ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ
လရောင် ကြောင့် သစ်ပင်ဝါပင်တို့၏ အရိပ်က ရွာလယ်လမ်းမပေါ်သို့ ထိုးကျနေ၏ လူခြေ တိတ်၍ အိပ်ချိန်တန်ပြီ ဖြစ်သော ကြောင့် ကာလသားတစ်ဦးတလေ၏ ပုလွေသံမှအပ ရွာသည် တိတ်ဆိတ်နေ၏ ။
ရွာတောင်ဘက်နားရှိ သစ်သားခြေတန်ရှည်အိမ်တစ်လုံး၏ အောက်ဘက်နွားစားကျင်းနှင့် နွားချည်တိုင်များ ကြားတွင် တကုပ်ကုပ် အလုပ်ရှုပ်နေသော ဘိုးလေးစိန်သော င်း ကတော့ တစ်စုံ တစ်ရာကို မကျေမနပ်ဖြင့် တတွတ်တွတ် ရေရွတ်နေလေသည်။
ဘိုးလေးစိန်သော င်းက နွားခြင်မီးထည့်ရာမှ မီးခိုးတွေ အူထွက်လာသည့်အထိ ယပ်ခတ်ပေး လိုက်သည်။ ပြီးတော့မှ လက်ဆွဲမီးအိမ်ကို ကိုင်ကာ အိမ်ပေါ်သို့ တက်လာရင်း ဇနီး ဖြစ်သူ ဖွားငွေ ကို လှမ်းပြောလိုက်သည်။
မင်းရဲ့ သားတော် မောင် ထွန်းခင် ကတော့ လုပ်လိုက်ပြန်ပြီ ဟေ့။ ညနေက နွားတွေ သိမ်း လာတာ တစ်ကောင်ပါမလားဘူးလေ။
ဟင်…ဟုတ်လား၊ ဘယ်အကောင်ကြီးတုန်းတော့…
တိုးပွားလေ….ပြီးခဲ့တဲ့အပတ်ကမှ သဖန်းချောင်က ၀ယ်ထားတာ။
ဘိုလေး စိန်သော င်းတို့နေထိုင်ရာ ထော်ပုံရွာနဲ့ သဖန်းချောင်မှာ ရွာချင်းဆက်နေ၏ ။ ထော် ပုံဆိုသည်က မွန်ဘာသာစကား ဖြစ်ပြီး နဘဲပင်ပေါက်ရာကုန်းဟု အမည် ရသော မြစ်ဝကျွန်းပေါ် ရွာ တန်းရှည် ဖြစ်သည်။
အနီးဆုံး ဖြစ်သော လပ္ပတ္တာမြို့ဆီသို့ ပင် ခြေလျင်ခရီးဖြင့် တစ်ညအိပ်ခန့် သွားရသော ဝေးလံခေါင်သီလှသည့် ရွာတန်းရှည် ဖြစ်လေသည်။ ကိုလိုနီခေတ်စီးပွားရေး နိမ့်ကျမှု များ ကြောင့် မ၀ရေစာ စိုက်ပျိုးရှာဖွေစားသောက်ရသော ကျောမွဲလူတန်းစားများ နေထိုင်ကြ၏ ။
အခုလည်း ဆင်းရဲသားပီပီနွားတစ်ကောင်လုံး ပျောက်ဆုံးရခြင်းအတွက် ဘိုးလေးစိန် သော င်း တစ်ယောက် ညည်းညူ၍ မဆုံးနိုင်အောင် နှမြောတသ ဖြစ်နေလေ၏ ။ ဇနီး ဖြစ်သူ ဖွားငွေ က….
တိုးပွားကြီးက မျက်စိတွေ ဘာတွေ လည်ပြီး သူ့အရင် သခင်ဟောင်းရှိတဲ့ သဖန်းချောင်ကို ပြန်သွားတာများ လားတော် ။
ဘိုးလေးစိန်သော င်းက တွေ တွေ ငေးငေးဖြင့် စဉ်းစားလိုက်ပြီး ခေါင်းကို တစ်ချက်ညိတ်ကာ အေး ဖြစ်နိုင်တယ်ဟ၊ ကဲပါလေ….ပြောနေကြာပါတယ် ငါခေါင်းပေါင်းနေကျတဘက်ကလေး လှမ်း လိုက်စမ်းပါဦ၊ မယ်ငွေရယ်။ သဖန်းချောင်ကို ငါလိုက်သွားပြီး မေးဦးမြန်းဦးမှပါ။
တော့် ဟာကလည်း ညကြီးမင်းကြီး သွားမလို့လားရှင့်၊
သွားရမှာ ပေါ့ဟ….မတော် လို့ နွားသူခိုးတွေ နဲ့ တွေ့ သွားရင် ဘယ်နှယ်လုပ်မလဲ။ ဒါမှမဟုတ် မျက်စိလည်ပြီး တောထဲရောက်သွားရင် ဟင်းကောင် (ကျား) ဆွဲသွားလို့ ချို့နဲ့ခွာပဲကျန်လိမ့်မယ်။ ငါလိုက်မှ ဖြစ်မှာ ပါပဲလေ။ မင်းသားတော် မောင်က အသုံးမှ မကျဘဲကို။
ဖွားငွေက ဖျောင်းဖျောင်းဖျဖျဖြင့် …။
အိုတော် ….လူလေးက ရပ်ရေး ရွာရေး လည်း လုပ်ရသေးတာကိုး။ ကထိန်ပွဲနီးပြီဆိုတော့ တစ်နေကုန်ပင်ပန်းပြီး ရွာတန်းရှည်တစ်ဆယ့် နှစ်ရွာလုံး လိုက်အလှူခံရတာ ပင်ပန်းတာပေါ့တော် ၊ အဲဒါကြောင့် မောမောနဲ့ သတိလက်လွတ် ဖြစ်သွားတာနေပါလိမ့်မယ်။
ဟုတ်တော့လည်း ဟုတ်သည်။ သူတို့ ရွာတန်းရှည်တစ်ခုလုံးက ဘုံကထိန်ပွဲကို ကြီးကြီး ကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပလေ့ရှိသည်။ ထို့ကြောင့် သီတင်းကျွတ်လို့ ခြေခင်းလက်ခင်း သာပြီဆိုကတည်းက ရပ်ရေး ရွာရေး လုပ်သော လူငယ်များ က ရွာစဉ်လှည့်ပြီး အလှူခံလေ့ရှိကြ၏ ။
ဒိုးပတ်ဝိုင်းနှင့် အတီးအမှု တ်၊ အကအခုန်တွေ လည်း ပါသည်။ တစ်ပျော်တစ်ပါး ကကြ ခုန်ကြသည်။ ၀ါးဖြင့် ဦးရွှေရိုးပုံ အရုပ်ကြီးယက်လုပ်ကာ စက္ကူဖြင့် ကပ်၊ ပုံဖော်ထားကြသည်။ ပြီး တော့ အဲဒီ အရုပ်ကြီးထဲ လူဝင်ပြီး ဘယ်ညာယိုင်းထိုးကာ ကရင်း ရွာစဉ်လှည့်အလှူခံကြ၏ ။
