အခန်း(၁)
သတိုးတေဇ
သရဲမြင်ဆေး
( နိဒါန်း )
ကာလအသီးသီး၊ ကျီးကားနေ့ငှက်၊ နေ့မှာ ထွက်၏ ။
ကုပ်သလုပ်သည်၊ ခင်ပုတ် ညဥ့်ငှက် ညမှာ ထွက်၏ ။
(ကန်တော် မင်းကျောင်း ဆရာတော် )
ဘုန်းကြီးကျောင်းသားလေး မောင်သက်နှံ တစ်ယောက် နေ့လယ်ဆွမ်းစားချိန် ပြီးကတည်း က ဆရာတော် ကျက်ခိုင်းထားသည့် အဗ္ဘုတသာဂရကျမ်းထဲရှိ ကျီးသာနိမိတ်များ ကို ကျက်မှတ်နေသည်မှာ ယခု နေ၀င်တက်ချိန်ထိပင် အလွတ်မရနိုင်သေးပေ။
ဂန္ဓရီစွမ်းအင်ရှိသော ရွှေကျီးညိုငှက်၏ (ကျီး) အာခြင်း၊ (ကျီး) သာခြင်းနှင့် ပတ်သက်သော အတိတ်၊ နိမိတ်၊ စနည်း၊ တဘောင်၊ တဝေါများ မှာ ရှုပ်ထွေးလှပေ၏ ။
ည ဘုရားရှိခိုးပြီးလျှင် ဒီကျီးသာနိမိတ်များ ကို ဆရာတော် ထံတွင် အလွတ်အာဂုံဆောင် ရမည် ဖြစ်သဖြင့် မောင်သက်နှံမှာ တရေး တမောပင် မအိပ်နိုင်ပဲ တစ်နေကုန်တစ်နေခမ်း ကျောင်းအောက်ရှိ ကျွန်းတိုင်လုံး တစ်လုံးကိုမှီကာ ကျက်မှတ်နေလေ၏ ။
ထိုစဉ်မှာ ပင် ကျောင်းအပေါ်မှ ဆရာတော် ၏ သြဇာခက်ထန်သော အသံကို ကြားလိုက်ရသည်။
“မောင်သက်နှံရေ”
“ဘုရား …”
“ဘုရား နောက်ထား … လူ အရင်လာစမ်း ….”
“တင်ပါ့ … လာပါပြီ ဘုရား”
ဆရာတော် ၏ အလျင်လိုသည့် အသံဖြင့် လှမ်းခေါ်လိုက်သံကြောင့် မောင်သက်နှံမှာ လက်ထဲမှစာအုပ်ကို ဘေးသို့ ရပြီး ရေး ကြီးသုတ်ပျာဖြင့် ကျောင်းပေါ်သို့ ပြေးတက်သွားလိုက်သည်။
ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက တည်ဆောက်ထားခဲသော ကျောင်းအိုကြီး တစ်ကျောင်း ဖြစ်သည်နှင့် အညီ ကျွန်းသားလှေကားထစ်များ မှာ မောင်သက်နှံ ပြေးတက် လိုက်သည်နှင့် တကျွီကျွီ တကျွီကျွီ မြည် သွားလေသည်။
မောင်သက်နှံ ကျောင်းပေါ်သို့ ရောက်သည့်အခါ ကွမ်းတမြုံမြုံဝါးရင်း စကားပြောနေသော ဆရာတော် နှင့် အတူ တစ်ကြိမ်တစ်ခါမှ မမြင်ဖူး၊ မတွေ့ ဖူးသော လူစိမ်းယေက်ျားကြီး သုံးယောက် ကို တွေ့ ရလေသည်။
သုံးယောက် စလုံးမှာ ဆေးဆရာများ လွယ်လေ့ရှိသည့် ဖျင်ကြမ်းလွယ်အိတ်ကြီးများ ကို လွယ်ထားကြပြီး ဝေးလံသော အရပ်ဒေသတစ်ခုခုမှ ရောက်လာပုံရသည်။ အ၀တ်အစတ်ခုဖြင့် အ၀ကို ပိတ်ချည်ထားသော တောင်းကြီးတစ်လုံနှင့် အတူ အခြား အထုပ်အပိုးများ ကိုလည်း ဘေးတွင် တွေ့ ရ၏ ။ ထိုသုံးယောက် ထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူသည့် မေးရိုးကားကား၊ ရင်အုပ်ကျယ်ကျယ်၊ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် လူမှာ ဆရာတော် ထံတွင် တစ်ညတာတည်းခိုရန် ခွင့်ပန်လျှောက်ထားနေသည်။ ကျန်သည့် လူလတ်ပိုင်းအရွယ်နှစ် ယောက် မှာ တော့ ခေါင်းတွင် ပေါင်းထားကြသော ခေါင်းပေါင်းများ ကို ဖြုတ်ကာ ချွေးများ ကို သုတ်နေလေသည်။
မောင်သက်နှံက ဆရာတော် အနားသို့ တိုးကပ်သွားလိုက်ပြီး …..
“ဘုရား”
ဟု ထူးလိုက်သော အခါ ဆရာတော် က ….
“ကျောင်းသား … ဒီက ခရီးသွားတွေ အတွက် အဖန်ရည်အိုးသွားတည်စမ်း။ ပြီးတော့ ဟိုတစ်နေ့က ဒကာမ တစ်ယောက် လာကပ်ထားတဲ့ ထညက်ဖြူဆုပ် (ထန်းလျက်ဖြူဆုပ်) ရှိသေးတယ်မို့လား ….။ အဲဒါပါ ယူခဲ့”
“တင့်ပါ”
မောင်သက်နှံက ဆရာတော် ခိုင်းစေသည့်အတိုင်း အဖန်ရည်အိုးတည်ရန် ကျောင်းအောက်သို့ ပြန်ဆင်းလာခဲ့သည်။ စိတ်ထဲတွင် လည်း သည်လိုနေ့မျိုးကျမှ ကျောင်းသို့ ဧည့်သည်များ ရောက်လာသဖြင့် မသက်မသာ ဖြစ်သွားမိလေသည်။ မနက်ကတည်းက ကျောင်းရှိဦးပဉ္စင်းနှစ် ပါးနှင့် အတူ အခြား ကပ္ပိယနှစ် ယောက် မှာ အခြားရွာသို့ ပဋ္ဌာန်းရွတ်ရန် သွားခဲ့ကြသဖြင့် ကျောင်းတွင် ဆရာတော် နှင့် မောင်သက်နှံသာ ကျန်ရစ်ခဲ့ကြ၏ ။ ထိုကြောင့် မောင်သက်နှံမှာ ခရီးသည်များ ၏ ဝေယျာဝစ္စများ ကို လုပ်ကိုင်ပေးရန်အတွက် မိမိ တစ်ယောက် သာ ရှိတော့မှန်း သိသဖြင့် ရင်လေးမိနေခြင်း ဖြစ်သည်။
တစ်ညနေခင်းလုံး မောင်သက်နှံမှာ ခရီးသည်များ အတွက် ရေချိုးရန် ရေခပ်ပေးခြင်း၊ အိပ်စက်ရန် နေရာထိုင်ခင်း ပြင်ဆင်ပေးခြင်း စသည့် ဝေယျဝစ္စအမှု များ ကို တစ်ယောက် တည်း ဒိုင်ခံပြုလုပ်ပေးနေရသည် ဖြစ်ရာ ဆရာတော် ကျက်မှတ်ခိုင်းထားသည့် စာများ ကို ပင် မကျက်မှတ်နိုင်အားဘဲ ဖြစ်နေလေသည်။
မောင်သက်နှံမှာ အသက် ဆယ့်နှစ် နှစ် သားအရွယ်ကပင် စပြီး ယခု အသက် တစ်ဆယ့်ခြောက်နှစ် အရွယ် ရောက်သည်အထိ ရှေးယခင်ကျောင်းထိုင်ဆရာတော် အဆက်ဆက် ထံမှ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ အဂ္ဂိရတ်ကျမ်း၊ နက္ခတ်ကျမ်း စသည့် လောကီပညာရပ်များ ကို သင်အံတတ်မြောက်ခဲ့သော ယခု ကျောင်းထိုင်ဆရာတော် ထံတွင် ထိုအတတ်များ ကို သင်ယူဆည်းပူးနေသူ ဖြစ်လေသည်။
ဆရာတော် ကား သင်ကြားပေးထားသည့် အကြောင်းအရာကို အလွတ်အာဂုံမဆောင် နိုင်သေးသမျှ သင်ခန်းစားအသစ်ကို မတက်ပေးတတ်သူ ဖြစ်ရာ မောင်သက်နှံမှာ ညအိပ်ချိန် ရောက်သည်အထိ မအိပ်စက်နိုင်သေးဘဲ အိပ်ရာဘေးတွင် ကညင်ဆီမီးခွက်ကို ထွန်းကာ အဗ္ဘုတသာဂရ ကျမ်းထဲရှိ ကျီးသာနိမိတ်များ ကို ကျက်မှတ်နေလေသည်။
သန်းခေါင် ကြက်တွန်ချိန် (ယခုကာလ ည ၁၂:၀၀ နာရီခန့်) ရောက်မှ မောင်သက်နှံက ကျက်မှတ်ခြင်းအမှု ကို ရပ်ကာ ကညင်ဆီမီးခွက်ကို မှု တ်ငြှိမ်းပြီး အိပ်စက်ရန်အတွက် ပြင်ဆင်လေ၏ ။
ထိုအချိန်မှာ ပင် ခရီးသွား ဧည့်သည်သုံးယောက် တည်းခိုနေသည့် ကျောင်းဆောင်ဘက်မှ ချိုးချိုးချွတ်ချွတ် မြည် သံများ စကားပြောသံများ ကို ကြားလိုက်ရလေသည်။ အစ ကတော့ မောင်သက်နှံမှာ တစ်ရေး နိုး စကားထပြောနေကြသည် ထင်ပြီး ဆက်အိပ်နေသေးသော်လည်း အသံဗလံများ မှာ ပုံမှန်ထက် ပိုပြီး ကျယ်လောင်လာသည် ဖြစ်ရာ
“ခရီးသည်တွေ ဘာအခက်အခဲ၊ ပြဿနာတွေ များ ဖြစ်နေကြတာလဲ မသိဘူး …။ တစ်ခုခုတော့ တစ်ခုခုပဲ”
ဟု တွေးပြီး အိပ်ရာထက်မှ ထလိုက်သည်။ ထို့နောက် ဆရာတော် မနိုးအောင် ခြေသံဖွဖွနင်းရင်း လူစိမ်းခရီးသွားများ တည်းခိုရာ ကျောင်းဆောင်ဘက်သို့ ကူးလာခဲ့သည်။ ခရီးသွားများ တည်းခိုရာ ကျောင်းဆောင်မှာ မောင်သက်နှံ အိပ်စက်နေထိုင်ရာ ပင်မ ကျောင်းဆောင်နှင့် မြေကွက်လပ်တစ်ခုသာ ခြားသဖြင့် ခြေလှမ်း ဆယ့်လေးငါးလှမ်းသာ လှမ်းလျှောက်ရုံနှင့် ရောက်လာခဲ့သည်။
တပေါင်းလ၏ လပြည့်ည အလင်းရောင် က ကျောင်းပုရ၀ုဏ်တစ်ခုလုံးကို ပြာလဲ့လဲ့၊ မှု န်ရီရီ လင်းကျင်းနေစေလေ၏ ။ ထိုအလင်းရောင် ဖြင့် မောင်သက်နှံမှာ ခရီးသွားသုံးယောက် ၏ လှုပ်ရှားပုံ အမူအရာများ ကို ရှင်းလင်းစွာ တွေ့ လိုက်ရလေသည်။
“ဟင်! … ဒီလူတွေ ဘာလုပ်နေကြတာပါလိမ့်”
ကြေးလင်ပန်းကြီးတစ်ချပ်ကို အလယ်တွင် ချပြီး အ၀တ်စဖြင့် အ၀ကို ပိတ်ချည်ထားသော တောင်းထဲမှ တစ်စုံတစ်ရာကို နှိုက်ယူနေသော ခရီးသွားဧည့်သည်များ ကို ကြည့်ကာ မောင်သက်နှံမှာ အထူးအဆန်းအောက်မေ့ပြီး အသံမပြုတော့ဘဲ ကျောင်းဆောင်နံရံကို ကပ်လျက် အသာချောင်းကြည့်နေမိလေသည်။
ခရီးသွား သုံးယောက် ထဲမှ ခေါင်းဆောင် ဖြစ်သည့်လူက တောင်းထဲမှ နှိုက်ယူလိုက်သော အခါ ကြေးလင်ပန်းပေါ်သို့ သတိကြီးစွာ ဖြင့် တင်လိုက်သည်။ နောက် တစ်ယောက် မှာ ကြေးလင်ပန်းကို အပေါ်သို့ အနည်းငယ် ပင့်တင်ကိုင်လိုက်ပြီး ကျန်သည့် တစ်ယောက် မှာ လည်း ခေါင်းဆောင် ဖြစ်သည့်လူ တင်လိုက်သော အရာကို လက်လွှဲကာ ထိန်းကိုင်လိုက်လေ၏ ။
ထိုအရာကို မောင်သက်နှံက သေချာစွာ ကြည့်လိုက်ရာ အလွန်အမင်း အံ့သြသွားရလေသည်။ အကြောင်းမှာ ကြေးလင်ပန်းအလယ်တွင် တစ်ကိုယ်လုံး ဖွေးဖြူဆွတ်နေပြီး အတောင်နှစ် ဖက်ကို တဖျက်ဖက်ခတ်ကာ ရုန်းနေသော ကျီးကန်းအဖြူ တစ်ကောင်ကို တွေ့ လိုက်ရသော ကြောင့် ဖြစ်လေတော့သည်။
မိမိတစ်သက်လုံး မည်းနက်နေသော ကျီးကန်းကိုသာ တွေ့ ဖူးပြီး ယခုလို ဗျိုင်းကဲ့သို့ ဖြူဆွတ်နေသော ကျီးဖြူကိုမူ မတွေ့ ဖူးချေ။ ထိုကြောင့် မောင်သက်နှံမှာ ကိုယ့်မျက်လုံးကိုကိုယ် မယုံနိုင်အောင် ဖြစ်နေရှာလေသည်။
ခေါင်းဆောင် ဖြစ်သည့်လူက လက်ထဲမှ ကျီးဖြူကို လက်လွှဲပေးပြီးသည်နှင့် ပါးစပ်မှ အမျိုးအမည် မသိသော မန္တာန်တစ်ခုကို သံလိုက်ဓာတ်ပါသော သြသြရှရှအသံကြီးဖြင့် ရွတ်ဖတ်လိုက်လေသည်။ပြီးနောက် ကျီးဖြူတင်ထားသော ကြေးလင်ပန်းကို လက်ဖြင့် တဒေါင်ဒေါင် ခေါက်လိုက်လေတော့သည်။
ထိုသို့ တဒေါင်ဒေါင် ခေါက်နေသည်မှာ ကွမ်းတစ်ယာညက်ခန့် ကြာသော အခါ ကြေးလင်ပန်းကို မြောက်ကိုင်ထားသော လူက ၀မ်းသာ အားရလေသံဖြင့် ….
“ဟာ … ဆရာကြီး … ဆရာကြီး … အောင်ပြီ … အောင်ပြီ။ ကျီးဖြသွေးတွေ ယိုစီးကျလာပြီ”
ဟု ဣနြေ္ဒမဆည်နိုင်သည့် အမူအရာဖြင့် အော်ဟစ်ပြောဆိုလေသည်။ ဆရာကြီး ဟု အခေါ်ခံရသော ခေါင်းဆောင် ဖြစ်သည့်လူနှင့် ကျီးဖြူကို ထိန်းကိုင်ထားသော လူမှာ မျက်နှာများ ၀င်းပသွားကြပြီး ကြေးလင်ပန်းထဲသို့ တစ်ပြိုင်နက်တည်း ငုံ့ကြည့်လိုက်ကြလေ၏ ။
မောင်သက်နှံမှာ လည်း အရှင်လတ်လတ် ကျီးဖြူငှက်၏ ကိုယ်ထဲမှ သွေးနီနီရဲရဲများ တပေါက်ပေါက် ယိုစီးကျလာသည်ကို မြင်လိုက်ရသည့်အတွက် မျက်လုံးအစုံက အပြင်သို့ ကျွတ်ထွက်ကျတော့မတတ် ပြူးကျယ်သွားရလေသည်။
ကျီးဖြူငှက်မှာ တော့ မလွတ်မြောက်နိုင်မှန်း သိသည့်ကြားကပင် အမွေးအတောင်များ ကို ကားစွင့်ရင်း အစွမ်းကုန် ရှန်းကန်နေ၏ ။
ခေါင်းဆောင် ဖြစ်သည့် လူက မန္တာန်ရွတ်ခြင်းကို ရပ်လိုက်ပြီး ……
“ဟဲ့ … မောင်ဒန်း၊ နင့်ပါးစပ် ပိတ်ထားစမ်း၊ တခြားလူတွေ ကြားသွားမှဖြင့် ငါတို့အကြံအစည် ပျက်ရချည်ရဲ့ ။ ကျီးဖြူသွေး ကွင်းပြီး ပြဒါးရှင်လုံးထည့်ထားတဲ့ ရွှေကြုတ်ကို သွားဖော်ရဦးမယ်ဆိုတာ နင် မသိလေရော့သလား …..”
မောင်ဒန်းဆိုသည့် လူမှာ ကြိမ်းမောင်းခံလိုက်ရသည့် ကြားကပင် နှုတ်ဆိတ်မသွားလေဘဲ အထွန့်တက်ကာ ….
“တ … တကယ်ပဲ ဒီကျီးဖြူသွေးကို မျက်စိမှာ ကွင်းလိမ်းပြီးရင် ပိတ်ကာဖုံးအုပ်ထားတဲ့ အရာတွေ ကို ဖောက်ထွင်းမြင်နိုင်မှာ လား … ဆရာကြီး ”
မောင်ဒန်း၏ စကားကြောင့် ကျီးဖြူငှက်ကို ထိန်းထားသော လူမှာ မနေနိုင်တော့ဘဲ ဒေါသသံဖြင့် ……
“မောင်ဒန်း ကိုယ်နဲ့မဆိုင်တာ ၀င်မမေးစမ်းနဲ့။ ဆရာကြီး က မဟုတ်ဘဲ ပြောပါ့မလား …။ အခုပဲ ဆရာကြီး ပြောတဲ့အတိုင်း ကြေးလင်ပန်းပေါ်မှာ ကျီးဖြအရှင်တင်ပြီး ခေါက်လိုက်ရင် သွေးတွေ ယိုစီးကျလာတာ နင် မျက်မြင်ပဲ မဟုတ်လား …..”
