Cover

အခန်း(၁)

ငှက်ဆိုးတွန်ချိန်

အခန်း(၁)

“ကိုကြီး နင့်ဖိနပ်ကြိုးပြေနေတယ်”

လှေကားထစ်ပေါ်တွင် ထိုင်နေသော ကျွန်တော့် ညီမတာရာက စပ်ဖြဲဖြဲနှင့် လှမ်းပြောသည်။ သူမ နောက်ပြောင်နောက်ပြောင်နေကျ ဟာသတစ်ခုပဲ ဖြစ်သည်။

ကျွန်တော် ငတုံးမဟုတ်။ ဖိနပ်တွေ ကို ငုံ့ကြည့်ဖို့ မလိုကြောင်း ကျွန်တော် သိပြီးသား ဖြစ်သည်။ အကယ်၍ ငုံ့ကြည့်မိပါက တာရာသည် ကျွန်တော့် မေးစေ့အောက်ကို လှမ်းရိုက်တာပဲ ဖြစ် ဖြစ် ဒါမှမဟုတ် တစ်ခုခုတော့ လုပ် ဖြစ်အောင်လုပ်ပေးလိမ့်မည် ။

“နင့်လှည့်ကွက်ထဲ ငါမ၀င်တော့ဘူးကွ”

ကျွန်တော် က “သိပြီးသားပါကွာ” ဆိုသည့် အထာနှင့် ပြန်ပြောလိုက်၏ ။

ထိုစဉ် မေမေက ကျွန်တော် တို့ မောင်နှမနှစ် ယောက် ကို ညနေစာစားဖို့ အော်ခေါ်သည်။

အမှန်တော့ ညနေစာစားဖို့ တစ်နာရီလောက် စောနေသေး၏ ။ ကျွန်တော် တို့မောင်နှမနှစ် ယောက် ရန် ဖြစ်ဖို့ စကားဦးတည်နေသည်ကို တမင် ၀င်ဖျက်ခြင်းသာ ဖြစ်၏ ။

တကယ်တော့ တာရာနှင့် ကျွန်တော် ရန်မ ဖြစ်ချင်ပါ။

သို့ သော် ခက်နေသည်က တာရာသည် သူတစ်ပါးအား ချောက်ချသည့်နေရာတွင် မည် သည့်အချိန် ရပ်လိုက်ရမည် ကို ဘယ်သော အခါမှ မသိတတ်ပေ။ အခုလည်း သူမက…

“ငါ နင့်ကိုနောက်နေတာမဟုတ်ဘူး၊ နင့်ဖိနပ်တွေ က တကယ်ကြိုးပြေနေတာ၊ တက်နင်းမိပြီး ချော်လဲ နေဦးမယ်”

“တော် စမ်းပါ တာရာရယ်”

ပြောပြောဆိုဆိုနှင့် ကျွန်တော် လှေကားပေါ်သို့ လှမ်းတက်လိုက်သည်။ သို့ သော် ဘယ်ဘက်ဖိနပ် သည် သံမံတလင်းတွင် ကပ်နေ၏ ။ အစွမ်းကုန် ဆွဲမ ကြည့်သည်။

“ဟာ”

ကျွန်တော့် ခြေထောက်တွေ က စေးကပ်ကပ်ဟာတွေ ပေါ်တက်နင်းမိရက်သား။

တာရာ့ကို ကျွန်တော် ဖျက်ခနဲ လှမ်းကြည့်မိလိုက်သည်။ ဒင်းပုံစံက ပိန်ပိန်သေးသေး ပါးစပ်ပြဲပြဲနှင့် နှုတ်ခမ်းမှာ လည်း နီရဲနေသော ကြောင့် လူရွှင်တော် ရုပ်ပြောင်နှင့် တူ၏ ။ အညိုရောင် ဆံပင် ပျော့ပျော့ ရှည်ရှည်ကို နှစ် ဖက်အညီအမျှခွဲ၍ ကျစ်စံမြီးကျစ်ထား၏ ။

တာရာ့ကို ကျွန်တော် နှင့် ချွတ်စွပ်တူသည်ဟု ပြောလေ့ရှိသည်။ ထိုသို့ ပြောခံရသည်ကို ကျွန်တော် မကြိုက်ပါ။ ကျွန်တော့် ဆံပင်ညိုညိုတွေ က ရှည်လည်းမရှည်၊ ပါးလည်းမပါးပေ။ ဆံပင်တွေ က တိုပြီး ထူထဲသည်။ ကျွန်တော့် ပါးစပ်မှာ လည်း ပုံမှန်အရွယ်အစားပင် ဖြစ်သည်။ ထို့ပြင် မည် သူမျှကျွန်တော့် ကို လူရွှင်တော် ရုပ်ပြောင်နှင့် တူသည်ဟု မပြောကြပါ။

အသက်အရွယ်နှင်စာလျှင် ကျွန်တော့် အရပ်မှာ အနည်းငယ်ပုသော်လည်း တာရာ့လို ပိန်ညှောင် ညှောင်လေး မဟုတ်ပါ။ ကုန်ကုန်ပြောရလျှင် ကျွန်တော် သည် တာရာနှင့် တစ်စက်ကလေးမှပင် မတူပေ။

သူမက ကျွန်တော့် ကို ပြောင်စပ်စပ်နှင့် ကြည့်နေရင်း

“နေ့ပြောနောက်ကြည့်၊ ထသွားရင်တော့ အောက်ကိုကြည့်ရတယ်ဆိုလား ဘာဆိုးလားပဲ….ဟဲ…ဟဲ၊ ကိုကြီးကအောက်ကိုမှ မကြည့်တာ၊ ကဲ….အခုတော့ ခံရပြီမဟုတ်လား…ဟဲ….ဟဲ…ဟဲ”

ဖိနပ်များ ကို ကျွန်တော် ငုံ့ကြည့်လိုက်သည်။ တကယ်ပဲကြိုးတွေ က ပြေလို့၊ ဒါတင်မကသေး၊ ပီကေပုံ ပေါ်တွင် လည်းတက်နင်းမိလျက်သား ဖြစ်နေပြီ။ ဒင်းပြောတုန်းကသာ ငုံ့ကြည့်မိခဲ့လျှင် ၀ါးပြီးသားပီကေပုံကို မြင်ပေလိမ့်မည် ။

တာရာကလည်း ကျွန်တော့် အကြောင်း သိပြီးသား ဖြစ်သည်။ သူမ သတိပေးလိုက် သည်နှင့် ကျွန်တော် ငုံ့မကြည့်မှာ ကိုပေါ့။

တာရာ၏ ထောက်ချောက်က ကွက်ကျော်ရိုက်ကာ တွက်ထားခြင်း ဖြစ်သည်။

“နင် သိမယ်”

အံကြိတ်သံဖြင့် မာန်မဲရင်း တာရာ့လည်ကုပ်ကို လှမ်းဖမ်းဆွဲလိုက်၏ ။ ဒင်းကလည်း လျင်သည်။ လှစ်ခနဲရှောင်ပြီး အိမ်ထဲသို့ ပြေးဝင်သွားသည်။

ကျွန်တော် လည်း သူ့နောက်က ၀ုန်းဝုန်းဒိုင်းဒိုင်း ပြေးလိုက်ရင်း မီးဖိုချောင်ထဲထိ ရောက်လာ၏ ။ တာရာက အော်ကြီးဟစ်ကျယ်နှင့် မေမေ့နောက်တွင် ၀င်ပုန်းရင်း

“မေမေ မေမေ လုပ်ပါဦး၊ သမီးကို ကိုကြီးလိုက်ဖမ်းနေလို့”

တကယ်တော့ တာရာ ကျွန်တော့် ကိုကြောက်ချင်ယောင်ဆောင်နေခြင်းပင်၊ မေမေက

“တော် စမ်း ဖိုးကျော်၊ ကလေးကို လိုက်ဖမ်းမနေနဲ့”

ပြောနေရင်းနှင့် မေမေ့မျက်စိက ကျွန်တော့် ဖိနပ်တွေ ဆီရောက်သွားပြီး

“ဟင် ဖိနပ်မှာ ပီကေတွေ နဲ့၊ ဟဲ့ ဖိုးကျော်၊ ဘယ်လိုလုပ်လိုက်တာလဲ၊ ကြည်စမ်း၊ ကြမ်းပြင်တစ်ခုလုံး ပေပွကုန်ပြီ”

“တာရာ့ကြောင့် မေမေ၊ သူ့ကြောင့် ”

ကျွန်တော် က ပျာပျာသလဲ ရှင်းပြလိုက်သည်။

မေမေက ယုံကြည်ပုံမရပေ။

“ငါ့မျက်စိနဲ့ တပ်အပ်မြင်နေတာတောင် ဗြောင်လိမ်နေတုန်းပဲလား ဟင်”

“မဟုတ်ဘူး၊ မဟုတ်ဘူး”

ဟု ထပ်ပြီးအော်ပြော လိုက်သည်။

မေမေ ကတော့ ခေါင်းကိုသာ တွင် တွင် ခါရင်း

“သား ဒီလိုသာ ညာတဲ့အကျင့်ဆက်ရှိနေရင်တော့တစ်ခုခုလုပ်မှ ဖြစ်မယ်”

တာရာ ကတော့ မေမေ့နောက်မှ ထွက်လာပြီး ကျွန်တော့် ကို နောက်ပြောင်နေလေသည်။

“ဟား ဟား ဟား သနားတယ်၊ သနားပါတယ်ကွယ်၊ ဟား ဟား ဟား”

တာရာက ထိုသို့ အ ဖြစ်မျိုးကို တော် တော် သဘောကျတတ်သည်။ သူ့ကြောင့် အဆူခံရပေါင်းလည်း မနည်းပေ။ တာရာ ကတော့ အမှားတစ်ခုမှ မလုပ်တတ်ပေ။

အင်း…..ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။

တာရာက အမေ့သမီး အလိမ်မာတုံးကလေးပေါ့လေ။

ကျွန်တော့် အသက်က (၁၅)နှစ် ၊ တာရာက (၁၀)နှစ် ။

ကျွန်တော် ဘ၀၏ နောက်ပိုင်း (၁၀)နှစ် သည် စိတ်ပျက်စရာများ ဖြင့် သာ ပြည့်နေလေသည်။

ကျွန်တော် ၅ နှစ် အရွယ်တုန်းက အ ဖြစ်အပျက်များ ကိုမမှတ်မိတော့သည်မှာ လည်း တော် တော် ဆိုးသည်။ တာရာမမွေးခင်တုန်းကဆိုရင် အေးအေးချမ်းချမ်းနှင့် ပျော်စရာကြီးနေမှာ ဟု တွေးရင်း အိမ် နောက်ဘက် ၀ရံတာဆီ ထွက်လာခဲ့သည်။

ထို့နောက် ဖိနပ်တွင် ကပ်နေသော ပီကေများ ကို ခြစ်ထုတ်နေမိသည်။ ထိုစဉ် အိမ်ရှေ့လူ ခေါ်ခေါင်းလောင်းသံနှင့် ဖေဖေ့ခေါ်သံကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။

“ဒီမှာ ဟေ့၊ ငါ ၀ယ်ခဲ့ပြီကွ”

တံခါးပေါက်တွင် အိမ်ရှေ့လူကုန်စုပြုံရောက်ရှိနေကြပြီ။ လူနှစ် ယောက် သည် သေသေချာချာ ထုပ်ပိုးထားသော ပစ္စည်းကြီးတစ်ခုကို မနိုင့်တနိုင် မ၍ အိမ်ထဲသို့ သယ်ယူလာကြသည်။

မီးခိုရောင် အစနှင့် ထုပ်ပိုးထားသော ရှည်မျောမျော အရာတစ်ခု။

“သတိထားသယ်ကြဟေ့”

ဖေဖေက ထိုလူနှစ် ယောက် ကို ထပ်၍ သတိပေးလိုက် ၏ ။

“ဒါကြီးရဲ့ သက်တမ်းက ကြာလှပြီကွ၊ ဒီထဲသယ်ခဲ့ကွာ”

ဖေဖေက ပစ္စည်းလာပို့သူများ အား စာဖတ်ခန်းထဲပိုဖို့ ပြောလိုက်သည်။

ထိုပစ္စည်းကြီးအား ထောင့်တစ်ထောင့်တွင် ချပြီးသည်နှင့် ထုပ်ပိုးထားသော အစကို ဖယ်ရှားလိုက် သည်။ ပစ္စည်း၏ အရွယ်အစားမှာ ကျွန်တော့် ကိုယ်လောက်ကျယ်၍ အရပ်ထက်တစ်ပေခန့် ပိုမြင့်မည် ထင်သည်။

