အခန်း(၁)
“ဟဲ့ စွယ်စုံ ကားကို ဘာ ဖြစ်လို့ ရပ်လိုက်တာလဲ”
လူသူကင်းမဲ့သော လမ်းဘေးတစ်နေရာအရောက်တွင် စွယ်စုံစိုးက ကားကိုထိုးရပ်လိုက်၏ ။
စွယ်စုံစိုးက ကျွန်မတို့တစ်လမ်းကျော်တွင် နေထိုင်ပြီး မိဘများ အချင်းချင်းလည်း အလွန်ခင်မင်ရင်းနှီးကြသည်။ ကျွန်မတို့ နှစ် ယောက် ကျောင်းသွားကျောင်းပြန် အဆင်ပြေစေရန် အတွက် သူ့မိဘများ က မကြာသေးခင်ကမှ သူ့ကို ကားသစ်တစ်စီး ၀ယ်ပေးထားသည်။
ဒဂုံ တက္ကသိုလ်နှင့် ကျွန်မတို့နေထိုင်ရာ ကျောက်ကုန်းမှာ လေးဆယ့်ငါးမိနစ် သာသာလောက် ကားမောင်းသွားလျှင် ရောက်နိုင်ပြီး ကျောင်းသွားကျောင်းပြန်ခရီးတွင် လည်း ယခုကဲ့သို့ တစ်ယောက် နှင့် တစ်ယောက် မကြာခဏ ရန် ဖြစ် စိတ်ကောက်နေကြမြဲ ဖြစ်၏ ။
ကျောင်းစတက်ပြီး တစ်လအကြာတွင် စွယ်စုံက ကျွန်မကို ရည်းစားစကားစပြောပြီး ကျွန်မတို့နှစ် ယောက် မှာ ချစ်သူများ အ ဖြစ်သို့ ရောက်မှန်းမသိ ရောက်သွားခဲ့သည်။
“ငါ အိမ်မပြန်ချင်သေူးဘူး ၀တ်မှု န်”
ကျွန်မတို့နှစ် ယောက် မှာ ချစ်သူတွေ ဟု ဆိုသော်လည်း အမြဲတမ်းလိုလို စိတ်သဘောချင်း ကွဲလွဲလျက်ရှိကြသည်။ စွယ်စုံစိုးနှင့် ကျွန်မ ရည်းစားသက်တမ်း သုံးလကျော်တစ်လျှောက်လုံးမှာ အမြဲလိုလို စိတ်မချမ်းသာ ဖြစ်ခဲ့ရပြီး အထူးသဖြင့် ယခုကဲ့သို့ သူထင်ရာသူ ဇွတ်လုပ်တတ်သော အကျင့်ကို ကျွန်မအမုန်းဆုံး ဖြစ်သည်။
“နင်မပြန်ချင်ပေမယ့် ငါ့မှာ တခြား အိမ်အလုပ်တွေ ရှိသေးတယ် ငါ ပြန်မယ်”
ကျွန်မက သူ့ကို ခပ်မာမာပြန်ပြောရင်း ဘေးတံခါးချက်ကို ဆောင်ြ့ပီးတွန်းဖွင့်ရန် ဟန်ပြင်လိုက်၏ ။
စွယ်စုံက ကျွန်မလက်ကိုလှမ်းဆွဲကာ အသံနက်ကြီးဖြင့် လှမ်းအော်လိုက်သည်။
“နင် ဘာ ဖြစ်နေတာလဲ ၀တ်မှု န်၊ ခဏလေးတောင် အချိန်မရဘူးလား”
သူ့အသံက တင်းမာနေပြီး ကျွန်မလက်ကို တင်းကျပ်စွာ ဖြစ်ညှစ်ဆုပ်ကိုင်ထား၏ ။
ကျွန်မ ရင်တွေ တဒိတ်ဒိတ်ခုန်နေပြီး ခြေဖျားလက်ဖျားများ အေးစက်ထုံကျင်လာ၏ ။ ပါးစပ်မှ စကားလုံးများ ကလည်း ဆွံ့အရင်း သူ့ကို ငေးကြောင်ကြည့်နေမိသည်။
စွယ်စုံက လက်တစ်ဖက်ကို ကျွန်မပခုံးပေါ် လှမ်းတင်ပြီး သူ့ဘက်သို့ ဆွဲယူသိုင်းဖက် လိုက်ရန် ကြိုးစားလိုက်၏ ။
“ဟင် … နင် ငါ့ကိုမထိနဲ့။ လွှတ် … အခုလွှတ်နော် စွယ်စုံ”
ကျွန်မပါးစပ်မှ အသံများ တုန်ယင်ကာ ပခုံးပေါ်မှ သူ့လက်ကို အတင်းပြန်ပြီး ပုတ်ချလိုက်၏ ။
“ဟား ဟား ဟား နင်ကလည်းဟာ ဘာ ဖြစ်တာလဲ”
စွယ်စုံက လက်နှစ် ဖက်ကို စတီယာရင်ပေါ်သို့ ပြန်ပြီး လှမ်းတက်လိုက်ရင်း ကြောက်စရာ ကောင်းသော သူ့မျက်လုံးများ ဖြင့် ကျွန်မကို စိုက်ကြည့်နေ၏ ။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး လူသူအရိပ်အရောင် ဟူ၍ လည်း မတွေ့ ရ။ ဖြတ်သွားဖြတ်လာ ကားတစ်စင်းတလေမျှမရှိဘဲ ပင်လယ်ကဗွီးပင်များ ကို လေတိုးသံ တရွှီးရွှီးသာ ကြားနေရ၏ ။
“နင် သိပ်အတ္တကြီးတယ် စွယ်စုံ၊ နင် ဖြစ်ချင်တာလေးတစ်ခုတည်းနဲ့ ငါ့အခြေအနေ တစ်ခုလုံးကို ဘယ်တုန်းကမှ ထည့်မတွက်ခဲ့ဘူး”
ကျွန်မအသံများ ဒေါသသံနှင့် ကြောက်စိတ်ပါရောပြိး သိသိသာသာကြီး တုန်ယင်နေသည်။
စွယ်စုံ့မျက်နှာက ဘာခံစားချက်မှမရှိသလို ကားရှေ့လေကာမှန်ကို ငေးကြည့်နေရင်း လက်တစ်ဖက်မှလည်း စတီယာရင်ခွေကို တစ်ဒေါက်ဒေါက်ဖြင့် ခေါက်နေ၏ ။
ရုတ်တရက် ကျွန်မအသံကို တည်ငြိမ်အောင် တမင်ကြိုးစားလိုက်ရင်း …
“နင်ဟာ လူကောင်း တစ်ယောက် ဆိုတာ ငါသိပါတယ် စွယ်စုံ၊ ဒါပေမဲ့ ….”
