Cover

အပိုင်း - ၁

အခန်းစဉ်- ၁၂

''ဟောဟိုမှာ ကြည့်လိုက်မိုး၊ ဘတ်စ်ကားမှတ်တိုင်အောက်မှာ ထိုင်နေတဲ့အဘွားကြီး၊ တွေ့ လား''

''တွေ့ တယ်မောင်''

' 'မောင်ပြောတာ အဲဒီ အဘွားကြီးပဲ၊ မနက်ပိုင်း မောင်ဆေးခန်းဖွင့်ကတည်းက မှတ်တိုင်အမိုးလေးအောက်မှာ ထိုင်ထိုင်နေတာ အဲဒီ အောက်က မခွာဘူး၊ မောင့်ဆေးခန်းပိတ်တဲ့အထိ ကားမှတ်တိုင် အောက်မှာ ထိုင်လိုက်ထလိုက်နဲ့ အချိန်ကုန်နေတာပဲ မိုးရဲ့ ''

''မောင်က အဲဒီ အဘွားကြီးကို ဘယ်လိုထင်လို့လဲဟင်''

''မောင်က သနားလို့ပါ၊ အသက်လည်း ကြီးလှပြီ၊ သူ့မှာ သွားစရာလာစရာမရှိဘူးလားမသိဘူး၊ မောင်လေ . အဲဒီ အဘွား ကြီးကိုမြင်ကတည်းက ဘယ်လိုသနားမိမှန်းမသိဘူးမိုးရယ်''

''ဒါဖြင့်လည်း .ပိုက်ဆံလေးဘာလေး ပေးလိုက်ပေါ့ မောင်ရယ်၊ကြည့်ရတာ ပိုက်ဆံတောင်းချင်လို့များ မောင့်ကိုကြည့်နေတာ လား မသိဘူး''

''အဲဒီ လိုလည်း မဟုတ်နိုင်ပါဘူးမိုးရယ်၊ အဘွားကြီးကြည့်ရ တာရုပ်ရည်ခန့်သန့်သန့်ထဲကပါ၊ မျက်နှာမှာ အမာရွတ်ကြီးရှိလို့သာအကြည့်ရဆိုးတယ်ထင်ရတာ ပါ''

''သြော် .မောင်ဟာလေ၊ တစ်ဖက်သားကိုသိပ်ကြင်နာတတ်တာပဲနော်၊ ဘာမှမဆိုင်တဲ့ လမ်းဘေးကအဘွားကြီးကိုတောင် သနားနေသေးတယ်၊ အဲဒါကြောင့်လည်း မောင့်ဆေးခန်းမှာ လူနာတွေ အများ ကြီးနဲ့မောင့်ကိုအားကိုးကြတာထင်ပါရဲ့ ''

မောင်နှင့်မိုးတို့ စကားပြောနေသည့်နေရာမှ ပြတင်းပေါက်ကိုကျော်၍ ကြည့်လိုက်လျှင် .ဆေးခန်းရှေ့ဘတ်စ်ကားမှတ်တိုင်အမိုးလေးအောက်တွင် ထိုင်နေသည့် အဘွားအိုကိုမြင်နေရသည်။ အဘွား အိုသည်ဆေးခန်းထဲသို့ အချိန်ပြည့်ငေးမျှော်ကြည့်လေ၏ ။

''ဒေါက်တာ မင်းမြတ်မောင်မောင်''-ဆိုသည့် ဆိုင်းဘုတ်ချိတ်ထားသော ဆေးခန်းမှ ဆရာဝန် မင်းမြတ်မောင်မောင်က သူ့ချစ်သူမိုးကို ပဟေဠိဆန်သည့်အဘွားအိုအကြောင်းကို ပြောပြနေခြင်း ဖြစ်ပါ၏ ။မိုးနှင့်မောင် စကားပြောနေသည့်အချိန်တွင် လည်း ဆေးခန်းထဲသို့လှမ်းကြည့်နေသော အဘွားအိုကို မြင်နေရဆဲ ဖြစ်ပါသည်။

*


အခန်းစဉ်- ၁၅

မိုးများ က သည်းသည်းမည်းမည်းရွာနေသည်။ဒေါက်တာမင်းမြတ်မောင်မောင်သည် ဆေးခန်းပိတ်ပြီးဆေးခန်းထဲမှထွက်လာ၏ ။

သူသည် ဆေးခန်းရှေ့ဘတ်စ်ကားမှတ်တိုင်ရှေ့သို့ကြည့်လိုက်ရာသူ့ဆေးခန်းသို့ နေ့စဉ်လာငေးနေသော အဘွားအိုကို မြင်လိုက်ရလေ သည်။ဒေါက်တာမင်းမြတ်မောင်မောင်က သူ့ကားကို ကားမှတ်တိုင်ဆီမောင်းသွားရင်း မှတ်တိုင်ရှေ့တွင် ရပ်လိုက်လေသည်။

''အဒေါ်ကြီး မပြန်သေးဘူးလား၊ မိုးလည်းချုပ်နေပြီ၊ မိုးတွေ လည်းသိပ်ရွာနေတယ်''

အဘွားအိုက ခေါင်းခါပြသည်။

''အဒေါ်ကြီး ဘယ်ပြန်မှာ လဲဟင်၊ ကျွန်တော် လိုက်ပို့ပေးပါ့မယ်၊ကျွန်တော့်ကားပေါ်တက်ပါ''

''ဟင့်အင်း .မတက်ဘူး ကိစ္စမရှိပါဘူးကွယ်''

''မိုးတွေ သိပ်ရွာနေတယ်၊ အဒေါ်ကြီးသွားမယ့်နေရာ ကျွန်တော် လိုက်ပို့ပေးပါ့မယ်၊ တက်ပါ''

''အဒေါ်ပြန်ရမယ့်နေရာက မဝေးပါဘူးကွယ်၊ ဒီနားတွင် ပါ၊ သား.အဲ .ဆရာဝန်လေး ပြန်ပါကွယ်၊ ပြန်ပါ၊ အဒေါ့်အတွက် ကိစ္စမရှိပါဘူးကွယ်''

''ခက်တာပဲ၊ အဒေါ်ကြီးမှာ ဆောင်းစရာရော ပါရဲ့ လား''

''မိုးကမကြာခင်တိတ်သွားမှာ ပါ သား .ဆရာဝန်လေးရယ်မိုးတိတ်မှ တဘက်ကလေးခေါင်းပေါ်တင်ပြီး ပြန်ရင်လုံပါတယ်၊ဆရာဝန်လေးသာ အိမ်မြန်မြန်ရောက်အောင်ပြန်ပါ၊ မိဘတွေ စိတ်ပူနေပါလိမ့်မယ်''

ဒေါက်တာမင်းမြတ်မောင်မောင်က သက်ပြင်းကိုချရင်း ကားကိုမောင်းထွက်ခဲ့သည်။ နောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုငေးကြည့်နေသော အဘွားအိုကို မြင်လိုက်ရသည်။

''သနားစရာကောင်းလိုက်တာ၊ ဒီအဘွားကြီးကိုမြင်ကတည်းကငါသိပ်သနားမိတာပဲ၊ ဘယ်လိုရေစက်ပါလိမ့်''

ဒေါက်တာမင်းမြတ်မောင်မောင်က အသံထွက်ရေရွတ်လိုက်လေသည်။

*


အခန်းစဉ်- ၁၆

ကားမှတ်တိုင်အောက်မှအဘွားအိုသည် ဆရာဝန်လေးမောင်းသွားသော ကားကိုငေးမောကြည့်ရင်း ကျန်ခဲ့လေသည်။အဘွားအိုသည် မျက်ရည်များ ရစ်ဝဲလျှက်ရှိသည်။အဘွားအိုက တုန်ယင်သော အသံဖြင့် တစ်ကိုယ်တည်း တီးတိုးပြောကြားနေလေ၏ ။

''သြော် ...သား ...သား ... သားလေးမင်းမြတ်မောင်မောင်ရယ် . မင်းဟာအမေ့သားလေးပါကွယ်၊ အမေလေ .မင်းကိုရှာလိုက်ရတာ ၊မင်းကိုမြင်တာနဲ့ မင်းဟာအမေ့သားဆိုတာ အမေသိတယ်သား၊ မင်းရုပ်ရည်က မင်းအဖေနဲ့ ချွတ်စွပ်တူနေတာကိုးကွဲ့၊ ငယ်ငယ်ကတည်းက အဖေနဲ့တူတဲ့သားလေးကို အမေမှတ်မိပါတယ်ကွယ် .

''ပြီးတော့ ...မင်းမြတ်မောင်မောင်ဆိုတဲ့နာမည် ဟာလည်း အမေကိုယ်တိုင် မှည့်ပေးခဲ့တဲ့နာမည် လေ၊ သားလေးက ဆရာဝန်တောင် ဖြစ်နေပြီနော်၊ အမေအားရလိုက်တာကွယ် .

''ကိုယ့်သားကိုယ် တွေ့ ပြန်တော့လည်း ဘဝအခြေချင်း ကွာခြားလွန်းလို့ သားကို သားလို့ မခေါ်နိုင်တဲ့ဘဝပါလားကွယ် .

''အို .မင်းမြတ်မောင်မောင်ဟာ ငါ့သား ဆိုတာကိုသူ မသိစေရဘူး၊ ငါ့သားလေး ငါ့အတွက်နဲ့သိက္ခာမကျစေရဘူး၊ ငါလို ထောင်ထွက်မိန်းမတစ်ယောက် ရဲ့ သားဆိုတာ ဘယ်သူမှမသိစေရဘူး၊ သားလေးမျက်နှာကိုမြင်နေရရင် ငါကြေနပ်ပြီ၊ မင်းကိုအမေ့သားဆိုတာ အမေမပြောရက်ပါဘူးကွယ် .

''အမေ့ရင်ထဲမှာ မြိုသိပ်ထားမယ်၊ တစ်သက်လုံးမြိုသိပ်ထားမယ်၊ သြော် .သားလေးက အမေ့ ကို''အဒေါ်ကြီး''လို့ ခေါ်သွားတယ်နော်၊ အမေမှန်းမသိရှာတဲ့ငါ့သားလေး၊ သားပါးစပ်က ''အမေ''လို့ခေါ်တဲ့အသံလေးကိုတော့ အမေမသေခင် ကြားချင်ပါဘိတော့ သားရေ''

အဘွားအိုက တစ်ကိုယ်တည်း တတွတ်တွတ်ပြောရင်း ကားမှတ်တိုင်အောက်၌ ငိုရှိုက်နေလေသည်။မိုးများ က သည်းသည်းမည်းမည်းရွာနေဆဲ။

အဘွားအိုက ပခုံးပေါ်မှညစ်နွမ်းသော တဘက်ကလေးဖြင့်သူမ၏ မျက်ရည်စက်များ ကိုသုတ်လိုက်သည်။

''အများ က မိန်းမဆိုး မိန်းမယုတ်လို့ သတ်မှတ်ထားကြတဲ့ ငါလိုမိန်းမရဲ့ သားဆိုတာကို သားလေးမသိစေရပါဘူးကွယ်၊ ဟောဒီက ရုပ်ပျက်ဆင်းပျက်ထောင်ထွက်မိန်းမကြီးဟာ မင်းအမေအရင်းဆိုတာ ကိုမင်း မသိစေရပါဘူးကွယ်၊ မင်းမသိစေရပါဘူး''

*


အခန်းစဉ်- ၂၁

''ဒကာမကြီး ဒေါ်ပိုးဇုံ၊ တစ်နေ့တစ်နေ့ မိုးလင်းကမိုးချုပ်ဘယ်ကိုသွားသွားနေတာတုံး၊ ဒကာမကြီး မိုးချုပ်မှပြန်ပြန်လာတာကိုဘုန်းကြီးသတိထားမိတယ်''

ဒေါ်ပိုးဇုံ မှီခိုနေထိုင်သည့် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ကြီးက ဒေါ်ပိုးဇုံကို မေးလိုက်ခြင်း ဖြစ်သည်။

''မှန်လှပါဘုရား၊ တပည့်တော် မ .တပည့်တော် မရဲ့ သားကိုလိုက်ရှာနေတာပါဘုရား''

''အလို .ဒေါ်ပိုးဇုံမှာ သားရှိတယ်၊ ဟုတ်လား''

''တင်ပါ့ဘုရား၊ သားလေး တစ်ယောက် ရှိပါတယ်''

''ဒေါ်ပိုးဇုံဟာ ထောင်ထဲမှာ အနှစ် နှစ် ဆယ်နေခဲ့ရတယ်ဆို၊ အင်း...ကျုပ်ရဲ့ ဒကာရင်းတွေ က အပ်ထားလို့သာ ဒေါ်ပိုးဇုံကို ကျုပ်ကျောင်းမှာ လက်ခံထားရတယ်၊ ဒေါ်ပိုးဇုံအကြောင်းကို ဘုန်းကြီးဘာမှမသိပေဘူး''

''မှန်ပါ့ဘုရား၊ တပည့်တော် မဟာ လူသတ်မှုနဲ့ထောင်ဒဏ်အနှစ် နှစ် ဆယ်ကျခံခဲ့ရပါတယ်၊ တပည့်တော် မကို စော်ကားမော်ကားပြုဖို့ကြိုးစားခဲ့တဲ့လူတစ်စုထဲက နှစ် ယောက် ကို တပည့်တော် မ သတ်ပစ် ခဲ့လို့လူနှစ် ယောက် ကိုသတ်မှုနဲ့ထောင်ကျခဲ့ရတာ ပါ''

'' ဖြစ်မှ ဖြစ်ရလေ ဒကာမကြီးရယ်''

''တပည့်တော် မဟာ တစ်ချိန်က ချမ်းသာကြွယ်ဝတဲ့မိဘများ ရဲ့ တစ်ဦးတည်းသော သမီး၊ အိမ်ထောင်ကျတော့လည်း မြို့နယ်အဆင့်အရာရှိကြီးတစ်ဦးရဲ့ ဇနီးမယား ဖြစ်ခဲ့ပါတယ်ဘုရား၊ ဒါတွေ ကို အခုပြောပြလည်း ဘယ်သူမှယုံကြတော့မှာ မဟုတ်ပါဘူးလေ၊ ခုလိုဘဝရောက်ရ တာလဲတပည့်တော် မကိုယ်တိုင် မိုက်မှားခဲ့မိလို့ပါဘုရား၊ ဘယ်သူမပြုမိမိမှုပါပဲဘုရား''

''ဒီလိုအသိတရားရတာ တော့ ကောင်းသားပဲ၊ နို့ .ဒေါ်ပိုးဇုံအသက်ကရော ဘယ်လောက်ရှိပြီလဲ''

''တပည့်တော် မအသက် ၄၅-နှစ် ပဲရှိပါသေးတယ်ဘုရား''

''အလို ...ဘုန်းကြီးတို့ထက် အများ ကြီးငယ်ပေတာပဲ၊ဒေါ်ပိုးဇုံကိုကြည့်ပြီး အသက်၆ဝကျော်အဘွားအို တစ်ယောက် လို့ ထင်မိ တယ်''

''ထင်လောက်စရာပါဘုရား၊ ကြုံခဲ့ရတဲ့လောကဓံတရားတွေ ကြောင့်စိတ်ထောင်းကိုယ်ကြေခဲ့ရတာ ကိုးဘုရာ့''

''ဒါနဲ့ .မျက်နှာပေါ်က ကန့်လန့်ဖြတ်အမာရွတ်ကြီးကရော၊ဘယ်လိုကဘယ်လိုရလာတာတုံး''

''ထောင်ထဲမှာ ထောင်ကျမိန်းမချင်း ရန် ဖြစ်ရာက ဟိုတစ်ဖက်က ပေါက်ပြားနဲ့ခုတ်လိုက်လို့ ရလာတဲ့ဒဏ်ရာပါဘုရား၊ ရန် ဖြစ်ကြတာ လည်းစိုက်ပျိုးရေး အလုပ်လုပ်ရင်း စိုက်ခင်းထဲမှာ ဖြစ်ကြတာကိုး''

''ကျွတ် .ကျွတ် . ဖြစ်ရလေ ဒေါ်ပိုးဇုံရယ်၊ ဒီလောက်လောကဓံရဲ့ အထုအထောင်းခံရမှတော့ တရားသံဝေဂရသင့်ပြီ၊ မသေခင်အချိန်မှာ တရားဘာဝနာအားထုတ်ရင်း နေသင့်ပြီ ဒကာမကြီး''

''တင်ပါ့၊ တပည့်တော် မ ညစဉ်အဓိဋ္ဌာန်ပုတီးစိတ်ပါတယ် ဘုရား''

''ဒါလောက်နဲ့မလုံလောက်ဘူးလေ၊ သေရင် ကိုယ့်နောက်ပါနိုင်တာက ဒါန၊ သီလ၊ ဘာဝနာပဲရှိတယ်ဆိုတာကို သဘောပေါက် ဒကာမကြီး''

''တင်ပါ့ဘုရား''

''သားကိုရှာတယ်ဆိုတာရော၊ ဒကာမကြီးထောင်ထဲမှာ အနှစ် နှစ် ဆယ်နေခဲ့တဲ့အတွင်းမှာ သားနဲ့အဆက်အသွယ်ရှိခဲ့လို့လား''

''မရှိ .မရှိပါဘူးဘုရား၊ တပည့်တော် မထောင်ကျတော့သားလေးအသက်က သုံးနှစ် ပဲရှိပါသေးတယ်၊ အဲဒီ အချိန်မှာ သူ့အဖေကလည်းဆုံး သွားပါပြီ၊ သားကို သူ့အဖေရဲ့ အစ်မက ဆက်ပြီးမွေးစားထားပါတယ်၊ တပည့်တော် မ ထောင်ကထွက်လာတော့ သူတို့ အရင်နေရာမှာ မနေကြတော့ဘူး၊ ဒီမြို့ကိုပြောင်းလာတယ်ဆိုလို့ လိုက်လာတာပါ ဘုရား''

''သူတို့ကိုလိုက်ရှာနေတာပေါ့လေ၊ အနှစ် နှစ် ဆယ်လုံးခွဲခဲ့ရတဲ့ကလေးကိုလိုက်ရှာရတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်နေမှာ ပေါ့၊ကလေးဟာခုဆိုအရွယ်ရောက်နေပြီ၊ အသက်နှစ် ဆယ်ကျော်အစိတ် ရှိပြီ၊တွေ့ ရင်တောင် မှတ်မိနိုင်ပါဦးမလား ဒေါ်ပိုးဇုံရယ်၊ တွေ့ ရော တွေ့ ရဲ့ လား''

''အင်း .သားလေးကိုတွေ့ တယ်ဆိုတာကိုပြောလို့မ ဖြစ်ဘူး၊ ငါပြောလိုက်ရင် ဒေါက်တာမင်းမြတ်မောင်မောင်ဟာ ငါ့သားဆိုတာကို တစ်မြို့ လုံးသိသွားကြလိမ့်မယ်၊ သားလေးသိက္ခာကျလိမ့် မယ်၊ဘုန်းကြီးကိုလိမ်ပြောရတာ တော့ ငရဲရောက်မှာ အမှန်ပဲ၊ဒါပေမယ့် ...ငါ့သားလေး သိက္ခာမကျ ဖို့ကပိုအရေး ကြီးတယ်၊ သားလေးကိုတွေ့ နေရပါပြီ ဆိုတာပြောလို့မ ဖြစ်ဘူး''

ဒေါ်ပိုးဇုံက တစ်ကိုယ်တည်း စိတ်ထဲမှတွေးလိုက်လေသည်။''မတွေ့ သေးပါဘူးဘုရား၊ တပည့်တော် မရဲ့ သားကို စုံစမ်းလို့မရသေးပါဘူးဘုရား''

ဒေါ်ပိုးဇုံက စိတ်ကိုတင်းကာ လိမ်လည်လျှောက်ထားလိုက်လေသည်။

''အင်း .ဒကာမကြီးရေ၊ သဗ္ဗေသတ္တာကမ္မသကာတဲ့၊ သတ္တဝါတစ်ခုကံတစ်ခုပဲ၊ မရေမရာနဲ့ သားကိုရှာတဲ့အလုပ်ကို စွန့်လိုက် ပါတော့၊သံယောဇဉ်ကိုဖြတ်လိုက်ပါတော့၊ သေရင်ကိုယ့်နောက်ပါဖို့တရားဘာဝနာကိုအားထုတ်ဖို့ ဘုန်းကြီးက တိုက်တွန်းချင်တယ် ဒကာ မကြီး''''တပည့်တော် မ ကြိုးစားပါ့မယ်ဘုရား''

*


အခန်းစဉ်- ၂၂

ဒေါ်ပိုးဇုံဆိုသော အဘွားအိုသည် ဘုန်းကြီးကျောင်းထဲမှတရွေ့ရွေ့ထွက်ခွာလာလေသည်။

သူမသည် နေ့စဉ်ပြုနေကျထုံးစံအတိုင်း ဒေါက်တာမင်းမြတ်မောင်မောင်၏ ဆေးခန်းဆီသို့ သွားနေခြင်း ဖြစ်ပါသည်။ ဒေါက်တာ မင်းမြတ်မောင်မောင်ဆေးခန်းရှေ့ရောက်လျှင် ဆေးခန်းရှေ့ရှိ ကားမှတ်တိုင်အမိုးလေးအောက်တွင် ထိုင်မည် ။ ဆေးခန်းထဲမှဒေါက်တာမင်းမြတ်မောင်မောင်ကို မြင်ရသမျှ ထိုင်ကြည့်နေမည် ဖြစ်ပါသည်။

ဘုန်းကြီးက သံယောဇဉ်ကိုဖြတ်ဖို့မိန့်ကြားလိုက်သော်လည်း ဒေါ်ပိုးဇုံမလိုက်နာနိုင်သေးပါ။ တွေ့ ထားသော သားလေးကို မသေခင်ဝအောင်ကြည့် သွားပါဦးမည် ။

ဒေါ်ပိုးဇုံသည် မျက်နှာသုတ်ပဝါလေးကိုခေါင်းပေါ်တင်ကာနေပူပူထဲတွင် တရွေ့ရွေ့လျှောက်လှမ်းလာခဲ့လေသည်။လမ်းဘေးရှိရေအိုးစင်ကလေးရှေ့တွင် ဒေါ်ပိုးဇုံ ရပ်လိုက်သည်။ရေသောက်ရန် အုန်းမှုတ်ခွက်ကလေးဆီသို့လက်ကိုလှမ်းလိုက်သည်။ရေသောက်ရင်းမှ ရေအိုးစင်နောက်ဖက်နံရံတွင် ကပ်ထားသော မှန်ကလေးဆီသို့အမှတ်မထင်ကြည့်လိုက်မိလေသည်။ မှန်မှာ မှုန်ဝါးနေသော်လည်း မှန်ထဲတွင် သူမအရိပ်က ထင်ထင်ရှားရှားပေါ်နေလေ၏ ။

''အို .ငါ အိုစာလှပါပကော၊ ရှိတဲ့အသက် ထက်ကိုငါ့ရုပ်ဟာ အိုစာနေပြီ၊ မျက်နှာက ကန့်လန့်ဖြတ်အမာရွတ်ကြီးကလည်း အကြည့်ရဆိုးလိုက် တာ၊သြော် .ငါ့ကိုတစ်ချိန်က သိပ်လှတဲ့သူဋ္ဌေး သမီး၊အရာရှိကြီးကတော် တစ်ယောက် ဆိုတာကိုဘယ်သူကယုံတော့မှာ လဲ၊ အင်းလေ .တကယ် တော့.ဒါတွေ ဟာ ငါကိုယ်တိုင် ဆိုးခဲ့မိုက်ခဲ့လို့ ခံရတဲ့အပြစ်ဒဏ်တွေ ပါပဲလေ .''

ဒေါ်ပိုးဇုံက မှန်ထဲတွင် ပေါ်လာသော ပုံသဏ္ဍာန်ဆိုးဝါးလှသည့်သူမရုပ်သွင်ကိုကြည့်ရင်း တွေးလိုက်မိလေ၏ ။

''ငါ့ရုပ်သွင်ဟာ ငါကိုယ်တိုင်မှဲ့ထားတဲ့နာမည် နဲ့လိုက်ဖက်လှပေတယ် ဒေါ်ပိုးဇုံ-ဒေါ်ပုံဆိုးတဲ့လေအင်း ...အင်း ...ငါ့ကို မမဦး တွေ့ ရင်မှတ်မိသွားမှာ စိုးလို့တစ်ကြောင်း၊ သားလေးသိရင်ရိပ်မိသွားမှာ စိုးလို့တစ်ကြောင်း .ငါ့နာမည် ရင်းမေမေသီဆိုတာကိုဖျောက်ပြီး ပိုးဇုံ-ပုံဆိုး ရယ်လို့နာမည် ကိုပြင်ထားခဲ့ရတယ်၊ သားလေးဟာ လည်းသူ့အမေအရင်းနာမည် ဟာ ဒေါ်မေမေသီ ဆိုတာကိုသိချင်သိနေနိုင်တာကိုး၊ ဒီတော့ ...

ဒေါ်ပိုးဇုံဆိုတဲ့နာမည် နဲ့ပဲ ငါဇာတ်မြှုပ်နေတာ ကောင်းပါတယ်လေ''

ဒေါ်ပိုးဇုံက ရေအိုးစင်ရှေ့မှခွာခဲ့ကာ မောလွန်းသော ကြောင့်အနီးရှိအုတ်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ဒေါ်ပိုးဇုံတစ် ဖြစ်လဲ ဒေါ်မေမေသီ၏ အတွေးထဲဝယ် အတိတ်ဘဝက ဖြစ်ရပ်များ ပြန်လည်ထင်ဟပ်လာလေသည်။

*


နောက်ကြောင်းပြန်-၁

''မေသီ .မင်းအသွားအလာဆင်ခြင်ဖို့ကောင်းပြီကွယ်''

ခင်ပွန်း ဖြစ်သူကိုမင်းမောင်က အပြင်သွားရန်အလှအပပြင်ဆင်နေသော မေမေသီ့ကိုပြောလိုက်လေသည်။

''ဘာ ဖြစ်လို့လဲကိုကို''

''မင်းကိုယ်မင်း အပျိုလေးများ ထင်နေသလား၊ တစ်နေ့တစ်နေ့ဈေးသွားလိုက်၊ အလှပြင်ဆိုင်သွားလိုက်၊ နေ့လည်နေ့ခင်း ငါရုံးတက်နေတုံး လည်တာက ထားပါတော့၊ ညပိုင်းရောက်တော့လည်း ဖဲဝိုင်းရောက်အောင်သွားပြီး ဖဲရိုက်၊ ညဉ့်နက်သန်းကောင်မှအိမ်ပြန်လာတာတော့ဆိုးလွန်းတယ်ကွာ''

''အို .ကိုကိုကလည်း မေသီက မိဘလက်ထက်ကတည်း ကဒီလိုပဲနေလာတာကို၊ လူဆိုတာ လူ့ဘဝရတုံး ပျော်ပျော်ကြီးနေရ တယ်ကိုကိုရဲ့ ၊ဟင်း .ဟင်း .''

