အခန်း(၁)
နွေတမာန်
တမလွန်ကပြန်ခဲ့တယ်
ဂမ္ဘီရဆန်းကြယ်လုံးချင်းဝတ္ထု
( ၁ )
စန္ဒီသည် အမှတ်မထင် “ဓာတ်လိုက်ခံရရာမှ အမြင်ပေါက်သွားခဲ့ခြင်း ဖြစ်လေသည်။
အမြင်ပေါက်သည်ဆိုသည်မှာ ကိုယ့်ရှေ့တွင် အမှန်တကယ်မရှိသည့်အရာများ ကို မျက်စိထဲတွင် ထင်မြင်လာခြင်းမျိုး ဖြစ်ပါ သည်။ ထိုသို့မြင်လာရသော မြင်ကွင်းများ သည် အခြားသော အဝေးတစ်နေရာက အ ဖြစ်တွေ လား၊ ပရလောက သို့မဟုတ် နာနာဘာဝ ဝိညာဉ်များ ၏ လှုပ်ရှားမှုလားဆိုတာ စန္ဒီ့အဖို့ မကွဲပြားခဲ့ချေ။
ထိုနေ့က ရေတင်စက်ကိုဖွင့်ထားရင်း စန္ဒီ ရေချိုးနေခဲ့သည်။ သူမရေချိုးပြီးချိန်နှင့် ကန်ထဲသို့ရေပြည့်ချိန်မှာ အံကိုက် ဖြစ် နေသည်။ စန္ဒီသည် ကိုယ်ပေါ်မှရေများ ကို အတတ်နိုင်ဆုံး မျက်နှာသုတ်ပုဝါဖြင့် စင်အောင်သုတ်ခဲ့ပါသေးသည်။ ခြောက်သွေ့သော ဖိနပ်ကိုစီး၍ ရေတင်စက်ရှိရာသို့သွားသည်။ ရေတင်စက်ခလုတ်ကို ပိတ်လိုက်သည်။
ကိုယ်ပေါ်မှာ ရေမရှိအောင် သတိထားပါလျှက် မည် သို့ ဖြစ်သွားသည်မသိ။ ခလုတ်ကို လှမ်းကိုင်လိုက်သော သူမလက်ထဲသို့ လျှပ်စစ်ဓာတ်စီးဝင်မှုကို ခံစားလိုက်ရသည်။ စန္ဒီ့တစ်ကိုယ်လုံး ထုံကျင်သွားသည်။ မျက်လုံးအမြင်တစ်ခုလုံး လင်းလက်သွားကာ အဖြူ ချည်းသက်သက် ဖြစ်သွားသည်။ ထို့နောက် ပက်လက်လန်၍ လဲကျသွားလေသည်။
တော် ပါသေးသည်။ လျှပ်စစ်ဓာတ်နှင့်ကင်းလွတ်သွား၍ သူမ ဘာမှမ ဖြစ်ခဲ့။ ညာဖက်လက်မောင်းမှာ တော့ ထုံကျင်ကိုက်ခဲ နေခဲ့သည်။
အသံကြား၍ အဘွားက ပုတီးစိတ်နေရာမှ ဘုရားစင်ရှေ့ကနေ ထပြေးလာသည်။
' စန္ဒီ... ဘာ ဖြစ်တာလဲ၊ ဘာ ဖြစ်တာလဲ၊ “ဓာတ်လိုက်လား'
အဘွားက လဲနေသော စန္ဒီ့ကို ထူမပေးသည်။
'မြေးလေး... စန္ဒီ... သတိရရဲ့ လား'
'ရပါတယ်အဘွား၊ သမီးဘာမှမ ဖြစ်ပါဘူး'
သူမသည် ပေါ့ပါးစွာ ပင် လဲနေရာမှ ထလိုက်၏ ။
အဘွားက သူမကိုထူပေးသည်။
သံမံတလင်းပေါ်လဲနေရာမှ အားယူထရင်း ထူပေးနေသော အဘွားကို မော့်ကြည့်လိုက်သည်။ သည်တွင် စန္ဒီသည် မြင်နေ ကျမြင်ကွင်း မဟုတ်သော ထူးခြားသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရခြင်း ဖြစ်သည်။
အဘွားနောက်မှာ လူ တစ်ယောက် ရပ်နေပုံကို မြင်လိုက်ရခြင်း ဖြစ်သည်။
စန္ဒီအံ့သြသွားသည်။ အိမ်မှာ အဘွားနှင့်စန္ဒီနှစ် ယောက် တည်း ရှိသည့်အချိန် ဖြစ်ပါသည်။
စန္ဒီမြင်နေရသော လူမှာ စန္ဒီတို့ကို နောက်ကျောခိုင်း၍ ရပ်နေခြင်း ဖြစ်သည်။ စန္ဒီနှင့်အဘွားက မျက်နှာချင်းဆိုင် ဖြစ်နေ၍ ထိုသူ သည် အဘွား၏ နောက်ဖက်တွင် ကျောခိုင်း၍ ရပ်နေခြင်း ဖြစ်သည်။
'ဟင်... ဟိုမှာ ... ဟိုမှာ ...'
စန္ဒီက အဘွားနောက်ကျောဖက်ကို လက်ညှိုးထိုးပြ၍ အော်လိုက်မိသည်။
'ဟင်... ဘာလဲငါ့မြေး၊ ဘာတွေ့ လို့လဲ'
'အဘွားနောက်မှာ လူ တစ်ယောက် ရပ်နေတယ်... အို...'
စန္ဒီက မတ်တပ်ထရပ်လိုက်ရင်း ထိုသူကိုကြည့်လိုက်ရာ အခြားသော မြင်ကွင်းများ ကိုပါ မြင်လိုက်ရ၍ ပိုအံ့အားသင့်သွားရသည်။
'ဘယ်မှာ လဲငါမြေးရဲ့ ၊ ဘယ်သူမှလဲ မရှိပါလား'
အဘွားက နောက်ကိုလှည့်ကြည့်ရင်းပြောသည်။
'နေဦး...နေဦးအဘွား၊ သမီးမြင်သလို အဘွားမမြင်ဘူးထင်တယ်၊ သမီး လူ တစ်ယောက် ကိုမြင်နေရတယ်'
စန္ဒီသည် သူမြင်နေရသည့်လူကြီး၏ ပုံရိပ်ကို လိုက်ကြည့်နေမိသည်။ သူမ၏ မျက်လုံးများ ကိုလည်း ပွတ်သတ်ကြည့်မိသည်။ သူမ အမြင်မမှားပါ။ လူ တစ်ယောက် ကို စန္ဒီတကယ်ကိုမြင်နေရပေ၏ ။
ထိုသူသည် စန္ဒီတို့နှင့်ကြမ်းတပြေးတည်းမှာ မတ်တပ်ရပ်နေခြင်း ဖြစ်သည်။ စန္ဒီတို့မြေးအဘွားနှင့် နီးကပ်စွာ ရပ်နေခြင်း ဖြစ်သည်။ သူက စန္ဒီတို့ကိုနောက်ကျောခိုင်းထားသည့်အတွက် သူ့မျက်နှာကိုတော့မမြင်ရပေ။ ကြည့်ရသည်မှာ ဖေဖေတို့အရွယ် လောက်ရှိသော ယောကျာ်းကြီးတစ်ဦး ဖြစ်ပေသည်။
စန္ဒီသည် ထိုလူကြီးနောက်ကျောကိုကြည့်နေရင်းမှ သူမသည် မြင်ကွင်းနှစ် ခုကို ထပ်ရက်အနေအထားဖြင့် မြင်နေရခြင်း ဖြစ် ကြောင်း သိလာလေသည်။
စန္ဒီမြင်နေရသည်မှာ ထိုလူကြီးသာ မဟုတ်သေး။ အခြားသော လူနေတိုက်ခန်းတစ်ခု၏ သွင်ပြင်ကိုပါမြင်နေရခြင်း ဖြစ်သည်။ ထို လူကြီးသည် စန္ဒီတို့နေအိမ်နှင့် မသက်ဆိုင်သော သီးခြား ဖြစ်သည့် ထိုတိုက်ခန်းထဲတွင် မတ်တပ်ရပ်နေခြင်းသာ ဖြစ်ပါ၏ ။
စန္ဒီတို့နေထိုင်ရာအိမ်က သပ်သပ်။ ထိုလူကြီးရှိနေသော တိုက်ခန်းကသပ်သပ်။ သီးခြားစီ ဖြစ်ပါသည်။ သူမ ပကတိနေထိုင်နေ သည့်အိမ်ထဲမှာ ပင် အခြားသော လူနေတိုက်ခန်းတစ်ခုအသွင်သဏ္ဍာန်ကို ထပ်ရက်မြင်နေရခြင်းပင် ဖြစ်ပါသည်။ လူကြီးမှာ လည်း စန္ဒီမြင် နေရသော အိမ်ဆီမှလူသာ ဖြစ်လေသည်။
'အဘွား... သမီးပြောတဲ့လူကြီးကို အဘွားမမြင်ရပါဘူးနော်'
စန္ဒီက သေချာအောင် အဘွားကိုထပ်မေးလိုက်သည်။
'ဘာကိုလဲကွယ်၊ ဘာကိုမြင်ရမှာ လဲ၊ စန္ဒီ ...ငါ့မြေး... နင်ဘာ ဖြစ်သွားတာလဲ၊ “ဓာတ်လိုက်လို့များ ...'
'ခဏနေဦးအဘွား၊ ခဏ...'
စန္ဒီတို့နှင့်မလှမ်းမကမ်းတွင် ရပ်နေသော လူကြီးက နောက်ကျောခိုင်းရက်အနေအထားမှပင် ရှေ့သို့လျှောက်သွားသည်ကို မြင် လိုက်ရလေသည်။ သူရပ်လိုက်သည့်နေရာမှာ ပြတင်းပေါက်တစ်ခု၏ ဘေးတွင် ဖြစ်၏ ။ သူက ပြတင်းပေါက်ကိုလက်ထောက်ကာ အောက် သို့ငုံ့ကြည့်ရင်း တစ်စုံတစ်ခုအော်ပြောနေပေသည်။ အသံကိုတော့မကြားရပေ။
ကြည့်ရသည်မှာ ထိုလူသည် အပေါ်ထပ်ပြတင်းပေါက်မှနေ၍ အောက်ထပ် အပြင်ဖက်သို့ တစ်စုံတစ်ခုလှမ်းအော်ပြောနေပုံ မျိုး ဖြစ်ပါ၏ ။ စန္ဒီနှင့်အဘွားရောက်နေသော နေရာမှာ ရေချိုးခန်းဘေးက ရေတင်စက်ထားရာ အခန်းကျဉ်းကလေး ဖြစ်ပါသည်။ စန္ဒီသည် ရေစက်အခန်းကိုရော၊ ထိုလူကြီးရှိနေသည့်အဆောက်အဦးကိုပါ ပုံရိပ်နှစ် ခုအား ထပ်ရက်သားဖြင့် ထင်ရှားစွာ မြင်နေခြင်း ဖြစ်လေသည်။
စန္ဒီသည် ထိုလူကြီးကို အနီးကပ်မြင်ရစေရန် ထိုလူကြီး နောက်ကျောခိုင်းရပ်နေသည့်နေရာထိ လျှောက်သွားလိုက်သည်။
သို့သော်... စန္ဒီခြေလှမ်း၍ နေရာရွှေ့လိုက်သည်နှင့် စန္ဒီမြင်နေရသော မြင်ကွင်းမှာ ပြောင်းသွား လေသည်။ အပိုမြင်နေရသော မြင်ကွင်း ပျောက်သွားခြင်းမဟုတ်။ မြင်ကွင်း ပြောင်းသွား ခြင်းသာ ဖြစ်ပါသည်။
စန္ဒီနေရာရွေ့လိုက်သည်နှင့် ထိုလူကြီး ပြတင်းပေါက်တွင် ရပ်နေသော မြင်ကွင်းရော၊ သူရှိနေသည့်အိမ်ခန်းပုံရိပ်ပါ ပျောက်ကွယ် သွားကာ... စန္ဒီ့အမြင်ထဲ၌ ပန်းခြံတစ်ခုပုံရိပ်ကိုမြင်လာရပြန်သည်။
စန္ဒီသည် မိမိရောက်နေသော ရေတင်စက်ထားသည့် အခန်းလေးနှင့် ဘေးမှအဘွားကိုလည်း ပကတိအတိုင်းမြင်နေရသည်။ ယခုတစ်ခါ... ပေါ်လာသော ပန်းခြံမြင်ကွင်းကိုလည်း ထင်ထင်ရှားရှားဖြင့် မြင်နေရခြင်း ဖြစ်ပါသည်။
ရုပ်ရှင်ဇာတ်ကားများ တွင် ဇာတ်ဝင်ခန်းတစ်ခုနှင့်တစ်ခု အကူးအပြောင်း၌ ရှေ့အခန်းမှပုံရိပ်နှင့် နောက်တစ်ခန်းမှပုံရိပ်ကို ဖလင်နှစ် ခု ထပ်၍ မြင်ရပုံမျိုး ဖြစ်ပါသည်။
စန္ဒီသည် ပန်းခြံတစ်ခုအတွင်းသို့ ရောက်နေပြန်လေသည်။ စန္ဒီ့မျက်လုံးထဲတွင် အဘွားနှင့်မိမိအိမ်ကိုရော၊ အမြင်သစ် ဖြစ်သည့် ပန်းခြံကိုရော... ရောယှက်၍ တစ်ထပ်တည်းမြင်နေရခြင်း ဖြစ်လေသည်။
စန္ဒီက ပန်းခြံထဲမှနေ၍ လှမ်းမျှော်ကြည့်လိုက်ရာ မြင့်မားသော နှစ် ထပ်အိမ်ကြီးတစ်လုံးကိုမြင်လိုက်ရလေသည်။ နှစ် ထပ်အိမ်ကြီး ၏ အပေါ်ထပ်ပြတင်းပေါက်၌ မတ်တပ်ရပ်လျှက် အိမ်အောက်ထပ်သို့ငုံကြည့်နေသော လူကြီး တစ်ယောက် ကိုလည်းကောင်း၊အိမ်အောက် ထပ်အပြင်ဖက်မှ ထိုလူကြီးကိုမော်ကြည့်နေသော လူသုံးယောက် ကိုလည်းကောင်း မြင်လိုက်ရပြန်သည်။
စန္ဒီက ပြတင်းပေါက်တွင် မတ်တပ်ရပ်နေသော လူကြီးကိုကြည့်၍ စောစောက နောက်ကျောမှမြင်ခဲ့ရသော လူကြီး ဖြစ်မှန်း သိလိုက်လေသည်။ စောစောက မျက်နှာကိုမမြင်လိုက်ရသော်လည်း သူဝတ်ထားသည့် ဂျာကင်အညိုရောင် ကြီးနှင့်အရပ်အမောင်းက ထိုလူကြီးပင် ဖြစ်ကြောင်း ဖော်ပြနေပေသည်။ ထိုလူကြီးက ပြတင်းပေါက်ကို လက်ထောက်ကာ အောက်မှလူသုံးယောက် ကို တစ်စုံတစ်ခု အော်ပြောနေပေသည်။ စောစောက နောက်ကျောဖက်ဆီမှအမြင်ကို ရှေ့ဖက်မှ မြင်နေရခြင်းမျိုး ဖြစ်ပါသည်။ ပြတင်းပေါင်တွင် လက် ထောက်ထားဟန်မှာ လည်း စောစောကမြင်လိုက်ရသည်နှင့် တစ်ပုံစံထဲ ဖြစ်ပါ၏ ။
အောက်ထပ်ခြံဝင်းထဲမှလူသုံးယောက် သည် ထိုလူကြီး၏ စကားကိုနာခံဟန်ဖြင့် ခေါင်းများ ကိုညိတ်ပြကာ ခြံအပြင်ဖက်သို့ ထွက်ခွာသွားကြလေ၏ ။
'စန္ဒီ... သမီး...'
အဘွားက စိုးရိမ်ကြောင့်ကျသော လေသံဖြင့် စန္ဒီ့လက်မောင်းကိုပုတ်ရင်း ခေါ်လိုက်လေသည်။
စန္ဒီသည် အဘွားကိုလည်း မြင်နေရသည်။ အဘွားခေါ်သံကိုလည်း ကြားနေရသည်။ တစ်ဆက်တည်းပင် သူမ၏ ဒုတိယ အမြင်လွှာကိုလည်း မြင်နေရဆဲပင် ဖြစ်ပေ၏ ။
'ခဏလေးအဘွား၊ ခဏလေး...'