“ကဲ …. တိတ်ကြစမ်း …. ငြင်းခုန်မနေကြနဲ့။ အခုပဲ ငါ ဒီကျီးဖြူသွေးကို ကွင်းမယ်။ မှန်ရောင် … ကျီးဖြူမလွတ်စေနဲ့နော်”
“ဟုတ်ကဲ့ပါ … ဆရာကြီး ၊ ကျွန်တော် သေသေချာချာ ကိုင်ထားပါတယ်”
မောင်ဒန်းနှင့် ပြောဆိုနေသော မှန်ရောင် ဆိုသည့် လူက ဆရာ ဖြစ်သူ မှာ သည့်အတိုင်း ကြေးလင်ပန်းအလယ်မှ သွေးများ ပေကျံနေသော ကျီးဖြူငှက်ကို လက်ဖြင့် သတိကြီးစွာ ကိုင်ထားလေသည်။
ဆရာကြီး ဟု အခေါ်ခံရသော လူကြီးက ကြေးလင်ပန်းပေါ်မှ နီရဲစေပျစ်သော ကျီးဖြူသွေးကို လက်ညှိုးဖြင့် တို့ယူလိုက်ပြီး မျက်စိနှစ် ခုစလုံးတွင် ကွင်းလိုက်လေသည်။
မောင်သက်နှံ၏ စိတ်ထဲတွင် ကား အမှန်တကယ် ကျီးဖြူသွေးကွင်းပြီး ပါက ဖုံးအုပ်ကွယ်ဝှက်နေသော အရာများ ကို မြင်နိုင်စွမ်းရှိခဲ့ပါရိုး မှန်လျှင် ကျောင်းဆောင်နံရံတွင် ခန္ဓာကိုယ်ကို ကပ်ကာပုန်းကွယ်နေသော မိမိကို မြင်သွားလေမလားဆိုသည့် စိုးရိမ်စိတ်များ က တဖွားဖွား ပေါ်လာလေတော့သည်။
မှန်ရောင် ဆိုသည့်လူက ဆရာ ဖြစ်သူ ကျီးဖြူသွေး ကွင်းပြီးသည်နှင့် သူပါ ကျီးဖြူသွေးကွင်းရန် လက်တစ်ဖက်ဖြင့် ကြေးလင်ပန်းထဲမှ သွေးကို ဆတ်ခနဲ လှမ်းတို့ယူလိုက် လေသည်။ ထိုအကျိုးဆက်ကြောင့် ပင် ……
“ဖလပ် …… ဖလပ် ….. ဖလူး ….”
“ဟဲ့ …. ဟဲ့ …. ကျီးဖြူကို ထိန်းဦးလေ …..”
“ဟာ …. လွတ်သွားပြီ …..”
“အို …..”
ထွန့်ထွန့်လူး ရုန်းကန်နေသော ကျီးဖြူငှက်မှာ သူ့သွေးကို အသာငမ်းငမ်း လိုချင်နေသော မှန်ရောင် ၏ ပေါ့လျော့မှု ကို အခွင့်ကောင်းယူကာ ကျန်သည့် လက်တစ်ဖက်အောက်မှ လွတ်မြောက်အောင် ရုန်းပျံထွက်သွားလေပြီ ….။
“တောက်! …… သေသေချာချာ မှာ ထားတဲ့ကြားကကွာ။ မှန်ရောင် … နင့် ငါလုပ်လိုက်ရရင် …”
ဆရာ ဖြစ်သူက တပည့် ဖြစ်သူ မှန်ရောင် ကို မချိတင်ကဲ အသံဖြင့် ကြိမ်းမောင်းရင်း လက်ရွယ်လိုက်လေသည်။ သို့ သော်လည်း ဒေါသကို အလျင်အမြန် ချုပ်တည်းလိုက်ပြီး ရိုက်ရန်ရွယ်ထားသော လက်ကို ပြန်ရုပ်ကာ ……
“ကဲ …. ရှိစေဦးတော့ …. နောက် ဒါမျိုး မပေါ့လျော့နဲ့တော့ကြားလား ….. ။ အခု ပေါက်တူးတွေ ၊ ဓားတွေ ယူခဲ့။ ပြဒါးရှင်လုံးရှိတဲ့ ရွှေကြုတ်ကို သွားယူမယ်။ ဘာအမှားအယွင်းမှ မလိုချင်ဘူး ….”
“စိတ်ချပါ ဆရာကြီး … နောက်တစ်ခါ ဒါမျိုး မ ဖြစ်စေရပါဘူး”
မှန်ရောင် ဆိုသည့် လူက မျက်နှာငယ်လေးဖြင့် ၀န်ချတောင်းပန်ရင်း ဘေးနားမှဓားကို လှမ်းယူလိုက်လေသည်။ သူ့လက်ညှိုးထိပ်တွင် ပေကျံနေသော ကျီးဖြူသွေားကိုတော့ မမေ့မလျော့ဘဲ သူ့မျက်လုံးတစ်ဝိုက်တွင် ကွင်းလိမ်းလိုက်လေသည်။ မောင်ဒန်းမှာ လည်း ကြေးလင်ပန်းကို အောက်သို့ ချပြီး ပေါက်တူးတစ်ချောင်းကို ယူလိုက်သည်။
ထို့နောက် သုံးယောက် စလုံး လက်နက်ကိရိယာ အစုံအလင်ဖြင့် ကျောင်းအောက်မှ ဆင်းကာ ကျောင်းဝန်းအတွင်းရှိ ဆရာတော် အစဉ်အဆက် မြှုပ်နှံထားရာ သင်္ချိုင်းဂူများ ဆီသို့ သွားကြလေ၏ ။
“ဟင် … သူတို့ ဒါ ဘာလုပ်ကြမလို့လဲ”
မောင်သက်နှံမှာ လက်နက်ကိရိယာ အစုံအလင်ဖြင့် ထွက်သွားကြသော ခရီးသွားများ ကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။ ထို့ကြောင့် ပင် မောင်သက်နှံမှာ ထိုလူသုံးယောက် နောက်သို့ ချောင်းမြောင်းကြည့်ရှုရန် လိုက်ပါလာခဲ့လေသည်။
လရောင် ဖြင့် ကျောင်းထိုင်ဆရာတော် များ မြှုပ်နှံထားရာ သင်္ချိုင်းအုတ်ဂူများ ကို ရှင်းလင်းပီပြင်စွာ တွေ့ မြင်နေရသည်။ ခေါင်းဆောင် ဖြစ်သည့်လူက ချုံနွယ်ပိတ်ပေါင်းများ ဖြင့် ပိတ်ဖုံးနေသော အုတ်ဂူတစ်လုံးကို ကျီးဖြူသွေးကွင်းထားသော မျက်စိဖြင့် အတန်ကြာကြည့်ရှု လိုက်ပြီးနောက် မောင်ဒန်းနှင့် မှန်ရောင် ဘက်သို့ လှည့်ကာခေါင်းညိတ်ပြလေသည်။ ထိုအခါ မောင်ဒန်းနှင့် မှန်ရောင် မှာ ယူဆောင်လာသော ပေါက်တူး။ ပေါက်ပြားများ ဖြင့် ထိုအုတ်ဂူအား စတင် ဖြိုဖျက်တူးနှက်ကြလေတော့၏ ။
မောင်သက်နှံမှာ အသက်ပင် ပြင်းပြင်းမရှူရဲဘဲ လှုပ်ရှားမှု မှန်သမျှကို မျက်တောင်မခတ်စတမ်း ကြည့်နေမိသည်။
အတန်ကြာသည့်အခါ တဒုန်းဒုန်း ၊ တဒိုင်းဒိုင်း ထုရိုက်သံများ နှင့် အတူ အုတ်ဂူမှာ ပြိုပျက်သွားလေတော့သည်။ ချက်ချင်း ဆိုသလို ခေါင်းဆောင် ဖြစ်သည့်လူမှာ ရတနာသိုက်တစ်ခုကို ရှာဖွေနေသကဲ့သို့ အကျိုးအပဲ့ အုတ်ခဲများ ကို ဖယ်ရှားရင်း အုတ်ဂူအတွင်းသို့ ရှာဖွေနေလေသည်။ မောင်ဒန်းနှင့် မှန်ရောင် မှာ လည်း သူတို့ ဆရာကြီး လုပ်သမျှကို ချွေးသံတလုံးလုံးဖြင့် ရပ်ကြည့်နေ၏ ။
ထို့ကြောင့် ပင် ပတ်ဝန်းကျင်ရှိ အလွန်တရာထူးဆန်းသော အခြေအနေများ ကို သူတို့သုံးဦးသား မတွေ့ မမြင်ကြခြင်း ဖြစ်နိုင်လေသည်။ ချောင်းမြောင်းကြည့်ရှုနေသော မောင်သက်နှံပင်လျှင် ပတ်ဝန်းကျင်ကို သတိပြုမိလိုက်ချိန်၌ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထသွားလေတော့၏ ။
လရောင် ဖြင့် ထင်ရှားစွာ တွေ့ မြင်နေရသော ၀န်းကျင်ပတ်ပတ်လည်ရှိ သစ်ပင်၊ သစ်ကိုင်းများ ထက်၌ ကား တစ်ကြိမ်တစ်ခါမျှ မတွေ့ ဖူး၊ မမြင်ဖူးလောက်အောင်အထိ များ ပြားလှသော ကျီးကန်းအုပ်ကြီး ……။
မနီးမဝေးရှိ သိမ်ကျောင်းအပျက်ကြီး၏ အမိုးထက်၌ လည်း ကျီးကန်များ ပြည့်နှက်နေသည်။ ဘယ်အချိန်က ဘယ်လိုရောက်လာမှန်း မသိသော ထိုကျီးကန်းအုပ်ကြီးမှာ အသံတစိုးတစိမှ မထွက်ဘဲပေါက်တူး၊ ပေါက်ပြားကိုယ်စီဖြင့် တူးဆွနေကြသော လူသုံးယောက် ကို ငြိမ်သက်စွာ ကြည့်နေကြသည်။ နောက်ထပ် ထူးဆန်းအံ့သြဖွယ်ရာတစ်ခုမှာ သိမ်ကျောင်းခေါင်မိုးထက်ရှိ များ ပြားလှသော ကျီးကန်းအုပ်ကြီးအလယ်တွင် သာမန်ကျီးကန်းများ ထက် အဆမတန်ကြီးမား သော ကျီးကန်းကြီးတစ်ကောင်ကား နီးစွေးတောက်ပနေသော မျက်လုံးအစုံဖြင့် မောင်ဒန်းတို့ လူစုကို ရန်လိုစွာ ကြည့်နေလေသည်။
“ကျီး … ကျီးကန်းတွေ ဘာ ….. ဘာလို့ ဒီလောက်တောင်များ နေရတာ လဲ။ ကျီးကန်းဆိုတာ ညဘက်တွင် ထွက်တဲ့ ငှက်မျိုးမဟုတ်ပါဘူး ….ဒါ …ဒါ … ဘာ အတိတ်နိမိတ်လဲ”
မောင်သက်နှံမှာ ထူးဆန်းသော အ ဖြစ်အပျက်များ ကြောင့် ဆောက်တည်ရာမရအောင် ဖြစ်သွားပြီး ကြောက်ရွံ့ထိတ်လန့်နေလေတော့သည်။
ထိုစဉ်မှာ ပင် အုတ်ဂူ အပြိုအပျက်များ အတွင်းသို့ ရှာဖွေကြည့်ရှုနေသော ခေါင်းဆောင် ဖြစ်သူ၏ ၀မ်းသာအားရ အော်ဟစ်လိုက်သံကို မောင်သက်နှံ ကြားလိုက်ရလေသည်။
“တွေ့ ပြီဟေ့ … ငါ နှစ် ပေါင်းများ စွာ ရှာနေတဲ့ ပြဒါးရှင်ရွှေကြုတ်ကို တွေ့ ပြီ၊ ဟား … ဟား … ဟား… ”
တောကြီးမျက်မည်းထဲတွင် ရတနာသိုက်တစ်ခုကို ရှာဖွေတွေ့ ရှိသွားသည့် လူ တစ်ယောက် လိုမျိုး ခေါင်းဆောင် ဖြစ်သူက သတိလက်လွတ် ဖြစ်ကာ အော်ဟစ်ရယ်မောလိုက်လေသည်။ တစ်ပြိုင်နက်တည်းလိုလိုလည်း အုတ်ဂူအပြိုအပျက်ကြားမှ တစ်စုံတစ်ရာကို ယူရန် လက်ရွယ်လိုက်လေ၏ ။
ထို အခိုက်အတန့်အတွင်းမှာ ပင် ထူးဆန်းသော အ ဖြစ်အပျက်များ မှာ လျှပ်ပြက်သကဲ့သို့ လျင်မြန်စွာ ဖြစ်ပျက်သွားလေတော့သည်။
သိမ်ကျောင်း ခေါင်မိုးအထက်၊ သစ်ပင်သစ်ကိုင်းများ အထက်တွင် ငြိမ်သက်စွာ နားခိုနေကြသော ကျီးကန်းအုပ်ကြီးမှာ တစ်စုံတစ်ဦးက အချက်ပေး တပ်လှန့်လိုက်သည့်အလား တစ်ပြိုင်နက်တည်း ၀ုန်းခနဲထပျံကာ ပြဒါးရှင်လုံးထည့်ထားသည့် ရွှေကြုတ်ကို ရှာဖွေနေသူများ ထံသို့ ထိုးစိုက်ဆင်းသွားကြလေသည်။ တစ်ဆက်တည်း ဆိုသလို လရောင် ခြည်ကို မတွေ့ မမြင်ရတော့လောက်အောင်အထိ ကောင်းကင်တစ်ခုလုံး ကျီးကန်းများ ဖြင့် ပြည့်နှက်သွားပြီး တောင်ပံခတ်သံများ ၊ ကျီးအာသံများ ၊ မည်းမည်းမြင်ရာကို လက်ထဲမှ ဓား၊ ပေါက်ပြားများ ဖြင့် သွေးပျက်ရူးသွပ်စွာ တိုက်ခိုက်နေကြသော လူသုံးယောက် ၏ အသံများ မှာ ၀န်းကျင်တစ်ခုလုံးကို ဖုံးအုပ်လွှမ်းခြုံသွားလေသည်။
မောင်သက်နှံမှာ သည်းခြေပျက် ရူးသွပ်သွားသူတွေ လို အချင်းချင်း မှားယွင်းတိုက်ခိုက် နေကြသော လူသုံးယောက် ကို လည်းကောင်း၊ ထိုလူသုံးယောက် ကိုပင် ထပ်မံ ထိုးဆိတ်တိုက်ခိုက်နေကြသော ကျီးကန်းများ ကိုလည်းကောင်း ကြည့်ရှုရင်း ကြက်သေသေနေ မိတော့လေသည်။
အတန်ကြာသော အခါ ထို ငရဲပျက်သကဲ့သို့ ဆူညံနေသော အသံများ မှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး ကျီးကန်းအုပ်ကြီးမှာ လည်း တစ်စထက်တစ်စ လျော့ပါးကာ ပျောက်ကွယ်သွားလေတော့သည်။ ပြဒါးရှင်လုံးထည့်ထားသည့် ရွှေကြုတ်ကို ရှာရန်လာသည့် လူသုံးယောက် မှာ တော့ မြေပြင်ပေါ်တွင် သွေးချင်းချင်းနီကာ ရုပ်ပျက်ဆင်းပျက် လဲကျသေဆုံးနေ လေ၏ ။
ထိုလူသုံးယောက် ဖြိုဖျက်ခဲ့သည့် အုတ်ဂူ အပြိုအပျက်များ ပေါ်တွင် ကား သိမ်ကျောင်းခေါင်မိုးပေါ်တွင် တွေ့ ခဲ့ရသော သာမန်ကျီးကန်းများ ထက် အဆမတန် ကြီးထွားသည့် ကျီးကန်းကြီးတစ်ကောင်နှင့် အတူ တစ်ကိုယ်လုံး ဖွေးဖြူနေသော ကျီးဖြူတစ်ကောင် နားနေကြသည်ကို ထူးဆန်းစွာ တွေ့ မြင်လိုက်ရလေသည်။
မောင်သက်နှံ တစ်ယောက် မျက်ဝါးထင်ထင် တွေ့ မြင်လိုက်ရသော ထူးဆန်းသည့် အ ဖြစ်အပျက်များ ကြောင့် အံ့သြမှင်သက်ကြည့်နေစဉ်မှာ ပင် အုတ်ဂူ အပြိုအပျက်များ ကြားမှ ရွှေရောင် တဖိတ်ဖိတ်တောက်နေသော အရာတစ်ခုကို နှုတ်သီးဖြင့် ကိုက်ချီကာ ကောင်းကင်ယံ ထက်သို့ ပျံတက်သွားသော ကျီးမည်းကြီးတစ်ကောင်နှင့် အတူ ကျီးဖြူတစ်ကောင်ကို တွေ့ မြင်လိုက်ရလေတော့သည် ……။
………………….
အခန်း( ၁ )
ပဲခူးမြို့၊ ဇိုင်းဂနိုင်း အရပ်ထဲရှိ ကာကာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် အတွင်း၌ ကား နေ့လယ်နေ့ခင်း ဖြစ်သည့် အားလျော်စွာ လူများ စည်ကားလှခြင်းမရှိဘဲ သုံးယောက် တစ်ဝိုင်း လေးယောက် တစ်ဝိုင်းဖြင့် စားပွဲလေးလုံးခန့်မှာ သာ လူရှိနေကြလေသည်။
ဆိုင်၏ ရှေ့ဆုံးတွင် ရှိသော စားပွဲ၌ ကား ပင်နီတိုက်ပုံ ၀တ်ထားသည့် လူရွယ်သုံးယောက် သည် ဗမာ့ခေတ် သတင်းစာကို ဖတ်ရှုကာ ဂျာမနီမှ ကိုင်ဇာဘုရင်က၏ နှုတ်ခမ်းမွေးအကြောင်းကို ရေး ကြီးခွင်ကျယ်လုပ်၍ ပြောဆို ငြင်းခုန်နေကြ၏ ။ အခြားတစ်ဖက်ရှိ စားပွဲဝိုင်းတွင် လည်း အသက် ငါးဆယ်အရွယ် လူကြီးသုံးသီးသည် ထိုအချိန်က ခေတ်စားလျက်ရှိသော တောပုန်းကြီး စံဖဲအကြောင်းကို သူတို့၏ ဆွေမျိုးအသုဘကိစ္စသဖွယ် စိတ်အားထက်သန်စွာ ဆွေးနွေးနေ ကြသည်။
ဆိုင်၏ အတွင်းဘက် အကျဆုံး၌ ကား မည် သူနှင့် မျှ စကားပြောဆို ဆက်ဆံခြင်းမရှိသော အသားညိုညို၊ နှုတ်ခမ်းမွေး ကောင်းကောင်း၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်နှင့် အသက် သုံးဆယ်အရွယ် လူ တစ်ယောက် သည် တစ်လောကလုံးတွင် သူ တစ်ယောက် တည်း ရှိသည့်အလား အားလုံးကို ကျောပေးလျက် ဟွန်တယောကြီးကို အေးအေးလူလူ ထိုးနေလေ၏ ။
သူ တယောထိုးနေသည်မှာ သီးချင်းတစ်ပုဒ်ကို အစအဆုံး ထိုးနေသည်မဟုတ်ဘဲ သူ့စိတ်ထဲ ရှိသည့်အတိုင်း လက်ကွက်များ ကို လျှောက်နှိပ်ရင်း ဘိုးတံကို လိုက်လျောညီထွေ ဖြစ်အောင် ဟန်ချက်ညီညီ လှုပ်ရှားနေခြင်းမျှသာ ဖြစ်လေသည်။ ထိုလူငယ်၏ အသွင်လဏ္ဌာန်မှာ တယောကြိုးနှင့် ကြိုးမှထွက်ပေါ်နေသော အသံတို့ကြားတွင် ဗလာဟင်းလင်း လွင့်မျောလျက်ရှိ၏ ။
ထိုစဉ် တောပုန်းကြီး စံဖဲအကြောင်းကို ဆွေးနွေးနေကြသော အုပ်စုထဲမှ အသက်ကြီးကြီး လူ တစ်ယောက် သည် ဆိုင်အတွင်း၌ မီးရှို့ထားသော အုန်းဆံကြိုးနှင့် ဆေးလိပ်မီးညှိရန်လာရင်း တယောထိုးနေသည့် လူငယ်အနားသို့ ရောက်သော အခါ …..
