Cover

အခန်း(၁)

ဆုတောင်းပြည့်မြွေဆိပ်

သတိုးတေဇ

အခန်း (၁)

“ အား အမလေးလုပ်ပါဦး …..အမေ ……အမေ သမီးခြေထောက်ကို မြွေကိုက်လိုက်လို့………….“

ဒေါ်စံပုမှာ နံနက်စောစော အာရုံဆွမ်းထပြီးချက်နေရာမှ သမီး ဖြစ်သူ ခင်နှင်းမှုံ၏ အိပ်ယာထဲမှ အထိတ်တလန့် အော်သံကြောင့်

“ ဟင် ………….ဘယ်မှာ လဲ …………..ဘယ်မှာ လဲ ”

ပြောပြောဆိုဆို ဒေါ်စံပုက ကြပ်ခိုးစင်အောက်မှ ရေနံဆီမီးခွက်ကို လှမ်းယူကာ ခင်နှင်းမှုံရှိရာ အိပ်ခန်းဆီသို့ ဒရောသော ပါးနှင့် ပြေးဝင်လိုက်သည်။

ခင်နှင်းမှုံမှာ အိပ်ယာပေါ်တွင် လူးလှိမ့်နေရင်း သူ့ကိုယ်ပေါ်မှ လွှားခြုံထားသော စောင်၏ အောက်သို့ ကြည့်ကာ သွေးပျက်မတတ်ပင် အော်ဟစ်နေ၏ ။

“ စောင် …….စောင်……….စောင်အောက်မှာ ………..မြွေ……….မြွေ ………”

သူမ၏ ခြေထောက်တွေ က စောင်အောက်တွင် တွန်းထိုးရုန်းကန်နေရင်း အသံတွေ က တုန်တုန်ယင်ယင် ဖြစ်နေသည်။ ဒေါ်စံပုက အိပ်ခန်းထောင့်တွင် ထောင်ထားသည့် ၀ါးလုံးရှည်တစ်ချောင်းကို ယူကာ ခင်နှင်းမှုံ၏ စောင်ကို ဆွဲလှန်လိုက်ပြီး မြွေကိုရိုက်ရန် အသင့်ချိန်ရွယ် လိုက်၏ ။

“ ဟင် ………ဘယ်မှာ လဲ မြွေ ”

ဝါးလုံးရှည်ဖြင့် စောင်ကို ဆွဲမဖယ်လိုက်သော်လည်း မြွေနှင့် တူသည့် အရာဟူ၍ ဘာတစ်ခုမှ ရှိမနေ။ ဒေါ်စံပုက လက်ထဲမှ ရေနံဆီ မီးခွက်ကို အပေါ်သို့ မြှော က်ကာ ခင်နှင်းမှုံ၏ အိပ်ယာပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထိုအိပ်ယာပေါ်တွင် တော့ တွန့်လိန်ရှုပ်ပွနေသော နှစ် နံသုံးနံစပ် ဖာထားသည့် အိပ်ယာခင်းအဟောင်းတစ်ခုကိုသာ တွေ့ လိုက်ရသည်။

ဒေါ်စံပုမှာ ခင်ပွန်းသည် ကိုရာကျော် ဆုံးပါးသွားပြီးကတည်းက သမီးလေးခင်နှင်းမှုံကို ပင်ပန်းဆင်းရဲခံပြီး ကြုံရာကျပမ်းလုပ်ကိုင် ရှာဖွေကျွေးကာ ကျောင်းထားလာခဲ့ရသူ ဖြစ်သည်။ ဘာပဲပြောပြော ဒေါ်စံပု တစ်ယောက် အခုတော့ သူပင်ပန်းဆင်းရဲခံပြီး ကျောင်းထားပေးခဲ့ရကျိုးတော့ နပ်ပြီ ဖြစ်သည်။ မနေ့က ဆယ်တန်းအောင်စာရင်းတွေ ထွက်တော့ သူ့သမီးခင်နှင်းမှုံ တစ်ယောက် ဂုဏ်ထူးနှစ် ခုနှင့် ပင် အောင်မြင်ခဲ့သည်။

အခုလည်း သမီးလေး ခင်နှင်းမှုံ ဆယ်တန်းအောင်သည့် အထိမ်းအမှတ်နှင့် ရွာဦးကျောင်းမှ ဆရာတော် ကို အာရုဏ်ဆွမ်းကပ်ရန် နံနက်စောစော ဆွမ်းထချက်နေခြင်းပင် ဖြစ်သည်။

“ ဟဲ့ ……..နှင်းမှုံ………ဘယ်မှာ လဲ………. ညည်းမြွေ……..။ ဒီကောင်မလေး အိပ်မှု န်စုံမွှားနဲ့ ဘာတွေ ယောင် ယမ်းပြီး လျှောက်ပြောနေတာလဲ မသိပါဘူးအေ ”

ဒေါ်စံပုမှာ ရေနံ့ဆီမီးခွက်ကိုကိုင်ရင်း ခင်နှင်းမှုံ၏ ခြေရင်းမှ စောင်ကို ပြန်ခြုံပေးရန် လှမ်းယူလိုက်စဉ်……….

“ ဟင်………သွေး………သွေးတွေ ပါလား၊ သမီး သမီးခြေထောက်မှာ သွေးတွေ …………..”

ခင်နှင်းမှုံ၏ ဘယ်ဘက်ခြေမျက်စိအထက်နာတွင် အပေါက်ရာနှစ် ခုမှ သွေးတို့က တသွင်သွင် စီးကျလျက်ရှိ နေပြီး ခြေကျင်းဝတ် တစ်ခုလုံးမှာ လဲ တစ်ခဏအတွင်းမှာ ပင် သပြေသီးမှည့်ရောင် ညိုပုတ်ပုတ်ကြီး ဖြစ်လာ၏ ။

“ သမီး ………….သမီး.နှင်းမှုံ ”

ဒေါ်စံပုမှာ ချက်ချင်း ပင် ခေါင်းနပန်းတွေ ကြီးသွားပြီး ခင်နှင်းမှုံ၏ မျက်နှာဆီသို့ ရေနံဆီမီးခွက်တိုး ကပ်ရင်း ကြည့်လိုက်၏ ။

“ ဟင် ”

ရေနံဆီမီးခွက်ရောင် ၏ အောက်တွင် ခင်နှင်းမှုံ၏ မျက်နှာတစ်ခုလုံးမှာ မီးသွေးတုံးတစ်ခုလို မည်းနက်နေတော့ သည်။

“ သမီး………..သမီး…………. လာကြပါအုံးရှင်……….ဒီ….ဒီမှာ ………..ကျွန်မသမီး လေးပိုးထိလို့ ”

ဒေါ်စံပု၏ အသံက နံနက်ဝေလီဝေလင်း အချိန်ကြီးတွင် ကမ္ဘာပျက်မတတ် ကျယ်ကျယ်လောင်လောင် ကြီး ဖြစ်သွား၏ ။

မကြာမီ အနီးပတ်ဝန်းကျင်မှ ရွာသားများ က လက်ဆွဲမီးအိမ်များ တုတ်များ ဓားမျုားကိုင်ဆောင်လျှက် ဆူဆူညံညံ နှင့် ပြေးလာကြသည်။

“ ဘယ်မှာ လဲ…..ဘယ်မှာ လဲဟဲံ မိစံပု ”

ဘာမြွေတဲ့လဲ ဟ …………..ဘယ်လောက်ကြီးလဲ ”

“ ခက်တာပဲ ဗျာ…………..ကျုပ်တို့ရွာမှာ ဒီနှစ် မြွေဆိုးတွေ တော် တော် သော င်းကျန်းနေတာပဲ …………..”

တစ်ယောက် တစ်ပေါက်အော်ဟစ်ရင်း ညာသံပေြး့ပီးရောက်လာကြသည့် အနီးပတ်ဝန်းကျင်မှ ရွာသားများ က ဒေါ်စံပုကိုမေးရင်း မြွေကို တစ်အိမ်လုံးအနှံ့လိုက်ရှာနေကြသည်။

“ လုပ်ကြပါအုံး….ကျွန်မသမီးလေး ခေါ်လို့မရတော့ဘူး…”

ဒေါ်စံပု၏ အသံက ငိုသံပါကြီးနှင့် ဖြစ်နေသည်။သူ့လက်ထဲတွင် ပွေ့ချီထားသော သူ့သမီးနှင်းမှုံမှာ လည်း တစ် ကိုယ်လုံးပျော့ခွေ ကာမီးသွေးတုံးလိုမည်းချိတ်နေပြီ ဖြစ်သည်။

“ဟာ…တစ်ကိုယ်းလုံးမဲပြာနေပြီဟ…ဆေးရုံ..ဆေးရုံကို ပို့ဖို့လုပ်ကြလေ…ဘာလုပ်နေကြတာလဲ”

အားလုံးက ခင်နှင်းမှုံကို ဆေးရုံသို့ ပို့လိုက်ကြဖို့ ကြိုးစားကြသော်လည်း ခင်နှင်းမှုံ၏ အခြေနေမှာ အတော် လေးပင် ဆိုးရွားနေပြီ ဖြစ်သည်။

“လုပ်…လုပ်ကြပါအုံးရှင်…ကျွန်မသမီးလေးကို မကယ်နိုင်ြ ကတော့ဘူးလား… ဖြစ်မှ ဖြစ်ရလေသမီးလေးရယ်…”

ရွာထဲတွင် တတ်သိနားလည်သော ဘကြီးထွန်းယုံမှာ ခင်နှင်းမှုံ၏ မဲပြာနေသော မျက်နှာကိုကြည့်ကာ“ဟင်”ကနဲ ဖြစ်သွား၏ ။ထို့နောက် အနည်းငယ်အပြင်သို့ ပြူးထွက်နေသော ခင်နှင်းမှုံ၏ မျက်လုံး ကို သူ့လက်ဖြင့် သပ်ချလိုက်ကာ…

“ဟဲ့…စံပု နင့်သမီးက အသက်မရှိတော့ဘူး…”

“ရှင်…”

ရုတ်တရက်ကြားလိုက်ရသော ဘကြီးထွန်းယုံ၏ စကားကြောင့် ဒေါ်စံပုမှာ အရုပ်ကြိုးပြတ်လဲကျသွားသည်။

အားလုံးကလဲ ဒေါ်စံပုကို ကြည့်ရင်း ကြေကွဲဆို့နင့်ကုန်ကြသည်။နောက်ပြီး ဘာအကောင်အထည်ကိုမှ မမြင် လိုက်ရဘဲ ယခုကဲ့သို့ အသေဆိုးနှင့် သေရရှာသည့် ခင်နှင်းမှုံ၏ အ ဖြစ်ကိုလဲ ဒေါ်စံပုနှင့် မတူ တစ်ရွာလုံးကအံ့သြနေကြ သည်။

“ဟဲ့…ညည်းဟာက မြွေကိုက်တာကောဟုတ်ရဲ့ လား စံပုရယ်…

တခြားအဆိပ်ရှိသော သတ္တတွေ များ ဖြစ်နေမလား ဟယ်…

ဘယ်လို ဖြစ်တာလဲပြောစမ်းပါအုံး…”

အိမ်အတွင်းသို့ သုတ်သီးသုတ်ပြာ ရောက်လာသော ဒေါ်ကြီးမြ၏ စကားကြောင့် ဒေါ်စံပုမှာ မျက်ရည်များ ကို လက်ဖမိုးဖြင့် သပ်လိုက်ရင်းငိုသံပါကြီးဖြင့် -

“ကျွန်မလဲ မီးဖိုထဲမှာ ဆွမ်းချက်နေတုန်း သမီးလေးအသံကြားကြားချင်း ပြေးလာပြီး ကြည့်လိုက်တော့ သူ့ခြေ ရင်းက စောင်အောက်မှာ လုံးလားထွေးလားနဲ့ ကန်ကြောက်နေတာတွေ့ ရတာ ပဲ...၊ကျွန်မလည်း စောင်ကို ချက်ချင်း ဆွဲ လှန်လိုက်တော့ စောင်အောက်မှာ ဘာမြွေမှမတွေ့ ရဘူး…၊သေသေချာချာပြန်ကြည့်လိုက်တော့ သူ့ ခြေမျက်စိထက်နားမှာ မြွေစွယ်ရာလို…၊ဒီမှာ လေ…ကြည့်ပါအုံး၊ကျွန်မသမီးလေးအ ဖြစ်ကဆိုးပါတယ် ကြီးကြီးရယ် …အီး…ဟီး…ဟီး..”

