Cover

အိမ်မက်ဆန်း
( ၁၉၈၉ခုနှစ် )




ညသည် မှော င်မိုက်နေ၏ ။

ကြယ်ကလေးများ ၏ အရောင် ကသာ မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လည်း တိတ်ဆိတ်နေပါ၏ ။

ထားထားမေသည် အမှော င်ထုဖုံးလွှမ်းနေသော လမ်းမပေါ်ဝယ် တစ်ယောက် တည်းလျှောက်လှမ်းလာလျှက်ရှိသည်။

သူမဘယ်ကိုရောက်နေတယ်ဆိုတာ ထားထားမေတွေးလို့မရပါ။ ဘယ်လိုလုပ်ပြီး ဒီနေရာရောက်လာတယ်ဆိုတာလည်း မသိပါ။

ထားထားမေက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်လေသည်။

လမ်းဘေးဝဲယာတလျှောက်တွင် ရေများ အိုင်ထွန်းနေသည်ကို သာမြင်ရသည်။ ကြယ်များ ၏ အရောင် အောက်ဝယ်မြင်ကွင်းများ က မပီဝိုးတဝါးသာ။

ကောင်းကင်ကိုမော့်ကြည့်လိုက်တော့လည်း တိမ်ညိုတိမ်တိုက်များ တလိပ်လိပ်ရွေ့လျားနေသည်ကိုမြင်နေရသည်။

မှော င်မိုက်သော ဝန်းကျင်တွင် မိမိ တစ်ယောက် တည်းရှိနေသည်ကိုသိလိုက်ရ၍ ထားထားမေကြောက်လန့်လာသည်။

ထားထားမေက မျက်နှာတူရူထားရာသို့ ခပ်သွက်သွက်လျှောက်လှမ်းလာခဲ့သည်။ သူမ ဘယ်ကိုဦးတည်လျှောက်သွားနေမိတယ်ဆိုတာ သူမကိုယ်တိုင်ပင် မသိပါပေ။ ကြောက်ကြောက်လန့်လန့်ဖြင့် သာ ခပ်သွက်သွက်လျှောက်လှမ်းလာခဲ့လေသည်။

တစ်နေရာအရောက်တွင် .. လူအများ ၏ အုန်းအုန်းကြွက်ကြွက်အော်ဟစ်နေသံများ ကို ကြားလိုက်ရသည်။ အသံများ မှာ ကယ်ပါယူပါ တစာစာဖြင့် အော်ဟစ်နေသော အသံများ ဖြစ်လေသည်။

ထားထားမေက အသံကြားရာဆီသို့ အပြေးကလေးသွားလိုက်လေသည်။ ရှေ့တွင် လမ်းကွေ့တစ်ခု။ အသံများ က လမ်းကွေ့အတွင်းမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ အော်ဟစ်သံ၊ ငြီးငြူသံ၊ငြီးတွားသံ။ အသံများ အားလုံးမှာ အမင်္ဂလာသဘောကိုဆောင်နေသော အနိဋ္ဌာရုံအသံ များ သာ ဖြစ်လေသည်။

ဘာကြောင့်ရယ်မသိ။ ထားထားမေသည် သိချင်ဇောဖြင့် လူသံ များ ထွက်ပေါ်လာရာလမ်းကွေ့ကို ချိုးကွေ့လိုက်သည်။

''အို...''

အနိဋ္ဌာရုံမြင်ကွင်းတစ်ခုကို ထားထားမေမြင်တွေ့ လိုက်ရလေသည်။

ကားတစ်စီးသည် လမ်းဘေးမြေနိမ့်ပိုင်းဆီသို့ ထိုးစိုက်ကျနေသည်။ ကားခေါင်းပိုင်းက လမ်းဘေးရေအိုင်ထဲသို့နစ်နေသည်။

ကားသည် လေးဆယ့်ငါးဒီဂရီတိမ်းစောင်းကာ ဗွက်ထဲတွင် နစ်နေ၏ ။

ကား၏ နောက် ဘီးများ သည် မြေနှင့် လွတ်နေသည်။ ဘီးများ ကလည်ပတ်နေဆဲ။

မကြာမီအချိန်ကပင်... လမ်းဘေးသို့ထိုးစိုက်ကျကာ တိမ်းမှော က်ခဲ့ကြောင်း သိသာစေသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။

