(၁)
လပြည့်ည၏ လရောင် က ဟိမဝန္တာတောင်၏ အမြင့်ဆုံး တောင်ထွတ်ပေါ်သို့ အကာအကွယ်မဲ့စွာ ဖျန်းကျလျက်ရှိလေ၏ ။
ဟိမဝန္တာတောင်ကြီး၏ လူသူအရောက်အပေါက် မရှိသေးသော အမြင့်ဆုံးတောင်ထွတ်ပေါ်ဝယ် ကြီးမားခန့်ထည်လွန်းသော ရဲတိုက်သဖွယ် အဆောက်အဦကြီးသည် မိုးပေါ်သို့ကော့ပျံနေသော စုလစ်မွမ်းချွန်များ နှင့် တင့်တယ်ထည်ဝါစွာ ရှိနေပေ၏ ။ တောင်ထွတ်ပေါ်တွင် ရှိသည့် ရဲတိုက်ကြီးသည် မြင့်မားလွန်းသည့်အတွက် ကောင်းကင်မှတိမ်တိုက်များ ကြားသို့ပင်ထိုး ထွက်နေလေသည်။ အဆောက်အဦကြီးတစ်ခုလုံးမှာ လည်း မီးရောင် များ လင်းလက်နေကာပျော်ပွဲရွှင်ပွဲတစ်ခု ကျင်းပတော့မည့် အရိပ်အယောင်ဖြင့် လှုပ်ရှားတက်ကြွလျက်ရှိလေ၏ ။
ဂီတသံများ သည် တောင်ကမ်းပါးယံတစ်ခုလုံး ပဲ့တင်ထပ်သည်ထိ ထွက်ပေါ်နေလေသည်။ ဂီတသံများ မှာ မြူးကြွသွက်လက်လှပြီး ကြားရသူ ခုန်ပေါက်မြူးတူး ကခုန်ချင်စဖွယ် စိတ်တက်ကြွဖွယ်ကောင်းလှပေ၏ ။ဂီတသံများ သည် ရဲတိုက်အဆောက်အဦကြီးဆီမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
အဆောက်အဦကြီး၏ မြက်ခင်းပြင်ဝယ် နိုင်ငံတကာမှ တူရိယာပစ္စည်းမျိုးစုံကို ချခင်းအလှဆင်ထားလေရာမြက်ခင်းပြင်တစ်ခုလုံး ပြည့်လုနီးသည်ထိ ဖြစ်ပေ၏ ။ ဂီတသံများ သည် ထိုတူရိယာများ ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီးဂီတသံထွက်ပေါ်လာအောင် တီးခတ်သူလူသားဟူ၍ တစ်စုံ တစ်ယောက် မျှပင် မတွေ့ မြင်ရချေ။
တူရိယာပစ္စည်းများ မှာ တီးခတ်သူမရှိဘဲ သူ့အလိုလို အသံမြည် တီးခတ်နေခြင်းပင် ဖြစ်ပါ၏ ။ စန္ဒရားများ ၏ ခလုတ်များ သည် သူ့အလိုအလျောက် နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး စန္ဒရားသံထွက်ပေါ်နေလေသည်။ လက်ဖြင့် ပုတ်ခတ်တီးမှု တ်ရသော ဗုံကဲ့သို့တူရိယာများ မှာ စည်ပြင်များ တုန်သွားသည်ကိုသာတွေ့ မြင်နိုင်ပြီး တီးခတ်သူမရှိချေ။ ဂီတသံကတော့ နာပျော်ဖွယ်ထွက်ပေါ်နေပေ၏ ။ အခြားကိရိယာတစ်ခုဖြင့် တီးခတ်ရသည့် ရမ်ကဲ့သို့တူရိယာများ မှာ တီးခတ်သော တုတ်တံများ သည် သူ့အလိုလို လှုပ်ယမ်းလျက် တူရိယာပစ္စည်းကို ရိုက်ခတ်ပြီး ဂီတသံသာ ထွက်ပေါ်နေလေသည်။ကြိုးတပ်တူရိယာများ မှာ လည်း ကြိုးများ တုန်လှုပ်နေသည်ကိုသာ မြင်နိုင်ပြီး ကျွမ်းကျင်သော တီးခတ်သူက တီးခတ်နေဟန်ဖြင့် နာပျော်ဖွယ်သံစဉ်များ ထွက်ပေါ်နေလေသည်။ လေမှု တ်တူရိယာတို့သည် လေထဲ၌ ဝဲပျံကာ သက်ဆိုင်ရာတူရိယာ၏ ဂီတသံကို တာဝန်ကျေစွာ ထုတ်လွှင့်ပေးလျက် ရှိသည်။
တစ်ကမ္ဘာလုံး၏ နိုင်ငံအရပ်ရပ်မှ ရှိသမျှတူရိယာများ ထံမှ သံစဉ်များ တစ်ပြိုင်တည်း ထွက်ပေါ်နေသော်လည်းဂီတသံစဉ်များ သည် ရောထွေးမနေပေ။ ဆူညံမနေပေ။ တူရိယာတစ်ခုနှင့်တစ်ခု သံစဉ်ညီအောင် ညှိနှိုင်းထားသည့်သဖွယ် နာပျော်ဖွယ်ကောင်းသော ဂီတသံစဉ်တစ်ခုထဲအ ဖြစ် ပေါ်ထွက်နေလေသည်။
ရဲတိုက်အဆောက်အဦကြီးတွင် ပျော်ပွဲတစ်ခုကျင်းပရန် ဆင်ယင်ထားသည့်နှယ် အဆင်သင့် ပြင်ဆင်ထားသော်လည်း လာရောက်သည့် ဧည့်သည်ဆောင်သည်မှာ မူ တစ်စုံ တစ်ယောက် မျှပင် မရှိသေးချေ။
ရဲတိုက်အဆောက်အဦကြီး၏ ထိပ်တွင် ယနေ့ည ကျင်းပမည့် ပွဲ သဘင်၏ အမည် ကို ကမ္ဘာပေါ်ရှိလက်ရှိသုံးစွဲနေသော ဘာသာစကားပေါင်း တစ်ရာတိတိဖြင့် ရေး သားဖော်ပြထားလေသည်။ ဆိုင်းဘုတ်ကြီးမှာ ဘာသာစကားတစ်ခုကို တစ်ကြောင်းစီ ရေး သားထားရသော ကြောင့် ကြီးမားလှပြီး ရဲတိုက်ကြီး၏ အမိုးမှသည် မြေပြင်နားအထိပင်ရောက်လေ၏ ။
ဆိုင်းဘုတ်ပေါ်တွင် ဘာသာစကားတစ်ရာဖြင့် ရေး ထိုးထားသော ယနေ့ကျင်းပမည့်  ပွဲသဘင်၏ အဓိပ္ပာယ်မှာ အောက်ပါအတိုင်း ဖြစ်လေသည်။
ဟူ၍ ဖြစ်လေသည်။
နှစ် ပေါင်းတစ်ရာလျှင် တစ်ကြိမ်ကျင်းပသော စုန်းခေါင်ချုပ် ရွေးချယ်ပွဲနှင့် စုန်းပညာနှီးနှောဖလှယ်ပွဲကြီးမှာ ယခုနှစ် တွင် အထူးကျင်းပသော ပွဲတော် တစ်ခုလည်း ဖြစ်လေ၏ ။
စုန်းတို့၏ ပွဲတော် ဖြစ်သည့်အားလျော်စွာ သာမန်လူများ အဖို့တော့ ဟိမဝန္တာတောင်တန်းပေါ်မှ ရဲတိုက်အဆောက်အဦကြီးကို မြင်နိုင်မည် မဟုတ်ပေ။ ထွက်ပေါ်နေသော ဂီတသံများ ကိုလည်း ကြားနိုင်မည် မဟုတ်ပေ။စုန်းပွဲတော် ကြီးကား ညသန်းခေါင် ၁၂နာရီတိတိတွင် စတင်မည် ဖြစ်ပေသည်။ ပွဲတော် ကြီးသို့ ကမ္ဘာအရပ်ရပ်မှ ရှိရှိသမျှ စုန်းအပေါင်းတို့ တက်ရောက်ကြမည် ဖြစ်လေသည်။ စုန်းများ ထံသို့ ဖိတ်စာကိုလည်း နည်းမျိုးစုံဖြင့်ပေးပို့ပြီး ဖြစ်လေသည်။ သက်ရင့်စုန်းများ အဖို့တော့ နှစ် ပေါင်းတစ်ရာလျှင် တစ်ကြိမ်ကျင်းပသော ဤပွဲတော် ကြီးကိုသက္ကရာဇ် ၂ဝဝဝတွင် ကျင်းပမည့် အကြောင်း သိရှိပြီး ဖြစ်လေသည်။ မည် သို့ပင်ဆိုစေ ပွဲတော် ကြီးအား နိုင်ငံတကာမှပညာရပ်အဆင့်အမျိုးမျိုးရှိစုန်းများ တစ်ဦးမကျန် တက်ရောက်ကြမည် ဖြစ်လေသည်။
စုန်းမအိုကြီး မစ္စဂ္စဂရေစီသီသာဗာ သည် ရဲတိုက်ကြီး၏ အပေါ်ထပ်မှ အောက်သို့ဆင်းလာလျက်ရှိသည်။ စုန်းမအိုကြီးသည် သူမ စီစဉ်ထားသော အစီအစဉ်အတွက် ပီတီ ဖြစ်ကာ ပြုံးနေပေ၏ ။ သို့ရာတွင် ရုပ်ဆိုးလှသော သူမ၏ အပြုံးသည် အပြုံးနှင့် မတူဘဲ မြင်ရသူအပေါင်းကို ဖြဲချောက်နေသည့်သဖွယ် ဖြစ်နေလေသည်။သူမ၏ မျက်နှာတွင် မျက်လုံးနှစ် လုံးသည် ကြောင်မျက်လုံးကဲ့သို့ စူးရှတောက်ပနေ၏ ။ အသက်အရွယ်ကြီးရင့်လွန်းပြီ ဖြစ်၍ အသားအရေတို့သည် တွန့်လိပ်တွဲ ကျနေလေသည်။ နှာခေါင်းကြီးမှာ ချွန်ထွက်၍ အောက်ဘက်သို့ကောက်နေကာ အောက်ဖက်မှချွန်၍ ကော့တက်လာ သော မေးစေ့ကြီးနှင့်ထိလျက် ရှိလေသည်။ ဂရေစီသာဗာ ကတော့သူမ၏ နှာခေါင်းနှင့် မေးစေ့မှာ ထိမနေပါဟု အမြဲငြင်းဆိုလေ့ရှိလေသည်။ နှာခေါင်းနှင့် မေးစေ့ကြားတွင် နှမ်းစေ့တစ်စေ့စာ ဟလျက်ရှိပါသည်ဟု ဆိုလေသည်။ မည် သို့ပင်ဆိုစေ သူမသည် အစားအသောက်များ စားသောက်သည့်အခါအစားအစာများ ကို ပါးစပ်ထဲသို့တည့်တည့် မသွင်းနိုင်ဘဲ ဘေးမှကွေ့၍ သွင်းရလေ၏ ။သူမသည် ခြေမျက်စိထိရှည်လျားသော ဝတ်ရုံနက်ကြီးကို ဝတ်ဆင်ထားလေရာ ခြေထောက်များ မှာ ဝတ်ရုံဖြင့် ဖုံးလွှမ်းနေလေ၏ ။ သူမသည် လှေကားအတိုင်းဆင်းလာရာတွင် ခြေထောက်ကို မမြင်ရသော ကြောင့် လှေကားအထစ်များ အတိုင်း ဆင်းလာသည်နှင့် မတူဘဲ လှေကားပေါ်မှလျှောကျလာသည်ဟု ထင်ရလေ၏ ။
စုန်းမကြီးသည် သူမ၏ ပါးလျားသော ဆံပင်များ ကိုထိပ်၌ စုကာ နွားမြီးတစ်ချောင်းဖြင့် ချည်ထားလေ၏ ။ သူမခေါင်းပေါ်ဝယ် လင်းတတစ်ကောင်၏ ညာဘက်အတောင်ပံကို ပန်းသဖွယ်ပန်ဆင်ထားလေသည်။ ပျော့အိတွဲ ကျနေသော နားရွက်ဖျားဝယ် ဗျိုင်းရိုးတစ်ချောင်းစီကို နားတစ်ဖက်စီ၌ ထိုး၍ အလှဆင်ထားလေ၏ ။ ငါးစည်ဖောင်းများ ကို လည်ဆွဲသဖွယ်စီ၍ လည်ပင်း၌ ဆွဲထားပြန်သေးသည်။
စုန်းမကြီးသည် ရဲတိုက်အပေါ်ထပ်မှ ခန့်ညားထည်ဝါစွာ ပင် ဆင်းသက်လာခဲ့သည်။ သူမသည် အသက်ကြီးလှလေပြီ။ သူမ၏ အသက်မှာ သုံးထောင်တိတိ ရှိချေပြီ။ သူမသည် ခရစ်တော် မပေါ်မီ နှစ် ပေါင်းတစ်ထောင်ကပင်မွေးဖွားခဲ့သူ ဖြစ်လေ၏ ။
လွန်ခဲ့သော နှစ် ပေါင်းတစ်ရာ ဖြစ်သည့် ၁၉ဝဝပြည့်နှစ် က ကျင်းပခဲ့သော ဆီမီနာတွင် သူမသည် ဆန္ဒမဲ အများ ဆုံးရရှိကာ စုန်းခေါင်ချုပ် အ ဖြစ် ရွေးချယ်ခန့်ထားခံခဲ့ရလေသည်။
ဟိမဝန္တာတောင်ထွတ်ပေါ်မှ လူသာမန်များ မမြင်နိုင်အောင် ဆောက်လုပ်ထားသော ရဲတိုက်ကြီးကား စုန်းခေါင်ချုပ်ကြီးနေထိုင်ရန် အထူးဆောက်လုပ်ထားသည့် ရဲတိုက်ကြီးပင် ဖြစ်ပါသည်။ မစ္စဂရေစီသာဗာသည် စုန်းခေါင်းချုပ်အ ဖြစ် ရဲတိုက်ကြီး၌ နေထိုင်ခဲ့သည်မှာ ယနေ့နှစ် ပေါင်းတစ်ရာ ပြည့်ပေပြီ။
ယနေ့ပွဲသည် စုန်းပညာနှီးနှောဖလှယ်ပွဲ ဆီမီနာ ဖြစ်သလို စုန်းခေါင်ချုပ်အသစ်တစ်ဦးအား စုန်းအများ ၏ ဆန္ဒဖြင့် ရွေးချယ်ခန့်ထားမည့်  ဆန္ဒမဲပေးပွဲတစ်ခုလည်း ဖြစ်လေသည်။
ဂရေစီသာဗာသည် ယနေ့ညသန်းခေါင်ကျော်လျှင်ပင် စုန်းခေါင်ချုပ်ရာထူးမှ ဖယ်ရှားပေးရပေတော့မည် ။ သူမသည် ဝမ်းမနည်းပါ။ နောက်တက်လာမည့်  စုန်းပညာသည်တစ်ဦးကို သူမ၏ ရာထူးအား ဝမ်းပန်းတသာလွှဲပြောင်းပေးမည် ဖြစ်ပေသည်။ သူမမှာ အသက်ကြီးလှပြီ ဖြစ်၍ အားအင်များ ကုန်ခန်းထိုင်းမှိုင်းနေပေပြီ။ လူ့လောကတွင် နေလိုစိတ် မရှိတော့ပါ။ ဤပွဲတော် ပြီးသည်နှင့် သူမသည် ဟိမဝန္တာတောင်ထွတ် ပေါ်မှခုန်ချကာ လူ့ဘဝကိုရော၊ စုန်းမဘဝကိုပါ စွန့်လွှတ်တော့မည် ဖြစ်ပါသည်။
မစ္စဂရေစီသာဗာက သူမ ဖန်တီးစီစဉ်ထားသော ပွဲတော် အခင်းအကျင်းကိုကြည့်၍ ကိုယ့်ဘာသာသဘောကျနေမိလေ၏ ။ အားလုံးကို မည် သူ့အကူမှမယူဘဲ သူမ၏ စုန်းပညာဖြင့် ဖန်တီးထားခြင်းပင် ဖြစ်ပါသည်။ ဧည့်သည်တွေ ရောက်လာလျှင်တော့ သူမ၏ စုန်းပညာကို အံ့သြဘနန်း ဖြစ်ကြပေဦးတော့မည် ။
