Cover

ဘာ ဖြစ်လို့များ …….

ကျွန်တော့် ဘ၀ ပြက္ခဒိန်မှာ ပြဿဒါးနေ့တွေ ကြီးစိုးနေရတာ လဲ။

(ဇော်တေဇ)

ကျွန်တော် က ဇဝေဇ၀ါအတွေးဖြင့် တစ်ယောက် တစ်ပေါက် ဆူညံစွာ စကားပြောဆိုနေသော ကျောင်းသားအုပ်ထဲသို့ လှမ်းကြည့်လိုက်သော်လည်းခေါ်သည့်လူကိုမူမတွေ့ ရပေ။ ထိုကျောင်းသားအုပ်ထဲမှ သူငယ်ချင်း တစ်ယောက် ယောက် လှမ်းခေါ်လိုက်ခြင်း ဖြစ်ပေလိမ့် မည် ။

ကျွန်တော် ကအရေး မကြီးသည့် ကိစ္စတစ်ခု ဖြစ်နေသည့်အတွက် ဆက်ရှာမနေတော့ဘဲကျောင်းအဆောက်အဦးရှိရာသို့ လျှောက်လာခဲ့သည်။ရင်ထဲမှာ လည်းပထမဆုံးကျောင်းဖွင့်ရက်ကို ဖြတ်သန်းရမည့် အတွက် စိတ်လှုပ်ရှားနေမိ၏ ။

ဒီစာသင်နှစ် ကတော့ ငါ့အတွက် ကံကောင်းတဲ့ နှစ် ဖြစ်မှာ ပါ……။

ထိုအတွေးက ကျွန်တော့်ခေါင်းထဲတွင် ပျားပိတုန်းတစ်ကောင်လို တ၀ီဝီနှင့် ပျံသန်းနေသည်။ ဟုတ်တော့လည်းဟုတ်သည်။ မနှစ် ကစာသင်ရက်တွေ သည် ကျွန်တော့် အဖို့ တကယ့်ကိုစိတ်ပျက်ဖွယ်ရာပင်။ အလွဲလွဲအချော်ချော်နှင့် စိတ်ညစ်စရာတွေ ကိုသာတွေ့ ကြုံခဲ့ ရသည်။ ထို့ကြောင့် ကျွန်တော် ကဒီနှစ် တွင် ထိုသို့ ဖြစ်မှာ ကိုပူပန်စိုးရွံ့နေမိခြင်း ဖြစ်၏ ။

ထို့အတွက်ကြောင့် ကျွန်တော် ကဘောင်းဘီအိတ်ကပ်ထဲမှ ကြယ်ပုံအပေါက်ဖောက် ထားသော ကြေးပြားအ၀ိုင်းလေးကို လက်ဖြင့် မကြာခဏစမ်းကြည့်နေမိသည်။

ဒီကြေးပြားဝိုင်းလေးမှာ ဂျေရုဆလင်မြို့သူမြို့သားများ ယုံယုံကြည်ကြည်နှင့် ဆောင် ထားလေ့ရှိကြသော Lucky Penny Charm ဟု ခေါ်သည့် ကံကောင်းစေတတ်သော အဆောင်တစ်ခုပင် ဖြစ်သည်။

ကျွန်တော့် အတွက်လည်း ကံကောင်းစေသော အဆောင်တစ်ခုဆိုလျှင် မမှားပေ။ အဘယ်ကြောင့် ဆိုသော် သူငယ်ချင်း တစ်ယောက် ထံမှ ဒီကြေးပြားဝိုင်းလေးကို ရပြီးကတည်း ကပင် ကျွန်တော့် ဆန္ဒတွေ တစ်ခုပြီးတစ်ခု ပြည့်ဝလာခဲ့သည်ဟု ဆိုရမည် ။

ဖေဖေက ကျွန်တော် အရူးအမူးလိုချင်သော ကွန်ပျူတာအသစ်တစ်စုံကို မွေးနေ့လက် ဆောင်အ ဖြစ် ပေးခဲ့သလို မေမေကလည်း အကောင်းစား ဖိနပ်တစ်ရံကို လိုလိုလားလားနှင့် ပင် ၀ယ်ပေးခဲ့သည်။ ပုံမှန်အတိုင်းဆိုလျှင် ဖေဖေနှင့် မေမေက ငွေကြေးအကုန်အကျများ သည်ဟု ဆိုကာ ကျွန်တော် ပူဆာသမျှကို ငြင်းဆန်ခဲ့သည်ချည်းသာ။

ထို့ကြောင့် ကျွန်တော် က ဒီကြေးပြားဝိုင်းလေးကို ကံကောင်းစေသော အဆောင်ဟု ယုံကြည်ကာ သွားလေရာ ကိုယ်နှင့် မကွာ ဆောင်ယူသွားခြင်း ဖြစ်သည်။

ထိုစဉ်….

‘ဟဲ့…. ဇော်တေဇ၊ ငါခေါ်နေတာ မကြားဘူးလား…’

ရုတ်တရက် ရင်းနှီးသော အသံတစ်သံက နောက်ကျောဘက်မှ ထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်သော အခါ နှုတ်ခမ်းစူပြီး ရပ်နေသော ဇူးဇူးဇင်ကို တွေ့ ရလေ၏ ။

ဇူးဇူးဇင်မှာ သူမခေါ်နေတာကို မကြား၍ ကျွန်တော့် ကို စိတ်တိုနေပုံရသည်။ သူမက အနည်းငယ်ဒေါသထွက်နေသော အသံဖြင့် …..

‘ကျောင်းပိတ်ရက်အတွင်းမှာ …… နင့်နား… တစ်ခုခု ဖြစ်သွားပြီလား… ဇော်တေဇရယ်။ ငါခေါ်နေတာ ပါးစပ်ကတောင် အမြှုပ်ထွက်တော့မယ်’

ဒီနှစ် တော့ ကံကောင်းတဲ့ Locker နံပါတ်လေးရပါစေ…..

ထိုဆုတောင်းနှင့် အတူ ကျွန်တော် က ဘောင်းဘီအိတ်ကပ်ထဲမှ ကြေးပြားဝိုင်းလေးကို လက်ဖြင့် နှိုက်ယူကာ ပွတ်သပ်လိုက်သည်။

ထိုစဉ်…..

‘မင်း Locker နံပါတ် ကတော့ ရှယ်ပဲ ဇော်တေဇရေ…’

Locker နံပါတ်စာရင်း ကြည့်ပြီး ပြန်လာသော သဲမွန်က ကျွန်တော့် ကို တွေ့ တွေ့ ချင်း ရိသဲ့သဲ့အသံငြဖ့် ပြောလေသည်။ အသားညိုညို၊ ဆံပင် အလယ်ခွဲနှင့် သဲမွန်မှာ ကျွန်တော် နှင့် ဘတ်စကတ်ဘော ကစားဖော်များ ဖြစ်ကြပြီး ရေကူးလျှင် အတူကူးလေ့ရှိကြသူများ ဖြစ်သည်။

‘အမ်…. ဘာနံပါတ်မို့လို့လဲ’

ကျွန်တော် က ကြောင်အအဖြင့် ပြန်မေးရင်း သဲမွန်ကို အကဲခတ်ကြည့်လိုက်ရသည်။ သဲမွန်မှာ အကောင်းပြောနေပုံ မပေါ်ချေ။ ပြောင်စပ်စပ်မျက်နှာပေးဖြင့် ကျွန်တော့် ကို မျက်စိတစ်ဖက်မှိတ်ပြကာ လှည့်ထွက်သွားလေ၏ ။

ဒါဟာ တစ်စုံတစ်ရာ လွဲမှားနေ၍ ဖြစ်ပေလိမ့်မည် ။

ကျွန်တော် က အလျင်အမြန်ပင် ကြော်ငြာသင်ပုန်းနားသို့ လာကာကြည့်လိုက်သည်။ ခက်ခက်ခဲခဲ မရှာရဘဲ ကျွန်တော့် နာမည် ကို အထင်သားတွေ့ လိုက်ရ၏ ။

‘ဟင် !..’

ကျွန်တော့် နာမည် ဘေးတွင် မရဏဆန်သော နံပါတ်တစ်ခု…..။

ဒါ….ဒါ…. ဘယ်လို ဖြစ်တာလဲ…..။ ငါ…. အမြင်မှားတာလား….။

ကျွန်တော် က ကိုယ့်မျက်လုံးကို ကိုယ်မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး နောက်တစ်ကြိမ် သေချာအောင် ထပ်ကြည့်လိုက်မိသည်။

အမြင်မှားခြင်း မဟုတ်ပေ။

တကယ်ပင် ဇော်တေဇဆိုသည့် ကျွန်တော့် နာမည် ဘေးတွင် မမြင်ချင်ဆုံးသော နံပါတ်တစ်ခု။

တစ်ဆယ့်သုံး…..။

သွားပြီ။ ဒီအပုပ်နံပါတ်ကြောင့် ငါရဲ့ ပျော်ရွှင်စရာ စာသင်ရက်တွေ က မနှစ် တုန်းကလိုပဲ ပျက်စီးရတော့မယ်…။

ငါ ဘာလုပ်ရမလဲ..။

စိတ်ပျက်ဝမ်းနည်းမှု က ကျွန်တော့် တစ်ကိုယ်လုံးကို တိမ်ညို တိမ်မည်းများ လို ဖုံးအုပ်လွှမ်းခြုံသွားသည်။ ရင်ထဲတွင် လည်း အန္တရာယ်တစ်ခုခုကို ကြိုတင်စိုးရိမ်နေသည့်ပုံဖြင့် လေးလံဖိစီးသွား၏ ။

ထိုစဉ် ဇူးဇူးဇင်က အနားသို့ ရောက်လာပြီး…..

‘ဟဲ့… နင့် Locker နံပါတ်တွေ့ ပြီလား။ ဘယ်နားမှာ လဲ…..’

ဟု စိတ်ဝင်တစား မေးသည်။

ကျွန်တော့် မှာ သူမအမေးကို ပြန်ပြောဖို့ပင် အားမရှိချေ။ သို့ရာတွင် ကျွန်တော် က နာကြည်းမှု ဖြင့် ပြန်ပြောလိုက်မိသည်။

‘ငါ…..ငါ ကျောင်းအုပ်ချုပ်ရေး မှူးဆီ သွားပြီး ပြောမယ်။ ဒီအတိတ်နိမိတ်မရှိတဲ့ Locker ဆယ့်သုံးဆိုတာကြီးကို ငါ မယူနိုင်ဘူး’

ညနေကျောင်းက ပြန်လာသည့်အချိန်ထိ စိတ်မချမ်းမြေ့မှု က အိပ်မက်ဆိုးတစ်ခုလို အုံ့ဆိုင်းနေသည်။

ဘာ ဖြစ်လို့များ ငါ ဒီ Locker နံပါတ်ကိုမှ ရရတာ လဲ…..။ ပြီးတော့ ကျောင်းအုပ်ချုပ်ရေး မှူးက ငါ့စကားကို ဘာလို့ အလေးအနက် မထားတာလဲ။

တစ်နေကုန် အပ်ကြောင်းထပ်မက တွေးခဲ့မိသော ထိုအတွေးများ က အခုထက်ထိ ခေါင်းထဲမှ မထွက်သွားသေးပေ။ ရင်ထဲတွင် လည်း အလိုမကျမှု များ ကြောင့် ပူလောင်တင်းကျပ် နေသည်။

ခါတိုင်းဆိုလျှင် ကျောင်းကားပေါ်မှ ဆင်းပြီး အိမ်သို့ မိနစ်အနည်းငယ်သာ လျှောက်ရ သော်လည်း ဒီကနေ့တော့ နာရီပေါင်းများ စွာ ကြာအောင် လျှောက်နေရသလို ထင်မိ၏ ။

အိမ်နားသို့ ရောက်လာစဉ်မှာ ပင်…..

‘ကိုကြီး…’

ဆိုသော ခပ်စူးစူးအသံနှင့် အတူ ကျွန်တော့် ဘေးသို့ ကလေးငယ် တစ်ယောက် ရောက်လာသည်။ ကြည့်လိုက်တော့ ဖိုးလုံး။

ခပ်နွမ်းနွမ်းအင်္ကျီလေးကို ၀တ်ကာ ကျွန်တော့် အား မျက်နှာငယ်လေးဖြင့် မော့ကြည့် နေ၏ ။ လက်ဖ၀ါးနုနုသေးသေးလေးကလည်း ကျွန်တော့် ၏ လက်ကို ဆုပ်ကိုင်ထားလျက်….

ကျွန်တော် က ဖိုးလုံး၏ နီကြင့်ကြင့် ဆံပင်များ နှင့် ဦးခေါင်းကို လက်ဖြင့် ခပ်ဖွဖွပွတ်သပ် လိုက်ကာ…..

‘ဘာပြောမလို့လဲကွ’

ဟု ချိုချိုသာသာ မေးလိုက်သည်။ ဖိုးလုံးကို မြင်တွေ့ ရတိုင်း ခံစားရသည့် သနားကြင်နာမှု ကလည်း ရင်ထဲသို့ မဖိတ်ခေါ်ရဘဲ အလိုလို ရောက်လာသည်။

ဖိုးလုံးမှာ မိဘမဲ့ကလေး တစ်ယောက် ဖြစ်ပြီး ဆင်းရဲနွမ်းပါးလှသော အဘွား ဖြစ်သူ မုဆိုးမအိုကြီးဖြင့် နေထိုင်ရသူ ဖြစ်၏ ။ ကျောင်းနေမည့်  အရွယ်ရောက်သော်လည်း ဖိုးလုံးမှာ မူ ငွေကြေးဆင်းရဲလှသဖြင့် ကျောင်းမတက်နိုင်ပေ။

တခြားကလေးများ လိုလည်း စားချင်သည်မုန့်ကို မစားနိုင်သဖြင့် သူက ကျွန်တော့် ကို မြင်တိုင်း မုန့်ဝယ်ကျွေးခိုင်းတတ်သည်။

ဖိုးလုံးက…..