''အေး မင်းဟာ အပျို တစ်ယောက် မဟုတ်တော့ဘူး ဆိုတာတော့သတိထားဖို့လိုတယ်မေသီ''

''အို .မေသီအပျိုမဟုတ်တာ မေသီသိသားပဲကိုကိုရဲ့ ၊ အပျိုမဟုတ်ပဲကိုကို့ဇနီး ဖြစ်နေလို့ကို မေသီက ခုလိုပွဲလမ်းသဘင် တွေ သွားပြီးပွဲလည်တင့်အောင်လုပ်နေရတာ ပါကိုကို''

''ဘာကွ''

''ကိုကို့တက်လမ်းအတွက် မင်းကတော် စိုးကတော် တွေ နဲ့ပေါင်းသင်းနေရတာ ပါကိုကိုရဲ့ ၊ မင်းပိုင်းစိုးပိုင်းနဲ့သင့်တင့်အောင်ပေါင်း နိုင်မှခုခေတ်မှာ လူရာဝင်တာမဟုတ်လားကိုကို၊ မေသီလှုပ်ရှားနေသမျှ တွေ ဟာကိုကိုနဲ့မေသီ့အတွက်ပါကိုကိုရယ်၊ အို .ကိုကို၊ နီလာတို့နဲ့ ချိန်းထားတာတောင်နောက်ကျနေပြီ၊ မေသီသွားမယ်နော် ကိုကို''

မေသီက ကိုမင်းမောင်ကိုနှုတ်ဆက်ရင်း အိမ်ထဲမှထွက်ခဲ့သည်။တံခါးဝအရောက်တွင် သူမကို ခါးထောက်ကြည့်နေသော ကိုမင်းမောင်၏ အစ်မ အပျိုကြီး တင်တင်ဦးကို တွေ့ လိုက်ရလေသည်။

''ဒါက ဘယ်လဲမေသီ''

''မေသီသွားစရာရှိလို့ပါ၊ ကိုကို့ကို ပြောထားခဲ့ပြီးသား''

မေသီက ယောင်းမ ဖြစ်သူကို မထီမဲ့မြင်ပြောကာ တင်တင်ဦးကိုယ်ကိုတွန်းတိုက်၍ အပြင်သို့ထွက်ခဲ့လေတော့သည်။

''ဟွန်း .ဒီအပျိုကြီးက နေရာတကာဝင်ဝင်ပါချင်တယ်၊ သူယောကျာ်းရပြီး ဒီအိမ်ကိုမလာမှ အေးမှာ ပဲ''

မေသီက အသင့်စောင့်ဆိုင်းနေသော ကားပေါ်တက်လိုက်ရင်း မှမဲ့ကာရွဲ့ကာ ပြောလိုက်လေသည်။

မေမေသီ့ကိုတင်ဆောင်သွားသော ကား ထွက်သွားသည်ကို ငေးကြည့်ရင်း တင်တင်ဦးက သက်ပြင်းချလိုက်လေသည်။

တင်တင်ဦးက ကိုမင်းမောင်ရှိရာသို့ လျှောက်သွားရင်း ပြော လိုက်၏ ။

''မင်းမိန်းမကို မထိန်းသိမ်းနိုင်တော့ဘူးလား မောင်မင်းမောင်''

''ကျွန်တော် လည်း ဆုံးမနေတာ မမဦးအမြင်ပဲလေ၊ ခက်တာက မေသီဟာ သူ့မိဘလက်ထက်ကတည်းက အလိုလိုက်ခံထားရတော့သူ့စရိုက်ကိုပြင်ဖို့ခက်နေတယ်''

''မိဘလက်ထက်မှာ ဘယ်လိုနေနေ၊ အိမ်ထောင်ကျပြီဆိုရင်အသွားအလာဆင်ခြင်ရတော့မယ်ဆိုတာ သူသိသင့်ပါတယ်လေ၊ မင်းတို့အိမ်ထောင်ရေး ကလည်း ခက်တာပဲကွယ်၊ မမဦးလည်း နေရာတကာဝင်မပြောချင်ဘူး၊ အင်း .သားရယ်သမီးရယ်လို့ ရလာရင်တော့ မေသီခြေငြိမ်ကောင်းပါရဲ့ လေ''

*


နောက်ကြောင်းပြန်-၂

''ကိုကို .ကိုကို့ကို မေသီပြောစရာရှိတယ်''

''ဘာများ လဲမေသီရဲ့ ''

မေမေသီက ခြေဖျားလေးထောက်ရင်း ကိုမင်းမောင်နားရွက်နားကပ်ကာ တီးတိုးပြောလိုက်လေသည်။

''ဟင် .တကယ် .တကယ်လားမေသီ''

ကိုမင်းမောင်က ဝမ်းသာရွှင်မြူးသော လေသံဖြင့်ပြောလိုက် သည်။

''အို .တကယ်မဟုတ်ပဲ ပြောပါ့မလားကိုကိုရဲ့ ''

''ဟေး .ကလေးအဖေ ဖြစ်တော့မယ်ကွ''

*


နောက်ကြောင်းပြန်-၃

''သားလေးမွေးတုံးခဏသာ ခြေငြိမ်လိုက်တယ်၊ မင်းမိန်းမကခွေးမြီးကောက်ကျည်တောက်စွပ်ပါလား မောင်မင်းမောင်''

''ကျွန်တော် လည်း စိတ်ရှုပ်လှပါပြီမမဦးရယ်''

''ကိုယ်က ကလေးအမေ ဖြစ်နေပြီ၊ အိမ်ထောင်တာဝန်ဟာဘယ်လောက်ကြီးတယ်ဆိုတာ သူမသိဘူး၊ တစ်နေ့ .တစ်နေ့ လည်ဖို့ပတ်ဖို့နဲ့ ဖဲဝိုင်းမှာ အချိန်ကုန်ဖို့ပဲ သိတယ်၊ အပေါင်းအသင်းကလည်းစုံလွန်းတယ်၊ ဒီပုံအတိုင်းဆိုရင်တော့ မင်းတို့ အိမ်ထောင်ရေး မလွယ်ဘူးငါ့မောင်''

''အောင်မယ်လေး .အပျိုကြီးက သူများ အိမ်ထောင်ရေး ကိစ္စ ထဲဝင်ပါနေလိုက်တာ၊ ဒီမယ် .မမဦး၊ မေသီတို့က မိဘလက်ထဲမှာ ကတည်းကဘော်ကြော့နေလာတာ၊ လင်ရမှ ကျွန်လိုလုပ်မနေနိုင်ဘူး၊အိမ်တွင်းပုန်းကုလားမ လုပ်မနေနိုင်ဘူး၊ သွားစရာရှိသွားမှာ ပဲ၊ ပေါင်းသင့်တဲ့လူနဲ့ပေါင်းမှာ ပဲ၊ နေရာတကာမှာ မမဦး ဝင်မပါပါနဲ့''

မေမေသီမရှိစဉ် ကိုမင်းမောင်နှင့်တင်တင်ဦးတို့မောင်နှမမေမေသီ့အကြောင်း ပြောဆိုဝေဖန်နေကြဆဲ . မေမေသီရောက်လာ ကာရန်တွေ့ လိုက်ခြင်း ဖြစ်ပါသည်။

''ပါသင့်ပါရမှာ ပဲမေသီ၊ ငါက မောင်မင်းမောင်ရဲ့ အစ်မ၊ ဒီတော့နင်ဟာလည်း ငါ့ညီမပဲ၊ ဟောဒီမှာ ငါ့တူလေးရဲ့ မျက်နှာကလည်းရှိသေးတယ်၊ ကလေးက အမေကိုသိပ်ချစ်တာ၊ အမေကိုတတမ်းတတနဲ့နေရှာတာ၊ ညီးက အချိန်မဟုတ် အခါမဟုတ် လျှောက်သွားနေတာ ကောင်းသလား၊ ငါ အစ်မ တစ်ယောက် အနေနဲ့ ပြောရမယ်၊ ဆုံးမတန်တာဆုံးမရမှာ ပဲအေ့''

''ရှင်က သူများ လင်မယားကြားထဲဝင်ပါရအောင် လင်မယားတွေ သဘောတရားကို ရှင်နားလည်လို့လား၊ ရှင် လင်ရဖူးလို့လား၊ ရှင်ကိုယ်ချင်းစာတတ်လို့လား အပျိုကြီးရဲ့ ''

''အို .''

''မေသီ မင်းစကားပြောတာ ဆင်ခြင်ပြောစမ်း၊ မမိုက်ရိုင်းနဲ့''

''ဘာလဲ .ရှင့်မယားကိုထိတော့နာသလား''

'''အမလေး .''

တင်တင်ဦးသည် မေမေသီ၏ ရင့်သီးရိုင်းစိုင်းသော စကားများ ကြောင့် ရှက်ရွံ့ကာ ငိုရှိုက်ရင်း ထွက်ပြေးသွားလေတော့သည်။

''ပြောလေကဲလေပါလား၊ မင်း . မင်း .''

''ဘာ .ရှင်က ကျွန်မကိုလုပ်မလို့လား၊ ထိရဲထိကြည့်စမ်း''

''ငါကွာ .''

*


နောက်ကြောင်းပြန်-၎

''မေသီရယ် .ကိုကိုတောင်းပန်ပါတယ်၊ သားလေးက ခုတလောနေမကောင်းဘူး၊ မေသီသားလေးနားမှာ နေပေးပါကွယ်၊ အခုဆို .မေသီရန်တွေ့ လွှတ်လိုက်လို့ မမဦးလည်း အိမ်ကိုမလာ တော့ဘူး''

''အို .ဒီအပျိုကြီး မလာတာကောင်းတယ်''

''မမဦးအိမ်မလာတာ မေသီ မကြိုက်ပေမယ့် သားလေးကကြိုက်တယ်မေသီ၊ အခုလည်း သူ့မေမေဦးကို လွမ်းဖျားဖျားနေတာ''

''အောင်မယ် .မေသီ့သားက မေသီ့ထက် ဘယ်သူ့ကိုမှပိုမချစ်ရပါဘူး၊ သားလေးမှာ ဟောဒီက အမေရင်း တစ်ယောက် လုံးရှိပါသေးတယ်ကိုကိုရဲ့ ''

''အဲဒါကြောင့်ပြောတာပေါ့၊ သားလေးမကျန်းမာတုန်းလေးမှာ အိမ်မှာ နေပေးပါလို့ ကိုကိုတောင်းပန်နေတာပါ မေသီရယ်''

ကိုမင်းမောင်က တောင်းတောင်းပန်ပန်ပြောသည့်အခါ မေမေသီသည် နေမကောင်း ဖြစ်နေသော သားလေးကိုကြည့်ရင်း သနားစိတ်ဝင်သွားလေသည်။ စိတ်မကောင်းလည်း ဖြစ်သွားလေ၏ ။

''ဟုတ်ကဲ့ပါကိုကို .မေသီဆင်ခြင်ပါ့မယ်၊ ဒီနေ့ညနေ . မေသီအပြင်မထွက်တော့ပါဘူး၊ သားလေးနားမှာ နေပါ့မယ်ကိုကို''

''ဝမ်းသာလိုက်တာမေသီရယ်''

ကိုမင်းမောင်ဝမ်းသာသွားသော်လည်း မေသီက ဝမ်းမသာနိုင်၊ဒီကနေ့ည ချိန်းထားသော ချိန်းပွဲကိုဖျက်လိုက်ရသည့်အတွက် မေသီ့ ရင်ထဲမှာ တနုံ့နုံ့ ဖြစ်နေသည်။ ကတိအတိုင်း သားလေးမင်းမြတ်မောင်မောင်အနားမှာ နေနေရသော်လည်း စိတ်က ဂျင်ဝိုင်းကိုရောက်နေလေ၏ ။

မနေ့က မေမေသီသည် ဂျင်ဝိုင်းတွင် သိန်းချီ၍ ရှုံးသွားသည်။မနေ့ကရှုံးသွားသော အရှုံးကို ဒီနေ့ပြန်ရအောင်လုပ်မည် ဟု မေမေသီအားခဲထားခြင်း ဖြစ်၏ ။မေမေသီက မနေနိုင်တော့ပဲ ညပိုင်းတွင် ဖဲရိုက်ဖက် ဂျင်ထိုးဖက်သူငယ်ချင်း မိမိမြိုင်ဆီသို့ ဖုန်းဆက်လိုက်လေသည်။

''မိမိမြိုင် .မေသီ ဒီနေ့မလာနိုင်တာ ကလေးနေမကောင်း လို့၊မေသီ သိပ်လာချင်တာပဲကွယ်၊ ကလေးနေမကောင်း ဖြစ်နေတော့ ညပိုင်းတော့ထွက်လို့မကောင်းဘူးကွာ၊ အဲဒီ တော့ .မနက်ဖန် နေ့လည်ခင်းလောက်မေသီ ရအောင်ထွက်ခဲ့မယ်လေ၊ ဝိုင်းကို နေ့လည်ပိုင်း ဖြစ်အောင်ချိန်းပေးပါလားကွာ''

''ရပါတယ်မေသီရယ်၊ ကိုနိုင်လင်းနိုကြီးကတောင် မေသီမလာလို့တဲ့ မေးနေသေးတာ''''မနေ့က မေသီ့ဆီကငွေတွေ အားလုံး သူချည်းသိမ်းကြုံးယူသွားတာလေ၊ အဲဒီ ကိုနိုင်လင်းကြီးကို မေသီအနိုင်ရချင်တာ''

''မနက်ဖန်နေ့လည်ခင်း ချိန်းလိုက်မယ်လေ၊ မေသီသာ ရောက်အောင်လာခဲ့''

''အိုကေ သူငယ်ချင်း''

*


>

နောက်ကြောင်းပြန်-၅

နောက်တစ်နေ့မနက်မှာ .မိမိမြိုင်က ဂျင်ဝိုင်းတစ်ဝိုင်းချိန်းထားကြောင်း၊ နေ့လည်၁၂နာရီ သူ့အိမ်အရောက်လာခဲ့ဖို့ ဖုန်းဆက်ပြီး သတိပေးသည်။

မိမိမြိုင်အိမ်ရောက်တော့ ဂျင်ဝိုင်းရှိရာကို အတူသွားမည့် သူ များ စုစည်းပြီးနေကြောင်း တွေ့ ရသည်။ မိမိမြိုင်ရယ်၊ ကိုနိုင်လင်းရယ်၊အခြားယောကျာ်းသုံးယောက် တို့ ဖြစ်သည်။

မေမေသီအပါအဝင် လူခြောက်ယောက် ကားဖြင့်ထွက်လာခဲ့ ကြ၏ ။ကားကို ကိုနိုင်လင်းက မောင်းလာသည်။

''ဝိုင်းက ဘယ်မှာ ဖြစ်မှာ လဲ မိမိမြိုင်''

''မြို့အပြင်က ခြံကြီးထဲမှာ လေ''

''အို .အဲဒီ ခြံထဲကို မေသီတစ်ခါမှ မရောက်ဖူးဘူး''

''ခြံကအကျယ်ကြီး၊ သိပ်လုံခြုံတယ်၊ ဖမ်းမှာ ဆီးမှာ လည်းမကြောက်ရပါဘူး မမေသီ''

ကားမောင်းနေသော ကိုနိုင်လင်းက ပြောလိုက်ခြင်း ဖြစ်သည်။

လမ်းတွင် မိမိမြိုင်က .

''ကားခဏရပ်ပေးပါဦး ကိုနိုင်လင်း''

ကိုနိုင်လင်းက ကားကိုရပ်လိုက်သည်။

''မေသီ၊ မြိုင် ကိစ္စလေးတစ်ခုရှိလို့ ဒီနားက အိမ်တစ်အိမ် ကိုဝင်လိုက်ဦးမယ်နော်၊ မကြာပါဘူး၊ မြိုင်လိုက်လာခဲ့မယ်''

မိမိမြိုင်က ပြောပြီး လမ်းတစ်ဖက်သို့ ခပ်မြန်မြန်ကူးသွားလေသည်။

''မြိုင်ရေ .ခပ်မြန်မြန်လိုက်ခဲ့နော်''

မေမေသီက မှာ လိုက်ပါသေးသည်။

*


နောက်ကြောင်းပြန်-၆

ဂျင်ဝိုင်း ဖြစ်မည့် ခြံကြီးထဲသို့ မေမေသီနှင့်ယောက်ျားလေး ယောက် ရောက်သွားကြသည်။

ခြံကြီးက တိတ်ဆိတ်နေသည်။

''ဆင်းလေ .မမေသီ''

ကိုနိုင်လင်းနှင့်ယောကျာ်းသုံးယောက် က ကားပေါ်မှဆင်းရင်းပြောလိုက်သည်။

''အိမ်ကြီးက အိုလှချည်လား၊ အိမ်ထဲမှာ လည်း ဘယ်သူမှမရှိသလိုပဲ''

''လူမရှိပြီး တိတ်ဆိတ်မှကောင်းမှာ ပေါ့မမေသီရဲ့ ၊ ကျွန်တော် တို့လာတဲ့ကိစ္စကလည်း လူမသိလေ ကောင်းလေ မဟုတ်လား''

''ရှင် .''

''သြော် .ဂျင်ဝိုင်းလုပ်တယ်ဆိုတာ လူသိခံလို့ဘယ် ဖြစ်မှာ လဲဗျာ၊မမေသီက သိသားနဲ့၊ လာပါ .မမေသီ၊ အိမ်ထဲမှာ ကစားမယ့် လူတွေ စောင့်နေပါတယ်''

မေမေသီ့စိတ်ထဲမှာ ခပ်လေးလေးဖြင့်ပင် အိမ်ထဲသို့လိုက်လာခဲ့သည်။

အိမ်ကြီးထဲကို ရောက်ပါပြီ။

''ဟင် .ဘယ်သူမှလည်း မရှိပါလား''

''ကျွန်တော် တို့လေးယောက် ရှိတယ်လေ ဟဲ .ဟဲ .''

''ဟဲ .ဟဲ''

''ဟဲ .ဟဲ''

''ဟဲ .ဟဲ''

ကိုနိုင်လင်းတို့လေးယောက် က အဓိပ္ပါယ်မရှိ စပ်ဖြဲဖြဲမျက်နှာ များ ဖြင့်ရယ်နေကြလေသည်။

''အို .ကျွန်မဂျင်ကစားဖို့လိုက်လာတာနော်၊ မိမိမြိုင်က လည်းခုထိလိုက်မလာသေးပါလား''

''မိမိမြိုင်မလာတော့ပါဘူးမမေသီ၊ မိမိမြိုင်တမင်ဆင်းနေခဲ့ တာပါ''

''ဘာရှင့် .''

''မမေသီနဲ့ ကျွန်တော် တို့လေးယောက် လွတ်လွတ်လပ်လပ် နေနိုင်ဖို့မိမိမြိုင်က ရှောင်ပေးသွားတာလေ .ဟဲဟဲ .''

''ဟဲ .ဟဲ''

''ဟဲ .ဟဲ''

''ဟဲ .ဟဲ''

လူလေးယောက် က တဟဲဟဲရယ်ရင်း မေမေသီ့အနားသို့ကပ်လာသည်။

''အို .ဘာလဲ .ရှင့်တို့ကျွန်မအနားကိုမကပ်နဲ့နော်၊ ကျွန်မကစားဖို့ဆိုလို့လိုက်လာတာ၊ မေသီ့ကို ဘယ်လိုမိန်းမစားမှတ်လို့ လဲ''

''မူမနေပါနဲ့ကွာ .မင်း ဘယ်လိုမိန်းမစားဆိုတာ ငါတို့ သိပါတယ်၊ဒီမယ် .မေမေသီ၊ မင်း မနေ့က ရှုံးထားတဲ့ငွေတွေ ပြန်လိုချင်တာမဟုတ်လား၊ဟဲ .ဟဲ . ပြန်ပေးပါမယ်ကွ၊ မင်းရှုံး ထားတာ တစ်သိန်းလေ၊ တစ်သိန်းလုံးပြန်ပေးမယ်၊ ငါတို့ လေးယောက် နဲ့ပျော်ပါးရုံနဲ့ ငွေတစ်သိန်းရမှာ မင်းအတွက်တန်ပါတယ်ကွာ''

''လူယုတ်မာ .ရှင် ကျွန်မနားမကပ်နဲ့နော်''

''အချစ်ကလေးကလည်းကွာ .ကိုနိုင်လင်းက မေသီလေး ကိုချစ်လို့ပါချစ်ရဲ့ ''

ကိုနိုင်လင်းက မေမေသီ့ပါးကိုလှမ်းကိုင်ရင်းပြောလိုက်သည်။မေမေသီက ကိုနိုင်လင်းလက်ကိုပုတ်ချကာ ပါးကိုလှမ်းရိုက်လိုက်၏ ။

''ဟ- စွာ လှချည်လားဟေ့၊ အေးလေ .ငြိမ်သွားအောင်လုပ်ရတာ ပေါ့''

''ရှင် ရှေ့မတိုးနဲ့နော်၊ ကျွန်မကို ဘယ်လိုအစားမှတ်လို့လဲ''

''မင်း ဘယ်လိုအစားဆိုတာ သိပါတယ်ကွာ၊ အိမ်ထောင်ရှိ ရက်နဲ့ကိုယ့်ယောကျာ်းကိုယ်တောင် ရှိတယ်မထင်ပဲ အချိန်မရွေး သွားချင်ရာသွားနေတဲ့မိန်းမဟာ ဘယ်လိုမိန်းမစားဆိုတာ ငါတို့ကောင်းကောင်းသိတယ်ကွ၊ ဟား .ဟား .''

မေမေသီက လှည့်ပြေးရန်ဟန်ပြင်လိုက်သည်။

''ဟေ့- ကောင်မကို ဖမ်းထားစမ်း''

မေမေသီက ရှေ့မှဆီးကာထားသော လူ၏ ပေါင်ကြားထဲကိုလက်ထဲမှခေါက်ထီးဖြင့် အားကုန်ထိုးပစ်လိုက်သည်။

''အာ့ .အား .''

ထိုလူကုန်းကွကွ ဖြစ်သွားသည်။

မေသီက တံခါးပေါက်ဆီအမြန်ပြေးရင်း အိမ်ထဲမှပြေးထွက်ခဲ့လေသည်။

''လိုက်- လိုက်-''

ရမ္မက်ဇောမွှန်နေသော ယောကျာ်းများ က မေမေသီ့နောက်သို့အပြေးလိုက်လာကြလေသည်။

ခြံစပ်သို့မရောက်မီပင် မေမေသီသည် မြေကြီးပေါ်ခြေခွင်လဲကျသွားလေ၏ ။

ကံအားလျော်စွာ ပင်....

မေမေသီလဲကျသည့်နေရာတွင် .မြက်ရိပ်ရာ၌ သုံးသော ဓားတစ်စင်းကိုတွေ့ လိုက်ရလေသည်။

မေမေသီသည် မြက်ရိပ်ဓားကိုကောက်ယူပြီး လဲနေရာမှကျုံးထလိုက်သည်။

နောက်မှလိုက်လာသော လူများ က မေမေသီ့ကိုမှီလာလေပြီ။ကိုနိုင်လင်းက ရှေ့ဆုံးက။

မေမေသီက သူ့ဆီပြေးလာသော ကိုနိုင်လင်းကို ဓားဖြင့်ဆီး၍ ပိုင်းလိုက်သည်။

ကိုနိုင်လင်း လဲကျသွားသည်။

နောက် တစ်ယောက် ။

နောက် တစ်ယောက် ကိုတော့ ဓားဖြင့်ဝမ်းဗိုက်ကိုထိုးပစ်လိုက် သည်။ကျန်သည့်နှစ် ယောက် မှာ သူတို့ရှေ့မှ လူနှစ် ယောက် မရှုမလှခံလိုက်ရသည့်မြင်ကွင်းကြောင့် ခြံအဝဆီသို့ ထွက်ပြေးလေသည်။

''လူသတ်နေပါတယ်ဗျို့၊ လူသတ်နေပါတယ်၊ လာကြပါဦး''

ပြေးထွက်သွားသော လူနှစ် ယောက် သွေးရူးသွေးတန်း အော်ဟစ်လိုက်လေသည်။

*


နောက်ကြောင်းပြန်-၇

လူသတ်တရားခံအ ဖြစ် ထောင်ကြီးချုပ်တွင် ဖမ်းချုပ်ခံထား ရသော မေမေသီ။

အမှုစစ်ဆေးနေဆဲ တစ်လအကြာတွင် မေမေသီ့အတွက်ရင်ကွဲလောက်စရာသတင်းက ထောင်ထဲသို့ရောက်လာခဲ့လေ၏ ။ကိုမင်းမောင်သည် မေမေသီ့ ဖြစ်ရပ်ကြောင့် စိတ်လေလွင့်ကာတစ်နေကုန်အရက်သောက်နေရာမှ ရုံးလည်းမတက်နိုင်၊ သားလေးကိုလည်းလှည့်မကြည့်နိုင်ပဲ ယစ်ထုတ်ကြီးလုံးလုံး ဖြစ်ခဲ့ရသည်တဲ့။

မနေ့ကညကတော့ အရက်မူးမူးဖြင့် အိမ်ကိုကားမောင်းအပြန်လမ်းဘေးမှသစ်ပင်ကြီးကို ကားဖြင့်ဝင်တိုက်မိကာ .ပွဲချင်းပြီး အသက်ဆုံးရှုံးသွားလေသည်။

ထိုသတင်းကို မေမေသီ၏ ရှေ့နေက ယူလာပြောသော ကြောင့်မေမေသီသိလိုက်ရသည်တွင် .

''အောင်မယ်လေး .မှားပါပြီကိုကိုရဲ့ ၊ မေသီမှားပါပြီ၊ မေသီ့ ကြောင့်ကိုကိုသေရပြီ၊ သားလေးလည်း ဖတဆိုး ဖြစ်ရပြီ၊ အားလုံးဟာမေသီ့မိုက်ပြစ်တွေ ပါကိုကိုရယ်၊ သားလေး .သားလေးရေ၊ သား လေး.မင်းမြတ်မောင်မောင်၊ ဘယ်သူနဲ့ နေရှာမလဲ၊ အမလေး . မင်းအမေမိန်းမဆိုးကြီးကြောင့်၊ မိန်းမရိုင်းကြီးကြောင့် ငါ့သားလေးဒုက္ခရောက်ရပါပေါ့လား''

မေမေသီသည် ထောင်အချုပ်ခန်းကြမ်းပြင်ပေါ်တွင် လူးလှိမ့်ငိုယိုနေလေ၏ ။

*


နောက်ကြောင်းပြန်-၈

မေမေသီ့အမှုအား စစ်ဆေးကြားနာရာသို့ ကိုမင်းမောင်အစ်မတင်တင်ဦး ရောက်လာလေသည်။

မေမေသီက တင်တင်ဦးအား .

''မမဦးရယ် .မေသီ့ကိုခွင့်လွှတ်ပါ၊ အားလုံးဟာ မေသီ့မိုက်ပြစ်တွေ ကြောင့် ဖြစ်လာတာပါမမဦး၊ သားလေးရောဟင်၊ သားလေးဘယ်လိုနေရရှာသလဲ မမဦးရယ်''

''သားကို ငါခေါ်ထားတယ်''

တင်တင်ဦးက မေမေသီ့မျက်နှာကိုမကြည့်ပဲ အသံပြတ်ဖြင့်ပြောသည်။

''မမဦးရယ် .ကျေးဇူးတင်ပါတယ်၊ ရှေ့အပတ်ရုံးချိန်းဆို မေသီ့ကိုစီရင်ချက်ချတော့မှာ ပါ၊ မေသီ သားလေးကိုမြင်ပါရစေ၊ ရှေ့အပတ်ရုံးချိန်းကျသားလေးကိုခေါ်လာပေးပါလားဟင်၊ ခေါ်လာပေး ပါနော် မမဦး၊မေသီထောင်ထဲမဝင်ခင် သားလေးမျက်နှာကို နောက်ဆုံးအကြိမ်မြင်ပါရစေမမဦးရယ်''

*


နောက်ကြောင်းပြန်-၉

မေမေသီ့အမှုကိုစီရင်ချက်ချမည့် နေ့။မေမေသီသည် တရားခံဝက်ခြံလေးအတွင်း ရပ်နေရင်းမှတရားခွင်တွင် ထိုင်နေသော တင်တင်ဦးကို မကြာခဏလှည့်ကြည့်မိသည်။တင်တင်ဦး တစ်ယောက် တည်းကိုသာ မြင်ရပါသည်။ တင်တင်ဦးနှင့်အတူ သားလေးမင်းမြတ်မောင်မောင်ကို မတွေ့ မိပါ။ ကလေးကိုတရားရုံးထဲခေါ်လာဖို့ မသင့်လို့ .အပြင်မှာ ထားခဲ့လေသလား။

မေမေသီက မျှော်လင့်ချက်ကြီးဖြင့် တွေးတောနေမိသေးသည်။မေမေသီ့အမှုကို စီရင်ချက်ချလိုက်ပါပြီ။

''ထောင်ဒဏ်အနှစ် နှစ် ဆယ်တဲ့"

မေမေသီ့ကို အချုပ်ကားပေါ်သို့ခေါ်အသွားတွင် တင်တင်ဦးရောက်လာကာ လာတွေ့ သည်။

''မမဦး .မမဦး .သားလေးရောမမဦးရယ်၊ သားလေး ကိုခေါ်လာသလားဟင်''

''ခေါ်မလာဘူး၊ ဒီမယ်မေသီ .ငါ့မျက်နှာကို သေချာ ကြည့်စမ်း၊ငါပြောတာကို သေချာမှတ်သွား၊ ညီးကို ငါတို့က လူစာရင်းကပယ်ဖျက်လိုက်ပြီ၊ညီးလည်း ညီးမိုက်ပြစ်နဲ့ညီး ထောင်ဒဏ် နှစ် ရှည်လများ ခံရတော့မယ်၊ ဒီတော့...ညီးကိုယ်ညီးလည်း မေမေသီဆိုတဲ့မိန်းမဟာ သေသွားပြီလို့ပဲမှတ်လိုက်ပါတော့အေ၊ ညီး ထောင်ကထွက်ရင်လည်း ငါတို့အသိုင်းအဝိုင်းထဲပြန်မလာပါနဲ့တော့၊ ညီးသားကို လူသတ်သမရဲ့ သားအနေနဲ့ပတ်ဝန်းကျင်မှာ မျက်နှာမငယ် စေချင်ရင် ညီးပြန်မလာပါနဲ့တော့၊ ကလေးကိုခေါ်မလာတာလည်း ညီးနဲ့မပတ်သက်စေချင်လို့ပဲ၊ ကလေးကိုမြင်နေရရင်ညီး သံယောဇဉ် အမျှင်တန်းနေဦးမယ်၊ အားလုံးကိုမေ့လိုက်ပါတော့အေ၊ဟောဒီမြေမှာ ညီးနဲ့ပတ်သက်တာ ဘာမှမရှိတော့ဘူးလို့မှတ်ပြီးညီးလမ်းညီး သွားပါတော့၊ ညီးဟာ ခုအချိန်ကစပြီးငါတို့အသိုင်းအဝိုင်းနဲ့ဘာမှမသက်ဆိုင်တဲ့လူ တစ်ယောက် ဖြစ်သွားပြီ၊ ဒါပဲ''

တင်တင်ဦးက သူပြောလိုသည်များ ကို အားရအောင်ပြောကြားအပြီးတွင် နေရာမှလှည့်ထွက်သွားလေသည်။

''မမဦး .မမဦးရယ် .''

*


''သြော် .မမဦး .မမဦး၊ ဒီတုန်းက မေသီ့ကို ရက်ရက် စက်စက်ပြောရက်လိုက်တာနော်၊ ဒါပေမယ့် . မေသီစိတ်မဆိုးပါဘူး မမဦးရယ်၊ မမဦးပြောတာတွေ အမှန်တွေ ချည်းပါပဲ .

''ဒါပေမယ့် မမဦးရေ .မပိုးဇုံဆိုတဲ့နာမည် နဲ့ ထောင်ကထွက်လာခဲ့တဲ့မေသီ ကတော့ မမဦးမှာ ခဲ့တဲ့စကားတွေ ကို မလိုက်နာနိုင်ခဲ့ပါဘူးမမဦးရယ် .

''ထောင်ကထွက်တာနဲ့ သားလေးမျက်နှာမြင်ချင်ဇောနဲ့ မြို့ကိုရောက်အောင်ပြန်လာ၊ မမဦးကိုမျက်နှာချင်းမဆိုင်ရဲလို့ အဝေးကနေတိုးတိုးတိတ်တိတ်စုံစမ်းတော့ .အခြေအနေတွေ က အနှစ် နှစ် ဆယ် အတွင်းမှာ အများ ကြီးပြောင်းလဲခဲ့ပါပြီကော .

''မေသီထောင်ကျပြီး မကြာခင်ပဲ .မမဦးအိမ်ထောင်ကျသွားတယ်တဲ့၊ မြို့ကိုပြောင်းလာတဲ့ အလယ်တန်းကျောင်းအုပ်ဆရာကြီးဦးဘလှဆိုသူနဲ့အိမ်ထောင်ကျတယ်တဲ့၊ မမဦးတို့မှာ သားသမီးမထွန်းကားခဲ့ဘူး၊ သားလေးမင်းမြတ်မောင်မောင်ကိုပဲ သားအရင်းအမှတ်နဲ့ မွေးစားခဲ့ကြတယ်တဲ့၊ မေသီ့အတွက်တော့ ဒီသတင်းဟာ သတင်းကောင်းပေါ့မမဦးရေ .သားလေးအတွက် ရင်အေးရလို့ မမဦးကိုကျေးဇူးတင်လိုက်တာလေ .

''ဒါပေမယ့် .မေသီထောင်ကထွက်လာချိန်မှာ မမဦးတို့ မြို့မှာ မရှိတော့ဘူး၊ မမဦးယောကျာ်း ဆရာကြီးဦးဘလှရဲ့ ဇာတိမြို့ကို ပြောင်းသွား ပြီတဲ့ .