လူငယ်တွေ ပီပီ ပင်ပန်းတော့ အသောက်အစားလည်း နည်းနည်း ပါးပါး ရှိနိုင်လောက် သည်ဟု ဘိုးလေးစိန်သော င်း တွက်ဆမိ၏ ။ အခုလည်း ထွန်းခင် တစ်ယောက် မူးမူးနှင့် အိမ်ပေါ် တွင် သိုးနေအောင် အိပ်ပျော်နေခြင်း ဖြစ်မည် ။
သို့ သော် ဇနီး ဖြစ်သူ ဖွားငွေ စိတ်မကောင်း ဖြစ်မှာ စိုးသဖြင့် ဘိုးလေးစိန်သော င်းက ဘာမှ ထပ်ပြောမနေတော့ဘဲ တဘက်တစ်ထည်ကို ခေါင်းပေါင်းပေါင်း၊ ဖျင်စောင်ကြမ်းတစ်ထည်ကို ပခုံး ပေါ်တင်ကာ မြွေပါးကင်းပါး ခြောက်လှန့်ဖို့ နကန် (နွားရိုက်တုတ်) တစ်ချောင်းကိုင်ပြီး ခြံဝိုင်းထဲမှ ထွက်ခဲ့တော့၏ ။
လရောင် ပျောက်ကြား ကျနေသော ရွာလယ်လမ်းအတိုင်း လျှောက်လာရင်း ဓမ္မာရုံ ရှေ့နားဆီ ရောက်တော့ ဓမ္မာရုံစောင့် ဦးသူတော် ကိုများ တွေ့ မလားလို့ ကြည့်လိုက်မိသေး၏ ။ သို့ သော်မတွေ့  ရ၊ ခါတိုင်းဆိုလျှင် ဦးသူတော် က ဓမ္မာရုံရှေ့က တံစက်မြိတ်အောက်မှာ မီးဖိုကာ ရေနွေးကျိုရင်း ဖြတ်လာသမျှလူတိုင်းကို အခါးရည်သောက်ဖို့ဖိတ်ခေါ်ပြီး စကားစမြည် ပြောလေ့ ရှိသည်။
အခုတော့ မီးပင်ထွန်းမထားချေ။ လူသူမရှိ ခြောက်ကပ်တိတ်ဆိတ်လွန်းတော့လည်း စိတ် ထဲမှာ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေ၏ ။ ချောက်ချားစရာလိုလို ဘာလိုလို…။
ဒီကြားထဲ ဘယ်နေရာကမှန်းမသိ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံက ထွက်ပေါ်လာ သေး၏ ။ ဘိုးလေးစိန်သော င်းက ဟိုဟိုဒီဒီကြည့်လိုက်တော့ ဓမ္မာရုံအပြင်ဘက် သရက်ပင်အောက် မှာ လုံးပတ်က လက်နှစ် ဖက်စာလောက်ရှိပြီး ၀ါးတစ်ပြန်စာနီးနီး အရပ်မြင့်လှသော လူဖြူဖြူကြီး တစ်ယောက် မားမားရပ်နေသည်ကို တွေ့ လိုက်ရတော့သည်။
ဟင်း…ဘုရား…ဘုရား။
ဘိုးလေးစိန်သော င်း ယောင်ပြီး ဘုရားတလိုက်မိသည်။ နောက် သေသေချာချာ ကြည့် လိုက်တော့မှ ၀ါးဖြင့် ယက်ပြီး စက္ကူကပ်ထားသော ဦးရွှေရိုးအရုပ်ကြီး ဖြစ်နေမှန်း တွေ့ လိုက်ရ သည်။
ဟူး….နာနာဘာဝများ အောက်မေ့လို့ ငါဖြင့် ရင်ကိုထိတ်သွားတာပဲ။
အလှူခံသည့်အခါ လူဝင်ပြီး ကလေ့ရှိသည့် ဦးရွှေရိုးအရုပ်ကြီးက တစ်ဝက်တစ်ပျက် လ ရောင် အောက်တွင် ပြောက်တိပြောက်ကြားသာ မြင်နေရသည်။ အရုပ်ကြီး၏ ပါးစပ် ကတော့ပြုံးနေ ၏ ။ လက်ဖက်ပန်းကန်ပြားဝိုင်းစက်ထူထဲစွာ ရေး ခြယ်ထားသည်။
ဘိုးလေးစိန်သော င်းက အရုပ်ကြီးကို ကြည့်ရင်း ကျောထဲစိမ့်သလိုလို၊ ကြက်သီးမွေးညင်း များ ထချင်သလိုလို ဖြစ်လာသော ကြောင့် မျက်နှာလွဲပြီး ရွာပြင်ဘက်ဆီသို့ သာ ခပ်သုတ်သုတ် လျှောက်ခဲ့လေတော့သည်။
ညမိုးချူပ်နေပြီ ဖြစ်သော ကြောင့် သဖန်းချောင်ရွာသို့ ဖြတ်လမ်းက သွားမိတော့မှပဲ ပိုဆိုး နေတော့သည်။ မျက်စိမှားပြီး တောထဲမှာ ချာချာလည်နေ၏ ။ ဆောင်းတွင်းကြီး ဖြစ်သည့်တိုင် ဘိုးလေးစိန်သော င်းနဖူးမှာ ချွေးစို့နေတော့သည်။
အမောဖြေချင်လာသော ကြောင့် ဘိုးလေးစိန်သော င်းက ပုခုံးပေါ်တင်ထားသည့် ဖျင်ကြမ်း စောင်ဖြင့် မျက်နှာပေါ်မှ ချွေးစက်များ ကို သုတ်လိုက်၏ ။ လက်နှစ် ဖက်ခန့်လုံးပတ်ရှိသော ကုက္ကိုပင် ကြီးတစ်ပင်၏ ခြေရင်းတွင် ထိုင်ချလိုက်သည်။
ဟူး….ငါ့လခွေး သဖန်းချောင်ဘက်မရောက်ဘဲ ဖက်ယားတောဘက် ရောက်နေပြီထင် တယ်။ အင်း…ဒုက္ခ….ဒုက္ခ။