ကျွန်မစကားမဆုံးခင် စွယ်စုံက လက်ကာလိုက်ပြီး သူ့အမူအရာမှာ လဲ ဘယ်လိုမှ မခံစားရသလို ကျွန်မကို ပြန်ပြောလိုက်သည်။
“ငါ ဘာမှမ ဖြစ်ပါဘူး၊ နင့်ကို အိမ်ပြန်ပို့ပေးမယ် ၀တ်မှု န်”
စွယ်စုံက ပြောပြောဆိုဆို ဂျင်းဂျက်ကတ် ကော်လံကို လက်ဖြင့် မ တင်လိုက်ရင်း ကားကို စက်နှိုးလိုက်သည်။ ကားစက်နိုးနိုးချင်း လီဗာကို တစ်ချက်နှစ် ချက် ဆောင့်နင်းသံကို ကြားလိုက်ရ၏ ။ ကျွန်မ သူ့မျက်နှာကို လှမ်းကြည့်လိုက်သော အခါ ဘာအကြောင်းကိစ္စမှ မ ဖြစ်ခဲ့သလို အေးဆေးတည်ငြိမ်နေ၏ ။
တကယ်တမ်း သူ့အပေါ် ကျွန်မ မကျေမနပ်အမြဲ ဖြစ်နေရခြင်းမှာ ယခုကဲ့သို့ သူမဟုတ်ခဲ့ သလို ဘာသိဘာသာ အေးစက်စက်နေနိုင်လွန်းခြင်းကြောင့် ပင် ဖြစ်သည်။
ကလပ်(ခ်ျ) ကိုဆောင့်လွှတ်လိုက်သဖြင့် ကားက ငေါက်ခနဲ ရုန်းထွက်သွား၏ ။ ကျွန်မ ဖြည်းဖြည်းမောင်းဖို့ သူ့ကိုလှမ်းပြောလိုက်မည် ကြံလိုက်သော်လည်း ကျွန်မပါးစပ်မှ စကားလုံးများ က နောက်ထပ်ထွက်မလာခဲ့ချေ။
အမှန်တော့ ကျွန်မကိုယ်၌ ကိုက စွယ်စုံနှင့် ပတ်သက်လာလျှင် အမြဲတမ်း အပြစ်မြင်နေမိခြင်းလား၊ ဒါမှမဟုတ် ကျွန်မကို အမြဲတမ်း ဂရုတစိုက်နေတတ်သည့် သုတကြောင့် ပဲ သူ့ကို မလိုလို စိတ်ပျက်လာမိခြင်းလား မပြောတတ်။ သေချာတာတစ်ခုက ကျွန်မ စွယ်စုံစိုးနှင့် လမ်းခွဲမှ ဖြစ်တော့မည် ဖြစ်သည်။
“အင်း .. ဒီအချိန်ဆို သုတ တစ်ယောက် ဘာများ လုပ်နေပြီလဲ။ ဒီညများ ငါ့ဆီ ဖုန်းဆက်မလားမသိဘူး။ သူ့ကိုတွေ့ ရင်တော့ ငါ အမြဲရေး ရေး နေကျ ငါ့ကဗျာစာအုပ်ကို ပေးဖတ်ရဦးမယ်”
စွယ်စုံစိုးက ဂီယာကိုချိန်းလိုက်ရင်း “မ၀တ” လမ်းဆုံအရောက်တွင် အရှိန်ဖြင့် ချိုးကွေ့လိုက်၏ ။ ကျွန်မပခုံးက ဘေးက ဘယ်ဘက်တံခါးသို့ ပြေးမဆောင့်မိသွားအောင် ထိုင်ခုံကူရှင်ကို ဆွဲကိုင်ဆုပ်ထားလိုက်ရ၏ ။
စွယ်စုံစိုးနှင့် ကျွန်မမှာ ကျောင်းတက်ရသည့် ရက်သတ္တပတ်တော် တော် များများ ရန် ဖြစ်ရင်းနှင့် အချိန်ကုန်ခဲ့ရသည်။ ကင်တင်းတွင် နှစ် ယောက် သား ထိုင်ရင်းလည်း ရန်ပွဲ ဖြစ် ဖြစ်သွားရသည်။ တစ်ခါတစ်ရံ ကျောင်းပိတ်ရက် အပြင်ထွက်လည်ပတ်တိုင်း နှစ် ယောက် သား အခြေအတင် စကားများ ခြင်းများ ဒါမှမဟုတ် အပြန်အလှန်ငြင်းခုံကြပြီး အိမ်သို့ ပြန်ခဲ့ကြရသည်ချည်းသာ ဖြစ်သည်။
စက်တင်ဘာ၏ မိုးသားမိုးရိပ်တို့က ကောင်းကင်တစ်ခုလုံး တစ်ခဏအတွင်း မည်းမှော င်အုံ့ဆိုင်းလာနေ၏ ။ ကျွန်မ သက်ပြင်းချရင်း ဘေးပြတင်းမှန်ကို အသာဖွင့်လိုက်သည်။ အပြင်ဘက်မှ မိုးသက်လေငွေ့ အေးစက်စက်တို့ကြောင့် ကျွန်မစိတ်တွေ ပြန်ပြီး လတ်ဆတ်လာ သလိုထင်ရသည်။
“ငါ စိတ်မကောင်းပါဘူး စွယ်စုံ။ နင်နဲ့ငါ ရန်မ ဖြစ်ကြရင်ကောင်းမယ်”
ကျွန်မ သူ့မျက်နှာကိုမကြည့်ဘဲ ပြောလိုက်သည်။ စွယ်စုံက ဂီယာကို ချိန်းလိုက်ရင်း
“ကိစ္စမရှိပါဘူး၊ ငါ တို့နှစ် ယောက် လုံးမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေ တော့ ရှိရမှာ ပေါ့”
စွယ်စုံစိုးက ကားရှေ့ကို ဂရုတစိုက်မောင်းနေရင်း ကျွန်မကို အေးစက်စက်အကြည့်ဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။
ကျွန်မအထင်တော့ သူလည်းကျွန်မကဲ့သို့ လမ်းခွဲချင်နေပုံရသည်။ ကျွန်မတို့နှစ် ယောက် ၏ တက္ကသိုလ်နေ့ရက်များ သည် ပျော်ရွှင်စရာမကောင်းဘဲ အမြဲတမ်း စိတ်ပျက်ငြီးငွေ့စရာများ ဖြင့် သာ ကုန်ဆုံးခဲ့ရသည်။ ဘာပဲပြောပြော သူနှင့် ကျွန်မ လမ်းခွဲလိုက်ရသည့်အတွက်လည်း ကျွန်မ ဘယ်တော့မှ ၀မ်းနည်းနောင်တရလိမ့်မည် မဟုတ်ချေ။