“ဟကောင် မောင်တက်ရဲ့ ၊ မင်း တယောထိုးနေတာ ဘာသီးချင်းများ တုန်းကွ။ ငါလည်း တစ်ခါမှ မကြားဖူးပါလား” ဟု မဆီမဆိုင် လူတတ်ကြီး လုပ်ကာ ပြောဆိုလေသည်။
တယောထိုးနေသည့် မောင်တက်ဆိုသူက မှေးရီနေသော မျက်လုံးအစုံကို အသာအယာဖွင့်ပြီး တယောထိုးခြင်းကို ရပ်တန့်လိုက်ကာ ….
“ခင်ဗျား ဘယ် ကြားဖူးပါ့မလဲ ဦးဘချုံရဲ့ ၊ ကျုပ်ထိုးနေတာ သီချင်းမှ မဟုတ်ဘဲ၊ ကျုပ်စိတ်ကို ကျုပ် တယောသံနဲ့ လိုက်ရှာနေတာဗျ”
ဦးဘချုံက မျက်လုံးပြူးသွားပြီး ပါးစပ်ကိုက်ထားသော ဆေးပေါ့လိပ်ကို ဆွဲချွတ်ရင်း …..
“ဘာ …. ဘယ်လို၊ စိတ်ကို တယောသံနဲ့ လိုက်ရှာနေတာ ဟုတ်လား …..။ ကြားလည်း မကြားဖူးပေါင် မောင်ရာ၊ ဟုတ်မှလည်း လုပ်စမ်းပါဦး”
“သိပ်ဟုတ်တာပေါ့ဗျာ၊ တယောသံက ကျုပ်ရဲ့ စိတ်ကို လိုက်ရှာရုံတင် မဟုတ်ဘူး၊ ခင်ဗျားရဲ့ စိတ်ကိုပါ တစ်ခါတည်း လက်စတုံး သေသွားတဲ့အထိ ဒီအသံနဲ့ သတ်ပစ်လိုက်လို့ ရတယ်”
“ဟေ! ….”
မောင်တက်ဆိုသူ၏ စကားကြောင့် ဦးဘချုံမှာ ယောင်ယမ်းအော်ဟစ်ပြီး လက်ထဲမှ ဆေးပေါ့လိပ်သည်ပင် မြေပေါ်သို့ ဘုတ်ခနဲ ကျသွားလေသည်။
မောင်တက်ဆိုသူက ဦးဘချုံ၏ အ ဖြစ်အပျက်ကို ကြည့်ကာ သူ့နှုတ်ခမ်းမွေးကို ပွတ်သပ်၍ မထီမရီ ပြုံးလိုက်ပြီး ……
“တကယ်တော့ အသံကို သုံးတဲ့ မန္တရ (Mantra) ပညာဆိုတာ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး ပညာတစ်မျိုးပေါ့ဗျာ၊ ဒါတွေ ကို လွန်ခဲ့တဲ့နှစ် ပေါင်း လေးထောင်ကျော်ကျော် လောက်ကတည်းက တိဗက်မှာ စသုံးခဲ့ကြတာဗျ။ ဥပမာ ပြောရရင် “ဥုံ” ဆိုတဲ့ အသံထွက်ထဲမှာ စကြ၀ဠာကြီးတစ်ခုလုံးရဲ့ တုန်ခါမှု တွေ ပါတယ်။ နောက်ပြီး ရှားမင်းလို့ခေါ်တဲ့ ဂမ္ဘီရပညာတစ်မျိုးထဲမှာ လူကို ဆေးကုချင်ရင် သူတို့ အထူးစီရင်ထားတဲ့ ဗုံကို တီးရတယ်။ သူတို့အဆိုအရတော့ စည်းချက်ကျကျတီးတဲ့ ဗုံသံဟာ လူ့အတွက်တော့ အမိဝမ်းတွင်းမှာ နေစဉ်က မိခင်ရဲ့ နှလုံးခုန်သံကို ကြားနေရတဲ့ သန္ဓေသားရဲ့ အ ဖြစ်ကို မသိစိတ်ထဲမှာ ပြန်သတိရစေတယ်ဆိုပဲ။ အဲဒါကြောင့် ဗုံသံဟာ ရှင်သန်မှု အတွက် အားအင်တွေ ကို နှိုးဆော်ပေးတယ်လို့ အဆိုရှိတယ်။ ဒါကြောင့် စစ်တပ်ထဲက ဘင်ခရာ တပ်ဖွဲ့မှာ စစ်သီချင်းတွေ ရေး စပ်ရင် Drum လို့ ခေါ်တဲ့ ဗုံသံကို အဓိကထားပြီး နှစ် ချက်နရီစည်းနဲ့ တီးကြတာပေါ့”
ဦးဘချုံမှာ မောင်တက်၏ စကားများ ကို နားထောင်ရင်း ခေါင်းတရမ်းရမ်းနှင့် ဖြစ်နေလေတော့သည်။ မောင်တက်မှာ မူ ဦးဘချုံကိုကြည့်ကာ အနည်းငယ် ပြုံးလိုက်ရင်း ဆက်ပြောလာပြန်သည်။
“ဘုရားရင်ပြင်တော် ပေါ်မှာ ချိတ်ဆွဲထားတဲ့ ကြေးခေါင်းလောင်း ကြီးတွေ ကိုရော မြင်ဖူးတယ်မဟုတ်ဘား ဦးဘချုံ။ ခင်ဗျား စိတ်အထင် ပြောပါဦး။ လူတွေ က ဘာကြောင့် ခေါင်းလောင်းထိုးကြတယ် ထင်လဲ”
ထိုသို့ မေးလိုက်သော အခါ ဦးဘချုံမှာ စမ်းတ၀ါးဝါး ဖြစ်သွားပြီးလျှင် တိတိကျကျပြန်၍ အဖြေပေးနိုင်ခြင်းမရှိဘဲ တအင်းအင်းတအဲအဲ ဖြစ်နေလေတော့သည်။
ထိုအချိန်တွင် သူတို့နှစ် ယောက် အချီအချ ပြောဆိုနေသည်ကို မလှမ်းမကမ်းမှ နားစွင့်နေသော လူကြီး တစ်ယောက် က စိတ်ပါဝင်စား လာဟန်ဖြင့် ….
“ဆိုစမ်းပါဦး မောင်တက်လူရဲ့ ၊ ကြေးခေါင်းလောင်းတွေ ထိုးရတာ ဘာအတွက်လဲ”
ဟု လှမ်းမေးလေသည်။
မောင်တက်က ….
“ခေါင်းလောင်းမှန်ရင် လက်တစ်ဆစ်လောက် အရွယ်ရှိတဲ့ ခေါင်းလောင်းကအစ မင်းဖြူ မှန်မှန်ပြောလို့ အဆိုရှိတဲ့ မင်းကွန်းခေါင်းလောင်းကြီးအဆုံး အသံထွက်တဲ့ ခေါင်းလောင်းမှန်သမျှ ဂမ္ဘီရ အစီအရင်ပစ္စည်းတွေ ချည်းပဲ။ လောကီပညာရှင်တော် တော် များများ က သူတို့ရဲ့ အစီအရင် စလုပ်ခါနီး မှာ ခေါင်းလောင်းတွေ ကို တီးတတ်ကြတယ်။ ဒါဟာ အသ့မန္တရကို နှိုးဆွလိုက်တာပဲ။ အဲဒီ အထဲမှာ မှ ကြေးခေါင်းလောင်းရဲ့ အသံက ပိုပြီးတော့ စွမ်းတယ်။ အသံကို ဖြစ်စေတဲ့ဓာတ်တွေ ထဲမှာ ကြေးဓာတ်ဟာ အပူစွမ်းအင် အမြင့်ဆုံးလို့ ကျုပ်ဆရာက ပြောဖူးတယ်။ အတိအကျကိုတော့ ကျုပ်ဆရာမှပဲ သိလိမ့်မယ်”
ထိုအခါတွင် ဦးဘချုံဆိုသူက ဆေးပေါ့လိပ် အသစ်တစ်လိပ်ကို လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကာကာ ကုလား၏ ရှေ့တွင် ချထားသော မှန်ပုံးထဲမှ နှိုက်ယူလိုက်ရင်း ….
“နေစမ်းပါဦး မောင်တက်ရဲ့ ၊ မင်းဆရာက ဘယ်သူလဲ”
“ကျုပ်ဆရာက ဟိုဟင်္သာတဲ့”
“ဟုတ်လား …. မင်းရဲ့ ဆရာ ကိုဟင်္သာက ဘယ်မှာ နေတာတုန်း”
မောင်တက်က ပြန်မဖြေသေးဘဲ သူ့လက်ထဲမှ တယောနှင့် ဘိုးတံကို စားပွဲပေါ်သို့ အသာအယာချလိုက်သည်။ ပြီးမှ ….
“အခုတော့ ကျုပ်ဆရာက ဗမာပြည်မှာ မရှိဘူးဗျ။ အီဂျစ်ပြည်ကို ရောက်နေတယ်။ အီဂျစ် လောကီပညာရှင်တွေ အမြင့်ဆုံး စီရင်ခဲ့တဲ့ မရဏကျမ်းစာ (Book of Death) ဆိုတဲ့ စာအုပ်ကြီးကို တူတမ်ခမန် သင်္ချိုင်းမိရမစ်ထဲက စွန့်စွန့်စားစား ဖောက်ထွင်းယူဖို့ ခရီးထွက်သွားခဲ့တာပဲ”
မောင်တက်၏ စကားအဆုံးတွင် နားထောင်နေကြသော လူကြီးနှစ် ဦးသည် “ကြီးကျယ်နိုင်ရန်ကော၊ ဟုတ်မှ ဟုတ်ပါ့မလား” ဟု သံသယ၀င်သည့် မျက်လုံးမျိုးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။
မောင်တက်ကလည်း ထိုလူကြီး နှစ် ဦး၏ အကြည့်ကို ပါးနပ်စွာ ပင် အဓိပ္ပာယ်ပေါက်လိုက် သည် ဖြစ်ရာ ဆက်ပြောနေခြင်းအားဖြင့် မည် သည့်အကျိုးကျေးဇူးမျှ ရှိလိမ့်မည် မဟုတ်ကြောင်း တွေးမိပြီး သူ့နှုတ်ခမ်းအစုံကို တင်းတင်းသာ စေ့ထားလိုက်တော့သည်။ ထို့နောက် လေကုန်မခံချင်တော့သည့်အလျောက် စားပွဲပေါ်တွင် ချထားသော ဟွန်းတယောကို ပြန်၍ ကောက်ယူလိုက်မည် အပြုတွင် လွန်စွာ ကျယ်လောင်သော တဘုတ်ဘုတ် မြည် သံနှင့် အတူ အကြည့်ရဆိုးလှသည့် ဘေးတွဲ ပါသော BSA မော်တော် ဆိုင်ကယ်ကြီး တစ်စီးသည် ကာကာ လက်ဖက်ရည်ဆိုင်ရှေ့၌ ထိုးရပ်သွား၏ ။
ထိုဆိုင်ကယ်ပေါ်မှ ဆင်းလာသူမှာ ကပြားလူမျိုး စာတိုက်ဗိုလ်သော်မဆင်ဆိုသူ ဖြစ်လေ၏ ။ ဗိုလ်ကပြား သော်မဆင်မှာ ဇိုင်းဂနိုင်း ရပ်ထဲတွင် နေလေသူ ဖြစ်ရာ မောင်တက်ကို ကောင်းစွာ သိကျွမ်းနေသူ ဖြစ်လေတော့သည်။ ထိုခေတ် ထိုအခါကလည်း ပဲခူးမြို့တစ်မြို့လုံးတွင် ဘေးတွဲ ပါသော BSA ဆိုင်ကယ်ကို စီးသူဟူ၍ စာတိုက်ဗိုလ် သော်မဆင် တစ်ယောက် သော ရှိလေသည်။ (ယခုအခါ ထိုမော်တော် ဆိုင်ကယ်မှာ မန္တလေးမြို့ရှိ ဆိုင်ကယ်စုဆောင်းသူတစ်ဦး ထံတွင် ရှိကြောင်း သိရသည်)
စာတိုက်ဗိုလ် သော်မဆင်သည် ဆိုင်ကယ်ပေါ်မှ ဆင်းလျှင်ဆင်ချင်း မောင်တက်ရှိရာဆီသို့ အူလျားဖားလျား ရောက်လာပြီး …..
“မစ္စတာ တက်၊ ခင်ဗျားအတွက် အလွန်အရေး ကြီးတဲ့ ကြေးနန်းစာတစ်စောင် ရောက်နေတယ်။ အခုချိန်ဆို ခင်ဗျားအိမ်မှာ မရှိဘဲ ဒီလက်ဖက်ရည်ဆိုင်ကို ရောက်နေမယ်ဆိုတာကို သိလို့ Postman တွေ နဲ့ ထည့်မပေးလိုက် ဘဲ ကျုပ်ကိုယ်တိုင် ယူလာတာ၊ ရော့ …. ဖတ်ကြည့် ”
ဗိုလ်ကပြား သော်မဆင် လှမ်းပေးသော ကြေးနန်းစာရွက်ကို မောင်တက်က အလောတကြီးနှင့် ယူလိုက်ပြီး ဖတ်ကြည့်လိုက်ရာ ….
မောင်တက် …. ဆရာကြီး ဆုံးပြီ။ ရန်ကုန်ကို အမြန်လာ။
ကိုအင်္ကျီ
ထိုကြေးနန်းစာကို ဖတ်ပြီးနောက် လွန်စွာ မှ ဣနြေ္ဒကောင်းလှသော မောင်တက်သည် ပင်လျှင် ပါးစပ်အဟောင်းသား ပွင့်ဟသွားလေတော့သည်။
………………….
အခန်း(၂)
အခန်း ( ၂ )
ရန်ကုန်မြို့ ချာချီလမ်း (ကိုယ့်မင်းကိုယ့်ချင်းလမ်း) ရှိ ခြံဝန်းကျယ်ကြီးတစ်ခုရှေ့၌ မြင်းရထားကို ရပ်တန့်ခိုင်းပြီး မောင်တက်က မြင်းရထားသမားကို မြင်းလှည်းခအပြင် ဘောက်ဆူးငွေ သုံးပဲမျှပေးလိုက် ရာ ရထားမောင်းသည့် ကုလားမှာ ဆလံအထပ်ထပ် အရိုအသေပေးပြီး မြင်းကို အသော့ နှင့် ကာ ပြန်လည်ထွက်ခွာသွားလေသည်။
မောင်တက်က ခြံဝန်းတံခါးမကြီးတွင် တပ်ဆင်ထားသော ငွေဆည်းလည်းလေးကို လှုပ်ယမ်းလိုက်သည်နှင့် တံခါးစောင့် ဂေါ်ရခါးလူမျိုး ဗဟာဒူးက အပြေးရောက်လာပြီး ခြံတံခါးကို ဖွင့်ပေးလေ၏ ။ ဂေါ်ရခါးလူမျိုးပီပီ နှုတ်ခမ်းမွေးကို ကော့ထောင်နေအောင် ဖယောင်းဖြင့် တိုက်ထားလေ့ရှိသော ဗဟာဒူး၏ မျက်လုံးအစုံကား ခါတိုင်းလိုစူးရှ တောက်ပြောင်နေခြင်း မရှိချေ။
မောင်တက်မှာ လည်း စိတ်မကောင်းစွာ ဖြင့် သက်ပြင်းကို တိုးတိုးချပြီး ခေါင်းကို မသိမသာ ခါယမ်းလိုက်၏ ။ စိတ်ထဲတွင် လည်း ….
“တူတမ်ခမန်ရဲ့ ပိရမစ်ဂူသင်္ချိုင်းထဲက ဂမ္ဘီရပစ္စည်းတစ်ခုကို ယူဖို့ အီဂျစ်ပြည်ကို ရောက်နေတဲ့ ဆရာကို ဟင်္သာ တစ်ယောက် ဘယ်လိုလုပ်ပြီး ဟော့ဒီရန်ကုန်မြို့မှာ ဆုံးသွားရတာ လဲ”
ဟူသည့် မေးခွန်းကို ထပ်ပြန်တဲလဲ တွေးရင်း စနိုးစနောင့် ဖြစ်နေမိသည်။ နောက်ပြီး ဆရာကိုဟင်္သာ သေဆုံးရသည်မှာ သွေးရိုးသားရိုးမှ ဟုတ်ပါလေစဟုလည်း သံသယ ဖြစ်နေမိ၏ ။ သို့ သော် …..