''သားလေးမျက်နှာကိုမြင်ချင်တဲ့ မေသီ၊ မမဦးတို့ ပြောင်းသွား တဲ့ဟောဒီမြို့ကို လိုက်လာခဲ့တာပေါ့မမဦးရေ''

ဒေါ်ပိုးဇုံအမည် ခံ ဒေါ်မေမေသီက အုတ်ခုံလေးတွင် ထိုင်ရင်းသူမ၏ နောက်ကြောင်းများ ကိုတွေးတောနေခြင်း ဖြစ်လေသည်။

''ဒီမြို့ကိုရောက်တော့လည်း ဆရာကြီးဦးဘလှ၊ ဒေါ်တင်တင်ဦးတို့သတင်းကို မေသီ ထင်ထင်ပေါ်ပေါ်မစုံစမ်းရဲပါဘူး၊ ကံကောင်းထောက်မလို့ ထောင်ထဲမှာ သိကျွမ်းခဲ့တဲ့မိန်းမ တစ်ယောက် နဲ့တွေ့ တယ်၊ သူကမေသီ့မှာ နေစရာမရှိမှန်းသိလို့ သူ့အသိဘုန်းကြီးကျောင်းမှာ ပြော ပေးတယ်၊ဘုန်းကြီးကခွင့်ပြုလို့ ကျောင်းထဲက ဇရပ်ကလေးမှာ နေလို့ ရခဲ့တယ်၊စားတာတော့ ဘုန်းကြီးကျောင်းက ဆွမ်းကျန်ဟင်းကျန်လေး ပေါ့လေ .

''ဒါပေမယ့် .မေသီကြေနပ်ပါတယ်၊ ဒေါ်ပိုးဇုံဆိုတဲ့ ဟောဒီကမိန်းမကြီးက ကြေနပ်ပါတယ်လေ၊ ဘာ ဖြစ်လို့လဲဆိုတော့ .ဟောဒီ မြို့မှာ မေသီ့ရင်နဲ့လွယ်မွေးခဲ့တဲ့ သားလေးမင်းမြတ်မောင်မောင်ရှိတယ် လေ၊သားလေးမင်းမြတ်မောင်မောင်ရှိတဲ့မြေမှာ သားလေးကို တွေ့ အောင်ရှာမယ်ဆိုတဲ့အတွေးနဲ့ပေါ့ .

''တကယ်တန်းကျတော့ ...မမဦးတို့သတင်းကို မေသီထင်ထင်ပေါ်ပေါ်မစုံစမ်းရဲပါဘူး၊ မမဦးကိုကြောက်တယ်၊ မမဦးက မေသီ့ကိုသေခန်းဖြတ်ထားတာလေ၊ ဒါပေမယ့် .မသိမသာ ဟိုမေးဒီမေး မေးရင်းနဲ့ပဲမမဦးတို့သတင်းကိုရလာခဲ့ပါတယ်၊ ကျောင်းအုပ်ဆရာကြီးဦးဘလှဆိုတာလည်း ဒီမြို့မှာ မြို့မျက်နှာဖုံးကိုး .

''တစ်နေ့တော့ .ဈေးနားမှာ မေသီရှိနေတုံး မမဦးတို့ လင်မယားဈေးကိုလာတာနဲ့ကြုံပါလေရော၊ မမဦးက အသက်ကြီးသွား ပေမယ့်လှလို့ပလို့ချောလို့ခန့်လို့ပါလား၊ မေသီက မမဦးကိုမှတ်မိပေ မယ့်.မမဦးကတော့ မျက်နှာမှာ ကန့်လန်ဖြတ်အမာရွတ်ကြီးနဲ့ အိုမင်းရွတ်တွပြီးရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ဟောဒီကမေသီကို မမှတ်မိရှာဘူး၊ကောင်းတာပေါ့လေ၊ မေသီလည်း မမဦးတို့လင်မယား နောက်ကမယောင်မလည်နဲ့ လိုက်လာခဲ့တော့ - မမဦးတို့နေတဲ့အိမ်ကို သိခဲ့ရပါတယ်"

''အိမ်ရှေ့မှာ ချိတ်ထားတဲ့ဆိုင်းဘုတ်ကလေးကို မြင်လိုက်ရတော့မေသီ့ရင်မှာ ကြည်နူးလိုက်ရတာ လေ၊ ''ဒေါက်တာမင်းမြတ်မောင်မောင်'' တဲ့၊အဲဒါ .မေသီ့သားကလွဲလို့ ဘယ်သူ ဖြစ်ရဦးမှာ လဲလေ၊ သားလေး ရယ်. . .သားလေးက ဆရာဝန်တောင် ဖြစ်နေမှကိုး၊ သားလေးကိုဒီလိုဘဝရောက်တဲ့အထိ မွေးလာခဲ့တဲ့ မမဦးကိုလည်း ကျေးဇူးတင်လိုက်တာလေ .

''နှစ် ရက်ဆက်တိုက် အိမ်ရှေ့ကသစ်ပင်ကြီးကိုပုန်းကွယ်ပြီးချောင်းကြည့်လိုက်တော့ .သားလေးကိုတွေ့ ရပါပြီ၊ သားလေး . အို.ဆရာဝန်ကြီး မင်းမြတ်မောင်မောင်၊ ခန့်ညားပါဘိ၊ ချောပါဘိ ငါ့သားရယ်၊ရုပ်ရည်က သူ့အဖေအတိုင်းဆိုတော့ မှတ်မိလွယ်တာပေါ့၊ သားရေ .သားဆိုပြီးပြေးဖက်ချင်လိုက်တာကွယ်၊ အမေ့မှာ မနည်း ချုပ်တီးထားရတယ် .

''သားရေ .အမေ့အတွက် ကံကောင်းတာက သားက ဆေးခန်းကိုအိမ်နဲ့ဝေးတဲ့နေရာမှာ ဖွင့်ထားတာနော်၊ အိမ်မှာ သာ ဆေးခန်းတွဲ ဖွင့်ထားရင်သားကိုနေ့စဉ်လာလာချောင်းကြည့်တာနဲ့ တစ်နေ့ မဟုတ်တစ်နေ့မှာ သားအမေဒေါ်တင်တင်ဦးက အမေ့ကိုမှတ်မိချင် မှတ်မိသွားနိုင်တယ်မဟုတ်လား .

''သားဆေးခန်းက အိမ်နဲ့ဝေးတဲ့တစ်နေရာမှာ သပ်သပ်ဆိုတော့အမေ့မှာ .နေ့တိုင်း သားကိုလာလာချောင်းကြည့်ဖို့ လွယ်သွားတာ ပေါ့ကွယ်၊ ဖြစ်ချင်တော့ ...သားဆေးခန်းက အိမ်နဲ့ဝေးပြီး အမေနေတဲ့ဘုန်းကြီးကျောင်းနဲ့နီးနေတာပဲ၊ အမေ့အတွက် နတ်သိကြားတွေ ဖန်ဆင်းပေးလိုက်တာပေါ့လေ .

''သားမျက်နှာလေးကိုမြင်နေရတာ နဲ့ အမေကြေနပ်ပါပြီငါ့သား ရေ၊မင်းဟာ အမေ့သားဆိုတာကို အမေဘယ်တော့မှ မဖော်ထုတ်ပါ ဘူး၊ထောင်ထွက်မ ...မိန်းမဆိုး ...မိန်းမယုတ်လို့ ...နာမည် တွင် ခဲ့တဲ့မိန်းမကြီးရဲ့ သားအနေနဲ့ မင်းကို ဘယ်သူမှမသိစေရပါဘူးငါ့သားရယ်၊ မမဦးကိုပေးထားတဲ့ကတိကိုလည်း အမေထိန်းပါ့မယ် .

''သြော် .သားလေးက အမေနဲ့ဆုံတော့ ကြင်နာရှာသား၊သွေးကပြောတယ်ထင်ပါရဲ့ နော်၊ အဒေါ်ကြီး ဘယ်သွားမှာ လဲ၊ ကျွန်တော် လိုက်ပို့ပါ့မယ်တဲ့ အမေ့ကို "အဒေါ်ကြီးတဲ့'' .ခေါ်လိုက်ပုံ၊ သားရေ...အမေလေ ...သားဆီက ''အမေ''ဆိုတဲ့ခေါ်သံလေး ကိုတော့ကြားချင်သားကွယ်၊ အမေ့ကိုယ်အမေ သားရဲ့အမေ ဖြစ်ကြောင်းဘယ်တော့မှမဖော်ထုတ်ပါဘူး၊ သားပါးစပ်က ယောင်လို့ပဲ ဖြစ် ဖြစ် .အမေအရွယ်မိန်းမကြီးမို့ပြဲဖစ်ြဖစ် .လွှတ်ကနဲပဲ ဖြစ် ဖြစ် . ''အမေ''-လို့ခေါ်လိုက်ပါလားသားရယ် .

"သားရဲ့ နှုတ်က "အမေ" ဆိုတဲ့ ခေါ်သံလေးကို ကြားရရင်ဖြင့် အမေသေပျော်ပါပြီ သားရယ်.."

''ဘာပဲ ဖြစ် ဖြစ် ...လောလောဆယ်မှာ တော့ ...သားကိုနေ့စဉ်မြင်နေရတာ နဲ့ပဲ အမေကြေနပ်တယ်ကွဲ့၊ အမေ သေတဲ့နေ့အထိသားဆေးခန်းရှေ့ကနေ လာလာချောင်းကြည့်နေမှာ ပဲ၊ သိလား .

''အင်း .ခုလည်း သွားရဦးမယ်၊ သွားရဦးမယ်၊ သွားရပေ ဦးမယ်၊ငါ့သားလေးမျက်နှာကိုမြင်ရဖို့ ငါ့သားဆရာဝန်ကြီးထိုင်တဲ့ ဆေးခန်းရှေ့ကကားမှတ်တိုင်လေးအောက်ကို ငါသွားမယ်၊ သွားမယ်၊ ငါ့သားမျက်နှာကိုကြည့်ဖို့ငါသွားဦးမယ်ဟေ့''

အဘွားအိုဒေါ်ပိုးဇုံက သူမ၏ အတွေးများ ကိုဖြတ်တောက်ကာထိုင်ရာမှ ထလိုက်လေသည်။

ချိနဲ့ယိုင်ရွဲ့သော ခြေလှမ်းများ ဖြင့် ဆေးခန်းရှေ့သို့ တရွေ့ရွေ့ထွက်ခွာသွားလေသည်။

*


အခန်းစဉ် - ၂၅

ဒေါက်တာမင်းမြတ်မောင်မောင်နှင့်မိုးတို့၏ ကားလေးသည်မိုးရွာထဲတွင် ပြေးလွှားနေ၏ ။

''အို .မောင်၊ ဟိုမှာ ကြည့်လိုက်စမ်း၊ မောင့်ဆေးခန်းရှေ့ မှာ လာလာထိုင်နေတဲ့အဘွားကြီး''

မိုးက မောင့်ကို သစ်ပင်တစ်ပင်အောက်တွင် ရပ်နေသော ဒေါ်ပိုးဇုံကိုညွှန်ပြရင်း ပြောလိုက်လေသည်။ မင်းမြတ်မောင်မောင်က ကားကိုစက်ရှိန်သတ်လိုက်၏ ။

''ဟင် .ဟုတ်ပါရဲ့ ၊ မိုးတွေ လည်းရွှဲလို့ပါလား၊ သနားစရာပဲ မိုးရယ်၊မောင် ရပ်ပြီးခေါ်လိုက်မယ်နော်''

''ခေါ်လိုက်ပါမောင်''

မင်းမြတ်မောင်မောင်က ဒေါ်ပိုဇုံမိုးခိုနေသည့်သစ်ပင်အောက် တွင် ကားကိုရပ်လိုက်သည်။

''အဒေါ်ကြီး .အဒေါ်ကြီး၊ ဘာလုပ်နေတာလဲ''

''ကျောင်းကိုအပြန် မိုးမိလို့ မိုးခိုနေတာပါဆရာဝန်လေးရယ်''

''အို .အဒေါ်ကြီးကိုယ်မှာ မိုးတွေ ရွှဲနေပြီ၊ ကျောင်းဆိုတာဘာကျောင်းကိုပြောတာလဲအဒေါ်ကြီး''

''အဒေါ်ကြီးနေတဲ့ ဘုန်းကြီးကျောင်းကိုပြောတာပါ၊ ဘုန်းကြီးကျောင်းကဇရပ်လေးမှာ အဒေါ်ကြီးနေပါတယ်ကွယ်''

''ဟာ .မိုးရေတွေ လည်း တစ်ကိုယ်လုံးရွှဲလို့ပါလား၊ အဒေါ်ကြီးချမ်းနေပြီ၊ လာ- လာ- အဒေါ်ကြီးကို ကျွန်တော် လိုက်ပို့မယ်''

''ကိစ္စမရှိပါဘူးဆရာဝန်လေးရယ်''

''ဘယ်ဟုတ်မှာ လဲ၊ အဒေါ်ကြီးနေမကောင်း ဖြစ်လိမ့်မယ်၊အဒေါ်ကြီးသောက်စရာဆေးတွေ လည်း ကျွန်တော် ပေးခဲ့မယ်၊ လာနော်အဒေါ်ကြီး''

မင်းမြတ်မောင်မောင်က ဒေါ်ပိုးဇုံကို ကားပေါ်တင်ခေါ်ခဲ့လေ သည်။ဘုန်းကြီးကျောင်းက ဇရပ်လေးအထိလိုက်ပို့လိုက်လေ၏ ။ဒေါ်ပိုးဇုံကို အဖျားတိုင်းပေးကာ သောက်ရန်ဆေးများ ပေးလိုက်သည်။

ဒေါ်ပိုးဇုံနေသော ဇရပ်ဒေါင့်မှ အိပ်ရာနွမ်းနွမ်းလေးကိုကြည့်ပြီးမင်းမြတ်မောင်မောင်စိတ်မကောင်း ဖြစ်သွားလေသည်။

''အဒေါ်ကြီးရယ် .အဒေါ်ကြီးမှာ သားသမီးမရှိဘူးလားဗျာ၊ဘာ ဖြစ်လို့ ဒီလိုဆင်းဆင်းရဲရဲနေနေရတာ လဲဟင်''

''အဒေါ်ကြီးမှာ သားသမီးမရှိပါဘူး ဆရာဝန်လေးရယ်၊အဒေါ်ကြီးက တစ်ကောင်ကြွက်ပါ''

''တခြားအားကိုးစရာ ဆွေမျိုးတွေ ရော မရှိဘူးလားဟင်''

''မရှိပါဘူး၊ အဒေါ်ကြီးထောင်ကထွက်လာတာ မကြာသေးပါဘူးကွယ်''

''ဗျာ- ဘာမှုနဲ့ထောင်ကျခဲ့တာလဲဟင်''

''အဒေါ်ကြီးငယ်ငယ်က အဒေါ်ကြီးကိုမတရားကျင့်ကြံဖို့ကြိုးစားတဲ့လူတွေ ထဲက နှစ် ယောက် ကိုသတ်ပစ်လိုက်လို့ အဒေါ်ကြီးထောင်ကျခဲ့တာပါကွယ်''

'' ဖြစ်မှ ဖြစ်ရလေအဒေါ်ကြီးရယ်၊ အဒေါ်ကြီးနာမည် ကရောဘယ်လိုခေါ်သလဲဟင်''

''အဒေါ်ကြီးနာမည် က .ပိုး .ပိုးဇုံတဲ့၊ ဒေါ်ပိုးဇုံလို့ ခေါ်ပါတယ်ကွယ်''

''ဒေါ်ပိုးဇုံ .နာမည် ကလည်း ဆန်းလိုက်တာဗျာ၊ ကဲ- အဒေါ်ကြီးအဝတ်စိုတွေ လဲပြီး မှိန်းနေလိုက်နော်''

''ဟုတ်ကဲ့ဆရာဝန်လေး''

''မိုးရေ .မောင်တို့ ကြုံတုန်း ကျောင်းကဘုန်းကြီးကိုဝင်ဖူးရအောင်''

*


''ဘယ်ကလာကြသလဲ''

''တပည့်တော် က လမ်းထိပ်ကဆေးခန်းမှာ ထိုင်တဲ့ဆရာဝန်ပါဘုရား၊ ဒေါက်တာမင်းမြတ်မောင်မောင်ပါ၊ ဟောဒါက တပည့်တော် နဲ့လက်ထပ်မယ့် မိုးကေသီပါ''

''သြော် .သြော် .''

''ဟောဟိုဇရပ်ထဲမှာ နေတဲ့ ဒေါ်ပိုးဇုံဆိုတဲ့အဒေါ်ကြီး လမ်းမှာ မိုးမိနေလို့ လိုက်ပို့ရင်း ရောက်လာတာပါဘုရား''

''သြော် .ဒေါ်ပိုးဇုံနဲ့ဆုံကြတာကိုး၊ အေးကွယ် .ဘုန်းကြီး လည်းခိုကိုးရာမဲ့နေသူဆိုတော့ လက်ခံထားရတယ်၊ ခမျာမလည်းအသက်အရွယ်ကြီးမှ မှီခိုစရာ အားထားစရာမရှိနဲ့ ဒုက္ခရောက်နေရပေတာကိုး''

''တင်ပါ့ဘုရား .တပည့်တော် ကိုလည်း သူ ထောင်ကထွက် လာတာမကြာသေးကြောင်း ပြောလိုက်ပါတယ်ဘုရား''

''ထောင်အနှစ် နှစ် ဆယ် ကျခဲ့သတဲ့၊ ထောင်ကထွက်တော့သူ့သားကိုလိုက်ရှာရင်းက ဒီမြို့ကိုရောက်လာတယ်ဆိုပဲ''

''တင်ပါ့ .သူ့သားရှိသေးတယ်ပေါ့ဘုရား၊ တပည့်တော် ကို တော့ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်လို့ ပြောလိုက်ပါတယ်ဘုရား''

''သိနိုင်ဘူးလေ၊ အသက်ကလည်းကြီး၊ လောကဓံအထုအထောင်းကလည်းများ လှပေတော့ ဦးနှောက်မှတ်ဥာဏ်တွေ လည်းကောင်းချင်မှကောင်းတော့မှာ ပေါ့လေ၊ ထင်ရာမြင်ရာတွေ လျှောက်ပြောနေတာလဲ ဖြစ်ချင် ဖြစ်မှာ ပေါ့ကွယ်''

''မှန်လှပါဘုရား၊ တပည့်တော် ဒီကျောင်းကသံဃာတော် တွေ ရဲ့ ကျန်းမာရေး ကိစ္စကို တာဝန်ယူလိုပါတယ်ဘုရား၊ လိုအပ်ရင် တပည့်တော် ဆေးခန်းကို လူလွှတ်ခေါ်ခိုင်းပါဘုရား၊ တပည့်တော် ကိုလည်း တစ်ပတ်တစ်ကြိမ် သံဃာတော် များ ကျန်းမာရေး ကို လာစစ်ဆေးခွင့် ပြုပါဘုရား''

''အိမ်း .ကောင်းပါလေ့ဒေါက်တာရယ် . သာဓု . သာဓု .သာဓု''

*


အခန်းစဉ်- ၂၇

''မေမေရယ် .အဘွားကြီး တစ်ယောက် ဟာ သိပ်သနားစရာကောင်းတာပဲ၊ ထောင်ကထွက်လာတာ မကြာသေးဘူးတဲ့၊ ဘုန်းကြီးကျောင်းကဇရပ်မှာ နေနေရရှာတယ်မေမေ၊ သားလေ .အဲဒီ အဘွားကြီးကိုကြည့်ပြီး ဘယ်လိုသနားမှန်းမသိဘူးမေမေရယ်''

ဒေါက်တာမင်းမြတ်မောင်မောင်က သူ့မိခင်ဒေါ်တင်တင်ဦးကိုပြောပြလိုက်သည်။

''အဘွားကြီး၊ ထောင်ထွက်၊ ဟုတ်လား၊ သားနဲ့ဘယ်လိုတွေ့ တာလဲ''

''အဲဒီ အဒေါ်ကြီးက သားဆေးခန်းရှေ့ကို နေ့တိုင်းလာတယ်မေမေ''

''ဟင် .''

''မနေ့ကတော့ မိုးမိနေတာတွေ့ လို့ သားနဲ့မိုးနဲ့ သူ့ကိုကားပေါ်တင်ပြီး သူနေတဲ့ဘုန်းကြီးကျောင်းက ဇရပ်ကိုလိုက်ပို့လိုက်တယ်မေမေ''

''အို .သူ့နာမည် က ဘယ်သူတဲ့လဲ''

''ဒေါ်ပိုးဇုံတဲ့မေမေ''

''သူ .သူက .သားကို ဘာတွေ ပြောသေးလဲ''

''သူ ထောင်ကထွက်လာတာ မကြာသေးဘူးတဲ့၊ သူ့မှာ မှီခိုစရာဆွေမျိုးသားချင်းမရှိလို့ ဇရပ်မှာ နေနေရတာ လို့ပြောပါတယ်မေမေ၊ဘုန်းကြီးကတော့ ဒေါ်ပိုးဇုံဟာ ပျောက်နေတဲ့သူ့သားကို လိုက်ရှာနေတာလို့ မိန့်တယ်မေမေ''

''အလို .ဘုရား .ဘုရား .ဒေါ်ပိုးဇုံ ဆိုတာမေသီများ ဖြစ်နေမလား၊ အို .မဟုတ်နိုင် ပါဘူးလေ၊ဘာပဲ ဖြစ် ဖြစ် ဘုန်းကြီးကျောင်းမှာ နေတဲ့ထောင်ထွက်မကြီးကိုတော့ ငါစုံစမ်းမှ ဖြစ်မယ်''

ဒေါ်တင်တင်ဦးက တစ်ကိုယ်တည်းတွေးလိုက်မိခြင်း ဖြစ်သည်။

''သားလေ ...ဘုန်းကြီးကျောင်းက သံဃာတော် တွေ ရဲ့ ကျန်းမာရေး ကိစ္စကို တာဝန်ယူပါရစေလို့ ဘုန်းကြီးကိုလျှောက်ခဲ့တယ် မေမေ''

''အဲ .အင်း . အင်း. ကောင်းတာပေါ့သားရယ်၊ ကောင်းတာပေါ့ကုသိုလ်ရတာ ပေါ့၊ ဒါနဲ့ .အဲဒီ ဘုန်းကြီးကျောင်းက ဘယ်ကျောင်းလဲသား''

''သား ဆေးခန်းနားက မင်္ဂလာဇေယျုံဘုန်းကြီးကျောင်းလေမေမေ''

''သြော် .''

*


အခန်းစဉ်- ၃ဝ

ဒေါက်တာမင်းမြတ်မောင်မောင်၏ ဆေးခန်းရှေ့သို့ ကားတစ်စီးဆိုက်လာသည်။ ကားမှာ ခရီးဝေးသွားရာမှ ဝင်လာသော ကား ဖြစ်ကြောင်းသိသာလေ၏ ။ ကား၌ ဖုံများ တင်နေသည်။

ခရီးသွားရင်း ကျန်းမာရေး ချို့တဲ့လာသော ကြောင့် အဝေးပြေးကားလမ်းဘေးရှိ ဒေါက်တာမင်းမြတ်မောင်မောင်၏ ဆေးခန်းသို့ ဝင်လာခြင်းပင် ဖြစ်ပါသည်။

ကားပေါ်မှအဘိုးကြီးတစ်ဦးနှင့်အဘွားကြီးတစ်ဦး ဆင်းလာ၏ ။အဘိုးကြီးက ဝေဒနာခံစားနေရဟန်ရှိသော အဘွားကြီးကို ပခုံးမှဖေးမဖက်ကိုင်ရင်း ဆေးခန်းထဲဝင်လာလေသည်။

ဒေါက်တာမင်းမြတ်မောင်မောင်က ခရီးဦးကြိုပြုလိုက်လေ၏ ။

''ခရီးသွားရင်း သွေးတိုးလာလို့ဒေါက်တာရေ . သွေးပေါင်ချိန်ကြည့်ပြီး လိုအပ်တာလေး ကုပေးပါဒေါက်တာ''

အဘိုးကြီးက ပြောလိုက်သည်။

''ဟုတ်ကဲ့အန်ကယ် .ဆေးခန်းထဲကြွပါခင်ဗျာ''

ဆေးခန်းအကူမိန်းကလေးက အမျိုးသမီးကြီး၏ အမည် ကိုရေး မှတ်နေသည်။

''ဘယ်ကိုခရီးထွက်မလို့လဲခင်ဗျာ''

လူနာကိုစမ်းသပ်ရင်းမှ မင်းမြတ်မောင်မောင်က မေးလိုက် သည်။

''မန္တလေးကိုပါဒေါက်တာ၊ ပဲခူးက လာကြတာပါ၊ တောင်ငူစားသောက်ဆိုင်မှာ တောကောင်သားရတာ နဲ့ စားမိတယ်၊ သွေးတိုးကလည်းရှိတော့ သွေးတိုးတာပါပဲဒေါက်တာရယ်''

မင်းမြတ်မောင်မောင်က ဆေးထိုးဆေးတိုက်ပြုလုပ်ကာ အမျိုးသမီးကြီးကို ခေတ္တအနားယူခိုင်းလိုက်သည်။

အမျိုးသားကြီးက ကျသင့်သည့်ဆေးဖိုးကို ဆေးခန်းအကူထံ တွင် ရှင်းပေး၏ ။

မိနစ်၂ဝခန့်အကြာတွင် အမျိုးသမီးကြီးမှာ သက်သာသွားလေသည်။

ရောဂါ သက်သာသည်နှင့် မိန်းမကြီးက ဆေးခန်းအနှံ့မျက်လုံးကစားကာ စပ်စုပါလေတော့သည်။

''သြော် .ဒေါက်တာ့နာမည် က မင်းမြတ်မောင်မောင်တဲ့ လား၊နေပါဦး၊ ဒီနာမည် မျိုးကြားဖူးပါတယ်၊ အို .မှတ်မိပြီ၊ မှတ်မိပြီ၊အရင်ပဲခူးမှာ နေသွားတဲ့ ဆရာကြီးဦးဘလှနဲ့မတင်တင်ဦးတို့သားနာမည် ပဲ''

''ဟုတ်ပါတယ်အန်တီ၊ ကျွန်တော် ငယ်ငယ်က ပဲခူးမှာ နေဖူးပါ တယ်၊ကျွန်တော့် မိဘတွေ ကလည်း ဦးဘလှနဲ့ဒေါ်တင်တင်ဦးပါပဲ၊ အန်တီသိပါသလား''

''သိပြီကောဒေါက်တာ၊ တင်တင်ဦးနဲ့အန်တီနဲ့က သူငယ်ချင်း လေ၊ဟုတ်တာပေါ့၊ ဆရာဦးဘလှဇာတိမိတ္ထီလာကို ပြောင်းသွား တာခုမှသတိရတော့တယ်၊ ဆရာနဲ့တင်တင်ဦးတို့ရော ရှိကြသေးလား၊ နေကောင်းကြလားဒေါက်တာ''

''ဖေဖေရော မေမေရော ရှိပါတယ်၊ နေကောင်းပါတယ်အန်တီ၊အန်တီ့နာမည် က ဘယ်သူပါလဲ၊ ကျွန်တော် ပြောလိုက်ပါမယ်''

''အန်တီ့နာမည် က ခင်ခင်ကြီးတဲ့၊ တင်တင်ဦးနဲ့သူငယ်ချင်း ပေါ့''

''ဟုတ်ကဲ့အန်တီ''

ဒေါ်ခင်ခင်ကြီးဆိုသူအမျိုးသမီးကြီးက ဒေါက်တာမင်းမြတ်မောင်မောင်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။

''အင်း .မင်းမြတ်မောင်မောင်လေးတောင် ဒီအရွယ် ရောက်ပြီးဆရာဝန်ကြီး ဖြစ်နေပြီနော်၊ ဝမ်းသာလိုက်တာကွယ်၊ ဆရာကိုဘလှနဲ့ တင်တင်ဦးတို့ မင်္ဂလာဆောင်တုန်းက ဒေါက်တာ ငယ်ငယ်လေးရှိသေးတာပဲ"

''ဗျာ ...ကျွန်တော့် အဖေနဲ့အမေ မင်္ဂလာဆောင်တုံးကကျွန်တော် ငယ်ငယ်လေးပဲ ရှိသေးတယ် ဟုတ်လား၊ အန်တီ ပြောတာကိုကျွန်တော် နားမလည်ပါဘူးခင်ဗျာ''

''ဟေ့- ခင်ခင်ကြီး၊ မင်းဘာတွေ လျှောက်ပြောနေတာတုံးကွဲ့၊သည်းခံပါဆရာ၊ သူက တစ်ခါတစ်ခါ စိတ်ဖောက်တတ်ပါတယ်၊ ခင်ခင်ကြီး၊ လာ-လာ- မန္တလေးအထိခရီးဆက်ရဦးမှာ ၊ သွားကြစို့၊ ကျွန်တော် တို့ကို ခွင့်ပြုပါဦးဒေါက်တာ''

အဘိုးကြီးက ဒေါ်ခင်ခင်ကြီးကို ဆေးခန်းထဲမှ အတင်းခေါ်ထုတ်သွားလေတော့သည်။

မင်းမြတ်မောင်မောင်အတွက်တော့ စဉ်းစားစရာအချက်များ ကျန်ရစ်ခဲ့ရလေတော့သည်။

''ဒေါ်ခင်ခင်ကြီးဆိုတဲ့အဘွားကြီးပြောသွားတဲ့စကားတွေ က ဘယ်လိုစကားတွေ ပါလိမ့်၊ ဖေဖေနဲ့မေမေ မင်္ဂလာဆောင်တုန်းက ငါ့အသက်ကငယ်ငယ်လေး ရှိသေးတယ်တဲ့၊ ဒါဆို .ဖေဖေနဲ့ မေမေမင်္ဂလာမဆောင်ခင်ကတည်းက ငါဟာ . . .

လူ ဖြစ်ပြီးသားပေါ့၊ အို .ဒါဆိုရင် ငါဟာ ဖေဖေနဲ့မေမေတို့ရဲ့ သားအရင်း မဟုတ်ဘူးပေါ့၊ ဖြစ်နိုင်ပါ့မလား၊ ဒီအဘွားကြီး ရူးနေတာလား၊ ဘာပဲ ဖြစ် ဖြစ်.ဒေါ်ခင်ခင်ကြီးပြောသွားတဲ့စကားတွေ ကိုတော့မေမေ့ကိုပြန်ပြောပြီး မေးကြည့်ရမှာ ပဲ''

မင်းမြတ်မောင်မောင်က တစ်ယောက် တည်း တွေးနေမိတော့ ၏ ။

*


အခန်းစဉ်- ၃၁

''သားဟာ ဖေဖေနဲ့မေမေတို့ရဲ့ သားအရင်းရော ဟုတ်ရဲ့ လားမေမေရယ်''

''အမလေး .သားရယ် .ဘယ်လိုမေးလိုက်တာလဲ၊ သားဟာဖေဖေနဲ့မေမေ့သားမဟုတ်လို့ ဘယ်သူ့သား ဖြစ်ရဦးမှာ တုံး သားရဲ့ ''

''ဒီနေ့ .သားဆေးခန်းကို ပဲခူးကလာတဲ့လူတွေ ဝင်သွားတယ်မေမေ၊ ဆေးဝင်ကုတာပါ၊ ဒေါ်ခင်ခင်ကြီးဆိုတဲ့အဘွားကြီး၊ မေမေ့သူငယ်ချင်းတဲ့၊ မေမေသိတယ်မဟုတ်လား''

''ခင်ခင်ကြီး၊ ပဲခူးက .ခင်ခင်ကြီး၊ မေမေသိတယ်လေ၊ ဟုတ်တယ်၊မေမေ့သူငယ်ချင်းပဲ''

''ဒေါ်ခင်ခင်ကြီးက ပြောသွားတယ်မေမေ၊ မေမေနဲ့ဖေဖေမင်္ဂလာဆောင်တုံးက သားအသက်က ငယ်ငယ်လေးရှိသေးတယ်တဲ့''

''အမလေး .''

