နိဒါန်း
ဒီကနေ့ည . ..။
ရွှေမြိုင်သာယာမြို့၏ စိန့်ဖလောရင့်ကျောင်းရှိ ကျောင်းခန်းမက ဇာတ်ရုံမှာ မီးရောင် စုံဖြင့် လင်းထိန်နေသည်။ ကဇာတ်ရုံအတွင်းဘက်တွင် လည်း အသံဗလံပေါင်းစုံဖြင့် ကျွက်ကျွက်ညံနေ၏ ။ နှစ် စဉ် ဒီကျောင်းတွင် ကျောင်းသားတွေ ပျော်ပွဲရွှင်ပွဲအတွက် ပြဇာတ် တင်ဆက်ကပြလေ့ရှိသည်။
စိန့်ဖလောရင့်ကျောင်းကို လွတ်လပ်ရေး မရခင် ခေတ်ကတည်းက သာသနာပြု မစ်ရှင်ကျောင်း အ ဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ရာ နှစ် ကာလ သက်တမ်းရှည်ကြာလှပြီ ဖြစ်၏ ။
ဟိုးခေတ်ကတည်းက မျက်နှာဖြူ သာသနာပြုများ နေထိုင်ခဲ့ခြင်းကြောင့် ကျောင်းကိုတည်ဆောက်ထားသော ဗိသုကာလက်ရာမှာ လည်း အုတ်သားနီနီများ ၊ မှန်ရောင် စုံ တပ် ဆင်ထားသော အမိုးခုံးခုံး ပြတင်းအမြင့်ကြီးများ ၊ ရှည်လျားသော စင်္ကြံများ ၊ မြင့်မားပြီး အမိုးချွန်သည့် ခေါင်းလောင်းထိုးမျှော်စင်၊ မြေအောက်ခန်းတို့ဖြင့် ဥရောပ အလယ်ခေတ်လက်ရာဟန် ပေါ်လွင်လျက် ရှိသည်။
လွတ်လပ်ရေး ရပြီး နောက်ပိုင်းကာလတွင် ပြည်သူပိုင်ကျောင်းအ ဖြစ်လည်းကောင်း၊ ပုဂ္ဂလိက ကျောင်းအ ဖြစ်လည်းကောင်း ခေတ်အမျိုးမျိုးပြောင်းကာ ကျောင်း၏ အမည် အဆင့်ဆင့် ပြောင်းသွား ခဲ့ သော်လည်း မြို့ခံလူထု၏ အခေါ်အဝေါ်အရတော့ “စိန့်ဖလောရင့်” ကျောင်းဟူသည့် နာမည် ဟောင်းကသာ နှုတ်ကျိုးနေခဲ့လေသည်။
နောက်ပြီး နှစ် စဉ်နှစ် တိုင်း ကျောင်းသားသစ်မိတ်ဆက်ပွဲများ ၊ မိဘဆရာကန်တော့ပွဲများ ၊ ကျောင်းကပွဲနှင့် ရန်ပုံငွေရှာဖွေရေး ပျော်ပွဲရွှင်ပွဲများ ကိုလည်း ဟိုယခင် မစ်ရှင်ကျောင်းခေတ်အတိုင်း ထုံးတမ်းစဉ်လာမပျက် ကျင်းပမြဲ ဖြစ်သည်။
သည်နှစ် ပြဇာတ် ကတော့ ခါတိုင်းနှစ် တွေ နှင့် မတူ။ တစ်မူထူးခြားနေပြီး စိတ်ဝင်စားစရာကောင်းနေလေ၏ ။ ထို့ကြောင့် ပင် ကျောင်းသားမိဘများ ပါ လာရောက်ကြည့်ရှုနေ ကြသည်။ ယခုလည်း ပြဇာတ်အကြောင်းကို ကြိုတင်၍ ပြောဆိုနေကြခြင်းကြောင့် ကဇာတ်ရုံတစ်ခုလုံး လည်း ဟိန်းထွက် ဆူညံနေသည်။ ကလေးများ ထဲက တစ်ယောက် က ဘေးဘက်သို့လှည့်ပြီး . . .
“ပြဇာတ်နာမည် က ၀ိညာဉ်မေတ္တာဆိုတော့ သရဲတွေ တစ္ဆေတွေ ပါမယ်ထင်တယ်နော်”
“အေး . . .ပါတယ်ပေါ့ဟ၊ ဘာလဲ . .. နင် ကြောက်လို့လား”
ပြန်ဖြေလိုက်သည့် မိန်းကလေးကပင် ဆက်ပြီး ပြောလိုက်သည်။
“အစမ်းလေ့ကျင့်တဲ့နေ့ကဆို သရုပ်ဆောင်တွေ ၀တ်စားထားကြတာ တကယ့် တစ္ဆေသရဲလို ပဲ ကြောက်စရာကြီး၊ မျက်နှာတွေ မှာ လည်း . . .”
သူမစကားသံပင် မဆုံးလိုက်၊ နားထောင်နေသော ကလေးငယ်က . .
“တော် ပြီ . .တော် ပြီ . . .မပြောနဲ့ တော့”
ဟု ကြောက်လန့်တကြား ငြင်းပယ်လိုက်ပြီး ခြေထောက်နှစ် ဖက်ကို ထိုင်ခုံပေါ်သို့ ဆွဲတင်လိုက်ကာ ကျုံ့ကျုံ့လေးထိုင်နေလေတော့၏ ။
ဇာတ်ခုံအနောက်ဘက် အ၀တ်လဲခန်းထဲတွင် တော့ မိတ်ကပ် လိမ်းသူလိမ်း၊ အ၀တ်အစားလဲ သူကလဲနှင့် ယောက် ယက်ခပ်နေကြသည်။ တာဝန်ခံဆရာမ ကလည်း လိုအပ်သည်များ ကို လိုက်လံ ပြင်ဆင်ပေးရင်း မကြောက်မရွံ့တင်ဆက်ကပြဖို့မှာ ကြားနေလေသည်။ တင်ဆက်ကပြမည့်  ကျောင်း သားတွေ ဆိုင်ရာ ဇာတ်ဝတ်ဇာတ်စားတွေ နှင့် အသင့် ဖြစ်နေလေ၏ ။ ထိုအချိန်တွင် . . ။ တာဝန်ခံ ဆရာမ က တစ်ခုခု သတိရသွားပြီး . . .
“ဟဲ့ . . .မိုးညိုရော၊ မိုးညို”
“မသိဘူးဆရာမ ၊ ခုန ကတော့ အ၀တ်အစားလဲနေတာ တွေ့ လိုက်တာပဲ”
“ဒုက္ခပါပဲ၊ ရှာကြစမ်းပါဦး၊ ဒီကောင်လေး ဘယ်လျှောက်သွားနေလဲ မသိပါဘူး၊ သူက အရေး ကြီးတယ်၊ တစ္ဆေနေရာက သရုပ်ဆောင်ရမှာ ”
အားလုံး ပျာပျာသလဲ ဖြစ်သွားကြကာ မိုးညိုကို လိုက်ရှာလေတော့သည်။ ပြဇာတ်ကမယ့် အချိန်ကလည်း နီးနေပြီ၊ အတန်ကြာသည်အထိ မတွေ့ ၊ နောက်ဆုံး တာဝန်ခံဆရာမ က စိုးရိမ်ပူပန်စွာ ဇာတ်ရုံရှေ့သို့ အလောတကြီးထွက်သွားလိုက်သသည်။ သိပ်မကြာခင်မှာ ပင် ဇာတ်ရုံရှေ့ဘက်တွင် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ထိုကလေးကို လိုက်ရှာဖို့ ပြင်ဆင်နေကြခြင်းပင် ဖြစ်သည်။ ဇာတ်ရုံ ၏ တခြားနေရာတွင် တော့ . . .
မြေပြင်၏ အေးစက်စိုစွတ်မှု ကြောင့် သူ ပြန်သတိရလာသည်။ တစ်ကိုယ်လုံး ကိုင်ဆောင့် ထားသည့်နှယ် ထံကျင် ကိုက်ခဲနေ၏ ။ မျက်လုံးကို တဖြည်းဖြည်းဖွင့်ကြည့်လိုက်သည်။ မှော င်ရီေ၀၀ါးနေပြီး ဘာမှမသဲကွဲ။ နောက်တစ်ကြိမ် ကြိုးစားပြီး ကြည့်လိုက်သည်။ သည်တစ်ခါ ခုနက ထက်စာရင် သဲသဲကွဲကွဲ မြင်လာရသည်။
လေးဘက်လေးတတန်မြေကြီးနံရံတွေ ။
သူ ဒီပတ်ဝန်းကျင်ကို တစ်ခါမှ မမြင်ဖူးဘူး။
“ငါ ဘယ်နားရောက်နေတာလဲ”
ဟု သူ့ကိုယ်သူ ပြန်မေးလိုက်မိသည်။ ထို့နောက် သူက လက်ဖြင့် ထောက်ပြီး မတ်တတ် ထရပ်ဖို့ ကြိုးစားလိုက်သည်။ သူ့ခန္ဓာကိုယ်က မရွေ့လျား။ အားတင်းပြီး နောက်တစ်ကြိမ် ကြိုးစား လိုက်ပြန်သည်။ သူ စိတ်ပျက်အားငယ်သွားမိသည်။ ချက်ချင်း ပင် မာန်တင်းပြီး နောက်တစ်ကြိမ် ကြိုးစားမည် အလုပ် . . .သူ့ဆီမှ တုန်လှုပ်ချောက်ချားဖွယ်အသံကြီးကို ကြားလိုက်ရလေသည်။
“ဘယ် . . .သူ . . .လဲ”
အထစ်ထစ်အငေါ့ငေါ့နဲ့ မေးလိုက်သည်။ အမှော င်ထဲမှ မည် သည့်ဖြေသံမျှ မကြားရ။ ပတ်ဝန်း ကျင်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ ခြောက်ကပ်တိတ်ဆိတ်နေလေ၏ ။ တစ်ဆက်တည်းမှာ ပင် အဝေးဆီမှ သူ့နာမည် ကို ရေရွတ်အော်ခေါ်နေသံများ ကို ခပ်သဲ့သဲ့ကြားလိုက်ရလေ၏ ။ အသံလာရာ ဘက်သို့ လက်ဖြင့် ထောက်ပြီး သူ့ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲသွားလိုက်သည်။ ရုတ်တရက် သူ့ ကျောဘက်မှ အေးခနဲ ဖြစ်သွားသည်။
“ဟင် . .”
ကြောက်လန့်တကြား နောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ မြင်တွေ့ လိုက်ရသည် ကား . . .မြေသားနံရံကြီးတစ်ခု။
ထိုနံရံကြီးက သူ့နောက်ဘက်ဆီမှနေ၍ ပိတ်ဆို့ကာဆီးနေလေ၏ ။ ထိုအချိန်မှာ ပင် ရှေ့တည့် တည့်ဆီမှ ချိုးချိုးချွတ်ချွတ် အသံတွေ ကို ခပ်တိုးတိုးကြားလိုက်ရလေသည်။ နောက်မှ မြေသားနံရံကို မှီလျက်သူချောက်ချားတုန်ယင်စွာ အော်ဟစ်ရေရွတ်လိုက်သည်။
“ဘယ် . . .သူ . .. .. လဲ၊ ဘယ် . . .သူ . . .လဲ”
အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသော သူ့အသံက တဖြည်းဖြည်း တိုးအက်ပြာဝင်လာသည်။ ချိုးချိုးချွတ်ချွတ် အသံတွေ ကလည်း တဖြည်းဖြည်း နီးကပ်လာလေ၏ ။ ထို့နောက်တွင် ကား သူမြင် တွေ့ လိုက်ရသည်က အမှော င်ထဲမှ မျက်လုံးနီနီရဲရဲ တစ်စုံ။
“အောင် . ..မ . …. လေး . . .. ကယ်ကြပါဦးဗျ”
အာခေါင်ခြစ်၍ အော်လိုက်သော အသံကြီးနှင့် အတူ ထိုလူငယ်လည်း မေ့မြောသွားလေတော့ သည်။
မျက်နှာပေါ်သို့ ဝေ့၀ဲကျနေသော ဆံပင်တို့ကို သပ်တင်လိုက်ပြီး သော့ ကို နောက်တစ်ကြိမ် ဖွင့်ဖို့ ကြိုးစားလိုက်သည်။ ဒီသော့  အစုတ်ပလုတ်က ဘယ်တော့မှ တစ်ခါတည်းနှင့် ဖွင့်မရ။ အမြဲတမ်း လိုလို အာရုံနောက်စေသည်။
စိန့်ဖလောရင့်ကျောင်းအောက်ထပ် စင်္ကြံအဆုံးတွင် ကျောင်းသား တစ်ယောက် ချင်းစီအတွက် ထမင်းဘူး၊ ထီး၊ စာအုပ် စသည့်ကိုယ်ပိုင် ပစ္စည်းများ သိမ်းဆည်းဖို့ သံဗီရို အံဆွဲကလေးတွေ ရှိသည်။
အဲဒီ သံဗီရိုတွေ များ အနက် ကျွန်မ၏ ဗီရိုသော့ က အစုတ်ဆုံး ဖြစ်၏ ။ ဘယ်တော့မှ တစ်ခါတည်း ဖွင့်လို့မရ။
“တောက် . . ဒီအစုတ်ပလုတ်သော့  ကတော့”
“ချောက် . . . ”
ကျိန်ဆဲနေတုန်းမှာ ပင် သော့ က ပွင့်သွားလေသည်။
“ဟင်း”
ခုမှပဲ သက်ပြင်းချနိုင်တော့သည်။ ကျွန်မက စိတ်လက်ပေါ့ပါးစွာ ပင် ကျောင်းစာအုပ်တွေ ကို သံဗီရို (locker)ထဲသို့ ပစ်သွင်းထည့်လိုက်သည်။ နောက် . .. တံခါး ဂျိန်းခနဲမြည် အောင် ဆောင့်ပိတ် ပစ်လိုက်၏ ။ သည်တစ်ပတ် အိမ်စာတွေ မလုပ်တော့ဘူးဟု တွေးလိုက်မိပြီး လှည့်ထွက်မည် အလုပ် …
“ဘုန်း”
သံဗီရိုတံခါးရွက်ကို ထုရိုက်လိုက်သံကြောင့် ကျွန်မ လန့်ဖျပ်သွားသည်။ ယင်းအခိုက်မှာ ပင် ..။ ကျွန်မနောက်ဘက်ဆီမှ . ..
