Cover

နိဒါန်း

Nothing’sairin love and hate

Youlay italldownandwalkaway

Goon, I’ll get on with mine.

Broken heart, are left there,

It’s a perfect crime

I’m burning alive

(Carter, D)

အချစ်နဲ့ အမုန်းမှာ တရားမျှတမှု မလိုပါဘူး

အဲဒီ အရာအားလုံးကို မင်း ပစ်ချထွက်ခွာသွားခဲ့တယ် . . .

သွားပါ . . .

မင်းဘ၀နဲ့ မင်း ဆက် သွားပါ . . .

ငါလည်း ငါ့ဘ၀ ငါ ဆက်မယ်

ကြေကွဲခြင်းတွေ တော့ နှလုံးသားမှာ ကျန်ရစ်

ဒါဟာ . . . ရာဇ၀တ်မှု ပဲ ဖြစ်လိမ့်မယ်

ငါ ကတော့ အဲဒီ လောင်ကျွမ်းခြင်းတွေ နဲ့ပဲ ရှင်သန်နေရတော့မယ် . . .။

*


(နိဒါန်း)

နယ်မြို့လေးတစ်မြို့ဆီသို့ တအိအိထွက်ခွာနေပြီ ဖြစ်သည့် လော်လီကားအိုကြီး တစ်စီးပေါ် တွင် လူငယ်လေး တစ်ယောက် စီးနင်းလိုက်ပါလာ၏ ။

ထိုလူရွယ်လေး၏ မျက်နှာကလေးသည် အလွန်အပြစ်ကင်းစင်ပုံပေါ်လွင်လှပြီး အထူး ကြည်လင်ရှင်းသန့်လို့ နေသည်။ ထိုလူရွယ်လေး၏ မျက်နှာပေါ်တွင် ပူပင်မှု ၊ လောဘရမ္မက် တပ်မက်မှု ၊ ဟန်ဆောင်မှု တို့ ဘာဆိုဘာမျှမတွေ့ ရ။

ထိုလူရွယ်ကလေးသည် ကားပေါ်မှနေ သဘာဝ တောတောင် ရေမြေရှုခင်းတို့ကို တ၀ကြီး ငေးမောပြီး ကျေနပ်အားရနေပုံလည်းရ၏ ။

ထိုလူရွယ်လေးက မည် သည့်အရပ်မှ မည် သည့်အရပ်သို့ သွားမည် မသိ။ မည် သည့်အတွက် မည် သည့် ရည်ရွယ်ချက်ဖြင့် သွားမည် ကိုလည်း မသိ။

သေချာသည် ကတော့ ထိုလူရွယ်ကလေး၏ မျက်နှာလေးသည် မြင်ရသူတိုင်း၏ ရင်ကို ငြိမ်းချမ်းသွားစေ၏ ။

အလွန် အေးချမ်းလှသော မျက်နှာပိုင်ရှင်လေးပါတည်း . . .

Love and its emotions

Come knockingat your door

Young hearts will be broken

And time’s the only cure.

(Bon Jovi)

အချစ်နဲ့ သူ့ရဲ့ ခံစားမှု တွေ

မင့်ရဲ့ တံခါးကို လာခေါက်နေကြပြီ

ပျိုရွယ် နုနယ်တဲ့ နှလုံးသားတွေ

ကျိုးပဲ့ ပျက်စီးသွားလိမ့်ဦးမယ် . . .

အချိန်ကသာ

တစ်ခုတည်းသော ကုစားရာ ဖြစ်တယ် . . .။

*


(A)

‘ဟေး . . . မောင်လေးခ’

ခေါ်သံနှင့် အတူ အသက် ၃၀ ၀န်းကျင်ခန့် မိန်းမ တစ်ယောက် လက်ဖက်ရည်ဆိုင်ထဲကို ၀င်လာသဖြင့် ‘သျှင်မင်းခ’ အတော် စိတ်ပျက်သွားမိသည်။

သို့ ပေမယ့် . . .

‘ဟာ . . . မမခင်ပါလား၊ လာ . . . ထိုင် . . . ဒါနဲ့ ဘယ်သွားမလို့လဲ မမခင်ရဲ့ ’

‘သြော် . . . ဘယ်ကိုသွားရမှာ လဲလို့၊ ဟောဒီ့က ရွှေမင်းသားလေးဆီကိုပဲပေါ့’

မမခင်ရဲ့ ခပ်မူမူစကားကြောင့် ‘သျှင်မင်းခ’ မျက်မှော င်ကုတ်သွားရ၏ ။ အကြောင်းက -

‘ဘာ ဖြစ်လို့လဲ မမခင်ရဲ့ . . . မနေ့ကပဲ တွေ့ ခဲ့တဲ့ ဟာကို’

သူ့အပြောကိုမမခင်က သဘောကျသလို တခစ်ခစ်ရယ်နေသေး၏ ။ ပြီးမှ -

‘ငါ့မောင်က မမကို အိပ်မက်နန်းတော် ထဲမှာ ခဏပဲ မှေးစက်ခွင့်ပေးခဲ့တာကိုး . . . အဲဒါ မနက်ဖြန်အတွက် နန်းတော် ထဲမှာ တို့တွေ ဆုံ ဖြစ်ဖို့အတွက် ပတ်စ်ပို့ လာတင်တာလေ’

‘ဟာ . . . ဆောရီးပဲ မမခင်ရယ် . . . မနက်ဖြန် အတွက် ကျွန်တော့် နာရီ မိနစ်တွေ ကို အပိုင်ဝယ်ထားပြီးသား ဖြစ်နေတယ် . . . အားနာပါတယ် မမခင်ရယ် . . . See you တစ်နေ့နေ့ပေါ့’

‘အို . . . မရဘူးကွာ . . . အဲဒီ နာရီမိနစ်တွေ ကို မမ နှစ် ဆပေးပြီး ပြန်ဝယ်မယ် . . . မနက်ဖြန် မောင်လေး မမအတွက်ပဲ ရယ်ဒီ ဖြစ်နေရမယ်နော် . . . အဲသလို လွဲမှာ စိုးလို့ကို မမက ဖုန်းနဲ့ မပြောဘဲ လူကိုယ်တိုင် လိုက်လာခဲ့တာလေ၊ ရော့ . . . ဒီမှာ . . . နှစ် ပုံး။ ဒါ . . . စရံလို့ပဲ သဘောထားလိုက်နော် ကလေး’

မမခင်က အသက်အရွယ်နှင့် မလိုက်ဖက်လှစွာ မူမူနွဲ့နွဲ့ကလေး ခပ်ညုညု ပြောနေတာ ကြောင့် သူ သက်ပြင်းတွေ ခိုးရှိုက်လိုက်၏ ။

‘တကယ်ပြောနေတာပါ မမခင်ရယ်. . .ဒီက မမခင်ဆီကို လာချင်နေတာမှ တစ်ပိုင်းကို သေလို့ . . . အခုက တကယ်မ ဖြစ်လို့ပါနော်’

‘နိုး နိုး နိုး . . . အဲဒီ အပြောလေးတွေ နဲ့ ငြင်းမနေပါနဲ့တော့ကွာ . . . See you tomorrow ပဲနော် . . . အိုကေ . . . ကဲ . . . မမ သွားတော့မယ်၊ စိတ်ချမယ်နော် . . . ကလေး၊ ဘိုင့်ဘိုင်’

ပြောချင်တာတွေ ကို တရစပ် ပြောပြီး ထပြန်သွားသည့် မမခင်ကြောင့် သူ တကယ်ပဲ စိတ်ရှုပ်သွားရသည်။ တခြား customer တွေ ထက် ပိုက်ဆံ ပိုရပေမယ့် မမခင်ကိုတော့ သူတစ်ခါဆို တစ်ခါ လက်ဖျား ခါလောက်သည်။

ပြီးတော့ . . .ကိစ္စက တစ်ရက်နှင့် လည်း မပြတ်။ နှစ် ရက်နှင့် လည်း မပြတ်. . .။

‘‘နေတတ်သလို နေပါတော့ × × သြော် × × နေတတ်သလို နေပါတော့ကွယ် × × နင်ရောက်ရှိတဲ့ အရပ်ဆီမှာ လေ × × နင်ပျော်အောင် ငါဆုတောင်းလို့ ပေးပါတယ် × ×’’

သူ့ အတွေးတွေ ပျံ့လွင့်နေစဉ် ဘောင်းဘီ အိတ်ထဲမှ လက်ကိုင်ဖုန်းလေးက ထမြည် လာသဖြင့် သူ့အတွေးစတို့ ပြတ်တောက်လို့သွား၏ ။

