နိဒါန်း
ကောင်းကင်မှ မှိန်ပျပျ ကြယ်တချို့နှင့် တိမ်ညိုတိမ်မည်းများ ကြောင့် ၀န်းကျင်တစ်ခုလုံးမှာ ပိန်းပိတ်အောင် မည်းမှော င်နေ၏ ။ လယ်ကွင်းပြင်များ ကို ဖြတ်၍ တိုက်ခတ်လာသော ဆောင်းရနံ့တွေ ရောနေသည့်လေကလည်း အရိုးကွဲမတတ်ပင် အေးစိမ့်လွန်းနေသည်။
ဟိုမှဒီမှ တစီစီအော်မြည် နေကြသော ပိုးကောင်မွှားကောင်တို့၏ အသံက အခုလို ညဥ့်နက်ပိုင်း အချိန်မှ ပိုပြီးကျယ်ကျယ်လောင်လောင် ကြားနေရသလို ထင်မိနေ၏ ။
သိုသော်…
ကိုသာဒင် တစ်ယောက် လှမ်းမြင်နေရသည့် သူတို့ရွာကလေး ကတော့ လူသံ သူသံတွေ တိတ် ဆိတ်နေရုံမက ခွေးဟောင်သံပင် မကြားရဘဲ ညအမှော င်အောက်တွင် ငြိမ်ကုတ် အိပ်မောကျ၍ ပင် နေပေပြီ…။
ဒီလို ညကြီးအချိန်မတော် တစ်ဖက်ရွာမှ ပြန်လာသော ကိုသာဒင်မှာ ကိုယ့်ရွာအနီးသို့ ကိုယ် ပြန်ရောက်ခါမှ ဘာရယ်မဟုတ်ဘဲ တက်သုတ်ရိုက် လျှောက်လာမိသည့် သူ့ခြေလှမ်းတွေ ကို အရှိန် သတ်မိသွား၏ ။
တကယ်တော့… သူလျှောက်ပြန်လာခဲ့ရသည့် တစ်ဖက်ရွာနှင့် သူတို့ရွာကြားမှာ သုံး လေး ဖာလုံမျှပင် မရှိသော်လည်း မကြာသေးသော တစ်ချိန်က ဖက်ဆစ်ဂျပန်တွေ ကို တွန်းလှန်တိုက်ခိုက်ခဲ့ သည့် စစ်တလင်းကြီးတစ်ခု ဖြစ်ခဲ့ဖူးပြီး လူအသေအပျောက်တွေ များ ခဲ့သည့် ကွင်းပြင်ကြီးတစ်ခုလည်း ဖြစ်နေခဲ့သည်။ ဒီနေရာ ဒီလယ်ကွက်တွေ ကို အခုလို ညကြီးအချိန်မတော် မပြောနှင့် နေ့ခင်းကြောင် တောင်မှာ ပင် ကိုသာဒင်တို့ ထိန်တောရွာသားတွေ အဖော်မပါဘဲ မသွားရဲကြ။
အခုတော့ ကိုသာဒင်မှာ ထိုလယ်ကွင်းတွေ ကို ဖြတ်ကျော်ပြီး ထိန်တောရွာထိပ်သို့ ပင် ပြန် ရောက်လာပြီ ဖြစ်သဖြင့် ကြောက်စိတ်ကြောင့် မောင်းတင်ထားသော စိတ်ကို ဖြေလျှော့လျက် ခြေလှမ်း တွေ ကို အရှိန်သတ်လိုက်မိတော့သည်။
'ဟူး…'
သက်ပြင်းနှင့် အတူ ရောပြီး မှု တ်ထုတ်လိုက်သည့် လေပူတွေ က ဆောင်းရနံ့တွေ ကြားတွင် အခိုးအငွေ့တွေ အ ဖြစ်နှင့် မျောလွင့်ကုန်၏ ။
သူ့တစ်ကိုယ်လုံးမှာ လည်း ထိုအခါမှ ပတ်ဝန်းကျင်၏ အေးစိမ့်စွတ်စိုသည့် ဒဏ်ကို သိသိသာ သာကြီး ခံစားလာရကာ စစ်ဆွယ်တာအဟောင်းကြီး ၀တ်ထားသည့် ခန္ဓာကိုယ်အပေါ်ပိုင်းကို မျက်နှာ ပေါ်ရုံသာ ပုဆိုးကြမ်းကြီးနှင့် ဆွဲခြုံလိုက်ပြီး ရွာလမ်းအတိုင်း ဆက်လျှောက်လာမိသည်။
'ဂီး..ဂစ်…ဂစ်'
ညအမှော င်အောက်တွင် နှစ် နှစ် ခြိုက်ခြိုက်အိပ်ပျော်နေသည့် ထိန်တောရွာကလေးအပေါ် ဖြတ်ပျံသွားကြသော ညငှက်တွေ ၏ အသံကိုလည်း ဟိုမှဒီမှ ကြားနေရ၏ ။ ညိုမှော င်အုံ့ဆိုင်းနေသည့် သစ်ပင်သစ်ကိုင်းကြီးများ မှာ လည်း နှင်းရည်နှင်းစက်တို့ စွတ်စိုလျက် မြေပြင်ပေါ်တွဲ လျားဝပ်ကျကာ မလှုပ်မယှက်နှင့် အသက်ကင်းမဲ့နေကြသလိုပင် ထင်ရလေသည်။
တဖြည်းဖြည်းနှင့် ကိုသာဒင်၏ ခြေလှမ်းတွေ က ရွာလမ်းအတိုင်း အတော် ကလေးလျှောက်လာ သော အခါ အရီးလေး ဖွားမှီတို့နေထိုင်ရာ အိမ်ရှေ့သို့ ပင် ရောက်လာ၏ ။ ထိုနေရာသို့ ရောက်ခါမှ သူ့ မျက်လုံးတွေ က ခြံဝင်းအတွင်း သက်ကယ်မလောက်၍ အင်ဖက်များ ဖြင့် ဖြစ်သလို အုပ်မိုးထားသော အရီးလေးဖွားမှီတို့အိမ်လေးကို တစေ့တစောင်း လှမ်းပြီးကြည့်လိုက်မိသည်။
ထိုတဲအိမ်ကလေး ကတော့ ကြယ်ရောင် မှု န်မွှားမွှားအောက်တွင် အအေးဒဏ်ကို အံတုရင်း တုတ်တုတ်မျှမလှုပ်ဘဲ ရှိနေလေသည်။
'အင်း..အခုလောက်ဆို အရီးလေးဖွားမှီတို့ မြေးအဘွားလည်း အိပ်မောကျနေလောက်ရော ပေါ့…။ သူ့ခမျာ အရွယ်မရောက်သေးတဲ့ မိဘမဲ့မြေးမကလေးကို ထိန်းကျောင်းရင်း ဖြစ်သလို လုပ်ကိုင် စားသောက်နေရတာ အတော့် ကို သနားစရာပဲ…'
ထိုအတွေးနှင့် အတူ အရီးလေးဖွားမှီတို့အိမ်ရှေ့မှ ခြေလှမ်းလေးငါးဆယ်လှမ်းသာသာ ဆက်ပြီး လျှောက်သွားလိုက်ရာ မြေပြင်သို့ တိုင် ကိုင်းညွှတ်ပြီးကျနေသည့် ကုက္ကိုပင်ကြီးတစ်ပင်အနားသို့ ရောက်လာ၏ ။
ထိုနေရာသို့ ရောက်ခါမှ ကိုသာဒင်၏ ကျောပြင်တစ်ခုလုံးက စိမ့်ခနဲခံစားလိုက်ရကာ ဘာရယ် မဟုတ်ဘဲ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်မိသွား၏ ။ သူ ဖြတ်လျှောက်လာမိသည့် ဒီကုက္ကိုပင်ကြီးမှာ နေ့စဉ် မြင်တွေ့ နေကျ အပင်အိုကြီးတစ်ပင် ဖြစ်သော်လည်း ဒီတစ်ခါမှ သူ့စိတ်တွေ က ထူးထူးခြားခြား လှုပ်ရှား သွားမိသည်။
ထိုကုက္ကိုပင်ကြီးကို ခြေလှမ်းအနည်းငယ်ကျော်ပြီး ဆက်ကျော်လာသည်နှင့် ..နှာမှု တ်သံလိုလို ရှူးရှူးရှားရှား အသံကြီးတစ်ခုကို သူ့နောက်ကျောဘက်ဆီမှ အမှတ်မထင်ကြားလိုက်ရလေတော့၏ ။
'ရှူး…ရှူး..ဖရူး…'
ထိုအသံကြီးနှင့် အတူ ဆိုးရွားသော ရွှံ့ပုပ်နံ့ကြီးကလည်း ကိုသာဒင်၏ နှာခေါင်းအတွင်းသို့ ဒလဟော တိုးဝင်လာပြန်၏ ။
'ဟင်..ဒီရွှံ့ပုပ်နံ့ကြီးတွေ က…'
ချက်ချင်း ဆိုသလို ကိုသာဒင်မျက်လုံးတွေ က ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ သူ့နောက်ကျော ဘက်သို့ ချာခနဲပင် လှည့်ကြည့်မိလိုက်လေရာ..
'ဟင်…'
ကုက္ကိုမြစ်ဆုံကြီး၏ အကွယ်တွင် ခွာလေးဖက်ချရပ်လျက် သူ့ကိုစိမ်းစိမ်းကြီး စိုက်ကြည့်နေသည့် ရွံ့ညွှန်အလိမ်းလိမ်းနှင့် ကျွဲပေါက်တစ်ကောင်ကို မမျှော်လင့်ဘဲ ဘွားခနဲ တွေ့ လိုက်ရလေသည်။
'ဟင်…ဒီ…ဒီကျွဲက ဘယ်အိမ်က လွတ်ထွက်လာခဲ့တဲ့ကျွဲလဲ မသိဘူး..'
မရေမရာနှင့် ရေရွတ်မိလိုက်မိစဉ်မှာ ပင် သူ့ကိုစိုက်ကြည့်နေသည့် ကျွဲ၏ မျက်လုံးတွေ က မီးကျည်မီးခဲလို ရဲရဲနီနေပြီး ကုက္ကိုမြစ်ဆုံကြီးကို ခွကျော်ကာ ရှေ့သို့ တိုးကပ်လာလေသည်။
ထိုအချိန်မှာ ပင်..
ကျွဲ၏ ရှေ့ခြေနှစ် ချောင်းကို ကိုသာဒင် တစ်ယောက် အထင်းသားကြီးမြင်တွေ့ လိုက်လေရာ သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားရုံမက နှလုံးခုန်ပင် ရပ်လုမတတ် ဖြစ်သွား၏ ။
'ဟင်..'
'ထိုကျွဲ၏ ရှေ့ခြေနှစ် ချောင်းမှာ ကြီးမာတုတ်ခိုင်သော လူ တစ်ယောက် ၏ ခြေထောက်ကြီး နှစ် ဖက် ဖြစ်နေပြီး ထူထဲသော အရေပြားတွေ ပေါ်မှာ ကြမ်းတမ်းသန်စွမ်းသည့် အမွှေးအမှင်တွေ က ပရပွနှင့် ဖြစ်နေ၏ ။
ကိုသာဒင် တစ်ယောက် ထိုမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေမိချိန်မှာ ပင် ကျွဲပေါက် ကလေးသည် ချက်ချင်း ဆိုသလို တစ်စထက်တစ်စ ကြီးမားလာကာ ကိုသာဒင့်ကို အပေါ်စီးမှအုပ်မိုးပြီး ဝှေ့တော့မည့် ဟန်ဖြင့် စိုက်ကြည့်နေလေသည်။
ထိုအချိန်မှာ ပင်
'အ…အား.. လာ…လာကြပါဦး… ဒီ…ဒီမှာ .. ကျွဲ..
သရဲ..'
ပါးစပ်က အော်လည်းအော် နောက်သို့ ချာခနဲလှည့်ပြီး ပြေးရန်ပြင်လိုက်စဉ်မှာ ပင် ကိုသာဒင်၏ ခြေသလုံးကြွက်သားတွေ က ဆုပ်ယူဖျစ်ညှစ်ထားသလို တောင့်တင်းနေလေသည်။
'လာ…လာကြပါဦးဗျ…သူရဲ…ကျွဲသရဲ..'
ကိုသာဒင်မှာ သည်းခြေပျက်မတတ် ကုန်းအော်ရင်း ခြေထောက်နှစ် ဖက်ကို အားကုန်ဆောင့် ရုန်းကာ မည်းမှော င်နေသော ရွာလမ်းအတိုင်း ပြေးမိပြေးရာကို စွတ်ပြီးပြေးတော့၏ ။ သူ့နောက်မှ တရမန်းကြမ်း လိုက်ဝှေ့နေသည့် ဧရာမကျွဲကြီးမှာ လည်း တဂူးဂူး တရှဲရှဲမာန်ဖီလျက် တွေ့ သမျှ သစ် ပင်သစ်ကိုင်းတွေ ကို ရှည်လျားချွန်မြနေသည့် ဦးချိုကြီးနှစ် ဖက်ဖြင့် တဖျောင်းဖျောင်း ဝှေ့ခတ်ရင်း လိုက်ပါလာ၏ ။
'အ..မ..လေး.. ကယ်ကြပါ…ဦး…'
'ဖျောင်း…ဖျောင်း..'
ထိုအချိန်မှာ ပင် ကိုသာဒင်၏ သွက်သွက်ခါအောင် ပြေးနေရသော ခြေထောက်တစ်ဖက်က သစ်ငုတ်တစ်ခုနှင့် တိုက်မိပြီး ခန္ဓာကိုယ်က မြေပေါ်နှစ် ပတ်သုံးပတ်လိမ့်ကာ လဲကျသွားတော့၏ ။
'ဖျောင်း…'
'အား…'
အလိပ်လိုက် အခွေလိုက် တသော သော ထနေသော ဖုန်လုံးကြီးက ၀င်လုဆဲဆဲ နေရောင် အောက်တွင် ဖွေးဖွေးလှုပ်နေ၏ ။ ထိုဖုန်လုံးတွေ ကြားတွင် တော့ အကောင်နှစ် ဆယ် အစိတ်ထက် မနည်းသော ကျွဲတစ်အုပ်ကို ကျွဲကျောင်းသား ကိုဖိုးမောင် တစ်ယောက် တဟဲ့ဟဲ့နှင့် ထိန်းရင်း ထိန်တောရွာဘက်ဆီသို့ ပြန်မောင်းသွားလေ၏ ။
ရိတ်သိမ်းပြီးစ ရိုးပြတ်တွေ ပေါ်နင်းရင်း ကျွဲအုပ်ကြီးဘေးမှ ပြေးလိုက်နေရသော ကိုဖိုးမောင်၏ ဗလာခြေထောက်က တစ်ခါတစ်ခါ ပတ်ကြားကွဲအက်နေသည့် မြေဆိုင်ခဲတွေ ကြားသို့ ကျွံကျခေါက်ဝင် သွား၏ ။ ထိုသို့ ဟန်ချက်ပျက် ယိမ်းယိုင်သွားသော်လည်း ကိုဖိုးမောင်၏ ပါးစပ်က တဟဲ့ဟဲ့ ကြိမ်းမောင်း မပျက်၊ ကျွဲအုပ်ကြီးဘေးမှ အပြေးအလွှားလိုက်နေလေသည်။
'တောက်..ဟဲ့ကောင်ကြီးတွေ ရ..၊ ဘယ်ကိုသွားနေတာလဲ….၊ တယ်…ငါလုပ်လိုက်ရ..'