“ဟဲ့ . . နေနေ ဘာလုပ်နေတာတုံး၊ ဒီအပတ် အိမ်စာမလုပ်ဘူးလား”
ကျွန်မ လှည့်ကြည့်စရာပင်မလို။ ဘယ်သူဆိုတာ ချက်ချင်း သိလိုက်သည်။ တစ်ကျောင်းလုံး တွင် နေနေမြင့်မိုရ်ဆိုသော ကျွန်မနာမည် ကို နေနေဟု အဖျားဆွတ်ခေါ်ကာ သူ တစ်ယောက် တည်း ရှိသည်။ ချမ်းမင်း . . .။ နာမည် ကို အင်္ဂလိပ်လို charming လို့ စာလုံးပေါင်းလေ့ရှိပြီး အသားဖြူဖြူ၊ အရပ်ထောင်ထောင်မောင်းမောင်းနှင့် ချမ်းမြေ့စရာ မျက်နှာပိုင်ရှင်။ ကျွန်မက သူ့ဘက်သို့လှည့်လိုက် ပြီး လျှာထုတ်ပြလိုက်သည်။ ပြီးတော့မှ . . .
“ဟင့်အင်း . . .ငါ ဒီအပတ် အိမ်စာမလုပ်ချင်ဘူး၊ သြော် . . .ဒါနဲ့ နင့်ကို ပြောစရာရှိသေး တယ် ချမ်းမင်းရ . . .”
ချမ်းမင်းက ကျွန်မပြောတာကို မျက်လုံး ပေကလပ် ပေကလပ်လုပ်ကာ နားထောင်နေသည်။
ကျွန်မက . .
“ဒီအပတ် ရုပ်ရှင်ရုံမှာ သရဲကားပြမှာ ဟ၊ အဲဒါနင့်အစ်ကို ကိုကြီးသီဟကိုခေါ်ပြီး ရုပ်ရှင်လိုက် ပြခိုင်းမလို့၊ မကောင်းဘူးလား”
ချမ်းမင်းနှင့် ကျွန်မက သရဲကားဆို မလွတ်တမ်း ကြည့်ကြ၏ ။ နှစ် ယောက် စလုံးက သရဲမ ကြောက်တတ်။ သရဲခြောက်သည့်အခန်းဆို ကြောက်ရမည့် အစား တစ်ခါတစ်ရံ အူတက်အောင်ပင် ရယ်ကြသည်။ ချမ်းမင်းက ခေါင်းခါပြလိုက်ပြီး . .
“ ဖြစ်မယ်မထင်ဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ . .. ကိုကြီးသီဟကို အရင်တစ်ပတ်က စာမေးပွဲ ကျထားလို့ အဖေက အိမ်အပြင်မထွက်ရ အမိန့်ထုတ်ထားတယ်”
ချမ်းမင်းကပင် လွယ်အိတ်ကို ပခုံးပြောင်းလွယ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ရုပ်ရှင်ကြည့်မယ့် အစီအစဉ်ကို မေ့ပစ်လိုက်ပါဟာ၊ ဒီနေ့ဘာနေ့လဲသိလား”
ချမ်းမင်းစကားကြောင့် ကျွန်မ တွေ ဝေသွားမိသည်။ ဒီနေ့ ဘာနေ့ဘာလဲ . . ။ ကျွန်မ စဉ်းစား လိုက်သည်။ စဉ်းစားလို့မရ။ ချမ်းမင်းက ခေါင်းကို တဗျင်းဗျင်းကုတ်လျက် . ..
“စဉ်းစားကြည့်ပါဦးဟာ၊ နင်ကလဲ ဒီလောက် အရေး ကြီးတဲ့ဟာကို မေ့နေရတယ်လို့”
နောက်ဆုံး ကျွန်မ ခေါင်းကိုခါယမ်းလိုက်ပြီး
“ဟင့်အင်း . . မသိဘူး”
ချမ်းမင်းက ကျွန်မခေါင်းကို ခပ်ဖွဖွလှမ်းထုလိုက်ပြီး ပြောလိုက်လေသည်။
“ဒီနေ့ ကျောင်းပြဇာတ်အတွက် သရုပ်ဆောင် စာရင်းထွက်မယ့်နေ့လေဟာ”
ထိုစကားကြောင့် ကိုယ့်နဖူးကိုကိုယ် ဖြန်းခနဲမြည် အောင် ရိုက်လိုက်မိသည်။ ရင်လည်း ဒိန်းခနဲ ဖြစ်သွားသည်။ ဟုတ်ပါရဲ့ ။ ဒါကို ငါ ဘာ ဖြစ်လို့ မေ့နေရတာ လဲ။ ကျွန်မတို့နှစ် ယောက် သရုပ်ဆောင် စာရင်းထွက်မယ့်နေ့ကို မျှော်လင့်တကြီး စောင့်ခဲ့ရတာ ။ သိလိုဇောနဲ့ တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်ယင်လာပြီး ချမ်းမင်းကို ပြောလိုက်မိသည်။
“လာ . . လာ ။ မြန်မြန်သွားကြည့်ကြမယ်”
ထိုသို့ပြောပြီးသည်နှင့် ချမ်းမင်း၏ ဖလန်နယ်အင်္ကျီလက်ကို ဆွဲကာ ကဇာတ်ရုံဘက်သို့ အလောတကြီး ထွက်လာခဲ့သည်။ ကဇာတ်ရုံရှေ့ရောက်တော့ ကြော်ငြာဆိုင်းဘုတ်ရှေ့တွင် ကျောင်း သားတွေ ၀ိုင်းအုံနေပြီး သရုပ်ဆောင်စာရင်းကို အလုအယက် တိုးဝှေ့ ဖတ်နေကြ၏ ။ ထိုမြင်ကွင်း ကြောင့် ကျွန်မရင်တွေ တထိတ်ထိတ်ခုန်လာလေသည်။ အသံတွေ ပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန် ပြီး ချမ်းမင်းကို ပြောလိုက်သည်။
“ချမ်း …. မင်း … ငါမကြည့်ရဲဘူး၊ နင်ပဲကြည့်လိုက်တော့ဟာ”
“နင်ကလည်း ဒါလေးကြည့်တာ ဘာ ဖြစ်လို့လဲ၊ လာ . . .လာ . . . .လိုက်ခဲ့”
ထိုသို့ပြောပြီး ချမ်းမင်းက ကျွန်မလက်ကိုဆွဲပြီး ခေါ်သွားလေ၏ ။ ကျောင်းသားတွေ ကို တိုးဝှေ့ပြီး ကြော်ငြာဆိုင်းဘုတ်ရှေ့သို့ လှမ်းသွားလိုက်၏ ။ ထိုရှေ့ကိုရောက်တော့ ကြော်ငြာစာရွက်ကို အလောတကြီး ဖတ်လိုက်မိသည်။
“အလို . .. ဘုရား . . . ဘုရား . . .”
ဘယ်လိုမှ မထင်မှတ်ထားသော မြင်ကွင်းကြောင့် ထိုအာမေဋိတ်သံနှင့် အတူ ကျွန်မစိတ်တွေ ယောက် ယက်ခတ်ကုန်သည်။ မြင်လိုက်ရသည်က သရုပ်ဆောင်စာရင်းဘေးတွင် ကပ်လျက်သား ကြော်ငြာစာရွက်တစ်ရွက်။ ထိုစာရွက်ပေါ်တွင် ကား . . .
- သိစေရန်။ ။ နေနေမြင့်မိုရ်
- ကျောင်းအုပ်ကြီးရုံးခန်းသို့ အမြန်ဆုံး ဆက်သွယ်ပါရန်နှင့် သင့်ကို ကျောင်းမှ ခေတ္တခဏ ဆိုင်းငံ့ထားလိုက်သည်။
ကျောင်းက ခဏဆိုင်းငံထားတယ် . ..ဟုတ်လား . . . ?
ငါက ဘာလို့ ဆိုင်းငံထားခံရမှာ လဲ . . . ?
ငါက ဆရာ ဆရာမ တွေ ရဲ့ ဆုံးမစကားကို နားမထောင်ပဲ စည်းမဲ့ကမ်းမဲ့ပရမ်းပတာ ဖြစ်နေ လို့လား . . .?
ခေါင်းထဲတွင် နောက်ကျိရီဝေလာသည်။ ၀မ်းနည်းစိတ်ကြောင့် မျက်ရည်မကျမိအောင် မနည်း ထိန်းထားရသည်။ ဖေဖေ မေမေတို့သိရင် ဘယ်လောက်တောင် ဒေါသထွက်လိုက်ကြမလဲ။ ထိုအချိန် မှာ ပင် . .။
အနောက်ဘက်မှ တခိခိ တခစ်ခစ်ရယ်သံတွေ ကို ကြားလိုက်ရလေ၏ ။ နားမလည်နိုင်စွာ ပင် ကျွန်မ လှည့်ကြည့်လိုက်မိသည်။ ချမ်းမင်း . . .။ သူ့ဘေးမှ ကျောင်းသားတွေ နှင့် အတူကျွန်မကို ကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်မောနေလေသည်။
ကျွန်မ ရှက်သွားပြီး ဒေါသထွက်စွာ ပြောလိုက်သည်။
“ဟဲ့ . .. ချမ်းမင်း၊ ဒီစာရွက်က နင်ကပ်ထားတာမလား”
ကျွန်မစကားကြောင့် ချမ်းမင်းက နောက်ထပ် ပျက်လုံးတစ်ခု ထပ်မံကြားလိုက်ရသည့်နှယ် အူလှိုက်သည်းလှိုက် ရယ်မောနေပြန်သည်။ ခဏလောက်ကြာတော့မှ . .
“ဟုတ်တယ် . .. ငါကပ်ထားတာ”
“သေနာကောင် . .. အစုတ်ပလုတ်”
ကျွန်မ ချမ်းမင်းကို ကျိန်ဆဲလိုက်မိသည်။ ချမ်းမင်းက အမြဲတမ်းလိုလို သူများ ကို စနောက်ပြီး ပျော်ပျော်နေတတ်၏ ။ ကျောင်းမှ တချို့မိန်းကလေးတွေ ကဆို ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းက ယောက်ျားလေး ဖြစ်နေသည့်အတွက် အထူးအဆန်းသဖွယ်။ သို့ပေမယ့် အဲသည့်မိန်းကလေးတွေ ထက်စာရင် ချမ်းမင်းက ကျွန်မအတွက် ပိုခင်စရာကောင်း၏ ။ သူ့ကို ကျိန်ဆဲနေလို့ ကတော့ အပိုပဲဟု တွေးလိုက်မိပြီး သရုပ်ဆောင်စာရင်းကိုသာ ဖတ်လိုက်လေတော့သည်။
“ဟယ် . . .ချမ်း . .မင်း .. . ”
ကျွန်မက ၀မ်းသာသွားပြီး ကတုန်ကယင်အသံဖြင့် ချမ်းမင်းကို ပြောလိုက်မိသည်။
“တို့နှစ် ယောက် စလုံး အဓိက သရုပ်ဆောင်စာရင်းမှာ ပါတယ်ဟ”
ကျွန်မတို့နှစ် ယောက် စလုံး အဓိကနေရာက သရုပ်ဆောင် ခွင့်ရဖို့အားခဲထားကြသည်မဟုတ် လား။ ကျောင်းသားတိုင်းလိုလို တစ်နှစ် တစ်ခါလုပ်သည့် ကျောင်းပြဇာတ်တွင် သရုပ်ဆောင်ချင်ကြ သည်။ ထိုမှလည်း မိဘဆရာသမားများ ရှေ့တွင် ဂုဏ်ရှိပြီး မျက်နှာလည်း ပွင့်ကြလေ၏ ။
ယခုလည်း ချမ်းမင်းက ကျွန်မစကားကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားပြီး မျက်လုံးပြူး မျက်ဆံပြူးဖြင့် . ..
“ဟုတ်လို့လား . . .သေချာလို့လား နေနေ”
“ဟုတ်တယ် . . .၊ နင်က တစ္ဆေလို သရုပ်ဆောင်ရမှာ ၊ မယုံရင် နင်ကိုယ်တိုင် လာဖတ်ကြည့်”
ချမ်းမင်းက ကျွန်မစကားကို မယုံသေးဘဲ ကြောင်အအဖြင့် ကြည့်နေသည်။ ထိုစဉ် ..
“ဟုတ်တယ် ချမ်းမင်း၊ နေနေမြင့်မိုရ်ပြောတယ မှန်တယ်”
ထိုအသံနှင့် အတူ နဒီဆွေက လူအုပ်ကြားထဲမှ တိုးထွက်လာသည်။ ရှေ့နားရောက်တော့ နဒီ ဆွေက ကျွန်မကို မျက်ထောင့်နီကြီးနှင့် လှမ်းကြည့်လိုက်သည်။ ဘာကြောင့် လဲတော့မသိ။ သူမက အမြဲတမ်း ကျွန်မကိုကြည့်ရင် ထိုအတိုင်းကြည့်တတ်သည်။ ယခုလည်း ချမ်းမင်းကိုပြောသလိုလိုနဲ့ ကျွန်မကို ကြည့်ပြီး ပြောနေပြန်သည်။
“ချမ်းမင်း . . .နင်က တစ္ဆေနေရာက သရုပ်ဆောင်ရမှာ ”
“မယုံဘူး၊ ငါကိုယ်တိုင်ဖတ်ကြည့်လိုက်ဦးမယ်”
ပြောပြောဆိုဆိုနှင့် ချမ်းမင်းက ရှေ့သို့တိုးသွားလိုက်ကာ သရုပ်ဆောင်စာရင်းကို ဖတ်၏ ။ ထို့နောက် တဟေးဟေးနှင့် ခုန်ပေါက်နေလေတော့သည်။ ချမ်းမင်းက ငယ်ငယ်လေးကတည်းက တစ္ဆေသရဲ မျက်နှာဖုံးတွေ စွပ်ပြီး သူများ ကို ခြောက်ရသည်ကို ပျော်သည်။ ယခုလည်း တစ္ဆေလို သရုပ် ဆောင်ရမည် ဆို၍ ၀မ်းသာလုံးဆို့နေသည်။ ကျွန်မလည်း ကျွန်မသရုပ်ဆောင်ရမည့်  ဇာတ်ကောင် နာမည် ကို ဖတ်ကြည့်လိုက်မိသည်။ ဟင် . .. မမြသွေးဆိုပါလား . .။
“မမြသွေးဆိုတာ ဘယ်သူပါလိမ့်”
ရုတ်တရက် ကျွန်မ၏ တီးတိုးရေရွတ်လိုက်သံကို ချမ်းမင်း ကြားသွားပြီး . ..