“ဆရာ ကိုဟင်္သာလို လူမျိုးရဲ့ အသက်ကို ဘယ်သူကမှ လုပ်ကြံနိုင်မှာ မဟုတ်ပါဘူးလေ”
ဟု တွေးမိပြီး ထိုသံသယကို ခေါင်းထဲမှ ဖယ်ထုတ်ပစ်လိုက်သည်။
ရေနံချေးရောင် ၀နေသော ကျွန်းသားများ ဖြင့် ဆောက်လုပ်ထားသည့် နန်းဆန်ဆန် နှစ် ထပ်အိမ် အမည်းကြီး၏ ဆင်ဝင်အောက်အရောက်တွင် အဖြူရောင် စွပ်ကျယ် လက်စကကို ၀တ်ကာ ပိုးသားတရုတ်ဘောင်းဘီ အဖြူရောင် ကို ခါးစည်းကြိုးဖြင့် စည်းနှောင်ဝတ်ဆင်ထားသော မျက်ပေါက်ကျဉ်းကျဉ်း သွားခေါခေါ တရုတ်လူမျိုး တစ်ယောက် အိမ်ထဲမှ ထွက်လာသည်ကို တွေ့ ရသည်။
ထိုသူမှာ ဆရာ ကိုဟင်္သာ၏ ညာလက်ရုံး တပည့် တစ်ယောက် ပင် ဖြစ်ပြီး အမည် မှာ တရုတ်ဘာသာ အသံထွက်ပြီး “အိန်းဂျီ” ဟု ခေါ်၏ ။ သို့ သော် အားလုံးက သူ့နာမည် ကို ခပ်လွယ်လွယ်ပင် မြန်မာမှု ပြုလိုက်ပြီး “ကိုအင်္ကျီ” ဟုသာ ခေါ်ကြလေသည်။
မောင်တက်ဆီသို့ သံကြိုးရိုက်လိုက်သူမှာ အဆိုပါ ကိုအိန်းဂျီခေါ် ကိုအင်္ကျီပင် ဖြစ်သည်။
ကိုအင်္ကျီက မောင်တက်ကို မြင်သည်နှင့် ……
“ဟော … ကိုတက် ရောက်လာပြီလား။ လာဗျာ အိမ်ထဲကိုဝင်။ အထဲမှာ တော့ ဆရာကြီး ရဲ့ တပည့်တွေ စုံနေကြပြီ”
မောက်တက်က …..
“ဘယ်လို ဖြစ်တာလဲဗျာ။ ကျွန်တော် က ဆရာကြီး ကို အီဂျစ်မှာ ပဲ ရှိနေလိမ့်ဦးမယ် ထင်ထားတာဗျ”
“ဆရာကြီး မြန်မာပြည်ကို ပြန်ရောက်တာ ၅ ရက်လောက်ပဲ ရှိသေးတယ်။ တူတမ်ခမန်ရဲ့ ဂူသင်္ချိုင်းကိုလည်း ရောက်ခဲ့ပြီးပြီ။ အီဂျစ်တွေ ရဲ့ မရဏကျမ်းစာကိုလည်း ရလာခဲ့ပြီလို့ ပြောတယ်။ အခုပြန်လာတာက အဲဒီ့  ဂူသင်္ချိုင်းထဲက ပြဒါးရှင်လုံးကို ရှာဖို့ အရေး ကြီးတဲ့ ဂမ္ဘီရပစ္စည်းတစ်ခု လာရှာတာလေ”
“ဒါနဲ့ ဆရာကြီး က ဘယ်လို ဖြစ်ပြီး ရုတ်တရက်ကြီး ဆုံးသွားရတာ လဲ”
“ဖရီးမေဆင်ဂိုဏ်းရဲ့ လက်ချက်ပေါ့ဗျာ”
လုံးဝ မထင်မှတ်ထားသော စကားကြောင့် မောင်တက်က တုန်လှုပ်ချောက်ချားသွားပြီး …..
“ဟာ … ဖြစ်နိုင်ပါ့မလားဗျာ၊ ဆရာကိုဟင်္သာက နှယ်နှယ်ရရစွမ်းတဲ့ လူ တစ်ယောက် မှ မဟုတ်တာ။ သူ့ကို သတ်ရုံလောက်နဲ့တော့ သေနိုင်ပါရိုးလား ….”
ကိုအင်္ကျီလည်း မောင်တက် တွေးမိသလိုပင် တွေးမိဟန်တူသည်။ သူ၏ မျက်ပေါက်ကျဉ်းကျဉ်းလေးကို ပို၍ ကျဉ်းမြောင်းသွားအောင် မှေးစင်းလိုက်ပြီး ….
“ဒါတော့ မပြောတတ်ဘူး ကိုတက်ရေ၊ လူဆိုတာ ကံဇာတာနိမ့်တဲ့ အခါကျတော့လည်း ပြောရခက်သား။ ဆရာကြီး ရဲ့ အလောင်းဘေးမှာ ဖရီးမေဆင်ဂိုဏ်းရဲ့ တံဆိပ်နဲ့ အဆိပ်ခွက် တစ်ခွက်ကိုလည်း တွေ့ တယ်။ ဆရာကြီး ရဲ့ အိပ်ခန်းတစ်ခန်းလုံးကိုလည်း ဗြောင်းဆန်အောင် မွှေနှောက်သွားကြတယ်လေ။ ဧကန္တ ဂူသချိုင်းထဲကနေ ဆရာကြီး ယူလာတဲ့ မရဏကျမ်းစာကို ပြန်ပြီး လုယူဖို့ကြိုးစားတာ ဖြစ်မယ်ထင်တယ် ကိုတက်ရေ။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီ ကျမ်းစာက သူတို့ ဖရီးမေဆင်ဂိုဏ်းဝင်တွေ ရဲ့ အထွဋ်အမြတ်ထားတဲ့ ပစ္စည်းတစ်ခုပဲ မဟုတ်လား”
“ဟင် … ဒါဆို အဲ့ဒီစာအုပ်ကြီးကိုရော သူတို့ရသွားကြလား ကိုအင်္ကျီ”
မောင်တက်က စိုးရိမ်တကြီးဖြင့် မေးလိုက်ရာ ကိုအင်္ကျီက နှုတ်ခမ်းကို တွန့်ကာ မဲ့ပြုံးပြုံးပြီး ……
“ဘယ်ရလိမ့်မလဲ ကိုတက်ရာ၊ ဆရာကြီး က သူပြန်ရောက်တဲ့ နေ့ကတည်းက လျှို့ဝှက်လုံခြုံတဲ့နေရာမှာ သိမ်းခိုင်းထားလို့ ကျွန်တော် သွားဝှက်ထားပြီးပါပြီ”
“တော် သေးတာပေါ့ ကိုအင်္ကျီရာ။ ဒါနဲ့ အဲဒီ စာအုပ်ထဲမှာ ဘာတွေ ရေး ထားသတုန်းဗျ”
ထိုမေးခွန်းကြောင့် ကိုအင်္ကျီက မျက်လုံးပေါက်များ ပျောက်ကွယ်သွားသည်အထိ ရယ်မောလိုက်ပြီး …..
“ကြံကြံဖန်ဖန်ဗျာ၊ အီဂျစ်စာနဲ့ ရေး ထားတဲ့ဥစ္စာ၊ ကျုပ်က ဘယ်လိုလုပ်ပြီး ဖတ်တတ်မှာ တုန်းဗျ။ ဆရာကြီး မှပဲ ဖတ်တတ်ပေလိမ့်မပေါ့။ ကဲ … လာလာ ကိုတက်၊ အထဲဝင်ရအောင်”
ကျွန်းသား ကနုတ်များ ဖြင့် ဟင်္သာပုံထွင်းထုထားသော တံခါးမကြီးနှစ် ချပ်ကို တွန်းဖွင့်လိုက်သည့်အခါတွင် အထဲတွင် ၀တ်စုံဖြူဝတ်ဆင်ထားသည့် တပည့် အယောက် နှစ် ဆယ် ခန့်သည် အသံမထွက်ဘဲ တိုးတိတ်စွာ ဖြင့် အသုဘအတွက် လိုအပ်သည်များ ကို စီစဉ်နေကြသည်ကို တွေ့ ရသည်။
ဆရာ ကနုတ်များ ဖြင့် ဟင်္သာပုံထွင်းထုထားသော တံခါးမကြီးနှစ် ချပ်ကို တွန်းဖွင့်လိုက်သည့်အခါ အထဲတွင် ၀တ်စုံဖြင့် ၀တ်ဆင်ထားသည့် တပည့် အယောက် နှစ် ဆယ် ခန့်သည် အသံမထွက်ဘဲ တိုးတိတ်စွာ ဖြင့် အသုဘအတွက် လိုအပ်သည်များ ကို စီစဉ်နေကြသည်ကို တွေ့ ရသည်။
ဆရာ ကိုဟင်္သာ၏ ရုပ်အလောင်းကိုလည်း ကျောက်ဖြူသားတလားကြီးပေါ်တွင် ဆန့်ဆန့်ရန့်ရန့် ဖြစ်အောင် တင်ထားပြီး အဖြူရောင် ပိုးသားအင်္ကျီနှင့် အဖြူရောင် ပိုးသားတောင်ရှည်ပုဆိုးကို ၀တ်ဆင်ပေးထား၏ ။ ပခုံးထက်၌ ကား ကောသမ္ဘီတိုင်း ဖြစ် ရွှေသားပုဝါစစ်စစ်အား လောကဘတ် ထိုးထားသည်ကို တွေ့ လိုက်ရသည်။
ဆရာ ကိုဟင်္သာ၏ အလောင်းတင်ထားရာ ကျောက်ဖြူသားတလားကြီး၏ အပေါ်မျက်နှာကြက်တွင် အနက်ရောင် ကတ္တီပါစတစ်စကို ဗိတန်သဖွယ် ဖြန့်ကြက်မိုးထား၏ ။ ထိုအနက်ရောင် အ၀တ်စ သည်ပင်လျှင် စကြ၀ဠာကို ကိုယ်စားပြုသော သဘော ဖြစ်သည်။ အလောင်း လဲလျောင်းရာ ကျောက်ဖြူသားက အဖြူရောင် ဖြစ်ပြီး အပေါ်မျက်နှာကြက်က အမည်း ဖြစ်ခြင်းသည် Masonic ဂန္ဓာရီပညာ၏ စကြ၀ဠာစွမ်းအင်ကို ဖော်ထုတ်ခြင်းသဘော ဖြစ်လေ၏ ။
အလောင်းတင်ထားရာ ကျောက်ဖြူသားတလား၏ ထောင့်လေးထောင့် အသီးသီး တွင် လည်း မီးတောက်လောင်နေသော ဖယောင်းတိုင် တစ်တိုင်၊ ထွန်းညှိထားသော အမွှေးတိုင်အိုးတစ်အိုး ရေဖန်ခွက်တစ်ခွက်နှင့် ကျောက်စရစ်ခဲတစ်ခဲကို သူ့ထောင့်နှင့် သူ တင်ထား၏ ။
ဤသည်မှာ လည်း မဟာဘူတ ဓာတ်ကြီးလေးပါးကို ကိုယ်စားပြုသော ဂန္ဓာရီအစီအရင်ပင် ဖြစ်လေသည်။
မောင်တက်က ကျောက်ဖြူသားတလား အနားသို့ တိုးကပ်သွားပြီး ဆရာ ကိုဟင်္သာ၏ မျက်နှာကို သေချာစွာ ငုံ့ကြည့်လိုက်၏ ။
ဆရာ ကိုဟင်္သာ၏ မျက်နှာမှာ အသက်ရှင်စဉ်ကအတိုင်းပင် မည်းနက်ထူထပ်သော မျက်ခုံးမွေး၊ ဖြောင့်စင်းပေါ်လွင်သော နှာတံထူထဲပြည့်ဖောင်းပြီး တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်းအစုံတို့ဖြင့် ကျက်သရေရှိလှသည်။ ထို့အပြင် မျက်ခုံးနှစ် ခုဆုံရာ နဖူးအစပ်နားရှိ တတိယမျက်လုံးဟု ခေါ်တွင် သော နေရာတွင် ရှိသည့် အစိမ်းရောင် မှဲ့ရှင်တစ်လုံးမှာ လည်း အသက်ရှင်စဉ်တုန်းကထက်ပင် ပိုမိုလတ်ဆတ်ကာ အစိမ်းရောင် သမ်းနေသည်ကို တွေ့ ရသည်။ တစ်ခု ထူးခြားနေသည်မှာ ဆရာ ကိုဟင်္သာ၏ မျက်နှာတစ်ခုလုံးသည် အသားအရေ ၀င်းဝါလျက်ရှိပြီး အဆိပ်မိထားသည့် လက္ခဏာ တစိုးတစိမှ မတွေ့ ရခြင်းပင်။
ထိုစဉ်မှာ ပင် ဆရာကြီး ၏ တပည့်တစ်ဦးက မောင်တက်အနားသို့ ရောက်လာပြီး …..
“ကိုတက်ရေ နည်းနည်း လောက် ဖယ်ပေးလိုက် ပါဦးဗျာ။ ဒီမှာ စီအိုင်ဒီက အရာရှိတွေ ရောက်လာကြတယ်။ သူတို့က နည်းနည်း လောက် ကြည်ချင်ကြလို့တဲ့”
မောင်တက်က လှည့်ကြည့်လိုက်သော အခါ အိုင်ပီ (Inspector Police) ရာထူးအဆင့်အတန်းရှိ ယူနီဖောင်းဝတ်စုံနှင့် မွန်မွန်ရည်ရည် လူ တစ်ယောက် က ….
“စိတ်တော့ မရှိပါနဲ့ဗျာ။ ဒီ ကေ့စ်က မာဒါကေ့စ် (Murder case) ဖြစ်တယ်လို့ ကျွန်တော် တို့ဆီကို သတင်းပိုလာတဲ့ အတွက် တာဝန်အရ လာကြည့်တာပါ။ စိတ်အနှောင့်အယှက် မ ဖြစ်ကြပါနဲ့။ တစ်ချိန်က ကျွန်တောလည်း ဆရာ ကိုဟင်္သာရဲ့ တပည့်ဟောင်း တစ်ယောက် ပါပဲ”
“သြော် ….. သြော်”
မောက်တက်လည်း စိတ်မသက်မသာဖြင့် ပင် အလောင်းအနားမှခွာကာ ဆရာကိုဟင်္သာ၏ ယခင်အသုံးပြုနေကျ ဖြစ်သော အိပ်ခန်းထဲသို့ ၀င်လာခဲ့၏ ။
အိပ်ခန်းထဲတွင် ကား တစ်စုံ တစ်ယောက် က မွေနှောက်ထားဟန်ဖြင့် မြင်မကောင်းအောင် ဖရိုဖရဲ ဖြစ်နေသည်။ သို့ သော် ဆရာကိုဟင်္သာ၏ ဘိုးစဉ်ဘောင်ဆက်သုံး ယိမ်းနွဲ့ပါဓားကြီးကမူ ကလပ်ပေါ်တွင် နေသားတကျ ရှိမြဲရှိနေသေးသည်။
မောင်တက်က စိတ်မကောင်းစွာ ဖြင့် သက်ပြင်းချလိုက်မိသည်။
အလောင်းမင်းတရား၏ မြင်းရေတက် ၆၄ လေးဦးထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သော မင်းခေါင်အနော်ရထာဘွဲ့ခံ ဗိုလ်ထွန်း၏ မျိုးရိုး စဉ်ဆက်မှ ပေါက်ဖွားလာပြီး သူရသတ္တိနှင့် ပညာအရာတွင် ရှားမှရှားသော ယေက်ျားကောင်း တစ်ယောက် ဖြစ်သည့် ဆရာ ကိုဟင်္သာကား ကွယ်လွန်လေပြီ ….။
အရှေ့တိုင်း ဂန္ဓာရီ၊ အနောက်တိုင်း ဂန္ဓာရီတို့ကို နှံ့နှံ့စပ်စပ် ထူးထူးချွန်ချွန် တတ်မြောက်ထားသော ဆရာ ကိုဟင်္သာ၏ ပညာတို့သည်လည်း သူနှင့် အတူ သေရွာသို့ ပါရရှာလေပြီဟု တွေးကာ မောင်တက်ရင်ထဲ၌ နှမြောတသမဆုံးနိုင်အောင် ဖြစ်နေရလေ တော့သည်။
ဆရာ ကိုဟင်္သာ၏ အိပ်ခန်းထဲ၌ ပြန့်ကျဲရှုပ်ပွနေသော ရှေးဟောင်းပေစာ ပုရပိုက်များ ၊ ရုပ်တိုများ ၊ ဂမ္ဘီရအဆောင်များ ရှေးဟောင်း တူရိယာပစ္စည်းများ ကို နေသားတကျ ဖြစ်အောင် ပြန်လည်ထားသိုပေးပြီးမှ အခန်းထဲက ထွက်လာခဲ့သည်။
အိမ်ရှေ့ခန်းမကြီးထဲသို့ ပြန်ရောက်လာသည့် အချိန်တွင် ပုလိပ် အင်စပတ်တော် အရာရှိကို ကိုအင်္ကျီက ထောင့်တစ်ထောင့်ဆီသို့ လက်တို့ ခေါ်သွားပြီး တီးတိုးပြောဆိုနေသည်ကို တွေ့ ရသည်။ ကိုအင်္ကျီက ဘာပြောလိုက်သည် မသိ။ ခဏကြာတော့ ပုလိပ်အရာရှိများ က အားလုံးကို နှုတ်ဆက်ကာ ပြန်သွားကြလေတော့သည်။
အသုဘချမည့် နေ့ မနက်စောစောတွင် မြောက်ဘက်အရပ်ဆီမှ ပျားအုပ်တစ်အုပ် ပျံဝဲလာကာ အိမ်တံစက်မြိတ်အောက်တွင် အုံဖွဲ့လျက်ပျားစွဲနေကြသည်ကို တွေ့ ရသော ကြောင့် မောင်တက်၏ စိတ်ထဲတွင် အံ့သြနေမိသည်။
ဆရာကိုဟင်္သာ၏ တပည့်များ ကလည်း အဖြူရောင် ၀တ်စုံကိုယ်စီဖြင့် ဈာပနအခမ်းအနား ကျင်းပရန်အတွက် ယောက် ယက်ခတ်လှုပ်ရှားနေကြသည်။ နောက်ပြီး သာမန် ချရိုးချစဉ် အသုဘများ မှာ ကဲ့သို့ ကြေးစည်မတီးဘဲ ငွေသားစစ်ဖြင့် ပြုလုပ်ထားသော မောင်းတစ်လုံးကို ညင်ညင်သာသာ တီးခတ်နေကြ၏ ။ ထို့နောက် အလောင်းကို ၀န်းရံနေကြသော တပည့်များ မှာ တိဗက်ဘာသာဖြင့် မန္တန်တစ်ခုကို ညီညီညာညာ ရွတ်ဆိုနေကြသည်။
အခမ်းအနားတစ်ခုလုံးသည် အမွှေးတိုင်များ မှထွက်သော အခိုးအငွေ့တို့ဖြင့် မှု န်မှိုင်းရီဝေ နေ၏ ။ မန္တန်ရွတ်သံများ ပြီးဆုံးသွားသော အခါ တပည့်များ က အလောင်းကို မ၍ ကျောက်ဖြူသား တလားအတွင်းသို့ ထည့်ရန် စတင်ပြင်ဆင်ြ ကတော့သည်။
မောင်တက်က ဆရာကိုဟင်္သာ၏ ဦးခေါင်းပိုင်းမှနေ၍ ဖြည်းဖြည်းချင်း မ ယူလိုက်သည်။ ကိုဟင်္သာ၏ ရုပ်ကလပ်မျက်နှာကို နောက်ဆုံးအနေဖြင့် အသေအချာ ငုံ့ကြည့်လိုက်သည်။
ဆရာကိုဟင်္သာ၏ မျက်နှာသည် ပုပ်ခြင်း၊ ပွခြင်း၊ အခြေအနေပျက်ယွင်း တစ်စုံတစ်ရာမရှိဘဲ ပကတိ အိပ်ပျော်နေသည့်အတိုင်းပင် ရှိလေသည်။ နဖူးနှင့် မျက်လုံးအစပ်ရှိ မှဲ့ရှင်လေးမှာ လည်း အရောင် မပျက်ယွင်းဘဲ စိမ်းမြဲ စိမ်းနေလျက်ပင် ရှိနေသေး၏ ။
မောင်တက်နင့် အခြားတပည့်များ က ဆရာကိုဟင်္သာ၏ ရုပ်အလောင်းကို ကျောက်ဖြူသားတလားအတွင်းသို့ ထည့်ကာ အဖုံးကို ပိတ်လိုက်ကြပြီးနောက် အားလုံးဝိုင်းထိုင်၍ ရှိခိုးကန်တော့လိုက်ကြသည်။
ထို့နောက် တလားကို ပြိုင်တူမကာ သုသာန်မြေဆီသို့ ခြေလှမ်း စတင်လိုက်ကြလေ တော့သည်။
ဒါသည်ပင်လျှင် လူ တစ်ယောက် ၏ ဇာတ်သိမ်း ဖြစ်သလို လျှို့ဝှက်ချက်များ စွာ ၊ ခက်ခဲနက်နဲသော ပညာရပ်များ စွာ တို့ကို အပြီးအပြတ် မြှပ်နှံသင်္ဂြိုဟ်ခြင်း ဖြစ်ပေတော့သည်။
ကြံတောသင်္ချိုင်းထဲရှိ ဆရာကိုဟင်္သာအတွက် ဆောက်လုပ်ထားသော ဂူ၏ ရှေ့နားတွင် အသုဘရထားပေါ်မှ သယ်ဆောင်လာသော ကျောက်ဖြူတလားကို ချထားလိုက်ကြသည်။ တပည့်အချို့ထံမှ ရှိုက်ငိုသံ သဲ့သဲ့ ထွက်ပေါ်လာသည်။ တချို့က မကျေမနပ်ဖြင့် တီးတိုးပြောဆို နေကြသည်ကိုလည်း ကြားရ၏ ။
“တိတ်စမ်း ! …. ဆရာကြီး သွားရမယ့်ခရီးမှာ ဒီလို မင်္ဂလာမရှိတာတွေ မလုပ်စမ်းနဲ့”
အသံသြဇာပါသော ကိုအင်္ကျီ၏ တားမြစ်သံကြောင့် ငိုသံ၊ ရှိုက်သံများ တိတ်သွားကြသည်။ ထို့နောက် ကိုအင်္ကျီကိုကပင် ဆက်ပြီး ဆရာ ကိုဟင်္သာ၏ အလောင်းကို ဂူသွင်းရန် အစစအရာရာ စီမံကွပ်ကဲနေလေတော့သည်။
ဆရာကိုဟင်္သာ၏ အုတ်ဂူကို အနက်ရောင် ကျောက်ပြားများ ကပ်ထားပြီး ခေါင်းရင်းဘက် တွင် လည်း လက်တစ်ဝါးခန့် အပေါက်ငယ်တစ်ပေါက် ဖောင်ထား၏ ။ အုတ်ဂူ၏ ခြေရင်းဘက် တွင် ကား အောက်ပါပုံစံကို ကျောက်သလင်းဖြင့် ပုံဖော်ထားသည်ကို တွေ့ ရသည်။
ထိုသင်္ကေတကို ကြည့်ပြီး မောက်တက်က မည် သည့်အဓိပ္ပာယ်မှန်း စဉ်းစားမရနိုင်အောင် ဖြစ်နေလေသည်။
ထိုစဉ်မှာ ပင် ကိုအင်္ကျီက ….