ဒေါ်စံပုက ခင်နှင်းမှုံ၏ အလောင်းကို ဖုံးအုပ်ထားသော စောင်အား ခြေချင်းဝတ်ပေါ်အောင်လှန်ပြလိုက်၏ ။ ခင်နှင်းမှုံ၏ ဘယ်ဖက်ခြေထောက်တစ်ခုလုံးမှာ ညိုပုတ်ပုတ်နှင့် မှော င်ပြောင်တင်းနေပြီး စောစောက မပေါက်ရာနှစ် ခုလုံး မှ သွေးတို့ကခြေက်သွေ့စပင် ဖြစ်နေသည်။

ရွာထဲမှ လူကြီးများ ကလည်း ခင်နှင်းမှုံခြေထောက်မှ ဒဏ်ရာကိုကြည့်ပြီး အမျိုးမျိုး မှတ်ချက်ချနေသည်။

“ဟုတ်တယ်… ဖြစ်နိုင်တယ်…ဒါမြွေကိုက်ခံရတဲ့ ဒဏ်ရာပဲ…”

ရွာမြောက်ပိုင်းမှ ဖိုးနီတို့လူငယ်တွေ အုပ်စု ကတော့ တောက်တစ်ခေါက်ခေါက်နှင့် ဝါးရင်းတုတ်များ ၊မီးများ ၊တုတ်များ ၊မီးဆွဲများ ကိုကိုင်ကာမြွေကိုတစ်အိမ်လုံးအနှံ့လိုက်ရှာနေကြသည်။

ကာလသားခေါင်းဆောင် ဖြစ်သူ ကိုအုန်းမြင့်က ငှက်ကြီးတောင်ဓားကြီးတစ်ရမ်းရမ်းဖြင့် ဖိုးနီတို့အုပ်စုကို

“မြွေကိုက်တာမှန်ရင် ဒီမြွေဟာ ခပ်ဝေးဝေးကို ပြေးမှာ မဟုတ်သေးဘူး ရှိကိုရှိရမယ်။သေသေချာချာရှာကြဟေ့

“ကျွန်တော် တို့လည်း အဲ့ဒီမြွေကို ရောက်ကတည်းကရှာတာ တစ်အိမ်လုံးနှံနေပြီဗျ…မြွေနှင့် တူတာဆိုလို့ ဘာ ကိုမှမတွေ့ ဘူး။အံ့သြစရာတော့ ကောင်းနေပြီ ကိုအုန်းမြင့်ရာ…”

ဖိုးနီတို့လူစု၏ စိတ်ပျက်လက်ပျက် ဖြစ်နေသော အသံတွေ က ဒေါ်စံပုတို့အိမ်၏ နေရာအနှံပြေားမှ ကြားနေရ သည်။

သို့သော် ခင်နှင်းမှုံကို ကိုက်သည့်မြွေ ကတော့ ဒေါ်စံပုတို့အိမ်ထဲတွင် ထူးဆန်းစွာ ပျောက်ဆုံးနေသည်။ ဒေါ်စံပုမှာ လဲ သမီးခင်နှင်းမှုံ၏ အ ဖြစ်ဆိုးကြီးကိုကြည့်ရင်း အရူးမီးဝိုင်းသလို လူးလိမ့်နေအောင်ပင် ငိုကြွေးနေတော့သည်။

“အီး…ဟီး…ဟီး ဆယ်တန်းအောင်ချင်လွန်းလို့ ဆုတွေ တောင်းခဲ့တဲ့သမီးလေးရဲ့ …အခုဆယ်တန်းအောင်လို့ ဆုတောင်းတွေ လည်းပြည့်ရော အမေ့ကိုထားခဲ့ပြီးလား သမီးလေးရဲ့ …အီးဟီး…ဟီး..”

ဒေါ်စံပု၏ အသံတွေ က လည်ချောင်းအတွင်း တိမ်ဝင်ပျေက်ကွယ်လုနီးပါး ဆို့နင့်နေသည်။အနီးပတ်ဝန်းကျင်မှ လူများ မှာ လည်း မြွေမတွေ့ ပဲ မြွေအကိုက်ခံရပြီး သေဆုံးသွားသည့် ခင်နှင်းမှုံ၏ အ ဖြစ်ကို တအံတသြနှင့် ဖြစ်ကုန်ကြသည်။

ဆယ်တန်းကို ဂုဏ်ထူးတွေ နှင့် အောင်ချင်လွန်းလို့ ဆုတောင်းခဲ့ဘူးသော သူမ၏ ဆန္ဒတွေ က အမှန်တကယ် ပင်ပြည့်ဝသွားခဲ့ပြီ ဖြစ်သော်လည်း ထိုဆုတောင်းတစ်ခုစကား၏ နောက်ကွန်တွင် တော့ ဘယ်သူမှ မထင်မှတ်ထားသည့် ကြမ္မာဆိုးကြီးက ဆယ်တန်အောင်စာရင်းထွက်ပြီး နှစ် ဆယ့်လေးနာရီမပြည့်ခင်မှာ ပင် သူမထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်လာခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ မြွေကို မမြင်လိုက်ရဘဲ မြွေကိုက်ခံလိုက်ရပါသည်ဆိုသော ခင်နှင်းမှုံ၏ အ ဖြစ်အပျက်ဆိုးကြီးတခုက ဖြူးမြို့အနီးပတ်ဝန်းကျင်ရွာကလေးတစ်ရွာတွင် အုပ်အော်သော င်းတင်းသတင်းတစ်ခုအ ဖြစ် ချက်ချင်း ပင် ပျံ့နှံ့ သွားတော့သည်။

နံနက်စောစော နေရောင် ခြေက ရေမရှိဘဲ ခြောက်သရောင်းနေသည့် ဖြူးချောင်းပေါ်သို့ စိမ့်ဖြာပြီးကျနေ သည်။ဖြူးချောင်း၏ ဘေးတစ်ဖက်တစ်ချက်မှ အုံ့ဆိုင်းနေသည့် သစ်စိမ့်ပင်၊ပျဉ်းမပင်၊ဝါးယုံပင်ကြီးများ မှာ လဲ ဖြူးချောင်း ၏ သဲသော င်ခုံများ ပေါ်သို့ ညိုမှော င်မှော င်ဖြင့် အုတ်မိုးပြီး ကျနေသည်။တစ်ခါတစ်ရံ ဟိုမှဒီမှ တီတီတျာတျာ အော်မည် နေကြသော ခါ၊ဘုတ်၊ကြက်တောနှင့် ငှက်တော် တို့၏ အသံတွေ က တောတောင်စိမ့်စမ်းတို့နှင့် လိုက်ဖက်ညီနေသည်။

မိုးကျော်၊စောထူးဝါး၊ဝဏ္ဏအောင်နှင့် သဇင်ဝင်းတင့်မှာ ရန်ကုန်တွင် ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြပြီး အခုလိုဆယ်တန်းအောင်ပြီးစ တက္ကသိုလ်ဆက်မတက်ရသေးခင် အချိန်တွင် သဇင်ဝင်းတင့်တို့၏ ဇာတိ ဖြူးမြို့သို့ အ လည်အပတ်ခရီးထွက်လာခဲ့ကြခြင်း ဖြစ်သည်။

သဇင်ဝင်းတင့်မှာ လည်း သူမ၏ ဇာတိ ဖြူးမြို့သို့ ပြန်မရောက်သည်မှာ ပဉ္စမတန်းကျောင်းသူဘဝထဲက ဖြစ်သ ဖြင့် အရာရာကအသစ်အဆန်းတစ်ခုလိုပြန် ဖြစ်နေသည်။

ဖြူးမြို့ပေါ်တွင် သဇင်ဝင်းတင့်၏ ဘကြီး ဖြစ်သူ ဘကြီးစောမှာ ထမင်းဆိုင်ဖွင့်ထားပြီး အတန်အသင့်ချောင် လည်သူ ဖြစ်သဖြင့် အလည်အပတ်လိုက်လာကြသော မိုးကျော်၊စောထူးဝါးနှင့် ဝဏ္ဏအောင်တို့မှာ စားရေး သောက်ရေး

ကအစ ဘာတစ်ခုမှ အားနာမနေရတော့ဘဲ လွတ်လွတ်လပ်လပ်ပင် နေကြရသည်။

သိပ်မကြာလိုက် သဇင်ဝင်းတင့်၏ ဘကြီး ဘကြီးစောနှင့် အပျော်အပါးမက်သော သူတို့သုံးယောက် မှာ အဖွဲ့ကျသွားမိကြသည်။အခုလဲဒီရိုးမတောင်ပေါ်မှ ကျောက်အိုင်ကြီးဆိုသည့်နေရာသို့ တောလည်ခရီးထွက်လာခဲ့ကြ သည်မှာ ဘကြီးစော၏ အကြံပေးချက်အရပင် ဖြစ်၏ ။

“ဟေ့ကောင် မိုးကျော်…ဘကြီးစောပြောတဲ့ ဖြူးတောင်ကျချောင်ဆိုတာ ဒီနေရာကို ပြောတာပဲ ဖြစ်မယ်ကွ…”

မိုးကျော်၏ ဆိုင်ကယ်နောက်တွင် တစ်ချိန်လုံး လိုက်ပါလာသည့် ဝဏ္ဏအောင်က ရေမရှိတော့သည့် ဖြူးချောင်း ၏ သဲသော င်ပြင်ပေါ် ဆိုင်ကယ်ဖြတ်မောင်းနေစဉ် လှမ်းမေးလိုက်၏ ။

“အေး ဟုတ်မှာ ပေါ့ ငါတို့သွားမယ့်နေရာက ဒီဖြူချောင်းစပြီး ဖြစ်လာမယ့် ရိုးမတောင်ပေါ်က ကျောက်အိုင်ကြီး ဆိုတဲ့နေရာပဲ…သူတို့၏ ဆိုင်ကယ်ဘီးများ က ရေမရှိတော့သည့် သဲချောင်းထဲတွင် ဘယ်ညာလူးလားခတ်ရမ်းလှုပ်နေ ၏ ။တစ်ခါတစ်ရံဝတ်နေသော အချို့သဲသော င်ခုံများ အနီးတွင် ဆိုင်ကယ်၏ ဘီးများ ကို သဲကပြန်ဆွဲထားသလို ဖြစ်နေ သဖြင့် လီဗာကို အားကုန်ဆွဲကာ ရုန်ကန်နေကြသည်။

သူအလိုလိုပင် စောထူးဝါးနှင့် သဇင်ဝင်းတင့်တို့၏ ဆိုင်ကယ်များ မှာ လည်း ဖြူးချောင်း၏ သဲသော င်ပြင်ကြီးထဲ တွင် လက်ကိုင်တစ်ရမ်းရမ်းဖြင့် သတိထားပြီးမောင်းနေရသည်။သူတို့လေးယောက် ၏ ရှေ့မှ ဦးဆောင်ပြီးသွားနေသည့် ခင်မာဝေ ကတော့ ဖြူးချောင်း၏ တစ်ဘက်ကန်းဘက်သို့ပင် ရောက်နှင့် နေပြီ ဖြစ်သည်။

ခင်မာဝေမှာ သဇင်ဝင်းတင့်တို့နှင့် သက်တူရွယ်တူလောက် ပင် ရှိသူ ဖြစ်ပြီိး သဇင်ဝင်းတင့်တို့လိုပင် ဒီနှစ် တက္က သိုလ်တက်ရန် စောင့်နေသူ ဖြစ်သည်။သူမက သဇင်ဝင်းတင့်တို့ ဘကြီး၏ ထမင်းဆိုင်တွင် ကူညီလုပ်ကိုင်ပေးရင်း စား ဝတ်နေရေး အတွက်လည်း ကြိုးပမ်းနေရသူ ဖြစ်သည်။အခုလည်း ဒီခရီးကို ဘကြီးစောက သူမြေး သဇင်ဝင်းတင်းနှင့် အဖော်ရအောင် ခင်မာဝေကို သူတို့နှင့် အတူ ထည့်လိုက်ချင်း ဖြစ်သည်။ထို့နောက် ခင်မာဝေက ဒီတောဒီတောင်ကြီး ထဲကို ရောက်ဖူးပြီး နှံ့နှံ့စပ်စပ်ရှိသူ ဖြစ်သဖြင့် သူတို့အုပ်စုကို လမ်းပြရန် ဘကြီးစောက ထည့်ပေးလိုက် ခြင်း ဖြစ်သည်။

မကြာမီ မိုးကျော်၊ဝဏအောင်၊စောထူးဝါးနှင့် သဇင်ဝင်းတင့်တို့၏ ဆိုင်ကယ်တွေ က ခင်မာဝေက ရပ်စောင်ကနေရာ သဲချောင်းတစ်ဘက်ကမ်းဆီသို့ ရောက်လာကြသည်။ခင်မာဝေက သူတို့အဖွဲ့ရောက်လာသည်နှင့် သူမ၏ ဆိုင်ကယ်ကို စက်နှိုးလိုက်ပြီး ရိုးမတောထဲသို့ ဦးတည်ကာ ရှေ့မှဆက်မောင်းသွားတော့၏ ။