“မမြသွေးဆိုတာ ခေါင်းပြတ်နေတဲ့ အဘွားကြီး ဖြစ်မှာ ပေါ့”
“ဟုတ်လို့လား”
ကျွန်မက ချမ်းမင်းစကားကို အဟုတ်မှတ်ပြီး ပြောလိုက်မိသည်။ နဒီဆွေက ကြားဖြတ်ပြီး
“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့ ၊ မမြသွေး ဆိုတာ ဇာတ်ရုံပိုင်ရှင်ရဲ့ ညီမ”
နဒီဆွေက ကျွန်မကို မျက်မှော င်ကြုတ်ကြည့်ရင်း မမြသွေးကပဲ အရေး မပါသယောင်ယောင် နှင့် ၀င်ဟောက်လိုက်သည်။ ကျွန်မ စိတ်ကသိကအောင့် ဖြစ်သွားပြီး
“ဟုတ်လား . .. နဒီဆွေ၊ နင်ရော ဘယ်သူ့နေရာက သရုပ်ဆောင်ရလဲ”
ကျွန်မအမေးကို ကျန်သည့်ကျောင်းသားတွေ ကလည်း စိတ်ဝင်တစား နားထောင်နေကြသည်။ နဒီဆွေက ရုတ်ချည်း မျက်နှာပျက်သွားပြီး လေသံခပ်ပျော့ပျော့နှင့် ပင် ပြန်ဖြေသည်။
“ငါက နင့်ရဲ့ အရံ သရုပ်ဆောင်လုပ်ရမှာ . . .၊ အကြောင်းတစ်စုံတစ်ရာကြောင့် နင်သရုပ်မ ဆောင် ဖြစ်ရင် မမြသွေးလို ငါက သရုပ်ဆောင်ရမှာ ၊ ဒါပေမယ့် . .”
နဒီဆွေက ပြောနေရင်းကပင် အသံက ရုတ်တရက် မြင့်တတ်သွားပြီး . .
“ဇာတ်ခုံအပြင်အဆင်မှာ တော့ ငါက ဦးဆောင်လုပ်ရမှာ ”
ကျွန်မ သူ့စကားဆုံးအောင်ပင် နားမထောင်တော့။ ချမ်းမင်းရဲ့ အင်္ကျီစကို လှမ်းဆွဲလိုက်ပြီး
“ကဲ . .. ကိုတစ္ဆေသရဲရေ၊ သွားကြမယ်၊ ဒီအနီးအနား ပတ်ဝန်းကျင်မှာ သွားခြောက်ကြရ အောင်”
တနင်္လာနေ့ နေ့ခင်း . . ။ ပြဇာတ်အတွက် အစမ်းလေ့ကျင့်နေကြသည်။ ဆရာမ ဒေါ်ခင် ကြည်ပြာက ဇာတ်ခုံပေါ်မှနေပြီး အားလုံး စီစဉ်ကွက်ကဲနေလေသည်။ ဒေါ်ခင်ကြည်ပြာက မျက်လုံး ၀ိုင်းဝိုင်း၊ ဆံပင်ကောက်ကောက်၊ ပိန်ပိန်ပါးပါး၊ သူမက စာအသင်အပြလည်း ကောင်းပြီး စည်းကမ်း လည်း အလွန်ကြီးသည်။
ချမ်းမင်းနှင့် ကျွန်မက ကဇာတ်ခန်းမ၏ တတိယတန်းထိုင်ခုံမှာ ထိုင်နေ၏ ။ ထိုင်ခုံတိုင်းလိုလို ကျောင်းသားတွေ နှင့် ပြည့်နေသည်။ ဘေးနားမှ သူရိန်မြင့်က ကျွန်မကို လှမ်းမေးလိုက်သည်။
“နေနေမြင့်မိုရ်၊ ဒီပြဇာတ်က ဘယ်လိုဇာတ်လမ်းမျိုးလဲ”
သူရိန်မြင့်နှင့် ကျွန်မက ရုပ်ချင်းခပ်ဆင်ဆင်။ ဆံပင်နီညိုညို၊ မျက်မှန်ကလည်း တပ်ထားသည်။ ထို့ကြောင့် ပင် ထင်သည်။ ပြဇာတ်ထဲတွင် သူရိန်မြင့်က ကျွန်မအဖေနေရာက သရုပ်ဆောင်ရသည်။
ကျွန်မက . ..
“ငါလည်း ဘယ်လိုလုပ်သိမလဲ၊ ဇာတ်ညွှန်းစာရွက်တွေ မှ မရသေးတာ”
ထိုအချိန်မှာ ပင် နဒီဆွေက . .
“ဘာဇာတ်လမ်းလဲဆိုတာ ငါသိတယ်”
အားလုံးက နဒီဆွေကို လှမ်းကြည့်လိုက်သည်။
“အဟမ်း . . .အဟမ်း . .. ”
နဒီဆွေက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်သည်။
“ငါ့အဘွားက ဒီ စိန့်ဖလောရင့်ကျောင်းထွက်လေ၊ သူက ငါ့ကို ဒီဝိညာဉ် မေတ္တာပြဇာတ်အ ကြောင်းကို ပြောပြထားဖူးတယ်၊ ထူးဆန်းတာက ဒီပြဇာတ်က ကျိန်စာသင့်နေတယ် ဆိုတာပဲ”
ကျိန်စာဆိုသော စကားကြောင့် အားလုံး တအံ့တသြဖြင့် နဒီဆွေ့စကားကို ဆက်နားထောင်နေကြသည်။ ချမ်းမင်းက ကျွန်မကို တံတောင်ဖြင့် တွက်လိုက်ရင်း ပြောလိုက်သည်က
“ကျိန်စာဆိုပါလား . . .စိတ်ဝင်စားစရာပဲ”
“ဟုတ်တယ်နော်”
ကျွန်မတို့နှစ် ယောက် တိုးတိုးကြိတ်ကြိတ်ပြောလို့ မဆုံးခင်မှာ ပင် နဒီဆွေက
“ငါ့အဘွားက ဒီဝိညာဉ်မေတ္တာပြဇာတ်က ဘယ်လောက် နတ်ကြီးကြောင်း၊ ပြီးတော့ လွတ်လပ် ရေး မရခင်ခေတ်တုန်းက ဒီကျောင်းမှာ သရဲခြောက် ….”
“နဒီဆွေ”
ဒေါ်ခင်ကြည်ပြာက နဒီဆွေကို မပြောရန် ဟန့်ထားလိုက်ပြီး ဇာတ်ခုံပေါ်မှ ဆင်းလာခဲ့သည်။
“မင်း ဒီအကြောင်းကို မပြောပြသင့်ဘူးလို့ ဆရာမ ထင်တယ်”
ကျွန်မနှင့် ချမ်းမင်းက မတိုင်ပင်ထားကြပဲ တစ်ပြိုင်တည်း ပြောလိုက်မိသည်။
“ဘာလို့လဲ ဆရာမ ”
“ဒီအချိန်မှာ ဒါတွေ ပြောနေရမယ့်အချိန်လည်း မဟုတ်ဘူး။ ပြီးတော့ ဆရာမ လည်း ဇာတ်ညွှန်း စာရွက်တွေ ဝေရဦးမယ်”
ထိုအချိန်မှာ ပင် နဒီဆွေက ထပြောလိုက်သည်။
“ဆရာမ ရော ဒီပြဇာတ်အကြောင်းကို ကြားဖူးလို့လား”
ဒေါ်ခင်ကြည်ပြာက ခေါင်းညိတ်ပြလိုက်ပြီး
“အေး . .. ဆရာမ ကြားဖူးပါတယ်၊ ဒါကြောင့် မင်းကို ဒီဇာတ်လမ်းအကြောင်း ပေးမပြောချင် တာ၊ ဘာ ဖြစ်လို့လဲဆိုတော့ ဒီဇာတ်လမ်းက သိပ်ကြောက်စရာကောင်းလို့ပဲ”
ကျောင်းသားတွေ အားလုံးက ဒေါ်ခင်ကြည်ပြာစကားကြောင့် ပိုမိုသိချင်သွားကြသည်။ ထို့ ကြောင့် ပင် ..
“ပြောပြပါဆရာမ . .. ပြောပြပါဆရာမ ”
ကျောင်းသားတွေ ဆီမှ အသံတွေ က ဆူညံပွတ်လောရိုက်ကုန်၏ ။ ဒေါ်ခင်ကြည်ပြာက တိတ်တိတ်နေရန် အားလုံးကို လက်ထောင်ပြလိုက်လေ၏ ။ သို့ပေမယ့် ကျောင်းသားအားလုံးက ထိန်း မရအောင်ပင် ဖြစ်နေကြသည်။ ထို့ကြောင့် .. .ဒေါ်ခင်ကြည်ပြာက
“ကဲ . .. ကဲ . .. တိတ်တိတ်နေကြ၊ ဆရာမ ပြောပြမယ် ဟုတ်လား”
ကျောင်းသားတွေ ဆီမှ ဝေးခနဲ အော်သံတွေ ကြားလိုက်သည်။ ဒေါ်ခင်ကြည်ပြာက ဆက်ပြီး ..
“ဒါပေမယ့် . . မင်းတို့သိထားရမှာ က ဒါက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်နော်၊ တကယ်မထင်သွားရ ဘူး၊ ဟုတ်ပြီလား”
ဒေါ်ခင်ကြည်ပြာက လက်ထဲမှ စာရွက်တွေ ကို စားပွဲခုံပေါ်သို့ တင်ထားလိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒီအ ဖြစ်အပျက်က လွန်ခဲ့တဲ့ အနှစ် ခုနစ်ဆယ်လောက်က ဟောဒီ စိန့်ဖလောရင့်ကျောင်းမှာ ဖြစ်ခဲ့တဲ့ အ ဖြစ်အပျက်၊ အဲသည့်တုန်းက တစ်ကျောင်းလုံးပေါင်းမှ ကျောင်းသားက အစိတ် သုံးဆယ် တောင် မပြည့်ဘူး၊ အဲဒီ အချိန်မှာ ပဲ ကျောင်းသားလေး တစ်ယောက် က ကျောင်းစာကြည့်တိုက် မြေအောက်ခန်းထဲကနေပြီး ၀ိဉာဉ်မေတ္တာလို့ခေါ်တဲ့ အခု မင်းတို့ကကြမယ့် ပြဇာတ် ဇာတ်ညွန်းစာ ရွက်တွေ ကို တွေ့ လာခဲ့သတဲ့။ ဒါနဲ့ ကျောင်းကပွဲမှာ အဲဒီ ပြဇာတ်ကို ကဖို့ စီစဉ်ကြပါလေရော”
ကျွန်မနှင့် ချမ်းမင်းက တစ်ယောက် ကို တစ်ယောက် ကြည့်လိုက်ပြီး စိတ်ဝင်တစား ဆက်နား ထောင်နေလိုက်၏ ။ ဒေါ်ခင်ကြည်ပြာက ဆက်ပြီး
“ဇာတ်ညွှန်းစာရွက်တွေ တွေ့ လာတဲ့ ကျောင်းသားလေးက တစ္ဆေလို သရုပ်ဆောင်ခွင့်ရ တယ်၊ ပြဇာတ်မှာ ပါမယ့် ကျောင်းသားတွေ အားလုံးက ကျောင်းဆင်းပြီးဆိုတာနဲ့ ပြဇာတ်အတွက် လေ့ကျင့်ြ ကတော့တာပဲ၊ အားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ပဲ .. ၊ အဲ . .. ဘယ်အချိန်ထိလဲဆိုတော့”
ဒေါ်ခင်ကြည်ပြာက ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး ကျောင်းသားတွေ ကို ဝေ့ကြည့် လိုက်သည်။ အတန်ကြာသည်အထိ မပြောသေးပဲ . .နောက်မှ . .
“မင်းတို့ကို ဆရာမ ပြောထားပြီးသားနော်၊ ဒါဟာ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ပဲ၊ ပြီးတော့ တကယ် ဖြစ်ပျက်ခဲ့တယ်ဆိုတာ ဘယ်သူမှ သက်သေမပြနိုင်ဘူး၊ ဟုတ်ပြီလား”
ကျောင်းသားအားလုံးက ဆရာမ ကို ခေါင်းညိတ်ပြလိုက်ကြ၏ ။ ဒေါ်ခင်ကြည်ပြာက လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး . .
“နောက်ဆုံးတိုတိုပြောရရင် ပြဇာတ်ကမယ့် ည၊ ပြဇာတ် စတင်ခါနီး လည်းရောက်ရော တစ္ဆေ လိုသရုပ်ဆောင်မယ့် ကျောင်းသားလေး ပျောက်နေတာကို သိသွားကြတယ်၊ အားလုံး တစ်ကျောင်းလုံးကို ပိုက်စိတ်တိုက် ရှာကြပေမယ့် အဲသည်ကျောင်းသားလေးကို ရှာမတွေ့ တော့ဘူး။ ဒါနဲ့ တာဝန်ခံဆရာမ က ပြဇာတ်မတင်ဆက် ဖြစ်တဲ့အကြောင်း ကြေညာမလို့ စင်ပေါ်အတက် ..
ဇတ်ခုံနောက်ဘက်ကနေ ကြောက်စရာ အော်သံကြီးတစ်သံကို ကြားလိုက်ရတယ်၊ အဲသည့်အသံကြီးက ကျောချမ်းစရာကြီးတဲ့၊ လူတွေ ပြောကြတာ မကောင်းဆိုးဝါး တိရစ္ဆာန်တစ်ကောင် ဆွဲဆွဲငင်ငင် အူလိုက်သလိုမျိုးကြီးပဲတဲ့၊ ဒါနဲ့ အသံလာရာဘက်ကို အားလုံး ပြေးသွားကြည့်ကြတာ ဘာအရိပ်အရောင် မှ မတွေ့ ရဘူး၊ အဲဒီ ကတည်းက ကျောင်းသားလေး ပျောက်သွားလိုက်တာ ဘယ်တော့မှပြန်မတွေ့ ရတော့ဘူးတဲ့၊ အားလုံးက ပြောကြတာ ကတော့ ကျောင်းသားလေးက ဒီကျောင်းမှာ ပြဇာတ်ကဖို့ စောင့်နေတယ်ဆိုတာပဲ”
ကျောင်းသားအားလုံး ထိုစကားကြောင့် တုန်လှုပ်သွားကြသည်။ သူရိန်မြင့်ကပင် ကျွန်မနားသို့ တိုးကပ်လာပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့် ဟိုကြည့်ဒီကြည့် လုပ်နေလေ၏ ။ ဒေါ်ခင်ကြည်ပြာက မော သွားပြီး ရေတစ်ခွက်ကို ငှဲ့သောက်သည်။
အားလုံးက ငြိမ်သက်တိတ်ဆိတ်နေပြီး ဒေါ်ခင်ကြည်ပြာဘာဆက်ပြောမလဲဆိုတာ စောင့်နေ ကြ၏ ။
ထိုအချိန်မှာ ပင် သူရိန်မြင့်ဆီမှ ကြောက်လန့်တကြားအော်သံကို ကြားလိုက်ရလေသည်။
“အား . .. အား .. .. ဟိုမှာ . . .သရဲ .. သရဲ”
ကျောင်းသားအားလုံးက သူရိန်မြင့် လက်ညှိုးထိုးပြသည့် နေရာကို ကြည့်လိုက်မိချိန်မှာ တော့
တံခါးကြားထဲမှ မျက်နှာတစ်ခု။
မျက်လုံးတွေ က နီရဲပြူးကျယ်နေပြီး မျက်နှာက အဖုအပိန့်တွေ နှင့် ။
ဆံပင်တွေ ကလည်း ဖွာလန်ကျဲနေသည်။
ထိုစဉ်မှာ ပင် ထိုမျက်နှာကြီးက အားလုံးကို သွားဖြဲပြလိုက်လေတော့သည်။
“အား . .. အား”
ကျောင်းသားတွေ ဆီမှ ရုတ်ချည်းဆူညံသံတွေ ထွက်လာပြီး မရှေးမနှောင်းမှာ ပင် ထို မကောင်းဆိုးဝါးသဏ္ဍာန်သည် ရှေ့သို့ တစ်လှမ်းချင်း တိုးလာလေတော့သည်။ ပါးစပ်ကလည်း
“၀ူးဝါး . .. ၀ူးဝါး ..”
