နိဒါန်း
တန်ဆောင်မုန်းလကွယ်ည . . .။
ကောင်းကင်တွင် မှိန်ပျပျ ကြယ်တစ်ချို့နှင့် တိမ်ညိုတိမ်မည်းများ သာ ရှိသော ကြောင့် ၀န်း ကျင်တစ်ခုလုံးကပင် ပိန်းပိတ်အောင် မှော င်နေသည်။ လယ်ကွင်းပြင်များ ကို ဖြတ်၍ တိုက်ခတ်လာ သော ဆောင်းလေကလည်း အရိုးကွဲမတတ် အေးစိမ့်လွန်းနေ၏ ။
ညက အနက်ရောင် ၀တ်ရုံလွှာကို ခြုံလွှမ်း၍ အိပ်မောကျနေသည့်အလား တိတ်ဆိတ်ငြိမ် သက်လျက် . .။
တစ်ခါတစ်ရံ လေတိုးသွားသော ကြောင့် စပါးပင်တွေ ၏ တရှဲရှဲပွတ်တိုက်မြည် သံ ကတော့ အလျှင်လိုနေသည့်ပုံက အထင်းသားပေါ်လွင်နေသည်။
“စွပ်”
မြေသားခပ်ပျော့ပျော့ဘက်မှ လျှောက်လာမိသော ကြောင့် သူမ၏ ဖိနပ်တစ်ဖက်က ရွှံ့ထဲ သို့ နစ်ဝင်သွား၏ ။
“ကျွတ် .. ဒုက္ခပါပဲ”
စုပ်တစ်ချက်သပ်ရင်း သူမစိတ်ပျက်လက်ပျက် ညည်းတွားသည်။ ထို့နောက် ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းလိုက်ပြီး နစ်ဝင်သွားသည့် ဖိနပ်ကို အားနှင့် ဆောင့်ဆွဲထုတ်လိုက်၏ ။
“ဗွက်”
ဖိနပ်က ရွံ့ဗွက်တွေ နှင့် အတူ ပြတ်ပြီးပါလာသည်။ လက်ထဲမှ ဖိနပ်အပြတ်ကိုကြည့်ပြီး ဆိုး ရွားလွန်းနေသည့် ကံကြမ္မာကိုသာ သူမခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။
သူမ စိတ်ပျက်သွားဟန်ဖြင့် ကျန်သည့် ဖိနပ်တစ်ဖက်ကိုပါ ချွတ်ထားခဲ့ပြီး ခြေဗလာဖြင့် ဆက်လျှောက်လာခဲ့တော့သည်။
လေကလည်း အေးစိမ့်နေသည့်အပြင် ဟူးဟူးဟဲဟဲဖြင့် မြည် အောင် ညာသံပေးတိုက်ခတ် လာကြောင့် အအေးသက်သာစေရန် ဟနေသော ရင်ဘတ်မှ အင်္ကျီနှစ် စကို တင်းတင်း ဆွဲစေ့ထား လိုက်ရသည်။ ညီမအငယ်ဆုံး ဆုံးသွားသည့်အတွက်သာ လာခဲ့ရပြီး သူမအဖို့တော့ သည်ခရီးက အစစအရာရာ အဆင်မပြေခဲ့။
ဒီခရီးကို ခင်ပွန်း ဖြစ်သူနှင့် အတူတူလာဖို့ စီစဉ်ထားပြီးခါမှ တစ်ဦးတည်းသော သား ဒီမိုက အပြင်းဖျားနေသဖြင့် ခင်ပွန်း ဖြစ်သူ ကိုမိုးသန့်က သားလေးကို ပြုစုစောင့်ရှောက်ရန် အိမ်မှာ နေခဲ့ ရသည်။
လာပြန်တော့လည်း အဆင်ကမပြေပြန်။ သူမတို့ နယ်ဘက်ကို ပြေးဆွဲသော အဝေးပြေး လိုင်းကားတွေ က အိုဟောင်းလွန်းလှသဖြင့် လမ်းတွင် ခဏခဏပျက်လာပြီး ရွာထိပ်သို့ ည ၈နာရီ လောက်မှ ရောက်လာခဲ့ရသည်။
တကယ်တမ်း ရွာထိပ်မှခေါ်သည့် နေရာမှာ တော့ ခေါင်းလောင်းအိုင်ရွာသို့ ၂ မိုင် နှင့် ၄ ဖာလုံဆိုသော လမ်းညွှန်အမှတ်အသားမှအပ တခြားထွေထွေထူးထူး ဘာမျှမရှိ။
ပိုဆိုးသည်က ညမှော င်သွားပြီ ဖြစ်၍ ခါတိုင်းရှိနေကြ လှည်းကြုံတောင် မရှိတော့သည့်အပြင် သူရိပ်သူခြေပင် ကင်းနေသည်။
ထို့ကြောင့် သူမ တစ်ယောက် တည်း ညအမှော င်ထဲတွင် လျှောက်လာခဲ့ရသည်။ ပုံမှန်အတိုင်းဆိုရင်တော့ ရွာကိုသွားလျှင် ဖြတ်သွားရသော ဒီလမ်းခရီးကို သူမ တစ်ယောက် တည်း မဆိုထားနှင့် အဖော်ပါရင်တောင် မသွားရဲ . . ။
ခုတော့ ညီမအငယ်ဆုံး၏ အသုဘကိုမှီရန်အတွက် ဖြတ်သွားရသော ခေါင်းလောင်းအိုင် ကြီး ဖြစ်ပြီး ဒီနယ်ဘက်တွင် တော့ သရဲသစ္ဆေ အလွန်ခြောက်သော ကြောင့် မသိသူမရှိအောင် နာမည် ကြီးသည်။
တစ်ချို့ လကွယ်နေ့မျိုးဆို ထိုအိုင်ကြီးအတွင်းမှ သွေးပျက်စရာကောင်းသော အော်ညည်း သံကြီးများ နှင့် မရဏခေါင်းလောင်းသံများ ကို ကြားရလေ့ရှိသည်။ ကိုလိုနီခေတ်က တော် လှန်ရေး သမားများ ကို ထိုအိုင်ကြီးအတွင်းတွင် ရက်ရက်စက်စက် ရေနစ်သတ်ခဲ့သော ကြောင့် အစိမ်းသေ သေပြီး မကျွတ်မလွတ်သေးသော သရဲတစ္ဆေများ အိုင်ကြီးအတွင်း၌ ခိုအောင်းနေသည်ဟု လူကြီး များ က ပြောလေ့ရှိသည်။ အထူးသဖြင့် သည်လို တန်ဆောင်မုန်းလကွယ်ညမျိုးဆို အိုင်အတွင်းမှ လူသေတွေ ထ ထလာပြီး ကုန်းပေါ်သို့ တက်လာတတ်သည်ဟု သူမ ကြားဖူး၏ ။ ထိုအချိန်တွင် ခေါင်းလောင်းသံတွေ ကိုလည်း တချွင်ချွင်မြည် အောင် ကြားရတတ်၏ ။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ရွာ၏ သင်္ချိုင်းကုန်း ထိုအိုင်ဘေးတွင် ကပ်လျက်ရှိနေခြင်းကလည်း ပို၍ ပင် သွေးလန့် ချင်စရာ ကောင်းနေပြန်သည်။ အိုင်ကြီးအကြောင်းကို စဉ်းစားမိသော ကြောင့် ကြက်သီးဖျန်းခနဲ ထသွားပြီးကပျာကယာ ဘေးဘီဝဲယာကို ကြည့်လိုက်၏ ။
အိုင်ကြီး ကတော့ ညအမှော င်ထဲတွင် လူ တစ်ယောက် ပက်လက်လှန်အိပ်နေသလိုမျိုး တိတ်ဆိတ်ငြိမ်သက်ဆဲ . . ။
ချက်ချင်း ဆိုသလို ချောက်ချားစရာကောင်းသည့် အတွေးပုံရိပ်များ ကို သူမ၏ စိတ်ထဲမှ ကြိုး စားမောင်းထုတ်ရင်း အိုင်ကြီး၏ ဘေးမှ လယ်ကန်သင်းရိုးတစ်ခုကို ဖြတ်ကျော်လျက်ရှိသည်။
ဒီအချိန်မှာ .. ငါ ဒါတွေ ကို တွေးကြောက်နေလို့ မ ဖြစ်ဘူး။
စိတ်ကိုမောင်းတင်လိုက်ပြီး သူမက ခြေလှမ်းတွေ ကို အရှိန်ထပ်မြှင့်လိုက်သည်။
သို့တိုင်အောင် . ..
သူမစိတ်တွေ က မတည်ငြိမ်သေးဘဲ တစ်စုံတစ်ရာကို တွေးကြောက်နေသလိုမျိုး အယိမ်း ယိမ်း အယိုင်ယိုင် ဖြစ်နေသည်။ ဖြေဖျားလက်ဖျားတွေ က အေးစက်လာ၏ ။ ခြေအစုံကိုလည်း အား စိုက် ရွေ့နေရသည့်အတွက် နှလုံးခုန်နှုန်းမြန်သထက် မြန်လာပြန်သည်။
လျှောက်လာရင်း ဟိုး . . .ခပ်ဝေးဝေးဆီမှ မီးအလင်းရောင် တွေ့ လိုက်ရသော ကြောင့် အား တက်သွားသည်။
ရွာတောင် လှမ်းမြင်နေရပြီးပဲ . . .။
သူမခပ်တိုးတိုး ရေရွတ်ရင်း ခရီးဆောင်အိတ်ကို ရင်ခွင်ထဲသို့ ဆွဲပွေ့ထားလိုက်၏ ။ ထိုအချိန်တွင် လေက တစ်ချက်ဆောင့်တိုက်လိုက်သည်။
အေးခနဲ ဖြစ်သွားသော အထိအတွေ နှင့် အတူ သူမကြားရလိုက်သည်က ..
“ချွင် . . .ချွင် . . .ချွင် . .”
ရုတ်တရက်ဆိုသလို အမှော င်ထုထဲမှ လွင့်ပျံလာသည့် ခေါင်းလောင်းသံကြောင့် သူမနှလုံး သားတစ်ခုလုံး သွက်သွက်ခါလာပြီး ခြေလှမ်းတွေ ပင် တုံ့ရပ်သွား၏ ။
“ဟင် . .ခေါင်း .. .လောင်း . .သံ. . ..တွေ ”
သူမကြောက်လန့်တကြား ရေရွတ်လိုက်သံနှင့် အတူ မရဲတရဲအကြည့်က အမှော င်ထဲသို့ ရွေ့လျားသွားသည်။ အမှော င်ထုက ကိုယ်လက်အင်္ဂါကိုပင် သဲသဲကွဲကွဲ မမြင်နိုင်အောင် မှော င်မည်းနေ၏ ။ ဆောင်းညက ရုတ်တရက် အသက်မဲ့သွားသလို ပြန်ပြီး အေးစက်တိတ်ဆိတ် သွားသည်။ လေတိုးသံကိုတောင် မကြားရတော့ပေ ။
ငါများ စိတ်ကယောင်ချောက်ချား ဖြစ်နေတာလား ?