လေနှင့် အတူ မိုးစက်မိုးပေါက်တို့က ကားရှေ့လေကာမှန်ပေါ်သို့ တဖြောက်ဖြောက် ပြိုဆင်းကျလာနေရာ မြင်ကွင်းတစ်ခုလုံး မှု န်ဝါးသွား၏ ။ ကျွန်မက ဘေးမှပြတင်းပေါက်မှန်ကို ပြန်တင်လိုက်ရင်း နောက်မှီပေါ်သို့ ကိုယ်ကို ခပ်လျှောလျှောထိုင်ကာ လိုက်ပါလာသည်။
စွယ်စုံအပေါ် ဒေါသစိတ်နှင့် မကျေမနပ်စိတ်များ က အခုအချိန်အထိ ကျွန်မနှလုံးသားတွင် တဆတ်ဆတ်ခုန်နေတုန်းပင် ဖြစ်နေသည်။
“အင်း … တကယ်ဆို အခုလို လမ်းခွဲလိုက်တာကို ငါ ဘာ ဖြစ်လို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရာတာလဲ။ ပြီးဆုံးသွားပြီဆိုတာတောင် သူ့ရဲ့ အေးတိအေးစက်အမူအရာကြောင့် ပိုပြီး ငါ ခံစားနေရပါလား”
ကျွန်မတို့ခြံရှေ့သို့ ကားရပ်လိုက်ချိန်အထိ မိုးက သည်းကြီးမည်းကြီး ရွာနေတုန်းပင် ဖြစ်သည်။ ကျွန်မ ကျောပိုးအိတ်အတွင်းထီးကိုနှိုက်ပြီး ရှာနေမိ၏ ။ တကယ်ဆိုလျှင် ခုလိုအခြေအနေမျိုး၌ စွယ်စုံ ကျွန်မကို ဂရုတစိုက်နှင့် သူ့ထီးကို ဆောင်းသွားဖို့ တစ်ခုခုတော့ ပြောသင့်သည်။
အခုတော့ သူက ကားစတီယာရင်ကိုကိုင်ပြီး ဘာမှအရေး ကြီးသည့်ကိစ္စမဟုတ်သလို ကားရှေ့သို့ သာ အဓိပ္ပာယ်မဲ့ စိုက်ကြည့်နေ၏ ။
ရုတ်တရက် ရှာမရသည့်ထီးကို စိတ်မရှည်တော့ဘဲ ကားတံခါးကို ဆောင့်ဖွင့်ကာ မိုးသည်းသည်းမဲမဲရွာနေသော ကားအပြင်ဘက်သို့ ထွက်လိုက်၏ ။
“နောက်မှတွေ့ ကြတာပေါ့”
တံခါးကို ပြန်ပိတ်မည် အလုပ်တွင် ကားအတွင်းမှ စွယ်စုံက စပ်ဖြဲဖြဲအမူအရာဖြင့် ကျွန်မကိုမကြည့်ဘဲ လှမ်းပြောလိုက်၏ ။
ကျွန်မ တံခါးကို ဂျိမ်းခနဲမြည် အောင် တမင်စောင့်ပိတ်လိုက်၏ ။ ကျွန်မ တံခါးပိတ်ပိတ်ချင်းပင် စွယ်စုံစိုးက ကားကို ဝေါခနဲ မောင်းထွက်သွားသည်။
“တောက် …”
အောက်နှုတ်ခမ်းကို အသာဖိကိုက်ရင်း ဒေါသစိတ်ကြောင် ကျွန်မရင်တစ်ခုလုံး ဗြောင်းဆန် နေ၏ ။ ခြံဝရှေ့သို့ ရောက်သော အခါ ကျွန်မတစ်ကိုယ်လုံး ရွှဲရွှဲစိုလျက် ကျောပိုးအိတ်ကို ကိုင်ထားသော လက်ချောင်းများ ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
အခန်း(၂)
နောက်တစ်နေ့ ကျောင်းသို့ ရောက်သော အခါ ဇင်မီနှင့် သီတာအေးတို့ကို စွယ်စုံစိုးနှင့် ကျွန်မ၏ အကြောင်း ပြန်ပြောပြရင်း ကင်တင်းသို့ သုံးယောက် သားလျှောက်လာကြသည်။
“ဒါဆို နင် ဒီနေ့ ကျောင်းကို ဘာနဲ့လာတာလဲ”
ဇင်မီက လွတ်နေသော အခြားစားပွဲဝိုင်းတစ်ခုမှ ကုလားထိုင်ကို ဆွဲယူထိုင်လိုက်ရင်း ကျွန်မကို လှမ်းမေးလိုက်၏ ။
“တက္ကစီငှားလာတာဟ၊ ပြန်ရင်တော့ မေမေ့ကို ကားနဲ့လာကြိုဖို့ ပြောထားတယ်။ ကဲ … နင်တို့ နှစ် ယောက် ဘာသောက်မလဲ။ ဒီနေ့ စွယ်စုံစိုးနဲ့ ငါနဲ့ လမ်းခွဲတဲ့နေ့ အထိမ်းအမှတ်နဲ့ ငါကျွေးမယ်”
ကျွန်မက ဇင်မီနှင့် သီတာအေးကိုကြည့်ရင်း စားပွဲထိုးကောင်လေးကို လှမ်းခေါ်လိုက်သည်။
ဇင်မီနှင့် သီတာအေးမှာ ကျွန်မနှင့် အတူ မူလတန်းမှ တက္ကသိုလ်သို့ ရောက်သည်အထိ တပူးပူးတတွဲ တွဲ နေလာခဲ့ကြသည့် ကျွန်မအချစ်ဆုံးသူငယ်ချင်းများ ဖြစ်ကြသည်။
“ငါတော့ ကော်ဖီပဲ သောက်မယ်”
သီတာအေးက တစ်ရှူးဖြင့် သူ့နှုတ်ခမ်းများ ကို ပွတ်သပ်နေရင်း ကျွန်မကို လှမ်းပြောလိုက်၏ ။ ဇင်မီ ကတော့ MENU ကဒ်ကို ကြည့်ကာ ခေါက်ဆွဲကြော်တစ်ပွဲ လှမ်းမှာ လိုက်သည်။
“နင်နဲ့ စွယ်စုံ့အကြောင်းကို ကြားလိုက်ရရင် ဘယ်တော့မှ ပြေလည်နေကြတယ် မကြားရဘူး။ အမြဲတမ်း ပြဿနာတက်နေတာချည်းပဲ။ ဒါနဲ့ နင် သုတနဲ့ကော တွေ့  ဖြစ်သေးလား ၀တ်မှု န်”
သီတာအေးက ကျွန်မကို သုတအကြောင်း ကောက်ကာငင်ကာ လှမ်းမေးလိုက်၏ ။
“အေး … မတွေ့ တာ တစ်ရက်နှစ် ရက်ရှိသွားပြီဟ ညက သူများ ငါ့ဆီဖုန်းဆက်မလားလို့ စောင့်နေသေးတယ်”
