အပိုင်း(၁)
အိပ်မက် ( ၁ )
ကျွန်ုပ်သည် လှိုင်းများ တဝုန်းဝုန်းရိုက်ခတ်နေသော ရေပြင်ပေါ်တွင် လမ်းလျှောက်လာခဲ့သည်။ ကျွန်ုပ်ရင်၌ မည် သည့်အတွက်ကြောင့်မှန်းမသိ...... ဒေါသများ ထန်လျှက်ရှိလေသည်။
ကျွန်ုပ်သည် ရေပြင်ပေါ်တွင် လျှောက်လှမ်းလာရာမှ စိတ်မရှည်တော့ပဲ စတင်၍ ပြေးလွှားလေတော့သည်။ကျွန်ုပ်က တစ်နေရာသို့ဦးတည်၍ လျှင်မြန်စွာ ပြေးလွှားလာခဲ့လေသည်။ လှိုင်းထန်သော ရေပြင်သည် ကျွန်ုပ်ခြေဖဝါးအောက်တွင် ကျန်ရစ်ခဲ့လေပြီ။ ကျွန်ုပ်ပြေးလွှားသည့်အရှိန်မှာ မြန်လွန်းသော ကြောင့် ရေပြင်နှင့်ကျွန်ုပ်၏ ခန္ဓာကိုယ်မှာ ထိစပ်မှုမရှိတော့ပဲကျွန်ုပ်သည် လေထဲတွင် မြောက်တက်လျှက်ရှိပေ၏ ။ ကျွန်ုပ်၏ ဆန္ဒဇောကြောင့် ကျွန်ုပ်သည် လေထဲတွင် ဝဲပျံရင်း အရှိန်အဟုန်မြင့်မားစွာ လွင့်မျောနေလေသည်။
တစ်နေရာအရောက်တွင် .... ကမ်းပါးကြီးတစ်ခုပေါ်၌ ထီးထီးမားမားကြီးရပ်တည်နေသော ရဲတိုက်အဆောက်အဦးကြီးကို ကျွန်ုပ်တွေ့ လိုက်ရလေ၏ ။
ကျွန်ုပ်ဦးတည်လာရောက်သည့်နေရာမှာ ထိုနေရာ ဖြစ်ကြောင်း ကျွန်ုပ်သိလိုက်လေပြီ။ရဲတိုက်အဆောက်အဦးကြီးကား ညအမှော င်ထုထဲတွင် ထီးထီးကြီးတည်ရှိနေသည်။ လရောင် အောက်တွင် မိုးသို့မြင့်တက်နေပေသည်။ အဆောက်အဦးကြီးကား မှော င်မည်းလျှက်ရှိလေ၏ ။
ကောင်းကင်၌ မည်းမှော င်သော မိုးသားတိမ်လိပ်များ က တရွေ့ရွေ့လွင့်မျောနေသည်။ကျွန်ုပ်အောက်သို့ငုံ့ကြည့်လိုက်ရာ လှိုင်းထန်သော ပင်လယ်ပြင်သည် ကျွန်ုပ်အောက်၌ ပြားပြားဝပ်နေသည်ကိုမြင်လိုက်ရပေသည်။ ကျွန်ုပ်က ကျွန်ုပ်လာခဲ့ရာလမ်းတလျှောက်သို့ နောက်ပြန်လှည့်ကြည့်လိုက်ပြန်သည်။ထိုအခါ.... အပြန့်အပြောကျယ်လှစွာ သော အဆုံးအစမရှိ ရေပြင်ကျယ်ကြီးကို မြင်လိုက်ရလေ၏ ။ ကျွန်ုပ်သည် လှိုင်းထန်သော ပင်လယ်ကြီးကို အပေါ်မှလျှပ်၍ ပျံသန်းပြေးလွှားခဲ့ခြင်းပါတကား။
ထို့နောက်..... ကျွန်ုပ်၏ ရှေ့မှ ကမ်းပါးယံပေါ်ရှိ ရဲတိုက်ပမာ အဆောက်အဦးကြီးဆီသို့ ကျွန်ုပ်အကြည့်က ရောက်ရှိသွားပြန်လေသည်။
မည် သည့်အတွက်ကြောင့်ရယ်မသိ။ ကျွန်ုပ်ရင်မှာ ဒေါသများ အလိပ်လိုက်တက်ဆောင့်တက်လာပြန်လေသည်။ ကျွန်ုပ်၏ ဒေါသစိတ်အား ပမာနှိုင်းရသော် ကျွန်ုပ်အောက်ရှိပင်လယ်ပြင်ကြီးမှ ထကြွနေသော လှိုင်းများ ထက်ပင် သာလွန်ပါလေ၏ ။ကျွန်ုပ်သည် ဒေါသတကြီးဖြင့် ရဲတိုက်အဆောက်အဦးကြီးကို ကြည့်ကာ စူးစူးရှရှဟစ်အော်လိုက်လေသည်။
ကျွန်ုပ်ဟစ်အော်လိုက်သော အသံကြောင့် ကောင်းကင်မှတိမ်တိုက်များ လွင့်ထွက်သွားကြသည်။ လေပြင်းမုန်တိုင်းများ ကျလာသည်။ မြေပြင်မှသစ်ပင်များ ယိုင်လဲသွားကြသည်။ မဟာပထဝီမြေကြီးသည် တော် လဲသံများ မြည် ဟီးကာ ငလျင်များ ပင်လှုပ်သွားလေတော့သတည်း။
ကျွန်ုပ်၏ ဒေါသကြောင့် ပြောင်းလဲသွားသော ပတ်ဝန်းကျင်ကိုကြည့်ကာ ကျွန်ုပ်ကိုယ်တိုင်ပင် အံ့အားသင့်မိပေတော့၏ ။ကျွန်ုပ်သည် မည် သည့်အတွက်ကြောင့် ဤမျှဒေါသထွက်နေရပါသနည်း။
xxxxx
အိပ်မက် ( ၂ )
ကျွန်ုပ်သည် ကြီးမားခန့်ထည်သော အဆောက်အဦးကြီးအတွင်း ရောက်ရှိနေလေသည်။ ကျွန်ုပ်သည် အဆောက်အဦးကြီး၏ အတွင်းဝယ် နှံစပ်အောင်လျှောက်သွားနေမိသည်။
အချိန်ကား ညအချိန်ပင် ဖြစ်လိမ့်မည် ထင်သည်။ အဆောက်အဦးကြီးအတွင်း၌ ပိန်းပိတ်အောင်မှော င်မည်းလျှက်ရှိပေသည်။သို့သော် ကျွန်ုပ်သည် အဆောက်အဦးအတွင်းပိုင်းကို ထင်ရှားစွာ ပင်မြင်နေရပေသည်။
အဆောက်အဦးကြီးကား ကြီးမားကျယ်ပြန့်လွန်းပါဘိ။ ကျွန်ုပ်သည် မညည်းတမ်းမမောတမ်းပင် အဆောက်အဦးကြီး၏ အထက်အောက်ကို ခေါက်တုံ့ခေါက်ပြန်ဆင်းတက်နေမိလေ၏ ။
အဆောက်အဦးကြီးထဲ၌ ကြီးမားသော အရုပ်ကြီးများ ကိုတွေ့ ရသည်။ အချို့အရုပ်များ က ကြောက်မက်ဖွယ်၊ အချို့အရုပ်များ ကလှပ၍ မြတ်နိုးစဖွယ် တွေ့ ရပေသည်။
ကျွန်ုပ်သည် အဆောက်အဦးကြီးထဲတွင် လျှောက်သွားနေရင်းမှ မည် သည့်အတွက်ကြောင့် ဤသို့သွားလာနေမိသည်ကိုတွေးမရပေ။
အဆောက်အဦးကြီး၏ အပေါ်ထပ်အခန်းတစ်ခုရှေ့အရောက်ဝယ် ကျွန်ုပ်က ခြေလှမ်းများ ကို ရပ်တန့်လိုက်မိလေသည်။ အခန်းထဲတွင် ကျွန်ုပ်မနှစ် မြို့သော တစ်စုံတစ်ခုရှိနေသည်ကို ကျွန်ုပ်က အလိုလို သိလိုက်ပေ၏ ။