ထိတ်လန့်ကြောက်ရွံ့စိတ်ကြောင့် သူမ၏ အာခေါင်တွေ သွေ့ခြောက်လာပြီး နှလုံးအိမ်ပင် တဆတ်ဆတ်တုန်ယင်နေသည်။
ခန္ဓာကိုယ်ကလည်း ကြောက်စိတ်လွှမ်းမိုးသွားသော ကြောင့် ဇောချွေးများ နှင့် အေးစက်စိုစွတ်လာသည်။
ခြေထောက်တွေ ကလည်း အားများ မတင်းထားလျှင် ညွတ်ခွေပျော့ကျသွားမလား မသိ။
မ ဖြစ်ဘူး . ..မ ဖြစ်ဘူး . . ငါဒီနားက မြန်မြန်သွားမှ . . . ။
ထိုအတွေးနှင့် အတူ ဒယီးယိုင် ဖြစ်နေသော သူမခြေထောက်တွေ ကို အမှော င်ထဲသို့ ရွေ့လိုက်၏ ။ ဖိနပ်မဲ့နေသော သူမ ခြေဖ၀ါးမှ အေးခနဲ အေးခနဲ ဖြစ်သွားသော အထိအတွေ့ က လည်း သူမကို ပြန်ပြီး ခြောက်လှန့်နေသလိုလို .. ။
ဖြစ်ညှစ်အားတင်း လျှောက်နေရသည့်အတွက် ခြေလှမ်းတွေ က ဦးတည်ရာသို့မရောက် အယောင်ယောင် အမှားမှား။
သူမ လျှောက်နေသည့်လမ်း၏ လေးဘက်တွင် တော့ အိုင်ကြီးက သူနှင့် မဆိုင်သလို ငြိမ်သက်တိတ်ဆိတ်နေသည်။
လေကလည်း စပါးပင်တွေ ကြားမှ တိုးဝှေ့တိုက်ခတ်နေ၏ ။
ဟုတ်ပါတယ် ခုနက ခေါင်းလောင်းသံက ငါနားကြားလွဲတာပါ။ ဘာပဲ ဖြစ် ဖြစ် ငါရွာကို ရောက်အောင်သွားရမယ်။
ယောက် ယက်ခတ်နေသည့် အတွေးတွေ နှင့် အတူ ဒယီးဒယိုင် ဖြစ်နေသော သူမ၏ ခြေ ထောက်တွင် ကို ပြန်တည့်မတ်လိုက်၏ ။
ထိုအချိန်မှာ ပင် . .။
“ချွင် . . .ချွင် . .ချွင် ”
“ချွင် . . ချွင်”
“ဟင် . . .ဒီတစ်ခါတော့ ငါနားကြားမလွဲတာ သေချာတယ်။ ဒါ . . .ဒါ အိုင်ထဲကလာတဲ့ မရဏခေါင်းလောင်းသံတွေ ပဲ”
သူမ စဉ်းစား၍ မဆုံးခင်မှာ ပင် ကျောချမ်းစရာ ခေါင်းလောင်းသံကို သဲသဲကွဲကွဲ ထပ်ကြား လိုက်ရပြန်သည်။
“ချွင် . .ချွင် . . . .ချွင် . .. ချွင်”
သူမ ဒီတစ်ခါတော့ ကြောက်ရွံ့မှု ဒဏ်ကို ဘယ်လိုမှ တောင့်မခံနိုင်တော့။ ပွေ့ထားသော အိတ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ထွက်ပြေးဖို့ ဟန်ပြင်လိုက်စဉ်မှာ ပင်
လေနှင့် အတူ ဒိုက်ပုတ်နံ့လိုလို အနံ့ဆိုးကြီးတစ်ခုကိုပါ သူမ ရူရှိက်လိုက်ရသည်။
“ဟင် . . ဘာ . . .နံ့ . . .ကြီး . . .လဲ”
လူသေတာ ထလာတာလား ?
တဆတ်ဆတ်တုန်ယင်နေသော သူမ၏ နှုတ်ခမ်းလွှာကြားမှ ချောက်ချားတုန်လှုပ်နေသည့် အသံတွေ က ပိုမို ပွင့်အံကျလာ၏ ။ စိတ်ထိန်းနေသည့်တိုင် အသံတွေ တုန်နေဆဲ . . ။
ဒလဟောတိုးဝင်လာသော ကြောက်စိတ်တွေ ကြောင့် ခြေထောက်တွေ က ညွတ်ခွေကျလုမ တတ်။ ကျောရိုးတစ်လျှောက်လည်း စိမ့်တတ်သွားပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။
ထို့ကြောင့် သူမ အားကုန်ဆောင့်ပြေးထွက်လိုက်တော့သည်။
သို့သော် သူမ သိပ်ကြာကြာ မပြေးလိုက်ရ။
ခြေထောက်တွေ က ပုံမှန်မဟုတ်သည့် အေးစ်ပျစ်ချွဲနေသည့် အရာတစ်ခုထဲသို့ နစ်ဝင်သွား၏ ။
အောင် . . .မ . . .လေး
ကယ် . . ကြ . . .ပါ . . .. ဦး. . .ရှင်
သူမ အာခေါင် ဖြစ်အော်နေပေမယ့် အထစ်ထစ် ငေါ့ငေါ့ ဖြစ်နေသော အသံတွေ က လည်ချောင်းဝမှပင် ထွက်မလာတော့။
ဝန်းကျင်တစ်ခုလုံးလည်း ကယ်မည့် သူမရှိသည့် အပြင် တဝေါဝေါမြည် နေသည့် လေတိုက်သံတွေ က သူမအပေါ်သို့ ဖုံးအုပ် လွှမ်းခြုံထားသည်။
နစ်ဝင်နေသည့် ခြေထောက်တွေ ကို သူမ လက်ဖြင့် ဆွဲထုတ်ဖို့ ကြိုးစားလိုက်စဉ်မှာ ပင်
“ချွင် …ချွင် . .ချွင်”
သူမ နောက်ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော ခေါင်းလောင်းသံကြောင့် လိပ် ပြာလွင့်မတတ် ထိန်လန့်သွားပြီး နှလုံးပင် ဆောင့်ခုန်တတ်သွား၏ ။
ချက်ချင်း နောက်သို့အလန့်တကြား လှည့်ကြည့်လိုက်သည်။
ဘာမှမရှိ။ တကယ်ကို ဟာလာဟင်းလင်း ဖြစ်နေသည်။
သို့သော် . . .အဲသည့် အခိုက်အတန့်လေးအတွင်းမှာ ပင် . .
လေပြင်းတစ်ချက်က သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဗလုံးဗထွေးဖြတ်တိုက်သွားသည်။ ထိုလေနှင့် အတူ ဒိုက်ပုတ်နံ့တွေ က ထောင်းထောင်းထသွား၏ ။
ဟင် . .ဒါ . .. ဒါ . .လူသေလောင်းတွေ ဆီက ရွံ့နံ့လား ?
ချက်ချင်း ဆိုသလို လဲကျနေရာမှ သူမ ကုန်းရုန်းထပြီး သည်းခြေပျက်သွားသော အရူးတစ် ယောက် ကဲ့သို့ တစ်ဟုန်ထိုးပြေးလိုက်တော့သည်။
သို့သော် . . .သူမ အမောဆို့မတတ် ပြေးနေရသော်လည်း မရဏခေါင်းလောင်းသံက တချွင်ချွင်နှင့် လိုက်ပါကပ်ငြိနေဆဲ။
ထိုအချိန်မှာ ပင်
“ဟင်”
သူမရှေ့တွင် မြင်လိုက်ရသည့် သွေးပျက်ရူးသွပ်စေနိုင်သော အရာတစ်ခုကြောင့် ခြေထောက်တွေ က ဇက်ကြိုးဆွဲလိုက်သလို တုန့်ကနဲ ရပ်သွားတော့၏ ။
လူ တစ်ယောက် . .။
ခေါင်းတစ်လုံးက ဆံပင်တစ်မွှေးမှ မရှိတော့ဘဲ ပြောင်ရှင်းနေသည်။
မျက်နှာပြောင်ချောကြီးပေါ်တွင် လည်း မျက်စိပေါက်၊ နှာခေါင်းပေါက်တို့က သေးသေးကျုတ်ကျုတ်။
သေးကွေးပိန်လှီနေသော ခြေထောက်တွေ ကလည်း တစ်ဖက်ထဲရှိသည့်အပြင် လက်နှစ် ဖက်ကို လေထဲတွင် တစ်ခုခုလုပ်တော့မည် ပုံဖြင့် ဆန့်တန်းထားသည်။ အရိုးစုလို ဖြစ်နေ သည့် ခန္ဓာကိုယ်ကြီးကရှေ့သို့ အနည်းငယ်လှုပ်ရှားလာသော အခါ
“အောင် .. .မ . .. လေး”
ဟုသာ အော်လိုက်နိုင်ပြီး သူမ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားလေတော့၏ ။
တကယ်တော့ . . .
သူမအသက်ကို ပါသွားစေသည့်အရာကား . .
စာခြောက်ရုပ် တစ်ရုပ် ..
လည်ပင်းတွင် ခေါင်းလောင်းလေးတွေ ကို ဆွဲထားသည်။
သူမတို့ ရွာကို မနှစ် ကရောက်လာသော ရသေ့တစ်ပါးက ထိုအိုင်ကြီးအတွင်းမှ နာနာ ဘာဝများ ကို ခြောက်လှန့်ရန်အတွက် စီမံထားသော ယတြာအစီအရင် တစ်ခုပင် ဖြစ်သည်။
အကယ်၍ . .
သူမသာ အ ဖြစ်အပျက်အမှန်ကို သိသွားခဲ့ရင်
ဒါမှမဟုတ် . .
သူမသာ မကျွတ်မလွတ်နိုင်သော နာနာဘာဝတစ်ကောင်အ ဖြစ်
ရှိနေခဲ့ရင် ..
