Cover

အခန်း(၁)

လသည် ကွေးကွေးလေးသာနေ၏ ။

ပတ်ဝန်းကျင်တစ်ခုလုံး မှော င်မည်းအေးခဲလျက် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ် ငြိမ်သက်နေသည်။ ဆောင်းရာသီ၏ လေပြည်ကြောင့် လရောင် အောက်တွင် လှုပ်ရှားယိမ်းထိုး နေသည့် အုန်းလက်များ က တစ္ဆေတစ်ကောင်၏ လက်တံတွေ လို ရှည်လျား လွန်း၏ ။

ထိုအုန်းလက်တံများ က တစ်ချက်တစ်ချက် အိမ်ခေါင်စွန်းနှင့် ထိခတ်ပြီး တရှဲရှဲမြည် နေ တော့သည်။ လရောင် မှု န်မှု န်မွှားမွှားတွင် ပုလဲ Villa အိမ်ကြီးကား မကောင်ဆိုးဝါး တစ်ကောင် ငုတ်တုတ်ထိုင်နေသလို မားမားကြီးရှိနေသည်။

လူမနေသည်မှာ ကြာမြင့်ပြီ ဖြစ်သဖြင့် အိမ်နံရံတစ်လျှောက် ရေညှိများ နှင့် မည်းပြာနေသည်။ ခြံကြီးတစ်ခြံလုံးတွင် လည်း အလေ့ကျပေါက်သည့် အပင်ငယ်များ နှင့် မြက်ရိုင်းများ က ထိုးထိုးထောင်ထောင် နှင့် အရုပ်ဆိုးအကျည်းတန်လွန်းသည်။ အိမ်ခေါင်းမိုးပေါ်သို့ တစ်ပေါက်ပေါက်ကျနေသော နှင်းစက်နှင်းပေါက်များ ၏ အသံက တိတ်ဆိတ်သော ညတွင် ချောက်ချားစရာ ကောင်းလွန်းလှသည်။

ဟိုးခပ်ဝေးဝေးမှ ညည့်ငှက်တစ်အုပ် အော်မြည် ကာ ပျံသန်းသွားသည်။

ညသည် တစ်စတစ်စ အေးစက်မှော င်မည်းလာ၏ ။

ထိုစဉ် လူ တစ်ယောက် က အမှော င်ထုကို လက်နှိပ်ဓာတ်မီးတစ်လက် အားကိုးပြီး လျှောက်လာနေသည်။

ထိုသူကား ကင်းသမား ကိုတာတီးပင်။

ကိုတာတီးက စောင်ပါးတစ်ထည်ကို လွှမ်းကာ ဆောင်းရာသီ အအေးဓာတ်ကို အံတုရင်း သူ့တာဝန်အတိုင်း ကင်းလှည့်လာသည်။ ချမ်းလွန်းသဖြင့် သူ့မေးများ က တဆတ်ဆတ်တုန် နေသည်။

သူ လမ်းလျှောက်လိုက်တိုင်း လေအေးများ က သူ့မျက်နှာသို့ ၀င်တိုးသည်။ သူ တုန်တက်သွား၏ ။ ကိုတာတီးက လက်ထဲတွင် လက်နှိပ်ဓာတ်မီးတစ်လက်ကို အသေဆုပ်ကိုင်ပြီး ဘေးပတ်ဝန်းကျင်ကို ကင်းထောက်သည်။

ဘာထူးခြားမှု မရှိ။ ပကတိ တိတ်ဆိတ်ငြိမ်သက်နေ၏ ။

ကိုတာတီးက ကျေနပ်စွာ ရှေ့ဆက်သွားသည်။ ထိုစဉ် လက်နှိပ်ဓာတ်မီးအလင်းရောင် တန်း အောက်တွင် ဖားပြုတ်တစ်ကောင်ကို တွေ့ သဖြင့် နင်းမိခါနီး မို့ သူက ကမန်းကတန်း ခုန်ကျော်ရှောင်လိုက်ရသည်။

ခုန်ကျော်လိုက်သည့်အရှိန်ကြောင့် လက်နှိပ်ဓာတ်မီးက သူ၏ ညာဘက်တွင် ရှိသော ပုလဲ Villa စံအိမ်ကြီး၏ ခြံတံခါးကို ထိုးမိလျက်သား ဖြစ်သွားသည်။

အိမ်ကြီး၏ ခြံတံခါးက အနည်းငယ် ပွင့်နေသည်ကို သူ တွေ့ လိုက်ရသည်။

“ဟင် … ငါ မနေ့က ကြည့်တာ ဒီတံခါးက သော့ ခတ်ပြီး ပိတ်ထားတာပါ။ ဘယ်လို ဖြစ်တာပါလိမ့်။ ငါများ အကြည့်မှားတာများ လား”

ဇဝေဇ၀ါအတွေးများ နှင့် အိမ်ကြီးဆီသို့ သွားဖို့ ခြေလှမ်းပြင်လိုက်စဉ်မှာ ပင် ….

“အူဝဲ … အူဝဲ”

“ဟင် …..”

ညဥ့်နက်သန်းခေါင်တွင် ကလေး တစ်ယောက် ၏ စူးစူးဝါးဝါး အောင်ငိုသံကြောင့် ကိုတာတီး တစ်ယောက် ခြေလှမ်းတုံ့ခနဲ ရပ်သွားမိသည်။ ဘေးဘီဝဲယာကို နားစွင့်ကြည့်လိုက် သော အခါ ထိုအသံသည် ပုလဲ Villa အိမ်ကြီးထဲမှလာသည်ကို သတိထားလိုက်မိသည်။

ကိုတာတီးက ခြေလှမ်းလပ်ဆဆလှမ်းကာ အိမ်ကြီးဆီသို့ ချဉ်းကပ်သွားသည်။

သူ့လက်များ က ခြံတံခါးကို တိုးဖွင့်ဖို့ ပြင်လိုက်စဉ်မှာ ပင် ……

“၀ုန်း …. ၀ုန်း …”

“အံမယ်လေးဗျ”

အိမ်ကြီးထဲမှ ပြေးထွက်လာသော ကြောင်နှစ် ကောင်က ကိုတာတီး၏ ခြေထောက်ကို တိုးဝှေ့ပြီး ထွက်သွားသည်။ ကိုတာတီး သက်ပြင်းချလိုက်သည်။

“သြော် … ဘာများ လဲလို့၊ ကြောင်တွေ ပဲ … ဟူး … ငါ့နှယ်”

ကိုတာတီးက တံခါးကို အသာလေးတွန်းဖွင့်ကာ ခြံထဲသို့ လျှောက်သွားလိုက်သည်။ အိမ်ခေါင်းရင်းဘက်သို့ သွားကာ ဓာတ်မီးဖြင့် ဟိုဒီ ထိုးကြည့်သည်။ ဘာထူးခြားမှု မှ မရှိ။ ထို့နောက် အိမ်ခြေရင်းဘက်သို့ သွားပြီး စစ်ဆေးသည်။ ပကတိ မှော င်မည်းတိတ်ဆိတ်နေသည်။

“ဘာမှလည်း မရှိပါဘူး”

တစ်ကိုယ်တည်း ခပ်တိုးတိုးပြောကာ လှည့်ထွက်မည် အပြုတွင် ခြံ၏ ညာဘက်ပန်းပင်တွေ ကြားထဲတွင် လူ တစ်ယောက် ရပ်နေသည်ကို မျက်လုံးထောင့်စွန်းမှ ရိပ်ခနဲ မြင်လိုက်ရသည်။