ကျောင်းသားအားလုံးက ကြောက်စိတ်တွေ မွှန်ထွန်ပြီး ပုန်းသူပုန်း၊ ထွက်ပြေးသူပြေး၊ ယောက် ယက်ခတ်ကုန်သည်။ ထိုအခိုက်မှာ ပင် ကျွန်မက တစ်စုံတစ်ခုကို တွေးမိပြီး ထိုအကောင်ကြီးဆီသို့ ပြေးသွားလိုက်၏ ။ အားလုံးက အံ့အားသင့်ကုန်ကြသည်။ ထိုမကောင်းဆိုးဝါး ကောင်က ဘယ်သူလဲဆိုတာ ကျွန်မသိသည်။ မြင်ခါစကတည်းက သံသယ ဖြစ်မိသည်။
မကောင်းဆိုးရွားကောင်ကြီးအနီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကျွန်မက
“ချမ်းမင်းရယ်။ တော် ပါတော့ဟယ်။ မနောက်ပါနဲ့ တော့”
ဟုဆိုပြီး မျက်နှာဖုံးကို ဆတ်ခနဲ ဆွဲခွာပစ်လိုက်သည်။ မျက်နှာဖုံးအောက်မှ ချမ်းမင်းမျက်နှာက သွားအဖွေးသား ပေါ်လာလေတော့သည်။ ချမ်းမင်းကပင် ထပ်နောက်နေပြန်သည်။
“၀ူးဝါး . . .၀ူးဝါး . .”
အားလုံး ချမ်းမင်းကို စိတ်တိုသွားကြပြီး နီးစပ်ရာ စာအုပ်၊ ခဲတံတို့နှင့် ပစ်ပေါက်ကြလေတော့ ၏ ။ အားလုံးလည်း ခုမှပဲ ပြုံးနိုင်ရယ်နိုင်ကြလေတော့သည်။
ဒေါ်ခင်ကြည်ပြာကပင် . .
“ချမ်းမင်းရယ်၊ တော် တော် အစအနောက် သန်တာပဲ၊ ဆရာမ တကယ်မှတ်လို့ လန့်သွားတာပဲ”
ချမ်းမင်းက ဒေါ်ခင်ကြည်ပြာစကားကို မခိုးမခန့်ရယ်လိုက်ရင်း ကျွန်မဘေးနားသို့ ၀င်ထိုင်လိုက်သည်။ ကျွန်မက
“ချမ်းမင်း . . .နင် ဘာလို့ လူတိုင်းကို ခြောက်လှန့်နေရတာ လဲ”
“အဲသည်လို စရတာ ပျော်လို့ပေါ့ဟ၊ ဟဲ .. .ဟဲ”
“ဆရာမ ဒါဆို ဒီပြဇာတ်က ဟိုအ ဖြစ်အပျက်ပြီးကတည်းက သားတို့ပထမဆုံး ပြန်က တာပေါ့ နော်”
သူရိန်မြင့်က ဇာတ်ညွန်းစာရွက်တွေ ဝေနေသော ဒေါ်ခင်ကြည်ပြာကို မေးလိုက်၏ ။ ဒေါ်ခင်ကြည်ပြာက
“ဟုတ်တယ်၊ အဲသည်လိုဖြစ်ပြီးကတည်းက ပြဇာတ်စာရွက်တွေ ကို ဖျက်ဆီပစ်လိုက်ကြတာ၊ ဒါပေမယ့် ကျောင်းစာကြည့်တိုက် မြေအောက်ခန်းထဲမှာ မိတ္တူ တစ်စောင်ကျန်သေးတယ်ဆိုတာ နောက်မှ ပြန်တွေ့ တယ်၊ ဒါနဲ့ ဒီအတိုင်းပဲ ပစ်ထားလိုက်ကြသေးတယ်၊ ခုမှ ဆရာမ တို့က ပြန်က ကြတာလေ”
ထိုစကားကြောင့် ကျောင်းသားတစ်စုက စိုးရိမ်ပူပန်သွားကြပြီး တီးတိုးသံတွေ ထွက်ပေါ်လာ တော့သည်။
ဒေါ်ခင်ကြည်ပြာက ဇာတ်ခုံပေါ်တက်သွားရင်း . .
“ကဲ . . ကဲ . .. နားထောင်ကြစမ်း။ ဒါဟာ ကိုလိုနီခေတ်က အရိုးစွဲနေတဲ့ ယုံတမ်းစကားကြီးပဲ ဥစ္စာ၊ လူတွေ ကို သက်သက်ကြောက်အောင် ခြောက်တဲ့ အပြောင်အပျက်တစ်ခုပဲ”
ကျွန်မက ဒေါ်ခင်ကြည်ပြာကို ထမေးလိုက်၏ ။
“ဆရာမ ၊ ဒါဆို ကျိန်စာသင့်နေတယ်ဆိုတာကရော . .. ၊ နဒီဆွေပြောတော့ ဒီပြဇာတ်က ကျိန် စာသင့်နေတာဆို”
နဒီဆွေ့ဆီမှ ထောက်ခံသံပေါ်လာပြီး သူကပင် ဆက်၍
“အဘွားပြောတာတော့ ဒီပြဇာတ်က ကျိန်စာသင့်နေတာတဲ့၊ ဒီပြဇာတ်ကို ကျိန်စာတိုက်ထား တဲ့ တစ္ဆေကိုယ်တိုယ်က ဘယ်သူ့ကိုမှ ပေးမကဘူးတဲ့၊ ခုထိလည်း အဲသည့်တစ္ဆေက ကျောင်းမှာ ရှိတုန်းတဲ့”
နဒီဆွေ့စကားကြောင့် ကျွန်မ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏ ။ ဟင် . . ဒါဆို တို့ကျောင်းမှာ သရဲရှိတာပေါ့ဟု တွေးလိုက်မိသည်။ ချမ်းမင်း ကတော့ သရဲရှိသည်ဆိုခြင်းကြောင့် ပျော်နေပုံပေါက်၏ ။ ဒေါ်ခင်ကြည်ပြာက
“ကဲ . . .ကဲ . .. သရဲတွေ ၊ တစ္ဆေတွေ အကြောင်း ခဏမေ့ထားဦး၊ ဒီမှာ ဆရာမ ကို ဇာတ်ညွှန်းတွေ ကူဝေပေးကြဦး”
ကျွန်မနှင့် ချမ်းမင်းက ဒေါ်ခင်ကြည်ပြာကို ကူညီရန်ပြဇာတ် ဇာတ်ညွှန်းစာရွက်တွေ ကို ကျောင်း သားတွေ ဆီသို့ လိုက်လံဝေငှလိုက်သည်။ သူရိန်မြင့်အနီးကိုရောက်တော့ သူက
“ကျိန်စာက တကယ်ဆိုရင် ငါတို့က ဘာ ဖြစ်သွားကြမှာ လဲဟင်”
သူရိန်မြင့်၏ အမေးကို ကျွန်မပင် ပြန်မဖြေလိုက်ရ။ ဒေါ်ခင်ကြည်ပြာ ကြားသွားပြီး
“ကျိန်စာတွေ ၊ တစ္ဆေသရဲတွေ အကြောင်းကို မပြောနဲ့ တော့လို့ ဆရာမ မှာ ထားတယ်လေ၊ ဘာ ဖြစ်လို့ပြော . .”
သူမစကားသံမဆုံးခင်မှာ ပင်
“အား . .”
ထိုအသံကြောင့် ကျွန်မ နောက်ကို လှည့်ကြည့်လိုက်မိသည်။
ဟင် . . .ဒေါ်ခင်ကြည်ပြာ . . .
ဆရာမ ဘယ်ရောက်သွားတာပါလိမ့် . . .၊ ဇာတ်စင်ပေါ်တွင် မရှိတော့ . .။
ဖြုန်းခနဲ ကိုယ်ပျောက်သွားတာလား . .?
ဒရောသော ပါးဖြင့် ဇာတ်ခုံပေါ်သို့ ပြေးတတ်သွားလိုက်သည်။ ကျွန်မနှင့် အတူ ချမ်းမင်းလည်း လိုက်ပြေးတက်လာရင်း …
“ဆရာမ .. .ဆရာမ …”
“ဘယ်မှာ လဲ .. . သားတို့ခေါ်တာ ကြားရလား”
ဒေါ်ခင်ကြည်ပြာဆီမှ မည် သည့်အသံမျှ ပြန်မကြားရ။ ဇာတ်ခုံအောက်ဘက်တွင် လည်း ကျောင်းသားတွေ က ဟိုတစ်ပေါက် ဒီတစ်ပေါက် အော်ဟစ်ဆူညီနေ၏ ။ ထို့ကြောင့် ကျွန်မက တိတ်တိတ်နေရန် လက်ထောက်ပြလိုက်ပြီး နောက်တစ်ကြိမ်အော်ခေါ်ကြည့်လိုက်သည်။
“ဆရာမ . . .ကြားလား . .. ”
ခဏလောက်ကြာတော့မှ ဒေါ်ခင်ကြည်ပြာ၏ အသံကို ခပ်သဲ့သဲ့ကြားလိုက်ရ၏ ။
“ဆရာမ က အောက်ဘက်မှာ ”
အောက်ဘက်ဆိုတာ ဘယ်အောက်ဘက်ပါလိမ့်။ ဇာတ်ခုံအောက်ဘက်ကို ပြောတာလား။ ဘယ်ဘက်ကို ပြောတာလဲ။ ထိုစဉ်မှာ ပင် . . .။
“ဆရာမ ကို ဆွဲတင်ကြပါဦး”
ကျွန်မနှင့် ချမ်းမင်း ဇာတ်ခုံနောက်ဘက်ကို ပြေးသွားလိုက်ပြီး လိုက်ရှာကြည့်လိုက်သည်။ ထိုအချိန်မှာ ပင် ဒေါ်ခင်ကြည်ပြာက
“ဆရာမ ကို ဆွဲတင်ကြပါဦး”
ဒီတစ်ခါတွင် တော့ ချမ်းမင်းရော ကျွန်မပါ ဒေါ်ခင်ကြည်ပြာ ရှိနေသည့်နေရာကို သိသွားလေ၏ ။ ဒါပေမယ့် သူမကို မတွေ့ ရ။ အသံကိုသာ ကြားနေရသည်။ ချမ်းမင်းက
“ဘယ်လိုလုပ် ဆွဲတင်ရမှာ လဲ ဆရာမ ”
“မင်းတို့အနားမှာ သစ်သားခလုတ်လေးတစ်ခု ရှိတယ်။ ရှာပြီး ဆွဲလိုက်
ချမ်းမင်းက ပျာပျာသလဲ ရှာလိုက်သည်။ မကြာခင်မှာ ပင် . . .”
“တွေ့ ပြီ . . .တွေ့ ပြီ”
ချမ်းမင်းက ၀မ်းသာအားရ အော်လိုက်ပြီး ထိုသစ်သားခလုတ်လေးကို ဆွဲလိုက်လေတော့သည်။
ထိုအချိန်မှာ ပင် . .
“ကျွီ . .ကျွီ . .”
“ဂျိန်း”
ထိုအသံတွေ ထွက်ပေါ်လာသည့် ဇာတ်ခုံကြမ်းပြင်နားသို့ ချမ်းမင်းနှင့် ကျွန်မ ငုံ့ကြည့်လိုက်မိ သည်။ သိပ်မကြာခင်မှာ ပင် ဒေါ်ခင်ကြည်ပြာကို ရပ်လျက်သား တွေ့ လိုက်ရလေတော့၏ ။ ဒေါ်ခင်ကြည်ပြာက အံဝှက်စင်လေးတစ်ခုပေါ်မှ ရပ်လျက်သားအပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာ လေ၏ ။ ထိုအံဝှက် စင်အပေါ်သို့ ရောက်ရောက်ချင်း ဒေါ်ခင်ကြည်ပြာက ဇာတ်ခုံပေါ်သို့ လှမ်းတတ် လိုက်သည်။ အံဝှက်စင်ကလည်း တုန့်ခနဲ ရပ်သွားသည်။ ထို့နောက် ဒေါ်ခင်ကြည်ပြာက
“ဇာတ်ခုံကြမ်းပြင်မှာ တပ်ထားတဲ့ ဒီအံဝှက်စင်အကြောင်းကို ပြောဖို့ လုံးဝကိုမေ့နေတာ၊ ဒါက ကျောင်းစဆောက်ကတည်းက ကျောင်းပြဇာတ်တွေ မှာ အသုံးပြုဖို့ လုပ်ထားကြတာ၊ ခုမှ သတိရတယ် ဆရာမ တို့ ပြဇာတ်မှာ ဒီဟာကို သုံးလိုက်ရင် ပိုပြီး အဆင်ပြေသွားပြီ”
ဒေါ်ခင်ကြည်ပြာက ထိုသို့ပြောလိုက်ပြီး ကျောင်းစိမ်းထဘီပေါ်က ဖုန်မှု န့်တွေ ကို ခါထုတ်လိုက်သည်။
“အံဝှက်စင် ဟုတ်လား၊ အံ့သြဖို့ကောင်းလိုက်တာ။ ဘာလို့ ဒီဟာရှိမှန်း အစောကြီးက မသိရတာ လဲ”
ချမ်းမင်း ကတော့ ထိုအံဝှက်စင်လေးနားမှာ ပင် လှည့်ပတ်ကြည့်နေသည်။ သူ့နားသို့ ကျွန်မ ရောက်သွားသည်ကိုပင် လှည့်မကြည့်။
“ပြဇာတ်ကတဲ့နေ့ကျရင် ငါ တစ်ယောက် တည်းပဲ ဒီဟာကိုသုံးရမှာ ၊ လောလောဆယ် ဒီဟာကို စမ်းကြည့်လို့ရမလား မသိဘူး”
ချမ်းမင်း၏ အားတက်သရော ရေရွတ်နေသံကို ဒေါ်ခင်ကြည်ပြာက ကြားသွားပြီး
“နေဦး . .နေဦး . .၊ အရင်စစ်ဆေးကြည့်လိုက်ဦး၊ တော် ကြာ တစ်ခုခု ဖြစ်နေမှ ဒုက္ခ”
ချမ်းမင်း ဒူးထောက်ထိုင်ချလိုက်ပြီး အံဝှက်စင်ကို လှည့်ပတ် စစ်ဆေးကြည့်နေလေ၏ ။ ခဏ လောက်ကြာတော့ ဒေါ်ခင်ကြည်ပြာက ..