“ဝေါ…ဝရော…”

ဆိုင်ကယ်သံတွေ က တောကြီးထဲတွင် ပွက်ပွက်ညံအောင်ဆူနေ၏ ။တစ်ခါတစ်ရံ တောကြက်တွေ က သူတို့ အုတ်စု၏ ဆိုင်ကယ်သံတွေ ကို ကြားပြီးအလန့်တကြားဖြင့် ထပြန်သွားကြသည်။မြင့်မားသော ကညင်ပင်ကြီးများ ၊ ကျွန်းပင်ကြီးများ နှင့် သစ်စိမ့်ပင်ကြီးများ ပေါ်မှ တစီစီအော်မြည် နေသော ပိုးကောင်မွှားကောင်တို့၏ အသံများ မှာ လည်း ချက်ချင်း ပင်တိတ်ဆိတ်သွားကြကာ ညိုမောင်သော တောကြီးအတွင်း ဆိုင်ကယ်သံတဖုံးဖုံးမှလွဲ၍ ဘာသံကိုမှ မကြားရတော့ချေ။

“ဟေ့…ရောက်တော့မယ်ကွ…၊ဟေ့ကောင် စောထူးဝါး မင်း ဆိုင်ကယ်က မီးခိုးတွေ အူနေပြီ။ငါတို့ကိုမီအောင် မောင်းဖို့မစဉ်းစားနဲ့ …”

ဝဏ္ဏအောင်က မိုးကျော်ဆိုင်ကယ်၏ နောက်တွင် လိုက်ပါလာရင်း စောထူးဝါးမှာ လဲ သဇင်ဝင်းတင့်ကို တင်ပြီး ခေါ်လာရသဖြင့် သူ့ဆိုင်ကယ်မှာ လက်ကိုင်တစ်ယမ်းယမ်း ဖြစ်နေသည်။ဒီကြားထဲ သဇင်ဝင်းတင့်က သူ့ခါးကိုလက် နှစ် ဖက်ဖြင့် နောက်မှသိုင်းဖက်ထားသဖြင့် စောထူးဝါးမှာ အနေရထိုင်ရခက်နေပြီး ဆိုင်ကယ်ကို သတိထားမောင်းနေရ သည်။

စောထူးဝါးမှာ ဝဏ္ဏအောင်၏ စကားကြောင့် ဆိုင်ကယ်ကို လီဗာမြှင့်တင်လိုက်၏ ။ငေါက်ခနဲရုန်းထွက်သွား သော အရှိန်ကြောင့်

“ဟဲ့…စောထူးဝါး ငါ့ …ငါကြောက်တယ်နော်…နင်တို့အဲဒီ လိုဆိုင်ကယ်ပြိုင်မောင်းနေရင် ငါ ဒီမှာ ပဲ ဆင်းကျန်ခဲ့ တော့မယ်…

သဇင်ဝင်းတင့်မှာ စောထူးဝါး၏ ကျောပြင်ကို တဖုန်းဖုန်းထုရင်း အကြောက်အလန့်အော်ဟစ်နေသည်သူဆိုင် ကယ်နှစ် စီး၏ ရှေ့တွင် တော့ခင်မာဝေ၏ ဆိုင်ကယ်မှာ အင်တိုင်းတောများ ပျဉ်းမပင်များ နှင့် ခြုံနွယ်ပိတ်ပေါင်းများ ကြား တွင် ကျွမ်းကျင်စွာ မောင်းနေသည်။

ထိုအပင်ကြီးများ ၏ အောက်ခြေတွင် တဖြုတ်ဖြုတ်ကြွေကျနေသော ရွက်ကြင်ရွက်ဟောင်များ က အောက်ခြေ မြေသားပေါ်တွင် မမြင်ရဘဲ ထူထူထပ်ထပ် ဖြစ်နေသည်။

သည်လိုနှင့် အင်တိုင်းတောကြီးတစ်ခုကို ဖြတ်မောင်းလာကြပြီး ဆယ်မိနှစ် ခန့်ကြာသော အခါ သူတိုကဆိုင်ကယ်တွေ က ရှေ့ဆက်သွားလို့မရတော့ပါ။ချုံနွယ်ပိတ်ပေါင်းတွေ နှင့် တောကတဖြည်းဖြည်းပိုပြီိး ရှုပ်လာသည်။နေကလည်း ထန်းတဖျားစာနီးနီး မြင့်တက်လာပြီး အင်တောကြီးထဲတွင် နေပြောက်တွေ က ဟိုတစ်ပြောက်ဒီတစ်ပြောက်ပွစာ ကြဲလာကြသည်။ထိုအင်တောကြီးအဆုံးမှစပြီး တဖြည်းဖြည်း အတက်ခရီးတွေ ဖြစ် လာသည်။

“ဟာ…ဟေ့ကောင် မိုးကျော် …ဟိုရှေ့မှာ ခင်မာဝေဆိုတဲ့ ငတိမဆိုင်ကယ်ကိုရပ်လိုက်ပြီကွ…”

ထိုနေရာသို့ရောက်သော အခါ ရှေ့ဆုံးမှ ဦးဆောင်ပြီး သွားနေသည့် ခင်မာဝေ၏ ဆိုင်ကယ်က ရပ်တန့်သွား ၏ ။

တူတယ်…”

မိုးကျော်တို့ဆိုင်ကယ်၏ နောက်မှ ရောက်လာသော စောထူးဝါးနှင့် သဇင်ဝင်းတင့်တို့မှာ ထိုနေရာသို့ရောက် သော အခါ ဆိုင်ကယ်ကို ရပ်တန့်လိုက်ကြသည်။ဆိုင်ကယ်ရပ်လိုက်သည်နှင့် သဇင်ဝင်းတင့်မှာ သူ့ကျောပိုးအိတ်အ တွင်းမှကြည့်မှန်ဝိုင်းလေးကို ထုတ်ယူလိုက်ပြီး ဖုန်များ သဲများ ကပ်နေသည့် မျက်နှာကို လက်ဖြင့် ပွတ်သပ်ကာ…

“ သွားပါပြီဟာ…၊ကြည့်စမ်းပါအုံး နင်တို့ဆိုင်ကယ်ပြိုင်မောင်းကြတာ ငါ့မျက်နှာတစ်ခုလုံး ဖုန်တွေ သဲကပ်နေ လိုက်တာ၊မြင်လို့တောင်မကောင်းတော့ဘူး…”

မိုးကျော်၊၀ဏ္ဏအောင်နှင့် စောထူးဝါးတို့မှာ ချွေးတွေ သံတွေ နှင့် ဖုန်တွေ သဲတွေ ကပ်နေသော သဇင်ဝင်းတင့်၏ မျက်နှာကိုကြည့်ကာ အူတက်မတတ် တခွီးခွီးနှင့် ရယ်နေကြသည်။

သဇင်ဝင်းတင့်မှာ မာနကြီးသလောက် အလှအပကိုလဲ မက်မောသူ ဖြစ်သည်။ သူ့ဝါသနာက အဆိုတော် ပဲ ဖြစ်ချင်သလို၊ ရုပ်ရှင်မင်းသမီးပဲ ဖြစ်ချင်သလိုနှင့် တစ်ယောက် ထဲအမျိးမျိုးတွေ စိတ်ကူးယဉ်နေတတ်ပြီး တစ်ခါတစ်ခါ ထိုစိတ်ကူးများ ကို သူငယ်ချင်းများ ဖြစ်သည့် မိုးကျော်နှင့် ၀ဏ္ဏအောင်တို့အုပ်စုကို သူမပါးစပ်ကပင် ဖွင့်ပြီး ပြောတတ် သည်။ ဒါကို မိုးကျော်တို့က တစ်ကြိမ်တစ်ခါမှ “ နင်ဟာကြိုးစားရင် အဆိုတော် ဖြစ်နိုင်တယ် ” ဟု မပြောခဲ့ကြသလို “နင်သိပ်လှတာပဲ ရုပ်ရှင်မင်းသမီး ဖြစ်နိုင်တယ် ” ဟုလည်း ဘယ်တော့မှ မပြောခဲ့ကြ။

သူတို့အားလုံး တစ်ယောက် နှင့် တစ်ယောက် နောက်ပြောင်နေချိန်မှာ ပင် ခင်မာဝေက သူ့ကျောပိုးအိတ်ကိုလွယ် လျက် တောစပ်မှ အင်တိုင်းတောကြီးကိုဖြတ်ပြီး ရိုးမတောင်ပေါ်သို့ ပင် တက်နေပြီ ဖြစ်သည်။

“ မြန်မြန်လုပ်ကြ၊ ဟိုမှာ ခင်မာဝေတောင် တောထဲကို ၀င်နေပြီ တော် ကြာ သူ့ကို မျက်ခြေပြတ်သွားရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်……………”

မိုးကျော်က ကျောပိုးအိတ်ကို ပခုံးကို သိုင်းလွယ်လိုက်ရင်း ရှေ့မှ သွားနေသည့် ခင်မာဝေကို မှီအောင် ခြေလှမ်းခပ်သွက်သွက်ဖြင့် လိုက်သွား၏ ။ ၀ဏ္ဏအောင်က သူ့လက်ထဲမှ ရေဘူးကို ကပျာကယာ မော့သောက်ရင်း

“ ဟဲ့ သဇင် နင့်ဘကြီးထည့်ပေးလိုက် တဲ့ ကောင်မလေးက ငါတို့ကိုတောင်မစောင့်ဘူး ဘယ်လို ဖြစ်တာလဲ။ သူသွားသလောက်သာ ငါတို့မနားပဲ လိုက်နေရရင်တော့ ဒုက္ခပဲ၊ ငါတို့က သူတို့ကို အလေ့အကျင့်ရှိတာမဟုတ်ဘူး ။ မောတယ်ဟ နင်နည်းနည်း ပါးပါးပြောထားအုံး ခရီးက အဝေးကြီးသွားရအုံးမှာ ……….”

“ အောင်မာ နင်က တစ်လမ်းလုံး မိုးကျော်ဆိုင်ကယ်နောက်ကလဲ လိုက်လာသေးတယ် …..အခု အမောက ဖောက်နေပြန်ပြီလား ………….”

သဇင်ဝင်းတင့်က ကျောပိုးအိတ်ကိုလွယ်ကာ ၀ဏ္ဏအောင်ကို မျက်စောင်းထိုးပြီး လှမ်းပြောလိုက်၏ ။ သူတို့နှစ် ယောက် တစ်ယောက် တစ်ခွန်းပြောဆိုပြီး လျှောက်လာချိန်တွင် မိုးကျော်နှင့် စောထူးဝါးမှာ ရှေ့မှသွားနေ သော ခင်မာဝေကိုပင် မှီစပြုလာ၏ ။

သူတို့ နင်းလျှောက်လာရာ မြေပြင်တစ်လျှောက်လုံးတွင် အင်ရွက်အကြွေများ က သွေ့ခြောက်နေပြီး တဂျွမ်းဂျွမ်းနှင့် မြည် နေ၏ ။ ပိုးကောင်းမွှားကောင်တို့၏ အသံက မြင့်မားရှည်လျားသော ကညင်ပင်ကြီးများ ပေါ်မှ တစီစီနှင့် ဖြစ်နေသည်။

သူတို့အဖွဲ့ရောက်ရှိလာကြရာ တောအစမှာ သစ်ကြီးဝါးကြီးများ ပေါများ ရာအရပ် ဖြစ်ပြီး အေးစိမ့်နေသော် လည်း အားလုံးက ချွေးတစ်လုံးသံတစ်လုံးတွေ နှင့် ဖြစ်နေသည်။

မိုးကျော်က သူရှေ့မှ လျှောက်နေသော ခင်မာဝေကို စကားမရှိ စကားရှာရင်း လှမ်းပြောလိုက်၏ ။

“ ဘယ်လိုလဲ ခင်မာဝေ ဒီကိုရောက်ဖူးတယ်ဆို၊ ဒီတောထဲက ထူးထူးဆန်းဆန်းအ ဖြစ်တွေ ဘာတွေ တွေ့ ဖူးကြားဖူးမှာ ပေါ့နော် ”

မိုးကျော်၏ စကားကို ခင်မာဝေက မကြားချင်ယောင်ဆောင်နေသည်လား တကယ်ပဲ မကြားပဲမကြားသည် လားမသိ၊ ဘာတစ်ခွန်းမှပင် ပြန်မပြောဘဲ သူ့ရှေ့မှ အုပ်မိုးကျနေသည့် ချုံနွယ်များ ကို လက်ဖြင့် ရှင်းပြီး ဆက်လျှောက်နေ၏ ။ မိုးကျော်က လေသံကို အနည်းငယ်မြှင့်ပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်ပြန်သည်။

