အခန်း(၁)
ရူပါကျော်က သူမကားလေးကို ဂီယာချိန်းကာ အရှိန်မြှင့်မောင်းလိုက်သည်။ ညအချိန် ဖြစ် သော ကြောင့် ကားလမ်းမကြီးပေါ်တွင် ယာဉ်အသွားအလာ ကင်းရှင်းနေသော်လည်း တစ်ချက် တစ်ချက်တွင် ရှေ့မီးကြီးဖွင့်၍ မောင်းနှင်လာသော ကုန်ကားကြီးများ ၏ ပြင်းအားကောင်းသော မီး ရောင် ကြောင့် သူမ၏ မျက်စေ့တွင် ပျာဝေသွားတတ်၏ ။
သူမတို့မြို့ကလေးက သည်လိုပင်၊ ငပလီနှင့် ကမ်းသာယာကြားတွင် ရှိသော ပင်လယ်ကမ်းစမ်မြို့ကလေး ဖြစ်သော ကြောင့် ညရှစ်နာရီကျော်ကျော်လောက်တွင် ကုန်ကားကြီးများ ဖြတ်သန်းသွားလာလေ့ရှိကြည၏ ။
ရူပါကျော်က ကားကို ဂရုစိုက်မောင်းနှင့် နေရသည့်အထဲ ကားထဲမှ သူငယ်ချင်းတွေ က လက်ပံပင်ဆက်ရက်ကျသလို စကားတွတ်ထိုးကာ ဆူညံနေသော ကြောင့် အာရုံတွေ နေက်ကျိလာ ၏ ။ ကားထဲတွင် ပါလာကြသူများ မှာ သူမ၏ လက်ယာဘက်ဘေး ထိုင်ခုံတွင် ဟန်နီဆွေ၊ ကားနောက်ဘက်ခန်းတွင် တော့ ယောက်ျားလေးသူငယ်ချင်းများ ဖြစ်ကြသော ဇာနည်၊ နေသစ်နှင့် ထင်လင်းတို့ လိုက်ပါလာကြသည်။
အားလုံးထဲတွင် ဟန်နီဆွေက မိန်းကလေးပီပီ စကားအများ ဆုံး ဖြစ်၏ ။ နောက်ပြီး ဟန်နီ ဆွေနှင့် ဇာနည်တို့က ချစ်သူများ ဖြစ်ကြလေရာ ဟန်နီဆွေက တစ်ချိန်လုံး ကားနောက်ခန်းဘက် သို့ ခေါင်းလှည့်ပြီး ဇာနည့်ကို စကားလှမ်းလှမ်းပြောသည်။
ကြာတော့ . . ရူပါကျော် တစ်ယောက် သည်းမခံနိုင်တော့။
“ဟန်နီရယ် .. . နင်ကလဲ တကတည်း စကားကို ပြောပဲပြောနိုင်လွန်းတယ်၊ တစ်ကားလုံး နင့်အသံချည်းပဲ”
ဟန်နီဆွေက ကားထဲမှ ကက်ဆတ်ကိုလှမ်းပိတ်ရင်း ရူပါကျော်ကို နှာခေါင်းရှုံ့ပြလိုက်ကာ
“အောင်မယ် နင့် ကက်ဆတ်အစုတ်က ဆူညံနေတာကိုတော့ ထည့်မပြောတော့ဘူးလား၊ ငါက အစီအစဉ်တွေ အလွဲလွဲအချော်ချော် ဖြစ်ကုန်မှာ စိုးလို့ သေချာအောင် ထပ်တလဲလဲ ပြောနေရတာ ဟ. . .”