“ဘယ်လိုလဲ ချမ်းမင်း၊ စိတ်ချရလား”
“ဟုတ်ကဲ့ ဆရာမ ၊ ကောင်းမယ်လို့တော့ ထင်ရတာ ပဲ”
“အေး…အေး၊ ဟုတ်ပြီ၊ ကျောင်းသားတွေ အားလုံး ကိုယ့်နေရာ ကိုယ်ပြန်ထိုင်ြ ကတော့၊ မင်းတို့ကို ဆရာမ ပြဇာတ်မှာ ပါမယ့် အသေးစိတ် အချက်တွေ ကို ဖတ်ပြမယ်”
ထို့နောက်တွင် ဒေါ်ခင်ကြည်ပြာက ပြဇာတ်အကြောင်းကို အချိန်တော် တော် ကြာသည်အထိ ဖတ်ပြနေလေတော့သည်။
“ကဲ . . .အားလုံး ပြန်လို့ရပြီ၊ အိမ်ရောက်ရင် ကိုယ်သရုပ်ဆောင်ရမယ့်အပိုင်းကို လေ့ကျင့် ထားခဲ့ကြဦး၊ မနက်ဖြန်ကျမှ ထပ်တွေ့ ကြမယ်”
ပြောပြီးပြီးချင်းမှာ ပင် ဒေါ်ခင်ကြည်ပြာက ထွက်သွားရန် ခြေလှမ်းပြင်နေလေတော့သည်။ ခဏ လောက်ကြာတော့ ဒေါ်ခင်ကြည်ပြာ ပြန်သွားပြီး ကျောင်းသားတွေ လည်း ၀ရုန်းသုန်းကားနှင့် လိုက်ထွက်လာခဲ့ကြသည်။ ချမ်းမင်းကို ရှာကြည့်လိုက်သေးသည်။ ချမ်းမင်းက မရှိတော့။ သို့နှင့် ကျွန်မ တစ်ယောက် တည်း နောက်ဆုံးမှထွက်လာခဲ့၏ ။ ပြဇာတ်ရုံ အပေါက်ဝနားအရောက်တွင် တော့ တစ်ယောက် ယောက် က ရုတ်တရက် ကျွန်မအင်္ကျီစကို လှမ်းဆွဲလိုက်လေသည်။ ရုတ်တရက်မို့ ကြောက်လန့်တကြား ဖြစ်သွားပြီး
“အောင်မလေး . .. ချမ်းမင်းရယ်၊ လန့်လိုက်တာ၊ ဘာပြောမလို့လဲ”
“ရှုး . . တိုးတိုး . .”
ချမ်းမင်းက ကျွန်မကို အသံမထွက်ရန် နှုတ်ခမ်းပေါ်သို့ လက်ညှိုးထောင်ပြလိုက်လေ၏ ။ နောက် တံခါးအကွယ်တွင် ပုန်းနေသော ချမ်မင်းက
“အားလုံးထွက်သွားကြပြီလား”
“အေး . .”
ထိုအဖြေစကားကြောင့် ချမ်းမင်းမျက်လုံးတွေ ၀င်းလက်တောက်ပသွား၏ ။ မျက်နှာကလည်း တစ်ခုခုကို အပြင်းအထန် စိတ်ဝင်စားနေသည့် ပုံစံမျိုးဖြင့် ကဇာတ်ရုံဘက်သို့ ဝေ့ကြည့်လိုက်သည်။ ကျွန်မက ချမ်းမင်းကို ကြည့်ပြီး စိတ်မရှည်စွာ ဖြင့်
“နင်က ဘာလို့ ဒီနားမှာ ခိုးကြောင်ခိုးဝှက် လုပ်နေရတာ လဲ”
ချမ်းမင်းက စပ်ဖြဲဖြဲလုပ်နေရင်း
“ငါတို့ အံဝှက်စင်ကို စမ်းကြည့်ရအောင်”
“ဟာ . . .နင်ကလဲ၊ ထားလိုက်ပါဟာ”
“လာပါ၊ မြန်မြန်သွားကြရအောင်၊ တော် ကြာ တို့ကို သူများ တွေ တွေ့ သွားဦးမယ်”
ပတ်ဝန်းကျင်ကို လျင်မြန်စွာ ပင် အကဲခတ်လိုက်သည်။ အားလုံး ရှင်းလင်းတိတ်ဆိတ်နေလေ ၏ ။ သို့နှင့် ချမ်းမင်းခေါ်ရာ နောက်သို့ ကျွန်မ ခပ်သုတ်သုတ်လိုက်လာခဲ့သည်။ ထိုသို့ လျှောက်လာရင်းမှ ချမ်းမင်းက ကျွန်မကို
“ဟဲ့ . .နေနေ၊ တစ်ခုခုဆို အလန့်တကြားမလုပ်နဲ့ နော်၊ တော် ကြာ သူများ တွေ ကြားသွားဦး မယ်၊ ငါတို့က စမ်းကြည့်ရုံတင် စမ်းကြည့်မှာ ”
ကျွန်မက ခေါင်းသာညိတ်ပြလိုက်သည်။ ရင်ထဲတွင် တော့ လေးလံနေ၏ ။ အေးလေ . .. ဘာ ဖြစ်နိုင်မှာ မို့လဲ။ ကိုယ့်ကိုယ်ကို ပြန်ဖြေတွေးလိုက်ပြီး ရင်မောစွာ ဖြင့် ပင် လိုက်လာခဲ့မိတော့သည်။
ကဇာတ်ရုံထဲတွင် တော့ လေက အေးစိမ့်စိမ့် ဖြစ်နေသည်။ အရာရာအားလုံးကလည်း ခြောက်ကပ်တိတ်ဆိတ်နေ၏ ။ ကျွန်မတို့ခြေသံတွေ သာ တစ်ချက်ချက် ပဲ့တင်ထပ်သွားသည်။ ထိုစဉ်မှာ ပင် ဘာကြောင့် မှန်းမသိ ကျွန်မ နှာချေချင်လာသည်။ ကြိတ်မှိတ်ချုပ်တည်းပေမယ့် မရလိုက်။
“ဟပ်ချိုး .. . ဟပ်ချိုး”
ထိုအသံကြောင့် ချမ်းမင်းက မျက်လုံးပြူးမျက်ဆံပြူးဖြင့်
“ဟဲ့ .. ဟဲ့ .. .တိတ်တိတ်နေ”
ချမ်းမင်းစကားက အရာမထင်။ ကျွန်မ နှာဆက်ချေလိုက်ပြန်သည်။
“ဟပ်ချိုး .. .ဟပ်ချိုး”
ချမ်းမင်းက ပြောမရသည့်အဆုံး ကျွန်မကိုသာ စိတ်ပျက်လက်ပျက်နှင့် ကြည့်နေလေတော့ သည်။ ကျွန်မက အမြဲတမ်းလိုလို အရာရာနှင့် အကြောင်းကြောင်း။ တစ်ခုခုဆို တွေ ဝေတုံ့ဆိုင်းနေတတ်ပြီး လုပ်လိုက်လျှင်လည်း တလွဲကြီးပဲ ဖြစ်သည်။ ယခုလည်း မဆီမဆိုင် နှာတွေ ချေနေပြန်သည်။ ခဏလောက်ကြာတော့ ချမ်းမင်းက ဇာတ်ခုံအနောက်ဘက်သို့ ခြေဖျားထောက်ပြီး လျှောက်သွားသည်။ ကျွန်မလည်း သူ့နောက်မှ ခြေသံခပ်ဖွဖွပင်လိုက်လာခဲ့သည်။
သိပ်မကြာခင်မှာ ပင် အံဝှက်စင်လေးကို တွေ့ လိုက်ရလေ၏ ။ချမ်းမင်းက ထိုအံဝှက်စင်ပေါ်သို့ တက်လိုက်ရင်း
“ဒီနားမှာ အံဝှက်စင်ရဲ့ အောက်ကိုဆင်းတဲ့ခလုတ် ရှိတယ်။ ရှာပြီး စမ်းကြည့်ရအောင်”
ချမ်မင်းစကားကြောင့် အံဝှက်စင်ခလုတ်ကို လိုက်ရှာလိုက်သည်။ ထို့နောက် ကျွန်မက တွေ့ ပြီ …. တွေ့ ပြီဟု ၀မ်းသာအားရဖြင့် ထအော်လိုက်မိသည်။
“ရှုး .. တိုးတိုး၊ နင်ကလဲ တိတ်တိတ်နေပါဆို”
“အိုး . . .ဆောရီး . .ဆောရီး . ..၊ ငါမေ့သွားလို့”
ချမ်းမင်းက တိတ်တိတ်နေပါဆိုမှ ကျွန်မက နှာပိုချေချင်လာသည်။ မျက်လုံးနှစ် ဖက်ကလည်း မှေးလာပြီး ပါးစပ်ကလည်းဟလာသည်။ နောက်ဆုံး အိတ်ထဲမှာ လက်ကိုင်ပ၀ါကို ထုတ်လိုက်ပြီး ကိုယ့် နှာခေါင်းကိုယ် ပြန်ပိတ်ထားလိုက်လေသည်။ ထိုအချိန်မှာ ပင် ချမ်းမင်းက လေသံခပ်တိုးတိုးဖြင့်
“ဟဲ့ … နေနေ၊ မြန်မြန်လာ”
ကျွန်မ အံဝှက်စင်ခလုတ်ကို နှိပ်လိုက်ပြီး အံဝှက်စင်ပေါ်သို့ အလျင်အမြန် ခုန်တတ်လိုက်လေ တော့သည်။
ထို့နောက် ..
“ကျွီ .. .ကျွီ …”
“ဂျောင်း”
အံဝှက်စင်က ငြိမ့်ခနဲ ဖြစ်သွားပြီး တဖြည်းဖြည်းနှင့် အောက်သို့တအိအိ ကျလာလေတော့ သည်။ အောက်သို့ကျနေရင်း အံဝှက်စင်က လှုပ်ရှားယိမ်းထိုးနေသည်။ လေးဘက်လေးတန်ကလည်း မြေကြီးနံရံတွေ သာ တွေ့ နေရသည်။ ချမ်းမင်းက ကျွန်မလက်ကို ဆုပ်ကိုင်ထားရင်းက
“ဒီဟာကြီးက တော် တော် ကို ခါယမ်းနေတာပဲနော်”
“ဘာလဲ . ..နင် ကြောက်နေပြီလား၊ ပြောတော့ မကြောက်ဘူးဆို”
“ဟင့်အင်း . .. မကြောက်ပါဘူး၊ ပြောပြတာပါ”
အံဝှက်စင်၏ တ၀ုန်းဝုန်း တဂျောင်းဂျောင်းမြည် သံတွေ က ကျယ်သည်ထက် ပိုကျယ်လာလေ ၏ ။ လေးထောင့်စင်လေးကလည်း ပို၍ ခါယမ်းလာသည်။ ဇာတ်ခုံနောက်ဖျားအစွန်းကိုပင် မတွေ့ ရတော့ချေ။
“ဟင် . . .ဘယ်အထိ ဆင်းသွားတာလဲ”
ထိုအာမေဋိတ်စကားသံနှင့် အတူ အံဝှက်စင်က အောက်သို့ အရှိန်ပြင်းပြင်းကျသွားလေတော့ သည်။ နှစ် ယောက် စလုံး တစ်ယောက် ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ကြပြီး ငယ်သံပါအောင် ကြောက်လန့်တကြား အော်ဟစ်လိုက်လေတော့သည်။
“အား . ..အား . . အား .. ”
“၀ုန်း”
“ဘုန်း”
အံဝှက်စင်က မြေပြင်ကို ဘုန်းခနဲထိရိုက်ကာ ရပ်တန့်သွား၏ ။ ထို့ကြောင့် ပင် နှစ် ယောက် စလုံး အံဝှက်စင်ပေါ်မှ အောက်သို့ တလိမ့်ခေါက်ကွေး ပြုတ်ကျသွားလေတော့သည်။
ထို့နောက် ပတ်ဝန်းကျင်သည် အတန်ကြာသည်အထိ ပြန်လည် တိတ်ဆိတ်သွားသည်။ မြေပြင်ကလည်း အေးစက်မာကျောနေပြီး အလင်းရောင် ကလည်း ရှိသည်ဆိုရုံမျှသာ။ ထို့နောက် ချမ်းမင်းဆီမှ
“ကျွတ် .. .ကျွတ် .. .အား .. အား”
ညည်းညူသံကို ကြားလိုက်ရလေသည်။ ကျွန်မက
“ချမ်းမင်း . .. ဘာ ဖြစ်သွားသေးလဲ”
“ရတယ်၊ ဘာမှမ ဖြစ်ဘူး၊ ခါးနည်းနည်း နာသွားလို့”
ကျွန်မက ချမ်းမင်းအနားသို့ တိုးကပ်သွားလိုက်သည်။ ချမ်းမင်းက ကျွန်မလက်ကို လှမ်းဆွဲပြီး မတ်တတ်ထရပ်လိုက်၏ ။ ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
မှော င်မည်းတိတ်ဆိတ်နေသည့် ဥမင်လိုဏ်ခေါင်းတစ်ခု။
ထိုမြင်ကွင်းကြောင့် ကျောထဲတွင် ချမ်းစိမ့်စိမ့် ဖြစ်သွားပြီး ငါတို့ဘယ်နားရောက်နေတာလဲဟု တီးတိုးရေရွတ်လိုက်မိသည်။ ထိုအချိန်မှာ ပင် ကြားလိုက်ရသော အသံကြီးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားလေတော့သည်။
“ရှုး . ..ဖူး”
“ရူး . . .ဖူး”
ဟင် .. .ဘာသံကြီးလဲ
ထိုအသံကြီးကြောင့် နှလုံးခုန်တွေ ရုတ်တရက် မြင့်တတ်လာပြီး တစ်ကိုယ်လုံးလည်း သိမ့်သိမ့် တုန်လာ၏ ။ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ ယင်းအခိုက်မှာ ပင်
“ရူး … .ဖူး”
“ရှုး…ဖူး”
ထိုအသံကို ကျွန်မဘေးဘက်မှ ကြားနေရခြင်း ဖြစ်သည်။ သက်ရှိအကောင်တစ်ကောင်ရဲ့ အသက်ရှူသံလား
