Cover

အပိုင်း(၁)

ပတ်ဝန်းကျင်တစ်ခုလုံး မိုးသားမိုးရိပ်များ ဖြင့် မည်းမှော င်အုံ့ဆိုင်းလျှက်ရှိလေသည်။တစ်ချက်တစ်ချက်လက်လိုက်သော လျှပ်စီးရောင် ဖြင့်သာ တောလမ်းခရီး၏ မြင်ကွင်းများ ကို ရိပ်ကနဲ ရိပ်ကနဲမြင်နိုင်လေသည်။သစ်သားအိမ်ဖြင့်ဖွဲ့တည်ထားသော ဒေါ့ဂျစ်ကားအိုကြီး၏ မှိန်ဖျော့သော ရှေ့မီးရောင် များ မှာ ညအမှော င်နှင့် မိုးထဲလေထဲတွင် ရှင်းလင်းအောင် မထိုးဖောက်နိုင်ရှာပေ။

ကားအိုကြီးသည် မိုးသည်းသော ညအချိန်တွင် သူဦးတည်ချက်ထားရာ မြို့ကလေးဆီသို့ တအိအိဖြင့်သွားလျှက်ရှိလေ၏ ။ကားထဲမှာ ပါလာသော ခရီးသည်များ သည် ဘေးမှပက်သော မိုးရေစက်များ ကြောင့် ကားအတွင်းပိုင်းသို့တဖြည်းဖြည်းတိုးဝင်လာကြရာ ကားအတွင်းထဲ၌ လူများ ပြည့်သိပ်နေတော့သည်။ ဘေးနှစ် ဖက်မှ ချထားသော တာလပတ်စသည်လည်း လေတိုက်တိုင်းတဖြတ်ဖြတ်လွင့်နေကာ ဘက်ပေါင်းစုံမှတိုးဝင်လာသော မိုးရေစက်များ ကို မတားဆီးနိုင်ခဲ့ပေ။

သူကတော့ ကံကောင်းထောက်မစွာ ကားရှေ့ခန်းတွင် ဒရိုင်ဘာဘေးထိုင်ခုံမှာ နေရာရခဲ့၍ အခြားခရီးသည်များ လို ဒုက္ခမခံစားခဲ့ရပေ။ ဒါတောင် တစ်ချက်တစ်ချက်ဝေ့တိုက်လိုက်သော လေနှင့်အတူ ဝဲပါလာသည့်မိုးရေစက်များ က သူ၏ ညာဖက်ပခုံးတစ်ခုလုံးကိုစိုရွှဲနေစေတော့၏ ။

ရန်နောင်က ရင်ပတ်ထဲမှာ ပိုက်ထားသော စက္ကူအိတ်ကလေးကို မိုးမစိုစေရန် ဘယ်ဖက်လက်ဖြင့်ပြောင်း၍ ပိုက်ထားလိုက်သည်။အဖေ့အတွက်ဝယ်လာသော တိုက်ပုံအင်္ကျီ ဖြစ်ပါသည်။ သူ ရန်ကုန်မှာ သုံးလအလုပ်လုပ်ပြီးရတဲ့ပိုက်ဆံထဲက အဖေ့ကိုကန်တော့ဖို့ ဝယ်လာခဲ့ခြင်း ဖြစ်သည်။

သူ ဘယ်နေ့ဘယ်ရက်ပြန်လာမယ်ဆိုတာကို အဖေ့ဆီ ကြိုပြီး စာရေး ထားခဲ့ပါသည်။ အဖေ အိမ်ကနေဘယ်မှမသွားပဲ သူ့ကိုစောင့်နေလိမ့်မည် ဟုထင်ပါသည်။ အဖေအိမ်မှာ ရှိပါစေ။ ဘယ်မှသွားမနေပါစေနဲ့။

အမေဆုံးပြီးကတည်းက အဖေသည် အိမ်ကပ်သည်မရှိခဲ့။ ရုံးမှဆင်းသည်နှင့် အရက်ဆိုင်သွားကာ အသိမိတ်ဆွေများ နှင့်အရက်ဝိုင်းဖွဲ့နေတတ်သည်။ အိမ်ကို ညသန်းကောင်မှပြန်လာတတ်ပါသည်။ အဖေ့ကို ရန်နောင်အပြစ်မပြောချင်ပါ။ အမေဆုံးပြီးနောက် သားအဖနှစ် ယောက် တည်းသာကျန်ခဲ့သည့်သူတို့ဘဝမှာ အဖေ့အတွက်ဖြေသိမ့်စရာက ညပိုင်းအရက်ဝိုင်းသာရှိတော့သည်။ သို့သော်. သူသည်အဖေ့ကိုအရက်တွေ အများ ကြီး မသောက်စေချင်ပါ။ သားက အဖေကို တားမြစ်စကားဆိုရမှာ ခက်နေ၍ သာ မတတ်သာပဲ ကြည့်နေရခြင်း ဖြစ်သည်။

ရန်ကုန်ကို သူ သုံးလအလုပ်သွားလုပ်တော့ အဖေ့အတွက် ရန်နောင်စိတ်မဖြောင့်ခဲ့ပေ။ အဖေ့ဆီ တစ်ပတ်တစ်ခါစာရေး ကာကျန်းမာရေး ဂရုစိုက်ဖို့၊ ပြုစုပေးမယ့် သူ မရှိတုံး နေမကောင်း ဖြစ်မှာ ကို စိုးရိမ်ကြောင်း စာတွေ ထဲမှာ ထည့်ရေး သတိပေးခဲ့သည်။သူ ရန်ကုန်ရောက်နေတဲ့သုံးလအတွင်းမှာ အဖေအိမ်ကို အချိန်မှန်ရောပြန်ရဲ့ လား၊ ညတိုင်းပြန်မှအိပ်ရဲ့ လားဆိုတာ ရန်နောင်အမြဲပူပန်နေရပါသည်။ သူရှိတုံးကတောင် တစ်ခါတစ်ရံ အပေါင်းအသင်းတွေ အိမ်မှာ အိပ်ပစ်လိုက်တာမျိုးရှိတတ်လို့ ဖြစ်ပါသည်။အင်းလေ .အဖေ ဒါလောက်တော့ မိုက်မှာ မဟုတ်ပါ။ အထီးကျန်မှုကို အရက်ဖြင့်ဖြေသိမ့်နေသော်လည်း အဖေ့ရင်ထဲမှာ သူ့သားရန်နောင်ကတော့အမြဲရှိနေတတ်ပါသည်။ အရက်မူးပေမယ့် သူ့ကို စာမှန်မှန်ကျက်ဖို့၊ စာကြိုးစားဖို့ တိုက်တွန်းဆုံးမခဲ့၍ သာသူလည်း ဒီနှစ် ဆယ်တန်းစာမေးပွဲအောင်ခဲ့ခြင်းမဟုတ်ပါလား။ ရန်နောင်ရှိနေသေးသမျှ သူ့ဘဝသူ အညွန့်တုံးအောင်တော့ အဖေမိုက်မဲမှာ မဟုတ်ပါဘူးလေ။

ရန်နောင်သည် အဖေ့အတွက်ဝယ်လာသော တိုက်ပုံအင်္ကျီထုတ် ကလေးကိုပိုက်ကာ အဖေ့အကြောင်းများ ကိုတွေးနေမိသည်။လျှပ်စီးတစ်ချက်လက်လိုက်၍ ရှေ့မှမြင်ကွင်းများ ကို ထင်းကနဲ မြင်လိုက်ရသည်။

ကိုးလောင်းတောင်ဆိုသည့် သူတို့မြို့အဝင်နားက တောင်ကုန်းကြီးကို လျှပ်ရောင် ထဲမှာ ဖြတ်ကနဲမြင်လိုက်ရ၏ ။ကိုးလောင်းတောင်ကိုလွန်လျှင်တော့ သူတို့မြို့ကလေးကို မြင်ရနိုင်ပါပြီ။

သူတို့မြို့ကလေးသည် ကိုးလောင်းတောင်ကိုလွန်၍ နိမ့်ဆင်းသွားသော မြေပြန့်မှာ ရှိနေပါသည်။ ကိုးလောင်းတောင်ဆီမှကြည့်လျှင် မြေနိမ့်ပိုင်းဆီမှသူတို့မြို့ကလေးကို သာယာလှပစွာ မြင်ရနိုင်ပါသည်။

သို့သော် .လှပသာယာသော သူတို့မြို့ကလေးကိုရောက်ဖို့ ကိုးလောင်းတောင်ကွေ့ကိုကျော်ရသော နေရာကတော့ အန္တရာယ်ကြီးမားလှပါသည်။

ကိုးလောင်းတောင်ဟုမှည့်ခေါ်ထားခြင်းကိုက ထိုနေရာတွင် မကြာခဏကားမှော က်တတ်သော ကြောင့် ဖြစ်သည်။ မြို့သူမြို့သားများ က ထိုတောင်ကုန်းဘေးမှကားဖြင့်ဖြတ်လျှင် ကားပေါ်တွင် လူကိုးယောက် ဖြစ်မနေစေရဟု ယုံကြည်ကြသည်။ လူကိုးယောက် တည်းပါသည့်ကားတိုင်း ထိုနေရာတွင် ကားမှော က်တတ်သော ကြောင့် ဖြစ်သည်။ ပြီးတော့ ကားမှော က်မှုတိုင်းတွင် လည်း သေသူဦးရေမှာ ကိုးယောက် ဖြစ်နေတတ်ပြန်၏ ။

ထို့ကြောင့် ကားပေါ်တွင် မတော် တဆ လူကိုးယောက် ဖြစ်နေပါက ကျောက်ခဲတစ်လုံးကိုကားပေါ်တင်ကာ ''မောင်ကျောက်ခဲအပါအဝင် လူဆယ်ယောက် ပါ''-ဟု အသံထွက်ကာ တောစောင့်နတ် တောင်စောင့်နတ်များ ကို တိုင်တည်ရလေသည်။ယုံသည်မယုံသည်အပထား ရှေးယခင်ကတည်းက လက်ခံစွဲမြဲခဲ့သော ဓလေ့ထုံးစံမို့ ကားသမားတိုင်းလိုက်နာလုပ်ဆောင်ကြလေသည်။

ယခု .သူစီးလာသော ဒေါ့ဂျစ်ကားကြီးပေါ်မှာ တော့ ကားနှင့်အပြည့်အသိပ်ခရီးသည်တွေ ပါလာ၍ လူကိုးယောက် မကပါ။မည် သို့ပင်ဆိုစေ .ကိုးလောင်းတောင်ကွေ့ကတော့ ကားသမားတိုင်း သတိထားရသော ကွေ့တစ်ခု ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် .မြို့ဖက်မှလာသော လမ်းနှင့် မြို့ကိုဝင်သော လမ်းသည် ကိုးလောင်းတောင်ခြေတွင် မြားဦးသဏ္ဍာန်ဆုံတွေ့ ကြသည်။ တောင်ကွယ်နေ၍ တစ်ဖက်မှလာနေသော ကားကို တစ်ဖက်က မမြင်ရပါ။ လမ်းအဆုံ၏ တစ်ဖက်တွင် လည်း မတ်စောက်ခြင်းမရှိသည့်တိုင် ဆင်ခြေလျှောသဏ္ဍာန် ဖြစ်နေသော ချောက်ကမ္ဘားကြီးရှိနေသည်။

တစ်ဖက်နှင့်တစ်ဖက် ကားနှစ် စီးလာသည်ကို မသိပါက ချောက်ထိပ်တွင် ထိပ်ဆိုင်တွေ့ ဆုံပြီး တိုက်မိနိုင်ပါသည်။ ထိုသို့ကားတိုက်မှု ဖြစ်ခဲ့သော အကြိမ်ပေါင်းလည်း မနည်းပါချေ။

ထို့ကြောင့် .ကိုးလောင်းတောင်ခြေလမ်းဆုံသို့ရောက်ခါနီး လေ ကားတိုင်းသည် တစ်ဖက်မှကြားသိစေရန် ဟွန်းကို သံရှည်ဆွဲ၍ တီးကာ အသိပေးရမြဲ ဖြစ်လေ၏ ။

လျှပ်ရောင် အောက်တွင် ကိုးလောင်းတောင်ကြီးကို ဖြတ်ကနဲ မြင်လိုက်ရ၍ ကိုးလောင်းတောင်နှင့်ပတ်သက်ပြီး ရန်နောင်ကတွေးနေမိ ခြင်း ဖြစ်ပါသည်။

ကားအိုကြီးကတော့ အမှော င်ထုထဲတွင် မှိန်ဖျော့သော ရှေ့မီးအလင်းရောင် ဖြင့် တရွေ့ရွေ့ သွားနေဆဲ ဖြစ်သည်။ မိုးကလည်း. သည်းမြဲသည်းလျှက်ပင်ရှိလေသည်။

မြို့ကိုရောက်တော့မည် ဖြစ်၍ ရန်နောင့်ရင်များ နွေးထွေးစွာ ခုန်လှုပ်လာလေသည်။သူသည် အိမ်နှင့်တစ်ခါမျှ သည်လောက်ကြာကြာမခွဲဖူးပါ။ ရန်ကုန်မှာ အလုပ်ရှိသည်ဆိုပြီး ရန်ကုန်ကဦးလေးကခေါ်သော ကြောင့် ဆယ်တန်းအောင်ပြီး အားလပ်နေသော အချိန်တွင် အလုပ်သွားလုပ်ခြင်း ဖြစ်ပါသည်။ သုံးလကြာသွားသည်။ ယခု တက္ကသိုလ်ဆက်တက်ဖို့ကိစ္စများ ဆောင်ရွက်ရန်အတွက် ပြန်လာခြင်း ဖြစ်ပါသည်။

သုံးလတာခွဲခွာခဲ့ရသော ဇာတိမြို့ကို နီးလာပြီဆိုတော့ ရင်ခုန်မြန်လာသည်။အဖေ့ကိုတွေ့ ရတော့မည် ။

ပြီးတော့ .''သင်း'' နဲ့လည်း ပြန်ဆုံရတော့မည် ။

ရန်နောင်အတွေးထဲသို့ ချစ်သူ သင်းသင်းသွယ် တိုးဝင်လာပြန်လေသည်။

သူ ရန်ကုန်ရောက်နေသည့် သုံးလအတွင်းမှာ တော့ . သင်းသင်းသွယ်နှင့်အဆက်အသွယ်မရှိခဲ့ပါ။ သူနှင့်သင်းတို့ချစ်နေကြတာကိုသိသော သင်းတို့မိဘများ က သင်းနှင့်သူ့ကို သဘောမတူကြပေ။ သူတို့အကြောင်းပြချက်က ရန်နောင့်အဖေသည်အရက်သမားကြီး ဖြစ် လို့တဲ့။

သင်းတို့ဖက်က သဘောမတူ၍ သူတို့ချစ်သူနှစ် ယောက် သိုသို သိပ်သိပ်ပင်နေခဲ့ကြပါသည်။ သုံးလအတွင်းမှာ သင်းနှင့်အဆက်အသွယ် မရှိခဲ့ပါ။ သင်းဆီကိုစာရေး ဖို့လည်း အခွင့်မကြုံခဲ့ရပါချေ။ သူ့မှာ သင်းရဲ့ ဓာတ်ပုံလေးကိုကြည့်ရင်းဖြင့်သာအလွမ်းဖြေခဲ့ရလေ၏ ။

ရန်နောင်က လွယ်ထားသော သားရေအိတ်၏ ဘေးအိတ်ကပ် ထဲတွင် ထည့်ထားသော သင်းဓာတ်ပုံလေးကိုသတိတရစမ်းကြည့်လိုက် သည်။ ထိုဓာတ်ပုံလေးမှာ သင်းနဲ့သူ မြို့ထောင့်စေတီမှာ ချိန်းတွေ့ ကြတုံး က ဘုရားက ''၁၅မိနစ်အမြန်ဓာတ်ပုံဆိုင်''မှာ ရိုက်ထားခြင်း ဖြစ်သည်။

သူလွယ်ထားသော ခရီးဆောင်အိတ်ထဲ၌ သင်းကိုပေးဖို့ လက်ဆောင်လည်း ပါလာခဲ့ပါသည်။ အပြာရောင် ခေါင်းစည်းပဝါလေး ဖြစ်သည်။

သူပြန်လာမည် ကို သင်း သိဦးမည် မဟုတ်။

မနက်ကျမှ သင်းတို့အိမ်ရှေ့ကို မယောင်မလည်သွားရမည် ။ သူ့ကိုမြင်ရင်တော့ သင်းကလည်း စာအုပ်အငှားဆိုင်သွားမည် ဟုအကြောင်းပြကာ အိမ်ကထွက်လာမည် ဖြစ်သည်။

သည်တော့မှ .သင်းအတွက်ဝယ်လာသော ခေါင်းစည်း ပဝါလေးကို ပေးရပါတော့မည် ။ဒရိုင်ဘာက ကားဟွန်းကို သံရှည်ဆွဲ၍ တီးလိုက်လေသည်။

ကားဟွန်းသံကြောင့် ရန်နောင့်အတွေးများ ပြတ်တောက်သွား လေသည်။ကြည့်လိုက်တော့ .ကိုးလောင်းတောင်အကွေ့နားရောက် ခါနီး နေပြီ။တောင်ကွေ့နားနီးလာ၍ ကားဟွန်းကိုအဆက်မပြတ်တီးလိုက် ခြင်း ဖြစ်ပါသည်။သို့သော် .ကားအိုကြီး၏ ဟွန်းသံအက်ကွဲကွဲက မိုးသံလေ သံများ ကို မထိုးဖောက်နိုင်ရှာပါ။မိုးကလည်း သည်းနေဆဲ။ မိုးချိမ်းသံများ ကလည်း ဂျိုးဂျိမ့်ညံ နေဆဲ။ကားက ကိုးလောင်းတောင်ခြေလမ်းဆုံကိုရောက်လာပြီ။

ဒရိုင်ဘာက ကားကို လေးဆယ့်ငါးဒီဂရီအချိုး ဖြစ်နေသော လမ်းကွေ့ကို ဝိုက်ကွေ့လိုက်သည်။

''ဟင် .''

''ဟာ .''

ဒရိုင်ဘာအပါအဝင် ကားပေါ်မှလူအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်မိလေ၏ ။

ရှေ့လမ်းချိုးမှ မျက်နှာချင်းဆိုင်ကာ အရှိန်ဖြင့်မောင်းလာသော ကားတစ်စီး။ မျက်နှာချင်းဆိုင်ကားဆီမှမီးအလင်းတန်းကစူးရှစွာ တိုးဝင်လာသည်။ တစ်ဖက်မှကားသည်လည်း လမ်းရှင်းသည်ထင်ကာ အရှိန်ဖြင့်မောင်းလာခြင်း ဖြစ်ပုံရပါသည်။ဒေါ့ဂျစ်ကားဒရိုင်ဘာသည် အလန့်တကြားဖြင့် ကားဘရိတ်ကိုနင်းလိုက်သည်။ အရှိန်ဖြင့်သွားနေရာမှ ရုတ်တရက်ဘရိတ်နင်းလိုက်သော ကြောင့် ကားသည် မိုးရေများ ဖြင့် ချောနေသော မြေလမ်းပေါ်တွင် လျှောကနဲရှပ်တိုက်ရွေ့သွားလေသည်။ဒါ့အပြင် .ဒရိုင်ဘာသည် မျက်နှာချင်းဆိုင်မှကားနှင့် မတိုက်မိစေရန် ကားကို ညာဖက်သို့ဆွဲချလိုက်မိလေ၏ ။ ဒေါ့ဂျစ်ကားအိုကြီးဦးတည်ရာ၏ ညာဖက်ခြမ်းကား ဆင်ခြေလျှောချောက်ကမ္တား ဖြစ်လေသည်။

သစ်သားအိမ်ဒေါ့ဂျစ်ကားကြီးသည် ဆင်ခြေလျှောအတိုင်း ဘေးစောင်းတိုက်လိမ့်ဆင်းသွားလေ၏ ။ကားထဲမှလူများ ၏ အလန့်တကြားအော်ဟစ်သံများ က ငရဲပွက် သလိုဆူညံသွားလေတော့သည်။ရန်နောင်သည်လည်း ကားတံခါးပွင့်ကာ ရှေ့ခန်းမှလွင့်ထွက်ကျသွားပြီး ဆင်ခြေလျှောအတိုင်းလိမ့်ဆင်းသွားလေ၏ ။ရွှံ့နွံများ ထူထပ်သော မြေပေါ်သို့ မျက်နှာအပ်ကာ ကျသွားသည်ကိုသာ သူနောက်ဆုံးသတိရမိလေတော့သည်။ပြင်းထန်သော နာကြင်မှုများ နှင့်အတူ ရန်နောင်သည် ကမ္ဘာလောကကြီးနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့လေ၏ ။

xxxxx

အပိုင်း(၂)

( ၁ )

တစ်ကိုယ်လုံးနာကြင်ကိုက်ခဲမှုများ ဖြင့် သူသတိပြန်ရလာလေသည်။

သတိရလာချိန်တွင် သူသည် မြေပေါ်၌ မှော က်ရက်လဲနေလေ၏ ။

သူက အားကုန်စိုက်ကာ ရုန်းကန်ထလိုက်သည်။ပတ်ဝန်းကျင်တွင် မိုးမှုန်များ က တဖွဲဖွဲကျဆင်းနေဆဲ ဖြစ်သည်။ သည်းသည်းမည်းမည်းကြီးတော့ ရွာမနေတော့ပါ။ရန်နောင်သည် မြေကြီးပေါ်တွင် ယိုင်ထိုးကာ မတ်တပ်ရပ်လိုက်မိချိန်မှာ ပင် ကားမှော က်ခဲ့သည့်အ ဖြစ်ကို ပြန်သတိရလိုက်လေ၏ ။

ကား။ ငါစီးလာတဲ့ကား မှော က်သွားတာပါလား။ ချောက်ထဲကိုကျပြီးမှော က်သွားတယ်။ ပြီးတော့ .ငါလည်း ကားပေါ်ကလွင့်စင်ကျသွားတယ်။

အားလုံးကိုပြန်သတိရလိုက်သော ရန်နောင်သည် ထိတ်ကနဲ ဖြစ်သွား၏ ။ ပြီးမှ သူမသေသေးဘူးဆိုတာကိုသိလိုက်ပြီး စိတ်သက်သာရာရသွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံးကား တိတ်ဆိတ်လျှက်ရှိလေ၏ ။

သူသည် အားယူလှမ်းကာ ကမ္ဘားအထက်ကိုတက်လာခဲ့သည်။ သူ့ညာဖက်ခြေထောက်မှာ အတော် ပင်နာကြင်နေ၏ ။ လမ်းလျှောက်တာတောင် ညာခြေကိုညှာလျှောက်နေရ၍ ထော့နင်းထော့နင်း ဖြစ်နေလေသည်။ကမ်းပါးထိပ်ကိုရောက်မှ သတိရကာ အောက်ဖက်ကိုပြန်ငုံ့ ကြည့်လိုက်သည်။

''အား .''

