Cover

( ၁ )

တစ်နေ့တွင် .... ကျွန်မထံသို့ ဝိညာဉ်တစ်ကောင်ရေး ပို့လိုက်သော စာတစ်စောင် စာတိုက်မှ ရောက်ရှိလာလေသည်။

ဝိညာဉ်ရေး ပို့လိုက်သော စာကို ကျွန်မ မဖတ်တတ်ခဲ့ပါ။ ဝိညာဉ်ရေး သော စာသည် မြန်မာစာမှန်းသိသာသော်လည်း ရေး နေ ကျ ရေထုံးမျိုးဖြင့် ရေး ထားခြင်းမဟုတ်ပါပေ။

ဝိညာဉ်ရေး သော စာနှင့်အတူ ထိုစာကို ကြားမှပေးပို့ပေးသူ၏ စာတစ်စောင်ပါ ပူးတွဲ ပါလာခဲ့ပါသည်။ စာအိတ်ထဲတွင် အတူပါ လာသော စာကိုဖတ်ကြည့်မှပင် ကျွန်မသဘောပေါက်သွားခဲ့ရပါသည်။

ဆရာမ ခင်ဗျား-

စာပေးပို့ရန်ညွှန်ကြားသူ ဝိညာဉ်အမျိုးသမီးပြောသော လိပ်စာအရ သူနာပြုဆရာမ တစ်ယောက် ဖြစ်ကြောင်းသိရလို့ ဆရာမ လို့ပဲ ခေါ်လိုက်ပါတယ်။

ကျွန်တော် ဟာ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့၊ တရုပ်စု လမ်းမှာ နေသူ ဖြစ်ပါတယ်။ ကျွန်တော့် နာမည် တက်လူဝင်းပါ။

ပြီးခဲ့တဲ့အပတ်က ကျွန်တော့် တို့အိမ်မှာ အလုပ်လုပ်ဖို့ အိမ်ဖော်မိန်းကလေးတစ်ဦးကို ကျွန်တော် တို့မြို့အနီး လက်ဝဲရွာ ဆိုတဲ့ရွာမှ လာပို့ပါတယ်။ မှတ်မှတ်ရရ အဲဒီ နေ့ဟာ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ ဖြစ်ပါတယ်။

မိန်းကလေးကို သူ့အဒေါ် တစ်ယောက် က လာပို့ပေး တာ ဖြစ်ပြီး အိမ်ဖော်မိန်းကလေးရဲ့ ညီမ အသက်၁၂နှစ် အရွယ် ကလေးမတစ်ဦးလည်း လိုက်ပါလာပါတယ်။

သူတို့ရောက်လာတာက ညနေစောင်းအချိန် ဖြစ်နေလို့ လိုက်ပို့သူတွေ ကို ရွာကိုမပြန်စေတော့ပဲ ကျွန်တော် တို့အိမ်မှာ ပဲ ညအိပ်စေခဲ့ပါတယ်။

ညပိုင်းမှာ အဖော်ပါလာတဲ့ အသက်၁၂နှစ် သမီးလေးဟာ သရဲပူးသလို တစ်ကိုယ်လုံးတုန်တုန်ယင်ယင် ဖြစ်လာပြီး သူ စာတစ်စောင်ရေး ချင်လို့ စာရွက်နဲ့ဘောပင်ပေးပါလို့ တောင်းပါတယ်။

ကျွန်တော် က စာရွက်နှင့်ဘောပင်ပေးလိုက်တော့ ယခု ပူးတွဲ ပါတဲ့စာကို ရေး ပါတယ်ခင်ဗျား။

စာရေး အပြီးမှာ ဒီစာကို ဒီလိပ်စာအတိုင်းပို့ပေးပါဆိုပြီး ယခုကျွန်တော် စာထည့်လိုက်သော လိပ်စာကို သူ့နှုတ်မှ ရွတ်ပြ ပါတယ်။ ကျွန်တော် လည်း သူပြောတဲ့လိပ်စာနဲ့ ဆရာမ နာမည် ကို မှတ်သားထားခဲ့ပါတယ်။

စာရေး အပြီးမှာ ကောင်မလေးဟာ နဂိုပုံမှန်ပြန် ဖြစ်သွားပြီး သူစာရေး ခဲ့တာကိုမမှတ်မိပါဘူး။

သူရေး တဲ့စာကို ကျွန်တော် ဖတ်ကြည့်တော့ မဖတ်တတ်ပါဘူး။ ဒါပေမယ့်..... စာလုံးတွေ က မြန်မာစာတွေ ဖြစ်ပြီး ရေး ထားပုံကသာ ထူးခြားနေတာကိုသတိပြုမိပါတယ်။

ဒါနဲ့..... ဒါဟာ မှန်စာဆိုတာမျိုးများ ဖြစ်နေမလား တွေးမိပြီး မှန်တစ်ချပ်ရှေ့ချပြီးဖတ်ကြည့်ခဲ့ပါတယ်။ ထင်တဲ့အတိုင်းပဲ မှန်ထဲမှာ တော့ စာလုံးတွေ အတည့်ပေါ်လာပြီး ဖတ်လို့ရတဲ့ စာတစ်စောင် ဖြစ်နေတာတွေ့ ရပါတယ်။

စာပါအကြောင်းအရာက စိတ်ဝင်စားစရာကောင်းလို့ သူပြောခဲ့တဲ့လိပ်စာအတိုင်း ပို့ပေးလိုက်တာပါ။

တကယ်လို့ ကျွန်တော် ပို့လိုက်တဲ့လိပ်စာဟာ မမှန်ဘူး၊ လိပ်စာရှင်လည်း တကယ်မရှိဘူးဆိုရင်တော့ ဒီစာကိုလက်ခံ ရတဲ့သူအတွက် ရယ်စရာ ဖြစ်နေမယ်ထင်ပါရဲ့ ။

ကောင်မလေးကိုဝင်ပူးတဲ့ ဝိညာဉ်ရဲ့ နာမည် ကိုတော့ မသိရပါဘူး။ စာအဆုံးမှာ သူ့နာမည် ကို ဆိုင်းထိုးထားတယ်လို့ ထင်ပါတယ်။

ဆရာမ သာ သက်ဆိုင်သူ ဖြစ်ရင်တော့ သူရေး တဲ့စာကိုဖတ်ကြည့်ပြီး နားလည်နိုင်မယ်ထင်ပါတယ်။

အစပိုင်းတော့ ကျွန်တော် လည်း သရဲတစ္ဆေဆိုတာ အယုံအကြည်မရှိလို့ ဒီစာကိုအလေးအနက်မထားခဲ့ပါဘူး၊ နောက်မှ စာပါအကြောင်းအရာတွေ က ပူးရေး တဲ့အသက် ၁၂နှစ် အရွယ်တောသူမလေးနဲ့စာရင် မြင့်နေတာရယ်၊ ဒီကောင်မလေးဟာ ပရိယာယ်မာယာနဲ့ဟန်ဆောင်လှည့်စားလောက်အောင် လည်လည်ပတ်ပတ် မရှိသေးတာရယ်၊ စာအရေး အသားသေသပ် တာရယ်ကိုကြည့်ပြီး သရဲတကယ်ပူးတာ ဖြစ်ရင် ဖြစ်နိုင်တယ်လို့တွေးမိလို့ ဆရာမ ဆီ ဆက်ပြီးပို့ပေးလိုက်တာပါ။ စာထဲမှာ ပါ တဲ့အတိုင်း ဖြစ်နေရင်လည်း ဆရာမ သိသင့်တယ်လို့ယူဆလို့ ကြားကကူညီပေးလိုက်တာပါခင်ဗျား။

အကြောင်းထူးလို့ ကျွန်တော့် ကိုဆက်သွယ်ချင်ရင် အောက်မှာ ရေး ထားတဲ့လိပ်စာအတိုင်း ဆက်သွယ်နိုင်ပါတယ်၊ လိုအပ်တဲ့အကူအညီပေးဖို့ အသင့်ပါပဲခင်ဗျား။

လေးစားစွာ ဖြင့်-

တက်လူဝင်း

အမှတ်(--)၊ တရုပ်စုလမ်း၊ စဉ့်ကိုင်မြို့၊ မန္တလေးတိုင်း။

ကျွန်မသည် စာကိုဖတ်ရင်းအံ့သြခဲ့ရသည်။ ကိုတက်လူဝင်း၏ စာနှင့်အတူပါလာသော ဝိညာဉ်ရေး သော စာက မြန်မာစာလုံး များ ဟု သိသာသော်လည်း ဖတ်မရသော ကြောင့် ဖြစ်သည်။

စာကိုကြည့်ပါဦး။

တမင်သက်သက်နောက်ပြောင်ထားသည့်စာတစ်စောင်ဟု ထင်စရာကောင်းလှပေသည်။

Cover

ကျွန်မသည် ကိုတက်လူဝင်း၏ စာထဲကအတိုင်း ဝိညာဉ်ပူး၍ ရေး ထားသည်ဆိုသော စာရွက်ပိုင်းလေးကို မှန်ရှေ့မှာ ထောင်၍ ဖတ်ကြည့်လိုက်သည်။

မှန်ထဲတွင် ပေါ်လာသော စာသားများ ကို အတည့်မြင်လိုက်ရသည့်အခါတွင် တော့ ကျွန်မသည် အသက်ရှူမှားမတတ် ဖြစ်သွားရပါ တော့သည်။

သူငယ်ချင်း-

တို့သားအမိကို ကယ်ပါဦး။ တို့သားအမိကိုသတ်ပြီး တို့အလောင်းကို မီးရထားလမ်းဘေးက အိမ်ပျက်ကြီးထဲမှာ ထား ထားတယ်။ ရထားလမ်းဘေးကအိမ်ပျက်ကြီးထဲမှာ တို့အလောင်းတွေ ရှိတယ်။

တို့ကိုကျွတ်အောင်လုပ်ပေးပါဆောင်းရယ်

မင်းရဲ့ အချစ်ဆုံးသူငယ်ချင်း

ထားထားအေး

စာမှာ ထူးဆန်းလွန်းလှပေသည်။ ကျွန်မသည် စာကိုဖတ်ရင်း ခေါင်းတွေ ချာချာလည်သွားသည်။ စာကို မှန်ရှေ့တွင် အတည့် ထောင်ကြည့်ရာမှ စာအဆုံးတွင် တွေ့ လိုက်ရသော လက်မှတ်ကြောင့် ကျွန်မအံ့သြသွားရပေသည်။ ကိုတက်လူဝင်းက မသက်ဆိုင်သူ လူစိမ်း ဖြစ်၍ လက်မှတ်ကို မဖော်နိုင်သော်လည်း.... ကျွန်မသူငယ်ချင်းထားထားအေးလက်မှတ်ကို မှတ်မိသိရှိနေသော ကျွန်မကတော့ မြင်ရုံဖြင့် ထားထားအေးလက်မှတ်မှန်း သိလိုက်ပါသည်။

ကျွန်မမှာ ထားထားအေးဆိုသည့် သူငယ်ချင်း တစ်ယောက် အမှန်တကယ်ရှိပါသည်။ အချစ်ဆုံးသူငယ်ချင်းလည်းမှန်ပါသည်။

သို့သော်.... ထားထားအေးသည် မသေသေးပါ။ လွန်ခဲ့သော ဆယ်ရက်လောက်ကပင် ကျွန်မထံတယ်လီဖုန်းဆက်ပါသေးသည်။

ထားထားအေးသည် ကျွန်မကဲ့သို့ပင် သူနာပြုဆရာမ တစ်ဦး ဖြစ်ပြီး ကျွန်မနှင့်သူနာပြုသင်တန်း တစ်နှစ် တည်းအတူဆင်းခဲ့ သော ငယ်သူငယ်ချင်း ဖြစ်ပါသည်။

ထားထားအေး တစ်ယောက် မန္တလေးအနီးမှ ပလိပ်မြို့တွင် စပါယ်ရှယ်နာ့စ်အ ဖြစ် လူနာတစ်ဦးကိုသွားရောက်စောင့်ရှောက်ပေး နေသည်မှာ တစ်နှစ် ပင်ကြာမြင့်ခဲ့ပါပြီ။

လွန်ခဲ့သော နှစ် ပတ်ခန့်က ထားထားအေးပြုစုစောင့်ရှောက်ပေးနေသော လူနာအဘိုးကြီးမှာ ကွယ်လွန်သွားခဲ့ပါပြီ။ ထို့ကြောင့်..... ထားထားအေးက သူမ ရန်ကုန်ကိုပြန်လာတော့မည် ဖြစ်ကြောင်း ကျွန်မကို တယ်လီဖုန်းဆက်ခဲ့ခြင်း ဖြစ်ပါသည်။

အဘိုးကြီးရက်လည်ပြီးသည်နှင့် သူမပြန်လာမည် ဖြစ်ကြောင်း ပြောခဲ့သော်လည်း ယနေ့အထိ ထားထားအေးရန်ကုန်ပြန်ရောက် မလာသေးပါ။

ကျွန်မထံသို့ ကိုတက်လူဝင်းပေးပို့လိုက်သော စာအရ..... ဝိညာဉ်ရေး သော စာဆိုသည်မှာ ထားထားအေးရေး သယောင် ဖြစ်နေ သည်။ သည်လိုသာဆိုလျှင် ထားထားအေးသေပြီဟု ယူဆရမလို ဖြစ်နေသည်။ အသက် ၁၂နှစ် အရွယ်တောသူမိန်းကလေးကိုဝင်ပူးသည် ဆိုသည့် ဝိညာဉ်ရှင်မှာ ထားထားအေးဝိညာဉ်ဟု ဆိုရမလို ဖြစ်နေ၏ ။

ကျွန်မသူငယ်ချင်းကို သေပြီဟု ကျွန်မမယုံကြည်နိုင်ပါ။

ပြီးတော့..... ဝိညာဉ်ရေး သော စာထဲတွင် ဖော်ပြထားချက်အရ ''တို့သားအမိ''ဆိုသော အသုံးအနှုန်းပါနေသေးသည်။ အမှန် တကယ်တွင် ... ထားထားအေးသည် အပျို တစ်ယောက် ဖြစ်ပါ၏ ။ အိမ်ထောင်မကျသေးပါ။ စာထဲတွင် ''တို့သားအမိကိုကယ်ပါ''-ဟု ဘာကြောင့် ရေး ရသနည်း။

ကျွန်မသည် စာကို ကျွန်မသူငယ်ချင်း ထားထားအေးရဲ့ ဝိညာဉ်ကရေး တယ်ဆိုတာကို ငြင်းချက်ထုတ်ချင်သော်လည်း စာပါ အချက်အလက်တချို့က ကျွန်မကို ဇဝေဇဝါ ဖြစ်စေခဲ့ပြန်၏ ။

အကြောင်းမှာ ..... မှန်ရှေ့တွင် ထောင်ကြည့်လိုက်၍ အတည့်ပေါ်လာသော လက်ရေး များ သည် ထားထားအေး၏ လက်ရေး ဖြစ်နေ သော ကြောင့်ပင်။ ကျွန်မက ထားထားအေး ကျွန်မထံရေး သားပေးပို့ခဲ့ဖူးသော စာများ နှင့်တိုက်ကြည့်ပါသေးသည်။ လက်ရေး နှစ် ခုက ချွတ်စွပ်တူနေသည်။ လူ တစ်ယောက် ၏ လက်ရေး ကို တူအောင်လည်းတုရေး ရဦးမည် ။ ရေး ရာတွင် လည်း မှန်စာလို့ပြောင်းပြန် ဖြစ်အောင် ရေး ရဦးမည် ဆိုသည်မှာ မလွယ်ကူပါ။ မ ဖြစ်နိုင်ပါ။

ထို့ပြင်..... အဓိကအကျဆုံး ဖြစ်သည့် လက်မှတ်။ ဝိညာဉ်ရေး သော စာတွင် ရေး ထိုးထားသော ထားထားအေးဆိုသည့်လက်မှတ် မှာ လည်း မှန်ရှေ့တွင် ထောင်ကြည့်လိုက်သည့်အခါ ထားထားအေးထိုးနေကျထိုးမြဲလက်မှတ်နှင့် လုံးဝတူညီနေပြန်၏ ။

လက်ရေး ကို မှန်စာဖြင့် တူအောင်တုရေး နိုင်သည်ပဲထားပါဦး။ လက်မှတ်ကို ပြောင်းပြန်အနေအထားလည်း ဖြစ်အောင်၊ WI လည်းတူအောင်ရေး ထိုးဖို့ဆိုသည်မှာ ပို၍ ပင်မ ဖြစ်နိုင်ပါပေ။ ထိုးမြဲလက်မှတ်ဆိုသည်မှာ လူ တစ်ယောက် ၏ ကိုယ်ပိုင်အမှတ်အသားမဟုတ် ပါလော။ ကမ္ဘာပေါ်ရှိလူအားလုံးတွင် လက်ဗွေရာချင်း မတူညီနိုင်ကြသလို၊ လူနာမည် ချင်းတူစေဦးတော့၊ ထိုးမြဲလက်မှတ်ချင်းလည်း မတူညီနိုင်ကြပါပေ။

နောက်တစ်ကြောင်းက စာထဲမှာ ကျွန်မအမည် ပါဝင်နေခြင်းပင် ဖြစ်ပါသည်။ ''ဆောင်း''ဆိုသည်မှာ ထားထားအေး ကျွန်မကို ခေါ်ခဲ့သော နာမည် ဖြစ်ပါသည်။

တကယ်တော့. . . ကျွန်မအမည် ရင်းမှာ ''နှင်းအေးဖြူ'' ဖြစ်ပါသည်။ ''နှင်းအေးဖြူ''သည်သာလျှင် ကျွန်မ၏ မှတ်ပုံတင်ထဲမှ အမည် ၊ တရားဝင်အမည် ဖြစ်ပါသည်။ အများ သိသော အမည် ဖြစ်ပါသည်။

''ဆောင်း''ဆိုသည်က ဆွေးမျိုးများ နှင့်ရင်းနှီးသူအချို့သာ ခေါ်ဝေါ်သော နာမည် ဖြစ်ပါ၏ ။

ကျွန်မကို ဆောင်းရာသီတွင် မွေးခဲ့၍ ငယ်စဉ်က ''ဆောင်း''ဟု ခေါ်ခဲ့ကြသည်။ တရားဝင်နာမည် ကိုတော့ နှင်းအေးဖြူ ဟုမှည့်ထားခဲ့သည်။ ယခုအချိန်တွင် ကျွန်မကို ဆောင်းဟုခေါ်သူ သိပ်မရှိတော့ပါ။