ဒါဆို . .. ငါ့ . .. ဘေး . ..နား … .မှာ
ကျွန်မ ကြောက်ကြောက်နှင့် လှည့်ကြည့်လိုက်မိသည်။ မြင်တွေ့ လိုက်ရသည်က
ချမ်းမင်း…
“အောင်မလေးချမ်းမင်းရယ်၊ လန့်လိုက်တာ၊ နင် ဘာ ဖြစ်လို့ ဒီလိုမျိုးကြီး အသက်ရှုနေရတာ လဲ”
ကျွန်မက အနည်းငယ် ကြောက်စိတ်ပြေသွားပြီး အလန့်တကြားနိုင်လွန်းသော ချမ်းမင်းကို စိတ်တိုသွားမိသည်။
ချမ်းမင်းကလည်း ပြူးတိပြူးကြောင်ဖြင့် ကြည့်ရင်း
“ဘာ ဖြစ်နေတာလဲ .. .၊ ငါ ဘယ်လိုအသက်ရှူနေလို့လဲ”
ကျွန်မက ချမ်းမင်းစကားကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ဘာမှအရေး မကြီးကြောင်း ပြန်ပြောလိုက်သည်။ ကြောက်ကြောက်လန့်လန့်နဲ့ ဆိုတော့ သူလည်း ဒီလိုပဲ အသက်ရှုမိတာနေမှာ ပေါ့ဟု တွေးလိုက်မိသည်။ ထို့နောက် အပေါ်ဘက်သို့ မော့ကြည့်လိုက်မိ၏ ။ ကဇာတ်ရုံ၏ မျက်နှာကြက်လေးထောင့်ပြားလေးသည် မှု န်မှု န်သေးသေးလေးသာ မြင်ရလေတော့သည်။ ထိုအချိန်မှာ ပင် ချမ်းမင်းက ကျွန်မကိုမေးလိုက်သည်။
“ငါတို့ ဘယ်နားကိုရောက်နေတာလဲ”
ကျွန်မက ချမ်းမင်းကို ချက်ချင်း အဖြေပြန်မပေးသေးပဲ စဉ်းစားနေလိုက်သည်။ ချမ်းမင်းကပင် ဆက်၍ …
“မြေအောက်ခန်းတော့ မ ဖြစ်နိုင်ဘူး။ ငါထင်တာတော့ မြေအောက်ခန်းရဲ့ အောက်ဘက်ကို ရောက်နေတာပဲ ဖြစ်ရမယ်”
“အေး . .. ဖြစ်နိုင်တယ်”
ချမ်းမင်းက ခဏလောက်ငြိမ်နေလိုက်သည်။ ပြီးတော့မှ
“လာ .. ရှေ့မှာ အလင်းရောင် နည်းနည်း ရှိသေးတယ်၊ သွားကြည့်ကြရအောင်”
ချမ်းမင်းစကားကြောင့် ကျွန်မ အနည်းငယ် တွန့်သွားမိသည်။ အမှန်အတိုင်းပြောရရင် အံဝှက် စင်ပေါ်မှာ ကတည်းက ကြောက်စိတ်ကို မနည်းထိန်းလာခဲ့ရသည်။ ယခုလည်း နောင်တရပြီး လှည့်ပြန် ချင်လာသည်။ ထိုအခိုက်မှာ ပင် ချမ်းမင်းက ရှေ့သို့တိုးသွား၏ ။ ကျွန်မ သူ့နောက်ကို ဒရောသော ပါး လိုက်ရင်းက
“ချမ်းမင်း၊ အံဝှက်စင်က ဘာလို့ ဒီအထိတောင် ကျလာရတာ လဲ”
ချမ်းမင်းက ကျွန်မစကားကို စပ်တိစပ်ဖြဲလုပ်ရင်း ပြန်ဖြေလိုက်သည်။
“ငါထင်တာတော့ သရဲက ဇာတ်ရုံပေါ်မှာ ခြောက်ပြီးရင် အိမ်ကို မြန်မြန်ပြန်ရောက်ချင်လို့ လုပ်ထားတာ ဖြစ်မှာ ပေါ့”
ချမ်းမင်းစကားကြောင့် စိတ်တိုသွားပြီး ကျွန်မ သူ့ကို ဆောင့်တွန်းပစ်လိုက်သည်။
“ဟဲ့ . .. ချမ်းမင်း၊ ဒီအချိန်မှာ ဒါမျိုး နောက်စရာ မဟုတ်ဘူး”
ချမ်းမင်းက ကျွန်မကြောက်နေမှန်းသိ၍ နောက်နေလေ၏ ။ ကျွန်မကလည်း နောက်နေမှန်းသိ သိနှင့် ပင် ချမ်းမင်းစကားကို ယုံသလိုလိုဖြင့် အနီးအနားသို့ ဝေ့ကြည့်လိုက်မိသည်။
တကယ်လို့ သရဲသာ ဒီနေရာမှာ ရှိရင် ဘယ်နားမှာ ပုန်းခိုနေလေမလဲ …။
ကိုယ့်အတွေးနဲ့ ကိုယ် ထိတ်လန့်သွားပြီး နေရာတိုင်းကို ကျီးကန်းတောင်မှော က် လျှောက်ကြည့်မိ၏ ။
ထိုအချိန်မှာ ပင်ချမ်းမင်းက
“ကဲ . ..အပေါ်ပြန်တတ်ကြစို့၊ တော် ကြာ ညနေစာ စားဖို့ နောက်ကျနေလို့ အိမ်ကဆူနေလိမ့်မယ်”
“အေး . .”
ကျွန်မက ချမ်းမင်းကို ခေါင်းညိတ်ပြလိုက်ပြီး အံဝှက်စင်နားသို့ တိုးလျှောက်လာခဲ့သည်။ အံဝှက်စင်နားရောက်တော့ ကျွန်မက
“အပေါ်ကို ပြန်တတ်တာတော့ ဟုတ်ပါပြီ၊ ဒါနဲ့ တို့ ဘယ်လိုပြန်တတ်ကြမလဲ”
ချမ်းမင်းက ကျွန်မစကားကြောင့် တွေ ဝေသွားပြီး အံဝှက်စင်နားသို့ တိုးကပ်လိုက်ကာ ဟိုစမ်း သည်စမ်း လုပ်နေလေတော့သည်။ ခဏလောက်ကြာတော့ ချမ်းမင်းဆီမှ ညည်းညူသံ ထွက်လာသည်။
“ဒုက္ခပါပဲ၊ ငါတို့အပေါ်ကို ဘယ်လိုပြန်တတ်ကြမလဲ၊ အဆင်းတုန်းက သစ်သားခလုတ်လေး လည်း မတွေ့ တော့ဘူး”
“သစ်သားခလုတ်လေးက အပေါ်မှာ ကျန်ခဲ့ပြီလေ”
ကျွန်မတို့နှစ် ယောက် စလုံး အမှော င်ကိုသာ စိတ်ပျက်အားငယ်စွာ စိုက်ကြည့်နေမိတော့သည်။ အံဝှက်စင်ကို အပေါ်သို့ ပြန်မြင့်တတ်အောင် ဘယ်လိုလုပ်ရမလဲ။
စိုးရွံ့စိတ်က တစ်ကိုယ်လုံးကို လွှမ်းခြုံလာသည်။
“အခု ငါတို့ပိတ်မိနေကြပြီ၊ အားလုံး နင့်ကြောင့် ဖြစ်ရတာ ”
သွေးရူးသွေးတန်းနှင့် ပြောလိုက်သည့် ကျွန်မစကားကြောင့် ချမ်းမင်းက အားပါးတရ ရယ်မောလိုက်သည်။
“ငါ ကတော့ ဒီနေရာကို ကြိုက်တယ်ဟေ့၊ အပြောင်းအလဲ ဖြစ်တာပေါ့”
“နင့်ဘာသာနင်ကြိုက်၊ ငါတော့ မနေနိုင်ဘူး”
ကျွန်မက ပြောနေရင်းကပင် ၀မ်းနည်းစိတ်ကြောင့် မျက်ရည်ကျလာပြီး ဆက်ပြောလိုက်သည်။
“အစကတည်းက ဆရာမ က ပြောသားပဲ၊ ဒီနေရာက အန္တရာယ်ရှိတယ်လို့၊ အခု ဘယ်လိုလုပ် ကြမလဲ၊ တစ်ညလုံးနေရတော့မယ်၊ ငါတို့ ဒီအောက်မှာ ရောက်နေတာကို ဘယ်သူမှလည်း မသိဘူး၊ ဟင့် . .. ဟင် . .. ကယ်မယ့်လူ မလာရင် တစ်သက်လုံး . . .ဟင့် . . .ဟင့်”
“ဟား . .. . .ဟား . .. တစ်သက်လုံး မနေရပါဘူးဟာ၊ မြေကြွက်တွေ ကိုက်တာနဲ့ တင် တစ်ရက်နှစ် ရက်အတွင်း သေမှာ ပါ. . .ဟား . ..ဟား”
ချမ်းမင်းက ကြောက်စိတ်ကိုဖုံးဖိရင်း ကတုန်ကယင်အသံဖြင့် ကျွန်မကို လိုက်လှောင်ပြောင်နေ လေသည်။ ကျွန်မ ကျွဲမြီးတိုသွားပြီး ချမ်းမင်းကို အားကုန်ဆောင့်တွန်းပစ်လိုက်လေသည်။ ချမ်းမင်း လည်း အံဝှက်စင်ပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားလေတော့သည်။ ထိုအချိန်မှာ ပင် . . .
“ကျွီ . ..ကျွီ . ..”
“ဂျောင်း . .. ဂျောင်း”
အံဝှက်စင်က ရုတ်တရက် လှုပ်ရှားလာသည်။ ချမ်းမင်းက ထအော်လိုက်၏ ။
“မြန်မြန်လာ၊ ခလုတ်က ဒီမှာ ၊ ငါနဲ့ တိုက်မိသွားပြီ”
ကျွန်မဆောင့်တွန်းလိုက်၍ ချမ်းမင်းက ခလုတ်ကိုသွားဖိမိလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ကျွန်မ အံ့ဝှက်စင်ပေါ်သို့ ခုန်တတ်လိုက်လေတော့သည်။
အံဝှက်စင်က ဇာတ်ခုံနှင့် လေးငါးပေအကွာလောက်တွင် ရပ်တန့်သွားသည်။ ချမ်းမင်းက
“ဟေး . ..ဟေး . . အိမ်ပြန်လို့ရပြီ”
“သိပ်ပျော်မနေနဲ့ ချမ်းမင်း၊ ဒါ ဒေါ်ခင်ကြည်ပြာ ပြုတ်ကျတဲ့နားပဲ ရှိသေးတယ်၊ အပေါ်ကို ပြန်မရောက်သေးဘူး”
“ဘာ ဖြစ်လဲ၊ ဖိနပ်ချွတ်ပြီး တွယ်တတ်မှာ ပေါ့”
“နေဦး၊ ငါမတတ်ရဲဘူး၊ သရဲက ဇာတ်ခုံပေါ်ကနေ စောင့်နေရင် ဘယ်လိုလုပ်မလဲ”
“အေးပါ . .. နေနေရာ၊ ငါရှေ့ကတတ်ပါ့မယ်”
ပြောပြောဆိုဆိုနှင့် ချမ်းမင်းက သူ့ဖိနပ်တွေ ကို ကျွန်မကျောပိုးအိတ်ထဲသို့ ထိုးထည့်လိုက်ပြီး ဇာတ်ခုံပေါ်သို့ တွယ်တပ်တတ်သွားလေတော့သည်။ သိပ်မကြာခင်မှာ ပင် မြင်ကွင်းထဲမှ ပျောက်သွား ၏ ။
ကျွန်မ ချမ်းမင်းကို ရင်မောစွာ ပင် စောင့်နေမိသည်။ အချိန်တော် တော် ကြာသွားပြီး၊ ကျွန်မ စိတ်မရှည်ချင်တော့။
“ချမ်းမင်း . ..ချမ်းမင်း”
ဟင် . .ဘာသံမှလည်း ပြန်မကြားရပါလား။
ကျွန်မခေါ်နေတာပဲ သူမကြားလို့လား။
အချိန်အနည်းငယ် ထပ်စောင့်ကြည့်လိုက်သည်။ ဘာမှ မထူးခြား။ ထိုအခိုက်အတန့်လေးပင် ကျွန်မအတွက် ဆယ်ကမ္ဘာလောက်ကြာသွားသည် ထင်ရသည်။ ချမ်းမင်း ဘာတွေ လုပ်နေလို့များ ။ ထိုသို့စဉ်းစားနေရင်း ဖျတ်ခနဲ အတွေးတစ်ခု ၀င်လာသည်။
“ချမ်းမင်း၊ မနောက်ပါနဲ့ တော့ဟယ်၊ ငါ့ကို မြန်မြန်လာခေါ်စမ်းပါ။ ငါကြောက်နေပြီ”
ထိုအချိန်မှာ ပင်. …
အပေါ်ဘက်မှ လက်လှမ်းကမ်းပေးလိုက် တာကို တွေ့ လိုက်ရလေသည်။ ကျွန်မ ပျာပျာသလဲပင် ထိုလက်ကို လှမ်းဆွဲလိုက်သည်။ နှုတ်မှလည်း ..
“သေနာကောင် .. အစုတ်ပလုတ်”
ဟု ကျိန်ဆဲမိလိုက်သည်။ ချမ်းမင်းက အမြဲတမ်းလိုလို သူများ ကို စိတ်ကသိကအောင့် လုပ်ရမှ စားဝင်အိပ်ပျော်သည် ထင်သည်။ သိပ်မကြာခင်မှာ ပင် ကျွန်မ အပေါ်သို့ ရောက်သွားသည်။ ဇာတ်ခုံ ပေါ်တွင် အလင်းရောင် က စူးရှနေသည်။ ထိုအလင်းရောင် ကြောင့် မျက်လုံးတွေ ကို ချက်ချင်း ဖွင့်မရသေးပဲ အတန်ကြာမှ ဖြည်းဖြည်းချင်း ဖွင့်လိုက်လေ၏ ။
ဟင်. ..
ဘယ် . .. သူ . . .ကြီး . .. လဲ ?