ကိုတာတီး ဆတ်ခနဲလှည့်ကြည့်ပြီး ဓာတ်မီးနှင့် ထိုးလိုက်သည်။ မည် သူမှ မရှိ။ ကိုတာတီး ဇဝေဇ၀ါ ဖြစ်သွားသည်။ ရှေ့သို့ ဆက်လျှောက်သွားသည်။

ထိုစဉ် သူ့ကျောဘက်ဆီမှ တစ်စုံ တစ်ယောက် လက်နှင့် ပုတ်လိုက်သလို ခံစားလိုက်ရ၏ ။ ကိုတာတီး အနည်းငယ်လန့်သွားသည်။ ထို့နောက် အားတင်းကာ လှည့်ကြည့်လိုက်စဉ် သူနှင့် ၅ ပေအကွာခန့် လက်နှိပ်ဓာတ်မီးအရောင် ထဲတွင် လူ တစ်ယောက် က သူ့ကို ကျောခိုင်းကာ မတ်တတ်ရပ်နေသည်ကို တွေ့ လိုက်ရသည်။

“ဟေ့ကောင် … မင်း ဘယ်သူလဲ….”

“ …………… ”

“ဟေ့ကောင် … ဖြေလေကွာ … မင်းကို ဘယ်သူလဲလို့ မေးနေတယ်လေကွာ”

ဘာမှပြန်ဖြေသံမကြားရ။ ကိုတာတီး သတိထားပြီး ရှေ့သို့ အနည်းငယ်တိုးသွားသည်။

“ဟေ့ကောင် … မင်းက သူခိုးလားကွ”

ထိုလူသည် ဘာမှမပြောဘဲ ရပ်မြဲရပ်နေ၏ ။ ထိုအချိန်တွင်

“အူးဝူး …. ၀ူး ….”

ခွေးတစ်ကောင်က ဆွဲဆွဲငင်ငင် အူလိုက်သည်။ ကိုတာတီးကျောထဲ စိမ့်တက်သွားသည်။ လက်ထဲမှ ဓာတ်မီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရှေ့သို့ ဆက်တိုးသွားသည်။

“ဟေ့ကောင် … ဖြေ … ဖြေလေကွာ … မင်းဘယ်သူလဲ။ ဘာ … ဘာလို့ …. ဒီခြံထဲ ရောက်နေရတာ လဲ ”

ကိုတာတီးက ကတုန်ကယင်မေးနေစဉ်မှာ ပင် ထိုလူက ကိုတာတီးကို ကျောခိုင်းလျက်သား နှင့် ပင် ခန္ဓာကိုယ်မလှည့်ဘဲ ဦးခေါင်းသည် လည်ပင်းနေရာမှစကာ ဆုံလည်ကုလားထိုင်တစ်လုံးလို ပတ်ပတ်လည်လှည့်လာလေတော့သည်။

“ဂလောက် …. ဂျွတ် … ဂလောက်”

“ဟာ …”

ကိုတာတီး မျက်လုံးအပြူးသားနှင့် ကြက်သေသေသွားသည်။ လက်ထဲမှ လက်နှိပ်ဓာတ်မီးကိုပင် နေရာမရွှေ့မိဘဲ ထိုလူ၏ မျက်နှာဆီသို့ တည့်တည့်ထိုးမိလျက်သား ဖြစ်နေသည်။

နေရာမှာ တင် ကိုတာတီး တောင့်တောင့်ကြီး ကြောင်ငေးကြည့်နေမိ၏ ။

သူတွေ့ လိုက်ရသည်ကား မျက်နှာဖြူစုပ်စုပ်နှင့် လူ တစ်ယောက် ။ ထိုလူ၏ မျက်လုံးများ သည် တစ်စုံတစ်ခုအပေါ် မကျေနပ်သည့်အရိပ်များ နှင့် ပေါက်ထွက်တော့မတတ် နီရဲနေသည်။

သွေးပျက်မတက် ကြောက်လန့်သွားသည့် ကိုတာတီးက သတိုပြန်ဝင်လာချိန်တွင် လက်ထဲမှ ဓာတ်မီးကို လွှတ်ချကာ ခြံပြင်သို့ ပြေးထွက်လိုက်၏ ။

“အံမယ်လေး … ကယ်ကြပါဦးဗျ …. သရဲ …. သရဲ …. ကယ်ကြပါဦး”

သူ နောက်ဆုံးမြင်လိုက်ရသည်ကား မျက်နှာကြီး ကျောဘက်ရောက်နေသည့် လူ တစ်ယောက် ။

အခန်း(၂)

နောက် ၂ လခန်အကြာတွင် ဟန်မားကားဝါကြီးတစ်စီး ပုလဲ villa အိမ်ကြီးရှေ့သို့ ထိုးဆိုက်လာသည်။ ကားပေါ်မှ အသက် ၄၀ ကျော် အရွယ် ဖြူဖြူခန့်ခန့်လူ တစ်ယောက် ဆင်းလာ၏ ။ သူသည် ဦးမိုးမြင့်ဆိုသော ရှေးဟောင်းကုန်သည် တစ်ယောက် ပင်။

ဦးမိုးမြင့်သည် မော်လမြိုင်ဇာတိ ဖြစ်ပြီး ရှေးဟောင်းပစ္စည်း အရောင် အ၀ယ်လုပ်ရင်း အသက်မွေးသည်။ ရန်ကုန်ရှိ သူ့ရုံးခန်းလေးထဲမှာ ပင် အလုပ်လုပ်ရင်း သူ တစ်ယောက် တည်း နေသည်။ သမီး ဖြစ်သူကိုတော့ ဦးမိုးမြင့်၏ အစ်မ အဒေါ်အပျိုကြီးက စောင့်ရှောက်ထားသည်။

သို့သော် ယခု သမီး ဖြစ်သူ နန္ဒာမိုးမြင့်ကို သူနှင့် အတူ ရန်ကုန်မှာ ခေါ်ထားချင်သဖြင့် ဦးမိုးမြင့် အိမ်ဝယ်ဖို့ ဆုံးဖြတ်ရတော့သည်။ ပွဲစားမှတစ်ဆင့် လိုက်ကြည့်ခဲ့သည့်အိမ်တွေ လည်း များ ပြီ။

တစ်အိမ်မှလည်း စိတ်တိုင်းမကျ ဖြစ်နေသည်။ သူလိုချင်သည့် ဈေးနှင့် အိမ်က အဆမတန် ကွာဟနေသည်။ တချို့အိမ်တွေ ကျတော့လည်း ပတ်ဝန်းကျင်အခြေအနေကို သဘောမကျသဖြင့် အရောင်းအ၀ယ်မ ဖြစ်ခဲ့ပေ။

ယခု သူက အလောတကြီးတိုက်တွန်းမှ ပွဲစားက သရဲခြောက်သည်ဟု နာမည် ကြီးသည့် အိမ်တစ်အိမ်တော့ ရှိတယ်ဟု ပြောသဖြင့် လိုက်ကြည့်ခဲ့ခြင်း ဖြစ်သည်။

ခြံရှေ့ရောက်တော့ ပွဲစားက ခြံတံခါးသော့ ကို ဖွင့်ကာ သရဲခြောက်သည်ဟု နာမည် ကြီးသည့် အိမ်တစ်အိမ်တော့ ရှိတယ်ဟု ပြောသဖြင့် လိုက်ကြည့်ခဲ့ခြင်း ဖြစ်သည်။

ခြံရှေ့ရောက်တော့ ပွဲစားက ခြံတံခါးသော့ ကို ဖွင့်ကာ အထဲသို့ ၀င်လိုက်ကြသည်။ အတူလမ်းလျှောက်ဝင်လာကြရင်း …..

