Cover

အခန်း ( ၁ )

ကွေ့ကောက်သော မြေနီလမ်းကလေးအတိုင်း သူတို့လျှောက်လာခဲ့ကြသည်။ မြို့ကလေး၏ အစွန်အဖျား ကျသော လူနေကျဲပါးရာ ၀န်းကျင် ဖြစ်သော ကြောင့် ငှက်အော်သံ သစ်ရွက်ကိုလေတိုးသံမှအပ တိတ်ဆိတ်နေသည်။

သစ်ပင်ကြီးများ ၏ အကိုင်းအခက်တို့ကြောင်းမှ စိမ့်ကျနေသည့် နေရောင် ခြည်သည် အလင်းအား သိပ်မရှိလှ။ ၀န်းကျင်အရာခပ်သိမ်းသည် ညို့ညို့မှိုင်းသော အစိမ်းရောင် အ ဖြစ် အုပ်ဆိုင်းနေလေသည်။

တိုးခန့်က …

“မင်းပြောတဲ့နေရာက မရောက်သေးဘူးလား၊ ငါတို့ထွက်လာတာ အတော် ဝေးနေပြီ”

“ရောက်တော့မှာ ပါ၊ ငါးမိနစ်စာလောက်ပဲ လျှောက်ရတော့မယ်” ဟု ဇော်ရာက ပြန်ဖြေ၏ ။

“ဒီလောက်ဝေးမှန်းသိရင် မလာပါဘူးဟယ်၊ အခုတောင် မြို့ပြင်ကို တော် တော် ရောက်လာပြီ၊ အပြန်ကျရင်လည်း ဒီအတိုင်း တမျှော်တခေါ်ကြီး ပြန်လျှောက်ရဦးမှာ ”

မားသဲက မိန်းကလေးပီပီ ညည်းညည်းညူညူပြော၏ ။ “မားသဲ”ဆိုသည်မှာ မီဇို ချင်းဘာသာစကားဖြင့် အငယ်လေး၊ အထွေးလေးဟု ချစ်စနိုင်းခေါ်သေ နာမည် ဖြစ်လေသည်။ သူမ၏ စကားကြောင့် ဇော်ရာက …

“နင်ကလည်း ညည်းမနေစမ်းနဲ့ဟာ၊ ဒီလိုလျှောက်မလာရင်လည်း တစ်ချိန်လုံး ငုတ်တုတ်ထိုင်ပြီး ဘာလုပ်နေရမှာ လဲ၊ ပျင်းစရာကြီးသွားစရာမရှိ၊ လာစရာမရှိနဲ့”

တစ်ချိန်လုံးငြိမ်နေသော လက်ျာအောင်က၀င်ပြီး …

“အဲဒီ တော့လည်း ဘယ်လောက်ပျင်းစရာကောင်းတယ်ဆိုတာကို ထိုင်ပြောရင်း အပျင်းဖြေရတာ ပေါ့ကွာ၊ အဲဒါဆိုရင် ပိုပြီးပျင်းစရာကောင်းလာမယ်ထင်တယ်”

သူ့စကားကြောင့် အားလုံးက နှာခေါင်းရှု့လိုက်ကြ၏ ။ တကယ်လည်း သူတို့သူငယ်ချင်းလေးယောက် အတွက် ဒီလိုအားလပ်ရက်မျိုးတွေ မှာ ဘယ်ကိုမှ ထူးထူးခြားခြားသွားစရာ၊ လာစရာမရှိ။ ခြောက်ကပ်ကပ်နိုင်လှ၏ ။

ယခု ဟိုစပ်စပ်၊ ဒီစပ်စပ် သွားတတ်သူ ဇော်ရာက မြို့စွန်တွင် စိတ်ဝင်စားစရာကောင်းသော အိမ်အိုပျက်ကြီး တစ်လုံးရှိသည်ဟု ပြောသဖြင့် သူတို့အားလုံး အတူသွားကြည့်ရန် လမ်းလျှောက်ထွက်ခဲ့ခြင်း ဖြစ်သည်။

ယခုတော့ အဝေးကြီးလျှောက်ရလွန်းသဖြင့် အားလုံးက ပူညံပူညံအပြစ်တင်စပြုလာကြသည်။ လက်ျာအောင တစ်ယောက် တည်းသာ နှုတ်ဆိတ်ရင်း ထိုထူးဆန်းသော အိမ်ကြီးအကြောင်း တွေးနေမိ၏ ။

သစ်ပင်ကြီးများ ထူထပ်ရာကို လွန်သော အခါ မြေနီလမ်းကလေးက ကုန်းမြင့်ပြေပြေလျှောလျှောကလေး၏ အစပ်တွင် ဆုံးသွား၏ ။

သူတို့သူငယ်ချင်းလေးယောက် စလုံး ထိုနေရာတွင် ရပ်ပြီးကုန်မြင့်ကလေးဆီ မော့ကြည့်လိုက်ကြသည်။

နှစ် ပေါင်းများ စွာ မခုတ်ထွင်မရှင်းလင်းဘဲ ပစ်ထားသော မြက်ပင်များ ၊ ပိန်းပိတ်အောင် ရှုပ်ထွေးနေသည့် ခြုံနွယ်ပင်များ အကြားတွင် ကြီးမားလှသော အိမ်အိုပျက်ကြီးတစ်လုံးကို တွေ့ ရလေသည်။

အဝေးမှ လှမ်းကြည့်ပြီး မြင်ရုံနှင့် ပင် ထိုအိမ်ကြီးသည် တစ်ချိန်က အလွန်ခမ်းနားကြီးကျယ်ခဲ့လိမ့်မည် ဖြစ်ကြောင်း တပ်အပ်ပြောနိုင်သည်။ နီညိုရင့်ရောင် ရှေးအုတ်သားများ ဖြင့် ဆောက်ထားသည့် နှစ် ထပ်အဆောက်အဦးကြီး ဖြစ်သည်။ သစ်သားတိုင်လုံးကြီးများ ကပင် ရေနံကြီးဝကာ မဲမှော င်နေသည့် အိမ်ရှေ့ဆင်ဝင် ထုတ်ထားပုံက မဟာဆန်လှသည်။ အမိုးစွန်းများ တွင် ခိုနန်းချိုးများ ၊ ကနုတ်ပန်းများ ထုဆစ်ပုံဖော်ထား၏ ။

ခေါင်မိုးကို အုတ်ကြွပ်အနီရောင် ဖြင့် မိုးထားပြီး ရှည်လျားသည့် မီးခိုးခေါင်းတိုင်တစ်ခုကိုလည်း တွေ့ ရသည်။ အမိုးအုတ်ကြွပ်တို့ကား ကွဲသည့်နေရာတွင် ကွဲကြေ၊ ဟောင်းလောင်းပေါက်သည့် နေရာတွင် ပေါက်ကာ တချို့နေရာများ တွင် ရေညှိတက်ရုံသာမက အပင်ငယ်ကလေးများ ပင် ပေါက်နေသည်ကို တွေ့ ရ၏ ။

ပြတင်းပေါက်မှန်တော် တော် များများ ကလည်း ကွဲအက်နေလေပြီ။ အကောင်းပကတိ ကျန်ရှိနေသေးသော မှန်ချပ်များ ကလည်း ဖုန်အလိမ်းလိမ်းနှင့် ။ ဒီအိမ်ကို ပိုင်ဆိုင်သူကင်းမဲ့နေသည်မှာ နှစ် ပေါင်းများ စွာ ကြာခဲ့ချေပြီတည်း။

ဇော်ရာပြောပြပုံအရဆိုလျှင်တော့ ဒီအိမ်အိုဟောင်းကြီးနှင့် ပတ်သက်ပြီး လူတွေ က အကောင်းမပြောချင်ကြဟုဆို၏ ။ အကြောင်းကြီးငယ်မရှိဘဲ၊ ဒီအိမ်ကြီး၏ အနီးတ၀ိုက်သို့ ဘယ်သူမှမလာချင်ကြ။ မလွဲမကင်းသာ၍ ဒီအနီးအနားမှ ဖြတ်သန်းသွားရသည့်တိုင် အိမ်ကြီးရှိရာဆီသို့ တည့်တည့်မကြည့်ရဲဘဲ မျက်နှာလွှဲသွားကြလေ့ရှိသည်။

လူတွေ ကြားတွင် အပြောများ နေသည့်အချက်မှာ ဒီအိမ်ကြီးသည် သရဲခြောက်သော အိမ်ကြီး ဖြစ်သည် ဆိုခြင်းပင်။

ထိုကောလဟာလစကားသည် မမှန်ကန်ဖို့များ သော်လည်း လူတွေ က အလိုလိုနေရင်း ရွံ့ကာရှောင်ဖယ်ကြသဖြင့် အိမ်ကြီးသည် ပြုပြင်စောင့်ရှောက်မည့် သူမရှိဘဲ အခြေအနေဆိုး သထက်ဆိုးလာခြင်း ဖြစ်သည်။

ဇော်ရာက အိမ်ကြီးကို လှမ်းကြည့်ရင်း …

“အင်း … ငါတို့လာရကျိုးနပ်ပါတယ်။ အပျင်းပြေလောက်အောင် ရင်ခုန်စရာတစ်ခုခုနဲ့တော့ တွေ့ မယ် ထင်တာပဲ”

“ဘာ … ဟေ့ကောင် ဇော်ရာ၊ မင်းဘာတွေ ပြောနေတာလဲ”

လက်ျာအောင်၏ အမေးစကားကို ဇော်ရာက ချက်ချင်း ပြန်မဖြေ၊ သူကရှည်လျားသော မြင်ပင်များ ကြားမှ တိုးဝှေ့ကာ အိမ်ပျက်ကြီးဆီ လှမ်းလျှောက်သွားရင်း …

“ငါတို့ ဒီအိမ်ကြီးထဲ ၀င်ကြည့်ကြမယ်လေ”

“ဘာ… မင်းရူးနေသလား၊ ဘာလုပ်ဖို့လဲ”

လက်ျာအောင်က ပြောပြောဆိုဆိုဖြင့် ဇော်ရာ့ကို မှီအောင်ပြေးလိုက်သွားပြီး လက်မောင်းကို လှမ်းဆွဲသည်။

ဇော်ရာက …

“ဘာလုပ်ဖို့လဲ ဟုတ်လား၊ ဘာလုပ်ဖို့မှ မဟုတ်ဘူးလေ၊ ငါတို့ပျင်းနေကြတယ်။ ဟော…အခု ၀င်ကြည့်စရာ တံခါးပေါက်တစ်ခုတွေ့ တယ်၊ အထဲမှာ တစ်ခုခုရှိရင်လည်းရှိမယ် မရှိရင်လည်း မရှိဘူး။ ဘာပဲ ဖြစ် ဖြစ် ဒါဟာငါတို့အတွက် အပျင်းပြေစွန့်စားခန်းတစ်ခုပဲ။ ကဲ … လာ”

လက်ျာအောင်ကတော့ တွန့်ဆုတ်နေသည်။ သူက အိမ်အိုပျက်ကြီးကို ထပ်ပြီး လှမ်းကြည့်လိုက်၏ ။ အေးစိမ့်သော ခံစားမှု တစ်ခုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး ကြက်သီးဖြန်းဖြန်းထသွားလေသည်။

သူ စကားပြန်မပြောနိုင်ခင်မှာ ပင် …

မြက်ပင်ရှည်တွေ ကြားထဲမှ အရိပ်မဲမဲတစ်ခု၊ ၀ုန်းခနဲ ခုန်ထွက်လာပြီး သူ့ထံသို့ တည့်တည့်ပြေးလာလေရာ …

“အား …”

သူအော်ဟစ်လိုက်မိသည်။

လက်ျာအောင်သည် အော်ဟစ်ရင်း မြေကြီးပေါ်ထိုင်လျက်သား လဲကျသွား၏ ။

“လုပ်ကြပါဦး”

အော်ဟစ်၍ ပြီးသည်နှင့် တစ်ချိန်တည်းမှာ ပင် အခြားသူများ က သူ့ကိုကြည့်ကာ ရယ်မောနေကြကြောင်း သူသတိထားလိုက်မိသည်။

မားသဲက …

“ခွေးကလေးတစ်ကောင်ပါဟ၊ ခြုံထဲက ပြေးထွက်လာတာလေ၊ နင်ကလည်း ကြောက်တတ်လိုက်တာ လွန်ပါရော”

“ဟဲ့ … ခွေး …ရှူး…ရှူး”

တိုးခန့်က ခွေးကလေးကို မောင်းထုတ်နေ၏ ခွေးကလေးက သူတို့အနီးတွင် တစ်ပတ်၊ နှစ် ပတ်မျှ ချာချာလည်နေပြီး အတင်းမောင်းထုတ်လိုက်တော့မှ အမြီးကို ဒေါသတကြီး ဝှေ့ယမ်းရင်း သူတို့လေးဦးသားဘက်သို့ လှည့်ကြည့်လှည့်ကြည့်ဖြင့် ပြေးထွက်သွား၏ ။

လက်ျာအောင်ကတော့ တော် တော် ရှက်သွားသည်။ မြေပြင်ပေါ်မှ လူးလဲထရင်း သူ့ကိုသူငယ်ချင်းတွေ ၀ိုင်းပြီးနောက်ကြ၊ ပြောင်ကြမည် ကို တွေးကာစိတ်ထဲတွင် ထူပူနေမိသည်။ သို့ သော် သူ့သူငယ်ချင်းများ က သူ့ကို ဂရုမစိုက်နိုင်အားကြပါ။ ဇော်ရာ၊ တိုးခန့်နှင့် မားသဲတို့သုံးယောက် စလုံးက သရဲခြောက်သော အိမ်ကြီးဆီသို့ မမှိတ်မသုန် စိုက်ကြည့်နေကြသည်။

“ဟုတ်တယ် … ဇော်ရာပြောတာ မှန်တယ်ကွ”

တိုးခန့်က ပြောပြောဆိုဆိုဖြင့် ဇော်ရာ့ကျောကို လက်ဝါးဖြင့် ပြင်းလွန်းသွားသော ကြောင့် ဇော်ရာက မျက်နှာရှုံးမဲ့ပြီး ပြန်လှည့်ကြည့်၏ ။

တိုးခန့်က …

“ကဲ … ဇော်ရာပြောသလိုပဲ အိမ်ကြီးထဲကို ၀င်ကြည့်ရအောင်၊ ဘာများ ရင်ခုန်စရာတွေ့ မလဲပေါ့”

“ဘာမှရင်ခုန်စရာမရှိဘူး”

လက်ျာအောင်က ၀င်ပြောလိုက်သည်။ သူကပင် ဆက်၍ …

“ဒီလိုလေ ငါဆိုလိုတာက ဘာမှ ထူးထူးခြားခြား ရင်ခုန်ရမှာ မဟုတ်ဘူး၊ ကြောက်စရာကောင်းတာပဲရှိမယ်၊ ဒီအိမ်ကြီးကို ကြည့်ရတာ ကြောက်စရာကောင်းတယ်လို့ မင်းတို့မထင်ဘူးလား”

“အဲဒီ တော့ ဘာ ဖြစ်သလဲ”

မားသဲက ၀င်ပြောလိုက်ခြင်း ဖြစ်သည်။ သူမ၏ လေသံကလည်းလက်ျာအောင်ကို စိန်ခေါ်နေသလိုမျိုး။

“ကဲ… ပြောလေ လက်ျာ၊ အဲဒီ တော့ ဘာ ဖြစ်သလဲလို့”

“အဲဒီ တော့ … ဘာ ဖြစ်သလဲ ငါလည်းမသိဘူး”

လက်ျာအောင်က အူကြောင်ကြောင်ဖြင့် ပြန်ဖြေလိုက်သည်။

သူ့သူငယ်ချင်းသုံးယောက် ကတစ်ဖက် သူက တစ်ယောက် တည်း သင်းကွဲ ဖြစ်မနေချင်ပါ။ မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ လူဆိုသည်က အများ နှင့် မတူသော သင်းကွဲ တစ်ယောက် ကိုတွေ့ လျှင် အရူးဟု သတ်မှတ်ချင်ကြသည်။

ရံဖန်ရံခါတွင် လူတို့သည် အရူးဟု သတ်မှတ်ခံရမည် စိုးသော ကြောင့် အချို့ကိစ္စများ ကို မိုက်မဲမှန်းသိလျက်နှင့် ဇွတ်လုပ်ရသည် မဟုတ်ပါလား။

ထိုအကြောင်းကို သိလျက်နှင့် ပင် လက်ျာအောင်က သူငယ်ချင်းများ ကို စောဒကတက်ကြည့်လိုက်သည်။

“ဒီအိမ်ထဲကို ၀င်မကြည့်သင့်ဘူးလို့ ငါတော့ထင်တယ်”

“မင်းကြောက်သလား လက်ျာ”

တိုးခန့်က ခပ်ထေ့ထေ့ပြုံးရင် ပြောလိုက်၏ ။ ဇော်ရာကလည်း …

“ဒီကောင် ငကြောက်ပါကွာ”

မားသဲက သူမ၏ ပါးစပ်ကို လက်ဝါးဖြင့် ပိတ်ပြီး ရယ်မောလိုက်သည်။ တိုးခန့်နှင့် ဇော်ရာတို့ကလည်း လိုက်ပြီးရယ်မောကြ၏ ။ မရယ်နိုင်သူက လက်ျာအောင် တစ်ယောက် တည်း။ သူ့မှာ ရွေးချယ်စရာမရှိတော့ပါ။ ထို့ကြောင့် သူကကြောင်တက်တက် ဖြစ်မနေစေရန် အများ နည်းတူရယ်မောလိုက်ရင်း …

“အလကားပြောတာပါကွာ၊ မင်းတို့သွားချင်လည်းသွားလေ၊ ငါက ဘာ ဖြစ်လို့ မလိုက်ရဲရမှာ လဲ”

မားသဲက…

“ဟိုမှာ ကြည့်စမ်း ၊ အိမ်ရှေ့တံခါးမကြီးရဲ့ ဘေးက ပြတင်းပေါက်မှာ မှန်တစ်ချပ်ကွဲနေတာတွေ့ လား၊ အဲဒီ ပြတင်းပေါက်ကနေ လက်လျှိဖွင့်ပြီး အထဲကို ၀င်လို့ရတယ်၊ တစ်ယောက် က အဲဒီ အပေါက်ကနေ ၀င်သွားပြီးတော့ အိမ်ရှေ့တံခါးမကြီးကို ဖွင့်ပေးပေါ့”

“အေး … အဲဒီ အကြံကောင်းတယ်”

ဟု ဇော်ရာက ပြောလိုက်၏ ။ လက်ျာအောင်က …

“ငါတို့ တကယ်ပဲ အဲဒီ အတိုင်း လုပ်ကြတော့မှာ လား၊ မတော် တဆ ဒီအိမ်နဲ့ပတ်သက်တဲ့လူ တစ်ယောက် ယောက် လာရင် ဘယ်လိုလုပ်မလဲ”

“ဒီအိမ်နဲ့ပတ်သက်တဲ့လူဟုတ်လား၊ ဘယ်သူလာမှာ လဲကွာ၊ မင်းကလည်း မကြောင်စမ်းပါနဲ့”

တိုးခန့်က ပြောလိုက်စဉ် ဇော်ရာက ခေါင်းကို ခါယမ်းပြီး …

“မဟုတ်သေးဘူး တိုးခန့်ရ၊ ရောက်လာနိုင်တဲ့သူ တစ်ယောက် တော့ ရှိသေးတယ်”

“ဟင်… ဟုတ်လား၊ ဘယ်သူလဲ”

“ငါတို့ရပ်ကွက်နားမှာ အမြဲတမ်းတွေ့ တွေ့ နေတဲ့ အရှုးကြီး ဖိုးငိုလေကွာ၊ သူကနေစရာမရှိတော့ ညအိပ်တဲ့အခါ ဒီအိမ်မှာ လာလာအိပ်တယ်လို့ အချို့က ပြောကြတာပဲ ဟား…ဟား”

တိုးခန့ိကလည်း ရယ်မောလိုက်ရင်း …

“မင်း … အဲဒါဆိုရင်တော့ မင်းစဉ်းစားဦးနော် လက်ျာ၊ ဒီအိမ်ထဲဝင်လို့ အရူးက ပိုင်နက်ကျူးကျော်မှု နဲ့ တရားစွဲရင် မင်းဘ၀မှာ ကျော်မကောင်း၊ ကြားမကောင်း ဖြစ်နေဦးမယ် ဟဲ…ဟဲ

လက်ျာအောင်က ဘာပြန်ပြောရမှန်းမသိတော့။ သူငိုင်တွေ နေသည့်အချိန်မှာ ပင် မားသဲက ပြတင်းပေါက်မှ ကျော်ဝင်ပြီး အိမ်ရှေ့တံခါးမကြီးကို အထဲမှ မင်းတုန်းဖြုတ်ကာ ဆွဲဖွင့်လိုက်သည်။

အိုမင်းဟောင်းနွမ်းပြီး စီးကြပ်နေသော တံခါးမကြီး၏ ကျွီကနဲမြည် သံက ချောက်ချားဖွယ်ရာ ထွက်ပေါ်လာသည်။ ဇော်ရာနှင့် တိုးခန့်တို့က ခန်းမကြီးထဲသို့ ၀င်လိုက်ကြ၏ ။ လက်ျာအောင်က နောက်ဆုံးမှနေ၍ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်ပါသွား၏ ။

အိမ်ထဲတွင် မှော င်မိုက်နေ၏ ။ ပြိုင်ပျက်ကျိုးပဲ့နေသော နံရံများ ကွဲအက်နေသော ပြတင်းမှန်များ မှကျလာသည့်နေရောင် ခြည်သည် စုတ်ပြတ်ဟောင်းနွမ်းနေသော ကော်ဇောပေါ်တွင် ဟိုနားတစ်ကွက်၊ ဒီနားတစ်ကွက်။

သူတို့နင်းလျှောက်လိုက်တိုင်း ကြမ်းပြင်က တကျွီကျွီမြည် နေသည်။ ဧည့်ခန်းထဲမှ ဖြတ်လျှောက်လာခဲ့ကြစဉ် ကြမ်းခင်းကော်ဇောပေါ်ရှိ နီညိုရောင် ညစ်ထေးနေသော အကွက်ကြီးတစ်ကွက်ကို လက်ျာအောင် ကသတိပြုလိုက်မိ၏ ။ သူနှင့် တပြိုင်တည်းလိုလိုပင် တိုးခန့်ကလည်းသတိထားမိဟန်ဖြင့် ငုံ့ကြည့်လိုက်သည်။

ဘာတွေ စွန်းထင်းထားတဲ့ အကွက်ကြီးပါလိမ့်။

တိုးခန့်က …

“ဒါ … သွေးကွက်ကြီး ဖြစ်မယ်ထင်တယ်ကွ”

ဟု လက်ျာအောင်ကို ပြောလိုက်ရာ…

“ဟင်…ဟုတ်…ဟုတ်ပါ့မလား”

“ဟား…ဟား…ဟား”

တုန်လှုပ်သွားသော လက်ျာအောင်၏ မျက်နှာကိုကြည့်ပြီး တိုးခန့်က အော်ဟစ်ရယ်မောလိုက်သည်။ ထို့နောက် လက်ျာအောင်၏ ကျောပြင်ကို လက်ဝါးဖြင့် ဖြန်းကနဲ ခပ်ပြင်းပြင်းရိုက်လိုက်၏ ။ လက်ျာအောင် ကတော့ အောင့်သက်သက် ဖြစ်သွားသည်။

ထိုအချိန်တွင် ဇော်ရာနှင့် မားသဲတို့ကတော့ မီးဖိုချောင်ထဲတွင် လှန်လှောမွေနှောက်နေကြပြီ ဖြစ်သည်။ မီးဖိုချောင်ထဲ၌ ဖုန်တသော သော ဖြစ်နေသည့် ပန်းကန်ခွက်ယောက် များ ၊ သုံးပေခန့်ရှည်လျားသော မီးဆွသည့် သံချောင်းရှည်ရှည်ချွန်ချွန်တစ်ချောင်းနှင့် ကြီးမားလှသော ကြွက်ကြီးများ မှတစ်ပါး ဘာမှမရှိ။