မျက်စိတစ်ဆုံး လှမ်းမြင်နေရသော ကြက်ဥနှစ် ရောင် နေလုံးနီနီနီကြီးက မိုးကုတ်စက်ဝိုင်းကြီး ၏ အစပ်နားသို့ ရောက်လာမှ ပိုပြီးလျင်မြန်စွာ ငုပ်လျှိုးကွယ်ပျောက်သွားသည်ဟုပင် ထင်ရသည်။ ပတ်ဝန်းကျင်ကောင်းကင်ကြီးတစ်ခုလုံးမှာ လည်း ရဲရဲနီစွေးလျက် အိပ်တန်းပြန်ငှက်တွေ က တကျီကျီ အော်မြည် ရင်း အုပ်ဖွဲ့ပျံသန်းသွားကြသည်။
အခုလို ဆောင်းဦးပေါက်ရာသီမျိုးဆိုလျှင် စောစီးစွာ ကုန်လွယ်လွန်းသည့် နေ့တာကြောင့် ပတ် ၀န်းကျင်တစ်ခုလုံးမှာ လည်း ပြာလဲ့မှိုင်းမှု န်ကာ ချက်ချင်း ပင် မှေးမှိန်စပြုလာ၏ ။
မှော င်ရီးဖြိုးဖျဆည်းဆာကို မော့ကြည့်ရင်း ကျွဲအုပ်ကြီးကို မောင်းပြန်လာသည့် ကိုဖိုးမောင်မှာ ဘာရယ်မဟုတ်ဘဲ ခါးကြားမှ ပလွေတိုကို လက်ဖြင့် စမ်းလိုက်မိ၏ ။
'ဟင်..ငါ့ ခါးကြားကပလွေ ဘယ်နား..ကျခဲ့ပါလိမ့်..'
ချက်ချင်း ပင် သူ့မျက်လုံးတွေ က ဖြတ်ကျော်လာခဲ့သည့် လယ်ကွက်တွေ ဆီ နောက်ပြန်လှည့် ကာ ရှာဖွေကြည့်လိုက်လေရာ မလှမ်းမကမ်းမှ ရိုးပြတ်တွေ ကြားတွင် သူ့ပလွေကို ပြန်တွေ့ ရလေ သည်။ ထိုအချိန်မှာ တော့ ကိုဖိုးမောင် မောင်းလာခဲ့သည့် ကျွဲအုပ်ကလည်း သူနှင့် အတော် ဝေးဝေးသို့ ပင် ရောက်သွားပြီ ဖြစ်သည်။
'တောက်..'
'ဟဲ့..ဟိုကောင်ကြီး ဘယ်ကိုသွားနေပြန်တာလဲ..'
ပြောပြောဆိုဆို ကိုဖိုးမောင်က ကျွဲအုပ်ကြီးထဲမှ သွေဖယ်ပြီး အခြားဘက်ကို မျက်နှာမူကာသွား နေသည့် သင်းကွဲကျွဲတစ်ကောင်ကို မြေဆိုင်ခဲတစ်ခုနှင့် လှမ်းပေါက်ရငး ခြောက်လန့်လိုက်သည်။
သို့ သော်..ထိုကျွဲမှာ ကိုဖိုးမောင် လှမ်းပစ်လိုက်သည့် မြေဆိုင်ခဲကြီး ထိမှန်သွားသော်လည်း တစ်ချက်ကလေးပင် မတွန့်ဆုတ်သွားဘဲ အုပ်နှင့် ဝေးရာသို့ သာဦးတည်ရင်း တလှုပ်လှုပ်နှင့် ဆက်သွား နေ၏ ။
ထိုအချိန်မှာ ပင် ကိုဖိုးမောင်က ထိုကျွဲရှိရာသို့ တစ်ဟုန်ထိုးပြေးသွားပြီး ကျောပေါ်သို့ လွှားခနဲပင် ခုန်တက်လိုက်လေသည်။
'တောက်.. ဟဲ့ကောင်ဘကီး သေချင်လို့လား.. ဟိုကျွဲအုပ်ကို မီအောင် မြန်မြန်လိုက်စမ်း..'
ပါးစပ်က အော်ဟစ်ဆဲဆိုရင်း ကိုဖိုးမောင်က ကျွဲကြီး၏ ခန္ဓာကိုယ်ကြီးကို လက်ဖြင့် တဖျန်းဖျန်း ရိုက်နှက်လိုက်၏ ။ သို့ သော် ထိုကျွဲကြီး ကတော့ တစ်ချက်ကလေးမှ တွန့်ဆုတ်သွားခြင်းမရှိသည့် အပြင် အခြားကျွဲအုပ်ကြီးနှင့် ဝေးရာသို့ သာ လမ်းခွဲသွေဖယ်ပြီး သွားနေဆဲပင် ဖြစ်၏ ။
'တောက်..ဟ ကောင်ကြီးရ… ပြောနေတာ မကြားဘူးလား..'
'ဘုန်း…ဘုန်း…'
ထိုကျွဲကြီးပေါ် ကားလျားခွစီးထားသော ကိုဖိုးမောင်မှာ ခြေဖနောင့်နှစ် ဖက်ဖြင့် ကျွဲ၏ နံဘေးကို တဘုန်းဘုန်းနှင့် ထုနှက်ကန်ကျောက်လိုက်လေရာ.. ရှူးခနဲ နှာမှု တ်သံကြီးနှင့် အတူ ကျွဲကြီးမှာ ရုတ် တရက် ငြိမ့်ခနဲ ကဆုန်ပေါက်ပြီး ပြေးလေတော့သည်။
'ရှူး..ရှူး… ဖရူး..'
'ဟာ…ဟေး…ဟေး၊ တောက်..ဘယ်ကိုပြေးတာလဲ.. ဒီကျွဲနှယ် ခက်တော့ နေပြီ…'
ကိုဖိုးမောင်မှာ လည်း ကျွဲကျောကုန်းပြင်ကြီးပေါ်မှာ ကားလျားကြီးခွစီးထားလျက် ခန္ဓာကိုယ်ကို ကိုင်းညွှတ်ထားကာ အောက်သို့ ပြုတ်ကျမသွားအောင် ကျွဲလည်ပင်းကို လက်နှစ် ဖက်ဖြင့် သိုင်းဖက် ထားမိ၏ ။ သူ့ပါးစပ်ကလည်း ကဆုန်ပေါက်ပြေးနေသည့် ကျွဲကြီးအပေါ်မှ အယုတ္တ၊ အနတ္တတွေ ဆဲဆို ရင်း ၀မ်းလျားမှော က်ကြီး ပါသွား၏ ။
ရွာဘေးမှထွက်သည့် လမ်းအတိုင်း ချောင်းရိုးဘက်ဆီသို့ ကဆုန်ပေါက်ပြေးနေသည့် ကျွဲကြီး မှာ ကန်သင်းရိုးတွေ ကို လွှားခနဲခုန်ကျော်လိုက်တိုင်း ကျောပေါ်မှ ကိုဖိုးမောင်မှာ လေထဲတွင် မြောက် မြောက်တက်သွား၏ ။
ထိုအခြေအနေအရ ကိုဖိုးမောင် တစ်ယောက် မြေပြင်သို့ ခုန်ချလိုက်ရန်မှာ ဘယ်လိုမှမ ဖြစ်နိုင် တော့။ ကျွဲကြီးက ဦးတည်ရာမဲ့ ပြေး၍ နေပေပြီ။
'ဟေး…ဟေး၊ ရပ်.. ရပ်… ရပ်စမ်း'
'ဟိတ်ကောင်ကြီးရ…၊ ရပ်လို့ ပြောနေတယ်လေ..၊ ကျွတ်…၊ ကျွတ်…ကျွတ်…'
ကိုဖိုးမောင်မှာ ပါးစပ်က စုတ်တသပ်သပ်နှင့် ချော့ရင်း မြေပြင်သို့ ပြုတ်မကျသွားအောင် ကျွဲ ကိုယ်လုံးကြီးကို လက်နှစ် ဖက်ဖြင့် ကုတ်တွယ်ထားမိသည်။ တစ်ချိန်တည်းမှာ ပဲ ကိုဖိုးမောင်၏ လက် တွေ က ကျွဲ၏ နဖားကြိုးကို လှမ်းဆွဲရန် အမျိုးမျိုး ကြိုးစားနေ၏ ။ သို့ သော် ခေါင်းကိုမော့ကာ တရှူးရှူး နှာမှု တ်ရင်း ပြေးနေသော ကျွဲကြိး၏ ချိုကွေးကွေးကြီးနှစ် ဖက်က ကိုမောင်းက နဖားကြိုးစမ်းနေသည့် လက်ကို တဖျောင်းဖျောင်းနှင့် ရိုက်သလို ဖြစ်နေလေသည်။
'ဟင်..ဒီကျွဲက နဖားကြိုးလည်း ရှိမနေပါလား..၊ ငါများ တခြားကျွဲတစ်ကောင်နဲ့ မှားစီးလာခဲ့ပြီ လား'
ထိုဇဝေဇ၀ါအတွေးတွေ နှင့် အတူ ကိုဖိုးမောင်မှာ ၀မ်းလျားမှော က်လျက် အနေအထားနှင့် ဘာ လုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေ၏ ။ တစ်ချိန်တည်းမှာ ပဲ မကြံစဖူးမြင်းပြေးသလို ကဆုန်ဆိုင်းပြေးနေသည့် ကျွဲကြီးကိုလည်း အနည်းငယ်ပင် သံသယ ဖြစ်မိသွားလေသည်။
ထိုအချိန်မှာ ပင်.. သူ့မျက်စိအောက်မှာ သွက်သွက်ခါအောင် တရိပ်ရိပ်နှင့် ပြေးနေသော ကျွဲကြီး ၏ ရှေ့ခြေနှစ် ချောင်းကို မြင်လိုက်ရလေရာ..
'ဟင်… လူ..လူ.. လူခြေထောက်ကြီးတွေ …'
ကိုဖိုးမောင်မှာ သူ့မျက်လုံးတွေ ကိုပင် သူမယုံနိုင်အောင် ဖြစ်သွားပြီး တုန်ယင်နေသော လက် နှစ် ဖက်ကြောင့် ထိုကျွဲကြီးပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွား၏ ။ သူမြင်နေရသည့် ကျွဲကြီး၏ ရှေ့ခြေ နှစ် ချောင်းများ မှာ အမွှေးအမှင်တွေ ကြမ်းတမ်းစွာ ပေါက်နေပြီး မြေဆိုင်မြေခဲများ ကို တဂျွမ်းဂျွမ်း တခွမ်း ခွမ်းနှင့် နင်းကာ ကဆုန်ဆိုင်းပြေးနေလေရာ သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေ ထပြီး အသက်ရှူ ပင် ရပ်မတတ် ဖြစ်နေ၏ ။
'အား… အား… လာကြပါဦးဗျို့… ကယ်ကြပါဦး.. ကျွဲသရဲ… ကျွဲသရဲကြီး…'
သွေးပျက်မတတ်အော်လိုက်သော ကိုဖိုးမောင်၏ အသံကို ဘယ်သူတစ်ဦး တစ်ယောက် မှ မကြားကြသည့်အပြင်..ကျွဲကြီးက ရွာနှင့် ဝေးရာသို့ ကဆုန်ဆိုင်းပြီး ပြေးနေပေပြီ..။ ထိုအချိန်မှာ ပင် ကျွဲကြိး၏ ကျောပေါ်မှ ခုန်ချလိုက်ရန် အမျိုးမျိုးကြိုးစားကြည့်သော်လည်း ကိုဖိုးမောင်၏ တဆတ်ဆတ် တုန်ယင်နေသော လက်တွေ က ကြောက်စိတ်ကြောင့် အသေကုတ်တွယ်ထားမိလေရာ ဘယ်လိုမှ မတတ်နိုင်ဘဲရှိနေ၏ ။
မကြာမီ..
ဖုန်တသော သော နှင့် တရမန်းကြမ်း ဒုံးစိုင်းနေသော ကျွဲကြီးမှာ လယ်ကွက်အတွင်း ထီးထီးကြီး ပေါက်နေသည့် ညောင်ပင်ကြီးရှိရာဆီသို့ ဦးတည်ကာ ပြေးနေ၏ ။
ထိုအခါမှ ကျွဲကြီး၏ ကျောပေါ်မှ ၀မ်းလျားမှော က်လျက် သေလုမျောပါး ကြောက်လန့်ပြီးလိုက် ပါလာသော ကိုဖိုးမောင်မှာ ဘာကိုမှစဉ်းစားမနေတော့ဘဲ သူနှင့် မျက်နှာမူရာတည့်တည့်မှ အောက်သို့ ကိုင်းညွတ်နေသည့် ညောင်ကိုင်းကြီးတစ်ခုကို အမိအရ ဖက်တွယ်ထားလိုက်ရန် ခန္ဓာကိုယ် ကို အသင့်အနေအထားနှင့် ပြင်လိုက်၏ ။
သိပ်မကြာလိုက် ကိုဖိုးမောင် ၀မ်းလျားမှော က်ကြီးနှင့် ဖက်တွယ်ရင်းလိုက်ပါလာသည့် ကျွဲကြီး မှာ မြေပြင်ရှိရာသို့ ကွေးညွှတ်ကျနေသော ညောင်ကိုင်းကြီးအောက်သို့ ရောက်သော အခါ.. ကိုဖိုး မောင်မှာ ရှိသမျှအားအင်တွေ ကိုဖျစ်ညှစ်ပြီး သူနှင့် လက်တစ်ကမ်းသာသာမြင့်သော အကိုင်းကြီးကို အမိအရလှမ်းပြီး ဆွဲခိုထားလိုက်လေသည်။
'၀ှီး…'
'ဘွန်း…'
အရှိန်နှင့် ပြေးရိုက်လိုက်သလို ဖြစ်သွားသော ကိုဖိုးမောင်၏ ခန္ဓာကိုယ်ကြီးမှာ သစ်ကိုင်းကြီးကို လက်နှစ် ဖက်ဖြင့် ဟီးလေးဆွဲခိုလျက်သား ဖြစ်နေ၏ ။ ဒါ့အပြင်..လေထဲမှာ တိုးလိုးတွဲ လောင်းကြီး ဖြစ်နေ သော သူ့ခန္ဓာကိုယ်ကြီးက သွက်သွက်ခါအောင်ပင် လှုပ်ရမ်းနေ၏ ။
'ဟူး…ဟူး.. ဟောဟဲ…ဟောဟဲ..'