“ကဲ … ကဲ ဆရာကြီး ကို နောက်ဆုံးအနေနဲ့ ဂါရ၀ပြုကြရအောင်”
သူ၏ နှိုးဆော်စကားကြောင့် မောက်တက်အပါအ၀င် တပည့်အားလုံးမှာ ဆရာကိုဟင်္သာ၏ ရုပ်ကလပ်ထည့်ထားသော ကျောက်ဖြူတလားကြီး၏ ဘေးတွင် ထိုင်ချကာ အသီးသီး လက်အုပ်ချီလိုက်ကြသည်။
သူတို့အားလုံး ကန့်တေြာ့ ကတော့မည့် ဆဲဆဲမှာ ပင် အနီးသို့ ဘယ်အချိန်က ရောက်နေမှန်းမသိသော စဏ္ဍာလအိုကြီး တစ်ယောက် က …….
“ဟ ….. ငမိုက်သားတွေ ရဲ့ ၊ ဂါရ၀ ပြုတယ်ဆိုတာ အခေါင်းကြီးကို ထိုင်ကန်တော့ရုံနဲ့ ဖြစ်မလား။ အထဲက မင်းတို့ဆရာကိုလည်း ကြည့်ကြဦးမှာ ပေါ့ ….။ ကဲ ….. အခေါင်းအဖုံးကို ဖွင့်လိုက်ကြစမ်း”
ပြောပြောဆိုဆိုဖြင့် စဏ္ဍာလအိုကြီးက သူ့လက်ထဲတွင် ကိုင်ထားသော ၀ါးရင်းတုတ်ကြီးဖြင့် ကျောက်ဖြူသား တလား၏ အဖုံးကို အားစိုက်၍ ထိုးကလော်လိုက်ရာ …..
“၀ုန်း ….. ဂလုန်း ….. ဂလုန်း …..”
“ဟင်!”
“ဟာ!”
ကျောက်သား တလားကြီးထဲသို့ ငုံ့ကြည့်လိုက်သူ အားလုံးမှာ ဟင်ခနဲ ဟာခနဲ ဖြစ်ကာ အံ့သြသွားကြလေသည်။ မောင်တက်သည်ပင်လျှင် သူ့မျက်စိကို သူ မယုံနိုင်အောင် ဖြစ်သွားလေတော့သည်။
ကျောက်ဖြူသား တလားထဲ၌ ရှိသော ဆရာကိုဟင်္သာ၏ ရုပ်အလောင်းကား ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေပြီ။
“ဟင် … ဘယ်လို ဖြစ်တာလဲ၊ ဆရာကြီး အလောင်းကို အခေါင်းသွင်းတုန်းက ငါကိုယ်တိုင် မ ပြီး သေသေချာချာ ထည့်ခဲ့တာပါ”
ထူးဆန်းသော အ ဖြစ်အပျက်ကြောင့် မောက်တက်မှာ မစဉ်းစားတတ်အောင် ဖြစ်သွားပြီး မှင်သက်ရပ်နေမိတော့သည်။ ကျန်တပည့်များ ကတော့ ကျွက်ကျွက်ညံအောင် တစ်ယောက် တစ်ပေါက် ထင်ရာ ပြောနေကြ၏ ။
“ဒါ …. ဆရာကြီး အရှင်ထွက် ထွက်သွားတာ ဖြစ်ရမယ်”
“မဟုတ်တာကွာ၊ သေပြီးမှ ထွက်တာဆိုတော့ အသေထွက်ပေါ့”
မောင်တက်ကား သူတို့ကြားထဲတွင် ဘာဝင်ပြောရမည် မှန်း မသိတော့ပေ။ ကိုအင်္ကျီကို လှမ်းကြည့်လိုက်လေတော့လည်း ကိုအင်္ကျီက အဓိပ္ပာယ်ဖော်ရခက်သည့် မျက်လုံးများ ဖြင့် သူ့ကို တလားအတွင်းသို့ ကြည့်ရန် အချက်ပြနေသည်။
မောက်တက်က ဗလာဟင်းလင်း ဖြစ်နေသော အခေါင်းထဲသို့ ထပ်မံပြီး ငုံ့ကြည့်လိုက်ရာ ခေါင်းအောင် ကြမ်းပြင်တွင် ရေး ထားသော အောက်ပါစာကြောင်းကို တွေ့ရလေသည်။
“ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”
ထိုစာကြောင်းကို ကြည့်ပြီး မောက်တက် နားမလည်နိုင်အောင် ဖြစ်နေစဉ်မှာ ပင် စဏ္ဍာလအိုကြီး၏ အသံနက်ကြီးဖြင့် အော်ရယ်လိုက်သော အသံကို ကြားလိုက်ရလေတော့သည်။
“ဟား ….. ဟား ….. ဟား ….”
ကွေ့ကောက်ကြမ်းတမ်းသော မြေနီလမ်းများ ရှိရာ ဇိုင်းဂနိုင်းအရပ်ထဲသို့ ၀င်လာသည်နှင့် ကျွန်းသား မြင်းရထားလုံးအိမ်မှာ သိမ့်ခနဲလှုပ်ခါသွားပြီး မောင်တက်မှာ လည်း အတွေးရေယာဉ်ထဲမှ ရုန်းထွက်၍ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ မိမိအရပ်ဒေသသို့ ပြန်လည်ရောက်ရှိပြီ ဖြစ်မှန်း သတိပြုမိသွားတော့သည်။
ပဟေဠိပုစ္ဆာဆန်သော ဆရာ ဖြစ်သူ ကိုဟင်္သာ၏ အသုဘကိစ္စပြီးသည်နှင့် မောင်တက်မှာ ကြုံရာကားဖြင့် ပဲခူးမြို့သို့ ပြန်ခဲ့သည် ဖြစ်ရာ ယခု ညနေသုံးနာရီကျော်မှ ပြန်ရောက်လာခဲ့ လေသည်။
စိတ်ထဲတွင် တော့ ပြန်သာ ပြန်ခဲ့ရသည် ဖြစ်သော်လည်း ဘ၀င်မကျမှု များ စွာ နှင့် အတူ အဖြေမဲ့မေးခွန်းများ က ကပ်ငြိပါလာခဲ့သည်။ “ဆရာကြီး တကယ်သေသွားတာကော ဟုတ်ရဲ့ လား” ဆိုသည့် ဒွိဟစိတ်က မောင်တက်၏ ခေါင်းထဲတွင် ရစ်ဝဲနေသည်။ သို့ သော် ကျောက်ဖြူသား တလားပေါ်တွင် သုံးရက်တိုင်တိုင် မလှုပ်မယှက် လဲလျောင်းနေသော ဆရာကိုဟင်္သာ၏ ရုပ်အလောင်းကို သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရသည့်အတွက် “သေသွားတာကော ဟုတ်ရဲ့ လား” ဆိုသည့် အတွေးမှာ ရယ်စရာကောင်းနေပြန်သည်။
နောက်ဆုံး မောင်တက်မှာ စိတ်အိုက်အိုက်ဖြင့် လေပူတစ်ချက်ကိုသာ ဟူးခနဲ မှု တ်ထုတ်လိုက်လေတော့သည်။ စီးနင်းလိုက်ပါလာသော မြင်းရထားလုံးမှာ သူ့အိမ်ရှေ့သို့ ရောက်သည်နှင့် တုံ့ခနဲ ရပ်သွားရာ မောက်တက်မှာ မြင်းရထားပေါ်မှာ ဆင်းလိုက်ပြီး မြင်းရထား မောင်းသမားကို ကျသင့်ငွေပေးလိုက် ၏ ။ ထို့နောက် လေးလံသော ခြေလှမ်းများ ဖြင့် ခြံထဲသို့ ၀င်လာခဲ့လေသည်။
မောင်နှမသားချင်းမရှိသော မောင်တက်မှာ နှစ် ဆောင်ပြိုင်အိမ်ကြီးကို မိဘများ ထံမှ အမွေရထားသည် ဖြစ်သော်လည်း တစ်ဦးတည်း မနေနိုင်ဘဲ အိမ်စောင့်ရရန်နှင့် စားရေး သောက်ရေး အဆင်ပြေစေရန် ညားခါစ လင်မယားနှစ် ယောက် ကို အိမ်ငှားတင်ထား လေသည်။ မောင်တက်မှာ ခေါင်းရင်းဘက်အဆောင်တွင် နေထိုင်ပြီး အိမ်ငှားလင်မယားကမူ ခြေရင်းဘက်အဆောင်တွင် နေထိုင်၏ ။ ထမင်းကိုတော့ မောင်တက်က စရိတ်ပေးပြီး ထိုလင်းမယားနှင့် အတူ စားသောက်လေသည်။
မောင်တက် ပြန်လာသည်ကို မြင်သည်နှင့် တစ်ဖက်ခန်းမှ အမျိုးသမီးက ……
“ကိုတက် ….. ပြန်လာပြီလား ….”
မောင်တက်မှာ ခေါင်းကို အသာညိတ်ပြလိုက်ပြီး ….
“ငါ့ဆီကို ဧည့်သည်တွေ ဘာတွေ လာသေးလား …. မိအေး”
ဟု မေးလိုက်ရာ မိအေးဆိုသည့် အမျိုးသမီးက ချက်ချင်း ပင် ခေါင်းကိုယမ်းကာ ပြန်ဖြေလေသည်။
“ဟင့်အင်း … မလာပါဘူး … ကိုတက်ရယ်။ နွားနို့ပို့တဲ့ ရာဂျူးတောင် ကိုတက် မရှိဘူးဆိုလို့ လာမပို့ဘူး။ ကိုတက်ပြန်လာမှ လာပို့မယ်လို့ ပြောတယ်”
“အေး … အေး ….. ဒါဆိုလည်း ပြီးရော”
မောင်တက်က စကားပြောရင်း အိတ်ကပ်ထဲမှ သော့ ကို နှိုက်ကာ အိမ်တံခါးအား ဖွင့်လိုက်လေသည်။ ထို့နောက် အိမ်ရှေ့တံခါးမကြီးကို အသာအယာတွန်းဖွင့်ကာ အိမ်ထဲသို့ ၀င်လာခဲ့ပြီး ဧည့်ခန်းထဲရှိ ဆိုဖာထိုင်ခုံပေါ်တွင် မောမောပန်းပန်း ပစ်လှဲထိုင်ချလိုက်တော့၏ ။
မောပန်းနွမ်းနယ်သမျှကို မျက်လုံးစုံမှိတ်ကာ ဖြေလျော့နေရင်း အတန်ကြာသော အခါ ခံတွင်းချဉ်လာသဖြင့် ဆေးလိပ်သောက်ရန် စားပွဲခုံပေါ်မှ မီးခြစ်ကို လှမ်းယူလိုက်ရာ တစ်စုံတစ်ရာကို မြင်တွေ့ လိုက်ရသဖြင့် အံ့သြထိတ်လန့်သွားရလေသည်။
“ဟင်!”
သူ့ရှေ့ရှိ စားပွဲခုံပေါ်တွင် တော့ ကျွဲချွဲကဲ့သို့ အဖျားချွန်ကော့နေသော ဓားမြောင်တစ်ချောင်း နှင့် အတူ လက်ကိုင်တွင် နဂါးတစ်ကောင်ခွေပတ်နေသည့်ပုံစံ ပြုလုပ်ထားသော ကြေးမီးအိမ်လေး တစ်လုံးကို တွေ့ လိုက်ရသော ကြောင့် ဖြစ်လေသည်။
ဒါ သူပိုင်ဆိုင်သည့်ပစ္စည်းများ မဟုတ်မှန်း မောင်တက်အသေအချာ သိနေသည်။ ထို့ကြောင့် ပင် စားပွဲခုံပေါ်ရှိ အဖျားချွန်ကော့နေသော ဓားမြောင်ကို မောင်တက်က ဆတ်ခနဲ ကောက်ယူကာ စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်လေသည်။
လက်ကိုင်တွင် ထွင်းထုထားသော ဟင်္သာရုပ်တစ်ရုပ်ကို တွေ့ လိုက်ရသည့်အခါတွင် တော့ မောင်တက် တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ….
“ဒါ …. ဆရာကိုဟင်္သာက ငါ့ကို တစ်နေရာရာမှာ တွေ့ ဖို့အကြောင်းကြားတဲ့ အမှတ်အသားပဲ ….။ ဒါဆို ဆရာကိုဟင်္သာ မသေဘူးပေါ့ ….”