လက်ျာအောင်က…

“ဟေ့ကောင် ဇော်ရာ၊ အရူးဖိုးငိုက ဒီအိမ်မှာ လာလာနေတယ်ဆိုတာ တကယ်လား”

“ဒါတော့ ငါလည်းသေချာမသိဘူးလေကွာ၊ သူများ တွေ ပြောသံကြားတာပဲ၊ တကယ် ဖြစ်ဖို့များ ပါတယ်”

“အင်း…တကယ်နေတယ်ဆိုရင်လည်း အဲဒီ အရူးက ဒီမီးဖိုချောင်ကိုတော့ သုံးပုံမပေါ်ဘူးကွ”

“မင်းကလည်း ကြောင်ပြန်ပြီကွာ ၊ အရူးပါဆိုမှ ထမင်းတွေ ၊ ဟင်းတွေ ကျကျနန ချက်စားနေမှာ တဲ့လား ဟား … ဟား”

တိုးခန့်က ၀င်ပြောလိုက်ခြင်း ဖြစ်သည်။ ပြောပြောဆိုဆိုနှင့် ပင်သူ့ကျောပြင်ကိုရိုက်ရန် လက်ဝါးရွယ်လာပြန်သော ကြောင့် ကမန်းကတန်းရှောင်လိုက်ရသည်။

ထိုအချိန်တွင် မားသဲက ပင့်ကူမျှင်များ ပြည့်နှက်နေသည့် အဆောင်ကူးလမ်းကြားငယ်ကလေးထဲမှ ထွက်လာပြီး…

“တကယ်ပဲ သရဲခြောက်တဲ့ အိမ်ကြီးနဲ့တူတယ်ဟ”

သူမ၏ စကားကြောင့် လက်ျာအောင်က စိတ်ထဲတွင် တစ်မျိုးကြီး အေးစက်စက်ခံစားလိုက်ရသည်။ ထိုကြောင့် …

“ကဲ… မြန်မြန်ကြည့်ပြီး မြန်မြန်ပြန်ရအောင်ကွာ၊ ဒီလောက်ညစ်ပတ်နေတဲ့ အိမ်ထဲမှာ ဖုန်းနဲ့ကြွက်တွေ ကလွဲပြီး ဘာမှလည်းကြည့်စရာမရှိပါဘူး”

ပြောပြောဆိုဆိုနှင့် လှည့်ထွက်ရန် ဟန်ပြင်လိုက်စဉ်မှာ ပင် ကျယ်လောင်လှသော ကျွီကနဲမြည် သံ တစ်ခုကြောင့် သူလန့်ပြီး ခုန်လိုက်မိ၏ ။

“ဟင်… ဘာသံလဲ၊ ဘယ်ကမြည် တာလဲ”

တုန်လှုပ်စွာ မေးနေသည့် သူ့လေသံကြောင့် မားသဲက ပြုံးလိုက်ပြီး…

“နင်ကလည်းဟာ ကြောက်စရာမရှိ ကြံဖန်တွေးကြောက်နေပြန်ပြီ၊ ဒီလို အိမ်အိုအိမ်ဟောင်းကြီးတွေ ဟာ ဒီလိုပဲ ဟိုနားကမြည် လိုက်၊ ဒီနားကမြည် လိုက်နဲ့ အသံပေါင်းစုံထွက်နေကြပဲဥစ္စာ”

“ဘာပဲ ဖြစ် ဖြစ်ဟာ၊ ငါတို့ဒီအိမ်ထဲကနေ သွားကြရအောင်။ ဟိုဒင်း…ငါက ဒီမှာ နေရတာ ပျင်းလို့ပြောတာပါ”

လက်ျာအောင်က ရှက်ရှက်ဖြင့် ပြောလိုက်၏ ။ မားသဲက…

“ဘာမှပျင်းဖို့မကောင်းဘူး ၊ ဒီလိုအိမ်မျိုးကို နေရာတကာတိုင်းမှ တွေ့ ချင်ပါတယ်ဆိုတာတောင် တွေ့ လို့တာ မဟုတ်ဘူးဟ။ ဟော ဟိုဘက်အခန်းက ဘာအခန်းများ လဲ မသိဘူး၊ စာကြည့်ခန်း ဖြစ်မယ်ထင်တယ်”

“ဟုတ်မှာ ပေါ့”

သူတို့က မှော င်မိုက်နေသော အခန်းကျဉ်းကလေးထဲသို့ ၀င်လိုက်သော အခါ မှော င်ရိပ်ထဲမှ ဇော်ရာနှင့် ၀င်တိုက်လိုက်မိကြသည်။

မားသဲက ဇော်ရာ့ကို မေးလိုက်သည်။

“နင် တစ်ယောက် တည်းလား ၊ တိုးခန့်ကော ဘယ်ရောက်သွားလဲ”

“ဒီကောင် မြေအောက်ခန်းထဲ ဆင်းသွားတယ်ထင်တယ်”

“ဘာ…မြေအောက်ခန်းဟုတ်လား ဘယ်မှာ လဲ”

ဇော်ရာက စင်္ကြလမ်း၏ ညာဘက်အခြမ်းတွင် ရှိသော ပွင့်ဟနေသည့် တံခါးပေါက်ငယ်တစ်ခုဆီိသို့ လက်ညှိုး ထိုးပြလိုက်ရင်း…

“ဟို…တံခါးပေါက်က မြေအောက်ခန်းဆီဆင်းတဲ့လှေကားပေါ့”

သူတို့သုံးယောက် သား တံခါးပေါက်ဆီသို့ လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ နိမ့်ဆင်း သွားသော လှေကားထစ်များ သည် အမှော င်ထဲတွင် ပျောက်ကွယ်နေကြ၏ ။ မြေတိုက်ခန်းအောက်ခြေဆီကို သဲသဲကွဲကွဲမမြင်ရ။

မားသဲက အမှော င်ထုထဲသို့ ငုံ့ကြည့်ပြီး ခေါ်ငင်လိုက်သည်။

“တိုးခန့် … တိုးခန့် … နင်ဘယ်မှာ လဲ”

အမှော င်ထုထဲမှ တိုးခန့်၏ တုန့်ပြန်သံက သွေးပျက်ချောက်ချားဖွယ်ရာ။

“လာ…လာကြပါဦး၊ ဒီမှာ ဘာကောင်ကြီးလဲ မသိဘူး၊ ငါ့ကို …ငါ့ကို …အား”

“အား … သေပါပြီ ကယ်ကြပါဦး”

နာကျင်ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည့် တိုးခန့်၏ အသံကြောင့် ဇော်ရာနှင့် မားသဲတို့နှစ် ယောက် စလုံး ပါးစပ်အဟောင်းသားပွင့်ကာ ကြက်သေသေနေကြသည်။

ထိုစဉ် လက်ျာအောင်က သူတို့နှစ် ယောက် ကို တွန်းတိုက်ဖြတ်ကျော်ပြီး လှေကားအတိုင်း တဟုန်ထိုး ပြေးဆင်းကာ…

“ငါလာပြီ … ငါလာပြီ တိုးခန့်၊ ဘာ ဖြစ်တာလဲ”

လှေကားထစ်များ ပေါ်မှ မြေအောက်ခန်းကြမ်းပြင်ပေါ် ခုန်ဆင်းလိုက်သည့်အချိန်တွင် သူ့နှလုံးသားတွေ ပေါက်ကွဲထွက်တော့မလို တုန်ခါနေသည်။ ဒူးတွေ က ကြောက်ရွံ့စိတ်ကြောင့် ခွေညွတ်ကျတော့မလို ဖြစ်နေ၏ ။ လက်ျာအောင်က စိတ်ကိုတင်းထားလိုက်ပြီး အခန်းထဲသို့ လှည့်ပတ်ကြည့်လိုက်၏ ။

မကြာခင်မှာ ပင် သူ့မျက်စိက အလင်းရောင် အားနည်းသော မြေတိုက်ခန်းထဲမှာ ကျင့်သားရသွားပြီး အရာရာ ကို သဲသဲကွဲကွဲမြင်လာရ၏ ။

“တိုးခန့်”

တိုးခန့်က နံရံနှင့် ကပ်လျက်ရှိသော ခနော်ရီခနော်နဲ့ ခုံကလေးတစ်ခုပေါ်၌ ခြေနှစ် ဖက်ကို ဒူးချိတ်လျက် အေးအေးဆေးဆေးပင် ထိုင်နေသည်။ သူ့မျက်နှာကလည်း စပ်ဖြီးဖြီး။

“ဟား…ဟား ၊ မင်းကတော့ ငါလှိမ့်တိုင်း ခံရတာ ပဲ လက်ျာရေ ၊ တကယ်ရယ်ရတယ်ကွာ ဟား…ဟား”

တိုးခန့်က ပြောပြောဆိုဆိုဖြင့် လက်ျာအောင်၏ ကျောပြင်ကို ဖြန်းကနဲမြည် အောင်ရိုက်ထည့်လိုက်ပြန်သည်။

“ဘာ ဖြစ်တာလဲဟင် … ဘာ ဖြစ်တာလဲ”

ယခုမှပင်သတိရပြီး ဒရောသော ပါး ပြေးဆင်းလာကြသော ဇော်ရာနှင့် မားသဲတို့က အလောတကြီး မေးလိုက် ကြသည်။

လက်ျာအောင်က ဘာပြန်ဖြေရမည် မှန်း မသိ။ ပခုံးကိုသာ တွန့်ပြလိုက်သည်။ တိုးခန့်ကတော့ တဟားဟား အော်ရယ်နေ၏ ။

စက္ကန့်ပိုင်းအတွင်းမှာ ပင် ဇော်ရာနှင့် မားသဲတို့လည်း သဘောပေါက်သွားကြပြီး စိတ်ဆိုးမာန်ဆိုးဖြင့် တိုးခန့်ကို ၀ိုင်းအပြစ်တင်ကြသည်။

“ဟေ့ကောင် … တိုးခန့်၊ မင်းကလည်းကွာ ဒါနောက်စရာများ မှတ်နေသလား”

“အေးလေဟယ် ငါဖြင့် တစ်ခုခု ဖြစ်ပြီအောက်မေ့ပြီး ရင်တွေ တုန်သွားတာပဲ”

တိုးခန့်က မျက်နှာစပ်ဖြီးဖြီး ဖြစ်နေလျက်ကပင်။

“မင်းတို့ကိုက အသည်းငယ်နေကြတာပါကွာ”

မားသဲက ဒေါပွပွဖြင့် …

“အမယ်…နင် ဒီလိုမပြောနဲ့ တိုးခန့်၊ ဟိုပုံပြင်ကို ကြားဖူးတယ်မဟုတ်လား၊ “ကျား…ကျား”လို့အော်ပြီး လူတွေ ကိုလှန့်တတ်တဲ့ နွားကျောင်းသားလေးလေ၊ သူက အဲဒီ လိုနောက်ပါများ တော့ တကယ့်ကျားလာလို့ အော်ပြီး အကူအညီတောင်းတဲ့အခါ လူတွေ က နောက်တယ်ပဲထင်ပြီး လာမကူညီကြလို့ ၊ ကျားကိုက်ခံလိုက်ရတာ လေ၊ နင်လည်းအဲဒီ လို ကြပ်ကြပ်နောက် သိလား၊ တကယ်ဒုက္ခရောက်မှ ခက်နေမယ်”

“အောင်မာ…ဘာဒုက္ခရောက်စရာရှိလို့လဲ၊ ဒီအိမ်ထဲမှာ ဖုန်တွေ ရယ်၊ ပင့်ကူမျှင်တွေ ရယ်၊ ပရိဘောဂ အကျိုးအပျက်တွေ ပဲရှိတယ်။ အလကား ဘာသရဲမှ မရှိဘူး”

ဒီတစ်ချက်တော့ တိုးခန့်ပြောတာ မှန်သည်ဟု လက်ျာအောင်က စိတ်ထဲမှတွေးနေမိ၏ ။ သူက မြေအောက် ခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်သည်။

တိုးခန့်ထိုင်နေသည့် ခုံ၏ နဘေးတွင် ကြီးမားလှသော အ၀တ်ဗီရိုကြီးတစ်လုံးရှိသည်။ ကျွန်းသစ် အကောင်း စားဖြင့် လုပ်ထားဟန်ရှိသော ရှေးခေတ်လက်ရာပုံစံ ဗီရိုဟောင်းကြီး ဖြစ်၏ ။

အတက်အဆင်း လှေကားနှင့် ဝေးရာ အခန်းနံရံဘက်တွင် ကား ဟောင်းနွမ်းစုတ်ပြတ်နေသော မွေ့ယာပါးပါး တစ်ထည်ကို ကြမ်းပြင်ပေါ်ချထားကြောင်း တွေ့ ရ၏ ။ မွေ့ယာက နေရာအနှံ့ပေါက်ပြဲနေပြီး အထဲမှ လဲမှို့များ အန်ထွက်နေကြသည်။ မွေ့ယာတစ်ခုလုံးမှာ လည်း အစွန်းတွေ ၊ အကွက်တွေ နှင့် ညစ်ထေးလှ၏ ။

မွေ့ယာခြေရင်းဘက်တွင် တော့ စုတ်ပြတ်နံစော်နေသည့် စောင်အဟောင်းတစ်ထည်ကို လုံးထွေးလျက်သား တွေ့ ရသည်။

သေချာသည်ကတော့ ဒီနေရာတွင် တစ်စုံ တစ်ယောက် အိပ်စက်လေ့ရှိပုံရ၏ ။

“ဟေ့ကောင် ဇော်ရာ၊ အရူးဖိုးငို ဒီမှာ နေတယ်ဆိုတာ ဖြစ်နိုင်လောက်တယ်ကွ”

ဇော်ရာက ဘာမျှပြန်မဖြေဘဲ မားသဲနှင့် အတူ အ၀တ်ဗီရိုကြီးကို ဆွဲဖွင့်ဖို့ကြိုးစားနေသည်။ ဗီရိုတံခါးပွင့်သွား သော အခါ …

“ဟာ…ဒီမှာ ကြည့်စမ်း”

မားသဲ၏ အသံကြောင့် သူတို့အားလုံး အာရုံစိုက်သွားကြသည်။ ဗီရိုထဲတွင် များ ပြားလှသော ရောင် စုံ အ၀တ်အစားများ ။

မားသဲက လောင်းကုတ်အင်္ကျီတစ်ထည်ကို ဆွဲထုတ်ယူပြီး ကိုယ်မှာ ပတ်ကြည့်လိုက်သည်။

“ဟာ … မိုက်တယ်ဟေ့”

ဇော်ရာနှင့် တိုးခန့်တို့ကလည်း အထဲမှ အ၀တ်အစားများ ကို အလုအယက်ဆွဲထုတ်ပြီး ကြမ်းပြင်ပေါ်ပစ်ချကာ စိတ်တိုင်းကျ မွေနှောက်နေကြသည်။ အ၀တ်အစားများ က ခေတ်မမီတော့သည့် ရှေးဟောင်းပုံစံများ ဖြစ်ကြသော် လည်း တန်ဖိုးကြီးမားသည့် အကောင်းစားများ ဖြစ်ကြသည်။

အတော် များများ ကတော့ ပိုးကိုက်ရာများ ဖြင့် ပြည့်နေလေပြီ။

“ဒီအ၀တ်အစားတွေ ရဲ့ ပိုင်ရှင်က အရူးဖိုးငို မဟုတ်တာတော့သေချာတယ်”

“ပိုင်ရှင်က ဘာ ဖြစ်လို့ ဒီလောက်တန်ဖိုးကြီးတဲ့ အ၀တ်အစားတွေ ကို မြေအောက်ခန်းထဲမှာ ထားပစ်ခဲ့ရတာ လဲ ၊ အဲဒါစဉ်းစားစရာပဲ”

မားသဲနှင့် တိုးခန့်တို့ ငြင်းခုန်နေကြသည့်စကားများ ကို နားထောင်ရင်း …

“ဒီပစ္စည်းတွေ ကို ပြန်ယူဖို့အတွက် တစ်စုံ တစ်ယောက် ဟာ ဒီအိမ်ကြီးဆီကို ပြန်လာကောင်းလာနိုင်လိမ့်မယ် မဟုတ်လား”

ဟု လက်ျာအောင် ကတွေးနေမိ၏ ။

သူ့သူငယ်ချင်းများ က အ၀တ်စားဗီရိုကို မွေနှောက်နေကြသည့်အချိန်တွင် လက်ျာအောင်က ခပ်လှမ်းလှမ်း တွင် ရှိသော စာရေး စားပွဲဟောင်းတစ်ခုဆီသို့ လျှောက်လာခဲ့၏ ။

စားပွဲက ဘယ်လိုသစ်သားမျိုးဖြင့် ပြုလုပ်ထားသည် မသိရ။ မည်းနက်နေ၏ ။ စားပွဲ၏ ခြေထောက် လေးချောင်းမှ ရိုးရိုးပွတ်လုံးတိုင်များ မဟုတ်ကြဘဲ မြေတစ်ကောင်စီပတ်နေသည့်ဟန် ထွင်းထုထားသည်။

စားပွဲပေါ်မှာ တော့ လက်ဆွဲမှန်အိမ်ငယ်တစ်လုံး။ စားပွဲမျက်နှာပြင်အထက် နှစ် ပေခန့်မြင့်သော နံရံတွင် လေးထောင့်ပတ်လည် ထွင်းထုထားသော ကနုတ်ပန်းလက်ရာတစ်ခု။ ဘာပုံထွင်းထုထားသည်တော့မပြောတတ်။

ပင့်ကူမျှင်များ က ထူထပ်စွာ ဖုံးအုပ်ထားခြင်းကြောင့် သဲသဲကွဲကွဲ မမြင်ရချေ။

စားပွဲဆီသို့ လျှောက်သွားစဉ် အမှော င်ထောင့်ချိုး၌ ကွယ်နေသော ခပ်ဟဟပွင့်နေသည့် တံခါးတစ်ချပ်ကို မြင်ရသေးသည်။ တံခါးနောက်ကွယ်တွင် လှေကားထစ်များ ကို တစေ့တစောင်းတွေ့ ရခြင်းကြောင့် အပြင်သို့ ထွက်သည့် အရေး ပေါ်တံခါးပေါက် ဖြစ်မည် ဟု သူတွေးလိုက်မိ၏ ။ သေသေချာချာတော့ မကြည့်မိ။

လက်ျာအောင်က စားပွဲဆီသို့ သွားပြီး နံရံတွင် ထွင်းထားသည့် ပန်းပုလက်ရာကို ကြည့်ဖို့ကြိုးစားသည်။ ပင့်ကူမျှင်တွေ က ထူလွန်းသော ကြောင့် ဘယ်လိုမှမမြင်ရ။

ပင့်ကူမျှင်တွေ ကို လက်ဖြင့် ဖယ်ရှားဖို့ကလည်း စိတ်က မသတီသလိုခံစားရသည်။ ထို့ကြောင့် မကြည့်တော့ ပါဘူးဟု စိတ်လျှော့လိုက်၏ ။

ထို့နောက် သူ့အကြည့်က စားပွဲပေါ်မှ မီးအိမ်ငယ်လေးဆီသို့ ရောက်သွားသည်။ ဘာရယ်မဟုတ်ဘဲ မီးအိမ်ကလေး၏ အောက်ခြေတွင် တပ်ထားသည့်ခလုတ်ကလေးကို လက်ဖြင့် နှိပ်ကြည့်လိုက်သည်။

“ဖျောက်”

သူ အံ့အားသင့်သွားသည်။ “ဖျောက်”ကနဲ မြည် သံနှင့် အတူ မီးကတော့လင်းမလာချေ။ သိုသော် စောစောက သူစိတ်ဝင်စားနေသည့် ကနုတ်ပန်းလေးထောင့်ကွက်ကလေးသည် တံခါးတစ်ချပ်လို ပွင့်ဟသွားသည်ကို မြင်ရ လေသည်။

လက်စသတ်တော့ ထိုလေးထောင့်ကနုတ်ဘောင်လေးသည် အလှသက်သက်ထွင်းထုထားခြင်း မဟုတ်ဘဲ အံဝှက်တံခါးတစ်ချပ်ပါလားဟု သူအံ့သြစွာ နားလည်လိုက်ရတော့၏ ။

သူသိလိုစိတ်ကို မတားဆီးနိုင်တော့။ အံဝှက်တံခါးလေးကို အဆုံးထိဆွဲဖွင့်ပြီး အထဲမှာ ဘာရှိသလဲဟု ကြည့်လိုက်သည်။

အထဲတွင် ကား …။

ကင်မရာတစ်လုံး ။

အချိန်အတန်ကြာသည်အထိ ထိုကင်မရာလေးကို သူငေးစိုက်ကြည့်နေမိသည်။

ဒီကင်မရာကို သည်လိုလျှိ့ဝှက်အခန်းငယ်လေးထဲတွင် သိမ်ဆည်းထားခြင်းသည် အရေး ကြီးသော အကြောင်းတစ်ခုခုရှိ၍ သာ ဖြစ်ကြောင်း သူ့ကို တစ်စုံတစ်ရာက ပြောပြနေသလို ခံစားရသည်။

ထို့ပြင် ထိုကင်မရာကို သူ့လက်ဖျားနှင့်ပင် မထိသင့်ကြောင့် သူ့စိတ်ထဲမှ တစ်စုံတစ်ရာက သတိပေးနေသည်။

တကယ်ဆိုလျှင် သူ့အနေဖြင့် အံဝှက်တံခါးငယ်လေးကို အသာပြန်တွန်းပိတ်ပြီး ဒီအတိုင်း လှည့်ထွက်သွားဖို့ ကောင်းပါသည်။

သို့ သော် ကလေးငယ်လေး တစ်ယောက် လို သူ့စိတ်ဆန္ဒကို ဦးစားပေးလိုက် မိသည်။

လျှို့ဝှက်အကန့်ကလေးထဲသို့ သူ့လက်ကိုလျှိုသွင်းပြီး ကင်မရာကို လှမ်းကိုင်လိုက်သည်။

သူလက်ကို ပြန်ဆွဲထုတ်လိုက်သော အခါ ကင်မရာက လွယ်လင့်တကူပင် သူ့လက်ထဲ၌ အလိုက်သင့်ပါလာ သည်။

“ ထူးဆန်းတယ်” ဟု လက်ျာအောင် တစ်ယောက် တည်း တွေးနေမိ၏ ။ ဒီနေရာမှာ ဘာကြောင့် များ ကင်မရာကိုလာဖွတ်ထားရတာ လဲ။ ဖွက်ထားရလောက်အောင် တန်ဖိုးကြီးတယ်ဆိုရင်လည်း ဒီအိမ်ကိုစွန့်ခွာတဲ့အခါ ကင်မရာကိုတစ်ပါတည်း ယူမသွားဘဲ ထားခဲ့ရတာ လဲ။

လက်ျာအောင်က ကင်မရာကို စေ့စေစပ်စပ် ကြည့်လိုက်သည်။ သာမန်ကင်မရာတစ်လုံး၏ အရွယ်အစား အတိုင်းပင် ဖြစ်သော်လည်း ဒီကင်မရာ ကတော့ ထူးထူးခြားခြား လေးလံနေသလို ခံစားရသည်။ နောက်ပြီး ရှည်လျားသော အဝေးရိုက်တယ်လီမှန်ဘီလူးကိုလည်း တပ်ဆင်ထား၏ ။ု

သူက ကင်မရာများ ကို စိတ်ဝင်စားသူ တစ်ယောက် ဖြစ်သည်။ သူ့ကို အဖေ၀ယ်ပေးထားသော အော်တို ကင်မရာလေးတစ်လုံးဖြင့် အပျော်တမ်းဓာတ်ပုံရိုက်တတ်သော ၀ါသနာရှင် တစ်ယောက် လည်း ဖြစ်သည်။

သူ့မုန့်ဖိုးထဲမှ ပိုက်ဆံစုပြီး တစ်နေ့နေ့ကျလျှင် ကင်မရာအကောင်းစားတစ်လုံးဝယ်မည် ဟု စိတ်ကူးထားသော် လည်း ယခုအချိန်ထိ အကောင်အထည်မပေါ်နိုင်သေး ။ သည်လိုနှင့် သူသည် ဓာတ်ပုံပညာအကြောင်းရေး သားသည့် မဂ္ဂဇင်းဆောင်းပါးများ ၊ နောက်ဆုံးပေါ် ကင်မရာလက်စွဲနည်းပညာ ကတ်တလောက်များးကို ဖတ်ရင်းဖြင့် သာ အာသာဖြေနေခဲ့ရသည်။

အိပ်မက်တွေ ထဲမှာ တော့ သူသည် ကမ္ဘာကျော်ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်နေပြီး နာမည် ကျော်မော်ဒယ် များ ၊ရုပ်ရှင်မင်းသမီးများ ၀န်းရံလျက် ပိရမစ်ကြီးတွေ လို၊တပ်ဂ်ျမဟာလို နေရာမျိုးမှာ ၊နောက်ပြီးတောနက်ကြီးတွေ ထဲမှာ အံမခန်းပြောင်မြောက်သော ဓာတ်ပုံများ ကိုရိုက်ကူးလျက်။

လောလောဆယ်တွင် အဖေ၀ယ်ပေးထားသည့် အပေါစားအော်တိုကင်မရာလေးနှင့် ကတော့ ဒီလို အိမ်မက် တွေ က အလှမ်းဝေးလွန်းသည်။သူ့ကင်မရာလေးက ရိုက်လိုက်သော ပုံတိုင်းသည် အလင်းများ လျှင်များ ၊မများ လျှင် မှော င်မဲနေတတ်သည်။နောက်ပြီး လူပုံများ ကို ရိုက်လျှင်လည်း မျက်ဆန်နေရာတွင် အနီရောင် အစက်ကလေး တွေ ပါနေလေ့ရှိ၏ ။

အဲဒါကို သူစိတ်ကုန်နေသည်မှာ အတော် ကြာပြီ။

သူ့လက်ထဲမှ ကင်မရာကို အသာဆကြည့်ရင်း….

