အခန်း(၁)
သတိုးတေဇ
စေညွှန်ရာကြမ္မာဆိုး
အခန်း(၁)
ကွေ့ကောက်နေသော အလယ်လမ်းကလေးအတိုင်း ဖုန်တသော သော နှင့် သူတို့လျှောက် လာခဲ့ကြသည်။ရွာကလေး၏ အစွန်အဖျားမှာ လူနေကျဲပါးရာဝန်းကျင် ဖြစ်သော ကြေင့်ငှက်အော်သံ၊ သစ်ရွက်ကို လေတိုးသံမှအပ တိတ်ဆိတ်နေကြသည်။
သစ်ပင်ကြီးများ ၏ အကိုင်းအခက်တို့ကြားမှ စိမ့်ဖြာကျနေသည့် နေရောင် ခြည်က ဘုန်းကြီးကျောင်း၏ ခေါင်မိုးပေါ်တွင် ဟိုတစ်ပြောက် ဒီတစ်ပြောက် ယိမ်းထိုးနေ၏ ။ တစ်ခါတစ်ရံ လယ်ကွင်းပြင်များ မှ တိုက်ခတ်လာသော လေပူတွေ ကြောင့် ဘုန်းကြီးကျောင်း၏ ခေါင်မိုးပြားများ ကို သစ်ကိုင်းသစ်ခက်တို့က တံမြက်စည်းလှည်းကျင်းနေသလို တရွှမ်းရွှမ်းမြည် လျက်ရှိနေသည်။
ထိုရွာထိပ်မှ ဘုန်းကြီးကျောင်းကြီးမှာ အခုလို နွေရာသီကျောင်းပိတ်ချိန်တွင် ကံမြင့်တို့ သူငယ်ချင်းတစ်သိုက်အတွက် အားကစားကွင်းကြီးတစ်ခုလို ဖြစ်နေပြီး ကျောင်းဝင်းကြီး၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ စိမ်းစိုနေပြီး အရိပ်အာဝါသ ကောင်းသဖြင့် တစ်နေကုန်တစ်နေခမ်း ဆော့ကစားရသည်မှာ သူတို့အဖို့ အားမရနိုင်အောင်ရှိကြသည်။
ကံမြင့်က . .
“ဟေ့ကောင် .. . စံပီး .. ခင်လေးမြင့်တို့၊ နုဝါတို့လည်း မရောက်ကြသေးပါလား”
“သူတို့အိမ်ကအလုပ်တွေ မပြီးသေးလို့နေမှာ ပေါ့ကွ”
ထက်လူက ကျောက်ခဲတစ်လုံးကို ကောက်ယူကာ ဘုန်းကြီးကျောင်းဝင်းအနီးမှ ရေတွင်း ပျက်ကြီးဆီသို့ ပစ်ပေါက်လိုက်ရင်း လှမ်းပြောလိုက်၏ ။
ထက်လူမှာ ကိုရင်လူထွက်ကာစ ဖြစ်သဖြင့် ခေါင်းတုံးနှင့် ဖြစ်ပြီး ကံမြင့်နှင့် စံပီးက သူ့ကို “ကဒိန်း” (ကတုံး) ဟု နောက်ပြောင်ပြီးခေါ်လေ့ရှိသည်။ ကံမြင့်၊ ထက်လူ၊ စံပီး၊ ခင်လေးမြင့်နှင့် နုဝါတို့မှာ မြို့ကျောင်းတွင် ခုနစ်တန်းဖြေဆိုထားကြပြီး အခုလို နွေရာသီကျောင်းပိတ်ရက်များ တွင် တစ်နေကုန်တစ်နေခမ်း မမောနိုင်မပန်းနိုင်အောင် ဆော့ကစားကြပြီး ညနေစောင်းမှသာကိုယ်စီ အိမ်သို့ပြန်ကြလေ့ရှိသည်။
“ဟေ့ကောင် . .. ကဒိန်း ငါတို့ ဒီနှစ် သင်္ကြန်ဘာလုပ်ကြရင်ကောင်းမလဲ။ ရွာထဲမှာ လည်း ပျော်စရာကောင်းမှာ မဟုတ်ပါဘူးကွာ”
ကံမြင့်က ရေတွင်းပျက်ကို ကျောမှီကာ ထိုင်ချလိုက်ရင်း လှမ်းမေးလိုက်သည်။ စံပီးက ရေ တွင်းပျက်ကြီး၏ ဘောင်ပေါ်လက်လှမ်းတင်ရင်း ..
“အေးကွ . .. ငါလည်း ဒီနှစ် သင်္ကြန် မြို့ပေါ်သွားပြီး ရေပက်ရင်း အကတွေ သံချပ်တွေ ကြည့်ရင် ကောင်းမလားလို့”
စံပီးစကားကြောင့် ကံမြင့်နှင့် ထက်လူတို့၏ မျက်နှာများ မှာ လက်ခနဲဝင်းသွားကြပြီး
“အေး . . .ဟုတ်တယ်၊ ငါတို့တွေ နှစ် တိုင်း ဒီရွာထဲမှာ ချည်းပဲ တစ်ယောက် နဲ့ တစ် ယောက် ရေပက်နေရတာ ပျင်းဖို့ကောင်းလာပြီ”
ထက်လူက သူ့ခေါင်းပြောင်ပြောင်ကို လက်ဖြင့် တစ်ချက်နှစ် ချက် ပွတ်သပ်လိုက်ပြီး .. .
“မြို့ပေါ်သွားတာတော့ ဟုတ်ပါပြီ၊ ဘယ်မလဲ ငါတို့သုံးဖို့ပိုက်ဆံ၊ နောက်ပြီး ငါတို့က ရေပက်ရုံတင်မဟုတ်ဘူး၊ ပွဲတွေ လမ်းတွေ ကိုပါ လျှောက်ကြည့်ကြဦးမှာ ဆိုတော့”
ထက်လူက သူ့စကားကို ခဏရပ်လိုက်ပြီး . .
“ဟော . .. ဟိုမှာ ခင်လေးမြင့်နဲ့ နုဝါတို့ လာနေကြပြီ။ သူတို့တွေ လည်း ဒီနှစ် သင်္ကြန်မှာ ဘာလုပ်ကြမလဲမသိဘူး”
ကံမြင့်နှင့် စံပီးမှာ ထက်လူ လက်ညှိုးထိုးပြနေရာ ရွာအလယ်လမ်းမပေါ်သို့ လှမ်းကြည့် လိုက်ကြသည်။ ခင်လေးမြင့်နှင့် နုဝါတို့မှာ သီချင်းတကြော်ကြော်အော်ဆိုရင်း ခုန်ပေါက်မြူးထူး လာပုံရသည်။ သူတို့နှစ် ယောက် က ကံမြင့်တို့ ထိုင်နေရာ ရေတွင်းပျက်နားသို့ ရောက်သော အခါ
“ဟဲ့ .. . နင်တို့သုံးယောက် ဘယ်အချိန်တည်းက ရောက်နေတာလဲ။ ဒီမှာ ဟာ နုဝါပေါ့ . .။ နွားစာစဉ်းနေတာ မပြီးတော့ဘူး။ ငါပါဝင်ပြီးကူလုပ်ခဲ့ရသေးတယ်”
ကံမြင့်၊ ထက်လူနှင့် စံပီးတို့မှာ ခင်လေးမြင့်နှင့် နုဝါတို့ ရောက်လာသည်နှင့် သူတို့၏ အစီ စဉ်များ ကို ထပ်ပြီး ပြောပြလိုက်ကြသည်။ ခင်လေးမြင့်နှင့် နုဝါမှာ ကံမြင့်တို့သုံးယောက် ၏ မြို့ပေါ် သွားကြမည့်  အစီအစဉ်ကို မကန့်ကွက်ကြသော်လည်း ထက်လူပြောသလို ငွေကြေးအခက်အခဲ ကတော့ ရှိကြသည်။
သူတို့၏ မိဘများ အားလုံးမှာ ပြည့်ပြည့်စုံစုံ ချောင်ချောင်လည်လည်များ မဟုတ်ကြ။ တစ်နေကုန်အောင် လယ်ထဲဆင်းပြီး ခြစ်ခြစ်ကုတ်ကုတ်နှင့် ကျောင်းစရိတ်ကို ရှာကြရသည်။ ရွာ ထဲမှ အချို့ကလေးများ ပင် သူတို့သူငယ်ချင်း ငါးယောက် ကဲ့သို့ မြို့ကျောင်းတွင် မတတ်နိုင်ရှာဘဲ မိဘများ နှင့် အတူ လယ်များ ၊ ကိုင်းများ တွင် ၀င်ရောက်လုပ်ကိုင်ကြရသည်။
ကံမြင့်က သက်ပြင်းရှည်ကြီးတစ်ချက်ကို ချရင်း . .
“အဲဒီ တော့ . .ငါတို့ ငါးယောက် ခုကတည်းက ပိုက်ဆံရှာမှရမယ်။ သင်္ကြန်က သိပ်လို တော့တာ မဟုတ်ဘူး”
ထိုစဉ် တစ်ချိန်လုံး ဘာစကားမှမပြောဘဲ ငြိမ်နေသော နုဝါက ၀င်၍ . .
“ငါတော့ ဘူတာမှ ရေကုသိုလ်လုပ်ရင်း ပိုက်ဆံရှာမယ်”
“ဟာ . . နင်ကလဲ ရေကုသိုလ်လုပ်တာ ဘယ်လောက်ရမှာ မို့လဲ၊ ရထားပေါ်ကလူတွေ က နင့်ခေါင်းပေါ်ရွက်ထားတဲ့ ရေအိုးထဲက နှစ် ခွက် သုံးခွက်ဆင့်သောက်ပြီးမှ နင့်ကို ငါးပြားဆယ်ပြား ပေးတာ . .”
စံပီးက နုဝါအစီအစဉ်ကို စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောလိုက်သည်။ ခင်လေးမြင့် ကတော့ ရေတွင်းပျက်၏ ။ ဘေးပတ်ပတ်လည်တွင် ပေါက်နေသော ထိကရုန်းပင်ပုလေးများ ကို သူမလက်ဖြင့် တို့လိုက်ထိလိုက်လုပ်နေရင်း
“ပိုက်ဆံရှာဖို့ကိစ္စကိုတော့ နင်တို့ယောက်ျားလေးတွေ ပဲ ကြည့်ပြီးစီစဉ်ကြဟာ၊ ငါတော့ ဘယ်လိုမှ မစဉ်းစားတတ်တော့ဘူး”
တကယ်တမ်းဆိုလျှင် သူတို့သူငယ်ချင်းငါးယောက် စလုံးမှာ တစ်နှစ် မှတစ်ခါ ပျော်ရသည့် မြို့ပေါ်သင်္ကြန်ပွဲကို သွားရန် စိတ်အားထက်သန်လျက်ရှိကြသည်။ နှစ် စဉ်နှစ် တိုင်း ရွာမြောက်ပိုင်း ရော တောင်ပိုင်းပါမကျန် တစ်ယောက် နှင့် တစ်ယောက် အချင်းချင်း ပြန်ပြီးပက်ရသည့်သင်္ကြန်ကို သူတို့ ငြီးငွေ့လာကြ၏ ။
ထိုစဉ် ကံမြင့်က ထိုင်ရာမှ ရုတ်တရက်ထကာ ..
“ဟုတ်ပြီ . . ငါအကြံရပြီ”
အားလုံးက ကံမြင့်၏ မျက်နှာကို အားတတ်သရော ၀ိုင်းကြည့်လိုက်ကြသည်။ ထို့နောက် ကံမြင့်က လက်ဖျောက်တစ်ချက်တီးလိုက်ရင်း သူ့အကြံကို ဆက်ပြီးပြောလိုက်၏ ။
“ဟို . . .ရွာမြောက်ပိုင်းက ဘကြီးဦးထွန်းမောင်တို့အိမ်က သင်္ကြန်အကြိုရက်မတိုင်ခင် အလှူလုပ်မှာ . .တဲ့ ။ အဲဒါ ငါတို့ ချက်ဖို့ပြုတ်ဖို့”
“ဟာ . .မင်းကလဲ ငါတို့သင်္ကြန်လည်ဖို့ပတ်ဖို့ ပိုက်ဆံရှာပါတယ်ဆိုမှ အလှူမှာ ၀ိုင်းပြီး ချက်တာပြုတ်တာလုပ်လို့ ဘယ်နှစ် ခါ ပိုက်ဆံရတယ် ကြားဖူးလို့လဲ”
စံပီးနှင့် ထက်လူက ကံမြင့်၏ စကား မဆုံးခင် ကောက်ကာငင်ကာ အပြစ်တင်ပြောဆိုလိုက် ကြသည်။ ကံမြင့် ကတော့ သူ့စကားကို ဆုံးအောင်နားမထောင်ကြသော စံပီးနှင့် ထက်လူကို
“ချီးထဲမှပဲ . . မင်းတို့က ငါ့စကားကို ဆုံးအောင် နားမထောင်သေးဘဲနဲ့ ၊ ဒီမှာ အဲဒီ ဘကြီး ဦးထွန်းမောင်တို့ အလှူမတိုင်ခင်မှာ ချက်ဖို့ပြုတ်ဖို့အတွက် ထင်းတွေ လိုမှာ ပဲ၊ ငါတို့အားလုံး ဒီနားတစ်ဝိုက်မှာ ရှိတဲ့ သစ်ပင်တွေ ကို ချိုင်ပြီး ထင်းခွဲခြမ်းတွေ ပေါက်ရောင်းမယ် .. ဘယ်လိုလဲ”
ကံမြင့်၏ စကားကြောင့် သူတို့အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း သဘောတူလိုက်ကြသည်။ ခင်လေးမြင့်နှင့် နုဝါတို့က
“အဲဒါဆိုရင် ငါနဲ့ နုဝါ ဘကြီးဦးထွန်းမောင်တို့ အိမ်ကို အခုကတည်းက ကြိုပြီးပြောထား လိုက်မယ် ၊ မကောင်းဘူးလား”
ရွာမြောက်ပိုင်းမှ ဘကြီးဦးထွန်းမောင်မှာ အလှူအတန်းရက်ရောသူတစ်ဦး ဖြစ်ပြီး စိတ် ကောင်းနှလုံးကောင်းရှိသူတစ်ဦး ဖြစ်သည်။ ကံမြင့်တို့သူငယ်ချင်းများ မြို့သို့ ကျောင်းတတ်သွား ကြတိုင်း ကြုံလျှင် ကြုံသလို မုန့်ဖိုး ငါးမှုးတစ်မတ်ပေးနေကျ ဖြစ်ပြီး ကျောင်းပိတ်ရက်များ တွင် လည်း ကံမြင့်တို့လူစုကို သူ့အိမ်တွင် ထန်းလျက်ခဲများ ၊ ကြံသကာများ ခေါ်ကျွေးလေ့ရှိကာ သူ၏ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်မှ ရှေးဟောင်းနှောင်း ဖြစ်များ ကို ပြန်ပြောပြလေ့ရှိသည်။
“အေး . . ဘာပဲ ဖြစ် ဖြစ် ဘကြီးဦးထွန်းမောင်ကို နင်တို့နှစ် ယောက် ဒီကအပြန်မှာ ၀င်ပြော ထားလိုက်။ ငါနဲ့ စံပီးတို့၊ ထက်လူတို့ ငါးမန်းစွယ်တွေ နဲ့ ထင်းပေါက်ဖို့ ပုဆိန်တစ်လက်ကို ရွာထဲ မှာ လိုက်ငှားလိုက်ဦးမယ်”
အစီအစဉ်ကြီးတစ်ခုလုံးကို ဦးဆောင်သူမှာ အလိုလိုနေရင်းနှင့် ကံမြင့်က ခေါင်းဆောင်တစ် ယောက် ပင် ဖြစ်သွား၏ ။
