Cover

အပိုင်း(၁)

( ၁ )

ပဉ္စလက်ဆရာကြီး
ဗန္ဓက
မျက်လှည့်ပဒေသာပြပွဲ

မျက်လှည့်ပြပွဲ၏ ဆိုင်းဘုတ်မှာ အလျားခြောက်ပေ၊ အနံသုံးပေမျှသာ ဖြစ်သည်။ ဗနိုင်းစဖြင့်ရိုက်နှိပ်ထားကာ ပြပွဲကျင်းပသော ခန်းမထိပ်နံရံတွင် ချိတ်ထားလေ့ရှိသည်။

ဆရာဗန္ဓကသည် သူ၏ မျက်လှည့်ပညာပြပွဲများ ကို စင်ပေါ်တွင် ပြသခြင်းမပြုပါ။ ပွဲကြည့်ပရိသတ်နှင့်တစ်တန်းတည်း ကြမ်းတစ်ပြေးတည်းပြသတတ်လေသည်။

ထို့ကြောင့် .ဆရာဗန္ဓက,က သူ့ပြပွဲများ ကို ဘုရားပွဲ၊ ရာသီပွဲများ တွင် ရုံသွင်းပြသခြင်းမျိုးမပြုလုပ်ပါပေ။

ဟိုတယ်တစ်ခု၏ ခန်းမ၊ သို့မဟုတ် စည်းဝေးခန်းမလိုအခန်းမျိုးကိုသီးသန့်ငှားရမ်းကာ ကြိုတင်ကြေငြာ၊ လက်မှတ်ကြိုရောင်းပြီး ပြုလုပ်တတ်လေသည်။

ပရိသတ်အရေအတွက်ကိုလည်း ကန့်သတ်ထားသည်။ တစ်ပွဲ လျှင်ပရိသတ်ငါးဆယ်ကိုသာကြည့်ခွင့်ပြုသည်။

ပရိသတ်များ သည် မျက်လှည့်ပြပွဲကို တကူးတကအချိန်ပေးကြည့်ရှုရသော်လည်း ပြပွဲအဆင်အပြင်ကိုမူ ရိုးရိုးသာမန်သာတွေ့ ရမည် ဖြစ်သည်။

ပြပွဲထိပ်တွင် ချိတ်ဆွဲထားသော ခြောက်ပေသုံးပေအရွယ်ဗနိုင်းဆိုင်းဘုတ်တစ်ခု၊ ခန်းမထိပ်တွင် အံဆွဲများ ၊ အကန့်များ မပါသော ရိုးရိုးရှင်းရှင်းစားပွဲတစ်လုံးတို့သာ ဖြစ်သည်။

ကြည့်ရှုသူပရိသတ်အတွက် ကုလားထိုင်အလုံးငါးဆယ်ကိုဂငယ်ပုံသဏ္ဍာန်ဝိုင်းဖွဲ့ချထားပေးသည်။ ပရိသတ်များ ပြပွဲကို အနီးကပ်ရှင်းလင်းစွာ တွေ့ မြင်နိုင်ရန်အတွက် ဖြစ်ပါသည်။

ဆရာဗန္ဓကသည် ပရိသတ်စိတ်ကြေနပ်မှုရအောင် သူ၏ ပဉ္စလက်ပညာဖြင့် ဖမ်းစားနိုင်လေသည်။

ဆရာဗန္ဓကဘေးတွင် လိုအပ်သမျှကူညီရန် စောထီးဆိုသည့်အသက်နှစ် ဆယ်အရွယ် ကရင်အမျိုးသားလူငယ်လေးတစ်ဦးသာ တပည့်အ ဖြစ်ပါဝင်လေသည်။

xxxxx

( ၂ )

တကယ်တော့ .မျက်လှည့်ဟု အမည် ခံထားသော်လည်းဆရာဗန္ဓက၏ ပြပွဲများ မှာ မျက်လှည့်ချည်းသက်သက်မဟုတ်ပါ။မျက်လှည့်ဆိုသည်က . ပရိသတ်၏ မျက်စိကို လှည့်စားခြင်းမျှသာ ဖြစ်သည်။ ပရိသတ်အမြင်ကို လှည့်ဖျားခြင်းမျှသာ ဖြစ်သည်။ဆရာဗန္ဓက၏ ပြကွက်များ မှာ သမားရိုးကျ မျက်လှည့်ပြကွက်များ ပါသလို သာမန်မျက်လှည့်ဆရာများ မတတ်စွမ်းနိုင်သော ပြကွက်များ လည်း ပါပါသေးသည်။

ဆရာဗန္ဓက,က ပရိသတ်စုံသော အချိန်တွင် စားပွဲပေါ်သို့ကြက်ဥတစ်လုံးကိုချလိုက်သည်။ ကြက်ဥပေါ်ကို ကြိမ်ဖြင့်ပြုလုပ်ထားသော ခြင်းလေးတစ်ခုဖြင့်ဖုံးအုပ်လိုက်သည်။ ပရိသတ်က ကြက်ဥမှ .ကြက်အကောင်ပေါက်ကလေး ဖြစ်လာမည့် ပြကွက်ဟု မျှော်လင့်နေကြသည်။ဆရာဗန္ဓက,က သုံးမိနစ်မျှမန်းမှုတ်ကာ ကြိမ်ခြင်းလေးကို ဆွဲမ,ပြလိုက်သည်။

ကြိမ်ခြင်းအောက်မှ ပါးပြင်းထောင်နေသော မြွေဟောက်တစ်ကောင်ထွက်ပေါ်လာပါသည်။

လက်ခုပ်သံများ တဖြောင်းဖြောင်းပေါ်ထွက်လာလေ၏ ။

+ + + + +

ဆရာဗန္ဓက,က .စားပွဲပေါ်သို့ သံဖြင့်ပြုလုပ်ထားသော လှောင်ချိုင့်တစ်ခုကို ဦးစွာ တင်လိုက်၏ ။ လှောင်ချိုင့်ထဲတွင် တော့ ဖားတစ်ကောင်။ ထို့နောက် .ဆရာဗန္ဓကသည် လှောင်ချိုင့်ထဲသို့ မြွေတစ်ကောင်ကို ထည့်လိုက်ပြန်လေသည်။ မြွေနှင့်ဖားက ကမ္ဘာ့ရန်။ ဖားသည်မြွေ၏ အစာ။ သဘာဝ အတိုင်း မြွေသည် ဖားကို ရစ်ပတ်ဝါးမြို စားသောက်ရန် ကြိုးစားလေသည်။

ဖားကလေးက ကျဉ်းမြောင်းသော လှောင်ချိုင့်ထဲတွင် ဟိုခုန်သည်ခုန်ပြေးကာ မြွေ၏ အန္တရာယ်မှ ရှောင်ရှားနေသည်။ မြွေကလည်း ဖားကိုအမျိုးမျိုးလှည့်ပတ်ကာ ဖမ်းစားဖို့ကြံစည်နေသည်။ မြွေက လှောင်ချိုင့်ကျဉ်းကျဉ်းလေးထဲမှာ ဖားကို အချိန်မရွေးဖမ်းဆီးနိုင်သည်ကိုသိပြီးဇိမ်ပြေနပြေဖြင့် လှည့်ပတ်ကစားနေခြင်း ဖြစ်လေသည်။

ဆရာဗန္ဓက,က မြွေနှင့်ဖားရှိနေသော လှောင်ချိုင့်ကို အနီရောင် ပိတ်စကြီးဖြင့် လုံခြုံအောင်လွှားလိုက်လေသည်။

လှောင်ချိုင့်သည် အဝတ်စအနီရောင် အောက်တွင် သွက်သွက်ခါအောင်လှုပ်ယမ်းနေသည်။ ဖားကလေးသည် မြွေ၏ ဝါးမြိုစားသောက်ခြင်းကိုခံလိုက်ရလေပြီလား။ ဘာကြောင့် ဤမျှ ရုန်းရင်းဆန်ခတ် ဖြစ်နေရပါသနည်း။

ကြည့်နေသူပရိသတ်များ မှာ ရင်တထိတ်ထိတ် အသည်းတဖိုဖို ဖြစ်နေရလေပြီ။

ဆရာဗန္ဓက,က ''အပ်ချလောင်း .အပ်ချလောင်း .'' ဟုနှုတ်မှရေရွတ်ကာ ပိတ်စအနီကို ဖယ်ရှားလိုက်လေသည်။ထိုအခါ .ငြိမ်းချမ်းရေး ၏ အမှတ်အသား ဖြစ်သော ချိုးဖြူငှက်ကလေးတစ်ကောင်ကို စားပွဲပေါ်တွင် တွေ့ လိုက်ရလေ၏ ။ ချိုးဖြူငှက်ကလေးသည်လည်တိုင်ကိုမော့်၍ အတောင်ပံတဖျတ်ဖျတ်ခါလိုက်ရင်းပရိသတ်ကြားထဲသို့ ဝဲလှည့်ပျံသန်းနေလေသည်။

ကမ္တာရန်ဖက်အသွင်အပြင်မှ ငြိမ်းချမ်းရေး လက္ခဏာသို့ ပြောင်းလဲသွားသော ပြကွက်ကိုကြည့်ကာ .ပရိသတ်ထံမှ လက်ခုပ်သံများ ကသော သော ညံအောင် ပေါ်ထွက်လာလေတော့သည်။

+ + + + +

ဆရာဗန္ဓက,က တပည့်ကလေးစောထီးကို တစ်စုံတစ်ခုယူလာ ရန်အမူအရာပြလိုက်သည်။ စောထီးက ကြွေရေသုတ်ရေနွေးကရားလေးကိုယူလာကာ ဆရာဗန္ဓကလက်ထဲသို့ထည့်ပေးလိုက်လေသည်။ဆရာဗန္ဓကသည် ရေနွေးကရားလေးကို စားပွဲအလည်တည့်တည့်တွင် တင်လိုက်သည်။ ထို့နောက် စောစောကပိတ်စအနီကြီးဖြင့် ပင်ကြွေရေသုတ်ရေနွေးကရားလေးပေါ်သို့ အုပ်လိုက်လေ၏ ။

ဆရာဗန္ဓကသည် ပရိသတ်များ ရှေ့တွင် ဦးညွှတ်ရင်း သူ၏ ညာဖက်လက်ကို ခါချလိုက်သည့်အခါ အင်္ကျီလက်ရှည်အတွင်းမှ တူတစ်လက်ထွက်ကျလာလေသည်။ ကြမ်းပြင်ပေါ်သို့ သံဖြင့်ပြုလုပ်ထားပြီးသစ်သားရိုးတပ်တူတစ်ချောင်းကျသွားသံမြည် ဟည်းသွားလေသည်။

တပည့်လေးစောထီးသည် အမြန်ပြေးလာကာ တူကိုကြမ်းပြင်ပေါ်မှကောက်ယူ၍ ဆရာဗန္ဓကလက်ထဲသို့ထည့်ပေးလိုက်သည်။

ဆရာဗန္ဓက,က တူကို လက်ကိုင်မှသေချာကိုင်ကာ အဝတ်စအနီကြီးဖုံးအုပ်ထားသည့်ကြွေကရားလေးဆီသို့ရွယ်လိုက်လေသည်။ ကြွေကရားလေးသည် အဝတ်စအနီအောက်တွင် ဖုကြွလျှက် ကရား၏ ရုပ်လုံးသဏ္ဍာန်ပေါ်လွင်နေပေသည်။

ဆရာဗန္ဓကသည် ကြွေကရားလေးဆီသို့ တူဖြင့်ထုချလိုက် လေ၏ ။ကြွေကရားကွဲရှသံက ထင်ထင်ရှားရှားပေါ်ထွက်လာလေသည်။ ဆရာဗန္ဓက,ကကြွေကရားလေးတစ်စစီ မှုံ့မှုံ့ညက်ညက်ကြေသွားစေ ရန်တူဖြင့်အဆက်မပြတ်ထုလျှက်ရှိလေသည်။

ထို့နောက် .အနီရောင် ပိုးသားစကြီးကိုစုစည်းကာ စားပွဲ ပေါ်မှကောက်ယူလိုက်သည်။ အနီရောင် ပိုးသားစထဲတွင် ကြွေကရားအကွဲများ ပါလာသည့်အသံကို ''တချွင်ချွင် တချွမ်ချွမ်''ဖြင့် ပရိသတ်များ ကြားလိုက်ရလေသည်။

ဆရာဗန္ဓကသည် ပိုးသားအတွင်းမှကြွေကရားအကွဲစများ ကိုလှုပ်ခါချလိုက်သည်။

ကြမ်းပြင်ပေါ်သို့ ကြွေကရားအကွဲစများ ကျမလာပါ။ကျလာသော အရာကား သက်ရှိယုန်ဖြူလေးတစ်ကောင်သာ ဖြစ်ပါသည်။

ပရိသတ်သည် အံ့သြလွန်းသော ကြောင့် တဒင်္ဂမျှ မှင်တက် တိတ်ဆိတ်နေသေးသည်။ ခဏကြာမှပင် လက်ခုပ်သံများ ဆူဆူညံအောင်ပေါ်ထွက်လာတော့၏ ။

အဆိုပါပြကွက်များ ကား မျက်လှည့်ဆရာတိုင်း မျက်လှည့်ပွဲတိုင်းတွင် ကြုံဆုံမြင်တွေ့ နိုင်သော ပြကွက်များ သာ ဖြစ်လေသည်။ဤအဆင့်မှာ .ဆရာဗန္ဓက၏ ထူးခြားသော မျက်လှည့်ပညာအတွက် အခြေခံအဆင့်သာရှိပါသေးသည်။

ဆရာဗန္ဓကသည် ပွဲကြည့်ပရိသတ်များ ကိုယ်တိုင် ပူးပေါင်းပါဝင်သော ပြကွက်များ ကိုလည်း ပြသတတ်ပါသေးသည်။

xxxxx

( ၃ )

ပွဲကြည့်ပရိသတ်ထဲမှ အမျိုးသားတစ်ဦးသည် ဆရာဗန္ဓက၏ ပြကွက်တစ်ခုကို နှစ်သက် သဘောကျကာ လက်ခုပ်လက်ဝါးတီးလိုက်သည်။ထိုစဉ် .သူ၏ အင်္ကျီအိတ်ကပ်ထဲမှ လှုပ်လှုပ်ရွရွဖြင့် ရုန်းကန်နေသည့်လှုပ်ရှားမှုကို ခံစားလိုက်ရသည့်အတွက် ထိုလူက အောက်သို့ငုံ့ကြည့်လိုက်သည်။

''အလို .အမလေး .''