“အိမ် ကတော့ ဒီအိမ်ပဲဆရာ။ အမြင် ကတော့ မဆိုးပါဘူး”

ဦးမိုးမြင့်က ခြံထဲကို တစ်ချက်မျက်လုံးဝေ့ကြည့်ရင်း ပြုံးစစနှင့် …..

“အမြင်ကက မဆိုးဘူးဆိုတော့ ဘာက ဆိုးလို့လဲကွ။ မင်းကလည်း …. ဟား …. ဟား…”

ဦးမိုးမြင့်အပြောကြောင့် ပွဲစားက မျက်လုံးအနည်းငယ်ပြူးသွားပြီး ….

“ဟာ …. ဆရာသမား ကတော့ လုပ်တော့မယ်။ ဒီအိမ်က နာမည် ကြီးဗျ။ ကျွန်တော် က ပွဲစားဆိုပေမဲ့ ဒီလိုအိမ်မျိုးကိုတော့ လက်ရှောင်တယ်ဆရာရေ …..”

“ငါက အဲဒါတွေ ကို အယုံအကြည်မရှိပါဘူးကွာ။ ကဲ … လာ အိမ်ထဲ တစ်ချက်လောက် ကြည့်ရအောင်”

ပွဲစားက အိမ်တံခါးမကြီးနားသို့ ဖြည်းဖြည်းလေးတိုးကပ်သွားသည်။ သူ့မျက်လုံးများ က တစ်စုံတစ်ရာကို စိုးရွံ့ထိတ်လန့်နေသလို ဂနာမငြိမ် ဖြစ်နေ၏ ။

သော ဖွင့်သည့်လက်များ က တဆတ်ဆတုန်ရင်း သော တံနှင့် သော့ ပေါက်က မချိတ်မိဘဲ ဘေးဘက်သို့ ချော်ချော်ထွက်သွားသည်။

ဘေးမှကြည့်နေသော ဦးမိုးမြင့်က စိတ်မရှည်ဟန်နှင့် …..

“ပေးစမ်းကွာ … ဒါလေးဖွင့်တာများ … မင်းက ဘာ ဖြစ်နေတာတုန်း”

ပြောရင်း သော့ တံကို သော့ ခလောက်ထဲထိုးပြီး လှည့်ဖွင့်ကြည့်လိုက်သည်။

“ဂလောက်”

သော့ ပွင့်သွားသံနှင့် အတူ တံခါးမကြီးကို တွန်းဖွင့်လိုက်သည်။

“ကျွီ ….. ကျွီ ….”

မဖွင့်တာကြာပြီမို့ တံခါးက ကျပ်နေပြီး အသံမြည် သွားသည်။ ဦးမိုးမြင့်က ရှေ့မှ သွက်လက်စွာ ၀င်သွားပြီး ပွဲစားက အနောက်မှ တွန့်ဆုတ်တွန့်ဆုတ်နှင့် လိုက်လာသည်။

“ဆရာ … ကြည့်ချင်တယ်ဆိုလို့သာ လာရတာ ။ ကျောထဲတော့ နည်းနည်း စိမ့်တယ်ဗျ”

ဦးမိုးမြင့်က ပွဲစားအပြောကို အရေး မလုပ်ဘဲ အိမ်ထဲသို့ လျှောက်ကြည့်နေသည်။

“အိမ်ထဲမှာ လည်း အကျယ်ကြီးပဲကွ။ မင်းပြောတဲ့ဈေးနှုန်းနဲ့ဆို တော် တော် တန်တယ်”

ပွဲစားက ….

“ဟုတ်တယ်ဆရာ။ တန်တာတော့ တော် တော် တန်တယ်။ ကျွန်တော် တို့ ကုမ္ပဏီကို အပ်ထားတာ ၂ နှစ် လောက်ကြာနေပြီ။ ရောင်းမထွက်တာနဲ့ တဖြည်းဖြည်းဈေးလျှော့လာလိုက်တာ အခု ဆရာ့ကိုပြောတဲ့ဈေး ဖြစ်သွားတာပဲ”

ဦးမိုးမြင့်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း အပေါ်ထပ်သို့ လှေကားအတိုင်း တက်သွားသည်။ အပေါ်ထပ်သို့ ရောက်သော အခါ အသစ်အတိုင်းရှိနေသော ပရိဘောဂများ ကို ကြည့်ရင်း …..

“ဟာ …. အားလုံးက အကောင်းတွေ ချည်းပဲကွ။ ဘာတစ်ခုမှ ပြင်စရာမလိုဘူး။ နေမယ်ဆို လက်တင်နေရုံပဲ။ ငါတော့ တော် တော် သဘောကျနေပြီကွာ”

“ဟုတ်တယ်ဆရာ … အရင်ကလည်း ဒီအိမ်မှာ က တစ်ယောက် တည်း နေသွားတာဆိုတော့ ပစ္စည်းတွေ က ဘာတစ်ခုမှ အပျက်အစီးမရှိဘူးပေါ့။ ခြံအပြင်ဘက်က ကြည့်ရင်သာ ဒီအိမ်က အဟောင်းကြီးထင်ရပေမဲ့ တကယ်တော့ အထဲကပစ္စည်းတွေ က အားလုံး အကောင်းတွေ ချည်းပဲ”

ဦးမိုးမြင့်က …..

“မဆိုးဘူး …. မဆိုးဘူး။ ဒီဈေးနဲ့ဆို တော် တော် တန်နေပြီ။ ဒီလိုလုပ်ကွာ။ ငါဘယ်တော့ စရန်ချရမလဲ။ စာချုပ်သာ တစ်ခါတည်း ပြင်ထားလိုက်တော့။ ဒီအိမ်ကို ငါဝယ်မယ်”

ဦးမိုးမြင့် စကားကြောင့် ပွဲစားက အံ့သြသွားရင်း ….

“စဉ်း …. စဉ်းစားပါဦး ဆရာသမားရယ်။ တခြားအိမ်တွေ ရှိပါသေးတယ်”

“ရှိတော့ ရှိတာပေါ့။ ဒီဈေးနဲ့ ဘယ်ရမလဲကွ။ တော် ပြီ ငါ ဆုံးဖြတ်လိုက်ပြီ။ ဒီအိမ်ပဲ ငါဝယ်တော့မယ်။ မော်လမြိုင်က သမီးကိုလည်း ပြန်ခေါ်ရဦးမှာ ကွ။ ဟိုမှ သူ့ကြီးတော် နဲ့ ထားခဲ့ရတာ ”

“ဆရာ …. ဒီအိမ်က …. ဟို … ဟို …”

ပွဲစား၏ ကြောက်ကြောက်လန့်လန့်အမူအရာကြောင့် ဦးမိုးမြင့်က သရဲတစ္ဆေကို အယုံအကြည်မရှိသူပီပီ စိတ်ပျက်စွာ “ကျွတ်ခနဲ” စုတ်သပ်လိုက်ပြီး ….