“ဘာကြီးလဲ” ဟု တာရာက စိတ်ဝင်တစားမေး၏ ။

ဖေဖေက ချက်ချင်း ပြန်မဖြေ။ သူ့လက်ဖ၀ါးနှစ် ဖက် ကိုသာစိတ်လှုပ်ရှားစွာ ပွတ်ရင်း တစ်ခုခုကို မျှော်လင့်တကြီး ရှိနေလေသည်။

ကြောင်ကလေး ရွှေဝါသည် အိမ်ထဲဝင်လာပြီး ဖေဖေ့ခြေထောက်နှစ် ချောင်းကြားတွင် ပွတ်သီး ပွတ်သတ် လုပ်နေ၏ ။

မီးခိုရောင် ပိတ်စကြီး ပြေလျှောကျသွားသော အခါ အလွန်အိုဟောင်းနေသော နာရီကြီးတစ်ခုလုံးကို တွေ့ လိုက်ကြရသည်။ နာရီကိုယ်ထည်တစ်ခုလုံးနီးပါးမှာ အနက် ဖြစ်ပြီး ရွှေရောင် ၊ ငွေရောင် နှင့် အပြာရောင် များ ခြယ်မှု န်းထား၏ ။ ထို့ပြင် အလိပ်လိုက် အလိပ်လိုက်နှင့် ကနုတ်ပန်းနွယ်များ လည်း ထွင်းထုထား၏ ။ ခလုတ်ကလေးများ စွာ လည်း ပါရှိသေးသည်။

အဖြူရောင် နာရီဒိုင်ခွက်ထဲတွင် ရွှေရောင် လက်တံများ နှင့် ရွှေရောင် ရောမဂဏန်းများ ပါရှိသည်။ ထိုပြင် တံခါးဝှက်သေးသေးလေးတစ်ခုလည်း ပါသည်။ နာရီင်္ကိုယ်ထည်ကြီး တစ်ခုလုံး၏ အလယ်တွင် တော့ တံခါးအကြီးတစ်ခုကို တွေ့ ရ၏ ။

ပစ္စည်းလာပို့သူများ သည် မီးခိုရောင် အစကြီးကို စုသိမ်းနေကြသည်။ ဖေဖေက လုပ်အားခရှင်းပေးပြီး သော် ထိုသူနှစ် ယောက် လည်း ပြန်သွားကြလေသည်။

နာရီကြီးက မမိုက်ဘူးလား”

ဖေဖေက စိတ်မလုံမလဲနှင့် မေးလိုက်သည်။

“ဒါရှေးဟောင်း သံစုံနာရီကွ၊ ဈေးချောင်ချောင်နဲ့ရလာတာ၊ သိတယ်မဟုတ်လား၊ ဖေဖေ့ရုံးခန်း မျက်နှာချင်းဆိုင်က ဦးဘဂျမ်း ရှေးဟောင်းပစ္စည်းအရောင်းဆိုင်လေ၊ အဲဒီ က”

ကျွန်တော် တို့အားလုံး ခေါင်းတွေ ညိတ်ပြကြသည်။

“ဒီနာရီက အဲဒီ ဆိုင်ထဲမှာ ၁၅ နှစ် ရှိပြီ”

ပြောရင်းဆိုရင်း ဖေဖေက နာရီကို အသာအယာခေါက်နေ၏ ။

“အန်တီနီရဲ့ ဆိုင်ရှေ့က ဖြတ်တိုင်း ဖေဖေရပ်ပြီးငေးခဲ့ရတာ ပေါ့။ ဖေဖေကလည်း အတော် မျက်စိကျ နေခဲ့တာကိုး။ နောက်ဆုံးတော့ ဦးဘဂျမ်းက ရောင်းပေးလိုက် တယ် ဆိုပါတော့ကွာ”

ဒီနာရီကို ရှင်ဈေးဆစ်နေတာဖြင့် ကြာလှပြီ၊ ဦးဘဂျမ်းကလည်း မလျှော့ဘူး၊ ဘာလို့ခုမှ စိတ်ပြောင်း သွားတာလဲ”

ဖေဖေ့မျက်နှာက၀မ်းသာအားရရှိလှသည်။ သူက

“ဟုတ်တယ်၊ ဒီနေ့နေ့လယ်စာစားချိန်တုန်းက အဲဒီ ဆိုင်ထဲ ရောက်သွားသည်။ ဦးဘဂျမ်းက ဘာပြောလဲဆိုတော့ ဒီနာရီမှာ ချွတ်ယွင်းချက်တစ်ခု သူတွေ့ ထားတယ်တဲ့၊ တစ်ခုခုတော့ လွဲနေပြီိတဲ့”

ကျွန်တော် က နာရီကြီးကို စေ့စေ့ကြည့်လိုက်သည်။

“ဘယ်မှာ လဲ ဖေဖေ”

“ဖေဖေ့ကိုပြောမပြလိုက်ဘူးကွ၊ သားတို့ သမီးတို့ကောရှာတွေ့ လား”

ကျွန်တော် နှင့် တာရာသည် နာရီတစ်ခုလုံးကို စေ့စေ့စပ်စပ်ရှာကြည့်ကြသည်။ နာရီဒိုင်ခွက်ထဲမှ ဂဏန်းအားလုံးလည်း မှန်သည်။ နာရီလက်တံတွေ ကလည်း သူ့နေရာနှင့် သူ။ ခြစ်ရာစင်းရာဆို၍ လည်း တစ်ခုမှ မတွေ့ ရချေ။

“သမီးတော့ အပြစ်တစ်ခုမှ မတွေ့ ပါဘူး”

“သားရောပဲ” ဟု ကျွန်တော် က ဖြည့်ပြောလိုက်၏ ။

“အေး ဟုတ်တယ်၊ ဖေဖေလည်း မတွေ့ ဘူး”

“ဦးဘဂျမ်းက ဘာဆိုလိုမှန်း မသိဘူး၊ ဖေဖေ့အနေနဲ့ ၀ယ် ဖြစ်အောင် ၀ယ်မယ်လို့ ပြောထားခဲ့တာ။ သူကပြောပြချင်နေပေမယ့် ဖေဖေလည်း နားမထောင်ချင်တော့ဘူး။ တကယ်အပြစ်အနာအဆာ ရှိခဲ့ရင်တောင်သေးလွန်းလို့ ရှာမတွေ့ ဘူးမဟုတ်လား။ ဘာထူးမှာ မို့လဲ။ ဖေဖေကလည်း သဘောကျပြီးသား ပဲဆိုတော့”

မေမေက လည်ချောင်းရှင်းလိုက်ပြီး

“မသိဘူး ယောကျာ်းရေ၊ ဒါနဲ့ ဒါကြီးကို စာကြည့်ခန်းမှာ တကယ်ထားမလို့လား”

မေမေ့မျက်နှာကိုကြည့်ရသည်မှာ နာရီကြီးကို ဖေဖေ့လောက်လိုလားပုံမရချေ။

“ဒါဆို ဘယ်မှာ ထားမှာ လဲ”

“အင်း ဂိုဒေါင်ထဲမှာ ဆိုရင်ရော”

ဖေဖေက တဟားဟားနှင့် အော်ရယ်လေတော့သည်။

“မိန်းမရယ်၊ မင်းက ငါ့ကို နောက်နေတာပဲ”

မေမေက ခေါင်းကိုသာခါရင်း ဘာမှထပ်မပြောတော့ပေ။ သူမနောက်နေခြင်းမဟုတ်ပါ။

“ငါတော့ စာကြည့်ခန်းမှာ ထားသင့်တယ်လို့ ထင်တာပဲ”

ဟု ဖေဖေက ထပ်ပြောလိုက်သည်။

ထိုစဉ် နာရီ၏ ညာဘက်တွင် ဒိုင်ခွက်သေးသေးတစ်ခုကို ကျွန်တော် တွေ့ လိုက်၏ ။ ဒိုင်ခွက်လေးမှာ ရွှေရောင် ဖြစ်ပြီး နာရီပုံစံငယ်ဟု ထင်ရသည်။ သို့ သော် လက်တံက တစ်ခုတည်း။

အမှတ်စဉ်များ မှာ အနက်ရောင် စာလုံးများ ဖြင့် ရေး ထားပြီး ဒိုင်ခွက်၏ အပြင်ဘက်တွင် ဖြစ်သည်။ ခရစ်နှစ် ၁၈၀၀ မှ စပြီး ၂၀၀၀ တွင် အဆုံးသတ်ထားသည်။ ရွှေရောင် နာရီလက်တံလေးသည် ထိုထဲမှ ခုနှစ် တစ်ခုကို ညွှန်ပြနေလေသည်။ ၁၉၉၇။

လက်တံက မရွေ့။ ဒိုင်ခွက်အခြေတွင် ရွှေရောင် ခလုတ်ငယ်တစ်ခုကို သစ်သားအိမ်တွင် မြှုပ်ထား၏ ။

“အဲဒီ ခလုတ်ကို မထိနဲ့သား”

ဟု ဖေဖေက သတိပေးလိုက် သည်။

ဒီဒိုင်ခွက်က ခုနှစ် ကိုပြတာ။ အောက်ကခလုတ်က ခုနှစ် ပြောင်းလက်တံကို ညှိတဲ့ခလုတ်”

“တော် တော် တုံးတာပဲ၊ ဘယ်သူကများ ခုနှစ် တစ်ခုလုံးကို မေ့မှာ လဲ”

ဟု မေမေက ပြောလိုက်သည်။

ဖေဖေက မေမေ့စကားကို မကြားချင်ယောင်ဆောင်နေလေသည်။

“ဒီမှာ ကြည့်။ ဒီဂရီ ၁၈၀၀ ခုနှစ် တုန်းက ထုတ်လုပ်ခဲ့တာ။ ဒီဒိုင်ခွက်ရဲ့ အစလေ။ တစ်နှစ် ပြီးတိုင်း တစ်နှစ် ဒီလက်တံက တစ်ချက် ရွေ့တယ်”

“ဒါဆို ခရစ်နှစ် ၂၀၀၀ မှာ ဘာလို့ ရပ်ထား ရတာ လဲ”

တာရာက မေးလိုက်သည်။

ဖေဖေက ပခုံးတွန့်လိုက်ရင်း-

“မသိဘူး၊ ဖေဖေထင်တာတော့ ဒီနာရီလုပ်တဲ့သူက ခရစ်နှစ် ၂၀၀၀ ဆိုတာ ရောက်လာမယ်မထင်လို့ နေမှာ ပေါ့။ ဒါမှမဟုတ် ဒီနာရီရဲ့ သက်တမ်း အဲဒီ လောက်ကြာကြာမခံဘူးထင်ရင်းလည်း ထင်မှာ ပေါ့”

“ဒီလူက ၁၉၉၉ ခရစ်မှာ တစ်ကမ္ဘာလုံး ပေါက်ကွဲ ပျက်စီးသွားမယ်လို့ ထင်နေတာလားမှ မသိတာ”

ကျွန်တော် ခန့်မှန်းပြောလိုက်သည်။

“အေး ဟုတ်နိုင်တာပဲ၊ ဘာပဲ ဖြစ် ဖြစ်ဟေ့ ဒီခိုင်ခွက်ကိုတော့ မင်းတို့ မထိမိကြစေနဲ့၊ တကယ်တော့ နာရီကို ဘယ်သူ့မှ မကိုင်စေချင်ဘူး၊ ဒါကြီးက သိပ်ဟောင်းနေတော့ အထိမခံ ရွှေပန်းကန် ဖြစ်နေပြီကွ၊ ဟုတ်ပြီနော်”

“ဟုတ်ကဲ့ပါ ဖေဖေ”

ဟု တာရာက ပြောသည်။ ကျွန်တော် ကလည်း

“ကျွန်တော် လည်း မကိုင်ပါဘူး”

ထိုစဉ် မေမေက နာရီကို လက်ညှိုးထိုးပြရင်း

“ကြည့်စမ်း၊ ၆ နာရီထိုးပြီး၊ ညစာစားကြ”

မေမေ့စကားသံကို ကျယ်လောင်စူးရှသော အသံတစ်ခုကဖြတ်တောက်လိုက်သည်။

နာရီးဒိုင်ခွက်ကြီး၏ အထက်နားမှ တံခါးဝှက်လေးသည် ကလစ်ခနဲ ဟ၍ ပွင့်သွား၏ ။ ထို့နောက် ကြောက်စရာကောင်းသော ငှက်တစ်ကောင် ၀ုန်းခနဲ ခုန်ထွက်လာသည်။