ကျွန်မက စားပွဲပေါ်မှ အကြမ်းပန်းကန်လုံးများ ကို ရေနွေးဖြင့် ဆေးရင်း သီတာအေးကို ပြန်ပြောလိုက်သည်။
“တကယ်ဆိုရင် နင် အစတည်းက ကိုယ့်စိတ်ကို ကိုယ်ဆုံးဖြတ်ပြီး တစ်ယောက် ယောက် ကို ရွေးခဲ့သင့်တယ်”
စားပွဲထိုးကောင်လေး လာချပေးသော ကော်ဖီခွက်နှင့် ခေါက်ဆွဲကြော်ပန်းကန်ကို လှမ်းယူလိုက်ရင်း ဇင်မီက ၀င်ပြော၏ ။
လေအတိုက်တွင် ယိမ်းလှုပ်နေကြသော မလေးရှားပိတောက်ပင်တန်းများ ကို လှမ်းကြည့်ကာ စွယ်စုံစိုးနှင့် ကျွန်မတို့ အမှန်တကယ် လမ်းခွဲခဲ့သည့်အကြောင်းများ ကို ပြန်ပြီး စဉ်းစားနေမိသည်။
“နင်တို့စဉ်းစားကြည့်လေ၊ တကယ်ဆို ဘာပဲ ဖြစ် ဖြစ် ဒီလောက်သည်းသည်းမဲမဲရွာနေတဲ့ မိုးထဲကို ထီးမပါဘဲ ငါ ကားပေါ်ကဆင်းသွားတာတောင် ငါ့ကို တစ်ချက်ကလေး ဂရုစိုက်ပြီး လှည့်မကြည့်ဘူး။ အဲဒီ နေရာမှာ သုတသာဆို ဒီလိုနေမှာ မဟုတ်ဘူး”
ကျွန်မအသံက ပြောရင်းနှင့် ၀မ်းနည်းသလို မကျေမနပ်ဖြင့် တနုံ့နုံ့ ပြန်ခံစားနေရသည်။
“အေး .. နင့်အိမ်က သုတနဲ့ ပြန်ပြီး ဆက်သွယ်နေတာသိသွားရင် နင်ဘယ်လိုလုပ်မလဲ ၀တ်မှု န်”
“အေးဟာ … ဘာမှမစဉ်းစားတတ်တော့ပါဘူး။ စိတ်ရှုပ်ပါတယ်”
ကျွန်မက သောက်လက်စကော်ဖီခွက်ကို အပြီးသပ်ငုံလိုက်ရင်း စိတ်ပျက်လက်ပျက် အသံဖြင့် သီတာအေးကို ပြန်ပြောလိုက်သည်။
ကျွန်မတို့သုံးယောက် စလုံး၏ စကားသံများ ခဏတိတ်ဆိတ်သွားပြီး ဆိုင်အပြင်ဘက် ကျောက်ပြားစင်္ကြံလမ်းလေးကိုသာ ကျွန်မ ငေးကြည့်နေမိသည်။
“အင်း .. အိမ်က ဖေဖေနဲ့ မေမေတို့က နွမ်းပါးတာလေးတစ်ခုတည်းနဲ့တော့ သုတကို ပစ်ပစ်ခါခါ မလုပ်သင့်ပါဘူး။ သူ့မှာ စွယ်စုံစိုးထက်သာတဲ့ တခြားအရည်အချင်းတွေ အများ ကြီးရှိတယ်။ ငါ့အပေါ်လည်း အလေးထားပြီး ဂရုစိုက်တဲ့ပုံပဲ၊ ဟိုတစ်လောကဆို ငါ့မွေးနေ့ကို သူ့မှာ ရှိတဲ့ပိုက်ဆံလေးနဲ့ ရွှေရောင် အကောင်းစား ဘောလ်ပင်လေး တစ်ချောင်းတောင် လက်ဆောင် ပေးလိုက် သေးတယ်”
ကျွန်မ တွေးရင်းနှင့် သတိရလာပြီး ဇင်မီနှင့် သီတာအေးကို လက်ကုတ်ကာ အူယားဖားယား ပြောလိုက်မိ၏ ။
“ဟဲ့ ဟဲ့ .. ငါ နင်တို့ကို ပြစရာတစ်ခုရှိတယ်သိလား”
သီတာနှင့် ဇင်မီတို့က ရုတ်တရက် ကျွန်မစကားကို နားမလည်နိုင်ဘဲ တအံ့တသြ ပြန်ကြည့်နေကြ၏ ။ ကျွန်မက ပြောပြောဆိုဆို ကျောပိုးအိတ်ရှေ့ဇာစ်ကိုဖွင့်ပြီး အတွင်းမှ ရွှေရောင် ဘောလ်ပင်လေးကို ထုတ်ယူလိုက်သည်။
“ဒီမှာ တွေ့ လား၊ ပြီးခဲ့တဲ့ ငါ့ Birthday တုန်းက သုတလက်ဆောင်ပေးတာ”
ကျွန်မက ဘောလ်ပင်ရွှေရောင် လေးကို သီတာအေးနှင့် ဇင်မီအား ထုတ်ပြလိုက်ရင်း သူ့တို့မျက်နှာအမူအရာကိုလည်း အကဲခတ်သလို လှမ်းပြီးကြည့်လိုက်သည်။
“ဟယ် … ဘောလ်ပင်လေးက ချစ်စရာလေးဟ”
သူတို့နှစ် ယောက် စလုံး၏ မျက်နှာများ က ကျွန်မအတွက် ဂုဏ်ပြုဝမ်းမြောက်သည့် အပြုံးမျိုးဖြင့် တလက်လက်တောက်ပနေသည့် ရွှေရောင် ဘောလ်ပင်ကို လက်ဖ၀ါးပေါ်တွင် ရေး ခြစ်ကြည့်နေကြသည်။
“ဟဲ့ ၀တ်မှု န်မှင်ကလဲ ရွှေရောင် ပဲနော်။ တော် တော် တန်ဖိုးကြီးမယ့်ပုံပဲဟ”
“နင့်ရဲ့ Birthday မှာ သုတပေးတဲ့ ဒီလက်ဆောင်နဲ့အတူ ကံကောင်းခြင်းတွေ ရောက်လာပါစေလို့ ငါတို့ ဆုတောင်းပေးပါတယ်”
ဇင်မီပေးလိုက် သော ဘောလ်ပင်လေးကို ကျွန်မ လှမ်းယူလိုက်ရင်း သုတအတွက် အမှတ်တရရေး ထားသည့် ကဗျာစာအုပ်ထဲမှာ စကားလုံးတချို့ကို စိတ်ထဲမှ တဖွဖွပြန်ရွတ် ကြည့်နေ၏ ။ ယူကလစ်ပင်များ အစီအရီစိုက်ထားသော လက်ဖက်ရည်ဆိုင် အ၀င်လမ်းကလေးကို ငေးကြည့်နေရင်း နွေးထွေးကြင်နာသည့် အယုအယတွေ ကို ကျွန်မ ဆာလောင်နေမိသည်။
“ဟင် ….”