“ ဟိုလေ……..ခင်မာဝေ၊နင်က ဒီမှာ နေတော့ ဒီတောထဲမှာ ထူးထူးဆန်းဆန်း ”

မိုးကျော်၏ စကားမဆုံးခင်မှာ ပင် ခင်မာဝေက ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကာ စိုက်ကြည့်လိုက်၏ ။ ထိုနောက် ဘာစကားတစ်ခွန်းမှ ပြန်မဖြေဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။

“ ဟင် ……..သူ့ငါကို ပြန်လှည့်ကြည့်တဲ့ အကြည့်တွေ က ထူးဆန်းနေသလိုပဲ ………..ဘာလဲ ငါမေးတဲ့မေးခွန်း ထဲမှာ သူမပြောချင်စရာ တစ်ခုခုများ ရှိနေလို့လား…”

ထိုစဉ် သူ့ဘေးသို့ရောက်လာသော သဇင်ဝင်းတင့်ကို မိုးကျော်က-

“ဟဲ့ သဇင်၊နင့်ဘကြီးထည့်ပေးလိုက် တဲ့ ခင်မာဝေဆိုတဲ့ကောင်မလေးက ဘာ ဖြစ်နေတာလဲ။ငါတို့ကို စကားမ ပြောနဲ့ …၊ဧကန္တကြည့်ရတာ ငါတို့ကို ဒီတောထဲကို လိုက်ပို့ရလို့ သူ့အလုပ်အကိုင်တွေ ပျက်လို့ စိတ်ဆိုးနေတာ လားမသိဘူးနော်…”

“အေး သူ့ကိုကြည့်ရတာ တော့ တစ်မျိုးပဲဟ။ အေးတိအေးစက်နဲ့ …ဘာလဲ နင်က သူစိတ်ဆိုးနေတာဆိုရင် သွားချော့မလို့လား…”

သဇင်ဝင်းတင့်စကားကြောင့် မိုးကျော်မှာ ပြုံးဖြီးဖြီးအမှု အရာ ဖြင့်

“အေး…ဟုတ်တယ်၊သွားပြန်ချော့မလို့လား…သူ့ပုံစံက ချောချောလေးဆိုတော့ ငါစိတ်ထဲမှာ တောင် ကျိတ်ပြီး ပစ်မှားချင်သလို ဖြစ်လာပြီိ…ဟား…ဟား…”

“ဟာ ဟေ့ကောင် မိုးကျော် တောထဲတောင်ထဲမှာ မဟုတ်တန်းလျားတွေ လျှောက်မပြောကောင်းဘူးကွ တော် ကြာတောတွေ မှော က်နေရင်ဒုက္ခ…”

မိုးကျော်၏ ပြောင်စပ်စပ်အမှု အရာဖြင့် ပြောလိုက်သော စကားကို ဝဏ္ဏအောင်က စိုးရိမ်တကြီးဖြင့် ဝင်တား လိုက်၏ ။

“ဟုတ်တယ် ဟေ့ကောင် မိုးကျော် …အခုလို တောတွေ တောင်တွေ ထဲကိုရောက်ရင် စကားကို ဆင်ခြင်ပြီးပြောရတယ်ကွ…စကားမှားလိုမရဘူး…”

သူတို့အထဲတွင် ကရင်လူမျိုးပီပီ အကြောက်အလန့်မရှိ ဇွတ်တရွတ်နှင့် ဘာကိုမှ အယုံအကြည်မရှိသူ စောထူးဝါးကပင် ဒီတစ်ကြိမ်တော့ အနည်းငယ်ထိတ်လန့်သလိုနှင့် ဝင်ပြောလိုက်သည်။

ဝဏ္ဏအောင်နှင့် စောထူးဝါး၏ စကားကြောင့် မိုးကျော်မှာ အနည်းငယ်တွေ တွေ ဝေဝေ ဖြစ်သွား၏ ။တစ်ချိန်ထဲမှာ ပင်သူတို့နှစ် ယောက် ၏ မျက်နှာများ ကို အကဲခတ်သလိုနှင့် ကြည့်လိုက်၏ ။တစ်ခါတစ်ခါ သူတို့နှစ် ယောက် က အချင်းချင်းတိုင်ပင်ပြီး သူ့ကို အတည်ပေါက်တွေ နှင့် နောက်တတ်ကြမည် မဟုတ်ပါလား။

ထို့ကြောင့် မိုးကျော်က

“ဟေ့ကောင်တွေ …မင်းတို့ပြောတဲ့ တောမှော က်တာကို တောလှန်တို့ဆိုတာ ငါငယ်ငယ်တုန်းက ကြားဖူးတဲ့ ပုံပြင်တွေ ထဲမှာ ပဲရှိတာ မဟုတ်ဘူး…”

ပြောပြောဆိုဆိုနှင့် ရှေ့သို ဆက်ပြီးလျှောက်သွားသော မိုးကျော်ကို စောထူးဝါးက မှီအောင်လိုက်လျှောက်ရင်း

“မင်းက ငါပြောတာကို မယုံလို့လား မိုးကျော် …မင်းတို့ငါတို့ ငယ်ငယ်တုန်းကကြားဖူးခဲ့တဲ့ ပုံပြင်တွေ ဆိုတာ တယ်ကယ်မဟုတ်ပေမယ့် ငါ ငယ်ငယ်က တကယ်ကြုံခဲ့ရတဲ့ အ ဖြစ်တခု ကိုတော့ မင်းကိုပြောပြမယ်…အဲဒီ အ ဖြစ်ဆိုး ကြီးက ငါ့ဘဝမှာ ဘယ်လိုမှမေ့မရတဲ့မ ဖြစ်ဆိုးကြီးပဲ…”

သဇင်ဝင်းတင့်နှင့် ဝဏ္ဏအောင်တို့မှာ လဲ မိုးကျော်နှင့် စောထူးဝါးတို့ဘေးတွင် ယှဉ်ပြီး လျှောက်လာရင်းစောထူးဝါး၏ အ ဖြစ်အပျက်ကို စိတ်ဝင်တစားနှင့် နားထောင်နေမိသည်။

စောထူးဝါးက သူ့စကားကို ဆက်ကာ…

“အဲဒီ တုန်းကလဲ ဟောဒီ ပဲခူးရိုးမရဲ့ တောင်ခြေမှာ ပဲ ဖြစ်ခဲ့တာ…။ဒီပဲခူးရိုးမဆိုသည်မှာ သစ်ကြီးဝါးကြီးတွေ ပိုပြီးပေါများ တယ်ကွ။ငါတို့ကရင်လူမျိုးတွေ တော် တော် များများ ကလည်း တောထဲမှာ သစ်ခုတ်၊ဝါးခုတ်၊အလုပ်ဆိုရင် မိန်းမတွေ ပါ တောထဲဝင်ပြီးလုပ်ကြတယ်…”

စောထူးဝါးက သူ့အ ဖြစ်ပျက်တွေ ကို ပြန်ပြောပြနေရင် မြေပြင်ပေါ်သို့ ကိုင်းညွတ်ကျနေသည့် ချုံနွယ်များ ကို လက်ဖြင့် တွန်းဖယ်လိုက်၏ ။ထို့နောက် တဖြည်းဖြည်း နိမ့်ဆင်းသွားသော ချိုင့်ဝှမ်းတစ်ခုထဲသို့ ဖြည်းဖြည်းချင်း ဆင်းလိုက်သည်။

သူတို့ရှေ့မှ ခင်မာဝေမှာ လဲ အခုချိန်ထိ တစ်ချက်လေးမျှပင် လှည့်မကြည့်ဘဲ တရွေ့ရွေ့နှင့် သွားနေ၏ ။ ထို့နောက် စောထူးဝါးက

“အဖေမရှိတော့တဲ့နောက် အမေကိုယ်တိုင် နွားလှည်းမောင်းပြီး တောစပ်မှာ သစ်ခုတ်၊ဝါးခုတ်သွားလုပ်ရ၏ ။ အဲဒီ တုန်းက ငါ့အသက်ကခုနှစ် နှစ် ငါ့ညီလေး စောထူးဝါးက လေးနှစ် သားလောက်ပဲရှိသေးတော့ တောစပ်ကိုသစ်ခုတ်၊ ဝါးခုတ်သွားတိုင်း ငါတို့ညီအစ်ကိုနှစ် ယောက် ကိုပါ လိုက်ရတယ်…။တစ်နေ့တော့ ရိုးမတောင်ခြေက အင်တိုင်းတော အစပ်မှာ …”

စောထူးဝါးက ရိုးမတောကြီးအတွင်း ကြုံတွေ့ ရသည့် အ ဖြစ်ဆိုးကြီးကို မိုးကျော်၊ဝဏ္ဏအောင်နှင့် သဇင်ဝင်းတင့်တို့ကို ပြန်ပြောပြတော့သည်။

“ချွင်…ချွင်…ချွင်…”

ရုတ်တရက်ကြားလိုက်ရသော ခြူသံတွေ ကြောင့် ဒေါ်ဒိုးဝါးမှာ လှည်းကို အရှိန်သတ်လိုက်ရင်း နွားနှစ် ကောင် ကိုလည်း စုတ်တသတ်သတ်နှင့် ချော့လိုက်ရသည်။နွားနှစ် ကောင်မှာ ထိုခြူသံတွေ ကို ကြားလိုက်ရသည်နှင့် တရှူးရှူးနှာမှု တ်သံတွေ ပေးကာ အထိတ်တလန့် ဖြစ်နေ၏ ။

ဒေါ်ဒိုးဝါးမှာ လည်း ယခုကဲ့သို့ လူသူကင်းမဲ့သော အင်တိုင်းတောကြီးအတွင်း အဆက်မပြတ်ကြားရသော ခြူသံတွေ ကြောင့် အနည်းငယ်ပင်ထိတ်လန့်လျက်ရှိသည်။လှည်းနောက်မြီးတွင် လိုက်ပါလာသော စောထူးဝါးနှင့် စောထူးမြတ်တို့ညီအစ်ကိုနှစ် ယောက် မှာ ကလေးပီပီ ဘာကိုမှမသိကြဘဲ ထိုခြူသံလာရာဆီသို့သာ နားစိုက် ထောင်ကြည့်နေကြသည်။

“ချွင်…ချွင်…ချွင်…”

မကြာမီ …ခြူသံတွေ က ပိုကျယ်လာပြီး သူတို့လှည်းနှင့် မျက်နှာချင်းဆိုင် ဝါးရုံပင်များ ကြားမှ ဘွားခနဲထွက လာ၏ ။ထိုခြူသံတွေ က ဒေါ်ဒိုးဝါးထင်သလို တောလှည်းတွေ မဟုတ်…။

“ဟင်…”

အင်တိုင်းတောကြီးအတွင်း အပြိုင်းပြိုင်းထွက်နေသော ဝါးယုံပင်ကြားမှ ထိုးထွက်လာသည့် မြင်းနက်ကြီးနှစ် ကောင်ကို တအံ့တသြတွေ့ လိုက်ရသည်။ထိုမြင်းနက်ကြီးနှစ် ကောင်ပေါ်တွင် လဲ လက်လက်အဝတ်စားများ ကို ဝတ် ဆင်ထားကြလျှက် သူတို့၏ မျက်နှာတွေ က ပြုံးရယ်နေကြကာ စောထူးဝါးတို့ညီအကိုနှစ် ယောက် ကို စိုက်ကြည့်နေကြ သည်။

ကြီးမားခန့်ညားလွန်းသော မြင်းနက်ကြီးနှစ် ကောင်မှာ မှန်ကူကွက်များ တပ်ဆင်ထားသော မေးပါးချိတ် သိုင်း ကြိုးများ နှင့် ကုန်းနှီးများ ပန်းများ ကြောင့် ကျောပေါ်၌ ကလေးနှစ် ယောက် က ပိုပြီးကြည့်ကောင်းနေသည်။

စောထူးဝါး ကတော့ သူ့ညီ စောထူးမြတ်တို့အရွယ်လေးနှစ် သားလေးနှစ် ယောက် က ထွားကြိုင်းသန်မာသည့် မြင်းနက်ကြီးများ ကို တောကြီးထဲတွင် မြင်းထိန်းမပါပဲ ပိုင်ပိုင်နိုင်နိုင်စီးနေကြသည်ကိုတွေ့ ပြီးအထူးအဆန်းတစ်ခုလို ဖြစ် နေသည်။အထူးသဖြင့် သူတို့ဝတ်စားထားသည့် အဝတ်အစားတွေ က မြို့ပေါ်မှ ပိုက်ဆံချမ်းသာသည့်သူများ ရဟန်းခံရှင်ပြုလျှင် ဝတ်ဆင်လေ့ရှိသည့် ရွှေမကိုဋ်တွေ ရွှေစလွယ်တွေ လို အချွန်အတက်တွေ နှင့် တပြောင်ပြောင်တ လက်လက် ဖြစ်နေသည်ကို ပိုပြီးအံ့သြမိနေ၏ ။

