Cover

Line ပေါ်တွင်

နတ်သမီးလေးတစ်ပါး Chatting ထိုင်နေပါသည်

Cover

(A)

ရန်ကုန်မြို့နှင့် မိုင် (၇၀)ခန့်သာဝေးသော နယ်မြို့လေးတစ်မြို့တွင် ဖြစ်သည်။ ထိုနယ်မြို့လေး ၏ တစ်ကျောင်းတည်းသော ဘုန်းတော် ကြီးကျောင်းဝင်းထဲတွင် ဆိုလျှင် ပိုတိကျပါမည် ။

ထိုကျောင်းဝင်းထဲတွင် လူအတော် များများ စုရုံးနေကြ၏ ။ ကိစ္စတစ်ခုကိုလည်း ထင်မြင်ယူဆ ချက်အမျိုးမျိုးဖြင့် ပြောဆိုနေကြသည်။

‘ဒီကိစ္စကို ဘယ်လိုထင်လဲ’

‘ငါတော့ မပြောတတ်ဘူး။ ဒါက ယုံရခက် မယုံရခက်ပဲကွ’

‘အို…… ကျွန်မ ကတော့ ယုံတယ်၊ ရှင်တို့လည်း ညကအ ဖြစ်အပျက်ကို မြင်လိုက်ကြတာပဲ မဟုတ်လား’

ယောက်ျားကြီး နှစ် ယောက် ၏ ထင်မြင်ချက်ကို မိန်းမကြီး တစ်ယောက် က မဆီမဆိုင်ဝင်ပြီး အတည်ပြုပေးလိုက် ခြင်း ဖြစ်သည်။ ပါးစပ်ကလည်း တီးတိုး ပြောသွားခဲ့သေးသည်။

‘ရာဇ၀င်ထဲက နတ်သမီးလေးလွတ်မြောက်သွားပြီတဲ့’

(၂၁) ရာစုနှစ် ရဲ့ လူသားတစ်ဦးအနေဖြင့် ထိုအ ဖြစ်အပျက်ကို လက်ခံလိုက်ရန်အတွက် အတော် ခက်ခဲလွန်းပါသည်။

သို့ ပေမယ့်…..။

သည် ပါးစပ်ရာဇ၀င်လေးကို ဟောဒီ့နယ်မြို့လေးတစ်မြို့လုံး မကြားဖူးသူ မရှိပါ။ အိပ်ရာဝင် ပုံပြင်လေးတစ်ပုဒ်အ ဖြစ်နှင့် အားလုံးကြားသိထားပြီးသား ကိစ္စတစ်ခုပင် ဖြစ်ပါသည်။

ယခုလို အမှန်တကယ် ဖြစ်ပေါ်လာမည် ကိုတော့ မည် သူမှ ထင်မှတ်မထားခဲ့ချေ။

ထိုနယ်မြို့ကလေးတွင် ညက အချိန်အခါမဟုတ်ပါဘဲ မိုးကြီးသဲသဲမဲမဲ ရွာသွန်းခဲ့သည်။ လျှပ်ပန်းလျှပ်နွယ်များ နှင့် မိုးခြိမ်းသံတို့က ထူးဆန်းလွန်းနေသည်.။ တစ်သက်မှာ တစ်ခါ ကြုံရခဲသည့် အသွေးအရောင် တို့ကြောင့် တစ်မြို့လုံး ကြက်သီးထမိကြ၏ ။ နောက်……။

ကောင်းကင်ယံမှ တောက်ပလင်းလက်လှသော အရာတစ်ခုသည် ထိုဘုန်းတော် ကြီးကျောင်း ထဲသို့ ကြယ်ကြွေသလို ပြုတ်ကျလာခဲ့သည်ကိုလည်း တစ်မြို့လုံးနီးပါး တွေ့ မြင်လိုက်ကြရ၏ ။

ထိုအရာဝတ္ထု၏ ထူးဆန်းတောက်ပလှသော အလင်းတန်းကြောင့် မြေပြင်တစ်ခုလုံး တဒင်္ဂ လင်းထိန်သွားခဲ့သည်။ နောက်တော့…… အရာအားလုံးက ဘာမှမ ဖြစ်ခဲ့သလို ပကတိတိတ်ဆိတ် ငြိမ်သက်သွားသည်။ အားလုံး ကတော့ ကြယ်ကြွေသည်ဟုပင် ရင်ထဲမှာ ကိုယ်စီသတ်မှတ်ချက်ပေးခဲ့ ကြသည်။

နံနက် မိုးသောက် အလင်းရောက်မှ ထိုသတင်းက ပျံ့လွင့်လာခဲ့၏ ။

‘ပန်းချီကားထဲက နတ်သမီးလေးပုံ ပျောက်သွားတယ်တဲ့’

‘ပန်းချီကားထဲက မင်းသမီးလေး အသက်ဝင်သွားပြီ’

‘ဒဏ္ဍာရီထဲက ကောင်မလေး လွတ်မြောက်သွားပြီ’

‘……..’

သံတူကြောင်းကွဲ သတင်းတွေ ဆိုပေမယ့် ဆိုလိုရင်း ကတော့ တစ်ခုတည်းပင် ဖြစ်၏ ။ ထို သတင်း စတင်ရာ အရင်းအမြစ် ကတော့ ကပ္ပိယကြီး ဦးဖိုးနီထံမှ ဖြစ်သည်။ ဦးဖိုးနီ၏ ပြောပြချက်အရ….

‘ကျုပ်က ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲလေ။ ဒီဘုန်းကြီးကျောင်းမှာ နေလာခဲ့တာ အနှစ် (၄၀)ကျော်ပြီ။ ဒီကျောင်းက အတော် ကျယ်ဝန်းတယ်ဆိုပေမယ့် ကျုပ်မရောက်ဖူးတဲ့နေရာ, ကျုပ်မ၀င်ဖူးတဲ့အခန်းဆိုတာ မရှိဘူး။ ပြီးတော့ မြို့ထဲမှာ သရဲခြောက်တယ်လို့ နာမည် ကြီးပြီး ည မှော င်ရီပျိုးတာနဲ့ အနားက ဖြတ်လျှောက်ဖို့တောင်မရဲကြတဲ့ ဟော့ဒီ ‘ဗိမာန်’ဆိုတဲ့ အခန်းလေးထဲကို လည်း ကျုပ်က ၀င်ထွက်နေခဲ့တာပါပဲ။ အဲ….. ညဖက်တော့ မဟုတ်ဘူးပေါ့ဗျာ။ ဆရာတော် ရဲ့ အမိန့်နဲ့ ကျုပ်က တစ်ကျောင်းလုံးရဲ့ သန့်ရှင်းရေး ကို တာဝန်ယူထားရတော့ ဒီ ‘ဗိမာန်’ဆိုတဲ့အခန်းကိုလည်း မ၀င်မ ဖြစ်ဝင်ပြီး သန့်ရှင်းရေး လုပ်နေကျပဲ။ ဒီအခန်းထဲမှာ ဒီပန်းချီကားရှိနေတာကိုလည်း အားလုံး အသိပဲမဟုတ်လား။ ဒီနေ့မနက် ကျုပ်သန့်ရှင်းရေး ၀င်လုပ်တော့ ပန်းချီကားထဲမှာ မင်းသမီးလေးပုံ မရှိ တော့ဘူး။ မယ်တော် ကြီး တစ်ယောက် တည်းပဲ ရှိတော့တယ်။ ကျုပ်တောင် သရဲခြောက်ခံရပြီဆိုပြီး ကြက်သီးတေါ ထနေတာ။ ဆရာတော် ကြီး ကတော့ ပုံကိုလာကြည့်ပြီး ခေါင်းတညိတ်ညိတ်လုပ်နေတာ က လွဲပြီး ဘာမှ မိန့်မသွားဘူး’

သို့ ဖြင့် ……

ထိုကျောင်းဝင်းလေးထဲတွင် လူအများ စုရုံးရောက်ရှိနေကြ၏ ။ သတင်းရရှိထားသည့် ရန်ကုန်မြို့မှ ဂျာနယ်လစ်တစ်ချို့ပင် ရောက်ရှိလာခဲ့ပြီး ပန်းချီကားအပါအ၀င် ဘုန်းကြီးကျောင်းနေရာ အနှံ့ကို ကင်မရာတဖျပ်ဖျပ် လိုက်ရိုက်နေကြသည်။

တချို့က နယ်ခံများ ကို ပန်းချီကားနှင့် ဆက်စပ်သည့် ဒဏ္ဍာရီအကြောင်းကို မေးမြန်းသတင်း ယူနေကြသည်။ ပန်းချီကားထဲက မိန်းကလေး တစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတာက လွဲပြီး မည် သူမျှ ရာဇ၀င်ကို တိတိပပ မပြောနိုင်ကြချေ။

ကပ္ပိယကြီးအဆိုအရ ဆရာတော် ကြီး ကတော့ ဒီရာဇ၀င်ကို ကောင်းကောင်းသိထားသည်ဟု သိရ၏ ။

လောကမှာ သည်လိုအ ဖြစ်အပျက်မျိုး အမှန်တကယ် တည်ရှိနိုင်ပါ့မလား။ သည်လိုဆို….. ပန်းချီကားထဲက ကောင်မလေးက ဘယ်လို ပျောက်ဆုံးသွားခဲ့တာလဲ။

တွေးကြည့်လျှင် ရူးသွားနိုင်လောက်သည့် အ ဖြစ်အပျက်တစ်ခုပင်။

တစ်စုံ တစ်ယောက် က တစ်စုံတစ်ရာဆန္ဒကြောင့် ပန်းချီကားကို လုပ်ဇာတ်ထွင်လိုက်တာရော မ ဖြစ်နိုင်ဘူးလား။

တချို့က ဒီအ ဖြစ်အပျက်ကို လက်မခံနိုင်ကြ။ တချို့ ဒီအ ဖြစ်အပျက်ကို စူးစူးနစ်နစ် ယုံကြည် ကြသည်။ တချို့ ကတော့…..

မည် သို့ ပင်ရှိစေကာမူ ထိုပန်းချီကားထဲမှ မိန်းကလေးတစ်ဦးသည် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏ ။ ထိုထူးဆန်းသော အ ဖြစ်အပျက်တစ်ခုနှင့် အတူ အနည်းငယ်ထူးဆန်းသော ကိစ္စတစ်ခုလည်း ရှိပါသေး သည်။

ထိုအ ဖြစ်အပျက်နှစ် ခု တစ်ခုနှင့် တစ်ခု ဆက်စပ်ပတ်သက်နေ, မနေကိုတော့ မပြောတတ်ပါ။ ထိုအရာ ကတော့ မီးကျွမ်းနေသော SAMSUNG အမှတ်တံဆိပ် Hand Phone တစ်လုံးပင် ဖြစ်လေ တော့၏ ။

ထို Phone ကိုလည်း ပန်းချီကားအောက်နားမှ ကပ္ပိယကြီး ဦးဖိုးနီပင် ကောက်ရခဲ့တာ ဖြစ် သည်။ ထို Hand Phone က ဒီ ‘ဗိမာန်’ အမည် ရှိ အခန်းထဲကို ဘယ်လိုကြောင့် ရောက်လာခဲ့တာလဲ။

ပန်းချီကားနှင့် Hand Phone မည် သို့ ပတ်သက်ပါသနည်း။ ညက ကြယ်ကြွေသလို ပြုတ်ကျခဲ့ သည့် အလင်းတန်းကြီးနှင့် ရော မည် သို့ သက်ဆိုင်နိုင်သနည်း။

တွေးလေ၊ ဝေးလေ ဆိုသလို အဖြေရှာမရနိုင်ပါ။ ခေတ်ပညာတတ် တချို့ ကတော့…

‘ညက လူ တစ်ယောက် ယောက် ဒီအခန်းထဲကို မိုးခိုရင်းရောက်လာပြီး Phone ပြော ဖြစ်မယ် ဗျာ။ Phone လိုင်းနဲ့ လျှပ်စီးတို့ ပူးဝင်ပြီး မိုးကြိုးပစ်ချလိုက်တာနေမှာ ပေါ့။ အဲဒါကြောင့် အလင်းတန်း ကြီး ထွက်လာတာရော မ ဖြစ်နိုင်ဘူးလား’

အားလုံးက တွေးတွေးဆဆနှင့် လက်ခံသလို ခေါင်းညိတ်ကြ၏ ။

သို့ သော်……

‘ဒီလိုဆိုရင် …..ဖုန်းပိုင်ရှင်ရဲ့ မီးကျွမ်းနေတဲ့ အလောင်းကို တွေ့ ရမှာ ပေါ့။ ဘယ်မလဲ အလောင်း’

‘ဟင် !’

စကားအဆုံးမှာ တော့ အားလုံး ဆွံ့အသွားကြသည်။ သေချာသည် ကတော့ ဒီအ ဖြစ်အပျက် သည် ထူးဆန်းသော ၊ ပဟေဠိဆန်သော အ ဖြစ်အပျက်တစ်ခုပင် ဖြစ်၏ ။

ဂျာနယ်လစ်အချို့ ကတော့ ပန်းချီကားနှင့် ဆက်နွယ်သည့် ဒဏ္ဍာရီကို သိလိုသည်ကြောင့် ဆရာတော် သီတင်းသုံးရာ ဘုန်းတော် ကြီးကျောင်းပေါ်သို့ တက်သွားကြပြီ ဖြစ်သည်။

ကျောင်းဝင်းလေးထဲကိုတော့ အနီးအနားပတ်ဝန်းကျင်ရွာများ မှ လူများ အပါအ၀င် လူအများ တဖွဲဖွဲရောက်ရှိလာနေမြဲပင် ဖြစ်၏ ။

*


* သူများ ကို ဘယ်လိုလူစားမျိုးပါဆိုပြီး ကဲ့ရဲ့ ဝေဖန်ပြောဆိုနေခြင်းဟာ

ကိုယ်ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို ဖော်ပြနေခြင်းပါပဲ…..။

As Longs as I respect myself, I don’t need to be concerned with other’s opinions.

* မိမိကိုယ်မိမိ လေးစားမှု ရှိနေသ၍ တခြားသူတွေ မိမိကို ဘယ်လိုထင်မြင်နေတယ် ဆိုတာကို ဂရုစိုက်နေစရာ မလိုဘူး…..။

*


(B)

‘ဘာကွ… မင်း ဘယ်လိုပြောလိုက်တာလဲ ထင်ရှား’

‘ဟုတ်တယ် ဖေဖေ… သား ဆေးကျောင်းမတက်ချင်ဘူး။ သား ၀ါသနာပါတဲ့ အနုပညာ တက္ကသိုလ်ပဲ တက်ချင်တယ်’

သူ့ စကားကြောင့် အဖေ ဖြစ်သူ ဦးရှားလူ တစ်ယောက် ပိုမိုဒေါပွသွားပုံရ၏ .။ နှာမှု တ်သံ တိုးလျလျကိုပင် ကြားနေရသည်။

သားကို သခင်၊ လင်ကိုဘုရားလို သတ်မှတ်နေလာခဲ့သည့် အဖေ ဖြစ်သူ ဒေါ်ပုံရိပ်ထင်မှာ တော့ လင်နှင့် သားကြားမှာ ဘာဝင်ပြောရမည် မသိ ဖြစ်နေရသည်။

‘မင်း ရူးနေသလား မင်းထင်ရှား။ သူများ သားသမီးတွေ မှာ ဆေးကျောင်းကို တက်ချင်လွန်းလို့ တစ်ပိုင်းကို သေနေတာပဲ။ ဒါပေမဲ့ ဆေးမှတ်မမီကြဘူး။ တချို့တွေ ကတော့ အမှတ်ကောင်းပေမယ့် ငွေကြေးပြဿနာကြောင့် ဆေးကျောင်းကို တက်ခွင့်မရကြဘူး။ အခု မင်းအတွက် ဘာလိုအပ်သလဲ ပြော။ အားလုံး ရေကန်အသင့် ကြာအသင့်ပဲ’

‘ဆေးပညာကို သားစိတ်မ၀င်စားဘူး….. ဖေဖေ ။ သားကို အနုပညာတက္ကသိုလ်ကိုပဲ တက်ခွင့် ပြုပါ’

‘တောက် !…… ကွာ’

မေမေ့ကို စစ်ကူတောင်းသလို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။ သို့ နှင့် …..

