရေး မီ Regular Activity အကြောင်းရေး မှ ပြည့်စုံမည် ။ ဥပမာ - Health Project ဟူသည် လိုသည် ဖြစ်စေ၊ မလိုသည် ဖြစ်စေ Regular Activity ဆိုတာ ကတော့ အမြဲတစေ ထာဝရ ရှိနေပါ၏ ။ အဲဒါက ဘာလဲဆိုရင် ပုံမှန်ကျန်းမာရေး လုပ်ငန်းတွေ ကို လုပ်နေသူတို့မှာ ကျန်းမာရေး ဦးစီးဌာန မြို့နယ်ဆရာဝန် ကျန်းမာရေး မှူး စသည်တို့ ဖြစ်၏ ။

သို့ သော် ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် ပုံမှန်ကျန်းမာရေး လုပ်ငန်းသည် လူအားငွေအား မပြည့်စုံ၍ ရောဂါ ဖြစ်ပွားနှုန်း အသေအပျောက်နှုန်းများ ပါက ပြဿနာ Problem ဖြစ်၏ ။ ၎င်း Problem ကို ဒေသခံနိုင်ငံ၏ ဘတ်ဂျက်အင်အား လူအင်အားနှင့်ဖြေရှင်းရာ၌ ပို၍ မြန်ဆန်စေရန်ကူညီနေတာနဲ့ ဖြစ်သင့်တာ ကွာဟ ချက်ကို ပြဿနာ Problem ဟုခေါ်၏ ။

Cover

အထက်ပါ အခြေအနေမျိုးတွင် ယင်လုံအိမ်သာ စီမံချက် (Project) လုပ်နိုင်ပါသည်။ ထိုအခါ စီမံကိန်းအစတွင် ယင်လုံအိမ်သာသုံးစွဲနှုန်း ၃၀ရာခိုင်နှုန်း ရှိမည် ဖြစ်ပြီး စီမံကိန်းပြီးရင် ယင်လုံအိမ်သာသုံးစွဲ နှုန်း ၁၀၀ ရာခိုင်နှုန်း ဖြစ် သွားပါပြီ။

ယင်လုံအိမ်သာမသုံးစွဲသော အိမ် ၇၀ ရာခိုင်နှုန်းရှိသည်ဟူသော ပြဿနာ ပပျောက်သွားမည် ။ ဒီတော့ ၀င်ဒါမီယာလို ရပ်ကွက်မျိုး အင်းယားမြိုင်လို ရပ်ကွက်မျိုးမှာ ယင်လုံအိမ်သာစီမံချက် မလို၍ Project မလုပ်ရကြောင်း ကျွန်တော် က ရှင်းပြပါ၏ ။ ထိုအခါ တပည့်တစ်ဦးက မလိုဘဲသွားလုပ်ရင် ဘာ ဖြစ်တတ်သလဲ ဆရာဟု ဆိုပြန်ပါ၏ ။ ထိုအခါ ရောဂါ မရှိပဲ ဆေးသွားကုရင် ရောဂါ အသစ် ဖြစ်တတ် ကြောင်း Problem မရှိပဲ Project လုပ်ရင် New Problem ဖြစ်တတ်ကြောင်း ဥပမာ ရွာတစ်ရွာမှာ လူတစ် ယောက် ဟာ ရောဂါ မရှိပဲ ဒေါက်တာရမ်းကုကို ပင်နီစလင်ဆေးထိုးခိုင်းရင် တင်ပါးနာတတ်ပါ၏ ။ အဆင်မသင့်ပါက ပင်နီစလင် ထိုးဆေးနှင့်မတည့်ပဲ သေနိုင်ပါသည်။

တဖန် ကျွန်တော် ၏ တပည့်တစ်ဦး ကတော့ ဂျင်ဒါ (Gender) ခေါ် ကျားနှင့်မ လူမှု ရေး ကွဲပြားမှု ဆိုင်ရာသင်တန်းကို တက်ခဲ့ပြီး အမျိုးသမီးများ ဘ၀ကို မြှင့်တင်ရေး ကို အထူးစိတ်ဝင်စားသည်ဟု ဆိုပါ၏ ။ ဂျင်ဒါနှင့် ဆိုင်တဲ့ Project တစ်ခုလောက် ဒီဇိုင်းဆွဲပြပါဦးဆရာဟု ဆိုလာပါ၏ ။ ကျွန်တော် က Problem က ဘာလဲဆိုတော့ Problem ဆိုတာ ကျွန်တော် မသိလို့ ဆရာပဲ ရှင်းပြပါဦးဆရာဟု ဆိုပါ၏ ။