တွေ့ ဖူးသမျှတွင် ကျက်သရေအကင်းမဲ့ဆုံး ငှက်ဆိုးတစ်ကောင်

ထို အမင်္ဂလာငှက်က ကျွန်တော့် ခေါင်းပေါ်မှ ဖြတ်အပျံလန့်၍ ငယ်သံပါအောင် အော်မိသည်။

“အား”

•••

အခန်း (၂)

“ကူးကူ ကူးကူ”

ငှက်သည် အ၀ါရောင် အမွေးရှိပြီး တောင်ပံများ ကို တဖျတ်ဖျတ်ခါရင်း ပျံသန်းနေလေသည်။ မျက်လုံးများ မှာ အပြာရောင် တောက်တောက်ကြီး ဖြစ်ပြီး ကျွန်တော့် ကို ပြူးကြည့်နေပုံမှာ လည်း လိပ်ပြာ လွင့်အောင် ကြောက်စရာကောင်းလွန်းပါသည်။ ခြောက်ကြိမ်အော်ပြီးနောက် နာရီအိမ်ထဲ ပြန်ဝင်သွားသည်။ တံခါးမှာ လည်း ပြန်ပိတ်သွားလေသည်။

ဖေဖေက

“ငှက်အစစ် မဟုတ်ပါဘူး သားရယ်”

ဟုပြောရင်း ရယ်ရင်းနှင့် ဆက်၍

“ဘာပဲ ဖြစ် ဖြစ် အစစ်နဲ့ တစ်ထေရာတည်းပဲဟေ့ ဟုတ်တယ်မဟုတ်လား”

“ဟူး”

“ကိုကြီးဖိုးကျော် ငတုံး”

ဟု တာရာ ကတော့ လှမ်းပြောင်ရင်း

“ကြောက်တတ်လိုက်တာ၊ ငှက်ရုပ်ကြီးကို ကြောက်တယ်တဲ့”

တာရာသည် ကျွန်တော့် နားမရောက်လာပြီး ဆွဲဆိတ်နေလေသည်။

“ဖယ်စမ်း”

ကျွန်တော် က စိတ်ဆိုးဆိုးဖြင့် တာရာ့ကို တွန်းပစ်လိုက်သည်။

“သား၊ ညီမလေးကို အဲဒီ လို မလုပ်ရဘူး”

မေမေက လှမ်းဆူသည်။

“သား ဘယ်လောက်အားရှိတယ်ဆိုတာ ကိုယ်ကိုယ်ကို သိတာမဟုတ်ဘူး၊ ညီမလေး နာသွားလိမ့်မယ်”

“ဟုတ်တယ်၊ ဟုတ်တယ်”

တာရာက ၀င်ထောက်ခံနေသည်။

ဖေဖေ ကတော့ နာရီကြီးကိုသာ သဘောကျနေလေသည်။

ဖေဖေ့မျက်လုံးတွေ က နာရီပေါ်မှ မခွာနိုင်ကြပေ။

“သား လန့်တာ အံ့သြစရာမရှိပါဘူးကွာ၊ ဒီနာရီကထူးဆန်းတာတော့ အမှန်ပဲ၊ ဂျာမနီမှာ အောက်လမ်းဆရာတွေ နေကြတဲ့ ဘလက်ဖော်ရက်စ်မြို့ကထုတ်တာလေ၊ မှော်စွမ်းအင်ရှိအောင်များ လုပ်ထားလား မသိဘူး”

“ဗျာ မှော်စွမ်းအင်”

ကျွန်တော် သံယောင်လိုက်ပြီး မေးလိုက်၏ ။

“ဖေဖေပြောတာ ဒီဟာက တန်ခိုးရှိတဲ့ပစ္စည်းလို့ဆိုလိုတာလား၊ ဘယ်လိုမျိုးလဲ”

“ဒဏ္ဍာရီလိုပြောကြတာ ကတော့ ဒီနာရီလုပ်တဲ့သူကမှော်ပညာရှင် တစ်ယောက် တဲ့၊ ဒီနာရီပြီးတော့ လည်းသူကိုယ်တိုင် မှော်သွင်းခဲ့တယ်ဆိုပဲ၊ တချို့တွေ ဆိုရင်တကယ်လို့ နာရီရဲ့ လျှိုဝှက်ချက်ကိုသိရင် အချိန် နောက်ပြန်သွားအောင် လုပ်လို့ရတယ်ဆိုပြီး ယုံကြတယ်”

“ရှင့်ကို ဦးဘဂျမ်းက ဒီလိုပဲပြောတယ်ပေါ့၊ ဒီနာရီဟောင်းကြီးကို အစွံထုတ်နည်း ကတော့ အတော် ကောင်း၊ မှော်ပညာတွေ ဘာတွေ နဲ့တောင် ဇာတ်လမ်းဆင်လိုက်သေးတယ်”

ဖေဖေက မေမေ့စကားကြောင့် အပျော်မပျက်သွားသည့်အပြင်

“မိန်းမရယ်၊ မင်းမသိပါဘူး၊ ဒါတွေ မ ဖြစ်နိုင်ဘူးလို့ ပြောနိုင်လား”

တာရာက၀င်ပြီး

“သမီး ကတော့ အမှန်တွေ ဖြစ်မှာ ပဲလို့ထင်တယ်”

“ကိုစိန်မောင်၊ ကလေးတွေ ကို မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့လို့ဆို၊ ကလေးတွေ စိတ်ထဲမှာ ပေါက်ကရတွေ ကို တကယ်မှတ်ပြီး စိတ်စွဲနေလိမ့်မယ်”

“ရှင်သား ဖိုးကျော်က နဂိုကတည်းက ဗရုတ်သုတ်ခအလေနတောတွေ လျှောက်လျှောက်ပြောတတ် ပါတယ်ဆိုမှ၊ အဲဒါ ရှင်ဆီက အကျင့်ပါလာတာပဲနဲ့ တူပါတယ်”

“သား ဘာမှမဟုတ်တာ မပြောဘူး၊ အမြဲတမ်း အမှန်အတိုင်းပဲပြောတာ”

ဘာ ဖြစ်လို့များ မေမေက ကျွန်တော့် ကို ဒီလိုပြောရတာ လဲ

“ဒီကိစ္စဟာ ကလေးတွေ ရဲ့ စိတ်ကူးကို ထိခိုက်စေမယ်လို့ ငါတော့ မထင်ပါဘူး မိန်းမရာ၊ စိတ်ကူး ကွန့်မြူးတာကတစ်မျိုး၊ လိမ်ညာလုပ်ကြံပြောတာက တစ်မျိုး၊ တခြားစီပါပဲ”

ကျွန်တော် ကတော့ ရင်ထဲမှ ကျိတ်ပြီး ဒေါသထွက်နေမိသည်။ မေမေက ကျွန်တော့် အပေါ် လုံးဝ မတရားပေ။ စိတ်ပျက်စရာကောင်းဆုံးမှာ တာ့ရာမျက်နှာပေါ်မှ အောင်နိုင်မှု ကို မြင်တွေ့ ရခြင်းပင်။

ကျွန်တော့် ကို လူဆိုး တစ်ယောက် အ ဖြစ် အထင်ခံရအောင်လုပ်ရေး သည် တာရာ၏ သမိုင်းပေး တာဝန်ပင် ဖြစ်သည်။ တာရာ့မျက်နှာပေါ်မှ ကျေနပ်နေသော အပြုံးကို တစ်သက်လုံးစာဖျက် ပစ်လိုက် ချင်သည်။

နောက်ဆုံး မေမေက

“ညနေစာစားဖို့ အဆင်သင့်ပဲ”

ဟု ပြောပြီး နားမခန်းထဲမှ ထွက်သွား၏ ။ ကြောင်ကလေးရွှေဝါက နောက်မှလိုက်သွားလေသည်။

“ဖိုးကျော်နဲ့ တာရာ ခြေလက်သွားဆေးကြ”

ဟု မေမေက ထပ်အော်သွားသေးသည်။

“မှတ်ထားကြ၊ ဘယ်သူမှ နာရီကို မကိုင်ကြနဲ့”

ဖေဖေက ထပ်သတိပေးလိုက်သည်။

“ဟုတ်”

ညနေစာမှာ မွှေးကြိုင်လှသည်။ ခြေလက်ဆေးရန် ရေချိုးခန်းထဲသို့ ကျွန်တော် ၀င်လိုက်သည်။ တာရာ့ရှေကအဖြတ်တွင် တာရာသည် ကျွန်တော့် ခြေထောက်ကို ရုတ်တရက် တက်နင်းလိုက်သည်။

“အား”

“သိပ်မဆူနဲ့”

ဖေဖေက လှမ်းအော်သည်။

“တာရာက ကျွန်တော့် ခြေထောက်ကို တင်နင်းလို့”

“ဘာမှမနာပဲနဲ့၊ တာရာက သားကိုယ်ထက်သေးသေးလေးပဲဟာ”

ကျွန်တော် ထပ်ပြီး ဘာမှမပြောတော့။ ခြေထောက် ကတော့တဆစ်ဆစ်နာနေပြီ။ ရေချိုးခန်းထဲသို့ ခုန်ဆွခုန်ဆွဖြင့် သွားလိုက်သည်။ တာရာက နောက်ကလိုက်လာရင်း

“ကလေးကျနေတာပဲ”

“နင့်ပါးစပ် ပိတ်ထားစမ်း”

တစ်လောကလုံးတွင် အ ဆိုးဆုံးညီမမျိုးကို ဘာလို့များ ရထားပါလိမ့်။

ညစာမှာ ပန်းမုန်းလာကြော်နှင့် ခရမ်းချဉ်သီးသုပ် ဖြစ်သည်။ မေမေက အသားမစား၊ အဆီလည်း လျှော့စားသူ ဖြစ်သည်။

ကျွန်တော့် အတွက်တော့ ပြဿနာမရှိချေ။ ပဲသီးစွပ်ပြုတ်ထက်စာလျှင် ပန်းမုန်လာကြော်က တော် ပါ သေးသည်။ ဖေဖေက

“အသားစားတာလည်း နည်းနည်း ပါးပါးဆို လူကိုမထိခိုက်ပါဘူးကွာ”

“လုံးဝပဲ”

မေမေက ဘာမှထပ်မပြောတော့ချေ။

ကျွန်တော် တို့အားလုံးသည် အသားလျှော့စားဖို့၊ အဆီလျှော့စားဖို့နှင့် ဓာတုပစ္စည်းပါသော အစားအစာများ ရှောင်ကြည်ဖို့ဆိုသည့် မေမေ့သြ၀ါဒကို ကြာဖူးပြီးသား ဖြစ်သည်။

ဖေဖေက ပန်းပွင့်ကြော်ကို တစ်ဇွန်းခပ်ယူကာ ထမင်းပေါ်တွင် ပုံလိုက်ရင်း

“စာဖတ်ခန်းကို ခဏပိတ်ထားရင် ကောင်းမယ်၊ ဒီနှစ် ကောင်ဝင်ဆော့ပြီး နာရီကြီးကျိုးပဲ့သွားမှာ ငါကြောက်လွန်းလို့”

“ဟာ ဖေဖေကလဲ၊ သား အိမ်စာတွေ စာဖတ်ခန်းမှာ လုပ်မှ ဖြစ်မှာ ၊ ကွန်ပျူတာ သုံးဖို့လိုတယ်”

“သားအခန်းထဲကို ကွန်ပျူတာ သယ်လို့မရဘူးလား”

ဖေဖေက တစ်ချက်လှမ်းကြည့်ပြီး မေးလိုက်သည်။

“ဗျာ ကွန်ပျူတာတစ်ခုလုံးကို..”

ဖေဖေက သက်ပြင်းချလိုက်သည်။

“အေးပါကွာ၊ သယ်ဖို့မလွယ်ပါဘူး၊ ဒီတစ်ညတော့သားကို စားဖတ်ခန်းထဲ ၀င်ခွင့်ပေးမယ်”

“သမီးလည်း ကွန်ပျူတာသုံးဖို့လိုတယ်”

တာရာက ၀င်ပြောသည်၊ ကျွန်တော် က..