အသက်ကို မနည်းပြန်ပြီးဝအောင်ရှူနေရသော ကိုဖိုးမောင်မှာ ကြောက်စိတ်ကြောင့် တစ်ကိုယ် လုံးတုန်ယင်နေ၏ ။
ထိုအခါမှ.. သူ ၀မ်းလျားမှော က်ကြီးလိုက်ပါလာသည့် နာနာဘ၀ကျွဲကြီးမှာ လည်း မည်းမှော င် နေသော ဖုန်လုံးကြီးတွေ နှင့် အတူ အဝေးသို့ ပင် ရောက်သွားလေသည်။
ထိုစဉ်မှာ ပင်..
သူ ဟီးလေးဆွဲခိုထားသော သစ်ကိုင်းကြီးမှာ ငြိမ့်ခနဲ လှုပ်ရမ်းသွားသည်ကို သတိပြုမိလိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်လေရာ..
'ဟင်..'
ကိုဖိုးမောင်ကို ပြန်ငုံ့ကြည့်နေသည့် ကျွဲမျက်နှာမည်းမည်းကြီးကို တွေ့ လိုက်ရလေသည်။ ထို ကျွဲကြီး၏ မီးဝင်းဝင်းတောက်နေသော မျက်လုံးနီနီကြီး နှစ် လုံးမှာ လည်း ထမင်းစားပန်းကန်ပြား လောက်ကြီးမားနေပြီး သူ ဟီးလေးခိုထားမိသည့် သစ်ကိုင်းကြီးမှာ ..လွန်စွာ မှ ကြီးမားသည့် ကျွဲချိုကြီး တစ်ဖက် ဖြစ်နေလေတော့သည်။
'အား..'
××××
ထိုသို့ သော ချောက်ချားဖွယ်ရာ အ ဖြစ်ဆိုးများ ကို စတင် ပေါ်ပေါက်စေခဲ့သော အဓိက တရားခံ ကတော့…
××××××
အခန်း(၁)
အသက်အရွယ်အားဖြင့် လေးဆယ်ကျော်သာရှိသေးသော ကိုဖိုးဗျော့ဆိုသူမှာ တစ်ကိုယ်ရေ တစ်ကာယသမား တစ်ယောက် ဖြစ်ပြီး ၀မ်းရေး အတွက် ကြုံရာကျပန်းအလုပ်များ ကို လုပ်ကိုင်စား သောက်နေရသူလည်း ဖြစ်သည်။
အထူးသဖြင့် ကိုဖိုးဗျော့မှာ ဆင်းရဲနွမ်းပါးသူ တောသူတောင်သား တစ်ယောက် ပီပီ ရွာဦး ကျောင်းအနီးရှိ ရေကန်ကြီးမှ ရွံ့တွေ ကိုတူးပြီး ကလေးကစားစရာရွှံ့ရုပ်များ ကို လုပ်ရောင်းကာ တစ် ၀မ်းတစ်ခါး ရှာစားနေရသူ ဖြစ်လေသည်။
အခုလည်း…ကိုဖိုးဗျော့မှာ မကြာခင် ကျင်းပတော့မည့်  ဥသျှစ်ပင်ရွာ ဘုရားပွဲတွင် ရောင်းချရန် ခန်းခြောက်စပြုနေပြီ ဖြစ်သော ကန်ကြီးအတွင်းမှ ရွှံ့တွေ ကို သဲကြီးမဲကြီးနှင့် တူးနေ၏ ။ ထိုကန်ဘောင် ရိုးကြီး၏ တစ်ဖက် မြေပြောင်ပြောင်ပေါ်တွင် လည်း လုပ်ပြီးစ ကျွဲရုပ်၊ ချိုးရုပ်နှင့် ဆင်ရုပ်စသော ကလေး ကစားစရာအရုပ်တွေ က အကောင်နှစ် ဆယ်ခန့် ရှိနေပြီး ထိုစိုထိုင်းထိုင်းစေးထန်ထန် ဖြစ်နေသော အရုပ်တွေ ကို နေရောင် တွင် အခြောက်ခံကာ လှန်းထား၏ ။
ထိုသို့ ရွှံ့ဖြင့် လုပ်ထားသော ကိုဖိုးဗျော့၏ လက်ရာမြောက်လှသည့် ကစားစရာအရုပ်တွေ ကို ရွာနီးချုပ်စပ်က ကလေးတွေ ကတော့ အထူးနှစ်သက် မက်မောကြရုံမက သူ့ကိုလမ်းမှာ တွေ့ လျှင်ပင် 'အရုပ်သည်ဘဘကြီး'ဟု ချစ်စနိုးနှင့် ခေါ်ကြလေသည်။
'ဘတ်…၊ ဘတ်…'
ကိုဖိုးဗျော့က ရွှံ့လုံးကြီးကို လက်နှစ် ဖက်ဖြင့် နယ်လိုက်ပြီး အနည်းငယ်မာသွားအောင် လက်ဖြင့် တဆတ်ဆတ်ရိုက်ကာ လိုချင်သည့်အနေအထားရောက်အောင် ပြုလုပ်နေ၏ ။
ကိုဖိုးဗျော့၏ အရုပ်လုပ်ပုံက ကြည့်တော့သာ လွယ်မယောင်ထင်ရသော်လည်း သာမန် ရွံ့တုံး ရွှံ့ခဲကြီးတစ်ခုကို ခြေဆစ်လက်ဆစ်၊ အရေး အကြောင်းများ ကအစ စိတ်ရှည်လက်ရှည်နှင့် လက်ရာ မြောက်အောင်ပုံသွင်းထုလုပ်ညပီး အပေါ်ယံရွှံ့မျက်နှာကြောတင်းအောင် နေရောင် တွင် အခြောက်ခံ ပြီး လှမ်းရ၏ ။ ထိုအခြောက်ခံပြီးသား ရွံ့စေးရုပ်တွေ ကိုမှ မီးဖုတ်ပြီး နောက်ဆုံးအဆင့်မှာ လိုက်ဖက်ရာ ဆေးအရောင် တွေ ကို ခြယ်သသုတ်လိမ်းပေးရလေသည်။
ဘာပဲပြောပြော ကိုဖိုးဗျော့၏ ရွှံ့ရုပ်ကလေးတွေ ကတော့ တောနေကလေးအရွယ် ဆင်းရဲသား လူတန်းစားတွေ အဖို့ အထူးမက်မောစရာ ကစားစရာအရုပ်တွေ ပင် ဖြစ်နေတော့သည်။
'အင်း.. နောက်ထပ် နွားရုပ်နဲ့ဆင်ရုပ် ဆယ့်လေးငါးရုပ်စီလောက်တော့ လုပ်ထားလိုက်ဦးမှ…၊ ဥသျှပ်ပင်ရွာရဲ့ ဘုရားပွဲကလည်း နှစ် တိုင်းစည်နေကျဆိုတော့ အမယ် များများ လုပ်ထားတာ ငါ့ အတွက် အရှုံးမရှိပါဘူးေ၊ ဒါမှ.. ဒီတစ်ခါ မိုးမကျခင် ငါ့အိမ်လေး သက်ကယ်မိုးလို့ရမှာ ..'
ထိုအတွေးနှင့် အတူ နောက်ထပ် ရွှံ့များ ကိုတူးရန် လူတစ်ရပ်ကျော်ကျော်မြင့်သော ကန်ပေါင်ရိုး ကြီးမှနေ၍ ပို၍ စေးပျစ်သော ရွှံ့တွေ ရှိနေသည့် ကန်ကြီး၏ အတွင်းပိုင်းဆီသို့ ဖြည်းဖြည်းချင်းဆက် ဆင်းသွား၏ ။
ကြီးမားကျယ်ဝန်းသော ရေကန်ကြီးက အခုလို နွေရာသီမျိုးမှာ ဖြည်းဖြည်းခန်းခြောက် လာသော်လည်း ထိုကန်အတွင်းရှိ ရေတွေ က လုံးဝခန်းခြောက်သွားခြင်းမျိုးမဟုတ်။ ကန်၏ အလယ် တွင် ကြာပန်းများ ပွင့်နေနိုင်လောက်ရုံ ရေအိုင်လေးတစ်ခု ဖြစ်နေ၏ ။
ကိုဖိုးဗျော့ ထိုရေကန်ကြီး၏ အတွင်းသို့ တဖြည်းဖြည်းချင်း ဆင်းသွားချိန်မှာ တော့.. ကန်ပေါင်ရိုး ကြီး၏ တစ်ဖက်မှ ကွင်းပြင်ထီးထီးကြီးထဲတွင် အသက်ငါးဆယ်အရွယ်ခန့် ယောက်ျားကြီး တစ်ယောက် ၀ရုန်းသုန်းကားနှင့် သေပြေးရှင်ပြေး ပြေးလာနေ၏ ။
ထိုသူ၏ ခေါင်းမှာ ပတ်ပေါင်းထားသော ခေါင်းပေါင်းစမှာ လည်း ဖရိုဖရဲဖွာလန်ကျဲလျက် လေထဲ တွင် တဖျတ်ဖျတ်နှင့် လွင့်ပျံနေ၏ ။ တိုက်ပုံအင်္ကျီအနက်ရောင် က ဖုန်တွေ အလူးလူးနှင့် အရောင် အဆင်းပင် မရှိတော့လောက်အောင် ဖြူရော်နေသည်။ ဒါ့အပြင် ထိုသူ၏ ခန္ဓာကိုယ်ပေါ်မှာ လည်း ဒဏ် ရာဒဏ်ချက်တွေ က အထပ်ထပ်ပေါက်ပြဲပွန်းရှလျက်ရှိနေသည်။ သို့ သော် ထိုသူမှာ သူ၏ ခန္ဓာကိုယ် ပေါ်မှ ပွန်းရာပဲ့ရာတွေ ကို နည်းနည်း မှ ဂရုမပြုသည့်အပြင် လက်ထဲတွင် လွယ်အိတ်ကြီးတစ်လုံးကို အမိအရပွေ့ပိုက်ထားကာ ယောလုံချည်အနက်က ပေါင်ရင်းထိရောက်အောင် လွင့်ပျံ့လျက် နောက် သို့ လှည့်ကြည့်လှည့်ကြည့်နှင့် သေပြေးရှင်ပြေး ပြေးလာနေလေသည်။
ထိုမြင်ကွင်းကိုတော့ ရေကန်ကြီးအတွင်းဆင်းကာ ရွံ့ညွှန်တွေ တူးနေသော ကိုဖိုးဗျော့တစ် ယောက် ဘယ်လိုမှ မသိမမြင်နိုင်ရုံမျှမက ထိုသူ၏ နောက်မှ ညာသံပေးကာ လိုက်ပါလာကြသည့် တစ် ဖက်ရွာမှ ရွာသားတွေ ၏ အသံကိုလည်း တစိုးတစိမျှပင် မကြားမိဘဲ ရှိနေလေသည်။
'အဲဒီ သိုက်တူးသမားကို မလွတ်စေနဲ့ဟေ့..၊ မိရင် အသေသာ ရိုက်သတ်ပစ်ကြ'
'လိုက်ဟေ့..လိုက်ဟ…'
'ဟေ့လူ..မပြေးနဲ့..'
'အဲဒီ သိုက်ဆရာဆိုတဲ့ လူယုတ်မာကို မိအောင်ဖမ်းကြဟေ့'
သေပြေးရှင်ပြေး ပြေးလာသော သိုက်ဆရာဆိုသူမှာ ရေကန်ကြီးအနီးသို့ ရောက်သော အခါ လွန်စွာ မှ မောဟိုက်နေသော မျက်နှာဖြင့် ပျာယီးပျာယာ ဟိုဟိုဒီဒီကြည့်လိုက်လေသည်။ သူ့စိတ်က လည်းတစ်စုံတစ်ရာကြောင့် အလွန်အမင်း ဗလောင်ဆူနေပုံရကာ ခြေတွေ လက်တွေ က တဆတ်ဆတ် တုန်ယင်နေ၏ ။
ထိုအချိန်မှာ ပင် မြေပြောင်ပြောင်ပေါ်မှာ ကိုဖိုးဗျော့နေလှန်းထားသော တစ်ထွာသာသာ ရွှံ့ရုပ် လေးတွေ ကို မြင်လိုက်မိလေရာ.. သူနှင့် အနီးဆုံး ကျွဲရုပ်တစ်ရုပ်ကို ကောက်ယူလိုက်ပြီး ပုဆိုးကြားတွင် လိမ်ညှစ်ဖွက်ယူလာသည့် တစ်စုံတစ်ရာကို စေးပျော့ပျော့ ဖြစ်နေသေးသော ရွှံ့ရုပ်၏ ကိုယ်ထည်ထဲ သို့ အတင်းထိုးသွင်း နစ်မြုပ်လိုက်၏ ။
တုန်ယင်နေသော သူ့လက်တွေ က ထိုအရာကို ရွှံ့ရုပ်အတွင်း ကမန်းကမတန်း ထိုးသွင်းလိုက် ပြီးသည်နှင့် ရွှံ့သားကို လက်မဖြင့် မံကာ ပုံမပျက် ပြန်လုပ်ပြီး ကပျာကယာ ပြန်ချထားလိုက်၏ ။
ထိုအချိန်မှာ ပဲ နောက်က ပြေးလိုက်လာသည့် လူအုပ်ကြီးက တဖြည်းဖြည်း သူ့ကိုမီလာကာ
'ဟာ..ဟိုမှာ ဟေ့..သိုက်ဆရာဆိုတဲ့သူ ရေကန်ကြိးဘေးမှာ …'
'မလွတ်စေနဲ့ဟေ့.. ၀ိုင်းထား..'
'လူယုတ်မာ..မပြေးနဲ့..'