သူ့နှုတ်မှ အလန့်တကြားအော်ဟစ်လိုက်သံထွက်ပေါ်လာကာ ကြောက်လန့်စရာမြင်ကွင်းကြောင့် မျက်နှာကို လက်ဖြင့်အုပ်ထားလိုက်မိသည်။

ကမ်းပါးအောက်တွင် လူအချို့အတုံးအရုံးလဲသေလျှက်ရှိကြသည်။ တစ်ချို့က သွေးသံရဲရဲ၊ အဖြူရောင် ဟိုင်းလပ်ကားလေးတစ်စီးက ဘီး၎ဘီးလုံး မိုးပေါ်ထောင်ကာ ပက်လက်လန်နေလေသည်။

ပတ်ဝန်းကျင်တွင် အခြားဘာလှုပ်ရှားမှုကိုမျှမတွေ့ ရ။ ကားပေါ်မှာ ပါလာတဲ့လူအားလုံး သေကုန်ကြပြီလားမသိပါ။ရန်နောင်သည် ကြောက်လန့်တကြားဖြင့် ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

တောင်ကုန်းအထက်မှကြည့်လျှင် သူတို့မြို့ကလေးကို ခပ်လှမ်းလှမ်းမှာ မြင်တွေ့ နေရပါသည်။ မြို့ထဲမှမီးရောင် လက်လက်များ ကိုလှမ်းမြင်နေရသည်။ ဤနေရာမှဆိုလျှင် မြို့ကို နှစ် မိုင်လောက်သာကွာဝေးပါတော့သည်။

ရန်နောင်သည် ကားတိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူများ အတွက် စာနာထောက်ထားမှုမရှိလို့ .ထိုနေရာက ကိုယ်လွတ်ရုန်းပြေးခဲ့ခြင်း မဟုတ်ပါ။ သူကိုယ်တိုင်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ မတတ်သာပဲထွက်ခွာ လာခဲ့ခြင်း ဖြစ်သည်။ ပြီးတော့ .သူမြင်လိုက်သမျှတွင် သူ့လိုသတိရနေသူ တစ်ယောက် ကိုမျှမတွေ့ ရ။ အားလုံးသေကုန်ပြီထင်ကာ အလောင်းတွေ ထပ်နေသော ထိုနေရာမှာ ဆက်မနေရဲတော့၍ ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။

လမ်းတွင် စခန်းတစ်ခုခု (ရဲကင်း ဖြစ်စေ၊ မြို့ဝင်ကြေးခွန် ကောက်ခံသည့်စခန်း ဖြစ်စေ)တွေ့ လျှင် ကားတိုက်မှုအကြောင်းကိုဝင်ပြီး သတင်းပေးခဲ့မည် ဟု သူက စိတ်ကူးလာခဲ့သည်။

မိုးကတော့ သည်းသည်းမည်းမည်းကြီးမဟုတ်သော်လည်း ဆက်ပြီးရွာနေဆဲ ဖြစ်သည်။ ရန်နောင်သည် တောင်ဆင်းလမ်းအတိုင်း လျှောက်လာခဲ့ရာ မြေပြန့် ဖြစ်သော ကတ္တရာလမ်းမပေါ်ရောက်လာခဲ့သည်။ သူနှင့်မျက်နှာချင်းဆိုင်မှရော သူ့နောက်မှပါမည် သည့်ကားတစ်စီးမျှ ဖြတ်မလာခဲ့ပါချေ။ တစ်လမ်းလုံးမှာ မိုးရေထဲတွင် တိတ်ဆိတ်မှော င် မည်းနေလေ၏ ။

သူက သတိရကာ ဘယ်အချိန်ရှိပြီလဲသိရစေရန် လက်ကနာရီကိုမြှော က်ကြည့်လိုက်သည်။ နာရီမှ မီးစုန်းဓာတ်ဝင်နေသော အမှတ် အသားလေးများ က ၁ဝနာရီ၂ဝမိနစ်ကိုညွှန်ပြလျှက်ရှိ၏ ။

ဒါဆို ကားမှော က်ပြီး သူသတိလစ်သွားတာ တစ်နာရီလောက် ကြာသွားသည်ပဲ။ ကားသည် မြို့ကို ညကိုးနာရီအချိန်တွင် ပုံမှန်ဝင်ရမည် ဖြစ်သည်။ လမ်းတွင် မိုးမှော င်ကျကာ မိုးသည်းသဖြင့် ကိုးနာရီကျော်မှ ကိုးလောင်းတောင်ခြေကိုရောက်လာသည်။ ကိုးလောင်းတောင်ခြေအရောက်တွင် ကားမှော က်ခဲ့ခြင်း ဖြစ်ပါသည်။

နာရီကိုမြင်မှပင် သူ့တွင် သူနှင့်အတူယူဆောင်လာသော အခြားပစ္စည်းများ ပါမလာတော့သည်ကို သတိရမိလေ၏ ။ သူ့ကိုယ်မှာ စလွယ်သိုင်းလာသော ခရီးဆောင်သားရေအိတ်။ ပြီးတော့ အဖေ့အတွက်ဝယ်လာသော ပုဆိုးပါသည့် စက္ကူထုတ်ကလေး။ တစ်ခုမှပါမလာတော့ပါ။ သွေးရူးသွေးတန်းနှင့် ကားတိုက်သော နေရာမှထွက်လာခဲ့ရာ ကိုယ့်ပစ္စည်းတွေ ကိုပြန်ရှာဖို့ပင် သတိမရမိတော့ချေ။ရန်နောင်က နောက်ကြောင်းကိုပြန်လှည့်ကြည့်လိုက်သည်။

ကိုးလောင်းတောင်နှင့်အတော် လေးလှမ်းလာခဲ့ပြီ။ အိတ်တွေ ကို ပြန်ရှာဖို့ ထိုနေရာကို သူပြန်မသွားရဲတော့ပါ။ သေနေသော အလောင်းများ ပုံရိပ်ကိုပြန်မြင်ယောင်ရင်း သူခြောက်ခြားနေမိသည်။

သူက အင်္ကျီအိတ်ကပ်ထဲသို့လက်နှိုက်ကြည့်လိုက်သည်။ ခေါက်ချိုးပိုက်ဆံအိတ်ကလေးထွက်လာသည်။ ပိုက်ဆံအိတ်ထဲမှာ ငွေစက္ကူအတော် များများ နှင့် သူ့မှတ်ပုံတင်ကတ်ပြားထွက်လာသည်။ ကိစ္စမရှိ။ ငွေနှင့်မှတ်ပုံတင်မပျောက်ရင် တော် ပြီ။ ကျန်ခဲ့တဲ့ပစ္စည်းတွေ ကိုတော့ နောက်မှ သက်ဆိုင်ရာဆီက ပြန်တောင်းလို့ရရင် တောင်းတော့မည် ။ မရရင်လည်း မတတ်နိုင်တော့။ရန်နောင်သည် စိတ်ကိုပိုင်းဖြတ်ကာ နောက်ကြောင်းပြန်မလှည့်တော့ပဲ မြို့ဆီသို့ဦးတည်ကာ ဆက်လျှောက်လာခဲ့လေသည်။သူ့ခြေထောက်ဆီမှနာကြင်နေကာ လမ်းလျှောက်တိုင်း ထော့နဲ့ထော့နဲ့ ဖြစ်နေလေ၏ ။

+ + + + +

လမ်းလျှောက်လိုက် နားလိုက်ဖြင့် လျှောက်လာခဲ့ရာ အတန်ကြာသည့်အချိန်တွင် မြို့အဝင်နားသို့ရောက်လာခဲ့လေသည်။ထိုအချိန်အထိ မည် သည့်ယာဉ်တစ်စီးကိုမျှ လမ်းပေါ်တွင် မတွေ့ ရပါချေ။ ဒါလည်းသိပ်တော့မဆန်းပါ။ သူတို့မြို့ကလေးသည်ကားလမ်း၏ လမ်းဆုံးမြို့ကလေး ဖြစ်သည်။ သူစီးလာသော ကားမှာ မြို့ကို နောက်ဆုံးဝင်သော ကား ဖြစ်သည်။ ညပိုင်းတွင် ကုန်တင်ကားတစ်ချို့သာ လမ်းပေါ်တွင် အသွားအလာရှိတော့၏ ။ ယနေ့ကတော့ မိုးသည်းနေသည်မို့ နောက်ကလိုက်လာသည့်ကုန်ကားလည်းမရှိ။မြို့ကထွက်မည့်  ကုန်ကားများ လည်း မထွက်တော့ပဲ နားနေကြခြင်း ဖြစ်ပေမည် ။

ရန်နောင်သည် လျှောက်လိုက် နားလိုက်ဖြင့် လျှောက်လာခဲ့ရာ မြို့အဝင်နားအရောက်တွင် မြို့ဝင်ကြေးခွန်ကောက်ခံသည့်အဆောက်အဦးကလေးကိုတွေ့ လိုက်ရလေသည်။ ဝါးကပ်မိုးပြီး ထရံကာထားသည့် သံစကာတပ်ထားသည့်ကောင်တာပါသော ဆယ်ပေပတ်လည်ဝါးတဲလေး ဖြစ်ပါသည်။ ဝါးတဲတွင် မီးလုံးတစ်လုံးသာ ထွန်းညှိထားသည်ကို တွေ့ ရ၏ ။

ရန်နောင်က အခွန်ကောက်သည့်ဝါးတဲလေးဆီသို့လျှောက်သွားလိုက်သည်။

တဲလေးထဲတွင် လူ တစ်ယောက် သာရှိနေသည်။ ထိုလူက သံစကာကောင်တာအတွင်းထဲတွင် စားပွဲပေါ်၌ အိပ်ပျော်နေပါသည်။ရန်နောင်က သံစကာကိုလက်ဖြင့်ပုတ်ကာ နှိုးလိုက်သည်။

''ဟေ့လူ .ဟေ့လူ .''

ရန်နောင်အတော် ကြာကြာခေါ်သော်လည်း ထိုသူက နိုးမလာခဲ့ပါချေ။ ညဆယ်နာရီကျော် မိုးတွေ ကလည်း ရွာနေတယ်ဆိုတော့လည်း အိပ်ကောင်းကောင်းနှင့်စိတ်ချလက်ချအိပ်ပျော်နေပုံရပါသည်။ ရန်နောင်က ကားတိုက်မှုသတင်းကိုပေးရန် ထိုသူကိုနှိုးနေခြင်း ဖြစ်သည်။

နှိုးမရတော့လက်လျှော့လိုက်သည်။ အိပ်နေသူအဆင့်က အစောင့်အဆင့်ပဲရှိပါလိမ့်မည် ။ ဒီလိုလူမျိုးကို ကားတိုက်မှုအကြောင်းပြောသည့်တိုင် သူလည်း ဘာမျှကူညီပေးနိုင်မည် မထင်။

ရန်နောင်က တဲကလေးထဲက ဝါးတန်းလျားလေးတွင် ခဏနားပြီး ဆက်လျှောက်လာခဲ့လေသည်။ သူထွက်လာသည်အထိမြို့ဝင်ကြေး အကောက်စခန်းမှလူမှာ နိုးမလာခဲ့ပါချေ။ တခေါခေါ ဟောက်သံထွက်ကာ နှစ် နှစ် ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်သည်။

xxxxx

( ၂ )

သူသည် တရွေ့ရွေ့ဖြင့်လျှောက်လာခဲ့ရာ မြို့အဝင်လမ်းမထဲ သို့ရောက်လာခဲ့ပေပြီ။ မိုးက တဖွဲဖွဲကျဆင်းနေဆဲ ဖြစ်ပေရာ သူ့တစ်ကိုယ်လုံးလည်း မိုးရေများ ရွှဲစိုနေပေပြီ။

သူတို့အိမ်က မြို့အဝင်နားမှာ ပင်ရှိပါသည်။

ကန့်လန့်ဖြတ်စီးနေသော ချောင်းတစ်ခုကိုကျော်သည့် ကွန်ကရစ်တံတားတစ်ခုကိုကျော်ပြီးလျှင် မြို့ထဲသို့တည့်တည့်ကြီးသွားသော ကတ္တရာလမ်း၏ ဘယ်ဖက်ကိုချိုးကွေ့ဝင်ရသည်။ ခြံသုံးခြံကိုကျော်လိုက်သည်နှင့် သူတို့သားအဖနေသော အိမ်ကလေးဆီသို့ရောက်နိုင်ပါသည်။

ရန်နောင်သည် သူတို့အိမ်ရှိရာလမ်းထိပ်သို့ရောက်လာသည်။ ညမှော င်နေသည်ဆိုသော်လည်း .မိုးရွာနေသည်ဆိုသော်လည်း .ပတ်ဝန်းကျင်ကိုလုံးဝမမြင်ရတာ မျိုးမဟုတ်သေးပါ။ လမ်းမီးရောင် ၊ အိမ်မီးရောင် များ ဖြင့် လမ်းမတလျှောက်ကို ဝေဝေဝါးဝါးတော့ မြင်တွေ့ နေနိုင်ပါသေးသည်။

ရန်နောင်သည် လမ်းထိပ်ကိုရောက်သည်နှင့် ပြောင်းလဲနေသော မြင်ကွင်းတချို့ကြောင့် တအံ့တသြ ဖြစ်သွားရလေသည်။လမ်းထိပ်ကအိမ်ကြီး။ မြို့တွင်းလမ်းမကြီးနှင့်သူတို့အိမ်ရှိရာ လမ်းကလေးတို့ဒေါင့်တွင် ရှိသော အိမ်ကြီးကိုကြည့်၍ သူက အံ့သြနေမိသည်။ သူ ရန်ကုန်သွားတာ သုံးလထဲပဲကြာခဲ့ပါသည်။ လမ်းဒေါင့်က အိမ်ကြီးသည် တရုတ်မိသားစုနေသော အိမ်ကြီး ဖြစ်သည်။ညီအစ်မငါးယောက် လုံးအမျိုးသမီးဝတ်အင်္ကျီများ ချုပ်ကြသည်။ အိမ်မှာ စက်ချုပ် သင်တန်းလည်းဖွင့်ထားသည်။ ညီအစ်မငါးယောက် ထဲကအငယ်ဆုံး မရှူလွမ်မှာ ရန်နောင်နှင့်အတန်းတူ ရွယ်တူသူငယ်ချင်းများ ဖြစ်ကြသည်။ သူနှင့်မရှူလွမ်တို့ ဒီနှစ် မှာ ဆယ်တန်းအတူအောင်ထားကြသည်။

မရှုလွမ်တို့အိမ်ဘေး လမ်းဆုံထိပ်က အုတ်ခုံမှာ သူတို့ သူငယ်ချင်းတွေ ဂစ်တာထိုင်တီးနေကျ ဖြစ်သည်။သူအံ့သြတာက .သူမသွားခင် လွန်ခဲ့သော သုံးလက မရှုလွမ်တို့အိမ်မှာ ပျဉ်ထောင်သွပ်မိုးနှစ် ထပ်အိမ်ကြီးသာ ဖြစ်သည်။မွေးချင်းပေါက်ဖော်များ သော တရုတ်မိသားစု ဖြစ်သည့်အားလျော်စွာ လူများများ နေနိုင်ရန်ဆောက်ထားသည့် နှစ် ဆောင်ပြိုင်အိမ်ကျယ်ကြီး ဖြစ်သည်။ ယခု သူမြင်တွေ့ နေရတာ က သုံးထပ်ပတ်ကားတိုက်ကြီးတစ်လုံး ဖြစ်နေပါသည်။ အိမ်ရှေ့တွင် လည်း ''မိုးနတ်သူဇာ အမျိုးသမီးဝတ်အထည်ချုပ်လုပ်ငန်းနှင့် စက်ချုပ်သင်တန်း''ဆိုသော ခေတ်မီလှပသည့်ဆိုင်းဘုတ်ကြီးကိုထောင်ထားသေးသည်။ မရှုလွမ်တို့ထီများ ပေါက်သွားလို့လား။

ပျဉ်ထောင်အိမ်က တိုက်အိမ် ဖြစ်သွားတာထက် ဤမျှကြီးမားသည့်တိုက်ကြီးကို သူမရှိသည့်သုံးလအတွင်း အပြီးဆောက်လိုက်တာကို သူက ပို၍ အံ့သြနေပါသေးသည်။

ရန်နောင်က မရှုလွမ်တို့ တိုက်အိမ်ကြီးကိုငေးမောရင်း လမ်းထဲသို့ ချိုးကွေ့ဝင်လိုက်သည်။လမ်းကြားထဲသို့ သူချိုးဝင်လိုက်သည်နှင့် ခွေးဟောင်သံ၊ ခွေးအူသံများ ဆူညံသွားလေတော့သည်။ ဘယ်ကြိုဘယ်ကြားကထွက်လာမှန်းမသိသော ခွေးများ သည် သူ့ကိုဝိုင်းအုံကြည့်ကာ ဟောင်ကြ၊ ဆွဲဆွဲငင်ငင်အူကြနှင့် တစ်လမ်းလုံးဆူညံသွားလေ၏ ။ခွေးများ သည် သူလျှောက်သွားရာတလျှောက်သို့ နောက်မှ သံရှည်ဆွဲအူရင်းပါလာကြလေ၏ ။ သူက ခွေးများ ကိုဟန့်ရန်နောက်သို့ လှည့်ကြည့်လိုက်ရာ ခွေးတစ်အုပ်၏ ဟောင်သံသည် ရုတ်တရက်ရပ်သွားပြီး အမြီးကုပ်ကာ နောက်ကြောင်းပြန်လှည့်ပြေးကြလေ၏ ။သို့ရာတွင် သူနောက်ကျောခိုင်းလိုက်သည်နှင့် ခွေးတစ်အုပ်သည် နောက်မှလိုက်လာပြန်ကာ ဟောင်ကြ အူကြပြန်လေသည်။မရှုလွမ်တို့တိုက်ကိုကျော်အပြီး နောက်တစ်ခြံမှာ . ရှေ့နေလင်မယားခြံ ဖြစ်ပါသည်။ လင်မယားနှစ် ယောက် စလုံး ရှေ့နေများ ဖြစ်သည်။ အဘိုးကြီးအဘွားကြီး အိပ်ပျော်နေကြပြီထင်ပါသည်။ မီးများ ပိတ်၍ တစ်ခြံလုံးမှော င်မည်းနေသည်။

ထိုခြံမှကျော်လျှင် ကရင်မိသားစုခြံ။ စစ်ပြန်အငြိမ်းစား ကရင်လူမျိုး စောဝေမိုးနှင့်နော်ပပတို့နေသည့်ခြံ။ စောဝေမိုးနှင့်နော်ပပတို့မှာ နော်ရင်မွှေးဆိုသည့်အသက်ဆယ်နှစ် အရွယ်ခန့် သမီးလေး တစ်ယောက် ပဲရှိသည်။ ကရင်မိသားစုခြံကိုလွန်လျှင် သူတို့သားအဖနေသော အိမ်ကလေးရှိသည့် ခြံဝင်းကိုရောက်ပါပြီ။

စစ်ပြန်ကြီးစောဝေမိုးတို့ခြံထဲမှာ တော့ အိမ်ရှေ့ဆင်ဝင်တွင် ၆ဝဝပ်အား မီးတစ်ပွင့်ထွန်းထားသည်ကို မြင်ရသည်။ ခွေးများ ကသူ့နောက်ကို လိုက်လာနေကြဆဲ။ ပို၍ ပင် ကျယ်လောင်စွာ ဖြင့် သဲသဲမဲမဲ ဟောင်နေကြသေးသည်။

ဦးစောဝေမိုးတို့ခြံရှေ့အရောက်တွင် အိမ်ပေါ်ထပ်မှပြတင်းတံခါး တစ်ချပ်ပွင့်လာသည်ကို မြင်လိုက်ရသည်။ ပြတင်းပေါက်မှာ ယောကျာ်း တစ်ယောက် ပုံရိပ်ထင်လာသည်။ ခွေးဟောင်သံများ ကြောင့် တံခါးဖွင့်ကြည့်သည်ထင်ပါသည်။ ထိုလူက ပြတင်းပေါက်တွင် ရပ်ရင်း သူ့ကိုကြည့်နေလေ၏ ။

ကရင်ခြံကိုကျော်ပြီးနောက် လေးခုမြောက်ခြံမှာ သူတို့ခြံ ဖြစ်ပါသည်။ချောင်းနံဘေးလမ်းမပေါ်မှအိမ်တန်း ဖြစ်၍ သူတို့အိမ်များ နှင့် မျက်နှာချင်းဆိုင်တွင် အိမ်များ မရှိပါ။ ချောင်းသာလျှင်ရှိသည်။ရန်နောင် သူတို့ခြံရှေ့ရောက်သည်အထိ ခွေးများ က နောက်မှဟောင်ရင်း အူရင်းပါလာဆဲ။ရန်နောင်သည် ခြံရှေ့အရောက်တွင် ခြံတံခါးကိုချိတ်ထားသော သံကွင်းလေးကိုဖြုတ်လိုက်၏ ။ ခြံထဲသို့လှမ်းဝင်လိုက်သည်။ခြံထဲကိုခြေချလိုက်သည်နှင့် သူအံ့သြသွားရပြန်သည်။ ခြံဝင်းတစ်ခုလုံးအပြည့် မြက်ပင်၊ ပေါင်းပင်များ ထူထပ်လို့ပါလား။မြက်ပင်များ မှာ သူ့ဒူးဆစ်ထက်ပင်ကျော်လွန်နေသည်။ ခြံအဝမှ အိမ်ကလေးဆီ လျှောက်သွားသည့်လမ်းတလျှောက်မှာ ပင် မြက်ပင်များ ဖုံးလွှမ်းနေပါ၏ ။