ကျွန်ုပ်က အခန်းထဲသို့လှစ်ကနဲဝင်လိုက်လေသည်။ပိတ်ထားသော တခါးကိုဆွဲမဖွင့်ပဲ..... ကျွန်ုပ်၏ ကိုယ်လုံးကြီးနှင့် တိုးဝင်လိုက်ရုံဖြင့် ကျွန်ုပ်သည် ပိတ်ထားသော တခါးကိုကျော်လွန်ကာ အတွင်းသို့ ရောက်ရှိသွားလေသည်။
အခန်းတွင်း၌ လူ တစ်ယောက် သည် ခေါင်းကိုငုံ့လျှက် သေတ္တာတစ်ခုအတွင်းမှ တစ်စုံတစ်ခုကို ရှာဖွေနေဟန်ရှိပေသည်။ သူသည် ကျွန်ုပ်ဝင်လာသည်ကို မသိရှိပေ။ ကျွန်ုပ်သည် ထိုသူကို နောက်ကျောမှ မြင်ရရုံဖြင့် ရွံ့ရှာမုန်းတီးစိတ်များ ဖြစ်ပေါ်လာလေ၏ ။ကျွန်ုပ်က ထိုသူ၏ နောက်သို့သွားရပ်ကာ ထိုသူ၏ ပခုံးကို လက်ဖြင့်ပုတ်လိုက်လေသည်။
ထိုသူသည် ရုတ်တရက်ကြောက်ရွံ့ထိတ်လန့်သွားကာ ဆတ်ကနဲတုန်သွားလေသည်။ သူက ချက်ချင်း ပင် ကျွန်ုပ်အား လှည့်ကြည့်လိုက်လေ၏ ။
ကျွန်ုပ်ကိုမြင်သည်နှင့် သူက စူးစူးဝါးဝါးအော်ဟစ်လိုက်လေသည်။
''သွား- သွား- မလာနဲ့၊ မလာနဲ့''
သူသည် သွေးရူးသွေးတန်းအော်ဟစ်ရင်း တခါးဝသို့လှည့်ပြေးလေသည်။ ကျွန်ုပ်ဖွင့်စရာမလိုပဲ အလိုအလျောက်ဖြတ်သန်းလာသည့် တခါးပင် ဖြစ်ပါသည်။
သူက တခါးကိုအလျင်အမြန်တွန်းဖွင့်ကာ အပြင်ဖက်သို့ ထွက်ပြေးလေတော့သည်။ပြေးရင်းမှလည်း နှုတ်မှကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်သွားလေ၏ ။
''မခြောက်နဲ့..... မခြောက်နဲ့..... ငါ့ကိုမခြောက်နဲ့..... သွား..... သွား.....''
ထိုသူကြောက်လန့်တကြားထွက်ပြေးသွားပုံကိုကြည့်၍ ကျွန်ုပ်မှာ အားရဝမ်းသာ ဖြစ်သွားလေသည်။ ရယ်ချင်စိတ်လည်း ဖြစ်လာလေ၏ ။
ကျွန်ုပ်က အားရပါးရရယ်မောလိုက်လေသည်။
''ဝူး....... ဝါး........ ဟားဟားဟား.....''
ကျွန်ုပ်၏ ကျယ်လောင်နက်နဲသော ရယ်မောသံကြီးက ကျွန်ုပ်ကိုယ်တိုင်ထိတ်လန့်ဖွယ်ကောင်းအောင် ထွက်ပေါ်လာလေတော့သည်။ ကျွန်ုပ်၏ ရယ်သံသည် အဆောက်အဦးကြီးတစ်ခုလုံးတွင် ပဲ့တင်သံများ ထပ်ကာ မြည် ဟည်းနေတော့သည်။သူသည် အောက်ထပ်သို့ဆင်းသော လှေကားထိပ်ဆီသို့ ဦးတည်ပြေးနေသည်။
ကျွန်ုပ်က သဘောကျစွာ သူ့ ဖြစ်ပုံကို ခါးထောက်ကြည့်ရင်း ရယ်မောနေမိလေ၏ ။ သူကြောက်ရွံ့ထိတ်လန့်သွားပုံကိုကြည့်၍ ကျွန်ုပ် ရင်ထဲ၌ ကြည်နူးဝမ်းသာနေမိလေသည်။
ကျွန်ုပ်က နေရာမှမရွေ့ပဲ ကျွန်ုပ်၏ လက်နှစ် ဖက်ကို သူရှိရာအထိဆန့်တန်းလိုက်လေသည်။ ဝါးတစ်ပြန်မျှဝေးသော လှေကားထိပ်အထိ ကျွန်ုပ်၏ လက်နှစ် ဖက်က ရှည်ထွက်သွားလေသည်။
ကျွန်ုပ်သည် သူ၏ ပခုံးကို ကျွန်ုပ်၏ လက်နှစ် ဖက်ဖြင့် အသာအယာပင်ဖမ်းချုပ်လိုက်လေ၏ ။ သူသည် ကျွန်ုပ်လက်ထဲ၌ ရုန်းမရပဲ ခြေများ ကြမ်းပြင်မှလွတ်ကာ ယက်ကန်ယက်ကန် ရှိနေပေတော့သည်။
ထို့နောက်..... ကျွန်ုပ်က နောက်ကျောခိုင်းနေသော သူ့ကို ကျွန်ုပ်ဖက်သို့မျက်နှာချင်းဆိုင်မိအောင် လှည့်လိုက်လေသည်။သူသည် ကျွန်ုပ်၏ ရှည်ထွက်နေသော လက်ကြီးနှစ် ဖက်နှင့် ကျွန်ုပ်ကိုကြည့်ကာ ကြောက်လန့်တကြားအော်ဟစ်နေပေတော့သည်။
''မလုပ်နဲ့၊ ငါ့ကို မခြောက်ပါနဲ့၊ ငါ သွားပါတော့မယ်၊ ငါ့ကို မခြောက်ပါနဲ့၊ လွှတ်ပါ''
သူကတောင်းပန်နေသော်လည်း ကျွန်ုပ်ကား ဒေါသများ ထွက် လျှက်ရှိလေသည်။ သူကြောက်ရွံ့ထိတ်လန့်နေပုံကိုကြည့်၍ လည်းဝမ်းသာ ကြည်နူးနေမိသည်။
ကျွန်ုပ်က သူ့ကို လျှာထုတ်၍ ပြောင်ပြလိုက်လေသည်။ကျွန်ုပ်၏ လျှာမှာ ပါးစပ်ထဲမှ တစ်လံလောက်ရှည်ထွက်လာပြီးလျှင် သူ့ရှေ့၌ လန်းလန်း,လန်းလန်းနှင့် မြွေကြီးတစ်ကောင်သဖွယ် တွန့်လိမ်နေပေတော့သည်။
''အောင်မယ်လေးဗျ၊ ကြောက်ပါပြီဗျ၊ နောက်မလာတော့ပါဘူးဗျ''
သူက စူးစူးဝါးဝါးအော်ဟစ်ရင်း သတိလစ်မေ့မျောသွားလေတော့၏ ။သူ့ခန္ဓာကိုယ်သည် ကျွန်ုပ်လက်ထဲဝယ် အဝတ်ရုပ်ကလေးတစ်ခုနှယ် ပျော့ခွေသွားလေသည်။ကျွန်ုပ်က သူ့ကို လှေကားထိပ်မှာ ပင်ချထားလိုက်သည်။
ကျွန်ုပ်က ကျွန်ုပ်၏ ရှည်ထွက်နေသော လက်နှစ် ဖက်ကို ပြန်လည်ရုပ်သိမ်းလိုက်ရာ နဂိုအနေအထားအတိုင်း ပြန် ဖြစ်သွားလေတော့သည်။
ကျွန်ုပ်သည် လှေကားထိပ်သို့လျှောက်သွားပြီး သူ့ကိုငုံ့ကြည့်လိုက်သည်။ကျွန်ုပ်ခြောက်လှန့်လိုက်သော ကြောင့် သူ သေတာ့ သေမ သွားပါ။ သတိလစ်မေ့မျောသွားခြင်းသာ ဖြစ်ပါသည်။ကျွန်ုပ်က သူ ဖြစ်ပုံကိုကြည့်၍ အားရပါးရရယ်မောလိုက်မိလေတော့သည်။
''ဝူး..... ဝါး.... ဟားဟားဟား.....''
