အခန်း(၁)
သတိုးတေဇ
တစ္ဆေတစ်ကောင်ရဲ့ ညစာ
စာဖတ်သူသို့
ကျွန်တော် နဲ့ကိုကျော်စိုး (မင်းခိုက်စိုးစန်)တို့က 2000 ခုနှစ် မတိုင်ခင်လောက်ကတည်းက ရင်းနှီး သိကျွမ်းခဲ့ကြပါတယ်။ အဲဒီ တုန်းက သူ လုံးချင်းမရသေးပါဘူး။
ကျွန်တော် နဲ့ ညီအစ်ကိုလိုပဲ ခင်မင်ကြရင်းနဲ့မှ ခင်မင်မှု တွေ ယုံကြည်မှု တွေ နဲ့ သူ့ရဲ့ ပထမဆုံးလုံးချင်းဝတ္ထု ဖြစ်တဲ့ 'လွမ်းလို့သေသွားတဲ့သစ်ပင်'ကို စတင်ထုတ်ဝေခဲ့ပါတယ်။
အဲဒီ နောက်ပိုင်း 'ကမ္ဘာဦးရည်းစား'၊ 'ချစ်သူရဲ့ ပါးတစ်ဖက်ကို ခိုးဝှက်သွားတဲ့တစ္ဆေ'၊. 'ကလေးအတွေး'အစရှိတဲ့ စာအုပ်တွေ ကို ဆက်လက်ထုတ်ဝေ ဖြစ်ပါတယ်။ နောက်ဆုံး 'သုည' အထိပေါ့။
အဲဒီ အတောအတွင်းမှာ J.K.ROWLING ရဲ့ ဟယ်ရီပေါ်တာဘာသာပြန်ဝတ္ထုတွေ ကိုလည်း ထုတ်ဝေ ဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်း ကျွန်တော် တို့ သိပ်မတွေ့  ဖြစ်ကြပါဘူး။
အခု ကျွန်တော် စာအုပ်ထုတ်ဝေရေး လုပ်ငန်းကို သေသေချာချာ ပြန်လုပ်ချင်တဲ့အချိန်မှာ သူနဲ့ပြန်တွေ့  ဖြစ်ပြီး သူ့စာအုပ်တွေ ကို ဆက်တိုက်ထုတ်ဝေဖို့ ခွင့်တောင်းတဲ့အခါ သူက 'ပင်ကိုယ် ရေး မဟုတ်ဘဲ မှီးထားတဲ့ဝတ္ထုတွေ ကိုရော စိတ်မ၀င်စားဘူးလား'လို့ မေးပါတယ်။ အမှန်အတိုင်း ပြောရရင် သူကိုယ်တိုင် ပင်ကိုယ်ရေး နိုင်ပါလျက်နဲ့ ဘာကြောင့် မှီးရေး ရသလဲဆိုတာကို ကျွန်တော် သိပ်သဘောမပေါက်လှပါဘူး။
အဲဒါနဲ့မေးကြည့်တော့ သူက…
'ဒီစာအုပ်တွေ ရဲ့ အရသာက ဖတ်ဖူးနေကြ၀တ္ထုတွေ လိုမဟုတ်ဘဲ ထူးထူးခြားခြား ဖြစ်နေ လို့'ပြောပြီး သရဖူမဂ္ဂဇင်းမှာ 1997 ခုနှစ် လောက်က သူ့ကလောင်ခွဲ ဖြစ်တဲ့ 'သတိုးတေဇ'နဲ့ ရေး ထား တဲ့ စာမူဟောင်းတွေ ကို ပြပါတယ်။
အဲဒီ တော့မှ သူပြောတဲ့ ဖတ်ဖူးနေကြ၀တ္ထုတွေ လိုမဟုတ်ဘဲ 'အရသာအသစ်'ရှိတဲ့ ၀တ္ထု တွေ ဆိုတာကို ကျွန်တော် သဘောပေါက်လိုက်ရပါတယ်။
စာမူတွေ က R.L.Stine ရဲ့ ထိတ်လန့်ချောက်ချားဖွယ်ဝတ္ထုတွေ ကို အခြေခံပြီး မြန်မာမှု ပြု ထားတာပါ။
ကျွန်တော့် အနေနဲ့ သူ့ရဲ့ လက်ရာတွေ ကို ယုံကြည်တာက တစ်ကြောင်း၊ ဒီလို Thriller အမျိုးအစားတန်းဝင်ဝတ္ထုတွေ ကို စာဖတ်သူတွေ အကြိုက်တွေ့ မယ်လို့ ယုံကြည်တာကတစ် ကြောင်း.. သူ့စာမူတွေ ကို 'သတိုးတေဇ'ကလောင်ခွဲနဲ့ပဲ ထုတ်ဝေဖို့ ဆုံးဖြတ်ပြီး စာချစ်သူတို့ အတွက် စီစဉ်တင်ဆက်လိုက်ရပါတယ်။
သရဲပုံပြင်များ ကိုနားထောင်ဖူးကြပါသလား။ ကျွန်မ ကတော့ နားထောင်မည့် သူရှိလျှင် သရဲပုံပြင်များ လုပ်ကြံဖန်တီး၍ ပြောပြရသည်ကို အလွန်ဝါသနာပါပါသည်။ အထူးသဖြင့် ကျွန်မ မောင်လေးဖိုးသားကသရဲဆိုလျှင် အလွန်ကြောက်တတ်သည်။ သူ့အသက်က ၉ နှစ် သာရှိသေး၏ .