ကားအောက်မှာ ပိနေသော လူများ ၊ ကားဘေးတွင် လွင့်စင်ကျနေသော လူများ ၊ ခြေပြတ်လက်ပြတ်ဖြင့် အော်ဟစ်ငြီးငြူနေသော အရွယ်စုံလူသားများ ကို ထားထားမေထိတ်လန့်စဖွယ်တွေ့ လိုက်ရလေသည်။

သွေးများ ကလည်း မြေပြင်အနှံ့အိုင်ထွန်းလျှက်ရှိလေသည်။

ထားထားမေသည် ကြောက်လန့်တကြားဖြင့် ထိုနေရာမှထွက်ပြေးရန် နောက်သို့လှည့်လိုက်သည်။

''မမ- မမ- တာရာ့ကိုကယ်ပါမမ''

အသံတစ်သံက ထားထားမေခြေလှမ်းများ ကို တုံ့သွားစေသည်။

ကလေးငယ်တစ်ဦး၏ အသံ။

ထားထားမေက နောက်ကိုပြန်လှည့်ကြည့်လိုက်သည်။

''မမ.. တာရာ့ကိုကယ်ပါ၊ တာရာ့ကိုဆွဲထုတ်ပေးပါမမရယ်''

ထားထားမေက ကားနားသို့တိုးကပ်သွားလေသည်။

ထိုအခါ... ကားပြတင်းပေါက်မှထွက်ပြူနေသော ဦးခေါင်းတစ်လုံးကိုမြင်လိုက်ရလေသည်။ အသံသည် ထိုဦးခေါင်းဆီမှထွက်ပေါ်လာခြင်းပင် ဖြစ်ပါ၏ ။

''မမ.. တာရာ့ကိုခေါ်ပါ၊ တာရာ့ကို ဘွားဘွားဆီပို့ပေးပါမမရယ်''

''အို...''

အသက်၅-နှစ် ၊ ၆-နှစ် အရွယ်ခန့် မိန်းကလေး တစ်ယောက် ။ကားမှန်ပြတင်းမှ ခေါင်းကလေးပြူထွက်နေသည်။ လက်တစ်ဖက်ကပြတင်းပေါက်မှကျော်ကာ ထားထားမေကိုလက်ယပ်ခေါ်ရင်း အော်နေခြင်း ဖြစ်သည်။

အထက်အောက်အတင်အချလုပ်ရသော ကားမှန်ကကလေးငယ်၏ လည်ပင်းကိုဖိထားလေသည်။ ကလေးငယ်သည်ဦးခေါင်းနှင့် လက်တစ်ဖက်သာ ကားအပြင်ထွက်ကာ ကားမှန်အပိခံထားရပေသည်။

အထက်မှကားမှန်အဖိခံထားရ၍ ကလေးငယ်မှာ လျှာတစ်လစ် ထွက်နေပေပြီ။ ထားထားမေကို မပီမသအသံဖြင့် အကူအညီတောင်းနေ ခြင်း ဖြစ်ပါသည်။

''မမ... တာရာ့ကိုခေါ်ပါ၊ ဘွားဘွားဆီပို့ပေးပါမမရယ်''

ထားထားမေက ကောင်မလေးကိုသနားစိတ်ဖြင့် ကားနားကိုတိုးကပ်သွားကာ... လက်ကမ်းပေးလိုက်သည်။

ကလေးငယ်၏ လက်ကို သူမ၏ ညာလက်ဖြင့် လှမ်းဆွဲလိုက်သည်။

ကလေးသည် ထားထားမေဆွဲခေါ်ရာသို့ အလွယ်တကူပါလာ လေသည်။

ကားပြတင်းပေါက်မှ ကလေးထွက်ကျလာသည်။

သို့သော်... တစ်ကိုယ်လုံးထွက်ကျလာခြင်းမဟုတ်ပါ။

ထားထားမေ၏ လက်ထဲတွင် ကလေးငယ်၏ ပခုံးပိုင်းအထိသာ ပြတ်၍ ပါလာခြင်း ဖြစ်လေ၏ ။

ပခုံးအောက်နားအထိ တစ်ပိုင်းပြတ်၍ ပါလာသော ကလေးငယ်သည် ထားထားမေရင်ခွင်ထဲသို့ ကျလာလေသည်။