လသည် ကောင်းကင်တွင် တဖြည်းဖြည်း မြင့်တက်လာလေ၏ ။ သန်းခေါင်ချိန်ရောက်လုသည်နှင့် ဧည့်သည်စုန်းအပေါင်းတို့ တဖွဲဖွဲ ရောက်လာကြလေသည်။
စုန်းဧည့်သည်များ မှာ စုံလင်လှပေ၏ ။ ယောက်ျားစုန်း၊ မိန်းမစုန်း၊ သက်ကြီးရွယ်အိုစုန်း၊ ပျိုရွယ်သူစုန်း၊ကလေးစုန်း စုံလင်လှပေ၏ ။ အချို့ကလေးစုန်းတို့သည် ငယ်လွန်း၍ ပါးစပ်မှာ ချိုလိမ်လေးတပ်၍ ရောက်လာကြသည်။နို့ဘူးလေးပိုက်၍ ရောက်လာကြသည်။ ကစားစရာအရုပ်ကလေးများ ကိုပွေ့ကာ ရောက်လာကြလေသည်။ ထိုကလေးစုန်းများ က ဝမ်းတွင်းစုန်းခေါ် အမိဝမ်းတွင်းမှာ ပင် စုန်းပညာတတ်မြောက်လာကြသူများ ဖြစ်ပေ၏ ။
မစ္စဂရေစီက ကလေးစုန်းများ ကို အားရဝမ်းသာပိုက်ပွေ့ ကြိုဆိုလိုက်ကာ ပန်းခြံထဲတွင် ဆော့နေစေလိုက်၏ ။ပန်းခြံထဲ၌ ကလေးများ ဆော့ကစားရန် ဖန်ဆင်းထားသည့် ကစားစရာများ လည်းရှိပြီး ဖြစ်သည်။ တီကောင်သုံးကောင်ကို အဆ၂ဝဝဝကြီးမားအောင် ဖန်ဆင်းထားကာ တီကောင်များ ၏ ကျောကုန်းပေါ်၌ ကုန်နှီးတစ်ခုစီ တပ်ဆင်ပေးထားသည်။ ကလေးများ တီကောင်ကိုစီးနင်း၍ ဆော့ကစားနိုင်ပါသည်။ အခြားကစားစရာမျိုးစုံလည်း ရှိသေးသည်။ထိုစဉ် ကျယ်လောင်သော အသံကြီးတစ်ခုကိုကြားရကာ ကောင်းကင်မှပျံဝဲလာသော အရာတစ်ခုကို တွေ့ လိုက်ရလေ၏ ။ ထိုအရာသည် ရဲတိုက်အပေါ်တည့်တည့်အရောက်တွင် အောက်သို့ဆင်းသက်လာရာ အနီးရောက်လာမှသဲကွဲစွာ မြင်လိုက်ရလေ၏ ။ ပုစဉ်းရင်ကွဲတစ်ကောင်ပေါ်သို့တက်၍ စီးနင်းလိုက်ပါလာသော စုန်းအဘိုးအို တစ်ယောက် ဖြစ်ပေသည်။
ဂရေစီသည် စုန်းအိုကြီးကိုအမြင်တွင် အားရဝမ်းသာ နှုတ်ဆက်လိုက်လေ၏ ။
''ဟဲလို .မစ္စတာဘရောင်း၊ အောင်မယ်လေးတော် . တော့် ကို ကျုပ်က သေလောက်ပြီထင်နေတာ။ ဒီပွဲကိုတက်လာလိမ့်မယ်လို့ မမျှော်လင့်ဘူးတော် ။ ရှင် မသေသေးပဲကိုး''
ရင်းနှီးသူများ ပီပီ စ,ရင်းနောက်ရင်း နှုတ်ဆက်လိုက်လေသည်။
''ဘယ်သေနိုင်ဦးမှာ လဲ .ဂရေစီအလှလေးရယ်။ ကြည့်စမ်း ဂရေစီ၊ မတွေ့ တာ အနှစ် တစ်ရာရှိတာတောင်မင်းလေး ကတော့ လှနေတုန်းပါလား''
''အို . သွားပါ''
စုန်းအိုမကြီးက ရှက်သွေးဖြင့် မျက်နှာနီမြန်းသွားလေ၏ ။ မစ္စတာဘရောင်းသည် တစ်ချိန်က သူမကို ချစ်ရေး ဆိုခဲ့ဖူးသည် မဟုတ်ပါလော။
''တကယ်ပါကွယ် .မင်းလေးဟာ အနှစ် တစ်ရာ အသက်ပိုကြီးလာတယ်လို့ မထင်ရဘူး၊ နုတုန်းပဲ''
စုန်းအိုမကြီးက အပျိုပေါက်ကလေးလို ပခုံးများ လှုပ်ခါရင်း ရှက်စနိုးရယ်လိုက်ရာ လည်ဆွဲအ ဖြစ်တန်ဆာဆင်ထားသော ငါးစည်ဖောင်းများ ပင် လှုပ်ယမ်းသွားလေ၏ ။
စုန်းအဘိုးအိုက သူစီးနင်းလာသော ပုစဉ်းကြီးကို လည်ပင်းတွင် ကြိုးဖြင့် ချည်ကာ သစ်ပင်တစ်ပင်၌ ချည်နှောင်ထားလိုက်လေသည်။
''တကယ်ပဲတော် .ကိုဘရောင်းတို့များ ထွင်ကိုထွင်တယ်၊ ပုစဉ်းကိုများ စီးတော် ယာဉ်လုပ်လာရတယ်လို့''
''ဒီအကောင်ကြီးကို ကျုပ်မွေးထားတာ ဆယ်နှစ် ရှိပြီဗျ''
သူတို့နှစ် ယောက် စကားစမြည် ပြောနေစဉ်မှာ ပင် ဧည့်သည်များ တဖွဲဖွဲရောက်လာလေသည်။နောက်ထပ်ရောက်လာသူသည် ကောင်းကင်မှပင် မော်တော် ဆိုင်ကယ်တစ်စီးကို စီးနင်းရောက်ရှိလာခြင်း ဖြစ်ပေ၏ ။
''ဘယ်သူပါလိမ့်မလဲ''
စုန်းအိုမကြီးက မျက်မှော င်ကြုတ်ရင်း ကြည့်လိုက်သည်။ရောက်လာသူ စုန်းလုလင်မှာ လူငယ်တစ်ဦး ဖြစ်၍ မစ္စဂရေစီ မသိချေ။
''မင်းကို ငါမသိပါလား၊ ဘယ်ကလဲကွယ့်''
''စုန်းခေါင်ချုပ်မာမီကြီး ထင်ပါရဲ့ ။ မာမီ သားကိုဘယ်သိမလဲ။ သားလည်း ဒီပွဲကို ဒါ ပထမဆုံးတက်ဖူးတာပါမာမီ။ သားနာမည် က အပိ လို့ခေါ်ပါတယ်၊ သားက ဖင်လန်နိုင်ငံကပါ''
''သြော .ဖင်လန်သားကိုး၊ ခေတ်လူငယ်ဆိုတော့ မင်းစီးလာတဲ့ယာဉ်က ခေတ်ဆန်တယ်ဟေ့။ မာမီဖြင့် ခုမှမြင်ဖူးတော့တယ်''
''ဟုတ်ကဲ့မာမီ၊ သားက ဒီလိုမျိုး ကောင်းကင်သွား မော်တော် ဆိုင်ကယ်တွေ အများ ကြီးထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်မှာ ရောင်းချဖို့ စီစဉ်နေပါတယ်''
''ကြည့်စမ်း .ခေတ်လူငယ်တွေ များ အကွက်မြင်ပါ့။ နော် ကိုဘရောင်း''
''ဟုတ်ပါ့ဗျာ၊ ငါ့တူက ဆိုင်ကယ်တွေ ထုတ်လုပ်ရောင်းတော့ မင်းဆိုင်ကယ်မျိုး နောက်လူတွေ ကတုပြီးထုတ်လုပ်ရင်ကောကွာ''
''ကျွန်တော် က မူပိုင်ခွင့် မှတ်ပုံတင်ထားမှာ ပေါ့အဘရဲ့ ။ ဒီလို ဆိုင်ကယ်မျိုး ဘယ်သူမှလည်း အတုမလုပ်နိုင်ပါဘူး အဘရယ်။ ဒါက စုန်းပညာနဲ့ ဖန်တီးထားတာပဲဟာ''
''ကောင်းပါလေ့ .ကောင်းပါလေ့''
ထိုစဉ် မြေကြီးများ တုန်လှုပ်ကာ တော် လည်းသံကြီး မြည် ဟည်းပြီး စုန်းမကြီးဂရေစီ ရပ်နေသည့်အောက်မှမြေသားများ ကွဲအက်သွားလေသည်။ မြေကြီးအက်ကြောင်းကြားမှ ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်ထွက်ပေါ်လာလေသည်။
''ဟဲ့ .သောက်ပလုတ်တုပ်၊ ဘာကြီးတုံးဟဲ့။ လန့်လိုက်တာ''
သတ္တဝါကြီးသည် သူ့လက်ထဲမှ ဓားတစ်ချောင်းဖြင့် သူ့ကိုယ်သူ ဦးခေါင်းမှစ၍ ခွဲလိုက်လေသည်။ တစ်ကိုယ်လုံးသည် ဓားချက်ကြောင့် အလယ်တည့်တည့်မှကွဲထွက်သွားကာ သတ္တဝါကြီး၏ အရေခွံသည် နှစ် ပိုင်းပြတ်၍ မြေပေါ်သို့ကျသွားလေသည်။ ထိုအခါ အတွင်းမှ လူသားသဏ္ဌ္ဌာန်တစ်ခု ထွက်ပေါ်လာလေ၏ ။
''ဟင် .ကြည့်စမ်း သာဂေါင်၊ နင်ဟာ လူတစ်ဖက်သားကို ကြောက်အောင်လန့်အောင် လုပ်လိုက်ရမှအိပ်ပျော်စားဝင်တာလားဟင်''
သတ္တဝါဟန်ဖန်တီး၍ မြေကြီးထဲမှတစ်ဆင့် ရောက်လာသော စုန်းထီးမှာ သူသိပြီးသားစုန်းတစ်ကောင် ဖြစ်နေ၍ ဂရေစီက ရန်တွေ့ လိုက် လေသည်။
''ခင်ဗျားကရော စုန်းလုပ်နေပြီး ဒါလောက်ပဲ ကြောက်ရလန့်ရ သလားဗျ။ ကျုပ်ရုပ်ဖျက်လာတာ ခင်ဗျားရုပ်လောက်တော့ မဆိုးသေးပါဘူး''
''ကြည့်စမ်း ကောင်စုတ်၊ ငါက ရုပ်ဆိုးလို့လားဟဲ့။ ခုပဲ ကိုကိုဘရောင်းက ငါ့အလှကို ချီးမွမ်းနေသေးတာ။ငါ့ကို အသက်နဲ့ မလိုက်အောင် နုလွန်းလို့တဲ့လေ''
ရောက်ရှိနေသော ဧည့်သည်များ အားလုံး မျက်နှာရှံ့မဲ့သွားကြလေသည်။ တချို့က တစ်ဖက်လှည့်ကာ ပြုံးနေကြ၏ ။
ထိုစဉ် ဘောလုံးများ သဖွယ် မြေကြီးပေါ်တွင် လိမ့်လာသော အရာငါးခုအားတွေ့ လိုက်ရာ အားလုံးက ငုံ့ကြည့်လိုက်ကြလေ၏ ။ လိမ့်လာသော အရာများ မှာ လူဦးခေါင်းများ ဖြစ်လေ၏ ။ ကိုယ်ထည်မပါဘဲ ဦးခေါင်းချည်းသက်သက်ရောက်လာကြသော ဧည့်သည်တော် များ ဖြစ်လေသည်။
''အလို .ချေးစားစုန်းတွေ ပါလား၊ နင်တို့ကိုယ်တွေ ဘယ်မှာ ထားခဲ့ကြသလဲဟဲ့''
စုန်းမကြီးဂရေစီက ချေးစားစုန်းများ ကို နှုတ်ဆက်လိုက်လေသည်။
''အိမ်က အိပ်ရာထဲမှာ ထားခဲ့ပါတယ် မာမီကြီး။ အိပ်ပျော်ချင်ယောင်ဆောင်ပြီး ထားပစ်ခဲ့ပါတယ်။ ဟီ .ဟီ.ဟီ''
''ဟင်း .သူတို့ပါးစပ်က ချေးစော်နံလိုက်တာ''
မစ္စတာဘရောင်းက ညီးညူလိုက်လေသည်။
''ညည်းတို့ ပါးစပ်တွေ ကိုဆေးပစ်လိုက်ပါလား သမီးတို့ရယ်။ ချေးစော်တွေ နံလွန်းလို့ပါ''
''အို .အန်ကယ်ကြီးကလည်း ပါးစပ်ဆေးလို့ ချေးနံ့တွေ ပျောက်သွားရင် သမီးတို့စုန်းပညာတွေ ပျက်ပြယ်သွားမှာ ပေါ့။ အန်ကယ် ကြီးကိုယ်တိုင် စုန်းလုပ်နေပြီး မသိတဲ့အတိုင်းပဲ''
''အေးလေဟယ်''
ချေးစားစုန်းမငါးဦးသည် သူတို့ကို မစင်နံ့နံသည် အပြောခံလိုက်ရ၍ မခံချိမခံသာ ဖြစ်ကာ ဦးခေါင်းငါးလုံးသည် တလိမ့်လိမ့်,လိမ့်ရင်း စကားတင်းဆိုနေကြလေ၏ ။
''လာပါအေ .စင်ရှေ့မှာ သွားပြီးနေရာယူနှင့် ကြပါစို့။ ငါတို့ကို အဆင့်နိမ့်စုန်းတွေ ဆိုပြီး နှိမ်ချင်တယ်''
''ဟုတ်ပါရဲ့ ၊ ငါတို့မှာ ဒီနေ့ည မစင်တွင်းတွေ ဆီ လျှောက်မသွားနိုင်ပဲ အငတ်ခံပြီး ဆီမီနာလာတက်ရတာ ၊မညှာမတာ ပြောလျက်လိုက်တာတော် '
ဦးခေါင်းငါးလုံးသည် ဆီမီနာကျင်းပမည့်  စင်ရှေ့သို့ လိမ့်၍ သွားကြလေ၏ ။ လူကြီးများ ကို နှုတ်ပင်မဆက်တော့ချေ။
''ကိုဘရောင်း .ရှင်ဟာလေ၊ စကားကို ကြည့်ပြောမှပေါ့။ ဒီပွဲဟာ အဆင့်အတန်းမခွဲ တစ်ပြေးညီဆက်ဆံရတဲ့ပွဲရှင်ရဲ့ ''
''ဆောရီး .ဂရေစီ၊ ကိုယ်မှား သွားပါတယ်''
သူတို့စကားပြောနေစဉ်မှာ ပင် မိုးကောင်းကင်ယံမှ မှိုပွင့်သဏ္ဌာန်တစ်ခု တဖြည်းဖြည်း နိမ့်ကျလာသည်ကိုတွေ့ ရလေ၏ ။
မစ္စတာဘရောင်းနှင့် မစ္စဂရေစီသာဗာတို့က မိုးပေါ်မှကျလာသော အရာကြီးဆီသို့ မော်ကြည့်လိုက်လေသည်။
''ဒါလောက်မြင့်တဲ့ ဟိမဝန္တာတောင်ပေါ်ကို အပေါ်စီးကနေကျလာပုံထောက်တော့ အဆင့်မြင့်တဲ့စုန်းတစ်ယောက် ယောက် ပဲ ဖြစ်ရမယ် ဂရေစီ။ ကိုယ်တို့လို အသက်ကြီးကြီး စုန်းသက်ရင့်ရင့်ထဲကပဲ ဖြစ်မယ်ထင်ပါရဲ့ ''
မစ္စတာဘရောင်းက သူ့အထင်အမြင်ကို ပြောလိုက်၏ ။
''ဟုတ်ပါရဲ့ ကိုဘရောင်း၊ ဘယ်သူများ ဖြစ်မှာ ပါလိမ့်။ ဂရေစီတို့လို အသက်ထောင်ချီပြီးရှည်တဲ့ သူက ရှားလှပြီ မဟုတ်လား။ ဘယ်စုန်းများ ပါလိမ့်ကွယ်ရို့''
ဂရေစီသာဗာသည် မိုးကောင်းကင်မှကျလာသော မှိုပွင့်ကြီးကို ဇက်ကျိုးလုမတတ်မော့ကြည့်နေရင်း နှုတ်မှတတွတ်တွတ် ပြောနေ၏ ။