ဟု အားရ၀မ်းသာ ရေရွတ်မိလိုက်လေသည်။ သို့ သော် ထိုဝမ်းသာကြည်နူးသည့် စိတ်များ မှာ ခဏအကြာတွင် တစ်စထက်တစ်စ ပျောက်ကွယ်မှေးမှိန်သွားရပြန်၏ ။
“ချိန်းတဲ့ အမှတ်အသား ကတော့ ဟုတ်ပါပြီ ….။ဒါပေမဲ့ ဒီဓားမြောင်နဲ့ မီးအိပ်က ဘယ်နေရာကို ကိုယ်စားပြုတာပါလိမ့်”
ထိုအတွေးနှင့်အတူ မောင်တက်မှာ အဖျားချွန်ကော့နေသော ဓားမြှော င်ကိုတစ်လှည့်၊ နဂါးရုပ်ပတ်ထားသော မီးအိမ်ကိုတစ်လှည့်ကြည့်ရင်း စဉ်းစားခန်းဖွင့်နေရတော့လေသည်။
တစ်နာရီလောက် ကျားကုတ်ကျားခဲ စဉ်းစားပြီးသည့်အခါ ဂမ္ဘီရပညာနှင့် ပတ်သက်ပြီး တီးမိခေါက်မိရှိသော မောင်တက်၏ ခေါင်းထဲတွင် အတွေးတစ်ခု လင်းခနဲ လက်သွား၏ ။
“ဦးချွန်တဲ့ ဓားမြောင်ဆိုတာ ဂမ္ဘီရပညာမှာ တော့ တောင်ထိပ်တို့၊ နေထွက်ချိန်တို့ကို ကိုယ်စားပြုတဲ သင်္ကေတပဲ။ နဂါးပတ်ထားတဲ့ မီးအိမ်က မီးတောင်ကို ကိုယ်စားပြုတာ ….။
ဒီပစ္စည်းနှစ် ခုရဲ့ သင်္ကေတနိမိတ်ပုံကို ဆက်စပ်ရင် နေထွက်ချိန် မီးတောင်ထိပ်ပေါ်မှာ လို့ အဓိပ္ပာယ်ရတယ် ….။ ဟင် …. ဒါဆို ပုပ္ပါးတောင်က မီးတောင်သေတစ်ခုပဲ ….။ အဲဒီ တောင်ပေါ်မှာ နေထွက်ချိန် တွေ့ မယ်လို့ ဆရာကိုဟင်္သာ အမှတ်အသားပြသွားတာ ဖြစ်ရမယ်”
ထိုအတွေးနှင့် အတူ မောင်တက်မှာ ထိုင်ရာမှ ၀ုန်းခနဲ ထရပ်လိုက်လေသည်။ နောက် အချိန်ဆိုင်းမနေတော့ဘဲ ချက်ချင်း ပင် ပုပ္ပါးတောင် သို့ သွားရန် ပြင်ဆင်သည်။ အားလုံး ပြင်ဆင်ပြီးသွားသည့်အခါတွင် တော့ မောင်တက်မှာ အိမ်တံခါးကို သော့ ပိတ်ကာ ဘေးခန်းမှ မိအေးကို မှာ စရာရှိတာမှာ ပြီး ရထားဘူတာရုံသို့ ထွက်ခွာလာခဲ့လေသည်။
မိအေး ကတော့ ရှမ်းလွယ်အိတ်ကြီးတစ်ခုလုံးကို လွယ်ကာ ရေး ကြီးသုတ်ပျာဖြင့် ပြန်ထွက်သွားသော မောင်တက်ကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေလေတော့၏ ။
အာရုံတက်ချိန် ဖြစ်သော ကြောင့် ပုပ္ပါးတောင်ကလပ်ပေါ်တွင် အလင်းရောင် ၀ိုးတ၀ါးသာ ရှိလေသည်။ မောင်တက်က စောစောစီးစီး တောင်ကလပ်ပေါ် တက်လာရသော ကြောင့် မောပန်းနွမ်းနယ်နေသည့် အကြောအခြင်များ ကို ဖြေလျော့ရန် ခေါင်းလောင်းတစ်ခု၏ နံဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက် လည်ပင်းတစ်ဝိုင် စီးကျလာသော ချွေးတို့ကို သုတ်ပစ်လိုက်၏ ။
တောက်ကပလ်ပေါ်သို့ ဝေ့၀ဲဖြတ်သန်း တိုက်ခတ်လာသော လေပြည်က အေးခနဲ စိမ့်သွားသည်။ မောင်တက်၏ လက်ဝဲဘက်လက်မောင်းနှင့် လက်ပြင်တစ်လျှောက်တွင် ကြက်သီးများ ဖြန်းခနဲ ထသွားလေ၏ ။
ထိုစဉ် ငှက်တစ်ကောင်၏ ဂီးခနဲ မြည် သံရှည်ကြီးနှင့် အတူ ခေါင်းပေါင်းမှ ရုတ်တရက် ဖြတ်ပျံသွားသဖြင့် မောင်တက်၏ အာရုံသည် ဖျတ်ခနဲ နိုးကြားသွား၏ ။ ချက်ချင်း လိုလိုပင် လိုရမည် ရသဘောဖြင့် သူ့ ရှမ်းလွယ်အိတ်ထဲတွင် ထည့်ယူလာသော ဂေါ်ရခါးဓားကောင်၏ ကျွဲချွဲလက်ကိုင်ရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်မိလျက်သား ဖြစ်သွားသည်။ (၁၉၃၀ ခုနှစ် မတိုင်မီ ထိုခေတ်ကာလ အခြေအနေတုန်းက ပုပ္ပါးတောင်သည် ယခုကဲ့သို့ လူစည်ကားခြင်းမရှိလှဘဲ တောကြီးမျက်မည်းဆန်ဆန်မျှသာ ဖြစ်လေသည်။ တောရပ်မှီလိုသော ရဟန်းများ နှင့် မုဆိုးတချို့သာလျှင် အရောက်အပေါက်များ သော နေရာ ဖြစ်ပြီး စိမ်းလန်းစိုပြည်မှု လည်း သိပ်မရှိသေးပေ။ ၁၉၆၀ နောက်ပိုင်းမှသာလျှင် ပုပ္ပါးတောင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်)
မောင်တက်က သတိဝီရိယကြီးစွာ ဖြင့် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် အကဲခတ်ကြည့် လိုက်ပြီး ဟူးခနဲ သက်ပြင်းမှု တ်ထုတ်ကာ ခေါင်းလောင်းချိတ်ဆွဲထားသော တိုင်ကို ကျောမှီထိုင်ချလိုက်သည်။
“အင်း … ဆရာကြီး ရဲ့ နဂါးမီးအိမ် သင်္ကေတအရဆိုရင်တော့ ပုပ္ပါးတောင်မှာ တွေ့ ဖို့ ချိန်းတာ မလွဲနိုင်လောက်ပါဘူး။ ဒါပေမဲ့ ပုပ္ပါးတောင်မကြီးမှာ လား၊ ဟော့ဒီ တောင်ကလပ်ပေါ် မှာ လားဆိုတာ ခွဲခွဲခြားခြား မသိရတာ ခက်တယ်။ ဆရာကြီး က သူနဲ့ ဘယ်လို အဆက်အသွယ်လုပ်ရမယ် ဆိုတာကိုလည်း မမှာ လိုက်ဘူး၊ ခက်တော့တာပဲ”
ဟု စိုးရိမ်ကြောင့်ကြ စွာ တွေးနေမိလေသည်။ လက်ချောင်းများ ကလည်း ဘာရယ်မဟုတ်ဘဲ သူ့နံဘေးရှိ ခေါင်းလောင်းကို လက်ဖြင့် အသာစမ်းကာ အဓိပ္ပာယ်မဲ့ ခေါင်နေမိလေ၏ ။
ထို့သို့ ခေါင်ရင်း …
“အလို … ဒီခေါင်းလောင်းကလည်း ကြေးကို သွန်းထားတဲ့ ခေါင်းလောင်းပဲကိုး …”
ထိုအတွေးနှင့် အတူ ဆရာကိုဟင်္သာ၏ ခေါင်းတလားထဲတွင် ရေး ထားသော ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း” ဟူသည့် စာသားကပါ သူ့ဦးနှောက်ထဲတွင် ဖျတ်ခနဲ လျှပ်ပြက်သကဲ့သို့ ပေါ်လာသည်။
“ကြေးဆိုတာကို ကျီးလို့ပဲ အသံထွက်ကြတယ် မဟုတ်လား။ ‘ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း’ ဆိုတာ အဂ္ဂိရတ်ပညာကို ၀ှက်ထားတဲ့ စကားအလင်္ကာလေးပဲ။ ကြေးဝါးကို သွပ်နဲ့ သတ်ရင်ဖြူသွားပြီး တစ်ခါ ကြေးဝါကို သံနဲ့သတ်ရင် မည်းသွားတယ်။ အဲဒီ လိုလုပ်ပြီးတဲ့ ကြးဖြူ၊ ကြေးမည်းကို ပေါင်းလိုက်ရင် နှစ် ဆယ်ရည်ရှိတဲ့ ရွှေကို ရတယ်လို့ ဆိုထားတယ်။ ပြီးတော့ … ဒီစာကြောင်းကို အကြောင်းမဲ့သက်သက်တော့ ဆရာကြီး ရေး ထားခဲ့တာ ဟုတ်မယ် မထင်ဘူး”
ထိုသို့ အတွေးပေါက်ပြီးသည်နှင့် မောင်တက်သည် ထိုင်နေရာမှ ထ၍ အနီးတွင် တွေ့ ရသော ခေါင်းလောင်းလက်ခတ်ကို ဆတ်ခနဲကောက်ယူကာ ကြေးခေါင်းလောင်းကြီး ကို ဆင့်ကဲဆင့်ကဲ အားပါးတရ ထိုးချလိုက်လေတော့သည်။
“ဒေါင် ….. ဒေါင် …. ဒေါင်”
တဒေါင်ဒေါင် တဒင်ဒင်နှင့် ဟိန်း၍ ထွက်လာသော အသံလှိုင်းများ သည် ပုပ္ပါးတောင်ကလပ် ကို ဖုံးအုပ်ထားသော မြူငွေ့များ ကြား၌ လွင့်ပျံသွားလေတော့သည်။
ခေါင်းလောင်းသံ အဆုံးမှာ ပင် ….
“သြော် ….. မောင်တက်တောင် ရောက်နေပြီကိုး ….”
ဟူသည့် သံလိုက်ဓာတ်ပါသော သံမဏိရောင် ပြလဲ့လဲ့သမ်းနေသည့် အသံကို သူ၏ နောက်ကျော်ဘက်ဆီမှ ကြားလိုက်ရလေတော့သည်။
မောင်တက်က ၀မ်းသာအားရ လှည့်ကြည့်ပြီး …
“ဟင်! …. ဆရာကြီး ”
ဆင်စွယ်ရောင် နှင့် အညိုရောင် တို့ကို အကွက်ဖော်ကာ ယှက်ဖောက်ထားသော သိုးမွေးမာဖလာကို လည်တိုင်တွင် ပတ်ကာ အနက်ရောင် ဥရောပ၀တ်စုံကို သပ်ရပ်ခန့်ညားစွာ ၀တ်ဆင်ထားသည့် ကိုဟင်္သာက လက်ပိုက်လျက် မောင်တက်ကို မခိုးမခန့်ပြုံးရင်း ကြည့်နေလေသည်။ မျက်ခုံးအစပ်ရှိ မှဲ့ရှင်ကလေးကပင် ဆည်းဆာနေခြည်ထဲတွင် တဖျတ်ဖျတ် စိမ်းလဲ့နေလေ၏ ။
“ဆရာကြီး … ဆရာကြီး မသေဘူးနော်”
မောင်တက်က ၀မ်းသာအားရအော်ဟစ်ရင်း ကိုဟင်္သာကို ပြေး၍ ပွေ့ဖက်လိုက်လေသည်။ ကိုဟင်္သာက …..
“ကျုပ်မသေပါဘူး။ ကျုပ်နောက်ကို တကောက်ကောက်လိုက်နေတဲ့ ဖရီးမေဆင် ဂိုဏ်းသားတွေ မျက်စိအောက်က ခဏတဖြုတ်လောက် ရှောင်နေချင်လို့ ဒီလို လှည့်စားလိုက်ရတာ ပါ။ အခုတစ်ခေါက် မြန်မာပြည်ကို ပြန်လာတဲ့ အတောအတွင်းမှာ ကျုပ်လိုချင်တဲ့ ပစ္စည်းတစ်ခုကို အေးအေးလူလူ ရှာလို့ရအောင် သူတို့ မျက်ခြည်ပြတ်နေမှ ဖြစ်မယ် မောင်တက်ရဲ့ ”
“ဒါ … ဒါဆို ဖရီးမေဆင်ဂိုဏ်းက ဆရာကြီး ကို အဆိပ်နဲ့ လုပ်ကြံတယ်ဆိုတာ မဟုတ်ဘူးပေါ့”
“လုပ်ကြံတာတော့ အမှန်ပဲ မောင်တက်ရဲ့ ။ ဖရီးမေဆင်ဂိုဏ်းရဲ့ ဂိုဏ်းခွဲမှူး မာရီယာဆိုတဲ့ အမျိုးသမီးလက်ချက်ပေါ့။ အတော် စွမ်းလည်း စွမ်းပါပေရဲ့ ။ ကျုပ်အိမ်ကို ဖောက်ဝင်ပြီး မရဏကျမ်းစာအုပ်ကို ပေးမလား ….၊ သူယူလာတဲ့ အဆိပ်ခွက်ကို သောက်မလားဆိုပြီး အကျပ်ကိုင်တော့တာပဲ”
“မိန်းမတစ်ယော်က အကျပ်ကိုင်တာကိုများ ဆရာကြီး ရယ်၊ အရေး လုပ်လို့”
မောင်တက်၏ စကားကြောင့် ကိုဟင်္သာက အနည်းငယ် မခိုးမခန့် ပြုံးလိုက်ရင်း …
“စဉ်းလည်း စဉ်းစားကြည့်ပါဦး မောင်တက်ရယ်၊ ကျုပ်လိုယောက်ျားရင့်မကြီးက မာရီယာလို မိန်းမ တစ်ယောက် ကို လက်ရုံးအားကိုးပြီး တိုက်ခိုက်ရမှာ လား”
“ဒါ ကတော့ ဆရာကြီး ရယ်၊ ရန်သူပဲဥစ္စာ၊ မိန်းမသော ဘာသော ညှာနေရဦးမှာ လား”
မောင်တက်၏ စကားကို ကိုဟင်္သာက ပြန်လည် ငြင်းဆိုနေခြင်း မပြုတော့ဘဲ ခေါင်းကို အသာအယာ ခါယမ်းပြလိုက်ပြီး ….
“ကျုပ်ကလည်း သူတို့ဂိုဏ်းရဲ့ မျက်စိအောက်က ခဏလောက်ခြေရာဖျောက်ချင် နေတာဆိုတော့ အတော် ပဲ ဖြစ်သွားတယ်လေ။ ဒါနဲ့ မာရီယာပေးတဲ့ အဆိပ်ခွက်ကို ယူပြီး သောက်ချလိုက်တယ်ဆိုပါတော့”
ထိုစကားကြောင့် မောင်တက်မှာ မျက်လုံးပြူးသွားပြီးလျှင် ….
“အဆိပ်ခွက်တစ်ခွက်လုံး သောက်ချလိုက်တာတောင် မသေဘူးဆိုတော့ ဆရာကြီး က အဆိပ်ပြီးလို့ပေါ့နော်”
ဟု အံ့သြတကြီး မေးလိုက်မိလေသည်။
ကိုဟင်္သာက နှုတ်ခွန်းတွန့်သည်ဆိုရုံ ပြုံးလိုက်ပြီး ….
“လောကကြီးမှာ လုံးလုံးလျားလျား အဆိပ်ပြီးတဲ့ လူရယ်လို့တော့ ဘယ်ရှိပါ့မလဲလေ။ ဒါပေမဲ့ ကျုပ်က အစာအိမ်ထဲ ရောက်သွားတဲ့ အဆိပ်တွေ ကို သွေးကြောထဲ ပျံနှံ့မသွားအောင် ခြောက်နာရီလောက်တော့ ထိန်းထားနိုင်တဲ့ပညာကို နီပေါနဲ့ ဘူတန်နယ်စ်က ဖကီးကြီးတွေ ဆီမှာ နှစ် ရှည်လများ သင်ယူဖူးတယ်ဗျ”
“ဟုတ်သားပဲလား … ဆရာကြီး ရယ်”
“ ဒါ မဆန်းလှပါဘူး မောင်တက်ရယ်၊ ၁၉၁၂ ခုနှစ် လောက်က တက္ကသိုလ် ပါမောက္ခကြီးတွေ ရှေ့မှာ “နရဒါးဆင်” ဆိုတဲ့ သူတော် စင် ဖကီးကြီး တစ်ယောက် က သရုပ်ပြခဲ့လို့ သတင်းစာထဲ ဟိုးလေးတကျော်ကျော် ပါလဲ့ပြီးပါပြီ။ ဒါပေမဲ့ သူ့ခမျာ ကံဆိုးတယ်ဗျာ။ သူက အစာအိမ်ထဲက အဆိပ်တွေ ကို ခုနစ်နာရီလောက်ပဲ ထိန်းထားနိုင်တာဆိုတော့ အဲဒီ အချိန်မတိုင်ခင် သူတည်းတဲ့ ဟိုတယ်ကို ပြန်ပြီး အဆိပ်တွေ ပြန်အန်ထုတ်ရမှာ ကို အခန့်မသင့်ချင်တော့ လမ်းမှာ ကားအက်စီးဒင့် ဖြစ်ပြီး အချိန်တွေ ကြန့်ကြာသွားတာနဲ့ အဆိပ်တွေ တစ်ကိုယ်လုံး ပျံ့နှံ့ပြီး သေသွားရရှာတယ်”
“ ဖြစ်မှ ဖြစ်ရလေ ဆရာကြီး ရယယ်”
ကိုဟင်္သာက လက်နှစ် ဖက်ကို နောက်ပစ်ကာ ပုပ္ပါးတောင်မကြီးဆီသို့ ငေးကြည့်ရင်း …
“ကျုပ် ကတော့ မာရီယာတို့ဂိုဏ်းသားတွေ ပြန်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်တွေ ကို အန်ထုတ်ပြီး ကိုအင်္ကျီကို ခေါ်၊ ကျုပ် သေပြီဆိုတဲ့သတင်းကို လွှင့်ဖို့ စီစဉ်လိုက်ရတာ ပဲဗျို့။ ဟိမ၀န္တာတောင်တန်းတွေ ပေါ်မှာ ဖကီးကြီးတွေ နဲ့အတူတူ နှစ် ရှည်လများ အသက်မရှူ။ နှလုံးမခုန်ဘဲ သမထ၀င်စားတဲ့ အကျင့်ကို ကျင့်ထားတဲ့ ကျုပ်အဖို့တော့ သုံးရက်လောက် လူသေယောင်ဆောင်ရတာ ဟာ ကလေးကစားသလောက်ပဲ ရှိပါတယ်ဗျာ။ ကဲ … မောင်တက်ရေ ဒီနေရာမှာ ကြာကြာနေဖို့ မသင့်တော့ဘူး ….။ ကျုပ်နဲ့ လိုက်ခဲ့ပေတော့ …..”
ပုပ္ပါးတောင်ကလပ် အောက်ခြေသို့ ပြန်ဆင်းလာကြသော အခါ တောင်ခြေရင်းတွင် ဆရာ ကိုဟင်္သာကိုယ်တိုင် ရိုး (Rowe) ကုမ္ပဏီမှ မှာ ယူတင်သွင်းထားသော Standard အမျိုးအစား ကားကလေးရပ်ထားသည်ကို တွေ့ ရလေ၏ ။
ကိုဟင်္သာက ကားတံခါးကို ဆွဲဖွင့်ပြီးလျှင် ……
“မောင်တက်ရေ …. ရှေ့နားမှာ “ဆည်ပေါက်” ဆိုတဲ့ ရွာတစ်ရွာရှိတယ်။ အဲဒီ့ ရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကျုပ်လောလောဆယ် တည်းနေတယ်ဗျ …။ အဲဒီ ကိုသာ လိုက်ခဲ့တော့ …..”
“ဆရာကြီး က ဖရီးမေဆင် ဂိုဏ်းသားတွေ ကို ရှောင်ချင်လို့ အဲဒီ ဘုန်းကြီးကျောင်းမှာ တည်းနတာလား …. ဟင်”
မောင်တက်၏ စကားကြောင့် ကိုဟင်္သာမှာ မတိုးမကျယ် ရယ်မောလိုက်ပြီး …..