ထိုစကားကြောင့် ကားနောက်ခန်း ဘယ်ဘက်အစွန်တွင် ထိုင်နေသော ထင်လင်းက
“ဟန်နီဆွေရယ်၊ နင်ပြောလွန်းလို့လဲ နင့်မဟာအစီအစဉ်တော် ကြီးကို ငါတို့ အလွတ်ရနေကြပါပြီဟာ . .အခု ငါတို့ ဆုနဒီရဲ့ အိမ်ကို သွားမယ်၊ ဆုနဒီကို အလစ်မှာ ၀င်ဖမ်းပြီး ငါတို့ ဘယ်သူဘယ်ဝါမှန်း မသိခင် မျက်လုံးကို အ၀တ်နဲ့ စည်းပြီး ကားထဲအတင်းဆွဲသွင်းမယ်၊ ဒါမှ သူအရမ်းကြောက်သွားမှာ လေ၊ ပြီးရင် ကမ်းစပ်ကိုမောင်းပြီး ငါတို့ငှားထားတဲ့ မော်တော် ဘုတ်နဲ့ နတ်သမီးကျွန်းဆီကို ခေါ်သွားမယ်၊ ဟိုကိုရောက်ရင် ရူပါကျော် အသင့်ငှားထားတဲ့ ဘန်ဂလိုထဲ မှာ သူ့မွေးနေ့ကိတ်မုန့်ကို ဖယောင်းတိုင်တွေ ဘာတွေ ထွန်းပြီးတော့မှ ဆုနဒီ မျက်စိကိုစည်းထား တဲ့ အ၀တ်ကိုဖြည်ပေးလိုက် မယ်၊ အဲဒါမှ ဆုနဒီ တစ်ယောက် ကြောက်လန့်နေရာက ဗြုန်းခနဲ အံ့ သြ၀မ်းသာသွားမှာ ၊ ဒါပဲလေ၊ ဘာများ ရှုပ်ရှု့ပ်ထွေးထွေး ခက်ခက်ခဲခဲပါလို့လဲ”
ထင်လင်း၏ စကားကြောင့် အားလုံးက ကိုယ်စီ ခေါင်းညိတ်လိုက်ကြ၏ ။ သူတို့အားလုံး ခေါင်းညိတ်လိုက်ကြသည့် အဓိပ္ပါယ်မှာ စောစောက ထင်လင်းပြောသလို အဲ့ဒီအစီအစဉ်ကို အကြိမ် ကြိမ် ကြားရလွန်းသော ကြောင့် တို့အားလုံး အလွတ်ရနေကြပါပြီ ဟန်နီဆွေရယ်၊ နင် နောက်ထပ် စကားမများ ပါနဲ့ တော့ဟူသည့် အဓိပ္ပါယ်ကို ဆောင်နေ၏ ။
ဟန်နီဆွေကလည်း အဲ့ဒီအဓိပ္ပါယ်ကို သဘောပေါက်လိုက်သော ကြောင့် စကားထပ်ပြောဖို့ ဟန်ပြင်နေသည့် သူမ၏ ပါးစပ်ကို ပိတ်လိုက်ပြီး မျက်နှာစူပုတ်ပုတ် ဖြစ်သွားသည်။
ဟန်နီဆွေ အမူအရာကြောင့် ရူပါကျော်က ကြိတ်ပြီးရယ်ချင်စိတ်ပေါ်လာ၏ ။ ရူပါကျော်က ကားစတီယာရင်ကို လက်ဝဲဘက်သို့ကွေ့ပြီး ဆုနဒီနေထိုင်ရာ လူကုန်ထံရပ်ကွက်ဆီသို့ ဦးတည် လိုက်၏ ။
ဆုနဒီက ရူပါကျော်တို့ သူငယ်ချင်းအုပ်စုထဲသို့ နောက်ဆုံးမှ ၀င်ရောက်လာသူ ဖြစ်၏ ။ သူမ၏ အဖေ အမေများ က ချမ်းသာသော ကုန်သည်ကြီးများ ဖြစ်ကြပြီး ဒီမြို့ကလေးကို ပြောင်းလာသည်မှာ တစ်နှစ် ပင် မပြည့်သေးချေ။
ဘ၀အကျိုးပေးကံကောင်းသည်ဟုပဲ ပြောရလားမသိ၊ ဆုနဒီက ပိုက်ဆံချမ်းသာသ လောက် ရုပ်ရည်ကလည်း သူမတူအောင်ပင် ချောမောလှပသည့် မိန်းကလေး တစ်ယောက် ဖြစ် သည်။ မိန်းကလေးချင်းပင် မနာလိုစရာ ကောင်းလောက်အောင် လှပသော အသားအရည် ကိုယ် ခန္ဓာအချိုးအဆစ်နှင့် အနောက်တိုင်းဆန်သော မျက်နှာသွင်ပြင်တို့ကို ပိုင်ဆိုင်ထား၏ ။