“နင် လျှောက်မပြောနဲ့”

တကယ်တော့ တာရာသည် စာဖတ်ခန်းထဲတွင် ယောင်လည်လည်လုပ်ရင်း ကျွန်တော့် ကို ဒုက္ခပေးဖို့ အကွက်ရှာလိုခြင်းသာ ဖြစ်သည်။

ကျွန်တော် က

“အာပလာတွေ ၊ နင်တို့ငါးတန်းမှာ ကွန်ပျူတာကိုင်ဖို့မသင်ရပါဘူး၊ ခုနှစ် တန်းရောက်တဲ့အထိတောင် သင်ရသေးတာမဟုတ်ဘူး”

“နင်သိလည်းမသိပဲနဲ့၊ တီချယ် ဒေါ်သီတာလင်းက ငါတို့ကြီးလာရင် ကွန်ပျူတာ ကျွမ်းကျင်အောင် အခုကတည်းက သင်နေတာ၊ နင့်ထက်တောင် ငါက ပိုတော် ရင်တော် နေဦးမှာ ”

“ကဲ ဖိုးကျော်၊ ညီမလေးနဲ့ ရန် ဖြစ်မနေစမ်းနဲ့”

မေမေက ၀င်ပြောလိုက်သည်။

ကျွန်တော် သက်ပြင်းချရင်း အရွက်ကြော်များ ကို ပါးစပ်ထဲပလုတ်ပလောင်းထည့်စားနေလိုက်သည်။ တာရာက လျှာထုတ်ပြနေသေးသည်။

ဤနေရာတွင် မည် သည့်စကားမျှ ထပ်ပြော၍ ရမည့် မဟုတ်ပေ။ ဘာပဲပြောပြော ကျွန်တော် အတွက်တော့ ပြဿနာတစ်ခုကို မီးမထွန်းပဲ ရှာတွေ့ မည် သာ ဖြစ်သည်။

ညစာစားပြီးနောက် ကျွန်တော် လည်း ကျောပိုးအိတ်ကိုတရွတ်ဆွဲ၍ စာဖတ်ခန်းထဲ ၀င်လာခဲ့သည်။ တာရာ့ကို အရိပ်အရောင် မျှ မတွေ့ ရချေ။ တာရာကမနှောင့်ယှက်နိုင်မီ အိမ်စာတွေ ပြီးအောင် လုပ်နိုင် ပေလိမ့်မည် ။

ဖေဖေ့ စာကြည့်စားပေါ်သို့ ကျွန်တော့်  စာအုပ်များ ကိုပစ်တင်လိုက်သည်။ နာရီကြီးက ကျွန်တော့်  မျက်စိထဲဝင်လာပြန်သည်။ လှလည်းမလှ။ တကယ့်ကို ပုံဆိုးပန်းဆိုးကြီး။ သို့ သော် နာရီကြီး၏ ကနုတ်ပန်း နွယ်များ ၊ ခလုတ်များ ကို ကြည့်ရသည်မှာ ကြည့်ကောင်းသည်။ အမှန်တကယ် မှော်နာရီကြီးဟု ထင်လောက် စရာပင်။

ဖေဖေပြောသည့် နာရီကြီး၏ ချိုယွင်းချက်သည် ကျွန်တော့် အတွေးထဲ ရောက်လာပြန်သည်။

အဲဒါ ဘာ ဖြစ်နိုင်မလဲ။ ကျွန်တော် သိချင်လိုက်တာ။

တစ်ခုခုနှင့် ခိုက်မိထားသော ခြစ်ရာပွန်းရာလား

စက်သွားတစ်ခုတလေမှာ ခွေးသွားစိတ်လေးတစ်ခု ပျောက်နေတာလား

သုတ်ထားတဲ့ ဆေးတချို့ ကွာကျနေတာများ လား

ကျွန်တော် စာဖတ်ခန်းတံခါးဝသို့ တစ်ချက်လှည့်ကြည့်လိုက်၊ ပြန်လာလိုက်လုပ်နေသည်။ ကျွန်တော် နှင့် အတူ ကစားနေကျ ဖြစ်သည်။

ဖေဖေနှင့် မေမေ ကတော့ မီးဖိုချောင်ထဲမှပဲ ရှိနေသေးသည်။ ညစာစားပြီးထားသော စားပွဲကို ရှင်းလင်းနေကြဆဲ ဖြစ်သည်။

နာရီကြီးကို နည်းနည်း ပါးပါး ကြည့်ရုံလောက်နှင့် တော့ ဘာမှမ ဖြစ်လောက်ပါဘူးဟု တွေးလိုက် မိသည်။

ခလုတ်တစ်ခုကိုမျှမထိအောင် သတိထားရင်း သက္ကရာဇ်ပြဒိုင်ခွက်လေးကို ငေးကြည့်နေမိသည်။ နာရီကြီး၏ ဘေးဘက်တွင် ဘောင်ကွပ်ထားသော ငွေမင်ရောင် လိုင်းများ ကို လက်ချောင်းများ ဖြင့် ပွတ်သပ် ကြည့်လိုက်မိသည်။ နာရီဒိုင်ခွက်ကြီး၏ အထက်နားလေးဆီမှ တံခါးဝှက်လေးကို တစ်ချက်မော့ကြည့် လိုက်သည်။ သတ္တ၀ါလိုလို ငှက်ကောင်သည် ဤတံခါးနောက်တွင် ရှိနေပေသည်။ ခုန်ထွက်ရမည့် အချိန်ကို စောင့်ဆိုင်းရင်း ဆိုပါတော့လေ။

ဤငှက်ရုပ်ကြောင့် နောက်တစ်ကြိမ် မကြောက်လန့်ချင်တော့ပါ။ နာရီကြည့်လိုက်ရာ ညရှစ်နာရီ ထိုးဖို့ ငါးမိနစ်သာလိုတော့သည်။ နာရီဒိုင်ခွက်အကြီး၏ အောက်တွင် နောက်ထပ်တံခါးတစ်ခုကို တွေ့ ရ လေသည်။ တံခါးမှာ အနည်းငယ်ပို၍ ကြီးသည်။ ကျွန်တော် က ရွှေရောင် တံခါးလက်ကိုင်ဘု ကိုကိုင်ကြည့် လိုက်သည်။

ဒီတံခါးနောက်မှာ ဘာများ ရှိနေမလဲ

သိချင်စိတ်က ပြင်းပြလာသည်။ နာရီ၏ စက်သွားဂီယာများ လား၊ ဒါမှမဟုတ် တချက်ချက် လွှဲနေမည့်  ချိန်သီးများ ဖြစ်နေမလား။

ကျွန်တော် သည် ပခုံးပေါ်မှကျော်၍ တစ်ချက်လည်ပြန်ကြည့်လိုက်သည်။ ကျွန်တော့် ကို မည် သူမျှ ကြည့်မနေ။

ဒီတံခါးကို ခပ်မြန်မြန် တစ်ချက်လောက် ဖွင့်ကြည့်ရုံနဲ့တော့ ဘာမှမ ဖြစ်ဘူးပါရဲ့ ။

ရွှေရောင် လက်ကိုင်ဘုကို ခပ်ဆတ်ဆတ်ဆွဲဖွင့်ကြည့်လိုက်သည်။ တံခါးက ကျပ်နေသည်။ အားနည်းနည်း ပိုစိုက်၍ ထပ်ဆွဲကြည့်သည်။

တံခါးသည် ရုတ်တရက် ပွင့်ထွက်သွား၏ ။

ကျွန်တော် ငယ်သံပါအောင် အော်လိုက်မိသည်။

“အား”

မကောင်းဆိုးဝါးကောင်းသည် နာရီထဲမှ ခုန်ထွက်ကာ ကျွန်တော့် လည်းပင်းဆီသို့ လက်ချောင်း ရှည်ရှည်များ ကို ဆန့်တန်းလျက်-

“ကယ်ကြပါဦး ကယ်ကြပါဦး”

•••

အခန်း(၃)

“မေမေ၊ ဖေဖေ ကယ်ပါဦ်း”

ကျွန်တော် ငယ်သံပါအောင် အော်ဟစ်နေမိသည်။

မကောင်းဆိုးဝါးကောင်၏ လက်သည်းရှည်ရှည်များ က ကျွန်တော့်ကိုယ်ပေါ်တွင် မိုးလျက်။ ကျွန်တော့် မျက်နှာကို လက်များ ဖြင့် ကွယ်ထားလိုက်ပြီး ပြန်ရိုက်ချနိုင်ဖို့ ကြိုးစားမိသည်။

“ဂီးယား ဂီးယား ဂီး ဂီး”

မကောင်းဆိုးဝါးကောင်းက တခစ်ခစ်ရယ်လိုက်သည်။

ထို့နောက် သူ့လက်သည်းရှည်းများ ဖြင့် ကျွန်တော့် ကို ကလိထိုးနေလေတော့သည်။

ကျွန်တော့် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။

တာရာ..

ရာဘာမျက်နှာဖုံးစွပ်ပြီး စောင်ကြီးကို ခေါင်းမြီးခြုံထားသော တာရာ။

တာရာသည် ကြမ်းပြင်ပေါ်တွင် လူးလိမ့်၍ တခစ်ခစ်ရယ်နေလေသည်။

“နင်က တော် တော် ကြောက်တတ်တာပဲ၊ ဟား ဟား ဟား၊ ငါ နာရီထဲက ၀ုန်းဆိုခုန်ထွက်လိုက်တုန်းက နင် ဖြစ်ပျက်နေတဲ့မျက်နှာကို နင့်ဟာနင် ပြန်မြင်စေချင်လိုက်တာ၊ ဟား ဟား ဟား”

“ဒါ ရယ်စရာမဟုတ်ဘူး၊ ဒါ ..ဒါ…”

“ကျွီ..”

“ကူးကူ၊ ကူးကူ၊ ကူးကူ”

ငှက်ရုပ်သည် နာရီထဲမှထွက်၍ တကူးကူ ဟု ကူနေပါတော့သည်။

ကျွန်တော့် ကို ထပ်ပြီး ချောက်ချားစေပြန်လေပြီ။

တာရာသည် လက်တွေ ကိုဖမ်းချုပ်တော့မည် ဟန်လုပ်ရင်းတဟားဟားနှင့် အော်ရယ်နေဆဲ ဖြစ်သည်။

“ဘာတွေ ဖြစ်နေကြတာလဲ”

ဖေဖေက တံခါးဝတွင် ရပ်ရင်း ဒေါသတကြီး မေးလိုက်သည်။ တစ်ဆက်တည်းလိုလို ပွင့်နေသော နာရီအိမ်မှ တံခါးကိုလက်ညှိုးထိုး၍ …

“ဒီတံခါးက ဘာလို့ပွင့်နေရတာ လဲ ဖိုးကျော်၊ နာရီနဲ့ ဝေးဝေးနေပါလို့ ပြောထားရက်နဲ့”

“ကျွန်တော် ”

ဖြေရှင်းဖို့စကားစရုံရှိသေးသည်။ တာရာက..

“ကိုကြီးက နာရီထဲကငှက်ကို ဖမ်းမလို့လုပ်နေတာ”

“ငါထင်သားပဲ”

ဟု ဖေဖေကပြောလိုက်သည်။

“ဖေဖေ၊ မဟုတ်ဘူး၊ တာရာ …လုပ်”

“တော် တော့၊ မင်း မဟုတ်တာလုပ်ပြီးတိုင်း တာရာ့ကို လွဲမချနဲ့၊ ငါ မကြားချင်ဘူး၊ မင်းအမေပြောတာဟုတ်တယ်၊ ငါက မင်းကို မျက်နှာသာပေးလွန်းတော့ မင်းက ရွှေရေး ပန်းကန်တက်ချင်တယ်ပေါ့လေ”

“ဖေဖေတို့ လုံးဝမတရားဘူး”

ကျွန်တော် စိတ်ကူးယဉ်တာလည်း မဟုတ်ဘူး၊ ညာနေတာလည်း မဟုတ်ဘူး”

“ဖေဖေ သူညာနေတာ”

တာရာက ထပ်ပြောလေသည်။

“သမီး ဒီအခန်းထဲဝင်လာတော့ ကိုကြီးဖိုးကျော်က နာရီကို ဆော့နေတာ၊ သမီးက သူ့ကို တားမလို့”

ဖေဖေက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူ၏ အဖိုးတန်သမီးလေး ပြောသမျှကို ယုံကြည်နေလေတော့သည်။

ကျွန်တော့် အနေနှင့် ဘာမှလုပ်စရာမရှိတော့ပါ။ ကျွန်တော့် အိပ်ခန်းသို့ သာ ဒေါသတကြီး ထွက်လာခဲ့သည်။ ထို့နောက်အခန်းတံခါးကို ဒုန်းခနဲမြည် အောင် ပိတ်ပစ်လိုက်သည်။

တာရာသည် ကျွန်တော့် အတွက် အကြီးမားဆုံး ဒုက္ခပဲ ဖြစ်သည်။ တာရာသည် ဘယ်သော အခါမျှ ဆူပူမာန်မဲ မခ့ရပေ။ ကျွန်တော့် မွေးနေ့ကိုပင် ဖျက်လိုဖျက်ဆီး လုပ်ခဲ့သေးသည်။

လွန်ခဲ့သော သုံးရက်က ကျွန်တော့် အသက် (၁၅)နှစ် ပြည့်ခဲ့သည်။ လူတိုင်းကိုယ်မွေးနေ့ကိုကိုယ် တန်ဖိုးထားကြပေလိမ့်မည် ။ ကျွန်တော် လည်း ပျော်ရွှင်စရာမွေးနေ့ကို လိုချင်သည်ပဲပေါ့။

ဒါ အမှန်ပဲမဟုတ်ပါလား။ သို့ သော်..