တောရွာဓလေ့၏ အလှူများ မှာ အလှူမတိုင်ခင်ရက်မှစ၍ ခုနစ်ရက်ခုနှစ် လီ ကျွေးမွေးဧည့် ခံသော အစဉ်အလာရှိပြီး တတ်နိုင်သူ အလှူရှင်အများ စုမှာ ထမင်းကိုသာ ကျွေးလေ့ရှိသည်။ ကံ မြင့်တို့၊ စံပီးတို့ သူငယ်ချင်းတစ်သိုက်မှာ အလှူရက်တစ်လျှောက်လုံးစာအတွက် ထင်းဖိုးရမည့်  ပိုက်ဆံကလည်း နည်းနည်း နောနောပင်မဟုတ်၊ အနည်းဆုံးတော့ သုံးလေးငါးရာလောက်ရမည် ဟု စိတ်ထဲကမှန်းကာ တွေးရင်းနှင့် ပျော်နေကြသည်။
******
နဖူးအစပ်မှ တဒီးဒီးကျလာသည့် ချွေးများ ကို လက်ဖြင့် သပ်ချလိုက်ရင်း စံပီးက
“ဒီနှစ် သင်္ကြန်က ငါးရက်တောင်ဆိုတော့ ပျော်စရာကြီးနေမှာ ကွ .. .နော်”
ကံမြင့်နှင့် ထက်လူမှာ စံပီး ပုဆိန်ဖြင့် ပေါက်ပြီးသား ထင်းချောင်းများ ကို တစ်စစီ လိုက်ကောက်ရင်း စီစီရီရီ ဖြစ်အောင် စုပုံနေ၏ ။
“အေး ဟုတ်တယ်၊ မြို့ကပြန်လာတဲ့ ကိုရင်ငပြားပြောတာ မဏ္ဍပ်ကြီးတွေ တောင် ဆောက် နေပြီတဲ့”
စံပီးက သူ့လက်ဖ၀ါးနှစ် ဖက်ထဲသို့ တံတွေးကို “ထွီ” ကနဲ ထွေးလိုက်ပြီး လက်နှစ် ဖက် ကိုပွတ်ကာ ပုဆိန်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း အားကုန်လွှဲပြီး ဆက်ပေါက်နေ၏ ။
သူတို့နေထိုင်ရာ ရွာကလေးမှာ မြို့နှင့် သုံးလေးမိုင်သာသာဝေးပြီး ဈေးသွားဈေးပြန် ကျောင်းသွား ကျောင်းပြန်ကို နွားလှည်းကြုံစောင့်ပြီး စီးရသည်။ အချို့စက်ဘီးစီးနိုင်သော လူများ က စက်ဘီးနှင့် သွားကြသည်။ ကံမြင့်တို့သူငယ်ချင်းတစ်သိုက်မှာ တော့ တစ်နှစ် ပတ်လုံး ဟေးလားဝါး လား ပျော်ပျော်ပါးပါးနှင့် ခြေကျင်သွားနေကျ ဖြစ်သဖြင့် မြို့ကျောင်းနှင့် ရွာမှာ ဝေးသည်ဟုပင် စိတ်ကမထင်မိကြချေ။
တဒုတ်ဒုတ်နှင့် လွှဲပြီးပေါက်နေသော စံပီး၏ ပုဆိန်အသွားအောက်မှ ထင်းခွဲခြမ်းကြီးများ မှာ ဖွာလန်ကြဲနေ၏ ။ နှစ် ပေါင်းများ စွာ မခုတ်မထွင် မရှင်းမလင်းဘဲထားသည့် မြက်ပင်များ ။ ချုံနွယ်ပင် များ အကြားမှ ပိုင်ရှင်မဲ့ မန်ကျည်းပင်ငုတ်တိုကြီးက တစ်ခဏအတွင်းပင် ထင်းခွဲခြမ်းကြီးများ အ ဖြစ် သို့ ရောက်သွား၏ ။
“ကဲ . .. စံပီး မင်း ခဏနားလိုက်ဦး ၊ ငါတစ်လှည့်ပေါက်ဦးမယ်”
ပြောပြောဆိုဆို ကံမြင့်က စံပီးလက်ထဲမှ ပုဆိန်ကို လှမ်းယူလိုက်ကာ ပိုင်းဖြတ်ထားပြီး သား မန်ကျည်းသားကို မြေပြင်ပေါ်တွင် နေသားကျအောင် ထောင်ပြီး ပြင်လိုက်သည်။
ခပ်ဝေးဝေးမှ ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းတွဲ ကြီး၏ ဥသြသံရှည်ရှည်ကြီးကို ကြားလိုက်ရသည်။ မကြာမီ ထိုမီးရထား စက်ခေါင်းမည်းမည်းကြီးက မှု န်ပျပျတောအစပ်မှ မီးခိုးတ လူလူလွှင့်ကာ တဂျုံးဂျုံး တဂျိမ်းဂျိမ်းနှင့် ထွက်ပေါ်လာသည်။ မျက်စိတစ်ဆုံး လှမ်းမြင်နေရသော လယ်ကွင်းများ ၊ ရိုးပြတ်များ ပေါ်တွင် လိမ္မော်ရောင် ရထားကြီးက အလျားလိုက် တရွေ့ရွေ့နှင့် သွား နေ၏ ။ ပူပြင်းစွာ ကျရောက်နေသော နေရောင် အောက်တွင် တံလျှပ်များ က တဖျတ်ဖျတ်ယိမ်း လှုပ်နေလျက်ရှိသည်။
“ဝေး . . .”
ကံမြင့်က လက်မှပုဆိန်ကို ကပျာကယာပစ်ချကာ ခပ်ပျပျကလေး လှမ်းမြင်နေရသော လိ မ္မော်ရောင် ရထားကြီးကို လက်ပြဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။ စံပီးနှင့် ထက်လူမှာ တရွေ့ရွေ့တလှုပ်လှုပ်သွားနေသော ရထားကိုကြည့်ရင်း
“ဘာလိုလိုနဲ့ နာရီပြန်နှစ် ချက်ရထားတောင်ဆိုင်ပြီ။ အချိန်တွေ ကလည်း မြန်လိုက်တာ ကွာ”
ထိုအရပ်ဒေသမှ လူအများ စုမှာ နေ့စဉ် အချိန်မှန်ဖြတ်သွားဖြတ်လာရထားများ ၏ အသံကို နားထောင်ရင်း ဘယ်နှစ် နာရီ ဘယ်အချိန်ဆိုသည်ကို ခန့်မှန်းပြောဆိုလေ့ရှိကြသည်။ တစ်ခါတစ်ရံ ရထားဥသြသံကြားရုံနှင့် လူစီးရထားနှင့် ကုန်ရထားကိုပင် ခွဲခြားပြီး ပြောဆိုနိုင်ကြသည်။ အခုလည်း စံပီးတို့က နေ့စဉ်အချိန်မှန်ကြားနေရသော ရထားခုတ်မောင်းသံကို ခွဲခြားပြီး အချိန် နာရီကို ပြောလိုက်၏ ။
ခဏအကြာ . .
“ဟော . .. ခင်လေးမြင့်နဲ့ နုဝါတောင် လာနေပြီ”
ထက်လူက ထင်းခွဲခြမ်းများ ကို ကောက်ယူနေရာမှ လှမ်းအော်လိုက်၏ ။ ခင်လေးမြင့်နှင့် နုဝါမှာ သူတို့သုံးယောက် ရှိရာသို့ လျှောက်လာရင်း ခါးကြားတွင် ညှပ်ယူလာသည့် ထန်းလျက်ခဲ၊ ပေါက်ပေါက်ဆုပ်များ ကို ထုတ်ယူပြီး ..
“ရော့ . .. နင်တို့စားဖို့ အိမ်ကယူလာခဲ့တာ”
ကံမြင့်၊ ထက်လူနှင့် စံပီးတို့မှာ ခင်လေးမြင့်တို့ ခါးကြားမှထုတ်ပေးလိုက် သော ထန်းလျက်ခဲ၊ ပေါက်ပေါက်ဆုပ်များ ကို ဗိုက်ဆာဆာနှင့် သူ့ထက်ငါ အလုအယက် နိုက်ယူစားလိုက်ကြ၏ ။
“ဟဲ့ . . နင်တို့ကို ငါ တစ်ခုပြောစရာရှိတယ်ဟ၊ တို့ရွာမြောက်ပိုင်းက ဟိုနှစ် ထပ်အိမ်အ မည်းကြီးနားမှာ ကုက္ကိုမြစ်ဆုံးကြီးတစ်ခု တွေ့ ထားတယ်။ အဲဒီ ကုက္ကိုမြစ်ကြီးဆိုရင် ထင်းတွေ တော် တော် ရမှာ ”
ခင်လေးမြင့်နှင့် ကံမြင့်တို့သုံးယောက် ကို ၀မ်းသာအားရနှင့် ပြောနေပြီး သူ့ပုံစံက ချက် ချင်းပင် ထိုနေရာသို့ ထသွားတော့မည့် ပုံမျိုးဖြင့် ပျာယာဆတ်နေ၏ ။
“ဘာလဲ . . .နင်ပြောတာ ဟို လူမရှိတဲ့ အိမ်အိုမည်းမည်းကြီးကို ပြောတာလား”
ကံမြင့်က မျက်လုံးကိုမှေးစဉ်းသလိုလုပ်ရင်း ခင်လေးမြင့်ပြောနေသည့် နှစ် ထပ်အိမ်မည်း မည်းကို တွေးကြည့်နေ၏ ။
“အေးလေ . .အဲဒီ အိမ်ကြီးက ဘယ်အချိန်ကြည့်ကြည့် လူ တစ်ယောက် မှမတွေ့ ဘူး”
ခင်လေးမြင့်၏ စကားကြောင့် ထက်လူက သူ့ခေါင်းပြောင်ပြောင်ကို လက်ဖြင့် ပွတ်သပ် လိုက်ရင်း
“ကြည့်လည်းလုပ်ပါဦး ခင်လေးမြင့်ရာ၊ တော် ကြာ ပိုင်ရှင်ပေါ်လာပြီး သူ့ခြံထဲကသစ်ပင် ၀င်ခုတ်မိလို့ ငါတို့ ပြေးပေါက်မှားနေပါဦးမယ်။ နောက်ပြီး အဲဒီ အိမ်ကြီးက တို့ရွာထဲမှာ ဘာသိ ဘာသာနေပြီး အမြဲတမ်းလိုလို တိတ်ဆိတ်နေတာဟ . . .”
“ဘာပဲ ဖြစ်စြဖ်ဟာ မနက်ဖြန်မနက်ကျရင် အဲဒီ ကုက္ကိုမြစ်ဆုံးကြီးဆီကို ငါတို့ သွားကြည့် ကြမယ်၊ ခုတ်လို့ရလည်း ရပေါ့၊ မရတော့လည်း တခြားတစ်နေရာမှာ ရှာကြတာပေါ့”
နုဝါက ပြောပြောဆိုဆိုနှင့် ကံမြင့်ပေါက်ပြီးသား ထင်းချောင်းများ ကိုစုကာ သင်အူကြိုးဖြင့် အစီအရီ ရစ်ပတ်ချည်နှောင်နေ၏ ။
အရှေ့ဆီမှ အုတ်ဖွဲ့၍ ပျံသန်းသွားကြသော ဗျိုင်းအုပ်ကြီးမှာ ပုစွန်ဆီရောင် သန်းနေသော ကောင်းကင်ကြီးထဲတွင် ကြည့်ကောင်းလွန်းနေသည်။ တဖြည်းဖြည်းငုပ်လျှိုးပျောက်ကွယ်စပြုနေ သော နေလုံးနီနီကြီးမှာ ရိုးမတောင်ကြီး၏ တစ်ဖက်သို့ ရောက်သွားသည့်တိုင်အောင် အပူရှိန်က မကျသေး။
ထိုနေ့ညနေတွင် ကံမြင့်၊ ထက်လူ၊ စံပီးနှင့် ခင်လေးမြင့်တို့နှစ် ယောက် မှာ ထင်းခွဲခြင်းများ ကို ဘကြီးဦးထွန်းမောင်တို့အိမ်ဆီသို့ လေးငါးခေါက်ထက်မနည်း သယ်ပြီးပို့လိုက်ရသည်။ ဘကြီး ဦးထွန်းမောင်မှာ ကံမြင့်တို့ ကလေးတစ်သိုက်ကို ထင်းပေါက်ခိုင်းသည်နှင့် မမျှအောင် ငွေပိုငွေလျှံ ကိုပါ မုန့်ဖိုးအ ဖြစ်ပေးပြီး ရှိသမျှအစားအသောက်များ ကိုပါ ချကျွေးလေသည်။
ထိုနေ့က ကံမြင့်တို့သူငယ်ချင်းငါးယောက် မှာ ပိုက်ဆံတစ်ရာ၊ ကိုးဆယ်မကရကြပြီး ထို ငွေစများ ကို ခင်လေးမြင့်နှင့် နုဝါတို့က စာရင်းဇယားများ နှင့် စုဆောင်းသိမ်းဆည်းထားကြသည်။
*****
အခန်း(၂)
အခန်း(၂)
နောက်တစ်နေ့မနက်တွင် ကံမြင့်၊ စံပီးနှင့် ထက်လူတို့မှာ ပုဆိန်၊ သံတူရွင်းနှင့် ငါးမန်း စွယ်လွှများ ကို ကိုင်ရင်း ခင်လေးမြင့်ပြောသည့် ရွာမြောက်ပိုင်းမှ ကုက္ကိုပင်ကြီးရှိရာသို့ ထွက်လာခဲ့ ကြသည်။
ခင်လေးမြင့်နှင့် နုဝါတို့မှာ သူတို့သုံးယောက် ရောက်မလာခင်ကတည်းက ထိုကက္ကိုမြစ် ဆုံကြီးနားသို့ပင် ကြိုပြီးရောက်နှင့် နေကြသည်။
“ဟဲ့ . .. နင်တို့ကလည်း နောက်ကျလိုက်တာ၊ နေတော် တော် မြင့်နေပြီ”
ကံမြင့်တို့သုံးယောက် ကို မြင်မြင်ချင်း ခင်လေးမြင့်နှင့် နုဝါက အလောတကြီးပြောလိုက်၏ ။
“အေးဟာ . ..မနေ့ကဒဏ်တွေ ကြောင့် ကိုယ်တွေ့ လက်တွေ နာပြီး လှုပ်တောင်မလှုပ်ချင် ဘူး”
ခင်လေးမြင့်ပြောသော ကုက္ကိုပင်ကြီးမှ လူကြီးသုံးလေးယောက် ဖက်စာလောက်ကြီးပြီး ငုံး တိတိကြီးအ ဖြစ် နှစ် ပေါင်းများ စွာ ရှိနေခဲ့ပုံရသည်။ အချို့အခက်အလက်များ မှာ လက်ဖြင့် ထိလိုက် လျှင်ပင် အလွယ်တကူကျိုးကျ သွားလောက်အောင် ဆွေးမြည့် နေ၏ ။ ထိုကက္ကိုမြစ်ဆုံးကြီး၏ အောက်ခြေပတ်ပတ်လည်တွင် လည်း သစ်ရွက်ကြွေသစ်ရွက်ခြောက်တို့က ခြေချင်းဝတ် သာသာ လောက်အထိပင် မြုပ်ဝင်နေ၏ ။
ကံမြင့်က သူ့လက်ထဲမှ သံတူရွင်းပြားကို ကုက္ကိုပင်၏ ခြေရင်းတွင် ထိုးစိုက်လိုက်ရင်း မလှမ်းမကမ်းမှ အိမ်မည်းမည်းကြီးကို မသိမသာ တစ်ချက်လှမ်းကြည့်လိုက်သည်။