ဆုနဒီကိုယ်တိုင်ကလည်း သူမပိုင်ဆိုင်သော အလှအပတရား၏ အတိမ်အနက်ကို ကောင်း ကောင်းနားလည်ထားပြီး လက်နက်တစ်ခုလို ကျွမ်းကျင်စွာ အသုံးချတတ်သည်။ သူမ၏ ညှို့အား ပြင်းသော မျက်ဝန်းနက်နက်တစ်စုံဖြင့် ပညာသားပါပါ တစ်ချက်စိုက်ကြည့်လိုက်လျှင် တော် ရုံတန် ရုံ ယောက်ျားလေး တစ်ယောက် ဖို့ ရူးမတတ် ဖြစ်သွားနိုင်သည်။
ဟန်နီဆွေ၏ ချစ်သူ ဇာနည်ပင်လျှင် ဆုနဒီနှင့် တွေ့ ကာစက အရူးအမူး စွဲလန်းသွားခဲ့လေ သည်။ တကယ်တော့ ဟန်နီဆွေက ဇာနည့်အတွက် ဒုတိယချစ်သူပင်။ ဆုနဒီနှင့် ဇာနည်တို့ ပြတ်ပြတ်စဲစဲ လမ်းခွဲသွားပြီးသည့်နောက်မှ ဟန်နီဆွေက ဇာနည့်အချစ်ကို လက်ခံခဲ့ခြင်း ဖြစ်။
တကယ်တော့လဲ ဆုနဒီကိုယ်တိုင်က အချစ်ကို ကိုးကွယ်လိုသူ တစ်ယောက် မဟုတ်၊ သူမ ၏ တစ်ခုတည်းသော ရည်ရွယ်ချက်က “ငါ့အလှမှာ ယောက်ျားတွေ အားလုံး ယစ်မူးသွားရမယ်” ဟူသော အောင်ပွဲတံခွန်ကို ကိုင်လွှင့်လိုသူ၊ တနည်းအားဖြင့် ပြောရလျှင် သူမ၏ အလှကို လက်နက်တစ်ခုလို ကျွမ်းကျွမ်းကျင်ကျင်ကိုင်ဆွဲပြီး သူမခြေရင်းမှာ ကျဆုံးသွားသည့် ယောက်ျား များ ၏ အရည်အတွက်ကို လက်ချိုးရေတွက်ကာ အရသာခံလိုသူ တစ်ယောက် ဖြစ်၏ ။
ရူပါကျော် တစ်ယောက် ဆုနဒီအကြောင်း စဉ်းစားရင်း အတွေးနစ်မြောနေစဉ်မှာ ပင် ကား နောက်ခန်းထဲမှ ဇာနည် လှမ်းအော်ပြောလိုက်သံကို ကြားလိုက်ရ၏ ။
“ဟဲ့ . .. ရူပါကျော်၊ ဟိုးရှေ့နားက အမှော င်ရိပ်မှာ ပဲ နင့်ကားကို ရပ်ထားလိုက်တော့၊ ငါတို့ အားလုံး ဆုနဒီတို့ အိမ်နားကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ကြမယ်”
ရူပါကျော်က တစ်လမ်းလုံး အေးတိအေးစက်နှင့် ဘာတစ်လုံးမှ ၀င်မပြောသော နေသစ်ကို နောက်ကြည့်မှန်ထဲမှတစ်ဆင့် ကြည့်လိုက်သည်။ ဇာနည့်ဘေးမှ နေသစ်၏ အမူအရာက အခုမှ အေးစက်စက် မထုံတက်တေး ဖြစ်နေသည်မဟုတ်၊ သူ့ကို ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်း နား လည်ရခက်သည့် လူစားမျိုး ဖြစ်သည်။ နောက်ပြီး နေသစ်က ဟိုးအရင် တက္ကသိုလ်မတက်ခင်ကာ လတုန်းက ရူပါကျော်ကို စိတ်ဝင်စားသည့်ပုံ ပြခဲ့ဘူးသည်။ ထိုအချိန်တုန်းကလည်း ရူပါကျော်က နေသစ် စိတ်ဝင်စားနေသည်ကို လက်ခံသလိုလိုနှင့် တွဲ လိုက်သေးသည်။