ကျွန်မက သူ့ကို မကြာခဏဆိုသလိုသရဲပုံပြင်များ ပြောပြီး ခြောက်လှန့်တတ်သည်။ဟိုနေရာမှာ နာနာဘ၀တစ်ကောင်တွေ့ ပြန်ပြီဈ ဒီနေရာမှာ နာနာဘ၀တစ်ကောင်တွေ့ ပြန်ပြီ စသဖြင့် ကျွန်မကပေါက်ကရတွေ လုပ်ကြံဖန်တီး၍ ပြောတိုင်းသူခမျာနေစရာမရှိအောင် ကြောက် လန့်နေတတ်၏ အဲဒါကြောင့် ပင် ဖြစ်မည် ထင်သည်။
တစ်ကယ့်နာနာဘ၀ မိစ္ဆာတစ်ကောင်ကို ကျွန်မတွေ့ သော အခါတွင် ကား ကျွန်မပြောသည့်စကားကို မည် သူကမှမယုံကြည်ြ ကတော့။ သူတို့ယုံကြည်လာသော အခါတွင် ကားအလွန်နောက်ကျသွားလေပြီ။အဲဒီ အချိန် တွင် ထိုနာနာဘ၀မိစ္ဆာကောင်သည်ကျွန်မတို့ အိမ်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေပြီး ဖြစ်လေတော့သည်။
ဒီအကြောင်းကို အစမှပြန်ပြောရမည် ဆိုလျှင် . . . . .
ကျွန်မတို့အိမ်ကလေးသည် ခပ်သေးသေးပင် ဖြစ်သော်လည်း ဖေဖေ၊မေမေ၊မောင်လေးနှင့် ကျွန်မတို့လေးဦးသားအတွက်တော့ ကျယ်ကျယ်ဝန်းဝန်းရှိသည်ဟုပင် ပြောနိုင်သည်။ တကယ်တော့လည်းကျွန်မနေထိုင်ရာ မြို့ကလေးတွင် အိမ်ကြီးကြီးမားမားဟူ၍ သိပ်ရှိလှသည် မဟုတ်ပေ။ ရန်ကုန်မြို့နှင့် မိုင်၂၀၀ကျော်ခန့် သာ ဝေးသည့် ခရီ ဖြစ်သော်လည်း တခြားမြို့ပြလို ဆူဆူညံညံ ရှုပ်ရှုပ်ထွေးထွေူမရှိလှ။ ပကတိ အေးချမ်းငြိမ်သက်သော မြို့ကလေး ဖြစ်သည်။
မြို့လယ်ခေါင်တစ်ဝိုက်မှလွဲလျှင် လူနေခြံဝန်းများ ကလည်း ခပ်ကျဲကျဲနှင့် ကျယ်ကျယ်ဝန်းဝန်းရှိ၏ ကျွန်မတို့ခြံသည်ပင်လျှင် လမ်း၏ ထောင့်စွန်းတွင် ရှိသော ကြောင့် တခြားအိမ်များ နှင့် အလှမ်းဝေးသလို ဖြစ်နေ၏ အိမ်က အနီရောင် တစ်ထပ်တိုက်ပုလေး ဖြစ်ပြီး အိမ်ရှေ့တွင် ကော၊ အိမ်နောက်မှာ ပါ၊ ဥယျာဉ်စိုက်ပျိုးထားသည်။ အိမ်ရှေ့ဥယျာဉ်က ပန်းပင်ငယ်များ နှင့် ခပ်ကျဉ်းကျဉ်း ဖြစ်သော်လည်း အိမ်နောက်ဘက်တွင် ကား သစ်ပင်ကြီး များ ထူထပ်စွာ ပေါက်ရောက်နေကြသည်။ တချို့ဆိုလျှင် နှစ် ပေါင်း ၅၀/၆၀ ခန့်ရှိသော ကုက္ကိုပင်ကြီးများ ဖြစ် သည်။ပိတောက်ပင်အိုကြီးများ အမြစ်ပါးပြင်ထနေသည့် ညောင်ပင်အိုကြီးများ လည်းရှိသော ကြောင့် ထိုနေရာသည် အမြဲလိုလို အေးစက်မှော င်မိုက်သော ၀န်ကျင်တစ်ခု ဖြစ်နေ လေသည်။
