ညသည်တိတ်ဆိတ်နေ၏ ။ လေတိုးသံပင်မကြားရအောင် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိပေသည်။
ဆွေဆွေဝင်းသည် ပူအိုက်လွန်းသော ကြောင့် အိပ်ရာမှလန့်နိုးလာလေသည်။ နွေရာသီ ဖြစ်ရသည့်အထဲ လေငြိမ်သက်နေသော ကြောင့် အိပ်ရာကအနိုးတွင် ချွေးများ ထွက်နေသည်ကို သတိထားမိလိုက်၏ ။
ဆွေဆွေဝင်းက ပြတင်းတံခါးကိုဖွင့်ထားရန်အတွက် အိပ်ရာပေါ်မှထရန်ကြိုးစားလိုက်သည်။ ခေါင်းအုံးအောက်က လက်နှိပ် ဓာတ်မီးကိုစမ်းကြည့်လိုက်၏ ။
ဓာတ်မီးကိုစမ်းလို့မတွေ့ ။
ဘေးမှအိပ်နေသော ခင်ပွန်း ဖြစ်သူကိုကျော်လွင်ကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ ကိုကျော်လွင်က နှစ် နှစ် ချိုက်ချိုက်အိပ်မော ကျနေပေသည်။
ဆွေဆွေဝင်းတို့နေသည့်အခန်းမှာ အိမ်အပေါ်ထပ်တွင် ဖြစ်ပြီး ပြတင်းတံခါးမှာ လည်း မှန်ပြတင်းတံခါး ဖြစ်ပါသည်။ သို့ရာတွင် . . . လမိုက်ည ဖြစ်၍ အလင်းရောင် လေးတစ်စက်တစ်လေမှ ဝင်မလာပါ။ ပိန်းပိတ်အောင်မှော င်မည်းနေပေသည်။
သူတို့အိပ်နေစဉ် လျှပ်စစ်မီးပျက်သွားပုံရပါသည်။ အမြဲဖွင့်ထားသော လှေကားထိပ်မှ ငါးတိုင်အားမီးလုံးအစိမ်းကလေးကလည်း လင်းမနေပေ။
ဆွေဆွေဝင်းက ဓာတ်မီးကို မိမိခေါင်းအုံးအောက်တွင် မတွေ့ ၍ ကိုကျော်လွင့်ခေါင်းအုံးအောက်ကိုလက်နှိုက်ကာ စမ်းကြည့်လိုက် ပြန်သည်။ မိမိအိပ်ပျော်နေစဉ် ကိုကျော်လွင်အပေါ့အပါးထသွားရာတွင် ဓာတ်မီးကို ယူသွားဟန်တူသည်။
ကိုကျော်လွင့်ခေါင်းအုံးအောက်တွင် ဓာတ်မီးကိုစမ်းကြည့်ရာ အေးစက်စက်ဓာတ်မီး၏ အထိအတွေ့ ကို ခံစားလိုက်ရ၏ ။ ဓာတ်မီး ကို ခေါင်းအုံးအောက်က အသာအယာဆွဲထုတ်လိုက်သည်။
ခေါင်းအုံးကြွသွားသော ကြောင့် ကိုကျော်လွင်က ''အင်. . .''ကနဲ တစ်ချက်ညီးလိုက်ရင်း တစ်ဖက်ကိုလှည့်သွားသည်။
ထိုစဉ်မှာ ပင်. . . အောက်ထပ်မှစက်လည်သံကို ဆွေဆွေဝင်း ကြားလိုက်ရခြင်း ဖြစ်လေသည်။
အပ်ချုပ်စက်ကို တစ်စုံ တစ်ယောက် က နင်းနေသည့် ''ဂျုတ်- ဂျုတ်- ဂျုတ်- ဂျုတ်-''. . .ဆိုသော အပ်ချုပ်စက်လည်သံ။
ဆွေဆွေဝင်းကြက်သီးဖြန်းဖြန်းထသွားသည်။ စိတ်ထင်လို့များ လားတွေးကာ ကုတင်ပေါ်မှမထသေးပဲ ငြိမ်နေလိုက်သည်။ အပ် ချုပ်စက်လည်သံက ထွက်ပေါ်နေမြဲသာ ဖြစ်သည်။ လူ တစ်ယောက် ယောက် သည် အပ်ချုပ်စက်ခုံတွင် ထိုင်ကာ စက်ခြေနင်းကိုနင်းမှ သာမြည် သော အသံမျိုး ဖြစ်ပါသည်။ မတော် တဆ ကြောင်တိုး၊ ကြွက်တိုး၍ မြည် သော အသံမျိုးမဟုတ်။ ပြီးတော့. . . အဆက်မပြတ်မြည် နေခြင်း ဖြစ်သည်။
ဆွေဆွေဝင်းတို့သည် ရန်ကုန်မှလာရောက်ကာ ဤမြို့လေးတွင် စက်ချုပ်သင်တန်းဖွင့်ထားကြခြင်း ဖြစ်ပါသည်။ အပ်ချုပ်စက် ငါးလုံးဖြင့် မြို့ပေါ်မှမိန်းကလေးများ ကို အမျိုးသမီးဝတ်အင်္ကျီချုပ်လုပ်ခြင်းကို သုံးလအပြတ်ဖြင့်သင်တန်းပေးနေခြင်း ဖြစ်သည်။
အောက်ထပ်တွင် အပ်ချုပ်စက်ငါးလုံးထားရှိပြီး လင်မယားနှစ် ယောက် အပေါ်ထပ်အခန်းတွင် အိပ်ပါသည်။ တစ်အိမ်လုံး လင် မယားနှစ် ယောက် တည်းသာ နေသူရှိသည်။
အပ်ချုပ်စက်ကိုနင်းနေသည့်အသံက ထွက်ပေါ်နေမြဲ။ သူခိုးတော့မ ဖြစ်နိုင်ပေ။ မည် သည့်သူခိုးက ညကြီးမင်းကြီး စက်ချုပ်နေ မည် နည်း။ အပ်ချုပ်စက်တွေ ကိုသာ မ,ပြီး ခိုးချင်ခိုးသွားမည် ။
ဆွေဆွေဝင်းသည် ကြောက်ရွံ့သည့်ကြားမှ သိချင်စိတ်ပိုလာ၏ ။
ကိုကျော်လွင့်ကိုနှိုးဖို့ မျက်နှာကိုဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာ ဓာတ်မီးရောင် စူးစူးထိသော်လည်း ကိုကျော်လွင်က သိပင်မသိ၊ နှစ် နှစ် ခြိုက်ခြိုက်အိပ်ပျော်နေ၍ မနှိုးရက်တော့ပဲ. . . တစ်ယောက် တည်း ကုတင်ပေါ်မှထလိုက်သည်။
အောက်ထပ်မှစက်ချုပ်သံပေါ်ထွက်နေမြဲ။
ဆွေဆွေဝင်းသည် ခြင်ထောင်ကိုအသာမကာ ကုတင်အောက်သို့ဆင်းလိုက်သည်။
တစ်အိမ်လုံး မှော င်မည်းနေ၏ ။
စက်ချုပ်သံကထွက်ပေါ်နေမြဲ။
ဆွေဆွေဝင်းအခန်းထဲမှထွက်ခဲ့သည်။ ဓာတ်မီးကိုလည်း အသေဖွင့်ထားလိုက်သည်။
လှေကားထိပ်ကိုရောက်ပါပြီ။
လှေကားထိပ်မှငုံ့ကြည့်လိုက်လျှင် အောက်ထပ်တွင် တန်းစီထားသော အပ်ချုပ်စက်များ ကို မြင်ရပါသည်။
ဆွေဆွေဝင်းသည် ငါးလုံးတန်းထားသော အပ်ချုပ်စက်များ ထဲမှ ဘေးအစွန်ဆုံးအပ်ချုပ်စက်တွင် ထိုင်နေသော လူသဏ္ဍာန် ကိုမြင်ရသည်။ လူသဏ္ဍာန်က လှေကားဖက်ကိုကျောပေးထား၍ ဆွေဆွေဝင်းကလည်း နောက်ကျောဖက်မှမြင်နေရပါသည်။ လူသဏ္ဍာန် ကိုခပ်ရေး ရေး သာမြင်ရပြီး နောက်ကျောခိုင်းအနေအထား ဖြစ်၍ ရှည်လျားစွာ ပြန့်ကျနေသော ဆံပင်ထွေးကြီးကိုသာ ထင်ထင်ရှားရှားမြင် နေရသည်။ ကောက်တိကောက်ကွေးဖြင့် မသပ်မရပ်ပြန့်ကျနေသော ဆံပင်မှာ ကျောလည်လောက်အထိ ရှည်လျားလေ၏ ။
''ဘယ်သူလဲ''
ဆွေဆွေဝင်းအော်မေးလိုက်သည့်အသံက တုန်ယင်စွာ ထွက်ပေါ်သွားသည်။
အမေးနှင့်တစ်ဆက်တည်းပင် ဆွေဆွေဝင်းက အပ်ချုပ်စက်ဆီသို့ ဓာတ်မီးဖြင့်လှမ်းထိုးလိုက်သည်။ သုံးတောင့်ထိုးဓာတ်မီး ရောင် က အပ်ချုပ်စက်တဝိုက်ကို ဖြာကျသွားသည်။
အပ်ချုပ်စက်တွင် ထိုင်နေသူသည် နောက်သို့လှည့်လိုက်သည်။ ဆွေဆွေဝင်းရှိရာ အပေါ်ထပ်သို့မော်ကြည့်လိုက်သည်။
''အောင်မယ်လေး. . .''
ဆွေဆွေဝင်းက စူးစူးရှရှအော်လိုက်လေသည်။
အပေါ်ကိုမော်ကြည့်လိုက်ရာတွင် မြင်လိုက်ရသော မျက်နှာကြီးက လေးထောင့်ကျကျမျက်နှာကြီး ဖြစ်သည်။ မျက်နှာပေါ်တွင် မျက်လုံးနှစ် လုံးနှင့်ပါးစပ်ပေါက်ကိုသာ ထင်ထင်ရှားရှားမြင်ရသည်။ မျက်လုံးနှစ် လုံးက နီရဲတောက်ပနေကာ ထူးဆန်းစွာ ပင် မျက်လုံး ကြီးများ မှာ လည်း လေးထောင့်ပုံစံ ဖြစ်နေလေသည်။ ပါးစပ်ကြီးမှာ ပြဲနေကာ ပါးစပ်ထဲမှ အစွယ်များ ပြူးထွက်နေ၏ ။
ဆွေဆွေဝင်းကြည့်နေစဉ်မှာ ပင် ထိုအရာကြီးက အပ်ချုပ်စက်ခုံမှထလိုက်ကာ လှေကားဆီသို့လှမ်းလာသည်။
''အမယ်လေး. . . လာကြပါဦး၊ ကိုကျော်. . . ကိုကျော်''
ဆွေဆွေဝင်းလက်ထဲမှဓာတ်မီးမှာ လွတ်ကျသွားသည်။ လှေကားထစ်များ အတိုင်း တလိမ့်လိမ့်ကျဆင်းသွားသည်။
ဆွေဆွေဝင်းသည်လည်း လှေကားထိပ်တွင် ပုံရက်သားလဲကျသွားလေတော့သည်။
ဆွေဆွေဝင်း လူမည်းမည်းကြီးကိုမြင်လိုက်ရပြီး နောက်တစ်ပတ်လောက်ကြာမြင့်ချိန်. . .
ကိုကျော်လွင်သည် သူ့ခြေထောက်ကို တစ်စုံ တစ်ယောက် က ကိုင်ဆွဲခြင်းခံလိုက်ရ၍ အိပ်ရာမှလန့်နိုးသွားသည်။ အေးစက်သော လက်ကြီးဖြင့် ခြေထောက်ကိုအကိုင်ခံနေရတာ ကို သတိပြုမိလိုက်သည်။ အေးစက်လွန်းသော ကြောင့် သူ့ခြေထောက်မှာ ထုံကြင်လို့ ပင်နေပါသည်။
ကိုကျော်လွင်မျက်လုံးဖွင့်ကြည့်လိုက်တော့ လူ တစ်ယောက် ကုတင်ဘေးမှာ မတ်တပ်ရပ်နေတာကိုတွေ့ ရသည်။ သူအိပ်သည့် ဖက်ခြမ်းတွင် ရပ်နေခြင်း ဖြစ်သည်။
ကိုကျော်လွင်က အိပ်ရာပေါ်မှထမည် လုပ်ရာ ထလို့မရပေ။
ကုတင်ဘေးရပ်နေသော သတ္တဝါမည်းမည်းကြီးကို မြင်လိုက်ရသည်တွင် ကိုကျော်လွင် ကြောက်လန့်ကာ ကြက်သေသေ သွားသည်။
သူ့ခြေထောက်ကိုကိုင်ဆွဲထားသော လူမည်းမည်းကြီးမှာ လေးထောင့်မျက်နှာကြီးနှင့် ဖြစ်သည်။ အမှော င်ထဲတွင် ကိုယ်လုံးကိုယ် ထည်ကို ကောင်းကောင်းမမြင်ရပဲ လေးထောင့်မျက်နှာကြီးပေါ်မှ လေးထောင့်မျက်လုံးကြီးနှစ် လုံးကို နီရဲတောက်ပစွာ မြင်နေရသည်။ ဆံပင်ကလည်းအရှည်ကြီး၊ ပွယောင်းယောင်း ကောက်ကွေးကွေးဆံပင်များ က ပခုံးကျော်သည်အထိကျနေသည်။
ကိုကျော်လွင်ကြည့်နေစဉ်အခိုက် လူမည်းကြီးက ပါးစပ်ကိုဟလိုက်ရာ ဟပြဲသွားသော ပါးစပ်ထဲတွင် အနီရောင် တောက်နေသော သွားအချွန်ကြီးတွေ ကိုမြင်လိုက်ရပြန်လေသည်။
ကိုကျော်လွင်သည် အော်ဖို့ကြိုးစားသော်လည်း. . . အားစေးအထည့်ခံရသူလို ဖြစ်နေသည်။ အော်လို့မရ။ ကြောက်လွန်းလို့ အသံထွက်မလာခြင်းလည်း ဖြစ်နိုင်သည်။
ကိုကျော်လွင်က သရဲအကိုင်ခံထားရသော ခြေထောက်ကို လွတ်အောင်ရုန်းကြည့်လိုက်သည်။
ခြေထောက်ကိုလှုပ်လို့ပင်မရပေ။
ထိုစဉ်မှာ ပင်. . . လူမည်းမည်းကြီးက သူ့ခြေထောက်နှစ် ဖက်ကို ဆောင့်ဆွဲလိုက်သည်။
ကိုကျော်လွင် ကုတင်ပေါ်မှပြုတ်ကျသွား၏ ။ ကြမ်းပြင်ပေါ်ကျသွားသံက ကျယ်လောင်စွာ မြည် သွားလေသည်။
''ကိုကျော်. . . ကိုကျော်. . . ဘာ ဖြစ်တာလဲ''
ဆွေဆွေဝင်းမေးလိုက်သော အသံကိုကြားလိုက်ရသော်လည်း ပြန်မဖြေနိုင်တော့။ ကြောက်အားလန့်အားဖြင့် သတိလစ်သွားလေ တော့သည်။
နောက်ဆုံးတစ်ခါ အခြောက်ခံလိုက်ရချိန်မှာ တော့ လူမည်းမည်းကြီးကို လင်မယားနှစ် ယောက် စလုံးမြင်လိုက်ရပါသည်။
အချိန်က ညကိုးနာရီလောက်ပဲရှိသေးသည်။
ထမင်းစားသောက်ပြီးလို့ အိုးခွက်ပန်းကန်တွေ ကို သိမ်းဆည်း၊ စက်ချုပ်ခုံများ ဘေးမှ အဝတ်အပိုင်းအစများ ကို လှဲကျင်းကာ အောက်ထပ်တခါးများ ကိုပိတ်ပြီး အပေါ်သို့တက်လာခဲ့ကြသည်။
အပေါ်ထပ်မှ သူတို့အိပ်သည့်အခန်းကိုလည်း ကလန့်ထိုး၍ သေချာပိတ်လိုက်သည်။
မအိပ်မီ လင်မယားဘာသာဘာဝ ရောက်တတ်ရာရာစကားများ ပြောဆိုကြည်စယ်နေကြစဉ်. . .
တဖြတ်ဖြတ်ဖြင့် အခန်းဆီသို့လျှောက်လာသော ခြေသံကို ကြားရလေသည်။ လင်မယားနှစ် ယောက် လုံး အခန်းဝဆီလှမ်းကြည့် လိုက်သည်။
ခြေသံက တဖြတ်ဖြတ်ပေါ်ထွက်နေဆဲ. . .
အခန်းနှင့်နီးနီးလာသည်။
အခန်းရှေ့တည့်တည့်အရောက်တွင် ခြေသံရပ်သွားသည်။
''ဘယ်သူလဲ''
ကိုကျော်လွင်က အရဲစွန့်၍ အော်မေးလိုက်သည်။
ကိုကျော်လွင့်အသံဆုံးသည်နှင့်တစ်ပြိုင်တည်း ကလန့်ထိုးထားသော တံခါးမှာ ဝုန်းကနဲပွင့်သွားလေသည်။ တံခါးနှစ် ချပ်လုံး ဟင်းလင်းပွင့်သွားသည်။
လူမည်းမည်းကြီးက ကုတင်ဆီတန်းတန်းမတ်မတ်လျှောက်လှမ်းလာနေသည်။
လေးထောင့်မျက်နှာ၊ လေးထောင့်မျက်လုံးနှင့်လူမည်းမည်းကြီး ပင်။ ဆံပင်ကြီးဖားလျားချလို့။
ဆွေဆွေဝင်းစူးစူးရှရှအော်ဟစ်လိုက်သံက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။
ခင်ပွန်း ဖြစ်သူကိုအောင်ချမ်းရုံးသွားလျှင် သန်းသန်းဝေမှာ တစ်ယောက် တည်းပျင်းရိနေရသည်။
ဒီမြို့ကိုရောက်မှ ငှားနေသော အိမ်လေးက အေးအေးချမ်းချမ်းတော့ ရှိပါသည်။ ဧရာဝတီမြစ်ကမ်းဘေးက အိမ်ကလေး။ နှစ် ထပ်အိမ် ဖြစ်၍ လင်မယားနှစ် ယောက် တည်းအတွက် အတော် ပင်ကျယ်ဝန်းနေသည်။ ခြံဝင်းကလေးကလည်း ပါသေးသည်။
သို့သော်. . . ကိုအောင်ချမ်းရုံးသွားသည်နှင့် ဇနီး ဖြစ်သူသန်းသန်းဝေမှာ ပျင်းရိခြင်းဝေဒနာကိုခံစားရတော့သည်။ မြို့ကိုရောက် ကာစ ဖြစ်၍ လည်ပတ်စရာ အသိမိတ်ဆွေလည်း မရှိသေး။ ယခင်နေခဲ့သည့်မြို့များ မှာ တော့ ငှားနေသည့်အိမ်မှာ လူနေစိတ်သော ရပ်ကွက်ထဲတွင် ဖြစ်သည်။ အပေါ်ထပ်တစ်ဦး၊ အောက်ထပ်တစ်ဦး နေကြသည်။ သန်းသန်းဝေအတွက် ပျင်းစရာမရှိ။ နေ့လည်နေ့ခင်း အိမ်နီးချင်းအမျိုးသမီးများ ဆီ သွားလည်ချင်လည်၊ ကိုယ်သွားမလည်ပါကလည်း သူတို့က လာလည်ကြသည်။
ဒီမှာ တော့ ခြံကကျယ်ကျယ် နှစ် ထပ်အိမ်တစ်လုံးကို လင်မယားနှစ် ယောက် တည်းငှားနေတာမို့ ပျင်းချောက်ချောက်ကြီး ဖြစ်နေ ရလေသည်။
ယနေ့လည်း သန်းသန်းဝေသည် ထမင်းစားသောက်ပြီး၊ အိုးခွက်ပန်းကန်များ ကိုဆေးကြောပြီးသည်နှင့် မြစ်ကမ်းစပ်က လေ ကလေးကလည်း တဟူးဟူးတိုက်သော ကြောင့် အိပ်ငိုက်လာသည်။ အောက်ထပ်ဧည့်ခန်းထဲမှာ ပင် ဖတ်လက်စဝတ္ထုစာအုပ်ကလေးကို ခေါင်းအုံးပြီး မှိန်းလိုက်ရာ အိပ်ပျော်သွားလေသည်။
အိပ်ပျော်ပြီးဘယ်လောက်ကြာသွားသည်မသိ၊ မီးဖိုချောင်ထဲမှ အိုးခွက်များ ကိုလှန်လှောသံကြောင့် သန်းသန်းဝေလန့်နိုးသွားလေ သည်။
ပါးစပ်မှ ''ရှူး- ရှူး''ဟု အော်ရင်း လက်ကလည်း အနီးရှိ ဖုန်သုတ်ကြက်မွေးဖြင့် ကြမ်းပြင်ကိုရိုက်လိုက်သည်။ ကြောင် သို့မဟုတ် ကြွက်များ သော င်းကျန်းသည်ထင်၍ အိပ်ရာကမထ လှမ်းခြောက်လိုက်ခြင်း ဖြစ်ပါသည်။ ထမကြည့် ဖြစ်ပါ။
နောက်တစ်ခါ ထပ်အိပ်ပျော်သွားလေသည်။
နေ့လည်သုံးနာရီထိုးမှပင် ပြန်နိုးလေတော့သည်။
သန်းသန်းဝေက ကိုအောင်ချမ်းပြန်လာလျှင် ညနေစာအတွက် အဆင်သင့် ဖြစ်စေရန် ဟင်းများ ကိုနွှေးထားဖို့ မီးဖိုချောင်ထဲ ဝင်ခဲ့လေသည်။
လျှပ်စစ်မီးလာနေ၍ လျှပ်စစ်မီးဖိုပလပ်ကို ထိုးလိုက်သည်။
ဟင်းအိုးကိုယူရန် ကြောင်အိမ်ကိုဖွင့်လိုက်သည်။ ဟင်းအိုးကို ကြောင်အိမ်ထဲမှဆွဲထုတ်လိုက်သည်တွင် သန်းသန်းဝေမျက်လုံး ပြူးသွားလေသည်။
မနက်ကမှချက်ထားသော ဝက်သားဟင်းတွေ အိုးထဲမှာ မရှိတော့။ မရှိတာမှ ဟင်းအဆီအနှစ် လေးများ ပင် အကပ်အသပ်မကျန် အောင် ပြောင်တလင်းခါနေခြင်း ဖြစ်သည်။
ဝက်သားအစိတ်သားမှာ လင်မယားနှစ် ယောက် အတွက် ညစာ မနက်စာ ကောင်းကောင်းလောက်ပါသည်။ သန်းသန်းဝေက အသားငါး သိပ်မစား။ ကိုအောင်ချမ်းထမင်းဗူးထဲကို ထည့်ပေးလိုက်သည်က တစ်နပ်စာ။ သန်းသန်းဝေစားတာက နည်းနည်း ။ ဟင်း အတော် များများ ကျန်နေသေးတာသေချာသည်။ ယခုတော့. . . တစ်အိုးလုံးပြောင်နေပါပကော။
သန်းသန်းဝေက သူအိပ်နေစဉ် မီးဖိုထဲမှကြားလိုက်ရသော အိုးခွက်သံကို သတိရလိုက်လေသည်။ သူမက ကြောင်ဝင်သည်၊ ကြွက်သော င်းကျန်းသည်လို့ပင် ထင်ခဲ့သည်။
ပျောက်ပုံက ကြောင်တို့ကြွက်တို့လက်ချက်မဟုတ်တာတော့ သေချာသည်။ ကြောင်တို့ကြွက်တို့က ကြောင်အိမ်ကိုစံနစ်တကျ ဖွင့်နိုင်မည် မဟုတ်။ ဖွင့်လျှင်လည်း သပ်သပ်ရပ်ရပ်ပြန်ပိတ်ထားမည် မဟုတ်။ အခုဟာက ကြောင်အိမ်မှာ လက်ရာမပျက်ပြန်ပိတ်ထားရက် သား ဖြစ်နေသည်။ ကြောင်ခိုးစားလျှင် အိုးလည်းမှော က်ရင်မှော က်နေရမည် ။ လက်စလက်နလည်း ကျန်ရမည် ။
အခုပျောက်ပုံကြီးက ဟင်းအိုးထဲကအဆီအနှစ် အရည်များ ကိုပါ ပြောင်အောင်လျက်သွားပုံမျိုး ဖြစ်နေသည်။
လူများ ဝင်သလား။
သန်းသန်းဝေက မီးဖိုခန်းတံခါးများ ကိုစစ်ကြည့်သည်။ မီးဖိုခန်းမှ အပြင်ဖက် ရေချိုးသည့်နေရာနှင့်အိမ်သာဆီထွက်သည့် တံခါး မကြီးမှာ အတွင်းမှကလန့်ထိုး၍ ပိတ်ထားရက်အတိုင်း ရှိနေသည်။ သူခိုးဆိုလျှင် ပြန်ထွက်သွားပြီးမှ အတွင်းကလန့်ကို ဘယ်လိုပြန်ထိုး နိုင်မှာ လဲ။
ပြတင်းတံခါးများ မှာ လည်း အတွင်းမှကလန့်ထိုး၍ ပိတ်ထားရက်သား ဖြစ်သည်။ ခြေရာလက်ရာမပျက်။
ပထမဆုံးအတွေ့ အကြုံမို့ သန်းသန်းဝေ ထွေထွေရာရာမတွေးမိသေးပေ။
မိမိတို့ဒီအိမ်ရောက်တာ တစ်လပင်မပြည့်သေးဘူးဆိုတော့. . . ပတ်ဝန်းကျင်အကြောင်းမသိသေး။ ဝင်နေကျ လမ်းကြောင်းသိ နေသော သူခိုးသူဝှက်များ ရှိချင်ရှိနေမည် ဟုသာ တွေးမိသည်။
ကိုအောင်ချမ်းပြန်လာတော့ ဟင်းတွေ အိုးလိုက်ပျောက်သွားတဲ့အကြောင်းစိတ်မကောင်းစွာ ပြောပြလိုက်သည်။
''လင်မယားနှစ် ယောက် တည်းပဲမိန်းမရာ၊ ဟင်းမရှိတော့လည်း အပြင်ထွက်ဝယ်စားလိုက်တာပေါ့၊ နောက်သာ သတိထား ပေါ့ကွာ''
ကိုအောင်ချမ်းက သန်းသန်းဝေစိတ်ချမ်းသာအောင်ပြောလိုက်သည်။
နောက်တစ်ပတ်လောက်အကြာတွင် လည်း. . . သန်းသန်းဝေ နေ့လည်ပိုင်းအိပ်နေစဉ် အိမ်အပေါ်ထပ်မှအသံကြားရသည်။
သည်တစ်ခါတော့ အကြောင်းသိရအောင် သန်းသန်းဝေအပေါ် တက်သွားလိုက်၏ ။
မိမိတို့အိပ်သည့်အခန်းသို့ အရောက်တွင် သန်းသန်းဝေလန့်ဖြတ်ကာကြက်သီးမွေးညှင်းထသွားရလေသည်။
ကုတင်ပေါ်မှအိပ်ရာတစ်ခုလုံး ရစရာမရှိအောင်ရှုပ်ပွနေသည်။ ခေါင်းအုံးနှစ် လုံးနှင့်စောင်များ မှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေ သည်။ ခြင်ထောင်မှာ အင်နှင့်အားနှင့်ဆွဲဖြုတ်ထားသလို ဆိုင်းထားသော ကြိုးလေးချောင်းမှ နှစ် ချောင်းပြတ်ကျနေသည်။