ဝိညာဉ်ရေး သော စာကို တစ်စုံ တစ်ယောက် က နောက်ပြောင်ချင်၍ ရေး သားလိုက်သည်ဟု စဉ်းစားကြည့်လို့လည်း သဘာဝ မကျပါပေ။ နောက်ပြောင်သူသည် ကျွန်မငယ်နာမည် ကိုလည်းသိထားရဦးမည် ၊ ထားထားအေး၏ လက်ရေး တွေ လက်မှတ်တွေ ကိုလည်း ရေး တတ်ထိုးတတ်ရဦးမည် ၊ ကျွန်မလိပ်စာကိုလည်း သိနေရဦးမည် မဟုတ်ပါလား။

သည်လိုဆိုလျှင် ဝိညာဉ်ရေး သော စာကို ကျွန်မသူငယ်ချင်းထားထားအေး၏ ဝိညာဉ်က တကယ်ရေး ခဲ့သည်ဟု ကျွန်မယုံကြည် လိုက်ရတော့မည် လား။

ကျွန်မစိတ်က ကျွန်မသူငယ်ချင်းသေပြီဆိုတာကို လုံးဝ လက်မခံနိုင်ပါပေ။

သို့ရာတွင် . . . စာပါအချက်အလက်များ က စာရေး သူသည် ထားထားအေး၏ ဝိညာဉ်ကိုယ်တိုင်ဟု ယူဆစရာများ ရှိနေခဲ့ပါပြီ။

ကျွန်မသည် စဉ်းစားရင်းမှ တုန်လှုပ်ချောက်ခြားလာရလေပြီ။

ကျွန်မသူငယ်ချင်းထားထားအေးသည် တကယ်ပင်သေဆုံးခဲ့ပြီလား။

ထားနှင့်ပတ်သက်၍ ကျွန်မတတ်နိုင်သမျှ နောက်ကြောင်းများ ကိုပြန်လှန်ကြည့်ရပါတော့သည်။

ပလိပ်မြို့ကိုရောက်ပြီးနောက်ပိုင်း ကျွန်မထံသို့ပေးပို့ထားသော စာများ ကို ပြန်ဖတ်၍ သဲလွန်စရှာကြည့်ခြင်းပဲ ဖြစ်ပါသည်။

*


( ၂ )

ထား ပလိပ်မြို့ကိုထွက်ခွာသွားသည်မှာ ၂ဝဝ၇ခုနှစ် ၊ အောက်တိုဘာလပိုင်းက ဖြစ်ပါသည်။

ပလိပ်မြို့မှ နာမကျန်းသော သက်ကြီးရွယ်အိုတစ်ဦးအားပြုစုရန် အထူးသူနာပြုဆရာမ တစ်ဦးအလိုရှိကြောင်း ခေါ်ယူသည့် ကြော်ငြာသည် ကြေးမုံသတင်းစာတွင် ပါဝင်လာခဲ့သည်။

ထားထားအေးက နယ်မြို့များ တွင် အတွေ့ အကြုံရှိစေရန်သွားရောက်လိုသည်နှင့် ထိုအလုပ်ခေါ်စာကို လျှောက်လွှာတင် လိုက်လေသည်။ တစ်ပတ်အတွင်းမှာ ပင် ပလိပ်မြို့မှလူနာရှင်များ က ထားထားအေးအား စပါယ်ရှယ်နာ့စ်အ ဖြစ်ခန့်ထားပါကြောင်း အကြောင်းပြန်ကြားခဲ့လေသည်။

အလုပ်ရှင်တို့၏ ဆန္ဒအရ ထား တစ်ယောက် တစ်ပတ်အတွင်း ပလိပ်မြို့သို့ထွက်ခွာသွားခဲ့ရလေ၏ ။

ပလိပ်ကိုရောက်ချိန်မှစ၍ ယခုအထိ ထားထားအေး ရန်ကုန်ကို တစ်ခေါက်မှပြန်မလာခဲ့ပါ။ ပြန်လာလို့မရအောင်လည်း ထား ပြုစုရသည့်လူနာအဘိုးကြီးအခြေအနေမှာ ဆိုးဝါးနေသည်ဟု ထားပေးပို့သော စာများ အရ ကျွန်မသိခဲ့ရပါသည်။

ပလိပ်မြို့ကိုရောက်ရောက်ချင်း ကျွန်မထံပေးပို့သည့် ပထမဆုံးစာတွင် -

လူနာအဘိုးကြီးက အသက်၇ဝရှိပြီဆောင်းရေ။ ရောဂါ ကတော့ စုံလို့ပဲ။ သွေးတိုးနဲ့နှလုံးကတော့ အပြင်း ထန်ဆုံးပေါ့။ မန္တလေးကို တစ်ပတ်တစ်ကြိမ် အထူးကုနဲ့ သွားပြရတယ်။ ဒီမှာ လည်း ပုံမှန်လာကြည့်ပေးတဲ့ ဆရာဝန် လေး တစ်ယောက် ရှိပါတယ်။ တို့နေရထိုင်ရတာ တော့ အဆင်ပြေတယ်လို့ပြောရမှာ ပေါ့။

တို့ကတော့ တို့လူနာအဘိုးကြီး ဦးမောင်ကြိုင်ကို ''ဘဘ''လို့ပဲခေါ်တယ်။

နောက်တစ်လခန့်အကြာတွင် ရေး လိုက်သည့်စာမှာ တော့-

ဆောင်းရေ. . . ပလိပ်မြို့ဆိုပေမယ့် တရားဝင် မြို့နယ်အဆင့်သတ်မှတ်ထားတဲ့မြို့တော့မဟုတ်ဘူး။ မြို့ကလည်း သိပ်မကျယ်လှပါဘူး။ ဒါပေမယ့် ချမ်းသာကြွယ်ဝတဲ့သူတွေ များ ပါတယ်။ လမ်းမကြီးပေါ်မှာ ဆို အိမ်ကြီးအိမ်ကောင်းတွေ ချည်းပဲ။

တို့ဘဘဆို ဆန်စက်ပိုင်လေ။ ဆောက်ထားတဲ့အိမ်ကြီးမှ အကြီးကြီးပဲ။ ခြံကြီးကလည်း အကျယ်ကြီးပဲဟယ်။ ဒါပေမယ့် အိမ်မှာ နေတဲ့ လူကတော့သိပ်မရှိပါဘူး။ ဘဘရဲ့ ညီမအပျိုကြီးနှစ် ယောက် နဲ့ သူ့သမီး တစ်ယောက် ပဲရှိကြတယ်။ ကျန်တာတွေ ကတော့ အိမ်ဖော်တွေ ပေါ့။

ပြောရဦးမယ်။

ဘဘသမီး ခင်မိမိကြိုင်ဆိုတာက သိပ်စိတ်မမှန်ရှာဘူး။ သွက်သွက်လည်ရူးနေတဲ့အဆင့်မဟုတ်ပေမယ့် တငိုငို တရယ် ရယ်နဲ့ သူပြောချင်တာတွေ လျှောက်ပြောနေတဲ့သူမျိုးပေါ့ဟယ်။ မွေးရာပါလို့ပြောတာပဲ။ တို့အတွက်တော့ အနှောက်အယှက် မ ဖြစ်ပါဘူး။

နောက်စာတစ်စောင်၌ ထားက မန္တလေးသို့သွားသည့်အကြောင်းများ ကိုရေး သားထားလေသည်။

ဘဘက တစ်ပတ်တစ်ကြိမ်မန္တလေးကိုသွားပြရတာ့  တို့လည်း လိုက်သွားရတယ်လေ။ ဘဘသွားပြတဲ့ဆေးရုံမှာ ဘယ်သူ့ကိုတွေ့ ရလဲ သိလား။ နွယ်နွယ်လှိုင်လေ။ တို့နဲ့ တစ်ပတ်တည်းဆင်းတဲ့နွယ်နွယ်လှိုင်ရယ်။ သူက မန္တလေးသူ ဆိုတော့ မန္တလေးမှာ ပဲ ဂျူတီဝင်နေတာကိုး။ သူလည်း အလုပ်ကထွက်လိုက်ပြီး တို့လိုပဲ စပါယ်ရှယ်နာ့စ်လုပ်နေတာတဲ့။ ဆောင်းကိုလည်း မေးလိုက်ပါသေးတယ်။

တို့အတွက်တော့ ဘဘတာဝန်နဲ့ချည်းဆိုတော့ ပလိပ်မှာ တော့ မြို့ထဲတောင် ထွက်မလည် ဖြစ်ပါဘူးဟယ်။ မန္တလေး ကိုတစ်ပတ်တစ်ခါသွားရတော့ ဘုရားတော့ဖူးရတာ ပေါ့။ ဘဘက မန္တလေးရောက်တိုင်း မဟာမြတ်မုနိဘုရားကြီးကို ဝင်ပြီး ကြည်ညိုတယ်လေ။ ကားပေါ်ကနေပဲ အာရုံပြုနိုင်တာပါ။ တို့အတွက်တော့ ဘုရားကိုရောက်သွားရတာ ပေါ့။ တို့ပါနေလို့ တခြားဘုရားတွေ လည်း လိုက်ပို့ပေးပါတယ်။

နောက်ပိုင်းရေး သည့်စာများ မှာ သာမန်မာကြောင်းသာကြောင်း အနည်းအကျဉ်းသာ ဖြစ်ပါသည်။ စာတစ်စောင်တွင် ဘဘ ဦးမောင်ကြိုင်က ခွင့်ပေး၍ မန္တလေးကို တစ်ညအိပ်သွားခဲ့ကြောင်း၊ နွယ်နွယ်လှိုင့်အိမ်တွင် တည်းခိုကြောင်း၊ နွယ်နွယ်က စစ်ကိုင်း မင်းကွန်းဖက်သို့ဘုရားဖူးလိုက်ပို့ကြောင်းများ ရေး ထားသည်။

တစ်နှစ် အတွင်းတွင် ကျွန်မဆီသို့ ထားရေး ပို့သော စာပေါင်း ၈စောင်တိတိရှိပါသည်။ ယခုနှစ် သင်္ကြန်အပြီးတွင် ရေး ပို့လိုက် သော စာမှာ နောက်ဆုံးစာ ဖြစ်သည်။ ထိုစာမှာ တော့. . . ထူးခြားသော အကြောင်းအရာတစ်ခုပါလာခဲ့လေ၏ ။

တို့မှာ ချစ်သူရှိနေပြီဆိုရင် ဆောင်း ရယ်မှာ လားဟင်။ ယောကျာ်းတွေ ကိုစိတ်မဝင်စားဘူးဆိုတဲ့မိန်းမ ဘယ်လိုလဲလို့ ရန်တွေ့ ချင်မှာ ပဲမဟုတ်လား။ ခုတော့. . . အချစ်ဆိုတာ တို့ဘဝထဲဝင်လာခဲ့ပြီဆောင်းရေ။ သင်္ကြန်မတိုင်ခင်ကပဲ ကိုယ် သူ့ကို အဖြေပေးလိုက်တယ်။

ဒီပုံအတိုင်းဆိုရင်ဖြင့် တို့လည်း ရန်ကုန်မှပြန်လာ ဖြစ်ပါတော့မလားပဲ။ အညာမှာ ပဲအခြေချပြီး အညာသူကြီးလုပ်ရတော့ မယ်ထင်ပါရဲ့ ဟယ်။

ထားက သူ့ချစ်သူဘယ်သူဘယ်ဝါဆိုတာတော့ ဖော်ပြမထားပါ။ ထိုစာကိုနောက်ဆုံးရေး ပြီး နောက်ထပ်စာမရေး တော့ပေ။

ဦးမောင်ကြိုင်ဆုံးပြီဆိုကာမှ ရန်ကုန်ပြန်လာတော့မည် ဆိုသည့်အကြောင်းကို ကျွန်မဂျူတီဝင်နေသည့်ဆေးခန်းသို့ ဖုန်းဆက် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ထားက ဦးမောင်ကြိုင်မှာ အောက်တိုဘာလ(၂၆)ရက်နေ့တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ ရက်လည်ပြီး သည်နှင့် သူမပြန်လာမည် ဖြစ်ကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။

ထိုနေ့သည် အောက်တိုဘာလ(၂၈)ရက် ဖြစ်ပါသည်။ ဘယ်နေ့ဘယ်ရက်ပြန်လာ ဖြစ်မယ်ဆိုတာတော့ ဖုန်းဆက်စဉ်က မပြော ခဲ့ပါ။

ကျွန်မသည် ပြန်ရောက်လာတော့မည့်  ကျွန်မသူငယ်ချင်း ထားထားအေးကိုမျှော်နေခဲ့ပါသည်။

ထားထားအေးသည် ရန်ကုန်ပြန်ရောက်လျှင် ကျွန်မအိမ်မှာ ပဲနေမည် ဖြစ်ပါသည်။ ယခင်. . . ရန်ကုန်မှာ အလုပ်လုပ်နေစဉ်က လည်း ကျွန်မအိမ်မှာ ပင်နေခဲ့သည်။ မိဘဆွေမျိုးများ မရှိတော့သော ထားထားအေးအတွက် တစ်မြို့တည်းသားများ ဖြစ်နေသော ကျွန်မ မိဘများ ကိုပင် သူ့မိဘများ ကဲ့သို့သဘောထားသည်။ သူနာပြုသင်တန်းတက်နေကတည်းကပင် ကျွန်မတို့အိမ်မှာ အဆောင်သဘောမျိုး နေခဲ့ပြီး ထမင်းလခပေးစားခဲ့ခြင်း ဖြစ်ပါ၏ ။

ကျွန်မသည် ထားထားအေးပြန်လာတော့မည် ဆို၍ သူနေမည့် အခန်းကိုရှင်းလင်းကာ မျှော်နေခဲ့လေသည်။

ရောက်မယ့်ရောက်လာတော့ ထားထားအေး၏ ဝိညာဉ်ကရေး လိုက်သည်ဆိုသော စာက မမျှော်လင့်ပဲရောက်လာခဲ့လေပြီ။

*


ထားထားအေးဝိညာဉ်ရေး လိုက်သည့်စာကိုဖတ်ရင်း ကျွန်မ အတွေးနက်ရလေပြီ။

စာကို ထားရဲ့ ဝိညာဉ်က အမှန်တကယ် ရေး ခဲ့တာလား။ တစ်စုံ တစ်ယောက် က ရည်ရွယ်ချက်တစ်ခုခုဖြင့် နောက်ပြောင်ခြင်း သို့မဟုတ် လီဆည်ခြင်းပေလား။

ထားရေး သည်မှန်လျှင် စာထဲ၌ တို့သားအမိဆိုသော အသုံးအနှုန်းကို ဘာကြောင့်သုံးနှုန်းထားရသလဲ။

ထားမှာ လည်း ပြန်မလာပဲပျောက်ဆုံးနေပါသည်။

ကျွန်မသည် ကျွန်သူငယ်ချင်း၏ ပဟေဠိ ဖြစ်ရပ်ကို အဖြေမှန်ပေါ်အောင်စုံစမ်းရပါတော့မည် ။

တစ်ခုတည်းသော နည်းလမ်းမှာ ထားအလုပ်လုပ်ခဲ့သော ပလိပ်မြို့သို့သွားရောက်စုံစမ်းရန်ပင် ဖြစ်ပါ၏ ။ ပြီးတော့. . . ထားဝိညာဉ် ပူးခဲ့သည်ဆိုသော အသက်၁၂နှစ် အရွယ်တောသူမလေးရှိရာ စဉ့်ကိုင်မြို့ကိုလည်းသွားရမည် ။ စာပေးပို့သူ ကိုတက်လူဝင်းနှင့်ဆက်သွယ် ရပါမည် ။

*


ကျွန်မက ပထမဦးဆုံး မန္တလေးမှ သူငယ်ချင်းနွယ်နွယ်လှိုင်ထံ ကျွန်မလာရောက်မည့် အကြောင်း ဖုန်းဆက်အကြောင်းကြား လိုက်ပါသည်။

ထို့နောက် ကျွန်မ၏ မိဘများ ထံ အကျိုးအကြောင်းပြောပြ၍ ခွင့်ပန်ကာ မန္တလေးမြို့သို့ထွက်ခဲ့ပါသည်။

မန္တလေးရောက်ခါမှ နွယ်နွယ်လှိုင်၏ အကူအညီကိုယူကာ ထားအကြောင်းများ ကိုစုံစမ်းရပါတော့မည် ။ ပလိပ်တို့ စဉ့်ကိုင်တို့ကို သွားရပါတော့မည် ။

ကျွန်မသည် နိုဝင်ဘာလ(၂၃)ရက်နေ့တွင် မန္တလေးသို့ မီးရထားဖြင့်ထွက်ခွာခဲ့လေ၏ ။

ကျွန်မ၏ ခရီးစဉ်တွင် ထားနှင့်ပတ်သက်၍ ထိတ်လန့်ဖွယ်၊ ရင်ဖိုဖွယ်၊ အသိရခက် နက်နဲသော အ ဖြစ်များ ကြုံရတော့မည် ဆိုသည်ကို ထိုစဉ်ကတော့ ကျွန်မမသိခဲ့ပါပေ။

( ၃ )

နံနက်ခင်းစောစော ရန်ကုန်ဘူတာကြီးမှထွက်ခွာလာသော ရထားကြီးက ကျွန်မအား မန္တလေးမြို့သို့သယ်ဆောင်သွားလျှက်ရှိပါ သည်။

မန္တလေးမြို့တွင် တစ်ထောက်နားပြီး ပလိပ်၊ စဉ့်ကိုင်မြို့များ သို့သွားရောက်၍ ထားအကြောင်းစုံစမ်းလျှင် မည် သို့များ ကြုံဆုံ ရဦးမှာ ပါလိမ့်။

ကံကောင်းထောက်မ၍ ထားကိုအသက်ရှင်ရက်တွေ့ ရပါစေ။ ကျွန်မထံရောက်လာသော ဝိညာဉ်ရေး တဲ့စာမှာ မှားယွင်းသော အချက်တစ်ခုပဲ ဖြစ်ပါစေ။ ကျွန်မက ဆုတောင်းနေမိသည်။

ထားကိုလည်း မျက်စိထဲမှာ မြင်ယောင်နေမိ၏ ။

ထား၏ မိဘများ နှင့် ကျွန်မမိဘများ မှာ ဝန်ထမ်းများ ဖြစ်ကြပြီး ရုံးဌာနတစ်ခုတည်းတွင် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ပါသည်။ ထိုစဉ်က ကျွန်မတို့သည် မြစ်ဝကျွန်းပေါ်ရှိမြို့တစ်မြို့တွင် နေထိုင်ခဲ့ကြသည်။ ကျွန်မနှင့်ထား ဆယ်တန်းအောင်သည့်နှစ် တွင် ကျွန်မဖခင် က ဦးစွာ ရန်ကုန်ရုံးချုပ်သို့ပြောင်းရသည်။ ထားတို့မိသားစုက မြို့ကလေးတွင် ကျန်နေရစ်ခဲ့ကြသည်။