စန္ဒီက အဘွားကိုလက်ပြတားဆီးကာ ထိုလူကြီးကို ပို၍ မြင်ရစေရန် ပန်းခြံထဲမှ ရှေ့ကိုတိုးလိုက်သည်။ စန္ဒီသည် ပန်းခြံထဲတွင် နှင်းဆီပန်းအိုးတစ်ခုရှေ့၌ ရောက်နေရာ ထိုပန်းအိုးကိုကွေ့၍ ရှေ့ကို ထွက်လိုက်ခြင်း ဖြစ်၏ ။
တကယ်တော့... ပကတိအခြေအနေမှန်တွင် စန္ဒီ့ရှေ့မှာ ဘာမှ အတားအဆီးရှိမနေပါ။ စန္ဒီက ဘာမှအဟန့်အတားမရှိ သော နေရာကို ခြေလှမ်းကွေ့၍ လှမ်းသွားသည်ကိုကြည့်ပြီး အဘွားက နားမလည်နိုင်အောင် ဖြစ်နေလေသည်။
စန္ဒီ့အဖို့လည်း ခြေလှမ်းလှမ်း၍ နေရာရွှေ့လိုက်သည်မှာ မထူးခြားပဲ ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ မြင်နေ ရသည့်မြင်ကွင်းသည် ပျောက်ကွယ်သွားကာ အခြားသော မြင်ကွင်းတစ်ခု အစားထိုးဝင်ရောက်လာသော ကြောင့် ဖြစ်ပါသည်။ စန္ဒီသည် လူကြီးကို သေချာမမြင်လိုက်ရ၍ မချင့်မရဲ ဖြစ်သွားလေသည်။
တစ်ဆက်တည်းမှာ ပင် သူမ မြင်နေရသော ဒုတိယပုံရိပ်လွှာသည် အတိမ်းအစောင်းမခံကြောင်း သဘောပေါက်လိုက်မိလေ၏ ။ ပထမတစ်ခါ နေရာရွှေ့လိုက်စဉ်ကလည်း မြင်ကွင်း ပြောင်းသွား သည်။ ယခုတစ်ခါလည်း ခြေလှမ်းရွှေ့ရုံနှင့် မြင်ကွင်းက ပျောက်ကွယ်ကာ နောက်တစ်မျိုး ပြောင်းသွား ပြန်၏ ။
စန္ဒီသည် မိမိအမြင်၌ အပိုမြင်လွှာတစ်ခု ပူး၍ မြင်နေရသည်ကို ဘာကြောင့်ဟု မဆန်းစစ်နိုင်အားသေးပဲ ဒုတိယအမြင်လွှာ ၏ သဘောသဘာဝ ကို လေ့လာကြည့်နေမိသည်။
ယခုတစ်ခါ စန္ဒီမျက်စိထဲ၌ ပြောင်းလဲသွားသော မြင်ကွင်းမှာ အိမ်ကြီးတစ်ခု၏ ဧည့်ခမ်းမမြင်ကွင်း ဖြစ်နေပြန်၏ ။ ဧည့်ခန်းသည် ကျယ်ပြောလှကာ ကြမ်းပြင်၌ အစိမ်းရောင် ကတ္တီပါကော်ဇောကြီး ခင်းထားသည်။ ဆိုဖာဆက်တီကိုခမ်းနားစွာ ချထားပေ၏ ။ ဧည့်ခန်းနံရံ တွင် ပန်းချီကားကြီးတစ်ချပ်ကိုမြင်လိုက်ရသည်။ ပန်းချီကားမှာ မိန်းမပုံပန်းချီကား ဖြစ်လေသည်။
'စန္ဒီ... မြေးလေး၊ သမီးဘာ ဖြစ်နေတာလဲ၊ ဒီဖက်ကိုလှည့်စမ်း၊ အဘွားကိုကြည့်စမ်း'
အဘွားက စိုးရိမ်ကြောင့်ကျသော လေသံဖြင့် စန္ဒီ့ပခုံးကိုပုတ်ရင်း သူ့ဖက်သို့ ဆွဲလှည့်လိုက်သည်။
'အို...'
အနေအထားပြောင်းသည်နှင့် မြင်နေရသော မြင်ကွင်းမှာ ပြောင်းလဲသွားတော့မည် ကိုသိလိုက်၍ စန္ဒီက မချင့်မရဲအော်လိုက်မိ သည်။ စန္ဒီသည် နံရံတွင် ချိတ်ထားသော ပန်းချီကားကို စိတ်ဝင်တစားကြည့်နေမိခြင်း ဖြစ်သည်။ အဘွားက ဆွဲလှည့်လိုက်၍ ဧည့်ခန်း မြင်ကွင်းမှာ ပျောက်သွားရလေ၏ ။
'သမီး'
'အဘွား'
'ဘာ ဖြစ်နေတာလဲ၊ ဘာကိုမြင်ရလို့လဲ၊ အဘွားကိုပြောစမ်း'
'သမီးလေ... လုတွေ ရှုခင်းတွေ ကို မျက်စိထဲမှာ မြင်နေရတယ် အဘွား'
'အလို... ဘုရား ဘုရား...'
'မစိုးရိမ်ပါနဲ့အဘွား၊ သမီးဘာမှမ ဖြစ်ပါဘူး၊ ဒါ တစ်ခုခုပဲ ဖြစ်မှာ ပါ၊ ဟော- ပြောရင်းဆိုရင်း မီးဖိုခန်းတစ်ခုကိုမြင်ရပြန်ပြီ၊ အဘွားကတော့မြင်မှာ မဟုတ်ဘူးနော်၊ ကြည့်စမ်း... မီးဖိုပေါ်မှာ ထမင်းအိုးထင်တယ်၊ ဆူပြီး ဝေကျနေပြီ၊ အထဲမှာ ဘယ်သူမှလဲမရှိဘူး၊ သြော်... သြော်... လူ တစ်ယောက် ဝင်လာပြီအဘွား၊ ဟော... အဲဒီ လူက ခြေတစ်ဖက်ဆာနေပါလား၊ ထမင်းအိုးအဖုံးကိုလှပ်လိုက်ပြီ'
စန္ဒီသည် သူမမြင်နေရသမျှကို နှုတ်မှလိုက်ရွတ်နေမိခြင်း ဖြစ်သည်။ အသက်သုံးဆယ်အရွယ် အခိုင်းအစေ ဖြစ်ဟန်တူသော ယောကျာ်း တစ်ယောက် သည် ကိုယ်တစ်ခြမ်းညာဖက်စောင်းကာ ထော့နဲ့ ထော့နဲ့ဖြင့် မီးဖိုခန်းထဲဝင်လာ၏ ။ သူ့ခြေနှစ် ဖက်မှာ အနိမ့် အမြင့် မညီပဲ ညာဖက်ခြေတစ်ဖက်က သိမ်နေသည်လား၊ နိမ့်နေသည်လား မသိပေ။ ထိုလူ ထမင်းအိုးကိုအဖုံးဖွင့်ကာ ယောက် မနှင့် မွှေနေသည့်မြင်ကွင်းကို စန္ဒီမြင်နေရခြင်း ဖြစ်ပါသည်။
'စန္ဒီ'
အဘွားက ခပ်ဆတ်ဆတ်ခေါ်လိုက်၏ ။
'ငါရူးတော့မယ်၊ နင်တမင်လုပ်နေတာလားစန္ဒီ'
'ဟာ... အဘွားကလဲ'
'လာခဲ့... လာခဲ့ စန္ဒီ၊ နင့်ကို ပရိတ်ရေနဲ့လုပ်ပေးမှ ဖြစ်တော့မယ်'
အဘွားက စန္ဒီ့ကိုဆွဲခေါ်သွားလေ၏ ။
'နေပါဦးအဘွားရဲ့ ၊ သမီးမှာ ထမီရင်လျှားကြီးနဲ့လေ၊ အဝတ်အစားဝတ်ပါရစေဦး'
'အေး... ဝတ်လိုက်၊ သနပ်ခါးတွေ ဘာတွေ နောက်မှလူး၊ အဝတ်အစားသာဝတ်လိုက်'
အဘွားက စန္ဒီ့ ဖြစ်ရပ်ကိုကြည့်၍ စိုးရိမ်ပူပန်နေလေသည်။
အဘွားစိတ်ပူမည် ဆိုလည်း ပူစရာပင်။ စန္ဒီ့မျက်လုံးထဲမှာ အခုထိ ဘယ်ကမှန်းမသိသော ပုံရိပ်များ ကို မြင်နေရဆဲ ဖြစ်သည်။ အဆက်မပြတ်ပင် မြင်နေရခြင်း ဖြစ်ပါ၏ ။
စန္ဒီသည် အမြင်လွှာထဲတွင် ပေါ်လာသော မြင်ကွင်းများ ကိုကြည့်ရင်း တစ်စုံတစ်ခုကိုတော့ သဘောပေါက်လာပေပြီ။ သူမ မြင်နေ ရသော ပုံရိပ်များ မှာ ဆက်စပ်မှုရှိနေခြင်းပင်။ စန္ဒီသည် ကြီးမားကျယ်ဝန်းသော ခြံကြီးတစ်ခုအတွင်းမှ နှစ် ထပ်တိုက်ကြီးတစ်လုံး၏ မြင်ကွင်းကို အတွင်းရော အပြင်ပါ တစ်လှည့်စီမြင်နေရခြင်းပင် ဖြစ်ပါသည်။
ယခုပင်ကြည့်။ စန္ဒီ့အမြင်သည် ပန်းခြံထဲသို့ပြန်ရောက်နေပြန်ပြီ။
ယခင်တစ်ခါ ပန်းခြံကိုမြင်စဉ်က ရောက်ခဲ့သည့်နေရာနှင့်မတူ။ မကြာခင်က ပန်းခြံမြင်ကွင်းမှာ အိမ်ကြီးကိုရှေ့မှမြင်နေရသည့် အမြင်ဖြင့် ဖြစ်သည်။ ထို့ကြောင့် အပေါ်ထပ်ပြတင်းပေါက်မှ မတ်တပ်ရပ် စကားပြောနေသော လူကြီးကိုပါမြင်ခဲ့ရခြင်း ဖြစ်၏ ။
ယခုတဖန်မြင်ရသည်က စောစောကပန်းခြံပင် ဖြစ်ပါ၏ ။ သို့သော်... ပို၍ ဘေးဖက်ကျသော နေရာသို့ ရွေ့နေလေသည်။ အိမ်ကြီး ကိုတော့ ပန်းခြံထဲမှလှမ်းကြည့်လျှင် မြင်နေရဆဲ။ အိမ်မှာ လည်း အခုနက မြင်ခဲ့ရသည့်နှစ် ထပ်တိုက်ကြီးပင် ဖြစ်ပါသည်။ စန္ဒီသည် တစ်ခု တည်းသော နေရာမှ အိမ်ခြံဝင်းကြီးထဲရှိမြင်ကွင်းများ ကို နေရာပြောင်း၍ တစ်လှည့်စီမြင်နေရသည်ကို သဘောပေါက်လာသည်။ ဘာ ကြောင့် ဒီလို အမြင်အာရုံ ဖြစ်လာတယ်ဆိုတာတော့ စဉ်းစားလို့မရပေ။
စန္ဒီအဝတ်အစားလဲပြီးသည့်အခါ အဘွားက စန္ဒီ့လက်ကိုဆွဲ၍ ဘုရားစင်ရှေ့သို့ခေါ်သွားလေ၏ ။ အဘွားလက်ဆွဲခေါ်သွား၍ သာ တော် တော့သည်။ စန္ဒီ့အမြင်တွင် ပကတိမြင်ကွင်းနှင့် ဒုတိယအမြင်လွှာထဲမှပုံရိပ်ယောင်တို့ ရောနှောနေသော ကြောင့် လမ်းလျှောက် ရတာ အခက်အခဲရှိနေလေသည်။
အဘွားဆွဲခေါ်ရာပါသွားသည့်စန္ဒီသည် သူမ၏ ဒုတိယအမြင်လွှာထဲမှ စားပွဲများ ၊ ကုလားထိုင်များ ကဲ့သို့သော ပစ္စည်းပစ္စယများ ကို ဒိုးယိုပေါက်ဖြတ်သန်းသွားမိရက်သား ဖြစ်နေသည်။ သူမ တစ်ယောက် တည်းသာ လမ်းလျှောက်ရပါက ဒုတိယအမြင်လွှာတွင် မြင်နေရ သော ပစ္စည်းများ ကို တကယ့်အရှိမှတ်ပြီး ရှောင်တိမ်းနေမိမည် ဖြစ်ပါ၏ ။
အဘွားက စန္ဒီ့ကို ဘုရားအား အရင်ဦးချစေသည်။
ပြီးတော့ ဆရာတော် ဘုရားကြီး၏ ပရိတ်ရေဖြင့် စန္ဒီ့တစ်ကိုယ်လုံးကို တောက်ပေးသည်။ မျက်လုံးထဲကိုလည်း မျက်စဉ်းသဖွယ် ခပ်ပေးလေ၏ ။
'ကဲ... ပေါက်ကရတွေ မြင်ရသေးသလား'
'သမီးမြင်ရတာ တွေ က ပေါက်ကရတွေ မဟုတ်ဘူးအဘွား၊ တကယ်ရှိတဲ့နေရာတစ်ခုကိုမြင်နေရတာ မျိုးပါ'
'ဟေ့- အခုမြင်ရသေးလားလို့ ငါမေးနေတာ'
'မြင်နေရသေးတာပဲအဘွား၊ သမီးမျက်စိထဲမှာ ဟောဒီအိမ် မြင်ကွင်းရော၊ အဲဒီ နေရာမြင်ကွင်းရော နှစ် ခုလုံးကို ထပ်ရက်မြင်နေ ရတာ ပါ၊ အခုသမီးမြင်နေရတာ က ထမင်းစားခန်းပဲအဘွား၊ သမီးဟာ အဲဒီ ထမင်းစားခန်းထဲရောက်နေသလိုပဲ'
'ဘုရား- ဘုရား-'
'ထမင်းစားပွဲပေါ်မှာ အုပ်ဆောင်းကြီးတစ်ခု အုပ်ထားတယ်၊ အုပ်ဆောင်းအောက်မှာ စားစရာတွေ ပြင်ထားတယ်ထင်တယ်၊ အဲဒါတွေ ကိုတော့မမြင်ရဘူး၊ သမီးလေ... ထမင်းစားခန်းမြင်ကွင်းကိုသာ မြင်နေရတာ ၊ အခန်းထဲမှာ တော့ လူ တစ်ယောက် မှမရှိဘူး အဘွား၊ သိလား၊ သမီးမြင်သမျှပြောမယ်နော်၊ ကုလားထိုင်တွေ က ကျွန်းသားတွေ ထင်ပါရဲ့ ၊ ပေါ်လစ်တွေ တိုက်ထားတာ တောက်နေ တာပဲ၊ အခန်းဒေါင့်မှာ ရေခဲသေတ္တာတစ်လုံး၊ ပြီးတော့... ဟောတော့- မြင်ကွင်း ပြောင်းသွား ပြန်ပြီ အဘွားရယ်'
'ဘုရား- ဘုရား- ငါ့မြေးတော့ အပမှီပြီထင်တယ်'
ဘွားဘွားက စန္ဒီစံ၏ ခေါင်းကိုကိုင်ကာ အန္တရာယ်ကင်းဂါထာတွေ ရွတ်ဖတ်ပေးနေသည်။ စန္ဒီ့ကိုလည်း ဘုရားရှေ့တွင် ထိုင်ကာ ပုတီးစိတ်ခိုင်း၏ ။
စန္ဒီစံက အဘွားအလိုကျ ဘုရားရှိခိုး ပုတီးစိတ်နေသော်လည်း သူမ၏ ဒုတိယအမြင်လွှာမှာ ပျောက်ပျက်မ သွားပါပေ။ မျက်စိ မှိတ်ထားစဉ်ခဏမှာ သာ မမြင်ရပဲရှိ၏ ။ ဒါလည်း မဆန်းပါပေ။ မျက်စိမှိတ်ထားမှတော့ အမှန်တကယ်ရှိသည့် ရှေ့ကမြင်ကွင်းများ ပင် ပျောက်ကွယ်နေသည် မဟုတ်ပါလား။