ဘိုးလေးစိန်သော င်းက ခါးပိုက်ထဲထည့်ယူလာသော ကွမ်းယာကို ပါးစပ်ထဲ ပစ်ထည့်ဝါးရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တောရိပ်တောင်ရိပ် ချုံလွှမ်းရာဒေသ ဖြစ်သော ကြောင့် ပိုးကောင် ပုရစ်ကောင်တို့ အော်မြည် သံ တစီစီကို ကြားရသည်။ ရံဖန်ရံခါ လေတိုးလိုက်သော အခါ သစ်ကိုင်းခက်လက်တွေ ယိမ်းနွဲ့သွားပြီး တရှဲရှဲမြည် သွားကြ၏ ။
ဟိုး အဝေးဆီမှ ချေဟောက်သံသဲ့သဲ့ကို ကြားရသည်။တောကောင်ငယ်တို့ မြူးထူးပြေး လွှားကြသံကိုလည်း ကြားရ၏ ။ တောထဲတောင်ထဲ ဆိုတော့ ဒီလိုပင်ကြားနေကျ ဖြစ်သည်။
ထိုစဉ် ရုတ်တရက်ဆိုသလို သဘာဝ၏ အသံတွေ အားလုံးရုတ်ချည်း တိခနဲ ပြတ်တောက် ကာ တိတ်ဆိတ်သွားသည်။ သေတ္တာတစ်လုံးထဲ ထည့်ပြီး အဖုံးပိတ်ထားရသလိုမျိုး ထူးထူးခြားခြား အသံမဲ့နေ၏ ။
လေကလည်း လုံးဝမတိုက်ခတ်ဘဲ ဘာရွေ့လျားမှု မှ မရှိတော့သလို ငြိမ်သက်ရပ်တန့်နေ သည်။ လေမတိုက်ဘူးဆိုကာမှ အပုတ်နံ့တစ်ခုက ထူးထူးခြားခြား ထောင်းခနဲ လွင့်ပျံ့လာ၏ ။
တောထဲသို့ ၀င်နေကျ ဖြစ်သော ဘိုးလေးစိန်သော င်းက အခုလို ဖြစ်နေပုံသည် သဘာဝ မကျမှန်း တစ်စုံတစ်ရာ မူမမှန်ကြောင်း ချက်ချင်း ဆိုသလို ရိပ်မိလိုက်သည်။ သတိနဲ့ နေမှပဲဟု တွေးရင်း သူ့ကျောရိုးတစ်လျှောက် တောင့်တင်းသွား၏ ။
ရှဲ…
တိရိစ္ဆာန်တစ်ကောင်က သစ်ပင်ကြား တိုးဝှေ့သွားသလို အသံကြားလိုက်ရသည်။ ဘိုးလေး စိန်သော င်းက ပျောက်နေသော သူ့နွားများ လားဟု ခေါင်းထောင်ကြည့်လိုက်၏ ။
တိုးပွားရေ…..တိုးပွား…ဖေ့သားကြီး…
ဟုခေါ်သံပြု၍ ထိုင်ရာမှ ထလိုက်ဖို့ ခြေလှမ်းပြင်သည်။ ထိုမည်းမည်း သဏ္ဍာန်က ကိုင်းပင် တွေ ကြားထဲ တိုးဝင်သွား၏ ။
ထိုစဉ်..
ဂစ်…..ဂစ်….ဂစ်..
ဟဲ့….ရှူး….ရှူး…နိမိတ်မရှိ နမာမရှိနဲ့။
ဦးခေါင်းပေါ်ရှိ သစ်ကိုင်းထက်မှ ငှက်ဆိုးတစ်ကောင်က မြည် တွန်လိုက်သဖြင့် ဘိုးလေးစိန် သော င်းက ခြောက်လှန့်မောင်းထုတ်လိုက်၏ ။
ငှက်ဆိုးက ဖလူး ခနဲ ထပျံသွားချိန်တွင် ဘိုးလေးစိန်သော င်း ရုတ်တရက် ကြက်သီးများ ထသွား၏ ။
လက်ထဲက နကန်ကို ကျစ်ကျစ်ပါအောင် ဆုတ်ရင်း ကိုင်းပင်တွေ ကြားထဲ တိုးဝင်လိုက်သွား သည်။ ဘာမှ မတွေ့ ။
သို့ သော် သူ့ကျောကို တစ်စုံ တစ်ယောက် က စိုက်ကြည့်နေသလို ခံစားရ၍ ပြန်လှည့်ကြည့် လိုက်သည်။ စောစောက သူထိုင်နေခဲ့သော ကုက္ကိုပင်ကြီး၏ ဘေးတွင် လူခပ်ကြီးကြီး တစ်ယောက် ရပ်နေသည်ကို တွေ့ လိုက်ရလေသည်။
ဟင်း..
ရှေ့သို့ လေးငါးလှမ်းခန့် တိုးသွားပြီးသည့်အခါတွင် ကား ထိုသဏ္ဍာန်သည် လူမဟုတ်ဘဲ ၀ါးဖြင့် အရုပ်ချိုးပြီး စက္ကူကပ်ထားသည့် ဦးရွှေရိုးအရုပ်ကြီးမှန်း တွေ့ လိုက်ရလေသည်။
ဟင်…ဒီအရုပ်ကြီးက စောစောတုန်းက ဓမ္မာရုံဘေးသရက်ပင်အောက်မှာ ငါတွေ့ ခဲ့တာပါ။ ဒါကြီးကို ဟောဒီတောထဲ ဘယ်သူထမ်းယူလာတာပါလိမ့်….။
ဘိုးလေးစိန်သော င်းက လက်ထဲက နကန်ထုတ်ကို ထောက်ကာ ထောက်ကာဖြင့် အရုပ် ကြီးရှိရာဆီသို့ လျှောက်လာမိလေ၏ ။
လရောင် အောက်တွင် သူ မြင်နေရသည့် စက္ကူရုပ်ကြီး၏ မျက်နှာက တစ်မျိုးကြီး ဖြစ်နေ သည်။ အရုပ်၏ ပါးစပ်က ပြုံးရယ်နေတာနှင့် မတူဘဲ ကြောက်စရာကောင်းအောင် သွားဖြဲပြသလို ဖြစ်နေ၏ ။
ဘိုးလေးစိန်သော င်းက စူးစမ်းချင်စိတ်ဖြင့် ရှေ့သို့ သုံးလေးလှမ်းထပ်တိုးသွားသည့် အခါ စက္ကူရုပ်၏ မျက်လုံးအနက်ဆံက သူ့ကိုလိုက်ကြည့်သလိုမျိုး ဖြည်းဖြည်းချင်း ရွှေ့လျားသွား ကြသည်။
သူ အံသြလွန်းသဖြင့် ကြက်သေ သေပြီး ကြည့်နေမိ၏ ထိုစဉ် အရုပ်ကြီးက မျက်တောင် တစ်ချက်ခတ်လိုက်၏ ။
ဘိုးလေးစိန်သော င်း၏ လက်ထဲက နကန်ကြိမ်လုံး လွတ်ကျသွား၏ ၊ အရုပ်ကြီးက သိသိ သာသာပင် နောက်တစ်ကြိမ် မျက်တောင်ခတ်လိုက်သည်။
ဟာ….