ကျွန်မနှင့်ထားသည် တက္ကသိုလ်ဆက်တက်ရန် လျှောက်ထားကြရာတွင် ကျွန်မတို့ဝါသနာပါသော သူနာပြုတက္ကသိုလ်ကို တက်ရောက်ခွင့် တင်ခဲ့ကြလေ၏ ။

သူနာပြုတက္ကသိုလ်တက်ခွင့်ရသည့်အခါ ရန်ကုန်တွင် ကျောင်းလာတက်ရသော ထားသည် ကျွန်မတို့အိမ်မှာ ပင်နေထိုင်ခဲ့ပါသည်။

ထား၏ မိဘများ သည် ကျွန်မတို့တက္ကသိုလ်တက်နေစဉ်မှာ ပင် ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ခဲ့လေသည်။ ထားအတွက် အမွေ အနှစ် အတော် များများ ချန်ရစ်ထားခဲ့ကြရှာသည်။ ထားတွင် နီးစပ်သော ဆွေမျိုးသားချင်း မရှိရှာပါ။

ကျွန်မမိဘများ က ရရှိသည့်အမွေအနှစ် ကိုမပျောက်ပျက်အောင် ဘဏ်တွင် အပ်ထားရန်နှင့် ကျွန်မတို့အိမ်တွင် ပင်ဆက်နေပြီး ကျောင်းတက်ဖို့ တိုက်တွန်းခဲ့လေသည်။

ထားသည် ကျောင်းပြီးသည်ထိ ကျွန်မတို့အိမ်မှာ ပဲနေခဲ့ပါသည်။ အလုပ်ဝင်တော့လည်း အိမ်မှာ ပင်ဆက်နေခဲ့သည်။

ထို့ကြောင့်.... ထားနှင့်ကျွန်မမှာ သူငယ်ချင်းဆိုသည်ထက်ပို၍ ရင်းနှီးခင်မင်ခဲ့ရပေသည်။ ဆွေမျိုးမတော် စပ်သော်လည်း ညီ အစ်မသဖွယ် ချစ်ခင်ခဲ့ရပေသည်။ ကျွန်မတို့နှစ် ယောက် လုံးမှာ မောင်နှမသားချင်းမရှိသော တစ်ဦးတည်းသော သမီးများ မဟုတ်ပါလား။

ကျွန်မတို့သည် သတ်မှတ်ထားသော စည်းကမ်းချက်များ အတိုင်း အစိုးရဝန်ထမ်းအ ဖြစ် ပြည်သူ့ဆေးရုံများ တွင် တာဝန်ကျေ အောင် ထမ်းဆောင်ခဲ့ပါသည်။ နှုတ်ထွက်ခွင့်ရနိုင်သည့်လုပ်သက်ရအပြီးတွင် နှစ် ယောက် လုံး အစိုးရအလုပ်မှနှုတ်ထွက်လိုက်သည်။

ကျွန်မတို့ဝါသနာပါသော သူနာပြုလုပ်ငန်းကိုမူ စပါယ်ရှယ်နာ့စ်(အထူးသူနာပြု)များ အ ဖြစ် ပြင်ပဆေးရုံကြီးများ ၊ ဆေးခန်းကြီးများ တွင် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါ၏ ။

ထားသည် ဆယ်တန်းအောင်ချိန်မှစ၍ ကျွန်မတို့အိမ်မှာ ပင် တလျှောက်လုံးနေထိုင်ခဲ့ပါသည်။ အညာကိုရောက်ဖူးချင်လို့ဆိုကာ ပလိပ်မြို့မှခေါ်ယူသော အလုပ်ကိုလျှောက်ထားပြီး ပလိပ်သို့ရောက်သွားမှပင် ထားနှင့်ကျွန်မ ခွဲခဲ့ရပါသည်။

ကျွန်မတို့ခွဲခွာခဲ့ရချိန်မှာ လည်းအကြာကြီးဟုမဆိုသာပါ။ တစ်နှစ် မျှသာ ဖြစ်ပါသည်။ တစ်နှစ် အတွင်းမှာ တော့ ထားသည် ရန်ကုန် ကိုတစ်ခေါက်မျှပြန်မလာခဲ့ပါချေ။ အရေး ကြီးသော လူနာကို အိမ်တိုင်ယာရောက်ပြုစုစောင့်ရှောက်ပေးနေရသော ကျွန်မတို့သူနာပြုများ အဖို့ ရက်ရှည်ခွင့်ယူဖို့လည်း မသင့်တော် ဘူးမဟုတ်ပါလား။

ကျွန်မသည် ရထားပြင်ပရှုခင်းများ ကိုငေးမောရင်းဖြင့် ထားအကြောင်းများ ကို တွေးတောနေခဲ့လေသည်။

ကျွန်မကိုတင်ဆောင်လာသော မီးရထားကြီးသည် ညမှော င်ရီပျိုးစအချိန်တွင် မန္တလေးဘူတာကြီးသို့ဆိုက်ရောက်ခဲ့ပါပြီ။

*


မန္တလေးဘူတာကြီးတွင် သူငယ်ချင်းနွယ်နွယ်လှိုင်က လာရောက်ကြိုဆိုနေပါသည်။

နွယ်နွယ်လှိုင်သည် ကျွန်မလာရောက်ခြင်းကို ထားထားအေးကိစ္စအတွက်ဟု သိရှိမထားပါ။ အလည်သက်သက်လာသည်ဟုပင် ထင်နေရှာပေ၏ ။

ရထားပေါ်မှဆင်းဆင်းချင်း နွယ်နွယ်လှိုင်ပြောလိုက်သော စကားက ကျွန်မရင်ကိုဆို့သွားစေပါသည်။

''နှင်းက ထားထားအေး ပလိပ်မှာ ရှိတုန်းကတော့မလာဘူး၊ ထားထားအေးရှိတုံးကသာလာရင် တို့သူငယ်ချင်းသုံးယောက် အတူတူ လည်ကြရမှာ ဟယ်၊ ထားရော နေကောင်းရဲ့ လား၊ ရန်ကုန်ဆေးခန်းတွေ မှာ ဂျူတီဝင်နေပြီလား''

ထိုစကားကိုထောက်ရှုခြင်းအားဖြင့်.... နွယ်နွယ်လှိုင်သည် ထား တစ်ယောက် ရန်ကုန်ပြန်ရောက်နေပြီဟုထင်နေကြောင်း သိ သာပေသည်။

ကျွန်မက ဘူတာထဲတွင် အထူးအထွေပြောမနေတော့ပဲ အိမ်ရောက်မှသာ အကျိုးအကြောင်းပြောပြဖို့ဆုံးဖြတ်လိုက်ပါသည်။

*


ကျွန်မက ကျွန်မထံရောက်လာသော ''ဝိညာဉ်ရေး သည့်စာ''ကိုထုတ်ပြကာ အကြောင်းစုံပြောပြလိုက်သည်တွင် . . . နွယ်နွယ် လှိုင်မှာ အံ့သြရုံမက ထိတ်ထိတ်လန့်လန့် ဖြစ် သွားပါတော့သည်။

''ဒါဖြင့်... ထား ရန်ကုန်ပြန်ရောက်မလာဘူးပေါ့''

''ဟုတ်တယ်နွယ်''

''ဘုရား..... ဘုရား..... ထားရန်ကုန်ပြန်သွားတာတော့သေချာတယ် နှင်း၊ ဘာ ဖြစ်လို့လဲဆိုတော့ သူရန်ကုန်ပြန်မယ့်နေ့က နွယ့် ဆီကို ဖုန်းဆက်တယ်လေ၊ ညကိုးနာရီလေးဆယ့်ငါးရထား အထူးအမြန်ရထားနဲ့ ပြန်မှာ တဲ့၊ ဒါပေမယ့်. . . နွယ်က ခွဲစိတ်မှုတစ်ခုမှာ လက်ထောက်လုပ်နေရလို့ ဘူတာကိုဆင်းမတွေ့ ခဲ့ဘူး''

''အဲဒီ နေ့ကို နွယ်မှတ်မိလားဟင်''

''နွယ့်ဒိုင်ယာရီကိုပြန်ကြည့်ရင်ရပါတယ်၊ နေဦး....... နွယ်ကြည့်ပေးမယ်နော်''

နွယ်နွယ်က သူမ၏ နေ့စဉ်ဒိုင်ယာရီမှတ်တမ်းထဲတွင် ပြန် ကြည့်ပေးသည်။

''အဲဒါ နိုဝင်ဘာလ၁ဝရက်၊ တနင်္လာနေ့ပဲနှင်း၊ အဲဒီ နေ့က ခွဲလူနာ တစ်ယောက် ရှိလို့ နွယ် ထားကိုလိုက်မပို့ ဖြစ်တာ၊ ဗသချာ တယ်၊ ဒါပေမယ့်...... နှင်း၊ ထားဟာ ရန်ကုန်လည်း ပြန်ရောက်မလာဘူး၊ ထား ဝိညာဉ်ရေး လိုက်တယ်ဆိုတဲ့စာလည်းရောက်လာတယ် ဆိုတော့ ထားဟာ အဲဒီ နေ့က ရထားနဲ့ လိုက်မှလိုက် ဖြစ်ရဲ့ လားမသိဘူးဟယ်''

''သိပ်တော့မကြာသေးဘူးလေ၊ တို့တွေ နောက်ကြောင်းတွေ လှန်ပြီး စုံစမ်းရမှာ ပေါ့၊ အဲဒီ အတွက် ပလိပ်ကိုသွားစုံစမ်းဖို့ ကိုယ်လာခဲ့တာပဲနွယ်နွယ်၊ လိုအပ်ရင် ကိုတက်လူဝင်းရှိတဲ့ စဉ့်ကိုင်ကိုလည်း လိုက်သင့်လိုက်ရမယ်လေ''

''နွယ်ကူညီပါ့မယ်နှင်း၊ ဒီကိစ္စကို နွယ်လည်းစိတ်ဝင်စားတယ်၊ ထားဟာ နွယ့်သူငယ်ချင်းပါ၊ နွယ်ကူညီမှာ ပေါ့''

*


( ၄ )

နောက်တစ်နေ့တွင် ..... နွယ်နွယ်လှိုင်က သူမ၏ မော်တော် ဆိုင်ကယ်လေးဖြင့် ပလိပ်ကိုလိုက်ပို့ပေးပါသည်။

ပလိပ်မြို့သို့ရောက်ရှိသော ရန်ကုန်-မန္တလေးကားလမ်းမကြီးမှာ ကျယ်ဝန်းဖြောင့်ဖြူးလှပေ၏ ။ မန္တလေးသို့မရောက်တာကြာ ပြီ ဖြစ်သော ကျွန်မသည် အဆင့်မြင့်လှသော ခြောက်လမ်းသွားအဝေးပြေးလမ်းမကြီးကိုကြည့်၍ ကြည်နူးအံ့သြမိရပေသည်။

မော်တော် ဆိုင်ကယ်လေးသည် လမ်းမကျယ်ကြီးတွင် လေးမှလွှတ်သော မြားတစ်စင်းကဲ့သို့ အမြန်ပြေးနေသည်။ တစ်မြို့တစ်ရွာ စီ ဖြစ်သော်လည်း လမ်းကလည်းကောင်း၊ ယာဉ်ကလည်းမြန်သည်မို့ သိပ်မကြာလှပဲ ပလိပ်မြို့ကိုရောက်သွားခဲ့ပါသည်။

ပလိပ်မြို့မှာ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး လမ်းမကြီး၏ ညာဖက်တွင် ကပ်ရက်ရှိသော မန္တလေးနှင့်မဝေးလှသည့်မြို့က လေး ဖြစ် ပါသည်။ မြွေဘုရားရှိသည့်အတွက် နာမည် ကျော်ကြားသော မြို့ကလေးလည်း ဖြစ်ပါ၏ ။

ပလိပ်အရောက်တွင် မကြာခင်ကကွယ်လွန်သွားခဲ့သော ဆန်စက်ပိုင် ဦးမောင်ကြိုင်အိမ်ကိုစုံစမ်းရာ အလွယ်တကူပင်စုံစမ်းလို့ ရခဲ့ပါသည်။ မြို့အဝင်လမ်းမအတိုင်း တည့်တည့်မောင်းဝင်သွားရန်လမ်းညွှန်ပေးလိုက်ပါသည်။

ကျွန်မတို့သည် မြို့ထဲသို့အတန်ငယ်ချိုးကွေ့ဝင်ခဲ့ရာကျယ်ပြောသော ခြံကျယ်ကြီးထဲမှ ဦးမောင်ကြိုင်၏ တိုက်အိမ်ကြီးကို ရောက်ရှိ ခဲ့ပါတော့သည်။

ကျွန်မက အကျိုးအကြောင်းပြောပြရာ အလုပ်သမား တစ်ယောက် က တခါးဖွင့်ပေးသည်။ ဧည့်ခန်းတွင် ထိုင်ခိုင်းထားခဲ့ကာ အိမ် ရှင်များ ကိုသွား၍ အကြောင်းကြားပေးပါသည်။

ခဏအကြာတွင် အဘွားကြီးတစ်ဦးဧည့်ခန်းထဲသို့ဆင်းလာပါသည်။

''ဘာကိစ္စများ ရှိကြလို့ပါလဲ''

''ကျွန်မက ရန်ကုန်ကပါကြီးကြီး၊ ဒီအိမ်မှာ အလုပ်လုပ်သွားတဲ့ သူနာပြုဆရာမ ထားထားအေးရဲ့ သူငယ်ချင်းပါ၊ နာမည် က နှင်အေးဖြူလို့ ခေါ်ပါတယ်''

''သြော်.... ဆရာမ လေးသူငယ်ချင်းကိုး၊ ဆရာမ လေးက ပြန် သွားပါပြီ၊ ရန်ကုန်ကိုပြန်သွားတယ်၊ သူပြုစုပေးနေတဲ့ ကြီးကြီးရဲ့ အစ်ကိုကြီးလည်း ဆုံးသွားရှာပြီလေ''

''ဟုတ်ကဲ့ပါကြီးကြီး၊ ထားထားအေး ဘယ်နေ့က ရန်ကုန်ပြန် သွားပါသလဲရှင်''

''ဆယ်ရက်မကတော့ဘူးကွဲ့၊ ရက်အတိအကျတော့ ကြီးကြီးလည်း မမှတ်မိတော့ဘူး၊ မောင်ဥာဏ်မိုးကိုမေးမှသိမယ်၊ အစ်ကို ကြီးက အောက်တိုဘာ၂၈မှာ ဆုံးတယ်၊ အစ်ကိုကြီးရက်လည်ပြီးမကြာဘူး၊ ဆရာမ လေးပြန်သွားတာပဲ''

''ဟုတ်ကဲ့ကြီးကြီး၊ ထားထားအေး ရန်ကုန်ကိုပြန်ရောက်မလာလို့ပါ''

''ဘယ်လိုကွဲ့''

အဘွားကြီးက အံ့သြသွားဟန်တူသည်။

''ရထားလက်မှတ်ဝယ်ပြီး ရထားပေါ်ရောက်တဲ့အထိ ဒီအိမ်က တာဝန်ယူပို့ပေးလိုက်တာပဲကွယ်''

''ဟုတ်ပါတယ်၊ ထားထားအေးရန်ကုန်ကို ခုထိပြန်မလာလို့ ကျွန်မလာမေးတာပါကြီးကြီး''

''တစ်နေရာရာများ ဝင်နေရော့သလားကွယ်''

''ဝင်စရာမရှိပါဘူးကြီးကြီး၊ ထားက ရန်ကုန်ရောက်ရင် ကျွန်မတို့အိမ်မှာ နေမှာ ပါ၊ ကျွန်မတို့အိမ်ကိုပဲလာရမှာ ပါကြီးကြီး''

''အဲဒါတော့ပြောတယ်ကွဲ့၊ သူက သူငယ်ချင်းအိမ်မှာ နေတာတဲ့''

''သူပြန်လာခါနီး တော့ ကျွန်မကိုဖုန်းဆက်ပါသေးတယ်၊ ဒီကအန်ကယ်ဆုံးပြီးခါစပါ၊ ဖုန်းဆက်ပြီးကတည်းက အဆက်အသွယ် ပြတ်သွားတာပါကြီးကြီး''

''ဖုန်းဆိုလို့..... ကြီးကြီးကလည်း ရန်ကုန်ရောက်ရင် ဖုန်းလေးတစ်ချက်ဆက်ဖို့မှာ လိုက်ပါသေးတယ်၊ ဆရာမ လေးဖုန်းမဆက် တော့ ထူးတယ်လို့တော့ထင်မိသား၊ ရန်ကုန်ပြန်ရောက်မလာဘူးဆိုတော့ရင် ထိတ်လိုက်တာကွယ်၊ ဘဲ့နဲ့ထင်သတုန်း''

''မထင်တတ်အောင်ပါပဲကြီးကြီးရယ်''

''ရန်ကုန်နဲ့မန္တလေး ဘာခရီးဝေးလို့တုန်းကွယ်၊ ရထားပေါ်တက်သွားမှတော့ ရောက်ဖို့ပဲရှိတာမဟုတ်လား''

''ဟုတ်ပါတယ်ကြီးကြီး၊ ကျွန်မလည်း စိတ်ပူလို့လိုက်လာတာပါ၊ နောက်ပြီး. . . ''

ကျွန်မက ဝိညာဉ်ရေး သော စာ ကျွန်မဆီရောက်လာကြောင်း ပြောဖို့သင့်မသင့်ချိန်ဆကြည့်လိုက်သည်။ ဘေးမှ နွယ်နွယ်လှိုင့်ကို သဘောထားတောင်းခံသလိုမျိုးလှည့်ကြည့်လိုက်သည်။

နွယ်နွယ်က သူ့ခြေထောက်ဖြင့် ကျွန်မခြေထောက်ကိုလှမ်းထိကာ မပြောဖို့ဟန့်တားလိုက်လေ၏ ။

''ဟိုမှာ လည်း သူ့အတွက် အလုပ်လုပ်စရာတွေ စောင့်နေလို့ပါ''