နောက်ပိုင်းတွင် နေသစ်၏ သွေးအေးအေးနိုင်သည့် စရိုက်ကြောင့် ရူပါကျော် တစ်ယောက် လန့်လာလကာ ရည်းစားဘ၀အထိ အရောက်အခံဘဲ အဆက်ဖြတ်ပစ်လိုက်ရသည်။
ယခုအချိန်တွင် တော့ ရူပါကျော်က နေသစ်ကို တစ်ခြားသူငယ်ချင်းတွေ နှင့် တန်းတူ သူငယ် ချင်း တစ်ယောက် အ ဖြစ်သာ ခင်ခင်မင်မင် ဆက်ဆံပေါင်းသင်းနေမိသည်။
ကားနောက်ကြည့်မှန်ထဲမှ ရူပါကျော် မြင်နေရသော နေသစ်မျက်နှာမှာ တစ်ခုခုကိုပဲ တစ်ေ ယောက် ထဲကြိတ်ပြီး တွေးနေသလိုလို အေးတိအေးစက် မျက်လုံးများ က အသက်မဲ့လျက်ရှိသည်။
ရူပါကျော်က သူ့မျက်နှာကိုကြည့်ရင်း ကျောထဲမှ စိမ့်သလိုလိုတောင် ဖြစ်လာမိသည်။
သူမတို့ သူငယ်ချင်းတစ်သိုက် လိုက်ပါလာကြသည့် ကားလေးကို သစ်ပင်ကြီးအုပ်မိုးထား သော မှော င်ရိပ်အောက်သို့ ဖြည်းဖြည်းချင်း မောင်းဝင်ရပ်လိုက်၏ ။
ဆုနဒီတို့ အိမ်ကြီးက ထိုအုံ့ဆိုင်းနေသော သစ်ပင်ကြီးနှင့် မလှမ်းမကမ်းတွင် ရှိနေ၏ ။ သူမတို့အားလုံး အမှော င်ရိပ်ထဲတွင် တစ်ယောက် နှင့် တစ်ယောက် တီးတိုးပြောရင်း ဆုနဒီ အိမ်ထဲ ကထွက်အလာကို ချောင်းမြောင်းကြည့်နေကြ၏ ။
“ရှူး . . .ဟိုမှာ ဆုနဒီ အိမ်ထဲကထွက်လာနေတယ်”
ရူပါကျော်က သူမပါးစပ်နားသို့ လက်ညှိုးကို ဖိကပ်လိုက်ကာ အချက်ပေးလိုက် ၏ ။
“ဟဲ့ . . . ဇာနည် . .. မျက်စိကိုပိတ်မယ့် နင့်အ၀တ်စကို အဆင်သင့်လုပ်ထား . .အားလုံး ပိရိပါစေနော်”
ဟန်နီဆွေ့အသံက လေသံတိုးတိုးဖြင့် ဇာနည်ကို သတိလှမ်းပေးနေ၏ ။ သူတို့အားလုံးမှဲာ မှော င်ရိပ်ထဲတွင် ကိုယ်ကို ပြားနေအောင်ဝပ်ထားကြ၏ ။
အခန်း (၂)
ဆုနဒီမှာ အိမ်ရှေ့ခြံအစပ်နားလောက်အထိ လျှောက်လာပြီးမှ ရုတ်တရက် နောက်သို့ပြန် လှည့်သွားကာ အိမ်ကြီးအတွင်းသို့ ပြန်ဝင်သွား၏ ။
“ဟင် . . .”
“ဟာ . . .”
သူမတို့အားလုံးပါးစပ်မှ စိတ်မောသွားသည့်လေသံက တပြိုင်ထဲထွက်သွားကြသည်။ သစ်ပင်ကြီး၏ အမှော င်ရိပ်အောက်တွင် ခြင်များ ကို လက်ဖြင့် တဖက်ဖက်ရိုက်ရင်း ဆုနဒီ နောက်ထပ်ပြန်ထွက်အလာကို သူမတို့ သူငယ်ချင်းတသိုက် ဇွဲရှိရှိဖြင့် ဆက်ပြီးစောင့်နေကြရာ တစ်နာရီသာသာလောက်ပင် ရှိသွားပြီ ဖြစ်သည်။ ဆုနဒီ ကတော့ တစ်ချက်ကလေးမှ ပြန်ထွက်မလာ .