အော်ရင်းဟစ်ရင်း တရမန်းကြမ်း ပြေးလိုက်လာကြသော ထိုသူတွေ ၏ လက်ထဲမှာ လည်း တုတ်တွေ ၊ ဓားတွေ ကို ကိုယ်စီကိုင်ထားကြလက် တရှူးရှူး တရှားရှားနှင့် ဒေါသတွေ ထွက်နေကြ၏ ။
ထိုအခြေအနေမှာ ပင်..
ကန်ပေါင်ကြီး၏ အတွင်းဘက်မှာ ရှိနေသည့် ကိုဖိုးဗျော့က လူအုပ်ကြီးဆူဆူညံညံအသံတွေ ကို ကြားလိုက်ရပြီးလုပ်လက်စအလုပ်ကို ခဏရပ်ကာ နားစွင့်နေလိုက်သည်။ သို့ သော် ကန်ပေါင်ရိုးကြီး တစ်ခုလုံးခြားနေသည့်အတွက် တစ်ဖက်မှာ ဘာတွေ ဖြစ်နေမှန်းကိုတော့ ကိုဖိုးဗျော့ တစ်ယောက် ဘယ် လိုမှ မမြင်နိုင်ရှာဘဲ ရုတ်ရုတ်သဲသဲ အသံတွေ ကိုသာ ကြားနေရ၏ ။
ထိုကန်ပေါင်ရိုးကြီး၏ တစ်ဖက်မှာ တော့ သိုက်ဆရာကို လူအုပ်ကြီး ၀ိုင်းမိသွားပြီး..
'ဟေ့..သိုက်ဆရာ မင်းခိုးသွားတဲ့ပစ္စည်း ပြန်ပေးစမ်း..'
'ဒီမှာ ကိုဝတင် ခင်ဗျား အသားမနာချင်ရင်..ခင်ဗျားခိုးသွားတဲ့ပစ္စည်းကို အခု ချက်ချင်း ကျုပ်တို့လက်ထဲ ပြန်အပ်ပါ…၊ နို့မို့ဆိုရင် ကတော့..'
ချော့တစ်ချီ၊ ခြောက်တစ်လှည့်နှင့် ၀ိုင်းဝန်းပြောဆိုနေကြသော လူအုပ်ကြီး၏ အလယ်တွင် တော့ သိုက်ဆရာ ဦးဝတင်ဆိုသူမှာ အသားတွေ တဆတ်ဆတ်တုန်ယင်နေပြီး
'ခင်ဗျားတို့ မတရားမစွပ်စွဲနဲ့.. ကျုပ်ဘာပစ္စည်းမှ မခိုးဘူး..'
ဟု အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ပြောလေရာ လူအုပ်ကြီးမှာ လည်း အလိုလိုမှ ဒေါသမီးအိုးတွေ ပေါက်ကွဲနေကြသဖြင့်
'ကြာတယ်ကွာ.. ဒီသူခိုးကို ရိုက်ကြစမ်း..'
ထိုအသံမဆုံးခင်မှာ ပင် သိုက်ဆရာ ဦးဝတင်ဆိုသူကို လူစုကြီးက ၀ိုင်းဝန်းကန်ကျောက် ရိုက်နှက်ကြလေတော့သည်။
'ဘုန်း..'
'ဖျောင်း..'
'အား..'
လေးငါးခြောက်ယောက် ထက်မနည်း ၀ိုင်းဝန်းရိုက်ပုတ်နေသည့် လူစုကြီး၏ အောက်တွင် ဦးဝတင်ဆိုသော သိုက်ဆရာမှာ အလူးလူးအလဲလဲ ခံနေရ၏ ။
'ဟေ့လူ..သူခိုး၊ တို့ရွာက ခိုးသွားတဲ့ပစ္စည်း ပြန်ပေးစမ်း'
'ကျုပ်.. ကျုပ် မခိုး..'
'ဘာ မခိုးရမှာ လဲ.. ကဲကွာ..'
'ဖျောင်း..ဖျောင်း..'
'အမလေး..သေပါပြီ..ဗျ..'
ကန်ကြိးအတွင်းမှ ကမန်းကတန်း ပြေးတက်လာသည့် ကိုဖိုးဗျော့က ကန်ပေါင်ရိုးထိပ်သို့ အရောက်တွင် အသက်ငါးဆယ်အရွယ် လူတစ်ဦးအား သဖန်းစုရွာသားတွေ ၀ိုင်းဝန်းရိုက်နှက်နေကြ သည်ကို မြင်တွေ့ လိုက်ရလေသည်။
'ဟာ..ဟာ..ဟေ့လူတွေ ဘာလုပ်ကြတာလဲ လက်လွန်မယ် လက်လွန်မယ်.'
ကိုဖိုးဗျော့ ၀င်တားလိုက်သည့်အသံကြောင့် လူစုကြီးမှာ ဘေးသို့ အနည်းငယ်ရှဲသွားကြပြီး ထို လူအုပ်အတွင်းမှ ကာလသားခေါင်းမြဖေဆိုသူက
'ကိုဖိုးဗျော့ ခင်ဗျားမသိရင် အသာနေစမ်းပါဗျ..၊ ဒီ ၀တင်ဆိုတဲ့လူက သိုက်ဆရာယောင်ယောင် ဘာယောင်ယောင်နဲ့ သာသနာ့ပစ္စည်းတွေ ကို နယ်လှည့်ပြီးလိုက်ခိုးနေတဲ့ သူခိုးဗျ..'
'ဟင်..ဘာ..ဘယ်လို..'
သဖန်းစုရွာမှ ကာလသားခေါင်း မြဖေ၏ စကားကြောင့် ကိုဖိုးဗျော့မှာ အတော် လေးပင် တအံ့ တသြနှင့် ဖြစ်သွားရ၏ ။ ထိုလူအုပ်ကြီး၏ ရှေ့မှ မြေကြီးပေါ်တွင် လှဲနေသော သိုက်ဆရာကိုဝတင် ဆိုသူ မှာ လည်း ပါးစပ်က တဟီးဟီးညည်းညူရင်း တစ်ကိုယ်လုံးမှာ လည်း ဒဏ်ရာဒဏ်ချက်တွေ ဗရပွနှင့် ဖြစ် နေ၏ ။
ထို့နောက် မြဖေက
'ဒီလူက ကျုပ်တို့ရွာကိုလွန်ခဲ့တဲ့ သုံးရက်လောက်က ရောက်လာပြီး ဟိုဗျာ.. ခင်ဗျား သိမှာ ပေါ့။ ကျုပ်တို့ရွာချောင်းစပ်က စေတီကိုလေ..'
'သိတယ်လေ၊ လွန်ခဲ့တဲ့ သုံးနှစ် လောက်ကမှ မုန်တိုင်းတိုက်ပြီး ပြိုသွားလို့ ငါတို့ပြန်ပြင်ပြီး ထီး တော် အသစ် တင်ထားရတဲ့ဟာ။ အဲဒါ ဘာ ဖြစ်သလဲ..'
ကိုဖိုးဗျော့က သိချင်ဇောနှင့် ထပ်မေးလိုက်၏ ။
ထိုအချိန်မှာ ပင် လူအုပ်ကြီးထဲမှ အခြားရွာသားတစ်ဦးကလည်း ဒေါနှင့် မောနှင့် ၀င်ပြောပြန်၏ ။
'အခုတော့ ဒီလူက အဲဒီ စေတီမှာ တရားထိုင်ချင်ယောင်ဆောင်ပြီး ဘုရားပစ္စည်းတွေ ကို ဌာပနာ တိုက်ဖောက် ခိုးဖို့ကြိုးစားတာဗျ…။ တော် သေးတာပေါ့။ ကျုပ်တို့ရွာသား တစ်ယောက် ချောင်းထဲမှာ ရေဆင်းချိုးရင်း မြင်လိုက်ပေလို့။
အခုတောင် သူ့လက်ထဲ ဘယ်လောက်ပါသွားပြီလဲ မသိဘူး….'
မြေကြီးပေါ်မှာ ဖုန်အလိမ်းလိမ်းနှင့် ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေသော ဦးဝတင်ဆိုသည့် သိုက်ဆရာကလည်း လူးလဲထလာပြီး
'မင်းတို့ လူအုပ်အားကိုးနဲ့ငါ့ကို အနိုင်မကျင့်နဲ့…။ ငါ ဘာမှ မယူဘူး။ မယုံရင် ငါ့ကိုယ်ပေါ်မှာ ရှာကြည့်..'
ဟုဆိုကာ ပေကျံနေသော သူ၏ တိုက်ပုံအင်္ကျီ ရင်ဘတ်နှစ် စကို တဖျန်းဖျန်းနှင့် ခါပြနေသည်။
'မလိုချင်ဘူး.. ဒီကောင့်ကို ရိုက်သတ်'
'ချကွာ.. ဒီလောက်တောင် ခေါင်းမာတဲ့အကောင်…၊ ခေါင်းကိုသာ ရိုက်ခွဲပစ်..'
ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် နောက်မှပြေးလိုက်လာကြသည့် သဖန်းစုရွာသူကြီး ဦးဘမှီနှင့် သက်ကြီးရွယ်အိုရွာလူကြီးတွေ က တဖြည်းဖြည်း မီလာ၏ ။
'ဟေ့ ကိုရင်တို့ အရမ်းကာရောတွေ မလုပ်ကြနဲ့ဟေ့… လက်လွန်ခြေလွန်တွေ ဖြစ်ကုန် မယ်။ ခဏရပ်ကြစမ်း'
သဖန်းစုရွာသူကြီး ဦးဘမှီ၏ အော်ဟစ်တားဆီးလိုက်သည့်အသံကြောင့် မြဖေတို့ ကာလသား တစ်စုမှာ ခွေးရိုက်နွားရိုက် ရိုက်ရန်ရွယ်မိုးထားကြသည့် တုတ်တွေ ကို တက်တခေါက်ခေါက်ဖြင့် အော် သို့ ပြန်ချလိုက်ကြ၏ ။
ထိုအခါမှ သူကြီးဦးဘမှီက မြေပြင်မှာ ဒူးထောက်လျက် ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေ သော သိုက်ဆရာ ဦးဝတင်၏ မျက်နှာကိုမော့စေကာ..
'ဒီမှာ .. ကိုဝတင်.. ခင်ဗျား အသားအနာမခံချင်စမ်းပါနဲ့…၊ ကျုပ်တို့ရွာက တူးယူသွားတဲ့ ဌာပနာပစ္စည်းကို ကျုပ်လက်ထဲ ပြန်ထည့်ပါ။ ဒါမှမဟုတ် ခင်ဗျားကိုယ်မှာ ဖွက်ထားတာ ရှာလို့တွေ့ ရင် မလွယ်ဘူး ဖြစ်နေမယ်နော့..'
အခြေအနေအရပ်ရပ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် ၀င်ပြောလိုက်သော သူကြီးဦးဘမှီ၏ စကား ကြောင့်
'ကျုပ်.. ကျုပ် တကယ်မယူပါဘူး..သူကြီးရယ်..။
မယုံရင် ကျုပ်တစ်ကိုယ်လုံးမှာ ရှာကြည့်ပါ'
ရင်ဘတ်ကို ကော့လျက် ရဲရဲကြီးပြောနေသော သိုက်ဆရာကြောင့် သဖန်းစုရွာသားတွေ မှာ ချက်ချင်း ပင် ဒေါသပုန်ထကာ ၀ိုင်းဝန်းပြီးရှာဖွေကြလေသည်။ ထိုသူ၏ တိုက်ပုံအင်္ကျီမှအစ ပွေ့ပိုက် ထားသော လွယ်အိတ်ကြီးတစ်ခုလုံးကိုလည်း ပိုက်စိပ်တိုက်ရှာဖွေကြရုံမက ရှာဖွေကြည့်သော်လည်း မသင်္ကာဖွယ်ရာပစ္စည်း တစ်စုံတစ်ရာကို ဘယ်လိုမှ ရှာမတွေ့ ဘဲ ရှိနေလေသည်။
'တောက်..'
သိသိကြီးနှင့် အသည်းတယားယား ဖြစ်နေသော ရွာသားများ မှာ သိုက်ဆရာကိုကြည့်ရင်း မကျေမနပ်နှင့် တက်တခေါက်ခေါက် လုပ်နေကြ၏ ။
ကိုဖိုးဗျော့မှာ လည်း တကယ်တမ်းသာ သဖန်းစုရွာသားတွေ ရှာဖွေနေသည့် ပစ္စည်းတစ်စုံ တစ်ရာကို ထိုသူ၏ ခန္ဓာကိုယ်မှာ ရှာဖွေတွေ့ ရှိ သွားပါက မမြင်ရဲ မကြည့်ရဲလောက်အောင် နှိပ်စက် ရိုက်ပုတ်ကြလိမ့်မည် ကိုတွေးရင်း ရင်တမမပင် ဖြစ်နေ၏ ။
သိုက်ဆရာ ဦးဝတင်၏ ခန္ဓာကိုယ်အနှံ့ကို အတန်ကြာအောင် ရှာဖွေလိုက်ကြပြီးသည်နှင့် သူကြီးဦးဘမှီက
'အေးလေ.. လက်ပူးလက်ကြပ် မတွေ့ တော့လည်း ဘာမှ မပြောသာတော့ဘူးပေါ့။ ကဲ..ကဲ သူ့ကို ပြန်လွှတ်လိုက်ကြပါတော့ကွယ်..'
ဟု ဆိုလိုက်လေရာ သဖန်းစုရွာမှ ကာလသားများ မှာ လည်း မကျေမနပ်နှင့် ပြန်လွှတ်ပေးလိုက် ကြသည်။
'တောက်.. လက်ပူးလက်ကြပ် မတွေ့ လို့ပေါ့ကွာ… တွေ့ ရင်တော့လည်း ဒင်းကို အရိုးတခြား အသားတခြား ဖြစ်အောင် နုတ်နုတ်စင်းပစ်မယ်'
'နေပါစေဗျာ.. ဘုရားပစ္စည်းခိုးတဲ့သူဟာ သူ့အကုသိုလ်နဲ့သူ သွားပါလိမ့်မယ်။ မယုံမရှိနဲ့'
ထိုအခါမှ သိုက်ဆရာ ဦးဝတင်မှာ လည်း တစ်ကိုယ်လုံးအလိမ်းလိမ်းကပ်ပေနေသော ဖုန်တွေ ကို လက်ဖြင့် တဖျန်းဖျန်းခါကာ လူအုပ်ကြီးကို စောင်းငန်းစောင်းငန်း လှည့်ကြည့်ရင်း အနားမှ ထော့နင်းထော့နင်းဖြင့် လှည့်ထွက်သွား၏ ။
သဖန်းစုရွာသားတွေ လည်း မကျေမနပ် ပြောဆိုရင်းတဖြည်းဖြည်းလူစုကွဲကာ လှည့်ပြန်သွားကြ ၏ ။
ကိုဖိုးဗျော့မှာ လည်း ထိုအခါမှ နေလှန်းထားသည့် သူ့အရုပ်တွေ ကို သတိရမိသွားပြီး အိမ်ပြန် ရန် တစ်ခုချင်းစီ ပြန်ကောက်သိမ်းဆည်းလိုက်သည်။
'ဟင်..'