လူမှု အသိုင်းအ၀ိုင်းတစ်ခုမှာ အမျိုးသမီးတွေ နှိမ့်ချဆက်ဆံခြင်းခံရပြီး စိတ်ဆင်းရဲရမယ်ဆိုရင် Problem ဟုဆိုနိုင်ပါသည်။ ဒါပေမယ့် အမျိုးသမီးတွေ က ကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူနှင့် ယောင်္ကျားတွေ ကို ဦးစားပေးနေတာဆိုရင် Problem မဟုတ်ပြန်ဘူး။ ဥပမာ ကျွန်တော့် ရဲ့ အိမ်မှာ ကျွန်တော့် ဇနီးဟာ ကျွန်တော့်ကို အမြဲဦးစားပေးပါတယ်။ ကျွန်တော့်ကို ရိုသေတယ် ၊ နှိပ်နင်းပေးတယ်၊ သို့ သော် သူမနေမကောင်း၍ ကျွန်တော် က နှိပ်နင်းပေးမယ်ဆိုရင် လုံးဝ (လုံးဝ) လက်မခံပါဘူး။ သူမက လင်ယောင်္ကျားကို ဦးစားပေးရတဲ့ဘ၀ကို ကျေကျေနပ်နပ်လက်ခံတော့ Problem မဟုတ်ပါဘူး။ ကျွန်တော် တို့အိမ်မှာ Gender Project လုပ်၍ မရပါ။

မလိုအပ်တဲ့နေရာမှာ ပြုပြင်မှု လုပ်၍ မရကြောင်း ဥပမာ ပုံပြင်

ရှေးတုန်းက ရွာတစ်ရွာမှာ မောင်လှနှင့်မောင်မြဆိုသူ သူငယ်ချင်းနှစ် ယောက် ဟာ သိပ်ချစ်ကြတယ် သူတို့က ကတိစကားပြုကြသည်မှာ သူတို့နှစ် ယောက် ကွယ်လွန်ပြီးရင် တစ်ယောက် က မြင့်မြတ်တဲ့ဘုံကို ရောက်ပြီး နောက် တစ်ယောက် က နိမ့်ကျတဲ့ဘုံကိုရောက်နေရင် မြင့်တဲ့ပုဂ္ဂိုလ်က နိမ့်တဲ့ပုဂ္ဂိုလ်ကို လာကယ် ရမယ်လို့ ကတိပြုကြတယ်။ ဒီလိုနဲ့ လူ့ပြည်မှာ သက်တမ်းစေ့နေထိုင်ပြီး သူတို့နှစ် ယောက် ကွယ်လွန် အနိစ္စရောက်တော့ မောင်လှက နတ်ပြည်ရောက်ပြီး နတ်သား ဖြစ်ပြီး တဖက်မှာ နတ်သမီးငါးရာနှင့် ခံစားနေတယ် ။ မောင်မြ ကတော့ လူ့ပြည်ကအိမ်သာကျင်းတစ်ခုထဲမှာ မစင်ထဲက လောက်တစ်ကောင် ဖြစ်နေ တယ်။

မောင်လှက နတ်မျက်စိနှင့်ကြည့်တော သူ့ရဲ့ အလွန်ခင်တဲ့ သူငယ်ချင်းမောင်မြဟာ အိမ်သာကျင်းထဲက လောက် ဖြစ်နေတာကို သွားတွေ့ တယ်။ ဒီတော့ယခင်ဘ၀ ကတိစကားအတိုင်း မောင်မြကို ကယ်တင်၍ နတ်ပြည်သို့ ခေါ်ရန် ကြံစည်တယ်။ မောင်လှဟာ နတ်တို့ရဲ့ တန်ခိုးနဲ့ အိမ်သာကျင်းဘေးမှာ မတ်တတ်ရပ်ပြီး ကိုယ်ထင်ပြတော့ မောင်မြကလည်း သူ့သူငယ်ချင်းမောင်လှဆိုတာ မှတ်မိတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ် ယောက် စကားပြောကြတာ အောက်ပါအတိုင်း ဖြစ်၏ ။