ကျွန်ုပ်သည် သူ့ကိုဘာကြောင့်မုန်းတီးနေမိပါသနည်း။ဘာကြောင့်... သူကြောက်လန့်အောင် ခြောက်လှန့်လို့ရနေပါသနည်း။ကျွန်ုပ်၏ လက်နှစ် ဖက်ကို ဝါးတစ်ပြန်လောက်ရှည်ထွက်လာအောင်၊ ကျွန်ုပ်၏ လျှာကို တစ်လံလောက်ရှည်ထွက်လာအောင်ကျွန်ုပ် ဘာကြောင့်လုပ်နိုင်နေသနည်း။
ကျွန်ုပ်သည် ရယ်မောရင်းမှ ကိုယ့်အ ဖြစ်ကိုတွေးတောနေမိလေသည်။
ကျွန်ုပ်ဟာ ဘာလဲ၊ ကျွန်ုပ်မည် သူလဲ။
xxxxx
အိပ်မက် ( ၃ )
ကျွန်ုပ်သည် ယခင်ရောက်ခဲ့ဖူးသော ရဲတိုက်ကဲ့သို့အဆောက်အဦးကြီးထဲသို့ ရောက်ရှိနေပြန်သည်။အချိန်က ညအချိန်ပင် ဖြစ်ပေ၏ ။
ကျွန်ုပ်သည် အိမ်ကြီး၏ အပေါ်ထပ်တွင် ဟိုမှသည်မှ သွားလာလှုပ်ရှားလျှက်ရှိလေသည်။ ဘာရည်ရွယ်ချက်ဖြင့် သွားလာနေမိသည်ကို ကျွန်ုပ်မသိပါ။
အိမ်ကြီး၏ အပေါ်ထပ်တွင် လူတစ်ရပ်အမြင့်ရှိသည့်အရုပ်ကြီးများ ကို ကျွန်ုပ်မြင်တွေ့ နေရပေသည်။ အချို့အရုပ်များ မှာ ...ကြေးဖြင့်သွန်းလုပ်ထားပြီး၊ အချို့အရုပ်များ က သစ်သားကို ထုလုပ်ထားခြင်း ဖြစ်လေသည်။
ဘီးလူးရုပ်ကြီးမှာ ကြောက်စရာကောင်းသလောက်၊ မင်းသမီးရုပ်များ မှာ မူ လှပ၍ ချစ်စဖွယ်ကောင်းနေပေသည်။ကျွန်ုပ်သည် အရုပ်များ ကို တစ်ရုပ်ပြီးတစ်ရုပ်လျှောက်ကြည့်နေမိလေ၏ ။
ကြေးဖြင့်သွန်းလုပ်ထားသော ဘီလူးရုပ်ကြီးရှေ့တွင် ရပ်ကာ ကျွန်ုပ်က အရုပ်ကြီးကိုငေးစိုက်ကြည့်နေမိလေ၏ ။ ဘီလူးရုပ်ကြီးသည် သွားကြီးများ ကိုဖြဲ၍ လက်တစ်ဖက်က သံလျှက်ကို မြှော က်ကိုင်ထားပုံမှာ မာန်ပါလှပေသည်။ ထိုအရာသည် အရုပ်ကြီးပင် ဖြစ်သော်လည်း ကျွန်ုပ်နှင့် ခင်မင်ရင်းနှီးသယောင်ခံစားရပေ၏ ။
ထိုစဉ်... အောက်ထပ်မှအသံဗလံအချို့ကို ကျွန်ုပ်ကြားလိုက်ရလေသည်။ လူတစ်စု၏ အသံပင်တည်း။မှန်ပေသည်။ ကျွန်ုပ်အောက်သို့ငုံ့ကြည့်လိုက်ရာ ယောကျာ်းသုံး ယောက် နှင့်မိန်းမ တစ်ယောက် အိမ်ထဲသို့ဝင်လာသည်ကိုမြင်လိုက်ရလေ၏ ။
သူတို့သည်မည် သူများ နည်း။
သူတို့သည် ဤအိမ်၏ အိမ်ရှင်များ မဟုတ်တန်ရာ။ သူတို့သည် အိမ်ထဲသို့ခိုးချောင်ခိုးဝှက်ဝင်ရောက်လာကြခြင်း ဖြစ်၏ ။ သူတို့မျက်လုံးများ က ကြောက်ရွံ့ထိတ်လန့်ဟန်များ ပေါ်လွင်နေကြပေသည်။
သူတို့လက်ထဲ၌ ဓာတ်မီးများ ပါလာကြသည်။
သူတို့သည် အောက်ထပ်အဝင်တခါးမကြီးကိုဖွင့်ကာ အတွင်းသို့ ဓာတ်မီးဖြင့်ထိုးကြည့်လိုက်၏ ။သူတို့အဖို့ ဓာတ်မီးဖြင့်ထိုးကြည့်မှ မြင်ရသော်လည်း ကျွန်ုပ်အဖို့ရာကား အမှော င်ထဲတွင် အားလုံးကိုပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း မြင်နေနိုင်သည်မှာ ဆန်းပေစွ။
ကျွန်ုပ်က သူတို့ကိုဟန့်တားရန်အတွက် လှေကားကြီး၏ ထိပ်တည့်တည့်တွင် ထွက်ရပ်လိုက်လေသည်။သူတို့ဆီမှဓာတ်မီးရောင် က ကျွန်ုပ်ကိုယ်ပေါ်သို့ဖြာကျသွားလေသည်။
ကျွန်ုပ်ကိုမြင်လိုက်လျှင် သူတို့ထိတ်လန့်သွားမည် ဟုထင်လိုက်မိသော်လည်း သူတို့သည် ကျွန်ုပ်ကိုမြင်ပုံမရချေ။သူတို့က အိမ်ထဲအရောက်တွင် ရဲတင်းလာပုံရကာ အပေါ်ထပ်သို့လှေကားကြီးမှတစ်ဆင့်တက်လာလေ၏ ။
ကျွန်ုပ်က လှေကားထိပ်အလည်တည့်တည့်တွင် ပိတ်ရပ်နေလိုက်သည်။ သူတို့သည် ကျွန်ုပ်အားအမှုအမှတ်မထားပဲ ကျွန်ုပ်ကိုကျော်၍ အပေါ်ထပ်ကြမ်းပြင်ပေါ်သို့ ရောက်ရှိလာကြလေသည်။
သူတို့သုံးယောက် က ကျွန်ုပ်ရပ်နေသည်ကိုမြင်ပုံမရပဲ ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲမှဖြတ်သန်းကာ ဝင်ရောက်သွားခြင်း ဖြစ်တော့သည်။ကျွန်ုပ်သည် ကျွန်ုပ်၏ ကြီးမားထွားကြိုင်းသော ခန္ဓာကိုယ်ကြီးထဲသို့ တိုးလျိုပေါက်ဖြတ်သန်းသွားကြသော လူသုံးယောက် ကိုကြည့်၍ အံ့သြမိလေသည်။ ဘာကြောင့် ဤကဲ့သို့လုပ်လို့ရရပါသနည်း။
သူတို့သုံးယောက် ကျွန်ုပ်ကိုမမြင်ကြသည်မှာ သေချာလေပြီ။ မြင်လည်းမမြင်ကြ၊ ကျွန်ုပ်ရှိသည်ကိုလည်း သူတို့မသိကြပေ။ကျွန်ုပ်က သူတို့နောက်သို့လိုက်လာခဲ့လေ၏ ။