”အင်း…ဒီကင်မရာ ကတော့ တကယ့်ဝါရင့်သတင်းထောက်တွေ ဓာတ်ပုံဆရာတွေ ကိုင်တဲ့ အမျိုးအစားပဲ”

ဟု တွေးလိုက်သည်။ကင်မရာက အခု ချက်ချင်း ရိုက်ပြီးသည်နှင့်တပြိုင်နက် စက္ကန့်သုံးဆယ် အတွင်း ကူးပြီးသား ဓာတ်ပုံအချောထွက်လာတတ်သည့် ပိုလာရိုက်(Polaroid) အမျိုးအစား ဖြစ်သည်။ လက်ကျန် ဖလင်ကွက် အရေအတွက်ကို ဒိုင်ခွက်မှာ ကြည့်သော အခါ (၁၉)ကွက်ဟုပြနေ၏ ။

လကျာ်အောင်က ကင်မရာချောင်းကြည့်ပေါက်ကို သူ့မျက်လုံးဆီသို့တပ်ကာကြည့်ရင်း အခန်းပတ်ပတ်လည် သို့ ရွေ့လျားချိန်ရွယ်လိုက်သည်။

သူ့မြင်ကွင်းထဲတွင် ပေါ်လာသူက ဇော်ရာ။

ဇော်ရာက ဗီရိုကြီးထဲမှတွေ့ ရသော ရှေးခေတ်ပုံစံကုတ်အင်္ကျီ အဟောင်းတစ်ထည်ကိုဝတ်ပြီး သက္ကလတ် ဦးထုပ်ကိုဆောင်းလျက် ခေတ်ဟောင်းမင်းသားကြီး ခင်မောင်ရင်၏ စတိုင်မျိုးဖြင့် အိုက်တင်ပေးကာရပ်နေ၏ ။

သူ့ပုံစံကရယ်စရာကောင်းနေသည်။ထို့ကြောင့် လကျာ်အောင်က...

”နေဦး…နေဦး ဇော်ရာ၊အဲဒီ အတိုင်း ခဏလောက် ငြိမ်ငြိမ်လေးရပ်နေလိုက်ဦး၊မင်းကို ငါ့ဓာတ်ပုံ ရိုက်ထားလိုက်ချင်လို့”

”အဲ့ဒီကင်မရာကို မင်း ဘယ်ကရတာ လဲ”

တိုးခန့်က လှမ်းမေးသည်။ဇော်ရာကလည်း…

”မင်း ကင်မရာက အထဲမှာ ဖလင်ရော ရှိလို့လား”

”ဖလင်ရှိမရှိ ငါလည်း မသိသေးဘူးလေ၊အခု ရိုက်ကြည့်လိုက်ရင် သိရမှာ ပေါ့၊ ကဲ…လုပ်စမ်းပါ မင်းရဲ့ စောစောက အိုက်တင်လေး”

ဇော်ရာက မြေအောက်လမ်းအဆင်းအတက် သစ်သားလှေကားထစ်ပေါ် ခြေထောက်တစ်ဖက်တင်ကာ ကိုယ်တစောင်းလှည့်ထားပြီးဗိုလ်အောင်ဒင်လို မခိုးမခန့် ပြုံးနေလိုက်သည်။

လကျာ်အောင်က မြင်ကွင်းပြတ်သားအောင် မှန်ဘီလူးကိုလှည့်ချိန်ညှိလိုက်ပြီး ခလုတ်ပေါ်လက်ညှိုးတင်ရင်း…

”ကဲ…ရိုက်မယ်နော်၊ရယ်ဒီ…ပြုံးပါ”

”ဖျောက်”

ခလုပ်နှိပ်သံနှင့်အတူ ကင်မရာဖလပ်ရှ် မီးက ၀င်းကနဲလက်သွား၏ ။ကင်မရာထဲမှ ဖလင်ရစ်သည့် မော်တာသံ သဲ့သဲ့ကို ကြားရလေသည်။

”ဟာ…ဖလင်ရှိသေးတယ်ကွ”

လကျာ်အောင်ပြောသည့်စကားမှ မဆုံးသေးခင် ကင်မရာထဲမှ အဖြူရောင် လေးထောင့်ပုံသဏန် ဓာတ်ပုံစက္ကူ သားတစ်ရွက် ထွက်လာသည်။လကျာ်အောင်က ထိုစက္ကူကဒ်ပြားကို ဆွဲထုတ်လိုက်၏ ။

သူကြည့်နေရင်းမှာ ပင် အဖြူရောင် စက္ကူလွတ်ပေါ်၌ စောစောက သူရိုက်ထားသော ပုံသည် မပီဝိုးတ၀ါးနှင့် တဖြည်းဖြည်း ရုပ်ပုံပေါ်စပြုလာသည်။

”ဟာ…ဒီမှာ မင်းပုံပေါ်လာတော့မှာ ကွ”

သူ့စကားကို ဇော်ရာက ယုံကြည်ပုံမပြ။

”သွားစမ်းပါကွာ၊ငါ့ကိုများ မင်းလိုငတုံးများ မှတ်နေလား”

ဇော်ရာက ပြောပြောဆိုဆိုဖြင့် လှေကားထစ်များ ပေါ် ဆက်တက်သွားသည်။ခြေချစရာလှေကားထစ်များ က သေးငယ်နေသည့်အပြင် မခိုင့်တခိုင် ဖြစ်နေသော ကြောင့် လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ပြီး တက်နေရခြင်း ဖြစ်၏ ။ လှေကားထစ်များ နောက်မှ ပိတ်ထားသော အကာမရှိသော ကြောင့် အဆင်မသင့်လျှင် လှေကားထစ်နှစ်ထစ်ကြား ခြေကျွံပြီးကျသွာမည် ကို ဇော်ရာကစိုးရိမ်နေပုံပေါ်သည်။

လကျာ်အောင်က သူ့လက်ထဲမှ ပုံသဏ္ဌန်ရိုးတိုးရိတ်တိတ်ထင်စပြုနေပြီ ဖြစ်သည့် စက္ကူအဖြူချပ်ကို ကိုင်မြှော က်ပြရင်း…

”ဒီမှာ လေကွာ၊မင်းမယုံရင်လာကြည့်ပါလား”

ထိုအခါကျမှ ဇော်ရာက စိတ်ဝင်စားသွားပြီး။

”ဟင်…တကယ်လား၊ပြစမ်း…ငါကြည့်မယ်”

ပြောပြောဆိုဆိုနှင့် ဇော်ရာက လှေကားပေါ်မှ ပြန်လှည့်ပြီးဆင်းလိုက်သည်။ထိုစဉ်မှာ ပင် ကျယ်လောင် လှသော …

”ဖျောင်း”

ခနဲမြည် သံကို သူတို့အားလုံး ကြားလိုက်ရချင်း ဖြစ်သည်။ထိုအသံကြောင့် သူတို့ပြိုင်တူလှမ်းကြည့်လိုက်ရာ…

လှေကားထစ်ကျိုးပြီး ဒလိမ့်ခေါက်ကွေး ပြုတ်ကျလာသည့်ဇော်ရာ့ကိုတွေ့ လိုက်ရသည်။

”အား”

”ဘုန်း“

ဇော်ရာကလက်များ ကိုလေထဲတွင် ဝှေ့ယမ်းရင်းကြမ်းပြင်ပေါ်သို့ခြေကားယား၊လက်ကားယားပြုတ်ကျလာ၏ ။

”ဟာ”

ကြမ်းပြင်တွင် သူ့တစ်ကိုယ်လုံးဆောင့်တိုက်လိုက်မိ သံကကျယ်လောင်လွန်းလှသော ကြောင့် လကျာ်အောင် တို့သုံးယောက် စလုံး”ဟာ” ခနဲဝိုင်းအော်လိုက်မိကြ၏ ။

”အား…ကျွတ်…ကျွတ်၊ငါ့ခြေထောက်…ငါ့ခြေထောက်”

ဇော်ရာ ကတော့ ကြမ်းပြင်ပေါ်တွင် လူးလွန့်ရင်း သူ့ညာဘက်ခြေကျင်းဝတ်ကို လက်ဖြင့် ဖွဖွဆုပ်ကိုင်ကာ ညည်းညူနေသည်။ကျန်သူများ အားလုံး အံအားသင့်နေကြသည်။

လကျာ်အောင်ကလည်း ကြမ်းပြင်ပေါ်တွင် လူးလွန့်ရင်းသူ့ညာဘက်ခြေကျင်းဝတ်ကို လက်ဖြင့် ဖွဖွဆုပ်ကိုင် လျက်သား။တိုးခန့်နှင့်မားသဲတို့ကလည်း ပါစပ်အဟောင်းသားဟလျက်။

နောက်မှသူတို့အားလုံး ပြိုင်တူသတိဝင်လာကြပြီး။

“ဇော်ရာ…ဇော်ရာ၊မင်းဘာ ဖြစ်သွာသေးလဲ”

အော်ဟစ်ရင်း ဇော်ရာဆီိသို့ပြေးသွားကြ၏ ။ဇော်ရာ ကတော့ခြေထောက်ကိုကိုင်ကာ ညည်းညူရင်း…

”အား…ကျွတ်…ကျွတ်၊ငါ့ခြေထောက်ကျိုးသွားပြီလားမသိဘူး”

သူတို့အားလုံးဘာလုပ်ရမည် မှန်းမသိ ဖြစ်နေကြ၏ ။

ထိုစဉ်မှာ ပင် သူတို့ဦးခေါင်းပေါ်ရှိကြမ်းပြင်ကိုတစ်စုံ တစ်ယောက် ကနင်းလိုက်သည့်အသံ ကျွီကနဲကြားရ

သည်။

”ဟင်”

ခြေသံများ …။အိမ်ထဲသို့တစ်စုံ တစ်ယောက် ၀င်လာလေပြီ။

ခြေသံများ သည် သူတို့ရှိရာ မြေအောက်ခန်းတံခါးဝဆီသို့ဦးတည်ရင်းလျှောက်လာနေခြင်း ဖြစ်၏ ။

မကြာခင်သူတို့ကိုတွေ့ သွားပေတော့မည် ။

ခြေသံများ သည် တစ်စထက်တစ်စ ကျယ်လောင်လာ၏ ။

သူတို့သူငယ်ချင်းလေးဦးသား ထိတ်လန့်တုန်လှုပ်စွာ ဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်မိသည်။

”ငါတို့ဒီနေရာကအမြန်ထွက်မှ ဖြစ်မယ်”

မားသဲကလေသံသဲ့သဲ့ဖြင့် ပြောလိုက်၏ ။

”ကျွီ”

ခြေသံက နီးလာလေပြီ။ဇော်ရာက…

”မင်းတို့ ငါ့ကို မထားခဲ့ကြနဲ့ လေကွာ”

ဟုပြောရင်း လူးလဲထဖို့ ကြိုးစားသည်။မားသဲက…

”ထ…ဇော်ရာ၊မြန်မြန်ထ”

”ငါ ဒီဘက်ခြေထောက်ပေါ် အားပြုပြီး ရပ်လို့မရဘူးဟ”

”ကိစ္စမရှိဘူး၊လာ…ငါ့ကိုတွဲ ၊တိုးခန့်နင်ကဟိုဘက်ကတွဲ လေဟာ”

တိုးခန့်က ဇော်ရာကို ဆွဲထူပြီး လက်တစ်ဖက်ကို သူ့ပခုံးပေါ်သိုင်းဖက်ဆွဲယူလိုက်သည်။

“ကဲ…လာ၊သွားကြစို့”

မားသဲက တစ်ဖက်မှတွဲ ရင်းတီးတိုးပြောသည်။တိုးခန့်က…

”နေစမ်းပါဦး၊ဘယ်အပေါက်ကထွက်မှာ လဲ”

တိုးခန့်က ဇော်ရာ့ကိုဆွဲထူပြီးလက်တစ်ဖက်ကို သူ့ပခုံးပေါ်သိုင်းဖက်ဆွဲယူလိုက်သည်။

”ငါတို့ဒီလှေကားအတိုင်းပြန်တက်လို့တော့မ ဖြစ်ဘူး။အပေါ်ရောက်ရင်တည့်တည့်တိုးမှာ ”

ဇော်ရာက နာကျင်နေသည့်ကြားမှ တုန်တုန်ရင်ရင်ဖြင့် ဝင်ပြော၏ ။ကြမ်းပြင်ပေါ်မှ တကျွီိကျွီနှင့်နင်းလျှောက် လာသော ခြေသံကလည်းနီးသထက်နီးလာလေပြီ။

လကျာ်အောင်က ကင်မရာနှင့်ဓာတ်ပုံကိုင်ထားရင်း…

”စောစောတုန်းက စားပွဲရဲ့ ဟိုဘက်နားမှာ တံခါးပေါက် တစ်ပေါက်တွေ့ မိတယ်“

”အပြင်ကိုထွက်တဲ့ တံခါးလား”

”ဟုတ်မယ်ထင်တာပဲ“

”ဟုတ်ပါစေလို့ပဲ ဆုတောင်းရတော့မှာ ပဲ၊အချိန်မရှိတော့ဘူး၊လာ…သွားကြစို့”

မားသဲက ပြောပြောဆိုဆိုနှင့် ဇော်ရာ့ကိုတွဲ ရင်း အခန်းတစ်ဘက်စွန်းဆီသို့ ဒရွတ်တိုက်ပြေးသည်။စာမေးပွဲ ဘေးနံရံရှိ ခပ်ဟဟ ဖြစ်နေသော တံခါးကို တွန်းဖွင့်လိုက်သော အခါ လှေကားထစ်များ ကို တွေ့ ရ၏ ။

သူတို့ဘာမှစဉ်းစားမနေနိုင်တော့။လှေကားထစ်များ အတိုင်း ပြေးတက်ခြဲ့ ကတော့သည်။

”ဟင်”

မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူတို့အားလုံး ရင်ဆို့သွားရ၏ ။

လှေကားထစ်များ အဆုံးတွင် ပိတ်ထားသော တံခါးတစ်ချပ်။

”လကျာ်…၊တံခါးကိုဖွင့်လေဟာ မြန်မြန်ဖွင့်ပါဟ”

မားသဲက တတွတ်တွတ်နှင့်အလောတကြီးပြောနေသည်။

လကျာ်အောင်က လက်ထဲမှ ကင်မရာကို လှေကားထစ်များ ပေါ်သို့ခဏချထားလိုက်ပြီး တံခါးလက်ကိုင်ဘုကို လှည့်သည်။မရ။

”အတင်းဆောင့်တွန်းပြီး ဖွင့်ကြည့်စမ်း”

မာသဲ၏ စကားကြောင့် လက်ျာအောင်ကတံခါးကို ခြေထောက်ဖြင့် ဆောင့်ကန်သည်။နောက်ပခုံးဖြင့် အရှိန်ရှိန်ပြင်းပြင်း ဆောင့်တိုက်ပစ်လိုက်သည်။မပွင့်။

”တံခါးကို အပြင်ကနေ သော့ ခတ်ထားတယ်”

လကျာ်အောင်က စိတ်ပျက်အားလျော့စွာ ပြောလိုက်သည်။

သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏ ။

သူတို့ချောင်ပိတ်မိနေကြလေပြီ။

”ဘယ်…ဘယ်လိုလုပ်ကြမလဲ”

ဇော်ရာ၏ မျက်နှာပေါ်တွင် ချွေတွေ ရွဲနစ်နေသည်။မားသဲ ကတော့ စကားပင်မပြောနိုင်တော့၊တိုးခန့်က…

”မင်းနဲ့ ငါ ပြိုင်တူပခုံးနဲ့ ပြေးဆောင့်ကြည့်ရအောင်”

လကျာ်အောင်နှင့် တိုးခန့်တို့နှစ် ယောက် သား လှေကားတစ်ထစ်နှစ် ထစ်မျှ နောက်သို့ဆုတ်ပြီး အရှိန်ယူလိုက် ကြသည်။

”ကဲ…တစ်…နှစ် …သုံး”

”ဝုန်း”

တစ်ကိုလုံးရှိရှိသမျှအင်အားဖြင့် အနာခံပြီးပစ်တိုက်လိုက်ရာတံခါးပွင့်ထွက်သွားသည်။

”ဟေး”

”အမလေး…တော် ပါသေးရဲ့ ”

မားသဲကမြူးတူးစွာ ဖြင့် ရေရွတ်လိုက်၏ ။

လကျာ်အောင်က လှေကားထစ်ပေါ်ချထားသော ကင်မရာကိုကောက်ကိုင်ပြီးရှေ့ဆုံးမှနေ၍ ပြေးထွက်လာခဲ့သည်။

ရှည်လျားသော မြက်များ နှင့် ခြုံနွယ်ပိတ်ပေါင်းများ ကို မြင်လိုက်ရခြင်းကြောင့် ခြံကွက်လပ်ထဲသို့ ရောက်လာခြ င်း ဖြစ်မှန်း သူတို့သိလိုက်ကြသည်။သူတို့ဝင်လာခဲ့ကြသော ခြံဝင်းအရှေ့ဘက်ခြမ်းတော့ မဟုတ်။ဒီနေရာက အိမ်ကြီး ၏ ခြေရင်းဘက် ဖြစ်သည်။ခြုံနွယ်ပိတ်ပေါင်းများ ပိုထူထပ်ပြီး တစ်ဝက်တစ်ပျက် ပြိုလဲကျနေသည့် သစ်ပင်ကြီးများ ကိုလ ည်းမြင်ရသည်။

လဲကျနေသော သစ်ပင်ကြီးများ ၏ အကိုင်းအခက်တို့နှင့် လွတ်အောင် ငုံ့လျှိုးပြေးလွားလာကြပြီးသောအခါ ပြေပစ်သော ဆင်ခြေလျှောအစပ်သို့ ရောက်လာကြ၏ ။မြစ်ခင်းပြင်ပေါ်တွင် သူတို့ခတ္တရပ်နားလိုက်ကြသည်။

မားသဲနှင့် တိုးခန့်တို့ကို တွဲ ၍ လိုက်လာရသော ဇော်ရာက ထော့နင်းထော့နင်းနှင့် ခြေတစ်ဖက်ကို ဒရွတ်ဆွဲ၍ ပါလာ၏ ။မားသဲက…

”ဘယ်လိုလဲ…ဇော်ရာက၊နင်လမ်းလျှောက်နိုင်ပါ့မလား”

”ဖြည်းဖြည်းချင်းတော့ လျှောက်လို့ရမယ်ထင်တာပဲ၊စောစောကလောက်တော့မနာတော့ဘူး”

တိုးခန့်က…

”ဒါဆိုစမ်းလျှောက်ကြည့်ပါလား”

ဇော်ရာက တွဲ ထားသော လက်များ ကို လွှတ်ပြီး စမ်းလျှောက်ကြည့်သည်။အကောင်းပကတိမဟုတ်သော်လည်း ထော့နင်းထော့နင်းနှင့် ဖြည်းဖြည်းချင်းတော့ သွားနိုင်ကြောင်းတွေ့ ရ၏ ။

”ဒီလောက်ဆို မဆိုးပါဘူး၊အိနြေ္ဒမပျက် ဖြည်းဖြည်းချင်းလျှောက်ပြီး အိမ်ပြန်ကြတာပေါ့၊လာ…သွားစို့”

တိုးခန့်၏ စကားအဆုံးတွင် ဆင်ခြေလျှောကလေးအတိုင်းမြေနီလမ်းဆီသို့ သူတို့ဆင်းလာခဲ့ကြသည်။လမ်း ပေါ်သို့ရောက်သော အခါတိုင်ပင်မထားကြဘဲနှင့် သူတို့အားလုံး ပြိုင်တူလိုလို အိမ်ကြီးဆီသို့ တစ်ချက် ပြန်လှည့်ကြ ည့်မိကြ၏ ။

”ဟင်…ဟိုမှာ ”

မားသဲ ညွန်ပြသော အရာကို သူတို့အားလုံးလည်း မြင်လိုက်ကြရသည်။

အိမ်ကြီးအပေါ်ထပ် မှန်ပြတင်းတံခါးနောက်ကွယ်မှ အရိပ်မည်းမည်းတစ်ခု။

ထိုအရိပ်မည်းမည်း၏ အသွင်အပြင်က လူ တစ်ယောက် ၏ ပုံသဏ္ဌန်ကောက်ကြောင်းအတိုင်း ပီပီသသ။

”အဲဒါ ဘယ်သူများ လဲ မသိဘူးနော်”

”အရူးဖိုးငို ပဲ ဖြစ်မှာ ပေါ့ဟာ၊နင်ပလည်းကြည့်မနေပါနဲ့ တော့၊လာ…သွားကြစို့”

”ဘယ်လို ဖြစ်နိုင်မှာ လဲ၊ဟိုမှာ မြင်နေရတာ က မိန်းမ တစ်ယောက် ပဲဥစ္စာ”

မားသဲ၏ စကားကြောင့် ကျန်သုးံယောက် စလုံး မျက်နှာများ ကို ပွတ်သတ်ပြီး သေချာအောင် ထပ်ကြည့်လိုက် ကြပြန်သည်။ထို့နောက်…နင် မျက်စိကန်းနေသလား မားသဲ၊ဘယ်ကလာ မိန်းမရမှာ လဲ၊ ယောကျာ်း တစ်ယောက် ဖြစ်သော်လည်းမားသဲ ကအလျှော့မပေးဘဲ ငြင်းနေသည်။

မြို့အဝင်လမ်းပေါ်ထိရောက်သည့်တိုင် သူတို့အငြင်းအခုန်ကမပြီးသေး။

သူတို့အားလုံး ဇော်ရာအိမ်သို့ ရောက်သော အခါမှပင် စိတ်လက်ပေါ့ပါးသွားပြီး သက်ပြင်းချနိုင်ြ ကတော့၏ ။

”မင်းခြေထောက်ဘယ်လိုနေသေးလဲ”