အကြောက်လွန်နေသော ဘိုးလေးစိန်သော င်းဆီသို့ အရုပ်ကြီးက တရွေ့ရွေ့ ချဉ်းကပ် လာ သည်။ ထိုအခါမှပင် သေသေချာချာကြည့်မိတော့သည်။
(ဓာတ်ပုံ)
အရုပ်ကြီးထဲမှာ လူဝင်နေခြင်းမဟုတ်…။ အရုပ်၏ အောက်ပိုင်းတွင် ခြေထောက် လုံးဝမရှိ ဘဲ မြေကြီးအထက် တစ်တောင်ခန့်တွင် ဒီအတိုင်းလွတ်နေပြီး ဖြည်းဖြည်းချင်း ရွှေ့လာခြင်း ဖြစ်သည်။
အောင်မယ်လေး…..လုပ်ကြပါဦးဗျ…သရဲ….သရဲ…
ဘိုးလေးစိန်သော င်းကား အသံကုန်အော်ဟစ်ရင်း ခြေဦးတည့်ရာ ပြေးလေတော့သည်၊ ဦးတည်ရာမဲ့…ပရမ်းပတာ….။ သူ့ခန္ဓာကိုယ်ကို ခြေထောက်နှစ် ချောင်းက သယ်နိုင်သလောက် အစွမ်းကုန်ပြေးသည်။
နောက်ဆုံး မောဟိုက်လာပြီး ပုံလျက်သား လဲကျသည်အထိ….။
နောက်တစ်နေ့မနက် ထော်ပုံချောင်းဘေးတွင် ပုံလျက်သားလဲကျနေသော ဘိုးလေးစိန် သော င်းကို ရွာသားများ က တွေ့ သဖြင့် အိမ်သို့ ထမ်းခေါ်လာကြသည်။
ဘိုးလေးစိန်သော င်းက သတိရလိုက်၊ မရလိုက်နှင့် တစ်ချက်တစ်ချက် အရုပ်ကြီး လိုက် လာပြီ…အရုပ်ကြီး လိုက်လာပြီ ဟုယောင်ယမ်းအော်ဟစ်သည်။
သုံးရက်မြောက်ညတွင် ကား ဘိုးလေးစိန်သော င်း သတိလည်လာသည်။ အစာရော၊ ရေပါ၊ မ၀င်သဖြင့် အားပြတ်နေသော ဘိုးလေးစိန်သော င်းက လေသံသဲ့သဲ့ဖြင့် ဇနီး ဖြစ်သူ ဖွားငွေအား သူ သရဲခြောက်ခံရသည့်အကြောင်း ပြောပြပြီး ထိုနေ့မနက်လင်းအားကြီးတွင် ကွယ်လွန်သွားရှာလေ တော့သည်။
ဘိုးလေးစိန်သော င်း၏ အသုဘတွင် တီးခတ်လိုက်သည့် ကြေးစည်သံကား ရွာတန်းရှည် တစ်ဆယ့်နှစ် ရွာလုံးကို လွင့်ပျံ့သွားသည်။
ထိုကြေးစည်သံကပင် ရွာတန်းရှည် တစ်ဆယ့်နှစ် ရွာအတွက် နိမိတ်ဆိုးဟု ဆိုရမည် လား မသိပါ။
ထို…..ချောက်ချားစရာ အ ဖြစ်အပျက်၏ နိဒန်းသည်ကား….။
မနက်ခင်းအရုဏ်တက် ၀ါဖျော့ဖျော့နေရောင် ခြည်က ကျူထရံလေးထောင့်ကွက်ပေါက်တွေ ကိုဖြတ်ကာ အိမ်အတွင်းသို့ ထိုးကျလာသဖြင့် ကိုဖေသော် တစ်ယောက် အိပ်ရာမှ ဆတ်ခနဲ နိုးကာထထိုင်လိုက်၏ ။
ခပ်လှမ်းလှမ်းမီးဖိုထဲတွင် ရေနွေးအိုးတည်နေသော တူမ ဖြစ်သူ သင်းသင်းကြူက-
သြော်….ဘဒွေးတောင် နိုးလာပြီကိုး၊ ခဏလေးနော်ဘဒွေး….ရေနွေးအိုးက ခွင်ပေါ်မှာ လက်စကြီး ဖြစ်နေလို့၊ ပြီးရင်ဘဒွေးမျက်နှာသစ်ဖို့ ရေယူခဲ့မယ်။
ကိုဖေသော်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ ဟိုဟိုဒီဒီမျက်လုံးဝေ့ကြည့်လိုက်တော့ အိမ်ရှေ့ကွပ်ပျစ်တွင် ဇနီး ဖြစ်သူ မပေါက်စက သူ ဈေးရောင်းမည့် ငါးများ ကို အကြီးအသေး ရွေး ထုတ်နေသည်ကို တွေ့ ရသည်။
ခဏအကြာတွင် တူမ ဖြစ်သူ သင်းသင်းကြည်က ရေထည့်ထားသည့် ဇလုံတစ်ခုနှင့် ယော တဘက်တစ်ထည် ပုခုံးပေါ်လွှားကာ ကိုဖေသော်အနား ရောက်လာသည်။
ကဲ….ဘဒွေး မျက်နှာသစ်ရအောင်နော်၊ ရော့…ဒီမှာ က သွားတိုက်ဖို့ဆား….