ထိုနှစ် ထပ်အိမ်မည်းမည်းကြီး၏ အပေါ်ထပ်မျက်နှာစာဘက်တွင် တံခါးချပ်များ များ စွာ ရှိ နေပြီး အားလုံးလိုလိုမှာ ပိတ်ထား၏ ။ အိမ်ကြီး၏ အောက်ထပ်တွင် သံတိုင်များ ဖြင့် ကာရံထားပြီး အတွင်းပိုင်းမှာ မည်းမှော င်နေသည်။
“အင်း . . ဒီအိမ်လို အိမ်ကြီးအိမ်ကောင်းမှာ လူမနေတာတော့ အံ့သြစရာပဲ။ ငါတို့ အခုခုတ်မယ့် ကုက္ကိုမြစ်ဆုံကြီးက ဒီအိမ်ကြီးရဲ့ တပ်စည်းရိုးအတွင်းကိုများ ရောက်နေသလား မသိဘူး”
ကံမြင့်တို့အရပ်ဒေသတွင် ခြံစည်းရိုးကို တပ်စည်းရိုးဟု ခေါ်ဝေါ်လေ့ရှိပြီး သူ့ခြံ ကိုယ့်ခြံ မြေယာပိုင်နက်ကို သစ်ပင်များ ၊ ချုံနွယ်များ ဖြင့် သာ နေရာအမှတ်အသားပြုကာ တိုင်းထွာသတ်မှတ် သည့်အလေ့အထရှိခဲ့သည်။
ကံမြင့်က အိမ်ကြီး၏ ဘေးပတ်ပတ်လည်ကို မျက်လုံးဝှေ့ယမ်းပြီး ကြည့်လိုက်သည်။ ငှက် ပျောပင်အုပ်များ ၊ တစောင်းပင်များ က ထင်တိုင်းပေါက်နေကြသဖြင့် တောကြီးတစ်ခုလို ဖြစ်နေပြီး အကာအရံဟူ၍ တစ်ခုတလေမှမတွေ့ ရ။
ထက်လူနှင့် စံပီးတို့မှာ ကုက္ကိုလ်ပင်ငုတ်တိုကြီးပေါ်သို့တက်ပြီး တစ်ယောက် နှင့် တစ် ယောက် တွန်းလာထိုးလားလုပ်လိုက်၊ ပြေးတက် ပြေးဆင်းလုပ်လိုက်နှင့် နှစ် ထပ်အိမ်မည်းမည်း ကြီးကို တစ်ချက်ကလေးမှ လှည့်ပင်မကြည့်ချေ။
“ကဲ . . ကဲ . .ဒီကုက္ကိုပင်ကြီးရဲ့ အောက်ခြေပတ်ပတ်လည်က မြေကြီးတွေ ကို အရင်တူး လိုက်ကြမယ်”
ကံမြင့်က စံပီးနှင့် ထက်လူကို လှမ်းပြောရင်း သံတူရွင်းပြားဖြင့် သံတူရွှင်းပြားဖြင့် ကုက္ကိုပင် ငုတ်တိုကြီး၏ အမြစ်ပတ်ပတ်လည်မှ မြေကြီးများ ကို စပြီးတူးဆွနေ၏ ။
ကံမြင့်တူးဆွလိုက်သော မြေစိုင်ခဲများ ကို ခင်လေးမြင့်နှင့် နုဝါတို့က ဘေးသို့ လက်နှစ် ဖက် ဖြင့် ယက်ပြီး တင်နေကြသည်။ စံပီးက ကံမြင့်တူးထားသော ကုက္ကိုပင်၏ ခြေရင်းပတ်ပတ်လည်ကို ပုဆိန်ဖြင့် ၀ိုက်ကာ အရာပေးပြီး ခုတ်ထစ်နေသည်။
ကုက္ကိုပင်ငုတ်တိုကြီးမှာ သူတို့ထင်ထားသလောက် မလွယ်ကူဘဲ အတွင်းသားများ က စို နေသဖြင့် တော် တော် လေးခက်ခက်ခဲခဲခုတ်ထွင်နေရသည်။ ကံမြင့်တူးဆွနေရာ ကုက္ကိုပင်ကြီး၏ အမြစ်ဆုံကြီးမှာ လည်း တူးလေ တူးလေ ပိုပြီးရှုပ်ထွေးများ ပြားနေပြီး ကွေ့ကွေ့ကောက်ကောက် အမြစ်များ မြေကြီးအတွင်းလိမ်ယှက်နေ၏ ။
“ဟူး . . ဒီအပင်ကြီးက မြေပေါ်မှာ သာ ခြောက်ကပ်နေတာ မြေကြီးထဲနစ်ဝင်နေတဲ့ အမြစ် တွေ ကတော့ တော် တော် သန်တယ်ကွ”
ကံမြင့်က နဖူးပေါ်မှစီးကျလာသည့် ချွေးများ ကို အင်္ကျီလက်မောင်းစနှင့် ပွတ်သက်လိုက် ပြီး ညည်းတွားလိုက်သည်။ တဒုတ်ဒုတ်နှင့် အကြိမ်ပေါင်းများ စွာ တူးဆွနေရာမှ ကုက္ကိုမြစ်ဆုံကြီးမှာ အနည်းငယ်လှုပ်ရှမ်းစပြုလာ၏ ။
စံပီးနှင့် ထက်လူမှာ ကုက္ကိုပင်ငုတ်တိုကြီး၏ တစ်ဖက်မှနေ၍ သစ်ငုတ်အကိုင်းကို လက်နှစ် ဖက်ဖြင့် ဟီးလေးခိုရင်း တဖြည်းဖြည်း ဆွဲပြီး နှဲ့နေ၏ ။
“ဂျွတ် . . ဂျွတ်”
မကြာခင် အပင်ကြီး၏ အောက်ခြေမှ တွန့်လိမ်ကွေးကောက်နေသော အမြစ်များ က မြေ ကြီးအတွင်းမှ ရုန်းကန်ကြွတက်လာကာ တဂျိုးဂျိုး တဂျွတ်ဂျွတ်ပင် မြည် လာသည်။
“ဟေး .. ဟုတ်ပြီကွ၊ အပင်ကြီးလဲတော့မယ်၊ လှုပ်ထား .. .လှုပ်ထား”
“ဟေ့ကောင်ကံမြင့် မြေကြီးကို ဆက်မတူးနဲ့ တော့၊ အမြစ်တွေ ကို ပုဆိန်နဲ့ ပေါက်ပြီး ဖြတ် ချလိုက်”
တစ်ယောက် တစ်ပေါက်ဖြင့် ညာသံပေးကာ အပင်ကြီး၏ အမြစ်ဆုံကြီးကို ၀ိုင်းပြီးတွန်းနှဲ့ နေကြသည်။ ခင်လေးမြင့်နှင့် နုဝါတို့မှာ လည်း စံပီးနှင့် ထက်လူတို့ကဲ့သို့ ကုက္ကိုပင်ငုတ်တိုကြီး၏ အကိုင်းများ ကို ဟီးလေးခိုရင်း တစ်ဖက်သို့ဆွဲလှဲနေကြသည်။ တစ်ချက် တစ်ချက် သူတို့၏ ခြေထောက်များ မှာ မြေကြီးပေါ်မှ တစ်တောင်လောက်ပင် လေထဲသို့မြောက်တတ်သွားကြသလို။
“တစ် . . .နှစ် . . သုံး . . .”
“ကျွတ် . . .ကျွတ် . .. ၀ုန်း . . ”
“ဟေး . .”
ကုက္ကိုပင်အမြစ်ကြီးမှာ တဂျိုးဂျိုး တဂျွတ်ဂျွတ်မြည် ရင်း စံပီးတို့၊ ထက်လူတို့၊ ခင်လေးမြင့် တို့ဘက်သို့ အရှိန်ဖြင့် ပြိုလဲသွားတော့သည်။ သူတို့အားလုံးမှာ လည်း ဟေးခနဲ ၀ါးခနဲ ၀ိုင်းအော် လိုက်ကြသည်။ စံပီး ကတော့ ကွင်းလုံးကျွတ်ထွက်သွားသော သူ့ပုဆိုးစကို ကပျာကယာကောက် ကာ စလွယ်သိုင်းလိုက်ပြီး လက်မောင်းနှစ် ဖက်ကို ဘေးသို့ကားရင်း ကြွက်သားများ ကို တမင်ညှစ် ပြနေ၏ ။
မြေကြီးပေါ် တုံးတုံးလဲကျသွားသော ကုက္ကိုပင်ငုတ်တိုကြီး၏ အမြစ်များ မှာ ရှုပ်ထွေးလိမ် ယှက်နေကာ ထိုးထိုးထောင်ထောင်နှင့် ဖြစ်နေ၏ ။ ထိုအမြစ်များ ကြားတွင် မြေစိုင်ခဲများ က ကပ်ငြိ နေပြီး အောက်ခြေမြေသားတစ်ခုလုံးမှာ ကြွင်းဟောက်ပက်ကြီး အ ဖြစ်ကျန်ခဲ့သည်။
ကံမြင့်က ကျွတ်ထွက်သွားသော အမြစ်နေရာမှ ကြွင်းဟောက်ပက်ကြီးကို ငုံ့ပြီးကြည့်လိုက် ၏ ။
“ဟင် . .”
ထိုချိုင့်ကြီးအတွင်း ဖုန်မှု န့်များ ၊ မြေကြီးများ နှင့် သစ်ရွက်ကြွေ သစ်ရွက်ခြောက်တို့ ဖုံးပိ နေသော မည်းမည်းပြောင်ပြောင်သစ်တုံးကြီးတစ်ခုကို ထိုးထိုးထောင်ထောင် မြင်လိုက်ရသည်။ ထိုသစ်တုံးကြီးမှာ အနည်းငယ်သာ မြေကြီးပေါ်နေပြီး ကျန်အစိတ်အပိုင်းများ က မြေကြီးအတွင်း မြုပ်ဝင်နေ၏ ။
ချက်ချင်း ဆိုသလို ကံမြင့်က ကြွင်းအတွင်းသို့ ခုန်ဝင်လိုက်ပြီး သစ်ရွက်ခြောက်နှင့် မြေစိုင် ခဲများ ကို လက်ဖြင့် ယက်ကာ ဖယ်ထုတ်လိုက်သည်။ စံပီးတို့၊ ထက်လူတို့မှာ လည်း ကံမြင့်ကဲ့သို့ ကြွင်းအတွင်းဆင်းလာပြီး ထိုးထိုးထောင်ထောင် ဖြစ်နေသော သစ်တုံးမည်းမည်းကြီးအနားမှ မြေကြီးများ ကို လက်ဖြင့် ဖယ်ကာ ကြည့်လိုက်ကြ၏ ။ ခင်လေးမြင့်နှင့် နုဝါမှာ လည်း ကြွင်းနှုတ်ခမ်းဝ တွင် ဆောင့်ကြောင့် ထိုင်ရင်း စိတ်ဝင်တစားနှင့် လှမ်းမေးနေ၏ ။
“ဟဲ့ . . .အဲဒါ ဘာကြီးလဲ”
“ငါတို့လည်း ဘယ်သိမလဲဟ၊ တူးကြည့်မှသိမှာ ၊ ပေး . .. ပေး . . .ငါ့ကို တူရွင်းပြားကြီး ပေးစမ်းပါ”
ပြောပြောဆိုဆို ကံမြင့်က ခင်လေးမြင့်တို့နှစ် ယောက် ကို တူရွင်းပြား ကပျာကယာလှမ်းပြီး တောင်းလိုက်သည်။
“ဒုတ် . .. ဒုတ် . . ဒုတ် ..”
ကံမြင့်က တူးဆွနေရာ မြေကြီးကို အားလုံးက မမှိတ်မသုန်စိုက်ကြည့်နေကြ၏ ။ ခဏအကြာ . .
“ဟာ . .”
“ဟင် . .”
ဖွာလန်ကြဲနေသော မြေကြီးအတွင်းမှ မီးသွေးကဲ့သို့ မည်းနက်မှော င်နေသော သစ် သား ရုပ်ထုကြီးတစ်ခုက ကံမြင့်လက်ထဲတွင် ပါလာသည်။ ထိုရုပ်ထုကြီးမှာ ပုံမကျပန်းမကျ ထုဆစ်ထား သည့် လူမျက်နှာကြီးတစ်ခု ဖြစ်နေပြီး ဆံပင်အစပ်မှ လည်ပင်းအထိ တစ်တောင်ကျော်ကျော်မျှ ရှည်လျားကာ လည်ပင်းနှင့် အောက်မေးရိုးမှာ လည်း တစ်ဆက်တည်းလိုလို ဖြစ်နေ၏ ။ ရုပ်ထုကြီး၏ မျက်နှာပေါက်လိုမဟုတ်ဘဲ ထူထူအမ်းအမ်း ဖြစ်နေကာ တိုင်းတစ်ပါးသားရုပ်မျိုးလို ဖြစ်နေ၏ ။ အထူးသဖြင့် မီးသွေးကဲ့သို့ နက်မှော င်သော သစ်သားဖြင့် ထုလုပ်ထားသဖြင့် နားရွက်မပါသော ကပ္ပလီလူမျိုးတစ်ဦးနှင့် ပင် ပိုပြီး ဆင်တူနေသည်။
ထိုရုပ်ထုမည်းမည်းကြီးကို ကံမြင့်နှင့် စံပီးက ကြွင်းနှုတ်ခမ်းပေါ်သို့ လှမ်းပြီးပစ်တင်လိုက် ကာ ကပ်တွယ်နေသော မြေကြီးများ ကို လက်ဖြင့် ပွတ်သပ်ကာ သေချာစိုက်ပြီးကြည့်လိုက်ပြန်၏ ။
ထိုရုပ်ထုကြီး၏ ဦးခေါင်းပိုင်းမှ ဆံပင်များ မှာ တွန့်လိမ်ကွေ့ကောက်နေပြီး မို့မောက်နေ သော နဖူးပြင်ပေါ်တွင် လေးငါးလက်မသာသာလောက် အက်ကြောင်းကြီးက ဒေါင်လိုက်ကွဲအက် နေပြီး သစ်သားစများ က ဖြာထွက်နေ၏ ။ ထိုကွဲအက်နေသော အက်ကြောင်းကြီးအတွင်းမှာ လည်း မြေစိုင်ခဲတို့က ညပ်နေသဖြင့် ကံမြင့်က တုတ်ချောင်းတစ်ချောင်းဖြင့် ကလော်ပြီးထုတ်နေ၏ ။
“ဒီလောက်ရုပ်ဆိုးတဲ့ အရုပ်ကြီးကို ဘယ်လိုစိတ်ကူးနဲ့ ထုထားတာလဲမသိဘူး”
ခင်လေးမြင့်က အရုပ်ကြီး၏ မျက်နှာကိုကြည့်ကာ နှာခေါင်းရှုံ့ရင်း လှမ်းပြောလိုက်သည်။ နု ၀ါ ကတော့ ထိုအရုပ်ကြီး၏ နှုတ်ခမ်း၊ မျက်လုံးနှင့် နှာခေါင်းများ ကို လက်ဖြင့် ပွတ်သပ်ရင်း ခင်လေးမြင့်ကို တမင်ရွဲ့ကာ လှမ်းပြောလိုက်သည်။
“ဒီလောက်ချစ်စရာကောင်းပြီး အသားအရည်စိုစိုပြည်ပြည် ဖြစ်နေတဲ့ အရုပ်ကိုများ နင်က ရုပ်ဆိုးသလေးဘာလေးနဲ့ . . ဟီး ဟီး”
“ဟုတ်တယ် . .ဟုတ်တယ် . .. ဒီအရုပ်ရဲ့ မျက်နှာက ဘုန်းကြီးကျောင်းမှာ ကပ်ပြီးနေတဲ့ အရူးကြီးဦးဖောင်တိန်ရဲ့ မျက်နှာနဲ့ တောင် ခပ်ဆင်ဆင်ရယ် . . .ဟား ဟား ဟား ..”
ထိုသစ်သားရုပ်ထုမည်းမည်းကြီးကိုကြည့်ကာ တစ်ယောက် တစ်ပေါက်ဖြင့် ၀ိုင်းပြီးပြောဆို လိုက်ကြသည်။ ကံမြင့် ကတော့ ဒီအရုပ်ကြီး၏ ထူးထူးခြားခြား မျက်နှာပေါက်ကိုကြည့်ကာ . .