ထိုလူက အလန့်တကြားအော်လိုက်လေသည်။ သူ့အော်သံ ကြောင့်ပရိသတ်၏ အကြည့်များ က ထိုလူ့ထံသို့ရောက်သွားကြလေ၏ ။ထိုအခါ .ထိုလူ့ထံမှ ထူးဆန်းသော မြင်ကွင်းကို လူအားလုံးတွေ့ မြင်လိုက်ရလေတော့သည်။

ထိုလူ၏ အင်္ကျီအိတ်ကပ်ထဲမှ မြွေတစ်ကောင်၏ ဦးခေါင်းမှာ ပြူထွက်နေလေသည်။

မြွေသည်ကြည့်နေရင်းမှာ ပင် အိတ်ကပ်ထဲမှ လျှောဆင်းလာသည်။

''မကြောက်ပါနဲ့၊ မကြောက်ပါနဲ့၊ ဆရာလာပါပြီ''

ဆရာဗန္ဓက,က ပြောရင်း ထိုသူအနားသို့လျှောက်သွားလေသည်။ထိုသူ့အိတ်ကပ်ထဲမှလျှောဆင်းလာနေသော မြွေကို သူ့လက်ဖဝါးထဲတွင် ဖမ်းယူလိုက်သည်။

ဆရာဗန္ဓကလက်ထဲသို့ မြွေရောက်သွားသည်နှင့် မြွေသည်ပန်းစည်းတစ်စည်းအသွင်ပြောင်းလဲသွားလေသည်။

ဆရာဗန္ဓက,က ပန်းစည်းကို စားပွဲပေါ်၌ ချထားလိုက်လေ၏ ။ပန်းစည်းသည် အောက်ခံအထိမ်းအကွပ်အမှီအတွယ်မရှိပဲစားပွဲပေါ်၌ တည့်တည့်မတ်မတ်တည်နေလေတော့သည်။လက်ခုပ်သံများ သော သော ညံသွားကြ၏ ။

+ + + + +

လက်ခုပ်သံများ ဖြင့် မဆုံးသေးမီ မိန်းကလေး တစ်ယောက် ၏ စူးစူးဝါးဝါးအော်သံထွက်ပေါ်လာလေသည်။

ထိုမိန်းကလေးက သူ့ဘေးမှအမျိုးသမီးကြီး တစ်ယောက် ၏ ဆံထုံးဆီသို့လက်ညှိုးထိုးပြကာ အော်နေခြင်း ဖြစ်သည်။ လူအားလုံးအကြည့်များ က မိန်းကလေးလက်ညှိုးညွှန်ပြရာသို့ရောက်သွားကြသည်။ထိုအခါ .မိန်းကလေး၏ ဘေးမှအမျိုးသမီးကြီး၏ ဆံထုံး ထဲမှခေါင်းကလေးပြူတစ်ပြူတစ်ထွက်ကာနေသော ကြွက်ဖြူလေးတစ်ကောင်ကိုမြင်လိုက်ကြရလေ၏ ။

''အန်တီ့ဆံထုံးထဲမှာ ကြွက်တစ်ကောင်''

မိန်းကလေးပြောလိုက်သည့်စကားအဆုံးမှာ ပင် ကြွက်ဖြူလေး ထံမှတကျွီကျွီအော်မြည် သံထွက်ပေါ်လာလေသည်။

သူမ၏ ခေါင်းပေါ်တွင် ကြွက်တစ်ကောင်ရောက်နေကြောင်းသိလိုက်ရသော အမျိုးသမီးကြီးမှာ အလန့်တကြားအော်လိုက်လေသည်။

''မစိုးရိမ်ပါနဲ့၊ ကြွက်ဆိုတာ ကြောင်ကိုကြောက်ရစမြဲပဲ၊ သူ့ကိုနှိမ်နင်းဖို့ ကြောင်တစ်ကောင်လွှတ်ပေးရမှာ ပေါ့''

ဆရာဗန္ဓက,က ပြောပြောဆိုဆို သူ၏ အင်္ကျီရင်ပတ်ကြားထဲသို့လက်နှိုက်လိုက်သည့်အခါ လက်ထဲတွင် ကြောင်တစ်ကောင်ပါလာလေသည်။ဆရာဗန္ဓက,က ကြောင်ကို အမျိုးသမီးကြီး၏ ခေါင်းပေါ်သို့ပစ်တင်လိုက်သည်။

ကြောင်သည် လေထဲမှာ ပင် ကြွက်ဖြူလေးကို လက်သည်းများ ကြားတွင် ညှပ်ယူလိုက်ကာ အမျိုးသမီးကြီး၏ ခေါင်းပေါ်မှကျော်လွှားသွားလိုက်သည်။

ကြောင်လက်သည်းကြားတွင် .ကြွက်ဖြူလေးပါသွားသည့်မြင်ကွင်းသည် အမျိုးသမီးကြီး၏ နောက်ကျောဖက်အရောက်တွင် ဖျတ်ကနဲပျောက်သွားလေတော့သည်။

အမှန်စင်စစ် .အထက်ပါပြကွက်များ မှာ ပဉ္စလက်ဆရာကြီးဗန္ဓကအတွက် အရိုးစင်းဆုံးသော ပြကွက်များ သာ ဖြစ်ပေသည်။ ပွဲအစပိုင်းတွင် ထိုသို့သော ပြကွက်များ ကိုကြည့်ရသော ပရိသတ်သည် ဆရာ ဗန္ဓကကိုအထူးပင် အထင်အမြင်ကြီးသွားကြမြဲ ဖြစ်လေသည်။

သို့ရာတွင် .ပွဲပြသချိန်တစ်ဝက်ကျိုး၍ ပြကွက်အသစ်များ ထပ်မံပြသသည့်အခါတွင် ကား ရှေ့ပိုင်းတွင် ပြခဲ့သော ပြကွက်များ ကိုအလွန်တရာရိုးစင်းသော ပြကွက်များ အ ဖြစ် ပရိသတ်က ထင်မြင်လိုက်မိကြပြန်သည်။

အကြောင်းမှာ .ပွဲချိန်နောက်ပိုင်းတွင် ပြသသော ပြကွက်များ ကပိုမို၍ ရင်သတ်ရှုမောအံ့သြဖွယ်ကောင်းသော ကြောင့် ဖြစ်ပါသည်။

xxxxx

( ၄ )

မျက်လှည့်ပွဲ၏ နောက်ဆုံးပိုင်းတွင် ပြသတတ်သော ပြကွက်များ ကား .စိတ်ညှို့ပညာပြကွက်များ ပင် ဖြစ်လေသည်။စိတ်ညှို့ပြကွက်ကို ဆရာဗန္ဓကသည် သူ၏ တပည့်စောထီးဖြင့်ဦးစွာ ပြသတတ်လေသည်။

''စိတ်ညှို့ပညာပြကွက်တစ်ကွက်ကို ကျွန်တော့် ရဲ့ တပည့်လေးနဲ့ဦးစွာ ပြသမှာ ဖြစ်ပါတယ်၊ ကျွန်တော့်ရဲ့ တပည့်လေးစောထီးကို အိပ်မွေ့ ချပြီးမြေပြင်ကနေ အထက်ကိုမြောက်တက်သွားအောင် စိတ်ညှို့အမိန့်ပေးမှာ ဖြစ်ပါတယ်၊ စိတ်ညှို့ပြကွက်ကို ကျွန်တော့် ရဲ့ လက်ရင်းတပည့်နဲ့ဦးစွာ ပြသတာ အကြောင်းရှိပါတယ်၊ စိတ်ညှို့စေခိုင်းခံရခြင်းဟာ အပြင်ပန်းကကြည့်ရင် စိတ်နှလုံးတုန်လှုပ်ဖွယ်ကောင်းလှပါတယ်၊ ဒါ့ကြောင့်ပရိသတ်များ ထဲက ဖိတ်ခေါ်ခြင်းမပြုသေးပဲ နမူနာအ ဖြစ် ဦးစွာ ပြသတာ ဖြစ်ပါတယ်၊ ကျွန်တော့် တပည့်လေးနဲ့ စိတ်ညှို့အိပ်မွေ့ချတဲ့ပြကွက်ကိုစိတ်ဝင်စားရင်တော့ ဆက်လက်ပြသမယ့်ပြကွက်များ အတွက် ပရိသတ် ထဲကစိတ်ပါဝင်စားသူများ ကိုယ်တိုင်ပါဝင်ပြီး စိတ်ညှို့ခံ စမ်းသပ်နိုင် ပါတယ်ခင်ဗျား၊ကဲ- ပြောနေကြာတယ်၊ စိတ်ညှို့အိပ်မွေ့ချပြီး အမိန့်ပေး စေခိုင်းတယ်ဆိုတာဘယ်လိုမျိုးလဲသိရအောင် .တပည့်ရေ . ဆရာတို့ရဲ့ စိတ်ညှို့ပြကွက်ကိုစကြစို့ဟေ့ .''

စောထီးက ပရိသတ်ရှေ့မှော က်သို့ထွက်လာသည်။

ဆရာဗန္ဓက,က လက်ဟန်ဖြင့်ပြလိုက်ရာ .စောထီးသည်စားပွဲပေါ်တွင် ပက်လက်လှန်၍ လှဲချလိုက်လေသည်။ဆရာဗန္ဓက,က စောထီး၏ ဦးခေါင်းမှခြေဖျားအဆုံး လက်ဖြင့်သပ်ကာ နှုတ်မှလည်း ပရိသတ်ကြားအောင် တတွတ်တွတ်ပြောနေလေသည်။

''မင်းဟာ အခုအချိန်ကစပြီး အိပ်ပျော်သွားရမယ်၊ နှစ် နှစ် ချိုက်ချိုက်အိပ်ပျော်သွားရမယ်၊ အိပ်ပျော်ပြီးနောက်ပိုင်း ဆရာခိုင်းစေသမျှအမိန့်ကိုနာခံရမယ်၊ ဆရာက အိပ်ရာကနိုးစေမှ မင်းနိုးထရမယ်၊ ကဲအိပ်တော့.အိပ်တော့ .အိပ်ပေတော့ .''

ဆရာဗန္ဓက,က စောထီးကိုယ်ပေါ်မှ လက်ဖြင့်သပ်၍ သပ်၍ ထိုစကားများ ကိုပင် သုံးကြိမ်သုံးခါတိတိ ပြောဆိုပြီးသည့်အခါ . စောထီးသည်နှစ် နှစ် ချိုက်ချိုက်အိပ်ပျော်သွားလေတော့သည်။

ထို့နောက် ဆရာဗန္ဓက,က ဆက်လက်အမိန့်ပေးလေသည်။

''မင်း အိပ်ပျော်သွားပြီ၊ မင်းကိုယ်ခန္ဓာဟာ ကြောင်တစ်ကောင်ထက်ပေါ့ပါးသွားပြီ၊ ဝါဂွမ်းဖတ်တစ်ခုလို ပေါ့ပါးသွားပြီ၊ မမြင်ရတဲ့ လေထုလို ပေါ့ပါးသွားပြီ၊ ဒါကြောင့်မင်းဟာ မင်းကိုယ်ခန္ဓာကို လေထဲမှာ မြောက်တက်လာအောင် လုပ်ဆောင်နိုင်ပြီ၊ မြောက်တက်လာစမ်း၊ မြောက်တက်လာစမ်း၊ မင်းခန္ဓာကိုယ် လေထဲမှာ မြောက်တက်လာစမ်း''

ဆရာဗန္ဓက အထပ်ထပ်ပြောကြားလိုက်သည့်အခါ စောထီး၏ ခန္ဓာကိုယ်သည် စားပွဲပေါ်မှ အနည်းငယ်မြောက်တက်လာလေသည်။

''ဟယ် .''

ပရိသတ်ထဲမှ ရင်သတ်ရှုမောသော အသံများ ထွက်ပေါ်လာ လေ၏ ။လူ တစ်ယောက် ၏ ခန္ဓာကိုယ်သည် အထောက်အကူ အပင့်အမ မပါပဲလေထဲဝဲနေဖို့ဆိုသည်မှာ မ ဖြစ်နိုင်သော အရာပင်မဟုတ်ပါလား။မ ဖြစ်နိုင်သော အရာကို မျက်လှည့်ပွဲကြည့်ပရိသတ်များ မျက်ဝါးထင်ထင်မြင်တွေ့ လိုက်ရလေပြီ။

ဆရာဗန္ဓက,က ဆက်လက်အမိန့်ပေးနေလေသည်။

''ဟုတ်ပြီ၊ ဟုတ်ပြီ၊ မြောက်တက်စမ်း၊ မြောက်တက်စမ်း၊ လေထဲမှာ ဝါဂွမ်းဆိုင်တစ်ခုလို ပေါ့ပေါ့ပါးပါးနဲ့မြောက်တက်လာလိုက် စမ်း''

ဆရာဗန္ဓက၏ အမိန့်အတိုင်း စောထီး၏ ခန္ဓာကိုယ်မှာ လေထဲ တွင် တစတစမြောက်တက်လာလျှက်ရှိလေသည်။

အစပိုင်းတွင် ကြွသည်ဆိုရုံလေး၊ ထို့နောက် .တစ်လက်မ၊နှစ် လက်မ။ ထိုမှ .တစ်ပေ၊ နှစ် ပေ။

စောထီးသည် စားပွဲနှင့်လုံးလုံးကင်းလွတ်ကာ လေဟာနယ် ထဲ၌ ပက်လက်အနေအထားဖြင့် တဖြည်းဖြည်းမြောက်တက်လျှက်ရှိ လေပြီ။ပရိသတ်သည် အံ့အားသင့်စွာ ငေးစိုက်ကြည့်လျှက်ရှိသည်။မျက်လှည့်ပွဲပီပီ စောထီးခန္ဓာကိုယ်ကို မမြင်ရသော ကြိုးများ ဖြင့်ဆိုင်းထားလေသလား။ တွေးသူက တွေးမိလေသည်။မည် သို့ဆိုစေ .ပရိသတ်မျက်မြင်၌ စောထီးဆိုသော လူသားတစ်ဦးသည် မည် သည့်အမှီအတွယ်မျှမပါပဲ လေထဲတွင် မြောက်တက်ဝဲပျံနေသည်ကတော့ အမှန်ပါပင်။

လေထဲတွင် မြောက်တက်လျှက် တည်ငြိမ်စွာ ရပ်တည်နေခြင်းလည်းမဟုတ်။ ဆရာဗန္ဓကအမိန့်ပေးသည့်အတိုင်း အထက်ဖက်သို့ တစတစထိုးတက်လျှက်ရှိလေသည်။

နောက်ဆုံး၌ စောထီး၏ ခန္ဓာကိုယ်သည် အဆောက်အအုံ၏ မျက်နှာကျက်ကိုထိမိသည်အထိ မြောက်တက်လျှက်ရှိလေသည်။ ပက်လက် ဖြစ်နေသော စောထူးခန္ဓာကိုယ်မှာ ဝမ်းဗိုက်၊ ခြေဖျား၊ မျက်နှာ တို့သည်မျက်နှာကျက်နှင့် သွားရောက်ထိအပ်မိသည်အထိ မြောက်တက် လျှက်ရှိပေပြီ။ဆရာဗန္ဓက,က ထပ်မံ၍ အမိန့်ပေးလိုက်သည်။