အခန်း (၁)
နားထဲတွင် တ၀ူဝူမြည် နေသည့် အသံတွေ ကို ကြားနေရသည်။ မျက်စိအတင်းမှိတ်ထား သည့် ကြားမှပင် ပြာလဲ့လဲ့ အလင်းရောင် က မျက်စိအမြင်လွှာပေါ်တွင် တလှုပ်လှုပ်နှင့် လာရောက် ထိခတ်နေသည်။ အသက်ရှူမ၀သဖြင့် ရင်တစ်ခုလုံးက ပြည့်ကျပ်လာပြီး
နောက်ဆုံးတွင် တော့ မခံရပ်နိုင်တော့သဖြင့် ဒီမိုးက ရေမျက်နှာပြင်ထက်သို့ ဘွားခနဲ ထိုး တက်လိုက်ရလေတော့၏ ။
“ဖူး . . .ဟူး . . ဟောဟဲ .. ဟောဟဲ”
“ဟေး . . ဟေး . . .ဒီပွဲမှာ တော့ ဒီမိုးက ၁ မိနစ်နှင့် ၄၆ စက္ကန့်နဲ့ အနိုင်ရ သွားပါတယ်ခင် ဗျာ”
“ဟာ . . သွားပါပြီကွာ ၊ ငါတို့တော့ ဒီကောင့်ကို ဒကာခံရတော့မယ်”
ဒီမိုး အသက်ကို မနည်းဝအောင်ရှူနေရင်း ရေကူးဘောင်ပေါ်မှ ၀င်းဇော်တို့ကို ကြည့်လိုက် သည်။
ဝင်းဇော်က အချိန်သတ်မှတ်ထားသည့် နာရီကို ညီညီနှင့် ကောင်းမြတ်တို့ကို လိုက်ပြ၏ ။ ကောင်းမြတ်နှင့် ညီညီ ကတော့ စိတ်ပျက်သွားသည့် အမူအရာဖြင့် ခေါင်းကို တဗျင်းဗျင်းကုတ် လျှက် . ..
ဒီမိုးက ရေကူးကန်ပေါ်သို့ လှေကားမှ တက်လာရင်း
“ကဲ . .. မင်းတို့တွေ ငါ့ကို လိုက်ကျွေြး ကတော့၊ ငါနိုင်ပြီ”
“ဟာကွာ . . .ဒီနေ့ပိုက်ဆံသိပ်မပါပါဘူးဆိုမှ”
ကောင်းမြတ် စိတ်ပျက်လက်ပျက် ညည်းညူနေသည့်ပုံကို ကြည့်ပြီး ဒီမိုးသဘောကျစွာ ရယ်မောလိုက်သည်။
ဒီကောင်က အမြဲဒီလိုပင်။ သူတို့ တစ်ပတ်တစ်ခါ ရေလာကူးပြီး ရေငုပ်ပြိုင်တိုင်း သူရှုံးပြီ ဆို ဘယ်တော့မှ လွယ်လွယ်ကူကူနှင့် မကျွေး။
အခုလည်း ဒီမိုးအများ ကြီး လျှောက်စားမှာ စိုးသော ကြောင့် ပိုက်ဆံသိပ်မပါဘူး လုပ်နေပြန် သည်။ ဒီမိုးက ခန္ဓာကိုယ်ပေါ်မှ ရေကို ခါထုတ်ရင်း
“ကောင်းမြတ်ရာ . .. သိပ်လဲစိတ်မပူမနေပါနဲ့ ။ နောက်အပတ်ကျမှပဲ ပေါင်းစားတော့မယ်၊ မင်းလိုက်ကျွေးမယ်ဆိုရင်တောင် ငါဒီနေ့မအားပါဘူးကွာ”
ဒီမိုး စကားကြောင့် အားလုံးအံ့အားသင့်သွားကြပြီး ၀င်းဇော်က
“မင်းကလည်း . . .ဘယ်လို ဖြစ်တာလဲကွာ။ ဒီနေ့ ကောင်းမြတ်ကို အပီညှဉ်းရမယ့် နေ့လေကွာ”
“ဟုတ်တယ်လေကွာ . .ခါတိုင်းဆို မင်းက မသဒ္ဓါအောင် စားနေကျပဲ။ ပြီးတော့ ငါတို့ဒီနေ့ Snooker ထိုးဖို့ ပြောထားသေးတယ်လေ . . .”
ဝင်းဇော် စကားကို ညီညီကပါ ၀င်ထောက်ခံလိုက်သည်။
ဒီမိုး ကတော့ သက်ပြင်းကို ချရင်း
“ဒီမိုး ငါ့အဖေက အရမ်းရှားပါးတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို တွေ့ ထားလို့ သွားဝယ်မလို့ကွ . .. ။ အဲဒီ ပစ္စည်းကလည်း မှာ ထားတဲ့ လူရှိတယ်လေ။ အဲဒါကြောင့် ငါဒီနေ့ ဆိုင်သွားစောင့်ပေးရမှာ ကွ”
ကောင်းမြတ်က လေတစ်ချက်ချွန်ချွန်လိုက်ပြီး ပျော်ရွှင်သည့်မျက်နှာဖြင့်
“ဟဲ . .ဟဲ .. .သူတော် ကောင်းဆိုတာ ဒီလိုပဲကွ အမြဲကံကောင်းတတ်တယ်။ သူငယ်ချင်းကြီး ဒီမိုး သွား . .. သွား . .. နောက်ကျနေဦးမယ်”
“ငါတွေ့ ဖူးတဲ့ သူတော် ကောင်းဆိုတာ မင်းလိုပုံစံမဟုတ်ဘူးကွ ကောင်းမြတ်ရ။ ကဲ . . ကဲ .. ငါသွားပြီဟေ့ ။ မင်းတို့ပဲ ရေဆက်ကူြး ကတော့”
ဒီမိုးက ပြောပြောဆိုဆိုနှင့် ရေပန်းဘက်သို့ လျှောက်လာသည်။ ထို့နောက် ကိုယ်လက် သန့်စင်ပြီး အ၀တ်အစားလဲကာ ကျောပိုးအိတ်ကိုလွယ်၍ ထွက်လာခဲ့တော့၏ ။
ဆိုင်ကိုရောက်တော့ ဖေဖေက ၀ယ်သူ တစ်ယောက် နှင့် စကားပြောနေသည်။ ဒီမိုးက ဖေဖေ့ကိုကျော်ပြီး ဆိုင်ထဲသို့ ၀င်လာသည်။
ဆိုင်က အတော် အသင့်ကျယ်ဝန်းသော်လည်း များ ပြားလွန်းလှသည့် ရှေးဟောင်းပစ္စည်း တွေ နှင့် ဆိုတော့ သူ့အဖို့ စိတ်ကျဉ်းကျပ်နေစေသလို ဖြစ်၏ ။
ဒီမိုး ဆိုင်လာထိုင်တိုင်းလည်း ရှေးဟောင်းပစ္စည်းတွေ က များများ လာသည်ဟု ထင်မိသည်။ အမြဲတစေလည်း ထိုပစ္စည်းတွေ က ပြောင်းလဲနေသည်။
အခုတစ်ခေါက် ဒီပစ္စည်းကို တွေ့ ရပေမယ့် နောက်တစ်ခေါက်ဆို တွေ့ ရချင်မှ တွေ့ ရတော့ သည်။ ဆိုင်က အဲသည်လောက်ကို အရောင်းအ၀ယ်သွက်၏ ။ ဒါကြောင့် ပင် ဖေဖေက ရှေးဟောင်းပစ္စည်းတွေ နှင့် မအားနိုင်အောင် ဖြစ်နေပြီး အမြဲလိုလို အလုပ်ရှုပ်နေ၏ ။
ရှေးဟောင်းပစ္စည်း အသစ်အဆန်းရလာပြီဆိုရင် ဖေဖေက သား ဒါက ဘာပစ္စည်း ဒါ ကတော့ ညာပစ္စည်းပေါ့နှင့် အားရ၀မ်းသာပြောတတ်သည်။
နှစ် တစ်ရာလောက်ရှိသည့် ကြွေပန်းအိုး၊ ၁၉ ရာစုနှစ် က ကြေးစားပွဲဝိုင်း၊ နှစ် ၂၀၀ လောက်ရှိသည့် လူအသုံးအဆောင်ပစ္စည်းတွေ ၊ ကြေးအော်လန်ကြီးတွေ နှင့် ဆိုင်တစ်ခုလုံးက ပြည့် နှက်နေသည်။
ထိုအချိန်မှာ ပင် ၀ယ်သူထွက်သွား၍ ဖေဖေက ဒီမိုးအနားသို့ လျှောက်လာ၏ ။
“သားရေ . . .ခုနက မင်းအမေရွာက လူ တစ်ယောက် ဆိုင်ကို လာသွားတယ်”
“ဟုတ်လား ဘာ ဖြစ်လို့တုန်း ဖေဖေ”
ဖေဖေက သက်ပြင်းကို လေးကန်စွာ ချလိုက်ပြီး
“မင်းအဘိုး ဆုံးလို့တဲ့ကွ”
“ဟုတ်လား .. . ဖေဖေ၊ ဘာ ရောဂါ လဲ”
“ဖေဖေလည်း မသိပါဘူးကွာ၊ အဲဒါ ဖေဖေကို ရွာကိုလာခဲ့ဖို့ လူကြုံနဲ့ မှာ လိုက်တာ”
“ဟင် ဖေဖေက ရှားပါးရှေးဟောင်းပစ္စည်းတစ်ခုကို သွားဝယ်မလို့ဆို . .”