သူတို့သည် ကြေးသွန်းအရုပ်ကြီးများ ရှိရာသို့သွားကာ အရုပ်ကြီးများ ကိုဓာတ်မီးဖြင့်ထိုးကြည့်နေကြပေ၏ ။သူတို့အထဲမှ မိန်းမ ဖြစ်သူမှာ အတော် ပင်လှပသည်ကို ကျွန်ုပ်တွေ့ လိုက်ရလေသည်။ ထိုမိန်းကလေး၏ နှုတ်ခမ်းညာဖက်ဒေါင့်စွန်း၌ မှဲ့နီနီကလေးတစ်လုံးကိုတွေ့ လိုက်ရလေ၏ ။ ထိုမှဲ့ကလေးကြောင့်ပင်... သူမ ပို၍ လှပနေခြင်း ဖြစ်တော့သည်။ သူမ၏ မျက်လုံးများ မှာ တောက်ပဝိုင်းစက်နေသည်။ အတော် ပင်လှပချောမောသော မိန်းကလေး တစ်ယောက် ပါပင်။ သို့ရာတွင် ... သူမ၏ မျက်နှာပေါ်၌ ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့်ရောယှက်ကာ လောဘ၏ အငွေ့အသက်များ ရစ်သိုင်းနေလေသည်။
ကျွန်ုပ်က သူတို့အနားသို့ကပ်လာခဲ့လေ၏ ။ မှဲ့နီနီနှင့်မိန်းကလေးက နှာခေါင်းကိုရှုံ့လိုက်လေသည်။
''အို... အပုပ်နံ့ရသလိုပဲ၊ အစ်ကိုကြီးတို့မနံဘူးလား''
မှဲ့နီနီနှင့်မိန်းကလေးက သူ့အဖော်နှစ် ယောက် ကို မေးလိုက်လေ၏ ။
''နင်စိတ်ထင်လို့ပါညီမလေးရယ်၊ ကဲ-ကဲ- လုပ်စရာရှိတာ မြန်မြန်လုပ်ကြစို့''
မှဲ့နီမက ကြေးသွန်းအရုပ်ကြီးများ ကို ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သည်။
''ကြည့်စမ်းပါဦး၊ ကြေးသွန်းအရုပ်ကြီးတွေ က လှလိုက်တာ''
မှဲ့နီမက အရုပ်ကြီးတစ်ရုပ်ကိုကိုင်ကြည့်ရင်း ပြောလိုက်လေသည်။
''ကြေးနီကိုချည်းပဲ အလေးချိန်နဲ့ရောင်းရင် တော် တော် ရမှာ ''
''အဲဒါ အရူးတွေ ရဲ့ အလုပ်ပဲ၊ ဒါလောက်လက်ရာမြောက်တဲ့ အရုပ်ကို ဘာလို့ အချိန်နဲ့ရောင်းစားမှာ လဲ၊ နိုင်ငံခြားကိုခိုးထုတ်ရင်ဒေါ်လာတွေ အများ ကြီးရမှာ ဟ''
သူတို့ထဲမှအသက်အကြီးဆုံးလူက ပြောလိုက်ခြင်း ဖြစ်သည်။ ထိုလူမှာ နှုတ်ခမ်းမွေးကားကားကြီးနှင့် ဖြစ်၏ ။ သူ့နှုတ်ခမ်းမွှေးကြီးက အဖျားပိုင်းတွင် ကော့နေကာ လေထဲသို့ပျံတက်နေလေသည်။
မှဲ့နီမလေးနှင့်ကျန် တစ်ယောက် မှာ ရွယ်တူတန်းတူများ ဖြစ်ကြသည်။
''ညီမလေးက သဘောပြောတာပါ၊ ကြည့်စမ်းပါဦးနော်၊ သစ်သားပန်းပုရုပ်တွေ ကလည်း လက်ရာမြောက်လိုက်တာ''
''ဟေ့- ကြေးရုပ်တစ်ရုပ်အလေးချိန်က မနည်းဘူးကွ၊ တွန်းကြည့်တာ လှုပ်ရုံတောင်မလှုပ်ဘူး၊ ငါတို့ တော် တော် သယ်ယူရလိမ့်မယ်''
''အို... ဒီနေရာကိုသိနေမှ အချိန်မရွေးလာယူလို့ရနေပြီဟာကို၊ တဖြည်းဖြည်းနဲ့ သယ်ကြတာပေါ့အစ်ကိုကြီးရယ်''
သူတို့စကားကိုနားထောင်ရင်း သူတို့သည် ဤအိမ်ထဲမှ အရုပ်ကြီးများ ကို ခိုးယူရန်လာသူများ ဖြစ်ကြောင်း ကျွန်ုပ်သိလိုက်ရလေသည်။
ကျွန်ုပ်ရင်၌ ဒေါသများ ထကြွလာလေ၏ ။
မခိုးရဘူး၊ မယူရဘူး။
''တောက်-''
ကျွန်ုပ်က ဒေါသ ဖြစ် ဖြစ်နှင့် တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်လေသည်။
''ဟင်- ကြားလား၊ ကြားလား၊ တောက်ခေါက်သံကြီး''
''အေး- ဟုတ်တယ်၊ ငါလည်း ကြားလိုက်တယ်''
''မြန်မြန်လုပ်ကြကွာ၊ ဒီနေ့ အရုပ်တစ်ရုပ်ပါအောင်ယူသွားမယ်၊ ငါတို့စက်လှေပေါ်မှာ လည်း ဒါလောက်လေးတဲ့အရုပ်၊တစ်ရုပ်ပဲတင်လို့ရမယ်၊ နောက်တစ်ခေါက်လာရင်တော့ စက်လှေကြီးကြီး ငှားလာမှ ဖြစ်မယ်ဟေ့''
သူတို့က ကြေးသွန်းဘီလူးရုပ်ကြီးကို သယ်မရန်ပြင်နေကြလေပြီ။
ကျွန်ုပ်သည် လျင်မြန်ဖြတ်လတ်စွာ ဖြင့် ဘီလူးရုပ်ကြီး၏ ကိုယ်ထဲသို့ တိုးဝင်လိုက်လေသည်။ ကြေးသွန်းရုပ်ကြီးမှာ အခေါင်းပေါက် ဖြစ်သည့်အတွက် ကျွန်ုပ်ကိုယ်သည် ကြေးသွန်းရုပ်ကြီးအတွင်းသို့ ရောက်ရှိ သွားလေသည်။
သူခိုးများ မှာ ကျွန်ုပ်ကိုမမြင်ရသည့်အတွက် ခြောက်လှန့်လို့မရ ဖြစ်နေသည်။ ကျွန်ုပ်က သူတို့ကို ခြောက်လှန့်လွှတ်ရန်စိတ်ကူးသော်လည်း သူတို့ကျွန်ုပ်ကိုမမြင်၍ ကြံမိကြံရာကြံလိုက်ခြင်း ဖြစ်လေသည်။
သူတို့က ဘီလူးရုပ်ကြီးကို သုံးယောက် ဝိုင်းမနိုင်အောင် ကြမ်းပြင်ပေါ်သို့လှဲချလိုက်လေသည်။သို့သော်... ဘီလူးရုပ်အတွင်းမှ ကျွန်ုပ်က တောင့်ခံထားသည့်အတွက် လှဲချလို့မရပဲ ဖြစ်နေလေ၏ ။
''အရုပ်ကြီးက လေးလှချည်လား၊ သွေးရိုးသားရိုးမှဟုတ်ရဲ့ လား''
ကျွန်ုပ်သည် ဒေါသ ဖြစ် ဖြစ်နှင့် အော်ပြောလိုက်လေသည်။
''ဟေ့- ငါ့အရုပ်ကို မယူကြနဲ့''
''အောင်မယ်လေး''
မှဲ့နီမက စူးစူးဝါးဝါးအော်လိုက်လေသည်။
''ဘီလူးရုပ်ကြီးက အော်တယ်၊ အော်တယ်''
''အရုပ်ကြီးအသက်ဝင်လာပြီ''