မျက်စိဖွင့်လိုက်သည်နှင့် ဒုတိယအမြင်လွှာထဲမှ အိမ်ကြီး၏ မြင်ကွင်းမှာ ပကတိအမြင်နှင့်ထပ်ကာ ပေါ်လာမြဲ ဖြစ်လေသည်။
စန္ဒီစံဘုရားစင်ရှေ့မှာ ထိုင်နေစဉ်တစ်လျှောက်လုံး ထိုအိမ်ကြီး၏ နေရာအနှံ့မှပုံရိပ်များ က တစ်လှည့်စီပေါ်လာနေလေသည်။
အမှန်ဝန်ခံရလျှင် စန္ဒီစံသည် ဘုရားထိုင်ရှိခိုးနေသော်လည်း ဘုရားထံစိတ်မရောက်ချေ။ မိမိမြင်နေရသော ဒုတိယအမြင်လွှာ၏ သဘောသဘာဝ ကိုသာ စဉ်းစားဆန်းစစ်နေမိလေ၏ ။
သူမသည် ကျယ်ဝန်းသော ခြံကြီးနှင့် ၄င်းခြံကြီး၏ အတွင်းမှ ကြီးမားသော နှစ် ထပ်တိုက်ကြီးတစ်လုံးအတွင်းထဲမှမြင်ကွင်းများ ကို တစ်လှည့်စီမြင်နေရခြင်း ဖြစ်ပါသည်။ မျက်လုံးဖွင့်ထားသမျှ ကာလတစ်လျှောက်လုံးမြင်နေရခြင်း ဖြစ်သည်။ မိမိအိမ်ထဲမှပစ္စည်းပစ္စယနှင့် သက်ရှိသက်မဲ့များ အားလုံးကိုမြင်နေရသည့်အတိုင်း မြင်နေရခြင်း ဖြစ်လေ၏ ။ စန္ဒီစံသည် ကိုယ့်အိမ်ထဲမှာ လည်း နေနေသည်။ သူမမြင် နေရသော အိမ်ကြီးထဲကိုလည်း သူမကိုယ်တိုင်ရောက်နေသလို ဖြစ်နေသည်။ သူမသည် လူတစ်ကိုယ်တည်းက နေရာနှစ် နေရာကို တစ်ပြိုင်တည်း ရောက်ရှိနေခြင်းမျိုး ဖြစ်ပါ၏ ။
အဘယ်ကြောင့်ဆိုသော်... သူမ မြင်နေရသော အမြင်တွင် အဆိုပါအိမ်ကြီးအား အရိပ်အယောင်အ ဖြစ်မြင်ရခြင်းမဟုတ်ပဲ၊ ပကတိအမြင်အတိုင်းမြင်နေရသော ကြောင့် ဖြစ်လေ၏ ။ ထို့ကြောင့်ပင် မြင်ကွင်းနှစ် ခုမှာ ရော၍ ထပ်နေခြင်းပင် ဖြစ်ပါတော့သည်။
စန္ဒီ့မျက်လုံးထဲ၌ ကိုယ့်အိမ်ဧည့်ခန်းထဲက စားပွဲပေါ်တွင် ဒုတိယအမြင်လွှာထဲမှ ပန်းအိုးက ရောက်ချင်ရောက်နေသည်။ ကိုယ့် အိမ်ထဲကဘုရားစင်သည် ဒုတိယအမြင်လွှာထဲကတီဗွီနှင့် ထပ်ရက် ဖြစ်ချင် ဖြစ်နေသည်။ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်ရာတွင် နာရီနှင့်အတူ လှေကားတစ်ခု၏ ဒေါင့်ချိုးအကွေ့ကို မြင်ချင်မြင်နေရသည်။ မိမိအိမ် ထမင်းစားခန်းထဲမှာ စန္ဒီထမင်းထိုင်စားနေသော်လည်း ဒုတိယအမြင်လွှာထဲကနေရာမှာ စာကြည့်ခန်း ဖြစ်ချင် ဖြစ်နေ၏ ။
ဒုတိယအမြင်လွှာသည် စန္ဒီ့မျက်ဝန်းထဲ၌ ပေါ်ချင်သလိုပေါ်လာနေခြင်း ဖြစ်ပါသည်။ မည် သည့်မြင်ကွင်းပင်ပေါ်လာလာ မြင်ကွင်း အားလုံးမှာ အိမ်ကြီးတစ်ခုထဲ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းမှ မြင်ကွင်းများ ချည်း ဖြစ်လေ၏ ။
တစ်ကြိမ်တွင် ... စန္ဒီသည် ထမင်းအိုးဆူနေစဉ် မီးဖိုခန်းထဲ ဝင်လာသော ခြေတစ်ဖက်ဆာနေသည့်လူကို နောက်တစ်ခါပြန်မြင် ရသည်။ ထိုလူက ဇလုံကြီးတစ်ခုထဲတွင် ရေများ ကိုမွှေကာ ရုတ်တရက် ပက်ချလိုက်ရာ စန္ဒီ့မျက်နှာတည့်တည့်ကိုပက်လိုက်သလို ဖြစ် သွား၍ စန္ဒီက ယောင်ရမ်းကာရှောင်တိမ်းလိုက်မိသေးသည်။ တကယ်တော့ ထိုသူသည် ရေအညစ်အကြေးများ ကို မြေပေါ်သို့ပက်သွန် လိုက်ခြင်းသာ ဖြစ်ပါသည်။
စန္ဒီသည် မြင်ကွင်းထဲတွင် လူပုဂ္ဂိုလ်ငါးဦးကိုမြင်တွေ့ ခဲ့ရပြီး ဖြစ်လေသည်။ အားလုံးမှာ ယောကျာ်းများ ချည်း ဖြစ်သည်။ ပထမ ဆုံး တွေ့ ရသော ဖေဖေတို့အရွယ်ယောကျာ်းကြီးမှာ အိမ်ကြီး၏ အရှင်သခင် ဖြစ်ပုံရသည်။ ထိုယောက်ျားကြီးက ပြတင်းပေါက်တွင် ရပ်၍ တစ်ခုခုပြောလိုက်သော ကြောင့် နာခံသည့်သဖွယ် ခြံအပြင်သို့ထွက်သွားသော လူသုံးယောက် ကိုမြင်ခဲ့ဖူးသည်။ ပြီးတော့... အခိုင်းအစေ နှင့်တူသည် မီးဖိုခန်းထဲမှာ မြင်ရသော လူက တစ်ယောက် ၊ ခြေတစ်ဖက်ဆာနေသော လူ ဖြစ်သည်။ ထိုလူကိုတော့ စန္ဒီနှစ် ကြိမ်မြင်ဖူးပြီးပေပြီ။ ဒုတိယအမြင်လွှာထဲမှအိမ်ကြီးထဲတွင် မိန်းမဆို၍ တစ်ယောက် မှမတွေ့ ရသေးပေ။
မိန်းမသဏ္ဍာန်ဆို၍ ဧည့်ခန်းထဲတွင် ချိတ်ထားသော ပန်းချီကားကြီးထဲမှ မိန်းမပျိုပုံကိုသာမြင်ရသေးသည်။ ထိုပန်းချီကားကြီး ကိုလည်း စန္ဒီသေချာမကြည့်လိုက်ရချေ။ ဘွားဘွားက အတင်းဆွဲခေါ်သော ကြောင့် မြင်ကွင်းထဲမှပျောက်သွားခြင်း ဖြစ်၏ ။ စန္ဒီသည် ထို ပန်းချီကားကို စိတ်ဝင်စားနေမိသည်။ ကြည့်ချင်နေသည်။ သို့သော် သူမ၏ အမြင်အာရုံက ဧည့်ခန်းထဲကိုပြန်မရောက်တော့ချေ။
စန္ဒီသည် အိမ်ကြီးထဲကိုနေရာအနှံ့လောက်နီးပါး မြင်နေရသော်လည်း ကိုယ့်သဘောနှင့်ကိုယ်တော့ သွားလိုသည့်နေရာကို သွားချင်တိုင်း သွားမရပေ။ အမြင်အာရုံထဲတွင် ပေါ်လာသော ပုံရိပ်များ မှာ သူ့အလိုလို ပေါ်လာခြင်း ဖြစ်ပါသည်။ ဆိုပါစို့။ စန္ဒီသည် ဒုတိယမြင်လွှာထဲမှ ပန်းခြံထဲရောက်နေစဉ် ပန်းခြံ၏ အခြားတစ်ဖက်ကို လမ်းလျှောက် သွားပါက အခြားသော မြင်ကွင်းအသစ်များ ကို မြင်ရမည် အထင်နှင့် လျှောက်သွားကြည့်မိသည်။ စန္ဒီခြေလှမ်းပြင်၍ ကိုယ်ကိုရွှေ့လိုက်သည်နှင့် မြင်လက်စမြင်ကွင်းမှာ ပျောက်ကွယ် သွားလေသည်။ အခြားမြင်ကွင်းတစ်ခုကို ပြောင်းလဲ၍ မြင်လိုက်ရသည်။
စန္ဒီ့အဖို့ ဒုတိယအမြင်လွှာထဲမှာ နေရာရွှေ့၍ မရသလို၊ ဒုတိယအမြင်လွှာထဲမှ ပစ္စည်းများ ကိုလည်း ကိုင်တွယ်လို့မရနိုင်ပါချေ။ ကိုယ့်အိမ်ထဲမှာ သွားလာသည်ကိုပင် ဒုတိယအမြင်လွှာထဲမှမြင်ကွင်းများ နှင့် ရောနေသည့်အတွက် သတိထားပြီး သွားလာနေရပေ၏ ။ စန္ဒီသည် ဒုတိယအမြင်လွှာထဲမှ စားပွဲကုလားထိုင်များ ၊ ပန်းအိုးများ ကို ဒိုးယိုပေါက်ဖြတ်သန်းသွားနေရသည်။ နံရံများ ကိုပင် ဖောက် ထွင်း၍ သွားနေရသည်။
သည်အခါ စန္ဒီ့မှာ အတွေးတစ်ရပ်ဝင်လာရသည်။ သူမ မြင်နေရသော ပုံရိပ်ယောင်သည် ပြင်ပတစ်နေရာတွင် အမှန် တကယ်ရှိနေသော နေရာဒေသတစ်ခုပေလား။ တကယ်ရှိသော နေရာ ဖြစ်ပါလျှင် စန္ဒီမြင်နေရသော အရိပ်အယောင်များ ၊ လူများ နှင့် လှုပ်ရှားမှုများ သည် ယခု လက်ငင်း ဖြစ်ပျက်နေတာတွေ လား။ အတိတ်တစ်ချိန်က အ ဖြစ်အပျက်များ လား။ စန္ဒီမသဲကွဲပေ။
မြင်နေရသော အရိပ်အယောင်များ သည် လောကကြီးတွင် အမှန်တကယ်မရှိသော ပုံရိပ်များ ကို ထင်ယောင်ထင်မှားဖြင့် မြင်နေ ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်လေ၏ ။ စန္ဒီသည် “ဓာတ်လိုက်ခံရပြီးနောက်မှ ထိုမြင်ကွင်းများ ကို မြင်လာရခြင်းကြောင့် ဖြစ်သည်။
( 2 )
ဖေဖေနှင့်မေမေရုံးဆင်းအလာတွင် ... ဘွားဘွားက စန္ဒီ့ ဖြစ်အင်ကို ခရီးရောက်မဆိုက် ပြောပြလိုက်လေသည်။
'လုပ်ပါဦးဟဲ့မောင်မြတ်စံ၊ ငါတော့စိုးရိမ်တာနဲ့ ရူးတော့မယ်၊ နင့်သမီး အပများ မှီသလားမသိဘူး'
ဖေဖေက စန္ဒီ့ကိုခေါ်မေးလေသည်။
စန္ဒီက ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်၏ ။
'အခုရောသမီး၊ အခုထိရော မြင်နေရသေးလား'
'အဆက်မပြတ်ကိုမြင်နေရတာ ဖေဖေ၊ သမီးအခုမြင်နေရတာ အခန်းတစ်ခုရဲ့ မြင်ကွင်းပဲ၊ စာကြည့်ခန်းထင်ပါရဲ့ ၊ စာအုပ်တော့ များများ စားစားမရှိဘူး၊ ဖေဖေထိုင်နေတာ စာအုပ်စင်နဲ့ စားပွဲကြားမှာ ရောက်နေတယ်ဖေဖေ၊ မေမေ့ကိုယ်တစ်ပိုင်းက ဘီရိုထဲကိုဝင်နေ တယ်၊ သမီးမြင်ရပုံက မြင်ကွင်းနှစ် ခုကို ထပ်ရက်ကြီးမြင်နေရတာ ဖေဖေ'
ဖေဖေရော မေမေပါ စန္ဒီ့အ ဖြစ်ကို အံ့လည်းအံ့သြကာ စိုးရိမ်လည်း စိုးရိမ်သွားကြလေ၏ ။
'ဟော- ပြောရင်းဆိုရင်း စာကြည့်ခန်းထဲကို လူ တစ်ယောက် ဝင်လာနေတယ် ဖေဖေ၊ အို... မနက်က တွေ့ လိုက်တဲ့လူကြီးပဲ၊ သမီး သူ့ကိုအရင်ဆုံးစမြင်ခဲ့တာပေါ့၊ ဖေဖေတို့အရွယ်လောက်ရှိမယ်၊ ဟုတ်တာပေါ့၊ ခုမှ သူ့မျက်နှာကိုသမီးသေချာမြင်ရတာ ဖေဖေ၊ သေချာကိုမြင်ရပြီ၊ ဘာ ဖြစ်လို့လဲဆိုတော့ သူက စားပွဲခုံကို လက်ထောက်ပြီး ရပ်နေတာ သမီးဖက်ကိုမျက်နှာလှည့်ပြီးရပ်နေတာဖေဖေ'
'သူ ဘယ်နေရာလောက်မှာ ရှိသလဲ'
'ဖေဖေထိုင်နေတဲ့ ကုလားထိုင်ရဲ့ နောက်ဖက်နား တည့်တည့်မှာ '
'ဟာ... သမီး၊ ဖေဖေ့ကုလားထိုင်က နံရံနဲ့ ကပ်နေတာပဲ၊ ကုလားထိုင်နောက်ဖက်မှာ နံရံပဲရှိတာ'
'ဟုတ်တယ်လေဖေဖေ၊ သမီးက မြင်ကွင်းနှစ် ခုလုံးကို မြင်နေရတာ ပဲ၊ သူ့ကို နံရံကိုဖောက်ပြီးမြင်နေရတာ '
'ကဲ- ဖေဖေမတ်တပ်ရပ်လိုက်ပြီ၊ အဲဒီ လူကိုကွယ်သွားပလား'
ဖေဖေက မတ်တပ်ထရပ်ရင်း စန္ဒီ့ကိုမေးလိုက်သည်။
'ဖေဖေရပ်လိုက်တော့ သူနဲ့ တစ်တန်းတည်း ဖြစ်သွားတယ်ဖေဖေ၊ ဖေဖေတို့ချင်း အရပ်အမောင်းအတူတူလောက်ပဲ၊ ဒါပေမယ့် ... ကွယ်တော့ ကွယ်မသွားဘူးဖေဖေရဲ့ ၊ ဖေဖေက သူ့ရှေ့မှာ မတ်တပ်ရပ်နေပေမယ့် ဖေဖေ့ကိုဖောက်ပြီး သူ့ကိုမြင်နေရတယ် ဖေဖေ'