ရုတ်တရက် ကျွန်မကိုယ်ကျွန်မ အံ့သြသွား၏ ။
ကျွန်မရှေ့ ခပ်လှမ်းလှမ်းမှ ကောင်မလေး တစ်ယောက် က ကျွန်မတို့ထိုင်နေရာ စားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်လာနေပြီ ကျွန်မကို လှမ်းပြီး ပြုံးရယ်ပြနေ၏ ။
“သူက ဘယ်သူလဲ”
သီတာအေးနှင့် ဇင်မီတို့ ကတော့ သူမ လျှောက်လာနေရာ ဆိုင်အ၀င်လမ်းဘက်ဝသို့ ကျောခိုင်းပြီး ထိုင်နေကြသဖြင့် မမြင်ကြချေ။
“သူ င့ါကို ဘာ ဖြစ်လို့ လှမ်းရယ်ပြနေတာပါလိမ့်၊ ငါ့အသိထဲက တစ်ယောက် ယောက် ပဲ ဖြစ်နေမလား”
သူမပုံစံကို ကျွန်မ ဘယ်လိုမှ ပြန်တွေးကြည့်နေ၍ မရချေ။ သူ့ဆံပင်များ က ကျောလယ်လောက်အထိ ရောက်နေပြီး မျက်နှာတစ်ခုလုံးကို မိတ်ကပ်များ ဖုံနေအောင် လိမ်းထား၏ ။ သူမ၏ အပေါ်အင်္ကျီမှာ ပန်းနုရောင် ပွင့်ဖောက်ဇာလက်ရှည်ကို ၀တ်ဆင်ထားပြီး ခါးတွင် လည်း ရှုံ့ကြိုးတစ်ခုက တင်းတင်းကျပ်ကျပ်စည်းနှောင်ထား၏ ။ ထဘီအစိမ်းရောင် ခပ်ရင့်ရင့်ပေါ်တွင် အနီရောင် အပွင့်ကြီးများ ရှိသဖြင့် သူ့ကို ခပ်ဝေးဝေးမှ အထင်အရှားမြင်သာ နေ၏ ။
ကျွန်မ သူမထံမှ အကြည့်ကိုလွှဲကာ ဇင်မီနှင့် သီတာအေးတို့ နှစ် ယောက် ကို ပြန်လှည့်ကြည့်လိုက်၏ ။ ဇင်မီနှင့် သီတာအေးတို့က ရေနွေးတစ်ခွက်စီ ငှဲ့သောက်နေကြပြီး သူတို့အချင်းချင်း တီးတိုးပြောဆိုရင်း တွတ်ထိုးရယ်မောကြရာ ကျွန်မတို့ စားပွဲဝိုင်းသို့ တန်းတန်းမတ်မတ် လျှောက်လာနေသော မိန်းကလေးကို သတိပင်မထားမိကြချေ။
ထိုအင်္ကျီပန်းနုရောင် နှင့် မိန်းကလေးမှာ တဖြည်းဖြည်းချင်း ကျွန်မတို့ထိုင်နေရာ လက်ဖက်ရည်ဆိုင် အ၀င်ဝသို့ ရောက်လာနေ၏ ။ ကျွန်မကိုလည်း သေသေချာချာစိုက်ကြည့်ပြီး ပြုံးရယ်ပြရင်း လျှောက်လာနေတုန်းပင် ဖြစ်သည်။
“သူ ငါ့ကို ရယ်ပြနေတာ သေချာပါတယ်။ အင်းဟုတ်တယ်။ စားပွဲဝိုင်းတွေ ကို ကွေ့ပတ်ပြီး သူငါ့ဆီ တန်းတန်းမတ်မတ်ကြီးကို လာနေတာ”
ကျွန်မ သူ့ကို မျက်နှာပြန်လွှဲနေလိုက်ပြီး ရွှေရောင် ဘောလ်ပင်ဖြင့် လက်ဖ၀ါးပေါ်တွင် ဘာတွေ ရေး ဖြစ်နေမှန်းမသိ ရေး ခြစ်နေလိုက်မိသည်။
“ဟိတ် …. ၀တ်မှု န် ၊ နင် ဒီမှာ ရှိနေတယ်ဆိုတာ ငါ့စိတ်က အလိုလိုသိနေတယ် သိလား”
ထိုကောင်မလေးက ကျွန်မနာမည် ကို လှမ်းခေါ်ရင်း ပခုံးနှစ် ဖက်ကိုလည်း လှမ်းပြီးဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးများ က ဇင်မီနှင့် သီတာအေးကို တစ်ချက်ဝှေ့ကြည့် လိုက်ရင်း ကျွန်မဘေးမှ လွတ်နေသော ခုံတွင် ၀င်ထိုင်ကာ ကျွန်မ ခါးကိုလည်း သူ့လက်နှစ် ဖက်ဖြင့် တင်းကျပ်စွာ ဖက်ထားလေသည်။
“ဟင် … သူက ငါ့နာမည် ကိုလည်း သိနေပါလား”
ကျွန်မ ပါးစပ်ဟောင်းလောင်းဖြင့် သူမမျက်နှာကို ပြန်လှည့်ကြည့်ကာ ဘယ်လိုမှ မမှတ်မိနိုင်အောင် ဖြစ်နေသည်။
“၀တ်မှု န် .. နင် တကယ်ပဲ လှလာတယ် သိလား”
ကျွန်မမျက်နှာနှင့် ထိလုမတတ် ကပ်ပြီးပြောလိုက်သဖြင့် သူ့ထံမှ မိတ်ကပ်နံ့ ပေါင်ဒါနံ့များ က ကျွန်မနှာခေါင်းတွင်းသို့ ဆိုးဆိုးဝါးဝါး တိုးဝင်လာ၏ ။
“သြော် … အင်း…”
ကျွန်မ သူ့ကိုကြည့်ကာ အလိုက်သင့် ပြန်နှုတ်ဆက်လိုက်ရင်း ကျွန်မ ခါးကို တင်းတင်းကျပ်ကျပ် သိုင်းဖက်ထားသော သူမလက်နှစ် ဖက်ကို ပြန်ပြီး ရုန်းနေမိသည်။