ဖေဖေက ဒီမိုးကို တစ်ချက်စိုက်ကြည့်လိုက်ပြီး
“အေး ဟုတ်တယ် သားရဲ့ . .။ ဖေဖေ စဉ်းစားထားတာတော့ သားကိုပဲ ဖေဖေ့ကိုယ်စားလွတ်မလို့။ သားမေမေဘက်က အမျိုးတွေ ကလည်း သားမေမေ ဆုံးပြီးကတည်းက ဖေဖေ့ကို ရွာမလာလို့ အပြစ်တင်နေကြတာ။ ဖေဖေကလည်း သားမြင်တဲ့အတိုင်း အလုပ်မှ မအားတာကို . .။ အခုတစ်ခါကျတော့ သားအဘိုးရဲ့ နာရေး ကိစ္စ လည်း ဖြစ်ပြန်တော့ မသွားလို့ကလည်း မ ဖြစ်ဘူး . . ။အဲဒီ တော့ သားပဲ ဖေဖေ့ကိုယ်စား သွားလိုက်ပါ။”
ဒီမိုးက ဖေဖေ့စကားကြောင့် တွေ ဝေသွားမိသည်။ မေမေက သူငယ်ငယ်လေးထဲက ဆုံးပါး သွားသော ကြောင့် ထိုရွာဘက်က အမျိုးတွေ နှင့် သူနဲ့ က မတွေ့ ဖူး၊ မမြင်ဘူးကြ။
သတိဆိုလို့ ဖိုးပိန်နှင့် အောင်မောင်းတို့ နှစ် ယောက် သာရှိသည်။ ဒါတောင် အဲ့ဒီနှစ် ယောက် က ရန်ကုန်ကိုလာရင် သူတို့အိမ်မှာ တည်းနေကျ ဖြစ်သော ကြောင့် ရင်းနှီးနေခြင်း ဖြစ်သည်။
အဲဒီ နှစ် ကောင်ကလည်း တကယ့် ငဆိုး ငပေတွေ ။
“ဘာလဲ . .. သားက မသွားချင်လို့လား”
ဒီမိုးက ဖေဖေ့စကားသံကြောင့် အတွေးစ ပြတ်သွားပြီး ဖေဖေကို ကြည့်လိုက်သည်။ ဖေဖေ့ မျက်နှာပေါ်တွင် စိတ်ထိခိုက်သွားသည့် ဟန်က ရိပ်ခနဲ ဖြတ်သန်းသွား၏ ။
ဒီမိုးက ပျာပျာသလဲဖြင့်
“မဟုတ်ပါဘူး . .ဖေဖေ ။ သားသွားချင်ပါတယ်။ သားသွားတဲ့အခါ ဘာတွေ ယူသွားရမလဲ ဆိုတာ စဉ်းစားနေတာပါ”
“သားက ခုနှစ် ရက်တစ်ပတ်လောက် နေရမှာ ဆိုတော့ အ၀တ်အစားများများ ယူသွားပေါ့။ ပိုက်ဆံကိုလည်း ဖေဖေ့ ဘီဒိုထဲကနေ အလုံအလောက်ယူသွားဦး။ တော် ကြာလမ်းမှ ပိုက်ဆံ မလောက်လို့ ဒုက္ခရောက်နေဦးမယ်”
ဒီမိုးက ဖေဖေ့ကို ခေါင်းညိတ်ပြလိုက်၏ ။ ဖေဖေက လက်မှနာရီကို ကြည့်လိုက်ပြီး
“အခုမှ ၁၂နာရီခွဲပဲရှိသေးတော့ ဒီနေ့သွားလို့ မှီသေးတယ်။ ရွာဘက်သွားတဲ့ ကားတွေ က သုံးနာရီခွဲမှ ထွက်ကြတာ။ လက်မှတ်ကို ဖေဖေဖုန်းနဲ့ ကြိုမှာ ထားလိုက်မယ်။ သားသွားလိုက်ပေါ့”
ဖေဖေက ပြောပြီးပြီချင်း ဖုန်းထားရာနေရာသို့ လျှောက်သွားလိုက်သည်။ ဒီမိုးလည်း အ၀တ်အစားထည့်ရန် ဆိုင်မှ အိမ်သို့ပြန်ဖို့ ဖြေလှမ်းပြင်လိုက်စဉ်မှာ ပင်
“သား ရွာရောက်ရင်လည်း မေမေ့အုတ်ဂူကို ၀င်ကန်တော့လိုက်ဦးနော်”
ဖေဖေလှမ်းပြောလိုက်သော စကားကို ဒီမိုးက ခေါင်းပြန်လိုက် ပြလိုက်ပြီး အိမ်သို့ပြန်ရန် Taxi တစ်စီးကို လက်လှမ်းတားလိုက်လေသည်။
“ဒုက္ခပါပဲကွာ”
အ၀တ်အစားတွေ ကို ခရီးဆောင်အိတ်ထဲသို့ ထည့်နေရင်း ဒီမိုးက ညည်းညူလိုက်သည်။ ခရီးဆောင်အိတ်က သေးနေသဖြင့် အ၀တ်အစား လေးငါးစုံကိုတောင် အတင်းဖိသိပ်ထည့်နေရ၏ ။
မ ဖြစ်ဘူး . .. မ ဖြစ်ဘူး . . .ဖေဖေ့ခရီးဆောင်အိတ် ယူသွားမှ။
တစ်ပတ်လောက်နေရမှာ ဆိုတော့ အပျင်းပြေအောင် ငါကြိုက်တဲ့သရဲဝတ္ထု သုံးလေးအုပ် လောက်လဲ ယူသွားမှ ဖြစ်မယ်။ ဒီမိုးက ထိုအတွေးနှင့် အတူ ဖေဖေအခန်းဘက်သို့ လျှောက်လာ၏ ။
အခန်းထဲသို့ ရောက်ရောက်ချင်းမှာ ပင် ဖေဖေ့ ခုတင်ခြေရင်း၌ ခရီးဆောင်အိတ် နှစ် လုံး သုံးလုံးကို တွေ့ လိုက်ရသည်။
ဖေဖေက မကြာခဏဆိုသလို ခရီးသွားနေရသဖြင့် ခရီးဆောင်အိတ် ဆိုဒ်စုံကို ဆောင်ထား လေ့ရှိသည်။
ဒီမိုးက ထိုအိတ်တွေ ထဲမှ Adidas တံဆိပ်နှင့် အိတ်ကို ယူလိုက်၏ ။ ဒီအိတ်လောက်ဆို အတော် ပဲဟု ရေရွတ်ရင်း ဖေဖေ့ဘီရိုထဲမှ ပိုက်ဆံအချို့ကိုပါ ယူလိုက်သည်။
ပိုက်ဆံတွေ ကို ရေတွက်နေစဉ်မှာ ပင် . .
“ရှပ် . . ရှပ် . .ရှပ်”
သူ့နောက်ကျောမှ ခြေသံလိုလိုအသံကို ကြားလိုက်ရသည်။ ဒီမိုးလှည့်ကြည့်လိုက်၏ ။
ကြောင်လေးရွှေဝါ . . .
တံခါးအကွယ်ကနေပြီး အခန်းအတွင်းသို့ဝင်ရန် ချောင်းနေသည်။
“ဟဲ့ . . ရွှေဝါ . .ရှုး .. . ရှုး . .. ”
ဒီမိုးက ရွှေဝါကို ဟန့်လိုက်၏ ။ ဖေဖေက သူ့အခန်းထဲသို့ ကြောင်ဝင်သည်ကို မကြိုက်။ ရွှေဝါကိုလည်း ဒီမိုး မွေးချင်လွန်းလှသော ကြောင့် ခွင့်ပြုထားပေမယ့် သိပ်တော့ သဘောကျပုံမရ။
ဒီမိုး ပိုက်ဆံကို အိတ်ကပ်ထဲသို့ထည့်ရင်း လှည့်ထွက်ဖို့ ပြင်လိုက်စဉ်မှာ ပင် . .
ဖေဖေကုတင်ခေါင်းရင်းရှိ စားပွဲပေါ်မှ မေမေ့ဓာတ်ပုံကို တွေ့ လိုက်ရသည်။ ဒီမိုးက စားပွဲခုံ ပေါ်မှ မေမေ့ဓာတ်ပုံကိုယူပြီး ခုတင်ခြေရင်းတွင် ထိုင်ကာ ကြည့်လိုက်၏ ။
မေမေများ ဒီအချိန်ထိ အသက်ရှင်နေရင် ဘယ်လောက်ကောင်းလိုက်မလဲ !
ထိုအတွေးကြောင့် ပင် ဒီမိုးရင်တစ်ခုလုံး ၀မ်းနည်းစိတ်တွေ က ပြည့်လျှံသွားသည်။ ကြည့်နေ ရင်းမှာ ပင် မေမေနှုတ်ခမ်းတွေ က ပြုံးလာသည်ဟု ဒီမိုးစိတ်ထဲတွင် ထင်မိ၏ ။
မေမေ အပြုံးတွေ က နွေးထွေးလိုက်တာ !
ဒီမိုး ဓာတ်ပုံထဲမှ မေမေမျက်နှာကို လက်နှင့် တို့ထိဖို့ ရွယ်လိုက်စဉ်မှာ ပင်
“ဒုန်း”
“ခလွမ်း”
ဒီမိုးခန္ဓာကိုယ်ပေါ်သို့ အမွေးဖားဖားနှင့် အရာတစ်ခုက ရုတ်တရက် ထိတွေ လိုက်သဖြင့် လန့်ပြီး မေမေ့ဓာတ်ပုံကို ကြမ်းပြင်ပေါ်သို့ လွှတ်ချမိသွားသည်။
ဟင် !
ဒီမိုး ချက်ချင်း ဆိုသလို ဒေါသအရှိန်က မြင့်တတ်သွားပြီး နီးရာပစ္စည်းတစ်ခုနှင့် ရွှေဝါကို ကောက်ပေါက်လိုက်၏ ။
“ဒုန်း”
“ညောင် . .ညောင်”
ရွှေဝါက နာကျင်စွာ နှင့် တညောင်ညောင်အော်ပြီး အခန်းအပြင်သို့ ပြေးသွားတော့သည်။ ဒီမိုး စိတ်မကောင်းခြင်းကြီးစွာ နှင့် မေမေ့ဓာတ်ပုံကို စားပွဲပေါ်သို့ ယူတင်လိုက်သည်။
ဓာတ်ပုံမှန်ဘောင်လေး ကတော့ အစိပ်စိပ် အမွှာမွှာ ကွဲသွားခဲ့ပြီး . .။
မေမေဓာတ်ပုံ ကျကွဲသွားခြင်းအတွက် ဒီမိုး အရမ်းဝမ်းနည်းသွားပြီး မေမေ့ကို စိတ်ထဲမှာ ပင် တောင်းပန်လိုက်မိသည်။ ထို့နောက် မှန်ကွဲစတွေ ကို ရှင်းလင်းပြီး ဒီမိုးက ခရီးဆောင်အိတ်ကို ယူကာ သူ့အခန်းသို့ ပြန်လာခဲ့တော့သည်။
အခန်း (၂)
ညနေခင်း၏ ဆည်းဆာပေါ်သို့ စီးလဲ့ဖြာကျနေသော နေခြည်နွေးနှင့် အတူ ကျေးလက်ရနံ့ သင်းနေသည်။ လေပြည်နုနုလေးတွေ က ထန်းတောအတွင်းသို့ ဖွဖွလေး ဖြတ်တိုက်သွားသည်။
ထိုလေပြေလေညင်းတွေ နှင့် အတူ ဖိုးပိန်၊ အောင်မောင်းနှင့် ထူးအောင်တို့၏ အော်ဟစ်ဆူ ညံနေသံများ မှာ လည်း ထန်းတောအတွင်းတွင် ကမ္ဘာပျက်သလို စီစီညံနေ၏ ။
ခရီးပန်းရသည့်ကြားထဲ ထိုအော်သစ်သံဆူညံသံများ ကြောင့် ဒီမိုးခေါင်းတွေ တဆစ်ဆစ် ကိုက်လာသည်။ ပို၍ စိတ်ပျက်စရာကောင်းသည်မှာ လေထဲတွင် တသော သော လွင့်နေသော ဖုန်မှု န့်တွေ ကြားတွင် အသက်ကို မနည်းလုရှူနေရခြင်းပင် ဖြစ်သည်။
ဖိုးပိန်၊ အောင်မောင်းနှင့် ထူးအောင်တို့ ကတော့ ငြင်းခုန်နေကြဆဲ . .