မည် သူသည် အခန်းထဲမှ အိပ်ရာများ ကို ဖွပစ်သနည်း။
အပေါ်ထပ်အခန်းတံခါးများ လည်း ပိတ်လျှက်။ အိမ်ထဲကိုလည်း ဘယ်သူမှမလာ။
သည်တစ်ခါတော့ သန်းသန်းဝေသည် သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ တွေးမိကာ ကြောက်လန့်သွားလေသည်။ အိပ်ရာများ ကိုပင် ပြန်မသိမ်းရဲတော့။ အောက်ထပ်ကိုဆင်းပြေးလာခဲ့သည်။
ကိုအောင်ချမ်းရုံးမှပြန်လာတော့ ထိုအကြောင်းကို ပြောပြလိုက်သည်။ သည်အိမ်နှင့်ပတ်သက်၍ ရုံးကမြို့ခံများ ထံစုံစမ်းကြည့်ဖို့ လည်း တိုက်တွန်းလိုက်သည်။
''မကြောက်ပါနဲ့မိန်းမရယ်၊ ဒီအိမ်မှာ နေရတာ စိတ်မသန့်ရင်လည်း ကိုယ်တို့ တခြားအိမ်တစ်အိမ်ရှာတာပေါ့''
တကယ်တော့. . . ကိုအောင်ချမ်းသည် သည်အိမ်နှင့်ပတ်သက်၍ စုံစမ်းထားပြီး ဖြစ်ပါသည်။ သိတန်သလောက်လည်း သိခဲ့ရ သည်။
ကိုအောင်ချမ်းစုံစမ်းသည်မှာ အခြားကြောင့်မဟုတ်။ လွန်ခဲ့သော တစ်ရက်က သူကိုယ်တိုင် ထိတ်လန့်ခြောက်ခြားဖွယ်အ ဖြစ်နှင့် ကြုံခဲ့ရသော ကြောင့် ဖြစ်သည်။
ထိုညက ထူးထူးခြားခြား မိုးများ သည်းလျှက်ရှိသည်။ မိုးစက်များ က အိမ်အမိုးသွပ်ပြားပေါ်ကျသံကြောင့် တဝုန်းဝုန်းမြည် ဟည်း လျှက်ရှိသည်။
လေရောမိုးပါပြင်းထန်လျှက်ရှိရာ အိမ်ဘေးမှသစ်ပင်ကြီးမှ အကိုင်းတစ်ကိုင်းက မှန်ပြတင်းကို တစ်ချက်တစ်ချက်လာခြစ်မိလျှက် ရှိသည်။ ထိုအသံကြောင့်ပင် ကိုအောင်ချမ်းနိုးလာရာ ပြတင်းပေါက်မှန်ကို လာလာရိုက်သော သစ်ကိုင်းကြီးကို သရဲတစ္ဆေတစ်ကောင်၏ လက်သဖွယ်ထင်မှားလောက်အောင်မြင်လိုက်ရလေသည်။
ကိုအောင်ချမ်းက ပြတင်းပေါက်ဖက်လှည့်ကာ ငေးနေဆဲ သူ့ ခြေထောက်မှအေးစက်သော အထိအတွေ့ တစ်ခုကိုခံစားလိုက်ရ လေသည်။
အေးလွန်းသော ကြောင့် ဘေးတစောင်းအိပ်နေရာမှ ကိုအောင်ချမ်း နောက်ကိုလှည့်ကြည့်လိုက်သည်။
ထိုအခါ. . . လူမည်းမည်းကြီး တစ်ယောက် ကုတင်ဘေးတွင် မတ်တပ်ရပ်နေကာ မိမိခြေထောက်များ ကိုဆုပ်ကိုင်ထားသည်ကို တွေ့ လိုက်ရလေသည်။
ကိုအောင်ချမ်းက ထိတ်လန့်ကာ အော်ဟစ်မည် ကြံဆဲတွင် လူမည်းမည်းကြီးက သူ့ကို ကုတင်ပေါ်မှဆွဲချလိုက်လေသည်။
ကိုအောင်ချမ်း ကုတင်အောက်ကိုဝုန်းကနဲကျသွားသည်။ လူလည်းအတော် နာသွားသည်။ လူမည်းမည်းကြီးလည်း ရုတ် ကနဲပျောက်သွားလေ၏ ။
ကိုအောင်ချမ်းသည် မိမိမြင်လိုက်ရသော လူမည်းမည်းကြီး၏ လေးထောင့်မျက်နှာ၊ လေးထောင့်ပုံမျက်လုံးများ ကိုပြန်မြင်ယောင် ရင်း ကြက်သီးထကျန်ရစ်ခဲ့လေသည်။ လေးထောင့်မျက်နှာကြီး၏ ဦးခေါင်းပေါ်မှဆံပင်များ က ပခုံးကျော်သည်ထိပြန့်ကျလျှက်ရှိသည်။ မျက်နှာပေါ်တွင် လည်း ဆံပင်ထွေးများ ဝဲကျနေသည်။ အောက်ပိုင်းကိုတော့ ပီပီပြင်ပြင် မမြင်လိုက်ရ။
လူမည်းမည်းကြီးမှာ ယောကျာ်းအသွင်သဏ္ဍာန်လား၊ မိန်းမအသွင်သဏ္ဍာန်လား၊ မကွဲပြားလောက်ပေ။ ကြောက်စရာကောင်း သော အသွင်အပြင်မျိုး ဖြစ်သည်ကတော့ အမှန်ပင်။
အခန်းပေါက်ဆီကြည့်လိုက်တော့ မအိပ်ခင်ကကလန့်ထိုးထားခဲ့သော တံခါးပေါက်မှာ ပွင့်နေသည်။ လူမည်းမည်းကြီးက အပေါက် ကို ဖွင့်၍ ဝင်လာခြင်း ဖြစ်ပုံရသည်။ အတွင်းမှ ကလန့်ထိုးပိတ်ထားတဲ့တံခါးကို သူဘယ်လိုဖွင့်ပါလိမ့်။
ကိုအောင်ချမ်းက ကြမ်းပြင်ပေါ်မှလူးလဲထကာ ကုတင်ပေါ်မှ သန်းသန်းဝေကိုကြည့်လိုက်တော့. . . သန်းသန်းဝေက နှစ် နှစ် ချိုက် ချိုက် အိပ်မောကျနေလေ၏ ။ မိုးသံလေသံများ ကြောင့် သူကုတင်ပေါ်မှလိမ့်ကျသွားသံကိုကြားပုံမရချေ။
ကိုအောင်ချမ်းသည် သန်းသန်းဝေကြောက်နေမှာ စိုး၍ ထိုအကြောင်းကို ပြောမပြခဲ့ပါ။ သန်းသန်းဝေက တစ်နေ့ခင်းလုံး တစ်ယောက် တည်းအိမ်မှာ ကျန်နေရတာ မဟုတ်လား။
တစ်လောက ဟင်းတွေ ပျောက်သွားတဲ့သန်းသန်းဝေအတွေ့ အကြုံ၊ ကုတင်ပေါ်ကဆွဲချခံရတဲ့ မိမိအတွေ့ အကြုံများ ကြောင့် ဒီအိမ်ကြီးကိုတော့ သံသယဝင်သွားခဲ့သည်။
ရုံးမှာ ဒီအိမ်အကြောင်းသိနိုင်လောက်တဲ့သူတစ်ချို့ကို မေးမြန်းကြည့်တော့. . . တစ်စွန်းတစ်စသိခွင့်ရခဲ့ပါသည်။
ဤအိမ်တွင် လူ တစ်ယောက် သေဖူးသည်။ သို့သော်. . . အစိမ်းသေ သေခြင်းမျိုးမဟုတ်။ ရိုးရိုးဖျားနာပြီး သေခြင်းသာ ဖြစ်သည်။ သေသူကလည်း ငယ်ငယ်ရွယ်ရွယ်မိန်းကလေး တစ်ယောက် ။ ခြောက်လှန့်နေသူမှာ ယင်းမိန်းကလေးတော့မဟုတ်တန်ရာ။
မည် သို့ပင်ဆိုစေ. . . မိမိတို့လင်မယားနှစ် ယောက် တည်း ဤမျှကြီးသော အိမ်ကြီးမှာ နေဖို့မသင့်လျော်ကြောင်း ကိုအောင်ချမ်း စဉ်းစားမိသည်။
ထို့ကြောင့်. . . သန်းသန်းဝေကို အိမ်ပြောင်းသင့်ပြောင်းမည် ဟု ပြောလိုက်ခြင်း ဖြစ်သည်။ အိမ်ပြောင်းဖို့လည်း ကိုအောင်ချမ်း ဆုံးဖြတ်ပြီး ဖြစ်ပါသည်။
ကိုအောင်ချမ်း အခြားအိမ်တစ်လုံးရှာနေစဉ်မှာ ပင်. . . သန်းသန်းဝေသည် လူမည်းမည်းကြီးကို ထိတ်လန့်ခြောက်ခြားဖွယ်မြင် တွေ့ လိုက်ရလေသည်။
ထိုနေ့ကလည်း. . . နေ့လည်ပိုင်းမှာ သန်းသန်းဝေ တစ်ရေး တစ် မောမှိန်းနေခဲ့သည်။
အိပ်ပျော်နေစဉ် မီးဖိုးခန်းထဲမှ အိုးခွက်များ လှန်လှောသံကြား လိုက်ရ၍ လန့်နိုးလာသည်။ သည်တစ်ခါတော့ အမိဖမ်းမည် ဆိုသည့်စိတ်ဖြင့် သန်းသန်းဝေ လူးလဲထလိုက်သည်။
မီးဖိုချောင်ရှိရာသို့ ခပ်သုတ်သုတ်လာခဲ့လိုက်သည်။
မီးဖိုခန်းဝရောက်သည်နှင့် ကြောင်အိမ်ကိုဖွင့်ကာ မိမိကို နောက်ကျောခိုင်းလျှက် ကြောင်အိမ်ထဲမှ အမဲသားဟင်းအိုးကြီးကို နှိုက်စားနေသော လူ တစ်ယောက် ကိုတွေ့ လိုက်ရသည်။
နောက်မှကြည့်လိုက်တော့ ထိုသူသည် အနက်ရောင် အင်္ကျီဖားဖားကြီးကိုဝတ်ဆင်ထားသကဲ့သို့ရှိသည်။ တစ်ကိုယ်လုံးမည်းမှော င် နေသည်။ အောက်ပိုင်းမှာ ဝေဝါးသွားကာ သေချာမမြင်ရပေ။ ဟင်းအိုးကိုငုံ့စားနေသော လူမည်းမည်းကြီး၏ ဆံပင်များ က ဟင်းအိုးထဲအထိ တွဲ ကျနေသည်။
သူခိုးတွေ့ လျှင် အော်ဟစ်မည် ဟု အားခဲလာခဲ့သော သန်းသန်းဝေသည် လူမည်းမည်းကြီးနောက်ကျောကိုမြင်လိုက်ရသည်နှင့် ကြက်သီးဖျန်းဖျန်းထကာ ထိတ်လန့်သွားမိသည်။ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ကာ အသံထွက်လို့မရတော့ပေ။
မိမိက အသံမပေးသော်လည်း လူမည်းမည်းကြီးက မိမိရောက်နေသည်ကို သိပုံရပေသည်။ နောက်ကိုလှည့်ကြည့်လိုက်သည်။
ထိုအခါ. . . လူမည်းမည်းကြီး၏ ကြောက်မက်ဖွယ်မျက်နှာကို ခြောက်ခြားစဖွယ်တွေ့ မြင်လိုက်ရလေသည်။
မျက်နှာက လေးထောင့်ကြီး။ မျက်လုံးကြီးတွေ ကလည်းပြူးလို့ လေးထောင့်ပုံကြီးများ ။ ပါးစပ်ထဲမှာ စားလက်စအမဲသားတုံးက တွဲ လောင်းကြီးကျနေသည်။ မျက်နှာပေါ်ကိုဆံပင်ခြည်များ ဝဲကျနေသည်။
လူမည်းမည်းကြီးက သန်းသန်းဝေကို လေးထောင့်ပုံမျက်လုံး ကြီးများ ဖြင့် စူးစူးရဲရဲစိုက်ကြည့်နေလေသည်။
''အား. . .''
သန်းသန်းဝေသည်စူးစူးရှရှဟစ်အော်လိုက်ကာ နောက်ကြောင်းပြန်လှည့်ပြေးခဲ့သည်။
အိမ်ရှေ့ဧည့်ခန်းကိုကျော်လွန်ကာ အိမ်ရှေ့ဖက်အထိထွက်ပြေးခဲ့သည်။
မရပ်မနားဆက်ပြေးခဲ့သည်။
အိမ်ခြံဝင်းအပြင်ဖက်အထိ ခြေကုန်သုတ်၍ ပြေးခဲ့သည်။
ခြံထဲမှကြောက်လန့်တကြားပြေးထွက်လာသော သန်းသန်းဝေသည် ရှေ့တူရူမှလာနေသော ကားတစ်စီးကိုမမြင်။ ကားဟွန်းသံကို လည်း မကြား။ သွေးရူးသွေးတန်းဆက်ပြေးခဲ့လေသည်။
လမ်းမပေါ်အရောက်တွင် သန်းသန်းဝေခြေခေါက်ပြီးလဲကျသွားသည်။ ကားရှေ့တည့်တည့်တွင် လဲကျသွားခဲ့ခြင်း ဖြစ်သည်။
မော်တော် ကားဘရိတ်အုပ်လိုက်သံက ကျွီကနဲသံရှည်ဆွဲ၍ မြည် သွားလေသည်။
ဇေယျာဦးနှင့်ထူးထူးမော်မှာ ညားကာစလင်မယား ဖြစ်သည်။ ရတာ မှတစ်လပင်မပြည့်သေးပေ။
နှစ် ဦးသဘောတူလက်မှတ်ထိုးပြီး သုံးရက်မြောက်နေ့တွင် ဤမြို့သို့ရောက်လာခြင်း ဖြစ်သည်။ ဤမြို့ကိုရောက်လာခြင်းမှာ လည်း အလွယ်တကူပင် ဖြစ်ပါသည်။
ဇေယျာဦးက ဤမြို့နှင့် မိုင်၂ဝဝေးသော မြို့ကို ပြေးဆွဲသော အဝေးပြေးကားတစ်စီးတွင် ယာဉ်မောင်း ဖြစ်သည်။ နှစ် မြို့လုံးမှာ သူတို့ကားဂိတ်ရှိသည်။
ဇေယျာဦးနှင့်ထူးထူးမော် ယူကြသည်ကို ထူးထူးမော်ဖက်က သဘောမတူ။ အသက်ငယ်သေးတယ်လို့အကြောင်းပြကာ ဖျက် ကြသည်။ အထူးသဖြင့်. . . အစ်ကိုများ က သူတို့ညီမလေးကို ငယ်သေးတယ်လို့ထင်ကာ ရည်းစားထားတာကိုပင် တားမြစ်ခဲ့ကြသူများ ဖြစ်သည်။ ဇေယျာဦးကိုလည်း ရန်ရှာလေ့ရှိသည်။ သည်ကြားထဲက ဇေယျာဦးနှင့်ထူးထူးမော် ခိုးပြေးကြခြင်း ဖြစ်သည်။
သူတို့မြို့မှာ သူငယ်ချင်း တစ်ယောက် အိမ်တွင် အပြင်မထွက်တမ်း သုံးရက်လုံးပုန်းအောင်းနေခဲ့ရသည်။ သူတို့မြို့မှာ ထူးထူးမော် အစ်ကိုများ ရန်ကိုကြောက်ရ၍ ဆက်နေလို့မ ဖြစ်တော့။
ဇေယျာဦးအလုပ်ကလည်း မြို့နှစ် မြို့လုံးမှာ ဘယ်နေရာနေနေ ဖြစ်သည်မို့ ဤမြို့မှာ ပင်နေတော့မည် ဆိုကာ ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဤမြို့ကိုရောက်တော့ ရရာအိမ်ကို ငှားနေကြရသည်။ ရရာအိမ်ဆိုသော်လည်း အိမ်က သူတို့လိုညားကားစလင်မယားအတွက် အဆင်ပြေလှသည်။ ကျယ်လည်းကျယ်သည်။ နှစ် ထပ်အိမ်ကြီး။ ခြံဝင်းလည်းပါသေးသည်။ ဧရာဝတီမြစ်ကြီးကိုမျက်နှာပြုထားသည်။ အိမ်ရှေ့မှာ ကမ်းနားလမ်းမကြီး။ ပြီးတော့. . . ဧရာဝတီမြစ်။
မြစ်ထဲက လေကလေးများ ကလည်း အချိန်ပြည့်တဖြူးဖြူးတိုက်လျှက်ရှိသည်။ မြစ်ထဲမှာ လှေသင်္ဘောများ သွားလာနေသည့် ရှုခင်းကိုလည်း ငေးကြည့်နိုင်သေးသည်။
ရောက်သည့်နေ့မှာ ပင် အိမ်ငှားလပ်နေသော အိမ်ကြီးကို ငှားလို့ရလိုက်၍ နှစ် ယောက် စလုံးတော် တော် ပျော်သွားသည်။
သူတို့မြို့က ခွာလာကတည်းက ပျော်နေခဲ့ကြခြင်း ဖြစ်ပါသည်။ ဒီကိုရောက်တော့ နေစရာအဆင်သင့်ရလိုက်၍ ပိုပျော်သွား ကြသည်။ သူတို့အတွက်တော့ အိမ်ထောင်ဦးမှာ နေထိုင်ရေး အဆင်ပြေရသလို ဒါသည်ပင်. . . ဟန်းနီးမွန်းခရီးလို ဖြစ်နေသည်။
ဇေယျာဦးက ကားပေါ် ချက်ချင်း ပြန်တက်မည် မဟုတ်သေး။ တစ်ပတ်လောက်နားဦးမည် ။ မင်္ဂလာဦးရက်မှာ ပျော်ပျော်ရွှင်ရွှင် နေဦးမည် ။ ကားအုံနာကိုလည်း ခွင့်တောင်းပြီး ဖြစ်ပါသည်။
အိမ်ရှင်ဆီက သော့ ယူကာ နှစ် ယောက် တည်းအိမ်ကြီးဆီလာခဲ့ကြသည်။ ဘယ်သူ့ကိုမှမခေါ်ခဲ့ပါ။ ညားကာစအချိန်မှာ အနှောက်အယှက် ဖြစ်သည်။ နှစ် ယောက် တည်းလွတ်လွတ်လပ်လပ်နေချင်သည်။
တကယ်တော့ သူတို့မှာ အဝတ်အစားအိတ် တစ်ယောက် တစ်အိတ်စီမှလွဲ၍ ဘာမှမပါခဲ့သေး။ အားလုံးကို ဝယ်ရခြမ်းရဦးမည် ဖြစ်သည်။ ကားအုံနာက လက်ဖွဲ့ဆိုကာ ငွေတစ်သိန်းထုတ်ပေးလိုက်သည်။ အိမ်ထဲဝင် နေရာထိုင်ခင်းကြည့်၊ အိမ်ကိုသန့်ရှင်းရေလေး ဘာလေးလုပ်၊ ရေမိုးချိုးပြီးမှ ဝယ်စရာချမ်းစရာထွက်ဝယ်ဖို့ စဉ်းစားထားကြသည်။
အိမ်ထဲကိုဝင်လိုက်တော့ လှဲစရာကျင်းစရာ တံမျက်စည်းတစ်ချောင်းရှိနေ၍ ဝမ်းသာသွားကြသည်။ သောက်ရေအိုးနှင့် ရေအိုးစင်လည်း ရှိနေပြီး ဖြစ်သည်။
လင်မယားနှစ် ယောက် သား အိမ်ကိုရှင်းလင်းကြသည်။ ရှင်းကြသည်ဆိုရာဝယ် လတ်တလော လူနေမည့် နေရာလောက်ကိုသာ ကွက်ပြီးရှင်းနိုင်ခြင်း ဖြစ်သည်။
ဧည့်ခန်းမှာ ဆက်တီတစ်စုံရှိနေပြီးသားကိုတွေ့ ရသည်။ ဧည့်ခန်းကိုအရင်လှဲကျင်းသည်။ အိမ်ရှင်အဘွားကြီးက အိပ်စရာကုတင် လည်း အပေါ်ထပ်တွင် အဆင်သင့်ရှိကြောင်းပြောလိုက်၍ အပေါ်ထပ်ကို တက်ကြည့်ကြသည်။
အိမ်ရှင်များ နေစဉ်ကအိပ်ခန်းပင် ဖြစ်ပုံရပါသည်။ ပြတင်းပေါက်များ က မှန်ပြတင်းများ ။ ဧရာဝတီမြစ်ဖက်ကို အခန်းကမျက်နှာပြု ထားသည်။ အခန်းထဲကကြည့်လျှင် မြစ်ရှုခင်းကို တပြန့်တပြောမြင်နေရသည်။
ထူးထူးမော်က အခန်းကို သဘောကျသွားလေသည်။
''ကုတင်ကြီးက ကျွန်းကုတင်ကြီး၊ တော် တော် တောင့်တာပဲ၊ မွေ့ရာထူထူကောင်းကောင်းဝယ်ရမယ်ဟေ့၊ ဇိမ်ပဲ''
ဇေယျာဦးက ပြောလိုက်သည်ကို ထူးထူးမော်က မျက်စောင်းထိုးကြည့်လေသည်။
''ရေချိုးပြီးရင် ဈေးဝယ်ထွက်ကြမယ်ကွာ''
ဝယ်စရာတွေ ကလည်း အများ သား။ အိပ်ရာခေါင်းအုံးခြင်ထောင်ကအစ ဝယ်ရမည် ။ အိုးခွက်ပန်းကန်များ လည်း ဝယ်ရမည် ။ သောက်ရေအိုးကအစ ဝယ်ရမည် ။ အိမ်တစ်အိမ်အတွက် လိုအပ်တာ အားလုံးဝယ်ရမည် ပင်။
''ဒီနေ့တော့ အိပ်ရာပဲဝယ်မယ်ကွာ၊ အိုးတွေ ပန်းကန်တွေ နောက်နေ့မှဝယ်မယ်၊ အိပ်ဖို့က အရေး ကြီးတာ''
''ဟင်းနော်. . . ကိုဇေ၊ သူ. . . ဒါပဲ''
ထူးထူးမော်က မျက်စောင်းလေးထိုးရင်း ပြုံးစစပြောလိုက်သည်။
''ဟာကွာ- ထူးကလည်း၊ ထမင်းက အိမ်မှာ မရှိလည်း အပြင်မှာ ဝယ်စားလို့ရတယ်၊ အိပ်ရာက အိမ်မှာ မရှိရင် သူများ အိမ် သွားအိပ်လို့ ဘယ်ရမလဲကွ၊ တည်းခိုခန်းသွားအိပ်တော့ပိုက်ဆံကုန်မှာ ပေါ့၊ အိမ်ကြီးတစ်လုံးလုံးငှားပြီးမှ ဘာလို့တည်းခိုခန်းသွားတော့ မှာ လဲ၊ ကိုဇေက အဲဒါပြောတာပါ''
''မသိပါဘူး၊ သူက ကဲလွန်းလို့၊ ဟွန်း. . .''
''ကိုဇေက ကဲပေမယ့် ဒီတစ်ခါ အတွေးလွန်တာကတော့ ထူး ဖြစ်နေပြီ၊ ကောင်မလေး တစ်ယောက် ဒါပဲတွေးနေတယ် ထင်တယ်''
''ဟယ်. . . ကြည့်စမ်း၊ လူကိုများ ''
''ဟားဟား. . . ဟားဟား. . .''
ဇေယျာဦးက ရယ်မောကာ ကုတင်ပေါ်တက်၍ ဖုံတွေ သုတ်နေသော ထူးထူးမော်ကို တွန်းလှဲလိုက်သည်။
''အို. . . ကိုဇေ၊ ဖုံတွေ နဲ့၊ ပေကုန်တော့မှာ ပဲဖယ်စမ်းပါ''
ဇေယျာဦးက ဖယ်မပေးပဲ ထူးထူးမော်ကို ငုံ့နမ်းလိုက်သည်။ သူ့နှုတ်ခမ်းကို ထူးထူးမော်နှုတ်ခမ်းဆီဖိကပ်ကာ အကြာ ကြီးနမ်းနေလေသည်။
''တောက်-''
ရုတ်တရက် ထွက်ပေါ်လာသော ကျယ်လောင်သည့်အသံကြီးကြောင့် နှစ် ယောက် သားတုန်သွားကြသည်။ ကိုယ်ချင်းခွာလိုက် ကြသည်။
''တောက်ခေါက်သံကြီးလိုပဲ ကိုဇေကြားလိုက်လား''
ဇေယျာဦးက အသံကြားလိုက်ရသည်ထင်သော မျက်နှာကျက်ဆီမော့်ကြည့်သည်။
''တောက်တဲ့ထင်ပါတယ်''
''လန့်သွားတာပဲ၊ ကဲ- ကဲ- လာပါ၊ ရေသွားချိုးရအောင်၊ နေမပူခင် ဝယ်စရာရှိတာတွေ ထွက်ဝယ်ရအောင်''
အိမ်ပေါ်မှဆင်းလာခဲ့ကြသည်။
နောက်ဖေးမှာ ရေတွင်းလေးရှိသည်။ ဆွဲစရာကြိုးနှင့်ရေပုံးလေးကို ဘေးနားကသစ်ပင်မှာ ချိတ်ထားသော ကြောင့် အဆင်သင့် ပင် ဖြစ်သွားသည်။
ရေထည့်သည့်စည်ပိုင်းပြတ်ထဲမှာ တော့ ရေစပ်စပ်သာရှိပြီး၊ ရေညှိတွေ တွယ်နေကာ. . . ပိုးလောက်လန်းတွေ လည်းဖွေးနေသည်။ လှယ်မှ ဖြစ်မည် ။
လောလောဆယ်တော့. . . ကိုဇေကပုံးနှင့်ရေကိုဆွဲပေးပြီး ထူးထူးမော်ကို ထိုင်စေ၍ အပေါ်မှလောင်းပေးသည်။ သူကိုယ်တိုင် လည်း ရေတွင်းထဲက တိုက်ရိုက်ငင်ပြီး လောင်းချိုးလိုက်သည်။
ရေချိုးပြီးကြတော့ အပြင်ထွက်ဖို့အဝတ်အစားလဲကြသည်။
အဝတ်အစားအိတ်နှစ် အိတ်က ဧည့်ခန်းထဲမှာ မို့ အပေါ်ထပ်မတက်တော့ပဲ ဧည့်ခန်းထဲမှာ ပင် လဲလိုက်ကြ၏ ။
''ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးတွေ လည်း ဝယ်ရဦးမယ်နော်၊ အမလေး. . . တစ်အိုးတစ်အိမ်နေရတာ လိုအပ်ချက်တွေ များ လှ ချည်လားနော်''
ထူးထူးမော်က ငြီးတွားသည်။
''အဲဒါ. . . ယောကျာ်းယူချင်ဦးလေ''
''အောင်မယ်. . . သူအတင်းခေါ်လို့ လိုက်လာရတာ နော်၊ ဟင်း. . . မိဘအိမ်မှာ ဆို ထမင်းလက်ဆေးစားရုံရယ်''
''အခုလည်း လက်ဆေးစရာတောင်မလိုပါဘူးဗျာ၊ ထမင်းဆိုင် သွားစားမှာ လေ၊ ဇွန်းနဲ့ခက်ရင်းနဲ့စားကြတာပေါ့''
''သွား. . .''