''စောထီး .ဆင်းခဲ့တော့၊ ပြန်ဆင်းခဲ့တော့၊ မင်းခန္ဓာကိုယ် ကိုအောက်ကိုပြန်နိမ့်ပြီးဆင်းခဲ့တော့''

ဆရာဗန္ဓကအမိန့်ပေးလိုက်သည်နှင့် မျက်နှာကျက်နှင့်ထိပြီးတန့်နေသော စောထီးကိုယ်မှာ အောက်ဖက်သို့ တရွေ့ရွေ့နိမ့်ဆင်းလာလေသည်။ အပေါ်သို့တက်သွားသည့်နှုန်းအတိုင်း အောက်သို့ တဖြည်းဖြည်းပြန်ကျလာခြင်း ဖြစ်ပေ၏ ။

နောက်ဆုံးတွင် စားပွဲနှင့်ထိကာ စားပွဲပေါ်တွင် ပက်လက်လှန်ရက်အနေအထားအတိုင်းပြန် ဖြစ်သွားသည်။

ဆရာဗန္ဓက,က အိပ်မွေ့ချစဉ်ကအတိုင်း စောထီးကိုယ်ပေါ်တွင် သူ့လက်နှစ် ဖက်ကို အထက်အောက်ဝဲကာ အမိန့်ပေးလိုက်ပြန်၏ ။

''ထတော့ .ထတော့ .မင်းပြန်ထတော့၊ အိပ်နေရာက ပြန်နိုးပေတော့''

အမိန့်ပေးသံဆုံးသည်နှင့် စောထီးသည် ဟင်းကနဲသက်ပြင်းချလိုက်ကာ မျက်လုံးများ ကိုဖွင့်ကြည့်လိုက်သည်။ ထထိုင်လိုက်သည်။ထို့နောက် စားပွဲပေါ်မှဆင်းကာ ပရိသတ်ကို ဦးညွှတ်အရိုအသေပေးလိုက်လေသည်။

+ + + + +

''စိတ်ညှို့ပညာပြကွက်ရဲ့ နမူနာကတော့ ဒီမျှပါပဲခင်ဗျား၊ပရိသတ်ထဲက စိတ်ညှို့ခံစမ်းသပ်လိုသူများ ရှိပါက ဖိတ်ခေါ်ပါတယ်၊ကျွန်တော့် တပည့်လေးစောထီးရဲ့ စိတ်ညှို့ခံအတွေ့ အကြုံကို သိချင်ပါရင်လည်း မေးမြန်းနိုင်ပါတယ်''

ဆရာဗန္ဓက,က ပရိသတ်ကိုပန်ကြားလိုက်လေသည်။အသက်အစိတ်အရွယ်မိန်းကလေး တစ်ယောက် က ပရိသတ်ထဲမှထရပ်လိုက်သည်။ ပြပွဲရှေ့ကို လျှောက်ထွက်လာသည်။

''ကျွန်မစိတ်ညှို့ခံချင်ပါတယ်ဆရာကြီး၊ ကျွန်မကို သူနဲ့မတူတဲ့တခြားနည်းတစ်ခုနဲ့စိတ်ညှို့ပေးပါ''

''မိန်းကလေး မင်းအနေနဲ့ ဆရာ့ရဲ့ ပညာကိုစမ်းသပ်ရုံသက်သက်စိတ်ညှို့ခံမယ်ဆိုရင်တော့ အောင်မြင်ဖို့ခဲယဉ်းလိမ့်မယ်၊ မင်းအနေ နဲ့ဆရာ့ကိုရော ဆရာ့ပညာကိုပါ ယုံကြည်ထားဖို့လိုတယ်၊ ဆရာ့ကို လည်းလေးစားသမှုရှိဖို့လိုတယ်၊ ဒါမှသာ စိတ်ညှို့ခံလုပ်ရပ်ဟာ အောင်မြင်မှာ ကွဲ့''

''ကျွန်မ ဆရာကြီးရဲ့ စိတ်ညှို့ပညာကိုရော ရှေ့ပိုင်းမှာ ပြခဲ့တဲ့မျက်လှည့်ပညာတွေ အားလုံးကိုပါ ယုံကြည်လို့ ကိုယ်တိုင်အစမ်းသပ်ခံကြည့်ချင်တာပါ၊ ဆရာကြီးကိုလည်း လေးစားပါတယ်ဆရာကြီး''

''ဒါဖြင့်ကောင်းပြီ၊ မင်းကမိန်းကလေး ဖြစ်နေတော့ ကာဣနြေ္ဒပျက်ယွင်းမယ့်ပုံစံမျိုးနဲ့မင်းကိုစမ်းသပ်လို့ မကောင်းပေဘူး၊ သည်တော့ ကာမင်းကိုမတ်တပ်ရက်ပုံစံအတိုင်း စိတ်ညှို့ပေးမယ်၊ ကဲ- ဆရာနဲ့မျက်နှာချင်းဆိုင်အနေအထား ဖြစ်အောင်လှည့်ပေတော့''

မိန်းကလေးက ဆရာဗန္ဓကနှင့်မျက်နှာချင်းဆိုင် ဖြစ်အောင်လှည့်လိုက်သည်။

''မိန်းကလေး .ဆရာ့မျက်လုံးထဲကိုကြည့် .ကြည့်၊ ဆရာ့ကိုကြည့်၊ မင်းဟာ ဆရာအမိန့်ပေးသမျှနာခံရမယ်၊ ဆရာပြော သလိုလုပ်ရမယ်၊ မိန်းကလေး မင်းအိပ်ချင်လာပြီ၊ မင်းအိပ်ချင်လာပြီ၊ မင်းအိပ်တော့၊အိပ်တော့၊ အိပ်လိုက်တော့ .''

အစမ်းသပ်ခံမိန်းကလေးသည် တဖြည်းဖြည်း မျက်ကြောများ စင်းလာကာ မတ်တပ်ရပ်လျှက်မှပင် အိပ်ပျော်သွားလေသည်။ထို့နောက် ဆရာဗန္ဓကဆက်လက်အမိန့်ပေးသော စကားများ မှာ မိန်းကလေးကြားလောက်ရုံသာရှိပေတော့သည်။ ပွဲကြည့်ပရိသတ် သည်ဆရာဗန္ဓကပြောသော စကားများ ကို ပီပြင်စွာ မကြားရတော့ပေ။ပရိသတ်အဖို့ သူတို့မြင်ကွင်းရှေ့တွင် ဖြစ်လာသော အပြောင်းအလဲကိုသာ မြင်တွေ့ ရလေတော့၏ ။ ပြောင်းလဲလာသော အ ဖြစ်အပျက်မှာ လည်း အံ့သြဖွယ်ကောင်းလှပေသည်။

အစမ်းသပ်ခံမိန်းကလေးသည် မတ်တပ်ကြီးအိပ်ပျော်နေလျှက် မှခြေထောက်များ သည် ကြမ်းပြင်မှကြွတက်လာလေသည်။ တဖြည်းဖြည်းဖြင့်ကြမ်းပြင်မှတစ်ပေခန့်အထိပင် ကြွတက်လာခဲ့လေသည်။ လေထဲတွင် တွဲ လောင်းကြီးမတ်တပ်ရက်လျှက်ရှိနေပြီ။

စောထီးနှင့်စိတ်ညှို့ပြစဉ်က မမြင်ရသော ကြိုးများ ဖြင့်ဆိုင်းထားခြင်း ဖြစ်လိမ့်မည် ဟု သံသယဝင်ခဲ့ကြသော ပရိသတ်သည် ယခုအခါတွင် မူသံသယရှင်းသွားကြလေပြီ။ အစမ်းသပ်ခံမိန်းကလေးမှာ ပရိသတ်ထဲမှ တစ်ယောက် သာ ဖြစ်သည်။ ဆရာဗန္ဓကနှင့်ကြိုတင်ဇာတ်တိုက်ထားသူတစ်ဦးမဟုတ်ပါ။

ပရိသတ်သည် အံ့သြစွာ ကြည့်နေစဉ်မှာ ပင် ပိုမိုထူးဆန်းသော မြင်ကွင်းကိုမြင်တွေ့ လိုက်ရလေ၏ ။

ဆရာဗန္ဓက,က တစ်စုံတစ်ခုကိုရေရွတ်ပြောဆိုလိုက်သည်။စကားဆုံးသည်နှင့် အစမ်းသပ်ခံမိန်းကလေး၏ ခန္ဓာကိုယ်သည်တစ်ပတ်လည်သွားလေသည်။ ဆရာဗန္ဓကနှင့်မျက်နှာချင်းဆိုင်နေရာမှမတ်တပ်ရပ်လျှက်အနေအထားအတိုင်း လည်သွားခြင်း ဖြစ်သည်။ထို့နောက် .နောက်တစ်ဖန် တစ်ပတ်ထပ်လည်ပြန်သည်။လူ တစ်ယောက် ကို လေထဲတွင် မတ်တပ်ရပ်နေရင်းမှ တစ်ပတ်ပြီးတစ်ပတ်လည်နေသော ပြကွက်ကို ပွဲကြည့်ပရိသတ်သည် မျက်တောင်မခတ်၊ အသက်မရှူပဲ ငေးကြည့်နေမိကြလေ၏ ။

မိန်းကလေး၏ လည်ပတ်မှုမှာ တစတစမြန်ဆန်လာလေသည်။တဖြည်းဖြည်းဖြင့် မြန်ဆန်လာရာ ပန်ကာဒလက်များ လည်ပတ်နှုန်းအထိပင်မြန်ဆန်လာခဲ့လေ၏ ။

ထို့နောက်တွင် တော့ .မွှတ်နေအောင်လည်ပတ်နေသော မိန်းကလေးကို ရုပ်လုံးပီပြင်စွာ ပင်မမြင်ရတော့ပေ။အစမ်းသပ်ခံမိန်းကလေး၏ လည်ပတ်မှုမှာ မြန်ဆန်လွန်းသော ကြောင့် ရိပ်ကနဲ ရိပ်ကနဲသာ မြင်ရပေတော့၏ ။ထိုမြင်ကွင်းကို သုံးမိနစ်မျှ ပရိသတ်များ မြင်တွေ့ လိုက်ရလေသည်။ဆရာဗန္ဓက,က ညာဖက်လက်ကိုဆန့်တန်းကာ နှုတ်မှတဖွဖွရေရွတ်လိုက်ပြန်သည်။

မိန်းကလေး၏ လည်ပတ်မှုမှာ တစစဖြင့် နှေးကွေးသွားလေ၏ ။နောက်ဆုံးတွင် လည်ပတ်မှုရပ်သွားသည်။

ဆရာဗန္ဓကနှင့်မျက်နှာချင်းဆိုင်အနေအထားအတိုင်း ရပ်တန့်သွားခြင်း ဖြစ်လေသည်။

မိန်းကလေးမှာ အိပ်မောကျနေဆဲပင် ဖြစ်သည်။ဆရာဗန္ဓက,က မိန်းကလေးကိုနှိုးလိုက်သည်။

''ထတော့ .ထတော့ .မိန်းကလေး၊ မင်းပြန်ထတော့၊ အိပ်နေရာကပြန်နိုးပေတော့''

အမိန့်ပေးသံဆုံးသည်နှင့် မိန်းကလေးသည် ဟင်းကနဲသက်ပြင်းချလိုက်ကာ မျက်လုံးများ ကိုဖွင့်ကြည့်လိုက်လေသည်။

''မင်း အိပ်မောကျနေတုံးမှာ ဘာတွေ လုပ်ခဲ့သလဲဆိုတာ သတိရသလားမိန်းကလေး''

ဆရာဗန္ဓက,က ပရိသတ်အားလုံးကြားအောင် မေးလိုက်ခြင်း ဖြစ်လေသည်။

''ဟုတ်ကဲ့၊ ကျွန်မသတိရပါတယ်ဆရာကြီး၊ ကျွန်မတစ်ကိုယ်လုံးဟာ ဆရာကြီးအမိန့်ပေးလိုက်တဲ့အတိုင်း မွှတ်နေအောင်လည်နေခဲ့တယ်လေ၊ ကျွန်မခြေထောက်တွေ ဟာ ကြမ်းပြင်နဲ့မထိဘူး၊ ကြမ်းပြင်ပေါ်ကကြွတက်ပြီး ကျွန်မဟာ လေထဲမှာ အပတ်ပေါင်းများ စွာ လည်ပတ်နေခဲ့ပါတယ်ဆရာကြီး''

ဆရာဗန္ဓကသည် ပရိသတ်ဖက်သို့မျက်နှာလှည့်လိုက်လေ၏ ။

''ကိုင်း- ဒီမိန်းကလေးရဲ့ အတွေ့ အကြုံတွေ ကို မေးမြန်းချင်ပါ က မေးမြန်းနိုင်ပါတယ်၊ ကျုပ်ကိုလည်း ခေတ္တအနားယူဖို့ခွင့်ပြုစေချင်ပါတယ်၊အားလပ်ချိန်ဆိုပါတော့၊ ပြီးရင် အိပ်မွေ့ချအစမ်းသပ်ခံလိုသူများ ကိုမတူညီတဲ့ပြကွက်များ နဲ့ အိပ်မွေ့ချပေးပြီး ဖျော်ဖြေပါဦးမယ်၊ကျေးဇူးတင်ပါတယ်ခင်ဗျား''

+ + + + +

ပရိသတ်အချို့က အစမ်းသပ်ခံမိန်းကလေးရှိရာသို့ ဝိုင်းလာကြလေသည်။

''ဆရာကြီးအိပ်မွေ့ချလိုက်တဲ့အချိန်မှာ တကယ်အိပ်မောကျသွားတာလား''

''အိပ်မောကျနေတဲ့အချိန်မှာ ဖြစ်တဲ့အ ဖြစ်တွေ ကို ဘာ ဖြစ်လို့မှတ်မိနေရတာ လဲ''

''မင်းခန္ဓာကိုယ်ကြီး လေထဲမှာ လွင့်မျောနေချိန်မှာ မင်းမကြောက်ဘူးလား''

''မင်းကို တစ်ယောက် ယောက် ကချီပွေ့ပြီး လိုသလိုလုပ်ဆောင်နေတာမျိုးမ ဖြစ်နိုင်ဘူးလား''