“ထူးတော့ထူးဆန်းတယ်၊ ဒီပုံဆိုးပန်းဆိုးအရုပ်ကြီးဟာ ဒီသစ်မြစ်ကြီးရဲ့ အောက်မှာ နှစ် ပေါင်း ဘယ်လောက်ကြာကြာနစ်နေခဲ့တာလဲ။ နောက်ပြီး လူ တစ်ယောက် ရဲ့ ရှိသင့်တဲ့မျက်နှာ ထက်ပိုရှည်အောင် တမင်ထုထားပုံရတယ်”
ကံမြင့်က မည်းနက်နေသော သစ်သားပန်းပုရုပ်ကြီး၏ မျက်နှာပြင်ကို လက်ဖြင့် ပွတ်သပ်နေ ရင်း စံပီးတို့အုပ်စုကို လှည့်ပြောလိုက်၏ ။
“ဒါ. . .ယင်းတိုက်သားနဲ့ ထုထားတာကွ၊ ဒါကြောင့် မို့လို့ ဒီအမြစ်ကြီးရဲ့ အောက်မှာ နှစ် တွေ အကြာကြီး တော် တော် ကြာကြာ မဆွေးမမြည့် ဘဲရှိနေခဲ့တာ”
ကံမြင့်၏ စကားကြောင့် ထက်လူနှင့် စံပီးမှာ . .
“ဟင် . .. ဒါဆို ဒီရုပ်ထုကြီးက ရှေးဟောင်းရုပ်ထုတွေ ဘာတွေ ဖြစ်မယ်ထင်တယ်”
“အဲဒါတွေ ငါလည်းမသိဘူး”
ကံမြင့်က ထိုသစ်သားရုပ်ထုမည်းမည်းကြီးကို အနီးရှိ တစောင်းပင်တွင် မှီကာ ထောင် လိုက်ရင်း တုံးလုံးလဲနေသော ကုက္ကိုပင်ကြီးကို ထင်းပေါက်နိုင်ရုံလောက် အပိုင်းအဆစ်များ ဖြတ် တောက်ရန်နေရာကို လှည့်ပတ်ရှာလိုက်ပြီး စံပီးနှင့် ထက်အောင်ကို ငါးမန်းစွယ်လွှကြီးနှင့် ပိုင်းဖြတ် ခိုင်းလိုက်၏ ။
စံပီးတို့ပိုင်းဖြတ်ပြီးသား ကုက္ကိုသားများ ကို ပုဆိန်နှင့် ပေါက်ပြီး ခင်လေးမြင့်နှင့် နုဝါက ထင်းခွဲခြမ်းကြီးများ ကိုစုပြီးချည်ကာ ညနေမစောင်းခင် ခပ်သုတ်သုတ်လုပ်လိုက်ကြသည်။
မကြာမီ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရိုးပြတ်များ ကို မီးရှို့သည့်အခိုးအငွေ့တို့ဖြင့် ရွာကလေး ကို လွှမ်းခြုံလိုက်သလို ညိုမှော င်မှော င် ပြာလဲ့လဲ့ပင် ဖြစ်လာနေပြီ ဖြစ်သည်။
ကံမြင့်က ပစ္စည်းပစ္စယများ ကို သိမ်းဆည်းရင်း မည်းမှော င်ပြီး ရှေ့သို့ကိုင်းညွတ်ကျမတတ် ဖြစ်နေသော နှစ် ထပ်အိမ်မြင့်မြင့်ကြီးကို ငဲ့စောင်းကာကြည့်မိလိုက်ပြန်သည်။
ထိုနှစ် ထပ်အိမ်မည်းမည်းကြီးမှာ ယခုအချိန်အထိ လူသူအရိပ်အယောင်ဟူ၍ တစ်စက် ကလေးမှ မတွေ့ ရဘဲ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏ ။
*****
အပြန်လမ်းတစ်လျှောက် ကံမြင့်လက်ထဲတွင် သစ်သားရုပ်ထုကြီးကို ပိုက်ကာ လေးတွဲ သော ခြေလှမ်းများ ဖြင့် ရွာလယ်လမ်းအတိုင်း လျှောက်ပြန်လာခဲ့သည်။ ရွာလမ်းကလေးမှာ အနည်း ငယ်ပင်မှော င်မိုက်နေပြီး ဘေးတစ်ဖက်တစ်ချက်မှ တချို့အိမ်ကလေးများ ပင် မီးအိမ်ကလေးများ ကို ဟိုတစ်စု သည်တစ်စုထွန်းညှိထားပြီ ဖြစ်သည်။
“အင်း . . .ဟိုကောင်တွေ စံပီးတို့၊ ထက်လူတို့ ဒီတစ်ခါ ထင်းသွားပို့ရင် ဘကြီးထွန်းမောင်က ပိုက်ဆံ ဘယ်လောက်ပေးလိုက်မလဲမသိဘူး။ ဘာပဲ ဖြစ် ဖြစ် သင်္ကြန်ရက်က အခုဆိုရင် တော် တော် နီးလာပြီ၊ ဟိဟိ . .ပျော်လိုက်တာ”
ကံမြင့်မှာ ရွာလမ်းကလေးအတိုင်း လျှောက်နေရင်း တစ်ကိုယ်တည်း ပီတိပင် ဖြစ်နေ၏ ။ ထိုစဉ် . .
“အူ . . .၀ူး . ..၀ူး”
ရုတ်တရက် ကြားလိုက်ရသော ခွေးအူသံကြီးက ကံမြင့်၏ နောက်ကျောဆီမှ ဆွဲဆွဲငင်ငင် ကြီး ကြားလိုက်ရသည်။
နင့်နေအောင်လေးလံလှသည့် သစ်သားရုပ်ထုကြီးကို ပခုံးပေါ်သို့ ပြောင်းတင်ရင်း မှု န်ဝါး ၀ါးမြင်နေရသည့် မြေနီလမ်းကလေးအတိုင်း ဆက်ပြီးလျှောက်လာ၏ ။ လမ်းဘေးတစ်ဖက်တစ်ချက် အိမ်များ မှ ခွေးများ က တစီစီ တညံညံဖြင့် ဟိုမှာ ဒီမှာ အတင်းထိုးပြီးဟောင်နေသည်မှာ လည်း ရွာ လမ်းတစ်လျှောက်လုံး ကျွတ်ကျွတ်ဆူနေ၏ ။
“အူ . . .၀ူး . . ၀ူး”
*****
အခန်း (၃)
ကံမြင့်တို့၏ ခြေတံရှည် မြေစိုက်အိမ်ကလေးမှာ အုပ်ဆိုင်းနေသော သစ်ပင်ကြီးများ အောက်တွင် ခပ်ကုတ်ကုတ်ကလေး ဖြစ်နေ၏ ။ ခြံဝင်းအတွင်း မည်းမှော င်နေသော သစ်ပင်ကြီး များ ၏ အကိုင်းအခက်တို့က လေတိုက်တိုင်း တရှဲရှဲမြည် ကာ အချင်းချင်းပွတ်တိုက်နေသည်။ ကံမြင့်က အိမ်အတွင်းသို့ လှမ်းဝင်လိုက်ပြီး ပခုံးပေါ်မှ သစ်သားရုပ်ထုကြီးကို မီးဖိုးချောင်အတွင်း ကျပ်ခိုးစင်အောက်သို့ ပစ်ချလိုက်သည်။
မည်းမှော င်နေသော တစ်အိမ်လုံးတွင် ရေနံဆီမှန်အိမ်ကလေးတစ်လုံးကသာ မှု န်ရီမှု န်ဝါး ဖြင့် လင်းနေ၏ ။
ထိုစဉ် . .
အပေါ်ထပ်သို့တက်သည့် လှေကားထစ်များ ပေါ်တွင် တစ်စုံ တစ်ယောက် က သူ့ကို စိုက်ကြည့်နေသည်ဟု စိတ်က အလိုလိုသိလိုက်၏ ။
“ဟင် . ..”
ကံမြင့် လှည့်ကြည့်လိုက်စဉ် အမှော င်ထုတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသော အရိပ် မည်းကြီးတစ်ခုကို ၀ိုးတ၀ါး လှမ်းမြင်လိုက်ရသည်။
“အမေ….အမေလား”
ဘာမှ တုံ့ပြန်သံမကြားရ။
“ငါ့မျက်လုံးတွေ ပဲ အမြင်မှားတာပဲ ဖြစ်မှာ ပါ၊ ဒါမှမဟုတ် မှန်အိမ်ရဲ့ အလင်းရောင် ကြောင့် ကိုယ့်အရိပ်ကို ကိုယ်ပြန်မြင်လိုက်မိတာများ လား”
ထို့နောက် ချွေးများ ဖြင့် စေးကပ်နေသော အ၀တ်အစားများ ကို ချွတ်လိုက်ပြီး ကပျာကယာ ရေမိုးချိုးလိုက်သည်။ ကံမြင့် ရေချိုးနေစဉ် သူ့အမေ ဒေါ်ဒေါင်းစိန်က အိမ်ရှေ့ခြံဝမှဝင်လာသည်။ ကံမြင့်ကိုတွေ့ လျှင်တွေ့ ချင်း . .
“အမလေးကိုတော် .. နင် တစ်နေကုန် ဘယ်ခြေရှည်နေတာလဲ၊ ငါ့မှာ နင့်အဖေ လယ်ထဲ ထမင်းပို့ဖို့ကို မအားတဲ့ကြားထဲက သွားပို့လိုက်ရတယ်။ တကတဲ . . .”
ကံမြင့် ကတော့ ကျောက်စည်ပိုင်းထဲမှ ရေကို တ၀ုန်းဝုန်းခပ်ပြီး ဒေါ်ဒေါင်းစိန်၏ ဗျစ်တီးဗျစ် တောက်အသံများ ကို မကြားသလိုနှင့် ဆက်ပြီးချိုးနေသည်။
ခဏအကြာ ..
“ဟောတော် . . ဒီအုပ်ဆောင်းအောက်က ချဉ်ရည်ဟင်းနဲ့ ၀က်သားတွေ ကုန်ပါရောလား . .. ဟဲ့ ..ကံမြင့် . . .”
ရုတ်တရက်ကြားလိုက်ရသော ကံမြင့်၏ အမေအော်သံကြောင့် အိမ်အတွင်း လှမ်းဝင်လာ သော ကံမြင့်၏ ခြေလှမ်းများ မှာ တုံ့ခနဲ ဖြစ်သွား၏ ။
“ဗျာ . .”
“တစ်နေကုန်တစ်နေခမ်း၊ ရွာရိုးကိုးပေါက် လည်ပတ်လို့ ပြန်လာပြီး ညစာအတွက်ချက် ထားတဲ့ဟင်းတွေ နင် တစ်ယောက် တည်း စားပစ်လိုက်တယ်ပေါ့လေ .. ဟုတ်လား ကံမြင့်”
ကံမြင့်၏ အမေက ထမင်းစားပွဲပေါ်မှ အုပ်ဆောင်းကို မကာ ဆူပူကြိမ်းမောင်းနေ၏ ။ ကံမြင့် က ကိုယ်ပေါ်မှရေစက်ရေပေါက်တို့ကို တဘက်နှင့် သုတ်နေရင်း နားမလည်သလိုနှင် ပြန်စိုက် ကြည့်နေမိသည်။
“ကျွန် . .. ကျွန်တော် ထမင်းတောင်မစားရသေးပါဘူး အမေရဲ့ ”
ကံမြင့်၏ စကားကြောင့်
“ဘာ ! ဒါဆိုရင် ဒီထမင်းအုပ်ဆောင်းအောက်က ဟင်းတွေ က ဘယ်ရောက်ကုန်တာလဲ။ ဒီမှာ လည်း ကြည့်စမ်း၊ ကင်ပွန်းချဉ်ရွက်ဟင်းချိုတွေ က စားပွဲတစ်ခုလုံး ဖိတ်စဉ်ထားလိုက်တာ . .နင် ကတော့လေ . .”
ပြောပြောဆိုဆို ကံမြင့်၏ အမေက စားပွဲပေါ်မှ ဖိတ်စဉ်ပေကျံနေသော အစအနများ ကို အ၀တ်စုတ်တစ်ခုဖြင့် လိုက်ပြီးသုတ်နေ၏ ။
“မဟုတ်သေးပါဘူး အမေရာ၊ ကြောင်တွေ ဘာတွေ များ ၀င်စားသွားလားမှ မသိတာ။ ကျွန် တော် လည်း အခုလေးတင်မှ ပြန်ရောက်တာပဲ”
ကံမြင့်အမေ ကတော့ နောက်ထပ် ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ညစာအတွက် ထပ် ပြီးချက်ဖို့ကို ပြင်ဆင်နေ၏ ။ ထို့နောက် ကံမြင့်က လေးကန်တွေ ဝေနေသော ခြေလှမ်းများ ဖြင့် အပေါ်ထပ်သို့တက်လာခဲ့သည်။
အပေါ်ထပ်တစ်ခုလုံးမှာ မည်းမှော င်နေသော်လည်း ကံမြင့်အဖို့ နေ့စဉ်ကျင့်သားရနေသ ဖြင့် အလွယ်တကူပင် အ၀တ်ဗီရိုကြီးရှိရာသို့ လျှောက်သွားလိုက်သည်။
တစ်နေကုန်အောင်ပင်ပန်းထားသဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးမှာ တဆစ်ဆစ်နှင့် ထုံကျင်ကိုက် ခဲနေ၏ ။ ထို့နောက် ရေနံဆီမီးခွက်ကို ထွန်းညှိပြီး အ၀တ်ဗီရိုအတွင်းမှ အ၀တ်အစားတစ်စုံကို ဆွဲ ထုတ်ဝတ်ဆင်လိုက်သည်။
“အူ . . .၀ူး . . ၀ူး . .”
ဆွဲဆွဲငင်ငင်ကြီးကြားလိုက်ရသော ခွေးအူသံကြီးက ကံမြင့်တို့အိမ်အနောက်ဘက်ဆီမှ စူးစူးဝါးဝါးထွက်ပေါ်လာသည်။
ထိုခွေးအူသံကြီးက ကံမြင့်ကြားဖူးနေကျ ခွေးအူသံမျိုးမဟုတ်ဘဲ တစ်စုံတစ်ရာကြောင့် အထိတ်ထိတ် အလန့်လန့် ဖြစ်ပြီး ၀မ်းခေါင်းသံကြီးနှင့် ဆဲဆွဲငင်ငင်အူနေသလိုမျိုး ကြားနေရ၏ ။
“အူ . . .၀ူး . . ၀ူး . .”
နောက်တစ်ကြိမ်ထပ်ကြားလိုက်ရသော အူသံကြီးက ကံမြင့်တို့အိမ်အရှေ့ဘက်ဆီမှအသံ ဖြစ်သည်။
ကံမြင့်က ရေနံဆီမီးခွက်ကို ကိုင်ရင်း ပြတင်းတံခါးရှိရာသို့ တရွေ့ရွေ့လျှောက်သွားရင်း စေ့ထားသော တံခါးပေါက်ကို တွန်းဖွင့်လိုက်သည်။
ပြတင်းပေါက်တံခါးများ က ဆွေးမြည့် နေပြီး ပတ္တာများ မှာ တံခါးဘောင်နှင့် အံဝင်ခွင်ကျ ဖြစ် မနေသဖြင့် တကျိကျိမြည် ကာ လှုပ်ခါလျက်ရှိနေသည်။
အပြင်ဘက်တွင် လရောင် ကင်းမဲ့လျက် ၊ ကြယ်များ က ဟိုတစ်စု ဒီတစ်စုနှင့် တလက်လက် တဖျပ်ဖျပ်တောက်ပနေကြသည်။ ညသည် တဖြည်းဖြည်း အမှော င်ထုအောက်သို့ တိုးဝင်လာနေ ပြီ ဖြစ်သော်လည်း ပြတင်းပေါက်အပြင်ဘက်မှ တိုးဝင်လာသော လေပြည်များ က ပူနွေးနေတုန်းပင် ဖြစ်သည်။
“ကံမြင့် . . ကံမြင့်ရေ . .”
