အပိုင်း - ၁
သစ်ပင်များ အုံ့ဆိုင်းနေသော ရွာအဝင်လမ်းမပေါ်တွင် အမျိုးသမီး တစ်ယောက် လမ်းလျှောက်လျှက်ရှိသည်။ အမျိုးသမီးမှာ နေ့စေ့လစေ့ကိုယ်ဝန်နှင့် ဖြစ်သည်။
သူမအမည် မှာ စံပယ် ဖြစ်ပါသည်။
မစံပယ်သည် ကိုယ်ဝန်ဆောင် ဖြစ်သည့်အားလျော်စွာ မွေးဖွားရာတွင် လွယ်ကူစေရန်နှင့် ကိုယ်လက်လှုပ်ရှားမှုရှိစေရန် ရွာအပြင်လမ်းမသို့ထွက်၍ ညနေခင်းတွင် လမ်းလျှောက်နေခြင်း ဖြစ်ပါသည်။မစံပယ်ကို အနီးကပ်၍ ကြည့်လျှင်တော့ သူမ၏ မျက်နှာလေးညှိုးနွမ်းနေသည်ကို တွေ့ မြင်နိုင်ပါသည်။
မစံပယ်သည် လမ်းလျှောက်နေရာမှရပ်ကာ အဝေးရှိတောင်တန်းကြီးကို လှမ်းမျှော်ကြည့်လိုက်သည်။ မစံပယ်မျက်ဝန်း၌ မျက်ရည်စများ ရစ်ဝဲနေပါသည်။
မစံပယ်က တောင်တန်းမှိုင်းညို့ညို့ကြီးကို လှမ်းမျှော်ကြည့်ရင်းအသံထွက်၍ ရေရွတ်လိုက်လေသည်။
''သြော် .အစ်ကိုကြီး အစ်ကိုကြီး မစံပယ်ကိုယ်ဝန်ရှိခါစအချိန်ကတည်းက ထွက်သွားလိုက်တာ အခုထိ ပြန်ရောက်မလာသေးပါလား၊ဘယ်ကိုများ ရောက်နေ သလဲအစ်ကိုကြီးရယ်၊ မစံပယ်ဆီကိုပြန်မလာတော့ဘူးလားဟင်၊ မစံပယ်လေ .အစ်ကိုကြီးရဲ့ ရင်သွေး လေးကိုမွေးဖွားဖို့ရက်ပိုင်းပဲလိုပါတော့တယ်အစ်ကိုကြီး၊ ရင်သွေးလေးကိုမွေးဖွားတဲ့အချိန်မှာ မစံပယ်အနားမှာ အစ်ကိုကြီးရှိစေချင်လိုက်တာရှင်၊ မစံပယ်ကို ခုလောက်အကြာကြီး ခွဲထားရက်တယ်အစ်ကိုကြီးရယ်''
မစံပယ်သည် နှုတ်မှလည်းတမ်းတရင်း မျက်လုံးထဲ၌ ခင်ပွန်း ဖြစ်သူ ကိုအောင်ဟိန်း၏ မျက်နှာကို ပြန်လည်မြင်ယောင်လာသည်။ ကိုအောင်ဟိန်းပြောသွားသော စကားများ ၊ ပေးသွားသော ကတိများ ကိုလည်း ပြန်လည်ကြားယောင်လာလေ၏ ။
''အစ်ကိုကြီး အမြန်ပြန်လာမယ်နော် မစံပယ်၊ အစ်ကိုကြီးတို့ရင်သွေးလေး မမွေးဖွားခင် အစ်ကိုကြီးပြန်လာ ခဲ့မယ်၊စိတ်ချနော်မစံပယ်၊ ဒီတစ်ခါပြန်လာရင် အစ် ကိုကြီး မစံပယ်ကို ရန်ကုန်အထိတစ်ခါတည်း ခေါ် သွားတော့မယ်၊ မမကြီးကိုလည်း အကျိုးအကြောင်းအကုန်ဖွင့်ပြောခဲ့မယ် နော်''
ကိုအောင်ဟိန်းက မစံပယ်ကို ကတိအထပ်ထပ်ပေးသွားခဲ့ပါ သည်။
''သြော် .အစ်ကိုကြီးရယ်၊ မစံပယ်မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့မှန်းသိရက်နဲ့တောင် နေနိုင်ရက်လိုက်တာရှင်၊ အစ်ကိုကြီး ရန်ကုန်ပြန်သွားတာခုနစ်လတောင်ရှိပြီ၊ မစံပယ်လည်း မွေးခါဖွားခါနီး နေပြီ၊ ဘာလို့များ ပြန်မလာသေးတာပါလိမ့်၊ မစံပယ်ကိုများ ပစ်ပြေးသွားပြီ လား၊ ရွာငယ်ဇနပုဒ်ကတောသူမမို့ မပေါင်းချင်လို့ပစ်ပြေးသွားတာများ လား အစ်ကိုကြီးရယ် .''
တွေးရင်း မစံပယ်မျက်လုံးထဲမှ မျက်ရည်များ သွန်ကျလာလေတော့သည်။ မစံပယ်ငိုရှိုက်နေမိပါပြီ။
ငိုရှိုက်နေသော မစံပယ်သည် ရွာလမ်းမအတိုင်းလျှောက်လာနေသည့်လင်မယားနှစ် ယောက် ကိုမမြင်ပေ။ ထိုလင်မယားက မစံပယ်ကိုမြင်သွားကြသည်။
''ဟော- ဟိုမှာ မစံပယ် တစ်ယောက် တည်းပါလား ကိုသာလွန်၊အို- ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ အပြင်ကို တစ်ယောက် တည်း ထွက်လာတယ်၊မစံပယ်ကလဲ''
အမျိုးသမီးက ပြောလိုက်သည်။ ထိုလင်မယားမှာ မစံပယ်နှင့်အိမ်နီးချင်းများ ဖြစ်ပြီး ကိုသာလွန်နှင့် မကဆုပ် တို့ လင်မယား ဖြစ်ပါသည်။မတဆုပ်မှာ လည်း ကိုယ်ဝန်နှင့် ဖြစ်ပါ၏ ။ သို့သော် မတဆုပ်ကိုယ်ဝန်က၆လသာရှိသေးသည့်အတွက် မွေးဖွားဖို့လိုသေးသည်။ မစံပယ်နောက်မှမွေးဖွားမည် ဖြစ်ပါ၏ ။
ကိုသာလွန်နှင့်မတဆုပ်က မစံပယ်ရှိရာသို့ လျှောက်လာ၏ ။
''ဘာလုပ်နေတာလဲ မစံပယ်''
မတဆုပ်အသံကြားမှပင် မစံပယ်က လှည့်ကြည့်လိုက်ရာ ကိုသာလွန်နှင့်မတဆုပ်တို့ကို တွေ့ လိုက်ရလေ၏ ။
''ဟင်- မစံပယ်၊ နင်ငိုနေတယ်၊ မစံပယ်ရယ်၊ ကိုယ့် မှာ လည်းမပေါ့မပါးကြီးနဲ့၊ ဘာလို့မျက်ရည်ကျရတာ လဲအေ၊ ဒီနေရာမှာ ဘာလာလုပ်နေတာလဲ မစံပယ်''
''မစံပယ် ကိုယ်လက်ပေါ့ပါးအောင် လမ်းလျှောက်ထွက် လာတာပါမတဆုပ်ရယ်၊ သားဖွားဆရာမ နော်မူအေးကလည်း မကြာမကြာ လမ်းလျှောက်ပေးဖို့ ပြောထားလို့ပါ''
''နင့်ဟာက လမ်းလျှောက်နေတာမှမဟုတ်ပဲမစံပယ်ရယ်၊ ငိုနေတာပဲ၊ နင်မွေးဖွားဖို့က ရက်ပိုင်းပဲလိုတော့တာ၊ ဘာလို့ တစ်ယောက် တည်းထွက်လာတာလဲ၊ လမ်းမှာ မတော် တဆမွေးဖွားနေမှဖြင့် ဒုက္ခအေ၊နောက်နေ့လမ်းလျှောက်ရင် ငါ့ကိုခေါ်ပါ၊ ငါအဖော်လိုက်ပါ့မယ် မစံပယ်ရဲ့ ''
မတဆုပ်စကားပြောအပြီးတွင် မတဆုပ်ယောကျာ်း ကိုသာလွန်က ဝင်ပြောလိုက်သည်။
''မစံပယ်- နင် ကိုအောင်ဟိန်းကိုသတိရပြီး ငိုနေတာ မဟုတ်လား ဟင်၊ စိတ်ထိန်းမှပေါ့ဟာ၊ ဗိုက်ထဲက ကလေးကိုထိခိုက်နေပါ့မယ်ဟယ်၊ကိုအောင်ဟိန်းလဲ အလုပ်ကိစ္စတွေ မအားလပ်သေးလို့ မလာနိုင်တာ ဖြစ် မှာ ပါ၊သူရောက်လာပါလိမ့်မယ်''
''ကိုသာလွန်ရယ်- အစ်ကိုကြီးထွက်သွားတာ ခုနစ်လတောင်ရှိပြီလေ၊ မစံပယ်မှာ ကိုယ်ဝန်နဲ့ကျန်ခဲ့တာ သူသိရက်နဲ့ ပြန်မလာတာကိုမစံပယ်စိတ်ပူမိတာပေါ့ ကိုသာလွန်''
''ကိုအောင်ဟိန်းအကြောင်းကို ငါသိပါတယ်၊ ကိုအောင်ဟိန်းကဒီလိုလူမဟုတ်ပါဘူး၊ နင့်ကိုတကယ်ချစ်တာပါ၊ တကယ်ချစ်လို့လည်း ရွာလူကြီးတွေ ရှေ့မှာ တောင်းရမ်းပြီး မင်္ဂလာဆောင်ခဲ့တာပေါ့ဟာ''
''ဟုတ်ပါတယ်ကိုသာလွန်၊ မစံပယ်ကလည်း အစ်ကို ကြီးကိုယုံပါတယ်၊ မစံပယ်စိုးရိမ်တာက အစ်ကိုကြီး မစံပယ်ကိုပစ်ပြေးသွားတယ်ထင်ပြီးစိုးရိမ်မိတာ မဟုတ်ပါဘူး၊ အစ်ကိုကြီးများ ဒုက္ခတစ်ခုခုကြုံလို့-''
ပြောရင်း မစံပယ်အသံများ က တိမ်ဝင်သွားလေသည်။ မျက်ရည်များ လည်း ကျလာပြန်သည်။
မတဆုပ်က စကားကိုဝင်ဖြတ်လိုက်သည်။
''ကဲပါလေ- ခုအချိန်မှာ စိတ်မကောင်းစရာတွေ ကြံဖန်ပြီးတွေးမနေပါနဲ့တော့၊ လာ- ပြန်ကြစို့မစံပယ်၊ နောက်နေ့လမ်းလျှောက်ချင်ရင် ငါနင်နဲ့အတူတူလိုက် လျှောက်ပေးမယ်နော်၊ ငါလည်းကိုယ်ဝန်ခြောက်လဆိုတော့ လမ်းလျှောက်ဖို့ လိုတယ်လေ၊ ခုတော့- အိမ် ကိုပြန်ကြပါစို့၊ လာလာ-မစံပယ်''
မတဆုပ်က မစံပယ်ကို လက်ဆွဲခေါ်ခဲ့သည်။ သုံးယောက် သားရွာအဝင်လမ်းမှနေ၍ ရွာထဲသို့ ဝင်သွားကြလေတော့သည်။
''သမီး မစံပယ်၊ ဘာလုပ်နေတာလဲကွဲ့၊ ကိုယ်ဝန် နေ့စေ့လစေ့အချိန်ကြီးမှာ အခန်းထဲမှာ ချည်း ကုပ်မနေနဲ့လေ''
မစံပယ်၏ မိခင် ဒေါ်ထားက ပြောရင်း စံပယ်ရှိနေသည့် အခန်းလေးထဲသို့ဝင်လာလေသည်။
ဒေါ်ထားဝင်အလာတွင် မစံပယ်က မိခင်မမြင်အောင် လက်ထဲကဓာတ်ပုံလေးကို ဖျာအောက်သို့ ထိုးထည့်လိုက်လေ၏ ။သို့သော်- ဒေါ်ထားက မြင်သွားလေသည်။
''အဲဒါဘာလဲ၊ သြော်- ဒီဓာတ်ပုံကိုကြည့်နေပြန်ပြီလား ငါ့သမီးရယ်''
မစံပယ်က မထူးတော့သည့်အတူတူ ဓာတ်ပုံလေးကို ဖျာအောက်မှပြန်ထုတ်ကာ ရင်ခွင်ထဲကပ်ထားလိုက်လေသည်။ ပြီးတော့- နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။
ဓာတ်ပုံလေးမှာ ကိုအောင်ဟိန်းနှင့်မစံပယ်မင်္ဂလာဆောင်စဉ်ကရိုက်ထားသော ရောင် စုံဓာတ်ပုံလေး ဖြစ်ပါသည်။ ကိုအောင်ဟိန်းနှင့် မစံပယ်သည် မစံပယ်တို့အိမ်ရှေ့မှာ ပင် မဏ္ဍပ်ထိုး၍ မင်္ဂလာဆောင်ခဲ့ကြခြင်း ဖြစ်သည်။
''သမီးရယ်- မောင်အောင်ဟိန်းရောက်မလာသေးလို့ သိပ်ပြီးဝမ်းနည်းမနေပါနဲ့ကွယ်၊ မောင်အောင်ဟိန်းက သမီးကိုပစ်ပြေးသွားတာမျိုးမ ဖြစ်နိုင်ပါဘူးကွယ်၊ သူ့မှာ အလုပ်များ နေလို့ မလာနိုင်တာ ဖြစ်ပါလိမ့်မယ်၊မောင်အောင်ဟိန်းဟာ ရိုးသားတဲ့လူ တစ်ယောက် လို့ အမေယုံတယ်သမီး၊သူရိုးသားလို့သာ သူဟာ ကလေး တစ်ယောက် အဖေ မုဆိုးဖို တစ်ယောက် ပါဆိုတာကို ရိုးရိုးသားသားဖွင့်ပြောပြီး သမီးကိုတောင်း ရမ်းလက်ထပ်ခဲ့တာပေါ့ကွဲ့၊ မရိုးသားဘူးဆိုရင် သူ့ကိုယ်သူ လူပျိုလို့ ညာပြောမှာ ပေါ့၊တို့တောသူတောင်သားတွေ ဘယ်လောက်အမြင်ကျယ်လို့လဲ၊ သူ ပြောသမျှယုံရမှာ ပဲလေ၊ သူအလုပ်များ နေလို့ ဖြစ်မှာ ပါကွယ်''
''သမီးလည်း အစ်ကိုကြီးကိုအောင်ဟိန်းကို ယုံပါတယ်အမေ၊ဒါပေမယ့် အမေရယ်- ဘယ်လောက်ပဲ အလုပ်များများ ကိုယ့်မိန်းမ မွေးဖွားခါနီး အချိန်မှာ တော့ ရောက်လာသင့်တယ်မဟုတ်လား အမေ၊ သမီးမှာ ကိုယ်ဝန်ရှိနေတာကိုလည်း သူသိသွားတာပဲ၊ သမီးသူ့ကိုယုံပါတယ်အမေ၊အစ်ကိုကြီးကိုအောင်ဟိန်း သမီးကိုသိပ်ချစ်တာလဲ သမီးသိပါတယ်၊ သမီးမယုံတာက ကံကြမ္မာကိုပါအမေ''
''အို- သမီးရယ်''
''အစ်ကိုကြီးပြောသွားတဲ့အထဲမှာ သူ့မှာ အစ်မကြီး တစ်ယောက် ရှိသေးတယ်ဆိုတာ ပါသေးတယ်လေ၊ အဲဒီ အစ်မကြီးက သိပ်မာနကြီးတယ်တဲ့၊ ပညာလည်းတတ်တယ်တဲ့၊ သမီးနဲ့မင်္ဂလာဆောင်တာကိုတောင် သူ့အစ်မကြီးကို မပြောရဲလို့ မပြောရသေးဘူးအမေ၊ သမီး စိတ်ထဲမှာ အဲဒီ အစ်မကြီးကများ သူ့ကိုပြန်မလွှတ် တာလားလို့ ထင်နေမိတယ်အမေရယ်''
''အိုအေ- သူ့အစ်မသဘောမတူလည်း သူ ကလေးလေးမှမဟုတ်တာ၊ ဒါလောက်ကြီးတော့ ကြောက်ရလိမ့်မယ်မထင်ပါဘူး၊ မောင်အောင်ဟိန်းကလည်း သူ့အိမ်စီးပွားရေး ကို သူပဲဦးဆောင်နေတာ၊ အားလုံးသူ့သဘောပါလို့ ပြောခဲ့ဖူးတာပဲ၊ ဘာပဲ ဖြစ် ဖြစ်ပေါ့သမီးရယ်၊ မွေးခါဖွားခါနီး အချိန်မှာ စိတ်မကောင်းစရာတွေ မတွေးပါနဲ့ကွယ်၊ ကလေးကိုထိခိုက်မှာ အမေစိုးရိမ်တယ် သမီး''
''ဟုတ်ကဲ့ပါအမေ၊ သမီးစိတ်ကို ဖြေပါ့မယ်အမေရယ်''
ဒေါ်ထားက အခန်းထဲမှထွက်သွားသည်။
မစံပယ် တစ်ယောက် တည်းကျန်ရစ်သည့်အခါ မစံပယ်က ဓာတ်ပုံလေးကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်ပြန်သည်။
''သြော်- အစ်ကိုကြီးရယ်''
မစံပယ်အတွေးထဲ၌ သူမနှင့်ကိုအောင်ဟိန်းတို့ တွေ့ ဆုံခဲ့ပုံများ ကိုပြန်လည်မြင်ယောင်လာလေသည်။
ကိုအောင်ဟိန်းသည် သစ်လုပ်ငန်းလုပ်ကိုင်ရာမှ မစံပယ်တို့ရွာသို့ရောက်လာခြင်း ဖြစ်ပါသည်။ ကိုအောင်ဟိန်းက ပို့ကုန်သွင်းကုန်ကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်သူ ဖြစ်သည်။ နိုင်ငံခြားသို့တင်ပို့ရန် သစ်များ ဝယ်ယူဖို့ မစံပယ်တို့ရွာအနီးရှိ ပုဂ္ဂလိကသစ်ထုတ်လုပ်ရေး စခန်းတစ်ခုသို့ရောက်လာရင်း မစံပယ်နှင့် တွေ့ ဆုံကြခြင်း ဖြစ်ပါသည်။
မစံပယ်တို့သားအမိနှင့် အိမ်ချင်းကပ်ရက်နေသူ ကိုသာလွန်မှာ သစ်ထုတ်လုပ်ရေး စခန်းတွင် အလုပ်လုပ်သူ ဖြစ်သည်။ ကိုအောင်ဟိန်းသည်သစ်ထုတ်လုပ်ရေး စခန်းတွင် တည်းခိုနေထိုင်ရာမှ ကိုသာလွန်နှင့်ခင်မင် ကာရွာသို့အလည်လိုက်လာခဲ့သည်။
ပထမဆုံးရောက်သည့်အခေါက်မှာ ပင် တစ်ဖက်အိမ်မှမစံပယ်ကိုမြင်တွေ့ သွားလေသည်။
ကိုအောင်ဟိန်းက ကိုသာလွန်၏ မိန်းမမတဆုပ်ထံစုံစမ်းကြည့်ရာမစံပယ်နာမည် ကိုသိလိုက်ရသည်။ မစံပယ်မှာ ဖခင်သေဆုံးသွားပြီး မိခင်မုဆိုးမကြီးဒေါ်ထားနှင့် အမေတစ်ခုသမီးတစ်ခု နေထိုင်ကြသူများ ဖြစ်သည်။တောရွာသူတောရွာသားများ ပီပီ ရာသီအလိုက်အလုပ်ကလေးများ ကို အငှားလိုက်လုပ်ကိုင်ရင်း နေထိုင်စားသောက်နေရရှာသူများ ဖြစ်ပါ၏ ။
''ကျွန်တော့် ကို မစံပယ်နဲ့ မိတ်ဆက်ပေးပါလား မတဆုပ်''
''မလုပ်ပါနဲ့ကိုအောင်ဟိန်းရယ်၊ မစံပယ်တို့က အမေ တစ်ခုသမီးတစ်ခုပါ၊ ဆင်းရဲပါတယ်၊ ဒုက္ခမပေးချင်ပါနဲ့ရှင်''
''မတဆုပ်က ဘာကိုဆိုလိုတာလဲဗျာ၊ ကျွန်တော် က မစံပယ်ကိုစိတ်ဝင်စားလို့ပါ၊ မစံပယ်ကသာ ပြန်ပြီးမေတ္တာမျှမယ်ဆိုရင် ကျွန်တော် လက်ထပ်ယူချင်ပါတယ်မတဆုပ်ရယ်''
''ဟုတ်နိုင်ပါ့မလားရှင်၊ ရှင့်လိုရန်ကုန်သားက ကျွန်မတို့လိုတောသူကို အတည်ယူနိုင်ပါ့မလား၊ အဆင့်ချင်းက ကွာလွန်းပါတယ် ကိုအောင်ဟိန်းရဲ့ ''
''အဆင့်ချင်းမတူတာတွေ တောသားနဲ့မြို့သားဆိုတဲ့ ခွဲခြားမှုတွေ ခုခေတ်မှာ မရှိတော့ပါဘူးမတဆုပ်ရယ်၊ လူနဲ့လူချင်းပါပဲ''
''ဒါပေမယ့် မတူတာက မတူတာပဲလေ၊ ပြီးတော့ ကိုအောင်ဟိန်းက လွတ်လွတ်လပ်လပ်ရောဟုတ်ရဲ့ လား''
ကိုအောင်ဟိန်းက ရယ်မောလိုက်လေသည်။
''ကျွန်တော့် မှာ အိမ်ထောင်မရှိပါဘူးမတဆုပ်၊ အတူ တူလာတဲ့လူတွေ ကို မေးကြည့်ရင်သိနိုင်ပါတယ်၊ မတဆုပ်ယောကျာ်းကိုသာလွန်ကိုစုံစမ်းခိုင်းကြည့်ပါ''
''မလိုပါဘူးရှင်၊ ကျွန်မတို့က လူတစ်ဖက်သားအကြောင်းကိုဒါလောက်လည်း မစပ်စုတတ်ပါဘူး၊ ရှင်က မစံပယ်နဲ့မိတ်ဆက်ပေးပါဆိုလို့မစံပယ်ကို အိုင်တွေ့ လို့ခြေဆေးတဲ့သဘော လုပ်သွားမှာ စိုးရိမ်လို့ပါ၊ကိုအောင်ဟိန်း တကယ်ပဲ မစံပယ်ကို စိတ်ဝင်စားတာလား''
''စိတ်ဝင်စားလို့သာ မတဆုပ်ကို အကူအညီတောင်းနေတာပေါ့ဗျာ''
''ရိုးမြေကျပေါင်းသင်းဖို့ရည်ရွယ်တာလားရှင်၊ အပျော်သဘော တော့မစံပယ်လေးကို မကြံစည်လိုက်ပါနဲ့၊ ခမျာမှာ မုဆိုးမအမေကြီးနဲ့နေရတဲ့မိန်းမရိုးလေး တစ်ယောက် ပါကိုအောင်ဟိန်း''
''မတဆုပ်က ကျွန်တော့် ကိုမယုံဘူးကိုး၊ ဒါဖြင့် မစံပယ်နဲ့တိုက်ရိုက်မိတ်ဆက်မပေးနဲ့ဗျာ၊ မစံပယ်အမေနဲ့သာ မိတ်ဆက်ပေးပါ''
''ရှင်-''
''မစံပယ်အမေနဲ့အဆင်ပြေအောင်ပေါင်းပြီး သူ့အမေကနေတစ်ဆင့် ကျွန်တော် နားဖောက်ပါ့မယ်၊ ကဲ- အဲဒီ လို လူကြီးသူကြီးကိုပြောဆိုပြီး ချဉ်းကပ်တာမျိုးဆိုရင်ကောဗျာ၊ မတဆုပ် ယုံတယ်မဟုတ်လား''
''ဒါဆိုတော့ မဆိုးပါဘူးကိုအောင်ဟိန်းရယ်၊ ဒါပေမယ့် ဒီနေ့တော့သည်းခံလိုက်ပါဦး၊ ကျွန်မ မစံပယ်အမေ ဒေါ်ထားကို အကျိုးအကြောင်းပြောပြထားပါ့မယ်၊ ကိုအောင်ဟိန်း မပြန်သေးဘူးမဟုတ်လား''
''အလုပ်တွေ မပြတ်သေးလို့ မပြန်ရသေးပါဘူး၊ တစ်ပတ်လောက်နေရဦးမှာ ပါ၊ ဒီတစ်ခေါက်ပြန်ပြီးရင်လည်း နောက်လာရဦးမှာ ပါ၊ ကျွန်တော့် ကုမ္ပဏီနဲ့ ကိုသာလွန်တို့သစ်ထုတ်ရေး စခန်းက အမြဲအဆက်အသွယ်ရှိနေမှာ ပါ မတဆုပ်''
''ဒါဖြင့် ကောင်းပါပြီရှင်၊ မနက်ဖန် ကိုသာလွန်နဲ့ လိုက်လာခဲ့ပါ၊မစံပယ်တို့အိမ်ကို လိုက်ပို့ပါ့မယ်၊ ကျွန်မ ဒေါ်ထားကို ဒီည ကြိုပြီးပြောထားလိုက်ပါ့မယ် ကိုအောင်ဟိန်း''
''အဲဒါပါပဲ ဒေါ်ဒေါ်ထား၊ ကိုအောင်ဟိန်းက ကျွန်မကို အပူကပ်လို့လာပြောရတာ ပါ၊ သူက မစံပယ်ကို စိတ်ဝင်စားတယ်လို့ ပွင့်ပွင့်လင်းလင်းဖွင့်ပြောနေလို့ပါ''
မတဆုပ်က ညပိုင်းတွင် တစ်ဖက်အိမ်သို့သွားကာ မစံပယ်တို့သားအမိကို ကိုအောင်ဟိန်းအကြောင်း ပြောပြနေခြင်း ဖြစ်သည်။
''အို- မတဆုပ်ရယ်၊ ရှက်စရာကြီး၊ ဘာ ဖြစ်လို့ အိမ်ကိုလိုက်ပို့မယ်လို့ တာဝန်ခံလိုက်ရတာ လဲ''
''သူက ဒေါ်ဒေါ်ထားနဲ့ကိုယ်တိုင်မိတ်ဆက်ပြီး အိမ် ကိုဝင်ထွက်ချင်တယ်ပြောတာကိုးအေ့၊ ငါလည်းအားနာတာနဲ့ မိတ်ဆက်ပေးပါ့မယ်လို့အာမခံလိုက်မိတာပဲ၊ မနက်ဖန် ကိုသာလွန်နဲ့လိုက်လာရင် ဒီအိမ်ကိုလိုက်ပို့ပေးလိုက်မယ်နော် ဒေါ်ဒေါ်ထား''
''မတဆုပ်ကလဲလေ- မြို့သားတွေ က ယုံရပါ့မလား၊ မြို့သားထဲမှာ မှ သူက ရန်ကုန်သားဆို''
''ဘာလဲမစံပယ်၊ ဟိုက ဘာမှမပြောရသေးဘူး၊ ညီးကစဉ်းစားနေပြီလား၊ ကိုအောင်ဟိန်းက ခင်မင်ချင်လို့ မိတ်ဆက်ပေးပါ၊ အိမ်ကိုသွားလည်ပါရစေလို့ပဲ ပြောသေးတာပါအေ''
''အို- မစံပယ်ကရော ဘာပြောနေလို့လဲမတဆုပ်ရဲ့ ''
''ညီးက မြို့သားကိုယုံရပါ့မလားဆိုတော့ ကိုအောင်ဟိန်းကိုညီးစိတ်ထဲမှာ ထည့်စဉ်းစားနေလို့ပေါ့အေ့၊ ဘယ့်နှယ်လဲ- နေ့လည်က ငါတို့အိမ်ကိုလာလည်တဲ့ အသားဖြူဖြူခပ်ချောချောလူကို ညီးမြင်လိုက်တယ်မဟုတ်လား၊ ဘယ်လိုသဘောရသလဲ''