မှိုပွင့်သည် ဟိမဝန္တာတောင်ထွတ်နှင့် တဖြည်းဖြည်း နီးကပ်လာရာ ထိုအရာသည် လေထီးတစ်စင်း ဖြစ်နေသည်ကို တွေ့ ရပေ၏ ။
အနီရောင် ပိတ်စများ ဖြင့် ချုပ်လုပ်ထားသော လေထီးသည် တငြိမ့်ငြိမ့်ဖြင့် နိမ့်၍ ဆင်းလာလေသည်။
တစ်စတစ်စ နီးလာသည်နှင့်အမျှ လေထီး၏ ဆိုင်းကြိုးများ တွင် တွဲ လဲခို၍ စီးနင်းလာသော သူ၏ သွင်ပြင်မှာ တဖြည်းဖြည်း မြင်သာထင်ရှား လာလေသည်။
''အလို .မိန်းမ တစ်ယောက် ပဲ''
ဂရေစီက ရေရွတ်လိုက်သည်။
''ဟုတ်ပါရဲ့ .ဘယ်သူများ ပါလိမ့်''
မစ္စတာဘရောင်းကလည်း စိတ်ဝင်စားစွာ မော်ကြည့်နေရင်းမှ ပြောလိုက်လေသည်။
စုန်းသက်ကြားအိုနှစ် ဦးစလုံးက ကောင်းကင်သို့မော်ကြည့်ရင်း စိတ်ဝင်စားနေကြရာ ရွှေပွဲလာစုန်းပရိတ်သတ်အားလုံးတို့၏ အာရုံသည်လည်း အထက်မှကျလာသော လေထီးဆီသို့ ရောက်သွားကြလေ၏ ။
လေထီး၏ ဆိုင်းကြိုးများ ကို ချိုင်းကြားတွင် ရစ်သိုင်းရင်း တွဲ လဲခို လာသော စုန်းမသည် ဂါဝန်အဖြူပွပွကြီးကိုဝတ်ဆင်ထားပေ၏ ။ အောက်မှ မျှော်ကြည့်နေသူများ အမြင်တွင် လေထီနီနီကြီးကို နောက်ခံပြုလျက် အဖြူရောင် ထက်အောက်ဆင်တူဝတ်ထားသော စုန်းမကြီးကို ထင်ရှားစွာ မြင်နေရပေသည်။
စုန်းအားလုံး လေထီးကိုစိတ်ဝင်တစားမော့်ကြည့်နေစဉ်တွင် လေတစ်ချက်ကအထက်သို့ပင့်၍ တိုက်လိုက်လေရာ စုန်းမ၏ ဂါဝန်ပွပွကြီးသည် အထက်သို့လန်သွားလေ၏ ။
''အို''
''ဟိုက်''
''အမယ်လေးဗျာ''
အောက်မှ မော်ကြည့်နေသော စုန်းပရိသတ်အပေါင်းက အလန့်တကြား အော်ဟစ်လိုက်ကြလေ၏ ။ စုန်းခေါင်ချုပ်ကြီး ဖြစ်သော ဂရေစီသာဗာပင် ရင်များ တုန်သွားရလေသည်။
မစ္စတာဘရောင်းက ခေါင်းကိုအောက်သို့ အမြန်ငုံ့လိုက်လေ၏ ။
'တကတည်းတော် ၊ ဒါလောက်ကြီးမားတဲ့ ဂါဝန်မျိုးဝတ်လာမှတော့ အောက်ခံလေးလည်း ဝတ်လာသင့်ပါတယ်။ ဘယ်လိုစုန်းမမျိုးပါလိမ့်မလဲ''
''ငှဲ .ငှဲ .ငှဲ .ကျန်းမာတော် မူပါစ မမဂရေစီ၊ ငှဲ လျောင်း .ငှဲလျောင်း''
လေထီးဖြင့်ဆင်းသက်လာသည့် စုန်းမအိုကြီးက သူတို့အနီးသို့ ကျလာကာ ရယ်ကာမောကာဖြင့် နှုတ်ဆက်လိုက်လေ၏ ။
''အလို .ကိုကိုဘရောင်းတို့၊ ကိုကြီးသာဂေါင်တို့လည်း ရှိနေတာကိုး။ မတွေ့ ရတာ ကြာပြီနော်။ ခတီမာဘီဘီ့ကိုမှတ်မှမှတ်မိကြသေးရဲ့ လား .ကိုကိုတို .မမတို့ရဲ့ .ငှင်း .ငှင်း .ငှင်း''
ထိုအခါမှပင် လေထီးနှင့် ဆင်းသက်ရောက်ရှိလာသူမှာ စုန်းကုလားမ ခတီမာဘီဘီ ဖြစ်ကြောင်း သိလိုက်ရလေသည်။
''ဟဲ့ .ကလစုန်းမ၊ ညည်းတွေ့ လိုက်ရင် ဟီလာတိုက်နေတာချည်းပဲ။ ဝတ်တာစားတာလည်း လော်လည်လိုက်တာလွန်ရော။ အောက်ခံလေးဘာလေးနဲ့ ဝတ်ပါဦးတော် ရဲ့ ။ လာတော့လည်း အပေါ်စီးက''
''ခတီမာ .လွန်ခဲ့တဲ့နှစ် တစ်ရာကဆီမီနာမှာ နင့်ကို မတွေ့ မိဘူး မှတ်တယ်။ နင်ဘယ်ပျောက်နေတာလဲ''
'ဟုတ်ပါတယ် ကိုကိုသာဂေါင်၊ ၁၉ဝဝ ပြည့်နှစ် ဆီမီနာတုန်းက ခတီမာ မတက် ဖြစ်ပါဘူးရှင်။ ခတီမာလေစုန်းအတတ်နဲ့ မိုးပေါ်ကို မြင့်နိုင်သမျှမြင့်အောင် တက်ရင်း တက်ရင်းက အင်္ဂါဂြိုဟ်ပေါ်ကို ရောက်သွားတာ ကိုကိုသာဂေါင်ရဲ့ ''
''ဒါနဲ့ ပဲ အင်္ဂါဂြိုဟ်သားနဲ့ ညားနေရောလား''
''အို .ပြောရော့မယ် မမဂရေစီကလဲ၊ အင်္ဂါဂြိုဟ်ပေါ်မှာ လူမှ မရှိတာရှင့်။ အင်္ဂါဂြိုဟ်မှာ သက်ရှိသတ္တဝါတွေ မနေကြသေးပါဘူး''
''ဒါဖြင့် .ညည်းက ဘာလုပ်နေတာလဲ''
''ဟီ .ဟီ .ဟီ .ခတီမာက အမြော်အမြင်ကြီးတဲ့သူ ဆိုတော့ အင်္ဂါဂြိုဟ်ပေါ်မှာ မြေကွက်တွေ ရိုက်နေတာလေ။ဟီ .ဟီ အခု ခတီမာ အင်္ဂါဂြိုဟ်ပေါ်မှာ မြေကွက်ပေါင်းတစ်သော င်းကျော် ရိုက်ပြီးပြီ .ဟီဟိ .''
''အဲဒါတွေ နင်ဘာလုပ်ဖို့တုန်း''
''ကိုကိုဘရောင်းကလည်း ရောင်းစားမှာ ပေါ့။ အင်္ဂါဂြိုဟ်မှာ လူတွေ နေနိုင်တဲ့အချိန်ကျရင် မြေကွက်တွေ ပြန်ရောင်းစားမယ်လေ။ မပိုင်ဘူးလား .ငှီး .ငှီး .ငှီး .''
ခတီမာဘီဘီက သူမ၏ အကြံကို ရယ်ကာမောကာ ပြောပြနေပေသည်။
''ခတီမာက မမဂရေစီတို့လို ကိုကိုဘရောင်းတို့ ကိုကိုသာဂေါင် တို့လို မိတ်ဟောင်းဆွေဟောင်းတွေ ကိုတော့မရောင်းပါဘူး။ တစ်ယောက် ကို မြေတစ်ကွက်စီ လက်ဆောင်ပေးမှာ ပါ''
''လိုချင်ပါဘူးတော် ။ ညည်းအင်္ဂါဂြိုဟ်ပေါ်လည်း လိုက်မနေနိုင်ပေါင်။ ညည်းမို့ နှစ် တစ်ရာလုံး မပျင်းမရိအင်္ဂါဂြိုဟ်ပေါ်သွားနေတယ်။ အံ့ရော''
''စီးပွားတွက် တွက်မိတာကို မမဂရေစီရဲ့ ။ ဟိုမှာ တစ်ယောက် တည်းနေရတော့ နားအေးပါးအေးနဲ့ သိပ်လွတ်လပ်တာပဲ မမဂရေစီ။ ဘယ်လောက် လွတ်လပ်သလဲဆို လူ တစ်ယောက် မျှမရှိလို့ အဝတ်အစားတောင် ဝတ်စရာမလိုဘူး မမဂရေစီရဲ့ ။ ခတီမာဖြင့် ဒီအတိုင်းပဲ လွတ်လွတ်လပ်လပ်ကြီး နေပစ်လိုက်တာပဲ''
''အောင်မယ်လေးတော် ''
''အင်္ဂါဂြိုဟ်ပေါ်မှာ ဆွဲငင်အားကလည်းများ တော့ အဝတ်အစား ဝတ်ထားရင် သိပ်လေးလံတယ်လေ''
'' ဖြစ်မှ ဖြစ်ရလေ''
''အဲဒါကြောင့် အခုမှ ၂ဝဝဝ ပြည့်နှစ် ပွဲအမီ မြန်မြန်ဆင်းလာလိုက်တာ၊ အဝတ်အစားအဟောင်းတွေ ပဲပြန်ဝတ်ခဲ့ရတယ်လေ။ အဝတ်အစားမဝတ်တာကြာတော့ အောက်ခံဝတ်ဖို့ကို မေ့သွားတာ မမဂရေစီ ရဲ့ ''
''တော် ပါတော့အေ .တော် ပါတော့ . မကြားပါရစေနဲ့ တော့''
''ဒါနဲ့ ၁၉ဝဝ ပြည့်နှစ် တုန်းကပွဲမှာ မမဂရေစီ စုန်းခေါင်ချုပ် အရွေးခံရတယ်နော်''
''အင်္ဂါဂြိုဟ်ပေါ်ကနေ ညည်း ဒါတွေ ဘယ်လိုသိလဲ''
''ခတီမာ့မှာ မှော်ဓာတ်လုံးပါတယ်လေ မမဂရေစီ။ ခတီမာက နေ့တိုင်း ကမ္ဘာပေါ်ကို မှော်ဓာတ်လုံးနဲ့ ကြည့်နေတာပါ။ ကမ္ဘာနဲ့ အဝေးကြီးမှာ နေပေမဲ့ ခတီမာ့မှာ ကမ္ဘာ့ဗဟုသုတတွေ မချို့တဲ့ပါဘူး မမဂရေစီ''
''ဒါတစ်ခုတော့ ညည်းကိုချီးကျူးတယ်အေ''
''ငှင်း .ငှင်း .ဟင်း .ဟင်း''
ခတီမာဘီဘီက သူမကို ချီးမွမ်းလိုက်၍ ပခုံးလေးတွန့်ကာ ရယ်နေလေသည်။ ပြီး သူမ၏ မှော်ဓာတ်လုံးကြီးကိုရင်နှစ် မြွှာကြားထဲ ထည့်ထားရာမှ ထုတ်ပြလိုက်သည်။
''တခြားဂြိုဟ်ပေါ်ကနေ လှမ်းကြည့်လို့တောင် မြင်ရတယ်ဆိုတော့ ညည်းဓာတ်လုံးက တော် တော် စွမ်းတာပဲအေ့''
''ဒီဓာတ်လုံးကြီးဟာ ခတီမာ့ရဲ့ အသွေးအသားအသက်ပါ မမဂရေစီ''
ခတီမာက ဓာတ်လုံးကြီးဖြင့်ပါးကိုပွတ်ရင်း မခို့တရို့ ပြောလိုက်လေသည်။
''ဒီပွဲမှာ လိုအပ်ရင် ညည်းဓာတ်လုံးကို သုံးသင့်ရင်သုံးရမယ် ခတီမာရယ်''
''သုံးပါ မမဂရေစီ .သုံးပါ။ ဒါနဲ့ စကားမစပ် ဒီရာစုအသစ်မှာ ရော မမဂရေစီ စုန်းခေါင်ချုပ်အ ဖြစ်အရွေးခံဦးမှာ လား''
''တော် ပါပြီအေရယ် . ငါ့အသက်လည်း ကြီးလှပါပြီ။ စုန်းခေါင်ချုပ်လည်း အရွေးမခံတော့ဘူး။ လူအ ဖြစ်လည်းအသက်ဆက်မရှည် ချင်တော့ဘူး။ ဒီပွဲပြီးတာနဲ့ ငါ့ဝိညာဉ်ကို ချုပ်ငြိမ်းပစ်လိုက်တော့မယ်အေ့''
''အင်း .မမဂရေစီကတော့ စုန်းခေါင်ချုပ် ဖြစ်ဖူးသွားပြီဆိုတော့ လူ ဖြစ်ကျိုး စုန်း ဖြစ်ကျိုးနပ်ပါပြီ။ ခတီမာတော့စုန်းတို့လောကမှာ အရေး ပါအရာရောက်တဲ့ လူ တစ်ယောက် ဖြစ်ချင်သေးတယ်။ အဲဒါကြောင့် အခု ကျင်းပတဲ့ စုန်းခေါင်ချုပ်ရွေးချယ်ပွဲမှာ အရွေးခံဖို့အတွက် အမည် စာရင်း တင်သွင်းမလို့ပါ မမဂရေစီ''
''ဒါတော့ စုန်းတိုင်းရဲ့ အခွင့်အရေး ပဲ၊ ညည်းစာရင်းတင်ချင်လည်း တင်ပေါ့။ ကဲ .ကဲ .စာရင်းသွင်းမယ်ဆိုရင်ရွေးကောက်ပွဲကော်မတီရုံးမှာ စာရင်းသွားသွင်းချည်၊ ငါလည်း လာမယ့်ဧည့်သည်တွေ ကို ကြိုလိုက်ဦးမယ်''
နောက်ထပ်ရောက်လာသော ဧည့်သည်များ မှာ များ ပြားလှပေ၏ ။
အာဖရိကတိုက်မှ ဗူးဒူးမှော်ဆရာကြီးများ ၊ အရှေ့တိုင်းမှ ဆယ့်နှစ် ကြိုးကဝေများ ၊ အောက်လမ်းဆရာများ စသည့် မှော်အတတ်၊ စုန်းအတတ်နှင့် ပတ်သက်သော ပညာသည်ပေါင်း စုံလင်စွာ ပင် ရောက်ရှိလာလေသည်။သူတို့သည် တောတောင်လျှိုမြောင်များ ကြားမှ အလျှိုအလျှို ပေါ်ထွက်လာကာ စုန်းပညာနှီးနှောဖလှယ်ပွဲနှင့်စုန်းခေါင်ချုပ်ရွေးကောက်ပွဲကြီးသို့ နေရာအနှံ့မှ နည်းလမ်းအသွယ်သွယ်ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်၏ ။ မိမိအတတ်ပညာကို လျှို့ဝှက်လိုသူများ က ဟိမဝန္တာတောတစ်နေရာတွင် စခန်းတစ်ထောက်ရပ်နားပြီးမှ စုန်းခေါင်းချုပ်ကြီးဂရေစီသာဗာ၏ ရဲတိုက်ကြီးသို့ သာမန်အတိုင်း ခြေကျင်လျှောက်၍ လာကြသည်။
မိမိပညာကို ကြွားဝါလိုသူများ ကမူ ကောင်းကင်ယံမှလည်းကောင်း၊ မြေလျှိုးမိုးပျံ၍ လည်းကောင်း၊ မိမိဖန်ဆင်းထားသော စီးတော် ယာဉ်၊ တိရစ္ဆာန်အကောင်ပလောင်များ ကို စီးနင်း၍ လည်းကောင်း၊ မိမိကိုယ်တိုင် ထူးဆန်းသော သတ္တဝါများ အသွင် ဖန်ဆင်း၍ လည်းကောင်း ရောက်လာကြလေသည်။
ဥရောပတိုက်မှ စုန်းမများ ကမူ တံမြက်စည်းတစ်ချောင်းကိုခွ၍ ကောင်းကင်မှလေဟုန်စီးကာ ရှေးရိုးဆန်ဆန်ပင် ရောက်ရှိလာလေ၏ ။ အာရေဗျမှ နှုတ်ခမ်းမွေးကားကားဖြင့် မှော်ဆရာကြီးအချို့က ကော်ဇောပျံများ ပေါ်တွင် ခပ်မြိန့်မြိန့်ကြီးထိုင်၍ စီးနင်းကာ ဣနြေ္ဒကြီးတစ်ခွဲသားဖြင့် ရောက်ရှိလာပေ၏ ။