ရုတ်တရက် အိမ်ရှေ့ခြံစည်းရိုးအစပ်နားမှနေ၍ လှမ်းခေါ်နေသံကို ကြားရ၏ ။ ထိုအသံမှာ ဘယ်သူဘယ်ဝါ၏ အသံမျိုးမသိသော်လည်း ကံမြင့်က ပြတင်းပေါက်မှနေ၍ အိမ်ရှေ့ဘက်သို့ ခပ် သုတ်သုတ်လျှောက်လာပြီး လှမ်းထူးလိုက်၏ ။
“၀ူး . . လာပြီဟေ့၊ ဘယ်သူလဲကွ”
ကံမြင့်တို့အိမ်၏ အပေါ်ထပ်တွင် ပိတ်ကာထားသော မတ်တတ်တံခါးပေါက်ကြီးတစ်ခု ရှိ၏ ။ ထိုတံခါးပေါက်ကြီးမှာ အိမ်ရှေ့ဘက်သို့ မျက်နှာမူထားပြီး ၀ါးထရံများ ကို အကွက်ဖော်ရက် လုပ်ထားသည်။ ကံမြင့်က ပိတ်ထားသော ထရံတံခါးချပ်ကြီးကို ကလန့်ထားသည့် သစ်သားချောင်း ကြီးကို ဆွဲထုတ်လိုက်ပြီး အိမ်ရှေ့ခြံစည်းရိုးအစပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ မည်းမှော င်နေ သော အပြင်ဘက်တွင် တော့ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရချေ။
“ကံမြင့်ရေ .. ကံမြင့် .. . ”
ကြားနေရသော ခေါ်သံက ရင်းရင်းနှီးနှီးလူထဲက အသံတော့မဟုတ် ။ ကံမြင့်က
“လာပြီဗျို့ . . လာပြီ . ..”
လှေကားအတိုင်း အောက်ထပ်သို့ ခပ်သုတ်သုတ်ပြေးဆင်းရင်း လက်ဆွဲမီးအိမ်ကို ကောက်ယူကာ ခြံအစပ်ဆီသို့ ကမျောသော ပါး လျှောက်သွားလိုက်သည်။
“ဟိုကောင်တွေ စံပီးနဲ့ ထက်လူတို့ရဲ့ အသံ မဟုတ်တာ ကတော့ သေချာတယ်။ ဘယ်သူ များ လဲ”
ကံမြင့် ခြံဝသို့ရောက်သော အခါ
မန်ကျည်းပင်ခြေရင်းတွင် ငုတ်တုတ်ထိုင်ပြီး သူ့ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေသည့် ခွေး တစ်ကောင်မှအပ လူရိပ်လူယောင်ဟူ၍ တစ်စက်ကလေးမှ မတွေ့ ရချေ။
“ဟင် . .”
ဒိတ်ခနဲတိုးဆောင့်သွားသော နှလုံးခုန်သံနှင့် အတူ ကံမြင့်တစ်ကိုယ်လုံး ကြက်သီးတဖြန်း ဖြန်းထသွား၏ ။
“စောစောက ကြားလိုက်ရတဲ့ ခေါ်သံက ငါ့နာမည် ကို သေသေချာချာကြီးခေါ်လိုက်တာပါ၊ အခု ဘယ်ရောက်သွားတာလဲ၊ ဒါမှမဟုတ် ငါများ နားကြားလွဲတာလား”
ကံမြင့်က လက်ထဲမှ မီးအိမ်ကို အနီးပတ်ဝန်းကျင် အမှော င်ထဲသို့ လှည့်ပတ်ထိုးကြည့် လိုက်ပြန်သည်။ ကံမြင့်၏ မီးရောင် အောက်တွင် ကြက်ဆူပင်များ ၊ ရှာစောင်းပင်များ ကိုသာ ဟိုတစ် အုပ် ဒီတစ်အုပ်ဖြင့် တွေ့ နေရသည်။ ဇဝေဇ၀ါမျက်လုံးများ ဖြင့် လက်ဆွဲမီးအိမ်၏ အလင်းရောင် ကို မန်ကျည်းပင်ခြေရင်းဆီသို့ နောက်တစ်ကြိမ် လှမ်းထိုးကြည့်လိုက်ပြန်၏ ။
စောစောက ငုတ်တုတ်ထိုင်ပြီး သူ့ကိုစိုက်ကြည့်နေသည့်ခွေးက ထိုနေရာမှာ ပင် ကျောက် ရုပ်တစ်ရုပ်လို မလှုပ်မယှက် စူးစူးဝါးဝါးစိုက်ကြည့်နေတုန်းပင် ဖြစ်သည်။ ကံမြင့်နှင့် ခွေးမှာ ဆယ်ပေ သာသာလောက်သာ ကွာဝေးသော်လည်း မပြေးမလွှားဘဲ ကြောင်စီစီနှင့် ပြန်စိုက်ကြည့်နေ၏ ။
“ဒါ . .ဒါ . . စောစောကအူနေတဲ့ခွေးပဲ ဖြစ်ရမယ်။ ဒီခွေးက ငါ့ကို ဘာ ဖြစ်လို့ ဒီလောက် တောင် စိုက်ကြည့်နေတာလဲ။ တကယ်ဆို နည်းနည်း ပါးပါးတော့ ငါ့ကို ဟောင်ဖို့ကောင်းတာပေါ့”
ကံမြင့်က မြေကြီးပေါ်မှ ခဲလုံးတစ်လုံးကို ကောက်ယူကာ ထိုခွေးကို ပေါက်ရန် ချိန်ရွယ်ပြီး လှန့်လိုက်၏ ။ သို့သော် အမှော င်ထဲတွင် တဖျပ်ဖျပ်တောက်ပနေသည့် မျက်လုံးတစ်စုံ ကတော့ စူးစူးစိုက်စိုက် မလှုပ်မယှက်ပင် ပြန်ကြည့်နေတုန်းပင် ဖြစ်သည်။
ကံမြင့်က ချိန်ရွယ်ထားသော ခဲလုံးကို ကိုင်ရင်း ဟန်းဟောက်ခြောက်လှန့်လိုက်သည်။
“တောက် .. . ဟဲ့ခွေး . ..သွားစမ်း”
ကံမြင့်အဖို့ ရွာတကာလှည့်လည်ပြီး သွားခဲ့ဖူးသော်လည်း ယခုကဲ့သို့ ပေကပ်ကပ်နိုင်လှ သည့် ခွေးမျိုးကို တစ်ကြိမ်တစ်ခါမှ မတွေ့ ခဲ့ဖူးသဖြင့် အထူးအဆန်းတစ်ခုလို အံ့သြနေမိသည်။ နောက်ပြီး အနည်းငယ်ကြောက်လန့်လာသလို ဖြစ်လာ၏ ။ ထိုခွေးကို ကံမြင့် ပြန်ကြည့်နေတုန်းမှာ ပင် ကံမြင့်နဖူးပေါ်မှ ချွေးများ က တစ်စထက်တစ်စ စိုစွတ်စွတ် ဖြစ်လာ၏ ။
“အင်း . . ဒီခွေးကိုကြည့်ရတာ ရိုးရိုးသားသားကော ဟုတ်ရဲ့ လား၊ ငါ . .ဟိုအရုပ်ကြီးကို ထမ်းပြီးပြန်လာကတည်းက ငါ့နောက်ကအူပြီး တကောက်ကောက်လိုက်လာတဲ့ခွေးပဲ ဖြစ်မယ်။ တစ်ခုခုတော့ လွဲနေပြီထင်တယ်။ နောက်ပြီး ငါ့နာမည် ကို အော်ခေါ်နေတာကရော . .ဘယ်သူလဲ”
လက်တစ်ဖက်က ကျောက်ခဲတစ်လုံးကို ဆုပ်ကိုင်ထားရင်း ကြောက်လန့်တုန်လှုပ်လာ သည့်စိတ်က ရင်ထဲတွင် မွန်းကျပ်ကျပ် ဖြစ်လာသည်။
ထိုစဉ်
ခွေးက ငုတ်တုန်ထိုင်နေရာမှ တဖြည်းဖြည်းကုန်းထလာ၏ ။
ကံမြင့်က သူ့ရှေ့မှ ကုန်းကုန်းကွကွဖြင့် ထလာသော ခွေးကြီးကိုကြည့်ကာ နောက်သို့ အလိုလိုဆုတ်မိလျက်သား ဖြစ်သွားသည်။
ထိုခွေးကြီးမှာ ရှေ့သို့တိုးမလာဘဲ မန်ကျည်းပင်ကြီး၏ နောက် အမှော င်ထဲသို့တိုးဝင်သွား သည်။ ခွေးကြီး၏ အရောင် မှာ ညိုမွဲမွဲနှင့် ခါးလျားကြီးက ခြေတံ လက်တံနှင့် စာလျှင် အတော် က လေးရှည်လျားနေပြီး အကြည့်ရဆိုးလျက်ရှိသည်။ ရွာထဲတွင် တစ်ခါမှမမြင်ဖူး မတွေ့ ဖူးသဖြင့် ထို ခွေးကြီးကိုကြည့်ကာ ကံမြင့် ကြက်သေသေနေမိသည်။
“ဒါ .. .ဒါ . .. တကယ့်ခွေးစစ်စစ်ကော ဟုတ်ရဲ့ လား။ ငါ့နောက်ကို တကောက်ကောက် ကပ်ပြီး လိုက်လာတဲ့ နာနာဘာဝကြီးပဲ ဖြစ်မယ်။ နောက်ပြီး ငါ . . ယူလာတဲ့ ဟိုပုံမကျပန်းမကျ ရုပ် တုကြီးနဲ့ များ ပတ်သက်နေသလားမသိဘူး၊ ဒုက္ခပါပဲ”
မန်ကျည်းပင်ကြီး၏ နောက်သို့ တိုးဝင်သွားသော ညိုမှော င်မှော င်ခွေးကြီးကို ကံမြင့်က လက်ဆွဲမီးအိမ်ကိုမြှော က်ကာ လိုက်ကြည့်လိုက်၏ ။ ထိုခွေးကြီးမှာ မန်ကျည်းပင်၏ နောက်ဘက်မှ ကြက်ဆူပင်များ ကြားသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
ကံမြင့်မှာ လက်ဆဲမီးအိမ်ကို လက်တစ်ဖက်က ဆွဲကိုင်ထားခြင်း မျက်တောင်ခတ်ဖို့ပင် သတိမေ့နေမိ၏ ။
ခြံဝမှ အိမ်သို့ လျှောက်ပြန်လာရာ လမ်းတစ်လျှောက်လုံး ကံမြင့်စိတ်တွေ က ယောက် ယက်ခတ်လှုပ်ရှားနေသည်။
ကျပ်ခိုးစင်အောက်မှ မည်းနက်မှော င်နေသော သစ်သားရုပ်ထုကြီးက ကံမြင့် အိမ်အတွင်း သို့ လှမ်းဝင်လာသည်ကို ပြူးကျယ်ဝိုင်းစက်သော မျက်လုံးကြီးများ ဖြင့် လှမ်းကြည့်နေသလို စိတ်က ထင်လိုက်ရသည်။
“အင်း . .. ဘာပဲ ဖြစ် ဖြစ် ဒီအရုပ်ကြီးက သိပ်ပြီး မရိုးသားဘူး။ ငါရေချိုးနေတုန်းကလည်း ထမင်းအုပ်ဆောင်းအောက်က ဟင်းတွေ ပျောက်သွားတာ၊ သူစားပစ်တာနေမှာ ၊ မနက်ဖြန်ကျရင် တော့ ဟိုကောင်တွေ စံပီးတို့၊ ထက်လူတို့ကို ဒီအကြောင်းတွေ ပြန်ပြောပြရမယ်”
တဖျစ်ဖျစ်လောင်ကျွမ်းနေသော ကံမြင့်လက်ထဲမှ မီးဆွဲ၏ အလင်းရောင် က မည်းနက်မှော င် နေသည့် ရုပ်ထုကြီးပေါ်သို့ ဖြာပြီးကျနေ၏ ။ အဖုအထစ်များ ဖြင့် မညီမညာ ထူအမ်းအမ်း ဖြစ်နေ သော ရုပ်ဆိုးဆိုးမျက်နှာကြီးမှာ မီးရောင် အောက်တွင် အသက်ဝင်နေသလို တဖျတ်ဖျတ်ယိမ်းလှုပ် နေ၏ ။
ကံမြင့်၏ အမေ ဒေါ်ဒေါင်းစိန်မှာ ညစာကို မီးဖိုးဘေးတွင် တကုတ်ကုတ်နှင့် ပြန်ပြီးချက်ပြုတ် နေရသည်။ ကံမြင့်က ကိုယ့်အပြစ်နှင့် ကိုယ် ညစာမစားတော့ဘဲ ရေတစ်ခွက်ကို အ၀သောက်ကာ ထိုနေ့ညတွင် အိပ်ရာသို့ စောစောဝင်ခဲ့တော့သည်။
*****
ခြေတွေ လက်တွေ အကြောအခြင်တွေ က တောင့်တင်းကိုက်ခဲနေသော်လည်း ကံမြင့်မှာ အသံထွက်အောင်ပင် မညည်းညူရဲဘဲ အိပ်ရာထဲတွင် တစ်ယောက် တည်း ကျိတ်ကာခံစားနေရ သည်။
ယခုကဲ့သို့ ထင်းပေါက်၊ ထင်းခွဲအလုပ်မျိုးကို တစ်ကြိမ်တစ်ခါမှ လုပ်ခဲ့ဖူးသူမဟုတ်သဖြင့် ကိုယ့်ဒုက္ခနှင့် ကိုယ် ကျိတ်မှိတ်ပြီး ခံရုံသာရှိသည်။ အထူးသဖြင့် သူ့သူငယ်ချင်းများ ဖြစ်သော စံပီး၊ ထက်လူတို့၏ ရှေ့တွင် ယခုကဲ့သို့ ဦးဆောင်ဦးရွက်လုပ်ရသည့် အလုပ်မျိုးကိုလည်း အကျေနပ် ကြီး ကျေနပ်နေမိသူ ဖြစ်သည်။
ညသည် တဖြည်းဖြည်းမှော င်မိုက်လာသည်နှင့် အမျှ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေ၏ ။ တစ်ခါတစ်ရံရွာအလယ်ပိုင်းမှ ဆွဲဆွဲငင်ငင်အူနေသော ခွေးများ ၏ အသံတွေ က ကံမြင့်တို့အိမ်အနီးသို့ ချက်ချင်း ရောက်လာတော့မလို ကြားနေရ၏ ။ တစ်စုံ တစ်ယောက် က အိမ် ရှေ့ခြံမြေတလင်းပေါ်မှ သစ်ရွက်ကြွေ သစ်ရွက်ခြောက်တို့ နင်းပြီး တိုးတိုးတိတ်တိတ် ခြေလှမ်းများ ဖြင့် ချည်းကပ်လာနေသံတွေ လိုလို ကြားနေရသည်။
ကံမြင့်က မျက်စိကို အတင်းပိတ်ကာ အိပ်ပျော်အောင် အတင်းကြိုးစားကြည့်နေမိသည်။ ဖြစ်နိုင်လျှင် ဟောဒီချောက်ချားစရာကောင်းလွန်းနေသည့် အသံတွေ ကို ဆက်ပြီးမကြားချင်တော့။ ကိုယ်ခန္ဓာကို တစ်ဖက်သို့စောင်းလှည့်လိုက်တိုင်း ကြွက်သားတွေ က နာကျင်လွန်းနေသည်။
ခဏအကြာ . ..
“ကံမြင့်ရေ . . ကံမြင့်၊ ဟေ . .ကံမြင့် . . ”
ကံမြင့်နားထဲတွင် သူ့နာမည် ကို တစ်စုံ တစ်ယောက် က အော်ခေါ်နေသံတွေ ကြားလိုက်ရ ၏ ။ ထိုအသံမှာ အိမ်ရှေ့ခြံစည်းရိုးအစပ်မှနေ၍ ညဦးပိုင်းလောက်က သူ့ကို အော်ခေါ်နေသည့်အသံမျိုး။
ရုတ်တရက် ထိုအသံကို ကြားကြားချင်း အိပ်ရာပေါ်မှ ချက်ချင်း လူးလဲထပြီး ထိုင်လိုက်မိ သည်။ အသံလာရာဆီသို့ ခဏငြိမ်ပြီး နားစိုက်ထောင်နေလိုက်၏ ။ သို့သော် ခေါ်သံတွေ က နောက်ထပ် ဘာမှထပ်ပြီးမကြားရတော့။
“ငါ . . ငါ .. . မှေးခနဲအိပ်ပျော်သွားပြီး အိပ်မက်လိုလို ဘာလိုလိုနဲ့ ကယောင်ကတမ်း တွေ ကြားလိုက်မိတာလား။ မဟုတ်သေးပါဘူး။ ငါ့နာမည် ကိုခေါ်နေတာ သေသေချာချာကြီးကို ကြားလိုက်ရတာ ပါ”
နဖူးပေါ်မှချွေးသီးချွေးပေါက်များ က တစ်ခဏအတွင်းမှာ ပင် တဒီးဒီးကျလာ၏ ။ နောက်ထပ် အိပ်ပျော်အောင် ဘယ်လိုမှ ကြိုးစား၍ မရတော့ဘဲ အိပ်ရာပေါ်တွင် ငုတ်တုတ်ထိုင်လျက် ချောက် ချားစရာကောင်းလွန်းနေသည့် ညတစ်ညကို သွေးပျက်လုမတတ် ကျော်ဖြတ်နေရသည်။
မကြာခင် . .