ကျွန်မက စကားလမ်းကြောင်းကိုလွှဲပစ်လိုက်ရသည်။

ထိုစဉ်..... အတွင်းခန်းထဲမှ အမျိုသမီးတစ်ဦးထွက်လာလေသည်။ အမျိုးသမီးက ကျွန်မတို့နှစ် ယောက် ကို စေ့စေ့ကြည့်ကာ မေးလိုက်လေသည်။

''ဟဲ့- နင်တို့က ဘယ်သူတွေ တုန်း၊ ဘယ်ကလာကြတာတုန်း''

ထိုအမျိုးသမီးမှာ ဦးမောင်ကြိုင်၏ သမီး စိတ်မမှန်သော အမျိုးသမီး ဖြစ်ကြောင်း ကျွန်မက မြင်ရုံနှင့်သိလိုက်လေသည်။ ထား ရေး ပို့ သော စာထဲတွင် သူမအကြောင်းပါခဲ့ဖူးသည်မဟုတ်ပါလား။

အသွင်အပြင်အရလည်း သူမကို ဦးနှောက်မူမှန်ရှိသူမဟုတ်မှန်း ကြည့်ရုံဖြင့်သိနိုင်ပါသည်။

အဝတ်အစားများ ကတော့ သစ်သစ်လွင်လွင်သန့်သန့်ရှင်းရှင်းပင် ဖြစ်ပါသည်။ ခြေဆုံးခေါင်းဆုံးလည်း သနပ်ခါးများ လိမ်းထား သည်။ သနပ်ခါးကိုထူထူပိန်းပိန်းလိမ်းထားရာ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခု ထပ်စွတ်ထားသကဲ့သို့ပင်ထင်ရပါသည်။ သနပ်ခါးများ မှာ ညီညီညာညာမဟုတ်ပဲ ဖြစ်သလိုလိမ်းထား၍ အစင်းကြောင်းကြီးများ ဖြစ်နေသည်။

အထူးခြားဆုံးမှာ ...... ပန်းပန်ထားပုံ ဖြစ်၏ ။ သူမက ပန်းကို ဦးခေါင်းထိပ်တည့်တည့်တွင် ပန်ဆင်ထားလေသည်။ နှင်းဆီပွင့် အနီရဲရဲကြီးတစ်ပွင့် ဖြစ်ပါ၏ ။ ပန်းပန်ထားပုံမှာ ကလစ်၊ ဆံညှပ်များ ဖြင့် ထိုးပန်ထားခြင်းမဟုတ်ပါ။ ပလတ်စတစ်ကြိုးတစ်ချောင်းဖြင့် ပတ် ချည် ထားခြင်း ဖြစ်ပြီး၊ ကြိုးစတစ်ဖက်က ပခုံးပေါ်ဝဲကျနေသေးသည်။ ပလတ်စတစ်ကြိုးမှာ လည်း အထုတ်အပိုးများ ချည်နှောင်သော ကျွတ်ကျွတ်အိတ်ကြိုးဆိုသည့် အပေါစားကြိုးတစ်ချောင်းသာ ဖြစ်လေသည်။ ထိုအဆင်အပြင်ကပင် သူမအား စိတ်ထားမူမမှန်သူအ ဖြစ် သိသာစေပေ၏ ။

''နင်တို့ဘယ်ကလဲဟေ၊ ဘာလာလုပ်တာတုံး''

သူမက နောက်တစ်ကြိမ်မေးရင်း အဘွားကြီးဘေးတွင် ဝုန်းကနဲဝင်ထိုင်လိုက်သည်။

''ခင်မိ၊ ကိုယ့်ဟာကိုယ်သွားနေစမ်း၊ ဧည့်သည်တွေ ကိုမရောရဘူးလို့ ဘယ်နှခါပြောရမလဲ၊ ဧည့်သည်ကို နင်နဲ့ငါနဲ့မပြောရဘူး၊ သွား- သွား''

''အို...... ဒီကောင်မလေးက လှလို့ပါဒေါ်လေးရဲ့ ၊ နင်သိပ်လှတယ်ဟယ်၊ သိလား''

သူမက ကျွန်မကိုလက်ညှိုးကြီးဖြင့်ထိုးပြကာ အားရပါးရပြောလိုက်လေသည်။

''သည်းခံပါကွယ်၊ ကြီးကြီးတူမလေးပါ၊ သူက.....''

''ရပါတယ်ကြီးကြီး၊ ကိစ္စမရှိပါဘူး''

''ခင်မိ၊ ဧည့်သည်တွေ ကိုမနှောက်ယှက်ရဘူးနော်၊ ဒီကလေးမတွေ က အိမ်မှာ လာပြီး ညီးအဖေကိုပြုစုသွားတဲ့ ဆရာမ လေး ထားထားအေးရဲ့ သူငယ်ချင်းတွေ ကွဲ့''

''ဆရာမ လေး၊ အေး- ဆရာမ လေးလည်း လှတာပဲဟဲ့၊ နင်လှတာ ဆရာမ လေးသူငယ်ချင်းမို့လို့၊ ဟီ ဟီ ဟိ''

ကျွန်မကပြုံးလိုက်မိပါသည်။ စိတ်ပေါ့သွပ်သူပြောခြင်းပင် ဖြစ်သော်လည်း လူပီပီ ကျွန်မသည် လှတယ်အပြောခံရ၍ ပီတီ ဖြစ်မိရ သည်။

''ဒါပေမယ့်.... နင်တို့လှတာ ငါ့တော့မမီပါဘူး၊ ငါ့ကိုကြည့်စမ်း၊ ငါက မေသဉ္ဇာဦးနဲ့တူတယ်''

သူမက ထိုင်ရာမှထကာ ကိုယ်ကိုတစ်ပတ်လှည့်ရင်း ဟန်လုပ်ပြလိုက်ပြန်လေသည်။

''ခင်မိ၊ အိမ်ထဲသွားနေလို့ပြောတယ်၊ တယ်ခက်ပါလား''

''နေပါစေကြီးကြီးရယ်၊ ကိစ္စမရှိပါဘူး''

နွယ်နွယ်လှိုင်က ဝင်ပြောလိုက်သည်။

ကျွန်မတို့သည် သူမကိုကြည့်ပြီး ရယ်မောလိုခြင်း၊ ပြုံးမိခြင်းမ ဖြစ်မိပါ။ ကျန်းမာရေး ဝန်ထမ်းများ ဖြစ်သည့်အားလျော်စွာ ကျန်းမာ ရေး ရှုထောင့်မှကြည့်၍ ဂရုဏာသက်မိပါသည်။

''နာမည် က ခင်မိမိကြိုင်-တဲ့၊ ကြီးကြီးအစ်ကိုကြီးလင်မယားမှာ သားသမီးဆိုလို့သူ တစ်ယောက် ပဲ ထွန်းကားပါတယ်၊ ကြီးကြီးကတော့ အပျိုကြီးပါ''

''ဟုတ်ကဲ့''

''ကြီးကြီးနာမည် က ဒေါ်ခင်မြိုင်တဲ့၊ ဆရာမ တို့ကို မောင်ဥာဏ်မိုးလာတဲ့အထိစောင့်စေချင်တယ်၊ အိမ်မှာ မောင်ဥာဏ်မိုးရှိလို့သာ ကြီးကြီးတို့လည်း အဆင်ပြေပြေနေနိုင်တာပဲ''

''ကိုဥာဏ်မိုးဆိုတာက.....''

''ကိုဥာဏ်မိုးဆိုတာ ငါ့ယောကျာ်းပဲ၊ ငါ့ယောကျာ်းက ငါ့ကို သိပ်ချစ်တာ၊ ဟီဟီ.....''

''ခင်မိ၊ နင်-ငါလို့မပြောရဘူးဆိုတာ ဘယ်နှခါသင်ရမလဲ၊ ခက်ပါလားအေ''

ကျွန်မသည် စိတ်ပေါ့သွပ်နေသူ မခင်မိမိကြိုင်တွင် ခင်ပွန်းယောကျာ်းရှိသည်ဆို၍ အံ့သြသွားမိသည်။ ထားစာထဲမှာ တော့ ခင်မိမိကြိုင်မှာ ယောကျာ်းရှိကြောင်း မပါပါပေ။

ထိုစဉ်.... အိမ်ရှေ့တွင် ကားတစ်စီးထိုးဆိုက်သံကြားလိုက်သည်။

''ဟော- ကိုဥာဏ်မိုးပြန်လာပြီ၊ ငါ့ယောကျာ်းပြန်လာပြီ၊ ကိုကို ပြန်လာပြီ-ဟေ့- ကိုကိုပြန်လာပြီ''

ခင်မိမိကြိုင်သည် ထိုင်ရာမှထကာ အိမ်ရှေ့သို့အလျင်အမြန် ပြေးထွက်သွားလေတော့၏ ။

''အဲဒါသာကြည့်တော့ကွယ်၊ ကြီးကြီးတို့မှာ သူ့အတွက်ပဲစိတ်ပူနေရတယ်၊ ဧည့်သည်လာရင်လည်း သူက ဝင်ဝင်ပါတော့ အားနာနေရတယ်၊ စိတ်မရှိနဲ့နော် ဆရာမ တို့''

''ရပါတယ်ကြီးကြီး၊ ကျွန်မတို့က ကျန်းမာရေး ဝန်ထမ်းတွေ ပါ၊ နားလည်မှုရှိပါတယ်''

အပြင်မှပြန်လာသော ခင်မိမိကြိုင်၏ လင်ယောကျာ်းမှာ အိမ်ထဲသို့ဝင်လာပေပြီ။ ခင်မိမိကြိုင်က သူ့ယောကျာ်းကို လက်မောင်း ချင်းတွဲ ချိတ်ကာ ဧည့်ခန်းထဲသို့ခေါ်လာလေ၏ ။

''ဟိတ်- ကိုကို၊ ဟိုမှာ ကောင်မလေးလေးလှလှလေးတွေ ရောက်နေတယ်၊ သူတို့က ဆရာမ လေးရဲ့ သူငယ်ချင်းတဲ့၊ နင် သူတို့ကို မကြိုက်ရဘူးနော်''

''ဟဲ့-ခင်မိ''

ဒေါ်ခင်မြိုင်က လှမ်းဟန့်တားလိုက်ချိန်နှင့်တစ်ပြိုင်တည်း ကိုဥာဏ်မိုးဆိုသူ၏ အကြည့်က ကျွန်မတို့ထံရောက်လာလေသည်။ ကြည့်ရသည်မှာ ဧည့်ခန်းထဲရောက်မှပင် ဧည့်သည်များ ရှိနေကြောင်း သိလိုက်ရပုံပေါ်သည်။

သူသည် ကျွန်မတို့ကိုမြင်လိုက်သည်တွင် အံ့သြသွားလေသည်။

''ဆရာမ ထားထားအေးသူငယ်ချင်းတွေ ၊ ဟုတ်လား၊ ဆရာမ လေးက ပြန်သွားတာကြာပြီခင်ဗျ''

''ဟုတ်ကဲ့ဦးဥာဏ်မိုး၊ ကျွန်မရန်ကုန်ကပါ၊ ထားထားအေးနဲ့ အတူနေတဲ့ နှင်းအေးဖြူပါရှင်''

ကျွန်မက ထိုင်ရာမှထကာ ကိုဥာဏ်မိုးဆိုသူကို ပြောလိုက်သည်။

''သြော်..... ထိုင်ပါခင်ဗျာ''

ကိုဥာဏ်မိုးက သူကိုယ်တိုင်ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်ရင်းပြောလိုက်သည်။

ခင်မိမိကြိုင်က ကိုဥာဏ်မိုးထိုင်လိုက်သော ကုလားထိုင်၏ လက်တန်းတွင် ဝင်ထိုင်ရင်း ကိုဥာဏ်မိုးပခုံးကိုဖက်ထားလိုက်လေ သည်။ ကို ဥာဏ်မိုးသည် ခင်မိမိကြိုင်အပြုအမူအတွက် ကျွန်မတို့ကိုရှက်နေပုံရသည်။

''ထားထားအေး ဘယ်နေ့က ပြန်သွားတာပါလဲရှင်၊ အခုထိ ရန်ကုန်ကိုပြန်ရောက်မလာလို့ ကျွန်မလိုက်လာတာပါ''

''ဗျာ-''

ကိုဥာဏ်မိုးက အံ့အားသင့်သွားဟန်ဖြင့် ကျွန်မကိုငေးကြည့်နေလေသည်။

''ဆရာမ လေးပြန်သွားတာ နိုဝင်ဘာ၁ဝရက်ကတည်းကပါ မနှင်းအေးဖြူ၊ ကျွန်တော် ကိုယ်တိုင် အထူးအမြန်ရထားလက်မှတ် ဝယ်ပေးလိုက်တာပါ၊ လမ်းထိပ်က အပျိုကြီးညီအစ်မနှစ် ယောက် နဲ့ အိပ်ခန်းတွဲ တစ်တွဲ တည်းမှာ အတူစီးပြီးပြန်သွားတာပါ''

''ဒါပေမယ့်..... သူ ဒီနေ့ထိ ရန်ကုန်ရောက်မလာဘူးရှင့်''

''ဟုတ်လား၊ ထူးတော့ထူးတာပဲ၊ အဲဒီ နေ့က ကျွန်တော် အလုပ်များ နေလို့ ဘူတာကိုတော့လိုက်မပို့နိုင်ဘူး၊ ဘူတာကို အိမ်ကကားနဲ့ပဲ ပို့ပေးခဲ့ပါတယ်၊ ဒရိုင်ဘာလိုက်ပို့တယ်၊ ခဏနော်- ဒရိုင်ဘာကို ကျွန်တော် ခေါ်မေးကြည့်မယ်''

ကိုဥာဏ်မိုးက ထိုင်ရာမှထကာ ပြတင်းပေါက်တွင် ရပ်လျှက် ဒရိုင်ဘာကိုလှမ်းခေါ်လိုက်သည်။

''ရဲကြီး၊ ရဲကြီး၊ ခဏလာဦး''

ရဲကြီးဆိုသူဒရိုင်ဘာ ဧည့်ခန်းထဲရောက်လာသည်။

''သူက ကျွန်တော် တို့ဒရိုင်ဘာ ရဲဝင်းပါ၊ ရဲကြီး- ဆရာမ လေးကိုဘူတာလိုက်ပို့တုန်းက ရထားထွက်တဲ့အထိ မင်းစောင့်နေ သလား''

''ရထားထွက်တဲ့အထိတော့ မနေဘူးဆရာ၊ ဆရာမ လေးက ပြန်ခိုင်းလို့ပြန်လာခဲ့တယ်၊ ဒါပေမယ့် အထုပ်အပိုးတွေ ပစ္စည်း တွေ ကို ရထားပေါ်မှာ သေချာနေရာချထားပေးပြီးမှပြန်လာတာပါဆရာ''

ကိုဥာဏ်မိုးက ကျွန်မဖက်လှည့်ကြည့်လိုက်သည်။

''ဆရာမ ပြန်မယ်ဆိုတော့ လက်မှတ်ကို သုံးရက်ကြိုပြီး ကျွန်တော် ကိုယ်တိုင် မန္တလေးဘူတာမှာ သွားဝယ်ပေးတာပါ၊ လမ်းထိပ် က ဒေါ်တင့်တင့်နဲ့ဒေါ်မြင့်မြင့်တို့ အပျိုကြီးညီအစ်မကလည်း ရန်ကုန်သွားမယ် သူတို့ဖို့ပါလက်မှတ်ဖြတ်ပေးပါဆိုလို့ သုံးစောင်ဖြတ် ခဲ့ပါတယ်၊ အိပ်ခန်းတွဲ နဲ့ပါမနှင်းအေးဖြူ''

''ဒါဖြင့်.... အပျိုကြီးညီအစ်မဆိုတာနဲ့ အတူတူသွားတာပေါ့နော်၊ သူတို့ကိုမေးကြည့်မှထင်ပါရဲ့ ''

''အန်တီမြင့်တို့ညီအစ်မ ရန်ကုန်က ပြန်မလာသေးပါဘူးခင်ဗျ၊ ရဲကြီး- မင်းတို့ဘူတာရောက်တော့ အန်တီမြင့်တို့ရောက်နေ ပြီလား''

''ကျွန်တော် ပြန်လာတဲ့အထိ အန်တီမြင့်တို့ညီအစ်မကိုမတွေ့ ခဲ့ပါဘူးဆရာ၊ တွဲ ထဲကို ဆရာမ အရင်ဆုံးရောက်တာပါ''

''အေး-အေး- မင်းသွားနိုင်ပြီ''

ဒရိုင်ဘာထွက်သွားသည်နှင့် ခင်မိမိကြိုင်က ရုတ်တရက် ပြောချလိုက်လေသည်။

''နင်တို့မသိဘူးလား..... ဆရာမ လေး ရထားပေါ်က ကျသေသွားပြီဟဲ့''

''ခင်မိ''

''မိမိကလည်းကွာ''

''ဟုတ်တယ်၊ ဆရာမ သေပြီ၊ ငါသိတယ်''

''မိမိ၊ မင်းအထဲဝင်နေစမ်း''

''လာခဲ့- ခင်မိ''

ဒေါ်ခင်မြိုင်က ထိုင်ရာမှထလာကာ ခင်မိမိကြိုင်ကို လက်မောင်းမှဇွတ်ဆွဲပြီး အတွင်းခန်းထဲသို့ခေါ်သွားလေသည်။

''ဆရာမ တို့ စကားပြောကြဦးနော်၊ ကြီးကြီး.....''

''ဟုတ်ကဲ့ကြီးကြီး၊ ရပါတယ်ရှင်''

''ဆောရီးဗျာ၊ ကျွန်တော့် အမျိုးသမီးက ဦးနှောက်မကောင်းတော့..... ထင်မိထင်ရာ......''