ဒီကောင်တွေ ရှင်လောင်းလှည့်လာတာကလည်း တောကြီးထဲမှာ အိုးစည်မပါ တီးဝိုင်းမပါနဲ့ ပျင်းစရာကောင်း လိုက်တာ…

စောထူးဝါး၏ အတွေးတွေ က ကိုရင်ဝတ်ချင်သလိုနှင့် အားကျမိလာ၏ ။

ထိုကလေးနှစ် ယောက် မှာ မြင်းနက်ကြီးများ ကို ဖြေးဖြေးနှင့် မှန်မှန်အသားကျစီးလာရာ စောထူးဝါး၏ လှည်းနှင့် ဘေးချင်းယှဉ်ပြီး ရပ်လိုက်၏ ။

ထိုစဉ်…လှည်းပေါ်မှ စောထူးမြတ်က မြင်းကိုယ်စီနှင့် သူ့အရွယ်ကလေးနှစ် ယောက် ကို လှမ်းပြီးနှုတ်ဆက် လိုက်၏ ။

“ဟေ့ကောင်တွေ …ဘယ်သွားကြမှာ လဲကွ…မင်းတို့မြင်းနက်ကြီးတွေ က ငါလဲစီးကြည့်ချင်တယ်…”

စောထူးမြတ်က ကလေးပီပီ လှမ်းပြီးနှုတ်ဆက်လိုက်သဖြင့် ဒေါ်ဒိုးဝါးမှာ မြင်းပေါ်မှ ကလေးနှစ် ယောက် ကို သေသေချာချာကြည့်လိုက်ရာ ကျောထဲမှ ကြက်သီးများ ဖျန်းခနဲ ထသွားသည်။

မြင်းနက်ကြီးပေါ်မှ ကလေးများ ကလည်း စောထူးဝါးနှင့် စောထူးမြတ်တို့ညီအစ်ကိုနှစ် ယောက် ကို လက် ယပ်လှမ်းခေါ်နေပြီ…

“စီးချင်ရင် လာလေကွာ…ငါတို့က ကညင်တောဘက်ကိုသွားမလို့လိုက်ခဲ့ပါလား…ဟား…ဟား…ဟား…”

ကျယ်ကျယ်လောင်လောင်ကြီး ရယ်လိုက်ကြသည့် အသံတွေ နှင့် အတူ မြင်းနက်ကြီးများ ပေါ်မှ ကလေးနှစ် ယောက် ၏ ခေါ်သံကြောင့် စောထူးမြတ်မှာ လှည်း၏ လက်ရန်းကို ခွကျော်ကာလှည်းပေါ်မှ ဆင်းရန်ဟန်ပြင်လိုက်၏ ။

ထိုစဉ်…

ဒေါ်ဒိုးဝါးမှာ သူ့သားငယ် စောထူးမြတ်၏ လက်မောင်းကို ဖြန်းခနဲရိုက်ပြီး မျက်နှာထားတင်းတင်းနှင့် တစ်ချက်စိုက်ကြည့်လိုက်သည်။ စောထူးဝါးမှာ လည်း သူ့အမေ၏ မျက်ရိပ်မျက်ကဲကို နားမလည်နိုင်အောင် ဖြစ်ပြီး မြင်းနက်ကြီးများ ပေါ်မှ သူတို့အရွယ်ကလေးနှစ် ယောက် ကိုသာ လှမ်းပြီးကြည့်နေသည်။

စောထူးမြတ် ကတော့ သူ့အမေ ဒေါ်ဒိုးဝါးကို ပေစောင်းစောင်းပြန်ကြည့်ရင်း မကျေမနပ်နှင့် လှည်းပေါ် ပြန်ပြီးထိုင်နေ၏ ။ဒေါ်ဒိုးဝါး၏ လက်ထဲမှ ကြိမ်တံကို မြှော က်ကိုင်လိုက်သည်နှင့် နွားညီနောင်မှာ အင်တိုင်းတောဆီမှ လှည်းကို ဒလကြမ်းဆွဲပြီးပြေးတော့သည်။

တောဓလေ့ တောအထာကိုမသိ ငယ်ရွယ်သော စောထူးမြတ်မှာ လည်ပင်ကြောထောင်ကာ မျက်စိပြူးနှင့် သူ့အမေ ဒေါ်ဒိုးဝါးကို လက်ကုတ်ပြီး မျက်နှာကို ဖျတ်ခနဲတစ်ချက်လှမ်းကြည့်သည်။ဒေါ်ဒိုးဝါးမှာ လဲ ဘာသာ စကားတစ်ခွန်းမှပင်ပြန်ဖြေမနေဘဲ လှည်းကိုသာရွာသို့မြန်မြန်ပြန်ရောက်ရန် ဒလကြမ်းမောင်းနေသည်။

စောထူးဝါးက သူအမေကို ဒီအကြောင်းတွေ မေးနေဖို့ထက် မြင်းနက်ကြီးပေါ်မှ ကလေးနှစ် ယောက် ကို တအံ့ တသြနှင့် လည်ပြန်ကြည့်နေသည်။ ထိုကလေးနှစ် ယောက် မှ သူတို့လှည်းခပ်လှမ်းလှမ်းသို့ ရောက်သွားသည်အထိ စိုက်ကြည့်နေကြပြီး လက်ယပ်လှမ်ခေါ်လျက် ရှိနေသည်။

“မင်းတို့ မြင်လိုက်ရတဲ့ ကလေးနှစ် ယောက် က ဘာတွေ လဲ သရဲတွေ လား ဒါမှမဟုတ်မှင်စာတွေ လား…”

ဝဏ္ဏအောင်က စောထူးဝါး၏ မျက်နှာကိုကြည့်ကာ ဘေးတိုက်ယဉ်လျှောက်လာရင်း မေးနေ၏ ။

“ငါလည်း အတိအကျတော့မသိဘူးကွ…၊အဲဒီ တုန်းက ကလေးဆိုတော့ သူတို့လိုမြင်နက်ကြီးတွေ ဆီး၊အဝတ် အစားတောက်တောက်ပြောင်ပြောင်တွေ ပြီး ငါက ရှင်ပြုချင်တာပဲသိတာ…”

“ဒါဆို မင်းတို့အမေ ကတော့ နာနာဘာဝတွေ မှန်းသိလို့မင်းညီလေးစောထူးမြတ်ကို လှမ်းရိုက်လိုက်ပြီး ရွာကို အတင်းပြန်မောင်း ပြေးတာပဲ နေမှာ …”

မိုးကျော်က ကျောပိုးအိတ်အတွင်းမှ ရေသန့်ဘူးကို ထုတ်ယူလိုက်ပြီး စောထူးဝါး၏ စကားကို ဆက်မေးနေသည်။

“ငါတို့ရွာကိုပြန်ရောက်တော့ နေတောင်အတော် စောင်းနေပြီ…၊ရွာထဲကလူတွေ ကလည်း…ငါ့အမေ ဒုန်စိုင်းပြီးလှည်းမောင်းလာတာကိုတွေ့ တော့ ဘာများ ဖြစ်လာသလဲမသိဘူးဆိုပြီး စိုးရိမ်တကြီးနဲ့ ဝိုင်းမေးကြတဲ့သူ တွေ ကို ပြန်ပြောနိုင်တော့တယ်…”

စကားပြောရင်း တောလမ်းခရီးကို မရပ်မနားဘဲ ခြေလျှင်လျှောက်လာရသည့်အတွက် စောထူးဝါးမှာ အတော် ပင် မောဟိုက်နေ၏ ။ထို့နောက် မိုးကျော်၏ လက်ထဲမှ ရေသန့်ဘူးကို ယူကာမော့ သောက်လိုက်ပြီး…

“တကယ်တော့…ငါတို့မြင်လာခဲ့တဲ့ မြင်းနက်ကြီးတွေ စီးထားတဲ့ကလေးတွေ ကို ဒီရွာနီးချုပ်စပ်မှာ တစ်ခါမမြင် ဘူးတော့ အမေကမသင်္ကကာ ဖြစ်နေတာ။အဲဒီ ကလေးတွေ ဟာ လူသားစစ်စစ် မ ဖြစ်နိုင်ဘူးပေါ့…ပိုဆိုးတာက… အဲ့ဒီတုန်းက ငါတို့ညီအစ်ကို စီးချင်နေတဲမြင်းနက်ကြီးတွေ ငါ့မျက်စိထဲမှာ အသုဘခေါင်းနက်ကြီးတွေ ဖြစ်နေ တယ်တဲ့…”

“ဘာ…သူတို့ခွစီးထားတာလူသေတွေ ထည့်တဲ့ ခေါင်းအနက်ကြီးတွေ …ဟုတ်လား”

သဇင်ဝင်းတင့်၏ မျက်နှာပေါ်တွင် အံ့သြထိတ်လန့်သွားသည့်အမှု အရာကြောင့် သူ့ခြေလှမ်းများ က အလိုလို ရပ်တန့်သွား၏ ။

“အေး…ဟုတ်တယ်…ငါတို့မျက်လုံးထဲမှာ သာ မြင်းအနက်ကြီးတွေ လိုမြင်နေတာ…အမေမြင်နေရတာ က ခေါင်မဲမဲကြီးတွေ နှစ် လုံးကို တလှုပ်လှုပ်နဲ့ ခွစီးထားကြတဲ့ ပရလောကသားကလေးလေးနှစ် ယောက် ပဲတဲ့။

စောထူးဝါး၏ စကားကြောင့် သူတို့အားလုံး၏ ခြေလှမ်းများ မှာ အနည်းငယ်တွန့်ဆုတ်သွားကြ၏ ။

တစ်ချိန်ထဲမှာ ပင် စောထူးဝါး၏ တုန်ရင်နေသော အသံနှင့် မျက်နှာကိုလဲ အကဲခတ်လိုက်ကြသည်။ထိုနောက် စောထူးဝါးက

“အဲဒီ လို… တောထဲမှာ နာနာဘာဝတွေ နဲ့ တွေ့ ကြုံလာရပြီးတစ်ပတ်လောက်အကြာမှာ … ငါ့ညီလေးစော ထူးမြတ် ကောက်ကာငင်ကာနဲ့ ဖျားပြီး ဆုံးသွားခဲ့တယ်…”

“ဟင်…”

အားလုံးက စောထူးဝါး၏ စကားကြောင့် ပိုပြီးအံ့သြသွားကြကာ ထိတ်လန့်ကြောက်ရွံ့သည့်စိတ်တွေ ကြောင့် ကြက်သီးမွှေးညှင်းများ ပင် ထသွားကြသည်။သဇင်ဝင်းတင့်၏ မျက်လုံးများ မှာ လဲ သူတို့ယခု ရောက်နေသည့် သစ်ပင် ဝါးပင်များ ထူထပ်ရာတောကြီးတစ်ခုလုံးကို မလုံမလဲဖြင့် ပြူးပြူးပျာပျာ လှည့်ပတ်ကြည့်လိုက်မိ၏ ။

စောထူးဝါးက…

“ငါ့ညီလေး စောထူးမြတ်မသေခင် အချိန်လေးမှာ သူ့ပါးစပ်က ကယောင်ကတမ်းတွေ နဲ့ မြင်းနက်ကြီးတွေ အိမ်ရှေ့မှာ ရောက်နေကြပြီ ….သွားမယ်……… သွားစီးမယ်လို့ မပွင့်မပွင့် ပြောနေသေးတယ် ………အဲဒီ နောက် သိပ်မကြာပါဘူး………..”