သူတို့သည် ကျွန်ုပ်အသံကိုကြားရသည်မှာ သေချာသွားလေပြီ။ကျွန်ုပ်က အရုပ်အတွင်းမှ အားမာန်ထည့်၍ လှုပ်ရှားလိုက်သည်။ ကျွန်ုပ်သည် ကြေးသွန်းအရုပ်၏ အတွင်းသားအခေါင်းပေါက်ထဲသို့ ဝင်ရောက်နေခြင်း ဖြစ်ရာ... ကျွန်ုပ်တစ်ကိုယ်လုံးသည် လက်နေရာလက်၊ ခြေနေရာခြေ အံဝင်ဂွင်ကျ ဖြစ်လျှက်ရှိသည်။ ကျွန်ုပ်ကသံလျက်ကိုင်ထားသော ဘီလူးရုပ်၏ လက်ကို အတွင်းဖက်မှလှုပ်ရှားလိုက်လေသည်။
ထိုအခါ... သံလျက်ကိုမြှော က်ကိုင်ထားသော လက်မှာ လှုပ်ရှားလာပြီး ရှေ့မှ နှုတ်ခမ်းမွေးနှင့်လူကို သံလျက်ဖြင့် ခုတ်ပိုင်းလိုက်လေတော့သည်။
သို့ရာတွင် ... ထိုသူသည် ဘီလူးရုပ်အတွင်းမှအသံထွက်လာကတည်းက ကြောက်ရွံ့ထိတ်လန့်စွာ ဖြင့် နောက်သို့ဆုတ်သွားသည် ဖြစ်ရာ သံလျက်ဘေးမှလွတ်သွားလေသည်။
''ဘီလူးရုပ်ကြီး အသက်ဝင်လာပြီပြေးကြ၊ ပြေးကြ''
''အောင်မယ်လေးတော့... ကယ်ကြပါဦး''
သူတို့သုံးယောက် သည် ကြောက်လန့်တကြားဖြင့် လှေကားမှဆင်းပြေးကြလေတော့သည်။ကျွန်ုပ်လည်း ဘီလူးရုပ်ကိုယ်တွင်းမှနေ၍ ဘီလူးရုပ်ကြီးခြုံထားရက်သားဖြင့် သူတို့နောက်သို့ပြေးလိုက်လေတော့သည်။
''ဘီလူးကြီးလိုက်လာပြီ၊ ဘီလူးကြီးလိုက်လာပြီ၊ ကယ်တော် မူကြပါ''
လူသုံးယောက် မှာ အော်ရင်းဟစ်ရင်း ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားကြလေတော့သတည်း။
ကျွန်ုပ်သည်လည်း ဘီလူးရုပ်ကြီးအတွင်းမှ လှေကားအတိုင်း ပြေးလိုက်လာခဲ့ရာ ဘီလူးကြေးသွန်းရုပ်ကြီး လှေကားပေါ်ခြေတစ်ချက်ချလိုက်တိုင်း ကြောက်မက်ဖွယ်အသံကြီးထွက်ပေါ်လာလေတော့သည်။ သစ်သားလှေကားနှင့်အိမ်ကြီးတစ်ခုလုံးမှာ လည်းတုန်ဟည်းနေလေတော့သည်။
ကျွန်ုပ်သည် ဘီလူးရုပ်ကြီးထဲဝင်နေရက်သားမှပင် အောက်ထပ်အထိပြေးလိုက်သွားခဲ့လေသည်။သူခိုးသုံးယောက် ကား ကျွန်ုပ်အောက်ထပ်သို့ရောက်ချိန်တွင် ပျောက်ခြင်းမလှပျောက်သွားလေပြီတည်း။ကျွန်ုပ်က ဘီလူးရုပ်ကြီးထဲဝင်နေရင်းကပင် အိမ်အပြင်ဖက်သို့ထွက်လိုက်ခဲ့ပေသည်။
ပင်လယ်ပြင်တွင် လှိုင်းများ ထန်ကာ လေများ တဝေါဝေါတိုက်ခတ်နေပေ၏ ။ ပင်လယ်ကမ်းစပ်မှစက်နှိုးသံတစ်ခုကို ကျွန်ုပ်ကြားလိုက်ရသည်။
ကျွန်ုပ်သည် ကမ်းပါးအစွန်ထိသွားရပ်ကာ စက်သံထွက်ပေါ်လာရာ အောက်ဖက်သို့ငုံ့ကြည့်လိုက်သည်။သူခိုးသုံးယောက် သည် စက်တပ်လှေကလေးပေါ်ရောက်ရှိနေကာ စက်နှိုး၍ ထွက်ပြေးရန်ပြင်နေခြင်း ဖြစ်ပါ၏ ။
ပင်လယ်လှိုင်းလုံးများ က ကမ်းပါးအောက်ခြေသို့ ပြင်းထန်စွာ ရိုက်ခတ်လျှက်ရှိသည်။
''ဟိုမှာ ... ဟိုမှာ ... ဘီလူးကြီး၊ ကျွန်မတို့ကိုငုံ့ကြည့်နေတယ်၊ အမလေး... မြန်မြန်ထွက်ပါတော့''
မှဲ့နီနီနှင့်မိန်းမချောက ကျွန်ုပ်ရှိရာသို့မော်ကြည့်ရင်း လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်လေသည်။ကျွန်ုပ်သည် ဒေါသထွက်လာကာ သူတို့စက်လှေပေါ်တည့်တည့်ရောက်အောင် ခုန်ချလိုက်လေသည်။
သူတို့ကစက်လှေကို မောင်းထွက်လိုက်သည့်အတွက် ကျွန်ုပ်သည် စက်လှေပေါ်သို့မကျပဲ ရေထဲသို့ဗွမ်းကနဲကျသွားလေတော့၏ ။ သို့သော်... ကျွန်ုပ်သည် အားမလျော့သေးပဲ ရေပြင်ပေါ်မှပြေးကာ သူတို့နောက်သို့ လိုက်နေမိသေးသည်။
တစ်နေရာအရောက်တွင် ကျွန်ုပ်သည် ဆက်လိုက်လို့မရတော့၊ ကျွန်ုပ်တစ်ကိုယ်လုံး ထိုနေရာမှဆက်၍ ရှေ့သို့ရွေ့လျားလို့မရတော့ပေ။
သူခိုးများ ၏ စက်လှေက ကျွန်ုပ်မျက်စိအောက်မှပျောက်ကွယ်သွားလေပြီ။သူခိုးများ ကား ဘီလူးရုပ်ကြီးအသက်ဝင်လာသည်ဟု ယုံကြည်သွားကြပေလိမ့်မည် ။ နောင်တွင် ... ဤနေရာသို့လာရဲတော့မည် မဟုတ်ပေ။
ကျွန်ုပ်သည် ဘီလူးရုပ်အတွင်း ဝင်ရောက်ခိုအောင်းနေရာမှ ထွက်ခွာလိုက်လေ၏ ။
ထိုအခါ... လေးလံသော ကြေးသွန်းဘီလူးရုပ်ကြီးသည် ခဏချင်းမှာ ပင် ရေအောက်သို့စုန်းစုန်းမြုပ်သွားလေတော့သည်။ကျွန်ုပ်က ဘီလူးရုပ်အတွင်းဝင်ရောက်လှုပ်ရှားနေသည့်အတွက်သာ အရုပ်ကြီးမှာ ပင်လယ်ပြင်အထိပါလာခြင်း ဖြစ်သည်။ အရုပ်အတွင်းမှကျွန်ုပ်ထွက်လိုက်သည်နှင့် အရုပ်ကြီးသည် ပင်လယ်ထဲသို့နစ်မြုပ်သွားခြင်း ဖြစ်ပါတော့သည်။
ကျွန်ုပ်သည် ရေအောက်ထဲသို့နစ်မြုပ်သွားသော ဘီလူးရုပ်ကြီးကို နှမျောတသစွာ ငုံ့ကြည့်နေမိပါသေးသည်။ စိတ်တွင်း၌ ခင်မင်ရင်းနှီးသော မိတ်ဆွေ တစ်ယောက် ဆုံးရှုံးသွားသည့်သဖွယ်လည်း ခံစားလိုက်ရပေသည်။