''အဲဒါဘာသဘောလဲမေမေ၊ သူပြောသလိုဆို သားဟာ မေမေတို့သားအရင်းမဟုတ်ဘူးပေါ့၊ သားကို မေမေတို့မွေးစားထားတာလား''

''မဟုတ်ဘူး၊ မဟုတ်ဘူး၊ မေမေရင်ကွဲအောင် အဓိပ္ပါယ်မရှိတဲ့မေးခွန်းတွေ မမေးပါနဲ့ငါ့သားရယ်''

''အဓိပ္ပါယ်ရှိပါတယ်မေမေ၊ ဒေါ်ခင်ခင်ကြီးက အဓိပ္ပါယ်မရှိ ပဲနဲ့ဒီစကားတွေ ဘယ်လိုပြောမလဲ''

''ဟေ့ကောင်- ငါ့သား''

ဦးဘလှအခန်းထဲဝင်လာသည်။

''ငါ့သား ...မင်းပြောတဲ့စကားတွေ ဖေဖေကြားပြီးပြီ၊အလကားပါကွယ်၊ အဓိပ္ပါယ်မရှိပါဘူး၊ အဲဒီ ခင်ခင်ကြီးဆိုတဲ့မိန်းမဟာစိတ်ကယောက် ကယက် ဖြစ်နေတာကွဲ့၊ သားနဲ့ ကြုံမှကြုံတတ်ပလေကွယ်၊မင်းအမေကိုစိတ်ဆင်းရဲအောင် ဘာလို့လျှောက်ပြောနေရတာ တုံးကွယ်၊သားဟာ ဖေဖေတို့သားမဟုတ်လို့ ဘယ်သူ့သား ဖြစ်ရဦးမှာ တုံး၊ ကိုယ်တိုင်လည်း ဆရာဝန် တစ်ယောက် ဖြစ်နေပြီပဲငါ့သားရယ်၊ စဉ်းစားကြည့်ပါဦး၊ဘာမဟုတ်တဲ့ ခပ်ကြောင်ကြောင်မိန်းမကြီးပြောသွားတဲ့စကားကြောင့်တို့သားက တို့ကိုအထင်မှားနေပြီဟေ့၊ ရယ်စရာတောင်ကောင်းသေး တော့၊ဟား .ဟား .ဟား .''

ဦးဘလှက ရယ်စရာဟာသတစ်ပုဒ်သဖွယ် သဏ္ဍာန်လုပ်ပြောလိုက်ရာ .မင်းမြတ်မောင်မောင်ဇဝေဇဝါ ဖြစ်သွားရလေတော့သည်။

''သားက သူပြောသွားတဲ့စကားတွေ ဆန်းလွန်းလို့ မေးကြည့်မိတာပါဖေဖေရယ်၊ မေမေ .မငိုပါနဲ့မေမေရယ်၊ မေမေဟာ သားအမေအရင်းဆိုတာ သားသိပါတယ်မေမေ၊ သားမေးမိတာ ခွင့်လွှတ်ပါ မေမေရယ်၊ဟုတ်ပါတယ်လေ၊ ဒေါ်ခင်ခင်ကြီးရဲ့ ယောကျာ်းကိုယ်တိုင်က သူ့မိန်းမဟာတစ်ခါတစ်ခါ စိတ်ဖောက်တတ်တယ်လို့ ပြောသွားတာပဲ''

*


အခန်းစဉ်- ၃၂

''ဒုက္ခပါပဲကိုဘလှရယ်၊ ကျွန်မတို့သားလေးက ကျွန်မတို့ကိုသံသယဝင်နေပြီ၊ ဘယ်လိုလုပ်ကြမလဲကိုဘလှ''

''အို .ခင်ခင်ကြီးကို စိတ်မနှံ့ဘူးလို့ပြောလိုက်တာကို သားကယုံ သွားပါတယ်တင်တင်ရယ်၊ စိတ်မပူပါနဲ့''

''ဒါတွင် မဟုတ်သေးဘူးနော်ကိုဘလှ၊ ကျွန်မ ရှင်စိတ်ဆင်းရဲမှာ စိုးလို့မပြောခဲ့တာ၊ သားအမေ မေမေသီဟာ ဟောဒီမြို့မှာ ရောက်နေပြီလို့ကျွန်မထင်တယ်ကိုဘလှ''

''ဟင် .မင်းဘာကြောင့် ဒီလိုပြောနိုင်တာတုံး''

''သားက တစ်နေ့ကပြောတယ်ကိုဘလှ၊ သူ့ဆေးခန်းရှေ့ကိုလာလာနေတဲ့ အဘွားကြီး တစ်ယောက် ရှိတယ်တဲ့၊ အဲဒီ အဘွားကြီးဟာထောင်ထွက်ကြီးတဲ့၊ ဘုန်းကြီးကျောင်းမှာ ခိုကပ်နေတာတဲ့၊ သားကအဘွားကြီးကိုသနားပြီး ဆေးကုပေးနေတယ်ကိုဘလှရဲ့ ''

''အို .ဒါနဲ့ပဲ .အဲဒီ အဘွားကြီးဟာ မေမေသီ ဖြစ်ရ ရောလားကွာ''

''ကိုဘလှကလည်းလေ ...မေမေသီထောင်ကျသွားတဲ့အနှစ် နှစ် ဆယ်ဟာ ပြည့်ပြီရှင့်၊ ဒီကြားထဲ ခင်ခင်ကြီးရဲ့ အနှောက်အယှက်က မထင်မှတ်ပဲဝင်လာသေးတယ်၊ သားက ပဲခူးပြန်ပြီးစုံစမ်းရင်တော့ ဒုက္ခပဲ၊ဘာပဲ ဖြစ် ဖြစ် .ဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့ထောင်ထွက် မိန်းမကြီးဟာမေမေသီဟုတ်,မဟုတ်တော့ စုံစမ်းကြည့်မှ ဖြစ်မယ် ကိုဘလှရေ''

''အေးလေ .ဒါတော့ မင်းသဘောပေါ့၊ ငါတို့ကတော့ ငါတို့သားလေးငါတို့အပေါ်မေတ္တာမပျက်အောင် လုပ်ရမှာ ပဲဟေ့''

''ဟုတ်တယ်၊ ထောင်ထွက်မကြီးနေတဲ့ မင်္ဂလာဇေယျုံဘုန်းကြီးကျောင်းကို ကျွန်မသွားမယ် ကိုဘလှ''

*


အခန်းစဉ်- ၃၃

ဒေါ်ပိုးဇုံသည် ဘုန်းကြီးကျောင်းဝင်းထဲရှိ ဘုရားလေးတွင် မနက်တိုင်း တံမျက်စည်းလှဲသည်။ သောက်တော် ရေချမ်းကပ်သည်။ ပြီးလျှင်.ပုတီးတစ်ပါတ်ပြည့်အောင်စိတ်နေကျ ဖြစ်၏ ။

ယနေ့မနက်လည်း နေ့စဉ်ပြုမြဲအတိုင်း တံမျက်စည်းလှဲ၊ ရေချမ်းကပ်ပြီး၍ ဘုရားရှိခိုးကာ ပုတီးစိတ်နေသည်။

မျက်လွှာချကာ ပုတီးစိတ်နေသော ဒေါ်ပိုးဇုံသည် သူ့ဘေးသို့အမျိုးသမီး တစ်ယောက် လာရပ်သည်ကို မမြင်။ ထိုအမျိုးသမီးကြီးကသူမကိုစူးစိုက်ကြည့်ကာ ရှုထောင့်အမျိုးမျိုးမှ လှည့်ပတ်ကြည့်ရင်း အကဲခတ်နေသည်ကိုလည်း မသိရှာ။

ထိုအမျိုးသမီးကြီးမှာ ဒေါ်တင်တင်ဦး ဖြစ်ပါသည်။

ဒေါ်ပိုးဇုံသည် ပုတီးစိတ်အပြီးတွင် မျက်လွှာပင့်ကြည့်လိုက် သည်။သူမဘေးတွင် ကပ်၍ ရပ်နေသော မိန်းမ တစ်ယောက် ၏ ထမီစကိုမြင်လိုက်သည်။ အကြည့်ကို အထက်ဖက်သို့ တဖြည်းဖြည်းရွှေ့လိုက်သည်။

''အို .''

ခါးထောက်ရပ်နေသော အမျိုးသမီးကြီး၏ မျက်နှာကို တွေ့ မြင်လိုက်ရသည့်အခါ ဒေါ်ပိုးဇုံက အလန့်တကြားရေရွတ်လိုက်လေ၏ ။

''ညီးဟာ မေမေသီမဟုတ်လား''

ဒေါ်တင်တင်ဦးက ပိုင်ပိုင်နိုင်နိုင်မေးချလိုက်သည်။

''မဟုတ် .မဟုတ်''

ဒေါ်ပိုးဇုံက လက်ကလေးနှစ် ဖက်ကိုကာရင်း ငြင်းဆန်လိုက်လေသည်။

''ငါသိတယ်၊ မငြင်းနဲ့၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပေမယ့်ညီးရဲ့ ပင်ကိုယ်ရုပ်ကို ငါဖမ်းမိတယ်မေမေသီ၊ ညီးဟာမေမေသီပဲ''

''မဟုတ် .မဟုတ်ပါဘူး မမဦးရယ်''

''ညီး .မေမေသီမဟုတ်ပဲ ငါ့ကို မမဦးလို့ ဘာလို့ခေါ်သလဲ''

''အို .ဟင် .ကျွန်မ .''

''ငြင်းမနေပါနဲ့ မေသီ၊ ငါ အတန်တန် တားထားတဲ့ကြားက ညီးဘာ ဖြစ်လို့ ဒီအထိလိုက်လာရသလဲ''

''မေသီ ...မေသီ ...သားလေးမျက်နှာကိုမြင်ချင်လို့ပါ၊မြင်ရုံလေးမြင်ချင်လို့ပါမမဦးရယ်၊ မေသီမနှောက်ယှက်ပါဘူး၊ မနှောက်ယှက်ပါဘူး၊ သားကိုလည်း အသိမပေးပါဘူးမမဦးရယ်''

''တော် - ညီးအသိမပေးလည်း တခြားနည်းလမ်းနဲ့ သိသွားနိုင်တာတွေ အများ ကြီး၊ တည်ငြိမ်နေတဲ့ငါတို့ဘဝကို ညီးဘာလို့ ဖျက်ဆီးချင်ရတာ လဲမေသီရယ်၊ ညီးသားလေးလူတစ်လုံးသူတစ်လုံး ဖြစ်နေတာ ကိုညီးမမြင်ချင်ဘူးလား၊ အ ဖြစ်မှန်တွေ သာ သိသွားရင် သားလေးဟာစိတ်ဆင်းရဲတာနဲ့ ဘဝပျက်သွားနိုင်တယ်၊ ညီးသားဘဝပျက်မှာ ကို ညီးမြင်ချင်သလားမေသီ၊ ပြောစမ်း''

''အို .မမြင် .မမြင်ချင်ပါဘူး မမဦးရယ်''

''သားလေးမင်းမြတ်မောင်မောင်စိတ်ကို ထိခိုက်စေချင်သလားမေသ၊ီ ညီး လို လူသူသတ်သ်သမ-ထောင်ထ်ထွကွက်မ်မရဲ့သားဆတိုာ သလိ ကို ရ် ရင်သားလေး ဘယ်လောက်စိတ်ထိခိုက်သွားမယ်ဆိုတာ စဉ်းစားကြည့်စမ်း၊သားစိတ်ကို မထိခိုက်စေချင်ရင် ညီး .ဒီမြို့ကထွက် သွားပါ၊ အမြန်ဆုံးထွက် သွားပါမေသီ''

''မမဦးရယ် .မေသီ့ကိုသနားပါ၊ မေသီလေ .မေသီ ဟာသားအမေဆိုတာကို သားမသိစေရပါဘူး၊ သားမျက်နှာကို မြင်ရရုံ လေးပဲ.''

''တော် - ဆက်မပြောနဲ့''

''မမဦး .မမဦး၊ မေသီ့ကို သနားပါ''

ဒေါ်ပိုးဇုံက ဘုရားရင်ပြင်တွင် ထိုင်နေလျှက်ကပင် ဒေါ်တင်တင်ဦးကို လက်အုပ်ချီကန်တော့ရင်း တောင်းပန်နေရှာသည်။

''ရော့- ဒီမှာ ပိုက်ဆံ၊ ဒီငွေကိုလမ်းစရိတ်လုပ်ပြီး ညီး ဒီမြို့ကထွက် သွားပါ၊ အမြန်ဆုံးထွက် သွားပါ၊ ဒါပဲ-''

ဒေါ်တင်တင်ဦးက ငွေစက္ကူများ ကို ဒေါ်ပိုးဇုံဆီသို့ပစ်ပေါက်ပေးလိုက်ကာ နေရာမှလှည့်ထွက်သွားလေတော့သည်။ဒေါ်ပိုးဇုံသည်ကား ဘုရားရင်ပြင်ဝယ် သည်းထန်စွာ မဆုံးနိုင်အောင် ငိုရှိုက်နေလေတော့သည်။

''သား .သား .သားရေ .အမေ့ ဘဝကဆိုးလှချည်လားသားရယ် . သားလေး မျက်နှာကိုကြည့်ရုံလေးကြည့်ခွင့်တောင် မရှိဘူး တဲ့ကွယ်၊အမေထွက်သွားရတော့မယ်၊ အမေသွားရတော့မယ်သားရဲ့ .အမေမသွားခင် သားလေး ဆီက''အမေ''ဆိုတဲ့ ခေါ်သံလေးကို ကြားချင်လိုက်တာသားရယ် .ကြားချင်လိုက်တာ . အမေ့ကို.အမေလို့ ခေါ်လိုက်ပါလားကွယ်၊ သားဆီက အမေဆိုတဲ့ခေါ်သံလေးတစ်ခွန်း ကြားလိုက်ရရင် အမေသေပျော်ပါပြီကွယ် . အမေသေပျော်ပါပြီ .အမေလို့ခေါ်လှည့်ပါတော့ သားလေးရေ .''

*


အခန်းစဉ်- ၃၄

''သားရေ .လာပါဦးကွယ်၊ သားကို မေမေတို့ပြောစရာ ရှိတယ်''

''ဟုတ်ကဲ့မေမေ''

''သားစိတ်ထဲမှာ ဒေါ်ခင်ခင်ကြီးပြောသွားတဲ့ကိစ္စကို တအုံနွေးနွေးခံစားနေရသေးလားသား''

''ဒေါ်ခင်ခင်ကြီးဟာ မေမေတို့ပြောသလို ရူးနေတဲ့လူတစ်ယောက် တော့ မဟုတ်နိုင်ဘူးဆိုတာ သားကဆရာဝန်မို့လို့ သိပါတယ်မေမေရယ်၊ ဒေါ်ခင်ခင်ကြီးပြောသွားတဲ့စကားတွေ ထဲမှာ လျှို့ဝှက်မှုတစ်ခုခုရှိနေမယ်လို့ သားနားလည်နေပါတယ်မေမေ၊ ဒါပေမယ့် .မေမေနဲ့ဖေဖေစိတ်ဆင်းရဲနေမှာ စိုးလို့ သား ဘာမှမမေးဘူးလို့ ဆုံးဖြတ်ထားပါတယ်မေမေ''

''သြော် .ဒါဖြင့်သားက အဖေတို့ပြောတဲ့စကားကိုလည်းအကြွင်းမဲ့မယုံဘူးလို့ ဆိုလိုတာပေါ့လေ''

''သား .ဖေဖေတို့စကားကိုမပယ်ရှားဝံ့ပါဘူးဖေဖေရယ်''

''အေး .အဲဒါကြောင့်လည်း လိမ္မာတဲ့သားလေးကို ဖေဖေနဲ့မေမေက ဆက်ညာမထားချင်တော့လို့ ဖေဖေနဲ့မေမေတိုင်ပင်ပြီး အ ဖြစ်မှန်တွေ ကို ဖွင့်ပြောတော့မလို့ပါငါ့သား''

''ဗျာ- အ ဖြစ်မှန်တွေ .ဟုတ်လား၊ ဒါဖြင့် .ဒါဖြင့် သားဟာဖေဖေတို့မေမေတို့သားအရင်း မဟုတ်ဘူးပေါ့နော်၊ ဟုတ်လား ဖေဖေ၊ပြောပါဦးမေမေရယ်''

''သိပ်စိတ်မလှုပ်ရှားပါနဲ့သားရယ် .သားဟာ ဖေဖေနဲ့မေမေ တို့သားအရင်းမဟုတ်ပေမယ့် တစိမ်းတရံဆန်လည်း မဟုတ်ပါဘူးကွယ်၊သားဟာ မေမေရဲ့ မောင်အရင်း မောင်မင်းမောင်က မွေးခဲ့တဲ့သားပါ၊မေမေရဲ့ တူအရင်းပါ၊ မင်းအဖေမောင်မင်းမောင်ဟာ မင်းအသက်သုံးနှစ် အရွယ်မှာ ကားအက်ဆီးဒင့် ဖြစ်ပြီးဆုံးရှာတယ်သား''

''အမေ .အမေကရော''

''မင်းအမေ ကတော့ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်ပြီး စီးပွားရှာမယ်ဆိုပြီး စင်္ကာပူနိုင်ငံကို ထွက်သွားခဲ့တယ် သား''

''ဟင် .''

''တကယ်တော့ .မင်းအမေဟာလည်း မင်းဘဝနောင်ရေး အတွက်စီးပွားရှာဖို့ ထွက်သွားရှာတာပါကွယ်၊ ဒါပေမယ့် . ကံဆိုး ချင်တော့မင်းအမေဟာ ဟိုနိုင်ငံရောက်ပြီးမကြာခင်ပဲ ရောဂါ တစ်ခုနဲ့ဆုံးပါးသွားတယ်သား''

''အို .အမေ့နာမည် က ဘယ်သူတဲ့လဲဟင်''

''မေမေသီ-တဲ့''

''ဒါဆို သားမိဘအရင်းတွေ က ဦးမင်းမောင်၊ ဒေါ်မေမေသီ ပေါ့ '

''ဟုတ်တယ်သား၊ မင်းမြတ်မောင်မောင်ဆိုတဲ့မင်းနာမည် ကိုမင်းအမေ မေမေသီကိုယ်တိုင်မှည့်ပေးခဲ့တာပါကွယ်၊ သြော် .သားကို ပြဖို့ဟောဒီမှာ .မင်းအဖေနဲ့အမေရဲ့ ဓာတ်ပုံ''

''ဟင် .ပြပါဦး၊ ပြပါဦးဗျာ''

မင်းမြတ်မောင်မောင်က မိဘနှစ် ပါးဓာတ်ပုံကို အငမ်းမရယူကြည့်လိုက်သည်။

''ဟောဒါက .မင်းအဖေကားတိုက်ပြီး ဆုံးသွားတုံးက ထည့်ခဲ့တဲ့ကြေးမုံသတင်းစာမှာ ပါတဲ့ နာရေး ကြော်ငြာ''

မင်းမြတ်မောင်မောင်က နာရေး ကြော်ငြာကို ဖတ်ကြည့်သည်။

''အင်း ...အဖေသေတဲ့ရက်စွဲက သားအသက်သုံးနှစ် လောက်တုံးကပဲ၊ သားအမေနာရေး ကရော မေမေ''

''မင်းအမေက နိုင်ငံခြားမှာ ဆုံးသွားတာကို နောက်ကျမှ သိရလို့မေမေတို့လည်း နာရေး မထည့် ဖြစ်တော့ဘူးကွယ်''

''မေမေ့ရဲ့ ဆွေမျိုးတွေ ကရော အခုဘယ်မှာ လဲဟင်''

''မင်းအမေက တစ်ဦးတည်းသော သမီးကွဲ့၊ တခြားဆွေမျိုးတွေ ကလည်း သွေးဝေးတဲ့အထဲကပါလေ၊ မေမေတို့လည်း ပဲခူးကနေမိတ္ထီလာကိုပြောင်းလာတော့ မေမေသီတို့အမျိုးတွေ နဲ့ အဆက်အသွယ်ပြတ်သွားတာပေါ့လေ''

''ဒီအကြောင်းတွေ ကို အစကတည်းက ဘာလို့မပြောခဲ့တာလဲဟင်''

''ဖေဖေတို့အပြစ်ပါပဲငါ့သားရယ်၊ ဖေဖေတို့က သားသမီးမရနိုင်တော့ ငါ့သားကိုပဲ သားအရင်းလိုချစ်နေရတာ လေ၊ မွေးစားထားတယ်ဆိုတာကိုသိရင် ဖေဖေတို့အပေါ် အချစ်ပေါ့သွားမှာ စိုးရိမ်ပြီး ဒီအကြောင်းတွေ ကိုဇာတ်မြှုပ်ထားခဲ့တာပါသားရယ်''

''ဒါဖြင့် .ဒေါ်ခင်ခင်ကြီးပြောသွားသလို ဖေဖေနဲ့မေမေမင်္ဂလာဆောင်တုန်းက သားငယ်ငယ်ပဲရှိသေးတယ်ဆိုတာ တကယ်ပေါ့ နော်၊ဖေဖေနဲ့မေမေက သားအဖေနဲ့အမေတို့ထက် နောက်ကျပြီးမှအိမ်ထောင်ကျတာပေါ့၊ သားအဖေနဲ့အမေဆုံးပြီးမှ မေမေတို့အိမ်ထောင်ကျတာပေါ့နော်''

''ဟုတ်တယ်သား၊ ဖေဖေရော မေမေရော လူပျိုကြီး၊ အပျိုကြီးဘဝရောက်ကြပြီးမှ အိမ်ထောင်ကျတာပါ၊ မေမေဟာ မောင်လေးမောင်မင်းမောင်မွေးတဲ့ တူကလေး မင်းကို သိပ်ချစ်ခဲ့တယ်၊ သားဟာတကယ်တော့ မွေးကတည်းက မေမေ့လက်ပေါ်မှာ ကြီးပြင်းခဲ့တာပါလေ၊မင်းအမေ မေမေသီက ပညာသင်တာနဲ့ နိုင်ငံခြားသွားဖို့ကြိုးစားတာနဲ့မင်းကိုမကြည့်အားပါဘူး၊ မေမေရှိနေတော့လည်း သူ့အနေနဲ့ စိတ်ချလက်ချနေနိုင်တာပေါ့လေ''

''သားအမေဒေါ်မေမေသီဟာ သိပ်သနားဖို့ကောင်းတာပေါ့နော်မေမေ''

''ဟုတ်ပါတယ်၊ သားကိုသိပ်ချစ်ရှာတဲ့အမေပါ၊ သားလေးဘဝမြင့်မားစေချင်လို့ နိုင်ငံခြားအထိ ထွက်အလုပ်လုပ်ပြီး စီးပွားရှာခဲ့တဲ့အမေ တစ်ယောက် ပါကွယ်၊ ကံဆိုးရှာတဲ့မိန်းကလေးပါ''

''ဒီအ ဖြစ်တွေ ကို အခုကျမှ မေမေတို့က သားကိုဘာလို့ပြောပြရတာ လဲဟင်''

''ခင်ခင်ကြီးစနက်ကြောင့်ပဲသား၊ ခင်ခင်ကြီးက စပ်စပ်စုစုနဲ့ပြောသွားတဲ့စကားဟာ သားရင်ထဲကိုရောက်သွားပြီလေ၊ သားအနေနဲ့ပဲခူးမှာ စုံစမ်းတာမျိုးလုပ်ရင် ဒီအကြောင်းတွေ သိလာနိုင်တာပဲ၊ အဲဒါ ကြောင့်သားကိုယ်တိုင် စုံစမ်းပြီးမှ သိရင် သားကမေမေတို့ကို စိတ်ဆိုးတော့မယ်၊စိတ်နာတော့မယ်ဆိုတာ တွေးမိလို့ မထူးတော့တဲ့ အတူတူဖွင့်ပြောရတာ ပါသားရယ်''

''ဒါပေမယ့်သားရေ .ဖေဖေတို့ဟာ မင်းကိုသားအရင်းလိုချစ်တယ်ဆိုတာကိုတော့ သံသယမဝင်စေချင်ဘူးကွယ်၊ ဒါတွေ ကိုဖုံးကွယ်ထားရတာ လည်း မင်းကိုချစ်လွန်းလို့၊ မင်းက မွေးစားသားဆိုတာ သိသွားရင် ဖေဖေတို့ကိုအချစ်ပေါ့သွားမှာ စိုးလို့ ဖုံးကွယ်ထားမိတာပါငါ့သားရယ်''

''သြော် .ဖေဖေရယ်၊ ဖြစ်မှ ဖြစ်ရလေဗျာ၊ ဖေဖေနဲ့မေမေ တို့သားကိုချစ်တယ်ဆိုတာ သားယုံကြည်ပြီးသားပါဖေဖေရယ်၊ အခုသားရဲ့ တကယ့်ဇာတ်ကြောင်းကိုသိလိုက်ရပေမယ့် ဖေဖေနဲ့မေမေ့ကိုအချစ်လျော့မ သွားပါဘူးဗျာ၊ သားကို သားအရင်းနဲ့မခြား ချစ်ခင်ပြီး မွေးခဲ့၊ပညာသင်ပေးခဲ့တဲ့ ဖေဖေနဲ့မေမေကို သားက ပိုတောင်လေးစား ပြီးပိုပြီးတောင်ချစ်သွားရပါပြီဖေဖေ၊ သား ဖေဖေနဲ့မေမေ့ကို ကန်တော့ ပါရစေ''

မင်းမြတ်မောင်မောင်က ဦးဘလှနှင့်ဒေါ်တင်တင်ဦးကို ထိုင်ကန်တော့လိုက်သည်။

''အို .လိမ္မာလိုက်တဲ့သားလေး''

''ကဲ- သား၊ ခုဆို မင်းဘဝဇာတ်ကြောင်းအမှန်ကို မင်းသိရ ပြီ၊မင်းရဲ့ အဖေရင်း အမေရင်းတွေ ဟာ ကွယ်လွန်သွားပြီဆိုတာလည်း သိရပြီ၊ဒီတော့ ဖေဖေနဲ့မေမေ့ကိုပဲ မင်းမိဘတွေ လို့ မှတ်ယူရမယ်နော် ငါ့သား''

''ဒါပေါ့ဖေဖေရယ် .ဟောဒီက ဖေဖေနဲ့မေမေဟာ သား အတွက်တုနှိုင်းမရတဲ့ကျေးဇူးရှင်မိဘတွေ ပါဗျာ''

ဦးဘလှနှင့်ဒေါ်တင်တင်ဦးတို့က တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ကြရင်း မျက်လုံးချင်းစကားပြောကာ ပြုံးလိုက်ကြလေသည်။သူတို့သည် ဒေါ်ခင်ခင်ကြီးစကားကိုယုံကြည်ကာ မင်းမြတ်မောင်မောင်ကိုယ်တိုင် စုံစမ်းမှုများ ပြုလုပ်လာပါက မေမေသီ၏ အ ဖြစ် မှန်ကိုသိရှိသွားမည် ကို စိုးရိမ်ကြသည်။ ထို့ကြောင့် ... လင်မယားနှစ် ယောက် တိုင်ပင်ကာ ယခုကဲ့သို့ ဖွင့်ပြောကြခြင်းပင် ဖြစ်ပါသည်။

ဖွင့်ပြောရာတွင် လည်း "မုသားမပါ လင်္ကာမချော" ဆိုသလိုအ ဖြစ်မှန်တစ်ဝက်၊ လုပ်ကြံဇာတ်တစ်ဝက်ဖြင့်ဖွင့်ပြောကြခြင်း ဖြစ်သည်။ကိုမင်းမောင်၏ နာရေး ကြော်ငြာကိုပြခြင်းအားဖြင့် သူတို့ပြောသော အ ဖြစ်များ မှန်ကန်ကြောင်း သက်သေ ဖြစ်စေခဲ့သည်။

မေမေသီ နိုင်ငံခြားထွက်ခွာသွားရင်း ဟိုနိုင်ငံမှာ သေရသည်ဆိုသည့်လုပ်ဇာတ်မှာ လည်း တကယ်တော့ .မိခင်ရင်း၏ အ ဖြစ်မှန်ကိုမင်းမြတ်မောင်မောင်မသိအောင် ဖုံးကွယ်ပေးလိုက်ခြင်း ဖြစ်ပါသည်။သည်လိုလုပ်ဇာတ်ခင်းလိုက်ခြင်းအားဖြင့် မေမေသီ့သိက္ခာကိုလည်း ဆယ်ပြီး ဖြစ်သည်။ မေမေသီဆိုသော မိခင်ရင်းမှာ လူ့လောက၌ မရှိတော့။ကွယ်လွန်သွားပြီဆိုတာကို မင်းမြတ်မောင်မောင်ယုံကြည်အောင်လုပ်လိုက်ပြီးလည်း ဖြစ် သွားပါသည်။

မေမေသီ့ဓာတ်ပုံကိုပြခြင်းအတွက်လည်း စိုးရိမ်စရာမလို။ ယခုအခါထောင်ထွက်ဒေါ်ပိုးဇုံဆိုသော မိန်းမသည် ရုပ်ပျက်ဆင်းပျက် ဖြစ် နေပြီ ဖြစ်ရာဓာတ်ပုံထဲက ငယ်စဉ်ကမေမေသီနှင့် ထင်မှားစရာအကြောင်း မရှိပေ။မေမေသီ၏ လက်ရှိအခြေအနေကို ဒေါ်တင်တင်ဦးမြင်ပြီး ဖြစ်၍ လည်းစိတ်ချလက်ချ ဖြစ်နိုင်ခြင်း ဖြစ်သည်။

ယခုလိုသာဖွင့်မပြောပါက မင်းမြတ်မောင်မောင်သည် သူ့မိဘအရင်းများ သတင်းကို ထုတ်ဖော်စုံစမ်းကောင်း စုံစမ်းနေဦးမည် ။ ခုလိုလုပ်ကြံဇာတ်တစ်ဝက်၊ အမှန်တစ်ဝက်ဖြင့်ပြောပြလိုက်တော့ မင်းမြတ်မောင်မောင်အတွက် မိဘရင်းကိုရှာဖွေရန် လမ်းစပြတ်သွားလေတော့ သည်။ဦးဘလှနှင့်ဒေါ်တင်တင်ဦးက သူတို့စီစဉ်ထားသော အစီအစဉ်အောင်မြင်မှုအတွက် တစ်ယောက် ကို တစ်ယောက် မသိမသာပြုံးကြည့် ကာကြေနပ်နေကြလေတော့၏ ။

*


ဇာတ်သိမ်းခန်း

ဒေါက်တာမင်းမြတ်မောင်မောင်နှင့် ချစ်သူမိုးတို့ ဆေးခန်းထဲ ဝယ်စကားထိုင်ပြောနေကြသည်။

''မောင် .ဒေါ်ပိုးဇုံဆိုတဲ့အဒေါ်ကြီးကို မောင့်ဆေးခန်းရှေ့ မှာ မမြင်ပါလားမောင်''

''ဟုတ်တယ်မိုး၊ မောင်လည်း သတိထားမိတယ်၊ အရင်ကကားမှတ်တိုင်အောက်မှာ တွေ့ နေကျ၊ အဒေါ်ကြီးကိုမတွေ့ တာ သုံးရက်ရှိပြီ''

''နေများ မကောင်းလို့လား မောင်ရယ်''

''ညနေဆေးခန်းပိတ်ပြီးရင်တော့ မင်္ဂလာဇေယျုံကျောင်းကဦးဇင်းတွေ ကို ဆေးစစ်ပေးရင်းနဲ့ အဒေါ်ကြီးကိုဝင်တွေ့ ဖို့ စိတ်ကူးထားတယ်မိုး''

''ဒါဖြင့် .မိုးလည်းလိုက်ခဲ့မယ်လေ မောင်''

သူတို့ပြောဆိုနေကြစဉ်တွင် လူငယ်လေးတစ်ဦးဆေးခန်းထဲဝင်လာလေသည်။

''ဆရာဝန်ကို မင်္ဂလာဇေယျုံကျောင်းက ဆရာတော် ကြီးကခေါ်ခိုင်းလိုက်လို့ပါ''

''ဘာအတွက်များ လဲ ညီလေး''

''ဇရပ်ပေါ်မှာ နေတဲ့ ဒေါ်ပိုးဇုံဆိုတဲ့အဘွားကြီး တော် တော် အသည်းအသန် ဖြစ်နေလို့ပါခင်ဗျာ''

''ဟင် .''