နဂါးအသွင်ဖန်ဆင်း၍ ကောင်းကင်မှ ရောက်ရှိလာသူများ ၊ လင်းတ အသွင်ဖန်ဆင်း၍ မိုးပေါ်မှပျံဝဲလာသူများ ၊သိမ်းငှက်အသွင် ဖန်ဆင်းလာသူများ လည်း ရှိပေသည်။
သူတို့အားလုံးသည် ဂရေစီသာဗာ၏ ရဲတိုက်ကြီးသို့ ရောက်သည်နှင့် မူလအသွင်သို့ပြောင်းလဲကာ အပေါက်ဝမှစောင့်ကြိုနေသည့် စုန်းခေါင်ချုပ်ကြီးမစ္စဂရေစီသာဗာကို နှုတ်ဆက်ဂါရဝပြုကြသည်။
ညသန်းခေါင် ၁၂ နာရီသို့နီးလာသည်နှင့် ဧည့်ပရိသတ်များ စုံလင်သလောက် ဖြစ်သွားလေသည်။စုန်းခေါင်ချုပ်အ ဖြစ် ရွေးချယ်ခံမည့် သူများ က ကော်မတီရုံးခန်းသို့သွားကာ စာရင်းပေးကြသည်။မကြာမီ စုန်းခေါင်ချုပ်ရွေးချယ်ပွဲကြီး ကျင်းပပေတော့မည် ။ စုန်းခေါင်ချုပ်ရွေးချယ်ပွဲပြီးလျှင် စုန်းပညာနှီးနှောဖလှယ်ပွဲကြီး ဆက်လက် ကျင်းပမည် ဖြစ်၏ ။
ပွဲသဘင်ကျင်းပရာ ကွင်းပြင်ကြီး၌ ကား တီးသူမဲ့တူရိယာများ မှ ထွက်ပေါ်လာသည့်ဂီတသံများ ၊ စုန်းအချင်းချင်းနှုတ်ဆက်စကားပြောသံများ ၊ စုန်းခေါင်ချုပ်ရွေးချယ်ခံမည့် သူများ ၏ မိမိကိုယ်ကို ကြော်ငြာမဲဆွယ် နေသည့်အသံများ ဖြင့်ကြွက်ကြွက်ညံနေလေ၏ ။
လက်ရှိစုန်းခေါင်ချုပ်ကြီးမစ္စဂရေစီသာဗာက အခမ်းအနားကျင်းပရာ ကွင်းထဲသို့ ခြေဦးလှည့်လိုက်လေသည်။
x x x x x
(၂)
၁၉၉၉ ခုနှစ် ၏ ဒီဇင်ဘာလ ၃၁ ရက်နေ့ညနေခင်း။
ရန်ကုန်မြို့၏ လူကုံထံများ နေထိုင်ရာ ခြံဝင်းကျယ်ကြီးတစ်ခုအတွင်း၌ နှစ် သစ်ကူးပွဲကျင်းပရန် ပြင်ဆင်နေကြလေသည်။
အိမ်ရှင်အ ဖြစ် ပွဲလက်ခံကျင်းပသည့်အိမ်၌ မောင်နှမသုံးယောက် ရှိသည်။ မောင်နှမ တစ်ယောက် လျှင် ကိုယ့်သူငယ်ချင်း ငါးဦးစီ ဖိတ်ကြကြေးဖြင့် မောင်နှမသုံးယောက် သား ပိုက်ဆံစုပြီး နှစ် သစ်ကူးပွဲ ကျင်းပကြခြင်း ဖြစ်လေသည်။
မိဘများ ဖြစ်သည့် ဒေါက်တာရွှေလနှင့် ဒေါက်တာစန္ဒာတို့မှာ သူတို့အလုပ်လုပ်သည့် ဆေးတိုက်ကြီးမှပြုလုပ်သော နှစ် သစ်ကူးပွဲကို သွားရောက်နေကြ၍ အိမ်တွင် မောင်နှမသုံးယောက် သာ ကျန်ရစ်ကြလေ၏ ။မောင်နှမသုံးယောက် နှင့် သူတို့သူငယ်ချင်းများ သည် အိမ်ဖော်သုံးဦးအကူအညီဖြင့် နှစ် သစ်ကူးပွဲကို သူတို့စိတ်တိုင်းကျ ကျင်းပရန် ပြင်ဆင်နေကြလေသည်။
ပုံမှန်အားဖြင့် တကျက်ကျက် ရန် ဖြစ်နေကျ ဖြစ်သော မောင်နှမသုံးယောက် မှာ ဒီနေ့တော့ တက်ညီလက်ညီနှင့်တည့်နေကြလေသည်။
ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ အစ်မအကြီးဆုံး ကေသရီ။
ကွန်ပျူတာတက္ကသိုလ် တတိယနှစ် ကျောင်းသား မောင်အလတ် သရဝဏ်။
ပထမနှစ် ဥပဒေကျောင်းသူ ညီမအငယ်ဆုံး ဘရဏီ တို့ ဖြစ်ကြလေ၏ ။
မြညှင်းလေပြေသည် ဘရဏီ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်၍ သည်ပွဲကိုတက်ရောက်လာခြင်း ဖြစ်သည်။ ဘရဏီဖိတ်ထားသော သူငယ်ချင်း ငါးယောက် မှာ လည်း ကျောင်းမှာ အတူတွဲ နေကျသူများ ပင် ဖြစ်သည်။အိမ်ရှင်မောင်နှမက သုံးယောက် ၊ ဧည့်သည်က ဆယ့်ငါးယောက် မို့ စုစုပေါင်း ၁၈ ယောက် သည် နည်းသည်ဟုလည်း မဆိုသာ၊ များ သည်လို့လည်း မပြောသာပေ။
အသက်အရွယ် သုံးမျိုး ဖြစ်သော မောင်နှမသုံးယောက် ၏ ဧည့်သည်များ မှာ လည်း သုံးမျိုးသုံးစား ဖြစ်နေလေသည်။
အကြီးဆုံး ကေသရီ၏ သူငယ်ချင်းအားလုံးမှာ ကေသရီကဲ့သို့ ဆေးတက္ကသိုလ်ကျောင်းသူများ ဖြစ်ပြီး အသက်၂ဝကျော်သူများ ဖြစ်သည်။ အားလုံးထဲတွင် အသက်အကြီးဆုံး၊ ပညာရည်အမြင့်ဆုံးဆိုသည့် မာန်ဖြင့် နည်းနည်း တော့ဟန်ကြီးပန်ကြီးနိုင်သည်ဟု သရဝဏ့်စိတ်ထဲမှာ ထင်သည်။
ကြည့်လေ .အငယ်တွေ က ယောက်ျားလေးရော၊ မိန်းကလေးပါ တက်ညီလက်ညီ လုပ်စရာရှိတာလုပ်နေသည့်အချိန်တွင် သူတို့က ဗီဒီယို ထိုင်ကြည့်သူက ကြည့်နေသည်။ မဆီမဆိုင် သူတို့လည်း နားမလည်ဘဲနှင့်ဝိုင်တူးကေ Y2K ကိစ္စကို ဆွေးနွေးနေကြသေးသည်။
သရဝဏ်က ပျော်ပွဲရွှင်ပွဲလုပ်မည့် အချိန်မှာ ရန်မ ဖြစ်ချင်၍ ကေသရီနှင့်သူငယ်ချင်းများ ကို မျက်စောင်းထိုးကြည့်ကာ ခြံထဲသို့ထွက်လာခဲ့သည်။
ခြံထဲ၌ သရဝဏ့်သူငယ်ချင်းယောက်ျားလေးများ က သစ်ပင်များ ပေါ်၌ ရောင် စုံမီးလုံးများ ကို သွယ်တန်းချိတ်ဆွဲနေကြသည်။ ညီမလေး ဘရဏီ၏ သူငယ်ချင်းများ က မီးကင်မည့် အသားများ ကို ဒိန်ချဉ်ထဲတွင် စိမ်နေကြ၏ ။ အချို့ကမီးကင်မည့် အာလူးများ ကို ပြုတ်နှင့်နေကြသည်။
သည်ညအစီအစဉ်မှာ မီးပုံပွဲကျင်းပပြီး ကာရာအိုကေဆိုကြမည် ။ ပါဆယ်ဂိမ်းကစားကြမည် ။ မီးပုံတွင် အသားများ ၊ အသီးအရွက်များ ကို ကိုယ်တိုင်ကင်စားကြမည် ဖြစ်၏ ။
သရဝဏ်က ညီမ ဖြစ်သူ ဘရဏီ့သူငယ်ချင်းတွေ အားလုံး တက်ညီလက်ညီလုပ်ကိုင်နေကြတာ မြင်လိုက်၍ ကျေနပ်သွား၏ ။
''လေပြေ .ဝါးခြမ်းတွေ ကို ခွဲနေတာလား၊ လက်ဓားရှဦးမယ် နော်''
အကင်ကိုထိုးသီမည့် ဝါးတံများ ကို ဓားတစ်ချောင်းနှင့် စိတ်ဖြာနေသည့် မြညှင်းလေပြေအနီးသို့ကပ်သွားကာသရဝဏ်က မေးလိုက်သည်။
ဘရဏီက သူ့အစ်ကိုအ ဖြစ်သည်းပုံကိုကြည့်၍ မျက်စောင်းထိုးလိုက်၏ ။
''ဘရဏီတို့ နင်တို့ လေပြေ့ကို ဝိုင်းကူလုပ်ပေးလိုက်ကြဦးလေ။ ဒီမှာ လေပြေ တစ်ယောက် တည်း လုပ်နေတယ်''
''အမယ်လေး .အဲဒီ တုတ်ချောင်းတွေ အကုန်လုံး ဝါးလုံးဘဝကနေ တုတ်ချောင်းဘဝရောက်အောင် ညီမလေးတို့ သူငယ်ချင်းတွေ ဝိုင်းလုပ်ထားတာပါနော်။ လေပြေက အချောသပ်နေတာပါ။ ထူးပြီးပင်ပန်း မ သွားပါဘူးကိုကိုရယ်၊အ ဖြစ်သည်းမနေပါနဲ့ ''
''ကိုသရဝဏ် .ဟောဒီမှာ အသားတုံးတွေ လှီးဖြတ်နေရလို့ တစ်ကိုယ်လုံးညှီစော်နံနေတဲ့ နီလာတို့ကိုလည်းသနားပါဦး''
နီလာနှင့်အတူ အသားများ ကိုင်နေသည့် လဲ့ရီဝင်းနှင့်ပြုံးပြုံးယဉ်တို့က စပ်ဖြဲဖြဲမျက်နှာပေးဖြင့် လှမ်းပြောလိုက်သည်။
''အေးပါ .ငါ နင်တို့နားမရောက်သေးလို့ မမြင်လို့ပါဟ။ နင်တို့က တာဝန်ကျေတယ်။ မမကြီးတို့အုပ်စုကိုငါက မကြည်တာ။အိမ်ထဲမှာ ဗီဒီယိုထိုင်ကြည့်နေကြတယ်လေ''
သရဝဏ်က အရှက်ပြေပြောရင်း နီလာတို့သုံးယောက် ဆီ လျှောက်သွားသည်။
''ဟ .အသားတွေ နင်တို့ကောင်းကောင်းကိုင်တတ်ရဲ့ လား၊ ဒေါ်ရွှေ့ကိုလုပ်ခိုင်းလေ။ ဒေါ်ရွှေရော .ဒေါ်ရွှေ၊အိမ်ဖော်တွေ လည်း ဒီနားမှာ တစ်ယောက် မှမရှိပါလား ဒေါ်ရွှေ''
သရဝဏ်က အိမ်ထဲကိုလှည့်အော်လိုက်သည်။
''လာပါပြီ ကိုသွင်''
အသက်ငါးဆယ်ကျော်အရွယ် အိမ်ဖော်မကြီးဒေါ်ရွှေ အပြေး ရောက်ချလာသည်။
''ဒေါ်ရွှေ .ဒီမှာ အငယ်တွေ ချည်း အသားတွေ လုပ်နေတာ။ သူတို့ ကောင်းကောင်းဘယ်နိုင်မှာ လဲ။ ဒေါ်ရွှေကူညီမှပေါ့''
''ဒေါ်ရွှေနဲ့ လှချိန်က ဦးဖိုးမှီနဲ့ အတူတူ မီးပုံပွဲလုပ်ဖို့ ထင်းချောင်း တွေ ခွဲပေးနေတာပါ ကိုသွင်။ ဒီနားမှာ မလုံးကို ဒေါ်ရွှေ ကူခိုင်းထားပါ တယ်။ မလုံး ဘယ်ရောက် သွားပါလိမ့်''
''မမကြီး အအေးဖျော်ခိုင်းလို့ သွားဖျော်နေတယ်''
ဘရဏီက ဝင်ပြောလိုက်သည်။
အိမ်မှာ မိန်းမအိမ်ဖော်သုံးယောက် ရှိရာ ဒေါ်ရွှေ၊ မလုံးနှင့် မလှချိန်တို့ ဖြစ်ကြသည်။ သူတို့အထဲမှာ ဒေါ်ရွှေကအသက်အကြီးဆုံးမို့ ခေါင်းဆောင် ဖြစ်သည်။ ဦးဖိုးမှီဆိုသူမှာ ခြံစောင့်နှင့်မာလီတာဝန်ကို တွဲ ယူရသော အဘိုးကြီး ဖြစ်ပါသည်။
''အဲဒီ မမကြီးတို့အုပ်စုက တော် တော် အခြေကြီးတယ်။ ဘာမျှ ကူမလုပ်ဘဲ ဒီမှာ လုပ်နေတဲ့လူကိုတောင်သူတို့က ခေါ်ခိုင်းလိုက်သေးတယ်''
''ဒေါ်ရွှေတို့ ထင်းခွဲတာ ပြီးတော့မှာ ပါ ကိုသွင်။ ပြီးရင် ဒေါ်ရွှေ ဘရဏီတို့ကို ကူလုပ်ပေးလိုက်ပါမယ်။အချိန်ရှိပါသေးတယ်ကွယ်၊ မပူပါနဲ့ ကိုသွင်''
''ဟုတ်ပြီ .ဟုတ်ပြီ၊ ဒါဆို ဒေါ်ရွှေ လုပ်စရာရှိတာ သွားလုပ်ပါ''
သရဝဏ်က ဒေါ်ရွှေ့ကိုတော့ စိတ်ကျေနပ်မှု အပြည့်ရှိသည်။ ဒေါ်ရွှေ ဒီအိမ်မှာ နေလာတာ ခြောက်နှစ် ကျော်ပြီ ဖြစ်သလို သရဝဏ့်အကြိုက်ကိုလည်း အားလုံးသိ၏ ။ ဒါ့ကြောင့်လည်း သရဝဏ်က သူ့ ဝေယျာဝစ္စမှန်သမျှ ဒေါ်ရွှေ့ကိုပဲ ခိုင်းလေသည်။
အိမ်ဖော်သုံးယောက် တွင် ဒေါ်ရွှေက သရဝဏ့်တာဝန်ကိုယူရကာ၊ မလုံးက မမကြီးကေသရီ့ လက်စွဲ ဖြစ်သည်။အိမ်ဖော်ထဲမှာ အငယ်ဆုံး ဖြစ်သည့် မလှချိန်က အငယ်ဆုံးညီမဘရဏီ့ ခိုင်းဖတ် ဖြစ်နေတော့၏ ။ တရားဝင် တာဝန်ခွဲပေးထားခြင်းမဟုတ်ပဲ သူ့အလိုအလျောက် ဖြစ်နေကြခြင်း ဖြစ်သည်။
ဒေါ်ရွှေသည် သရဝဏ့်နာမည် ကို မခေါ်တတ်ရှာပေ။ ရိုးသားသော တောသူမကြီး ဖြစ်သည့်အားလျော်စွာ မှည့်လေ့မှည့်ထ မဟုတ်ဘဲ ဆန်းဆန်းပြားပြားမှည့်ထားသည့် 'သရဝဏ်'ဆိုသည့်အမည် ၏ အသံထွက်ကို မထွက်တတ်ရှာချေ။ ဖေဖေ၊ မေမေတို့က 'သရဝင်၊ သရဝင်'ဟု အသံထွက်အတိုင်းခေါ်သံကို သူ့နားထဲတွင် 'သွင်' ဟုကြားကာဒီအိမ်ရောက်စကတည်းက 'ကိုသွင်'ဟု ခေါ်နေခြင်း ဖြစ်ပါသည်။ နောက်ရောက်လာသည့် အိမ်ဖော်များ က သရဝဏ့်အမည် ရင်းကိုပင် ကိုသွင်ဟု ထင်နေကြရှာသည်။