‘သြော်…. ကိုရှားလူရယ်…… သားလေးက သူ ၀ါသနာပါတဲ့’

‘တော် ….. ဒေါ်ပုံရိပ်။ မင်းဘာမှ င့ါကို တရားလာချမနေနဲ့။ ဟိတ်ကောင် မင်းထင်ရှား’

ဖေဖေက မေ့မေ့စကားမဆုံးခင် ဖြတ်ပြောပစ်လိုက်ပြီး သူ့ကိုပါ တစ်ဆက်တည်း ခေါ်လိုက် သဖြင့် ရိုရိုသေသေပင် ထူးလိုက်မိသည်။

‘ဗျာ…. .ဖေဖေ’

‘မင်းကို ငါ နောက်ဆုံးအနေနဲ့ ပြောမယ်။ မင်းဦးနှောက်နဲ့ မင်း ရွေးချယ် ဆုံးဖြတ်ပါ’

‘ဟုတ်ကဲ့’

‘လူကုံတန် အသိုင်းအ၀ိုင်းမှာ ဆရာဝန်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ တင့်တင့်တယ်တယ်နဲ့ နေထိုင်သွား မလား။ ဒါမှမဟုတ် သဘင်သည်တွေ ၊ ဖက်ခွက်စားတွေ လို ဘ၀ကို ဘာ အာမခံချက်မှ မပေးနိုင်တဲံ အလုပ်မျိုးနဲ့ ရုန်းကန်သွားမလား’

‘…….’

သူ ဘာစကားမှ မဖြေမိသေး။ ဖေဖေ့အကြောင်းကို သူသိပါသည်။ သူ့ကို ချစ်တာမှန်ပေမယ့်လည်း ဒီလိုမှ အတိုက်အခံမပြောလျှင် မိမိဝါသနာကို စွန့်လွှတ်လိုက်ရမည် ဖြစ်သည်။

ဘူးဆို ဖရုံမသီးတတ်သည့် လူစားမျိုးတွင် သူ့ဖေဖေသည် ထိပ်ဆုံးက ပါဝင်နေသည်။ သို့ သော် မင်းထင်ရှားကလည်း ဖေဖေ ဦးရှားလူ၏ တစ်ဦးတည်းသော သားပဲ မဟုတ်လား။

မေမေ ကတော့ သားကိုတစ်လှည့်၊ လင်ကို တစ်လှည့် ငေးကြည့်နေ၏ ။

‘အေး…. တစ်ခုတော့ ရှိတယ်။ မင်း ဆေးတက္ကသိုလ်တက်မယ်ဆိုရင်တော့ အစစအရာရာကို ငါ အားလုံးတာဝန်ယူတယ်။ မင်း စိတ်ကြိုက် ကားတစ်စီးလည်း ၀ယ်ပေးဦးမယ်။ အေး….. ငါ့စကားကို နားမထောင်ဘူး ဆိုရင်တော့’

သားအဖ နှစ် ယောက် မျက်ဝန်းချင်းဆုံးမိကြသည်။

‘ဆက်ပြောပါ ဖေဖေ’

‘မင်း….. ငါ့အိမ်ပေါ်က ဆင်း’

‘ကို ရှားလူ’

‘မင်းပါးစပ်ပိတ်ထား ပုံရိပ်ထင်’

အံ့သြတကြီး ၀င်ပြောတဲ့ မေမေ့ကို ဒေါသအရှိန်နှင့် ဖေဖေက ပိတ်ဟောက်ပစ်လိုက်သည်။ ပြီး…..

‘ဘယ်လိုလဲ ထင်ရှား။ မင်းဘာရွေးမလဲ’

သားအဖနှစ် ယောက် ဒုတိယအကြိမ်မြောက် မျက်ဝန်းချင်း ဆုံမိပြန်သည်။

သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုင်ရာမှ ထလိုက်၏ ။

‘ဖေဖေက အခုထိ ဘောင်ထဲမှာ ပဲ ပိတ်မိနေတုန်းပဲကိုး။ တစ်ခါတစ်ရံလောက်ပဲ ဖြစ် ဖြစ် အဲဒီ ဘောင်ထဲကနေ ဖောက်ထွက်ပြီး တွေးကြည့်စမ်းပါ ဖေဖေ’

‘ဟေ့ကောင်….. မင်း ဖတ်ဖူးတဲ့ ၀တ္ထုတွေ ထဲက အရည်မရ အဖတ်မရ စာသားတွေ ငါ့ရှေ့မှာ လာရွတ်ပြမနေနဲ့….. ငါမေးတာကိုပဲ ဖြေ၊ ဆရာဝန် ဘ၀ကို ရွေးမလား၊ ဖက်ခွက်စားဘ၀ကို ရွေးမလား’

သူ ပြုံးလိုက်မိသည်။

သို့သော်….. သူ့အပြုံးမှာ နာကျင်ဝမ်းနည်းမှု ကို ပြည့်နှက်နေ၏ ။ ပွင့်ပွင့်လင်းလင်းရေး ရလျှင် ထင်ရှားမချိပြုံး ပြုံးလိုက်မိသည်။

‘ဆရာဝန်မှ၊ အင်ဂျင်နီယာမှ ဂုဏ်ရှိတာ မဟုတ်ပါဘူး။ ဖေဖေ၊ အနုပညာဆိုတာကလည်း..’

စကားမဆုံးခင် ဖေဖေက ဖြတ်ပြောလိုက်ပြန်၏ ။

‘တော် ပြီ….. ထင်ရှား၊ ငါ အဲဒါတွေ ကို စိတ်မ၀င်စားဘူး’

‘ဟုတ်ပြီ……ဖေဖေ၊ သား ပြတ်ပြတ်သားသားပဲ ရွေးချယ်ဆုံးဖြတ်လိုက်ပါ့မယ်’

သူ မိဘနှစ် ပါးကို တရိုတသေပင် ထိုင်ရှိခိုးပစ်လိုက်သည်။

အဖြေက ရှင်းသွားခဲ့ပြီပဲ……။

ဦးရှားလူ တစ်ယောက် ‘တက်’ တစ်ချက်ခေါက်ပြီး အခန်းထဲကို ၀င်သွားသည်။ ဒေါ်ပုံရိပ်ထင် ကတော့…..

‘ဘာလုပ်တာလဲ သားရယ်။ သားဖေဖေက စိတ်ဆိုးတုန်းမို့ ပြောတာပါကွယ်။ နောက်မှ မေမေ အေးအေးဆေးဆေးနဲ့ နားချပေးပါ့မယ်’

‘မေမေလည်း ဖေဖေ့စိတ်ကို အသိပဲလေ။ သားကိုချစ်ရင် တားမနေပါနဲ့ မေမေရယ်။ သား ၀ါသနာပါတာကို လုပ်ပါရစေနော်’

ပြောပြီး အပေါ်ထက်က သူ့အခန်းလေးထဲကို ထွက်လာခဲ့တော့ မေမေ့ရှိုက်သံကို သူ ကြားနေရ၏ ။

ရင်ထဲမှာ မကောင်းလှပေမယ့် သူ မတတ်နိုင်ပါ။ ခွင့်လွှတ်ပါ မေမေရယ်။

သူအခန်းလေးကို နှုတ်ဆက်သလို တစ်ချက်ကြည့်လိုက်သည်။ ဟိုယခင်အတိုင်း အခန်းကလေး၏ ဆက်ဆံရေး ကတော့ သူ့အပေါ်မှာ မပြောင်းလဲပါ။ အရင်လို အေးအေးဆေးဆေး ဆက်ဆံနေဆဲပင် ဖြစ်၏ ။

(မှတ်ချက်။ ။ Aircon အဆက်မပြတ် ဖွင့်ထားသည်။)

တကယ့်တကယ် သူ အိမ်ပေါ်က ဆင်းမည် ဆိုပြန်တော့ ယူစရာ ပစ္စည်းများများ စားစား သိပ် မရှိလှပါ။ သူ ဆယ်တန်းအောင်စဉ်က မေမေ ၀ယ်ပေးထားသည့် Hollow Guiter တစ်လက်၊ တစ်လောကမှ သူ့မုန့်ဖိုးများ နှင့ ၀ယ်ယူထားသည့် ‘တိမ်တွေ …..’ အမည် ရှိ ပန်းချီကားတစ်ချပ်နှင့် စာအုပ်စင်ပေါ်က ကဗျာစာအုပ်တစ်ချို့ပင် ဖြစ်သည်။

‘တိမ်တွေ …..’ အမည် ရှိ ပန်းချီကားကို သူအတော် နှစ်သက် လွန်းသဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ မြတ်နိုးလွန်းတာဟု ဆိုလျှင် ပိုမှန်ပါသည်။ ထို ပန်းချီကားကို ကြည့်မိလိုက်တိုင်း သူ့စိတ်ကို လွတ်လပ် ပေါ့ပါးသွားစေရသည်။

ပန်းချီဆရာ၏ အိုင်ဒီယာကိုလည်း လေးစားမိ၏ ။ လူတိုင်း လူတိုင်းက ပန်းချီကားဟု ဆိုလိုက် သည်နှင့် ဘောင်ခတ်ထားတဲ့ ကင်းဗတ်စ်ပေါ်က တစ်စုံတစ်ရာပုံရိပ်ကို ပြေးမြင်မိမှာ ပင် ဖြစ်သည်။

ရှုခင်းပုံ ဖြစ်စေ၊ ပုံတူပုံ ဖြစ်စေ၊ တိရစ္ဆာန်ပုံ ဖြစ်ပါစေ ပန်းချီကားရဲ့ ရသက ဘောင်ကို မကျော်နိုင်။ ဘောင်ထဲမှာ ပဲ အသက်ဝင်လှုပ်ရှားနေကြရသည်။

သူ အမြတ်တနိုးဝယ်ယူခဲ့မိသည့် ‘တိမ်……’ပန်းချီးကား ကတော့ ထိုသို သမားရိုးကျမဆန်ပါ။ ပန်းချီကား နာမည် အတိုင်း အပြာဖျော့ဖျော့ ကောင်းကင်နောက်ခံပေါ်မှာ အဖြူဆွတ်ဆွတ် တိမ်တိုက် တို့ကို သေသပ်လှပစွာ ရေး ဆွဲထားခဲ့သည်။ သို့ သော်……

တိမ်တွေ က ကင်းဘတ်စ်ပေါ်၊ ဘောင်အတွင်းမှာ တင် မဟုတ်၊ ဘောင်အပြင်၊ ဘောင်အပေါ်တွေ မှာ ပါ ရေး ဆွဲထား၏ ။

ဘယ်လောက် လေးစားတွေးခေါ်စရာ ကောင်းလိုက်သလဲ။

ပန်းချီဆရာ့ စိတ်ကူးက သိပ်ကောင်းလွန်းလှသည်။

ဟုတ်သည်ပဲ။ တိမ်တွေ ကို ဘောင်ခတ်ထားလို့မှ မ ဖြစ်နိုင်တာ။ အခုတော့ သူလည်း ဘာထူးဦး မလဲ။ တိမ်တိုက်တွေ လို လွင့်ရတော့မည် မဟုတ်ပါလား။

သူ အထက်ပါအတိုင်းတွေးရင် ပြုံးမိသွားသေးသည်။ ခြေလှမ်းတို့ ကတော့…..

တိမ်တိုက်တစ်ခုလိုပေါ့…..

ငါဟာ ရုန်းထွက်လဲ့ပေါ့…..

အိပ်မက်နန်းတော် ဆီသို့ ……။

*


* မိမိပြုမူလုပ်ကိုင်နေသော အလုပ်ဟာ

မိမိရဲ့ အရည်အချင်းနဲ့ စိတ်ထားကို

ဖော်ပြထားခြင်းပါပဲ……။

* အဘယ်ပညာမဆို အစမှာ သာ ခက်၏ ။

ခက်သော အပိုင်းကလေးကို ကျော်မိသည်နှင့်

တစ်ပြိုင်တည်း တံခါးပွင့်လေသည်။

(ပီမိုးနင်း)

*


(C)

သူ ပစ္စည်းတစ်ချို့တစ်ဝက်နှင့် အတူ အိမ်အပေါ်ထပ်မှ ဆင်းလာတော့ လှေကားဝမှာ မားမားကြီးရပ်စောင့်နေသည့် ဖေဖေ့ကို တွေ့ ရ၏ ။

နောက်နားမှာ တော့ မေမေက တရှုပ်ရှုပ်ငိုကြွေးနေသည်ကို တွေ့ ရသည်။

သူ တစ်ချက်တော့ တွေးလိုက်မိသည်။ မေမေ ကတော့ ထားပါတော့။ သားနဲ့ ခွဲရမှာ မို့ ရွှေပြည်အေးစကားလုံးအချို့နှင့် ရလိုရငြား တားဆီးရန် ငိုကြွေးနေသည်ကို လက်ခံလို့ရ၏ ။ အခု….. ဖေဖေက မားမားကြီး ဘာရပ်လုပ်နေတာတုန်း။

ရုပ်ရှင်တွေ ထဲကလို ငါ့ကို အိမ်ပေါ်က ဆင်းမသွားဘဲ ငါ့ဆန္ဒကိုများ အသာတကြည် ဖြည့်ဆည်းပေးဖို့များ လားဟုလည်း မတန်မရာ တွေးလိုက်မိသေးသည်။

သူအောက်ထပ်ကြမ်းပြင်ကို ခြေချရန် လှေကား (၃)ထစ်အလိုတွင် ဖေဖေက….

‘မင်း တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား ထင်ရှား’

‘…..’

‘အေး…. ကောင်းပြီလေ။ မင်းဘက်က ဆုံးဖြတ်ပြီးမှတော့ ငါ့ဘက်ကလည်း ကတိတည်ရတော့ မှာ ပေါ့’

‘ကိုရှားလူ’

‘မင်း… ဘာမှ ၀င်မပါနဲ့ ပုံရိပ်ထင်’

ထုံးစံအတိုင်း မေမေ ငြိမ်သက်သွားရပြန်သည်။ သူ ကတော့ သည်အချိန်မှာ စကားလုံးမဲ့ နေသူမို့ ဘာမှ မပြော ဖြစ်။

‘ပုံရိပ်’

‘ရှင် ကိုရှားလူ’

‘အခန်းထဲက ငွေ သုံးသိန်း သွားယူ’

‘ရှင် ….. ဟုတ်ကဲ့…. ဟုတ်ကဲ့’

ရုတ်တရက် မေမေပင် ကြောင်သွားပုံရသည်။ ပြီးမှ အခန်းထဲကို ခပ်သွက်သွက် ၀င်သွားသည်။ သူလည်းကြောင်ငေးပြီး ဖေဖေ့မျက်နှာကို ငေးကြည့်နေလိုက်၏ ။ မေမေ ပြန်ရောက်လာတော့ ဖေဖေက သူ့လက်ထဲကို တစ်သော င်းတန် ငွေ သုံးထုပ် ကို ထည့်ပေးပြီး…..

‘ရော့ ထင်ရှား… ဒီငွေ… သုံးသိန်းက မင်းနဲ့ငါရဲ့ သားအဖ သံယောဇဉ်ကြောင့် ထည့်ပေးလိုက် တာပဲ။ မင်း ၀ါသနာပါတဲ့ အလုပ်၊ ကျောင်းကို မင်းဘာသာ ကြိုးစားတက်ပေတော့။ နောက်ထပ်တော့ ငါတို့ဆီက ဘာမှ မမျှော်လင့်နဲ့တော့။ မင်း သွားလို့ရပြီ’

‘မ သွားပါနဲ့ လူလေးရ.ယ်’

ပိုက်ဆံတစ်ထပ်ကို ရုပ်ရှင်တွေ ထဲကလို…..

‘ဖေဖေတို့ဆီက သား တစ်ပြားတစ်ချပ်မှ မယူဘဲ ကိုယ့်အစွမ်းအစနဲ့ကိုယ် နိုင်ငံကျော် အနုပညာရှင် တစ်ယောက် ဖြစ်အောင် ကြိုးစားပြမယ်’

‘သားအတွက် ငွေမလိုပါဘူး ဖေဖေ’

‘…………..’

ဟု စသည့် အဓိပ္ပါယ်သက်ရောက်သည့် ဘာစကားမှ သူ မပြောပါ။

ကျောပိုးလွယ်အိမ်ကို အသာချွတ်ပြီး ငွေတစ်ထပ်ကို သူအသာ သိမ်းဆည်းလိုက်သည်။ ပြီးမှ….