ထူးထူးမော်က ကျောက်ပျဉ်မရှိ၍ ထမီရင်လျှားနှင့်ပင် ပါလာသော သနပ်ခါးဗူးလေးကိုဖွင့်ကာ လိမ်းနေသည်။
ဇေယျာဦးက ထူးထူးမော်ဘေးတွင် ဝင်ထိုင်လိုက်ရင်း ထူးထူးမော်ကိုနမ်းလိုက်ပြန်သည်။
''ကိုဇေ. . . သနပ်ခါးတွေ ပျက်ကုန်မှာ ပေါ့၊ သိပ်ကဲတာပဲကွယ်၊ အသာနေစမ်းပါ''
ထူးထူးမော်က ရုန်းဖယ်ရင်း ခပ်ညုညုအသံဖြင့်ပြောလိုက်လေသည်။ ဇေယျာဦးက ပိုကဲလာကာ ထူးထူးမော်အနားတိုးကပ်ပြီး ပခုံးမှ သိုင်းဖက်လိုက်လေ၏ ။
''သိပ်ချစ်တာပဲထူးရယ်''
ဇေယျာဦးက ပြောရင်း နောက်တစ်ခါထပ်နမ်းဖို့ မျက်နှာချင်းနီးကပ်လိုက်သည်။
ထိုစဉ်. . . ဧည့်ခန်းထဲသို့အရိပ်တစ်ခုထိုးကျလာသည့်အတွက် နှစ် ယောက် စလုံး အပေါက်ဝကိုလှည့်ကြည့်လိုက်လေသည်။
ဘာမှမမြင်ရပါ။
အရိပ်က အိမ်အတွင်းဖက်အခန်းထဲမှ ထွက်လာခြင်း ဖြစ်သည်။ တစ်ခန်းကတစ်ခန်းဖြတ်အကူးမှာ ဧည့်ခန်းထဲအရိပ်လာဟပ် သလို ထင်သွားခြင်း ဖြစ်သည်။
''လူရိပ်လားလို့ ကိုဇေ''
''ကိုဇေလည်း မြင်လိုက်သလိုပဲ၊ နေဦး. . . သွားကြည့်လိုက်ဦးမယ်''
ဇေယျာဦးက အိမ်နောက်ဖက်ထွက်သွားသည်။ ထူးထူးမော်က သနပ်ခါးဆက်လိမ်းရင်း ကျန်ခဲ့၏ ။
''ဘာမှမရှိပါဘူးထူး၊ ကိုဇေတို့စိတ်ထင်လို့ပါ''
''ကြောင်တွေ ဘာတွေ များ လား မသိပါဘူးကိုဇေရယ်၊ ဖြတ်သွားတာ အရိပ်လည်းမြင်လိုက်တယ်၊ အသံလည်းကြားလိုက် သလိုပဲ''
''လူမနေတာကြာတော့ ကြောင်တွေ ၊ ခွေးတွေ ဝင်နေချင်လည်း နေနေမှာ ပေါ့ကွာ၊ ပြန်လာမှ ပြတင်းပေါက်တွေ အကုန်ဖွင့်ပြီး အလင်းရောင် ကောင်းကောင်းဝင်အောင်လုပ်ရမယ်၊ ပင့်ကူမျှင်တွေ လည်း အများ ကြီး''
''အင်း. . . လုပ်ပေတော့၊ လုပ်ပေတော့၊ မိန်းမယူချင်တာ မှတ်ပြီမဟုတ်လား''
စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများ ဝယ်ပြီး အိမ်ပြန်လာကြတော့ နေ့လည်သုံးနာရီပင်ထိုးနေပေပြီ။
သယ်စရာတွေ များ သော ကြောင့် ဆိုက်ကားငှားပြီးပြန်ခဲ့ရလေသည်။ ညနေပိုင်း ထမင်းစားဖို့နောက်တစ်ခေါက်ပြန်မထွက်ချင် တော့၍ ခေါက်ဆွဲကြော်တစ်ထုတ်နှင့် ထမင်းကြော်တစ်ထုတ်ကိုလည်း တစ်ပါတည်း ဝယ်လာလိုက်သည်။
ခေါက်ဆွဲကြော်ထုတ်နှင့် ထမင်းကြော်ထုတ်ကို ဧည့်ခန်းထဲက တိုင်မှာ ပင်ချိတ်ထားလိုက်သည်။ ထားစရာကြောင်အိမ်တို့၊ အုပ်ဆောင်းတို့ကလည်း မရှိသေး။ စားလျှင်တောင် ကျွတ်ကျွတ်အိတ်ထဲမှာ ထည့်ထားတဲ့အတိုင်း ဆိုင်ကထည့်ပေးလိုက်တဲ့တူနဲ့ စားရ မှာ ဖြစ်သည်။ ဘာပဲ ဖြစ် ဖြစ် ညားကာစလင်မယားကတော့ ပျော်နေကြပါသည်။ ဘယ်လိုပဲနေရ နေရ ချစ်သူနဲ့အတူနေရလို့ ပျော်ရွှင်နေ ကြသည့် အိမ်ထောင်ဦးကာလ မဟုတ်ပါလား။
အိပ်ရာပြင်ရန်အတွက် အပေါ်ထပ်ကိုတက်ခဲ့သည်။ သန့်ရှင်းရေး လုပ်ထားပြီးသည့်ကုတင်ပေါ်မှာ မွေ့ရာကိုခင်း၊ဲခင်ထောင် ထောင်၊ ခေါင်းအုံးတွေ စောင်တွေ ချနှင့်လုပ်လိုက်ကြရာ အတော် ပင်ချွေးစို့သွားလေ၏ ။
အားလုံးလုပ်ပြီးတော့. . . ဇေယျာဦးက မွေ့ရာပေါ်ခြေပစ်လက်ပစ်လှဲချလိုက်သည်။
''အား. . . အိပ်စက်ညက်ညောနေတာပဲကွာ၊ ကောင်းလိုက်တဲ့ မွေ့ရာကြီး၊ သီချင်းထဲကလို ချစ်ဗြူဟာခင်းမယ့် ချစ်တလင်း ကြီးပေါ့၊ နော်. . . ထူး''
''သွားစမ်းပါ၊ ကိုဇေကလည်း နားရှက်စရာတွေ ''
''နားရှက်တယ်၊ ဟုတ်လား၊ နားရှက်ရင် ပါးစပ်နဲ့ပြောမနေတော့ဘူးကွာ၊ လာ-''
''အာ. . . ကိုဇေ၊ ဒီမှာ ချွေးတွေ သံတွေ နဲ့၊ နေပါဦး၊ နားစမ်းပါဦး''
ကိုဇေက ဘာမှပြန်မပြောပဲ ထူးထူးမော်ကို သူ့ကိုယ်ပေါ်သို့ ဆွဲလှဲလိုက်၏ ။
''တောက်-''
ဟင်. . .။ နှစ် ယောက် စလုံးခေါင်းများ က မျက်နှာကျက်ဆီမော် ကြည့်မိရက်သား ဖြစ်သွားကြလေသည်။
မနက်ကကြားခဲ့ရတဲ့တောက်ခေါက်သံအတိုင်းကြားလိုက်ရခြင်း ဖြစ်ပါသည်။
''ဒီတောက်တဲ့ကလည်း အော်မယ့်အော် ဆက်အော်တာမဟုတ်ဘူး၊ လန့်သွားတာပဲ''
''တောက်တဲ့မှဟုတ်ရဲ့ လားကိုဇေရယ်''
''တောက်တဲ့သံပါထူးရဲ့ ''
''ကဲ- ထ၊ ထ၊ ကိုဇေ၊ ရေချိုးရအောင်''
''နေပါဦး''
''လူတစ်ကိုယ်လုံး ချွေးတွေ ဖုံတွေ နဲ့ကိုဇေရယ်၊ လာပါ၊ ထမင်း စားသောက်ပြီးမှသဘောရှိ''
''ထမင်းစောစောစားပြီး စောစောအိပ်ကြမယ်၊ မီးကလာချင်မှလာမှာ ၊ ဟာ. . . ထူး၊ ခုမှသတိရတယ်၊ ကိုဇေတို့ မီးချောင်းတွေ မီးလုံးတွေ ဝယ်ရဦးမှာ ပဲ''
''ဟုတ်သားပဲ၊ ဝယ်စရာတွေ ကလည်း မဆုံးပါလားနော်''
''ဒီညတော့ ဓာတ်မီးလေးနဲ့ပဲနေကြတာပေါ့၊ စောစောအိပ်ရာ ဝင်ကြမယ်''
''သူ ဒါပဲပြောနေတာပဲ''
ပြောတဲ့အတိုင်း စားသောက်ပြီးတာနဲ့ စောစောအိပ်ရာဝင်ကြပါသည်။
ညားကာစလင်မယားတို့ထုံးစံအတိုင်း မအိပ်ခင်ချစ်ကြည်စယ်ကာ စကားတွေ ပြောနေကြသည်။ လျှပ်စစ်မီးသွယ်တန်းထားသော် လည်း လူမနေ၍ မီးလုံးမီးချောင်းများ တပ်ဆင်ထားခြင်းမရှိ။ တစ်အိမ်လုံး မှော င်နေလေသည်။ လမ်းမပေါ်မှဓာတ်တိုင်ဆီကအလင်းရောင် မှိန်မှိန်ကသာ အိပ်ခန်းပြတင်းပေါက်မှဝင်လာနေ၏ ။
နှစ် ယောက် သား အနမ်းရေယာဉ်ကြောဝယ် မြောနေကြစဉ်. . .
''ဝုန်း-''ကနဲမြည် ကာ အခန်းတခါး ပွင့်သွားလေသည်။
လူချင်းခွာကာ ကိုဇေက လက်နှိပ်ဓာတ်မီးနှင့်အခန်းဝကိုထိုး ကြည့်လိုက်၏ ။ တံခါးနှစ် ချပ်လုံး ပွင့်ဟနေသည်ကိုသာမြင်ရပြီး ဘာမှ မမြင်ရပါ။ ကိုဇေက ဘေးဝဲယာတလျှောက်ကိုဓာတ်မီးဖြင့်လိုက်ထိုးသော်လည်း ဘာမှမတွေ့ ။
''အခန်းထဲဝင်လာတုံးက ကိုဇေတံခါးမပိတ်ခဲ့ဘူးလား''
''ပိတ်တယ်လေ၊ ကလန့်တောင်ထိုးထားတယ်ထင်တာပဲ''
''ကလန့်ထိုးမထားလို့ပွင့်သွားတာပေါ့၊ ဒါပေမယ့်. . . လေလည်း မတိုက်ဘူးနော်''
ပြောကြရင်း နှစ် ယောက် စလုံးစိတ်ထဲမှာ မသိုးမသန့် ဖြစ်သွားကြလေသည်။
''တံခါးသွားပိတ်လိုက်ဦး ကိုဇေ''
''ထားလိုက်ပါတော့ကွာ''
''ဟင့်အင်း. . . ကိုဇေ၊ ထူးစိတ်ထဲမှာ တစ်မျိုးပဲ၊ သွားပိတ်လိုက်ပါ''
ဇေယျာဦးက ကုတင်ပေါ်မှဆင်းကာ တံခါးကိုသွားပိတ်သည်။ မပိတ်ခင် အပေါ်ထပ်တစ်ခုလုံးကို ဓာတ်မီးဖြင့်ထိုးကြည့်လိုက် သေး၏ ။
ပြီးတော့. . . လှေကားတစ်လျှောက်ကိုထိုးကြည့်သည်။
''ဟင်. . .''
အောက်ထပ်လှေကားရင်းမှမြင်ကွင်းကြောင့် ဇေယျာဦးထိတ်ကနဲရင်ခုန်သွား၏ ။
မျက်လုံးနှစ် လုံး။ နီရဲတောက်ပသော မျက်လုံးနှစ် လုံးက အပေါ်ထပ်ကိုမော်ကြည့်နေသည်။
ဇေယျာဦးက တံခါးကိုဆောင့်ပိတ်လိုက်သည်။ အပေါ်ကလန့်ကိုထိုးလိုက်သည်။ အခုနမြင်လိုက်ရတာ ဟာ တကယ်ပဲလား။ နောက်တစ်ခါလည်းပြန်မကြည့်ရဲ။ တကယ်ဆိုရင်လည်း ကြောင်တစ်ကောင် ဖြစ်မှာ ပါ၊ အမှော င်ထုထဲမှာ လှေကားလက်တန်းပေါ်ထိုင်နေ တဲ့ကြောင် ဖြစ်လိမ့်မယ်။
ဇေယျာဦးက သေချာအောင် တံခါး၏ အောက်ဖက်ကလန့်ကိုပါ ထိုးပိတ်လိုက်၏ ။
အခုနမြင်လိုက်ရတဲ့မျက်လုံးအကြောင်းကို ထူးကိုပြောလို့မ ဖြစ်ဘူး။ သေချာတာလည်းမဟုတ်ပဲနဲ့ ထူးကြောက်နေပါ့မယ်လေ။
''ကိုဇေ၊ ဘာလုပ်နေတာလဲ၊ လာလေ''
ထူးထူးမော်က စိတ်မရှည်နိုင်ပဲ လှမ်းခေါ်လိုက်လေသည်။ အမှော င်ထဲမှာ သူမ တစ်ယောက် တည်းနေရတာ ကြက်သီးထလာလို့ လှမ်းခေါ်လိုက်ရခြင်း ဖြစ်သည်။
''လာပါပြီ''
ထူးကတော့ တစ်ညလုံး နှစ် နှစ် ချိုက်ချိုက်အိပ်ပျော် သွားပါသည်။
အိပ်မပျော်ပဲ လန့်လန့်နိုးနေတာက ကိုဇေ။ သူ့စိတ်ထဲမှာ လှေကားရင်းမှာ သူမြင်လိုက်ရတဲ့မျက်လုံးနှစ် လုံးကို တကယ်မြင်လိုက် ရတာ ဟုတ်ရဲ့ လား။ စိတ်ထင်လို့လားလို့ တွေးနေသည်။ မြင်လိုက်ရတာ မှန်ရင်လည်း အဲဒါကြောင်တစ်ကောင် ဖြစ်မှာ လို့ စိတ်ဖြေပြီး တွေးနေမိသည်။
သို့သော်. . . စိတ်ထဲမှာ မတင်မကျနှင့်ကြောက်စိတ်ကတော့ လျော့မသွား။
အိပ်မပျော်ပဲတွေးနေမိတုံး အောက်ထပ်ဧည့်ခန်းထဲက ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေ ကြားရပြန်သည်။ ဘာတွေ လဲ၊ ကြွက်တွေ ပဲ ဖြစ် မှာ ပါ။ ကြောင်က ကြွက်တွေ လိုက်ခုတ်နေတာ ဖြစ်မှာ ပေါ့။ အခုန ငါမြင်လိုက်ရတဲ့ မျက်လုံးပိုင်ရှင်ကြောင်၊ ဒီအိမ်ထဲမှာ ကြွက်တွေ လာခုတ် နေတာ ဖြစ်မှာ ပေါ့။ ဟုတ်တယ်၊ အဲဒီ အတိုင်း ဖြစ်မှာ ပါ။
အသံတွေ တိတ်သွားတော့ ဇေယျာဦးမျက်ကြောစင်းကာ အိပ်ပျော်တော့မလို ဖြစ်သွားလေသည်။
သို့သော်. . . နောက်ထပ်အသံတစ်သံက သူ့ကိုအနှောက်အယှက်ပြုလိုက်ပြန်လေသည်။
လှေကားပေါ်မှ တဖြတ်ဖြတ်တက်လာသော ခြေသံ။
ဒါလည်း ကြောင်တက်လာတဲ့အသံပဲလား။ မ ဖြစ်နိုင်။ ကြောင်ခြေသံက ဒါလောက်မြည် စရာအကြောင်းမရှိ။
ဇေယျာဦးနဖူးမှာ ကြောက်စိတ်ကြောင့်ချွေးတွေ စို့လာသည်။
သတိရကာ ဘုရားစာတစ်ခုခုရွတ်ဆိုဖို့ကြိုးစား၏ ။ အရေး ထဲကျမှ သံဗုဒ္ဓေဂါထာက အစအဆုံးရွတ်မရ။ တလည်လည် ဖြစ်နေ သည်။
ခြေသံက လှေကားထိပ်ရောက်လာပြီ။
ကြံရာမရသည့်အဆုံး ''ဗုဒ္ဓေါ၊ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ''ဟုပင် မပြတ်ရွတ်ဆိုနေလိုက်သည်။ ခြေသံက ရှေ့ကိုဆက်တိုးမလာတော့။ သို့သော် ပြန်ဆင်းသွားသည့်အသံမျိုးကိုလည်း မကြားရပေ။
ဇေယျာဦးက ''ဗုဒ္ဓေါ''ကိုပင် မပြတ်ရွတ်နေသည်။
တစ်အိမ်လုံးက အမှော င်ထုထဲတွင် တိတ်ဆိတ်နေပေ၏ ။
ဇေယျာဦး ဘယ်အချိန်အိပ်ပျော်သွားမှန်းပင်မသိလိုက်ပါ။
အဲဒါတွေ ကတော့ ဒီအိမ်ကြီးကိုရောက်ရောက်ချင်း ပထနေ့မှာ ကြုံရသော အတွေ့ အကြုံများ ပင် ဖြစ်လေသည်။
ဒုတိယနေ့။
မနက်ကျတော့ ရှစ်နာရီထိုးလို့ ထူးထူးမော်နှိုးမှ ဇေယျာဦး နိုးတော့သည်။
ညက မြင်ရကြားရသည်များ ကို ထူးထူးမော်ကိုပြောပြမနေတော့ပါ။
''ထ- ကိုဇေ၊ စည်ပိုင်းထဲက ရေတွေ ကို ထူး လှယ်ပစ်လိုက်ပြီ၊ ရေတွင်းထဲကရေကို မငင်တတ်လို့ မျက်နှာတောင် မသစ်ရသေးဘူး၊ ထ- ထ- ပြီးရင် အပြင်သွားရအောင်''
လင်မယားနှစ် ယောက် ရေစည်ပိုင်းထဲရေအပြည့်ဖြည့်၍ မျက်နှာသစ်သွားတိုက်ပြီး ရေတစ်ခါတည်း ချိုးလိုက်ကြသည်။
ထူးထူးမော်က အရင်ရေချိုးပြီးသွား၍ အိမ်ထဲဝင်သွားသည်။ ဧည့်ခန်းထဲမှာ ပင် သနပ်ခါးဗူးထဲကသနပ်ခါးဖြင့် လိမ်းနေသည်။
သနပ်ခါးလိမ်းပြီးချိန်တွင် ကိုဇေ ရေလဲပုဆိုးကို ခါနေသံကြားရသည်။
ထူးထူးမော်က ကိုဇေ့ကိုစချင်နောက်ချင်စိတ်ပေါ်လာကာ သနပ်ခါးကိုလက်စသပ်ပြီး ထလိုက်သည်။
ကိုဇေအိမ်ပေါ်တက်မလာခင် မီးဖိုခန်းဘေးက စတိုခန်းလေးထဲဝင်နေလိုက်သည်။ ယခုအချိန်ထိ. . . ထူးထူးမော်မှာ ထမီရင်လျှား နဲ့ပဲ ရှိသေးသည်။
စတိုခန်းထဲဝင်ပုန်းနေပြီး ကိုဇေ့ကို ဝါးကနဲအော်ပြီးနောက်ဖို့ စဉ်းစားထားသည်။ စတိုခန်းတံခါးကိုဖွင့်ကာ ဝင်နေလိုက်သည်။ အခန်းက ပြတင်းပေါက်ကိုပိတ်ထား၍ မှော င်မည်းနေ၏ ။
ထူးထူးမော်က တံခါးကြားထဲဝင်ပုန်းနေလိုက်သည်။
ကိုဇေအိမ်ထဲဝင်လာသံကြားရသည်။ စတိုခန်းနား တစတစ နီးလာသည်။
ကိုဇေ့ကို ဝါးကနဲအော်နောက်ရန် ထူးထူးမော်က ပြင်လိုက်၏ ။
သို့သော်. . . သူမပါးစပ်ထဲက ဘာသံမှထွက်မလာ။ အော်လို့မရအောင် တစ်စုံတစ်ခုက ပိတ်ဆီးထားသလို ဖြစ်နေသည်။ ထူးထူး မော် ကြက်သီးထကာ ကြောက်လန့်သွားသည်။ ဘာကိုကြောက်မှန်းတော့ မသိ။
ထိုအချိန်၌ ကိုဇေက စတိုခန်းကိုဖြတ်ကျော်သွားပြီ။
ဧည့်ခန်းထဲအရောက်တွင် ထူးထူးမော်ကိုမတွေ့ ၍
''ထူး- ထူး- ဘယ်ရောက်နေလဲ၊ ဘယ်ထသွားတာလဲ၊ ထူးရေ၊ ထူး. . . အပေါ်ထပ်တက်သွားတာလား''
ထူးထူးမော်ကိုခေါ်ရင်း ဇေယျာဦးလည်း စိုးရိမ်စိတ်တွေ ဝင်နေသည်။ ကြောက်လည်းကြောက်နေ၏ ။ သူ့မှာ ညက ထူးထူးမော် မသိသည့်အတွေ့ အကြုံတွေ ရှိထားသည်မဟုတ်ပါလား။
''ထူးရေ. . . ထူး''
ကိုဇေခေါ်နေသံကို ထူးထူးမော်ကြားသည်။ ပြန်ထူးချင်သည်။ အသံထွက်လို့မရ။ အသံထွက်မရရုံသာမဟုတ်။ စတိုခန်းထဲက ပြန်ထွက်လို့လည်း မရ ဖြစ်နေသည်။ ပြန်ထွက်ဖို့ကြိုးစားသော်လည်း နေရာက ရွှေ့လို့မရ ဖြစ်နေ၏ ။
ထိုစဉ်. . . သူမ၏ လည်ဂုတ်မှာ အေးစက်သွားလေသည်။ ရေခဲတုံးနှင့်အကပ်ခံလိုက်ရသလို အေးစက်သွားခြင်း ဖြစ်ပါသည်။
ထူးထူးမော်က နောက်ကိုလှည့်ကြည့်လိုက်သည်။
''အား. . . ကိုဇေ. . . ကိုဇေ''
ထူးထူးမော်ကြောက်လန့်တကြားအော်လိုက်လေသည်။
''ထူး. . . ထူး. . . ကိုဇေလာပြီ၊ ကိုဇေလာပြီ''
ဇေယျာဦးပြေးလာသံကိုကြားရသည်။
ဇေယျာဦး စတိုခန်းထဲရောက်တော့ ထူးထူးမော်က ကြမ်းပြင်ပေါ်မှာ လဲကျနေသည်။
''ထူး. . . ထူး. . . ဘာ ဖြစ်တာလဲ''
ဇေယျာဦးက ထူးထူးမော်ကို ပွေ့ယူရင်းမေးလိုက်သည်။
ထူးထူးမော်သတိလစ်မနေပါ။
''ကိုဇေ၊ ဒီအခန်းထဲက ထွက်-ထွက်၊ အမြန်ထွက်ရအောင်''
ကိုဇေက ထူးထူးမော်ကိုဆွဲထူကာ အခန်းထဲက ထွက်လာလိုက်သည်။
''ဘာ ဖြစ်လို့လဲ၊ ဘာ ဖြစ်တာလဲထူး၊ ထူးက စတိုခန်းထဲဘာဝင်လုပ်တာလဲ''
''ကိုဇေ့ကိုနောက်မလို့ဆိုပြီး တံခါးကြားထဲဝင်ပုန်းနေတာကိုဇေ၊ ဒါပေမယ့်. . . ဒါပေမယ့်. . .''
''ဘာ ဖြစ်လဲ၊ ပြောစမ်းပါဦး''
''ထူး လည်ဂုတ်တစ်ခုလုံး အေးစက်သွားတာပဲ ကိုဇေရယ်၊ နောက်ကနေ လက်အေးအေးကြီးနဲ့လှမ်းကိုင်လိုက်သလိုပဲ''
''ဟင်-''
''ထူးနောက်ကိုလှည့်ကြည့်လိုက်တော့ မျက်လုံးကြီးနှစ် လုံး''
''မျက်လုံး''
''မျက်လုံးကြီးတွေ လို့ထင်တာပဲ၊ နီရဲနေတာပဲ၊ ဒါပေမယ့် မျက်လုံးကြီးတွေ က လေးထောင့်ကြီးတွေ ကိုဇေ''
''ထူးစိတ်ထင်လို့ပါ၊ အခန်းထဲမှာ လင်းဆွဲတွေ ဘာတွေ အောင်းနေတာ ဖြစ်မှာ ပါ''
''လင်းဆွဲမျက်လုံးက အနီရောင် မို့လို့လား၊ မျက်လုံးကြီးတွေ ကအကြီးကြီးတွေ ကိုဇေ''
''ကဲ- ထူး၊ အင်္ကျီဝတ်၊ ကိုဇေတို့အပြင်သွားရအောင်''
''ဟို. . . အထဲကဟာ လင်းဆွဲ ဖြစ်မှာ ပါနော်''
''ဟုတ်ပါတယ်ထူးရယ်၊ နောက်ဆို. . . ပိတ်ထားတဲ့အခန်းတွေ ထဲ စွတ်စွတ်မဝင်နဲ့ကွာ၊ လူမနေတာကြာတော့ မြွေတွေ ကင်း တွေ ပါ အောင်းချင်အောင်းနေမှာ ''
''မဝင်ရဲတော့ပါဘူးကိုဇေရယ်''
''အခန်းတွေ အကုန်လုံး မီးချောင်းတွေ လိုက်တပ်မှ ဖြစ်မယ်''
အိမ်တံခါးကိုသော့ ခတ်ကာ လင်မယားနှစ် ယောက် သား အိမ်ထဲမှထွက်ခဲ့ကြသည်။
ခြံဝအရောက်တွင် တိုင်ပင်မထားပဲ အိမ်ကြီးအပေါ်ထပ်သို့ ပြိုင်တူလှည့်ကြည့်လိုက်မိကြ၏ ။
အိမ်အပေါ်ထပ်ရှေ့မျက်နှာစာကို လသာဆောင်လုပ်ကာ ရာဇမတ်ကွက်ကလေးတွေ ရိုက်ထားပါ၏ ။ လသာဆောင်ဆီသို့ နှစ် ယောက် စလုံး တစ်ပြိုင်တည်းလှည့်ကြည့်မိကြခြင်း ဖြစ်သည်။
သူတို့ကြည့်လိုက်သည့်နေရာမှာ ဘာမှရှိမနေပါ။
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
''ကိုဇေ၊ အိမ်ပေါ်ကိုဘာလို့လှည့်ကြည့်တာလဲဟင်''
''ထူးရော၊ ဘာလို့လှည့်ကြည့်လိုက်တာလဲ၊ ကိုဇေ့စိတ်ထဲမှာ ဝရံတာကနေ လူ တစ်ယောက် ရပ်ပြီး ကိုဇေတို့ကိုကြည့်နေတယ် ထင်လို့ လှည့်ကြည့်လိုက်တာ ထူး''
''ဟင်. . . ဟုတ်လား၊ ထူးလည်း. . . ထူးလည်း. . . အဲဒီ လိုထင်လို့ လှည့်ကြည့်လိုက်တာကိုဇေ''
''ကိုဇေတို့ စိတ်ချင်းတူသွားတာပေါ့၊ တကယ်တော့ ဘာမှမှ မရှိပဲ''
ထိုနေ့က ညနေစောင်းမှပင် အိမ်ကိုပြန်လာ ဖြစ်တော့သည်။ ကားဂိတ်မှာ သွားထိုင်ပြီး အချိန်ဖြုန်းနေကြခြင်း ဖြစ်သည်။
ကိုဇေနှင့်ထူးထူးမော် တစ်ယောက် ကို တစ်ယောက် ဖွင့်မပြောကြသော်လည်း အိမ်ကြီးကိုပြန်ရမှာ ကြောက်နေမိကြလေသည်။
ညစာကို ဆိုင်မှာ စောစောစားသောက်ပြီး. . . ညနေစောင်းမှပင် အိမ်ပြန်လာခဲ့ကြ၏ ။ မီးချောင်းနှစ် ချောင်းနှင့် မီးလုံးသုံးလုံးကို လည်း ဝယ်လာခဲ့ကြသည်။ မီးချောင်းများ ကို ဧည့်ခန်းနှင့်အိပ်ခန်းတွင် တပ်မည် ။ မီးလုံးသုံးလုံးကိုတော့ လှေကားအတက်တွင် တစ်လုံး၊ မီးဖိုခန်းထဲမှာ တစ်လုံး၊ အိမ်သာမှာ တစ်လုံးတပ်ဖို့စီစဉ်ထားသည်။ ထိုနေရာတွေ မှာ မီးခေါင်းများ အဆင်သင့်ရှိပြီးတာကို ကြည့်ထားပြီး ဖြစ် သည်။
အိမ်ပြန်ရောက်သည်နှင့် ကိုဇေက မီးချောင်းမီးလုံးများ ကို မီးခေါင်းများ တွင် ဂျွိုင်း၍ တပ်လိုက်၏ ။ စမ်းဖွင့်ကြည့်တော့ အားလုံး မီးလင်းသည်။ လျှပ်စစ်ဝါယာများ ၊ ခလုတ်များ ၊ မီးခေါင်းများ က အကောင်းအတိုင်းရှိနေပါသေးသည်။
မှော င်လည်း မှော င်လာပြီမို့ မီးပွင့်များ အားလုံးကို တစ်ခါတည်း ဖွင့်ထားလိုက်ကြသည်။
အောက်ထပ်တံခါးများ ကိုပိတ်ပြီး အိပ်စက်ရန်အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။
လင်မယားနှစ် ယောက် မှာ ယခင်ရက်များ ကလို စကားများများ မပြော ဖြစ်တော့ပေ။ ချစ်သူတို့ဘာသာဘာဝ ချစ်ကြည်စယ်နေကြ သော်လည်း စကားသံများ တိတ်ဆိတ်နေကြ၏ ။
ထို့နောက်. . . အိပ်ပျော်သွားကြသည်။
ဇေယျာဦးက ဦးစွာ အိပ်ရာမှပြန်နိုးလာခြင်း ဖြစ်သည်။
ပြန်နိုးလာတော့ ဘယ်အချိန်လောက်ရှိပြီဆိုတာပင် မခန့်မှန်းတတ်။ နိုးလာပုံကလည်း အခန်းထဲကို လူစိမ်း တစ်ယောက် ယောက် ရောက်နေသည်ဟုခံစားရကာ နိုးလာခြင်း ဖြစ်သည်။
အောက်ထပ်မှထွန်းထားခဲ့သည့်မီးများ က အပေါ်ထပ်အထိ ခပ်လဲ့လဲ့လင်းနေသည်။
မီးရောင် လင်းနေသည်ကို သတိပြုမိမှ ဇေယျာဦးသည် အခန်းတံခါးကိုလှမ်းကြည့်လိုက်သည်။ မအိပ်ခင်က အခန်းတံခါးကို အပေါ်ကလန့်ရော အောက်ကလန့်ပါထိုးထားခဲ့သည့်အတွက် အပြင်မှအလင်းရောင် ကို မြင်ရစရာအကြောင်းမရှိပါ။ သူတို့အိပ်ခန်းထဲက မီးချောင်းကိုတော့ ပိတ်ထားခဲ့သည်။
တံခါးကိုလှမ်းကြည့်လိုက်တော့ အခန်းတခါးက ပွင့်နေသည်။ ဇေယျာဦးထိတ်ကနဲ ဖြစ်သွားသည်။
ထူးထူးမော်ဖက်လှည့်ကြည့်လိုက်သည်။
ထိုအခါ. . . ထူးထူးမော်အိပ်သည့်ဖက်ခြမ်းမှ ကုတင်ဘေးတွင် ရပ်နေသော လူမည်းမည်းကြီးကို မြင်လိုက်ရလေသည်။
လူမည်းမည်းကြီးက မျက်လုံးနီနီရဲရဲကြီးများ ဖြင့် ထူးထူးမော်ကိုငုံ့ကြည့်နေသည်။ မျက်လုံးနှစ် လုံးက လေးထောင့်ပုံများ ဖြစ်နေ၏ ။ မနက်က ထူးထူးမော်ပြောခဲ့ပုံကိုသတိရမိသည်။
လူမည်းမည်းကြီး၏ အောက်ပိုင်းကိုကောင်းကောင်းမမြင်ရ။ မျက်နှာမှာ လည်း လေးထောင့်စပ်စပ်ပုံကြီး ဖြစ်နေတာကို လမ်းမီးတိုင် မှဝင်လာသော အလင်းရောင် ကြောင့် မြင်နေရသည်။
သူကြည့်နေစဉ်မှာ လူမည်းမည်းကြီးက ထူးထူးမော်ဆီလက်လှမ်းလိုက်သည်ကိုမြင်လိုက်ရ၏ ။ ထူးထူးမော်၏ ခြေထောက်ကိုလှမ်း ကိုင်လိုက်သည်။
ဇေယျာဦး ထူးထူးမော်အတွက် စိုးရိမ်သွား၏ ။
''ဟေ့-''
ဇေယျာဦးက သံကုန်ဟစ်၍ အော်လိုက်သည်။
ထူးထူးမော်လည်း ခြေထောက်ဆီမှအေးစက်သော အထိအတွေ့ ကြောင့်လန့်နိုးလာသည်။
ဘာ ဖြစ်သည်ကိုပင် နားမလည်လိုက်ပေ။
ထူးထူးမော်သည် လူမည်းမည်းကြီး၏ ကုတင်ပေါ်မှဆွဲချခြင်းကိုခံလိုက်ရသည်။
ကြမ်းပြင်ပေါ်ကို ခွေးကျဝက်ကျ ကျသွားသည်။
လူမည်းမည်းကြီးအသွင်သဏ္ဍာန်မှာ လည်း ရုတ်ကနဲပျောက်သွားလေသည်။
''ကိုဇေ၊ ကိုဇေ''
''ကိုဇေလာပြီ ထူး''
ဇေယျာဦးက မီးခလုတ်ကိုအရင်ပြေးဖွင့်ပြီးမှ ထူးထူးမော်ဆီ ပြေးသွားလိုက်ရာ ကြမ်းပြင်ပေါ်တွင် စောင်များ ဖြင့်လုံးထွေးလျှက် ပက်လက်လဲကျနေသော ထူးထူးမော်ကို တွေ့ လိုက်ရလေသည်။
တတိယနေ့မှာ . . . မနက်စောစောပင် အိမ်မှထွက်လာခဲ့ကြသည်။
ဒီအိမ်ကြီးမှာ သူတို့ဆက်နေလိုစိတ် မရှိတော့။ အိမ်ကြီးအကြောင်းကိုစုံစမ်းကြည့်ရန်ဆုံးဖြတ်လိုက်သည်။
ဒီအိမ်ကို ဇေယျာဦးကားမောင်းတဲ့ဂိတ်က ဂိတ်မှူးက ငှားပေးထားခြင်း ဖြစ်သည်။ အိမ်၏ ရာဇဝင်ကို ဂိတ်မှူးရောသိရဲ့ လား မသိပေ။
ဂိတ်ကိုရောက်တော့ ဂိတ်မှူးဦးကြင်မောင်ကိုမေးကြည့်ကြသည်။
''သရဲခြောက်တယ်လို့တော့ ပြောကြတာပဲ၊ ဒါလည်း မဆန်းဘူးလေကွာ၊ လူမနေတဲ့အိမ်ဆို မြန်မာလူမျိုးတွေ က သရဲခြောက် တယ်ချည်း ပြောကြတာပဲ''
''အခုဟာက တကယ်ခြောက်တာဗျ''
ဇေယျာဦးက နှစ် ရက်အတွေ့ အကြုံကိုပြောပြလိုက်သည်။
''ငါလည်း သေချာမသိဘူး၊ သိချင်ရင် အရင်နေခဲ့တဲ့လူတွေ ကိုသွားမေးပါလား၊ ဈေးထိပ်က ဒေဝစ္ဆရာအပ်ချုပ်သင်တန်းဆိုပြီး ဖွင့်ထားတဲ့လင်မယားက အရင်အဲဒီ အိမ်မှာ နေသွားတာကွ''
စက်ချုပ်သင်တန်းဖွင့်ထားသည့် ကိုကျော်လွင်၊ မဆွေဆွေဝင်းတို့နှင့်သွားတွေ့ မေးလိုက်သည်။ သူတို့ရှိစဉ်က သရဲခြောက်ပုံ ခြောက်နည်းများ ကို မဆွေဆွေဝင်းက ပြန်ပြောပြလိုက်၏ ။
မျက်နှာလေးထောင့်နှင့်လူမည်းမည်းကြီး၊ မျက်လုံးကလည်း လေးထောင့်၊ ဆံပင်ကောက်တိကောက်ကွေးဖားဖားလျားလျား။ ကုတင်ပေါ်မှဆွဲချတဲ့အပြုအမူ။ အားလုံးတူနေသည်။
''ဒါဖြင့်. . . အဲဒီ အိမ်ထဲမှာ သရဲရှိတာသေချာတာပေါ့နော်အစ်မ''
''အစ်မတို့နောက်မှနေတဲ့ ဝန်ထမ်းလင်မယားလည်း အခြောက်ခံရလို့ပြောင်းပြေးကြတာပဲညီမလေး၊ သူတို့အခြောက်ခံရပုံက ပိုဆိုးသေးတယ်၊ နေ့ခင်းကြောင်တောင်ကြီး အမဲသားဟင်းတွေ နှိုက်စားနေတာ မြင်လိုက်ရတာ တဲ့''
''အမလေး. . .''