မောင်မြ။     ။ မှတ်မိတယ်ကွ မင်းဘယ်ရောက်နေလဲ။

မောင်လှ။     ။ ငါအခု နတ်ပြည်ရောက်နေတယ်။ မင်းက မစင်ကျင်းထဲမှာ လောက် ဖြစ်တာတွေ့ တော့ ငါစိတ်မကောင်းဘူးကွာ။ အခုမင်းကို နတ်ပြည်ကို ငါနဲ့အတူလိုက်ဖို့ လာခေါ်တာ။ ဟိုရောက်ရင် မင်း နတ်သမီးလေးတွေ နဲ့ ခံစားရမယ်။

မောင်မြ။     ။ ဟေ. ဟုတ်လား။ ဒါနဲ့နေပါဦးကွ မင်းတို့နတ်ပြည်ဆိုတာ တော် တော် ပျော်ဖို့ကောင်းလို့ လား။

မောင်လှ။     ။ နတ်ပြည်က ပျော်စရာကွ။ နတ်ဘုံ နတ်နန်းတွေ အဆင့်ဆင့်ပဲ။ နေစရာ မပူရဘူး။ စားစရာ နတ်သုဒ္ဓါအဆင်သင့်ပဲ မပူရဘူး ။ အရိပ်အာဝါသ အတွက်လည်း မပူရဘူး။ နတ်သမီးတွေ နဲ့လည်း ခံစားရတယ်ကွ။

မောင်မြ။     ။ ဟေ.. ဒါဆိုရင် ငါအခုရောက်နေတဲ့ အိမ်သာကျင်းနဲ့ ဘာမှမထူးပါလားကွာ။ ငါက အိမ်သာကျင်းထဲမှာ နေစရာမပူရဘူး။ အချိန်တန်ရင် လူတွေ အီအီးပါလိုက် ရှုရှုးပေါက်လိုက်လုပ်တော့ ငါ့အဖို့စားဖို့သောက်ဖို့ ပူစရာမလိုဘူး။ အပေါ်မှာ အိမ်သာရှိတော့ အရိပ်အာဝါသလည်း ကောင်းတယ်။ ပြီးတော့ ငါ့ရဲ့ နံဘေးမှာ လည်း လောက်မလေးတွေ က ငါ့ကိုခြံရံထားတာပဲကွာ။ အိမ်သာကျင်းဟာ နတ်ပြည်နဲ့ တူသလိုလိုပဲကွာ။ ငါနတ်ပြည်မလိုက်တော့ဘူးဟု ဆိုပါ၏ ။ ဒီတော့ လောက်တစ်ကောင်က စိတ်ကျေနပ်လို့ နတ်ပြည်ကို တက်ရန်မလိုပါ။

ထို့ကြောင့် မလိုအပ်ရင် ပြုပြင်ပေးရန် မလိုပါ။

နိဂုံး

Project များ လုပ်ရန် Plan လုပ်သည့်အခါ လိုမှသာ လုပ်လေ့ရှိပြီး မလိုလျှင် မလုပ်ကြပါ။ လိုမလို သိလိုပါက ဆာဗေး (Survey) ခေါ် စစ်တမ်းများ စာရင်းဇယားများ ကောက်ယူနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

***

၂။ NGO ထူထောင်သူ ဖောင်ဒါတို့အကြောင်း
(HOT NEWS JOURNAL 10-16 Feb 2013)

ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံရေး တိုးတက်မှု ဖြစ်စဉ်များ ကြောင့် နိုင်ငံခြား အကူအညီများ တိုးတက်များ ပြားရန် အခွင့်အလမ်းများ တိုးလာရာ ပြည်တွင်း NGO တို့အတွက် အလှူငွေများ လည်း များ နိုင်ပါ၏ ။ မကြာခင်ကပင် မစ္စတာဆိုရော့ ဆိုသူ သူဌေးကြီးက မြန်မာနိုင်ငံအတွက် အလှူငွေအများ ကြီး ပေးရန်ရှိရာ ပြည်တွင်း၍ NGO ထူထောင်ပြီး မစ္စတာဆိုရော့ ၊ မစ္စတာဘီလ်ဂိတ်စသူတို့ထံ အလှူခံငွေ အဆိုပြုလွှာတင်ရန် စိတ်ကူးသူတို့လည်း ကူးနေကြပါသည်။