မိန်းကလေးကိုမေးမြန်းလိုက်သော မေးခွန်းများ က စုံလင်လှပေတော့သည်။

''ကျွန်မစိတ်ညှို့ခံနေစဉ်မှာ ဆရာကြီးကိုပဲ ကျွန်မတစ်ကိုယ်လုံးပုံအပ်ထားခဲ့ပါတယ်၊ ဆရာကြီးကိုပဲ ယုံကြည်စိတ်ချစွာ နဲ့ ဆရာကြီးအမိန့်အတိုင်းလိုက်နာခဲ့ပါတယ်၊ အဲဒီ ယုံကြည်ချက်ကြောင့်ပဲ ကျွန်မဟာ ဆရာကြီးစိတ်ညှို့အိပ်မွေ့ချပြီး အမိန့်ပေးတဲ့အတိုင်း အလွယ်တကူ ဖြစ်မြောက်သွားတယ်လို့ ယုံကြည်ပါတယ်ရှင်''

အစမ်းသပ်ခံမိန်းကလေးက မေးခွန်းများ အားလုံးကို စုပေါင်းဖြေဆိုလိုက်လေသည်။

xxxxx

( ၅ )

မျက်လှည့်ပွဲ၏ ဒုတိယပိုင်းစတင်ပေပြီ။ဆရာဗန္ဓက,က စိတ်ညှို့ခံစမ်းသပ်မည့် သူကို ပရိသတ်ထဲမှဖိတ်ခေါ်လိုက်ရာ လူငယ်တစ်ဦးထွက်လာလေသည်။

''ကျွန်တော် စိတ်ညှို့ခံပါမယ်ဆရာကြီး''

ထိုသူမှာ ရဲလင်းထွဋ်ဆိုသော လူငယ်လေး ဖြစ်ပေသည်။ရဲလင်းထွဋ်သည် ဆရာဗန္ဓက၏ မျက်လှည့်ပြပွဲများ ကိုကြည့်ခဲ့ဖူးသည်မှာ သုံးကြိမ်ရှိပါပြီ။ စိတ်ညှို့ပြကွက်များ ကိုလည်း ပွဲတိုင်းတွင် မြင်တွေ့ ခဲ့၍ အလွတ်ရနေပြီး ဖြစ်သည်။ သို့သော် .ကိုယ်တိုင်တော့တစ်ကြိမ်တစ်ခါမျှ စိတ်ညှို့မခံဖူးသေးချေ။

ရဲလင်းထွဋ်က မျက်လှည့်ပညာကိုဝါသနာပါ၍ မျက်လှည့်ပွဲများ ကိုမလွတ်တမ်းကြည့်ရှုရာမှ ဆရာဗန္ဓက၏ ပွဲကိုစွဲလမ်းသွားကာ တတိယအကြိမ်မြောက်ကြည့်ရှုခြင်းပင် ဖြစ်လေသည်။ သူသည် အခါအခွင့်သင့် ပါကဆရာဗန္ဓကထံတွင် တပည့်ခံပြီး မျက်လှည့်ပညာသင်ယူရန်အထိစိတ်ကူးထားသူ ဖြစ်ပါသည်။

တတိယအကြိမ်မြောက်ကြည့်ရှု ဖြစ်သည့် ဤပွဲမှာ တော့ .ရဲလင်းထွဋ်က ဆရာကြီးနှင့်ရင်းနှီးမှုရစေရန် ကိုယ်တိုင်စိတ်ညှို့ခံဖို့ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်လေသည်။

ဆရာဗန္ဓကသည် သူ၏ ပဉ္စလက်ပြပွဲကို ဧည့်သည်ငါးဆယ်အထိသာဖိတ်ကြားပြသမြဲ ဖြစ်ရာ ရဲလင်းထွဋ်ကို ယခင်ပွဲများ တွင် ကြည့်ရှုခဲ့ဖူးသည့်ပရိသတ်တစ်ဦး ဖြစ်ကြောင်း မှတ်မိလိုက်လေသည်။ဆရာဗန္ဓက၏ စိတ်ညှို့အိပ်မွေ့ချပြကွက် စတင်ပေပြီ။

ဆရာဗန္ဓက,က ရဲလင်းထွဋ်ကိုအိပ်မွေ့ချရာတွင် ရှေ့ကမိန်းကလေးကို အိပ်မွေ့ချခဲ့သည့်ပုံစံအတိုင်း မတ်တပ်ရပ်ရက်သားမှ စိတ်ညှို့ ကာအိပ်ပျော်သွားအောင် အိပ်မွေ့ချလိုက်၏ ။

ရဲလင်းထွဋ် မတ်တပ်ရပ်ရက်အနေအထားမှပင် အိပ်ပျော်သွားလေသည်။ ဆရာဗန္ဓက၏ အမိန့်များ က အိပ်မောကျနေသော ရဲလင်းထွဋ်၏ မသိစိတ်တွင် လွှမ်းမိုးသွားလေသည်။

ရဲလင်းထွဋ်၏ ခန္ဓာကိုယ်သည် ကြမ်းပြင်မှတစ်ပေခန့်အထိ မြောက်တက်လာသည်။ထို့နောက် နာရီလက်တံလည်ပတ်ပုံအတိုင်း လကျာ်ရစ်ပုံစံဖြင့်ဖြည်းညင်းစွာ စတင်လည်ပတ်လေသည်။ တဖြည်းဖြည်းဖြင့်မြန်ဆန်လာ သည်။ဆရာဗန္ဓကသည် ရဲလင်းထွဋ်ကိုစိုက်ကြည့်ကာ အာရုံပြုလျှက်မပြတ်အမိန့်ပေးနေသည်။

ရဲလင်းထွဋ်၏ ခန္ဓာကိုယ်သည် လည်ပတ်နေရာမှ ဘေးဖက်သို့တဖြည်းဖြည်းရွေ့သွားလေသည်။ သူ၏ ခန္ဓာကိုယ်သည် ကြမ်းပြင်မှကင်းလွတ်ကာ လည်ပတ်ရင်း ပွဲကြည့်ပရိသတ်အတွင်း လှည့်လည်သွားလာလျှက်ရှိလေသည်။

ထိုအတွင်း၌ ဆရာဗန္ဓကသည်လည်း ရဲလင်းထွဋ်နှင့်မနီးမဝေးတွင် လိုက်ပါလာလျှက်ရှိပေသည်။

ငါးမိနစ်မျှလှည့်လည်ပြီးသည်တွင် ဆရာဗန္ဓက,က ရဲလင်းထွဋ်ကို ပွဲခင်းထိပ်ဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ သူသည် ရဲလင်းထွဋ်ခန္ဓာကိုယ်ကို မပြတ်စိုက်ကြည့်ရင်းမှ အာရုံပြုအမိန့်ပေးနေခြင်း ဖြစ်သည်။ပြခန်းထိပ်သို့အရောက်တွင် ဆရာဗန္ဓက,က ရဲလင်းထွဋ်၏ လည်ပတ်မှုကိုရပ်တန့်စေကာ အိပ်စက်နေရာမှ ပြန်လည်နှိုးလိုက်လေသည်။

ရဲလင်းထွဋ်သည် မတ်တပ်ရက်လျှက်အနေအထားအတိုင်း ပြန်လည်နိုးထလာလေ၏ ။ သူက တစ်ချက်သန်းဝေရင်း အခန်းပတ်လည်ကိုလှည့်ကြည့်လိုက်သည်။

ထို့နောက် .ရဲလင်းထွဋ်သည် သူ့ကိုသူမဟန်နိုင်ပဲ ကြမ်းပြင် ပေါ်ပုံလဲကျသွားလေတော့၏ ။

''ဟယ် .''

''အို .''

''ဟင် .''

ပွဲကြည့်ပရိသတ်ထဲမှ အာမေဋိတ်သံများ ထွက်ပေါ်လာလေ၏ ။''မစိုးရိမ်ကြပါနဲ့၊ အိပ်မောကျနေရက်က အခန်းတစ်ခန်းလုံးကိုလှည့်ပတ်သွားလိုက်ရလို့ ခြေကုန်လက်ပန်းကျသွားတာပါ''ဆရာဗန္ဓက,က အားလုံးကြားအောင်ပြောလိုက်လေသည်။ဆရာဗန္ဓက၏ တပည့်လေး စောထီးက ပြေးထွက်လာကာကြမ်းပြင်ပေါ်လဲကျနေသော ရဲလင်းထွဋ်ကို ပခုံးမှပွေ့ကာ သတိပြန်လည်အောင်ပြုစုပေးနေလေသည်။ရဲလင်းထွဋ်သည် ခဏချင်းမှာ ပင် သတိပြန်လည်လာလေ၏ ။

သူက စောထီးရင်ခွင်ထဲမှထလိုက်သည်။ဆရာကြီးကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ထို့နောက် . ပွဲကြည့်ပရိသတ်ဖက်သို့လှည့်၍ အရိုအသေပေးလိုက်ပြန်လေသည်။

''ဆရာကြီးခင်ဗျား၊ ဆရာကြီးရဲ့ ပဉ္စလက်ပညာကို ကျွန်တော် အကြွင်းမဲ့ယုံကြည် သွားပါပြီ၊ ဆရာကြီးကိုလည်း ရှေးကထက်ပိုပြီးလေးစားမိပါတယ်၊ ကျွန်တော့် ကို ဆရာကြီးရဲ့ တပည့်အ ဖြစ်သတ်မှတ်ပြီးဆရာကြီးရဲ့ ပညာများ ကို သင်ယူခွင့်ပေးပါခင်ဗျား''

ရဲလင်းထွဋ်က အလေးအနက်ပြောကြားလိုက်လေသည်။ထိုစဉ် ...ပရိသတ်ထဲမှလူတစ်ဦး ရှေ့သို့ထွက်လာကာဆရာဗန္ဓကအား မေးခွန်းတစ်ခုမေးလိုက်လေသည်။

''ဆရာဗန္ဓကခင်ဗျား .ဆရာရဲ့ စိတ်ညှို့ပဉ္စလက်ပြကွက် ဟာရင်သတ်ရှုမောအံ့သြဖွယ်ကောင်းလှပါတယ်၊ ကျွန်တော် မေးခွန်း တစ်ခုမေးပါရစေခင်ဗျား''

''မေးပါမိတ်ဆွေ''

''ဆရာ့ရဲ့ စိတ်ညှို့အိပ်မွေ့ချပြကွက်များ ကို ကျွန်တော် တို့ တဝကြီးကြည့်ခဲ့ရပြီးပါပြီ၊ ကျွန်တော် မေးချင်တာက ဆရာ့ရဲ့ အမိန့်အတိုင်းလုပ်ဆောင်နေရတဲ့စိတ်ညှို့ခံသူဟာ သူ့အလိုလို စိတ်ညှို့ခံရာက ရုန်းထွက်ပြီးနိုးထလာလို့ရပါသလား၊ ဆရာကိုယ်တိုင် သူ့ကိုအိပ်မွေ့ချရာ မှနိုးထလာအောင်ပြန်နှိုးပေးမှ နိုးလာနိုင်တာလား၊ သိပါရစေ''

''မိတ်ဆွေ၊ အိပ်မွေ့ချခံသူဟာ ကျုပ်ရဲ့ အမိန့်သြဇာအောက်မှာ လုံးလုံးတည်ရှိနေပါတယ်၊ သူအိပ်မောကျနေသမျှ ကျုပ်ရဲ့ အမိန့်သြဇာ အတိုင်းလုပ်ဆောင်ရပါတယ်၊ သူ့ကို ကျုပ်ကိုယ်တိုင်ပြန်မနှိုးသမျှနိုးထလာမှာ မဟုတ်ပါဘူး''

ဆရာဗန္ဓက,က ဖြေဆိုလိုက်လေသည်။နောက်ထပ်ဧည့်သည် တစ်ယောက် က မေးခွန်းတစ်ခုမေးလိုက်ပြန်လေ၏ ။

''ဆရာ့ရဲ့ စိတ်ညှို့ပြကွက်ဟာ လူကိုအိပ်မောကျစေပြီး လေထဲ မှာ ဈာန်ကြွသလိုလွင့်မျောနေတဲ့ပြကွက်မျိုးပဲ ပြလို့ရသလားခင်ဗျ၊ တခြားပြကွက်များ ကိုရော စိတ်ညှို့ပြီး ပြသနိုင်ပါသေးသလား''

''ကျုပ်ပြခဲ့တဲ့ ယခုပြကွက်များ အားလုံးဟာ မျက်လှည့်သက်သက်မဟုတ်ဘူးဆိုတာ အားလုံးသဘောပေါက်ကြမှာ ပါ၊ မျက်စိကို လှည့်စားရုံသက်သက်လုပ်ထားတဲ့အစီအစဉ်တွေ မဟုတ်ပါဘူး၊ ဒါကို ရှင်းစေ ချင်လို့ကျုပ်က ပရိသတ်ထဲက အစမ်းသပ်ခံမယ့်သူများ ကိုဖိတ်ခေါ်ပြီးပြသခြင်းလည်း ဖြစ်ပါတယ်၊ ကျုပ်ရဲ့ ပြကွက်များ ဟာ ရှေးဟောင်း မှော်ပဉ္စလက်ကျမ်းများ ထဲက နည်းနမူနာယူပြီး တင်ဆက်ခြင်း ဖြစ်ပါတယ်၊လူကိုသဘာဝ ထက်လွန်ကဲအောင်အမိန့်ပေးရတာ မို့ ခက်ခဲသလို နက်နဲလှတဲ့ပညာရပ်လည်း ဖြစ်ပါတယ် .

''လတ်တလောမှာ ကျုပ်အနေနဲ့ လူကို လေထဲဝဲစေတဲ့ စိတ်ညှို့နည်းတစ်မျိုးကိုသာ အမိန့်ပေးနိုင်ပါသေးတယ်၊ ရှေးဟောင်းပဉ္စလက်ကျမ်းကြီးကို လေ့လာနေဆဲ ဖြစ်ပါတယ်၊ ကျမ်းထဲမှာ ပါဝင်တဲ့ပညာရပ်များ ဟာများ စွာ ကျယ်ဝန်းလှပါတယ်၊ အခုတော့ လေ့လာနေဆဲမို့ မိတ်ဆွေတို့မြင်ရတဲ့ပြကွက်များ နဲ့သာ ဖျော်ဖြေတင်ဆက်နိုင်ပါသေးတယ် .

''ပဉ္စလက်ကျမ်းကြီးကိုဆက်လက်လေ့လာဆည်းပူးပြီးရင်တော့ဒါ့ထက်ဆန်းကြယ်တဲ့ပြကွက်တစ်ခုကို ပြသနိုင်မှာ ဖြစ်ပါတယ်၊ အဲဒါကတော့စိတ်ညှို့အိပ်မွေ့ချပြီး လူရဲ့ ခန္ဓာကိုယ်ကို ပျောက်ကွယ်သွားအောင် ပြသမယ့်ကိုယ်ပျောက်ပြကွက်ပဲ ဖြစ်ပါတယ် .