''သူတို့လည်း သိပ်အကြာကြီးမနေလိုက်ဘူး၊ ပြောင်းပြေးသွားကြတယ်''
ဇေယျာဦးနှင့်ထူးထူးမော်လည်း ဒီအိမ်ကပြောင်းဖို့ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့နောက်ဆုံးနေ့ပဲ ဖြစ်သည်။ အိမ်လခကို တစ်လစာပဲကြို ပေးထားမိလို့တော် ပါသေးသည်။
ညနေစောင်းတွင် တထိတ်ထိတ် တလန့်လန့်ဖြင့်ပင် အိမ်ကိုပြန်ခဲ့ကြလေသည်။
အိမ်ကြီးက တိတ်ဆိတ်နေသည်။
''အပေါ်ထပ်မှာ မအိပ်ရဲတော့ဘူးကိုဇေ၊ အပေါ်ကအိပ်ရာတွေ တစ်ခါတည်းသိမ်းပြီး ဒီည ဧည့်ခန်းမှာ ပဲအိပ်လိုက်ရအောင်''
ထူးထူးမော်က တိုးတိုးလေးပြောသည်။
''ဒါဖြင့်. . . အပေါ်ကို အိပ်ရာသွားသိမ်းရအောင်''
''ထူးမလိုက်ရဲဘူး''
''အောက်ထပ်မှာ ရော တစ်ယောက် တည်းနေခဲ့ရဲလို့လား''
''ဟင့်အင်း. . . အဲဒီ လိုလည်း မနေရဲဘူး''
ပြောရင်း. . . ထူးထူးမော် ကြက်သီးထသွားသည်။ သူတို့ကို တစ်ယောက် ယောက် က ချောင်းကြည့်နေသလိုလည်း စိတ်မလုံမလဲ ခံစားရသည်။
''လာပါထူး၊ ခြင်ထောင်ကိုမြန်မြန်ဖြုတ်ပြီး ကျန်တာတွေ ဒီတိုင်း ဆွဲချလာလိုက်မယ်၊ ခေါက်တာပြုတာတွေ လုပ်မနေတော့ဘူး၊ မြန်မြန်သိမ်းကြတာပေါ့''
မလွှဲသာ၍ နှစ် ယောက် သားအိမ်ပေါ်တက်လာခဲ့ကြသည်။
အချိန်က ဆည်းဆာသိမ်း၍ အမှော င်ရိပ်သန်းလာပြီ။ လျှပ်စစ် မီးခလုတ်ကိုဖွင့်ကြည့်ရာ အရေး ထဲ. . . မီးကပျက်နေ၏ ။
''ဓာတ်မီးရောကိုဇေ''
''အပေါ်မှာ ထားခဲ့တာလေ၊ ခေါင်းအုံးအောက်မှာ ''
''ဒုက္ခပဲ''
''လာပါ၊ မြန်မြန်တက်လိုက်ရအောင်၊ ကြာရင် ပိုမှော င်လာလိမ့်မယ်''
ကိုဇေက ထူးကိုအားပေးရင်း ပခုံးမှဖက်၍ ခေါ်လာခဲ့လိုက်သည်။
အိမ်ပေါ်ထပ်ရောက်တော့. . .
ကိုဇေက ကုတင်ပေါ်တက်ကာ ခြင်ထောင်ကြိုးများ ကို မီးခြစ်ခြစ်၍ မီးရှို့ပြီးဖြတ်ချလိုက်သည်။
ထိုစဉ်. . .
လှေကားပေါ်မှ တရွေ့ရွေ့တက်လာသော ခြေသံတဖျတ်ဖျတ် ကိုကြားရသည်။
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ခြေသံကထွက်ပေါ်လာဆဲ။ လှေကားအတိုင်း တက်လာနေသည်။
ကိုဇေက ကုတင်ပေါ်မှခုန်ချလိုက်သည်။
တဆတ်ဆတ်တုန်နေသော ထူးကို အားပေးသလိုဖက်ထားလိုက်သည်။ တကယ်တော့. . . ဇေယျာဦးကိုယ်တိုင်လည်း ကြောက် လန့်နေသည်။ ဘာလုပ်ရမှန်းမသိ။
အခန်းထဲက ပြေးထွက်လို့လည်း မ ဖြစ်သေး။ ခြေသံက လှေကားအတိုင်းတက်လာကာ အခန်းဆီသို့လာနေခြင်း ဖြစ်သည်။
ကြောက်လန့်တကြားဖြင့် အပြင်ဖက်ကို ငေးကြည့်နေစဉ် . . . အရိပ်တစ်ခုက ဖြတ်ကနဲထိုးကျလာသည်။
အရိပ်နောက်မှ တစ်ပါတည်း အကောင်အထည်ပါကပ်ပါလာ၏ ။
လူမည်းမည်းကြီးက အခန်းပေါက်တည့်တည့်တွင် ပိတ်၍ ရပ်လိုက်သည်။
လေးထောင့်မျက်နှာ၊ လေးထောင့်မျက်လုံးများ ။ မျက်နှာပေါ်သို့ ဆံပင်ကောက်ကွေးကွေးများ ပြန့်ကျနေသည်။ ပါးစပ်ပြဲပြဲကြီးထဲ တွင် အစွယ်များ ထွက်နေသော လူမည်းမည်းကြီးက အခန်းပေါက်နှင့်အပြည့် ရပ်နေလေသည်။ ခါးကိုထောက်ထားသည်။
လူမည်းမည်းကြီး၏ အောက်ပိုင်းကတော့ ဝေဝါးနေသည်။ အောက်ခြေကို ပီပီရှင်းရှင်းမမြင်ရ။
ဇေယျာဦးနှင့်ထူးထူးမော် ကြောက်စိတ်ဖြင့် တဆတ်ဆတ်တုန်နေကြသည်။
လူမည်းမည်းကြီးက အခန်းထဲသို့တိုးဝင်လာသည်။ လေထဲမှာ မျောလာသလိုမျိုး ရွေ့ဝင်လာခြင်း ဖြစ်သည်။
လူမည်းမည်းကြီးက လက်ကြီးနှစ် ဖက်ကိုမြှော က်လိုက်၏ ။
နှစ် ယောက် စလုံး ကြောက်လန့်တကြားဖြင့် အသံကုန်ခြစ်ကာ အော်လိုက်ကြလေသည်။
''အား. . .''
ဆပ်ပြာတိုက်ထားသော အဝတ်ကို ကျောက်တုံးပေါ်တင်၍ ဖွတ်လိုက်တိုင်း ဆပ်ပြာမြှုပ်ကလေးများ က မြစ်ရေထဲသို့စီးကျသွား လေသည်။ ကမ်းစပ်သို့ရိုက်ခတ်လာသော လှိုင်းကလေးများ နှင့်ထိတွေ့ ကာ ဆပ်ပြာမြှုပ်ကလေးများ က တစ်စစီကွဲထွက်သွားလေ၏ ။
''နီနီလေး. . . ဘာလို့အဝတ်တွေ လျှော်နေတာလဲ၊ မောမယ်လေ၊ ထားလိုက်. . . ထားလိုက်. . . မမညိုလျှော်မှာ ပေါ့''
တစ်ဖက်ကျောက်တုံးတွင် အဝတ်လျှောက်နေသော မညိုနွဲ့က နွယ်နီလှိုင့်ကိုလှမ်းပြောလိုက်သည်။
''ဖေဖေ့အင်္ကျီမို့လို့ ကုသိုလ်ရအောင် နီလေးလျှော်နေတာပါ မမညိုရယ်၊ ဖေဖေ့အဝတ်အစားက ရှပ်အင်္ကျီတစ်ထည်နဲ့ စွပ်ကျယ်ဂျိုင်းပြတ်တစ်ထည်ပဲပါတာပါ၊ ရပါတယ်''
''အို. . . နီနီလေးက ကျန်းမာရေး ကောင်းတာမဟုတ်ဘူး၊ အဝတ်လျှော်တယ်ဆိုတာ ဆောင့်ဆောင့်ဖွတ်ရတာ ၊ ရင်တွေ တုန်နေဦး မယ်၊ ပေး- ပေး- ကျန်တဲ့တစ်ထည် မညိုပဲလျှော်လိုက်မယ်''
မညိုက ထလာကာ နွယ်နီလှိုင့်ပေါင်ပေါ်တင်ထားသော စွပ်ကျယ်ဂျိုင်းပြတ်ကိုဆွဲယူလိုက်သည်။
''အဲဒါက ပြီးပလား၊ ရေညှစ်ရတော့မှာ မို့လား၊ ပေး-ပေး- မမညိုပဲဆက်လုပ် လိုက်မယ်''
နွယ်နီလှိုင်က မိမိကိုညှာတာနေသော မညိုနွဲ့ကိုကြည့်ရင်းပြုံးလိုက်သည်။
''ဒါလောက်တော့ ရပါသေးတယ်မမညိုရယ်''
အရယ်တစ်ဝက်ဖြင့်ပြောလိုက်သည်။
''တော် ကြာ. . . သူ့သမီးကိုအဝတ်ဖွတ်ခိုင်းတယ်ဆိုပြီး မေမေစောက မမညိုကိုဆူနေပါဦးမယ်ဟယ်၊ နီနီလေးက ခဏခဏ အမောဖောက်တာမဟုတ်လား၊ မမညိုကိုပေးစမ်းပါ''
မမညိုက နွယ်နီလှိုင့်လက်ထဲမှ ဖွတ်ပြီးသည့်ရှပ်အင်္ကျီကိုဆွဲယူလိုက်ပြန်သည်။
''ကဲ-ကဲ- ဒါဖြင့် အတူတူရေညှစ်မယ်၊ မမညိုက တစ်ဖက်က ကိုင်''
နွယ်နီလှိုင်က ထိုင်ရာမှထကာ ဒူးခေါင်းလောက်အထိနစ်သော ရေအနက်သို့သွားကာ အင်္ကျီကိုမြစ်ရေထဲနှစ် ၍ -နှစ် ၍ စိမ်လိုက် သည်။ ဆပ်ပြာအကျန်များ ရေစီးထဲမျောကာ အဝတ်က သန့်စင်သွားလေသည်။
မညိုနွဲ့နှင့်နွယ်နီလှိုင် ဖေဖေ့အင်္ကျီကိုတစ်ဖက်စီကိုင်ကာ လိမ်၍ ရေညှစ်ချလိုက်သည်။
ထိုစဉ်. . . မြစ်ရေထုက ဝုန်းကနဲ ဝုန်းကနဲထကြွကာ ကမ်းစပ်ဆီသို့ လှိုင်းလုံးကြီးများ ရိုက်ခတ်လာလေသည်။
နှစ် ယောက် စလုံးအကြည့်က မြစ်အလည်ဆီသို့ရောက်ရှိသွားလေ၏ ။ မြစ်ထဲတွင် ကြီးမားသော သင်္ဘောကြီးများ ဖြတ်သန်းသွား မှသာ လှိုင်းလုံးများ ယခုလိုထကြွ၍ ကမ်းစပ်သို့ပြင်းထန်စွာ ရိုက်ခတ်လာတတ်မြဲမဟုတ်ပါလား။
ကမ်းစပ်နှင့်ခပ်ဝေးဝေးမြစ်အလည်လောက်ဆီမှ နှစ် ထပ်သင်္ဘောတစ်စီး ဖြတ်မောင်းသွားသည်ကို မြင်လိုက်ရသည်။
''ဟင်- မမညို၊ ကိုကိုတို့သင်္ဘောလားမသိဘူး''
နွယ်နီလှိုင်က အထက်ဖက်သို့ဆန်တက်သွားသော သင်္ဘောကို မျှော်ကြည့်ရင်းပြောလိုက်သည်။ နွယ်နီလှိုင့်မျက်လုံးများ က သင်္ဘောဆီမျှော်ကြည့်ရင်း ဆွေးရိပ်သန်းနေပေသည်။
''နီနီလေးရယ်. . .''
မညိုနွဲ့က စိတ်မသက်သာစွာ ရေရွတ်လိုက်သည်။
''ဟုတ်တယ်နော်မမညို၊ ကိုကိုတို့သင်္ဘောကြီး''
''ဒီလိုသင်္ဘောတွေ အများ ကြီးပါကွယ်၊ အဲဒီ သင်္ဘောဟာ မြနဒီ ဟုတ်ချင်မှဟုတ်မှာ ပေါ့၊ ကဲ-ကဲ- ရေချိုး၊ ရေချိုး၊ သိပ်အနက် ကြီး မသွားနဲ့၊ ဒီနားမှာ ပဲထိုင်ချိုးနော်၊ ရေမကူးနဲ့နော်၊ မမညိုလည်း အဝတ်တွေ ဖွတ်ပြီးတော့မှာ ပါ''
မညိုနွဲ့က အညာဆန်သင်္ဘောကြီးကိုကြည့်ပြီး နွယ်နီလှိုင် လွမ်းဆွေးနေမည် စိုး၍ စကားကိုလွှဲလိုက်သည်။ အဝတ်ဖွတ်လက်စ ကျောက်တုံးဆီသို့ပြန်လာလိုက်သည်။
အဝတ်ဖွတ်ရင်း နွယ်နီလှိုင့်ဆီပြန်ကြည့်လိုက်တော့ နွယ်နီလှိုင်က တဖြည်းဖြည်းဝေးသွားပြီ ဖြစ်သော သင်္ဘောကြီးကို ငေးကြည့် နေဆဲ ဖြစ်သည်။ သင်္ဘောကြီးက မြင်ကွင်းမှတဖြည်းဖြည်းဝေဝါးပျောက်ကွယ်သွားပြီ ဖြစ်သည်။ သင်္ဘောကြောင့် ထကြွခဲ့သော လှိုင်းလုံး များ ပင် ငြိမ်သက် သွားပါပြီ။
မညိုနွဲ့သည် နွယ်နီလှိုင့်ကိုကြည့်ရင်းသက်ပြင်းချလိုက်သည်။
နောင်ဆို. . . မြစ်ထဲရေဆင်းမချိုးတာ ကောင်းမယ်ထင်ပါရဲ့ ။ အိမ်ဝင်းထဲမှာ ရေတွင်းလေးရှိ၍ ရေချိုးရန်အဆင်ပြေသော်လည်း အဝတ်ဖွတ်စရာတွေ များ သည့်အခါ ရေတွင်းထဲကရေကို ခဏခဏငင်နေရသဖြင့် ရေအငင်ရသက်သာအောင် မြစ်ဆိပ်ဆင်း၍ အဝတ် ဖွတ်ရင်း ရေချိုးကြခြင်း ဖြစ်ပါသည်။
သည်ပုံအတိုင်းဆိုလျှင်ဖြင့်. . . မြစ်ဆိပ်ကိုရောက်တိုင်း၊ သင်္ဘောကြီးတွေ ကိုမြင်တိုင်း နီနီလေးဝေဒနာတွေ က ပိုဆိုးလာပေရော့ မည် ။
မညိုနွဲ့က စိတ်မသက်သာစွာ သက်ပြင်းကိုချလိုက်လေသည်။
နွယ်နီလှိုင်ရေချိုးနေသည်ကိုလည်း မကြာမကြာလှမ်းကြည့်နေမိ၏ ။
မညိုနွဲ့က နွယ်နီလှိုင့်ကို ရေမကူးဖို့မှာ ရခြင်းမှာ အကြောင်းရှိသည်။ နွယ်နီလှိုင်က အမောဒဏ်မခံနိုင်။ ပြီးတော့. . . အဆင် မသင့်လျှင် ကြွက်တက်တတ်သော ကြောင့် ဖြစ်သည်။
တစ်ခါကလည်း. . . ရေကူးနေရင်း ကြွက်တက်သွားသော ကြောင့် ဒုက္ခရောက်ခဲ့ဖူးပြီ။
တစ်ခါက. . .
လွန်ခဲ့သော တစ်နှစ် ကျော်က ဖြစ်ပါသည်။
သည်လိုပဲ. . . မညိုနွဲ့နှင့်နွယ်နီလှိုင်တို့ မြစ်ဆိပ်မှာ ရေဆင်းချိုးနေချိန်. . .
အညာဆန် ကုန်တင်သင်္ဘောကြီးတစ်စင်းက နွယ်နီလှိုင်တို့ ရေချိုးနေသည့်ဆိပ်ကမ်းအနီးတွင် ဆိုက်ကပ်ထားလေသည်။
နေ့လည်ခင်း ဖြစ်သော ကြောင့် မြစ်ဆိပ်မှာ လူသူရှင်းလင်းနေပါသည်။
အနီးမှအညာဆန်သင်္ဘောကြီးပေါ်တွင် . . . အလုပ်သမားများ အလုပ်ရှုပ်လျှက်ရှိသည်။ သင်္ဘောပေါ်မှဘိလပ်မြေအိတ်များ ကို ဆိပ်ကမ်းသို့ချနေခြင်း ဖြစ်သည်။
အလုပ်သမားများ ပစ္စည်းများ ချနေသည်ကို သင်္ဘောပေါ်မှ အရာရှိတစ်ဦး ဖြစ်ဟန်တူသူက ကြီးကြပ်လျှက်ရှိသည်။ ထိုသူသည် နေကာမျက်မှန်ကိုတပ်ထားပြီး၊ တီရှပ်နှင့် သရီးကွာတားခေါ် ဒူးဆစ်အထိရှည်သော ဘောင်းဘီကိုဝတ်ဆင်ထားလေသည်။
မညိုနွဲ့သည် ယခုလိုပဲ အဝတ်များ ကိုဖွတ်နေခဲ့သည်။
နွယ်နီလှိုင်က ရေဆင်းချိုးနေသည်။ နွယ်နီလှိုင်က ခြေဖြင့်ရေထဲတွင် တဗွမ်းဗွမ်းခတ်ကာ ရေကူးနေ၏ ။ နွယ်နီလှိုင် ရေကောင်း ကောင်းကူးတတ်ပါသည်။ သူကူးနေပုံမှာ မိန်းမကူးဟုခေါ်သော ကူးနည်းမျိုးဖြင့် ကူးနေခြင်း ဖြစ်ပါ၏ ။ လက်ဖြင့်ပစ်၍ ကူးခြင်းမဟုတ်ပဲ လက်များ ကိုရေအောက်တွင် သာထားကာ ယက်၍ ကူးရသည်။ လူရွေ့လျားအောင်တော့ခြေနှစ် ဖက်ကို တပြိုင်တည်း ခတ်ရပါ၏ ။ ထို့ ကြောင့်. . . မိန်းမကူး ကူးနည်းမှာ ခြေခတ်သံတဗွမ်းဗွမ်းကို ကြားနေရတတ်၏ ။
ခဏနေတော့. . . နွယ်နီလှိုင့်ထံမှ ခြေခတ်သံ ရပ်သွားသည်။
မညိုနွဲ့က လှမ်းကြည့်လိုက်ရာ နွယ်နီလှိုင်သည် ရေထဲတွင် ဝူးဝူးဝါးဝါး ဖြစ်နေလေသည်။
မညိုနွဲ့ ဖွတ်လက်စအဝတ်ကိုထားခဲ့ကာ နွယ်နီလှိုင့်ဆီပြေးသွားသည်။ ရေထဲတွင် သွားရခြင်း ဖြစ်၍ မတွင် ကျယ်။ နွယ်နီလှိုင် ရောက်နေသည့်နေရာက လူတစ်ရပ်နက်သည့်ရေနက်ပိုင်း ဖြစ်သည်။
နွယ်နီလှိုင်က ရေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေသည်။ ရေနစ်သူတို့ထုံးစံအတိုင်း လက်များ ကရေပေါ်ပေါ်လာပြီး ရေပြင် ကိုရိုက်ပုတ်နေခြင်းမျိုးမရှိ။
နွယ်နီလှိုင်ကြွက်တက်နေခြင်း ဖြစ်ကြောင်း မညိုနွဲ့သိလိုက်သည်။
''လာကြပါဦး၊ ကယ်ကြပါဦး၊ ဒီမှာ . . . နီနီလေး ကြွက်တက်နေလို့၊ လာကြပါဦးရှင်''
မညိုနွဲ့က အသံကုန်အော်၍ အကူအညီတောင်းလိုက်သည်။ မျက်လုံးအကြည့်ကလည်း အနီးရှိသင်္ဘောကြီးဆီရောက်သွား လေသည်။ အနီးတွင် ကူညီနိုင်သော သူဟူ၍ သင်္ဘောပေါ်မှာ သာရှိသည်မဟုတ်ပါလား။
''လာကြပါဦး၊ ကယ်ကြပါဦး၊ ဒီမှာ . . . ဒီမှာ . . .''