‘ကိုကြီး… သားဗိုက်ဆာလို့ မုန့်ဝယ်ကျွေးပါလား။ အဘွားကလည်း ဘယ်အိမ်မှာ အ၀တ်သွားလျှော်ရမှန်း မသိဘူး။ အခုထိကို ပြန်မလာသေးဘူး’

‘ဟုတ်လား…. ဖိုးလုံးရ၊ မင်းအဘွားက အလုပ်မပြီးသေးလို့ ပြန်မလာသေးတာ နေမှာ ပေါ့။ ကဲ…. ရော့… ရော့ မင်းစားချင်တဲ့ မုန့်သွားဝယ်စားချေ’

‘ဟုတ်ကဲ့…. ကိုကြီး’

ဖိုးလုံးက ပြောပြောဆိုဆိုဖြင့် ကျွန်တော် ပေးသော ပိုက်ဆံ လှမ်းယူလိုက်သည်။ ပြီးနောက် ခါတိုင်းလို လှစ်ခနဲ ပြေးမထွက်သွားသေးဘဲ ကျွန်တော့် မျက်နှာကို ညှိုးငယ်စွာ မော့ ကြည့်နေ၏ ။

ကျွန်တော် က ဖိုးလုံး တစ်ခုခု ပြောချင်နေမှန်းသိသော ကြောင့် အလိုက်တသိဖြင့် …..

‘ဘာပြောစရာ ရှိလို့လဲ ဖိုးလုံး’

ဟု မေးကြည့်လိုက်သည်။ ဖိုးလုံးမှာ ကျွန်တော့် အမေးကို ချက်ချင်း ပြန်မဖြေပေ။ ကလေးငယ် တစ်ယောက် ဖြစ်သော်ငြားလည်း သူ့ထံမှ သက်ပြင်းနုနုလေးအား မသိမသာ ခိုးချနေသံကို ကြားရသည်။ ပြီးမှ ဖိုးလုံးက ကျွန်တော့် အား ဖျတ်ခနဲ မော့ကြည့်ပြီး….

‘သားမှာ ပိုက်ဆံတွေ အများ ကြီးရှိရင် ကောင်းမှာ ပဲ…. ကိုကြီး….’

‘ဟေ့…… ဘာ ဖြစ်လို့လဲကွ….။ မုန့်တွေ အများ ကြီး ၀ယ်စားမလို့လား…’

ဖိုးလုံးဆီမှ ထူးထူးဆန်းဆန်းစကားကို ကြားလိုက်ရသော ကြောင့် ကျွန်တော် က တအံ့တသြဖြင့် ပြန်မေးလိုက်သည်။ စိတ်ထဲတွင် လည်း ကလေးပီပီ မုန့်ဝယ်စားရန်အတွက် စိတ်ကူးယဉ်ပြောသည်ဟု အောက်မေ့မိလိုက်၏ ။ သို့ သော် မဟုတ်ပါ။

ဖိုးလုံးက…..

‘မုန့်ဝယ်စားဖို့ မဟုတ်ပါဘူး ကိုကြီးရာ….. သားမှာ ပိုက်ဆံရှိရင် အဘွားကိုလည်း ပေးမယ်၊ ပြီးရင် သားကိုမုန့်တွေ အမြဲတမ်း ၀ယ်ကျွေးနေတဲ့ ကိုကြီးအတွက် စက်ဘီးတစ်စီး လောက် ၀ယ်ပေးချင်လို့ပါ။ ဒါမှ ကိုကြီး အခုလို လမ်းမလျှောက်ရဘဲ အိမ်ကို သက်သက် သာသာ ပြန်ရောက်မှာ ပေါ့’

‘အမယ်လေး…. ဘာများ လဲလို့… ဖိုးလုံးရာ၊ မင်းက တော် တော် သိတတ်တာပဲ..’

ဘာရယ်မဟုတ်ဘဲ… ဖိုးလုံး၏ စကားကြောင့် ကျွန်တော့် ရင်ထဲတွင် ကြည်နူးသွားမိကာ ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်မိသည်။ တစ်ဆက်တည်းဆိုသလို ကျွန်တော် ကပင်….

‘ကဲ…..ကဲ… မင်း ဗိုက်ဆာနေပြီ မဟုတ်လား…..။ သွား…. မုန့်ဝယ်စားတော့….’

ဟု ပြောလိုက်မှ ဖိုးလုံးမှာ နှုတ်ဆက်ပြီး လှစ်ခနဲ ပြေးထွက်သွားလေသည်။ ကျွန်တော် ကတော့ မြူးထူးခုန်ပေါက်ကာ ပြေးထွက်သွားသော ဖိုးလုံး၏ ကျောပြင်ကိုသာ မျက်စိတစ်ဆုံး ငေးကြည့်ရင်း သက်ပြင်းကို လေးလေးပင်ပင် ချလိုက်မိတော့သည်။

×


အခန်း(၂)

အခုထက်ထိတော့ ကျွန်တော့်ဘ၀က အေးချမ်းနေတုန်းပင်။

ဘာပြဿနာ တစ်စုံတစ်ရာမှ မရှိပေ။ နှစ် ပတ်ဆိုသော ကျောင်းတက်ရက်အတွင်း သူငယ်ချင်းအသစ်တွေ ပင် ထပ်တိုးလာခဲ့သည်။ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ဖေဖေ မွေးနေ့လက်ဆောင်အ ဖြစ် ၀ယ်ပေးခဲ့သော ကွန်ပျူတာဖြင့် ဖန်တီးခဲ့ရသည့် ကာတွန်း Animation ဇာတ်လမ်းမှာ အခုဆို အချောသပ်လုပ်ကိုင်ဖို့ပင် ကျန်တော့၏ ။ နောက်ထပ် စိတ်ကျေနပ်စရာကောင်းသည့်အချက်မှာ ကျွန်တော် တို့၏ ဘတ်စကတ်ဘောအသင်း နိုင်ပွဲဆက်နေခြင်းပင်။

အခုလည်း ကျွန်တော် က ဘတ်စကက်ဘောအသင်းနှင့် အတူ လေ့ကျင့်ခန်းဆင်းရန် အတွက် အားကစားရုံသို့ ထွက်လာခဲ့သည်။ သို့ ရာတွင် အားကစားရုံသို့ ရောက်သည့်အချိန် တွင် တော့ ကျွန်တော် နောက်ကျနေလေပြီ။

အသင်းသားအားလုံး အားကစားရုံထဲသို့ ရောက်ကာ ကိုယ်ကာယလေ့ကျင့်ခန်းပင် လုပ်နေကြသည်။ လေ့ကျင့်ရေး မှူး ဦးထွန်းစိန်မှာ လည်း ရွှီခနဲ ၀ီစီမှု တ်လိုက်၊ ပါးစပ်မှ အော်ငေါက် လိုက်နှင့် အလုပ်များ နေ၏ ။

ဒုက္ခပါပဲ….. ငါတော့ အဆူခံရတော့မယ်။

လေ့ကျင့်ရေး မှူး ဦးထွန်းစိန်မှာ အချိန်နောက်ကျလျှင် အော်တတ်၊ ငေါက်တတ်လွန်း သော ကြောင့် ကျွန်တော် အခုလို တွေးမိခြင်း ဖြစ်သည်။

ကျွန်တော် က ဦးထွန်းစိန် မမြင်ခင် အ၀တ်အစားလဲရန်အတွက် Locker ရှိရာသို့ ထွက် လာလိုက်၏ ။ သို့ သော် ဦးထွန်းစိန်က ကျွန်တော့် ကို မြင် ဖြစ်အောင် မြင်သွားသည်။

‘ဟေ့….. ဇော်တေဇ၊ မင်းဘာလို့ အ၀တ်အစားမလဲရသေးတာလဲ၊ ဒီမှာ အသင်းလိုက် လေ့ကျင့်ခန်းလုပ်ဖို့ နောက်ကျနေပြီ မသိဘူးလား….’

ဒေါသသံစွက်၍ လှမ်းအော်လိုက်သော ဦးထွန်းစိန်၏ စကားကြောင့် ကျွန်တော့် ခန္ဓာ ကိုယ် တစ်ခုလုံး ဆတ်ခနဲတုန်တက်သွားပြီး…..

‘ဟုတ်ကဲ့…. ဟုတ်…. အခုပဲ အ၀တ်အစား သွားလဲလိုက်ပါ့မယ် ဆရာ’

ဟု တုန်ယင်ထစ်ငေါ့စွာ ပြောရင်း မပြေးရုံတမယ် ထွက်လာခဲ့သည်။ ထိုစဉ်မှာ ပင် အားကစားရုံထောင့်တစ်နေရာ၌ ဖိနပ်ကြိုးချည်နေသော ငှက်ကြီးကို တွေ့ လိုက်ရ၏ ။ ငှက်ကြီး ဆိုသည်မှာ အဆိုတော် ထူးအိမ်သင်ကို ပြောခြင်းမဟုတ်ပေ။ နာမည် ရင်းက ကျော်ထွန်းလူ ဖြစ်သော်လည်း လူပုံပန်းသဏ္ဍာန်က အရပ်ရှည်ရှည်၊ ခါးကိုင်းကိုင်း၊ ခြေတံ၊ လက်တံရှည်ရှည် နှင့် ငှက်ကုလားအုပ်တစ်ကောင်လို ဖြစ်နေသော ကြောင့် သူ့ကို တစ်ကျောင်းလုံးက ‘ငှက်ကြီး’ဟု အမည် ပြောင် ပေးထားခြင်း ဖြစ်သည်။

ကျွန်တော် ကတော့ သူ့ကို ထိုနာမည် နှင့် မလိုက်ဖက်ဟု ထင်မိ၏ ။ အမှန်တကယ် ဆိုလျှင် ခန္ဓာကိုယ် ထွားထွားကျိုင်းကျိုင်း၊ ခြေတံလက်တံရှည်ရှည်နှင့် ဆိုတော့ မျောက်ဝံကြီး တစ်ကောင်နှင့် ပိုတူပြီး ‘မျောက်ကြီး’ဟု ခေါ်သင့်သည် ထင်မိ၏ ။

သို့သော် ထိုနာမည် ကိုတော့ သူ့ရှေ့တွင် ကျွန်တော် မခေါ်ရဲပေ။ ငှက်ကြီးက သူ့ထက် တစ်တန်းငယ်သော ကျွန်တော့်ကို အမြဲတစေ အနိုင်ကျင့်တတ်သူ ဖြစ်သည်။

တစ်ခါတုန်းကလည်း သူချွေးသုတ်ထားသော ပ၀ါဖြင့် ကျွန်တော့် မျက်နှာတည့်တည့် ကို ပစ်ပေါက်ဖူးပြီး ရေဘူးကို ဆောင့်ကန်ပစ်ခဲ့သည်။ ဘတ်စကတ်ဘော ကစားလျှင်လည်း သူ ကျွန်တော့် ကို တစ်ခုခု မညစ်ပတ်သည့်နေ့ဟူ၍ မရှိ၊ အနည်းဆုံးတော့ မခံချိ မခံသာ ဖြစ် အောင် လှောင်ပြောင်ခဲ့သည်ချည်းသာ။

ဒီနေ့လည်း ကျွန်တော့် ကို ဘယ်လိုဒုက္ခပေးဦးမည် မသိ။

ကျွန်တော် အ၀တ်အစားလဲပြီး ပြန်လာချိန်တွင် ငှက်ကြီးမှာ ဘောလုံးကို ကြမ်းပြင်ပေါ် တွင် တဘုတ်ဘုတ်နှင့် ပုတ်ကာ ခြင်းထဲသို့ ပစ်သွင်းနေ၏ ။

သို့သော် ပစ်သည့်အကြိမ်တိုင်းလိုလို ဘောလုံးမှာ ခြင်းထဲသို့ မ၀င်ဘဲ နောက်ခံဘုတ် ပြား သို့ မဟုတ် ခြင်းနှုတ်ခမ်း (Rim) နှင့် ထိကာ ပြန်ထွက်လာသည်။

အကောင်ကြီးပြီး အချိန်မစီးဘူးဆိုတာ ငှက်ကြီးကို ပြောတာထင်သည်ဟု ကျွန်တော့်  စိတ်ထဲမှာ အောက်မေ့မိလိုက်၏ ။ ပြီးနောက် ကိုယ့်ဘာသာကိုယ် သဘောကျသွားပြီး ကျိတ်ရယ်လိုက်၏ ။ ထိုစဉ် ဦးထွန်းစိန်က….

‘ဟေ့…. ဘာရပ်ကြည့်နေတာလဲ။ ငှက်ကြီးလို အဝေးဘောလာပစ် လေ့ကျင့်စမ်း’

‘ဟုတ်… ဟုတ်ကဲ့’

ကျွန်တော့်ကို လှမ်းပြောမှန်း မသိသဖြင့် ကျွန်တော် က အလျင်အမြန်ပင် လေ့ကျင့်ရေး ကွင်းထဲသို့ လှမ်းဝင်လိုက်သည်။

ငှက်ကြီးက ကျွန်တော့် ကို ရန်လိုစွာ တစ်ချက်လှမ်းကြည့်လိုက်ပြီး….

‘ရော့…. ဒီမှာ ဘောလုံး…’

ဟု ဆိုကာ ဘောလုံးကို ကျွန်တော် ထံသို့ အားကုန်လွှဲပစ်လိုက်၏ ။

‘၀ှီး….’