''ရှေ့လာမယ့်ပြပွဲများ မှာ ကိုယ်ပျောက်ပြကွက်ကိုပြသသွားနိုင်ဖို့ကျုပ်အနေနဲ့ကြိုးစားနေတယ်ဆိုတာကို ကြေငြာရင်းနဲ့ အသိပေးလိုက်ပါရစေ။

''မကြာမီမှာ - ကျုပ် - ဆရာဗန္ဓကရဲ့  ပဉ္စလက်ပြပွဲများ မှာ လူကိုကိုယ်ပျောက်နိုင်အောင် စိတ်ညှို့ စေခိုင်းတဲ့ပြကွက်ကို ထည့်သွင်းပြသသွားမှာ ဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်ခင်ဗျား''

xxxxx

အပိုင်း(၂)

( ၁ )

ရဲလင်းထွဋ်၏ နေအိမ်။

ရဲလင်းထွဋ်နေသော အိမ်မှာ ကျယ်ဝန်းသော ခြံကျယ်ကြီးထဲတွင် အိမ်ရှင်များ နေသော နှစ် ထပ်တိုက်ကြီး၏ နောက်ဖက်ခပ်ကျကျ၌ ဆောက်ထားသော တစ်ထပ်တိုက်ကလေးတစ်လုံး ဖြစ်ပါသည်။

အိမ်ရှင်များ က တက္ကသိုလ်နှင့်နီးသည့်အတွက် တစ်ထပ်တိုက်ကလေးကို ကျောင်းသားများ အားငှားရမ်းရန်ရည်ရွယ်၍ ဆောက်ထားခြင်း ဖြစ်သည်။ ငွေကြေးတတ်နိုင်ပြီး သီးသီးသန့်သန့်နေလိုသော ကျောင်းသား(သို့မဟုတ်)ကျောင်းသူလေးယောက် ကို ငှားရမ်းရန်ရည်ရွယ်ဆောက်လုပ်ထားသော တိုက်ကလေး ဖြစ်သည်။

ရဲလင်းထွဋ်၏ ဆရာ ဖြစ်သော ကုမ္ပဏီပိုင်ရှင်က အိမ်ရှင်များ နှင့်ရင်းနှီးသည့်အတွက် ကျောင်းသားများ ကိုမငှားစေပဲ ရဲလင်းထွဋ်တစ်ယောက် တည်းနေစေရန် ငှားပေးထားခြင်း ဖြစ်သည်။

ရဲလင်းထွဋ်အလုပ်လုပ်သော ကုမ္ပဏီမှာ နိုင်ငံခြားနှင့်ကုန်သွယ်မှုလုပ်သော ကုမ္ပဏီ ဖြစ်သည်။ ကုမ္ပဏီမှာ လုပ်ငန်းများ အောင်မြင်သဖြင့်အတော် အတန်ကြွယ်ဝချမ်းသာသည်။ ဝန်ထမ်းများ ကိုလည်း လစာကောင်းကောင်းပေးနိုင်သည်။

ရဲလင်းထွဋ်သည် ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်၊ ကုမ္ပဏီ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးသက်နောင်၏ ကိုယ်ရေး အတွင်းရေး မှူး တစ်ယောက် ဖြစ်ပါသည်။ ဦးသက်နောင်က သူ၏ စက္ကထရီရဲလင်းထွဋ်ကို အိမ်လခလေးယောက် စာပေး၍ ငှားပေးထားခြင်း ဖြစ်သည်။

အိမ်ကလေးမှာ ခြံဝင်းကျယ်ကြီးထဲတွင် နောက်ဖက်ခပ်ကျကျ၌ ရှိနေ၍ တိတ်တိတ်ဆိတ်ဆိတ်နှင့်သီးသီးသန့်သန့်လေး ဖြစ်နေသည်။

ယနေ့သည် .တနင်္ဂနွေနေ့ ဖြစ်ပါသည်။

ရဲလင်းထွဋ်ရုံးအားရက် ဖြစ်သည်။

နံနက်စောစောကပင် .ပဉ္စလက်ဆရာကြီးဗန္ဓက ရဲလင်းထွဋ် အိမ်သို့ရောက်နေလေသည်။ ဆရာဗန္ဓကအဖို့ ရဲလင်းထွဋ်နေအိမ်သို့ ယခုလာရောက်ခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။ ယခင်အပတ်တနင်္ဂနွေနေ့ကလည်း ဆရာဗန္ဓကရောက်ခဲ့ပြီး ဖြစ်သည်။

ရဲလင်းထွဋ်သည် မျက်လှည့်ပညာကိုဝါသနာပါ၍ ဆရာဗန္ဓက၏ အဆင့်မြင့်သော မျက်လှည့်ပညာများ ကိုသဘောကျပြီး ဆရာဗန္ဓကမျက်လှည့်ပွဲများ ကိုလိုက်ကြည့်ခဲ့ရာ သုံးကြိမ်ကြည့်ပြီးနောက်တွင် ဆရာဗန္ဓကအား ဝင်၍ မိတ်ဆွေဖွဲ့ခဲ့သည်။

ဆရာဗန္ဓကကလည်း သုံးကြိမ်တိုင်တိုင် သူ့မျက်လှည့်ပွဲကိုကြည့်သည့်ပရိသတ် ဖြစ်ရုံမက .ကိုယ်တိုင် စိတ်ညှို့အစမ်းသပ်ခံခဲ့သည့်ရဲလင်းထွဋ်ကိုမှတ်မိနေလေသည်။ ဆရာဗန္ဓကအနေဖြင့် စောထီးကိုတပည့်အ ဖြစ် နောက်မှလိုက်ပါကူညီစေသော်လည်း စောထီးမှာ ပညာဥာဏ်ထက်မြက်သူတစ်ဦးမဟုတ်၍ အရာရာအားမကိုးရပေ။ ရဲလင်းထွဋ်က သူ့ထံတပည့်ခံ၍ ပညာသင်ပေးရန်မိတ်ဖွဲ့လာသည့်အခါတွင် ရဲလင်းထွဋ်လိုပညာတတ် တစ်ယောက် က မျက်လှည့်ပညာကိုစိတ်ဝင်စားသည့်အတွက်အားတက်မိလေ၏ ။

''မျက်လှည့်ပညာကို လူတော် တော် များများ က အပျင်းပြေကြည့်စရာ ကြည့်ချင်ပွဲတစ်ခုလိုပဲ သဘောထားကြတာများ တယ်၊ မျက်လှည့်ပညာကို ကိုယ်တိုင်တတ်မြောက်ချင်တဲ့လူ၊ လေ့လာချင်တဲ့လူမျိုးက မရှိသလောက်ပဲ၊ ကြာရင် ပညာတွေ တိမ်မြုပ်ပျောက်ကွယ်သွားမှာ တောင်စိုးရတယ်မောင်လင်းထွဋ်၊ မောင်လင်းထွဋ်က မျက်လှည့်ပညာကို ဝါသနာထုံတယ်၊ လေ့လာချင်တယ်ဆိုတော့ ဆရာကြီးသိပ်ဝမ်းသာတယ်ကွယ်''

ဆရာဗန္ဓက,က ထိုအတိုင်းပြောခဲ့သည်။မျက်လှည့်ပညာ၏ နက်နဲကျယ်ဝန်းပုံကိုလည်း ပြောပြခဲ့သည်။

''စိတ်ညှို့တာဟာ မျက်လှည့်ပညာထဲမှာ ပါသလားဆရာကြီး''

''စိတ်ညှို့ပညာဟာ မျက်လှည့်ပညာထက် အများ ကြီး နက်နဲသိမ်မွေ့တာပေါ့ကွယ်၊ မျက်လှည့်ဆိုတာက လက်ရဲ့ သွက်လက်မှု၊ ကြည့်တဲ့ပရိသတ်ကိုလှည့်စားနိုင်မှုအပေါ်မှာ မူတည်တယ်၊ ဆိုလိုတာကမျက်လှည့်ဆိုတာ မျက်စိကိုလှည့်စားတာပဲ၊ ဒီတော့ ပရိသတ်ကို ပိပိရိရိလိမ်နိုင်လေ မျက်လှည့်ရဲ့ တန်ဖိုးတက်လေပဲ၊ အဲ .စိတ်ညှို့ပညာကိုမျက်လှည့်ပွဲမှာ ရောပြလို့ စိတ်ညှို့ပညာရပ်ကို မျက်လှည့်နဲ့တစ်တန်းတည်း ထားရင် မှားလိမ့်မယ်၊ လူ တစ်ယောက် ရဲ့ စိတ်ကို ကိုယ့်ဖက်ပါအောင်ညှို့ယူတဲ့ပညာရပ်ဟာ ပိုပြီး ခက်ခဲနက်နဲသိမ်မွေ့တာပေါ့ကွယ်''

''ကျွန်တော် လည်း အဲဒီ လိုပဲယူဆပါတယ်ဆရာကြီး၊ ကျွန်တော် ကိုယ်တိုင်ဆရာကြီးရဲ့ စိတ်ညှို့အိပ်မွေ့ချတာကို ခံရဖူးလို့ စိတ်ညှို့ပညာ ဟာမျက်လှည့်ထက် နက်နဲတယ်ဆိုတာ ခံစားမိပါတယ်၊ ပြီးတော့  . . ဆရာကြီးဟာကျွန်တော် တို့စိတ်ညှို့ခံသူများ ကို အရင်ကမသိဘူး၊ စိတ်ညှို့ ခံသူတွေ ကိုဆရာကြီးက လူပရိသတ်ရှေ့မှာ ပြပွဲတစ်ခုပြလို့ရအောင်ညှိနှိုင်းထားတာမဟုတ်ဘူးဆိုတာ သေချာနေတယ်လေ၊ ကျွန်တော် ကိုယ်တိုင်စိတ်ညှို့ခံဖူးလို့သိနေတယ်''

''ဒါပေါ့ကွယ်၊ ဆရာကြီးအနေနဲ့ စိတ်ညှို့ပညာရပ်ကို သီးခြားပွဲတစ်ပွဲလုပ်ပြီးတော့ကို ပြဖို့သင့်တာပါ၊ မျက်လှည့်နဲ့ရောပြ ခြင်းအားဖြင့်မျက်လှည့်အဆင့်သာရှိတဲ့ ကြည့်ချင်ပွဲတစ်မျိုးလို့ထင်သွားကြရင်တောင်စိတ်ညှို့ပညာရဲ့ နက်နဲမှုကို ပေါ့အောင်လုပ်သလို ဖြစ်နေတယ်ကွဲ့''

''ဒါဖြင့် .ဆရာကြီးက စိတ်ညှို့ပညာရပ်ကိုချည်းသက်သက်ဘာ ဖြစ်လို့မပြတာလဲဆရာကြီး''

''အခြေအနေအရပ်ရပ်ကြောင့်ပေါ့ကွယ်၊ အခြေအနေကြောင့်စိတ်ညှို့ပညာကို မျက်လှည့်နဲ့ရောပြီးပြနေရတာ ပဲ၊ တကယ်တော့ ပညာရပ်နှစ် ခုရဲ့ နက်နဲမှုဟာ ကွာခြားလှပါတယ်''

''ဆရာကြီးအနေနဲ့လည်း စိတ်ညှို့ပညာအတွက် လေ့လာဆည်းပူးရတာ နဲ့ မျက်လှည့်ပညာကို လေ့လာဆည်းပူးရတာ ဟာ ကွာခြားမှုရှိမှာ ပေါ့နော်ဆရာ''

''ရှိပြီကောကွယ် မျက်လှည့်ပညာကို စိတ်ဝင်စားတဲ့ဘယ်သူ မဆိုတတ်ကျွမ်းဖို့လွယ်ကူပါတယ်၊ သူက စည်းစံနစ်တကျလုပ်တတ်ရင်တတ်ကျွမ်းနိုင်တဲ့ပညာမျိုးကိုး၊ စိတ်ညှို့ပညာဆိုတာကတော့ .''

ဆရာကြီးသည် ပြောရင်းမှ ခေတ္တဆိုင်းငံ့ကာ ငေးမောသွားလေသည်။ ပြီးမှ ဆက်ပြော၏ ။

''စိတ်ညှို့ပညာကို နိုင်နိုင်နင်းနင်းတတ်မြောက်ဖို့အတွက် ဆရာကြီးဟာ အသက်သုံးဆယ်အရွယ်ကတည်းက အပတ်တကုပ်အားထုတ်ခဲ့တာပေါ့၊ အခု ဆရာကြီးအသက်ဟာ ခြောက်ဆယ်ကျော်နေပြီ၊ ဆရာကြီး လူတွေ ကိုပြသနေတဲ့ အိပ်မွေ့ချပြီး ခန္ဓာကိုယ်လေထဲမြောက်တက်စေတဲ့နည်းဟာ အိပ်မွေ့ချအမိန့်ပေးစေခိုင်းတဲ့ပညာရပ်ထဲမှာ အခြေခံအကျဆုံးအဆင့်ပဲရှိသေးတယ်မောင်လင်းထွဋ်ရ''

''ဗျာ- ဒါဆို စိတ်ညှို့ပညာဟာ တော် တော် ကျယ်ပြန့်တာပဲနော်ဆရာကြီး၊ အခုပြနေတဲ့ပြကွက်တွေ က အခြေခံအဆင့်ဆိုတော့ ဒါ့ထက်မြင့်တဲ့ပညာတွေ က ဘယ်လိုပညာမျိုးတွေ များ လဲဆရာကြီး''

''အများ ကြီးပါပဲကွယ်၊ ဒါ့ထက်တစ်ဆင့်မြှင့်လိုက်ရင် လူကိုစိတ်ညှို့ပြီး လေထဲမှာ ပျံသန်းစေဖို့ စေခိုင်းလို့ရတယ်ကွဲ့''

''ဗျာ- အခု ဆရာကြီးပြနေတဲ့ပြကွက်ကလည်း လူကို လေထဲမှာ ဝဲနေအောင်လုပ်တဲ့ပြကွက်ပဲလေ''

''မတူဘူးကွဲ့၊ နောက်တစ်ဆင့်မှာ လူကိုလေထဲဝဲစေတာကငှက်တွေ လိုပျံသန်းစေတာကိုပြောတာ မောင်လင်းထွဋ်ရဲ့ ၊ အခုပြနေတဲ့ပြကွက်က လူကို မိန်းမောနေအောင် အိပ်ပျော်နေအောင်လုပ်ပြီးမှ လေထဲမှာ ကြွတက်ရုံတက်စေတဲ့နည်းလေ''

''ငှက်လို လေထဲပျံနိုင်အောင် စိတ်ညှို့လို့ရတယ်၊ ဟုတ်လားဆရာကြီး''

''ဒါပေါ့ကွယ်''

''ဆရာကြီး အဲဒီ ပြကွက်ကိုတော့ ဘာ ဖြစ်လို့မပြတာလဲဟင်''

''ဆရာကြီးကိုယ်တိုင်မနိုင်နင်းသေးလို့ပေါ့ကွယ်''

''ဟင် .''