သူမရှိတဲ့သုံးလအတွင်းမှာ အဖေမြက်တွေ ကို မခုတ်ဘူး ထင်ပါရဲ့ ။ အင်းလေ .သူရှိတုံးကလည်း သူပဲလုပ်ရတာ မဟုတ်လား။ဘာပဲ ဖြစ် ဖြစ် အဖေ့အနေနဲ့ ကိုယ်တိုင်မလုပ်ချင်တောင် မြက်ပင်တွေ ကို ဒီလောက်ထိရှည်အောင်ထားဖို့မကောင်း။ ပိုက်ဆံပေးပြီး တစ်ယောက် ယောက် ကိုငှားပြီးရှင်းခိုင်းဖို့ကောင်းပါသည်။

ရန်နောင်က သက်ပြင်းကိုချလိုက်သည်။ အဖေ့အတွက်လည်း စိတ်မောသွားမိသည်။ အဖေ တစ်ယောက် သူမရှိတဲ့သုံးလအတွင်းမှာ အရက်ချည်းသောက်နေတယ်ထင်ပါရဲ့ ။ ဟန့်တားမယ့်သူ၊ သတိပေးမယ့်သူမရှိတိုင်း အဖေလွတ်ချင်တိုင်းလွတ်နေပြီထင်ပါသည်။

အိမ်ကိုရော အချိန်မှန်ပြန်လာရဲ့ လားမသိ။ခြံအဝဆီက အိမ်အထိလျှောက်လာလိုက်ရာ အိမ်ကလေးရှေ့အရောက်တွင် ရန်နောင် မောသွားရပြန်ပါသည်။အိမ်တံခါးကို သော့ ခတ်ထားပါကလား။

ဒီနေ့ဒီရက် သူပြန်လာပါမယ်လို့စာကြိုရေး ထားရက်နဲ့ အဖေ စောင့်မနေပြန်။ ဘယ်အပေါင်းအသင်းအိမ်မှာ များ မူးပြီးအိပ်ပျော်နေပြန်ပြီမသိ။ ဒါမှမဟုတ် သူရေး လိုက်တဲ့စာကို မရလို့များ လား။

ရန်နောင်က အိမ်နောက်ဖက်ကိုပတ်သွားကာ မီးဖိုခန်းနောက်ဖက်အထိ ပတ်ဝင်လိုက်သည်။သူတို့အိမ်ကလေးမှာ ခြံဝင်း၏ အလည်တည့်တည့်တွင် ဆောက်ထားသော ခြေတံရှည်တစ်ထပ်အိမ်ကလေး ဖြစ်ပါသည်။ ပျဉ်ကာသွပ်မိုးအိမ်ကလေး ဖြစ်ပါသည်။ သူတို့သားအဖနှစ် ယောက် တည်းအတွက် ကျယ်ဝန်းစွာ နေနိုင်သော အိမ်ကလေးလည်း ဖြစ်ပါသည်။အိမ်တွင် အဖေရယ် သူရယ် ယောကျာ်းသားနှစ် ယောက် သာ နေသည့်အတွက် အချိန်များ စွာ မှာ အိမ်၌ လူရှိမနေတတ်။ သူကလမ်းထဲကအပေါင်းအသင်းများ နှင့်လမ်းထိပ်အုတ်ခုံမှာ ဂစ်တာထွက်တီးနေတတ်သလို၊ အဖေကလည်း ရုံးကအပြန်မှာ အရက်ဆိုင်ဝင်၊အရက်သောက်နှင့် အပြန်မိုးချုပ်တတ်သည်။

ထိုအခါများ တွင် အိမ်ကိုသော့ ခတ်ထားခဲ့ရသည်။အိမ်သော့ ကိုတော့ သားအဖနှစ် ယောက် စလုံးက ကိုယ်နှင့်အတူ ယူမသွားတတ်ကြပါ။သော့ တံကို မီးဖိုခန်းထုတ်တန်းမှာ ရိုက်ထားသော သံတွင် ချိတ်ထားခဲ့နေကျ ဖြစ်သည်။ အပြင်ထွက်လို့သော့ ခတ်လျှင် သော့ အိမ်ကိုချည်းယူကာ အပြင်မှ ခလုတ်နှိပ်သော့ ခတ်သည်။

အိမ်အပြန်သော့ ဖွင့်ဝင်စရာလိုမှ နောက်ဖေးဖက်မီးဖိုအထိ ပတ်ဝင်ကာ ထုတ်တန်းပေါ်လက်ကျော်နှိုက်ပြီး သော့ တံကိုယူသည်။ပြီးမှ အိမ်ရှေ့ကိုပြန်လာကာ သော့ ကိုဖွင့်သည်။ တံခါးဖွင့်ပြီးလျှင်လည်း သော့ တံကို မီးဖိုခန်းထုတ်တန်းမှာ ပြန်ချိတ်ထားတတ်ပါသည်။သူတို့သားအဖ အပြင်ထွက်လျှင် ဘယ်တော့မှသော့ မယူ။ အပြင်ကပြန်လာမှသာ မီးဖိုခန်းထဲကသော့ ကိုယူပြီးဖွင့်လေ့ရှိတာထုံးစံ ဖြစ်နေပါပြီ။ သော့ ထားတဲ့နေရာကို သားအဖနှစ် ယောက် သာသိသည်မို့ အဆင်ပြေနေပေသည်။ရန်နောင်က သော့ ထားနေကျနေရာ ဖြစ်သော မီးဖိုခန်းဆီသို့ လာခဲ့ခြင်း ဖြစ်သည်။ မီးဖိုခန်းနောက်ဖက်ကထုတ်တန်းကိုကျော်ကာလက်ဖြင့်လျှို၍ စမ်းကြည့်လိုက်သည်။

တွေ့ ပါပြီ။ လေးထောင့်ပလတ်စတစ်သော့ ချိတ်ကလေးဖြင့် တွဲ ထားသော သော့ ချောင်းကလေး။ရန်နောင်က သော့ ချောင်းကလေးကို အောက်ကျမသွားစေရန် သေချာယူလိုက်သည်။သော့ တံကိုယူကာ အိမ်ရှေ့ကိုပြန်လာသည်။

အိမ်ရှေ့ကိုပြန်လာရင်းမှ သူတို့ခြံ၏ ခေါင်းရင်းဖက်ရှိခြံကို မျက်စိကစားလိုက်မိသည်။ ခေါင်းရင်းဖက်ခြံမှာ သူငယ်ချင်းစည်သူမောင်တို့ တိုက်ရှိသည့်ခြံ ဖြစ်သည်။ စည်သူမောင့်အဖေက ဘဏ်မန်နေဂျာ ဦးချစ်မြိုင် ဖြစ်သည်။။ တစ်နယ်တစ်ကျေးမှပြောင်းလာပြီးတာဝန်ရှိသည့် ကာလအတွင်းသာ နေထိုင်သူဝန်ထမ်းများ ဖြစ်၍ အိမ်အငှားဖြင့် နေထိုင်ကြသူများ ဖြစ်သည်။ ခေါင်းရင်းဖက်ခြံကတိုက်အိမ်ကြီးကို ငှားနေကြသည်။

စည်သူမောင်တို့ ဒီမြို့ရောက်တာ ၂နှစ် ရှိပြီ။ သူတို့ကိုးတန်းနှစ် ကရောက်လာခြင်း ဖြစ်သည်။ စည်သူမောင်နှင့်ရန်နောင်ကဂစ်တာတီးဖော်တီးဖက်သူငယ်ချင်းများ ဖြစ်၏ ။ သူ ရန်ကုန်သွားအလုပ်လုပ်နေတဲ့သုံးလအတွင်းမှာ ဂစ်တာတစ်ခါမျှမတီးခဲ့ရ။ မနက်ဖန်ကျမှ စည်သူမောင့်ကိုခေါ်ပြီး မရှုလွမ်တို့အိမ်ထိပ်ကအုတ်ခုံမှာ ဂစ်တာတီးရဦးမည် ။

အခုတော့ စည်သူမောင်တို့မိသားစုလည်း မိုးအေးအေးတွင် အိပ်မောကျနေကြတယ်ထင်ပါရဲ့ ။ အိမ်ရှေ့မီးလုံးလေးသာထွန်းထားကာ တစ်အိမ်လုံးမှော င်မည်းနေပါ၏ ။

ရန်နောင်က အိမ်ရှေ့သို့ပြန်လျှောက်လာခဲ့သည်။

သူ့နောက်ကိုလိုက်လာသော ခွေးများ က ယခုအချိန်ထိဟောင်နေဆဲ။ ခွေးများ သည် အိမ်ထဲအထိတော့ လိုက်မလာကြ။ ခြံအပြင်မှနေ၍ စူးစူးဝါးဝါးထိုးဟောင်ကြ အူနေကြဆဲ ဖြစ်သည်။

ရန်နောင်က ခြေတံရှည်အိမ်ကလေးပေါ်သို့ ငါးထစ်သော လှေကားပေါ်မှနင်းတက်လိုက်သည်။ တတိယမြောက်လှေကားထစ်တွင် လှေကားသစ်သားပြားက တလှုပ်လှုပ်ဖြင့် ခပ်နဲ့နဲ့ ဖြစ်နေတာကို သတိထားလိုက်မိ၏ ။ သူကိုယ်တိုင်ကလည်း ခြေထောက်နာနေသည်မို့လှေကားလက်ရမ်းကိုအားပြုတက်လိုက်ရလေသည်။

လှေကားသစ်သားပြားချောင်နေခြင်းမှာ သံများ ကျွတ်ထွက်နေလို့ ဖြစ်မည် ။ ပြင်ရဦးမည် ဟု စိတ်ထဲမှာ တေးထားလိုက်၏ ။သူက အိမ်ရှေ့တံခါးကိုသော့ တံဖြင့်ထိုးဖွင့်လိုက်သည်။ သော့ အိမ်ထဲတွင် ကြပ်နေသော ကြောင့် အတန်ကြာဖွင့်မှပင် သော့ ပွင့်သွားလေ၏ ။ သော့ အိမ်ပေါက်ထဲမှ သံချေးမှုန့်များ ထွက်ကျလာသည်ကိုကြည့်၍ သူက အံ့သြသွားလေသည်။ သော့ က မသုံးပဲပစ်ထားတာကြာတဲ့သော့ လို ဖြစ်နေပါလား။

သူက သော့ ကိုချိတ်မှဖြုတ်ကာ အိမ်ထဲသို့လှမ်းဝင်လိုက်သည်။အိမ်ထဲအရောက်တွင် မီးခလုတ်ရှိရာသို့ စမ်းတဝါးဝါးဖြင့်သွားလိုက်သည်။ မီးခလုတ်ကိုစမ်းဖွင့်လိုက်၍ မီးလင်းသွားသည့်အခါရန်နောင် အံ့သြသွားရပြန်လေသည်။

လင်းလာသော မီးက လေးဆယ်ဝပ်အားမီးလုံးရောင် ခပ်မှိန်မှိန်သာ။ ဧည့်ခန်းမီးကို လေးပေးမီးချောင်းတပ်ထားသည့်အတွက်အမြဲတစေလင်းထိန်နေကျပါ။ မီးချောင်းကြီးဘယ်ရောက် သွားပါလိမ့်။ ကျွမ်းသွားလို့ မီးလုံးနဲ့လဲတပ်ထားတာထင်သည်။ အဖေဟာသူအိမ်မှာ မရှိတာနဲ့ ဖြစ်သလိုနေနေတာပါပဲလား။

ရန်နောင်က အိမ်ဧည့်ခန်း၏ အသွင်အပြင်ကိုမြင်လိုက်သည်တွင် နှာခေါင်းရှုံ့လိုက်မိပြန်၏ ။အိမ်ရှေ့ခန်းကြမ်းပြင်တစ်ခုလုံး ဖုံများ ထုတက်နေသည်။ ဒါ့အပြင် အခန်းတစ်ခုလုံးတွင် ပင့်ကူမျှင်များ ယှက်သန်းနေသည်။ဧည့်ခန်းကြမ်းပြင်မှာ ခင်းတဲ့သင်ဖြူးဖျာမှာ လည်း အလိပ်လိုက်လဲကျနေ၏ ။ ဖျာလိပ်ထဲမှကြွက်တစ်ကောင်ပြေးထွက်သွားတာကိုလည်းမြင်လိုက်ရသည်။

သူမရှိတဲ့အချိန်မှာ အဖေ အိမ်ကိုပြန်တောင်ပြန်လာရဲ့ လား မသိပါ။ရန်နောင်က သက်ပြင်းကိုချရင်း သူအိပ်နေကျအိပ်ခန်းထဲကို လှမ်းဝင်လိုက်၏ ။

''ဟင် .''

ရန်နောင်စိတ်ပျက်သွားပြန်သည်။

သူ့ရဲ့ တစ်ယောက် အိပ်ကုတင်လေးပေါ်မှာ ဖုန်မှုန့်တွေ ဖွေးနေသည်။ ကုတင်ပေါ်ခင်းသော သင်ဖြူးဖျာလေးကိုလည်း လိပ်၍ ခေါင်းရင်း မှာ ချထားတာတွေ့ ရသည်။ အင်းလေ .သူသုံးလလုံးလုံးမအိပ်တော့လည်း အဖေက အိပ်ရာကိုသိမ်းထားတာ ဖြစ်မှာ ပေါ့။ရန်နောင်သည် အရာရာကိုသပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်မနေနိုင်တော့ပါ။ သူ့ခြေထောက်က တော် တော် နာနေပြီ။ သူကလိပ်ထားသော သင်ဖြူးဖျာကိုဖြည်ကာ ဖျာနှင့်ပင် ကုတင်ပေါ်မှဖုန်များ ကိုရိုက်ချလိုက်သည်။

ပြီးတော့ .ဘီရိုကိုဖွင့်ကြည့်လိုက်သည်။ ဘီရိုထဲမှာ သူ့အဝတ်အစားအချို့နှင့် အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်များ ကို တွေ့ ရသည်။

သူက အိပ်ရာခင်းနှင့် စောင်၊ ခေါင်းအုံးများ ကို ကုတင်ပေါ် ပစ်တင်လိုက်သည်။ ခြင်ထောင်ကိုတော့ ထောင်မနေနိုင်တော့ပါ။သူလည်း အတော် ပင်ပန်းနေပြီ။ အိပ်ချင်နေပြီ။

ရန်နောင်သည် အိပ်ရာခင်းကိုပင်မခင်းတော့ပဲ သင်ဖြူးပေါ်မှာ ပင်လှဲချလိုက်သည်။ ခေါင်းအုံးနှင့်ခေါင်းတွေ့ သည်နှင့် သူ့မျက်လုံးများ က ငိုက်ကျလာကာ တခဏအတွင်းမှာ ပင် နှစ် နှစ် ချိုက်ချိုက်အိပ်ပျော်သွားလေ၏ ။

သူ့နောက်လိုက်လာကာ ထိုးဟောင်နေသော ခွေးများ က ယခုထိ အိမ်ရှေ့မှာ ဟောင်နေကြဆဲ .အူနေကြဆဲ .

xxxxx

( ၃ )

နောက်တစ်နေ့မနက်။

ရန်နောင်တို့အိမ်ခြေရင်းဖက်ရှိအိမ်မှအိမ်ရှင်မသည် ဈေးသွားရန်ပြင်ဆင်နေသည်။သူမခင်ပွန်းထွက်လာကာ နော်ရင်မွှေးကိုပြောလိုက်သည်။

''ရင်မွှေး .နင်ဈေးသွားမလို့လား''

''အင်း .ရှင်ကလည်း အိပ်ရာထနောက်ကျလိုက်တာ၊ သမီးလေးနိုးလာရင် မျက်နှာသစ်ပေးပြီး ကော်ဖီဖျော်တိုက်ထားနှင့်နော်၊ကျွန်မ ဈေးကကောက်ညှင်းပေါင်းဝယ်လာမယ်လို့ပြောလိုက်''

နော်ရင်မွှေးက ဈေးခြင်းတောင်းကိုလက်တွင် ချိတ်ကာ အိမ်မှ ထွက်ဟန်ပြင်ရင်း ပြောလိုက်သည်။

''ငါအိပ်ရာထနောက်ကျတာ ညက အိပ်ရေး ပျက်လို့ဟ၊ ညက ခွေးတွေ တအားဟောင်တာ နင်မကြားဘူးမဟုတ်လား၊နင်တို့သားအမိကတော့ အိပ်လိုက်တာသိုးလို့၊ ငါ့မှာ ခွေးဟောင်သံတွေ ကြောင့်ထကြည့်ရသေးတယ်''

''ဟင် .ညက မိုးအေးအေးနဲ့ဆိုတော့ အိပ်ပျော်သွားတာပဲ၊ ခွေးဟောင်သံမကြားမိဘူးကိုမျိုးနိုင်''

''ငါတံခါးဖွင့်ကြည့်တော့ ခွေးတွေ က လူ တစ်ယောက် နောက်ကိုလိုက်ဟောင်နေတာ၊ အဲဒီ လူက ငါတို့ခေါင်းရင်းက ခြံထဲကိုဝင်သွားတယ်ရင်မွှေး''

''ဟင် .မ ဖြစ်နိုင်တာကိုမျိုးနိုင်၊ ဟိုဖက်ခြံမှာ လူမနေတာကြာပြီပဲဟာကို၊ ရောင်းဖို့ကြေငြာထားတာလည်း ဝယ်မယ့်သူမပေါ်သေးဘူးလေ''

''အဲဒါတော့ ငါမသိဘူး၊ လူ တစ်ယောက် အဲဒီ ခြံထဲဝင်သွားတာတော့သေချာတယ်''

''ဒုက္ခပဲ၊ လူမနေတဲ့အိမ်မှာ လူဆိုးသူခိုးတွေ ခိုအောင်းနေပါဦးမယ်တော် ၊ ရှင် သေချာစောင့်ကြည့်ဦး၊ ရပ်ကွက်ရုံးကို အကြောင်းကြားသင့်ကြားထားမှ''

''အေးပါ .ဒါနဲ့ .နင် ဒီမနက်ဆေးရုံမသွားရဘူးလား''

''ဒီနေ့ ကျွန်မဂျူတီ ညနေပိုင်းမှ၊ လေးနာရီမှ ဂျူတီဝင်ရမှာ ''

နော်ရင်မွှေးမှာ ဆေးရုံကြီးမှ ထမီအပြာဝတ် အထက်တန်းသူနာပြုဆရာမ တစ်ယောက် ဖြစ်ပါသည်။နော်ရင်မွှေးသည် သမီးနိုးလာရင် ကော်ဖီဖျော်တိုက်ထားဖို့ ခင်ပွန်း ဖြစ်သူကိုမျိုးနိုင်ကိုထပ်မှာ ပြီး ဈေးသို့ထွက်လာခဲ့သည်။ဈေးအလာလမ်းတွင် ခေါင်းရင်းဖက်မှ ခြံရှေ့ကိုဖြတ်သွားရသည်။ ကိုမျိုးနိုင်ပြောလိုက်တာကို သတိရပြီး ထိုခြံထဲသို့ လှည့်ကြည့်လိုက်မိသေးသည်။ ဘာမျှ ထူးထူးခြားခြားမတွေ့ ရပါ။ ကိုမျိုးနိုင်က သူမနှင့် အိမ်ထောင်ကျပြီးမှ ဒီအပိုင်းကိုရောက်လာခြင်း ဖြစ်သဖြင့် ဒီအိမ်ရဲ့ နောက်ကြောင်းရာဇဝင်ကိုမသိပါ။ နော်ရင်မွှေးကတော့ သူမငယ်စဉ်က ကြုံတွေ့ ခဲ့ဖူးသည့်ထိုအိမ်မှ ရင်နင့်ဖွယ် ဖြစ်ရပ်ကို မေ့လို့မရသေးပါ။ သူမအသက် ၁ဝနှစ် လောက်ကအ ဖြစ်ဆိုတော့ နှစ် ပေါင်း၂ဝလောက်ပင်ရှိပေပြီ။

နော်ရင်မွှေးက ခေါင်းရင်းအိမ်ကသားအဖအ ဖြစ်ကိုပြန်သတိရရင်း သက်ပြင်းချလိုက်မိလေသည်။ဆက်လျှောက်လာခဲ့ရာ ရှေ့အိမ်ထဲမှထွက်လာသော ဘဏ်မန်နေဂျာကတော် ဒေါ်မြသီတာနှင့်ဆုံလိုက်ရလေသည်။

''ဟော .ဒေါ်မြသီတာ၊ ဈေးသွားမလို့လား''

''ဟုတ်ကဲ့ဆရာမ ၊ ဆရာမ လည်း ဈေးပဲလား''

''ဟုတ်တယ်၊ ဒီနေ့ ညနေမှဂျူတီဝင်ရမှာ မို့ ဈေးသွားနိုင်တာလေ၊ နို့မို့ ကျွန်မမှာ ညနေဆေးရုံကပြန်မှ ညဈေးကို စက်ဘီးနဲ့အမြန်ပြေးရတယ်ဒေါ်မြသီတာရေ''

''ဝန်ထမ်းဆိုတော့လည်း ဒီလိုပါပဲဆရာမ ရယ်''

ဒေါ်မြသီတာယောကျာ်း ဘဏ်မန်နေဂျာဦးတင်မောင်ကြည် ဒီမြို့ကိုပြောင်းလာတာ မကြာသေး။ တစ်ပတ်ဆယ်ရက်လောက်ပဲရှိသေးသည်။ ဘဏ်မန်နေဂျာတွေ အစဉ်အဆက်ငှားနေခဲ့သည့် ဒီလမ်းထဲက နှစ် ထပ်တိုက်ကြီးမှာ ပင် ငှားနေကြသည်။ မြို့ကိုရောက်ပြီးသုံးရက်ခန့်အကြာတွင် မန်နေဂျာကတော် ဒေါ်မြသီတာက အိမ်နီးချင်းများ ကိုဖိတ်ကြားကာ လက်ဖက်ရည်ဝိုင်းဖြင့်ဧည့်ခံရင်း မိတ်ဆက်ခဲ့သော ကြောင့် အချိန်တိုတိုအတွင်း တစ်လမ်းလုံးနှင့်ရင်းနှီးနေကြခြင်း ဖြစ်သည်။

နော်ရင်မွှေးနှင့်ဒေါ်မြသီတာတို့ စကားတပြောပြောနှင့် ဈေးဖက်သို့လျှောက်လာခဲ့ကြသည်။

''ဆရာမ ရယ် .ညက ခွေးတွေ ဟောင်လိုက်တာ''

''ဟင် .''