ဖေဖေနှင့်မေမေ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
'သူ့မျက်နှာကို သမီးသေချာမြင်ရပြီဖေဖေ၊ လူကြီးက ညာဖက မျက်ခုံးအပေါ်မှာ မှဲ့ကြီးနဲ့ ဖေဖေ၊ မှဲ့မှတော် တော် ကိုကြီးတဲ့မှဲ့၊ သူ့ကို သမီးအပြင်မှာ မြင်ရင်လည်း မှတ်မိသွားပြီ'
'အပြင်မှာ မြင်ရင်... ဟုတ်လား၊ အပြင်မှာ မြင်ရနိုင်တယ်လို့ သမီးထင်လို့လားဟင်'
'ဘယ်သိနိုင်မလဲဖေဖေ'
'ဒီမယ်သမီး၊ သမီးမြင်နေရတာ ဒီအိမ်နေရာမှာ ဟိုးရှေးတုန်းကဆောက်သွားတဲ့ အိမ်ဟောင်းကြီးမ ဖြစ်နိုင်ဘူးလား၊ သမီးမြင်နေ ရတာ လဲ အဲဒီ တုန်းက ပုံရိပ်တွေ မ ဖြစ်နိုင်ဘူးလား'
စန္ဒီတွေ ဝေသွားသည်။
'ဖေဖေဆိုလိုတာက သမီးဟာ အတိတ်ကပုံရိပ်တွေ ကို ပြန်မြင်နေရတာ လို့ ထင်လို့လားဟင်'
'ဟုတ်တယ်သမီး'
'ဒါပေမယ့်ဖေဖေ၊ အိမ်ထဲမှာ မြင်နေရတဲ့ပစ္စည်းတွေ က အခုခေတ်ပစ္စည်းတွေ ဖေဖေရဲ့ '
'ဘာတွေ မြင်ရလို့လဲ'
'တီဗွီတို့ ရေခဲသေတ္တာတို့လေ၊ ပြီးတော့ အိမ်အပြင်အဆင်ကလည်း ရှေးမဆန်ပါဘူးဖေဖေ၊ သြော်... သမီးမြင်နေရတဲ့လူကြီး ဝတ်စားထားတာလဲ အခုခေတ်အဝတ်အစားတွေ ပဲ၊ ဂျာကင်အင်္ကျီနဲ့ ဘောင်းဘီနဲ့ ၊ ရှူးဖိနပ်တောင်ပါသေးတယ်'
စန္ဒီကြည့်နေစဉ်မှာ ထိုလူကြီးက စားပွဲကိုမှီရင်း တစ်ခုခု အကြံထုတ်နေသည့်သဖွယ် မျက်မှော င်များ ကြုတ်လျှက်ရှိ၏ ။ လက် တစ်ဖက်က စားပွဲမျက်နှာပြင်ကို ခေါက်လျှက်ရှိသည်။
'သြော်... ဖေဖေ၊ တစ်ခုပြောစရာရှိသေးတယ်၊ သမီး မြင်ကွင်းတွေ ကိုသာ မြင်နေရတာ ၊ အသံကို မကြားရဘူးဖေဖေ၊ အသံဆိုလို့ ဘာသံမှမကြားရဘူး'
'သမီးမြင်နေရတာ ဘယ်နေရာဆိုတာ သဲလွန်စရှာလို့မရနိုင်ဘူးလားသမီး'
'အိမ်တစ်လုံးထဲမှာ လှည့်ပတ်မြင်နေရတာ ဖေဖေ၊ ဘယ်နေရာကဆိုတာ သမီးဘယ်လိုသိနိုင်မှာ လဲ'
'တကယ်ရှိတဲ့ နေရာလည်း ဟုတ်ချင်မှဟုတ်ဦးမှာ ကို ကိုရဲ့ '
မေမေက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
'တကယ်ရှိတဲ့ နေရာ ဖြစ်နိုင်ပါတယ်မေမေ၊ ဘာ ဖြစ်လို့လဲဆိုတော့ သမီးမြင်နေရတာ တွေ အားလုံးက ခုအချိန်အထိ တညီ တညွတ်ထဲပဲ ဖြစ်နေတယ်လေ၊ ဒီလူကြီးကိုဆိုရင် သမီးမြင်ရတာ နှစ် ခါရှိပြီ၊ မီးဖိုထဲမှာ ချက်တဲ့ပြုတ်တဲ့ လူကိုလည်း နှစ် ခါမြင်ရပြီးပြီ မေမေ'
'ကို... ဘယ်လိုလုပ်ကြမလဲဟင်'
မေမေက ဖေဖေ့ကို အကူအညီတောင်းသလိုမေးလိုက်သည်။
'ကိုယ်တော့ ဓာတ်လိုက်လို့ တစ်ခုခုချွတ်ယွင်းသွားတယ် ထင်တာပဲ၊ သမီး- သမီးပြောတာတွေ ဟာ အမှန်တွေ ပါနော်'
'ဖေဖေက သမီးကိုမယုံလို့လား၊ သမီးစိတ်ကူးယဉ်ပြီး လျှောက်ပြောစရာအကြောင်း ဘာမှမရှိဘူးဖေဖေ'
'ဦးနှောက်ကိုထိခိုက်သွားတာမျိုး ဖြစ်မှာ စိုးလို့ပါသမီးရယ်'
'သမီးကို ရူးသွားပြီလို့ထင်ပြန်တာလား ဖေဖေ'
'ခက်ပါလားသမီး၊ ဖေဖေလည်း ဘယ်လိုဆုံးဖြတ်ရမှန်း မသိတော့ဘူး၊ အကောင်းဆုံးကတော့ မျက်စိဆရာဝန်ကိုသွားပြဖို့ပဲ၊ ဒါပေမယ့်... လောလောဆယ် ဖေဖေ မအားသေးဘူး၊ ဒီနေ့ကြာသပတေးနေ့၊ နက်ဖန်ရုံးမှာ အလုပ်တွေ ရှိသေးတယ်၊ စနေနေ့မှပဲ ဆေးခန်း သွားနိုင်တော့မယ်သမီး'
'သမီးဘာမှ ဖြစ်တာမှမဟုတ်ပဲဖေဖေ၊ သမီးမြင်နေတာတွေ လည်း ပျောက်ချင်ပျောက်သွားမှာ ပါ'
'ဆရာဝန်ကိုတော့ ပြမှ ဖြစ်မယ်သမီး၊ လောလောဆယ်တော့ သမီးဘယ်ကိုမှ ထွက်လို့ ဖြစ်မှာ မဟုတ်ဘူး၊ ဒီပုံအတိုင်းဆိုရင် လမ်းမှာ တိုက်မိခိုက်မိကုန်လိမ့်မယ်'
'ဟုတ်ပါတယ်ဖေဖေ၊ သမီးသိပါတယ်၊ သမီးလည်း မထွက်ရဲပါဘူး၊ ခုပုံအတိုင်းဆိုရင် ဘတ်စ်ကားစီးဖို့တောင် ခပ်ခက်ခက် မဟုတ်လား ဖေဖေရဲ့ '
'ကဲ- မရွှေစန္ဒီ၊ ဒါတွေ အသာထား၊ ညီး ရောဂါ ပျောက်အောင် ဘုရားရှေ့မှ ပုတီးစိတ်နေပေတော့၊ လာ- လာ-'
ဘွားဘွားက စန္ဒီ့ကို ဘုရားစင်ရှေ့သို့ဆွဲခေါ်သွားလေသည်။
'သမီး ဖြစ်နေတာ ရောဂါ မဟုတ်ပါဘူး၊ ဘွားဘွားကလဲ'
( ၃ )
နောက်တစ်နေ့မနက်အထိလည်း စန္ဒီအမြင်ပေါက်နေမှုက ပျောက်မသွားပေ။
ညမအိပ်ခင်က အတွေ့ အကြုံကြောင့်စန္ဒီသည် ဒုတိယအမြင်လွှာနှင့်ပတ်သက်ပြီး ပို၍ ရှင်းရှင်းလင်းလင်းသိလိုက်ရလေသည်။
ဘွားဘွားဆန္ဒအရ ဘုရားရှိခိုး ပုတီးစိတ်ခြင်းကို ည၁၁နာရီအထိပြုလုပ်ပြီးနောက် စန္ဒီအိပ်ခန်းထဲဝင်ခဲ့သည်။ အခန်းထဲမှာ မီးချောင်းကိုမှိတ်လိုက်သည်နှင့်တပြိုင်တည်း စန္ဒီ၏ မျက်စိထဲ၌ ဒုတိယအမြင်လွှာထဲမှမြင်ကွင်းများ ကိုချည်း ရှင်းရှင်းလင်းလင်း မြင်လိုက် ရတော့သည်။
စန္ဒီ့အမြင်အာရုံထဲတွင် ပကတိအမြင်ရော၊ ဒုတိယအမြင်လွှာရော နှစ် မျိုးလုံးထပ်၍ မြင်နေရခြင်း ဖြစ်ရာ ညအမှော င်ထဲတွင် အခန်းမီးကိုပိတ်၍ အမှော င်ချထားလိုက်သည်တွင် ... တစ်ဖက်မှမြင်ကွင်းများ ကိုချည်း ထင်ရှားစွာ မြင်လိုက်ရခြင်းမျိုး ဖြစ်ပါ၏ ။
စန္ဒီလက်ရှိနေနေသည့်ဖက်တွင် အမှော င်ထု ဖြစ်သွားခြင်းက မြင်ကွင်းတစ်ခုကို ခလုတ်ပိတ်ပစ်လိုက်သလို ဖြစ်သွားခြင်းပင် ဖြစ် တော့၏ ။ တစ်ဖက်မှာ တော့ ညပိုင်းရောက်သော်လည်း စန္ဒီမြင်နေရသော အခန်းကို မီးဖွင့်ထားလေသည်။ ထို့ကြောင့်... စန္ဒီသည် အမှော င်ထုထဲတွင် ဒုတိယအမြင်လွှာထဲမှအခန်း၏ မြင်ကွင်းတစ်ခုတည်းကို အရောအယှက်မရှိပဲ မြင်တွေ့ ခွင့်ရခဲ့လေသည်။
စန္ဒီမြင်ရသော အခန်းမှာ အိပ်ခန်းတစ်ခန်းပင် ဖြစ်ပါသည်။ စန္ဒီသည် ထိုအိပ်ခန်းထဲ၌ အသင့်ပြင်ထားသော ကုတင်တစ်လုံးနှင့် စားပွဲကုလားထိုင်တစ်စုံကို မြင်နေရသည်။ ဘီရိုတစ်လုံးကိုမြင်ရပြီး ဘီရိုမှာ ပိတ်ထားလေသည်။ အခန်း၏ အပြင်ဖက်တွင် အဝတ်အစား၊ မျက်နှာသုတ်ပုဝါ၊ ဖိနပ်စသဖြင့် သုံးလက်စပစ္စည်းတစ်ခုမှ မတွေ့ ရပါ။ တွေ့ များ တွေ့ ရလျှင် ထိုအခန်းထဲ၌ လောလောဆယ်လူနေ သလား၊ နေသူမှာ ယောကျာ်းလား၊ မိန်းမလားဆိုသည်ကို သိနိုင်ပေမည် ။ စန္ဒီမြင်နေရသမျှ တလျှောက်လုံးမှာ တော့ အခန်းထဲကို မည် သူမှလည်း ဝင်မလာပါပေ။ လူ တစ်ယောက် မှမတွေ့ ရပဲ အခန်းထဲမှ မီးကိုဖွင့်ထားသည်မှာ တော့ ထူးဆန်းနေပေ၏ ။
စန္ဒီက အိပ်နေရာမှမရွေ့ပဲ မြင်နေရသည့်အခန်းပတ်ပတ်လည်ကို မျက်လုံးကစား၍ လှည့်ပတ်ကြည့်မိသည်။ ထိုအခါ... စားပွဲ ဘေး နံရံတွင် ချိတ်ထားသော ပြက္ခဒိန်တစ်ခုကိုမြင်လိုက်ရလေ၏ ။ ဖေဖေပြောသော အချိန်ကာလကို စန္ဒီသတိရလိုက်သည်။ ပြက္ခဒိန်ဟာ ဘယ်နှခုနှစ် ကပြက္ခဒိန်လဲ၊ သိရအောင် လှမ်းကြည့်လိုက်သည်။ သို့သော် ပြက္ခဒိန်က စန္ဒီနှင့်အလှမ်းဝေးနေသည့်အတွက် သဲသဲကွဲကွဲ မမြင်ရပေ။ ပြက္ခဒိန်၏ အပေါ်ဆုံးစာမျက်နှာက လေတိုက်၍ တဖြတ်ဖြတ်လန်နေသေးသည်။ ပြက္ခဒိန်မှာ တစ်ရွက်သုံးလ၊ ၁၂ရွက် ၁၄လဆိုသော ပြက္ခဒိန်မျိုး ဖြစ်သည်။ အလည်တွင် လက်ရှိရောက်နေသော လအား အကွက်ကြီးကြီးဖြင့်ဖော်ပြထားပြီး အပေါ်တွင် ပြီးခဲ့သည့်လနှင့် အောက်တွင် နောက်လာမည့် လကို အကွက်သေးဖြင့်ဖော်ပြတတ်သည့် ပြက္ခဒိန်မျိုး၊ ပြက္ခဒိန် ကြည့်ရုံသက်သက် ရှင်းလင်းစွာ ထုတ်ဝေထားသည့် ရုပ်ပုံကားချပ်မပါ သော ပြက္ခဒိန်ကြီး ဖြစ်ပါသည်။
စန္ဒီက ပြက္ခဒိန်ပေါ်မှခုနှစ် သက္ကရာဇ်ကိုမြင်ရရန် လှဲနေရာမှထကာ ရှေ့သို့တိုးကြည့်လိုက်မိသည်။ သည်တွင် ... ဒုတိယအမြင် လွှာ၏ ထုံးစံအတိုင်း နေရာရွေ့သွားသည့်အတွက် မြင်ကွင်းသည်လည်း ပျောက်ကွယ်သွားလေ၏ ။
စန္ဒီကစိတ်ပျက်ပျက်ဖြင့် အိပ်ရာပေါ်ပြန်လှဲချကာ အိပ်ပစ်လိုက်လေသည်။
( ၄ )
နောက်တစ်နေ့မိုးလင်းတော့လည်း မျက်လုံးဖွင့်သည်နှင့် စန္ဒီ့မျက်လုံးထဲမှာ မြင်ကွင်းနှစ် ထပ်ပေါ်ရက်သား ဖြစ်နေသည်။
အိပ်ရာနိုးနိုးချင်း စန္ဒီမြင်ရသည့်မြင်ကွင်းမှာ မိမိအိပ်ခန်းနှင့် ညတုံးက အိပ်မပျော်မီမြင်လိုက်ရသော အိပ်ခန်းတို့ ထပ်ရက်ပေါ် နေသည့် မြင်ကွင်း ဖြစ်သည်။ စန္ဒီ ကုတင်ပေါ်မှထလိုက်သည်နှင့် မြင်ကွင်းမှာ တစ်မျိုး ပြောင်းသွား လေ၏ ။ ထိုမြင်ကွင်းကြောင့် စန္ဒီအံ့သြ သွားရလေသည်။
မြင်ကွင်းမှာ မနေ့ကတစ်နေ့လုံးမြင်ခဲ့ရသည့်မြင်ကွင်းများ နှင့် မတူသော မြင်ကွင်းအသစ် ဖြစ်လေသည်။ စန္ဒီသည် အိမ်အပေါ် ထပ် ပြတင်းပေါက်တွင် ရပ်နေလျှက်သား ဖြစ်နေသည်။ စန္ဒီ ရပ်နေသော ပြတင်းပေါက်မှာ မနေ့က ဟိုလူကြီးရပ်နေသော ပြတင်းပေါက် မဟုတ်ပေ။ မနေ့ကမြင်ခဲ့ရသော ပြတင်းပေါက်က အိမ်ရှေ့ဖက်ကိုမြင်ရသော ပြတင်းပေါက် ဖြစ်လေသည်။