‘ဘုတ်’

ကျွန်တော် က ကမန်းကတန်းဖြင့် ဘောလုံးကို ဖမ်းလိုက်ရာမိသွားသည်။ မမိလျှင်တော့ ဘောလုံးက ကျွန်တော့် မျက်နှာနှင့် အရှိန်ပြင်းပြင်းမိတ်ဆက်မှာ သေချာ၏ ။

ငှက်ကြီးက ငါ့ကို ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာ လဲ။

တော် ပြီ…… တော် ပြီ…အဲဒါတွေ မစဉ်းစားတာ ကောင်းတယ်….။

ကျွန်တော် က ခေါင်းထဲသို့ ၀င်လာသော စိတ်ညစ်ညူးစရာအတွေးများ ကို အလျင်အမြန် မောင်းထုတ်လိုက်ပြီး ဘောလံးကို ခြင်းထဲသို့ ပစ်ရန် ချိန်ဆလိုက်သည်။ ထို့နောက် လက်ကို လေထဲသို့ ဆန့်တန်းကာ ဘောလုံးအား ခြင်းထဲသို့ လှမ်းပစ်လိုက်၏ ၊

မ၀င်ပေ၊ ဘောလုံးက ခြင်းနှင့် အတော် လွဲသွားကာ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျ သွားသည်။

‘ဒီလောက်လေးတောင် ၀င်အောင်မပစ်နိုင်ဘဲနဲ့ ကျောင်းလက်ရွေးစင် ဖြစ်ချင်နေသေး တယ်။ ရှက်လည်း မရှက်ဘူး…… ဟား….ဟား….ဟား…’

ငှက်ကြီးက သူများ အမှားကို စောင့်ကာ လှောင်ပြောင်ရယ်မောလိုက်သော အသံ ကြောင့် တခြားသူတွေ ပါ လိုက်လံရယ်မောကုန်ကြသည်။

ရယ်ထားဦးပေါ့… ငှက်ကြီးရာ။ ဒီတစ်ခါ ငါဝင်အောင် ပစ်ပြမယ်။

ကျွန်တော် က ခံပြင်းစွာ တွေးတောရင်း နောက်တစ်ကြိမ်ဘောလုံးကို ပစ်လိုက်သည်။ စိတ်လှုပ်ရှားနေသော ကြောင့် ဒီတစ်ကြိမ်တွင် လည်း မ၀င်ပေ။

ငှက်ကြီး၏ လှောင်ပြောင်ရယ်မောသံက ကျယ်သထက် ကျယ်လာသည်။ ဘာကြောင့် မှန်းမသိ။ တခြားလူတွေ ကလည်း ငှက်ကြီးနှင့် အတူ ရောယောင်ကာ ကျွန်တော့်ကို လှောင်ပြောင်ရယ်မောနေကြ၏ ။

ရှက်စိတ်ကြောင့် ကျွန်တော့် မျက်နှာတစ်ခုလုံး မီးပူအောက်ခံပြားလို ပူထူနေသည်။ ရင်ထဲတွင် လည်း ခံပြင်းစိတ်၊ ရှက်စိတ်များ က မုန်တိုင်းတစ်ခုလို တ၀ုန်းဝုန်း မြည် ဟီးနေလေ၏ ။

လေ့ကျင့်ရေး မှူး ဦးထွန်းစိန် ကတော့ အုတ်နံရံကို မှီကာတခြားလေ့ကျင့်ရေး မှူးများ နှင့် စကားပြောဆိုနေသည်။ ကျွန်တော် တို့ လေ့ကျင့်နေသည်ကိုပင် မြင်ပုံမပေါ်ချေ။

ငှက်ကြီးက လှောင်ပြောင်ရယ်မောနေရာမှ….

‘ကဲ…ကဲ.. ဘောလုံးကို ငါ့ကိုပေး…။ ငါ မင်းကို ဘယ်လိုဝင်အောင် ပစ်ရမလဲဆိုတာ သင်ပေးမယ်’

ဟု ရိသဲ့သဲ့လေသံဖြင့် လှမ်းပြောလိုက်၏ ။

လေလုံးမထွားစမ်းပါနဲ့ ငှက်ကြီးရာ။ မင်းလည်း မ၀င်ပါဘူး…..။

ကျွန်တော် က စိတ်ထဲမှ မုန်းတီးစွာ ပြောရင်း အားကစားရုံထောင့်မှ ဘောလုံးကို သွား ကောက်လိုက်သည်။ ထို့နောက် ငှက်ကြီးထံသို့ ဘောလုံးကို ခပ်ပြင်းပြင်းလှည့်ပစ်ပေးလိုက် ၏ ။

ဒါဟာ ကျွန်တော့် အတွက် အမှားအယွင်းတစ်ခု ဖြစ်သွားသည်။

ငှက်ကြီး ဖိနပ်ကြိုး ငုံ့ချည်နေမှန်းကို ကျွန်တော် မမြင်ခဲ့မိချေ။ ငှက်ကြီးက ဖိနပ်ကြိုး ငုံ့ချည်နေရာမှ သူ့ထံသို့ ၀ှီးခနဲ တိုးဝင်လာသော ဘောလုံးကို အမှတ်တမဲ့ မော့ကြည့်လိုက်စဉ် မှာ ပင်…..

‘ဘုန်း! ..’

‘အား…! ..]’

‘ဟာ….’

ငှက်ကြီး၏ နာကျင်စွာ ညည်းညူလိုက်သံနှင့် ကျွန်တော် ၏ အာမေဍိတ်အသံမှာ မရှေးမနှောင်း ထွက်ပေါ်သွားသည်။

သွားပြီ…..။ ပြဿနာတော့ တက်ပြီ….။

ကျွန်တော် က ကြောက်ရွံ့တုန်လှုပ်စွာ တွေးရင်း ငှက်ကြီးကို လှမ်းကြည့်လိုက်၏ ။ ဘောလုံးနှင့် အရှိန်ပြင်းပြင်း ထိမှန်သွားသော ကြောင့် ငှက်ကြီး၏ နှာခေါင်းထဲမှ သွေးများ ယိုစီး ကျလာသည်ကို တွေ့ လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် ကျွန်တော် က ကြောက်ရွံ့မှု နှင့် ကြက်သေသေသွား၏ ။ စိုးရိမ်စိတ် များ က တစ်ကိုယ်လုံးကို ကျင်စက်ဖြင့် တို့ထိလိုက်သလို ဆတ်ခနဲ တုန်ခါသွားစေသည်။

‘တောင်း….. တောင်းပန်ပါတယ်။ ငါ တမင်သက်သက်လုပ်တာ မဟုတ်ပါဘူး’

ကျွန်တော် က ထိတ်ထိတ်ပျာပျာဖြင့် တောင်းပန်လိုက်သော်လည်း အချိန်မမီတော့ပေ။ ငှက်ကြီးက ကျွန်တော့် အနားသို့ ကျားနာတစ်ကောင်လို ရောက်လာသည်။ နောက်…..ဒေါသ ခြောင်းခြောင်း ထွက်နေသော မျက်လုံးအစုံဖြင့် စိုက်ကြည့်ရင်း….

‘မင်း ငါ့ကို သွေးထွက်အောင် လုပ်တယ်ပေါ့…. ဟုတ်လား’

ဟု မာကျောခက်ထန်စွာ ပြောလိုက်သည်။ တစ်ပြိုင်နက်တည်း လိုလိုလည်း ကျွန်တော့်  ခန္ဓာကိုယ်အား ချိုင်းမှကိုင်ကာ ငှက်မွှေးတစ်ချောင်းအလား လေထဲသို့ ဆွဲကိုင်မြှောက်လိုက်၏ ။

‘မလုပ်နဲ့’

ဘယ်လိုပင် အော်ဟစ်တားဆီးနေကာမူ ငှက်ကြီးက မရပ်တန့်ပါ။ ကျွန်တော့်  ခန္ဓာကိုယ်ကို အမြင့်ဆုံးမှ အောက်သို့ ပစ်ချကိုင်ပေါက်တော့မည့်  ရည်ရွယ်ချက်ဖြင့် ငှက်ကြီးက ဆက်လက်ကြိုးစားနေသည်။

ကျွန်တော် ကတော့ ငှက်ကြီး၏ ၀န်ချီစက်ကဲ့သို့ သန်မာလှသော လက်ထဲမှ တစ်ဆင့် လေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေ၏ ။

င့ါ….. င့ါကို တကယ်ပဲ သူ ကိုင်ဆောင့်တော့မှာ လား…..

ဘုရား… ဘုရား မလုပ်ပါစေနဲ့…။

ကျွန်တော် သွေးရူးသွေးတန်းဖြင့် ငှက်ကြီးအား တောင်းပန်နေမိသည်။

‘ငါ…. ငါ တမင်သက်သက်လုပ်တာ မဟုတ်ပါဘူး…။ မ… မတော် တဆ ဖြစ်သွား တာပါ…..’

‘ဒါဆိုအခုလည်း မတော် တဆလို့ပဲ မှတ်လိုက်ပေါ့ကွာ…..ထွီ’

ငှက်ကြီးက တင်းမာခက်ထန်စွာ ပြန်ပြောရင်း တံထွေးဖြင့် ကျွန်တော့် မျက်နှာကို လှမ်း ထွေးလိုက်သည်။ ငှက်ကြီး၏ မျက်နှာမှာ ဒေါသစိတ်ကြောင့် နီရဲနေသည့်အပြင် နှာခေါင်းထဲမှ ယိုစီးကျနေသော သွေးများ ကြောင့် ပို၍ ကြောက်စရာကောင်းနေသည်။

သူက စူးစူးရဲရဲ စိုက်ကြည့်ရင်း ကျွန်တော့်  ခန္ဓာကိုယ်အား အမြင့်ဆုံးသို့ ချီးမြှောက် လိုက်၏ ။ ဘာမှ မတတ်နိုင်တော့ပေ။ ဒီအချိန်တွင် သူ လုပ်သမျှ ခံရပေတော့မည် ။ ကျွန်တော် က စိတ်ကို ဒုန်းဒုန်းချကာ မျက်လုံးစုံမှိတ်ပစ်လိုက်တော့သည်။

အခန်း(၃)

‘ရပ်လိုက်စမ်း….. အဲဒါ ဘာလုပ်နေတာလဲ’

ရုတ်တရက်ဆိုသလို လေ့ကျင့်ရေး မှူး ဦးထွန်းစိန်၏ အသံက အားကစားရုံအတွင်းတွင် ဟိန်းထွက်သွားသည်။ တစ်ဆက်တည်းပင် ဦးထွန်းစိန်က……

‘ဇော်တေဇကို အောက်ကို ပြန်ချပေးလိုက် စမ်း…. ငှက်ကြီး’

ထိုအသံက ကျွန်တော့် နားထဲတွင် မေခလာနတ်သမီး၏ အသံကဲ့သို့ လတ်ဆတ်ချိုမြိန် လွန်းလှ၏ ။ ကျွန်တော် က မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

လွတ်သွားသော သားကောင်ကို ခံပြင်းစွာ လိုက်ကြည့်နေသည့် မုဆိုး တစ်ယောက် လို ငှက်ကြီးက ကျွန်တော့် အား စိမ်းစိမ်းခါးခါး ကြည့်နေ၏ ။ ပြီးမှ……

‘မင်းကံကောင်းသွားတယ် …. မှတ်ပါ’

ဟု အေးစက်စွာ ပြောရင်း ကျွန်တော့် ခန္ဓာကိုယ်အား ကြမ်းပြင်ပေါ်သို့ ပြန်ချလိုက်သည်။ မ ဖြစ်သာ၍ သာ ပြန်ချပေးလိုက်သော်လည်း ငှက်ကြီးက သိပ်ကျေနပ်ပုံ မပေါ်ချေ။ မျက်နှာက သွေးအေးလူသတ်သမား တစ်ယောက် လို တင်းမာအေးစက်နေဆဲ။

ကျွန်တော် ကတော့ အသက်ဘေးမှ ပွတ်သီပွတ်ကာ လွတ်မြောက်လာသူ တစ်ယောက် လို သက်ပြင်းကို ဟူးခနဲ မှု တ်ထုတ်လိုက်မိသည်။ တုန်လှုပ်ချောက်ချားစိတ်ကြောင့် တဒုန်းဒုန်းခုန်ခဲ့ရသော ရင်အစုံပင် တဖြည်းဖြည်း ပြန်လည်ငြိမ်သက်လာ၏ ။

သို့ ရာတွင် ကြောက်စိတ် ကတော့ ရင်ထဲမှ အလုံးစုံလွင့်စင် မသွားသေးပေ။ လေ့ကျင့်ရေး မှူး ဦးထွန်းစိန်က အနားသို့ ရောက်လာပြီး…..