ဒေါ်ရွှေသည် အညာမြို့တစ်မြို့၏ ရွာငယ်လေးတစ်ရွာမှ အလုပ်လာလုပ်နေသူ ဖြစ်သည်။ အညာတွင် အိမ်ထောင်သည်သား တစ်ယောက် ကျန်ခဲ့သည်။ သားနှစ် ယောက် ရှိရာ သားအငယ်သည် ချောင်းထဲတွင် ရေနစ်သေဆုံးသွားသည်ဟု ဆိုသည်။ ထိုသေသွားသော သားငယ်မှာ သရဝဏ်နှင့်တူသည်ဆိုကာ သရဝဏ်ကို ချစ်နေရှာခြင်း ဖြစ်လေ၏ ။
သရဝဏ်ကလည်း သူ့အပေါ်ဂရုတစိုက်ရှိလှသည့် ဒေါ်ရွှေ့ကို ခင်မင်မိပါသည်။ ဒေါ်ရွှေသည် အညာသူအဘွားကြီး ဖြစ်ပြီး ငယ်စဉ်က ပင်ပန်းကြမ်းတမ်းသော အလုပ်များ လုပ်ခဲ့ရ၍ ရုပ်ရည်မှာ ရှိရင်းစွဲအသက်ထက် အိုစာနေရှာသည်။ အသားမည်း၍ ပါးရေနားရေတွန့်နေရှာပြီ။ မေမေနှင့် ရွယ်တူများ ဖြစ်သော်လည်း ယှဉ်ကြည့်လျှင် ဒေါ်ရွှေက ဆယ်နှစ် လောက် ပိုကြီးသည်ထင်ရ၏ ။ မြို့အနေနှင့်တောအနေကွာခြားခြင်းပါပဲ။ သို့သော် ဒေါ်ရွှေ့မျက်နှာ၌ ကြည့်ကောင်းသော ဆွဲဆောင်မှု တစ်ခုတော့ ရှိနေသည်။ မျက်ခုံးနှစ် ခု၏ အလယ်တည့်တည့်တွင် ရှိသော မှဲ့သီးကြီး ဖြစ်ပါ၏ ။ လက်သန်း၏ လက်သည်းခွံလောက်ရှိသော အနက်ရောင် မှဲ့သီးကြီးက ဒေါ်ရွှေ၏ မျက်ခုံးနှစ် ခုကြား၊ နဖူးအလယ်တည့်တည့်၌ ထင်းထင်းကြီး ရှိနေသည်။
သရဝဏ်က နောက်ဖေးဘက်မှ အစားအသောက်လုပ်ငန်းများ ကို စစ်ဆေးအပြီးတွင် အိမ်ရှေ့ခြံထဲ၌ မီးလုံးများ သွယ်တန်းနေသည့် သူငယ်ချင်းများ ရှိရာသို့လာခဲ့လေ၏ ။ ကိုယ်က အိမ်ရှင် ဖြစ်ကာ ယောက်ျားလေးလည်း ဖြစ်သည်မို့ပွဲစည်စည်ကားကားနှင့် လှလှပပ ဖြစ်ဖို့မှာ ကိုယ့်တာဝန်လို့ပဲ သရဝဏ်က ယူဆထားသည်။အိမ်ရှေ့ကို သရဝဏ်ရောက်သွားချိန်၌ သူ့သူငယ်ချင်းများ က မီးလုံးများ သွယ်တန်းပြီးနေပေပြီ။ ရောင် စုံမီးလုံးများ က ပင်လယ်ကဗွီးပင်များ ကြားတွင် လှိုင်းတွန့်သ္ဌဏာန်၊ ကြက်ခြေသ္ဌဏာန်၊ စက်ဝိုင်းသ္ဌဏာန် များ ဖြင့် ပုံစံမျိုးစုံ ချိတ်ဆွဲလျက်ရှိလေသည်။
''ပြီးပြီ သရဝဏ်ရေ''
တစ်ယောက် က သတင်းပေးလိုက်သည်။
''Current ဝင်ရဲ့ လား၊ အိမ်ထဲကပလပ်မှာ ထိုးပြီး ဂျွိုင်းကြည့်ပါဦး''
သရဝဏ်က မီးကြိုးအစတစ်ဖက်မှ ပလပ်ခေါင်းဖြင့် အိမ်ထဲမှ ဘုတ်ခုံပလပ်ပေါက်တွင် ထိုးလိုက်သည်။သွယ်တန်းထားသော မီးကြိုးတစ်လျှောက်မှ ရောင် စုံမီးသီးလေးများ က တဖျတ်ဖျတ်ဖြင့် အစီအရီ လင်းလက်သွားလေသည်။
''အိုကေဟေ့ .လှတယ်ကွာ၊ မင်းတို့ကိုချီးကျူးတယ်''
သရဝဏ်က သူငယ်ချင်းများ ကို ကျေးဇူးစကား ပြောလိုက်သည်။
''ကဲ .သူငယ်ချင်းတို့ရေ၊ ပင်ပန်းတယ်လည်း မထင်နဲ့ ။ ခုံတွေ စားပွဲတွေ ရွှေ့ကြရအောင်ကွာ။ ပြီးရင်တီဗွီရော ဗီစီဒီစက်ရော ဆောင်းဘောက်တွေ ပါ ရွှေ့ရဦးမှာ ၊ မိုးမချုပ်ခင်လုပ်လိုက်ကြစို့''
''လုပ်လိုက်လေ ကြာသလားလို့''
''ကျော်စွာ တစ်ယောက် ကော''
သရဝဏ်က သူငယ်ချင်းငါးယောက် တွင် တစ်ယောက် လျော့နေ၍ မေးလိုက်သည်။
''ကားနဲ့ ထွက်သွားတယ်၊ ဒါ သွားဝယ်တာ''
သီဟအောင်က ညာဖက်လက်မကိုထောင်ကာ နှုတ်ခမ်းတွင် တေ့ပြရင်းပြောလိုက်သည်။ အရက်သွားဝယ်တယ်ဟု ဆိုလိုခြင်း ဖြစ်၏ ။
''မိန်းကလေးတွေ က များ တယ်နော်၊ မင်းတို့သိပ်လုပ်လို့ မ ဖြစ်ဘူး''
''ဒီတိုင်းမသောက်ပါဘူးကွာ၊ ပန့်ခ်ျ Punch ဖောက်မှာ ပါ။ မိန်း ကလေးတွေ ပါ သောက်လို့ရအောင်တဲ့။ ဆရာကြီးကျော်စွာ က လက်စွမ်းပြပါလိမ့်မယ်''
အရက်ကိုပန့်ခ်ျဖောက်သည်ဆိုသည်မှာ အရက်ထဲသို့ အချိုရည်၊ သကြားနှင့်အတူ ဖရဲသီး၊ သခွားချိုသီး၊စတော် ဘယ်ရီစသည့် ပျော့ပျောင်းသော အသီးများ ကိုထည့်ပြီး ရောမွှေဖျော်စပ်ခြင်း ဖြစ်ပါသည်။
ကျော်စွာ မရှိ၍ သရဝဏ်နှင့် ကျန်သည့်သူငယ်ချင်းလေးယောက် အိမ်ထဲဝင်ခဲ့ကာ စားပွဲကုလားထိုင်များ ကိုမ,ထုတ်သည်။
သူတို့ စားပွဲသယ်နေချိန်၌ ကေသရီတို့အုပ်စုက ဗီဒီယိုဇာတ်ကားကြည့်ကောင်းတုန်း။မလေးရှားစုန်းကားတစ်ကားကို ထိုးကြည့်နေကြခြင်း ဖြစ်သည်။
မြညှင်းလေပြေလည်း ကေသရီတို့အုပ်စုနှင့်အတူ ထိုင်ကြည့်နေတာကို မြင်ရ၏ ။
မိန်းကလေးများ က စုန်းကားထဲမှ ရွံရှာစက်ဆုပ်ဖွယ်၊ အသည်းယားဖွယ်ပြကွက်များ ကိုကြည့်ကာ 'တဟင်ဟင်.တဟယ်ဟယ်' ဖြစ်နေကြသည်။ သရဝဏ်လှမ်းကြည့်လိုက်တော့ စုန်းမကြီးပါးစပ်ထဲက မြွေအသေးလေးတွေ အကောင်ပေါင်းများ စွာ အရှင်လိုက်ထွက်ကျလာတာကို မြင်လိုက်ရ၏ ။
ထိုပြကွက်ကိုကြည့်၍ တဝေါ့ဝေါ့ တအေ့အေ့နှင့် အန်ချင်သလို ဖြစ်ကုန်ကြသည်။
''သူတို့မို့လို့ ဒါကြီးတွေ ကြည့်နေတယ်''
သရဝဏ်က နှာခေါင်းရှုံ့ရင်းပြောလိုက်သည်။
''မမကြီး၊ ကာရာအိုကေဆိုဖို့ အဲဒီ တီဗွီ ခြံထဲရွှေ့မှာ နော်။ ခုံတွေ သယ်ပြီးရင် တီဗွီနဲ့ အောက်စက်ကို လာသယ်လှည့်မယ်''
သရဝဏ်က ကေသရီတို့ အုပ်စုကို သတိပေးလိုက်သည်။
x x x x x
ကိုးနာရီမထိုးခင်မှာ အတော် များများ ပြင်ဆင်လို့ပြီးသွားသည်။
ခြံထဲကသစ်ပင်များ မှာ ရောင် စုံမီးလုံးများ လင်းချည်မှိန်ချည်ဖြင့် လှပနေသည်။ မီးဆင်ထားသော သစ်ပင်များ ကြားမှာ စားပွဲရှည်သုံးလုံးကို အရှည်လိုက်ဆက်ကာ အကင်လုပ်စားမည့်  အသားနှင့်အသီးအနှံများ ကို တံစို့ထိုးလျက် အဆင်သင့် တင်ပေးထားသည်။ မိမိကြိုက်ရာကိုယူပြီး ကိုယ်တိုင်ကင်စားရမည့် စနစ် ဖြစ်ပါသည်။
ကုလားထိုင်များ ကိုတော့ ခြံဝဦးလှည့်၍ စီထားလိုက်သည်။ ကုလားထိုင်များ နှင့် မျက်နှာချင်းဆိုင်မှာ တီဗွီနှင့်ဗွီစီဒီစက်ထားပြီး ကာရာအိုကေဆိုကြမည် ။ ပါဆယ်ဂိမ်းကိုလည်း ကုလားထိုင်များ ချထားသည့် ကွက်လပ်မှာ ကစားမည် ။ ပါဆယ်ဂိမ်းကစားချိန်တွင် ကုလားထိုင်တွေ ဘေးခဏထုတ်ထားရမည် ဖြစ်သည်။
အစီအစဉ်က ပါဆယ်ဂိမ်းကစား၊ ကစားရင်း မီးပုံမှာ အကင်, ကင်စားကြ။ ပြီးတော့မှ ကာရာအိုကေဆိုရင်း၁၂ နာရီထိုးသည်အထိ စောင့်ကြမည် ဖြစ်သည်။
၁၂ နာရီတိတိတွင် ဟက်ပီးနယူးယီးယားဟု အော်ကြမည် ။ နှစ် သစ်,ရာစုသစ်ကို ပျော်ပျော်ပါးပါးကြီးကူးကြမည် ။
အရက်ထွက်ဝယ်တဲ့ကျော်စွာ လည်း ပြန်ရောက်နေပြီး ရမ်အရက်ထဲကို အသီးအနှံတွေ သကြားအချိုရည်တွေ ထည့်ဖျော်စပ်လို့ ပန့်ခ်ျ ဖောက်နေပြီ ဖြစ်သည်။
တီဗီတင်မယ့်စားပွဲဘေးမှာ လည်း ဆောင်းဘောက်စ်ကြီး လေးလုံးကို အကွာအဝေးညီညီချပြီးပြီ။လိုတာဆိုလို့ စားပွဲပေါ်ကို တီဗီတင်ဖို့ပဲ လိုတော့သည်။
သရဝဏ်သည် ဒီနေ့အဖို့ ရန်မ ဖြစ်အောင်နေမယ်လို့ စိတ်လျှော့ထားရင်းမှ မမကြီးကေသရီတို့အုပ်စုကိုမကြည်မသာ ဖြစ်သွားရလေသည်။ ကြည့်လေ .ဒီမှာ အငယ်တွေ က လိုလေးသေးမရှိအောင် လုပ်ကိုင် နေတုန်းမှာ သူတို့က ဗီဒီယိုအကြည့်မပျက်ကြ၊ အိမ်ထဲက ခုထိထွက်မလာကြသေး။
ကာရာအိုကေဆိုဖို့တီဗီမှာ သူတို့ကြည့်နေသည့်တီဗီကို ရွှေ့ရမည် ဖြစ်သည်။သရဝဏ်စိတ်တိုတိုနှင့်ပင် အိမ်ထဲပြန်ဝင်သွားသည်။
''ကဲ .မမကြီးတို့၊ တော် ကြတော့ဗျာ။ ကိုးနာရီထိုးနေပြီ၊ ပွဲစတော့မယ်။ ခင်ဗျားတို့ ဗီဒီယိုကားက ဘယ်တော့ကြည့်ကြည့်ရတယ်''
''နေစမ်းပါဦးဟဲ့၊ ပြီးတော့မှာ ပါ။ ဒီမှာ ကောင်းခန်းရောက်နေပြီ။ အပေါ်ထပ်ကတီဗီကို ရွှေ့လိုက်ဟယ်''
''ဟာဗျာ .အပေါ်ကချရမှာ ပင်ပန်းတယ်။ ပြီးတော့ အပေါ်က တီဗီကသေးတယ်။ မမကြီးတို့ အပေါ်ရွှေ့ကြည့်ချင် ကြည့်ကြ''
''သရဝဏ် ဘယ်လို ဖြစ်နေတာလဲ။ ဒီမှာ ပြီးတော့မှာ ပါဆို''
တီဗီမြင်ကွင်းကို သရဝဏ်လှမ်းကြည့်လိုက်တော့ စုန်းမကြီး ထင်ပါသည်။ ကိုယ်လုံးမပါ။ ခေါင်းချည်းပဲလေထဲ၌ ပျံဝဲနေ၏ ။ ခေါင်းပြတ်စုန်းမကြီးက သူမ၏ နားရွက်ကြီးနှစ် ဖက်ကို အတောင်ပံသဖွယ်ခတ်ကာ ပျံသန်းနေခြင်း ဖြစ်သည်။ ထို့နောက် လျှာကြီးကို ထုတ်လိုက်ရာ လျှာက တစ်တောင်လောက် ရှည်ထွက်လာသည်။
''ဘူး .ထွား .ဟားဟား''
မသတီစရာအသံကြီးဖြင့် ရယ်မောလိုက်သေးသည်။
''အမယ်လေးတော် .ကြောက်စရာကြီး''
မြညှင်းလေပြေက မျက်နှာကိုလက်ဝါးဖြင့်အုပ်ရင်း အော်လိုက်လေသည်။
''ကြောက်ရင် ဘာလို့ကြည့်နေသေးလဲ။ အလကား ပေါက်ကရတွေ လျှောက်ရိုက်ထားတာ''
သရဝဏ်က မကျေမနပ်ရေရွတ်ရင်း ခြံထဲသို့ ပြန်ထွက်သွားလေသည်။
x x x x x
ကေသရီတို့ စုန်းကားက ကိုးနာရီဆယ်မိနစ်လောက်မှ ပြီးသွားသည့်အတွက်ပွဲကို ကိုးနာရီခွဲလောက်မှစ ဖြစ်တော့သည်။
ခြံထဲမှာ မီးပုံပွဲအတွက် မီးပုံလည်းဖိုပြီးပြီ။ တချို့က ကင်စားလို့ နေကြပြီ။
သရဝဏ့်သူငယ်ချင်းများ က တီဗီကိုလာရွှေ့ကာ ခြံထဲမှာ ပြန်ဆင်နေသည်။ ဆောင်းဘောက်စ်များ ၊ မိုက်များ ဂျွိုင်းရသည်နှင့် ဆယ်မိနစ်လောက်ထပ်ကြာသွား၏ ။
မြညှင်းလေပြေသည် မမကြီးတို့နှင့်အတူ စုန်းကားထိုင်ကြည့်နေရာမှ အပြီးတွင် ထိုင်ရာမှထလိုက်သည်။ ခြံထဲမဆင်းခင် အပေါ့အပါးသွားထားဖို့အတွက် သန့်စင်ခန်းရှိရာသို့လာခဲ့၏ ။
လေပြေ့မျက်စိထဲ၌ တစ်ဝက်တစ်ပျက်သာ ကြည့်လိုက်ရသော စုန်းကားကို မျက်စိထဲမြင်ယောင်နေသည်။အထူးသဖြင့် ခေါင်းပြတ်စုန်းမကြီး၏ ကြောက်စရာသ္ဌဏာန်ကို စွဲပြီးကြောက်နေ၏ ။လေပြေက အိမ်သာတံခါးကို ဆွဲဖွင့်မည် အပြု .