ကျွန်တော့် အတွက်တော့ ပျော်ရွှင်စရာမဟုတ်ခဲ့ပါ။ တာရာသည် ကျွန်တော့် မွေးနေ့ကို ဘ၀တွင် အဆိုးဆုံးနေ့တစ်နေ့အ ဖြစ်ဖန်တီးခဲ့သည်။

ပထမဆုံးအနေဖြင့် တာရာသည် လက်ဆောင်ပစ္စည်းများ ကို ဖျက်ဆီးသည်။

ဖေဖေနှင့် မေမေသည် (ကျွန်တော့် အတွက် မွေးနေ့လက်ဆောင်ကို တိတ်တဆိတ် ၀ယ်ထားပြီး ကျွန်တော် မသိအောင်ဝှက်ထားကာ) စိတ်လှုပ်ရှားနေပုံရသည်။ မေမေသည် ဟိုသွားလိုက်ဒီသွားလိုက်နှင့် အလုပ်ရှုပ်နေလေသည်။

“ကားဂိုဒေါင်ထဲ မသွားနဲ့နော် သား၊ ဘာပဲလုပ်လုပ်ဂိုဒေါင်ထဲတော့ မသွားနဲ့”

လက်ဆောင်ကို ဂိုဒေါင်ထဲတွင် ၀ှက်ထားတာပဲ ဖြစ်မည် ။ ထိုကြောင့် မေမေ့ကို ရစ်ချင်လာသည်။

“ဘာ ဖြစ်လိုလဲ၊ ဘာလို့ဂိုဒေါင်ထဲ မသွားရမှာ လဲ၊ သားအခန်းတံခါးသော့  ပျက်နေတယ်၊ အဲဒါ လက်သမား ပစ္စည်းတွေ သွားယူမလို့”

“သားဖေဖေကို ပြောလိုက်လေ၊ သူ့ဘာသာသူပစ္စည်းတွေ သယ်လာပြီး ပြင်ပေးလိမ့်မယ်၊ သားဂိုဒေါင်ထဲသွားစရာလိုဘူး၊ အဲဘာ ဖြစ်လို့လဲဆိုတော့ အင်း အဲဒီ ထဲမှာ အမှိုက်တွေ ပုံထားတယ် သားရဲ့ ၊ တော် တော် အနံ့ဆိုးတာ၊ နေမကောင်း ဖြစ်မှာ စိုးရတယ်”

“အဲဒါဆိုလည်း သား မသွားတော့ပါဘူး”

ထိုသို့ ဖြင့် ပျက်နေသော အခန်းတံခါးကိုပြင်ဖို့ ဘာမှမလုပ် ဖြစ်ပေ။

သူတို့၏ အံ့အားတသင့် ဖြစ်စေချင်သော ဆန္ဒကိုမဖျက်ဆီးချင်တော့ပါ။

နေ့လယ်ခင်းတွင် ကျွန်တော့် မွေးနေ့ပွဲမှာ ဧည့်သည်များ နှင့် စည်ကားလာသည်။ ကျောင်းမှ သူငယ်ချင်းများ လည်း ရောက်လာကြပြီ။ မေမေက မွေးနေ့ကိတ်တစ်လုံး လုပ်ထားပေးပြီး မုန့်တွေ ကလည်း အများ ကြီး။

ဖေဖေ ကတော့ ဟိုပြေးဒီလွှားနှင့် ထိုင်ခုံတွေ နေရာချလိုက်၊ ပန်းစက္ကူတွေ ကပ်လိုက် လုပ်နေသည်။

“ဖေဖေ၊ သားအိပ်ခန်းတံခါးသော့  ပြင်ပေးမှာ လား”

ကျွန်တော် က လွတ်လွတ်လပ်လပ်နေချင်သည်။ အခန်းတံခါးသော့  ရှိမှ ဖြစ်သည်။ တံခါးသော့ ကိုလည်း တာရာ ဖျက်ပစ်ခြင်း ဖြစ်သည်။ တာရာသည် တံခါးကို တဒုန်းဒုန်းနှင့် ထုလိုက်ရိုက်လိုက် လုပ်သော ကြောင့် ဖြစ်သည်။

“အေးပါကွာ၊ မွေးနေ့ရှင်အတွက်ပဲ ဘာမဆို လုပ်ပေးရမှာ ပေါ့”

“ကျေးဇူးပါပဲ ဖေဖေ”

ဖေဖေက လက်သမားသုံးပစ္စည်းသေတ္တာကို သယ်၍ အပေါ်ထပ်သို့ တက်သွားသည်။ ထို့နောက် အခန်းတံခါးကို ပြင်ပေးလေသည်။

တာရာက မီးဖိုချောင်နားတွင် ရစ်သီရစ်သီ လုပ်နေ၏ ။ ဖေဖေ့အလစ်တွင် ပန်းစက္ကူများ ကို ဆွဲခွာချသည်။ ထို့နောက်ကြမ်းပြင်ပေါ်သို့ ပစ်ချထားခဲ့သည်။

ဖေဖေက တံခါးသော့ ပြင်ပေးပြီးနောက် လက်သမားသုံးပစ္စည်းသေတ္တာကိုဂိုဒေါင်ထဲတွင် ပြန်ထား၍ ထွက်သွားသည်။ ထမင်းစားခန်းကို ဖေဖေဖြတ်သွားရင်း ပြန်ကျဲနေသော ပန်းစက္ကူ အစအနများ ကို သတိထားမိသွား၏ ။

“ဒါတွေ က ဘယ်လို ဖြစ်နေတာလဲ”

ဖေဖေက ပွစိပွစိပြောရင်း တိပ်နှင့် ပြန်ကပ်ပေးသွားသည်။ ခဏကြာတော့ တာရာက ထပ်လုပ်ထားပြန်သည်။

“တာရာ၊ နင်လုပ်နေတာတွေ ငါသိတယ်၊ ငါ့မွေးနေ့ကို နင် ဖျက်ဆီးနေတာ ရပ်စမ်း”

“ငါဖျက်ဆီးနေတာ မဟုတ်ဘူး၊ ဒီစက္ကူတွေ က လှမှမလှတာ၊ ပြီးတော့ မွေးနေ့ဆိုတာ နင့်ကို မွေးခဲ့တဲ့နေ့တစ်နေ့ ဆိုတာပဲ၊ ဘာမှမဟုတ်ဘူး”

ထိုနောက် တာရာသည် ကြောက်ချင်ယောင်ဆောင်ပြနေလေသည်။

တာရာ့ကို ဥပေက္ခာပြုလိုက်သည်။ ယနေ့သည် ကျွန်တော် မွေးနေ့။ ကျွန်တော့်ပျော်ရွှင်မှု ကို မည် သူမျှမတားနိုင်။ တာရာအပါအ၀င် ဆိုပါတော့။

အမှန်တော့ ကျွန်တော့် အထင်တွေ မျှသာ ဖြစ်သည်။

မွေးနေ့ပါတီ မစတင်မီ နာရီဝက်ခန့်အလိုတွင် ဖေဖေနှင့် မေမေက ကျွန်တော့် ကို ဂိုဒေါင်ထဲခေါ်သွား၏ ။

ကျွန်တော် က မေမေ့၏ ရိုးစင်းလွန်းသော ပုံပြင်ကို ယုံကြည်နေဟန်နှင့်

“မေမေက၊ အမှိုက်ပုံကြီးက အနံ့အတော် ဆိုးမှာ ပဲ”

“သြော် မေမေက သားကို အလကား စ နေတာပါကွယ်”

“တကယ်လားမေမေ၊ ဒါပေမဲ့ သားက တကယ်ထင်နေတာ”

“အဲဒါမျိုးတောင် ယုံတယ်ဆိုတော့ ကိုကြီးဖိုးကျော်က တကယ့်ငတုံးပဲ”

တာရာက ၀င်ပြောသည်။

ဖေဖေက ဂိုဒေါင်တံခါးကို ဖွင့်ပေးလိုက် ၏ ။ ကျွန်တော် ကလည်း တစ်လှမ်းချင်း ၀င်သွားလိုက်သည်။

21- စက်ဘီးအမျိုးအစား အသစ်စက်စက် ပြိုင်ဘီးလေး။

ကျွန်တော် လိုချင်နေတာ ကြာလှပြီ။

တွေ့ ဖူးသမျှတွင် အကောင်းဆုံး၊ အမိုက်ဆုံး စက်ဘီးပင်။

“သားကြိုက်ရဲ့ လား”

“သိပ်ကြိုက်တာပေါ့၊ တကယ်အပျံစားပဲ၊ ဖေဖေနဲ့မေမေ့ကို ကျေးဇူးအများ ကြီးတင်ပါတယ်”

ကျွန်တော် ကား ပျော်မြူးလွန်း၍ အော်ဟစ်နေမိသည်။

“တကယ်မိုက်တယ်နော်၊ သမီးမွေးနေ့ကျရင်လည်း ဒါမျိုးဝယ်ပေးနော် မေမေ”

ဟု တာရာက ပူဆာနေလေသည်။

ထိုနောက် တာရာသည် စက်ဘီးပေါ်လွှားခနဲ ခိုပြီးတက်လိုက်၏ ။ ကျွန်တော် တားချိန်မရလိုက်။

“တာရာ အခုဆင်းစမ်း၊ ဆင်းစမ်းလို့ ပြောနေတယ်နော်”

တာရာကား နားမထောင်၊ ခြေနင်းတွေ ကို နင်းနိုင်ဖို့သာအားထုတ်နေလေသည်။ သို့ သော် ခြေထောက်တိုတိုသေးသေးလေးတွေ နှင့် မမီမကမ်း ဖြစ်နေလေရာ စက်ဘီးက ၀ုန်းခနဲလဲကျသွား၏ ။

“တာရာ၊ သမီး”

မေမေက အော်ပြီး ပြေးသွားသည်။

“နာသွားပြီးလား သမီး”

တာရာက မတ်တပ်ရပ်လိုက်ပြီး ကိုယ်ပေါ်တွင် ပေနေသော ဖုန်မှု န့်များ ကို ခါနေလေသည်။

“ဘာမှမ ဖြစ်ဘူး မေမေ၊ ဒူးမှာ ပဲ နည်းနည်း ပွန်းသွားတာ”

ကျွန်တော် ကတော့ စက်ဘီးအသစ်ကလေးကိုပဲ နှမျောကြေကွဲစွာ ကြည့်နေမိသည်။

စက်ဘီးထမှာ စောစောကလို နက်မှော င်တောက်ပ မနေတော့ပေ။ စက်ဘီးကိုယ်ထည်တွင် အဖြူရောင် ပွန်းပဲ့ခြစ်ရာ အစင်းကြီးက ထင်းနေသည်။ တကယ်ပဲ ပျက်စီးသွားပေပြီ။

“တာရာ နင် ငါ့စက်ဘီးကို ဖျက်ပစ်တယ်”

“ဒီလောက် ဒေါသထွက်မနေနဲ့ ဖိုးကျော်၊ အစင်းရာနည်းနည်း ပဲ ဖြစ်သွားတဲ့ဥစ္စာ”

ဖေဖေက ကျွန်တော့် ကိုပင် ပြန်ဆူနေ၏ ။ မေမေကလည်း

“ညီမလေးကိုတော့ ဂရုမစိုက်ဘူး၊ ညီမလေးကနာသွားတဲ့ဟာကို”

“သူ့ဘာသာသူ ဖြစ်တာပဲ၊ တကယ်ဆို ဦးဦးဖျားဖျား သူတက်စီးစရာလား၊ ခုလို ဖြစ်တာ နည်းတောင် နည်းသေးတယ်”

“ဖိုးကျော်၊ သားဟာ အစ်ကို တစ်ယောက် ဖြစ်ဖို့ အများ ကြီး လိုသေးတယ်”