‘မေမေ ……. သားသွားတော့မယ်နော်။ ဘာမှ စိတ်မပူနဲ့။ ကျန်းမာရေး ကို ဂရုစိုက်ပါ။ သား အဆင်ပြေမှာ ပါ’

သူ ထွက်သွားတော့ မိခင်၏ ရှိုက်သံသဲ့သဲ့က ကပ်ပါလာခဲ့သည်။ တစ်ခုကိ လိုချင်မှတော့ မေမေရယ်….

တစ်ခုကို သားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလို့ မ ဖြစ်တော့ဘူးလေ။

သူ အသင့်တွေ တဲ့ Taxi တစ်စီးကို ငှားလိုက်ပြီး လှည်းတန်းကို မောင်းခိုင်းလိုက်သည်။ သူ လှည်းတန်းမှာ တိုက်ခန်းငှားဖို့အကြံနှင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဖေဖေပေးလိုက် သည့် ငွေ သုံးသိန်းရယ်၊ မေမေ ခိုးထည့်ပေးလိုက်တဲ့ ငွေ ငါးသိန်းရယ်၊ သူ့မုန့်ဖိုးတချို့ရယ် ပေါင်းလိုက်တော့ ငွေ ကိုးသိန်းကျော်ကျော် သူ့လက်ထဲမှာ ရှိနေသည်။

သည်လောက်ဆိုလျှင်တော့ သူတိုက်ပွဲကိုစဖို့ အခြေအနေ မဆိုးလှဟု သဘောပေါက်လိုက် သည်။ ကားပေါ်မှာ သူဟိုဟိုဒီဒီတွေးရင်း H.R Jurnal တစ်စောင်နှင့် အနုပညာစာစောင်တစ်ချို့မှာ ဂျာနယ်လစ်လုပ်နေသော သူငယ်ချင်း ဝေဖြိုးနောင်ကို သတိရမိသွားပြီး ဘောင်းဘီအိတ်ထဲမှ SAMSUNG အမှတ်တံဆိပ် Hand Phone လေးကို ဆွဲထုတ်လိုက်သည်။

‘…….’

‘အေး…. ငါ ထင်ရှား’

‘……………….’

‘ဟိုတစ်ခါ ငါပြောထားတဲ့ ကိစ္စလေကွာ’

‘….’

‘ဟာ… အဆင်ပြေတာပေါ့…. ဒါရိုက်တာ ဒီအေးလွင်က နာမည် ကြီးပဲ’

‘……..’

‘ကျေးဇူးပဲ.. သူငယ်ချင်း။ အဲဒါဆို နောက်ရက်ကျ ငါ ပြန်ဆက်လိုက်မယ်’

‘…….’

‘See you ဝေကြီး’

သူ ဖုန်းလေးကို ပိတ်လိုက်ပြီး အားရပါးရ တစ်ချက်ပြုံးလိုက်သည်။ ဘယ်လောက်ဝေးတဲ့ ခရီးဆိုတာကို မသိရပေမယ့် လမ်းစလေးတစ်ခုကို မှု န်ဝါးဝါးလေး တွေ့ လိုက်ရရုံဖြင့် သူလှိုက်လှိုက်ခါခါ ပျော်နေမိသည်။

‘ငါ ကြိုးစားမှ ဖြစ်မယ်။ ငါ ဘာအခက်အခဲပဲ တွေ့ တွေ့  ငါကြိုးစားမယ်’

သူ့ကိုယ်သူ အားပေးနှစ် သိမ့်ရင်း သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏ ။ အိပ်မက်(သို့ ) ဆန္ဒ တို့သည် လက်တွေ့ ဘ၀နှင့် များ စွာ ကွာဟလှသည်ဆိုသည့်အချက်ကိုတော့ သူ တမင်ပဲ မေ့ထားလိုက်မိသည်။

နောက်တော့…….. သူရှေ့ဆက်ရမည့်  လုပ်ငန်းစဉ်တချို့ကို ခေါင်းထဲမှာ အကြမ်းဖျဉ်းတစ်ခုနှင့် Plan ချရင်း လိုက်ပါလာခဲ့လေတော့၏ ။

*


* Understanding and mastering your mood is a top flight education.

* ကိုယ့်ခံစားချက်ကို ကိုယ်တိုင်သိနားလည်နေခြင်းဟာ

အလွန်အဆင့်မြင့်တဲ့ ပညာရေး ဖြစ်တယ်……။

*


(D)

သူ သူငယ်ချင်း ဝေဖြိုးနောင် အကူအညီဖြင့် ဒါရိုက်တာဒီအေးလွင်နှင့် တာမွေရှိ Modern Tea Center တွင် ဆုံ ဖြစ်သည်။

ဦးစွာ ပထမ ဂျာနယ်လစ်ပီပီ ဝေဖြိုးနောင်က ဒါရိုက်တာ ဒီအေးလွင်ကို Interview အရင်လုပ် သည်။ ပြီးမှ သူနှင့် အကျိုးအကြောင်း ပြောပြ မိတ်ဆက်ပေးဒ။

‘ဦးဒီ….. ဒါ ဟိုတစ်ခါ ကျွန်တော် ပြောပြထားဖူးတဲ့ မင်းထင်ရှားလေ။ ဒီကောင်က အနုပညာ ၀ါသနာကို မျိုးရိုးမရှိဘဲနဲ့ကို ရူးသွပ်နေတဲ့ကောင်ပေါ့။ အခုပဲကြည့်လေ…. သူ့အိမ်က ဆေးကျောင်း တက်ခိုင်းတာကိုအနုပညာတက္ကသိုလ်ပဲ တက်မယ်ဆိုပြီး အိမ်ပေါ်က ဆင်းလာခဲ့တာ၊ အဲဒါ ဦးဒီကိုပဲ အားကိုးရမှာ ပဲဗျာ’

ဒါရိုက်တာက ဝေဖြိုးနောင်အပြောကို သဘောကျသလို တပြုံးပြုံးလုပ်ပြီး သူ့ကိုကြည့်တော့ အလိုက်သင့် ပြန်ပြုံးပြလိုက်ပြီး……

‘ဟုတ်ပါတယ် ဆရာဒီအေးလွင်၊ ကျွန်တော့် ကို တပည့်သားမြေး တစ်ယောက် လို ကူညီ သင်ပြပေးပါ’

‘ဟာ….. ဝေကြီးခေါ်သလို ဦးဒီလို့ပဲ ခေါ်ပါကွာ။ ဆရာတွေ ဘာတွေ လုပ်မနေစမ်းပါနဲ့’

‘ဟုတ်ကဲ့’

‘ဒါဆို ထင်ရှားက အနုပညာလောကထဲကို ခြေစုံပစ်ဝင်တော့မယ်ပေါ့…….. အင်း နာမည် အရင်း က မင်းထင်ရှားနော်’

သူ ခေါင်းညိတ်ပြလိုက်သည်။

‘အင်း…. နာမည် ရော၊ ရုပ်ရည်ကော ကြည့်ရတာ တော့ မဆိုးပါဘူး။ Talent တစ်ခုကို တွေ့ နေ ရတယ်။ ကြိုးစားမယ်ဆိုရင်တော့ သရုပ်ဆောင် မင်းသားကောင်းတစ်လက် ဖြစ်လာနိုင်ပါတယ်’

‘မဟုတ်သေးဘူး ဦးဒီ’

လမ်းကြောင်းလွဲနေသည့် ဒါရိုက်တာကို ဝေဖြိုးက တည့်ပေးလိုက် ၏ ။

‘ထင်ရှားက မင်းသားလုပ်ချင်တာ မဟုတ်ဘူးဗျ’

‘ဟေ…’

‘ဟုတ်တယ်။…… ဒီကောင်က ဦးဒီတို့လို အောင်မြင်တဲ့ ဒါရိုက်တာ ရိုက်ကွင်းဘုရင် လုပ်ချင် တာ’

‘သြော်…’

သည်တော့မှ ဦးဒီ သဘောပေါက်သွားပြီး ပြုံးနေပြန်၏ ။

‘ဒီလိုဆို ….. ထင်ရှားရဲ့ ပညာရေး က ဘယ်လို ဆက်သွားမှာ လဲ’

‘အဲဒါကို ကျွန်တော် ဦးဒီကို တင်ပြချင်လို့ပါ’

ဟု အစချီကာ အောက်ပါအကြောင်းအရာ အပြည့်အစုံတို့ကို စီကာပတ်ကုန်း သူပြောပြလိုက်သည်။

သူ အနုပညာတက္ကသိုလ်မှာ Main Major အ ဖြစ် Story(၀တ္ထု)၊ Script (ဇာတ်ညွန်း)၊ Editing (တည်းဖြတ်) တို့ကို အချိန်ပိုင်း Section နှင့် လျှောက်ထားကြောင်း၊လက်ရှိ လှည်းတန်းက တိုက်ခန်းတစ်ခုမှာ ငှားရမ်းနေထိုင်ကြောင်း၊ ဦးဒီထံမှာ ဒါရိုက်တာပညာကို အောက်ခြေ မီးထိုး၊ မှန်ထိုး အဆင့်မှ လက်တွေ့  အနီးကပ်သင်ယူပြီး ရိုက်ကွင်းအတွေ့ အကြုံများ လိုချင်ကြောင်းနှင့် လောလော ဆယ် သူ့အတွက် စားဝတ်နေရေး အခက်အခဲကြောင့် ငွေကြေးတချို့ပါ လုပ်အားခအ ဖြစ် လိုချင်ကြောင်းတို့ကို ရိုးသားပွင့်လင်းစွာ ပြောပြလိုက်သည်။

သူ့စကားဆုံးတော့ ဦးဒီက……

‘ဟားဟား ……. ဝေကြီးရ… မင်းကောင် ထင်ရှားက အာဂပုဂ္ဂိုလ်ပဲကွ၊ သဘောက ဦးဒီက ပညာသင်ရင်း ပိုက်ဆံပါပေးရတော့မှာ ပေါ့….. ဟား..ဟား..’

‘ဟို…. ကျွန်တော် အလုပ်လည်း လုပ်ပေးမှာ ပါ၊ ဦးဒီ ကြိုက်တာကို ခိုင်းပါ’

သူ မလုံမလဲ အတင်းရှင်းပြမိတော့ ဦးဒီက……

‘အေးပါကွာ…… ဦးဒီအခြေအနေကို သဘောပေါက်ပါတယ်၊ ထင်ရှားစိတ်ကိုလည်း ကြိုက်တယ်။ ကြိုးစားကွာ၊ ဦးဒီတို့လည်း ဒီလိုပဲ အောက်ခြေကနေ တက်လာခဲ့ရတာ ပဲ။ ဇွဲရှိဖို့တော့ လိုတယ်နော်’

‘ဟုတ်ကဲ့ပါ…’

‘အဲ…. ဦးဒီ အနုပညာလောကထဲကို စ၀င်တုန်းကဆိုရင်’

ဟု အစချီကာ ဒါရိုက်တာ ဒီအေးလွင်က ရိုက်ကွင်းအတွေ့ အကြုံရဖို့အတွက် (-------) နာမည် ကြီး ဒါရိုက်တာဆီမှာ တောက်တိုမယ်ရ လုပ်ပေးခဲ့ရကြောင်း၊ လိုအပ်တဲ့အခန်းတွေ မှာ ဖြတ်လျှောက်၊ လူကြမ်းအစရှိသဖြင့် ကြုံသလို Actior ပါ ၀င်လုပ်ပေးခဲ့ရကြောင်း၊ နောက်မှ ကြိုးစား အားထုတ်မှု နဲ့ ဒီလိုနေရာကို ရောက်လာခဲ့ကြောင်းတို့ကို စိတ်ပါလက်ပါ ပြောပြသည်။

သူ့အတွက်တော့ ဒီစကားတွေ က တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ ပညာယူချင်စရာ၊ အတုယူချင် စရာတွေ အများ ကြီးပါသည်။ ပြီးတော့ ရိုးသားပွင့်လင်းပြီး ရင်းရင်းနှီးနှီး ဆက်ဆံတတ်သည့် ဦးဒီကိုလည်း သူစိတ်ထဲကနေ ကျိတ်ပြီး သဘောကျနေမိသည်။

‘ဒါဆို ဦးဒီက ငယ်ငယ်ကတည်းက ဒီလောကထဲကို ရောက်နေခဲ့တာပေါ့’

‘ဆိုပါတော့ ထင်ရှားရာ’

‘အတော် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာ ပေါ့’

‘ပင်ပန်းခဲ့တာပေါ့ကွာ။ ဦးဒီတို့ခေတ်တုန်းက ရုပ်ရှင်ဒါရိုက်တာ ဆိုတာ လက်ချိုးရေလို့ရတယ်။ လူတစ်သန်းမှာ တစ်ယောက် အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်လာဖို့ ခဲယဉ်းတယ်လေ။ မှတ်ထား ထင်ရှား’

‘ဟုတ်ကဲ့’

သူ စိတ်ဝင်တစား စကားထောက်ပေးလိုက်သည်။ ဝေဖြိုးနောင်လည်း စိတ်ဝင်စားနေပုံရ၏ ။

‘အနုပညာလောကမှာ နာမည် တစ်လုံးဟာ သိပ်အရေး ကြီးတယ်။ ဘယ်တော့မှ ကိုယ့်အတွက် နာမည် ပျက်ဆိုတာ မ ဖြစ်စေနဲ့။ ပြီးတော့ ဒီလောကမှာ အတိုက်အခိုက်တွေ အရမ်းများ တယ်။ တကယ် အောင်မြင်ချင်တယ်ဆိုရင်တော့ ရိုးသားပါ။ ကြိုးစားပါ။ ဇွဲရှိပါ….. ထင်ရှား’

သူ တကယ်ပဲလေးစားနေမိသည်။ ဘယ်လောက်တန်ဖိုးရှိတဲ့ စကားတွေ များ လဲ။

‘ရော့…… ဒါ ဦးဒီရဲ့ Address Card ပါ’

‘ဟုတ်ကဲ့’

သူ တရိုတသေ လှမ်းယူလိုက်ပြီး….