“ဟေ့ကောင် . .. ဖိုးပိန်၊ မင်းချည်းပဲ သောက်မနေနဲ့ ”
အောင်မောင်းက ပြောပြောဆိုဆို ဖိုးပိန်သောက်နေသော ထန်းရည်မြူအိုးကို ဆွဲလုလိုက်၏ ။ ဖိုးပိန်က မူးနေပေမယ့် အကင်းပါးသည်။ အောင်မောင်းလက်ရွယ်လိုက်ရုံမှာ ပင် ထန်းရည်မြူအိုးကို ဆတ်ကနဲ ဆွဲဖယ်လိုက်ပြီး . . .
“ငါသောက်တာ ဒါနဲ့ မှ သုံးမြူပဲရှိသေးတယ်ကွ။ မင်းသောက်ထားတာတွေ ကိုလည်း ပြန်ကြည့်ဦး . . .။ ဒီမိုးကို လိုက်တိုက်တယ်ဆိုပြီး မင်းချည်းပဲ သောက်နေတာ”
ဟုတ်ပါရဲ့ . . .။ အောင်မောင်းရှေ့ မြေကြီးပေါ်သို့ ကြည့်လိုက်တော့မှ ထန်းရည်အိုးတွေ က အစီအရီ။ ဒါတောင် ဒီကောင်က ဖိုးပိန်လက်ထဲက မြူအိုးကို လုသောက်နေသေးတယ်လို့ . .ဟု ဒီမိုး တွေးလိုက်မိပြီး စိတ်ရှုပ်ထွေးစွာ ဖြင့် ခေါင်းကိုကုတ်ဖွလိုက်သည်။
ထိုအချိန်တွင် ထူးအောင်က ၀င်ပြောလိုက်သည်။
“မင်းတို့နှစ် ယောက် စလုံး အတူတူပဲ ထန်းရည်ကိုသောက်နေကြ အညာနွေးတွေ ရေသောက်နေသလိုပဲ”
ထူးအောင်စကားကြောင့် ဖိုးပိန်နှင့် အောင်မောင်းတို့ မျက်နှာတွေ ရှုံ့မဲ့မဲ့ ဖြစ်သွားကြပြီး ဖိုးပိန်က
“အောင်မယ် . . .မင်းကများ ငါတို့ကို အညာနွားလေးဘာလေးနဲ့ ငါတို့က ဒီမိုးလာတုန်း ပျော်ပျော်ပါးပါး သောက်တာကွ။ မင်းလို မြို့ကျောင်းသွားတတ်ပြီး အခြောက်တိုက် ဘ၀င်မြင့်နေ တဲ့ကောင်မဟုတ်ဘူး”
ထိုစကားကြောင့် ထူးအောင် မျက်နှာ ချက်ချင်း နီရဲတတ်သွားပြီး
“ဟေ့ကောင် . . ဖိုးပိန် မင်းမူးမူးရူးရူးနဲ့ ရန်စကားမပြောနဲ့ ။ ငါဘာမှ ဘ၀င်မမြင့်ဘူး မင်းတို့သာ ငါ့ကို ကြည့်မရ ဖြစ်နေကြတာ”
ထူးအောင် စိတ်ဆိုးသွားသည်ကိုကြည့်ပြီး အောင်မောင်းနှင့် ဖိုးပိန်တို့က တဟားဟားနှင့် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ကြသည်။
ထိုအချိန်မှာ ပင် ..
လေက ငွေ့ငွေ့လေးတိုက်ခတ်နေရာမှ ခပ်ကြမ်းကြမ်း တိုက်လိုက်သဖြင့် ဖုန်မှု န့်တွေ က အလုံးလိုက် အဆုပ်လိုက် လွင့်စင်ပျံ့နှံ့လာသည်။
ဒီတစ်ခါတော့ ဒီမိုးဘယ်လိုမှ မခံနိုင်တော့သည့်အလျောက် နှာခေါင်းကို လက်ဖြင့် အုပ်ကာ ဖုန်လွတ်ရာသို့ ထပြေးလိုက်၏ ။ နောက်ဖက်မှာ ဖိုးပိန်တို့၏ မေးမြန်းသံတွေ ကို ကြားနေရသော် လည်း ပြန်မပြောနိုင်အားတော့ဘဲ ထန်းတောအစပ်သို့ ခပ်သွက်သွက် ထွက်လာခဲ့တော့သည်။
လိမ္မော်ရောင် သန်းနေသည့် မိုးသားကောင်းကင်ပေါ်တွင် အ၀ါရောင် တိမ်တိုက်တွေ က တရွေ့ရွေ့ လွင့်မျောနေကြသည်။
မျက်စိတဆုံး ဖြစ်နေသည့် လယ်ကွင်းပြင်အကျယ်ကြီးတွေ ဟိုး . . ခပ်ဝေးဝေးဆီမှ အလုအယက် တိုးဝှေ့ပြေးလွှားနေသည့် နွားအုပ်တွေ နှင့် လတ်ဆတ်သော လေနုအေးတွေ ကြောင့် ခုနက အသက်ရှူမ၀သလို မွန်းကျပ်ပိတ်လှောင်မှု တွေ က ခဏအတွင်းမှာ ပင် ပြေလျော့လန်းဆန်း သွားသလို ခံစားရသည်။
အသစ်အဆန်း ဖြစ်နေသည့် ကျေးလက်ရှုခင်းတွေ ကို ကြည့်နေရင်း ဒီမိုး ဖေဖေ့ကို သတိရ လိုက်မိ၏ ။ ဖေဖေ တစ်ယောက် ထဲ ရှေးဟောင်းပစ္စည်းတွေ နှင့် အဆင်မှပြေပါ့မလား။
ဒီမိုးက သက်ပြင်းကို လေးကန်စွာ ချလိုက်သည်။
သူ့အဖို့ကလည်း မရင်းနှီးသည့် ဆွေမျိုးတွေ ကြားမှာ နေရသည်ကို မလွတ်မလပ် ဖြစ်နေ သလို ခံစားရသည်။ ဒီမိုး ရွာထဲသို့ ၀င်လာသည်နှင့် ရွာထဲကလူတွေ က အထူးအဆန်းသဖွယ် လိုက်ကြည့်နေကြခြင်းမှာ လည်း သူ့အဖို့မှာ တော့ အနေကျုံ့နေစေပြန်၏ ။
ဒီမိုးက တွေးရင်း၊ ငေးရင်း၊ ပင့်သက်ရှိုက်ရင်း ထန်းတောအစပ်သို့ တိုက်ခတ်လာသော လေကိုသာ တ၀ရှူသွင်းလိုက်ပြီး လှည့်ထွက်ဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာ ပင်
“ဟင်”
နောက်ကျောဘက်တွင် သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေသော အဘိုးကြီး တစ်ယောက် ကို တွေ့ လိုက်ရသည်။
ကြမ်းတမ်းရှည်လျားနေသော ဆံပင်တွေ ကလည်း တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေပြီး မျက်နှာပေါ်သို့ ဖုံးအုပ်ကျနေသည်။
ဆံပင်တွေ ကြားက မြင်နေရသည့် မျက်နှာမှာ သာမာန်လူ တစ်ယောက် နှင့် မတူဘဲ မျက်စိ တွေ က အပြင်ဘက်သို့ ပြူးထွက်ကျွံကျတော့မလိုလို။
နှုတ်ခမ်းလွှာနှစ် ခုမှာ လည်း မျက်နှာအရေပြားပေါ်မှ သာမန်ထက်ပိုပြီး ဖူးထွက်ပြီး ကော့လန်နေ၏ ။
ပို၍ ထူးဆန်းနေသည်မှာ တခြားမျက်လုံး၊ ပါးစပ်တို့နှင့် နှိုင်းယှဉ်လျှင် နှာခေါင်းမှာ သေးသေးလေး ဖြစ်နေသည်။
ထူးဆန်းသည့် ပုံသဏ္ဍာန်နှင့် လူစိမ်းအဘိုးကြီးက သူ့ကို နောက်ကျောဘက်မှ စူးစူးစိုက် စိုက် ကြည့်နေသော ကြောင့် ဒီမိုးကျောရိုးတစ်လျှောက် စိမ့်တတ်သွားမိ၏ ။
ဒီအဘိုးကြီး ငါ့ကို ဘာလုပ်မလို့ ကြည့်နေတာလဲ ?
မျက်နှာကလည်း ကြောက်စရာကောင်းလိုက်တာ !
ဒီမိုးက ယောက် ယက်ခတ်သွားသော အတွေးနှင့် အတူ ထိုအဘိုးကြီးကို အကဲခပ်သလို ကြည့်လိုက်သည်။
အဘိုးကြီးက ထန်းပင်နှစ် ပင်ကြားမှနေပြီ ဒီမိုးကို ကြောက်စရာကောင်းသည့် မျက်လုံးတွေ နှင့် စိုက်ကြည့်နေလျှက်။
ဒီမိုး ကပျာကယာခေါင်းကို ငုံ့လိုက်ပြီး အဘိုးအိုရှေ့မှ မ၀ံ့မရဲလှမ်းထွက်ဖို့ ပြင်လိုက်၏ ။
သို့သော် . .