“ဟာ . .ဘယ်လိုလဲဟ သူ ပြန်ကောထွက်လာပါတော့မလား”
ထင်လင်း၏ လေသံက စိတ်ပျက်ခြင်းထက် စိတ်မရှည်နိုင်တော့သည့် အသံ ဖြစ်နေသည်။
“အေးဟာ ဒီမှာ ခြင်တွေ ကိုက်လို့ ခြေထောက်တွေ လဲ ထူပူနေပြီ ဘယ်လိုလုပ်ကြမလဲ”
ဟန်နီဆွေက သူမဘေးမှ ဇာနည့်လက်မောင်းကို လှမ်းဆွဲရင်း ဒူးထောက်ထားရာမှ ပြန်ထ လိုက်သည်။
“တို့တွေ အိမ်ထဲဝင်ရင်ကောင်းမလား .. . .ဆုနဒီက နောက်ထပ်ထွက်လာဖို့ သိပ်မချော တော့ဘူး”
ဇာနည်က အားလုံး၏ ဆန္ဒကိုမေးရင်း သူ့လက်မှာ ကိုင်ထားသော အ၀တ်စနှင့် လဲ ခြင်များ ကို အမှော င်ထဲတွင် တဖတ်ဖတ်မောင်းနေသည်။
အားလုံး ကတော့ ဇာနည့်အကြံကို လက်ခံသည့် အမူအရာဖြင့် ပြိုင်တူ ခေါင်းညိတ်လိုက်ကြ ၏ ။
ဇာနည်က ပြောပြောဆိုဆို ဆုနဒီတို့ အိမ်ကြီး၏ ဘေးမှနေ၍ အိမ်နောက်ဘက်ဆီသို့ ပတ်ပြီး လှစ်ခနဲပြေးဝင်သွားလိုက်သည်။ ကျန်သူများ က အိမ်ရှေ့တွင် အရိပ်အခြေကို အကဲခတ်ရင်း ဇာနည့်မျက်နှာကို ဘယ်လိုလဲဟူသည့် အမူအရာများ ဖြင့် လှမ်းကြည့်နေကြသည်။
ခဏအကြာတွင် ဆုနဒီတို့၏ အိမ်နောက်ဖေးမှ ဇာနည်က လက်ယပ်ပြပြီး ကျန်သူများ အား လုံးကို လှမ်းခေါ်နေ၏ ။
ခြံအတွင်း ခပ်မှိန်မှိန်ကျရောက်နေသော အလင်းရောင် အောက်တွင် သူတို့အားလုံး ကုန်းကုန်းကွကွခြေလှမ်းများ ဖြင့် ခပ်သုတ်သုတ် ပြေးဝင်သွားလိုက်ကြသည်။
“ရှူး . ..”
ဇာနည်က လက်ညှိုးကို သူ့နှုတ်ခမ်းဝတွင် တေ့ကာ အသံမထွက်မိစေရန် သတိပေးရင်း ဆုနဒီရှိရာ မီးဖိုခန်းအတွင်းသို့ လက်တစ်ဖက်ဖြင့် လှမ်းညွန်ပြနေ၏ ။
ဆုနဒီ ကတော့ မီးဖိုခန်းအတွင်း သူမတို့အားလုံးကို ကျောခိုင်းကာ ကော်ဖီခွက်ကို ဇွန်းဖြင့် တဂျောက်ဂျောက်မွှေနှောက်ဖျော်နေ၏ ။ သူမတို့ အိမ်ကြီး တစ်အိမ်လုံးမှာ လဲ ဆုနဒီရှိရာ မီးဖိုခန်း မှလွဲ၍ အပေါ်ထပ်ရော အောက်ထပ်ပါ မီးတွေ ပိတ်ထားကြသည်။ သေချာတာက ဆုနဒီတို့ အိမ် ကြီးထဲတွင် သူ့မိဘများ ရှိကြပုံမပေါ်။