မညိုနွဲ့က ထပ်အော်လိုက်သည်။
သင်္ဘောပေါ်မှ အလုပ်သမားများ ကိုကြီးကြပ်နေသော သူသည် တီရှပ်ကိုချွတ်ပစ်လိုက်၏ ။ သင်္ဘောဦးမှ ရေထဲသို့ဒိုက်ဗင်ထိုးချ လိုက်သည်ကိုမြင်လိုက်ရသည်။
ရေထဲအရောက်တွင် နွယ်နီလှိုင်ရှိသည့်နေရာကို ကူးသွားသည်။
သူသည် တပ်ထားသော နေကာမျက်မှန်ကို ချွတ်ဖို့မေ့သွားဟန်တူသည်။ ရေထဲရောက်မှ နေကာမျက်မှန်ကို ခေါင်းပေါ်ပင့်တင် လိုက်၏ ။ သို့သော်. . . မျက်မှန်က လျှောကျကာ ရေထဲသို့နစ်သွားသည်ကိုမြင်လိုက်ရသည်။
နွယ်နီလှိုင့်အနီးသို့ရောက်သွားကာ နွယ်နီလှိုင့်ကိုယ်ကို ဆွဲယူလိုက်သည်။
နွယ်နီ့လှိုင့်ကို ဘယ်လက်ဖြင့် သိုင်းပွေ့ရင်း ညာလက်တစ်ဖက်တည်းဖြင့်. . . ကမ်းစပ်သို့ကူးလာသည်။
သူသည် ရေထဲတွင် ရေနစ်သူကိုဆယ်ယူသည့်နည်းကို သိရှိနားလည်ပုံပေါ်ပေသည်။ ရေနစ်သူက ကြောက်အားလန့်အားဖြင့် ကယ်ဆယ်သူကို ဖက်တွယ်မထားစေရန် လက်တစ်ဖက်တည်းဖြင့် နွယ်နီလှိုင်၏ လက်နှစ် ဖက်ကို ကိုယ်တွင် ကပ်အောင်ပြုလုပ်ကာ ချုပ်ထားပြီးမှ ကျင်လည်စွာ ကူးလာခြင်း ဖြစ်သည်။
နွယ်နီလှိုင်သည် သူ့လက်ထဲတွင် အရုပ်လေးတစ်ရုပ်လိုပါလာခဲ့သည်။
ခြေဖြင့်ထောက်နိုင်သည့်အနက်သို့ရောက်သည့်အခါ. . . သူက နွယ်နီလှိုင့်ကို ပခုံးပေါ်တွင် ထမ်းကာ ကမ်းစပ်သို့တက်လာလေ၏ ။
မညိုနွဲ့က စိုးရိမ်စွာ ဖြင့်. . . နောက်မှထပ်ကြပ်မကွာလိုက်သွားသည်။
သူက ကမ်းစပ်တွင် နွယ်နီလှိုင့်ကိုယ်ကိုချလိုက်သည်။
နွယ်နီလှိုင်သည် သတိလစ်မ သွားပါ။ မျက်နှာရှုံ့မဲ့ကာ ခြေသလုံးဆီကိုနှိပ်နယ်နေသည်။
''သူ. . . သူ. . . ကြွက်တက်သွားတာအစ်ကို''
မညိုနွဲ့က ပြောလိုက်သည်။
သူက နွယ်နီလှိုင့်လက်များ ကိုဖယ်ကာ ခြေသလုံးကို သူကိုယ်တိုင်နှိပ်နယ်ပေးလိုက်သည်။ မာကျောတောင့်တင်းနေသည့်ခြေ သလုံးကြွက်သားကို တဖြည်းဖြည်းချင်းဖိချကာ ပြုစုပေးသည်။
နွယ်နီလှိုင့်ဆီမှ သက်ပြင်းချသံကြားရသည်။
''သက်သာလားဟင်၊ နီနီလေး''
မညိုနွဲ့က မေးလိုက်သည်။
နွယ်နီလှိုင်မျက်လုံးပင့်ကြည့်ရင်း သူ့ကိုယ်ကိုယို့လိုက်လေသည်။
နွယ်နီလှိုင့်တစ်ကိုယ်လုံးမှာ လူစိမ်းယောကျာ်း၏ ရင်ခွင်ထဲတွင် လုံးလုံးလျားလျားရောက်နေသည်။ လူစိမ်းယောကျာ်းပျိုကလည်း အင်္ကျီကိုယ်ချွတ်နှင့်၊ သန်မာတောင့်တင်းသော ဗလများ နှင့်ရင်အုပ်ကားကားက ကြည့်ကောင်းလှစွာ ထင်းထင်းပေါ်နေသည်။
နွယ်နီလှိုင်ကလည်း ထမီရင်လျှားနှင့်။ ရေထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သော ကြောင့် ထမီမှာ လျော့တိလျော့လျဲ ဖြစ်နေသည်။ ထမီအောက်နားစများ က ဒူးဆစ်အထိ လန်တက်လျှက်ရှိသည်။
မညိုနွဲ့က မျက်နှာသုတ်ပဝါကိုပြေးယူကာ နွယ်နီလှိုင့်ကိုယ်ပေါ်တွင် လွှမ်းပေးလိုက်သည်။
လူစိမ်းယောကျာ်းပျိုက နားလည်မှုရှိစွာ ပင် နွယ်နီလှိုင့်ကိုယ်ကိုလွှတ်ပေးလိုက်၏ ။ မြေပြင်ပေါ်တွင် ထိုင်နိုင်အောင်ဖေးမပေးလိုက် သည်။
နွယ်နီလှိုင်က ရှက်ရွံ့စွာ ခေါင်းကိုငုံ့ထား၏ ။
သင်္ဘောပေါ်မှသင်္ဘောသားများ နှင့်အလုပ်သမားများ ကလည်း အလုပ်ကိုရပ်ကာ သူတို့အ ဖြစ်ကို ကြည့်နေကြသည်။
''ကျေးဇူးတင်ပါတယ်''
မညိုနွဲ့က အသံတုန်တုန်ဖြင့်ပြောလိုက်သည်။ မညိုနွဲ့ကိုယ်တိုင်လည်း အ ဖြစ်အပျက်ကြောင့် စိတ်လှုပ်ရှားနေရသည်။
''သူ သတိတော့လစ်မသွားတာ တော် သေးတာပေါ့၊ ရေတော့ ကောင်းကောင်းကူးတတ်တယ်မဟုတ်လား''
ထိုလူက မညိုနွဲ့ကိုဦးတည်ကာ မေးလိုက်ခြင်း ဖြစ်သည်။
''ကူးတတ်ပါတယ်၊ အခုဟာက ကြွက်တက်တာပါ''
''အေးလေ. . . ကြွက်တက်တတ်ရင် ကမ်းနဲ့သိပ်အဝေးကြီး မသွားနဲ့၊ ရေမကူးတာအကောင်းဆုံးပဲ၊ ရေထဲမှာ ဆိုတာက ဘာမှတတ်နိုင်တာ မဟုတ်ဘူးလေ''
သူက နွယ်နီလှိုင်ခေါင်းငုံ့နေ၍ နွယ်နီလှိုင့်ကိုပြောရမည့် စကားများ ကို မညိုနွဲ့ကိုပြောနေခြင်း ဖြစ်သည်။
နွယ်နီလှိုင်က ခေါင်းကိုတဖြည်းဖြည်းချင်းမော်ကြည့်လိုက်သည်။
သူမကိုငုံ့ကြည့်နေသည့်လူနှင့် မျက်လုံးချင်းဆုံလိုက်လေ၏ ။
နွယ်နီလှိုင့်မျက်နှာ အောက်ဖက်ကိုပြန်စိုက်သွားသည်။ ရင်လည်းခုန်သွားသည်။ ရင်ခုန်တာထက် ရှက်တာပိုပါသည်။ ရင်ပတ် နားတွင် ဟနေသည့် မျက်နှာသုတ်ပဝါကိုဆွဲစေ့လိုက်သည်။
လူစိမ်းက နွယ်နီလှိုင်ရှက်ပြီးအနေခက်နေသည်ကို ရိပ်မိသွားသည်။ ထိုင်ရာမှထလိုက်သည်။
သင်္ဘောပေါ်သို့ပြန်တက်သွားလေသည်။
သူသင်္ဘောပေါ်တက်သွားပုံကို နွယ်နီလှိုင်ငေးကြည့်ကျန်ခဲ့သည်။ ကုန်းဘောင်အတိုင်း သင်္ဘောပေါ်တက်သွားသည့်သူ၊ ကိုယ် အပေါ်ပိုင်း အဝတ်မဲ့နေ၍ အချိုးအစားကျသော ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ မောက်မို့သော ရင်အုပ်၊ ရှပ်ဟိုက်သော ဗိုက်သားပြင်မှ ကြွက်သားအမျှောင်းအမျှောင်များ ၊ လက်မောင်းက တုတ်ခိုင်ကာ အဖုအထစ်များ ဖြင့်။ သူ ကုန်းဘောင်ပေါ်လျှောက် လှမ်းလိုက်တိုင်း ကုန်းဘောင်တံတားက ညွှတ်ညွတ်သွားသည်။ ကြည့်လို့ကောင်းလိုက်တာ။
သူ့ကို ကျေးဇူးတင်ကြောင်း ဘာလို့မပြောလိုက်မိပါလိမ့်။ တကယ်တော့. . . သူဟာ ငါ့ရဲ့ အသက်သခင်ကျေးဇူးရှင်ပါလား။
နွယ်နီလှိုင်က သင်္ဘောဦးဘောင်တွင် ရေး ထိုးထားသည့် သင်္ဘောနာမည် ကို လှမ်းဖတ်ကြည့်လိုက်သည်။
''မြနဒီ''တဲ့။
ထိုအ ဖြစ်သည်. . . ကိုကိုဆိုသော ကိုစည်သူနှင့် နီနီလေးခေါ် နွယ်နီလှိုင်တို့ တွေ့ ဆုံခဲ့သည့် ပထမဆုံးသော တွေ့ ဆုံမှု ဖြစ်ပါ သည်။
''ဟင်- နီနီလေး၊ ဒီစာကိုဘာလို့ပြန်ဖတ်နေတာတုံးကွယ်''
နွယ်နီလှိုင်သောက်ရန်ဆေးများ ကိုယူလာပေးသော မညိုနွဲ့က စားပွဲပေါ်မှ ဖတ်လက်စစာကိုအတွေ့ တွင် ပြောလိုက်သည်။
စာနှင့်အတူ ကိုစည်သူ၏ ဓာတ်ပုံကိုပါ တွေ့ ရ၏ ။ ဓာတ်ပုံထဲတွင် ကိုစည်သူသည် မြနဒီသင်္ဘောဦးတွင် မတ်တပ်ရပ်နေသည်။ သင်္ဘောဝမ်းထဲမှရိုက်ထားသည့်ပုံ ဖြစ်သော ကြောင့် နောက်တွင် ဧရာဝတီမြစ်ရေဖွေးဖွေးကိုမြင်တွေ့ နေရသည်။ ကောင်းကင်တွင် လည်း တိမ်တိုက်တချို့ လွင့်ဝဲနေ၏ ။
ကိုစည်သူ့မျက်နှာပေါ်မှာ နေကာမျက်မှန်နှင့်။ နွယ်နီလှိုင် လက်ဆောင်ပေးထားသော မျက်မှန် ဖြစ်ပါသည်။
''မတော် တဆ မေမေစောဝင်လာလို့ ဓာတ်ပုံရော စာရော တွေ့  သွားပါဦးမယ်နီနီလေးရယ်''
နွယ်နီလှိုင်က မညိုနွဲ့ကိုမော်ကြည့်လိုက်သည်။
''နီလေးမှာ ကိုကိုနဲ့ပတ်သက်တာဆိုလို့ ဒါလေးတွေ ပဲကြည့်စရာရှိတာ၊ အခုဆိုရင် ကိုကိုဘယ်များ ရောက်နေမှာ ပါလိမ့်နော်၊ ကိုကို့ကို လွမ်းလိုက်တာမမညိုရယ်''
''နီနီလေး၊ ကိုယ့်ကျန်းမာရေး ကိုယ်လည်း ဂရုစိုက်ဦးနော်၊ ရှေ့ဆက်ပြီး နီနီလေးမှာ လုပ်စရာအလုပ်တွေ အများ ကြီးရှိ သေးတယ်လေကွယ်၊ ဒီလိုပဲ လွမ်းဆွေးနေလို့ဘယ် ဖြစ်မှာ လဲကွယ်၊ နီနီ့အသက်က အငယ်လေးရှိသေးတာ၊ ကဲ-ကဲ- ဆေးသောက်ရ အောင်နော်''
မညိုနွဲ့က နွယ်နီလှိုင်သောက်ရန်ဆေးနှစ် လုံးကိုလက်ဝါးထဲထည့်ကာကမ်းပေးသည်။ ရေခွက်ကိုလည်း ပေးလိုက်သည်။
နွယ်နီလှိုင်က ဆေးကိုသောက်လိုက်၏ ။
ဆေးသောက်အပြီးတွင် . . .
''ကိုကို နီလေးကိုများ သတိရနေမလားမသိဘူးနော် မမညို''
''နီနီလေး၊ မြဝတီကလာမယ့်ကိုရီးယားကားက ဗုဒ္ဓဟူးနေ့က အဆက်လေ၊ လာခါနီး ပြီ၊ နီနီလေးကြည့်မှာ မဟုတ်လား၊ လာ- အပြင်ခန်းကိုထွက်ရအောင်''
မညိုနွဲ့က နွယ်နီလှိုင်စိတ် ပြောင်းသွား အောင် ပြောလိုက်ခြင်း ဖြစ်သည်။
''နီလေး မကြည့်ချင်တော့ပါဘူးမမညိုရယ်''
''လာပါကွဲ့၊ မင်းသမီးအိမ်ကပျောက်သွားပြီး ဘာဆက် ဖြစ်တယ်ဆိုတာ ကြည့်ရအောင်၊ ဇာတ်လမ်းလေးက ကောင်းက ကောင်းနဲ့''
''မကြည့်ချင်ဘူးမမညို၊ အဲဒီ ကားကိုကြည့်ရင် ကိုကို့ကို ပိုသတိရတယ်၊ မင်းသားက ကိုကိုနဲ့တူလို့လေ''
''ဟင်. . .''
နွယ်နီလှိုင်ရေနစ်ပြီး နောက်တစ်နေ့မှာ ပင် နွယ်နီလှိုင့်ကိုကယ် ဆယ်ခဲ့သူအား ပြန်တွေ့ ရပါသည်။ မြစ်ဆိပ်မှာ ပြန်တွေ့ ခြင်း တော့မဟုတ်။ နွယ်နီလှိုင်နှင့်မညိုနွဲ့မြစ်ဆိပ်ကိုရေဆင်းမချိုးရဲတော့ပါ။ မနေ့ကအ ဖြစ်ကိုလည်း ဖေဖေမေမေတို့ကိုပြန်မပြောခဲ့ကြချေ။ အဆူခံရမှာ စိုး၍ နှစ် ယောက် လုံးက ရေငုံနှုတ်ပိတ်နေလိုက်ခြင်း ဖြစ်သည်။
သူ့ကိုပြန်တွေ့ ရတာ က ညနေပိုင်း စာအုပ်အငှားဆိုင်ကိုအသွား လမ်းမှာ တွေ့ လိုက်ရခြင်း ဖြစ်သည်။
မညိုနွဲ့နှင့်နွယ်နီလှိုင် ကမ်းနားလမ်းအတိုင်း စာအုပ်အငှားဆိုင်သို့လျှောက်လာခဲ့ကြသည်။ လမ်းပေါ်ကရပ်ပြီး သင်္ဘောဖက် ကိုငေးနေသည့်သူ့ကို နွယ်နီလှိုင်က အရင်မြင်လိုက်ခြင်း ဖြစ်သည်။
သူတို့ရဲ့ မြနဒီနှစ် ထပ်သင်္ဘောကြီးကို ကမ်းနားလမ်းမပေါ်မှနေ၍ ထင်းထင်းကြီးမြင်နေရသည်။
သူ့ကို နွယ်နီလှိုင်မြင်မြင်ချင်းမှတ်မိလိုက်သည်။
''မမညို၊ ဟိုမှာ . . . ဟိုမှာ . . . မနေ့က နီလေးကိုရေထဲကဆယ်ပေးတဲ့လူမဟုတ်လား''
''အေး. . . ဟုတ်သားပဲ''
''သူ့ကိုကျေးဇူးတင်စကားပြောရအောင်မမညို၊ မနေ့က နီလေးကိုယ်တိုင်ကျေးဇူးတင်စကားမပြော ဖြစ်ခဲ့ဘူး၊ နီလေးတို့သိပ်ရိုင်း ရာကျသွားလိမ့်မယ်''
''ဟယ်. . . သူ့ဘေးမှာ တခြားလူ တစ်ယောက် ပါသေးတယ်၊ ကောင်းပါ့မလား''
''အို. . . ဘာ ဖြစ်လဲ. . . မမညိုကလည်း''
''လမ်းမကြီးမှာ မို့မှာ ကွယ်''
''တွေ့ တုံးပြောရတာ ကို၊ မမညို သူ့ကိုလှမ်းခေါ်လိုက်ပါလားဟင်''
''အင်. . . မမညိုမှ သူ့နာမည် မသိပဲ၊ နှုတ်ဆက်ချင်တာက နီနီလေးလေ၊ နီနီလေးဘာသာခေါ်ပါလား၊ မမညိုမခေါ်ရဲဘူး၊ ရှက်တယ်''
''အို. . . နီလေးလည်း ရှက်လို့ပေါ့''
''ဒုက္ခပါပဲနီနီလေးရယ်၊ တော် ပါတော့၊ နောက်ကြုံမှကျေးဇူးတင်စကားပြောပါတော့၊ သွားရအောင်ပါ''
မညိုနွဲ့နှင့်နွယ်နီလှိုင်အခက်အခဲကို ထိုသူကပင် ဖြေရှင်းပေးလိုက်ပါသည်။
သူက လမ်းကိုဖြတ်ကူးလာကာ နွယ်နီလှိုင်တို့ကို နှုတ်ဆက်လိုက်သည်။
''ဘယ်လိုလဲ၊ ကောင်းသွားပြီလား၊ ဒီနေ့ရေချိုးလာတာမတွေ့ ပါလား''
သူက သိဟောင်းကျွမ်းဟောင်းလိုနှုတ်ဆက်လိုက်သည့်အတွက် နွယ်နီလှိုင်တို့ စကားပြန်ပြောဖို့ရဲသွားကြသည်။
''ဒီနေ့ ကျွန်မတို့ မြစ်ဆိပ်ရေဆင်းမချိုးတာက မနေ့ကလို ဖြစ်မှာ စိုးလို့ပါ၊ အိမ်မှာ လည်း ရေတွင်းရှိတယ်လေ၊ အိမ်မှာ ပဲ ချိုးလိုက်တယ်၊ နောက်လည်း မြစ်ဆိပ်မဆင်းရဲတော့ပါဘူး''
မညိုနွဲ့က ပြောလိုက်ခြင်း ဖြစ်သည်။
''ဒီက ညီမက မနေ့ကလို ခဏခဏ ဖြစ်တတ်သလား၊ ကြွက်တက်တတ်ရင်တော့ ရေမကူးတာအကောင်းဆုံးပဲ''
''ရေထဲမှာ တော့ ဒီတစ်ခါပဲ ဖြစ်ဖူးပါသေးတယ်၊ အဲဒါ မနေ့က နီလေး အစ်ကိုကြီးစကားမပြောလိုက်ရလို့၊ ပြောချင်လို့ပါ၊ ကျေးဇူးတင်ပါတယ်နော် အစ်ကိုကြီး''
သူက ခေါင်းကိုမော်ကာ ဟက်ကနဲရယ်လိုက်သည်။
''ဘာမှအပန်းမကြီးပါဘူးဗျာ၊ ရွှေသွေး. . .မနေ့က ရေထဲမှာ ကြွက်တက်လို့ ငါဆင်းဆယ်ပေးရတယ်ဆိုတာ ဒီကောင်မလေးလေ''
သူက ဘေးမှအဖော်ပါလာသည့်သူကိုလှည့်၍ ပြောပြလိုက်သည်။
''သြော. . . သြော. . . ဒါဖြင့် မင်းနေကာမျက်မှန်တစ်လက်ဆုံးရှုံးသွားတာ သူ့ကြောင့်ပေါ့''
''ရှင်. . .''
''ဟုတ်ပါရဲ့ ၊ သူ မနေ့က နီနီလေးကိုဆင်းဆယ်တာ နေကာမျက်မှန်ကြီးနဲ့၊ ပြီးတော့. . . မျက်မှန်က ရေထဲပြုတ်ကျသွား တယ်လေ''
''ဟုတ်လား. . . မမညို၊ အားနာစရာကောင်းလိုက်တာ''
''ဘယ်လောက်မှတန်ဖိုးမရှိပါဘူးဗျာ၊ ထားလိုက်ပါ၊ နာမည် တွေ က အရောင် တွေ နဲ့ပါလား၊ အနီတွေ အညိုတွေ နဲ့ ၊ နာမည် တွေ ပြောကြပါဦး''
သူက စကားလွှဲပစ်လိုက်သည်။
''ကျွန်မနာမည် က မညိုနွဲ့၊ သူ့နာမည် က နီနီလေး. . . အဲ. . . အပြည့်အစုံက နွယ်နီလှိုင်တဲ့''
''ကျွန်တော့် နာမည် လည်း မှတ်ထားပါ၊ စည်သူလို့ခေါ်ပါတယ်''
''ကိုစည်သူ''
''ဟုတ်ကဲ့၊ ဒါက ကျွန်တော့် သူငယ်ချင်း ရွှေသွေးတဲ့''
''တွေ့ ရတာ ဝမ်းသာပါတယ်၊ မနေ့က နီနီလေးကိုကယ်ခဲ့တာလည်း ကျေးဇူးတင်ပါတယ်၊ နီနီလေးက ကျေးဇူးတင်စကား မပြောလိုက်ရလို့ဆိုပြီးစိတ်မကောင်း ဖြစ်နေတာ၊ ကျွန်မတို့သွားမယ်နော်၊ ခွင့်ပြုပါဦး''
လမ်းမှာ ရပ်စကားပြောနေတာကြာသွား၍ ဖြတ်သွားဖြတ်လာ တချို့က ကြည့်သွားကြပြီ။ မညိုနွဲ့က နှုတ်ဆက်လိုက်သည်။
''နေပါဦး၊ လက်ဖက်ရည်သောက်ပါဦးလား''
''ကျွန်မတို့ကဧည့်ဝတ်ပြုရမှာ ပါ၊ လက်ဖက်ရည်ဆိုင်တော့လိုက် မထိုင်ရဲဘူး၊ ခွင့်ပြုပါဦးနော်''
''မညိုနွဲ့နဲ့နီနီလေးက အခု ဘယ်သွားကြမလို့လဲ''
''စာအုပ်အငှားဆိုင်ကို စာအုပ်သွားအပ်မှာ ပါ''
နွယ်နီလှိုင်က ဝင်ပြောလိုက်သည်။
''ဒါဖြင့် ကျွန်တော် လည်း စာအုပ်ငှားချင်လို့ပါဗျာ၊ လိုက်ခဲ့လို့ရမလား''
နွယ်နီလှိုင်နှင့်မညိုနွဲ့ တစ်ယောက် နှင့် တစ်ယောက် ကြည့်လိုက်မိကြသည်။
''မ ဖြစ်ရင်လည်း ကိစ္စမရှိပါဘူး၊ ကျွန်တော် တကယ်စာအုပ်ငှားချင်လို့ပါ၊ ကျွန်တော် တို့က သင်္ဘောသားတွေ ဆိုတော့ အငှား ဆိုင်က မငှားချင်ကြဘူးလေ၊ မညိုနွဲ့တို့နဲ့လိုက်ခဲ့ပြီး စပေါ်ပေးပြီးငှားမှာ ပါ''
''အို. . . နီလေးတို့ပါရင် စပေါ်ပေးစရာမလိုပါဘူး၊ ငှားလို့ရပါတယ်၊ ပြန်သာအပ်နော်''
ကိုစည်သူက ခေါင်းကိုမော်ကာ တဟားဟားရယ်လိုက်ရင်း. . .
''ပြန်အပ်မှာ ပါဗျာ၊ တာဝန်ခံပေးတဲ့လူ မျက်နှာမပျက်စေရပါဘူး''
''အို. . . ဒီလိုပြောတာ မဟုတ်ပါဘူး''
ကိုစည်သူနှင့်ကိုရွှေသွေးက သူတို့နှင့်အတူ စာအုပ်အငှားဆိုင်အထိလိုက်လာသည်။ ဆိုင်ကသိပ်မဝေးလို့တော် သေးသည်။ မြို့ ကလေးကကျဉ်းတော့ သင်္ဘောသားတွေ နဲ့ လမ်းအတူတွဲ လျှောက်တာမြင်ရင် အပြောအဆိုခံရလိမ့်မည် ။ ပြီးတော့ ဖေဖေနဲ့မေမေပြန်သိ ရင်လည်း အမေးအမြန်းခံရလိမ့်မည် ။
မညိုနွဲ့က စိုးရိမ်နေသော်လည်း နွယ်နီလှိုင်ကတော့ ကိုစည်သူနှင့်စကားလက်ဆုံကျလာနေ၏ ။
''မညိုနွဲ့နဲ့နီနီလေးက ညီအစ်မလား''
''ဟုတ်တယ်၊ ညီအစ်မ၊ ဒါပေမယ့်. . . တစ်ဝမ်းကွဲ''
''မမညိုအဖေနဲ့အမေက သေသွားကြပြီလေ၊ မမညိုအမေနဲ့ နီလေးအမေနဲ့က ညီအစ်မအရင်းတွေ ပေါ့၊ မိဘတွေ ဆုံးက တည်းက နီလေးတို့အိမ်မှာ နေလာတာ နီလေးငယ်ငယ်ကတည်းကပဲ၊ မမညိုကဆို ဖေဖေနဲ့မေမေ့ကို အဖေအမေပဲခေါ်တာ၊ ဖေဖေ့ကို ဖေဖေလှိုင်တဲ့၊ မေမေ့ကို မေမေစောတဲ့''
''နီနီလေး. . .''
သူတို့နှစ် ယောက် က စကားပြောရင်းရှေ့ရောက်သွားပြီမို့ မညိုနွဲ့က လှမ်းဟန့်လိုက်သည်။ ခုမှတွေ့ တဲ့လူကို ဘာလို့အကြောင်းစုံ တွေ ပြောပြနေရတာ လဲတွေးကာ မညိုနွဲ့က ဟန့်လိုက်ခြင်း ဖြစ်သည်။
ပြီးတော့. . . နွယ်နီလှိုင့်ဆီအမီလိုက်ကာ လက်မောင်းချင်းချိတ်လိုက်၏ ။
စာအုပ်အငှားဆိုင်ကိုရောက်ပါပြီ။
သူက မင်းသိင်္ခစာအုပ်တစ်အုပ်ကိုငှားသည်။
မညိုနွဲ့က ဆိုင်ရှင်ကို ကိုစည်သူ့နာမည် ပြောပြပြီး အသိမိတ်ဆွေအ ဖြစ်ထောက်ခံလိုက်သည်။
''ကျွန်မတို့စာအုပ်ရွေးလိုက်ဦးမယ်နော်''
မညိုနွဲ့က ကိုစည်သူတို့ကို ပြန်နှင့်ပါဆိုသည့်သဘောနှင့်ပြောလိုက်ခြင်း ဖြစ်ပါသည်။ အပြန်လမ်းမှာ လည်း အတူတွဲ လိုက်လာပြီး စကားပြောနေရင် မသင့်တော် ဘူးမဟုတ်လား။
''ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော် မနက်ဖန်ဆက်ဆက်လာအပ်ပါမယ်၊ မနက်ဖန်မှဆုံသေးတာပေါ့''
ကိုစည်သူတို့နှစ် ယောက် က နှုတ်ဆက်ရင်း ပြန်သွားလေသည်။
''မမညို၊ ဈေးသွားရင် နီလေးပါလိုက်မယ်နော်''
''ဘာဝယ်ချင်လို့လဲနီနီလေး၊ မမညိုကိုမှာ လိုက်လေ၊ နီနီလေးလိုက်လာရင်မောလိမ့်မယ်''
''မမောပါဘူးမမညိုရဲ့ ၊ နီလေး မျက်မှန်ဝယ်ချင်လို့''
''ဘာ-''
''နေကာမျက်မှန်လေ၊ ကိုစည်သူ့ကိုပြန်ပေးချင်လို့၊ နီလေးကို ဆင်းဆယ်တုံးက သူ့မျက်မှန် ရေထဲပြုတ်ကျသွားတယ်ဆို''
''နီနီလေးကလည်းဟယ်၊ အဲဒါဘာ ဖြစ်လဲ''
''နီလေးပြန်လျော်ပေးရမယ့်တာဝန်ရှိတာပေါ့၊ တကယ်ဆို သူ့ကို ဆန်တစ်ပြည်ငွေတစ်မတ်နဲ့တောင် ထိုင်ကန်တော့ရဦးမှာ မို့လား''
သူတို့မြို့တွင် ဓလေ့ထုံးတမ်းတစ်ခုရှိသည်။ ရေနစ်သူကို ကယ်ဆယ်ပါက ကယ်ဆယ်သူကို ဆန်တစ်ပြည်ငွေတစ်မတ်နှင့် ကန်တော့ရသည့်ထုံးစံ ဖြစ်သည်။
''အမလေး- ဆန်တစ်ပြည်ငွေတစ်မတ်ကမှ သက်သာဦးမယ်၊ မျက်မှန်တစ်လက်က ဘယ်လောက်တောင်လဲမသိ''
''မမညိုကလည်း ဒီလိုမပြောပါနဲ့၊ သူက နီလေးရဲ့ အသက်သခင်ကျေးဇူးရှင်လေ''
''နီနီလေးမှာ ပိုက်ဆံရှိလို့လားကွယ်''
''နီလေးစုထားတာ ငါးထောင်လောက်ရှိပါတယ်၊ မျက်မှန်တစ်လက်တော့ရမှာ ပါ၊ ကိုစည်သူတပ်တဲ့မျက်မှန်ပုံစံကို မမညိုမှတ်မိ လိုက်လား''
''အင်း ကုပ်ကုပ်ကလေးပဲ''
''အဲဒီ လို ကုပ်ကုပ်ကလေးပဲ ရှာဝယ်ကြမယ်လေ''
မညိုနွဲ့က သက်ပြင်းချလိုက်သည်။ နီနီလေးဆန္ဒကိုလည်း မတားဆီးချင်။ ဖေဖေလှိုင်နဲ့မေမေစောက နီနီလေးအလိုမှန်သမျှ လိုက်လျောရမယ်လို့ပြောထားတယ်မဟုတ်လား။ နီနီလေးမှာ နှလုံး ရောဂါ ရှိသည်။ သူလုပ်ချင်သမျှကို အလိုလိုက်မှ ဖြစ်မည် ။
''မျက်မှန်ပေးဖို့က ကိုစည်သူ့ကိုပြန်တွေ့ ဦးမှကိုး''
''ညနေကျ စာအုပ်လာပြန်အပ်မှာ လေ၊ စာအုပ်ဆိုင်မှာ ဆုံမှာ ပေါ့၊ မဆုံရင်လည်း သူတို့သင်္ဘောရှိတဲ့ကမ်းစပ်က စောင့်နေမှာ ပေါ့''
''ကမ်းစပ်ကတော့ မစောင့်ပါရစေနဲ့နီနီလေးရယ်၊ သူများ တွေ မြင်ရင်ကဲ့ရဲ့ စရာ ဖြစ်နေပါဦးမယ်၊ စာအုပ်ဆိုင်ကပဲ စောင့်ကြတာ ပေါ့၊ ကဲ-ကဲ- ဒါဖြင့် နီနီလေးလိုက်မှာ ဆိုလည်း ဆိုက်ကားနဲ့သွားကြမယ်၊ လာ-''
''နီလေးလျှောက်နိုင်ပါတယ်၊ မောရင် အပြန်ကျမှဆိုက်ကားစီးမယ်လေ''
ထိုနေ့မနက်က ကိုစည်သူအတွက်မျက်မှန်လိုက်ဝယ်ရတာ နှင့်ပင် အချိန်အတော် ကုန်သွားသည်။ ကိုစည်သူ ဟိုနေ့ကတပ်တဲ့ မျက်မှန်ပုံစံကို မညိုနွဲ့က ပြန်တွေးကြည့်ကာ အနီးစပ်ဆုံးကိုရွေးပေးရသည်။
နောက်ဆုံးတော့ ကိုစည်သူ့အတွက်နေကာမျက်မှန်ကို သုံးထောင့်ငါးရာပေး၍ ဝယ်ခဲ့ရပါသည်။
''ကြည့်ပါဦးမမညို၊ ကိုကိုက နေကာမျက်မှန်လေးနဲ့သိပ်လိုက်တာပဲနော်၊ ကိုကိုကလေ နီလေးဝယ်ပေးတဲ့မျက်မှန်လေးကို အမြဲပဲတပ်တယ်၊ သိလား''
နွယ်နီလှိုင်က စားပွဲပေါ်မှဓာတ်ပုံလေးကိုကောက်ယူရင်း ပြောလိုက်ပြန်သည်။
ဓာတ်ပုံက နွယ်နီလှိုင့်အတွက် သီးသန့်ရိုက်ပေးထားသည့်ပုံ ဖြစ်ပါသည်။ နွယ်နီလှိုင်ပေးသည့်မျက်မှန်လေးကိုတပ်ကာ သူတို့ရဲ့ မြနဒီသင်္ဘောဦးတွင် ရိုက်ထားသည့်ပုံလေး။
နွယ်နီလှိုင်က ဓာတ်ပုံနောက်ကျောဖက်ကို လှန်လိုက်သည်။ ဓာတ်ပုံနောက်ကျောမှာ ကိုစည်သူရေး ပေးထားသည့်စာတမ်းလေး ကို မြင်လိုက်ရ၏ ။
ချစ်တဲ့ညီမလေး
သတိရတိုင်းကြည့်ဖို့. . .