“အဲလို့တော့ မဟုတ်ပါဘူး မောင်တက်ရယ်။ ကျုပ်တည်းနေတဲ့ ကျောင်းက ကျောင်းထိုင်ဆရာတောနဲ့ ကျုပ်က ဟိုးအရင်ကတည်းက သိကျွမ်းခဲ့တာပါ။ ဒါတင် ဘယ်ကဦးမလဲ အဲဒီ ကျောင်းထိုင်ဆရာတော် က ဘုမ္မိရတ် အတတ်ပညာမှာ တစ်ဖက်ကမ်းခတ်အောင် တော် တော့ သူ့ဆီကတောင် ဘုမ္မိရတ်အတတ်ရဲ့ ပင်မ ဖြစ်တဲ့ အဟိဗလစက်အတတ်တို့၊ ရတနဂဗ္ဘစက်အတတ် တို့ကိုတောင် ကျုပ် တပည့်ခံပြီး သင်ဖူးသေးတယ်။ အခုလည်း အီဂျစ်ကို မပြန်ခင် သူ့ဆီက အလွန်လျှို့ဝှက်ပြီး အလွန်ရှေးကျတဲ့ ပညာတစ်ခုကို ကျုပ် ဆည်းပူးနေတာဗျ”
“မသိပါဘူး ဆရာကြီး ရယ်။ ကျွန်တော် က အတွေးချော်ပြီး တောင်တောင်အီအီ လျှောက်တွေးလိုက်မိလို့ပါ”
ထိုစကား ပြောပြီးသည်နှင့် မောင်တက်မှာ ဆက်လက်မေးမြန်း မနေတော့ဘဲ ကားပေါ်သို့ သာ တက်လိုက်တော့လေသည်။ ကိုဟင်္သာမှာ မောင်တက် ကားပေါ်သို့ တက်ပြီးသည်နှင့် စက်နှိုးကာ ဆည်ပေါက်ရွာရှိရာသို့ ဦးတည်မောင်းနှင်လာလေတော့သည်။
မိနစ်နှစ် ဆယ်လောက်ကြာပြီး သစ်ပင်ကြီးငယ်တို့ဖြင့် ဝေဆာအုပ်ဆိုင်းနေသော ဘုန်းကြီးကျောင်းအိုကြီး တစ်ခုရှေ့သို့ ရောက်သော အခါ ကိုဟင်္သာက ကားကို ဖြည်းညင်းစွာ ချိုးကွေ့ဝင်လိုက်ပြီး ….
“ကျုပ်တည်းနေတာ ဒီကျောင်းပဲ မောင်တက်။ ဆည်ပေါက်ဆိုတဲ့ ရွာက ဒီကျောင်းအနောက်ဘက် လေးငါးဖာလုံလောက်ဝေးတဲ့ နေရာမှာ ရှိတာ ….”
“သြော် … ဟုတ်ကဲ့ … ဟုတ်ကဲ့ ဆရာကြီး ”
ကိုဟင်္သာက ကားကို စက်သတ်ရပ်ပြီးသည်နှင့် ကားပေါ်မှ မဆင်းသေးဘဲ မောင်တက်ဘက်သို့ လှည့်ကာ …..
“ဒီကျောင်းမှာ စည်းကမ်းတစ်ခုရှိတယ် မောင်တက်။ ခရီးသွားဧည့်သည့်တွေ ဟာ သီးသန့်စီစဉ်ပေးထားတဲ့ အဆောင်ကနေ လွဲပြီး ကျောင်းပုရ၀ုဏ်ထဲကို တစ်လက်မတောင် လျှောက်သွားလို့ မရဘူး။ ကြောင်းကြီးကြောင်းငယ် ကိစ္စရှိရင်လည်း ကျောင်းက ကပ္ပိယ တစ်ယောက် နဲ့ပဲ သွားလို့ရတယ်။ ဒါတောင် တားမြစ်ထားတဲ့ နေရာကိုသွားခွင့်မရှိဘူး။ စည်းကမ်းဖောက်ဖျက်တဲ့ ဧည့်သည်ဆိုရင် ချက်ချင်း ကျောင်းကနေ မောင်းထုတ်တော့တာပဲ မောင်တက်ရဲ့ ”
ဟု ပြောဆိုမှာ ကြားလေသည်။
ထိုစကားကို ကြားပြိး မောင်တက်မှာ အထူးအဆန်း ဖြစ်သွားကာ …..
“ဘာအတွက်ကြောင့် များ ဒီလောက် စည်းကမ်းတင်းကျပ်ရတာ လဲ ဆရာကြီး ရယ်။ ကျွန်တော် တော့ ဘယ်အရပ်ဒေသက ဘုန်းကြီးကျောင်းတွေ မှာ မှ ဒီလိုစည်းကမ်းကို မတွေ့ ဖူးပါဘူး …..”
ကိုဟင်္သာက မည် သည့်စကားမျှ ပြောဆိုတုံ့ပြန်ခြင်း မရှိသေးဘဲ သက်ပြင်းရှည်ကြီး တစ်ချက်ကို အရင်ချလိုက်လေသည်။ ပြီးနောက် ကားပေါ်မှဆင်းကာ ရှေ့ ခဲတစ်ပစ်စာ အကွာအဝေးရှိ ကျွန်းသားတိုင်လုံးကြီးများ ဖြင့် ရှေးမြန်မာဘုရင်များ လက်ထက်က ဗိသုကာလက်ရာ အတိုင်း ဆောက်လုပ်ထားသော ဘုန်းကြီးကျောင်းအိုကြီးကို ငေးကြည့်နေလေသည်။
မောင်တက် ကားပေးမှဆင်းပြီး ဘေးသို့ သွားရပ်လိုက်သည့် အခါမှ ကိုဟင်္သာက ….
“ဘာ ဖြစ်လို့ ဒီလောက် စည်းကမ်းတင်းကျပ်ရတာ လဲဆိုရင် ဒီလိုကွဲ့ မောင်တက်ရဲ့ …။ ဟိုအရင် ဆရာကြီး တစ်ပါးလပ်ထက်က ဒီကျောင်းကို ခရီးသွားဟန်ဆောင်ပြီး အကြံသမား သုံးယောက် ရောက်လာဖူးတယ်။ အဲဒီ လူသုံးယောက် ဒီကျောင်းမှာ စပြီး ကျောင်းထိုင်ခဲ့တဲ့ ဆရာတော် ကြီးရဲ့ အုတ်ဂူထဲက ပြဒါးရှင်လုံးထည့်တားထဲ့ ရွှေကြုတ်ကို ခိုးယူမယ်ဆိုတဲ့ အကြံနဲ့လေ။ ညလည်းရောက်ရာ ပေါက်တူးတွေ ၊ ပေါက်ပြားတွေ နဲ့ အစဉ်အဆက် လေးစားတန်ဖိုးထားခဲ့တဲ့ ဆရာတော် ကြီးရဲ့ အုတ်ဂူကို မြေမှု န်ဘ၀ ရောက်အောင်လုပ်ပြီး ပြဒါးရှင်ရွှေကြုတ်ကို ရှာတော့တာပါပဲ”
“ဒါနဲ့ပဲ အဲဒီ အကြံသမားသုံးယောက် က ပြဒါးရှင် ရွှေကြုတ်ကို ရသွားရောတဲ့လား ဆရာကြီး ။ ပြီးတော့ ရွှေကြုတ်ထဲက ပြဒါးရှင်လုံးကရော ဘယ်လောက်တောင် စွမ်းလို့လဲ”
“ဘယ် ရလိမ့်မလဲ မောင်တက်ရယ်။ ဒီလို အဖိုးအနဂ္ဃထိုက်တဲ့အရာကို ကိုယ်ကျိုးအတွက် အသုံးချမယ့်လူတွေ ဘယ်ပိုင်ဆိုင်ခွင့် ရပါ့မလဲ …. ။ အဲဒီ အကြံသမားသုံးယောက် လည်း နေရာမှာ တင် ရုပ်ပျက်ဆင်းပျက် အသေဆိုးနဲပ သေ၊ ပြီးတော့ ပြဒါးရှင်ရွှေကြုတ်လည်း အပြီးအပိုင် ပျောက်ကွယ်သွားတာပေါ့ …..။ ရွှေကြုတ်ထဲမှာ ရှိတဲ့ ပြဒါးရှင်လုံးက ဆော်လမွန် ဘုရင်ကြီးလက်မှာ ကွင်းဝတ်ထားတဲ့ ပြဒါးရှင်လုံးနဲ့တင် တန်းတူရည်တူလို့ ပြောလို့ရတယ်။ ကဲပါ … မောင်တက်ရယ် …. အဲဒါတွေ ကို မသိချင်ပါနဲ့တော့။ ကျုပ်ပြောတဲ့အတိုင်းသာ လိုက်နာပါ။ လာ … လာ … သွားရအောင်”
ကိုဟင်္သာက အကျယ်ချဲ့ ပြောမနေချင်တော့ဟန်ဖြင့် စကားကိုဖြတ်ကာ ကျောင်းရှိရာဆီသို့ ဦးဆောင်ကာ လျှောက်သွားလေသည်။
မောင်တက်လည်း အထွန့်တက် မေးမနေတော့ဘဲ ဆရာ ဖြစ်သူ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့လေသည်။ ခြေလှမ်းဆယ့်လေးငါးလှမ်းလောက် လျှောက်ပြီးသည့်အခါတွင် ရေနံချေးရောင် မှိုင်းထနေသည့် ခြေတံရှည် အဆောင်တစ်ခုထဲသို့ ရောက်လာ၏ ။
ထိုအဆောင်ကား ဧည့်သည်များ အတွက် သီးသန့်ဆောက်လုပ်ထားသော အဆောင် ဖြစ်မှန်း မေးနေစရာပင် မလိုဘဲ သိလိုက်ရသည်။ အဘယ်ကြောင့် ဆိုသော် ပင်မကျောင်းဟု ထင်ရသော ကျွန်းလုံးကြီးများ ဖြင့် ဆောက်လုပ်ထားသော ကျောင်းဆောင်ကြီးနှင့် မလှမ်းမကမ်းတွင် ရှိပြီး သံဃာတော် တစ်ပါးမျှကို မတွေ့ ရသော ကြောင့် ဖြစ်သည်။ ပင်မကျောင်းဆောင်ကြီး၏ ရှေ့မြေကွက်လပ်တွင် မှု တံမြက်စည်းလှဲနေကြသော ဦးပဉ္ဇင်းနှစ် ပါးကို တွေ့ ရ၏ ။
ကိုဟင်္သာက အဆောင်ပေါ်သို့ ရောက်သည့်အခါ …..
“မောင်တက်ရေ ….ဟောဒီနေရာမှာ တရေး တမောအိပ်ပြီး ကျုပ်ကို စောင့်နေပေဦး။ ကျုပ် ဆရာတော် နဲပ ဆွေးနွေးစရာကျန်သေးလို့ ပြီးမှ ပြန်လာလဲ့မယ်။ အဲဒီ့ အခါကျမှ မောင်တက်လုပ်ရမယ့် အစီအစဉ်တွေ ကို ကျုပ် ပြောပြမယ် ဟုတ်ပြီလား။ ပြီးရင် ကပ္ပိယ တစ်ယောက် စားစရာလာပို့လိမ့်မယ်”
“ဟုတ်ကဲ့ပါ ဆရာကြီး ”
မောင်တက်၏ စကား ဆုံးသည်နှင့် ကိုဟင်္သာမှာ ပင်မကျောင်းဆောင်ရှိရာဘက်သို့ ထွက်ခွာသွားလေသည်။ မကြာမီမှာ ပင် ကပ္ပိယ တစ်ယောက် က ဆန်ပြုတ်တစ်ပန်းကန်နှင့် သစ်သီးအချို့လာပေးသဖြင့် မောင်တက်မှာ မနက်စာ စားသောက်လိုက်လေသည်။ ပြီးနောက် ပါလာသော ရှမ်းလွယ်အိတ်ကို ခေါင်းအုံးလုပ်ကာ တရေး တမောအိပ်ရင်း ဆရာ ဖြစ်သူအလာကို စောင့်နေလိုက်တော့သည်။
ဆွမ်းစားတုံးခေါက်သံကြား၍ မောင်တက် ပြန်နိုးလာပြီး မကြာခင်မှာ ပင် ဆရာကိုဟင်္သာ ပြန်ရောက်လာသည်။ ရောက်ရောက်လာချင်းမှာ ပင် ဆရာကိုဟင်္သာက မောင်တက်နှင့် မလှမ်းမကမ်း အကွာတွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး …..
“ကျုပ်တော့ ဒီနေ့ပဲ ခရီးသွားစရာ ကိစ္စတစ်ခုပေါ်လာပြီ မောင်တက်ရေ။ အဲဒီ တော့ ကျုပ်အတွက် ဘာလုပ်ပေးရမလဲဆိုတာ ပြောပြီးရင် မောင်တက်နဲ့ ကျုပ် ဒီနေရာကပဲ လမ်းခွဲကြတာပေါ့ ”
ဟု ပြောဆိုလေသည်။
မောင်တက်က တွေ ဝေတုန့်ဆိုင်းခြင်း မရှိဘဲ …..
“ဟုတ်ကဲ့ ပြောပါ ဆရာကြီး ။ ဆရာကြီး အတွက် ကျွန်တော် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ လုပ်ပေးပါ့မယ်”
အားတက်သရော နှင့် ပြောလာသော မောင်တက်ကိုကြည့်ကာ ဆရာ ကိုဟင်္သာမှာ ကျေနပ်သွားဟန်ဖြင့် ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း …
“ဒီလိုကွဲ့ မောင်တက်ရဲ့ ၊ ကျုပ် အီဂျစ်ပြည်က တူတမ်ခန်ရဲ့ ဂူသင်္ချိုင်းထဲကို အတားအဆီး အခက်အခဲတွေ ရှိတဲ့ကြားက ရောက်အောင်သွားခဲ့ပြီးပြီ။ Book of Death ဆိုတဲ့ မရဏ ကျမ်းစာအုပ်ကိုလည်း ရအောင်ယူလာနိုင်ခဲ့ပြီ။ ဒါပေမဲ့ ကျုပ်အဓိက သွားရှာတဲ့ ပြဒါးရှင်လုံးကိုတော့ မရခဲ့ဘူးဗျ။ လောကီအတတ်ပညာပေါင်းစုံနဲ့ စီရင်ထားတဲ့ ဂူသင်္ချိုင်းကြီးဆိုတော့ ကျယ်ကလည်းကျယ်၊ အုတ်အင်္ဂတေတွေ နဲ့ အခိုင်အခန့် ဆောက်ထားတဲ့ ဂူတွေ ၊ သေတ္တာကြီးတွေ ကလည်း မရေမတွက်နိုင်အောင်များ တော့ တစ်ခုချင်း ဖြိုဖျက်ပြီး လှန်လှောရှာနေရင် ဆုံးတော့မှာ မဟုတ်ဘူး။ အဲဒါနဲ့ ကျုပ်လည်း တစ်ခါတည်းနဲ့ ပြဒါးရှင်လုံးကို ရအောင်ယူခဲ့ဖို့ မစွမ်းသာခဲ့ဘူး ဖြစ်ခဲ့တာပေါ့။ ပြီးတော့ ကျုပ်ထက် အရင်စောပြီး ဖရီးမေဆင်ဂိုဏ်းသားတွေ က အဲဒီ ဂူသင်္ချိုင်းထဲကို ရောက်နှင့် ခဲ့ကြပြီးပြီလေ”
“ဘယ်လို ဆရာကြီး ၊ ဖရီးမေဆင်ဂိုဏ်းသားတွေ က ဆရာကြီး ထက်တောင် စောပြီး ဂူသင်္ချိုင်းထဲကိုရောက်အောင် ၀င်နိုင်ခဲ့ပြီးပြီ ဟုတ်လား …..”
“အဟုတ်ပဲ မောင်တက်ရေ။ ရောက်ရုံတင် ဘယ်ကဦးမှာ လဲ။ ဂူသင်္ချိုင်းရဲ့ နံရံပေါ်မှာ တောင် “VITRIOL” ဆိုတဲ့ လက်တင်စကားလုံးကို ရေး သွားကြသေးတယ်ဗျ။ သူတို့ ဖရီးမေဆင်ဂိုဏ်း သားတွေ တည်ဆောက်သွားတဲ့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီက ကွန်ဂရက်လွှတ်တော် အဆောက်အဦး (Capitol Building ) ရဲ့ အမိုးခုံမှာ လည်း အဲဒီ “VITRIOL” ဆိုတဲ့ စကားလုံးကို ရေး ထားတယ်လေ”
“ဘာအဓိပ္ပာယ်နဲ့ ဖရီးမေဆင်ဂိုဏ်းသားတွေ က အဲဒီ စကားလုံးကို ရေး ခဲ့ကြတာလဲဟင် … ဆရာကြီး ”
မောင်တက်က စဉ်းစား၍ ဥာဏ်မမီတော့သဖြင့် ဆရာကိုဟင်္သာအား မေးလိုက်မိလေသည်။ ဆရာကိုဟင်္သာက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီးလျှင် …..