‘ကဲ အသင်းသားအားလုံး နားထောင်ကြ။ အခုကစပြီး နှစ် ယောက် တွဲ လေ့ကျင့်ကြစမ်း။ ဒါမှ ပြိုင်ပွဲကျရင် တစ်ယောက် အထာ တစ်ယောက် သိနေကြမှာ ။ ငှက်ကြီးနဲ့ ဇော်ကြီးက တစ်တွဲ တွဲ ’

‘ဟာ… ဒီကောင်နဲ့တော့ ကျွန်တော် အတူတူတွဲ ပြီး မလေ့ကျင့်ချင်ဘူး ဆရာ…။ လက်ပျက်တယ်’

ဦးထွန်းစိန်၏ စကားမဆုံးခင်မှာ ပင် ငှက်ကြီးက ခါးခါးသီးသီး ထကန့်ကွက်လိုက်သည်။ ထိုစကားက ကျွန်တော့် မျက်နှာကို တုတ်ရှည်ရှည်ဖြင့် ဖြတ်ရိုက်လိုက်သလိုပင်။

သို့ ရာတွင် ကျွန်တော့် မှာ ပေါက်ကွဲဖို့ အင်အားမရှိချေ။ အမြဲတမ်း ငှက်ကြီး၏ အရံ ကစားသမားအ ဖြစ်သာ ကစားခွင့်ရသော ကျွန်တော့် ဘ၀က ကံဆိုးမှု များ နှင့် အတူ မည်းမှော င် နေပြီးသားပင်။

ဦးထွန်းစိန်က ငှက်ကြီးကို ဖျတ်ခနဲ လှည့်ကြည့်လိုက်ပြီး……

‘ဘာမှ အတွန့်တက်မနေနဲ့ ငှက်ကြီး။ ဇော်တေဇက မင်းရဲ့ အရံကစားသမားပဲ။ မင်း သူနဲ့ပဲ လေ့ကျင့်ရမယ်။ ပြီးတော့ မင်းရဲ့ နှာခေါင်းထဲက သွေးတွေ ကို တစ်ခုခုနဲ့ သွားသုတ် လိုက်…။ မြင်ရတာ စိတ်မချမ်းသာဘူး’

ငှက်ကြီးမှာ ဘာမှ ပြန်မပြောနိုင်တော့ဘဲ သန့်စင်ခန်းရှိရာသို့ လေးလေးပင်ပင် ထွက် သွားသည်။ နှာခေါင်းထဲမှာ စီးကျနေသော သွေးများ ကို သုတ်ရန်အတွက် ဖြစ်ဟန်တူသည်။

ကျွန်တော် ကတော့ ဘောလုံးကိုပိုက်လျက် သူပြန်လာချိန်ကိုသာ စောင့်ဆိုင်းနေလိုက် သည်။ စိတ်ထဲတွင် လည်း ဆူးပြွမ်းသော ခရီးကြမ်းတစ်ခုကို သွားရတော့မည့်  လူ တစ်ယောက် လို လေးလံဖိစီးသွားမိသည်။

ဘုရား…. ဘုရား….. နောက်ထပ်ပြဿနာတစ်ခုကို ရင်မဆိုင်ရပါစေနဲ့တော့…..။

×


ကျွန်တော့် ဆုတောင်း မပြည့်ခဲ့ပါ။

ငှက်ကြီးက ဘောလုံးကို ကျွန်တော့် ထံသို့ ၀ီခနဲ လှမ်းပစ်လိုက်သည်။ ဘောလုံးမှာ အရှိန်ပြင်းပြင်းဖြင့် ရိတ်ခနဲ ပြေးဝင်လာ၏ ။

ကျွန်တော် က အာရုံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် စုစည်းပြီး ဘောလုံးကိုလက် ဖြင့် ဖမ်းလိုက်သည်။ လေ့ကျင့်နေစဉ်အတွင်းမှာ ကျွန်တော့် မှာ သတိကြီးစွာ ထားနေရသည်။

ငှက်ကြီးက ဘောလုံးအား မျက်နှာကို ချိန်ပစ်လိုက်၊ ၀မ်းဗိုက်ကို ချိန်ပစ်လိုက်နှင့် အမျိုးမျိုး ပညာပြနေ၏ ။

အခုလည်း ငှက်ကြီးက ဘာအကြံအစည်ရှိနေပြန်ပြီလဲ …. မသိ။

‘ကဲ…. ပြေးပြေးလွှားလွှားလေး လေ့ကျင့်ကြရအောင်…..’

ဟု ဆိုလာသည်။

ကျွန်တော် က စိတ်မပါတပါဖြင့် ခေါင်းညိတ်ပြလိုက်ရ၏ ။ လေ့ကျင့်ရေး မှူး ဦးထွန်းစိန် မှာ ကျွန်တော် တို့ကို လေ့ကျင့်ခိုင်းထားပြီး ဘယ်ထွက်သွားသည်မသိ။ ကျန်သည့်အသင်းသား တွေ ကတော့ တက်ညီလက်ညီဖြင့် လေ့ကျင့်နေကြသည်။

ကျွန်တော် နှင့် ငှက်ကြီးက ဟန်ဆောင်ဖုံးကွယ်မှု များ နှင့် လေ့ကျင့်နေကြရ၏ ။

ငှက်ကြီးက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး…….

‘မင်းနဲ့ငါ ဘောလုံးယှဉ်လုပြီး ဂိုးသွင်းလေ့ကျင့်ရအောင်….။ ဒါမှ မင်းဂိုးသွင်းစွမ်းရည် တက်လာမှာ ..’

ကျွန်တော် က မတတ်သာသည့်အဆုံး သဘောတူလိုက်ရသည်။ သို့ ရာတွင် ဘာကြောင့် လဲတော့မပြောတတ်။ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်တော့မလိုမျိုး ကျွန်တော့်ရင်ထဲ တွင် မအီမသာ ဖြစ်လာသည်။

ငှက်ကြီးက ကျွန်တော့် ကို စေတနာဗရပွဖြင့် ဂိုးသွင်းစွမ်းရည်တက်အောင် လေ့ကျင့် ပေးမှာ မဟုတ်မှန်းတော့ သေချာသည်။

ဒါဆို ဘာအကြံအစည်များ ရှိလို့လဲ။

ကျွန်တော် မသိ။ ဘာတစ်ခုမှ ဆိုးဆိုးရွားရွား မ ဖြစ်လာဖို့ကိုသာ မျှော်လင့်နေမိသည်။

ငှက်ကြီးက ဘောလုံးကို တဘုတ်ဘုတ်နှင့် ပုတ်ကာ ကျွန်တော့် ထံသို့ ပြေးဝင်လာ၏ ။ ခန္ဓာကိုယ်ကို ကိုင်းကာ လက်နှစ် ဖက်ကို ဆန့်တန်းထားလိုက်သည်။

‘ဟေ့ကောင် ငါ့လက်ထဲက ဘောလုံးကို ရအောင် ၀င်လုလေကွာ…..။ ဘာလဲ သတ္တိမရှိ ဘူးလား’

ငှက်ကြီးက ကျွန်တော့် ကို ငေါ့တော့တော့လေသံဖြင့် သတိပေးလိုက် ၏ ။ ‘သတ္တိမရှိဘူး လား’ဆိုသည့် စကားကြောင့် ကျွန်တော် အနည်းငယ်ရှက်ရွံ့သွားမိသည်။

တကယ်တော့ ကျွန်တော် ဘောလုံးကို ဘာမှ ၀င်မလုရဲစရာ အကြောင်းမရှိပေ။ မတော် တဆဘောလုံးကို ကျွန်တော် ရသွားပြီး ဂိုးသွင်းလိုက်လျှင် ငှက်ကြီး တစ်ခုခုရန်ရှာမှာ စိုး၍ သာ ဖြစ်သည်။

ကျွန်တော် က နောက်ပြဿနာ နောင်ရှင်းဆိုသည့် အတွေးဖြင့် ဘောလုံးကို ၀င်လုလိုက်၏ ။ မရပေ။ ငှက်ကြီးက ဘောလုံးကို ဘယ်မှညာသို့ ပြောင်းကိုင်ကာ ကျွန်တော့် ကို လှစ်ခနဲ ကျော်ထွက်သွားသည်။

ကျွန်တော် နောက်မှ လိုက်ကာငှက်ကြီး ဂိုးသွင်း၍ မရအောင် တားဆီးလိုက်၏ ။ ငှက်ကြီး ဂိုးလှမ်းသွင်းလိုက်သည့် အချိန်နှင့် ကျွန်တော် လက် လေထဲသို့ ရောက်သွားချိန်က တစ်ထပ်တည်း ကျသွးသည်။

‘၀ီး…..’

‘ဘုတ်’

ဘောလုံးက ခြင်းထဲသို့ မရောက်ဘဲ လေထဲမှာ ပင် လမ်းကြောင်း ပြောင်းသွား ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏ ။ ငှက်ကြီး၏ ဂိုးသွင်းချက်ကို ကျွန်တော် ကာကွယ်လိုက်နိုင် သည်။

ငှက်ကြီး၏ မျက်နှာက လိုချင်တာမရသော ကလေးငယ် တစ်ယောက် လို ရှုံ့မဲ့မဲ့ ဖြစ်သွား၏ ။ နှုတ်မှလည်း…..

‘တောက် !..’

ဟု ခံပြင်းစွာ တောက်တစ်ချက် ခေါက်လိုက်သည်။

မတတ်နိုင်ပေ။ ‘မင်းဘာသာ မင်း အသုံးမှမကျဘဲ’ဟု ကျွန်တော် က စိတ်ထဲမှ ပြောလိုက်မိ၏ ။

ဒီတစ်ခါတော့်  ကျွန်တော့် အလှည့်ပင်။

ကျွန်တော် က ဘောလုံးကို ပုတ်ကာ ငှက်ကြီးရှေ့မှဖြတ်ကျော်ဖို့ ကြိုးစားလိုက်သည်။ ငှက်ကြီး၏ ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် လက်တံရှည်များ က ကျွန်တော့် ကို အုတ်တံတိုင်း တစ်ခုလို ရှေ့မှကာဆီးထားသည်။

သို့ သော် ကျွန်တော် က အတတ်နိုင်ဆုံး ကိုယ်ယောင်ပြကာ လှည့်ထွက်လိုက်၏ ။ ငှက်ကြီးကလည်း အလွတ်မပေး။ သိမ်းငှက်တစ်ကောင်လို လျင်မြန်ဖျတ်လတ်သော မျက်လုံး များ ဖြင့် လှုပ်ရှားမှု တိုင်းကို စောင့်ကြည့်နေသည်။

ကျွန်တော် က တစ်ဖက်သို့ ကိုယ်ယောင်ပြကာ လှစ်ခနဲ လှည့်ထွက်လိုက်၏ ။ အလစ် အငိုက်မိသွားသော ငှက်ကြီးမှာ ကျွန်တော့် ကို မတားဆီးနိုင်လိုက်ပေ။

ကျွန်တော် ၏ ကြိုးစားမှု အောင်မြင်သွားပြီ။ ကျွန်တော် က အားရ၀မ်းသာဖြင့် ဘောလုံးကို ပုတ်ကာ အားကုန်ပြေးထွက်လိုက်သည်။

ထိုစဉ်မှာ ပင် ကျွန်တော် မထင်မှတ်ထားသော အ ဖြစ်အပျက်တစ်ခုက စတင်လာ၏ ။ ကျွန်တော့် မျက်နှာတည့်တည့်သို့ ငှက်ကြီး၏ ရှည်လျားသန်မာသော လက်တစ်ဖက်က အရှိန်ပြင်းပြင်းဖြင့် ရွှေ့လျားလာခြင်းပင်။

‘ဖြောင်း….’

‘အား…!’

‘ဘုန်း….’

နာကျင်မှု ဝေဒနာနှင့်အတူ ကျွန်တော့် ခန္ဓာကိုယ်က အားကစားရုံကြမ်းပြင်ပေါ်သို့ ပက်လက်လန်လဲကျသွားသည်။ ခေါင်းထဲတွင် လည်း မိုက်ခနဲ ဖြစ်ကာ ကြယ်တွေ ၊ လတွေ မြင် သွား၏ ။

ကျွန်တော် အသက်ရှုပင် မ၀တော့ချေ။

မျက်လုံးတွေ ပြာလာကာ နားတွေ အူလာသည်။ အသည်းခိုက်အောင် နာကျင်သွား သော ကြောင့် ခန္ဓာကိုယ်က တစိုးတစိမျှပင် မရွေ့လျားနိုင်တော့ပေ။

ကျွန်တော့် နားထဲတွင် တိုးသဲ့သဲ့ အသံတစ်ခုကို မပီမသ ကြားနေရသည်။

ဒါ ဘယ်သူအသံလဲ။။။။?

ကျွန်တော် မဝေခွဲနိုင်တော့ ….။

နာကျင်မှု ဝေဒနာများ က ကျွန်တော် ၏ အသိစိတ်အားလုံးကို ဖုံးလွှမ်းသွားလေပြီ…..။

ငါ….. ငါ… တစ်ခါတည်း အသက်ပါ ပါသွားတော့မှာ လား….’

×


အခန်း(၄)

‘ဇော်တေဇ၊ ဇော်တေဇ’

စိုးရိမ်တကြီးဖြင့် အော်ခေါ်နေသော အသံတစ်သံက ကျွန်တာ့နားထဲတွင် ကျယ်လောင်လာသည်။

ဒါ ဘယ်သူ့အသံလဲ…?

ကျွန်တော် ချက်ချင်း မှတ်မိသွားသည်။

နာကျင်နေသည့်ကြားမှ အသက်ကို တစ်ချက် ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

ဇူးဇူးဇင်….။

စိုးရိမ်တစ်ကြီးဖြင့် လဲကျနေသော ကျွန်တော့်ကို ဆွဲပွေ့ထူလိုက်၏ ။ ပါးစပ်မှလည်း တုန်ယင်ယင်အသံဖြင့် ….

‘ဇော်တေဇ…. ရလား။ နင် ဘာ ဖြစ်သွားသေးလဲ’

ဟု မေးလိုက်၏ ။ ထို့နောက် ကျွန်တော့် အဖြေကိုပင် မစောင့်တော့ဘဲ ငှက်ကြီးအား မုန်းတီးစက်ဆုပ်စွာ လှည့်ကြည့်လိုက်ပြီး….

‘နင် ကိုယ်ချင်းစာစိတ်မှ ရှိသေးရဲ့ လား…..။ တောက်…… မကောင်းဆိုးဝါးကောင်’

ဇူးဇူးဇင်၏ ပျစ်ပျစ်နှစ် နှစ် ကျိန်ဆဲလိုက်သော စကားကြောင့် ငှက်ကြီး၏ မျက်နှာမှာ နီရဲတက်သွားသည်။

ကျွန်တော် က ဇူးဇူးဇင်ကို အားပြုရင်း မတ်တတ်ထရပ်လိုက်၏ ။

ခုနကလောက် နာကျင်မှု ဝေဒနာများ မှာ မဆိုးရွားတော့သော်လည်း ခေါင်းထဲတွင် မူးဝေေ၀ ဖြစ်နေသေးသည်။ ခန္ဓာကိုယ်မှာ လည်း တဆစ်ဆစ် ကိုက်ခဲနေ၏ ။

ငှက်ကြီးက ကျွန်တော် နှင့် ဇူးဇူးဇင်ကို တစ်လှည့်စီ ကြည့်ကာ ရိသဲ့သဲ့လေသံဖြင့် ….

‘ဇော်တေဇဆိုတဲ့ကောင်က မိုက်တယ်…. ဟေ့၊ သူ့ ကောင်မလေးက တော် တော် ဂရုစိုက်တာပဲ’

‘ဘာ….’

ဇူးဇူးဇင်၏ အသံက ရှက်ရွံ့မှု တို့နှင့် အတူ ကျယ်လောင်သွားသည်။ ကျွန်တော် ပင် သူမ၏ မျက်နှာကို မော့မကြည့်ရဲတော့လောက်အောင်အထိ အားတုံ့အားနာ ဖြစ်သွားမိ၏ ၊

ဇူးဇူးဇင်က ငှက်ကြီးအား ရွံမုန်းစွာ ကြည့်လိုက်ပြီး….