သင်းကြည်မက ပြောရင်း ကိုဖေသော်လက်ထဲသို့ ဆားလက်တစ်ဆုပ် ထည့်ပေးလိုက် သည်။
ကိုယ်လက်သန့်စင်ပြီးနောက် ကိုဖေသော်က-
ဟဲ့ သင်းကြည်မ…ငါ အပေါ့သွားချင်လို့။ ငါ့ကိုတွဲ ပြီး နောက်ဖေးထဲ ပို့ပါဦးဟာ။
သင်းသင်းကြည်က တစ်ချက်မညည်းညူဘဲ-
ဟာ ဘဒွေကလည်း ဘာလို့နောက်ဖေးထဲထိသွားမှာ တုန်း….။ချော်ပြုလဲနေပါဦးမယ်။ ခဏလေး သမီး အိုးယူပေးမှာ ပေါ့။ အိုးထဲပဲ သွားပါ။
ဟုပြောကာ သွက်လက်စွာ ဖြင့် ဆိးအိုးပြေးယူလေ၏ ။ ကိုဖေသော် ကတော့ တူမ ဖြစ်သူကို ကြည့်ပြီး သနားလည်း သနား၊ ကိုယ့်ကိုယ်ကိုယ်လည်း အားမလို၊ အားမရ ဖြစ်သွားသည်။ လွန်ခဲ့ သည့် ၃ လခန့်က ကိုဖေသော် တစ်ယောက် မတော် တဆထိခိုက်ပြီး၊ ခါးအောက်ပိုင်းတစ်ခုလုံး မလှုပ်ရှားနိုင်အောင် ချည့်နဲ့သွားခဲ့၏ ။
ထို့ကြောင့် ပလဲပရွာက ကိုဖေသော်၏ အစ်ကို ဖြစ်သူက သူ့သမီး သင်းကြည်မကို လူမမာ ပြုစုဖို့ လွှတ်ပေးထားခြင်း ဖြစ်သည်။
သင်ကြည်မက အသက် ၁၇ နှစ် သာသာခန့်သာ ရှိသေးသည်၊ အပျိုအရွယ်လေးတန်မဲ့ ဦးလေး လူမမာယောက်ျားကြီးအား ပြုစုပေးနေရသည်ကို ကြည့်ပြီး ကိုဖေသော် တစ်ယောက် ၀မ်း နည်းစိတ်မကောင်း ဖြစ်ရသည်။
သို့ သော်လည်း သားထောက်သမီးခံလည်း မရှိ၊ ဇနီး ဖြစ်သူမှာ လည်း ၀မ်းရေး အတွက် ဈေး ရောင်းနေရသည်မို့ ဒီတူမ တစ်ယောက် ကိုသာ သားသမီးလို အားကိုးနေရသည်။
ခဏအကြာတွင် သင်းကြည်မက ကိုဖေသော်အတွက် ဆီးသွားဖို့ အိုးယူလာပေးသည်။
ထိုစဉ် အိမ်ရှေ့ကွပ်ပျစ်ဆီမှ မပေါက်စက-
သင်းကြည်မရေ ….ဘာလုပ်နေလဲ၊ ဒီမှာ ငါ့ကိုလာကူပါဦးဟယ်၊ ဈေးထွက်ဖို့က နေတော် တော် မြင့်နေပြီ။
ဟု လှမ်းအော်ခေါ်လိုက်၏ ။
ဘဒွေး သွားထားနှင့် နော်၊ ပြီးမှ သမီးသွန်လိုက်မယ်။
ဟိုမှာ ဒွေးလေးကို သွားကူလိုက်ဦးမယ် သိလား။
သင်းသင်းကြည်က ပြောပြီး လာပြီ ဒွေးလေးရေ ဟုအသံပေးကာ အိမ်ရှေ့ဆီိသို့ ပြေးထွက် သွားသည်၊ အိမ်ရှေ့ရောက်တော့ မပေါက်စ တစ်ယောက် မနက်စောစော ဆောင်းတွင်းကြီးမှာ တောင် ချွေးပြိုင်းပြိုင်းကျနေလေပြီ။ သင်းသင်းကြည်ကိုတွေ့ တော့-
ကဲ…ငါ့တူမရေ ဒွေးလေးကို လာကူစမ်းပါဦး၊ ဒီနေ့ ငါးကအမျိုးအစားများ တော့ တစ် ယောက် တည်းလုပ်နေရင် ဒီနေ့အဖို့ ဈေးရောင်းသွားရတော့မယ်တောင် မထင်ဘူး။ ဟု
ညည်းညည်းညူညူ ပြောလိုက်၏ ။
ငါးဒိုင်မှ သော င်းပြောင်းဈေးဖြင့် ယူလာသည့် ငါးမျိုးစုံကို အမျိုးအစားနှင့် အကြီးအသေးခွဲ ကာ ဈေးသတ်မှတ်ရသည်။ ဥပမာ-ငါးနုသန်းဆိုလျှင် အကောင်ပေါက်လေးများ ပါသလို အကောင် ကြီးများ လည်း ပါလာသည်။
ထို့ကြောင့် အမြတ်များများ ရအောင် ငါးနုသန်းအကြီးဆိုလျှင် ဈေးတစ်မျိုး၊ အသေးဆိုလျှင် ဈေးတစ်မျိုး စသဖြင့် ခွဲခြားသတ်မှတ်ပြီး ရောင်းရခြင်း ဖြစ်သည်။
ဟိုးအရင် ကိုဖေသော် ငါးဖမ်းနိုင်တုန်းကဆိုလျှင်တော့ အမြတ်လည်း ပိုရသလို၊ ဒီလိုလည်း မပင်ပန်းချေ၊ အခု သူများ ဆီကတစ်ဆင့် ယူရောင်းရသည်မို့ အမြတ်လည်း နည်းသလို ပိုလည်း ပင်ပန်းသည်။
သို့ သော် မတတ်နိုင်။ စားဝတ်နေရေး အတွက် ဒီလိုမှ မလုပ်လျှင် ထမင်းငတ်ဖို့ပင် ရှိတော့၏ ကိုဖေသော်ကလည်း နေကောင်းတာမဟုတ်။
ထိုသို့ ဖြင့် တူဝရီးနှစ် ယောက် ဇက်ကြောတွေ ထိုးလာသည်အထိ ခေါင်းချင်းဆိုင် အပြိုင် ရွေးနေကြစဉ်မှာ ပင် နတ်ဝင်သည်ဒေါ်အုန်းလှ ရောက်လာ၏ ။
ဟယ်….မပေါက်စ…ညည်းက အခုထိ ဈေးမထွက်ရသေးဘူးလား၊ နေတောင် အတော် မြင့် နေပြီ…။
ဟုတ်ပါ့၊ အရီးလေးရယ်၊ ဒီနေ့ ငါးနည်းနည်း များ တာနဲ့လေ၊
နေကောင်းရဲ့ လား၊ ဘယ်လိုနေသေးလဲ၊