‘ကျွန်တော့် မှာ တော့ လိပ်စာကတ်မရှိဘူး။ ဦးဒီ။ ဖုန်းနံပါတ်တော့ ရှိတယ်’

‘ပေးထားလေ၊ နောက်တော့…. ဒါရိုက်တာ မင်းထင်ရှားဆိုတာ လိပ်စာကတ်မလိုဘဲ လူတိုင်းသိလာမှာ ပါကွာ’

‘ဟို…… 0949220959 ပါ’

ထိုစဉ် တစ်ချိန်လုံး ငြိမ်သက်နေသည့် ဝေဖြိုးနောင်က ဂျာနယ်လစ်ပီပီ ၀င်ပြောသည်။

‘ကျွန်တော် တောင် ဦးဒီငယ်ဘ၀လေးကို ဆောင်းပါးရေး ရင် ကောင်းမလား တွေးနေမိတယ်’

‘မလုပ်ပါနဲ့ ဝေကြီးရာ….. ဟား ဟား’

‘မင်းကလည်း ခွင်ပဲဖန်နေတာပဲ’

‘ဟဲ..ဟဲ စာမူခလေး ပိုထွက်လာမလားလို့ပါကွာ’

သုံးယောက် သား လွတ်လပ်ပေါ့ပါးစွာ ရယ်မော ဖြစ်ကြသည်။

ဘာပဲပြောပြော သူ ကံကောင်းသည်ဟု ဆိုရမည် ။ အားလုံးက ရေကန်အသင့် ကြာအသင့် ဖြစ်နေပြီမဟုတ်လား။

‘ဒါဆို ထင်ရှားက အခန်းငှားနေတာပေါ့’

‘ဟုတ်တယ်…. ဦးဒီ… လှည်းတန်းမှာ ပါ’

‘အေး…. ကောင်းပါတယ်ကွာ။ ဦးဒီ ကတော့ ကျောက်မြောင်းထဲမှာ ပဲ’

‘ဟုတ်ကဲ့….. ကျွန်တော် ဦးဒီဆီကို ဘယ်အချိန်တွေ လာရမလဲ’

‘အင်း….. ရှုတင်တွေ ကတော့ မပြတ်ဘူးကွ။ မနက်ဖြန်တောင် ကန်တော် ကြီးထဲမှာ ရှင်းရှင်းကို VCD ရိုက်ပေးရဦးမှာ ။ MTV ပုံစံလေးပေါ့။ ဗီဒီယိုကားတစ်ကားကလည်း Scene (၂) ခုလောက် ကျန်နေသေးတယ်။ နောက် ကြော်ငြာလက်ခံထားတာနဲ့ ဂျော်နီရဲ့ ချာတိတ်အခွေ ရှိတယ်။ မနက်ဖြန် မင်းလာနိုင်မလား’

ရေငတ်တုန်း ရေတွင်းထဲ ကျလိုက်သလိုပင်။

သူ ပျော်လွန်း၍ စကားပင် မပြောနိုင်ပဲ ခေါင်းညိတ်ပြလိုက်မိသည်။

‘ကဲ….. ထင်ရှား…. မင်းကိစ္စရော ငါ့ကိစ္စရော ပွဲပြီးပြီဆိုတော့ လစ်ရအောင်၊ ကျေးဇူးပဲ… ဦးဒီရေ’

‘ရပါတယ် ဝေကြီးရာ….. ဟာ…. မေ့နေလိုက်တာ ငါ ကားဆက်ခန်းသွားရဦးမှာ ပါလား။ ကဲ See You ထင်ရှားရေ’

သုံးယောက် သား တစ်လမ်းစီ ပြန်ရမှာ မို့ ပိုက်ဆံရှင်းပြီး ကိုယ့်လမ်းနဲ့ကိုယ် ပြန်ခဲ့ကြသည်။ ဟုတ်ကဲ့…. ယနေ့သည် နေသာပါသည်။ လေငြိမ်ပါသည်။ တနင်္လာ ဖြစ်ပါသည်။

ထင်ရှား ကတော့ မနက်ဖြန်အတွက် ခြေလှမ်းတွေ က အားမာန်အပြည့်နှင့် တက်ကြွနေလေ တော့၏ ။

*


* သဘာဝတရားကြီးထဲတွင်

သဘာဝမဆန်သော သဘာဝတရားများ

ကိန်းအောင်း လျက်ရှိ၏ ။

*


(E)

‘ဒါ….. မူရင်းပန်းချီကားရဲ့ ဓာတ်ပုံပဲ ဒကာတို့ရဲ့ ’

ကျောင်းထိုင်ဆရာတော် ကြီးက ဂျာနယ်လစ်များ နှင့် တခြားစပ်စုလိုသော ပုဂ္ဂိုလ်များ ကိုပါ တစ်လက်စတည်း မိန့်ကြားနေသည်။

‘အခုတော့ ဒကာတော် တို့ တွေ့ တဲ့အတိုင်းပါပဲ။ ပန်းချီကားထဲက ဂျီယာလို့ အမည် တွင် တဲ့ မင်းသမီးလေးပုံ ကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ’

‘မှန်ပါ့ ဘုရား၊ ဒီအ ဖြစ်အပျက်ကို ဆရာတော် အနေနဲ့ ဘယ်လိုများ သုံးသပ်ဆင်ခြင်မိပါသလဲ… ဘုရား’

ဂျာနယ်လစ် တစ်ယောက် က လျှောက်တင်လိုက်သည်။

တခြား စိတ်ဝင်စားသူများ လည်း ငြိမ်သက်နားစွင့်နေ၏ ။ အားလုံးရဲ့ အာရုံအစုံ ကတော့ ဆရာ တော် အပေါ်မှာ ကျရောက်နေသည်။

ဆရာတော် က သက်ပြင်းခပ်ဖွဖွ တစ်ချက်ချပြီး…..

‘အိမ်း ! ဆရာတော် ကတော့ ထူးထူးထွေထွေ ဘာမှ မမိန့်လိုပါဘူး။ အကျိုးကြောင့် အကြောင်း ဖြစ်လာခဲ့တာပဲကွယ်’

‘တင်ပါ့….. ဒီနယ်ခံလူတွေ ကတော့ ဒီထူးဆန်းတဲ့ ပန်းချီကားထဲ မယ်တော် ကြီးနဲ့ မင်းသမီးလေးရဲ့ ဒဏ္ဍာရီကို သိတယ်လို့ ပြောကြပါတယ် ဘုရား။ ဒီရာဇ၀င်နဲ့ ပတ်သက်ပြီး တပည့်တော် တို့ကို ပြောပြပေးပါလား ဘုရား’

‘အိမ်း..! ဒီဒဏ္ဍာရီလေးကို ဆရာတော် ငယ်ငယ်လေးကတည်းက ပျံလွန်တော် မူပြီး ဖြစ်တဲ့ ဆရာတော် ကြီးတွေ ဆီက သိခဲ့ရတာ ပါ။ ဒီလို တကယ် ဖြစ်ပျက်လာမယ်လို့တော့ ဆရာတော် လည်း မထင်ခဲ့မိပါဘူး’

ဂျာနယ်လစ်များ ကတော့ Recorder လေးများ ကို ရှေ့တိုးထားလိုက်ကြသည်။ တချို့ကလည်း ဆရာတော် ကို ကင်မရာတဖျပ်ဖျပ် ရိုက်ကူးနေကြ၏ ။

ဆရာတော် ကြီးက ဂျီယာရာဇ၀င်ကို မမိန့်သေးဘဲ မူရင်းပန်းချီကား၏ ဓာတ်ပုံလေးကို ငေးကြည့်နေသည်။

မူရင်းပန်းချီကား၏ ဓာတ်ပုံမှာ တစ်ဖက်ပါအတိုင်း ဖြစ်ပါသည်။

*


Cover

‘ဒီ ပန်းချီကားကို မြို့က ပန်းချီပြပွဲတွေ စီစဉ်ရောင်းဝယ်တဲ့ ဒကာတစ်ဦးက ဈေးကောင်းပေးပြီး ဆရာတော့် ဆီမှာ လာဝယ်ဖူးတယ်။ ရှေးဟောင်းလက်ရာမို့ လိုချင်လို့ပါလို့တော့ လျှောက်တယ်။ ဆရာ တော် ကတော့ လောကီရေး ရာတွေ ကို စိတ်မ၀င်စားပါဘူး။ ပြီးတော့ ဒီပန်းချီကားကလည်း ကျောင်းပိုင် မို့ ဆရာတော် ငြင်းဆိုခဲ့တယ်ကွဲ့’

‘တင်ပါ့….. ဘုရား’

ဂျာနယ်လစ် တစ်ယောက် စကားထောက်ပေးလိုက် သည်။

အားလုံးက ဆရာတော် မိန့်ကြားသမျှကို စိတ်ဝင်တစားနှင့် ငြိမ်သက်နားထောင်နေကြ၏ ။

‘ဆရာတော် ငြင်းလိုက်တော့ အဲဒီ ဒကာက အဲဒါဆိုလည်း ဒီပန်းချီကားကို ဓာတ်ပုံရိုက်ယူသွား ပါရစေ၊ ပြီးတော့ ပုံတူဆွဲခွင့်ပြုပါလို့ ထပ်တောင်းဆိုလာတယ်။ ဆရာတော် လည်း ခွင့်ပြုခဲ့ပါတယ်။ နောက်လ အနည်းငယ်ကြာတော့ အဲဒီ ဒကာ ပြန်ရောက်လာတယ်’

‘မှန်ပါ့ ဘုရား’

ဆရာတော် ကြီးက ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်ပြီးမှ ဆက်ပြောပြသည်။

‘အဲဒီ ဒကာတော် အပြောအရ၊ ဒီပန်းချီကားကို နာမည် ကျော် ပန်းချီဆရာ တစ်ယောက် နဲ့ အပ်ပြီး ပုံတူဆွဲခိုင်းလိုက်တာ ဘယ်လိုမှ အဆင်မပြောဘူးတဲ့။ ပန်းချီဆရာမှာ လည်း ပုံတူစဆွဲကတည်းက နေမကောင်း ဖြစ်လိုက်တာ ဆေးရုံတောင် တင်ယူရတယ်ဆိုပဲကွဲ့။ ပြီးတော့ ပန်းချီပုံကို ဆွဲပြီးတော့ လည်း ပုံက ဟိုနေရာက ရွဲ့သလို ဒီနေရာက စောင်းသလိုနဲ့ အဆင်မပြေရှာဘူး။ ဒါနဲ့ နောက်ပန်းချီဆရာ တစ်ယောက် နဲ့ ပြောင်းအဆွဲခိုင်းတော့လည်း ဒီအတိုင်းပဲတဲ့။ ဒါနဲ့ လက်လျှော့လိုက် ရတယ် ဆိုပါတော့ကွယ်။ ဆရာတော် ကလည်း သဘောပေါက်မိပါတယ်။ ဒီပန်းချီကားဟာ သာမန်ပန်းချီကား မဟုတ်ဘူးဆိုတာ’

ဆရာတော် အပြောမှာ နားထောင်းသူ ပရိသတ်အားလုံး ကြက်သီးတဖြန်းဖြန်းပင် ထမိကြ သည်။

‘နောက်ထပ် ဒီပန်းချီကားမှာ ထူးခြားချက်တွေ ရှိနေသေးတယ် ကွဲ့’

‘တင်ပါ့ ဘုရား’

တချို့ ဂျာနယ်လစ်များ က မှတ်စုစာအုပ်များ နှင့် လိုက်မှတ်နေကြ၏ ။.

‘ဒကာတို့လည်း တွေ့ တဲ့အတိုင်းပဲ။ ဒီပန်းချီကား တည်ရှိနေတဲ့ ဗိမာန်ဆိုတဲ့ အခန်းလေးက ဒီ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိနေတယ်ဆိုပေမယ့် ဆရာတော် သီတင်းသုံးရာ ကျောင်းနဲ့ လှမ်းတယ်။ ပြီးတော့…. ဒီအဆောင်က သရဲခြောက်တယ်လို့လည်း မြို့ထဲမှာ နာမည် ကြီးတယ်ကွဲ့’

‘တင်ပါ့ဘုရား၊ နယ်ခံတွေ ကလည်း ကိုယ်တွေ့ အ ဖြစ်အပျက် တချို့ကို ပြောပြထားပါတယ် ဘုရား’

ဆရာတော် က ရေနွေးတစ်ခွက်သောက်ပြီး ဆက်ပြောပြသည်။

‘အိမ်း! တကယ်တော့ ဒါဟာ သရဲခြောက်တာ မဟုတ်ပါဘူး။ လူတွေ နားလည်မှု လွဲနေကြတာပါ။ အမှန်က ဂျီယာနတ်သမီးလေးက ဒဏ္ဍာရီအလိုအရ သူလွတ်မြောက်ဖို့အတွက် ရောက်လာတဲ့ လူသားတွေ ကို အကူအညီတောင်းခံနေပါကွယ်’

‘ဘယ်လိုများ ပါလဲ ဘုရား’

နောက် ဂျာနယ်လစ်တစ်ဦးက လျှောက်တင်လိုက်ခြင်း ဖြစ်သည်။

တခြားပရိသတ်များ လည်း အတော် စိတ်ဝင်စားနေကြပုံရ၏ ။ အားလုံး ငြိမ်သက်စွာ နားစွင့် နေကြ၏ ။

ဒကာတော် တို့ နားလည်သဘောပေါက်အောင် ပြောရရင် ဒီပန်းချီကားထဲက မယ်တော် ကြီး ဒယ်မီတာတို့၊ အခုပျောက်ဆုံးသွားတဲ့ မင်းသမီးလေး ဂျီယာတို့ဟာ ကောင်းကင်ဘုံက နတ်သမီး အစစ် တွေ မဟုတ်သေးဘူးကွဲ့။ မြန်မာတွေ အယူအဆအရ ဥစ္စာစောင့်၊ ဥတ္တစောင့် အဆင့်တွေ ပေါ့။ မကောင်းဆိုးဝါးလို့လည်း ဆိုမရ၊ နတ်သမီးတွေ လို့လည်း တစ်ထစ်ချ ပြောလို့မရတဲ့ အဆင့်တွေ ပေါ့ကွယ်’

‘တင်ပါ့’

‘သူတို့ဟာ ဥစ္စာစောင့်တွေ ဘုရားဋ္ဌာပနာတွေ ကို စောင့်ရှောက်ကြသလိုပဲ။ လူသားတွေ နေထိုင်တဲ့ မြေကမ္ဘာကို စောင့်ရှောက်ကြရတယ်။ တစ်နေ့မှာ တော့ မင်းသမီးလေး ဂျီယာက မယ်တော် ကြီးရဲ့ စည်းကမ်းတချို့ကို ဖောက်ဖျက်မိခဲ့လို့ အခုလို ပန်းချီကားထဲမှာ ရာသက်ပန် စည်းအ၀ိုင်းထဲ ချုပ်ထိန်းထားခြင်း ခံခဲ့ရတာ ပဲကွဲ့’

ဂျာနယ်လစ် တစ်ယောက် မူရင်းပန်းချီကားဓာတ်ပုံကို ကြည့်ပြီး အစောက ရိုက်ယူလာခဲ့သော ပန်းချီပုံကို ထပ်ကြည်ရန် cannon အမှတ်တံဆိပ် Digital Camera လေးကို ဖွင့်ကြည့်လိုက်သည်။ ပုံမှာ တစ်ဖက်ပါ အတိုင်း ဖြစ်၏ ။

Cover

* You must be a useful, productive, creative person (or)

Life has no purpose.

* သင်ဟာ လောကမှာ အသုံးဝင်တဲ့သူ၊ တီထွင်ကြံဆနိုင်တဲ့သူ ဖြစ်နေရမယ်။

(အဲဒီ လိုမှ မဟုတ်ရင်တော့)

သင့်ဘ၀ဟာ ဘာအဓိပ္ပာယ်မှ ရှိလာမှာ မဟုတ်ဘူး….။

*


(F)

‘ရှင်ပြောတော့ ကျွန်မကို ရူးမတတ် ချစ်ပါတယ်ဆို….. အခု ဘာအချိုးချိုးသွားတာလဲ.. ဧဇံ’

ဧဇံအမည် ပေါက် ကဗျာဆရာလူငယ်လေးက သူ၏ ချစ်သူ ဖြစ်ဟန်တူသော အတန်ငယ် ပြေပြစ် လှပသော မိန်းကလေးတစ်ဦးကို သွားလေသူ မင်းသားဒွေးစတိုင်လ်နဲ့ မခိုးမခန့်ကြည့်ပြီး ရယ်သွမ်း သွေးလိုက်၏ ။ ပြီးမှ ……

‘ဟုတ်တယ်လေ….. ကိုယ် ဘာမှားခဲ့လို့လဲ’

ဧဇံစကားကြောင့် မိန်းကလေးက ပိုမိုဒေါသထွက်သွားပုံရသည်။ ပို၍ ၀မ်းနည်းသွားပုံလည်း ရ၏ ။ အသံတို့သည် ဒေါသအရှိန်နှင့် အတန်ငယ်ကျယ်လောင်ပြီး ၀မ်းနည်းမှု တို့ကြောင့် လှုပ်ခတ်တုန်ယင်နေ၏ ။

‘ဘာမှားလို့လဲ….. ဟုတ်လား။ မနေ့က ရုပ်ရှင်ရုံထဲကို အတူတွဲ ပြီး ၀င်သွားတဲ့ မိန်းကလေးက ဘယ်သူလဲ။ ဘယ်လိုပတ်သက်လဲ။ ကျွန်မကို တွေ့ တာတောင် နှုတ်မဆက်ရဲလောက်အောင် အဲဒီ မိန်းမက ဘယ်လောက်အရေး ပါနေလို့လဲ ဧဇံ။ ကျွန်မကို ချစ်တယ်ဆိုတာတွေ က ဘာတွေ လဲ’

‘ကိုယ်မင်းကို ရူးမတတ် ချစ်ခဲ့တာပါ သီတာ’

ကောင်မလေးက ဖျတ်ခနဲ မော့ကြည့်လိုက်သည်။ ဒီစကားအတွက် ကျေနပ်မှု အရိပ်တို့ ပျော်ဝင် နေ၏ ။ သို့ သော်……

‘ဒါပေမဲ့….. ကိုယ် မင်းကို အရူးအမူး ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ (၂)လလောက်ကပါ’

‘ရှင်’

‘ဟုတ်တယ် သီတာ၊ ကိုယ် မာလာ့ကို အရူးအမူးချစ်မိနေပြန်ပြီ။ ခွင့်လွှတ်ပါလို့တော့ ကိုယ် မတောင်းဆိုတော့ပါဘူး။ ဒါပေမဲ့…… ကဗျာတွေ စီဆင်းဖို့အတွက် မြစ်ဖျားခံပေးခဲ့တဲ့ သီတာ့ကို တကယ် ကျေးဇူးတင်ပါတယ်’

မိန်းကလေး၏ မျက်ဝန်းအိမ်တို့မှ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာပြီး……

‘ဒါ…. ဒါဆို …. ရှင်က ကဗျာဆရာပီပီ ကျွန်မကို ကဗျာစပ်ရုံသက်သက်ချစ်ခဲ့တာပေါ့။ ဟုတ်လား… ဧဇံ’

ဧဇံ ခေါင်းညိတ်ပြလိုက်သည်။

‘ရှင်…… လူလိမ်၊ ကျွန်မအချစ်တွေ ကို စော်ကားတယ်။ ကဲဟာ ……’

ဒေါသအရှိန်ကြောင့် လက်တစ်ဖက်က မြှောက်တက်ကပ်ပါလာခဲ့သည်။ ထိုစဉ် လက်ရှိအနေ အထားနှင့် ကွာဟလှသည့် အသံတစ်သံကြောင့် အားလုံး ဟန်ချက်ပျက်သွားကြသည်။

‘ကဒ်…!’