''ဟုတ်တယ်၊ လူကိုစိတ်ညှို့ပြီး သဘာဝ နဲ့ဆန့်ကျင်အောင်လုပ်ဆောင်ဖို့အမိန့်ပေးရတဲ့အလုပ်ဟာ ဘယ်လောက်ခက်ခဲမယ်ဆိုတာမောင်လင်းထွဋ်စဉ်းစားကြည့်လေ''

''ဟုတ်ပါတယ်ဆရာကြီး၊ ခက်ခဲမယ်ဆိုတာတော့ အမှန်ပါပဲ၊ကျွန်တော် က စိတ်ညှို့ပြီး လေထဲဝဲအောင်လုပ်နိုင်လို့ တခြားအဆင့်တွေ ကိုလည်း ဆရာကြီးလုပ်ပြနိုင်မယ်ထင်လို့မေးမိတာပါ''

''ဆရာကြီးဟာ လောကီစိတ်ညှို့ ပညာကျမ်းကြီးကို ရသေ့ကြီးတစ်ပါးဆီက ရခဲ့တယ်၊ ကျမ်းစာအုပ်ဟာ ရှေးခေတ် စိတ်ပညာရှင်များ စုပေါင်းရေး သားထားတဲ့ကျမ်းကြီးပဲ၊ ပုံနှိပ်ထားတဲ့ကျမ်းမဟုတ်ဘူး ကွဲ့၊စိတ်ပညာရှင်ဆိုသူများ ထဲမှာ ထွက်ရပ်ပေါက်သွားတဲ့ပုဂ္ဂိုလ်ထူးကြီးတွေ လည်းပါတယ်၊ သူတို့ဟာ တစ်ယောက် ကို ပညာရပ်တစ်မျိုးစီ အဲဒီ ကျမ်းစာအုပ်ကြီးထဲမှာ ရေး ထည့်ခဲ့ကြတာ ဖြစ်တယ်၊ လိပ်ပြာလွှင့်နည်း၊မြေလျှိုးမိုးပျံနည်းတွေ တောင် ပါတယ်ကွယ့်''

''တော် တော် ထူးခြားတဲ့ကျမ်းကြီးပေါ့နော်''

''ထူးခြားပြီလားကွယ်၊ စိတ်ကိုနိုင်နင်းတဲ့ ပညာရှင်ပုဂ္ဂိုလ်ကြီးရှစ်ဦးဟာ အဲဒီ စာအုပ်ကြီးထဲမှာ မိမိနိုင်နင်းတတ်ကျွမ်းတဲ့ပညာရပ်များ ကိုမချွင်းမချန်ရေး သားမှတ်တမ်းတင်ထားခဲ့တာပဲ၊ ဒီလိုနဲ့ စာအုပ်ကြီး ဟာပုဂ္ဂိုလ်ထူးရှစ်ဦးစုပေါင်းရေး သားခဲ့တဲ့ လောကီပညာကျမ်းကြီးတစ်အုပ် ဖြစ်နေတော့တာပေါ့ကွယ်၊ ပိုပြီးထူးခြားတာက ပညာရှိကြီးတွေ ဟာစာအုပ်ထဲမှာ သူတို့ရဲ့ လက်ရေး နဲ့ကိုယ်တိုင်ရေး ထည့်ခဲ့တာမို့ ကျမ်းစာအုပ်ကြီးဟာ မိတ္တူမရှိဘူး၊ လောကကြီးမှာ တစ်အုပ်တည်းသော လက်ရေး မူကျမ်းစာအုပ်ကြီး ဖြစ်နေတာပဲ''

''တော် တော် လည်းတန်ဖိုးရှိမှာ ပေါ့ဆရာကြီး''

''ရှိပြီလား၊ ဆရာကြီးဟာ ကျမ်းကြီးကိုထိမ်းသိမ်းထားတဲ့ရသေ့သူတော် စင်ကြီးဆီမှာ ငါးနှစ် ငါးမိုး တပည့်ခံပညာသင်ပြီး ခြေဆုပ်လက်နယ်ပြုစုပေးလို့ ရသေ့ကြီးက ဆရာကြီးကိုစွန့်ကြဲလိုက်တာပဲကွဲ့''

''ဒါဖြင့် .ဆရာကြီးပြောတာ သိပ်မှန်တာပေါ့ဆရာ၊ ဒီလို အတုမရှိတန်ဖိုးကြီးမားတဲ့ကျမ်းထဲကပညာတွေ ကို မျက်လှည့်နဲ့ ရော ပြနေရတာ ဟာစိတ်ညှို့ပညာကိုသေးသိမ်အောင်လုပ်ရာကျတယ်ဆိုတာဟုတ်တာပဲနော်ဆရာကြီး''

''အေး .ဆရာကြီးပြတဲ့ပြကွက်ဟာ အဲဒီ ကျမ်းထဲက အလွယ်ကူဆုံးပညာရပ်တစ်ခုပါပဲမောင်လင်းထွဋ်၊ အဲဒီ အခြေခံပညာကိုပဲ တတ်ကျွမ်းအောင် နှစ် ပေါင်းသုံးဆယ် ကြိုးစားခဲ့ရတယ်ဆိုတော့ ပညာရပ်ဘယ်လောက်နက်နဲတယ်ဆိုတာ စဉ်းစားကြည့်ပေတော့''

''ကျန်တဲ့အဆင့်မြင့်ပညာရပ်တွေ ကိုရော၊ ဆရာကြီးလေ့လာမကြည့်ဘူးလားဟင်၊ လက်တွေ့ ရော စမ်းသပ်မကြည့်ဘူးလား၊ ဘယ်လိုပညာရပ်တွေ ပါသေးသလဲဆရာကြီး''

ရဲလင်းထွဋ်က ''လောကီစိတ်ညှို့ပညာကျမ်းကြီး''ကို စိတ်ပါဝင်စားလွန်း၍ သိလိုသမျှကို တစ်ဆက်တည်း မေးလိုက်မိလေသည်။

''လေ့လာပါတယ်၊ လက်တွေ့ စမ်းသပ်ဖို့တော့ စမ်းသပ်ခံမယ့်သူပီပီပြင်ပြင်မရှိလို့ ခုထိမစမ်းသပ်နိုင်သေးပါဘူးကွယ်''

''ဗျာ .''

ရဲလင်းထွဋ်က ဆရာကြီး၏ အဖြေစကားကိုနားထောင်ကာဇဝေဇဝါ ဖြစ်သွားလေသည်။

''ဆရာကြီးရဲ့ တပည့်လေး မောင်စောထီးဟာ .''

''မောင်စောထီးဟာ တပည့်အဆင့်ပဲရှိတဲ့ သာမန်လူငယ်တစ်ယောက် ပါပဲမောင်လင်းထွဋ်၊ ဆိုလိုတာက မောင်စောထီးကို အစမ်းသပ်ခံပစ္စည်းတစ်ခုထက်ပိုပြီး အသုံးပြုလို့မရဘူး၊ အဆင့်မြင့်တဲ့စိတ်ညှို့ပညာရပ်တွေ မှာ အစမ်းသပ်ခံသူရဲ့ အကူအညီကိုလိုတယ်ကွဲ့''

''သြော်''

''ဆရာကြီးဆိုလိုတာက စမ်းသပ်ခံသူကိုယ်တိုင် အရုပ်ကြီးလိုစမ်းသပ်ခံနေလို့မ ဖြစ်ဘူး၊ သူကိုယ်တိုင်က စိတ်ပါဝင်စားပြီး အကူအညီပေးဖို့လိုတယ်ကွဲ့၊ မောင်စောထီးကို အဲဒီ လိုအားကိုးလို့မရလို့ မစမ်းသပ်နိုင်ခဲ့တာပါပဲကွယ်''

''ဒါဖြင့် ကျွန်တော် နဲ့စမ်းသပ်မယ်ဆိုရင်ကော ဆရာကြီး''

''ရနိုင်တာပေါ့ကွယ်''

''ဒါဖြင့် ကျွန်တော့် ကို စိတ်ညှို့ပြီး ကိုယ်ပျောက်အောင်စမ်းသပ်ပေးပါဆရာကြီး''

''မောင်လင်းထွဋ် သေချာစဉ်းစားဖို့လိုတယ်နော်''

''ကျွန်တော် စဉ်းစားပြီးပါပြီ၊ ကျွန်တော် ဆရာကြီးကိုယုံပါတယ်၊ဆရာကြီးစိတ်ညှို့တာကိုလည်း ကျွန်တော် ခံဖူးတာပဲ၊ အခု ကျွန်တော် စိတ်ညှို့ခံချင်တယ်ဆိုတာက ဆရာကြီးအတွက်ပါ ပညာတိုးအောင်အစမ်းသပ်ခံပေးတဲ့သဘောပါဆရာကြီး''

ယင်းသို့ဖြင့် .ဆရာဗန္ဓကသည် တနင်္ဂနွေရုံးပိတ်ရက်တွင် ရဲလင်းထွဋ်နေထိုင်ရာအိမ်သို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။

+ + + + +

ဆရာဗန္ဓက,က ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ရှစ်ဦးရေး သားထားသော လောကီစိတ်ညှို့ပညာကျမ်းကြီးကို ယူလာကာ ရဲလင်းထွဋ်ကိုပြခဲ့သည်။ကျမ်းကြီးကား စိတ်ပညာရှင်ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင်လက်ရေး ဖြင့်ရေး သားထားသော ပညာရပ်များ ကို စုချုပ်ထားသည့် ကျမ်းစာအုပ်ကြီး ဖြစ်လေသည်။

ထွက်ရပ်ပေါက်ပုဂ္ဂိုလ်(၈)ဦး၏
ကျင့်စဉ်များ ကိုစုစည်းထားသည့်
လောကီစိတ်ညှို့ပညာကျမ်းကြီး
ရသေ့ကြီးဦးဂမ္ဘီ
စမ်းကြီးအိုင်တောရ
မဟာမြိုင်တော

ကျမ်းစာအုပ်ကြီး၏ မျက်နှာဖုံးတွင် ရေး သားထားသော စာသားများ ဖြစ်ပါသည်။

ရဲလင်းထွဋ်က စာအုပ်ကြီးကို လှန်ကြည့်လိုက်သည်။

တစ်ဦးစီရေး သားထားသော ပညာရပ်များ ကိုစုချုပ်ထားခြင်း ဖြစ်သဖြင့် စာရွက်အမျိုးအစား၊ အတိုအရှည်မညီမညာ ဖြစ်နေသည်။ လက်ရေး ကလည်း အမျိုးမျိုး ဖြစ်နေလေ၏ ။

ထူးခြားသည်ကား ရေး သားထားသော စာအားလုံးကို ရဲလင်းထွဋ်မဖတ်တတ်ခြင်းပင် ဖြစ်လေသည်။

''ဘယ်လိုဘာသာနဲ့ရေး သားထားတာလဲဆရာကြီး၊ ကျွန်တော် တော့ဖတ်လို့မရပါဘူး၊ ပါဠိလိုရေး ထားတာလားခင်ဗျာ''

''ပါဠိလိုရေး ထားတာမဟုတ်ဘူးကွဲ့၊ ပါဠိဘာသာထက် ရှေးကျတဲ့ဘာသာတွေ နဲ့ရေး ထားတာ၊ သက္ကဋဘာသာနဲ့ရေး ထားတာတွေ လည်းပါတယ်၊ ရှေးက ကသည်းလူမျိုးတွေ သုံးတဲ့ဘာသာစကားနဲ့ရေး ထားတာတွေ လည်းပါတယ်''

''ဒါတွေ ကို ဆရာကြီးအကုန်လုံးဖတ်တတ်သလားခင်ဗျာ''

''ဘာသာရပ်တွေ ကိုလေ့လာရတာ ချည်းပဲ ငါးနှစ် ကြာခဲ့တယ်မောင်လင်းထွဋ်''

''သြော် .''

''အဲဒါကြောင့် လောကီစိတ်ညှို့ပညာကျမ်းကြီးဟာ ခက်ခဲသလောက် နက်နဲရှုပ်ထွေးတယ်လို့ ပြောတာပေါ့ကွယ်''

''ဟုတ်ကဲ့ဆရာကြီး''

''ကဲ- ကဲ- ကိုယ်ပျောက်အောင်စိတ်ညှို့တဲ့ပညာရပ်ကိုတော့ဆရာကြီးအနေနဲ့ ဒါပထမဆုံးစမ်းသပ်တာပဲ၊ လာဟေ့- မောင်လင်းထွဋ်ဆရာကြီးတို့ ဘုရားစင်ရှေ့ကိုသွားကြစို့''

ဆရာကြီးက ဘုရားစင်ရှေ့တွင် ရဲလင်းထွဋ်အား ဘုရားကိုဦးချခိုင်းကာ သရဏဂုံဆောက်တည်စေသည်။ ရဲလင်းထွဋ်စိတ်များ ငြိမ်သွားအောင် ပြုလုပ်ပေးသည်။

ထို့နောက် လိုအပ်သော မန်းမှုတ်မှုများ ပြုလုပ်ကာ ရဲလင်းထွဋ်ကိုကိုယ်ပျောက်အောင် စိတ်ညှို့ခဲ့ပါသည်။

သို့သော် ထိုနေ့က တစ်နေ့လုံးကြိုးစားသော်လည်း ရဲလင်းထွဋ်၏ ကိုယ်သည် ပျောက်မသွားခဲ့ပါ။ စမ်းသပ်မှုမအောင်မြင်ခဲ့ပါချေ။

xxxxx

( ၂ )

ယခုအပတ် တနင်္ဂနွေနေ့သည် ကိုယ်ပျောက်စမ်းသပ်မှုကိုဒုတိယအကြိမ်မြောက်စမ်းသပ်သည့်နေ့ ဖြစ်ပါသည်။မနက်စောစောကတည်းက ဆရာကြီးရောက်လာသည်။ ဘုရားစင်ရှေ့တွင် ထိုင်ကာ လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်သည်။ ပုတီးစိတ်၊တရားထိုင်သည်။

ရဲလင်းထွဋ်ကိုလည်း စိတ်တည်ငြိမ်မှုရစေရန် ပုတီးစိတ်ခိုင်းထား၏ ။

ထို့နောက် ဆရာကြီးက ရဲလင်းထွဋ်ကို သူ့ရှေ့တွင် ထိုင်စေကာအိပ်မွေ့ချလေတော့သည်။

ရဲလင်းထွဋ် အိပ်ပျော်သလို ဖြစ်သွားသည်။ မကြာခဏအိပ်မွေ့ချခံရဖူး၍ တကယ်တန်းအိပ်မပျော်ပဲ ဆရာကြီးအမိန့်ကိုနာခံရန် မိန်းမူးမေ့မျောနေရုံမျှ ရီဝေဝေဖြင့်အိပ်ပျော်ရုံအနေအထားကို ရဲလင်းထွဋ်ကခံစားသိရှိနေပြီး ဖြစ်သည်။