ထိုအချိန်မှာ ပင် သူနေလှန်းထားသော ကျွဲရုပ်တစ်ရုပ်၏ နံဘေးမှ ရွံ့သားမှာ ခြေရာလက်ရာ ပျက်ယွင်းပြီး အနည်းငယ်ချိုင့်ဝင်နေသည်ကို တွေ့ လိုက်ရလေသည်။
'အလို..စောစောက ဟိုလူတွေ ရုန်းရင်းဆန်ခတ် ဖြစ်တုန်း ငါ့ရွှံ့ရုပ်တွေ ကို ခဲတွေ တုတ်တွေ ထိမှန်သွားတယ် ထင်ပါရဲ့ ။ တော် သေးတာပေါ့။ တစ်ရုပ်လုံး ပျက်စီးမသွားတာ'
ဟု တွေးမိကာ ထိုကျွဲရုပ်ကို နဂိုအတိုင်းပြန် ဖြစ်ရန် ရွှံ့တွေ နှင့် ထပ်ပြီး မွမ်းမံလိုက်သည်။ ထိုရွှံ့ရုပ်၏ အထဲတွင် ပစ္စည်းတစ်စုံတစ်ရာရှိနေမည် ဆိုသည်ကို ကိုဖိုးဗျော့ တစ်ယောက် နည်းနည်း မှ သံသယမ ဖြစ်မိချေ…။
ဒါ့အပြင် ရိုးသားသည့် တောသူတောင်သား တစ်ယောက် ဖြစ်သည့်အလျောက် ဘာကိုမှ ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ သူ့အရုပ်တွေ ကို ထုပ်ပိုးသိမ်းည်းကာ အိမ်သို့ ပြန်လာခဲ့တော့ သည်။
××××
အခန်း(၂)
သည်လိုနှင့် ရက်သတ္တပတ် အနည်းငယ်ကြာသော အခါ… ဥသျှစ်ပင်ရွာမှ ဘုရားပွဲက စတင် လေတော့သည်။ ထိုရွာဘုရားပွဲမစမီ တစ်ရက်အလိုကပင် ရွာနီးချုပ်စပ်မှ ဈေးရောင်းဈေးဝယ်တွေ သာ မက တစ်ညအိပ်ခရီးခန့်ဝေးသည့်ဒေသမှ လှည်းတစ်တန် လှေတစ်တန်ဖြင့် ရောက်လာကြသော ဖျင် ပင်နီအထည်ကြမ်းရောင်းသူ၊ အိုးခွက်ပန်းကန်ရောင်းသူနှင့် ငါးပိငါးခြောက်ရောင်းသူတို့ပါ ကြိတ်ကြိတ် တိုးစည်ကားလျက် သူ့ထက်ငါ အော်ဟစ်ရောင်းချနေကြသည့် ပွဲစေးတန်းကြီးတစ်ခု ဖြစ်နေလေသည်။
ထိုသို့ ကြက်ပျံမကျ စည်ကားလှသော ပွဲဈေးတန်းကြီးအတွင်း မီးခွက်မှန်အိမ်တွေ ၊ အောက် လင်းမီးတွေ က ထိန်ထိန်သာလျက် ရပ်ဝေးမှ ဘုရားပွဲလာကြသူတွေ ၏ နွားလှည်းတွေ ကလည်း ပွဲခင်း ကြီးပတ်ပတ်လည်၌ အပြည့်ပင်။ ထိုလှည်းဝိုင်းကြီးမှ နွားများ ကို ဖြုတ်လျက် လှည်းဘေးမှာ တင် အသင့် ပါလာသော အိုးခွက်ပန်းကန်တွေ နှင့် ချက်ပြုတ်စားသောက်နေကြသည်မှာ ဥသျှစ်ပင်ရွာအနီးရှိ လယ်ကွင်းပြင်ကြီးထဲ ဖွေးဖွေးပင်လှုပ်နေတော့၏ ။
ထုံးဖြူဖြူသုတ်ပြီးခါစ ဥသျှစ်ပင်စေတီကလည်း ဘတ္ထရီမီးချောင်းတွေ ထိန်နေအောင် ထွန်းထားသဖြင့် တ၀င်းဝင်းတောက်နေရုံမက ဟိုမှသည်မှ ကျယ်လောင်ဆူညံစွာ ဖွင့်ထားသည့် အသံ ချဲ့စက်သံတွေ ကလည်း သော သော ညံလျက်ရှိသည်။ ထိုအထဲမှ ဈေးရောင်းဈေးဝယ်တို့၏ အသံတွေ နှင့် ဘယ်သူရေ ဘယ်ဝါရေ အော်ဟစ်ခေါ်နေကြသော အသံတွေ အပြင် ဟေးခနဲ ဟားခနဲ ပျော်မြူးနေ သည့် ရွှေပွဲလာတွေ ၏ အသံတွေ က ဗေထိဗေထိနှင့် ကြားနေရသော ဆိုင်းသံကြားတွင် လျှံတက် ပျံ့ လွင့်လျက်ပင်ရှိနေသည်။
'ဟောဒီမှာ .. ကလေးတွေ အတွက် လက်ဆောင်ဝယ်သွားကြဖို့ အရုပ်လှလှလေးတွေ ရမယ်နော်…'
အရုပ်ဈေးသည် ကိုဖိုးဗျော့မှာ လည်း ထိုပွဲခင်းကြီးထဲတွင် နေရာတစ်နေရာရယူကာ သူ၏ ရွှံ့ရုပ် ကလေးတွေ ကို အသံတစာစာနှင့် အော်ဟစ်ရောင်းချနေ၏ ။ ကိုဖိုးဗျော့၏ ရွှံ့ရုပ်တွေ က အခုလိုအချိန် တွင် ရွှံ့ရုပ်ဟုပြောရန်ပင် အလွန်ခက်လှသော ဆေးနီ၊ ဆေးဝါ ခြယ်သထားသည့် ရောင် စုံအရုပ်တွေ ဖြစ်နေလေရာ ဘုရားပွဲလာသူ ကလေးတွေ က မက်မက်မောမောနှင့် ၀ိုင်းအုံနေ၍ ပင် နေကြလေသည်။
ထိုအချိန်မှာ ပင် ပွဲဈေးတန်းအတွင်း ခြံထွက်သီးနှံလေးများ ကိုချရောင်းပြီး ပြန်လာကြသည့် ထိန်တောရွာမှ ဒေါ်ဖွားမှီနှင့် မြေးမလေး ရှင်တုတ်လှတို့မှာ ရွာသို့ မပြန်နိုင်ကြသေးဘဲ ပွဲခင်းအတွင်း တမော့မော့နှင့် လှည့်လည်ကြည့်ရှုနေကြလေသည်။
ဒေါ်ဖွားမှီမှာ အလာတုန်းက စုံစေ့နေအော်ထည့်ကာ ခေါင်းပေါ်ရွက်လာခဲ့သည့် တောင်းကြီး အတွင်းသို့ ခေါင်းဖုကို အခွေလိုက်ထည့်ပြီး ခါးစောင်းမှာ ပွေ့ပိုက်ထားလျက် လက်တစ်ဖက်ကလည်း ဆယ်နှစ် အရွယ် မြေးမလေး ရှင်တုတ်လှ၏ လက်ကို မလွတ်တမ်းဆုပ်ကိုင်ထား၏ ။
ရှင်တုတ်လှ ကတော့ ကလေးပီပီ ပွဲခင်းအတွင်း မြင်သမျှတွေ့ သမျှတို့ကို လက်ညှိုးတထိုးထိုး နှင့် လိုက်ပါလာလေရာ သူတို့မြေးအဘွားမှာ မကြာမီ ကိုဖိုးဗျော့ အရုပ်ရောင်းရာနေရာသို့ တိုးရင်း ဝှေ့ ရင်း ရောက်လာခဲ့ကြလေသည်။
'ရောင် စုံ အရုပ်လှလှလေးတွေ ရမယ်…၊ ဟောဒီမှာ ဆင်ရုပ်၊ မြင်းရုပ်နဲ့ ကျွဲရုပ် နွားရုပ်တွေ အစုံ ပဲဗျာ… ကလေးတွေ အတွက် ၀ယ်သွားကြပါဦး..'
ကြားလိုက်ရသော ကိုဖိုးဗျော့၏ အသံစာစာကြောင့် ရှင်တုတ်လှအဘွား ဖြစ်သူ ဒေါ်ဖွားမှီကို လက်ကုတ်ရင်း
'ဘွားဘွား သမီးကို ဟိုအရုပ်လေးတစ်ရုပ်လောက် ၀ယ်ပေးပါလား အဘွားရယ်.. သမီး အဲဒီ အရုပ်လေးနဲ့ ကစားချင်လို့…'
'အို.. ညည်းကလည်းအေ… ပိုက်ဆံမရှိရတဲ့ကြားထဲ မပူဆာစမ်းပါနဲ့…'
ဒေါ်ဖွားမှီ၏ ဆူငေါက်လိုက်သည့်အသံကြောင့် ရှင်တုတ်လှမှာ ငိုမဲ့မဲ့ ဖြစ်သွားပြီး မလှမ်းမကမ်းမှ ကိုဖိုးဗျော့၏ အရုပ်တွေ ရှိရာကိုသာ မျက်လုံးကမခွာဘဲ စိုက်ကြည့်နေလေသည်။ အရုပ်သည်ကိုဖိုးဗျော့ ကလည်း အလိုက်ကမ်းဆိုးမသိလက်ယပ်လှမ်းခေါ်ပြီး…
'လာပါ အရီးလေးဖွားမှီရဲ့ …၊ ကလေးက လိုချင်နေတဲ့ဟာတစ်ရုပ်တစ်လေလောက် ၀ယ်ပေး လိုက်ရောပေါ့..'
'အံမာ.. ဟဲ့ ငဖိုးဗျော့ရဲ့ … နင်ဘာသိလို့လဲ ငါတို့မယ်တစ်နေ့လုပ်မှ တစ်နေ့စားနေရတာ ။ မစားရမသောက်ရနဲ့ နင့်အရုပ်ကို မ၀ယ်ပေးနိုင်ပေါင်…၊ တခြားကစားနည်းတွေ ပုံလို့ ပင်လို့.. ဘယ့်နှယ့်တော် ..'
တကယ်တော့ အရီးလေး ဒေါ်ဖွားမှီ တစ်ယောက် ခြံထွက်အသီးအနှံလေးတွေ ကို ဟိုရောင်း ဒီရောင်းနှင့် ဒီမြေးမလေး ရှင်တုတ်လှကို ကျွေးမွေးလာခဲ့သည်မှာ သမီး ဖြစ်သူ မသန်းလှ သေပြီး ကတည်းကဟုပင် ဆိုရမည် ဖြစ်သည်။ ဒေါ်ဖွားမှီ၏ သမီး မသန်းလှမှာ ရှင်တုတ်လှအသက်သုံးနှစ် သာ သာအရွယ်တွင် ပိုးထိပြီး ဆုံးပါးသွားသဖြင့် အမိမဲ့မြေးမကလေးကို အရွယ်နှင့် မမျှအောင် ရှာဖွေကျွေး မွေးစောင့်ရှောက်လာခဲ့ရသည်။ ဒီကြားထဲ ဇနီး ဖြစ်သူ ရုတ်တရက်ဆုံးပါးသွားသည်ကို အကြောင်းပြုပြီး အရင်ကတည်းက ရွာတကာလှည့်ကာ ဖဲရိုက်၊ အရက်သောက်နေသည့် ရှင်တုတ်လှ၏ အဖေက ရွာက ထွက်သွားသည်မှာ သေသည်လား၊ ရှင်သည်လားမသိ ဒီနေ့အထိ သတင်းအစအနပင် မရဘဲ ရှိနေ လေသည်။
'အရီးလေးရယ်..တုတ်လှကလေးက သနားစရာပါဗျာ။ သူကြိုက်ရာ အရုပ်ကို ယူစမ်းပါစေ.. ကျုပ်ကို အရီးလေးသဒ္ဓါသလောက်သာ ပေးပါ။ ကဲ.. ကဲ လာယူလှည့်တုတ်လှ..'
ကိုဖိုးဗျော့က ဒေါ်ဖွားမှီတို့မြေးအဘွားကို အကြောင်းသိတွေ မို့ ရှည်ရှည်ဝေးဝေးပြေမနတော့ဘဲ ရှင်တုတ်လှလိုချင်သည့်အရုပ်ကို သဒ္ဓါသလောက်နှင့် သာပေး၍ ၀ယ်စေလိုက်သည်။ တကယ်တော့ ဖြစ်နိုင်လျှင် ကိုဖိုးဗျော့က ကလေးသဘာဝ မဆော့ရရှာသည့် ရှင်တုတ်လှကို အလကားသာ ပေးပစ် လိုက်ချင်နေ၏ ။ သို့ သော် သူ၏ ၀မ်းရေး ကလည်း ရှိသေးသည်မဟုတ်ပါလား..။
ရှင်တုတ်လှ ကတော့ အဘွား ဖြစ်သူ ဒေါ်ဖွားမှီ၏ မျက်နှာကို တစ်လှည့် မြေပေါ်မှာ ချခင်းထား သည့် ကိုဖိုးဗျော့၏ အရုပ်တွေ ကိုတစ်လှည့်ကြည့်ကာ မျက်နှာမသာမယာနှင့် ဖြစ်နေလေသည်။
ထိုအခါမှ အရီးလေးဖွားမှီမှာ မျက်လုံးထောင့်မှ မျက်ရည်စတွေ ကို အင်္ကျီလက်မောင်းရင်းပင့် ကာ သုတ်လိုက်ပြီး..
'ငါလည်း ၀ယ်ပေးချင်ပါတယ် ဖိုးဗျော့ရယ်.. ငါတို့မှာ က နင်လည်းသိတဲ့အတိုင်းပဲ တစ်ပဲလည်း တစ်ပဲအလျောက်၊ တစ်မူးလည်း တစ်မူးအလျောက် မသေထမင်း မသေဟင်း လေးစားဖို့မှ အနိုင်နိုင် ရယ်ပါဟာ်'
ထိုစကားကြောင့် ကိုဖိုးဗျော့မှာ ငိုင်ကျသွားပြီး
'ကဲကဲ..သမီးလိုချင်တဲ့အရုပ်သာ ယူသွားပေတော့…၊ ပိုက်ဆံလည်း ပေးမနေနဲ့တော့ ဟုတ် လား….၊ လာလာ ယူသွား..'