''အို .တိုက်တိုက်ဆိုင်ဆိုင်၊ ပြောလို့မှ စကားမဆုံးသေး ဘူးမောင်ရယ်''

''ဘုန်းဘုန်းက ဆေးအိတ်ပါ တစ်ခါတည်းယူပြီးလိုက်ခဲ့ဖို့မှာ လိုက်ပါတယ်ခင်ဗျာ''

''ကဲ- ဒါဖြင့် သွားကြစို့''

*


မင်းမြတ်မောင်မောင်တို့ ရောက်သွားချိန်၌ ဒေါ်ပိုးဇုံကို ဇရပ်ကြမ်းပြင်ပေါ်တွင် ဝေဒနာခံစားနေရသည်ကို မြင်တွေ့ ရလေ၏ ။ကျောင်းထိုင်ဘုန်းကြီးနှင့်တကွ ဦးဇင်းအချို့လည်း ဇရပ်ပေါ် တွင် ရှိနေကြသည်။

မင်းမြတ်မောင်မောင်က ကျောင်းထိုင်ဘုန်းကြီးကို လက်အုပ်ချီနှုတ်ဆက်ကာ ဒေါ်ပိုးဇုံဘေးတွင် ဝင်ထိုင်လိုက်သည်။

လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သည်။အားတက်ဖွယ်မတွေ့ ရ။ မျှော်လင့်ချက်မတွေ့ ရပေ။

'' ဖြစ်မှ ဖြစ်ရလေ အဒေါ်ကြီးရယ် ၊ ဘယ်လို ဖြစ်ရတာ ပါလိမ့်"

မင်းမြတ်မောင်မောင်တွေးနေစဉ် ဒေါ်ပိုးဇုံဆီမှ ကယောင်ကတမ်းရေရွတ်လိုက်သော အသံ ထွက်ပေါ်လာလေသည်။

''သား .သား .သားရေ .အမေလို့ခေါ်ပါ အမေလို့ ခေါ်ပါကွယ်''

''ဒကာမကြီးအခြေအနေ ဘယ်လိုရှိသလဲ ဆရာဝန်လေး''

''တင်ပါ့ဘုရား .အခြေအနေ မကောင်းပါဘူးဘုရား၊ ဒီတောင်ကကျော်နိုင်မယ်မထင်ပါဘူး''

''အင်း .ကျောင်းသားလေးအပြောအရတော့ ဒေါ်ပိုးဇုံဟာဘာမှလည်း မစားမသောက်နဲ့ တစ်နေ့လုံး ငိုလို့ချည်းနေတာ သုံးရက်လုံးလုံးပဲလို့ပြောတယ် ဆရာဝန်လေး''

''မှန်ပါ့၊ အဒေါ်ကြီးဟာ အားပြတ်သွားတာလည်း ပါပါတယ်ဘုရား''

''သူ့ပါးစပ်ကလည်း တစ်ချိန်လုံး သား .သ.သားလို့ ပြောပြောနေတယ်ပြောတာပဲကွယ်''

ထိုစဉ်မှာ ပင် . ဒေါ်ပိုးဇုံဆီမှ ယောင်၍ ရေရွတ်လိုက်သော အသံထွက်လာပြန်သည်။

''သား .သားရေ . အမေ့ကို အမေလို့ခေါ်ပါ၊ အမေဆိုတဲ့ခေါ်သံလေး ကြားပါရစေ သားရယ် .''

ဒေါ်ပိုးဇုံမှာ သတိလည်လာခြင်းမဟုတ်ပေ။ သတိလက်လွတ် ဖြင့်ကယောင်ကတမ်းရေရွတ်နေခြင်းသာ ဖြစ်ပါသည်။

''သား . သား . အမေလို့ခေါ်ပါ သားရယ်''

''ဒကာဆရာဝန်လေး''

''ဘုရား .''

''ဒေါ်ပိုးဇုံဟာ ပျောက်နေတဲ့သူ့သားကိုရှာနေတာလို့ ဘုန်းကြီးကိုပြောဖူးတယ်၊ သူတမ်းတနေတာ သူ့သားကို ဖြစ်လိမ့်မယ်ကွဲ့''

''တင်ပါ့ဘုရား''

''အမေလို့ခေါ်ပါ .အမေလို့ခေါ်ပါနဲ့ တတွတ်တွတ်ပြောနေရှာတာကွယ်၊ သေခါနီး လူမမာ စိတ်ချမ်းသာအောင် ဆရာဝန်လေး ကပဲ''အမေ''လို့ခေါ်ပေးလိုက် ပါလားကွယ်'

''ခင်ဗျာ-''

''သေခါနီး လူ ဘဝကူးကောင်းအောင် .ဖြောင့်ဖြောင့်တန်း တန်းဘဝကူးနိုင်အောင် ...သူ့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့သဘောပေါ့ဆရာဝန်လေးရယ်''

''မှန်ပါ၊ တပည့်တော် က .''

''သူကြားချင်တဲ့ အမေဆိုတဲ့ စကားကို သူစိတ်သာ အောင်ဆရာဝန်လေးနှုတ်က ခေါ်ပေးဖို့ပါပဲကွယ်''

ထိုစဉ် .ဒေါ်ပိုးဇုံက ကယောင်ကတမ်းပြောလိုက်ပြန်သည်။

''သား .သားရေ . အမေသွားရတော့မယ် . အမေ့ကိုအမေလို့တစ်ခွန်းလောက်ခေါ်လိုက်စမ်းပါလား သားရေ''

မင်းမြတ်မောင်မောင်က အဒေါ်ကြီး အလိုကျ ''အမေ''ခေါ်ရန်ဆုံးဖြတ်လိုက်လေသည်။

ဒေါ်ပိုးဇုံအား ရင်ခွင်ထဲတွင် ပွေ့ချီထားကာ ဒေါ်ပိုးဇုံနားရွက် နားသို့ကပ်၍ ခေါ်လိုက်လေသည်။

''အမေ .အမေ''

ဒေါ်ပိုးဇုံမျက်စိများ ပွင့်လာသည်။

ဇဝေဇဝါဖြင့် မင်းမြတ်မောင်မောင်ကို ကြည့်သည်။

''အမေ .အမေ''

မင်းမြတ်မောင်မောင်က နောက်တစ်ခွန်းခေါ်လိုက်လေသည်။ဒေါ်ပိုးဇုံနှုတ်ခမ်းများ ပြုံးသွားသည်။

''အမေ .အမေ''

''သား .''

''အမေ့သားလေ . အမေ၊ သားပါ၊ နော်- အမေ . အမေရယ်''

ဒေါ်ပိုးဇုံ မည် သို့သဘောပေါက်သွားသည်မသိပါ။ သူမ၏ မျက်နှာသည် သွေးရောင် လွှမ်းလာသည်။ နှုတ်ခမ်းက ပြုံးယောင်သန်းသွားသည်။

''သား .''

''အမေ .''

ဒေါ်ပိုးဇုံက သူမ၏ လက်ကို မြှော က်လိုက်သည်။

မင်းမြတ်မောင်မောင်က ဒေါ်ပိုးဇုံလက်ကိုဆုပ်ကိုင်ထားလိုက် ၏ ။

''အမေ သေပျော်ပါပြီသားရယ် . အမေ သေပျော်ပါပြီ''

ဒေါ်ပိုးဇုံသည် နောက်ဆုံးစကားကိုပြောအပြီးတွင် မင်းမြတ်မောင်မောင်ရင်ခွင်ထဲ၌ ဇက်ကျိုးကျသွားလေတော့သည်။

''အို .အမေ .အမေရယ် .''

ထိုစဉ် .အလင်္ကာကျော်စွာ ရွှေပြည်အေး ရေး သားသည့်''မေမေ''သီချင်းသံလေးက ပျံ့လွင့်လာလေ၏ ။

မာတာမိခင် ချစ်ရေစင်ကား .

ကြည်လင်အေးမြ စမ်းရေကျသလို .

မဝလွန်ကဲ ခိုင်မြဲမေတ္တာ .

လှိုက်လှဲချစ်ကာ ဥပမာတင်စရာ .

သီတာခုနစ်တန် သတ္တရဘန်မေရု .

မြေထုဗဟို မြင်းမိုရ်ပဗ္ဗတ္တ .

နှိုင်းစံမရ အနန္တဂိုဏ်းဝင် .

ကျေးဇူးရှင်သို့ ဂုဏ်တင်မြှင့်စေ .

ခေါ်ကြပါပေ . မေမေ .

မေမေ .

မေမေ .

မေမေ .

မေမေ .

မေမေ .

ထို့နောက် .မင်းမြတ်မောင်မောင်၊ ဒေါ်ပိုးဇုံ၊ မိုးနှင့် သံဃာတော် များ ပါဝင်သော မြင်ကွင်းတစ်ခုလုံးသည် လှုပ်ရှားနေသော အရုပ်များ အ ဖြစ်မှ ''ရုပ်သေ''အ ဖြစ်သို့ ပြောင်းလဲသွားလေသည။်

ထို့နောက်တွင် .ရုပ်ရှင်ဇာတ်ကားပြီးဆုံးကြောင်းစာတန်းထွက်ပေါ်လာလေ၏ ။

''ပြီးပါပြီ''

*


အပိုင်း - ၂

( ၁ )

ရုပ်ရှင်ရုံခန်းမတစ်ခုလုံး မီးများ တဖြတ်ဖြတ်လင်းသွားသည်။လက်ခုပ်သံများ ကလည်း တဖြောင်းဖြောင်းထွက်ပေါ်လာလေသည်။

မီးအလင်းတွင် ရုပ်ရှင်ကြည့်ပရိသတ်ထဲမှ အမျိုးသမီးအချို့မျက်ရည်ကျနေသည်ကို မြင်လိုက်ကြရလေသည်။ ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့် မျက်ရည်ကျငိုရှိုက်မိသော အမျိုးသမီးများ က ရှက်ရှက်ဖြင့်မျက်ရည်များ ကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ကြလေသည်။ရုပ်ရှင်ကြည့်ပရိသတ်သည် ရုံအပြင်ဖက်သို့ တိုးထွက်ခဲ့ကြလေ၏ ။

ရုံအ၀တွင် '.''လရောင် ဝေးဝေး''အမည် ရှိဤဇာတ်ကား ၌ ဒေါက်တာမင်းမြတ်မောင်မောင်အ ဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသားဟိန်းရာဇာက .ပရိသတ်ကို နှုတ်ဆက်ရန် စောင့်ကြိုလျှက်ရှိလေသည်။

ဟိန်းရာဇာ၏ ဘေးတွင် တော့ .သူ၏ မိခင် ဒေါ်ဟိန်းသူဇာရှိနေပါသည်။

ဒေါ်ဟိန်းသူဇာကို တစ်ဦးတည်းသော သား ဖြစ်သူဟိန်းရာဇာ အားရုပ်ရှင်မင်းသား ဖြစ်ရန် အစွမ်းကုန်ပံ့ပိုးမြေတောင်မြှော က်ပေးနေ သည့်မိခင်ကောင်းတစ်ဦးအ ဖြစ် မြန်မာနိုင်ငံဗီဒီယိုနှင့်ရုပ်ရှင်လောက တစ်ခုလုံးကသိထားကြပါသည်။

ယခုပွဲသည် . မင်းသားဟိန်းရာဇာပါဝင်သရုပ်ဆောင်သော ''လရောင် ဝေးဝေး''-ရုပ်ရှင်ဇာတ်ကားကြီးအား ပရက်စ်ရှိုးပြသသော ပွဲကြီး ဖြစ်ပါ၏ ။

မင်းသားဟိန်းရာဇာပါဝင်သော ရုပ်ရှင်ကားကြီးကို ပရက်စ်ရှိုးပြသနေကြောင်း သိထားသော ပရိသတ်များ သည်လည်း မင်းသားမင်းသမီးများ ကိုကြည့်ရှုရန် ရုပ်ရှင်ရုံရှေ့၌ စုရုံးလျှက်ရှိကြလေသည်။ဟိန်းရာဇာရုံအဝကိုထွက်လာသည်ကိုအမြင်တွင် မိန်းကလေးပရိသတ် ဟေး ခနဲအော်လိုက်လေသည်။"ဟိန်းရာဇာ....ဟိန်းရာဇာ"ဆိုသော အသံများ က ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဟိန်း ထွက်သွားလေ၏ ။

မိန်းကလေးပရိသတ်များ က ဟိန်းရာဇာရှိရာသို့ တိုးဝှေ့လာကြလေသည်။

ဟိန်းရာဇာသည် ရုံထဲမှထွက်လာသော သီးခြားဖိတ်ကြားထားသည့်ဧည့်သည်များ ကိုလည်း နှုတ်ဆက်ရင်း တစ်ဖက်က ရုံရှေ့မှပရိသတ်ကိုလည်း တစ်ချက်တစ်ချက် လက်လှမ်းပြနှုတ်ဆက်နေရပေသေးသည်။

ဟိန်းရာဇာဆိုသည်ကား မြန်မာနိုင်ငံ၏ ဗီဒီယိုနှင့်ရုပ်ရှင်လောကတွင် နောက်ဆုံးနာမည် ကျော်ကြားနေသော မိန်းကလေးပရိသတ်အသည်းစွဲ လူငယ်မင်းသား တစ်ယောက် မဟုတ်ပါလား။

ရုပ်ချောသည်။ အရပ်အမောင်းကောင်းသည်။ သရုပ်ဆောင်ကောင်းသည် ဆိုသည့်နာမည် ကောင်းများ ဖြင့် ရေပန်းစားကျော်ကြား နေသော မင်းသားလေးတစ်လက် ဖြစ်ပါသည်။

ဟိန်းရာဇာ၏ အောင်မြင်ကျော်ကြားမှုကို . ကာယကံရှင်ဟိန်းရာဇာထက်ပို၍ ဂုဏ်ယူဝင့်ကြွားနေသူကား မိခင် ဖြစ်သူ ဒေါ်ဟိန်းသူဇာပင် ဖြစ်ပါတော့သည်။

ဒေါ်ဟိန်းသူဇာ။

ဗီဒီယိုလောက၊ ရုပ်ရှင်လောကမှ မဟုတ်ပါပဲ ဗီဒီယိုရိုက်ကူးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့သည်။ အသက်(၁၈)နှစ် အရွယ်တစ်ဦးတည်းသော သားကို မင်းသားအ ဖြစ် ရဲရဲဝံ့ဝံ့ပွဲထုတ်ရိုက်ကူးခဲ့သည်။

ဗီဒီယိုရိုက်ကူးမည့် ဇာတ်လမ်းကို ကိုယ်တိုင်ရွေးချယ်သည်။ သားနှင့်လိုက်ဖက်မည့် ဇာတ်လမ်းကိုသာ အဓိကရွေးချယ်ရိုက်ကူး၏ ။ နာမည် ကျော်စာရေး ဆရာ၊ ဆရာမ များ ၏ နာမည် ကြီးဝတ္ထုများ ကို ဈေးကြီးပေး၍ ရအောင်ဝယ်ယူသည်။ တွဲ ဖက်မည့် သရုပ်ဆောင်များ ကိုလည်း နာမည် ကျော်လူကြိုက်များ လျှက်ရှိသည့် ဝါရင့်မင်းသားမင်းသမီးများ ဖြစ်စေ၏ ။ကျော်ကြားပြီးသားသူများ က ဟိန်းရာဇာကို ပို့ပေးရသည့်ဇာတ်များ ဖြစ်တတ်သည်။

ထိုသို့ .အကွက်ချစီစဉ်တတ်မှု၊ ဇာတ်ကားတစ်ကားတွင် အရေး ပါအရာရောက်သည့် ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊သရုပ်ဆောင်များ ကို စီစဉ်နေရာချထားတတ်မှုကြောင့် ဟိန်းရာဇာ၏ ဇာတ်ကားများ မှာ အောင်မြင်ခဲ့ရလေသည်။ အခြားသော သက်တူရွယ်တူစင်ပြိုင်မင်းသားလေးများ ဇာတ်ကားပေါင်း(၅ဝ) (၆ဝ) (၁ဝဝ)စသည်ဖြင့်ရိုက်ကူးသည့်တိုင် ပရိသတ်သတိမထားမိ၊ အားပေးမှုမရသေးသည့်ကာလမျိုးဝယ် .ဟိန်းရာဇာက ဗီဒီယိုကား(၅)ကားလောက်ဖြင့် ''ပေါက်''သွားခဲ့လေသည်။

ဟိန်းရာဇာအောင်မြင်ကျော်ကြားလာသည့်(၂)နှစ် အတွင်းဝယ်ဗီဒီယိုဇာတ်ကား ၂၆ကားသာလျှင် ရိုက်ကူးခဲ့ပါသေး၏ ။ အခြားမင်းသားလေးများ ထက်စာလျှင် အရေအတွက်နည်းသော်လည်း ထွက်ပေါ်လာ သည့်ဇာတ်ကားအရည်အသွေးက ကောင်းမွန်သော ကြောင့် အချိန်တိုတိုဇာတ်ကားနည်းနည်း ဖြင့် အောင်မြင်ထင်ရှားလာခဲ့ခြင်း ဖြစ်ပါသည်။ယနေ့ .အစမ်းပွဲရုံတင်ပြသလိုက်သော ''လရောင် ဝေးဝေး''ဇာတ်ကားမှာ ဟိန်းရာဇာ၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါလေသည်။

*


( ၁ )

ဒေါ်ဟိန်းသူဇာနှင့်ဟိန်းရာဇာတို့က ရုံအဝတွင် ရပ်ရင်း ရုံထဲမှထွက်လာသော ဧည့်ပရိသတ်များ ကို နှုတ်ဆက်နေလေသည်။

ဟိန်းရုပ်ရှင်ထုတ်လုပ်ရေး

ဟိန်းသူဇာ စီစဉ်သည်

ဒါရိုက်တာ- နေမာန

ဇာတ်လမ်းနှင့်ဇာတ်ညွန်း- လင်းလက်ကြယ်စင်

ဟိန်းရာဇာ၊ ရဲအောင်၊ မို့မို့မြင့်အောင်၊

မေသဉ္ဇာဦး၊ သက်မွန်မြင့်၊ ဇော်ဦး

ဇာတ်ပို့ဇာတ်ရံပေါင်းများ စွာ

လရောင် ဝေးဝေး

မိခင်မေတ္တာသရုပ်ဖော် ရုပ်ရှင်ဇာတ်ကားကြီးရုံရှေ့မှပရိသတ်များ က ချိတ်ထားသော ပိုစတာကားချပ်ကြီးကိုကြည့်ရင်း တဟေးဟေးအော်နေကြသည်။

ပိုစတာထဲတွင် ဟိန်းရာဇာ ဂျူတီကုတ်ဝတ်၍ နားကြပ်ကိုလည်တွင် ချိတ်ထားသော ဆရာဝန်ဟန်ဖြင့် ခန့်ညားသော ပုံတစ်ပုံပါသည်။မင်းသမီးသက်မွန်မြင့်နှင့်တွဲ ရိုက်ထားသော ပုံတစ်ပုံပါသည်။ ဇာတ်ဝင်ခန်းများ ထဲမှ မို့မို့မြင့်အောင်နှင့်မေသဉ္ဇာဦးတို့ပုံများ လည်း ပါဝင်၏ ။

''လရောင် ဝေးဝေး''ဇာတ်ကားတွင် ဒေါက်တာမင်းမြတ်မောင်မောင်အ ဖြစ် .ဟိန်းရာဇာ၊ မိုးအ ဖြစ် .သက်မွန်မြင့်၊ ဒေါ်တင်တင်ဦးအ ဖြစ် .မေသဉ္ဇာဦး၊ ကိုမင်းမောင်အ ဖြစ် .ရဲအောင်၊ ဦးဘလှ အ ဖြစ်...ဇော်ဦးတို့က ပါဝင်သရုပ်ဆောင်ကာ ...မို့မို့မြင့်အောင်ကဒေါ်ပိုးဇုံခေါ်မေမေသီအ ဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ထားလေသည်။

''သိပ်ကောင်းတာပဲ၊ ဟိန်းရာဇာနာမည် ပိုပြီးတက်ဦးမှာ သေချာပါတယ် ဒေါ်ဟိန်းသူဇာ''

''ဒေါ်ဟိန်းသူဇာက ဇာတ်ရွေးတတ်တယ်နော်၊ သားသားဟိန်းရာဇာ သရုပ်ဆောင်သိပ်ကောင်းတာပဲ၊ ပထမဆုံးရုပ်ရှင်ကားကြီး ကပွဲဦးထွက်လှသွားပြီပေါ့''

''တို့တွေ ငိုလိုက်ရတာ ကွယ်၊ မမို့ကလည်း ဒေါ်ပိုးဇုံနေရာကသရုပ်ဆောင်တာ သိပ်ကောင်းတာပဲနော်၊ ဟိန်းရာဇာလည်း နာမည် တက်ဦးမှာ ပါလေ''

''ဒီကားမှာ မင်းသမီးကြီးနဲ့မင်းသားနဲ့အကယ်ဒမီရကိုရမယ် လို့တို့က တစ်ပေးလိုက်တယ်ဟေ့၊ စောင့်ကြည့်ပေတော့။ ကွန်ဂရက် ကျူလေးရှင်းဟိန်းသူဇာ''

''ဟိန်းရာဇာအတွက်တော့ အကယ်ဒမီရှော့တွေ ချည်းပဲ၊ ပထမဆုံးရုပ်ရှင်ကားနဲ့ ဟိန်းရာဇာ အကယ်ဒမီမင်းသား ဖြစ်တော့မှာ ပါကွယ်''

ကြွရောက်လာသော ဧည့်ပရိသတ်များ ထံမှ ချီးကျူးဂုဏ်ပြုစကားများ ဖြစ်ပါလေ၏ ။

ဂုဏ်ပြုစကားများ ကိုနားထောင်ကာ ဒေါ်ဟိန်းသူဇာမျက်နှာမှာ ပြုံးနေလေသည်။

''ဟိန်း- ဗီဒီယိုနှင့်ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ''ပိုင်ရှင် ဒေါ်ဟိန်းသူဇာအား အင်တာဗျူး ရန် မဂ္ဂဇင်းနှင့်ဂျာနယ်အသီးသီးမှ ဂျာနယ်လစ်များ ၊ သတင်းထောက်များ ကလည်း မပြန်သေးပဲ စောင့်ဆိုင်းလျှက်ရှိကြလေသည်။

ဧည့်ပရိသတ်များ စဲသွားချိန်တွင် ရုံထဲမှ အမျိုးသမီးငယ်တစ်ဦးထွက်လာလေသည်။ ထိုအမျိုးသမီးလေးကို ဒေါ်ဟိန်းသူဇာက ပြုံးရွှင် စွာ ကြိုဆိုလိုက်လေ၏ ။

''ဆရာမ .ဘယ်လိုလဲ၊ ကြေနပ်ရဲ့ လား''

''ကြေနပ်ပါတယ်အန်တီ၊ သိပ်ကောင်းပါတယ်၊ သရုပ်ဆောင်တွေ က သူ့နေရာနဲ့သူ အံဝင်နေတာပဲ၊ ကိုရာဇာလည်း သရုပ်ဆောင်သိပ်ကောင်းတာပဲအန်တီရယ်''

''ဆရာမ ရဲ့ ဇာတ်ညွှန်းကောင်းလို့လည်း ဇာတ်ကားကောင်းတစ်ကား ဖြစ်လာတာပါဆရာမ ရယ်၊ ဆရာမ ကိုကျေးဇူးတင်ပါတယ်''

ဒေါ်ဟိန်းသူဇာက ရပ်စောင့်နေသော သတင်းထောက်များ ကိုလှမ်းခေါ်လိုက်ကာ အမျိုးသမီးလေးနှင့်မိတ်ဆက်ပေးလိုက်လေသည်။

''ဟောဒါက .လရောင် ဝေးဝေးဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ဇာတ်ညွှန်းရေး တဲ့ စာရေး ဆရာမ လေး လင်းလက်ကြယ်စင် ပါပဲ '

''အို .ဇာတ်ညွှန်း လင်းလက်ကြယ်စင်ဆိုတာလား၊ ဆရာမ ကငယ်ငယ်လေးရှိသေးတာပဲ''

''လရောင် ဝေးဝေး-ဇာတ်က ဆရာမ ရဲ့ စိတ်ကူးယဉ်လား၊တကယ့်အ ဖြစ်အပျက်လား ဆရာမ ''

''ဆရာမ ရဲ့ ဇာတ်လမ်းတွေ ကို လုံးချင်းဝတ္ထုအနေနဲ့ရောထုတ်ဝေဖူးပါသလားဆရာမ ''

''ဆရာမ ရဲ့ ဇာတ်လမ်းတွေ ကို ဗီဒီယိုရိုက်တာ ဘယ်နှကားရှိပြီ လဲ၊သိပါရစေ''

''ဇာတ်ညွှန်းအနေနဲ့ တစ်ခါတည်းချရေး တာလား၊ ဝတ္ထုရေး ပြီးမှ ဇာတ်ညွှန်းခွဲတာလား ဆရာမ ''

''တခြားသူတွေ ရဲ့ ဝတ္ထုကိုရော ဇာတ်ညွှန်းခွဲပါသလားဆရာမ ''

လင်းလက်ကြယ်စင်ကိုမေးလိုက်သော မေးခွန်းများ က စုံသွားလေတော့သည်။

လင်းလက်ကြယ်စင်က အပြုံးမပျက်ပင် တစ်ခုချင်းပြန်ဖြေ လေ၏ ။

''ကျွန်မဝတ္ထုမရေး ပါဘူး၊ ဇာတ်ညွှန်းသက်သက်ပဲရေး ပါတယ်၊ကျွန်မရေး တဲ့ဇာတ်ညွှန်းတွေ ကိုလည်း ''ဟိန်း''ကုမ္ပဏီတစ်ခုတည်းကိုပဲရောင်းဖူးပါတယ်၊ ပထမဆုံးရေး တဲ့ဇာတ်ညွှန်းကို အန်တီဟိန်းသူဇာကိုပြကြည့်တော့ အန်တီက ကြိုက်ပြီး ဗီဒီယိုကား ရိုက်ခဲ့တယ်လေ၊ ဒါနဲ့နောက်ထပ် နှစ် ပုဒ်ရေး ဖြစ်ပါတယ်၊ သုံးပုဒ်မှာ ဗီဒီယိုအနေနဲ့ နှစ် ပုဒ်ရိုက် ဖြစ်ပါတယ်၊ ''လရောင် ဝေးဝေး''က ကျွန်မရဲ့ တတိယဇာတ်ညွှန်း ပါ၊ရုပ်ရှင်ဇာတ်ကားကြီးအ ဖြစ် ရိုက်ရတဲ့ ပထမဆုံးကားလည်း ဖြစ်ပါ တယ်''

''ဟုတ်ပါတယ်ရှင် ...ဆရာမ လေးရေး တဲ့ဇာတ်လမ်းတွေ အကုန်လုံးက မိဘမေတ္တာဘွဲ့သရုပ်ဖော်ချည်းပါပဲ၊ သားသားကိုစင်တင်တဲ့နေရာမှ မိဘမေတ္တာဇာတ်ကားနဲ့တင်တော့ မင်းသားကြီး၊ မင်းသမီးကြီးတွေ ပံ့ပိုးမှုနဲ့ တင်လို့ရတာ ပေါ့၊ ဒါ့ကြောင့်လည်း ရိုက် ဖြစ်တာပါ၊ဗီဒီယိုနှစ် ကားစလုံးလည်း အောင်မြင်ခဲ့ပါတယ်၊ ''လရောင် ဝေးဝေး'' ကိုတော့ဇာတ်ကိုကြိုက်လွန်းလို့ ရုပ်ရှင်ကားကြီးအ ဖြစ် အသက်သွင်း လိုက်တာပါ''

ဒေါ်ဟိန်းသူဇာကပါ ဝင်ဖြေပေးလိုက်သည်။

ဒေါ်ဟိန်းသူဇာနှင့်လင်းလက်ကြယ်စင်တို့ စာနယ်ဇင်းသမားများ နှင့်စကားပြောနေစဉ် အပြင်မှပရိသတ်များ သည် ရုံထဲသို့တိုးဝင်လာကြလေ၏ ။

ပရက်စ်ရှိုးကြည့်ပြီးသော ဧည့်သည်တော် များ ပြန်အသွားတွင် ရုံထဲ၌ လူရှင်းသွားသည်ကို အခွင့်ကောင်းယူကာ သံတံခါးကိုအတင်းဖွင့် ဝင်ပြီးရုံထဲသို့ရောက်လာကြခြင်းပင် ဖြစ်တော့သည်။

မိန်းကလေးပရိသတ်များ ဖြစ်ပြီး သူတို့သည် ရုံထဲရောက်သည် နှင့်ဟိန်းရာဇာရှိရာသို့ပြေးသွားကြလေသည်။

''ဟိန်းရာဇာ .''

''ကိုဟိန်း .''

''ဟိန်း .''

