Cover

ဘဝသစ်အဖွင့်

နင်ဟာ ...

နောက်တစ်ဘဝ ပြောင်းတဲ့အထိ ငါ့

အပေါ်မှာ အနိုင်ယူချင်တုံးပါလားအနှစ် ၊

တကယ်တော့ ငါဟာ အရင်ဘဝက

တည်းက နင့်ကို အရှုံးပေးခဲ့ပြီးသားပါ

ဟာ၊ နင်ကသာ နိုင်သူပါ။

ကိုထွေးရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရခဲ့

တာက နင်ပါ။

ငါဟာ .. ဘဝတစ်ခုလုံးကိုသာမက

အချစ်ရေး မှာ ပါ ရှုံးနိမ့်ခဲ့ရတယ်၊ ရှုံးနေ

သူကိုမှ ဘဝပြောင်းပြီး လူဝင်စား ဖြစ်

တဲ့အထိ နင်ငါ့ကို အနိုင်ယူချင်တာ ငါ

စဉ်းစားလို့မရဘူး။

အနှစ် ... နင်ဟာ ငါ့ကိုနှိပ်စက်ချင်

လို့များ လူ့ဘဝကို ပြန်လာခဲ့တာလား

ဟင်...

မြစိမ်းခ

* * *


နင့်ကို ငါမကြေဘူး ခ၊ ငါ့အချစ်ကို

လုယူသွားတဲ့ နင့်ကို ငါမကြေဘူး၊

ဟိုဘဝတုန်းက ငါသေခဲ့ရတာ လည်း

ကိုထွေးရဲ့ အချစ်ကို ငါ့ဆီက လုယူသွား

လို့ ရင်ကွဲနာကျပြီး ငါသေရတာ ၊

ငါ.. လူပြန် ဖြစ်လာတာဟာ နင့်ကို

လက်စားချေဖို့ဟဲ့၊ သိရဲ့ လား...

နင့်လက်ထဲက ကိုထွေးကို ပြန်လုယူ

ဖို့ ငါပြန်လာပြီ၊

နင် ကိုထွေးကို မရစေရဘူး ခ၊

ကိုထွေးဟာ ငါ့အတွက်ပဲ ဖြစ်စေရ

မယ်။ အရင်ဘဝကအပြာဟာ ကိုထွေး

ကို လက်လွှတ်ခဲ့ရပေမယ့်.. ခုဘဝမှာ

လက်လွတ်မခံနိုင်တော့ဘူး။

ကိုထွေးဟာ ငါ့အတွက်ပဲ ဖြစ်ရမယ်

မိုးပြာနှစ်

* * *


မိုးပြာနှစ် ဟာ အပြာဝင်စားတဲ့ မိန်း

ကလေးဆိုတာ ကျွန်တော် ယုံပါတယ်၊

အနှစ် ဟာ အရင်ဘဝက အပြာဆိုတာ

သံသယ ဖြစ်စရာ မလိုပါဘူး။

ဒါပေမယ့်ဗျာ.. ကျွန်တော် ချစ်ခဲ့တာ

က သေသွာတဲ့မိုးပြာလွင်ပါ၊ ကျွန်တော့် 

အချစ်ဟာလည်း မိုးပြာလွင်နဲ့ အတူ ပါ

သွားခဲ့ပါပြီ။

အနှစ် ဟာ အပြာဝင်စားတဲ့ လူဝင်စား

မလေး ဖြစ်တာနဲ့ ကျွန်တော် သူ့ကိုချစ်

ရတော့မှာ လား...

တကယ်တော့ အနှစ် ဆိုတာ လူအ

သစ် တစ်ယောက် ၊ ဘဝအသစ်နဲ့ လူ့

လောကကို ရောက်လာတဲ့ လူအသစ်

တစ်ယောက် ပါ။

ကျွန်တော် သူ့ကိုမချစ်ဖူး၊

ကျွန်တော့်အချစ်ဟာ.. သေသွားတဲ့

အပြာနဲ့ အတူပါသွားခဲ့ပါပြီ၊ ကျွန်တော့် 

အချစ်တွေ နိဂုံးချုပ်ခဲ့တာကြာပါပြီဗျာ..