ဒေါ်မြသီတာစကားကြောင့် နော်ရင်မွှေးက ကိုမျိုးနိုင်ပြောခဲ့သော စကားကို သတိရသွားသည်။

''ခွေးတွေ ဟောင်တာ တော် တော် နဲ့မရပ်ဘူး၊ ကြာတော့ စိတ်တောင်ချောက်ခြားလာတယ်ဆရာမ ၊ ကျွန်မစိတ်ထင်တော့ ကျွန်မတို့ ခြေရင်းကခြံထဲကို ဝိုင်းဟောင်နေတယ်ထင်တာပဲ၊ ထလည်းမကြည့်ရဲဘူး''

''ရပ်ကွက်ကင်းတဲကတော့ လမ်းတောင်ဖက်ထိပ်မှာ ရှိပါတယ်၊ စိတ်မပူပါနဲ့ဒေါ်မြသီတာ၊ ကျွန်မတို့ရပ်ကွက်က အေးပါတယ်၊သူခိုးသူဝှက်လည်း ပူစရာမလိုပါဘူး''

ဒေါ်မြသီတာစိတ်အေးစေရန်ပြောလိုက်သော်လည်း နော်ရင်မွှေးစိတ်ထဲမှာ ဟိုဖက်ခြံကြီးနှင့်ပတ်သက်၍ စိတ်ထဲ၌ ထင့်သွားမိသည်။ ကိုမျိုးနိုင်ကလည်း လူဝင်သွားတာမြင်တယ်လို့ပြောထားသည်။ ဒေါ်မြသီတာကလည်း ခွေးဟောင်သံကြားရတယ်ထပ်ပြောနေ၍ စိတ်ပူသွားရ၏ ။

သူနာပြုဆရာမ နော်ရင်မွှေးစိတ်ထဲတွင် လူမနေသော အိမ်ထဲတွင် မသမာသူများ ပုန်းခိုကာ မကောင်းမှုဒုစရိုက်လုပ်မည် ကို စိုးရိမ်မိခြင်း ဖြစ်သည်။ သာမန်မျှသာ စိုးရိမ်စိတ် ဖြစ်ပေါ်မိခြင်း ဖြစ်ပါသည်။

ထိုစဉ်ကတော့ .နော်ရင်မွှေးသည် ဟိုဖက်ခြံထဲတွင် လွန်ခဲ့သော နှစ် ၂ဝက ဖြစ်ရပ်များ ၏ ကြောက်မက်ဖွယ်နောက်ဆက်တွဲ ဂယက်များ မကြာမီ ဖြစ်ပေါ်လာတော့မှာ ကို မတွေးတတ်ခဲ့ပေ။

xxxxx

( ၄ )

သူသည် နေမြင့်မှပင်အိပ်ရာမှနိုးလာခဲ့၏ ။

နိုးလာလာချင်း သူ့ခြေထောက်ဆီမှ နာကြင်မှုကိုခံစားရသည်။

တစ်ဆက်တည်းပင် ညက သူကြုံတွေ့ ခဲ့ရသော အ ဖြစ်များ ကို ပြန်သတိရလိုက်သည်။သူက အိပ်ရာပေါ်မှလူးလဲထလိုက်လေသည်။

သူ့မျက်နှာပေါ်ကို နေရောင် ထိုးကျနေ၍ သူနိုးလာခြင်း ဖြစ်သည်။နေရောင် ဝင်လာသည့်နေရာကိုကြည့်လိုက်တော့ အိမ်နံရံသစ်သားချောင်းတစ်ခုပြုတ်ကျကာ ထိုအပေါက်မှဝင်လာတာကို တွေ့ လိုက်ရသည်။

ရန်နောင်က လက်မှနာရီကိုကြည့်လိုက်သည်။ ၈နာရီ။

ညက အဖေလုံးဝပြန်မလာပါလား။

ရန်နောင်က သူပြန်လာမယ်ကြိုပြောထားရက်နဲ့ အိမ်ပြန်မအိပ်တဲ့အဖေ့ကို နားမလည်နိုင်အောင် ဖြစ်နေမိသည်။လောလောဆယ် သူဆာလောင်နေသည်။ ပြီးတော့ သူ့တစ်ကိုယ်လုံးလည်း နံစော်နေပါသည်။ ညက ကားတိုက်မှု ဖြစ်အပြီးရွှံ့ဗွက်ထဲမှ ထလာသည့်အတိုင်း အဝတ်မလဲပဲ အိပ်ပစ်လိုက်ခြင်း ဖြစ်သည်။ သူ့ကိုယ်မှာ ရွှံ့နံ့၊ ချွေးနံ့များ ဖြင့် နံစော်နေ၏ ။ရန်နောင်က ဘီရိုကိုဖွင့်လိုက်သည်။ သူချန်ထားခဲ့သော အဝတ်အစားအနည်းငယ်ကိုတွေ့ ရသည်။ ဘီရိုထဲက ပရုတ်လုံးနံ့များ သင်းကနဲ ပျံ့ထွက်လာ၏ ။

ရန်နောင်ကအင်္ကျီကိုချွတ်ပစ်လိုက်သည်။ ဝတ်ထားသော ဂျင်းဘောင်းဘီကိုလည်း ချွတ်ပစ်လိုက်ကာ ပုဆိုးအဟောင်းတစ်ထည်နှင့် လဲဝတ်လိုက်သည်။

ဘောင်းဘီကိုဆွဲအချွတ် ခြေထောက်ဆီမှနာသွားပြန်သဖြင့် ငုံကြည့်လိုက်ရာ .ခြေသလုံးမှာ ယောင်ကိုင်းနေသည်ကိုတွေ့ ရသည်။

သူက ရေချိုးရန် အိပ်ခန်းထဲမှထွက်လာခဲ့သည်။အိမ်တစ်ခုလုံး ဖုန်များ ထုတက်နေတာကိုတွေ့ ရ၏ ။ သန့်ရှင်းရေး လုပ်ဦးမှပါ။ လောလောဆယ် လန်းသွားအောင် ရေချိုးမှ ဖြစ်မည် ။

ရန်နောင်သည် နောက်ဖေးတံခါးကိုဖွင့်ကာ အပြင်ထွက်လိုက်သည်။ တံစက်မြိတ်အောက်မှာ ချထားသော စည်ပိုင်းထဲတွင် ရေတွေ အပြည့်တွေ့ လိုက်ရသည်။ ညကမိုးရွာထားသော ကြောင့် ပြည့်နေသော မိုးရေများ ဖြစ်၏ ။သူက ရေခွက်ကိုရှာရာ ရှာမတွေ့ ။

ရေစည်ပိုင်းဘေးတွင် ပလတ်စတစ်ခြင်းကလေးဖြင့်ထည့်ထားနေကျ သွားတိုက်ဆေးနှင့်သွားပွတ်တံများ ကိုလည်း မတွေ့ ရပါ။အိမ်ပေါ်ပြန်တက်ပြီး မီးဖိုခန်းထဲဝင်ရှာမှ ကြောင်အိမ်ပေါ်မှာ မှော က်တင်ထားသော ဒန်ရေခွက်ကို တွေ့ လိုက်ရသည်။ ကြောင်အိမ်တစ်ခုလုံးနှင့်ရေခွက်မှာ လည်း ဖုန်များ တင်နေပါသည်။

ရန်နောင်က သွားတိုက်ရန်အတွက် ဆားကိုရှာရပြန်သည်။

မီးဖိုခန်းထဲမှာ မီးဖိုခန်းပစ္စည်းအသုံးအဆောင်တစ်ခုမျှမတွေ့ ပဲ ရှင်းလင်းနေပါသည်။ရန်နောင်က ကြောင်အိမ်ကိုဖွင့်ကြည့်လိုက်၏ ။ ဒန်အိုးများ အားလုံးကို ကြောင်အိမ်ထဲတွင် မှော က်၍ စီထားသည်ကိုတွေ့ လိုက်ရသည်။ ဆားထည့်သည့်ခွက်ကိုလည်း ဆေးကြောပြီး မှော က်ထားတာတွေ့ ရပါသည်။ ဆီပုလင်းခွံ၊ ငံပြာရည်ပုလင်းခွံများ လည်း တွေ့ ရသည်။

အဖေ အိမ်မှာ ထမင်းဟင်းချက်ပြုတ်မစားပဲ အပြင်မှာ ပဲစားနေပုံရပါသည်။ အိုးခွက်တွေ ဆေးကြောထားဖော်ရတာ တော် သေးတယ်လို့ပင် ပြောရဦးမည် ။

လောလောဆယ်တော့ သူ့မှာ သွားတိုက်စရာ ဆားလေးတစ်ပွင့်ပင်ရှိမနေချေ။မတတ်နိုင်တော့ပါ။ သွားကိုလက်ညှိုးဖြင့်ပင်ပွတ်တိုက်ပြီး၊ ရေကိုလည်း တစ်ခွက်ပြီးတစ်ခွက်အားရပါးရလောင်းချိုးလိုက်သည်။ဆပ်ပြာမရှိ၍ လက်နဲ့ပဲ တစ်ကိုယ်လုံးအနှံ့ပွတ်တိုက်ပစ်လိုက်၏ ။

ဘာပဲ ဖြစ် ဖြစ် .မျက်နှာသစ် ရေချိုးလိုက်သည့်အတွက် အတော် ပင်လန်းဆန်း သွားပါသည်။ရေချိုးအပြီးတွင် ခြေရင်းဖက်ခြံထဲသို့လှမ်းကြည့်လိုက်ရာ ခြံစည်းရိုးနားတွင် ဆော့ကစားနေသော နော်ရင်မွှေးလေးကိုတွေ့ လိုက်ရ၏ ။ နော်ရင်မွှေးကိုမြင်မှပင် နော်ရင်မွှေးအတွက် ရန်ကုန်က လက်ဆောင်အရုပ်ကလေးဝယ်လာတာကို သတိရမိသည်။ နော်ရင်မွှေးအတွက် အရုပ်ကလေးလည်း ပျောက်သွားတဲ့သားရေအိတ်နဲ့အတူ ပါသွားပြီ။

ရန်နောင်က နော်ရင်မွှေးကိုနှုတ်ဆက်ရန်ပြင်လိုက်ရာ နော်ရင်မွှေးက အိမ်ရှေ့ဖက်သို့ပြေးထွက်သွားသည့်အတွက် နှုတ်မဆက်လိုက်ရတော့ချေ။

နော်ရင်မွှေးက အိမ်ရှေ့တံခါးဝမှာ သွားရပ်ကာ လမ်းတောင်ဖက်သို့မျှော်ကြည့်နေသည်။ သူ့အမေဒေါ်နော်ပပဈေးအပြန်ကိုမျှော်နေပုံရပါသည်။

ခဏနေတော့ .အိမ်ထဲကလူ တစ်ယောက် ထွက်လာကာ နော်ရင်မွှေးကို အိမ်ထဲပြန်ခေါ်သွားသည်။ ထိုလူမှာ နော်ရင်မွှေးအဖေစစ်ပြန်ကြီးဦးစောဝေမိုးမဟုတ်ပေ။ ထိုလူကို သူသိပါသည်။ ထိုလူသည် ညက သူလမ်းထဲဝင်လာတော့ အပေါ်ထပ်ပြတင်းပေါက်ကိုဖွင့်ကာ သူ့ကိုလှမ်းကြည့်နေသည့်လူ ဖြစ်သည်။ နော်ရင်မွှေးတို့အိမ်ရောက်နေတဲ့ ဧည့်သည်ထင်ပါရဲ့ ။

ရန်နောင်က အိမ်ပေါ်ကိုပြန်တက်ခဲ့လေသည်။

+ + + + +

မျက်နှာသုတ်ပဝါကိုလည်း ရှာမတွေ့ ပြန်။

မတတ်နိုင်တော့။ ရေလဲပုဆိုးရေစိုကိုချွတ်ကာ တစ်ကိုယ်လုံး သုတ်ပစ်လိုက်ရသည်။ဘီရိုကိုနောက်တစ်ခါဖွင့်လိုက်တော့ ပရုတ်လုံးနံ့များ က ပျံ့လွင့်လာပြန်သည်။ ဘီရိုထဲတွင် သူ့အဝတ်အစားများ ရှိသော်လည်းသိပ်အကောင်းကြီးများ မဟုတ်ကြ။ အဝတ်အစားအကောင်းတွေ က ကားတိုက်စဉ်ကပြုတ်ကျသွားသော သားရေအိတ်ထဲမှာ ပါသွားပြီ။ကံကောင်းရင်တော့ သူ့သားရေအိတ်ကိုပြန်ရကောင်းပါရဲ့ ။

ရန်နောင်သည် ရှိတဲ့အဝတ်အစားထဲကပင် အသန့်ပြန့်ဆုံး အင်္ကျီနှင့်ပုဆိုးကိုရွေးဝတ်လိုက်သည်။ဘာပဲ ဖြစ် ဖြစ် လူကတော့ လန်းလန်းဆန်းဆန်း ဖြစ်သွားသည်။

သူ ဆာလောင်မွတ်သိပ်လာလေသည်။

ညက ကြားစခန်းမှာ ညစာစားခဲ့ပြီး ဘာမျှမစားရသေး။ အိမ်မှာ လည်း စားစရာတစ်ခုမျှမရှိပေ။ အပြင်ထွက်ရအောင်ကလည်းခြေထောက်က သိပ်နာနေသည်။ အဖေပြန်လာအောင်စောင့်ရပေတော့မည် ။ အဖေ ပြန်မှပြန်လာပါ့မလား။ သူအိပ်တဲ့နေရာကနေ ရုံးကိုများ တန်းသွားနေမလား။ ဒီနေ့ ကြာသပတေးနေ့ဆိုတော့ ရုံးကိုတန်းသွားရင်လည်း သွားလိမ့်မည် ။ သူပြန်လာမယ်လို့ရေး လိုက်တဲ့စာမရောက်ဘူးထင်ပါသည်။

ရန်နောင်က စည်သူမောင့်ကိုလှမ်းခေါ်ပြီး အကူအညီတောင်းဖို့တွေးလိုက်သည်။စည်သူမောင်တို့အိမ်ရှိသည့် ခေါင်းရင်းဖက်ခြမ်းကိုလျှောက်သွားကာ ခေါင်းရင်းပြတင်းပေါက်ကိုဖွင့်လိုက်လေ၏ ။ပြတင်းပေါက်မှ စည်သူမောင်တို့အိမ်ဆီသို့မျှော်ကြည့်လိုက်လေသည်။

xxxxx

( ၅ )

ခေါင်းရင်းတံခါးကို သူဖွင့်လိုက်သည်နှင့် တစ်ဖက်ခြံမှစည်သူမောင်တို့တိုက်အိမ်ကြီးမြင်ကွင်းကို ထင်းကနဲမြင်လိုက်ရလေသည်။တစ်ခုခုတော့ ထူးခြားနေသည်။ စည်သူမောင်တို့အိမ်ကိုကြည့်ရတာ တစ်မျိုး ဖြစ်နေသည်။ အိမ်ကိုဆေးအသစ်သုတ်ထားပုံရသည်။ အိမ်သစ်လွင်နေတာထက် အိမ်အပြင်အဆင်က မြင်နေကျပုံစံမဟုတ်ဘူးလို့ထင်သည်။ ဘယ်နေရာမှာ ဘာ ဖြစ်နေတယ်ဆိုတာတော့ မပြောတတ်။

ရန်နောင်က ကြည့်နေရင်းမှ အဖြေတစ်ခုကိုတွေ့ လိုက်သည်။ ဒါန်းကလေး။ သံတိုင်သံပန်းများ ဖြင့်ပြုလုပ်ထားသော နှစ် ယောက် ထိုင်ဒါန်းကလေးက အိမ်၏ ခြေရင်းဖက်ကွက်လပ်မှာ ရောက်နေသည်။ ယခင်က ထိုဒါန်းကလေးကို အိမ်ရှေ့ပန်းခြံထဲတွင် ထားခဲ့သည်။ ယခု ဒါန်းရွှေ့ထားသည့်နေရာမြေကွက်လပ်တွင် ယခင်က တင်းနစ်ကစားကွင်းလေးတစ်ခုရှိသည်။ သူတို့ကစားနေကျကွင်းကလေး ဖြစ်သည်။

တင်းနစ်ကွင်းလေးကိုမမြင်ရတော့ပါ။ တင်းနစ်ကွင်းထဲတွင် ပိုက်ကို နေပူမိုးရွာမရှောင် ဘယ်တော့မှမသိမ်းပဲထားထားတတ်သည်။ ပိုက်ရော ပိုက်တန်းသည့်သစ်သားတိုင်နှစ် တိုင်ကိုပါ မမြင်ရတော့ချေ။တင်းနစ်ကွင်းနေရာတွင် ပန်းအိုးများ ချထားသည်ကိုတွေ့ ရ၏ ။

အိမ်ပတ်ဝန်းကျင်အပြင်အဆင် ပြောင်းသွား သည့်အတွက် ကြည့်ရတာ တစ်မျိုး ဖြစ်နေခြင်း ဖြစ်သည်။သူကြည့်နေစဉ်မှာ ပင် အောက်ထပ်မှ စည်သူမောင့်အိပ်ခန်း ပြတင်းတံခါးပွင့်လာတာကိုတွေ့ လိုက်ရ၏ ။

စည်သူမောင်ကိုတွေ့ ရမည် ဟုမျှော်လင့်နေသော ရန်နောင်သည် ပြတင်းတံခါးဝတွင် ရပ်နေသော မိန်းကလေး တစ်ယောက် ကိုမြင်လိုက်ရသည့်အခါ အံ့သြသွားလေ၏ ။

ဘယ်ကမိန်းကလေးပါလိမ့်။ စည်သူမောင်တို့အိမ်မှာ မိန်းကလေး မရှိပါ။ စည်သူမောင်တို့မှာ ညီအစ်ကိုသုံးယောက် ရှိရာ အစ်ကိုအကြီးဆုံးက ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေ၍ ဒီမြို့မှာ မရှိ။ စည်သူမောင်က အလတ် ဖြစ်သည်။ အငယ်ဆုံးညီလေးဇေယျာမောင်က စည်သူမောင်နှင့်အသက်ကွာသည်။ ခုမှ အသက်၁၁နှစ် ၊ ငါးတန်းကျောင်းသား ဖြစ်သည်။ စည်သူမောင်တို့အိမ်မှာ သူ့အဖေ ဘဏ်မန်နေဂျာဦးချစ်မြိုင်ရယ်၊ အမေဒေါ်ရီရီခင်ရယ်၊ စည်သူမောင်နှင့်ဇေယျာမောင် ညီအစ်ကိုရယ် လေးယောက် ပဲနေကြသည်။ဒီကောင်မလေးက ဘယ်ကပါလိမ့်။

တန်တော့ စည်သူမောင်တို့အိမ်ကိုအလည်လာနေတဲ့ ညီမဝမ်းကွဲ ဖြစ်ချင် ဖြစ်မည် ။ စည်သူမောင်က သူ့မှာ ညီမရှိတာကိုပြောမထား။ တွေ့ မှ ယောက် ဖကြီးလို့ခေါ်ပြီးနောက်ရဦးမည် ။

ရန်နောင်က ဟိုဖက်အိမ်ကိုလှမ်းမျှော်ကြည့်နေစဉ်တွင် စည်သူမောင့်အခန်းပြတင်းပေါက်ကိုဖွင့်လိုက်သည့်မိန်းကလေးကလည်းသူ့ကို လှမ်းကြည့်နေတာကိုတွေ့ ရသည်။

ခဏနေတော့ .ကောင်မလေးက နောက်ကိုလှည့်ကာ ပြတင်းပေါက်မှခွာသွားလေသည်။ရန်နောင်လည်း ပြတင်းပေါက်ကိုပြန်ပိတ်လိုက်၏ ။

xxxxx

( ၆ )

ဒီမနက် .ယွန်း အိပ်ရာကနိုးတော့ ၈နာရီခွဲနေပြီ။ ညက ကိုရီးယားဇာတ်လမ်းတွဲ ဒီဗွီဒီကို အပိုင်းလေးပိုင်းပြီးအောင်ကြည့်လိုက်သည့်အတွက် အိပ်ရေး ပျက်ပြီး အိပ်ရာထနောက်ကျခြင်း ဖြစ်သည်။

ယွန်းနိုးတဲ့အချိန်မှာ မေမေက ဈေးကိုပင်သွားနေပြီ။

ယွန်းက အိပ်ရာမှထကာ အခန်းပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ယွန်းအိပ်သည့်အခန်းမှာ အိမ်ခြေရင်းဖက် မြောက်ဖက်ကိုမျက်နှာပြုနေသော အခန်း ဖြစ်ပါသည်။

ပြတင်းတံခါးကိုဖွင့်လိုက်သည်နှင့် ယွန်းသည် ခြေရင်းဖက်ခြံထဲမှ ခြေတံရှည်အိမ်လေးကိုမြင်လိုက်ရလေသည်။ မနက်တိုင်းမြင်နေကျရှုခင်းထဲတွင် ယနေ့မနက်တော့ တစ်မူထူးနေသည့်အတွက် ယွန်းက အံ့သြသွားမိသေးသည်။