ခြေထောက်တွေ က တစ်လှမ်းနှစ် လှမ်းလောက် အရောက်တွင် တုံ့ရပ်သွားသည်။
အဖိုးကြီး၏ ခြေဖမိုးပေါ်တွင် ဆေးမှင်ကြောင်ထိုးထားသော အစွယ်အငေါသားနှင့် ဘီလူးရုပ်မည်းမည်းကြီးကို တွေ့ လိုက်ရသော ကြောင့် ဖြစ်သည်။
ဘာကြောင့် မှန်းမသိ ထိုဘီလူးရုပ်ကို တွေ့ လိုက်ရ၍ တစ်ကိုယ်လုံးကြက်သီးတွေ ဖြန်းကနဲ ထသွားပြီး ချက်ချင်း ဆိုသလို အဘိုးကြီးကို မ၀ံ့မရဲ မော့ကြည့်လိုက်၏ ။
“ဟင်”
အဘိုးကြီးနှင့် အကြည့်ချင်းဆုံသွားသည့် အခိုက်မှာ တော့ ဒီမိုးနှလုံးသားအိမ်တစ်ခုလုံး အေးခနဲ ဖြစ်သွားသည်ကို သတိထားမိလိုက်သည်။
အဘိုးကြီး၏ မျက်လုံးတွေ က သူ့မျက်လုံးများ ထဲမှတစ်ဆင့် ဟိုးအတွင်းပိုင်းထဲအထိ လှမ်းကြည့်နေသလိုမျိုး စူးစူးရဲရဲ စိုက်ကြည့်နေ၏ ။ အကြည့်တွေ က သူဖုံးကွယ်ထားသည့် ရှာဖွေ တွေ့ ရှိသွားသလိုမျိုး။
ကြောက်ရွံ့နေတာလား . . ။ချောက်ချား တုန်လှုပ်သွားတာလား ။ သူမဝေခွဲတတ်တော့။ တပြိုင်နက်ထဲလိုလို စိတ်ကို တင်းမထားနိုင်တော့ဘဲ . . . ..
အဘိုးကြီးရှေ့မှ မပြေးရုံတမယ် ထွက်လာခဲ့တော့၏ ။
ဒီမိုး ထန်းတာအတွင်းသို့ ပြန်ရောက်ချိန်မှာ တော့ ငနဲသားသုံးကောင်က အရှိန်တော် တော် ရနေကြပြီ။ ဒီမိုးက ထန်းရည်ဝိုင်းဘေးတွင် ၀င်ထိုင်လိုက်သည်။
အောင်မောင်းက ဒီမိုးကို မြင်သွားပြီး
“ဘယ်ကိုသွားနေတာလဲ ဒီမိုးရာ . . .။ တို့နဲ့ အတူတူ လာသောက်စမ်းပါကွာ”
“ဟုတ်ပါ့ . .ဒီမိုးရာ .။မင်းပုံကြည့်ရတာ သိပ်မရွှင်သလိုပဲ။ ဘာလဲ တို့ရွာက ပျင်းစရာကောင်းနေလို့လား . . .”
ဒီမိုးက ကြွက်ကြော်တစ်တုံးကို လှမ်းယူနေရင်းမှ . .
“မဟုတ်ပါဘူးကွာ . .ငါက တစ်နေ့လုံး တစ်ညလုံး ကားစီးလာရတော့ ခရီးပန်းနေလို့ပါ”
“ဒါဆိုလည်း ဖြည်းဖြည်းသာစားပါကွာ။ တို့ကမင်းကို ပျင်းနေမှာ စိုးလို့ပါ”
“တို့ရွာကိုရောက်တုန်း ပျော်ပျော်ပါးပါးနေပါ ဒီမိုးရာ။ မင်းက တို့ရွာကို တစ်ခေါက်မှ လာဖူးတာမဟုတ်ဘူး။ ငါတို့ကသာ ရန်ကုန်ရောက်တိုင်း မင်းဆီ လာလာနေတာ”
“ဒီတစ်ခါတော့ ငါတို့ အိမ်ရှင် ဖြစ်တုန်း အစွမ်းကုန်ပြုစုပါရစေကွာ”
ဖိုးပိန်စကားကို အောင်မောင်းကပါ ၀င်ထောက်ခံလိုက်၏ ။ ဒီမိုးက သူတို့စိတ်ကျေနပ် အောင်မြေကြီးပေါ်တွင် ချထားသော ထန်းရည်မြူအိုးကို တစ်ကျိုက်မော့သောက်လိုက်သည်။
အောင်မောင်းက ကြွက်ကြော်ပန်းကန်ကို ဒီမိုးရှေ့သို့ ထိုးပေးရင်း
“အေးလေကွာ . .ဒီလိုမှပေါ့။ ကြွက်ကြော်လည်းစားဦး”
“မြို့သားချင်းအတူတူ ဒီမိုးနဲ့ ထူးအောင် ကတော့ ကွာပါ့”
ဘေးတွင် စကားမပြောဘဲ ထိုင်နေသည့် ထူးအောင်က အောင်မောင်း စကားကြောင့်
“ဘာကွာလို့လဲ”
မကျေမနပ်နေဟန်ဖြင့် တုံးတိတိ ပြန်မေးလိုက်သည်။ အောင်မောင်းက စပ်ဖြဲဖြဲ လုပ်ရင်း
“ကွာတာပေါ့ . .ထူးအောင်ရာ၊ မင်းက သရဲဆိုလဲ အလွန်ကြောက် ကဂျီးကဂျွတ်ကလည်း များ နဲ့ ဆိုတော့ ဒီမိုးနဲ့ ကွာတာပေါ့ကွာ”
အောင်မောင်း၏ ရိသဲ့သဲ့စကားကြောင့် ထူးအောင် ဒေါသအိုးပေါက်ကွဲသွားပြီး
“မင်း . .. မင်း . . . ပြောပြန်ပြီလား၊ မင်းကို ညီအစ်ကိုချင်းမို့ ကြည့်နေတာ”
ထူးအောင်၏ ဒေါသတကြီးပြောလိုက်သော စကားကြောင့် အောင်မောင်းနှင့် ဖိုးပိန်က ခွက်ထိုးခွက်လန် ရယ်မောလိုက်ကြသည်။ ဒီမိုး ကတော့ ခုနက ထန်းတောအစပ်မှာ တွေ့ ခဲ့သည့် အဖိုးကြီး အကြောင်းကို စဉ်းစားနေ၍ သဲသဲကွဲကွဲ မကြားလိုက်ရ။
ဖိုးပိန်က ရယ်နေရင်းတန်းလန်းမှ . .
“အောင်မောင်းက မင်းကို သက်သက်လိုက်စနေတာပါကွာ ထူးအောင်ရာ။ တကယ်တော့ တို့ထန်းရည်လာသောက်တယ်ဆိုတာ ဒီမိုးလာလို့လည်းပါတယ်။ မင်းနဲ့ ကလည်း ထန်းရည်မ သောက်ရတာ ကြာပြီ မဟုတ်လား။ ပြီးတော့ အခုလို နွားရိုင်းသွင်းချိန်ဆို ဒီထန်းတောထဲမှာ ထိပ်နီဆိုတဲ့ သရဲက ထန်းပင်တွေ ပေါ်ကနေပြီး တွဲ လောင်းဆင်းလာတတ်တယ်ဆိုလို့ တို့တွေ အဖွဲ့တောင့်တုန်း နပမ်းလုံးတမ်းကစားကြမလို့ကွ”
ဖိုးပိန်၏ စကားကြောင့် ဒီမိုးထိတ်ခနဲ ဖြစ်သွားပြီး ကျောမှီထိုင်ထားသော ထန်းပင်ပေါ်ကို အထိတ်တလန့် မော့ကြည့်လိုက်သည်။
ဘာကိုမျှ မတွေ့ ရ.. ။ ဒီမိုး သက်ပြင်းကို ခပ်ဖွဖွ မှု တ်ထုတ်လိုက်ပြီး အောင်မောင်းနှင့် ဖိုးပိန် ကို ကြည့်လိုက်သည်။
ထိုနှစ် ကောင် ကတော့ မျက်နှာပိုးကို အတင်း ဖြစ်ညှစ်သတ်ထားရဟန် တူသည်။ မျက်နှာတွေ က မချိုမချဉ် ဖြစ်နေကြ၏ ။
ထူးအောင် ကတော့ သရဲနှင့် နပန်းလုံးမည် ဆို၍ မျက်စိမျက်နှာပျက်ပြီး ထန်းပင်ပေါ်သို့ ကျီး ကြည့် ကြောင်ကြည့် ဖြစ်နေသည်။ အသံတွေ တုန်လာပြီး . .
“ကဲ . . ကဲ မြန်မြန်သောက်ကြကွာ။ ပြီးရင် ပြန်ကြမယ်”
ထူးအောင် ကြောက်ကြောက်လန့်လန့် ဖြစ်နေသည့်ပုံကို ကြည့်ပြီး ဒီမိုး ရယ်မိသွား၏ ။ တကယ်တော့ အောင်မောင်းနှင့် ဖိုးပိန်က ထူးအောင် သရဲကြောက်တတ်မှန်းသိ၍ စနေကြခြင်း ဖြစ်သည်။ ဒါကို ထူးအောင်ကမသိဘဲ သရဲဆိုသည့်အသံကြားရုံနဲ့ မျက်စိပျက် မျက်နှာပျက် ဖြစ်နေ ၏ ။ အောင်မောင်းက ထူးအောင်ကို ထပ်စလိုက်သည်။
“နေပါဦး . . ထူးအောင်ရာ။ နောက်ထပ် တစ်မြူလောက်သောက်ရင်း ထိပ်နီကို စောင့်ကြ တာပေါ့”
ထူးအောင်က ချက်ချင်း ဆိုသလို
“ဟေ့ကောင် . ..အောင်မောင်း . . .သောက်ချင်ရင်လဲ နောက်နေ့မှ သောက်တော့ကွာ၊ အခုညီအစ်ကို မသိတသိ အချိန်တောင် မဟုတ်တော့် ဘူး။ ဘာကိုမှ မသိတော့ဘဲအချိန်တောင် ရောက်နေပြီ .. ပြန်ကြရအောင်”
ဖိုးပိန်က . .
“ဟုတ်ပါတယ် . .အောင်မောင်းရာ၊ တို့တွေ ပြန်ကြတာပေါ့။ ပြီးရင် . .ရွာသင်္ချိုင်းကုန်းကို လည်း ဖြတ်သွားရဦးမယ် မဟုတ်လား။ မှော င်နေတော့ သရဲသဘက်တွေ ကို ကြောက်ရတယ်လေ”
ဖိုးပိန်က ကူပြောပေးသလိုလိုနဲ့ ထူးအောင်ကို ရိသဲ့သဲ့လုပ်လိုက်သည်။ ဖိုးပိန်စကားကြောင့် ထူးအောင်၏ မျက်နှာက သွေးမရှိတော့သလို ဖြူဖက်ဖြူရော် ဖြစ်သွား၏ ။ ထူးအောင်ကိုကြည့်ပြီး ဒီမိုးပါ သွေးလန့်ချင်သလို ဖြစ်လာပြီး . .