သို့ ပါ၍ ဤဆောင်းပါး ဖြစ်ပေါ်လာပါသည်။

တနေ့သ၌ ကျွန်တော် ၏ ဧည့်ခန်းသို့ အသက်(၄၀)ခန့် မျက်နှာစိမ်းအမျိုးသမီးတစ်ဦး ရောက်လာ ပါသည်။ ဆရာဒေါက်တာထွန်းဝင်းနဲ့ တွေ့ ချင်လို့ပါရှင့်။ ကြွပါ။ ဘာကိစ္စများ ရှိပါလဲ ။ မျက်နှာစိမ်းအမျိုး သမီးက ကျွန်မနံမည် တင်တင်သော် (နံမည် လွဲပါ) ကျွန်မက ပြည်တွင်း NGO လုပ်ငန်းထူထောင်ချင်လို့ပါ။ အဲဒါ NGO အကြောင်း နည်းနည်း မေးပါရစေပါ သို့ ဟု ဆိုလာသည်။ ကျွန်တော် သည် သူမကို NGO အတွေ့ အကြုံ ရှိလားလို့မေးတော့ ဘာအတွေ့ အကြုံမှ မရှိပါဘူးဟု ဆိုပါသည်။ ဒါကြောင့်လဲ ဆရာ့ကို မေးရအောင်လာတာပါဟု ဆိုပါသည်။

ဘာရည်ရွယ်ချက်နဲ့ NGO တည်ထောင်ချင်တာလဲလို့မေးတော့ သေသေချာချာတော့ မဖြေနိုင်ပါ ဘူး ။ သို့သော်လည်း တခြား NGO တွေ ကို စီမံကိန်း (Project) တွေ လုပ်ချင်တယ်ဟု ဆိုပါသည်။ သူမက NGO တည်ထောင်သူ Founder လုပ်မှာ ဆိုတော့ သူမကိုယ်ပိုင်ငွေ ဘယ်လောက်ထည့်ဝင်မှာ လဲ ဆိုတော့ သူမ ကတော့ မထည့်ဝင်နိုင်ဘူး တခြား NGO တွေ လိုပဲ အလှူခံခြင်း DONATION ရငွေနဲ့ လုပ်လိုပါသည် ဟု ဆိုပါသည်။ သို့ နှင့် ကျွန်တော် က ရှင်းပြရသည်မှာ အမေးရှိလျှင် အဖြေရှိမှာ ဖြစ်ကြောင်း သို့ သော် ကျွန်တော် ကတော့ NGO ပညာရှင်ကြီး မဟုတ်ရပါကြောင်း ၊ သို့ သော် NGO တွေ UN အေဂျင်စီတွေ မှာ အလုပ်လုပ်ဖူး၍ တတ်သလောက်တော့ ရှင်းပြနိုင်ပါတယ်.။ ဒါတွေ ဟာလည်း လျှို့ဝှက်စရာကိစ္စ ဘာမှ မရှိ ပါဘူး. ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံလုပ် မောင်းသူမဲ့သူလျှိုလေယာဉ် ထုတ်လုပ်ရေး နည်းပညာမျိုးမှ မဟုတ်တာ။ သို့ နှင့် ကျွန်တော် က ရှင်းပြခဲ့ရသည် ကတော့ NGO ဖောင်ဒါတွေ မှာ လူအမျိုးမျိုး စိတ်အထွေထွေရှိပါတယ်။ တစ်ယောက် နှင့် တစ်ယောက် မတူညီတဲ့ ရည်ရွယ်ချက်တွေ စိတ်သဏ္ဍာန်တွေ ရှိပါတယ်။ စိတ်သဏ္ဍာန်ပေါင်း ထောင်ညီရှိနိုင်ပါတယ်။ NGO ၀န်ထမ်းတွေ မှာ လည်း စိတ်သဏ္ဍာန်အမျိုးမျိုး ရှိနိုင်ရာ ၎င်းစိတ်သဏ္ဍာန်တို့ကို ခွဲခြမ်းစိတ်ဖြာခြင်း ANALYSIS လုပ်ပြလိုပါသည်။

ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကို အလကားကျောင်းပေးမယ့်လူမျိုး

အထက်ပါ လူစားမျိုး ကတော့ မိုက်ကရိုဆော့ကုမ္ပဏီသူဌေးကြီး ဘီလ်ဂိတ်လို လူမျိုး ဖြစ်ပါသည်။ သူက ကုမ္ပဏီသူဌေးပါ။ ကုမ္ပဏီလုပ်ငန်းလုပ်ရင်းနဲ့ ဒေါ်လာငါးဆယ်ဘီလီယံလောက် ချမ်းသာပါတယ်။ သူက ဒေါ်လာဘီလီယံလေးဆယ်ကို လှူပြီး ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်းကို ထူထောင်တယ်။ ပြီးတော့ လူမှု ရေး အကူအညီတွေ ပေးတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ဘီလ်ဂိတ်က ငွေတပြားမှ မရပါဘူး။ ဆံထုံးလည်းစိုက် ဆီလည်းစိုက် သဘောမျိုးပါ။ အပေးသာရှိပြီး ဘာမှပြန်မယူဘူး။ ရာနှုန်းပြည့်စေတနာလို့ ခေါ်သင့်ပါတယ်။

ဆင်ဖြူတော် ကို မှီ၍ ကြံစုပ်တယ်လို့ တချို့က ဆိုတယ် (သို့ သော်)သမာအာဇီဝ

လွန်ခဲ့သော (၂)နှစ် (၃)နှစ် ခန့်က စာရေး ဆရာကြီးတစ်ဦးက NGO တို့တွင် လုပ်သော ပုဂ္ဂိုလ်တို့က မျောက်ပြဆန်တောင်းတယ်ဆိုပြီး တင်စားရေး သားခဲ့တယ် . တကယ်တော့ ကျွန်တော် လည်း NGO တို့ UN တို့မှာ ဆယ်နှစ် ဆက်တိုက် လုပ်ခဲ့ဖူးတယ်။ NGO မှာ လုပ်တုန်းက လုပ်ဖော်ကိုင်ဖက်တွေ နှင့် တခါတရံ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ပြန်တွေ့ ကြတဲ့အခါ မျောက်ပြဆန်တောင်းတယ်လို့ အရေး ခံရတာ နဲ့ ပတ်သက်လို့ အချို့က ရှူးရှူးရှားရှား ဖြစ်ကြတယ်.။ကျွန်တော် ကတော့ ကြိတ်ပြီးဝမ်းသာနေပါတယ်.။ ဘာကြောင့် လဲဆိုတော့ NGO မှာ အလုပ်လုပ်ပြီး ရေသာခိုနေရင် ဆင်ဖြူတော် ကို မှီပြီး ကြံစုပ်နေသလို ဖြစ်နေမှာ ပါ.။ ရိုးသားကြိုးစားမယ်ဆိုရင်တော့ အလုပ်လုပ်ပြီး ထမင်းစားတာ ဖြစ်၍ သမာအာဇီဝလို့ ဆိုနိုင် ပါတယ် ။ ထောက်ပြခြင်းခံရတယ်ဆိုရင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခွင့်ရလို့ ကျေးဇူးတင်ဝမ်းသာသင့် ပါတယ်။

ဖောင်ဒါတို့ မန်ဘာတို့ဆိုတာ ၀န်ထမ်းမဟုတ်ဘူး

အသင်းတည်ထောင်သူတို့ အသင်းဝင်သူတို့ဟာ ၀န်ထမ်းမဟုတ်၍ လခမယူသင့်ပါဘူး ။ အသင်း ရုံးတည်ထောင်မယ် ရုံးအဖွဲ့ဖွဲ့မယ် ၀န်ထမ်းခန့်မယ် စီမံကိန်းလုပ်မယ် စီမံကိန်းဝန်ထမ်းခန့်မယ်ဆိုရင်တော့ ၀န်ထမ်းဟာ လခယူသင့်တယ်။ ဘာကြောင့်လဲ သူတို့ဟာ စားဝတ်နေရေး အတွက် အလုပ်လုပ်တာပါ။ ဖောင်ဒါတွေ မဟုတ်ဘူး။ ၀န်ထမ်းဟာ ပေါ်လစီချတဲ့အထဲမှာ မပါဘူး။ ခိုင်းတာကို အကောင်အထည်ဖော် တဲ့အထဲမှာ ပဲ ပါတယ်။ သူတို့ဟာ ရိုးသားကြိုးစားမယ်ဆိုရင် ဆင်ဖြူတော် ကိုမှီပြီး ကြံစုပ်သူတွေ မဟုတ် တော့ဘူး။ တိုက်ဆင်စီးတဲ့ သူရဲကောင်းတွေ ဖြစ်တယ်။