ကိုကို
''ကိုကိုရယ်. . . နီလေးလေ၊ သတိရမှမဟုတ်ပါဘူး၊ ကိုကို့ကို ဓာတ်ပုံမကြည့်ပေမယ့် နီလေးရင်ထဲနှလုံးသားထဲအထိ ကိုကို့ပုံက စွဲထင်နေပါတယ်ကိုကိုရယ်''
နွယ်နီလှိုင်က ဓာတ်ပုံလေးကို ရင်ဝယ်အပ်ရင်း တီးတိုးပြောလိုက်သည်။
''နီနီလေးရယ်. . . ဓာတ်ပုံကိုသိမ်းလိုက်တော့နော်၊ မေမေစောတို့မြင်သွားမှာ စိုးလို့ပါ''
''မမညို၊ နီလေးသတိရသလို ကိုကိုကရော နီလေးကို သတိရနေမယ်လို့ထင်သလားဟင်''
''ဒါတွေ မပြောကောင်းတော့ပါဘူးကွယ်၊ မမညိုတော့ နီလေးကို ဒီအကြောင်းတွေ မေ့ပစ်လိုက်စေချင်တယ်''
''မမညိုရယ် နီလေးဘယ်လိုမေ့လို့ရမှာ လဲ၊ ကိုကိုက နီလေးကို သိပ်ချစ်တာ မမညိုလည်းသိပါတယ်''
''ဟုတ်ပါတယ်၊ အဲဒါကြောင့်. . . မေ့စေချင်တာပေါ့၊ နီနီလေးစွဲလမ်းနေသမျှ နီနီလေးပဲခံစားနေရမယ်၊ ဝေဒနာတိုး လိမ့်မယ်ကွယ်၊ သူက သူ့လမ်းသူသွားပြီပဲ၊ မေ့လိုက်ပါညီမလေးရယ်''
''ဟင့်အင်း. . . ကိုကိုနဲ့နီလေးပြန်ဆုံရလိမ့်မယ်လို့ နီလေးထင်နေတယ်၊ နီလေးနဲ့ ကိုကို မကြာခင်ပြန်ဆုံရတော့မှာ ပါ၊ ပြန်ဆုံဖို့ ဆိုတာကလည်း. . .''
''နီနီလေး၊ နီနီလေး. . . တော် တော့. . . ဆက်မပြောပါနဲ့တော့၊ ဆက်မပြောပါနဲ့တော့ကွယ်''
နောက်တစ်နေ့ညနေမှာ . . . နွယ်နီလှိုင်နဲ့မညိုနွဲ့ စာအုပ်အငှားဆိုင်ကိုလာတော့ ကမ်းစပ်မှာ မြနဒီသင်္ဘောကြီးကို မတွေ့ ရ တော့ပါ။
''ဟင်- သူတို့သင်္ဘောကြီးလည်း မရှိတော့ပါလားမမညို''
''နေရာရွှေ့ရပ်ထားလို့ ဖြစ်မှာ ပေါ့''
ကုန်တင်သင်္ဘော ဖြစ်၍ ကုန်ပစ္စည်းအတင်အချလုပ်သော နေရာနှင့် နီးစပ်ရာဆိပ်ကမ်းများ တွင် ရွှေ့ကပ်လေ့ရှိသည်မှာ ထုံးစံ ဖြစ် ပါသည်။
''စာအုပ်အငှားဆိုင်က စောင့်ကြရအောင်နော် မမညို၊ ဒါလေးကို တစ်ခါတည်းပေးလိုက်မှ ဖြစ်မှာ ၊ မေမေတို့တွေ့ သွားလို့ အဖြေရခက်နေဦးမယ်''
နွယ်နီလှိုင်က အိတ်နှင့်ထည့်လာသော နေကာမျက်မှန်လေးကို ပြရင်းပြောသည်။
''အေးပါကွယ်''
သို့သော် စာအုပ်အငှားဆိုင်ကိုရောက်တော့ နွယ်နီလှိုင်တို့ စီစဉ်လာသမျှ အလကား ဖြစ်သွားရတော့သည်။
''မနေ့က မညိုတို့နဲ့စာအုပ်လာငှားသွားတဲ့ သင်္ဘောသားကိုစည်သူဆိုတာ မနက်ကတည်းက စာအုပ်လာအပ်သွားပြီ၊ သူတို့ သင်္ဘောထွက်ရတော့မှာ မို့လို့တဲ့၊ မညိုတို့ မနီလေးတို့ကို နှုတ်ဆက်သွားတယ် ပြောလိုက်ပါတဲ့''
''ဟယ်. . .''
''ကိုစည်သူနဲ့ ပြန်မှတွေ့ ရပါတော့မလား မမညို''
''ဘာလို့မတွေ့ ရမှာ လဲကွယ်၊ သူတို့သင်္ဘောက ဒီမြစ်ထဲမှာ ပဲ သွားလာနေတာကို၊ တစ်နေ့တော့. . . ပြန်တွေ့ မှာ ပေါ့''
နွယ်နီလှိုင်က သက်ပြင်းချလိုက်သည်။
''ဒီလူ့ကို နီနီလေးက ဘာ ဖြစ်လို့ ဒါလောက်အလေးထားနေရတာ လဲဟင်. . . နီနီလေး''
မညိုနွဲ့အမေးကြောင့် နီနီလေးမျက်နှာရှက်သွေးဖြန်းကာ အိုးတိုးအန်းတန်း ဖြစ်သွားလေသည်။
''သူ့ကိုမျက်မှန်ပေးချင်လို့ပါ၊ မမညိုကလည်း သူက နီလေးရဲ့ အသက်သခင်ကျေးဇူးရှင်လေ''
''ကျေးဇူးရှိတာတော့ မှန်ပါတယ်၊ ဒါပေမယ့်. . . သင်္ဘောသားဆိုတာ လူလည်တွေ များ တယ်နော်နီနီလေး၊ ဆိပ်ကမ်းတကာ မြို့တကာ လျှောက်သွားနေကြတဲ့လူတွေ ၊ အများ အားဖြင့်က လူရှုပ်လူပွေတွေ များ တယ်''
''ကိုစည်သူကတော့ ဒီလိုမျိုးမဟုတ်နိုင်ပါဘူးမမညိုရယ်''
''တစ်ခါပဲစကားပြောဖူးသေးတာနော်၊ နောက်ပြီး နီနီလေးက ငယ်ငယ်လေးပဲရှိသေးတယ်၊ ခုမှ ဆယ်တန်းဖြေထားတာ၊ ဆယ်တန်းအောင်ရင် တက္ကသိုလ်ဆက်တက်ရဦးမှာ နဲ့ ''
''မမညိုက ဘာတွေ လျှောက်ပြောနေတာလဲ၊ တကယ်ပဲ''
''သြော်. . . ကိုယ့်ဘဝကိုယ်သိဖို့ပြောတာပါ၊ နီနီလေးလိုသူဌေးသမီးနဲ့ သင်္ဘောသားဆိုတာ ဘဝချင်းအကွာကြီးပါကွဲ့၊ ဒါကို သိထားဖို့ လိုတယ်''
မညိုနွဲ့က နွယ်နီလှိုင့်စိတ်တွေ ကိုစည်သူ့အပေါ်တိမ်းညွှတ်နေသည်ဟုထင်ကာ ပြောလိုက်ခြင်း ဖြစ်ပါသည်။
ညနေခင်း စာအုပ်အငှားဆိုင်ကိုသွားတိုင်း မြနဒီသင်္ဘောကြီးကို ဆိပ်ကမ်းမှာ တွေ့ လိုတွေ့ ငြားရှာကြည့်မိသေးသည်။ မတွေ့ ရ တော့ပါ။
တွေ့ မယ့်တွေ့ တော့ ဆယ်ရက်တိတိခြားပြီးမှ တွေ့ ရတော့သည်။
အလာလမ်းမှာ မြစ်ထဲတွင် မြနဒီသင်္ဘောကိုမမြင်ခဲ့၍ နီနီလေးက တွေ့ ရမည် ဟုမျှော်လင့်မထားမိချေ။
စာအုပ်အငှားဆိုင်ထဲကိုဝင်အသွား ရောက်နှင့်နေသော ကိုစည်သူ့ကို ဘွားကနဲတွေ့ လိုက်ရသည်တွင် နွယ်နီလှိုင် အံ့သြဝမ်းသာ သွားလေသည်။
''ဟင်. . . ကိုစည်သူ''
''နီနီလေးတို့ကျေးဇူးနဲ့ စာအုပ်ငှားခွင့်ရနေတာ ကျေးဇူးပါပဲဗျာ၊ ဟိုတစ်ခေါက်ကစာအုပ်ကို နောက်တစ်နေ့မနက် ချက်ချင်း အပ် ခဲ့တယ်နော်၊ သင်္ဘောရုတ်တရက်ထွက်သွားရလို့ မညိုနွဲ့တို့၊ နီနီလေးတို့ကိုတောင် နှုတ်မဆက်လိုက်ရဘူး''
''အခု. . . သင်္ဘောရော''
''အောက်ဖက်ဆိပ်ကမ်းမှာ ကပ်ထားတယ်နီနီလေး''
ကိုစည်သူနှင့်အတူ ကိုရွှေသွေးဆိုသူပါ ပါလာပါသည်။
''တွေ့ မယ်လို့မထင်လို့၊ ဟိုဥစ္စာတောင် ယူမလာ ဖြစ်ခဲ့ဘူး''
နွယ်နီလှိုင်က မညိုနွဲ့ဖက်ကိုလှည့်၍ ပြောလိုက်သည်။
''ဘာလဲ နီနီလေး''
ကိုစည်သူက နားမလည်သလိုမေးလိုက်သည်။
''မျက်မှန်လေ. . . နေကာမျက်မှန်''
''ဗျာ. . .''
''ဒီလိုပါကိုစည်သူ၊ နီနီလေးကိုရေထဲဆင်းဆယ်တုံးက ကိုစည်သူ့နေကာမျက်မှန် ရေထဲပြုတ်ကျသွားတယ်မဟုတ်လား၊ အဲဒါ နီနီလေးက အားနာလို့တဲ့၊ ကိုစည်သူ့ကို နေကာမျက်မှန်တစ်လက်ပြန်ပြီးအစားပေး. . . အဲ. . . လက်ဆောင်ပေးမလို့တဲ့''
မညိုနွဲ့က ဝင်ရှင်းပြလိုက်သည်။
''ဟာ. . . မလိုပါဘူးဗျာ၊ ကျွန်တော့် မျက်မှန်က ဘာမှတန်ဖိုးမရှိပါဘူး''
''ဝယ်တောင်ထားပြီးပြီ''
နီနီလေးက ဝင်ပြောလိုက်သည်။
''မလိုပါဘူး၊ နီနီလေးကိုဆင်းဆယ်တာလည်း ကျွန်တော့် အတွက်ဘာမှအပန်းမကြီးပါဘူးဗျာ''
စာအုပ်များ ကိုရွေးနေသော ကိုရွှေသွေးက သူတို့အနားရောက်လာကာ စကားဝိုင်းထဲဝင်လိုက်သည်။
''ဝယ်ထားပြီးပြီဆိုမှတော့ ယူလိုက်ပေါ့စည်သူရာ''
''ဟုတ်ပါတယ်၊ နီလေးက နောက်တစ်နေ့စာအုပ်အငှားဆိုင်လာကတည်းက ပေးဖို့ဆိုပြီးယူလာတာ၊ သုံးလေးရက်ဆက်တိုက်ပဲ၊ မတွေ့ တာကြာသွားတာနဲ့ အိမ်မှာ ပဲထားထားတာ''
''ကဲ- ဒါဖြင့် အိမ်ပြန်ယူပေးလိုက်လေ''
ကိုရွှေသွေးက ပြောလိုက်ပြန်သည်။
နွယ်နီလှိုင်က မညိုနွဲ့မျက်နှာကိုကြည့်လိုက်သည်။
မညိုနွဲ့က ခေါင်းကိုခါရမ်းရင်း
''ဟင့်အင်း. . . အိမ်ပြန်ယူပြီး နောက်တစ်ခေါက်ပြန်ထွက်ဖို့တော့ မ ဖြစ်ဘူး၊ ဒီလိုလုပ်ပါ ကိုစည်သူတို့သင်္ဘောပြန်မထွက်သေး ဘူး မဟုတ်လား''
''တစ်ရက်၊ နှစ် ရက် ရှိနေဦးမှာ ပါမညိုနွဲ့''
''ဒီလိုလုပ်လေ၊ နက်ဖန် ဒီဆိုင်ကိုလာတော့ ယူလာမှာ ပေါ့၊ ကျွန်မတို့ ဒီအချိန်လာနေကျပါ''
''အားနာစရာဗျာ၊ လူချင်းတော့တွေ့ ပြီးစကားပြောကြတာပေါ့၊ မျက်မှန်တော့မပေးပါနဲ့''
''ဝယ်ပြီးနေပြီလေ၊ တကယ်ဆို နီနီလေးက ကိုစည်သူ့ကို ဆန်တစ်ပြည် ငွေတစ်မတ်နဲ့တောင် ထိုင်ပြီးကန်တေ့ရဦးမှာ ရှင့်''
''ဗျာ- ဆန်တစ်ပြည် ငွေတစ်မတ်''
''ဟုတ်တယ်၊ ရေနစ်တဲ့သူကိုဆယ်ပေးရင် ကယ်တဲ့လူကို ဆန်တစ်ပြည်ငွေတစ်မတ်နဲ့ ကန်တော့ရတယ်''
''သြော်. . . ဒီလိုလား''
ကိုစည်သူက သူ့စတိုင်အတိုင်း ခေါင်းကိုမော်ကာ ရယ်လိုက်သည်။ ကိုရွှေသွေးကလည်း လိုက်ရယ်နေ၏ ။
''ထိုင်တော့ မကန်တော့ပါနဲ့လေ၊ နက်ဖြန်တော့ဆုံကြတာပေါ့၊ ဒီအချိန်ပဲ ကျွန်တော် စာအုပ်လာအပ်လှည့်ပါမယ်''
နောက်တစ်နေ့တွင် စာအုပ်ဆိုင်မှာ ဆုံကြတော့ ကိုစည်သူ့ကို နေကာမျက်မှန်ပေးလိုက်သည်။
ကိုစည်သူက နေကာမျက်မှန်ကိုထုတ်ကြည့်ကာ သဘောကျစွာ ခေါင်းကိုမော်၍ ရယ်လိုက်ပြန်သည်။
''ရေထဲကျသွားတဲ့မျက်မှန်နဲ့တော့ တစ်ပုံစံတည်းပဲ''
''ဟုတ်ပါရဲ့ ကွာ၊ မင်းပျောက်သွားတဲ့မျက်မှန်အတိုင်း တစ်ထေရာတည်းပါလား''
ကိုရွှေသွေးကလည်း မျက်မှန်ကိုကြည့်ကာ ဝင်ပြောလိုက်သည်။
''မမညိုက ကိုစည်သူ့မျက်မှန်ပုံစံကိုမှတ်မိနေလို့ပါ၊ ပုံစံချင်း အတူတူပေါ့ဟုတ်လားကိုစည်သူ''
''ဟုတ်ပါတယ်၊ ပုံစံချင်းတော့တူပါတယ်နီနီလေး၊ ဒါပေမယ့် တန်ဖိုးတော့ကွာမယ်ထင်တယ်''
ကိုစည်သူ့စကားကြောင့် နီနီလေးမျက်နှာ မှိုင်သွားသည်။
''ဟိုလေ. . . နီလေးတို့က မျက်မှန်အကြောင်းလည်း နားမလည်ဘူး၊ နီလေးစုထားတဲ့ပိုက်ဆံလေးနဲ့ ဝယ်ပေးတာပါ၊ အမျိုး အစားမကောင်းတဲ့အတွက်တော့ စိတ်မရှိပါနဲ့ကိုစည်သူရယ်''
ကိုစည်သူက ခေါင်းမော်ကာ ရယ်လိုက်ပြန်သည်။ ကိုရွှေသွေးကပါ လိုက်ရယ်နေ၏ ။
''နီနီလေး ဒီမျက်မှန်ဝယ်တော့ ဘယ်လောက်ပေးရလဲဟင်''
''သုံးထောင့်ငါးရာ''
''သြော်. . . ကျွန်တော် ပျောက်သွားတဲ့မျက်မှန်ကိုရော ဘယ်လောက်တန်မယ်ထင်သလဲ''
''နီလေးဘယ်သိပါ့မလဲ၊ တန်ဖိုးတော့ရှိမှာ ပေါ့''
''တန်ဖိုးက လေးရာဗျ၊ လေးရာ''
''ရှင်. . .''
''အဲဒါမန္တလေးမှာ သင်္ဘောကပ်တုံးက ဝယ်ထားတဲ့မျက်မှန်၊ လေးရာပဲပေးရတာ နီနီလေး၊ အပေါစားမျက်မှန်ပါ၊ နီနီလေးပြန်ဝယ် ပေးတာက အကောင်းစား၊ အဲဒါကြောင့် တန်ဖိုးကွာမယ်လို့ပြောတာ''
''ဟောတော့-''
''မျက်မှန်တွေ က အပြင်ပန်းကြည့်ရင်အတူတူပဲ၊ သာမန်လူဆို မခွဲတတ်ဘူး၊ အပေါစားလုပ်ရောင်းတဲ့မျက်မှန်တွေ ကိုလည်း အ ကောင်းစားလို့ထင်ရတာ ပဲ''
''အဲဒီ တော့ မင်းလိုအပေါစားဝယ်တပ်တဲ့ကောင်တွေ အတွက် အဆင်ပြေတာပေါ့ကွာ၊ မသိတဲ့လူတွေ က အကောင်းစားလို့ ထင်ရော''
ကိုရွှေသွေးက ကိုစည်သူ့ကိုချွတ်လိုက်သည်။
''ဟေ့ကောင်၊ တပ်တဲ့လူအပေါ်မှာ လည်း မူတည်သေးတယ်ကွ၊ ငါလိုဥပဓိရုပ်ကောင်းတဲ့လူတပ်လို့ အထင်ကြီးခံရတာ ၊ မင်းလိုကောင်တပ်ရင် သော င်းကျော်တန်ကိုတောင် တစ်ရာတန်လောက်ပဲအထင်ခံရလိမ့်မယ်''
ဝိုင်းရယ်လိုက်ကြသည်။
ထိုနေ့ကတော့ ကိုစည်သူတို့နှင့် အတော် ကြာစကားပြော ဖြစ်ခဲ့ပါသည်။
မြစ်ကမ်းစပ်တွင် သစ်သားဖြင့် ညောင်ပင်ကြီးကိုပတ်ဝိုင်း၍ ရိုက်ထားသော ခုံဝိုင်းကြီးပေါ်မှာ ထိုင်ကာ စကားပြောကြခြင်း ဖြစ် သည်။
မြစ်ထဲက လေကလေးများ က တဟူးဟူးတိုက်လျှက်ရှိသည်။ ကိုစည်သူနှင့်စကားပြောနေသော နီနီလေးအသွင်မှာ ပျော်ရွှင်တက် ကြွနေပေ၏ ။
စကားပြောကြရင်း. . . ကိုစည်သူနှင့်နီနီလေးတို့က တစ်ဝိုင်း၊ ကိုရွှေသွေးနှင့်မညိုနွဲ့တို့က တစ်ဝိုင်း ဖြစ်သွားသည်။ ကိုရွှေသွေးက သူဖတ်သည့်သိုင်းဝတ္ထုများ အကြောင်းကိုပြောနေခြင်း ဖြစ်သည်။ ဒီနေရာမှာ တော့ ကိုရွှေသွေးတို့ ကိုစည်သူတို့နှင့်. . . မညိုနွဲ့တို့ နီနီလေး တို့ အကြိုက်ချင်းမတူပါ။
မညိုနွဲ့နှင့်နီနီလေးက အချစ်ဝတ္ထုကိုမှ မိန်းကလေးစာရေး ဆရာရေး သော ဝတ္ထုကို ရွေးဖတ်ခြင်း ဖြစ်သည်။ ကိုစည်သူကတော့ ဂမ္ဘီရဝတ္ထုတွေ ကို ကြိုက်နှစ်သက် သူ ဖြစ်နေသည်။
မညိုနွဲ့က ကိုရွှေသွေးနှင့်စကားပြောရင်းမှ နီနီလေးတို့စကားဝိုင်းကိုနားစွင့်နေမိသည်။
ကိုစည်သူက သူ့အကြောင်းတွေ ပြောပြနေသံကိုကြားရသည်။ သင်္ဘောသားအတွေ့ အကြုံများ ၊ သူ့မိသားစုအကြောင်းများ ။ နီနီ လေးကလည်း အိမ်အကြောင်းကိုပြောပြနေသည်။ ဆယ်တန်းဖြေထားသည့်အကြောင်း၊ ရှေ့အပတ်ထွက်တော့မည့် အောင်စာရင်းအတွက် ရင်ခုန်နေရသည့်အကြောင်းတွေ ပြောနေသံကြားရသည်။
မညိုနွဲ့က ကိုရွှေသွေးနှင့်စကားပြောနေသော်လည်း ကိုစည်သူ့ကိုသာ မသိမသာလှမ်းအကဲခတ်နေမိသည်။ မညိုနွဲ့စိတ်ထဲမှာ ကိုစည်သူနှင့်နီနီလေးတို့ဆက်ဆံရေး က သာမန်ထက်ထူးနေတယ်လို့ထင်နေမိပေသည်။
ထိုအခေါက်က ကိုစည်သူတို့သင်္ဘော ဒီမြို့ဆိပ်ကမ်းတွင် သုံးရက်ကြာဆိုက်ကပ်သွားသည်။
သုံးရက်လုံး စာအုပ်လာငှားကာ နီနီလေးတို့နှင့်ဆုံ ဖြစ်ခဲ့ပါသည်။ စကားစမြည် ပြော ဖြစ်ခဲ့ပါသည်။
နောက်ဆုံးနေ့မှာ နွယ်နီလှိုင်တို့အိမ်ရှေ့နားအထိလမ်းလျှောက်လိုက်လာခဲ့သည်။
အိမ်နှင့်နီးသည်တွင် မညိုနွဲ့က သူတို့ကိုပြန်ခိုင်းရ၏ ။
''ကိုစည်သူ၊ ကျွန်မတို့အိမ်ကလူကြီးတွေ က သိပ်စည်းကမ်းကြီးတယ်၊ ယောကျာ်းလေးတွေ နဲ့အသိအကျွမ်းလုပ်တာမကြိုက် ဘူးရှင့်၊ ကျွန်မတို့အတူတွဲ လာတာမြင်ရင် အဆူခံရလိမ့်မယ်၊ ကျွန်မတို့သွားနှင့်ပါရစေတော့နော်''
မညိုနွဲ့စကားကြောင့် နီနီလေးက ကိုစည်သူ့ကိုအားနာသလို ကြည့်နေသည်။ တကယ်တော့ မမညိုစကားလည်း မှန်ပါသည်။ ဖေဖေမေမေတို့မြင်လျှင် ယောကျာ်းလေးတွေ နှင့် အသိမိတ်ဆွေ ဖြစ်နေတာ ကြိုက်မည် မဟုတ်။ အထူးသဖြင့် သင်္ဘောသားတွေ နဲ့မိတ်ဆွေ ဖြစ်တာကို ပိုပြီးမကြိုက်ကြလိမ့်ဦးမည် ။
''ရပါတယ်မညိုနွဲ့၊ ကျွန်တော် တို့ ဒီနေရာကနေပဲ လှည့်ပြန်ပါ့မယ်၊ နီနီလေးတို့အိမ်က ဘယ်အိမ်လဲဟင်''
နီနီလေးက ခပ်လှမ်းလှမ်းက နှစ် ထပ်အိမ်ကြီးကိုလက်ညှိုးထိုးပြသည်။
''သြော်. . . အိမ်လေးကနေချင်စရာလေးပဲ၊ ခြံဝင်းအကျယ်ကြီးပဲနော်၊ ခြံထဲမှာ လည်း အပင်မျိုးစုံနဲ့''
''ဟုတ်ကဲ့''
''ကဲ- ကျွန်တော် တို့သွားဦးမယ်ဗျာ၊ နက်ဖြန်ကျွန်တော် တို့ သင်္ဘောအောက်ဖက်ကိုစုန်ဆင်းတော့မယ်၊ ဘယ်တော့ပြန်ရောက် မယ်တော့မသိသေးဘူး၊ ပြန်ရောက်မှ စာအုပ်ဆိုင်မှာ ဆုံကြတာပေါ့''
''ဟုတ်ကဲ့ပါကိုစည်သူ''
''သြော်. . . ရှေ့အပတ် နီနီလေးတို့ အောင်စာရင်းတွေ ထွက်တော့မှာ နော်၊ အောင်ပါစေလို့ဆုတောင်းပါတယ်ဗျာ''
နီနီလေးတို့ အိမ်ဆီလျှောက်လာတော့ ကိုစည်သူတို့က ထိုနေရာမှာ ပင်ရပ်ကျန်ခဲ့ကြသည်။
အိမ်ထဲကိုဝင်ခါနီး မှာ လှည့်ကြည့်လိုက်တော့လည်း သူတို့နှစ် ယောက် ရပ်နေကြဆဲ။
''ဟင်- ကိုစည်သူတို့က နီလေးတို့ကို ခုထိရပ်ကြည့်နေတုံးပါလား''
နောက်တစ်ပတ်အကြာ တနင်္လာနေ့မှာ ဆယ်တန်းအောင်စာရင်းများ ထွက်ပါသည်။
နီနီလေးနှင့်မညိုနွဲ့သည် မနက်ဝေလီဝေလင်းအချိန်တွင် အိမ်မှ စက်ဘီးဖြင့် ထွက်လာခဲ့ကြသည်။ စက်ဘီးကို မညိုနွဲ့ကနင်း၍ နီနီလေးက နောက်ခုံမှထိုင်၍ ပါလာခဲ့၏ ။ နဂိုကမှ အင်အားနည်းသော နီနီလေးသည် စိတ်လှုပ်ရှားနေရ၍ စက်ဘီးကိုနင်းနိုင်မည် ဟုတ်ပေ။
မနက်ခြောက်နာရီအချိန်တွင် အထကကျောင်းထဲ၌ အောင်စာရင်းများ ကပ်မည် ဖြစ်၏ ။ နီနီလေးတို့လိုပဲ ကျောင်းကိုအောင်စာရင်း ကြည့်အောင်လာကြသည့်ကျောင်းသားတွေ နှင့် လမ်းမှာ ဆုံကြသည်။ တချို့ကလည်း ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါး။ တချို့ကတော့ အအောင်အကျအတွက် စိုးရိမ်နေဟန်ဖြင့် တိတ်တိတ်ဆိတ်ဆိတ်မျက်နှာတည်တည်။ နီနီလေးသည်လည်း စိုးရိမ်ကြောင့်ကျနေသည့် အထဲတွင် ပါပါသည်။
ကျောင်းကိုရောက်တော့ အောင်စာရင်းမကပ်သေး၍ အောင်စာရင်းထုတ်ပြန်မည့် နေရာအနီးမှာ ကျောင်းသားကျောင်းသူများ တွတ်ထိုးဆူညံနေကြလေသည်။
ထိုစဉ်. . . မျှော်လင့်မထားပဲ ကိုစည်သူကို တွေ့ လိုက်ရ၍ နီနီလေးရော မညိုနွဲ့ပါ အံ့သြသွားကြလေသည်။ ကိုစည်သူနှင့်အတူ ကိုရွှေသွေးလည်း ပါလာလေ၏ ။
''ဟင်- ဘယ်လိုရောက်လာတာလဲ၊ ကိုစည်သူတို့က''
''ကျွန်တော် တို့သင်္ဘော ညက ဒီနားကဆိပ်ကမ်းမှာ ကပ်တယ် မညိုနွဲ့၊ ဆန်အိတ်တွေ လာချတာ၊ ဒီမနက်အောင်စာရင်းထွက် မယ်ဆိုတာ သိလို့ နီနီလေးတော့ လာကြည့်မှာ ပဲဆိုပြီး အစောကြီးထလာတာ''
ထိုစဉ်မှာ ပဲ. . . ခြောက်နာရီထိုးကာ အောင်စာရင်းများ ကပ်ထားသော ဘလက်ဘုတ်ကြီးကို သံဇကာနောက်ကျောတွင် လာချ လိုက်သည်။ ကျောင်းသားများ စုပြုံတိုးဝှေ့ကာ ကြည့်ကြလေ၏ ။ နီနီလေးတို့လို မိန်းကလေးများ တိုးလို့မပေါက်နိုင်ပါ။
''နီနီလေးခုံနံပါတ်ပြော၊ ကျွန်တော် ကြည့်ပေးမယ်''
နီနီလေးက ခုံနံပါတ်ကိုပြောပြလိုက်သည်။
''နာမည် က နွယ်နီလှိုင်နော် ကိုစည်သူ၊ နီနီလေးမဟုတ်ဘူး''
''ကျွန်တော် မှတ်မိပါတယ်''
ကိုစည်သူက လူအုပ်ကြားထဲတိုးဝင်သွားသည်။ အရပ်ရှည်သူမို့ သိပ်တိုးစရာမလိုပဲ ခြေဖျားထောက်ကျော်ကြည့်ရုံဖြင့် မြင်ရ လေသည်။
နီနီလေးက ရင်ခုန်စွာ ဖြင့်စောင့်မျှော်နေခဲ့သည်။
ကိုစည်သူပြန်ထွက်လာပြီး
''အောင်တယ်နီနီလေး၊ ဂုဏ်ထူးတစ်ဘာသာတောင်ပါသေးတယ်၊ ရူပဗေဒတဲ့ ''
''အို. . .''