ယွန်းတို့ ဒီမြို့ကိုရောက်တာ တစ်ပတ်ပဲရှိပါသေးသည်။ ဖေဖေ့တာဝန်အရ စစ်ကိုင်းမြို့ကနေ ပြောင်းလာရခြင်း ဖြစ်သည်။မေမေဒေါ်မြသီတာက အိမ်နီးချင်းများ ကိုဖိတ်ခေါ်ပြီးမိတ်ဆက်ထားပြီး၍ လမ်းထဲကအိမ်တွေ နဲ့တော့ ခင်မင်ရင်းနှီးနေပါပြီ။ယွန်းတို့ငှားနေတဲ့တိုက်ကြီးရဲ့ ခြေရင်းဖက်ကခြံမှာ တော့ လူမနေချေ။ ပတ်ဝန်းကျင်ကလည်း ထိုအိမ်မှာ လူမနေတာကြာပြီ၊ရောင်းဖို့ ကြေငြာထားတယ်လို့ပြောကြသည်။

မနက်တိုင်း ယွန်းအိပ်ရာမှထကာ ပြတင်းတံခါးဖွင့်လိုက်တိုင်းလည်း ထိုအိမ်လေးကို တိတ်ဆိတ်ခြောက်ကပ်စွာ တွေ့ ရမြဲ ဖြစ်သည်။

ယွန်းအံ့သြသွားတာက ဒီနေ့မနက်တွင် ခြေရင်းခြံထဲကအိမ်ကလေး၏ ပြတင်းတံခါးပွင့်နေကာ လူ တစ်ယောက် က ပြတင်းပေါက်တွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသော ကြောင့် ဖြစ်သည်။ ထိုသူသည် ယွန်းနှင့်အရွယ်ချင်းမတိမ်းမယိမ်းလူငယ် တစ်ယောက် ဖြစ်လေသည်။

ထိုလူကလည်း ယွန်းကိုငေးကြည့်နေသည်ဟု ယွန်းထင်လိုက်သည်။

ဟိုဖက်ခြံ ရောင်းစွံသွားလို့များ လား။ နောက်ပြောင်းလာတဲ့လူသစ်ထင်ပါရဲ့ ။ယွန်းက တွေးနေရင်းမှ တစ်ဖက်အိမ်ကလူမှာ မိမိကိုသေချာစိုက်ကြည့်နေတာသတိပြုမိပြီး ခပ်ရှိန်းရှိန်း ဖြစ်သွားကာ ပြတင်းပေါက်မှ ခွာခဲ့လေသည်။

+ + + + +

ယွန်းသည် မျက်နှာသစ်သွားတိုက်ပြီးသည်နှင့် အိမ်ခြေရင်းက ဒါန်းကလေးပေါ်တွင် ထိုင်ရန် ထွက်လာခဲ့သည်။ မနက်ခင်းအတွက်စားစရာကိုတော့ မေမေဈေးကဝယ်လာလိမ့်မည် ။ ယွန်းက ညကတည်းက မုန့်ဟင်းခါးဝယ်ခဲ့ဖို့ မေမေဒေါ်မြသီတာကို မှာ ထားခဲ့ပါသည်။

ယွန်းသည် ဧည့်ခန်းစားပွဲပေါ်မှဂျာနယ်တစ်စောင်ကိုတွေ့ ၍ ကောက်ယူလာခဲ့လေသည်။

ဒါန်းကလေးပေါ်တွင် ယွန်းထိုင်ချလိုက်သည်။

ယွန်းမျက်လုံးများ က တစ်ဖက်ခြံမှ လှုပ်ရှားနေသော ပုံရိပ်တစ်ခုကိုမြင်လိုက်သော ကြောင့် လှမ်းကြည့်လိုက်လေသည်။ဟင် .ခုနက ဟိုဖက်အိမ်ပြတင်းပေါက်ကနေ ယွန်းကို ရပ်ကြည့်နေတဲ့လူပါလား။ ထိုသူက ယွန်းတို့ခြံစည်းရိုးရှိရာဖက်သို့လျှောက်လာနေပေသည်။ အို .သူ့ခြေထောက်ကလည်း ထော့နဲ့ထော့နဲ့ ဖြစ်နေပါလား။

ယွန်းသည် ပထမတော့ ထိုလူ မိမိထံလာနေတာလို့မထင်မိပေ။ သူ့ဟာသူလမ်းလျှောက်နေတာလို့ ထင်မိသေးသည်။ခြံစည်းရိုးအစပ်အထိ သူကလျှောက်လာကာ ယွန်းကိုလက်ယပ်ခေါ်လိုက်မှပင် ယွန်းလည်း အံ့သြသွားလေသည်။ယွန်းက လက်ထဲကဂျာနယ်ကို ဒါန်းပေါ်ပစ်တင်ခဲ့ကာ သူရပ်နေသည့်ခြံစည်းရိုးအစပ်ကို လျှောက်လာခဲ့သည်။

''ဘာလဲဟင်''

''နင်ကဘယ်သူလဲ''

ယွန်းနဲ့သူနဲ့ တစ်ယောက် ကို တစ်ယောက် မေးလိုက်သော စကားသံက ပြိုင်တူထွက်သွားလေသည်။ယွန်းက သူ့ဆီလည်းလာသေး၊ သူကပဲ ဘယ်သူလဲလို့ ပြန်မေးနေသည့်အတွက် စိတ်တိုသွားမိသည်။

''ဒီအိမ်ဝင်းထဲမှာ နေနေတာ ဒီအိမ်ကလူပေါ့ဟဲ့''

ယွန်းက ဂျစ်ကန်ကန်ပင်ပြန်ဖြေလိုက်လေသည်။

ယွန်းအဖြေကြောင့် သူ့မျက်နှာက ပြုံးသွားလေသည်။

ရန်နောင်အမြင်တွင် ယွန်းဝတ်စားဆင်ယင်ထားပုံက ဆန်းနေသည်။ ဝတ်ထားတာဘောင်းဘီရှည် ဖြစ်သော်လည်း ထိုဘောင်းဘီက ခြေမျက်စိအထိမရှည်။ ဒူးဆစ်ကျော်ရုံသာရှိသော သရီးကွာတားဆိုသည့် ဘောင်းဘီ ဖြစ်သည်။ အိပ်ရာထစ ဘာမျှမပြင်မဆင်ရသေးသော ယွန်းသည် ဆံပင်ကလည်း ကပိုကရို ဖြစ်နေသည်။ ဝတ်ထားသော တီရှပ်ကလည်း ထူထူပွပွ။ ရန်နောင်က မပြင်ဆင်ပဲထူးထူးခြားခြားလေးလှနေသော ကောင်မလေးကို ငေးကြည့်နေမိသည်။

''စိတ်မဆိုးပါနဲ့ဟာ၊ ငါက စည်သူမောင့်ကိုမမြင်လို့မေးမိတာပါ၊ နင်က စည်သူ့မောင်တို့ဆီလာလည်တဲ့ဧည့်သည်လား၊စည်သူမောင့် ညီမလား''

''ဘာတွေ ပြောနေတာလဲ''

ယွန်းက သူ့စကားမဆုံးမီ ဖြတ်မေးလိုက်သည်။

''စည်သူမောင်လေ .စည်သူမောင်က ငါ့သူငယ်ချင်း၊ သူ ဘယ်သွားနေလဲ''

''ဘယ်ကစည်သူမောင်ကိုမေးနေတာလဲ၊ ငါတို့က ဒီမြို့ကို ပြောင်းလာတာ မကြာသေးဘူး၊ ငါ့အဖေက ဘဏ်မန်နေဂျာလေ၊တို့ ဒီမြို့ရောက်တာ တစ်ပတ်ပဲရှိသေးတယ်၊ ဟုတ်တယ်၊ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ခုနစ်ရက်တိတိပြည့်တဲ့နေ့ပဲ၊ နင်မေးတဲ့စည်သူမောင်က ဘယ်သူလဲ''

''ဟင် .ဒါဖြင့် စည်သူမောင်တို့ ပြောင်းသွား ပြီပေါ့၊ မြန်လိုက်တာဟာ၊ အရင်မန်နေဂျာတွေ တုံးက ငါးနှစ် လောက်နေပြီးမှပြောင်းကြတာ၊ စည်သူမောင်တို့ရောက်တာ ကိုးတန်းဖြေခါနီး မှ ရောက်လာတာ၊ ၂နှစ် တောင်မပြည့်သေးဘူး၊ ပြောင်းသွား တာမြန်လိုက်တာ''

''နင်ပြောတဲ့စည်သူမောင်ဆိုတာ အရင်ဘဏ်မန်နေဂျာကြီးရဲ့ သားပေါ့ .ဟုတ်လား''

''ဟုတ်တယ်လေ၊ မန်နေဂျာကြီး ဦးချစ်မြိုင်ရဲ့ သား စည်သူမောင်''

''သြော် .ငါတို့က သူတို့မိသားစုနဲ့မဆုံလိုက်ဘူးဟ၊ ဖေဖေက ဒီမြို့ကိုအရင်ရောက်ပြီး အရင်မန်နေဂျာနဲ့အလုပ်လွှဲပြောင်းပြီးမှငါနဲ့ မေမေနဲ့လိုက်လာကြတာ''

''သြော် .ဟုတ်လား''

''နင်က စည်သူမောင်တို့ပြောင်းမှာ ကို မသိဘူးလား''

''ငါ ရန်ကုန်မှာ အလုပ်သွားလုပ်နေတာ သုံးလကြာတယ်၊ ညက မှပြန်ရောက်လာတာ''

''ဟင် .ဒါနဲ့ အိမ်နီးချင်းတွေ ကပြောတော့ နင်တို့အိမ်မှာ လူမနေတာ ကြာပြီတဲ့''

''ကြံကြံဖန်ဖန်ဟာ ငါရန်ကုန်သွားတာသုံးလထဲ၊ အိမ်မှာ ငါ့အဖေရှိတယ်လေ၊ နင် ငါ့အဖေကိုမမြင်မိဘူးလား''

''ဟင့်အင်း .ငါရောက်တဲ့နေ့ကတည်းက အဲဒီ ဖက်အိမ်မှာ လူ တစ်ယောက် မှကိုမတွေ့ ဘူး''

''ဖေဖေကလဲ အိမ်တောင်ပြန်မအိပ်ဘူးထင်တယ်၊ ခက်တာပဲ''

''နင့်နာမည် က ဘယ်သူလဲ''

''သြော် .ပြောဖို့မေ့နေလိုက်တာ၊ ဟုတ်သားပဲ၊ ငါ့နာမည် ရန်နောင်၊ နင့်နာမည် ကော .''

''ယွန်း .တဲ့''

''ယွန်း .ယွန်းတစ်လုံးတည်းလား''

''ဟုတ်တယ်''

ရန်နောင်က ယွန်းကိုငေးကြည့်နေမိသည်။ ယွန်းပြောဆို ဆက်ဆံပုံပွင့်လင်းတာကိုလည်း သဘောကျနေမိ၏ ။

''ငါက စည်သူမောင့်ဆီက အကူအညီတောင်းမလို့ဟ၊ အဖေကလည်း ငါပြန်လာမယ်စာရေး ထားရဲ့ သားနဲ့ အိမ်မှာ စောင့်မနေဘူး၊ ငါလည်း အပြန်လမ်းမှာ ကားမှော က်လို့ ခြေထောက်နာနေတယ်''

''ဘာ .ကားမှော က်တယ်''

''ဟုတ်တယ်၊ ကိုးလောင်းတောင်ကွေ့မှာ လေ၊ ကားနှစ် စီး ခေါင်းချင်းယှဉ်တိုက်တာ၊ သေတဲ့လူလည်းသေတယ်၊ ငါတော့သတိရရချင်း အိမ်ကိုရောက်တဲ့အထိလမ်းလျှောက်လာတာ၊ ညက ကားမှော က်တဲ့သတင်း မသိကြသေးဘူးလား''

''မကြားမိသေးဘူး၊ မကြားမိဆို ငါလည်းအပြင်မှမထွက်သေးတာ၊ သြော် .အဲဒါကြောင့် နင့်ခြေထောက်ကြီးထော့နဲ့ထော့နဲ့ ဖြစ်နေတာကိုး''

''ဟုတ်တယ်၊ ငါ ဆာလည်း အရမ်းဆာနေတယ်၊ စည်သူမောင့်ကို တစ်ခုခုဝယ်ခိုင်းမလို့စိတ်ကူးလာတာ''

''ဆာတာတော့ ရပါတယ်ဟယ်၊ ငါတို့အိမ်မှာ စားစရာတွေ အများ ကြီးရှိပါတယ်၊ နေဦးနော်၊ ငါသွားယူပေးမယ်''

ယွန်းက ပြောပြီး အိမ်ထဲသို့ ပြေးဝင်သွားလေသည်။

ရန်နောင့်အဖို့ စည်သူမောင့်ကိုတွေ့ လျှင် အဖေ့ကိုလိုက်ရှာခိုင်းဖို့တွေးထားသည့်စိတ်ကူးမှာ ပျက်သွားရပြီ။ စည်သူမောင်တို့ ပြောင်းသွား တာမြန်လှချေလား။

ယွန်းပြန်ရောက်လာသည်။ သူမလက်ထဲမှာ ကိတ်မုန့်တစ်လုံးနှင့်ပလတ်စတစ်အထုတ်များ ပါလာသည်။

''ရော့ .နင်စားဖို့ ကိတ်မုန့်တစ်လုံးလုံးယူသွားပေတော့၊ ဒါတွေ က ခေါက်ဆွဲခြောက်ထုတ်တွေ ''

ရန်နောင်က ယွန်းကမ်းပေးသော အထုတ်များ ကို ခြံစည်းရိုး သံဆူးကြိုးအားကျော်၍ ယူလိုက်သည်။ ကိတ်မုန့်တစ်လုံးနှင့်ခေါက်ဆွဲခြောက်ထုတ်သုံးထုတ် ဖြစ်သည်။

ခေါက်ဆွဲခြောက်ထုတ်ဆိုသည်များ ကိုကြည့်၍ ရန်နောင်က ဇဝေဇဝါ ဖြစ်နေသည်။

''ဒီခေါက်ဆွဲက ဘယ်လိုစားရတာ လဲ၊ ဒီတိုင်းစားရတာ လား''

''ဟယ် .နင်ကလဲ ရန်ကုန်ကပြန်လာပြီး အ,လိုက်တာ၊ အဲဒါ ရယ်ဒီမိတ်ခေါက်ဆွဲခြောက်ထုတ်ဟဲ့၊ ရေနွေးနဲ့ဖျောပြီးစားရုံပဲ''''သြော် .ဒီလိုလား''

''နင် ရန်ကုန်ကို ဘာသွားလုပ်တာလဲ''

''ရန်ကုန်က အဒေါ်က အလုပ်ရှိတယ်ဆိုလို့ ပိုက်ဆံရအောင် သွားလုပ်တာပါဟာ၊ ကျောင်းစရိတ်လေးရအောင်ပေါ့၊ ငါဒီနှစ် ဆယ်တန်း အောင်ထားတာလေ၊ အဖေက ငါ့ကိုတက္ကသိုလ်ဆက်တက်စေချင်တယ်၊ ငါကတော့ အလုပ်ပဲဝင်လုပ်ချင်တာ၊ အဖေကသား တစ်ယောက် တည်းရှိတာ သူကြိုးစားပြီးထားပါမယ်တဲ့၊ ငါလည်း ကျောင်းစရိတ်ရအောင် ကျောင်းမဖွင့်ခင် ရန်ကုန်မှာ အလုပ်လုပ်ရင်းငွေရှာလာတာဟ''

''အမယ် .တယ်ဟုတ်ပါလား၊ နင်က သားလိမ္မာလေးပေါ့''

''နင်ကော ကျောင်းတက်တုံးလား၊ ဘယ်နှတန်းလဲ''

''ငါလည်းဆယ်တန်းအောင်ထားတာပဲ၊ ဒီနှစ် အောင်တာ''

''ငါနဲ့အတူတူပေါ့၊ ကျောင်းဆက်တက်မှာ မဟုတ်လား၊ နင်နဲ့ ငါနဲ့ တက္ကသိုလ်တစ်ခုခုမှာ အတူတူတက် ဖြစ်ရင်တက် ဖြစ်မှာ ပေါ့''

''ငါက စစ်ကိုင်းကနေအောင်ထားတာဟဲ့၊ ဘယ်လိုလာဦးမယ် မသိပါဘူးဟယ်၊ အမှတ်စာရင်းတွေ လည်း သိမှမသိရသေးတာ''

''အေးနော် .စည်သူမောင်လည်း ငါနဲ့တစ်နှစ် တည်းအောင်ထားတာ၊ ဒီကောင် ငါမရှိတုံး ပြောင်းသွား ရတယ်ဟာ၊ စည်သူမောင်တို့ ဘယ် ပြောင်းသွား တာလဲ၊ နင်သိလားယွန်း''

''ဘယ်သိမလဲ၊ လူကြီးတွေ ကိစ္စ ငါစိတ်မဝင်စားဘူး၊ သူတို့နဲ့လည်း မဆုံလိုက်ရတော့ မသိဘူးလေ၊ နင်သိချင်ရင် ငါဖေဖေ့ကိုမေးပေးထားပါ့မယ်''

''အေးပါဟာ .မေးထားစမ်းပါဦး၊ ဒါဆို ငါပြန်မယ်နော်၊ မုန့်တွေ ပေးတာကျေးဇူးပါပဲဟာ''

''ရပါတယ်ဟယ်''

''ငါတော့ ခြေထောက်နာကြီးနဲ့ ဘယ်မှထွက်နိုင်မှာ မဟုတ်သေးဘူး၊ နင်ပေးတာတွေ စားရင်း အဖေပြန်လာအောင်စောင့်နေရမှာ ပဲ၊ သွားပြီနော်''

ယွန်းက ထော့နင်းထော့နင်းဖြင့် သူ့အိမ်ဆီပြန်လျှောက်သွားသော ရန်နောင့်ကို ခြံစည်းရိုးအစပ်မှာ ရပ်ရင်းငေးကြည့်နေမိသည်။

''ဟဲ့ .သမီး၊ ယွန်း၊ နင် အဲဒီ အနားမှာ ဘာရပ်လုပ်နေတာလဲ''

မေမေ့အသံကြားလိုက်မှ ယွန်းလှည့်ကြည့်လိုက်မိသည်။

ဒေါ်မြသီတာက ဈေးမှပြန်အလာ ခြံစည်းရိုးအစပ်တွင် ရပ်နေသော ယွန်းကိုမြင်၍ မေးလိုက်ခြင်း ဖြစ်သည်။

ယွန်းက ဒေါ်မြသီတာဆီပြေးသွားကာ ဈေးခြင်းတောင်းကို ယူလိုက်သည်။

''ဟိုဖက်အိမ်ကကောင်လေးပါမေမေ၊ ရန်နောင်တဲ့၊ သူခြေထောက်နာနေလို့ အပြင်မထွက်နိုင်လို့တဲ့၊ သမီး ကိတ်မုန့်တစ်လုံးနဲ့ခေါက်ဆွဲခြောက်ထုတ်တွေ ပေးလိုက်တယ်''

''ဟဲ့ .ယွန်း၊ ဟိုဖက်အိမ်မှာ လူမှမနေပဲ''

''နေလို့ပဲ သမီးနဲ့တွေ့ လိုက်ပြီပဲမေမေရယ်''

''အဲဒီ ကောင်လေးက ဘယ်မှာ လဲ၊ မေမေမမြင်ပါလား၊ မေမေတော့ .သမီး တစ်ယောက် တည်း ခြံစည်းရိုးနားမှာ မတ်တပ်ရပ်တာမြင်တယ်''

''ဟိုမှာ လေ''

ယွန်းက ရန်နောင့်ကိုလက်ညှိုးထိုးပြလိုက်သည်။

''ဘယ်မှာ လဲ၊ ငါမမြင်ပါဘူး''

''ဟိုမှာ လေမေမေရဲ့ ၊ သူ့အိမ်ကို နောက်ဖေးပေါက်ကနေ တက်သွားတယ်''

ဒေါ်မြသီတာက နောက်တစ်ခါပြန်ကြည့်လိုက်သည်။ ရန်နောင်ဆိုသူကို ဒေါ်မြသီတာမမြင်ပါ။

''မေမေတော့ မတွေ့ ပါဘူးယွန်းရယ်၊ ယွန်း .ညတုံးက လည်း အဲဒီ ဖက်အိမ်က ခွေးဟောင်သံတွေ တစ်ညလုံးကြားနေရတယ်၊လမ်းထဲကလူတွေ ကလည်း အဲဒီ အိမ်မှာ လူမနေတာကြာလှပြီလို့ပြောထားတယ်လေ၊ နင်တွေ့ တဲ့ကောင်လေးက ဟုတ်မှဟုတ်ရဲ့ လားအေ''

''အို .မေမေကလဲ၊ သူက ညကမှ ရန်ကုန်ကပြန်လာတာတဲ့၊ ကိုးလောင်းတောင်ကွေ့မှာ ကားချင်းတိုက်မိပြီး ခိုက်မိလို့ခြေထောက်ကြီးနာနေတာမေမေ၊ ကိုးလောင်းကွေ့မှာ ကားတိုက်တဲ့သတင်း မေမေ ဈေးကမကြားခဲ့ဘူးလား''

''မကြားမိပါဘူး''

''သူက သူ့သူငယ်ချင်း ဒီအိမ်မှာ ရှိသေးတယ်ထင်လို့လာမေးတာမေမေ၊ အရင်မန်နေဂျာကြီးသားက သူ့သူငယ်ချင်းတဲ့၊သူရန်ကုန်ရောက်နေတုံး ပြောင်းသွား တော့ ပြောင်းသွား မှန်းမသိဘူးလေ''

''ငါက လူမနေတဲ့အိမ်မှာ လူရှိတယ်ဆိုလို့ စိုးရိမ်လို့ပါအေ၊ သူခိုးဂျပိုးတွေ ဝရမ်းပြေးတွေ ဖြစ်နေမှာ စိုးလို့ပါ''

''ဟာ .မေမေကလဲ၊ ဝရမ်းပြေးမ ဖြစ်နိုင်ပါဘူး၊ လူရည်သန့်သန့် ရုပ်ချောချောလေးပါ၊ သူ့အကြောင်းတွေ တောင် အကုန်ပြောပြသွားသေးတယ်''