လကျာ်အောင်က မေးလိုက်သည်။ဇော်ရာက…

”သိပ်မနာတော့ဘူးကွ၊ ဖြစ်ခါစနဲ့ စာရင် အများ ကြီးသက်သာသွားပြီ“

တိုးခန့်က သူ့နဖူးမှ ချွေးများ ကို အင်္ကျီလက်ဖြင့် သုတ်လိုက်ရင်း…

”တကယ်ဆို မင်းကိုအဲဒီ အိမ်ထဲမှပဲပစ်ထားခဲ့ဖို့ကောင်းတာ၊သိလား…ဇော်ရာ”

”အေးကွာ…ငါ့ကို ဒီလောက်တောင် မေတ္တာထားတာ ကျေးဇူးပါပဲ၊ဘယ်လိုလဲ မင်းတို့ကော နောက်ထပ်ရင်ခုန် စရာ စွန့်စားခန်းကလေးများ ကြုံချင်ကြသေးလား”

”တော် စမ်းပါ ဇော်ရာရယ်၊ငါကခုထက်ထိ ဟိုပြတွင်းပေါက်က လှမ်းကြည့်နေသည့်သူကို စိတ်ထဲက တွေးပြီး ကြောက်နေတုန်းပဲ”

မားသဲကရယ်မောသံဖြင့် ပြောသည်။တိုးခန့် ကတော့…

”နင်ကလဲဟာ အရူးပါဆိုနေမှ”

”သူ့ပုံစံက အရူးမဟုတ်ဘူးထင်တယ်ဟ၊ငါတို့ကိုစူးစူးစိုက်စိုက်ကြည့်နေတာ။ငါတို့ တစ်ယောက် ချင်းစီကို သူ သေသေချာချာ မြင်သွားပုံ”

လက်ျာအောင်က ဝင်၍ …

”အရူးဆိုရင်လည်း အန္တရယ်ရှိတာပဲ၊ငါတို့ကိုသူဘာလုပ်မလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး”

”အဲဒါ…ဘာ ဖြစ်လဲ၊ငါတို့က သူ့အိမ်ထဲဝင်တာမှ မဟုတ်တာ၊သူကသာ ပိုင်ရှင်မဲ့အိမ်ထဲဘယ်သူမှခွင့်မပြုဘဲဝင် နေနေတာ၊တစ်ခုခု ဖြစ်လာရင် ရဲကိုတိုင်လိုက်ရုံပေါ့”

ဟု တိုးခန့်က မထေမဲ့မြင်လေသံဖြင့် ပြော၏ ။

မားသဲ ကတော့…

”ဘာပဲ ဖြစ် ဖြစ်ဟာ ငါတို့ အဲဒီ အိမ်ဘက် ထပ်မသွားကြရင်ကောင်းမယ်၊အလကားနေရင်း ပြဿနာ အရှုပ်ချင် ဘူး”

”ဟုတ်တယ်၊မားသဲပြောတာ ငါလက်ခံတယ်”

ဇော်ရာက သူ့ခြေချင်းဝတ်ကို နှိပ်နယ်နေရင်းက ဝင်ပြောလိုက်၏ ။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရ သွားဟန်ဖြင့် လက်ျာအောင်ဘက်သို့လှည့်ပြီး…

”ဟေ့ကောင်…လက်ျာ၊ ငါ့ပုံကော”

”ဘာ…”

”ဓာတ်ပုံလေ၊ဟိုအိမ်ကြီးထဲမှာ တုန်းက မင်း ငါ့ကို ရိုက်လိုက်တဲ့ ဓာတ်ပုံကိုပြောတာ”

”သြော်…အဲဒါလား”

ထိုအခါကျမှပင် လက်ျာအောင်က သတိရသွားပြီး သူယူလာသည့် ကင်မရာကို အောက်သို့ခဏချကာ သူ့ ဂျင်းဘောင်းဘီနောက်ဘက်ရှိ အိတ်ကို စမ်းလိုက်သည်။

”ငါလည်း ပြေးရင်းလွှားရင်းနှင့် ဓာတ်ပုံကိုဘောင်းဘီအိတ်ထဲထိုးထည့်လိုက်ပြီး မေ့နေလိုက်တာ”

လက်ျာအောင်က ပြောပြောဆိုဆိုဖြင့် ဓာတ်ပုံကို ဆွဲထုတ်လိုက်၏ ။ ထို့နောက် သူ့လက်ထဲမှ ဓာတ်ပုံကို ငုံ့ကြ ည့်လိုက်သည်။

”ဟင်…”

မယုံကြည်နိုင်သော ထိတ်လန့်အံ့သြမှု ဖြင့် သူ ကြက်သေသေသွားသည်။ထို့နောက် သူက ကြောက်လန့်တ ကြားဖြင့် …

”နေဦး…ဒီ…ဒီပုံမှာ တစ်ခုခုတော့ မှားနေပြီ၊ဒီမှာ ကြည့်စမ်း၊ဘယ်လိုပုံကြီးလဲ”

သူတို့သူငယ်ချင်းလေးယောက် စလုံး ဓာတ်ပုံကို ဝိုင်းအုံကြည့်လိုက်ကြပြီးနောက် အံ့သြတုန်လှုပ်စွာ ဖြင့် ပါးစပ် အဟောင်းသား ပွင့်သွားကြသည်။

ဓာတ်ပုံထဲတွင် မြင်ရသည်က…

လှေကားပေါ်မှ ပြုတ်ကျလာပြီး ကြမ်းပြင်နှင့် မထိခင် လေထဲတွင် ဇောက်ထိုး ဖြစ်နေသော ဇော်ရာ၏ ပုံ။

”ဒါ…ဒါ မ ဖြစ်နိုင်တာပဲ”

မားသဲကတုန်ရင်နေသော လေသံဖြင့် ရေရွတ်လိုက်၏ ။ဇော်ရာကလည်း…

”မင်း…မင်း ဓာတ်ပုံရိုက်ပြီးမှ ငါက ပြုတ်ကျသွားတာပဲဘယ်လို ဖြစ်လို့ဒီ…ဒီပုံ”

သူတို့နားမလည်နိုင်ြ ကတော့ဘူး။

တိုးခန့် ကတော့ သူတို့ကို မျက်လုံးတစ်ချက် ဝေ့ကြည့်ပြီး…

”မင်းတို့အမှတ်မှားတာ ဖြစ်နေကြတာ ဖြစ်မယ်၊ဇော်ရာပြုတ်ကျတော့မှ လျှပ်တပြက် ရိုက်လိုက်တာမဟုတ်ဘူး လား”

”မဟုတ်…”

”ဟုတ်ပါတယ်ကွ၊ လျှပ်တပြက်လှမ်းရိုက်လိုက်တာတောင် ဒီလောက်ပုံကောင်းကောင်းထွက်ရင် မင်းခိုးလာတဲ့ ကင်မရာက ဘယ်ဆိုးလို့တုန်းကွ”

တိုးခန့်က စွတ်ပင်ပြောနေသည်။လက်ျာအောင်က…

”ငါ ခိုးလာတာ မဟုတ်ပါဘူး၊တကယ်ဆို ငါမသိ…”

ဇော်ရာ ကတော့ သူတို့နှစ် ယောက် အကြား စကားကို ဝင်လုပြီးပြောသည်။

”မဟုတ်ဘူးကွ၊ငါ သေသေချာချာမှတ်မိတယ်၊ဓာတ်ပုံရိုက်တုန်းက ငါ ပြုတ်မကျသေးဘူး၊ငါ အိုက်တင်ပေးနေ တာမင်းမှတ်မိတယ် မဟုတ်လား လက်ျာ၊ငါ ပြုံးပြုံးကြီးလုပ်တာကလွဲရင် တစ်ခြားဘာများ ပြောင်ပြောင်မြောက်မြောက် လုပ်တတ်သေးလို့လဲ၊အားလုံး သိနေကြတာပဲဥစ္စာ”

”ဟေ့ကောင်…တိုးခန့်၊နောက်မနေနဲ့ ကွ ဒါ တကယ်ထူးဆန်းလို့ ပြောနေတာ”

ဇော်ရာကခတ်ဆတ်ဆတ်ပြောလိုက်သည်။လက်ျာအောင်ကလည်း…

”ဟုတ်တယ်…ထူးဆန်းတယ်”

သူ သည်မျှသာ ပြောနိုင်တော့သည်။ဘာကြောင့် လဲဟူသည့်အဖြေကိုကား ရှာမရပါချေ။

သူငယ်ချင်းများ နှင့် ခွဲပြီး သူ တစ်ယောက် တည်း အိမ်ကို ပြန်လာသည့်အချိန်တွင် ကား မိုးချုပ်စပင် ပြုနေလေပြီ။

”ဒုက္ခပဲ…အမေတော့ ငါ့ကို ဆူနေဦးမလား မသိဘူး”

ဟု လက်ျာအောင် စိတ်ထဲတွင် တွေးမိသည်။သူကအိမ်မှမထွက်မှီညနေ လေးနာရီအမီပြန်လာခဲ့မည် ဟု အမေ့ ကိုကတိပေးသော ကြောင့် ဖြစ်သည်။

ခြံဝင်းတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်စဉ်မှာ ပင် အိမ်ရှေ့ကွက်လပ်ထဲ၌ ရပ်ထားသော ကားအသစ်တစီးကို တွေ့ လိုက်ရသည်။

”ဟင်…ဘယ်သူ့ကားဘာလိမ့်”

အိမ်ထဲသို့ လှမ်းကြည့်လိုက်တော့လည်း ဧည့်သည်ရောက်နေသည့် အရိပ်အယောင်ကိုပင် မမြင်ရ။

သူက ကားသစ်ကလေးကို သေသေချာချာထပ်ကြည့်လိုက်ပြန်သည်။အပြာရောင် စတေရှင်ဝက်ဂွန် အမျိုးအ စား ကားအသစ်ချပ်ချွတ် တစ်စီး ဖြစ်သည်။သစ်လိုက်သည်မှ မှန်ပေါ်တွင် ရေး ခြစ်ထားသော ပို့ကုန်ပစ္စည်းအမျိုးအစား နံပါတ်နှင့် စာတမ်းများ ကိုပင် မဖျက်ရသေး။ကုမ္ပဏီစတစ်ကာတံဆိပ်များ ကိုလည်း မခွာရသေး။

ယခုမှ မြေကြီးပေါ်နင်းကာစ အသစ်စက်စက် ဖြစ်သည်။

ဒါ…ဒါဟာ ဖေဖေ ဒီနေ့မှ ဝယ်လာတဲ့ကားအသစ်ပဲ။

သူ အရမ်းပျော်သွားသည်။ဒရိုင်ဘာထိုင်ခုံဘေးမှ တံခါးကိုဆွဲဖွင့်လိုက်သည်။ကားအသစ်များ တွင် ရလေ့ရှိ သော ဗင်နိုင်းရနံလတ်လတ်ဆတ်ဆတ်ကို သူရှူရှိုက်လိုက်ရ၏ ။

”ဟာ…မွှေးလိုက်တာ”

သူ့ရင်ထဲတွင် လတ်ဆတ်သင်းပျံ့သွားသည်။ကားတံခါးကို ပြန်ပိတ်လိုက်သော အခါ ချပ်ခနဲမြည် သွားသည့်အ သံတိုးတိုးကို သာယာစွာ သူကြားရလေသည်။

သူက ကင်မရာကို မျက်လုံးနဲ့ တစ်တန်းတည်း ဖြစ်အောင်မြှော က်ချိန်လိုက်ပြီး နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

“ဒီကားသစ်ကလေးကို တစ်ပုံလောက် အမှတ်တရ ရိုက်ယူထားလိုက်ဦးမှပဲ”ဟု လက်ျာအောင်က တွေးလိုက် ၏ ။

ဒီအခိုက်တန့်သည် သူ့အတွ့အကြုံမှာ ထူးခြားပြီး ရတောင့်ရခဲသည့်အချိန်ကာလလေးတစ်ခုပင် မဟုတ် ပါလား။

လက်ျာအောင်က ကားအသစ်လေး၏ ပုံကိုကြည်လင်ပြတ်သားစွာ မြင်ရသည်အထိ မှန်ဘီလူးဆုံတာ(focus) ကို ဖြည်းဖြည်းချင်း လှည့်၍ ချိန်သည်။စိတ်ကြိုက်ရသည်ဆိုသည့်အခါတွင် မှ ခလုတ်ကို နှိပ်လိုက်၏ ။

“ဖျောက်“

ကင်မရာ ဖလက်ရှ် မီးလင်းသွားသည်နှင့် အတူ ဖလင်ရစ်သံ သဲ့သဲ့ကိုပါ ကြားရသည်။

တခဏချင်းမှာ ပင် ဓာတ်ပုံအိမ်ထဲမှ ပုံသဏ္ဌန်မပီပြင်သေးသော လေးထောင့်စက္ကူဖြူတစ်ချပ် ထွက်လာသည်။

လက်ျာအောင်က ဓာတ်ပုံအနားစွန်းကို ဖွဖွကိုင်ပြီး ညင်သာစွာ ဆယ့်လေးငါးကြိမ်ခန့် ခါရမ်းပေးလိုက် သော အ ခါ ဓာတ်ပုံစက္ကူပေါ်တွင် မီးခိုးရောင် နှင့် အဝါရောင် စတင်သန်းလာသည်။

ထိုစဉ်မှာ ပင်

“သား ပြန်လာပြီးလားဟေ့၊လက်ျာရေ၊မင်းဖေဖေတောင် ရောက်နေပြီ“

သူ့မိခင်က လှမ်းခေါ်လိုက်ချင်း ဖြစ်သည်။လက်ျာအောင်က…

“ဟုတ်ကဲ့၊လာပြီ မေမေ ခဏလေး“

ပြောပြောဆိုဆိုနှင့် သူက အတွေ့ မခံဘဲ အိမ်အပေါ်ထပ်ရှိ သူ့အခန်းဆီသို့ တဟုန်ထိုးပြေးလာခဲ့တော့သည်။

လောလောဆယ်တွင် အရေး ကြီးနေသည်က ဒီကင်မရာကို သူ့အခန်းထဲက တစ်နေရာရာမှာ ဖွက်ထားဖို့ပင် ဖြစ်သည်။

အကယ်၍ အဖေနှင့် အမေသာ မြင်သွားခဲ့ပါက “ဒါ ဘယ်သူကင်မရာလဲ၊ဘယ်ကရလာတာလဲ“ စသဖြင့် မေး ခွန်းများ စွာ မေးနေပေလိမ့်ဦးမည် ။

အဲဒီ လိုမေးခွန်းမျိုးတွေ ကို သူမဖြေချင်။

“သားရေ…ဘာလုပ်နေတာလဲ၊ဆင်းခဲ့တော့လေ မင်းဖေဖေ ဝယ်လာတဲ့ ကားသစ်ကလေးကို မြင်ပြီးသွားပြီိ လား“

အောက်ထပ်မှ လှမ်းအော်လိုက်သော သူ့မိခင်၏ လေသံက စိတ်မရှိသံပါနေ၏ ။ထို့ကြောင့် လက်ျာအောင်က.

“ဟုတ်ကဲ့ မေမေ လာပြီ“

ပြန်ဖြေပြီး သူ့အခန်းတစ်ခုလုံးတွင် ကင်မရာဖွက်ဖို့ ကောင်းမည့် နေရာကို ကမန်းကတန်းအကြည့်ဖြင့် ရှာဖွေလိုက်ရသည်။

ကုတင်အောက်မှဆိုလျှင်ကော။

ဟင့်အင်…မ ဖြစ်သေး။မေမေက ကုတင်အောက်ကို မကြာခဏ သန့်ရှင်းရေလုပ်တတ်သည်။အဲ့ဒီမှာ ထားလျှင် တွေ့ သွားမှာ သေချာ၏ ။

“သြော…ဟုတ်ပြီ”

သူ့စာအုတ်စဉ်နောက်ဘက်မှ ဖိုင်တွဲ များ ထားရာ အကန့်ကလေးကို သူသတိရလိုက်သည်။

“ဒီမှာ ဆိုရင်တော့ လုံခြုံလောက်တယ် ” ဟုတွေးကာ ကင်မရာကို ထိုးထည့်ပြီး စာအုပ်များ ဖြင့် ပြန်ကွယ် ထားလိုက်သည်။

ထို့နောက် မသပ်မရပ် ဖြစ်နေသော ဆံပင်ကို တစ်ချက်၊နှစ် ချက်ဖြီးလိုက်ပြီး အခန်းထဲမှ ပြေးထွက်ခဲ့တော့၏ ။

တံခါးဝသို့အရောက်တွင် သူ့ခြေလှမ်းတွေ တုန့်ကနဲရပ်သွားသည်။စောစောက သူရိုက်ခဲ့သော ကားလေး၏ ဓာတ်ပုံကို သတိရလိုက်သော ကြောင့် ဖြစ်သည်။

အဲဒီ ဓာတ်ပုံကို ငါဘယ်မှာ ထားလိုက်မိပါလိမ့်။

ခဏမျှ စဉ်းစားလိုက်သော အခါ ထိုဓာတ်ပုံကို ကုတင်ပေါ် ပစ်တင်ခဲ့မိကြောင်း သတိရလာသည်။ထို့ကြောင့် သူက အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်မှ ဓာတ်ပုံကို ကောက်ယူလိုက်သည်။

ထိုနောက် သူတို့မိသားစုပိုင် ပထမဦးဆုံး ကားအသစ်လေး၏ အမှတ်ရဓာတ်ပုံကို ငုံ့ကြည့်လိုက်ရာ…

”ဟင်…မဟုတ်ဘူး၊မဟုတ်ဘူး။ဒါ…ဘယ်နည်းနဲ့ မှမ ဖြစ်နိုင်ဘူး”

သူ ဓာတ်ပုံကြည့်ပြီး သွေးရူးသွေးတန်း အော်ဟစ်လိုက်မိလေသည်။

”ဘာတွေ ဖြစ်ကုန်ပြီလဲ၊ဘာတွေ ဖြစ်ကုန်ပြီလဲ” ဟုလက်ျာအောင်စိတ်ထဲက အကြိမ်ကြိမ်မေးနေမိ၏ ။သေချာသ ထက်သေချာအောင် ဓာတ်ပုံကိုလည်း သူ့မျက်လုံးနှင့် ထိကပ်လုမတတ် အကြိမ်ကြိမ်ထပ်ကြည့်ခဲ့ပြီး ဖြစ်သည်။

တစ်ခုခုတော့ မှားနေပေပြီ။

ဓာတ်ပုံထဲတွင် ကား အပြာရောင် စတေရှင်ဝက်ဂွန်ကားလေးသည် ရစရာမရှိအောင် စုတ်ပြတ်သတ်ကာ ကြေ မွပျက်စီးနေ၏ ။ဆိုးဆိုးဝါးဝါး ကားတိုက်မှု တစ်စုံတစ်ရာကြောင့် ပျက်စီးနေသည့်ပုံမျိုး။

ကားရှေ့လေကာမှန်သည် တစ်စစီကျိုးပဲ့နေသည်။စက်ဖုံးရှေ့ဘန်ပါတစ်ခုလုံးလည်း တွန့်လိမ်ကောက်ကွေး နေသည်။ကားမောင်းသူဘက်အခြမ်းရှိ တံခါးသည်ကား ပုံပျက်ပန်းပျက် ချိုင့်ဝင်နေ၏ ။

”ဘုရားရေ…ဒါ မ ဖြစ်နိုင်တာ”

လက်ျာအောင်က ဘုရားတလိုက်မိသည်။ထိုစဉ်မှာ ပင် သူ့မိခင်၏ အသံက…

”လာပြီ…မေမေ”

လက်ျာအောင်က ဓာတ်ပုံကို ဗီရိုအံဆွဲသို့ ကမန်းကတန်းပစ်ထည့်ကာ ပိတ်လိုက်ပြီး အောက်ထပ်သို့ ပြေး ဆင်းခဲ့သည်။သူ့အာရုံထဲတွင် တော့ ပုံပျက်ပန်းပျက် ကြေမွပျက်စီးနေသည့် စတေရှင်ဝက်ဂွန်ကားကလေး၏ ပုံရိပ်က ခြေက်လန့်နေလျှက်။

သေချာသထက်သေချာအောင် အိမ်ရှေ့သို့ တစ်ခေါက်ပြေးပြီးရပ်ထားသော ကားကလေးကို သူ လှမ်းကြည့် လိုက်သည်။ဝင်လုဆဲဆဲနေရောင် အောက်တွင် အပြာရောင် ကားကလေးက တောက်ပသစ်လွင်နေသည်။ ပကတိ စင်းလုံးချော အပြစ်အနာဆာမရှိ။

လက်ျာအောင်က ထမင်းစားခန်းသို့ လှည့်ဝင်ခဲ့သည်။ဖခင် ဖြစ်သူက ဆီးကြိုပြီး…

“ဘယ်လိုလဲ သား၊ဖေဖေ ဝယ်လာတဲ့ကားကို သဘောကျရဲ့ လား”

“သဘောကျတယ် ဖေဖေ၊အရမ်းမိုက်တာပဲ”

လက်ျာအောင်က သူ့အာရုံတွင် စွဲထင်နေသော ဓာတ်ပုံကို မေ့ဖျောက်ရန် ကြိုးစားရင်း ပြောလိုက်သည်။သို့ သော်…မရ။

ဆိုးရွားစွာ ပုံပျက်ပန်းပျက် ချိုင့်ဝင်နေသော ဒရိုင်ဘာနေရာကို ပြန်မြင်ယောင်နေသည်။ထိုစဉ် သူ့ဖခင်၏ ဝမ်း ပန်းတသာ ပြောလိုက်သော စကားသံကို ကြားရ၏ ။

“အေး…အခု ညစာစားပြီးရင် ဖေဖေတို့တစ်မိသားစုလုံး အဲ့ဒီကားလေးနဲ့ လျှောက်လည်ကြရအောင်”

လက်ျာအောင်၏ ရင်ထဲတွင် ပူလောင်တင်းကျပ်လာ၏ ။သူ ချက်ချင်း ပင် အော်ဟစ်ပြီး တားပစ်လိုက်ချင်သည်။ သို့သော် သူ့မှာ ပြောပြစရာစကားလုံးမရှိ။

“ကျွန်တော် …ကျွန်တော် တို့ သွားလို့မ ဖြစ်ဘူးထင်တယ် ဖေဖေ”

“ဘာ ဖြစ်လို့လဲ ညီလေးရ”

ထမင်းစားပွဲတွင် ရောက်နှင့် နေသည့် သူ့အစ်ကို ဖြစ်သူ ဗညားအောင်က လှမ်းမေးလိုက်ခြင်း ဖြစ်သည်။

“ဘာ ဖြစ်လို့လဲဆိုတော့…အဲ”

လက်ျာအောင်က အကြောင်းပြချက်ကောင်းကောင်းတစ်ခုလောက်ပေးရန် မပြေးအလွှားရှာဖွေစဉ်းစားလိုက် သည်။သို့သော် သူ့ဦးခေါင်းထဲတွင် ဗလာဟင်းလင်း ဖြစ်နေ၏ ။

အမှန်အတိုင်းတော့ သူပြောပြ၍ မ ဖြစ်

ဇော်ရာ့ကို သူဓာတ်ပုံရိုက်ခဲ့သည့်အကြောင်း ဓာတ်ပုံထဲတွင် ဇော်ရာလှေကားပေါ်မှ ပြုတ်ကျသည့်ပုံပေါ်နေပြီး နောက်မကြာခင်မှာ ပင် ဇော်ရာ တစ်ယောက် တကယ်ပင် ပြုတ်ကျသွားခဲ့သည့်အကြောင်း အရင်ဆုံးပြောပြရဦးမည် ။

ပြီးတော့မှ ကားအသစ်ကို သူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ရာမှ ဓာတ်ပုံထဲတွင် ဆိုးဆိုးရွားရွား ပျက်စီးနေသော မော်တော် ကားပုံပေါ်နေသည့်အကြောင်း ပြောပြရပေလိမ့်မည် ။

ဒါတွေ ကို သူဘယ်လိုလုပ်ပြီး ရှင်းပြရမည် နည်း။

မ ဖြစ်နိုင်ပါ၊ဒီအ ဖြစ်အပျက်တွေ အားလုံး ဘယ်လိုအဓိပ္ပာယ်ဆောင်နေသလဲဆိုသည်ကို သူကိုယ်တိုင်လည်း သေသေချာချာ မသိသေးပါ။