'ငါတောင် ခုနက နင့်ရည်းစားကို တွေ့ ခဲ့သေးတယ် ငှက်ကြီးရဲ့ '

'ဟုတ်လား.. ဘယ်နားမှာ တွေ့ ခဲ့တာလဲ'

ငှက်ကြီးက အံ့သြသွားဟန်ဖြင့် ပြန်မေးလိုက်သည်။ ကျွန်တော် ပင် ကြောင်အအ ဖြစ်သွား၏ ။ အဘယ်ကြောင့် ဆိုသော် ငှက်ကြီးမှာ ရည်းစားလိုချင်လွန်း၍ တစ်ပိုင်းသေနေသူ ဖြစ်သည်။ သို့ သော်လည်း သူ့လို မျောက်လိုလို။ ငှက်လိုလို ခန္ဓာကိုယ်နှင့် လူကို ဘယ်မိန်း ကလေးမှ ပြန်မကြိုက်ချေ။

အခု သူက အထင်ခံရလည်းမနည်းဘူးဆိုသည့်သဘောဖြင့် ပြန်မေးပုံရသည်။ ဇူးဇူးဇင် ၏ စကားကို ကြားရသည့်အခါမှာ တော့ ငှက်ကြီး၏ မျက်နှာက ကွက်ခနဲပျက်သွားလေသည်။

'တိရစ္ဆာန်ရုံထဲက မျောက်ခြံထဲမှာ လေ'

'ဘာ… ဘာပြောတယ်'

ကျွန်တော် က ငှက်ကြီးမျက်စိမျက်နှာပျက်သွားပုံကိုကြည့်ပြီး မရယ်မိအောင် မနည်း ထိန်းလိုက်ရသည်။ စိတ်ထဲမှာ လည်း ငှက်ကြီးခံလိုက်ရသည်ကို ကြည့်ပြီး ၀မ်းသာသွားမိ၏ ။

ငှက်ကြီး ကတော့ ဇူးဇူဇင်ကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်ကာ..

'နင်က ငါ့အကြောင်းမသိဘဲ စိန်လာခေါ်တယ်ပေါ့ ဟုတ်လား..'

'ဟွန်း..နင့်အကြောင်းများ မကြားချင်မှအဆုံး၊ဘတ်စကတ်ဘောကစားရင်အသုံးမကျဘဲ လေကျယ်တာတွေ ၊ကိုယ့်ထက်ငယ်တဲ့လူတွေ ကိုအနိုင်ကျင့်တတ်တာတွေ ၊အကုန်ကြားဖူးသားပဲ’

ခနဲ့တဲ့တဲ့ ပြောလိုက်သော ဇူးဇူးဇင်၏ စကားအဆုံးတွင် ငှက်ကြီးမှာ မခံမရပ်နိုင်အောင် ဒေါသထွက်သွားပုံရသည်။ဇူးဇူးဇင်နေရာတွင် ယောက်ျားလေး တစ်ယောက် သာဆိုလျှင်အရိုးတခြားအသားတစ်ခြား ဖြစ်သွားမှာ သေချာသလောက်ရှိသည်။

ဒုက္ခပဲ…။ဇူးဇူးဇင်တော့ငှက်ကြီးကိုမှသွားရန်စနေပြီ…။

ကျွန်တော် ကစိုးရိမ်သွားပြီးဇူးဇူးဇင်ကိုသတိပေးဖို့ကြိုးစားလိုက်သည်။သို့ ရာတွင် ကျွန်တော့် ကြိုးစားမှု မစရသေးခင်မှာ ပင်ငှက်ကြီး၏ အသံသြသြကြီးကထွက်ပေါ်လာ၏ ။

‘နင်ကဘတ်စကတ်ဘောအကြောင်းဘယ်လောက်သိလို့ငါ့ကိုအသုံးမကျဘူးလာပြော နေရတာ လဲ။နင်…နင်မိန်းကလေး ဖြစ်နေလို့နော်..။နို့မို့ဆိုနာပြီသာမှတ်’

အံတကြိတ်ကြိတ်ဖြင့် ပြောနေသော ငှက်ကြီးကိုကြည့်ကာဇူးဇူးဇင်ကတခစ်ခစ်ရယ်မောလိုက်သည်။ပြီးမှသူမက..

‘နင့်ကိုနင် သိပ်တော် နေတယ်လို့ထင်နေလား ငှက်ကြီး။ ဒါဆိုနင်နဲ့ငါဂိုးသွင်း ပြိုင်ကြရအောင်’

ဟု လေသံမာမာဖြင့် စိန်ခေါ်လိုက်လေသည်။ငှက်ကြီးမှာ ထိုစကားကြားကြားချင်းရယ်စရာ ပြက်လုံးတစ်ခုကိုကြားလိုက်ရသလိုခွက်ထိုးခွက်လန်ရယ်မောလိုက်၏ ။

‘ဟား.ဟား..ဟား.. ရယ်ရတယ်ဟေ့၊နင့်ကိုမိန်းကလေး တစ်ယောက် ကများ ငါ့ကိုလာစိန်ခေါ်ရဲတယ်လို့၊ငှက်ကြီးဆိုတဲ့ကောင်ကဘတ်စကတ်ဘောနဲ့ပတ်သက်လာရင်အားလုံးကိုဦးကျိုးသွားအောင်လုပ်လာတဲ့ကောင်၊ဘယ်သူ့ကိုမှအလျှော့မပေးဘူး..’

‘ဒါဆို ဘောလုံးငါးလုံးစီပြိုင်ပြီးပစ်မယ်လေငှက်ကြီး’

‘အိုကေ..စိန်လိုက်’

ငှက်ကြီး၏ သဘောတူလက်ခံသံကကျွန်တော့် အဖို့စိတ်ကိုမှိုင်းညှို့သွားစေသည်။

ဒုက္ခပါပဲ။ဇူးဇူးဇင်တော့ဘာတွေ လျှောက်လုပ်နေပြီလဲမသိဘူး။

ကျွန်တော် ကဇူးဇူးဇင်အတွက်စိတ်ပူသွားမိသည်။အကယ်၍ ငှက်ကြီးနိုင်သွားခဲ့လျှင်သူမကိုလမ်းတွေ့ တိုင်းအကြီးအကျယ်လှောင်ပြောင်ရယ်မောမည် မှာ အသေအချာပင်။ နောက်.. ဇူးဇူးဇင်၏ ဘတ်စကတ်ဘောစွမ်းရည်မှာ လည်းငှက်ကြီးကိုမမီပေ။

သို့ သော်ဇူးဇူးဇင် ကတော့သူမကိုယ်သူမယုံကြည်မှု အပြည့်ရှိဟန်ဖြင့် ကျွန်တော့် ဘက်သို့ လှည့်ကာမျက်စိတစ်ဖက်မှိတ်ပြလေသည်။သဘောက အေးဆေးပါဆိုသည့်ပုံပင်။

ကျွန်တော် ကစိတ်မသက်မသာ ဖြစ်စွာ ဖြင့် ပြိုင်ပွဲကို စော့င့်ကြည့်လိုက်သည်။ကျန်သည့်အသင်းသားအချို့ကလည်း လေ့ကျင့်နေရာမှနားစွန်နားဖျားကြားပြီးဇူးဇူးဇင်နှင့် ငှက်ကြီးတို့၏ ပြိုင်ပွဲကိုလှမ်းကြည့်နေကြ၏ ။

ငှက်ကြီးက….

‘တစ်လုံးပစ်တစ်ဂိုးဆိုတာနင် မြင်ဖူးအောင်ကြည့်ထား..’

ဟု မော်ကြွားကြွားလေသံဖြင့် ပြောရင်း ဘောလုံးကိုFoul lineထိပ်မှတစ်ဆင့်ပစ်ထည့်လိုက်သည်။

ဘောလုံးကအမှားအယွင်းမရှိ ခြင်းထဲဝင်သွား၏ ။

ငှက်ကြီးကပြိုင်ဘက်ကင်းကစားသမား တစ်ယောက် လိုမျက်နှာပေးဖြင့် ဇူးဇူးဇင်ကိုတစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီးမှကျန်သည့်ဘောလုံးကိုဆက်ပစ်လေ၏ ။

ဇူးဇူးဇင် ကတော့ အေးဆေးတည်ငြိမ်စွာ ပင်။ငှက်ကြီး၏ ဂိုးသွင်းပစ်ချက်များ ကိုဣနြေ္ဒရရဖြင့် ကြည့်နေသည်။

နောက်ဆုံးငါးလုံးမြောက်ဘောလုံးတွင် တော့ငှက်ကြီး၏ ပစ်ချက်က ခြင်းနှင့် လွဲချော်သွားသည်။သို့ သော်လည်းသူ့လိုငါးလုံးတွင် လေးလုံးဝင်အောင်ပစ်ဖို့ဆိုတာတော့မလွယ်ကူပေ။

ကျွန်တော် ကစိတ်လှုပ်ရှားလွန်း၍ အသက်ကို၀၀မရှူမိချေ။နှလုံးခုန်သံကဘင်ခရာတီးဝိုင်းမှအသံလိုတဒုန်းဒုန်းမြည် နေသည်။ ပွေ့ဖက်ဆုပ်နယ်နေသော လက်ဖ၀ါးများ ကပင် ချွေးစေးများ ဖြင့် အေးစက်ထုံကျဉ်လာ၏ ။

မထင်မှတ်လောက်အောင်တည်ငြိမ်နေသူကဇူးဇူးဇင် ဖြစ်သည်။စိုးရိမ်စိတ်တစ်စုံတစ်ရာမှမရှိသည့် ပုံစံဖြင့် ဘောလုံးကို ကောက်ကိုင်လိုက်သည်။ပြီးနောက်အချိန်ယူကာချိန်ဆမနေဘဲ ဘောလုံးကို ခြင်းထဲသို့ လှမ်းပစ်ထည့်လိုက်၏ ။

‘အိုး… ကောင်းလိုက်တဲ့ပစ်ချက်’

ကျွန်တော် ကဟန်ပင်မဆောင်နိုင်တော့ဘဲလွှတ်ခနဲ ရေရွတ်မိလိုက်သည်။တကယ်လည်းဇူးဇူးဇင်ပစ်ထည့်လိုက်သော ဘောလုံးမှာ မချီးကျူးဘဲမနေနိုင်တော့လောက်အောင်ချိန်သားကိုက်ဝင်သွား၏ ။

ငှက်ကြီး၏ မျက်နှာကကွက်ခနဲပျက်သွားသည်။ဇူးဇူးဇင် ကတော့တည်ငြိမ်နေလျက်ပင်။ နောက်ထပ်သုံးကြိမ်စလုံးကိုလည်းအမှားအယွင်းမရှိဝင်အောင်ပစ်သွင်းနိုင်ခဲ့၏ ။

ဇူးဇူးဇင်ဘာလို့ဒီလောက်တောင် တော် နေတာပါလိမ့်။

တစ်ခုခုတော့တစ်ခုခုပဲ..။ငါမသိအောင်များ ဘတ်စကတ်ဘောစွမ်းရည်တက်အောင်ခိုးလေ့ကျင့်ထားတာလား..။

မယုံကြည်နိုင်စရာအ ဖြစ်အပျက်များ ကြောင့် ကျွန်တော် ဘယ်လိုမှပင်ဆက်စပ်မတွေး ခေါ်တတ်တော့ပေ။ဇူးဇူးဇင်ကိုသာတန်ခိုးရှင် တစ်ယောက် လို ငေးကြည့်နေမိသည်။

ငှက်ကြီးမျက်နှာမှာ လည်းရှက်ရွံ့မှု ၊ခံပြင်းမှု များ နှင့် အတူပြိုတော့မည့် မိုးလိုပုပ်သိုးမည်းနက်နေ၏ ။သူကအားကစားရုံနံရံကိုမှီပြီးမျက်စိပျက်မျက်နှာပျက် ဖြစ်နေသည်။

ဇူးဇူးဇင်ကငှက်ကြီးဘက်သို့ စောင်းငဲ့ကြည့်လိုက်ပြီး…

‘ကြားထားနော်.. ငှက်ကြီး။ငါးလုံးပစ်ငါးလုံးဝင်တယ်ဆိုတာနင်တွေ့ ဖူးသွားစေရမယ်…’

ဟုရိသဲ့သဲ့လှမ်းပြောလိုက်သည်။

ပြန်ချေပစရာစကားလုံးမရှိတော့၍ ထင်သည်။အမြဲတမ်းသူတစ်ပါးကို လှောင်ပြောင် ပြောဆိုတတ်သော ငှက်ကြီးမှာ အခုတစ်ကြိမ်တွင် တော့မဲ့ပြုံးတစ်ချက်သာပြုံးနိုင်ပြီးနှုတ်ဆိတ် နေသည်။

ဇူးဇူးဇင်ကငှက်ကြီးထံမှအကြည့်လွှဲပြီး ဘောလုံးပစ်ရန်ချိန်ဆလိုက်၏ ။ထို့နောက်လက်နှစ် ဖက်ကို လေထဲသို့ ဆန့်တန်းကာ ဘောလုံးကိုအသာအယာပစ်သွင်းလိုက်သည်။

‘ဟေး…. နိုင်ပြီကွ’

ဝမ်းသာအားရ အော်ဟစ်လိုက်သော ကျွန်တော့် အသံကအားကစာရုံတစ်ခုလုံးကိုဖုံးလွှမ်းသွား၏ ။

ဇူးဇူးဇင်မှာ နောက်ဆုံးဘောလုံးကိုလှလှပပသွင်းပြီးငှက်ကြီးကိုအနိုင်ယူလိုက်လေပြီ။

‘တောက်..’