ထားထားမေက ကိုယ်တစ်ပိုင်းပြတ်ကြီးကို ထိတ်လန့်တကြား ငုံ့ကြည့်လိုက်၏ ။

ထိုအခါ.. သူမရင်ခွင်ထဲမှ ကိုယ်တစ်ပိုင်းပြတ်ကောင်မလေးသည် ထားထားမေကိုမော့်ကြည့်ရင်းပြောလိုက်လေသည်။

''ကျေးဇူးတင်ပါတယ်မမရယ်... သမီးကို ဘွားဘွားဆီပို့ပေးပါနော်''

''အား-''

ထားထားမေက စူးစူးဝါးဝါးဖြင့် ထိတ်လန့်တကြားအော်ဟစ်လိုက်လေ၏ ။

* * * * ** * * * *



''ထားထား ... ထားထား.. ဘာ ဖြစ်တာလဲ၊ ဘာ ဖြစ်တာလဲ''

ထားထားမေအော်သံကြောင့် ကိုအောင်မြတ်လန့်နိုးလာကာဇနီးသည်ကိုလှုပ်နှိုးရင်း မေးလိုက်လေသည်။

ထားထားမေသည် ဇောချွေးများ ပြန်ရင်း နိုးလာ၏ ။

မျက်လုံးဖွင့်ကြည့်ပြီး ကိုအောင်မြတ်ကိုဖက်ထားလိုက်သည်။

''တော် ပါသေးရဲ့ ၊ တော် ပါသေးရဲ့ ၊ အိပ်မက်မို့လို့ တော် ပါသေးရဲ့ မောင်ရယ်''

ထားထားမေက အသံတုန်တုန်ဖြင့် ပြောလိုက်လေသည်။

''ထားထား... အိပ်မက်ဆိုးတွေ မက်နေတာလား၊ ခဏနော်၊မောင် ရေယူပေးမယ်''

ကိုအောင်မြတ်က ထားထားမေကို အိပ်ရာပေါ်ခပ်ဖွဖွပြန်ချပေးကာ အိပ်ရာထဲမှထလိုက်သည်။ အခန်းမီးကိုဖွင့်လိုက်သည်။

အခန်းမီးအလင်းရောင် ကြောင့် ထားထားမေ စိတ်သက်သာရာ ရသွား၏ ။ ကိုအောင်မြတ်ရေသွားယူနေစဉ် ထားထားမေကအိပ်မက်ကို ပြန်တွေးနေမိသည်။

အိပ်မက်က ထိတ်လန့်စရာ၊ အော်ဂလီဆန်စရာ ကောင်းလှပါ၏ ။

ကိုအောင်မြတ်က ရေဗူးနှင့် ဖန်ခွက်ကိုယူလာကာ ထားထားမေကို ငှဲ့တိုက်သည်။

''ဘာတွေ အိပ်မက်မက်လို့လဲ ထားထားရယ်၊ အော်လိုက်တာ မောင်တောင် လန့်သွားတာပဲ''

''ဟုတ်လား၊ ထားထားအော်လိုက်မိသလား မောင်''

ထားထားမေက သူမအိပ်မက်ကို ကိုအောင်မြတ်အားပြန်ပြောပြလိုက်သည်။

''ကားဘေးမှာ လူတွေ အတုံးအရုံးသေနေကြတာ ကြောက်စရာကြီးမောင်ရယ်၊ ခြေပြတ်လက်ပြတ်တွေ လည်း ထားထားတွေ့ ရတယ်၊ ကလေးလေးကလည်း မျက်နှာလေး ကတော့ ချစ်စရာလေး၊ထားထား ဆွဲခေါ်လိုက်တော့ ကိုယ်တစ်ပိုင်းပြတ်ကြီးနဲ့ပါလာတာတွေ့ မှလန့်သွားတာ၊ ကောင်မလေးနာမည် က တာရာတဲ့၊ အိပ်မက်ထဲမှာ နာမည် ပါသိရတာ မဆန်းဘူးလားမောင်၊ ပြီးတော့... အဲဒီ ကောင်မလေးကသူ့ကို သူ့အဘွားဆီပို့ပေးဖို့ တစာစာပြောနေတယ်မောင်ရယ်''

''အိပ်မက်ကိုမေ့ပစ်လိုက်ပါထားထားရယ်၊ သွေးလေခြောက်ခြားလို့မက်တာပါ၊ ပြန်အိပ်လိုက်တော့နော်၊ အခန်းမီးကိုဖွင့်ထားလိုက်မယ်''