ဤသို့ ဖြင့် ကျွန်တော့် မှာ မအူမလည်နှင့် အပြစ် ဖြစ်ရပြန်သည်။

“ကဲ ကဲ အိမ်ထဲဝင်ကြစို့၊ ခဏနေရင် သားလူငယ်ချင်းတွေ ရောက်လာတော့မှာ ”

မွေးနေ့ပါတီပွဲ။

မွေးနေ့ပါတီသည် ကျွန်တော့် ကို အနည်းငယ် စိတ်ပြေလက်ပျောက် ရှိစေနိုင်ပေမည် ။

ဘာပဲ ဖြစ် ဖြစ် မွေးနေ့ကိတ်မုန့်တစ်လုံး လက်ဆောင်ပစ္စည်းများ နှင့် သူငယ်ချင်းများ ။ ဘာမှ စိတ်ပျက်စရာမရှိ။ ချွတ်ချော်စရာမရှိ။

အစပိုင်းတွင် အားလုံး အဆင်ပြေလှသည်။ ကျွန်တော့် သူငယ်ချင်းများ တစ်ယောက် ပြီး တစ်ယောက် ရောက်လာကြပြီး လက်ဆောင်ကိုယ်စီလည်း ယူဆောင်လာကြသည်။

ကိုဖြိုး၊ မင်းသူ၊ ဇော်ဇော်၊ နေလင်းနှင့် သက်ဦး ဆိုသည့်ယောက်ျားလေးသူငယ်ချင်း (၅)ယောက် ၊ စီစီ၊ မျိုးနှင့် ရတနာဆိုသည့် မိန်းကလေးသူငယ်ချင်း (၃)ယောက် ကို ဖိတ်ထားလေသည်။

စီစီနှင့် မျိုးကိုမူ စိတ်ဝင်တစားမရှိလှ။ ကျွန်တော် သဘောကျနေသည်က ရတနာ ဖြစ်သည်။ သူမ၏ အညိုရောင် ဆံပင်ရှည်များ နှင့် နှာခေါင်းချွန်ချွန်လေးမှာ ချစ်စရာကောင်းလှသည်။ သူမသည် အရပ်လည်းမြင့်သည်။ ဘတ်စ်ကက်ဘောကစားရာတွင် လည်း လူသိများ ထင်ရှားသည်။ ထိုပြင် သူမတွင် သဘောကျစရာ အခြားအချက်များ လည်း ရှိသေး၏ ။

စီစီ နှင့် မျိုး သည်ရတနာ အချစ်ဆုံးသူငယ်ချင်းများ ဖြစ်သည်။ ရတနာ့ကို မွေးနေ့ပွဲသို့ ဖိတ်ချင်သော ကြောင့် ထိုနှစ် ယောက် ကိုပါ ဖိတ်ရသည်။ သူမတို့သုံးယောက် သည် မည် သည့်နေရာသို့ သွားသွား တပူးတွဲ တွဲ ပင်။

ထုံးစံအတိုင်း ထိုသုံးယောက် သည် တစ်ပြိုင်တည်း ရောက်လာကြသည်။

ရတနာသည် ဘလောက်စ်အင်္ကျီ အဖြူရောင် လေးပေါ်တွင် ပန်းရောင် ကုတ်အပါးလေး ထပ်ဝတ်ထား၏ ။ ကြည့်ရသည်မှာ ပြေပြစ်လှပလေသည်။ ကျန်နှစ် ယောက် ၏ အပြင်အဆင်ကိုမူ ကျွန်တော် သတိမထားမိပေ။

“ဟက်ပီး ဘတ်ဒေး”

သုံးယောက် သား တံခါးဝမှ လှမ်းအော်၍ ၀င်လာသည်။

“ကျေးဇူးအများ ကြီးတင်ပါတယ်”

ထို့နောက် ကျွန်တော့် လက်ထဲသို့ လက်ဆောင်ပစ္စည်းများ ကို တစ်ယောက် ပြီး တစ်ယောက် လာထည့်ပေးသွားသည်။ ရတနာပေးသော လက်ဆောင်မှာ ခပ်ပြာပြာသေးသေးလေး ဖြစ်ပြီး ငွေရောင် စက္ကူဖြင့် ထုပ်ထား၏ ။ သီချင်း စီဒီတစ်ချပ် ဖြစ်မည် ဟု ကျွန်တော် မှန်းဆကြည့်မိသည်။ သို့ သော် မည် သည့်သီချင်းမျိုးတွေ ပါမည် ကိုတော့ မသိနိုင်ပါ။

ရတနာ့လို မိန်းကလေးမျိုးအနေဖြင့် ယောကျာ်းလေး တစ်ယောက် အကြိုက်ကို ခန့်မှန်းနိုင်ပါမလား။

လက်ဆောင်များ ကို ဧည့်ခန်းထဲတွင် ပုံထားလိုက်၏ ။ ကိုဖြိုးက

“ဟေ့ ဖိုးကျော်၊ မင်း ဖားသားကြီးနဲ့ မားသားကြီးက ဘာပေးလဲ”

“စက်ဘီးတစ်စီးပါကွာ၊ 21-spped ပြိုင်ဘီးလေး”

ကျွန်တော် က ကြွားဝါးအူမြူစိတ်ကို အတင်းမျိုးချလျက်ခပ်အေးအေးလေသံဖြင့် ပြောရင်း စီဒီတစ်ချပ်ကို ထည့်ဖွင့်လိုက်သည်။

မေမေနှင့် တာရာသည် အသားညှပ်ပေါင်မုန့်များ ကို ဗန်းတွင် ထည့်၍ သယ်လာကြသည်။ မေမေက မီးဖိုချောင်ထဲသို့ ပြန်ဝင်သွား၏ တာရာက ဧည့်ခန်းတွင် နေခဲ့သည်။ ရတနာက

“ညီမလေး ချစ်စရာလေးနော်”

“သူ့အကြောင်း မသိသေးလို့ပါ”

ဟုကျွန်တော် က ပြန်ပြောလိုက်သည်။

“နင်ကလည်း အဲလိုမပြောပါနဲ့”

“သူသာ ကြောက်စရာကောင်းတာ”

ဟု တာရာက ထအော်ရင်း-

“ကိုကြီးကပဲ တာရာ့ကို အမြဲ အော်ငေါက်ချင်နေတာ”

“ သွားပါဘူး”

ပြောရင်း လျှာတစ်လစ်နှင့် ပြောင်ပြနေလေသည်။

“သူ့ကိုနေခိုင်းလိုက်ပါ ဖိုးကျော်ရယ်၊ သူက ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး”

“မေမေရတနာ၊ ကိုကြီးဖိုးကျော်ကလေ မမကို ကြိတ်ကြွေနေတာ သိလား”

ဟု တာရာက တိုးတိုးလေးနှင့် ပွစိပွစိ ပြောနေ၏ ။

ရတနာ့မျက်လုံးများ က ၀ိုင်းစက်ပြူးကျယ်သွားပြီး-

“သူက”

ကျွန်တော် မျက်နှာတစ်ခုလုံး ထူပူနေပြီ။ တာရာ့ကို ဒေါသတကြီး ကြည့်လိုက်၏ ။ ကျွန်တော် သည် တာရာ့ကို ဤနေရာတွင် ပင် လည်ပင်းညှစ်သတ်ချင်စိတ် ပေါ်လာသည်။ သို့ သော် ကျွန်တော် လုပ်၍ မ ဖြစ်။ မျက်မြင်သက်သေတွေ ကအများ ကြီး။

ရတန ကတော့ တခစ်ခစ်ရယ်နေလေသည်။ စီစီနှင့် မျိုးကလည်း အတောမသတ်အောင် ရယ်နေကြ၏ ။ ကံကောင်းသည်မှာ ဟိုကောင်တွေ တစ်ကောင်မျှမကြာလိုက်ခြင်းပင်။ အားလုံးမှာ စီဒီစက်နားတွင် ရှိနေကြပြီး တစ်ပုဒ်ပြီးတစ်ပုဒ် ရစ်၍ နားထောင်နေကြသည်။

ကျွန်တော့် မှာ ဘာပြောရမှန်းမသိ။တကယ်လည်း ရတနာ့ကို ကျွန်တော် က ကြိုက်နေသည်။အကယ် ၍ ကျွန်တော် ငြင်းလိုက်ပါက သူမအနေနှင့် ခံပြင်းဒေါသထွက်နေပေလိမ့်မည် ။ငြိမ်နေ၍ လည်း မ ဖြစ်။

ကျွန်တော် သည် သေချင်စိတ်ပင်ပေါက်လာသည်။ ဤကြမ်းပြင်ထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားချင် သည်။ရတနာက…

“ဖိုးကျော်ရယ်၊နင့်တစ်မျက်နှာလုံး နီရဲနေတာပဲ”

နေလင်းက ကြားသွားပြီး ကျွန်တော့ကို လှမ်းမေး၏ ။

“ကျော်ဇင်ဝင်း၊ မင်း ဘာ ဖြစ်နေတာလဲ”

တချို့သူငယ်ချင်းတွေ က ကျွန်တော့သူငယ်ချင်းတွေ က ကျွန်တော့နာမည် အရင်းကို ခေါ်ကြသည်။

ကျွန်တော် က ဘာမှပြန်မဖြေတော့ပဲ တာ့ရာကို ဖမ်းချုပ်ပြီး မီးဖိုချောင်ထဲသို့ တရွတ်ဆွဲ ခေါ်သွားလိုက်၏ ။ရတနာ ရယ်သံက ကျွန်တော့နားစည်တွင် ရိုက်ခတ်နေဆဲ ဖြစ်သည်။ကျွန်တော် က တာရာ့ကို ဒေါသ ဖြစ် ဖြစ်ဖြင့် …

“ကျေးဇူးရှင်၊နင် ရတနာ့ကို ဘာလို့သွားပြောရတာ လဲ”

“အဲဒါ အမှန်ပဲမဟုတ်ဘူးလား”

“အေး ဟုတ်တယ်၊မှန်လွန်းလို့ နင့်ကို ငါ အသေသတ်ပစ်လိုက်ချင်တယ်”

“ဖိုးကျော်၊တာရာ့ကို အနိုင်ကျင့်နေပြန်ပြီလား”

မေမေက ကြားကဖြတ်၍ အော်ပြန်သည်။

ကျွန်တော် ဘာမှပြန်မပြောတော့ပဲ ဒေါသတကြီးနှင့် မီဖိုချောင်ထဲမှ ထွက်ခဲ့သည်။သက်ဦးက…

“မင်းစက်ဘီးအသစ်ကို သွားကြည့်ရအောင်”

ဒါ ကောင်းတယ်ဟု ကျွန်တော် တွေးလိုက်သည်။ ဒီမိန်းမတွေ နှင့် ဝေးရာသွားလှပြီ။

ကျွန်တော် က သူတို့ကို ဂိုဒေါင်ထဲသို့ ခေါ်သွားလိုက်သည်။ အားလုံးက စက်ဘီးကိုငေးပြီး ခေါင်းတညိတ်ညိတ်လုပ်နေကြသည်။ အားကျနေပုံရသည်။ ထို့နောက် ဇော်ဇော်က စက်ဘီးလက်ကိုင်ကို ကိုင်ကြည့်ရင်း..

“ဟေ့ကောင်၊ ဒီအစင်းကြီးက ဘာလဲကွ”

“ဒါလား၊ တာရာ..”