ယခုပြတင်းပေါက်မှ စန္ဒီမြင်နေရသော မြင်ကွင်းမှာ ကျယ်ပြောသော ကွင်းပြင်တစ်ခုနှင့် ကွင်းပြင်၏ အဆုံးဆီမှ ရေပြင်၏ ရှုခင်း ဖြစ်နေလေသည်။ စန္ဒီသည် ပြတင်းပေါက်မှာ အိမ်နောက်ဖက်ကိုမျက်နှာပြုထားသော ပြတင်းပေါက် ဖြစ်ကြောင်း သိလိုက်သည်။ ပြတင်း ပေါက်မှ မြင်နေရသော ကွင်းပြင်နှင့် ချောင်းလိုလို မြစ်လိုလို ရှုခင်းကိုလည်း ငေးကြည့်နေမိလေ၏ ။ ကွင်းပြင်မှာ မြက်ရိုင်းများ ပေါက်နေပြီး ရေစပ်နှင့် နီးသည့်နေရာတွင် မြက်ပင်များ ပါးသွားကာ သဲသော င်ပြင်ကိုတွေ့ ရလေ၏ ။
စန္ဒီက ကိုယ်ကိုမလှုပ်ရှားပဲ မျက်စိဖြင့်မြင်နေရသော ရှုခင်းများ ကို စုံလင်အောင်မှတ်သားထားလိုက်၏ ။ ကိုယ်ကိုလှုပ်လိုက် ရွှေ့လိုက်လျှင် မြင်ကွင်း ပြောင်းသွား တတ်သည်ကို သိထားပြီး ဖြစ်သော ကြောင့်ပင်။
စန္ဒီသည် ရေရှိသော ကမ်းစပ်ကိုလည်းကောင်း၊ မိမိရပ်နေရာ ပြတင်းပေါက်အောက်တည့်တည့်ကိုလည်းကောင်း မျက်လုံးကို ချည်း ရွေ့စေကာ ကြည့်နေလိုက်၏ ။ အိမ်ကြီးသည် ကမ်းစပ်နှင့်အတော် အတန် ဝေးသော နေရာတွင် တည်ထားခြင်း ဖြစ်သည်။ အိမ်နှင့် ရေပြင်မှာ အတော် ကြီးလှမ်းသည်ထိ ကွာဝေးနေပေ၏ ။
စန္ဒီကြည့်နေစဉ်မှာ ... ရေပြင်ထဲ၌ အတန်ငယ်ကြီးမားသော သင်္ဘောတစ်စင်း ခုတ်မောင်းသွားသည်ကို မြင်လိုက်ရသည်။ သင်္ဘောအရွယ်အစားကိုထောက်လျှင် ရေပြင်သည် မြစ်-သို့မဟုတ် ပင်လယ်ပြင် ဖြစ်နိုင်လေသည်။
လက်ရှိမြင်နေရသော မြင်ကွင်းအရဆိုလျှင် အိမ်ကြီးသည် မြစ်-သို့မဟုတ် ပင်လယ်ပြင်နှင့် မနီးမဝေးမှအိမ် ဖြစ်သည်။ မြစ်- သို့မဟုတ် ပင်လယ်ပြင်ကို နောက်ကျောခိုင်း၍ ဆောက်ထားသော အိမ် ဖြစ်သည်။
စန္ဒီက ရှုခင်းကို သေချာအောင်မှတ်သားပြီးမှ မျက်နှာသစ်ရန်ရေချိုးခန်းထဲသို့ဝင်ခဲ့လေသည်။
စန္ဒီလှုပ်ရှားနေရာရွေ့လိုက်သည်နှင့် မြင်ကွင်းမှာ တစ်မျိုး ပြောင်းသွား လေသည်။ မီးဖိုခန်းထဲတွင် မနေ့ကတွေ့ ခဲ့ရသော လူပင် ဟင်းချက်ရန်ပြင်ဆင်နေပုံကိုမြင်ရလေ၏ ။ သူက စားပွဲပေါ်တွင် စဉ့်နီတုံးတစ်တုံးတင်ကာ ခရမ်းသီးများ ကို”ဓားနှင့်လှီးနေသည့်မြင်ကွင်း ဖြစ်သည်။ ထိုသူသည် သီချင်းတအေးအေးဖြင့် ဟင်းချက်ရန်ပြင်ဆင်နေပေ၏ ။ သူငြီးနေသော သီချင်းသံကိုတော့ စန္ဒီမကြားရပါ။
စန္ဒီသည် ထိုအိမ်ကြီးထဲတွင် အပေါ်ထပ်ကိုရောက်လိုက် အောက်ထပ်ကိုရောက်လိုက်နှင့် ရောက်နေခြင်း ဖြစ်သည်။ စန္ဒီတို့ လက်ရှိနေနေသော ရန်ကုန်ကအိမ်မှာ ပေလေးဆယ်ပတ်လည်ရှိခြံထဲတွင် ဆောက်ထားသော ပေသုံးဆယ်၊ ပေအစိတ် အကျယ်ရှိသည် တစ်ထပ်တိုက်တစ်လုံး ဖြစ်ပါသည်။ ရန်ကုန်အနေဖြင့် မိသားစုလေးယောက် နေထိုင်ရန်ကျယ်ဝန်းလှသော်လည်း စန္ဒီ့ဒုတိယအမြင်လွှာ ထဲမှာ မြင်နေရသော အိမ်ကြီးနှင့်စာလျှင်မူ သေးငယ်လှပေသည်။ စန္ဒီတို့အိမ်လေးက တစ်ထပ်တည်းပင် ဖြစ်သော်လည်း ဒုတိယမြင်လွှာထဲ က အိမ်ကြီးထဲတွင် မူ စန္ဒီသည် အောက်ထပ်မြင်ကွင်းကိုမြင်လိုက်၊ အပေါ်ထပ်မြင်ကွင်းကို မြင်လိုက်နှင့် ဖြစ်နေပေ၏ ။
မျက်နှာသစ်ပြီးသည်နှင့်စန္ဒီက အခန်းထဲမှထွက်ခဲ့ကာ သူမ၏ အသစ်တွေ့ ရှိချက်များ ကို ဖေဖေ့ကို ပြောပြလိုက်သည်။
'ဖေဖေ၊ အိမ်ကြီးက ပင်လယ်လိုလို မြစ်လိုလို ကမ်းခြေတစ်ခုက အိမ်ကြီး ဖေဖေရဲ့ '
စန္ဒီက အိပ်ရာမှနိုးနိုးချင်းမြင်သည့်အမြင်ကိုပြောပြလိုက်သည်။
'ဒါဖြင့် ညီးမြင်နေရတာ တွေ ဟာ တစ်နေ့ကူးတဲ့အထိ မပျောက်သေးဘူးပေါ့'
ဘွားဘွားက မေးလိုက်သည်။
ဖေဖေကတော့ စန္ဒီ့ကို အကဲခတ်သလိုကြည့်နေပေ၏ ။
'မပျောက်သေးဘူးဘွားဘွား၊ ဖေဖေ၊ ပြီးတော့... သမီး ညတုန်းက အခန်းတစ်ခန်းထဲမှာ ပြက္ခဒိန်တစ်ခုတွေ့ ရတယ်ဖေဖေ'
'အင်း... အဲဒီ တော့...'
'ပြက္ခဒိန်ကို သမီးလှမ်းကြည့်ပေမယ့် နည်းနည်း အလှမ်းဝေးနေလို့ ခုနှစ် သက္ကရာဇ်ကို ဖတ်မရဘူးဖေဖေ'
'ပြက္ခဒိန်ကိုမြင်ရရင် ဘယ်ကာလဆိုတာ သိရမယ်လို့ သမီး ဆိုလိုတာလား'
'ဟုတ်တာပေါ့ဖေဖေ၊ ဒါပေမယ့် သမီးအဲဒီ အခန်းကို ထပ်ပြီး မြင်ချင်မြင်ရဦးမှာ ပါ၊ ဒီတစ်ခါတော့ ပြက္ခဒိန်ကို သေချာမြင်ရ အောင်ကြည့်မယ် ဖေဖေ'
'အေး... အေး... လောလောဆယ်တော့ သမီးအိမ်ကနေ ဘယ်မှထွက်လို့ ဖြစ်မှာ မဟုတ်ဘူးနော်သမီး'
'သမီးသိပါတယ်ဖေဖေ၊ ဘယ်မှမ သွားပါဘူး'
'ကျောင်းတက်စရာမရှိလို့တော် သေးတာပေါ့အေ'
မေမေက ဝင်ပြောသည်။
'ဒီနေ့တော့ သည်းခံလိုက်ဦးသမီး၊ မနက်ဖန်စနေနေ့မှ မျက်စိဆေးခန်းသွားပြကြတာပေါ့၊ အမေလည်း အမေ့မြေးကို ဂရုစိုက် ဦးနော်'
ဖေဖေက မှာ စရာရှိတာမှာ ကြားပြီး စိတ်မချလက်မချနှင့်ပင် မေမေနှင့်အတူ ရုံးကိုထွက်သွားလေသည်။
ဖေဖေရော မေမေပါ အလုပ်များ သော ဌာနများ မှ ဝန်ထမ်းများ ဖြစ်ပါသည်။ ဖေဖေက သူ့ရုံးမှာ ညွှန်ကြားရေး မှူးအဆင့်ဖြင့် အရာရှိ တစ်ယောက် ဖြစ်ပြီး မေမေကတော့ အထက်တန်းစာရေး တစ်ယောက် သာ ဖြစ်ပါသည်။ ရုံးသွားလျှင် ဖေဖေရထားသော ရုံးကား ဖြင့် အတူသွားကြသည်။ ဖေဖေနှင့်မေမေ ဌာနချင်းမတူပါ။
စန္ဒီက ဖေဖေတို့ကားထွက်သွားသည်နှင့် အိမ်ဝမှလက်ပြကျန်ခဲ့သည်။
ထိုစဉ်တွင် ... စန္ဒီ့မြင်ကွင်းထဲသို့ ဒုတိယအမြင်လွှာမှ ထူးခြားသော လှုပ်ရှားမှုတစ်ခုဝင်လာလေသည်။
ကားတစ်စီးထိုးဆိုက်လာခြင်း ဖြစ်သည်။
ဒုတိယအမြင်လွှာမှ အိမ်ကြီးရှေ့သို့ ထိုးဆိုက်လာသော ကားတစ်စီး ဖြစ်ပါ၏ ။
စန္ဒီက အိမ်မကြီး၏ တခါးပေါက်တွင် ရပ်နေရာမှ မြင်ရသည့် အမြင်ဖြင့်မြင်နေရခြင်း ဖြစ်လေသည်။
စန္ဒီသည် အိမ်ထဲသို့ပြန်မဝင်သေးပဲ တခါးဝမှာ ပင် မလှုပ်မယှက်ရပ်ကာ ဒုတိယမြင်လွှာထဲမှ လှုပ်ရှားမှုများ ကို ငေးကြည့်နေ မိလေ၏ ။
ကားနောက်ခန်းမှ လူနှစ် ယောက် ဆင်းလာကြ၏ ။ ကားရှေ့ခန်းမှ ဒရိုင်ဘာလည်းဆင်းလာသည်။ ထိုသုံးယောက် လုံးမှာ မနေ့က စန္ဒီမြင်ခဲ့ရသော လူသုံးယောက် ဖြစ်သည်။ အိမ်ရှင်လူကြီး အပေါ်ထပ်ကနေ လှမ်းပြီး အမိန့်ပေးသည်ကိုနာခံ၍ ခြံအပြင်ဖက်သို့ထွက်သွား သော လူသုံးယောက် ပင် ဖြစ်ပါသည်။ သုံးယောက် လုံး မနေ့က အဝတ်အစားများ ကိုပင် ဝတ်ဆင်ထားလေသည်။
သူတို့သုံးယောက် သည် ကားနောက်ခန်းအဖုံးကိုဖွင့်ကာ သေတ္တာကြီးတစ်လုံးကို ချလိုက်ကြသည်။ သေတ္တာမှာ အတော် ကြီးပြီး တော် တော် လည်း လေးဟန်တူပေသည်။ သုံးယောက် သား သေတ္တာကြီးကို မြေကြီးပေါ် ခဏချထားပြီးမှ မနိုင်မနင်းသယ်ယူလာကြ သည်။
အိမ်အဝလှေကားထစ်အတိုင်း သယ်လာကြရာ သူတို့သည် စန္ဒီ့ကိုယ်ထဲသို့ဖြတ်သန်းကာ အိမ်ထဲသို့ဝင်သွားကြလေ၏ ။ နောက်ကျောဖက်သို့ရောက်သွားပြီမို့ စန္ဒီ မမြင်ရတော့ပေ။
စန္ဒီနောက်ဖက်သို့ လှည့်ကြည့်လိုက်သည့်အခါ အခြားမြင်ကွင်းတစ်ခုကို ပြောင်းသွား လေ၏ ။
ဒုတိယနေ့ တစ်နေ့လုံးလည်း စန္ဒီသည် ဒုတိယအမြင်လွှာကို မြင်နေရဆဲပင် ဖြစ်လေသည်။ တစ်နေ့လုံး ထိုအိမ်ကြီး၏ အပေါ်ထပ် အောက်ထပ်များ ကို လှည့်ပတ်မြင်နေရလေသည်။ မနေ့ကမြင်ခဲ့သော အရာများ ပင် ဖြစ်ပါသည်။ မျက်စိကိုမှိတ်၍ ပုတီးစိတ်နေ တော့မှပင် အမြင်များ အားလုံးကွယ်သွားလေတော့၏ ။
စန္ဒီမြင်နေရတာ တွေ ဟာ အပြင်မှာ တကယ်ရှိတဲ့ နေရာလား။ စန္ဒီ့ရင်၌ သိချင်စိတ်များ တဖွားဖွားပေါ်လာရလေ၏ ။
စန္ဒီသည် အိမ်ကြီးထဲမှာ မြင်ခဲ့ရသည့်မြင်ကွင်းများ အားလုံးထဲတွင် ဧည့်ခန်းမှပန်းချီကားကို ပြန်ပြီးမြင်တွေ့ ချင်စိတ် ပေါက်နေမိ ၏ ။ အမျိုးသမီး တစ်ယောက် ၏ ကိုယ်တစ်ပိုင်းပုံကို ရေး ဆွဲထားသည့် ပန်းချီကားအား တခဏမျှပင်မြင်လိုက်ရသည်။ အိမ်ကြီးထဲတွင် ယောကျာ်းများ ချည်း မြင်နေရပြီး သက်ရှိမိန်းမဆို၍ တစ်ယောက် မှမမြင်ရသေးပေ။ ထို့ကြောင့်... ပန်းချီကားထဲမှမိန်းမပျိုကိုကြည့်ချင် စိတ်ပေါက်နေခြင်း ဖြစ်သည်။
သို့သော်... စန္ဒီ့မှာ ဒုတိယအမြင်လွှာထဲမှအိမ်ကြီးကို မပြတ်မြင်နေရသော်လဲ ပေါ်လာသည့်မြင်ကွင်းဖြင့်သာ ကြေနပ်နေရခြင်း ဖြစ်သည်။ ကိုယ့်သဘောနှင့်ကိုယ် အိမ်ထဲမှာ လျှောက်သွားလို့မရ။ မြင်ကွင်းထဲမှာ လည်း ဧည့်ခန်းပုံက နောက်တစ်ကြိမ်ပြန်ပေါ်မလာတော့ သည့်အတွက် မချင့်မရဲကြီး ဖြစ်နေရလေသည်။
ညနေပိုင်း ဖေဖေနှင့်မေမေရုံးဆင်းလာတော့ စန္ဒီ့အခြေအနေကို ခရီးရောက်မဆိုက်မေးသည်။
'ဒီအတိုင်းပဲဖေဖေ၊ မြင်နေရတုံးပဲ'
'အေး- ဖေဖေတို့လည်း မျက်စိဆေးခန်းက တုံကင်ဝင်ယူခဲ့တယ်၊ မနက်ပိုင်း ဆေးခန်းသွားကြမယ်သမီး'
ညပိုင်းတွင် ...