ငှက်ကြီးကခံပြင်းစွာ တောက်ခေါက်လိုက်ပြီးအားကစားရုံထဲမှချာခနဲလှည့်ထွက်သွား လေသည်။

‘ဇူးဇူးဇင်ရေ…ငှက်ကြီးတော့ ခေါင်းတောင်မဖော်နိုင်တော့ဘူးး။ဟား..ဟား..ဟား’

ကျွန်တော် ကခွက်ထိုးခွက်လန်ရယ်မောရင်းဇူးဇူးဇင်အနားသို့ သွားလိုက်၏ ။ပြီးနောက်ဇူးဇူးဇင်နှင့် ကျွန်တော် က အောင်မြင်မှု အထိမ်းအမှတ်အ ဖြစ်လက်ဝါးရိုက်လိုက်ကြသည်။

‘ခစ်..ခစ်..ခစ်.. ငှက်ကြီးတော့ဒီတစ်ခါလဒကြီး ဖြစ်သွားပြီ’

ဇူးဇူးဇင်ကသူမစကားကိုသူမဘာသာသဘောကျသွားပြီးတခစ်ခစ်ရယ်မောနေပြန်၏ ။ကျွန်တော် ကတသိမ့်သိမ့်ရယ်မောနေသော သူမကိုပြုံးရယ်ရင်းကြည့်ကာ..

‘နင်ဘာလို့ဒီလောက်တောင် တော် နေရတာ လဲဇူးဇူးဇင်ရယ်။ဘာပဲလုပ်လုပ်နင့်မှာ အရှုံးဆိုတာမရှိဘူးနော်’

‘ကံကြောင့် ပေါ့..ဟယ်’

ဇူးဇူးဇင်ကစကားလုံးနည်းနည်း ဖြင့် သာတုံ့ပြန်ပြီးနဖူးပေါ်ဝဲကျနေသော ဆံစများ ကိုလက်ဖြင့် သပ်တင်လိုက်သည်။ထို့နောက်သူမကပင်..

‘နင့်ကိုငါဝမ်းသာစရာသတင်းတစ်ခုပြောရဦးမယ်.. ဟ’

ဟုဆိုကာကျွန်တော့် လက်မောင်းတစ်ဖက်ကိုခပ်ဖွဖွဆုပ်ကိုင်လိုက်၏ ။ကျွန်တော် ကအ၀တ်အစားလဲရန်Lockerရှိရာဆီသို့ သွားမလို့ဟန်ပြင်နေရာမှဇူးဇူးဇင်ကိုလှည့်ကြည့်လိုက်သည်။

ဇူးဇူးဇင်ကသူမ၏ ၀ိုင်းစက်မျက်ဝန်းကိုတဖျတ်ဖျတ်ခတ်ရင်း..

‘ငါ…မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရတယ်သိလား ဇော်တေဇ’

‘ဟင်.. ဟုတ်လားဇူးဇူးဇင်’

ကျွန်တော် ကတအံ့တသြဖြင့် ပြန်ပြောလိုက်မိသည်။

လွန်ခဲ့သော တစ်ပတ်လောက်ကစာစီစာကုံးသွားပြိုင်မည် ဟုဇူးဇူးဇင်ပြောသံကိုကြားဖူးသော်လည်းဆရရှိသည်ကိုတော့အခုမှသိရခြင်း ဖြစ်သည်။

ဇူးဇူးဇင်ကသူမ၏ နီထွေးသော နှုတ်ခမ်းဖျားလေးကိုပြုံးသည်ဆိုရုံပြုံးလိုက်ပြီး…

‘ငါလည်းဒီမနက်မှသိရတာ ဟ။ပြိုင်တုန်းကရမယ်လို့တောင်မထင်ဘူး။ငါအရမ်းကံကောင်းတယ်သိလား.. ဇော်တေဇ’

ဟုရွှင်ရွှင်မြူးမြူး ပြောလေ၏ ။

ကျွန်တော် ကဘာမှ ပြန်မပြောနေတော့ဘဲ ခေါင်းကိုခါယမ်းလိုက်မိသည်။

ဘာကြောင့် လူချင်းအတူတူမှာ ငါကကံဆိုးပြီးဇူးဇူးဇင်ကအမြဲတမ်းကံကောင်းနေရတာ လဲ..’

ဖြစ်နိုင်ရင်ဇူးဇူးဇင်၏ ဘ၀နှင့် ကျွန်တော့် ဘ၀ကိုသာလဲလှယ်ပစ်လိုက်ချင်သည်။သို့ သော်ဒါဟာမ ဖြစ်နိုင်သည့်ကိစ္စတစ်ခု ဖြစ်မှန်းသိပါသည်။

ဇော်တေဇဆိုသည့်ကျွန်တော့် ဘ၀ကိုယ်တိုင်ကအမှော င်လွှမ်းနေခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မယ်။သို့ တည်းမဟုတ်အမှော င့်ပယောဂတစ်ခုခုကြောင့် များ ကျွန်တော် ကံဆိုးမိုးမှော င်ကျမှု များ နှင့် အတူ ပြဿနာတွေ ရင်ဆိုင်နေရတာ လား…။

ကျွန်တော် ကခါးသီးစွာ တွေးတောရင်းဇူးဇူးဇင်ကို ကျောခိုင်းကာLockerရှိရာသို့ ထွက်လာခဲ့သည်။

ဒီနေ့လို ပြဿာမျိုးတွေ နဲ့ နောက်ထပ်ရင်မဆိုင်ရပါစေနဲ့တော့..။

အခန်း(၅)

ကျောင်းပိတ်ရက် ဖြစ်သော ကြောင့် ကျောင်းအဆောက်အအုံတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။အားကစားရုံမှာ ကျောင်းအဆောက်အအုံနှင့် တွဲ လျက်ရှိပြီးကျွန်တော် ကလူသွေ့ ခြောက်သော လမ်းအတိုင်းLockerရှိရာသို့ လျှောက်လာခဲ့သည်။

လူသူကင်းမဲ့နေသဖြင့် ကိုယ်ခြေသံကိုသာတဖျပ်ဖျပ်နှင့် ကြားနေရပြီးဟာလာဟင်းလင်း ဖြစ်နေသော စာသင်ခန်းမများ ကလည်းလိုဏ်ခေါင်းကြီးများ လိုမည်းနက်ရှည်လျားလွန်းလှ၏ ။

ဒီနေ့ဇူးဇူးဇင်သာ ရောက်မလာရင်ငါ့ကိုငှက်ကြီးက ကောင်းကောင်းအနိုင်ကျင့်ဦးမှာ ..။ တော် သေးတယ်။သူရောက်လာတာ မြန်လို့။

ငါဘာလို့ဒီလိုအလွဲလွဲအချော်ချော်တွေ ဖြစ်နေရတာ လဲ..။

နောက်ထပ်ရောဒီစာသင်နှစ် အတွင်းဘာပြဿနာတွေ ထပ်ရင်ဆိုင်ရေဦးမှာ လဲ..။

ကျွန်တော် က လေးလံသော အတွေးများ နှင့်အတူစကြံထောင့်ချိုးတစ်ခုကိုချိုးကွေ့လိုက်ရာLockerတွဲ များ ရှိသည့် နေရာသို့ ရောက်လာ၏ ။

Lockerများ ထားရာအခန်းတစ်ခုလုံးသင်္ဘောဆေးနံ့တွေ ထောင်းထောင်းထနေသည်။

အင်း..ကျောင်းပိတ်ရက်အတွင်းLocker တွေ ကို ဆေးပြန်သုတ်ထားတာထင်တယ်။

ထိုအတွေးနှင့် အတူကျွန်တော် ကကျွန်တော့် Lockerကိုလှမ်းကြည့်လိုက်သည်။သို့ ရာတွင် ကျွန်တော့် Locker ကတော့မူလဆေးရောင် အတိုင်းမွဲခြောက်ခြောက်သာရှိသေး၏ ။တခြားသူတွေ ၏ Lockerများ မှာ ဆေးရောင် သစ်သစ်လွင်လွင်တွေ ဖြင့် ကြည့်ရှုချင်စရာ ကောင်းနေသည်။

တစ်ဆယ့်သုံးဆိုသည့်ကျွန်တော့် လော်ကာ (Locker) တစ်ခုသာ..။

ဒီLockerနံပါတ်ကြောင့် များ ငါကံတွေ ဆိုးနေတာလား..။

အဆက်အစပ်မရှိဘဲထိုအတွေးကကျွန်တော့် ခေါင်းထဲသို့ ၀င်လာသည်။ကျွန်တော် ကသက်ပြင်းကိုဟူးခနဲမှု တ်ထုတ်ရင်းLockerရှိရာသို့ တစ်လှမ်းချင်း လျှောက်လာလိုက်၏ ။

ထိုစဉ်ခေါင်းထဲ၌ အကြံတစ်ခုလင်းလက်လာသည်။

ဟုတ်တယ်…ငါ့ရဲ့ ကံကြမ္မာကို ပြုပြင်မှရတော့မယ်။

ကျွန်တော် ကပုခုံးပေါ်တွင် လွယ်လာသော ကျောပိုးအိတ်ကို အောက်သို့ ချကာအထဲမှ ဆော့ဖ်ပင်န်ကိုထုတ်လိုက်သည်။ကျွန်တော် Lockerတံခါးကို ပြန်ပိတ်စဉ်ကဘတ်စကတ်ဘော လေ့ကျင့်ရန် နောက်ကျနေသည့်အတွက် သေသေချာချာမပိတ်ခဲ့ရချေ။ထို့ကြောင့် ကျွန်တော် ကတံခါးကိုအသာအယာပြန်ပိတ်သည်။ထို့နောက် လော့ကာ (Locker) ဟုအင်္ဂလိပ်လိုရေး ထား သော စာတန်းရှေ့တွင် ကံကောင်းခြင်း (Lucky) ဆိုသည့်စာသားကိုထပ်ဖြည့်ရေး လိုက်၏ ။

အခုတော့ကံကောင်းသော လော့ကာတစ်ဆယ့်သုံး (LickyLocker-13) ဖြစ်သွားလေသည်။

ကိုယ်ယုံကြည်သည့်အတိုင်းလုပ်ခွင့်ရလိုက်သဖြင့် ပျော်ရွှင်မှု များ နှင့် အတူကျွန်တော့် စိတ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွား၏ ။

တကယ်တော့တစ်ဆယ့်သုံးဆိုသည့်စကားလုံးများ ဖြင့် ဖွဲ့စည်းထားသော ဂဏန်းနံပါတ်တစ်ခုမှာ လူတွေ ကိုအမှန်တကယ်ကံဆိုးစေခြင်းမှန်လျှင်ကံကောင်းခြင်းဆိုသော စကားလုံးများ မှာ လည်းအကျိုးသက်ရောက်မှု ရှိရမည် သာ ဖြစ်သည်။

ကျွန်တော် က ဆော့ဖ်ပင်န်ကို ကျောပိုးအိတ်ထဲသို့ ပြန်ထည့်နေစဉ်မှာ ပင်အသက်ရှူသံလိုလို၊နှာမှု တ်သံလိုလိုအသံတစ်ခုကိုတိုးသဲ့သဲ့ကြားလိုက်ရသည်။

ထိုအသံမှာ ကျွန်တော့် လော့ကာ (Locker)ထဲမှထွက်ပေါ်နေသယောင်..။

ဘာသံပါလိမ့်၊

ကျွန်တော် ကဇဝေဇ၀ါဖြင့် လော့ကာ (Locker)တံခါးရွက်အနားသို့ တဖြည်းဖြည်းချင်းတိုးကပ်ကာနားထောင်ကြည့်လိုက်သည်။

သေချာပြီ…။အထဲတွင် တစ်စုံတစ်ခုရှိနေပေမည် ။

အသက်ရှူသံလိုလို၊ကုတ်ခြစ်သံတွေ လိုလိုကိုပါကြားနေရ၏ ။

ဟင်.. ဒါ..ဒါဘာအသံတွေ လဲ..။

ထူးဆန်းသော အ ဖြစ်အပျက်များ ကြောင့် ကျွန်တော် က ကြောက်ရွံ့တုန်လှုပ်မှု များ နှင့် အတူစိတ်လှုပ်ရှားမိသည်။အသက်ကိုပင် ပြင်းပြင်းမရှူရဲတော့ချေ။ကျွန်တော့် လော်ကာ (Locker) ထဲတွင် မည် သည့်အရာတွေ ရှိနေပြီလဲဆိုတာကိုလည်းအလွန်အမင်းသိချင်လာသည်။

ထို့ကြောင့် ကျွန်တော် ကတုန်ယင်သော လက်များ ဖြင့် လော့ကာ (Locker) တံခါးကိုဆွဲဖွင့်လိုက်သည်။

‘ဟင်’

×


အနက်ရောင် ကြောင်တစ်ကောင်။

အစိမ်းရောင် စူးရှရျမျက်လုံးနှစ် လုံးဖြင့် ကျွန်တော့် ကိုစိုက်ကြည့်နေသည်။

ဘယ်…ဘယ်လိုလုပ်ငါ့လောကာ (Locker) ထဲကိုဒီကြောင်ရောက်နေတာလဲ။

ကျွန်တော် ကကိုယ့်မျက်လုံးပင်ကိုယ်မယုံနိုင်အောင် ဖြစ်သွားပြီး လော့ကာ (Locker) ထဲမှအနက်ရောင် ကြောင်ကိုကြက်သေသေကြည့်နေမိ၏ ။

ထိုစဉ်မှာ ပင် လော့ကာ (Locker) ထဲမှကြောင်ကအပြင်သို့ လွှားခနဲခုန်ထွက်လာသည်။ နောက်…ကျွန်တော့် ခြေထောက်ဘေးမှ ဖြတ်ကျော်ကာအမှော င်ထဲသို့ လှစ်ခနဲ ပြေးဝင်ပျောက်ကွယ်သွားလေ၏ ။

‘ဟူး…ဘာတွေ လဲကွာ’

ကျွန်တော် ကစိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းကိုမှု တ်ထုတ်ရင်းညည်းတွားရေရွတ်လိုက်မိသည်။