“ကဲ … တော် ပါတော့ကွာ။ လာ … သွားရအောင်”

ထိုသို့ဖြင့် ခြောက်သွေ့တိတ်ဆိတ်နေသော ထိုအိမ်ကြီးသို့ ဦးမိုးမြင့်၊ နန္ဒာမိုးမြင့်နှင့် ကြီးကြီးန်းတို့ ၃ ယောက် ပြောင်းရွှေ့လြာ ကတော့သည်။

ဘေးပတ်ဝန်းကျင်က ဦးမိုးမြင့်တို့မိသားစုကို ထူးဆန်းအံ့သြဖွယ် သတ္တ၀ါတွေ လို ၀ိုင်းကြည့်ကြသည်။ တချို့ကလည်း မျက်လုံးအပြူးသား၊ တချို့ကလည်း လက်ကို ရင်ဘတ်ပေါ်ဖိပြီး ဘုရားစာရွတ်တဲ့လူက ရွတ်နှင့် အံ့သြကုန်ကြသည်။

ပစ္စည်းများ ကို နေရာချနေစဉ် နန္ဒာလေးမှာ ပျော်လွန်းသဖြင့် ခြံထဲကနေ အိမ်ထဲပြေးဝင်။ အိမ်ထဲကနေ ခြံထဲ ပြန်ထွက်နှင့် ပျော်နေရှာသည်။ ငယ်ငယ်ကတည်းက မိတဆိုးလေးမို့ ကြီးကြီးသန်းက လိုလေသေးမရှိအောင် ဂရုစိုက်သည်။

အဖေ ဖြစ်သူ ဦးမိုးမြင့်ကလည်း သူ့အလုပ်ကိစ္စတွေ နှင့် ရှုပ်နေသည့်လူမိုပ နန္ဒာလေးကို အချိန်ပြည့် ဂရုမစိုက်အားတာကြောင့် အဒေါ် ဖြစ်သူ ကြီးကြီးသန်းကပဲ အချစ်ပိုနေခဲ့ရတော့သည်။

ယခုလည်း သမီးလေးပျော်နေတာကို ကြည့်ရင်း ဦးမိုးမြင့်ကို မောင်နှမနှစ် ယောက် ကျေနပ်နေကြ၏ ။

“ဖေဖေ …. သမီးက ဒီအိမ်ကြီးရဲ့ အကျယ်ဆုံးအခန်းကို ယူမှာ နော်”

“ယူပါကွာ …. ယူပါ …. သမီး ကြိုက်တာယူ ၊ ဟုတ်ပြီလား”

နန္ဒာက ကလေးငယ်လေး တစ်ယောက် လို ကျေနပ်သွားဟန်နှင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ် ကြီးကြီးသန်းက အိတ်တစ်လုံးသယ်ကာ အိမ်ထဲသို့ ၀င်လာသည်။

ဦးမိုးမြင့်က ….

“အစ်မ … ထားလိုက်လေ။ ပြီးရင် အေးမာကို သယ်ခိုင်းလိုက်မယ်”

“ရပါတယ်ဟယ်။ ငါ့အိတ်က ပေါ့ပေါ့လေးရယ်။ ပါလာတဲ့ အ၀တ်အစားကဖြင့် ၃၊ ၄ ရက်စာပဲ ဥစ္စာ”

“ဟုတ်ပါပြီ အစ်မရယ်။ အစ်မအိတ်ကြီးကို အဲဒီ မှာ ပဲ ချထားလိုက်တော့။ လာ … ဒီမှာ ထိုင်ပြီး ခဏနာဦး”

“ဟုတ်ပါပြီ အစ်မရယ်။ အစ်မအိတ်ကြီးကို အဲဒီ မှာ ပဲ ချထားလိုက်တော့။ လာ … ဒီမှာ ထိုင်ပြီး ခဏနားဦး”

ဦးမိုးမြင့်ကပြောရင်း သမီး ဖြစ်သူအား ဖက်ကာ ဧည့်ခန်းတွင် ၀င်ထိုင်လိုက်သည်။ ထို့နောက် ကြီးကြီးသန်းကလည်း ၀င်ထိုင်လိုက်၏ ။

ဦးမိုးမြင့်က …..

“သမီး … သမီးလေးက ဒီအိမ်ကြီးကို ကြိုက်ရဲ့ လား”

“အရမ်း … အရမ်းကြိုက်တယ် ဟီး … ဟီး …”

နန္ဒာကပြောရင်း ကလေး တစ်ယောက် လို အူမြူးစွာ ရယ်လိုက်၏ ။ ထို့စဉ် နန္ဒာ့အတွက် လက်တိုလက်တောင်းခိုင်းရန် ခေါ်ထားသည့် အိမ်ဖော်မလေးအေးမာက ပစ္စည်းများ သယ်ကာ ၀င်လာသည်။ ဦးမိုးမြင့်ကိုကြည့်ရင်း …….

“ဆရာ … မမလေးအိတ်တွေ ကို အပေါ်ထပ်ကိုပဲ ပို့လိုက်မယ်နော်”

“သြော် …. အေး … အေး ”

အေးမာက အပေါ်ထပ်သို့ တက်ဖို့ပြင်လိုက်စဉ် နန္ဒာက …

“ဖေဖေ … သမီးလည်း အေးမာနဲ့ အပေါ်ထပ်ကို တက်လိုက်ဦးမယ် သိလား”

ဦးမိုးမြင့် ခေါင်းညိတ်မပြခင်မှာ ပင် နန္ဒာက လှေကားဆီသို့ ပြေးတက်သွားသည်။ ကြီးကြီးသန်းက နန္ဒာကို လိုက်ကြည့်ရင်း မသိမသာ သက်ပြင်းဖွဖွချလိုက်၏ ။ ထို့နောက် ဦးမိုးမြင့်ဘက်လှည့်ပြီး …..

“ကဲ …. သားအဖတွေ ရန်ကုန်တော့ ပြောင်းလာကြပြီ။ အစ်မလည်း အရင်လို တူမလေးကို မျက်စိအောက်မှာ မထားနိုင်တော့ဘူး။ ဒီတော့ ငါ့မောင် …. နန္ဒာလေးကို ဂရုစိုက်နော်။ သမီးလေးခမျာ စိတ်က ပုံမှန်မဟုတ်ရှာဘူး။ အဲဒါ မင်းရင်အုပ်မကွာစောင့်ရှောက်မှ ဖြစ်မယ်။ အစ်မက မော်လမြိုင်မှာ အလုပ်တွေ ရှိသေးတယ်။ ဒီတော့ သွားလိုက်ပြန်လိုက်ပဲ နေလို့ရမှာ ။ အစ်မပြောတာ နားလည်တယ်နော် မောင်လေး”

အစ်မ ဖြစ်သူအပြောကြောင့် ဦးမိုးမြင့် မှိုက်ကျသွားသည်။

တကယ်တော့ သူ့သမီးနန္ဒမိုးမြင့်က သူမအမေဆုံးပြီးကတည်းက စိတ်သိပ်မမှန်ချင်တော့။ သူမအမေက တစ်နေ့ကျရင် ပြန်လာလိမ့်မယ်ဟု စွဲလမ်းနေသူလေး ဖြစ်သည်။ ထိုအကြောင်းများ ကိ ဦးမိုးမြင့် တစ်ယောက် ဖြစ်နိုင်မယ်ဆိုလျှင် မေ့ပစ်ထားချင်ပေမဲ့ ယခု အစ်မ ဖြစ်သူ၏ စကားကြောင့် သက်ပြင်းဖွဖွချလိုက်ပြီး ……