အိမ်သာတံခါး ရုတ်တရက်ပွင့်လာကာ အတွင်းထဲမှ ဦးခေါင်းပြတ်ကြီးတစ်ခု ပြူထွက်လာသည်။အရေခွံများ ရှုံ့တွနေသော စုန်းမဦးခေါင်းကြီး။
''အမယ်လေး''
''ဟဲ့ .ဘာ ဖြစ်တာတုံး''
ခေါင်းပြတ်ကြီးဆီက အသံထွက်လာသည်။ ချက်ချင်း ပင် ခေါင်းနှင့်ဆက်လျက် ဖြစ်သော ခန္ဓာကိုယ်အောက်ပိုင်းပါ အိမ်သာထဲမှထွက်လာ၏ ။
''လန့်လိုက်တာ ဒေါ်ရွှေရယ်''
အိမ်ဖော်မကြီးဒေါ်ရွှေ ဖြစ်နေသည်။ ဒေါ်ရွှေက အိမ်သာထဲမှ မထွက်ခင် အပြင်မှအသံကြား၍ ခေါင်းချည်းပြူကြည့်လိုက်ခြင်း ဖြစ်သည်။
အရုပ်ဆိုးပြီးအသားမည်းသော ဒေါ်ရွှေကို ရုတ်တရက် ဦးခေါင်းချည်းမြင်လိုက်ရ၍ လန့်သွားရခြင်းမှာ အခြားကြောင့်မဟုတ်။ ဒေါ်ရွှေ၏ မျက်ခုံးနှစ် ခုအလယ်တည့်တည့်မှ လက်သည်းခွံအရွယ်လောက်ရှိ မှဲ့ကြီးကိုပါ မြင်လိုက်ရသော ကြောင့် ဖြစ်သည်။
လောလောလတ်လတ် ကြည့်ထားသော စုန်းကားထဲက ခေါင်းပြတ်စုန်းမကြီးတွင် လည်း နဖူးအလယ်တည့်တည့်၌ အနက်ရောင် အလုံးတစ်လုံး မြှုပ်ထားပေသည်။ မှဲ့တော့ မဟုတ်။ မဟူရာကျောက်ကို နဖူးမှာ မြှုပ်ထားခြင်း ဖြစ်ပါသည်။ ဇာတ်လမ်းအရ ခေါင်းပြတ်စုန်းမ၏ အသက်မှာ မဟူရာကျောက်ထဲ၌ ရှိသည်။
စုန်းကားကိုကြည့်ထားသော လေပြေက ဇာတ်ကားထဲက စုန်းမကြီးနှင့် ခပ်ဆင်ဆင်တူနေသည့် ဒေါ်ရွှေ့ကိုဦးခေါင်းချည်း အရင်မြင်လိုက်ရ၍ လန့်သွားခြင်း ဖြစ်ပါသည်။
''လေပြေ အိမ်သာဝင်မလို့လား၊ ဝင် .ဝင်''
ဘရဏီတို့အိမ်ကိုလာနေကျမို့ လေပြေ့ကို ဒေါ်ရွှေ ရင်းနှီးနေပြီး ဖြစ်သည်။ဒေါ်ရွှေက အိမ်သာထဲမှထွက်သွားသည်။
လေပြေအိမ်သာထဲကပြန်ထွက်လာတော့ ခြံထဲက အသံများ ပျံ့လွင့်လာ၏ ။ သူတို့ ကာရာအိုကေ စ,ဆိုနေကြပြီ။
လေပြေက အဝတ်အစားများ ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆွဲဆန့်ရင်း အိမ်သာရှေ့မှထွက်ခဲ့သည်။မီးဖိုခန်းထဲကိုဖြတ်အလာ .
ဘေးနားမှ အသံကြားလိုက်ရ၍ လေပြေ လှည့်ကြည့်လိုက်သည်တွင် .
စတိုခန်းဘေးမှ အခန်းတံခါးပွင့်ကာ ခေါင်းပြူကြည့်နေသည့် ဒေါ်ရွှေ့ဦးခေါင်းကြီးကို မြင်လိုက်ရပြန်၏ ။ဒေါ်ရွှေမှန်းသိနေ၍ သည်တစ်ခါတော့ မအော်မိတော့။ လန့်တော့လန့်သွားသည်။
''ဘာလုပ်နေတာလဲ ဒေါ်ရွှေ''
''ဒေါ်ရွှေ အိပ်တော့မလို့ လေပြေ''
''ဟင် .ပွဲက ခုမှစ,တာ၊ ဒေါ်ရွှေတို့လည်း လာကြလေ။ ကူလည်းလုပ်ရင်း အကင်လည်းစားကြပေါ့။လေပြေတို့ ပါဆယ်ဂိမ်းကစား မှာ မကြည့်တော့ဘူးလား''
''မလာတော့ဘူး လေပြေရယ်၊ ဒေါ်ရွှေ တစ်နေ့လုံးပင်ပန်းထား လို့ ငြီးစီစီကြီးနဲ့ အိပ်ချင်နေတယ်။ သြော်.ကိုသွင့်ကိုတော့ သွား မပြောနဲ့ နော်။ လိုတာတွေ အကုန်လုပ်ပေးဖို့ လှချိန်တို့ မလုံးတို့ကို ဒေါ်ရွှေမှာ ထားပြီးသား''
''ဟုတ်ကဲ့ပါ''
''ကိုသွင်က ဒေါ်ရွှေ့ကိုမမြင်ရင် အော်နေမှာ စိုးလို့''
''သူအလုပ်များ နေလို့ သတိရမှာ တောင် မဟုတ်ဘူး''
လေပြေ ထွက်လာသည်နှင့် ဒေါ်ရွှေ့ဦးခေါင်းကြီး အခန်းထဲ မြုပ်ဝင်သွားကာ တံခါးကိုစေ့လိုက်သည်။စတိုခန်းဘေးမှ ထိုအခန်းလေးမှာ ဒေါ်ရွှေတို့အိမ်ဖော်များ အိပ်ရန် ပေးထားသော အခန်း ဖြစ်သည်။ခေါင်းပြတ်စုန်းမ,ပါသော ဗီဒီယိုကားကိုကြည့်ထားသော လေပြေသည် ဒေါ်ရွှေ့ကို ခေါင်းပိုင်းချည်းပဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့ ,တွေ့ နေရသည်ကိုတွေးမိကာ ရင်ဖိုရင်းက ပြုံးလိုက်မိလေ၏ ။
x x x x x
(၃)
ဟိမဝန္တာတောင်ထွတ်ပေါ်မှ စုန်းခေါင်ချုပ်ရွေးချယ်ပွဲကြီးကား ပြီးဆုံးသွားပေပြီ။
စုန်းခေါင်ချုပ်အ ဖြစ် ခတီမာဘီဘီကို ဆန္ဒမဲအများ ဆုံးဖြင့် ရွေးချယ်လိုက်ကြလေ၏ ။ခတီမာဘီဘီကလည်း ပွဲမစမီမှာ ပင် ပွဲခင်းအနှံ့လိုက်၍ စုန်းများ ကို မဲဆွယ်ခဲ့လေသည်။ သူမကို မဲပေးသူအားအင်္ဂါဂြိုဟ်ပေါ်တွင် မြေကွက်တစ်ကွက် အလကားပေးမယ်ဟူသတည်း။ လူဆိုသည်မှာ လောဘသားများ မို့ လူပင် ဖြစ်ကြသော စုန်းများ သည်လည်း အင်္ဂါဂြိုဟ်ပေါ်မှာ သွားနေလို့ရတာ ,မရတာ ကို မစဉ်းစားကြ။ မြေကွက်တစ်ကွက် အလကားရလည်း မနည်းဘူးဆိုကာ မဲပေးကြခြင်း ဖြစ်လေ၏ ။
ခတီမာဘီဘီက သူမ တကယ်ပင် အင်္ဂါဂြိုဟ်ပေါ်၌ မြေကွက်ရိုက်ထားကြောင်းကို သူမ၏ ဓာတ်ဖန်လုံးဖြင့်လက်တွေ့ ပြသခဲ့ပေသည်။ ဓာတ်ဖန်လုံးထဲတွင် လွင်တီးခေါင်မြေပြင်ပေါ်၌ အကွက်ချထားသော ပုံရိပ်ကို ထင်ထင်ရှားရှားမြင်ရပါ၏ ။ ထိုပုံရိပ်သည် တကယ်ပဲ အင်္ဂါဂြိုဟ်ရဲ့ မြေမျက်နှာပြင် ဟုတ်,မဟုတ်တော့ ဘယ်သူမျှ မသိနိုင်ပါပေ။စုန်းခေါင်ချုပ်အ ဖြစ်အရွေးခံရန် အဆိုတင်သွင်းထားသူ ၈ ဦး ရှိပေသည်။ မစ္စတာဘရောင်းနှင့် ဦးသာဂေါင်လိုစုန်းသက်ရင့် စုန်းသက်ကြားအိုကြီးများ လည်း ပါသည်။ စုန်းသက်နုသော စုန်းပျိုစုန်းလွင်များ လည်း ပါသည်။စုန်းအများ စုကတော့ သက်ရင့်စုန်းကြီးတွေ ကို ပို၍ သဘောကျ ကြလေသည်။
ထို့ကြောင့် စုန်းခေါင်ချုပ်ရွေးပွဲတွင် ခတီမာဘီဘီနှင့်အတူ ဦးသာဂေါင်နှင့် မစ္စတာဘရောင်းတို့ တစ်ပြေးနေခဲ့သည်။
မဲပေးပုံစံနစ်မှာ ဗြောင်မဲပေးစနစ် ဖြစ်ပါ၏ ။
အရွေးချယ်ခံမည့် သူ ၈ ဦးအတွက် မဲပုံး ၈ ပုံးထောင်ပေးထားသည်။ မဲပုံးတစ်ပုံးစီမှာ အရွေးချယ်ခံပုဂ္ဂိုလ်အမည် ကို ရေး ပေးထားသည်။ စုန်းအများ ရှေ့မှာ ပင် ပုံစံတူမဲပြားကို မိမိနှစ်သက် ရာမဲပုံးထဲသို့ ထည့်ရခြင်း ဖြစ်၏ ။ မဲလိမ်လို့ မရပေ။
ဘာပဲ ဖြစ် ဖြစ် ခတီမာဘီဘီ မဲအဆွယ်ကောင်း၍ ဆန္ဒမဲပေးသူ၏ ခြောက်ဆယ်ရာခိုင်နှုန်းမဲအရေအတွက်ဖြင့်အပြတ်အသတ် အနိုင်ရသွားခဲ့လေသည်။
ပွဲခင်းတစ်ခုလုံး ခတီမာဘီဘီ၏ ရယ်မောသံလွှမ်းသွားခဲ့လေသည်။
စုန်းခေါင်ချုပ်ဟောင်း ဖြစ်သွားသည့် မစ္စဂရေစီသာဗာက စုန်းခေါင်ချုပ်အဆောင်အယောင်များ ဖြစ်သော သရဖူနှင့် ရွှေစလွယ်ကို ခတီမာဘီဘီအား လွှဲအပ်ပေးလိုက်လေသည်။
လက်ခုပ်သံများ သော သော ညံအောင် ထွက်ပေါ်လာလေ၏ ။ ခတီမာဘီဘီ၏ နှုတ်ခမ်းကြီးမှာ လည်း ပြုံးနေသည့်ပုံစံမှ မပျက်တော့ပေ။
ထို့နောက် စုန်းခေါင်ချုပ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မည့်  အကြောင်း ကျမ်းသစ္စာကျိန်ဆိုရလေသည်။စုန်းခေါင်ချုပ်ရွေးချယ်ပွဲပြီးဆုံးသွားသည့်အခါ ခေတ္တအနား ယူရန် အားလပ်ချိန်ပေးလိုက်လေသည်။
x x x x x
ပွဲ၏ ဒုတိယပိုင်းအ ဖြစ် စုန်းပညာနှီးနှောဖလှယ်ပွဲကို ဆက်လက် ကျင်းပလေသည်။
သက်ရင့်ဝါရင့်စုန်းကြီးများ က သူတို့၏ စုန်းအတွေ့ အကြုံများ ကို ဟောပြောကြသည်။ အသစ်တွေ့ ရှိသည့်စုန်းပညာရပ်များ ကို စာတမ်းဖတ် တင်ပြကြလေသည်။
မစ္စဂရေစီသာဗာနှင့် ခတီမာဘီဘီအပါအဝင် စုန်းပညာရှင်ငါးဦး ဟောပြောခဲ့ကြလေ၏ ။
ဟောပြောပွဲအပြီး၌ မရှင်းလင်း၍ ပြန်လည်မေးမြန်းသည့် မေးခွန်းများ ကိုဖြေကြားကာ ဆွေးနွေးပွဲပြုလုပ်လေသည်။
အချိန်မှာ တစ်စတစ်စ ကုန်လွန်သွားခဲ့ရာ နာရီပြန် ၂ ချက်ထိုးချိန်သို့ပင် ရောက်သွားလေ၏ ။
၂ နာရီ မိနစ် ၂ဝ မှပင် အခမ်းအနား ပြီးဆုံးသွားလေသည်။
သို့သော် အခမ်းအနားပြီးဆုံးကြောင်းမကြေညာမီမှာ စုန်းခေါင်ချုပ်အသစ်စက်စက် ခတီမာဘီဘီ စင်ပေါ်သို့တက်လာကာ စကားပြောလိုက်သော ကြောင့် အခမ်းအနားကို ဆက်လိုက်ရလေ၏ ။
ခတီမာဘီဘီက စုန်းလောကကြီး သာယာလှပရေး အတွက် သူစဉ်းစားထားသော အစီအစဉ်တစ်ခုကို တင်ပြလိုကြောင်း နိဒါန်းချီကာ အောက်ပါအတိုင်း ပြောကြားခဲ့လေသည်။
''စုန်းအပေါင်းတို့ရှင် ကျွန်မတို့တတ်ကျွမ်းထားတဲ့ စုန်းပညာဟာ ဘယ်လောက်အဖိုးအနဂ္ဃထိုက်တန်တယ်ဆိုတာကို စုန်းစစ်စစ်များ ဖြစ်တဲ့ ကျွန်မတို့ကိုယ်တိုင်အသိပဲ ဖြစ်ပါတယ်ရှင်။ ကျွန်မတို့ဟာ ကိုယ့်ရဲ့ စုန်းပဋ္ဌာန်းဆက်အရ တချို့ဟာ မွေးကတည်းက စုန်းပညာကိုတတ်ကျွမ်းလာကြတယ်။ တချို့ကတော့ ကိုယ့်ဘာသာနည်းလမ်းရှာတီထွင်ရင်းနဲ့ အလိုလို တတ်မြောက်ကြတယ်။ တချို့ကတော့ တစ်ဆင့်သင်ကြားလို့ တတ်မြောက်ရတာ ရှိတယ်။ဒီလိုသင်ကြားရာမှာ လည်း ကာယကံရှင်ရဲ့ စုန်းဗီဇအပေါ်မှာ မူတည်ပြီး အလွယ်တကူတတ်ကျွမ်းသူနဲ့ အလွန်ကြိုးစားမှအနည်းငယ် သာတတ်မြောက်သူရယ်လို့ ကွဲပြားသေးတယ် မဟုတ်ပါလားရှင်။