''အို- ဒီမတဆုပ်ကြီးဟာ၊ မဟုတ်တာပြောရော့မယ်၊ မစံပယ်ကရိုးရိုးပြောတာကို''
မတဆုပ်စကားကြောင့် မစံပယ်ရှက်သွားကာ ထိုင်ရာမှထရင်းအခန်းထဲဝင်ပြေးလေတော့သည်။ မတဆုပ်က ရယ်မောကျန်ခဲ့လေ၏ ။
''အေးလေ- သူက ခင်မင်ချင်ပါတယ်၊ လာလည်ချင် ပါတယ်ဆိုမှတော့ ခေါ်လာခဲ့ပေါ့မတဆုပ်ရယ်၊ သူက ဧည့်သည် ကိုယ်ကအိမ်ရှင်ဆိုတော့လက်ခံရမှာ ပေါ့၊ ပြီးတော့- သူ့ကိုလည်း အကဲခတ်လို့ရတာ ပေါ့အေ''
ဒေါ်ထားက ပြောလိုက်လေသည်။
နောက်တစ်နေ့မစံပယ်သည် ရွာထိပ်ရှိချောင်းကလေးထဲမှ ရေခပ်ပြီးပြန်လာခဲ့လေသည်။ ရေအိုးလေးရွက်ကာ ရွာလမ်းထဲဝင်လာသော မစံပယ်သည်ရွာလယ်လမ်းပေါ်တွင် ကိုအောင်ဟိန်းကိုတွေ့ လိုက်ရလေသည်။
ညက မတဆုပ်ပြောထား၍ ကိုအောင်ဟိန်းက သူမကိုစိတ်ဝင်စားနေတာ သိထားသော မစံပယ်သည် ကိုအောင်ဟိန်းနှင့်မျက်နှာချင်းဆိုင်အတွေ့ တွင် မနေတတ်မထိုင်တတ် ဖြစ်သွားလေ၏ ။ ခေါင်းကိုတစ်ဖက်သို့လှည့်ကာ ခပ်သွက်သွက်လျှောက်လာမိတော့သည်။
သို့သော်- နောက်မှလိုက်လာသော ကိုအောင်ဟိန်းထံမှ မစံပယ်နာမည် ကိုခေါ်လိုက်သော အသံ ထွက်ပေါ်လာလေသည်။
''မစံပယ်- မစံပယ်''
မစံပယ်ကလှည့်မကြည့်ရဲပဲ ခပ်သုတ်သုတ်လျှောက်လာခဲ့လေ၏ ။ကိုအောင်ဟိန်းက နောက်မှလိုက်လာရင်း-
''မစံပယ်- ဖြည်းဖြည်းလျှောက်ပါဗျာ၊ ဘယ်က ပြန် လာတာလဲဟင်၊ ရေခပ်ပြန်လာတာလား''
မစံပယ်က သူ့ကိုစကားပြန်မပြောမိပဲ အရှိန်မပျက်ပင် ဆက်လျှောက်လာခဲ့လေသည်။ မစံပယ်စိတ်ထဲမှာ ရွာလယ်လမ်းကြီးတွင် မြို့သားကသူ့ကိုစကားလိုက်ပြောတာကို လူတွေ မြင်သွားမှာ စိုးရိမ်နေ မိခြင်း ဖြစ်သည်။
ကိုအောင်ဟိန်းက ဟက်ကနဲရယ်လိုက်လေသည်။
''ကိုယ်လည်း စကားပြောတာ မလိုတာတွေ ဖြစ်နေပါပြီ၊ ရေအိုးရွက်ပြန်လာတာတွေ့ ရက်နဲ့ ရေခပ်ပြန်လာတာလားလို့မေးမိတော့ မစံပယ်အဖြေရခက်သွားပြီထင်တယ်''
''အို-''
''ကိုယ့်နာမည် က အောင်ဟိန်းပါမစံပယ်၊ မစံပယ် တို့အိမ်ကိုလာလည်ချင်လို့ မတဆုပ်ကို လိုက်ပို့ခိုင်းထားပါတယ်၊ မတဆုပ်က ပြောထားသလားမသိဘူး၊ ဒီနေ့ ကိုသာလွန် စခန်းမှာ အလုပ်များ နေလို့ ကိုယ့်ဟာကိုယ် တစ်ယောက် တည်း လမ်းလျှောက်လာလိုက်တာပါ''
မစံပယ်က လမ်းလျှောက်နေရာမှ တုံ့ကနဲရပ်လိုက်ကာ ကိုအောင်ဟိန်းကိုလှည့်ကြည့်လိုက်သည်။
''ဒီမယ်- ရှင်ပြောတဲ့စကားတွေ မတဆုပ်က ပြောထားပြီးသား၊ရှင် အိမ်ကိုလာလည်ချင်ရင် လည်လို့ရတယ်၊ အမေက ခွင့်ပြုထားပြီးသား၊အခုတော့ ကျွန်မနောက်ကို လိုက်မလာပါနဲ့တော့၊ ကျွန်မရှက်လို့ပါ၊ ရှင်နေခဲ့ပါတော့နော်''
''ဗျာ-''
စကားဆုံးသည်နှင့် မစံပယ်က မပြေးရုံတမယ်ခြေလှမ်းများ နှင့်ရေအိုးကိုရွက်ကာ ပြေးလေတော့သည်။
ကိုအောင်ဟိန်း ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့လေတော့၏ ။
မကြာခင်တွင် - မတဆုပ်နှင့်အတူ ကိုအောင်ဟိန်း မစံပယ်တို့အိမ်သို့ ရောက်လာလေ၏ ။
မတဆုပ်က ဒေါ်ထားနှင့်မိတ်ဆက်ပေးလိုက်သည်။အိမ်ရှေ့ခန်းတွင် ဒေါ်ထား တစ်ယောက် တည်းသာရှိပြီး မစံပယ်ကိုမတွေ့ ရပေ။
''ဒေါ်ဒေါ်ထား၊ ဟောဒါ ကျွန်မပြောတဲ့ကိုအောင်ဟိန်းပါ၊ ကိုအောင်ဟိန်းက ကိုသာလွန်တို့သစ်ထုတ်စခန်းကို သစ်ဝယ်ဖို့ ရန်ကုန်ကရောက်နေတာပါဒေါ်ဒေါ်ထား၊ ဒီနယ်မှာ အသိမိတ်ဆွေမရှိလို့ ဒေါ်ဒေါ်ထားတို့နဲ့မိတ်ဖွဲ့ပေးဖို့ ခေါ်လာတာပါ''
''ထိုင်ပါမောင်အောင်ဟိန်း၊ ဒေါ်ဒေါ်တို့အိမ်ကို ဝင်ထွက်နိုင်ပါ တယ်၊လည်နိုင်ပါတယ်ကွယ်၊ တို့တောသူတောင်သားတွေ က ခင်မင်တတ် ပါတယ်''
''ဟုတ်ကဲ့ပါဒေါ်ဒေါ်၊ ကျွန်တော် လည်း အသိမိတ်ဆွေ တိုးပွားအောင် မတဆုပ်ကိုမိတ်ဖွဲ့ခိုင်းတာပါ၊ ဒါနဲ့ ကျွန်တော် တောင်းပန်ရဦးမယ်ဒေါ်ဒေါ်၊ ဒီအိမ်က ဒေါ်ဒေါ့်သမီးလေးမစံပယ်ကို လမ်းမှာ တွေ့ လို့ ကျွန်တော် နှုတ်ဆက်မိပါတယ်၊ ကျွန်တော် ကတော့ မနေ့က ကတည်းက မတဆုပ်တို့အိမ်ကနေ မြင်ဖူးထားပြီး နာမည် ကိုလည်း မတဆုပ်ပြောပြလို့ သိထားတာနဲ့နှုတ်ဆက်မိတာပါခင်ဗျာ၊ သူတော် တော် ရှက်သွားပုံရတယ်၊ ကျွန်တော် တောင်းပန်ပါတယ်ဒေါ်ဒေါ်''
''မစံပယ်က ဒေါ်ဒေါ့်ကိုပြန်ပြောပြပါတယ်ကွယ်၊ ဒေါ်ဒေါ့်သမီးကသိပ်ရိုးပြီး၊ ရှက်တတ်ကြောက်တတ်တယ်ကွဲ့၊ ရွာလမ်းပေါ်မှာ ယောကျာ်းပျို တစ်ယောက် က စကားလိုက်ပြောလို့ သူရှက်သွားတာပါ၊ မောင်အောင်ဟိန်းကို စိတ်ဆိုးတာမဟုတ်ပါဘူး၊ တို့တောအရပ်ဆိုတာက မြို့လိုမဟုတ်ဘူးကွဲ့၊ တစိမ်းယောကျာ်းနဲ့မိန်းမ လူမြင်ကွင်းမှာ တွဲ သွားတွဲ လာတွေ့ ရင်စကားတင်းဆိုချင်ကြတာကိုး၊ အဲဒါတွေ ကြောင့်လည်း မစံပယ်က ရှက်သွားတာပါကွယ်''
''သြော်- ဒီလိုလား၊ ကျွန်တော် တောင်းပန်ပါတယ် ဒေါ်ဒေါ်ရယ်၊မစံပယ်ကိုလည်း ကျွန်တော် တောင်းပန်ချင်ပါတယ်ဗျာ''
ဒေါ်ထားက အိမ်အတွင်းဖက်သို့လှည့်ကာ မစံပယ်ကို အော်ခေါ်လိုက်သည်။
''လုံမလေး- မစံပယ်၊ ဟောဒီမှာ ဧည့်သည်ရောက် နေတယ်သမီးရေ၊ ထွက်ခဲ့ပါဦး၊ လက်ဖက်ရည်ကြမ်း လေးနဲ့အကြော်လေးလည်းယူခဲ့ပါကွဲ့''
မစံပယ်နောက်ဖေးခန်းထဲမှထွက်လာသည်။ လက်ထဲတွင် ရေနွေးကြမ်းကရားနှင့် ထညက်၊ ပဲလှော်များ ထည့်ထားသော ဗန်းကိုကိုင်၍ ရောက်လာကာ ကိုအောင်ဟိန်းရှေ့တွင် ချပေးလိုက်သည်။
''သမီး- မစံပယ်၊ ဟောဒီသူငယ်က မောင်အောင်ဟိန်းတဲ့၊ရန်ကုန်က သစ်ဝယ်ဖို့ရောက်လာတာတဲ့ ကွယ်၊ သမီးနဲ့ လမ်းမှာ တွေ့ ခဲ့တာဒီသူငယ်ပဲမဟုတ်လားကွဲ့''
မစံပယ်က ဘာမျှပြန်မပြောပဲ ရှက်နေဟန်ဖြင့် ခေါင်းငုံ့နေလေသည်။
''မစံပယ်ကို အစ်ကိုတောင်းပန်ပါတယ်၊ မစံပယ်ကို မနေ့ကကတည်းက မတဆုပ်တို့အိမ်ကနေ လှမ်းမြင်ပြီး- နာမည် လည်းသိပြီးသား ဖြစ်နေလို့ လမ်းမှာ နှုတ်ဆက်မိတာပါ၊ မစံပယ်အရှက်ရအောင်လုပ်သလို ဖြစ်သွားမိတာ ခွင့်လွှတ်ပါမစံပယ်''
''အို- ကိစ္စမရှိပါဘူး၊ မစံပယ်ကလည်း ရှက်ရှက်နဲ့ သူ့ကိုရန်တွေ့ မိသလို ဖြစ်သွားတယ်၊ မစံပယ်လည်း တောင်းပန်ပါတယ်အစ်ကိုရယ်''
မစံပယ်က ကိုအောင်ဟိန်းကို မဝံ့မရဲဖြင့် မျက်လွှာပင့်ကြည့်ကာပြောလိုက်လေသည်။
''ဒီမှာ ရှိတုန်း ဒေါ်ဒေါ်တို့အိမ်ကို လာလည်နိုင်ပါတယ် မောင်အောင်ဟိန်းရယ်၊ တို့တောသူတောင်သားတွေ က ခင်တတ်မင်တတ်ပါတယ်ကွဲ့''
''ဟုတ်ကဲ့ဒေါ်ဒေါ်''
''ရေနွေးကြမ်းသောက်ဦး၊ ထညက်လေးလည်း စားဦးကွဲ့၊ရန်ကုန်သားဆိုတော့ ဒါမျိုးတွေ စားမှစားတတ်ရဲ့ လားမသိဘူး''
''ရပါတယ်ဒေါ်ဒေါ်၊ ကျွန်တော် က နယ်တကာလှည့်နေရလို့အကျင့် ဖြစ်နေပါပြီ၊ စားတတ်ပါတယ်''
''ဒါဖြင့်- မောင်အောင်ဟိန်းကို ထမင်းဖိတ်ကျွေးဦးမှပဲသမီးရေ၊အညာထမင်းအညာဟင်း စားဖူးတယ်ရှိအောင်ပေါ့''
ကိုအောင်ဟိန်းက မစံပယ်ကိုကြည့်လိုက်သည်။ မစံပယ်ကမျက်လွှာပင့်အကြည့်တွင် - တစ်ယောက် နှင့် တစ်ယောက် အကြည့်ချင်းဆုံသွားကြလေသည်။
ယင်းသို့ဖြင့်- ကိုအောင်ဟိန်းသည် မစံပယ်တို့အိမ်သို့ ဝင်ထွက်ခွင့်ရခဲ့လေသည်။ မစံပယ်နှင့်လည်း ရင်းနှီးခဲ့ရလေ၏ ။
မတဆုပ်ပြောပြထား၍ ကိုအောင်ဟိန်းက မစံပယ်ကိုနှစ်သက် နေမှန်းကို သားအမိနှစ် ယောက် လုံး သိပြီး ဖြစ်ပါသည်။ ဒေါ်ထားအနေဖြင့်လည်း ကိုအောင်ဟိန်းကို အကဲခတ်ခွင့်ရခဲ့သည်။
ထိုအခေါက်က ကိုအောင်ဟိန်းသည် ညနေတိုင်း သစ်ထုတ်လုပ်ရေး စခန်းမှ ရွာအထိလမ်းလျှောက်လာကာ မစံပယ်တို့အိမ်သို့ လာလည်ခဲ့လေသည်။
တစ်ပတ်ပြည့်သည့်နေ့တွင် -
ရွာဘေးချောင်းကလေးသို့ မစံပယ်ရေခပ်အသွား-
ချောင်းဘေးညောင်ပင်ကြီးအောက်တွင် ရပ်စောင့်နေသော ကိုအောင်ဟိန်းကို တွေ့ လိုက်ရလေ၏ ။
''မစံပယ်၊ ဒီအချိန် မစံပယ်ရေခပ်လာမယ်ဆိုတာ သိလို့အစ်ကိုကြီးစောင့်နေတာပါ မစံပယ်''
''အို- အစ်ကိုကြီးကလဲ၊ အိမ်ကိုလာရင်တွေ့ ရမယ့်ဟာကို''
''ထိုင်ပါဦး မစံပယ်၊ အစ်ကိုကြီး မစံပယ်ကို ပြောစရာရှိလို့ပါ၊အိမ်မှာ ဆိုတော့ ဒေါ်ဒေါ်ရှိနေလို့ပါ''
''အို-''
''ထိုင်ပါဦးမစံပယ်ရယ်၊ အစ်ကိုကြီး မနက်ဖန်ဆိုရင် ရန်ကုန်ပြန်ရတော့မှာ ကွဲ့''
''ဟယ်- အစ်ကိုကြီး''
ရန်ကုန်ပြန်ရတော့မည် ဆို၍ မစံပယ်က ရုတ်တရက်စိတ်မကောင်း ဖြစ်သွားကာ ကိုအောင်ဟိန်းမျက်နှာကိုမော်ကြည့်လိုက်လေသည်။မစံပယ်က ရေအိုးလေးကို ဘေးတွင် ချကာ ကိုအောင်ဟိန်းညွှန်ပြသော ညောင်ပင်အမြစ်ကြီးပေါ်တွင် ထိုင်လိုက်သည်။
''သြော်- အချိန်တန်တော့လည်း အစ်ကိုကြီး ရန်ကုန်ပြန်ရတော့မှာ ကိုး''
''နောက်တစ်လကြာရင် တစ်ခေါက်ပြန်လာရဦးမှာ ပါ မစံပယ်၊အစ်ကိုကြီးပြန်လာတဲ့အချိန်မှာ မစံပယ်ဖက်က အဖြေပေးနိုင်အောင်အစ်ကိုကြီးက ပြောစရာရှိတဲ့စကားကို ပြောခဲ့ချင်လို့ပါ''
''ဘာစကားများ ပါလိမ့်အစ်ကိုကြီးရယ်''
''မစံပယ်ကို ချစ်တဲ့အကြောင်းပါကွယ်''
''အို- အစ်ကိုကြီး''
ရှက်စိတ်ဖြင့် မစံပယ်ခေါင်းလေးက ငုံ့ကျသွားလေသည်။
''ဟုတ်တယ်မစံပယ်၊ အစ်ကိုကြီး မစံပယ်ကိုချစ်တယ်ဆိုတာမစံပယ်လည်း ရိပ်မိပြီးလောက်ပါပြီလေ၊ အစ်ကိုကြီးကို လက်ခံဖို့ ဖြစ်နိုင်မ ဖြစ်နိုင် စဉ်းစားပေးပါမစံပယ်၊ အစ်ကိုကြီးနောက်တစ်ခေါက်ပြန်လာတဲ့အခါ မစံပယ်ဆီကအဖြေကို သိချင်ပါတယ်ကွယ်''
မစံပယ်က ဘာမျှပြန်မပြောပဲ ခေါင်းလေးငုံ့ကာသာနေသည်။
''မစံပယ်-''
''ရှင်- အစ်ကိုကြီး''
''ခုရှုပ်မှနောင်ရှင်းတဲ့ မစံပယ်၊ အစ်ကိုကြီးဖက်က ဝန်ခံစရာရှိတာတွေ ကို တစ်ခါတည်းဝန်ခံထားပါရစေ''
ကိုအောင်ဟိန်း၏ ထူးဆန်းသော စကားကြောင့် မစံပယ် တုန်လှုပ်သွားလေသည်။ စိတ်လည်းဝင်စားသွား၏ ။
ကိုအောင်ဟိန်းမျက်နှာကို မော်ကြည့်လိုက်သည်။
''အစ်ကိုကြီးဟာ လူပျို တစ်ယောက် တော့ မဟုတ်ပါဘူးမစံပယ်၊အစ်ကိုကြီးအိမ်ထောင်ကျဖူးပါတယ်''
''ဟင်- ဒါ- ဒါဖြင့်--''
''နားထောင်ပါဦးမစံပယ်၊ အစ်ကိုကြီးအိမ်ထောင်ကျဖူးတယ်ဆိုပေမယ့် ခုအချိန်မှာ အစ်ကိုကြီးရဲ့ အိမ်ထောင်ဖက်က မရှိတော့ပါဘူး၊ ဆုံး သွားပါပြီမစံပယ်၊ လွန်ခဲ့တဲ့နှစ် နှစ် က သားလေး အသက်တစ်နှစ် အရွယ်မှာ ဆုံးသွားခဲ့ပါပြီကွယ်''
''အို- သားရှိသေးတယ်''
''ဟုတ်ပါတယ်၊ သားလေးက အခုအသက်သုံးနှစ် ပါ မစံပယ်၊ဒါတွေ ကို မစံပယ်ထည့်စဉ်းစားနိုင်အောင် အစ်ကိုကြီး ရိုးရိုးသားသားပြောပြတာပါ မစံပယ်၊ အစ်ကိုကြီး မစံပယ်ကို တကယ်မေတ္တာရှိပါတယ်၊ ရိုးမြေကျပေါင်းသင်းဖို့လည်း ဆုံးဖြတ်ထားပါတယ်ကွယ်၊ အစ်ကိုကြီးမေတ္တာကို တုံ့ပြန်ဖို့စဉ်းစားပေးပါ နော်''
''ဟုတ်ကဲ့ပါအစ်ကိုကြီး၊ ရေခပ်တဲ့လူတွေ ရောက်လာကြတော့မယ်၊မစံပယ် သွားပါရစေတော့နော်''
မစံပယ်က ရေအိုးလေးကိုပိုက်ကာ ရပ်လိုက်သည်။
''နောက်တစ်လကြာလို့ အစ်ကိုကြီးပြန်လာတဲ့အခါ အစ်ကိုကြီးအတွက် ဝမ်းသာစရာအဖြေကို ကြားပါရစေ မစံပယ်လေးရယ်၊ မစံပယ်ဆီကအဖြေရရင် လူကြီးမိဘတွေ ဆီမှာ မစံပယ်ကို အစ်ကိုကြီးတောင်းရမ်းယူပါ့မယ် မစံပယ်''
မစံပယ်က ကိုအောင်ဟိန်းချစ်ရေး ဆိုသည့်အကြောင်းကို မိခင်ကြီးဒေါ်ထားအား ပြောပြလိုက်သည်။
''သူအိမ်ထောင်ကျဖူးတယ်၊ ကလေး တစ်ယောက် အဖေ ဆိုတာကိုဖွင့်ပြောတယ်ဆိုတော့ သူ့ဖက်ကရိုးသားမှုလို့ ပြောနိုင်တာပေါ့အေ၊ ဒါပေမယ့်မုဆိုးဖို တစ်ယောက် ကိုမေတ္တာမျှဖို့ကတော့ အပျိုလေး တစ်ယောက် အတွက်စဉ်းစားစရာပဲ၊ အမေ ဘာမှဝင်ပြီးမတိုက်တွန်းလိုဘူး သမီးရယ်၊ ဒီကိစ္စသမီးဘာသာဆုံးဖြတ်ပါ၊ သမီး သဘောကျတယ်ဆိုရင် မြို့ကသမီးဘကြီးကိုခေါ်ပြီး တိုင်ပင်ကြတာပေါ့''
''ဟုတ်ကဲ့ပါအမေ''
နောက်တစ်လအကြာတွင် ကိုအောင်ဟိန်းပြန်ရောက်လာသည်။ပြန်လာမည် ကို ကြိုအကြောင်းမကြားထားပဲ မစံပယ် ချောင်းထဲကိုရေခပ်အသွားမှာ ချောင်းထိပ်ညောင်ပင်ကြီးအောက်က စောင့်နေတာတွေ့ လိုက်မှ အံ့သြသွားရလေသည်။
''မစံပယ်''
''အို- အစ်ကိုကြီး''
ကိုအောင်ဟိန်းက ညောင်ပင်အောက်က ရုတ်တရက်ထွက်လာပြီးနှုတ်ဆက်လိုက်ခြင်း ဖြစ်လေသည်။
''အစ်ကိုကြီး ဘယ်တုန်းက ပြန်ရောက်နေလဲဟင်''
''အခုပဲရောက်လာတာပါ၊ စခန်းမှာ ပစ္စည်းတွေ ထားခဲ့ပြီး မစံပယ်ရေခပ်လာမယ့်အချိန်ကို ကြိုပြီးစောင့်နေတာ၊ ဟောဒီမှာ မစံပယ်နဲ့ ဒေါ်ဒေါ်ထားအတွက် ရန်ကုန်က လက်ဆောင်တွေ ဝယ်လာတယ်''
''အို- ဘာတွေ များ လဲအစ်ကိုကြီးရယ်''
''မစံပယ်တို့သားအမိအတွက် အထည်စနဲ့စားစရာတွေ ပါ၊ မစံပယ်အတွက် အဝတ်အစားကို ဘယ်လိုဝယ်ရမှန်းမသိလို့ အထည်စအတိုင်းပဲဝယ်လာလိုက်တယ်၊ ရော့- မစံပယ်''
''ဟင့်အင်း- အစ်ကိုကြီး၊ ဒီအထုတ်ကြီးကိုင်ပြီး မစံပယ် အိမ်မပြန်ပါရစေနဲ့၊ အစ်ကိုကြီးကိုယ်တိုင် အိမ်ကိုယူလာပြီး အမေ့လက်ထဲထည့်လိုက်ပါ အစ်ကိုကြီး''
''သြော်- မစံပယ်ရယ်၊ ကောင်းပါပြီဗျာ၊ ဒါနဲ့- အစ်ကိုကြီးတောင်းထားတဲ့အဖြေကိုရော စဉ်းစားပြီးပြီလားဟင်''
''အဲဒါလည်း အိမ်ကျမှ အမေ့ရှေ့မှာ ပြောကြပါစို့ အစ်ကိုကြီးရယ်''
''ဟင်- မစံပယ်က အကုန်လုံး အမေ့ကိုလွှဲချနေတာပါလား၊ ဒါဆိုအမေနဲ့တိုင်ပင်ပြီးပြီဆိုတဲ့သဘောပေါ့၊ ဟုတ်လား''
''အို- အစ်ကိုကြီးကလဲ၊ သွားပါတော့၊ မစံပယ်လည်း ရေခပ်ပြီးအိမ်ပြန်ပါရစေတော့၊ အိမ်ကိုပဲလာခဲ့ပါ အစ်ကိုကြီးရယ်၊ ဒီနေရာမှာ သူများ တွေ မြင်ရင် မကောင်းပါဘူးနော်''
''သြော်- မစံပယ်ရယ်၊ လူအထင်အမြင်သေးမှာ သိပ်စိုးရိမ်ရှာတာကိုး၊ ကောင်းပါပြီဗျာ၊ အစ်ကိုကြီးသွားနှင့်ပါမယ်၊ ကိုသာလွန်နဲ့မတဆုပ်ကို ဝင်နှုတ်ဆက်ပြီးမှ မစံပယ်တို့အိမ်ကို ကူးခဲ့မယ်နော်''
မစံပယ်တို့အိမ်တွင် မစံပယ်၊ ဒေါ်ထားတို့နှင့်အတူ တစ်ဖက်အိမ်မှ ကိုသာလွန်နှင့်မတဆုပ်တို့လင်မယားပါရှိနေကြသည်။
ကိုအောင်ဟိန်းက မစံပယ်ကိုမေတ္တာရှိကြောင်း ဒေါ်ထားကို ဖွင့်ပြောရာ ဒေါ်ထားက ထိုကိစ္စတိုင်ပင်ရန်အတွက် ကိုသာလွန်တို့လင်မယားကို ခေါ်လိုက်ခြင်း ဖြစ်ပါ၏ ။
ဒေါ်ထားက စကားစပြောသည်။
''မောင်အောင်ဟိန်းက ဒေါ်ဒေါ့်သမီးမစံပယ်ကို မေတ္တာရှိနေတယ်မောင်သာလွန်၊ မောင်အောင်ဟိန်းဟာ မင်းခေါ်လာတဲ့ မင်းမိတ်ဆွေမို့ဒေါ်ဒေါ်က ဒီကိစ္စကို မင်းတို့ရှေ့မှာ တိုင်ပင်ဖို့ ခေါ်လိုက်ရတာ ပဲ''
''ဟုတ်ကဲ့ပါဒေါ်ဒေါ်ထား''
''ဒေါ်ဒေါ့်သမီးက ရှက်တတ်တော့ မောင်အောင်ဟိန်းကိုတိုက်ရိုက်ဖွင့်မပြောရဲရှာဘူး၊ အမေကိုပဲတိုင်ပင်ပြီး သူသိချင်တာလေးတွေ အမေကိုပဲမေးခိုင်းနေရှာတယ်ကွယ်''
'' ဖြစ်ရလေမစံပယ်ရယ်၊ အစ်ကိုကြီးက မစံပယ်ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးရဲအောင် အစ်ကိုကြီးဘဝမှန်ကိုဖွင့်ပြောထားတာပါ၊ ထားပါတော့လေ၊ မစံပယ်က ရိုးလွန်းတော့လည်း အမေကိုပဲအားကိုးရှာတာပေါ့၊ပြောပါဒေါ်ဒေါ်၊ ကျွန်တော့် ဆီက ဘာများ သိချင်ပါသလဲဗျာ၊ မေးပါ''
''အေးကွယ့်၊ မောင်အောင်ဟိန်းက မစံပယ်ကို မင်းမှာ အိမ်ထောင်ရှိဖူးကြောင်းပြောတယ်ဆို၊ ကလေး တစ်ယောက် လည်းရှိတယ်ဆိုတာ မင်းကဝန်ခံတယ်တဲ့၊ မစံပယ်သိချင်တာက မင်းတို့ရဲ့ ရန်ကုန်ကမိဘများ က ဘယ်လိုသဘောထားမယ်ဆိုတာရယ်၊ မင်းတို့အသိုင်းအဝိုင်းက မစံပယ်ကို လက်ခံနိုင်မှုရှိပါ့မလားဆိုတာ သိချင်တာပါပဲ၊ အဲဒါကတော့ မစံပယ်တင် မဟုတ်ပါဘူးလေ၊ ဒေါ်ဒေါ်လည်းသိချင်ပါတယ် မောင်အောင်ဟိန်း''