ပြန်အိပ်ပျော်အောင် ထားထားမေ မျက်လုံးကိုမှိတ်ပြီးမှိန်းနေသော်လည်း တော် တော် နှင့် အိပ်မပျော်။ အိပ်မက်ကိုတရစ်ဝဲဝဲမြင်ယောင်နေမိသည်။

''မမ.. တာရာ့ကိုခေါ်ပါ၊ တာရာ့ကို ဘွားဘွားဆီပို့ပေးပါမမရယ်''

''ကျေးဇူးတင်ပါတယ်မမရယ်... သမီးကို ဘွားဘွားဆီပို့ပေးပါနော်''

ကောင်မလေးရဲ့ မျက်နှာ၊ ကောင်မလေးရဲ့ အသံများ ကို ထားထားမေ ပြန်ပြီးကြားယောင်နေမိသည်။

မှတ်မှတ်ရရ ထိုအိပ်မက်ကိုမက်သော နေ့မှာ သီတင်းကျွတ်လပြည့်နေ့ကြီး ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့မှာ ထားထားမိဘတွေ ရော၊ ကိုအောင်မြတ်မိဘတွေ ကိုပါ သွားကန်တော့ပြီး အပြန်ညမှာ မက်ခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ခုနှစ် ၊ သီတင်းကျွတ်လပြည့်နေ့ည။

အိမ်မက် မက်တာ သီတင်းဆိုးကြီးကိုထင်ထင်ရှားရှားကြီးမှတ်မိ နေပါသည်။

ထိုအိပ်မက်ကို ထားထားမေသည် တစ်သက်လုံးမေ့ပစ်လို့မရခဲ့ပါ။

မေ့လို့မရအောင်လည်း အိပ်မက်၏ နောက်ဆက်တွဲ ဖြစ်ရပ်များ က ထားထားမေဘဝထဲသို့ရောက်ရှိလာခဲ့လေသည်။

ထိုအိပ်မက်ကိုမက်ပြီး မကြာမီမှာ ပင် ထားထားမေ၌ ကိုယ်ဝန်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

* * * * ** * * * *



အတိတ်လည်ပြန်
( ၂ဝ၁၁ခုနှစ် )




''စဉ်းစားပါဦးသားရယ်... မ သွားပါနဲ့လို့ နောက်ဆုံးအချိန် အထိမေမေတားချင်သေးတယ်ကွယ်''

ဒေါ်ထားထားမေက သူမကိုထိုင်ကန်တော့နေသော သား ဖြစ်သူကို ပြောလိုက်သည်။

မြင့်မြတ်တာရာက မိခင် ဖြစ်သူဒေါ်ထားထားမေကို ပြန်မော့်ကြည့်လိုက်သည်။

''သားကိုခွင့်လွှတ်ပါမေမေ၊ သားစိတ်ကို မေမေအသိဆုံးပါ၊သားဘဝမှာ အသိရအခက်ဆုံး ဖြစ်နေတဲ့ ဒီလျှို့ဝှက်ကြီးကို ရအောင်ဖော်ထုတ်နိုင်မှ သားနေပျော်လိမ့်မယ် မေမေရယ်''

''သားရယ်...''

''ဒီလျှို့ဝှက်ချက်ကြီး မပေါ်သေးသမျှ သားလည်း နေလို့ရမှာ မဟုတ်ဘူး၊ ဒီတော့.. ဆုံးဖြတ်ထားတဲ့အတိုင်း သားကိုသွားခွင့်ပြုပါမေမေ''

''သား စိတ်လိုက်မာန်ပါလုပ်ရင် အမှားတွေ ပါကုန်မှာ ကိုမေမေ စိုးတယ်သား၊ အဲဒါကြောင့် မေမေတားနေတာ''