“ငါ အရင်တုန်းက သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။ သူက ဘယ်သူလဲ”
ကျွန်မ စဉ်းစားရင်း အတွေးတွေ ယောက် ယက်ခပ်နေကာ ဖြစ်ညှစ်သိုင်းဖက်ထားသော သူ့လက်နှစ် ဖက်ကြောင့် အသက်ရှူပင် ကျပ်သလိုလို ဖြစ်လာသည်။
အခန်း(၃)
ကျွန်မ ခါးကိုသိုင်းဖက်ထားသော သူမ၏ လက်နှစ် ဖက်ကို ပြန်ရုပ်လိုက်ပြီး ကျောလယ်လောက်အထိ ပြန့်ကျနေသော သူ့ဆံပင်ရှည်ရှည်တွေ ကို လက်ဖမိုးဖြင့် နောက်သို့ တစ်ချက်လှန်ပြီး သပ်တင်လိုက်၏ ။
“ဟူး … တော် သေးတာပေါ့။ ကြာကြာနေရင် ငါ့ ခါးတွေ ပြုတ်ထွက်တော့မယ်”
အသက်ကို ပုံမှန်ပြန်ရှူရင်း သူ့မျက်နှာကို ကျွန်မသေသေချာချာပြန်ပြီး စိုက်ကြည့်လိုက်၏ ။ သို့ သော် ကျွန်မအသိဥာဏ်တွေ က သူ့ကို သည့်ထက် ဘာမှပိုပြိး မှတ်မိမလာခဲ့ချေ။
ဇင်မီနှင့် သီတာအေးတို့က ထိုမိန်းကလေးမျက်နှာကို ကြည့်လိုက်၊ ကျွန်မမျက်နှာကို ကြည့်လိုက်ဖြင့် အသက်ပင်မရှူနိုင်ကြလောက်အောင် အံ့အားသင့်ပြီး ငေးကြည့်နေကြသည်။
ထိုမိန်းကလေး၏ ကိုယ်ခန္ဓာမှာ ကျွန်မထက် အနည်းငယ် တောင့်တင်းပုံရပြီး လက်တံခြေတံများ မှာ တုတ်ခိုင်သန်မာလှသည်။
“နင် တကယ် အရင်အတိုင်းပဲသိလား ၀တ်မှု န်”
ကျွန်မစိတ်တွေ က သူ့ကိုကြည့်ရင်း လှုပ်ရှားနေစဉ် သူ့လက်တစ်ဖက်ကို ကျွန်မပခုံးပေါ် လှမ်းတင်ရင်း ပြောလိုက်၏ ။
ကျွန်မကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်ရင်း ပြောနေသံက ကြေကွဲဝမ်းနည်းသံလိုလို မပီမသနှင့် ဖြစ်နေပြီး ပခုံးပေါ်သို့ လှမ်းတင်ထားသော သူ့လက်တစ်ဖက်မှာ လည်း ကျွန်မအဖို့ အတော် လေးပင် လေးလံနေသည်။
ကျွန်မက ဇင်မီနှင့် သီတာအေးကို အကူအညီရလိုရငြား လှမ်းကြည့်လိုက်၏ ။ သီတာအေးက မျက်လုံးကျယ်ကြီးဖြင့် သာ သူမကို ငေးစိုက်ကြည့်နေသော်လည်း အကင်းပါးသော ဇင်မီက ၀င်၍
“နင်က တို့ကျောင်းကပဲလား”
ထိုမိန်းကလေးထံမှ အဖြေစကားက ချက်ချင်း မထွက်လာသေးပဲ ကျွန်မမျက်နှာကိုသာ မမှိတ်မသုန် စိမ်းစိမ်းကြီး စိုက်ကြည့်နေရာမှ ကျွန်မကို လှမ်းပြောလိုက်သည်။
“ ငါ ဖူးပွင့်လေ၊ နင် ငါ့ကိုမေ့သွားပြီလား ၀တ်မှု န်၊ နင်နဲ့ငါဟာ ငယ်ငယ်တုန်းက အချစ်ဆုံးသူငယ်ချင်းတွေ လေ”
ပိုင်ပိုင်နိုင်နိုင်ပြောနေသော သူမ၏ စကားကြောင့် ကျွန်မကြောင်ငေးသွားသည်။
ဘယ်သူ … ဖူးပွင့် …၊ ဖူးပွင့်ဆိုတာ ငါ့သူငယ်ချင်းထဲမှာ ရှိခဲ့လို့လား။
ကျွန်မ သူ့နာမည် ကို ထပ်ခါတလဲလဲ စိတ်ထဲမှ ရွတ်ကြည့်နေမိ၏ ။
“ဒါဟာ တစ်ခုခုမှားယွင်းနေတာလား၊ ဒါမှ မဟုတ် ငါကပဲ မှတ်ဥာဏ်တွေ ချွတ်ယွင်းနေ တာလား၊ တကယ်ဆိုရင် သူ့ကို ငါသိဖို့ကောင်းတာပေါ့”
“နင် ရန်ကင်း အ- ထ- က (၂) ဘက်ကိုရော ရောက် ဖြစ်သေးလား၊ ငါတော့ ကျောင်းရှေ့က ဖြတ်ဖြတ်သွားတိုင်း ငါတို့အတူတူတက်ခဲ့တဲ့ ကျောင်းကြီးကို အမြဲလိုလို လှည့်ကြည့် ဖြစ်တယ်ဟ”
“သြော် … သူက ငါ့ကို ရန်ကင်း (၂) မှာ ထဲက တွေ့  ခဲ့ဖူးတာကိုး”
အခုအထိ ကျွန်မအသိစိတ်တွေ က ၀ိုးတိုးဝါးတား ဖြစ်နေတုန်းပင်။
“ဟင် .. ဒါဆို နင် သူတို့ကိုရော မှတ်မိလား”
“အေး .. မှတ်မိတယ်”
သူမက ဇင်မီနှင့် သီတာအေးဘက်သို့ တစ်ချက်စွေပြီးကြည့်လိုက်ရင်း ခြောက်ကပ်ကွဲလျှ သည့် လေသံမျိုးဖြင့် ပြောလိုက်သည်။ ဇင်မီနှင့် သီတာအေးတို့ နှစ် ယောက် ကတော့ ကျွန်မကဲ့သို့ ပင် သူ့ကို မမှတ်မိနိုင်အောင် ဖြစ်နေပုံရသည်။