စန္ဒီသည် အိပ်ရာဝင်ရန် အိပ်ခန်းထဲဝင်ခဲ့သည်။ အခန်းမီးကိုပိတ်ရန် နံရံမှခလုတ်ဆီလက်လှမ်းလိုက်၏ ။ ထိုစဉ်တွင် ... စန္ဒီ့မျက်လုံးထဲသို့ဝင်လာသော မြင်ကွင်းမှာ မနေ့ကညကတွေ့ ခဲ့ရသော အိပ်ခန်းမြင်ကွင်း ဖြစ်နေလေသည်။ သည်ညမှာ တော့ အိပ်ခန်းထဲ၌ လူရှိနေသည်ကိုမြင်လိုက်ရလေ၏ ။ အိမ်ရှင် ဖြစ်သော ညာမျက်ခုံးအထက်မှာ မှဲ့နက်ကြီးရှိသည့်လူကြီးပင် ဖြစ်ပါသည်။
စန္ဒီက မီးပိတ်ရန် ခလုတ်ဆီလှမ်းထားသော လက်ကို မရုတ်ပဲ ငြိမ်သက်စွာ ရပ်နေလိုက်သည်။ လူကြီးသည် အိပ်ခန်းထဲမှ စာကြည့်စားပွဲတွင် ထိုင်ကာ စာရေး နေခြင်း ဖြစ်ပါ၏ ။ စန္ဒီသည် စာရေး စားပွဲအနီး၌ ရောက်နေကာ ထိုလူကြီးကို အနီးကပ်မြင်နေရပေ၏ ။ ထိုလူကြီးက စာအုပ်တစ်အုပ်ထဲတွင် စာတစ်ချို့ကို စိတ်ဝင်တစားရေး မှတ်နေလေသည်။ သူ့ပခုံးကွယ်နေ၍ ဘာစာတွေ ရေး နေမှန်း စန္ဒီမသိရချေ။
စန္ဒီစိတ်လှုပ်ရှားစွာ ဝမ်းသာသွားရခြင်းမှာ စန္ဒီ့အမြင်တွင် စားပွဲဘေးနံရံ၌ ချိတ်ထားသော ပြက္ခဒိန်ကို နီးကပ်စွာ မြင်နေရသော ကြောင့် ဖြစ်ပါသည်။ ပြက္ခဒိန်ကိုလှမ်းဖတ်နိုင်လျှင် မိမိသိလိုသော အချိန်ကာလသဲလွန်စကို ရနိုင်ပေလိမ့်မည် ။
စန္ဒီက ကိုယ်ကိုမလှုပ်ပဲ သတိကြီးစွာ ထားကာ ပြက္ခဒိန်ကို ကြည့်လိုက်လေ၏ ။ ပြက္ခဒိန်ပေါ်က စာသားများ က စန္ဒီမြင်ရ လောက်သည့် အကွာအဝေး၌ ပင်ရှိနေပါသည်။ စန္ဒီက သတိကြီးစွာ ဖြင့် ပြက္ခဒိန်ကို လှမ်းကြည့်လိုက်သည်။
ထိုစဉ်... လေပြင်းပြင်းတစ်ချက်တိုက်လိုက်သည့်သဖွယ် ပြက္ခဒိန်၏ အပေါ်ဆုံးစာရွက်မှာ လန်သွားလေသည်။
ဟာ- စန္ဒီ့ရင်ထဲမှာ လှိုက်ကနဲ ဖြစ်သွား၏ ။ ပြက္ခဒိန်ပေါ်က စာသားတွေ ကို လှမ်းဖတ်လို့ရခါနီး ပါမှ...။
ထိုစဉ်မှာ ပင်... တစ်ဖက်မှမြင်ကွင်းသည် မှေးမှိန်ဝေဝါးလျှက် ပျောက်ကွယ်သွားလေသည်။
စန္ဒီ့အမြင်ထဲတွင် အစားထိုးဝင်ရောက်လာသည်က တိတ်ဆိတ်လျှက်ရှိသော ထမင်းစားခန်းမြင်ကွင်း။ ထမင်းစားခန်းထဲ၌ မီးထွန်းထားပုံမရပါ။ ထမင်းစားခန်းကို မှုန်ဝါးဝါးအလင်းရောင် အောက်၌ သာ မြင်နေရပါသည်။
စန္ဒီလည်း စိတ်ပျက်အားလျော့စွာ မီးကိုပိတ်၍ အိပ်လိုက်လေတော့သည်။
( ၅ )
နောက်တစ်နေ့ စနေနေ့တွင် သားအဖသုံးယောက် မျက်စိ အထူးကုဆေးခန်းသို့သွားပြလေသည်။
ဆရာဝန်ကြီးက ရောဂါ ရာဇဝင်ကိုမေးမြန်းရာ စန္ဒီစံကပင် ပြောပြလိုက်၏ ။ စန္ဒီ့အပြောများ ကိုနားထောင်ရင်း ဆရာဝန်ကြီးလည်း အတော် ပင်အံ့သြသွားလေသည်။
ဆရာဝန်က စန္ဒီ့မျက်လုံးကို နည်းလမ်းအမျိုးမျိုးဖြင့် စစ်ဆေးပေးခဲ့ပါသည်။
'မျက်လုံးမှာ ချွတ်ယွင်းချက်တစ်ခုမှရှာမတွေ့ ဘူးဗျ၊ မှုံလည်း မမှုံဘူး၊ စောင်းလည်းမစောင်းဘူး၊ တိမ်လည်းမရှိဘူး၊ စန္ဒီစံရဲ့ မျက်လုံးတွေ ဟာ သာမန်အတိုင်းပါပဲဗျာ'
ဆရာဝန်ကြီးက မှတ်ချက်ချသည်။
'စန္ဒီမြင်ရတဲ့ မြင်ကွင်းတွေ ကို ဆရာ့ဆေးခန်းရောက်တော့ရော မြင်နေရသေးသလား'
'မြင်ရပါတယ်ဆရာကြီး၊ ဆေးခန်းကိုလာတဲ့လမ်းတလျှောက်လုံးလည်း မြင်နေရပါတယ်၊ အခုလည်း မြင်နေရပါတယ်'
'အခု ဘာတွေ မြင်နေရသလဲ၊ ဆရာ့ကိုပြောပါဦး'
'စန္ဒီမြင်နေကျအိမ်ကြီးရဲ့ ပန်းခြံထဲကိုရောက်နေတယ်ဆရာကြီး၊ ပန်းခြံဒေါင့်မှာ ဒါန်းကလေးတစ်ခုတွေ့ ပါတယ်၊ အဲဒီ ဒါန်းက လေးကို သမီး အခုမှမြင်ဖူးတာပါ၊ အရင်နှစ် ရက်က ဒီပန်းခြံထဲကို ရောက်ဖူးပြီးသားပါ၊ ဒါပေမယ့်... သမီးရောက်တဲ့နေရာချင်း မတူပါ ဘူး ဆရာကြီး'
'နေပါဦးကွဲ့၊ စန္ဒီ့အိမ်မှာ မြင်ရတဲ့ မြင်ကွင်းမျိုးပဲ ဆရာ့ရုံးခန်းထဲရောက်တဲ့အထိမြင်နေရတာ ပဲလား၊ စန္ဒီ့အိမ်ကနေ ဆရာ့ ဆေးခန်းအထိ လာရတာ ခရီးတာအတော် ဝေးသွားပြီလေ၊ မြင်ကွင်းက ပြောင်းမသွားဘူးလား'
'မပြောင်းပါဘူးဆရာကြီး၊ ဒီကိုလာတဲ့လမ်းမှာ လည်း အဲဒီ အိမ်ကြီးရဲ့ မြင်ကွင်းတွေ ကိုပဲ မြင်နေရပါတယ်'
'အဆက်မပြတ်မြင်နေရတာ လား'
'ဟုတ်ပါတယ်ဆရာကြီး၊ စန္ဒီစ ဖြစ်ကတည်းက မျက်လုံးဖွင့်ထားသမျှ မြင်ကွင်းတွေ ကို နှစ် ထပ်မြင်နေရတာ ပါ'
ဆရာဝန်ကြီးက သက်ပြင်းချလိုက်သည်။
ဖေဖေ့ဖက်သို့လှည့်ပြောလိုက်၏ ။
'မျက်စိနဲ့ပတ်သက်လို့တော့ ဘာချွတ်ယွင်းချက်မှ မတွေ့ ရဘူး ဦးမြတ်စံ၊ စန္ဒီ ဖြစ်နေတာ စူပါနချရယ်ဆိုတဲ့ သဘာဝ လွန်ပြသနာမျိုးပဲ'
'ဟုတ်ကဲ့ဆရာ၊ ကျွန်တော် တို့ ဘာဆက်လုပ် ရမလဲ'
'ဓာတ်လိုက်ခံရပြီးနောက်ပိုင်း ဖြစ်သွားတာဆိုတော့ အာရုံကြောတွေ ဘာတွေ ထိခိုက်ပြီး ထင်ယောင်ထင်မှား ဖြစ်တာမျိုး ဖြစ်မယ် ထင်တယ်၊ ဦးမြတ်စံတို့ဆန္ဒရှိရင် ဦးဏှောက်နဲ့ အာရုံကြောအထူးကုနဲ့ ပြကြည့်ပါ၊ ကျွန်တော် လွှဲစာရေး ပေးလိုက်ပါ့မယ်'
'ဟုတ်ကဲ့ဆရာ'
( ၆ )
ဦးနှောက်နှင့်အာရုံကြောအထူးကုနှင့်ပြဖို့ကို စန္ဒီကိုယ်တိုင်ပင် ငြင်းဆိုလိုက်ပါသည်။
'သမီး ဖြစ်နေတာ စိုးရိမ်စရာ ရောဂါ ကြီး မဟုတ်ပါဘူးဖေဖေ၊ ရောဂါ လို့လည်းမပြောလောက်ပါဘူး၊ တစ်ရက်နှစ် ရက်နေရင် ပျောက်သွားလိမ့်မယ်ထင်ပါတယ်၊ စောင့်ကြည့်ပါရစေဦးဖေဖေ'
တကယ်တော့ စန္ဒီငြင်းဆိုလိုက်ခြင်းမှာ အကြောင်းရှိပါသည်။
ထိုနေ့... စနေနေ့နေ့လည်မှာ ပင် စန္ဒီမြင်ချင်နေသော ပန်းချီကားကို ထင်ရှားစွာ မြင်လိုက်ရခြင်းကြောင့် ဖြစ်ပါ၏ ။
ဆေးခန်းမှပြန်လာပြီး နေ့လည်ခင်းတွင် ထိုမြင်ကွင်းကို စန္ဒီ မြင်ခဲ့ရခြင်း ဖြစ်သည်။
စန္ဒီသည် ဒုတိယအမြင်လွှာထဲမှအိမ်ကြီး၏ ဧည့်ခန်းထဲသို့ရောက်နေကာ ဧည့်ခန်းရံမှပန်းချီကားကြီးရှေ့တွင် ရပ်လျှက်ရှိလေ သည်။ စန္ဒီ့အမြင်တွင် ပန်းချီကားကြီးကိုကောင်းစွာ မြင်ရသော အနေအထား၌ ရှိနေသည်။
စန္ဒီသည် ကိုယ်ကိုမလှုပ်မိအောင် သတိကြီးစွာ ထား၍ ပန်းချီကားကြီးကို ကြည့်လိုက်သည်။
ထိုအခါ စန္ဒီ့ရင်တစ်ခုလုံးသည် ဗြောင်းဆန်အောင် တုန်လှုပ်ချောက်ချားသွားရလေသည်။
ပန်းချီကားထဲမှမိန်းကလေးမှာ စန္ဒီကိုယ်တိုင် ဖြစ်နေသော ကြောင့်ပင်တည်း။
ပထမဆုံးနေ့က ရိပ်ကနဲမျှသာမြင်လိုက်၍ စန္ဒီမြင်ချင်နေသော ပန်းချီကား။ ယခုတော့ မြင်ချင်လှသော ပန်းချီကားကို ထင်ရှား စွာ မြင်ရပေပြီ။
ပန်းချီကားမှာ လေးပေသုံးပေအရွယ်ရှိပြီး အမျိုးသမီးပုံကို ကိုယ်တစ်ပိုင်းပေါ်ရုံရေး ဆွဲထားလေ၏ ။ ပုံထဲမှအမျိုးသမီးမှာ စန္ဒီမှ စန္ဒီပါတကား။ မျက်နှာသွင်ပြင်ခွဲမရအောင်တူလှပေသည်။ ဝတ်စားဆင်ယင်ပုံ အနည်းငယ်ခေတ်နောက်ကျသည်သာ ကွာခြားပေ၏ ။
ပုံထဲမှမိန်းကလေးသည် ကျစ်ဆံမြီးကိုတစ်ချောင်းထဲကျစ်ပြီး ပခုံးရှေ့တွင် ချထားသည်။ ပုံမှာ ရိုးရိုးကလေးသာ ဖြစ်သည်။ မျက်နှာ တွင် လည်း ထူးထူးထွေထွေချယ်သထားခြင်းမရှိ။ သနပ်ခါးပါးကွက်ကျားကို ပေါ်လွင်အောင်ရေး ဆွဲထားသည်။
စန္ဒီသည် မလှုပ်မယှက်ရပ်ကာ ပန်းချီကားကို မျက်တောင်မခတ် ကြည့်နေမိ၏ ။ ပန်းချီကားထဲကမိန်းကလေးသည် မိမိနှင့် တူလွန်းလှပါကလား။ မိမိပုံကိုရေး ဆွဲထားသည်ဟုပင် စန္ဒီ့ရင်မှာ ခံစားရလေသည်။ ပုံထဲမှမိန်းကလေး၏ အသက်အရွယ်မှာ လည်း မိမိ၏ လက်ရှိအသက်အရွယ်အတိုင်း ဖြစ်နေသည်။
စန္ဒီက ပန်းချီကားကို မြင်ကွင်းထဲက သူ့အလိုလိုကွယ်သွားချိန်အထိကြည့်နေမိသည်။ ပန်းချီကားကို ငါးမိနစ်ကြာခန့်မြင်နေရပြီး မှေးမှိန်ကာပျောက်ကွယ်သွားကာ အခြားမြင်ကွင်းတစ်ခုပေါ်လာသည်အထိ စန္ဒီ ငေးကြည့်နေမိ၏ ။
ပန်းချီကားကိုမြင်လိုက်ရသော ကြောင့် ဦးနှောက်နှင့်အာရုံကြော ဆရာဝန်ကို ပြသရန် စန္ဒီငြင်းဆန်မိခြင်း ဖြစ်ပါသည်။
စန္ဒီသည် ဒုတိယအမြင်လွှာထဲမှအိမ်ကြီးကို ဆက်မြင်နေချင်သေးသည်။ ထိုအိမ်ကြီးထဲမှာ မိမိ၏ ပုံပန်းချီကား အဘယ်ကြောင့် ရှိနေရသနည်း။ ပဟေဠိဆန်ပြီး ဆန်းကြယ်လှသော ထိုမြင်ကွင်းများ ကို စန္ဒီ သံယောဇဉ်တွယ်နေမိလေပြီ။
သို့သော်... ပန်းချီကားကိုမြင်ရတဲ့ အကြောင်းကိုတော့ ဖေဖေတို့ကို စန္ဒီပြောမပြတော့ပါ။ စန္ဒီ့အပေါ်မှာ သံသယဝင်လာ မည် စိုးသော ကြောင့် ဖြစ်သည်။ စန္ဒီ့ကိုရူးသွပ်နေပြီဟု အစွပ်စွဲခံရမှာ စိုးမိသည်။ တကယ်လည်း မိမိသည် ရူးသွပ်နေပြီလားမသိပါ။ စန္ဒီ့အမြင်မှာ တွေ့ နေရတာ တွေ ဟာ တကယ်လား။ စန္ဒီပင်ထင်ယောင်ထင်မှား ဖြစ်နေသလား။
သေချာတာကတော့ စန္ဒီသည် ပဟေဠိဆန်သော ဒုတိယအမြင်လွှာထဲက မထွက်ချင်သေးခြင်းပင် ဖြစ်သည်။ ဒုတိယအမြင်လွှာ ဟာ 'ဘာ'ဆိုတာသိရသည်အထိ စန္ဒီ ထိုလောကထဲမှာ နေချင်နေမိလေ၏ ။
( ၇ )
တတိယနေ့ ဖြစ်သော ထိုစနေနေ့ညမှာ ပင် ယခင်ကထက် ထူးခြားသော မြင်ကွင်းတစ်ခုကို စန္ဒီမြင်လိုက်ရပြန်သည်။
အိပ်စက်ရန် စန္ဒီမီးပိတ်လိုက်ချိန်၌ အခန်းတစ်ခု၏ မြင်ကွင်း စန္ဒီ့ရှေ့တွင် ပေါ်လာသည်။ အရင်နှစ် ရက်ကမြင်ခဲ့ရသော အိပ်ခန်း မြင်ကွင်း မဟုတ်ပါ။ ယခုမြင်ရသော အခန်း၌ ဝင်ပေါက်ကြီးရှိသော တခါးပေါက်မှအပ ပြတင်းပေါက်များ မရှိ။ လေဝင်ပေါက်ပင်မတွေ့ ရပါ။