ပြီးမှ လက်ကိုင်ဖုန်းလေးကို ထုတ်ပြီး screen ပေါ်ကို တစ်ချက်ကြည့်လိုက်ပြီး -

‘ဟယ်လို . . . မမသီတာ၊ ပြော. . . အခုပဲ ကိုခ ဖုန်းခေါ်တော့မလို့’

‘ဟွန်း၊ ပြောလိုက်ရင် ဒီလိုချည်းပဲ . . . ပြောစမ်းပါဦး ကိုကိုခရဲ့ . . . ညက တို့ တစ်ညလုံး ကိုခဖုန်းကို ခေါ်နေတာ . . . ဘာ ဖြစ်လို့ စက်ပိတ်ထားရတာ လဲ’

တစ်ဖက်က ခပ်စွာ စွာ လေးပြောနေပေမယ့်လည်း သူ ကတော့ ခပ်အေးအေး ပုံစံဖြင့် ဟက်ကနဲပင် ရယ်လိုက်သေးသည်။

ပြီးမှ လေသံ ခပ်အေးအေးလေးဖြင့် -

‘သြော် . . . မမသီတာရယ် . . . ဒေါသတွေ နည်းနည်း လေးလျှော့ပြီး ညက ကိုခ ဘာတွေ ဖြစ်နေလဲဆိုတာကို မေးပါဦး’

‘ပြောစမ်းပါဦး . . . ဘာတွေ ရွှီးမလို့လဲ’

‘ဟာ . . . ဒီက အတည်ပြောနေတဲ့ဟာကို’

သူက စိတ်ဆိုးသလို ခပ်နွဲ့နွဲ့လေး talking ထည့်လိုက်တော့ တစ်ဖက်က -

‘ကဲပါ ပြောပါ၊ ဒီက ချစ်လို့နောက်တာပါနော်၊ တကယ်ပဲ’

‘ညကလေ. . . ကိုခ . . . အအေးမိပြီး အရမ်းဖျားနေတာ မမသီတာရယ် . . . အဲဒါကြောင့် ဖုန်းပိတ်ပြီး စောစောအိပ်ယာဝင်လိုက်မိတာပါ . . . ကိုခကို ခွင့်လွှတ်ပေးနော်’

ကျွမ်းကျင်လိမ္မာလှတဲ့ သူ့ရဲ့ လက်တန်းထိုး မုသားလှလှတွေ ကြားမှာ တစ်ဖက်လူ ပျော့ခွေသွားစေ၏ ။ ချက်ချင်း . . . လေသံ ပြောင်းသွား ကာ . . .

‘ဟယ်. . . ဟုတ်လား၊ ဆောရီးပါ ကိုခရယ် . . . အခုရော . . .ဘယ်လိုနေသေးလဲ၊ သက်သာရဲ့ လားဟင် . . . ဆေးခန်းမပြဘူးလား၊ ဒီကောင်လေးနဲ့တော့ ခက်ပါတယ်’

စိုးရိမ်သံတွေ ပြည့်နှက်နေသည့် တစ်ဖက်အသံကြောင့် သူ သဘောတကျ ပြုံးနေမိ၏ ။

‘ကိုခ . . . မေးနေတယ်လေ၊ ကြားရဲ့ လားလို့’

‘အဟဲ . . . ကြားပါတယ် မမသီတာရဲ့ ’

‘ကြားရဲ့ သားနဲ့ ဘာ ဖြစ်လို့ ပြန်မဖြေတာလဲလို့’

‘မမသီတာရဲ့ ဂရုတစိုက်မေးခွန်းလေးတွေ ကို ကြည်နူးမိသွားလို့ပါ’

‘ပိုပြီ’

‘လိုတောင် လိုပါသေးတယ် မမရယ် . . . အခုဆို မမရဲ့ အသံလေး ကြားလိုက်ရုံနဲ့ . . . ကိုခရဲ့ ဝေဒနာတွေ ကမ္ဘာအပြင်ဘက်ကို ရောက်သွားပြီ သိရဲ့ လား’

‘ဟင့်အင်း . . . မသိပါဘူး၊ ဒီ ကတော့ ဖုန်းခေါ်မရလို့ တစ်ညလုံး ဒေါသတွေ ဖြစ်ပြီး အိပ်လို့ကိုမရဘူး . . . ကိုခရဲ့ အသံလေးတွေ ကို အချိန်တိုင်းကြားချင်လို့ ဒီက ဖုန်းတောင် ၀ယ်ပေးထားတာကို သိရဲ့ နဲ့ ဖုန်းပိတ်ထားရမလားဆိုပြီး စိတ်တွေ တိုနေတာ သိလား’

‘အခုရောဟင်’

သူက အီစီကလီ ပတ်ပျိုးကလေးနှင့် တိုးဖွဖွကလေး ဆိုလိုက်တော့ တစ်ဖက်က သဘောကျသလို ရယ်နေ၏ ။

ပြီးမှ -

‘အခုလား . . . စိတ်မဆိုးတော့ပါဘူး ကိုခရယ် . . . ဒါပေမယ့်လေ . . .’ ဆိုပြီး စကားစကို ဖြတ်ထားသဖြင့် သူ စကားထောက်ပေးလိုက် သည်။

‘ဆက်ပြောလေ မမရဲ့ . . . ဒါပေမယ့် ဘာ ဖြစ်လို့လဲ’

‘ဘာ ဖြစ်ရမလဲ . . . မမလေ ကိုခကို အရမ်းလွမ်းနေလို့ အဲဒါ နေ့ခင်း နှစ် နာရီလောက် ကန်တော် ကြီးထဲကို လာနိုင်မလား . . . ဟင်’

သူ ခပ်ဟဟ ရယ်လိုက်ပြီး

‘သြော် . . . ဒါများ မရယ် . . . လာခဲ့မှာ ပေါ့ . . . ကိုခကလည်း အရမ်းလွမ်းနေတာလေ’

‘အပြော ကတော့ တကယ်ပဲ . . . အဲဒါကြောင့် လည်း ဒီက ရူးနေရတာ ’

‘တကယ်ပြောတာပါ မရယ် . . . သြော် ဒါနဲ့ မေ့တော့မလို့ . . . ဟို . . .’

‘ဘာများ လဲ ကိုခရဲ့ . . . ပြောလေ’

သူက မပြောချင် ပြောချင်ပုံစံဖြင့် ခပ်တိုးတိုးကလေး ပြောပြလိုက်၏ ။

‘ဟို. . . ဟိုတစ်ခါ ကိုခ အကူအညီတောင်းထားတဲ့ ပိုက်ဆံ ကိစ္စလေ . . . အဲဒါ’

‘သတိရပြီ . . . သတိရပြီ . . . ဘာမှမပူနဲ့ . . . အဆင်ပြေတယ် . . . သိလား . . . နေ့ခင်းကျ မမ တစ်ခါတည်း ယူလာခဲ့မယ်သိလား . . . ဖေဖေတို့ မသိအောင် မမ စာရင်းလိမ်ထား လိုက်တယ်’

သူ့ရဲ့ လုပ်ကွက်များ စွာ ထဲက တစ်ခု အဆင်ပြေသွားပြီဆို၍ တစ်ဖက်လူမကြားအောင် ‘Yes!’ ဟု အော်လိုက်ရင်းမှ -

‘ဟုတ်လား . . . ကျေးဇူးပါပဲ မရယ်၊ ကိုခကို အထင်မသေးပါဘူးနော်’

‘ဘာတွေ ခံစားနေတာလဲ ကိုခရယ် . . . ချစ်သူတွေ ဆိုတာ တစ်စုံ တစ်ယောက် ကို တစ်ယောက် နားလည်ဖေးမရမယ်လေ . . . နောက်ကို မကိုချစ်ရင် အဲလိုစကားတွေ မပြောပါနဲ့ နော်’

‘ချစ်လိုက်တာ မရယ် . . . ပြွတ်’

သူက ဖုန်းထဲကနေ အနမ်းတစ်ပွင့် ခြွေချလိုက်သည်။

‘အမလေး . . . အဲလောက်မပိုပါနဲ့ ကိုခရယ် . . . မမက ကိုယ့်ချစ်သူကို ကူညီခွင့်ရလို့ အရမ်းပျော်နေတာပါနော် . . . ကဲ. . . ဒါဆို ဖုန်း ချလိက်တော့မယ်နော် . . . နေ့ခင်း ၂နာရီ မေ့မနေနဲ့ဦးနော်’

‘အဟွန်း . . . ပိုက်ဆံရမယ့် ကိစ္စပဲ မေ့စရာလားဗျာ’

စိတ်ထဲကနေ ပြောရင်း မဲ့ပြုံးတစ်ခုကို ဖန်ဆင်းလိုက်ပြီး

‘ဟုတ်၊ OK . . . love you’ ဟု ဆိုကာ ဖုန်းပိတ်ပစ်လိုက်သည်။

(သျှင်မင်းခ၏ ဆွဲဆောင်မှု စာရင်းထဲတွင် အဆိုပါ အပြုံးသည်လည်း အတော် နာမည် ကြီးသည်ဟု ပြောကြလေ့ရှိ၏ ။)

. . .