''သား ကလေးမဟုတ်တော့ပါဘူးမေမေ၊ မှားမယ့်အလုပ်မျိုးကိုသားမလုပ် ဖြစ်အောင် ရှောင်ပါ့မယ်၊ အခုသွားတာလည်း ချယ်ရီမြိုင်အသိုင်းအဝိုင်းထဲကိုပြန်ဝင်ချင်လို့မဟုတ်ပါဘူး၊ ဝင်လို့မရမှန်းလည်းသား သိပါတယ်မေမေ၊ သားသွားမှာ က အမှန်တရားကိုသိရရုံသက်သက်ပါ၊ အမှန်တရားကိုသိခွင့်ရခဲ့ရင်လည်း သားဘယ်သူ့မျှပြန်မပြောပါဘူး မေမေ၊ သိရရုံနဲ့ သားကြေနပ်မှာ ပါမေမေရယ်''

''သားရင်ထဲမှာ သိထားတဲ့အမှန်တရားဆိုတာလည်းတကယ်တန်းကျသက်သေပြလို့မရဘူးလေ၊ လူဝင်စားဆိုတာကိုပါးစပ်ပြောနဲ့ ဘယ်သူက ယုံမှာ လဲကွယ်၊ ပြီးတော့... သားမှာ သက်သေပြစရာ ဘာမျှခိုင်ခိုင်လုံလုံမရှိဘူး၊ သားကိုယ်တိုင်တောင်အရင်ဘဝကို အလုံးစုံမှတ်မိတာမှမဟုတ်ပဲ''

''ဟုတ်ပါတယ်မေမေ၊ သားကလည်း ချယ်ရီမြိုင်က လူတွေ သားကို တာရာမိုးဦး....လို့လက်ခံစေချင်လို့ သွားတာမဟုတ်ပါဘူး၊သားဘွားဘွားဒေါ်နန်းမြနွယ်နဲ့ နီးနီးကပ်ကပ်နေဖူးချင်လို့ပါ၊ ပြီးတော့...ချယ်ရီမြိုင်မှာ ရှိနေတဲ့ တာရာမိုးဦးဆိုတာကိုလည်း ဘယ်လိုနည်းနဲ့ရှိနေတယ်ဆိုတာ စုံစမ်းချင်လို့သွားမှာ ပါ၊ သား ဘာပြဿနာမှ မရှာပါဘူးမေမေ''

ဒေါ်ထားထားမေက သက်ပြင်းချလိုက်သည်။

''အင်းလေ.. ဟိုကအလုပ်ခန့်စာကိုလည်း ရထားပြီဆိုတော့သွားမှ ဖြစ်တော့မှာ ပေါ့၊ မေမေမှာ လိုက်တာတွေ ကို သားကြပ်ကြပ်ဂရုစိုက်ပါကွယ်၊ ကိုယ့်အတွက်ကြောင့် သူတစ်ပါး အခြေအနေပျက်တာမျိုး မ ဖြစ်ပါစေနဲ့၊ ကိုယ့်ကြောင့် သူတစ်ပါးစိတ်ဆင်းရဲရတာ မျိုးမ ဖြစ်အောင် ရှောင်ပါသားရယ်''

''သားအတွက် အစစအရာရာ စိတ်ချပါမေမေ၊ သားဟိုရောက်တာနဲ့ မေမေ့ဆီဖုန်းဆက်လိုက်မယ်၊ အခြေအနေပေးရင်မေမေ့ဆီကို နေ့တိုင်းဖုန်းဆက်ပါမယ်မေမေ၊ ရထားချိန်လည်း နီးနေပြီးသားကို ခွင့်ပြုပါတော့နော် မေမေ''

မြင့်မြတ်တာရာက မိခင် ဖြစ်သူကို နောက်တစ်ကြိမ်ဦးချလိုက်ပြန်သည်။

''သာဓုကွယ်.. သာဓု.. သာဓု.. ငါ့သား မြင့်မြတ်တာရာသွားလေရာမှာ ခလုတ်မထိဆူးမငြိပါစေနဲ့၊ တွေ့ တဲ့သူတိုင်းရဲ့ ချစ်ခင်ယုံကြည်မှုကို ရပါစေကွယ်''

''ဘူတာကို မေမေလိုက်မပို့နဲ့တော့နော်၊ သားဘာသာ ကားငှားသွားတော့မယ်''

* * * * ** * * * *



ဒေါ်ထားထားမေသည် မြင့်မြတ်တာရာပါသွားသော တက်စီကားကိုမျက်စိတစ်ဆုံးကြည့်ရင်း အိမ်ရှေ့၌ ကျန်ခဲ့သည်။