“ဟုတ်ကဲ့ပါ အစ်မရယ်။ ကျွန်တော့် သမီးလေးပဲဗျာ။ ကျွန်တော် ဂရုစိုက်မှာ ပေါ့”

“ဂရုစိုက်တာတော့ သိပါတယ် ငါ့မောင်ရယ်။ မင်းက တော် ကြာ အလုပ်ကိစ္စနဲ့ ခရီးတွေ ၊ ဘာတွေ ရက်ရှည်ထွက်နေမှာ စိုးလို့ သတိပေးရတာ ပါ”

“စိတ်မပူပါနဲ့ဗျာ။ သမီးလေးဟာ ကျွန်တော့် အသည်းနှလုံးပါ။ သူ့အမေဆုံးပြီးကတည်းက သမီးလေးအပေါ် လိုတာထက်ပိုပြီး စောင့်ရှောက်ခဲ့တာပါ။ ကျွန်တော့် ကြောင့် သမီးလေး ဘာမှထပ်မ ဖြစ်စေရဘူး။ ကျွန်တော် ကတိပေးပါတယ်”

ကြီးကြီးသန်းက မောင် ဖြစ်သူ၏ ဆွေးဆွေးမြည့် မြည့် ပြောနေသော မျက်နှာလေးကို ကြည့်ရင်း သက်ပြင်းဖွဖွ ရှိုက်လိုက်တော့သည်။

သစ်လွင်တောက်ပပြီး ချစ်စရာကောင်းသည့် ခုတင်လေး၏ ဘေးမှ မှန်တင်ခုံရှေ့တွင် နန္ဒာမိုးမြင့်က ငူငူလေးထိုင်နေသည်။

တစ်ခါတစ်ရံတွင် သူမစိတ်များ ပေါ့ပါးလန်းဆန်းနေသလောက် တစ်ခါတစ်ရံ ဘာကြောင့် နောက်ကျမှိုင်တွေ နေရတာ လဲဟု စဉ်းစားနေမိသည်။ ယခုလည်း စိတ်တစ်ခုလုံး တင်းကျပ်ကာ တစ်စုံတစ်ခုကို ပေါက်ကွဲပစ်ချင်စိတ်တွေ တဖွားဖွားပေါ်နေ၏ ။

သူမက မျက်လုံးအကြောင်များ နှင့် မှန်တင်ခုံပေါ်မှ အလှပြင်ပစ္စည်းများ ကို အဓိပ္ပာယ်မရှိ စူးစိုက်ကြည့်နေမိသည်။

ငါ့မှာ ဖေဖေရှိတယ်။ ကြီးကြီးရှိတယ်။ ဒါဆို ဘာကြောင့် တစ်ယောက် တည်း အထီးကျန်နေသလို ခံးစားရတာ လဲ။

နန္ဒာမိုးမြင့် သက်ပြင်းချလိုက်သည်။

“ငါ့မှာ မေမေမှ မရှိတာ။ မေမေမှ ပြန်မလာသေးတာ”

ဟု တိုးတိုးဖွဖွလေး ပြောလိုက်ရင်း လည်ပင်းတွင် ဆွဲထားသည့် သူမ၏ မေမေပေးထားသော ကမ္ဘာလုံးပုံစံ လော့ကတ်လေးတပ်ထားသည့် ဆွဲကြိုးလေးကို ပွတ်သပ်ကြည့်နေမိသည်။

နန္ဒာက သူမဆံပင်တွေ ကြားထဲ လက်ထိုးကာ မှန်တင်ခုံပေါ်သို့ လက်ထောက်ချ လိုက်သည်။

“ဟူး …. တော် ပြီ။ အဲဒါတွေ မတွေးတော့ဘူး။ မတွေးတာပဲ ကောင်းတယ်။ အလှပဲ ပြင်တော့မယ်။ ဒါမှ မေမေပြန်လာရင် လှလှလေး ကြိုလို့ရမှာ ”

နန္ဒာက တစ်ကိုယ်တည်းပြောရင်း မှန်ကို ကြည့်ကာ “ဟီး” ရယ်ချလိုက်ပြန်သည်။ ထို့နောက် အလှပြင်ပစ္စည်းများ ကို တစ်ခုစီယူကာ သူမမျက်နှာကို စပြီး လိမ်းခြယ်တော့၏ ။

တဖြည်းဖြည်းနှင့် မှန်ထဲတွင် နန္ဒာ၏ ချစ်စဖွယ်မျက်နှာလေးတစ်ခု ပေါ်ထာတော့သည်။ နန္ဒာက အပြီးသတ်မျက်ခုံးမွေးဆွဲတံလေးကို ယူကာ မျက်ခုံးလေးကို ညှိလိုက်၏ ။ ထို့နောက် ထိုခဲတံလေးကို မှန်တင်ခုံပေါ် ပြန်တက်လိုက်သည်။

သို့ သော် နေရာလွဲပြီး ခဲတံလေးက ကြမ်းပြင်ပေါ်သို့ “ထောက်ခနဲ” ပြုတ်ကျပြီး လိမ့်ကျသွားတော့သည်။

ထိုစဉ် ဗီရိုနောက်ကွယ်ရှိ အမှော င်ထဲမှ သွေးမရှိသလို ဖြူဆွတ်နေသည့် လက်တစ်ဖက်က ထိုလိမ့်သွားသော ခဲတံလေးကို နန္ဒာ့ခြေထောက်နားသို့ ပြန်လှိမ့်ပေးလိုက် ၏ ။ နန္ဒာ သတိမထားမိ။

နောက်ဆုံးအပြီးသတ် နှုတ်ခမ်းဆေးဆိုးပြီးသည့်နောက် အလှပြင်ပစ္စည်းများ ကို သူ့နေရာနှင့် သူ စီစီရီရီ ပြန်ထားမည် အပြုတွင် မျက်ခုံးမွေးခဲတံလေး ပျောက်နေသည်ကို သတိထားမိသည်။

“ဟင် … ဘယ်ရောက်သွားတာလဲ။ စောစောကလေးတင် ငါ ဆွဲနေသေးတာပဲ”

နန္ဒာက တစ်ကိုယ်တည်းပြောရင်း ဘေးဘယ်ညာကို ကြည့်လိုက်သည်။ သူမ ခြေထောက်နားကြမ်းပြင်ကို ကြည့်မတော့မှ ….