သူသိသည်မှာ တစ်ခုတည်းသာရှိသည်။ယင်းမှာ သူကြောက်လန့်တုန်လှုပ်နေသည်ဆိုသော အချက်ပင် ဖြစ်၏ ။

ဘာကိုကြောက်နေတာလဲ၊ဒါကိုလည်း သူမသိချေ။

သူ့မိသားစုကိုလည်း အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ရန်မ ဖြစ်နိုင်မှန်း သူသိနေ၏ ။ဒီအ ဖြစ်ပျက်တစ်ခုလုံး က ထူးဆန်းလွန်းနေသည်။သို့မဟုတ် ရူးကြောင်ကြောင်နိုင်လွန်းနေသည်။

“ပြောလေကွာ ဘာ ဖြစ်လို့လဲ”

သူ့အစ်ကိုက ထပ်မေးနေပြန်သည်။

“ကျွန်တော် ဇော်ရာနှင့် တွေ ကဖို့ချိန်းထားလို့”

သူက အထစ်ထစ်အငေါ့ငေါ့ ဖြစ် ပြန်ဖြေလိုက်သည်။

“ဒါလေးများ သားရယ်၊ဇော်ရာ့ဆီကို ဖုန်းဆက်ပြီး မနက်ဖြန်မှ တွေ့ မယ်လို့ ပြောလိုက်ပေါ့ကွာ“

“မဟုတ်…မဟုတ်သေးဘူး ဖေဖေ၊ကျွန်တော် …ကျွန်တော် နည်းနည်း လည်း နေမကောင်းချင်သလိုလို ဖြစ်နေ လို့ပါ”

ထိုအခါကျမှပင် သူ့မိခင်က ပျာပျာသလဲ ဖြစ်သွားပြီး…

“ဘာ ဖြစ်လို့လဲ သား၊ကိုယ်ပူနေသလား မှန်စမ်း”

“မဟုတ်ဘူး မေမေ၊ကိုယ်ပူတာ မဟုတ်ဘူး။ဟို…ဘာခေါ်မလဲ၊ပင်ပန်းလွန်းလို့ ကိုယ်တွေ ၊လက်တွေ မအီမသာ ဖြစ်နေတာပါ၊စားချင်သောက်ချင်စိတ်လည်း မရှိဘူး”

“မင်းမစားချင်ဘူးဆိုရင် မင်းပန်ကန်ထဲက ဟင်းကို ငါစားလိုက်မယ်လေ”

သူအစ်ကိုက ပြောပြောဆိုဆိုနှင့် သူ့ပန်ကန်ထဲမှ ကြက်သားဟင်းတုန်းကို ခက်ရင်းဖြင့် ထိုးကော်ယူ သွားသည်။ လက်ျာအောင် ဘာမှမတတ်နိုင်။အောင့်သက်သက်ဖြင့် ကြည့်နေလိုက်ရ၏ ။

သူ့ဖခင် ကတော့ သူ့ကို မယုံသကာင်္အကြည့်ဖြင့် ကြည့်ရင်း…

“ကိုယ်လက်မအီမသာ ဖြစ်နေရင်လည်း ဖေဖေတို့နှင့် အတူတူ ကားလိုက်စီးရင်း လေကောင်းလေသန့်၊ ဘာလေးရှူပါလား၊ ဒါမှနေကောင်းသွားမှာ ပေါ့”

“မဟုတ်သေးဘူး ဖေဖေ၊သား”

“ဘယ်လိုအကြောင်းပြချက်ပေးရမလဲ” ဟု သူ အပြင်းအထန်စဉ်းစားသည်။“စာကျက်စရာရှိသေးလို့”ဟု အကြောင်းပြလျှင်းလဲမယုံကြမည့် အပြင် ဝိုင်း၍ ပင် ရယ်ကြလိမ့်ဦးမည် ။ဘယ်လိုပြောရပါ့မလဲ။

“ဟိုဒင်း…အဲ”

“ကဲ…ဘာမှပြောမနေနဲ့ တော့၊မင်း ဖေဖေတို့နှင့် အတူ လိုက်ခဲ့ရမယ်၊ဒါပဲ”

သူ့ဖခင်က တစ်ချက်လွှတ် အမိန့်ပေးလိုက် သည်။လက်ျာအောင်က သက်ပြင်းချပြီး ခေါင်းကိုခါရမ်းလိုက်၏ ။

ငါ ဘာ ဖြစ်နေတာလဲ။ဟို ရူးကြောင်ကြောင် ကင်မရာကြောင့် ကားစီးရမှာ ဒီလောက်တောင် ကြောက်နေ စရာလား။

ချောက်ချားဖွယ်အတွေးများ ကို သူ့ဦးခေါင်းထဲမှ မောင်းထုတ်ပစ်ဖို့ သူကြိုးစားကြည့်သော်လည်း မရ။

“မင်း…ဘာ ဖြစ်နေတာလဲ…သား။ဖေဖေတော့ သားကိုနားမလည်တော့ဘူး”

ကျွန်တော့ကိုယ် ကျွန်တော် လည်း နားမလည်တော့ဘူးဖေဖေ ဟု လက်ျာအောင် စိတ်ထဲက ပြောလိုက်သည်။ သို့သော် သူ့နှုတ်ခမ်းများ ကတော့…

“ဗျာ…ဘာမှမ ဖြစ်ပါဘူး ဖေဖေ။သားလိုက်ခဲ့ပါ့မယ်”

အခန်း ( ၂ )

ကားမောင်းလာစဉ် လမ်းတစ်လျှောက်လုံး ဖေဖေက သူ့ကားအကြောင်း တတွတ်တွတ် ရှင်းပြလာခဲ့သည်။ ဗညားအောင် ကတော့ ဖေဖေပြောသမျှကို ဟုတ်ကဲ့ချည်း ခေါင်းညိတ်နေ၏ ။

မေမေ ကတော့ ဖေဖေနှင့် လမ်းတစ်လျှောက်လုံး ဖေဖေက သူ့ကားအကြောင်း တတွတ်တွတ် ရှင်းပြလာ ခဲ့သည်။ဗညားအောင် ကတော့ ဖေဖေ ပြောသမျှကို ဟုတ်ကဲ့ချည်း ခေါင်းညိတ်နေ၏ ။

မေမေ ကတော့ ဖေဖေနှင့် ယှဉ်လျက် ရှေ့ခန်းတွင် ထိုင်နေရာမှ ကားထဲမှ ကတ်ဆက်ကို တိုးတိုးဖွင့်ပြီး နားထောင်နေသည်။ကားနောက်ခန်း၏ ထောင့်တွင် ငြိမ်ငြိမ်လေး ခွေခေါက်လိုက်ပါလာသူဟူ၍ လက်ျာအောင် တစ်ယောက် သာ ရှိသည်။

ကားက အဝေးပြေးလမ်းမကြီးပေါ်သို့ တက်လိုက်သည့်အခါတွင် မေမေက နောက်ခန်းသို့လှည့်ပြီး

“သားတို့ ထိုင်ခုံခါးပတ်တွေ သေသေချာချာ ပတ်ထားကြရဲ့ လား”

“ဟုတ်ကဲ့ မေမေ”

“အရောင်းပြခန်းမှာ ကတည်းက ထိုင်ခုံခါးပတ်တွေ ကို သူတို့သေသေချာချာ ဂရုစိုက်ပြီး စစ်ပေးလိုက် ကြသားပဲ၊ကောင်းပါတယ်ကွ”

ဖေဖေကပြောရင်း လက်ဝဲဘက်လမ်းကြောကို ယူရန်အချက်ပြလိုက်သည်။ထိုစဉ် ဝေါကနဲ မြည် ဟီးသံကြီးနှင့် အတူ ကြီးမားလေးလံသော ထရပ်ကားကြီး တစ်စင်းက သူတို့ကားကို ကျော်တက်သွားသည်။လက်ျာအောင်၏ ရင်ထဲ တွင် အေးကနဲ ဖြစ်သွား၏ ။

ထရပ်ကား အိတ်ဇောပိုက်မှ မှု တ်ထုတ်လိုက်သော မဲမှော င်သည့် မီးခိုးငွေ့များ ပျယ်ချိန်တွင် ဖေဖေက လက်ဝဲ ဘက်လမ်းကြောထဲသို့ချိုးဝင်ပြီး ဂီယာပြောင်းလိုက်သည်။

ဗညားအောင်က…

“ဖေဖေ နည်းနည်း အရှိန်မြှင့်ပြီး မောင်းကြည့်ပါလား။ဒီကားဘယ်လောက်ဆွဲနိုင်သလဲ သိရတာ ပေါ့”

ဖခင် ဖြစ်သူက လီဗာပေါ်သို့ ခြေထောက်ကို ဖိနင်းလိုက်သည်။ကားကလေးက ရိပ်ကနဲ၊လျင်မြန်စွာ ပြေးလွှား သွား၏ ။

“ဒါ…ကီလို(၁၁၀)နှုန်းပဲကွ”

ဖေဖေ့စကားသံကြောင့် မေမေက ကတ်ဆက်ကို လှမ်းပိတ်လိုက်ရင်း…

“အရှိန်လျှော့ဦးလေ၊အချက်ပေးခေါင်းလောင်းသံတောင်မြည် နေပြီ”

“သိပါတယ်ကွ၊ကိုယ်က စမ်းကြည့်တာပါ”

ဖေဖေက အရှိန်ကို ထပ်မြှင့်လိုက်ပြန်သည်။ အမြန်နှုန်ပြဒိုင်ခွက်ဆီသို့ လက်ျာအောင်က လှမ်းကြည့်လိုက် သည်။သူတို့ကားသည် တစ်နာရီလျှင် (၁၃၀)ကီလိုမီတာနှုန်းနှင့် တရိပ်ရိပ်ပြေးလွှားနေလေပြီ။

“ရှင်ဟာလေ ပြောမရ၊ဆိုမရနဲ့ ရှင့်ကိုယ်ရှင် လူပျိုပေါက်ကလေးများ မှတ်နေလား၊အရှိန်လျှော့ပါလို့ပြောနေ တဲ့ဟာ၊ညကြီးမင်းကြီး ဒီအရှိန်နဲ့ မောင်းနေရင် ဒုက္ခရောက်လိမ့်မယ်”

မေမေပြောသည်မှာ မှန်၏ ။နေဝင်သွားပြီ ဖြစ်သော ကြောင့် အဝေးပြေးကားလမ်းမပေါ်တွင် မှော င်မိုက်နေ သည်။သူတို့ကားသည် ညာဘက်လမ်းကြောမှ မောင်းနှင်လာသော ကားငယ်ကလေးများ ကို ရိပ်ကနဲ၊ရိပ်ကနဲ ဖြတ်ကျော်တက်လာခဲ့ကြ၏ ။

မျက်နှာချင်းဆိုင်ဘက်ဆီမှ မောင်းနှင်လာသော ကားမီးကြီးများ က တည့်တည့်ထိုးလိုက်သည့်အခါများ တွင် မျက်လုံးတွေ ပြာခနဲ ဖြစ်သွားရ၏ ။

“လက်ျာ…ဟဲ့…သား ငြိမ်လှချည်လား၊နေလို့ကောင်းရဲ့ လား”

မေမေစကားသံကြောင့် သူက…

“ဟုတ်ကဲ့…ကောင်းပါတယ်”

ဟု ဖြေလိုက်ရသည်။သူ့စိတ်ထဲ ကတော့ ဖေဖေ့ကို အရှိန်လျှော့ဖို့ လှမ်းအော်ပြောလိုက်ချင်သည်။

အမြန်နှုန်ပြဒိုင်ခွက်ကို လှမ်းကြည့်လိုက်တော့(၁၄၀)ကီလို။ထိုစဉ်ဖေဖေက လက်ျာအောင်ကို…

“ဘယ်လိုလဲ သားရဲ့ ၊ဖေဖေဝယ်လာတဲ့ကားကို ကြိုက်ရဲ့ လား”

ထိုသို့မေးနေစဉ်တွင် ဖေဖေက ကားစတီယာရင်ကို ညာဘက်လက်တစ်ဖက်တည်းဖြင့် သာ ထိန်းထားပြီး သူ့ဖက်လက်က စီးကရက်ဘူးကို ဖွင့်ကာ စီးကရက်တစ်လိပ်ကို ထုတ်ယူပြီး နှုတ်ခမ်းဖျားမှာ တပ်၏ ။

လက်ျာအောင်က…

“ဖေဖေ့ ကားက ကောင်းပါတယ်”

ဟု ခပ်တိုးတိုးဖြေလိုက်၏ ။ထိုအချိန်တွင် ဖေဖေက ဆေးလိပ်မီးညှိရန် ကားဒက်ရှ်ဘုတ်တွင် တပ်ဆင်ပေးထား လေ့ရှိသည့် Lighter ကိုလက်တစ်ဖက်ဖြင့် စမ်းရင်း၊စမ်းရင်း ရှာဖွေနေသည်။

“ဟ…Lighterက ဒီနားမှာ ပဲ ရှိရမယ့်ဥစ္စာ၊ဘယ်ရောက်နေပါလိမ့်”

ဒီကားဒက်ရှ်ဘုတ်၏ ဖွဲ့စည်းပုံက သိပ်အကျွမ်းမဝင် အထာမကျလှသော ကြောင့် ရှာ၍ မတွေ့ ဘဲ ဖြစ်နေသည်။ ထိုစဉ်မှာ ပင် လက်ျာအောင်၏ စိတ်အာရုံထဲသူရိုက်ခဲ့သော ဓာတ်ပုံကို ဖျတ်ခနဲ ပြန်မြင်ယောင်ပြီိး ကြက်သီးထသွား၏ ။

“ဟင်…ဘယ်လိုလဲ၊ဒီကား ဒက်ရ်ဘုတ်မှာ Lighter မပါဘူးလား”

ဖေဖေက ပြောပြောဆိုဆိုနှင့် ဒက်ရှ်ဘုတ်ကို ငုံ့ကြည့်လိုက်ရာ မော်တော် ကားက လက်ဝဲဘက် တစ်ဖက်ယာဉ်

ကြောသို့ ယိမ်းထိုးပါသွား၏ ။

ထိုစဉ် လက်ျာအောင်က တစ်စုံတစ်ရာကို လှမ်းမြင်လိုက်ပြီး အသံကုန် အော်ဟစ်လိုက်သည်။

“ဖေဖေ…သတိထား၊ ရှေ့မှာ …ရှေ့မှာ ထရပ်ကားကြီး…အား”

ကားဟွန်းသံက ဆူညံကျယ်လောင်သွား၏ ။

ထရပ်ကားကြီးစီမှ လေဟတ်လိုက်သည့်အရှိန်ဖြင့် စတေရှင်ဝက်ဂွန်ကားလေးသည် သင်္ဘောကြီး ဘေးမှ ဖြတ်သန်းရင်း လှိုင်းပုတ်ခံလိုက်ရသည့် လှေငယ်ကလေးလို ငြိမ့်ခနဲ ယိမ်းယိုင်သွားသည်။

ဖခင် ဖြစ်သူက ကားစတီယာရင်ကို ဆတ်ခနဲ ညာဘက်ကို ဆွဲလှည့်လိုက်ရင်း…

“ဘုရား…ဘုရား”

ထရပ်ကားကြီးက အရှိန်အဟုန်ပြင်းစွာ ဖြင့် ဝေါခနဲ ဖြတ်ကျော်သွား၏ ။ကားတစ်စင်းနှင့် တစ်စင်း ပွတ်ခါသီခါ လေးလွတ်သွားခြင်း ဖြစ်၏ ။

သူတို့အားလုံး အသည်းထဲတွင် အေးခနဲ ခံစားလိုက်ရသည်။စက္ကန့်အတော် ကြာသည်အထိ ကျောက်ရုပ်ကြီး တွေ လို မလှုပ်မယှက် ငြိမ်ကျသွား၏ ။

သတိပြန်ဝင်လာလာချင်း မိခင် ဖြစ်သူ၏ အပြစ်တင်သံကို စကြားရသည်။

“ကျွန်မ ရှင့်ကို ပြောသားပဲ၊အရှိန်လျှောပါလို့ပြောတဲ့ဟာကို။ကံကောင်းလို့ အားလုံးမသေကုန်တာ”

“အေးပါကွာ၊ဆောရီး…ဆောရီး”

ဖေဖေက သူ့နှုတ်ခမ်းဖျားမှ စီးကရက်ကို ဖြုတ်၍ လွင့်ပြစ်လိုက်ရင်း၊နောက်ကြည့်မှန်မှတစ်ဆင့် လက်ျာ အောင်တို့ကို လှမ်းကြည့်ကာ…

“ဘယ်လိုလဲ သားတို့၊အိုကေကြရဲ့ လား”

“အိုကေပါတယ် ဖေဖေ”

ဗညားအောင်က တုန်ရင်သော အသံဖြင့် ပြန်ဖြေသည်။

လက်ျာအောင် ကတော့…

“အိုကေပါတယ် ဖေဖေ၊ဒါပေမဲ့ ကျွန်တော် တို့ ပြန်ကြရင်ကောင်းမယ်ထင်တယ်”

သူ့စကားကြောင့် ဖေဖေ စိတ်ပျက်သွားပုံပေါ်၏ ။

“တော် ပြီလားကွ သားရဲ့ ၊ အခုမှ ဖေဖေ တို့ထွက်လာတာ နာရီဝက်လောက်ပဲ ရှိသေးတယ်”

မေမေက ကြားထဲက ဝင်ဟန့်သည်။

“လက်ျာပြောတာ မှန်တယ်၊ကျွန်မတို့ ဒီညအဖို့ တော် လောက်ပြီ ကိုအောင်၊အိမ်ပြန်ကြရအောင်”

“မင်းကလည်း ဒီလောက်ကြီး မစိုးရိမ်ပါနဲ့ ကွာ“

ဖေဖေက ပြောမယ့်သာပြောသည်။မေမေ့စကားကိုတော့ မလွန်ဆန်ဝံ့။ကားကို အိမ်ဘက်သို့ ပြန်ကွေ့လိုက် ၏ ။

အပြန်လမ်းတွင် တော့ ဖေဖေက ကားကို ဖြည်းဖြည်းမှန်မှန်လေးသာ မောင်းနှင်လာခဲ့သည်။ မည် သို့ပင်ဆိုစေကာမူ လက်ျာအောင် ကတော့ အိမ်ရှေ့တွင် ချောချောမောမော ကားထိုးရပ်လိုက်ပြီး သူ့အခန်းထဲသို့ ဘေးမသီရန်မခရောက်လာသော အခါတွင် မှ ဟင်းခနဲသက်ပြင်းချနိုင်တော့သည်။

လက်ျာအောင်က အံဆွဲထဲမှ ဓါတ်ပုံကို ထုတ်ယူပြီး သေချာအောင် ထပ်မံကြည့်ရှုလိုက်သည်။ ဓါတ်ပုံထဲ တွင် တော့ သူတို့မိသားစုပိုင် အပြာရောင် စတေရှင်ဝက်ဂွန်ကားလေးသည် ထရပ်ကားကြီးတစ်စင်း၏ ၀င်အတိုက် ခံထားရသလို ဆိုးဆိုးဝါးဝါး ပျက်စီးနေ၏ ။

“သိပ်ထူးဆန်းတာပဲ”

လက်ျာအောင်က တစ်ကိုယ်တည်း ရေရွတ်လိုက်ရင်း ကင်မရာကို သူဖွက်ထားသည့်နေရာမှ ဆွဲထုတ်လိုက်သည်။

နောက်တစ်ပုံလောက် ထပ်ပြီးစမ်းရိုက်ကြည့်ရင်ကောင်းမယ်ဟု သူတွေးလိုက်သည်။

ထို့နောက် ကင်မရာကို ကိုင်ပြီး မှန်ရှေ့တွင် သူသွားရပ်လိုက်သည်။ မှန်ထဲတွင် မြင်နေရသော သူ၏ ပုံရိပ်ကို ကင်မရာဖြင့် ချိန်ရွယ်လိုက်၏ ။ ထို့နောက် ကင်မရာခလုတ်ပေါ်သို့ လက်ညိုးကို ဖွဖွကလေးတင်လိုက်သည်။

သူ့ကိုသူ ဓါတ်ပုံရိုက်ကြည့်လျှင် ဘာပုံများ ထွက်လာမလဲ။

ဟင့်အင်း … ဟင့်အင်း

သူ့စိတ် ပြောင်းသွား သည်။ အဖြေကို သူမကိုချင်သေး။ သို့ မဟုတ် တစ်ခုတစ်ခုဆိုးဆိုးဝါး အဖြေထွက် လာမှာ ကို ရင်ဆိုင်ဖို့ရန် သူကြောက်ရွံ့နေခြင်းလည်း ဖြစ်နိုင်ပါသည်။

သူက ကင်မရာကိုကိုင်ပြီး သူ့အစ်ကို၏ အခန်းဘက်ဆီသို့ ကူးခဲ့သည်။ အစ်ကို ဖြစ်သူ ဗညားအောင်ကို ကွန်ပျူတာ ရှေ့တွင် ထိုင်လျက်သားတွေ့ ရလေသည်။

ကွန်ပျူတာဖန်သားပြင်၏ အပြာရောင် အလင်းက ဗညားအောင်၏ မျက်နှာကို ဟပ်နေ၏ ။ လက်ျာအောင်က ကင်မရာကို ကိုင်မြှော က်ချိန်ရွယ်လိုက်ပြီး …

“အစ်ကို … ၊ အစ်ကို့ကို ကျွန်တော် ဓါတ်ပုံတစ်ပုံလောက်ရိုက်ချင်လို့”

ဗညားအောင်က ကွန်ပျူတာကီးဘုတ်မှ ခလုတ်များ ကို တို့ထိနေရာမှ တစ်ချက်လှမ်းကြည့်ပြီး …

“မင်းက ကင်မရာအသစ်တွေ ဘာတွေ နဲ့ပါလား ၊ ဘယ်ကရလာတာလဲ ”

“ကျွန်တော် အဲ… ကျွန်တော် မားသဲဆီက ငှားလာတာ”

သူလိမ်တော့ မလိမ်ချင်ပါ။ သို့သော် အမှန်အတိုင်းပြောပြဖို့လည်း ခက်နေသည်။ ဗညားအောင်က ရယ်ရယ်မောမောဖြင့် …

“ငါ ရုပ်ဆိုးလွန်းလို့ မင်းကင်မရာပျက် သွားပါဦးမယ်ကွာ ” ဟု နောက်၏ ။ လက်ျာအောင်က …

“အခုလည်း ပျက်နေတယ်ထင်တာပဲ ၊ ဒါကြောင့် သေချာအောင် အစ်ကို့ပုံကိုစမ်းပြီး ရိုက်ကြည့်ချင်လို့”

“ဒါဆိုလည်း ရိုက်လေ”

“ကဲ … ရယ်ဒီ … ရိုက်မယ်…ပြုံးပါ”

“ဖျောက်”

ကင်မရာခလုတ်ကို နှိပ်ချလိုက်ပြီးသည်နှင့် မော်တာလည်သံနှင့် အတူ ဓါတ်ပုံစက္ကူအဖြူလေးက ထွက်လာ၏ ။ လက်ျာအောင်က …

“သွားပြီ အစ်ကို၊ တာ့တာ”

“ဟေ့ကောင်နေဦးလေ၊ ငါ့ကိုလည်း ဓါတ်ပုံပြဦးမှပေါ့ကွ”

“ဓါတ်ပုံက ထင်ချင်မှထင်မှာ အစ်ကိုရ၊ ထင်ရတော့ လာပြမယ်လေ”

လက်ျာအောင်က သူ့အခန်းထဲသို့ ရောက်သည်နှင့် တပြိုင်နက်လက်ထဲမှ ဓါတ်ပုံကိုငုံ့ကြည့်လိုက်သည်။ စက္ကူအဖြူပေါ်တွင် ဆေးသားအ၀ါရောင် က အရင်ဆုံးထင်သည်။ နောက်တစ်ဖြည်းဖြည်းနှင့် အနီရောင် ၊ နောက်အပြာရောင် ထပ်ဖြည့်သည်။ နောက်ဆုံး အနက်ရောင် ပါဖြည့်ပြီးသော အခါ ဓါတ်ပုံက ကြည်လက်ပြတ်သားစွာ ပေါ်ထွက်လာလေတော့သည်။