ကျွန်မနှင့် မောင်လေးဖိုးသားတို့သည် အားလပ်ချိန်များ တွင် ထိုတောအုပ်ထဲသို့ သွားပြီး ထိုင်လေ့ရှိကြသည်။ အထူးသဖြင့် ကျွန်မက အဲဒီ တောအုပ်ကလေးကိုနှစ် ခြိုက်သည်။ အဘယ် ကြောင့် ဆိုသော် အဲဒီ လိုနေရာမျိုးတွင် ကျွန်မ၏ မောင်လေးဖိုးသားကို ခြောက်လှန့်ဖို့ သရဲပုံပြင်များ ပြောရသည်မှာ ပိုမိုလွယ်ကူသော ကြောင့် ဖြစ်၏ ။
ဖိုးသားနှင့် ကျွန်မသည် တစ်အူထုံ့ဆင်း ဖြစ်သော ကြောင့် လားမသိ။ ရုပ်ချင်းအတော် ဆင် ကြသည်။ ဖိုးသားမှာ လည်း ကျွန်မလိုပင် မည်းနက်ဖြောင့်စင်းသော ဆံပင်များ ရှိပြီး သူ့အသက် အရွယ်နှင့် စာလျှင် အနည်းငယ်အရပ်ပုသည်။ ကျွန်မတို့ မောင်နှမနှစ် ယောက် စလုံးတွင် အသား အရည်ဖြူဖျော့ဖျော့ရှိကြပြီး မျက်နှာဝိုင်းသည်။
အနည်းငယ် မနာလိုစရာကောင်းသည့်အချက်မှာ ဖိုးသား၏ မျက်တောင်များ သည် ကျွန်မ ထက် ပိုမိုရှည်လျားကော့ညွတ်နေကြခြင်းပင်။ ယောက်ျားလေးတန်မယ့် ဘာကြောင့် ဒီလောက် မျက်တောင်တွေ လှပနေရသလဲဟု ကျွန်မ အနည်းငယ်မကျေမနပ် ဖြစ်မိသော်လည်း ထိုအချက်ကို ကျွန်မ ဘယ်တုန်းကမှ ထုတ်ဖော်မပြောခဲ့ပါချေ။
ဒီနေ့ကား ပူပြင်းသည့်နေ့လည်ခင်းတစ်ခု ဖြစ်သည်။ မေလဆန်း ဖြစ်သော ကြောင့် လား မသိ။ ပျင်းရိညည်းငွေ့ဖွယ်ကောင်းလောက်အောင်ပင် အုံ့မှု န်းပူအိုက်နေ၏ ။
တက္ကသိုလ်စာမေးပွဲများ ပြီးကတည်းက ကျွန်မ၏ သူငယ်ချင်းများ နှင့် မတွေ့ ရသည်မှာ ကြာပြီ ဖြစ်သည်။ သူတို့က မန္တလေးတွင် သင်္ကြန်ကျရန်ဟုဆိုကာ ဧပြီလဆန်းပိုင်းကတည်းက ခရီး ထွက်သွားခဲ့ကြသည်။ သင်္ကြန်ပြီးသည့်တိုင် သူတို့ပြန်မလာခဲ့ကြချေ။ ပြင်ဦးလွင်တွင် ဖြစ်စေ၊ ကလောတွင် ဖြစ်စေ နွေရာသီအပူရှိန်ကို ရှောင်တိမ်းရင်း မေလကုန်သည်အထိ အပန်းဖြေကြလိမ့် မည် ထင်သည်။
ကျွန်မအနီးတွင် စကားပြောဖော် ဘယ်သူမှမရှိ၊ ထုံးစံအတိုင်း ဖိုးသားကို သရဲပုံပြင်တွေ ပြောပြီး ခြောက်လှန့်ကျီစယ်ရန် စိတ်ကူးပေါ်လာ၏ ။
ကျွန်မကို စိတ်ကူးယဉ်ဆန်သော မိန်းကလေးဟု မေမေ ကတော့ မကြာခဏပြောဖူးသည်။ တကယ်လည်း ဟုတ်ချင်ဟုတ်မည် ။ အကယ်စင်စစ် ပြင်ပလောကတွင် ဘယ်လိုမှ မရှိနိုင်၊ မ ဖြစ် နိုင်သော ဇာတ်လမ်းဇာတ်ကွက်များ ၊ နာနာဘာဝမိစ္ဆာကောင်များ အကြောင်း ဇာတ်လမ်းဆင်ပြီး တကယ်ရှိသည့်နှယ် အကွက်ကျကျ အသက်ဝင်လာအောင် ကျွန်မက စိတ်ကူးယဉ်တတ်သည်။