သက်နောင်ထွေး

* * *


ဘဝ'၂'နိဒါန်း(၁၉၉ဝပြည့်နှစ် )

မိုးပြာနှစ် ဆိုသည့် မိန်းကလေးကို လူဝင်စားရယ်လို့ သတိပြုမိလာခြင်းမှာ ထိုမိန်းကလေး စကားပြောတတ်ခါစ အရွယ် အသက်တစ်နှစ် ကျော်လောက်တွင် ဖြစ်ပါသည်။

အမှန်တော့ သူမအမည် မိုးပြာနှစ် ဟု ဖြစ်လာရခြင်းကပင် ယခင်ဘဝက မိုးပြာလွင် ဆိုသူလေးဝင်စားခဲ့၍ မိုးပြာ နံပါတ်နှစ် ဆိုသည့် အဓိပ္ပါယ်ဖြင့် ထိုအမည် ကို မှည့်ပေးခဲ့ခြင်း ဖြစ်ပါသည်။

မြစိမ်းခ သည် အချစ်ဆုံးသူငယ်ချင်း ဖြစ်သူကို တူမလေး တစ်ယောက် အ ဖြစ် ပြန်လည်ရရှိလိုက်သည့်အတွက် ဝမ်းသာ မိသည်။ သူငယ်ချင်း အပြာ လူဝင်စားအ ဖြစ် မွေးဖွားလာသည် မှာ မြစိမ်းခ၏ အစ်မဆီတွင် ဖြစ်ပါသည်။ မြစိမ်းခ၏ အစ်မ မြသွေးခင် မွေးသည့်ကလေးအ ဖြစ် အပြာသည် ပြန်လည်ဝင်စားလာခြင်း ဖြစ်လေ၏ ။

အပြာ့ကိုပြန်လည်ရရှိပြီဆိုတဲ့အကြောင်းကို ကိုထွေးသိအောင် ပြောပြချင်လှပါ၏ ။ ကိုထွေးရေ နင်ချစ်တဲ့ အပြာ တစ်ယောက် လူပြန် ဖြစ်နေပြီ၊ လူ့လောကပြန်ရောက်နေပြီဆိုတာ နင်သိစေချင်လိုက်တာဟယ်။ ခုတော့ မြစိမ်းခသိစေချင် လှသည့် ကိုထွေးသည်လည်း တစ်နိုင်ငံ ပင်လယ်ခြားမှာ ရောက်ရှိနေပြန်သည်။

မိုးပြာလွင်ဆိုသည့် အပြာ မသေခင်အချိန်၊ သက်နောင်ထွေးဆိုသည့် ကိုထွေး နိုင်ငံခြားကိုထွက်မသွားခင်အချိန် ကအပြာရယ်၊ ကိုထွေးရယ်၊ မြစိမ်းခရယ်ဆိုတာ အချစ်ဆုံးသူ ငယ်ချင်းတွေ ဖြစ်ခဲ့ကြပါသည်။ တစ်ယောက် နှင့် တစ်ယောက် စိတ်သဘောထား၊ ဓလေ့စရိုက်၊ ဗီဇ၊ အရည်အသွေးချင်းမတူကြပါပဲနှင့် အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်။

ခြားနားချက်တွေ ဘယ်လိုရှိရှိ ခင်မင်ရင်းနှီးခဲ့ကြသည်ဆိုရာ၌ လည်း ငယ်ဘဝကတည်းက တွေ့ ဆုံခဲ့ကြခြင်းကြောင့် ဖြစ် ပါသည်။ ဖြူစင်သော ကလေးဘဝအရွယ်ကတည်းက တွေ့ ခဲ့ကြတဲ့သူငယ်ချင်းများ မို့ ခင်မင်လွယ်ခဲ့ကြသည်။ သံယောဇဉ် တွယ်ခဲ့ကြသည်။

ကိုထွေးနှင့်အပြာဆိုလျှင် ချစ်သူများ ပင် ဖြစ်သွားခဲ့ကြပါသည်။

အပြာရုတ်တရက်ကွယ်လွန်သွား၍ သာ အပြာ အပြာသေတာဟာ ငါ့ပယောဂများ ပါသလား၊ အို မဟုတ်ဖူး၊ မဟုတ်ဖူး၊ အပြာ့ကိုငါချစ်ပါတယ်၊ အပြာဟာ ငါ့အချစ်ဆုံးသူငယ်ချင်းပါ။ နင်ဆိုင်ကယ်မှော က်တာ ခ,ကြောင့်မဟုတ်ပါဘူးနော်အပြာ၊ ခ,ပယောဂမပါပါဘူးနော်နင်သေသွားတဲ့အတွက် ခ,သိပ်ပြီးဝမ်းနည်းခဲ့ရပါတယ်အပြာ ရယ်၊ နင့်အတွက် ခ, မျက်ရည်ကျခဲ့ရပါတယ်ဟယ် အေးလေ ဘာပဲ ဖြစ် ဖြစ် အခု နင် ခ,တို့အသိုင်းအဝိုင်းထဲ ရောက်လာပြီ၊ နင့်ကို အရင်ဘဝကအတွက်အတိုးချပြီး ချစ်ပါ့မယ်၊ အလိုလိုက်ပါ့မယ်အပြာရယ်

* * *




ဝန်ဇင်းချစ်သူများ နွေတမာန် ၏ “ သည်းခြေပျက်တဲ့လ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဖူးစာ ပွေလီ

မူရင်း ကျွန်တော်နှင့် မိတ္တူကျွန်တော်

ဝိညာဉ်တွယ်ရာ မျက်လုံးများ