“သြော် … အောက်ပြုတ်ကျနေတာကိုး”

နန္ဒာက ကောက်ယူလိုက်သည်။ ထို့နောက် မှန်တင်ခုံပေါ် သူ့နေရာနှင့် သူ ပြန်ထားပြီး အခန်းထဲမှ ထွက်သွားတော့သည်။ သူမ နောက်တွင် ကျန်ခဲ့သည်က သူမကိုကြည့်နေသော အရိပ်တစ်ခု။

အခန်း(၃)

“ဟယ်လို … ဟုတ်ကဲ့ … ဒေါက်တာကျော်စွာ ရဲ့ ဆေးခန်းက ပါလား ခင်ဗျာ”

ဦးမိုးမြင့်ဖုန်းပြောသံကြောင့် ဧည့်ခန်းထဲတွင် သတင်းစာထိုင်ဖတ်နေသော ကြီးကြီးသန်းက တစ်ချက်မော့ကြည့်လိုက်သည်။

“သြော် …. ဟုတ်ကဲ့ ….. ကျွန်တော် Booking တင်ချင်လို့ပါ ခင်ဗျာ”

တစ်ဖက်မှ “ဘယ်နေ့အတွက်လဲ” ဟု ပြန်မေးသည်။ ဦးမိုးမြင့်က

“သန်ဘက်ခါအတွက်ပါ”

“ xxxxxx”

“တုံကင်နံပါတ် ၄၀ ဟုတ်လား။ အဲဒါထက် ရှေ့တိုးပေးလို့ မရနိုင်ဘူးလားခင်ဗျာ။ ဒေါက်တာနဲ့ အမြဲတမ်းပြနေကျ လူနာပါ”

“xxxxx”

“သြော် …… ဟုတ်ကဲ့ … လူနာမည် က နန္ဒာမိုးမြင့်ပါ။ အသက်က (၂၁) ပါ”

“xxxxx”

“ဟုတ်ကဲ့ …. ဟုတ်ကဲ့ ….. ကျေးဇူးပါခင်ဗျာ”

ဦးမိုးမြင့်က ဖုန်းခွက်ကိုချပြီး သက်ပြင်းတစ်ချက် မှု တ်ထုတ်လိုက်၏ ။

“ဟူး”

ထို့နောက် သူက အစ်မ ဖြစ်သူရှေ့သို့ ၀င်ထိုင်လိုက်သည်။ ကြီးကြီးသန်းက ….

“ဟဲ့ …. ငါ့မောင် … သမီးလေးကို ဆေးခန်းပြဖို့ ရက်ရောက်ပြီလား”

“ ဟုတ်တယ်အစ်မ။ သန်ဘက်ခါလေ။ ကျွန်တော် အခုပဲ တုံကင်လှမ်းတောင်းတာ။ နံပါတ် ၄၀ တဲ့။ ညနေ ၅ နာရီလောက် ထွက်သွားလိုက်မယ်”

“အေး … အေး … ဒါနဲ့ သမီးလေးရဲ့ အခြေအနေကရော ဘယ်လိုလဲ။ ဟိုတစ်ပတ်က သွားပြတော့ ဆရာဝန် ဘာပြောလိုက်လဲ”

အစ်မ ဖြစ်သူ၏ အမေးကြောင့် ဦးမိုးမြင့် မျက်နှာအနည်းငယ် ရွှင်ပြုံးသွားပြီး …

“သမီးရဲ့ … အခြေအနေက တော် တော် လေး တိုးတက်လာပြီလို့ ပြောလို့ရတယ်။ ပုံမှန်လူနီးနီးတော့ ပြန် ဖြစ်လာပြီ အစ်မရဲ့ ။ ဒါပေမဲ့ … သူ့အမေနဲ့ ပတ်သက်တာတွေ သူ့အတွေးထဲရောက်သွားပြီဆိုရင်တော့ သူ့စိတ်က ပုံမှန်မဟုတ်တော့ဘူး”

ဦးမိုးမြင့်အပြောကြောင့် ကြီးကြီးသန်း သက်ပြင်းတစ်ချက် မသိမသာချလိုက်သည်။

“အေးလေ။ ကလေးက အရွယ်နှင့် မမျှအောင် သူ့စိတ်မှာ ဒဏ်ရာရခဲ့တာကိုး။ ဒီအခြေအနေလောက်နဲ့ သမီးလေး အသက်ရှင်နေရာတာကပဲ အစ်မတို့အတွက် ကံကောင်းလှပါပြီလေ”

တကယ်တော့ နန္ဒာမိုးမြင့်၏ အမေက နန္ဒာ ၈ နှစ် အရွယ်မှာ ပင် ကားအက်ဆီးဒင့် ဖြစ်ပြီး ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ အမေကို တွယ်တာလွန်းတဲ့သမီးပီပီ သူမအနားမှ မိခင် ဖြစ်သူ ရုတ်တရက် ပျောက်သွားသည့်အခါ အထီးကျန်ခြင်းနှင့် အတူ အားငယ်စိတ်တွေ ၀င်လာပြီး စိတ်ကယောက် ကယက် ဖြစ်သွားသည်။

သူမစိတ်ထဲမှာ မိခင် ဖြစ်သူ သေဆုံးသွားခြင်းကို လက်မခံနိုင်ဘဲ တစ်နေ့ပြန်လာမယ် လို့ချည်း ထင်နေသည်။

“ဟင်း ….. ငါ့မောင် …. မင်းလည်း ခရီးတွေ ထွက်တာနည်းနည်း လျှော့ဦး။ အားတိုင်း သမီးလေးဘေးနားမှာ ပဲနေ။ ကြားလား”

“ဟုတ်ကဲ့ပါ အစ်မရယ်။ ဒါပေမဲ့ စီးပွားရေး ကလည်း မလုပ်လို့ မ ဖြစ်ဘူးလေ။ ရှေးဟောင်းပစ္စည်းဆိုတာ အမြဲတမ်း မြို့ပေါ်မှာ ၀ယ်လို့ရတာ မှ မဟုတ်တာ။ တစ်ခါတလေတော့ ခရီးထွက်ရတာ ပေါ့။ ဒါကလည်း သမီးလေး အခုလို တော် တော် နေကောင်းလာမှ သွားတာပါ”

“ဟုတ်ပါပြီ ငါ့မောင်ရယ်။ ငါကလည်း စိတ်ပူလို့ပြောတာပါ။ ဒါနဲ့ မင်းခရီးက ဘယ်တော့ထွက်ရဦးမှာ လဲ”

ဦးမိုးမြင့်က စဉ်းစားပြီးမှ …..

“ဒီလကုန်လောက်ကျရင် ဇဒိုက်တစ်ခုဝယ်ဖို့ တောင်ကြီးဘက်သွားရဦးမယ်။ အဲဒီ အခါ အစ်မခဏလာနေပေးဦးနော်။ သမီးလေး တစ်ယောက် တည်း စိတ်မချလို့”

ကြီးကြီးသန်းက မသိမသာသက်ပြင်းချပြီး …..

“ဟုတ်လား အေး ။ လာရမှာ ပေါ့ ငါ့မောင်ရယ် … လာရမှာ ပေါ့”

“ကဲ …. ကန်ပြီကွာ”

နန္ဒာက သူမရှေ့တွင် တည်ထားသော ဘောလုံးအပါအ၀ါရောင် လေးကို ခြေထောက်နှင့် ကန်လိုက်၏ ။ သို့ သော် ဂိုးတိုင်တွင် စောင့်နေသော အေးမက စီးဖမ်းလိုက်သဖြင့် ဘောလုံးလေးက ဂိုးမ၀င် ဖြစ်သွားသည်။

“ဟာ … ၀င်လည်း မ၀င်ဘူး”

နန္ဒာက စိတ်ပျက်လက်ပျက် ညည်းညူလိုက်ရင်း ပြန်ပစ်ပေးသော ဘောလုံးကို ကန်ပြန်သည်။

“ဒီတစ်ခါ ကြီးကြီးသန်းက ဖမ်း။ အေးမာ … လာ … နင်က ငါနဲ့ ဘောလုံးလာလု”

နန္ဒာပြောသည့်အတိုင်း အေးမာက နန္ဒာနှင့် အတူလာကစားသည်။ ကြီးကြီးသန်းက ဂိုးပေါက်တွင် ဖမ်းဖို့ အသင့်စောင့်နေ၏ ။

ထို့နောက် နန္ဒာက သူမခြေထောက်ထဲ ဘောလုံးရသည်နှင့် ဂိုးပေါက်ထဲသို့ ကန်သွင်းလိုက်သည်။ ကြီးကြီးသန်းက ပြေးပြီး ဖမ်းသည်။ သို့ သော် ကြီးကြီးသန်း၏ လုံချည်က တုတ်နေသဖြင့် ပြေးလို့ မရ။ ဘောလုံးကို မဖမ်းနိုင်ပေ။

နန္ဒာက စောစောက သူမကန်လိုက်သည့် ဘောလုံးလေးကို ပြေးကောက်ပြီး …..