ရွာဦးကျောင်းမှ ကုလားတက်ခေါက်သံကို ကြားလိုက်ရသည်။
*****
အခန်း (၄)
နောက်တစ်နေ့မနက်တွင် ကံမြင့်တို့သူငယ်ချင်းတစ်သိုက် ဘုန်းကြီးကျောင်းဝင်းအတွင်း ဆုံကြသည်။ ကံမြင့်၏ စကားကြောင့် စံပီး၊ ထက်လူနှင့် ခင်လေးမြင့်တို့ မိန်းကလေးနှစ် ယောက် မှာ တအံ့တသြနှင့် ဖြစ်ကုန်ကြသည်။ အထူးသဖြင့် ခင်လေးမြင့်နှင့် နုဝါမှာ ကံမြင့်ရှေ့မှ မြေကြီးပေါ် လွှတ်ချထားသော ပုံဆိုးပန်းဆိုး အရုပ်ကြီး၏ မျက်နှာကို ကြည့်ရင်း အလိုလို ကျောချမ်းနေကြ သည်။ စံပီးနှင့် ထက်လူမှာ ကံမြင့်၏ စကားဆုံးလျှင်ဆုံးချင်း . .
“ဟား .. ဟား . . . ဟား . .. မင်းကလည်း အရိပ်မည်းမည်းကြီးတို့၊ ခေါ်သံတွေ ကြားရ တယ်တို့၊ ဟင်းတွေ ပျော်သွားတယ်တို့ ဆိုတာမျိုးကို ကြားရလွန်းလို့ ရိုးနေပါပြီကွာ”
စံပီး၏ ဟားတိုက်ရယ်မောသံက ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရေတွင်းပျက်ထဲမှ ပဲ့တင် ထပ်ပြီး ပြန်ကြားနေရသည်။
“ဒီမှာ .. . ဟေ့ကောင် . . ကံမြင့်၊ အဲဒီ အရုပ်ကြီးကို မင်းအိမ်မှာ မထားရဲရင် ငါ့ကိုပေး”
ထက်လူက ကံမြင့်ထံမှ အရုပ်ကြီးကို အတင်းတောင်းနေပြန်၏ ။ သူ့ပုံစံမှာ လည်း လူစွမ်း ကောင်းလုပ်ပြီး မထီတရီလေသံမျိုး တမင်ပြောနေမှန်း သိသာ၏ ။ အထူးအဖြင့် ခင်လေးမြင့်နှင့် နုဝါတို့ မိန်းကလေးများ ၏ ရှေ့တွင် သူ့အိုက်တင်က ပိုပြီး အသက်ဝင်နေသလိုထင်ရသည်။
“ငါက ဒါမျိုးတွေ ဆိုရင် နဖူးတွေ့  ဒူးတွေ့ ရင်ဆိုင်ရမှ ယုံတဲ့ကောင်ကွ၊ အဲဒီ တော့ ငါအရင် ယူ သွားမယ်။ ဒါပဲ . ..”
ပြောပြောဆိုဆို စံပီးက ကံမြင့်ရှေ့မှ မည်းနက်မှော င်နေသည့် မျက်နှာနှင့် အရုပ်ကြီးကို ကောက်ယူလိုက်၏ ။ ခင်လေးမြင့်နှင့် နုဝါတို့မှာ စံပီးလက်ထဲတွင် ပိုက်ထားသော ရုပ်ထုကြီးကို ကြည့်ကာ လက်တကာကာ တပြင်ပြင်နှင့် တစ်စုံတစ်ရာကို တားမြစ်ပြောဆိုရန် ထစ်ငေါ့နေကြ သည်။
ကံမြင့် ကတော့ အားလုံးက သူ့ကို သူရဲဘောကြောင်သူဟု အထင်ခံလိုက်ရသဖြင့် မျက်စိ မျက်နှာပျက် ဖြစ်နေ၏ ။
ထက်လူက စံပီးလက်ထဲမှ ရုပ်ထုကြီးကို အတင်းပြန်လုယူနေကာ . .
“ဟေ့ကောင် . . စံပီး ဒီအတိုင်းတော့ မင်းယူလို့ ဘယ်ရမလဲကွ။ မင်းနဲ့ ငါ ခေါင်းပန်းလှန် လိုက နိုင်တဲ့ သူက ယူကြေးလေ၊ ဘယ့်နှယ်လဲ”
“ဟုတ်ပြီ . . .ဒါဆို စိန်လိုက်”
ကံမြင့်က စံပီးနှင့် ထက်လူတို့နှစ် ယောက် ထိုအရုပ်ကြီးကို သူ့ထက်ငါလုယူနေကြသည်ကို ကြည့်ရင်း သူ့ကိုယ်သူ စည်းအပြင်ဘက်ရောက်သွားသည့် သူစိမ်း တစ်ယောက် လို သိမ်ငယ်စွာ ခံစားလာရသည်။ အရင်ကဆိုလျှင် စံပီးနှင့် ထက်လူမှာ သူဦးဆောင်ရာနောက်ကိုသာ အမြဲတမ်း လိုက်ပါနေကျ။
ပြောရမည် ဆိုလျှင် ဒီအဖွဲ့ထဲမှာ သူက ခေါင်းဆောင်ပင်မဟုတ်ပါလား။ အခုတော့ ဒီအရုပ် ကြီးနှင့် ပတ်သက်ပြီး ကြောက်စိတ်ဝင်နေသည့် သူ့ကို စံပီးနှင့် ထက်လူတို့က သရော်တော် တော် ပင် လုပ်လာကြပြီပဲလေ။
ကံမြင့်က အကြေက်တရားကြောင့် အလိုလိုကျဆုံးသွားသည့် သူ၏ ခေါင်းဆောင်ဘ၀ကို နှမြောနေမိသည်။ နောက်ပြီး ရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံးလည်း ထူပူနေ၏ ။
“ငါ . . .ဘာကြောင့် ဒီလောက်တောင် ကြောက်လန့်သွားရတာ လဲ။ တကယ်ဆို ဒီအရုပ် ကြီးဟာ ဘာမှမဟုတ်တဲ့ သစ်သားရုပ်ကြီးတစ်ရုပ်ပဲ။ အေးလေ . . .ဘာပဲ ဖြစ် ဖြစ် ဒီကောင်တွေ လက်ထဲကို ဒီအရုပ်ကြီးရောက်သွားပြီး ဘာတွေ ဆက် ဖြစ်မလဲ ကြည့်ကြသေးတာပေါ့”
“နင်တို့ကလည်းဟယ် . . .ဒီအရုပ်ကြီးကို ယူမသွားကြပါနဲ့ ၊ တော် ကြာ တစ်ခုခုထပ် ဖြစ် နေမှဖြင့် . . . .”
ခင်လေးမြင့်၏ စကားအဆုံးတွင် နုဝါက တုန်ယင်နေသော အသံဖြင့် . ..
“အေးလေဟယ် . . သူ့ဟာကြီးက အပမှီထားသလိုလို၊ နာနာဘာဝ မကောင်းဆိုးဝါးကြီး လိုလိုနဲ့ ။ ယူမသွားကြပါနဲ့ ဟာ . .နော် … ”
ခင်လေးမြင့်နှင့် နုဝါတို့က စံပီးတို့နှစ် ယောက် ကို ထိုအရုပ်ကြီးအား ယူမသွားရန် အတင်း တားနေကြသည်။ စံပီးနှင့် ထက်လူတို့ ကတော့
“အလကားပါဟာ၊ ဒီကောင်ကံမြင့်ကိုက သတ္တိကြောင်နေတာပါ၊ ဘာမှမ ဖြစ်ပါဘူး”
ပြောပြောဆိုဆို စံပီးက သူ့လက်ထဲမှ ပိုက်ဆံအကြွေစေ့ကို အပေါ်သို့မြှော က်ရန် အရှိန် ယူနေပြီး ထက်လူကိုလည်း ပွဲစပြီ ဖြစ်ကြောင်း မျက်ရိပ်မျက်ကဲပြ ပြောဆိုလိုက်သည်။
“စပြီနော် . . .သေသေချာချာကြည့်”
“ချွင် . . .”
“ဟော .. ပန်းကျတယ်၊ ပန်းကွ။ ငါနိုင်ပြီ . . .ထက်လူ၊ ဘယ့်နှယ်လဲ”
ချွင်ခနဲကြားလိုက်ရသော အသံနောက်တွင် စံပီး၏ ခုန်ပေါက်မြူးတူးသံက ဟေးခနဲ ၀ါးခနဲ ထွက်ပေါ်လာ၏ ။ ကံမြင့်က စံပီးနှင့် ထက်လူတို့ကို လှည့်ပင်မကြည့်ဘဲ မျက်စိပျက်မျက်နှာပျက်နှင့် ဘုန်းကြီးကျောင်းဝန်းအတွင်းမှ ရေတွင်းပျက်ကြီးထဲသို့သာ အကြောင်းမဲ့ ငုံ့ကြည့်နေမိသည်။
ထိုသို့ ကံမြင့် တစ်ယောက် စိတ်ပျံ့လွင့်နေခိုက်တွင်
စံပီးနှင့် ထက်လူက အရုပ်ကြီး၏ တစ်ဖက်တစ်ချက်ကို ပြိုင်တူဆွဲမပြီး တစ်ယောက် နှင့် တစ် ယောက် တီးတိုးပြောဆိုလိုက်ကြကာ ကံမြင့်ခြေထောက်ရှိရာနားသို့ လွှဲပြီးပစ်ချလိုက်၏ ။
“ဘုတ်”
“အား . .”
ရုတ်တရက် ခြေဖမိုးပေါ်သို့ ပြုတ်ကျလာသော အရုပ်ကြီးကြောင့် ကံမြင့်က သူ့ခြေခုံပေါ် သို့ လက်နှစ် ဖက်ဖြင့် အုပ်ကာ ပွတ်သပ်ရင်း အော်ဟစ်ညည်းညူလိုက်သည်။ ကံမြင့်၏ အမူအရာကို ကြည့်ရင်း စံပီးနှင့် ထက်လူမှာ တခွီးခွီးကျိတ်ပြီးရယ်နေရင်း . .
“ဟာ . . ကြည့်စမ်း ဒီအရုပ်ကြီးက အသက်ဝင်လာတယ်ကွ၊ ငါတို့နှစ် ယောက် ထဲကနေ သူ့အလိုလို ခုန်ဆင်းသွားတာ”
စံပီးစကားကြောင့် ခင်လေးမြင့်နှင့် နုဝါတို့မှာ နောက်သို့ အလိုလိုဆုတ်မိလျက်သား ဖြစ် သွားပြီး အံ့သြထိတ်လန့်ကုန်ကြသည်။ ကံမြင့်၏ ခြေဖမိုးပေါ်တွင် လည်း နှစ် လက်မသာသာ လောက် ခြစ်ရာအစင်းကြီး ဖြစ်သွားပြီး ချက်ချင်း ပင်ညိုမည်းလာသည်။
“တောက် . .ဟေ့ကောင်တွေ မင်းတို့ ဒါ . . ငါ့ကို တမင်လုပ်တာမဟုတ်လား။ ဒီမှာ ပွန်း သွားပြီကွ၊ အစင်းရာကြီးတောင် ဖြစ်သွားပြီ”
ကံမြင့်မှာ ဒေါသစိတ်နှင့် စံပီးတို့ကို ဘာတစ်ခွန်းမှ ဆက်မပြောတော့ဘဲ ထိုနေရာမှ ထော့ နင်းထော့နင်းခြေလှမ်းများ ဖြင့် လှည့်ထွက်လာခဲ့တော့သည်။
ကံမြင့်၏ နောက်ကျောကိုကြည့်ရင်း စံပီးနှင့် ထက်လူက ကျိတ်ပြီးရယ်ကြသည်။ ခင်လေးမြင့်နှင့် နုဝါတို့မှာ လည်း စံပီးတို့ပြောသလို ရုပ်ထုကြီးက သူတို့၏ လက်ပေါ်မှ ခုန်ချသည် ဟုပင် တကယ်ထင်ကာ နောက်ဆုတ်နောက်ဆုတ် ခြေလှမ်းများ ဖြင့် ဘုန်းကြီးကျောင်းအပြင်ဘက် သို့ တစ်ယောက် နှင့် တစ်ယောက် လက်ချင်းချိတ်ကာ ပြေးထွက်သွားကြလေတော့သည်။
စံပီးနှင့် ထက်လူမှာ တော့ တ၀ါးဝါး တဟားဟားဖြင့် သဘောကျ၍ မဆုံးတော့။
*****
စံပီးနှင့် ထက်လူတို့က သစ်သားပန်းပုရုပ်ကြီးကို ပုခုံးပေါ်ထမ်းရင်း ရွာလမ်းကလေး အတိုင်း ခုန်ပေါက်ပြေးလွှားရင်း အိမ်သို့ ပြန်လာခဲ့ကြသည်။ ထက်လူက စံပီးတို့ အိမ်သို့ရောက်သည်အထိ အတူလိုက်လာပြီး
“ဟေ့ကောင် .. .စံပီး ဒီအရုပ်ကြီးကို မင်း ဘယ်နားမှာ ထားမှာ လဲကွ”
“အေး . . ငါလည်း အဲဒါစဉ်းစားနေတာ၊ အိမ်ပေါ်ယူသွားပြီးကာမှ အမေက ဒီအရုပ်ကြီး ကို ကျက်သရေမရှိဘူးဘာဘူးပြောရင် ဒုက္ခ”
သူတို့နှစ် ယောက် မှာ သစ်သားပန်းပုရုပ်ကြီးကို ကြည့်ရင်း အတန်ကြသည့်အထိ စဉ်းစား နေမိကြသည်။ ထို့နောက်စံပီးက . ..
“မထူးပါဘူးကွာ၊ ဟောဟိုနားက နွားစာခွက်ဘေးက ပုတ်စင်းနားမှာ ပဲ ထောင်ထားလိုက် တော့မယ်”
ပြောပြောဆိုဆို စံပီးက ပန်းပုရုပ်မည်းမည်းကြီးကို ပုတ်စင်ရှိရာသို့ မသွားပြီး မှီထောင်ထား လိုက်၏ ။ စံပီးတို့အိမ်ဘေးမှ ပုတ်စင်မှာ ခြံစည်းရိုးနှင့်ကပ်လျက်ရှိပြီး စံပီးတို့တစ်အိမ်လုံး အသုံးပြုနေသည့် ခနော်နီ ခနော်နဲ့ အိမ်သာနှင့် လည်း နီးကပ်နေသည်။
“ကတော် .. . ကတော် . . ကတော် . .”
ပုတ်စင်ထဲမှ ကြက်မကြီး၏ အော်သံကြောင့် ထက်လူက
“ဟာ . . ဟေ့ကောင်စံပီး မင်းတို့ကြက်မကြီးကို အိမ်ပေါ်မှာ အိပ်တန်းဘာ ဖြစ်လို့လုပ်မ ပေးတာလဲကွ”
“မဟုတ်ဘူးကွ၊ အဲဒီ ကြက်မကြီးက ခုဝပ်နေလို့ အမေက ဒီနေရာမှာ ၀ပ်ကျင်းသဘောမျိုး လာလုပ်ပေးထားတာ . .”