ဇာနည်က ဆုနဒီရှိရာ မီးဖိုခန်းဘေးသို့ ကိုယ်ကိုပြေးကပ်လိုက်ရင်း ကျန်သူများ အားလုံးကို လည်း အဆင်သင့်လုပ်ထားရန် မျက်ရိပ်မျက်ခြေပြလိုက်၏ ။ သူ့လက်ထဲမှ အ၀တ်စကိုလည်း လက်နှစ် ဘက်ဖြင့် ကျကျနန ကျစ်ပြီးလိမ်နေ၏ ။
ဖွင့်ထားသော အိမ်နောက်ဖေးတံခါးပေါက်ဘောင်ကို ကျောမှီပြီး ဇာနည်အတွင်းသို့ အရှိန် ဖြင့် လှမ်းဝင်မည် အလုပ်တွင် ရူပါကျော့် ခြေထောက်နှင့် ကြမ်းပြင်ပေါ်မှ ကုလားထိုင်ကြီးတို့ တိုက်မိ သံ ၀ုန်းကနဲ ထွက်သွားသည်။
သူတို့အားလုံး၏ လှုပ်ရှားမှု ကို ရပ်တန့်ပစ်လိုက်ရန် အခြေအနေက တိုတောင်းလွန်းသွား ပြီ ဖြစ်သည်။
ဆုနဒီက ကော်ဖီဖျော်နေရာမှ အပြင်ဘက်မှ အသံကြားရာဆီသို့ ချာခနဲ လှည့်အကြည့်တွင် ဇာနည်လက်က အ၀တ်စက သူမမျက်နှာပေါ်ကို လှမ်းပြီး သိုင်းချည်လိုက်မိပြီ ဖြစ်၏ ။ သို့သော် ဇာနည် ဆွဲချည်လိုက်သော အ၀တ်စက ဆုနဒီ၏ မျက်လုံးကို မအုပ်မိဘဲ အရှိန် လွန်သွားကာ သူမ၏ လက်မျိုကို အားနှင့် ဆွဲညှစ်လိုက်သလို ဖြစ်နေလေသည်။
“ဟဲ့ . ..နင်တို့ ငါ့ကို ဘာလုပ်ကြမှာ လဲ . ..အဟွတ် အဟွတ်”
ဆုနဒီက ဇာနည် ဆွဲညှစ်ထားသော အ၀တ်စကို လက်နှစ် ဘက်ဖြင့် သွေးရူးသွေးတန်း ဆွဲ ဖြုတ်နေကာ အလန့်တကြား ပြန်အော်နေ၏ ။ သူမ၏ အသံမှာ လည်း လည်ချောင်းတွင် မပီမသ ဖြစ်နေပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေ၏ ။
ရူပါကျော်နှင့် ကျန်သူများ အားလုံးမှာ လွဲချော်သွားသော ဇာနည်လုပ်ရပ်ကြောင့် ငေးကြောင်ရင်း အံ့အားသင့်နေကြသည်။
“နင် . . နင်တို့ ငါ့ကို . .အု အု အဟွတ် . .. ငါအသက်ရှူကျပ်နေပြီ၊ ငါ့လည်ပင်းကိုလွှတ်”
ဆုနဒီ၏ မျက်လုံးများ က သူတို့အားလုံး၏ အမှတ်မထင်လုပ်ရပ်ကြောင့် ကြောက်လန့်နေ ပြီး ပါးစပ်မှ သွေးရူးသွေးတန်းတွေ အော်မိနေသည်။
ထိုစဉ် ထင်လင်းက သူ့ခါးကြားတွင် ဘယ်သူမှမသိအောင် ၀ှက်ပြီးယူလာသည့် သေနတ် တစ်လက်ကို ရုတ်တရက် ဆတ်ခနဲ ဆွဲထုတ်ကာ ဆုနဒီ၏ နဖူးပေါ်သို့ တေ့ကာ ချိန်ထားလိုက် သည်။
“ဟင် . ..”