ဒီနေ့တစ်နေကုန်စိတ်အနှောင့်အယှက် ဖြစ်စရာတွေ နှင့် သာကြုံနေရသော ကြောင့် ကျွန်တော် ကအခုလိုညည်းတွားမိခြင်း ဖြစ်သည်။စဉ်းစားကြည့်လေ…။ငှက်ကြီး၏ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှု ကိုခံရသည့်အပြင်အခုလည်းဘယ်ကဘယ်လို ရောက်လာမှန်းမသိသည့် ကြောင်တစ်ကောင်ကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရ၏ ။

ကျွန်တော် ကစိတ်ညစ်ညူးစရာအတွေးများ ကိုဆက်စဉ်းစားမနေတော့ဘဲ လော့က (Locker) ထဲသို့ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးလိုက်သည်။

မည် သည့်သတ္တ၀ါမှမရှိတော့ပေ။

ကျွန်တော့် ပစ္စည်းပစ္စယအချို့နှင့် ကျောင်းစာအုပ်တွေ ကိုသာ တွေ့ ရသည်။လိုချင်သည့်ပစ္စည်းအချို့ကိုထုတ်ပြီးသည့်နောက်တွင် လော့ကာ (Locker) တံခါးကိုဂရုတစိုက်နှင့် သေသေချာချာ ပြန်ပိတ်လိုက်၏ ။

‘LuckyLocker-13’

လော့ကာ (Locker) တံခါးရွက်ပေါ်တွင် ရေး ထားသော ထိုအင်္ဂလိပ်စာတန်းကကျွန်တော့် မြင်ကွင်းထဲတွင် အရောင် တလက်လက်ဖြင့် ပေါ်လာလေသည်။

ဟုတ်တယ်။ငါ့အတွက်ကံကောင်းစေမယ့် လော့ကာ (Locker) နံပါတ်တစ်ဆယ့်သုံး ဖြစ်မှာ ပါ..။ဒီနေ့ကစပြီးငါ့အတွက်ကံဆိုးမှု ဆိုတာမရှိတော့ဘူး။အရာရာတိုင်း ပြောင်းလဲသွားလိမ့်မယ်။

နေ့၊ရက်အနည်းငယ် ကျော်လွန်သွားသည့်တိုင်ကျွန်တော့် ကံကြမ္မာမှာ ထူးထူးခြားခြား ပြောင်းလဲလာခြင်းမရှိပေ။

အဲသည်နေ့ကစာသင်ချိန်ပြီးဆုံးသွားသော်လည်းကျွန်တော် ကအိမ်မပြန်သေးဘဲကွန်ပျူတာအခန်းထဲသို့ လာခဲ့လိုက်သည်။

ဇူးဇူးဇင်ကကွန်ပျူတာဘက်ခန်းထဲသို့ ရောက်ရှိနေခဲ့ပြီးကျွန်တော့် ကိုမြင်သော အခါ…

‘ဟဲ.. ဇော်တေဇ၊ငါဘတ်စကတ်ဘောပြိုင်ပွဲသွားကြည့်မလို့လိုက်ဦးမလား..’

ဟုဆီးမေးလိုက်၏ ။ကျွန်တော် ကသူမကို ခေါင်းခါပြလိုက်ပြီး..

‘ဟင့်အင်း.. မလိုက်တော့ဘူး။ငါဒီနေ့လုပ်စရာရှိသေးတယ်’

‘လိုက်ခဲ့ပါ.. ဟာ. နင်ကလည်းဘာလုပ်စရာရှိလို့လဲ’

ဇူးဇူးဇင်ကဇွတ်အတင်းခေါ်နေသော်လည်းကျွန်တော့် မှာ မူလုပ်စရာကိစ္စရှိနေသေး၍ မလိုက်နိုင်ပေ။ကျွန်တော် ကသူမအသုံးပြုနေသည့်ကွန်ပျူတာအနားသို့ သွားလိုက်ပြီး..

‘နင် တစ်ယောက် တည်းပဲသွားလိုက်ပါတော့ဇူးဇူးဇင်ရယ်။ငါဒီနေ့ ဒေါ်မြတ်မြတ်မိုးကိုသူ့ကွန်ပျူတာစစ်ဆေးပေးလို့ကတိပေးထားလို့ပါ’

‘ဒါဆိုလည်းပြီးရော’

ဇူးဇူးဇင်ကအလိုမကျဟန်ဖြင့် ပြောရင်းသူမကိုင်နေသော ကွန်ပျူတာကိုပိတ်ဖို့ကြိုးစားနေ၏ ။ထို့နောက်ကွန်ပျူတာရှေ့မှထကာအားကစားရုံဘက်သို့ သွားရန် ခြေလှမ်း ပြင်လိုက်သည်။

ကျွန်တော် က..

‘နင့်ရဲ့ သိပ္ပံအဖြေလွှာတွေ ပြန်ရပြီလားဇူးဇူးဇင်။ငါတော့အမှားတွေ များ လို့ထင်တယ်။အမှတ်သိပ်မကောင်းဘူး..’

ဇူးဇူးဇင်က ခြေလှမ်းကိုတုံ့ခနဲရပ်ပြီးကျွန်တော့် ဘက်သို့ ဖျတ်ခနဲလှည့်ကြည့်ရင်း..

‘ငါပြောရင်နင်ယုံတောင်ယုံမှာ မဟုတ်ဘူး။ငါစာလည်းသိပ်မကျက်ဘဲနဲ့ ဖြေတာအမှတ်တစ်ရာအပြည့်ရတယ်..ဟ..။အဲဒါကြောင့် ငါ့ကိုယ်ငါတောင်အံ့သြနေတာ..’

‘မအံ့သြပါနဲ့ဟာ။နင်တော် လို့နင်ရတာ ပဲ။ငါဆိုတစ်ပတ်တိတိသိပ္ပံကိုကျက်ပြီး ဖြေတာ တောင်ခုနစ်ဆယ့်လေးမှတ်ပဲရတယ်..’

ဇူးဇူးဇင်ကကျွန်တော့် စကားအဆုံးမှာ ပင်နှုတ်ဆက်ကာထွက်သွားလေသည်။အဲသည့် နောက်မှကျွန်တော် က ဒေါ်မြတ်မြတ်မိုးရှိရာကွန်ပျူတာဆီသို့ လျှောက်လာလိုက်၏ ။

ကွန်ပျူတာဆရာမ ဒေါ်မြတ်မြတ်မိုးမှာ ကျွန်တော့် နှင့် ၀ါသနာတူသည်ဟုဆိုရမည် ။ကွန်ပျူတာဖြင့် ကာတွန်းသက်ဝင်လှုပ်ရှားမှု (Animation) လုပ်ရသည်ကိုဝါသနာထုံပြီး ဖော်ရွေသည့်ဆရာမ တစ်ဦး ဖြစ်သည်။သူမကကျွန်တော် တို့ ကျောင်းတွင် တော့ ကျောင်းသူ၊ ကျောင်းသားများ ကိုကွန်ပျူတာအခြေခံသင်ပေးရန်သာ ဖြစ်သည်။

သို့ သော်ကျွန်တော့်အတွက်တော့ကာတွန်းသက်ဝင်လှုပ်ရှားမှု (Animation) သင်ပေး သော ဆရာမ ဖြစ်သည်။

ကျွန်တော် က ဒေါ်မြတ်မြတ်မိုးအနားသို့ ရောက်သော အခါ..

‘ဆရာမ ..’

ဟုအသံပြုလိုက်သည်။ ဒေါ်မြတ်မြတ်မိုးမှာ ကျွန်တော့် ကိုအခုမှ မြင်သွားပြီးပြုံးပြကာ…

‘ဆရာမ ကွန်ပျူတာက ပြင်လို့ပြီး သွားပါပြီကွယ်။မနက်တုန်းကမင်းလိုပဲကွန်ပျူတာစက်ပြင်တတ်တဲ့တပည့်လေး တစ်ယောက် လာပြင်ပေးသွားတာလေ..။ သြော်.. ဒါနဲ့မင်းလုပ်နေတဲ့ကာတွန်းဇာတ်လမ်းလေးပြီးသွားပြီလား။ဆရာမ ကိုလည်း ပြဦးလေ..’

ကျွန်တော် ကဆရာမ ဘေးရှိကိုင်နေကျကွန်ပျူတာရှေ့တွင် ၀င်ထိုင်ရင်း..

‘နောက် ..တစ်ရက်၊နှစ် ရက်ဆိုရင်ဆရာမ ကို ပြလို့ရပါပြီ။စိတ်တိုင်းမကျတာလေးတွေ ပြင်နေလို့ဆရာမ ကိုမပြသေးတာပါ..’

ဒေါ်မြတ်မြတ်မိုးကကျွန်တော့် စကားကို ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေရင်းကွန်ပျူတာဖြင့် ကာတွန်းဇာတ်ကောင်တစ်ကောင်ကိုဆွဲနေသည်။

ကျွန်တော် လည်းကွန်ပျူတာကိုဖွင့်ကာ လေ့လာစရာရှိတာတွေ လေ့လာနေသဖြင့် သူမနှင့် ဆက်စကားမပြော ဖြစ်တော့ချေ။

အတန်ကြာမှ ဒေါ်မြတ်မြတ်မိုးက..

‘မင်းကိုဆရာမ အရေး ကြီးတဲ့စကားတစ်ခွန်း ပြောစရာရှိသေးတယ် ဇော်တေဇ’

ကျွန်တော် က ဒေါ်မြတ်မြတ်မိုးကိုဖျတ်ခနဲလှမ်းကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။အရေး ကြီးသည့်စကားဆိုသည့်အတွက်လည်းရင်ထဲတွင် ထူးဆန်းစွာ ခံစားလိုက်ရ၏ ။

ဒေါ်မြတ်မြတ်မိုးက

‘ဆရာမ နောက်အပတ်ဆိုရင် ကျောင်းကနေအလုပ်ထွက်တော့မယ် ဇော်တေဇ’

‘ဟင်..ဘာ ဖြစ်လို့လဲ’

မမျှော်လင့်ထားသော စကားကိုကြားလိုက်ရ၍ ကျွန်တော် ကအံ့သြတကြီး ပြန်မေးလိုက်မိသည်။

ဒေါ်မြတ်မြတ်မိုးမရှိလျှင်ကျွန်တော် အလွန်တရာဝါသနာပါသော ကွန်ပျူတာဖြင့် ကာတွန်းဇာတ်ကောင်များ ဖန်တီးသည့်ဘာသာရပ်ကိုသင်ပေးမည့် သူမရှိတော့ပေ။

စိတ်ပျက်ဝမ်းနည်းမှု ကကျွန်တော့် ကိုမည်းမှော င်မှိုင်းညှို့သွားသည်။

‘ကာတွန်းဗညငာအေငသညကုမ္ပဏီတစ်ခုမှာ အလုပ်ရလို့ပါကွယ်။

စာသင်ရတာ ထက်ဆရာမ ကကာတွန်းဗညငာအေငသညလုပ်ရတာ ကိုပိုပြီး

ဝါသနာပါတယ်လေ..။ဒါကြောင့် ဆရာမ က

အလုပ်ပြောင်းဖို့ဆုံးဖြတ်လိုက်တာ ဇော်တေဇရဲ့ ’

ကျွန်တော် ကမည် သည့်စကားလုံးများ ဖြင့် ပြန်ပြောရမည် ကိုပင်မသိတော့ဘဲ ဒေါ်မြတ်မြတ်မိုးကိုသာနှမြောတသ၀မ်းနည်းစွာ ဖြင့် ကြည့်နေမိသည်။

×


အခန်း(၆)

နောက်တစ်နေ့ နေ့လယ်ခင်း။

ကျွန်တော် က နေ့လယ်ကျောင်းဆင်းချိန်ရောက်သည်နှင့် ရေကူးကန်သွားသို့ ထွက်လာခဲ့သည်။ ရေကူးကန်မှာ အားကစားရုံနောက်ကျောဘက်တွင် ရှိပြီးကျွန်တော် အမြဲသွားနေကျ နေရာ ဖြစ်၏ ။

ကျန်းမာရေး နှင့် ညီညွတ်ပြီးစိတ်ကိုလန်းဆနးစေသော ရေကူးအားကစားသည်ကျွန်တော် ၏ နောက်ထပ်ဝါသနာတစ်ခုပင်။ နွေရာသီကာလတစ်လျှောက်လုံး ရေကူးခြင်း၊ကွန်ပျူတာဖြင့် ကာတွန်းဇာတ်ကောင်များ ရေး ဆွဲခြင်းဖြင့် သာကျွန်တော့်အချိန်တွေ ကုန်လွန်ခဲ့ရသည်။

ရေကူးကန်ရှိရာအဆောက်အအုံထဲသို့ လှမ်းဝင်လိုက်သည်နှင့် တပွမ်းပွမ်းရေကူးသံများ ၊ ရေကူးနည်းပြဆရာဦးကျော်မြင့်၏ ၀ီစီသံများ ၊ အော်ဟစ်ညွှန်ကြားနေသံများ ကိုစတင်ကြားလိုက်သည်။

ကျွန်တော် က လော့ကာ(Locker) ရှိရာအခန်းသို့ သွားပြီးအ၀တ်အစားလဲကာ ပြန်လာချိန်တွင် တော့ ရေကူးကန်ထဲ၌ ရေကူးနေသော ငှက်ကြီးကို တွေ့ လိုက်ရသည်။

ဘာကြောင့် မှန်းမသိ။ကျွန်တော် ကငှက်ကြီးကိုတွေ့ တိုင်းမကောင်းဆိုးဝါးတစ်ကောင်ကို တွေ့ မြင်ရသည့်အလားရင်ထဲတွင် မအီမသာ ဖြစ်သွားတတ်၏ ။

အခုလည်းကျွန်တော် ကစိတ်မသက်မသာ ဖြစ်စွာ ဖြင့် သက်ပြင်းရှည်ကြီးကိုချလိုက်မိသည်။

ကျွန်တော် ရေကူးကန်ပေါင်ပေါ်သို့ ရောက်သည့်အခါတွင် တော့ငှက်ကြီးကလှမ်းမြင်သွာပြီးဒီနေ့အတွက်ပထမဆုံးစိတ်အနှောင့်အယှက် ဖြစ်စရာစကားကိုစတင်ကြားလိုက်ရ၏ ။

‘ဟေ့ .. ချန်ပီယံအလောင်းအလျာကြီးပါလား..။ ရေကူးတာတော့ ကောင်မလေးအားကိုးနဲ့မိုက်လို့မရဘူးနော်.. ဟား…ဟား..ဟား..’