ထိုအခန်းထဲတွင် ကုတင်တစ်လုံးသာ ချထားသည်။
လူငယ် တစ်ယောက် သည် ကုတင်ပေါ်တွင် ထိုင်လျှက်ရှိ၏ ။
လူငယ်၏ မျက်နှာက ညှိုးနွမ်းနေပေသည်။
ဘေးတွင် လူလေးယောက် မတ်တပ်ရပ်လျှက်ရှိပေသည်။ ထိုလေးယောက် စလုံးကို စန္ဒီသိပါသည်။ လူငယ်၏ ရှေ့တည့်တည့်တွင် ခါးထောက်ရပ်နေသူက အိမ်ကြီးရှင် မျက်ခုံးအထက်မှဲ့ကြီးနှင့်လူကြီး ဖြစ်သည်။ လူကြီးနောက်မှ ရံ၍ ရပ်နေသော သုံးယောက် ကတော့ ပထမဆုံးနေ့တွင် စန္ဒီမြင်ခဲ့ရသော အိမ်ရှင်လူကြီး၏ တပည့်သုံးယောက် ဖြစ်လေသည်။ ထိုတပည့်သုံးယောက် ကို ဒုတိယနေ့တွင် လည်း သေတ္တာကြီးတစ်လုံးကို ကားဖြင့်သယ်လာသည့်မြင်ကွင်းဖြင့် မြင်ခဲ့ရပြီး ဖြစ်သည်။
ယခု စန္ဒီမြင်နေရသော မြင်ကွင်းထဲတွင် လူကြီးက ခါးထောက်ကာ ကုတင်ပေါ်ထိုင်နေသော လူငယ်ကို တစ်စုံတစ်ခုမေးမြန်း နေပုံမျိုး ဖြစ်ပါသည်။ လူငယ်က လူကြီးမေးသမျှကို ခေါင်းခါရမ်းကာ ဖြေကြားလျှက်ရှိသည်။ လူကြီးက စိတ်မရှည်ဟန်ဖြင့် တောက် တစ်ချက်ခေါက်လိုက်ပုံကိုမြင်လိုက်ရလေ၏ ။
စန္ဒီသည် မြင်ကွင်းကိုကြည့်ရင်း လူကြီးနှင့်တပည့်သုံးယောက် ကို ရုပ်ရှင်ထဲမှလူကြမ်းများ သဖွယ်မြင်ယောင်လာလေသည်။ လူငယ်၏ အမူအရာမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော သဏ္ဍာန်မျိုး ဖြစ်သည်။
စန္ဒီကြည့်နေစဉ်မှာ ပင် ထိုမြင်ကွင်းသည် ဝေဝါးမှေးမှိန်ပျောက်ကွယ်သွားလေ၏ ။ စန္ဒီ့ရင်ထဲ၌ နုံးခွေကာ ကျန်ရစ်ခဲ့လေသည်။ စန္ဒီသည်မြင်ကွင်းထဲကလူငယ်ကို သနားနေမိသည်။ သူ့ကိုမြင်ဖူးသယောင်ရှိသည်ဟုလည်း ထင်မိလေ၏ ။ စန္ဒီသည် ထိုလူငယ်မျက်နှာကို အပြင်တွင် မြင်လျှင်လည်း မှတ်မိလောက်အောင် စွဲနေလေသည်။
လူငယ်ကို လူကြီးနှင့်အုပ်စုက မတရားဖမ်းဆီးချုပ်နှောင်ထားသည်ဟုလည်း ထင်မိပေ၏ ။ လူငယ်ရှိနေသော အခန်းတွင် ပြတင်း ပေါက်များ မရှိခြင်းက ချုပ်နှောင်ထားသည့်သဏ္ဍာန်ကို ပေါ်လွင်စေလျှက်ရှိလေသည်။
စန္ဒီသည် လူငယ်၏ မျက်နှာကိုမြင်ယောင်ရင်း သနားဂရုဏာသက်နေမိ၏ ။
ထုံးစံအတိုင်းပင်... ဒါတွေ ဟာ တစ်နေရာမှာ တကယ် ဖြစ်ပျက်နေတဲ့အ ဖြစ်တွေ လား၊ ဘယ်တုံးက ဖြစ်ခဲ့တာလဲ၊ လောလော ဆယ် ဖြစ်နေတာလား၊ အတိတ်က ဖြစ်ရပ်တွေ လား...ဆိုသည်ကို အတွေးနယ်ချဲ့နေမိပြန်တော့သည်။
နောက်တစ်နေ့မနက်မိုးအလင်းတွင် စန္ဒီအိပ်ရာမှထထချင်း မြင်ရသည့်မြင်ကွင်းမှာ ညကမြင်ခဲ့ရသော လူငယ်ရှိသည့်အခန်း မြင်ကွင်းပင် ဖြစ်လေသည်။
လူငယ်သည် ကုတင်ပေါ်တွင် အိပ်လျှက်ရှိ၏ ။
စန္ဒီ သူ့ကိုကြည့်လိုက်သည့်အချိန်တွင် သူကမျက်လုံးဖွင့်ကြည့်လိုက်လေ၏ ။
စန္ဒီ့အနေအထားက သူလှဲအိပ်နေသည့် ကုတင်ဘေးတွင် မတ်တပ်ရပ်နေသည့်အနေအထားမျိုး ဖြစ်ပါသည်။ သူသည် မျက်လုံး ကို ရုတ်တရက်ဖွင့်ကာ စန္ဒီရပ်နေသော နေရာကို တအံ့တသြစိုက်ကြည့်လိုက်လေသည်။ သူက လှဲနေရာမှ ထထိုင်လိုက်သည်။ စန္ဒီ့ကို ကြည့်ကာ သူ့နှုတ်မှ တစ်စုံတစ်ခုရေရွတ်လိုက်လေသည်။
အို... ဒါမဟုတ်နိုင်ဘူး။
စန္ဒီသည် ဒုတိယအမြင်လွှာထဲမှအရာများ ကို မြင်ရုံသာမြင်ရခြင်း ဖြစ်ပါသည်။ ထိုလောကထဲမှအရာများ ကို ကိုင်တွယ်ထိတွေ့  လို့မရနိုင်ချေ။ ထို့အတူ ဒုတိယအမြင်လွှာထဲမှသက်ရှိများ သည်လည်း စန္ဒီ့ကို မြင်နိုင်တွေ့ နိုင်သည်မဟုတ်ချေ။ ဒုတိယအမြင်လွှာကို စတင်မြင်ရချိန်မှစ၍ ထိုအတိုင်းပင် သိထားလက်ခံထားပြီး ဖြစ်သည်။
အခုတော့ ကုတင်ပေါ်မှလူငယ် ရုတ်တရက်ထထိုင်ကာ စန္ဒီ့ကို စကားပြောလိုက်ပုံသည် သူက စန္ဒီ့ကိုမြင်နေရသည့်ပုံစံမျိုး ဖြစ်နေပါ၏ ။
လူငယ်က စန္ဒီ့ကိုနောက်တစ်ကြိမ်ထပ်၍ ခေါ်လိုက်ပြန်သည်။
ထို့နောက်သူသည် တစ်ဆင့်တိုးကာ စန္ဒီလက်ကိုလှမ်းကိုင်လိုက်လေသည်။
စန္ဒီ့ရင်ထဲ၌ အေးကနဲ ဖြစ်သွားသည်။
ထိုစဉ်မှာ ပင်... ဒုတိယအမြင်လွှာသည် စန္ဒီ့မျက်ဝန်းထဲမှ ပျောက်ကွယ် သွားပါလေတော့သည်။
သည်တစ်ခါပျောက်ကွယ်သွားပုံက အခြားရှုခင်းများ ကို အစားထိုးမြင်ရပုံဖြင့် ပျောက်ကွယ်သွားခြင်းမျိုးမဟုတ်ပဲ... ဒုတိယ အမြင်လွှာကို စန္ဒီလုံးဝမမြင်ရတော့ပဲ ပျောက်ကွယ်သွားခြင်းပင် ဖြစ်တော့သည်။
စန္ဒီသည် သေချာအောင် အခန်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
အခန်းထဲမှပစ္စည်းများ ကို သူချည်းသက်သက် ထင်ထင်ရှင်းရှင်း မြင်နေရပါသည်။ ဒုတိယအမြင်လွှာထဲမှမြင်ကွင်းများ နှင့် ထပ် နေခြင်းမျိုးမရှိတော့ပေ။
စန္ဒီက ပြတင်းပေါက်ကိုဖွင့်ကာ အပြင်သို့ကြည့်လိုက်သည်။ ပြင်ပရှုခင်းများ ကိုလည်း သာမန်မျက်စိအမြင်အတိုင်းပင်မြင်နေ ရပါ၏ ။ ဒုတိယအမြင်လွှာသည် စန္ဒီ့မျက်ဝန်းထဲမှ ပျောက်ကွယ် သွားပါပကော။
စန္ဒီ့ရင်ထဲတွင် ဟာကနဲ ဖြစ်ကာ... နှမျောတသသလိုခံစားလိုက်ရ၏ ။
တကယ်တော့... ဘာမှန်းမသိသော အရာများ ကို မြင်နေရခြင်းမှလွတ်ကင်းသွားသည့်အတွက် ဝမ်းသာရမည် ဖြစ်သည်။ အမည် မဖော်ပြနိုင်သော ဝေဒနာတစ်ရပ် စွဲကပ်နေခြင်းမှ ပျောက်ကင်းသွားခြင်းအတွက် စန္ဒီဝမ်းမြောက်ရမည် ဖြစ်ပါသည်။
သို့သော်... စန္ဒီ့ရင်ထဲ၌ ဒုတိယအမြင်လွှာကို သံယောဇဉ် ဖြစ်နေမိသည်။ ခွဲခွာလိုက်ရသည့်အတွက် ရင်ထဲမှာ နှမျောတသ နေမိသည်။ အထူးသဖြင့်... နောက်ဆုံးအချိန်ကာလတွင် မြင်လိုက်ရသော လူငယ်ကို စန္ဒီသံယောဇဉ် ဖြစ်နေသည်။ သနားနေလေသည်။ သူဟာ မတရားချုပ်နှောင်ခံနေရတာ လား။ ချုပ်နှောင်ခံနေရခြင်း ဖြစ်ဖို့များ လေသည်။
သူ့ကို ဘာလို့ချုပ်နှောင်ထားကြတာလဲ။ ဒီဖက်လောကမှ စန္ဒီ့ကို သူမြင်သွားပုံရသည်။ သူသည် စန္ဒီ့ကိုအမြင်တွင် အသိ အကျွမ်း တစ်ယောက် ကိုမြင်လိုက်သည့်သဖွယ် အံ့သြခြင်းရော၊ အားကိုးခြင်းပါ ရောယှက်ကာ လှဲနေရာမှ ထလာသည့်အသွင်မျိုး ဖြစ်ပေ သည်။
သူ ဘာလဲ။ သူ့အခက်အခဲကို စန္ဒီကူညီချင်၊ ကယ်တင်ချင်နေမိသည်။
အို... တကယ်တော့ ဒါတွေ ဟာ တကယ့်အ ဖြစ်တွေ လည်း ဟုတ်ချင်မှ ဟုတ်မှာ ပါလေ။ စန္ဒီ့က ဖြေတွေးတွေးလိုက်သည်။ သို့ရာတွင် ... စန္ဒီ့ရင်ထဲ၌ သုံးရက်နှင့်တစ်မနက်တာမြင်တွေ့ ခဲ့ရသော ဒုတိယအမြင်လွှာထဲမှအိမ်ကြီးကိုလည်းကောင်း၊ ချုပ်နှောင်ခံထား ရပုံရသော လူငယ်ကိုလည်းကောင်း မေ့မရနိုင်အောင် ဖြစ်နေမိလေတော့၏ ။
စန္ဒီက သူမမြင်နေရသော ဒုတိယအမြင်လွှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းကို အိမ်သားများ အား အသိပေးလိုက်လေသည်။
အားလုံးကပင် ဝမ်းသာသွားကြလေ၏ ။
ဝမ်းမသာနိုင်သူက စန္ဒီပင်။ ဒုတိယအမြင်လွှာထဲမှလောကလေးသည် တကယ်ရှိလေသလား။ စန္ဒီတသသနှင့် တွေးတော စဉ်းစားလို့ ဆုံးနိုင်တော့မည် မဟုတ်ပေ။
( ၈ )
နောက်တစ်ပတ်တွင် ... ဖေဖေက သူ့အသိမိတ်ဆွေ ပင်စင်စား ရူပဗေဒပါမောက္ခကြီး တစ်ယောက် ကို အိမ်သို့ဖိတ်ကြားလာခဲ့ သည်။
ဖေဖေက စန္ဒီသုံးရက်ကြာအမြင်ပေါက်သွားပုံကို ပြောပြကာ စန္ဒီနှင့်တွေ ဆုံပြီး အဖြေရှာဖို့ခေါ်လာခြင်းပင် ဖြစ်ပါသည်။
ပါမောက္ခကြီးက စန္ဒီ့အတွေ့ အကြုံကို အသေးစိတ်မေးမြန်းသည်။
'စန္ဒီအမြင်ဓာတ်ရလိုက်တာဟာ ဒီလောကထဲမှာ အမှန်တကယ်ရှိတဲ့နေရာကအ ဖြစ်တွေ ကို မြင်လွှာတွန့်ခေါက်ပြီး မြင်လိုက်ရ တာမျိုးပါပဲဦးမြတ်စံ'
ပါမောက္ခကြီးက ရှင်းပြသည်။
'စန္ဒီ ဓာတ်လိုက်ခံရတာ ဟာ မြင်လွှာတွန့်ခေါက်ဖို့အတွက် သော့ ချက်လို ဖြစ်သွားတာပါပဲ၊ ဒါမျိုးဟာ လူတစ်သိန်းမှာ တစ်ယောက် ကြုံရဖို့ခက်တဲ့အ ဖြစ်မျိုးပါပဲဦးမြတ်စံ'
'ဒါဖြင့် သမီးမျက်စိထဲမှာ မြင်လာရတာ တွေ ဟာ အပြင်မှာ လည်း တကယ်ရှိနေနိုင်တဲ့ နေရာနဲ့ အ ဖြစ်တွေ ပေါ့၊ ဟုတ်လား ဆရာကြီး'
'ဟုတ်ပါတယ် ဦးမြတ်စံ၊ တကယ်လည်းရှိတယ်၊ အချိန်ကာလကလည်း ပစ္စုပ္ပန်ကာလပါပဲ၊ စန္ဒီမြင်ခဲ့ရတဲ့အ ဖြစ်တွေ ဟာ ဟိုဖက်မှာ တကယ် ဖြစ်နေတဲ့အ ဖြစ်တွေ ကိုမြင်နေရတာ ပါ'
'ထူးဆန်းလှချည်လားဗျာ'
'ဒါ့ကြောင့် တစ်သိန်းမှာ တစ်ယောက် ကြုံနိုင်ခဲတယ်လို့ ပြောတာပေါ့၊ တစ်သိန်းမှာ တစ်ယောက် ဆိုတာလည်း “ဓာတ်လိုက်ခံ ရတဲ့ လူတစ်သိန်းမှာ တစ်ယောက် လို့ ပြောတာနော်'
'အမြင်တွန့်ခေါက်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆရာကြီး'
ပါမောက္ခကြီးက စာရွက်လွတ်တစ်ရွက်ပေါ်တွင် စာရွက်ထိပ်နှစ် ဖက်၌ မင်ဖြင့် အစက်နှစ် စက်ချလိုက်သည်။
'ဟောဒီမင်စက်နှစ် စက်ဟာ စက္ကူကိုဖြန့်ထားပြီး ဒီအတိုင်း ကြည့်ရင် အဝေးကြီးမဟုတ်လား'
ပါမောက္ခကြီးက စာရွက်ကိုအလည်မှခေါက်လိုက်သည်။
'စက္ကူကိုခေါက်လိုက်ရင် ဟောဒီအစက်နှစ် စက်ဟာ တစ်ထပ်တည်း ဖြစ်မသွားဘူးလား'
'သြော်...'