သူလိုချင်သည့်အရုပ်ကို အလကားပေးမည် ဟု ဆိုသော အခါ ရှင်တုတ်လှမှာ အလွန်အမင်း ၀မ်းသာသွားပြီး ကိုဖိုးဗျော့ရှေ့တွင် ခင်းထားသည့် အရုပ်တွေ ရှေ့မှာ စွေ့ခနဲဝင်ထိုင်ကာ များ ပြားလှ သည့် ဆေးရောင် ခြယ် ရွှံ့ရုပ်တွေ ကို တို့ထိကိုင်ကြည့်နေမိ၏ ။
ထိုအချိန်မှာ ပင် ကိုဖိုးဗျော့ ချခင်းထားသည့် အရုပ်တွေ နားမှာ ကြိတ်ကြိတ်တိုးနေသည့် ကလေး တစ်သိုက်ကလည်း သူ့ထက်ငါ အလုအယက်နှင့် ၀င်ရွေးနေကြ၏ ။ ထိုကလေးများ မှာ ရှင်တုတ်လှနှင့် တစ်ရွာတည်းနေ ငညွန့်၊ စိန်တင်တို့ ဖြစ်နေပြီး အားလုံးမှာ ရှင်တုတ်လှတို့အရွယ်သာ သာ ကလေးတွေ ချည်းပင်။
'ဟေ့ကောင် ငညွန့်၊ မင်းလက်ထံက ကျွဲရုပ်က ငါ့ကျွဲရုပ်လောက် ချိုမကြီးဘူး..၊ ဒီမှာ တွေ့ လား ငါ့ကောင်ကြီးကမှ ဧရာမ တုတ်တုတ်ချွန်ချွန်ကြီး…'
စိန်တင်က သူ့လက်ထဲမှ ကျွဲရုပ်တစ်ရုပ်ကို ငညွန့်မြင်အောင် မြှောက်ပြလိုက်ရင်း မခံချင် အောင် ပြော၏ ။ ငညွန့်ကလည်း အညံ့မခံ
'အံမာ..မင်းကျွဲက ချိုသာကြီးတာ.. ငါ့ကျွဲလောက် ကိုယ်လုံးမကြီးဘူး။ မင်းကောင်ကို တစ်ချက် တွန်းလှဲလိုက်ရင် မထနိုင်ဘဲ ဖြစ်သွားမယ်.. ဟဲဟဲဟဲ'
ကလေးပီပီ ကိုယ်လိုချင်ရာ အရုပ်ကိုဝယ်ပြီး စကားနိုင်လုနေကြ၏ ။
ထိုအချိန်မှာ ပင် ရှင်တုတ်လှကလည်း ကိုဖိုးဗျော့၏ ရောင် စုံခြယ်ထားသော အရုပ်တွေ ထဲမှ ကျန် နေသေးသော ကျွဲရုပ်တစ်ရုပ်ကို ကောက်ကိုင်လိုက်ရာ ဘေးမှ အရီးလေးဖွားမှီက
'ဟဲ့…တုတ်လှ ညည်းနှယ်အေ.. မိန်းကလေး ဖြစ်ပြီး ကျွဲရုပ်နဲ့ဘာများ ဆော့ဦးမှာ လဲ.. တခြား ဘိုမရုပ်တို့.. ဘဲရုပ်တို့ ယူပါတော့လား.. ဒီကလေးမနှယ်'
ထိုအခါမှ ရှင်တုတ်လှက လက်ထဲတွင် တယုတယ ဆုပ်ကိုင်ထားသော ကျွဲရုပ်ကို မြှောက်ကာ ၀မ်းသာအားရနှင့်
'မဟုတ်ပါဘူး ဘွားဘွားကြီးရဲ့ … အဖေရှိတုန်းက ကျွဲကြီးတွေ ကျောင်းကျောင်းနေတာ သတိရ လွန်းလို့ပါ။ ပြီးတော့ သမီးစိတ်ထဲမှာ လည်း တစ်နေ့ကျရင် အဖေ ဒီကျွဲကြီးတွေ စီးပြီး အိမ်ပြန်လာမယ် လို့ ထင်နေလို့ပါ…'
ရှင်တုတ်လှ၏ စကားကြောင့် အရီးလေးဖွားမှီ တစ်ယောက် ခြေတုန်လက်တုန် ဖြစ်သွားပြီး သက် ပြင်းသက်မတွေ ဟင်းခနဲချလိုက်ကာ
'ကဲ.. ဖိုးဗျော့ရေ၊ နင့်တူမ ကတော့ မလွယ်ဘူးဟေ့။ ငါ့မှာ လည်း နင့်ကိုပေးစရာ ပိုက်ဆံက မရှိလေတော့.. မနက်ဖြန် မနက်စောစောကျရင်သာ ပဲဖြူလေးသန့်ထားတာ တစ်ခွဲသာသာလောက်နဲ့ ဘူးသီးတစ်ခြမ်းကို အိမ်မှာ လာယူလှည့်ချေ…။ နောက်ပြီး ခ၀ဲသီးလည်း တစ်ခါချက်လောက်တော့ ရှိဦး မယ်ထင်တာပဲ..'
ပြောပြောဆိုဆို အနီးမှ လှည့်ထွက်သွားသော အရီးလေးဖွားမှီတို့ မြေးအဘွား၏ ကျောပြင်ကို ကြည့်ကာ ကိုဖိုးဗျော့ တစ်ယောက် စိတ်မကောင်း ဖြစ်မိနေသည်။ ဒါ့အပြင် သူ အလကားပေးလိုက် ရ သည့် ရှင်တုတ်လှအတွက် ကစားစရာကျွဲရုပ်လေးကြောင့် အရီးလေးဖွားမှီထံမှလည်း ဘာကိုမှ အစား ပြန်ပြီး မယူချင်တော့။ လိုချင်တာရသွားသည့် ရှင်တုတ်လှကလေးကိုသာ ကြည့်ရင်း ၀မ်းသာပီတိ ဖြစ်ပြီး ကျန်ခဲ့တော့သည်။
'ကဲ.. ၀ယ်သွားကြဦးဟေ့.. ဟောဒီမှာ ..ကလေးကစားစရာ ရောင် စုံအရုပ်တွေ နော်..။ လာလာ.. အလကားပေးသလောက်ကိုတန်တဲ့ အရုပ်တွေ ဗျို့..။ မကြာခင် ကုန်တော့မှာ မို့ လိုချင်တဲ့အရုပ်တွေ သာ မြန်မြန်လာရွေးကြ ကလေးတို့ရေ…'
ဈေးတန်းကြီးအတွင်း တစာစာ အော်ဟစ်ရောင်းချနေသည့် ကိုဖိုးဗျော့၏ အရုပ်တွေ က အမှန် တကယ်ပင် ကုန်လုနီးနီး ဖြစ်နေသည်။ ထိုအချိန်အထိ ပွဲခင်းကြီှးမှာ လည်း အော်သံတွေ ညှော်သံတွေ နှင့် အတူ 'ဗေထိ ဗေထိ'ဆိုသည့် ဆိုင်းသံက ညလေပြည်ထဲမှာ တ၀ဲဝဲပျံ့လွင့်နေတုန်းပင် ဖြစ်နေလေ သည်။
××××
ထိုသို့ ကြက်ပျံမကျ တရုန်းရုန်းစည်ကားနေသည့် ပွဲခင်းကြီးအတွင်း ဘာကိုမှ ဂရုမပြု အာရုံ မစိုက်ဘဲ တစ်စုံ တစ်ယောက် ကို ရှာဖွေနေသလို မျက်လုံးများ နှင့် လိုက်ကြည့်နေသည့် လူ တစ်ယောက် ကို ဇာတ်ရုံအနောက်ဘက်တွင် လည်းကောင်း…၊ တဟေးဟေး တဟားဟား အော်ဟစ်နေကြသည့် ချားရဟတ်အနီးတွင် လည်းကောင်း တွေ့ နေမိ၏ ။ ထိုသူကား အခြားမဟုတ် သိုက်ဆရာ ဦးဝတင်ပင်..။
တဖြည်းဖြည်း တရွေ့ရွေ့ လျှောက်လာသော သိုက်ဆရာ ဦးဝတင်၏ ပခုံးကို လူတွေ က တွန်း ရင်း တိုက်ရင်း လျှောက်သွားကြသည်။ သို့ သော် သူက တစ်ချက်ကလေးမှ ဂရုမပြုသည့်အပြင် ဈေး တန်းကြီးအတွင်းမှ အသံတစာစာနှင့် အော်ဟစ်ရောင်းချနေသော ဈေးသည်များ ၏ မျက်နှာကိုသာ အသဲအမဲ လိုက်လံကြည့်ရှုနေ၏ ။
သူ ရှာဖွေနေသည့်အရာက ပြီးခဲ့သည့် ရက်သတ္တပတ်က သေပြေးရှင်ပြေး ပြေးလာရင်း ရေကန် ကြီးအနီးမှာ ခိုးရာပါပစ္စည်းကို ထည့်သွင်းနှစ် မြှုပ်လိုက်သည့် ကျွဲရုပ်နှင့် အရုပ်ပိုင်ရှင်လူ တစ်ယောက် ပင် ဖြစ်သည်။ ထိုအချိန်က ကမူးရှူးထိုးနှင့် ကပျာကယာ သိုဝှက်လိုက်ရသဖြင့် အရုပ်ပိုင်ရှင်၏ မျက်နှာကို သေချာစွာ မှတ်သားမထားလိုက်မိဘဲ ရှိလေရာ ဟိုလူလိုလို ဒီလူလိုလို သူ့အတွက် ထင်ယောင်ထင် မှားနှင့် ဖြစ်နေ၏ ။
သို့ သော် ဦးဝတင်၏ စိတ်ထဲတွင် တော့ ထိုအရုပ်ပိုင်ရှင်၏ မျက်နှာကို တစ်ခေါက်ပြန်မြင်ရုံနှင့် ပင် မှတ်မိနိုင်လောက်သည်ဟူ၍ လည်း တထစ်ချ တွက်ဆထားမိ၏ ။
'အဲဒီ တုန်းက ဒီလူရဲ့ လုပ်ပြီးစအရုပ်တွေ ဟာ ဒီဘုရားပွဲမှာ ရောင်းဖို့မဟုတ်ရင် ဘာ ဖြစ်ရဦးမှာ လဲ..။ သေချာတာ ကတော့ ဒီဈေးတန်းကြီးထဲမှာ ရှိကိုရှိနေရမယ်..'
သူ့အတွေးနှင့် သူ အားခဲပြီးလျှောက်လာသည့် ဦးဝတင်မှာ ခပ်ငိုက်ငိုက်ဆောင်းထားသည့် ဦးထုပ်အပြန့်ကြီးအောက်မှနေ၍ ကျီးကန်းတောင်းမှော က် မျက်လုံးတွေ နှင့် ရှာမြဲပင် ဆက်ပြီး ရှာဖွေနေ ၏ ။
မကြာမီ ဦးဝတင် တစ်ယောက် အရုပ်သည်ကိုဖိုးဗျော့ကို ပွဲဈေးခင်းကြီးတစ်နေရာတွင် လှမ်း တွေ့ လိုက်ရလေသည်။
'ဟင်..ဟိုလူ..'
ချက်ချင်း ပင် တုံ့ခနဲရပ်သွားသော ခြေလှမ်းနှင့် အတူ.. ဦးဝတင်၏ မျက်လုံးတွေ က အရုပ်သည် ကိုဖိုးဗျော့၏ မျက်နှာကို အကြိမ်ကြိမ် အဖန်ဖန် ပုံဖော်ကာ ပြန်ပြီး မြင်ယောင်ကြည့်နေမိ၏ ။
'ဟုတ်ပြီ..သေချာတယ်။ ဒီလူမှ ဒီလူအစစ်ပဲ..'
ကိုဖိုးဗျော့ ကတော့ သူရောင်းချခဲ့သည့် ငွေအကြွေစတွေ ကို ခေါင်းငုံ့ကာ ရေတွက်ကြည့်နေ သည် ဖြစ်ရာ ခပ်လှမ်းလှမ်းမှ အကဲခတ်ရင်း စောင့်ကြည့်နေသည့် ဦးဝတင်ကို နည်းနည်း မှ သတိမထား မိချေ…။
ခဏအကြာ ကိုဖိုးဗျော့မှာ အရုပ်ရောင်းရသည့် ငွေတွေ ကို လွယ်အိတ်အတွင်း ထည့်သိုလိုက် ပြီး မြေကြီးပေါ်မှ လက်ကျန်အရုပ်တစ်ရုပ်စ နှစ် ရုပ်စကို သိမ်းဆည်း၍ နေလေသည်။ ထိုလက်ကျန် အရုပ်များ ထဲတွင် တော့ ဦးဝတင် ရှာဖွေနေသည့် ကျွဲရုပ်က တစ်ရုပ်တစ်လေမှပင် ရှိမနေတော့သည်ကို တွေ့ လိုက်ရလေတော့သည်။
'ဟာ..ဆုံးပြီ ထင်ပါရဲ့ ကွာ..'