*


Now the sky

It shines a different kind of blue.

For me,

I can only miss you.

(John Squire)

အခုတော့လည်း ကောင်းကင်ပြင်တစ်ခုလုံးက

ဟိုအရင်နဲ့ တခြားစီပဲ

ကြယ်ရောင် တွေ လင်းပလို့

ငါ ကတော့

မင်းကိုလွမ်းရုံသက်သက်ပဲ တတ်နိုင်သေးတယ် . . .

Birgraphy (V.I.P)

*


အမည် ရင်း - သျှင်မင်းခ

တခြားအမည် - ညှို့ကဝေ/ ရွှေမင်းသား

မှတ်ပုံတင် အမှတ် - ၁၁/ ရကတ (နိုင်) ××××××

မွေးသက္ကရာဇ် - ၄ - ၈ - ၁၉၈၃

အဖအမည် - (ဦးနိုင်ခ)

အမိအမည် - ဒေါ်သျှင်မိ

ညီအစ်ကိုမောင်နှမ - နှစ် ယောက် အနက် အကြီး

ပညာအရည်အချင်း - ဆယ်တန်းအောင်ပြီး

အရပ်အရှည် - ၅ ပေ ၁၁ လက်မ

ကိုယ်အလေးချိန် - ၁၃၀ ပေါင်

အသားအရေ - ဖြူ

ဆံပင်အရောင် (မူရင်း) - အမည်းရောင်

ဆံပင်အရောင် (ယခု) - ရွှေဝါရောင်

လူမျိုး/ ဘာသာ - ဗမာ/ ဗုဒ္ဓ

ဝါသနာ - တေးဆို/ ဘောလုံးအားကစား

အိမ်ထောင်ရှိ/ မရှိ - မရှိ

ပြစ်မှု - မရှိ

လက်ရှိအလုပ်အကိုင် - ?

ထူးခြားချက် - အပြောအဆိုကောင်းပြီး ရုပ်ရည်ချောမော

စိတ်နေသဘောထား - နူးညံ့သိမ်မွေ့မည် ဟုထင်ရ

ယခုနေရပ်လိပ်စာ - အမှတ် ( )၊ ( )လမ်း၊ ရွှေပြည်သာ၊ ရန်ကုန်တိုင်း။

ဖုန်းနံပါတ် - ၀၉ ××××××××××

*


(B)

‘မယ်မဒီ’ တစ်ယောက် လက်ထဲက Biography စာရွက်ကလေးကို ဘယ်နှကြိမ်မြောက်မှန်း မသိအောင် ဖတ်ပြီး တစ်ကိုယ်တည်း သဘောကျစွာ ပြုံးနေမိ၏ ။

စားပွဲရှေ့မှာ ရပ်နေတဲ့ ပုဂ္ဂိုလ် ကတော့ သူမကို ကြည့်ပြီး နားမလည်နိုင် ဖြစ်နေပုံရသည်။

အတော် ကလေးကြာတော့မှ

‘မင်း တော် တယ် . . . မန်နေဂျာဆီကနေ ငွေထုတ်သွားလိုက်ပါ’

‘ဟုတ် . . . ဟုတ်ကဲ့’

‘ဒါပေမယ့် သတိနဲ့ နေပါ၊ အကယ်၍ ဒီသတင်းပေါက်ကြားသွားခဲ့မယ်ဆိုရင်တော့. . .’

‘ဒါကိုတော့ စိတ်ချပါ မမလေး . . . ကျွန်တော့် ရင်ထဲမှာ ပဲ ထာဝရ သိမ်းထားမှာ ပါ’

ထိုပုဂ္ဂိုလ်က သူမစကား မဆုံးသေးခင် ပျာပျာသလဲ ဖြတ်ပြောလိုက်ခြင်း ဖြစ်၏ ။

‘OK . . . ဒါဆို မင်းသွားနိုင်ပြီ’

‘ဟုတ်. . . ဟုတ်ကဲ့ . . . ကျေးဇူးတင်ပါတယ် မမလေး . . . နောက် ကျွန်တော့်  အကူအညီလိုခဲ့ရင် အချိန်မရွေး ဆက်သွယ်လိုက်ပါ . . . အခုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး’

‘ကောင်းပြီ’

အနှီ ပုဂ္ဂိုလ် ထွက်သွားတော့ ‘သျှင်မင်းခ’၏ အချက်အလက်အချို့ကို သူမရုံးခန်းထဲမှာ နောက်တစ်ကြိမ် ထပ်ဖတ်ရင်း ပြုံးနေပြန်၏ ။ နောက် သူမက မျက်လုံးကလေးတွေ ကို မှေးစင်းထားလိုက်၏ ။

သူမရဲ့ ဦးနှောက်ထဲမှာ တော့ တစ်စုံတစ်ခုကိုထောင့်စေ့စေ့ အကွက်ကျကျ ဖြစ်အောင် တွေးတောကြံစည် တွက်ချက်နေပြီဆိုတာကိုတော့ ပြောစရာမလိုလောက်တော့ပါ။

*


‘မယ်မဒီ’

မယ်မဒီ . . . ဆိုတာ တခြားသူမဟုတ်။ မြန်မာနိုင်ငံတွင် အချမ်းသာဆုံးစာရင်းဝင် ‘ဦးထက်ခေါင်’၏ တရားဝင်ဒုတိယမြောက်ဇနီး ဖြစ်သည်။

ဦးထက်ခေါင်၏ ချမ်းသာကြွယ်ဝမှု က မြန်မာပြည်တွင် မက အာရှတလွှားမှာ ပင် နာမည် ကြီး သည်။ ကုမ္ပဏီတွေ ဆိုသည်ကလည်း ပြည်တွင်းပြည်ပ လက်ညှိုးထိုးမလွဲပေ။

ဦးထက်ခေါင်က အိမ်နီးချင်းနိုင်ငံတွေ ကို ထမင်းစားရေသောက် ကူးချည်သန်းချည် သွားလာလုပ်ကိုင်ပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေပေမယ့် မြန်မာပြည် မှာ မွေးပြီး မြန်မာလူမျိုး တစ်ယောက် ဖြစ်သဖြင့် မြန်မာပြည်ကိုတော့ အတော် သံယောဇဉ်ကြီးသူ ဖြစ်၏ ။ မြန်မာလူနေမှု စရိုက်၊ မြန်မာ့စိတ်ရင်းနှင့် မြန်မာ့တောတောင်ရေမြေသဘာဝတို့ကို အင်မတန်ချစ်မြတ်နိုးသည်။

သို့ ကြောင့် လည်း မြန်မာပြည်မှာ ပင် အခြေချနေထိုင်ခဲ့ခြင်း ဖြစ်သည်။ အိမ်ထောင်ပြုတော့ လည်း ၀ိုင်းဝိုင်းလည်နေသည့်နိုင်ငံစုံ မိန်းကလေးများ ကြားမှ မြန်မာမိန်းကလေးစစ်စစ်ကိုသာ ဘ၀ကြင်ဖော်အ ဖြစ် ရွေးချယ်ခဲ့၏ ။

ဦးထက်ခေါင်နှင့် မယ်မဒီတို့ စတင်ဆုံဆည်းခဲ့ပုံက ဘာမှမထူးဆန်းတဲ့ မြန်မာဗီဒီယိုရုပ်ရှင် ဇာတ်လမ်းထဲက အတိုင်းပင် ဖြစ်၏ ။ ဦးထက်ခေါင် ပိုင်ဆိုင်ထားသည့် ကုမ္ပဏီပေါင်းများ စွာ ထဲက ကုမ္ပဏီ တစ်ခုမှာ မယ်မဒီ အလုပ်ဝင်မိရာမှ ဇာတ်လမ်းစ, သည်ဟု ဆိုကြပါစို့။

သူမကရိုးသားကြိုးစားသည်။ သူမ၏ အလုပ်တာဝန်အပေါ်မှာ အာရုံအပြည့်ရှိ၏ ။ သူမကြောင့် တစ်စုံတစ်ရာ လစ်ဟာမှားယွင်းမှု မျိုး မ ဖြစ်စေရ။ ပြီးတော့ သူမအလုပ်တာဝန်အတွက် အပြည့်အ၀ တာဝန်ယူလုပ်ကိုင်ရဲ၏ ။

စသည့် . . . မယ်မဒီ၏ ကောင်းသတင်းတွေ ကို ဦးထက်ခေါင် သတိထားမိခဲ့တာ ကြာပြီ ဖြစ်ပေမယ့် လူကိုတော့ မမြင်ဖူးသေးပေ။

တစ်နေ့ . . .