စောထူးဝါး၏ စကားဆုံးသော အခါ အားလုံးက မိုးကျော်၏ မျက်နှာကို ပြိုင်တူကြည့်လိုက်ကြသည်။ ထိုအကြည့်တွေ က ယခုလို တောကြမ်းတောင်ကြမ်းနေရာမျိုးတွင် ဘာရယ်မဟုတ်ဘဲ ပြောလိုက်သည့် စကားတစ်ခွန်းကြောင့် သူတို့တစ်ဖွဲ့လုံး ဒုက္ခရောက်မည် ကို တွေးပြီး ကြောက်နေမိသော အကြည့်တွေ ဖြစ်နေ၏ ။

သူတို့အားလုံး စကားတပြောပြောနှင့် လျှောက်လာကြရာ ခရီးက အတော် လေးပင် ရောက်နေပြီ ဖြစ်သည်။ သူတို့ရှေ့မှ သွားနေသော ခင်မာဝေမှာ လဲ နောက်သို့ တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ရိုးမတောကြီး အတွင်းမှ သစ်ပင်ဝါးပင်များ ကြားတွင် တရွေ့ရွေ့နှင့်သွားနေ၏ ။

မိုးကျော်၊ ၀ဏ္ဏအောင်၊ စောထူးဝါးနှင့် သဇင်ဝင်းတင့် တို့မှာ လဲ မလှမ်းမကမ်းရှေ့မှ သွားနေသော ခင်မာဝေ့ကို မှီအောင် ခပ်သွက်သွက် လျှောက်လိုက်ကြသည်။

•••

အခန်း (၂)

အတန်ကြာအောင်¬ တောလမ်းခရီးကို လျှောက်လာကြပြီး နောက် စမ်းချောင်းလေးတစ်ခုအနားသို့ ရောက်လာကြသည် ။ ထိုစမ်းချောင်းကလေးမှာ အခုလို နွေရာသီအချိန်တွင် ရေများ က ခမ်းခြောက်နေပြီ ဖြစ်သော်လဲ စမ်းချောင်းတစ်လျှောက်လုံး ခမ်းခြောက်နေသည်တော့ မဟုတ်။ တစ်ချို့နေရာများ တွင် ရေတင်အိုင် ဖြစ်ကာ ခြေမျက်စိသာသာနှင့် အချို့နေရာများ တွင် လူကြီးဒူးခေါင်းခန့် အိုင်ထွန်းကျန်နေသေးသည်။

ထိုစမ်းချောင်းကလေး၏ ကြည်လင်အေးမြသော ရေကို နင်းဖြတ်လျှောက်လိုက်မိသည်နှင့် အေးစိမ့်လန်း ဆန်းသော အရသာက ခြေဖျားမှ တဆင့် တစ်ကိုယ်လုံးေးအကနဲ ခံစားလိုက်ရပြီး အမောအပန်းတွေ ပြေသွားကြသည်။

ကြည်လင်စိမ်းမြနေသော စမ်းချောင်းကလေး၏ အောက်ခြေတွင် ကျောက်တုံးကျောက်ခဲလေးများ ကို ပါ မြင်နေရပြီး ထိုကျောက်တုံးကျောက်ခဲလေးများ ကြားတွင် ဟိုဟိုဒီဒီလန့်ပြီး ကူးလူးပြေးလွှားနေသည့် ငါးကလေးများ ကို တွေ့ နေရသည်။ စမ်းချောင်းကလေး၏ ဘေးတစ်ဖက်တစ်ချက်မှ အုံ့ဆိုင်းနေသည့် သစ်ပင်ကြီးများ ၏ ထိပ်ဖျားပေါ်မှ ဒေါင်းတွန်းသံ၊ ကြက်တွန်သံများ ကိုလဲ ကြားနေရ၏ ။ ဘာပဲပြောပြော သူတို့အဖွဲ့ရောက်ရှိနေရာ နေရာမှာ ရိုးမတောကြီး၏ အစပမာဏ မဟုတ်တော့သည် ကတော့ သေချာနေပြီ ဖြစ်သည်။

“ ဟေး……………ဟေး……………….ဟေး ”

“ ဗွမ်း………….ဗွမ်း………………….ဗွမ်း ”

ဝဏ္ဏအောင်နှင့် စောထူးဝါးတို့မှာ ခြေမျက်စိသာသာရေများ တင်ကျန်နေသော စမ်းချောင်းကလေးအတွင်း စိတ်လွတ်ကိုယ်လွတ် ခုန်ပေါက်ပြေးလွှားလိုက်ကြသည်။ သူတို့နှစ် ယောက် အော်ဟစ်လိုက်သံနှင့် ရေသံတဗွမ်းဗွမ်း မြည် သံတို့ကြောင့် ခပ်လှမ်းလှမ်းမှ ဖုတ်လူးနေကြသော မြေ၀ပ်ငှက်တွေ ထ ပျံသွားကြသည်။

သူတို့ရှေ့မှ ဦးဆောင်ပြီးသွားနေသည့် ခင်မာဝေမှာ လဲ ထိုစမ်းချောင်းအနီးသို့ ရောက်သော အခါ သူ့ကျောပေါ်မှ ကျောပိုးအိတ်ကို ကျောက်တုံးတစ်တုံးပေါ်သို့ ပစ်တင်ရင် ခဏနားလိုက်သည်။ ထိုအခါမှ မိုးကျော်တို့ အုပ်စုမျာလဲ စိတ်သက်သာရာရပြီး

“ ဟာ ……………ဟိုမှာ ခင်မာဝေဆိုတဲ့ ငတိမတော့ ကျောက်တုံးပေါ်မှာ နားနေပြီ ငါတို့လဲ တစ်လမ်းလုံး လျှောက်လာရတာ ဒူးခေါင်းတွေ တောင် သိပ်မခိုင်ချင်တော့ဘူး ခဏနားမှ ရတော့မယ်………..”

သူတို့အားလုံးမှာ စမ်းချောင်းလေးအနီးတွင် ပင် ခြေပစ်လက်ပစ်တွေ နှင့် ကျောပိုးအိတ်တွေ ကို မြေကြီးပေါ်သို့ ပစ်ချကာ နားလိုက်ကြသည်။

သဇင်ဝင်းတင့်မှာ ကျောပိုးအိတ်ကို ချလိုက်သည်နှင့်

“ ဒီနေရာလေးက သိပ်လှတာပဲနော်….ကြည့်စမ်းပါအုံး ဟို စမ်းချောင်းထဲကို လဲကျနေတဲ့ သစ်မြစ်ဆုံကြီးရဲ့ အကိုင်းအခက်တွေ က ကွေးကွေးကောက်ကောက်တွေ နဲ့ ဘယ်လောက်လှသလဲ…………..ဒီအပင်ကြီးနဲ့သာ ဓာတ်ပုံတွေ ရိုက်လိုက်ရရင် ငါသိပ်လှနေမှာ ပဲ …………”

တစ်ကိုယ်ထဲ ပြောသလိုလိုနှင့် သဇင်ဝင်းတင့်က မိုးကျော်တို့ အုပ်စုကို မသိမသာတစ်ချက်လှမ်းပြီး ကြည့်လိုက်သည်။ မိုးကျော်တို့အုပ်စု မှာ လဲ ဘယ်နေရာရောက်ရောက် အလှဓာတ်ပုံ ရိုက်တာ ၀ါသနာပါသည့် သဇင်ဝင်းတင့်၏ အကျင့်ကို သိပြီးသား ဖြစ်သဖြင့် သူမ၏ စကားကို မသိချင်ယောင်ဆောင်နေပြီး ပြုံးဖြီးဖြီးတွေ လုပ်ုနေကြသည်။

စောထူးဝါး ကတော့ မိုးကျော်တို့နှင့်အတူ ထိုင်ပြီး နားနေရာမှ ကျောပိုးအိတ်အတွင်းမှ ပေါက်ဆိန်အသေးလေး တစ်လက်ကို ထုတ်ယူကာ ခပ်လှမ်းလှမ်းမှ ၀ါးရုံပင်ကြီးများ ပေါ်သို့ အေးစက်စက်မျက်လုံးများ နှင့် အဓိပ္ပာယ်မဲ့စွာ မော့ကြည့်နေသည်။

“ ဟဲ့ …………..စောထူးဝါး ………….ငါ့ကိုဒီ သစ်မြစ်ဆုံကြီးနဲ့ တွဲ ပြီး ဓာတ်ပုံရိုက်ပါလား ဟယ်၊ ဒီစမ်းချောင်းလေးနဲ့သစ်မြစ်စုံကြီးကမရမ်းလှပြီး ကဗျာဆန်နေလို့…”

သဇင်ဝင်းတင့်က သူ့အနားမှ ဖြတ်ပြီး ဝါးရုံတောဘက်ဆီသွားနေသော စောထူးဝါးကို လှမ်းပြီးပြောလိုက်၏ ။ စောထူးဝါးမှာ လဲ သစ်မြစ်ဆုံကြီးအနားတွင် ရပ်နေသော သဇင်ဝင်းတင့်ကို မဲ့ကှာရွဲ့ကာဖြင့်

“နင်ကလဲ အားအားရှိ ဒီဓာတ်ပုံပဲ ရိုက်ချင်နေတာပဲ…ဒီမှာ ရှေ့တထောက်နားရင် ထမင်းချက်ဖို့ ဝါးယောက် မလုပ်ရအုံးမယ်…ငါမအားသေးဘူး…”

သဇင်ဝင်းတင့်က ပြောပြောဆိုဆို လှည့်ထွက်သွားသော စောထူးဝါးကို မျက်စောင်းတစ်ချက်လှမ်းထိုးလိုက် ၏ ။

ဒီတစ်ချိန်တော့ ဝဏ္ဏအောင်က ခြေပစ်လက်ပစ်ထိုင်ပြီး နားနေရာမှ ကင်မရာကို ထုတ်ယူလိုက်ကာ…

“ကဲ…ကဲ…နင်ဒီလောက် ဓာတ်ပုံရိုက်ချင်ရင်လဲ ငါပဲ ရိုက်ပေးမယ်…”

ဝဏ္ဏအောင်၏ စကားကြောင့် သစ်မြစ်ဆုံကြီး အနားတွင် နှုတ်ခမ်းစူပြီး ရပ်နေသော သဇင်ဝင်းတင့်၏ မျက်နှာ က ချက်ချင်း ပင် ဝင်းလက်သွားပြီး သူ၏ ပွယောင်းယောင်း ဖြစ်နေသော ဆံစများ ကို လက်ဖြင့် တစ်ချက်နှစ် ချက်သပ် တင်လိုက်သည်။ထို့နောက် စမ်းချောင်းလေးအတွင်း လဲကျနေသော သစ်မြစ်ဆုံကြီးပေါ်သို့ ကပျာကယာ ကုတ်ခြစ် ပြီးတက်တော့သည်။

မိုးကျော် ကတော့ သဇင်ဝင်းတင့်၏ အမှု အရာကိုကြည့်ကာ တစ်ချက်ပြုံးမိ၏ ။ရုပ်ရှင်မင်းသမီး ဖြစ်ချင်သည့် ဝါ သနာနှင့် နေရာဒေသမရွေး အလှဓာတ်ပုံရိုက်ချင်သည့် သဇင်ဝင်းတင့်၏ အကျင့်ကို ဘာတစ်ခွန်းမှ မပြောတော့ဘဲ သူတို့အားလုံးနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေသည့် ခင်မာဝေဆီသို့ လှမ်းကြည့်လိုက်သည်။

သူမကို ကြည့်ရသည်မှာ မိုးကျော်တို့ အုပ်စုနှင့် တစ်ခရီးထဲ အတူသွားနေသော လဲ ဘာစကားတစ်ခွန်းမှ မပြော တစ်ယောက် ထဲ ကင်းကင်းရှင်းရှင်းနှင့် ဖာသိဖာသာနေတတ်လွန်းနေသည်။ဘယ်အချိန်ကြည့်ကြည့် သူမျက ဝန်းတွေ က တစ်စုံတစ်ရာကို ငေးငေးရီရီ ဖြစ်နေတတ်ပြီးထူးဆန်းသလို ဖြစ်နေသည်။

မိုးကျော်က ထိုင်ရာမှ ထလိုက်ပြီး ခင်မာဝေဆီသို့ လျှောက်သွားလိုက်၏ ။ထို့နောက် စကားမရှိစကားရှာကာ

“ဘယ်လိုလဲ…ပျင်းနေပြီလား…”

မိုးကျော်၏ အမေးကြောင့် ခင်မာဝေမှာ အေးစက်စက်လေသံဖြင့် လှည့်မကြည့်ဘဲ

“ တစ်ယောက် ထဲနေရတာ …ပိုသဘောကျလို့…”

တုံးတိတိနှင့် ဂွကျနေသည့် အဖြေကြောင့်  မိုးကျော်မှာ သူမကို နားလည်ရပိုပြီးခက်သွားသည်။ထိုနောက် မိုးကျော်က ခင်မာဝေထိုင်နေရာ ကျောက်တုန်းကြီး၏ ဘေးမှ လွတ်နေသော နေရာတွင် ဝင်ပြီိး ထိုင်လိုက်သည်။မိုး ကျော်ဘေးတိုက်မြင်နေရသော ခင်မာဝေ၏ မျက်နှာမှာ …ရှင်းသန့်နေပြီး…သူမ၏ အသားအရည်တို့ကညိုပြာပြာနှင့် ကြည့်ကောင်းနေသည်။ကော့ညွတ်နေသော မျက်တောင်များ က ရွန်းစိုနေသော သူ့မျက်ဝန်းများ ကိုပိုပြီး အရောင လက်နေသလို ဖြစ်နေ၏ ။

“ဆယ်တန်းမဖြေခင်နှစ် ကတည်းက ဖြူးကိုရောက်လာတာဆို၊အခုကော တက္ကသိုလ်တက်ဖို့ ကျောင်ပြီးပြီ လား”