''ဘယ်လိုပဲတတ်မြောက်လာသည် ဖြစ်ပေစေ စုန်းပညာဆိုတာဟာ ပါရမီဗီဇရှိမှတတ်ကျွမ်းတဲ့ပညာ ဖြစ်လို့တန်ဖိုးကြီးမားလှတယ် မဟုတ်ပါလားရှင်။ သို့ပေမဲ့ ကျွန်မတို့ရဲ့ စုန်းပညာရပ်အပေါ်မှာ လူအများ ထု ထားရှိတဲ့သဘောထားကို ပြန်ပြီးလေ့လာကြည့်တဲ့အခါ လူအများ ဟာ စုန်းပညာသည်များ အပေါ်မှာ ကြောက်ရွံ့တာ၊ ရွံ့ရှာစက်ဆုပ်တာ၊မုန်းတီးကြတာကို တွေ့ ရပါတယ်။ အဲဒီ လို ဖြစ်ရတာ ဟာ ဘာကြောင့်လဲလို့ ဆန်းစစ်ကြည့်တော့ စုန်းတိုင်းလိုလိုဟာအရုပ်ဆိုးအကျည်းတန်သူချည်း ဖြစ်နေလို့ပါပဲ။ မြန်မာစကားပုံတစ်ခုမှာ ဆိုရင် 'မလှစုန်းယိုး' လို့တောင် ရှိပါတယ်။ဆိုလိုတာက မလှတဲ့သူ၊ ရုပ်ဆိုးတဲ့သူဆိုရင် စုန်းရယ်လို့ ယိုးစွပ်ခံရတယ်လို့ ဆိုလိုတာပါပဲရှင်။
''တကယ်တော့ ကျွန်မတို့တတ်ကျွမ်းထားတဲ့ ပညာနဲ့ ရုပ်ရည်နဲ့ဟာ ဘာမှမသက်ဆိုင်ပါဘူးရှင်။ စုန်းတွေ ဟာကံအားလျော်စွာ အရုပ်ဆိုးသူတွေ ဖြစ်နေလို့ ဒီလိုစွပ်စွဲခံရတာ ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရုပ်ဆိုးကြတဲ့အတွက် ကျွန်မတို့ပညာကိုလည်း လူတွေ က ရွံရှာစက်ဆုပ်ဖွယ်၊ ကြောက်လန့်စဖွယ်လို့ ထင်ကုန်ကြပါတယ်။
''ဒီတော့ ကျွန်မခတီမာဘီဘီက ကျွန်မ စုန်းခေါင်ချုပ်အ ဖြစ် တာဝန်ယူရတဲ့ ရာစုသစ်ထဲမှာ စုန်းတွေ အပေါ်လူတွေ မြင်နေတဲ့ အမြင်ကို ပြောင်းပြန် ဖြစ်အောင် ပြောင်းပစ်လိုက်ချင်ပါတယ်ရှင့်''
ခတီမာဘီဘီက စိတ်ဝင်စားစဖွယ် နိဒါန်းစကားချီလိုက်ရာ စုန်းပရိသတ်အပေါင်း စိတ်ဝင်စားသွားကြလေသည်။
''ရုပ်ရည်ချောမောလှပသူတွေ ဟာရော စုန်းပညာကို သင်ယူလို့ မတတ်မြောက်နိုင်ဘူးလားရှင်။ စိတ်ဝင်စားမယ်ဆိုရင် ဘယ်သူမဆို တတ်မြောက်နိုင်တဲ့ပညာတစ်ရပ် မဟုတ်ပါလားရှင်။ ဒီတော့ ကျွန်မခတီမာဘီဘီက စုန်းဆိုရင်အရုပ်ဆိုးတယ်ဆိုတဲ့ အရိုးစွဲနေတဲ့အမြင်ကို ပြောင်းလဲသွားအောင် ဟောဒီလိုလုပ်ချင်ပါတယ်ရှင်။
''လှပချောမောပြီး နုပျိုသစ်လွင်တဲ့ မိန်းမပျိုလေးတစ်ဦးကို စုန်းပညာရပ်များ သင်ကြားပေးချင်တာပါပဲရှင်။ချောမောလှပတဲ့ အပျိုစင်မိန်းကလေးတစ်ဦးကို ဒီနေရာအရောက်ခေါ်ပြီး ပဏာမအနေနဲ့ သူ့ကို စုန်းစိတ် စုန်းဗီဇများ သွင်းပေးမယ်။ ပြီးတော့ အလျဉ်းသင့်တိုင်း စုန်းပညာရပ်များ ပို့ချပေးမယ်ဆိုရင် လှပတဲ့မိန်းကလေး တစ်ယောက် ဟာစုန်းပညာသည် တစ်ယောက် ဖြစ်လာနိုင်တယ် မဟုတ်လားရှင်။
''အဲဒီ နည်းနဲ့ စုန်းဆိုရင် အရုပ်ဆိုးတယ်ဆိုတဲ့ အမြင်ကြီးကို ကျွန်မတို့ ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့။ ကျွန်မတင်ပြတဲ့ စီမံကိန်းအပေါ် ဘယ်လိုသဘောရတယ်ဆိုတာ စုန်းသက်ရင့်ပညာရှင်များ ရော စုန်းသက်နု စုန်းပျိုစုန်းလွင်များ ကပါ ဝိုင်းဝန်းဆွေးနွေးအကြံပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်''
ခတီမာဘီဘီ၏ စကားဆုံးသည်နှင့်မစ္စဂရေစီသာဗာကစင်မြင့်ပေါ်သို့တက်သွားလေသည်။ သူမက လည်ချောင်းရှင်းလိုက်ရင်း အဘွားအိုကြီးတစ်ဦး၏ တုန်ယင်သော အသံဖြင့် ပြောကြားလိုက်သည်။
''ခတီမာ တင်ပြသွားတာ ကောင်းပါတယ်။ ရည်ရွယ်ချက်က လည်းလှတယ်။ သို့သော် တစ်ခုစဉ်းစားရမှာ ကခတီမာလိုချင်တဲ့ လှပချောမောပြီး ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးကို ဘယ်လိုရွေးမလဲ။ ဘယ်က ရွေးမလဲ။ နောက်ပြီးအဲဒီ မိန်းကလေးကို စုန်းပညာသင်ပေးဖို့ ဘယ်သူက တာဝန်ယူမလဲ။ ဘယ်လောက်ကြာကြာ သင်ပေးမှာ လဲ။ တို့စုန်းတွေ က ခုလိုဆုံစည်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အနှစ် တစ်ရာမှ တစ်ခါကျင်းပတဲ့ ခုလိုပွဲမှာ သာ လူစုံတက်စုံတွေ့ ရတာ ။ ဒီတော့ ခတီမာ့စီမံကိန်းကို ဘယ်လိုသဘောရတယ်။ ကိုယ့်ဘက်က ဘာတွေ ကူညီနိုင်တယ်ဆိုတာ ကျန်တဲ့သူတွေ လည်း ဆွေးနွေးကြပါဦး''
ဂရေစီသာဗာ ဆွေးနွေးပြီးသည့်အခါ ခတီမာဘီဘီက စင်ပေါ်သို့ နောက်တစ်ခေါက်ပြန်တက်လာလေသည်။
''မမဂရေစီအမြင်ကို ပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ခတီမာကလည်း စီမံကိန်းကိုသာတင်ပြလိုက်မိတော့ ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာ မပြောမိဘဲကျန်သွားတယ်။ ဒီလိုပါရှင် စုန်းပညာသင်ယူမယ့် မိန်းကလေးကိုတော့ အခု ချက်ချင်း ပဲ ရွေးချယ်ပါမယ်။ ဘယ်လိုရွေးမလဲဆိုတော့ ကျွန်မမှာ ဓာတ်ဖန်လုံးကြီးရှိတယ်လေ။ ကျွန်မ ဖန်ဆင်းထားတဲ့ ဓာတ်ဖန်လုံးဟာ ကမ္ဘာအရပ်ရပ်က လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ချောင်ကြိုချောင်ကြားကအစ ကြည့်နိုင်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်ကနေ လှမ်းကြည့်ရင်တောင် မြင်နိုင်တဲ့ဖန်လုံးကြီးပေါ့ရှင်''
ခတီမာကပြောရင်းမှ သူမ၏ ရင်နှစ် မွှာကြားတွင် ထည့်ထားသည့် ဓာတ်ဖန်လုံးကြီးကို အများ မြင်သာအောင်ထုတ်ပြလိုက်၏ ။
''ဒီဖန်လုံးကိုအသုံးပြုပြီး စုန်းပညာသင်မယ့်မိန်းကလေးကို အခုပဲ ရွေးပါမယ်။ တစ်ကမ္ဘာလုံးက ရှိသမျှနေရာလပ်မကျန်ကို ကြည့်ပြီး ဖန်လုံးထဲမှာ ပေါ်လာတဲ့ မိန်းကလေးတွေ ထဲက အချောဆုံး အလှဆုံးကို အများ သဘောဆန္ဒနဲ့ အညီ ရွေးကြတာပေါ့ရှင်။ တစ်ခုပဲရှိပါတယ်။ အဲဒီ မိန်းကလေးကို ဒီပွဲကိုရောက်အောင် ခေါ်ယူဖို့ပါပဲရှင့်။မိန်းကလေးကို ပညာသင်ပေးဖို့ စုန်းဓာတ်သွင်းပေးဖို့တွေ ကိုတော့ စုန်းခေါင်ချုပ် ဖြစ်နေတဲ့ ကျွန်မ ခတီမာဘီဘီကပဲတာဝန်ယူပါမယ်။ ဒီတော့ စုန်းပညာသင်ယူမယ့် မိန်းကလေးကို အခုပဲ ရွေးကြပါစို့။ မိန်းကလေးကို ရှာဖွေတွေ့ ပြီးရင်သာ ဒီပွဲကိုအရောက် ဘယ်လိုခေါ်ယူမယ်ဆိုတာ စဉ်းစားကြပါစို့။ လူ တစ်ယောက် ကို အလိုလို ဒီအနားရောက်လာအောင် ခေါ်တဲ့ပညာတော့ ကျွန်မ မတတ်ကျွမ်းလို့ပါ။ လုပ်နိုင်တဲ့ပညာရှင်ရှိရင် ကူညီပါရှင်''
ပွဲခင်းထဲမှ မစ္စတာဘရောင်းက ထရပ်လိုက်ပြီး လက်မြှောက်ပြ လိုက်လေသည်။
''မိန်းကလေးကိုခေါ်ဖို့ ကျုပ်တာဝန်ထားပါခတီမာ။ ကျုပ် မွေးထားတဲ့ ပုစဉ်းကြီးကို မိန်းကလေးရှိတဲ့နေရာလွှတ်လိုက်ရင် ဒီကောင်ကြီးက အပါခေါ်လာပါလိမ့်မယ်။ ဒီတာဝန်ကိုတော့ ကျုပ်ယူတယ်ဗျို့''
လက်ခုပ်သံများ ညံညံစီအောင် ထွက်ပေါ်သွားလေ၏ ။
''ကျေးဇူးတင်ပါတယ် မစ္စတာဘရောင်းရှင့်။ ကဲ .ဒါဖြင့် စုန်းပညာ သင်ယူမယ့် လှပချောမောတဲ့မိန်းကလေးကို ကျွန်မတို့ ရှာကြပါစို့''
x x x x x
ခတီမာဘီဘီက သူမ၏ ဓာတ်လုံးကြီးကို စင်မြင့်အလယ်တည့်တည့်တွင် စားပွဲတစ်လုံးနှင့် တင်လိုက်လေသည်။မှော်ဓာတ်လုံးမှာ လက်သီးဆုပ်အရွယ်ခန့်သာ ရှိပါသည်။
''ဒီမှော်ဓာတ်လုံးကတော့ 'အဝေးမြင်,အဝေးကြား'လို့ အမည် ပေးထားတဲ့ ဖန်လုံးတစ်လုံးပေါ့ရှင်။ ဘယ်လောက်ပဲ ခရီးတာဝေးပေစေ၊ ကျွန်မ မြင်လိုကြားလိုစိတ်ရှိလို့ အာရုံဝင်စားလိုက်တာနဲ့ အဝေးနေရာများ က ရုပ်ပုံနဲ့ အသံများ ကို ဓာတ်ဖန်လုံးထဲမှာ ထင်ဟပ်လာအောင် စုန်းပညာနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဖန်လုံးလေးကသေးငယ်တော့ကာ လူတစ်ကိုယ်စာ ကြည့်ရုံမြင်ကွင်းပဲ ထင်ဟပ်နိုင်ပါတယ်။ ပရိသတ်အားလုံး မြင်တွေ့ နိုင်အောင်ကျွန်မ ခတီမာဘီဘီက နောက်ခံပိတ်ကားပေါ်မှာ တစ်ဆင့်ချဲ့မြင်စနစ်နဲ့ မြင်ရအောင်ဖန်တီးပေးပါ့မယ်ရှင်။ ကဲ .ကြည့်ကြပါစို့ စုန်းပရိသတ်အပေါင်းရှင်''
ခတီမာဘီဘီက ဓာတ်လုံး၏ အပေါ်တည့်တည့် တစ်ပေခန့်အကွာမှ သူမ၏ ညာဖက်လက်ဖဝါးကို အုပ်မိုးထားရင်း နှုတ်မှဂါထာမန္တန်များ ကို တဖွဖွရွတ်ဖတ်လေတော့သည်။
ခဏကြာသည်နှင့် ဖန်လုံးထဲမှာ ပုံရိပ်ကလေးများ ရွစိရွစိနှင့် မြင်တွေ့ လာရတော့သည်။ သို့သော်စင်အောက်မှပရိသတ်ကမူ ဝေးလွန်းသော ကြောင့် ဖန်လုံးထဲမှပုံရိပ်များ ကို သဲကွဲစွာ မမြင်ရနိုင်ပေ။ခတီမာဘီဘီက ဖန်လုံးကို လက်ညှိုးထိုးကာ နှုတ်မှ ပွစိပွစိဖြင့် ရွတ်ဆိုပြန်သည်။
ဓာတ်ဖန်လုံးထဲမှ ရောင် ခြည်တန်းတစ်ခုပြူထွက်လာကာ ရောင် ခြည်တန်းသည် နောက်ခံပိတ်ကားကြီးကိုဆလိုက်ထိုးလိုက်သကဲ့သို့ သွားရောက်ထင်ဟပ်နေတော့၏ ။ ဓာတ်ဖန်လုံးသည် ရုပ်ရှင်ပြစက်သဖွယ် ဖြစ်သွားကာဖန်လုံးထဲမှအရုပ်ကလေးများ ၏ လှုပ်ရှားမှု ကို ပိတ်ကားပေါ် တွင် မြင်ကွင်းကျယ်ပြန့်စွာ မြင်တွေ့ လိုက်ရလေတော့၏ ။
''အလို''
''ဟယ်''
''ဟာ''
''ဟင်''
''တယ်ဟုတ်ပါလား''
''တော် လိုက်တာနော်''
စင်အောက်မှ အံ့သြချီးမွမ်းသံများ ပြိုင်တူလျှံထွက်လာလေ၏ ။
''တယ်တော် တဲ့ ခတီမာ၊ စုန်းခေါင်ချုပ်ရာထူးနဲ့ လိုက်ဖက်ပါပေ့ အေ''
ဂရေစီသာဗာကြီးက လှမ်းအော်၍ ချီးမွမ်းလိုက်လေသည်။
''ညှင်း .ညှင်း .ညှင်း .ငှင်းငှင်း .ခတီမာကလေ ဟောဒီ မှော်ဖန်လုံးကြီးကို အင်္ဂါဂြိုဟ်ပေါ်က ကျောက်တုံးနဲ့ စီရင်ထားတာ ရှင် .အငှင်း .ငှင်း .ခတီမာလေ .ဒီဖန်လုံးကြီး ဖြစ်မြောက်ဖို့ အနှစ် ၃ဝ တိတိ ကြံဆောင်ခဲ့ရတယ်ရှင့် .ခစ်.ခစ်''