မယ်မဒီ ရုံးကအပြန်တွင် ကားအချင်းချင်း တိမ်းရှောင်ရာမှ ယိမ်းထွက်လာသည့် မာစီးဒီး တံဆိပ် ကားအကောင်းစားတစ်စီးနှင့် ပွတ်တိုက်မိသွားသည်။

ဖြစ်ချင်တော့ . . . ထိုကားပိုင်ရှင်းက သူမ၏ အလုပ်ရှင် သူဌေး ဦးထက်ခေါင်၏ ကား ဖြစ်နေ ခဲ့သည်။ မည် သို့ မျှမပြောပလောက်သည့် မ ဖြစ်စလောက် ဒဏ်ရာလေး တစ်ခုက သူမဘ၀ကို ပဉ္စလက်ဆန်ဆန် အကြီးအကျယ် ပြောင်းလဲသွားစေခဲ့ပါသည်။

ရုပ်ရည်ရူပကာ ချောမော ပြေပြစ်သော . . . အမေအိုကြီးကို သားသမီးကောင်းပီသစွာ အလုပ်အကျွေးပြုနေသော . . . မယ်မဒီကို ဦးထက်ခေါင် တစ်ယောက် မြင်မြင်ချင်းမေတ္တာ သက်ဝင်ခဲ့၏ ။

အသက် ၂၀ ကျော်မျှ ကွာဟသော . . . မုဆိုးဖို တစ်ယောက် ဖြစ်နေသော . . . အလွန် အမင်း ချမ်းသာကြွယ်ဝသော ဦးထက်ခေါင်ကို သူမကသိပ်မကြာလှတဲ့ အချိန် အခိုက်အတန့် ကလေးတစ်ခု အတွင်းမှာ ပဲ ‘အချစ်’ ဆိုသည့် အရာကို နားမလည်စွာ ဖြင့် ခေါင်းညိတ် လက်ခံခဲ့ သည်။

သူမသဘောဆန္ဒအရ ရုံးတက်လက်မှတ်ထိုးပြီး အကျဉ်းရုံးမင်္ဂလာဆောင်လိုက်တယ် ဆိုရင်ပဲ သူမဘ၀က နေ့ချင်း ညချင်းဆိုသလို သူဌေးကြီး ဦးထက်ခေါင်၏ ဇနီးသည် ဘ၀ကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

ဦးထက်ခေါင်က သူမကို အသည်းပေါက်မတတ် ချစ်မြတ်နိုးခဲ့သည်။ သူမမျက်နှာ တစ်ချက် မညှိုးစေရ။ သူမ အမေအိုကြီးကိုလည်း ခြွေရံသင်းပင်းအပြည့်အစုံဖြင့် လိုလေသေးမရှိအောင် ပြည့်ပြည့်စုံစုံ ထားပေး၏ ။ အမေ တစ်ယောက် လိုလည်း လေးလေးစားစား ဆက်ဆံခဲ့သည်။

ပြသနာကသူမ အမေအိုကြီး ဆုံးပါးသွားရာမှအစပြုသည်။

နေ့မြင် ညပျောက်တတ်သည့် သေခြင်းတရားကို သဘောပေါက်သည့် ဦးထက်ခေါင်က သူမသေခင် မျိုးဆက်အနေဖြင့် သားသမီးလိုချင်သည်။ သည်ကိစ္စအတွက် သူမကို အမျိုးမျိုး ဖျောင်းဖျပြောဆိုပေမယ့် လက်မခံ။ ခါးခါးသီးသီးငြင်း၏ ။

ဦးထက်ခေါင်နှင့် သူမတို့၏ မင်္ဂလာသက် တစ်နှစ် ကျော်မှစပြီး သူမတို့ အိမ်ထောင်ရေး အဆင်မပြေတော့ပေ။ တစ်နေ့တခြား သွေးအေးပြီး စိမ်းကားလာသည့်သူမကို . . . ဦးထက်ခေါင် ဘက်က စပြီးအလိုက်တသိကွာရှင်းပြတ်စဲဖို့ ပြောလာခဲ့၏ ။

နဂိုကတည်းက အမေအိုကြီး ကျန်းမာရေး ကိုငဲ့ကွက်ပြီး တည်ဆောက်လာခဲ့သည့် အချစ်မပါတဲ့ သည်အိမ်ထောင်ရေး ကြီးကို အခုအချိန်မှာ အမေလည်း မရှိတော့ပြီမို့ အလွယ်တကူပင် ခေါင်းညိတ်ပေးခဲ့၏ ။

သံယောဇဉ်ကြီးလှသည့် ဦးထက်ခေါင်က သူမ စိတ်ချမ်းသာမှု အတွက် တမင် စွန့်လွှတ် အနစ်နာခံပြီး ကွာရှင်းပေးကာ သူပိုင်ဆိုင်သည့် မြန်မာပြည်တွင်းရှိ ကုမ္ပဏီအချို့ကို သူမနာမည် ဖြင့် တရားဝင်လွဲပြောင်းပေးခဲ့သည်။

နောက်တော့ . . . ဦးထက်ခေါင် တစ်ယောက် သူချစ်မြတ်နိုးလှသည့် မြန်မာပြည်ကို အပြီးတိုင် စွန့်ခွာပြီး စင်ကာပူမှာ အခြေချ နေထိုင်သွားခဲ့ပြီ ဖြစ်သည်။

မယ်မဒီ . . .

သူမ ကတော့ သူဌေးမလေးအ ဖြစ်နှင့် ရန်ကုန်မြို့မှာ တစ်ကိုယ်တည်း နေထိုင်ရင်း ဘ၀ကို အထီးကျန်ဆန်ဆန် ဖြတ်သန်းလာခဲ့သည်မှာ ယခုဆိုလျှင် လေးနှစ် ကျော်လာခဲ့ပြီ ဖြစ်၏ ။

အများ ရဲ့ အမြင်မှာ တော့ သူမဘ၀က ငွေပုံပေါ်မှာ ထိုင်ပြီး လိုတရနေသည့် နတ်သမီးလေး တစ်ပါး။ သို့ ပေမယ့် သူမ ဘ၀က အင်မတန် ခြောက်ကပ်ပျင်းရိဖွယ် ဖြစ်နေသည်။

သူမအတွက် တိုးတိုးဖော်မရှိ။ အားပေးနှစ် သိမ့်ပေးမည့် သူ မရှိ။ ဘယ်အရေး ကိစ္စကိုမဆို သူမတစ်ကိုယ်တည်း၏ ကြိုးစားရွေးချယ်ဆုံးဖြတ်မှု နှင့် ပင် နေလာခဲ့ရသည်။

ယခုမူ . . .

သူမရဲ့ ခြောက်သွေ့ ပူလောင်နေလွန်းလှတဲ့ ဘ၀ ကန္တာရလေးကို စိမ်းလန်းစိုပြည်လာစေ မည့်  အိုအေစစ်ကလေးတစ်ခုကို မနေ့က ရန်ကင်းစင်တာမှာ shopping ထွက်ရင်း ဘုရားပေးတဲ့ လက်ဆောင်မွန်အ ဖြစ် သူ့ကို သူမတွေ့ ခဲ့ရသည်။

သားနား သပ်ရပ်ပြီး smart ကျသော . . . ဆွဲဆောင် ညှို့ငင်နိုင်မှု တို့ လွန်ကဲနေသော ပြုံးစစနှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်သော ယောက်ျား အချင်းချင်းပင် ငေးယူရလောက်သော သူ့ကို မြင်မြင်ချင်း သူမ ရင်ခုန်သွားမိသည်။

ဒါဟာ . . . သူမရဲ့ ပထမဆုံးသော နှလုံးသား ခံစားမှု ရင်ခုန်သံ စစ်စစ်။ ထို့ထက် ပိုမိုတိကျအောင်ဆိုရလျှင် . . . သူမရဲ့ အချစ်စိတ်တို့ ရုတ်တရက် နိုးထလာခဲ့၏ ။

သူမဘ၀တစ်လျှောက်မှာ မည် သည့်ယောက်ျားတစ်ယာက်ကိုမှ စိတ်မ၀င်စား၊ မချစ်ခဲ့။

သူ့ကို မြင်ပြီးသွားမှ . . .