ဆုနဒီ အပါအ၀င် ကျန်သူများ အားလုံးပါ ထင်လင်း ခါးကြားမှ သေနတ်ကြောင့် တအံ့တသြ ဖြစ်သွားကြပြီး ငေးကြောင်ကြည့်နေမိကြ၏ ။
ယခုအစီအစဉ်တွင် ထင်လင်း တစ်ယောက် ဘာလုပ်ဖို့ ဒီသေနတ်ကို ယူလာခဲ့မှန်း သူတို့ အားလုံး မသိကြ။ ဆုနဒီ၏ နဖူးတွင် တေ့ထားသော သေနတ်က ထင်လင်း၏ လက်ထဲတွင် တ ဆတ်ဆတ် လှုပ်ခါနေ၏ ။
ရူပါကျော် စိတ်ထဲတွင် လည်း ထင်လင်း တစ်ယောက် သူ့လက်ထဲမှ သေနတ်မောင်းခလုတ် ကို ဘယ်အချိန် ဆွဲဖြုတ်လိုက်လိမ့်မည် လဲဟု တွေးကာ တုန်တုန်ရီရီ ဖြစ်နေသည်။ ဆုနဒီ၏ လည် ပင်းကို ဆွဲချည်ထားသော ဇာနည်က သူ့လက်မှ အ၀တ်စကို တဖြည်းဖြည်း ဖြေလျှော့လိုက်ပြီး သေနတ်ကိုင်ထားသော ထင်လင်း၏ အမူအရာကို နားမလည်စွာ ငေးကြောင်ကြည့်နေသည်။
အခန်း (၃)
“အား . .မလုပ်နဲ့ မလုပ်နဲ့ ”
“ဟေ့ကောင် ထင်လင်း . .. မင်းလက်က သေနတ်ကြီးကို ချလိုက် …”
တစ်ယောက် တစ်ပေါက် ၀ိုင်းအော်လိုက်ကြသော အသံကြောင့် ထင်လင်းက သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားရာမှ ပြုံးဖြီးဖြီးနှင့် ပြန်ပြောလိုက်သည်။
“ဟင် . .. ဘာလဲဟ၊ ဒါ ငါတို့ ဆုနဒီကို ပြန်ပေးဆွဲနေတာလေ။ ဘာကြောင်နေကြတာလဲ မင်းတို့က၊ သဏ္ဍာန်လုပ်တယ်ဆိုတာ သရုပ်ပါမှ ကောင်းတာ”
ပြောပြောဆိုဆို ဆုနဒီ၏ နဖူးတွင် တေ့ထားသော သေနတ်ကို ထင်းလင်းလက်က ပြန်ရုပ် လိုက်သည်။ ထိုအခါမှ ကျန်သူများ အားလုံး ဟင်းခနဲ သက်ပြင်းချသူကချ၊ ရင်ဘတ်ကို လက်နှင့် ဖိသူကဖိ ဖြစ်ကုန်ကြသည်။ ဆုနဒီ ကိုယ်တိုင်လည်း ယခုမှ ပုံမှန် အသက်ပြန်ရှူလိုက်ရသူလို သူမ လက်နှစ် ဖက်ကို ရင်ဘတ်ပေါ်ဖိထားရင်း . ..
“ငါ့ကို နင်တို့ ဘာ ဖြစ်လို့ ပြန်ပေးဆွဲကြတာလဲ . .နင်တို့ဘာတွေ လုပ်နေကြတာလဲ”
အားလုံးက ဆုနဒီ၏ ထိတ်လန့်တကြား မေးခွန်းများ ကို မဖြေသေးဘဲ ထင်လင်းလက်တွင် ကိုင်ထားသည့် သေနတ်ကိုသာ အာရုံစိုက်ကြည့်နေကြသည်။
ရူပါကျော်က သူမပါးစပ်ကို သူမလက်နှစ် ဖက်ဖြင့် ပိတ်ကာထးရာမှ ထင်လင်း အနားသို့တိုး သွားကာ သေနတ်ကိုင်ထားသည့်လက်ကို ဆွဲမြှော က်ယူကြည့်ကာ မေးလိုက်၏ ။
“ဟင် . .နင် နင် ဘယ်ကသေနတ်ကြီးယူလာတာလဲ ထင်လင်း၊ ပြဿနာတွေ တတ်တော့ မှာ ပဲဟာ”
ထင်လင်းက သေနတ်ကို သူ့ခါးကြားသို့ ဟန်ပါပါ ပြန်ထိုးသွင်းလိုက်ပြီး ထိုသေနတ်မှာ သူ့အဖေ တရားသူကြီးဟောင်းက လိုင်စင်နှင့် ကိုင်ဆောင်သော သေနတ် ဖြစ်ကြောင်း၊ အဲဒါကို ဘယ်သူမှမသိအောင် ခါးကြားတွင် တမင်ဝှက်ယူလာခဲ့ကြောင်း အားလုံးကို ရှင်းပြပြောဆိုလိုက် သည်။