ဒေါ်အုန်းလှ အမေးကြောင့် မပေါက်စက အိမ်ပေါ်သို့ လှမ်းကြည့်လိုက်ရာ ဖင်ရွှေ့ဖင်ရွှေ့ နှင့် လာနေသော ခင်ပွန်း ဖြစ်သူ ကိုယ်ဖေသော်ကို တွေ့ လိုက်ရသည်။
အင်း…ဒီခြံဝိုင်းလေးထဲမှာ တော့ ဖင်ရွေ့ဖင်ရွေ့သွားလို့ရပြီပေါ့ အရီးလေးရယ်၊ ဟောဒီတူ မလေး လာနေပေးလို့ပဲ နို့မိုဆို ကျုပ်ကလည်း အလုပ်တစ်ဖက်နဲ့ သူ့ကို ပြုစုဖို့မလွယ်ဘူးလေ…။
ဒေါ်အုန်းလှက ခေါင်းတစ်ညိတ်ညိတ်နှင့် ထောက်ခံလိုက်သည်၊ ကိုဖေသော်ကလည်း- ဟုတ်တယ် ကျုပ်လည်း ဒီလိုဒုက္ခိတ ဘ၀ကြီးနဲ့မနေချင်တော့ပေါင်ဗျာ၊ ဟိုလူ့ဒုက္ခပေး ဒီလူ့ဒုက္ခ ပေးနဲ့၊ နေ့တိုင်းသေဖို့ကိုပဲ ကြိတ်ဆုတောင်းနေရတယ်၊ ဗုဒ္ဓဘာသာဆိုတော့လည်း အဖန်ငါးရာ ငါးကမ္ဘာကို ကြောက်လို့သာ။ နို့မိုဆိုအဆိတ်စားပြီး သေပစ်လိုက်တယ်အဟုတ်။
အိုတော် ကလည်းတော် ၊ ဘာတွေ လျှောက်ပြောနေမှန်းကို မသိဘူး၊ မနက်စောစောစီးစီးကြီး မှာ ၊ ဒီမှာ ကျုပ်ပြောမယ်၊ တော် သာ ကိုယ့်ဘာသာ နေကောင်းအောင်နေ ကျုပ်အတွက် ဘာမှမပူနဲ့။ ပေါက်စတို့က နဂိုကတည်းက ဈေးဗန်း ခေါင်းရွတ်လာတာ။ ဒုံရင်းဒုံရင်း ဘာမှ ဖြစ်မသွားဘူး။
ဟုတ်သားပဲ ဘဒွေးရယ်၊ မဟုတ်က ဟုတ်က အတွေးတွေ လျှောက်မစဉ်းစားပါနဲ့၊ သမီး အတွက်လည်း စိတ်မကောင်းမ ဖြစ်နဲ့၊ သမီးက ဘဒွေးကို ဒီလိုပြုစုခွင့်ရလို့ ကုသိုလ်တောင်ရသေး တယ်။
ဇနီးသည်နှင့် တူမ ဖြစ်သူအပြောကြောင့် ကိုဖေသော်က ဘာမှမပြောဘဲ သက်ပြင်းတစ်ချက် ကို မသိမသာ ချလိုက်၏ ။
နတ်ဝင်သည် ဒေါ်အုန်းလှက-
အဲဒါ ပြောတာပေါ့ မောင်ဖေသော်ရဲ့ ၊ သားကြီးငါးကြီးတွေ ဆိုတာ မသတ်ကောင်းဘူးကွယ့်။ အဲ့ဒီ သားကြီး ငါးကြီးတွေ ဆိုတာက နတ်တွေ စောင့်ရှောင့်လို့သာ ဒီလောက်ကြီးနေကြတာလေ။ ဟောကြည့်…အခု လက်တွေ ပဲ မဟုတ်လား၊ ကဲပါလေ…လွန်ပြီး ကိစ္စတွေ ကိုတော့ ခေါင်းထဲထည့် မနေပါနဲ့တော့နဲ့။ နောက်ဆိုရင်သာ နတ်တွေ ဘာတွေ ကို မခန့်လေးစား မယုံမကြည် သွားမလုပ်မိစေနဲ့ပေါ့။
ကိုဖေသော် တစ်ယောက် ကတော့ နတ်ဝင်သည် ဒေါ်အုန်းလှပြောနေသည်ကို မကြားတစ် ချက်ကြားတစ်ချက်နှင့် ။ သူ့အကြည့်များ က ခြံထောင့်တွင် ထောင်ထားသည့် လှော်တက်ကို ကြည့် ရင်း အရင်က ဖြစ်ပျက်ခဲ့သည့်အ ဖြစ်အပျက်များ က သူ့အာရုံထဲတွင် တရိပ်ရိပ်နှင့် မြင်ယောင်လာမိ တော့၏ ။
(ဓာတ်ပုံ)
ခါတိုင်းပြန်နေကျ နောက်ကျနေ၍ မပေါက်စက ခင်ပွန်း ဖြစ်သူတံငါသည် ကိုဖေသော်ကို ကမ်းစပ်မှ မျှော်နေရတာ လည်ပင်းပင် ညောင်ရေအိုး ဖြစ်တော့မည် ။ တခြားတံငါသည်များ က ငါးပိုက်အသီးသီးဆွဲကာ ပြန်လာကြသည့်တိုင် ကိုဖေသော်၏ ၊ လှေကိုကား အရိပ်အယောင်ပင် မတွေ့ သေးချေ။
ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်ကင်းစင်ပြီး ရာသီဥတုသာယာနေသည်ကို တွေ့ ရ၍ သာ မပေါက်စ တစ်ယောက် စိတ်သက်သာရာရနေခြင်းပင်။
ထိုစဉ် ကိုဖေသော်၏ လှေက ပင်လယ်ထဲမှ တရွေ့ရွေ့လှော်ခတ်လာသည်ကို တွေ့ လိုက် ရသည်။ လှေ၏ ဘေးတွင် လှေအလျားနှင့် အတူ ရှည်ရှည်သဏ္ဍာန်တစ်ခု ပူးချည်လာသည်ကို မြင် လိုက်ရတော့ တခြားတံငါသည်နှင့် သူတို့မိသားစုတွေ က အံ့သြတကြီး စောင့်ကြည့်ကုန်ကြ၏ ။
ဟဲ့….ပေါက်စမ၊ ဟိုဟာက ညည်းလင် မဟုတ်လားအေ့။
လှေဘေးမှာ ဘာကြီး တွဲ ချည်လာတာတုန်းတော့…။
အေး…ဟုတ်ပါရဲ့ ..
ထိုသို့ ဖြင့် ကွမ်းတစ်ရာညက်ခန့်ကြာသော် ကိုဖေသော်၏ လှေက ကမ်းစပ်သို့ ဒုတ်ဒုတ်ထိ ထိုးဆိုက်ပြီးသွား၏ ။ ထိုအခါမှ ကိုဖေသော်၏ လှေဘေးတွင် မြင်လိုက်ရသည်ကား လှေအလျားနှင့် အတူ အလွန်ကြီးမားသည့် ငါးရွေးကြီးတစ်ကောင် ဖြစ်နေလေတော့သည်။
ဟယ်…
ဟာ…
ဟဲ့….ငါးရွေးကြီး မဟုတ်လား၊ နည်းတဲ့ကောင်ကြီး မဟုတ်ဘူးနော်..