ဓါတ်ပုံထဲတွင် ဗညားအောင်က ပြုံးမနေပါ။

“ဟင်”

ဓာတ်ပုံထဲတွင် ဗညားအောင်၏ မျက်လုံးများ က ပြူးကျယ်နေသည်။ သူ့မျက်နှာတစ်ခုလုံးက တစ်စုံတစ်ရာကို အလွန်အမင်းကြောက်လန့်တုန်လှုပ်နေသည့်ပုံမျိုး။

“ဒါ…ဒါက ဘယ်လို ဖြစ်တာပါလိမ့်”

ဓါတ်ပုံ၏ နောက်ခံဝန်းကျင်ကလည်း ဗညားအောင်၏ အခန်းထဲတွင် မဟုတ်ဘဲ၊ ပြင်ပရှုခင်း တစ်ခု ဖြစ်နေ သည်။ သစ်ပင်များ နှင့် အိမ်တစ်လုံးကို ဗညားအောင်၏ နောက်ခံမလှမ်းမကမ်းတွင် မြင်တွေ့ နေရ၏ ။

ဓာတ်ပုံထဲမှ ကြောက်လန့်တုန်လှုပ်နေသော ဗညားအောင်၏ မျက်နှာကို သူတစ်ကြိမ်ထပ်ကြည့်လိုက်ပြန်သည်။

မဟုတ်သေးဘူး … မဟုတ်သေးဘူး။

သူ ဘယ်လိုမှ မစဉ်းစားတတ်တော့ပါ။ တကယ်တော့ ဒီကင်မရာသည် ပျက်နေခြင်းသာလျှင် ဖြစ်ပေလိမ့်မည် ။ တခြားဘာမှမ ဖြစ်နိုင်ပါ။

သူ အဲဒီ လိုတွေး၍ ကုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။

ကင်မရာအပျက်တစ်လုံးကြောင့် ဘာမှစိတ်သော ကရောက်နေစရာ မလိုပါ။

စိတ်ကို ဖြေလျှော့ချလိုက်သော အခါ သူမကြာခင်မှာ ပင် အိပ်ပျော်သွားလေတော့သည်။

အခန်း ( ၃ )

နောက်တစ်ပတ် အင်္ဂါနေ့သည် တိုးခန့် ဦးဆောင်သော ပထ၀ီမေဂျာကျောင်းသွားဘောလုံးအသင်းနှင့် သင်္ချာမေဂျာမှ ကျောင်းသားများ ဆီမီးဖိုင်နယ်ကန်ရမည့် နေ့ ဖြစ်သည်။ ထို့ကြောင့် တက္ကသိုလ်ဘောလုံးကွင်းရှိရာဆီသို့ နေ့လည်ကတည်းက သူထွက်ခဲ့၏ ။

ဘောလုံးကွင်းသို့ သူရောက်သွားသည့် အချိန်တွင် မားသဲက သူ့အရင်ရောက်နှင့် နေကြောင်းကို တွေ့ လိုက် ရသည်။ မားသဲက သူ့ကိုမြင်သည်နှင့် တစ်ပြိုင်နက် …

“ဟဲ့…လက်ျာ၊ နင့်ဆီမှာ ဟိုတစ်နေ့က ကင်မရာပါလား”

“အေး…ပါတယ်၊ ဘာလုပ်မလို့လဲ”

လက်ျာအောင်က ကင်မရာကို ကိုင်မြှော က်ပြရင်း ပြောလိုက်၏ ။ မားသဲက ၀မ်းသာအားရဖြင့် …

“ပေး…ပေး၊ ငါ့ကိုခဏပေးစမ်းပါ ၊ ငါ ဓါတ်ပုံရိုက်စရာရှိလို့ ”

လက်ျာအောင်က ကင်မရာကိုမပေးဘဲ လက်ကို ရုန်းဖယ်လိုက်ရင်း …

“ကင်မရာက ပျက်နေတယ်ဟ၊ ငါရိုက်လိုက်တိုင်း ပုံကောင်းကောင်း တစ်ပုံမှ မထွက်ဘူး”

“ကင်မရာက မကောင်းတာ မဟုတ်ဘဲ၊ ရိုက်တဲ့ လူက မကောင်းတာ ဖြစ်မှာ ပေါ့ ၊ ပေးစမ်းပါဟာ တိုးခန့်ကို ဘောလုံးအသင်းဝတ်စုံနဲ့ ရိုက်ထားချင်လို့”

“ဟာ … မ ဖြစ်ဘူး ၊ မ ဖြစ်ဘူး မရိုက်နဲ့ ”

လက်ျာအောင်က ရုန်းလေ မားသဲက ကင်မရာကိုလိုက်လုလေ နှင့် ရှုပ်ယှက်ခတ်နေသည်။ မားသဲက …

“နင်… ဘာသိလို့လဲ ၊ တိုးခန့်က အသားမဲမဲ ၊ ပိန်ပိန်ရှည်ရှည်၊ ခါးကိုင်းကိုင်းနဲ့ဆိုတော့ ဘောလုံးကန် ၀တ်စုံအဖြူရောင် ၀တ်ထားတဲ့အခါ သိပ်ရယ်ရတာ ဟ၊ အဲဒါကို ငါ ဓါတ်ပုံရိုက်ထားချင်လို့”

“ဟိတ် … ငါ့အကြောင်း ဘာတွေ အတင်းပြောနေကြတာလဲ၊ ငါကြားတယ်နော်”

ပြောပြောဆိုဆိုနှင့် သူတို့အနားသို့ ရောက်လာသူက တို့ခန့်။

တကယ်လည်း တိုးခန့်၏ ပုံသဏ္ဍန်သည် မားသဲပြောသလို ရယ်စရာကောင်းနေ၏ ။ သို့ သော် လက်ျာအောင် ကတော့ မရယ်နိုင်။

တိုးခန့်က …

“နှစ် ယောက် သား ဘာတွေ ဖြစ်နေကြတာလဲ”

“ဒီမှာ လေ ငါက သူ့ကင်မရာကို ခဏငှားပါဆိုတာကြည့်ပါဦး ၊ အ ဖြစ်သည်းနေလိုက်တာ”

တိုးခန့်က လက်ျာအောင်၏ လက်ထဲမှာ ကင်မရာကို ဖျတ်ခနဲ့ဆွဲယူလိုက်ပြီး …

“ဒီကင်မရာက ဟိုတစ်နေ့က ငါတို့အတူတူသွားရင်း ရလာတဲ့ ဟာ မဟုတ်လား၊ အေးလေ မင်းကလည်း ငါတို့အားလုံး အတူတူသွားတဲ့နေရာက ရလာတဲ့ဥစ္စာ၊ အားလုံးနဲ့ဆိုင်တာပေါ့ ၊ ဟုတ်တယ်နော် မားသဲ”

“ဟုတ်တယ်… ဟုတ်တယ်”

လက်ျာအောင်က မျက်နှာငယ်လေးဖြင့် …

“ငါ တစ်ယောက် တည်း အပိုင်စီးချင်လို့ မဟုတ်ပါဘူးကွာ ၊ ဒီကင်မရာက ထူးဆန်းတယ်လေ၊ ဟိုတစ်နေ့က တင် ဇော်ရာ့ကိုရိုက်တုန်းက ဘယ်လို ဖြစ်သလဲဆိုတာ မင်းတို့အသိပဲ”

“ဘာပဲ ဖြစ် ဖြစ် ငါကတော့ တစ်ပုံလောက်ထပ်ပြီး စမ်းရိုက်ကြည့်ချင်တယ်နော် တိုးခန့်၊ နင်က ဒီဘောလုံးကန် ၀တ်စုံနဲ့ဆိုရင် အရမ်းလိုက်တာဟ”

“အေး…ဟုတ်တယ်၊ ဟုတ်တယ် ငါ့ကို တစ်ပုံလောက် ရိုက်ပေး”

ဘာကိုမှ အလေးအနက်မထား အယုံအကြည်မရှိသော တိုးခန့် က မားသဲ၏ လက်ထဲသို့ ကင်မရာကို ထည့်ပေးလိုက် ၏ ။ မားသဲက ကင်မရာကို ချိန်ရွယ်လိုက်စဉ် တိုးခန့်က ဘောလုံးကန်ဝတ်စုံပြည့်ဖြင့် အိုက်တင် ပေးနေ၏ ။ မားသဲက …

“ကဲ…ရိုက်မယ်၊ ပြုံးပြုံးလေးနေနော်”

“ဖျောက်”

လက်ျာအောင်က တားဖို့ဟန်ပြင်သော်လည်း မမှီလိုက်တော့။ ဓါတ်ပုံစက္ကူသားပေါ်တွင် ပုံပေါ်လာပြီဆိုသည် နှင့် တစ်ပြိုင်နက် …

“ပြစမ်း ၊ ပြစမ်း ငါ့ပုံလှရဲ့ လား”

တိုးခန့်က ဓါတ်ပုံကို ဆွဲယူကြည့်လိုက်ပြီး ။

“ဟင်…”

အံသြတုန်လှုပ်စွာ ဖြင့် ပါးစပ်အဟောင်းသားပွင့်သွား၏ ။ လက်ျာအောင် နှင့် မားသဲတို့ကလည်း သိလိုစိတ်ဖြင့် ၀ိုင်းအုံကြည့်လိုက်ကြသည်။

ဓါတ်ပုံထဲတွင် ကား …

တိုးခန့်သည် မြေပြင်ပေါ်တွင် လဲကျလျက်။ မျက်လုံးတွေ က ပိတ်နေသည်။ သေနေသည်လား၊ သတိလစ်နေ သည်လား ခွဲခြားမရ။ သူ့ပါးစပ်ထဲမှ သွေးတွေ စီးကျနေသည်။ လည်ပင်းက ဇက်ကျိုးကာ ခေါင်းငိုက်စိုက်ကျနေ၏ ။

“ဒါ…ဒါက ဘာအဓိပ္ပါယ်လဲ”

တိုးခန့်က ဓါတ်ပုံကိုကြည့်ရင်း ထိတ်လန့်တကြား မေးလိုက်သည်။ လက်ျာအောင်က ခေါင်းကိုခါယမ်းလိုက်ပြီး …

“မသိဘူး ၊ အစောကြီးကတည်းက ငါပြောသားပဲ ၊ ဒီကင်မရာ က ထူးဆန်းပါတယ်လို့”

သူတို့သုံးယောက် စလုံး ငိုင်နေမိကြသည်။ ထိုစဉ်မှာ ပင် ပထ၀ီမေဂျာမှ ဘောလုံးအသင်း အုပ်ချုပ်သည့် ဆရာက …

“တိုးခန့်ရေ ၊ ဘောလုံးပွဲစတော့မယ်ဟေ့”

“ဟုတ်ကဲ့ ၊ လာပြီဆရာ”

တိုးခန့်က သူတို့အနီးမှ ကမန်းကတန်း ပြေးထွက်သွားသည်။

မားသဲက လက်ထဲမှဓါတ်ပုံကို ပြန်ငုံ့ကြည့်ရင်း …

“ကြောက်စရာကြီးနော် ၊ ဓါတ်ပုံထဲမှာ တိုးခန့် ဇက်ကျိုးနေပုံက တကယ်သေနေတဲ့ အတိုင်းပဲ”

လက်ျာအောင်က ဘာတစ်ခွန်းမှ ပြန်မပြော။ သူ့စိတ်ထဲတွင် လေးလံသော ခံစားချက်တစ်မျိုး ဖိစီးနေ၏ ။ မားသဲက …

“ဒီကင်မရာက ဘာအမျိုးအစားလဲ မသိဘူးနော်”

“မသိဘူး ၊ ကုမ္ပဏီနာမည် လည်း မပါဘူး၊ ဘာတံဆိပ်အမှတ် အသားမှလည်း မပါဘူး”

“အထဲမှာ ဖလင် ဘယ်လောက်ကျန်သေးလဲ”

မားသဲပြောမှပင် လက်ျာအောင်လည်း ကင်မရာကိုယူပြီး စေ့စေ့စပ်စပ် ထပ်ကြည့်မိသည်။ လက်ကျန်ဖလင် ကွက် အရေအတွက်ကိုဖော်ပြသော ဒိုင်ခွက်၌ (၁၀) ဟူသော ဂဏန်းပေါ်နေသည်ကို တွေ့ ရ၏ ။

“ဟင် …ဘယ်လို ဖြစ်တာလဲ”

ကင်မရာကို ရခါစတုန်းက လက်ကျန်ဖလင်ကွက်ပြ ဒိုင်ခွက်တွင် (၁၉)ဟူသော ဂဏန်းပေါ်နေခဲ့သည်ကို သူသေသေချာချာ မှတ်မိနေသေး၏ ။

သူ့လက်ထဲရောက်ပြီးကာမှ ဇော်ရာ့ကိုတစ်ပုံ ၊ မော်တော် ကားကို တစ်ပုံ၊ သူ့အကိုကို တစ်ပုံ၊ ယခု တိုးခန့်ကို တစ်ပုံ စုစုပေါင်းလေးပုံ သာရိုက်ရသေးသည်။

တကယ်ဆိုလျှင် ဖလင်ဆယ့်ငါးကွက် ကျန်ရမည် မဟုတ်ပါလား။ အခုတော့ (၅)ပုံက ဘယ်လို ဖြစ်ပြီး လျော့နေပါလိမ့်။

တစ်ယောက် ယောက် က သူမသိအောင်ယူပြီး ရိုက်ထားလို့လား ၊ ဒါမှမဟုတ် သူ့အလိုလိုလျော့သွားတာလား။

စဉ်စား၍ မရတော့ ။

ထိုအချိန်မှာ ပင် ကျယ်လောင်သော ၀ီစီမှု တ်သံကို ကြားရသည်။ တိုးခန့်တို့ဘောလုံးပွဲ စတင်နေလေပြီ။ ဆူညံပွက်လောရိုက်နေသော လက်ခုပ်လက်ဝါးတီးသံများ ၊ နာမည် ကိုအော်ပြီးအားပေးသံများ ၊ အားမလိုအားမရ ပြစ်တင် ဆဲဆိုသံများ ကိုလည်း ကြားရ၏ ။

မားသဲက…

“အဲဒီ ကင်မရာထဲကို ဖလင်ဘယ်ကနေ ထည့်ရသလဲ”

“ဟော ဒီနောက်ဘက်က အဖုံးကိုဖွင့်လိုက်ရင် ရမယ်ထင်တာပဲ”

“ဟ…ဟုတ်လို့လား ၊ ဓါတ်ပုံ ချက်ချင်း ထွက်တဲ့ ဒီလိုပိုလာရိုက်ကင်မရာမျိုးတွေ က ဖလင်ကို ရှေ့ကနေ ထည့်ရတာ များ ပါတယ်”

“ငါလည်း မသိတော့ဘူး၊ အခုနေတော့ စမ်းပြီးဖွင့်ကြည့်လို့ ဘယ် ဖြစ်မလဲ၊ အထဲမှာ ကျန်နေသေးတဲ့ ဖလင်တွေ ပျက်ကုန်မှာ ပေါ့”

လက်ျာအောင်က ညည်းညည်းညူညူပြောလိုက်သည်။ မားသဲက ကင်မရာကို အပြန်အလှန်ကြည့်ပြီးနောက် သူ့လက်ထဲသို့ ပြန်ထည့်ပေးရင်း …

“နင့် ကင်မရာကြီးက ဘာမှန်းလဲမသိဘူးဟာ၊ ဒါပေမဲ့ တစ်ရက်ရက်ကျရင်တော့ ငါ့ကိုငှားပါလား၊ ငါ့ဘာသာငါစမ်းပြီး တစ်စစီဖြုတ်ကြည့်ချင်လို့”

“မလုပ်ပါနဲ့ဟာ၊ ပျက်သွားဦးမယ်”

“အောင်မယ် ဖြစ်နေလိုက်တာ၊ ကင်မရာဖြုတ်တာ၊ တပ်တာများ လွယ်လွယ်လေးပါ၊ နင့်ဥစ္စာမပျက် စေရပါဘူး”

လက်ျာအောင်က မားသဲကို တစ်စုံတစ်ရာငြင်းဆိုရန် ဟန်ပြင်လိုက်စဉ်မှာ ပင် သူ့လည်ချောင်းထဲ၌ တစ်ဆို့ဆို့ ဖြစ်သွားသော ကြောင့် အသံထွက်မလာနိုင်တော့။

ထူးဆန်းသော အာရုံခံစားမှု တစ်ခုက နှိုးဆော်နေသည်။ ဘောလုံးပွဲဆီသို့ သူ့အကြည့်က အလိုလိုရောက် သွားရာ…

“ဟင်… ဟိုမှာ ဘာ ဖြစ်နေကြတာလဲ မသိဘူး”

ဘောလုံးပွဲကား ရပ်တန့်နေလေပြီ ။ ပွဲကြည့်ပရိသတ်တွေ ရုတ်ရုတ်သဲသဲနှင့် ဆူညံစွာ အော်ဟစ်နေကြသည်။

လက်ျာအောင်နှင့် မားသဲတို့ လူတွေ ကို တိုးဝှေ့ပြီးဘောလုံးကွင်းထဲတွင် ဘာ ဖြစ်နေသလဲဆိုသည်ကို မြင်ရလောက်သည့်နေရာအထိ ပြေးသွားလိုက်ကြသည်။

သင်္ချာအသင်းဘက် ဂိုးတိုင်အနီးတွင် ကြက်ခြေနီများ ယောက် ယက်ခတ်နေကြ၏ ။

အနားအထိ တိုးဝင်သွားပြီး ကြည့်လိုက်သော အခါ မြေပြင်ပေါ်တွင် လဲကျနေသူ တစ်ယောက် ကို တွေ့ ရသည်။ ထိုသူကား တိုးခန့် တိုးခန့်သည် မြေပြင်ပေါ်တွင် လဲလျက်။ မျက်လုံးတွေ က ပိတ်နေသည်။ သေနေသည်လား ၊ သတိလစ်နေသည်လား ခွဲခြားမရ။ သူ့ပါးစပ်ထဲမှာ သွေးတွေ စီးကျနေသည်။ လည်ပင်းက ဇက်ကျိုးကာ ခေါင်း ငိုက်စိုက်ကျနေသည်။၏

“တိုးခန့်…တိုးခန့်”

မားသဲက စိတ်ပူစွာ ဖြင့် အသံကုန်အော်ဟစ်နေသည်။ တိုးခန့်ကား မလှုပ်တော့ ၊ ခဏတွင်းမှာ ပင် အသင်း အုပ်ချုပ်သူများ နှင့် တာဝန်ရှိသော ဆရာ၊ ဆရာမ များ လည်း ရောက်လာကြသည်။

ကစားဖော် တစ်ယောက် က အ ဖြစ်အပျက်ကို ရှင်းပြနေသည်။

“ဒေါင့်ကန်ဘောကန်တင်လိုက်တဲ့ဘောလုံးကို ခေါင်းခုန်တိုက်ရင်းနဲ့ ဟိုဖက်က ဂိုးသမားက ၀င်ပြီးထမ်းလိုက် သလို ဖြစ်သွားတော့ အရှိန်လွန်ကျပြီး ဂိုးတိုင်နဲ့ ခေါင်းနဲ့ဆောင့်မိတာ”

လက်ျာအောင်ကတော့ သူရှင်းပြနေသည်ကို ဂရုမစိုက်အား။

“စိုးရိမ်ရလားဟင် … အသက်အန္တရာယ်စိုးရိမ်ရလား”

ဟူသော စကားတစ်ခွန်းတည်းကိုသာ ထပ်တလဲလဲ မေးနေမိသည်။ ကြက်ခြေနီ တစ်ယောက် ကတော့ …

“အသက်အန္တရာယ်တော့ မရှိလောက်ပါဘူး ၊ ဒါပေမဲ့ သတိလစ်နေတော့ ဆေးရုံမှာ နှစ် ဆယ့်လေးနာရီတော့ စောင့်ကြည့်ရမယ်ထင်တယ်”

မိနစ်ပိုင်းအတွင်းမှာ ပင် လူနာတင်ယာဉ်ရောက်လာပြီး တိုးခန့်ကို ကားပေါ်တင်ကာ တက္ကသိုလ်များ ဆေးရုံဆီ သို့ မောင်းထွက်သွားကြသည်။

မားသဲက ခြေမြန်လက်မြန်ဖြင့် လူနာတင်ကားပေါ်တက်ကာ လိုက်ပါသွား၏ ။ ဘောလုံးပွဲကား ပြန်စနေလေပြီ။

လက်ျာအောင်က လူအုပ်ထဲမှ တိုး၍ ထွက်လာ၏ ။ ထိုစဉ်လူ တစ်ယောက် က သူ့နာမည် ကို အော်ခေါ်ပြီး ပြေးလာနေသည်ကို တွေ့ ရ၏ ။

“လက်ျာရေ … လက်ျာ… ညီလေး”

သူ လှမ်းကြည့်လိုက်တော့ အမောတကော ပြေးလာနေသူက သူ့အစ်ကို ဗညားအောင် ဖြစ်နေသည်။

ဗညားအောင်က လမ်းမကို ဖြတ်ကူးပြီး သူ့ထံသို့ တဟုန်ထိုးပြေးလာ၏ ။ သူ့အစ်ကို၏ မျက်နှာကို သဲသဲကွဲကွဲ မြင်ရချိန်တွင် လက်ျာအောင် တုန်လှုပ်အံ့သြသွားသည်။

ဗညားအောင်၏ မျက်နှာကို သဲသဲကွဲကွဲမြင်ရချိန်တွင် လက်ျာအောင် တုန်လှုပ်အံ့သြသွားသည်။

ဗညားအောင်၏ မျက်လုံးများ က ပြူးကျယ်နေသည်။ သူ့မျက်နှာ တစ်ခုလုံးက တစ်စုံတစ်ရာကပို အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေသည့်ပုံမျိုး။

“ဟင် … သူ့ … သူ့မျက်နှာက ဓါတ်ပုံထဲက အတိုင်းပါလား”

“အဖေ ကားတိုက်မှု ဖြစ်လို့”

“ဘာ…”

လက်ျာအောင်၏ ရင်ထဲတွင် မီးတောင်တစ်ခု ပေါက်ကွဲသလိုခံစားလိုက်ရသည်။ သူက အလောတကြီးဖြင့် …

“ကျွန်တော် တို့ ကားအသစ်ကို မောင်းရင်း ဖြစ်တာလား”

မေးမယ့်သာမေးရသည်။ အဖြေကို သူကြိုသိနေ၏ ။ ဗညားအောင်က …

“ဟုတ်တယ် ညီလေး ၊ ငါတို့ကားတစ်စင်းလုံးတော့ ရစရာမရှိအောင် ပျက်စီးသွားတာပဲ ၊ ကားရှေ့ လေကာမှန်ကွဲပြီး ဘန်ပါတစ်ခုလုံးလည်း တွန့်လိမ့်ကောက်ကွေးသွားတယ်၊ အဖေထိုင်တဲ့ဘက်က တံခါးတစ်ခြမ်း လုံးလည်း ချိုင့်ဝင်သွားတာပဲ ”

လက်ျာအောင်က အသံမထွက်ဘဲ စိတ်ထဲမှ ဘုရားတလိုက်မိသည်။ ဗညားအောင်က သူ့လက်ကို တင်းတင်း ဆွဲပြီး …

“ကဲ…မြန်မြန်လာ ညီလေး၊ အဖေ့ကို ဆေးရုံမှာ သွားကြည့်ရအောင်”

လက်ျာအောင်က ပြေးထွက်ဖို့ ခြေလှမ်းပြင်လိုက်သည်။ သို့ ရာတွင် ဘာကြောင့် မှန်းမသိပဲ သူ့ခြေလှမ်းများ တုံ့ခနဲ့ ဖြစ်သွားရ၏ ။