မိုးကျော်၏ လေသံတွေ က သူမမျက်နှာကိုကြည့်ရင်းဂရုဏာသံလိုလို ပျော့ပျော့ပျောင်းပျောင်းနှင့် ဖြစ်နေသည်။ နောက်ပြီး ခင်မာဝေထံမှ ပြန်ဖြေမည့် အဖြေကိုလဲ ဘာရယ်မဟုတ်ဘဲ ကြားချင်နေမိသည်။

“ဘာလုပ်မလို့မေးနေတာလဲ…”

ဒီတစ်ခါ ခင်မာဝေ၏ အသံက စောစောကလောက်တုံးတိတိမဖြေတော့ပဲ။အနည်းငယ် တောင့်တင်းနေရုံ လောက်သာ ဖြစ်နေသည်။သို့ သော် မိုးကျော်၏ မျက်နှာကိုတော့ တစ်ချက်ကလေးမှပင် လှည့်ပြီးမကြည့်ချေ။

သူ့ကိုကြည့်ရတာ ဆင်းဆင်းရဲရဲနဲ့ ဘဝကိုရုန်းကန်လာရတော့ အမြဲလိုလိုစိတ်တွေ မကြည်မလင် ဖြစ်နေရ တယ်နဲ့တူပါတယ်…ဒီကြားထဲ တက္ကသိုလ်တက်ဖို့ စရိတ်ရှာရင်း ဘကြီးစောတို့ဆိုင်မှာ အလုပ်တွေ တနင့်တပိုးကြီးဝင် လုပ်နေရတော့ သူခမျာ ငါတို့ရှေ့မှာ သိမ်သိမ်ငယ်ငယ်လဲ ဖြစ်နေတယ်နဲ့ တူပါတယ်…”

ထို့နောက် မိုးကျော်က

“စိတ်ဝင်စားလို့မေးမိတာပါ… ဒါနဲ့ ခင်မာဝေဇာတိက ဒီဖြူးမြို့ကပဲလားဟင်…”

ဖျတ်ကနဲ လှည့်ကြည့်လိုက်သော ခင်မာဝေ၏ မျက်လုံးအစုံက လင်းခနဲလက်သွား၏ ။သူမ၏ နှုတ်ခမ်းအစုံတို့ မှာ လဲ တင်းတင်းစေ့ထားလျှက် အကြောခက်ထန်နေသည်။

ခင်မာဝေမှာ ထိုင်ရာမှ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မိုးကျော်၏ မျက်နှာကို စေ့စေ့စိုက်ကြည့်ကာ လေသံကို မြှင့်ပြီးပြောလိုက်၏ ။

“ငါ…စပ်စုတာကို နည်းနည်း မှ မကြိုက်ဘူး”

မိုးကျော်မှာ ခင်မာဝေ၏ စကားသံကြောင့် မနည်းငယ်ရှက်သလို ဖြစ်သွားပြီး ဘေးပတ်ဝန်းကျင်သို့ လည်ပတ် ကြည့်လိုက်သည်။သူတို့နှင့် မလှမ်းမကမ်းမှ ဝါးပင်များ အောက်တွင် ဝါးများ ကို ပေါက်ဆိန်နှင့် ခုတ်ထစ်ပြီး ယောက် မလုပ်နေသည့် စောထူးဝါးမှာ ဘာတစ်ခုမှကြားလိုက်ရသည့်ပုံမပေါ်။ဝဏ္ဏအောင်နှင့် သဇင်ဝင်းတင့်မှာ လဲ ကင်မရာမီးများ တဖျတ်ဖျတ်နှင့် သစ်မြစ်ဆုံကြီးနားတွင် ဓာတ်ပုံရိုက်နေကြသဖြင့် မိုးကျော်နှင့် ခင်မာဝေတို့၏ အသံများ ကို မကြားကြချေ။

“စပ်စုတာ မဟုတ်ပါဘူး ခင်မာဝေ။ငါကနင့်ကို ခင်မင်ချင်လို့ပါ…ငါနင့်ကို အခုလိုလာပြီး စကားပြောနေတာလဲ။

နင် တစ်ယောက် ထဲ ပျင်းနေမှာ စိုးလို့ပါ။ ဘာလဲ…ငါကနင့် အတွက်ခင်စရာ မကောင်းတဲ ကောင် ဖြစ်နေလို့လား...အေးလေ ။ နင်မကြိုက်ရင်လဲ ငါဘာကိုမှ မမေးတော့ပါဘူး…”

ပြောပြောဆိုဆို မိုးကျော် ခင်မာဝေအနားမှ လှည့်ပြန်ရန် ကျောက်တုံးကြီးပေါ်မှ ထလိုက်သည်။

ထိုအခါ ခင်မာဝေက

“ဟို…ဟို…ငါပြောတာ ရိုင်းသွားရင် ခွင့်လွတ်ပါဟာ…ငါတို့က တောသူတွေ ဆိုတော့ ဟန်မဆောင်ပဲ ဒဲ့ဒိုးပြောနေကြမို့လို့ပါ…၊နောက်ပြီး နင်တို့က မြို့သားတွေ ဆုံတော့ စကားပြောရတာ မရဲဘူး ဖြစ်နေလို့ပါ…”

တင်းမာထားသည့် ခင်မာဝေ၏ မျက်လုံးတွေ က ချက်ချင်း ဆိုသလို လျော့ပါးသွားပြီးနူးညံ့သည့် စကားလုံးတွေ နှင့် မိုးကျော်ကို မပွင့်တပွင့် လှမ်းပြောလိုက်သည်။သူမ၏ ပုံစံမှာ လဲ တစ်စုံတစ်ရာကို အမှားအယွင်းလုပ်မိသည့် အပြစ်ရှိသူ တစ်ယောက် လို သိမ်သိမ်ငယ်ငယ်ပင် ဖြစ်နေ၏ ။

မထင်မှတ်ပဲ ကြားလိုက်ရသည့် ခင်မာဝေ၏ တောင်းပန်စကားကြောင့် မိုးကျော်မှာ ခေါင်းတညိမ့်ညိမ့်နှင့် လုပ်နေပြီးကျေနပ်ပီတိတွေ ဖြစ်သွားမိသည်။မျက်နှာကို ကြည့်ကာ သနားမိသလိုပဲ ဖြစ်သွား၏ ။

သူမ၏ ရွန်းစိုသော မျက်ဝန်းဖြင့် တစ်ချက်ပင့်ကြည့်လိုက်တိုင်း ဘာရယ်မဟုတ်ပဲ မိုးကျော်၏ ရင်တွေ ကတစ်ဆတ်ဆတ်ခုန်နေ၏ ။ပြည့်ဖြိုးဝိုင်းစက်သော သူမ၏ မျက်နှာပေါ်တွင် ဖြောင့်စင်းနေသော နှာတံကအပြစ်ကင်းစဉ်နေ၏ ။ထိုသို့ သွယ်သွယ်လျလျကျနေသော နှာတံ၏ အောက်မှ ကွေးညွတ်နေသော သူမ၏ နှုတ်ခမ်းများ မှာ လဲ ပိရိသေသပ်လွန်းနေသည်။

“ရပါတယ်ဟာ…တစ်ကယ်ဆို ငါတို့ဒီကိုလာတာကို အလုပ်အကိုင်တွေ ပျက်ပြီး လိုက်ပို့တဲ့ နင့်ကိုသာ ပြန်ပြီးတောင်းပန်ရမှာ …”

“အို…ကိစ္စမရှိပါဘူး …ငါ့အတွက် ဒီတောဒီတောင်တွေ ကိုသွားနေရတာ ဘာမှအပန်းအကြီးဘူး…အားမနာပါနဲ့ …”

ခပ်လှမ်းလှမ်းမှ စောထူးဝါး ဝဏ္ဏအောင်နှင့် သဇင်ဝင်းတင့်တို့မှာ အခုလို မိုးကျော်နှင့် ခင်မာဝေတို့လေဘေး တွေ ဖြောင့်နေကြသည် ကို ဘာမှမသိကြ…။

“သြော်…ဒါနဲ့ ငါ့နာမည် က မိုးကျော်တဲ့ မှတ်ထားနော်”

အခြေအနေပေးလာသည်နှင့် မိုးကျော်က ခင်မာဝေကို ချဉ်းကပ်ဖို့ကြိုးစားနေပြန်သည်။ခင်မာဝေက သူဆံပင်စတွေ ကို လက်ဖြင့် သပ်တင်လိုက်ရင်း…

“သိပြီးသာပါ…ဒီကိုမလာခင်တုန်းက ဘကြီးစောက အားလုံးကို မိတ်ဆက်ပေးပြီးသား…”

မိုးကျော်က သူ့နာမည် ကို ခင်မာဝေ တစ်ယောက် သိထားပြီး ဖြစ်သည်ကိုပင် အကျေနပ်ကြီး ကျေနပ်နေသည်။

“ဒါဆို…ငါနင့်ကို `ဝေ`လို့ခေါ်ရင် ရမလား…”

လွှတ်ခနဲ ထွက်သွားသော စကားကြောင့် မိုးကျော်က သူကိုယ်သူပင်မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမိ သည်။နောက်ပြီး ဒီလောက်အချိန်တိုလေးအတွင်းမှာ အခွင့်အရေး ယူမိသော သူ့ကိုယ်သူလဲ ပြန်ပြီးအပြစ်တင်နေမိ သည်။ထိုစကားကြောင့် ခင်မာဝေမှာ ဘာပြန်ဖြေလို့ ဖြေရမှန်းမသိဘဲ ခေါင်းကိုသာ ငိုက်စိုက်ချထားမိသည်။

မိုးကျော် ကတော့ ပြောလက်စ စကား၏ အဖြေကို ရင်တထိတ်ထိတ်နှင့် စောင့်နေမိသည်။ သူ့လက်ချောင်း များ မှာ လဲ ဂဏာမငြိမ်တော့ဘဲ လက်သည်းခွန်များ ကြားတွင် ညှပ်နေသော ချေးများ ကိုအကြောင်းမဲ့ ထိုးဆိတ်ခွာနေမိ ၏ ။

“ငါ…ငါ သူ့ကိုအဲဒီ လိုကြီး ပြောလိုက်တာမှာ များ သွားပြီလား…မဟုတ်သေးပါဘူး၊ငါကရိုးရိုးသားသားနဲ့ ဝေလို့ခေါ်မယ်လို့ ပြောတာပါ…၊သူငါ့ကိုများ တစ်မျိုးထင်သွားပြီးလားမသိဘူး…”

သူ့အတွေးတွေ ယောက် ယက်ခပ်ပြီး လှုတ်ရှားနေချိန်တွင် ခင်မာဝေ ခေါင်းငုံထားရာမှ တောက်ပရွှန်းစိုသော မျက်လုံးများ ဖြင့် သူကိုပြန်မော့ကြည့်လိုက်သည်။မိုးကျော်၏ ရင်တွေ ကလှပ်ခနဲပင် ဖြစ်သွားမိသည်။

တစ်ချိန်ထဲမှာ ပင် မိုးကျော်ကိုကြည့်နေသော ခင်မာဝေ၏ မျက်လုံးများ က မမျော်လင့်ပဲ ဒေါသပြင်းထန်လာသ လို စူးရှတောက်ပလာပြီး ချက်ချင်း ပင်ပေါက်ကွဲထွက်တော့မည့်  မီးကျီခဲတစ်ခုလို ရဲရဲနီလာသည်။သူမ၏ မေးရိုကြီးမှာ လဲ အံကိုတင်းတင်းစေ့ကြိတ်ထားသဖြင့် မာကြောခက်ထန်နေသည်။

ထိုနောက် စူးစူးဝါးဝါး အသံနက်ကြီးဖြင့် ကုန်းအော်လိုက်တော့သည်။

“ဟိတ်…မလုပ်နဲ့…”

•••

အခန်း(၃)

မထင်မှတ်ဘဲ ကျယ်ကျယ်လောင်လောင်ကြီး အော်လိုက်သည့် ခင်မာဝေ၏ အသံနက်ကြီးက မိုးကျော်၏ နှလုံးသားတို့ကို ဆွဲယူ ဖြစ်ညှစ်လိုက်သလို ဖြစ်သွားပြီး တစ်ကိုယ်လုံးတုန်ရင်သွား၏ ။ ခင်မာဝေ၏ မျက်နှာတစ်ခုလုံးမှာ လဲ သူထင်ထားသလို မဟုတ်တော့ပဲ။ခက်ထန်မာကျောနေကာ မျက်လုံးအစုံတို့က မီးဝင်းဝင်းတောက်နေ၏ ။