အခုလိုမျိုး ဖိုးသားကို ကျီစယ်ရုံ၊ ခြောက်လှန့်ဖို့လောက် ကတော့ သိပ်များများ စားစားပင် အကွက်စေ့စေ့ ကြိုးစားနေစရာမလိုပါ။ နည်းနည်း ပါးပါး ဖြီးတတ်၊ ဖြန်းတတ်ရုံနှင့် ပင် ရသည်။
တစ်ခါတုန်းက ဆိုရင် ကျွန်မက သူ့ကို…
'နင့်အ၀တ်ဘီရိုထဲမှာ သရဲတစ်ကောင်ရှိတယ်'
ဟု ပြောလိုက်ရုံမျှဖြင့် ရေချိုးခန်းထဲမှ ထွက်လာကာစ ဖိုးသားသည် အ၀တ်ဘီရိုကို ဖွင့်မည့်  ဆဲဆဲမှ လက်ကို ဆတ်ခနဲရုတ်လိုက်ပြီး တစ်ကိုယ်လုံး တုန်ရီကြောက်လန့်နေမိသည်။
အင်္ကျီလည်း ယူမ၀တ်ရဲ။ ကိုယ်ခန္ဓာအပေါ်ပိုင်းဗလာနှင့် ခိုက်ခိုက်တုန်အောင် ချမ်းနေသည့် ကြားမှ…
'သရဲ… သရဲ..သရဲရှိတယ် ဟုတ်လား'
ဟု မျက်လုံးကလေး ချာချာလည်ကာ ကြောက်လန့်နေသည့် ဖိုးသားကိုကြည့်ရင်း ကျွန်မ တော် တော် သနားသွားသည်။
နောက်နောင် သူ့ကိုဘယ်တော့မှ မစတော့ဘူးဟု ကျွန်မ ဆုံးဖြတ်လိုက်သော်လည်း ထို ဆုံးဖြတ်ချက်သည် ကြာကြာမခံပါချေ။
နောက်တော့လည်း သူ့ကို အလားတူသရဲပုံပြင်များ ပြောပြကျီစယ်ခဲ့မိသည်မှာ အကြိမ်ကြိမ် ပင်။
အခုလည်း သစ်ပင်ကိုကျောမှီထိုင်ရင်း သူ့ကိုဘယ်လိုဇာတ်လမ်းမျိုး ဖန်တီးပြောပြရင် ကောင်းမလဲဟု ကျွန်မ စဉ်းစားနေမိသည်။ မျက်စိများ ကို မှိတ်ထားသော ကြောင့် ကျွန်မ၏ လက် ဖ၀ါးနှင့် ဖိနပ်မပါသော ခြေဖ၀ါးတို့က စွတ်စိုသော မြက်ပင်ငယ်ကလေးများ နှင့် နူးညံ့သော မြေသား တို့၏ အထိအတွေ့ ကို သိသိသာသာ ခံစားရ၏ ။
မြေသားက သဲဆန်ဆန် နူးညံ့သော မြေမှု န်လေးများ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏ ။ ကျွန်မက ခြေဦးကို ခပ်ပွပွမြေသားထုထဲသို့ ထိုးနှစ် လိုက်သည်။ ခြေချောင်းလေးများ က မြေကြီးထဲတွင် မြုပ် ၀င်ပြီး ပျောက်ကွယ်နေကြ၏ ။
ကျွန်မက ဖိုးသားကို လှမ်းကြည့်လိုက်သည်။ ဖိုးသားက မြက်ခင်းပြင်ပေါ်တွင် ဘေးတိုက် တစောင်းလဲလျောင်းနေသည်။ မြက်ပင်ငယ်ကလေးများ နှင့် ဆော့ကစားနေ၏ ။ သူကလည်း ကျွန်မ လိုပင် ဂျင်းဘောင်းဘီတိုနှင့် အဖြူရောင် တီရှပ်ကို ၀တ်ဆင်ထားသည်။
သစ်ပင်ပေါ်မှ ပင့်ကူငယ်လေးတစ်ကောင်က ကျွန်မအင်္ကျီပေါ်သို့ ဖုတ်ခနဲပြုတ်ကျလာ သည်။ ကျွန်မက ထိုပင့်ကူကို ခါထုတ်လိုက်ပြီး ဖိုးသားကို အမှတ်တမဲ့ လှမ်းပြောလိုက်သည်။
'ဖိုးသား…'
'ဗျာ…'