သို့သော်... မည် သို့မျှမတတ်နိုင်တော့ပါ။ ကြေးသွန်းဘီလူးရုပ်ကြီးသည် ရေအောက်သို့စုံးစုံးနစ်မြုပ်သွားချေပြီတကား။ကျွန်ုပ်က ရဲတိုက်ကြီးရှိသည့် မြင့်မားသော ကမ်းပါးစောက်ပေါ်သို့ ပေါ့ပါးစွာ ပြန်လည်ခုန်တက်လိုက်လေသည်။
ကျွန်ုပ်သည် ကမ်းပါးအစွန်၌ ရပ်ကာ ပင်လယ်ပြင်ကြီးကို ငေးကြည့်နေမိသည်။ ပင်လယ်ပြင်ကြီးကား ညအမှော င်ထုအောက်ဝယ် လှိုင်းကြမ်းများ တဝုန်းဝုန်းရိုက်ခတ်လျှက်ရှိပေ၏ ။
ကျွန်ုပ်သည် ဘီလူးရုပ်ကြီးနစ်မြုပ်သွားသော နေရာကို ငေးကြည့်ရင်း နှမျောတသနေမိလေသည်။ကျွန်ုပ်သည် သူခိုးများ အား ဘီလူးရုပ်အတွင်းဝင်ရောက်ကာ ကာကွယ်နိုင်ခဲ့ပေသည်။
အရုပ်ကြီးတစ်ရုပ်အတွင်းသို့ ကျွန်ုပ်အဘယ်ကြောင့်ဝင်နိုင်ပါသနည်း။ အရုပ်ကြီးသည်လည်း ကျွန်ုပ်လှုပ်ရှားလိုသည့်အတိုင်းအဘယ်ကြောင့်လိုက်ပါလှုပ်ရှားနိုင်ပါသနည်း။
သူခိုးများ သည် ကျွန်ုပ်အား အဘယ်ကြောင့်မမြင်ရပါသနည်း။ကျွန်ုပ်က အမျိုးမျိုးတွေးတောနေမိလေသည်။
ကျွန်ုပ်က ဤရဲတိုက်အဆောက်အဦးကြီးပတ်ဝန်းကျင်တွင် ကျင်လည်လှုပ်ရှားနေမိသော ကိုယ့်ကိုကိုယ် နားမလည်နိုင်အောင် ဖြစ်နေရပေသည်။
ကျွန်ုပ်သည် မည် သို့သော သတ္တဝါ ဖြစ်ပါသနည်း။
ကျွန်ုပ် မည် သူ ဖြစ်ပါသနည်း။ ကျွန်ုပ်ကိုယ်တိုင် မတွေးတတ်နိုင်တော့ပါပေ။
xxxxx
အိပ်မက် ( ၄ )
ကျွန်ုပ်သည် ယခင်ရောက်ခဲ့ဖူးသော ရဲတိုက်ကဲ့သို့အဆောက်အဦးကြီးဆီသို့ရောက်ရှိနေပြန်လေသည်။ ယခုတစ်ခါတော့...ကျွန်ုပ်သည် ရဲတိုက်ကြီး၏ အပြင်ဖက်ခြံဝင်းထဲတွင် လျှောက်သွားနေပြန်လေသည်။
ပင်လယ်ပြင်ကြီးဆီမှ ရဲတိုက်ကြီးရှိရာ ကမ်းပါးသို့ လှိုင်းများ ရိုက်ခတ်သံက သံစဉ်ညီစွာ ထွက်ပေါ်နေလေသည်။ပတ်ဝန်းကျင်တစ်ခုလုံးကား မှော င်မိုက်လျှက်ရှိလေသည်။
ကျွန်ုပ်ရင်ထဲမှာ မူ ဆာလောင်မွတ်သိပ်နေပေ၏ ။
ကျွန်ုပ်သည် စားစရာတစ်ခုခုကိုတောင့်တလျှက်ရှိပေသည်။ စားစရာတစ်စုံတစ်ခုတွေ့ လိုတွေ့ ငြားဖြင့် ကျွန်ုပ်သည် ခြံထဲတွင် လျှောက်သွားလျှက်ရှိလေ၏ ။
စားသောက်စရာတစ်ခုမျှ ကျွန်ုပ်မတွေ့ ရပါပေ။ကျွန်ုပ်ကား တစတစ ပိုမိုပြင်းထန်စွာ ဆာလောင်လာလေသည်။ကျွန်ုပ်သည် အိမ်နောက်ဖက်၌ ရေအိုင်ငယ်လေးတစ်ခုကို တွေ့ လိုက်ရာ အားတက်သွားလေသည်။ အစားမစားရသော်လည်းရေကို အဝသောက်မည် ဟုအားခဲကာ ရေအိုင်လေးရှိရာသို့ပြေးသွားလိုက်လေ၏ ။
ကျွန်ုပ်က ရေအိုင်ငယ်လေးကိုငုံ့ကြည့်လိုက်လေသည်။
ရေအိုင်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကြီးတစ်ခုကိုတွေ့ လိုက်ရသည်တွင် ကျွန်ုပ်သည် ထိတ်လန့်ကာကိုယ်ကို နောက်သို့ဆုတ်လိုက်မိလေသည်။
နောက်မှ ရေအိုင်အတွင်းမှပုံရိပ်မှာ ကျွန်ုပ်၏ ပုံရိပ်ပင် ဖြစ်နိုင်သည်ကိုတွေးမိကာ ရေအိုင်ထဲသို့ တစ်ဖန်ငုံ့ကြည့်လိုက်မိပြန်လေသည်။
မှန်ပေသည်။ ရေအိုင်ထဲတွင် ပေါ်လာသော မျက်နှာမှာ ကျွန်ုပ်၏ မျက်နှာပါတကား။ကျွန်ုပ်သည် ရေအိုင်ထဲတွင် ပေါ်နေသော ပုံပျက်ပန်းပျက် မျက်နှာကြီးကိုကြည့်ကာ အံ့သြနေမိလေသည်။
ကျွန်ုပ်မျက်နှာပေါ်တွင် အဖုများ ၊အလုံးများ ပေါက်လျှက်ရှိသည်။ မျက်လုံးကြီးမှာ ယကွင်းလောက်နီးနီးကြီးမားကာ ကြောက်မက်ဖွယ် ပြူးတောက်လျှက်ရှိပေ၏ ။ ပါးစပ်အတွင်းမှသွားကြီးများ မှာ အချွန်အတက်များ ဖြင့် အပြင်သို့ငေါထွက်လျှက်ရှိပေသည်။ကျွန်ုပ်သည် ဤမျှအရုပ်ဆိုးသူ တစ်ယောက် လား။ ကျွန်ုပ် မည် သူနည်း၊ ကျွန်ုပ် ဘယ်ကလာ၍ ဘယ်ကိုသွားမည် နည်း။ကျွန်ုပ်သည် ကိုယ့်အကြောင်းကိုယ် ဘယ်လိုမှစဉ်းစားလို့ မရပါချေ။ ကျွန်ုပ်ကိုယ်ကျွန်ုပ် မည် သူ ဖြစ်မှန်းလည်း မသိပါချေ။ကျွန်ုပ်သည် အဘယ်ကြောင့် ရဲတိုက်ကဲ့သို့သော အိမ်ကြီးထဲသို့ရောက်ရှိနေရသနည်း။ စဉ်းစားလို့မရပါ။
ကျွန်ုပ်သည် တွေးရင်းစဉ်းစားရင်းဖြင့်ပင် ဆာလောင်မွတ်သိပ်လာပြန်လေသည်။ ထိုအခါမှ... ရေအိုင်ထဲမှရေကိုသောက်ရန်သတိရကာ ရေအိုင်လေးဆီသို့ ငုံ့လိုက်လေသည်။
ရေကိုသောက်ရန် ပါးစပ်ကိုဟလိုက်ရာ ပါးစပ်ထဲမှ နီရဲသော လျှာကြီးမှာ တစ်လံအရှည်လောက်အထိ ထွက်ကျလာလေတော့သည်။
ကျွန်ုပ်က အိုင်ထဲမှရေကို လျှာကြီးဖြင့်လျက်ကာ... လျက်ကာ... သောက်လိုက်လေသည်။