‘ကဒ်! … ကောင်းတယ်။ ဒိုင်ယာလော့ရော အက်ရှင်တွေ ပါ ကောင်းတယ်။ (Mood) မုဒ်လည်း အားလုံးအပြည့်၊ လိုချင်တဲ့ ပုံစံလည်း ကွက်တိရတယ်’

မင်းထင်ရှားက မော်နီတာမှ တစ်ဆင့်ကြည့်ပြီး အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။ ခပ်လှမ်းလှမ်းမှာ ထိုင်နေသည့် ဒါရိုက်တာ ဒီအေးလွင်က …..

‘ထင်ရှားရေ…… close up အရုပ်ကြီးတွေ ရတယ်နော်’

‘ရတယ်…. ဦးဒီ၊ ဒီ scene ပြီးရင် scene 24 ဆက်ရိုက်မယ်’

‘အေး…… ဟိုဘက် သစ်ပင်ကြီးအောက်မှာ ဆိုရင် Location အဆင်ပြေမလား ထင်ရှား…. သွားကြည့်စမ်း’

‘ဟုတ်ကဲ့ ဦးဒီ’

မပြေးရုံတမယ် ခပ်သွက်သွက် ထထွက်သွားသည့် မင်းထင်ရှားကို ကြည့်ပြီး ဦးဒီ သဘောတကျ ပြုံးနေမိသည်။ တစ်လဆိုသည့် အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ထင်ရှားက ဦးဒီ အတွက် လက်ရုံးတစ်ဖက် ဖြစ်လာခဲ့၏ ။ ဒါကလည်း ထင်ရှားရဲ့ အာရုံစူးစိုက်မှု ၊ ကြိုးစားမှု ၊ ဇွဲလုံ့လနှင့် ၀ါသနာအရင်းခံစိတ်ကြောင့် ပင် ဖြစ်သည်။

‘Scene 24 အတွက် ဦးဒီပြောတဲ့နေရာက အဆင်ပြေတယ်’

‘အေး…. ဒါဆို တည်လိုက်တော့လေကွာ….. မင်းပဲ ကြည့်ရိုက်လိုက်တော့နော်… ငါ စိတ်ချမယ်’

‘စိတ်ချ….. ဦးဒီ’

‘သြော်….. ထင်ရှား ဟိုအပင်ကြီးကို fourground ခံရိုက်ရင် scene ပိုလှသွားမယ် ထင်တယ်’

‘ဟုတ်တယ်။ ကျွန်တော် လည်း အဲလို ရိုက်ဖို့ စဉ်းစားထားတာ’

‘အေး….. ဆက်လုပ် ကွာ’

အနုပညာလောကထဲကို ရူးရူးမိုက်မိုက် တိုးဝင်လာခဲ့ကြသည့် လူသစ်တန်း ထုံးစံအတိုင်း အစပိုင်းမှာ တော့ ၀ိုင်းဝန်းကဲ့ရဲ့ ထိုးနှက်ခြင်းများ စွာ ကို ရင်စည်းခံခဲ့ရပါသေးသည်။

သို့ ပေမယ့် သူ နောက်မတွန့်ခဲ့။ အပြုသဘော မသက်ရောက်သည့် ဝေဖန်ချက်များ ကိုလည်း ခေါင်းထဲမထည့်ဘဲ ၀ါသနာပါရာကို ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည် နှစ် ဆတိုး ကြိုးစားခဲ့သည်။

ဦးဒီ၏ စေတနာအမှန်နှင့် ကူညီအားပေးခဲ့မှု တို့ကြောင့် သူ အားတက်ခဲ့ရ၏ ။ ဦးဒီကလည်း ဗီဇမခေတဲ့သူ့ကို စိတ်ရှည်လက်ရှည် သင်ပြပေးသည်။ ရိုးသားကြိုးစားပြီး ဖင်ပေါ့လွန်းတဲ့ သူ့ကို နေရာ လည်း ပေးခဲ့၏ ။

ခုပဲ ကြည့်လေ။

ဦးဒီက စီစဉ်ညွန်ကြားရုံသက်သက်ပင်။ ထင်ရှားအခြေအနေက လက်လွှတ်မယ်ဆိုရင်တောင် လွှတ်လို့ရသည့် အခြေအနေ။

‘ရုပ်ရှင်ဆိုတဲ့ သဘောတရားက အပြောထက် အပြကို ဦးစားပေးတယ်။ တချို့ scene တွေ မှာ စကားတွေ အများ ကြီးပြောနေစရာ မလိုဘူး။ အမူအရာလေးတစ်ခု၊ မျက်ဝန်းအကြည့်လေးတစ်ချက် တည်းနဲ့ ပြည့်စုံသွားနိုင်တယ်။ အဲဒါကို အသက်ဝင်လှုပ်ရှားအောင် ပြနိုင်မှ ဒါရိုက်တာကောင်း တစ်ယောက် ဖြစ်လာမှာ ။ အဲ…. ၀တ္ထုရဲ့ သဘောတရား ကတော့ အပြောကို ဦးစားပေးရတယ်။ ဒီလို ပီပြင်မှလည်း စာရေး ဆရာကောင်း တစ်ယောက် ဖြစ်လာမယ်လေ။ အဲ…. ဇာတ်ညွန်းအပိုင်း ကတော့ ကိုယ်ရိုက်မယ့် ၀တ္ထုဇာတ်လမ်းတစ်ပုဒ်ကို ကောင်းကောင်းတည်းဖြတ်တတ်ရမယ်။ scene ခွဲတာ ပိုင်နိုင်ရမယ်ပေါ့ကွာ။ ဦးဒီအဓိက ပြောချင်တာ ကတော့ ဇာတ်ကားကောင်း တစ်ကား ထွက်လာဖို့ အတွက် ပထမအနေနဲ့ ဒါရိုက်တာမှာ တာဝန်အပြည့်ရှိနေတယ်။ ဘယ်အခန်းကိုမဆို ပေါ့ပေါ့တန်တန် သဘောထားပြီး မရိုက်ရဘူး’

တကူးတကန့်ကြီး မဟုတ်ပေမယ့် သူ့ကို ဦးဒီက အထက်ပါအတိုင်း ကြုံရင်ကြုံသလို ပြောဆို ဆုံးမလေ့းရှိသည်။

ထင်ရှားကလည်း တစ်သဝေမတိမ်း လိုက်နာခဲ့သည်။ မီးထိုးမှန်ထိုးမှအစ Camera အထိ အကုန်ဝင်လုပ်သည်။

နောက်ပြီး….. ဦးဒီက သူ့ကို ဒါရိုက်တာ တစ်ယောက် အနေနှင့် ဇာတ်လမ်းဇာတ်ညွှန်းရေး တတ် ရန် လိုအပ်ကြောင်းနှင့် editing အပိုင်းကိုလည်း ကျွမ်းကျင်တတ်မြောက်ထားသင့်ကြောင်း မကြာခဏ ပြောလေ့ရှိသည်။

ထို့ကြောင့် သူညဘက်တွေ မှာ အချိန်ရရင် ရသလို ဇာတ်လမ်း ဇာတ်ညွှန်းလေးတွေ ရေး ဖြစ်ခဲ့ သည်။ ဦးဒီကို ရေး ပြီး ပြကြည့်တော့….

‘ဟာ…. မင်းထင်ရှား…. မင်းက ဒီလိုဇာတ်မျိုးတွေ ရေး တတ်သားပဲ။ ဖတ်မကြည့်ခင်တုန်း ကတော့ အချစ်ဟာသဇာတ်ပဲ ဖြစ်မှာ ပါလို့ ထင်ခဲ့မိသားကွ။ အခုတော့ မင်းက action သမားပဲကွ။ ကောင်းတယ်၊ ကြိုက်တယ်၊ ဇာတ်တွေ ရှိရင် ရေး ထားကွာ’

ဦးဒီ မှတ်ချက်မမှားပါ။

သူက တကယ်ပဲ action ပိုင်းကို စိတ်ဝင်စားသည်။ ငယ်စဉ်ကတည်းက နိုင်ငံခြား Fighting ဇာတ်လမ်းတွေ ကို နှစ်သက် စွဲလမ်းခဲ့၏ ။

စတားလုံး၊ ဂျက်ကီချမ်း၊ ဂျက်လီ၊ အာနိုးနှင့် ဂျိမ်းစဘွန်း မင်းသားတွေ ကို စွဲစွဲမြဲမြဲ ကြည့်လာခဲ့ သူ ဖြစ်၏ ။ ဒါကြောင့် လည်း သူ ပထမဆုံးရေး ဖြစ်တဲ့ ‘မှော င်ဝင်ကျား’ ဇာတ်လမ်းက Fighting အသား ပေး ဇာတ် ဖြစ်နေခဲ့တာ ဖြစ်မည် ။

နောက်တော့ အံ့ပွား ငထွား၊ အဖြည့်ခံ၊ ပြင်လို့မရတဲ့ လူ စတဲ့ ဇာတ်တွေ ကို ဆက်တိုက်ရေး ဖြစ် ခဲ့သည်။

ပညာရေး လည်း အထိခိုက်မခံဘဲ အလုပ်ကို စူးစူးနစ်နစ် ကြိုးစားခဲ့၏ ။

‘ဗီဒီယိုကားလေးပဲ ဖြစ် ဖြစ် ရုပ်ရှင်ကားကြီးပဲ ဖြစ် ဖြစ် ဇာတ်အပေါ်မူတည်ပြီး ကာရိုက်တာနဲ့ လိုက်ဖက်မယ့် မင်းသမီး၊ ဇာတ်ပို့ဇာတ်ရံတွေ ကို ရွေးချယ်သုံးတတ်ရမယ်၊ ဒီအချက်ကလည်း ဒါရိုက်တာကောင်း တစ်ယောက် မှာ ရှိနေရမယ့် အရည်အချင်းတစ်ခုပဲ’

သူ့ကြိုးစားမှု တွေ အရာထင်ခဲ့ပါသည်။ ဈေးကွက်ထဲမှာ သူ့ဇာတ်လမ်း ဗီဒီယိုကားတွေ အတန် အသင့် ဈေးကွက်ဝင်ခဲ့၏ ။

‘ထင်ရှားရေ..’

‘ဗျာ….. ဦးဒီ’

ရှုတင်သိမ်းနေစဉ် ဦးဒီခေါ်သံကြောင့် သူ ထလာခဲ့၏ ။

‘အေး….. မနက်ဖြန် ဦးဒီကို တစ်ခုကူညီကွာ။ ဟုတ်ပြီလား…’

‘ပြောပါ.. ဦးဒီ၊ မနက်ဖြန် ကျွန်တော် ကျောင်းလည်း ပိတ်ပါတယ်’

‘အေး….. ဟုတ်သားပဲ။ ဒီလိုကွ ထုတ်လုပ်ရေး တစ်ခုက သရဲကားတစ်ကားကို ဦးဒီကို ရိုက်ခိုင်းထားတယ်။ ဇာတ်လည်း ရထားပြီးပြီ။ အဲဒါ (…)ရွာကို Location ကောင်း၊ မကောင်း သွားကြည့်ပေးကွာ’

‘ရပါတယ်’

‘ရော့…. ဒါမုန့်ဖိုး’

ဦးဒီက သူ့ကို လုပ်အားခလို သဘောမထားဘဲ သူ့သား တစ်ယောက် လို ပိုပိုလျှံလျှံပေးလေ့ ရှိ၏ ။

‘ဒါပါပဲကွာ၊ လုပ်စရာရှိတာ လုပ်ပါ။ ရပြီ’

ပိုက်ဆံတစ်ထပ်ကို သူ ကျောပိုးလွယ်အိတ်ကလေးထဲကို ထည့်ပြီး ထွက်လာခဲ့၏ ။

ကောင်းကင်ပြင်သည် လင်းပစွာ ၀င်းလဲ့တောက်ပနေလေ၏ ။

*


* လူတစ်ဦး တစ်ယောက် သည်

အခါအားလျော်စွာ

ထူးဆန်းသော အ ဖြစ်အပျက်တချို့ကို

တစ်နည်းမဟုတ် တစ်နည်း

ကြုံတွေ့ ရပေမည် …….

*


(G)

‘ဟိုးထား ဆရာ၊ ရှေ့လမ်းထိပ်မှာ တစ်ယောက် ဆင်းမယ်’

စပါယ်ယာလေး၏ အော်သံနှင့် မရှေးမနှောင်းမှာ ပင် အဝေးပြေး ဟီးနိုးကားကြီးက ထိုးရပ် သွား၏ ။ ကားပေါ်မှ ကျောပိုးလွယ်အိတ် လူငယ် တစ်ယောက် ဆင်းပြီးချိန်မှာ တော့ ကားကြီးက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

‘ဟူး’

သူ သက်ပြင်းတစ်ချက်ကို မှု တ်ထုတ်လိုက်သည်။ လမ်းထိပ်မှာ တော့ ‘…….’

မြို့ဟူသည့် ဆိုင်းဘုတ်တစ်ခုကို တွေ့ ရသည်။

လမ်းမကြီး ကတော့ ဖြူးနေ၏ ။ စက်ဘီးဆိုင်ကယ်နှင့် ကားတစ်စီးစ နှစ် စီးစမှလွဲပြီး ရှင်းလင်း နေပါသည်။ မြို့ဟု ခေါင်းစဉ်တပ်ထားသော်လည်း အနေအထားက ရွာသာသာမျှသာ။ နယ်မြို့လေး တစ်မြို့ဟု ဆိုကြပါစို့။

မြို့မှာ လို လိုင်းကား၊ တက္ကစီတွေ မရှိသဖြင့် သူ ခြေလျင်ပဲ လိမ့်ရတော့မည် ။ လက်မှ နာရီကို တစ်ချက်ငုံ့ကြည့်လိုက်မိတော့ ညနေ (၆) နာရီပင် ထိုးလုပြီ။

ထိုစဉ် အနားကဖြတ်သွားသည့် စက်ဘီးစီး လူကြီး တစ်ယောက် ကို သူမေးလိုက်၏ ။

‘အစ်ကို…. ခဏပါ’

စက်ဘီးရပ်ပြီး ထိုလူကြီးက…

‘ညီလေး ဘာများ လဲ’

‘ဒီလိုပါ…… ကျွန်တော် က ဒီမြို့က ဦးမိုးသီးရဲ့ ရှေးဟောင်းအိမ်ကြီးဆီကို သွားချင်လို့ပါ။ အဲဒါ……’

ထိုလူကြီးက သူ့ကို စူးစမ်းသလို တစ်ချက်ကြည့်ပြီး ဖြေပေးလိုက် သည်။

‘အေး…… ဒီလမ်းအတိုင်းသွားရမှာ ပဲ။ အတော် တော့ လိုအပ်တယ်။ အစ်ကိုနဲ့က တစ်လမ်းစီး ဆိုတော့ ငါ့ညီကို ကူညီဖို့က ခက်နေတယ်’

‘ဘာကို ပြောတာပါလဲ အစ်ကို’

‘ဒီလိုလေ….. လမ်းတူရင် ငါ့ညီကို အစ်ကိုက စက်ဘီးနဲ့တင်ခေါ်သွားမလို့ပါ။ ငါ့ညီပြောတဲ့ အိမ်ကိုရောက်ဖို့ အနည်းဆုံး ငါးမိုင် လောက် လျှောက်ရဦးမှာ မို့ပါ’

‘ဗျာ’

သူ တကယ်ပဲ စိတ်ညစ်သွားမိသည်။

ခုမှတော့ သူလည်း မတတ်နိုင်တော့။

‘ဟုတ်ကဲ့ ရပါတယ် ဗျာ….. ကျေးဇူးပဲနော် အစ်ကို’

‘အေး…. ညီလေး၊ ဂရုတစိုက်တော့သွားကွာ။ ဒီလမ်းက ညနေ (၆)နာရီကျော်ရင် လူနည်းနည်း ပြတ်တယ်ကွ’

‘ဟုတ်ကဲ့ အစ်ကို’

သူ နှုတ်ဆက်ပြီး ရွာအ၀င်လမ်းမတစ်လျှောက် ခပ်သွက်သွက်ပင် ထွက်လာခဲ့၏ ။ အစောက ပုဂ္ဂိုလ်ပြောခဲ့သလိုပင် လမ်းတစ်လျှောက် ကားတစ်စီး၊ နှစ် စီး ဖြတ်မောင်းသွားတတ်တာကလွဲပြီး လမ်း သွားလမ်းလာ လူ တစ်ယောက် တစ်လေကိုပင် မတွေ့ ရ။

‘ဂျိမ်း..’