မ ဖြစ်ဘူး . .မ ဖြစ်ဘူး။ ဒီကောင်တွေ ရှေ့မှာ ကြောက်ပြလို့ မ ဖြစ်ဘူး။ ဒီကောင်တွေ က ကြောက်ပြရင် ပိုခြောက်လိမ့်မယ်။
ဒီမိုး ထိုအတွေးနှင့် အတူ က္ကနြေ္ဒကို အမြန်ပြန်ထိန်းလိုက်သည်။ ထိုအချိန်မှာ ပင် အောင်မောင်းနှင့် ဖိုးပိန်တို့က ထန်းတောအပြင်သို့ ထွက်သွားကြ၏ ။
ဒီမိုးက ကပျာကယာ မတ်တပ်ရပ်လိုက်ပြီး နောက်ကလိုက်လာခဲ့တော့သည်။
အခန်း (၃)
နေ၀င်သွားသည့်အတွက် အလင်းရောင် က မှု န်မှု န်လေးသာ ကျန်တော့သည်။ ဆောင်းကာ လ ဖြစ်သည်နှင့် အညီ ညနေခင်း၏ လေထုက အေးစိမ့်ထိုင်းနေ၏ ။
ထူးအောင်က ရှေ့ဆုံးမှ သွားနေပြီး မကြာခဏဆိုသလို နောက်ကို လှည့်လှည့်ကြည့်၏ ။ ဖိုးပိန်နှင့် အောင်မောင်း ကတော့ ဒီမိုးနောက်မှ စကားပြောရင်း လျှောက်လာကြသည်။
ရိုးပြတ်တောထဲမှာ လျှောက်နေရ၍ ခြေသံတွေ က တရွှပ်ရွှပ်နှင့် မြည် နေ၏ ။ လျှောက်နေ ကြလမ်းမျိုး မဟုတ်သည့်အတွက် ဒီမိုး သတိထားလျှောက်နေရပြီး နဖူးမှ ချွေးပင် စို့လာသည်။
ထိုအချိန်မှာ ပင် အောင်မောင်းက ဒီမိုးအနားသို့ တိုးကပ်လာပြီး . .
“ဒီမိုး . . ငါတို့သင်္ချိုင်းကုန်းနားရောက်ရင် ထူးအောင်ကို စရအောင်”
ဒီမိုးက အောင်မောင်းကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်ကာ
“ဘယ်လိုစမှာ တုန်း”
“ဒါတော့ မပူစမ်းပါနဲ့ ဒီမိုးရာ။ အဘိုးရဲ့ အလောင်းကို သင်္ချိုင်းကုန်းမှာ ထားထားတာကွ။ ငါတို့ အဘိုးကို ၀င်ကန်တော့ရမယ်ဆိုပြီး သင်္ချိုင်းကုန်းထဲ ၀င်သွားရအောင် . . .ဒီကောင် တစ် ယောက် တည်း ရှေ့ဆက်မသွားရဲဘူးကွ .. ဒါဆို တို့နောက်ကို လိုက်လာမှာ ပဲ”
“ဟုတ်တယ် . . ဟုတ်တယ် ဒီမိုး၊ အဘိုးက ထူးအောင်လက်ထဲမှာ သေသွားတာ အဲ့ဒီအချိန်တုန်းက အိမ်ထဲမှာ ထူအောင် တစ်ယောက် တည်း အလောင်းကြီးကိုပိုက်ပြီး ကြောက် ကြောက်လန့်လန့်နဲ့ ငယ်သံပါအောင် အော်လိုက်တာများ ကွာ ပြောမနေပါနဲ့ ”
ဖိုးပိန်နှင့် အောင်မောင်းတို့၏ စကားများ ကြောင့် ဒီမိုးရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ရင်တွေ တဒိန်းဒိန်းခုန်ကာ လက်ဖ၀ါးမှာ လည်း ချွေးစတွေ စိုထိုင်းလာ၏ ။
တကယ်တော့ ထူးအောင်ကို စဖို့နေနေသာသာ သူတောင် မနည်းအားတင်းပြီး လာနေရ သည် မဟုတ်ပါလား . . ။ ဒီကြားထဲ ဖိုးပိန်နှင့် အောင်မောင်းတို့က ထူးအောင်ကိုစဖို့အတွက် သင်္ချိုင်းကုန်းထဲ သွားမည် ဆို၍ သူ့စိတ်တွေ က ဆောက်တည်ရာမရတော့။
ဒီကောင်တွေ ကို မစကြဖို့ ပြောရင်းကောင်းမလား ? ဟင့်အင်း မ ဖြစ်သေးပါဘူး . . တော် ကြာ ငါကြောက်နေမှန်းသိရင် ငါ့ကိုငါ စနေမှ။ ဒါဆို ငါဘာလုပ်ရမလဲ . .။
ဒီမိုးအတွေးတွေ က မီးခိုးလိုလွင့်နေရာမှ ရုတ်တရက် ရပ်သွား၏ ။ ခပ်လှမ်းလှမ်းမှ အုတ်ဂူ တွေ ကို မြင်လိုက်ရသော ကြောင့် ဖြစ်သည်။
ထူးအောင်က ရှေ့မှသွားနေရာမှ ချက်ချင်း ဆိုသလို နောက်ပြန်လှည့်လာပြီး . .
“လာ . .လာကြစမ်းပါကွာ . .ဒီနားက မြန်မြန်သွားကြရအောင်”
ထူးအောင်၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးတစ်ကောင်နှင့် ထိပ်တိုက်တွေ့ ရတော့မလို မျိုး ထိတ်လန့် ချောက်ချားနေသည်မှာ အထင်းသားပေါ်လွင်နေသည်။ အသံတွေ ကလည်း ကတုန် ကယင် ဖြစ်နေ၏ ။
ဖိုးပိန်က ခပ်တည်တည်နှင့် ထူးအောင်ကို ပြောလိုက်သည်။
“ငါတို့ အဘိုးကို သွားကန်တော့မလို့ မင်းလိုက်မှာ လား . ..”
ထူးအောင်မျက်နှာက ချက်ချင်း ကွက်ခနဲ ပျက်သွားပြီး . ..
“ဟာ . .မသွား . .မ သွားပါနဲ့ ကွာ။ ရွာကိုပဲ တန်းပြန်ရအောင်”
“ဟာ . .မင်းပဲ အဘိုးကို သိပ်ချစ်တာဆို . .။ လူရှေ့သူရှေ့ရောက်ရင် အဘိုးကို ဘယ်လို ချစ်ကြောင်း၊ ဘယ်လောက်ပြုစုကြောင်းနဲ့ ပြောနေတဲ့ ကိုဖိုးသည်းကြီး အခုဘယ်လို ဖြစ်တာတုန်း”
“ထားလိုက်ပါ ဖိုးပိန်ရာ . .တို့ဖာသာတို့ပဲ သွားကန်တော့ ကြတာပေါ့”
ဖိုးပိန်နှင့် အောင်မောင်းတို့က အတိုင်အဖောက်ညီညီ ပြောဆိုနေသော ကြောင့် ထူးအောင် က ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘဲ လယ်ကန်သင်းမှ တောင့်တောင့်ကြီး ရပ်နေတော့သည်။
ထိုအချိန်တွင် အောင်မောင်းက
“ကဲ . .. ဒီမိုး မင်းလိုက်မှာ လား”
ထူးအောင်က အားကိုးတကြီး ဒီမိုးကိုကြည့်သည်။
ဒီမိုးက ကြောက်စိတ်ကို ဟန်ဆောင်ချုပ်တည်းထားရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက် ကာ
“လိုက်မှာ ပေါ့ကွ . .ငါလည်း အဖိုးကို မကန်တော့ရသေးတာနဲ့ အတော် ပဲ”
ထိုစကားကြောင့် ထူးအောင်က ကယ်ကူရာမဲ့လူလို ဖြစ်သွားပြီး လိုက်ခဲ့ရကောင်းနိုးနိုး မလိုက်ရကောင်းနိုးနိုး တွေ ဝေသွား၏ ။
ဖိုးပိန်နှင့် အောင်မောင်းက ဒီမိုးကို လက်တို့ကာ သင်္ချိုင်းကုန်းဘက်သို့ ဦးတည်ထွက်သွား လိုက်သည်။ ဒီမိုးလဲ ကပျာကယာပင် နောက်မှ လိုက်သွား၏
ခပ်လှမ်းလှမ်းရောက်မှ ဖိုးပိန်က ထူးအောင်ကို အော်ပြောလိုက်သည်။
“ထူးအောင် . .အဖိုးက သူ့ကို သိပ်ချစ်တဲ့လူဆို ကပ်နေမှာ နော်”
နေ၀င်ဖျိုးဖျအချိန်တွင် သင်္ချိုင်းတစ်ခုလုံးက အိပ်ပျော်နေသည့်အလား ငြိမ်သက်တိတ်ဆိတ်နေသည်။
သင်္ချိုင်းအ၀င်ဝတွင် ကြို့ပင်ကြီးတစ်ပင်ရှိသည်။ ထိုအပင်ကြီး၏ ပင်စည်က လူနှစ် ဖက်စာ လောက်ရှိသည်။ အကိုင်းအခက်တွေ ကလည်း သင်္ချိုင်းပေါ်သို့ အုပ်စိုးကျနေ၏ ။
လေတိုက်၍ အကိုင်းအခက်များ လှုပ်ရှားယိမ်းနွဲ့သွားပုံမှာ လည်း မကောင်းဆိုးဝါး ကောင်တွေ လက်ဝှေ့ယမ်းပြလိုက်သလိုမျိုး . .