နီနီလေးက ရင်ပတ်ကိုဖိပြီးရေရွတ်လိုက်ကာ မျက်ရည်များ ကျလာလေသည်။
''ဝမ်းသာလိုက်တာနီနီလေးရယ်၊ ဝမ်းသာလိုက်တာ''
မညိုနွဲ့က နီနီလေးပခုံးကိုသိုင်းဖက်ရင်းပြောလိုက်သည်။
မညိုနွဲ့သိုင်းဖက်လိုက်စဉ်မှာ ပင် နီနီလေးသည် မိုက်ကနဲ ဖြစ်ကာ လဲကျမလို ဖြစ်သွားလေ၏ ။ မညိုနွဲ့က ဖမ်းထိမ်းထားလိုက်ရ သည်။
''အို. . . နီနီလေး''
နီနီလေး လဲကျမသွားသော်လည်း မညိုနွဲ့ပခုံးကိုမှီကာ အသက်ကိုခက်ခက်ခဲခဲရှုနေသည်။ မျက်လုံးများ က ပွင့်မလာ။
''ဟင်. . . ဘယ်လို ဖြစ်တာလဲ''
''သူ. . . သူ. . . ဒီလိုပဲကိုစည်သူ၊ သိပ်စိတ်လှုပ်ရှားရင် ဖြစ်တတ်တယ်၊ ကျွန်မပိုက်ဆံအိတ်ထဲမှာ ရှူဆေးဗူးပါတယ်ကိုစည်သူ၊ ဖွင့်ယူလိုက်ပါ''
မညိုနွဲ့က လက်မအား၍ ဂျိုင်းကြားမှာ ညှပ်ထားသော ပိုက်ဆံအိတ်ကိုရည်ရွယ်၍ ပြောလိုက်သည်။
ကိုစည်သူက ပိုက်ဆံအိတ်ကိုလှမ်းယူကာ အတွင်းမှရှူဆေးဗူးကိုထုတ်လိုက်၏ ။ ဗူးအဖုံးကိုဖွင့်ကာ နွယ်နီလှိုင့်နှာခေါင်းတွင် တေ့ပေးလိုက်သည်။
နွယ်နီလှိုင် သတိပြန်လည်လာသည်။
''နီနီလေး၊ သတိရပြီလား၊ ဝမ်းသာစရာသတင်းကိုများ ဗျာ''
''အို. . . နီလေး အားနာလိုက်တာ၊ နီလေးဘယ်လို ဖြစ်သွားမှန်း မသိဘူး၊ ခုတလောပိုဆိုးလာတယ်ကိုစည်သူ''
''တစ်နေရာရာမှာ ထိုင်ပြီး အနားယူလိုက်ရင်ကောင်းမယ်၊ ဆိုင်တစ်ဆိုင်ဆိုင်မှာ ထိုင်ရအောင်လား''
ကိုရွှေသွေးက ဝင်၍ အကြံပေးလိုက်သည်။
''ဟုတ်တယ်၊ ဟိုနားက လက်ဖက်ရည်ဆိုင်မှာ သွားထိုင်ရအောင်၊ နီနီလေးလည်း အနားယူရင်းပေါ့၊ နီနီလေးစာမေးပွဲအောင်လို့ ဂုဏ်ပြုတဲ့အနေနဲ့တစ်ခုခုကျွေးပါရစေ''
''အို. . . မဟုတ်တာ၊ နီလေးကကျွေးရမှာ လေ''
''ကဲလေ. . . ဘယ်သူပဲကျွေးကျွေးပါ၊ ဆိုင်ကိုသာသွားကြပါစို့၊ နီနီလေးလျှောက်နိုင်ရဲ့ လား''
''ကျွန်မတွဲ ခဲ့ပါမယ်၊ ဟို. . . စက်ဘီးကိုသာ''
''ရွှေသွေး၊ သူတို့စက်ဘီးကို မင်းတွန်းခဲ့ကွာ''
''ဟေ. . . အေး. . . ကောင်းပါတယ်၊ ကောင်းပါတယ်''
လက်ဖက်ရည်ဆိုင်ထိုင်မိချိန်တွင် မညိုနွဲ့က နီနီလေးတွင် မွေးရာပါနှလုံး ရောဂါ ရှိကြောင်း ပြောပြလိုက်သည်။
''ဓာတ်ပုံနဲ့စာကို မမညိုသိမ်းလိုက်တော့မယ်နော်၊ နီနီလေး''
''ဓာတ်ပုံသိမ်းလိုက်ပေမယ့် ကိုကိုက နီလေးအိပ်မက်ထဲအထိ လာနေဦးမှာ ပါ မမညိုရယ်''
''ဟုတ်တာပေါ့၊ နီနီလေးလည်း အိပ်လိုက်တော့၊ ညဉ့်နက်ပြီ၊ နီနီလေးအိပ်ပျော်တဲ့အထိ မမညိုစောင့်နေပေးမယ်နော်''
မညိုနွဲ့က နီနီလေးကိုချော့မော့ကာ ဓာတ်ပုံနှင့်စာကို အံဆွဲထဲ ထည့်၍ သိမ်းလိုက်သည်။
''လာ- နီနီလေး''
မညိုနွဲ့က ထိုင်နေသော နီနီလေးကို အသာအယာဆွဲထူလိုက်သည်။
''ခဏလေးမမညို၊ နီလေး ပြတင်းပေါက်ကနေ မြစ်ထဲကိုကြည့်ပါရစေဦး''
''မကြည့်ပါနဲ့တော့ကွယ်၊ ဘာမှမမြင်ရတော့ပါဘူး၊ မှော င်နေပြီဥစ္စာ''
''လသာနေတာပဲမမညိုရယ်၊ ခဏလေးပါ''
နီနီလေးက ဝရံတာတွင် သွားရပ်သည်။
အိမ်အပေါ်ထပ် နီနီလေးအခန်းထဲမှကြည့်လျှင် ဧရာဝတီမြစ်ကြီးကို အလျားလိုက်မြင်ကွင်းကျယ်ကျယ်မြင်နေရပါသည်။ နေ့ လည်ခင်းဆိုလျှင်ဖြင့် မြစ်အတွင်းသွားလာနေသော လှေသင်္ဘောများ ကိုရှင်းလင်းစွာ မြင်ရတတ်ပါသည်။
ယခုလို လသာညမှာ တော့ လရောင် က မြစ်ပြင်ပေါ်ဖြန်းကျနေသည်။ တစ်ခါတစ်ရံ ရေပြင်တွင် လှိုင်းဂယက်ထလိုက်သည့်အခါ ငွေရောင် တဖြတ်ဖြတ်လူးသွားတတ်ပေသည်။
မြစ်ပြင်သည် ညင်သာတိတ်ဆိတ်စွာ စီးဆင်းနေပေ၏ ။
''ကဲ- နည်းနည်း အေးလာပြီနီနီလေး၊ မမညိုတံခါးပိတ်လိုက်တော့မယ်နော်''
မညိုနွဲ့က မှန်တံခါးကိုပိတ်လိုက်သည်။
တံခါးပိတ်ပြီး နီနီလေးကို ပခုံးမှဖက်ကာ အိပ်ရာဆီခေါ်လာလိုက်သည်။
အိပ်ရာပေါ်မှာ အိပ်စေပြီးမှ ခြင်ထောင်စများ ကို မွေ့ရာအောက်ထိုးထည့်ပေးလိုက်သည်။
ပြီး. . . ကုတင်ဘေးစွန်မှာ ထိုင်ရင်း နီနီလေးအိပ်သည်အထိစောင့်နေလိုက်သည်။
''မမညို''
''နီနီလေး''
''ကိုကိုကလေ. . . မနေ့က နီလေးကိုလာခေါ်တယ် သိလား''
''အို. . .''
''ဒီတစ်ခါလာခေါ်ရင်တော့ နီလေးလိုက်သွားလိုက်တော့မယ် မမညိုရယ်''
''အိပ်တော့နီနီလေးရယ်၊ အိပ်တော့၊ အိပ်မှ နီနီလေးကိုကိုနဲ့ တွေ့ ရမှာ မို့လား၊ အိပ်ပါတော့ကွယ်''
မညိုနွဲ့က ခြင်ထောင်ထဲဝင်လိုက်ပြီး နီနီလေးနဖူးကိုသပ်ပေးကာ ချော့ချော့မော့မော့ပြောလိုက်သည်။
ခဏအကြာတွင် နီနီလေးအိပ်ပျော်သွားလေသည်။
အိပ်ပျော်နေသော နီနီလေးမျက်နှာမှာ အပြစ်ကင်းစင်စွာ ချောမောပြေပြစ်လှပေ၏ ။ သြော်. . . တကယ်တော့ ငါ့ညီမလေးဟာ တကယ့်ကို အရိုးခံလေးပါလား။ ဒီလိုဖြူစင်သန့်ရှင်းတဲ့ညီမလေးကိုမှ ကံကြမ္မာက ရက်စက်လှတယ်ကွယ်။
မညိုနွဲ့က နီနီလေးကိုကြည့်ရင်းသက်ပြင်းချလိုက်လေသည်။
နီနီလေးအခန်းထဲမှထွက်ခဲ့ကာ ကိုယ့်အိပ်ရာပေါ်ရောက်သည်အထိ မညိုနွဲ့အတွေးများ က ပြတ်မသွား။
နီနီလေးကို သနားနေမိသည်။
အ ဖြစ်ဟောင်းများ က မညိုနွဲ့အတွေးထဲဝယ် စီကာစဉ်ကာ ပေါ်လာလေ၏ ။
နွယ်နီလှိုင်နှင့်ကိုစည်သူတို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါသည်။
သူတို့ချစ်သူသက်တမ်းမှာ အကြာကြီးတော့မဟုတ်လိုက်။
သို့သော်. . . မေတ္တာထုထည်ကို အချစ်သက်တမ်းနှင့်နှိုင်းယှဉ်၍ မရပါ။
ကိုစည်သူနှင့်နီနီလေးတို့ချစ်သူဘဝမှာ လည်း ရိုးရိုးလေးသာ ဖြစ်ပါသည်။
သူတို့နှစ် ယောက် တွေ့ ဆုံတိုင်း မညိုနွဲ့က ဘေးမှအမြဲပါသည်။ တစ်ခါတစ်ရံ. . . ကိုရွှေသွေးလည်း လိုက်လာတတ်ပါသည်။
ကိုစည်သူတို့သင်္ဘောက တစ်လမှတစ်ခေါက်. . . အများ ဆုံး နှစ် ခေါက်လောက်သာ မြို့ဆိပ်ကမ်းမှာ လာကပ်တတ်သည်မို့ ချစ်သူ နှစ် ဦး တွေ့ ဆုံချိန်က သိပ်မများ ခဲ့ပါချေ။
နောက်ပိုင်းတော့ အိမ်မှသိမည် စိုး၍ မြို့တောင်ဖက်က ပတ္တမြားမျက်ရှင်ဘုရားမှာ ချိန်းရသည်။ မညိုနွဲ့ကပဲ စီစဉ်ပေးခြင်း ဖြစ်ပါ သည်။ မညိုနွဲ့အနေဖြင့် နီနီလေးကိုထိမ်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိသည်။ တကယ်တော့လည်း မညိုနွဲ့ ဒီအိမ်မှာ နေနေတာကိုက နီနီလေးကိုစောင့်ရှောက်ဖို့ကအဓိကအနေဖြင့် လာနေရခြင်း ဖြစ်ပါသည်။
မေမေစောတို့က မညိုနွဲ့ကိုစိတ်ချစွာ အပ်နှံထားသည့်အတွက် မညိုနွဲ့မှာ ပိုပြီးတာဝန်ရှိနေသည်။ ထို့ကြောင့်. . . ကိုယ့်မျက်စိ ကွယ်ရာမှာ စိတ်ပူပန်နေရမယ့်အစား မျက်စိရှေ့မှာ ပင် ထိမ်းထိမ်းသိမ်းသိမ်း ဖြစ်စေရန်အတွက် မညိုနွဲ့ကိုယ်တိုင်လိုက်ပါကာ သူတို့နှစ် ယောက် တွေ့ ဖို့ကို စီစဉ်ပေးထားခြင်း ဖြစ်သည်။
မညိုနွဲ့က ကိုစည်သူနှင့်နီနီလေးကို ပတ္တမြားမျက်ရှင်ဘုရားက ပန်းခြံထဲတွင် သာထိုင်စေသည်။ သူမက ခပ်လှမ်းလှမ်းမှစောင့် ကြည့်နေသည်။ စောင့်ရင်းက ဝတ္ထုစာအုပ်ကိုဖတ်နေတတ်သည်။
နီနီလေးမှာ ချစ်သူရှိနေကြောင်းကိုတော့ အိမ်ကသိလို့မ ဖြစ်သေးပါ။ တစ်ဦးတည်းသော သမီး ဖြစ်ရုံသာမက ရောဂါ သည်လေး ဖြစ် သော နီနီလေးကို သူ့မိဘတွေ က ခုထိ ကလေးလို့ပဲမှတ်ယူနေကြတုံး ဖြစ်သည်။ နီနီလေးရည်းစားထားတာကို မညိုနွဲ့ကိုယ်တိုင်စီစဉ်ပေး နေတယ်ဆိုတာ သိရင်တော့ မညိုနွဲ့ပါ အရိုက်ခံရရုံမက အိမ်ပေါ်ကပါဆင်းရပါလိမ့်မည် ။
မညိုနွဲ့မိခင်သည် နီနီလေးမိခင်ဒေါ်စောမြင့်၏ အစ်မအရင်း ဖြစ်ပါသည်။ မညိုနွဲ့မှာ မိဘနှစ် ပါးဆုံးသွားတော့ အဒေါ်ဒေါ်စော မြင့်က ခေါ်ယူမွေးစားထားခြင်း ဖြစ်သည်။ မညိုနွဲ့က နီနီလေးအဖေဦးဘလှိုင်ကို ဖေဖေလှိုင်ဟုလည်းကောင်း၊ မိခင်ဒေါ်စောမြင့်ကို မေမေစောဟုလည်းကောင်းခေါ်သည်။ မညိုနွဲ့မှာ တွယ်တာစရာဆို၍ သည်မိသားစုသာရှိသော ကြောင့် နီနီလေးကို ညီမအရင်းလေး လိုချစ်သည်။
ရွာမှနေတုံးက ခုနစ်တန်းအထိ မညိုနွဲ့ကျောင်းနေဖူးသည်။ ၈တန်းတက်မယ့်နှစ် မှာ မိဘနှစ် ပါးလုံးဆုံးသွားကြခြင်း ဖြစ်သည်။ အဒေါ်ဒေါ်စောမြင့်က မြို့ကိုအပြီးခေါ်လာတော့ မညိုနွဲ့ ကျောင်းဆက်မတက် ဖြစ်တော့ချေ။ ကိုယ့်ကိုကိုယ်လည်း ပညာရေး မှာ မထွန်း ပေါက်နိုင်မှန်းသိ၍ မညိုနွဲ့က ကျောင်းဆက်နေလိုစိတ်မရှိတော့ချေ။
မညိုနွဲ့ ဒီအိမ်ကိုရောက်တော့ နီနီလေးက သုံးတန်းကျောင်းသူလေးပဲရှိသေးသည်။ နီနီလေးကိစ္စဝိစ္စတွေ အားလုံးကို ထို အချိန်ကတည်းက ဒိုင်ခံလုပ်ပေးခဲ့သော မညိုနွဲ့သည် နီနီလေးကို ညီမရင်းချာလိုချစ်မိတာမဆန်းပေ။
ကိုစည်သူနှင့်ချစ်ကြိုက်ကြတော့ မညိုနွဲ့ အစပိုင်းတွင် တားမြစ်ချင်သည်။ ကိုစည်သူ သင်္ဘောသား ဖြစ်နေခြင်းက မညိုနွဲ့စိတ် ကို စနောင့်စနင်း ဖြစ်စေခဲ့သည်။ သင်္ဘောသားဆိုသော လူတန်းစားသည် မြစ်ကမ်းစပ်နဘေးမှမြို့ရွာမှလူထုအမြင်တွင် လူရှုပ်လူပွေများ အ ဖြစ်မြင်ကြသည်။ အလုပ်သဘောအရ ကမ်းစပ်တစ်ခုကတစ်ခု လှည့်လည်သွားလာနေရသူများ ဖြစ်ရာ အိမ်ထောင်ရှိသူများ ပင် သား မယားနှင့်အတူမနေရ၍ လေလွင့်ခြင်းများ ရှိတတ်ရာ လူပျိုလူလွတ်များ အဖို့ ပြောစရာမလိုတော့ပေ။
တချို့သင်္ဘောသားများ မှာ ဆိပ်ကမ်းတစ်ခုတွင် တစ်ယောက် တရားဝင်ဇနီးမယားများ ထားတတ်ကြသည်။ ဆိပ်ကမ်းမြို့များ တွင် သင်္ဘောသားနှင့်အိမ်ထောင်ကျပြီးမှ ကိုယ်ဝန်ရှိချိန်တွင် သင်္ဘောထွက်သွားသော သင်္ဘောသား ပြန်မလာတော့သည့်အ ဖြစ်နှင့်ကြုံရသော မိန်းကလေးပေါင်းများ စွာ ရှိပါသည်။ သားသမီးရပြီးသား ဖြစ်လျှင်ပင် သူတို့ပစ်ပြေး သွားပါက ဘာမှမတတ်နိုင်။ သူတို့ဇာတိ အသိုင်းအဝိုင်း ဆိုသည်မှာ လည်း သူတို့ပါးစပ်ထဲမှာ သာရှိကြသည်။ တကယ်တန်းပစ်ပေးသွားပြီဆိုလျှင် ဘယ်ကိုလိုက်မလဲ။
ဒါတွေ ကြောင့်. . . မညိုနွဲ့က နီနီလေးအတွက်စိုးရိမ်မိခြင်း ဖြစ်ပါသည်။ နီနီလေးက အတွေ့ အကြုံမရှိ၊ ငယ်ရွယ်သေးသူ ဖြစ် ရုံမက. . . ရောဂါ သည် တစ်ယောက် လည်း ဖြစ်သည်။ ထို့ကြောင့်. . . မညိုနွဲ့သည် နီနီလေးကိုမျက်စိအောက်ကအပျောက်မခံခြင်း ဖြစ်သည်။
ကိုစည်သူမှာ နီနီလေးထက် အသက်ငါးနှစ် လောက်ပိုကြီးပါသည်။ ဒီအသက်အရွယ်လူငယ် တစ်ယောက် သည် အိမ်ထောင်သည် လည်း ဖြစ်နိုင်သည်။ အိမ်ထောင်သည်မဟုတ်တောင် ချစ်သူရည်းစားရှိပြီးသူလည်း ဖြစ်နိုင်ပါသေး၏ ။
ထို့ကြောင့်. . . ကိုစည်သူနှင့်ချိန်းတွေ့ သမျှ အနီးအနားမှ အမြဲစောင့်ရှောက်နေခဲ့ခြင်း ဖြစ်ပါသည်။
ကိုစည်သူကိုအကဲခတ်ရတာ ကတော့. . . အပြောအဆိုအမူအရာ အနေအထိုင်များ ကိုထောက်ချင့်၍ ဟော့ဟော့ရမ်းရမ်း၊ ရမ်းရမ်း ကားကားထဲက မဟုတ်ဖူးလို့ထင်မိသည်။
သူကိုယ်တိုင်ပြောပြတဲ့သူ့အကြောင်းများ ကို နီနီလေးကတစ်ဆင့် ပြန်ကြားရပါသည်။
''ကိုကိုတို့က မောင်နှမသုံးယောက် ရှိတာတဲ့၊ အဖေအမေဆုံးသွားပြီ၊ အစ်မကြီး တစ်ယောက် ပဲအိမ်ထောင်ကျသေးတာတဲ့မမညို၊ ကိုကိုက အခုပြည်တွင်းသင်္ဘောလိုက်နေတာ လုပ်ငန်းအတွေ့ အကြုံရအောင် လိုက်နေတာတဲ့၊ ပြီးရင် နိုင်ငံခြားသင်္ဘောပေါ်တက်မှာ တဲ့၊ သိလား၊ နိုင်ငံခြားသင်္ဘောတစ်ခေါက်ပြန်လာပြီးရင် သူ့ဖက်ကလူကြီးတွေ ခေါ်ပြီး နီလေးကိုလာတောင်းမယ်တဲ့ မမညို''
နီနီလေးကတော့ ကိုစည်သူနဲ့ချစ်သူ ဖြစ်ရတဲ့အတွက် မိုးမမြင် လေမမြင်ပျော်နေပါသည်။ ဒီအတိုင်းပဲ တစ်သက်လုံးပျော်ရွှင်သွား နိုင်ပါစေလို့ မညိုနွဲ့ဆုတောင်းပါသည်။
နီနီလေးတို့အမှတ်စာရင်းတွေ သိရပြီ။ နီနီလေးရမှတ်များ မှာ အများ ကြီးမဟုတ်သလို၊ နည်းနည်း လေးလည်းမဟုတ်ပေ။
အောင်စာရင်းထွက်ခါစက နီနီလေးကို အမှတ်မီရာ တက္ကသိုလ်ကောလိပ်တစ်ခုခုကိုပို့ဖို့ မိဘများ ကဆုံးဖြတ်ခဲ့သည်။ တကယ် တန်း နီနီလေးကို မိဘအရိပ်နဲ့ခွဲပြီး အဝေးကိုလွှတ်ထားရမည် ဆိုတော့ ဦးဘလှိုင်ရော၊ ဒေါ်စောမြင့်ပါစိတ်မချကြတော့ချေ။
''သမီးလေးက ကျန်းမာရေး မကောင်းတော့ မေမေတို့စိတ်မချဘူးကွယ်၊ အဝေးသင်တက်ရင်လည်း ဘွဲ့တစ်ခုရမှာ ပဲသမီး၊ သမီးအတွက် ဘွဲ့ရလို့အလုပ်လုပ်စရာလည်း လိုတာမှမဟုတ်တာ၊ မေမေတို့မျက်စိအောက်မှာ ပဲနေပါကွယ်နော်''
''ရပါတယ်မေမေ၊ သမီး အိုးမကွာအိမ်မကွာ အဝေးသင်တက္ကသိုလ်ပဲတက်ပါတော့မယ်၊ သမီးလည်း မေမေတို့နဲ့မခွဲနိုင်ဘူး''
နီနီလေးဆီက အလွယ်တကူသဘောတူစကားကိုကြားလိုက်သည့်အခါ ဒေါ်စောမြင့်အံ့သြသွားလေသည်။ အမေက တက္ကသိုလ် တက်ဖို့ နီနီလေးပူဆာလိမ့်မည် ဟုထင်နေခြင်း ဖြစ်သည်။
တကယ်တော့. . .
''နီလေးကျောင်းသွားတက်နေရင် ကိုကိုနဲ့တွေ့ ရချိန်နည်းသွားမှာ ပေါ့၊ ခုတောင် ကိုကိုတို့သင်္ဘော ဆိပ်ကမ်းလာကပ်မှတွေ့ ရတာ လေ၊ ကျောင်းဆက်မတက်တာပဲကောင်းပါတယ်မမညိုရယ်၊ နော်''
အချစ်၏ ဆွဲငင်အားများ ပါတကား။
တစ်နေ့တစ်နေ့ ကမ်းနားလမ်းအတိုင်း စာအုပ်အငှားဆိုင်ကိုသွားလျှင် ကိုစည်သူတို့မြနဒီသင်္ဘောကြီးများ ဆိပ်ကမ်းတစ်နေရာ မှာ ကပ်ထားလေမလားလို့ မျှော်ကြည့်ရတာ အလုပ်တစ်ခု ဖြစ်လာသည်။
သည်လိုနှင့် ကိုစည်သူနဲ့နီနီလေးတို့အချစ်ရေး မှာ ဖြောင့်ဖြူးနေခဲ့ပါသည်။
မညိုနွဲ့စိုးရိမ်သလို ကိုစည်သူ နီနီလေးကို ပစ်မ သွားပါစေနဲ့၊ နီနီလေးအပေါ်တန်ဖိုးထားပါစေလို့ ဆုတောင်းရသည်။
မညိုနွဲ့စိုးရိမ်မှုများ က ကိုစည်သူ့ဖက်ကိုသာမဟုတ်။ နီနီလေး၏ ကျန်းမာရေး ကိုလည်း စိုးရိမ်ရသေးသည်။ နီနီလေးမှာ နှလုံး ရောဂါ ဝေဒနာသည် တစ်ယောက် ဖြစ်ရာ သူမ သိပ်အလေးအနက်ထားနေသော အရာတစ်ခု မမျှော်လင့်မထင်မှတ်တာတွေ ၊ မရည်ရွယ်တာ တွေ ဖြစ်လာပါက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော်. . .
ကံကြမ္မာက ကိုစည်သူနှင့်နီနီလေးကို ခွဲလိုက်ပါသည်။
အဲသည်အခေါက်က ကိုစည်သူတို့သင်္ဘော သူတို့မြို့ကိုရောက်မလာတာ အတော် ကြာသွားသည်။ တစ်လလောက်ပင်ကြာ သွားခဲ့ပါသည်။
နီနီလေးလွမ်းလှပြီ။ သင်္ဘောနှင့် ဘယ်ဆီဘယ်ဆိပ်ကမ်းရောက်နေမှန်းမသိသူကို စာထည့်လို့လည်းမရ၊ ဖုန်းဆက်လို့လည်း မရပါ။
ကိုစည်သူ့ဖက်ကဆက်သွယ်နိုင်သော်လည်း နီနီလေးမိဘများ သိမည် စိုး၍ ဆက်သွယ်လို့မ ဖြစ်ပေ။
ညနေတိုင်း ဆိပ်ကမ်းတလျှောက် မျှော်မျှော်ကြည့်ရင်းနှင့် နီနီလေး တစ်ယောက် သက်ပြင်းတချချ ဖြစ်ခဲ့ရသည်။
တစ်လကျော်ပြီးသော တစ်နေ့တွင် တော့. . .