စသဖြင့် တစ်ယောက် တစ်ပေါက် အာမေဋိတ်သံမျိုးစုံဖြင့် ငါးကြီးကို ၀ိုင်းအုံကြည့်ြ ကတော့ ၏ ၊ ထိုစဉ် ၀ိုင်းကြည့်နေကြသည့် လူများ ထဲမှ အသက်ခပ်ကြီးကြီး မိန်းမ တစ်ယောက် က-
ဟဲ့….ဟဲ့…ဘေးဖယ်ကြစမ်း၊ အဲဒါ ရိုးရိုးငါး မ ဖြစ်နိုင်ဘူး။
ငါတို့တစ်သက် ဒီမှာ နေလာကြတာ၊ ဘယ်တံငါသည်က ဒီလိုငါးမျိုး မိဖူးသတုန်း၊ ဒါတစ်ခုခု ပဲ၊ ဟဲ့….သာလှ သွားသွား…ရွာဦးဆရာတော် ကြီးကို သွားပင့်ခဲ့ချေ၊ ဆရာတော် မှပဲ ရိုးမရိုး သိလိမ့် မယ်။
မကြာမီ ဆရာတော် ကြီး ဦးရေ၀တ ကမ်းစပ်သို့ ကြွလာသည်၊ ငါးရွေးကြီးကို သေချာကြည့် လိုက်ပြီး-
ဒကာဖေသော်…ဒီငါးကြီးက ရိုးရိုးငါး မဟုတ်ဘူးကွယ့်၊ နတ်တွေ အစောင့်အရှောက်နဲ့ နေတဲ့ငါးပဲ။ ဒါကြောင့် နတ်စီးတတ်တယ်ကွယ့်…။ရွေရည်ငွေရည်လောင်းပြီး ပြန်လွှတ်ပေးလိုက် . ကြားလား ဒကာ…။
ဟာ …အရှင်ဘုရားကလည်း တံငါသည်ဆိုတာ ငါးလိုချင်လို့ ငါးဖမ်းတဲ့အလုပ် လုပ်နေတာ ပေါ့ဘုရား၊ အဲဒါကြောင့် မိလာတဲ့ ငါးကို ဘာလို့ပြန်လွှတ်ပေးရမှာ လဲ၊ ပြီးတော့ တပည့်တော် က အဲဒီ နတ်တွေ ဘာတွေ လည်း အယုံအကြည်မရှိဘူး ဘုရား။
ဟုတ်သားပဲ ကိုဖေသော်ရယ်၊ နတ်တွေ ဘာတွေ အကိုက်ခံနေရဦးမယ်တော့….ကျုပ်တို့ ပြန်လွှတ်ပေးလိုက် ကြရအောင်ပါနော်…။
ဟာ ….တိတ်စမ်း ပေါက်စ၊ အဓိပ္ပာယ်မရှိတာတွေ ငါ့လာမပြောစမ်းပါနဲ့၊ ဒါကြီး ဖျက်ပြီး ရောင်းရင် ဘယ်လောက်ပိုက်ဆံ ရမလဲ။ မင်းစဉ်းစားကြည့်၊ မမြင်ရတဲ့အဲ့ဒီနတ်တွေ က အရေး ကြီး သလား၊ ငါတို့ထမင်းစားဖို့က အရေး ကြီးသလား၊ ငါတို့ထမင်းငတ်နေရင် မင့်နတ်တွေ က လာမကျွေးဘူး။
ကိုဖေသော်၏ ခေါင်းမာမာအပြောကြောင့် ဆရာတော် အပါအ၀င် အားလုံးလက်လျော့ပြီး ပြန်ကုန်ကျတော့၏ ။ မပေါက်စ ကတော့ ခွင်ပွန်းသည်ကို ကြောက်လို့သာ ငြိမ်နေလိုက်ရပေမဲ့ စိတ် ထဲမှာ တော့ စိုးတထင့်ထင့်နှင့် ။
ထို့နောက် ကိုဖေသော်က လှေဘေးတွင် တွဲ ချည်ထားသည့် ငါးကြီးကို ဖြုတ်ယူဖို့ ကြိုးတစ် စကို ဖြေလိုက်သည်။
ထိုစဉ် ငါးကြီးက တစ်ချက်လူးလွန့်လိုက်ရာ တွဲ ချည်ထားသည့် လှေက ဘေးသို့ စောင်းသွား ပြီး ကိုဖေသော် တစ်ယောက် ရေထဲပြုတ်ကျမတတ် ဖြစ်သွား၏ ၊ လန့်ပြီး လှော်တက်ကိုင်ကာ ထို ငါးကြီး၏ ကျောပြင်နှင့် ခါးကို တဗြုန်းဗြုန်းရိုက်ပစ်လိုက်သည်။
ငါးရွေးကြီး ငြိမ်သက်သွားသည်။
ခေါင်းကိုတော့ မရိုက်ရဲ၊ တော် ကြာနေ သေသွားမှဖြင့် ရောင်းမကုန်လျှင် အလဟဿ ဖြစ် ဦးမည် ။
ထိုသို့ ဖြင့် ဟိုဒီလိုက်စပ်ပြီး ဖျက်ရောင်းသည့်အခါ တချို့ကလည် ၀ယ်စား၊ တချို့ကလည်း နတ်ကိုင်ခံရမည် ဆိုးသဖြင့် မစားရဲ ဖြစ်ကြသည်။ မည် သို့ ပင် ဖြစ်စေ နောက်ဆုံးတွင် တော့ ကိုဖေ သော်တို့ မြိုးမြိုးမြတ်မြတ်ကလေးရလိုက်ကြသည်။
နတ်တို့ ဘာတို့အယုံအကြည်ရှိသည့် မပေါက်စ ကတော့ မျက်ခုံး ခပ်လှုပ်လှုပ်၊ နတ်ဝင် သည်ဒေါ်အုန်းလှနှင့် တိုင်ပင်ပြီး ကိုဖေသော်မသိအောင် နတ်တွေ ဘာတွေ ပွဲပေးပြီး တောင်းပန် ထား၍ သာတော် သေး၏ ။
တိုက်ဆိုင်သည်ပဲ ပြောရမလားမသိ။ တစ်လလောက် ကြာသော အခါ ကိုဖေသော်တစ် ယောက် အဖော်ကောင်းသဖြင့် မိန်းမလှကျွန်းဘက်ကို မျောခုတ်လိုက်သွားသည်။
လေပြင်းတိုက်ပြီး သစ်ပင်လဲရာမှ ကိုဖေသော်၏ ခါးပေါ်ကို သစ်ပင်ပိကျ၏ ။
ထိုသို့ ဖြင့် အောက်ပိုင်းတစ်ခုလုံး မလှုပ်ရှားနိုင်တော့သော ကိုဖေသော်ကို ရွာပြန်ခေါ်လာ ကြသည်။ ဆေးကုသပေးရသဖြင့် ငါးရွေးကြီးရောင်း၍ ရထားသည့် ပိုက်ဆံလေးများ က တတိတိနှင့် ကုန်သွားတော့၏ ။
ဘယ်လိုပင် ပိုက်ဆံအကုန်ခံပြီး ဆေးကုသသော်လည်း ကိုဖေသော်ခမျာ အောက်ပိုင်း တစ်ပိုင်းလုံး ချည့်နဲ့သလို ဖြစ်သွားသည်က ခုချိန်ထိတိုင်အောင်ပင်။
တော့်  ကိုဖေသော်….ဘာတွေ တွေးပြီး ငိုင်နေသတုန်းတော့…။ဒီမှာ ကျုပ်ဈေးရောင်းထွက် တော့မယ်လို့ ပြောနေတယ်လေ။
ဇနီး ဖြစ်သူ၏ အသံကြားလိုက်တော့မှ ကိုဖေသော် ဖျတ်ခနဲသတိပြန်ဝင်လာကာ ယောင် ရမ်းပြီး၊ ခေါင်းညိတ်ပြလိုက်၏ ။ ဒေါ်အုန်းလှကလည်း-
ကဲ…ငါလည်းပြန်မယ် ပေါက်စရေ….သြော်…ပြန်မယ်ဆိုမှ ပြောဖို့မေ့နေတာတစ်ခု ခုမှ သတိရတယ်..