''ကိစ္စမရှိပါဘူးရှင်၊ ကျွန်မတို့နားလည်ပါတယ်''

''ဆရာမ ရန်ကုန်ပြန်ရောက်မလာဘူးဆိုတော့ ဘယ်လိုများ ယူဆပါသလဲခင်ဗျာ''

''ကျွန်မတို့လည်း မတွေးတတ်တော့ပါဘူးဦးဥာဏ်မိုး၊ ရောက်ချိန်တန်တဲ့အထိရောက်မလာလို့ ကျွန်မတို့ ဒီအထိလိုက်လာတာ ပါရှင်''

''မထားထားအေး-အဲ......ဆရာမ မှာ တခြားသွားစရာနေရာများ ရော ရှိမလား၊ စုံစမ်းပြီးပလားမနှင်းအေးဖြူ''

''မရှိပါဘူးရှင်၊ ဆယ်တန်းကျောင်းသူဘဝကတည်းက ကျွန်မတို့မိသားစုနဲ့နေလာတာပါ၊ သူပြန်လာမယ်ဆိုတဲ့အကြောင်းကို ဒီက ဦးမောင်ကြိုင်ဆုံးပြီးကာစကတည်းက ကျွန်မကိုဖုန်းဆက်ပြီးပြောထားပါတယ်''

''ကျွန်တော် ဘာကူညီရမလဲမနှင်းအေးဖြူ''

''ကျွန်မလည်း ဘာပြောရမှန်းကိုမသိတော့ပါဘူးဦးဥာဏ်မိုး''

ကျွန်မတို့အတန်ကြာတိတ်ဆိတ်သွားကြလေသည်။

''ကျွန်တော် လည်း မေးမြန်းစုံစမ်းကြည့်ပါ့မယ်လေ၊ ဆရာမ လေးဟာ ဒီအိမ်မှာ နေသွားစဉ်တလျှောက် သူ့တာဝန်သူ ကြေပါ တယ်၊ ဆရာမ ကိုမုန်းတဲ့သူလည်း မရှိပါဘူးမနှင်းအေးဖြူ''

''ဟုတ်ကဲ့''

''မနှင်းအေးဖြူ အခု ဒီကိုဘယ်လိုလာပါသလဲ''

''ကျွန်မ မန္တလေးက သူငယ်ချင်းအိမ်မှာ တည်းနေပါတယ်၊ သူပါ၊ ကျွန်မတို့လိုပဲ စပါယ်ရှယ်နာ့စ် တစ်ယောက် ပါ၊ နာမည် က နွယ်နွယ်လှိုင်ပါဦးဥာဏ်မိုး''

''မနှင်းအေးဖြူကလည်း နာ့စ်ပေါ့''

''ဟုတ်ပါတယ်ရှင်''

''မန္တလေးမှာ နေဦးမှာ လား၊ မနွယ်နွယ်လှိုင်လိပ်စာပေးခဲ့ပါ၊ စုံစမ်းကြည့်လို့အကြောင်းထူးရင် ကျွန်တော် လာပြောပါ့မယ်၊ ဖုန်း နံပါတ်ကောရှိမလား''

''ဟုတ်ကဲ့၊ လိပ်စာရောဖုန်းနံပါတ်ပါပေးခဲ့ပါမယ်''

နွယ်နွယ်လှိုင်က မန္တလေးအိမ်လိပ်စာနှင့်ဖုန်းနံပါတ်ကို ရေး ပေးလိုက်သည်။

''ဒီအိမ်ဖုန်းနံပါတ်တော့ သိပြီးသားထင်တယ်''

''မသိသေးပါဘူးရှင်၊ ထားက ပြောမထားပါဘူး၊ သူပြန်လာတော့မယ်ဆိုတာပဲ ဖုန်းတစ်ကြိမ်ဆက်ဖူးတယ်''

''ဆရာမ လေးက သိပ်စည်းကမ်းကြီးပါတယ်၊ ဖုန်းသုံးခွင့်ပြုထားပေမယ့် မသုံးပါဘူး၊ ဒီမှာ ကျွန်တော့် လိပ်စာကတ်ပါဆရာမ ''

ကိုဥာဏ်မိုးက သူ့လိပ်စာကတ်ပြားလေးကို ကျွန်မအား ကမ်းပေးလိုက်သည်။

''ကျွန်မသူငယ်ချင်းအတွက် သိပ်စိတ်ပူမိပါတယ်ဦးဥာဏ်မိုး၊ ထားဟာ ဆွေမရှိမျိုးမရှိတစ်ကောင်ကြွက်မိန်းကလေး တစ်ယောက် ပါ၊ ရှုပ်ရှုပ်ပွေပွေထဲကလည်း မဟုတ်ပါဘူးရှင်''

ကျွန်မသည်ပြောရင်းငိုသံပါလာသည်။ ထားအတွက်စုံစမ်းခြင်းသည် အချည်းအနှီး ဖြစ်တော့မည် လားဟုအတွေးဝင်ကာ ဝမ်းနည်း မိခြင်းကြောင့် ဖြစ်ပါသည်။ ထားကိုယ်တိုင်နေသွားတဲ့အိမ်က ထားပြန်သွားကြောင်း အထောက်အထားခိုင်ခိုင်လုံလုံနှင့် ပြောနိုင်နေသည် မဟုတ်ပါလား။ ကျွန်မကိုနှစ် သိမ့်သည့်အနေဖြင့် ကိုဥာဏ်မိုးကစုံစမ်းပေးမည် ဟုပြောသော်လည်း သူဘယ်လိုစုံစမ်းမည် နည်း။ သဲလွန်စ ပျောက်နေပြီဟု ထင်မိပါသည်။

ကိုဥာဏ်မိုးက ကျွန်မကို စိတ်မကောင်းဟန်ဖြင့် ငေးကြည့်နေသည်။

''ကျွန်မတို့ကိုခွင့်ပြုပါဦး၊ လိုအပ်ရင် နောက်တစ်ကြိမ်လာပြီး မေးမြန်းခွင့်ပြုပါရှင်''

နွယ်နွယ်လှိုင်က နှုတ်ဆက်စကားဆိုကာ ထိုင်ရာမှထလိုက်သည်။

''ဟုတ်ကဲ့ပါခင်ဗျာ၊ လာနိုင်ပါတယ်''

''ကြီးကြီးကိုနှုတ်ဆက်ခဲ့တယ်လို့ပြောလိုက်ပါနော်''

ကျွန်မတို့ ထားထားအေးနေထိုင်ခဲ့ရာအိမ်ကြီးဆီမှ ပြန်လာခဲ့ကြလေသည်။

( ၅ )

ကျွန်မနှင့်နွယ်နွယ်လှိုင်သည် ကိုဥာဏ်မိုးတို့အိမ်မှထွက်ခွာလာပြီးနောက် ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ အအေးဆိုင် တစ်ဆိုင်တွင် ထိုင်ကာ ဆွေးနွေး ဖြစ်ကြသည်။

''ကိုယ့်ဆီကို ထားရဲ့ ဝိညာဉ်က ရေး လိုက်တဲ့သဘောနဲ့ စာရောက်လာတာကို နွယ်က ကိုဥာဏ်မိုးတို့ကို ဘာ ဖြစ်လို့မပြောစေ ချင်ရတာ လဲနွယ်''

''ထားပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး သူတို့ပယောဂပါနေရင် သူတို့ဖက်က ကြိုတင်ပြီးကာကွယ်မှုတွေ လုပ်နေမှာ စိုးလို့ပါနှင်း''

''ဟင်. . . နွယ်က ထားပျောက်ဆုံးမှုကို ကိုဥာဏ်မိုးတို့မိသားစု နဲ့ပတ်သက်မယ်လို့ ထင်သလား''

''အတိအကျတော့ မပြောနိုင်ဘူး၊ ကိုဥာဏ်မိုးရော ဒေါ်ခင်မြိုင်ကပါ ထားကိုချီးကျူးစကားတွေ ပြောခဲ့တယ်၊ သူတို့လူကြီး တွေ ဖက်ကိုတော့ နွယ်သံသယမ ဖြစ်ဘူး၊ နွယ့်စိတ်ထဲမှာ ခင်မိမိကြိုင်ဆိုတဲ့အမျိုးသမီးကိုသိပ်အစာမကြေမိဘူးနှင်းရယ်''

''ခင်မိမိကြိုင်က စိတ်မှမမှန်ပဲ''

''ဟုတ်တယ်၊ စိတ်မမှန်လို့ပဲ နွယ်သံသယ ဖြစ်တာပေါ့၊ ကိုဥာဏ်မိုးကို သူပြောလိုက်တဲ့စကားတစ်ခွန်းမှတ်မိလိုက်လားနှင်း၊ ဆရာမ လေးသူငယ်ချင်းကသိပ်လှတယ်၊ နင်သူတို့ကိုမကြိုက်ရဘူးနော် ဆိုတာလေ''

''သြော်. . . အင်း. . . ''

''ဒါ. . . အကြောင်းမဲ့ပြောတာမဟုတ်ဘူးထင်တယ်နှင်း၊ သူ့ယောကျာ်းကိုဥာဏ်မိုးဟာ ထားနဲ့. . . ဒါမှမဟုတ်. . . တခြားချောချော လှလှမိန်းကလေး တစ်ယောက် နဲ့ ချစ်ကြိုက်ဖူးသလားမှမသိတာ၊ အရူးစကားဆိုပေမယ့် သူပြောလိုက်ပုံက ရှေ့တုံးကလုပ်ရပ်ကို ဖော်ပြီး သတိပေးလိုက်သလို ဖြစ်နေတယ်လေ''

နွယ်နွယ်လှိုင်၏ စေ့စေ့စပ်စပ်တွေးတောနိုင်မှုအတွက် အံ့သြမိသည်နှင့်အတူ ကျွန်မမှာ စိုးရိမ်ထိတ်လန့်လာရလေသည်။

''ပြီးတော့. . . နှင်းစဉ်းစားကြည့်စမ်း၊ ထားက နှင်းကို သူ့မှာ ချစ်သူရှိနေပြီဆိုတဲ့အကြောင်းစာရေး ခဲ့တယ်၊ ဒါပေမယ့်. . . သူ့ချစ်သူ ဘယ်သူဆိုတာ စာထဲမှာ ဖော်ပြမထားခဲ့ဘူးဆို၊ ထားချစ်သူဟာ ကိုဥာဏ်မိုး ဖြစ်မနေနိုင်ဘူးလို့ ပြောနိုင်မလား''

''ထားဟာ မယားရှိလင် တစ်ယောက် ကို ချစ်ကြိုက်တဲ့အထိ မမိုက်မဲဘူးထင်ပါရဲ့ နွယ်ရယ်''

''ထားသိက္ခာကို နွယ်လည်းယုံပါတယ်၊ ဒါပေမယ့်. . . ရက်ရှည်လများ တစ်အိမ်တည်းအတူနေခဲ့ကြတာလေ၊ ခင်မိမိကြိုင် ကလည်း စိတ်နောက်နေတာဆိုတော့ ဘယ်ယောကျာ်းမဆိုစိတ်ပျက်မိမှာ အမှန်ပဲ၊ ထားနဲ့အတူနေပြီး သံယောဇဉ်ငြိမသွားဘူးလို့မပြော နိုင်ဘူး မဟုတ်လား''

''ခင်မိမိကြိုင်က ထားကိုတစ်ခုခုလုပ်လိုက်တယ်လို့ နွယ်ထင်တာပေါ့နော်''

ကျွန်မသည် ပြောရင်း ငိုသံပါလာပြန်လေပြီ။ စိတ်ထိခိုက်ကြေကွဲမှုဒဏ်ကို ကျွန်မမခံနိုင်ပါ။

''ခင်မိမိကြိုင်ဟာ ရူးနေတယ်ဆိုပေမယ့် သန်သန်မာမာကြီး၊ ပြီးတော့ သူအားလုံးကိုသိတယ်၊ နားလည်တယ်၊ သူ့ကိုယ်သူ မေသဉ္ဇာဦးနဲ့တူတယ်လို့တောင် ပြောနိုင်သေးတာ၊ အရူးပါးဆိုတာမျိုးပါနှင်းရယ်''

''ခင်မိမိကြိုင်က ထားကို. . . သတ်. . . သတ်. . . ''

ကျွန်မစကားဆုံးအောင်ဆက်မပြောနိုင်။ ငိုရှိုက်မိပေပြီ။

''မျက်ရည်မကျပါနဲ့နှင်းရယ်၊ ကိုယ့်ကိုကိုယ်ထိမ်းပါ၊ ဒါတွေ က နွယ့်စိတ်ထင်တွေ ကိုပြောနေတာပါ၊ အတိအကျ ဖြစ်ရမယ် လို့ပြောတာ မဟုတ်ပါဘူး''

''ဟုတ်ပါတယ်နွယ်. . . လူ တစ်ယောက် လုံး သေသလားရှင်သလားမသိ. . . ပျောက်ဆုံးနေတဲ့အ ဖြစ်မှာ အကွက်စေ့အောင် တွေးရမှာ ပါ၊ နွယ်တွေးတာတွေ သဘာဝ ကျပါတယ်''

''နွယ်တို့အတွက် အားကိုးရာမဲ့မသွားသေးပါဘူးနှင်း၊ ဆက်လိုက်စရာသဲလွန်စတွေ ရှိပါသေးတယ်၊ စဉ့်ကိုင်က ကိုတက်လူဝင်း ဆီ သွားမယ်လေ''

''ဝိညာဉ်ဝင်ပူးတယ်ဆိုတာတော့ သိပ်မရေရာဘူးနော်၊ ကိုတက်လူဝင်းကလည်း စာသာပို့ပေးလိုက်တယ်၊ သရဲတစ္ဆေနာနာဘာဝ ဆိုတာတွေ ယုံတာမဟုတ်ဘူးတဲ့''

''ဘာပဲ ဖြစ် ဖြစ် ဝိညာဉ်ရေး တဲ့စာကို ကိုတက်လူဝင်းတစ်ဆင့် ပို့ပေးလို့ နွယ်တို့ဒီနေရာအထိရောက်လာပြီမဟုတ်လား၊ ဒီစာဟာ အကြောင်းမဲ့တော့မဟုတ်နိုင်ဘူး၊ စဉ့်ကိုင်ကိုလိုက်သွားရင် တစ်ခုခုကို ထူးခြားရမယ်နှင်း''

''နှင်းက နွယ့်ကိုအားနာလို့ပါ၊ ပလိပ်လိုက်ပို့ပြီး စဉ့်ကိုင်ကို တစ်ခါလိုက်ပို့ရဦးမယ်ဆိုတော့. . . ''

''နှင်းကလည်းဟယ်၊ ထားက တို့နဲ့လည်းသူငယ်ချင်းပါ၊ နွယ်အားတုံးကူညီရတာ ပါ၊ ပြီးတော့ စဉ့်ကိုင်ဆိုတာ ဒီကနေ ဆယ်မိနစ်ခရီးပဲရှိတော့တာ''

''ဟင်-ဟုတ်လား''

''ပြောနေကြာတယ်နှင်း၊ နွယ်တို့သွားကြစို့''

*


ပလိပ်နှင့်စဉ့်ကိုင်ခရီးမှာ မဝေးလှပါ။ နွယ်ပြောသလို ဆယ်မိနစ်သာကြာပါသည်။

စဉ့်ကိုင်သည်လည်း ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေးမှ မြို့တစ်မြို့ ဖြစ်သည်။ မြို့နယ်အဆင့်ရှိမြို့တစ်မြို့ ဖြစ်ပါ သည်။

ကျွန်မတို့စဉ့်ကိုင်ရောက်တော့ ကိုတက်လူဝင်းရေး ပေးလိုက်သည့်လိပ်စာကို အလွယ်တကူရှာတွေ့ သည်။ လမ်းမကြီးဘေးမှာ ပင် ဖြစ်ပါသည်။

ကိုတက်လူဝင်းတို့နေအိမ်မှာ ပွဲရုံတစ်ရုံ ဖြစ်နေသည်။ ပွဲရုံနာမည် ကလည်း ''တက်လူပွဲရုံ''တဲ့ ။

ပွဲရုံထဲသို့ ကျွန်မတို့ဝင်စုံစမ်းတော့ ပွဲရုံထဲတွင် ထိုင်နေသော စာရေး ဖြစ်ဟန်တူသူက ကိုတက်လူဝင်းကိုခေါ်ပေးပါသည်။

အိမ်မကြီးထဲမှထွက်လာသော အသားညိုညိုထောင်ထောင်းမောင်းမောင်းနှင့်ခန့်ချောချောသော လူမှာ ကိုတက်လူဝင်းပင် ဖြစ်ပေ သည်။

''ကျွန်တော့် ကိုတွေ့ ချင်တယ်ဆိုလို့၊ ကျွန်တော် တက်လူဝင်းပါ''

''ဟုတ်ကဲ့၊ ကျွန်မရန်ကုန်ကပါ၊ သူနာပြုဆရာမ နှင်းအေးဖြူ ပါရှင်''

ကိုတက်လူဝင်းမျက်နှာမှာ အံ့သြသည့်အရိပ်အသွင်များ ပေါ်သွားလေသည်။

''သြော်. . . ကျွန်တော် စာပို့ထားတာ ရတယ်ပေါ့၊ အဲဒီ ကိစ္စအတွက် လိုက်လာတာလားခင်ဗျာ''

''ဟုတ်ပါတယ်ကိုတက်လူဝင်း''

''ဒါဖြင့်. . . ကောင်မလေးကိုဝင်ပူးတဲ့အမျိုးသမီးဟာ တကယ်ရှိတာပေါ့နော်၊ သြော်. . . လာကြပါခင်ဗျာ၊ အိမ်ထဲကိုဝင်ခဲ့ပါ''

ကိုတက်လူဝင်းက ကျွန်မတို့ကို နောက်ဖက်အိမ်မကြီးထဲမှ ဧည့်ခန်းထဲသို့ခေါ်သွားလေသည်။ ကျွန်မတို့သည် သီးနှံများ ဖြင့် ပြည့်ကြပ်နေသော ပွဲရုံထဲမှဖြတ်သန်းကာ နောက်ဖက်တိုက်ကြီးဆီသို့လိုက်ခဲ့ကြလေ၏ ။

ဧည့်ခန်းထဲအရောက်ဝယ် အတွင်းမှထွက်လာသော အမျိုးသမီးကြီး တစ်ယောက် နှင့်ဆုံမိလေသည်။

''ဘယ်ကဧည့်သည်တွေ များ လဲ သား''

အမျိုးသမီးကြီးက ကျွန်မတို့ကိုအကဲခတ်ရင်း ပြုံးရွှင်သော မျက်နှာထားဖြင့် မေးလိုက်လေသည်။

''မေမေ၊ ဟိုကောင်မလေးကိုဝင်ပူးပြီးရေး တဲ့စာလေ၊ သား သူပြောတဲ့လိပ်စာအတိုင်း ရန်ကုန်ကိုထည့်လိုက်တာ အခု. . . ရန်ကုန်က လိုက်လာပြီမေမေ၊ ဟောဒါ. . . သူနာပြုဆရာမ မနှင်းအေးဖြူဆိုတာပဲ''

''အို. . . ''

ထိုအ ဖြစ်ကို ကိုတက်လူဝင်းမိခင်ကလည်း သိထားပြီးပုံရသည်။

''ထိုင်ကြပါကွယ်၊ အန်တီတို့လည်း ဒါမျိုးတစ်ခါမှမကြုံဖူးဘူး၊ သားက ဟုတ်လိုဟုတ်ငြားဆိုပြီး စာထည့်လိုက်ပေမယ့် ဇဝေ ဇဝါပဲ၊ ထိုင်ကြပါ၊ ထိုင်ကြပါ''