စံပီးက ပုတ်စင်ပေါ်သို့တက်ကာ ကြက်မကြီး၏ အခြေအနေကို လှမ်းကြည့်လိုက်သည်။ ယောက် ယက်ခတ်ပြီး အော်ဟစ်နေသည့် ကြက်မကြီးမှာ သူ့ဥများ ကို ဖုံးဖိဝပ်ထားရင်း မျက်လုံးများ က ဂနာမငြိမ် ဖြစ်နေသည်။
“ဒီကြက်မကြီးက ဒါပါနဲ့ ဆို နှစ် သားရှိပြီကွ၊ ဒီဥကပေါက်လို့ သားခွဲတဲ့အရွယ်ရောက်ရင် ငါ မင်းကို တစ်ကောင်ပေးမယ် သိလား ထက်လူ”
ထိုစဉ် ထက်လူက သစ်သားပန်းပုရုပ်ကြီးကိုကြည့်ကာ လက်ဖြင့် လှမ်းပုတ်လိုက်ရင်း နှုတ် ဆက်လိုက်သည်။
“ဒီမှာ ဟေ့ကောင် ရုပ်ဆိုး . . .မင်း ဒီအိမ်မှာ တော့ ဟင်းခိုးစားလို့ရမှာ မဟုတ်ဘူး၊ ဟောဟို အိမ်သာက ယိုတွေ ပဲစားရမယ် သိလား . . .ဟား ဟား ဟား”
ပြောပြောဆိုဆို ထက်လူက စံပီးတို့အိမ်မှ လှည့်ပြီးထွက်လာခဲ့သည်။ အိမ်အပြန်လမ်းတစ် လျှောက်လုံး သူတို့ငါးယောက် ရှာဖွေစုဆောင်းထားသည့် ပိုက်ဆံများ ကိုမှန်းကာ သင်္ကြန်ရက်ကို လက်ချိုးရေတွက်ရင်း လျှောက်လာမိသည်။
ထိုစဉ် . .
“ဒုတ် . .”
“အား . .”
ဘယ်ဘက်ခြေခုံနှင့် တစ်စုံတစ်ရာတို့ တိုက်မိလိုက်ပြီး ထက်လူမှာ ရှေ့သို့ ၀မ်းလျားမှော က် ပစ်လဲသွား၏ ။ နာကျင်လွန်းသော ခြေခုံရိုးပေါ် လက်နှစ် ဖက်ဖြင့် အုပ်ထားရာမှ ဖြည်းဖြည်းချင်း ဖွင့်ဟကြည့်လိုက်ရာ
“ဟင် . .”
ထက်လူ၏ ဘယ်ဘက်ခြေခုံပေါ်တွင် ကံမြင့်ခြေခုံရိုးပေါ်မှ ဒဏ်ရာကဲ့သို့ အညိုအမည်းစွဲ ကာ အစင်းကြောင်းကြီးတစ်ခုကို တအံ့တကြနှင့် တွေ့ လိုက်ရသည်။
ထက်လူက စောစောက ခလုတ်တိုက်လိုက်သည့် မြေပြင်ကို ပြန်လှည့်ကြည့်လိုက်ရာ ထိုမြေတလင်းမှာ သူခလုတ်တိုက်လောက်စရာ ဘာဆူးငြောင့်မျှ မရှိဘဲ ပြောင်းရှင်းလျက်ရှိနေ သည်။
“ဒီနားတစ်ဝိုက်မှာ ခလုတ်တိုက်စရာလည်း မရှိပါဘူး။ ငါ ဘယ်လို ဖြစ်သွားတာပါလိမ့်။ ဧကန္တ ဟိုအရုပ်ကြီးက ထိပ်ပုတ်ခေါင်းပုတ်လုပ်ပြီး ပေါက်ကရတွေ ပြောမိလိုက်လို့လားမသိဘူး။ ဘာပဲ ဖြစ် ဖြစ် စံပီးနဲ့ ဖက်ပြီး ဒီအရုပ်ကြီးကို မယုံမကြည်နဲ့ လုပ်လို့တော့ မရဘူး”
ဖြန်းခနဲထသွားသော ကြက်သီးမွေးညင်းများ နှင့် အတူ ထက်လူတစ်ကိုယ်လုံးမှာ လူသေကဲ့ သို့ အေးစက်တောင့်တင်းသွားတော့သည်။
*****
အခန်း (၅)
စိမ့်ဖြာကျနေသော ညနေခင်း၏ နေရောင် ခြည်တို့က သရက်ပင်အုပ်များ ကြားမှ ဟိုတစ်ပြောက် ဒီတစ်ပြောက် ကျနေ၏ ။ စံပီးတို့အိမ်ကလေးမှာ သက်ငယ်များ မိုးထားသဖြင့် ခပ်အုပ်အုပ်ကလေး ဖြစ်နေပြီး ထိုသက်ငယ်အမိုးများ ကြားမှ ပြာလဲ့လဲ့မီးခိုးများ က တလွင့်လွင့် တလူလူဖြင့် ထိုးထွက်နေသည်။
ယခုကဲ့သို့ ညနေစောင်းပြီဆိုလျှင် နွားတင်းကုတ်ထဲသို့ ခြင်မလာစေရန် ကောက်ရိုးဖြင့် မီးဖိုပေးလေ့ရှိသည်။ စံပီးတို့မိသားစုမှာ ခြစ်ခြစ်ကုတ်ကုတ်နှင့် ခြိုးခြံပြီးဝယ်ထားရသည့် နွားပြာတစ်ရှဉ်းကို သားသမီးအရင်းအချာကဲ့သို့ ဂရုတစိုက်နှင့် ဖြစ်နေကြသည်။
“ဟဲ့ . .. စံပီး . .. ကောက်ရိုးနည်းနည်း ဆွဲလာပြီး နွားစာခွက်ထဲထည့်စမ်း၊ နင်ကလည်း တစ်နေ့ကုန်အောင် သွားနေတော့တာပဲ၊ နည်းနည်း ပါးပါးလည်း အိမ်အလုပ်လေးဘာလေး ကူလုပ်ပေးစမ်းပါဦးဟဲ့”
စံပီး၏ အမေက နွားတင်းကုတ်အတွင်း နွားမီးဖိုနေရင်း လှမ်းအော်ပြောလိုက်၏ ။ စံပီးက အပေါ် အင်္ကျီကိုချွတ်ကာ ကွပ်ပျစ်ပေါ်သို့ လှမ်းပစ်တင်လိုက်ပြီး ကောက်ရိုးပုံရှိရာဆီသို့ ထွက်လာခဲ့သည်။
ခဏအကြာ စံပီး၏ အဖေ ဦးမြမောင်မှာ ၀ါးဖတ်ဦးထုတ်တစ်လုံးဆောင်းကာ အင်္ကျီခပ်နွမ်း နွမ်းတစ်ထည်ကို ကျောပေါ်တင်လျက် ဂွေးချောင်းရွာဘက်ဆီမှ ပြန်ရောက်လာသည်။ ထိုဂွေးချောင်းရွာမှ စံပီးတို့ရွာနှင့် တောင်ကျချောင်းကလေးတစ်ချောင်းခြားထားပြီး နွေရော မိုးပါ အမြဲတမ်း ချောင်းရေပြည့်လျက်ရှိသည်။ ထိုချောင်းကလေးကို အစွဲပြုပြီး မှည့်ခေါ်ထားသည့် ဂွေး ချောင်းရွာကလေးမှာ ဦးမြမောင်၏ ဇာတိရွာကလေးတစ်ရွာလည်း ဖြစ်သည်။ ခါတိုင်းဆိုလျှင် ကို မြမောင်မှာ ဂွေးချောင်းရွာရှိ သူ့မိဘဆွေမျိုးများ ၏ အိမ်တွင် တစ်ည နှစ် ညအိပ်ပြီးမှ ပြန်လာတတ် သော်လည်း ဒီတစ်ခါတော့ ဘာစိတ်ကူးရသည်မသိ နေ့ချင်းသွားပြီး ပြန်ရောက်လာသည်။
“ဟောတော် . .. ကိုမြမောင်၊ ကျုပ်က ရှင့်ကို ဒီညပြန်မလာဘူးတောင် ထင်နေတာ၊ ဘယ့် နှယ်လဲ ရှင့် အမျိုးတွေ ဆီက မျိုးစပါးလေးဘာလေးကော ရခဲ့ရဲ့ လား”
စံပီးတို့အမေမှာ သူ့ယောက်ျားဦးမြမောင်ကို မြင်မြင်ချင်း ခရီးရောက်မဆိုက် လှမ်းမေးလိုက်၏ ။ ဦးမြမောင်မှာ ခေါင်းပေါ်မှ ၀ါးဖတ်ဦးထုပ်လေးကို ချွတ်ကာ သံမှိုချိတ်ပေါ် လှမ်း ချိတ်လိုက်ရင်း . .
“အေး .. . ဒီနှစ် မျိုးစပါးကိုတော့ အစ်မတို့ဆီက ပေးမယ်ပြောတာပဲဟ၊ ကဲ . . ကဲ . . ငါထမင်းစားမလာခဲ့ရသေးဘူး၊ ဘာချက်လဲဟ . . .ထမင်းခူးစမ်း”
“သြော် . . ဟုတ်ပါရဲ့ ကိုမြမောင်၊ ကျုပ်က ရှင် ဒီည ပြန်မလာဘူးထင်ပြီး ဘာမှတောင် ချန်မထားမိဘူး၊ သြော် .. .နေဦး နေဦး . .. စံပီး တစ်ယောက် တော့ ထမင်းမစားရသေးဘူး။ ရှင်ဗိုက်ဆာနေရင် စံပီးအတွက် ချန်ထားတဲ့ဟင်းနဲ့ အရင်စားနှင့် လိုက်။ ပြီးမှ သူ့အတွက် စားစရာ တစ်ခုခုလုပ်ပေးလိုက် မယ်”
ပြောပြောဆိုဆို စံပီး၏ အမေက ဦးမြမောင်အတွက် ထမင်းပွဲကို ခူးခပ်ပေးနေ၏ ။ စံပီးက နွားတင်းကုတ်အတွင်းသို့ ကောက်ရိုးများ ဆွဲထည့်နေစဉ် သူ့အဖေ ဦးမြမောင်က
“လူလေး . . စံပီး . . မင်းနွားတွေ ရေတိုက်ပြီးပလားကွ”
“မတိုက်ရသေးဘူးအဖေ၊ အခုပဲတိုက်လိုက်ပါ့မယ်”
စံပီးတို့၏ နွားပြာခြောက်ကလေးတစ်ရှဉ်းမှာ ကိုယ်လုံးကိုယ်ဖန် မဖွံ့ထွားလှသော်လည်း အလုပ်နှင့် ပတ်သက်လျှင် မခိုမကပ်ဘဲ စံပီးတို့မိသားစုနှင့် အတူ တစ်မိုးတွင်းလုံး ရွှံထဲတွင် ပင်ပင် ပန်းပန်းနှင့် ရုန်းကန်ခဲ့ကြသည်။ စံပီး၏ အဖေ ဦးမြမောင်မှာ လည်း သူ့နွားပြာလေးနှစ် ကောင်ကို ဖေ့ သားကြီးတွေ ဟု ခေါ်ကာ တစ်ချက်ကလေးမှ ရိုက်နှက်ခြင်းမရှိဘဲ အမြဲတမ်း စုတ်တသတ်သတ်နှင့် ချော့မော့ပြီး ခိုင်းလေ့ရှိသည်။
စံပီး ကတော့ ကလေးပီပီ သူ့စိတ်နှင့် မတွေ့ လျှင် တွေ့ ကရာ တုတ်ကိုဆွဲကာ ရိုက်မောင်း ပုတ်မောင်းလုပ်တတ်သည်။ ဒါကို ဦးမြမောင်နှင့် စံပီးအမေတို့ကတွေ့ လျှင် စံပီးမှာ အအော်အ ငေါက်ခံရသေး၏ ။
စံပီးက နွားတင်းကုတ်အတွင်းမှ နွားပြာလေးတစ်ရှဉ်းကို နွားစာခွက်ရှိရာ အပြင်သို့ဆွဲထုတ် ခေါ်ယူလာ၏ ။
နွားစာခွက်အနီးသို့မရောက်မီ နွားနှစ် ကောင်မှာ တရှူးရှူးတရှဲရှဲ နှာမှု တ်လျက် နဖားကြိုးကို တင်းနေအောင် တောင့်ထားပြီး ရှေ့သို့ လုံးဝမတိုးတော့ဘဲ ပေကပ်ကပ်လုပ်နေတော့သည်။
စံပီးက နဖားကြိုးကိုတောင့်ပြီး အတင်းဆွဲနေသော်လည်း နွားပြားနှစ် ကောင်မှာ ဘယ်လိုမှ ရှေ့သို့တိုးမလာဘဲ သစ်လုံးထွင်းနွားစာခွက်ကြီးအနီးသို့ကြည့်ကာ လှည့်ရင်းပတ်ရင်း တစ်စုံတစ် ရာကို ထိတ်လန့်ကြောက်ရွံ့နေသလို ဖြစ်နေသည်။
“တောက် . . ဟကောင်ကြီးရ . . ဘာ ဖြစ်နေတာလဲ”
စံပီး ဘယ်လိုချော့ချော့ နွားနှစ် ကောင် ကတော့ ပုတ်စင်ကြီးရှိရာသို့ မာန်စောင်ရင်း တရှူးရှူး တရှဲရှဲတွေ ဖြစ်နေကြသည်။
စံပီးက နွားနှစ် ကောင်ကို ချော့မော့နေစဉ်မှာ ပင် နွားတစ်ကောင်က ပုတ်စင်ရှိရာသို့ ခေါင်း စိုက်ပြေးသွားရင်း ထောင်ထားသော သစ်သားပန်းပုရုပ်ကြီးကို အမှတ်မထင် ပြေးပြီး ဝှေ့လိုက်သည်။
“ရှူး . . ”
“ဖြောင်း . . .”
“ဟင် . . .”