မိုးကျော်၏ မျက်နှာအမှု အရာမှာ ချက်ချင်း ပြောင်းသွား ပြီး နားလည်ရခက်သည့် အကြည့်တွေ နှင့် ခင်မာဝေကို ကြောင်ပြီး စိုက်ကြည့်နေမိသည်။သူ့ကိုယ်သူလဲ ခင်မာဝေ ကုန်းအော်လိုက်သည့် ကိစ္စကိုသေသေချာချာ ပြန်ပြီးစဉ်းစားနေမိသည်။

“ငါ…ငါ ဘာလုပ်မိလိုက်လို့လဲ”

တစ်ချိန်ထဲပင် ခင်မာဝေ၏ မျက်လုံးတွေ က သူ့ကိုကျော်ပြီးနောက်ဖက်ဆီသို့ စိုက်ကြည့်နေသည်ကို တွေ့ လိုက်ရ၏ ။

“ဟင်”

သူမအကြည့်တွေ က ဦးတည်နေရာသို့ မိုးကျော်က ဖြတ်ခနဲလှည့်ကြည့်လိုက်ရာတွင် …

စောစောက ဝါးရုံပင်ခြေရင်းမှာ ပေါ်က်ဆိန်တစ်လက်နှင့် ဝါးခြမ်းပြားများ ကို ခွဲနေသော စောထူးဝါးက ဖြတ်ပြေးသွားသည့် မြွေတစ်ကောင်ကို သူ့လက်ထဲမှ ပေါက်ဆိန်နှင့် လှမ်းပေါ်က်လိုက်သည့်ကို တွေ့ လိုက်ရသည်။

ထိုမြင်ကွင်းကို အားလုံးက မြင်လိုက်ရပေမယ့်…ခင်မာဝေ၏ တားမြစ်စကား ကတော့ နောက်ကြသွားလေပြီ…။

ထိုအချိန်တွင် မြွေ ကတော့ စောထူးဝါးလက်ချက်နှင့် ခေါင်းဖြတ်ကာရှည်လျားသော ကိုယ်လုံးက သွေးအိုင်ထဲတွင် တွန့်လိမ်ကောက်ကွေးနေ၏ ။

ခင်မာဝေက ဒေါသမာန်ပါပါ ခြေလှမ်းများ ဖြင့် စောထူးဝါးဆီသို့ လျှောက်သွားပြီး

“ဒီတောထဲမှာ မြွေမသတ်ရဘူးဆိုတာ နင်မသိဘူးလား…”

စောထူးဝါးမှာ ခင်မာဝေကို ပေကပ်ကပ်မျက်လုံးများ နှင့် ပြန်ကြည့်နေပြီး သူ့စရိုက်အတိုင်း တိုတိုတောင်းတောင်းနှင့် ပြန်ပြောလိုက်သည်။

“မသိဘူး…”

ခင်မာဝေက စိတ်ပျက်လက်ပျက်နှင့် ခေါင်းကိုခါယမ်း လိုက်ပြီး အားလုံးကို ပြောသလိုနှင့် အသံကိုမြင့်ပြီိး

“ဒီတောထဲမှာ အားလုံးအနေအထိုင်စည်းကမ်းရှိကြပါ…၊အဲဒီ လိုမဟုတ်ရင် အခုထဲက လှည့်ပြန်တာ အကောင်းဆုံးပဲ…”

မိုးကျော်၊ဝဏ္ဏအောင်နှင့် သဇင်ဝင်းတင့်တို့မှာ ခင်မာဝေကို ငေးကြောင်ပြီး ကြည့်မိနေကြသည်။စောထူးဝါးမှာ လဲ သူလုပ်လိုက်သည့် လုပ်ရပ်ကြောင့် လေသံမာမာအပြောခံလိုက်ရသည်ကို မကျေနပ်သလိုနှင့် ခင်မာဝေကို စိုက်ပြီးကြည့်နေ၏ ။ထို့နောက် ခင်မာဝေက

“အဲဒီ မြွေသေကို ကျင်းနက်နက်တူးပြီး သေသေချာချာ ပြန်မြှုပ်လိုက်…”

သူမ၏ အသံက အမိန့်ပေးနေသလို မာထန်ပြတ်သားလွန်းနေ၏ ။အားလုံးကလဲ ဒီတောဒီတောင်ထဲမှာ ကန့်သတ်ထားသည့် တောစည်းတောင်စည်းတွေ ကို ဘာတစ်ခုမှနားမလည်ကြဘဲ ခင်မာဝေ စကားကြောင့် မချင့်မရဲ တွေ ဖြစ်ကုန်ကြသည်။ခင်မာဝေ ကတော့ မြွေသေကို မြှုတ်ခိုင်းပြီး တောင်ကုန်းတစ်ခုပေါ်သို့ တက်ကာသွားရပ်နေ၏ ။

ခင်မာဝေရပ်နေသော တောင်ကုန်းပေါ်မှ သစ်ပင်ကြီးများ က လေတိုက်တိုင်း လှုပ်ရှားယိမ်းထိုးနေကြ၏ ။ သူမ၏ ကျောအလယ်ထိရှည်လျားပြီး ကျနေသည့် ဆံပင်များ ကလည်း လေထဲတွင် လူးလွန့်နေကြကာ အဝတ်အစားတွေ တဖြတ်ဖြတ်လှုပ်ခတ်နေသည်။

တစ်ခါတစ်ခါ ကျက်သရေကင်းမဲ့သော တစ်တီတူးငှက်တစ်ကောင်၏ အော်မြည် သံက ကညင်ပင်ကြီးများ ၏ ထိတ်ဖျားများ ပေါ်မှ ကြားနေရသည်။

မိုးကျော်က တောင်ကုန်းပေါ်သွားပြီးရပ်နေသည့် ခင်မာဝေ၏ နောက်ကျောမှ လွင့်နေသော ဆံစများ ကို ကြည့်ကောင်းကောင်းနှင့် ကြည့်နေ၏ ။

စောထူးဝါး ကတော့ သူမျှော်လင့်မထားသော အ ဖြစ်အပျက်ကြောင့် ခါးထောက်ရင်း ခင်မာဝေရပ်နေရာဆီသို လှမ်းပြီးကြည့်နေသည်။ထိုစဉ်မှာ ပင် မိုးကျော်က စိတ်မထင်လျှင် မထင်သလို တစ်ဇောက်ကမ်းလုပ်တတ်သည့် စောထူးဝါး၏ လက်ထဲမှ ပေါက်ဆိန်ကို လှမ်းယူကာ

“ကဲ ဟေ့ကောင် စောထူးဝါး မင်းလက်ထဲက ပေါက်ဆိန်ကငါ့ကိုပေး။ငါပဲမြွေသေကို ကျင်းတူးပြီး သွားမြှုတ်လိုက်မယ်…”

“အလကားပါကွာ…ဟိုကောင်မကိုက အ ဖြစ်သည်းနေတာပါ…”

ထို့နောက် စောထူးဝါးနှင့် မိုးကျော်မှာ မြေကြီးကို ပေါက်ဆိန်နှင့် ကျင်း ဖြစ်အောင်တူးလိုက်ကြပြီး မြွေသေကိုမြှုတ်ပစ်လိုင်ကြသည်။

ထိုစဉ်မှာ ပင်…ဆူဆူညံညံနှင့် ပြိုလဲကျသွားသည့် အသံကြီးကို အဝေးကြီးဆီမှ ကြားလိုက်ရသည်။

“ဂျိန်း…ဒလိန်း…ဝုန်း…”

ထိုမြည် ဟီးသံကြီးကို ကြားလိုက်ရသည်နှင့် မိုးကျော်တို့အုပ်စုမှာ …

“ဟာ ဘာသံကြီးလဲ…”

“ဟင်…ဒါသစ်ပင်ကြီးတွေ လဲပြိုကျလာတဲ့အသံတွေ …”

သိမ့်ကနဲ တုန်လှုပ်သွားသော မြေကြီးတွေ က သူတို့လေးယောက် ရှိနေသည့် နေရာကို ဆွဲခါလိုက်သလို ဖြစ်သွား၏ ။ထိုအသံကြီးတွေ က ရပ်တန့်မသွားဘဲ အဆက်မပြတ် တဝေါဝေါနှင့် ပြိုလဲကျလာကာ သူတို့ဆီသို့ လိမ့်ဆင်းလာနေသည်ဟုပင် ထင်ရသည်။တချိန်ထဲမှာ ပင် သူတို့အနီးပတ်ဝန်းကျင်မှ သစ်ပင်ကြီးများ ကလည်း ယိမ်းထိုးလှုပ်ယမ်းလာ၏ ။

“အား…အမေလေးလုပ်ပါအုံး ဘာသံတွေ လဲ…ငါ…ငါကြောက်တယ်”

ကျယ်လောင်သော တောပြိုသံကြီးတွေ ကြားမှ သဇင်ဝင်းတင့်၏ ကြောက်လန့်တကြား အော်ဟစ်နေသံတွေ က ပွက်ပွက်ညံနေသည်။

“မကြောက်နဲ့ မကြောက်နဲ့ သဇင်၊ငါတို့ရှိတယ်…ဘာမှ မ ဖြစ်ဘူး…”

စောထူးဝါးက ပြောသာပြောနေသော်လည်း သူ့မျက်နှာက အသံတွေ ကြားရာဆီသို့ လှမ်းကြည့်ကာ သွေးပျက်မတတ် ဖြစ်နေ၏ ။ ထို့နောက် သူတို့ထင်ရာမြင်ရာတွေ ကို တစ်ယောက် တစ်ရောက်ပြောနေကြသည်။

“ဒါ…တောခွေးတွေ သားကောင်လိုက်ကြတဲ့အသံကွ…”

“မဟုတ်ဘူး အ ဖြစ်နိုင်ဘူး တောခွေးတွေ သားကောင်လိုက်တာ ဆိုရင် အသံတွေ က မြေပြင်ကပဲကြားရမှာ အခုကြားနေရတဲ့အသံတွေ က အပင်ကြီးတွေ ပေါ်က ကြားရတာ …”

ထိုအသံကြီးကြားရာဆီသို့ သူတို့လေးယောက် အထိတ်တလန့်တွေ နှင့် နီးကပ်နေပြီး စောစောက ယိမ်းထိုးလှုပ်ရှားနေသော သစ်ပင်ကြီးများ ၏ အကိုင်းအခက်တို့ကြားတွင် မြူခိုးမြူငွေတွေ လို မှိုင်းမှု န်လာ၏ ။

“ဝေါ…ဝေါ…ဝုန်း…”

ကျယ်လောင်သော မြည် ဟီးသံကြီးတွေ က သူတိုရပ်နေရာ မြေကြီးတွေ ကို အောက်ခြေမှ တူးဆွနေသလို တဆတ်ဆတ်တုန်ခါနေ၏ ။

“ဟာ…ဟိုမှာ ဟိုမှာ မဲမဲလုံးလုံးကြီးတွေ …”

သူတို့နှင့် ဝါးလေးငါးပြန်ခန့်အကွာမှ သစ်ပင်ကြိုသစ်ပင်ကြားများ တွင် နှင်းခဲလိုလို မြူခိုးမြူငွေ့လိုလို အလုံးအခဲကြီးတွေ က ထိုအသံကြီးမြည် ဟီးလာသံဘက်မှ အလိတ်လိုက်လွင့်မျော တက်လာသည်။

“ဒါ…ဒါ တောခြောက်တာ….”

သူတို့ထဲမှ တောတွေ တောင်တွေ ကို နှံ့နှံ့စပ်စပ်ရှိသည်ဆိုသော စောထူးဝါးက ထင်ရာမြင်ကို ပြောသည်။မိုးကျော်တို့ ဝဏ္ဏအောင်တို့ကလည်း သူတို့ပါးစပ်ထဲရှိရာတွေ ပြောကုန်ကြသည်။

“မဟုတ်မှလွဲရော…နာနာဘာဝတွေ တစ္ဆေသရဲတွေ လား မသိဘူး…”

သဇင်ဝင်းတင့်ကလဲ မိုးကျော်တို့ သုံးယောက် ကို အားကိုးတကြီးနှင့်

“ဟင်…ဒါဆို…ငါ…ငါ ဘာလုပ်ကြမလဲ…”

သဇင်ဝင်းတင့်၏ အထိတ်တလန့်မေးလိုက်သော အသံနှင့် အတူ သူတို့ရောက်ရှိနေရာ တောတောင်တစ်ဝိုက်လုံးမှာ ရုတ်တရက် အမှော င်အတိကျသွားတော့သည်။

“အား…အား…”

•••


ဝန်ဇင်းချစ်သူများ သတိုးတေဇ ၏ “ ဆုတောင်းပြည့်မြွေဆိပ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ငှက်ဆိုးတွန်ချိန်

ဖေဖော်ဝါရီ တစ္ဆေ

ကြမ္မာ ပြောင်းသူ