ဆရာဗန္ဓက,က ကျမ်းစာအုပ်ပါအတိုင်း လိုအပ်သော မန်းမှုတ်မှုများ ကိုပြုလုပ်လေသည်။

သို့သော် .နာရီဝက်ခန့်ကြာအောင် မန်းမှုတ်သော်လည်းရဲလင်းထွဋ်၏ ကိုယ်မှာ ပျောက်မ သွားပါပေ။

ရဲလင်းထွဋ်ကိုယ်တိုင်ပင် အိပ်မွေ့ချခံနေရက်တန်းလန်းမှ စမ်းသပ်မှုမအောင်မြင်တာကို သိနေသည်။

လူကိုမြေပြင်မှကြွတက်စေသည့်စမ်းသပ်မှုတွင် စမ်းသပ်မှုအောင်မြင်ခါနီး တိုင်း ရိပ်ကနဲ မေ့ကနဲ ဖြစ်ပြီး တစ်ကိုယ်လုံးပေါ့ပါးသွားတတ်သည့်ခံစားမှုကို ရဲလင်းထွဋ်မှတ်မိနေသည်။ ယခု ထိုသို့မခံစားရ။အိပ်မွေ့ချခံထားရလို့သာ မူးရီဝေဝေ ဖြစ်နေသည်။

ဆရာဗန္ဓကကိုယ်တိုင်လည်း စမ်းသပ်မှုမအောင်မြင်သဖြင့်စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။ ရဲလင်းထွဋ်ကို အိပ်မွေ့ချထားရာမှ ပြန်ပြီးနှိုးလိုက်သည်။

''ဝှူး- စိတ်မောစရာပဲမောင်လင်းထွဋ်ရေ၊ ဆရာကြီးကိုယ်တိုင်သမာဓိအား လိုနေသေးတယ်ထင်ပါရဲ့ ကွယ်''

''ဟုတ်ကဲ့ဆရာကြီး''

''နားကြဦးစို့၊ ထမင်းစားပြီးမှ ဆက်ပြီးကြိုးစားကြည့်သေးတာပေါ့ကွာ''

ဆရာဗန္ဓကနှင့်ရဲလင်းထွဋ်တို့ အိမ်မှထွက်ခဲ့ကြပြီး လမ်းထိပ်ဈေးတန်းမှထမင်းဆိုင်တွင် နေ့လည်စာထမင်းသွားစားကြလေသည်။

+ + + + +

ထမင်းစားအပြီးတွင် စမ်းသပ်မှုကိုဆက်လုပ် ကြသည်။ရဲလင်းထွဋ်သည် မကြာမကြာ မေ့ကနဲ ဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးသွားသလိုခံစားရမိသည်။ ထိုခံစားမှုမှာ လူကိုမြေပေါ်မှကြွတက်ပြီး လည်ပတ်အောင်စိတ်ညှို့ခံတိုင်း အောင်မြင်ခါနီး တွင် ခံစားရသော ခံစားမှုမျိုး ဖြစ်ပါသည်။

စမ်းသပ်မှုအောင်မြင်တော့မည် ဟုထင်သော်လည်း ရဲလင်းထွဋ်ကိုယ်မှာ ပျောက်မ သွားပါ။

အကြိမ်ကြိမ်စမ်းသပ်ပြီးနောက် ဆရာဗန္ဓက,က စိတ်ပျက်စွာ ဖြင့်စမ်းသပ်မှုကိုရပ်နားလိုက်သည်။

''ဆရာကြီးကိုယ်တိုင် လိုနေသေးလို့ ဖြစ်မယ်မောင်လင်းထွဋ်၊ဆရာကြီးတို့လက်လျှော့လိုက်ကြစို့ကွယ်''

ဆရာဗန္ဓက,က စိတ်ပျက်စွာ ပြောလိုက်လေသည်။

''ကျွန်တော် တို့ ဆက်ပြီးမစမ်းသပ်တော့ဘူးလားဆရာကြီး''

''ဒီတစ်ပတ်အတွက်တော့ တော် ပြီကွယ်၊ နောက်တစ်ပတ်ကျဆက်ပြီးကြိုးစားကြည့်တာပေါ့၊ ဆရာကြီးတော့ အာရုံတွေ ထိုင်းမှိုင်းသွားပြီ''

''ဟုတ်ကဲ့ဆရာကြီး''

''ညနေစောင်းပြီ၊ ဆရာကြီးလည်းပြန်ဦးမယ်၊ ဟောဒီ လောကီပညာကျမ်းကြီးကို မောင်လင်းထွဋ်အိမ်ကဘုရားစင်ပေါ်မှာ ပဲ ထားခဲ့ဦးမယ်နော်''

''ဟုတ်ကဲ့ဆရာကြီး''

ရဲလင်းထွဋ်နှင့်ဆရာဗန္ဓကတို့ အိမ်ရှေ့သို့ထွက်ခဲ့ကြသည်။ဆရာဗန္ဓကကို တက်စီငှားပေးရမည် ဖြစ်သည်။

အိမ်ရှေ့တွင် အငှားကားရပ်စောင့်နေစဉ် ရဲလင်းထွဋ် မိုက်ကနဲ ဖြစ်သွားသည်။ ခံစားလိုက်ရပုံက စိတ်ညှို့စမ်းသပ်မှုအောင်မြင်ခါနီး တွင် ခံစားရပုံမျိုး ဖြစ်သည်။

ရဲလင်းထွဋ်က ဆရာကြီးကိုပြောမည် ကြံလိုက်သော်လည်းအပေါက်ဝကိုရောက်နေပြီ။ ဆရာကြီးက တစ်ဖက်မှလာနေသော တက်စီကားတစ်စီးကို လက်ပြတားနေပြီမို့ ဘာမျှမပြော ဖြစ်တော့ပေ။တက်စီက သူတို့ရှေ့တွင် ရပ်လိုက်သည်။

ဆရာကြီးက သွားမည့် နေရာ၊ ဈေးနှုန်းတို့ကိုပြောဆိုပြီး ကားပေါ်တက်လိုက်သည်။

ထိုစဉ်မှာ ပင် ရဲလင်းထွဋ်ကိုယ်သည် လေထဲမြောက်တက်သွားသလိုခံစားလိုက်ရပြန်၏ ။ တကယ်တော့ ဘာမျှ ဖြစ်မ သွားပါ။ စိတ်ထဲကခံစားမိလိုက်ရုံသာ ဖြစ်သည်။

ဆရာကြီးက ကားထဲမှသူ့ကိုလက်လှမ်းပြကာ .

''သွားမယ်မောင်လင်းထွဋ်ရေ .ရှေ့အပတ်ကျမှ ဆရာကြီး တို့ဆုံသေးတာပေါ့''

ဆရာကြီးစကားဆုံးသည်နှင့် တက်စီက ဝူးကနဲမောင်းထွက်သွားလေသည်။

ကားမောင်းထွက်သွားသည်နှင့် ကားမှဟပ်လိုက်သော လေအရှိန်ဖြင့် သူ့တစ်ကိုယ်လုံးသည် နောက်ဖက်သို့လွင့်စင်သွားလေတော့သည်။ရဲလင်းထွဋ်အံ့အားသင့်သွားသည်။ ကားမှဟပ်လိုက်သော လေအရှိန်မှာ ပြင်းလှသည်မဟုတ်ပါပဲ သူ့တစ်ကိုယ်လုံး ဘာကြောင့်လွင့်စင် သွားပါလိမ့်။

သူသည် တကယ်ပဲ ဆယ်ပေလောက်အကွာအဝေးအထိ လွင့်စင်သွားခြင်း ဖြစ်လေသည်။

သူက သတိရကာ သူ့ကိုယ်သူငုံ့ကြည့်လိုက်သည်။ဘာမှမမြင်ရ။ သူ့ခန္ဓာကိုယ်ကို သူပြန်မမြင်ရပေ။ရဲလင်းထွဋ်က သူ့ညာဖက်လက်ကိုမြှော က်၍ ကြည့်လိုက်သည်။သူ့လက်ကိုလည်း သူမမြင်ရပါ။

ဘုရားရေ .သူ ကိုယ်ပျောက် သွားပါပြီကော။ ဆရာဗန္ဓကကိုယ်ပျောက်အောင်စိတ်ညှို့မန်းမှုတ်ခဲ့ခြင်း၏ ရလဒ်ကို ယခုမှရလိုက်ခြင်း ဖြစ်တော့သည်။

ဟုတ်ပါသည်။ သူသည် သူ့ပတ်ဝန်းကျင်မှအရာအားလုံးကိုမြင်နေရသော်လည်း သူ့ကိုယ်သူတော့ မမြင်ရတော့ပါ။ သူ့ခြေလက်များ ၊သူ့အဝတ်အစားများ အားလုံးကို ဘာဆိုဘာမျှမမြင်ရတော့ခြင်း ဖြစ်သည်။သူ့ခန္ဓာကိုယ်သည်လည်း သစ်ရွက်ကလေးတစ်ရွက်လို ပေါ့ပါးလျှက်ရှိလေသည်။

ရဲလင်းထွဋ်က ဆရာကြီးစီးသွားသော တက်စီကားဆီသို့လှမ်းကြည့်လိုက်သည်။

ကားကလေး လျှင်မြန်စွာ ဖြင့်ထွက်ခွာသွားပေပြီ။

''ဆရာကြီး .ဆရာကြီး .''

ရဲလင်းထွဋ်က သူ့အ ဖြစ်ကိုအသိပေးရန် ဆရာကြီးကိုလှမ်းအော်ခေါ်လိုက်ခြင်းပင် ဖြစ်ပါသည်။

သို့သော် .သူ့နှုတ်မှအသံထွက်အော်လိုက်သော်လည်း ဘာသံမျှထွက်မလာပါ။

''ဟာ .''

သူက ယူကြုံးမရစွာ ရေရွတ်လိုက်သည်။ကိုယ်ပျောက်သွားခြင်းနှင့်အတူ သူ့အသံသည်လည်း ပျောက် သွားပါပြီကော။

ရဲလင်းထွဋ်က ဆရာကြီးစီးသွားသော ကားနောက်သို့ အလျှင်အမြန်ပြေးလိုက်လေတော့သည်။

xxxxx

( ၃ )

ဆရာဗန္ဓကငှားစီးလာသော ကားပေါ်မှဒရိုင်ဘာသည် နောက်ကြည့်မှန်မှတစ်ဆင့် .ကျန်ရစ်ခဲ့သော ရဲလင်းထွဋ်၏ ဖြစ်ပုံကို မြင်လိုက်ရလေသည်။

ဒရိုင်ဘာသည် နောက်ကြည့်မှန်ထဲတွင် ပုံရိပ်ထင်နေရာမှ ရုတ်တရက်ပျောက်သွားသော လူငယ့်အ ဖြစ်ကိုမြင်လိုက်ရကာ အံ့အားသင့်သွားလေသည်။ ဒရိုင်ဘာက နောက်ဖက်ကို ပြန်လှည့်ကြည့်လိုက်သည်။ လူငယ်သည် အမှန်ပင် ပျောက်ကွယ်သွားခြင်း ဖြစ်၏ ။ ပတ်ဝန်းကျင် ဆယ်ပေပတ်လည်ခန့်မှာ အကွယ်အကာမရှိရှင်းလင်းနေသည်။ လူငယ်သည်တစ်စုံတစ်ခုနောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားခြင်းမဟုတ်တာသေချာပါသည်။ မြင်နေရရာမှ ဖြတ်ကနဲပျောက်သွားခြင်းမျိုး ဖြစ်ပါသည်။ဒရိုင်ဘာက ဆရာဗန္ဓကဖက်သို့လှည့်ကာ သူမြင်ရပုံကို ပြောပြလိုက်သည်။

''ဆရာ့ကိုလိုက်ပို့တဲ့ကောင်လေး ကျွန်တော့် မျက်စိအောက်မှာ ဖြတ်ကနဲပျောက်သွားတယ်ဆရာ''

''ဘာ-''

''တော် တော် တော့ထူးဆန်းတာပဲ၊ သူ အိမ်ထဲပြန်ဝင်သွားတာလည်းမဟုတ်ဘူး၊ လမ်းတစ်ဖက်ကိုကူးသွားတာလည်း မဟုတ်ဘူး၊ ရပ်နေရင်းက ပျောက်သွားတာ''

''ရပ်- ရပ်- မင်းကားကိုရပ်လိုက်''

''ဗျာ-''

''မင်း အမြင်မှားတာမဟုတ်ဘူး၊ သူ တကယ်ကိုယ်ပျောက်သွားတာကွ''

''ဗျာ-''

ဆရာဗန္ဓက, ဒရိုင်ဘာကိုပြောရင်း နောက်ကိုပြန်လှည့်ကြည့်လိုက်သည်။

ရပ်ကျန်ခဲ့သော နေရာတွင် ရဲလင်းထွဋ်ကိုမမြင်ရတော့ပါ။

''အဲဒါကိုယ်ပျောက်သွားတာကွ၊ တောက်- အစွမ်းအစက ခုမှပြတော့တာကိုး၊ မောင်ရင် .မင်းကားကို နောက်ပြန်လှည့်လိုက်ပါ၊ မြန်မြန်.မြန်မြန် .သိပ်အရေး ကြီးတယ်မောင်''

ဆရာဗန္ဓက,က အလောတကြီးပြောလိုက်သည့်အတွက်ဒရိုင်ဘာက ဂငယ်ကွေ့ကွေ့ကာ ကားကိုပြန်လှည့်လိုက်လေသည်။ထိုစဉ် .သူတို့ကားနောက်မှ အမြန်မောင်းလာသော ကားကြီးတစ်စီးကို နှစ် ယောက် လုံးသတိမထားမိလိုက်ပါ။

ဆရာဗန္ဓက,ကလည်း အလောတကြီး ဖြစ်နေသည်။ ဒရိုင်ဘာကလည်း ကိုယ်ပျောက်သွားတယ်ဆိုတဲ့အ ဖြစ်ကို တအံ့တသြဖြင့် အရမ်းသိချင်နေသည်။

နောက်မှပါလာသော ကားကို ဂရုမထားမိပဲ ဂငယ်ကွေ့အမြန်ကွေ့ချလိုက်ရာ အငှားကား၏ ခေါင်းပိုင်းသည် နောက်မှပါလာသော ကားကြီးနှင့်ခေါင်းချင်းဆိုင်ပေးသလို ဖြစ်သွားသည်။