ကား မြင်ကွင်းမှပျောက်သွားသည့်တိုင် ဒေါ်ထားထားမေအိမ်ထဲပြန်မဝင်မိသေး။ အဝေးကိုငေးမျှော်ကြည့်နေသော်လည်းသူမမျက်ဝန်း၌ မျက်ရည်များ နှင့် မို့ ရှေ့ကမြင်ကွင်းတွေ ကိုမမြင်မိပါ။

ခဏကြာမှ.. မျက်ရည်များ ကိုသုတ်ကာ အိမ်ထဲပြန်ဝင်ခဲ့သည်။

အိမ်ထဲမှာ တော့... ဒေါ်ထားထားမေ တစ်ယောက် သာ အထီးကျန်အဖော်မဲ့၍ ကျန်ခဲ့ပါတော့သည်။

ဒေါ်ထားထားမေက ဧည့်ခန်းနံရံမှာ ချိတ်ထားသည့်ဓာတ်ပုံများ ဆီသို့အလိုလိုလျှောက်သွားမိသည်။ နံရံမှာ ချိတ်ထားသည့်မိသားစုဓာတ်ပုံကြီးကို မော်ကြည့်မိသည်။

ဓာတ်ပုံက သားလေးမြင့်မြတ်တာရာ အသက်ကိုးနှစ် အရွယ် လေးတန်းကျောင်းသားဘဝတုန်းက ပထမဆုရ၍ မိဘဆရာအသင်းဆုပေးပွဲတွင် ဆုယူစဉ်ကရိုက်ထားသည့်ပုံ။ ပုံထဲတွင် မြင့်မြတ်တာရာက ဖခင်ဦးအောင်မြတ်နှင့် မိခင်ဒေါ်ထားထားမေကြားတွင် ဆုပစ္စည်းများ ကိုပိုက်ရင်းရပ်နေသည်။

''မောင်ရေ.. သား ကတော့ အတောင်အလက်စုံလို့ ထားထားရင်ခွင်ထဲက ပျံထွက်သွားပြီမောင်၊ သားက သူ့ရဲ့ ဘဝဟောင်းကိုပြန်ဖော်ထုတ်ဖို့တဲ့၊ ချယ်ရီမြိုင်ကို အရောက်သွားပြီမောင်၊ မောင်သာရှိရင်သားကို ဒီကိစ္စမလုပ်အောင် တားမှာ ပဲနော်၊ ထားထား ကတော့ တားလည်းမတားနိုင်ဘူး၊ တားလည်းမတားရက်ဘူးမောင်၊ ခုတော့.. မောင်ဆောက်ပေးခဲ့တဲ့အိမ်လေးထဲမှာ ထားထား တစ်ယောက် တည်းကျန်နေရပါပြီမောင်ရယ်''

ဓာတ်ပုံထဲက ကွယ်လွန်သူချစ်ခင်ပွန်းကို တမ်းတတိုင်တည်လိုက်လေသည်။

ဦးအောင်မြတ်သည် ဤဓာတ်ပုံကိုရိုက်ပြီး မကြာမီ.. မြင့်မြတ်တာရာ ငါးတန်းနှစ် မှာ ကွယ်လွန်သွားခဲ့ပါသည်။

တစ်ချိန်တုံး ကတော့ အင်ဂျင်နီယာ ကိုအောင်မြတ်ကိုယ်တိုင်ပုံစံထုတ်၍ စိတ်ကြိုက်ဆောက်ခဲ့သော ဤတစ်ထပ်တိုက်လေးတွင် သား အမိသားအဖသုံးယောက် ပျော်ပျော်ရွှင်ရွှင်သိုက်သိုက်ဝန်းဝန်းနေခဲ့ကြလေသည်။

မိသားစုဓာတ်ပုံကြီးကိုမော်ကြည့်ရင်းမှ ဒေါ်ထားထားမေ၏ အတွေးပုံရိပ်ထဲတွင် သားလေးမြင့်မြတ်တာရာ သူမတို့ဘဝထဲသို့ဝင်ရောက်လာပုံများ ပြန်လည်ထင်ဟပ်လာလေသည်။

* * * * ** * * * *





ဝန်ဇင်းချစ်သူများ နွေတမာန် ၏ “ ထီးလိုလို မှိုလိုလို ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကမ္ဘာတုန်တဲ့ည

လမင်းကြွေတဲ့ည

တစ်ရေးနိုးလိပ်ပြာ