''ဟိန်းလေး .''

''ရာဇာလေး .''

အခေါ်အဝေါ်များ က မျိုးစုံသွားလေတော့သည်။

မိန်းကလေးများ သည် သူတို့တွင် ပါလာသော စာအုပ်များ ကိုထိုးပေးကာ ဟိန်းရာဇာကို လက်မှတ်ထိုးခိုင်းကြသည်။ စာအုပ်မပါသူ များ ကလက်ကိုင်ပဝါများ ကိုဖြန့်ပေးကာ လက်ကိုင်ပဝါပေါ်တွင် လက်မှတ်ထိုးခိုင်းကြလေ၏ ။ ထိုသူတို့ထက်ပိုကဲသော မိန်းကလေးများ ကမူ သူတို့၏ လက်မောင်းပေါ်၊ လက်ဖဝါးပေါ်တွင် ဟိန်းရာဇာကိုလက်မှတ်ထိုးခိုင်းကြလေသည်။ဟိန်းရာဇာက အားပေးသူပရိသတ်များ ကို အပြုံးမပျက် တုံ့ပြန်လျှက်ရှိလေသည်။

ဒေါ်ဟိန်းသူဇာသည် သား ဖြစ်သူ၏ အောင်မြင်မှုကိုကြည့်ကာပီတိ ဖြစ်လျှက်ရှိသည်။ ဒေါ်ဟိန်းသူဇာမျက်နှာက သကာလောင်းထားသလိုချိုသာလျှက်ရှိသည်။

တကယ်တော့ .ဤမြင်ကွင်းများ သည် သားအတွက် သူမကိုယ်တိုင်ဖန်းဆင်းထားသော ဘဝတစ်ခု ဖြစ်ပါသည်။သားသည် အနုပညာလောကတွင် လျှမ်းလျှမ်းတောက် အောင်မြင်ရမည် ။

ဟိန်းရာဇာဆိုသည့်အမည် ကို လူတကာပါးစပ်ဖျားတွင် တဖွဖွ ပြောနေစေရမည် ။

ဟိန်းရာဇာသည် မြန်မာနိုင်ငံရုပ်ရှင်လောက၏ ထိပ်တန်းမင်းသားတစ်လက် ဖြစ်လာစေရမည် ။ထိုသို့သော ရည်ရွယ်ချက်များ ဖြင့် .ယခုလိုအဆင့်မျိုး ရောက်အောင်ဒေါ်ဟိန်းသူဇာကြိုးစားခဲ့ခြင်း ဖြစ်သည်။

ယခု .သား ဖြစ်သူဟိန်းရာဇာသည် သူမ ရောက်စေချင် သော အောင်မြင်မှုပန်းတိုင်၏ လှေကားတစ်ဝက်သို့ရောက်နေပြီဟု ဆိုနိုင် ပေသည်။ဒေါ်ဟိန်းသူဇာက ကြေနပ်စွာ ပြုံးလိုက်သည်။ သူမအပြုံးကဂုဏ်ယူမှုများ ဖြင့် ဝင့်ထည်နေသည်။ သားအတွက် ကြေနပ်အားရသော အမေ တစ်ယောက် ၏ အပြုံး။

အောင်မြင်ရမည် ။ အောင်မြင်စေရမည် ။ဟိန်းရာဇာဆိုတဲ့ငါ့သားဟာ ထိပ်ဆုံးရောက်အောင် အောင်မြင်စေရမည် ။

''လရောင် ဝေးဝေး''ဇာတ်ကားဖြင့် ဟိန်းရာဇာအောင်မြင်ကျော်ကြားရုံမက .အကယ်ဒမီရွှေစင်ရုပ်ကိုပါ ရယူနိုင်စေရမည် ။အကယ်ဒမီဟိန်းရာဇာ .ပေါ့။

ဒေါ်ဟိန်းသူဇာ၏ စိတ်ကူးအာရုံထဲ၌ အကယ်ဒမီရွှေစင်ရုပ်ကိုပိုက်ထားသော ဟိန်းရာဇာပုံကို မြင်ယောင်နေလေသည်။

*


အပိုင်း - ၃

( ၁ )

ဟိန်းရာဇာရုပ်တူပြိုင်ပွဲ

ဗီနိုင်းစဆိုင်းဘုတ်ကြီးက ဟိုတယ်ခန်းမထိပ် စင်မြင့်ပေါ်တွင် အပြည့်နေရာယူထားသည်။

စင်မြင့်ပေါ်တွင် ဟိန်းရာဇာ၏ အမူအရာအမျိုးမျိုးဖြင့်ရိုက်ထားသော ဓာတ်ပုံများ ကို ဗနိုင်းစများ ပေါ်တွင် ရိုက်နှိပ်ကာ မျက်စိပသာဒ ဖြစ်အောင် ထောင်၍ တစ်မျိုး၊ ချိတ်ဆွဲ၍ တစ်မျိုး အလှဆင်ထားပေ၏ ။စင်မြင့်ပေါ်တွင် တော့ ပြိုင်ပွဲဝင်သူလူငယ်လေးများ တစ်ယောက် ပြီး တစ်ယောက် တက်ကာ ကိုယ်ဟန်ပြလျှက်ရှိသည်။

တချို့က ဟိန်းရာဇာပါဝင်သော ဗီဒီယိုဇာတ်ကားအချို့မှ ဇာတ်ဝင်ခန်းအတိုင်းသရုပ်ဆောင်ကာ ပြိုင်ပွဲဝင်ကြသည်။ တချိုကတော့သာမန်အတိုင်း မော်ဒယ်လမ်းလျှောက်ဟန်ဖြင့် ကိုယ်ဟန်ပြကာ ပြိုင်ပွဲဝင်သည်။

ပြိုင်ပွဲဝင်လူငယ်တစ်ဦးတက်လာတိုင်း ဟာသပညာရှင်တစ်ယောက် က ရယ်စရာဟာသစကားများ ကို လိုက်ဖက်ညီအောင်ပြောပေးနေသည့်အတွက် ပွဲမှာ ရယ်မောသံများ ဖြင့် စိုစိုပြေပြေရှိနေလေသည်။

ပြိုင်ပွဲဝင်သူများ မှာ တချို့က ဟိန်းရာဇာနှင့်တော် တော် ပင်ဆင်တူကြပေသည်။ တချို့ကတော့ ခပ်ဆင်ဆင်လောက်သာတူကာ မတူတူအောင် မိတ်ကပ်များ လိမ်းချယ်ထားကြ၏ ။ လုံးဝပင်မတူသော သူများ လည်း ပြိုင်ပွဲအတွင်း ပါလာသည်ကိုတွေ့ ရပေသည်။ ရုပ်ရည်မတူရုံမကအရပ်အမောင်း၊ အသားအရည်ပါ တခြားစီ ဖြစ်နေသည်။ ကြည့်ရသည်မှာ ထိုသူများ သည် အပျော်သဘောဖြင့် ဝင်ပါကြခြင်း ဖြစ်ပုံရပေသည်။

မည် သို့ပင်ဆိုစေ ဟိန်းရာဇာရုပ်တူပြိုင်ပွဲဟုခေါင်းစဉ်တပ်ထားသော ပြိုင်ပွဲကို လာရောက်အားပေးကြသူများ မို့ ကျေးဇူးတင်ရပေမည် ။ပြိုင်ပွဲဝင်သူများ ကို မင်းသားဟိန်းရာဇာကိုယ်တိုင် စင်အောက်မှထိုင်ကာ အမှတ်ပေးနေပါ၏ ။ ဒိုင်များ မှာ .ဟိန်းရာဇာ၊ ဒါရိုက်တာနေမာနနှင့် မိတ်ကပ်ပညာရှင်မိန်းမလျာတစ်ဦးတို့ ဖြစ်ကြသည်။ဤပွဲသို့ ဟိန်းရာဇာမိခင် ဒေါ်ဟိန်းသူဇာလိုက်မလာပါ။

ပြိုင်ပွဲဝင်များ ကို အကဲဖြတ်အမှတ်ပေးနေဆဲတွင် ဟိန်းရာဇာ၏ ဒရိုင်ဘာ ဖြစ်သူ ကိုသိန်းသန်း အနားသို့ ရောက်လာသည်။ကိုသိန်းသန်းက ကိုယ်ကိုကိုင်းကာ ဟိန်းရာဇာနားရွက်နားသို့ ကပ်၍ တီးတိုးပြောလိုက်သည်။

''အပြင်မှာ ဧည့်သည် တစ်ယောက် ရောက်နေတယ်၊ ကိုဟိန်းကိုတွေ့ ချင်လို့တဲ့''

''ကိုသိန်းသန်းကလည်းဗျာ၊ ဒီမှာ အလုပ်လုပ်နေတာကို စောင့်ခိုင်းထားလိုက်ပေါ့''

''မရဘူးကိုဟိန်းရေ .ဘယ်လိုမှပြောလို့မရဘူး၊ သိပ်အရေး ကြီးတယ်၊ သေရေး ရှင်ရေး တဲ့၊ အခု ချက်ချင်း ခေါ်ပေးပါဆိုလို့ ကျွန်တော့် မှာ လာခေါ်ရတာ ''

''ဟင် .''

ဟိန်းရာဇာမျက်မှော င်တွန့်သွားသည်။

''ဘယ်သူတဲ့လဲကိုသိန်းသန်း''

''အဲဒါလည်း မပြောဘူး၊ သူက ကိုဟိန်းကိုချည်း အတင်းခေါ်ခိုင်းနေတာ၊ ချက်ချင်း ခေါ်ပေးပါ အရေး ကြီးတယ်ချည်းလုပ်နေလို့''

''သူ့ကို ကိုသိန်းသန်း အရင်က မမြင်ဖူးဘူးလား''

''သူက Mask နှာခေါင်းစည်း တပ်ထားတာကွ''

ဟိန်းရာဇာက သက်ပြင်းချလိုက်သည်။

''ကျွန်တော် မသိမသာထွက်ခဲ့မယ်ဗျာ၊ မိတ်ကပ်လိမ်းတဲ့အခန်းထဲပို့ထားလိုက်၊ ကျွန်တော် လာခဲ့မယ်''

''ဟုတ်ကဲ့''

ကိုသိန်းသန်းထွက်သွားသည်။

အလုပ်လုပ်နေတဲ့အချိန်မှာ အတင်းခေါ်တွေ့ တာ ဘယ်လိုဧည့်သည်မျိုးပါလိမ့်။ သေရေး ရှင်ရေး ဆိုတာကော ဘယ်လောက်အရေး ကြီးတဲ့ကိစ္စပါလိမ့်။

ဟိန်းရာဇာက ပြိုင်ပွဲဝင်တစ်ဦးပြီး၍ နောက်တစ်ဦးကိုဖိတ်ခေါ်နေစဉ်တွင် အပေါ့အပါးသွားသလိုနှင့် မသိမသာလစ်ထွက်ခဲ့လေသည်။

+ + + + +

မိတ်ကပ်လိမ်းရန်သတ်မှတ်ပေးထားသော အခန်းထဲရောက်တော့အခန်းထဲမှာ ဘယ်သူမှရှိမနေ။ ဟိန်းရာဇာက အခန်းထဲကို ဝေ့ကြည့်လိုက်သေးသည်။ မစောင့်နိုင်လို့ပြန်သွားပြီထင်ပါရဲ့ ။

ဘယ်သူ့မှမမြင်၍ လှည့်ပြန်မည် အပြု။

''ဟိန်းရာဇာ .ငါဒီမှာ ရှိပါတယ်''

ခန်းဆီးနောက်ကွယ်မှအသံထွက်လာကာ ခန်းဆီးကိုဖယ်၍ လူ တစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရသည်။

သူသည် Mask နှာခေါင်းစည်းကိုတပ်ထား၏ ။ လူတုပ်ကွေး ရောဂါ ခေတ်စားနေချိန်တွင် Mask နှာခေါင်းစည်းတပ်သူများ ရှိ၍ မဆန်း ပါ။သူကတော့ နှာခေါင်းစည်းတပ်ထားရုံမက နေကာမျက်မှန်ကြီးကိုပါတပ်ထားလေသည်။

သူ့မျက်နှာတစ်ခုလုံး အပိတ်အဖုံးများ နှင့်ပြည့်နေလေ၏ ။သူက အခန်းအလည်သို့လျှောက်လာလိုက်သည်။

''ကျွန်တော့် ကိုတွေ့ ချင်တယ်ဆိုတာ ခင်ဗျားလား၊ ဘာကိစ္စရှိလို့ပါလိမ့်''

ဟိန်းရာဇာက မေးလိုက်သည်။

သူက ဘာမှပြန်မဖြေ။

နေကာမျက်မှန်ကို ချွတ်ကာ စားပွဲပေါ်တင်လိုက်သည်။မျက်လုံးပေါ်လာချိန်တွင် ဒီလူကိုမြင်ဖူးသလိုလိုရှိပါတယ်ဟုထင်လိုက်မိသေး၏ ။

သူက Mask နှာခေါင်းစည်းကို တဖြည်းဖြည်းချင်းချွတ်လိုက်လေသည်။

ချွတ်အပြီးတွင်ျြေုနှာခေါင်းစည်းကို စားပွဲပေါ်ပစ်တင်လိုက်ပြန်၏ ။

သူ့မျက်နှာတစ်ခုလုံးပေါ်သွားချိန်တွင် . ဟိန်းရာဇာသည်အလန့်တကြားဖြင့် နောက်သို့တစ်လှမ်းဆုတ်လိုက်မိလေ၏ ။

''ခင်ဗျား . ခင်ဗျား''

''အံ့သြသွားသလားဟိန်းရာဇာ''

''အံ့သြတာပေါ့ဗျာ၊ ခင်ဗျားတော် တော် နောက်တဲ့လူပဲ''

''ငါ မင်းကိုနောက်ဖို့လာတာမဟုတ်ပါဘူး ဟိန်းရာဇာ''

''ခင်ဗျားဗျာ . ကျွန်တော့် ကို ဘာလို့ တစ်ယောက် တည်းခေါ်ပြနေသေးလဲ၊ စင်ပေါ်တက်ပြီး တစ်ခါတည်းပြိုင်ပွဲဝင်ပါလား''

''ဟား .ဟား .ဟား .ဟား .''

ထိုလူက သဘောကျစွာ ရယ်လိုက်သည်။

ဟိန်းရာဇာရုတ်တရက်လန့်သွားရခြင်းမှာ ထိုသူ မျက်မှန်နှင့်Mask နှာခေါင်းစည်းကိုချွတ်လိုက်ချိန်တွင် ပေါ်လာသော သူ့မျက်နှာကြောင့်ပင် ဖြစ်ပါသည်။

ထိုသူ၏ မျက်နှာမှာ . ဟိန်းရာဇာနှင့်ချွတ်စွပ်တူနေပါ၏ ။မျှော်လင့်မထားသော ကြောင့် ရုတ်တရက် အံ့လည်းအံ့သြ .လန့်လည်းလန့်သွားကာ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိခြင်း ဖြစ်သည်။ဟိန်းရာဇာက သူ့ကို အသေအချာပြန်ကြည့်သည့်အခါ သူသည်မိမိနှင့်ထပ်တူနီးပါးမျှပင်တူညီသော လူ တစ်ယောက် ဖြစ်နေတာကို အံ့သြဖွယ်တွေ့ လိုက်ရလေ၏ ။

ထို့ကြောင့် .''စင်ပေါ်တက်ပြီး တစ်ခါတည်းပြိုင်ပွဲဝင်ပါ'' ဟုပြောလိုက်မိခြင်း ဖြစ်ပါသည်။

''ငါက မင်းနဲ့ရုပ်တူပြိုင်ပွဲဝင်ဖို့လာတာမဟုတ်ပါဘူးကွာ''

သူပြောလိုက်သော စကားသံကလည်း မိမိအသံနှင့်ထပ်တူပါ ကလား။လေယူလေသိမ်းကအစ တူညီနေပါသည်။

''ဒါဖြင့် .ဘာလာလုပ်တာလဲ''

သူ့လုပ်ရပ်က အလုပ်ပျက်အောင်နှောက်ယှက်သလို ဖြစ်နေ၍ ဟိန်းရာဇာက ခပ်ဆတ်ဆတ်ပြန်မေးလိုက်သည်။

''ဒီလောကကြီးမှာ ငါရှိနေတယ်ဆိုတာမင်းသိအောင် လာပြတာပါ''

''ဘာ- လာပြတာ၊ ခင်ဗျားဘာသဘောလဲဗျ၊ ရုပ်တူပြိုင်ပွဲလုပ်တဲ့နေရာအထိရောက်လာပြီး ပြိုင်ပွဲတော့မဝင်ပဲနဲ့၊ ပြိုင်ပွဲဝင်တဲ့လူတွေ တောင် ခင်ဗျားလောက်မတူဘူးဗျာ၊ ခင်ဗျား .ကျွန်တော် နဲ့တော် တော် တူတယ်နော်''

ဟိန်းရာဇာသည် ထိုလူကိုကြည့်ပြီး စိတ်လှုပ်ရှားနေမိသည်။အစပိုင်းမှာ အနှောက်အယှက်ပေးခံရ၍ စိတ်တိုသလို ဖြစ်မိသော်လည်းမိမိနှင့်ထပ်တူနီးပါးတူသည့်လူ တစ်ယောက် ကို ခင်မင်စိတ်လည်း ဖြစ်နေမိသည်။

''ခင်ဗျားနာမည် ဘယ်သူလဲဟင်''

''အာကာ''

''အာကာ၊ အမယ် ...နာမည် ချင်းတောင် ခပ်ဆင်ဆင်တူသေးတယ်နော်''

''ဒါပေမယ့် .ငါ့နာမည် ရှေ့မှာ ဟိန်း-မပါပါဘူး ''''ဟိန်း-ဆိုတာ ကျွန်တော့် မျိုးရိုးနာမည် ပါ၊ ကျွန်တော် အဘိုးက ဦးဟိန်းစံတဲ့၊ ကျွန်တော့် အမေက ဟိန်းသူဇာတဲ့''

''သြော် .ဟုတ်လား၊ ငါ့ကိုတော့ အဖေက ဟိန်းဆိုတာတော့ထည့်ပြီး မှည့်မပေးခဲ့ဘူးကွ''

''ဘာဆိုင်လို့လဲ''

''ဆိုင်ပါတယ်ကွာ၊ မင်းနဲ့ငါနဲ့ ဆိုင်ပါတယ်၊ ဟဲဟဲ .''''အသံရော၊ ရုပ်ရော၊ အမူအရာရော တူတာဗျာ၊ ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲဟင် .ကိုအာကာ''

''ငါ့အသက်လား .လာမယ့် စက်တင်ဘာလ(၁၃)ရက်နေ့ ဆိုရင်၂၁နှစ် ပြည့်ပြီ''

''ဘာ- ဘာ- စက်တင်ဘာ၁၃၊ ဟုတ်လား၊ အဲဒါ ကျွန်တော့် မွေးနေ့ပဲ''

''ဟုတ်တယ်လေ .မင်းနဲ့ငါနဲ့က မွေးနေ့ချင်းအတူတူပဲ ဟာကို၊၁၉၈၉ခုနှစ် စက်တင်ဘာလ(၁၃)ရက်၊ ဗုဒ္ခဟူးနေ့မှာ မွေးခဲ့ကြ တာလေ''

''ဟင် .မွေးတဲ့နှစ် ရော၊ လ,ရော၊ မွေးနေ့ချင်းပါ တူနေတာပါလား၊ အံ့သြစရာပဲနော်''

''ဘာမှအံ့သြစရာမရှိပါဘူး ဟိန်းရာဇာ၊မင်းနဲ့ ငါက တစ်အဖေတည်း၊ တစ်အမေတည်း- တစ်နေ့တည်း တစ်ချိန်တည်း တစ်ပြိုင်တည်းမွေးခဲ့တဲ့ အမွှာညီအစ်ကိုတွေ ပဲ၊ ဒါတွေ အားလုံးတူနေတာ အံ့သြစရာလားကွာ''

''ဘာဗျ- ဘာ- ဘာပြောတယ်''

ဟိန်းရာဇာတုန်လှုပ်နေသော်လည်း အာကာဆိုသူက ခပ်အေးအေးပင် စားပွဲပေါ်မှနေကာမျက်မှန်ကိုကောက်တပ်လိုက်သည်။

ပြီးတော့ Mask နှာခေါင်းစည်းကိုပါ ပြန်တပ်လိုက်၏ ။

ထို့နောက်အာကာ သည် အခန်းပေါက်ဝ သို့ လျှောက်သွားကာအခန်းထဲမှထွက်ခွာသွားလေတော့သည်။

''ဟေ့လူ .နေဦး .နေဦး .ကိုအာကာ''

ကြက်သေသေလျှက်ကျန်ခဲ့သူ ဟိန်းရာဇာက သတိဝင်လာကာအာကာ့နောက်သို့ပြေးလိုက်ခဲ့သည်။

အခန်းအပြင်အရောက်တွင် အာကာ့ကို မတွေ့ ရပါလေတော့။ဘယ်သူ့ကိုမှ မမြင်ရပါတော့ချေ။

''သူ .သူဘယ်သူလဲ သူဟာ ငါနဲ့ ဘာလို့ဒါလောက်တူနေ ရတာ လဲ၊သူ .သူပြောသလို ငါနဲ့သူနဲ့ဟာ အမွှာညီအစ်ကိုတွေ လား၊ ဘုရား .ဘုရား.မယုံကြည်စရာပါလား၊ ဘာတွေ ဖြစ်ကုန်ပြီလဲ''

*


( ၂ )

အာကာနှင့်တွေ့ ဆုံပြီးကတည်းက ဟိန်းရာဇာသည် ရုပ်တူပြိုင်ပွဲတွင် အာရုံစူးစိုက်လို့မရတော့ပေ။ အားလုံးအယောင်ယောင်အမှားမှား ဖြစ်နေ၏ ။

ပထမဆုကို ဘယ်သူရလို့ ရလိုက်မှန်းပင်မမှတ်မိ။ ဆုရသူ များ ကိုအစီအစဉ်ကြေငြာသူကခေါ်ပေးသည့်အတိုင်း စင်ပေါ်တက်၍ ဆုပေးလိုက်ရသည်။

အပြန်လမ်းတွင် အာကာပြောသွားသော စကားများ ကိုကြားယောင်ကာ စိတ်ထွေပြားနေမိလေ၏ ။

''ဒီလောကကြီးမှာ ...ငါရှိနေတယ်ဆိုတာမင်းသိအောင် လာပြတာပါ''

''ဘာမှအံ့သြစရာမရှိပါဘူး ဟိန်းရာဇာ၊ မင်းနဲ့ငါနဲ့က ...တစ်ဖအေတည်း၊ တစ်မအေတည်းကတစ်နေ့တည်း တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း မွေးခဲ့တဲ့အမွှာညီအစ်ကိုတွေ ပဲ၊ ဒါတွေ အားလုံး တူနေတာအံ့သြစရာလားကွာ''

''ဟုတ်တယ်လေ .မင်းနဲ့ငါနဲ့က မွေးနေ့ ချင်းအတူတူပဲဟာကို၊ ၁၉၈၉ခုနှစ် စက်တင်ဘာ လ(၁၃)ရက်၊ဗုဒ္ခဟူးနေ့မှာ မွေးခဲ့ကြတာလေ''

သူပြောသွားတာတွေ ဟာ အမှန်တကယ်လား။ သူနဲ့ငါနဲ့ ဘာလို့ဒါလောက်တူနေရတာ လဲ။ သူ့မွေးနေ့နဲ့ငါ့မွေးနေ့နဲ့ကလည်း တူနေတယ်။သူနဲ့ငါနဲ့ အမွှာညီအစ်ကိုတဲ့။ ဒါ . ဖြစ်နိုင်သလား။ မ ဖြစ်နိုင်ပါဘူးလေ။မေမေကလည်း ငါ့ကို တစ်ခါမှမပြောဖူးဘူး၊ ငါ့အဖေ ဦးဥက္ကာကလည်းနိုင်ငံခြားမှာ သေသွားခဲ့ပြီလေ။

မေမေဟာ ငါ့ကိုမွေးစားထားတာများ လား။ အို .မ ဖြစ်နိုင် ပါဘူး၊ငါ့စိတ်ကူးက ရုပ်ရှင်ဆန်လွန်းတယ်၊ ပြီးတော့ .မေမေနဲ့ငါနဲ့ ကရုပ်ချင်းဆင်နေတာပဲ၊ ဘယ်နည်းနဲ့မှ .မွေးစားသားမ ဖြစ်နိုင်ဘူး၊ ဒါဖြင့်.အမွှာညီအစ်ကိုနှစ် ယောက် အနေနဲ့မွေးပြီးမှ အာကာ့ကို တခြားလူပေးပစ်လိုက်တာမျိုးကော . ဖြစ်နိုင်သလား။ ဒါလည်းမ ဖြစ် နိုင်ပါဘူးလေ၊မေမေက ဒါမျိုးဘယ်လုပ်လိမ့်မလဲ၊ ကိုယ်မွေးတဲ့ကလေးကိုစွန့်ပစ်ရအောင်လည်း မေမေတို့က မကျွေးနိုင်မမွေးနိုင်တဲ့သူတွေ မဟုတ်ဘူး၊ မျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝလာတဲ့ ''ဟိန်း-မျိုးဆက်''တွေ ပဲလေ။တွေးရင်း .ဟိန်းရာဇာရင်မှာ ရှုပ်ထွေးပွေလီလာသည်။

''ကိုသိန်းသန်း''

''ဗျာ-''

''ကျွန်တော့် ကိုလာတွေ့ တဲ့လူရဲ့ မျက်နှာကို ခင်ဗျားမြင်လိုက်ရလားဟင်''

''ဟိုလူလား .သူက နှာခေါင်းစည်းတပ်ထားတာပဲ၊ သူ့ရုပ် ကိုမမြင်လိုက်ရပါဘူးကိုဟိန်း၊ ဘာ ဖြစ်လို့လဲဟင်''

''ဘာမှမ ဖြစ်ပါဘူးဗျာ''

အိမ်ရောက်မှပဲ မေမေ့ကိုမေးကြည့်ရပါတော့မည် ။

*


အိမ်ရောက်တော့ သူ့အတွက် ရှေ့ဆက်လုပ် ရမည့် အလုပ်များ ကိုတက်ကြွစွာ စီစဉ်ရင်းက သူပြန်အလာကို ပြုံးရွှင်စွာ ဆီးကြိုလိုက်သော မေမေ့ကိုကြည့်ကာ ''အာကာ့ကိစ္စ''ကို ပြောမထွက်နိုင်အောင် ဖြစ်သွားရလေသည်။

အေးအေးဆေးဆေးမှပဲ ပြောပါတော့မယ်လေ။

''သားရေ .ပြန်လာပြီလား၊ ပြိုင်ပွဲက ဘယ်လိုနေသလဲ၊ပြိုင်တဲ့ကလေးတွေ က သားနဲ့တော် တော် ပဲရုပ်ချင်းတူသလား သား''

''ဟာ .တူသလားမမေးနဲ့အန်တီသူဇာ၊ ပထမရသွားတဲ့ကောင်လေးဆိုရင် တူလွန်းလို့ ကိုဟိန်းကိုယ်တိုင်အနားမှာ မရှိရင် သူ့ကိုကိုဟိန်းလို့မှားခေါ်မိမှာ ''

ကိုသိန်းသန်းက ပြိုင်ပွဲအကြောင်းကို အားရပါးရပြောပြနေ သည်။

''အေးပေါ့လေ .ဒီခေတ်ကလေးတွေ က အတုခိုးတတ်ကြ တာကိုး၊ရုပ်ချင်းဆင်တဲ့လူက အမူအရာရော၊ အပြောအဆိုရော အတုခိုးပြီးလုပ်လိုက်တော့ တကယ်တူတယ်ထင်သွားရတာ ပေါ့၊ သားရေ . မေမေသားကိုပြစရာရှိတယ်၊ လာ-''

ဒေါ်ဟိန်းသူဇာက ဟိန်းရာဇာကို စာကြည့်ခန်းထဲဆွဲခေါ်သွားလေသည်။

စာကြည့်ခန်းထဲအရောက်တွင် ကြမ်းပြင်ပေါ်မှာ ပုံထားသော ပုဆိုးများ နှင့် တိုက်ပုံအင်္ကျီများ ကို တွေ့ လိုက်ရလေသည်။ ပုဆိုးတွေ က လည်းအဆင်စုံအမျိုးစုံ၊ အဖိုးတန်ပိုးပုဆိုးများ ချည်း ဖြစ်သည်။ တိုက်ပုံအင်္ကျီတွေ ကလည်း အရောင် စုံအသွေးစုံ အကောင်းစားများ ချည်း။

''ဟင် .မေမေ .အဝတ်အစားတွေ များ လှချည်လား''

''အဲဒါ .ကုမ္ပဏီက သားအတွက် ဆပွန်ဆာပေးသွားတာ တွေ လေ၊နေ့လည်က လာပေးသွားတာ''

''ဆပွန်ဆာ .ဘာအတွက် ဆပွန်ဆာလဲ မေမေ''

''အို .သားကလည်းကွယ်၊ မေ့တတ်လိုက်တာ၊ အကယ်ဒမီဆုပေးပွဲက နီးလာပြီလေ၊ အကယ်ဒမီဆုပေးပွဲမှာ သားဝတ်ဖို့ပေါ့''

ဟိန်းရာဇာလို နာမည် ကျော်ထိပ်တန်းမင်းသား တစ်ယောက် အတွက် အဝတ်အစားမရှားပါ။ အဝတ်အစားကို ဝယ်ဝတ်ရတယ်လို့ မရှိ။ကုမ္ပဏီတစ်ခုက သူတို့ထုတ်လုပ်တဲ့အဝတ်အစားကို ကြော်ငြာလို လျှင်မင်းသားမင်းသမီးငှားရသည်။ ကြော်ငြာရိုက်ရသည်။ ရုပ်သေဓာတ်ပုံ ရော.ရုပ်ရှင်ဗီဒီယိုရော ရိုက်ရသည်။ ထိုကြော်ငြာများ မှာ ဝတ်ဖို့ အဝတ်အစားများ ကိုမင်းသားမင်းသမီးများ အတွက် စပွန်ဆာပေးသည် မှာ ထုံးစံ။ကုမ္ပဏီများ ကလည်း ပွဲလမ်းသဘင်များ ရှိလျှင် သူ့အဝတ် အစားဝတ်ပါ၊ကိုယ့်အဝတ်အစားဝတ်ပါနှင့် .အလုအယက် ပံ့ပိုး တတ်ကြပါသည်။သူတို့အတွက် နာမည် ကျော်မင်းသားက သူတို့ အဝတ် အစားဝတ်လျှင်ကြော်ငြာပြီးသား ဖြစ်သွားသည် မဟုတ်ပါလား။ မင်းသားမင်းသမီးများ တက်ရောက်သော ပွဲတိုင်းကလည်း ဂျာနယ်မဂ္ဂဇင်းများ တွင် ပါလာတတ်သည်မို့ ကြော်ငြာတစ်မျိုးပင် ဖြစ်လေသည်။

''အကယ်ဒမီဆုပေးပွဲမှာ ဝတ်ဖို့၊ ဟုတ်လား''

''ဟုတ်တယ်လေ သား၊ သားက ဒီနှစ် ဆုပေးပွဲမှာ ဆုရဖို့ကျိန်းသေသလောက် ဖြစ်နေတော့ ခုကတည်းက လာပို့ပေးကြတာပေါ့ ကွယ်၊ဒါတောင် ...တခြားကုမ္ပဏီတစ်ခုက သူတို့အဝတ်အစားတွေ ပို့ပေးပါရစေပြောတာ၊ မေမေက ရပြီးပြီလို့ ငြင်းလိုက်ရတယ်သားရဲ့ ''

''ဒါလောက်များ တဲ့ဟာတွေ ထဲက ဘယ်လိုရွေးရမှာ လဲမေမေ ရယ်၊အားလုံးက အဆင်ကောင်းတွေ ချည်းပဲနော်''

ဟိန်းရာဇာက ပုဆိုးများ ကိုကိုင်ကြည့်ရင်း ပြောလိုက်သည်။

''အပြာရောင် လေးက လှတယ်နော်မေမေ၊ ရောင် ပြေးလေး၊မိုးပြာရောင် လေး''

''သား .ဒီနှစ် ထဲမှာ သားကို ကြာသပတေးနံနဲ့မတည့်ဘူး လို့ဗေဒင်က ဟောထားတယ်လေ၊ အပြာရောင် ဝတ်လို့ ဘယ် ဖြစ်မလဲ''

''ဟုတ်လား .ဒါဆို မေမေပဲရွေးပါတော့၊ အဝါရောင် ဆိုရင်ကောမေမေ''

''သားကအသားဖြူတော့ ဘာဝတ်ဝတ်လိုက်ပါတယ်၊ အို .နေပါဦးလေ၊ ဘာပဲလုပ်လုပ် ဗေဒင်မေးလုပ်တာကောင်းတယ်၊ အကယ်ဒမီဆုပေးပွဲမှာ ဘာရောင် ဝတ်ရမယ်ဆိုတာ မေမေမနက်ဖန်ဗေဒင်သွားမေးလိုက်ဦးမယ် သား''

''မေမေကလည်းဗျာ .''