ကျွန်တော် ဆက်မပြောချင်တော့။

ခေါင်းကိုသာ ခါနေမိသည်။ မင်းသူ ကတော့

“ခြစ်ရာကြီးပါနေတော့ မင်းစက်ဘီးက သူများ စီးပြီးသား အဟောင်းကြီးနဲ့ တူနေတာပေါ့”

“လာပါကွာ၊ ငါတို့ အိမ်ထဲပြန်ဝင်ကြရအောင်၊ လက်ဆောင်တွေ ဖွင့်ကြည့်မယ်လေ”

ကျွန်တော် တို့ ဧည့်ခန်းဆီသို့ ထွက်လာကြသည်။

လက်ဆောင်တွေ အားလုံးကိုတော့ တာရာ ဖျက်ဆီးနိုင်မည် မထင်။

သို့ သော် တာရာကား ဆီလိုအပေါက်ရှာတတ်သူ ဖြစ်သည်။

ကျွန်တော် တို့ ဧည့်ခန်းထဲရောက်သော် ပွစာကျဲနေသော ပစ္စည်းပုံ၏ အလယ်တွင် တာရာ့ကို တွေ့ ရသည်။ ရတနာတို့သုံးယောက် ကား တာရာ့ပတ်လည်တွင် ၀ိုင်း၍ ထိုင်နေကြသည်။

တာရာသည် လက်ဆောင်ပစ္စည်းအားလုံးကို ဖြေထားပြီးပြီ။

ကျေးဇူးရှင် တာရာ

တာရာက နောက်ဆုံးလက်ဆောင်ကို ဖွင့်ဖို့ “မ” ယူလိုက်သည်။ ဟင် ရတနာရဲ့ လက်ဆောင်။

“ဒီမှာ ကြည့်၊ မမရတနာက ဘာလက်ဆောင်ပေးလဲလို့”

တာရာက ထအော်ရင်း မြှော က်ပြလိုက်၏ ။

သီးချင်းစီဒီတစ်ချပ် ဖြစ်သည်။

“သမီး နားထောင်ဖူးတယ်၊ အဲဒီ ခွေထဲမှာ နာမည် ကြီး အချစ်သီချင်းတွေ ပါတယ်”

အားလုံးက တဟားဟားရယ်မောလိုက်သည်။

သူတို့အားလုံးစိတ်ထဲတွင် တော့ တာရာမှာ ပြဿနာကောင် ဖြစ်နေသည်။

ထို့နောက် ထမင်းစားခန်းသို့ ချီတက်လာကြသည်။ မွေးနေ့ကိတ်ကိုလည်း ကျွန်တော် ကိုယ်တိုင် သယ်၍ ၀င်လာခဲ့သည်။ ကျွန်တော့် နောက်မှ မေမေက ဖယောင်းတိုင်များ ၊ ပန်းကန်ပြားများ နှင့် မီးခြစ်ကို သယ်လာသည်။

ကတ်မုန့်သည် ကျွန်တော် အကြိုက် ချောကလက်အထပ်ထပ်နှင့် ဖြစ်သည်။

လက်ထဲတွင် ကိတ်မုန့်ကို ဟန်ချက်ညီအောင်ထိန်းရင်းမီးဖိုချောင်ထဲမှ ထမင်းစားခန်းသို့ တစ်လှမ်းချင်းသို့ တစ်လှမ်းချင်း လှမ်း၍ ၀င်လာသည်။

နံရံတွင် ကပ်နေသော တာရာ့ကိုမမြင်။ တံခါးပေါက်မှစောင့်၍ ခြေထိုးခံလိုက်သော သူမခြေထောက်သေးသေးလေးများ ကိုလည်း မတွေ့ ချေ။

ထောင်ချောက်မိချေပြီ။ လက်ထဲမှကိတ်မုန့်မှာ လွင့်ထွက်သွား၏ ။ ကိတ်မုန့်ပေါ်သို့ မျက်နှာမှော က်လျက် လဲကျသွားသည်။

သူငယ်ချင်းများ မှာ အံ့အားသင့်လွန်း၍ အသက်ပင်မရှုနိုင်ကြ။ အချို့က မရယ်မိအောင် မနည်းထိန်းနေကြလေသည်။

ကျွန်တော် ထထိုင်လိုက်ပြီး မျက်နှာပေါ်မှ အညိုရောင် ချောကလက်များ ကို သုတ်ပစ်လိုက်သည်။

ပထမဆုံးမြင်ရသည်မှာ ရတနာ့မျက်နှာ ဖြစ်သည်။ သူမသည်တစ်ကိုယ်လုံး လှုပ်ရမ်းနေအောင် ရယ်နေလေသည်။

မေမေက ကျွန်တော့်ကို ငုံ့ကြည့်ပြီး ဒေါသထွက်နေလေသည်။

“ကြည်စမ်း၊ ညစ်ပတ်လိုက်တာ ဖိုးကျော်ရယ်၊ ကိုယ်သွားမယ့်လမ်းကို မကြည်ဘူး၊ ဟင်း..”

ရယ်သံများ ကြားနေရ၏ ။ ပျက်စီးသွားသော ကိတ်မုန့်ကိုသာ ငေးကြည့်နေမိသည်။

ယခုတော့ မည် သည့်ဖယောင်းတိုင်မျှ ထွန်းဖို့မလိုတော့ပါ။

ကိစ္စမရှိ၊ ဘာပဲ ဖြစ် ဖြစ် ကျွန်တော် ဆုတစ်ခု တောင်း ဖြစ်အောင်တောင်းမည် ။

“ကျွန်တော့် မွေးနေ့ကို အစမှ ပြန်စရပါလို၏ ။”

ကျွန်တော် မတ်တပ်ရပ်လိုက်၏ ။ ထို့နောက် ပျော့စိပျော့ပြဲနေသော ကိတ်မုန့်ကို ပြန်ဖုံးလိုက်သည်။ သူငယ်ချင်းတွေ က လှောင်ပြောင်အော်ဟစ်နေကြဆဲ ဖြစ်သည်။

“နင်ဟာလေ တကယ် Mr.Bean နဲ့တူတယ်”

ဟု မျိုးကပြောပြီး အော်ရယ်နေပြန်သည်။

လူတိုင်းသည် ပို၍ ပင် ရယ်နေကြသေးသည်။

အားလုံး ကျွန်တော့်မွေးနေ့တွင် ပျော်ရွှင်ခဲ့ကြရသည်။ လူတိုင်းလူတိုင်းပါပဲ။

ကျွန်တော် ကလွဲလို့ပေါ့။

ဆိုးရွားလွန်းသော မွေးနေ့တစ်ခုပါ။ တော် တော် ဆိုးရွားစွာ ပဲပြီးဆုံးသွားခဲ့သည်။ သို့ သော် ကျွန်တော့် မွေးနေ့ ဖရိုဖရဲ ဖြစ်ရခြင်းသည် တာရာချောက်ချသမျှထဲတွင် အဆိုးဆုံးအ ဖြစ်မဟုတ်သေးပါ။

မည် သူကများ အဆိုးဆုံးလို့ ယုံကြည်ပါမည် လဲ။

•••

အခန်း(၄)

ကျွန်တော့် မွေးနေ့မတိုင်မီ တစ်ပတ်ခန့်က ဖြစ်သည်။ ရတနာ၊ စီစီနှင့် မျိုးတို့ ကျွန်တော့် အိမ်ရောက်လာကြသည်။ အားလုံးမှာ ကျောင်းကပွဲတွင် ပါဝင်ကြမည့် သူများ ဖြစ်သည်။ ထို့ကြောင့် အိမ်တွင် အစမ်းလေ့ကျင်ရန် စီစဉ်ထားခဲ့ကြခြင်း ဖြစ်သည်။

ကပွဲမှာ “ဖားမင်းသားလေး” အကြောင်း ကကြရန် ဖြစ်သည်။ ရတနာကမင်းသမီးလေး၊ စီစီနှင့် မျိုးကအကျင့်ပုတ်သော ညီအစ်မအ ဖြစ် သရုပ်ဆောင်ကြမည် ဖြစ်၏ ။ အလွန်မှန်ကန်သော ရွေးချယ်မှု ပဲဟု ကျွန်တော် တွေးလိုက်မိသည်။

ကျွန်တော် က မင်းသမီးလေး မနမ်းရသေးသော ဖားအ ဖြစ်ပါဝင်ရသည်။ ထို့နောက် မင်းသားလေးအ ဖြစ် ပြောင်းလဲသွားမည် ။

ဆရာမ က ကျွန်တော့် ကို မင်းသားနေရာ မပေး။ ကိုဖြိုးကထိုနေရာ ရသွား၏ ။

ဘာပဲ ဖြစ် ဖြစ် “ဖား” ဇာတ်ကောင်နေရာသည် အကောင်းဆုံးဟုပင် ဆုံးဖြတ်ထားသည်။ အဘယ့်ကြောင့် ဆိုသော် ရတနာသည် “ဖား” ကိုသာနမ်း၍ မင်းသားကို မနမ်းပါ။

သူတို့တွေ အချိန်မရွေး ရောက်လာပေမည် ။

တာရာ ကတော့ ထုံးစံအတိုင်း နားနေခန်းထဲတွင် ကော်ဇောပေါ်ထိုင်၍ ကြောင်ကလေး ရွှေဝါ ကို စိတ်ဆိုးအောင် နှိပ်စက်နေပေသည်။ ရွှေဝါသည်လည်း ကျွန်တော့် လောက်နီးနီးပင် တာရာ့ကို မုန်းတီးနေလိမ့်မည် ။

တာရာက ရွှေဝါနောက်ခြေထောက်နှစ် ချောင်းကို မြှော က်ကာ ကင်းမြီးကောက် ထောင်ခိုင်းနေပြန်သည်။

ရွှေဝါသည် တစ်ကိုယ်လုံး တွန့်လိန်ပြီး အော်၍ ထွက်ပြေး၏ ။ သို့ သော် တာရာက ပြန်ဖမ်းပြီး နောက်တစ်ကြိမ် ကင်းမြီးကောက် ထောင်ခိုင်းရန် ကြိုးစားနေပြန်သည်။

“တာရာ၊ တော် စမ်း”

“ဘာ ဖြစ်လို့လဲ၊ ဒီလောက်ပျော်စရာကောင်းတာ”

“နင် ရွှေဝါ့ကို နှိပ်စက်နေတာပဲ”

“မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ဒီကောင်က ခုလိုဆော့ရတာ ကို သဘောကျနေတာ၊ ဒီမှာ ကြည့်၊ မျက်နှာကပြုံးပြုံးကြီးနဲ့”

ပြောပြောဆိုဆိုနှင့် တာရာသည် ကြောင်၏ နောက်ခြေထောက်များ ကို လွှန်ချပြီး ရှေ့လက်များ အောက်မှ လက်တစ်ဖက် လျှိုဝင်ကာ ချုပ်ထားလိုက်သည်။ ကျန်လက်တစ်ဖက်ဖြင့် ရွှေဝါ့နှုတ်ခမ်းထောင့်စွန်းများ ကို ဆွဲမ၍ မချိပြုံး ပြုံးခိုင်းနေလေသည်။

ရွှေဝါက တာရာ့လက်ကို ကိုက်ဖို့ကြိုးစားသည်။ မမိလိုက်။

“တာရာ၊ ကြောင်ကိုလွှတ်လိုက်၊ ဒီနေရာမှာ မနေနဲ့၊ ငါ့သူငယ်ချင်းတွေ လာတော့မှာ သွားတော့”

“ သွားပါဘူး”

တာရာသည် ရွှေဝါကို ရှေ့လက်များ ဖြင့် လမ်းလျှောက်ခိုင်းနေပြန်သည်။ ကြောင်က လဲကျပြီး နှာခေါင်းနှင့် ကြမ်းပြင်ဆောင့်မိသွားသည်။

“တာရာ တော် တော့လို့ ငါပြောနေတယ်လေ”

ကျွန်တော် က ကြောင်ကို ဖျတ်ခနဲလုယူလိုက်၏ ။ တာရာကလည်း လွှတ်ပေးလိုက် ရာ ရွှေဝါသည် တညောင်ညောင်အော်ရင်း ကျွန်တော့် လက်ကို ကုတ်လိုက်သည်။

“အား”

အောက်ရောက်သည်နှင့် ရွှေဝါသည် လွတ်ရာကျွတ်ရာပြေးတော့သည်။

“ဖိုးကျော်၊ ကြောင်ကို ဘာသွားလုပ်ပြန်ပြီလဲ”

မေမေက တံခါးဝမှရပ်၍ လှမ်းအော်သည်။ ရွှေဝါ ကတော့ဧည့်ခန်းထဲသို့ တိတ်တိတ်လေး ထွက်သွား၏ ။

“ဘာမှမလုပ်ဘဲနဲ့တော့ ကြောင်က ကုတ်မလား၊ သူ့ကိုသွားစလို့ ကုတ်တာပေါ့”

မေမေက ကျွန်တော့် ကို စိတ်ဆိုးသည်။

တာရာ ကတော့ ပါးစပ်မှ ဟိုအော်ဒီအော်နှင့် အခန်းအပြင်သို့ ထွက်သွားပေပြီ။

ထိုစဉ် အိမ်ရှေ့တံခါးမှလူခေါ်ခေါင်းလောင်းသံမြည် လာသည်။

“သား သွားကြည့်လိုက်မယ် မေမေ”

ရတနာတို့ ဖြစ်မှာ သေချာသည်။ သူတို့ကို ဖားဝတ်စုံဖြင့် အံ့သြအောင် လုပ်ရမည် ။ သို့ သော် ကျွန်တော့် မှာ ဘာမှမပြင်ဆင်ရသေး။