×××
အခန်း(၃)
ဥသျှစ်ပင်ရွာ ဘုရားပွဲပြီးကတည်းက နေ့စဉ်ရက်ဆက်ဆိုသလို ကျွဲရုပ်နှင့် ဆော့နေသော ရှင် တုတ်လှမှာ ထမင်းမေ့ဟင်းမေ့ပင် ဖြစ်နေတော့၏ ။ ခက်သည်က အခြားကလေးတွေ လို ပြေးတမ်း လိုက်တမ်း၊ လိပ်ဥဖွက်တမ်း စသည့် ကစားနည်းတွေ ကို တစ်စက်ကလေးမှ စိတ်မ၀င်စားဘဲ အိမ်ထဲ နှင့် ခြံဝင်းအတွင်းမှာ သာ တကုတ်ကုတ်နှင့် ဆော့လေ့ရှိသူ ဖြစ်သည်။
ဒါ့အပြင် ရှင်တုတ်လှကလေးမှာ နေ့စဉ်လိုလို ညနေစောင်းပြီဆိုသည်နှင့် ခြံရှေ့စည်းရိုးအစပ်မှ နေ၍ အဖေ ဖြစ်သူပြန်အလာကို မျှော်ငေးနေတတ်သည်မှာ အကျင့်တစ်ခုလိုပင် ဖြစ်နေခဲ့၏ ။ အဘွား ဖြစ်သူ အရီးလေးဖွားမှီ ကတော့ ရှင်တုတ်လှ ထိုသို့ ငေးငိုင်နေတိုင်း သွားလေသူ သမီးမသန်းလှအား သတိရနေရုံမက လူမဆန်စွာ စွန့်ခွာထွက်သွားသည့် ရှင်တုတ်လှ၏ အဖေကိုလည်း နာနာကြည်းကြည်း ပင် မုန်းတီးနေမိလေသည်။
အခုလည်း ရှင်တုတ်လှ တစ်ယောက် ကျွဲရုပ်နှင့် ဆော့နေရာမှ
'ကျွဲကြီးရေ.. ညနေကျရင် ငါ့အဖေကို နင့်ကျောပေါ်မှာ တင်ပြီး အိမ်ကို ပြန်ခေါ်လာခဲ့ပါ'
'ဟဲ့ တုတ်လှ၊ အဲဒီ လူမဆန်တဲ့ နင့်အဖေကို ခဏခဏ တ မနေစမ်းပါနဲပ။ ဘယ့်နှယ့်တော် .. လူမမယ် သမီးမိန်းကလေးမွေးထားပြီး တာဝန်မယူဘဲအိမ်ကထွက်သွားတဲ့ တစ်ကိုယ်ကောင်းသမား ကို ဘာကြောင့် ညည်းက တသသ ဖြစ်နေရတာ လဲ..'
အရီးလေးဖွားမှီ၏ မာန်မဲဆူငေါက်လိုက်သည့်အသံကြောင့် ရှင်တုတ်လှမှာ ခေါင်းကိုငုံ့ကာ လက်ထဲမှ ကျွဲရုပ်ကို အကြောင်းမဲ့ပွတ်သပ်နေလေသည်။
တစ်နေ့လုံး ထမင်းမေ့ဟင်းမေ့ ကျွဲရုပ်နှင့် ဆော့နေသော ရှင်တုတ်လှအပေါ် အရီးလေးဖွားမှီ၏ ဒေါသတွေ က စုပုံကျသွားပြီ။
'ဒီမှာ တုတ်လှ၊ ညည်းကို ငါမပြောချင်လို့ ကြည့်ကြည့်နေတာကြာပြီ၊ တစ်မနက်လုံး ထမင်း မစား ဘာမစားနဲ့ အဆော့မက်လှချေလား..။ အခု အဲဒီ အရုပ်ကို ငါ့ပေးစမ်း။ ဒီအရုပ်ကို ပေါက်ခွဲပစ် လိုက်မှ အေးမှာ ..'
ပြောပြောဆိုဆို ရှင်တုတ်လှ၏ လက်ထဲမှ ကျွဲရုပ်ကို အရီးလေးဖွားမှီက လှမ်းဆွဲသည်။ ရှင်တုတ် လှကလည်း ကျွဲရုပ်ကို ဆုပ်ကိုင်ထားသည့်လက်နှစ် ဖက်ကို နောက်မှာ ဖွက်လိုက်ပြီး ထိုနေရာမှ လှစ်ခနဲ ပြေးထွက်ကာ
'မလုပ်ပါနဲ့ ဘွားဘွားကြီးရယ်။ သမီး အခု မဆော့တော့ပါဘူး.. မလုပ်ပါနဲပ'
ကပျာကယာ အိမ်ပေါ်မှ ပြေးဆင်းသွားသော ရှင်တုတ်လှနောက်တွင် တော့ ဒေါ်ဖွားမှီမှာ ဗျစ် တောက်ဗျစ်တောက်တွေ ပြောဆိုရင်း ကျန်ခဲ့၏ ။ အရုပ်ကို ဆုပ်ကိုင်ထားသော ရှင်တုတ်လှ၏ လက် များ မှာ လည်း တဆတ်ဆတ်တုန်ယင်နေကာ ခြံဝင်းကြီးအတွင်း အဘွား ဖြစ်သူ မမြင်နိုင်သည့်နေရာ တွင် သိမ်းဝှက်ထားလိုက်ရန် စိတ်ကူးမိလေသည်။
'ဒီကျွဲရုပ်လေးကို အဘွားမမြင်နိုင်တဲ့တစ်နေရာမှာ ခဏသိမ်းထားမှ ဖြစ်မယ်..။ နို့မို့ဆို ငါ့အရုပ် ကလေးကို အဘွားက တကယ်ပေါက်ခွဲပစ်တော့မှာ …'
အိမ်ရှေ့ခြံဝင်းအတွင်း အချိန်တော် တော် ကြာအောင်ရပ်ပြီး စဉ်းစားနေတာ ရှင်တုတ်လှမှာ လက်ထဲမှ ကျွဲရုပ်ကိုတစ်လှည့် အနီးပတ်ဝန်းကျင်မှ သစ်ပင်ချုံနွယ်တွေ ကို တစ်လှည့်ကြည့်ကာ အကြံ တစ်ခုကို ဖျတ်ခနဲ ရသွား၏ ။
'ဒီအရုပ်ကို ဟိုခြံထောင့်မှာ ရှိတဲ့ ကုက္ကိုမြစ်ဆုံကြီးထဲမှာ ၀ှက်ထားမှ…။ ဒါဆိုရင် အဘွားလည်း မမြင်တော့ဘူး..။ ငါဆော့ချင်တဲ့အချိန်ကျရင်လည်း ဒီအမြစ်ဆုံ သစ်ခေါင်းကြီးထဲက အချိန်မရွေး သွား ယူပြီး ဆော့လို့ရတာ ပဲ..'
ထိုအတွေးနှင့် အတူ ရှင်တုတ်လှမှာ အိမ်ပေါ်မှ အဘွားရှိရာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အိမ်ရှေ့ခြံထောင့်မှ ကုက္ကိုပင်ကြီးရှိရာသို့ လှစ်ခနဲကမန်းကတန်း ပြေးသွား၏ ။
တကယ်တော့ ရှင်တုတ်လှမှာ ကျေးတောသူ ကလေးအရွယ်ပီပီ မြို့ပေါ်မှ တခြားကလေးတွေ လို ပလတ်စတစ် ကော်ပတ်ရုပ်တွေ နှင့် မကစားနိုင်ရုံမက တစ်ရွာတည်းနေ မိကျင်တို့၊ မြမှု န်တို့လိုပင် ကစားစရာ အိုးပုတ်ချိုးရုပ်တွေ က အစုံအစေ့ရှိသူမဟုတ်။ ရွာအလယ်ပိုင်းမှ ဆွေနီးမျိုးစပ်တော် သည့် ဘဒွေးစိန်လှ ပြုလုပ်ပေးထားသည့် အုန်းလက်နွားလေးလောက်နှင့် သာ ကစားခဲ့ရသူ ဖြစ်သည်။
ရှင်တုတ်လှတို့၏ အိမ်ရှေ့ခြံထောင့်မှ ကုက္ကိုပင်ကြီးမှာ နှစ်ပေါင်းမြောက်များ စွာ ကတည်းက ရှိနေသည့် အပင်ကြီးတစ်ပင် ဖြစ်ပြီး ပင်စည်က လူကြီးသုံးလေးယောက် ဖက်စာလောက် ကြီးမားကာ အကိုင်းတွေ အခက်တွေ က ခြံဝင်းကြီးတစ်ခုလုံးကိုပင် အရိပ်ရအောင် အုံ့ဆိုင်းနေလေသည်။ ထိုကုက္ကို ပင်ကြီး၏ အောက်ခြေတစ်ခုံးလုံးမှာ လည်း ဖုထစ်နေသည့် သစ်မြစ်၊ သစ်ဆုံ၊ သစ်ခေါင်းကြီးတွေ က လူ တစ်ယောက် ဖန်တီးထားသလို ရုပ်လုံးရုပ်ကြွကြီးများ သဖွယ် ဖြစ်နေလေရာ ခပ်ဝေးဝေးက အမှတ်တမဲ့ ကြည့်လျှင်ပင် ထွားကျိုင်းသန်မာသော လူကြီး တစ်ယောက် ဒူးထောက်ထိုင်နေသကဲ့သို့ ရှိလေသည်။
'အင်း.. ဒီနေရာဆိုရင် အဘွားဘယ်နည်းနဲ့မှ တွေ့ မှာ မဟုတ်တော့ဘူး။ ပြီးတော့ ဒီသစ်ခေါင်း ကြီးက သိပ်လည်းမမြင့်တော့ ငါ့လက်နဲ့ အလွယ်လေး လှမ်းယူလို့ရတဲ့နေရာပဲ..'
ထိုနေရာသို့ ရောက်သော အခါ ရှင်တုတ်လှမှာ သူနှင့်လက်လှမ်းမီရာ အ၀ကျယ်သော သစ်ခေါင်းကြီးတစ်ခုကို ရွေးချယ်လိုက်ပြီး လက်ထဲမှ ကျွဲရုပ်ကို အတွင်းသို့ ဖြည်းဖြည်းချင်း ထည့်လိုက် ၏ ။
'ကဲ..ကျွဲကြီးရေ.. နင် ဒီသစ်ခေါင်းကြီးထဲမှ ခဏတော့ နေလိုက်ဦး။ တော် ကြာ… ငါ့အဘွားက နင့်ကိုတွေ့ သွားရင် ပေါက်ခွဲပစ်လိမ့်မယ်။ ပြီးတော့ မကြာမကြာလည်း နင့်ဆီကို ငါ လာခဲ့မယ်။ သိ လား ကျွဲကြီး.'
ရှင်တုတ်လှမှာ သူ အမြတ်တနိုးနှင့် သံယောဇဉ်တွယ်မိနေသော ကစားစရာကျွဲရုပ်ကို ကလေး ပီပီ ပါးစပ်က တတွတ်တွတ်ပြောရင်း ထိုအပင်ကြီးအနီးမှ ပြန်လှည့်ထွက်မည် ပြုလိုက်မိစဉ်မှာ ပင်
'ရှဲ..ရှဲ.. ဖလပ်၊ ဖလပ်..'
ရုတ်တရက်ကြီးဆိုသလို ထိုကုက္ကိုပင်ကြီး၏ အကိုင်းအခက်တွေ က လေထဲမှာ တလူးလူး တလွင့်လွင့်နှင့် လှုပ်ခတ်သွားကာ ၀ါကျင်ကျင် ကုက္ကိုရွက်တွေ က မြေပေါ်သို့ တဖြောက်ဖြောက်နှင့် ဝေ့၀ဲပြီး ကျလာ၏ ။
'ဟင်..'
မိုးမရွာ လေမတိုက်ဘဲ တဆတ်ဆတ် ယိမ်းနွဲ့လှုပ်ရမ်းသွားသည့် ကုက္ကိုပင်ကြီး၏ အောက်ခြေ တစ်ခုလုံးမှာ ချက်ချင်း ဆိုသလို အရွက်တွေ က ဖွေးဖွေးလှုပ်သွား၏ ။ ဒါကို ရှင်တုတ်လှက တစ်ချက် ကလေးမှ သတိမထားမိသည့်အပြင် အပင်ကြီးပေါ်မှ ဝေ့၀ဲ၍ ကျလာသော ကုက္ကိုရွက်တွေ ကို ကလေးပီ ပီ လက်ခုပ်ဖြင့် အပြေးအလွှားလိုက်ဖမ်းနေလေသည်။
ထိုအချိန်မှာ ပင် အရီးလေးဖွားမှီက ညနေစာအတွက် ခြံထဲမှ သီးပင်စားပင်တွေ ကို စုပြုံရောကာ ဖြစ်သလို ချက်ပြုတ်ထားသည့် ဟင်းတစ်ခွက်နှင့် ထမင်းပွဲကို ခူးခပ်နေလေသည်။
××××
ထိုညအဖို့ ရှင်တုတ်လှမှာ အရီးလေးဖွားမှီ၏ မယ်မယ်ရရ မဟုတ်သော ညစာကို စားပြီး စောစီးစွာ အိပ်ရာဝင်ခဲ့လေသည်။ အရီးလေးဖွားမှီ ကတော့ တစ်နေကုန် ပင်ပန်းထားခဲ့သော ဒဏ်ကြောင့် လားမသိ ခေါင်းချလိုက်သည်နှင့် ရှင်တုတ်လှဘေးတွင် တခေါခေါဟောက်ရင်း အိပ်ပျော် သွားလေသည်။
တကယ်တော့ သူတို့မြေးအဘွား၏ အိပ်ရာက သီးသန့်အခန်းတစ်ခုအတွင်း ရှိနေခြင်းမျိုး မဟုတ်။ ထမင်းဝိုင်းသိမ်းသည့်အခါ ထိုနေရာမှာ ပင် ဖျာစုတ်တစ်ချပ်ခင်းကာ အိပ်ကြရခြင်း ဖြစ်ပြီး စပ်ရာ ဖာရာ ဗရပွနှင့် တစ်ခုတည်းသော စောင်ကို မြေးအဘွားနှစ် ယောက် အတူခြုံကြရသည်။
'အင်း..အခုလောက်ဆို ငါ့ကျွဲရုပ်ကလေးတော့ သစ်ခေါင်းထဲမှာ ဘယ်လိုနေပါလိမ့်။ မနက်ကျမှ အဘွားမသိအောင် သွားပြီးကြည့်ရမယ်..'
အချိန်အတော် ကြာသည်အထိ အိပ်မပျော်နိုင်သေးသော ရှင်တုတ်လှခမျာ လစ်ဟာနေသည့် သက်ကယ်အမိုးများ ကြားမှ လှမ်းမြင်နေရသော ကောင်းကင်ကြီးကို ငေးကြည့်ရင်း သူမက်မောသည့် ရွှံ့ရုပ်လေးကို သတိတရ ဖြစ်နေလေသည်။ တစ်ချိန်တည်းမှာ ပဲ သူ့အတွေးတွေ က ကွယ်လွန်သွားပြီ ဖြစ်သော သူ့အမေနှင့် အခုချိန်အထိ သေသည်လား ရှင်သည်လားမသိ၊ အိမ်ပြန်မလာတော့သော ဖခင်ကိုလည်း ထိုညမှ ပိုပြီးတမ်းတနေမိလေသည်။
မကြာမီ ရှင်တုတ်လှ၏ မျက်လုံးတွေ က ကြယ်စုံကောင်းကင်ကြိးကိုကြည့်ကာ တဖြည်းဖြည်း မှေးစင်းလာရုံမက ဘေးမှ တခေါခေါဟောက်နေသည့် အဘွားမှီ၏ အသံကိုလည်း မကြားတစ်ချက် ကြားတစ်ချက်နှင့် ဖြစ်လာနေ၏ ။
သိပ်မကြာလိုက်… သူ့နားထဲမှာ ခွာသံလိုလို ကဆုန်ပေါက်ပြေးလာနေသော အသံတစ်ခုကို ၀ိုး တ၀ါးနှင့် ကြားလိုက်ရ၏ ။
'ဟင်..'