'အဲဒီ သဘောပါပဲ ဦးမြတ်စံ၊ စန္ဒီဟာ လူကတော့ ဒီဖက်မှာ ပဲ ရှိနေတယ်၊ ဓာတ်လိုက်ခံလိုက်ရတဲ့ အတွက် သူ့ရဲ့ အမြင်လွှာဟာ တွန့်ခေါက်သွားတယ်၊ ဒီလိုနဲ့ ... သူ့ရဲ့ အမြင်အာရုံထဲမှာ မိုင်ပေါင်းများ စွာ အဝေးကအ ဖြစ်အပျက်တွေ ကို မြင်လာရတာ ပါပဲဦးမြတ်စံ၊ အဝေးတစ်နေရာက တကယ် ဖြစ်နေတဲ့ အ ဖြစ်တွေ ကို မြင်နေရလို့လဲ မြင်ကွင်းနှစ် ခုကို ထပ်ရက်မြင်နေရတာ မျိုးပါပဲဦးမြတ်စံ'
ပါမောက္ခကြီးရှင်းပြချက်များ မှာ သိပ္ပံနည်းကျ၍ ဖြစ်နိုင်ချေရှိသော အချက်အလက်များ ဖြစ်ပါသည်။
စန္ဒီလည်း ပါမောက္ခကြီးရှင်းပြချက်ကိုလက်ခံပါသည်။
သို့သော်... စန္ဒီ့ရင်ထဲ၌ အမြင်ပေါက်မှုသည် သိပ္ပံနည်းကျ မြင်လွှာတွန့်ခေါက်မှုတစ်မျိုးတည်းကြောင့်မဟုတ်ဟု ထင်မိသည်။ အမြင်ပေါက်မှုတွင် ဂမ္ဘီရဆန်သော အချက်အလက်များ ပါဝင်နေပါသေးသည်။
စန္ဒီမြင်ခဲ့ရသော ဒုတိယမြင်လွှာထဲတွင် အိမ်ကြီးထဲ၌ စန္ဒီ့ရုပ်ပုံပန်းချီကားကို ထင်ရှားစွာ မြင်ခဲ့ရသည်။ သာမန်မြင်လွှာတွန့် ခေါက်ခြင်းမျိုး ဖြစ်ပါလျှင် စန္ဒီနှင့်ချွတ်စွပ်တူသော ပန်းချီကားကို ဘာကြောင့်မြင်ရပါသနည်း။ ပြီးတော့... ချုပ်နှောင်ခံနေရပုံရသော လူငယ် သည် သည်ဖက်မှ စန္ဒီ့ကိုမြင်လိုက်သယောင် စကားပြောခြင်း၊ ခေါ်ငင်ခြင်းများ ပြုခဲ့သေးသည်။
ဒီအ ဖြစ်များ ကိုတော့ စန္ဒီက ဘယ်သူ့မှ ပြောမပြတော့ပါ။ စန္ဒီ့ရင်ထဲမှာ ပင် မြိုသိပ်ထားလိုက်ပါသည်။
ဤအ ဖြစ်ကိုဖြေရှင်းခွင့်ရမည် ဆိုက စန္ဒီဖြေရှင်းချင်ပါသေးသည်။
စန္ဒီမြင်ခဲ့ရသော နေရာဒေသသည် ဘယ်မြို့ဘယ်နေရာဆိုတာကိုလည်း စန္ဒီ သိချင်လှပါသည်။
စန္ဒီသိခွင့်ရပါ့မလား။
စန္ဒီ့ရင်ထဲမှာ တော့...သုံးရက်ကြာမြင်ခဲ့ရသော ဘယ်နေရာကမှန်းမသိသည့် အိမ်ကြီးကိုလည်းကောင်း၊ သနားစရာ လူငယ်ကို လည်းကောင်း တသသဖြင့်မြင်ယောင်နေမိဆဲ ဖြစ်ပါသည်။
( ၉ )
ထိုအ ဖြစ်များ ဖြစ်ခဲ့သည်မှာ တစ်လကျော်ခန့်ရှိသွားချိန်တွင် တော့ စန္ဒီသည် မေ့လျော့သလို ဖြစ်သွားခဲ့လေပြီ။ ရံဖန်ရံခါ လူငယ် ကိုသတိရရင်းဖြင့် စိတ်မကောင်းနိုင် ဖြစ်မိသည်ကလွဲ၍ တစစ သွေးအေးသွားခဲ့လေသည်။
သို့သော်... နှစ် လကြာမြင့်ချိန်တွင် သီသီသွယ်နှင့် နီနီနွယ်တို့ညီအစ်မကို အကြောင်းပြု၍ ထိုအ ဖြစ်အပျက်သည် စန္ဒီ့အတွက် တစ်ဖန် ဆန်းသစ်လာရပြန်လေ၏ ။
သီသီသွယ်နှင့်နီနီနွယ်မှာ စန္ဒီတို့နှင့် ခြံချင်းကပ်ရက်နေသော စန္ဒီနှင့်ရွယ်တူ ညီအစ်မနှစ် ယောက် ဖြစ်သည်။ ညီအစ်မ နှစ် ယောက် စလုံးနှင့် စန္ဒီတို့ တစ်နှစ် တည်းတွင် ဆယ်တန်းအောင်ခဲ့ကြသည်။ စန္ဒီက စီးပွားရေး တက္ကသိုလ်ကို ဆက်တက်ခဲ့သော်လည်း သူတို့ညီအစ်မမှာ အငယ် မောင်ညီမများ ကိုညှာကာ ကျောင်းဆက်မတက်ပဲ လုပ်ငန်းခွင်ဝင်ခဲ့ကြသည်။ အဝေးသင်နှင့်ပဲ ပညာရေး ကို ဆက်ခဲ့ကြသည်။
သီသီသွယ်နှင့်နီနီနွယ်တို့နှစ် ယောက် စလုံး ခရီးသွားကုမ္ပဏီတစ်ခုတည်းမှာ အလုပ်အတူဝင်ခဲ့ကြခြင်း ဖြစ်သည်။ ကုမ္ပဏီတွင် ညီအစ်မ နှစ် ယောက် လုံး အဆင်ပြေကြပုံရသည်။
စန္ဒီနောက်ဆုံးနှစ် တွင် သူတို့ညီအစ်မ မန္တလေးကိုပြောင်းရ၏ ။ သူတို့ကုမ္ပဏီက သင်္ဘောတစ်စင်းဝယ်ကာ မန္တလေးနှင့် ပုဂံ ညောင်ဦးကို နိုင်ငံခြားသားခရီးသည်များ အား ပို့ဆောင်သည့်လုပ်ငန်းတစ်ခု တိုးချဲ့လိုက်၍ ဖြစ်သည်။ နှစ် ယောက် စလုံးကို သင်္ဘော လုပ်ငန်းတွင် တာဝန်ပေးလိုက်ကြသည်။
သီသီနှင့်နီနီတို့ ပြောင်းသွား ကြတာပင် တစ်နှစ် ခွဲလောက်ရှိပေပြီ။
သုံးလေးလတစ်ခါလောက် ညီအစ်မနှစ် ယောက် တစ်လှည့်စီ ခွင့်ယူ၍ ပြန်လာတတ်သည်။
သည်တစ်ခါ ပြန်အလှည့်ကျသူက နီနီနွယ် ဖြစ်သည်။ နီနီက မန္တလေးလက်ဆောင်များ ယူရင်း စန္ဒီတို့အိမ်ဖက်ရောက်လာ၏ ။ နီနီ့လက်ထဲမှာ မန္တလေး၊ ပုဂံညောင်ဦးနှင့် အညာတစ်ခွင်တွင် ရိုက်ထားသော သူတို့ညီအစ်မဓာတ်ပုံများ ပါသည့် အယ်ဘမ်သုံးခုတောင် ပါလာသည်။
စန္ဒီနှင့်နီနီစကားပြောကြရင်းမှ နီနီယူလာသော အယ်လ်ဘမ်များ ကိုကြည့် ဖြစ်လေသည်။
သည်တွင် ... “ဓာတ်ပုံတစ်ပုံထဲတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် စန္ဒီ့တစ်ကိုယ်လုံး ကျင်စက်နှင့်အတို့ခံလိုက်ရသလို တုန် လှုပ်သွားလေသည်။
'ဟင်... ဒီ-ဒီအိမ်ကြီး'
စန္ဒီသည် သီသီနှင့်နီနီညီအစ်မနှစ် ယောက် မြစ်ကမ်းဘေးတွင် ရပ်လျှက်ရိုက်ထားသော ပုံတစ်ပုံထဲမှ နောက်ခံတွင် ပေါ်နေသော အိမ်ကြီးကိုမြင်လိုက်၍ အံ့သြစွာ ရေရွတ်လိုက်ခြင်း ဖြစ်သည်။
ထိုအိမ်ကြီးမှာ လွန်ခဲ့သော နှစ် လခန့်က စန္ဒီအမြင်ပေါက်ကာ သုံးရက်ကြာမြင်ခဲ့ရသော အိမ်ကြီးပင် ဖြစ်ပေသည်။
'နီနီ- ဒီ- ဒီအိမ်ကြီးက ဘယ်ကလဲဟင်'
'အဲဒါ... တို့နေတဲ့အဆောင်နားက အိမ်လေ၊ ကမ်းနားပိုင်းကအိမ်ပေါ့စန္ဒီ၊ ဘာ ဖြစ်လို့လဲ'
'ဒီအိမ်ကြီးကို ကိုယ်မြင်ဖူးတယ်'
စန္ဒီက ဒုတိယအမြင်လွှာထဲတွင် မြင်ခဲ့ရသည့်အတိုင်း မြစ်ကိုနောက်ခံကာ သော င်ပြင်၊ ပြီးတော့... မြက်ရိုင်းတောနှင့် ကျယ်ဝန်း သော ခြံကြီးကို “ဓာတ်ပုံထဲတွင် ကြည့်ကာ မှတ်မိလိုက်လေသည်။
'သြော... လက်စသတ်တော့ ဒီအိမ်က မန္တလေးကကိုး၊ တခြား ပုံတွေ ရှိသေးလားနီနီ'
နီနီက အိမ်ကြီးရှုခင်းပါသော ပုံလေးပုံကို ရွေးထုတ်ပြလိုက်သည်။
'ဒီအိမ်ကြီးက တို့နေတဲ့အဆောင်နားမှာ ပဲ၊ သင်္ဘောဆိပ်ကိုဆင်းတိုင်း အဲဒီ အိမ်ကြီးဘေးက ဖြတ်သွားရတယ်စန္ဒီ၊ နင်က ဘယ်လို မြင်ဖူးနေတာလဲ'
စန္ဒီက ရှုဒေါင့်အမျိုးမျိုးမှပေါ်လွင်နေသော “ဓာတ်ပုံငါးပုံထဲက အိမ်ကြီးမြင်ကွင်းများ ကို အထပ်ထပ်ကြည့်နေမိသည်။ အိမ်ကြီး ကို သုတ်ထားသော ဆေးရောင် ကအစ တူညီနေပေ၏ ။ ပုံတစ်ပုံတွင် ခြံထဲက ပန်းခြံထဲမှ ဒါန်းကလေးပင် ပါသေး၏ ။
'နင်တို့ အဲဒီ အိမ်ကလူတွေ နဲ့ ခင်သလားဟင်'
'ဟင့်အင်း... မခင်ပါဘူး၊ ရှုခင်းကောင်းလို့ အဲဒီ နားမှာ ရိုက်ထားတာပါ၊ ဘာ ဖြစ်လို့လဲစန္ဒီ၊ နင်မေးတာဆန်းလှချည်လား'
'ငါ ဒီအိမ်ကြီးကို သေချာမြင်ဖူးတယ်၊ အိမ်အတွင်းထဲအထိလည်း ရောက်ဖူးတယ်နီနီ'
'ဘာ- နင်ပဲ ဒီအသက်အရွယ်အထိ မန္တလေးကို တစ်ခေါက်မှမရောက်ဖူးသေးဘူးဆို'
'ဟုတ်တယ်၊ ငါမန္တလေးကိုတော့ မရောက်ဖူးဘူး၊ ဒီအိမ်ကြီးထဲကိုတော့ ရောက်ဖူးတယ်ဟ၊ ရောက်တာလည်း လွန်ခဲ့တဲ့ တစ်လခွဲ နှစ် လလောက်ကမှပါ၊ ငါ ပြောပြရင် နင်အံ့သြသွားမယ်နီနီ'
စန္ဒီက “ဓာတ်လိုက်ခံရရာမှာ သူမ၏ အမြင်လွှာ တွန့်ခေါက်သွားပုံကို ပြောပြလိုက်သည်။
'နင်ပြောတာဆန်းလိုက်တာဟယ်... ရန်ကုန်ကနေ မန္တလေးအထိလှမ်းမြင်ရတယ်ဆိုတော့'
'ငါပြောတာ ယုံရဲ့ လားနီနီ'
'ယုံပါတယ်၊ နင်တို့တစ်အိမ်လုံးသက်သေရှိနေတာပဲမဟုတ်လား၊ ဆရာဝန်ရော ပါမောက္ခရော နင့်အတွေ့ အကြုံထဲမှာ ပါနေ တာပဲ၊ ယုံပါတယ်၊ ဒါပေမယ့် ဆန်းလွန်းလို့ပါဟာ'
'ငါ့အတွက်ကတော့ ပိုပြီးတော့ ဆန်းကြယ်နေတာပေါ့ဟာ၊ နီနီ နင်ဒီအိမ်ကလူတွေ ကို ခရီးသွားဟန်လွဲတောင် မမြင်ဖူး ဘူးလားဟင်၊ အိမ်ကတော့ ဟုတ်နေပြီ၊ ငါမြင်တဲ့ လူတွေ ဟာ အဲဒီ အိမ်ကလူတွေ ဟုတ်သလား၊ သိပ်သိချင်တာပဲ'
'တို့ကို ကုမ္ပဏီက ဆိုင်ကယ်တစ်စီး ပေးထားတယ်လေ၊ ရုံးတက်တိုင်း အဲဒီ အိမ်ကြီးရှေ့ ဖြတ်သွားရတာ တော့မှန်တယ်၊ ဒါပေမယ့် ဆိုင်ကယ်နဲ့ ဆိုတော့ ဖြတ်သွားရုံလောက်ပဲ၊ သတိမထားမိပါဘူး၊ အခု ပြန်စဉ်းစားကြည့်တော့... ဒီအိမ်ကြီးဟာ အမြဲပိတ် ထားတယ်လို့ ထင်မိတာပဲစန္ဒီ'
'ငါသိချင်လိုက်တာနော်...၊ ငါမြင်ခဲ့ရတာ တွေ ဟာ တကယ်လားဆိုတာ သိချင်နေတာကြာပြီနီနီ'
'ငါလည်းစိတ်ဝင်စားတယ်၊ အိမ်ကြီးထဲမှာ နင့်ပုံတူပန်းချီကားရှိတယ်ဆိုတာကို စိတ်အဝင်စားဆုံးပဲ၊ ဒီတော့... ဒီလိုလုပ်ပါ လားစန္ဒီ၊ နင်မန္တလေးကိုလိုက်ခဲ့'
'ဟင်...'
'နင်ကိုယ်တိုင်လိုက်လာရင် စုံစမ်းလို့ရတာ ပေါ့၊ မဟုတ်ဖူးလား၊ တကယ်သာ နင့်ပုံတူပန်းချီကား အိမ်ကြီးထဲမှာ ရှိနေရင် အိမ်ရှင်တွေ ကလည်း နင့်ကိုစိတ်ဝင်စားမှာ ပဲ၊ နင်ချဉ်းကပ်လို့လွယ်မှာ ပဲ၊ နင်လိုက်ခဲ့ဟယ်...'
စန္ဒီသည် မန္တလေးသို့ အလည်လိုက်သွားရန် မိဘများ ကို ပူဆာခဲ့သည်။ အိမ်ကြီးအကြောင်းကိုတော့ထည့်မပြောပါ။ မိဘများ စိုးရိမ်ကြောင့်ကျ ဖြစ်မည် စိုးသော ကြောင့်ပင်။
စန္ဒီမှာ ဘွဲ့ရပြီး လုပ်ငန်းခွင်မဝင်သေးပဲ အားလပ်နေချိန်မို့ မန္တလေးလိုက်လည်ဖို့ကို အလွယ်တကူပဲ ခွင့်ပြုချက်ရသွားလေ သည်။ နီနီတို့ညီအစ်မမှာ လည်း အိမ်နီးချင်းများ မို့ စိတ်ချကာ ထည့်လိုက်ကြခြင်း ဖြစ်လေသည်။
( ၁ဝ )
ယခုတော့ သူမစိတ်ဝင်စားခဲ့သော နေရာကို စန္ဒီရောက်ရပေ တော့မည် ။
လောကကြီးတွင် တကယ်ရှိမရှိပင် မသေချာခဲ့သော နေရာ၊ သုံးရက်ကြာ အမြင်ပေါက်ရာမှ ရောက်ရှိမြင်တွေ့ ခဲ့ရသော အိမ်ကြီး။ ထိုအိမ်ကြီးကို စန္ဒီသည် ကိုယ်တိုင်သွားရောက်၍ လေ့လာစုံစမ်းခွင့်ရပေတော့မည် ။
အိမ်ကြီးသည် စန္ဒီ့ကို မည် သို့ကြိုဆိုနေမည် လဲ။ အိမ်ကြီးထဲမှလူများ သည် စန္ဒီအမြင်ပေါက်ကာ မြင်တွေ့ ခဲ့ရသော လူတွေ ပင် ဖြစ်လေမလား။
အိမ်ရှင်များ သည် စန္ဒီ့ကိုအလွယ်တကူလက်ခံပါ့မလား။
အိမ်ကြီးကိုချဉ်းကပ်ရာတွင် စန္ဒီ့အဖို့ လွယ်ကူမည် လား၊ ခက်ခဲမည် လား။
စန္ဒီသည် မထင်မှတ်ပဲ ဂမ္ဘီရဆန်ဆန်သိကျွမ်းခဲ့ရသည့် အိမ်ကြီးဆီ ရောက်ရတော့မည့် ခရီးအတွက် သည်းထိတ်ရင်ဖို ဖြစ်နေမိ လေသည်။
အိမ်ကြီးသည် သူမအား မည် သို့သော အနေအထားဖြင့် ကြိုဆိုနေလေမည် နည်း။
တွေးရင်းမှ ... စန္ဒီရင်မောနေရပါတော့သည်။
![]() ၀ိညာဉ် ခေါ်ရာ | ![]() သေမင်းငင် ခရီးကြမ်း | ![]() မိစ္ဆာပူးသောဘ၀များ |