''ဟုတ်ကဲ့၊ ဒေါ်ဒေါ်ပွင့်ပွင့်လင်းလင်းမေးတာ သိပ် ကောင်းပါတယ်ဗျာ၊ ကျွန်တော့် အကြောင်းပြောရရင် ရှုပ်ရှုပ်ထွေးထွေးမဟုတ်ပါဘူးဒေါ်ဒေါ်၊ကျွန်တော့် မှာ မိဘနှစ် ပါးလုံးမရှိတော့ပါဘူး၊ ကျွန်တော် ဘွဲ့ရတဲ့နှစ် မှာ ပဲဆုံးသွားကြပါတယ်၊ ကျွန်တော် တို့မှာ မောင်နှမနှစ် ယောက် ရှိပါတယ်၊ကျွန်တော့် အစ်မကြီးနဲ့ကျွန်တော် ပါ၊ ကျွန်တော် ဘွဲ့ရပြီးချိန်မှာ မောင်နှမနှစ် ယောက် သွင်းကုန်ထုတ်ကုန်ကုမ္ပဏီတစ်ခုတည်ထောင်ပြီး အလုပ်လုပ်ခဲ့ကြပါတယ်၊ ကျွန်တော် လည်း အိမ်ထောင်ကျခဲ့ပါတယ်ဒေါ်ဒေါ်၊ သားလေး တစ်ယောက် မွေးပြီး သားလေးအသက်တစ်နှစ် အရွယ်မှာ ပဲ ကျွန်တော့်  အိမ်ထောင်ဖက် ဆုံးပါး သွားပါတယ်၊ မမကြီးကတော့ အပျိုကြီးဘဝနဲ့ပဲ ကျွန်တော့်သား သူ့တူလေးကိုအုပ်ထိန်းရင်းနဲ့ နေနေပါတယ်၊ ကျွန်တော့် အကြောင်းကတော့ အဲဒါပါပဲဒေါ်ဒေါ်''
''မစံပယ်နဲ့အကြောင်းပါရင် ဖျက်မယ့်ပြုမယ့်သူများ ရှိနေမလားကွယ်၊ တို့များ က တောသူတောသားတွေ ဆိုတော့ မျက်နှာမွဲတွေ ပါကွယ်၊တွေးပြီးပူပန်မိတယ် မောင်အောင်ဟိန်းရေ''
''ကျွန်တော့် မိသားစုမှာ ကျွန်တော် ပဲအဓိကပါဒေါ်ဒေါ်၊ ကျွန်တော့် သဘောပါပဲ၊ ကျွန်တော် ပဲစီးပွားရှာကျွေးနေတာပါ၊ ဖျက်လိုဖျက်စီးလုပ်မယ့်လူမရှိပါဘူးဒေါ်ဒေါ်၊ စိတ်ချပါ''
''မင်းအစ်မကြီးဆိုတာကရော သဘောတူပါ့မလားကွယ်''
''မမကြီးကလည်း ကျွန်တော့် သဘောပါပဲခင်ဗျာ''
ဒေါ်ထားက ခေါင်းတညိတ်ညိတ်နှင့်စဉ်းစားနေသည်။
''ဒါနဲ့- မစံပယ်ရဲ့ သဘောကရော ဒေါ်ဒေါ်၊ မစံပယ်ကလည်းကျွန်တော့် ကိုအဖြေမပေးရသေးပါဘူး၊ မစံပယ်သဘောလည်း သိပါရစေကွယ်၊ပြောပါဦး''
ကိုအောင်ဟိန်းက မစံပယ်ဖက်ကို လှည့်၍ မေးလိုက်သည်။
''အို- ''
မစံပယ်က ရှက်ကာ ခေါင်းငုံ့သွားလေ၏ ။
ဘေးတွင် ထိုင်နေသော မတဆုပ်က ဝင်ပြောလိုက်လေသည်။
''အို- ကိုအောင်ဟိန်းကလည်း၊ အ,ရန်ကောရှင်၊ မစံပယ်အမေဒေါ်ဒေါ်ထား တစ်ယောက် လုံးကကို အောင်ဟိန်းအကြောင်းတွေ မေးမြန်းနေပြီဆိုမှတော့ ဒေါ်ဒေါ်ထားကလည်း သဘောတူလို့ပေါ့၊ မစံပယ်ကလည်းသူ့အမေကို ပြောထားပြီးသား ဖြစ်လို့ပေါ့ရှင့်၊ ဟုတ်တယ်မဟုတ်လားမစံပယ်၊နင် ကိုအောင်ဟိန်းကို မေတ္တာရှိတယ်ဆိုတာ နင့်အမေကိုဖွင့်ပြောပြီးပြီမဟုတ်လား''
''အို- မတဆုပ်ကြီးကလဲ''
မစံပယ်သည် ရှက်သွားကာ ထိုင်ရာမှထ၍ သူ့အခန်းလေးထဲသို့ဝင်ပြေးသွားလေတော့သည်။
''ဟော- မတဆုပ်၊ ခင်ဗျားပြောလိုက်တာနဲ့ မစံပယ် ရှက်သွားပြီဗျ''
''အဲဒါသာကြည့်တော့ မောင်အောင်ဟိန်းရေ၊ ဒေါ်ဒေါ့် သမီးလေးဟာ သိပ်အရှက်အကြောက်ကြီးတာကွဲ့၊ အရှက်အကြောက်ကြီးလွန်းတဲ့တောသူလေးဆိုတော့ မင်းတို့ မြို့အသိုင်းအဝိုင်းမှာ မဝင်ဆန့်မှာ ကို စိုးမိတယ်ကွယ်''
''အရှက်အကြောက်ကြီးတာ ကောင်းတာပေါ့ ဒေါ်ဒေါ်ရယ်၊ကျွန်တော့် အတွက် မစံပယ်ဟာ အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်ဖို့ပဲလိုပါတယ်ဒေါ်ဒေါ်''
''ဒါဖြင့်- အားလုံးအဆင်ပြေနေပြီပဲ၊ မင်္ဂလာဆောင်ဖို့ကိစ္စစီစဉ်ပေတော့၊ ဒေါ်ဒေါ်ထားလည်း သမီးအတွက် စိတ်ချသွားရတာ ပေါ့ဗျာ၊ကိုအောင်ဟိန်းက မစံပယ်လက်ခံရင် တင့်တောင်းတင့်တယ်မင်္ဂလာဆောင်ပြီး ယူမယ်လို့ ကျွန်တော် တို့လင်မယားကို ပြောနေတာဗျ''
ကိုသာလွန်က ဝင်ပြောလိုက်ခြင်း ဖြစ်ပါသည်။
''ဟုတ်ပါတယ်ဒေါ်ဒေါ်၊ ကျွန်တော် မစံပယ်ကို လူကြီးစုံရာရှေ့မှာ အသိပေးတောင်းရမ်းပါ့မယ်၊ မင်္ဂလာပွဲကိုလည်း ဒီရွာမှာ ပဲ လုပ်ပါ့မယ်ဒေါ်ဒေါ်၊ခွင့်ပြုပါ''
''အေး- ဒေါ်ဒေါ့်မှာ တော့ တိုင်ပင်စရာ အသိပေးစရာ အစ်ကိုကြီး တစ်ယောက် ရှိသေးတယ်ကွဲ့၊ အစ်ကိုကြီး ဦးရာမောင်က ရွှေဘိုမြို့ပေါ်မှာ နေတယ်လေ၊ ဒေါ်ဒေါ့်ရဲ့ အစ်ကိုအရင်း မစံပယ်ရဲ့ ဘကြီးပေါ့ကွယ်၊ အစ်ကိုကြီးကို အသိပေးပြီးရင် မောင်အောင်ဟိန်း စီစဉ်သင့်တာ စီစဉ်ပါတော့ကွယ်''
အခန်းထဲသို့ဝင်ပြေးသွားသော မစံပယ်သည် အပြင်ခန်းမှပြောနေသော စကားများ ကို ကြားနေရပါ၏ ။ အပြင်မှစကားများ ကို နားထောင်ရင်းမစံပယ်ရင်မှာ ဖိုလှိုက်လျှက်ရှိလေ၏ ။
သည်လိုနှင့်ကိုအောင်ဟိန်းနှင့်မစံပယ်တို့ မင်္ဂလာဆောင်ခဲ့ကြလေ၏ ။ မစံပယ်တို့မင်္ဂလာဆောင်မှာ သူတို့ရွာအနေနှင့်တော့ ကြီးကျယ်လှပေသည်။ အိမ်ရှေ့မှာ ပင် မဏ္ဍပ်ကြီးထိုးကာ တစ်ရွာလုံးကိုဖိတ်သည်။ ရွှေဘိုမြို့ပေါ်မှ ဒံပေါက်ထမင်းအော်ဒါမှာ ပြီး ကျွေးခဲ့သည်။ ရေခဲမုန့်လည်းကျွေးသည်။ လက်ဖွဲ့ငွေလက်မခံပါ။
သည်ရွာမှာ လုပ်ခဲ့ဖူးသမျှ မင်္ဂလာဆောင်တွေ ထဲမှာ တော့ အကြီးကျယ်အခန်းနားဆုံးပင် ဖြစ်ပါ၏ ။
မင်္ဂလာဆောင်ကုန်ကျစရိတ်အားလုံးကို ကိုအောင်ဟိန်းက အကုန်အကျခံခဲ့ခြင်း ဖြစ်လေသည်။
ရွှေဘိုမှ မစံပယ်၏ ဘကြီးဦးရာမောင်ကလည်း သူ့တူမ လင်ရကံကောင်းသည်ဆိုကာ မင်္ဂဆောင်တွင် တပြုံးပြုံးနှင့် ဖြစ်နေပေသည်။မစံပယ်သည်လည်း ခန်းနားလှသော မင်္ဂလာဆောင်ကြောင့်ရွာထဲတွင် မျက်နှာပွင့်နေသည်။ ဘဝတူအပျိုများ ကလည်း မစံပယ်၏ ကံတရားကို အားကျနေကြပေ၏ ။
မစံပယ်သည် မင်္ဂလာဆောင်စဉ်က ရိုက်ထားသော ဓာတ်ပုံလေးကိုကြည့်ရင်း နောက်ကြောင်းများ ကိုပြန်တွေးနေမိခြင်း ဖြစ်ပါသည်။''သြော်- အစ်ကိုကြီး၊ အစ်ကိုကြီး၊ မစံပယ်ကို တင့်တင့်တယ်တယ်မင်္ဂလာဆောင်ပြီး မစံပယ်မျက်နှာပန်းလှအောင်လုပ်ခဲ့တယ်၊ အစ်ကိုကြီးမစံပယ်ကိုချစ်တယ်ဆိုတာ မစံပယ်ယုံပါတယ်အစ်ကိုကြီးရယ်၊ ဒါပေမယ့်အစ်ကိုကြီးဘာ ဖြစ်လို့ပြန်မလာတာလဲဟင်၊ အစ်ကိုကြီးဘာ ဖြစ်နေလို့လဲအစ်ကိုကြီးရယ်၊ မစံပယ်မွေးလာမယ့် ရင်သွေးလေးကို မြင်ချင်လှပြီဆို၊သားသမီးရရင် မစံပယ်နဲ့အစ်ကိုကြီးတို့အိမ်ထောင်ရေး ပိုပြီးခိုင်မြဲသွားပြီဆို၊သားသမီးဆိုတာ အိမ်ထောင်တစ်ခုကို မကွဲမကွာအောင် ချည်နှောင်တဲံကြိုးလေးတစ်ချောင်းဆို၊ အစ်ကိုကြီးပဲပြောခဲ့တာလေ၊ အစ်ကိုကြီးရဲ့ ရင်သွေးလေးကို မကြာခင် မစံပယ်မွေးဖွားရတော့မှာ ပါ အစ်ကိုကြီးရယ်၊ပြန်လာပါတော့၊ မစံပယ်ဆီကို မြန်မြန်ပြန်လာပါတော့ အစ်ကိုကြီးရေ''
မစံပယ်က ဓာတ်ပုံလေးကိုကြည့်ရင်း နှုတ်မှတမ်းတရေရွတ်လိုက်မိလေသည်။
ကိုအောင်ဟိန်းနှင့်ချစ်ခင်ယုယခဲ့ပုံများ ကလည်း မစံပယ်အတွေးထဲတွင် ပြန်လည်မြင်ယောင်ထင်ဟပ်လာပြန်လေတော့သည်။
မင်္ဂလာဆောင်ပြီးနောက် ကိုအောင်ဟိန်းသည် ရန်ကုန်ကိုတော် တော် နှင့် မပြန် ဖြစ်သေးပါ။ သုံးလလုံးလုံး ရွာမှာ ပင် မစံပယ်နှင့်အတူနေနေခဲ့သည်။
မစံပယ်သည်လည်း မိမိကိုချစ်ခင်ယုယလှသည့်ခင်ပွန်းသည်၏ မေတ္တာကိုခံယူကာ အပျော်ကြီးပျော်နေခဲ့လေသည်။
''အစ်ကိုကြီးနဲ့နေရတာ ပျော်ရဲ့ လားဟင် မစံပယ်''
''ဘယ်လိုမေးလိုက်တာလဲ အစ်ကိုကြီးရယ်၊ မစံပယ်ဘဝမှာ အပျော်ဆုံးနေ့တွေ ပါပဲ အစ်ကိုကြီးရယ်၊ အစ်ကိုကြီးကိုသာ မစံပယ်ကမေးရမှာ ပါ''
''ဘာမေးမှာ လဲ မစံပယ်၊ အစ်ကိုကြီးလည်း မစံပယ်နဲ့နေရတာ ပျော်တာပေါ့ကွယ်၊ ပျော်လွန်းလို့ ရန်ကုန် မှာ အလုပ်ရှိတာတောင် မပြန်ပဲရွာမှာ နေနေတာပေါ့''
''မစံပယ်အတွက်တော့ အလုပ်ကို အထိခိုက်မခံပါ နဲ့အစ်ကိုကြီးရယ်၊ လုပ်စရာရှိတာလုပ်ပါ၊ မစံပယ် မေးချင်တာက တခြားမဟုတ်ပါဘူး''
''ဘာများ လဲမစံပယ်ရဲ့ ''
''မစံပယ်အတွက်က အစ်ကိုကြီးသာ ဒီဘဝမှာ တစ်ယောက် ထဲသော ချစ်ရသူပါ၊ အစ်ကိုကြီးကတော့ အရင်ကလည်း အိမ်ထောင်ကျခဲ့ဖူးတယ်လေ၊ ကလေး တစ်ယောက် လည်းရှိတယ်၊ မစံပယ်လိုတောသူမလေးတစ်ယောက် ကို ချစ်တယ် မြတ်နိုးတယ်ဆိုတာ တကယ်ရောဟုတ်ရဲ့ လားလို့တစ်ခါတစ်ခါ စဉ်းစားမိလို့ပါ အစ်ကိုကြီးရယ်''
''သြော်- မစံပယ်က အစ်ကိုကြီးအိမ်ထောင်ကျခဲ့ဖူးတာကိုတွေးပြီးစိတ်မကောင်း ဖြစ်နေတာလား''
''အဲဒီ လိုတော့ မဟုတ်ပါဘူးအစ်ကိုကြီး၊ အစ်ကိုကြီးမှာ တွယ်တာစရာတွေ ရှိပြီးသားဆိုတော့ အစ်ကိုကြီးမေတ္တာကို အပြည့်အဝမရမှာ ပဲစိုးရိမ်မိတာပါ အစ်ကိုကြီးရယ်''
''တွယ်တာစရာ- ဟုတ်လား၊ မှန်တယ်လေ၊ တွယ်တာစရာသားလေးနဲ့အစ်မကြီးနဲ့ရှိတယ်လေ၊ ဒါတွေ က ငါးရာနှစ် ဆယ့်ရှစ်မေတ္တာနဲ့ချစ်ရတဲ့ တွယ်တာစရာတွေ ပါမစံပယ်၊ မစံပယ်ကိုချစ်သလို ချစ်ရမယ့်လူမရှိပါဘူးကွယ်''
''အစ်ကိုကြီးရဲ့ ဇနီးကရော-''
''သူက သေသွားပြီပဲကွယ်''
''မစံပယ်သိချင်တယ်အစ်ကိုကြီးရယ်၊ ပြောပြပါလားဟင်''
''ဘယ်အကြောင်းကို ပြောရမှာ လဲမစံပယ်၊ သေသွားတဲ့အစ်ကိုကြီးဇနီးအကြောင်းကို ပြောရမှာ လား၊ ဘာထူးတော့မှာ မို့လဲ၊ မစံပယ်စိတ်မကောင်းစရာ ဖြစ်နေပါ့မယ်ကွယ်''
''မစံပယ်ကြားရဲပါတယ်၊ ဒါတွေ ကပြီးခဲ့ပြီပဲ၊ အစ်ကိုကြီးအကြောင်းကို မစံပယ်သိထားချင်လို့ပါ''
''သူ့နာမည် က နန္ဒာတဲ့၊ အစ်ကိုကြီးနဲ့သက်တူရွယ်တူပဲ၊တက္ကသိုလ်မှာ အတူတက်ခဲ့ကြတာမစံပယ်၊ မိဘချင်းလည်း ရင်းနှီးတယ်၊ဒါနဲ့ ဘွဲ့ရပြီးတဲ့အချိန်မှာ လက်ထပ်ခဲ့ကြတယ်၊ သူနဲ့အစ်ကိုကြီး နှစ် နှစ် ပဲပေါင်း ဖြစ်လိုက်ပါတယ်မစံပယ်၊ သားလေးအသက်တစ်နှစ် အရောက်မှာ သူဆုံးသွားရှာတယ်၊ ဒါပါပဲမစံပယ်''
''ဘာ ဖြစ်လို့ ဆုံးသွားရတာ လဲဟင်''
''နန္ဒာ့မှာ နဂိုကလည်းက နှလုံး ရောဂါ ရှိတယ်ကွဲ့၊ မွေးရာပါ နှလုံး ရောဂါ ဆိုပါတော့၊ ဆရာဝန်က ကလေးမယူဖို့ပြောတယ်၊ ဒါကို ကလေးယူလိုက်လို့ ငယ်ငယ်နဲ့ဆုံးသွားရတာ ပါမစံပယ်''
'' ဖြစ်ရလေအစ်ကိုကြီးရယ်၊ သနားပါတယ်နော်၊ အစ်ကိုကြီးရဲ့ အစ်မကြီးနဲ့သားလေးအကြောင်းကိုလည်းပြောပြပါဦး အစ်ကိုကြီး''
''ဟုတ်တာပေါ့၊ သားလေးနဲ့မမကြီးအကြောင်းကို မစံပယ်သိထားသင့်ပါတယ်၊ မစံပယ်ကို ရန်ကုန်ခေါ်သွားတဲ့အခါ မမကြီးတို့ သားလေးတို့နဲ့အတူတူနေ ရတော့မှာ ကိုး''
''မစံပယ်ကို ရန်ကုန်ခေါ်သွားမယ်၊ ဟုတ်လား၊ မစံပယ်ကြောက်လိုက်တာ အစ်ကိုကြီးရယ်''
''ဘာကိုကြောက်တာလဲ မစံပယ်ရဲ့ ''
''ရန်ကုန်လိုမြို့ကြီးကို လိုက်ရမှာ ကြောက်တာပေါ့ အစ်ကိုကြီး''
''မဟုတ်တာပဲမစံပယ်ရယ်၊ မိန်းမဆိုတာ ယောင်နောက် ဆံထုံးပါရမှာ ပေါ့၊ အစ်ကိုကြီးခေါ်ရင် အစ်ကိုကြီးနောက်ကို မစံပယ်လိုက်ရမှာ ပေါ့''
''ဟုတ်ကဲ့ပါအစ်ကိုကြီး''
''မစံပယ် တစ်ယောက် တည်းမဟုတ်ဘူး၊ မစံပယ်အမေကိုပါတစ်ပါတည်းခေါ်သွားမှာ လေ''
''အမေကတော့ ရွှေတိဂုံဘုရားကြီးဖူးချင်လို့ ရန်ကုန် ရောက်ဖူးချင်တယ် ပြောပါတယ်၊ ကဲပါအစ်ကိုကြီးရယ်- ဒါတွေ က နောက်မှပါ၊ လောလောဆယ် မစံပယ်သိချင်တဲ့ အစ်ကိုကြီးအကြောင်းတွေ ပြောပြပါဦး၊ မစံပယ်မှာ အစ်ကိုကြီးရဲ့ သားလေးနဲ့ အစ်မကြီးတို့နာမည် တွေ တောင် ခုထိမသိရသေးပါဘူးရှင်''
''ဟာ- ဟုတ်သားပဲ၊ ဒါတွေ ဟာ သိထားဖို့လိုအပ်ပါတယ်မစံပယ်၊အစ်ကိုကြီးပြောပြပါမယ်ကွယ်''
''အစ်ကိုကြီးတို့မှာ မောင်နှမနှစ် ယောက် ပဲရှိတယ် မစံပယ်၊အစ်မကြီးနာမည် က ဒေစီဟိန်းတဲ့"
''ရှင် ဒေစီဟိန်း ဘယ်လိုနာမည် မျိုးကြီးပါလိမ့် အစ်ကိုကြီးရယ်၊ဒီနာမည် မျိုးမကြားဖူးပါဘူး''
မစံပယ် ရိုးသားစွာ ပြောလိုက်သော အပြောကြောင့် ကိုအောင်ဟိန်းက ရယ်လိုက်လေသည်။
''ဒေစီဆိုတာ အင်္ဂလိပ်နာမည် မစံပယ်ရဲ့ ၊ ဒေစီပန်းဆိုတာ ရှိတယ်လေ၊ အစ်မကြီးကို ပန်းနာမည် မှည့်ပေးထားတာလေ၊ မစံပယ်လိုပဲပေါ့၊မစံပယ်နာမည် က စံပယ်ပန်းလေးကိုယူပြီးမှည့်သလို အစ်မကြီးနာမည် ကလည်း ဒေစီပန်းကို ယူထားတာလေ''
''သြော်-''
''ဟိန်းဆိုတာ အစ်ကိုကြီးတို့ မျိုးရိုးနာမည် ပါ''
''ရှင်-''
''ဒီလိုလေ အစ်ကိုကြီးတို့ အဖေနာမည် က ဦးစံဟိန်း ၊ သားသမီးတွေ ကိုလည်း သူ့နာမည် ထဲက ဟိန်း-ပါအောင် ထည့်မှည့်ပေးထားတာပါ'
''သြော်- ဒီလိုလား''
''အစ်ကိုကြီးမှာ လည်း အင်္ဂလိပ်လိုနာမည် ရှိသေးတယ် မစံပယ်၊တော် မီဟိန်း-တဲ့ ''
''တော် မီဟိန်း- ဟုတ်လား၊ ကိုအောင်ဟိန်းဆိုတဲ့ နာမည် လောက်ခေါ်လို့မကောင်းပါဘူးအစ်ကိုကြီးရယ်''
''အဲဒါကြောင့် အစ်ကိုကြီးကလည်း အဲဒီ နာမည် ကို ဖျောက်ထားလိုက်ပါပြီ၊ မှတ်ပုံတင်ထဲမှာ လည်း အောင်ဟိန်းပါပဲ''
''ဒေစီဟိန်းဆိုတဲ့ မမကြီးအကြောင်းကို ဆက်ပြောပါဦး အစ်ကိုကြီး''
''မမကြီးက လှလည်းလှတယ်၊ မာနလည်းသိပ်ကြီး တယ်မစံပယ်၊ဘယ်လောက်မာနကြီးလည်းဆိုရင် သူ့ကိုချစ်လို့ ချစ်စကားပြောလာတဲ့လူတွေ ကိုတောင် မတူမတန်ဘူးထင်ပြီး တစ်သက်လုံးရည်းစားမထားခဲ့ဘူးလေ၊ ခုတော့- မမကြီးလည်း သူ့တူလေးကိုထိန်းရင်းနဲ့ အပျိုကြီးဘဝနဲ့ပဲအရိုးထုတ်တော့မှာ ပါမစံပယ်၊ အစ်ကိုကြီးသားလေးကို မမကြီးက သိပ်ချစ်တယ်လေ''
''အစ်ကိုကြီးသားလေးနာမည် ကရော''
''သားလေးနာမည် က ဝေယံဟိန်းတဲ့ '
''ဝေယံဟိန်း၊ အို- ဒီနာမည် လေးကျတော့ လှလိုက်တာအစ်ကိုကြီးရယ်''
''မစံပယ်သားသမီးမွေးရင်လည်း အစ်ကိုကြီးတို့မျိုးရိုးနာမည် ပါအောင် ဟိန်းထည့်ပြီးမှည့်ရအောင်နော်''
''ဟာ- အစ်ကိုကြီးကလည်း၊ ရှက်စရာတွေ ပြောနေပြန်ပြီ''
''ဘာကိုရှက်တာလဲ မစံပယ်ရဲ့ ''
''ကလေးမွေးတဲ့အကြောင်းပြောတာ ရှက်စရာကြီးပေါ့ အစ်ကိုကြီးရဲ့ ''
''ဒါ သဘာဝ ပဲမစံပယ်ရယ်၊ မစံပယ် အစ်ကိုကြီးအတွက်သားလေးသမီးလေးတွေ မွေးမပေးချင်ဘူးလားဟင်''
''မွေးပေးချင်ပါတယ်၊ ဒါမှ အစ်ကိုကြီး မစံပယ်နားကနေ ဘယ်ကိုမှမသွားပဲနေမှာ ပေါ့''
''မှန်တာပေါ့မစံပယ်ရဲ့ ၊ သားသမီးဆိုတာ လင်နဲ့မယားအချစ်ကိုပိုပြီးခိုင်မြဲအောင်ချည်ပေးတဲ့ ကြိုးကလေးတွေ ပဲမစံပယ်''
''ကြိုးကလေးတွေ - ဟုတ်လား''
''ဒါပေါ့မစံပယ်၊ လင်မယားအချစ်ဆိုတာ ထောင့်ငါး ရာကိလေသာမီးလေ၊ သွေးအေးသွားတဲ့အခါ အချစ်တွေ ကုန်ခန်းသွားနိုင်တယ်၊ သားသမီးတွေ ရှိနေတော့ အိမ်ထောင်ရေး ပိုပြီးခိုင်မြဲသွားတာပေါ့ကွဲ့၊ အဲဒါကြောင့် သားသမီးဆိုတာ လင်နဲ့မယားအချစ်ကို ခိုင်မြဲအောင်ချည်ပေးတဲ့ကြိုးကလေးတွေ လို့ အစ်ကိုကြီးကပြောတာ''
''အို- အစ်ကိုကြီးပြောမှပဲ မစံပယ် ကလေးမြန်မြန် ရချင်စိတ်ပေါက်လာပြီ၊ ကလေးမရှိရင် အစ်ကိုကြီး ပစ်ပြေးသွားမှာ စိုးလို့လေ''
''မစံပယ်ကို အစ်ကိုကြီး ဘယ်တော့မှပစ်မပြေးပါဘူး မစံပယ်လေးရယ်''
မင်္ဂလာဆောင်ပြီး သုံးလကြာချိန်တွင် ကိုအောင်ဟိန်းရန်ကုန်ကိုခဏပြန်သွားသည်။ တစ်လကြာသွားသည်။
တစ်လပြည့်လို့ ရန်ကုန်ကပြန်အရောက်တွင် မစံပယ်က ကိုအောင်ဟိန်းကို သတင်းထူးပြောပြလိုက်လေ၏ ။
''တစ်နေ့က ရွာကို သားဖွားဆရာမ နော်မူအေး ရောက်လာလို့မစံပယ် နော်မူအေးဆီမှာ စစ်ဆေးကြည့်ရသေးတယ်အစ်ကိုကြီး''
''ဟင်- ဘာအတွက်စစ်ဆေးတာလဲ မစံပယ်''
''ဟို- ဟို- မစံပယ် ဒီလ မိန်းမဓမ္မတာမလာလို့ပါ အစ်ကိုကြီး''
''ဟင်- နော်မူအေးက ဘာပြောသလဲမစံပယ်''
''ဆရာမ က မစံပယ်ကို ဆီးစစ်ပေးမယ်ဆိုပြီး စစ်ဆေးခဲ့တယ်အစ်ကိုကြီး''
''ဟာ- ပြောစမ်းပါဦး မစံပယ်၊ မစံပယ်မှာ ကိုယ်ဝန်ရှိနေပြီတဲ့လား''
ကိုအောင်ဟိန်းက အိမ်ထောင်ကျဖူးသူပီပီ ချက်ချင်း သဘောပေါက်လိုက်လေသည်။
''အို- အစ်ကိုကြီးကလဲ''
မစံပယ်က ရှက်စနိုးဖြင့် ခေါင်းလေးငုံ့ကျသွားလေသည်။
''ဒါ- ရှက်စရာမဟုတ်ပါဘူး မစံပယ်ရယ်၊ ပြောစမ်းပါဦး၊ အဖြေကဘာတဲ့လဲ''
''မစံပယ်မှာ ကိုယ်ဝန်ရှိနေပြီတဲ့အစ်ကိုကြီး''
''ဟာ- ဝမ်းသာလိုက်တာကွာ''
ကိုအောင်ဟိန်းက မစံပယ်ကို ပွေ့ဖက်ရင်း ပြောလိုက်လေသည်။
''ဝမ်းသာလိုက်တာ မစံပယ်ရယ်၊ မစံပယ်မမွေးဖွားခင် ရန်ကုန်ကိုလိုက်ခဲ့တော့နော်၊ ရန်ကုန်ရောက်မှ ကလေးကိုမွေးကြတာပေါ့''
''မမကြီးဒေစီဟိန်းကိုရော မစံပယ်အကြောင်း ပြောခဲ့ပြီးပြီလားအစ်ကိုကြီး''
မစံပယ်အမေးကြောင့် ကိုအောင်ဟိန်းမျက်နှာ ညှိုးကျသွားလေသည်။
''ဆောရီးမစံပယ်၊ အစ်ကိုကြီးနဲ့မမကြီး အလုပ် အကြောင်းတွေ ချည်း ဆွေးနွေးနေ ဖြစ်လို့ မစံပယ်အကြောင်းကို မပြော ဖြစ်ခဲ့သေးဘူးကွယ်''
''ဟင်- အစ်ကိုကြီးရယ်''
''အစ်ကိုကြီးတို့ကုမ္ပဏီတိုးချဲ့ဖို့ကိစ္စတွေ ဆွေးနွေးနေလို့ပါကွယ်၊အလုပ်များ တဲ့အချိန်မှာ မမကြီးကို ဒီအကြောင်းမပြောချင်သေးလို့ပါ''
ထိုစဉ်ကတည်းက မစံပယ်စိတ်ထဲတွင် ထင့်ကနဲ ဖြစ်သွားခဲ့ရပါသည်။ ကိုယ့်အိမ်ထောင်ရေး အကြောင်းထက် အရေး ကြီးတာ ရှိပါဦးမလားအစ်ကိုကြီးရယ်။ သို့သော်- ကိုအောင်ဟိန်းစိတ်မကောင်း ဖြစ်မှာ စိုး၍ မစံပယ်က အပြစ်တင်စကားမပြောခဲ့ပါ။
''မစံပယ်- ကိုယ်ဝန်ရှိတဲ့အချိန်မှာ စိတ်ချမ်းချမ်းသာသာနေနော်၊အိမ်အလုပ်တွေ လည်း မလုပ်နဲ့တော့၊ ရေလည်းသွားမခပ်နဲ့တော့နော်၊လိုတာမှန်သမျှ လူငှားပြီး ပိုက်ဆံပေးခိုင်းပါမစံပယ်''
''မစံပယ်လုပ်တဲ့အလုပ်တွေ က ဘာမှမပင်ပန်းပါဘူး အစ်ကိုကြီးရဲ့ ၊မစံပယ်လုပ်နိုင်ပါတယ်''
''အစ်ကိုကြီးက စိုးရိမ်လို့ပါ၊ အစ်ကိုကြီးတို့ရင်သွေးလေးကို ထိခိုက်မှာ စိုးလို့ပါ''
''မစံပယ်လည်းလေ- ကလေးရှိနေပြီဆိုတာ သိလိုက်ရကတည်းက ကလေးကိုတွေးပြီး ချစ်လိုက်ရတာ အစ်ကိုကြီးရယ်၊ ဒီကလေးလေးကအစ်ကိုကြီးပြောသလို မစံပယ်နဲ့အစ်ကိုကြီးကို ပိုပြီးခိုင်မြဲအောင်ချည်ပေးမယ့်ကြိုးကလေးနော် အစ်ကိုကြီး''
''ဟုတ်တာပေါ့မစံပယ်၊ မိဘတွေ ကို အဖေကို နေမင်းနဲ့တင်စားကြတယ် အမေ့မေတ္တာကိုတော့ လမင်းနဲ့ တင်စားကြတယ် စံပယ်၊ သားသမီးဆိုတာ နေနဲ့လကို ခိုင်မြဲအောင် ချည်နှောင်ပေးတဲ့ ကြိုးလေးတစ်ချောင်းပါပဲကွယ် '
ဓာတ်ပုံကိုကြည့်ရင်း နောက်ကြောင်းများ ကို ပြန်တွေးနေမိသည့်မစံပယ်အတွေးများ က ပစ္စုပ္ပန်ကို ပြန်ရောက်လာလေသည်။
''သြော်- အစ်ကိုကြီး၊ အစ်ကိုကြီး၊ မစံပယ်ကိုယ်ဝန်နှစ် လကတည်းက ရန်ကုန်ကိုပြန်သွားလိုက်တာ၊ မစံပယ်ကို ကလေးမမွေးဖွားခင်လာခေါ်မယ်ဆို၊ မမကြီးဒေစီဟိန်းကိုဖွင့်ပြောပြီး မစံပယ်တို့သားအမိကိုရန်ကုန်အရောက်ခေါ်မယ်ဆို၊ မစံပယ်မွေးဖွားဖို့ ရက်ပိုင်းပဲလိုတော့တယ်၊အစ်ကိုကြီးက ပြန်ရောက်မလာပါလားရှင်၊ အစ်ကိုကြီးပြောတဲ့ အစ်ကိုကြီးနဲ့မစံပယ်တို့အိမ်ထောင်ရေး ကို ခိုင်မြဲအောင်ချည်ပေးမယ့်ကြိုးကလေးက လူ့လောကကိုရောက်လာတော့မယ်လေ၊ အစ်ကိုကြီးက ပျောက်ချက်သားကောင်းလှချည်လား၊ မစံပယ်ကို ပစ်ပြေးပြီလို့တော့ မစံပယ် မထင်ပါဘူးအစ်ကိုကြီးရယ်၊ အစ်ကိုကြီးဘာတွေ များ အခက်အခဲကြုံနေလို့လဲ၊မစံပယ်ဆီကိုပြန်လာပါတော့ အစ်ကိုကြီး၊ မစံပယ်လွမ်းလှပြီအစ်ကိုကြီးရယ်''
ကိုအောင်ဟိန်းကိုတမ်းတရင်းမှ မျက်ရည်များ ကျလာရာ မစံပယ်ရှေ့မှဓာတ်ပုံလေးသည် မျက်ရည်များ ကြောင့် ဝေဝါးသွားလေတော့၏ ။
ယနေ့သည် မစံပယ်ကလေးမွေးဖွားသည့်နေ့ပင် ဖြစ်ပါ၏ ။မစံပယ်တို့၏ အိမ်ကလေးထဲဝယ် မစံပယ်မွေးဖွားရန်အတွက်ပြင်ဆင်နေကြသည်။
သားဖွားဆရာမ နော်မူအေးကို ကြိုပြီးပြောထားသည့်အတွက်နော်မူအေးလည်း ရောက်နေသည်။ ရွာထဲမှ အရံသားဖွားဆရာမ လည်းနော်မူအေးကိုကူညီရန် ရောက်ရှိနေပါသည်။
ကျေးလက်တောရွာတို့၏ ထုံးစံအတိုင်း အိမ်နီးချင်းမိန်းမကြီးများ ကလည်း ကူညီပေးရန် ရောက်နေကြပါသည်။
မစံပယ်၏ အခန်းလေးထဲမှ ဗိုက်နာလာ၍ မစံပယ်၏ ငြီးငြူသံလေးများ ထွက်ပေါ်လာလေသည်။
ဒေါ်ထားသည် ဘုရားစင်ရှေ့တွင် ထိုင်ရင်း ပုတီးစိတ်၍ အဂုင်္လိမာလသုတ်ကိုရွတ်ကာ နားစွင့်နေလေသည်။
မတဆုပ်က အခန်းထဲကိုဝင်လိုက်ထွက်လိုက်လုပ်နေရာ နော်မူအေးက နှင်ထုတ်လိုက်ရသည်။
''မတဆုပ်၊ ရှင့်မှာ လည်း ကိုယ်ဝန်ကြီးနဲ့၊ အခန်းထဲကို ဝင်လိုက်ထွက်လိုက်လုပ်မနေနဲ့နေ၊ အပြင်ကနေ ထိုင်စောင့်နေပါ၊ ကျွန်မတို့နိုင်ပါတယ်၊ သွား-သွား''
ခဏအကြာတွင် မစံပယ်အခန်းထဲမှ ကလေးငိုသံကိုကြားလိုက်ရလေ၏ ။
မတဆုပ်က ထိုင်နေရာမှ ခုန်ထလိုက်ကာ-
''ဟော- မွေးပြီ၊ မွေးပြီ၊ မစံပယ်မွေးပြီတော့''
-ဟု အော်လိုက်လေသည်။
ဒေါ်ထားလည်း ပုတီးကိုချကာ ဘုရားစင်ရှေ့မှ ထလာလေ၏ ။
''ဆရာမ ၊ ဆရာမ ၊ ဘာလေးမွေးလဲ၊ ကျွန်မသမီးရော၊ ဘယ်လိုနေလဲဆရာမ ''
''ဝင်ခဲ့ပါဒေါ်ဒေါ်ထား၊ မိန်းကလေးမွေးတယ်ရှင့်၊ မစံပယ်လည်းအခြေအနေကောင်းပါတယ်''
''အို-''
ဒေါ်ထားနှင့်မတဆုပ်က အခန်းထဲသို့ အလျင်အမြန် ဝင်လိုက်ကြလေသည်။
''ဟောဒီမှာ ကြည့်ပါဦးဒေါ်ထားရယ်၊ တော့် မြေးမကြီး၊ လှမှလှ၊ထွားမှထွား''
အရံသားဖွားဆရာမ က ကလေးကိုပွေ့ပိုက်ပြရင်းမှ ပြောလိုက်သည်။
''သမီး- မစံပယ်၊ နေသာရဲ့ လား၊ အို- ကြည့်ပါဦး သမီးရယ်၊အမေ့မြေးလေးက လှလိုက်တာအေ''
မစံပယ်သည် ခေါင်းကိုကြွကာ ကလေးကိုကြည့်လိုက်လေ၏ ။ဆရာမ က ကလေးကို မစံပယ်မြင်သာအောင်ပြရင်း-
''မစံပယ်ရေ၊ နင့်သမီးလေးက နင့်လိုပဲအချောလေးဟဲ့၊ ကြည့်ပါဦး''
မစံပယ်မျက်နှာက မိခင်မေတ္တာအပြည့်ဖြင့် သမီးလေးကို ကြည့်ရင်းပြုံးနေလေသည်။
''ဆရာမ - ဆရာမ - ကျွန်မကျရင်လည်း ဒီလို ကလေးချောချောလေး မွေးပေးနော်ဆရာမ ''
မတဆုပ်က ဝင်ပြောလိုက်ခြင်း ဖြစ်သည်။''အဖေရော အမေရော ချောတော့ မစံပယ်မွေးတဲ့ ကလေးကလည်း ချောတာပေါ့မတဆုပ်ရဲ့ ၊ ရှင်မွေးမယ့်ကလေးကလည်း ရှင့်လိုပဲဝဝဖြိုးဖြိုးကြီး ဖြစ်မှာ ပါ၊ မပူပါနဲ့''
''မစံပယ်သမီးလေးကိုကြည့်ပြီး ပျော်လွန်းလို့ နောက်တာပါဆရာမ ရယ်''
မစံပယ်၏ သမီးလေးမှာ ငါးလအရွယ်သို့ရောက်ခဲ့ချေပြီ။ကိုအောင်ဟိန်းကတော့ ပေါ်မလာချေ။ မည် သည့်သတင်းမျှ လည်းမကြားရချေ။
မစံပယ်သည် တစ်နေ့တစ်နေ့ ကိုအောင်ဟိန်းပေါ်လာနိုးမျှော်ကိုးရင်းဖြင့်သာ အချိန်များ ကုန်လွန်လာခဲ့လေသည်။ရွာထဲမှ မစံပယ်ကို မနာလိုသူတစ်ချို့က ကိုအောင်ဟိန်း မစံပယ်ကိုပစ်ပြေးသွားပြီဟု စကားတင်းဆိုကြသည်။
မစံပယ်ကတော့ သည်လိုမထင်ပါ။ ကိုအောင်ဟိန်း သူ့ကိုချစ်တာမစံပယ်သိသည်။ အကြောင်းတစ်ခုခုကြောင့်သာ ရောက်မလာခြင်း ဖြစ်မည် ဟု ယုံကြည်နေ၏ ။
တစ်နေ့တွင် - သမီးလေးကိုပုခက်ထဲထည့်သိပ်ကာ ပုခက်ကိုလွှဲပေးနေတုန်း တစ်ဖက်အိမ်မှ မတဆုပ်ရောက်လာလေသည်။မတဆုပ်သည်လည်း ကလေးမွေးပြီး ဖြစ်ပါသည်။ မတဆုပ်ကကလေးကိုချီရင်းရောက်လာ၏ ။
''မစံပယ်ရေ- ညီးကိုဝမ်းသာစရာသတင်းပြောဖို့ လာတာအေ့''
''ဟင်- မတဆုပ်၊ ပြောစရာရှိရင် မစံပယ်ကိုလှမ်းခေါ်လိုက်ရောပေါ့၊ ကလေးလေးနဲ့လာရသလား၊ မစံပယ်လာခဲ့မှာ ပေါ့''
''ကိစ္စမရှိပါဘူးမစံပယ်ရယ်၊ ညီးကို ဝမ်းသာစရာပြောချင်လို့ပါ''
''ဘာများ လဲမတဆုပ်ရဲ့ ''
''ကိုသာလွန် ရန်ကုန်ကိုသွားရမယ်တဲ့တော့''
''ဟုတ်လား၊ ဘာသွားလုပ်မှာ လဲမတဆုပ်''
''သူ့ဆရာနဲ့လိုက်သွားရမှာ ၊ မနက်ဖန်သွားမယ်တဲ့''
''အဲဒါဘာ ဖြစ်လဲ မတဆုပ်၊ မတဆုပ်ပါ လိုက်သွားရမှာ မို့ဝမ်းသာနေတာလား''
''အိုအေ- မစံပယ်ကလည်း၊ ငါမလိုက်ရပါဘူး၊ ငါ ဝမ်းသာတယ်ဆိုတာ ညီးအတွက်ပါ၊ ကိုသာလွန် ရန်ကုန်သွားရင် ကိုအောင်ဟိန်းတို့ရုံးကိုလည်း ရောက်မှာ လေ''
''အို-''
''ကိုသာလွန်တို့စခန်းနဲ့ ကိုအောင်ဟိန်းတို့ကုမ္ပဏီနဲ့က အဆက်အသွယ်ရှိပြီးသားလေ၊ သစ်တွေ ဝယ်နေကျ မဟုတ်လားအေ့''
''ဟုတ်သားပဲ မတဆုပ်ရယ်''
''သူ့ဆရာက ကိုအောင်ဟိန်းတို့ကုမ္ပဏီကိုရောက်မယ်တဲ့၊ အဲဒါနင်စာရေး ပေးချင်ပေးလိုက်တဲ့၊ ကိုသာလွန်က ပြောခိုင်းလိုက်လို့၊ ငါလာပြောတာ မစံပယ်ရဲ့ ''
''ကျေးဇူးတင်ပါတယ်မတဆုပ်ရယ်၊ ဟုတ်တာပေါ့၊ ကိုသာလွန်တို့လူကြုံနဲ့ အစ်ကိုကြီးဆီစာရေး ပေးလိုက်လို့ရတာ ပဲ''
''သူတို့ မနက်စောစောထွက်ကြလိမ့်မယ်၊ ညီးရေး စရာရှိတာရေး ထားပေတော့''
''ကောင်းပြီမတဆုပ်၊ မစံပယ်စာရေး ပြီး ညနေကျ လာပေးထားမယ်နော်၊ ကလေးတစ်ဖက်နဲ့ မတဆုပ်မလာပါနဲ့၊ အင်း- ကိုသာလွန်တို့သွားရင်တော့ အစ်ကိုကြီးသတင်းကိုသိရတော့မှာ ပေါ့၊ ကျေးဇူးတင်လိုက်တာမတဆုပ်ရယ်''
အစ်ကိုကြီး-
မစံပယ် စာရေး လိုက်ပါတယ်။ အစ်ကိုကြီးရွာကို ရောက်မလာလို့ မစံပယ်စိတ်ပူနေရပါတယ်။မစံပယ် အစ်ကိုကြီးရဲ့ သမီးလေးကို မွေးဖွားပြီးပါပြီ အစ်ကိုကြီး။ သမီးလေး အသက်ငါးလတောင်ရှိနေပါပြီအစ်ကိုကြီးရေ။
သမီးလေးက ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်ကလေးမို့ ''ဂွမ်းပုံ''လို့ သမီးလေးကို ခေါ်နေကြတယ်အစ်ကိုကြီး။ နာမည် အတိအကျမမှည့်ရသေးပါဘူး၊အစ်ကိုကြီးတို့ မျိုးရိုးနာမည် ''ဟိန်း''ဆိုတာ ထည့်မှည့်ရမယ်ဆိုလို့ မစံပယ် အစ်ကိုကြီးကိုစောင့်နေပါ တယ်။မိန်းကလေးနာမည် ထဲမှာ ဟိန်း-ပါအောင်ဘယ်လိုမှည့်ရမှန်း မသိလို့ပါ။
အစ်ကိုကြီးရေ- မစံပယ်လေ- အစ်ကိုကြီးကိုပြောစရာစကားတွေ အများ ကြီးရှိပါတယ်ရှင်၊ အစ်ကိုကြီးကိုမျှော်နေရပါတယ်၊ သမီးလေးကိုလည်း အစ်ကိုကြီး မြင်စေချင်လှပါတယ်။ ပြောချင်တဲ့စကားတွေ အများ ကြီးရှိပေမယ့် စာနဲ့ရေး ရတော့ မစံပယ် ဘာရေး ရမှန်းမသိဘူးရှင်။ စာရေး လေ့လည်း မရှိလို့ပါ။မစံပယ်ဆီကို မြန်မြန်ပြန်လာပါလို့ပဲ ပြောချင်တော့တယ်အစ်ကိုကြီးရယ်။
ကိုသာလွန်တို့ လူကြုံရှိလို့ ဒီစာကိုရေး ပေးလိုက်ပါတယ်။
အစ်ကိုကြီးကြည့်ရအောင် သမီးလေးနဲ့ မစံပယ်ရိုက်ထားတဲ့ဓာတ်ပုံလေးကို ထည့်ပေးလိုက်ပါ တယ်အစ်ကိုကြီး။
အစ်ကိုကြီး မစံပယ်ဆီမြန်မြန်ရောက်အောင်ပြန်လာပါတော့ရှင်။ မစံပယ်နဲ့သမီးလေးဂွမ်းပုံ အစ်ကိုကြီးကို မျှော်နေပါတယ်။
သမီးလေးက ကြာသပတေးနေ့မွေးတာပါ။သမီးလေးနာမည် ဘယ်လိုမှည့်မယ်ဆိုတာပါ စဉ်းစားခဲ့နော် အစ်ကိုကြီး။
အစ်ကိုကြီးကိုမျှော်နေတဲ့အစ်ကိုကြီးရဲ့ချစ်ဇနီး-
မစံပယ်
မစံပယ်က စာကိုနောက်တစ်ခေါက်ပြန်ဖတ်ကြည့်လိုက်လေသည်။ထို့နောက် စာအိတ်ထဲသို့ထည့်လိုက်သည်။ ကထိန်ပွဲတုန်းက သားအမိနှစ် ယောက် အတူရိုက်ထားသော ဓာတ်ပုံလေးကိုပါ စာအိတ်ထဲထည့်လိုက်လေသည်။
ပြီးတော့- သမီးလေးဂွမ်းပုံကိုချီကာ တစ်ဖက်အိမ်သို့ထွက်လာခဲ့လေ၏ ။
''မစံပယ်စာကို အစ်ကိုကြီးဆီရောက်အောင် ပေးပေးပါနော်ကိုသာလွန်''
''အေးပါမစံပယ်ရယ်၊ နင်တို့အဆက်အသွယ်ရစေချင်လို့လည်းငါရန်ကုန်သွားတုန်း စာရေး ပေးခိုင်းရတာ လေ၊ စိတ်ချ၊ ရန်ကုန်မှာ ကိုအောင်ဟိန်းကိုတွေ့ အောင်ရှာပြီး နင့်စာကိုပေးပေးမယ်၊ ရွာကိုအမြန်လာဖို့လည်း ပြောခဲ့မယ်မစံပယ်''
''ကျေးဇူးကြီးလှပါတယ် ကိုသာလွန်ရယ်''
''မစံပယ်- ကိုအောင်ဟိန်းကို စာထဲမှာ ဘာတွေ ထည့်ချွဲလိုက်လဲအေ့''
''မချွဲပါဘူးမတဆုပ်ရယ်၊ သမီးလေးအကြောင်းကိုပဲ ဦးစားပေးရေး လိုက်တာပါ၊ သမီးလေးနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံလေးလည်း ထည့်ပေးလိုက်တယ်လေ၊ သြော်- ကိုသာလွန်၊ စာအိတ်ထဲမှာ ဓာတ်ပုံလည်း ပါတယ်နော်''
''အမယ်- ညီးတို့သားအမိ ဘယ်တုံးက ဓာတ်ပုံရိုက်လိုက်တာတုံးအေ့''
''ကထိန်ပွဲတုန်းကလေ၊ မြို့ကဓာတ်ပုံဆရာလာတုံး ရိုက်လိုက်တာပါမတဆုပ်၊ ဆယ့်ရှစ်ကျပ်တောင်ပေးရတယ်''
''ဟယ်- ငါ့ကိုတော့ မပြောဘူးအေ၊ ငါလည်း ငါ့သမီးလေးနဲ့ဓာတ်ပုံရိုက်ချင်တာပေါ့''
''အို- မတဆုပ်ကလဲ၊ ကထိန်က တန်ဆောင်မုန်းလတုန်းကလုပ်တာလေ၊ အဲဒီ အချိန်တုံးက မတဆုပ် ကလေးမွေးနေတာကို၊ ဓာတ်ပုံရိုက်တုန်းက မစံပယ်သမီးလေးဂွမ်းပုံမှ သုံးလသမီးရှိသေးတာလေ၊ မတဆုပ်ဘယ်လိုရိုက်လို့ရမှာ လဲ''
''သြော်- အေး၊ ဟုတ်သားပဲ မစံပယ်ရေ၊ မေ့လို့၊ မေ့လို့''
''ကိုသာလွန်၊ မစံပယ်စိတ်ချမယ်နော်၊ ရန်ကုန်မှာ အစ်ကိုကြီးကိုတွေ့ အောင်ရှာပြီး စာပေးပေးပါနော်''
''စိတ်ချပါဆိုဟာ''
''ကိုသာလွန်တို့ ရန်ကုန်မှာ ဘယ်လောက်ကြာမှာ လဲဟင်''
''ငါးရက်- အလွန်ဆုံး တစ်ပတ်ပါပဲမစံပယ်''
''အစ်ကိုကြီးသတင်းကိုသိချင်တာနဲ့ မစံပယ် နေ့တိုင်း မျှော်နေမိတော့မှာ ပဲ ကိုသာလွန်ရေ''
မစံပယ်လက်ချိုးရေတွက်ကာ မျှော်လင့်ခဲ့သော တစ်ပတ်အချိန်ကား ပြည့်ခဲ့ပေပြီ။
ကိုသာလွန်လည်း တစ်ပတ်တိတိပြည့်သည့်နေ့မှာ ပင် ရွာကိုပြန်ရောက်လာလေ၏ ။
ကိုသာလွန်ပြန်ရောက်လာတာကို မြင်လိုက်ရသော မစံပယ်သည်ကလေးကိုချီကာ တစ်ဖက်အိမ်သို့ ပြေးခဲ့လေ၏ ။
''ကိုသာလွန်၊ ဘယ်လိုလဲ၊ ရန်ကုန်မှာ အစ်ကိုကြီးနဲ့ တွေ့ ခဲ့ရဲ့ လားဟင်''
ကိုသာလွန်က ဘာမှပြန်မပြောသေးပဲ မစံပယ်ကို ငိုင်၍ ကြည့်နေလေသည်။
''အို- ကိုသာလွန်ရယ်၊ မျက်နှာလည်းမကောင်းပါလား၊ အစ်ကိုကြီးနဲ့ မတွေ့ ခဲ့လို့လားဟင်၊ ဒါမှမဟုတ် အစ်ကို ကြီးများ တစ်ခုခု ဖြစ်--''
ကိုသာလွန်က လက်ကာပြလိုက်သည်။
''ငါပြောတာကို နားထောင်ပါဦးမစံပယ်၊ ကိုအောင်ဟိန်းက အများ သူငါ အတင်းအဖျင်းပြောသလို နင့်ကို ပစ်ပြေးသွားတာ မဟုတ်ပါဘူးဟာ''
''ဒါဖြင့်- အစ်ကိုကြီးနဲ့ တွေ့ ခဲ့တယ်ပေါ့၊ အစ်ကိုကြီးကဘာမှာ လိုက်သလဲဟင်''
''ရန်ကုန်မှာ ကိုအောင်ဟိန်းနဲ့မတွေ့ ခဲ့ရပါဘူး မစံပယ်''
''ဟင်- ဘယ်လိုလဲ ကိုသာလွန်ရယ်''
''ငါ အစဉ်အတိုင်းပြောပြပါ့မယ်၊ ဒီလိုမစံပယ်၊ ငါ့ဆရာကကိုအောင်ဟိန်းတို့ကုမ္ပဏီလိပ်စာအတိုင်း ကားငှားပေးလိုက်လို့ ''ဟိန်း''ကုမ္ပဏီဆိုတဲ့ရုံးခန်းကြီးကို ငါရောက် သွားပါတယ်---''
ကိုသာလွန်သည် ခန်းနားလှသော ရုံးခန်းကြီးကိုကြည့်ကာမဝံ့မရဲဖြင့် အတွင်းသို့ဝင်ခဲ့လေသည်။
''ဘယ်သူနဲ့တွေ့ ချင်လို့လဲ၊ ဘာကိစ္စလဲ''
''ဟို- ဟို- ဒီကုမ္ပဏီက ကိုအောင်ဟိန်းနဲ့ တွေ့ ချင်လို့ပါ''
''ဘော့စ် မရှိဘူး၊ ဘာကိစ္စလဲ''
''ကျွန်တော် က ဘော့နဲ့တွေ့ ချင်တာမဟုတ်ပါဘူး၊ ကိုအောင်ဟိန်းနဲ့တွေ့ ချင်တာပါ''
''ဘော့စ်ဆိုတာ ဦးအောင်ဟိန်းကိုပြောတာပေါ့ဗျ၊ ကိစ္စအရေး ကြီးသလား''
''ကျွန်တော် က ကိုအောင်ဟိန်းသစ်ဝယ်နေကျ သစ်ထုတ်လုပ်ရေး စခန်းကပါ၊ ရွှေဘိုမြို့ကလေ''
''အလုပ်ကိစ္စဆိုရင် မန်နေဂျာနဲ့ တွေ့ ပါ၊ မန်နေဂျာ ဦးနီမောင်ရှိပါတယ်၊ လာ- မန်နေဂျာအခန်းကို ပို့ပေးမယ်''
မန်နေဂျာအခန်းထဲတွင် ဦးနီမောင်ဆိုသော မန်နေဂျာနှင့် တွေ့ ရလေသည်။
''ထိုင်ပါ၊ ကျွန်တော် ဘာကူညီရမလဲ၊ ကျွန်တော် မန်နေဂျာ ဦးနီမောင်ပါ''
''ဟို- ကျွန်တော် က ကိုအောင်ဟိန်းနဲ့တွေ့ ဖို့ လာခဲ့တာပါမန်နေဂျာကြီး''
''ကိုတော် မီ မရှိပါဘူး၊ နိုင်ငံခြားသွားနေပါတယ်၊ အလုပ်ကိစ္စဆိုရင်ကျွန်တော် နဲ့ပြောလို့ရပါတယ်''
''မန်နေဂျာပြောတဲ့လူကိုတွေ့ ဖို့မဟုတ်ဘူးဗျ၊ ကျွန်တော် တွေ့ ချင်တာက ကိုအောင်ဟိန်း၊ ကျွန်တော် က ကိုအောင်ဟိန်း သစ်ဝယ်နေကျသစ်ထုတ်ရေး စခန်းက ကိုသာလွန်ပါ၊ ကိုအောင်ဟိန်းနဲ့ခင်ပါတယ်''
''ဆောရီး- ကိုတော် မီဆိုတာလည်း ကိုအောင်ဟိန်းကိုပြော တာပါပဲ၊ကိုသာလွန်တွေ့ ချင်တဲ့ကိစ္စက သစ်ကိစ္စပဲလား''
''အလုပ်ကိစ္စမဟုတ်ပါဘူး၊ သူ့မိန်းမက စာပေးခိုင်းလိုက်လို့ပါ'
''ဗျာ- ဘယ်လို''
''သရက်တောရွာက မစံပယ်လေ၊ ကိုအောင်ဟိန်း မိန်းမ၊ကိုအောင်ဟိန်း ပြန်မလာလို့ စိတ်ပူပြီး ကျွန်တော် နဲ့စာကြုံထည့်ပေးလိုက်တာဗျ''
''သြော်- အင်း- ကိုတော် မီက- အဲလေ- ကိုအောင်ဟိန်းကကားအက်ဆီးဒင့် ဖြစ်ပြီး-''
''ဗျာ- ဘာ ဖြစ်တယ်''
''ကားတိုက်မှု ဖြစ်တာကိုပြောတာပါ''
''ဟင်- ကားတိုက်မှု ဖြစ်တယ်''
''ဟုတ်ကဲ့၊ ကားတိုက်မှု ဖြစ်ပြီး ဒဏ်ရာအကြီးအကျယ်ရသွားလို့ထိုင်းနိုင်ငံမှာ ဆေးသွားကုနေရပါတယ်''
''သြော်- အဲဒါကြောင့် သူ ရွာကိုရောက်မလာတာကိုး၊ ရွာမှာ ဖြင့်မစံပယ်လေးက မျှော်လို့ဗျာ၊ ဖြစ်မှ ဖြစ်ရလေ၊ တော် တော် စိုးရိမ်ရသလားမန်နေဂျာကြီး''
''ဒဏ်ရာကတော့ ပြင်းထန်ပါတယ်၊ အဲဒါကြောင့်လည်း နိုင်ငံခြားအထိ ဆေးသွားကုရတာ လေ၊ ဒီလိုလုပ်ပါ၊ ကိုသာလွန်ပေးမယ့်စာကိုကျွန်တော့် ကိုပေးခဲ့ပါ၊ ကျွန်တော် ကိုအောင်ဟိန်းဆီရောက်အောင် ပို့ပေးပါ့မယ်၊ ကျွန်တော် က ဒီကုမ္ပဏီမှာ မန်နေဂျာ ဖြစ်တဲ့အပြင် ကိုအောင်ဟိန်းတို့မိသားစုနဲ့လည်း ရင်းနှီးတဲ့လူ တစ်ယောက် ပါ''
''ဒါဆိုလည်း ကျေးဇူးတင်ပါတယ်ဗျာ၊ စာက ဒီမှာ ရော့- သြော်စာအိတ်ထဲမှာ ဓာတ်ပုံလည်းပါသေးတယ်နော် မန်နေဂျာကြီး၊ မစံပယ်ကသူနဲ့သူ့သမီးလေးဓာတ်ပုံထည့်ပေးလိုက်တာ''
''ဟုတ်ကဲ့ပါ၊ ကျွန်တော် ဒီစာကို နိုင်ငံခြားအရောက် ပို့ပေးပါ့မယ်ဗျာ''
''စိတ်ချပါရစေ မန်နေဂျာကြီးရယ်၊ ကိုအောင်ဟိန်း ဆေးသွားကုတာက ကြာဦးမှာ လားဗျာ''
''ဒဏ်ရာပြင်းထန်တော့ ကြာမယ်လို့ထင်ပါတယ်''
''ရွာမှာ မစံပယ်လေးက သူ့ယောကျာ်းကိုမျှော်နေတာ သနားစရာကောင်းလွန်းလို့ပါဗျာ၊ စာကိုအရောက်ပို့ပေးပါနော် မန်နေဂျာကြီး''
''ဟုတ်ကဲ့ပါ၊ စိတ်ချပါ''
''တော် ပါသေးရဲ့ ဗျာ၊ ကိုအောင်ဟိန်းရွာရောက်မလာတော့မစံပယ်လေးကို ပစ်ပြေးပြီလို့ တစ်ရွာလုံးက ပြောနေကြတာဗျ၊ ဒီပုံအတိုင်းဆိုသူ့ခမျာ ကားတိုက်မှု ဖြစ်လို့ မလာနိုင်ရှာတာပဲ၊ ရွာရောက်ရင် တစ်ရွာလုံးသိအောင် ဒီအကြောင်းပြောရဦးမဗျား၊ မန်နေဂျာကြီးကသာ မစံပယ်ရဲ့ စာနဲ့ဓာတ်ပုံလေးကို နိုင်ငံခြားအရောက်ပို့ပေးပါနော်၊ သရက်တောရွာကကိုသာလွန်ကိုယ်တိုင် ရန်ကုန်အထိ စာလာပို့ပေးတယ်လို့လည်း ပြောပေးပါဗျာ''
''စိတ်ချပါကိုသာလွန်''
''ဒါဖြင့် ကျွန်တော် ပြန်မယ်''
''အဲဒါပဲမစံပယ်ရေ- ဦးနီမောင်ဆိုတဲ့မန်နေဂျာကြီး သဘောကောင်းလို့ တော် သေးတာပေါ့ဟာ၊ ငါလည်း နင့်ကိုသနားအောင် အကြောင်းစုံ ပြောခဲ့ပါတယ်၊ အဲဒါမှ နင့်စာကို နိုင်ငံခြားအရောက် မြန်မြန်ပို့ပေးအောင်လို့လေ''
''သြော်- ဖြစ်မှ ဖြစ်ရလေ၊ အစ်ကိုကြီးကားတိုက်မှု ဖြစ်လို့ကိုး၊ဒဏ်ရာကတော် တော် များ များ သလား မသိဘူးနော်၊ နိုင်ငံခြားထိအောင်ဆေးသွားကုရတယ် ဆိုတော့၊ ဘယ်နေရာတွေ ထိခိုက်သွားတယ်တဲ့လဲကိုသာလွန်''
''ဟေ- အဲဒါတော့ ငါမမေးခဲ့ဘူးဟ၊ ငါလည်း ကိုအောင်ဟိန်းကားတိုက်မှု ဖြစ်တယ်ကြားတာနဲ့ ဝမ်းသာပြီး ဆက်မမေးမိတော့ဘူး''
''အို- ကိုသာလွန်ကလဲ၊ ကားတိုက်မှု ဖြစ်တာ ဝမ်းသာစရာလားရှင်''
''ငါဆိုလိုတာက ဒီလိုပါမစံပယ်ရယ်၊ လူတွေ က ကိုအောင်ဟိန်းရွာပြန်မလာတာဟာ နင့်ကိုပစ်ပြေးသွားပြီလို့ ပြောနေကြတာမဟုတ်လား၊တကယ်တော့- ကိုအောင်ဟိန်းက နင့်ကိုပစ်ပြေးတာမဟုတ်ပါဘူး၊ ကားတိုက်ခံရလို့သာ ရွာကိုရောက်မလာတာလေ၊ အဲဒါကိုသိလိုက်ရလို့ ဝမ်းသာသွားတယ်လို့ပြောတာပါ၊ နင်ကော- ဒီလိုအကျိုးအကြောင်းစုံစုံလင်လင်သိလိုက်ရလို့ ဝမ်းမသာဘူးလားဟင်''
''အစ်ကိုကြီးသတင်းကိုသိရလို့ ဝမ်းသာပါတယ် ကိုသာလွန်''
''အေး- အဲဒါ ငါရန်ကုန်ထိသွားပြီး စုံစမ်းနိုင်လို့ဟေ့''
''ကိုသာလွန့်ကို မစံပယ် ကျေးဇူးတင်ပါတယ်''
''အမယ်- ကိုအောင်ဟိန်းနာမည် က ရန်ကုန်မှာ ကျတော့အမျိုးမျိုးခေါ်တာပဲဟေ့၊ ဘော့လို့လဲခေါ်တယ်၊ နောက်တစ်မျိုးက ဘာတဲ့၊မန်နေဂျာကြီးခေါ်လိုက်တာ၊ ဇီးတော် ဖီဆိုလား''
''တော် မီ ဖြစ်ပါလိမ့်မယ် ကိုသာလွန်ရယ်၊ တော် မီဆိုတာ အင်္ဂလိပ်နာမည် ပါ၊ အစ်ကိုကြီးက မစံပယ်ကိုပြောဖူးပါတယ်''
''အေးဟယ်- ရန်ကုန်သားတွေ များ နာမည် အမျိုးမျိုး မှည့်တတ်တယ်နော်၊ ဘော့-တဲ့၊ တော် မီ-တဲ့၊ ဒါတောင် ငါမကြားခဲ့တဲ့ တခြားနာမည် တွေ ရှိချင်ရှိဦးမှာ ''
မစံပယ်က ဘုရားစင်ရှေ့တွင် ဘုရားရှိခိုးရင်းမှ ဆုတောင်းလိုက်လေသည်။
''အရှင်ဘုရား- ဘုရားတပည့်တော် မ၏ မေတ္တာတရား မှန်ကန်ပါက ဘုရားတပည့်တော် မနှင့်သမီးလေးကို တပည့်တော် မ၏ ခင်ပွန်း ဖြစ်သူနှင့်ပြန်လည်ဆုံဆည်းခွင့်ပေးပါဘုရား၊ တပည့်တော် မ၏ ခင်ပွန်း ကိုအောင်ဟိန်းကိုလည်း အမြန်ဆုံး ကျန်းမာရေး ပြန်လည်ကောင်းမွန်စေရန် စောင့်ရှောက်တော် မူပါ''
မစံပယ်က ဘုရားကိုဦးချပြီးနောက် သမီးလေးအိပ်ပျော်နေသော ပုခက်ရှိရာသို့လာခဲ့လေသည်။
အိပ်ပျော်နေသော သမီးလေးကိုငုံ့ကြည့်ရင်း ရေရွတ်လိုက်လေ၏ ။
''သမီးရေ- သမီးရဲ့ ဖေဖေက မေမေတို့ကိုပစ်ပြေးတာ မဟုတ်ပါဘူးကွယ်၊ ဖေဖေ မကျန်းမာလို့ မေမေနဲ့သမီးလေးတို့ဆီ မလာနိုင်တာပါတဲ့၊ဖေဖေ အမြန်ဆုံးကျန်းမာပြီး မေမေတို့သားအမိဆီပြန်လာအောင် ဆုတောင်းကြစို့နော်- သမီးလေးဂွမ်းပုံ''
မစံပယ်မျက်ဝန်းမှမျက်ရည်စက်များ က ပုခက်တွင်းမှ သမီးလေးအပေါ်သို့ ကျဆင်းသွားလေတော့သည်။
အပိုင်း -၂
ဝေယံဟိန်းနှင့် ဒေါ်ဒေစီဟိန်းတို့ နေအိမ်တွင် အဖို့လှုပ်လှုပ်ရှားရှားတက်တက်ကြွကြွ ဖြစ်နေကြပါသည်။
ယနေ့- ဝေယံဟိန်း၏ ဖခင်ဦးအောင်ဟိန်း(ခေါ်)တော် မီဟိန်းသည်နိုင်ငံခြားမှပြန်ရောက်လာတော့မည် ။
ဝေယံဟိန်းအဖို့ ဖခင် ဖြစ်သူနှင့် ငယ်ငယ်လေးကတည်းက ခွဲခဲ့ရသည်။ ဖခင်ကြီးဦးအောင်ဟိန်း မြန်မာနိုင်ငံနှင့်ခွဲခွာနေခဲ့ရသည်မှာ ၁၆နှစ် ပင်ကြာမြင့်ခဲ့ပါလေပြီ။ သည်ကြားထဲတွင် ဝေယံဟိန်းသည် ဖခင် ဖြစ်သူနှင့် သုံးကြိမ်သာလျှင်တွေ့ ဆုံခဲ့ရသည်။
တစ်ကြိမ်က- ဝေယံဟိန်း လေးတန်းကျောင်းသားဘဝက ဖြစ် သည်။နွေရာသီကျောင်းပိတ်ရက်တွင် ဖခင်ကြီးနေထိုင်ရာ စင်္ကာပူနိုင်ငံသို့အလည်အပတ်သွားရင်း ဖခင်ကြီးနှင့်အတူ တစ်လခန့်နေထိုင်ခဲ့ရပါသည်။ဝေယံဟိန်းအဖို့ သူငယ်ငယ်လေးကတည်းက နိုင်ငံခြားရောက်နေသော ဖခင်ကို ထိုအချိန်ကမှ ကောင်းကောင်းတွေ့ ဖူးမြင်ဖူးရခြင်း ဖြစ်သည်။ သူ့အသက်လေးနှစ် အရွယ်အထိ ဖခင်နှင့်အတူနေခဲ့ရခြင်းကို ငယ်လွန်းသေး၍ ဝေယံဟိန်း မမှတ်မိပါ။ ထိုအခေါက်ကမှ ဖခင်ကိုကောင်းကောင်းတွေ့ မြင်မှတ်မိခဲ့ရခြင်း ဖြစ်သည်။
ဒုတိယအကြိမ်က ဝေယံဟိန်းရှစ်တန်းနှစ် နွေရာသီတွင် အလည်သွားရောက်ခဲ့ခြင်း ဖြစ်သည်။
တတိယအကြိမ်က ဆယ်တန်းအောင်သည့်နှစ် တွင် သုံးလကြာစင်္ကာပူနိုင်ငံတွင် သွားရောက်နေထိုင်ခဲ့ရာမှ ဖခင်နှင့်ပြန်ဆုံရခြင်း ဖြစ်၏ ။
ထိုအခေါက်ကတော့ အဖေနှင့်သားတို့ အတော် ပင်ရင်းနှီးမှုရခဲ့ကြပြီး- ဦးအောင်ဟိန်းက ဝေယံဟိန်းကိုမခွဲချင်တော့ဘူးဆိုကာ စင်္ကာပူမှာ ပင် ကျောင်းဆက်ထားဖို့စီစဉ်ခဲ့ပါသေးသည်။ ကြီးတော် ဖြစ်သူဒေါ်ဒေစီဟိန်းက မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခုရပြီးမှ စင်္ကာပူတွင် ကျောင်းဆက်တက်ဖို့ပြောသော ကြောင့် အစီအစဉ်ပျက်သွားခဲ့ရခြင်း ဖြစ်သည်။
ဝေယံဟိန်း၏ ကြီးတော် ကြီးဒေါ်ဒေစီဟိန်းမှာ လည်း တစ်ဦးတည်းသော တူကလေးကို မခွဲနိုင်သော ကြောင့် ဖျက်ရခြင်း ဖြစ်သည်။ သူပါ စင်္ကာပူနိုင်ငံတွင် လိုက်နေလို့လည်း မ ဖြစ်နိုင်ချေ။ မြန်မာနိုင်ငံတွင် ဖွင့်ထားသော ကုမ္ပဏီကို ဒေါ်ဒေစီဟိန်းကိုယ်တိုင်ကြီးကြပ်အုပ်ချုပ်နေ၍ ဖြစ်သည်။ယခုတော့- ဝေယံဟိန်းလည်း ဘွဲ့ရပြီ။
ဒေါ်ဒေစီဟိန်းက မောင် ဖြစ်သူဦးအောင်ဟိန်းကို မြန်မာနိုင်ငံပြန်လာဖို့ခေါ်လိုက်ခြင်း ဖြစ်သည်။
ဦးအောင်ဟိန်းသည် မြန်မာနိုင်ငံတွင် ထုတ်ကုန်သွင်းကုန် ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်နေရာမှ- ကားတိုက်မှု ဖြစ်ကာ ဒဏ်ရာအကြီးအကျယ်ရခဲ့သည်။ ခြေထောက်တွင် ထိခိုက်မှု ဖြစ်ကာ ခြေထောက်ကို ဖြတ်ပစ်ရလောက်သည်အထိ ဒဏ်ရာပြင်းထန်ခဲ့လေသည်။ ထို့ကြောင့်- ထိုကာလကဆေးပညာအရာတွင် ပိုမိုတိုးတက်ထွန်းကားနေသော ထိုင်းနိုင်ငံ၌ သွားရောက်ဆေးကုသခဲ့ရပါသည်။ တစ်နှစ် ကြာဆေးရုံတက်ကုသခဲ့ရပြီးကံကောင်းထောက်မစွာ ပင် ခြေထောက်ကို ဖြစ်မပစ်ခဲ့ရပါ။ အရိုးကိုသံမဏိဖြင့်အစားထိုးကာ ကုသခဲ့ရာမှ ခြေထောက်အကောင်းအတိုင်းပြန်မ ဖြစ်သော်လည်း ဖြတ်ပစ်ရမည့် အနေအထားမှ ကင်းလွတ်ခဲ့ရလေသည်။ဆေးရုံမှအဆင်းတွင် - မြန်မာနိုင်ငံသို့ ပြန်မလာစေတော့ပဲ စင်္ကာပူနိုင်ငံရှိ ကုမ္ပဏီရုံးခွဲ၌ အလုပ်သွားလုပ်ရန် ဒေါ်ဒေစီဟိန်းက ပို့ဆောင်လိုက်ခြင်းပင် ဖြစ်ပါသည်။ ဒေါ်ဒေစီဟိန်းက ဦးအောင်ဟိန်း၏ ကျန်းမာရေး အတွက်ဆေးကုသမှုပိုမိုကောင်းမွန်တိုးတက်သော နိုင်ငံခြားတွင် နေထိုင်ရန်စီစဉ်ခဲ့ခြင်းပင် ဖြစ်ပါသည်။
ဦးအောင်ဟိန်းသည် စင်္ကာပူနိုင်ငံမှရုံးခွဲတွင် အလုပ်လုပ်ရင်းသော င်တင်နေခဲ့ရာ ၁၆နှစ် ကြာသွားခဲ့ပြီး ယခုမှပင် မြန်မာနိုင်ငံသို့ ပြန်လာနိုင်တော့ခြင်း ဖြစ်ပါ၏ ။
''ဖေဖေနဲ့တွေ့ ရတော့မယ်ဆိုတော့ သား ရင်တွေ ခုန်လိုက်တာကြီးမေရယ်''
''ကြီးမေလည်း ဒီလိုပဲပေါ့သားရယ်၊ တို့တူအရီးတွေ ၊ မောင်နှမတွေ အတူတူပြန်ပြီး တစ်စည်းတစ်လုံးတည်းနေရတော့မှာ ကိုတွေးပြီး ကြီးမေလည်းပျော်နေတယ်သားရေ''
''ဒါနဲ့များ - ကြီးမေက ဖေဖေ့ကို နိုင်ငံခြားမှာ အကြာကြီးနေခိုင်းသေးတယ်နော်''
''သြော်- သားရယ်၊ ကြီးမေကလည်း တစ်ယောက် တည်းရှိတဲ့မောင်လေးကို ဘယ်ခွဲချင်ပါ့မလဲကွဲ့၊ သူ့ ကျန်းမာရေး အတွက် နေခိုင်းရတာ ပါ၊ပြီးတော့- ဟိုနိုင်ငံကကုမ္ပဏီကိုလည်း ကိုယ်တိုင်အုပ်ချုပ်တော့ ပိုပြီး စိတ်ချရတယ်မဟုတ်လားသားရဲ့ ''
''ဟုတ်ပါတယ်ကြီးမေ၊ ဒါပဲနော်- ဖေဖေမြန်မာပြည်ပြန်ရောက်မှသားကို နိုင်ငံခြားမှာ ပညာသွားသင်ချေဆိုပြီး မလွှတ်နဲ့ဦး၊ သားကဖေဖေနဲ့ဝအောင်နေချင်သေးတာဗျ''
''အမယ်လေး- နေပါတော် ၊ နေပါ၊ ဘွဲ့တစ်ခုရနေပြီပဲ၊ ဒီမှာ လုပ်စရာအလုပ်ကလည်း အဆင့်သင့်၊ သားပညာဆက်မသင်ချင်လည်းရပါတယ်၊ သား သဘောပါကွယ်''
''ဒါတွေ - ဖေဖေရောက်လာမှ ဖေဖေနဲ့တိုင်ပင်သေးတာပေါ့ကြီးမေရယ်''
''ကဲ- စကားကောင်းနေလိုက်တာသား၊ လေယာဉ် ဆိုက်ချိန်နီးနေပြီ၊ လေယာဉ်ကွင်းသွားဖို့ ကားအဆင်သင့် ဖြစ်ပြီလား''
'' ဖြစ်နေပါပြီ ကြီးမေ၊ ဒရိုင်ဘာဦးလေးသိန်းကြီးက ကားပေါ်မှာ တောင် ထိုင်စောင့်နေပါပြီ''
''ဒါနဲ့- မောင်နီမောင်လည်း ရောက်မလာသေးပါလား၊ မောင်နီမောင်က သားအဖေကို သူပါလိုက်ကြိုမယ်လို့ပြောထားတာလေ''
''အန်ကယ်နီမောင်တို့ လာနေပါပြီကြီးမေ၊ ရဲရဲနဲ့အန်တီဝါ့ကိုအိမ်ပြန်ဝင်ခေါ်နေလို့ပါ၊ လာနေပြီလို့ သားကို ရဲရဲကဖုန်းလှမ်းဆက်တယ်''
''သြော်- လေယာဉ်ကွင်းကို ရဲရဲပါ လိုက်မလို့လား''
''ဟုတ်တယ်ကြီးမေ၊ ရဲရဲက ဖေဖေ့ကိုမမြင်ဖူးသေးလို့ ကြည့်ချင်လို့တဲ့၊ ဟော- ကြီးမေ၊ ပြောရင်းဆိုရင်း ဟိုမှာ - အန်ကယ်နီမောင်တို့ကားရောက်လာပါပြီ''
ဝေယံဟိန်းနှင့်ဒေါ်ဒေစီဟိန်းတို့စကားပြောနေစဉ်တွင် ဦးနီမောင်မောင်းလာသော ကားလေးက ခြံထဲသို့ဝင်လာလေ၏ ။
ကားလေး ပေါ်တီကိုအောက်တွင် ရပ်လိုက်သည်နှင့် ကားထဲမှမိန်းကလေး တစ်ယောက် က သွက်လက်စွာ ဆင်းလိုက်ပြီး- အိမ်ထဲသို့ ပြေးဝင်လာလေသည်။
''ကိုဝေ- အဆင်သင့် ဖြစ်ပြီလား၊ လာလေ- သွားကြစို့၊လေယာဉ်ဆိုက်ချိန်တောင် နီးနေပြီ''
အိမ်ထဲသို့ပြေးဝင်လာသော မိန်းကလေးက ဝေယံဟိန်းလက်ကိုဆွဲကာ ပြောလိုက်လေသည်။ သူမကား ဟိန်းကုမ္ပဏီ၏ မန်နေဂျာဦးနီမောင်၏ တစ်ဦးတည်းသော သမီး ရဲရဲနီလွင် ဆိုသူကလေး ဖြစ်ပါသည်။
''ဟယ်- ကြည့်စမ်း၊ ကိုဝေက ဒီလိုဝတ်ထားတော့လည်းကြည့်ကောင်းတာပဲ၊ နက်ကတိုင်နဲ့ဘာနဲ့၊ လူကြီးလူကောင်းစတိုင်ပဲနော်''
ရဲရဲနီလွင်က ဝေယံဟိန်းကို ရှေ့တည့်တည့်မှကြည့်ရင်းပြောလိုက်လေသည်။
''နိုင်ငံခြားပြန်အဖေကို လေယာဉ်ကွင်းမှာ သွားကြိုမှာ ဆိုတော့ ဒီလိုပဲစတိုင်ကျကျဝတ်ရတာ ပေါ့ရဲရဲရ''
''ကောင်းတယ်၊ ကြိုက်တယ်၊ ရဲရဲက ဒီလိုမိုက်မှကြိုက်တာ''
ရဲရဲနီလွင်က ဝေယံဟိန်း၏ လက်မောင်းကို ဟီးလေးခိုသလိုတွဲ ခိုလိုက်ရင်းမှ ရင်းရင်းနှီးနှီးပြောလိုက်လေသည်။
ရဲရဲနီလွင်၏ အပြုအမူများ ကိုကြည့်ရင်း ဒေါ်ဒေစီိဟိန်းမျက်နှာပျက်နေသည်။ မျက်မှော င်ကြီးတွန့်နေရပါတော့သည်။
''ဟုတ်တယ်နော်- ကြီးမေ၊ ကိုဝေက ဒီလိုပုံနဲ့ကျ သိပ်မိုက်တာပဲ''
ရဲရဲနီလွင်က ဒေါ်ဒေစီဟိန်းဖက်သို့လှည့်ကာ ထောက်ခံချက်တောင်းလိုက်ပြန်သည်။
ဒေါ်ဒေစီဟိန်းက စိတ်မသက်မသာဖြင့် သက်ပြင်းကိုချရင်း-
''ဟုတ်တာပေါ့ကွယ်''
-ဟု အလိုက်သင့်ပြန်ပြောလိုက်ရသည်။
ထိုစဉ်- ကားပေါ်မှဆင်းလာသော ရဲရဲနီလွင်၏ မိဘနှစ် ပါးကအိမ်ထဲသို့ဝင်လာလေသည်။ ဦးနီမောင်နှင့်ဒေါ်ဝါဝါလွင်တို့ ဖြစ်ပါ၏ ။
''မင်္ဂလာပါမမကြီး''
''မမကြီး- မင်္ဂလာပါရှင့်''
ဦးနီမောင်နှင့်ဒေါ်ဝါဝါလွင်တို့က ဒေါ်ဒေစီဟိန်းကို နှုတ်ဆက်လိုက်ကြခြင်း ဖြစ်သည်။
''မင်္ဂလာပါကွယ်၊ လေယာဉ်ချိန်နီးနေပြီကွဲ့၊ မမကြီးတို့ သွားကြစို့''
''ဟုတ်ကဲ့မမကြီး''
အိမ်ထဲမှထွက်လာကြရာ- ရဲရဲနီလွင်က ဝေယံဟိန်း၏ လက်မောင်းကိုချိတ်တွဲ ရင်း လိုက်လာလေသည်။ ဒေါ်ဒေစီဟိန်းက နောက်ဆုံးမှလိုက်လာကာ မြင်ကွင်းကိုကြည့်၍ စိတ်မသက်မသာ ဖြစ်နေရသည်။
ဒေါ်ဒေစီဟိန်းတို့ထွက်လာသည်ကိုမြင်၍ အိမ်ကကားက ပေါ်တီကိုအောက်သို့မောင်းလာကာ ထိုးဆိုက်လိုက်သည်။
''လာလေ- ကိုဝေ၊ ရဲရဲတို့ကားပေါ်တက်၊ ဖေဖေက မောင်းပြီးမေမေက ဖေဖေနဲ့အတူ ရှေ့ခန်းမှာ စီးလိမ့်မယ်၊ ရဲရဲနဲ့ကိုဝေနဲ့ကနောက်ခန်းကစီးမယ်လေ''
ရဲရဲက သူ့သဘောနှင့်သူ စီစဉ်နေခြင်း ဖြစ်၏ ။
သည်တစ်ခါတော့ ဒေါ်ဒေစီဟိန်းသည်းမခံနိုင်တော့ပေ။ ရဲရဲကိုပြောလိုက်တော့မည် ဟု ဟန်ပြင်လိုက်စဉ်-
ရဲရဲမိခင် ဒေါ်ဝါဝါလွင်က ဝင်ပြောလိုက်သည်။
''အိုကွယ်- သမီးကလဲ၊ ကိုဝေ့အဖေကိုသွားကြိုတာ ကိုဝေနဲ့ကြီးမေနဲ့ အတူတူစီးမှ ဖြစ်မှာ ပေါ့''
ဒေါ်ဒေစီဟိန်းက ဒရိုင်ဘာကိုသိန်းဖွင့်ပေးသော ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။
''ဟင်- သမီးက ကိုဝေနဲ့အတူတူစီးချင်တာ၊ ဒါဖြင့် မေမေတို့ဘာသာ သွားတော့၊ သမီးက ကိုဝေတို့ကားနဲ့လိုက်ခဲ့မယ်''
ဦးနီမောင်နှင့်ဒေါ်ဝါဝါလွင်တို့ကားက ရှေ့မှမောင်းထွက်သွားလေသည်။
ဝေယံဟိန်းက ကားရှေ့ခန်းတွင် တက်ထိုင်လိုက်သည်။ဒေါ်ဒေစီဟိန်းက ကားနောက်ခန်း ဒရိုင်ဘာနောက်တည့်တည့် တွင် ထိုင်နေပြီး ဖြစ်၍ ရဲရဲနီလွင်သည် ဝေယံဟိန်းနှင့်အတူတွဲ ထိုင်လို့ မရတော့။ကားနောက်ခန်းသို့လာကာ ဒေါ်ဒေစီဟိန်းဘေးတွင် ဝင်ထိုင် လိုက်လေ၏ ။
လမ်းတလျှောက်လုံးလည်း နောက်မှနေ၍ စကားတွေ ဖောင်နေအောင်ပြောလာသည်။ စကားတစ်ခွန်းပြောလိုက်တိုင်း ဝေယံဟိန်းပခုံးကိုနောက်မှလက်ဖြင့်တို့ကာတို့ကာ ပြောလာလေ၏ ။ ဘေးမှာ ရှိနေသော ဒေါ်ဒေစီဟိန်းကိုပင် ဂရုမထားချေ။
''အင်း- ဒီမိန်းကလေးဟာ သွက်လက်လွန်း၊ ရဲတင်းလွန်းတယ်၊ကလက်လည်း ကလက်တယ်၊ မိဘတွေ ကလည်း အလိုလိုက်ဖို့ပဲသိတယ်၊မဆုံးမဘူးထင်ပါရဲ့ ၊ မ ဖြစ်ဘူး၊ မ ဖြစ်ဘူး၊ ဒီတိုင်းလွှတ်ထားလို့တော့ မ ဖြစ်ဘူး၊သားသားနဲ့နီးစပ်သွားရင်ဒုက္ခ၊ ဒီမိန်းကလေးကို အရောမဝင်ဖို့ သားသားကိုပြောထားမှပဲ''
ကားပေါ်တွင် မျက်နှာပျက်စွာ လိုက်ပါလာရာမှ ဒေါ်ဒေစီဟိန်းကတွေးနေမိခြင်း ဖြစ်ပါသည်။
ဦးအောင်ဟိန်းကို လေယာဉ်ကွင်းမှကြိုလာခဲ့ကြပြီးနောက်ဦးနီမောင်တို့မိသားစုပါ လိုက်ပါလာကြပြီး အိမ်ကိုပြန်ရောက်လာလေသည်။
လူကြီးများ က ကုမ္ပဏီကိစ္စ၊ အလုပ်ကိစ္စ၊ ကျန်းမာရေး ကိစ္စများ ကိုပြောဆိုဆွေးနွေးနေကြဆဲ ရဲရဲနီလွင်က ဝေယံဟိန်းကိုခေါ်ကာ ဦးအောင်ဟိန်းပါလာသော သေတ္တာကိုဖွင့်ခိုင်းနေသည်။
သေတ္တာထဲတွင် ပါလာသော ပစ္စည်းများ ကိုထုတ်ကာ တစ်ခုချင်းကြည့်ရင်း စကားတွေ အမျှင်မပြတ်ပြောနေ၏ ။
ဒေါ်ဒေစီဟိန်းသည် ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်လည်းမောနေသည်။ ဒေါသလည်းထွက်နေလေသည်။
ဝေယံဟိန်းကတော့ ရဲရဲကို အလိုက်သင့်ပင် စကားပြောနေပါ ၏ ။
''ဒါဖြင့်- မနက်ဖန်ပဲ ကိုတော် မီ ရုံးတက်တော့မယ်ပေါ့''
ဦးနီမောင်က မေးလိုက်ခြင်းပင် ဖြစ်၏ ။
''ဟုတ်တယ် ကိုနီမောင်၊ ဒီကဝန်ထမ်းတွေ နဲ့လည်း မတွေ့ တာကြာပြီ၊ ကျွန်တော် ရှိတုံးက တချို့ဝန်ထမ်းတွေ ဘယ်ရှိတော့မလဲနော်''
''ဟုတ်တယ်၊ တချို့လည်း အသက်ကြီးလို့အနားယူသွားတာ ရှိသလိုကွယ်လွန်သွားတဲ့ဝန်ထမ်းတွေ လည်း ရှိပါတယ်၊ အခုတော့လူငယ်တွေ များ ပါတယ် ကိုတော် မီ''
ဦးနီမောင်က ဦးအောင်ဟိန်းကို ''တော် မီ''ဆိုသည့်နာမည် နှင့် ပဲခေါ်ပြောလေ့ရှိပါသည်။ ဦးနီမောင်ဖခင်နှင့်ဦးအောင်ဟိန်းဖခင်တို့မှာ သူငယ်ချင်းများ ဖြစ်ပြီး- ''ဟိန်း''ကုမ္ပဏီတည်ထောင်ပြီးနောက် ဦးနီမောင်ကို လက်ထောက်မန်နေဂျာအ ဖြစ် ခန့်အပ်ထားခဲ့ခြင်း ဖြစ်သည်။ ဦးအောင်ဟိန်းနိုင်ငံခြားသို့ထွက်သွားသည့်အခါ ''မန်နေဂျာ''အ ဖြစ် ဦးအောင်ဟိန်းနေရာကိုရောက်ခဲ့ခြင်း ဖြစ်၏ ။ လူချင်းရင်းနှီးကြရုံမက ကုမ္ပဏီတည်ထောင်စကတည်းက ပါဝင်ခဲ့သော ဝန်ထမ်းတစ်ဦး ဖြစ်ပါ၏ ။
''ဝန်ထမ်းတွေ နဲ့လည်း ရင်းရင်းနှီးနှီးဆုံချင်တယ်လေ၊ ကျွန်တော့် ကိုဝန်ထမ်းတွေ နဲ့မိတ်ဆက်ပွဲလေးလုပ်ပေးပါကိုနီမောင်''
''ဟုတ်ကဲ့၊ ကျွန်တော် စီစဉ်ထားလိုက်ပါ့မယ် ကိုတော် မီ''
လူကြီးချင်းစကားအပြတ်တွင် ဦးအောင်ဟိန်းအကြည့်က လူငယ်များ ဆီရောက်သွားလေ၏ ။
''ကိုနီမောင်နဲ့မဝါတို့သမီးလေးတောင် တော် တော် ကြီးနေပြီပဲနော်၊အပြင်မှာ တွေ့ ရင်ဘယ်မှတ်မိမလဲ၊ သူ့ နာမည် က ဘယ်သူ''
''ရဲရဲပါကိုတော် မီ၊ အပြည့်အစုံက ရဲရဲနီလွင်-ပါ''
''အင်း- ဟုတ်သားပဲ၊ မှတ်မိပြီ၊ မှတ်မိပြီ၊ သားနဲ့ရွယ်တူပဲနော်''
''ဟုတ်တယ်လေကိုတော် မီ၊ တစ်နှစ် ထဲမွေးကြတာ၊ လပိုင်းပဲကွာတယ်၊ ဝေယံက ဂျူလိုင်၊ ရဲရဲက စက်တင်ဘာလေ''
ရဲရဲမိခင်ဒေါ်ဝါဝါလွင်က ဝင်ပြောလိုက်ခြင်း ဖြစ်၏ ။
''သူတို့ချင်း တော် တော် ရင်းနှီးပုံရတယ်''
''အို- ရင်းနှီးတာတော့ မပြောနဲ့တော့ ကိုတော် မီရေ၊ သူတို့နှစ် ယောက် က တက္ကသိုလ်တက်တော့လည်း ဘာသာတွဲ ချင်းအတူတူဆိုတော့သွားအတူတူလာအတူတူပဲလေ၊ ရဲရဲကဆို ဝေယံကို သိပ်နွဲ့ဆိုးဆိုးတာ''
''သြော်- သမီးလေးကလည်း တစ်ဦးတည်းသော သမီးဆိုတော့ဒီလိုပဲရှိမှာ ပေါ့ဗျာ၊ အင်း- ဘာလိုလိုနဲ့ ကျွန်တော် တို့သားသမီးတွေ တောင်ဘွဲ့တွေ ရလို့ အရွယ်တွေ ရောက်ကုန်ကြပြီနော်၊ ကျွန်တော် မြန်မာပြည်ကထွက်သွားတဲ့၁၆နှစ် ဟာ ဘာမှမကြာလိုက်သလိုပဲဗျာ''
''ဟုတ်ပါတယ်ကိုတော် မီ၊ ကျွန်တော် တို့လည်း မကြာခင်အလုပ်ကအနားယူရမယ့်အရွယ်ရောက်လာတော့မှာ ပါ၊ သူတို့ကိုပဲ ကျွန်တော် တို့တာဝန်တွေ လွှဲအပ်ရမှာ လေ''
ဦးနီမောင်စကားက ဘာလိုလိုကြီးမို့ ဒေါ်ဒေစီဟိန်းက မနေသာတော့ပဲ စကားဝိုင်းကို ဝင်ဖြတ်ပစ်လိုက်သည်။
''ကဲ- ငါ့မောင်လေးတော် မီလည်း ပင်ပန်းလာပြီ၊ နားဦးလေ၊မင်းက မနက်ဖန် ချက်ချင်း ပဲ ကုမ္ပဏီမှာ အလုပ်ဆင်းချင်ပြီဆိုတော့ ဒီတစ်ညနေ ကောင်းကောင်းအနားယူထားလိုက်ဦး တော် မီ''
ဒေါ်ဒေစီဟိန်းက ဝင်ပြောလိုက်မှပင် ဦးနီမောင်တို့မိသားစုလည်းပြန်ရန် နှုတ်ဆက်ကြလေတော့၏ ။
''ကျွန်တော် တို့လည်း ပြန်ဦးမှပဲကိုတော် မီ၊ မနက်မှ ကုမ္ပဏီကနေကျွန်တော် စောင့်နေပါတော့မယ်၊ မမကြီး ကျွန်တော် တို့ပြန်လိုက်ပါဦးမယ်''
''ကောင်းပါပြီကွယ်''
''သမီးရေ- မေမေတို့ပြန်ကြစို့''
ဒေါ်ဝါဝါလွင်က ရဲရဲကိုလှမ်းခေါ်လိုက်လေသည်။
ဦးနီမောင်တို့ ကားထွက်သွားသည်နှင့် ဦးအောင်ဟိန်းကဧည့်ခန်းထဲသို့ပြန်ဝင်လာပြီးထိုင်လိုက်သည်။
''သားရေ- လာပါဦးကွ''
ဦးအောင်ဟိန်းက ဝေယံဟိန်းကိုခေါ်လိုက်သည်။
ဝေယံဟိန်း ဦးအောင်ဟိန်းရှေ့သို့ရောက်လာသည်။
ဦးအောင်ဟိန်းက ဝေယံဟိန်းကို သေချာကြည့်ရင်း-
''အင်း- ငါ့သားက အရပ်ကြီးမြင့်ပြီး ချောလာလိုက်တာကွာ၊စင်္ကာပူလာတုန်းကနဲ့တောင် မတူတော့ပါလား''
''လေးနှစ် ရှိပြီပဲတော် မီရယ်၊ သားအသက်နှစ် ဆယ် ပြည့်ပြီးပြီလေ၊မင်းက ကလေးလေးထင်နေလို့လား''
''ဟုတ်တယ်၊ ကျွန်တော့် စိတ်ထဲမှာ သားကိုမြင်ယောင်မိတိုင်းငယ်ငယ်ကပုံလေးကိုပဲ မျက်စိထဲမြင်ယောင်ပြီး ကလေးလို့ ထင်ထင်နေမိတယ်မမကြီး၊ လေယာဉ်ကွင်းမှာ သားကိုတွေ့ လိုက်တော့ ကျွန်တော် တော် တော် အံ့သြသွားမိတယ်မမကြီးရယ်''
''မင်း-သားက ဘွဲ့ရပြီးနေပါပြီတော် မီရယ်၊ မင်းတို့ ငါတို့အသက်တွေ လည်း မငယ်တော့ပါဘူး''
''ဟုတ်ပါတယ်မမကြီးရယ်၊ ကိုနီမောင်ပြောသွားသလို ကျွန်တော် တို့တာဝန်တွေ ကို မကြာခင် သူတို့ကိုလွှဲရတော့မှာ ပါ မမကြီး''
''တော် စမ်းပါ၊ မောင်နီမောင်ပြောသွားပုံတွေ ကို မမကြီးမကြိုက်ဘူး''
''ဟင်- ဘာ ဖြစ်လို့လဲမမကြီး''
''ပြောသွားပုံကိုကြည့်ပါလား၊ မင်းက ရိုးရိုးသားသား ကလေးတွေ အရွယ်ရောက်လာပြီပြောတော့- မောင်နီမောင်က သူတို့ကိုပဲ တာဝန်တွေ လွှဲရတော့မှာ ဆိုပြီး ပြောတယ်လေ''
''အဲဒါဘာ ဖြစ်လဲ မမကြီးရဲ့ ''
''ဘာ ဖြစ်ရမလဲ၊ သူ့စကားကို မင်းမရိပ်မိဘူးလား၊ သူ့သမီးနဲ့သားသားနဲ့ကို အတူတူယှဉ်ထားပြီးပြောနေတော့ သားသားနဲ့သူ့သမီးရဲရဲနဲ့ပဲဘာလိုလို၊ ကလေးနှစ် ယောက် ကိုပဲ ပေးစားပြီး ကုမ္ပဏီကြီးလွှဲပေးရမလိုလို၊ ဟွန်း- မပြောလိုက်ချင်ဘူး''
ဒေါ်ဒေစီဟိန်းအပြောကြောင့် ဦးအောင်ဟိန်းက ရယ်မောလိုက်သည်။
''အဲဒီ လိုမျိုးပြောတာ မဟုတ်နိုင်ပါဘူး မမကြီးရယ်၊ ကိုနီမောင်ကရိုးရိုးတန်းတန်းပြောတာ ဖြစ်မှာ ပါ''
''အောင်မယ်လေး- မင်းကသာ ရိုးတယ်ထင်နေ၊ ဝါဝါလွင်ကဒီစကားမျိုးပြောချင်လွန်းလို့ မမကြီးကို စကားစတာ လေးငါးခါရှိပြီ၊သူတို့ဖက်က မိန်းကလေး ဖြစ်နေလို့သာ ပွင့်ပွင့်လင်းလင်းမပြောရဲတာ''
''သြော်- ကိုနီမောင်တို့ဖက်က သားနဲ့ရဲရဲကို ဖြစ်စေချင်တဲ့သဘောလား၊ ဒီလိုဆိုလည်း ဘယ်ဆိုးလို့လဲ မမကြီးရဲ့ ၊ တခြားလူတွေ မှမဟုတ်တာ''
''အောင်မယ်လေး-လေး- တော် မီ၊ အခုမှ မြန်မာပြည် မင်းပြန်ရောက်တာ နာရီပိုင်းရှိပါသေးတယ်ကွယ်၊ မင်းဘာများ သိလို့လဲ''
''ဘာကိုလဲမမကြီးရဲ့ ''
''ရဲရဲဆိုတဲ့မိန်းကလေးက နာမည် နဲ့လိုက်အောင် သိပ်ရဲတင်းတာ၊ကလက်တာလည်း မပြောနဲ့တော့ကွယ်၊ မမကြီးဖြင့်ကြည့်မရပါဘူး၊တကတည်း-''
''ကျွန်တော့် အမြင်တော့ ရဲရဲက သွက်လက်ချက်ချာပါတယ်မမကြီးရဲ့ ၊ ခေတ်မိန်းကလေးပဲ ဒါလောက်တော့ ရှိမှာ ပေါ့''
''မင်းက နိုင်ငံခြားက ပြန်လာပြီး တိုင်းတစ်ပါးအမြင်နဲ့ပြောနေတာထင်ပါတယ်တော် မီ၊ မမကြီးတော့ ရဲရဲ ရဲတင်းပုံ ပွင့်လင်းပုံတွေ ကိုကြည့်လို့ကိုမရပါဘူးကွယ်၊ အဲဒါကြောင့်- မောင်နီမောင် စ,လာတဲ့စကားကိုမမကြီးက ဖြတ်ပစ်လိုက်တာ''
''သြော်- မမကြီး၊ မမကြီး၊ သူ့တူလေးကို သဝန်တိုနေလိုက်တာနော်၊ သားကအရွယ်ရောက်နေပါပြီမမကြီးရယ်''
''ငါက သဝန်တိုနေတာမဟုတ်ဘူးတော် မီ၊ ဒီမိန်းကလေးက မင်း-သားနဲ့စကားပြောရင် လက်ပုတ်ခြေပုတ်နဲ့ပြောတာ၊ ဆွဲလားလွဲလားကလုပ်သေး၊ မိန်းကလေး ဒီလိုလုပ်စရာလိုသလား''
''မမကြီးက ဒါတွေ မကြိုက်ပေမယ့် သားသားကတော့ ကြိုက်ရင်ကြိုက်နေမှာ ပေါ့ဗျာ၊ ဘယ်လိုလဲဟေ့- သားရေ၊ မင်းနဲ့ရဲရဲနဲ့က ဘယ်လိုရှိသလဲကွ''
ဦးအောင်ဟိန်းက သူ့ရှေ့တွင် ရပ်နေသော ဝေယံဟိန်းကိုမေးလိုက်သည်။
''ဘယ်လိုမှမလဲပါဘူးဖေဖေ၊ သား ရဲရဲကိုစိတ်မဝင်စားပါဘူး''
''ဟေ- ဒါလောက်လှတဲ့မိန်းကလေးကို စိတ်မဝင်စားဘူးလားကွ''
''သား- ရဲရဲကို မောင်နှမလိုပဲ ခင်တယ်ဖေဖေ၊ ဟိုလိုဒီလိုတော့မပတ်သက်ပါရစေနဲ့ဗျာ၊ ကြောက်လွန်းလို့ပါ''
''ဟေ- ဘာကိုကြောက်တာလဲကွ''
''ရဲရဲက သိပ်အနိုင်ကျင့်တယ်ဖေဖေ၊ ဘာမဆို သူလိုတာရမှ၊သူ့ကိုများ ယူရရင် သူ့အလိုလိုက်ရတာ နဲ့ မောရချည်ရဲ့ ဖေဖေရယ်''
''ဒါဖြင့်- ငါ့သားက ရဲရဲကို မကြိုက်ဘူးပေါ့''
''မကြိုက်ပါဘူးဖေဖေရယ်၊ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေ ပဲ၊ ဒီလိုစိတ်မျိုးလည်း ထားလို့မရပါဘူး၊ မောင်နှမလိုပဲခင်ပါတယ်ဖေဖေ''
''ကဲ- တွေ့ လားတော် မီ၊ ငါ့သားကလည်း ရဲရဲလို မိန်းကလေးကိုမကြိုက်ပါဘူးကွယ်၊ သား- မင်းပြောတဲ့စကားဟာ အတည် ဖြစ်ပစေနော်''
''အတည်ပါကြီးမေရဲ့ ၊ သား ရဲရဲကိုမကြိုက်ပါဘူး''
''တော် ပါသေးရဲ့ ဟယ်''
ဒေါ်ဒေစီဟိန်းက ရင်ဘတ်ကိုဖိရင်း ရေရွတ်လိုက်သည်။ဦးအောင်ဟိန်းက ဝေယံဟိန်းကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြန် သည်။
''သားကမကြိုက်ပေမယ့် ရဲရဲကတော့ သားကို စိတ်ဝင်စားနေတယ်လို့ ဖေဖေထင်တယ်''
''သားကို ငယ်ငယ်ကနိုင်နေကျအတိုင်း ဆိုးနွဲ့ပြီး အနိုင်ယူနေတာပါ ဖေဖေ၊ မသိပါဘူးဖေဖေရယ်၊ သူ့ဖက်က ဘယ်လိုသဘောထားတယ်ဆိုတာသားမသိပါဘူး''
''ဒါဖြင့်- သားမှာ တခြားစိတ်ဝင်စားတဲ့မိန်းကလေးရောရှိသလားကွ''
''ဟေ့- တော် မီ၊ ခုပဲရောက်လာတယ်၊ သားသားကို မင်း ဘာစကားတွေ ပြောနေတာလဲ၊ သားက ရည်းစားထားဖို့တွေ ဘာတွေ စိတ်ဝင်စားတာမဟုတ်ဘူး၊ သူ့ဟာသူ အေးအေးနေတာ၊ အဲဒါကို မင်းက ဟိုစိတ်ဒီစိတ်တွေ ဝင်အောင် မြှော က်ပေးနေတာလား- ဟင်''
''လုပ်ပြီ၊ မမကြီးကတော့၊ မမကြီးတူက ကလေးလေးမဟုတ်တော့ပါဘူး၊ ဒီအရွယ်မှာ သူ့နည်းသူ့ဟန်နဲ့ ချစ်တဲ့ကြိုက်တဲ့လူရှိချင်ရှိမှာ ပေါ့၊ ဒါကို မေးထားတာ မကောင်းဘူးလား မမကြီးရဲ့ ''
''အို- သားသားမှာ ရည်းစားမရှိပါဘူး၊ ရည်းစားလည်း မထားရဘူး၊ မင်း ကလေးကို ပေါက်ကရတွေ မြှော က်ပေးမနေနဲ့၊ ကဲပါ- မင်းလည်းပင်ပန်းလာပါတယ် တော် မီ၊ အနားယူပါတော့၊ သားရေ- မောင်သိန်းကခေါ်ပြီး မင်းအဖေပစ္စည်းတွေ အခန်းထဲထည့်ခိုင်း၊ ပြီးတော့- ဖေဖေ့ကိုအခန်းထဲလိုက်ပို့ပေးလိုက်''
''ဟုတ်ကဲ့ပါကြီးမေ''
ပစ္စည်းများ သယ်ရန် ဒရိုင်ဘာမောင်သိန်း အိမ်ထဲကိုဝင်လာသည်။ဒေါ်ဒေစီဟိန်းက မောင်သိန်းနှင့်ဦးအောင်ဟိန်းကို မိတ်ဆက်ပေးလိုက်၏ ။
''မောင်သိန်း၊ ဟောဒါ- မမကြီးရဲ့ မောင် သားသား အဖေဦးအောင်ဟိန်းဆိုတာပဲ''
''ဟုတ်ကဲ့ပါမမကြီး''
''တော် မီ၊ မောင်သိန်းက ဒီအိမ်ရောက်တာ သုံးနှစ် ပဲ ရှိသေးတယ်၊မင်းရှိတုန်းက ဒရိုင်ဘာကိုထွန်းကြိုင်တော့ ဆုံးသွားပြီကွဲ့၊ မင်းကိုအကြောင်းကြားသေးတယ်လေ၊ မှတ်မိတယ်မဟုတ်လား''
''မှတ်မိပါတယ်မမကြီး၊ ဒါနဲ့ တခြားအိမ်ဖော်တွေ ရော၊ မသော င်းတို့၊ မသြတို့- မမြင်ပါလား''
''မသော င်းက ရွာကသူ့အမေကိုပြုစုဖို့ဆိုပြီး ပြန်သွားတယ်ကွဲ့၊ကြာပြီ၊ မသြဆိုတဲ့ကလေးမကတော့ ရွာခဏဆိုပြီးပြန်သွားလိုက်တာရွာမှအိမ်ထောင်ကျပြီး ပြန်မလာတော့ဘူးလေ၊ ကြားထဲမှာ အိမ်ဖော်တွေ အမျိုးမျိုး ပြောင်းသွား ပါပြီတော် မီရယ်၊ လက်ရှိတော့ အိမ်မှာ အိမ်ဖော်မရှိဘူး''
''ဟင်- ဒါဆို မမကြီးပင်ပန်းနေမှာ ပေါ့''
''တို့တူအရီးနှစ် ယောက် အတွက် ချက်ရေး ပြုတ်ရေး လောက်က တော့မမကြီးနိုင်ပါတယ်၊ မောင်သိန်းမိန်းမ မနွဲ့ရှိသေးတယ်လေ၊ မနွဲ့ကအိမ်အလုပ်တွေ လာကူ လုပ်ပေးရှာပါတယ်၊ ကဲ-ကဲ- တော် မီ၊ မင်းနားလိုက်ဦး၊ ညမှ တို့မောင်နှမ စကားအေးအေးဆေးဆေး ပြောကြတာပေါ့''
နောက်တစ်နေ့မနက်တွင် - ကုမ္ပဏီအစည်းအဝေးခန်းမ၌ ဦးနီမောင်က ဝန်ထမ်းများ ကို စုစည်းထားကာ ဦးအောင်ဟိန်းနှင့် မိတ်ဆက်ပွဲပြုလုပ်ပေးသည်။
ဦးအောင်ဟိန်းသည် ဝန်ထမ်းများ အားလုံးကိုကြည့်ရင်း မိမိသိကျွမ်းသူဘယ်နှယောက် ရှိသေးပါလိမ့်ဟု ရှာဖွေလိုက်လေသည်။ မိမိသိသူလေးငါးယောက် ရှိနေပါသေး၏ ။ ထိုအထဲတွင် သူနိုင်ငံခြားမှာ ရှိနေစဉ်တစ်လျှောက်လုံး အဆက်အသွယ်ရှိခဲ့သည့် တပည့်ကျော် ကိုရွှေဝင်းဆိုသူလည်းပါသည်။ ကိုရွှေဝင်းက ဦးအောင်ဟိန်းကို လူတွေ ကြားမှပြုံးပြရင်းနှုတ်ဆက်နေ၏ ။
ဦးနီမောင်က ဝန်ထမ်းများ ကို တစ်ယောက် ချင်း မတ်တပ်ရပ် စေကာနာမည် ၊ ရာထူးနှင့်တကွ ပြောပြပြီး ဦးအောင်ဟိန်းနှင့်မိတ်ဆက် ပေးပါ၏ ။ထို့နောက် ဦးအောင်ဟိန်းက ဝန်ထမ်းများ ကို နှုတ်ခွန်းဆက် စကားခပ်တိုတိုပင် ပြောကြားလိုက်ပါသည်။
''ဝန်ထမ်းတွေ အားလုံးနဲ့ ခုလိုတွေ့ ဆုံရတာ ကျွန်တော့် အနေနဲ့ဝမ်းသာမိပါတယ်၊ အရင်က ကျွန်တော် နဲ့ အလုပ်တွဲ လုပ်ခဲ့တဲ့ဝန်ထမ်းတွေ ကိုပြန်တွေ့ ရလို့လည်း ဝမ်းသာပါတယ်ဗျာ၊ ကျွန်တော့် အနေနဲ့ ကျန်းမာရေး အတွက် ဆေးကုခံရင်းက နိုင်ငံခြားတိုင်းပြည်က ရုံးခွဲမှာ ပဲနေခဲ့တာ၁၆နှစ် ကြာသွားခဲ့ပါတယ်၊ ဒီကာလအတွင်းမှာ မန်နေဂျာဦးနီမောင်ရဲ့ စီမံခန့်ခွဲမှုနဲ့ ကုမ္ပဏီလုပ်ငန်းတွေ စဉ်ဆက်မပြတ်လည်ပတ်နိုင်ခဲ့တဲ့အတွက်မန်နေဂျာကြီးနဲ့တကွ ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်''
''ကျွန်တော် ပြန်ရောက်လာပေမယ့် ဟိန်းကုမ္ပဏီမှာ ဦးနီမောင်ကပဲမန်နေဂျာတာဝန်ကို ဆက်ပြီးထမ်းဆောင်သွားမှာ ပါ၊ ကျွန်တော် တို့ကအသက်ကြီးလာပြီဆိုတော့ နောင်အနာဂတ်မှာ ကုမ္ပဏီလုပ်ငန်းတွေ ကိုလူငယ်တွေ လက်ထဲကိုလွှဲရမှာ ပါ၊ အဲဒါကြောင့် လူငယ်ဝန်ထမ်းများ ကိုလည်းအလုပ်ကြိုးစားဖို့ တိုက်တွန်းလိုပါတယ်၊ အရည်အချင်းရှိတဲ့သူတွေ ကိုမြှင့်တင်ပေးဖို့ အစီအစဉ်ရှိပါတယ်၊ နိုင်ငံခြားကရုံးခွဲကိုလည်း ဒီကမြန်မာဝန်ထမ်းကိုစေလွှတ်ပေးဖို့ စီစဉ်ထားပါတယ်၊ အဲဒါကြောင့် ဝန်ထမ်းများ အနေနဲ့ အရည်အသွေးတိုးတက်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်၊ ကျွန်တော် ပြောချင်တာကတော့ ဒါလောက်ပါပဲ၊ အားလုံးကိုကျေးဇူးတင်ပါတယ်''
မိတ်ဆက်ပွဲအပြီးတွင် ဦးနီမောင်က ဦးအောင်ဟိန်းကို သူနေရမည့် အခန်းသို့လိုက်ပို့ပေးလေသည်။
''ကိုတော် မီ့အတွက် အခန်းတစ်ခန်း သီးခြားစီစဉ် ပေးထားပါတယ်၊ ကိုတော် မီလိုရာခိုင်းဖို့ ပီအေမိန်းကလေး တစ်ယောက် လည်း ထားပေးထားပါတယ်''
ဦးအောင်ဟိန်းအခန်းသို့အရောက်တွင် ပီအေအ ဖြစ် တာဝန်ယူမည့် မိန်းကလေးနှင့် မိတ်ဆက်ပေးလိုက်သည်။
''သူ့နာမည် က သန္တာအောင်လို့ခေါ်ပါတယ်၊ သန္တာအောင်ဆရာကြီးဦးအောင်ဟိန်းက ဒီကုမ္ပဏီရဲ့ ပိုင်ရှင်ဆိုတာ သိပြီးပြီနော်''
''ဟုတ်ကဲ့ပါဆရာ''
''ကိုတော် မီ့အခန်းအပြင်ဖက်က စားပွဲမှာ သန္တာအောင် ရှိနေပါလိမ့်မယ်၊ ကျွန်တော့် ကို ခွင့်ပြုပါဦး ကိုတော် မီ''