ခတီမာက အပျိုပေါက်မလေးများ ရယ်သလို အဓိပ္ပာယ်မရှိ ရယ်မောရင်း ပြောပြနေလေသည်။
''ချီးမွမ်းမိကာမှပဲ သောက်စကားကရှည်နေပြန်ပြီ။ ဟဲ့ . ခတီမာ လုပ်စရာရှိတာဆက်လုပ် ။ စင်ပေါ်မှာ သိပ်လည်း လှုပ်လှုပ်ရွရွ လုပ်မနေနဲ့ အေ့။ ညည်းမှာ အောက်ခံမပါဘူးဆိုတာလည်း သတိရဦး၊ တကတဲမှပဲ''
မစ္စဂရေစီသာဗာက ခတီမာအိုက်တင်လုပ်နေပုံကို စိတ်မရှည် တော့၍ လှမ်းအော်လိုက်ပြန်သည်။ဂရေစီသာဗာ သတိပေးလိုက်သော ကြောင့် ခတီမာဘီဘီက လေအတိုက်တွင် လွင့်ဝဲနေသော သူမ၏ ဂါဝန်ကိုကမန်းကတန်း ဖိလိုက် လေသည်။ ခတီမာ့အမူအရာကြောင့် ရယ်မောသံများ သော သော ညံသွား ပြန်လေ၏ ။ခတီမာက မျက်နှာပိုးကိုသတ်၍ ပိတ်ကားကြီးကို လက်ညှိုးညွှန် ပြလိုက်ကာ -
''ကြည့်လိုက်ကြပါရှင်။ ပိတ်ကားမြင်ကွင်းမှာ ပေါ်ထင်နေတဲ့ ပုံရိပ်များ ကတော့ ကျွန်မဖန်တီးထားတဲ့ဓာတ်ဖန်လုံးကတစ်ဆင့် ထင်ဟပ် နေတဲ့ ပုံရိပ်များ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က ပုံရိပ်များ ကိုဖမ်းယူကြည့်ရှု ပြီးစုန်းအလောင်းအလျာ အပျိုစင်မိန်းကလေး တစ်ယောက် ကို ရွေးချယ် ကြပါစို့ရှင်။ အခုပေါ်လွင်နေတဲ့ ပုံရိပ်ကတော့အင်္ဂလန်နိုင်ငံတစ်နေရာက ပုံရိပ်ပဲ ဖြစ်ပါတယ်ရှင်။ ကြည့်ရတာ သူတို့လည်း နှစ် သစ်ကူးပွဲကျင်းပနေပုံ ရတယ်ရှင်။ ကဲ.ကဲ .ဒီမိန်းကလေးတွေ ထဲက ဘယ်သူ့ကိုရွေးမလဲ။ ကြည့်ပြီးတော့သာ ဆုံးဖြတ်ကြပါတော့ စုန်းပရိသတ်အပေါင်းတို့''
ခတီမာဘီဘီက ပိတ်ကားကြီးကို ညွှန်ပြကာ မခို့တရို့ဟန်လေးဖြင့် ပြောလိုက်လေသည်။ပိတ်ကားပေါ်၌ အင်္ဂလန်နိုင်ငံတစ်နေရာတွင် အင်္ဂလိပ်မလေး များ နှစ် သစ်ကူးပွဲ၌ ပျော်ရွှင်ကြည်နူးနေပုံများ ထင်ဟပ်နေပေသည်။
''မကြိုက်ဘူး၊ အင်္ဂလိပ်မတွေ က အရိုးအဆစ်ကြီးလွန်းတယ်။ စုန်းမော်ဒယ်အနေနဲ့ မရွေးသင့်ဘူး''ပရိသတ်ထဲမှ ဝေဖန်သံထွက်ပေါ်လာသည်။
''ဒါဖြင့် ခတီမာက နောက်ထပ်နိုင်ငံတစ်ခုကို ပြပါဦးမယ်ရှင်။ ကြည့်ကြပါ။ ဟောဒါကတော့ ပြင်သစ်နိုင်ငံကမြင်ကွင်းတစ်ခုရှင့်။ မိန်းမလှလေးတွေ မှ အများ ကြီးပါလား၊ ကဲ .ကဲ .ရွေးကြပါဦး''
''မကြိုက်ဘူး၊ ပြင်သစ်မတွေ က ရင်သားကြီးလွန်းတယ်''
ခတီမာက နောက်ထပ်မြင်ကွင်းတစ်ခုကို ပြရပြန်သည်။
အာဖရိကတိုက်တစ်နေရာမှ မြင်ကွင်းတစ်ခုပေါ်လာ၏ ။
''အမယ်လေး .တော် ပါတော့။ ဒီလိုမည်းမည်းသည်းသည်းကြီးတွေ ကိုရွေးလို့ ဘာထူးခြားမှာ တုံး။ တခြားမြင်ကွင်းတစ်ခု ပြောင်းပါဗျို့''
ခတီမာဘီဘီက နိုင်ငံပေါင်းစုံလင်အောင် မြင်ကွင်းတစ်ခုပြီး တစ်ခု ဖမ်းယူကာ ပြသလျက်ရှိပေသည်။စုန်းပရိသတ်အပေါင်းသည် မိန်းမလှလေးများ စွာ ကို တွေ့ မြင်ရသော်လည်း စိတ်တိုင်းမကျနိုင်ဘဲရှိလေ၏ ။ဖင်လန်သူတွေ ကျတော့ ပြောင်လွန်းလို့တဲ့။ သူတို့အသားတွေ က မာတင်းကာ ပြောင်လက်နေသည်ကိုမကြိုက်ကြ။
ဥရုဂွေးကဟာတွေ ကျတော့ တွဲ လွန်းလို့တဲ့။ အသားအရည်ပျော့ တွဲ တွဲ ကြီးဆိုကာ မကြိုက်ကြပြန်။ဂွာတီမာလာက မိန်းကလေးတွေ ကျပြန်တော့ အရပ်ပုလို့တဲ့။
ဘူတန်ကမိန်းမတွေ ကျတော့ အရပ်ရှည်လွန်းပြီး ထောင့်တန်းကြီးတွေ တဲ့။
ဂျပန်မတွေ ကျတော့ အသားပွတယ်တဲ့။
တရုတ်မတွေ ကျတော့ နှာခေါင်းပြားတယ်တဲ့။
စုန်းအပေါင်းတို့သည် သူတို့ရွေးချယ်မည့်  လက်ရွေးစင်မိန်းမလှလေးအတွက် စိတ်ကြိုက်ရှာလို့ပင် မတွေ့ နိုင်ကြပေ။
ခတီမာဘီဘီ တစ်ယောက် လည်း တစ်နိုင်ငံပြီးတစ်နိုင်ငံ၊ မြင်ကွင်းတစ်ခုပြီးတစ်ခု ပြောင်းပြောင်းပြီးပြရတာ နှင့်ပင် ချွေးတွေ စို့နေပြီ။ ဖန်တုံးမှာ အရိပ်ထင်လာဖို့က အင်အားစိုက်ထုတ်ရသည် မဟုတ်ပါလား။သည်လိုနှင့် ခတီမာက မြန်မာနိုင်ငံထဲက ပုံရိပ်တစ်ခုကို ပြလိုက်ပြန်သည်။
နှစ် သစ်ကူးပွဲကျင်းပနေသည့် မြင်ကွင်းတစ်ခု ထင်ပေါ်လာပြန်၏ ။ ခြံတစ်ခုထဲတွင် နှစ် သစ်ကူး ပျော်ပွဲရွှင်ပွဲပြုလုပ်နေသည့် လူငယ်တစ်စု၏ ပုံရိပ်။
မြင်ကွင်းထဲတွင် သီချင်းဆိုသူက ဆိုနေသည်။ ကသူက ကနေသည်။ အစားအသောက်များ ကို စားသူကစားနေသည်။
''သီချင်းဆိုနေတဲ့ ကောင်မလေး .သီချင်းဆိုနေတဲ့ ကောင်မလေး''
စုန်းအတော် များများ က ကာရာအိုကေသီချင်းဆိုနေသော မိန်းကလေး တစ်ယောက် ကို သတိပြုမိကာ တစ်ပြိုင်တည်း အော်လိုက်ကြလေသည်။
''သီချင်းဆိုနေတဲ့ကောင်မလေး မဆိုးဘူးဗျို့''
''မဆိုးတာမဟုတ်ဘူး၊ တော် တော့် ကိုလှတာ''
''ဟုတ်ပနော်၊ အပြစ်ပြောစရာကို မရှိဘူး''
''စုန်းအပျိုစင်ရွေးမယ်ဆိုရင် ဒီမိန်းကလေးမျိုးမရွေးလို့ ဘယ်သူ့ကို သွားရွေးဦးမှာ လဲ''
''တခြားမြင်ကွင်းတွေ မပြပါနဲ့ တော့ဗျို့။ ဒီကောင်မလေး မြင်ပြီးမှတော့ ဘယ်မိန်းကလေးမှ မျက်စိနဲ့တွေ့ တော့မှာ မဟုတ်ဘူး''
''ဟုတ်တယ်၊ စုန်းခေါင်ချုပ်ကြီးခင်ဗျား။ ကာရာအိုကေသီချင်း ဆိုနေတဲ့မိန်းကလေးကို ထင်ရှားအောင်ကလို့စ်အပ် Close Up နဲ့ ပြလို့ရရင် ပြပေးပါဗျို့''
မြင်ကွင်းထဲမှ သီချင်းဆိုနေသော မိန်းကလေးကိုအမြင်တွင် စင်အောက်မှ အသံပေါင်းစုံထွက်ပေါ်လာလေတော့သည်။
''ဟုတ်ကဲ့ပါ လူကြီးမင်းအပေါင်းတို့ရှင့်။ သီချင်းဆိုနေတဲ့ မိန်းကလေးကို ခတီမာလည်းသဘောကျပါတယ်။သူ့ကို အနီးကပ်မြင်ရအောင် ပြပေးပါမယ်ရှင့်''
ခတီမာဘီဘီက သီချင်းဆိုနေသော မိန်းကလေးကို ပိတ်ကားကြီးနှင့်အပြည့် ဖြစ်အောင် မြင်ကွင်းထဲတွင် ဆွဲယူလိုက်လေသည်။ မိန်းကလေး၏ ရုပ်သွင်သည် မြင်ကွင်းနှင့်အပြည့် ဖြစ်ကာ အနီးကပ်ပေါ်လွင် ထင်ရှားလာတော့သည်။
''အလို .အနီးကပ်ကြည့်မှ ပိုလှပါလား''
''အသားအရေလေးကလည်း ဝင်းအိနေတာပဲ''
''မျက်ခုံးမျက်လုံး၊ ဘာမှအပြစ်ဆိုစရာ မရှိဘူး''
''အသံကိုလည်း နားထောင်ကြည့်လိုက်ဦးလေ။ ဘယ်လောက် သာယာထားသလဲ''
''ဟုတ်တယ်ဟေ့၊ သူဆိုနေတဲ့ဘာသာစကားကို ကျုပ်နားမလည်လို့ သီချင်းအဓိပ္ပာယ်မသိပေမဲ့ အသံလေးကိုနားထောင်ရတာ တော့ နားဝင်ပီယံ ဖြစ်လှတယ်ဗျို့''
''ဟေ့ .ခတီမာရေ၊ အဲဒီ မိန်းကလေးကိုပဲ စုန်းအပျိုစင် ရွေးလိုက်ပေတော့။ အချိန်လည်း ကုန်လှပြီ။မိန်းကလေးကို ဒီရောက်အောင်ခေါ်ဖို့ကလည်း ရှိသေးတယ်''
မစ္စဂရေစီသာဗာက နောက်ဆုံးအတည်ပြုချက် ပေးလိုက် လေ၏ ။
''ဟုတ်ကဲ့ပါ မမဂရေစီ။ စုန်းခေါင်ချုပ်ဟောင်းရဲ့ စကားကို ခတီမာ အလေးထားပါတယ်ရှင်။ တာဝန်အရအများ သဘောတူ မတူတော့ မေးလိုက်ပါရစေဦး။ ကဲ .စုန်းလူကြီးသူမအပေါင်းတို့,စုန်းဧည့်သည် အပေါင်းတို့ရှင်။ပိတ်ကားပေါ်မှာ အခုမြင်နေရတဲ့ မိန်းကလေးကို စုန်းအပျိုစင်အ ဖြစ်ရွေးချယ်ဖို့ အများ စုကတော့ ဆန္ဒပြုနေကြပါပြီ။ကန့်ကွက်လိုသူရှိပါက လက်ထောင်ပြပါရှင်''
လက်ထောင်ပြသူ တစ်ဦး တစ်ယောက် မျှ ပေါ်ထွက်မလာချေ။ သဘောတူသည့် အဓိပ္ပာယ်ပင် ဖြစ်လေ၏ ။
''အားလုံးရဲ့ ဆန္ဒအရ ဒီမိန်းကလေးကိုပဲ စုန်းအပျိုစင်အ ဖြစ် စုန်းပညာများ သင်ပေးဖို့ ရွေးချယ်လိုက်ပါပြီ။မိန်းကလေးကို ဒီပွဲခင်းထဲ အရောက် ခေါ်ယူဖို့အတွက် ကတိအတိုင်း မစ္စတာဘရောင်းက ကူညီပါဦးရှင့်''
x x x x x
မစ္စတာဘရောင်းက သစ်ပင်တွင် ကြိုးနှင့်ချည်ထားသည့် သူ၏ ပုစဉ်းရင်ကွဲကောင်ကြီးကို ဆွဲခေါ်လာလေသည်။
''ဖေ့သားကြီး၊ ပိတ်ကားပေါ်က မိန်းကလေးကို ကြည့်စမ်း။ တွေ့ ရဲ့ လား''
မစ္စတာဘရောင်းက. သူ၏ ပုစဉ်းကြီးကို ခေါင်းကလေးအား တယုတယ ပွတ်သတ်ပေးရင်း ပိတ်ကားပေါ်မှမိန်းကလေးရုပ်သွင်ကို ပြသလျက် ရှိသည်။ ပြီးတော့ ပုစဉ်းကြီးနားလည်သည့် ဘာသာစကားဖြင့် တတွတ်တွတ်ပြောကြားနေလေ၏ ။ ပုစဉ်းကြီးက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေလေသည်။
''ကဲ .ခတီမာဘီဘီရေ .ကျုပ်ပုစဉ်းကြီးကိုတော့ အကြောင်းစုံ ပြောပြပြီးပြီ။ သွားခေါ်ရမယ့်လိပ်စာသာပြောလိုက်ပေတော့။ ကျုပ်သားကြီးက မိနစ်ပိုင်းအတွင်း အပါခေါ်လာပါလိမ့်မယ်''
ခတီမာဘီဘီက အာရုံခံကြည့်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အတွင်းရှိ လိပ်စာတစ်ခုကို ရွတ်ပြလိုက်လေ၏ ။ပုစဉ်းကြီးက ခတီမာဘီဘီနှင့် သူ့သခင်မစ္စတာဘရောင်းတို့ကို တစ်လှည့်စီ ဦးညွှတ်လိုက်ကာ မိုးပေါ်သို့တစ်ဟုန်ထိုး ပျံတက်သွားလေသည်။
စုန်းအပေါင်း၏ လက်ခုပ်သံများ သော သော ညံအောင် ထွက်ပေါ်လာလေတော့သတည်း။
x x x x x
![]() ဝိညာဉ်တွယ်ရာ မျက်လုံးများ | ![]() ၀ိညာဉ် ခေါ်ရာ | ![]() ပုစ္ဆာဆန်သော တစ္ဆေမလေး |