ယွန်းက ရန်နောင်ပြောပြသွားသည့်အကြောင်းများ ကို ဒေါ်မြသီတာကိုပြန်ပြောပြလိုက်သည်။

ယွန်းပြောပြသည့်အကြောင်းများ ကို နားထောင်ရင်း ဒေါ်မြသီတာလည်း ထိုအ ဖြစ်ကို သာမန်မျှသာ သဘောထားလိုက်မိတော့သည်။

ယွန်းနှင့်ဒေါ်မြသီတာ အိမ်ထဲဝင်လာချိန်တွင် မိုးများ သည်းသည်းမည်းမည်းရွာချလိုက်လေသည်။

xxxxx

( ၇ )

ရန်နောင်က ဆာဆာနှင့် ယွန်းပေးလိုက်သော ကိတ်မုန့်တစ်လုံးလုံးကို တစ်ထိုင်တည်းနှင့်ကုန်အောင်စားပစ်လိုက်လေသည်။ကိတ်မုန့်တစ်လုံးကုန်အောင်စားလိုက်ရ၍ နေသာထိုင်သာရှိသွားသည်။

ရန်နောင်က အဖေ့ကိုစောင့်ရင်း အိမ်သန့်ရှင်းရေး လုပ်ထားဖို့ စိတ်ကူးလိုက်သည်။တစ်အိမ်လုံးကိုခြုံကြည့်လိုက်တော့ အပေါ်ပိုင်းမှာ ပင့်ကူမျှင်များ နှင့် အောက်ပိုင်းမှာ ဖုန်မှုန့်များ ဖွေးနေအောင် တွေ့ နေရလေသည်။

ရန်နောင်က အခန်းဒေါင့်တွင် ထောင်ထားသော တံမျက်စည်းလေးကိုယူလိုက်သည်။ တံမျက်စည်းတွင် လည်း ဖုန်များ တင်ကာတံမျက်စည်းနှင့်အိမ်နံရံကိုဆက်သွယ်၍ ပင့်ကူအိမ်တစ်ခုရှိနေပါသေးသည်။

အလင်းရောင် ရရန် ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ အပြင်မှ မိုးတွေ သည်းသည်းမည်းမည်းရွာနေ၍ မိုးဖွဲများ က လေနှင့်အတူအိမ်ထဲဝင်လာလေ၏ ။ ရန်နောင်က ပြတင်းပေါက်ကိုပြန်ပိတ်လိုက်ရလေသည်။

အလင်းရောင် ရစေရန် တစ်လုံးတည်းသော မီးသီးကိုဖွင့်ထားလိုက်ရ၏ ။

သန့်ရှင်းရေး လုပ်ငန်းကို အိမ်နံရံမှပင့်ကူမျှင်များ ကိုရှင်းခြင်းဖြင့် စတင်လိုက်ပါသည်။ ပင့်ကူမျှင်များ မှ အမှိုက်သရိုက်များ ၊ဖုန်မှုန့်များ က ကြမ်းပြင်ပေါ်ကျကုန်သည်။ သူ့တစ်ကိုယ်လုံးလည်း ဖုန်များ ဖြင့် ဖွေးသွားလေသည်။

တစ်နေရာအရောက်တွင် အိမ်နံရံမှာ ချိတ်ထားသည့်ပြက္ခဒိန်ကိုတွေ့ လိုက်ရသည်။ ပြက္ခဒိန်မှဖုန်များ ကို တံမျက်စည်းနှင့်ရိုက်ချလိုက်၏ ။ ပြက္ခဒိန်က ၁၉၈၉ခုနှစ် ပြက္ခဒိန်။ လက်ရှိရောက်နေသော အောက်တိုဘာလစာမျက်နှာကိုလှန်ထားသည်။

ရန်နောင်က ပြက္ခဒိန်အကွက်တစ်ခုထဲတွင် ရေး ထားသော စာကို တွေ့ လိုက်ရ၍ ကိုယ်ကိုကိုင်းပြီးဖတ်ကြည့်လိုက်သည်။အောက်တိုဘာလ(၁၁)ရက်နေ့၊ ဗုဒ္ခဟူးနေ့အကွက်တွင် . ''သားပြန်လာမယ့်နေ့'' ဟုရေး ထားသော စာသားကိုတွေ့ လိုက်ရသည်။ အဖေ့လက်ရေး ပင် ဖြစ်ပါသည်။ သြော် .အဖေ။ သားပြန်လာမယ့်ရက်ကို ပြက္ခဒိန်မှာ တောင် ရေး မှတ်ထားပြီးမှ ဘယ်ကိုသွားနေတာပါလိမ့်။

ပြက္ခဒိန်မှာ သူပြန်လာမယ့်ရက်ကို တကူးတကရေး မှတ်ထားပုံကိုထောက်လျှင် သူရေး လိုက်တဲ့စာ အဖေ့ဆီရောက်လို့သာပေါ့။အဖေ ဘယ်ရောက်နေပါလိမ့်။

တွေးရင်း ရန်နောင်က အဖေ့အတွက်စိတ်ပူသွားလေသည်။ဒုက္ခပဲ။ သူကလည်း ခြေထောက်အနာကြီးနှင့် အပြင်ထွက်ဖို့ ခက်နေသည်။ရန်နောင်က သက်ပြင်းကိုချလိုက်လေ၏ ။

xxxxx

( ၈ )

ဒေါ်မြသီတာက ဈေးမှဝယ်လာသော မုန့်ဟင်းခါးကို ခင်ပွန်း ဖြစ်သူ ဘဏ်မန်နေဂျာဦးတင်မောင်ကြည်အတွက် ပြင်ဆင်ပေးနေသည်။ ယွန်းလည်း ကူလုပ်ပေးနေ၏ ။

ယွန်းက မုန့်ဟင်းခါးနှစ် ပွဲကို လင်ပန်းဖြင့်ထည့်ယူလာပြီး ထမင်းစားစားပွဲတွင် ထိုင်နေသော ဖေဖေ့ကိုချပေးလိုက်သည်။ ယွန်းကိုယ်တိုင်လည်း တစ်ပွဲစားလိုက်သည်။

ယွန်းက ရန်နောင်ပြောခဲ့သော စကားများ ကို သတိရကာ မုန့်ဟင်းခါးစားနေရင်းမှ ဖေဖေ့ကိုမေးလိုက်လေသည်။

''ဖေဖေ .ဖေဖေနဲ့အလုပ်လွှဲခဲ့တဲ့ အရင်မန်နေဂျာကြီးက ဘယ်မြို့ကို ပြောင်းသွား တာလဲဟင်''

''ဘာ ဖြစ်လို့လဲသမီး၊ မန်နေဂျာဦးမြသီးက ထရန်စဖာမဟုတ်ဘူးသမီးရဲ့ ၊ သက်ပြည့်ပင်စင်ယူသွားလို့ သူ့နေရာကိုဖေဖေရောက်တာ''

''သူက ဘယ်မြို့ကိုပြန်သွားတာလဲဟင်၊ ဟိုဖက်အိမ်က ရန်နောင်ဆိုတဲ့ကောင်လေးက မေးလို့ပါ၊ သူက မန်နေဂျာကြီးသားစည်သူမောင်ဆိုတာနဲ့သူငယ်ချင်းတဲ့၊ သူ ရန်ကုန်သွားနေတုံး စည်သူမောင်တို့ ပြောင်းသွား တာကို မသိလိုက်လို့တဲ့၊ ဘယ်ကို ပြောင်းသွား တာလဲဆိုတာ သူက သိချင်နေတယ်''

''ဦးမြသီးမှာ သားမရှိပါဘူး သမီးရဲ့ ၊ ဦးမြသီးသမီးက အသက်သုံးဆယ်ကျော်ပြီ၊ ဆရာဝန်လေ၊ ဒီမှာ လည်းမရှိဘူး၊ နိုင်ငံခြားမှာ ''

''ဟင် .''

ရန်နောင်ပြောခဲ့သော စကားများ နှင့်လွဲနေ၍ ယွန်းက အံ့သြသွားသည်။

''ရန်နောင်ပြောတုံးက စည်သူမောင့်အဖေ မန်နေဂျာကြီး နာမည် က ဦးမြသီးမဟုတ်ပါဘူး''

ယွန်းက ရန်နောင်ပြောခဲ့သည့်နာမည် ကို မုန့်စားရင်း စဉ်းစားကြည့်နေသည်။

''သြော် .ဖေဖေ၊ ရန်နောင်ပြောတော့ စည်သူမောင့်အဖေ မန်နေဂျာကြီးနာမည် က ဦးချစ်မြိုင်တဲ့ဖေဖေ''

''ဟေ .ဖေဖေနဲ့ transfer လုပ်တာ ဦးချစ်မြိုင်မှမဟုတ်ပဲ၊ ဦးမြသီးပဲ သမီးရဲ့ ၊ ဦးချစ်မြိုင်ဆိုတဲ့ မန်နေဂျာတော့ ရှိတယ်၊ဒီမြို့မှာ လည်းနေသွားဖူးတယ်၊ ဒါပေမယ့် .အဲဒါကြာပြီသမီး၊ ဦးချစ်မြိုင်က ဖေဖေတို့ဆရာလေ၊ အခု ဆုံးတောင်ဆုံးသွားပြီ''

''ဟင် .''

''ဆရာဦးချစ်မြိုင် ဒီမြို့မှာ နေခဲ့တာ လွန်ခဲ့တဲ့နှစ် ၂ဝလောက်ကပဲ၊ ဘဏ်မှာ 'တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် မန်နေဂျာများ 'ဆိုပြီး ဘလက်ဘုတ်ကြီးနဲ့ရေး ထားတဲ့စာရင်းထဲမှာ ဦးချစ်မြိုင်နာမည် က ထိပ်ဆုံးကလေ၊ ဟုတ်တယ် .ဦးချစ်မြိုင် ဒီမြို့မှာ တာဝန်ကျခဲ့တာ အနှစ် ၂ဝကျော်ပြီသမီး''

''အို .ဒါဆို ရန်နောင် ဘာတွေ လျှောက်ပြော သွားပါလိမ့်''

ယွန်းက ငြီးငြူလိုက်မိသည်။

ဒေါ်မြသီတာက မီးဖိုခန်းထဲမှထွက်လာကာ ပြောလိုက်သည်။

''ဟဲ့ .ယွန်း၊ အဲဒီ ရန်နောင်ဆိုတဲ့ကောင်လေးက ညီးကို ရောချင်လို့ စကားရှာပြီး လျှောက်ပြောနေတာနေမှာ ပေါ့အေ၊ ပြီးတော့အဲဒီ အိမ်မှာ လူမနေတာကြာပြီလို့ တစ်လမ်းလုံးက ပြောနေကြတာ၊ သူက ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ၊ လူဆိုးသူခိုး ဖြစ်နေပါဦးမယ်အေ''

ဒေါ်မြသီတာဝင်ပြောလိုက်မှပင် ဦးတင်မောင်ကြည်ကလည်း စိတ်ဝင်စားကာ ပြန်မေးလိုက်သည်။

''ဟုတ်သားပဲသမီး၊ ဟိုဖက်အိမ်မှာ လူမနေလို့ ရောင်းဖို့တောင် ကြေငြာထားတာဆို၊ ဖေဖေတို့လည်း ရောက်ကတည်းကအဲဒီ ဖက်မှာ လူမမြင်မိပါဘူး''

''သူက ရန်ကုန်သွားအလုပ်လုပ်နေတာတဲ့ဖေဖေ၊ မနေ့က ညကမှပြန်ရောက်တာတဲ့၊ ပြန်အလာမှာ ကိုးလောင်းတောင်ဆိုတဲ့နေရာမှာ ကားချင်းတိုက်လို့တဲ့၊ လူတွေ သေကြတယ်ပြောတယ်''

''ဟုတ်လား''

''ဒါလည်း ဟုတ်ချင်မှဟုတ်မှပါအေ၊ အဖေကြီးရေ .တော့်  သမီးက အဲဒီ ကောင်လေးကိုသနားလို့ဆိုပြီး စားစရာမုန့်တွေ တောင်ပေးလိုက်သေးတာတဲ့''

''သမီးရယ် .ကိုယ်က ဒီမြို့ကိုရောက်တာလည်း မကြာသေးဘူး၊ ဘာမှလည်း အကြောင်းသိတာမဟုတ်ဘူး၊ လူတိုင်းကိုအရောဝင်ပြီးဆက်ဆံနေလို့မ ဖြစ်ဘူးလေ၊ ပတ်ဝန်းကျင်လေးဘာလေး မေးမြန်း စုံစမ်းကြည့်ပါဦး''

အဖေရော အမေရော ဝိုင်းပြောနေကြ၍ ယွန်းက ဘာမျှ ပြန်မပြောတော့ပေ။

ရန်နောင်ဟာ လူဆိုးတော့မဟုတ်နိုင်ပါဘူး။ ညာပြောနေတာလည်း မ ဖြစ်နိုင်ဘူး။

ယွန်းက စဉ်းစားနေသည်။

ရန်နောင်ပြောတဲ့အထဲမှာ သူရန်ကုန်သွားနေပေမယ့် အိမ်မှာ သူ့အဖေကျန်နေတယ်လို့ပါသည်။ ယွန်းလည်း တစ်ပတ်အတွင်းမှာ ထိုအိမ်တွင် လူရိပ်လူယောင်မမြင်မိချေ။ တစ်ခုခုတော့ လွဲနေပြီ။

ရန်နောင် နောက်တစ်ခေါက် သူမဆီရောက်လာလိမ့်မည် လို့ ယွန်းက ထင်နေ၏ ။

နောက်တစ်ခါတွေ့ မှ ရန်နောင့်ကို သေသေချာချာ မေးကြည့်ဖို့ တေးထားလိုက်သည်။

xxxxx

( ၉ )

အိမ်အပေါ်ပိုင်းသန့်ရှင်းရေး က ပြီးသွားပြီ။

ရန်နောင်က ဧည့်ခန်းနံရံမှတိုင်ကပ်နာရီကိုမော့်ကြည့်လိုက်ရာ နာရီရပ်နေတာကိုတွေ့ ရ၏ ။ကုတင်ပေါ်တွင် ချွတ်ထားသော သူ့လက်ပတ်နာရီလေးကို ယူကြည့်လိုက်သည့်အခါ ၁၁နာရီထိုးနေပြီ။ရန်နောင်လည်း အတော် ပင်ပန်းသွားလေပြီ။

ရန်နောင်က မနားတော့ပဲ .လုပ်လက်စဖြင့် ကြမ်းပြင် သန့်ရှင်းရေး ကိုပါ ဆက်လုပ် လိုက်လေသည်။အပြင်မှာ မိုးကသည်းနေဆဲ ဖြစ်၍ ပြတင်းတံခါးများ ကိုဖွင့်လို့မရသေး။

ရန်နောင်က အင်္ကျီကိုချွတ်ပစ်လိုက်ကာ အင်္ကျီကိုယ်ချွတ်ဖြင့် ပုဆိုးဟောင်းတွင် ရေစွတ်ပြီး ကြမ်းပြင်ကိုတိုက်နေလေသည်။

+ + + + +

ခြေရင်းအိမ်တွင် နေ့လည်ပိုင်း၌ နော်ရင်မွှေး တစ်ယောက် တည်း ကျန်ခဲ့သည်။

ကိုမျိုးနိုင်က အခွန်ဦးစီးရုံးတွင် လုပ်သော ဝန်ထမ်း ဖြစ်သည်။ သမီးကျောင်းအပို့အကြိုကို ကိုမျိုးနိုင်ကပဲ လုပ်ပေးသည်။ နော်ရင်မွှေးက သူနာပြုဆရာမ ဆိုတော့ အလုပ်သွားချိန်ပြန်ချိန်က အတိအကျမရှိ။ တစ်ခါတရံ ညပိုင်းဂျူတီကျသည့်နေ့များ ဆိုလျှင် ဆေးရုံမှာ ပင်အိပ်ရသည့်အတွက် သမီးလေးနော်ဂျူလီယာကို သူ့အဖေနဲ့ပဲထားခဲ့ရသည်။

နော်ရင်မွှေးအမေ ဒေါ်နော်ပပရှိတုံးကတော့ သူ့မြေးကိုထိမ်းပေးဖော်ရလို့ တော် သေးသည်။ အဖေဦးစောဝေမိုးကွယ်လွန်ပြီးတစ်နှစ် အကြာမှာ အမေဒေါ်နော်ပပကွယ်လွန်သွားတော့ နော်ရင်မွှေးတို့လင်မယားမှာ ကလေး တစ်ယောက် တာဝန်နှင့် ကသီကရီ ဖြစ်ကျန်ခဲ့သည်။ နှစ် ယောက် စလုံးကလည်း ဝန်ထမ်းတွေ ဆိုတော့ အိမ်မှာ ကိုယ်ခွဲမရှိ။ သမီးလေးဂျူလီယာက လိမ္မာလို့တော် သေးသည်။အသက်ဆယ်နှစ် ဆိုတော့လည်း သိတတ်နေပြီ။ တော် ရုံတန်ရုံကိစ္စလောက်ကို လူကြီးတွေ အားမကိုးပဲ လုပ်တတ်ကိုင်တတ်နေပြီ။နော်ရင်မွှေးငယ်ငယ်တုံးကလည်း ဒီလိုပါပဲ။ အဖေရယ် အမေရယ် တစ်ဦးတည်းသော သမီးနော်ရင်မွှေးရယ် နေခဲ့ရသည်ပင်။

ဒီနေ့တော့ နော်ရင်မွှေးဂျူတီက ညနေပိုင်းလေးနာရီမှဝင်ရမှာ မို့ နေ့လည်ပိုင်း အားလပ်နေချိန်မှာ အိမ်အလုပ်ကလေးတွေ လုပ်နေ ဖြစ်သည်။ အဝတ်များ လျှော်ဖွတ်၊ ခြောက်ပြီးသားအဝတ်တွေ မီးပူတိုက်နှင့် အလုပ်မသွားရသော်လည်း အားသည်မရှိပါပေ။နော်ရင်မွှေးသည် မီးပူတိုက်ရင်းမှ ကိုမျိုးနိုင်ပြောခဲ့သော စကားများ နှင့် ဈေးသွားတုံးက ဒေါ်မြသီတာပြောလိုက်သော စကားများ ကို သတိရလိုက်သည်။

ခေါင်းရင်းအိမ်ထဲကို ညက လူဝင်သွားတာတွေ့ တယ်လို့ ကိုမျိုးနိုင်ကပြောသည်။ ခွေးတွေ လည်း ဟောင်တယ်တဲ့။ ဒေါ်မြသီတာကလည်း ခွေးဟောင်သံတွေ ကြားတယ်လို့ပြောခဲ့သည်။

နော်ရင်မွှေးက မီးပူပလပ်ခေါင်းကိုဖြုတ်ကာ မီးပူတိုက်နေရာမှ ထလိုက်သည်။

ပြတင်းပေါက်ကိုသွားကာ ခေါင်းရင်းအိမ်ဖက်ကိုလှမ်းမျှော်ကြည့်လိုက်သည်။ ဘာမျှထူးထူးခြားခြားမတွေ့ ရပါ။ တံခါးတွေ အားလုံးလည်း ပိတ်ထားရက်သားပင်။

တကယ်တော့လည်း တစ်ဖက်အိမ်မှာ ထူးထူးခြားခြားမြင်ရစရာအကြောင်းမရှိပါ။ ထိုအိမ်ထဲမှာ လူမနေတာပင် အနှစ် ၂ဝလောက် ရှိရော့မည် ။ နော်ရင်မွှေး ငါးတန်းနှစ် ကတည်းကလေ .။ သူမအသက် ဆယ်နှစ် လောက်ကတည်းကပေါ့။လက်ရှိ နော်ရင်မွှေးအသက်က ၃ဝဆိုတော့ အနှစ် ၂ဝတောင် ကြာခဲ့ပြီပေါ့။

နော်ရင်မွှေးအတွေးထဲမှာ တစ်ဖက်အိမ်မှသားအဖ၏ ရင်နင့်ဖွယ် ဖြစ်ရပ်က ပုံရိပ်ထင်လာသည်။ သည်တုံးက နော်ရင်မွှေးငယ်သေးသော်လည်း အားလုံးကို အသေးစိတ်မှတ်မိနေပါသည်။ ဦးလေးကျော့လည်း သနားစရာကောင်းလှသည်။ ကိုကိုနောင့်အ ဖြစ်ကလည်း ရင်နာစရာကောင်းလှသည်။

ကိုကိုနောင်။ ဦးလေးကျော့ခေါ်ဦးကျော့မောင်၏ သား ကိုရန်နောင်ကို နော်ရင်မွှေးက ကိုကိုနောင်လို့ပဲခေါ်ခဲ့သည်။ ကိုကိုနောင်က နော်ရင်မွှေးကို ညီမလေး တစ်ယောက် လိုချစ်သည်။ ကိုကိုနောင်က တစ်ဦးတည်းသော သားလည်း ဖြစ်၊ မိခင်လည်းမရှိတော့ဘူးဆိုတော့ အိမ်နီးချင်းနော်ရင်မွှေးကိုပင် မောင်နှမလိုချစ်ခင်နေခြင်း ဖြစ်သည်။ ဘယ်ကပြန်လာလာ နော်ရင်မွှေးဖို့ မုန့်ဝယ်လာတတ်ပါသည်။

နော်ရင်မွှေးက နောက်ကြောင်းများ ကိုတွေးရင်း သက်ပြင်းချလိုက်မိလေသည်။

ကိုကိုနောင်တို့သားအဖအကြောင်းကိုတွေးရင်း စိတ်များ ထိုင်းမှိုင်းသွားကာ နော်ရင်မွှေးက ပြတင်းဝမှခွာခဲ့လေသည်။နော်ရင်မွှေးသည် မီးပူဆက်မတိုက် ဖြစ်သေးပဲ စာအုပ်ဘီရိုကြီးရှေ့ရောက်သွားသည်။ ဘီရိုကိုဖွင့်လိုက်သည်။ ဘီရိုအောက်ဆုံးထပ်မှ ပစ္စည်းတစ်ခုကိုနှိုက်ထုတ်လိုက်သည်။ နော်ရင်မွှေးလက်ထဲတွင် သတင်းစာစက္ကူဖြင့်ပတ်ထားသော ပစ္စည်းတစ်ခုပါလာသည်။သတင်းစာစက္ကူကိုဖြည်လိုက်သည့်အခါ .ခြောက်လက်မခန့်မြင့်သော မျက်လုံးပြူးပြူး၊ ရွှေဝါရောင် ဆံပင်နှင့် ဘိုမရုပ်ကလေးကနော်ရင်မွှေးကိုပြန်ကြည့်နေလေသည်။