“ဟာ …. အဲဒါပြောတာပေါ့။ အေးမာရာ ကြီးကြီးပါ အဲဒီ လုံချည်ကြီးတွေ မ၀တ်နဲ့တော့။ ဘောင်းဘီတိုလေးတွေ သွားဝတ်ခဲ့ကြ။ အဲဒါမှ ဘောလုံးကန်လို့ရမှာ ပေါ့”

အေးမာ ကတော့ နန္ဒာ့ကိုကြောက်သဖြင့် နန္ဒာပြောပြီးချင်း “ဟုတ်ကဲ့ …. ဟုတ်ကဲ့ ” ဟု ပြောကာ အိမ်ထဲဝင်သွားသည်။ ကြီးကြီးသန်းက မသွားဘဲ ရပ်နေသဖြင့် နန္ဒာက …

“ကြီးကြီးကရော … ဘာလုပ်နေတာလဲ … သွားလေ”

ကြီးကြီးသန်းက နန္ဒာ့အပြောကြောင့် မျက်လုံးပြူးသွားရင်း ….

“အံမယ်လေး …. ဗုဒ္ဓေါမြတ်စွာ … ဘယ့်နှယ့် ကြီးကြီးအသက်အရွယ်ကြီးနဲ့ ဘောင်းဘီတို ၀တ်ရမှာ လဲ။ မဟုတ်တာ သမီးရယ်”

“ဟာ …. မရပါဘူး။ ကြီးကြီးကလေ …. အေးမာလောက်တောင် မလိမ္မာဘူး သွားဝတ်ပါကြီးကြီးရာ ။ သွား …. သွား မြန်မြန်သွား”

နန္ဒာက ပြောရင်း ကြီးကြီးသန်းကိုယ်ကြီးကို တွန်းလွှတ်နေ၏ ။

“ဟယ် ….. သမီးရယ် ….. ကြီးကြီးဆီမှာ လည်း ဘောင်းဘီတိုမရှိပါဘူး …. လာပါ … ဒီအတိုင်းပဲ ကစားရအောင်ပါ။ ဒီ တစ်ခါ ကြီးကြီးမှာ မှ မရှိတာ သမီးလေးရဲ့ ”

“ကြီးကြီးမှာ မှ မရှိတာ သမီးလေးရဲ့ ”

“ကြီးကြီးမှာ မရှိရင် နန္ဒာ့ဘောင်းဘီတိုလေး ယူဝတ်ပေါ့။ သမီးမှာ အများ ကြီးရှိတယ်”

“သမီးရယ် … သမီးကိုယ်လုံးနဲ့ ကြီးကြီးကိုယ်လုံးကိုလည်း ကြည့်ပါဦး မျောက်နဲ့ဆင် လောက်ရှိတယ်။ သမီးဘောင်းဘီလေးနဲ့ ကြီးကြီးနဲ့ ဘယ်တော် ပါ့မလဲ”

“ဟင့်အင်း …. ဟင့်အင်း ….ကြီးကြီး ဘောင်းဘီမ၀တ်ရင် သမီး ငိုမှာ နော်။ အီး … ဟီး …ဟီး …”

နန္ဒက ပြောပြောဆိုဆို မြေပြင်ပေါ်ထိုင်ချကာ ခြေထောက်စောင့်ပြီး ငိုတော့သည်။ နန္ဒာ့ငိုသံကြောင့် ကြီးကြီးသန်းမှာ ဘာလုပ်ရမည် မှန်းမသိဘဲ ပျာယာခတ်သွားသည်။

“ဟဲ့ … ဟဲ့ … မြေကြီးပေါ်ထိုင်ချပြီး မငိုရဘူးလေ။ သမီးလေး က လိမ္မာရဲ့ သားနဲ့။ လာ …. သမီးထ။ မငိုတော့နဲ့နော်”

“အီး … ဟီး .. ဟီး … မရဘူး ကြီးကြီးဝတ်မှ။ အီး … ဟီး …. ဟီး ”

ထိုအချိန်တွင် ဦးမိုးမြင့်၏ ကားက ခြံရှေ့သို့ ထိုးဆိုက်လိုက်သည်။ ခြံထဲသို့ လှမ်းကြည့်လိုက်စဉ် သမီး ဖြစ်သူနန္ဒာ ငိုနေသည်ကို တွေ့ လိုက်ရ၏ ။ ဦးမိုးမြင့် ထူပူသွားသည်။ ကားပေါ်မှ ကပျာကယာ အပြေးဆင်းရင်း ခြံထဲသို့ ၀င်လိုက်သည်။

“သမီး … သမီး … ဘာလို့ငိုနေတာလဲ … အစ်မ သမီးလေး ဘာ ဖြစ်လို့လဲ”

အဖေ ဖြစ်သူ၏ အသံကို ကြားလိုက်ရသဖြင့် နန္ဒာက အားကိုးရသွားသလို အဖေဆီသို့ ပြေးသွားလိုက်၏ ။ ထို့နောက် ရင်ခွင်ထဲသို့ တိုးဝင်ပြီး ….

“အီး …. ဟီး … ဟီး … ကြီးကြီးက သမီးကို မချစ်ဘူး သမီးက ဘောင်းဘီတိုလေး သွားဝတ်ခိုင်းတာ ကြီးကြီးက မ၀တ်ဘူးတဲ့။ အီး … ဟီး … ဟီး ”

သမီး ဖြစ်သူ၏ အပြောကိုကြားရမှာ ဦးမိုးမြင့်ရင်ထဲ အပူလုံးကြီး ကျသွားသည်။ ထို့နောက် အစ်မ ဖြစ်သူကို ပြုံးစိစိနှင့် လှမ်းကြည့်လိုက်၏ ။

“ကဲ …. လာပါ သမီးလေးရယ် …. ငိုမနေတော့နဲ့ … လာ ဖေဖေနဲ့အတူ ထမင်းစားကြရ အောင်နော်။ လိမ္မာတယ်”

နန္ဒာ့မျက်နှာလေး ပြုံးသွားပြီး ချက်ချင်း ကြီးကြီးသန်းဘက်သို့ မျက်စောင်းထိုးကာ ….

“ဟုတ်ကဲ့ ဖေဖေ … သမီးက ကြီးကြီးကို မခေါ်တော့ဘူး။ ချစ်လည်း မချစ်တော့ဘူး။ ဖေဖေ့ကိုပဲ ချစ်တော့မယ်။ ခေါ်တော့မယ်နော်”

ကြီးကြီးသန်းက ပြုံးစစနှင့် …..