'နင် ဒီတောထဲမှာ ရှိတဲ့ သင်းခွေချပ်သရဲအကြောင်း ကြားပြီးပြီလား'
ဖိုးသားက ချက်ချင်း ပင် မျက်နှာဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး…
'ဘာ..ဘာသရဲလဲ၊ တော် ပြီ… တော် ပြီ နင် ငါ့ကို မဟုတ်ကဟုတ်က သရဲဇာတ်လမ်းတွေ စိတ်ကူးယဉ်ပြီး ပြောပြဦးမလို့မဟုတ်လား။ တော် ပြီ မကြားချင်တော့ဘူး'
'ဟဲ့..ဒီအ ဖြစ်အပျက်က စိတ်ကူးယဉ်မဟုတ်ဘူး။ တကယ် ဖြစ်ခဲ့တာဟ'
အလေးအနက်ပြောနေသော ကျွန်မ၏ လေယူလေသိမ်းကြောင့် ဖိုးသားက ဆတ်ခနဲမော့ ကြည့်ရင်း..
'ဘာ..တကယ် ဟုတ်လား'
'တကယ်ပေါ့ဟ၊ မယုံရင် ဟိုဘက်ခြံက အန်ကယ်ဦးသိန်းမြင့်နဲ့ အန်တီဒေါ်မာလာတို့ကို မေးကြည့်ပါလား။ သူတို့က ကိုယ်တွေ့ ပဲဥစ္စာ'
ကျွန်မက ဖိုးသား၏ မျက်လုံးများ ထဲသို့ တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်သည်။ ထိုသို့ အကြည့်မလွှဲဘဲပြောမှ ဖိုးသားက ကျွန်မစကားကို တကယ်အမှန်အတိုင်းပြောနေသည်ဟု ထင်ပေ လိမ့်မည် ။
ဖိုးသားက လဲလျောင်းနေရာမှ ဆတ်ခနဲထထိုင်လိုက်ပြီး..
'အိမ်ထဲဝင်ပြီး ကာတွန်းစာအုပ်ပဲ သွားဖတ်နေတော့မယ်..'
ဟု သူ့ဘာသာသူ ပြောသလို တီးတိုးပြော၏ ။ သို့ သော် ကျွန်မက သူပြောသည်ကို ဂရုမစိုက်ဘဲ..
'အဲဒီ သင်းခွေချပ်သရဲဟာ ဟိုး.. လွန်ခဲ့တဲ့ငါးနှစ် လောက်တုန်းက အန်ကယ်ဦးသိန်းမြင့်တို့ခြံ ထဲမှာ တွေ့ လိုက်ရတာ ပေါ့'
ဒီလောက်စကားစလိုက်ရုံနှင့် ဖိုးသား ဘယ်လိုမှ ထမသွားနိုင်တော့ဘူးဆိုသည်ကို ကျွန်မ သိလိုက်၏ ။ သူ့အကျင့်က ဒီအတိုင်းပင်။ နားလည်း နားထောင်ချင်သည်။ ကြောက်လည်း ကြောက် သည်။
သူက တစ်ဖက်ခြံသို့ မျက်လုံးဝေ့ကြည့်လိုက်ရင်း..
'ဒါဆို သားတို့ခြံနဲ့ အိမ်နောက်ဖေးချင်း ဆက်နေမှာ ပေါ့နော်'
ဖိုးသားက သာမန်အချိန်များ တွင် ကျွန်မကို မောင်နှမချင်း နင်နဲ့ငါနဲ့ပြောသော်လည်း ကြောက်လာပြီဆိုလျှင်ကား သူ့ကိုယ်သူ ကလေးလေး တစ်ယောက် သဖွယ် 'သား'ဟု ပြောလေ့ရှိ သည်။
ကျွန်မက ခပ်တည်တည်ဖြင့် ပင် တစ်ဖက်ခြံဆီသို့ မျက်လုံးဝေ့ကြည့်လိုက်သည်။ ကျွန်မတို့ လို နယ်မြို့ကလေးများ တွင် တစ်အိမ်နှင့် တစ်အိမ် ခြံစည်းရိုး တသီးတသန့်ခတ်ထားလေ့မရှိပါ။ ထို့ ကြောင့် အကာအရံမရှိသော အန်ကယ်ဦးသိန်းမြင့်တို့ ခြံနောက်ဖေးကို အတိုင်းသားပင် လှမ်းမြင် နေရ၏ ။
ကျွန်မက..