''မနှင်းအေးဖြူ၊ ဒါ ကျွန်တော့် မေမေဒေါ်ညွန့်ညွန့်ပါ''

''ဟုတ်ကဲ့အန်တီ၊ ကျွန်မကနှင်းအေးဖြူပါ၊ သူငယ်ချင်းကိစ္စအတွက် ဒီအထိရောက်လာရတာ ပါ၊ ဒါက မန္တလေးက ကျွန်မကို လိုက်ကူညီပေးတဲ့ သူငယ်ချင်းနွယ်နွယ်လှိုင်ပါ၊ နာ့စ် တစ်ယောက် ပါပဲ''

''ဆိုပါဦးကွဲ့၊ လူလူ့စာရလို့လိုက်လာတယ်ဆိုတော့ ကလေးမလေးကိုဝင်ပူးတဲ့မိန်းကလေးဟာ တကယ်ရှိလို့ပေါ့နော်၊ သူ ဘယ်လို ကွယ်လွန်ရတာ လဲ''

''အဲဒါကိုသိချင်လို့ပဲ ကျွန်မဒီရောက်လာတာပါ၊ ကျွန်မသူငယ်ချင်းထားထားအေးကို သေပြီဆိုတာ ကျွန်မမသိခဲ့ပါဘူးအန်တီ၊ ထားထားအေးကလည်း သူနာပြု တစ်ယောက် ပါပဲ၊ ပလိပ်မှာ လူနာ တစ်ယောက် ကို ပြုစုပေးနေတာပါ၊ သူ့တာဝန်ပြီးဆုံးလို့ ရန်ကုန် ပြန်လာမယ်ဆိုတဲ့အချိန်မှာ ပြန်ရောက်မလာပဲ ကိုတက်လူဝင်းဆီကစာကို ကျွန်မရတာ ပါ''

''အလို. . . ဒါဖြင့် အဲဒီ မိန်းကလေးဟာ လမ်းခရီးမှာ တွင် ဆုံးပါးသွားတာမျိုးပေါ့''

''အ ဖြစ်ကတော့ ခပ်ရှုပ်ရှုပ်ပါရှင်၊ နှင်း. . . အန်တီနဲ့ကိုတက်လူဝင်းကို သေချာရှင်းပြလိုက်ရင်ကောင်းမယ်ထင်တယ်''

နွယ်နွယ်လှိုင်က ဝင်ပြောလိုက်သည်။

''နွယ်ပဲရှင်းပြလိုက်ပါတော့ဟယ်၊ တို့တော့ ဘယ်က စပြောရမှန်းကိုမသိတော့ဘူး''

''ဒီလိုပါအန်တီ''

နွယ်နွယ်က ထားပြန်အလာကို ကျွန်မစောင့်နေရာမှ လူပြန်ရောက်မလာပဲ ကိုတက်လူဝင်းစာရ၍ ပလိပ်ကိုလိုက်လာပြီး ယခုပင် ဝင်စုံစမ်းခဲ့ကြောင်းနှင့်. . . ပလိပ်တွင် မေးမြန်း၍ သိရှိခဲ့ရသည်များ ကို ပြန်ပြောပြလိုက်သည်။

''ပလိပ်က ဆန်စက်ပိုင်ဦးမောင်ကြိုင်ကိုအန်တီသိပါတယ်၊ လူကောင်းသူကောင်းတွေ ပါ၊ ပိုက်ဆံရှိပေမယ့် သမီးလေးတစ် ယောက် တည်းရှိတာ စိတ်ဂယောက် ဂယက် ဖြစ်နေရှာတော့ မိဘတွေ စိတ်ဆင်းရဲနေရတာ ပေါ့၊ သူ့အမေလည်း သမီးစိတ်နဲ့ကွယ်လွန်ရ တယ်လေ''

''အန်တီ သူတို့မိသားစုကိုကောင်းကောင်းသိသလားဟင်''

''ကုန်သည်ပွဲစားချင်းမို့ ဦးမောင်ကြိုင်နဲ့တော့ ရင်းနှီးခဲ့ဖူးပါတယ်၊ အသွားအလာအဝင်အထွက်တော့ မရှိပါဘူး''

''ဒါနဲ့. . . မနှင်းအေးဖြူ''

ကိုတက်လူဝင်းက ကြားဖြတ်၍ ပြောလိုက်သည်။

''ခုပုံအတိုင်းဆို မထားထားအေးဟာ လမ်းခရီးမှာ တွင် ပျောက်ဆုံးနေတာ ဖြစ်နေတယ်၊ ကလေးမလေးကိုဝင်ပူးပြီးပြောတယ် ဆိုတော့ မထားထားအေးကို သေပြီလို့ယူဆရမလို ဖြစ်နေတယ်''

''ဟုတ်ပါတယ်ကိုတက်လူဝင်း''

''မထားထားအေးပြန်သွားတာ အိမ်နီးချင်းအဘွားကြီးနှစ် ယောက် ပါသေးတယ်ဆိုတော့ ရထားပေါ်မှာ တစ်စုံတစ်ခု ဖြစ်ရင် အဘွားကြီးနှစ် ယောက် သိရမယ်၊ အဘွားကြီးနှစ် ယောက် ကလည်း ဦးမောင်ကြိုင်တို့အိမ်ကိုပြန်မပြောပဲနေမှာ မဟုတ်ဘူး၊ အခု အဘွားကြီး နှစ် ယောက် ဖက်က ဘာမှမပြောပဲငြိမ်နေတယ်ဆိုတော့ မထားထားအေးဟာ ရန်ကုန်အထိတော့ အဘွားကြီးနှစ် ယောက် နဲ့အတူတူ ရောက်သွားတယ်လို့ မယူဆနိုင်ဘူးလား''

''အဲဒီ အဘွားကြီးနှစ် ယောက် က ခုထိ ရန်ကုန်ကပြန်မလာသေးလို့ စုံစမ်းခွင့်မရခဲ့ပါဘူးကိုတက်လူဝင်း၊ ကိုတက်လူဝင်းပြော သလို ထားဟာ ရန်ကုန်အထိရောက်တယ်ပဲထားပါတော့၊ ဟိုကောင်မလေးကို ပူးပြောတယ်၊ စာရေး တယ်ဆိုတဲ့ဝိညာဉ်ဟာ ထား ဘယ် ဖြစ်နိုင်တော့မလဲ၊ ကိုတက်လူဝင်းပို့ပေးလိုက်တဲ့စာအရ လက်ရေး ဟာထားရဲ့ လက်ရေး ပါပဲ၊ လက်မှတ်ကအစတူနေတယ်၊ သြော်. . . ကျွန်မပြပါရစေ''

ကျွန်မက အသင့်ပါလာသော ထားရေး သည့်စာများ နှင့် ဝိညာဉ်ပူးရေး သော မှန်စာကို ယှဉ်ပြလိုက်သည်။ ကိုတက်လူဝင်းက မှန်တစ်ချပ်သွားယူကာ မှန်ထဲမှာ ပေါ်လာသော မှန်စာနှင့် ထား၏ မူရင်းစာများ ကို တိုက်ကြည့်နေသည်။

''တော် တော် တူတာပဲ၊ လူ တစ်ယောက် တည်းက ရေး တဲ့အတိုင်းပဲ၊ မေမေကြည့်ပါဦး''

''ဟုတ်ပါရဲ့ ကွယ်၊ လက်မှတ်ကအစတူတာပါလား''

''အဲဒါပေါ့အန်တီ၊ တူရုံမကဘူး၊ မှန်စာ ဖြစ်အောင်ပြောင်းပြန်ရေး ရဦးမယ်ဆိုတာ မ ဖြစ်နိုင်တဲ့ကိစ္စပါ၊ ဒီစာကို ထားဝိညာဉ် ပူးရေး တယ်ဆိုတာ ကျွန်မတဖြည်းဖြည်းနဲ့ပိုယုံလာမိတယ်အန်တီ''

ကျွန်မတို့ မှန်တစ်ချပ်နှင့် လက်ရေး များ ကိုတိုက်ကြည့်နေစဉ် အပြင်မှလူကြီး တစ်ယောက် ဝင်လာလေသည်။ ကိုတက်လူဝင်းနှင့် ရုပ်ချင်းအတော် ဆင်ပါ၍ ကိုတက်လူဝင်းဖခင် ဖြစ်မှန်းသိလိုက်သည်။

''ဖေဖေ၊ ဟောဒီမှာ ခင်နုညီမလေးကိုဝင်ပူးတဲ့ကိစ္စ ရန်ကုန်က လိုက်လာပြီဖေဖေ၊ ဝိညာဉ်ကလိပ်စာပေးတဲ့ သူနာပြုဆရာမ နှင်းအေးဖြူဆိုတာ သူပဲ၊ မနှင်းအေးဖြူ ဒါ ကျွန်တော့် အဖေ ဦးလှဝင်းပါ''

ကိုတက်လူဝင်းက သူ့ဖခင်နှင့်ကျွန်မတို့ကို မိတ်ဆက်ပေးလိုက်သည်။

''ဒီမှာ ကြည့်ပါဦး၊ ခင်အုကိုဝင်ပူးပြီးရေး တဲ့လက်ရေး နဲ့ သူ့မူရင်းလက်ရေး ၊ မတူဘူးလားဖေဖေ''

''ဟေ- တူလှချည်လား၊ ဒါဆို. . . သေတဲ့မိန်းကလေးဝင်ပူးတာ မှန်နေတာပေါ့''

''ဒါပေမယ့်. . . သူဘယ်လိုသေတယ်ဆိုတာ ခုထိမသိရသေးဘူး ဖေဖေ၊ ထားထားအေးဆိုတာ ဘာသတင်းမှမရပဲ လမ်းခရီး မှာ တွင် ပျောက်ဆုံးနေတာ''

ကိုတက်လူဝင်းက သူ့ဖခင်ကို အကျိုးအကြောင်းများ ရှင်းပြလိုက်၏ ။

''ဒါဖြင့်. . . မမြင့်တို့ညီအစ်မကိုတွေ့ ပြီး မေးလိုက်ရင်တော့ တစ်ခုခုအဖြေပေါ်လိမ့်မယ်ထင်ပါရဲ့ ''

''ထားနဲ့အတူ ရထားစီးသွားတဲ့ ဒေါ်တင့်၊ ဒေါ်မြင့်တို့ကို အန်ကယ်သိပါသလားရှင်''

''ဦးမောင်ကြိုင်အိမ်လမ်းထိပ်ကဆိုတော့ အပျိုကြီးညီအစ်မ မတင့်နဲ့မမြင့်ပဲ ဖြစ်မှာ ပေါ့၊ သိပါတယ်ကွဲ့''

''အဲဒီ အဘွားကြီးတွေ က ခုထိ ရန်ကုန်ကပြန်မလာသေးလို့ ကွင်းဆက်ပြတ်နေတာဖေဖေ''

''ဒီပုံအတိုင်းဆိုရင်တော့ မိန်းကလေးတို့စုံစမ်းတာ ချက်ချင်း ပြတ်မှာ မဟုတ်ဘူး၊ အချိန်ယူရလိမ့်မယ်ကွဲ့''

''ဟုတ်ကဲ့အန်ကယ်၊ သမီးသူငယ်ချင်းဝင်ပူးတဲ့ ကလေးမလေးဆိုတာလည်း တွေ့ ချင်ပါသေးတယ်''

''ခင်အုကိုခေါ်ပေးဖို့က လွယ်ပါတယ်၊ ရွာက မဝေးပါဘူး၊ ဒါပေမယ့် သူက ကလေး၊ ဝင်အပူးခံရတဲ့လူလေ၊ ပူးနေတုံး ဖြစ်တာတွေ သူမမှတ်မိဘူး၊ ကလေးဆိုတော့ မေးလည်း အမှုနဲ့ ပတ်သက်တာတော့ ပြောတတ်မှာ လည်းမဟုတ်ဘူးကွဲ့၊ ဒါနဲ့. . . သူတို့ကို ခင်နုနဲ့ရော တွေ့ ပေးပြီးပလား''

''တွေ့ မပေးရသေးဘူးအဖေကြီး၊ အပူးခံရတဲ့မိန်းကလေးရဲ့ အစ်မက အန်တီတို့အိမ်မှာ ရှိတယ်၊ ခင်နုရေ. . . ခင်နု. . . ''

ဒေါ်ညွန့်ညွန့်က ခင်နုဆိုသည့်အိမ်ဖော်မလေးကိုခေါ်လိုက်သည်။

အညာသူဟန် မိန်းကလေး တစ်ယောက် ဧည့်ခန်းထဲရောက်လာ၏ ။

''သူပဲ. . . ''

ခင်နုက ရှက်ရွံ့ဟန်ဖြင့် ခေါင်းငုံ့ရပ်နေလေသည်။

''ခင်နု၊ နင် ဒီအိမ်လာတုံးက နင့်ညီမခင်အုကို သရဲဝင်ပူးတဲ့အကြောင်း ပြောပြလိုက်စမ်း''

''ကျွန်မမပြောတတ်ဘူးအန်တီ၊ ဝင်ပူးတာပဲ၊ အန်တီတို့လည်း မြင်တယ်လေ''

ခင်နုက သူစိမ်းများ ဖြစ်သော ကျွန်မတို့ရှေ့တွင် ကြောက်ရွံ့နေဟန်တူပေသည်။

''ရှေ့ကကြောင်းမပေးပဲတော့ သူကောင်းကောင်းပြောတတ်မှာ မဟုတ်ဘူးမေမေ၊ ခင်နု. . . ခင်အုက အဲဒီ လိုသရဲပူးတာမျိုး ရွာ မှာ ရော ဖြစ်ဖူးသလား''

''ဟင့်အင်း. . . မ ဖြစ်ဖူးပါဘူးအစ်ကိုကြီး''

''နင်တို့ရွာကနေ ဒီကိုလာတဲ့လမ်းမှာ ဘာထူးထူးခြားခြားမြင်ခဲ့ တွေ့ ခဲ့သေးတုံး''

''ဟင်. . . ဘာမှမတွေ့ ပါဘူး၊ ကျွန်မ. . . ကျွန်မမပြောတတ်ပါဘူး အစ်ကိုကြီးရယ်''

''ထားလိုက်ပါတော့ကိုတက်လူဝင်းရယ်၊ ဟုတ်တော့ဟုတ်တာပဲ၊ ဒီလိုအ ဖြစ်မျိုးကို ကြုံလို့သာကြုံလိုက်ရတာ ၊ သူလည်း ဘာပြောတတ်မှာ လဲလေ''

''ကဲ-ကဲ- ခင်နု သွားတော့''

ခင်နုက နောက်ဖေးဖက်သို့ပြေးဝင်သွားလေသည်။

''သိပ်ရိုးတဲ့မိန်းကလေးပဲ၊ ကျွန်မက သရဲတစ္ဆေပူးတယ်ဆိုတာကို မဟုတ်ပဲ လီဆယ်ပြောတာမျိုး ဖြစ်မှာ သာစိုးတာပါ၊ ဒီပုံ အတိုင်းဆို တကယ်ပူးတာဟုတ်နေပြီပဲ''

''ကျွန်တော် လည်း တစ်ခါမှမကြုံဖူးတော့ ယုံရမလို၊ မယုံရမလို၊ ဇဝေဇဝါ ဖြစ်ခဲ့ပါသေးတယ်၊ ခုတော့ မထားထားအေး လက်ရေး နဲ့ ခင်အုပူးရေး တဲ့လက်ရေး နဲ့တိုက်ကြည့်လိုက်ရတော့ အကြွင်းမဲ့ယုံလိုက်မိပြီဗျာ၊ ခင်အုဆိုတဲ့ကလေးမက လီဆယ်ပြီး ဟန်လုပ် ပြောတာမဟုတ်တာတော့ သေချာပါတယ်မနှင်းအေးဖြူ၊ ဘာ ဖြစ်လို့လဲဆိုတော့ သူ့အသက်အရွယ်လေးနဲ့ ဟန်ဆောင်လှည့်ဖျားဖို့ဆိုတာ မ ဖြစ်နိုင်လို့ပါ''

''ဟုတ်ပါတယ်သမီးရယ်၊ အဲဒီ နေ့က ခင်နုကို ဒီအိမ်မှာ အလုပ်လုပ်ဖို့ သူ့အဒေါ်မသိန်းတင်က လာပို့ပေးတာလေ၊ ခင်နုညီမ ခင်အုလေးလည်းပါလာတယ်၊ ကောင်မလေးက ဘာရှိဦးမှာ လဲ၊ အသက်၁၁နှစ် ၁၂နှစ် ရှိဦးမှာ ပေါ့၊ အဲဒီ နေ့က ညနေစောင်းမှ သူတို့ ရောက်လာတာဆိုတော့ မိုးချုပ်ကြီး ရွာကိုမပြန်နဲ့တော့ဆိုပြီး ဒီမှာ ပဲအိပ်ခိုင်းလိုက်တာ၊ ထမင်းစားသောက်ပြီးတဲ့အထိ အကောင်းပဲ၊ ဖြစ်ချင်တော့ တီဗွီထိုင်ကြည့်နေရင်းက ခင်အု တဆတ်ဆတ်တုန်လာပြီး. . . ''

''ဟဲ့-ခင်အု၊ ဘာ ဖြစ်တာတုံး၊ ဘာ ဖြစ်တာတုံး''

ခင်အုအဒေါ်က သူ့ဘေးတွင် ထိုင်နေသော ခင်အုကို အလန့်တကြားမေးလိုက်သည်။ မသိန်းတင်အသံကြောင့် အားလုံးက ခင်အုဆီ အကြည့်ရောက်သွားကြသည်။

ခင်အုသည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်ကာ မျက်လုံးကြီးပြူးနေသည်။

''ဟဲ့- ခင်အု၊ ဘဲ့နဲ့ ဖြစ်တာတုံး၊ အဖျားများ တက်သလား၊ ဟုတ်သေးပါဘူး၊ မမညွန့်. . . မမညွန့်. . . လုပ်ပါဦး''

ခင်အုပုံစံထူးခြားလွန်းသော ကြောင့် အားလုံးအံ့အားသင့်ကာ ပြာပြာသလဲ ဖြစ်သွားကြသည်။

''ငါ့ကိုစာရွက်ပေး၊ ငါ့ကိုဘောပင်ပေး၊ ငါစာရေး မယ်''

''ဟဲ့- ခင်အု''

''စာရွက်ပေးဆို ပေးစမ်း၊ ငါစာရေး မလို့''