ဟိန်းရာဇာက အရယ်တစ်ဝက်ဖြင့်ပြောလိုက်သည်။ သားအတွက်ဆိုလျှင် ဒေါ်ဟိန်းသူဇာအကဲပိုနေကျမို့ ဘာလေးလုပ်လုပ် ဗေဒင်မေးပြီးမှလုပ်တာ မဆန်းတော့ပါပေ။

''အကယ်ဒမီဆုပေးပွဲတက်မှာ သိပ်အရေး ကြီးတယ်သား၊ကိုယ့်အတွက် လာဘ်တိတ်တဲ့အရောင် မရွေးမိဖို့အရေး ကြီးတယ်၊ ဒီနှစ် မှာ သားက အကယ်ဒမီရဖို့သေချာနေတယ်လေ''

''မေမေကလည်းဗျာ .အကယ်ဒမီရမယ် ရမယ်နဲ့၊ ခဏခဏပြောမနေပါနဲ့၊ သေချာတဲ့ကိစ္စမျိုးလည်းမဟုတ်ဘူး၊ မရရင်ရှက်စရာကြီး''

''အို .ဘာလို့မရရမှာ လဲ၊ ''လရောင် ဝေးဝေး''ကားထဲမှာ သားသိပ်သရုပ်ဆောင်ကောင်းတာ၊ ရကိုရရမယ်ဟေ့၊ သားလည်းရမယ်၊ မမို့လည်းရလိမ့်မယ်လို့ မေမေပြောရဲတယ်''

ဟိန်းရာဇာက မိခင် ဖြစ်သူကို ပြုံး၍ သာကြည့်နေလိုက်ပါတော့ သည်။ဒေါ်ဟိန်းသူဇာပြောစကားများ မှာ အကဲပိုလွန်းသည်မှန်သော် လည်းမိခင် တစ်ယောက် ၏ စေတနာမေတ္တာကတော့ ထင်ရှားပေါ်လွင် နေပါသည်။ထိုစဉ် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းနှိပ်သံကို ကြားလိုက် ရသည်။အိမ်ဖော်မသော င်းက အိမ်ရှေ့ကိုပြေးသွား၏ ။ခဏနေတော့ မသော င်း လာပြောသည်။

''ဇာတ်လမ်းရေး တဲ့စာရေး ဆရာမ လေးရောက်နေပါတယ် မမ''

''သြော် .လင်းလက်ကြယ်စင်လား၊ ဧည့်ခန်းမှာ ခဏထိုင်ခိုင်းလိုက်ပါကွယ်၊ အအေးဖျော်ယူခဲ့၊ မမအခုလာခဲ့မယ်လို့''

မသော င်းကိုပြန်ပြောရင်း ဒေါ်ဟိန်းသူဇာက ဟိန်းရာဇာကိုပါဧည့်ခန်းထဲလိုက်ခဲ့ရန် ခေါ်လိုက်လေသည်။

''လာ- သား . ဆရာမ လင်းလက်ကြယ်စင်နဲ့ လိုက်တွေ့  လိုက်ဦး၊ကြည့်ရတာ သားအတွက် ဇာတ်လမ်းအသစ်တစ်ပုဒ်လာပို့တာ ပဲ ဖြစ်ရမယ်''

*


''ဟော .ဆရာမ ၊ ဇာတ်ညွှန်းအသစ်တစ်ပုဒ် ပြီးသွားပြန်ပြီထင်တယ်''

''ဟုတ်ပါတယ်အန်တီ၊ ကိုဟိန်းရာဇာနဲ့လိုက်တဲ့ဇာတ်လမ်းလေး မို့လို့အန်တီ့ကို အရင်လာပြတာပါ''

''ကျေးဇူးတင်ပါတယ် ဆရာမ ရယ်၊ ဆရာမ ဇာတ်လမ်းဆိုကောင်းမှာ ပါ''

လင်းလက်ကြယ်စင်က ထိုင်ရာမှထ၍ အသင့်ပါလာသော ဇာတ်ညွှန်းကို ဒေါ်ဟိန်းသူဇာလက်ထဲသို့ အပ်လိုက်သည်။ ကွန်ပြူတာဖြင့်စာစီပြီး အသင့်ချုပ်လုပ်ပြီးသော အသေးစိတ်ရေး သားထားသည့်ဇာတ်ညွှန်း ဖြစ်ပါသည်။ လင်းလက်ကြယ်စင်သည် သူမ၏ ဇာတ်ညွှန်းများ ကို ဤသို့ပင် အသင့်ပြုလုပ်၍ အပ်မြဲ ဖြစ်ပါသည်။

ဒေါ်ဟိန်းသူဇာက မျက်နှာဖုံးမှ ဇာတ်လမ်းအမည် ကို ဖတ်ကြည့်လိုက်၏ ။

''နေကိုကျောခိုင်းထားတဲ့လ-တဲ့၊ အို .နာမည် လေးကဆန်းလိုက်တာ၊ ဘယ်လိုဇာတ်လမ်းမျိုးလဲဆရာမ ''

''အိမ်ထောင်ရေး ဇာတ်လမ်းလေးပါအန်တီ၊ အချစ်နဲ့အိမ်ထောင်ရေး သရုပ်ဖော် ဒရာမာဇာတ်ပါ''

''ဆရာမ ဇာတ်ဆို ကောင်းမှာ ပါလေ၊ ဆရာမ ပေးတဲ့ဇာတ်လမ်းတွေ အားလုံးရိုက် ဖြစ်နေတာပဲ၊ ဒီဇာတ်လမ်းလေးလည်း သိပ်ကောင်း ရင်ရုပ်ရှင်ကားကြီးရိုက်မယ်ဆရာမ ၊ အနိမ့်ဆုံး ဒီဗီဒီကားတော့ ဖြစ်လာ မှာ ပါ''

''ဟုတ်ကဲ့အန်တီ၊ ကျေးဇူးတင်ပါတယ်''

''ဒီည အန်တီဖတ်လိုက်မယ်နော်၊ အကျိုးအကြောင်းကို မနက်ဖန်ဆရာမ ဆီဖုန်းဆက်ပြောပါ့မယ်၊ သြော် .ဒါနဲ့၊ အကယ်ဒမီ ဆုပေးပွဲတောင်နီးလာပြီ၊ ဆရာမ ဆုပေးပွဲတက်မှာ မဟုတ်လား''

''ဖိတ်ရင်တော့ တက် ဖြစ်မယ်ထင်ပါတယ်အန်တီ''

''ဆရာမ ကိုဖိတ်မှာ ပါ၊ ရုပ်ရှင်ကားကြီးမှာ ဇာတ်ညွှန်းရေး ထားတာပဲ၊ ပြီးတော့ .ဆရာမ ဇာတ်ညွှန်းကို အကဲဖြတ်အဖွဲ့ကို တင်ထား တယ်လေ၊ဆရာမ လည်း ဇာတ်ညွှန်းအကယ်ဒမီဆု ရချင်ရနေမှာ ၊ ပွဲတက်ဖို့အဝတ်အစားတွေ ပြင်ဆင်ထားဦးနော်''

လင်းလက်ကြယ်စင်က ရယ်လိုက်သည်။

''အကယ်ဒမီဆုအထိတော့ မမျှော်လင့်ရဲသေးပါဘူးအန်တီ ရယ်''

''မပြောနိုင်ဘူးနော်၊ အန်တီကတော့ ဆရာမ ရေး တဲ့ ''လရောင် ဝေးဝေး''ကားမှာ သားရော မမို့ရော အကယ်ဒမီချိတ်မယ်လို့ချည်းထင်နေတယ်၊ ဒါရိုက်တာနေမာနနဲ့မဇာကြီးလည်း ရရင်ရသွားနိုင်တယ်၊တစ်ကားလုံးကောင်းတာ ဇာတ်ညွှန်းကောင်းလို့ပဲလေ၊ ဆရာမ လည်းရနိုင်တာပေါ့''

''ဇာတ်ကားဆုပါရပြီး အန်တီကိုယ်တိုင် ကိုဟိန်းရာဇာနဲ့အတူဆုတက်ယူရပါစေလို့ ဆုတောင်းပါတယ်အန်တီ''

''တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အခုပဲ အကယ်ဒမီပွဲမှာ ဝတ်ဖို့ ကုမ္ပဏီတစ်ခုက စပွန်ဆာပေးထားတဲ့အဝတ်အစားတွေ ရွေးနေတာဆရာမ ရေ''

''မေမေကတော့ဗျာ၊ ကျွန်တော့် ကို အကယ်ဒမီရမယ်ချည်းကျိန်းသေပေါက်တွက်နေတာ ဆရာမ ရေ၊ ကျွန်တော် က မရရင် ရှက်စရာကြီး ဖြစ်နေမှာ စိုးလို့'

ဟိန်းရာဇာက အရယ်တစ်ဝက်ဖြင့်ပြောလိုက်သည်။

''ဒါတော့ ဖြစ်နိုင်လို့ အန်တီကပြောတာပါ ကိုဟိန်းရာဇာ၊ကျွန်မလည်း ကိုဟိန်းရာဇာရလိမ့်မယ်လို့ယုံတယ်၊ လရောင် ဝေးဝေး-ကားကလည်း စကာတင်စာရင်းထဲအထိပါနေတာ သတင်းတွေ ထွက်နေတယ်လေ''

''ကျွန်တော် အကယ်ဒမီရရင်တော့ ဆရာမ ကျေးဇူးတွေ လည်းပါပါတယ်ဆရာမ ရယ်''

''အဲဒီ တော့ ဆုယူပြီးကျေးဇူးတင်စကားပြောတဲ့အခါ ဆရာမ လင်းလက်ကြယ်စင်ရဲ့ နာမည် ကိုပါ ထည့်ပြောလိုက်ပေါ့သားရယ်''

ဧည့်ခန်းထဲတွင် ကြည်နူးစွာ ရယ်မောသံများ ဖုံးလွှမ်းသွားလေသည်။

*


( ၃ )

ညစာထမင်းစားအပြီးတွင် .ဟိန်းရာဇာက အာကာဆိုသူအကြောင်းကို မေမေ့အား ပြောပြရန်ဆုံးဖြတ်လိုက်သည်။ဒေါ်ဟိန်းသူဇာရှိနေသည့် စာကြည့်ခန်းထဲသို့လာခဲ့၏ ။

''မေမေ .စာဖတ်တော့မလို့လား''

''အေးကွယ် .ဆရာမ ပေးသွားတဲ့ဇာတ်ညွှန်းလေးကို ဖတ်ကြည့်မလို့၊ဇာတ်လမ်းနာမည် လေးက စွဲဆောင်မှုရှိလွန်းလို့ပါ၊နေကိုကျောခိုင်းထားတဲ့-လတဲ့ မကောင်းဘူးလားသားရယ် '

''ကောင်းပါတယ်မေမေ၊ ဆရာမ လင်းလက်ကြယ်စင်ရဲ့ ဇာတ်တွေ က ကောင်းပြီးသားပဲ၊ ဒီဇာတ်လမ်းလည်း ကောင်းမှာ ပါ''

''သား .ဒီနေ့ည စောစောအိပ်နော်၊ မနက်စောစော ရှုတင်ရှိတယ်မဟုတ်လား''

''ဟုတ်ကဲ့ပါမေမေ .သား မေမေ့ကို ပြောစရာတစ်ခုရှိလို့''

''ဘာများ လဲသားရဲ့ ''

''နေ့လည်က ရုပ်တူပြိုင်ပွဲလုပ်နေတုံးမှာ သားဆီကို လူတစ်ယောက် ရောက်လာတယ်မေမေ၊ သူက တွေ့ ခွင့်တောင်းလို့ သားတွေ့ ခွင့်ပေးလိုက်တယ်''

''ဟိုတယ်မှာ လား''

''ဟုတ်တယ်မေမေ . သားနဲ့သူနဲ့ အဝတ်လဲခန်းထဲမှာ တွေ့ တော့.''

ဟိန်းရာဇာက ဆက်မပြောသေးပဲ စကားကိုဖြတ်ထားလိုက် သည်။

''ဘာ ဖြစ်လဲသား''

''မေမေ ...သားကို ...သားကိုမွေးတုန်းက သားတစ်ယောက် တည်းလားဟင်''

''ဘာ- ဘာကိုမေးတာလဲသား''

''သားကိုမွေးတုံးက တစ်ယောက် တည်းမွေးခဲ့တာလား၊ သား မှာ အမွှာပူးညီအစ်ကိုရှိလား မေမေ''

''ဘာ- ဘာ- ဟိန်းရာဇာ၊ မင်း . ဘာပြောလိုက်တာလဲ၊ မင်း. မင်း .''

''မေမေ .''

ဒေါ်ဟိန်းသူဇာတုန်လှုပ်သွားပုံက သိသာလှပေသည်။ ဟိန်းရာဇာပင် လန့်သွားမိ၏ ။

''သား- သား- မင်းဘာတွေ မေးနေတာလဲ .အို .''

''သားနဲ့တွေ့ တဲ့လူက ပြောသွားလို့ပါမေမေ၊ သူ့နာမည် ကအာကာတဲ့''

''အာကာ၊ ဒီနာမည် မေမေမကြားဖူးပါဘူး''

''သူ့ရုပ်က သားနဲ့တော် တော် တူတယ်မေမေ၊ တူတာမှ သားကိုယ်သား မှန်ကြည့်နေတယ်လို့ ထင်ရလောက်အောင် တူတာ''

''သား .ဟန်းရာဇာ . မင်း .မင်း .မင်းကို အဲဒီ ကောင်က .''

''သူက သူ့မွေးနေ့မွေးရက်ကိုပြောသွားတယ်မေမေ၊ သူ့မွေးနေ့က သားမွေးနေ့နဲ့အတူတူပဲ၊ ၁၉၈၉ခုနှစ် စက်တင်ဘာလ(၁၃)ရက်၊ဗုဒ္ခဟူးနေ့လေ''

''မဟုတ်ဘူး .မဟုတ်ဘူး .ဒါမဟုတ်ဘူး''

ဒေါ်ဟိန်းသူဇာက ဣနြေ္ဒပျက်ယွင်းစွာ အော်လိုက်မိလေ၏ ။

''မေမေရယ် .သားက သူပြောတဲ့စကားတွေ ထူးဆန်း လွန်းလို့မေမေ့ကို ပြန်ပြောပြတာပါမေမေ၊ သား ယုံလို့မဟုတ်ပါဘူး''

ဟိန်းရာဇာက တုန်လှုပ်ချောက်ချားနေသော မိခင် ဖြစ်သူ၏ လက်မောင်းနှစ် ဖက်ကိုကိုင်ကာ ပြောလိုက်လေသည်။ သူ့စကားကြောင့်မေမေစိတ်လှုပ်ရှားသွားရသည်ကိုလည်း စိတ်မကောင်း ဖြစ်သွားမိသည်။ဒေါ်ဟိန်းသူဇာသည်လည်း မိမိ မတရားဣနြေ္ဒပျက်သွားမိ သည်ကိုသတိရကာ ကိုယ့်ကိုကိုယ်ပြန်ထိမ်းလိုက်ရလေ၏ ။

''သြော် ...အင်း ... သူက ဘာလာလုပ်တာလဲသား၊သားနဲ့ရုပ်တူပြိုင်ပွဲကို ဝင်ပြိုင်ဖို့လာတာလား''

''မဟုတ်ပါဘူးမေမေ၊ အဲဒါထူးဆန်းနေတာပေါ့၊ သူသာ ဝင် ပြိုင်ရင်သေချာပေါက် ပထမဆုရမှာ ၊ သူက ဝင်မပြိုင်ပဲနဲ့ သားကို တစ်ယောက် တည်းတွေ့ ခွင့်တောင်းတာလေ၊ ပြီးတော့ .သူက Mask လည်းတပ်လာတယ်၊ နေကာမျက်မှန်ကြီးလည်းတပ်လာတော့ သူ့ကို သားနဲ့တူတာဘယ်သူကမှသတိမထားမိလိုက်ကြဘူးမေမေ၊ သားတစ် ယောက် ပဲအခန်းထဲမှာ နှစ် ယောက် ချင်းတွေ့ လို့ သိလိုက်တာပါ''

ဒေါ်ဟိန်းသူဇာက ဟိန်းရာဇာပြောပြသမျှကို မျက်မှော င်တွန့်လျှက်နားထောင်နေသည်။

''သားရယ် .ဒါ သက်သက် သားကိုနောက်တာ ဖြစ်မှာ ပါ၊ရုပ်တူပြိုင်ပွဲလုပ်တဲ့နေရာကိုမှ ရောက်အောင်လာတာ ကြည့်ပါလား၊သားနဲ့မွေးနေ့မွေးရက်တူတယ်လို့ ပြောနိုင်တာကလည်း ဘာဆန်းလို့လဲ သား၊မဂ္ဂဇင်းတွေ ဂျာနယ်တွေ ထဲမှာ ပါတဲ့ သား အင်တာဗျူး တွေ မှာ သားရဲ့ မွေးသက္ကရာဇ်ကိုသိနိုင်တယ်လေ၊ အဲဒါကိုမှတ်ထားပြီးပြောတာ ဖြစ်မှာ ပေါ့၊ မဟုတ်ဘူးလား''

''ဟုတ်ပါတယ်မေမေ၊ အဲဒီ လိုပဲ ဖြစ်မှာ ပါ''

''နောက်ပြီးတော့ .သူက သားကိုဘာတွေ ပြောသွားသေး သလဲ''

''ဘာမှမပြောပါဘူးမေမေ၊ သူ့ရုပ်သူဖွင့်ပြပြီး မွေးနေ့မွေးရက်ချင်းပါတူတယ်လို့ပြောပြီးတာနဲ့ ပြန်သွားတာပါ''

ဟိန်းရာဇာ ညာလိုက်ပါသည်။ အာကာက သူနဲ့ဟိန်းရာဇာကိုတစ်ဖအေတည်း တစ်မအေတည်းက တစ်နေ့တည်း တစ်ပြိုင်တည်းမွေးခဲ့တယ်လို့ပြောခဲ့တာကို ပြန်မပြောတော့ပဲ မြိုသိပ်ပစ်လိုက်သည်။

အာကာ့အကြောင်းပြောသည်တွင် ...အစပိုင်း၌ မေမေဣနြေ္ဒပျက်သွားပုံ၊ တုန်လှုပ်ချောက်ချားသွားပုံများ မှာ သိသာလှ၍ စကားကိုလျှောချလိုက်ခြင်း ဖြစ်ပါသည်။ မေမေစိတ်လှုပ်ရှားသွားပုံကိုကြည့်၍ သံသယလည်းဝင်သွားရသည်။ ကိုအာကာပြောသွားသော စကားများ ထဲ တွင် အမှန်တရားတချို့တဝက်ပါလိမ့်မည် ဟုလည်း ထင်လိုက်မိသည်။

မေမေ့ကိုမပြောတော့ပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ စုံစမ်းပါတော့မည် ။

''ခပ်တည်တည်နဲ့နောက်တတ်တဲ့ လူနောက်လူပြောင်ထင်ပါရဲ့ ကွယ်၊ ဘာမဟုတ်တာလေးနဲ့ စိတ်ရှုပ်ခံမနေနဲ့ငါ့သား''

ခုတော့လည်း .ဒေါ်ဟိန်းသူဇာဟန်ပန်က ဘာမျှမ ဖြစ် သယောင်တည်ငြိမ်အေးချမ်းနေပြန်၏ ။

''ကဲ- သားအိပ်တော့လေ၊ မနက်လည်း စောစောထရဦးမှာ မဟုတ်လား''

''အိပ်ပါမယ်မေမေ၊ သား မေမေ့ကို ကော်ဖီဖျော်တိုက်ရဦးမယ်လေ''

''ဟုတ်သားပဲ၊ ငါ့သားက မမေ့ဘူး၊ ကြည့်စမ်း .တကယ့်သားလိမ္မာလေးပဲကွယ်၊ သားဖျော်ပေးတဲ့ကော်ဖီသောက်ရင်း မေမေဇာတ်ညွှန်းဖတ်ရမယ်''

''ခဏစောင့်နော် မေမေ''

ဟိန်းရာဇာက ကော်ဖီဖျော်ရန် ထွက်လာခဲ့သည်။

သူသည် မေမေ့ကို ညစဉ်ကော်ဖီတစ်ခွက်ဖျော်တိုက်နေကျ ဖြစ်သည်။ သူတို့သားအမိအတွက် ထုံးစံတစ်ခု ဖြစ်နေ၏ ။ မေမေ့အတွက်ကော်ဖီဖျော်ပေး၊ မေမေ့ကိုကန်တော့ပြီးမှအိပ်သော အကျင့်မှာ ငယ်ငယ်ကတည်းက အကျင့်တစ်ခုပင် ဖြစ်ပါသည်။

ဒေါ်ဟိန်းသူဇာက အသင့်ဖျော်သောက်လို့ရသော ကော်ဖီမစ်ထုတ်များ ကို မကြိုက်၊ သောက်လေ့မရှိ။ အိမ်တွင် အမှုန့်ကြိတ်ထား သော ကော်ဖီစစ်စစ်ကိုဝယ်ထားသည်။ ကော်ဖီမှုန့်ထဲကို နို့ဆီဘယ်လောက်ထည့်ရမယ်၊ သကြားဘယ်လောက်ရောရမယ်ဆိုတာကို ဟိန်းရာဇာ တစ်ယောက် ပဲသိသည်။ အိမ်ဖော်မသော င်းက ဘယ်တော့မှ ကော်ဖီဖျော်မပေးရပေ။ ဒေါ်ဟိန်းသူဇာက သား ဖြစ်သူကိုယ်တိုင်ဖျော်ပေးသော ကော်ဖီကိုတစိမ့်စိမ့်သောက်ကာ ဖတ်စရာရှိသော စာများ ကိုဖတ်လေ့ရှိ ပေ၏ ။ဟိန်းရာဇာသည် ကော်ဖီဖျော်ရင်းမှ အာကာ့အကြောင်းပြောရာတွင် မေမေဣနြေ္ဒပျက်သွားပုံများ ကို ပြန်မြင်ယောင်ကြည့်နေမိသည်။

သူနဲ့ရုပ်ချင်းတူရုံမက မွေးနေ့မွေးရက်ချင်းပါတူတဲ့လူတစ် ယောက် နဲ့တွေ့ ခဲ့တယ်ပြောရုံနဲ့ မေမေဘာလို့တုန်လှုပ်ချောက်ချားသွား ရတာ ပါလိမ့်။ကိုအာကာပြောသွားတဲ့စကားတွေ ဟာ မှန်နေလို့လား။

ကိုအာကာနဲ့သူဟာ အမှန်တကယ် အမွှာညီအစ်ကိုပဲထား ပါတော့။ဘာလို့ တစ်ကွဲတပြားစီ ဖြစ်နေရတာ လဲ။

ဖြစ်နိုင်ချေရှိတာက . သူနှင့်ကိုအာကာကို အမျိုးသမီး တစ်ယောက် က အမွှာညီအစ်ကိုအ ဖြစ်မွေးခဲ့လိမ့်မည် ။ ပြီး .ကလေးနှစ် ယောက် ကို သီးခြားစီပေးပစ်လိုက်ခြင်း ဖြစ်လိမ့်မည် ။ ဒီအကြောင်း တွေ ကိုကိုအာကာကတော့ အားလုံးသိနေလို့ လာပြောပြခြင်းပဲ ဖြစ် လိမ့်မည် ။

သညလ် ဆိုလျှင် .မေမေဟာ ငါ့ကို မွေးစားထားတာပေါ။့ဒီလိုတွေးလိုက်မိရုံနှင့် .ဟိန်းရာဇာရင်မှာ နာကြင်သွား လေသည်။မ ဖြစ်နိုင်ပါ၊ ဒါလည်း မ ဖြစ်နိုင်ပါ။ မေမေဟာ ငါ့ကိုမွေးစား ထားတာဘယ်နည်းနဲ့မှမ ဖြစ်နိုင်။

အမွှာပူးမွေးပြီးမှ တစ်ယောက် ကို တခြားသူပေးပစ်တာမျိုး ရော။ဒါလည်းမ ဖြစ်နိုင်ပါ။ မေမေသည် ကိုယ့်သားသမီးကိုယ် တခြားသူကိုပေးပစ်မည့် မိန်းမမျိုးမဟုတ်ပါ။ ကလေး တစ်ယောက် ကို မကျွေးမွေးနိုင်အောင်လည်း မချို့တဲ့ပါ။စိတ်ရှုပ်စရာပါကလား။

ဟိန်းရာဇာက တွေးရင်း သက်ပြင်းချလိုက်သည်။ဘာပဲ ဖြစ် ဖြစ် .ဒီ ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ သူမသိနိုင်တဲ့လျှို့ဝှက်ချက်တစ်ခုခုရှိနေမှာ တော့ သေချာသည်။

အမျိုးမျိုးတွေးပြီးအဖြေရှာနေလို့ကတော့ အဖြေက ထွက်လာမည် မဟုတ်ပေ။ ကိုယ်တိုင်စုံစမ်းမှသာ သိနိုင်ပေတော့မည် ။အာကာဆိုသူကို တွေ့ အောင်ရှာဖွေရပါတော့မည် ။

*


( ၄ )

အာကာ-တဲ့။

သားကိုလာတွေ့ တယ်ဆိုတဲ့ အာကာဆိုတာ ဘယ်သူလဲ။ကိုဥက္ကသားများ လား။

ကိုဥက္ကာ။ ဒီအချိန်မှာ ကိုဥက္ကာဘယ်ရောက်နေမှာ ပါလိမ့်။အသက်ရှင်ရက်မှ ရှိပါသေးရဲ့ လား။

သားဟိန်းရာဇာကိုလာတွေ့ တဲ့ အာကာဆိုသူဟာ တကယ်ပဲကိုဥက္ကာရဲ့ သား ဖြစ်ခဲ့လျှင် .ဒေါ်ဟိန်းသူဇာ ဆက်မတွေးရဲတော့ပါ။

သူတို့တတွေ မိမိတို့သားအမိဘဝကိုဖျက်ဆီးဖို့လာနေကြပြီလား။အေးချမ်းငြိမ်သက်ပြီး အောင်မြင်ကျော်ကြားနေတဲ့ မိမိတို့ဘဝကို သူတို့ဖျက်ဆီးပစ်ကြဖို့ ကြံစည်နေကြလေသလား။

အတွေးများ ဖြင့် ယောက် ယက်ခတ်ကာ ဒေါ်ဟိန်းသူဇာသက်ပြင်းကိုအခါခါ ချနေမိလေသည်။

လင်းလက်ကြယ်စင်ပေးခဲ့သော ''နေကိုကျောခိုင်းထားတဲ့လ''ဇာတ်ညွှန်းကို လက်မှာ ကိုင်ထားရင်း မဖတ် ဖြစ်သေးပဲ တွေးနေမိခြင်း ဖြစ်သည်။

ဟိန်းရာဇာက ကော်ဖီခွက်ကလေးကိုကိုင်ရင်း အခန်းထဲဝင်အလာတွင် .ဒေါ်ဟိန်းသူဇာက ပျက်နေမည် ဖြစ်သော မျက်နှာကိုပြင် လိုက်၏ ။

''သားက လိမ္မာလိုက်တာကွယ်''

''သား မေမေ့ကိုကန်တော့ပြီး အိပ်တော့မယ်နော် မေမေ''

ဟိန်းရာဇာက ကော်ဖီခွက်ကလေးကိုစားပွဲပေါ်ချပေးကာ .