ဟင်…ဘာလဲ အရီးအုန်း။
လာမယ့်အဖိတ်နေ့ကျရင် ဟိုဖက်သဖန်းချောင်ရွာက သူကြီး ငွေဓားဆုရလို့တဲ့၊ အဲဒါ သူ့အိမ်မှာ ကန္နားပေးမှာ တဲ့အေ့….။ငါ့ကိုယ်တောင် နတ်ပင့်ဖို့ ခေါ်ထားသေးတယ်၊ အဲဒါ ညည်းရော လိုက်ခဲ့ဦးမလားလို့…။
အို….အရီးလေးကလည်း လိုက်မှာ ပေါ့တော် ၊ ဒါမျိုးကကြုံရခဲတယ်၊ တစ်ခုခုလေးနဲ့တော့ သွားပြီး ပသဦးမှပေါ့။ လိုက်မယ် လိုက်မယ်။
မပေါက်စက နတ်ကို ယုံကြည်သူပီပီ အားတက်သရော ပြန်ပြောလိုက်၏ ။ ကိုဖေသော် ကတော့ သိပ်သဘောမကျဟန်ဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ-
ကဲပါ….ပေါက်စရယ်။ မင်းမလည်း နတ် ကို အသံကြားတာနဲ့ ငါးရံ့ဆားပက်သလို ဖျတ်ဖျတ်ကို လူးနေတာပဲ၊ ကိုယ့်ဘာသာ ဈေးပဲ ဂရုစိုက်ပြီး ကောင်းကောင်းရောင်းစမ်းပါ။ နေတောင်ထန်းတစ်ဖျားတက်နေပြီ၊ တော် ကြာ ငါးတွေ ရောင်း မကုန် ဖြစ်ပြီး ပုတ်ကုန်ပါလိမ့်မယ်။
ကိုဖေသော်က ခပ်မာမာလေးပြောလိုက်၏ ။
အံမယ်လေး….ကျုပ်အတွက်ပူမနေပါနဲ့၊ အရှင်ကြီး အရှင်ကောင်းတွေ က ကျုပ်ကို စောင့် ရှောင့်ထားပြီးသား၊ တော် သာတော့်ဘာသာ နေကောင်းအောင်နေပါ။ ကျုပ်နတ်တွေ ကို မယုံကြည် ရင်နေပါတော် ၊ အဲဒီ လိုကြီးတော့ ပြောမနေစမ်းပါနဲ့။
ဟုတ်သားပဲ မောင်ဖေသော်ရယ်၊ ရိုးရာဆိုတာ ယုံတာ မယုံတာထက် ထုံးစံရှိလို့ လုပ်ရတာ ပဲဟာ၊ ဘာခက်တာမှတ်လို့။ လက်ဖက်တစ်ရိုး ကွမ်းတစ်ရာနဲ့ ကပ်ရတာ ဘာမှ အပန်းကြီးတာ မဟုတ်ဘူး၊ ဟော…ကိုယ်က မယုံမကြည် မခန့်လေးစားလုပ်မိလို့ အခုလက်တွေ့ မင်းပဲ ကိုယ်ကျိုး နည်းနေပြီ မဟုတ်လား မောင်ရဲ့ ။
ထားလိုက်ပါ အရီးလေးရယ်၊ ကျွန်မလည်း ဈေးရောင်းသွားတော့မယ်။ ကဲ…ကိုယ်ဖေသော် ကျုပ်ရှင့်အတွက် ဆန်ပြုတ်ထည့်ထားတယ်၊ ကျပ်ခိုးစင်ပေါ်မှာ ငါးခြောက်ဖုတ်လည်းဆီစိမ်ထား တယ်။ တော် ဗိုက်ဆာရင် သင်းကြည်မကို ထည့်ခိုင်းနော်။
မပေါက်စက မှာ စရာရှိတာမှာ ပြီး ဈေးဗန်းခေါင်းပေါ်ရွက်ကာ နတ်ဝင်သည်ဒေါ်အုန်းလှနှင့် နတ်ကန္နာသွားဖို့ အစီအစဉ်များ ကိုပြောရင်း ထွက်သွားတော့သည်။
ကိုဖေသော် ကတော့ မယုံပေမဲ့ လက်တွေ့ ခံစားနေရသည့် သူ့အနေအထားကြောင့် လုံးဝကြီးတော့လည်း မငြင်းဆန်နိုင်၊ ရင်ထဲမတင်မကျ ဖြစ်လျက်သား ခံစားကျန်ရစ်တော့၏ ။
![]() သုဿန်မြေက မိစ္ဆာ | ![]() သန်းခေါင်ထက်နက်တဲ့ည | ![]() သရဲမြင်ဆေး |