သူမက ကျွန်မပခုံးပေါ်တင်ထားသည့်လက်ကို ပြန်ချရင်း သူ့ကျောပေါ်တွင် တစ်ချိန်လုံး လွယ်ပိုးထားသည့် မျောက်ရုပ်ကျောပိုးအိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်၏ ။
“ဟဲ့ .. သောက်ပလုတ် …”
သူမပစ်တင်လိုက်သော အမွှေးထူထူနှင့် မျောက်ရုပ်ပုံ ကျောပိုးအိတ်ကို သီတာအေးက ရုတ်တရက် လန့်သွားကာ ရင်ဘတ်ကို လက်ဖြင့် ဖိရင်း ကိုယ်ကို နောက်သို့ ရှောင်လိုက်၏ ။ ဇင်မီ ကတော့ သီတာအေးအမူအရာကိုကြည့်ပြီး အူတက်မတက် ရယ်နေတော့သည်။
“နင်နဲ့ငါ့က တတိယတန်းနဲ့ စတုတ္ထတန်းမှာ တုန်းက အရမ်းကိုချစ်ခဲ့ကြတဲ့ ငယ်သူချင်း တွေ လေ”
ဖူးပွင့်ဆိုသော ကျွန်မဘေးမှ ကောင်မလေးက ကျွန်မကို မူလတန်းတုန်းက စပြီး ခင်မင်ခဲ့ရကြောင်းကို ထပ်ပြောနေပြန်၏ ။ ကျွန်မ အတွေးတွေ က မူလတန်းကျောင်းသူဘ၀ကို ပြန်ရောက်သွားလိုက်၊ သူမမျက်နှာကိုပြန်ပြိး မြင်ယောင်ကြည့်လိုက်ဖြင့် ခေါင်းတွေ ပင် မူးနောက်လောက်အောင်ပင် ထပ်ခါတလဲလဲ ပြန်စဉ်းစားနေရ၏ ။
“အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြရသားနဲ့ ငါ ဘာ ဖြစ်လို့ သူ့ကို မမှတ်မိရတာ လဲ”
“ငါ စတုတ္ထတန်းအောင်တဲ့နှစ် မှာ သင်္ကန်းကျွန်းကျောင်းကို ပြောင်းသွား ခဲ့ရတယ်။ အဲဒီ နှစ် မှာ ပဲ ငါ့အဖေလည်း ဆုံးသွားခဲ့တယ်လေ။ ငါနဲ့ ငါ့အမေ နှစ် ယောက် တည်း ဘ၀တစ်ခုလုံးကို ချိုးချိုးငဲ့ငဲ့နဲ့ ….”
သူမအသံက ပြောရင်းနှင့် ပင် တိမ်ဝင်ပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီး စားပွဲပေါ်မှ မျောက်ရုပ်ကျောပိုးအိတ်မှ အမွေးများ ကို လက်နှစ် ဖက်ဖြင့် အကြောင်းမဲ့ ဆွဲလိမ်နေ၏ ။ သို့ သော် သူမ၏ မျက်ဝန်းစိမ်းစိမ်းကြီးများ ကတော့ ကျွန်မကို စိုက်ကြည့်နေတုန်းပင်။
“ဟင် …”
ရုတ်တရက် ကျွန်မ လှမ်းမြင်လိုက်ရသည့် မြင်ကွင်းတစ်ခုလုံးက ကျွန်မအူတွေ အသည်းတွေ ကို ဆွဲယူနုတ်လိုက်သလို ကျင်ခနဲ ဖြစ်သွားပြီး တစ်ကိုယ်လုံး ကြက်သီးများ ဖြန်းဖြန်းထသွားကာ ကျောထဲမှ စိမ့်ခနဲ ဖြစ်သွား၏ ။
ကျောပိုးအိတ်မှ အမွေးများ ကို ဆွဲလိမ်နေသော သူမ၏ လက်ချောင်းများ မှာ လက်သည်းခွံများ မှာ သိမ်းငှက်တစ်ကောင်၏ နှုတ်သီးများ ကဲ့သို့ ရှည်လျားချွန်မြိနေပြီး ခုံးခုံးကြီး ဖြစ်နေသည်။
“ဘုရား … ဘုရား .. သူ့လက်သည်းရှည်တွေ က သာမန်ထက်ကို သိသိသာသာကြီး ပုံပျက်ပန်းပျက် ဖြစ်နေပါလား”
သူမ အဆက်မပြတ် ပြောနေသော အသံများ က ကျွန်မနားအတွင်းသို့ နောက်ထပ်ရောက် မလာခဲ့ချေ။
“ ဟဲ့ ….. ၀တ်မှု န် ”
ကျွန်မပခုံးကို လှမ်းပြီး ဖြန်းခနဲ လှမ်းပုတ်လိုက်သော သူမ၏ လက်ချောင်းများ ကြောင့် ထိတ်ထိတ်ပြာပြာ ပြန်လှည့်ကြည့်လိုက်၏ ။
“ငါ အခု ဘယ်မှာ နေတယ်ဆိုတာ နင်သိရင် အရမ်း အံ့သြသွားလိမ့်မယ် သိလား”
“အင်း .. နင်တို့ အခု ဘယ်မှာ နေကြတာလဲ”
ကျွန်မက အလိုက်အထိုက်သာ ပြန်မေးလိုက်ရသော်လည်း ကျွန်မမျက်လုံးများ က လှုပ်ရှားနေသော သူ့လက်ချောင်းများ ကို သာ မသိမသာ လှမ်းပြီး အကဲခတ်နေမိ၏ ။
“နင်တို့ဘေးက ခြံနံပါတ် (၂၂) ဆိုတဲ့ အိမ်ကြီးမှာ ”
“ဘာ ….”