ရုတ်တရက် ကျွန်မ ပါးစပ်မှ အာမေဋိတ်အသံနှင့် အတူ ချောက်ချားတုန်လှုပ်သွားလေတော့ သည်။ လည်ချောင်းထဲတွင် လည်း တစ်ဆို့ချောက်ကပ်နေပြီး အော်ဖို့ပင် အင်အားမရှိတော့။ ချမ်းမင်းကရော ဘယ်ရောက်သွားတာလဲ။ အသက်ကို မနည်းဝအောင်ရှုသွင်းလိုက်ပြီး ဇာတ်ခုံပေါ်မှ လူကို ကြည့်လိုက်လေတော့သည်။
ထိုလူက သေးသေးပိန်လှီပြီး စုတ်ပြတ်ညစ်ပတ်နေသည့် အင်္ကျီ ဘောင်းဘီတို့ကို ၀တ်ဆင်ထားလေး၏ ။ ဆံပင်တွေ ကလည်း ကြမ်းတိုက်တံမြက်စည်းတစ်ချောင်းနှယ် ဖွာလန်ကျဲနေသည်။ မျက်နှာကလည်း ချမ်းမင်း အမြဲနောက်လေ့ရှိသည့် မျက်နှာဖုံးထက်ပင် ကြောက်စ ရာကောင်းနေလေ၏ ။ အရပ်အမောင်းကလည်း ကလေး တစ်ယောက် သာသာလောက်သာ ရှိသည်။
စူးစိုက်ကြည့်နေသော သူ့မျက်လုံးတွေ က မြင်ရတိုင်း ကြက်သီးထချင်စရာပင်။ ထိုလူက ရှေ့သို့ တိုးလာသည်။ ကျွန်မ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏ ။
“ရှင်….ဘယ်…သူ….လဲ”
ထိုသူက ပြာအက်ကွဲရှနေသော အသံကြီးဖြင့် ပြန်ပြောလိုက်သည်။
“ငါက ကျောင်းစောင့်မြစိန်ပဲ”
မြစိန်ဆိုသော လူ၏ အသံက ကဇာတ်ရုံတစ်ခုလုံး ဟိန်းထွက်သွား၏ ။
ကျွန်မ စိတ်ကို မနည်းငြိမ်အောင်ထိန်းလိုက်ရင်း
“ကျွန်မသူငယ်ချင်း ချမ်း .. .မင်း .. .ရော”
ကျောင်းစောင့် မြစိန် ပြန်မဖြေခင်မှာ ပင် ကျွန်မ နောက်ကျောဘက်ဆီမှ ချမ်းမင်းအသံကို ကြား လိုက်ရလေ၏ ။
“နေနေ .. ငါဒီဘက်မှာ ”
ကျွန်မ ချာခနဲလှည့်ကြည့်လိုက်မိသည်။ အံဝှက်စင်၏ တစ်ဖက်ခြမ်းမှာ ချမ်းမင်းကို ရပ်လျက် သား တွေ့ လိုက်ရသည်။ ချမ်းမင်းက ကျွန်မဆီသို့ လျှောက်လာစဉ် ကျောင်းစောင့် မြစိန်က အသံပြာ ကွဲအက်အက်ကြီးဖြင့်
“ကျောင်းက ဆင်းသွားပြီ၊ မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ”
ကြောက်ရွံ့စရာကောင်းသော ထိုအသံကြီးကြောင့် ကြက်သီးဖြန်ခနဲထသွားမိသည်။ ကျွန်မတို့ နှစ် ယောက် တစ်ယောက် ကို တစ်ယောက် ကြည့်လိုက်ပြီး ချမ်းမင်းက
“ကျွန်…တော် တို့ ကျောင်းကပွဲအတွက် အစမ်းလေ့ကျင့်နေတာ၊ အဲဒါ နောက် …ကျ…သွား လို့”
“ဘာ .. .ကျောင်းကပွဲအတွက် ဟုတ်လား။ ဒါဆို တခြားလူတွေ ကရော ဘယ်ရောက်သွားလဲ”
ကြောက်စိတ်ကြောင့် ဒူးတွေ ပင် ကွေးညွှတ်ချင်လာသည်။ စကားသံတွေ ကလည်း အထစ်ထစ် ငေါ့ငေါ့ ..။
“ကျွန်မတို့ ကျောပိုးအိတ်မေ့ကျန်ခဲ့လို့ ပြန်လာယူကြတာ”
ကျောင်းစောင့်မြစိန်က
“ဒါဆို အံဝှက်စင်ရှိမှန်း မင်းတို့ ဘယ်လိုသိကြတာလဲ”
“ကျွန်တော် တို့ကို ဆရာမ ဒေါ်ခင်ကြည်ပြာ ပြောပြလို့ပါ”
ချမ်းမင်း၏ အဖြေစကားကြောင့် ကျောင်းစောင့်မြစိန်က ကျွန်မတို့အနားသို့ တိုးကပ်လာပြီး
“ဒီအံဝှက်စင်က ဘယ်လောက် အန္တရာယ်ကြီးသလဲ မင်းတို့သိလား”
ထိုသူ့မျက်နှာက တစ္ဆေတစ်ကောင်လို ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အသက်ရှုသံကလည်း ပြင်း ထန်ဆူညံနေသည်။ သူ့အသက်ရှုသံကြီးက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ငိုညည်းသံကြီးလိုလိုပင်။ ထို့နောက် ကျောင်းစောင့်မြစိန်က ကျွန်မအနားသို့ အတင့်ရဲစွာ ကပ်လာလိုက်သည်။ သူအသက်ရှု ထုတ်လိုက်သော ကြောင့် ကျွန်မပါးတွေ ပင်ပူလောင်လာသည်။ ထို့နောက် သူက ..
“အခု မင်းတို့မှာ အန္တရယ်ရှိနေပြီ”
ထိုနေ့ညက ချမ်းမင်းက ကျွန်မဆီကို ဖုန်းဆက်လာသည်။ ကျွန်မက ..
“ဟို ကျောင်းစောင့်မြစိန်ဆိုတဲ့လူက တို့ကို နောက်တစ်ကြိမ်မလာအောင် တမင်ခြောက်လှန့် လိုက်တာ ဖြစ်မယ်”
“ဟုတ်လား၊ ငါတော့ မကြောက်ပါဘူး၊ နင်ကြောက်သွားတာတော့ စိတ်မကောင်းပါဘူးဟာ”
ချမ်းမင်းက သူ့ကိုယ်သူ သူရဲကောင်းကြီး တစ်ယောက် လို အတည်ပေါက်လာလှိမ့်နေသည်။ ကျွန်မက အမြင်ကတ်ကတ်ဖြင့်
“နင်က မကြောက်ဘူးလည်းဆိုသေးတယ် ဘာလိုက ဒူးတုန်ခြေတုန် ဖြစ်နေရတာ လဲ”
“ငါမကြောက်ပါဘူး၊ ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်းလုပ်နေတာပါ”
“အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့ ချမ်းမင်း”
“နင်အရင်တုန်းက အဲသည့်ကျောင်းစောင့်မြစိန်ကို မြင်ဖူးလား”
ကျွန်မက ခဏစဉ်းစားလိုက်ပြီး
“ဟင့်အင်း .. မမြင်ဘူးဖူး”
ချမ်းမင်းက
“ဘာလို့ မမြင်ဖူးတာလဲဆိုတော့ သူက ကျောင်းစောင့်မဟုတ်ဘူးဟ . .။ သူက တကယ့် .. သ…ရဲ”
ဟု အသံကွဲရှရှဖြင့် တစ်လုံးချင်းပြောလိုက်လေသည်။
အင်္ဂါနေ့မနက်ခင်း …။
အငယ်ဆုံးမောင်လေး ဖိုးလပြည့်နှင့် အတူ ကျောင်းသို့ လျှောက်လာခဲ့သည်။ လမ်းတွင် မောင်လေးဖိုးလပြည့်က ကျောင်းပြဇာတ်အကြောင်းကို မေး၏ ။ ဖိုးလပြည့်က အသက် ခုနှစ် နှစ် အရွယ် သာ ရှိသေးသည်။ သရဲလည်း အလွန်ကြောက်တတ်၏ ။
တစ်ခါတုန်းက ကျွန်မနှင့် အတူ သရဲကားထိုင်ကြည့်ပြီး တစ်ယောက် တည်း မအိပ်ရဲတော့။ ကျွန်မနှင့် တူ လာအိပ်ပြီး ညဘက်တွင် လည်း ကယောင်ကတမ်းနှင့် ထအော်လေတော့သည်။ ထို့ကြောင့် ပြောသင့်မပြောသင့် စဉ်းစားလိုက်ပြီး အနည်းငယ်သာ ပြောပြလိုက်သည်။ အံဝှက်စင်အ ကြောင်းတော့ မပြောပြလိုက်။ ဒေါ်ခင်ကြည်ပြာက ပြဇာတ်မတင်ဆက်မီအထိ လျှို့ဝှက်ထားရန် မှာ ထားသော ကြောင့် ပင် ဖြစ်သည်။
ဖိုးလပြည့်က သူ့အတန်းရှေ့ရောက်တော့ ကျွန်မကို လက်ပြနှုတ်ဆက်ပြီး အခန်းထဲသို့ ၀င်သွားလေတော့သည်။
တစ်ယောက် တည်း လမ်းလျှောက်လာရင်း ပြဇာတ်အကြောင်း စဉ်းစားနေမိသည်။ ပြဇာတ်မှာ ကျွန်မ သရုပ်ဆောင်ရမည့် အခန်းတွေ က အများ ကြီး ပြောရမယ့်စကားတွေ မေ့သွားရင်တော့ ဒုက္ခပဲဟု တွေးလိုက်မိသည်။ မနှစ် ကဆို ဇာတ်ခုံပေါ်ကိုရောက်မှ ပြောရမယ့်စကားတွေ အကုန်လုံး မေ့ကုန်သည်။ ပြောတော့လည်း အထစ်ထစ်အငေါ့ငေ့ ။
ထိုသို့တွေးနေစဉ်မှာ ပင် အခန်းရှေ့သို့ ရောက်လာခဲ့၏ ။ သူငယ်ချင်းတချို့က ကျွန်မကို လှမ်း နှုတ်ဆက်ကြသည်။ လက်ပြန်ပြလိုက်ရင်း ထိုင်ခုံရှိရာသို့ လျှောက်လာခဲ့သည်။ ကျွန်မထိုင်ခုံရှေ့ ရောက်တော့ . .. .
ကျွန်မ တစ်ခါမှမမြင်ဖူးသည့် ယောက်ျားလေး တစ်ယောက် ။ ဆံပင်တိုတို၊ မျက်လုံးဝိုင်းဝိုင်းနှင့် ဖလန်နယ်အင်္ကျီကို ၀တ်ထားသည်။ ထိုသူက အခန့်သားဖြင့် ကျွန်မထိုင်ခုံမှာ ၀င်ထိုင်နေလေသည်။
“ဒီမှာ .. ဒီမှာ . .. ဒါ ငါ့နေရာ”
သူက ၀ိုင်းစက်နေတဲ့ သူ့မျက်လုံးများ ဖြင့် မော့ကြည့်လိုက်ပြီး ..
“ဆရာမ ဒေါ်ခင်ကြည်ပြာက ငါ့ကို ဒီမှာ ထိုင်တဲ့”
ကျွန်မက ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ချမ်းမင်း၏ ခုံဘေးတွင် လွတ်နေသည်ကို တွေ့ လိုက်ရသည်။ ထို့ကြောင့် ကျွန်မက
“ဒေါ်ခင်ကြည်ပြာက နင့်ကို ဟိုနားမှာ ထိုင်ခိုင်းတာ ဖြစ်လိမ့်မယ်”
ချမ်းမင်း ခုံဘေးသို့ လက်ညှိုးထိုးလိုက်ရင်း ပြောလိုက်သည်။ ထိုကောင်လေးက ရှက်သွားပြီး
“ဆောရီး .. .ငါက ကျောင်းသားအစ်မို့လို့ မသိလို့ပါ”
ထိုကောင်လေးက ပြောပြီးပြီးချင်း စာအုပ်တွေ ကို သိမ်းနေသည်။ ကျွန်မက
“နင် ဒီနေ့မှ ကျောင်းစတတ်တာလား”
သူက ခေါင်းညိတ်ပြလိုက်ပြီး
“ဟုတ်တယ်၊ ငါ့နာမည် က လှိုင်ဘွားပါ၊ ခုမှ ဒီမြို့ကို ပြောင်းလာတာ၊ သြော် . .. ဒါနဲ့ နင့်နာမည် က နေနေမြင့်မိုရ်လား”
“ဟုတ်တယ်”
“ဟင် ဒါဆို ဒီနှစ် ကျောင်းပြဇာတ်မှာ မမြသွေးလို သရုပ်ဆောင်ရမှာ ပေါ့ ဟုတ်လား”
ကျွန်မ အနည်းငယ် အံ့အားသင့်သွားပြီး
“နင် ဘယ်လိုလုပ်သိတာလဲ”
“သြော် .. ကျောင်းကားပေါ်မှာ ကျောင်းသားတွေ ပြောနေသံကြားတာပါ။ ပြီးတော့ နင်က သရုပ်ဆောင်လည်း ကောင်းတယ်ပြောကြတယ်”
ထိုစကားကြောင့် ကျွန်မ အနည်းငယ် ရယ်မောလိုက်ပြီး ..