‘ဟာ…. အရေး ထဲ မိုးတွေ ပါ တက်လာပါ့လား’

သူ တီးတိုးရေရွတ်ပြီး ခပ်သွက်သွက် လျှောက်နေမိသည်။

အချိန် (၆) နာရီခွဲခန့်ဆိုပေမယ့် မိုးသားတွေ ကြောင့် အမှော င်ဘက်ကို ပိုရောက်နေ၏ ။ မိုးခြိမ်းသံနှင့် အတူ ပြိုခနဲ၊ ပျက်ခနဲ လျှပ်စီးတို့ပါ တ၀င်းဝင်း ဖြစ်နေသည်။ မိုး ကတော့ မကျသေး။ မိုးနတ်မင်း အစပျိုးနေပုံ ရသည်။

မိုးမကျခင် သူရောက်မှ အဆင်ပြေမည် ဟု တွေးပြီး ဘေးဘီကို တစ်ချက်ဝေ့ကြည့်လိုက်၏ ။ အိုကေ။ အနေအထားက ကိုယ့်ဆရာအကြိုက်။ လူသူ တစ်ယောက် မှ မရှိ။

သို့ နှင့် သူပြေးပါလေတော့သည်။ ဒီအရှိန်နှင့် ဆို (၇)နာရီ ပတ်ဝန်းကျင်ကို ရောက်လောက်ပါရဲ့ ။

‘မိုးမည်းမရွာ…. မိုးဖြူမစဲ’ ဆိုသည့် စကားပုံ မှန်ပုံပေါ်ပါသည်။ သူ ခရီးတစ်ဝက်ကျော်သည့် အထိ မိုးမကျသေး။ ခြိမ်းပဲ ခြိမ်းနေသည်။ လျှပ်စီးရောင် ကလည်း ၀င်းခနဲ…. လက်ခနဲ။

သူ့အတွေး မဆုံးခင်မှာ တင်……

‘ဟာ….. ရွာပြီဟ’

Speed တဖြည်းဖြည်းလျှော့လာတဲ့ သူ့အပြေးနှုန်းကို မိုးမင်းက သတိပေးလိုက် ပုံရသည်။ တစ်ကိုယ်လုံးလည်း ချွေးတို့ရွှဲနေပြီ ဖြစ်သည်။

သူ ကတော့ မိုးသဲကြီးမဲကြီး မကျခင် ရောက်ရမည် ဟု အားတင်းကာ ပြေးနေသည့် အရှိန်ကို မြှင့်တင်လိုက်၏ ။

‘ ဝေါ! ….. ဝေါ…. ဗြော..’

‘ဂျိမ်း..’

သူ့ ဆုတောင်း မပြည့်ပါ။ မိုးစက်အချို့နှင့် အတူ လေပါ ပါလာခဲ့သည်။ သူ တွေးလိုက်မိသည်။ ဒီအတိုင်းဆို မ ဖြစ်တော့။ မိုးရော၊ လေပါ ကြမ်းတော့မည့်  ပုံ ဖြစ်နေသည်။

လေကို ဆန်ပြီး ပြေးနေရသည်ကြောင့် ခရီးကလည်း မတွင် ။

‘တောက်...! တစ်မိုင်လောက်ဆို ရောက်တော့မယ့်ဟာကို၊ လေနဲ့ မိုး ကတော့ကွာ’

မိုးခိုဖို့ ဘေးဘီကို အကဲခတ်မိတော့ ပိုစိတ်ဓာတ်ကျသွားသည်။ နားခိုစရာ တဲတစ်လုံးတောင် မတွေ့ ရ။

ဟင်….. ဟိုရှေ့ ဘာပါလိမ့်။

မိုးလုံးကလည်း အတော် စိပ်လာပြီ ဖြစ်သည်။ လေကလည်း အနည်းငယ်ပိုပြင်းလာ၏ ။ လေနှင့် မိုးနှင့် နှစ် ပါးဆိုင်ဆိုတာ သည်အနေအထားကို ဆိုလိုပုံရသည်။

တစ်ချက် တစ်ချက် ဂျိမ်းခနဲ၊ ဂျိမ်းခနဲ မိုးကြိုးထစ်သံက အသည်းငယ်သူတို့အတွက် သွေးပျက် စရာပင် ကောင်းသည်။

‘အို…. ဒါ ရွာဦးဘုန်းကြီးကျောင်းပဲ ထင်တယ်’

သဲသဲမဲမဲ ရွာချလာပြီ ဖြစ်တဲ့အတွက် သူသိပ်စဉ်းစားချိန်မရတော့ဘဲ ဘုန်းကြီးကျောင်းဝင်းထဲ ကို ပြေးဝင်ခဲ့မိလိုက်သည်။

သူ့အထင် မမှားပါ။ ဘုန်းကြီးကျောင်းတစ်ကျောင်းပင် ဖြစ်သည်။ သို့ သော်….. ဘုန်းကြီးကျောင်း ပေါ် ရောက်ဖို့က ကိုက် (၁၀၀) ကျော်လောက်လိုသေးသည်။

သို့ နှင့် စည်းရိုးအ၀ ၀င်ဝင်ချင်းမှာ တွေ့ ရသည့် ဇရပ်လိုလို၊ မီးဖိုလိုလို အဆောင်လေး အောက် ကို သူ မိုးဝင်ခို ဖြစ်လိုက်သည်။

အဆောင်ဝမှာ ချိတ်ဆွဲထားသည့်ဆိုင်းဘုတ်ကို သူတစ်ချက်မော့ကြည့်လိုက်၏ ။

Cover

မိုးကလည်း သဲသဲမဲမဲဆိုမှ တကယ့်ကို သဲသဲမဲမဲ ရွာသွန်းနေသည်။ တိုက်ခတ်နေသည့် လေပြင်းတို့ကြောင့် သူလည်း ချမ်းစိမ့်စိမ့်ပင် ဖြစ်နေသည်။

လျှပ်ပန်းလျှပ်နွယ်တို့ကလည်း တလဲ့လဲ့။

မိုးက တိတ်မည့် ဟန် မပေါ်။

မတတ်နိုင်တော့ပါ။ ခွင့်ပြုချက် တစ်စုံတရာ မရှိပေမယ့်လည်း သူ ဗိမာန် အခန်းတံခါးကို တွန်းဖွင့်ပြီး ၀င်ရောက်မိုးခိုလိုက်သည်။

မဆိုးလှ။ အခန်းထဲရှိ အနွေးဓာတ်က ချမ်းစိမ့်မှု ကို အတော် ကလေးတော့ ကျားကန်ပေးနိုင် ပါ၏ ။ Watt 60 ဗို့အားရှိ မီးသီးတစ်လုံး၏ အလင်းရောင် နှင့် အပူရှိန်ကလည်း အခန်းကလေးကို လောက်ငှစွာ ဖြည့်ဆည်းပေးထားပါသည်။

သူ….. အခန်းလေးထဲကို ဝေ့၀ဲ အကဲခတ်ကြည့်တော့ ရှေးဟောင်းဆန်ပုံရသည့် စားပွဲခုံ တစ်လုံး၊ ကိုယ်တစ်ပိုင်းပုံကို လုံလုံလောက်လောက် လှည့်ပတ်ကြည့်ရှုနိုင်သည့် ကြည့်မှန်ကြီးတစ်ချပ် နှင့် အခြားတိုလီမုတ်စ ပစ္စည်းပစ္စယတို့ကို တွေ့ ရသည်။

သူ့စိတ်ကို ဖမ်းစားအထားနိုင်ဆုံး ကတော့ နံရံမှာ ချိတ်ဆွဲထားသည့် ပန်းချီကားချပ်ပင် ဖြစ်သည်။

ပင်ကို အနုပညာသွေးရှိသူမို့လား (သို့ မဟုတ်) အခြားဆွဲဆောင်မှု ကြောင်းလား မပြောတတ်ပါ။ သူ ထိုပန်းချီကားကို စူးစူနစ်နစ် စိတ်ပါဝင်စားစွာ ပင် ငေးကြည့်နေမိသည်။

ပန်းချီကားထဲတွင် ဘုရင်မလား၊ ဘာလားမသိတဲ့ မိန်းမတစ်ဦးက ပလ္လင်လိုလို၊ ထိုင်ခုံလိုလို ပေါ်မှာ ထိုင်ပြီး ယနေ့ခေတ် အိုလံပစ်အမှတ် မီးရှူးတံဆောင်နှင့် တူသည့် အရာဝတ္ထုတစ်ခုကို ကိုင်ဆောင်ထားသည်။ နောက် အောက်နားမှာ ညှိုးငယ်စွာ ခစားနေသည့် မိန်းမချော မိန်းမငယ်တစ်ဦး ရဲ့ စိုက်ကြည့်နေပုံ ဖြစ်သည်။

ကြည့်လိုက်ရုံနှင့် မိန်းမငယ်ကို ဧကရီတစ်ပါးက တစ်စုံတစ်ရာအတွက် တစ်စုံတစ်ခုအပြစ်ဒဏ် ပေးနေပုံမှန်း သိသာစေပါ၏ ။

ပန်းချီကားလက်ရာကိုလည်း သူ ကျိတ်သဘောကျနေမိသည်။ ထူးခြားသည်က ပန်းချီးဆရာ လက်မှတ်ကို သူ ရှာမတွေ့ ခြင်းပင် ဖြစ်သည်။

ရုပ်ရှင်ကားတစ်ကား ဖြစ်စေ၊ စာအုပ်တစ်အုပ် ဖြစ်စေ၊ ပန်းချီတစ်ချက် ဖြစ်စေ သူ့ဗီဇက ဖန်တီးသူနာမည် ကို ဂုဏ်ယူလေးစားစိတ်ဖြင့် တခုတ်တရ ရှာကြည့်တတ်၏ ။

အခုတော့ အင်မတန် သေသပ်လှပလှသည့် ပန်းချီကား၏ ဖန်တီးရှင်လက်မှတ်ကို သူမတွေ့ ရ ၍ အနည်းငယ်တော့ ဘ၀င်မကျသလိုခံစားနေရသည်။

ထိုစဉ်….

♫ ရင်ခွင်ထဲက လမင်းလေး ××× ငါ့ဘ၀ အလင်းတန်းလေး ××× ဒဏ်ရာများ နဲ့ မင်းရဲ့ လက်မှာ ×××× ငါလေ ကျရှုံးသွား ×××× ဟိုအရင်တုန်းကလိုပဲဟေ့ ××× နွေးထွေးခြင်းများ ပေး ××× ယုံကြည်ခြင်းနဲ့တို့ရဲ့ လက်တွေ ××× နွေးထွေးခြင်းများ ပေး ××× ယုံကြည်ခြင်းနဲ့တို့ရဲ့ လက်တွေ ××× ထာဝစဉ်ခိုင်မြဲလို့ ××× မပြောင်းလဲကြေး♫

ဘောင်းဘီအိတ်ထဲက Samsung အမှတ်တံဆိပ် Handphone လေးက သူငယ်ချင်း တစ်ယောက် ၏ Own Tune (Demo) အကြမ်းတေးသွားသံလေးနှင့်အတူ ရုတ်တရက်ထမြည် လာ သဖြင့် သူ့အတွေးစတို့ တဒင်္ဂပြတ်တောက်သွားပြီး ပစ္စုပ္ပန်ပေါ်ကို တည့်တည့်ပြန်ရောက်သွား၏ ။

Screen ပေါ်က ဖုန်းနံပါတ်အရ ဦးဒီဆီကမှန်း သူသိလိုက်ပါသည်။

‘Hello … ဦးဒီပြော’

‘အေး….. မင်း… အဆင်ပြေလားလို့ လှမ်းမေး… ဗျစ် ! ဗျစ်..’

‘ဝေါ………… ဗျော၊…… ဗျော…….. ဂျိမ်း’

မိုးသံလေသံတို့ကြောင့် တစ်ဖက်က ဦးဒီအသံကို သူ သဲသဲကွဲကွဲ မကြားရ။

‘Hello …. ဦးဒီ …. ကြားလား….. Hello’

‘မင်း…. ဗျစ်….. ဗျစ်….’

‘ဟင်…. ဘာလဲ..ဟ’

သူ တီးတိုးရေရွတ်ရင်း မိမိလက်ကိုင်ဖုန်းကို နားမလည်နိုင်သလို၊ မယုံကြည်သလို၊ မမြင်ဖူးသူ တစ်ယောက် လို ခေတ္တ ခွာကြည့်လိုက်ပြီး သေချာအောင် နောက်တစ်ကြိမ် နားနားကပ် ပြန်နားထောင် ကြည့်လိုက်၏ ။

‘ရှင်…. ကျွန်မခိုင်းတဲ့အတိုင်း လုပ်ပေးပါ’

‘ဟင်….’

အမိန့်သံအနည်းငယ် ဆန်လွန်းသည့် မိန်းမပျို တစ်ယောက် ၏ အသံမို့ သူ ရုတ်တရက် အနည်းငယ်ကြောင်ငေးဆွံ့အ သွား၏ ။ တစ်ချိန်တည်းမှာ ပင် မကြာခင်ကမှ ကြည့်ထားခဲ့သော ‘One Missed Called’ အမည် ရှိ ထိုင်းဖုန်းသရဲကားနှင့် ထိုဇာတ်ကားကိုပဲ ခပ်တည်တည် ကိုယ်ပိုင်ဇာတ်လမ်းလုပ် မြန်မာမှု ပြု စာအုပ်ထုတ်ဝေထားသော မြန်မာလူငယ်စာရေး ဆရာ တစ်ယောက် ၏ ၀တ္ထုစာအုပ်ကို ဖတ်ထားမိသည်မို့ သူ ကြက်သီးဖြန်းခနဲ ထသွားမိသည်။

အတွေးနှင့် အခန်းလေးထဲကို ငေးကြည့်မိတော့ အနေအထားက ကိုယ့်ဘက်မှာ မရှိတော့။ အခန်းထဲရှိ ၀ါကြင့်ကြင့်မီးသီးလေးက လင်းလိုက်၊ မှိတ်လိုက် ဖြစ်နေ၏ ။ တစ်ချက်တစ်ချက် စောင့်,စောင့် ၀င်လာခဲ့သည့် မိုးသက်လေပြင်းနှင့် မိုးထစ်ချုန်းသံတို့က ထိန့်လန့်သွေးပျက်စေဖို့ သူ့ကို စိတ်လိုလက်ရ တွန်းအားပေးနေကြ၏ ။

ဒါ သရဲခြောက်နေတာလား။ ငါ …. သရဲခြောက်ခံနေရတာ လား။

သူ အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားမိပေမယ့်လည်း ခေတ်လူငယ်ပီပီ အခြေအနေကို အားတင်းရင်ဆိုင်ပစ်လိုက်၏ ။

တစ်စုံ တစ်ယောက် ဖုန်းမှားတာ…..(သို့ ) ဦးဒီနှင့် ပြောနေစဉ် ဖုန်းလိုင်းပူးသွားတာရော မ ဖြစ် နိုင်ဘူးလား။

မြန်မာနိုင်ငံ၏ Network System အရ သူ့အတွေး မဆိုးလှပါ။

ယုတ္တိတန်ပါသည်။ သို့ သော် ….. သူနောက်တစ်ကြိမ် ပြန်နားထောင်ကြည့်ချိန်မှာ တော့ သူတကယ်ပဲ သွေးပျက်သွားမိပါသည်။

‘Hello’

‘ကျွန်မ ခိုင်းတဲ့အတိုင်းလုပ်ပါ’

‘ဗျာ…..’