ခင်အုက မသိန်းတင်ကို မျက်ထောက်နီကြီးဖြင့်ကြည့်ကာ ပြောလိုက်ပြန်သည်။ သည်တစ်ခါတော့ မသိန်းတင်လန့်သွား၏ ။ ဒေါ်ညွန့်ညွန့်ကိုအကူအညီတောင်းသလို လှမ်းကြည့်သည်။

''အပမှီတာပဲသိန်းတင်၊ နင်တို့နေဝင်ရီတရောကြီး တောလမ်းကဖြတ်လာတာကိုး၊ သား- လူလူ၊ ဘုရားစင်ပေါ်က ပရိတ်ရေ ပုလင်း သွားယူစမ်း''

''ငါစာရေး မယ်၊ စာရေး ပြီးမှ ငါပြန်မယ်၊ ငါ့သူငယ်ချင်းဆီ ငါစာရေး မလို့''

ထွက်လာသော အသံမှာ ခင်အုအသံမဟုတ်တော့။ ကလေးသံပျောက်ကာ လူကြီးသံ ဖြစ်နေသည်။ အသံက အုပ်အုပ်၊ သြသြ၊ အဝေးမှ လွင့်ပျံလာသည့်လိုဏ်သံမျိုး။

''စာ၊ ဘာစာရေး မှာ လဲ၊ ဘာလုပ်ဖို့ရေး မှာ လဲ''

ကိုတက်လူဝင်းက မေးလိုက်သည်။

''ငါ့သူငယ်ချင်းဆီ၊ ငါ့သူငယ်ချင်းဆီ''

''ဟဲ့- နင်ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဒီကိုဘာလာလုပ်တာလဲ''

သရဲပူးတစ္ဆေပူးသည်ကို အတွေ့ အကြုံရှိဖူးသော ဦးလှဝင်းက မေးလိုက်၏ ။

''မီးရထားလမ်း၊ မီးရထားလမ်းမှာ ကျွန်မနေပါတယ်၊ ကျွန်မ စာရေး ချင်လို့ပါ၊ စာရွက်နဲ့ဘောပင်ပေးပါ၊ အီး. . . ဟီးဟီး. . . ''

လိပ်ပြာရှင်က ပြောရင်းငိုချလိုက်သည်။

ကိုတက်လူဝင်းက စာကြည့်ခန်းထဲပြေးဝင်သွားကာ စာရွက်လွတ်တစ်ရွက်နှင့်ဘောပင်ကိုယူလာ၏ ။ ခင်အုရှေ့ချပေးလိုက်သည်။

''လူလူ၊ ပရိတ်ရေပုလင်းသွားယူပါဆိုတာကို''

''ခဏပါမေမေ၊ သားစိတ်ဝင်စားလို့ပါ၊ သူတကယ်စာရေး မလား၊ စောင့်ကြည့်မလို့''

သရဲပူးနေသော ခင်အုသည် ဘောပင်ကိုဆတ်ကနဲကောက်ယူကာ စာများ ရေး ချလိုက်လေ၏ ။

ကိုတက်လူဝင်းက ခင်အုရေး နေသော စာများ ကို ငုံ့ကြည့်ကာ လိုက်ဖတ်သော်လည်း စာလုံးပုံစံများ ကို နားမလည်နိုင်ပဲ ဖြစ်နေ သည်။

စာခပ်တိုတိုရေး ပြီးသည်နှင့် ခင်အုက ဘောပင်နှင့်စာရွက်ပေးသော ကိုတက်လူဝင်းကိုပင် စာရွက်ကိုလှမ်းပေးလိုက်သည်။ ခင်အု လက်များ က တုန်ယင်လျှက်ပင်ရှိသေးသည်။

''စာ-စာထည့်ပေး၊ ငါ့ကိုဒီစာထည့်ပေး၊ လိပ်စာ၊ လိပ်စာပြောမယ်''

လိပ်စာပြောမယ်ဆိုသော ကြောင့် ကိုတက်လူဝင်းက စာရွက်၏ ပိုသည့်အပိုင်းတွင် လိုက်မှတ်ရန်ပြင်သည်။

''နှင်းအေးဖြူ၊ သူနာပြုဆရာမ ၊ အမှတ်(- -)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန် . . . အာ့. . . အား. . . ထည့်ပေး၊ စာ ထည့်ပေး. . . ''

ကိုတက်လူဝင်းက ခင်အုပြောသည့်လိပ်စာကို မီအောင်လိုက်၍ ရေး မှတ်လိုက်နိုင်သည်။

ခင်အုသည် လိပ်စာကိုနှုတ်မှပြောပြီးသည်နှင့် တစ်ချက်သန်းဝေလိုက်ကာ ကြမ်းပြင်ပေါ်လဲကျသွားလေသည်။

''အဲဒါပဲသမီး၊ ခင်အုဆိုတာ ကျောင်းတောင်မနေတော့ဘူး၊ သုံးတန်းနဲ့ထွက်ထားတာလို့ပြောတယ်၊ အဲဒီ လိုကောင်မလေးက ပညာတတ်တွေ ရေး တဲ့စာမျိုးရေး တယ်၊ ရေး တော့လည်း မှန်စာလို ဖြစ်နေတယ်ဆိုတော့ သူလှည့်ဖျားတာမဟုတ်တာတော့သေချာနေ တယ်လေ''

ထားဝိညာဉ်ဝင်ပူးသည့်အကြောင်းကို အသေးစိတ်ကြားသိလိုက်ရသည့်ကျွန်မမှာ မျက်ရည်များ ကျလာရပြန်လေသည်။

''သူက မီးရထားလမ်းမှာ နေတယ်လို့ ပြောသွားတယ်နော် အန်တီ''

''အဲဒီ လို ဗလုံးဗထွေးကြားလိုက်ရတာ ပဲကွယ်''

''ဒီပုံအတိုင်းဆိုရင် ထားထားအေးဆိုတဲ့မိန်းကလေးရဲ့ ဝိညာဉ်ဟာ ဟောဒီပတ်ဝန်းကျင်မှာ ရှိနေတာအမှန်ပဲ၊ သမီးတို့ဘယ်လို လုပ်ချင်သလဲ''

ဦးလှဝင်းက ဝင်မေးလိုက်သည်။

''သမီး အ ဖြစ်မှန်ပေါ်အောင် စုံစမ်းချင်ပါတယ်အန်ကယ်''

''စုံစမ်းချင်ရင် အချိန်ပေးရလိမ့်မယ်ကွဲ့၊ ပြီးတော့. . . ဒီနေရာမှာ နေပြီးစုံစမ်းတာက အထိရောက်ဆုံး ဖြစ်မယ်''

''ဟုတ်ပါတယ်၊ ရန်ကုန်သွားနေတဲ့ ဒေါ်မြင့်နဲ့ဒေါ်တင့်တို့ကိုလည်း စောင့်ရဦးမယ်၊ သမီးရန်ကုန်ပြန်လို့ မ ဖြစ်သေးပါဘူး၊ အို. . . ထားအ ဖြစ်ကို သေချာသိရပြီးမှ သမီးရန်ကုန်ပြန်မယ်အန်ကယ်၊ ထားဟာ သူငယ်ချင်း ဖြစ်ရုံမကဘူး ညီအစ်မလိုနေလာတဲ့သူတွေ ပါ၊ သူ့ဝိညာဉ်က သမီးဆီစာရေး ပြီးတော့တောင် အကူအညီတောင်းထားတာ၊ ထားအမှုကိုအမှန်ပေါ်အောင် သမီးစုံစမ်းမယ်''

''ဒီလိုလုပ်ပါလား''

ဒေါ်ညွန့်ညွန့်က ဝင်ပြောလိုက်သည်။

''သမီးဟာ သူနာပြု တစ်ယောက် ဖြစ်နေလို့ အန်တီက ဒီစကားပြောတာပါ၊ အန်တီ့ယောက္ခမကြီးဟာ အသက်ခုနစ်ဆယ်ရှိနေပြီ၊ လူကြီးဆိုတော့ သွေးတိုးတွေ ၊ နှလုံးတွေ လည်းရှိတယ်၊ သာမန်ကြည့်ရင် ကျန်းမာပေမယ့်. . . အနီးကပ်စောင့်ရှောက်မယ့်သူရှိတော့ ကောင်းတာပေါ့ကွယ်၊ သမီးက စပါယ်ရှယ်နာ့စ်အနေနဲ့ ဘွားဘွားကိုစောင့်ရှောက်ရင်း ဒီမြို့မှာ နေပြီးစုံစမ်းပေါ့ကွယ်''

''ဟာ- သိပ်ကောင်းတဲ့အစီအစဉ်ပေါ့မေမေ၊ ဘွားဘွားအတွက်လည်း အဆင်ပြေ၊ မနှင်းအေးဖြူအတွက်လည်း အဆင်ပြေ သွားတာပေါ့''

''ကာယကံရှင်က ဆုံးဖြတ်ပါစေဦးသားရယ်''

ကျွန်မက နွယ်နွယ့်ဖက်လှည့်ကာ သဘောထားတောင်းသလိုမျိုးကြည့်လိုက်သည်။

''ဟုတ်သားပဲနှင်း၊ ရန်ကုန်မှာ ဂျူတီဝင်စရာလည်း မရှိဘူး၊ နောက်ကြောင်းအေးတယ်၊ ဒီမှာ ထားကိစ္စစုံစမ်းချင်တယ်ဆိုရင် အန်တီပြောတာ နည်းလမ်းကျသားပဲ''

''တကယ်တော့. . . အန်တီတို့အိမ်မှာ သမီးတည်းခိုနေထိုင်ပြီး စုံစမ်းချင်တယ်ဆိုရင်လည်း အန်တီတို့က လက်ခံဖို့အဆင်သင့်ပဲ၊ ဖိတ်ခေါ်ပါတယ်၊ ဒါပေမယ့်. . . မိန်းကလေး တစ်ယောက် အနေနဲ့ အခုမှသိကျွမ်းရတဲ့အိမ်မှာ တည်းခိုပြီးအကြာကြီးနေရမှာ အားနာနေမှာ ၊ လိပ်ပြာမလုံမှာ သေချာတယ်လေ၊ အလုပ်နဲ့နေရတာ ဆိုတော့ အကြောင်းပြလို့လည်း ကောင်းတာပေါ့၊ လိပ်ပြာသန့်သန့်လည်း နေနိုင်တာ ပေါ့''

''သမီးပြုစုရမယ့်ဘွားဘွားကို တွေ့ နိုင်ပါသလားရှင်''

''ဘွားဘွားက အိမ်တစ်အိမ်သပ်သပ်နေပါတယ်၊ မီးရထားလမ်းဘေးမှာ ပါ''

''မီးရထားလမ်းဘေး''

''ဟုတ်တယ်ကွဲ့၊ ရထားလမ်းဘေးက ခြံကျယ်ကြီးပေါ့၊ အဲဒီ မှာ ပဲ တစ်ယောက် တည်းနေတယ်''

မီးရထားလမ်းဘေးကအိမ်ဆို၍ ကျွန်မစိတ်ဝင်စားသွားမိသည်။

''အဘွားနဲ့တွေ့ ချင်သေးတယ်ဆိုရင် လူလူလိုက်ပို့ပါလိမ့်မယ်''

''နှင်း- ဘာမှစဉ်းစားမနေနဲ့တော့၊ ဒီအလုပ်ကိုလက်ခံလိုက်တော့၊ ပလိပ်နဲ့စဉ့်ကိုင်ဆိုတာ နီးနီးလေးရယ်၊ ပြီးတော့ ထား ဝိညာဉ်က ရှိရင် ဒီစဉ့်ကိုင်မှာ ရှိနေတာလေ၊ မန္တလေးကနေ လာလာပြီးစုံစမ်းဖို့ဆိုတာ မလွယ်ဘူး၊ နွယ်လိုက်မပို့ချင်လို့ တာဝန်မယူချင် လို့ပြောတာ မဟုတ်ဘူးနော်''

''သိပါတယ်နွယ်ရယ်. . . ၊ နွယ်လည်း အမြဲအားနေတာမှ မဟုတ်တာ''''

''ဒါဖြင့်. . . ဘွားဘွားကိုပြုစုရင်းနေဖို့ကို လက်ခံလိုက်ပါတော့၊ ဒါ အကောင်းဆုံးအစီအစဉ်ပဲနှင်း''

*


( ၆ )

နောက်တစ်နေ့မနက်တွင် ကိုတက်လူဝင်းက နွယ်နွယ်လှိုင်တို့ မန္တလေးအိမ်သို့ ကားဖြင့်လာခေါ်ပေးပါသည်။

ကျွန်မသည် ရန်ကုန်ရှိမိဘများ ထံ ဖုန်းဆက်၍ အကျိုးအကြောင်းပြောထားပြီး ဖြစ်သည်။ ကျွန်မသည် အထူးသူနာပြု တစ်ယောက် အ ဖြစ် အသက်မွေးနေသော်လည်း ရန်ကုန်မှခွဲ၍ ယခုလိုနယ်မြို့တွင် တာဝန်မထမ်းဆောင်ဖူးသေးပါ။ မေမေတို့စိတ်ကြေနပ်စေရန် ကျွန်မက အတော် ပြောယူခဲ့ရ၏ ။

ကိုတက်လူဝင်းက ကျွန်မကို မန္တလေးအထိ ကားဖြင့်လာကြိုပေးခဲ့သည်။

စဉ့်ကိုင်တွင် ကိုတက်လူဝင်းမိဘများ အား အိမ်တွင် ဝင်ခေါ်ပြီး ကျွန်မပြုစုရမည့် အဘွားနေထိုင်ရာအိမ်သို့ ဆက်ထွက်ခဲ့ကြလေ သည်။

ကျွန်မသည် ကျွန်မပြုစုရမည့်  ဒေါ်သန့်ဇင် ဆိုသော အဘွားကြီးကို မမြင်ဖူးသေးပါ။ မနေ့က အချိန်မရ၍ ဒေါ်သန့်ဇင်ကို သွား မတွေ့  ဖြစ်ခဲ့ပါ။

ဒေါ်သန့်ဇင်မှာ . . . ကိုတက်လူဝင်းဖခင်ဦးလှဝင်း၏ မိခင် ဖြစ်ပါသည်။ အသက်ခုနစ်ဆယ်အရွယ်ရှိပြီး အိပ်ရာထဲလဲနေသူ မဟုတ် သော်လည်း ကျန်းမာရေး စောင့်ရှောက်ပေးရန် လိုအပ်နေသူတစ်ဦးဟု သိရပါသည်။

ကိုတက်လူဝင်းမောင်းလာသော ကားလေးက ရန်ကုန်-မန္တလေးလမ်းမကြီးမှဖယ်ကျဉ်ကာ မြို့၏ အတွင်းဖက်သို့မောင်းနှင်လျှက်ရှိ ပါသည်။ ကိုတက်လူဝင်းတို့သားအဖက ကားရှေ့ခန်းတွင် ထိုင်၍ ၊ ကျွန်မနှင့်ဒေါ် ညွန့်ညွန့်က ကားနောက်ခန်းမှလိုက်ပါလာခဲ့သည်။

ကားလေးက မြို့ဧရိယာကိုကျော်လွန်ပြီး လူနေအိမ်ခြေကျဲပါးသော အရပ်သို့ဦးတည်နေလေသည်။ အိမ်ခြေကျဲပါးသည်ဆိုသည် မှာ ခြံဝင်းကျယ်ကြီးများ ထဲတွင် သီးသန့်ဆန်စွာ နေသော ရပ်ကွက် ဖြစ်သော ကြောင့် ဖြစ်ပါသည်။

''ဘွားဘွားကြီးက စိတ်တော့ထက်တယ်နော်၊ နှင်းအေးဖြူ နည်းနည်း တော့သည်းခံရလိမ့်မယ်''

ဒေါ်ညွန့်ညွန့်က ပြောလိုက်သည်။

''ရပါတယ်အန်တီ၊ ကျွန်မလူပေါင်းစုံကိုပြုစုပေးဖူးပါတယ်၊ စရိုက်စုံနဲ့လည်း ကြုံခဲ့ဖူးပါတယ်၊ ဘွားဘွားကြီးစိတ်ထက်တယ် ဆိုတာ ဘယ်လိုမျိုးများ လဲရှင့်''

''သူ့ကို လူမမာကြီးလိုဆက်ဆံတာမကြိုက်ဘူး၊ အသက်ကြီးပြီလို့ပြောရင်မကြိုက်ဘူး၊ ဘာမဆို သူသိတယ်၊ သူလုပ်နိုင်ကိုင်နိုင် သေးတယ်လို့ ထင်ထားတယ်''

''သြော်. . . ဒီလိုလား၊ ငယ်စဉ်က ကိုယ်တိုင်ဦးဆောင်ခဲ့တဲ့ လူကြီးတချို့ဟာ အဲဒီ လိုစိတ်ထားမျိုးရှိတတ်ပါတယ်အန်တီ''

''ဟုတ်တယ်၊ ဟုတ်တယ်၊ မေမေက အိမ့်စီးပွားတစ်ခုလုံးကို သူပဲဦးဆောင်ခဲ့တာ၊ အန်တီတို့လုပ်နေတဲ့ပွဲရုံလုပ်ငန်းဟာ မေမေ ကိုယ်တိုင် စတည်ထောင်ခဲ့တဲ့လုပ်ငန်းပဲ၊ ဘိုးဘိုးထက်ကို သူက ထက်တယ်၊ အစစအရာရာ သူကပဲဦးဆောင်တယ်၊ ဘိုးဘိုးသေပြီး အနှစ် နှစ် ဆယ်ကျော်တဲ့အထိ အသက်ရှည်နေတာသာကြည့်တော့''

''ငယ်စဉ်က အများ ကိုဦးဆောင်ခဲ့တဲ့လူကြီးတွေ အသက်ကြီးလာရင် နှစ် မျိုး ဖြစ်တတ်ပါတယ်အန်တီ၊ တစ်ချို့က အသက်ကြီး လာလို့ ငါလုပ်နိုင်စွမ်းမရှိတော့ဘူး၊ ငါ့ကိုယ်ရည်ကိုယ်သွေးတွေ ကျသွားပြီဆိုပြီး စိတ်ကျ ရောဂါ ဝင်တာပါ၊ အစိုးရအရာရှိကြီးတွေ မှာ အများ ဆုံးတွေ့ ရတတ်ပါတယ်၊ ပင်စင်ယူပြီးနောက်ပိုင်း ဖြစ်တတ်ပါတယ်၊ တစ်သက်လုံး အမိန့်ပေးအုပ်ချုပ်လာရာက ပင်စင်ယူပြီးနားလိုက်တဲ့ အချိန်မှာ ကိုယ့်ကို ကိုယ်အရေး မပါတော့ဘူးလို့ထင်ပြီး စိတ်ကျ ရောဂါ ဝင်တတ်တာမျိုးပါ''