ကားကြီးကလည်း တက်စီကားကို ရုတ်တရက်ကွေ့လိုက်မည် ဟုထင်မည် မဟုတ်ချေ။ တက်စီကလည်း အချက်ပြမီးမဖွင့်ပဲ ကွေ့လိုက်ခြင်း ဖြစ်သည်။

ကားနှစ် စီး ပြင်းထန်စွာ ခေါင်းချင်းဆိုင်တိုက်လိုက်မိသည့် အသံကပတ်ဝန်းကျင်တစ်ခုလုံးကို ဟိန်းထွက်သွားလေသည်။

တက်စီကားလေးသည် လမ်းတစ်ဖက်ခြမ်းအထိလွင့်ထွက်သွား ကာခေါင်းပိုင်းတစ်ခုလုံး မွမွကြေသွားလေတော့သည်။

ကားခေါင်းခန်းထဲမှ ဒရိုင်ဘာနှင့်ဆရာဗန္ဓကမှာ လည်း .ကားတိုက်မှု ဖြစ်ရာသို့ပြေးလာသော လူများ သည် ကြေမွနေသော တက်စီကား၏ ဦးခေါင်းပိုင်းဆီမှစီးကျလာကာ လမ်းပေါ်တွင် အိုင်ထွန်းသွားသော သွေးကွက်ကြီးကို ထိတ်လန့်စဖွယ်မြင်တွေ့ လိုက်ရလေတော့သည်။

xxxxx

( ၄ )

သူသည် သူ့ကိုယ်သူကိုယ်ပျောက်သွားမှန်းသိလိုက်ရချိန်တွင် ဆရာဗန္ဓကပါသွားသည့်ကားကို လှမ်းအော်၍ တားလိုက်လေသည်။ သို့သော်...ကိုယ်ပျောက်သွားခြင်းနှင့်အတူ သူ့ထံမှ အသံသည်လည်းပျောက်ကွယ်သွားသည်ကိုသိလိုက်ရလေသည်။

သူ့ထံမှ ဘာသံမျှထွက်ပေါ်မလာတော့ပါ။

သို့သော် သူသည် ဆရာဗန္ဓကပါသွားသော တက်စီကားနောက် သို့ပြေးလိုက်ခဲ့လေသည်။ သူ့ကိုယ်သည် ပေါ့ပါးစွာ ရွေ့လျားသွားလေ၏ ။ ချက်ချင်း ပင် သူသည် ကားကိုလိုက်မီသွားလေသည်။

သို့ရာတွင် တက်စီကားလေးသည် ရုတ်တရက် ဂ,ငယ်ကွေ့ကွေ့ချလိုက်လေ၏ ။

တက်စီနှင့်နောက်မှပါလာသော ကားကြီးတို့ ရှောင်ချိန်မရလိုက် ပဲပြင်းထန်စွာ တိုက်မိသွားလေသည်။

သူက အလန့်တကြားဟစ်အော်လိုက်သည်။ သူ့အော်သံကထွက်ပေါ်မလာပါ။

ကားနှစ် စီးတိုက်မိသည့်မြင်ကွင်းကိုမြင်လိုက်ရသော လူများ ၏ စူးစူးဝါးဝါးအော်ဟစ်သံများ သာ ပတ်ဝန်းကျင်တွင် ဖုံးလွှမ်းသွားလေ၏ ။ကားတိုက်မှု ဖြစ်ရာသို့လူများ ပြေးလာကြသည်။

သူသည်လည်း ဆရာကြီးပါသွားသော ကားလေးဆီသို့ပြေးသွားလိုက်ရာ သူ့ကိုယ်သည် လျင်မြန်စွာ ရွေ့လျားရင်း အများ ထက်ဦးစွာ ရောက်သွားလေ၏ ။

သူက ကားထဲတွင် ညပ်ပိတ်မိနေသော ဆရာကြီးကိုဆွဲထုတ်ရန်ကြိုးစားမိသေးသည်။

ထိုအခါမှပင် သူသည် အရာဝတ္ထုပစ္စည်းများ ကို ကိုင်တွယ်၍ မရနိုင်တော့မှန်း သိလိုက်ရပြန်လေ၏ ။

အခင်း ဖြစ်ပွားရာနေရာသို့ ယာဉ်ထိန်းရဲများ ရောက်လာသည်။ရဲလင်းထွဋ်သည် နှုတ်မှတစာစာအော်ရင်း အ ဖြစ်အပျက်ကိုရှင်းပြကာ အကူအညီတောင်းနေမိသည်။

''ကျွန်တော့် ဆရာကြီးကို ကယ်ပါဗျာ၊ ကျွန်တော့် ဆရာကြီးကိုကားထဲကဆွဲထုတ်ပေးကြပါ၊ ဆရာကြီးသေလို့မ ဖြစ်ဘူး၊ ဆရာကြီးကိုကယ်ကြပါဗျာ''

ရဲလင်းထွဋ်ပြောဆိုသော စကားများ သည် အသံအ ဖြစ်ထွက်ပေါ်မလာပါ။ ကိုယ်ပျောက်နေသော သူ့ကို မည် သူမကမျှလည်း မမြင်။ သူပြောသော စကားတွေ ကိုလည်း ဘယ်သူမျှမကြား။

သူသည် သွေးရူးသွေးတန်းဖြင့် ကားအောက်တွင် ပိမိနေသော ဆရာဗန္ဓကကို ဆွဲထုတ်ဖို့ကြိုးစားပြန်သေးသည်။ သူ့လက်များ က မည် သည့်အရာကိုမျှ ထိတွေ့ ကိုင်တွယ်လို့မရပါပေ။

သူသည် ဆရာကြီး၏ အစွမ်းဖြင့် ကိုယ်ပျောက်ခဲ့ပြီ။ ကိုယ်ပျောက်ရုံမက အသံပါပျောက်ကွယ်သွားခဲ့ပြီ။ သူ့ခန္ဓာကိုယ်ကို မည် သူကမျှထိတွေ့ ကိုင်တွယ်လို့မရသလို သူကလည်း မည် သည့်အရာကိုမျှ ထိတွေ့ ကိုင်တွယ်လို့မရတော့ပါပေ။

သူသည် လူ တစ်ယောက် အ ဖြစ်တော့ အသက်ရှင်ရပ်တည်လျှက်ရှိသေးသည်။ အသက်ရှူလျှက်ပင်ရှိသေးသည်။ သို့သော် ကိုယ်ပျောက်လူသား တစ်ယောက် ဖြစ်ခဲ့ပြီ။

သူ၏ ကိုယ်ပျောက်ဘဝကို သာမန်လူအတိုင်းပြန် ဖြစ်အောင် စွမ်းဆောင်ပေးနိုင်သူမှာ ဆရာဗန္ဓက တစ်ယောက် တည်းသာ ဖြစ်ပါသည်။ဆရာဗန္ဓကသာ သေသွားခဲ့လျှင် .

''ဆရာကြီး .ဆရာကြီး .ဆရာကြီးမသေပါနဲ့ဦးဗျာ၊ ဆရာကြီးမသေပါစေနဲ့၊ ကယ်ကြပါ၊ ကယ်ကြပါ၊ ဆရာကြီးကိုကယ်ကြပါ၊ ဆရာကြီးသေလို့မ ဖြစ်ဘူး''

ရဲလင်းထွဋ်က အခင်း ဖြစ်ပွားရာတွင် ဝိုင်းဝန်းရောက်ရှိလာသည့်တာဝန်ရှိသူများ ကိုတိုင်တည်ရင်း အော်ဟစ်ပြောဆိုလိုက်သည်။ကားတိုက်မှု ဖြစ်သည့်နေရာသို့ လူနာတင်ကားတစ်စီးရောက်လာသည်။ ရဲများ ရောက်လာသည်။ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရောက်လာသည်။

ရဲလင်းထွဋ်သည် ကားတိုက်မှုအတွက် အလုပ်ရှုပ်ဗျာများ နေ သော တာဝန်ရှိသူများ ထံ လှည့်ပတ်သွားလာရင်း နှုတ်မှ တတွတ်တွတ် ဖြင့်အကူအညီတောင်းနေမိလေသည်။

သူ့ကိုဘယ်သူကမျှမမြင်ပါ။ သူပြောသည့်စကားများ ကို ဘယ်သူကမျှမကြားပါ။

+ + + + +

သူသည် ဆရာဗန္ဓကနှင့်ဒရိုင်ဘာကိုတင်ဆောင်သွားသည့်လူနာတင်ကားဖြင့် ဆေးရုံအထိလိုက်ပါလာခဲ့သည်။ဆေးရုံတွင် ဆရာဗန္ဓကနှင့်ဒရိုင်ဘာအလောင်းများ ကို စစ်ဆေးပြီး ရင်ခွဲရုံသို့ပို့လိုက်သည်။

ရဲလင်းထွဋ်သည် ရင်ခွဲရုံထဲတွင် ဆရာ့အလောင်းဘေး၌ ဝမ်းနည်းကြေကွဲစွာ ဖြင့်ကျန်နေရစ်ခဲ့လေသည်။ရင်ခွဲရုံတံခါးကိုပိတ်သွားပြီ။

မှော င်ပိန်းနေသော ရင်ခွဲရုံထဲတွင် အလောင်းများ နှင့်အတူ သူ တစ်ယောက် တည်းသာကျန်ခဲ့လေသည်။ အသက်ရှင်လျှက်ရှိနေသော သူ့ ကိုမည် သူကမျှတော့ မမြင်နိုင်ပေ။

သူ ဘာဆက်လုပ် ရမည် နည်း။

ယခုအချိန်တွင် သူ ကိုယ်ပျောက်နေပြီ။ကိုယ်ပျောက်နေ၍ သူ့ကိုဘယ်သူကမျှမမြင်နိုင်သော်လည်း သူကတော့ အားလုံးကိုမြင်နေသိနေကြားနေရပါသေးသည်။သို့သော် သူသည် သူ့အ ဖြစ်ကိုလူသိအောင် အသံထွက်၍ ပြောနိုင်စွမ်းမရှိတော့ပါ။ ကိုယ်ပျောက်ခြင်းနှင့်အတူ သူ့အသံသည်လည်းပျောက်ကွယ်သွားခဲ့လေပြီ။

ပြီးတော့ သူသည် ကိုယ်ပျောက်နေသော ခန္ဓာကိုယ်ဖြင့် မည် သည့်အရာကိုမျှလည်း ထိတွေ့ ကိုင်တွယ်လို့မရတော့ပါ။သူက အကူအညီရလိုရငြား ရဲများ ၊ ဆရာဝန်များ ၊ ဆေးရုံဝန်ထမ်းများ ကိုထိတွေ့ ကာ သူ့အကြောင်းကိုပြောပြဖို့ကြိုးစားသေးသော် လည်းသူတို့ထိပြောဆိုသည်ကို မည် သူကမျှခံစားသိရှိခြင်းမရှိကြပေ။ သူသည်''လေ''သဖွယ် တကယ်ရှိသော်လည်း မမြင်ရနိုင်သော အရာဝတ္ထုတစ်ခုအ ဖြစ်သို့ရောက်ခဲ့ရပေပြီ။

သူ ကိုယ်ပျောက်ဘဝရောက်သွားကြောင်းကို ဆရာဗန္ဓက သိရှိသွားမည် မဟုတ်ပေ။ ဆရာဗန္ဓက၏ စမ်းသပ်မှုအောင်မြင်ခဲ့ကြောင်းကိုသူ့ဆရာကိုယ်တိုင်သိသွားမည် မဟုတ်ပါ။

ဆရာဗန္ဓက၏ စိတ်ညှို့၍ ကိုယ်ပျောက်အောင်စမ်းသပ်ခြင်းမှာ အောင်မြင်ခဲ့ပါပြီ။

သူကတော့ ကိုယ်ပျောက်ဘဝဖြင့် လူမသိသူမသိ တစ်ကိုယ်တည်းကျန်ရစ်ခဲ့ရပြီ။

သူ၏ ကိုယ်ပျောက်အ ဖြစ်ကို ပြန်လည်ဖြေဆေးပေးနိုင်သူမှာ ဤကမ္ဘာပေါ်၌ ဆရာဗန္ဓကတစ်ဦးတည်းသာရှိပါသည်။ယခု ဆရာဗန္ဓကကွယ်လွန်သွားပြီဆိုတော့ .

သူ့ကို ကိုယ်ပျောက်နေသော အ ဖြစ်က လွတ်ကင်းအောင် စွမ်းဆောင်ပေးမည့် သူ မရှိတော့ပါ။

သူ့ဘဝ ရှေ့ကိုဘယ်လိုဆက်ရတော့မည် နည်း။ရဲလင်းထွဋ်သည် ဆရာဗန္ဓက၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းကိုဖက်၍ ငိုလိုက်မိလေတော့သည်။

''ဆရာ .ဆရာ .ကျွန်တော့် ဘဝ ဘယ်လိုရှေ့ဆက်ရ တော့မှာ လဲဆရာရယ်၊ ကျွန်တော် ကိုယ်ပျောက်နေတာကို ဘယ်သူကပြန်ပြီးပေါ်အောင်လုပ်ပေးနိုင်တော့မှာ လဲ၊ ကျွန်တော့် ကို ကိုယ်ပျောက်ဘဝနဲ့ဒုက္ခရောက်အောင်ထားခဲ့တာလားဆရာ၊ ကျွန်တော် ဘယ်လိုဆက်နေရမှာ လဲ၊ ဘယ်လိုဆက်ရှင်သန်ရမှာ လဲ၊ ကျွန်တော့် ကိုကယ်ပါဦးဆရာ၊ကျွန်တော့် ကိုကယ်ပါဦးဆရာရယ်''

သူကကြေကြေကွဲကွဲပင် အော်ဟစ်ငိုယိုလိုက်လေသည်။သူ့ငိုသံကို အသက်ဝိညာဉ်ကင်းမဲ့နေသော ဆရာဗန္ဓကမကြားနိုင်သလို၊ အသက်ရှိသော လူများ ကလည်း ကြားနိုင်မည် မဟုတ်ပါ။ ပြီးတော့.ကိုယ်ပျောက်ဘဝရောက်နေသော သူ့အ ဖြစ်ကိုလည်း ဘယ်သူကမျှသိမည် မဟုတ်ပါပေ။

ရဲလင်းထွဋ်ဘဝ ဘယ်လိုရှေ့ဆက်ရပါတော့မည် လဲ။

x x x x x



ဝန်ဇင်းချစ်သူများ နွေတမာန် ၏ “ ဖူးစာ ပွေလီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သည်းခြေပျက်တဲ့လ

ကြမ္မာဆိုးမွှေတဲ့ တစ္စေအိမ်

လမင်းကြွေတဲ့ည