ဘိုမရုပ်ကလေးကိုကြည့်ရင်း နော်ရင်မွှေးမျက်ရည်ဝဲလာသည်။ခုဆို .ကိုကိုနောင် ဘယ်ဘဝကိုများ ရောက်နေမှာ ပါလိမ့်။ကိုကိုနောင် တစ်ယောက် ကောင်းရာဘုံဘဝကိုရောက်ပါစေ။

+ + + + +

တစ်အိမ်လုံးကိုသန့်ရှင်းရေး လုပ်ပြီးသည့်အခါ နေ့လည်တစ်နာရီ ထိုးသွားလေပြီ။ ရန်နောင်လည်း အတော် ပင်ပန်းသွားလေ၏ ။မနက်က စားထားသော ကိတ်မုန့်သည်လည်း အစာကြေကာ နောက်တစ်ခေါက်ဆာလောင်လာပြန်သည်။

ရန်နောင်က ယွန်းပေးလိုက်သော ခေါက်ဆွဲထုတ်များ ကို ရေချိုးပြီးမှ အေးအေးဆေးဆေးစားရန်စိတ်ကူးကာ .ရေအမြန်ချိုးပစ်လိုက်လေသည်။

ရေချိုးအပြီးတွင် ခေါက်ဆွဲခြောက်များ ကို ရေနွေးနှင့်ဖျောရန် ပြင်ရသည်။ လျှပ်စစ်မီးဖိုကိုရှာရပြန်သည်။ လျှပ်စစ်မီးဖိုကိုကြောင်အိမ်အောက်ဆုံးထပ်တွင် သွားတွေ့ ၏ ။

မီးဖိုက ကွိုင်နှစ် ခုပတ်ထားသည့်မီးဖို ဖြစ်သော်လည်း မီးဖိုတွင် အတွင်းဖက်ကွိုင်တစ်ခုကိုသာတွေ့ ရတော့သည်။ မတတ်နိုင်တော့. ကြာချင်လည်းကြာပေစေတော့။ ဒါနဲ့ပဲတည်ရတော့မည် ။ မီးမွှေးမနေနိုင်တော့ပါ။

ရန်နောင်က ခေါက်ဆွဲခြောက်ထုတ်ပေါ်က အညွှန်းကိုဖတ်ကြည့်လိုက်သည်။ သိပ်တော့မခက်ခဲပါ။ရန်နောင်က ဒန်အိုးတစ်ခုကိုယူကာ ရေကိုခေါက်ဆွဲတစ်ထုတ်စာ ချိန်ဆ၍ ထည့်လိုက်သည်။

မီးဖိုပလပ်ခေါင်းကို ပလပ်ပေါက်တွင် တပ်လိုက်သည့်အခါ တစ်ခုတည်းသော ကွိုင်က အနီရောင် သန်းကာ လင်းသွားလေသည်။ဒန်အိုးကို မီးဖိုပေါ်တင်လိုက်သည်။

မီးအားကောင်းသော ကြောင့် သိပ်မကြာခင် ရေနွေးဆူသွားသည်။ ရန်နောင်က ခေါက်ဆွဲခြောက်များ ကို ရေနွေးဆူဆူထဲဖောက်ထည့်လိုက်၏ ။ အပိုပါသော အထုတ်ကလေးများ ကိုလည်း အားလုံးဖောက်ထည့်လိုက်သည်။ ခေါက်ဆွဲဟင်း၏ ရနံ့က တစ်အိမ်လုံးသင်းပျံ့သွားလေသည်။

ခေါက်ဆွဲများ ကို ပန်းကန်လုံးထဲပြောင်းထည့်ပြီး ပူနေချိန်မှာ ပင် စားလိုက်လေသည်။ ခေါက်ဆွဲက ချဉ်စပ်အရသာမို့ ချွေးများ ထွက်ကာ လန်းသွားလေသည်။

တစ်ထုတ်နှင့်မဝသေး။ ရန်နောင်က ဒန်အိုးထဲသို့ ခေါက်ဆွဲနှစ် ထုတ်စာရေများ တစ်ခါတည်းထည့်ကာ နောက်တစ်ခေါက်ထပ်ပြီးရေနွေးကြိုလိုက်ပြန်သည်။

ကျန်တဲ့ခေါက်ဆွဲနှစ် ထုတ်ကို တစ်ကြိမ်တည်းရေနွေးဖျောကာ အားရပါးရစားပစ်လိုက်၏ ။

''ကျေးဇူးတင်ပါတယ်ယွန်းရယ်''

ကိတ်မုန့်နှင့်ခေါက်ဆွဲခြောက်ထုတ်များ ပေးလိုက်သော ယွန်းကို တကယ်ပင်ကျေးဇူးတင်ကာ အသံထွက်ရေရွတ်လိုက်မိသည်။စားသောက်ပြီးတော့ .အလုပ်ပင်ပန်းထားသည့်ဒဏ်ဖြင့် ရန်နောင့်မျက်လုံးများ မှေးစင်းလာလေသည်။

အိုးခွက်ပန်းကန်များ ကို မဆေးနိုင်သေးပဲ ကုတင်လေးပေါ်သွားပြီး လှဲနေလိုက်သည်။

သွပ်မိုးပေါ်သို့ မိုးရေကျသော အသံက တဗြောင်းဗြောင်းမြည် နေသည်။

ရန်နောင်လည်း ခဏချင်းမှာ ပင် နှစ် နှစ် ခြိုက်ခြိုက်အိပ်ပျော်သွားလေ၏ ။

xxxxx

( ၁ဝ )

သူ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည်မသိ။

နိုးလာတော့ မိုးသံများ ကို မကြားရတော့ချေ။

ရန်နောင်က အိပ်ရာဘေးချထားသော နာရီလေးကိုယူကြည့်လိုက်သည်။ သုံးနာရီထိုးနေပါပကော။ရန်နောင်က အိပ်ရာမှထလိုက်သည်။ သူတစ်ခုခုလုပ်မှ ဖြစ်တော့မည် ။

အဖေကလည်း ခုထိပြန်မလာသေး။ ရုံးဆင်းချိန်အထိစောင့်လို့မှအဖေပြန်မလာရင် အဖေ့နောက်ကိုလိုက်ရတော့မည် ။ သူ့မှာ ကခြေထောက်အနာကြီးနဲ့ဆိုတော့ အဖေ့နောက်ကိုလိုက်ဖို့မလွယ်။ အားမနာ တမ်းအကူအညီတောင်းနိုင်တဲ့စည်သူမောင်လည်းပြောင်းသွားပြီ။ ခြေရင်းအိမ်က ဦးစောဝေမိုးကိုပဲ လူကြီးပေမယ့် အားမနာနိုင်ပဲ အကူအညီတောင်းသင့်တောင်းရတော့မည် ။ရန်နောင့်စိတ်ထဲတွင် ယွန်းပေါ်လာပြန်သည်။

ယွန်း။ ယွန်းကိုအကူအညီတောင်းလို့လည်း ရသားပဲ။ အဖေ့နောက်ကိုတော့ ယွန်းကိုလိုက်ခိုင်းလို့မကောင်း။ အဖေကအခွန်ရုံးမှာ အလုပ်လုပ်တဲ့ ရုံးအုပ်ကြီး ဖြစ်သည်။ ရုံးဆင်းလျှင် အရက်ဆိုင်တန်းရောက်တတ်သူလည်း ဖြစ်သည်။ရန်နောင်က သူပြန်ရောက်နေတာကို ချစ်သူသင်းသင်းသွယ် သိစေချင်သည်။ သင်းသင်းဆီကိုစာရေး လို့မရလို့ သူပြန်လာမယ်ဆိုတာ အကြောင်းမကြားနိုင်ခဲ့ပါ။ သူပြန်ရောက်နေတာကို သင်းသင်းသွယ် သိမည် မဟုတ်ပေ။

ယွန်းကိုပဲအကူအညီတောင်းပြီး သင်းကိုအသိပေးရပေတော့မည် ။

ယွန်းကို သင်းဆီတိုက်ရိုက်သွားခိုင်းဖို့မကောင်းရင်လည်း လမ်းထိပ်ကမရှုလွမ်ဆီကိုသွားခိုင်းကာ မရှုလွမ်ကို သင်းသင်းသွယ်ဆီ အကြောင်းကြားပေးဖို့ တစ်ဆင့်ပြောခိုင်းရမည် ။

ရန်နောင်သည် သင်းသင်းသွယ်ကိုသတိရရင်းမှ သင်းအတွက်ဝယ်လာသော ပဝါလေး ပျောက်သွားတဲ့အိတ်ထဲမှာ ပါသွားတာကိုနှမျောနေမိသည်။ ပြီးတော့ .သင်းဓာတ်ပုံ။ သူ့အတွက် သင်းရိုက်ပေးထားသော ဓာတ်ပုံလေးသည်လည်း သားရေအိတ်နှင့်အတူပါသွားခဲ့ပြီ။

သူ့ဆီမှာ သင်းဓာတ်ပုံတစ်ပုံရှိသေးတာကို သတိရလိုက်သည်။ ပျောက်သွားတဲ့ဓာတ်ပုံအတိုင်း နောက်တစ်ပုံကို သူသိမ်းထားခဲ့သည်။

ရန်နောင်က ဓာတ်ပုံကိုသတိရကာ ဘီရိုရှေ့ကိုထသွားလိုက်သည်။ ဘီရိုကိုဖွင့်လိုက်သည်။ ဘီရိုထဲက ပရုတ်လုံးနံ့က ပျံ့ထွက်လာပြန်၏ ။

ဘီရိုအံဆွဲလေးကိုဆွဲဖွင့်ကာ အံဆွဲအောက်ခြေတွင် ခင်းထားသော သတင်းစာစက္ကူကိုလှန်လိုက်သည်။တွေ့ ပါပြီ။

ရန်နောင်က သင်းသင်းသွယ်၏ ဓာတ်ပုံလေးကိုကောက်ယူလိုက်သည်။ဤဓာတ်ပုံမှာ လည်း ပျောက်သွားသော ဓာတ်ပုံနှင့်အတူတူပင် ဖြစ်ပါသည်။ဓာတ်ပုံရိုက်ခဲ့စဉ်ကအ ဖြစ်များ ကို ရန်နောင်ပြန်၍ သတိရလိုက်သည်။

မြို့ထောင့်စေတီဝင်းထဲမှာ သူတို့ချိန်းတွေ့ စဉ်က .

ရန်နောင်ရန်ကုန်သွားပြီးအလုပ်လုပ်ခါနီး .

ရန်နောင်က ပူဆာလွန်းသော ကြောင့် သင်းသင်းသွယ် အရဲစွန့်ထွက်လာခြင်း ဖြစ်သည်။

''ကိုနောင်ရန်ကုန်သွားခါနီး မို့သာ သင်းအရဲစွန့်ပြီးထွက်လာတာ၊ အိမ်ကသိသွားမှာ သိပ်ကြောက်တာပဲ''

''သုံးလကြာအောင်ခွဲရမှာ .ဒါလောက်တော့ ကိုယ့်အတွက် စွန့်စားပေးပါဦးသင်းရယ်''

''အင်းလေ .အခုတွေ့ နေရပြီပဲ၊ ကိုနောင်က ရန်ကုန်ကို ဘာသွားလုပ်မှာ လဲဟင်''

''အလုပ်လုပ်ဖို့သွားတာပါ သင်း၊ ရန်ကုန်မှာ မေမေ့ဖက်က မေမေ့အစ်မဝမ်းကွဲ တစ်ယောက် ရှိတယ်လေ၊ သူက ပွဲရုံလုပ်ငန်းလုပ်နေတာ၊ သူက ကိုယ့်ကို တက္ကသိုလ်မတက်ခင် အားနေတုံး သူ့ဆီမှာ အလုပ်လာလုပ်လှည့်တဲ့၊ ခေါ်လို့''

''ဟင် ကိုနောင့်ကို ပြန်မလွှတ်ပဲ ဟိုမှာ အမြဲတမ်းခိုင်းထားပါဦးမယ်''

''စိုးရိမ်သလား သင်း၊ မစိုးရိမ်ပါနဲ့ကွာ၊ ကိုယ်က တက္ကသိုလ် ဆက်တက်ရင် ကျောင်းစရိတ်ကာမိအောင် သွားလုပ်တာပါ၊ပြန်လာမှာ ပါ၊ ကိုယ့်မှာ သံယောဇဉ်တွယ်စရာ အဖေနဲ့သင်းနဲ့ရှိနေတာပဲ''

''ကိုနောင်က ကိုနောင့်အဖေကိုတော့ တော် တော် ချစ်တယ်နော်''

''အမေမှမရှိတော့ပဲသင်းရယ်၊ သားအဖနှစ် ယောက် တည်းရှိတာ၊ ကိုယ်ကလည်း အဖေ့ကိုချစ်တယ်၊ အဖေကလည်း ကိုယ့်ကိုချစ်တာပဲ၊ ကိုနောင်က အလုပ်လုပ်ချင်တာပါ၊ ကျောင်းဆက်မတက်ချင်ဘူး၊ အဖေ့ကိုလုပ်ကျွေးချင်တာ၊ အဖေက ကိုယ့်ကိုတက္ကသိုလ်ကျောင်းသား သိပ် ဖြစ်စေချင်တာလေ၊ ကျောင်းသာတက်စေချင်တာ အဖေ့မှာ သူ့လခလေးနဲ့ ကိုယ့်ကို ကျောင်းစရိတ်ထောက်ပံ့ဖို့ခက်တယ်ဆိုတာ ကိုယ်သိနေတယ်သင်း၊ အဲဒါကြောင့် ကျောင်းစရိတ်လေးရအောင် အလုပ်သွားလုပ်တာပါကွာ''

''ကိုနောင်က အဖေကိုညှာလိုက်တာနော်၊ ကိုနောင့်အဖေ အရက်မသောက်ရင်ကောင်းမယ်ကွယ်၊ သင်းတို့အိမ်က ကိုနောင့်အဖေ အရက်သောက်တာကိုပဲ အပြစ်ပြောနေတာ၊ အဲဒါကြောင့် ကိုနောင်နဲ့တွဲ တာကို သဘောမတူဘူး ဖြစ်နေတာကိုနောင်၊ ကိုနောင့်ကိုတော့ မေမေတို့က သဘောကျပုံရပါတယ်''

''သင်းရယ် .ကိုယ်လည်း အဖေအရက်သောက်တာ မကြိုက်ပါဘူးကွာ၊ ဒါပေမယ့် .အဖေ့မှာ လည်း စိတ်အပန်းဖြေစရာဒါပဲရှိရှာတာ၊ ကိုယ် မတားရက်ဘူး၊ မေမေဆုံးသွားပေမယ့် နောက်မိန်းမမယူပဲ ကိုယ့်ကိုပုံပြီးချစ်နေတာနဲ့တင် ဖေဖေ့ကိုကျေးဇူးတင်လှပါပြီ၊ အရက်မသောက်ဖို့ပြောမထွက်ဘူးကွာ''

သင်းသင်းသွယ်က သက်ပြင်းချလိုက်သည်။

''ကိုယ်သွားခါနီး စိတ်ညစ်စရာတွေ ပြောမနေပါနဲ့သင်းရာ၊ ကိုယ်တော့ ရန်ကုန်ရောက်ရင်သင်းကိုလွမ်းနေတော့မှာ ပဲ''

ရန်နောင်က သင်းသင်းသွယ်ကို ဓာတ်ပုံတွဲ ရိုက်ဖို့ပူဆာသည်။

''ဘယ် ဖြစ်မှာ လဲကိုနောင်ရယ်၊ ခုလိုချိန်းတွေ့ တာတောင် အိမ်ကသိရင် မိုးမီးလောင်မှာ ၊ ဓာတ်ပုံတွဲ ရိုက်တာများ မိသွားလို့ကတော့ သတ်တောင်သတ်မလားမသိဘူး''

နောက်ဆုံးတော့ သင်းသင်းက ရန်ကုန်ရောက်ရင် အမှတ်တရ ကြည့်လို့ရအောင် ဓာတ်ပုံတစ်ပုံရိုက်ပေးဖို့ သဘောတူခဲ့သည်။နှစ် ယောက် တွဲ ရိုက်ဖို့တော့ မဟုတ်။ သင်းသင်း တစ်ယောက် တည်းပုံကိုရိုက်ကာ ရန်နောင့်အတွက်လက်ဆောင်ပေးလိုက်ဖို့ပင် ဖြစ်သည်။မြို့ထောင့်စေတီဘုရားဝင်းထဲမှာ ''၁၅မိနစ်အမြန်''ဓာတ်ပုံဆိုင်တစ်ဆိုင်ကလည်း အဆင်သင့်ရှိနေသည်။

သင်းသင်းက ''ရှုတိုင်းယဉ် ၁၅မိနစ်အမြန်ဓာတ်ပုံဆိုင်''တွင် သူမ တစ်ယောက် တည်း စေတီဝင်းထဲမှာ မတ်တပ်ရပ်နေသည့်ပုံကို ရိုက်ပေးခဲ့ပါသည်။

၁၅မိနစ်စောင့်ပြီးဓာတ်ပုံထွက်လာတော့ စေတီအုတ်တံတိုင်းဘေးတွင် မတ်တပ်ရပ်နေသော သင်းသင်းသွယ်၏ ကိုယ်တစ်ပိုင်းပုံကို တွေ့ ရလေ၏ ။

သင်းက ဓာတ်ပုံနှစ် ပုံရွေးကာ တစ်ပုံကို သူ့ကိုပေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံနောက်ကျောမှာ .

Cover

.ဟု စာရေး ပြီး လက်မှတ်ထိုးပေးထားခဲ့သည်။ ဓာတ်ပုံရိုက်သည့်ရက်စွဲကိုလည်း လက်မှတ်အောက်မှာ ရေး ပေးခဲ့သည်။၁၉၈၉ခုနှစ် ဇူလိုင်လ(၂၂)ရက်။ ထိုနေ့သည် စနေနေ့ ဖြစ်ပါသည်။

နောက်သုံးရက်အကြာတွင် ရန်နောင် ရန်ကုန်ကိုသွားခဲ့ခြင်း ဖြစ်သည်။

သင်းသင်းကိုယ်တိုင် စာရေး ၍ လက်မှတ်ထိုးပေးခဲ့သော ဓာတ်ပုံလေးကတော့ ပျောက်သွားတဲ့သားရေအိတ်နဲ့အတူ ပါ သွားပါပြီ။ဒီပုံလေးက နောက်တစ်နေ့မှာ မြို့ထောင့်စေတီဝင်းထဲက ရှုတိုင်းယဉ်ဓာတ်ပုံဆိုင်ကို သူ တစ်ယောက် တည်း နောက်တစ်ခေါက်ထပ်သွားကာ ကူးခိုင်းထားသော ပုံ ဖြစ်ပါသည်။ ရန်နောင့်ကို ကဲတယ်လို့ပဲဆိုချင်ဆိုပါတော့။ ချစ်သူပေးတဲ့ပုံတစ်ပုံရတာ တောင် မတင်းတိမ်နိုင်ပဲ ထိုပုံကိုပဲ နောက်ထပ်မိတ္တူတစ်ပုံထပ်ကူးထားခြင်း ဖြစ်ပါသည်။

ခုတော့ ရန်နောင့်လုပ်ရပ်မှန်သွား၏ ။ အပိုကူးထားသော ပုံကလေးကို ဘီရိုထဲမှာ သိမ်းထားခဲ့လို့ သင်းရဲ့ ဓာတ်ပုံ သူ့လက်ထဲမှာ ကျန်နေတာမဟုတ်လား။ ဓာတ်ပုံတစ်ပုံထပ်ကူးတာကို သင်းသင်းသွယ်ကတော့ မသိရှာပေ။

သင်းနဲ့သူနဲ့နောက်ဆုံးတွေ့ ခဲ့ကြတာလည်း မြို့ထောင့်စေတီဝင်းထဲမှာ ချိန်းတွေ့ ခဲ့သည့်နေ့ပင် ဖြစ်သည်။ နောက်သုံးရက်အကြာမှာ သူ ရန်ကုန်သွားတော့ သင်း ကားဂိတ်ကိုလာပြီးနှုတ်မဆက်နိုင်ပါ။

သုံးလလုံးလုံး ရန်ကုန်မှာ သင်းကိုလွမ်းနေခဲ့ရသည်။ စာထည့်လို့လည်း မ ဖြစ်လို့ သင်းနဲ့သူ သုံးလလုံးအဆက်အသွယ်ပြတ်ခဲ့ရပေ၏ ။

ရန်နောင်က သင်းသင်းသွယ်ဓာတ်ပုံလေးကိုကြည့်ရင်း ပြန်တွေးနေမိသည်။အပြင်မှာ မိုးလည်းတိတ်သွားပြီ။

ယွန်းကိုပဲ အဆင်ပြေသလိုအကူအညီတောင်းမည် ဟုစိတ်ကူးကာ နောက်ဖေးပေါက်ကနေ ဆင်းလာခဲ့၏ ။

xxxxx

( ၁၁ )

ယွန်းထင်တဲ့အတိုင်းပါပဲ။

ယွန်းဆီကို ရန်နောင် နောက်တစ်ခေါက်ထပ်ရောက်လာဦးမယ်လို့ထင်ထားတဲ့အတိုင်း ရန်နောင်လာနေတာကို ယွန်းမြင်လိုက်သည်။

ရန်နောင်က သူ့အိမ်ဖက်ကနေပြီး ယွန်းတို့ခြံစည်းရိုးအစပ်ဆီကို ခြေထောက်လေး ထော့နင်းထော့နင်းဖြင့် လျှောက်လာနေ၏ ။ယွန်းက အခန်းထဲတွင် အိပ်နေသော မေမေ့ကို လှမ်းကြည့်လိုက်သည်။ ဒေါ်မြသီတာနှစ် နှစ် ချိုက်ချိုက်အိပ်ပျော်နေပါသည်။ယွန်းက ခြေသံမကြားအောင် အိမ်ထဲမှထွက်ခဲ့ကာ ခြံစည်းရိုးအစပ်ကနေ၍ ရန်နောင့်ကိုစောင့်နေလိုက်သည်။

''ယွန်း .''