ဖောင်ဒါတွေ မန်ဘာတွေ ဟာ မိမိအိတ်ထဲက ပိုက်ဆံစိုက်ပြီး NGO ထောင်မယ်။ မိမိက အလှူရှင် လုပ်မယ်ဆိုရင်တော့ ဘီလ်ဂိတ်တို့လို ဆံထိုးလည်းစိုက် လူလည်းစိုက်တဲ့ လူမျိုးတွေ ပါ။ ချီးကျူးစရာပါ။

ဖောင်ဒါတို့၏ သမိုင်းကြောင်းအမျိုးမျိုးနှင့် ဖောင်ဒေးရှင်းထူထောင်ခြင်း၏ ရည်ရွယ်ချက် ဥပမာများ

ဥပမာ (၁)

တစ်ခါက ချမ်းသာပြီး စိတ်ရင်းကောင်းသော ဘဘကြီးတစ်ဦးမှာ တစ်ဦးတည်းသော သမီးလေး ရှိတယ်။ ၎င်းသမီးလေးဟာ တစ်နေ့မှာ ကင်ဆာဝေဒနာ ခံစားရတယ်။ ရောဂါ ရဲ့ ဒုက္ခကို ခံစားပြီး အနိစ္စ ရောက်ပါတယ်. ။ ဒီတော့ ဖခင် ဖြစ်သူက ကြီးစွာ သော ၀မ်းနည်းမှု ကို ခံစားရတယ်။ ဒီတော့ တခြားကင်ဆာ ဝေဒနာရှင်တွေ ကို ကိုယ်ချင်းစာပြီး ကင်ဆာဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ပါတယ်။ မိမိပိုင်ဆိုင်တဲ့ ငွေကြေးတွေ နဲ့ စတင်မတည် အုတ်မြစ်ချတယ်။ နောက်ပိုင်းမှာ ၎င်းကင်ဆာဖောင်ဒေးရှင်းဟာ ကြီးထွားလာပါတယ်။

ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက် ကတော့ ကင်ဆာဝေဒနာရှင်တွေ ဟာ သူတို့ရဲ့ ကျန်တဲ့ဘ၀ သက်တမ်းမှာ သက်တောင့်သက်သာနဲ့ ဘ၀ကို ကုန်လွန်ဖို့ပါပဲ။

ဥပမာ (၂)

တစ်ခါက ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦးဟာ ဆေးရုံတက်တယ်။ ဆေးရုံပေါ်မှာ ရတဲ့ အတွေ့ အကြုံ တစ်ခု ကတော့ လူနာဖွားဖွားလေး တစ်ယောက် ဟာ ရောဂါ ကျွမ်းနေပြီ။ ဆရာဝန်က မရတော့ဘူး ။ လူနာကို ပြန်ခေါ်သွားဖို့ လူနာကိုပြောတယ်။ လူနာရှင်တွေ က မသာချစရာ စရိတ်မရှိလို့ လူနာကို ထားခဲ့ပြီး ဆေးရုံက ထွက်ပြေးကြတယ်။ ဒီတော့ ရုပ်ရှင်ဒါရိုက်တာကြီးက ကရုဏာခံစားချက် ဖြစ်တယ်။ သူက ဒီလို လူမျိုးတွေ အတွက် ကျယ်ကျယ်ပြန့်ပြန့်ကူညီချင်တယ်။ ဒီတော့သူက နာရေး ကူညီမှု အသင်းတစ်ခုကို ထူထောင်ပါတယ်။ သူရဲ့ ကိုယ်ပိုင်ငွေနဲ့ မတည်တယ်။ ရည်ရွယ်ချက် ကတော့ မသာရှင်တွေ စိတ်သက် သက်သာသာနဲ့ အသုဘကိစ္စပြီးမြောက်ဖို့ပါ။