ရေကိုသောက်လိုက်ရသော်လည်း ကျွန်ုပ်၌ အာသာပြေမ သွားပါပေ။
ကျွန်ုပ်သည် ကိုယ့်ကိုကိုယ် မည် သူမှန်းမသိရသည့်အ ဖြစ်ကို မချင့်မရဲ ဖြစ်ရင်းမှ... ဆာလောင်မွတ်သိပ်မှုကိုပါ ခံစားလာရသည်တွင် ဒေါသများ ထွက်လာပြန်လေသည်။
''ဆာတယ်... ဆာတယ်... စားစရာပေးကြပါ၊ ငါ့ကို စားစရာ ပေးကြပါ''
ကျွန်ုပ်က ဆာလောင်မွတ်သိပ်စွာ ဖြင့် အသံထွက်အော်လိုက်မိလေ၏ ။
ကျွန်ုပ်၏ အသံကြီးက မကြားဝံ့စရာ ဟိန်းထွက်လာလေသည်။
ဆာလောင်မှုကြောင့် ကျွန်ုပ်ရင်များ ကတုန်ကယင် ဖြစ်လာလေသည်။
''ဆာတယ်၊ ဆာတယ်၊ ငါ့ကိုစားစရာတစ်ခုခုပေးပါ၊ အောင်မယ်လေးဗျာ၊ ဆာလိုက်တာ''
ကျွန်ုပ်က နောက်တစ်ခါဟစ်အော်လိုက်မိပြန်လေသည်။
xxxxx
အပိုင်း(၂)
( က )
''သား- သား- အိပ်မက်ဆိုးတွေ မက်နေပြန်ပြီလား၊ သား- ဝသုန်''
မေမေက ကျွန်တော့် ပခုံးကိုကိုင်လှုပ်ရင်း မေးလိုက်သည်နှင့်ပင် ကျွန်တော် သည် အိပ်မက်မက်နေရာမှ လန့်နိုးလာခဲ့လေ၏ ။
ကျွန်တော် မက်နေကျ ပဟေဠိဆန်လှသော အိပ်မက်များ ထမှဲ တစ်ခုသော အိပ်မက်ကိုမက်ပြီးသည့်အခါတိုင်း... ကျွန်တော် သည်ဤသို့ပင်ခံစားရလေ့ရှိပါ၏ ။ အိပ်မက်ထဲကအတိုင်း ကျွန်တော် သည် ကတုန်ကယင်ကြီး ဖြစ်ရင်းမှ နိုးလာသည်။ အာခေါင်များ ခြောက်ကပ်ကာ ဆာလောင်မွတ်သိပ်လျှက်ရှိပေသည်။ ဇောချွေးများ လည်းပြန်လျှက်ရှိပေ၏ ။
ငယ်စဉ်တုံးကဆိုလျှင် ကျွန်တော် သည် ထိုအိပ်မက်မက်ပြီးတိုင်း ငိုရှိုက်၍ နေမိသည်။ အိပ်မက်ကို မက်ပါများ မှပင် ကျွန်တော့် မှာ ခံနိုင်ရည်ရှိသွားခဲ့ပါ၏ ။ ဒါတောင်... အစာဆာလောင်သော အိပ်မက်အပိုင်းကို မက်သည့်အခါတိုင်း လူမှာ တုန်လှုပ်ခြောက်ခြား၍ ကျန်ရစ်နေခဲ့မြဲ ဖြစ်ပေသည်။
ကျွန်တော် အိပ်ရာထဲမှာ ကယောင်ကတန်းအော်ဟစ်နေသံကို ကြားလိုက်ရလို့ပဲထင်ပါသည်။ မေမေက ကျွန်တော့် အခန်းထဲရောက်လာကာ နှိုးလိုက်ခြင်း ဖြစ်ပါ၏ ။
ကျွန်တော် နိုးလာသည်တွင် မေမေက ချွေးများ ကိုသုတ်ပေးသည်။ ရေအေးအေးတစ်ခွက်ကို ခပ်တိုက်ပါသည်။
''ဘယ်လိုလဲသား၊ ဟိုအိပ်မက်ကြီးကို မက်ပြန်ပြီလား''
''ဟုတ်တယ်မေမေ၊ အစာဆာလွန်းလို့ မခံမရပ်နိုင် ဖြစ်ပြီး အော်ပစ်လိုက်တဲ့အိပ်မက်ကိုမက်တာ''
မေမေက ကျွန်တော့် စကားကိုနားထောင်ပြီး သက်ပြင်းချလိုက်လေသည်။ဤအကြောင်းအရာမှာ ကျွန်တော့် ဆီမှ မကြာမကြာကြားရနေကျအကြောင်းအရာ ဖြစ်သည့်အတွက် မေမေကဘာမှဆက်မမေးတော့ပဲ အနားမှထသွားလေသည်။
မေမေသည် ဘုရားစင်ပေါ်မှပရိတ်ရေပုလင်းကိုသွားယူခြင်း ဖြစ်ကြောင်းကျွန်တော် သိလိုက်သည်။ခဏနေတော့ ပုလင်းထဲမှပရိတ်ရေအနည်းငယ်ဖြင့် မေမေက ကျွန်တော့် ကိုယ်ပေါ်ကိုဖြန်းပေးသည်။
''ရပါပြီမေမေ၊ မေမေပြန်အိပ်ရင်အိပ်ပါတော့''
''သားအိပ်ပျော်မှ မေမေအိပ်ပါတော့မယ်ကွယ်''
မေမေက ကျွန်တော့် ကိုယပ်ခပ်ပေးနေလေသည်။ကျွန်တော် သည် မကြာခဏ တစ်လှည့်စီမက်တတ်သော ကျွန်တော် မက်နေကျအိပ်မက်လေးခုကို ပြန်တွေးနေမိလေတော့သည်။
xxxxx
( ခ )
အခြားသူများ သည်လည်း အိပ်မက်တစ်မျိုးတည်းကို မကြာမကြာ မက်တတ်ပါသလား။ ကျွန်တော် မသိပါ။ကျွန်တော် ကတော့ ထိုအိပ်မက်များ ကို လူမှန်းသိတတ်စအရွယ်မှစ၍ မက်ခဲ့ပါသည်။
အိပ်မက်မှာ လေးမျိုး ဖြစ်ပါသည်။
ငယ်ငယ်ကဆိုလျှင် နေ့စဉ်လိုပင်... အိပ်မက်တစ်ခုမဟုတ်တစ်ခုကိုမက်ပါသည်။ တဖြည်းဖြည်းကြီးပြင်းလာမှ တစ်ပတ်တစ်ခါ၊တစ်လ တစ်ခါဖြင့်... အိပ်မက်မက်သည့်ကာလခြား၍ လာခဲ့ပါ၏ ။
အိပ်မက်တိုင်းတွင် တစ်ဦးတည်းဒိုင်ခံပါဝင်သူမှာ ကျွန်တော် ဖြစ်နေပါသည်။
အိပ်မက်လေးခုကိုမက်ရလွန်း၍ ကျွန်တော် အလွတ်ရနေပါသည်။ အိပ်မက်ထဲမှာ တွေ့ ရသူများ ၏ မျက်နှာများ ကိုလည်း မှတ်မိနေပါပြီ၊ အိပ်မက်ထဲတွင် ကျွန်တော် တွေ့ မြင်ရသူများ မှာ မများ လှပါ။ လူလေးယောက် သာရှိပါသည်။
တစ်ခုသော အိပ်မက်ထဲတွင် ကျွန်တော် သည် ရဲတိုက်ကြီး၏ အခန်းထဲတွင် တစ်စုံတစ်ခုကိုရှာဖွေနေသော လူ တစ်ယောက် ကိုတွေ့ ခဲ့သည်။ နောက်အိပ်မက်တစ်ခု၌ ... အိမ်ကြီးထဲမှ အရုပ်ကြီးများ ကိုခိုးယူရန်လာသော လူသုံးယောက် ကို တွေ့ ခဲ့ရပါသည်။အိပ်မက်လေးခုထဲမှ အခြားသူများ ပါဝင်သည့်အိပ်မက်မှာ ထိုနှစ် ခုသာ ဖြစ်ပါသည်။