''ဘာလဲရန်နောင်''

''အားတော့နာပါတယ်ဟာ၊ ငါ့ကိုတစ်ခုလောက်ကူညီပါဦး''

''ဘာလဲ .စားစရာပေးရဦးမှာ လား''

''မဟုတ်ပါဘူး၊ ငါ့အဖေမှပြန်မလာရင် နင်လည်း ငါ့ကို စားစရာပေးလို့ဆုံးမှာ မဟုတ်ဘူး၊ အဖေတစ်ခုခု ဖြစ်နေလား ငါစိုးရိမ်လို့''

''နင့်အဖေကလည်းဟယ် .ဟုတ်ပါရဲ့ ၊ ကိုယ့်သား တစ်ယောက် လုံးအိမ်ပြန်ရောက်နေတာတောင် ပြန်မလာဘူး၊ ဒါပေမယ့်တစ်ခုတော့ရှိတယ်နော် ရန်နောင်၊ ငါတို့ရောက်နေတဲ့တစ်ပတ်အတွင်းမှာ နင်တို့အိမ်ဖက်မှာ ဘယ်သူ့ကိုမှမမြင်မိဘူး၊ လူ တစ်ယောက် မှကို မမြင်မိတာ၊ ငါတို့က အဲဒီ ဖက်အိမ်မှာ လူမနေတာကြာပြီလို့တောင် ကြားထားတာ''

''အဖေလည်း ငါမရှိတော့ အိမ်မပြန်ချင်လို့ ဖြစ်ပါလိမ့်မယ်ဟာ၊ အဖေက အပေါင်းအသင်းလည်း များ တယ်လေ၊ ငါ နင့်ကိုအကူအညီတစ်ခုတောင်းချင်လို့''

''ပြော .''

''ငါ့ကိုလမ်းထိပ်က မရှူလွမ်တို့အိမ် သွားပေးပါလား''

''မရှုလွမ် .လမ်းထိပ်က .''

''အေးလေ .မိုးနတ်သူဇာအပ်ချုပ်ဆိုင်လေ၊ သိတယ် မဟုတ်လား၊ အဲဒီ က မရှုလွမ်က ငါ့သူငယ်ချင်းပေါ့၊ မရှုလွမ်တို့က ထီပေါက်သွားသလားတောင် မသိဘူးဟာ၊ ငါမရှိတဲ့သုံးလအတွင်း ပျဉ်ထောင်အိမ်ကနေ တိုက်အိမ်ကြီး ဖြစ်နေပြီ''

''ဟင် .''

ရန်နောင့်စကားကြောင့် ယွန်းမျက်မှော င်ကုပ်သွားသည်။

''အဲဒီ အိမ်မှာ အဘွားကြီးတွေ ပဲတွေ့ ပါတယ်၊ နင်နဲ့ရွယ်တူ မိန်းကလေးမတွေ့ မိပါဘူး''

''မရှူလွမ်က ညီအစ်မငါးယောက် ထဲမှာ အငယ်ဆုံးလေ၊ သူလည်း ဒီနှစ် ဆယ်တန်းအောင်ထားတာ''

''ငါတို့အိမ်မှာ မိတ်ဆက်လက်ဖက်ရည်ပွဲလုပ်တုံးက လာသွားတာ ဒေါ်ရှုလွမ်တဲ့၊ အဲဒီ စက်ချုပ်ဆိုင်ကပဲ၊ အသက်ကြီးလှပါပြီ၊မေမေတို့အရွယ်လောက်ရှိတယ်''

''ဟ .အဲဒါသူ့အမေပါဟ၊ သူ့အမေနာမည် က ဒေါ်ရှုကြည်၊ နင်နာမည် အမှတ်မှားလို့ ဖြစ်ပါလိမ့်မယ်''

ယွန်းဇဝေဇဝါ ဖြစ်သွားပြန်လေသည်။ ယွန်းသိထားတာက မိုးနတ်သူဇာအပ်ချုပ်ဆိုင်မှာ အပျိုကြီးညီအစ်မတွေ ချည်းရှိသည်။ ညီအစ်မတွေ အားလုံးလည်း အသက်လေးဆယ်မှ ခြောက်ဆယ်အတွင်းတွေ ဖြစ်ကြသည်။ ရန်နောင်ပြောတဲ့မရှုလွမ်က အပျိုကြီးတွေ ရဲ့ တူမတွေ ဘာတွေ များ ဖြစ်နေမလား မသိ။

''ဒီလိုလုပ်ဟာ .ငါ နင့်ကိုအားလည်းနာတယ်၊ မရှုလွမ်ဆီသွားမနေနဲ့တော့၊ ဈေးနားအထိသွားပေးပါလား''

''ဈေးနား ဘယ်သူ့ဆီသွားပေးရမှာ လဲ''

''ဟို .''

ရန်နောင်က ရုတ်တရက်ပြောမထွက်ပဲရှိနေသည်။ သင်းသင်းကို သူ့ရည်းစားလို့ပြောလိုက်ရမှာ ကို ယွန်းရှေ့မှာ ဝန်လေးနေသည်။ ယွန်းက သူ့ကို ရည်းစားရှိပြီးသားလူ တစ်ယောက် လို့သိသွားမှာ ကို စိုးရိမ်နေမိသည်။ ဘာကြောင့်လဲတော့မသိ။ ယွန်းကိုလည်းသူ့စိတ်ထဲမှာ တိမ်းညွတ်နေမိသည်။ ယွန်းနဲ့စကားပြောရတော့ စိတ်ပျော်မိသည့်အပြင် ယွန်းရဲ့ လွတ်လပ်ပွင့်လင်းတဲ့ပုံစံလေးကိုလည်းသဘောကျနေမိပါသည်။

အို .ငါ့မှာ ချစ်သူရှိပြီးသားပဲ။ ဒီလိုစိတ်မျိုးဝင်တာ မကောင်းပါဘူးလေ။

''ပြောလေ .ငါ ဘယ်ကိုသွားပေးရမှာ လဲ''

''ဟို .ဟို . သင်း .သင်းသင်းသွယ်ဆီကိုပါ''

''သင်းသင်းသွယ်''

''သင်းက ငါ့ .ငါ့ချစ်သူပေါ့ဟာ၊ ငါ့ချစ်သူဆိုပါတော့''

''ဟင် .''

''ဒီမှာ သူ့ဓာတ်ပုံ''

ရန်နောင်က လက်ထဲမှာ ပါလာသည့်ဓာတ်ပုံကို ယွန်းကိုပေးလိုက်သည်။

ယွန်းကဓာတ်ပုံကိုယူကြည့်လိုက်ရာ လှပချောမောသော ကောင်မလေး တစ်ယောက် ပုံကိုတွေ့ လိုက်ရ၏ ။ ညာဖက်ပါးပြင်မှာ မှဲ့နက်လေးတစ်လုံးနဲ့။ စံပယ်တင်မှဲ့ကလေး။

''အမလေး .ဓာတ်ပုံတစ်ပုံလုံး လက်ထဲပိုင်ပိုင်နိုင်နိုင်ရောက်နေတာများ ၊ ငါ့ချစ်သူဆိုပါတော့တဲ့၊ ချစ်သူဖြင့် ချစ်သူပေါ့ဟဲ့''

ယွန်းက မျက်စောင်းထိုးရင်းပြောလိုက်လေသည်။

ရန်နောင်က စပ်ဖြဲဖြဲဖြင့်ရယ်နေ၏ ။

''ကဲ .ပြော .ပြော . ဘယ်နေရာအထိသွားရမှာ လဲ၊ တွေ့ ရင်ဘာပြောရမှာ လဲ''

''ငါပြန်ရောက်နေပြီဆိုတာ ပြောပေးဖို့ပါဟာ''

''သူ့အိမ်က ဘယ်မှာ လဲ''

''ဈေးနားမှာ .ဈေးထိပ်ကနာရီစင်ကြီး သိတယ်မဟုတ်လား''

''သိတယ်''

''နာရီစင်ရောက်ရင် အနောက်ဖက်ကိုချိုးကွေ့သွားလိုက်''

''အနောက်ဖက်ဆိုတာ ညာဖက်လား''

''အေး .ဒီကသွားရင် ညာဖက်ပေါ့''

''ငါက ဒီမြို့ရောက်ခါစဆိုတော့ အရှေ့အနောက်တောင်မြောက် မသိသေးလို့ မေးရတာ ဟ''

''နာရီစင်ကနေ ညာဖက်လမ်းကိုဝင်သွားရင် အိမ်သုံးအိမ်ကျော်တာနဲ့ စာအုပ်အငှားဆိုင်တစ်ဆိုင်တွေ့ လိမ့်မယ်၊ အိမ်ရှေ့မှာ စာအုပ်အငှားဆိုင်လေးဖွင့်ထားတာ သင်းတို့အိမ်ပဲ၊ သိသာပါတယ်ဟာ၊ ဆိုင် နာမည် က ငြိမ်းချမ်းရေး .တဲ့''

''သင်းသင်းသွယ်နော်၊ သူ့ကိုတွေ့ ရင် ငါက ဘာပြောရမှာ လဲ''

''နင် ချက်ချင်း ကြီးတော့ ဗြောင်ဝင်ပြောလို့မရဘူး၊ သူ့အိမ်က ငါ့ကိုသိပ်မကြည်ဘူးဟ၊ စာအုပ်အငှားဆိုင်ဆိုတော့ စာအုပ်ကြည့်သလိုလိုနဲ့ ဆိုင်ထဲဝင်သွားပေါ့၊ သင်းကိုတွေ့ ရင် အနားမှာ လူမရှိမှ တိုးတိုးပြောနော်''

''သြော် .ဒီလိုလား၊ ငါသဘောပေါက်ပါတယ်၊ သင်းသင်းသွယ်က ဆိုင်မှာ ရှိရောရှိပါ့မလား''

''သူပဲထိုင်တာပါ၊ နေ့ခင်းဆို ဆိုင်ထိုင်မယ့်လူ သူ တစ်ယောက် ပဲရှိတာ''

''ဟုတ်ပါပြီ၊ တွေ့ ရင် ဘာပြောရမှာ လဲ''

''ငါ ရန်ကုန်က ပြန်ရောက်နေပြီလို့၊ ခြေထောက်နာနေလို့ အပြင်မထွက်နိုင်ဘူးလို့၊ ဖြစ်နိုင်ရင် ညနေပိုင်း အိမ်ကိုလာခဲ့ပါလို့၊၆နာရီလောက်ရောက်အောင်လာပါလို့''

''အဲဒီ လိုတော့ သူက လာလို့ရသလား''

''သူငယ်ချင်း တစ်ယောက် ခေါ်ပြီး လစ်ထွက်လာမှာ ပေါ့ဟာ၊ ဒါကတော့ သူ့အပိုင်းပါ''

''ဟုတ်ပါပြီ၊ ငါသွားပေးမယ်လေ၊ နင့်အတွက် စားစရာဝယ်ခဲ့ဖို့လည်းပြောလိုက်မယ်နော်''

''ဘာလဲ နင်က ငါ့ကိုစားစရာထပ်ပေးရမှာ စိုးလို့လား''

''ဟုတ်တယ်လေ၊ နင့်မှာ ရည်းစား တစ်ယောက် လုံးရှိနေတာပဲ၊ နင့်အတွက် အစားအသောက်ကို နင့်ရည်းစားက တာဝန်ယူရမှာ ပေါ့ဟဲ့''

ရန်နောင်က ရှက်မျက်နှာဖြင့် ရယ်နေသည်။

''ဒါဖြင့် .ဒီဓာတ်ပုံ ငါခဏယူသွားမယ်နော်၊ လူမမှားအောင် တိုက်ကြည့်သင့်ရင် တိုက်ကြည့်ရအောင်''

''ယူသွားလေ''

ယွန်းက လက်ပတ်နာရီကိုကြည့်လိုက်သည်။

''လေးနာရီတောင်ထိုးတော့မယ်၊ မိုးတိတ်နေတုံးသွားမှ''

''ငါ့ကိုကူညီတာ ကျေးဇူးတင်ပါတယ်ယွန်းရယ်''

''ဒီလိုပေါ့ဟာ .ပါရမီဖြည့်ရတာ ပေါ့''

ယွန်းက သူ့ကိုနှုတ်ဆက်ပြီး လှည့်ထွက်လာခဲ့သည်။

ရန်နောင်က ခြံစည်းရိုးနားက ထွက်မသွားသေးပဲ ယွန်းကို နောက်မှကြည့်ရင်း ကျန်ခဲ့၏ ။

+ + + + +

ယွန်းအိမ်ထဲပြန်ရောက်တော့ မေမေအိပ်ရာက နိုးနေပြီ။

''မေမေ သမီးဈေးနားကိုခဏသွားလိုက်ဦးမယ်''

''ဘာလုပ်ဖို့လဲ''

''ဟိုဖက်အိမ်ကကောင်လေးလေ ရန်နောင်၊ သူ့ရည်းစားအိမ်ကိုသွားခိုင်းလို့''

''လာပြန်ပြီလား၊ ဘယ်တုံးက တွေ့ လိုက်ပြန်တာလဲ''

''အခုပဲ ခြံစည်းရိုးနားလာပြီး အကူအညီတောင်းတာမေမေ''

''ဘယ်မှာ လဲ''

''ဟိုမှာ လေ''

ယွန်းက အပြင်ကိုကျော်ကြည့်ကာ လက်ညှိုးထိုးပြလိုက်သည်။

ရန်နောင်ရပ်ကျန်ခဲ့တဲ့နေရာတွင် ရန်နောင့်ကိုမတွေ့ ရတော့။ ရန်နောင်အိမ်ထဲပြန်ဝင်သွားတာ မြန်လိုက်တာ။

''ဟော .မရှိတော့ဘူး၊ အိမ်ထဲပြန်ဝင်သွားပြီမေမေ''

''ညီးဟာက ဟုတ်ရဲ့ လားအေ၊ ငါဖြင့် နှစ် ခါစလုံး အဲဒီ ကောင်လေးကို မမြင်ရဘူး''

''ဘာ ဖြစ်လို့လဲမေမေရဲ့ ၊ ဟောဒီမှာ သူ့ရည်းစားဓာတ်ပုံကိုတောင် ပေးလိုက်သေးတယ်၊ နာမည် က သင်းသင်းသွယ်တဲ့၊ သူတို့အိမ်က နာရီစင်ကြီးနားမှာ တဲ့၊ သူခြေထောက်နာနေတာ သနားလို့ သူ့ရည်းစား သင်းသင်းသွယ်ကို သမီးသွားပြီး အကြောင်းကြားပေးမလို့ပါမေမေ''

''မှန်း .ပြစမ်း''

ဒေါ်မြသီတာက ဓာတ်ပုံကိုတောင်းကြည့်လိုက်သည်။

ဒေါ်မြသီတာက ဓာတ်ပုံကိုကြည့်ကာ ''ကောင်မလေးက မဆိုးပါဘူး၊ လှသားပဲ''ဟုပြောကာ ပြန်ပေးလိုက်သည်။

ယွန်းက ဓာတ်ပုံကိုပိုက်ဆံအိတ်ထဲတွင် ထည့်ရင်း .

''သမီး ခဏသွားမယ်နော်''

ဟု .ခွင့်တောင်းလိုက်သည်။

ဒေါ်မြသီတာ မသွားနဲ့လို့လည်း မပြော၊ သွားလို့လည်း ခွင့်မပြုပဲ ဘာမျှပြန်မပြောပဲ နေနေသည်။ယွန်းသည် စတိုခန်းထဲက စက်ဘီးကို သွားထုတ်ယူလိုက်၏ ။

ဒေါ်မြသီတာက ယွန်းနှင့်အတူ အိမ်ရှေ့ခြံဝအထိပါလာသည်။

''စက်ဘီးကိုကြည့်စီးနော်၊ အတင့်မရဲနဲ့၊ ဟိုကောင်မလေးနဲ့ တွေ့ ရင်လည်း စကားကိုကြည့်ပြောဦး၊ ညီး ဒီလိုသွားတာလာတာငါ မကြိုက်ပေါင်အေ၊ ညီးအဖေသိရင်ပြောဦးမှာ ပဲ''

ဒေါ်မြသီတာ ဘေးမှစကားတွေ တတွတ်တွတ်ပြောရင်းပါလာသည်။

အပေါက်ဝအရောက်တွင် သူတို့အိမ်ဖက်သို့လျှောက်လာနေသော ခြေရင်းဖက်အိမ်မှ ဒေါ်သော င်းသော င်းဆိုသည့်အဘွားကြီးကိုတွေ့ လိုက်ရသည်။

ဒေါ်သော င်းသော င်းက ယွန်းတို့အိမ်ကိုလာလည်ခြင်း ဖြစ်သည်။

''ဟော .ဒီသားအမိ ဘယ်ကိုသွားကြမလို့တုန်း''

''မေမေမလိုက်ပါဘူး၊ ယွန်း တစ်ယောက် တည်း ဈေးနားခဏသွားမလို့ပါကြီးကြီးသော င်း''

ယွန်းက ဒေါ်သော င်းသော င်းကိုပြန်ဖြေရင်း စက်ဘီးကိုနင်းကာ ထွက်သွားသည်။

''ယွန်းလေးက တော် တော် သွက်တယ်နော်၊ ဒီမြို့ရောက်တာ တစ်ပတ်ဆယ်ရက်ရှိသေးတယ်၊ သွားရဲလာရဲနေပြီ''

ဒေါ်သော င်းသော င်းက စက်ဘီးနင်းထွက်သွားသော ယွန်းကို ကြည့်ကာ ပြောလိုက်သည်။

''မမသော င်းတူမက အကျိုးတော် ဆောင်နေတာလေ၊ ဟိုဖက်အိမ်ကကောင်လေးက သူ့ရည်းစားဆီသွားပေးဖို့ အကူအညီတောင်းလို့တဲ့၊ အဲဒါ သွားတာပဲ မမသော င်းရေ''

''ဟင် .''

ဒေါ်မြသီတာစကားကြောင့် ဒေါ်သော င်းသော င်းက ဒေါ်မြသီတာကို တအံ့တသြပြန်ကြည့်လိုက်သည်။

''သီတာ .ဘာပြောလိုက်တယ်၊ ဟိုဖက်အိမ်ကကောင်လေး၊ ဟုတ်လား၊ ဟိုဖက်အိမ်ဆိုတာ ဘယ်အိမ်ကိုပြောတာလဲ၊ ဘယ်ကောင်လေးကို ပြောတာလဲ''

''ဟိုအိမ်ကလေ .ကျွန်မတို့အိမ်ခြေရင်းကအိမ်ပေါ့''

ဒေါ်မြသီတာကလည်း ရန်နောင်ရောက်နေသည့် အိမ်လေးဆီကို လက်ညှိုးထိုးပြရင်းပြောလိုက်သည်။ သူတို့ရပ်နေရာနေရာမှကြည့်လျှင် ရန်နောင်တို့အိမ်ကို မြင်နေရပါသည်။

''အဲဒီ အိမ်မှာ လူမှမနေပဲသီတာ''

''အခုပြန်ရောက်နေပြီ မမသော င်း၊ ကောင်လေးက ရန်နောင် တဲ့''

''အောင်မယ်လေး''

ဒေါ်သော င်းသော င်းက ကျယ်လောင်စွာ အော်လိုက်ကာ သူမ ရင်ပတ်ကြီးကို လက်ဖြင့် ဗြန်းကနဲပုတ်လိုက်သည်။ဒေါ်မြသီတာပင် လန့်သွားမိ၏ ။

''ဘာ ဖြစ်လို့လဲ မမသော င်း''

''ရန်နောင် .ဟုတ်လား၊ ပြောစမ်းပါဦး၊ ဘယ်လိုတွေ့ တာလဲ''

''ယွန်းနဲ့အဲဒီ ကောင်လေးနဲ့ ဒီနေ့မနက်ဆုံကြတာတဲ့၊ ကျွန်မတော့ ရန်နောင်ဆိုတဲ့ကောင်လေးကို မမြင်မိပါဘူး၊ ယွန်းနဲ့ပဲစကားပြောနေတာ၊ ယွန်းက သူစားဖို့ မုန့်ထုတ်တွေ ခေါက်ဆွဲထုတ်တွေ တောင် ပေးလိုက်သေးတယ်''

''ယွန်းနဲ့ပဲ စကားပြောရတယ်၊ သူ့ကို သီတာမမြင်ရဘူး၊ ဟုတ်လား''

''ကျွန်မလှမ်းကြည့်လိုက်တိုင်း ကောင်လေးက အိမ်ထဲဝင် ဝင်သွားတယ်မမသော င်း၊ အဲ .ပျောက်ပျောက်သွားတယ်''

''အမလေးတော် .သရဲ .သရဲ .သရဲခြောက်ပြီ၊ အဲဒါ .သရဲခြောက်တာပဲ သီတာ''

''ရှင် .''

''ရန်နောင်ဆိုတာ သေပြီ၊ သေတာမှ အနှစ် ၂ဝကြာပြီ၊ ကားတိုက်လို့သေတာ၊ ရန်ကုန်ကအပြန် ကိုးလောင်းကွေ့မှာ ကားချင်းတိုက်မိပြီး ပွဲချင်းပြီးသေသွားတာလေ''

''အို .''

xxxxxxxxx



ဝန်ဇင်းချစ်သူများ နွေတမာန် ၏ “ တစ်ရေးနိုးလိပ်ပြာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လမင်းကြွေတဲ့ည

နေကိုကျောခိုင်းတဲ့လ

ထီးလိုလို မှိုလိုလို