ကျွန်မအသံက ပေါက်ကွဲလွင့်စင် ထွက်သွားသည့် ဗုံးတစ်လုံးကဲ့သို့ ကျယ်လောင် သွားသည်။
“ဘာလဲ ၊ နင်အံ့သြသွားပြီ မဟုတ်လား”
တကယ်ဆို အခုလို ကျွန်မ ဘယ်လိုမှ မမှတ်မိနိုင်လောက်သည့် ဖူးပွင့်ဆိုသော ကောင်မလေးသည် ကျွန်မနှင့် ငယ်သူငယ်ချင်း ဖြစ်နေရုံမက ကျွန်မတို့အိမ်နှင့် ဘေးချင်းကပ်ရက်က ခြံဝင်းထဲက အိမ်ကြီးတွင် နေထိုင်နေသည်ကို ကျွန်မ ဘာကြောင့် များ မသိခဲ့ရပါသနည်း။
ကျွန်မသိရသလောက် ကျွန်မတို့ခြံနှင့် ကပ်ရက် ခြံဝင်းကြီးထဲက အိမ်အိုကြီးတွင် လူသူမနေကြသည်မှာ နှစ် အတော် ကြာပြီ ဖြစ်၏ ။ ထိုခြံကြီးပတ်ပတ်လည်တွင် ပိတောက်ပင်ကြီး များ ၊ ပိန္နဲပင်ကြီးများ က အုံ့ဆိုင်းမည်းမှော င်နေကြသဖြင့် တော် ရုံတန်ရုံ အပြင်ကကြည့်လျှင် ခြံကြီးအတွင်းသို့ မမြင်ရပေ။
သူမက ကျွန်မကို အံ့သြသွားအောင် တမင်ပြောလိုက်သော်လည်း တကယ်တမ်းတော့ ကျွန်မကိုယ်ကျွန်မ မယုံကြည်နိုင်လောက်အောင် ဆွံ့အသွားမိသည်။
“ဒါဆို နင်တို့နှစ် ယောက် က အိမ်နီးချင်း ငယ်သူငယ်ချင်းတွေ ဖြစ်သွားပြီပေါ့”
သီတာအေးက ကျွန်မနှင့် ဖူးပွင့်ဆိုသော ကောင်မလေးကို ကြည့်ရင်း လှမ်းပြောလိုက် သော်လည်း သူမ ကတော့ ကြားလိုက်သည့်ပုံမပေါ်ပဲ ကျွန်မမျက်နှာသာ တွေ တွေ ကြီးစိုက်ကြည့် နေ၏ ။
“ကျွီ …..”
လမ်းမပေါ်မှ ကားတစ်စီးထိုးရပ်လိုက်သံကြောင့် ကျွန်မတို့အားလုံးပြိုင်တူ လှမ်းကြည့်လိုက် ကြသည်။
“ဟဲ့ … ၀တ်မှု န်၊ ဟိုမှာ အန်တီ နင့်ကိုလာကြိုနေပြီ”
ဇင်မီက မေမေ့ကို လှမ်းရယ်ပြရင်း ကျွန်မကိုလှမ်းပြောလိုက်၏ ။
မေမေက ကျွန်မတို့လေးယောက် ထိုင်နေရာသို့ ကားပေါ်မှ ဆင်းပြီး တစ်လှမ်းချင်း လျှောက်လာနေသည်။
“အန်တီ၊ သမီးကိုမှတ်မိလား၊ ၀တ်မှု န် သူငယ်ချင်း ဖူးပွင့်လေ”
ဖူးပွင့်ဆိုသော ကောင်မလေးက မေမေကားပေါ်မှဆင်းပြီး လျှောက်လာရာဆီသို့ အပြေးတစ်ပိုင်းဖြင့် သွားကာ နှုတ်ဆက်ဆီးကြိုလိုက်၏ ။
“သြော် .. အေး .. အေးကွယ် … မှတ်မိပါတယ်”
မေမေ့အသံက မှတ်မိပါတယ်ဟုသာ ပြုံးရယ်ရင်း ပြန်ပြောနေသော်လည်း ကျွန်မကဲ့သို့ ပင် သူမကိုမှတ်မိရန် တော် တော် လေး စဉ်းစားနေပုံပေါက်နေသည်။
ကျွန်မက စားပွဲထိုးလေးကို ခေါ်ရင်း ပိုက်ဆံရှင်းလိုက်ပြီး ကျောပိုးအိတ်ကို ကပျာကယာ ကောက်လွယ်လိုက်၏ ။
“ကဲ .. ငါပြန်တော့မယ်။ နောက်နေ့မှ တွေ့ ကြတာပေါ့”
ကျွန်မက သီတာအေးနှင့် ဇင်မီ့ကို နှုတ်ဆက်ရင်း ဖူးပွင့်ဘက်ကိုပါ လှည့်ကြည့်ကာ ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်သည်။
မေမေ ကတော့ ဖူးပွင့်ကိုမှတ်မိလာသည့် အချိန်အထိ စဉ်းစားနေမည် မဟုတ်။ ကျွန်မသူငယ်ချင်း ဇင်မီနှင့် သီတာအေးတို့လို့ပင် သူမကိုလည်း ရင်းရင်းနှီးနှီး ပြောဆိုနှုတ်ဆက် နေ၏ ။
“ကဲ … သမီးလည်း အိမ်လာလည်ဦးလေ”
မေမေက ကားပေါ်ပြန်တက်ခါနီး ဖူးပွင့်ကို လှမ်းပြီးပြောလိုက်၏ ။
အိမ်အပြန်လမ်းတစ်လျှောက်လုံး မေမေနှင့် ကျွန်မ ဘာစကားတစ်လုံးမျှ မပြော ဖြစ်ကြဘဲ အတွေးကိုယ်စီနှင့် ရှိနေကြသည်။ မည် သို့ဆိုစေကာမူ ဖူးပွင့်ဆိုသော ကောင်မလေး အကြောင်းက ကျွန်မအဖို့ အလွန်ထူးဆန်းနေ၏ ။
![]() ငှက်ဆိုးတွန်ချိန် | ![]() စောင့်နေသူ | ![]() ဆုတောင်းပြည့်မြွေဆိပ် |