မျက်ဝန်းထဲ . . . နှလုံးသားထဲ . . . ဦးနှောက်ထဲမှာ . . . ဘယ်လိုမှ မေ့ဖျောက် မရနိုင်သော သူ့ရဲ့ အပြုံး . . . သူ့ရဲ့ ညှို့မျက်ဝန်းတို့ ပြုစားနိုင်လွန်းမှု ကြောင်း သူ့ Biography ကို သူမ မရမက ချက်ချင်း စုံစမ်းခိုင်းလိုက်မိ၏ ။ သို့အတွက်လည်း သူမကိုယ် သူမ အံ့သြနေမိ၏ ။

ယောက်ျား တစ်ယောက် ကို ကိုယ့်ဘက်က စတင် ရင်ခုန်ပြီး စုံစမ်းခိုင်းရတဲ့ အ ဖြစ်က မိန်းကလေး တစ်ယောက် အတွက် ရှက်ရွံ့ဖွယ်ဆိုသော်ငြားလည်း. . . သူမမတတ်နိုင်တော့။

အရမ်းချစ်ခဲ့မိသည်ကိုး။

ရှေ့ဆက် . . . သူမ ဘယ်လိုခရီးဆက်ပြီး ဘာတွေ လုပ်မယ်ဆိုသည်ကိုတော့ သူမကလွဲပြီး မည် သူမျှ သိနိုင်မည် မဟုတ်ပေ . . .။

*


His Pride is wounded possibly

More than his heart.

(Maric Corelli)

သူ့နှလုံးသားကို ထိခိုက်မိတာထက်

သူ့မာနနဲ့ဂုဏ်သိက္ခာကို ထိခိုက်မိတာက

ပိုမယ်ထင်ပါတယ် . . .။

*


(C)

သည်ကနေ့ဟာ သာမန်ထက် မထူးခြားလှသော နေ့တစ်နေ့ ဖြစ်သော်လည်း ‘သျှင်မင်းခ’ အတွက် ကတော့ သည်ကနေ့ဟာ ပျော်ရွှင်လန်းဆန်းမှု တို့ကို ပေးစွမ်းထား၏ ။

သာမန်ထက် အနည်းငယ်လေး ပိုပိုသာသာ ပြင်ဆင်ပြီးချိန်မှာ တော့ သူ့အတွက် အပြင်ထွက်ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။

အပြင် ဆိုပေမယ့် . . . တခြား ထူးထူးခြားခြားနေရာတွေ ကို သွားဖို့မဟုတ်။

ဝယ်နေကျ ဆေးဆိုင်နှင့် Shopping Mall တစ်ခုခုကို လိုအပ်တဲ့ ဆေးဝါး အသုံးအဆောင် ပစ္စည်းတွေ သွားဝယ်ဖို့ ဖြစ်သည်။

သူရွှင်ပျနေရသည့် အကြောင်းက ဒါပဲ ဖြစ်သည်။ သူ့ရဲ့ များ လှစွာ သော ချစ်သူ (girlfriend) တွေ ထဲကမှ ‘မသီတာ’ ဆိုသည့် သူဌေးသမီးလေးထံမှ သူ ကြံဖန်တောင်းထားသည့် ငွေ ၁၅ သိန်းတိတိကို ပူပူနွေးနွေးရရှိထားသော ကြောင့် ဖြစ်သည်။

Junction Centre (မော်တင်) ကိုရောက်တော့ မိခင် ဖြစ်သူနှင့် ညီမလေးတို့အတွက် ဆေးဝါး၊ အသုံးအဆောင်နှင့် စားသောက်ဖွယ်ရာ သစ်သီးဝလံတို့ကို အစုံအလင်ဝယ် ဖြစ်ခဲ့၏ ။

သူ အိမ်ကို ပြန်ရောက်တော့ ည ၉ နာရီပင် ထိုးလုပြီ။ လှေကားထစ် ဖိနပ်ချွတ်မှာ ဖိနပ်ချွတ်မည် လုပ်တော့ -

‘နောက်ကျလိုက်တာ သားရယ် . . . ဟယ် . . . ပစ္စည်းတွေ ကလည်း မနည်းပါလား’

အမေ ဖြစ်သူက ဆီးပြောလိုက်ခြင်း ဖြစ်၏ ။ သူ ဖိနပ်ချွတ်ပြီး အမေ ဖြစ်သူကို ပြုံးပြလိုက်ကာ-

‘ဟုတ်တယ် အမေရဲ့ . . . ဒီနေ့ ကုမ္ပဏီက Bonus ထုတ်ပေးနေတာနဲ့ လိုအပ်တဲ့ ပစ္စည်းလေးတွေ ၀င်ဝယ်နေတာနဲ့ နောက်ကျသွားတာ . . . ဒါနဲ့ အမေတို့ ထမင်းစားပြီးကြပြီလား’

‘သားရယ် . . . ဘယ်တုန်းက လူမစုံဘဲနဲ့ အမေ ထမင်းစားလို့လဲ . . . ဒါနဲ့ နေပါဦး . . . သားတို့ ကုမ္ပဏီက လခထုတ်ရက်လည်း မဟုတ်ဘဲနဲ့ . . . ဘယ်လိုလုပ် . . .’

‘သြော် . . . ဒါက Bonus . . . အပိုဆုကြေးလေ၊ လခမှ မဟုတ်တာ’

‘ဟုတ်လား . . . အမေ ကတော့ နားမလည်ပါဘူးကွယ်၊ ငါ့သားလေး အဆင်ပြေရင် ပြီးတာပါပဲ . . . အင်း . . . ငါ့သားလေးလည်း အရွယ်နဲ့ မလိုက်အောင် ပင်ပန်းဆင်းရဲလှပါပြီကွယ်’

အမေ ဖြစ်သူက သူ့စကားကို ယုံကြည်နေသဖြင့် သူ သက်ပြင်းခိုးချလိုက်ပြီး အမြန် စကားလမ်းလွဲထားလိုက်ရ၏ ။

‘ကဲပါ အမေရယ် . . . အဲဒီ စိတ်ဆင်းရဲစရာကိစ္စတွေ ကို ပြန်ပြောမနေပါနဲ့တော့ . . . အခုလို အမေ့ကို သားလုပ်ကျွေးခွင့်ရတာ ကိုပဲ သားကျေနပ်နေတာပါ အမေရယ်’

‘သာဓုပါတော် . . . သာဓု . . . သာဓု’

‘ဒီမှာ အမေကြိုက်တဲ့ ထမင်းပေါင်းနဲ့ ညီမလေးအကြိုက် ဒန်ပေါက်တွေ ၀ယ်လာခဲ့တယ် . . . သြော် . . . ဒါနဲ့ . . . အမေ . . . ညီမလေးရော . . .’

ရောက်ကတည်းက အရိပ်အယောင်ပင် မတွေ့ ရသေးသဖြင့် ညီမ ဖြစ်သူကို ဝေ့၀ဲ ရှာဖွေရင်းမှ သူ မေးလိုက်သည်။

‘အစော ကတော့ အိမ်ပေါက်ဝမှာ ငါ့သားအလာကို ထွက်မျှော်နေသေးတယ် . . . နောက်တော့ ၀င်အိပ်သွားရော၊ သွား . . . သွား ညီမလေးကို ၀င်နှိုးလိုက်ဦး . . . ဘာမှစားရသေး တာ မဟုတ်ဘူး’

‘ဟုတ်ကဲ့ အမေ၊ သား သွားနှိုးလိုက်ဦးမယ်’

ထသွားသည့် သား ဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း . . . ဒေါ်သျှင်မိ တစ်ယောက် မျက်ရည်ဝဲနေမိ၏ ။

အရွယ်ထက် ပိုအိုစာနေသည့် ဒေါ်သျှင်မိ။

တစ်ချိန်က ရွှေထီးဆောင်းခဲ့တာတွေ ကို ပြည်ဖုံးကားချပြီး လက်ရှိဘ၀ကို ကျေနပ်လက်ခံဖို့ ကြိုးစားပြီး ဘုရားတရားကိုသာ စိတ်နှစ် ထားခဲ့တယ် ဆိုပေမယ့် . . . သားနဲ့ သမီးအတွက် စိတ်မကောင်း ဖြစ်နေမိသည် ကတော့ မိခင် တစ်ယောက် ရဲ့ အဖြူရောင် အတ္တပင် ဖြစ်ပါလိမ့်မည် ။

‘ဖြူဖြူ . . . ညီမလေး . . . ထ . . . ထ . . . ကိုကို . . . ပြန်ရောက်နေပြီ’

ကြည့်ပါဦး . . . ကြမ်းပြင်ပေါ်မှာ လူးလိမ့်နေတဲ့ . . . သနားစရာ ညီမလေး . . .