သူ့အသံတို့ အနည်းငယ်တုန်ယင်နေ၏ ။ သို့ ပေမယ့် အားတင်းပြီး သူ ပြန်မေးလိုက်၏ ။

‘ခင်ဗျား…. ဖုန်းမှားနေပြီ ထင်တယ်’

‘မမှားဘူး…… ရှင့်ကို တည့်တည့်ကြည့်ပြီး ကျွန်မ ပြောနေတာပါ’

‘ဗျာ !’

ဖုန်းထဲက မိန်းမပျို၏ စကားကြောင့် သူ ဒုတိယအကြိမ် ဗျာမိသွားပြန်သည်။ တစ်လက်စတည်း အခန်းထဲကိုလည်း ဝေ့ကြည့်လိုက်သည်။

မတွေ့ ……။

သက်ရှိနှင့် တူတာဆို၍ အိမ်မြှောင်တစ်ကောင်ကိုပင် မတွေ့ ရ။

ဒါ…….ဒါဆို……. ဒီဖုန်းထဲက အသံက…။

‘ရှင့်ကို ကျွန်မပြောမယ်။ အဲဒီ အတိုင်း တိတိကျကျလုပ်ပါ’

‘ဟုတ်… ဟုတ်ကဲ့.. ခင် … ခင်ဗျားက သ သရဲလား….’

သရဲကို….. သရဲလားလို့ ပြန်အမေးခံရတဲ့ သရဲလောက် Roll အောက်တာ မရှိဟု သရဲအစစ် ဆိုရင်တော့ တွေးနေမှာ သေချာပါသည်။

သို့ သော်…..

‘ရှင် အသက်ဆက်ရှင်ချင်သေးတယ်ဆိုရင် ပါးစပ်ပိတ်ပြီး ကျွန်မခိုင်းတာကို သေသေချာချာ လုပ်ပါ’

‘ဟုတ်ကဲ့’

သူ အလျင်စလိုပဲ ဖြေပေးလိုက် သည်။

‘ရှင့် နောက်က နံရံကို ကြည့်လိုက်’

သရဲအခြောက်ခံရပြီဆိုတာကို သူ လက်ခံထားလိုက်ပြီး ဖြစ်သည်ကြောင့် သရဲကို ဘာစကားမှ သူ အထွန့်မတက်လိုတော့ပါ။ သရဲမ စိတ်ချမ်းသာရင် ပြီးရောဟု သဘောထားကာ သူ နောက်ကို လှည့်ကြည့်လိုက်၏ ။

အနောက်မှာ များ သရဲမမျက်နှာကြီးကို ဘွားခနဲ တွေ့ လိုက်ရမည် လော။

အတွေးက သူ့ရင်ကို စောင့်ခုန်သွားစေသည်။ သရဲ တစ္ဆေကို ကိစ္စတွေ ကို ၂၁ ရာစုခေတ် ပညာ တတ်လူငယ် တစ်ယောက် ပီပီ အယုံအကြည်မရှိခဲ့ပေမယ့် လက်ရှိအခြေအနေအရ သူ လက်ခံရတော့မည် ဖြစ်၏ ။

သူ ဖြစ်ချင်ရာ ဖြစ် အားတင်းပြီး အနောက်လှည့်ပြီး ပိတ်ထားမိတဲ့ မျက်လုံးအစုံကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

‘ဟူး………… တော် ပါသေးရဲ့ ’

ထူးထူးခြားခြား ဘာမှ မတွေ့ ရ။ အစောက သူသိပ်သဘောကျခဲ့သည့် ပန်းချီကားချပ်တစ်ခု ကိုသာ နံရံပေါ်မှာ တွေ့ ရသည်။

သရဲမ ငါ့ကို နောက်နေတာများ လား။

‘ဂျိမ်း’

အတွေးမဆုံးခင် အတော် ကျယ်လောင်စူးရှလှသည့် မိုးထစ်ချုန်းသံနှင့် လျှပ်စီးအရောင် တို့ ကြောင့် သူ တစ်ချက်တွန့်သွားသည်။ မလိုသည်မိုးမို့ထင့်…… စိတ်ရှိလက်ရှိ ထင်တိုင်းကို ကြဲနေ၏ ။

‘ပန်းချီကားပေါ်က ထိုင်နေတဲ့ကောင်မလေးကို တွေ့ လား’

သည် တစ်ကြိမ်မှာ တော့ သူ ခေါင်းပဲညိတ်ပြလိုက်သည်။ နှုတ်က မဖြေ ဖြစ်။

ဟုတ်သည်ပဲ။ အစောက သရဲမကိုယ်တိုင် သူ့ကို တည့်တည့်ကြည့်ပြီး ပြောနေတာပါဟု ၀န်ခံ ခဲ့ပြီ မဟုတ်ပါဘား။ သည်စကားအမှန်သာဆိုလျှင် သူ ခေါင်းညိတ်ပြသည်ကို သရဲမ တွေ့ ရမည် ပေါ့။

ထိုကိစ္စနှင့် ပတ်သက်ပြီး သရဲမက သူ့ကို ထွေထွေထူးထူး ပြဿနာမရှာ၍ တော် ပါသေးသည်။

‘အဲဒီ မှာ ထိုင်နေတဲ့ ကောင်မလေးကို ၀ိုင်းထားတဲ့ အနီရောင် စည်းဝိုင်းကိုရော ရှင်တွေ့ တယ် မဟုတ်လား’

သူ အောက်ပါပုံကို တစ်ချက်စေ့စေ့ကြည့်ပြီး ဒုတိယအကြိမ် အသံတိတ် ခေါင်းညိတ်ပြလိုက်၏ ။

*


‘ရှင်တွေ့ တယ်ဆိုရင် အဲဒီ စည်းဝိုင်းအနီရောင် ကို ရှင့်နည်း ရှင့်ဟန်နဲ့ ဖြတ်ပေးပါ’

‘ဗျာ’

‘ဝေါ…. ဗျော… ဗျော…. ဗျော… ‘

သူ အံ့အားသင့်သံကို ပိုမိုပြင်းထန်လာသည့် မိုးသံလေသံနှင့် မိုးခြိမ်းသံတို့က ဖုံးလွှမ်းသွား သည်။ ဖုန်းထဲမှ သရဲမ၏ ညွှန်ကြားချက်ကို သူအံ့အားသင့်သွားမိသည်။

တစ်ချိန်တည်းမှာ ပဲ သူ အကြံတစ်ခုကိုလည်း တွေးလိုက်မိ၏ ။ သို့ ပေမယ့်လည်း အနုပညာသမား တစ်ယောက် ပီပီ တစ်ပါးသူ ခံစားသက်ဝင်ဖန်တီးထားသည့် အနုပညာကို သူ မဖျက်ဆီးလို၍ အထွန့်နည်းနည်းတက်လိုက်သေးသည်။

‘ခင်ဗျား…. ကျွန်တော့် ကို ပန်းချီကား အဖျက်ဆီးခိုင်းနေတာလား’

‘ရှင်ကို စည်းဝိုင်းလေးတစ်ခုတည်းကိုပဲ ဖြတ်ခိုင်းနေတာပါ’

သရဲမအသံကို အစောကလောက်တော့ သူမတုန်လှုပ်တော့ပါ။ အနည်းငယ်လည်း ရဲတင်းလာ မိသည်။

‘ဒါ… ခင်ဗျားအတွက် ဘယ်လို ပတ်သက်နေလို့လဲ’

‘ရှင်… စကားမပြောဘဲ .. ကျွန်မခိုင်းတာကိုပဲ မြန်မြန်လုပ်ပေးစမ်းပါ။ ကျွန်မအတွက် ဒါ သိပ် အရေး ကြီးနေတယ်။ ရှင် ကူညီမှ ဖြစ်မယ်။ အချိန်လည်း သိပ်မကျန်တော့ဘူးရှင့်’

သရဲမအသံက အနည်းငယ် နူးညံ့ညင်သာလာသည်ဟု သူတွေးလိုက်မိသည်။

ပန်းချီကားနဲ့သရဲမ ဘယ်လို ပတ်သက်နေသလဲ။ ဒီစည်းဝိုင်းက သရဲမအတွက် ဘယ်လောက် အရေး ပါနေသလဲ။ သူကရော.. ဘယ်လို ကူညီမှု မျိုး လုပ်ပေးရမှာ တဲ့လဲ။

‘ဝေါ…. ဗျော…. ဗြော…… ဂျိမ်း’

မိုးသံလေသံတို့ကလည်း ပိုမိုပြင်းထန်ကျယ်လောင်လာနေ၏ ။

‘ရှင်….. ကျွန်မပြောတဲ့အတိုင်း ခပ်မြန်မြန်လုပ်လိုက်စမ်းပါ။ ကျွန်မမှာ အချိန်မရှိတော့ဘူး’

သရဲမအသံက အတိဒုက္ခရောက်နေပုံရ၍ အကူအညီတောင်းခံနေပုံ ပေါ်လွင်လှ၏ ။ သူ အတွေးစကို ဖြတ်ပြီး တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်ပြီး အခန်းတံခါးကို ပြေးဖွင့်ပစ်လိုက်၏ ။

‘ရှင်…. ဒါ ဘာလုပ်တာလဲ’

သရဲမအသံမှာ စိုးရိမ်မှု တို့ ပျော်ဝင်နေ၏ ။

‘မိုးရေစက်နဲ့ စည်းဝိုင်းကို ဖြတ်ပေးမလို့ပါ’

ပြောပြီး …. သူ ပန်းချီကားပေါ်က စည်းဝိုင်းကို ဖြတ်ပေးလိုက်၏ .။

ပန်းချီဆေးကို မိုးရေနှင့် နူးပြီး လက်သည်းတို့ကို အားပြုကာ စည်းဝိုင်းကို ဖြတ်ပေးလိုက်သည်။

သူ စည်းဝိုင်းကို ဖြတ်ပြီးချိန်မှာ တော့ စူးရှတောက်ပလွန်းသော အလင်းတန်းကြီးတစ်ခုနှင့် အတူ ကျယ်လောင်မြည် ဟည်းလှသည့် မိုးကြိုးပစ်သံကြီးကို သူကြားလိုက်ရပြီး ကြက်သီးထသွား သည်။

Cover

နောက်တော့….

သူ ဘာကိုမှ စဉ်းစားတွေ ဝေမနေတော့ဘဲ အစောက ဖွင့်ထားခဲ့တဲ့ တံခါးပေါက်မှတစ်ဆင့် အပြင်ကို အားကုန်ပြေးထွက်ခဲ့မိသည်။

မည်းမှော င်နေတဲ့ လမ်းမပေါ်ကို သူရောက်သည်နှင့် စူးရှလှသည့် အလင်းတန်းနှစ် ခုကို ရုတ်တရက် အနီးကပ်တွေ့ မြင်လိုက်ရပြီး ထိတ်လန့်သွားမိသည်။

အရှိန်ပြင်းပြင်းမောင်းနှင်လာသည့် အဖြူရောင် ကားတစ်စီး။

သူ့မှာ ပြင်ဆင်ချိန်မရှိ။ နောက်တော့……။

Cover

ခန္ဓာကိုယ်တစ်ခု လေထုထဲကို မြောက်တက်သွား၏ ။

ပတ်ဝန်းကျင်အနေအထား ကတော့ အစောက ဘာမှမ ဖြစ်ပျက်ခဲ့သလို ပကတိ ငြိမ်သက်တိတ် ဆိတ်မှော င်မည်းနေသည်။

မိုးသံလေသံတို့ကလည်း ရုတ်ခြည်းပျောက်ဆုံးသွားခဲ့၏ ။

သေချာသည် ကတော့ ဤအ ဖြစ်အပျက်ကို မည် သူမျှ တိတိပပ မသိလိုက်ကြခြင်းပင် ဖြစ်လေ တော့၏ ။

*


(H)

နံနက် (၄) နာရီခန့် ဝေလီဝေလင်းအချိန်တွင် ဖြစ်သည်။

လမ်းမပေါ်တွင် လဲကျနေသော လူငယ် တစ်ယောက် ရှိနေသည်။ ဘေးနားမှာ တော့ အဖြူရောင် ဂါဝန်ဝတ် မိန်းမပျိုတစ်ဦးကို ငုတ်တုတ်ထိုင်လျက်သား တွေ့ ရသည်။

‘အား! …. ကျွတ်ကျွတ်….. ကျွတ်’

တိုးလျသော ညည်းညူသံ တစ်ပိုင်းတစနှင့် အတူ ထိုလူငယ်လေး သတိဝင်လာ၏ ။

သူ သတိရလျှင် ရချင်း အထိတ်တလန့် ထထိုင်လိုက်ပြီး မိမိကိုယ်ကို လှည့်ပတ်ကြည့်လိုက် မိသည်။ တော် ပါသေးရဲ့ ။ သူ့မှာ ဘာဒဏ်ရာ ဒဏ်ချက်မှ မရှိ။ ပကတိ လန်းဆန်းတက်ကြွနေ၏ ။

ဘေးနားမှာ သူ့ကို ပြုံးပြီးကြည့်နေသည့် အဖြူရောင် ဂါဝန်ဝတ် မိန်းကလေးကို သတိမထား မိသေး။

‘ရှင်…. ရေသောက်လိုက်ဦးလေ….’

သူမက ဖလားတစ်လုံးနှင့် အတူ ရှေ့တိုးလာတော့မှ သူ တွေ့ သွား၏ ။

‘ဟင်… မင်း… မင်းက ဘယ်သူလဲ။ ငါကရော ဘာ ဖြစ်သွားတာလဲ။ ပြီးတော့… ငါ ရေဆာနေ မှန်း မင်းက ဘယ်လိုသိနေခဲ့တာလဲ’

သူမက သူ့မေးခွန်းတွေ ကို ဘာတစ်ခုမှ မဖြေဘဲ…..

‘ရေကို အရင်သောက်လိုက်ပါဦး’

ရင်ထဲမှလည်း အမှန်တကယ် ပူလောင်ခြောက်သွေ့နေတာမို့ သူ အငမ်းမရ ယူသောက် လိုက် မိသည်။ သူမ ကတော့ ပြုံး၍ ပင် ကြည့်နေ၏ ။

‘ဒီရေကို မင်း ဘယ်ကရတာ လဲ’

သူမက ဘုန်းကြီးကျောင်းဝင်းထဲကို လက်ညှိုးထိုးပြသဖြင့် သူပါ လိုက်ကြည့်မိသည်။

Cover

ဆိုင်းဘုတ်ကလေးကို တွေ့ ပြီး သူကြက်သီးတဖြန်းဖြန်း ထလာ၏ ။ ညက အ ဖြစ်အပျက် အချို့ကိုလည်း ၀ိုးတ၀ါး တွေးမိသွားသည်။ အလုံးစုံကိုတော့ တိတိပပ မမှတ်မိ။

ပြီးတော့ ဘေးနားက မိန်းကလေးရဲ့ အသံကိုလည်း သူ့စိတ်ထဲမှာ ရင်းနှီးနေသလို ခံစားနေရ သည်။ ဘယ်မှာ ဆုံဖူးခဲ့ပါလိမ့်။

‘ဒါနဲ့ …. မင်းက ဘယ်သူလဲ။ ဘယ်မှာ နေတာလဲ’

‘ကျွန်မလား… ကျွန်မက နတ်သမိးလေ။ အဲ ဘယ်မှာ နေတာလဲ ဆိုတော့ … ဒီမှာ လေ’

နောက်တစ်ကြိမ် လက်ညှိုးထိုးပြလာသဖြင့် သူ့စိတ်ထဲ တစ်စုံတစ်ခုကို တွေးမိသွား၏ ။

‘နေစမ်းပါဦး… ငါကရော ညက ဘာ ဖြစ်ခဲ့တာလဲ’

‘ရှင်လား….’

သူ ခေါင်းညိတ်ပြလိုက်သည်။

‘သေ သွားခဲ့တာလေ’

‘ဘာ!....’