ချောက်ချားစရာ ကောင်းနေသည်။ အထူးသဖြင့် ထိုကြို့ပင်ကြီးအောက်မှာ အလောင်းစင် ကြီးကို ကြည့်ပြီး ဒီမိုး ထိတ်လန့်နေမိ၏ ။
အခေါင်းကို အပြာရောင် စက္ကူစတွေ နှင့် ပတ်ထားပြီး တိုင်လေးတိုင်ပေါ်တွင် ၀ါးကပ်ထိုးကာ တင်ထားသည်။
အခေါင်း၏ အဖုံးကို အနည်းငယ်ဟထားသော ကြောင့် အလောင်းပေါ်သို့ ပန်းတွေ ကျဲချ ထားသည်ကို တွေ့ ရသည်။ ကျောက်ဖရုံသီးခပ်ကြီးကြီးတစ်လုံးကို အလောင်ပေါ်သို့ တင်ထားသည်ကို မြင်ရ၏ ။ ဒီမိုးက ထိုမသတီစရာ မြင်ကွင်းကြောင့် လက်များ ပင် တဆတ်ဆတ် တုန်ယင်လာသည်။ ဖိုးပိန်နှင့် အောင်မောင်း ကတော့ ဘာမှမ ဖြစ်သလိုအေးအေးလူလူပင် အလောင်းစင်နားသို့ ကပ်သွားသည်ကို မြင်လိုက်ရသည်။
ဒီမိုးက ဖိုးပိန်တို့နောက်ကို လိုက်သွားရန် ခြေလှမ်းပြင်လိုက်စဉ်မှာ ပင် သူ့ခြောက်ထောက် တွေ လှုပ်ရှားတုန်ယင်နေသည်ကို သတိပြုမိ၏ ။ ကြောက်စိတ်ကြောင့် ပင် ကြက်သီးတွေ ကလည်း ဖြန်းဖြန်းထလာသည်။ ဆောက်တည်ရာမရအောင် ကြောက်လန့်နေသည့် အခိုက်မှာ ပင် ဒီမိုး ခေါင်းထဲသို့ အတွေးတစ်ခုက မထင်မှတ်ဘဲ ဖျတ်ခနဲပေါ်လာ၏ ။
မေမေ့ အုတ်ဂူက ဒီသင်္ချိုင်းထဲမှာ လား . . . ?
ဒီမိုးက ဘေးဘီဝဲယာကို အလျှင်အမြန် အကဲခတ်ကြည့်လိုက်၏ ။ ပျောက်ဆုံးတော့မည့်  အလင်းမှု န်တွေ ကြားတွင် သင်္ချိုင်းအုတ်ဂူတွေ က ငြိမ်သက်တိတ်ဆိတ်နေသည်။ တစ်ဆက်တည်း လိုလို ဖိုးပိန်နှင့် အောင်မောင်းတို့က အဘိုးဦးဘိုးမြတ်၏ အလောင်းကို ကန်တော့နေသည်ကိုပါ ဒီမိုးတွေ့ လိုက်ရသည်။
ဒီမိုးက ဖိုးပိန်နှင့် အောင်မောင်းတို့နားသို့သွားရန် ခြေလှမ်းပြင်လိုက်သည်။
“ဘတ်”
“အား”
သူပခုံးပေါ်သို့ လက်အေးကြီးတစ်ဖက်က လာရောက်ထိကိုင်လိုက်သဖြင့် ဆက်မအော်မိ အောင် ထိန်းလိုက်ရင်း နောက်သို့ အလန့်တကြား လှည့်ကြည့်လိုက်သည်။
ထူးအောင် . . .။
ချောက်ချား တုန်လှုပ်သည့်မျက်နှာနှင့် ဒီမိုးကို စိမ်းစိမ်းကြီး စိုက်ကြည့်နေ၏ ။ ဒီမိုးက အလျင်အမြန်က္ကနြေ္ဒကို ထိန်းလိုက်ရင်း
“မင်းကလည်း အသံမပေး ဘာမပေးနဲ့ . .. ၊ ဘာလုပ်မလို့လဲ”
ဒီမိုးက ရှက်ရမ်းရမ်းသည့် အသံဖြင့် ဦးအောင် ဖိဟောက်လိုက်သည်။
ထူးအောင်က တုန်ယင်နေသော လက်ဖြင့် ဒီမိုးပုခုံးကို လှမ်းကိုင်လိုက်ပြီး
“ဒီ . .ဒီမိုး လာပါကွာ ၊ မင်းနဲ့ ငါနဲ့ ရွာကို အရင်ပြန်ကြရအောင် .. . ဖိုးပိန်နှင့် အောင်မောင်းက ငါ့ကို ကြောက်တတ်မှန်းသိလို့ တမင်သက်သက် စနေကြတာကွ . .မင်းလဲ သွားရမှာ လန့်နေတယ် မဟုတ်လား”
ဒီမိုးက သူ့ပခုံးပေါ်မှ ထူးအောင်လက်ကို ပုတ်ချလိုက်ပြီး ဘာမှ မ ဖြစ်သည့်အမူအရာဖြင့်
“ဘာ . . .လန့်နေတယ် ဟုတ်လား။ ငါက မင်းလို အသားလွတ် လျှောက်ကြောက်တတ် တဲ့ကောင် မဟုတ်ဘူး . .မင်းက ရုတ်တရက် လာကိုင်လိုက်လို့ လန့်ပြီးတော့ အော်လိုက်မိတာ၊ ပြီးတော့ ငါက အခု ငါ့အမေအုတ်ဂူကို သွားကန်တော့မလို့ . . မင်းဘာသာ မင်း ရွာကိုပြန်နှင့် ”
ဒီမိုးက ထူးအောင်ရှေ့တွင် မာန်တင်းကာ ပြောလိုက်ပြီး အုတ်ဂူတွေ ကြားသို့ လှမ်းလျှောက်လာခဲ့သည်။ နောက်ဖက်မှ ထူးအောင်၏ မကျေမချမ်း ရေရွတ်နေသံကို ကြားနေရသော်လည်း ဘာမှမ ဖြစ်သလို ဆက်လျှောက်လာခဲ့သည်။
ဖိုးပိန်နှင့် အောင်မောင်းက ဒီမိုး လာနေသည်ကိုမြင်တော့ အလောင်းစင်ဘေးမှထပြီး ဒီမိုး အနားသို့ တိုးကပ်လာ၏ ။
အောင်မောင်းက
“ဘာလဲ ဒီမိုး။ ထူးအောင်ကမင်းကို ပြန်ဖို့ အဖော်ညှိနေတာ မဟုတ်လား”
ဒီမိုးက ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်၏ ။
“ဟုတ်တယ်ကွ။ ဒီကောင် တော် တော် သူရဲဘောကြောင်တာပဲ . . .”
“ဟား . . .ဟား . . ဟုတ်တယ် . .ဟုတ်တယ်၊ ဒီကောင်ကို ကြည့်မရ ဖြစ်နေတာနဲ့ အတော် ပဲ။ ဒီတစ်ခါတော့ တော် တော် ကြောက်သွားပြီ။ ဟား ဟား”
ဖိုးပိန်၏ အားရပါးရ ရယ်မောလိုက်သံက တိတ်ဆိတ်နေသည့် သင်္ချိုင်းအတွင်းတွင် ကျယ် လောင်စွာ မြည် ဟိန်းသွားသည်။
အောင်မောင်းနှင့် ဒီမိုးကပါ လိုက်ရယ်သံဖြင့် အသံတွေ က ပို၍ စီစီညံသွားတော့၏ ။ ဒီမိုးတို့ သဘောကျစွာ ရယ်မောနေသည်ကို ခပ်လှမ်းလှမ်းမှာ ရပ်နေသော ထူးအောင်က ဒေါသတကြီး စိုက်ကြည့်နေသည်။ လက်သီးနှစ် ဖက်ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်လုံးတွေ က လည်း မီးဝင်းဝင်းတောက်နေလေသည်။
ထိုအခိုက်အတန့်မှာ ပင် . .
“ဘယ်သူတွေ လဲကွ”
ရုတ်တရက် အသံသြသြကြီးတစ်သံက သင်္ချိုင်းအတွင်းဘက်မှ ထွက်ပေါ်လာသဖြင့် အား လုံးအလန့်တကြား နောက်သို့ လှည့်ကြည့်လိုက်သည်။
“ဟင်”
မြင်လိုက်ရသော မြင်ကွင်းကြောင့် ဒီမိုး အလန့်တကြားရေရွတ်မိလိုက်သည်။ ခုနက ထန်းတောအစပ်မှာ တွေ့ ခဲ့သည့် အဘိုးကြီးက လက်ထဲမှာ ၀ါးလုံးရှည်ကြီးတစ်လုံးကို ကိုင်ထားပြီး ဒီမိုးတို့ကို ထူးဆန်းစွာ အရောင် တောက်နေသည့် မျက်လုံးတွေ နှင့် မျက်မှော င်ကျုတ်ကြည့်နေ၏ ။
ဖိုးပိန်က တုန်ယင်မလို ဖြစ်နေသည့် အသံကို ထိန်းရင်း
“ဟို . .ဟို .. ကျွန်တော် တို့ အဘိုးကိုလာကန်တော့တာပါ . . ဘာ . .ဘာမှမဟုတ်ပါဘူး”
ဖိုးပိန်က အယိုင်ယိုင်အနဲ့ နဲ့ ဖြစ်နေသော ခြေထောက်တွေ ကို အားတင်းလှမ်းနေရင်းက ကြောက်ရွံ့စရာကောင်းနေသည့် အဘိုးကြီးကို စိတ်ဝင်စားမိသွားသည်။
ဘာကြောင့် မှန်းမသိ ထိုအဘိုးကြီး၏ ပုံရိပ်တွေ က သူ့စိတ်တစ်ခုလုံးကို လွှမ်းခြုံထားသလို ခံစားနေရသည်။
တဖွားဖွားပေါ်လာသည့် ကြည့်ချင်စိတ်ကြောင့် ဒီမိုးလှည့်ကြည့်လိုက်သည်။
“ဟင်”
လက်ထဲမှ ၀ါးလုံးရှည်ကြီးကို မြေပေါ်သို့ ထောက်လျက် အုတ်ဂူတစ်ခုအပေါ်တွင် အဘိုးကြီးက ဆောင့်ကြောင့် ထိုင်နေ၏ ။
လေတိုက်သွားသော ကြောင့် ဆံပင်အဖြူတွေ ကလည်း ဘေးဘက်သို့ လွင့်ဝဲပြီး အပြင်သို့ ပြူထွက်ကျတော့မလို ဖြစ်နေသည့် မျက်လုံးပြူးပြူးကြီးကိုပါ တွေ့ ရသည်။
ထိုအဘိုးကြီး၏ အကြည့်တွေ က ဒီမိုးနှလုံးအိမ်တစ်ခုလုံးကို အရှင်လတ်လတ် ဆွဲနှုတ်ယူ လိုက်သလိုမျိုး . .
သွေးပျက် တုန်လှုပ်စရာကောင်းနေသည်။
![]() ဆုတောင်းပြည့်မြွေဆိပ် | ![]() ကိုယ့်လက်ခုပ်ထဲက နတ်ဆိုး | ![]() အနက်ရောင် မိစ္ဆာ |