ထိုအသံက တဖြည်းဖြည်း နီးလာသည်နှင့် မြေပြင်တစ်ခုလုံး ဟီးဟီးထပင် တုန်ခါ၍ နေလေ သည်။
'အလို..ဒါ ဘာသံလိမ့်။ ရွာလမ်းမပေါ်မှာ တစ်ယောက် ယောက် နွား ဒုန်းစိုင်းသွားတဲ့ အသံပဲ လား..'
မရေမရာ တွေးကြည့်နေစဉ်မှာ ပဲ ထိုခွာသံက သူတို့အိမ်ရှေ့ ခြံအစပ်နားလောက်မှာ တုံ့ခနဲ ရပ် သွားသည်ကို နားနှင့် ဆတ်ဆတ် ကြားလိုက်ရ၏ ။ ထို့နောက် တရှပ်ရှပ်နှင့် ဖြည်းညင်းစွာ ၀င်လာသော ခွာသံကို ရှင်တုတ်လှ ကြားလိုက်ရသည်။
'ဒီခွာသံက တို့အိမ်ဘက်ဆီသို့ ဦးတည်ပြီးလာနေတဲ့ အသံပဲ။ ညကြီးအချိန်မတော် ဘယ်သူ များ ပါလိမ့်…'
ဟုဆိုကာ ရှင်တုတ်လှက ပေါက်ပြဲနေသည့် ၀ါးထရံပေါက်မှနေ၍ အိမ်ရှေ့ခြံဝင်းအတွင်းသို့ ချောင်းမြောင်းပြီး ကြည့်လိုက်လေရာ..
'အလို..'
လရောင် ဖွေးဖွေးအောက်တွင် အလွန်တရာမှ မည်းနက်ပြောင်နေသည့် ကျွဲကြီးတစ်ကောင် ကို လူ တစ်ယောက် က ခွစီးထားလျက် သူတို့အိမ်ကလေးကို ခပ်လှမ်းလှမ်းမှ ရပ်ပြီး ကြည့်နေလေ သည်။
ထိုကျွဲကြီး၏ ချိုနှစ် ဖက်မှာ လည်း ဘေးသို့ ကော့ပျံနေသည်။ ကျွဲပေါ်မှလူ၏ မျက်နှာကိုတော့ ဘေးတစ်စောင်းအနေအထားနှင့် သူမြင်နေရ၏ ။
ထိုသူမှာ ပုဆိုးစတစ်ထည်ကို ခေါင်းလုံအောင်ခြုံထားပြီး အစနှစ် ဖက်ကို မေးတွင် စုချည်ထား သဖြင့် ဖြာကျနေသော လရောင် အောက်မှာ သူ့မျက်နှာကို ထင်ထင်ရှားရှား မမြင်ရပေ..။
သို့ သော် လူလုံးလူဖန် ကတော့ သူ့အဖေ ကိုဘဆောင်လို လူရွယ် တစ်ယောက် ဖြစ်နေရုံမက ကျွဲပေါ်ခွစီးထား သည့် ဒူးတစ်ဖက် ကွေးညွတ်ထားသည့်ဟန်ပန်ကလည်း သူ့အဖေ ကိုဘဆောင်နှင့် တစ်ထေရာတည်း တူနေ၏ ။
ပြီးတော့ အမြဲလိုလို ပခုံးတစ်ဖက်မှာ ချိတ်လွယ်ထားသည့် လွယ်အိတ်ကလေးကလည်း သူ့ အဖေလွယ်နေကျအတိုင်း ပခုံးဘေးမှာ ချပ်ချပ်ရပ်ရပ်နှင့် ရှိနေ၏ ။
'ဟင်..အဖေ၊ အဖေပဲ ဖြစ်မယ်..။ အဖေက အိမ်ကို ရောက်လာတာတောင် ငါ့ကို ဘာ ဖြစ်လို့ လှမ်းမခေါ်ဘဲ နေရတာ လဲ..'
ဝါးထရံပေါက်မှ ချောင်းကြည့်နေသည့် ရှင်တုတ်လှမှာ ကပျာကယာပင် စေ့ပိတ်ထားသော အိမ် တံခါးမကြီးမှနေ၍ ခေါင်းပြူကာလှမ်းကြည့်လိုက်လေသည်။ သူ့စိတ်ထဲမှာ လည်း ထိုကျွဲကြီးပေါ်မှ လူမှာ သူ့အဖေသာ ဖြစ်လိမ့်မယ်ဟု တထစ်ချ ယုံကြည်နေမိ၏ ။
'အ..ဖေ..'
ရုတ်တရက် သူ့ပါးစပ်မှ လှမ်းခေါ်လိုက်သည့်အသံက မျှော်လင့်ချက်တွေ နှင့် အတူ ၀မ်းသာ ရလွန်းသဖြင့် တုန်တုန်ယင်ယင်နှင့် ပင် ဖြစ်သွားသည်။
သို့ သော် သူလှမ်းခေါ်လိုက်သည့်အသံကိုတော့ ကျွဲပေါ်မှလူက လုံးဝမကြားသည့်အပြင် ရှင် တုတ်လှတို့ တဲငယ်လေး၏ ခေါင်းရင်းဘက်ဆီသို့ ကျွဲကြီးစီးလျက် တလှုပ်လှုပ်ဖြင့် သွားနေ၏ ။
'အဖေ..အဖေ၊ သမီးလေ..သမီး ဒီမှာ ..အဖေရဲ့ …'
အသံကိုမြှင့်ကာ ထပ်အော်လိုက်သော်လည်း ထိုကျွဲပေါ်မှလူမှာ နောက်သို့ တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ အိမ်၏ ခေါင်းရင်းဘက်သို့ ချိုးကွေ့ဝင်သွား၏ ။
ရှင်တုတ်လှမှာ အိမ်ပေါ်မှ ကမန်းကတန်းပြေးဆင်းရင်း ကျွဲစီးလျက် ခေါင်းရင်းဘက်သို့ ချိုးကွေ့သွားသည့် သူ့အဖေ၏ နောက်သို့ အပြေးအလွှားနှင့် လိုက်လေသည်။ ပါးစပ်ကလည်း နှစ်ပေါင်း တော် တော် ကြာအောင် ခွဲခွာသွားခဲ့သည့် အဖေ ဖြစ်သူကို ၀မ်းပန်းတသာနှင့် တစ်ကြော်ကြော်ပင် လှမ်း ပြီးခေါ်နေမိသည်။
'အဖေ..အဖေရေ.. နေပါဦး..'
ရှင်တုတ်လှ အိမ်ခေါင်းရင်းသို့ ရောက်သော အခါ ကျွဲစီးလျက် ကျောခိုင်းသွားနေသော သူ့အဖေ မှာ နောက်သို့ လုံးဝပင် လှည့်မကြည့်ဘဲ အိမ်နောက်ဘက်မှ ဘူးစင်များ ရှိရာနေရာသို့ ချိုးကွေ့၍ ၀င် သွားပြန်သည်။
'အဖေ..ခဏနေပါဦး အဖေရယ်…။ အခု အဖေပြန်လာတာ သမီးနဲ့အတူနေဖို့ ပြန်လာတာ မဟုတ်လား.. ဟင်'
ထိုအချိန်မှာ ပင် ရှင်တုတ်လှ၏ ခြေလှမ်းတွေ က ရှေ့မှ တမည်းမည်းတလှုပ်လှုပ်သွားနေ သော သူ့အဖေကိုမီအောင် အရှိန်ထပ်ပြီးမြှင့်လိုက်သည်။
သို့ သော် ရှင်တုတ်လှ၏ ခြေလှမ်းတွေ မြန်ဆန်လာ သည်နှင့် အမျှ သူ့အဖေစီးလာသော ကျွဲကြီးမှာ လည်း အိမ်ကို ပတ်ချာလှည့်ပြီး ရှေ့ကမြန်နိုင်သမျှ မြန်မြန်ပြေးနေလေသည်။
တဖြည်းဖြည်းနှင့် မောကြီးပန်းကြီး ပြေးလိုက်နေရသည့် ရှင်တုတ်လှမှာ ၀မ်းနည်းပက်လက် ဖြစ် လာပြီး အော်ဟစ်ငိုလေတော့သည်။
'အီး ဟီး..ဟီး.. အဖေ..ရေ…၊ သမီး အဖေနဲ့ လိုက်ခဲ့ချင်လို့ပါ.. ခဏစောင့်ပါဦး..။ သမီးကို မထားခဲ့ပါနဲ့..'
ထိုအချိန်မှာ ပင် အိမ်အတွင်းမှ ပြေးထွက်လာသော အဘွား ဖြစ်သူ ဒေါ်ဖွားမှီမှာ သဲကြီးမဲကြီး ပြေးလိုက်နေသည့် ရှင်တုတ်လှ၏ လက်ကို ဆောင့်ဆွဲကာ ဒေါသတကြီးနှင့်
'ဟဲ့..တုတ်လှ ညည်းက ဘယ်ကိုလိုက်မှာ တုန်း…၊ လာစမ်း မလိုက်ရဘူး..။ ဒါ … နင့်အဖေ မဟုတ်ဘူး..'
'ဟုတ်တယ်..ဟုတ်တယ်..။ အဲဒါ သမီးအဖေ…။ သမီး အဖေနဲ့လိုက်သွားမယ်..။ အီး ဟီး ဟီး သမီးကို မထားခဲ့ပါနဲ့..'
မြေကြီးပေါ် လူးလှိမ့်ရင်း ငိုနေသည့်ရှင်တုတ်လှမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် ဒေါ်ဖွားမှီ၏ လက်တွေ ကြောင့် မရုန်းသာဘဲ ဖြစ်နေလေရာ ကျွဲစီးပြီး ရှေ့ကပြေးသွားသည့် သူ့အဖေ၏ ကျောပြင်ကို ခပ်ပျပျသာ လှမ်းမြင်ရတော့သည်။
'အီး.. ဟီး..ဟီး.. သမီး အဖေနဲ့ လိုက်သွားမယ်။ အဖေ့ကို ခေါ်ပေးပါ… သမီးတို့အတူနေချင် လို့ပါအဘွားရဲ့ ..အီးဟီး..ဟီး'
'မလိုက်ရဘူး.. ဘယ်ကိုမှ မလိုက်ရဘူး..၊ ဒီလူစိတ်မရှိတဲ့ ညည်းအဖေရဲ့ နောက်ကို ဘယ်တော့မှ မလိုက်ရဘူး'
ရင်ထဲမှလှိုက်လှိုက်ပြီး တက်လာသည့် ၀မ်းနည်းပက်လက်အသံတွေ က လည်ချောင်းဝမှာ တင် မွန်းကျပ်ကျပ်ကြီး ဖြစ်နေ၏ ။
ထိုအချိန်မှာ ပင် ရှင်တုတ်လှ၏ ပခုံးနှစ် ဖက်ကို တဆတ်ဆတ်ဆွဲခါလှုပ်ရမ်းလိုက်သော လက်အစုံကြောင့် မျက်ရည်များ ဖြင့် ပြည့်နှက်နေသည့် မျက်လုံးအစုံတို့က အထိတ်တလန့်နှင့် ပွင့်ဟ သွားတော့သည်။
'ဟဲ့ တုတ်လှ၊ တုတ်လှ…၊ ထမ်း.. အမလေးတော် .. တကတည်း အိပ်မက်တွေ မက်ပြီး ငိုနေ လိုက်တာ ကြည့်စမ်းပါဦး…'
ရုတ်တရက် ကြားလိုက်ရသော အဘွား ဖြစ်သူ ဒေါ်ဖွားမှီ၏ အသံကြောင့် ရှင်တုတ်လှမှာ မျက် ရည်များ ကို လက်ဖမိုးဖြင့် ကပျာကယာသုတ်လိုက်ပြီး အရှိန်မသေသေးသည့် ၀မ်းနည်းပက်လက် လေသံဖြင့် သူ့အိပ်မက်ထဲက အ ဖြစ်အပျက်တွေ ကို ပြန်ပြောပြလိုက်၏ ။
'အဖေ…အဖေလေ..သမီးတို့ဆီကို ပြန်လာတယ်အဘွားရဲ့ ..၊ အဖေမှ အဖေအစစ်ပါ..။ ကျွဲကြီး ကို စီးပြီး သမီးကိုလာခေါ်တာပဲနေမှာ .. အဟီး..ဟီး..ဟီး..။ သမီးအဖေကို ရှာပေးပါ ဘွားဘွားကြီးရယ် နော်.. အဟင့်..ဟင့်..'
ထိုအခါမှ ဒေါ်ဖွားမီက ကယောင်ကတမ်းနှင့် အိပ်မက်မက်ပြီး ငိုယိုနေသည့် မြေးမလေး ရှင် တုတ်လှကြောင့် သူ့ကိုယ်သူ ဘယ်လိုမှ မချုပ်တည်းနိုင်တော့ဘဲ ကလေးနှင့် အတူ ရောယောင်ပြီး ငိုမိ လေတော့သည်။
'လူ ဖြစ်ဆိုးလှချေလား မြေးလေးရယ်..၊ မြေးလေးဘ၀ကိုက ကံခေလွန်းလှပါလား…။ အမလေး … ဒုက္ခတွေ ကြီးလိုက်တာနော်..။ မိသန်းလှနဲ့ ငဘဆောင်တို့ရေ.. ငါတို့မြေးအဘွားရဲ့ အ ဖြစ်ကိုလည်း မြင်နိုင်ရင် ကြည့်ကြစမ်းပါဦး…တော့..၊ အီး… ဟီး..ဟီး..'
ထိုညအဖို့..ဒေါ်ဖွားမှီတို့ မြေးအဘွားနှစ် ယောက် တစ်ယောက် ကို တစ်ယောက် တင်တင်းကျပ် ကျပ် ဖက်တွယ်ရင်း ရှိုက်ကြီးတငယ်နှင့် ငိုယိုနေကြသည်မှာ ၀ါးအခင်းကြမ်းပြင်ကလေးပင် တသိမ့် သိမ့် တုန်ခါနေလေတော့သည်။
×××
![]() သန်းခေါင်ထက်နက်တဲ့ည | ![]() ကိုယ့်လက်ခုပ်ထဲက နတ်ဆိုး | ![]() ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ |