Cover

အခန်း (၁)

အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းသော လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ လေသည်။

လူသတ်တရားခံက နာမည် ကျော် စာရေး ဆရာ တက္ကသိုလ် တာရာလင်း ဖြစ်ပြီး အသတ်ခံရသူမှာ မော်ဒယ်ဘွိုင်းတစ်ဦး ဖြစ်ရုံမက ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် အ ဖြစ်ပါ နာမည် ကျော်ကြားနေသော သင့်တင့်အောင် ဖြစ်ပါသည်။

နှစ် ဦးစလုံးမှာ နိုင်ငံကျော်ပုဂ္ဂိုလ်များ မို့ အမှု မှာ တစ်နိုင်ငံလုံး ဟိုးဟိုးကျော်ပြီး တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။

အပတ်စဉ်ထုတ်ဂျာနယ်များ ၊ စာစောင်များ နှင့် လစဉ်ထုတ် မဂ္ဂဇင်းများ သည် လူသတ်မှု သတင်းကို အသားပေး ဖော်ပြခဲ့ကြသည်။ ခြောက်လမျှ ကာလအတွင်း လူထုစိတ်အဝင်စားဆုံး သတင်း ဖြစ်ရပ်အ ဖြစ် မီဒီယာများ တွင် ဖော်ပြမဆုံး ဖြစ်နေ လေ၏ ။

လူသတ်တရားခံနှင့် သေဆုံးသူတို့၏ ဆက်နွယ်မှု က လူထုကို ပို၍ စိတ်ဝင်စားစေခဲ့ပါသည်။

ယခုအခါ အသက် ၅၇ နှစ် ရှိနေပြီ ဖြစ်သော စာရေး ဆရာ တက္ကသိုလ်တာရာလင်း ခေါ် ဦးလင်းအောင်သည် လွန်ခဲ့သော ၅ နှစ် ခန့်က တက်သစ်စမော်ဒယ်ဘွိုင်းလေး သင့်တင့်အောင် ကို အမွေစား အမွေခံသားအ ဖြစ် မွေးစားခဲ့ပါ၏ ။

ထိုစဉ်ကတည်းက မီဒီယာများ တွင် ဟိုးလေးတကျော် ဖော်ပြခဲ့ခြင်းကြောင့် တစ်တိုင်းပြည်လုံး သိပြီးကိစ္စလည်း ဖြစ်ခဲ့ပါ သည်။

တက္ကသိုလ်တာရာလင်းသည် သင့်တင့်အောင်ကို တရားဝင် အမွေခံသားအ ဖြစ် မွေးစားပြီး တိုးတက်အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့သော ကျေးဇူးရှင်တစ်ဦးဟု အနုပညာနယ်ပယ်တစ်ခုလုံးက အသိအမှတ်ပြုထားခဲ့ သည်။

စင်ပေါ်တွင် ကိုယ်ဟန်ပြရုံနှင့် စီပွားရေး ကြော်ငြာအချို့တွင် အရံ အ ဖြစ် မထင်မရှား ပါခွင့်ရရုံသာ ရှိခဲ့သော အခြေအနေမှ သင့်တင့်အောင်ကို ဗီဒီယိုကားများ နှင့် ရုပ်ရှင်ကားကြီးများ တွင် ခေါင်းဆောင်မင်းသားအ ဖြစ် အရင်းအနှီးစိုက်ထုတ်၍ ရဲရဲဝံ့ဝံ့ပွဲထုတ်ပေးခဲ့သူမှာ ဦးလင်းအောင် ခေါ် တက္ကသိုလ်တာရာလင်း ဖြစ်ပါသည်။

တက္ကသိုလ်တာရာလင်း နုစဉ်က ရေး သားခဲ့သည့်ဝတ္ထုများ သည် သင့်တင့်အောင်ကို ထင်ရှားအောင် ဖန်တီးပေးခဲ့သည့် ဇာတ်လမ်းကောင်းများ ဖြစ်ခဲ့သည်။ တက္ကသိုလ်တာရာလင်း၏ ဝတ္ထုများ ကို ရိုက်ကူးသည့် ရုပ်ရှင် ကားသုံးကားဖြင့် သင့်တင့်အောင် နာမည် ကျော်ကြားလာခဲ့သည်။

နောက်ဆုံးရိုက်ကူးသည့် 'မောင့်အချစ်တွေ သိန်းသန်းကုဋေ' ဇာတ် ကားတွင် အကယ်ဒမီရွှေစင်ရုပ်ဆုကိုပင် ရယူနိုင်မည် ဟု ထင်ကြေးပေးခံရသည်ထိ အောင်မြင်ခဲ့၏ ။

ထိုကဲ့သို့ သားအ ဖြစ်မွေးစားခဲ့ရုံမက အောင်မြင်ကျော်ကြား သည် ထိ မိမိကိုယ်တိုင် မြေတောင်မြှောက်ပေးခဲ့သော လူငယ်လေး တစ်ယောက် ကို ဦးလင်းအောင် ခေါ် တက္ကသိုလ်တာရာလင်းက သေနတ်ဖြင့် မသေမချင်း ပစ်သတ်ခဲ့သည့်အခါ ...

* * *


ရုပ်ရှင်မင်းသားသင့်တင့်အောင်ကို သေနတ်ဖြင့် မသေမချင်း ပစ် သတ်ခဲ့သည့် ပြစ်ချက်ဖြင့် ဦးလင်းအောင် ခေါ် တက္ကသိုလ် တာရာလင်းအား ဖမ်းဆီးအရေး ယူခဲ့လေသည်။

တရားရုံးသို့မတင်ပို့မီ ရဲစခန်း၌ အစစ်ခံရာတွင် -

''ဟုတ်ပါတယ် ...ကျွန်တော် ဟာ သင့်တင့်အောင်လို့ လူအများ သိနေတဲ့ လူ တစ်ယောက် ရဲ့ ခန္ဓာကိုယ်ကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ သေစေလိုတဲ့ဆန္ဒနဲ့ ပစ်သတ်ခဲ့တာလည်း မှန်ပါတယ်။ ဒါပေမဲ့ ... ''ဒါပေမဲ့ အများ သိသလို တာရာလင်းက သင့်တင့်အောင်ကို သတ် တာ မဟုတ်ပါဘူးခင်ဗျား ...

''သင့်တင့်အောင်ကသာ တာရာလင်းကို သတ်လိုက်ခြင်းပါပဲ''

စိတ်နောက်ကျုရှုပ်ထွေးဖွယ် ဖြစ်ရပ်ကြောင့် တာရာလင်းကို ရူး သွပ်သွားပြီဟု ရဲများ က ထင်မြင်မိသည်။

''သေသွားတဲ့ခန္ဓာကိုယ်ဟာ သင့်တင့်အောင်ရဲ့ ခန္ဓာကိုယ် ဖြစ် တာ မှန်ပါတယ်။ အဲဒီ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ ဝိညာဉ်နဲ့ စိတ်ဓာတ်က ဦးလင်းအောင်ဆိုတဲ့ တက္ကသိုလ် တာရာလင်းရဲ့ ဝိညာဉ်ပါ ခင်ဗျား''

''ဆရာတာရာ ...ဆရာဟာ သိပ်စိတ်လှုပ်ရှားနေပါတယ်။ ဆရာ အနားယူလိုက်ပါတော့။ ကျွန်တော် တို့ နောက်မှ စစ်ချက်ယူပါ့မယ်ခင်ဗျား''

ရဲအရာရှိက ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်သည်။

တက္ကသိုလ်တာရာလင်းမှာ ရဲအရာရှိငယ်စဉ်ကတည်းက အသည်းစွဲ စာရေး ဆရာ တစ်ယောက် မို့ လေးစားရသော စာရေး ဆရာ တစ်ယောက် ၏ ရင် နင့်ဖွယ် ဖြစ်ရပ်အတွက် ရဲအရာရှိမှာ စိတ်မချမ်းမမြေ့ ဖြစ်နေရလေသည်။

''ကျွန်တော် အမှန်အတိုင်းပြောနေတာပါ ရဲအရာရှိမင်း ခင်ဗျား။ ကျွန်တော့်စိတ်တွေ ပုံမှန်ပါပဲ။ ကျွန်တော် ဦးနှောက်လည်း ကောင်းပါတယ်။ ကျွန်တော် အစစ်ခံတာတွေ ကို သေချာမှတ်တမ်းတင်စေချင်ပါတယ်''

''ဆရာရယ်''

''တကယ်တော့ ကျွန်တော့်ကို ဦးလင်းအောင်ခေါ် တက္ကသိုလ် တာရာလင်း မွေးစားခဲ့ပြီး နောက်တစ်နေ့ကစလို့ အပြောင်းအလဲတွေ ဖြစ် ပေါ်ခဲ့တာပါ''

ရဲအရာရှိသည် ဆရာတာရာလင်း၏ စကားကို နားမလည်နိုင် အောင် ဖြစ်သွားသည်။

တာရာလင်းကလည်း သူ့စကားကို နားထွေးသွားကြောင်း ရိပ်မိကာ ခေတ္တတွေ ဝေသွားသည်။ သူက တစ်ဖက်သား နားလည်အောင် မည် သို့ ပြောရမည် ကို စဉ်းစားနေဟန်တူသည်။

''အဲ ...ကျွန်တော့်ကိုယ်ကျွန်တော် သင့်တင့်အောင်အေ နနဲ့ စကားပြောနေရင် ခင်ဗျားတို့ နားရှုပ်သွားမယ်။ အ ဖြစ်အပျက်ကို အစကနေ ကျွန်တော် ပြောပြပါ့မယ်''

သူက လူအများ မယုံနိုင်ဖွယ် ဖြစ်ရပ်များ ကို ပြောပြခဲ့လေသည်။

''လွန်ခဲ့တဲ့ငါးနှစ် က သင့်တင့်အောင်ဆိုတဲ့ မော်ဒယ်ဘွို င်းလေးကို စာရေး ဆရာတာရာလင်းက အမွေစားအမွေခံအနေနဲ့ မွေးစားခဲ့တာကို ခင်ဗျား တို့ မှတ်မိဦးမယ်ထင်ပါတယ်။

''သင့်တင့်အောင်ကို မွေးစားတဲ့အချိန်အထိက သာမန် ဖြစ်ရိုး ဖြစ် စဉ် ဖြစ်ရပ်ပါပဲ။

''မွေးစားစာချုပ်မှာ လက်မှတ်ထိုးပြီးတဲ့ညကစလို့ အပြောင်းအလဲ တွေ ဖြစ်ခဲ့တာပါ။ တကယ်တော့ ဦးလင်းအောင်က သင့်တင့်အောင်ကို မွေးစားခဲ့တာဟာ လူအများ သိသလို သင့်တင့်အောင်ရဲ့ ဘဝကို မြေတောင် မြှောက်ပေးဖို့ မဟုတ်ပါဘူး။ သူ့ရဲ့ ကိုယ်ကျိုးအတွက်ပါ။

''ဦးလင်းအောင်ဟာ စာချုပ်လက်မှတ်ထိုးပြီးတဲ့ညမှာ ပဲ သင့်တင့် အောင်နဲ့ Body Change လုပ်ခဲ့ပါတယ်။ ခန္ဓာကိုယ်ချင်းလဲလှယ်ခဲ့ပါတယ်။

''ခင်ဗျားတို့ အံ့သြသွားပြီ မဟုတ်လား။ ဦးလင်းအောင်ဟာ သြိပ ဃ့ညေါန လုပ်ပြီး သင့်တင့်အောင်ရဲ့ နုပျိုလှပတဲ့ ခန္ဓာကိုယ်ထဲကို သူ့ဝိညာဉ်ကို ပြောင်းပြီးထည့်ခဲ့တယ်။ သူဟာ သင့်တင့်အောင်ရဲ့ သန်စွမ်းပြီး နုပျိုတဲ့ခန္ဓာ ကိုယ်ကို မက်မောတာပါ။ ကြီးပြင်းလာတဲ့ သူ့အသက်ကို ဆွဲဆန့်ဖို့အတွက် သြိပ ဃ့ညေါန လုပ်လိုက်တာပါ။

''အဲဒီ နည်းနဲ့ သင့်တင့်အောင်ဟာ ဦးလင်းအောင်ရဲ့ လူအို လူမင်း ခန္ဓာကိုယ်ထဲကို ပြောင်းပြီးရောက်သွားရပါတယ်။ ဦးလင်းအောင် ကတော့ သင့်တင့်အောင်ရဲ့ ခန္ဓာကိုယ်ကို သုံးပြီး ဘဝကိုနုပျိုလန်းဆန်းတဲ့ လူငယ်တစ် ယောက် အနေနဲ့ ပြန်ပြီး အစပြုနိုင်ခဲ့ပါတယ်။

''အခုစကားပြောနေတဲ့ကျုပ်ဟာ အမှန်တော့ သင့်တင့်အောင်ပါဗျာ။ ဦးလင်းအောင်က ကျွန်တော့် ရဲ့ ခန္ဓာကိုယ်ကို ပြောင်းယူထားတာပါ။

''အဲဒါကို မကျေနပ်လို့ ကျုပ် သူ့ကို သတ်ပစ်ခဲ့တာပဲ။

''အများ အမြင်မှာ တော့ ဟောဒီခန္ဓာကိုယ်ပိုင်ရှင်ကြီးက သင့်တင့် အောင်ရဲ့ ခန္ဓာကိုယ်ကို သတ်လိုက်တော့ ဦးလင်းအောင်က သင့်တင့်အောင်ကို သတ်တယ်လို့ ထင်ကြပေမပေါ့။ တကယ်တော့ ကျုပ် သင့်တင့်အောင် က ကျုပ်ခန္ဓာကိုယ်ကို မတရားသိမ်းပိုက်ထားတဲ့ ဦးလင်းအောင် ခေါ် တာရာလင်း ကို သတ်လိုက်တာပါ''

တာ ရာ လင်း

မှ

သ င့် တ င့် အော င် ......

သို့

တရားသူကြီးက စာချုပ်ပေါ်တွင် လက်မှတ်ထိုးလိုက်ပြီးသည်နှင့် လက်ခုပ်သံများ တဖြောင်းဖြောင်း ထွက်ပေါ်လာသည်။ တရားသူကြီး ဦးဘသက်သည် ဧည့်ပရိသတ်များ ဘက်သို့ လှည့်၍ အောင်မြင်သော အသံဝါကြီးဖြင့် ပြောကြားလိုက်သည်။

''၁၉၉၈ ခုနှစ် ၊ ဇူလိုင်လ ၇ ရက်နေ့ ဖြစ်တဲ့ မင်္ဂလာရှိသော ဤနေ့ ဤရက်ကစလို့ မောင်တင့်အောင် ခေါ် မောင်သင့်တင့်အောင်ဟာ ဦးလင်း အောင် ခေါ် စာရေး ဆရာ တက္ကသိုလ် တာရာလင်းရဲ့ အမွေစားအမွေခံသား တစ်ဦး ဖြစ် သွားပါပြီခင်ဗျား''

လက်ခုပ်သံများ က တစ်ဖန်ထွက်၍ လာပြန်သည်။

အခမ်းအနားတွင် တရားသူကြီးဦးဘသက်၊ တာရာလင်း၏ စာအုပ် များ ကိုထုတ်ဝေနေသည့် ထုတ်ဝေသူ ဇနီးမောင်နှံ၊ သင့်တင့်အောင်.ဖခင်ရင်း ဦးမြတ်သွယ်၊ ဂျာနယ်တစ်စောင်မှ ဂျာနယ်လစ်တစ်ဦးနှင့် ဓာတ်ပုံဆရာတစ်ဦး၊ သင့်တင့်အောင် ပါဝင်သရုပ်ဆောင်နေသော ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာဒီလုံး၊ သင့်တင့်အောင်. မော်ဒယ်အေဂျင်စီမှ နည်းပြဆရာတို့ ရှစ်ဦးရှိနေပါ၏ ။

ဦးလင်းအောင်နှင့် သင့်တင့်အောင်အပါအဝင် ဆယ်ဦး ဖြစ်ပါသည်။ ထုတ်ဝေသူနှင့် မော်ဒယ်သင်တန်းနည်းပြတို့က သက်သေများ နေရာတွင် လက်မှတ်ရေး ထိုးခဲ့ကြသည်။

''ကဲ ...ဖခင် အသစ်ကျပ်ချွတ်ကြီး ဖြစ်တဲ့ ဆရာတာရာလင်းကပဲ မင်္ဂလာစကားလေး မြွက်ကြားပေးပါဦး ခင်ဗျား''

ဦးဘသက်က တောင်းဆိုလိုက်သည်။

ဦးလင်းအောင်က စကားပြောရန် လည်ချောင်းရှင်းလိုက်၏ ။ ဂျာနယ် ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်ရန်နေရာမှ ထသည်။

ဂျာနယ်လစ်က အသံဖမ်း စက်ကလေးကို အားလုံးဝိုင်းထိုင်နေသ ည့် စားပွဲခုံပေါ်သို့ ခလုတ် ဖွင့်၍ အသာချထားလိုက်၏ ။

''အထွေအထူးပြောစရာ မရှိပါဘူးခင်ဗျား။ ကျွန်တော့် အနေနဲ့ မောင်သင့်တင့်အောင်ကို မွေးစားတာဟာ အဓိက ကတော့ ချစ်လို့ပါ။ နောက် တစ်ချက်က ကိုယ်ချင်းစာလို့ပါ။ အများသိကြတဲ့အတိုင်း ကျွန်တော် ကိုယ်တိုင် က ကျွန်တော့်ရဲ့ ကျေးဇူးရှင်မွေးစားဖခင်ကြီး ဦးချမ်းငြိမ်းရဲ့ အမွေးစားခံ သား တစ်ယောက် ပါ။

''ကျေးဇူးရှင်ကြီးဦးချမ်းငြိမ်းဟာ လွန်ခဲ့တဲ့ နှစ် ပေါင်း ၂၈ နှစ် ။ တိတိကျကျဆိုရရင် ၁၉၇ဝ ခုနှစ် က ကျွန်တော့်ကို မွေးစားခဲ့ပါတယ်''

ဦးဘသက်ကပြုံး၍ ခေါင်းညိတ်ပြရင်း ထောက်ခံလိုက်သည်။ လွန်ခဲ့ သော ၂၈ နှစ် ကကြုံခဲ့ရသော ယခုလိုအခမ်းအနားမျိုးကို တရားသူကြီး ဦးဘသက် ပြန်လည်အမှတ်ရမိလေသည်။

နာမည် ရစ ကလောင်ရှင်လေး တက္ကသိုလ်တာရာလင်းကို သူဌေး ကြီး ဦးချမ်းငြိမ်းက မွေးစားခဲ့ရာတွင် လူကြီးသူမများ ရှေ့မှော က်၌ စာချုပ်ချုပ် ဆိုသည့်ပွဲတွင် ဥပဒေဘွဲ့ရခါစ မောင်ဘသက်သည် ဆရာ ဖြစ်သူနှင့် အတူ ထိုပွဲကို တက်ရောက်ခဲ့ဖူးပါ၏ ။

ယနေ့အချိန်မှာ တော့ ဦးလင်းအောင် ခေါ် တာရာလင်းက သူငယ် လေး တစ်ယောက် ကို အမွေစား အမွေခံသားအ ဖြစ် မွေးစားပြန်ရာ သူသည် တရားသူကြီး တစ်ယောက် အ ဖြစ် စာချုပ် ချုပ်ဆိုပေးရသည့် အဓိက ကျသော နေရာတွင် ပါဝင်ခဲ့ရပြန်လေပြီ။

''ဖေဖေဦးချမ်းငြိမ်းဟာ စာပေနယ်မှာ မထင်မရှားနဲ့ ကျင်လည်နေရ တဲ့ ကျွန်တော့် ကို မွေးစားပြီး မြေတောင်မြှောက်ပေးခဲ့လို့ ကျွန်တော် ဟာ တက္ကသိုလ်တာရာလင်းဆိုတဲ့နာမည် နဲ့ ထင်ရှားတဲ့ စာရေး ဆရာတစ်ဦးဘဝကို ရောက်ခဲ့ရတာ ပါ''

''မောင်သင့်တင့်အောင်ရဲ့ အရည်အချင်းတွေ ကိုမြင်လို့ ကျွန်တော့်  ဘဝနဲ့ ကိုယ်ချင်းစာပြီး မြေတောင်မြှောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သိကြတဲ့ အတိုင်း ကျွန်တော် ဟာ သားသမီးမရှိတဲ့ မုဆိုးဖို တစ်ယောက် ဖြစ်နေပြီး ကျွန်တော့်အမွေကိုဆက်ခံဖို့ သားထောက်သမီးခံကလည်း မရှိလို့ တောက်မယ့် မီးခဲ တရဲရဲဆိုသလို အရည်အချင်းရှိတဲ့ မောင်သင့်တင့်အောင်ကို ထွန်းပေါက် အောင်မြင်အောင် မြေတောင်မြှောက်ပြီး ကျွန်တော့်အမွေအနှစ် တွေ ကိုပါ ဆက်ခံစေဖို့ ဆုံးဖြတ်ခဲ့တာပါပဲ ခင်ဗျား''

ဦးလင်းအောင်၏ စကားများ ကို အားလုံးကငြိမ်သက်စွာ နားထောင် ရင်း ဦးလင်းအောင်၏ စိတ်ထားမြင့်မြတ်ရက်ရောမှု ကို အသိအမှတ် ပြုနေမိ ကြသည်။

''ကျွန်တော် ပြောချင်တာ ကတော့ ဒါလောက်ပါပဲခင်ဗျား။ ရှေ့ဆက် ပြီး ကျွန်တော့်သား အနုပညာနယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်အောင် ဘယ်လိုပံ့ပိုးပေးမယ်ဆိုတာတော့ လူကြီးမင်းများ စောင့်ကြည့်ကြစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်''

ဦးလင်းအောင်က စကားကို နိဂုံးချုပ်လိုက်သည်။

သင့်တင့်အောင်၏ ဖခင်ရင်း ဖြစ်သူ ဦးမြတ်သွယ်သည် မျက်ရည် ဝေသော မျက်လုံးများ ဖြင့် ငိုသံစွက်သော အသံ တုန်တုန်ဖြင့် ဝင်ပြောလိုက် သည်။

''ကျွန်တော် လည်း ကျွန်တော် သားအတွက် ဝမ်းလည်းသာ၊ ဂုဏ် လည်း ယူမိပါတယ်ဗျာ။ ကျွန်တော် တို့က နယ်မှာ နေတဲ့သူတွေ ၊ ကျွန်တော် ဆို လည်း အစိုးရဝန်ထမ်းဆိုတော့ သားလေးရဲ့ အနုပညာအတွက် ဘာမှ အထောက်အကူ မပေးနိုင်ပါဘူး။ ခုလို ဆရာကြီး ဆရာတာရာလင်းက ကျွန်တော့် သားကို သားအရင်း တစ်ယောက် လို မြေတောင်မြှောက် ပျိုးထောင် ပေးမယ်ဆိုတော့ ကျွန်တော် ...ကျွန်တော် ဘယ်လိုဝမ်းသာမှန်း မသိဘူး။ ဆရာကြီးကိုလည်း ကျေးဇူးတင်ပါတယ်''

ဦးမြတ်သွယ်၏ အသံသည် တုန်ယင်ကာ တိုးဝင်ပျောက်ကွယ်သွား လေသည်။

ဦးဘသက်က တိတ်ဆိတ်သွားသည့် စကားဝိုင်းကို ရွှင်ပျသွက်လက် သော အပြောဖြင့် ပြန်လည်စိုပြေစေလိုက်သည်။

''ကဲ ...မင်္ဂလာရှိတဲ့ညချမ်းမှာ မင်္ဂလာရှိတဲ့အခမ်းအနားအတွက် ဆရာတာရာလင်းနဲ့ မောင်သင့်တင့်အောင်တို့ သားအဖ အနုပညာနယ်မှာ အောင်မြင်မှု သရဖူဆောင်းဖို့အတွက် ကျွန်တော် တို့အားလုံး ဝိုင်းပြီး ဆုမွန် ကောင်း တောင်းကြစို့ဗျား''

ဦးဘသက်က သူ့ရှေ့ရှိဝီစကီဖန်ခွက်ကို ကောက်ကိုင်၍ မြှောက်ရင်း ပြောလိုက်သည်။

လူအားလုံး ကိုယ့်ရှေ့ရှိဖန်ခွက်အသီးသီးကို ကောက်ကိုင် မြှောက် ကာ ဖန်ခွက်အချင်းချင်း ထိခတ်စေလိုက်ပြီး နှုတ်မှ သံပြိုင်ရွတ်ဆိုလိုက်လေ သည်။

''ချီးယားစ်''

* * *


တီဗီဖန်သားပြင်မှ မြင်ကွင်းများ က ဖျတ်ခနဲ ပျောက်သွားသည်။

သူက သူ့လက်ထဲရှိ အဝေးထိန်းကိရိယာဖြင့် ရုပ်မြင်သံကြားစက်ကို လှမ်း၍ ပိတ်လိုက်ခြင်း ဖြစ်သည်။

''ဘာလဲ ...ဘာအောင်မြင်မှု သရဖူလဲ။ ဘယ်သူ့အတွက် အောင်မြင်မှု လဲ။ သွား ...သွားစမ်း''

သူသည် လက်ထဲမှ ရီမုကွန်ထရိုးကို တီဗီရှိရာသို့ ပစ်ပေါက်လိုက် သည်။ အဝေးထိန်း ကိရိယာလေးသည် တီဗီမှန်သားပြင်ကို ထိခတ်ကာ အဝေးသို့ လွင့်စင်သွားလေသည်။

သူသည် ဦးလင်းအောင်က သင့်တင့်အောင်ကို မွေးစား စာချုပ်ချုပ် ဆိုသည့်ညက ရိုက်ထားသော ဗီဒီယိုခွေကို ပြန်ကြည့်ပြီး ဒေါသပေါက်ကွဲ နေခြင်း ဖြစ်ပါသည်။

သူသည် သုံးနှစ် တာကာလအတွင်း ဒီဗီယိုခွေကို အကြိမ်ကြိမ် အခါခါ ပြန်ကြည့်မိသည်။ ကြည့်တိုင်းလည်း ဒေါသထွက်ရသည်။ မကြည့်ဘဲ လည်း မနေနိုင်ပါချေ။

မကြည့်ဘဲမနေနိုင်ရသည့်အကြောင်းမှာ သူ့ကိုယ်သူ သင့်တင့် အောင် အ ဖြစ်နှင့် သင့်တင့်အောင် ခန္ဓာကိုယ်ထဲတွင် သူ့ဝိညာဉ်ကို တွဲ လျက် မြင်ရခြင်းမှာ ဤအခမ်းအနားတွင် နောက်ဆုံးအကြိမ် ဖြစ်သော ကြောင့်ပင် တည်း။ ယခု ဒေါသပေါက်ကွဲနေသော သူ သည် ...

ခန္ဓာကိုယ်အားဖြင့် အိုမင်းနေပြီး အသက်အားဖြင့် ငါးဆယ်ကျော် အရွယ်ရှိသော လူ တစ်ယောက် ဖြစ်ပါသည်။ ထိုသက်ကြီးရွယ်အိုခန္ဓာကိုယ်ဖြင့် သူက အခန်းနံရံရှိ ကိုယ်လုံးပေါ် မှန်ကြီး ရှေ့သို့သွားရောက်ကာ မှန်ထဲမှာ ပေါ်လာသည့် သူ့ပုံရိပ်ကို ကြည့်လိုက် သည်။

မှန်ထဲမှ အဘိုးအိုတစ်ဦးက သူ့ကို ပြန်ကြည့်နေလေ၏ ။

''မဟုတ်ဘူး ...အဲဒါ ငါ မဟုတ်ဘူး။‘ ဒါလူယုတ်မာကြီး လုပ် ကြံထားတဲ့ အပုပ်ကောင်ကြီး ...ဖုတ်ကောင်ကြီး။ ငါက နုပျိုသန်စွမ်းတဲ့ လူငယ်လေး။ ငါဟာ သင့်တင့်အောင်။ ငါ့ရဲ့ ဝိညာဉ်ကို ခွာပြီး ငါ့ခန္ဓာကိုယ်ကို ယူသွားတဲ့ အယုတ်တမာကောင်ကြီး မြန်မြန်သေပါစေဗျာ။ ဒေါက်တာ ပက် ထရစ်ကနောင် ဆိုတဲ့မှော်ရူးကြီး မြန်မြန်သေပါစေ။ အီး ...ဟီး ...ဟီး''

သူက သူရူး တစ်ယောက် သဖွယ် အော်ဟစ်ကြိမ်းဝါးရင်း ယူကျုံး မရစွာ ဟစ်ငိုလိုက်သည်။ သူ့ပေါက်ကွဲကြိမ်းမောင်းသံက မြေအောက်ခန်း တစ်ခုလုံးကို လွှမ်းမိုးကာ ပဲ့တင်ထပ်မြည် ဟည်းသွားလေသည်။

ငါးနှစ် ကြာမျှ မြေအောက်ခန်းတွင် ပိတ်လှောင်ခံထားရသော သူ သည် ရူးသွပ်လုနီးပါးစိတ်နှလုံးနောက်ကျုရှုပ်ထွေးကာ ဒေါသနှင့် နာကြည်းမှု ရောထွေးရင်း အတန်ကြာမျှ ရှိုက်ငိုနေမိ၏ ။

တကယ်တော့ သူသည် ဤသို့ပင် သူ့ဘဝသူသတိရတမ်းတမိတိုင်း ငိုခဲ့ရသည့် အကြိမ်ပေါင်း မရေတွက်နိုင်တော့ပါ။

သူသည် အမှန်တကယ်ပင် သွက်သွက်ခါ ရူးသွပ်သွားလိုက်ချင်ပါ သည်။ ရူးနေတာကမှ သူ့ရဲ့ ခံစားမှု ကို သက်သာရာရစေပါဦးမည် ။

ခုတော့ အမှန်တရားကို ရင်ဆိုင်နိုင်စွမ်းမရှိတော့သည့် မျှော်လင့် ချက်မဲ့ ဘဝကြီးထဲတွင် ပျင်းရိခြောက်သွေ့စွာ ရှင်သန်နေရခြင်းက သူ့စိတ်ကို မခံချိမခံသာ ဖြစ်စေသည်။

သူသည် သင့်တင့်အောင်အ ဖြစ်နှင့် လှပ၍ ပျော်မွေ့ဖွယ်ကောင်းသော ဘဝကိုလည်းကောင်း၊ သူ့ဘဝထဲသို့ တက္ကသိုလ်တာရာလင်းဟု အမည် ခံထား သည့်မိစ္ဆာဆိုးတစ်ကောင် ဝင်ရောက်လာခဲ့ပုံများ ကိုလည်းကောင်း တစ်ခုချင်း ပြန်လည်သတိရလာလေသည်။

သူ့ကိုယ်ပေါ်တွင် ဆင်ယင်ထားသော ဝတ်စုံမှာ ပြင်သစ်ကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်လိုက်သော ညနေခင်းဝတ်စုံ ဖြစ်သည်။ အနက်ရောင် ဝတ်စုံ သည် သင့်တင့်အောင်၏ ရင်အုပ်ကျယ်၍ ရှပ်ဟိုက်သော ဗိုက်သားပြင်၊ ရှည်သွယ်သော ပေါင်တံရှိသည့် မြင့်မားသော ခန္ဓာကိုယ်နှင့် အတိအကျ လိုက်ဖက်ညီထွေရှိနေပါ၏ ။

သင့်တင့်အောင်က အကြိမ်ကြိမ် အထပ်ထပ်လေ့ကျင့်ထားပြီး ဖြစ် သော မော်ဒယ်ဘွိုင်းလမ်းလျှောက်ဟန်ဖြင့် စင်မြင်၏ နောက်ဘက်ထောင့်မှ ရှေ့ဘက်ရှိ တခြားတစ်ဖက်ထောင့်သို့ ကန့်လန့်ဖြတ် လှပစွာ လျှောက်လာခဲ့ သည်။

ဟိုတယ်သီးသန့်ခန်းမတစ်ခုလုံး မီးများ မှိန်သွားပြီး လွင်၍ တောက်ပ သော ဆလိုက်မီးတစ်ခုကသာ စင်ပေါ်ရှိသင့်တင့်အောင် လျှောက်လှမ်းသွားရာ နောက်သို့ လိုက်၍ ထိုးပြနေသည်။

အစီအစဉ်ကြေညာသူအမျိုးသမီးအသံဖြင့် ပြင်သစ် ဖြစ်ညနေခင်း ဝတ်စုံအကြောင်း ရှင်းလင်းချက်က ဆောင်းဘောက်စ်များ မှတစ်ဆင့် ထွက်ပေါ် လာသည်။

ရှင်းလင်းချက်စကားသံအဆုံး သင့်တင့်အောင်၏ ကိုယ်ဟန်ပြမှု က အချိန်ကိုက် ရပ်အသွား ခန်းမတစ်ခုလုံး မီးများ ပြန်လင်းလာသည်။

လက်ခုပ်သံများ လည်း တဖြောင်းဖြောင်း ထွက်ပေါ်လာပါ၏ ။

ပရိသတ်ကို ဦးညွှတ်နှုတ်ဆက်ကာ စင်ပေါ်မှ သင့်တင့်အောင် လှပစွာ ဆင်းသက်လာခဲ့သည်။

နောက်ဘက်ရှိ အဝတ်လဲခန်းသို့ လှမ်းအသွား -

''မောင်သင့်''

တိုးညင်းစွာ လှမ်းခေါ်လိုက်သော နည်းပြဆရာ၏ အသံကြောင့် သင့်တင့်အောင် လှည့်ကြည့်လိုက်ရာ - သူ့မော်ဒယ်နည်းပြဆရာဂျော်နီသွင်က စားပွဲတစ်လုံးတွင် ထိုင်ရင်း လက်ယပ်လှမ်းခေါ်နေသည်။

ဂျော်နီသွင်နှင့် တစ်ဝိုင်းတည်းတွင် ခံ့ညားသော လူကြီးတစ်ဦး ထိုင်နေလျက် သူ့ကို စိတ်ဝင်တစား လှမ်းကြည့်နေသည်ကို တွေ့ လိုက်ရပါ၏ ။

သင့်တင့်အောင်က သူတို့စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

''ထိုင် ...မောင်သင့် ...မင်းကို မိတ်ဆက်ပေးမလို့''

မိတ်ဆက်ပေးမည် ဆို၍ မထိုင်သေးဘဲ ပုဂ္ဂိုလ်ကြီးကို ပြုံးပြလိုက် သည်။ သင့်တင့်အောင်၏ နှုတ်ခမ်းညာဘက်မှာ သွားတက်ကလေး ပေါ်သွား သည်။ ဤသွားတက်ကလေးသည် သင့်တင့်အောင်အား ပို၍ စွဲမက်ဖွယ် ကောင်းစေရန် ဖန်တီးပေးထားသည့် မွေးရာပါအလှတစ်ပါး ဖြစ်ပါ၏ ။

''အိုး ...ဂျော်နီ၊ မောင်ရင့်တပည့်က အနီးကပ်ကြည့်မှ ပိုပြီး လှနေပါလားကွယ်။ Venus Andsome ''

ပုဂ္ဂိုလ်ကြီး၏ ချီးကျူးစကားကြောင့် သင့်တင့်အောင်က ကိုယ်ကို ညွတ်ရင်း ...

''ကျေးဇူးတင်ပါတယ် ...အန်ကယ်ခင်ဗျား''

ဟု ပြောလိုက်သည်။ ဒါလည်း လေ့ကျင့်ပုံသွင်းထားသည့် အမူအရာ တစ်ခု ဖြစ်ပါ၏ ။

ဂျော်နီသွင်က သူ့မော်ဒယ်အေဂျင်စီမှ တပည့် ဖြစ်သူ သင့်တင့် အောင်၏ ရည်မွန်နှစ် လိုဖွယ်ကောင်းသော အမူအရာများ ကိုကြည့်၍ ဂုဏ်ယူ သော အပြုံးကို ပြုံးလိုက်သည်။

''မောင်သင့်ရေ ...ဒီအန်ကယ်က ဦးလင်းအောင်တဲ့။ အန်ကယ် က စာရေး ဆရာ တစ်ယောက် ပဲ။ စာရေး ဆရာတက္ကသိုလ် တာရာလင်းဆိုတာ အန်ကယ်ပဲ''

''သြော်''

သင့်တင့်အောင်က နာမည် ကြီးစာရေး ဆရာဆိုသော အသိကြောင့် အထင်ကြီးလေးစားသွားသည်။

''အန်ကယ်က နာမည် ကြီးပဲ။ အန်ကယ့်ဝတ္ထုတွေ ကျွန်တော် ဖတ် ဖူးပါတယ် ခင်ဗျား''

အမှန်က တက္ကသိုလ်တာရာလင်း၏ ဝတ္ထုများ ကို သင့်တင့်အောင် မဖတ်ဖူးပါ။ တက္ကသိုလ်တာရာလင်း ကျော်ကြားစဉ်ကာလက သင့်တင့်အောင် အရွယ်မရောက်သေးပေ။ တာရာလင်း၏ အမည် ကို ကြားရုံသာကြားဖူးသည်။

တက္ကသိုလ်တာရာလင်း၏ ဝတ္ထု အသစ်များ မထွက်တော့သည်မှာ ပင် ဆယ်နှစ် ကျော်ကြာ မြင့်ခဲ့ပြီ။ ဝတ္ထုအဟောင်းများ သာ ဒုတိယ အကြိမ်ရိုက်၊ တတိယ အကြိမ် ရိုက်အ ဖြစ် တစ်နှစ် တစ်အုပ် နှစ် အုပ်လောက် ထွက် ဖြစ်တော့သည်။ သင့်တင့်အောင်က လူမှု ရေး အရ ပဋိသန္ဓာရစကားဆိုလိုက်ခြင်းသာ ဖြစ်ပါ၏ ။

ဦးလင်းအောင်ကလည်း ဝါရင့်အတွေ့ အကြုံများ သူ စာရေး ဆရာ တစ်ဦးပီပီ သင့်တင့်အောင် အတည်ပေါက်လှိမ့်လိုက်သည်ကို ရိပ်မိသိရှိပုံရပါ သည်။ အပေါ်ယံဟန်ဆောင်လောက ပတ်ဝန်းကျင်မှာ ဒီလိုပဲ ကြုံနေကျမို့ ဦးလင်းအောင်ကပြုံးပဲ နေလိုက်သည်။

''မောင်သင့်က ကျွန်တော့်တပည့်ထဲမှာ တော့ အလားအလာ အရှိ ဆုံးပါပဲ အန်ကယ်'' ဦးလင်းအောင်က ခေါင်းညိတ်ထောက်ခံ၏ ။

ဦးလင်းအောင်က စတင်၍ သင့်တင့်အောင်ကို လက်ကမ်းပေးလိုက် သည်။

သင့်တင့်အောင်နှင့် ဦးလင်းအောင်တို့ လက်ချင်းဆွဲ၍ နွေးထွေးစွာ နှုတ်ဆက်လိုက်၏ ။

''ထိုင် ...မောင်သင့်၊ အန်ကယ်ဦးလင်းအောင်က မင်းနဲ့ အလုပ် တွဲ လုပ်ချင်တဲ့ ဆန္ဒ ရှိတယ်''

ဂျော်နီသွင်၏ စကားကြောင့် သင့်တင့်အောင်၏ ရင်မှာ ထိတ်ခနဲ ဖြစ်သွားသည်။ အနုပညာနယ်မှာ အောင်မြင်ရန် ငွေကြေးရော၊ အသိုင်းအဝိုင်း ပါ ချို့တဲ့ရှာသည့်သူ့အဖို့ မြေတောင်မြှောက်ပေးမည့်  ငွေရှင်လုပ်ငန်းရှင်အား မျှော်လင့်မိသည်ကို ဝန်ခံရပေမည် ။

''ဟုတ်ကဲ့ အန်ကယ်''

သင့်တင့်အောင်က ရိုကျိုးစွာ ပြောလိုက်ပြီး လွတ်နေသော ကုလား ထိုင်တွင် ဝင်ထိုင်လိုက်၏ ။

''အန်ကယ်က မောင်သင့်တင့်အောင်ပါတဲ့ေ မ်ာဒယ်ရှိုးသုံးလေးပွဲ လောက် ကြည့်ဖူးပါတယ်'' ''ဟုတ်ကဲ့ အန်ကယ်''

''နှလုံးခုန်သံများ စီးရီးကြော်ငြာနဲ့ တီသုံးလုံး ကိတ်မုန့်ကြော်ငြာတွေ မှာ လည်း မောင်သင့်တင့်အောင်ကို သတိပြုမိခဲ့ပါတယ်''

''ဟာ ...အန်ကယ်။ အဲဒီ တီဗီကြော်ငြာနှစ် ခုစလုံးမှာ ကျွန်တော် က အရံအနေနဲ့ စက္ကန့်ပိုင်းလေး ဖျတ်ခနဲပါတာပါ။ အန်ကယ်က သတိထားမိ သားပဲ''

''ဟုတ်တယ်ကွယ့်၊ သတိထားမိဆို မောင်သင့်တင့်အောင်ရဲ့ ရုပ် လက္ခဏာပုံပန်းသ္ဌဏာန်ဟာ အန်ကယ့်စိတ်ကူးထဲက သူရဲကောင်းနဲ့ တူနေ တာကိုး''

''ဗျာ''

''အန်ကယ် စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်ကောင်မင်းသားဟာ မောင် သင့်တင့်အောင်နဲ့ လိုက်လျောညီထွေ အရှိဆုံးပါပဲကွယ်''

''ကျွန်တော် နားမလည်သေးဘူး အန်ကယ်။ ကျွန်တော့်ကို ကိုဂျော်နီ ခေါ်သလို မောင်သင့်လို့ပဲ ခေါ်နိုင်ပါတယ်။ နာမည် အပြည့်အစုံ ရွတ်ရတာ ပင်ပန်းပါတယ်''

ဦးလင်းအောင်က ပြုံးလိုက်သည်။

''အန်ကယ်ဟာ စာရေး ဆရာ တစ်ယောက် ဆိုတာ မောင်ရင့်ကို ပြော ထားပြီးပြီနော်''

''ဟုတ်ကဲ့''

''အန်ကယ် ကျော်ကြားခဲ့တာ လွန်ခဲ့တဲ့ နှစ် ပေါင်းနှစ် ဆယ်လောက် ကပါ။ အန်ကယ်တို့ ခေတ်က စာရေး ဆရာတွေ ဟာ ပင်တိုင်ဇာတ်ကောင်ထား ပြီး ရေး ဖွဲ့လေ့ရှိကြတယ်ကွယ့်''

''ဟုတ်ကဲ့''

''ဆရာကြီးရွှေဥဒေါင်းက စုံထောက်မောင်စံရှားကို ပင်တိုင်ထား သလို၊ ဆရာကြီးဒဂုန်ရွှေမျှားက စုံထောက်ဦးထင်ကျော်လို့ ရေး ခဲ့တယ်။ ဒါ လည်း နိုင်ငံခြားစာပေတွေ ကတစ်ဆင့် မြစ်ဖျားခံလာတာပေါ့လေ။ အန်ကယ်တို့ ခေတ်အထိ ပင်တိုင်ဇာတ်ကောင်ထားပြီး ရေး ဖွဲ့ ကြတဲ့ ဝတ္ထုတွေ ခေတ်စားခဲ့ တယ်ကွယ့်''

ဆရာတက္ကသိုလ်တာရာလင်း၏ ပင်တိုင်ဇာတ်ကောင်ကို စာဖတ်လေ့ မရှိသော သင့်တင့်အောင် မသိပါပေ။

ခပ်စောစောက ဦးလင်းအောင်၏ ဝတ္ထုများ ကို ဖတ်ဖူးပါသည်ဟု ဖြီးထားမိသဖြင့် သင့်တင့်အောင် မျက်နှာပူ မိသေးသည်။

''တက္ကသိုလ်တင်မြင့်က မိန်းမဇာတ်ကောင် လေးလေးမြင့်ကို ပင် တိုင် ရေး ခဲ့သလိုပေါ့ကွယ်။ ဆွေလှိုင်ဦးကလည်း သူ့မင်းသား ကိုဘခက်လို့ ပင်တိုင်ထားခဲ့တယ်''

''ကျွန်တော် သဘောပေါက်ပါတယ် အန်ကယ်။ ဆားပုလင်းနှင်း မောင်တို့။ ဆားပုလင်းမင်းအောင်တို့လိုပေါ့နော်''

သင့်တင့်အောင်က လောလောဆယ်ထွက်နေသည့် သူသိသော ဝတ္ထုများ ကို ကိုးကား၍ ပြောလိုက်သည်။

''ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီ စုံထောက်ဇာတ်ကောင်တွေ က ပုံသေ စရိုက်တွေ ပဲ။ ဘယ်ဇာတ်လမ်းမှာ ဖြစ် ဖြစ် စုံထောက်ပဲ။ ဒီလိုအတွေးအခေါ်၊ ဒီလိုအကျင့်စရိုက်၊ ဝတ်စားဆင်ယင်ပုံက အစအတူတူပဲ''

''တက္ကသိုလ်တင်မြင့်တို့ ...ဆွေလှိုင်ဦးတို့ ကတော့ စရိုက်ကို အရှင်ထားတယ်။ လေးလေးမြင့်ဟာ ဒီဇာတ်လမ်းထဲမှာ ကျောင်းဆရာမ ဖြစ်နေပေမဲ့ တခြားဇာတ်လမ်းတွေ မှာ တက္ကသိုလ်ကျောင်းသူ၊ လေယာဉ် မယ်၊ ဆရာဝန်မ စသဖြင့် ဇာတ်လမ်းအရ စရိုက်ပြောင်းပြီး လှုပ်ရှားတယ်။ ဆွေလှိုင်ဦးကလည်း ဘခက်ကို ဓားဘခက်၊ စက်ဘခက်၊ စန္ဒရားဘခက် စသဖြင့် ဇာတ်လမ်းအရ စရိုက်အမျိုးမျိုး ပြောင်းပြီး ရေး ခဲ့တာပဲ''

''ဟုတ်ကဲ့''

ဆရာတာရာလင်း၏ စကားများ ကို သင့်တင့်အောင်သာမက ဂျော်နီ သွင်ကပါ စိတ်ဝင်တစားနားထောင်နေခဲ့သည်။ ဦးလင်းအောင် ဘာရည်ရွယ် ချက်နှင့် ဒီလောက် နိဒါန်းပျိုးနေပါလိမ့်ဟု သူတို့နှစ် ယောက် လုံး စိတ်ဝင်စား နေကြ၏ ။

စင်မြင့်ပေါ်မှ ဝတ်စားဆင်ယင်မှု ပြပွဲမှာ မပြီးဆုံးသေးပေ။ စင်မြင့်ဆီ မှ ရောင် စုံဆလိုက်မီးများ က တစ်ချက်တစ်ချက် သူတို့စားပွဲဆီ ဝေ့ကျလာ၏ ။လက်ခုပ်သံများ ကလည်း မစဲအောင် ထွက်ပေါ်ဆဲ။

သင့်တင့်အောင်နှင့် ဂျော်နီသွင် ကတော့ ဦးလင်းအောင် စကားများ ထဲတွင် စိတ်ဝင်စားကာ ခန်းမထဲမှ ဖျော်ဖြေပွဲကို အာရုံမထားမိတော့ပေ။

''အန်ကယ့်ရဲ့ ပင်တိုင်မင်းသားဟာလည်း စရိုက်ရှင်ပဲ''

''အန်ကယ့်ရဲ့ မင်းသားက''

'' အာကာဘို တဲ့''

'' အာကာဘို''

သင့်တင့်အောင်က ပဲ့တင်ထပ်ရွတ်ကြည့်လိုက်မိသည်။

''အာကာဘိုဟာ အမြဲတမ်းအားနည်းသူဘက်က ရပ်တည်တယ်။ အာကာဘိုဟာ စွန့်စားရဲတယ်၊ စွန့်လွှတ်ရဲတယ်။

အချစ်မှာ လည်း သစ္စာတရား ကြီးမားတယ်။ ယောက်ျားပီသပြီး ရုပ်ရည်ချောမောတယ်။ လှုပ်ရှားမှု မှာ လည်း သွက်လက်ဖျတ်လတ်တယ်။ ကိုယ်ခံပညာမျိုးစုံ တတ်ကျွမ်းတယ်။ အမှန်တရား အတွက် စွန့်လွှတ်စွန့်စားတဲ့ဇာတ်လမ်းတွေ မှာ အာကာဘိုဟာ ပါဝင်အသုံးတော် ခံလေ့ရှိတယ်ကွယ့်''

''သြော်''

''အန်ကယ့်ဝတ္ထုတွေ အောင်မြင်ခဲ့ပါတယ်။ တချို့ဆို ဒုတိယအကြိမ်၊ တတိယအကြိမ် ပြန်ထုတ်နေရဆဲပါ။ အဲ ...ဝတ္ထုအောင်မြင်ကျော်ကြားတာ နဲ့ အားလျော်စွာ ရုပ်ရှင်အ ဖြစ်အသွင်ပြောင်းခဲ့ရတာ တွေ လည်း ရှိပါတယ်''

ဦးလင်းအောင်က သူ့ဝတ္ထုများ ကို ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကား နှစ် ကားအမည် ကို ရွတ်ပြလိုက်သည်။

''မအောင်မြင်ခဲ့ပါဘူးကွယ်''

နှုတ်ခမ်းကိုမဲ့ရင်း ခေါင်းယမ်းကာပြော၏ ။

''မအောင်မြင်တာဟာလည်း မဆန်းဘူးလေ။ အန်ကယ်က ဇာတ် လမ်းကို ဂျိမ်းစ်ဘွန်း ဆန်ဆန်သွက်သွက်လက်လက် လှုပ်လှုပ်ရှားရှား ရေး ထား တာ။ အန်ကယ့်ဝတ္ထုထဲမှာ ဝေဟင်ထဲမှာ လှုပ်ရှားတဲ့အခန်းတွေ ၊ ရေအောင် တိုက်ပွဲတွေ ၊ တောတွင်းစွန့်စားခန်းတွေ ၊ မင်းသားနဲ့လူဆိုး တိုက်ခိုက်ရာမှာ မင်းသားရဲ့ ကိုယ်ခံပညာပြကွက်တွေ စိတ်ကူးဆန်းသလောက် ထည့်ရေး ထား တာကလား။ ရုပ်ရှင်က ဘယ်မီအောင် ရိုက်နိုင်ပါ့မလဲကွယ်။ အဲဒီ ခေတ်က အဖြူအမည်းရုပ်ရှင်ခေတ်ဆိုတော့ ပိုဆိုးတာပေါ့။ စက်မှု ပိုင်းအရလည်း အား နည်းခဲ့တယ်။ ပြီးတော့ မင်းသား''

ဦးလင်းအောင်က သူ့ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသားအမည် ကို ပြောပြသည်။

''စောစောက အန်ကယ်ပြောပြတဲ့ အာကာဘိုရဲ့ စရိုက်နဲ့ အဲဒီ မင်းသားပုံစံကို စိတ်ကူးထဲမှာ ယှဉ်ကြည့်ပေတော့။ ရယ်စရာကြီး ဖြစ်မနေဘူး လားကွယ်။ မင်းသားက အဲဒီ အချိန်ကတည်းက အသက် ၃ဝ ကျော်နေပြီ။ လူက သေးသေးညှက်ညှက်။ ထုတ်လုပ်တဲ့သူကလည်း ဈေးကွက်ဝင် နာမည် ကျော်မင်းသားကို ရွေးရတာ ကိုး။ မြန်မာရုပ်ရှင်လောကမှာ အားနည်းချက်က ဒါပဲ။ ဇာတ်ကောင် စရိုက်နဲ့ လိုက်မယ့်လူကို ရွေးခွင့်မရှိဘူး။ အခုခေတ်ထိ ဒီလိုပါပဲ။ အဲဒီ မှာ အန်ကယ့်ဇာတ်လမ်းလည်း ပျက်တော့တာပဲ။ အာကာဘို စရိုက်လည်း မပေါ်တော့ဘူး''

ဦးလင်းအောင်က ပြောရင်း နာကြည်းဟန်၊ စိတ်ပျက်ဟန် ပေါ်လာ သည်။

''ရုပ်ရှင်မရိုက်ရတာ ကမှ တော် သေးရဲ့ ကွယ်။ ရိုက်မှစိတ်ပျက်ရတော့ တာပဲ။ အန်ကယ်ဟာ အဲဒီ အချိန်ကတည်းက တစ်နေ့ အန်ကယ့်ဝတ္ထုတွေ ကို အဆင့်မီရုပ်ရှင်ဇာတ်ကားတွေ အ ဖြစ် ထုတ်လုပ်ဖို့ စိတ်ကူးခဲ့ပါတယ်။ ခုတော့ စက်မှု ပိုင်းအရရော၊ အတတ်ပညာပိုင်းအရပါ ရုပ်ရှင်ဘက်မှာ အထိုက် အလျောက် တိုးတက်လာပါပြီ။ စာရေး အားနည်းသွားတဲ့အချိန်မှာ ရုပ်ရှင်လုပ် ငန်းဘက်လှည့်ဖို့ ရုပ်ရှင်လုပ်ငန်းကို လေ့လာနေတာပဲ။ ငွေ ကိုလိုသလို သုံး နိုင်တဲ့အင်အား အန်ကယ့်မှာ ရှိပါတယ်။ ခက်နေတာက အာကာဘိုအ ဖြစ် သရုပ်ဆောင်ပေးမယ့် မင်းသားပဲ''

ဦီးလင်းအောင်. ဆိုလိုရင်း ကို သဘောပေါက်သလို ရှိလာသည်။

သင့်တင့်အောင် ရင်တွေ တဒိတ်ဒိတ် ခုန်လာ၏ ။

''မောင်သင့်ကိုမြင်ရတော့ အာကာဘိုနဲ့အတူဆုံး လူ တစ်ယောက် အ ဖြစ် ခံစားမိတယ်''

''အန် ...အန်ကယ်''

သင့်တင့်အောင်သည် တစ်ခုခုကို ပြောချင်ပေမယ့် ဘာပြောရမှန်း မသိ။ စိတ်လှုပ်ရှားမှု ဖြင့် နှုတ်ဆွံ့နေသည်။

ဂျော်နီသွင်က အားရဝမ်းသာလေသံဖြင့် ဝင်မေးလိုက်သည်။

''အန်ကယ်က အန်ကယ်ထုတ်လုပ်မယ့်ဇာတ်ကားတွေ မှာ မောင် သင့်ကို မင်းသားတင်မယ်လို့ ဆိုလိုတာလားဟင်''

လူငယ်နှစ် ဦး၏ စိတ်လှုပ်ရှားမှု ကို နားလည်သော အပြုံးဖြင့် ဦးလင်း အောင်က ပြုံးပြလိုက်သည်။

''အာကာဘိုဇာတ်ကောင်ကို မင်းသား တစ်ယောက် တည်းက ပင်တိုင် သရုပ်ဆောင်စေချင်တယ်။ ဂျိမ်းစ်ဘွန်းအ ဖြစ် ပထမပိုင်းမှာ ရှောင်ကွန်နရီက ချည်း သရုပ်ဆောင်ခဲ့သလိုပေါ့ ။ အန်ကယ် ဖန်တီးထားတဲ့ အာကာဘိုစရိုက်ဟာ မောင်သင့်နဲ့ အလိုက်ဖက်ဆုံးပါပဲ''

''ဒါ ...ဒါဖြင့် အန်ကယ်က မောင်သင့်ကို မင်းသား တင်မယ်ပေါ့ နော်''

''ယတိပြတ်တော့ အန်ကယ် မပြောပါရစေနဲ့ဦး။ လက်ရှိ အခြေ အနေမှာ တော့ မောင်သင့်ဟာ အန်ကယ် မျက်စိအတွေ့ ဆုံးလူပါ။ လုပ်ငန်းက ငွေသိန်းသန်းကုဋေ ချီပြီး ရင်းနှီးရမှာ ။ ပြီးတော့ တစ်နိုင်ငံလုံးကို တင်ပြရမယ့် အလုပ်။ အောင်မြင်ရင် ကမ္ဘာ့ဈေးကွက်ထိ ဝင်ဆံ့ဖို့ အန်ကယ်က မှန်းထား တာ။ မောင်သင့်ကို အန်ကယ် အနီးကပ်လေ့လာချင်ပါသေးတယ်''

''ဟာ ...လေ့လာပါ အန်ကယ်။ မောင်သင့်ကို အန်ကယ် သဘောကျမှာ ပါ။ ကျွန်တော့်အေဂျင်စီမှာ မောင်သင့်က နံပါတ်ဝမ်း မော်ဒယ် ဘွိုင်းပါ အန်ကယ်။ သူက ဂျူဒို ကရာတေး ကိုယ်ခံပညာတွေ လည်း တတ် ပြီးသား။ ရုပ်ရည်၊ အရပ်အမောင်း ကတော့ အန်ကယ် မြင်တဲ့အ တိုင်းပဲ။ အန်ကယ် သဘောကျမှာ ပါလေ''

ဂျော်နီသွင်က တပည့်အတွက် အားရဝမ်းသာစွာ စကားပို့ပေးရှာ သည်။ သင့်တင့်အောင်၏ အောင်မြင်မှု သည် သူ့မော်ဒယ်အေဂျင်စီကိုလည်း ဂုဏ်တက်စေမည် မဟုတ်ပါလား။

သင့်တင့်အောင်ကိုယ်တိုင်မှာ တော့ ဝမ်းသာမှု အဟုန်ဖြင့် တစ်ကိုယ် လုံး မူးမိုက်ပြာဝေသွားသလို ဖြစ်ကာ ပတ်ဝန်းကျင်ကိုပင် မမြင်နိုင်တော့ဘဲ အသည်းနှလုံးတွေ ဖြန်းဖြန်းခါတုန်လှုပ်ပြီး ဆောက်တည်ရာမရ စိတ်လှုပ်ရှား သွားမိလေပြီ။

ယင်းသည်ပင် ဦးလင်းအောင် ခေါ် စာရေး ဆရာတက္ကသိုလ် တာရာ လင်းနှင့် ပထမဆုံးအကြိမ် တွေ့ ဆုံခဲ့ရခြင်း ဖြစ်ပြီး ထိုစဉ် ကတော့ ဦးလင်း အောင်သည် သူ့ဘဝကို ထွန်းတောက်အောင်မြင်စေရန် ကောင်းကင်မှ စေ လွှတ်လိုက်သော တမန်တော် တစ်ပါးဟုပင် ကျေးဇူးတင်ထင်မြင်ခဲ့ပါလေ၏ ။

* * *


အခန်း (၂)

ဧည့်သည်ရောက်နေသည်ဆို၍ အဆောင်အောက်ထပ်သို့ ဆင်းလာ ခဲ့သော သင့်တင့်အောင်သည် မမျှော်လင့်ဘဲ ဦးလင်းအောင်ကို ပါလာထဲ၌ ထိုင်လျက် တွေ့ လိုက်ရသည်တွင် အလွန်အမင်း အံ့အားသင့်သွားမိ၏ ။

''ဟာ ...အန်ကယ်''

စာဖတ်နေရာမှ ဆင်းလာခဲ့ခြင်း ဖြစ်၍ ဖတ်လက်စ စာအုပ်က လက်ထဲမှာ ကိုင်လျက်ပါလာသည်။ သူဖတ်နေသည့် စာအုပ်မှာ လွန်ခဲ့သော ၁၅ နှစ် ခန့်က ထုတ်ဝေခဲ့သည့် တက္ကသိုလ်တာရာလင်း၏ လုံးချင်းဝတ္ထု တစ်ပုဒ် ဖြစ်ပါသည်။

မော်ဒယ်ရှိုးပွဲမှာ ဦးလင်းအောင်နှင့် ဆုံခဲ့ပြီးနောက်ပိုင်း တက္ကသိုလ်တာရာလင်း၏ ဝတ္ထုများ ကို တမင်ရှာဖတ်ကြည့်နေခြင်း ဖြစ်သည်။ သက်တမ်းရင့် စာအုပ်အငှားဆိုင်ကြီးတစ်ဆိုင်မှာ တက္ကသိုလ်တာရာလင်းဝတ္ထု များ စီးရီးလိုက်ရှိနေပါ၍ ငှားဖတ်ခဲ့ရာ သုံးအုပ်ဖတ်ပြီးပေပြီ။

ဦးလင်းအောင်က သင့်တင့်အောင်လက်ထဲတွင် သူ၏ နုစဉ်က လက်ရာကို တွေ့ လိုက်၍ ကျေနပ်ပြုံးပြုံးလိုက်သည်။

''ကျွန်တော် အန်ကယ့်ဝတ္ထုတွေ ပြန်ရှာဖတ် ဖြစ်တယ် အန်ကယ်''

သင့်တင့်အောင်က ကုလားထိုင်တွင် ဝင်ထိုင်ရင်းမှ လက်ထဲက စာအုပ်ကို မြှောက်ပြကာ ပြောလိုက်သည်။

''ကောင်းတာပေါ့ကွယ် ...များများ ဖတ် ဖြစ်ရင် အာကာဘိုရဲ့ စရိုက်ကို မောင်သင့် စိတ်ဝင်စားကြည့်လို့ ရလာမှာ ပါ''

ဦးလင်းအောင်စကားက သင့်တင့်အောင်ကို တအားတက်သွားစေခဲ့ သည်။ ရုပ်ရှင်ရိုက်ခဲ့လျှင် အာကာဘိုနေရာမှာ သရုပ်ဆောင်ဖို့ မျှော်လင့်ချက် ပေးခဲ့သော ဦးလင်းအောင်စကားများ ကြောင့် သူကလည်း ဝတ္ထုဟောင်းတွေ ပြန်ဖတ်၍ လေ့လာနေခြင်း ဖြစ်ပါသည်။

''ဘယ်က လှည့်လာသလဲ အန်ကယ်''

''ကြုံလို့ ဝင်လာတာ မဟုတ်ပါဘူး။ မောင်သင့်ဆီ တမင်လာခဲ့တာ ပါ''

''ဟာ ...အားနာစရာ အန်ကယ်ရာ။ ကျွန်တော့်ကို တွေ့ ချင်ရင် ဖုန်းဆက်ခေါ်လိုက်ပေါ့။ ကျွန်တော် လာတွေ့ မှာ ပါ''

''အန်ကယ်က မင်း နေပုံထိုင်ပုံကိုပါ သိချင်လို့ တမင်လာလိုက်တာ ပါ။ အဆောင်လေးက သပ်ရပ်သားပဲ''

ဦးလင်းအောင်က နှစ် ထပ်ယောက်ျားလေးအဆောင်ကို မျက်လုံးဝေ့ ကြည့်ရင်းပြောသည်။

''အလုပ်အတူတူ လုပ်ကြမယ့်လူအချင်းချင်းဆိုတာ တစ်ယော က် အကြောင်း တစ်ယောက် မကွယ်မဝှက် သိထားဖို့ လိုတယ် မဟုတ်လားကွယ်''

''ဟုတ် ...ဟုတ်ကဲ့ ...အန်ကယ်က ကျွန်တော် နဲ့ အလုပ် လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလားဟင်''

သင့်တင့်အောင်က မဝံ့မရဲ မေးလိုက်သည်။

ဦးလင်းအောင်က သင့်တင့်အောင် စိတ်လှုပ်ရှားသွားသော အမူ အရာကို ပြုံးကြည့်ရင်း ...

''အန်ကယ့်ဝတ္ထုတွေ မောင်သင့် ဖတ်နေတာတွေ့ ရလို့ အခု ချက် ချင်းပဲ ဆုံးဖြတ်လိုက်တာပါကွယ်''

''ဟာ''

သင့်တင့်အောင်.တစ်ကိုယ်လုံး လေထဲမြောက်တက်သွားသယောင် ခံစားလိုက်ရသည်။

''ကဲ ...မောင်သင့်အကြောင်းတွေ အန်ကယ့်ကို ပြောပြပေတော့''

''ကျွန်တော့်အကြောင်း ဘာသိချင်တာလဲ အန်ကယ်''

''မောင်သင့်ရဲ့ တစ်ဘဝလုံးပေါ့ကွယ်။ ပထမဆုံး မောင်သ င့် မွေး သက္ကရာဇ်၊ မွေးနေ့၊ မွေးလ ပြောပါဦး။ အနုပညာလုပ်ငန်းမှာ အောင်မြင်မှု ရနိုင် မရနိုင် ဗေဒင်မေးရဦးမယ်ကွယ့်။ အဟန့်အတား အနှောင့်အယှက်ရှိရင် ယတြာချေသင့်ချေရတာ ပေါ့ကွာ။ မောင်သင့်တော့ အယုံအကြည်ရှိရဲ့ လား မသိဘူး။ ဗေဒင်တို့ လက္ခဏာတို့ကိုလည်း လွှတ်ထားလို့ မ ဖြစ်ဖူးပေါ့ကွယ်''

''ကျွန်တော် ယုံပါတယ်အန်ကယ်''

သင့်တင့်အောင်က မွေးသက္ကရာဇ် အတိအကျကို ပြောလိုက်ရာ ဦးလင်းအောင်က မှတ်စုစာအုပ်တွင် ရေး မှတ်ထား၏ ။

''နာမည် ကရော ...နာမည် ရင်းပဲလား''

''ကျွန်တော့်နာမည် ရင်းက မောင်တင့်အောင် ပါ အန်ကယ်။မော်ဒယ်သင်တန်းဆင်းတဲ့အထိ တင့်အောင်ပါပဲ။ မီဒီယာ နယ်ထဲဝင်ဖို့ နာမည် ရွေးတော့ ဟိုဟာ ကောင်းနိုး၊ ဒီဟာ ကောင်းနိုးနဲ့ အတည်မ ဖြစ်ခဲ့ပါဘူး။ ကိတ်မုန့်ကြော်ငြာမှာ ပါခွင့်ရမယ်ဆိုမှ ကျွန်တော့် ဆရာကို ဂျော်နီနဲ့ နာမည် ရွေးကြတာ ...

''ကျွန်တော် က အော်တိုရေး ပေးရင် နာမည် ရှေ့မှာ သင့် ဆိုပြီး ထည့်လက်မှတ်ထိုးတတ်တယ်။ သင့်တင့်အောင် ပေါ့။ သင့်တင့်အောင်ဆိုတဲ့ သဘောနဲ့ပါ။ အဲဒါကို ကိုဂျော်နီက တွေ့ သွားပြီး သင့်တင့်အောင်လို့ နာမည် ရွေးလိုက်တာပါ''

''ကောင်းလိုက်တဲ့ စိတ်ကူးကွယ်။ တင့်အောင်ဆိုတဲ့ နာမည် ရိုးရိုးကြီး ကို နားဝင်လည်း ချိုအောင်၊ ရိုးရိုးလေးနဲ့လည်း ဆန်းအောင် မောင်ဂျော်နီက ရွေးတတ်ပါပေ့၏ ။ ဒီနာမည် မျိုးက အနုပညာနယ်မှာ မရှိသေးတော့ ဆန်း လည်း ဆန်းတယ်။ လှလည်း လှပါတယ် မောင်သင့်ရေ''

''ကျွန်တော့်ဘဝ ကတော့ ဘာမှမဆန်းပါဘူး အန်ကယ်။ ဆယ်တန်း အောင်တဲ့အထိ နယ်မှာ ပဲ နေခဲ့တယ်။ ရန်ကုန်စွန့်ပြီးထွက်လာတာ အနုပညာ နယ်မှာ ဝင်ဆံ့ချင်လို့ပါ။ ကျွန်တော် က တစ်ဦးတည်းသော သားပါ။ အမေက ကျွန်တော် ၇ တန်းနှစ် မှာ ဆုံးသွားတယ်။ အဖေက အစိုးရ ဝန်ထမ်းရုံးအုပ် ကြီးပါ။ နောက်အိမ်ထောင်မပြုခဲ့ပါဘူး။ ကျွန်တော့်ရန်ကုန်စရိတ်ကို ခုထိ ထောက်ပံ့နေရရှာပါတယ်။ ခုချိန်ထိ အဖေ့ကို အားကိုးနေ ရတုန်းပါပဲ အန်ကယ် ရယ်။ အနုပညာဝါသနာပါလွန်းလို့သာ ရန်ကုန်စွန့်ထွက်လာရတယ်၊ ဝင်ငွေရ အောင် မရှာနိုင်သေးပါဘူး''

ဦးလင်းအောင်က ကရုဏာသက်စွာ ကြည့်လိုက်သည်။

''အန်ကယ်နဲ့ ဘဝချင်းတူလိုက်တာ။ အန်ကယ်လည်း နယ်ကပဲ။ စာရေး ခါစက ချို့ချို့ငဲ့ငဲ့နေခဲ့ရတာ ။ ဒီလိုပေါ့ကွယ်။ အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ခိုင်ခိုင်မာမာထားရင် တစ်နေ့ အောင်မြင်ရမှာ ပါ''

''ဟုတ်ကဲ့ ...ကျွန်တော် လည်း ယုံကြည်ပါတယ်''

ဦးလင်းအောင်က ယခုနေသည့် အဆောင်လခ ဘယ်လောက်ပေးရ တယ်။ တစ်လ ထမင်းစားရိတ် ဘယ်လောက်ကုန်သလဲက အစ အသေးစိတ် မေးမြန်းနေသည်။

''မောင်သင့်မှာ ရည်းစားရော ရှိသလား''

သင့်တင့်အောင်မျက်နှာမှာ ရှက်သွေးဖြန်းသွားသည်။

''ဟုတ်ကဲ့ ...ရှိပါတယ်''

''ဘယ်သူလဲကွယ့် ...ဘယ်ကလဲ''

သူ့ဘဝတစ်ခုလုံးကို အသေးစိတ်သိချင်နေသည့် ဦးလင်းအောင်ကို အံ့သြမိရသည်။ သူက ကိုယ့်ဘဝကို မြေတောင်မြှောက်ပေးမည့် သူဆိုတော့ လည်း ပြောပြရပေတော့သည်။

''အခု ကျွန်တော့်ချစ်သူက ကျွန်တော် နဲ့ မော်ဒယ် သင်တန်းအတူတူ တက်ရင်းတွေ့ ကြတာပါ အန်ကယ်''

''အခုချစ်သူဆိုတော့ အရင်ချစ်သူရှိသေးတယ်ပေါ့''

သင့်တင့်အောင်က ရှက်အမ်းအမ်းဖြင့် ရယ်လိုက်သည်။ ချက်ချင်း မှာ ပင် မလှပခဲ့သော အတိတ်ကိုသတိရကာ မျက်နှာတည်သွား၏ ။

''အရင်ကောင်မလေးက ကျွန်တော် တို့ မြို့ကပါ။ ငယ်သူင ယ်ချင်းထဲ ကပါပဲ။ ကျွန်တော် ရန်ကုန်ထွက်လာတဲ့အထိ ချစ်သူတွေ ပါ အန်ကယ်။ သူ့မိဘတွေ က ကျွန်တော် မြို့မှာ ရှိကတည်းက ကျွန်တော် နဲ့ သဘောမတူကြဘူး။ ကျွန်တော့်ကို ကြီးပွားမယ့်ကောင် မဟုတ်ဘူးတဲ့။ သူတို့က ကုန်သည်တွေ ၊ သိပ်ချမ်းသာကြတယ်လေ။ ကျွန်တော် က အရပ်ပွဲတွေ မှာ စတိတ်ရှိုးဆိုလိုက်၊ တေးသရုပ်ဖော်ကလိုက်နဲ့ လုပ် နေတာကို သူ့မိဘတွေ က ကြည့်မရဘူး။ အနု ပညာကို သူတို့နားမလည်ကြဘူးလေ''

''သြော်''

''ကျွန်တော် ရန်ကုန်ရောက်နေတဲ့အချိန်မှာ ကျွန်တော့်  ကောင် မလေးကို ယောက်ျားပေးစားလိုက်ကြတယ် အန်ကယ်။ မန္တလေးက သူဌေး သား တစ်ယောက် နဲ့တဲ့။ အခုတော့ သူလည်း မြို့မှာ မရှိတော့ပါဘူး။ မန္တလေး ပါသွားပြီ ပြောတယ်။ ကျွန်တော် လည်း မြို့ကို မပြန် ဖြစ်တော့ဘူး အန်ကယ်။ ပြန်လည်း မပြန်ချင်တော့ဘူး''

''ဒီလိုပေါ့ကွယ် ...နှလုံးသားဝေဒနာဆိုတာ အရွယ်ရောက်သူ တိုင်း တစ်နည်းမဟုတ် တစ်နည်း ခံစားရမြဲပါ။ မောင်သင့်လည်း အခု ချစ်သူ အသစ်ရနေပြီဆိုတော့ ဖြေသာမှာ ပါ။ အခု မိန်းကလေးနဲ့ရော အဆင် ပြေလား''

''အခု ကောင်မလေးက မော်ဒယ်သင်တန်းမှာ အတူတူ တက်ကြ ရင်း တွေ့ ကြတာပါ။ ကျွန်တော့် ကို သိပ်ချစ်ရှာပါတယ်။ ဒါပေမဲ့ အန်ကယ်ရယ် ကျွန်တော့်ဘဝအကျိုးပေးကလည်း အချစ်ရေး မှာ ကံမကောင်းပါဘူးဗျာ။ သူတို့လည်း ချမ်းသာတဲ့အသိုင်းအဝိုင်းကပဲ။ ထုံးစံအတိုင်း သူ့မိဘတွေ က ကျွန်တော် နဲ့ သဘောမတူဘူး''

''သူကရော ...နာမည် ရနေပြီလား။ ဘယ်သူများ ပါလိမ့်''

'' နှင်းပွင့်ဖြူ တဲ့။ မော်ဒယ်ရှိုးတွေ မှာ သူ မပါပါဘူး အန်ကယ်။ သူ့အိမ်က သင်တန်းတက်တာသာ ခွင့်ပြုတာ။ စင်ပေါ် မတက်ရဘူး။ လူလုံးပြ မဖျော်ဖြေရဘူးလို့ ကန့်သတ်ထားတယ်''

''သြော ...သြော''

''အနုပညာကို နားလည်မှု မရှိတဲ့အသိုင်းအဝိုင်းထဲ ဝင်ဆံ့ဖို့ မလွယ်ပါဘူး အန်ကယ်။ အဲဒီလိုလူတွေ က ပိုက်ဆံချမ်းသာရင် ပိုဆိုးတယ်။ ကျွန်တော် ကလည်း ဒီလိုအသိုင်းအဝိုင်းက မိန်းကလေးတွေ နဲ့မှ ကြုံရပါတယ် ဗျာ''

''အင်း ...မောင်သင့် ခံစားချက်တွေ ကြားရတာ အန်ကယ် တောင် ငယ်မူပြန်ပြီး နှလုံးသားခံစားချက် အချစ်ဝတ္ထုရေး ချင်စိတ် ပေါက်လာ ပြီ''

ဦးလင်းအောင်က အရွှန်းဖောက်လိုက်သည်။

''ဘာပဲ ဖြစ် ဖြစ်ပေါ့လေ။ ယောက်ျားလေးဆိုတာ ဘယ်နေရာမဆို ဦးဆောင်တဲ့အပိုင်းကနေရတာ ကိုး။ အနုပညာလုပ်ငန်းဆိုတာက မရေရာတော့ အောင်မြင်မယ် မအောင်မြင်ဘူး မမှန်းဆနိုင်ဘူး မဟုတ်လား။ ဒီတော့လည်း မိန်းကလေးရှင်မိဘတွေ အနေနဲ့ မယုံရဲတာကို အပြစ်မဆိုသာဘူးပေါ့လေ။ မောင်သင့် အောင်မြင်မှု ရခဲ့ရင် စီးပွားရေး ကပါ အလိုလိုကပ်ပါလာမှာ ပါ။ အဲလို အခြေအနေမျိုးရောက်ရင်တော့ မောင်သင့်အပေါ် အမြင်ကြည် သွားပါ လိမ့်မယ်။ အထင်ကြီး လာကြပါလိမ့်မယ် မောင်သင့်။ ဒီတော့ကာ မောင်သင့် အနေနဲ့ အောင်မြင်အောင် ကြိုးစားပြဖို့ပဲ လိုပါလိမ့်မယ်။ မောင်သင့် အောင် မြင်ဖို့ကို အန်ကယ်က အစွမ်းကုန်ထောက်ပံ့သွားမှာ ပါကွယ်''

''မှန်လိုက်တာ အန်ကယ်။ တစ်နေ့မှာ သူတို့အားလုံး ကျွန်တော့်ကို မော်ကြည့်ရအောင် ကြိုးစားမယ် အန်ကယ်။ ကြိုးစားမှု ရှိရင် အောင်မြင်မှု မလွဲမသွေ ရမယ်လို့ ကျွန်တော် ယုံပါတယ်''

သင့်တင့်အောင်က အလေးအနက် ပြောလိုက်လေသည်။

* * *


နှင်းပွင့်ဖြူက သူ့စကားများ ကို အံ့သြလွန်း၍ မယုံနိုင်လောက် အောင် ဖြစ်နေရလေသည်။

''သြော် ...လောကမှာ ဒီလိုလူမျိုးလည်း ရှိသေးတာကိုးနော်''

''ဒါပေါ့ ဖြူ ...အန်ကယ်က မုဆိုးဖိုကြီး။ သားသမီးလည်း မရှိတာဟာ မောင့်အတွက် အဆင်ပြေသွားတာပေါ့။ သူ့မှာ တခြားပြန်ကြည့် စရာ မရှိဘူးလေ။ သူက သူ့ဇာတ်ကောင် အာကာဘိုကို ရုပ်ရှင်မှာ ပါ နာမည် ကျန်အောင် အစွမ်းကုန်လုပ်မှာ ဖြူရ''

''မောင်တော့ ပွတာပဲ။ မောင် အောင်မြင်ပါစေ။ ရတဲ့အခွင့်အရေး ကို လက်မလွတ်တမ်း ဆုပ်ကိုင်ထားပေတော့မောင်''

''မောင် ကြိုးစားမှာ ပါ ဖြူရယ်''

နှင်းပွင့်ဖြူမျက်ဝန်းများ က ဝမ်းသာမှု ဖြင့် ကြည်လဲ့နေသည်။ ချစ်သူ ၏ ကံကောင်းမှု အတွက် ကြည်နူးရသလို သူတို့ဘဝ အနာဂတ်လှပဖို့အတွက် လည်း မျှော်လင့်ချက်အလင်းရောင် တစ်ခု လင်းလက်လာပြီ မဟုတ်ပါလား။

''မောင်အောင်မြင်မှ ဖြူနဲ့ နီးရမှာ ။ အင်း ...မောင့်ကို အောင် လည်း အောင်မြင်စေချင်တယ်။ သိပ်နာမည် ကြီးသွားမှာ လည်း ကြောက် တယ်''

''ဘာ ဖြစ်လို့လဲ ဖြူ''

''အို ...မောင်နာမည် ကြီး ရုပ်ရှင်မင်းသား ဖြစ်ရင် ကောင်မလေး တွေ ဝိုင်းနေမှာ ပေါ့။ မောင် ဖြူ့ကို မေ့သွားမှာ ကြောက်တာပေါ့''

''ကောင်မလေး ...မောင့်ကို ခုထိမယုံသေးပဲကိုး။ လာ ...ဒီ နား တိုးစမ်း''

သင့်တင့်အောင်က နှင်းပွင့်ဖြူ ပခုံးကိုဆွဲပြီး သူ့နားကပ်စေလိုက် သည်။ ပြီး နှင်းပွင့်ဖြူနားရွက်နားသို့ သူ့နှုတ်ခမ်းကို ကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်၏ ။

'' Äâx,%-+ ''

နှင်းပွင့်ဖြူထံမှ ကြည်နူးမှု ရောစွက်သော ရယ်သံခိုးခိုးခစ်ခစ်များ ထွက်လာသည်။

သင့်တင့်အောင် တီးတိုးပြောလိုက်သော စကားမှာ သူတို့ ချစ်သူ နှစ် ဦးသာ နားလည်သည့် သင်္ကေတစကားတစ်ခု ဖြစ်ပါသည်။ သူတို့နှစ် ယောက် ကြားမှ ဃသိနျွှသမိ တစ်ခုလည်း ဖြစ်သည်။ ထိုသင်္ကေတစကား ဃသိနျွှသမိ ကို သူတို့နှစ် ယောက် မှ လွဲ၍ မည် သူမှမသိ။ နားလည်း မလည် ကြပေ။

''ကဲ ...ယုံပြီ မဟုတ်လား''

''ယုံပါပြီ မောင်ရဲ့ ''

''အန်ကယ်က မောင့်ကို မနက်ဖြန် သူ့အိမ်လာဖို့ ဖိတ်ထားတယ်။ အန်ကယ်က ဖြူနဲ့လည်း တွေ့ ချင်တယ်တဲ့''

''ဟင် ...ဘာ ဖြစ်လို့လဲ''

''မောင်နဲ့ ပတ်သက်သမျှလူတွေ နဲ့ ရင်းနှီးထားချင်လို့တဲ့။ မောင့် အသိုင်းအဝိုင်းကိုသိထားမှ မောင့်အပေါ် နားလည်မှု ရမှာ တဲ့။ တစ်ယောက် နဲ့ တစ်ယောက် နားလည်မှု ရှိမှ အလုပ်တွဲ လုပ်လို့ ကောင်းတာတဲ့ဖြူ''

''သူက အဆန်းပဲနော်''

''အန်ကယ်က စာရေး ဆရာကိုး။ စိတ်ကူးက သူများ နဲ့ ဘယ်တူ မလဲ''

''မောင့်ကို စင်တင်ပေးမယ့် အလုပ်ရှင်ပဲ။ ဖြူ တွေ့ မှာ ပေါ့ မောင်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဘယ် ဖြစ်ဦးမှာ လဲ။ အိမ်ကလည်း မောင်နဲ့ ပတ်သက်နေရင် လွှတ်မှာ မဟုတ်ဘူး။ ခုတောင် ကွန်ပျူတာသင်တန်းက လစ်ထွက်လာရတာ လေ''

''ဟုတ်ပါတယ်။ မောင်ကလည်း အေးအေးဆေးဆေးမှ တွေ့ ပေး မှာ ပါ''

''မောင်သာ အန်ကယ်ကြီး စိတ်ကျေနပ်အောင် ဆက်ဆံပါမောင်။ အလုပ် မလုပ်ရခင် မောင့်ကို စိတ်ပျက်မသွားအောင်ပေါ့။ မောင့်ကိုမယုံလို့ ပြောတာ မဟုတ်ဘူး။ မောင်ကလူတကာ ချစ်အောင် နေတတ် ပြောတတ် တာသိတယ်။ မောင့်ကို တင် ပေးမယ်လို့ ဆုံးဖြတ်ပြီးကာမှ ကံဖယ် သွားမှာ စိုးလို့''

''စိတ်ချပါ ဖြူရယ်''

ခွဲရခါနီး မှာ သင့်တင့်အောင်က နှင်းပွင့်ဖြူနားကို ကပ်၍ သူတို့ရဲ့ Code Word သင်္ကေတစကားလေးကို ပြောလိုက်သေးသည်။

'' Äâx,%-+ ''

နှင်းပွင့်ဖြူမျက်နှာမှာ အပြုံးဖြင့် ကြည်လင်ရွှန်းမြသွားလေသည်။

* * *


ခြံကြီးမှာ ကျယ်ဝန်းလှပေသည်။

ရန်ကုန်မြို့ဆင်ခြေဖုံးတစ်နေရာတွင် ရှိသော ဦးလင်းအောင်၏ ခြံကြီး မှာ ဧကပေါင်းများ စွာ ကျယ်ဝန်းပြီး ခြံ၏ နောက်ဘက်ခပ်ကျကျတွင် တစ်ထပ် တိုက်အိုလေးတစ်လုံးသာ ထီးထီးတည် ရှိနေသည်ကို တွေ့ မြင်နေရပါသည်။

သင့်တင့်အောင်သည် သံတိုင်အတုတ်ကြီးများ ဖြင့် ကာရံထားသည့် ခြံတံခါးဝဆီမှ အတွင်းသို့ လျှောက်ကြည့်လိုက်သည်။

တစ်ထပ်တိုက်ကလေးမှာ ခိုင်ခံ့သပ်ရပ်ပုံရှိသော်လည်း အိုမင်းဟောင်းနွမ်းလှပေပြီ။ ဆေးအသစ်သုတ်၍ ပြုပြင်ထိန်းသိမ်းခြင်း မရှိသော ကြောင့် ညှိုးလျော်နွမ်းခြောက်သည့်ပုံပေါ်နေ ခြင်း ဖြစ်ပေမည် ။

ခြံထဲတွင် လည်း သစ်ပင်ကြီးများ ၊ ချုံနွယ်များ ပြည့်နေပေ၏ ။

ဦးလင်းအောင် တစ်ယောက် တည်းနေသော ခြံကြီးမှာ ကျယ်လွန်းလှ ပြီး အုတ်တံတိုင်းအမြင့်အထူကြီးများ ပတ်ပတ်လည် ကာရံထားသော ကြောင့် သီးခြားကမ္ဘာသဖွယ် ဖြစ်နေပေ၏ ။

သင့်တင့်အောင်က လူခေါ်ခေါင်းလောင်းနှိပ်ရန် တံခါးဘောင် အုတ် တံတိုင်းတွင် ရှာကြည့်လိုက်၏ ။

လျှပ်စစ်လူခေါ်ခေါင်းလောင်းကို မတွေ့ ရချေ။ ကြိုးနှင့် ဆက်သွယ်ထားသည့် လှုပ်ယမ်းစရာ ခေါင်းလောင်းလည်း မမြင်ရပါ ချေ။

ခက်နေပြီကော။ ဝေးလံသော တိုက်အိမ်ထဲက ကြားရသည် ထိ အသံကုန် အော်ခေါ်ရတော့မည့် ပုံပေါ်နေသည်။

ဤနေရာသည် ယခင်ကမြို့နှင့် အလွန်အလှမ်းဝေးသော သီးခြား ဆိတ်ငြိမ်ရပ်ကွက်တစ်ခု ဖြစ်ခဲ့၏ ။ တိုးပွားလာသော လူဦးရေနှင့် ခေတ်မီတိုး တက်လာသော လူနေမှု စနစ်ကြောင့် မြို့ပြဧရိယာ ကျယ်ပြန့်လာရာ ယခုတော့ ဤနေရာတွင် ဥယျာဉ်မြို့တော် များ ၊ ကွန်ဒိုမီနီယံများ ၊ စူပါမားကက်များ နှင့် စည်ကားနေပေပြီ။

ဦးလင်းအောင်၏ ခြံတစ်ခုတည်းသာ ကွက်၍ ရှေးဟောင်းပုံစံအတိုင်း ကျန်နေရစ်ဆဲ ရှိသည်ကို တွေ့ ရပါ၏ ။ သင့်တင့်အောင်က ခြံတံခါးသံတိုင်များ ကို ကိုင်လှုပ်ရန် ကြိုးစား ကြည့်သေးသည်။ သံတိုင်များ မှာ ကလေးလက်ကောက်ဝတ်ခန့် တုတ်နေပါ၍ လှုပ်သော်လည်း တုပ်တုပ်မှ လှုပ်မလာပါချေ။

နောက်ဆုံးတော့ အိမ်ထဲမှ ဦးလင်းအောင် ကြားအောင် အော်ခေါ် ဖို့ပဲ ဆုံးဖြတ်လိုက်ပါသည်။ သူ့ကို ဒီနေ့ ဒီအချိန်မှာ လာရောက်ဖို့ ချိန်းထားပါ၍ အိမ်ထဲတွင် ဦးလင်းအောင် ရှိနေပါလိမ့်မည် ။

သင့်တင့်အောင်က အော်ခေါ်ရန် အသင့်ပြင်လိုက်၏ ။

ထိုစဉ်မှာ ပဲ ...

''ဝင်ခဲ့ပါ မောင်သင့်။ အန်ကယ် တံခါးကို ဒီကနေ ဖွင့်ပေးလိုက် ပါ့ မယ်။ ဝင်သာလာခဲ့ပါ''

ဦးလင်းအောင်၏ အသံသည် ပီပြင်ကြည်လင်စွာ ထွက်ပေါ်လာပါ၏ ။ နံရံအုတ်တံတိုင်းအတွင်းမှ ကပ်၍ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

အုတ်တံတိုင်းအတွင်းမှာ အသံလွှင့်စက် မြုပ်ထားခြင်းပဲ ဖြစ်ပါလေ မည် ။

အသံဆုံးသည်နှင့် လေးလံသော သံတံတိုင်းကြီးသည် အလယ်မှ ဟ၍ တံခါးနှစ် ချပ်မှာ အုတ်တံတိုင်းနံရံ တစ်ဖက်တစ်ချက်စီသို့ ဝင်သွားကြ သည်။ လူ တစ်ယောက် ဝင်သာရုံအရှိတွင် တံခါးချပ်မှာ တန့်သွား၏ ။

သင့်တင့်အောင်က ဟသွားသော တံခါးပေါက်မှ ခြံအတွင်းသို့ လှမ်း ဝင်လိုက်သည်။

သူ့နောက်မှ သံတံခါးကြီးသည် အလိုအလျောက် ပြန်ပိတ်သွားလေ ၏ ။ တံခါးကို ဦးလင်းအောင်က အိမ်အတွင်းမှ ထိန်းချုပ်ကိုင်တွယ်နေခြင်းပဲ ဖြစ်ပါလိမ့်မည် ။

ဒီလိုတော့လည်း ခေတ်အမီသားပါလား။။

သင့်တင့်အောင်က နောက်ပြန်လှည့်ကြည့် အကဲခတ်လိုက်မှ အုတ် နံရံကို ထွင်း၍ မြှုပ်ထားသော အသံလွှင့်စက်အသေးလေးကို တွေ့ လိုက်ရ လေသည်။

ခြံနောက်ဘက်ရှိ တစ်ထပ်တိုက်လေးရှိရာသို့ လမ်းလျှောက်လာသည့် အချိန်သည်ပင် သုံးမိနစ်ခန့်ကြာပါ၏ ။ ဦးလင်းအောင်က တိုက်ကလေး၏ အဝတွင် ရပ်လျက် ကြိုဆိုနေပေ သည်။

''လာဟေ့ ...မောင်သင့်''

''အန်ကယ် တစ်ယောက် တည်း နေတဲ့နေရာက ပျင်းစရာ မကောင်း ဘူးလားဗျာ။ အင်းလေ ...စာရေး ဆရာ တစ်ယောက် အတွက်တော့ အေး အေးလူလူ စာရေး လို့ရတာ ပေါ့''

''ဒါက အန်ကယ်ရဲ့ မွေးစားဖခင်ကြီး အမွေပေးခဲ့တဲ့ တိုက်ပါ မောင်သင့်။ အန်ကယ် ဒီမှာ အမြဲမနေပါဘူး။ မြို့ထဲမှာ အန်ကယ့်တိုက်ခန်း ရှိတယ်လေ။ အန်ကယ့်ဇနီးမဆုံးခင်ကလည်း မြို့ထဲမှာ ပဲနေတာ။ ဒီမှာ အနေ နည်းပါတယ်။ အန်ကယ့်ဇနီးဆို ဒီတိုက်ကို တစ်ခေါက်ပဲ ရောက်ဖူးတယ်။ ကြောက်လို့ဆိုပြီးနောက် ခေါ်လို့မရတော့ဘူး''

''ဟင်''

နောက်တစ်ခေါက်မလာချင်လောက်အောင် ကြောက်စရာ ဘာများ ရှိလို့ပါလိမ့်။

''မောင်သင့်ကိုတော့ ရောက်ဖူးအောင် တမင်ကို ဒီကို ဖိတ်လိုက်တာ ပဲ။ ကဲ ...လာ မောင်သင့်။ အထဲဝင်ကွယ့်''

အဝတွင် ရပ်စကားပြောနေရာမှ ဦးလင်းအောင်နောက်သို့လိုက်ပြီး တိုက်ထဲဝင်လိုက်သည်။

အတွင်းပိုင်းကား ထူးခြားမှု မရှိ၊ ရှင်းလင်းနေပေသည်။

ရှေးဟောင်းဆက်တီတစ်စုံကိုသာ ဧည့်ခန်းတွင် တွေ့ ရ၏ ။ ထူ ပိန်း၍ လေးလံပုံရသော ကနုတ်ပန်းများ ရက်ရှယ်ထားသည့် ကုလားထိုင်ကြီးများ နှင့် ခြေထောက်လေးဖက်ကို နဂါးလေးကောင်ပုံ ထုလုပ်ထားသော ကျွန်းစားပွဲ ကြီးတစ်လုံး။

ကျယ်ဝန်းသော ဧည့်ခန်းနံရံတွင် တော့ ပန်းချီကားကြီးနှစ် ချပ်က နေရာယူထားသည်။ သင့်တင့်အောင်က လက်ရာ မြောက်လှသော ပန်းချီကား ကြီးနှစ် ချပ်ကို ငေးကြည့်လိုက်မိသည်။

ကုလားထိုင်မှာ ပင် မထိုင်မိသေး။

ပန်းချီပညာကို နားမလည်သော်လည်း လူအရွယ်အစားအတိုင်း ရေး ဆွဲထားသည့် ပန်းချီကားကြီးများ မှာ အပြင်ကသက်ရှိလူကိုယ်တိုင် မတ် တတ်ရပ်နေသလို ထင်ရအောင် ရေး ဆွဲထားနိုင်သည်မို့ ရေး ဆွဲသူ၏ ပညာကို ချီကျူးလိုက်မိသည်။

''ပန်းချီကားကြီးတွေ ကို စိတ်ဝင်စားပုံ ရတယ်။ ညာဘက်ကပုံဟာ အန်ကယ့်ရဲ့ မွေးစားဖခင်ကြီး ဦးချမ်းငြိမ်းပဲကွယ့်''

ဦးလင်းအောင်က ရှင်းပြရင်း ပန်းချီကားများ ရှိရာနံရံဆီ လျှောက် သွား၍ သင့်တင့်အောင်လည်း နောက်မှလိုက်သွားလိုက်သည်။

သင့်တင့်အောင် စိတ်ဝင်စားမိသည်မှာ ညာဘက်မှ ဦးချမ်းငြိမ်းပုံ မဟုတ်။ ဘယ်ဘက်မှ ရှေးဆန်လှသော လူပုဂ္ဂိုလ်ကြီး၏ ပုံ ဖြစ်သည်။ ပုံထဲ တွင် ထိုပုဂ္ဂိုလ်ကြီး ဝတ်စားဆင်ယင်ထားပုံမှာ ခေတ်အမြင်ဖြင့် ထူးဆန်းနေ သည်။

ပုဂ္ဂိုလ်ကြီးသည် မြန်မာဆန်ဆန် ခေါင်းပေါင်းနှင့် ရင်ဖုံးပါသော တိုက်ပုံအင်္ကျီကို ဝတ်ဆင်ထား၏ ။ ဒီအထိ မထူးဆန်းလှသေး။

ထူးဆန်းသည် မှာ ပုဂ္ဂိုလ်ကြီး၏ အောက်ပိုင်းဝတ်စားဆင်ယင်မှု ဖြစ်သည်။ အပေါ်ပိုင်းတွင် မြန်မာဆန်စွာ ခေါင်းပေါင်းနှင့် တိုက်ပုံနှင့် ဝတ်စားထားပြီး အောက်ပိုင်းကိုတော့ ဥရောပနိုင်ငံသား တစ်ယောက် ကဲ့သို့ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပေ၏ ။

သင့်တင့်အောင်က ပုဂ္ဂိုလ်ကြီးပုံကို အနီးကပ်၍ စိတ်ဝင်စားစွာ မော့ကြည့်လိုက်သည်။ အကယ်၍ များ ယခုခေတ်တွင် တစ်စုံ တစ်ယောက် က ပန်းချီကားထဲကအတိုင်း ဝတ်စားဆင်ယင်ခဲ့လျှင် ဟာသ ဖြစ်နေလိမ့်မည် ။ ပန်းချီကားထဲကလူ ကတော့ သရုပ်ပျက်အောင် တမင်ဝတ်စားထားခြင်း ဟုတ် ဟန်မတူပါ။ ခံ့ညားသော သူ့ဥပဓိရုပ်နှင့် သူ့အဆင်အပြင်မှာ တစ်မျိုးတော့ လိုက်ဖက်ကြည့်ကောင်းနေပေသည်။

သင့်တင့်အောင်လို ခေတ်လူငယ်လေး တစ်ယောက် ၏ အမြင်တွင် တွေ့ တွေ့ ချင်းမို့ ထူးဆန်းသလို ခံစားလိုက်ရခြင်း ဖြစ်ပါ၏ ။

''မောင်သင့်က ကိုယ်တော် ကြီးဘုရားကို စိတ်ဝင်စားပုံရတယ်။ ဒီပုံဟာ ကိုယ်တော် ကြီးဘုရားရဲ့ ပုံတော် ပဲကွယ့်။ အန်ကယ့် ကိုဦးချမ်းငြိမ်းက မွေးစားခဲ့သလို၊ ဦးချမ်းငြိမ်းကိုလည်း ကိုယ်တော် ကြီးဖုရားက မွေးစားခဲ့တယ်''

''ဟုတ်ကဲ့''

''ကိုယ်တော် ကြီးဘုရားရဲ့ နာမည် က ပက်ထရစ်ကနောင် တဲ့''

''ဗျာ''

''သူဟာ အိမ်ရှေ့စံကနောင်မင်းသားကြီးရဲ့ မြေးတော် တစ်ပါးပဲ။ ကိုယ်လုပ်တော် မိဖုရားတစ်ပါးကမွေးတဲ့ သမီးတော် တစ်ပါးက ပေါက်ဖွားလာတဲ့ မင်းသွေးတစ်ပါး ဆိုပါတော့ကွယ်''

''ဟုတ်ကဲ့ ...နာမည် က ...''

''ဘိုနာမည် ဖြစ်နေလို့လား။ အရှင်နှစ် ပါးပါတော် မူချိန်မှာ ကိုယ်တော် ကြီးဘုရားဟာ အသက် ၁၂ နှစ် ရှိနေပြီလေ။ တခြားမင်းညီမင်းသားတွေ လိုပဲ မယ်တော် နဲ့အတူ တိမ်းရှောင်ရင်းက ကိုယ်တော် ကြီးဘုရားကို ဘိလပ်ပို့ပြီး ပညာသင်စေခဲ့တာပဲ။

ဘိလပ် ...အဲ ...အင်္ဂလန်ကိုသွားတော့ သက် တော် ၁၄ နှစ် ပဲရှိသေးတာကလား။ ဟိုမှာ ကျောင်းနေတော့ ဘိုနာမည် ပဲ ခံယူလိုက်တယ်လေ။ ပက်ထရစ်လို့။ အဘိုးတော် အိမ်ရှေ့မင်းရဲ့ ဂုဏ်ဒြပ်လည်း မပျောက်ပျက်ရအောင် ပက်ထရစ်ကနောင်လို့ တွင် ခဲ့ရတာ ပဲ''

''ကြာပြီပေါ့နော်။ ရှေးတုန်းကအ ဖြစ်တွေ ပဲ''

''ကြာပြီပေါ့လေ။ ကိုယ်တော် ကြီးဘုရားရဲ့ သက်တော် တောင် ၁၂၅ နှစ် ရှိနေပြီပဲ''

''ဗျာ''

''အဲ ...သက်ရှိထင်ရှားရှိခဲ့ရင် ပြောတာပါ။ ခုတော့ ကိုယ်တော် ကြီးဖုရားလည်း နတ်ရွာလားရှာပါပြီ''

''အန်ကယ် ...အန်ကယ်ကရော ကိုယ်တော် ကြီးဘုရားကို မီခဲ့လို့ လားဟင်''

ပက်ထရစ်ကနောင်၏ ဇာတ်ကြောင်းများ ကို ကိုယ်တွေ့ ကြုံခဲ့ဖူး သလို ပြောပြနေပါ၍ သင့်တင့်အောင်က မေးလိုက်မိခြင်း ဖြစ်သည်။

''ဘယ်မီမလဲ မောင်သင့်ရဲ့ ။ အန်ကယ်မွေးတဲ့အချိန်မှာ ကိုယ်တော် ကြီးဘုရား နတ်ရွာစံပြီပဲဥစ္စာ။ အန်ကယ်က တက္ကသိုလ်မှာ တုန်းက သမိုင်း အဓိက ယူခဲ့တော့ ဒေါက်တာပက်ထရစ်ကနောင်အကြောင်း လေ့လာခဲ့ရလို့ သေချာသိနေတာပါ''

''ဒေါက်တာ ပက်ထရစ်ကနောင်''

''ဟုတ်တယ် ...သူဟာ လန်ဒန်တက္ကသိုလ်မှာ ဆေးပညာ သင်ယူခဲ့ပြီး ဆရာဝန်ဒေါက်တာဘွဲ့ရခဲ့တယ်။ အနောက်တိုင်း ဆေးပညာကို ပထမဆုံး သင်ယူခွင့်ရခဲ့တဲ့ မြန်မာလူမျိုးထဲမှာ တစ်ယောက် အပါအဝင် ပေါ့ကွယ်။ အသက်ငါးဆယ်ပြည့်တဲ့အချိန်မှာ မြန်မာပြည်ပြန်လာခဲ့တယ်''

''စိတ်ဝင်စားစရာပဲ အန်ကယ်''

''ကြုံမှ ကိုယ်တော် ကြီးဘုရားအကြောင်း အန်ကယ် ပြောပြပါဦးမယ် လေ။ စိတ်ဝင်စားစရာတွေ တစ်ပုံကြီးပါပဲ။ အန်ကယ်က သူ့အကြောင်းကို စာအုပ်တစ်အုပ် ပြုစုနေတာကွယ့်''

''ကောင်းပါတယ် အန်ကယ်''

''ကဲ ...ကဲ ...ထိုင်ဦး မောင်သင့်''

သင့်တင့်အောင်မှာ မမျှော်လင့်ဘဲ သိခွင့်ရလိုက်သော ဒေါက်တာ ပက်ထရစ်ကနောင်အကြောင်းကို ရင်ထဲမှာ စွဲသွားမိသည်။ မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ထားပုံမရသော လူသိနည်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေလိမ့်မည် ။

ထိုစဉ် ကတော့ ဒေါက်တာပက်ထရစ်ကနောင်ဆိုသူသည် သူ့ဘဝ တွင် အရေး ပါအရာရောက်လာမည့် ထူးဆန်းသော လူ တစ်ယောက် ဖြစ်ကြောင်း သင့်တင့်အောင် မသိတတ်နိုင်ခဲ့သေး။

နတ်ရွာစံကွယ်လွန်သွားခဲ့ပါပြီဆိုသော ရှေးမြန်မာမင်းတစ်ပါး၏ အဆက်အနွယ် အသက် ၁၂၅ နှစ် ရှိပက်ထရစ်ကနောင်နှင့် မျက်နှာချင်းဆိုင် နဖူးတွေ့  ဒူးတွေ့ ကြုံတွေ့ ရမည် ကိုသာ ကြို၍ သိခဲ့ပါလျှင် ...

* * *




ဝန်ဇင်းချစ်သူများ နွေတမာန် ၏ “ မိစ္ဆာပူးသောဘ၀များ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဝိညာဉ်တွယ်ရာ မျက်လုံးများ

နေကိုကျောခိုင်းတဲ့လ

လမင်းကြွေတဲ့ည