သူမ စကားကြောင့် သူ့အတွေးတို့ ပိုမိုခိုင်မာလာခဲ့သည်။

ဟုတ်တယ်….. သူ ရူးနေတာပဲ။ ယဉ်ယဉ်လေးရူးနေတဲ့ အရူးမ တစ်ယောက် ပဲ။

‘ဒါပေမဲ့ …. ရှင် စိတ်မပူပါနဲ့။ ရှင် ဘာမှမ ဖြစ်နိုင်တော့ပါဘူး၊ ရှင့်ကို ကျွန်မ ကယ်ထားပြီးပါပြီ’

‘သြော်…. ဟုတ်ကဲ့… ကျေးဇူးပါဗျာ’

သူ တမင်ဘဲ ခပ်ရွဲ့ရွဲ့လေး ပြောပစ်လိုက်သည်။ သူမ ကတော့ ရွဲ့ပြောနေမှန်းလည်း ခံစားမိပုံ မပေါ်ပါ။ ပြုံး၍ ပင် နေနေသည်။

‘တကယ်ဆို …. ကျွန်မကတောင် ရှင့်ကို ကျေးဇူးတင်ရမှာ ပါ’

ဘာလဲ..။

ဘာတွေ လဲ…။

ဘာတစ်ခုမှ သူ နားမလည်နိုင်ပါ။ ဟုတ်သည်ပဲ။ အရူးမစကားကို နားလည်ရအောင် သူက အရူးမှ မဟုတ်တာပဲ။

ဝတ်ထားစားတာကို ကြည့်ပါလား။ တရုတ်ကားတွေ ထဲက ဘုရင့်သမီးတော် လိုလို ကွမ်ရင် မယ်တော် လိုလိုနှင့် ။

ပြီးတော့ …. မိန်းမပျိုလေးတန်မဲ့နှင့် ဖိနပ်ကလည်း မပါ။

သူ သက်ပြင်းကိုသာ ချလိုက်မိသည်။ သည်ပုံစံနှင့် ရိုက်ကွင်း Location ကိုလည်း သွားမကြည့်ချင်တော့။ ဟိုရောက်မှ ဦးဒီကို အဆင်မပြေကြောင်း ကြည့်ပြောရတော့မည် ။

သူ ပြန်ဖို့ ဆုံးဖြတ်ပြီး အမှတ်မရှိ သူမကို မေးလိုက်မိပြန်သည်။

‘ဒီအတိုင်း ပြန်လျှောက်သွားရင် ရန်ကုန်ကိုသွားမယ့် အဝေးပြေးလမ်းမကြီးပေါ်ကို ရောက်တယ် မဟုတ်လား’

‘ရန်ကုန်ဆိုတာ ဘာလဲ’

သူ လေသွားသည်။

ခံပေါ့။ မေးချင်ဦးလေ။

သို့နှင့် သူ မတ်တပ်ရပ်ပြီး လမ်းတစ်လျှောက် မျှော်ကြည့်လိုက်၏ ။

‘ဟာ….. အမယ်လေး’

သူ အလန့်တကြားနှင့် အနောက်ကို ခြေနှစ် လှမ်းခန့် ထခုန်မိသွားသည်။ သူ့ကိုယ်သူ လည်း အံ့သြထိတ်လန့်နေမိသည်။

ဒါ……. ဘာ ဖြစ်တာလဲ။ ဟင့်အင်း…… ။ ဒါ လုံးဝမ ဖြစ်နိုင်ဘူး။

သို့ နှင့် သူ့မျက်စိနှစ် ဖက်ကို လက်နှစ် ဖက်နှင့် ပွတ်သပ်ပြီး နောက်တစ်ကြိမ် မျှော်ကြည့်လိုက် ပြန်၏ ။

‘ဟင်….’

ငါ ဘာတွေ ဖြစ်သွားတာလဲ။

သူ အံ့သြထိတ်လန့်မည် ဆိုလျှင်လည်း အပြစ်မဆိုသာပါ။

ရုတ်တရက် သင် အဝေးက တစ်စုံတစ်ခုကို ငေးကြည့်ရာမှ ထိုတစ်စုံတစ်ခုက သင့်မျက်စိရှေ့ နားကို ဒိုင်းခနဲ ရောက်လာခဲ့သည် ဆိုပါက သင် မည် သို့ ခံစားလိုက်ရမည် နည်း။

ယခု သူလည်း ဤကဲ့သို့ ခံစားတွေ့ ကြုံနေရခြင်း ဖြစ်၏ ။

သူ…… ဟိုးအဝေးက ကားလမ်းမကြီးကို မျှော်ကြည့်လိုက်စဉ် သာမန်မျက်စိဖြင့် လုံးဝထင်ရှားပြတ်သားစွာ မတွေ့ မြင်နိုင်သည့် ကားကြီး၊ ကားငယ်တို့က သူ့အနားက ဖြတ်မောင်းနေ သလို တွေ့ မြင်နေရသည်။

‘ရှင်….. ဘာ ဖြစ်နေတာလဲ။ အထိတ်တလန့်ပုံစံနဲ့’

သူ အ ဖြစ်မှန်အတိုင်း ဖွင့်ပြောမိတော့ သူမက ရယ်ပါသည်။

ပြီးမှ……

‘ဒါများ .. ရှင်ရယ်….. ကျွန်မမှာ တော့ ဘာများ လဲလို့။ အဲဒါ ကျွန်မဆေးရဲ့ အစွမ်းလို့ပဲ သဘောထားလိုက်ပါ’

‘မင်းဆေးရဲ့ အစွမ်း’

သူပါ ကြောင်တောင်တောင်နှင့် တီးတိုးရေရွတ်လိုက်မိသည်။

ငယ်ငယ်ရွယ်ရွယ်လေး ဆိုပေမယ့်လည်း သည်ကောင်မလေး ရောဂါ အနေအထားက မသေးတော့ဟုလည်း သဘောပေါက်လိုက်မိသည်။

စိတ်မနှံ့သည့် ကောင်မလေးဆိုပေမယ့်လည်း ရုပ်ရည်အဆင့်အတန်းက ပထမတန်းစားမှာ ရှိ၏ ။ မျက်နှာလေးက လင်းလင်းစင်းစင်းလေးနှင့် လင်းလဲတောက်ပနေသည်။

ဘာမှ လိမ်းခြယ်မထားဘဲနှင့် ပင် ယနေ့ နာမည် ကြီး မင်းသမီး ငါးယောက် ကို အသာလေး ယှဉ်နိုင်သည်ဟုလည်း ဒါရိုက်တာပေါက်စပီပီ သူတွေးလိုက်မိသေးသည်။

‘ဟုတ်ပါပြီဗျာ…. ဘာပဲ ဖြစ် ဖြစ် ကိုယ်မင်းကို ရေတိုက်တဲ့အတွက်ရော၊ ဆေးကုကယ်တင်ပေး တဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို သွားခွင့်ပြုပါဦး’

‘ရှင်..!’

သူ…. ကျောပိုးအိတ်ကို ကောက်လွယ်ခဲ့ပြီး လှည့်ထွက်လာခဲ့၏ ။

အရုဏ်တက်ပြီးအချိန်မို့ အလင်းရောင် ကလည်း အားကောင်းလာခဲ့ပြီ ဖြစ်သည်။ သူမက တော့ မည် သို့ ကျန်ခဲ့မည် မသိ။

‘ဟွန်း…. သူ့ကိုယ်သူများ နတ်သမီးတဲ့၊ တော် တော် ရယ်ရတဲ့ အရူးမလေး’

သူ တီးတိုးရေရွတ်ရင်း ပြုံးလိုက်မိသည်။

နှစ် နာရီခန့် လမ်းလျှောက်ခဲ့ပြီးပြီမို့ အဝေးပြေးလမ်းမကြီးနားသို့ ပင် ရောက်တော့မည် ။

‘ဟင်…. ငါ့ ဟမ်းဖုန်း’

သူ ခုမှ သတိရမိသွားသည်။ သေစမ်း!...။

သူ ရေး ရေး တွေးပြီး စေ့စေ့ပေါ်သွားခဲ့သည်။ ညက ‘ဗိမာန်’ဆိုသည့် အခန်းထဲမှာ ပြုတ်ကျကျန်ခဲ့တာကို သတိရသွားသည်။

လမ်းလျှောက်ရတာ ခြေထောက်တွေ ပင် တိုဝင်လုပြီမို့။ သူပြန်မယူချင်တော့ပါ။ ရန်ကုန် ရောက်မှ အပျောက်စာရင်းတင်ပြီး လိုင်းပြန်ဖွင့်ကိုင်တော့မည် ။

အဝေးပြေးလမ်းမနံဘေးကိုရောက်တော့ လူတစ်ချို့၊ ဈေးသည်တစ်ချို့နှင့် ဆိုင်ကယ်နှစ် စီးကို တွေ့ ရသည်။ သို့ နှင့် ဂျာနယ်ရောင်းသည့် ချာတိတ် တစ်ယောက် ကို စနည်းနာကြည့်လိုက်သည်။

‘ညီလေး.’

‘ဗျာ…. အစ်ကို…. ဂျာနယ်လား’

‘မဟုတ်ပါဘူးကွာ….ရန်ကုန်သွားမယ့်ကားတွေ ဘယ်အချိန်လာတတ်လဲ သိချင်လို့ပါ’

‘ခဏနေ လာတော့မှာ ပါ အစ်ကို’

‘သြော်…. အေး… ကျေးဇူးပဲနော်…’

ထိုစဉ်……

‘ဟင်… နတ်သမီး၊ မဟုတ်ပါဘူး… အရူးမ’

သူ အဖြူရောင် ဂါဝန်ဝတ် မိန်းမပျိုလေးကို တွေ့ပြီး အံ့သြထိတ်လန့်သွားသည်။

သူက ဘယ်သွားမှာ လဲ။ ငါ့နောက်ကို လိုက်လာတာလား။

တစ်ချိန်တည်းမှာ ပဲ သူ့ခေါင်းထဲကို မေးခွန်းတွေ အဆုပ်လိုက်အခိုင်လိုက် ပြုတ်ကျလာ၏ ။

‘ဟင်…. သူ ငါ့ကို ကြည့်နေပါလား။ သေချာပါတယ်။ အရူးမ ငါ့နောက်ကို လိုက်လာခဲ့တာ။ ဖိနပ်မပါ ဘာမပါနဲ့ စိတ်ညစ်လိုက်တာ။ အင်း….. ဟုတ်ပြီ ငါအကြံရပြီ။ သူ့ကို အချိုသပ်ပြီး ပြန်လွှတ်ကြည့်ရမယ်’

အတွေးနှင့် အရူးမအနားကို သူ ကပ်လိုက်ပြီး

‘မင်း…. ဖိနပ်လည်း မပါဘဲနဲ့ ဘယ်သွားမလို့လဲ’

သူမက မျက်နှာငယ်လေးနှင့် သူ့ကို လက်ညှိုးထိုးပြနေသည်ကြောင့် သူ တကယ်ပဲ အံ့သြ ရပါသည်။

‘ဘယ်လို … ငါ့နောက်ကို လိုက်လာတာ…. ဟုတ်လား’

ခေါင်းညိတ်ပြတော့ သူ ပိုလို့ အံ့အားသင့်ရပါ၏ ။

‘နေစမ်းပါဦး…. မင်းက ဘာကိစ္စ ငါ့နောက်ကို လိုက်လာခဲ့တာလဲ’

‘ကျွန်…. ကျွန်မ …. ရှင်နဲ့ ဝေးဝေးနေလို့ မရဘူးလေ’

‘ ဟင်….!’

သူမ ဆိုလိုရင်း ကို သူလိုက်မမီတော့ပါ။ အဓိပ္ပာယ်မရှိဟုလည်း သူ သုံးသပ်လိုက်မိသည်။ ထိုစဉ် အဝေးပြေးကားတစ်စီး ထိုးစိုက်လာ၏ ။

ဂျာနယ်ရောင်းကောင်လေးက သူ့ကို တခုတ်တရ လာပြောသွားသေးသည်။

‘အစ်ကို …. ဒီကားက ရန်ကုန်ရောက်မှာ ။ ထိုင်ခံတော့ ရ ၊ မရ မသေချာဘူး အစ်ကို’

‘အေး… ကျေးဇူးပဲညီလေး’

ကားပေါ်မှ လူအချို့ ဆင်းလာကြပြီး လူတချို့ တက်သွားကြသည်။

တက်သွားသည့် လူတစ်ချို့ထဲတွင် သူရော၊ သူမပါ ပါလာခဲ့သည်။

သူ ကားပေါ်ရောက်လျှင် ရောက်ချင်း ကားစထွက်သည်။ တက်ကာ စမို့ နေရာ မရသေး။ မတ်တတ်ပင် ရှိနေသေးသည်။

‘ဟို အစ်ကိုနဲ့ အစ်မလေး အတူတူ မဟုတ်လား။ ဒီ နှစ် ယောက် ထိုင်ခုံမှာ ၀င်ထိုင်လိုက်။ ရန်ကုန်အထိ မဟုတ်လား။ တစ်ယောက် တစ်ထောင်ပါ’

စပါယ်ယာကောင်လေး၏ အသံမဆုံးခင်မှာ သူ ၀င်ထိုင်ပြီး ငွေတစ်ထောင် ထုတ်ပေးလိုက် ၏ ။

‘အစ်ကို နှစ် ယောက် လေ’

‘ဟင်…. မင်း…’

သူ့ဘေးခုံမှာ မျက်နှာငယ်လေးနှင့် သူ့ကို မော့ကြည့်နေသည့် သူမကို တွေ့ ရ၍ သူ စိတ်ပျက်သွားမိပြီး ခေါင်းကိုသာ တဗျဉ်းဗျဥ်း ကုတ်နေမိသည်။

‘မင်းက…. ဘာလို့ လိုက်လာပြန်တာလဲ’

‘ရှင်နဲ့မှ ဝေးဝေးနေလို့ မရတာ ကို’

သူမအပြောကြောင့် စပါယ်ယာ ကောင်လေးက အဓိပ္ပာယ် တစ်မျိုးတွေးမိပြီး တခွီးခွီးရယ် နေသဖြင့် သူပါ မချိပြုံးပြုံးပြီး ငွေတစ်ထောင် ထုတ်ပေးလိုက် ရသည်။

အတော် လျှာရှည်သည့် ကိုရွှေစပါယ်ယာလေးက….

‘အစ်ကို့ကို စိတ်မချလို့ အစ်လေးက လိုက်လာတာနေမှာ ပေါ့’

ဟု ပြောသွားသေးသည်။ ဘာမှ ပြောချင်စိတ်မရှိတော့၍ သူ ဘာစကားမှကိုမပြော ဖြစ်တော့ပါ။ ရန်ကုန်ရောက်မှ ‘ကူညီပါရစေ’ ဆိုင်းဘုတ်ပိုင်ရှင် ပုဂ္ဂိုလ်တချို့ကို အကူအညီတောင်းသင့်လျှင် တောင်းရပါလိမ့်မည် ။

မင်းက ဘယ်လိုကောင်မလေးလဲ။

ရုပ်ရှင်တွေ ထဲကလို ရူးဟန်ဆောင်ပြီး တစ်စုံတစ်ခုအတွက် ချဉ်းကပ်လာခဲ့တာလား။

ရုပ်ကလေး သနားကမားနဲ့ မင်းဟာ တကယ်ပဲ နတ်သမီးလား။

တကယ်ရူးနေတဲ့ မိန်းမပျိုလေး တစ်ယောက် ဆိုလျှင်တော့ မြို့တော် ရန်ကုန်ကြီးထဲမှာ မလွယ်ပါ။ အနုဿမုဆိုးနှင့် ဆုံတွေ့ သွားနိုင်သည် မဟုတ်ပါလား။

သူ သက်ပြင်းတွေ သာ ဖိချနေမိ၏ ။

သူမ ကတော့ သူ့ကိုပဲ မကြာခဏ ငေးကြည့်နေပါသည်။

မင်းဟာ င့ါအတွက်တော့ နတ်သမီး မ ဖြစ်နိုင်ဘူး…. မိန်းကလေးရေ…..။ င့ါကို ဒုက္ခမျိုးစုံပေးမယ့် ဗိုင်ပိုင်ယာ(Vampire) မလေး ပဲ ဖြစ်နေလိမ့်မယ်။



ဝန်ဇင်းချစ်သူများ မင်းတခေတ် ၏ “ ဗန်ပိုင်းယာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပရော်ဖက်ရှင်နယ်

တားရော့

Opposite