“မဟုတ်ပါဘူးဟာ၊ ဘာ ဖြစ်လို့ဆိုတော့ မနှစ် က ကျောင်းကပွဲမှာ ပြောရမယ့် စကားတွေ အကုန်မေ့သွားပြီး အရှက်ကွဲခဲ့သေးတယ်လေ”
လှိုင်ဘွားက ခပ်တိုးတိုးလေးရယ်လိုက်သည်။ မျက်နှာပေါ်မှာ ကလည်း ရှက်ကိုရှက်ကန်းအမူ အရာတွေ က အထင်းသား။ ထို့နောက် လှိုင်ဘွားကပင်
“ငါလည်း အရင်တတ်ခဲ့တဲ့ ကျောင်းမှာ ဆို အမြဲတမ်း သရုပ်ဆောင်လုပ်ရတယ်၊ ဒါပေမယ့် ခေါင်းဆောင်နေရာ ကတော့ မဟုတ်ပါဘူး”
ဟု ပြောပြီး သက်ပြင်းကို လေးလေးတွဲ့ တွဲ့ ချလိုက်သည်။
ကျွန်မက လှိုင်ဘွားမျက်နှာကို အကဲခတ်ကြည့်လိုက်သည်။ပြီးတော့
“ဒီနေ့ နေ့ခင်း အစမ်းလေ့ကျင့်ဖို့ရှိတယ်၊ လိုက်လာခဲ့လေ၊ ဘာပဲ ဖြစ် ဖြစ် ဒေါ်ခင်ကြည်ပြာကို ပြောလိုက်ရင်တော့ တစ်ခုခုတော့ လုပ်ခွင့်ရမှာ ပဲ”
ထိုစကားကြောင့် လှိုင်ဘွားမျက်နှာ ၀င်းခနဲ ဖြစ်သွား၏ ။ ထို့နောက် သူက အားတတ်သရောဖြင့်
“နင် တကယ်ပြောတာလား၊ မနောက်ပါဘူးနော်”
ကျွန်မ သူ့ကိုပြုံးပြီး ကြည့်နေလိုက်သည်။ စိတ်ထဲမှာ လည်း သနားသွားမိသည်။ ထိုအချိန်မှာ ပင် ချမ်းမင်း ရောက်လာပြီး ဒေါ်ခင်ကြည်ပြာစားပွဲသို့ ကြည့်လိုက်ကာ
“ဟူး .. .တော် ပါသေးရဲ့ ၊ ငါက နောက်ကျနေပြီ ထင်နေတာ”
ကျွန်မက ချမ်းမင်းနှင့် လှိုင်ဘွားကို မိတ်ဆက်ပေးလိုက် သည်။ ထိုအခိုက်အတန့်အတွင်းမှာ ပင် ဒေါ်ခင်ကြည်ပြာ ၀င်လာသဖြင့် စကားစပြတ်သွားလေ၏ ။
ကျောပိုးအိတ်ထဲမှ စာအုပ်တွေ ကို ထုတ်လိုက်သည်။ သိပ္ပံမှတ်စုစာအုပ်က ပါမလာချေ။ ထို့ကြောင့် ဒေါ်ခင်ကြည်ပြာကို ခွင့်တောင်းပြီး ကျွန်မကိုယ်ပိုင်ပစ္စည်းတွေ သိမ်းဆည်းရာ သံဗီရိုဆီသို့ ထွက်လာခဲ့၏ ။ သံဗီရိုရှေ့ရောက်တော့ locker က တံခါးပွင့်လျက်သား။
အမြဲတမ်း သံဗီရိုတံခါးကို သော့ ခတ်ထားတာပါ၊ ဘယ်လိုကြောင့် ပွင့်နေရတာ လဲ၊ ချမ်းမင်း နောက်သွားတာ ဖြစ်ရမည် ဟု တွေးလိုက်မိပြီး locker ထဲမှ သိပ္ပံမှတ်စုစာအုပ်ကို လှမ်းယူလိုက်သည်။ ထိုစဉ်မှာ ပင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေ သေသွားလေတော့သည်။
တွေ့ လိုက်ရသည်က မျက်နှာတစ်ခု။
မျက်လုံးတွေ က ပြူးကျယ်ထွက်နေပြီး အစွယ်နှစ် ချောင်းကလည်း ရှေ့သို့ထိုးထွက်ကျနေသည်။
လန့်ပြီး မှိတ်သွားမိသော မျက်လုံးတွေ ကို တဖြည်းဖြည်းဖွင့်ကြည့်လိုက်သည်။ ကြောက်စိတ်ကြောင့် ပင် မျက်လုံးတွေ ပြာနေ၏ ။ ပြီးမှ တဖြည်းဖြည်း သဲကွဲလာသည်။
ဟင်း .. .. ။
ကျွန်မ သက်ပြင်းချလိုက်ပြီး ကိုယ့်အ ဖြစ်အပျက်ကိုပင် ပြန်ရယ်ချင်မိသွားသည်။ သည်လိုမျိုး ကျွန်မက အမြဲတမ်းအလွဲလွဲအချော်ချော် ဖြစ်နေကျ။ ယခုလည်း ချမ်းမင်း၏ မျက်နှာဖုံးက ကျွန်မဗီရိုထဲ ရောက်နေသည်ကို မေ့ပြီး ကြောက်သွားခြင်း ဖြစ်သည်။ စိတ်ထဲမှာ လည်း ချမ်းမင်းကို ကျိန်ဆဲလိုက်မိ သည်။ ထို့နောက် မျက်နှာဖုံးကို ကျွန်မ လှမ်းယူလိုက်သည်။ ထိုစဉ်မှာ ပင် မျက်နှာဖုံးအောက်က စာရွက်ခေါက်လေး တစ်ရွက် ထွက်ကျလာတော့သည်။ ကျွန်မ ဖတ်ကြည့်လိုက်မိသည်။
လက်ရေး က တွန့်လိမ်ကောက်ကွေးစွာ ရေး ထားသည်။
ငါ့ပိုင်နက်နဲ့ ဝေးဝေးနေ …။
ထိုစာကြောင့် ကျွန်မအသံထွက်အောင်ပင် ရယ်မောလိုက်လေသည်။
အောင်မလေး .. ကြီးကျယ်လိုက်တာ ချမ်းမင်းရာ၊ အေးပါ . ..အေးပါ .. .ဝေးဝေးနေပါ့မယ် ။
ထိုသို့အသံထွက်အောင် ဒေါ်ခင်ကြည်ပြာက ရေရွတ်လိုက်ပြီး သိပ္ပံမှတ်စုစာအုပ်ကို ယူကာ စာသင်ခန်းဘက်သို့ ပြန်ခဲ့၏ ။
စာသင်ခန်းထဲရောက်တော့ ဒေါ်ခင်ကြည်ပြာက ဒီနေ့သင်ရမည့်  အကြောင်းအရာတွေ ကို ကျောက်သင်ပုန်းပေါ်သို့ ကူးရေး နေသည်။
ကျွန်မက ချမ်းမင်းဘေးနားသို့ ကပ်သွားလိုက်ပြီး
“နင် ငါ့ကို ဒီမျက်နှာဖုံး အစုတ်ပလုတ်နဲ့ တော့ ခြောက်ဖို့မကြိုးစားနဲ့ ”
ချမ်းမင်းက သင်္ချာအိမ်စာတွေ လုပ်နေရင်းမှ အံ့အားသင့်သွားဟန်ဖြင့် ကျွန်မကို လှမ်းကြည့်လိုက်သည်။ ချမ်းမင်းက အိမ်စာဆိုလျှင် အိမ်မှာ ဘယ်တော့မှမလုပ်။ ကျောင်း ပထမဦးဆုံး အချိန်ကျမှသာ အမြဲတမ်း အိမ်စာလုပ်လေ့ရှိသည်။ ချမ်းမင်းက
“ဘာ .. .ငါက နင့်ကို မျက်နှာဖုံးနဲ့ စတယ် ဟုတ်လား”
“ဘာ အခုမှ ဟန်ဆောင်နေတာလဲ”
ကျွန်မ သူ့လက်မောင်းကို ဆွဲလိမ်လိုက်ရင်း
“ပြီးတော့ နင်ရေး ခဲ့တဲ့စာကလည်း ကြီးကြီးကျယ်ကျယ်နဲ့ ၊ နောက်တစ်ခါ ဒီထက်ကောင်း အောင်ရေး ၊ ဟုတ်ပြီလား”
ချမ်းမင်းက ဒေါသထွက်လာပြီး ခပ်ဆတ်ဆတ်လေသံဖြင့်
“ဘာတွေ လာပြောနေတာလဲ .. .နေနေ၊ နင်ပြောတာတွေ တစ်ခုမှ ငါ နားမလည်ဘူး၊ ပြီးတော့ ငါ ဘာစာမှလည်း မရေး ထားဘူး”
“နင် အတည်ပြောနေတာလား ချမ်းမင်း”
“တော် တော့၊ ပါးစပ်ပိတ်တော့၊ ဒီမှာ သင်္ချာ အိမ်စာတွေ လုပ်စရာရှိသေးတယ်”
ချမ်းမင်းက ကျွန်မကို အရေး မစိုက်တော့ပဲ သင်္ချာအိမ်စာတွေ ကိုသာ ဖိရေး နေသည်။ ကျွန်မ စိတ်တိုသွားပြီး ရင်ထဲမှာ လည်း ချမ်းမင်းရယ်၊ နင်မလုပ်ရင် ဘယ်သူလုပ်မှာ လဲ ဟု ပြောလိုက်မိသည်။
******
ကျောင်းဆင်းတော့ လှိုင်ဘွားနှင့် ကျွန်မ ဇာတ်ရုံဘက်သို့ ထွက်လာခဲ့ကြသည်။ ကဇာတ်ရုံထဲရောက်တော့ ဒေါ်ခင်ကြည်ပြာကို အဆင်သင့်ပင် တွေ့ လိုက်ရ၏ ။ ကျွန်မက လှိုင်ဘွားကို ရှေ့သို့တွန်းလိုက်ရင်း ဒေါ်ခင်ကြည်ပြာကို ပြောလိုက်သည်။
“ဆရာမ ၊ လှိုင်ဘွားက ကျောင်းပြဇာတ်မှာ သရုပ်ဆောင် ၀င်လုပ်ချင်လို့တဲ့”
ဒေါ်ခင်ကြည်ပြာက လက်ထဲမှ ပြဇာတ် ဇာတ်ညွန်းစာရွက်တွေ ကို လှန်လှောနေရာမှ လှိုင်ဘွား ကို တစ်ချက်အကဲခတ်လိုက်ပြီိး
“သြော် …ဟုတ်လား…၊ စိတ်မကောင်းစရာပဲ လှိုင်ဘွားရယ်၊ မင်းက ကျောင်းစတတ်တာ နောက်ကျတော့ မမီတော့ဘူးကွဲ့”
လှိုင်ဘွားက ဒေါ်ခင်ကြည်ပြာစကားကြောင့် အနည်းငယ် ရှက်သွားသည်။ ဒေါ်ခင်ကြည်ပြာက ဆက်ပြီး ..
“ တစ်ယောက် ယောက် မက ဖြစ်ခဲ့ရင်တော့ မင်း အဲဒီ နေရာ အစားဝင်ပေါ့၊ ဟုတ်ပြီလား”
“ဟုတ်ကဲ့၊ ရပါတယ် ဆရာမ ”
လှိုင်ဘွားက အားတက်သရော ပြောလိုက်သည်။
“အခုလောလောဆယ် မင်းလုပ်ချင်သပဆို ဇာတ်ခုံနောက်ခံပန်းချီကားတွေ ဆွဲတဲ့နေရာမှာ ၀င်ဆွဲနေလိုက်ပေါ့”
“ဟုတ်ကွဲ့ ဆရာမ ”
“ဒါဆို ဟောဟိုနားက နဒီဆွေ့ဆီသွားလိုက်”
ဒေါ်ခင်ကြည်ပြာ လက်ညှိုးထိုးပြသည့်နေရာကို ကြည့်လိုက်တော့ နဒီဆွေနှင့် ကျောင်းသားအ ချို့ဇာတ်ခုံပေါ်တွင် စုရုံးတိုင်ပင်နေကြသည်။ နဒီဆွေက သူလိုချင်သည့် နောက်ခံပန်းချီကားချပ် ပုံစံတွေ ကို ကျောင်းသားတွေ ကို ရှင်းပြနေသည်။ ကျန်သည့် ကျောင်းသားတွေ ကလည်း သူမညွန်ကြား နေသည့်အတိုင်း လိုက်လုပ်နေကြသည်။
ကျွန်မက ထိုင်ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး သရုပ်ဆောင်ရမည့် အပိုင်းတွေ ကို သေသေချာချာ လေ့လာမှတ်သားနေလိုက်သည်။ အခန်းတိုင်း အခန်းတိုင်း အစမ်းလေ့ကျင့်ထားပြီးသည့်တိုင် အလွဲ လွဲအမှားမှား ဖြစ်မှာ ကို တွေးကြောက်နေမိသည်။
ပြဇာတ် ဇာတ်ညွန်းထဲမှ ဒိုင်ယာလော့တစ်ခုကို အသံထွက်ပြီး ဖတ်ကြည့်လိုက်သည်။
“ဒီလူက အန္တရာယ်ပေးလိမ့်ဆိုတာကို ရှင်ဘယ်လိုသက်သေပြမလဲ”
ယင်းအခိုက်မှာ ပင် …
ဇာတ်ရုံတစ်ခုလုံး မှော င်မည်းကျသွားလေ၏ ။ ကျွန်မ အလန့်တကြား မော့ကြည့်လိုက်သည်။ ဘာကိုမျှ မမြင်ရလောက်အောင် ပိန်းပိန်းပိတ်ပိတ် မှော င်နေသည်။ ကျောင်းသားတွေ ဆီမှလည်း အော် ဟစ်ဆူညံသံတွေ ကို ကြားလိုက်ရသည်။
“ဟေ့…..ဘယ်သူ မီးပိတ်လိုက်တာလဲ”
“ဒီမှာ ဘာမှမမြင်ရတော့ဘူး”
“ဘာ ဖြစ်ကုန်တာလဲ”
“မီးပြန်ဖွင့်လေ”
တစ်ယောက် တစ်ပေါက် အော်သံတွေ က ဇာတ်ရုံတစ်ခုလုံး ပွက်ပွက်ညံနေ၏ ။
ထိုစဉ်မှာ ပင် …
ထိတ်လန့်စရာအသံကြီးတစ်သံကို ကြားလိုက်ရလေ၏ ။ မကောင်းဆိုးဝါးတိရစ္ဆာန်တစ်ကောင် ဆွဲဆွဲငင်ငင် အူလိုက်သလိုမျိုး၊ ဇာတ်ရုံအတွင်း ကျောင်းသားတွေ ၏ အော်ဟစ်ဆူညံသံတွေ ကိုပင် ထိုအသံကြီးက ဖုံးလွမ်းသွားလေသည်။ အားလုံး ယောက် ယက်ခတ်နေစဉ်မှာ ပင်။
ကဇာတ်ရုံမီးက ဖျတ်ခနဲ ပြန်လင်းလာလေတော့၏ ။
တစ်ပြိုင်နက်တည်းလိုလို ဇာတ်ရုံမျက်နှာကြက်ဆီမှ အော်သံကြီးကို ထပ်မံကြားလိုက်ရပြန် သည်။
အားလုံး အလန့်တကြား မော့ကြည့်လိုက်သည်။ ခုနက အော်ဟစ်ဆူညံသံတွေ ကပင် ခြောက် ကပ်တိတ်ဆိတ်သွားပြီး မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားလေတော့သည်။
မသတီစရာ မျက်နှာဖုံးကိုစွပ်ထားပြီး အနက်ရောင် အင်္ကျီနှင့် လူ တစ်ယောက် ။
မျက်နှာကြက်ပေါ်မှ ကြိုးတစ်ချောင်းဖြင့် ဇာတ်ခုံပေါ်သို့ တွဲ လွဲခိုဆင်းလာသည်။ ပါးစပ်မှလည်း မကောင်းဆိုးဝါးတစ်ကောင်လို အော်ဟစ်ရယ်မောလာလေသည်။
“၀ူးဝါး….၀ူးဝါး ….၀ူးဝါး”
မထင်မှတ်ထားသော မြင်ကွင်းကြောင့် အားလုံးချောက်ချား တုန်လှုပ်သွားကြပြီး
“သ….ရဲ …”
ဟုပင် ရေရွတ်မိလိုက်ကြလေတော့သည်။
![]() သူများတွေကိုမပြောပြနဲ့ | ![]() သုဿန်မြေက မိစ္ဆာ | ![]() တစ္ဆေတစ်ကောင်ရဲ့ ညစာ |