“ကဲ . .ဒါဆိုလည်း နေစမ်းပါဦး၊ အခု နင်တို့က ငါ့ကို ဘာ ဖြစ်လို့ ပြန်ပေးဆွဲကြမှာ လဲ”
ဆုနဒီက အခုအချိန်ထိ နားမလည်နိုင်အောင် ဖြစ်နေသော မျက်လုံးများ ဖြင့် သူတို့အားလုံး ကိုကြည့်ကာ မေးနေပြန်သည်။ ရူပါကျော်နှင့် ဟန်နီဆွေတို့က တလွဲ ဖြစ်သွားသော သူမတို့၏ အကြံအစည်ကို တဟားဟားရယ်ရင်း ဟန်နီဆွေက
“ငါတို့အားလုံးက ဒီည နင့်မွေးနေ့မှာ နင် အံ့သြသွားအောင် လုပ်မလို့ဟ၊ အခုတော့ ဟိုင နာကောင် ဇာနည်နဲ့ ရူပါတို့ကြောင့် အစီအစဉ်တွေ အကုန်လုံး အလွဲလွဲအချော်ချော်တွေ ဖြစ် ကုန်တာ”
ရူပါကျော်က စောစောက ဆုနဒီ တဂျောက်ဂျောက်မွှေနှောက်ဖျော်နေသော ကော်ဖီခွက်ကို ကောက်ယူသောက်လိုက်ကာ
“ပထမတော့ဟာ နင့်မျက်စိကို အ၀တ်နဲ့ စည်းပြီး ပင်လယ်ဝက နတ်သမီးကျွန်းကို ခေါ်သွားမလို့၊ အဲဒီ့  အစီအစဉ်တွေ အကုန်လုံးကို ငါ မနေ့ကတည်းက အားလုံးဆွဲထားတာ”
“နင်တို့ကလည်းဟာ စောစောကပြောလည်း ငါလိုက်ခဲ့မှာ ပေါ့၊ အခုတော့ ဘာမှန်းညာမှန်း မသိ၊ ငါဖြင့် လန့်တောင်လန့်တယ် တကယ်ပဲ”
တစ်ချိန်လုံး သူမတို့ လှုပ်ရှားမှု များ ကို သွေးအေးအေးဖြင့် သာ စိုက်ကြည့်နေသည့် နေသစ်က
“ကဲ ဒါဆိုလဲ ငါတို့သွားကြမယ်လေ၊ ပင်လယ်ကမ်းစပ်ရောက်ဖို့တောင် တော် တော် သွားရ ဦးမှာ ”
ရူပါကျော်နှင့် ကျန်သူများ အားလုံး နေသစ်စကားကြောင့် သတိပြန်ဝင်လာကြပြီး လှုပ်လှုပ် ရှားရှား ပြန် ဖြစ်သွားကြသည်။
“ဟဲ့ ထင်လင်း နင့်သေနတ်ကြီးက လမ်းမှာ အန္တရာယ်များ တယ်၊ ဆုနဒီတို့အိမ်မှာ ပဲထားခဲ့ ဟာ”
ရူပါကျော်က ထင်လင်း ခါးကြားမှသေနတ်ကိုကြည့်ကာ စိုးရိမ်မကင်းသော အမူအရာဖြင့် လှမ်းပြောလိုက်သည်။
“အေး . .ဟုတ်တယ် ထင်လင်း၊ ငါတို့အခုသွားမယ့်နေရာကို မင်းသေနတ်ကြီး ယူမလာရင်ကောင်းမယ်”
ရူပါကျော်၏ စကားကို ဇာနည်ကပါဝင်ပြီး ထောက်ခံသလို ၀င်ပြောလိုက်၏ ။ ထင်လင်းက သူတို့၏ စကားများ ကို ခေါင်းတခါခါနှင့် ..
“မထားခဲ့ပါဘူး၊ ငါ ဒီသေနတ်ကို ဘာကြောင့် ယူလာတယ်ဆိုတာ မင်းတို့အားလုံးကို နတ် သမီးကျွန်းပေါ်ရောက်ရင် ရှင်းပြမယ်”
ထင်လင်း၏ တဇွတ်ထိုးတဇောက်ကန်း အပြုအမူများ ကြောင့် အားလုံးက ရင်တမမနှင့် ရူပါ ကျော် ကားလေးရပ်ထားရာ မှော င်ရိပ်ဆီသို့ ထွက်ခွာလာကြသည်။
![]() အနူးဘစ် | ![]() သူများတွေကိုမပြောပြနဲ့ | ![]() ကိုယ့်လက်ခုပ်ထဲက နတ်ဆိုး |