“V-I-T-R-I-O-L ဆိုတဲ့ အက္ခရာ ခုနစ်လုံးမှာ လက်င်လိုတစ်လုံးချင်း ကိုယ်ပိုင် အဓိပ္ပာယ်တွေ ရှိတယ်ဗျ။ ပထမဆုံး “ V ” အက္ခရာက လက်တင်လို “Vista” ကိုရည်ညွှန်းတာလေ။ မြန်မာလို ကတော့ “ခရီးစတင်ခြင်း” လို့ အဓိပ္ပာယ်ရပြီး “မီး” ကို ကိုယ်စားပြုတဲ့ စကားလုံးပေါ့ဗျာ။ ဒုတိယမြောက် “I” အက္ခရာ ကတော့ လက်တင်လို “Interiora”၊ မြန်မာလို ဘာသာပြန်ရင်တော့ “အတွင်းပိုင်း” လို့ အဓိပ္ပာယ်ရပြီး “ရေ” ကို ကိုယ်စားပြုတယ်။ တတိယမြောက် “T” က “Terra” တဲ့။ “ကမ္ဘာမြေကြီး” လို့ အဓိပ္ပာယ်ရပြီး “လေ” ကို ကိုယ်စားပြုတယ် မောင်တက်၊ စတုတ္ထမြောက် အက္ခရာ “R” က “Rectificando” ၊ မြန်မာလို “အမှားကိုပယ်ခြင်း” လို့ ဆိုလိုတာ ဖြစ်ပြီး “မြေကြီး” ကို ကိုယ်စားပြုတယ်။ ပဉ္စမမြောက် “I” က “Invenies” မြန်မာလို “ရှာဖွေတွေ့ ရှိလိမ့်မည် ” လို့ ဆိုလိုပြီး “ကန့်” ကို ကိုယ်စားပြုတယ်။ ဆဋ္ဌမမြောက် “O” က “Occulyum” ၊ မြန်မာလိုက “ပုန်းကွယ်နေသော ” တဲ့လေ။ ဒီစကားလုံးက “ပြဒါး” ကို ကိုယ်စားပြုတာ၊ နောက်ဆုံးအက္ခရာ “ L ” က “Lapidem” ၊ အဓိပ္ပာယ် ကတော့ “ပြဒါးရှင်လုံး” ပဲ။ “ဆား” ကို ကိုယ်စားပြုတယ် မောင်တက်ရဲ့ ။ တစ်လုံးချင်း အဓိပ္ပာယ်တွေ ကို စုပေါင်းပြီး ဘာသာပြန်ရရင်တော့ “ကမ္ဘာမြေ၏ အတွင်းဆုံးသို့ ရောက်အောင်သွားလော့။ လျော်ကန်စွာ စီရင်သရဇ္ဇယ်လော့။ ကွယ်ဝှက်ထားသော အမြုတေကို တွေ့ ရပေလိမ့်မည် ” လို့ အဓိပ္ပာယ်ရတယ်ဗျ”
အသေးစိတ်ရှင်းပြပြောဆိုနေသည့် ဆရာကိုဟင်္သာ၏ စကားများ ကြောင့် မောင်တက်မှာ ကလေးငယ် တစ်ယောက် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ပုံပြင်တစ်ပုဒ်ကို နားထောင်နေ သလို ပါးစပ်အဟောင်းသား ဖြစ်နေရရှာလေသည်။ စိတ်ထဲမှလည်း လောကီပညာရပ်များ တွင် နှံ့စပ်ကျွမ်းကျင်လှသော ဆရာကိုဟင်္သာကို ကျိတ်၍ ချီးကျူးနေမိလေ၏ ။
ဆရာကိုဟင်္သာက ပြောလက်စ စကားကိုရပ်ကာ ထိုင်နေရာမှ ထလိုက်သည်။ ပြီးနောက် တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေပုံမျိုးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း အတန်ကြာမှ မောင်တက်ကို တစ်ချက်လှည့်ကြည့်ပြီး …
“ကျုပ်အထင် ပြောရရင် ဖရီးမေဆင်ဂိုဏ်းသားတွေ လည်း ဂူသင်္ချိုင်းထဲကို အရင်ရောက်ခဲ့ပေမဲ့ ပြဒါးရှင်လုံးကို ရှာဖို့ နည်းလမ်းမတွေ့ သွားဘူး ထင်တယ်။ ဒီတစ်ခါတော့ ကျုပ်က သူတို့ထက် လက်ဦးမှ ဖြစ်မယ် မောင်တက်ရဲ့ ။ ပြဒါးရှင်လုံးရှာဖို့ လိုအပ်တာ အားလုံးနီးပါးကို ကျုပ် စီစဉ်ထားပြီးပြီ။ ဒါပေမဲ့ အဓိကကျတဲ့ ပစ္စည်းတစ်ခု လိုနေတယ်။ အဲဒါကို မောင်တက် ရှာပေးရမှာ ပဲ”
“ဘာပစ္စည်းလဲဟင် …. ဆရာကြီး ”
မောင်တက်က အလောတကြီးလေသံဖြင့် ဖြတ်မေးလိုက်ရာ ကိုဟင်္သာက …
“ကျီးဖြူတစ်ကောင်ပဲ မောင်တက်”
ဟု အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလေသည်။ ထိုစကားကို ကြားသော အခါ မောင်တက်မှာ နားမလည်နိုင်အောင် ဖြစ်သွားပြီး လျှင် …..
“ကျီးဖြူ ဟုတ်လား ဆရာကြီး ။ ကျီးအမည်းကိုပဲ တွေ့ ဖူးပါတယ်၊ ကျီးအဖြူကိုတော့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မတွေ့ ဖူးပါဘူး ဆရာကြီး ရယ်။ ပြီးတော့ ဒီလို ကျီးဖြူတစ်ကောင်က တူတမ်ခမန် သင်္ချိုင်းဂူထဲက ပြဒါးရှင်လုံးကို သွားရှာမယ့် ဆရာကြီး အတွက် ဘယ်လိုများ အသုံးဝင်မှာ မို့လို့လဲ”
အားမလို အားမရ ဖြစ်စွာ နှင့် ပြောဆိုမေးမြန်းလိုက်သော မောင်တက်ကို ကြည့်ကာ ဆရာကိုဟင်္သာက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ ပြီးမှ ……
“လောကီပညာဆိုတာ လူသားတွေ အတွက် လိုအပ်တဲ့အချိန်မှာ သဘာဝကပေးအပ်တဲ့ စွမ်းအင်တွေ ကို လေ့လာအသုံးပြုရတဲ့ ပညာ ဖြစ်တယ် မောင်တက်ရဲ့ ။ သဘာဝက ဖန်တီးပေးထားတဲ့ ပစ္စည်းတိုင်းမှာ သာမန်လူသားတွေ မသိမမြင်နိုင်ကြတဲ့ ဂန္ဓာရီစွမ်းအင်တွေ ရှိကြတယ်။ ငှက်တွေ ထဲမှာ ဆိုရင်တော့ “ကျီးငှက်” ဟာ ဂန္ဓီရီစွမ်းအင် အကြွယ်အ၀ဆုံးပဲဗျ။ ကျီးငှက်ရဲ့ အသံဟာ အခြားငှက်တွေ ရဲ့ အသံထက် တန်ခိုးအာနုဘော်ကြီးပြီး လူသားတွေ မကြံစည်မတွေးတောနိုင်တဲ့ အမှု ကိစ္စတွေ ၊ သိသာထင်ရှားမှု မရှိတဲ့ အရာတွေ ကို ကျီးငှက်ရဲ့ အသံနဲ့ သိနိုင်တယ်လို့ ၀သန္တရာဇ အမည် ရှိတဲ့ ရသေ့ကြီးက သုတရတနာလင်္ကာရကျမ်းမှာ ဆိုထားတယ်။ အဲဒီ ကျီးတွေ ထဲမှာ မှ ကျီးဖြူငှက်ဟာ အဆပေါင်းများ စွာ ပိုပြီးစွမ်းတယ် မောင်တက်ရဲ့ ။ ကျီးမည်းအကောင် တစ်သော င်းလောက်မှာ ကျီးဖြူက တစ်ကောင်လောက်ပဲရှိပြီး လူသူ အရောက်အပေါက်နည်းတဲ့ တောကြီးမျက်မည်းတွေ ထဲမှာ ပဲ နေလေ့ရှိတယ်။ အဲဒီ လောက်တောင် ရှားပါးတဲ့ ကျီးဖြူဟာ ဘယ်လောက်တောင် စွမ်းသလဲဆိုရင် ကြေးစစ်စစ်နဲ့ လုပ်ထားတဲ့ လင်ပန်းပေါ်မှာ အဲဒီ ငှက်ကိုတင်ပြီး လင်ပန်းကို ခေါက်လိုက်ရင် အရှင်လတ်လတ် ကျီးဖြူခန္ဓာကိုယ်ထဲက သွေးတွေ တပေါက်ပေါက်နဲ့ ယိုစီးကျလာတော့တာပဲ။ အဲဒီ သွေးကို ယူပြီး မျက်စိမှာ ကွင်းလိမ်းလိုက်ရင် ဘယ်လို အတားအဆီးကိုမဆို ထွင်းဖောက်ပြီး မြင်နိုင်တယ်ဗျ”
“သြော် …. ဒါကြောင့် ဆရာကြီး က ကျွန်တော့် ကို ကျီးဖြူရှာခိုင်းတာကိုး … ။ ဒါမှ တူတမ်ခန် ဂူသင်္ချိုင်းထဲက အုတ်ဂူတွေ ၊ သေတ္တာကြီးတွေ ကို တစ်ခုချင်း ဖြိုချလှန်လှော ရှာနေစရာမလိုဘဲ ကျီးဖြူသွေးကွင်းထားတဲ့ မျက်စိနဲ့ ရှာကြည့်လိုက်တာနဲ့ ပြဒါးရှင်လုံးကို တွေ့ နိုင်ပြီပေါ့”
မောင်တက်က အခုမှပင် နားလည်သဘောပေါက်သွားပြီး ဆရာကိုဟင်္သာအား ပြောလိုက်လေသည်။ ဆရာကိုဟင်္သာမှာ လည်း စင်္ကြံလျှောက်နေရာမှ ပြန်ဝင်ထိုင်လိုက်ပြီးလျှင် ..
“ဟုတ်တယ် မောင်တက်၊ ကျုပ် အဲဒါကြောင့် ပဲ မြန်မာပြည်ကို ပြန်လာတာ။ ကျီးဖြူငှက်ကိုရမှ ကျုပ်အတွက် ပြဒါးရှင်လုံးကိုရှာဖို့ အဆင်ပြေနိုင်မှာ လေ”
“ဒါပေမဲ့ ဒီလောက်တောင် ရှားပါးတဲ့ ကျီးဖြူငှက်ကို ကျွန်တော် က ဘယ်လို ဘယ်နည်းနဲ့ သွားရှာရမှာ လဲ ဆရာကြီး ”
“အဲဒီ အတွက် ကျုပ် စီစဉ်ထားတယ် မောင်တက်၊ မြန်မာနဲ့ အိန္ဒိယနယ်စပ်က “စွတ်လန်း” ဆိုတဲ့ ရွာလေးမှာ တစ်ပွဲစားကြီး ဦးသက်နှံဆိုတာ ရှိတယ်။ သူက ငယ်စဉ်တုန်း ကတော့ ဒီဘုန်းကြီးကျောင်းမှာ ကပ္ပိယလာလုပ်ပြီး လောကီအတတ်ပညာတွေ ဆည်းပူးလေ့လာ ခဲ့ဖူးတယ်ဗျ။ သူ့ဆီကိုသွားပြီး အကူအညီတောင်းလိုက်ရင် အဆင်ပြေနိုင်တယ်။ ပြီးတော့ အဲဒီ ဘက်တောတွေ က ကျန်တဲ့ မြန်မာပြည်မှာ ရှိတဲ့ တောတွေ ထက်စာရင် လူသူအရောက် အပေါက်လည်း နည်းသလို နက်လည်း အရမ်းနက်တယ်လေ။ အဲဒီ တော့ ကျီးဖြူရှိဖို့ ဖြစ်နိုင်ခြေ အများ ဆုံးပဲ”
ဆရာကိုဟင်္သာက ပြောလက်စစကားကို ရပ်ကာ ကုတ်အင်္ကျီအတွင်းဘက် အိတ်ထဲမှ တစ်စုံတစ်ရာကို နှိုက်ယူလိုက်သည်။ ပြီးနောက် မောင်တက်ကို လှမ်းပေးလိုက် ပြီး ….
“ရော့ …. မောင်တက်၊ တစ်ပွဲစားကြီး ဦးသက်နှံနဲ့တွေ့ ရင် ကျုပ် လွှတ်လိုက်တာလို့ ပြောပြီး ဒါကိုပေးလိုက် ။ သူ အစအဆုံး ကူညီလိမ့်မယ်”
မောင်တက်က ဆရာကိုဟင်္သာ လှမ်းပေးလာသော အရာကို ယူကြည့်လိုက်ရာ ထူးဆန်းသော အိတ်ဆောင် ငွေနာရီလေးတစ်လုံးကို တွေ့ ရလေသည်။ နာရီ၏ မျက်နှာပြင်ရှိ အဖုံး၏ မျက်နှာစာပေါ်တွင် ဦးခေါင်းနှစ် လုံးနှင့် လင်းယုန်ငှက်ပုံကို သေသေသပ်သပ် ထွင်းထုထားပြီး အပေါ်ဘက်တွင် ငွေရောင် ခလုတ်လေးတစ်ခု ပါရှိလေသည်။ မောင်တက်က ထိုငွေရောင် ခလုတ်လေးကို နှိပ်ကြည့်လိုက်ရာ “ကလစ်” ဆိုသော အသံနှင့် အတူ နာရီ၏ မျက်နှာပြင်ကို ဖုံးကာထားသော အဖုံးမှာ ပွင့်သွားလေ၏ ။
“ဟင်!”
အတွင်းဘက်ရှိ မိနစ်၊ စက္ကန့်သံများ ကို မြင်လိုက်ရသည့် အခါတွင် မူ မောင်တက်မှာ အံ့သြတကြီး ဖြစ်သွားရလေတော့သည်။ အကြောင်းမူကား ဆရာကိုဟင်္သာပေလာသော အိတ်ဆောင် ငွေရောင် နာရီလေး၏ မိနစ်၊ စက္ကန့်တံများ သည် သာမန်နာရီများ မှ လက်တံများ ကဲ့သို့ လက်ဝဲဘက်မှ လက်ယာဘက်သို့ ရွေ့လျားနေသည်မဟုတ်ဘဲ ထူးဆန်းစွာ ပင် လက်ယာဘက်မှ လက်ဝဲဘက်သို့ ပြောင်းပြန်ရွေ့လျားနေခြင်းပင်။ အချိန်အမှတ်အသားပြ ဂဏန်းသင်္ချာစာလုံး များ လည်း မပါရှိသော ထိုနာရီလေးကိုကြည့်ကာ မောင်တက်က
“ဆရာကြီး …. ဒီနာရီလေးက အချိန်ကြည့်ဖို့ အသုံးပြုတာကော ဟုတ်ရဲ့ လား”
ဟု မေးလိုက်မိသော အခါ ဆရာကိုဟင်္သာက မခိုးမခန့်ရယ်မောလိုက်ပြီးလျှင် …..
“တောထဲ တောင်ထဲမှာ ကောင်းကင်က နက္ခတ်တာရာတွေ ကိုကြည့်ပြီး အမဲလိုက်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ တစ်ပွဲစားကြီး ဦးသက်နှံအတွက် နာရီဆိုတာ မြက်ပင်တစ်ပင် လောက်တောင် အသုံးမ၀င်ပါဘူးဗျာ။ ဒီပစ္စည်းလေးက အန္တရာယ် အခက်အခဲတွေ ကြားမှာ ရှင်သန်နေရတဲ့ လူတွေ အတွက် အဆောင် ဂမ္ဘီရ ပစ္စည်းလေးပါ။ အလင်းတော် ဂိုဏ်း လို့ခေါ်တဲ့ Illuminati ဂိုဏ်းကနေ ရလာတဲ့ ဒီပစ္စည်းလေးကို ကျုပ် ဦးသက်နှံကို လက်ဆောင်အ ဖြစ် ပေးချင်လို့ပါ”
“သြော် …. ဟုတ်ကဲ့ …. ဆရာကြီး ”
မောင်တက်က အိတ်ဆောင် ငွေရောင် နာရီလေးအား သူ့ရှမ်းလွယ်အိတ်ထဲသို့ သေသေချာချာ သိမ်းဆည်းထည့်ရင်း ဆရာကိုဟင်္သာကို ပြန်ဖြေလိုက်သည်။ ဆရာကိုဟင်္သာက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ….
“ဒါနဲ့ ဒီနေ့ပဲ မောင်တက် ချင်းပြည်နယ်ဘက်ကို ခရီးထွက်ဖို့ ပြင်ဆင်ပေတော့။ ကျီးဖြူရပြီးရင် ရန်ကုန်မှာ အိမ်တစ်အိမ်ကို ခဏငှားပြီး စောင့်နေလိုက်။ ကျုပ် လာဆက်သွယ်မယ်။
ရော့ … ဒီပိုက်ဆံက မောင်တက် လမ်းခရီးမှာ သုံးရမယ့် ငွေ”
ဟု ဆိုကာ ငွေစက္ကူတစ်ထပ်ကို မောင်တက်အား ပေးလိုက် လေတော့သည်။
“သြော် …. ပြီးတော့ ဟောဒီသံမဏိဆူးချွန်လေးကိုလည်း အရင်းမှာ ကြိုးကွင်းတပ်ပြီး လည်ပင်းမှာ ဆွဲသွားပေတော့။ ဒါ ….. အရေး ကြီးတယ်ကွ၊ ကျီးဖြူကို ဖမ်းမိလာတဲ့အခါကျရင် ဘာလှောင်အိမ်နဲ့ မဆို ထည့်လို့ရတယ်။ ၀ါးကို ခြင်းယက်ပြီး ထည့်ယူလာရင်တောင် ရတယ်။ အဲ … ဒါပေမဲ့ လှောင်ချိုင့်ရဲ့ အဖုံးကိုတော့ ဟောဒီသံမဏိချောင်းနဲ့ ကန့်လန့်ပိတ်မှ ရမယ်။ ဒါကို မြဲမြဲမှတ်ထား”
ဟု ပြောရင်း ဆရာကိုဟင်္သာက လက်သန်းလုံးခန့်တုတ်ပြီး ပြောင်လက်နေသည့် တစ်ဖက်ချွန်သံချောင်းကို လှမ်းပေးလိုက် ၏ ။ မောင်တက်က ….
“ဒါက ဘာစွမ်းတာလဲ … ဆရာကြီး ”
“မေဆွန်နစ်ဂန္ဓာရီပညာရဲ့ ဖခင် ချိရန်းအဘစ်ဖ် (Chiram Abiff) မင်းသားကြီးက ဆော်လမွန်ကျောင်းတော် ကြီး ( Solomon Teemple ) ကို အုတ်မြစ်ချစဉ်တုန်းက အသုံးပြုခဲ့တဲ့ ဆောက်သွားရဲ့ အစိတ်အပိုင်းတစ်ခုပဲကွ၊ အောက်လမ်း အနှောက်အယှက်တွေ ကို ကာကွယ် နိုင်တယ်။ မကောင်းဆိုးရွားတွေ ကို နိုင်နင်းတယ်။ ဒီသံချွန်းကို “ချိရန်းဆောက်သွား ( Chiram’s chisel ) ” လို့ခေါ်တယ်”
ထို “ချိရန်းဆောက်သွား” ကို ယူငင်လိုက်သည့် အချိန်မှစတင်ကာ မောင်တက်အဖို့ ထူးဆန်းသော အ ဖြစ်အပျက်များ ၊ ကြောက်ရွံ့ထိတ်လန့်စရာကောင်းသော အ ဖြစ်အပျက်များ အား ကိုယ်တိုင်ကိုယ်ကျ နဖူးတွေ့  ဒူးတွေ့  ရင်ဆိုင်ခဲ့ရလေတော့သည်။
(မှတ်ချက် ။ ။ စက္ကောမအတတ်နှင့် ဗိသုကာပညာတို့၏ ဖခင် ဖြစ်သူ ချိရန်းအဘစ်ဖ် မင်းသားကြီးက ဆော်လမွန် ကျောင်းတော် ကြီးကို တည်ဆောက်ခဲ့ပုံ၊ ဂန္ဓာရီပညာများ လျှို့ဝှက်ထည့်သွင်းခဲ့ပုံနှင့် နောက်ဆုံးတွင် မင်းသားကြီးကိုယ်တိုင် လုပ်ကြံခံခဲ့ရပုံများ ကို သီးခြားစာအုပ်ရေး သားထားပါသည်)
![]() ဆုတောင်းပြည့်မြွေဆိပ် | ![]() စေညွှန်ရာ ကြမ္မာဆိုး | ![]() အနက်ရောင် မိစ္ဆာ |