မြနဒီသင်္ဘောကြီးကို ဆိပ်ကမ်းမှာ တွေ့ ရပါပြီ။
ဆိုက်မယ့်ဆိုက်လာတော့ နီနီလေးတို့အိမ်ရှေ့တည့်တည့်က ဆိပ်ကမ်းမှာ လာကပ်ထားပေသည်။
နီနီလေးနှင့်မညိုနွဲ့တို့ ညနေမစောင်းမီခပ်စောစောပင် ငှားထားသော စာအုပ်ကလေးတွေ ကိုပိုက်လျှက် အိမ်မှထွက်ခဲ့ကြသည်။
စာအုပ်ဆိုင်ကိုတန်းမသွားသေးပဲ မြစ်ကမ်းပါးထိပ်မှာ ရပ်နေကြသေးသည်။ ထိုနေကျ ညောင်ပင်ကြီးအောက်ကခုံတန်းမှာ လည်း ထိုင်စောင့်နေကြသေးသည်။
သင်္ဘောပေါ်က နီနီလေးတို့မသိသူများ ဆင်းလာကြသော်လည်း ကိုစည်သူ့ကိုရော ကိုရွှေသွေးကိုပါ မတွေ့ ရပါ။
အချိန်ကုန်တော့ စာအုပ်အငှားဆိုင်ကိုသွားလိုက်ရသည်။ ကိုစည်သူပေါ်လာနိုးဖြင့် စာအုပ်တွေ ကို ဇိမ်ဆွဲပြီးရွေးနေသေးသည်။
အမှော င်ထုသန်းသည်အထိ ကိုစည်သူပေါ်မလာပေ။
အိမ်ကိုပြန်ခဲ့ရာလမ်းတွင် နီနီလေးက ဆိပ်ကမ်းမှာ ကပ်ထားသော မြနဒီသင်္ဘောကြီးကို လှည့်ကြည့်လှည့်ကြည့်နှင့်ရှိနေ၏ ။ ကိုစည်သူဘာလို့ဆင်းမလာပါလိမ့်၊ ကိုရွှေသွေးကိုလည်း မတွေ့ ရပါလား။
ရင်ထဲမှာ ပဟေဠိများ ဖြင့် နီနီလေးအိပ်မရ ဖြစ်ခဲ့ရလေသည်။
နောက်တစ်နေ့မနက်မှာ . . . မညိုနွဲ့ဈေးကိုသွားတော့ မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးစားနေသော ကိုရွှေသွေးကိုမြင်လိုက်သည်။ ကိုရွှေသွေး ဘေးမှာ အခြားသော သင်္ဘောသားနှစ် ယောက် ပါနေ၍ မညိုနွဲ့က နှုတ်ဆက်ဖို့ကို စဉ်းစားနေမိ၏ ။
ထိုစဉ်. . . မညိုနွဲ့ရှိသည့်ဖက်ကိုလှည့်ကြည့်လိုက်သော ကိုရွှေသွေးသည်လည်း မညိုနွဲ့ကိုမြင်သွားသည်ဟု ထင်ပါသည်။ သို့သော်. . . ကိုရွှေသွေးက ချက်ချင်း ပင်မျက်နှာလွှဲသွားလေသည်။
မညိုနွဲ့စိတ်ထဲမှာ ထင့်ကနဲ ဖြစ်သွားရ၏ ။ စိတ်ထဲကထင်တာလည်း ဖြစ်ချင် ဖြစ်မှာ ပါ။
သို့သော်. . . ထိုအကြောင်းကို အိမ်ပြန်ရောက်တော့ နီနီလေးကို ပြန်ပြောမပြ ဖြစ်ပါ။ နီနီလေးက အတွေးခေါင်တတ် သည့်အတွက် တွေးမိတွေးရာတွေးပြီး စိတ်ဆင်းရဲနေမည် စိုးသော ကြောင့်ပင်။
ညနေပိုင်းမှာ စာအုပ်ဆိုင်သွားတော့လည်း ကမ်းစပ်ကနေ သင်္ဘောပေါ်ငေးကြည့်နေမိကြသေး၏ ။ ကိုစည်သူရော ကိုရွှေသွေး ရော၊ အရိပ်အယောင်ပင်မမြင်ရ။ သင်္ဘောပေါ်ကဆင်းလာသော သင်္ဘောသားတချို့ကိုတွေ့ ရသော်လည်း မညိုနွဲ့တို့မှာ မေးရဲသည့်သတ္တိ မရှိချေ။
ထိုနေ့ကလည်း စာအုပ်ဆိုင်ကအကြာကြီးစောင့်သည့်တိုင် ကိုစည်သူ ပေါ်မလာ။ ဘာ ဖြစ်လို့ပါလိမ့်။
စိတ်အားငယ်တတ်သော နီနီလေးကတော့ ထိုညမှာ ပင် ငိုနေပြီ။
''မမညိုရယ်. . . ကိုကိုတစ်ခုခု ဖြစ်ပြီထင်တယ်၊ နီလေးအိပ်မက်တွေ လည်းမကောင်းဘူး''
မညိုနွဲ့မှာ ဘာမှပြန်ဖြေစရာမရှိ။ ဘယ်လိုနှစ် သိမ့်ရမှန်းမသိ ဖြစ်နေသည်။ မနက်က ကိုရွှေသွေးဈေးထဲမှာ မျက်နှာလွှဲသွားတာ တကယ်ပဲလား။ မညိုနွဲ့ကို မမြင်တာလား။
ဘာပဲ ဖြစ် ဖြစ်. . . သင်္ဘောပေါ်မှာ ကိုရွှေသွေးပါလာတာတော့ သေချာနေပြီ။ ကိုစည်သူတစ်ခုခု ဖြစ်ရင်တောင် ကိုရွှေသွေး သတင်းလာပေးဖို့ကောင်းပါသည်။ ကိုရွှေသွေးကမ်းပေါ်တက်မလာပုံက တမင်ရှောင်နေသလို ဖြစ်နေသည်။
''အိပ်မက်ထဲမှာ လေ. . . ကိုကိုက လှေလေးတစ်စင်းကိုလှော်ပြီး ထွက်သွားတယ်၊ နီလေးက ကိုကိုရေ. . . ကိုကိုရေ. . .လို့ နောက် ကနေခေါ် တာကိုပြန်လှည့်မကြည့်ဘူး''
''အိပ်မက်ဆိုတာ မက်ချင်ရာမက်တာပဲကွယ်၊ အစွဲအလမ်းမထားပါနဲ့၊ မနက်ဖန်တော့. . . သင်္ဘောပေါ်ကဆင်းလာတဲ့ တစ်ယောက် ယောက် ကို မေး ဖြစ်အောင်မေးကြည့်တော့မယ်ကွယ်၊ နီနီလေး. . . အိပ်တော့နော်''
နီနီလေးက အပေါ်ထပ်ပြတင်းမှနေ၍ မြစ်ထဲက မြနဒီသင်္ဘောကြီးဆီလှမ်းကြည့်နေသည်။ သင်္ဘောပေါ်မှာ မီးများ ထိန်နေ အောင် ထွန်းထား၏ ။ သင်္ဘောဆိုက်ကပ်ထားစဉ်. . . ညဖက်မှာ မီးထွန်းတဲ့ထုံးစံမရှိပါ။ ကုန်တင်ကုန်ချလုပ်နေကြပုံရသည်။
''အိပ်တော့နော် နီနီလေး၊ မနက်ဖန်ကျ မမညို မေး ဖြစ်အောင် မေးပေးပါ့မယ်ကွယ်''
နောက်တစ်နေ့မနက်တွင် . . . မြနဒီသင်္ဘောကြီးဆိုက်ကပ်ထားသည့်နေရာကိုလှမ်းမျှော်ကြည့်လိုက်တော့ သင်္ဘောကြီးမရှိတော့။
ညတွင်းချင်းပဲ ထွက်သွားလေသလား၊ မနက်အစောကြီးထွက်သွားလေသလားမသိပေ။ ညတုံးကရော. . . မနက်စောစောမှာ ရော. . . သင်္ဘောအဝင်အထွက်ဥသြသံတွေ ကြားမိပေမယ့် အခြားသင်္ဘောကြီးတွေ လည်း အဝင်အထွက်ရှိနေ၍ မြနဒီထွက်သွားသံဟု မထင်မိချေ။
ဆိပ်ကမ်းမှာ မြနဒီကြီးကိုမတွေ့ ရတော့သည့်အခါ. . . နီနီလေးမပြောနှင့်၊ မညိုနွဲ့ပင် ရင်ထဲမှာ ဟာသွားရလေသည်။
''နေရာရွှေ့ကပ်တာ ဖြစ်ပါလိမ့်မယ်၊ ရောက်တာမှနှစ် ရက်ရှိသေးတာပဲ၊ ပြန်ထွက်သွားတာမ ဖြစ်နိုင်ပါဘူး၊ ဆိပ်ကမ်းတလျှောက် မမညိုတို့လိုက်ရှာကြတာပေါ့ကွယ်''
''တကယ်လားမမညို၊ ရှာပေးနော်၊ နီလေး ကိုကို့အတွက် သိပ်စိုးရိမ်တာပဲ''
''အေးပါကွယ်၊ ညနေကျ စာအုပ်ဆိုင်သွားရင် စက်ဘီးယူသွားကြတာပေါ့၊ စက်ဘီးနဲ့ကမ်းစပ်တလျှောက် လိုက်ကြည့်ကြ မယ်လေ''
ညနေပိုင်းမှာ စာအုပ်ဆိုင်ကိုသွားမည် ဟုအကြောင်းပြကာ စက်ဘီးဖြင့်ထွက်လာခဲ့ကြသည်။
စာအုပ်ဆိုင်ကိုမသွားသေးပဲ ကမ်းနားတလျှောက်ကို လိုက်ကြည့် ကြ၏ ။
မြို့၏ တောင်ဖက်အစွန်းမှမြောက်ဖက်အစွန်းအထိ မြစ်ကမ်းနားတလျှောက်လိုက်ကြည့်သော်လည်း မြနဒီ၏ အရိပ်အယောင်မျှပင် မမြင်ရပေ။
နောက်ဆုံး စာအုပ်အငှားဆိုင်မှာ စာအုပ်ဝင်အပ်ကြသည်။
သည်အခါမှ မညိုနွဲ့တို့မျှော်လင့်မထားသော အ ဖြစ်နှင့်ကြုံရလေသည်။
''မညိုတို့အသိ စာအုပ်ငှားနေကျသင်္ဘောသားက မညိုနဲ့နီနီလေးအတွက် စာတစ်စောင်ပေးသွားတယ်''
အငှားဆိုင်က အစ်မကြီးကပြောရင်း အံဆွဲထဲထည့်ထားသော စာကိုထုတ်ပေးသည်။
''ညကတည်းက လာပေးထားတာ၊ ညကိုးနာရီလောက်ကြီးလာပေးတာကွဲ့''
''စာလာပေးတာက ဘယ်သူ. . . ဘယ်သူလဲဟင်''
''ကိုရွှေသွေးဆိုတဲ့လူ''
''အို. . .''
စာအုပ်ရွေးမနေတော့ပဲ တွေ့ ရာမဂ္ဂဇင်းတစ်စောင်ကောက်ငှားခဲ့ကာ အမြန်ထွက်လာခဲ့ကြသည်။
''နီလေးဖတ်ချင်လှပြီ၊ အိမ်ရောက်မှဖတ်ရင် မေမေတို့တွေ့ သွားလို့ ဒုက္ခရောက်နေပါ့မယ်၊ စာထဲမှာ ဘာတွေ ရေး ထားလဲ နီလေးသိချင်လှပြီမမညို''
မညိုနွဲ့က စက်ဘီးကို ထိုင်နေကျညောင်ပင်ကြီးရှေ့တွင် ရပ်လိုက်သည်။ ညောင်ပင်အောက်ကခုံဝိုင်းကြီးမှာ ထိုင်ရင်း စာကို ဖောက်လိုက်၏ ။
''နီလေး ရင်တုန်လိုက်တာ မမညိုရယ်''
''မမညိုဖတ်ပြမယ်နော်၊ စာက ကိုစည်သူ့လက်ရေး တော့ မဟုတ်ဘူး၊ ကိုရွှေသွေးရေး တာထင်တယ်''
''ဖတ်ပါမမညို''
မညိုနွဲ့နဲ့နီနီလေး-
ဒီအကြောင်းကိုပြောဖို့ ကျွန်တော့် မှာ အင်အား မရှိလို့ စာနဲ့ရေး ခဲ့ပါတယ်ဗျာ။
အ ဖြစ်က အတော် ဆိုးပါတယ်။
ကိုစည်သူ ဆုံးသွားပြီမညို။
''အောင်မယ်လေး- မမညို မမညို၊ ကိုကို ကိုကို''
စာနိဒါန်းပိုင်းမှာ ပင် နီနီလေးတုန်လှုပ်စွာ အော်လိုက်သည်။
''နီလေး၊ သတိထားမှပေါ့''
''ကိုကို ကိုကိုမရှိတော့ဘူးတဲ့၊ ဟုတ်ပါ့မလား၊ ဟုတ်ပါ့မလား မမညိုရယ်၊ နီလေးမယုံဘူး''
''စာဆုံးအောင်ဖတ်ပြီးမှရေလည်မှာ ပဲ၊ မမညိုဆုံးအောင်ဆက်ဖတ်ရမလား၊ နီလေးခံနိုင်ရည်ရှိရဲ့ လား၊ မကြားရဲရင်မဖတ်တော့ ဘူး''
''ဘာ ဖြစ်တယ်ဆိုတာတော့ သိချင်သေးတာပေါ့ မမညိုရယ်''
နီနီလေးက ငိုရှိုက်ရင်းပြောသည်။
''ကဲ- နီနီလေး၊ စိတ်ကိုငြိမ်ငြိမ်ထားပြီး နားထောင်နော်၊ ဣနြေ္ဒသိပ်မပျက်ပါနဲ့ညီမလေးရယ်၊ အိမ်ထဲကိုအဝင်ကောင်းအောင် ဟန်ဆောင်ပါဦး၊ မေမေစောတို့ရိပ်မိသွားရင်ခက်မယ်''
''စာသာဆက်ဖတ်ပါတော့ မမညို''
ရေနံချောင်းမှာ ပါ။ ကျွန်တော် တို့သင်္ဘောက ကမ်းမှာ ကပ်ထားပြီး ပစ္စည်းတွေ ချနေချိန်၊ တခြား သင်္ဘောကြီး တစ်စီးက ကျွန်တော် တို့သင်္ဘောဘေး ဝင်အကပ်မှာ အရှိန်ပြင်းပြင်းနဲ့ တိုက်မိလိုက်တယ်မညို။
စည်သူက သင်္ဘောဦးမှာ မတ်တပ်ရပ်နေတော့ ရေထဲပြုတ်ကျပြီး သင်္ဘောနှစ် စီးကြားမှာ ညပ်သွားတယ်ဗျာ၊
ကျွန်တော် တို့လည်း ကြိုးစားပြီးဆယ်ပေမယ့်. . .
''တော် ပါတော့၊ တော် ပါတော့၊ ဆက်မဖတ်ပါနဲ့တော့မမညိုရယ်၊ နီလေးမကြားရဲတော့ပါဘူး''
မညိုနွဲ့လည်း ဆက်မဖတ်နိုင်တော့ပါ။
အဘယ်ကြောင့်ဆိုသော် နီနီလေးသည် ငိုရှိုက်ရင်းမှ သတိလစ်ကာ မြေကြီးပေါ်ပုံရက်သားလဲကျသွားခြင်းကြောင့် ဖြစ်ပါသည်။
''နီနီလေး၊ ညီမလေး၊ လာကြပါဦးရှင်၊ လာကြပါဦး''
ထိုအချိန်မှစ၍ နီနီလေးသည် စက်ရုပ်တစ်ရုပ် ဖြစ်သွားခဲ့ပါသည်။
အစားအသောက်အနေအထိုင်အားလုံး စက်ရုပ်ဆန်စွာ လှုပ်ရှားခဲ့တော့သည်။
ကျွေးမှစားသည်။ ကျွေးတိုင်းလည်း စားချင်မှစားသည်။
မေးမှပြောသည်။ မေးတိုင်းလည်း ပြောချင်မှပြောသည်။
နီနီလေးတွင် အာရုံခံစားမှုများ ရှိမှရှိပါသေးရဲ့ လားမသိပါ။ ဝတ္ထုလည်းမဖတ်တော့၊ သီချင်းလည်းနားမထောင်တော့။ တီဗွီ လည်း မကြည့်တော့ပါ။
အမြဲငေးငိုင်တွေ ဝေနေသော နီနီလေး။
မညိုနွဲ့နှင့်နှစ် ယောက် တည်းရှိချိန်ဆိုလျှင်တော့ နီနီလေး စကားပြောသည်။ ပြောသည့်စကားက ကိုကို့အကြောင်းများ သာ။
''မမညို၊ နီလေးသတိရသလို ကိုကိုကရော နီလေးကို သတိရနေမယ်လို့ထင်သလားဟင်''
''မမညိုရယ် နီလေးဘယ်လိုမေ့လို့ရမှာ လဲ၊ ကိုကိုက နီလေးကို သိပ်ချစ်တာ မမညိုလည်းသိပါတယ်''
''ကိုကိုနဲ့နီလေးပြန်ဆုံရလိမ့်မယ်လို့ နီလေးထင်နေတယ်၊ နီလေးနဲ့ ကိုကို မကြာခင်ပြန်ဆုံရတော့မှာ ပါ၊ ပြန်ဆုံဖို့ဆိုတာ ကလည်း. . .''
''ညက ကိုကို့ကိုတွေ့ တယ်မမညို၊ ကိုကိုလေ အိမ်ရှေ့ဓာတ်မီးတိုင်အောက်ကနေ နီလေးကိုရပ်ကြည့်နေတယ်၊ နီလေးက ကိုကို့ကို လက်ပြလိုက်တော့ ကိုကိုကလည်း လက်ပြန်ပြတယ်မမညို''
နီနီလေးကိုလွှတ်ထားလို့မရတော့ပါ။ မညိုနွဲ့ နီနီလေးအခန်းထဲပြောင်းအိပ်လိုက်သည်။
မညိုနွဲ့အဖို့ နီနီလေးနဲ့ကိုစည်သူတို့အကြောင်းကို ဖေဖေလှိုင်နဲ့မေမေစောမသိအောင် ဖုံးဖိထားရတာ က တစ်မှော င့်။ ဖေဖေ လှိုင်နဲ့မေမေစောက ဒီကိစ္စကိုလုံးဝမရိပ်မိပါ။ သူတို့သမီးလေး အားနည်းပြီး ရောဂါ သည်းလာတယ်ထင်ကာ စိတ်မကောင်း ဖြစ်နေကြ သည်။ တကယ်တန်းသာ နီနီလေး တစ်ယောက် ရင်ကွဲနာကျပြီး လွမ်းဖျားလွမ်းနာသည်း နေတာသာသိလျှင် ရင်ကျိုးကြပေလိမ့်မည် ။
မြနဒီသင်္ဘောကြီးကတော့ ဆိပ်ကမ်းတွင် မကြာမကြာလာကပ်ဆဲ။ သူ့တာဝန်သူ ထမ်းဆောင်နေဆဲပါပင်။ သင်္ဘောပေါ်၌ ကိုရွှေသွေးကိုလည်း မတွေ့ ရတော့ပါ။ အကြောင်းစုံသိချင်လို့ မညိုနွဲ့ ကိုရွှေသွေးကိုရှာသေးသည်။
တစ်ခါတော့. . . မြနဒီသင်္ဘောကြီးဆိုက်ကပ်ထားတာတွေ့ ၍ မညိုနွဲ့အရဲစွန့်ကာ ကမ်းစပ်ကစောင့်ပြီး သင်္ဘောပေါ်ကဆင်းလာတဲ့ သင်္ဘောသား တစ်ယောက် ကို မေးကြည့်သေးသည်။ ကိုရွှေသွေးအလုပ် ထွက်သွားပြီဆိုသည့်အဖြေကိုသာရခဲ့ပါ၏ ။
တကယ်တော့ ကိုစည်သူသည် မညိုနွဲ့တို့နှင့် ဘဝတစ်ကွေ့တွင် တဒင်္ဂသာဆုံဆည်းခဲ့ရသော မိတ်ဆွေ တစ်ယောက် သာ ဖြစ်ပါ သည်။ ထိုတဒင်္ဂအချိန်လေးက နီနီလေးရဲ့ နှလုံးသားကို ဒဏ်ရာများ စွာ ပေးသွားခဲ့ခြင်း ဖြစ်ပေသည်။
တမလွန်ရောက်ကိုစည်သူကတော့ ဘယ်လိုဘဝမျိုးကို ကူးသွားခဲ့ပြီမသိ။ နွယ်နီလှိုင်ခေါ်နီနီလေးကတော့ နှလုံးသားကြွေပျက် ကာ အချစ်ရူးမလေး ဖြစ်ကျန်ခဲ့လေပြီ။
ဒီကနေ့တော့ မြစ်ဆိပ်ကိုရေဆင်းချိုးချင်တယ်လို့ နီနီလေး ပူဆာလွန်း၍ ဖွတ်စရာအဝတ်တချို့ကိုယူကာ ဆင်းလာခဲ့လေ သည်။
မညိုနွဲ့သည် အဝတ်များ ကိုဖွတ်ရင်း နီနီလေးကို မျက်ခြေမပြတ် ကြည့်နေရသည်။ ရေမကူးဖို့လည်း သတိပေးနေရ၏ ။
အဝတ်များ ဖွတ်အပြီးတွင် နီနီလေးရေချိုးနေသည့်နေရာကို လာခဲ့သည်။
ထိုစဉ်. . . မြစ်ရေထုက ဝုန်းကနဲ ဝုန်းကနဲထကြွကာ ကမ်းစပ်ဆီသို့ လှိုင်းလုံးကြီးများ ရိုက်ခတ်လာလေသည်။
နှစ် ယောက် စလုံးအကြည့်က မြစ်အလည်ဆီသို့ရောက်ရှိသွားလေ၏ ။ မြစ်ထဲတွင် ကြီးမားသော သင်္ဘောကြီးများ ဖြတ်သန်းသွား မှသာ လှိုင်းလုံးများ ယခုလိုထကြွ၍ ကမ်းစပ်သို့ပြင်းထန်စွာ ရိုက်ခတ်လာတတ်မြဲမဟုတ်ပါလား။
ကမ်းစပ်နှင့်ခပ်ဝေးဝေးမြစ်အလည်လောက်ဆီမှ နှစ် ထပ်သင်္ဘောတစ်စီး ဖြတ်မောင်းသွားသည်ကို မြင်လိုက်ရသည်။
''ဟင်- မမညို၊ ကိုကိုတို့သင်္ဘောလားမသိဘူး''
နွယ်နီလှိုင်က အထက်ဖက်သို့ဆန်တက်သွားသော သင်္ဘောကို မျှော်ကြည့်ရင်းပြောလိုက်သည်။ နွယ်နီလှိုင့်မျက်လုံးများ က သင်္ဘောဆီ မျှော်ကြည့်ရင်း ဆွေးရိပ်သန်းနေပေသည်။
''နီနီလေးရယ်. . .''
မညိုနွဲ့က စိတ်မသက်သာစွာ ရေရွတ်လိုက်သည်။
''ဟုတ်တယ်နော်မမညို၊ ကိုကိုတို့သင်္ဘောကြီး''
''ဒီလိုသင်္ဘောတွေ အများ ကြီးပါကွယ်၊ အဲဒီ သင်္ဘောဟာ မြနဒီ ဟုတ်ချင်မှဟုတ်မှာ ပေါ့''
မညိုနွဲ့က အညာဆန်သင်္ဘောကြီးကိုကြည့်ပြီး နွယ်နီလှိုင် လွမ်းဆွေးနေမည် စိုး၍ စကားကိုလွှဲလိုက်သည်။
နွယ်နီလှိုင်က တဖြည်းဖြည်းဝေးသွားပြီ ဖြစ်သော သင်္ဘောကြီးကို ငေးကြည့်နေဆဲ ဖြစ်သည်။ သင်္ဘောကြီးက မြင်ကွင်းမှ တဖြည်းဖြည်းဝေဝါး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သင်္ဘောကြောင့် ထကြွခဲ့သော လှိုင်းလုံးများ ပင် ငြိမ်သက် သွားပါပြီ။
သည်ပုံအတိုင်းဆိုလျှင်ဖြင့်. . . မြစ်ဆိပ်ကိုရောက်တိုင်း၊ သင်္ဘောကြီးတွေ ကိုမြင်တိုင်း နီနီလေးဝေဒနာတွေ က ပိုဆိုးလာပေရော့ မည် ။
မညိုနွဲ့က စိတ်မသက်သာစွာ သက်ပြင်းကိုချလိုက်လေသည်။
''ကဲ- သိပ်အေးလာပြီနီနီလေး၊ အအေးမိလိမ့်မယ်ကွယ်၊ မမ ညိုတို့ တက်ကြရအောင်''
နီနီလေးကိုချော့ကာ ကမ်းပေါ်သို့တက်ခဲ့ကြသည်။
မညိုနွဲ့ ရေစိုထမီကို လဲဝတ်နေဆဲတွင် . . .
''အို. . . နီနီလေး''
နီနီလေးလဲကျသွားသည်ကိုမြင်၍ မညိုနွဲ့ပြေးသွားလိုက်သည်။
နီနီလေးက ထမီရင်လျှားကြီးနှင့်ပင် သဲပြင်ပေါ်ပုံကနဲလဲကျသွားလေ၏
''နီနီလေး. . . နီနီလေး. . .''
မညိုနွဲ့အော်သံက ကမ်းစပ်တလျှောက် ပဲ့တင်ရိုက်ခတ်သွားလေသည်။
ကမ်းစပ်တွင် ရေချိုးနေသူများ က အနီးသို့ပြေးလာကြလေ၏ ။
''ဒုက္ခပါပဲ၊ လုပ်ကြပါဦး၊ နီနီလေးသတိလစ်သွားပြီ''
သည်တစ်ခါတော့ နီနီလေးကို ဆေးရုံတင်လိုက်ရပါသည်။
တစ်ပတ်ကြာဆေးရုံတင်ထားသော်လည်း နီနီလေးသက်သာ မလာပါ။
အဆုပ်ကိုလည်း အအေးမိသွားသည်။ နှလုံး ရောဂါ ကလည်း ဖောက်လာသည်။ အသက်ကိုခက်ခဲစွာ ရှူနေရပါသည်။
တကယ်တော့. . . အသည်းကွဲနာက နီနီလေးရဲ့ မွေးရာပါနှလုံးဝေဒနာကို အဆုံးစွန်ရောက်အောင်တွန်းပို့လိုက်ခြင်း ဖြစ်ကြောင်း မညိုနွဲ့ အသိဆုံး ဖြစ်ပါသည်။
နီနီလေးက ဆေးရုံတွင် မနေချင်၊ အိမ်ပြန်ချင်တယ်လို့ချည်း ပူဆာနေခဲ့၏ ။ အိမ်ပြန်ရတော့မည် ဟု ချော့မော့ထားရသည်။
တကယ်တန်းကျ ဆရာဝန်ကြီးကိုယ်တိုင်က လက်လျှော့လိုက်လေပြီ။
ကွယ်လွန်မည့် ညက. . .
''မမညို. . .''
''ညီမလေး. . .''
''ကိုကိုလာခေါ်နေပြီမမညို၊ ဟောဟိုမှာ . . . ကိုကိုရယ်''
နီနီလေးက ဆေးရုံအပြင်ဖက်ကိုလက်ညှိုးထိုးပြရင်းပြောသည်။
မညိုနွဲ့ကြက်သီးထသွားလေ၏ ။
''ကိုကိုလာခေါ်နေပြီ၊ နီလေးသွားတော့မယ်နော်၊ မမညို. . . ကိုကိုနဲ့နီလေး အိမ်မှာ ပြန်ပြီးလာနေကြမယ်နော်၊ ဟော. . . ကိုကို ခေါ်နေပြီ၊ လာပြီကိုကိုရေ. . . လာပြီ. . . နီလေးလာပြီကိုကို''
''ညီမလေး. . . နီနီလေး၊ အမလေး. . . ဖြစ်ရလေညီမလေးရယ်''
![]() သည်းခြေပျက်တဲ့လ | ![]() မူရင်း ကျွန်တော်နှင့် မိတ္တူကျွန်တော် | ![]() သေမင်းငင် ခရီးကြမ်း |