“အေးပါ … ဟုတ်ပါပြီ။ ညည်းလေးပြောတာ မှတ်ထားပါနော်”

နန္ဒာက နှာခေါင်းလေးရှုံ့ပြလိုက်သည်။ ထို့နောက် ဦးမိုးမြင့်က သမီးလေးကိုဖက်ကာ အိမ်ထဲသို့ ၀င်သွားလိုက်သည်။ ကြီးကြီးသန်းက သားအဖနှစ် ယောက် ၏ ကျောပြင်ကို ကြည့်ရင်း ကျေနပ်ပီတိ ဖြစ်ကာ မျက်ရည်ဝဲနေတော့သည်။

ဦးမိုးမြင့်က သူဝယ်လာသည့် နိပါတ်စုံခင်း ငွေဓားအိမ်နှင့် ငှက်ကြီးတောင်ဓားကြီးကို တယုတယကိုင်ကြည့်ရင်း ဧည့်ခန်းနံရံတွင် ချိတ်ဖို့ပြင်နေသည်။ သူက အန်းတစ်သမားပီပီ ရှေးဟောင်းပစ္စည်းများ ကိုလည်းမြတ်မြတ်နိုးနိုး သိမးဆည်းထားတတ်၏ ။

သူ့တွင် အင်းဝခေတ် တံကဲအစုံ ဇဒိုင်များ ၊ တစ်ကြောင်းစာချွန်များ ၊ ဆင်စွယ်ပန်းပုများ ရှေးဟောင်းပစ္စည်း အနုလက်ရာများ လည်း ရှိသည်။

ဦးမိုးမြင့်က ငှက်ကြီးတောင်ဓားကြီးကို နံရံတွင် ချိတ်လိုက်သည်။ ထို့နောက် သဘောကျစွာ ပြုံးပြီး ကြည့်နေ၏ ။

ထိုစဉ် နန္ဒာရောက်လာပြီး နံရံပေါ်က ဓားကြီးကိုကြည့်ကာ နှာခေါင်းရှုံ့သွားရင်း ……

“ဖေဖေ …. ဘာလုပ်နေတာလဲ … ဟင် … ၀ယ်ပြန်ပြီ ။ အဲဒါဘာကြီးတွေ လဲ။ ဖေဖေကလေ မဟုတ်တဲ့ အဟောင်းကြီးတွေ တော့ လျှောက်ဝယ်တယ်။ သမီးကိုတော့ ဘာမှဝယ်မပေးဘူး”

“သြော် …. အဲဒါက ဖေဖေ့အလုပ်လေ သမီးရဲ့ ။ နေစမ်းပါဦး သမီးက ဘာလိုချင်လို့လဲ”

နန္ဒာက နားထင်အစပ်လေးကို လက်နှင့် ထောက်ကာ ကလေး တစ်ယောက် ကဲ့သို့ စဉ်းစားနေလေ၏ ။

“အင်း … သမီး …. ကားလိုချင်တယ်”

နန္ဒာ့အပြောကြောင့် ခပ်လှမ်းလှမ်းတွင် သတင်းစာဖတ်နေသော ကြီးကြီးသန်းက အံ့သြပြီး ကြည့်လိုက်၏ ။

ဦးမိုးမြင့်က ….

“ကား …. ဟုတ်လား … ဘာလုပ်မလို့လဲ သမီးရဲ့ ။ ဖေဖေ့ကားရှိတာပဲ။ ယူမောင်းပေါ့”

“ဟင့်အင်း … ဖေဖေ့ကားကြီးက အကြီးကြီးပဲ။ ပြီးတော့ လှလည်း မလှဘူး။ သမီးက ကားသေးသေးလေး လိုချင်တာ ဖေဖေရဲ့ ”

“ကားသေးသေးလေး ဟုတ်လား။ ဘယ်လိုကားမျိုးလဲ၊ ဘာအရောင် လိုချင်တာလဲ၊ ပြောပါဦး”

ဦးမိုးမြင့်ကပြောရင်း သမီး ဖြစ်သူ၏ ပခုံးလေးကို ဖက်လိုက်သည်။

“သမီးက စက်ရုပ်ကားအပြာရောင် လေး လိုချင်တာ”

“ဟုတ်ပါပြီဗျာ … ဒါဆို ၀ယ်ပေးမယ်”

ဦးမိုးမြင့် စကားကြောင့် ကြီးကြီးသန်း မျက်နှာပျက်သွား၏ ။

“ဟင် …. တကယ် ဝေး …. ပျော်စရာကြီး။ ဒါကြောင့် ဖေဖေ့ကို ချစ်တာ”

နန္ဒာပြောရင်း အဖေ ဖြစ်သူကို ကျုံးဖက်လိုက်သည်။

ထိုစဉ် အေးမာရောက်လာပြီး ….

“ဆရာ … ထမင်းစားလို့ရပါပြီရှင်”

နန္ဒာက ….

“ဟုတ်လား …. အေးမာ … စောစောက ကစားထားလို့ ငါလည်း ဗိုက်အရမ်းဆာနေတာ။ အတော် ပဲ”

နန္ဒာက ပြောရင်း ထိုင်ရာမှထကာ မီးဖိုခန်းထဲသို့ ပြေးထွက်သွား၏ ။ ကြီးကြီးသန်းက အေးမာကို ခဏနေလာခဲ့မယ်ဟု အမူအရာနှင့် ပြောလိုက်သည်။ အေးမာ ထွက်သွားသည်။

ဦးမိုးမြင့်က ထိုင်ရာမှ အထတွင် ကြီးကြီးသန်းက စိတ်ပူပန်ဟန်နှင့် ….

“ဟဲ့ … မောင်လေး … ဘာလို့ သမီးလေးကို ကားဝယ်ပေးမယ်လို့ ပြောလိုက်ရတာ လဲ”

ကြီးကြီးသန်း စိတ်ပူမည် ဆိုလျှင် ပူစရာပင်။ နန္ဒာမိုးမြင့်၏ မေမေက ကားအက်ဆီးဒင့်နှင့် ကွယ်လွန်သွားခဲ့တာမို့ ကားနှင့် ပတ်သက်လျှင် ကြီးကြီးသန်း စိတ်ထဲ စနိုးစနောင့် ဖြစ် ဖြစ်သွားသည်။

“သြော် … ဘာ ဖြစ်လို့လဲ။ သမီးလေး စိတ်ချမ်းသာအောင်လေ … အစ်မရဲ့ ”

ကြီးကြီးသန်းက သက်ပြင်းချရင်း မောင် ဖြစ်သူကို မျက်စောင်းထိုးလိုက်ပြီး …

“ဟင်း … ဟင်း … မင်း ကတော့လေ ….”

ဦးမိုးမြင့်က အစ်မ ဖြစ်သူ ဘာကိုစိတ်ပူနေသည်ကို သူသိသည်။ သို့ သော် သူ့အချစ်ဆုံး သမီးလေးကိုလည်း စိတ်ချမ်းသာစေချင်သည်။ ဘာကြောင့် နှင့် မှ သမီးလေး နောက်ထပ်စိတ် မဆင်းရဲစေလိုပေ။ ဒါဟာ သူက သမီးလေးအပေါ်တွင် ထားသည့် ဖခင် တစ်ယောက် မေတ္တာပင်။



ဝန်ဇင်းချစ်သူများ သတိုးတေဇ ၏ “ ဖေဖော်ဝါရီ တစ္ဆေ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကိုယ့်လက်ခုပ်ထဲက နတ်ဆိုး

သင်္ချီုင်း ဓာတ်စက်

တစ္ဆေတစ်ကောင်ရဲ့ ညစာ