‘ဟုတ်တယ်.. ဟုတ်တယ်ကွ…ဟား…ဟား..ဟား..’

ငှက်ကြီး၏ အပေါင်းအပါတချို့ကပါကျွန်တော့်ကိုငတုံးငအတစ်ကောင်လိုကြည့်ရင်းလိုက်လံ လှောင်ပြောင်ရယ်မောလိုက်ကြသည်။

တော် ပြီ.. တော် ပြီ..။သူတို့ပြောသမျှကိုလိုက်ပြီးစိတ်အနှောင့်အယှက် ဖြစ်ရရင်ငါစိတ်ညစ်လို့ကိုဆုံးမှာ မဟုတ်ဘူး..။

ကျွန်တော် ကငှက်ကြီးတို့ပြောသမျှကိုမကြားချင်ယောင်ဆောင်က ရေကူးကန်ပေါင် ထောင့်တစ်နေရာသို့ ထွက်လာခဲ့၏ ။

ထိုစဉ် ရေကူးနည်းပြဆရာဦးကျော်မြင့်၏ ၀ီစီသံနှင့် အတူစကားသံကိုပါကြားလိုက်ရသဖြင့် ကျွန်တော့် ခြေလှမ်းတွေ အလိုလိုရပ်တန့်သွားသည်။

‘နားထောင်ကြစမ်း..၊အားလုံးတကယ့်ပြိုင်ပွဲလိုသဘော

ထားပြီး ရေကူးပြိုင်ကြရမယ်။တစ်ကနေငါးအထိရတဲ့

လူတွေ ကိုပဲဆရာကလာမယ့်ပြိုင်ပွဲတွေ မှာ ၀င်ပြိုင်ဖို့ခွင့်ပြု

မယ်..။ကျန်တဲ့လူတွေ ကတော့ဆက်ပြီး လေ့ကျင့်ကြပေါ့..။

ပြိုင်ပွဲဝင်ပုံစံ ကတော့အားလုံးဝီသီသံကြားတာနဲ့ဒိုင်ဗင်ထိုးပြီး

ရင် ရေကူးကန်နှစ် ခေါက်စီကူးကြရမယ်။ကြိုက်တဲ့ ရေကူးနည်းကို

သုံးနိုင်တယ်။မရှင်းတာရှိကြလား..’

‘မရှိပါဘူး..ဆရာ’

ထိုအဖြေစကားအဆုံးမှာ ပင် ရေကူးပြိုင်ရမည့် လူအားလုံး ရေကူးကန်ပေါင်ပေါ်တွင် ကိုယ်စီကိုယ်စီ နေရာယူလိုက်ကြသည်။

ငှက်ကြီးကကျွန်တော့် ဘေးတွင် နေရာယူရင်း..

‘မင်း ကတော့တစ်ကနေငါးအတွင်းမပြောနဲ့.. ဘိတ်ချီးကိုတောင်မနည်းရအောင်လုပ်ရမယ့် ကောင်ပဲ’

ဟုရန်စလာသည်။တစ်ဆက်တည်းဆိုသလိုငှက်ကြီးကတံတောင်နှင့် လည်းကျွန်တော့် အရှိုက်ဘေးကိုဆတ်ခနဲလှမ်းတွတ်လိုက်၏ ။

‘အင့်’

ကျွန်တော် ကနာကျင်မှု နှင့် အတူတစ်ချက်ညည်းတွားလိုက်ပြီးငှက်ကြီးကို ဒေါသတကြီးလှည့်ကြည့်လိုက်သည်။

ကျွန်တော် သူ့ကိုတစ်ခုခုတုံ့ပြန်မှ ဖြစ်တော့မည် ။ဒီလိုမှမဟုတ်ရင်အနိုင်ကျင့်ခံနေရသည့်ဘ၀ကဘယ်တော့မှလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ကျွန်တော် ကငှက်ကြီး၏ မျက်နှာကိုစုတ်ပြတ်သွားအောင်အထိလက်သီးဖြင့် ထိုးရန်စဉ်းစားလိုက်သည်။ထိုစဉ်မှာ ပင်ဆရာဦးကျော်မြင့်၏ စကားသံကိုကြားလိုက်ရ၍ ကျွန်တော့် အတွေးများ ပြတ်တောက်သွား၏ ။

‘ကဲ..အားလုံးအသင့်ပြင်’

ကျွန်တော် ကငှက်ကြီးထံမှအကြည့်ကို ပြန်ခွာရင်းဒိုင်ဗင်ထိုးရန်ခန္ဓာကိုယ်ကို ရှေ့သို့ ညွှတ်ကိုင်းလိုက်၏ ။ရင်ထဲတွင် တော့ငှက်ကြီးကိုမခံချင်စိတ်များ ကမီးတစ်စလို တောက်လောင် နေသည်။

‘ရွှီ..’

ဆရာဦးကျော်မြင့်က၀ီဝီကိုစတင်မှု တ်လိုက်၏ ။

ကျွန်တော် ကအသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ရေထဲသို့ ဒိုင်ဗင်ထိုးချရန် ပြင်လိုက်စဉ်မှာ ပင်..

‘ဟာ..’

အားယူလှုပ်ရှားလိုက်သော ကျွန်တော့် ခြေအစုံက ရေစိုနေသော ရေကူးကန်ကြမ်းပြင် ပေါ်တွင် ဟန်ချက်ပျက်ကာ ချော်ထွက်သွား၏ ။ခန္ဓာကိုယ်မှာ လည်းကိုးရိုးကားရားဖြင့် ရေထဲသို့ ပြုတ်ကျသွားသည်။

‘ဗွမ်း’

‘ဖူး..ဖလူး..ဖလူး..’

ကလိုရင်းနံ့ ထောင်းထောင်းထနေသော ရေများ မှာ ပါးစပ်၊နှာခေါင်းထဲသို့ အလုံးအရင်းဖြင့် ၀င်လာပြီးကျွန်တော့် အမြင်အာရုံတစ်ခုလုံးပျာခနဲ ဖြစ်သွားသည်။အသက်ကိုပင် ကောင်းစွာ ရှူသွင်း၍ မရတော့။ရင်တစ်ခုလုံးလည်းမွန်းကျပ်သည့် ဝေဒနာများ ဖြင့် ပြည့်နှက်သွား၏ ။ကျွန်တော် ကထိုအခက်အခဲကိုအရင်ပြေလည်အောင် ဖြေရှင်းပြီးသည့်နောက်

‘သတိထားစမ်း.. ဇော်တေဇ..။ဘာမှမ ဖြစ်ဘူး.. စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီး ရေပြန်ကူးစမ်း.. မင်းနိုင်နိုင်သေးတယ်’

ဟုကိုယ့်ကိုယ်ကိုယ်မာန်မဲကာစိတ်အားတင်းလိုက်သည်။ပြိုင်ဘက်များ မှာ အတော် ဝေးဝေးသို့ ရောက်သွားပြီ ဖြစ်သော်လည်းကျွန်တော် ကဇွဲမလျှော့ပေ။ရှိသမျှအားကိုဖျစ်ညှစ်ကာမီအောင်လိုက်ဖို့ကြိုးစားလိုက်သည်။

ကူးထား..ကူးထား.. ဒီထက်မြန်အောင်ကူးထား..။

ကျွန်တော် ကအစွန်းကုန်မြန်အောင်ကြိုးစားနေသော်လည်း နောက်ကျသွားခဲ့လေပြီ။နှစ် ခေါက်ပြည့်၍ ပန်းဝင်ချိန်တွင် တော့အဆင့်ခြောက်သာရရှိခဲ့လေသည်။

ငါဘာလို့များ ဒီလောက်တောင်ကံဆိုးနေရတာ လဲ။ ခြေသာမချော်ခဲ့ရင်အဆင့်၅အတွင်းဝင်အောင်ကူးနိုင်မှာ ။

ကံကြမ္မာဆိုးတွေ ရယ်ငါ့ဆီမလာပါနဲ့တော…။

ကျွန်တော် က၀မ်းနည်းနာကျည်းစွာ ဖြင့် စိတ်ထဲကနေဆုတောင်းမိလိုက်သည်။ရင်တစ်ခုလုံးလည်းရှက်ရွံ့မှု များ ခံပြင်းစိတ်များ ဖြင့် သာဝုန်းဒိုင်းကြဲနေ၏ ။

ခပ်လှမ်းလှမ်းမှငှက်ကြီး၏ လှောင်ပြောင်ပြောဆိုနေသော စကားသံကလည်းနားထဲတွင် ပျားပိတုန်းတစ်ကောင်ပျံဝဲနေသလိုစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှသည်။

သူထင်သလိုငါဟာတကယ့်အူကြောင်ကြောင်သတ္တ၀ါတစ်ကောင် ဖြစ်နေပြီလား..။

ကျွန်တော် က ခေါင်းငိုက်စိုက်ချကာအ၀တ်လဲခန်းသို့ ထွက်လာခဲ့မိသည်။ကျွန်တော့် အတွက်ကံဆိုးမှု များ ၊ လှောင်ပြောင်ရယ်မောသံများ နှင့် သာ ပြည့်နှက်နေသော နေရာတွင် ကြာကြာမနေသင့်တော့ပါ။

ငါ့ထက်ဒီကမ္ဘာပေါ်မှာ ကံဆိုးတဲ့လူဆိုလို့ဖိုးလုံးပဲရှိတော့တယ်ထင်တယ်။ဒါတောင်ဖိုးလုံးကမိဘမဲ့ကလေး ဖြစ်နေလို့..။နို့မို့ဆိုငါ့ထက်တောင်ကံကောင်းချင်ကံကောင်းနေဦးမှာ ..။

ကျွန်တော် ကဘ၀နဲ့ချီပြီးပါစိတ်ပျက်ဝမ်းနည်းလာမိသည်။

အမြဲတမ်းဒီလိုလွဲချော်မှု တွေ နှင့် သာ ရှေ့ဆက်သွားနေရတော့မှာ လား..။

အ၀တ်လဲခန်းအတွင်းရှိ မှော င်မိုက်နေသော အလင်းရောင် လိုကျွန်တော့် အတွေးများ မှာ လည်းမည်းမှော င်သွေ့ခြောက်နေသည်။

ကျွန်တော် ကအ၀တ်လဲခန်းအတွင်းသို့ ၀င်ကာကိုယ်လက်သန့်စင်ပြီးအ၀တ်အစားလဲလှယ်လိုက်သည်။ထို့နောက်ဖရိုဖရဲ ဖြစ်နေသော ဆံပင်မျာကိုဘီးဖြီးရန်မှန်ရှိရာသို့ လာခဲ့လိုက်၏ ။

‘ဟင်’

မှန်မှာ တစ်စုံ တစ်ယောက် ကြောင့် အက်ကွဲနေသော ကြောင့် ကျွန်တော် တအံ့တသြ ဖြစ်သွားရသည်။သို့ သော်ကြာကြာအံ့သြမနေတော့ပါ။ ကျောင်းတွေ အားကစားရုံတွေ မှာ ဒီလိုမျိုးမကြာခဏ ဖြစ်လေ့ရှိသည်မဟုတ်လား..။

ကျွန်တော် ကနံရံပေါ်တွင် ချိတ်ထားသော ဘီးကိုယူကာမှန်ကိုကြည့်လိုက်သည်။မှန်ထဲမှကျွန်တော့် ရုပ်သွင်ကို မြင်ရသည့်အခါမှာ တော့အံ့သြထိတ်လန့်မှု နှင့် အတူပါးစပ်အဟောင်းသားပင်ပွင့်သွားလေတော့၏ ။

ဒါ..ဒါ..ဘယ်လို ဖြစ်တာလဲ..။တစ်ခုခုတော့မှားနေပြီ..။

ကျွန်တော် ကသုံးလေးကြိမ်မှမျက်တောင်ခတ်ကာမှန်ကို သေချာစွာ ပြန်ကြည့်လိုက်သည်။

တကယ်ပင်.. မှန်ထဲမှမြင်နေရသည့်ကျွန်တော့် မျက်လုံးတွေ မှာ ပုံမှန်အတိုင်းမဟုတ်တော ပေ။

မကောင်းဆိုးဝါးတစ်ကောင်၏ မျက်လုံးများ လိုနီရဲတောက်လောင်စူးရှနေလျက်။

ဟင့်အင်း…ဟင့်အင်း.. ဒါငါ့မျက်လုံးမဟုတ်ဘူး..။

တုန်လှုပ်စရာအ ဖြစ်ဆိုးကြောင့် နေရာမှာ တင်အသက်ဝိညာဉ်လွင့်စင်သွားတော့မလိုခံစားလိုက်ရပြီ။ကျွန်တော့် တစ်ကိုယ်လုံးလဲပြိုကျတော့မတတ်ယိမ်းခါသွားလေ၏ ။

ထိုစဉ်မှာ ပင်မှန်ထဲမှမြင်နေရသော ကျွန်တော့် မျက်လုံးနှစ် လုံးမှာ မီးတောက်မီးလျှံများ လိုအရှိန်ညီးညီးတောက်လောင်လာပြီးနီရဲစူးရှနေသော အလင်းများ တဖျပ်ဖျပ်လင်းလာလေသည်။

ကျွန်တော် ကြောက်စိတ်ကိုတင်းမခံနိုင်ပေ။ထိတ်လန့်တုန်လှုပ်မှု များ ၊ သွေးပျက် ချောက် ခြားမှု များ ဖြင့် အာခေါင်ခြစ်ကာ အော်ဟစ်မိလိုက်တော့လေသည်။

‘အား…….’



ဝန်ဇင်းချစ်သူများ သတိုးတေဇ ၏ “ ကြမ္မာ ပြောင်းသူ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကကြိုးရှုပ်တဲ့တစ္ဆေ

ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ

တစ္ဆေတစ်ကောင်ရဲ့ ညစာ