သူ အသာအယာ လှုပ်နှိုးလိုက်တော့မှ ညီမ ဖြစ်သူ ဖြူနှင်းခ တစ်ယောက် အိပ်ချင်မူးတူးပုံ ဖြင့် ထထိုင်ပြီး အစ်ကို ဖြစ်သူကို တွေ့ သွားကာ -

‘ဟာ . . . ကိုကို’ ဆိုပြီး ၀မ်းသာအားရ ထဖက်လိုက်၏ ။

‘ကဲ . . . မြန်မြန်ထ၊ ညီမလေးအတွက် မြို့ထဲကနေ ကိုကို ဒန်ပေါက်တွေ ၀ယ်လာတယ်’

ဖြူနှင်းခက အစ်ကို ဖြစ်သူရဲ့ စကားကို နှုတ်ခမ်းကလေးစူ၊ မျက်ခုံးကလေး တွန့်ပြီး တွေးတွေးဆဆဖြင့် -

‘ဟင် . . . ကိုကိုကလဲ . . . ၀ယ်လာမှတော့ ဒန်အိုးအကောင်းတွေ ၀ယ်လာမှပေါ့ . . . ဘာ ဖြစ်လို့ အပေါက်ကြီးတွေ ၀ယ်လာခဲ့ရတာ လဲ’

ဖြူနှင်းခ အပြောကြောင့် သူတင်မက အပြင်က အမေ ဖြစ်သူပါ သဘောတကျရယ် ဖြစ်၏ ။

‘ဟင်း . . . ဟင်း . . . ဟင်း . . . ငါ့သမီးလေး ကတော့ လုပ်ပြီ . . . ဟင်း . . . ဟင်း’

ဟုတ်ပါရဲ့ ။ အဖေ ဆုံးပြီးကတည်းက အခုလို အမေ ဟက်ဟက်ပက်ပက် မရယ် ဖြစ်တာ ဘယ်လောက်ကြာနေပြီလဲ . . .

‘သြော် . . . ညီမလေးရယ် . . . ကိုကို ပြောတာက . . . ဒန်အိုးအပေါက်ကြီးကို ပြောတာ မဟုတ်ဘူးလေ . . . ဒါက ညီမလေး အရမ်းကြိုက်တယ် ဆိုတဲ့ ကြက်သားကြော်နဲ့စားရတဲ့ စားစရာ ဒန်ပေါက်’

သူက ညီမလေး နားလည်အောင် ရှင်းပြတော့ ညီမ ဖြစ်သူက . . .

‘ဟုတ်လား . . . ညီမလေးက အဲဒါကိုကြိုက်တယ် . . . စားရော စားဖူးလို့လား ကိုကိုရယ်’

ညီမလေး၏ အရိုးခံစကားကြောင့် သူရော အမေပါ ရင်ထဲ ဆို့သွားရ၏ ။

တစ်ချိန်က မင်းသမီးလေး တစ်ပါးလို လိုတ,ရခဲ့သည့် ညီမလေး တစ်ယောက် သူသိပ်ကြိုက် တဲ့ ဒန်ပေါက် နာမည် ကိုတောင် မရင်းနှီးနိုင်တော့ပါလား . . .

သူတွေးရင်း ၀မ်းနည်းလာသဖြင့် စကားလမ်းလွဲပစ်လိုက်ရသည်။

‘ကဲ . . . လာ၊ မစားဖူးသေးရင်လည်း စားကြည့်လိုက်ရအောင်၊ သွား . . . ပန်းကန်တွေ ယူခဲ့ . . . ဟုတ်ပြီလား ’

‘ဟုတ်’

ညီမလေးထွက်သွားတော့ သူ အမေ့ကို လှည့်ပြောလိုက်၏ ။

‘အမေ . . . ဒါက အမေ့အတွက် ဆေးတွေ ၊ ဒီဘက်က ညီမလေးအတွက် ဆေးတွေ ၊ နောက် အပတ်ထဲမှာ . . . အမေရော ညီမလေးရော ဆေးခန်းသွားဖို့ရှိတယ်နော်၊ မေ့နေမှာ စိုးလို့’

အမေ ဖြစ်သူက တစ်ချက်ပြုံးလိုက်ပြီး

‘အမေ့အတွက်က မလိုတော့ပါဘူး သားရယ် . . . အမေနေလို့ ကောင်းပါတယ်. . . သားညီမလေးအတွက်သာ ဂရုစိုက်ပြီး ကုပေးပါ . . . အမေ မရှိတော့ရင်’

‘ဟာ . . . အမေကလဲ၊ ဘယ်လိုစကားတွေ ပြောနေတာလဲ’

သူ စကားမဆုံးခင် ဖြတ်ပြောလိုက်၏ ။

‘သားရယ် . . . လူဆိုတာ သေမျိုးတွေ ချည်းပါပဲကွယ် . . . အဲဒီ တော့ . . .’

‘ကဲ . . . အမေ . . . အဲဒီ တော့ မနေနဲ့တော့၊ ဒါက သား အမေ့ကို ကန်တော့တာ၊ ဦးလှဝင်းတို့ အကြွေးတွေ ကို အမေ အဆင်ပြေသလို ဖဲ့ဖဲ့ ဆပ်ထားပေါ့’

ပြောပြောဆိုဆိုဖြင့် ပိုက်ဆံ တစ်ထပ်ကို မိခင်ရှေ့မှာ ချပြီး ထိုင်ကန်တော့လိုက်၏ ။

ဒါကို ပန်းကန်တွေ ယူလာသည့် ဖြူနှင်းခမြင်သွားပြီး . . . သူမပါ ရောကန်တော့နေ၏ ။

ဒေါ်သျှင်မိ တစ်ယောက် သားနှင့် သမီးကိုကြည့်ပြီး ခေါင်း တညိတ်ညိတ်နှင့် ဆုတွေ ပေး လိုက်သည်။

‘သာဓုပါကွယ် . . . သာဓု . . . သာဓု၊ ငါ့သားနဲ့ သမီး ဘုန်းကြီးလို့ အသက်ရှည်ပါစေ၊ သူတော် ကောင်းတွေ နဲ့ တွေ့ ပါစေကွယ်’

‘ပေးတဲ့ဆုနဲ့ ပြည့်ပါစေ’

သူပြန်ပြောတော့ ညီမ ဖြစ်သူက နားမလည်ပုံဖြင့် မအေကို တစ်လှည့် . . . အစ်ကိုကို တစ်လှည့် . . . ကြည့်နေ၏ ။

ဘာမှတော့ ၀င်မပြောချ။

‘ဟဲ့ . . . သား၊ ပိုက်ဆံတွေ က များ လှချည်လား’

‘ဟုတ်တယ် . . . သူဌေးက သားအကြံပေးတဲ့ project တစ်ခုကို လုပ်လိုက်တာ အောင်မြင်သွားတယ်လေ . . . ဒါနဲ့ သားကို ဂုဏ်ပြုလိုက်တာ’

မိခင်မျက်နှာကို သူ မကြည့်ရဲဘဲ မလုံမလဲနှင့် အဖြေပေးလိုက် ၏ ။

‘အေးပါကွယ် . . . ဒီလိုကြားရတော့ အမေ ၀မ်းသာပါတယ်၊ သားတို့ အလုပ်တွေ ကို အမေ နားလည်းမလည်ပါဘူး၊ သမ္မာအာဇီဝနဲ့ ရှာလို့ရဖို့ အဓိကပဲ . . . မျိုမကျတဲ့ ထမင်းလုတ်မျိုးတော့ အမေ မစားချင်ဘူးကွယ်’

‘သြော် . . .အမေရယ် . . .သားက အမေ့သားပါဗျ . . .သူများ မျက်ရည်ပေါက်ကြီးငယ် ကျမှ ပိုက်ဆံရမယ့် အလုပ်မျိုးကို သားမလုပ်ပါဘူး . . . အမေ့ကို သမ္မာအာဇီဝအလုပ်နဲ့ပဲ ရှာကျွေး တာပါ၊ ကဲ . . . ကဲ . . . မအေးခင် စားကြရအောင်’

စကားစကို အလျင်အမြန်ဖြတ်ပြီး . . . အသင့်ပြင်ပြီးသည့် ထမင်းပေါင်း ပန်းကန်ကို အမေ့ရှေ့သို့ . . . သူ. . . အသာထိုးပေးလိုက် သည်။

ဖြူနှင်းခ ကတော့ -

‘အဟီး . . . ကိုကို ၀ယ်လာတဲ့ ဒန်အိုးအပေါက်က စားလို့တော့ ကောင်းသား . . . ညီမလေး ကြိုက်တယ် ကိုကို’ ဆိုပြီး ခေါင်းမဖော်တမ်း စားနေလေ၏ ။