ထူးထူးဆန်းဆန်းပင် သူ့ကို တစ်စုံ တစ်ယောက် က စိုက်ကြည့်နေသည်ဟူသော အာရုံနိုးကြားမှု တစ်မျိုး ခံစားလိုက်ရသည်။

သူ့နောက်ကျောဘက်ရှိ လူအုပ်ကြီးဆီသို့ သူလှမ်းကြည့်လိုက်၏ ။

ဟော..ဟိုမှာ သူ့ကိုလှမ်းကြည့်နေသည့် လူရိပ်တစ်ရိပ်။

အနက်ရောင် လူရိပ်တစ်ရိပ်။

ထိုလူရိပ်သည် (လက်ျာအောင် လှမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက်)လူအုပ်ကြားထဲသို့ ဖျတ်ခနဲ တိုးဝင် ပုန်းကွယ်သွားသည်။

ဘာကိုမှ သဲသဲကွဲကွဲ မမြင်လိုက်ရသည့်တိုင် လက်ျာအောင်ကတော့ ထိုအရိပ်ကို ကောင်းစွာ မှတ်မိ လိုက်သည်ဟု ထင်သည်။

ဟိုအိမ်ထဲမှ သူတို့ထွက်ပြေးလာခဲ့ကြစဉ်တုန်းက ပြတင်းပေါက်မှ လှမ်းကြည့်နေသူမှာ အဲဒီ လူရိပ်ပင် မဟုတ် ပါလား။

သူ့လက်မောင်းကို ဗညားအောင်က ဆောင့်ဆွဲလိုက်ပြီး…

“မြန်မြန်လာလေ ညီလေး ၊ ဘာငေးနေတာလဲ ”

“ဟုတ်ကဲ့ အစ်ကို”

ကြောက်ရွံ့စိတ်ဖြင့် သူ့ခြေထောက်တွေ တုန်ယင်နေကြသည်။

ဆေးရုံနံရံများ က အစိမ်းရောင် ဖျော့ဖျော့ သန်းနေကြသည်။

ဆရာဝန်များ ၏ ဂျူတီကုတ်အဖြူရောင် ၊ ခွဲစိတ်ခန်းဝတ်စုံ အစိမ်းရောင် ၊ အပြာရောင် ၊ သွေးပုလင်း အနီရောင် … အရောင် … အရောင် ။

အရောင် တွေ အားလုံး ရောထွေးကာ သူ့မျက်စိထဲမှာေ၀၀ါးနေကြသည်။ လက်ျာအောင်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခေါင်းကို ခါရမ်းလိုက်သော်လည်းေ၀၀ါးနေသော အမြင်အာရုံက လွင့်ပျယ်မသွား။

သူ့ဖခင်ရှိရာ အခန်းထဲသို့ ၀င်လိုက်သော အခါ လူနာကုတင်ဘေးတွင် ထိုင်ရင်းတရှုံ့ရှုံ့ငိုနေသော သူတို့၏ မိခင်ကို တွေ့ လိုက်ရ၏ ။ မေမေက သူတို့နှစ် ယောက် ကို လှမ်းနှုတ်ဆက်သော်လည်း အသံက ရှိုက်သံပါနေ၏ ။

လူနာကုတင်ပေါ်တွင် လဲလျောင်းနေသော သူတို့၏ ဖခင်တစ်ကိုယ်လုံးကို ပတ်တီးအထပ်ထပ် ဖုံးလွှမ်း လျက်သား တွေ့ ရသည်။ ကုတင်ကိုယ်လုံးကို ပတ်တီးအထပ်ထပ်ဖုံးလွှမ်းလျက်သား တွေ့ ရသည်။ ကုတင်ခေါင်းရင်းရှိ တိုင်မှာ ပုလင်းတစ်လုံးကို ဇောက်ထိုးချိတ်ဆွဲထားပြီး ဆေးရည်များ က သွယ်တန်းထားသော ပိုက်မှတစ်ဆင့် လက်မောင်းထဲသို့ စီးဝင်နေသည်။

သူတို့ကို မြင်သော အခါ ဖခင် ဖြစ်သူက အားယူပြုံးပြီး နှုတ်ဆက်၏ ။

လက်ျာအောင်က …

“ဖေဖေ … ဘယ်လိုနေသေးလဲ”

“ဆရာဝန်ကြီးက ပြောတော့ မင်းဖေဖေရဲ့ အခြေအနေက စိတ်ချရပါပြီတဲ့”

မိခင် ဖြစ်သူက ၀င်ပြောသည်။ ဖေဖေကလည်း …

“နေကောင်းပါတယ်ကွာ”

ဟု ပြော၏ ။ လက်ျာအောင်က …

“ဖေဖေ့ကို ကြည့်ရတာ နေကောင်းတဲ့ပုံမှ မဟုတ်တာပဲ”

“တကယ်ပြောတာပါကွ ကောင်းပါတယ်၊ အရိုးနည်းနည်း ပါးပါးတော့ ကျိုးသွားတာပေါ့၊ ဒါပေမဲ့ ကားတစ်စီး လုံး ရစရာမရှိအောင် ဖြစ်သွားတာနဲ့စာရင် လူက ဒီလောက်ပဲ ဒဏ်ရာရတာ ကံကောင်းတယ်လို့ ပြောရမှာ ပေါ့”

ကံကောင်းတယ် … ဟုတ်လား၊ ဘာကံကောင်းတာလဲ ဟု လက်ျာအောင်က တွေးလိုက်မိသည်။

သူ့အသိစိတ်ထဲသို့ နိမိတ်ဆိုးသော ဓါတ်ပုံက ဖျတ်ခနဲ ပြန်ရောက်လာသည်။ ဒီအကြောင်းကို ပြောပြလိုက်ရင် ကောင်းမလား။

သူ့စိတ်ထဲတွင် ဝေခွဲ၍ မရ။

ပြောပြလျှင်ကော သူတို့က ယုံမှာ တဲ့လား။

“သား … ဘာငိုင်နေတာလဲ ၊ ဒီလောက်လည်း စိတ်မကောင်း မ ဖြစ်ပါနဲ့ကွာ ၊ ဖေဖေ တကယ်နေလို့ ကောင်းပါတယ်ကွ”

“ဖေဖေ့ကို သားပြောစရာတစ်ခုရှိတယ်”

“ဟင် … ဘာလဲ”

“သားရယ် … ဒီအချိန်မှာ အဲဒီ ဓါတ်ပုံကို ကြည့်ရရင်လည်း စိတ်မကောင်း ဖြစ်ရုံပဲ ရှိတော့မှာ ပေါ့ ၊ ကားက ခုဆို တစ်စင်းလုံးမြင်ရက်စရာ မရှိအောင်ကို ဖြစ်သွားပြီကွယ့် သိလား”

“မဟုတ်ဘူး မေမေ၊ အဲဒီ ဓါတ်ပုံ…”

“တော် စမ်းပါကွယ် မေမေ စိတ်ရှုပ်ရတဲ့အထဲ”

သူ့မိခင်က ငေါက်လိုက်သော ကြောင့် လက်ျာအောင်၏ မျက်နှာ တစ်ခုလုံး ရှက်စိတ်ဖြင့် ရဲခနဲ ဖြစ်သွား၏ ။

တော် ပြီ … မပြောတော့ဘူး ။ ပြောလျှင်လည်း ဒီအကြောင်း ကို မည် သူမှ ယုံကြည်ကြလိမ့်မည် မထင်ပါ။

ထိုစဉ် သူ့ဖခင်က …

“နည်းနည်း အိပ်ချင်သလိုပဲကွာ ”

ဟု ညည်းသည်။ မိခင် ဖြစ်သူက …

“အင်း … ဆရာဝန်က မှာ သွားတယ် ၊ ရှင့်ကို ပေးထားတဲ့ အကိုက်အခဲပျောက်ဆေးတွေ က အိပ်ငိုက်စေ တတ်တယ်တဲ့ ၊ ကဲ …ကဲ အားရှိသွားအောင် အိပ်လိုက်ဦး”

မေမေ့စကားကြောင့် သူတို့ညီအစ်ကိုက ဖခင် ဖြစ်သူကို အလိုက်သိစွာ ဖြင့် နှုတ်ဆက်ပြီး အိမ်ပြန်ဖို့ အခန်းထဲမှ ထွက်လာခဲ့ကြတော့သည်။

ဆေးရုံစကြီင်္လမ်းပေါ် လျှောက်လာသည့် တစ်ချိန်လုံး လက်ျာအောင်၏ စိတ်ထဲတွင် သူ့ကင်မရာ အကြောင်းကိုသာ ထပ်တလဲလဲတွေး နေမိသည်။

ပထမဆုံး … ဇော်ရာ။ နောက် … သူ့အစ်ကို ဗညားအောင် ။ နောက် … တိုးခန့် ။ အခု … သူ့ဖခင် ။

ဓါတ်ပုံလေးပုံစလုံးသည် ဆိုးဆိုးရွားရွား ဖြစ်လာမည့်  အနာဂတ်အ ဖြစ်အပျက်များ ကို ကြိုတင်ပြီး နိမိတ်ပြ ခဲ့သည်။ နောက်ပြီး အဲဒီ ဓါတ်ပုံအတိုင်း တကယ်လည်း ဖြစ်ပျက်လာခဲ့ကြသည်။

“ဒါ…ဘာ အဓိပ္ပါယ်လဲ”

ဒီကင်မရာသည် တကယ်ပဲ အနာဂတ်ကို ကြိုတင်ပြီး သိမြင်နိုင်သည့် အစွမ်းရှိသလား။

အခန်း ( ၄ )

“ဟယ်လို … သြော် မားသဲလား ၊ အေး … ငါ အခုပဲ နင့် မွေးနေ့ပွဲကို လာခဲ့တော့မလို ၊ တိုးခန့်ကိုလည်း ပြောထားပြီးပြီ ၊ ဒီကောင် တစ်နေ့ကပဲ ဆေးရုံကဆင်းလာပြီးလေ ၊ ဘာမှ ဆိုးဆိုးရွားရွား မထိခိုက်လို့တော် သေးတယ်”

လက်ျာအောင်က သူ့ခေါင်းရင်းခြံတွင် ရှိသော မားသဲ၏ အိမ်သို့ ထွက်ရန် ဟန်ပြင်နေစဉ်မှာ ပင် သူမထံမှ ဖုန်းလာခြင်း ဖြစ်၏ ။

အိမ်ချင်းကပ်လျက် ဖြစ်သော ကြောင့် အခုသွားလျှင် အခုရောက်သည့်တိုင် မားသဲက ဖုန်းဆက်ပြီး စောစောလာဖို့ ခေါ်နေသည်။ ထို့ပြင် သူမက …

“သြော် …ဒါနဲ့ လက်ျာ ၊ နင်လာရင် ဟိုကင်မရာကိုပါ တစ်ခါတည်း ယူလာခဲ့နော်”

“ဘာ … ဟိုကင်မရာ ဟုတ်လား ၊ မယူချင်ပါဘူး ဒီလောက် ဖြစ်ပြီးတာတောင် နင် မယုံသေးလို့လား မားသဲ ၊ ဒီကင်မရာဟာ ကောင်းကျိုးမပေးပါဘူး”

“မဟုတ်သေးပါဘူးဟာ”

“နင် ခေါင်းမမာစမ်းပါနဲ့ မားသဲ၊ ငါ မနေ့ညက အဲကင်မရာ အကြောင်း အိပ်မက်မက်တာ ပြောပြရဦးမယ်”

“ဟင် …ဘယ်လိုအိပ်မက်မျိုးလဲ”

“အိပ်မက်ထဲမှာ ငါတို့တစ်မိသားစုလုံး ဖေဖေကော၊ မေမေကော ငါ့အစ်ကိုဗညားအောင်ပါ ခြံထဲဆင်းပြီး အသားကင်လုပ်စားနေကြတယ်။ အဲဒါကို ငါက ကင်မရာနဲ့လျှောက်ရိုက်တာ တစ်ယောက် ချင်းစီကို “ကဲ…ရိုက်မယ်…ပြုံးပါ”လို့ ပြောလိုက် ၊ ကင်မရာခလုတ်ကိုနှိပ်လိုက်နဲ့ပေါ့ ၊ ဓါတ်ပုံထွက်လာတော့ ဘာတွေ တွေ့ ရ သလဲ သိလား၊ ဓါတ်ပုံထဲမှာ သူတို့အားလုံးဟာ အရိုးစုတွေ ဖြစ်နေကြတယ်။ အဲဒါ… အဲဒါ …

လက်ျာအောင်က ဆက်မပြောနိုင်တော့ ၊ အသံက တိမ်ဝင်သွား၏ ။ တစ်ဖက်မှ ဖုန်းပြောနေသော မားသဲက ရယ်မောလိုက်ပြီး …

“နင်ကလည်းဟာ အလကား အဓိပ္ပါယ်မရှိတဲ့ အိပ်မက်ကို အယူသည်းမနေစမ်းပါနဲ့”

“ငါ… အယူသည်းတာ မဟုတ်ဘူး မားသဲ ၊ နင့်အတွက် စိုးရိမ်လို့ ပြောနေတာ ”

“ဘာ … ၊ ဘာကိုစိုးရိမ်တာလဲ …လက်ျာ”

“ဒီ ကင်မရာက နိမိတ်ဖတ်တဲ့ အနာဂတ်တွေ ကိုလေ … ၊

ဇော်ရာကော … တိုးခန့်ပါ နင့်မျက်စိရှေ့မှာ တင် ဘယ်လို ဖြစ်သွားသလဲ ဆိုတာ နင်အမြင်ပဲ မဟုတ်လား”

သူ့စကားကြောင့် မားသဲ၏ ရယ်သံသဲ့သဲ့ကြားရ၏ ။ ထို့နောက် သူမက …

“ငါက အဲဒီ လို ငါ့အနာဂတ်ကို တမင်ကြည့်ချင်တာ … လက်ျာရဲ့ ’’

“ဒီကိစ္စဟာ ဗေဒင်ကြည့်ရသလိုမျိုးပဲလေ … ၊ ဟုတ်တယ် မဟုတ်လား။ ကိုယ့်အနာဂတ်မှာ ဘာ ဖြစ် မလဲဆိုတာ ကြိုတင်သိထားရတော့ ကောင်းတာပေါ့”

“ဟာ … ဒီကင်မရာက နိမိတ်ဖတ်တဲ့ဟာတွေ အားလုံးဟာ အဆိုးတွေ ချည်းပဲဥစ္စာ”

မားသဲက…

“အဲဒါကို သိချင်တာပေါ့ဟဲ့ …။ ကိုယ့်ရဲ့ အနာဂတ်မှာ ဘယ်လိုအန္တရာယ်မျိုးနဲ့ ကြိုတွေ့ ရမလဲဆိုတာ ကြိုသိထားရင် ဆင်ခြင်နိုင်မှာ ပေါ့၊ အဲဒါကို သတိထားပြီး ရှောင်ရှားနိုင်မှာ ပေါ့ … မဟုတ်ဘူးလား။

လှေကားပေါ်က ပြုတ်ကျမယ်လို့ ကြိုသိထားရင် အမြင့်တွေ ဘာတွေ မတက်မိအောင် ရှောင် … ၊ ကားတိုက်မယ်လို့ ဓါတ်ပုံထဲမှာ ကြိုသိနေရင် ကားမောင်းတာကို သတိနဲ့ဆင်ခြင်ရမှာ ပေါ့။ ဒါဟာ ကိုယ့်ကို အန္တရာယ်မ ဖြစ်အောင် ကြိုသတိပေးမယ့် အကြားအမြင်ဆရာ တစ်ယောက် ရထားသလိုပဲ ”

“နင်တို့ မိန်းကလေးတွေ ဟာ ဗေဒင်တို့ … အကြားအမြင်တို့ဆိုရင် တော် တော် အရှုးထကြတာပဲ … မားသဲ”

“အမယ် … အဲဒီ နေ့ကျရင် ငါက တခြားသူငယ်ချင်းတွေ ကိုပါ အဲဒီ ကင်မရာနဲ့ ဓါတ်ပုံလိုက်ရိုက်ပေးပြီး ဗေဒင်ဟောဦးမှာ …သိလား။ ကင်မရာကို ယူလာ ဖြစ်အောင် ယူလာခဲ့။ ဒါပဲ … ငါ ဖုန်းချလိုက်တော့မယ်နော်”

“ဂလောက်”

လက်ျာအောင်က စိတ်မောစွာ ဖြင့် ဖုန်းကို ချလိုက်သည်။ ထို့နောက် လေးလံသော ခြေလှမ်းများ ဖြင့် သူ့အခန်းဆီသို့ ပြန်လျှောက်လာပြီး ကင်မရာကို သူဖွက်ထားသော နေရာမှ ထုတ်ယူလိုက်၏ ။

လက်ထဲသို့ ကင်မရာရောက်လာသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူမကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွား သလို ခံစားလိုက်ရ၏ ။

သူ နားလည်လိုက်သည်။

ဒီကင်မရာကို သူကြောက်လန့်နေသည်။

ငါ…ကင်မရာကို မယူသွားသင့်ဘူး ၊ စိတ်ထဲက အလိုလိုသိနေသော်လည်း သူဘာမှ မတတတ်နိုင်ပါ။

ဒီကင်မရာသည် သူ တစ်ယောက် တည်းပိုင်မဟုတ်။ သူငယ်ချင်းလေးယောက် စလုံးနှင့် ဆိုင်သည်။ နောက်ပြီး မွေးနေ့ပွဲကလည်း ဒီကင်မရာကို တစ်ဝက်တစ်ပျက် ပိုင်ဆိုင်သူ မားသဲ၏ မွေးနေ့ပွဲ မဟုတ်ပါလား။

စိတ်တွေ လေးလံနေလျက်နှင့် ပင် ကင်မရာကို သူယူလာခဲ့မိလေသည်။

မားသဲတို့ အိမ်နောက်ဘက်ခြံဝင်းမြေကွက်လပ်ထဲတွင် သူငယ်ချင်းများ ရောက်နှင့် နေကြပြီ ဖြစ်သည်။

“တိုးခန့် … မင်းဒဏ်ရာ ဘယ်လိုနေသေးလဲ”

လက်ျာအောင်က တိုးခန့်ကို တွေ့ သော အခါ လှမ်ပြီးနှုတ်ဆက်လိုက်သည်။ တိုးခန့်က …

“အိုကေပါပဲကွ ၊ လုံးဝကောင်းသွားပြီ ၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ။ တိုးခန့်က …

“အိုကေပါပဲကွ ၊ လုံးဝကောင်းသွားပြီ ၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ငါခေါင်းမှာ ဒဏ်ရာရပြီးကတည်းက နာရီကြည့်စရာမလိုတော့ဘူး။ အချိန်တန်ရင် ငါ့ဘာသာငါ ထထတွန်တယ်။ အောက်အီးအီးအွတ်”

တိုးခန့်က မျက်နှာပြောင်ပြီး လက်နှစ် ဖက်ကို တံတောင်ဆစ်ကွေးကာ ကြက်တောင်ပံလိုခတ်ရင်း တွန်ပြ သည်။ ထိုစဉ် အနီးသို့ ရောက်လာသော ဇော်ရာက …

“မင်းဟာက ကြက်တော့ကြက်ပါပဲ ၊ ဒါပေမဲ့ တိန်ညင်ကြက် ဖြစ်နေတယ်။ အမြီးက မြေကြီးနဲ့ သိပ်မလွတ် ချင်ဘူး ဟဲဟဲ”

သူတို့နှစ် ယောက် သား တိုးခန့်ကို ၀ိုင်းပြီး နောက်ပြောင်နေကြစဉ် လက်ျာအောင်ကို မြင်သွားသော မားသဲက ကမန်းကတန်း ပြေးလာပြီး …

“ကင်မရာပါလာတယ် မဟုတ်လား လက်ျာ”

လက်ျာအောင်က စိတ်မပါတပါဖြင့် ခေါင်းညိတ်လိုက်ပြီး လက်ထဲမှ ကင်မရာကို မြင်သာအောင် မြှော က်ပြ လိုက်သည်။ မားသဲက ၀မ်းသာအားရဖြင့် …

“အေး … ဒီလိုမှပေါ့ ၊ နင်က သိပ်လိမ္မာတာပဲ”

“ဒါပေမဲ့ ငါ့သဘောကတော့ ဒါကို မလုပ်စေချင် …”

သူ့စကားမဆုံးသေးခင်မှာ ပင် မားသဲက ဖြတ်ပြီး…

“ဟုတ်ပြီ … ဟုတ်ပြီ ၊ ဒီနေ့ ငါ့မွေးနေ့ဆိုတော့ မွေးနေ့လက်ဆောင်အ ဖြစ်နဲ့ နင်က ငါ့ကို အမှတ်တရ ရိုက်ပေး၊ ကဲ…လာ ဒီသစ်ပင်နားမှာ ရိုက်ကြရအောင်”

မားသဲက ဦးခေါင်းနောက်တွင် လက်နှစ် ဖက်ကို ယှက်ကာ သစ်ပင်ကိုမှီရင်း ဓါတ်ပုံအရိုက်ခံရန် အိုက်တင်ပေးနေသည်။ လက်ျာအောင်က စိတ်လေးလံစွာ ဖြင့် ကင်မရာကို ချိန်ရွယ်လိုက်ရင်း …

“နင် ဒီကင်မရာနဲ့ ဓာတ်ပုံ အရိုက်ခံချင်တာ သေချာတယ်နော်”

မားသဲက စိတ်မရှည်စွာ ဖြင့် …

“သြော် … ရိုက်မှာ ဖြင့် ရိုက်တာမဟုတ်ဘူး ၊ မြန်မြန်လုပ်ပါဟ ၊ တခြားလူတွေ ရဲ့ ပုံကိုပါ ငါလိုက်ရိုက်ဦးမှာ ”

လက်ျာအောင်က သက်ပြင်းကိုချလိုက်ပြီး ကင်မရာမှန်ဘီလူးကို ဖြည်းဖြည်းချင်းလှည့်ကာ ချိန်ဆလိုက်သည်။ သူ့ မျက်လုံးထဲတွင် မြင်ကွင်းကား ထင်ရှားပြတ်သားစွာ ပေါ်လာ၏ ။

မားသဲ …။

နောက်ပြီးတော့ သူမ ကျောမှီထားသည့် သစ်ပင်။

မြင်ကွင်းက ကြည်လင်ပြတ်သားမှသည်။ သူက ကင်မရာ ခလုတ်ကို နှိပ်လိုက်သည်။

“ဖျောက်”

မော်တာရစ်သံသဲ့သဲ့ နှင့် အတူဓါတ်ပုံသား စက္ကူအဖြူလေး ထွက်လာသည်။

ထိုစဉ် ဇော်ရာက လှမ်းမေးလိုက်၏ ။

“ဟဲ့ … မားသဲ ၊ နင့် မွေးနေ့ နေ့ပွဲကလည်း ယောက်ျားလေးဆိုလို့ ငါတို့သုံးယောက် ပဲရှိလား”

“အေးလေ ယောက်ျားလေး တွေ ထဲမှာ နင်တို့ကိုပဲ ဖိတ်ထားတာ ၊ ကျန်တာက မိန်းကလေးသူငယ်ချင်းတွေ ချည်းပဲ ကိုးယောက် တောင်”

“ကိုးယောက် တောင် ဟုတ်လား ၊ ဟဲ …ဟဲ အများ ကြီးပါလား”

ဇော်ရာက စပ်ဖြဲဖြဲလုပ်နေသည်။ မားသဲက ကြည့်မရဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး …

“လက်ျာရေ … ဇော်ရာ စပ်ဖြဲဖြဲ ဖြစ်နေတဲ့ ပုံလေးတစ်ပုံလောက် ရိုက်ပေးစမ်းပါ”

ဇော်ရာက ချက်ချင်း မျက်နှာပျက်သွားပြီး ခေါင်းတခါခါဖြင့် …

“ဟာ… မရိုက်ဘူး ၊ မရိုက်ဘူး ၊ ပြီးခဲ့တဲ့တစ်ခေါက် ဓါတ်ပုံရိုက်တုန်းက သေမလို ဖြစ်ခဲ့ပြီးပြီ ၊ ဒီတစ်ခါတော့ ဆလံပါပဲ”