နွားပြာ၏ ချိုကွေးကွေးပြီးကြားတွင် ချိတ်ပြီးပါသွားသော သစ်သားပန်းပုရုပ်ကြီးမှာ နှစ် ဖာလုံ သာသာလောက်အထိ လွင့်စဉ်သွား၏ ။
စံပီးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရပြီး အနည်းငယ်မှင်သက်သလို ဖြစ်နေမိ၏ ။
“လက်စသတ်တော့ ဒီအရုပ်ကြီးကို ဒီကောင်ကြီးတွေ လန့်နေတာကိုး။ အင်းလေ . . ဒီကောင်တွေ လန့်ရင်လည်း လန့်စရာ၊ အရုပ်ကြီးရဲ့ ပုံစံကိုက မခိုးမခန့်နဲ့ ကြောက်စရာကြီး ဖြစ် နေတာကိုး”
ထိုသစ်သားရုပ်ကြီး အဝေးသို့လွင့်စဉ်ထွက်သွားလျှင်သွားချင်း အခြားနွားပြာတစ်ကောင် က သစ်သားထွင်းနွားစာခွက်ထဲမှ ရေကို လာသောက်တော့၏ ။ စောစောက ချိုဖြင့် ခတ်လိုက်သော နွားပြာတစ်ကောင်မှာ နားရွက်နှစ် ဖက်ကို ထောင်ကာလွင့်စဉ်သွားသော သစ်သားရုပ်မည်းမည်းကြီး ကို အကဲခတ်သလို လှမ်းကြည့်နေသည်။ သူ့ပုံစံကလည်း ထိုအရုပ်ကြီးကိုကြည့်ရင်း တစ်စုံတစ်ရာ ကို ဝေခွဲရခက်နေသည့်ပုံမျိုး ဖြစ်နေသည်။
“စံပီးရေ . ..နွားတွေ ရေတိုက်ပြီးရင် ထမင်းအိုးတည်ဖို့ မီးမွှေးထားလိုက်တော့၊ အမေ အတို့အမြှုပ်လေး သွားခူးလိုက်ဦးမယ်”
စံပီး၏ အမေမှာ တဘက်ခပ်နွမ်းနွမ်းတစ်ထည်ကို ခေါင်းပေါ်နှစ် ပတ် သုံးပတ် ရစ်ပတ်လိုက် ရင်း ကပျာကယာ အိမ်ရှေ့သို့ ထွက်သွားလိုက်သည်။ စံပီးမှာ နွားနှစ် ကောင်ကို တင်းကုတ်ထဲ ပြန်ဆွဲသွင်းလာပြီး ထမင်းအိုးတည်ဖို့ကိစ္စကို လုပ်ရတော့သည်။အမှန်တော့ စံပီး၏ ဗိုက်ထဲတွင် လည်း တဂွီဂွီအော်မြည် လျက် ဆာလောင်နေပြီ ဖြစ်သည်။
*****
တဖူးဖူးမှု တ်နေသော မီးပြောင်းမှလေတို့ကို အားမရသဖြင့် ထမင်းအိုးစလောင်းဖုံးနှင့် ပင် မီးဖိုကို ယက်ခတ်နေရသည်။ တဖျစ်ဖျစ်တောက်လောင်စပြုလာပြီ ဖြစ်သော မီးတောက်တို့က မီးဖို ပေါ်မှ ထမင်းအိုး၏ ဘေးပတ်ပတ်လည်တွင် တလှုပ်လှုပ်ယိမ်းထိုးနေ၏ ။
ထို့နောက် နေ့လယ်က ခင်လေးမြင့်တို့၊ နုဝါတို့ကို သူနှင့် ထက်လူ ခြောက်လှန့်လိုက်ကြ သည်ကို ပြန်တွေးပြီး ပြုံးမိနေ၏ ။ ကံမြင့်ခြေထောက်ပေါ်သို့ သူတို့နှစ် ယောက် ပြောင်ရင်း နောက်ရင်းနှင့် သစ်သားရုပ်ကြီးကို ပစ်ချလိုက်မိသည့်အတွက်လည်း စိတ်မကောင်း ဖြစ်နေမိပြန် သည်။
“အင်း . .. ဒီကောင့်ခြေထောက် မသက်သာရင် ငါတို့ ထင်းပေါက်ဖို့ကိစ္စက ဒီရက်ပိုင်း လုပ် ဖြစ်မှာ မဟုတ်တော့ဘူး။ သင်္ကြန်ကလည်း တဖြည်းဖြည်း နီးလာပြီ”
ထိုစဉ်
“စံပီးရေ . . စံပီး . .”
“ခင်ဗျာ”
စံပီးမှာ ထမင်းအိုးစလောင်းဖုံးကို ထမင်းအိုးပေါ်သို့ ကပျာကယာ လှမ်းတင်ရင်း အိမ်ရှေ့ သို့ လှမ်းထွက်လိုက်သည်။ အသံ ကတော့ ယောက်ျား တစ်ယောက် ၏ အသံမျိုး၊ မှော င်စပြုနေ သော အိမ်ရှေ့တလင်းပြင်ထဲကို ကြယ်ရောင် ဖြင့် သာ ၀ိုးတိုးဝါးတား လှမ်းမြင်နေရ၏ ။ စံပီးက မီးခိုး ငွေ့များ ဖြင့် မွှန်နေသော မျက်စိတို့ကို ပုဆိုးအပေါ်စနှင့် ပွတ်သပ်သုတ်လိုက်ပြီး အိမ်ရှေ့တလင်း ထဲသို့ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်လိုက်သည်။
အိမ်ရှေ့တလင်းထဲက ကျွတ်ပျစ်ပေါ်တွင် ထမင်းစားပြီး အေးအေးလူလူ ဆေးတံသောက် နေသော သူ့အဖေ ဦးမြမောင်ကို တွေ့ လိုက်ရ၏ ။
“အဖေ . .. ဘာလဲဟင်”
“ဟေ . .”
စံပီး၏ အဖေမှာ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိဘဲ စံပီးကို နားမလည်သလိုနှင့် ပြန်စိုက် ကြည့်နေ၏ ။
“ဟို . . .ကျွန်တော့် ကို ခေါ်လိုက်သလားလို့”
စံပီး၏ အဖေမှာ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိဘဲ စံပီးကို နားမလည်သလိုနှင့် ပြန်စိုက် ကြည့်နေ၏ ။
“ဟို . .. ကျွန်တော့် ကို ခေါ်လိုက်သလားလို့”
စံပီးမှာ သူ့အဖေ၏ အမူအရာကို ကြည့်ပြီး ပြန်ပြောလိုက်ရသော်လည်း သူ့စိတ်ထဲတွင် တစ်စုံတစ်ရာကို အလိုလိုရိပ်စားမိလိုက်သလို ဖြစ်သွား၏ ။
“မခေါ်ပါဘူးကွ၊ မင်းအမေခေါ်တာနေမှာ ပေါ့”
ဦးမြမောင်မှာ စံပီးကိုပြောပြီး ဆေးတံမှ ဆေးသားများ ကို လက်ဖြင့် သိပ်ကာ မီးညှိဖွာရှိုက် လိုက်သည်။ ထို့နောက် စံပီးမှာ တွေ တွေ ဝေေ၀ လေးကန်သော ခြေလှမ်းများ ဖြင့် မီးဖိုရှိရာသို့ ပြန် လျှောက်လာခဲ့သည်။
“ဘာပဲပြောပြော ကံမြင့်ပြောသလို ခေါ်သံတွေ တကယ်ပဲကြားနေရပြီလား၊ နောက်ပြီး ဒီသစ်သားပန်းပုရုပ်ကြီးက ခင်လေးမြင့်တို့ပြောသလို နာနာဘာဝကြီးတစ်ကောင် ဖြစ်နေရင်ကော”
“ဟဲ့ . .. စံပီး”
“အောက်မလေး . . .ဗျ . .”
ရုတ်တရက် သူ့နောက်ကျောကို လှမ်းပုတ်လိုက်သော လက်တစ်ဖက်ကြောင့် စံပီးမှာ မီးဖိုပေါ်သို့ အရှိန်လွန်ကာ မှော က်လျက်လဲကျလုမတတ် ဖြစ်သွားသည်။
“ရှေ့မှာ ထမင်းအိုးကြီး ဒီလောက်ဝေကျနေတာ မြင်ရက်သားနဲ့ နင် ဘာတွေ တွေးပြီး ငိုင်နေတာလဲ”
စံပီး၏ အတွေးတွေ က အချိန်ဘယ်လောက်ကြာသွားသည်မသိ။ သူ့အမေရောက်လာပြီး နောက်ကျောကိုလှမ်းပုတ်လိုက်မှ ချက်ချင်း လန့်ဖျပ်သွားကာ သတိပြန်ဝင်လာသည်။
ပြောပြောဆိုဆို စံပီး၏ အမေက သစ်သားယောက် မကို ကောက်ယူပြီး တပွတ်ပွတ်ဆူကာ ဝေကျနေသော ထမင်းအိုးကို အဖုံးဖွင့်ပြီး တစ်ချက် နှစ် ချက် မွှေလိုက်၏ ။ ထို့နောက် ချေးအထပ် ထပ်တက်နေသည့် လက်နှီးစုတ်အ၀တ်နှစ် စကို ယူကာ မီးဖိုပေါ်မှ ချလိုက်သည်။ စံပီး ကတော့ ဗိုက် ကလည်း တော် တော် လေးဆာနေပြီ ဖြစ်သဖြင့် သူ့အမေဘေးနားတွင် မယောင်မလည် လုပ်နေ၏ ။
“စံပီး . . သွားစမ်း၊ ငါ ဒီမှာ ထမင်းရည်ငှဲ့နေတုန်း၊ ဒီမီးနဲ့ ကြက်ဥကြော်ရအောင် ပုတ်စင်မှာ ကြက်ဥနှစ် လုံး သုံးလုံး သွားယူချေ”
စံပီး၏ အမေက လက်နှီးစအ၀တ်စုတ်နှစ် ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး မြေအင်တုံထဲသို့ ထမင်းရည်များ ငှဲ့ချနေ၏ ။
အိမ်အပြင်ဘက်တွင် မှော င်ရီဖျိုးဖျစမှ တဖြည်းဖြည်း မှော င်မိုက်စပြုလာနေ၏ ။ ဘာရယ်မ လုပ်ဘဲ စံပီး၏ စိတ်တွေ က အလိုလိုနေရင်း ချောက်ချားသလိုလို မ၀ံ့မရဲ ဖြစ်နေသည်။ တကယ်ဆို လျှင် သူ့ခြေလှမ်းတွေ က ပုတ်စင်ကြီးအနားသို့ သွားရန်ပင် တုံ့ဆိုင်းနေမိသည်။ အခုတော့ ဘာမှ မဟုတ်ပါဘူးဟုဆိုသည့် သစ်သားရုပ်ထုကြီးကို သူတကယ်ပင်ကြောက်လန့်လာနေသည်။
“ဟဲ့ကောင်လေး . .ဘာရပ်လုပ်နေတာလဲ … သွားလေ. . သြော် . . ဒီကောင်လေးနှယ်”
နောက်ထပ်အော်ငေါက်လိုက်သော စံပီးအမေ၏ အသံကြောင့် စံပီးမှာ အမှော င်ထဲသို့ အရဲစွန့်ပြီး လျှောက်သွားလိုက်သည်။ စံပီး၏ မျက်လုံးများ မှာ လည်း တစ်စုံတစ်ရာကို မျက်ခြည်မပြတ် အကဲခတ်သလို တဖျတ်ဖျတ်နှင့် ဘေးဘီကိုကြည့်နေမိ၏ ။ သူ့ခြေလှမ်းများ က နွားတင်းကုတ်အနားသို့ ရောက်သော အခါ စားမြုံ့ပြန်ရင်း အေးအေးလူလူ လဲလျောင်းဝပ်စင်းနေ သည့် နွားနှစ် ကောင်က အလန့်တကြားနှင့် တ၀ုန်းဝုန်းထကုန်ကြသည်။
“ဒီကောင်တွေ ငါ့ကိုမြင်ပြီး ဘာ ဖြစ်လို့ လန့်ကုန်ကြတာလဲ။ ခါတိုင်းလည်း အမှော င်ထဲမှာ သူတို့ဆီကို ငါလာနေကျပဲ။ ဘာ ဖြစ်လို့ အခုမှ ထူးထူးဆန်းဆန်းတွေ ဖြစ်နေရတာ လဲ”
ထို့နောက် စံပီးမှာ နွားတင်းကုတ်အပေါက်မှ ပုတ်စင်ရှိရာသို့ ခပ်သုတ်သုတ်ပြေးသွားပြီး ပုတ်တောင်းထဲမှာ ကြက်ဥနှစ် လုံးကို ကပျာကယာလှမ်းနှိုက်ယူလိုက်သည်။ သူ့မျက်လုံးများ က အမှော င်ထဲသို့ တစ်ချက်ကလေးပင် လှည့်မကြည့်ရဲ။ မတော် တဆမှု အချိန်တွင် တစ်စုံတစ်ရာကို မြင်လိုက်မိပါက စံပီး တစ်ယောက် ထိုနေရာတွင် ပင် အသက်ပါပျောက်သွားနိုင်လောက်သည်။
မီးဖိုချောင်အတွင်းသို့ မောကြီးပန်းကြီး ပြေးဝင်လာသော စံပီးကိုကြည့်ကာ သူ့အမေက မျက်စောင်းတစ်ချက်လှမ်းထိုးရင်း
“ဟော ဟိုမှာ ချိတ်ထားတဲ့ ဒယ်အိုးကို မီးဖိုပေါ်တင်လိုက် . .”
စံပီး၏ အမေမှာ ရေစစ်သွားသော ထမင်းအိုးအဖုံးကို လက်ဖြင့် သပ်ချလိုက်ပြီး အဖုံးပေါ်သို့ မီးခဲနှစ် ခဲ သုံးခဲကိုတင်ကာ နှပ်နေ၏ ။ ထို့နောက် စံပီးတင်ထားသော မီးဖိုပေါ်မှ ဒယ်အိုးထဲသို့ ဆီ ကလေးစိုရုံလောက်သာ လောင်းထည့်လိုက်ပြီး ဆီကျက်အောင် ခဏစောင့်နေ၏ ။
စံပီး ကတော့ တဂွီဂွီအော်မြည် နေသော သူ့ဗိုက်ကို ဒူးနှင့် ဖိကပ်ထားကာ ကြည်ဥနှစ် လုံးကို ဆုပ်ကိုင်ရင်း ဘေးတွင် ထိုင်စောင့်နေမိသည်။
ခဏအကြာ စံပီးအမေက စံပီးလက်ထဲမှ ကြက်ဥတစ်လုံးကို ယူကာ ဒယ်အိုး၏ နှုတ်ခမ်း စောင်းနှင့် ရိုက်ပြီး ခွဲလိုက်သည်။
“ခွပ်”
“ဟင် .. ”
ခွပ်ကနဲကွဲအက်သွားသော ကြက်ဥအတွင်းမှ ဘာတစ်ခုမှ ပွင့်အန်ထွက်ကျမလာ၊ ပိုပြီးသေ ချာအောင် ကြက်ဥအခွံကို ထက်ခြမ်းခွဲကြည့်လိုက်ပြန်သည်။
ကြက်ဥအတွင်းမှာ တော့ ခြောက်သွေ့နေသော ဖြူစွတ်စွတ်အတွင်းခွံကိုသာ တွေ့ ရသည်။
“ဒါ .. ဘယ်လို ဖြစ်တာလဲ၊ ဒီကြက်မကြီးက ပြီးခဲ့တဲ့တစ်သားတုန်းက ဆယ်ကောင်တောင် ပေါက်တာ၊ အခုကြည့်စမ်းပါဦး”
ပြောပြောဆိုဆို စံပီး၏ အမေက နောက်ထပ်ကြက်ဥတစ်လုံးကို ဒယ်အိုးနှုတ်ခမ်းစောင်းနှင့် ထပ်ပြီးရိုက်ခွဲလိုက်ပြန်သည်။
သည်တစ်ကြိမ် ထပ်ပြီးခွဲလိုက်ပြန်သော ကြက်ဥမှာ လည်း အတွင်း၌ ဘာတစ်ခုမှမရှိ။ အခွံ ချည်းသက်သက်သာ ဖြစ်နေသည်။
“ဟင် . . .”
ပြူးကျယ်ဝိုင်းစက်သော မျက်လုံးများ ဖြင့် စံပီးတို့သားအမိမှာ အတွင်းတွင် ဘာမှမရှိသော ကြက်ဥနှစ် လုံးကိုကြည့်ကာ မှင်တတ်ငေးကြောင်နေမိကြသည်။
“ဒါဟာ . . ရိုးရိုးသားသားတော့ မဟုတ်နိုင်ဘူး၊ ဟို . . ပုတ်စင်ဘေးမှာ ငါသွားပြီးထောင် ထားတဲ့ အရုပ်ကြီးကပဲ ဒီကြက်ဥတွေ ကို ဖောက်သောက်ပစ်လိုက်တာလား”
ဆာလောင်နေသော စံပီး တစ်ယောက် ဘာကိုမှ သတိမရနိုင်လောက်အောင် ဖြစ်သွားသည်။ စံပီး၏ အမေမှာ လည်း တဖျောက်ဖျောက်ဆူပွတ်နေသော ဒယ်အိုးထဲမှ ဆီများ ကိုကြည့်ကာ ဘာလုပ်လို့လုပ်ရမှန်းမသိတော့။ တစ်သက်နှစ် တစ်ကိုယ် တစ်ခါမှမတွေ့ ကြုံ ဖူးသော အ ဖြစ်တို့ကြောင့် တအံ့တသြ ဖြစ်နေသည်။
စံပီး ကတော့ အံ့သြရသည်ထက် သွေးပျက်ချောက်ချားနေသော သူ့အမူအရာကို ဘယ်လိုမှ ချုပ်တီးထား၍ မရတော့ချေ။
*****
![]() ဖေဖော်ဝါရီ တစ္ဆေ | ![]() ကကြိုးရှုပ်တဲ့တစ္ဆေ | ![]() အနက်ရောင် မိစ္ဆာ |