မြိန်ရေရှက်ရေ စားသောက်နေသည့် မိခင်နှင့် ညီမတို့ကို ကြည့်ပြီး သက်ပြင်းရှည် တစ်ချက် နှင့် အတူ . . . သူ မချိပြုံး ပြုံးနေမိ၏ ။

ညအိပ်ယာဝင်တော့ သူ အိပ်လို့မပျော် ဖြစ်နေ၏ ။

အမေနှင့် ညီမလေးတို့ ကတော့ တခူးခူး တခေါခေါဖြင့် နှစ် နှစ် ခြိုက်ခြိုက်ပင် အိပ်ပျော်သွား ကြပြီ ဖြစ်သည်။

သူ အိပ်မပျော်တော့သည်နှင့် အိမ်ရှေ့မှာ ထွက်ထိုင်လိုက်မိသည်။

ခံတွင်း ခပ်ချဉ်ချဉ် ဖြစ်လာသည်ကြောင့် အိမ်ထဲကို စီးကရက်နှင့် မီးခြစ်ပြန်ဝင်ယူပြီး ရှိုက်ဖွာနေမိ၏ ။

ဆောင်းကုန်စ နွေအကူးမို့ . . . လေးရူးလေးတွေ က တဖြူးဖြူးတိုက်ခတ်နေ၏ ။

လခြမ်းကွေးကွေးလေး ကတော့ ကြယ်တစ်သော င်း ခြံရံကာ ကမ္ဘာလောကကြီးကို တစေ့တစောင်း အကဲခတ်နေပုံရသည်။

သူ ကတော့ ရှေ့ဆက်ရဦးမည့်  ဘ၀သုံးခု အကြောင်းတွေ နှင့် အတူ အတိတ်က မိသားစုလေးရဲ့ ပျော်ရွှင်ဖွယ်နေ့ရက်တွေ အကြောင်းတို့ကို အလိုလို တွေးမိလျက်သား ဖြစ်နေလေတော့၏ ။

ကံကြမ္မာဆိုတာ . . .

စည်းစနစ်ကျကျ သင်ယူပြီး

ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့

ပဉ္စလက်ပညာရှင် တစ်ဦး ဖြစ်တယ် . . .။

သူ့ လက်တော် ထဲမှာ

(အရာရာဟာ) အိပ်မက်ဆန်ဆန်

ပြောင်းလဲသွားစေနိုင်တယ် . . .

*


အတိတ် - (၁)

သျှင်မင်းခ . . .

သူ၏ ငယ်စဉ်ဘ၀သည် ယခုကဲ့သို့ မကြမ်းတမ်း မခက်ထန်ခဲ့။ ရွှေပုံပေါ်မှာ ထိုင်ပြီး လက်ညှိုးထိုးခိုင်းစေခဲ့ရသည့် ဘ၀မျိုး။

ဆောက်လုပ်ရေး ကုမ္ပဏီနှစ် ခုကို အောင်အောင်မြင်မြင် ထူထောင်ထားသော ဖခင်၏ စီးပွားရေး ၀င်ငွေ အခြေခံကောင်းမှု ၊ အိမ်တွင်းရေး တာဝန်ကို ဘာတစ်ခုမှ မလစ်ဟင်းစေအောင် တာဝန်ယူခဲ့သည့် မိခင်၏ အိမ်ထောင်ရှင်မ ပီသမှု နှင့် အတူ အိမ်အကူ မိန်းကလေးသုံးဦးတို့ ကြားမှာ သူ့ဘ၀က မင်းသားလေး တစ်ပါးလို လိုတ,ရခဲ့၏ ။

သူ့အသက် ၁၃ နှစ် သား အရွယ်မှာ အမေ ဖြစ်သူက ညီမလေး တစ်ယောက် ကို လက်ဆောင်မွန်အ ဖြစ် လူ့လောကထဲကို မွေးဖွားပေးခဲ့သည်။

ညီမလေး အသက် ၂ နှစ် အရွယ်မှာ ဖခင် ဖြစ်သူ၏ စီးပွားရေး တွေ ယိမ်းယိုင်လာခဲ့ပြီး မိခင် ဖြစ်သူက ကျန်းမာရေး ချူချာလာခဲ့သည်။

အရှုံးတွေ ပေါ်နေသည့် ကုမ္ပဏီနှစ် ခုရဲ့ စိတ်နှင့် အဖေက အရက်ရဲ့ ကျေးကျွန် တစ်ယောက် ဖြစ်လာခဲ့ပြီး ကြံရာမရဖြင့် လောင်းကစားဘက်ကိုပါ ဖက်တွယ်ခဲ့သည်။

ကုမ္ပဏီတွေ ဒေ၀ါလီခံခဲ့ရသည့်အပြင် အတွင်းပစ္စည်းတွေ ပါ ပြောင်သလင်းခါသွားခဲ့ရ သည်။

အတွင်းပစ္စည်းတွေ နှင့် တိုက်နှင့် ခြံကို ပေါင်ထားသည့်ကိစ္စတွေ ကိုတော့ မိခင်ကြီး လုံးဝမသိ ခဲ့ပေ။

ကံကြမ္မာ၏ အလှည့်အပြောင်းက သိပ်အံ့သြဖို့ကောင်း၏ ။ ၃ နှစ် ဆိုသည့် အချိန်အတိုင်း အတာ တစ်ခုအတွင်းမှာ သူတို့ မိသားစုဘ၀လေးက မထင်မှတ်လောက်အောင်ကို ပြောင်းလဲသွား ခဲ့ရ၏ ။

သူ ၉ တန်းအောင်မြင်သည့်နေ့မှာ ပင် ဖခင် ဖြစ်သူက ကား accident ဖြင့် ပွဲချင်းပြီး တိမ်းပါး သွားခဲ့သည်။

အဆုံးမှာ တော့ . . . ဖခင် ဖြစ်သူရဲ့ စီးပွားရေး ပြဿနာစုံက ကျန်းမာရေး မကောင်းသည့် မိခင် ဖြစ်သူအပေါ်ကို အညှာအတာမဲ့စွာ ဆိုက်ရောက်လာခဲ့သည်။

တိုက်နှင့် ခြံကို အပေါင်ဆုံးအ ဖြစ် လာရောက် အကြောင်းကြားသည့်နေ့က အမေ အံ့သြတုန်လှုပ်ခြင်းကြီးစွာ ဖြင့် shock ရသွားသည်။

ဆေးရုံသို့ ချက်ချင်း ပို့လိုက်နိုင်၍ သာ တော် သေးသည် ဆိုရမည် ။ သို့ သော် အမေ့မှာ နှလုံး ရောဂါ ဖြစ်နေပြီ ဆိုတဲ့အကြောင်းကို သူ သိလိုက်ရ၏ ။

အမေ ဆေးရုံက ဆင်းသည့်နေ့မှာ ပဲ သူတို့ တစ်မိသားစုလုံး ရွှေပြည်သာထဲက တဲသာသာ အိမ်ကလေးတစ်လုံးပေါ်သို့ ရောက်ရှိခဲ့ရလေ၏ ။

စိတ်ထောင်းတော့ ကိုယ်ကြေ . . . ဆိုသလို အမေ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားလုံးချွတ်ခြုံကျသွားခဲ့ရသည်။

သုံးနှစ် သာသာ ညီမလေး ကတော့ လောကကြီးအကြောင်းကို ဘာတစ်ခုမှ ရေရေရာရာ နားမလည်နိုင်သေး။

မ ဖြစ်သာတော့သည့် အခြေအနေမို့ . . .အမေ့ဆန္ဒအရရောပေါ့လေ၊ မင်္ဂလာဦးပစ္စည်းတွေ ဖြစ်သည့် အမေ့ကိုယ်ပေါ်က ရွှေထည် တချို့ကို ထုခွဲကာ သူ့ကို ၁၀ တန်းအောင်,အောင် ကြိုးစားစေခဲ့သည်။

‘နူရာ ၀ဲစွဲ၊ လဲရာ သူခိုးထောင်’ ဆိုသလို သူ့ဘ၀က ‘နေမြင့်လေ အရူးရင့်လေ’‘ညဥ့်နက်လေ အဆိပ်တက်လေ’ ဖြစ်ခဲ့ရ၏ ။

သူတို့မိသားစု ပြောင်းရွှေ့နေထိုင်ရာ ရွှေပြည်သာမှာ မီးလောင်တော့ သူတို့အိမ်ကလေး မီးထဲ ပါသွားခဲ့ရပြန်သည်။ လူကလွဲပြီး ဘာပစ္စည်းမှ မယ်မယ်ရရ မရလိုက်။

အမေ့ကျန်းမာရေး အခြေအနေကလည်း ငွေကြေးကအစ တစစ ဆိုးရွားလာခဲ့၏ ။ သနားစရာ အကောင်းဆုံးနှင့် အဆိုးဆုံးက လူမမယ် ညီမလေး . . .