'အေးပေါ့၊ အဲဒီ တုန်းက သင်းခွေချပ်သရဲက နေ့ခင်းကြီး ဗြုန်းခနဲပေါ်လာတာ။ ဒီလိုအချိန်မျိုး ပေါ့။ အဲဒီ သရဲက ညဘက်ကျမှ ခြောက်တာမဟုတ်ဘူး။ နေ့ခင်းကြောင်တောင် တောအုပ်ထဲမှာ လည်း ခြောက်တတ်တယ်'
'သင်း..သင်းခွေချပ်သရဲဆိုတာ လူတွေ ကို ဖမ်း..ဖမ်းစားတဲ့ဟာလားဟင်'
ဖိုးသားက တုန်တုန်ရီရီဖြင့် မေးလိုက်သည်။ သူ့မျက်လုံးများ ကလည်း တောအုပ်သစ်ပင် ကြိုကြားသို့ ကျီးကန်းတောင်းမှော က်ကြည့်နေ၏ ။
ကျွန်မက..
'သိပ်မကြောက်ပါနဲ့၊ အဲဒါ ဖြစ်ခဲ့တာ ငါးနှစ် လောက်ကြာသွားပြီပဲ။ နင်က လေးနှစ် သား လောက်ပဲရှိဦးမှာ ဆိုတော့ ဘယ်သိလိုက်မှာ လဲ'
'အဲဒီ တုန်းက အန်ကယ်ဦးသိန်းမြင့်နဲ့ အန်တီဒေါ်မာလာတို့က အိမ်ထဲမှာ ပူအိုက်လို့ဆိုပြီး သူတို့အိမ်နောက်ဖေး၊ သစ်ပင်ရိပ်အောက်မှာ ဖျာခင်းပြီး နေ့လည်နေ့ခင်း တရေး တမောအိပ်နေ ကြတာ..'
'အဲဒီ မှာ သရဲက လာရောလား'
ဖိုးသားက ဖျတ်ေးမလိုက်သည်။ ကျွန်မက…
'အေး..အဲဒီ သင်းခွေချပ်သရဲပေါ့။ သြော်.. ဒါနဲ့ ပြောရဦးမယ် အဲဒီ သင်းခွေချပ်သရဲက တော နက်ကြီးထဲမှာ ဆိုရင် လူအသံနဲ့တူအောင် ဖန်ဆင်းပြီးအော်ခေါ်တတ်တယ်။ သင်းခွေချပ်သရဲက ကိုယ့်နာမည် ခေါ်တဲ့အခါ ပြန်ထူးလိုက်ရင် ဖမ်းစားခံရသတဲ့။ အပမှီပြီး သေတာနေမှာ ပေါ့'
'အဲဒါကြောင့် တောထဲကို လူစုလူဝေးနဲ့သွားရင် တစ်ယောက် နဲ့ တစ်ယောက် နာမည် မခေါ် ရဘူးဆိုပဲ။ အဲဒီ သင်းခွေချပ်သရဲက အမျိုးမျိုး ဖန်ဆင်းတတ်တာတဲ့.. သိလား'
ဖိုးသား၏ ဦးခေါင်းမှ ဆံပင်မွှေးထောင်မတ်လာသည်ဟု ထင်ရသည်။
သူက လေသံတုန်တုန်ရီရီဖြင့် ..
'သင်းခွေချပ်သရဲ ဘယ်လိုရောက်လာတာလဲဟင်။ မြန်မြန်ပြောစမ်းပါ အစ်မရဲ့ '
ကျွန်မက ပခုံးကို တွန့်ပြလိုက်ရင်း..