''ဟုတ်တယ်၊ ဟုတ်တယ်''

''တစ်ချို့ကတော့ အသက်ကြီးပေမယ့် မာန်မကျဘူး၊ ငါလုပ်ခဲ့တဲ့လုပ်ရပ်တွေ အများ ကြီးရှိခဲ့တယ်၊ ငါတတ်တဲ့ပညာတွေ ၊ှုါ လေ့လာထားတာတွေ ကို ငါမမေ့သေးဘူး၊ ငါ့မှာ ဗဟသုတတွေ အများ ကြီးရှိတယ်၊ အတွေ့ အကြုံတွေ အများ ကြီးရှိတယ်၊ လူ့ဘောင် အတွက် ငါဟာအသုံးဝင်သေးတယ်ဆိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်တဲ့သူမျိုးပါ၊ အပေါင်းလက္ခဏာဆောင်တဲ့ စိတ်ဓာတ်မျိုးလို့ခေါ်ရပါ မယ်အန်တီ၊ ဘွားဘွားဟာလည်း အဲဒီ လို စိတ်ထက်တဲ့အမျိုးသမီးကြီး ဖြစ်ပါလိမ့်မယ်''

''အင်း. . . သမီးက ဒီလိုသဘောတရားတွေ သိထားပြီးသားဆိုတော့ မေမေနဲ့ သင့်အောင်ပေါင်းနိုင်ပါလိမ့်မယ်ကွယ်''

ဦးလှဝင်းက ကြေနပ်အားရသည့်လေသံဖြင့် ကျွန်မကိုပြောလိုက်လေသည်။

တကယ်တော့ ကျွန်မသည် သဘောတရားရေး အရသာ ဆွေးနွေးနေခြင်း ဖြစ်သည်။ ဒေါ်သန့်ဇင်ဆိုသော အဘွားကြီးနှင် မတွေ့  ဆုံရသေးပါ။ တကယ်တန်းတွင် ဒေါ်သန့်ဇင်နှင့်လိုက်လျောညီထွေ ပေါင်းနိုင် မပေါင်းနိုင်မသေချာသေး။ နဖူးတွေ့ ဒူးတွေ့  တွေ့ ရင်တော့ ဘယ်လိုနေမည် မသိနိုင်သေးပါ။

ကိုတက်လူဝင်းက ခြံတစ်ခြံရှေ့တွင် ကားကိုရပ်လိုက်သည်။ ဟွန်းတီးလိုက်သည်နှင့် အစောင့်က ခြံတခါးကိုလာဖွင့်ပေး၏ ။

ကိုတက်လူဝင်းက ကားကို ခြံဝင်း၏ နောက်ဖက်ကျကျတွင် ဆောက်ထားသော နှစ် ထပ်တိုက်ကလေးရှေ့အထိ မောင်းဝင်လိုက် လေသည်။

ကျွန်မသည် ခြံနောက်ဖက်သို့မျှော်ကြည့်လိုက်ရာ ဖြောင့်ဖြူးရှည်လျားသော မီးရထားသံလမ်းကြီးကို တွေ့ မြင်လိုက်ရလေသည်။

*


ကျွန်မတို့အိမ်ထဲဝင်လိုက်သည်နှင့် အပေါ်ထပ်မှ လှေကားအတိုင်းဆင်းလာနေသော အဘွားကြီးကိုတွေ့ လိုက်ရလေ၏ ။ ဒေါ်သန့် ဇင်ပင် ဖြစ်ပေလိမ့်မည် ။

''လူစုံတက်စုံပါလားဟေ့၊ ဘာကိစ္စရှိလို့လဲ''

အဘွားကြီးက အသံသြဇာအပြည့်ဖြင့်အော်မေးလိုက်လေ၏ ။

''မေမေ့ကိုပြုစုဖို့ ဟောဒီက သူနာပြုဆရာမ လေးကို လာပို့တာပါမေမေ''

''ဘာဟဲ့-''

အဘွားကြီးက အံ့သြဟန်ဖြင့် ကျယ်လောင်စွာ အော်လိုက်လေသည်။

''ငါ့ကိုပြုစုဖို့၊ ဟုတ်စ-၊ ငါ့ကိုပြုစုရအောင် ငါက အိပ်ရာထဲလဲနေတဲ့လူမမာမို့လို့လားညွန့်ညွန့်ရဲ့ ''

''သြော်. . . မေမေရယ် အိပ်ရာထဲလဲမနေပေမယ့် အသက်ကြီးတဲ့သူဆိုတာ ကျန်းမာရေး ဝန်ထမ်း တစ်ယောက် က အနီးကပ် စောင့်ရှောက်နေရင် ပိုကောင်းတယ်မဟုတ်လား''

''ဒေါက်တာသက်ကို ငါ့ကိုအပတ်တိုင်းလာကြည့်ပေးနေတာပဲ''

''မေမေကလည်းလေ. . . ဟောဒီက နှင်းအေးဖြူက အတွေ့ အကြုံရင့်တဲ့ စပါယ်ရှယ်နာ့စ် တစ်ယောက် ပါ၊ မေမေ့အတွက် ရန်ကုန်ကနေတောင် လှမ်းခေါ်ထားရတာ ၊ လာပါမေမေရဲ့ ၊ ထိုင်ပါဦး''

အဘွားကြီးက ကျွန်မကိုခြေဆုံးခေါင်းဆုံးကြည့်ရင်း ဆက်တီပေါ်တွင် ဆောင့်ကနဲထိုင်ချလိုက်လေသည်။

''နှင်းအေးဖြူရေ. . . ဟောဒါ. . . သမီးအန်ကယ်ရဲ့ အမေ ဒေါ်သန့်ဇင်ပဲ၊ မေမေက ဒီတိုက်မှာ တစ်ယောက် တည်းနေတယ်လေ၊ ခိုင်းဖို့စေဖို့အဖော်တွေ တော့ရှိတာပေါ့ကွယ်''

'' တစ်ယောက် တည်းနေတယ်ဆိုကတည်းက ငါ့ကိုယ်ငါယုံကြည်လို့ပေါ့အေ၊ ဒါကို ညီးတို့သိထားဖို့လိုတယ်''

ဒေါ်သန့်ဇင်မှာ အာဂအဘွားကြီးပါကလား။

''သူနာပြုဆရာမ က လှလှချည်လားအေ၊ ဒါလောက်လှတာ အန္တရာယ်ရှိတယ်''

''ရှင်. . . ''

အဘွားကြီးက ကျွန်မကို ရောက်ရောက်ချင်းဆောက်နဲ့ထွင်းချေပြီ။ စကတည်းက ယဉ်သကိုဆိုသလိုပါလား။

''ငါပြောတာက ဒါလောက်လှတဲ့ရုပ်ကလေးနဲ့ သူများ အိမ်လိုက်ပြီး နာ့စ်လုပ်နေရင် အိမ်မှာ ယောကျာ်းပျိုရှိရင် မခက်ပါလား၊ ဘယ်ယောကျာ်းမဆို ဒီလိုရုပ်ရည်မျိုးကို တိမ်းညွှတ်မိမှာ ပဲ၊ အဲဒါကြောင့် အန္တရာယ်ရှိတယ်ပြောတာပါ၊ ညီးအတွက်ပြောတာပါ နှင်းအေးဖြူ''

''ကျွန်မ ရန်ကုန်မှာ ဆေးရုံကြီးနဲ့ ဆေးတိုက်ကြီးတွေ မှာ ပဲ အလုပ်ဆင်းခဲ့ပါတယ်ဘွားဘွား၊ လူ တစ်ယောက် တည်းကို အိမ်အထိ လိုက်ပြုစုပေးတာ ဒါပထမဆုံးပါပဲရှင်၊ ဘွားဘွားဆီမှာ နေရလို့ ကျွန်မအတွက် အန္တရာယ်မရှိနိုင်ဘူးလို့ ယုံပါတယ်''

''ဒါတော့စိတ်ချဟေ့၊ ငါ့အိမ်မှာ ယောကျာ်းသားငယ်ငယ်ရွယ်ရွယ်လည်းမရှိဘူး၊ ရှိတဲ့ခြံစောင့်အဘိုးကြီးကိုလည်း ငါက အိမ်ထဲ အဝင်မခံဘူး၊ ညီးအတွက် လုံခြုံပါတယ်၊ လှဝင်းတို့ ညွန့်ညွန့်တို့ကိုသာ ငါကပြောချင်တာ၊ ငါ့အတွက် စပါယ်ရှယ်နာ့စ်ငှားတာ ငါ့ကိုဘာလို့ မတိုင်ပင်ကြသတုံး''

''ဟို. . . ဟို. . . ဒါက ဒီလိုပါမေမေ. . . အဲ. . . ''

ဦးလှဝင်းက ရှင်းပြမည် ပြုပြီးမှ ဘာဆက်ပြောရမှန်းမသိပဲ ထစ်နေလေသည်။

''ဘွားဘွားကလဲဗျာ၊ သားတို့က ဘွားဘွားအတွက် ကောင်းစေချင်လို့စီစဉ်တာကို၊ ဆရာမ လေးကိုလည်း အားနာပါဦး''

ကိုတက်လူဝင်းက သူ့အဘွားဘေးတွင် ကပ်ကပ်သပ်သပ်ဝင်ထိုင်လိုက်ကာ အဘွားရင်ခွင်ထဲခေါင်းခွေ့ပြီးပြောလိုက်ခြင်း ဖြစ်လေ သည်။ ကိုတက်လူဝင်း၏ ကလေးဆန်သော အပြုအမူကြောင့် ကျွန်မ ရယ်ချင်သွားလေသည်။

သို့သော်. . . ကိုတက်လူဝင်း၏ အပြုအမူမှာ ထိရောက်လှပါပေသည်။

ဒေါ်သန့်ဇင်မျက်နှာက ရင်ခွင်ထဲမှမြေး၏ ဦးခေါင်းကိုပွတ်သပ်ရင်း ပြုံးသွားလေသည်။

''ဘွားဘွားက ဘွားဘွားကိုကြိုမပြောလို့ ပြောနေရတာ ပါ လူလူရဲ့ ''

အသံကလည်း ချက်ချင်း ပင်ချိုသာ သွားပါပကော။ ဒေါ်သန့်ဇင်သည် တစ်ဦးတည်းသော မြေး ကိုတက်လူဝင်းကို အတော် ချစ် ပုံရပေသည်။

''ဒါနဲ့. . . ညီးကို သူတို့က တစ်လဘယ်လောက်ပေးသတုံး၊ အေး- ညီးရတဲ့လခကတော့ အလကားရသလိုနေမှာ ပဲဟေ့၊ ဘာ ဖြစ်လို့လဲဆိုတော့ ငါက အကောင်းကြီး၊ ညီးငါ့ကိုပြုစုစရာမှ မလိုပဲကိုး၊ ရတဲ့လခက အလကားရတဲ့အတိုင်းပေါ့အေ''

''မေမေ''

''ဘွားဘွား''

ကိုတက်လူဝင်းနှင့်ဒေါ်ညွန့်ညွန့်က ကျွန်မကိုအားနာကာ ဟန့်တားမည် ပြုလိုက်သည်။

ကျွန်မက သူတို့ကို လက်ကာပြလိုက်၏ ။

တကယ်တော့. . . ကျွန်မအတွက်လုပ်အားခကိစ္စကိုညှိနှိုင်းစဉ်ကပင် ကျွန်မသည် လုပ်ခယူမည် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး ဖြစ်ပါ သည်။ ကျွန်မသည် သူငယ်ချင်းထား၏ ကိစ္စကိုစုံစမ်းဖို့လာရောက်ရာတွင် ကိုတက်လူဝင်းတို့မိသားစုက လက်ခံကူညီပေးသည့်အတွက် ကျေးဇူးတင်ရပါသည်။ ကျွန်မတည်းခိုရာတွင် လည်း အဆင်ပြေအောင်၊ အလကားနေရာလည်းမရောက်အောင် ဘွားဘွားကိုပြုစုပေး ခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းသာ ဖြစ်ပါသည်။

ထို့ကြောင့်. . . မနေ့ကကတည်းကပင် ကျွန်မက လုပ်အားခယူမည် မဟုတ်ကြောင်း အပြတ်ငြင်းဆိုပြီး ဖြစ်ပါ၏ ။

သို့ရာတွင် . . . ကျွန်မက အလကားလာပြုစုပေးတာပါဟုပြောပါက ဒေါ်သန့်ဇင်က အထွန့်တက်လာပေဦးမည် ။ သွေးမတော် သားမစပ် အခကြေးငွေမယူပဲ သူ့ကိုဘာကြောင့်လာပြုစုရသလဲဆိုသည့်မေးခွန်း ထွက်လာပေဦးမည် ။ ကျွန်မတို့သည် ထားကိစ္စကို ဒေါ် သန့်ဇင်အား အသိမပေးပဲထားရန် သဘောတူထားပြီး ဖြစ်ပါ၏ ။

ထို့ကြောင့်. . . ကျွန်မကပင် ဒေါ်သန့်ဇင်နားလည်လက်ခံလောက်အောင် ရှင်းပြလိုက်ပါသည်။

''ဒီလိုရှိပါတယ်ဘွားဘွား၊ သူနာပြုဆရာမ တစ်ယောက် ရဲ့ တာဝန်တွေ ဟာ အများ ကြီးရှိပါတယ်၊ အိပ်ရာထဲလဲနေတဲ့လူနာကြီးကို ချေးသေးပြုစုရတာ မျိုးမှ ပြုစုစောင့်ရှောက်တယ်လို့မခေါ်ပါဘူး၊ ကိုယ့်အလုပ်ရှင်ရဲ့ ကျန်းမာရေး ကို အချိန်မှန်စစ်ဆေးပေးတာ၊ အစားအ သောက်ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စီစဉ်ပေးတာ၊ ဆေးသောက်ဖို့ ဆေးထိုးဖို့ ကျန်းမာရေး လေ့ကျင့်ခန်းယူဖို့ စတဲ့ကိစ္စတွေ အားလုံးမှာ တာဝန်ရှိပါတယ်၊ အချိန်ဇယားနဲ့ စံနစ်တကျလုပ်ရပါတယ်၊ သူနာပြုတွေ ဟာ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ပေါ့ပါးလန်းဆန်း အောင် ပြုစုတတ်ရပါတယ်၊ သူနာပြု တစ်ယောက် အနေနဲ့ ကျွန်မတာဝန်ကျေစေရပါမယ် ဘွားဘွား၊ ဘွားဘွားက အလကားထားပေမယ့် ကျွန်မအလကားမနေပါဘူး ဘွားဘွားရယ်''

''အပြောကတော့ အပြောကောင်းပဲဟေ့၊ ဟားဟားဟား. . . ၊ အဲဒီ လိုစကားပြောကောင်းတော့လည်း ညီးနဲ့ငါ စကားပြောဖော် ရတာ ပေါ့အေ၊ ငါအပျင်းပြေတာပေါ့''

အဘွားကြီးစကားမှာ ကျွန်မကိုစိတ်တိုင်းကျသွား၍ ပြောသည့် စကားလား၊ ရွဲ့ပြောသည့်စကားလား အကဲခတ်ရခက်လှပေသည်။

မည် သို့ဆိုစေ. . . ကျွန်မသည်းခံရပေမည် ။ ကျွန်မတို့သူနာပြုများ သည် လူနာစရိုက်မျိုးစုံကို တွေ့ ကြုံရတတ်ပေ၏ ။ ရံဖန်ရံခါ. . . သူနာပြုကို ဆဲဆိုရန်လုပ်နေတတ်သော စိတ်ထားကြမ်းတမ်းသည့်လူနာများ နှင့်ပင် ဆုံရတတ်ပါသည်။ ရောဂါ ဝေဒနာကြောင့် စိတ်တို စိတ်ကြမ်းပြီး ပြုမူပြောဆိုသည်များ ကို သည်းခံရမြဲ ဖြစ်ပါသည်။ ဒေါ်သန့်ဇင်သည် ထိုလူနာတွေ လောက်မဆိုးသေးပါ။ ကျွန်မသည်းခံရ ပေမည် ။

ကျွန်မသူငယ်ချင်း ထားရဲ့ ဂမ္ဘီရဆန်လှသော ဖြစ်ရပ်ကြီး၏ အဖြေမှန်ပေါ်ပေါက်လာသည်အထိ ကျွန်မစိတ်ကိုရှည်ရှည်ထားကာ ဤအိမ်ကြီးတွင် နေထိုင်သွားရပေလိမ့်မည် ။

*


ကိုတက်လူဝင်းတို့မိသားစုအပြန်တွင် ကျွန်မက ကားနားအထိ လိုက်ပို့လိုက်ပါသည်။

''ကဲ- မနှင်းအေးဖြူ၊ ဘွားဘွားနဲ့အဆင်ပြေအောင်သာ နေပေတော့၊ လုံးလုံးအဆင်မပြေဘူးဆိုလည်း ဖုန်းဆက်လိုက်ပါ၊ ဒီအိမ်မှာ လည်း ဖုန်းတပ်ထားတယ်''

''အဆင်မပြေဘူးလို့မရှိစေရပါဘူးကိုတက်လူဝင်း၊ ဘယ်လိုလူမျိုးကိုမဆို ကျွန်မပေါင်းတတ်ပါတယ်၊ ကျွန်မကိုသာ ထားနဲ့ ပတ်သက်တဲ့ကိစ္စတွေ စုံစမ်းပေးပါရှင်''

''စိတ်ချပါ၊ ကျွန်တော် ဒီနေ့ညနေပဲ ပလိပ်ကိုသွားစရာကိစ္စ ရှိပါတယ်၊ စုံစမ်းပေးပါ့မယ်''

''သွားပြီနှင်းအေးဖြူရေ. . . သမီးတို့အဆင်ပြေမပြေသိရအောင် အန်တီလာခဲ့ပါဦးမယ်''

ကိုတက်လူဝင်းတို့မိသားစုက ကျွန်မကိုထားခဲ့ကာ ထွက်ခွာသွားလေပြီ။



ဝန်ဇင်းချစ်သူများ နွေတမန် ၏ “ ၀ိညာဉ် ခေါ်ရာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နေနဲ့လကို ချည်တဲ့ကြိုး

ကြမ္မာဆိုးမွှေတဲ့ တစ္စေအိမ်

တမလွန်ကပြန်ခဲ့တယ်