ကျွန်တော် သည် အိပ်မက်ကို ဘေးမှလူ တစ်ယောက် က မြင်နေရသလိုမျိုး မက်ခြင်းမဟုတ်ပါပေ။ အိပ်မက်ထဲတွင် ကျွန်တော် ကိုယ်တိုင် ပါဝင်လှုပ်ရှားနေရသကဲ့သို့ မြင်မက်ခြင်း ဖြစ်ပါသည်။
သို့သော်... အိပ်မက်ထဲမှလူကြီးမှာ ယခုလက်ရှိကျွန်တော် တော့ မဟုတ်ပါပေ။ အိပ်မက်ထဲမှလူကြီးမှာ ရုပ်ရည်ဆိုးဝါးလှပါသည်။ အသက်အရွယ်မှာ လည်း ခန့်မှန်းလို့မရအောင်ကြီးရင့်နေပြီဟုထင်ရပါသည်။ အိပ်မက်မက်သည့်အခါတိုင်း အိပ်မက်ထဲက ထိုလူကြီးကို ကျွန်တော် ကိုယ်တိုင်ဟုပင် ထင်မြင်မိပါ၏ ။
ပြီးတော့... အိပ်မက်ထဲတွင် ကျွန်တော် သည် လုပ်ချင်သလိုလုပ်လို့ရနေသည်မှာ အံ့သြစရာကောင်းပါသည်။ အိပ်မက်မို့လားမသိပါ။ အိပ်မက်ထဲ၌ ကျွန်တော် သည် လေထဲ၌ လည်းပျံဝဲနိုင်သည်။ ရေပြင်ပေါ်မှာ လည်း ပြေးလွှားနိုင်သည်။ အရုပ်ကြီး၏ ခန္ဓာကိုယ်ထဲတွင် လည်း ဝင်အောင်း၍ နေနိုင်ပါသေးသည်။
ဖေဖေကတော့... ကျွန်တော့် အိပ်မက်များ မှာ ထမင်းလုံးတစ္ဆေခြောက်လှန့်ခြင်း ဖြစ်ကြောင်း မှတ်ချက်ပေးပါသည်။ကျွန်တော် ကတော့ နည်းနည်း ပါးပါးစဉ်းစားဆင်ခြင်တတ်သည့်အရွယ်ရောက်လာသည်တွင် ... အိပ်မက်များ မှာ တစ်ခုခုအဓိပ္ပါယ်ရှိရမည် ဟု ထင်မြင်မိလေသည်။ ဘာအဓိပ္ပါယ်ဆိုတာတော့ ကျွန်တော် ကိုယ်တိုင်လည်း ကွဲကွဲပြားပြားမသိပါ။အိပ်မက်များ သည် တစ်ချိန်ချိန်က တစ်နေရာရာတွင် ဖြစ်ပျက်ခဲ့သည့်အ ဖြစ်များ ဖြစ်နိုင်ကောင်းသည်ဟု စဉ်းစားမိခဲ့သည်လည်းရှိပါသည်။ သို့ရာတွင် ... လူသည် လေထဲ၌ ပျံဝဲခြင်း၊ ပင်လယ်ရေပြင်ပေါ်လမ်းလျှောက်ခြင်း၊ပြေးလွှားခြင်းနှင့် အရုပ်ကြီးထဲဝင်အောင်းခြင်းစသည့်အပြုအမူများ ကို ကမ္ဘာ၏ ဘယ်အစိတ်အပိုင်းက လူသားသည် လုပ်နိုင်ပေလိမ့်မည် နည်း။
ကျွန်တော့် ဘဝတစ်သက်တာတွင် မက်ခဲ့သော ထိုအိပ်မက်များ မှာ ထူးဆန်းသော ပုစ္ဆာများ အ ဖြစ်သာတည်ရှိခဲ့ပြီး အဖြေမပေါ်ခဲ့ရပါချေ။
xxxxx
( ဂ )
ကျွန်တော် သည် ထူးဆန်းသော အိပ်မက်များ ကို အသက်၁၄နှစ် အရွယ် ရှစ်တန်းကျောင်းသားဘဝအထိ မကြာမကြာမက်ခဲ့ပါသည်။
ရှစ်တန်းနှစ် လွန်မြောက်ပြီးနောက်တွင် ထိုအိပ်မက်များ ကို သိပ်မမက်တော့ပါ။
အိပ်မက်မက်ခြင်းနည်းသွားသော်လည်း ထိုအိပ်မက်များ ကို မကြာခဏ သတိရမိနေတတ်၏ ။ ပြန်စဉ်းစားနေတတ်ပါ၏ ။ကျွန်တော့် အာရုံထဲဝယ် အိပ်မက်ထဲမှာ မြင်ခဲ့ရသော လူလေးယောက် ကိုလည်း စွဲမြဲနေပါသည်။ အိမ်ကြီးထဲမှာ ကျွန်တော် ခြောက်လှန့်လွှတ်လိုက်သော လူကြီး၏ မျက်နှာ၊ အိမ်ထဲမှအရုပ်များ ကိုခိုးယူရန်ဝင်ရောက်လာ သော ယောကျာ်းနှစ် ယောက် နှင့် မိန်းမ တစ်ယောက် ၏ မျက်နှာ။ ထိုမျက်နှာလေးခုကို ကျွန်တော် သည် ယခုတိုင်ပင် စွဲစွဲမြဲမြဲမှတ်မိနေဆဲ ဖြစ်ပါသည်။
အထူးသဖြင့်... အရုပ်ခိုးရန် အိမ်ထဲသို့ဝင်လာသည့် နှုတ်ခမ်းတွင် မှဲ့နီနီလေးပါသော မိန်းမကို အစွဲလမ်းဆုံး ဖြစ်၍ နေပါသည်။လှပချောမောသော ထိုမိန်းမမျက်နှာကို မကြာခဏမြင်ယောင်မိပါသည်။ အပြင်မှာ သာ ထိုမိန်းကလေးတကယ်ရှိပါက ကျွန်တော် သည်ချစ်ကြိုက်မိလိမ့်မည် ဟု ထင်မိပါသည်။
ယခုအခါတွင် ... ကျွန်တော့် အသက်မှာ ၁၈နှစ် ရှိပါပြီ။ ၁၉၇၁ ခုနှစ် တွင် မွေးဖွားခဲ့သော ကျွန်တော် သည် ယခု ၁၉၈၉ခုနှစ် ၊ မေလထဲ၌ အသက်၁၈နှစ် ပြည့်ပါတော့မည် ။ ကျွန်တော် ဆယ်တန်းအောင်သည့်နှစ် တွင် ကျောင်းများ အချိန်ကြာကြာပိတ်ထားသော ကြောင့်ကျွန်တော့် မှာ အားလပ်နေပါသည်။
ထိုအချိန်တွင် ... မေမေ၏ ဇာတိရွာသို့ သွားရောက်ရန် အကြောင်းတစ်ခုပေါ်လာပါသည်။ မေမေ၏ မိခင် ကျွန်တော့် ဘွားဘွားကသူမသေခင် မြေးများ ကိုရှင်ပြုရဟန်းခံပြုလုပ်လို၍ ကျွန်တော့် အား ရွာသို့လာရောက်ရန် စာရေး ခေါ်လိုက်ခြင်းပင် ဖြစ်ပါသည်။ဘွားဘွားဆန္ဒအရ ကျွန်တော် သည် တစ်ခါမှမရောက်ဖူးသော မေမေ့မွေးရပ်ဇာတိရွာသို့ရောက်ခဲ့ရလေသည်။
ပင်လယ်ကမ်းခြေရှိ မေမေ့ဇာတိရွာကလေးသို့ရောက်ရှိသွားခြင်းသည် ကျွန်တော် မက်ခဲ့သော အိပ်မက်များ ၏ အဖြေကို သိရှိရန်အတွက် အကြောင်းဖန်လာခြင်းပင် ဖြစ်ပါတော့၏ ။
xxxxx
![]() ပုစ္ဆာဆန်သော တစ္ဆေမလေး | ![]() ကြမ္မာဆိုးမွှေတဲ့ တစ္စေအိမ် | ![]() ဖူးစာ ပွေလီ |