ကြမ်းပြင်ပေါ်တွင် ပျပ်ဝပ်စွာ ထိုင်ရင်းမှ မိခင် ဖြစ်သူကို ကန်တော့လိုက်လေသည်။ ညစဉ်ပြုနေကျထုံးစံ ဖြစ်ပါ၏ ။

''ဘုန်းကြီးပါစေ သက်ရှည်ပါစေ ထင်ပေါ်ကျော်ကြားပြီးလူတကာနှစ်သက် တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ပါစေကွယ်''

ဒေါ်ဟိန်းသူဇာက ညစဉ်ပေးနေကျဆုကိုပင် ပေးလိုက်လေ သည်။

''ပေးတဲ့ဆုနဲ့ပြည့်ပါစေမေမေ၊ သားအိပ်တော့မယ်နော်''

ဟိန်းရာဇာက မိခင်ကိုနှုတ်ဆက်ပြီး စာကြည့်ခန်းထဲမှ ထွက်သွားလေသည်။ဒေါ်ဟိန်းသူဇာသည် ဇာတ်ညွှန်းကိုဖတ်ရန် စာအုပ်ကို စ,လှန်လိုက်၏ ။

နေကိုကျောခိုင်းထားတဲ့လ

ဇာတ်ညွှန်း- လင်းလက်ကြယ်စင်

*


ပထမဆုံးစာမျက်နှာကိုစတင်ဖတ်ရှုသည်နှင့် ဇာတ်ညွှန်းထဲ တွင် ဒေါ်ဟိန်းသူဇာ စိတ်ဝင်စားသွားလေသည်။

ဇာတ်ညွှန်းကိုဆက်ဖတ်ရှုရင်းမှ ဒေါ်ဟိန်းသူဇာမျက်မှော င်များ တွန့်လာသည်။

ဇာတ်ညွှန်းအ ဖြစ်ဖော်ပြထားသော ဇာတ်လမ်းသည် .ဇာတ်ကောင်များ ကို မျက်စိထဲမြင်ယောင်လာခြင်းဖြင့် အသက်ဝင်လှုပ်ရှားလာလေသည်။

ဖတ်ရင်းဖတ်ရင်း ဒေါ်ဟိန်းသူဇာအသက်ရှူမြန်လာ၏ ။

''သူ့အဖေက အနူကြီး''

မိန်းမကြမ်းနေရာတွင် ပါဝင်သော အမျိုးသမီးကြီး၏ ပြောစကား။

''သူတို့က အနူမျိုးတွေ ''

''ရှင့်သမီးကို လိမ်ညာပြီးယူထားတာ''

''သူ့အဖေက နူနေလို့ အနူရုံကိုပို့ထားရ တာလေ''

''ရှင်တို့အတွက် စိတ်မကောင်းပါဘူးရှင်ရယ်၊ရှင့်သမီးတော့ သနားစရာပေါ့''

''မင်္ဂလာဆောင်တုံးက သူ့မိဘတွေ ဆိုပြီး ခေါ်လာတဲ့လင်မယားက ပိုက်ဆံပေးပြီးငှားလာတာလေ''

''အနူလက်နဲ့ ရွှေခွက်နှိုက်တယ်ဆိုတာ ဒါမှ အစစ်၊အနူ့သားက . ပန်းထိမ်ဖိုပိုင်ရှင်၊ ရွှေ ဆိုင်ပိုင်ရှင်ရှင်တို့ပစ္စည်းတွေ ကိုမက်မောပြီး . သိုက်တူးတာလေ၊ရှင့်သမီးကို လိမ်ယူတာ ၊ အနူ လက်နဲ့ ရွှေခွှက်နှိုက်တယ် ဆိုတာ ဒါမှ အစစ်'

ဇာတ်ညွှန်းစာအုပ်ကိုကိုင်ထားသော ဒေါ်ဟိန်းသူဇာလက်များ ကတဆတ်ဆတ်တုန်လာသည်။ မျက်လုံးများ က ပြာဝေလာသည်။ဒေါ်ဟိန်းသူဇာ၏ အတွေးထဲဝယ် ဇာတ်ညွှန်းထဲကဇာတ်လမ်း နှင့်အပြင်မှတကယ့်အ ဖြစ်အပျက်တွေ ရောထွေးနေသည်။

ဇာတ်လမ်းထဲက မိန်းမကြမ်းမကြီးသည် အပြင်မှာ တကယ်ရှိ သော ဒေါ်စိန်မြညို ဖြစ်သွားလေ၏ ။

''အို .ဘုရား .ဘုရား .''

ဒေါ်ဟိန်းသူဇာ ဆက်ဖတ်နိုင်သည့်အင်အားမရှိတော့ပါ။စာအုပ်ကို စားပွဲပေါ်ပစ်တင်လိုက်လေ၏ ။

*


ဟိန်းရာဇာသည် အိပ်ရန်အတွက် အိပ်ခန်းထဲဝင်ခဲ့သော်လည်းတော် တော် နှင့်အိပ်မပျော်ပါ။ ဒီကနေ့ည အိပ်ချင်စိတ်လည်းမရှိ။ ယနေ့ကြုံခဲ့ရတာ တွေ ကိုပြန်တွေးရင်း မျက်စိကြောင်နေသည်။ ရင်ထဲမှာ လည်းဇဝေဇဝါအတွေးများ ဖြင့် ရှုပ်ထွေးနေသည်။

အာကာပြောသွားသော စကားများ ၊ မေမေ့ရဲ့ ဣနြေ္ဒပျက်ယွင်းတုန်လှုပ်သွားပုံများ ကိုတွေးကာ ရင်ထဲတွင် မရှင်းနိုင်အောင် ဖြစ်နေသည်။အိပ်ရာထဲတွင် ဘယ်လူးညာလှိမ့် ဖြစ်နေရင်းမှ မခံနိုင်တော့ပဲထထိုင်လိုက်မိပြန်သည်။

မေမေများ အိပ်သွားပြီလား၊ နာရီကိုကြည့်လိုက်တော့ ည(၁၁)နာရီရှိပြီ။

ဟိန်းရာဇာက အိပ်ခန်းထဲမှ အသာအယာထွက်လာခဲ့လေသည်။စာကြည့်ခန်းထဲသို့ ချောင်းကြည့်လိုက်သည်။

စာကြည့်ခန်းထဲတွင် မေမေရှိနေတုံးပါလား။

ဟင် .မေမေ စာဖတ်နေတာမဟုတ်။

ဟိန်းရာဇာက မေမေ၏ ထူးခြားသော အမူအရာကြောင့် ခြေဖွနင်းကာ စာကြည့်ခန်းအနီးသို့ကပ်သွားလိုက်သည်။

ဟာ .မေမေငိုနေတာပါလား။ မေမေငိုနေတယ်။ဘာ ဖြစ်လို့ပါလိမ့်။

ဟိန်းရာဇာက အသက်မရှူမိပဲ ဒေါ်ဟိန်းသူဇာကို ချောင်းကြည့်နေမိလေသည်။

*


ဒီအကြောင်းတွေ ကို သူဘယ်လိုသိသလဲ။ လင်းလက်ကြယ်စင်ဆိုတဲ့စာရေး ဆရာမ လေး ဘယ်လိုသိသလဲ။

ဒါဟာ .တကယ့်အ ဖြစ်အပျက်ကိုရေး ထားတဲ့ဇာတ်လမ်းပဲ။ဒီအကြောင်းတွေ လင်းလက်ကြယ်စင်သိအောင် ဘယ်သူပြောတာလဲ။

ဒေါ်ဟိန်းသူဇာက ''နေကိုကျောခိုင်းထားတဲ့လ''ဇာတ်ညွှန်းကိုဖတ်ကာ တွေးနေမိခြင်း ဖြစ်သည်။ ဇာတ်လမ်းက ဒေါ်ဟိန်းသူဇာသိပြီးသားဇာတ်လမ်း ဖြစ်နေသည်။ သိပြီးရုံမကသေးပါ။ ဒေါ်ဟိန်းသူဇာကိုယ်တိုင် မင်းသမီးနေရာမှ ပါဝင်ခဲ့ရသော တကယ့်အ ဖြစ်အပျက်ဇာတ်လမ်းပင် ဖြစ်ပါသည်။ ဖတ်ပြီးသည့် ဇာတ်လမ်းအလည်ပိုင်းလောက်အထိ အကုန်အစင်တူနေသည်။

တကယ့်အ ဖြစ်အပျက်နေရာမှာ ပါဝင်ခဲ့သူတွေ ရဲ့ အမည် ကိုပြောင်းလဲပြီးရေး ထားတာပဲရှိသည်။

လင်းလက်ကြယ်စင်အသက်က အလွန်ဆုံးနှစ် ဆယ်လောက်ပဲရှိသေးသည်။ ဒါလောက်ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက် က လေးနက်တဲ့ဇာတ်အိမ်ကြီးတွေ ရေး တတ်တယ်ဆိုတာကို အစကတည်းက သံသယတော့ဝင်မိသား။

နေကိုကျောခိုင်းထားတဲ့လ-ဇာတ်လမ်းကိုဖတ်ရမှပင် .လင်းလက်ကြယ်စင်နောက်ကွယ်မှာ လူ တစ်ယောက် ယောက် ရှိနေမယ်ဆိုတာကို ရိပ်မိလာရသည်။

နောက်ကွယ်ကလူဟာ ဘယ်သူ ဖြစ်မလဲ။ဒေါ်စိန်မြညိုတို့ အသိုင်းအဝိုင်းကပဲလား။ကိုဥက္ကာကိုယ်တိုင်ပဲလား။

လင်းလက်ကြယ်စင်ကို သူမဆီလွှတ်ကာ ဝင်လုံးပုံကတော့စနစ်ကျလှသည်။ ဇာတ်ညွှန်းရောင်းချင်ပါတယ်ဆိုတဲ့မိန်းကလေးတစ်ယောက် ယူလာသော ဇာတ်ညွှန်းကို ဖတ်ကြည့်တော့ သိပ်ကောင်းတဲ့ဒရာမာဇာတ်လမ်းတစ်ပုဒ် ဖြစ်နေသည်။

ဒါနဲ့ပဲ .ထိုဇာတ်လမ်းကိုဝယ်ကာ ဗီဒီယိုရိုက် ဖြစ်ခဲ့သည်။ဇာတ်ညွှန်းယူလာသော မိန်းကလေးက ထိုဇာတ်လမ်းကို သူကိုယ်တိုင်ရေး ပါတယ်ဆိုကာ ကလောင်နာမည် ကို ''လင်းလက်ကြယ်စင်''ဟု တပ်ထားခဲ့၏ ။

ပထမဇာတ်လမ်းအောင်မြင်သွားပြီးနောက် နောက်တစ်ပုဒ်ထပ်ပေးသည်။ ဗီဒီယိုကားပင်ရိုက် ဖြစ်ခဲ့ပါ၏ ။

တတိယမြောက်ယူလာသော ဇာတ်လမ်းကတော့ ယခင်နှစ် ပုဒ် ထက်ပိုကောင်းနေသည်။ သိပ်အဆင့်မြင့်နေသည်။ ဒီအသက်အရွယ် လောက်နဲ့လေးနက်ခိုင်ခန့်တဲ့ မိခင်မေတ္တာဘွဲ့ဇာတ်လမ်းကြီးရေး နိုင် တယ်ဆိုကာဒေါ်ဟိန်းသူဇာက ထိုမိန်းကလေးကိုချီးကျူးခဲ့သေး၏ ။

ဇာတ်ကိုကြိုက်လွန်းလို့ ''ဟိန်း''ကုမ္ပဏီ၏ ပထမဆုံးရုပ်ရှင်ကားကြီးအ ဖြစ် အသက်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကားမှာ ''လရောင် ဝေးဝေး''ဇာတ်ကားပင် ဖြစ်လေသည်။

ယခုဇာတ်ညွှန်းကို မဖတ်ခင်အချိန်အထိ လင်းလက်ကြယ်စင်အပေါ်မှာ ယုံကြည်မှုရှိနေခဲ့ပါသေးသည်။

''နေကိုကျောခိုင်းထားတဲ့လ''-ဆိုတဲ့ဇာတ်လမ်းကိုဖတ်လိုက် ရပါမှ.

မ ဖြစ်နိုင်။ ဒီဇာတ်လမ်းဟာ ဒီကလေးမရေး တာ ဘယ်နည်းနဲ့မှမ ဖြစ်နိုင်။ ပိုပြီးသေချာတာက ဒီဇာတ်လမ်းကို ဒေါ်ဟိန်းသူဇာကသိပြီး ဖြစ်နေသည်။ သိတာပေါ့၊ ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့အ ဖြစ်အပျက်ပဲ။ဒီအ ဖြစ်အပျက်ကို လင်းလက်ကြယ်စင်ဘယ်လိုသိသလဲ။

လုပ်ပုံလုပ်နည်းက ရှင်းနေသည်။

ဒေါ်ဟိန်းသူဇာ၏ စိတ်ကို ထိခိုက်စေလိုသော . ဒေါ်ဟိန်းသူဇာ၏ မာနကို ရိုက်ချိုးလိုသော သူ တစ်ယောက် ယောက် က အကွက်ချကာစီစဉ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

လင်းလက်ကြယ်စင်အမည် ခံသည့်မိန်းကလေးကိုတည်ကြက်လုပ်ကာ ဒေါ်ဟိန်းသူဇာ၏ ရင်ကိုကြေကွဲအောင် ဖန်တီးနေခြင်းပဲ ဖြစ်ပါ သည်။အဲဒါဟာ ဘယ်သူလဲ။

ဒေါ်ဟိန်းသူဇာက ဇာတ်လမ်းကိုဖတ်ရင်းမှ တစ်ဝက်လောက်အရောက်တွင် ဆက်မဖတ်နိုင်တော့ပဲ စာအုပ်ကိုချထားလိုက်ခြင်း ဖြစ် သည်။ဇာတ်လမ်းက သူမ၏ အတိတ်ဘဝကိုနှိုးဆွလိုက်သည့်အတွက်မျက်ရည်ကျကာ ရှိုက်ငိုနေမိခြင်းပဲ ဖြစ်ပါသည်။

သို့သော် .ဒေါ်ဟိန်းသူဇာသည် ဇာတ်လမ်းကိုဆုံးအောင်ဆက်မဖတ်ပဲ မနေနိုင်ပါ။ ဘာတွေ ဆက် ဖြစ်သေးသလဲ။ ဘယ်လိုဇာတ်သိမ်းထားသလဲ။ အပြင်က ဖြစ်ရပ်အတိုင်းပဲလား။သိချင်စိတ်ကိုမမြိုသိပ်နိုင်၍ ဒေါ်ဟိန်းသူဇာက စားပွဲပေါ်ချထားသော စာအုပ်ဆီ ပြန်၍ လက်လှမ်းလိုက်ပြန်သည်။

ကုလားထိုင်တွင် ထိုင်ကာ ဇာတ်လမ်းကိုဆက်ဖတ်ကြည့်မိပြန်လေ၏ ။

မင်းသား၏ နိမ့်ကျဆိုးဝါးသော အတိတ်ဘဝကိုသိရှိလိုက်ရသော မင်းသမီးသည် မင်းသားကို ကွာရှင်းပေးဖို့ ခွင့်တောင်းလေသည်။

မင်းသားက ကွာမပေး။

မင်းသမီး၏ အသိုင်းအဝိုင်း၊ ဆွေမျိုးသားချင်းများ ကပါ ဖိအားပေးလာသည့်အခါ .

''ကောင်းပြီလေ .ငါ မင်းကိုကွာပေးပါ့မယ်၊ဒါပေမယ့် .လင်မယားကွာရှင်းတယ်ဆိုတဲ့နေရာ မှာ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ကို တစ်ဝက်စီအညီအမျှ ခွဲယူရတယ်ကွ''

''သြော ...ရှင့်အကြံက ဒါပဲလား၊ ရှင်ကျွန်မကိုရအောင် လိမ်ညာပြီးယူထားကတည်းကကျွန်မပစ္စည်းတွေ ကို မက်မောလို့ဆိုတာ .သိပါ တယ်၊ယူ သွားပါ .ယူ သွားပါ၊ တစ်ဝက်မဟုတ် ပါဘူး၊ကြိုက်သလောက်ယူ သွားပါ၊ ရှင်နဲ့ကွာခွင့် ရရင်တော် ပါပြီ''

''မျက်စိနဲ့မြင်နေရတဲ့ပစ္စည်းတွေ ကို ငါမလိုချင်ပါဘူး၊ မမက်မောပါဘူး၊ ငါ အညီအမျှ ခွဲယူချင်တာက မင်းဗိုက်ထဲက .

''အို .အမလေး''

ဒေါ်ဟိန်းသူဇာက ယောင်၍ အော်လိုက်မိသည်။လက်ထဲမှစာအုပ်ကိုလည်း အဝေးသို့ရောက်အောင် ပစ်ပေါက်လိုက်မိလေသည်။

ဇာတ်ညွှန်းစာအုပ်က ကြမ်းပြင်ပေါ်တွင် လျှောတိုက်ကာ .စာကြည့်ခန်းအပြင်ဖက်အထိ လွင့်ထွက်သွားလေ၏ ။

*


ဟိန်းရာဇာသည် သူပုန်းကြည့်နေသည့်နေရာအထိ လွင့်ထွက်လာသော စာအုပ်ကလေးကိုကြည့်၍ အံ့သြသွားသည်။သူသည် မေမေ့အမူအရာများ ထူးခြားလွန်း၍ စာကြည့်ခန်းအပြင်မှချောင်းကြည့်နေခဲ့ရာ .ဒေါ်ဟိန်းသူဇာ ပေါက်ကွဲနေပုံများ ကိုအတိုင်းသားမြင်နေရပါသည်။

နောက်ဆုံးတွင် .မေမေက ဖတ်လက်စစာအုပ်ကို စိတ်ဆိုးမာန်ဆိုးဖြင့်လွှင့်ပစ်လိုက်သည်။ စာအုပ်ထဲမှာ စိတ်ထိခိုက်လောက်စရာဘာတွေ ပါလို့လဲ။

ဟိန်းရာဇာက စာအုပ်ကိုကောက်ယူကြည့်လိုက်သည်။လင်းလက်ကြယ်စင်ရေး သော ''နေကိုကျောခိုင်းထားတဲ့လ''ဇာတ်ညွှန်းစာအုပ် ဖြစ်နေသည်။ ဒီဇာတ်ညွှန်းထဲမှာ ဘာပါလို့ မေမေစိတ်ဆိုးမာန်ဆိုး ဖြစ်နေရတာ ပါလိမ့်။

ဟိန်းရာဇာတွေးနေဆဲတွင် ဒေါ်ဟိန်းသူဇာ စာကြည့်ခန်းထဲမှထွက်လာသည့်အရိပ်ကိုမြင်လိုက်သည့်အတွက် ဘီရိုကိုကွယ်ပြီး ပုန်းနေလိုက်ရလေသည်။ ဇာတ်ညွှန်းစာအုပ်ကိုလည်း ခါးကြားထဲတွင် ထိုးထည့်ထားလိုက်သည်။

ဒေါ်ဟိန်းသူဇာက ဟိန်းရာဇာကိုမမြင်ပဲ ကျော်လွန်ကာ ဧည့်ခန်းထဲလျှောက်သွားလေသည်။

ဟိန်းရာဇာသည် တိုးတိတ်စွာ ပင် ဧည့်ခန်းထဲကိုမြင်ရသော နေရာထိရွှေ့ကာ မေမေ့ကို အကဲခတ်ချောင်းကြည့်လိုက်သည်။ဒေါ်ဟိန်းသူဇာက ဧည့်ခန်းထဲမှတယ်လီဖုန်းခွက်ကိုလှည့်နေ ၏ ။ညသန်းခေါင်ကြီး မေမေဘယ်ကိုဖုန်းဆက်တာပါလိမ့်။တစ်ဖက်ကဖုန်းကိုင်လိုက်ပုံရသည်။ မေမေ့စကားသံထွက်ပေါ်လာ၏ ။

ဟိန်းရာဇာက သဲသဲကွဲကွဲကြားရအောင် ရှေ့ကိုတိုး၍ နားထောင်လိုက်လေသည်။

*


''လင်းလက်ကြယ်စင်လား''

''ဟုတ်တယ် .ငါပဲ၊ ဒေါ်ဟိန်းသူဇာပဲ''

''ဒီမယ်မိန်းကလေး၊ ငါကတော့ မင်းကို စာရေး ကောင်းတဲ့စာရေး ဆရာမ လေးအမှတ်နဲ့ ကိုယ့်သမီးအရွယ်လောက်ကလေးကို ဆရာမ ဆရာမ နဲ့ခေါ်ပြီး လေးစားလိုက်ရတာ ၊ လက်စသပ်တော့ မင်းက ငါ့ကိုဝင်လုံးပြီးစပိုင်လာလုပ်နေတာကိုး ''

''မသိချင်ယောင်ဆောင်မနေပါနဲ့ကလေးမရယ်၊ မင်းအသက်အရွယ်နဲ့ နေကိုကျောခိုင်းထားတဲ့လ-ဇာတ်လမ်းကို ဘယ်လိုလုပ်သိနိုင် မှာ လဲ၊ဒီဇာတ်လမ်းကို မင်းရေး တာမ ဖြစ်နိုင်ပါဘူး၊ တစ်ယောက် ယောက် က ခိုင်းလို့မင်း ငါ့ဆီရောက်လာတာ မဟုတ်လား၊ မင်းမပြောပါနဲ့၊ ငါပဲဆက်ပြောပါရစေ''

''ဒီမယ်- မင်းကိုခိုင်းတဲ့လူတွေ ကိုပြောလိုက်စမ်း၊ ဟိန်းသူဇာ ကဘယ်သူ့မှမကြောက်ဘူးလို့၊ ဟိန်းသူဇာကို ယိုင်လဲသွားအောင်ဘယ်သူမှမလုပ်နိုင်ဘူးလို့''

''ဟိန်းသူဇာဆိုတာ မိန်းမသားတန်မဲ့နဲ့ ရုပ်ရှင်ကုမ္ပဏီထောင်၊ရုပ်ရှင်ရိုက်ပြီး တစ်နိုင်ငံလုံးကိုဖြန့်နေတဲ့မိန်းမပါ၊ မင်းတို့တိုက်ကွက်လောက်ကိုတော့ အပျော့ပေါ့၊ ရယ်တောင်ရယ်ချင်သေးတယ်၊ မင်းနောက်ကွယ်ကလူတွေ ကို ငါပြောသလိုပြန်ပြောလိုက်စမ်းပါမိန်းကလေး''

''မင်းလည်း ငါ့ဆီဘယ်တော့မှမလာပါနဲ့တော့၊ မင်းမျက်နှာကိုလည်း မမြင်ချင်ဘူး၊ ဒါပဲ''

ပြောလိုရာပြောပြီးနောက် ဒေါ်ဟိန်းသူဇာက တယ်လီဖုန်းခွက် ကိုဆောင့်ချလိုက်လေသည်။

ဒေါ်ဟိန်းသူဇာ ဧည့်ခန်းထဲမှပြန်ထွက်အလာတွင် ဟိန်းရာဇာ ကနံရံကိုကွယ်ကာ ပုန်းနေလိုက်လေသည်။

*


( ၅ )

ဒေါ်ဟိန်းသူဇာ စာကြည့်ခန်းထဲပြန်ဝင်သွားသည်။ စာကြည့်ခန်းထဲတွင် ဆောက်တည်ရာမရ လှည့်ပတ်ကာ လမ်းလျှောက်နေ၏ ။

ဒေါ်ဟိန်းသူဇာသည် လင်းလက်ကြယ်စင်ကို စိန်ခေါ်လိုက်သော်လည်း .တကယ်တန်းကျ ''နေကိုကျောခိုင်းထားတဲ့လ'' ဇာတ်လမ်းကြောင့်တုန်လှုပ်ချောက်ချားနေတာ သိသာလှပါသည်။

ဟိန်းရာဇာသည် မေမေ့ကိုနှစ် သိမ့်ချင်သော်လည်း ဘယ်လိုနှစ် သိမ့်ရမှန်းမသိ။ မေမေ့ကိုစကားသွားပြောလျှင်လည်း သူချောင်းကြည့်တာ သိသွားလိမ့်မည် ။

မှော င်ရိပ်ကိုကွယ်ကာ ချောင်းကြည့်နေရင်းမှပင် ဟိန်းရာဇာ ရင်၌ ပဟေဠိများ ဖြင့်ပြည့်ကျပ်လာလေသည်။

ခဏနေတော့ .ဒေါ်ဟိန်းသူဇာ စာကြည့်ခန်းထဲမှထွက် လာကာဘုရားခန်းထဲဝင်သွားလေ၏ ။

ဟိန်းရာဇာက မသိမသာနောက်မှလိုက်ချောင်းကြည့်တော့မေမေသည် ဘုရားခန်းထဲတွင် ဘုရားရှိခိုးကာ ပုတီးစိတ်နေသည်ကိုမြင်နေရသည်။

ပုတီးစိတ်နေတာဟာ စိတ်တည်ငြိမ်အောင်ကြံဖန်လုပ်နေတာ ဖြစ်ကြောင်း ဟိန်းရာဇာက နားလည်လိုက်သည်။

မေမေဘာတွေ စိတ်ဆိုးနေတာလဲ။

မေမေ့စိတ်တွေ ထိခိုက်လှုပ်ရှားသွားတာ လင်းလက်ကြယ်စင်ကြောင့်၊ လင်းလက်ကြယ်စင်ရေး သည့် ''နေကိုကျောခိုင်းထားတဲ့လ''စာမူကြောင့်ဆိုတာတော့ ဟိန်းရာဇာ နားလည်လိုက်ပါပြီ။ညကြီးသန်းကောင် ဖုန်းဆက်ရန်တွေ့ လောက်အောင် .

''လင်းလက်ကြယ်စင်''သည် မေမေစိတ်ထိခိုက်စေမည့်  မည် သည့်အကြောင်းကိုများ ဇာတ်လမ်းထဲ ထည့်ရေး ထားပါသနည်း။ဟိန်းရာဇာက ခါးကြားထဲထိုးထားသော စာအုပ်လေးကို ဆွဲထုတ်ကြည့်လိုက်သည်။

ဒီစာမူကိုဖတ်ကြည့်ရင်တော့ မေမေ့ခံစားချက်များ ကို နားလည်လိမ့်မယ်ထင်ပါရဲ့ ။

ဟိန်းရာဇာက သူ့အခန်းထဲပြန်ဝင်ခဲ့သည်။ဒီညတော့ .တော် တော် နဲ့အိပ်ပျော်တော့မည် မဟုတ်ပေ။

''နေကိုကျောခိုင်းထားတဲ့လ''ဇာတ်လမ်းကို ဖတ်ကြည့်လိုက်ပါဦးမည် ။

ဟိန်းရာဇာက လင်းလက်ကြယ်စင်၏ ဇာတ်ညွှန်းကိုဖတ်ရန် အတွက်စာကြည့်စားပွဲတွင် ထိုင်ကာ စာကြည့်မီးကိုဖွင့်လိုက်သည်။စဖတ်သည်နှင့် ဇာတ်လမ်းထဲတွင် စိတ်ဝင်စားသွားကာ . မထတမ်းတစ်ထိုင်တည်း ဖတ်ပစ်လိုက်မိလေတော့သည်။

''နေကိုကျောခိုင်းထားတဲ့လ''စာမူကြီးက .ဟိန်းရာဇာကိုကမ္ဘာတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ပါတော့သည်။ ထိုကမ္ဘာကား .အချစ်ကြီးချစ်သော ချစ်သူနှစ် ဦးတို့၏ ကမ္ဘာ၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊လက်စားချေခြင်း၊ ကြေကွဲခြင်းများ ဖြင့်ပြည့်နေသော ကမ္ဘာကြီးတစ်ခုပင် ဖြစ်ပါတော့သည်။

*


ပုတီးတစ်ပတ်စိတ်အပြီးတွင် ဒေါ်ဟိန်းသူဇာက ဘုရားခန်းထဲမှပြန်ထွက်လာခဲ့သည်။

အခန်းထဲဝင်ကာ အိပ်စက်ရန်ကြိုးစားသော်လည်း အိပ်မပျော်။ကုတင်ပေါ်တွင် တလူးလူးတလှိမ့်လှိမ့်ဖြင့် ဖြစ်နေရသည်။ယနေ့မှပင် .တိုက်တိုက်ဆိုင်ဆိုင် သူမ၏ အတိတ်ဘဝနှင့်ပတ်သက်သော အကြောင်းအရာများ နှင့် ကြုံရဆုံရသည်။

ရုပ်တူပြိုင်ပွဲတွင် သားသားဟိန်းရာဇာကိုလာတွေ့ သော ''အာကာ''ဆိုသူဟာ ဘယ်သူလဲ။ သူ့သားများ ဖြစ်နေမလား။လင်းလက်ကြယ်စင် အစစ်အမှန်ကရော . ဘယ်သူလဲ။

လင်းလက်ကြယ်စင်အမည် ခံထားသည့်မိန်းကလေး၏ နောက်ကွယ်မှာ ကြိုးကိုင်နေသူ တစ်ယောက် ယောက် ရှိကိုရှိရမည် ။ ထိုသူသည် ကိုဥက္ကာကိုယ်တိုင်လား။ ဒေါ်စိန်မြညိုတို့ အသိုင်းအဝိုင်းကလား။

အာကာနှင့်လင်းလက်ကြယ်စင်ကရော ဆက်စပ်မှုရှိနေသလား။သီးခြားစီလား။

ဒေါ်ဟိန်းသူဇာသည် အတွေးများ ဖြင့် ရင်များ တလှပ်လှပ်တုန်လှုပ်လာသည်။

အတိတ်ဘဝဇာတ်ကြောင်းများ ကို ရုပ်ရှင်ကားတစ်ခုလို မြင်ယောင်လာသည်။

သူမပြန်လည်မြင်ယောင်မိသော အတိတ်ဘဝဇာတ်လမ်းသည်လင်းလက်ကြယ်စင်ယူလာခဲ့သော ''နေကိုကျောခိုင်းထားတဲ့လ''-ဟုအမည် ပေးထားသည့်ဇာတ်လမ်းနှင့် ထပ်တူထပ်မျှပင် ဖြစ်ပါသည်။ဇာတ်ညွှန်းထဲမှာ ဇာတ်ကောင်နာမည် များ ၊ မြို့ရွာအမည် များ ကိုတကယ့်အ ဖြစ်ထဲကအမည် နာမများ နှင့် လွှဲပြောင်းရေး သားထား သော်လည်း ဖြစ်ရပ်ကတော့ ဒီ ဖြစ်ရပ်ပင် ဖြစ်ပါသည်။

အိပ်မပျော်သော ဒေါ်ဟိန်းသူဇာစိတ်ထဲတွင် .တကယ့်အ ဖြစ်ထဲမှ ဖြစ်ရပ်များ .

တကယ့်အ ဖြစ်ထဲတွင် ပါဝင်ခဲ့သော ကိုဥက္ကာ .

ဖေဖေ ဦးဟိန်းစံ၊ မေမေဒေါ်ထားရီ .

ကိုကောင်းကျော်နှင့်ဒေါ်စိန်မြညိုတို့သားအမိ .

ပုဂံညောင်ဦးမြို့မှ ကျောင်းဆရာဦးချစ်တင်နှင့် ဆရာမ ဒေါ်ငြိမ်းရင်.တို့၏ ပုံရိပ်များ က .

ထင်ဟပ်ရှင်သန်လာလေသည်။တကယ်တော့ .ထိုအ ဖြစ်များ သည် နာကြင်ကြေကွဲဖွယ်အတိတ်တစ်ခုသာ ဖြစ်ပါသည်။

*




ဝန်ဇင်းချစ်သူများ နွေတမာန် ၏ “ နေကိုကျောခိုင်းတဲ့လ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မူရင်း ကျွန်တော်နှင့် မိတ္တူကျွန်တော်

ဘဝဟောင်းက ပြောင်းခဲ့သူ

ဝိညာဉ် ခေါ်ရာ