“တံခါးသွားဖွင့်ပေးလိုက် ဦး တာရာ၊ ပြီးတော့ ရတနာတို့ကို ဧည့်ခန်းထဲမှာ စောင့်နေလို့ ပြောလိုက်၊ ငါအခုလာခဲ့မယ်”

“အင်းပါ”

တာရာသည် အိမ်ရှေ့သို့ တစ်ဟုန်ထိုး ပြေးသွား၏ ။

ကျွန်တော် လည်း ဖားဝတ်စုံဝတ်ရန် ကျွန်တော့် အခန်းဆီသို့ အမြန်ဆုံး တက်လာခဲ့သည်။ဗီရိုထဲမှ ၀တ်စုံကိုထုတ်သည်။ ထို့နောက် ၀တ်လက်စအင်္ကျီ၊ ဘောင်းဘီကိုချွတ်သည်။ ၀တ်စုံကိုကောက်ယူလိုက်ပြီး ဇစ်ကိုဖွင့်ရန်ကြိုးစား၏ ။ ဆွဲမရပဲ ကျပ်နေ၏ ။

ကျွန်တော် သည် အတွင်းခံအ၀တ်အစားများ ဖြင့် ရပ်လျက်ဇစ်ကို ဆောင့်ဆွဲလိုက်သည်။ ထိုစဉ် ကျွန်တော့် အိပ်ခန်းတံခါးမှာ ကလစ်ခနဲ ပွင့်သွား၏ ။

“ကိုကြီးဖိုးကျော်က ဒီမှာ လေ မမရဲ့ ”

တာရာအသံကို ကြားလိုက်ရသည်။

“ကိုကြီးက မမတို့ကို အပေါ်ထပ်ခေါ်ခဲ့ပါဆိုလို့”

သွားပြီ။ ဒုက္ခ။ အဲဒီ အတိုင်း မ ဖြစ်ပါစေနဲ့ဟု ဆုတောင်းလိုက်သည်။

တံခါးဝသို့ လှမ်းကြည့်ဖို့ မ၀ံ့မရဲ။ တွေ့ ရမည့် မြင်ကွင်းကို ကျွန်တော် သိနေသည်။

တံခါးမှာ ဟာလာဟင်းလင်း ပွင့်နေ၏ ။ ရတနာတို့မှာ အတွင်းခံအ၀တ်အစားသာပါသော ကျွန်တော့် ကို ငေးကြည့်နေကြသည်။

ကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်တော့ ကျွန်တော့် အ ဖြစ်ကထင်တာထက်တောင် ပိုဆိုးနေသေးသည်။

သူတို့အားလုံး မတ်တပ်ရပ်ငေးရင်း တဟားဟားရယ်ြ ကတော့သည်။

တာရာက အဆိုးဆုံး၊ သူမရယ်နေပုံမှာ ပုပ်သိုးနေသော ခွေးသေးသေးလေးနှင့် တူလေသည်။

ယခုအ ဖြစ်သည် အဆိုးဆုံးမဟုတ်သေး။ ရှိသေးသည်။

ဒီအ ဖြစ်ဆိုး မ ဖြစ်မီ နှစ် ရက်အလိုက ဖြစ်သည်။

ကျောင်းဆင်းချိန်တွင် ဘောလုံးကန်ဖို့ ကျွန်တော် စောင့်နေသည်။ ကိုဖြိုး၊ နေလင်းနှင့် တခြားသူငယ်ချင်းများ အပြင် အောင်ကြီးလည်းပါ၏ ။

အောင်ကြီးက ဘောလုံးကစားရာတွင် တော် လည်းတော် သည်။ လူကလည်း ထွားသည်။ အကြမ်းလည်းခံနိုင်သည်။ သူ့အရပ်မှာ ကျွန်တော့် အရပ်ထက် နှစ် ဆမျှ ပိုမြင့်၏ ။ ဘောလုံးကစားခြင်းကိုလည်း အတော် ကြိုက်သည်။ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ သူ့အကြိုက်ဆုံး အသင်း ဖြစ်ပြီး ကျောင်းလာတိုင်း သရဲနီတံဆိပ်ပါသော မန်ယူအသင်းဦးထုပ်ကို အမြဲဆောင်းလာလေ့ရှိသည်။

ကျွန်တော် တို့ ဘောလုံးကန်နေစဉ် တာရာ့ကို ဘေးစည်းနားတွင် တွေ့ လိုက်ရသည်။ အင်္ကျီများ နှင့် ကျောပိုးအိတ်များ စုပုံထားရာဘက်တွင် ဖြစ်သည်။

ကျွန်တော့် စိတ်ထဲတွင် လေးလံနေ၏ ။ အနီးတစ်ဝိုက်တွင် တာရာ့ကို တွေ့ လိုက်ရတိုင်း ယခုကဲ့သို့ ခံစားရမြဲ ဖြစ်သည်။

တာရာ ဘာလာလုပ်တာလဲ။

သူမ၏ ဆရာမ နှင့် လွဲသွား၍ အိမ်ကို လမ်းလျှောက်ပြန်ဖို့ ကျွန်တော့် ကို စောင့်နေတာပဲ ဖြစ်မည် ။

တာရာက ကျွန်တော့် ကို စိတ်ရှုပ်အောင် လုပ်နေတာဟုလည်း တွေးမိသည်။

ဒီလိုလုပ်ခွင့် မပေးနဲ့။

ဒီအစုတ်ပလုတ် ညီမအကြောင်း မစဉ်းစားနဲ့။

ကစားပွဲမှာ ပဲ အာရုံစိုက်ထား။

ကျွန်တော့် စိတ်ထဲတွင် ပေါ့ပါးသွား၏ ။

ဘောလုံးပွဲပြီးသော အခါ ကျွန်တော် တို့ဘက်က နိုင်သည်။ အောင်ကြီး တစ်ယောက် တည်းက နှစ် ဂိုးသွင်းယူခဲ့ခြင်း ဖြစ်လေသည်။

တစ်ဖွဲ့လုံး ကျောပိုးအိတ်များ စုပုံထားရာဘက်သို့ မြူးထူးစွာ ပြေးသွားကြ၏ ။ တာရာကား မရှိတော့ပြီ။

ကောင်းတယ်ဟု တွေးလိုက်မိသည်။

ကျွန်တော် မပါပဲ တစ်ယောက် တည်း အိမ်ပြန်သွားတာပဲ ဖြစ်မည် ။

ကျွန်တော် က ကျောပိုးအိတ်ကို ပခုံးပေါ်သို့ ကောက်လွယ်လိုက်ပြီး

“ဟေ့ကောင်တွေ ၊ နောက်နေ့မှ တွေ့ ကြမယ်”

ထိုစဉ် အောင်ကြီးအသံက ဘောလုံးကွင်းတစ်ခုလုံး ဟိန်းသွား၏ ။

“ဘယ်သူမှ မသွားနဲ့”

ကျွန်တော် တို့အားလုံး ကြောင်ပြီးရပ်သွားသည်။

“ငါ့ဦးထုပ် ဘယ်မှာ လဲ၊ ငါ့ဦးထုပ် ပျောက်နေတယ်”

ကျွန်တော် ပခုံးတစ်ချက်တွန့်လိုက်သည်။ သူ့ဦးထုပ်မည် သည့်နေရာရောက်နေ ကျွန်တော် မသိပါ။

“ငါ့ဦးထုပ်ကို တစ်ယောက် ယောက် ယူထားတာသေချာတယ်၊ ရှာလို့မတွေ့ မချင်း ဘယ်သူမှ မပြန်နဲ့”

အောင်ကြီးက ထပ်ပြောနေပြန်သည်။

သူက ဇော်ဇော့်ကျောပိုးအိတ်ကို ဖမ်းဆွဲလိုက်ပြီး ရှာဖွေစစ်ဆေးနေလေတော့သည်။ ထိုဦးထုပ်ကို ဇော်ဇော် အသည်းအသန်လိုချင်နေမှန်း အားလုံးသိကြသည်။

ထိုစဉ် နေလင်းက ကျွန်တော့် ကို လက်ညှိုးထိုး၍ -

“ဟေ့ကောင် ကျော်ဇင်ဝင်း၊ မင်းအိတ်ထဲက အနီရောင် လေးက ဘာလဲ”

ဟု အော်မေးလိုက်သည်။

“ငါ့အိတ်”

ကျွန်တော့် မှာ အူကြောင်ကြောင်နှင့် ….

ဘေးအိတ်ဇစ် ပွင့်ဟပြီး ထွက်ကျနေသော အနီရောင် တစွန်းတစကို တွေ့ လိုက်ရသည်။

ကျွန်တော် အတော် ပင် တုန်လှုပ်နေပေပြီ။

အောင်ကြီးက ကျွန်တော့် ဆီ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာပြီး အိတ်ထဲမှဦးထုပ်ကို ဆွဲထုတ်လိုက်သည်။ ကျွန်တော် က အထစ်ထစ်အငေါ့ငေါ့ဖြင့် …

“ဒီထဲ ဘယ်လိုရောက်နေတာလဲဆိုတာ ငါမသိဘူး၊ ငါကျိန်ရဲ…ရဲ”

အောင်ကြီးသည် တောင်းပန်စကားကို ဆုံးအောင်မစောင့်။ဘယ်သော အခါမျှလည်း နားထောင်လေ့မရှိပါ။

ကြယ်ရောလေရော စုံအောင်မြင်လိုက်ရ၏ ။

အောင်ကြီးက ကျွန်တော့် ကို တွန်းထုတ်လိုက်ချိန်တွင် အတော် လေး ဖရိုဖရဲ ဖြစ်နေပေသည်။

ကိုဖြိုးနှင့် ဇော်ဇော်က ကျွန်တော့် ကို အိမ်အထိရောက်အောင် ပြန်ပို့ပေးကြသည်။ အညိုအမည်းစွဲနေသည့် ကျွန်တော် မျက်လုံးများ ကို မေမေ သတိမထားမိ၍ သာ တော် သေးသည်။

ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်ရင်း တာရာ့အရိပ်ကို မှန်ထဲတွင် ဖျတ်ခနဲ မြင်လိုက်၏ ။

သွား သုံးဆယ့်နှစ် ချောင်းလုံးပေါ်အောင် ပြုံးပြနေသော တာရာ့မျက်နှာကြောင့် ကျွန်တော် က..

“နင် နင် အောင်ကြီးရဲ့ ဦးထုပ်ကို ငါ့အိတ်ထဲထည့်ခဲ့တယ် မဟုတ်လား”

တာရာ ကတော့ ပြုံးဖြီးဖြီးလုပ်နေဆဲ။

ဒင်းလက်ချက် သေချာပြီ။

“ဘာ ဖြစ်လိုလဲ၊ ဘာလို့ အဲလိုလုပ်ရတာ လဲ”

ကျွန်တော့် အသံက မာကျောနေသည်။

တာရာသည် ပခုံးတွန့်ပြီး ဘာမှအပြစ်မရှိသလိုပုံမျိုးနှင့်

သြော် အဲဒါ အောင်ကြီးဦးထုပ်လား၊ ငါက နင့်ဟာမှတ်လို့”

“ညာမနေစမ်းနဲ့၊ ငါ ဘယ်တုံးက မန်ယူဦးထုပ်ဆောင်ဖူးလို့လဲ၊ နင်သိရက်သားနဲ့ တမင်လုပ်တာ”

ကျွန်တော် ပြောရင်းဆိုရင်း ဒေါသထွက်လာသည်။ ကြည့်နေရင်း စိတ်မထိန်းနိုင်တော့ပဲ တာရာ့မျက်နှာရှိရာသို့ တံခါးကို ၀ုန်းခနဲဆောင်ပိတ်လိုက်သည်။

တံခါးကို ကြမ်းကြမ်းတမ်းတမ်း ပိတ်လိုက်သည်နှင့် ပြဿနာတက်တော့သည်။

ကျွန်တော့် အ ဖြစ်ဆိုးပုံကို ယခုလောက်ဆိုလျှင်ပင် သိလောက်ပြီ။

ဘာကြောင့် တာရာ့ကို ဒုက္ခရောက်စေချင်စိတ်တွေ ပေါ်လာရလဲဆိုတာ နားလည်လောက်ပေပြီ။

အမှန်ပင် ကျွန်တော့် နေရာတွင် ရောက်သူတိုင်း ဤသို့ သာလုပ်မိကြပေလိမ့်မည် ။

•••


ဝန်ဇင်းချစ်သူများ သတိုးတေဇ ၏ “ ငှက်ဆိုးတွန်ချိန် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဖေဖော်ဝါရီ တစ္ဆေ

သင်္ချီုင်း ဓာတ်စက်

အနက်ရောင် မိစ္ဆာ