ဥပမာ (၃)

အမေရိကန်သားကြီး ဘီလ်ဂိတ်ဟာ နှစ် ပေါင်းသုံးဆယ်ကျော် မိုက်ကရိုဆော့ကုမ္ပဏီကြီးကို ဦးဆာင်ပြီးတော့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာတယ်. အလုပ်လုပ်စရာမလိုတော့ဘူး။ ဒီတော့ မသေခင် ကောင်းမှု လုပ်ချင်တယ်။ လူ့ဘ၀မှာ အဓိပ္ပါယ်ရှိရှိနေပြီး သေသွားချင်တယ်။ ဒါကြောင့် ကမ္ဘာ အရပ်ရပ်က ဆင်းရဲသားတွေ ကို ကူညီဖို့ ဘီလ်နှင့် မလင်ဒါဂိတ် ဖောင်ဒေးရှင်းကို တည်ထောင်တယ်။ ရန်ပုံငွေ ဒေါ်လာဘီလီယံ (၄၀) မတည်ထောင်လို့ ဆိုပါတယ်။ ရည်ရွယ်ချက် ကတော့ လူသားခြင်း စာနာ ထောက်ထားကူညီတာပါ။

NGO နဲ့ အသက်မွေးဝမ်းကြောင်းရန် ရည်ရွယ်ချက်

ယခုဆောင်းပါးအစတွင် ဖော်ပြခဲ့သော NGO ထူထောင်လိုသူ မတင်တင်သော် (နံမည် လွဲ) ကတော့ ဘာသမိုင်းကြောင်းခံမှလည်း မရှိဘူး။ ဘာခံစားချက်မှလည်း မရှိဘူး။ NGO ထောင်ရင် မတည်ငွေ ဖောင်ဒေးရှင်းလည်း တပြားမှ မထည့်နိုင်ဘူး။ စာရွက်ပေါ်မှာ ဖောင်ဒါနံမည် စာရင်းချရေး မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အသက်မွေးဝမ်းကြောင်းလုပ်ရန် ရည်ရွယ်ချက်ကြီး ဖြစ်နေပါတယ်။ တကယ်တော့ အသက် မွေးဝမ်းကျောင်းတယ်ဆိုတာ အကျင့်ပျက်ခြစားတာနဲ့ စာရင် အများ ကြီးမွန်မြတ်ပြီး သမာအာဇီဝ ကျပါတယ်။

ဖောင်ဒါဆိုတာက သူဌေးကြီးတွေ ပါ။ ကျွန်တော် တို့ ဖွံ့ဖြိုးဆဲနိုင်ငံရဲ့ နိုင်ငံသားတွေ ဖြစ်လို့ NGO ရဲ့ ဖောင်ဒါ ဖြစ်ဖို့ ဓနအင်အားနည်းပါတယ်။ ဓနအင်အားနည်းရင် ၀န်ထမ်းအလုပ်နဲ့ ပိုပြီးစီလျှော်ပါတယ်။ ဒါကြောင့် ဖောင်ဒါဆိုတာဟာ ငွေကြေးစိုက်ထုတ်ရမယ်။ ခံစားချက်ရှိရမယ်။ သမိုင်းကြောင်း ရှိရမယ်။ ရည်ရွယ်ချက် ရှိရမယ်။ ရည်ရွယ်ချက်ဟာ မိမိရဲ့ အသက်မွေးဝမ်းကြောင်း မဟုတ်ပဲ အများ အတွက် ရည်ရွယ်ချက် ဖြစ်ရမယ်လို့ ဆိုပါကြောင်း …..။

***



ဝန်ဇင်းချစ်သူများ ဒေါက်တာထွန်းဝင်း ၏ “ PROJECT CYCLE MANAGEMENT ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကတိသစ္စာကိုတန်ဖိုးထားသော အဖော်အချွတ် မိန်းမသားတစ်ဦးအကြောင်းနှင့် ဖိုမပြဿနာဖြေရှင်းချက်များ

လူငယ်များက မေးကြသည် ဘွဲ့ရပြီးရင် ဘာလုပ်မလဲ

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာပေများကို ဖတ်ရှုပြီးနောက်ဝယ် ပြည်သူအချို့၏ နောက်ဆက်တွဲဖြစ်ရပ်များ