''ဟုတ်ကဲ့ကိုနီမောင်''
ဦးနီမောင်ထွက်အသွားတွင် သန္တာအောင်က မေးလိုက်သည်။
''ကျွန်မ ဘာများ လုပ်ပေးရမလဲဆရာ''
''သန္တာအောင်- ကိုရွှေဝင်းဆိုတဲ့လူကို သိသလား''
''သိပါတယ်ဆရာ''
''ဆရာ့အခန်းကို ခဏလာခဲ့ဖို့ ပြောပေးပါကွယ်''
''ဟုတ်ကဲ့ဆရာ''
သန္တာအောင်ထွက်အသွားတွင် ဦးအောင်ဟိန်းက စားပွဲတွင် ဝင်ထိုင်ရင်း ကိုရွှေဝင်းကို စောင့်နေလိုက်၏ ။
ကိုရွှေဝင်းအခန်းထဲသို့ ဝင်လာသည်။
''ထိုင်ပါမောင်ရွှေဝင်း''
''ဟုတ်ကဲ့ဆရာ''
''ဆရာ မောင်ရွှေဝင်းကို စင်္ကာပူကနေလှမ်းပြီး အလုပ်တစ်ခုခိုင်းခဲ့တယ်နော်''
''ဟုတ်ကဲ့ပါဆရာ၊ ဆရာသွားခိုင်းတဲ့ ရွှေဘိုမြို့နယ်က သရက်တောရွာကို သွားပြီး ဆရာစုံစမ်းခိုင်းတဲ့ ဒေါ်စံပယ်တို့သားအမိကို စုံစမ်းပါတယ်ဆရာ၊ ကျွန်တော် သွားတဲ့အချိန်မှာ သရက်တောရွာတစ်ရွာလုံး မီးလောင်သွားလို့ စုံစမ်းလို့မရခဲ့ကြောင်း ဆရာ့ဆီ ဖုန်းလှမ်းဆက်ခဲ့ပါတယ် ဆရာ၊ဆရာသွားခိုင်းတဲ့ ၁၉၉၅ခုနှစ် ကတည်းက သွားစုံစမ်းခဲ့တာပါဆရာ''
''မင်းတာဝန်ကျေပါတယ် မောင်ရွှေဝင်း၊ ဒီကိစ္စကို တခြားလူတွေ မသိစေချင်လို့ ရုံးကိစ္စအနေနဲ့မသွားပဲ ရုံးကခွင့်ယူပြီး ကိုယ်ရေး ကိုယ်တာကိစ္စတစ်ခုအနေနဲ့ ခရီးထွက်ဖို့လည်း ဆရာ မောင်ရွှေဝင်းကိုမှာ ခဲ့တယ်နော်''
''ဆရာမှာ တဲ့အတိုင်း အားလုံးလိုက်နာပါတယ်ဆရာ၊ ကျွန်တော် ဆရာ့ကိစ္စအတွက်ခရီးထွက်တာကို ဘယ်သူမှမသိကြပါဘူး''
''ကောင်းပြီမောင်ရွှေဝင်း၊ တစ်ရွာလုံးမီးလောင်သွားပြီး ရွာပျက်သွားလို့ မစံပယ်တို့သားအမိကို စုံစမ်းလို့ မရခဲ့ဘူးဆိုတာတော့ မောင်ရွှေဝင်းဖုန်းဆက်ပြောလို့ ဆရာသိပြီးသားပါ၊ အဲဒီ တုန်းက မစံပယ်တို့ကို အလွယ်တကူရှာတွေ့ မယ်ထင်ပြီး သရက်တောရွာနားက သစ်ထုတ်လုပ်ရေး စခန်းကို သွားစုံစမ်းဖို့ ဆရာက မမှာ ခဲ့တာကိုး၊ ဒါပေမယ့် ၁၉၉၆ ခုနှစ် မှာ သစ်ထုတ်လုပ်ရေး စခန်းကို ထပ်ပြီးသွားစုံစမ်းပေးဖို့ ဆရာထပ်ပြီးခိုင်းခဲ့သေးတယ်မဟုတ်လား''
လေးကို ကိုရွှေဝင်းထံပို့ပေးကာ သတင်းစာမှ ကြော်ငြာထည့်ခိုင်းခဲ့ခြင်း ဖြစ်ပါသည်။
ကိုရွှေဝင်းက တာဝန်ကျေပါသည်။ ဦးအောင်ဟိန်းတာဝန်ပေးသည့်အတိုင်း အားလုံးတသွေမတိမ်းဆောင်ရွက်ပေးခဲ့ပါသည်။
''မောင်ရွှေဝင်းကူညီပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ မောင်ရွှေဝင်းကို ကျေးဇူးတင်စကားပြောချင်လို့ခေါ်လိုက်တာပါ၊ပြီးတော့- ဒီကိစ္စကိုဘယ်လိုဆက်လုပ် ရရင်ကောင်းမလဲဆိုတာ မောင်ရွှေဝင်းမှာ စိတ်ကူးရှိရင် ဆရာ့ကိုအကြံပေးပါဦးကွယ်''
''ဟုတ်ကဲ့ဆရာ- မီးလောင်လို့ ရွာပျက်သွားပေမယ့် အဲဒီ ရွာကလူတွေ ဟာ အနီးအနားရွာနီးချုပ်စပ်တွေ ကို ပြောင်းရွှေ့သွားကြပါတယ်ဆရာ၊ဒေါ်စံပယ်တို့ဟာလည်း တစ်နေရာရာမှာ ရှိနေမှာ ပါ၊ ကျွန်တော် က ဒေါ်စံပယ်နဲ့တိုက်ရိုက်သိတဲ့လူမဟုတ်တော့ တစ်ရွာဝင်တစ်ရွာထွက်လိုက်မေးဖို့ အဆင်မပြေလို့ပါဆရာ၊ အခု ဆရာကိုယ်တိုင်ပြန်ရောက်လာပြီဆိုတော့ သရက်တောရွာအနီးတဝိုက်က ရွာတွေ မှာ လိုက်စုံစမ်းရင် တွေ့ နိုင်မယ်ထင်ပါတယ်ဆရာ''
''ဟုတ်တာပေါ့မောင်ရွှေဝင်း''
''ဆရာသွားမယ်ဆိုရင် ကျွန်တော် အဖော်လိုက်ပေးပါ့မယ်ဆရာ''
''ကောင်းပါပြီမောင်ရွှေဝင်း၊ မောင်ရွှေဝင်း တာဝန်ကျေပါပြီကွယ်၊ဆရာ့အတွက်ဆောင်ရွက်ပေးတာ ကျေးဇူးလည်းတင်ပါတယ်၊ ဆရာ ကိုယ်တိုင်မြန်မာပြည်ပြန်ရောက်နေပြီပဲ၊ ဆရာ့ဟာ ဆရာ စုံစမ်းပါတော့မယ်၊အကြံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် မောင်ရွှေဝင်း၊ သွားနိုင်ပါပြီ''
ကိုရွှေဝင်းထွက်သွားချိန်တွင် - ဦးအောင်ဟိန်းက သက်ပြင်းရှည်ကြီးကိုချလိုက်မိလေ၏ ။
''သြော်- မစံပယ် မစံပယ်၊ ဘယ်ဆီကိုများ ရောက်နေပါလိမ့်ကွယ်၊ အစ်ကိုကြီးပြန်မလာလို့ အစ်ကိုကြီးကိုများ အထင်အမြင်မှားသွားလေရော့သလား မစံပယ်ရယ်၊ တကယ်တော့- အစ်ကိုကြီးဟာ မစံပယ်တို့သားအမိကို နေ့ရှိသရွေ့ သတိရနေပါတယ်ကွယ်၊ မစံပယ်ပေးလိုက်တဲ့မစံပယ်နဲ့ သမီးလေးဂွမ်းပုံတို့ဓာတ်ပုံကို နေ့တိုင်းထုတ်ကြည့်ပြီး အလွမ်းဖြေနေရတယ်ဆိုတာ ယုံပါကွယ်၊ ဟိုနိုင်ငံကနေ မစံပယ်တို့ကိုဆက်သွယ်ဖို့မလွယ်လို့သာ မဆက်သွယ်နိုင်တာပါ''
ဦးအောင်ဟိန်းက မစံပယ်တို့သားအမိဓာတ်ပုံလေးကိုကြည့်ရင်းတမ်းတရေရွတ်လိုက်လေသည်။
''မစံပယ်ရေ- မစံပယ်တို့သားအမိရှိရာကို အစ်ကိုကြီး ရောက်အောင် လာခဲ့ပါ့မယ်ကွယ်၊ အစ်ကိုကြီးဖက်က အခက်အခဲတွေ ပြောပြပြီးမစံပယ်ကိုတောင်းပန်ပါ့မယ်မစံပယ်ရေ- မစံပယ်နဲ့သမီးလေးဂွမ်းပုံကိုအစ်ကိုကြီး တွေ့ အောင်ရှာပါ့မယ်မစံပယ်ရယ်''
မနက်ပိုင်း ကော်ဖီဝိုင်းတွင် ဦးအောင်ဟိန်းက သူခရီးထွက်မည့် အကြောင်းကိုပြောပြလိုက်သည်။
''မမကြီး- ကျွန်တော် ရွှေဘိုနယ်ဖက်မှာ ကိစ္စလေး တစ်ခုရှိလို့လာမယ့်သော ကြာနေ့ကို ခရီးထွက်မယ် မမကြီး''
''ဘာကွဲ့-''
ဦးအောင်ဟိန်းစကားကြောင့် ဒေါ်ဒေစီဟိန်းက သောက်မည် ဟန်ပြင်ထားသည့်ကော်ဖီကိုပဲ မသောက် ဖြစ်တော့ပဲ ကော်ဖီခွက်ကိုချထားကာ မေးလိုက်သည်။
ဝေယံဟိန်းကလည်း သူ့ဖခင်ကို လှည့်ကြည့်လိုက်လေ၏ ။
''ဘာပြောတယ်တော် မီ၊ ခရီးထွက်မယ်၊ ဟုတ်လား၊ မင်းစင်္ကာပူကပြန်လာတာ ဘယ်နှရက်ရှိသေးလို့လဲ၊ တစ်ပတ်တောင်မပြည့်သေးဘူး၊ ခရီးထွက်တော့မလို့လား''
''ဟုတ်ပါတယ်ဖေဖေရယ်၊ ဖေဖေနားပါဦး''
''ဖေဖေဘာမှမပင်ပန်းပါဘူးသားရယ်၊ နားစရာမလိုပါဘူး၊ခရီးထွက်တယ်ဆိုတာလည်း သုံးလေးရက်ပါ၊ မကြာပါဘူး''
''ဟေ့- ကြာကြာ မကြာကြာ၊ ရန်ကုန်ပြန်ရောက်တာဖြင့် ရက်ပိုင်းရှိသေးတယ်၊ အညာကိုသွားမယ်ဆိုတာ ခရီးက ရှည်တာပဲတော် မီ၊အလုပ်ကိစ္စက ဘယ်လောက်များ အရေး ကြီးနေလို့လဲ၊ မောင်နီမောင် သွားပစေပေါ့၊ ဒါမှမဟုတ် တစ်ယောက် ယောက် လွှတ်ပေါ့၊ ကုမ္ပဏီမှာ လူတွေ အများ ကြီးရှိနေတာပဲ''
''ကုမ္ပဏီကိစ္စမဟုတ်ပါဘူးမမကြီး''
''ဒါဖြင့်- ဘာကိစ္စလဲ''
''ကျွန်တော့်  ကိုယ်ရေး ကိုယ်တာပါ၊ တစ်ချိန်က ကျွန်တော့်ကျေးဇူးရှင် တစ်ယောက် ကို သွားတွေ့ ချင် လို့ပါ''
''ဘယ်လောက်များ အရေး ကြီးလို့လဲတော် မီရယ်၊ မင်းဟာက-''
''ဒါဖြင့်- ဖေဖေနဲ့အတူ သားလည်းလိုက်ခဲ့မယ်လေ''
''ဘာ ဖြစ်လို့လိုက်မှာ လဲသားရယ်''
''ဖေဖေ့ကိုစိတ်မချလို့ပေါ့ဖေဖေ''
''ဖေဖေက နိုင်ငံခြားမှာ တောင် တစ်ယောက် တည်း နေတာလာပါသားရယ်၊ သြော်- သားရေ၊ ဖေဖေ မင်းအတွက် ကားတစ်စီးကြည့်ထားတယ်ကွ၊ အဲဒါ- ဒီနေ့ ဖေဖေရုံးသွားရင် သားလိုက်ခဲ့ပြီး ကားကိုလိုက်ကြည့်ပေတော့၊ သားကြိုက်ရင် ငွေချေရုံပဲ''
''ဗျာ- သားကို ကားတစ်စီးသပ်သပ်ဝယ်ပေးမယ်လို့ ဆိုလိုတာလားဖေဖေ''
''ဆိုလိုတာမဟုတ်ဘူးကွ၊ တည့်တည့်ပြောနေတာ၊ မောင်သိန်းနဲ့ကားကို ဖေဖေက ခေါ်ခေါ်သွားနေတော့ ငါ့သားအတွက် ကားမရှိဘူးမဟုတ်လား၊ အဲဒါနဲ့ မနေ့က ကိုနီမောင်နဲ့တိုင်ပင်ပြီး သားအတွက်ကားတစ်စီး ရှာကြည့်ထားတာ''
''ဟာ- ဒါမှ တို့ဖေဖေကွ''
ဝေယံဟိန်းက ထိုင်ရာမှထလာပြီး အဖေ ဖြစ်သူကို ဖက်နမ်းလိုက်လေသည်။
ဒေါ်ဒေစီဟိန်းက သားအဖနှစ် ယောက် ကို ပြုံးကြည့်ရင်း-
''အင်း- ဒီအဖေနဲ့ဒီသားကတော့ သိပ်လိုက်နေကြတယ်ဟေ့၊ကြာရင်- ငါတော့ ဘေးရောက်တော့မယ် ထင်ပါရဲ့ ''
''ဟာ- ကြီးမေကလဲဗျာ၊ ကြီးမေဘာလို့ ဘေးရောက်ရမှာ လဲ၊သားမှာ ချစ်စရာဆိုလို့ ဖေဖေနဲ့ကြီးမေပဲ ရှိတာကို''
ဝေယံဟိန်းက ဒေါ်ဒေစီဟိန်းရှိရာသို့ ပြေးသွားကာ ဒေါ်ဒေစီဟိန်းကို နမ်းလိုက်ပြန်သည်။
ဒေါ်ဒေစီဟိန်း အပြုံးတွေ ဝေသွားရပြန်၏ ။
''တော် မီနော်- သားကို အလိုလိုက်တန်တာလည်းလိုက်၊ဆုံးမတန်တာလည်း ဆုံးမဦး၊ အလိုချည်းလိုက်မနေနဲ့''
''သားမှာ ဆုံးမလောက်အောင် ဆိုးတဲ့အချက်မျိုးရှိရင် ကျွန်တော့် ကိုပြောပါမမကြီး၊ ကျွန်တော် ဆုံးမမှာ ပေါ့၊ ကျွန်တော် ကတော့ ကျွန်တော့် သားလေးဟာ လိမ္မာတယ်လို့ပဲ ထင်နေတယ်မမကြီးရေ၊ အဲဒါကြောင့်လည်းသားအတွက် ကားတစ်စီးသပ်သပ်ဝယ်ပေးတာပေါ့''
ဦးအောင်ဟိန်းစကားကြောင့် ဝေယံဟိန်းက လက်မကိုထောင် ကာရင်ကော့ပြလိုက်သည်။
''သားအဖနှစ် ယောက် ကတော့ သိပ်လိုက်နေကြတယ်၊ မမကြီးကကားတစ်စီးသပ်သပ်ဝယ်ပေးလိုက်ရင် အိမ်မကပ်ပဲ လျှောက်လည်နေမှာ စိုးလို့ပါကွယ်''
''လျှောက်လည်တာလည်း လည်မယ်၊ ပြီးတော့- သားကသားကားနဲ့ ကြီးမေကို ဘုရားတွေ လိုက်ပို့ပေးဦးမှာ ပါကြီးမေရဲ့ ၊ ကြီးမေပုတီးစိတ်တာကိုလည်း ပြီးတဲ့အထိ ထိုင်စောင့်ပေးပါ့မယ်''
ဝေယံဟိန်းက ကြီးတော် အကြိုက်ပြောလိုက်ရာ ဒေါ်ဒေစီဟိန်း အဖို့ဘာမျှပြန်မပြောနိုင်အောင် ဖြစ်သွားရလေ၏ ။
''ဟွန်း- တတ်လည်းတတ်နိုင်ပါပေ့''
ဒေါ်ဒေစီဟိန်းက ကြေနပ်နှစ် သိမ့်သော အပြုံးဖြင့် ပြောလိုက်လေသည်။
''ကဲ- သားရေ၊ မောင်သိန်းကို ကားအဆင်သင့်ထုတ် ထားဖို့သွားပြောလိုက်တော့၊ ဖေဖေ ဒီနေ့စောစောထွက်မယ်၊ ကားကြည့်ဖို့ချိန်းထားတယ်၊ သားလည်း တစ်ခါတည်းလိုက်ခဲ့''
ဝေယံဟိန်းက ''ဟေး-''ကနဲအော်ရင်း အခန်းထဲမှ ပြေးထွက်သွားသည်။
''ဒါဖြင့်- မင်းခရီးထွက်ရင် မောင်သိန်းကိုခေါ်သွားမှာ ပေါ့''
''မခေါ်ပါဘူးမမကြီး''
''ဟဲ့- ကိုယ့်ကားနဲ့ကိုယ် မသွားရင် မင်းပင်ပန်းနေမှာ ပေါ့''
''ကျွန်တော် မန္တလေးအထိ လေယာဉ်နဲ့သွားမယ်၊ မန္တလေး ရောက်မှကားတစ်စီးငှားပြီး ရွှေဘိုကိုသွားမှာ ပါမမ၊ လေယာဉ် လက်မှတ်လည်းသန္တာအောင်ကို လုပ်ခိုင်းထားပါတယ်၊ လေယာဉ်လက်မှတ် ရတဲ့နေ့သွားမှာ ပါ''
''သြော်- မင်းက အားလုံးစီစဉ်ထားပြီးသားကိုး''
ဦးအောင်ဟိန်း မန္တလေးမှငှားလာသော ကားလေးက သရက်တောရွာရှိခဲ့သည့်နေရာသို့ ရောက်လာလေသည်။
ရွာမြင်ကွင်းကား များ စွာ ပြောင်းလဲသွားခဲ့ချေပြီ။ မီးလောင်မြေရှုခင်းကာ နှစ် ပေါင်းများ စွာ ကြာသော်လည်း မပျောက်ပျက်ပဲရှိနေသည်။ယခင်က စိမ်းစိမ်းစိုစိုရှိခဲ့သော ရွာပတ်ဝန်းကျင်မှာ ဖုန်းဆိုးမြေလွင်တီးခေါင်ကြီး ဖြစ်နေပေ၏ ။
ဦးအောင်ဟိန်းက ကားသမားကို ရွာပျက်အနီးတွင် ရပ်ခိုင်းလိုက်သည်။
ရွာပတ်ဝနးကျင်ကိုကြည့်ရင်း ဦးအောင်ဟိန်းသည် အတိတ် ဖြစ်ရပ်များ ကို သတိရလာလေ၏ ။
ရွာနဘေးမှချောင်းကလေးကတော့ ယခင်အတိုင်း ငြိမ့်ငြောင်းစွာ စီးဆင်းနေဆဲပင်။ ဦးအောင်ဟိန်းသည် ချောင်းထဲသို့ရေခပ်ဆင်းလာသည့်မစံပယ်၏ ပုံရိပ်ကိုပြန်လည်မြင်ယောင်မိလေသည်။
''ရွာမီးလောင်ပြီး ရွာပျက်သွားတာ ဆယ်ငါးနှစ် မကတော့ဘူး ဆရာ၊မီးလောင်မြေမှာ လည်း လူတွေ ပြန်မနေကြတော့ဘူး၊ ရွာမှနေခဲ့တဲ့လူတွေ ကတော့ အနီးအနားရွာတွေ ကို ပြောင်းရွှေ့နေကြတယ်၊ ဆရာတွေ့ ချင်တဲ့မိသားစုကို အနားက ရွာလေးတွေ မှာ လှည့်စုံစမ်းမှ ရလိမ့်မယ်ထင်တယ် ဆရာ''
ဦးအောင်ဟိန်းက မန္တလေးဟိုတယ်တွင် တစ်ညဝင်တည်းခိုပြီးရွှေဘိုသို့ကားစီးလုံးငှားလာရာတွင် - ရွှေဘိုမြို့ကိုကျွမ်းကျင်သည့်ဒရိုင်ဘာကိုငှားပေးလိုက်ပါဆို၍ ဟိုတယ်မှ ရွှေဘိုမြို့သား လူလတ်ပိုင်းတစ်ဦးမောင်းသည့်ကားကို ငှားပေးလိုက်ခြင်း ဖြစ်ပါသည်။
ကားသမားက သူသိသမျှ ဦးအောင်ဟိန်းကိုရှင်းပြလိုက်၏ ။
''ဟုတ်ကဲ့၊ ကျွန်တော် လည်း ဘေးပတ်ဝန်းကျင်က ရွာလေးတွေ မှာ ဝင်စုံစမ်းဖို့ စိတ်ကူးလာတာပါပဲ၊ ဒါဖြင့်- ကျွန်တော် တို့ဘယ်ကိုဆက်မောင်းကြမလဲ''
''ရွာစဉ်လှည့်စုံစမ်းတာပေါ့ဆရာ၊ သုံးလေးရွာလောက်မေးလိုက် ရင်အရင်က သရက်တောရွာမှာ နေခဲ့တဲ့လူ တစ်ယောက် ယောက် တွေ့ မှာ ပါ၊ဆရာရှာတဲ့လူလည်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ ရင်တွေ့ နိုင်တာပေါ့''''ဒါဖြင့်- သင့်သလိုသာကြည့်မောင်းတော့ဗျာ''
ကားလေးက ရှေ့တူရူလမ်းအတိုင်း မောင်းထွက်လာခဲ့သည်။တစ်မိုင်ခွဲခန့်သွားမိသည့်အခါ- ရွာတစ်ရွာကိုတွေ့ ၏ ။
သင်ပန်းကုန်းရွာဟု ဆိုင်းဘုတ်ရေး ထား၏ ။
ရွာထိပ်တွင် ကုန်စုံဆိုင်တစ်ဆိုင်တွေ့ ၍ ဦးအောင်ဟိန်းက ဝင်စုံစမ်းကြည့်သည်။
''သရက်တောရွာက ပျက်သွားတာကြာပြီပဲ၊ ဒီရွာထဲမှာ လည်းသရက်တောကလူတစ်ချို့တော့ရှိပါတယ်၊ ဒါပေမယ့်- လူငယ်တွေ များ တယ်၊နောင်ကြီးက ဘယ်သူ့ကိုစုံစမ်းချင်တာလဲ''
''ဒေါ်ထားနဲ့မစံပယ်တို့သားအမိပါဗျာ၊ အခုဆိုရင်- ဒေါ်ထားအသက်က ၆၅နှစ် လောက်ရှိမယ်၊ မစံပယ်ဆိုတာကတော့- အသက်၃ရ-၃၈လောက်ရှိပါပြီ၊ လေးဆယ်ဝန်းကျင်ပေါ့၊ မစံပယ်မှာ သမီးလေးတစ်ယောက် ရှိပါတယ်''
ဆိုင်ရှင်ယောကျာ်းနှင့်ဦးအောင်ဟိန်းပြောဆိုနေသည်ကိုကြားကာဆိုင်ထဲမှမိန်းမ တစ်ယောက် ထွက်လာပြီး ပြောလိုက်သည်။
''ဒါဆိုရင် မုန်တောအထိသွားပြီးမေးပါလားရှင်၊ မုန်တောမှာ ဒေါ်ခင်မွှေးဆိုတဲ့အမယ်ကြီး တစ်ယောက် ရှိတယ်၊ သူကတော့ သရက်တောမှာ နေတာလာ၊ ရှေ့မီနောက်မီပဲ၊ ရှင်မေးတဲ့မိသားစုကို ဒေါ်ခင်မွှေးလိုအရွယ်မျိုးကမှ ပြောပြနိုင်လိမ့်မယ်''
''ဟုတ်ကဲ့ခင်ဗျာ၊ မုန်တောက တော် တော် ဝေးသေးလားခင်ဗျ''
''မဝေးပါဘူး၊ တစ်ခေါ်လောက်ပါပဲ၊ လမ်းသာပါတယ်၊ ဒီကတည့်တည့်သာမောင်း သွားပါ၊ ရွာကိုဝင်တဲ့လမ်းခွဲမှာ ဆိုင်းဘုတ်ရှိတယ်၊ရွာထဲရောက်ရင် ဒေါ်ခင်မွှေးလို့သာမေးလိုက်၊ သူ့အိမ်က ရွာထိပ်တွင် ရယ်''
''ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ဗျာ''
အမျိုးသမီးလမ်းညွှန်လိုက်သည့်အတိုင်း မုန်တောရွာမှ ဒေါ်ခင်မွှေးနေထိုင်သည့်အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက် သွားပါသည်။
အိမ်ရှေ့မှာ ထိုင်နေသော မိန်းမက သူ့အိမ်ရှေ့တွင် ထိုးဆိုက်လိုက်သော ကားနှင့် ဦးအောင်ဟိန်းကို အံ့သြစွာ ကြည့်ရင်း-
''ဘာကိစ္စများ ပါလိမ့်''
''ကျွန်တော် ဒီအိမ်က ဒေါ်ခင်မွှေးဆိုတဲ့အဒေါ်နဲ့ တွေ့ ချင်လို့ပါ၊အရင်က သရက်တောရွာမှာ နေခဲ့တဲ့မိသားစုတစ်စုကို စုံစမ်းချင်လို့ပါ''
''အမေရှိပါတယ်၊ အိမ်ထဲကို ခဏဝင်ထိုင်ပါဦးရှင်''
အမျိုးသမီးက ဦးအောင်ဟိန်းကို ဖိတ်ခေါ်လိုက်သည်။ အမျိုးသမီးနှင့်ဦးအောင်ဟိန်းစကားပြောနေစဉ်မှာ ပင် အိမ်ထဲမှ အဘွားကြီးတစ်ဦးထွက်လာလေ၏ ။
''ငါ့ကိုတွေ့ ချင်တာ ဘယ်သူများ ပါလိမ့်ဟဲ့''
''ဒေါ်ဒေါ်က ဒေါ်ခင်မွှေးလားခင်ဗျာ''
''အေး- ဟုတ်တယ်''
အဘွားကြီးက ပြန်ဖြေရင်း- သူ့မျက်လုံးနှစ် ဖက်ကို လက်ဖြင့်မိုးကာ၍ ဦးအောင်ဟိန်းကို ကြည့်လိုက်လေသည်။
''အလို- ဒီသူငယ်ဟာ မစံပယ်ရဲ့ ယောကျာ်း မဟုတ်လားဟဲ့၊ မင်း-ပြန်လာသေးသကိုး''
''အဒေါ်က ကျွန်တော့် ကို သိပါသလားခင်ဗျာ''
''သိသပေါ့ကွယ်၊ နာမည် မမှတ်မိပေမယ့် မစံပယ်ယောကျာ်းဆိုတာအဒေါ်မှတ်မိတယ်၊ မင်းနဲ့မစံပယ်က တို့ရွာမှာ အကြီးအကျယ် မင်္ဂလာဆောင်ခဲ့တာလေ၊ မစံပယ်တို့လိုမင်္ဂလာဆောင်မျိုး အဲဒီ တစ်ခါပဲ တို့ရွာမှာ လုပ်ဖူးတယ်၊ မင်းကို အဒေါ်မှတ်မိတာပေါ့''
''ကျွန်တော့် ကို မစံပယ်တို့အကြောင်း ပြောပြပါလား အဒေါ်ရယ်''
''လာခဲ့၊ လာခဲ့၊ အိမ်ထဲဝင်ထိုင်ဦး''
''မစံပယ်ခမျာမှာ မင်းပြန်လာနိုး လာနိုး စောင့်နေရှာတာပါကွယ်၊တို့ရွာကြီးမီးလောင်သွားတော့ ရွှေဘိုက သူ့ဘကြီးလာခေါ်တာမှာ လိုက်သွားရှာတာပါပဲ၊ သူ့ဘကြီး ကိုရာမောင်ကလည်း သူ့ညီမနဲ့တူမကို မိန်းမသားချည်းပဲ စိတ်မချဘူးလေ၊ မထားကလည်း အသက်ကြီးပြီ မဟုတ်လား''
''ကျွန်တော် ရွာကိုပြန်မလာနိုင်တာ နိုင်ငံခြားမှာ ဆေးကုနေလို့ပါအဒေါ်၊ ကျွန်တော် ကားတိုက်မှု ဖြစ်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရ သွားပါတယ်၊ ခြေထောက်ကို ကံကောင်းလို့ဖြတ်မပစ်ရတာ ပါ၊ အခု မြင်တဲ့အတိုင်းပဲ ကျွန်တော့် ညာခြေထောက်ဟာ ကွေးလို့မရပဲ လမ်းလျှောက်တာတောင် တန်းတန်းကြီးထားပြီးလျှောက်နေရပါတယ်အဒေါ်''
''မင်း နိုင်ငံခြားရောက်နေလို့ မလာနိုင်ဘူးဆိုတာကို မစံပယ်ကပြောပြပါတယ်၊ တစ်ရွာလုံးကိုလည်း ပြောပြရှာပါတယ်၊ ဒါပေမယ့်- လူဆိုတာခက်သားကွယ်၊ မင်းက ပေါ်မလာ ပေါ်မလာနဲ့ နှစ် ချီပြီးကြာသွားတော့မစံပယ်စကားတွေ ကို လူတွေ က မယုံကြတော့ဘူးလေ၊ သူ့ယောကျာ်းပစ်ပြေးသွားတာကို ဖုံးဖိချင်လို့ နိုင်ငံခြားသွားတယ်လို့ ညာထားတာဆိုပြီးစကားတင်းဆိုကြတယ်ကွဲ့''
'' ဖြစ်ရလေဗျာ၊ မစံပယ်လည်း ကျွန်တော့် ကိုစိတ်နာနေလိမ့်မယ်ထင်တယ်''
''ဟင့်အင်း- မစံပယ်က မင်းကိုစိတ်မနာရှာပါဘူး၊ တစ်ခုပဲရှိတယ်၊ဘာသတင်းမှမရတော့- နိုင်ငံခြားမှာ ပဲ သေလေပြီလားလို့ သူ့ခမျာ တွေးရှာတယ်လေ''
'' ဖြစ်ရလေမစံပယ်ရယ်၊ ကျွန်တော့် အပြစ်တွေ ပါပဲ အဒေါ်၊နိုင်ငံခြားကနေ ဒီရွာအထိ ဆက်သွယ်ဖို့ ခက်ခဲလို့ပါ၊ ဒါပေမယ့်- ကျွန်တော် တပည့်လေး တစ်ယောက် ကိုလွှတ်ပြီး မစံပယ်တို့သတင်းကိုစုံစမ်းခိုင်းပါသေးတယ်အဒေါ်၊ ကျွန်တော့် တပည့်စုံစမ်းတဲ့အချိန်မှာ တစ်ရွာလုံးမီးလောင်သွားလို့ စုံစမ်းမရပဲပြန်လာခဲ့ရပါတယ်''
''လွဲချင်တော့လည်း ကြံဖန်လွဲတာပေါ့လေ၊ မစံပယ်က မင်းကိုစိတ်မနာရှာပါဘူး၊ မစံပယ်လေးက သိပ်ပြီး စိတ်ထားပြည့်ဝရှာတဲ့မိန်းကလေးပါ မောင်ရင်''
''ကျွန်တော် ယုံပါတယ်အဒေါ်၊ အခုရော- မစံပယ်တို့ ရွှေဘိုမှာ ပဲရှိကြသေးလား၊ မစံပယ်တို့တစ်မိသားစုလုံး ရှိကြသေးလားအဒေါ်''
''ကျုပ်နဲ့တော့ တစ်ခါမျှပြန်မတွေ့ တော့ဘူး၊ ဒါပေမယ့် သာရေး နာရေး သတင်းတော့ အဆက်မပြတ်ပါဘူး၊ သူတို့သတင်းတွေ ကြားနေရပါတယ်၊ အဒေါ့်သား တစ်ယောက် က ကျောင်းဆရာလေ၊ မြို့ကို တစ်လတစ်ခေါက်သွားရတယ်၊ တစ်ခါတလေ မစံပယ်နဲ့ဆုံပါတယ်တဲ့၊ သူတို့ ရွှေဘိုမှာ ပဲရှိကြပါတယ်''
''ဟင်- ဟုတ်လားအဒေါ်''
''တမြန်နှစ် ကတောင် တွေ့ ခဲ့သေးတယ်ပြောတယ်၊ မစံပယ်မွေးထားတဲ့သမီးလေးတောင် တော် တော် အရွယ်ရနေပြီတဲ့ ''
''သမီးလေး- ကျွန်တော့် သမီးလေး၊ မစံပယ် သမီးလေးမွေးတာကိုတော့ ကျွန်တော် သိတယ်အဒေါ်၊ မစံပယ်က သမီးလေးသုံးလသမီးကရိုက်ထားတဲ့ဓာတ်ပုံလေး ကျွန်တော့် ကိုပို့ပေးဖူးပါတယ်''
''မစံပယ်တို့ဆီ မင်းလိုက်သွားချင်ရင်လွယ်လွယ်လေးပါကွယ်၊သူတို့နေတာက ရွှေဘိုမှာ မြို့ထောင့်စေတီနားတွင် တဲ့၊ စာအုပ်အငှားဆိုင်လေးဖွင့်ထားတယ်ပြောတယ်၊ သူ့ဘကြီးနာမည် က ကိုရာမောင်တဲ့၊ မှတ်သွား''
''မစံပယ်ဘကြီးဦးရာမောင်ကို ကျွန်တော် သိပါတယ်၊ ကျွန်တော် တို့ မင်္ဂလာဆောင်တုံးက လာတယ်လေ''
''အေး- ဟုတ်တာပေါ့၊ ဦးရာမောင်နာမည် မေးပြီး စုံစမ်းရင်မစံပယ်တို့ကိုတွေ့ ရမှာ ပါ''
''ကျွန်တော် လိုက်သွားမယ်၊ ဒီကအပြန် တစ်ခါတည်း လိုက်ရှာလိုက်မယ်အဒေါ်''
''အေးကွယ်- မစံပယ်က သူ့သမီးလေးကိုလည်း သိပ် ချစ်ရှာတယ်၊ မင်းလည်း ဒီကလေးကိုတွေ့ ရင် ချစ်မှာ ပါ''
''ဟုတ်ပါတယ်အဒေါ်၊ ကျွန်တော် လည်း သူတို့သားအမိကိုတွေ့ ချင်လှပါပြီ၊ သူတို့ကိုရှာဖို့ ကျွန်တော် လာတာပါ၊ ကျွန်တော် နိုင်ငံခြားကပြန်ရောက်တာ တစ်ပတ်ပဲရှိပါသေးတယ်အဒေါ်''
''ဟုတ်လား၊ အေး-အေး- မင်းလိုက်လာတာကို ရွာကလူတွေ သိအောင် ပြောရဦးမယ်၊ တချို့က မစံပယ်ကို မင်း-ပစ်ပြေးသွားပြီလို့ထင်နေကြတာကိုး၊ သံသယရှင်းအောင် ပြောရသေးတာပ''
''ဒါနဲ့- မစံပယ်တို့အိမ်ဘေးက ကိုသာလွန်တို့ မတဆုပ်တို့ရောဘယ်ကို ပြောင်းသွား ကြလဲအဒေါ်''
''မောင်သာလွန်က မတဆုပ်ဆုံးပြီးမကြာဘူး သူ့အရပ်သူပြန်သွားတာပဲလေ''
''ဟင်- မတဆုပ် ဆုံးသွားပြီလား''
''ဟုတ်တယ်၊ မိုးတွင်းကြီး မောင်သာလွန်တို့သစ်စခန်းကိုထမင်းသွားပို့ရင်း ပိုးထိပြီးဆုံးရှာတာ၊ မောင်သာလွန်က ဒီရွာသားမဟုတ်ဘူး၊သစ်စခန်းမှာ အလုပ်လာလုပ်ရင်းက မတဆုပ်နဲ့ညားတာကိုး၊ မတဆုပ်မရှိတော့ သူ့အရပ်သူပြန်တယ်ထင်ပါရဲ့ ကွယ်၊ မတဆုပ်ဆုံးတာလည်း ရွာမီးမလောင်ခင်ကပဲ၊ မောင်သာလွန်ရွာကထွက်သွားတော့လည်း ရွာမီးမလောင်သေးဘူးကွဲ့''
''သြော်- ဆယ့်ခြောက်နှစ် အတွင်းမှာ အ ဖြစ်အပျက်တွေ ကအများ ကြီးပြောင်းလဲသွားပြီကိုး၊ ကျွန်တော့် ကို ဒါတွေ သိအောင်ပြောပြတာကျေးဇူးတင်ပါတယ် အဒေါ်၊ ကျွန်တော် ရွှေဘိုကိုဝင်ရဦးမှာ မို့ ခွင့်ပြုပါဦး''
''အေးကွယ်- အေး- အေး- မိသားစုတွေ ပြန်ဆုံကြပါစေကွယ်''
ဦးအောင်ဟိန်းက နှုတ်ဆက်ပြီး သရက်တောရွာမှ ပြန်လာခဲ့လေသည်။
ဦးအောင်ဟိန်းသည် ကားကို ရွှေဘိုမြို့သို့ပြန်မောင်းစေပြီးမြို့ထောင့်စေတီရှိရာသို့လာခဲ့လေ၏ ။
မြို့ထောင့်စေတီအနီးသို့အရောက်တွင် စတိုးဆိုင်တစ်ဆိုင်၌ ဝင်စုံစမ်းကြည့်လိုက်သည်။
''ဒီနေရာမှာ ဦးရာမောင်ဆိုတဲ့လူ တစ်ယောက် ကိုများ သိပါသလားခင်ဗျာ''
''ဦးရာမောင်၊ နောင်ကြီးမေးတဲ့ဦးရာမောင်က အသက်ဘယ်အရွယ်လောက်ပါလဲ''
''အဲ- မစံပယ်အမေဒေါ်ဒေါ်ထားက အခုဆို အသက်၆၅နှစ် လောက်ရှိပြီဆိုတော့- ဦးရာမောင်အသက်က ခုနစ်ဆယ်ပတ်ဝန်းကျင်ရှိပါလိမ့်မယ်ခင်ဗျာ''
''ဒါဖြင့်- ရပ်ကွက်လူကြီးလုပ်သွားတဲ့ အဘရာမောင်ကိုမေးတာထင်ပါရဲ့ ''
''ဟုတ်ကဲ့- ဦးရာမောင်တို့က သရက်တောရွာအဆက်တွေ ပါ ခင်ဗျာ၊ကျွန်တော် က သရက်တောရွာက ဦးရာမောင်တူမကို တွေ့ ချင်တာပါ''
''ဟာ- ဒါဆိုဟုတ်ပြီ၊ ဦးရာမောင်ကတော့ ဆုံးသွားပြီခင်ဗျ၊မနှစ် ကပဲ''
''ဟင်-''
''ကျန်တဲ့မိသားစုတွေ ရှိပါတယ်နောင်ကြီး၊ ဒီကနေ ဆက်မောင်းသွားလိုက်ပါ၊ လမ်းချိုးမရောက်ခင် ညာဖက်ခြမ်းကအိမ်ဟာ ဦးရာမောင်အိမ်ပါပဲ၊ အိမ်မှာ စာအုပ်အငှားဆိုင်လေးဖွင့်ထားပါတယ်၊ ရှုမဝစာအုပ်အငှားဆိုင်ဆိုတဲ့ ဆိုင်းဘုတ်ကလေးနဲ့အိမ်ဟာ ဦးရာမောင်အိမ်ပါပဲ''
''ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ''
လမ်းညွှန်လိုက်သည့်နေရာအရောက်တွင် - ''ရှုမဝစာပေ''ဆိုသော ဆိုင်းဘုတ်ကလေးကို တွေ့ လိုက်ရသည်။ အိမ်ရှေ့တွင် သီးခြားအဆောက်အဦးလေးဆောက်ကာ ဖွင့်ထားသော စာအုပ်အငှားဆိုင်လေး ဖြစ်ပါ၏ ။
ဦးအောင်ဟိန်းက ဆိုင်ရှေ့တွင် ကားကိုရပ်ခိုင်းလိုက်သည်။ဆိုင်ထဲသို့လှမ်းကြည့်လိုက်ရာ- မိန်းမ တစ်ယောက် လမ်းမဖက်သို့နောက်ကျောခိုင်း၍ စာအုပ်များ ကို စင်ပေါ်တွင် စီထပ်နေသည်ကိုမြင်လိုက်ရလေ၏ ။
ဦးအောင်ဟိန်းသည် နောက်ကျောမှမြင်သည်နှင့်ပင် ထိုအမျိုးသမီးမှာ မစံပယ် ဖြစ်ကြောင်းသိလိုက်ပါသည်။
နေ့လည်ခင်း ဖြစ်၍ ဆိုင်ထဲမှာ တော့ လူရှင်းနေပါသည်။မစံပယ်က ဆိုင်ရှေ့ကိုကားရပ်လိုက်သည်ကို မသိပဲ စာအုပ်များ ကိုသာ စီထပ်နေ၏ ။
ဦးအောင်ဟိန်းသည် ကားပေါ်မှဆင်းခဲ့ပြီး ဆိုင်ထဲသို့တန်းဝင်သွားလိုက်သည်။
''မစံပယ်- မစံပယ်မဟုတ်လားဟင်''
ဦးအောင်ဟိန်း၏ နှုတ်ဆက်စကားသံကြောင့် ထိုအမျိုးသမီးကလှည့်ကြည့်လိုက်သည်။
''ဟင်- အို- အမလေး- -''
ထိုအမျိုးသမီးက ဦးအောင်ဟိန်းကိုကြည့်ရင်း အံ့သြစွာ ရေရွတ်လိုက်လေ၏ ။ သူမကား မစံပယ်ပင် ဖြစ်ပါတော့သည်။
ဒေါ်စံပယ်သည် ဦးအောင်ဟိန်းကိုကြည့်ရင်း အသားများ တဆတ်ဆတ်တုန်အောင် စိတ်လှုပ်ရှားသွားလေသည်။
''အ-အ- အစ်ကိုကြီး''
''ဟုတ်ပါတယ်မစံပယ်၊ အစ်ကိုကြီးပါကွယ်''
''အမလေး- အစ်ကိုကြီးရယ်၊ အစ်ကိုကြီးရောက်လာသေးတယ်နော်-''
စိတ်လှုပ်ရှားမှုကြောင့် ဒေါ်စံပယ်၏ ခန္ဓာကိုယ်မှာ ယိုင်ကနဲ ဖြစ်သွားလေသည်။
သူမက စာအုပ်စင်ကိုအားပြုကိုင်တွယ်ထားလိုက်၏ ။
''မစံပယ်-''
ဦးအောင်ဟိန်းက မစံပယ်အနီးသို့ပြေးသွားကာ မစံပယ်ကိုဖေးကိုင်ပေးလိုက်သည်။ ဒေါ်စံပယ်က ဦးအောင်ဟိန်းကို ခေါင်းမော်ကြည့်ရင်း မျက်ရည်များ ကျလာလေ၏ ။
''မငိုပါနဲ့မစံပယ်၊ အစ်ကိုကြီးကိုခွင့်လွှတ်ပါကွယ်''
ဒေါ်စံပယ်က ဦးအောင်ဟိန်းကိုင်ထားသော လက်များ ကိုဖယ်ရှားလိုက်၏ ။
''အစ်ကိုကြီးကို စိတ်နာနေသလား မစံပယ်''
''မစံပယ် အစ်ကိုကြီးကိုစိတ်မနာချင်ပေမယ့် မနာလို့ မ ဖြစ်လို့စိတ်နာလိုက်ရပါတယ်အစ်ကိုကြီး၊ မစံပယ် ဘဝထဲက အစ်ကိုကြီးကိုရင်နာနာနဲ့ပဲ ဖယ်ထုတ်ပစ်ခဲ့ပြီးပါပြီအစ်ကိုကြီးရယ်''
''မစံပယ်ရယ်- အစ်ကိုကြီး ရှင်းပြပါရစေဦး''
''အစ်ကိုကြီး ဘယ်လို ဖြစ်ပြီး ရောက်လာရတာ တုံး၊ ဘယ်လို လုပ်ပြီးမစံပယ်တို့ ဒီမှာ နေတာသိသလဲ အစ်ကိုကြီး''
''အစ်ကိုကြီးကို ဒေါ်ခင်မွှေးက ပြောပြလိုက်လို့ ဒီအထိလိုက်တာနိုင်တာပါကွယ်၊ သရက်တောရွာကဒေါ်ခင်မွှေးကို မုန်တောမှာ တွေ့ ခဲ့ ပြီးသူပြောပြလို့ လိုက်လာနိုင်တာပါမစံပယ်''
''သြော်- ခုအချိန်ကျမှ အစ်ကိုကြီးရောက်လာသေးတယ်နော်''
''အစ်ကိုကြီး ကားတိုက်မှု ဖြစ်လို့ နိုင်ငံခြားမှာ ဆေးကု ခံနေရတာ ကိုမစံပယ် သိတယ်မဟုတ်လားကွယ်၊ ကိုသာလွန်လာစုံစမ်းလို့သိရတယ်မဟုတ်လား၊ ကိုသာလွန်နဲ့ပေးလိုက်တဲ့ မစံပယ်ရဲ့ စာကိုအစ်ကိုကြီးရပါတယ်ကွယ်''
''ဟုတ်တယ်၊ သိတယ်၊ အစ်ကိုကြီးနိုင်ငံခြားရောက်နေတာမစံပယ်သိပါတယ်၊ ဒါပေမယ့်- ဆေးကုတာ ဒီလောက်ထိပဲကြာရသလား၊မစံပယ်ဆီကို နိုင်ငံခြားကနေ ဆက်သွယ်လို့ မရတော့ဘူးတဲ့လား၊ မစံပယ်မှာ အစ်ကိုကြီးကို တမျှော်မျှော်နဲ့နေခဲ့ရတာ ၊ နောက်ဆုံးတော့ သူ ငါ့ကိုပစ်ပြေးပါပြီလေလို့ စိတ်ဒုံးဒုံးချပြီး မစံပယ်ဘဝထဲက အစ်ကိုကြီးကိုဖယ်ထုတ်ပစ်လိုက်ပါတယ်''
''မစံပယ်ရယ်- အခု- အစ်ကိုကြီးပြန်ရောက်လာပြီလေ မစံပယ်''
''ပြန်ရောက်လာပြီ၊ ဟုတ်လား၊ အစ်ကိုကြီးခွဲသွားတဲ့ အချိန်ကာလကိုလည်း ပြန်တွက်ကြည့်ပါဦး အစ်ကိုကြီးရယ်၊ ဆယ့်ခြောက်နှစ် ဆယ့်ခြောက်နှစ် ရှိပြီအစ်ကိုကြီးရဲ့ ၊ အခုမှပြန်လာလို့ မစံပယ်တို့အတွက်အခါနှောင်းပါပြီအစ်ကိုကြီးရယ်''
''ဟင်- မစံပယ်၊ မစံပယ် အိမ်ထောင်များ ကျနေလို့လား ဟင်''
''မဟုတ်ပါဘူး၊ မစံပယ် ဒီလိုမိန်းမမျိုးမဟုတ်ပါဘူး၊ လင်သားအသက်ရှင်ရက်ရှိနေသေးတာ သိရက်နဲ့ နောက် တစ်ယောက် ယူမယ့်မိန်းမမျိုးမဟုတ်ပါဘူး အစ်ကိုကြီးရယ်''
''ယုံပါတယ်မစံပယ်၊ ဒါဖြင့်- မစံပယ် အစ်ကိုကြီးကို စိတ်နာနေတာပေါ့''
''စိတ်မနာချင်ပါဘူး၊ ဒါပေမယ့် နာလောက်စရာတွေ က ဖြစ်လာတယ်၊ အစ်ကိုကြီးသွားခါစတုန်းက ပတ်ဝန်းကျင်က လင်ပစ်မရယ်လို့စကားတင်းဆိုကြတာကို ကြိတ်ခံနိုင်ခဲ့ပါသေးတယ်၊ တစ်နေ့ အစ်ကိုကြီးပြန်လာမှာ ပဲလေဆိုတဲ့ ယုံကြည်ချက်နဲ့ အားတင်းထားနိုင်ပါသေးတယ်၊ဆယ်နှစ် ကျော်လာတဲ့အချိန်မှာ တော့ မစံပယ် သံသယတွေ ဝင်လာတယ်၊ပတ်ဝန်းကျင်ကပြောတဲ့ လင်ပစ်မ-ဆိုတဲ့အ ဖြစ်ကို ကိုယ်တိုင်လက်ခံလိုက်ရတယ်''
''မစံပယ်ရယ်- အခု အစ်ကိုကြီး ဒီအထိလိုက်လာတာ မစံပယ်ကိုသံယောဇဉ်မကုန်လို့ဆိုတာ ယုံပါ မစံပယ်၊ အစ်ကိုကြီး နိုင်ငံခြားကပြန်လာတာ တစ်ပတ်ပဲရှိပါသေးတယ်၊ တစ်ပတ်အတွင်းမှာ မစံပယ်ဆီကို အရောက်လိုက်လာတာပါ၊ ပြီးတော့- အစ်ကိုကြီး မစံပယ်တို့ကို မဆက်သွယ်ပဲနေတာမဟုတ်ပါဘူးကွယ်၊ အစ်ကိုကြီးဆေးကုနေတုံးပဲ အစ်ကိုကြီးရဲ့ တပည့် တစ်ယောက် ကို မစံပယ်တို့ဆီ လွှတ်လိုက်ပါသေးတယ်၊ သရက်တောတစ်ရွာလုံးမီးလောင်သွားတယ်ဆိုတာသိရလို့ အစ်ကိုကြီးတပည့်လည်း ဆက်မစုံစမ်းနိုင်ပဲပြန်လာခဲ့ရတာ ပါ၊ ဒါတောင် နောက်တစ်ခေါက် ထပ်လွှတ်ပါသေးတယ်၊သစ်ထုတ်လုပ်ရေး စခန်းမှာ စုံစမ်းဖို့လွှတ်လိုက်တာပါ၊ အဲဒီ တော့လည်း သစ်စခန်းက ဖျက်သိမ်းသွားပြီတဲ့မစံပယ်''
''ရွာမီးလောင်ပြီးတော့- ဘကြီးလာခေါ်လို့ မစံပယ်တို့ ဒီကိုပါလာကြတာပါအစ်ကိုကြီး''
''မစံပယ်သံသယကင်းအောင် အစ်ကိုကြီးမှာ သက်သေပြစရာပါပါတယ်မစံပယ်''
ဦးအောင်ဟိန်းက လက်ဆွဲအိတ်ထဲမှာ အသင့်ထည့်လာသည့်သတင်းစာအဟောင်းလေးကိုဆွဲထုတ်လိုက်သည်။
''ဒီမှာ ကြည့်ပါဦးမစံပယ်၊ မစံပယ်တို့သားအမိဓာတ်ပုံနဲ့ သတင်းစာထဲမှာ ထည့်ခဲ့တဲ့ကြော်ငြာပါ၊ ၁၉၉၆ခုနှစ် ကထည့်ခဲ့တဲ့ကြော်ငြာပါမစံပယ်''
ဦးအောင်ဟိန်းက ကြော်ငြာပါစာမျက်နှာကိုလှန်ပြရင်း ပြောလိုက်၏ ။
''ဟင်- မစံပယ်တို့ သတင်းစာမှာ အဲဒါပါတာကို မသိရပါဘူးအစ်ကိုကြီး''
ဒေါ်စံပယ်က သတင်းစာကြော်ငြာကိုကြည့်၍ အံ့လည်းအံ့သြကာဦးအောင်ဟိန်းအပေါ်မှာ စိတ်ပြေသွားလေသည်။
ဒေါ်စံပယ်က မျက်ရည်များ ကို သုတ်ပစ်လိုက်သည်။ စိတ်လှုပ်ရှားမှုကိုထိမ်းသိမ်းကာ ဣနြေ္ဒပြန်ဆည်လိုက်သည်။
''အစ်ကိုကြီး၊ လာပါလေ၊ အိမ်ထဲကိုဝင်ပါဦး၊ ဒီမှာ မတ်တပ်ကြီးစကားပြောရတာ မကောင်းပါဘူး၊ လာ- အစ်ကိုကြီး''
''မစံပယ်- အစ်ကိုကြီးသမီးလေးရောဟင်၊ အစ်ကိုကြီးသမီးလေးဂွမ်းပုံရောကွယ်''
ဒေါ်စံပယ်က ဦးအောင်ဟိန်းအမေးကို ချက်ချင်း မဖြေသေးပဲငေးကြည့်နေသည်။
''ဟင်- မစံပယ်၊ သမီးလေးရော၊ သမီးလေးဂွမ်းပုံရော၊ ပြီးတော့မစံပယ်အမေ ဒေါ်ဒေါ်ထားရော၊ မစံပယ် အခု ဘယ်သူတွေ နဲ့နေနေရသလဲ''
ဒေါ်စံပယ်က သက်ပြင်းချလိုက်ကာ-
''သမီးလေး ရှိပါတယ် အစ်ကိုကြီး၊ စာအုပ်ဆိုင်ကို စာအုပ်အသစ်တွေ သွားဝယ်နေပါတယ်၊ ပြန်လာတော့မှာ ပါ၊ အမေကတော့ မနှစ် ကပဲဆုံးသွားတယ် အစ်ကိုကြီး''
''ဟင်- ဒေါ်ဒေါ်ထား ဆုံးသွားပြီ၊ ဒေါ်ခင်မွှေးက ဒေါ်ဒေါ်ထားဆုံးတာကို မသိဘူးထင်တယ်၊ ဘာမှမပြောလိုက်ဘူး''
''ဟုတ်တယ်၊ ရွာကလူတွေ နဲ့မတွေ့  ဖြစ်တာ တော် တော် ကြာပြီ၊ကိုယ့်ရွာသားတွေ နဲ့တွေ့ မှသာ ဒီကသတင်းတွေ ကို ပြောနိုင်တာကိုး၊ ဒေါ်ကြီးမွှေး သိမှာ မဟုတ်သေးဘူး၊ အမေလည်းဆုံးပြီ၊ ဘကြီးဦးရာမောင်လည်းဆုံးပါပြီ၊ မနှစ် ကပဲ ရှေ့ဆင့်နောက်ဆင့် ဆုံးကြတယ်၊ အခု မစံပယ်တို့သားအမိနှစ် ယောက် တည်းပါ''
'' ဖြစ်ရလေမစံပယ်ရယ်- နေထိုင်စားသောက်ရေး ကော အဆင်ပြေရဲ့ လား၊ အစ်ကိုကြီး အပြစ်တွေ ပါလေ၊ အစ်ကိုကြီးတာဝန်မဲ့ခဲ့တယ်၊ သမီးလေးကို တွေ့ ချင်လိုက်တာ မစံပယ်ရယ်၊ အစ်ကိုကြီးမှာ မစံပယ်တို့သားအမိဓာတ်ပုံလေးကိုကြည့်ပြီး အလွမ်းဖြေနေရတာ ပါကွယ်၊ သမီးလေးက ခုဆိုတော် တော် အရွယ်ရောက်နေပြီပေါ့နော်''
''ဟုတ်ပါတယ်၊ ဆယ်တန်းတောင် အောင်ပြီးပါပြီ၊ ဒီနှစ် အောင်တာပါ''
''ဟာ- မစံပယ်ရယ်၊ ကျေးဇူးတင်လိုက်တာ၊ အစ်ကိုကြီးသမီးလေးကို ထူးထူးချွန်ချွန် ဖြစ်အောင် ပညာသင်ပေးတာ ကျေးဇူးတင်ပါတယ်မစံပယ်၊ရှေ့ဆက်ပြီး သမီးလေးရှေ့ရေး ကို အစ်ကိုကြီးပဲတာဝန်ယူ သွားပါတော့မယ်၊မစံပယ်တို့သားအမိ ရန်ကုန်ကိုသာ တစ်ခါတည်းလိုက်ခဲ့ပါတော့''
''အိမ်ထဲကိုသွားကြစို့အစ်ကိုကြီး၊ ဆယ့်ခြောက်နှစ် စာ ကိစ္စကိုတစ်ထိုင်တည်းဖြေရှင်းလို့ မ ဖြစ်နိုင်ပါဘူး၊ မစံပယ်မှာ လည်း ပြောစရာစကားတွေ ရှိပါသေးတယ်''
![]() ကြမ္မာဆိုးမွှေတဲ့ တစ္စေအိမ် | ![]() မိစ္ဆာပူးသောဘ၀များ | ![]() တစ်ရေးနိုးလိပ်ပြာ |