ဇော်ရာက ပြောပြောဆိုဆိုဖြင့် ကွေ့ပတ်ပြီး ရှောင်ပြေးနေသည်။ သူ့အမှု အရာကို ကြည့်ပြီး ကျန်မိန်းကလေး များ ရယ်မောကြ၏ ။

တိုးခန့်က …

“နင့်မွေးနေ့က ထူးထူးခြားခြား ဘာအစီအစဉ်ရှိသေးလဲ ”

“ဂိမ်းကစားဖို့ အဖွဲ့တစ်ဖွဲ့ကို ငှားထားတယ်ဟ၊ တော် တော် ကြာဆိုရင် သူတို့ရောက်လာကြတော့မယ်၊ အဲဒီ အခါကျတော့မှ ကစားကြတာပေါ့”

မိန်းကလေး ကိုးယောက် နှင့် သူတို့သုံးဦးတည်း အတူတွဲ ပြီး ပျော်ပျော်ပါးပါးကြီး ကစားရမည့် အ ဖြစ်ကို တွေးကာ တိုးခန့်၏ မျက်နှာက ပြုံးစိစိ ဖြစ်လာ၏ ။

ထိုအချိန်မှာ ပင် လက်ျာအောင် ကိုင်ထားသော ဓါတ်ပုံက ရုပ်ပုံပီပီသသ ထင်လာပြီ ဖြစ်၏ ။ မားသဲက သူ့ လက်ထဲမှ ဓါတ်ပုံကို ဆတ်ခနဲဆွဲယူကြည့်လိုက်ပြီး

“ဟင် … နင့် ဓါတ်ပုံထဲမှာ ငါလည်း မပါပါလား၊ နင် ဘယ်နေရာကို ချိန်ပြီး ရိုက်လိုက်တာလဲ ၊ လူ တစ်ယောက် လုံးကို ချိန်တာတောင် လွဲတယ်ဆိုတော့ တော် တော် တော် တဲ့ ဓါတ်ပုံဆရာပဲ”

မားသဲ၏ အပြစ်တင်သံကြောင့် လက်ျာအောင်က ဓါတ်ပုံကို ငုံ့ကြည့်လိုက်သည်။ ဓါတ်ပုံထဲတွင် မားသဲ မှီပြီးရပ်နေခဲ့သော သစ်ပင်ကို ထင်ထင်ရှားရှား တွေ့ ရ၏ ။ သို့ ရာတွင် မားသဲကတော့ ပါမလာပါ။

“ဒါ…ဒါသိပ်ထူးဆန်းတယ်၊ ငါနင့်ကို သေသေချာချာ ချိန်ပြီး ရိုက်လိုက်တာပဲ ၊ ဘာ ဖြစ်လို့ နင်က ပျောက်နေရတာ လဲ”

“ဘာပျောက်ရမှာ လဲ ၊ နင့် ဘာသာနင် တလွဲတချော်တွေ ချိန်ပြီး ရိုက်ရင်ရိုက်တယ်ပေါ့ ၊ အခုတော့ နင်ပြောပုံက ငါကပဲ ကိုယ်ယောင်ဖျောက်ထားသလိုလို ၊ ဘာလိုလိုနဲ့ ”

“မဟုတ်ဘူး မားသဲ သေသေချာချာကြည့်ပါဦး ၊ ဒီသစ်ပင်က စောစောက နင်မှီပြီးရပ်နေတဲ့ သစ်ပင်ပဲလေ၊ ဟောဒီမှာ အပြင်ကနဲ့ ယှဉ်ပြီး သေသေချာချာကြည့်တွေ့ လား”

သူပြလိုက်တော့မှ မားသဲက ဓါတ်ပုံကို တစ်လှည့်၊ စောစောက သူမှီပြီး ရပ်နေခဲ့သော သစ်ပင်ကို တစ်လှည့်ကြည့်ကာ တွေ ဝေသွားသည်။

“ဒါဆို ငါက ပုံထဲမှာ ဘာလို့မပါရတာ လဲ ”

“အဲဒါကြောင့် ပြောတာပေါ့၊ ထူးဆန်းပါတယ်လို့ ”

“ကိစ္စမရှိဘူး ၊ သေချာအောင် နောက်တစ်ပုံထပ်ရိုက်ဟာ”

မားသဲက စောစောက သစ်ပင်အောက်မှာ ပင် နောက်တစ်ကြိမ် သွားရပ်သည်။ ဒီတစ်ခါတော့ လက်ျာအောင်က ငြင်းမနေတော့။ သူ့ဘက်က အမှားမ ဖြစ်ရေလေအောင် သေချာစွာ ချိန်ရွယ်လိုက်သည်။

“ဒီတစ်ခါ အနီးကပ်ရိုက်ဟာ”

လက်ျာအောင်က ရှေ့သို့ ခြေသုံးလှမ်းခန့် တိုးလိုက်ပြီး ပြတ်သားသော ရုပ်ပုံပေါ်သည်အထိ စိတ်ရှည်စွာ ချိန်သည်။ ထို့နောက် ခလုတ်ကို နှိပ်လိုက်သည်။

မော်တာရစ်သံနှင့် အတူ ဓါတ်ပုံစက္ကူကလေး ထွက်လာပြန်သည်။ ဒီတစ်ခါတော့ သူတို့ပုံပေါ်မလာမချင်း စိတ်ရှည်လက်ရှည် စောင့်ကြည့် ဖြစ်ကြ၏ ။

ပုံပေါ်လာသော အခါ လက်ျာအောင်က သူ တစ်ယောက် တည်းအရင်ဆုံးကြည့်လိုက်ပြီး …

“နင်… ဒီကင်မရာနဲ့ အခြားလူတွေ ကို ရိုက်ချင်တယ်ဆိုတာ သေချာရဲ့ လား”

ဟု မေးလိုက်သည်။ မားသဲက မျက်လုံးဝိုင်းသွားပြီး…

“ဘာ ဖြစ်လို့လဲ ”

ဟုမေးကာ ဓါတ်ပုံကို လှမ်းယူကြည့်လိုက်သည်။

ဒီတစ်ခေါက်ရိုက်သော ဓါတ်ပုံထဲတွင် လည်း မားသဲ၏ ပုံပါမလာပါ။

သစ်ပင်ချည်းသက်သက်ကိုသာ အံ့သြဖွယ်ရာမြင်တွေ့ ရလေသည်။ သူတို့အားလုံး ငိုင်သွားကြ၏ ။ ထိုစဉ် မှာ ပင်…

“ဂိမ်း (Game)ကစားမယ့်အဖွဲ့ရောက်လာပြီဟေ့ ”

မိန်းကလေးသူငယ်ချင်းတစ်ဦး၏ ပျော်ရွှင်မြူးတူးစွာ အော်ဟစ်လိုက်သံကြောင့် မားသဲက အိမ်ရှေ့ဆီသို့ အပြေးကလေးသွားကြိုရသည်။

Game ကစားမည့် နေရာအ ဖြစ် ကျယ်ဝန်းသော နောက်ဖေးခြံကွက်လပ်ကိုပင် ရွေးချယ်လိုက်ကြသည်။ သူတို့ ကစားသည့် ကစားနည်းများ က စုံလှသည်။ပေါင်ပေါ်တွင် တင်ထားသော ပူပေါင်းကို အပေါ်က တက်ထိုင်ချပြီး ပူပေါင်းပေါက်အောင် ဖောက်ရသည့်နည်းလည်းပါသည်။

လူ တစ်ယောက် ချင်းစီကို ဘူးသီး၊ ခရမ်းသီး၊ ကြက်သား အစရှိသဖြင့် နာမည် ပေးကာ ၀ိုင်းထိုင်ခိုင်းပြီး နောက်ဆုံးကျန်သည့် တစ်ယောက် က ထိုအ၀ိုင်းကို ပတ်ချာလည်လှည့်ကာ ဈေးဝယ်ထွက်ရသည့် ကစားနည်းမျိုး လည်း ပါသည်။

ကျားဗိုလ်ဆွဲကာ နိုင်သည်နှင့် ချက်ချင်း ကိုယ့်ကစားဘက်ကို ရေဖြင့် လှမ်းပက်ရသော ကစားနည်းမျိုးလည်း ပါသည်။

နှစ် နာရီခန့်ကြာအောင် ကစားပြီးသည့်နောက်တွင် တော့ သူတို့အားလုံး ရယ်မောရလွန်း၍ ဗိုက်များ ပင် နာနေကြလေပြီ. တစ်ကိုယ်လုံးလည်း ရွှဲရွဲစိုနေကြလေပြီ။

ထိုစဉ်မှာ ပင် မားသဲ၏ မိခင်က သူတို့ကို လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။

“ကလေးတွေ လာကြတော့ဟေ့ ၊ မွေးနေ့ကိတ်မုန့်လှီးရအောင်”

“ဟေး”

သူတို့အားလုံး ပျော်ရွှင်စွာ ဖြင့် အိမ်ဆီသို့ ပြေးလာခဲ့ကြသည်။

မားသဲက Game အဖွဲ့ပြန်တော့မည် ဖြစ်သော ကြောင့် နှုတ်ဆက်ရင်း ခြံဝသို့ လိုက်ပို့သည်။

သူတို့အားလုံး အိမ်ထဲသို့ ရောက်သော အခါ မားသဲ၏ မိခင်က မွေးနေ့ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်းများ အသင့်ထွန်းထားပြီး စောင့်နေပြီး ဖြစ်သည်။

“ဘယ်လိုလဲ သမီးတို့ပျော်ကြရဲ့ လား ”

“အရမ်းပျော်စရာကောင်းတာပဲ အန်တီ၊ ရယ်ရလွန်းလို့ အူကိုနှိပ်နေရတော့တာပဲ ”

“ရေတွေ လည်း စိုလို့ပါလား ကလေးတို့ရဲ့ ၊ ကဲ … ကဲတဘက်ယူပြီး ခြောက်သွားအောင် သုတ်လိုက်ကြဦး”

အ၀တ်အစားများ သုတ်ပြီးနောက် သူတို့အားလုံးစားပွဲတွင် ၀ိုင်းထိုင်လိုက်ကြသည်။ မားသဲ၏ မိခင် ကိတ်မုန့်လီးသည့် ဓါးကိုယူပြီး …

“ကဲ…ကိတ်မုန့်လှီးရအောင်လေ ၊ မားသဲကော ဘယ်မှာ လဲ ”

“သမီးတို့ အိမ်ထဲဝင်လာတုန်းက သူနောက်ကနေကပ်ပြီး ပါလာတယ်လေ”

“မားသဲရေ … မားသဲ”

“မားသဲရေ”

မည် သည့်နေရာတွင် ကမှ ပြန်ထူးသံ မကြားရချေ။

မားသဲ၏ အရိပ်အယောင်ကိုလည်း မမြင်ရ။

“အိမ်နောက်ဖေးဘက်ကိုများ ၀င်သွားတာလား”

လက်ျာအောင်က ပြောလိုက်သည်။ မားသဲ၏ မိခင်က ခေါင်းကို ခါရမ်လိုက်ပြီး …

“ဟင့်အင်း … အန်တီတော့ သူအိမ်ထဲဝင်လာတာကို မတွေ့ သေးဘူး”

“ဒါဆို ခြံနောက်ဘက်ကိုများ တစ်ခေါက်ပြန်သွားတာလား မသိဘူး၊ ကျွန်တော် သွားရှာကြည့်လိုက်ဦးမယ်”

တိုးခန့်က ပြောပြောဆိုဆိုဖြင့် အိမ်ထဲမှ ပြန်ထွက်ကာ မားသဲ ၏ နာမည် ကို တကြော်ကြော်ခေါ်ရင်း စောစောက သူတို့ကစားရာနေရာဆီသို့ သွားပြန်၏ ။

“မားသဲရေ … မားသဲ”

မိနစ်အတော် ကြာသော အခါ တိုးခန့်က ပြန်ထွက်လာပြီး သူမတွေ့ ခဲ့ကြောင်း ခေါင်းခါပြသည်။

မားသဲကို အရိပ်အယောင်မျှပင် မမြင်ရ။

သူတို့အားလုံး အိမ်ထဲမှာ လည်း ရှာကြသည်။ အိမ်ရှေ့ခြံဝင်းထဲမှာ လည်း ရှာကြသည်။ ခြံနောက်ဘက် ကွက်လပ်မှာ လည်း ရှာကြသည်။သို့ သော် မတွေ့ ။

မားသဲကား ပျောက်ခြင်းမလှ ပျောက်သွားချေပြီတည်း။

လက်ျာအောင်က ကင်မရာကို ဘေးမှာ ချပြီး မြေကြီးပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေသည်။ သူ့ဦးနှောက် ထဲမှာ အားလုံး ရှုပ်ထွေးနေ၏ ။

သူငယ်ချင်းများ အားလုံး ပြန်သွားကြပြီ ဖြစ်သော်လည်း သူ မပြန်နိုင်သေး။ မားသဲ၏ မိခင်ကို သူနှစ် သိမ့် အားပေချင်သော်လည်း သူဘယ်ကစပြီး ပြောရမည် မှန်းမသိ ဖြစ်နေသည်။ နောက်ပြီး ဒီကိစ္စမှာ သူ့အပြစ် မကင်းသလို လည်း ဖြစ်နေ၏ ။

ထိုစဉ် မားသဲ၏ မိခင်က အိမ်ထဲမှ ထွက်လာပြီး …

“ဟင် … သား တစ်ယောက် တည်းလား ၊ မပြန်သေးဘူးလား ”

“ကျွန်တော် ဘာကူညီရမလဲ အန်တီ ”

မားသဲ၏ မိခင်က ခေါင်းခါပြသည်။ သူမ၏ မျက်လုံးများ က နီရဲမို့အစ်နေကြ၏ ။ ငိုထားပုံရသည်။ သူမက …

“အန်တီ Game ကစားတဲ့ အဖွဲ့ဆီကိုလည်း ဖုန်းဆက်မေးပြီးပြီ ၊ သူတို့ကပြောတော့ သူတို့ကို ပိုက်ဆံရှင်းပေးပြီးတာနဲ့ ချက်ချင်း လှည့်ပြီး မားသဲအိမ်ထဲဝင်သွားတာကို တွေ့ လိုက်တယ်လို့ ပြောတာပဲ ၊ အဲဒီ နောက် သူတို့လည်း ပြန်သွားတာပဲတဲ့ ၊ သမီးလေးတော့ ဒုက္ခပါပဲ ၊ ဘာများ ဖြစ်နေပြီလဲ မသိဘူး”

လက်ျာအောင်က တံတွေးကို တစ်ချက်မြိုချလိုက်ပြီးနောက်

“အဲဒါ… အဲဒါ ဟောဒီကင်မရာကြောင့် ပဲ အန်တီ”

တုန့်ပြန်သံ မကြားရ။ မားသဲ၏ မိခင်က သူ့ကိုစိုက်ကြည့်နေ၏ ။ လက်ျာအောင်က ဆက်ပြီး …

“မွေးနေ့ပွဲမစခင်တုန်းက မားသဲကို ကျွန်တော် ဓါတ်ပုံနှစ် ပုံရိုက်ပေးလိုက် တယ် အန်တီ၊ အဲဒီ နှစ် ပုံစလုံးမှာ သူ့ပုံပါမလာဘူး ၊ သူ့နောက်က သစ်ပင်ကြီးပဲ ပါလာတယ်၊ ပြီးတော့ …ပြီးတော့ သူ အခုလိုပျောက်သွားတော့တာပဲ အန်တီ”

လက်ျာအောင်က သူ့ဘောင်ဘီအိတ်ထဲမှ ဓာတ်ပုံနှစ် ပုံကို ထုတ်ယူပြီး မားသဲ၏ မိခင်လက်ထဲသို့ လှမ်းပေးလိုက် သည်။သူမက ဓာတ်ပုံကို လှမ်းမယူ။ကြည့်ပင်မကြည့်ချေ။

သူမက လက်ျာအောင်ကိုသာ စိုက်ကြည့်ပြီး သူ့ဦးခေါင်းကို ဖွဖွပုတ်လိုက်သည်။ထိုနောက်…

“သား စိတ်တွေ သိပ်လှုပ်ရှားနေတယ်၊အိမ်ပြန်ပြီး နားလိုက်တော့နော်၊သမီးနဲ့ပတ်သက်လို့ ထူးခြားတာတစ်ခုခု ကို ပြန်သတိရရင် အန်တီ့ဆီ ဖုန်းဆက်လိုက်ပေါ့ ဟုတ်ပြီလား”

လက်ျာအောင်က ခေါင်းကို ငုံ့ထားလိုက်သည်။ရင်ထဲမှာ နာကျင်နေ၏ ။ သူ့ကို သူလည်း အပြစ်တင်မိသည်။

သေစမ်းကွာ၊ဒီအကြောင်းကို ပြောပြလို့ ဘယ်သူက ယုံမှာ တဲ့လဲ။

“ဟုတ်ကဲ့ အန်တီ၊ကျွန်တော် ပြန်လိုက်ပါဦးမယ်”

သူနှုတ်ဆက်ပြီး လှည့်ထွက်လာခဲ့သည်။

အိမ်သို့ ပြန်ရောက်သော အခါ ကင်မရာကို ကိုင်ရင်းလေးတွဲ သော ခြေလှမ်းများ ဖြင့် အပေါ်ထပ်ဆီသို့ တစ်လှမ်းချင်းတက်ခဲ့လေသည်။

သူ့အိပ်ခန်းရှေ့တွင် ရပ်ပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။

“ဟင်…”

ကြောက်ရွံ့တုန်လှုပ်စိတ်ဖြင့် သူအော်ဟစ်မိတော့မတတ် ဖြစ်သွားသည်။သူ့အခန်းမှ ပြတွင်းတံခါးအနီးမှ ရိပ်ခနဲ ပျောက်ကွယ်သွားသော လူရိပ်တစ်ရိပ်ကို တွေ့ လိုက်ရသော ကြောင့် ဖြစ်သည်။

သေသေချာချာမမြင်လိုက်ရသော လည်။ ထိုအရိပ်ကို သူရင်းရင်းနှီးနှီး မှတ်မိနေသည်။

ဟိုအိမ်ကြီး၏ အပေါ်ထပ်မှာ နေပြီး သူ့ကို လှမ်းကြည့်နေခဲ့သော အနက်ရောင် လူရိပ်ပင် ဖြစ်လေသည်။

သူပြတင်းပေါက်ဆီပြေးသွားပြီး တံခါးကိုတွန်းဖွင့်ကြည့်လိုက်သည်။

ဘာမှရှိမနေ။

သူကြက်သီးတဖြန်းဖြန်းထသွား၏ ။

“ဟယ်လို တိုးခန့်လား၊ငါပါကွ လက်ျာပါ”

လက်ျာအောင်က တယ်လီဖုန်းကို တစ်ဖက်က ကိုင်ထားရင်းကျန်လက်တစ်ဖက်က သူ့နဖူးပေါ်မှ စီးကျလာသော ချွေးကို သုတ်လိုက်သည်။သူဘဝတွင် ဘယ်တုန်းးကးမှ ဒီလောက်အပြင်းအထန် စိတ်မလှုပ် ရှားခဲ့ဖူးချေ။

တစ်ဖက်မှ တိုးခန့်က…

“ဟယ်လို…လက်ျာလား အခြေအနေဘယ်လိုလဲ သူငယ်ချင်း၊သူတို့မားသဲကို ရှာတွေ့ ကြပြီလား”

“ခုထိတော့ ဘာသတင်းမှ မကြားသေးဘူး၊မတွေ့ ကြသေးဘူးထင်တယ်”

ပြောရင်းနှင့် လက်ျာအောင်က သူ့အသံတည်ငြိမ်လာအောင်ခဏမျှ စောင့်လိုက်သည်။ထို့နောက်

“ဒီမှာ တိုးခန့်၊ငါ အခု ဖုန်းဆက်တာ မားသဲအကြောင်ပြောချင်လို့မဟုတ်ဘူး၊မင်းးနဲ့ဇော်ရာကို ငါ့ဆီလာတွေ့ ဖို့ ချိန်းချင်လို့ ငါတို့လမ်းထိပ်က ဘုရားကျောင်းရှေ့မှာ ဆုံရအောင်”

“ဟေ…ဘယ်တော့လဲ အခုလား”

“အေး …ဟုတ်တယ်၊အခု ချက်ချင်း တွေ့ မှ ဖြစ်မယ်၊အရမ်းအရေး ကြီးတယ်”

လက်ျာအောင်က ခပ်လောလောပြောလိုက်၏ ။သို့ သော် တိုးခန့်က…

“ဟာ…မင်းကလဲကွာ ညကြီးမင်းကြီး၊အခုတောင် ညစာစားချိန်နီးနေပြီ”

“အရေး ကြီးလို့ ပြောတာပါကွာ၊ငါ မင်းတို့နှစ် ယောက် စလုံးနဲ့ တွေ့ ရမှ ဖြစ်မှာ ”

တိုးခန့်က တွေ ဝေတုန့်ဆိုင်းနေပြီးမှ…

“အင်းလေ၊ဒါဆိုရင်လည်း ငါ့အိမ်က မသိအောင် ခဏတဖြုတ်လစ်ထွက်လို့ရရင်ထွက်ခဲ့မယ်…ဗျာ…မေမေ၊ ဘယ်သူမှမဟုတ်ပါဘူး။လက်ျာအောင်နဲ့ပြောနေတာပါ၊ဟုတ်ကဲ့…ဟုတ်ကဲ့ လာပြီ၊ဟေ့ကောင် လက်ျာ ဒါပဲနော်၊ငါ့အ မေက ထမင်းစားဖို့ ခေါ်နေပြီ၊ပြီးမှငါထွက်ခဲ့မယ်”

“ဟေ့ကောင် ဇော်ရာ့ကိုပါ ပါအောင်ခေါ်ခဲ့နော်”

“အိုကေ ဒါပဲ သူငယ်ချင်း”

လက်ျာအောင်က ဖုန်းကို ပြန်ချလိုက်သည်။ ထို့နောက် သူ့တစ်အိမ်လုံး မျက်စိကစားလိုက်၏ ။တစ်အိမ်လုံး တိတ်ဆိတ်နေသည်။

မေမေလည်း ခုချိနလောက်ဆို မားသဲပျောက်နေတဲ့သတင်းကို ကြားပြီးလောက်ရောပေါ့ဟု တွေးရင်ငး သူ့အခ န်းရှိရာသို့ ပြန်တက်ခဲ့သည်။

သူ့အခန်းပြတွင်းပေါက်မှ လှမ်းကြည့်လိုက်လျှင် မားသဲတို့အိမ်ကို အတိုင်းသားလှမ်းမြင်နေရသည်။

ညနေတုန်းက သူတို့ပါတီပွဲကျင်းပခဲ့သည့် ခြံနောက်ဘက် မြက်ခင်းပြင်သည် ယခုတော့ ချောက်ချားဖွယ်ရာကောင်းလောက်အောင် ခြောက်သွေ့တိတ်ဆိတ်နေလေသည်။

ပြတင်းပေါက်မှတဆင့် မားသဲတို့အိမ်ရှေ့ကို လှမ်းကြည့်လိုက်သော အခါ အခန်းတွင်းမှ မီးအလင်းရောင် ကြောင့် မွေးနေ့ကိတ်မုန့်ကို အတိုင်းသား လှမ်းမြင်နေရ၏ ။“Happy Birthday” ဟူသော စာတမ်းကို လည်းကောင်း၊ရောင် စုံမီးလုံးများ ကိုလည်းကောင်း မြင်နေရဆဲပင်။

ယခုတော့ ဒါတွေ အားးလုံးသည် ဘာမှ အဓိပ္ပာယ်မရှိတော့ပြီ။

ကြည့်နေရင်းနှင့် သူ့ရင်ထဲမှာ နာကျင်လာ၏ ။



ဝန်ဇင်းချစ်သူများ သတိုးတေဇ ၏ “ ကိုယ့်လက်ခုပ်ထဲက နတ်ဆိုး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စောင့်နေသူ

အနူးဘစ်

စွဲလမ်းခြင်း ခရီးသည်