'ဘယ်သူက ဘယ်လိုလုပ်ပြီး သိမှာ လဲ။ မြက်ခင်းပေါ်ကနေ တွားသွားပြီး ဖြတ်လာတယ် လို့တော့ ထင်ရတာ ပဲ။ ဒါပေမဲ့ ဘယ်သူမှ မမြင်ရဘူးလေ။ သင်းခွေချပ်သရဲက မြေကြီးပေါ်မှာ ဆိုရင် မြေကြီးနဲ့ တစ်သားတည်း ဖြစ်အောင် ဖန်ဆင်းနိုင်တယ်။ မြက်ပင်တွေ ကြားမှာ ဆိုလည်း ဒီလိုပဲ။ သူတို့ကိုယ်ကို အစိမ်းရောင် ဖန်ဆင်းပြီး ရောနေတာ'
ဖိုးသား၏ မျက်လုံးများ က သူထိုင်နေရာ ၀န်းကျင်ပတ်ပတ်လည်ရှိ မြက်ပင်များ ကို ကျီးကန်း တောင်းမှော က် ကြည့်လိုက်၏ ။ ဘာကိုမှ မတွေ့ လေလေ၊ သူ ပိုပြီး ကြောက်လေလေ။
သူက..
'အဲ..အဲဒီ သရဲက အကြီးကြီးလားဟင်'
'ကြီးတာပေါ့။ ဟိုဘက်ခြံမှာ မြင်လိုက်ရတုန်းကဆိုရင် အဲဒီ သင်းခွေချပ်ဟာ မိကျောင်းကြီး တစ်ကောင်လောက်ရှိတယ်။ သူ့သွားတွေ ကလည်း ချွန်ထက်နေတာပဲတဲ့'
'ဗျာ…'
ဖိုးသား တုန်လှုပ်သွား၏ ။ ကျွန်မကဆက်၍ ….
'အရွယ်အစားကိုတော့ အတိအကျ ဘယ်ပြောလို့ရမလဲ၊ နာနာဘာဝ မိစ္ဆာကောင်တွေ ဆို တာက သူတို့ကိုယ်သူတို့ ကြီးအောင်သေးအောင် ကြိုက်သလို ဖန်ဆင်းလို့ရတာ မျိုးပဲ'
'ဟို…ဟိုဘက်ခြံက အန်ကယ်ကြီးတို့လင်မယားကော ဘာ… ဖြစ်သွားသေးလဲဟင်'
သူ့အမေးကြောင့် ကျွန်မက စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချပြီး ခေါင်းကိုခါလိုက်၏ ။
'အဲဒီ တုန်းက သူတို့က မြက်ခင်းပေါ်မှာ ဖျာကို ဖြန့်ခင်းပြီး အိပ်နေကြပြီဆိုပဲ။ အန်တီ မာလာ ကတော့ ပူလွန်း၊ အိုက်လွန်းလို့ ကောင်းကောင်းအိပ်မပျော်ဘူး။ မှေးကနဲအိပ်ပျော်လိုက်၊ နိုးလိုက် ဖြစ်နေတယ်။ အန်ကယ် ဦးသိန်းမြင့် ကတော့ မှော က်ရက်ကြီး အိပ်ပျော်နေတာ။ သူ့အရပ် က ရှည်တော့ ခြေဖ၀ါးထိပ်ဖျားပိုင်းဟာ ဖျာအစွန်းကနေလွန်ပြီး မြက်ပင်တွေ ကြားထဲ ကျနေတယ်။ အဲဒီ အချိန်မှာ တင် နာနာဘာဝကောင်ကြီးဟာ မြက်ပင်တွေ ကြားကနေ တရွေ့ရွေ့တွားသွားပြီး ရောက်လာတော့တာပဲ'
'အန်တီ.. အန်တီဒေါ်မာလာက မမြင်ဘူးလား'
ဖိုးသားက တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။
'ဘယ်မြင်မလဲ။ အဲဒါကြောင့် လည်း ဆိုးဆိုးရွားရွား ဖြစ်ကုန်တာပေါ့'
ကျွန်မက ဖိုးသား၏ မျက်လုံးများ ကို စိုက်ကြည့်ရင်း လေးနက်တည်ကြည်စွာ ပြောလိုက်၏ ။ ထို့နောက် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ မှု တ်ထုတ်လိုက်ပြီး..
'အန်ကယ်ဦးသိန်းမြင့်က အိပ်ပျော်နေရာကနေ ဖျတ်ခနဲလန့်နိုးလာတယ်။ သူ့ခြေချောင်း လေးတွေ ဆစ်ကနဲ၊ ဆစ်ကနဲ ဖြစ်သွားတာကိုတော့ သိလိုက်တယ်ဆိုပဲ။ ဒါပေမဲ့ သူတို့မွေးထားတဲ့ ခွေးက လျှာနျဲ့က်ပြီး ဆော့ကစားနေတာထင်လို့ ထမကြည့်မိဘူး'
'ဒါပေမဲ့ အဲဒီ အချိန်မှာ ပဲ သူ့ခြေချောင်းလေးတွေ အရမ်းနာသွားတာကို သူသိလိုက်တယ်။ ဒါနဲ့ခွေးကို မောင်းထုတ်မယ်ဆိုပြီး ဗြုန်းခနဲ ထထိုင်လိုက်တဲ့အချိန်မှာ သူ့ဦးခေါင်းထဲ မီးတွေ ပွင့် ထွက်သွားသလို စူးစူးရွားရွား နာကျင်သွားတယ်။ ခွေးက အစွယ်ချွန်ချွန်တွေ နဲ့ သူ့ခြေချောင်းတွေ ကို ကိုက်ဖြတ်ကျိတ်ဝါးလိုက်သလိုမျိုးပဲ။
အန်ကယ်ဦးသိန်းမြင့်က 'အား'ခနဲ အော်ပြီး သူ့ခြေထောက်ကို ရုပ်လိုက်တယ်။ အန်တီ မာလာလည်း နိုးသွားပြီး လှမ်းအကြည့်၊ အဲ… အဲဒီ မှာ မြင်လိုက်ရတော့တာပဲ၊ ကြောက်… ကြောက် စရာကြီး'
'ဘာ..ဘာကိုမြင်ရတာ လဲဟင်'
ဖိုးသား အမောတကောမေးသည်။ ကျွန်မက လေသံကို တိုးနိုင်သမျှတိုးတိုးလေးဖြင့် ..
'အန်ကယ်ဦးသိန်းငြမ့်ရဲ့ ခြေမကနေ ခြေသန်းအထိ ခြေချောင်းလေးတွေ တစ်ခုမှ မရှိ တော့ဘူး။ သရဲက စားပစ်လိုက်ပြီ'
'အား..မ ဖြစ်နိုင်ဘူး။ မ ဖြစ်နိုင်ဘူး'
ဖိုးသားက အထိတ်တလန့်အော်ဟစ်ရင်း ကျွန်မ ပခုံးကို အတင်းဆွဲလှုပ်နေသည်။ သူ့ မျက်လုံးတွေ ချာချာလည်နေ၏ ။
ကျွန်မက တည်ငြိမ်လေးနက်စွာ ဖြင့် ခေါင်းကိုညိတ်လိုက်ရင်း
'အဲဒါ တကယ် ဖြစ်ခဲ့တာ။ အန်ကယ်ဦးသိန်းမြင့် နံနက်လမ်းလျှောက်သွားတဲ့အခါတိုင်း ရှူးဖိနပ်ကို အမြဲစီးထားတာ နင် သတိမထားမိဘူးလား။ နင်မယုံရင် သူနဲ့တွေ့ တဲ့အခါ သူ့ဖိနပ်ကို ချွတ်ပြခိုင်းကြည့်လေ'
'မ ဖြစ်..မ ဖြစ်နိုင်ဘူး'
'ငါ တကယ်ပြောတာ။ မယုံရင် အခု အန်ကယ်ဦးသိန်းမြင့်ကို သွားမေးလို့ရတယ်။ ကဲ.. ဘယ်လိုလဲ'
ကျွန်မက ထိုင်နေရာမှ ချက်ချင်း ထရန် ဟန်ပြင်လိုက်သည်။ သို့ သော် ခြေထောက်က ရုတ် တရက် ထောက်၍ မရဘဲ ဖြစ်သွား၏ ။
ကျွန်မ၏ အကြည့်က ကျွန်မ၏ လက်ဝဲဘက် ခြေထောက်ဆီသို့ ဖျတ်ခနဲရောက်သွား၏ ။ ကျွန်မ၏ မျက်လုံးများ က ထိတ်လန့်တုန်လှုပ်စွာ ပြူးကျယ်သွားလေတော့သည်။
'ဖိုး..ဖိုး..ဖိုးသား၊ ဒီမှာ … အား…'
ကျွန်မက အသံကုန်အော်ဟစ်ရင်း တဆတ်ဆတ်တုန်ရင်နေသည့် လက်တစ်ဖက်ဖြင့် ခြေထောက်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
ဖိုးသားက ကျွန်မညွှန်ပြသည့်အရာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရင်ပွင့်မတတ် အော်ငိုလိုက်သည်။
ကျွန်မ၏ ခြေထောက်မှာ ခြေချောင်းလေးများ မရှိတော့ချေ။
![]() ကိုယ့်လက်ခုပ်ထဲက နတ်ဆိုး | ![]() စောင့်နေသူ | ![]() စွယ်နီဆင်ရိုင်း |