၎ နှစ် မပြည့်သေးသည့် ညီမလေးခမျာမှာ ပွက်လောရိုက်ဆူညံနေတဲ့ ကမ္ဘာပျက်မတတ် ပြေးလွှားအော်ဟစ်သံတွေ နှင့် အလျှံညီးညီးမီးလျှံတွေ ရဲ့ ၀ါးမျိုမှု အ ဖြစ်အပျက်ဆိုးတွေ ကို သွေးပျက်ဖွယ် တွေ့ မြင်သွားပြီး အာရုံကြောတွေ ထိခိုက်ပျက်စီးသွားခဲ့ရသည်။

ဖြစ်စက စကားပင် မပြောနိုင်ခဲ့။

နောက်မှ တဖြည်းဖြည်း လက်ရှိ အခြေအနေကို ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့ ပေမယ့် ညီမလေး ဦးနှောက်က တခြားသူတွေ လို မဖွံ့ဖြိုးတော့ပေ။

အရပ်စကားနှင့် ပွင့်ပွင့်လင်းလင်းဆိုရပါလျှင် ညီမလေးက ကျပ်မပြည့် ဖြစ်သွားရသည်။

သို့ ဖြင့် ဘ၀ပေးအခြေအနေအရ မိသားစု စားဝတ်နေရေး ကိစ္စအ၀၀တို့က သူ့ပခုံးပေါ်ကို အလိုလို ရောက်လာခဲ့သည်။

တက္ကသိုလ် ဆက်တက်ဖို့ နေနေသာသာ . . . အဝေးသင်ပင် မလျှောက်နိုင်တော့။

သူ့ဘ၀မှာ ပိုင်ဆိုင်သည်ဟူ၍ အဖေအမွေပေးခဲ့သည့် ချောမောသည့် ရုပ်ရည် ရူပကာလေးပင် ကျန်ရစ်ခဲ့တော့သည်။

‘သျှင်မင်းခ’ ၏ မျက်နှာလေးက လက်ရှိဘ၀နှင့် ဘယ်လိုမှ မအပ်စပ်လှစွာ နုဖတ်ချောမွတ်နေသည်။

ခေတ်အဆိုအရ သူ့ရုပ်ရည်က အတော် လန်းသည်။

မိန်းကလေးတွေ မဆိုနှင့် ယောက်ျားလေး အချင်းချင်းပင် လည်ပြန်ငေးကြည့်ယူရလောက် သည်။

တကယ်ကို ကိုရီးယားမင်းသားလေး တစ်ယောက် လို ရှင်းသန့် ကြည်လင်နေ၏ ။

ယခုတော့ . . . အဖေ အမွေပေးခဲ့သည့် တစ်ခုတည်းသော ထိုရုပ်ရည်လေးက မိသားစုကိုရော သူ့ဘ၀ကိုပါ အထောက်အကူပြုလာခဲ့ပါ၏ ။

*


အတိတ် - (၂)

တစ်နေ့ . . .

လမ်းထိပ် ထက်ဖက်ရည်ဆိုင်မှာ ညက ကန်သွားသည့် ဘောလုံးပွဲစဉ်တစ်ခုလုံးကို Relay ပြန်ပြနေသဖြင့် သူ . . . ဘာရယ်မဟုတ် ငေးကြည့်နေစဉ် ရပ်ကွက်ထဲက ‘ဦးကောက်’ ဆိုသူ ရောက်လာ၏ ။

အဆက်အစပ် သိပ်မရှိလျပေမယ့် သူ့စားပွဲမှာ လာထိုင်သည်မို့ လူမှု ရေး အရ သူပြုံးပြလိုက်မိသည်။

‘ဦးကောက်’ ဟု နာမည် ရှေ့က ‘ဦး’ တပ်ခေါ်ဆိုနေကြပေမယ့် အသက်က သုံးဆယ်ကျော်ရုံ မျှသာ ရှိဦးမည် ဟု သူထင်၏ ။

ဦးကောက် ဘာအလုပ် လုပ်သလဲ။ သူ မသိပါ။

ဘာအလုပ်မှ လုပ်တာကိုလည်း သူမမြင်ဖူးမကြားဖူးပါ။

သူ သိထားသလောက် ဦးကောက် အကြောင်း ကတော့ . . . သိပ်မထူးခြားလှပါ။

ဦးကောက်က ကျော့ကျော့လေး နေတတ်သည်။

အမွေးနံ့သာ နှင့် အသန့်အပြန့် အလွန်ကြိုက်ပုံရသည်။

တစ်ဖက်လူ နားဝင်ချိုအောင် . . . စကားကို လိမ္မာ ချိုသာစွာ ပြောဆိုတတ်ပြီး ပိုက်ဆံမကုန်သည့် အပြုံးကို ဖောဖောသီသီ အသုံးပြုတတ်၏ ။

ခပ်ရှင်းရှင်းပြောရလျှင် ဦးကောက်က လူပုံကျော့ကျော့နှင့် အပြောကောင်း မျက်နှာချိုသူ တစ်ဦးဟုပင် သတ်မှတ်ထားကြပါစို့။

‘ဟာ . . . ကိုယ့်ညီက လက်ဖက်ရည်ဆိုင်တွေ ဘာတွေ မထိုင်စဖူး ထိုင်လို့ပါလားကွ’

ဟုတ်ပါသည်။

သူက တခြားရွယ်တူလူပျိုပေါက်လေးတွေ လို လက်ဖက်ရည်ဆိုင် ထိုင်လေ့ထိုင်ထ မရှိ။ အချိန်အခါနှင့် အခြေအနေအရ ထိုင်ဖို့ အချိန်လည်းမရှိ။

အခုတောင် သည်ကနေ့ အလုပ်ပိတ်ထားလို့သာ ဘာရယ် မဟုတ်၊ စိတ်ပြေလက်ပျောက် လာထိုင်မိခြင်း ဖြစ်၏ ။

ပညာအရည်အချင်း ဆယ်တန်းအောင်ထားရုံအဆင့်သာရှိသည့် သူ့ကို ပွဲရုံတစ်ခုမှာ ပင် အောက်ခြေသိမ်း အလုပ်တစ်ခုကို လုပ်ရသည်။

စားဝတ်နေရေး အဆင်ပြေသလိုရှိပေမယ့် အမေ ဖြစ်သူနှင့် ညီမလေးတို့အတွက် ဆေးကုသဖို့ မစွမ်းနိုင်ခဲ့။

တစ်နေ့တခြား ပိန်လှီအိုစာလာခဲ့သည့် အမေ့ကို ကြည့်ကြည့်ပြီး သူ တာဝန်မကျေသလို ခံစားနေရပြီး . . . ညီမလေးအတွက် စိတ်မကောင်း ဖြစ်နေရ၏ ။

မတတ်နိုင်လွန်းသည့်အခြေအနေမို့သာလျှင် . . .

‘အိုး . . . တွေးလှချည်လား၊ ကိုယ်ပြောတာတောာင် မကြားပါလားကွ’

‘သြော် . . . ဦးကောက်၊ ဟို . . . ဘာရယ်မဟုတ်ပါဘူးဗျာ . . . မိသားစု အကြောင်းလေး တွေ တွေးနေမိလို့ပါဗျာ’

‘အေးကွာ . . . ကိုယ့်ညီတို့ မိသားစုအကြောင်းကို တစေ့တစောင်းတော့ ကိုယ်ကြားမိပါတယ်ကွာ . . . စိတ်လည်းမကောင်းပါဘူး . . . ဒါနဲ့ . . . အခု . . .ကိုယ့်ညီ ဘာတွေ လုပ်နေလဲ . . . အဆင်ပြေတယ်မို့လား’

ဦးကောက်အမေးကို သူ သက်ပြင်းတစ်ချက်နှင့် အတူ အမှန်အတိုင်းပဲ ဖြေမိ၏ ။

‘အလုပ် ကတော့ ပွဲရုံတစ်ခုမှာ တောက်တိုမယ်ရ ပေါ့ဗျာ၊ ရေရှည်တော့ မ ဖြစ်ပါဘူး၊ လူပင်ပန်းတာနဲ့ ရတာ နဲ့ မမျှဘူး၊ အခြေအနေအရသာ လုပ်နေရတာ ပါ’

‘ဘ၀ဆိုတာ ဒီလိုပဲပေါ့ကွာ . . . အဲ . . . ဒါပေမယ့်’

စကားစကို ခဏဖြတ်ပြီး ဦးကောက်က သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောသင့်မပြောသင့် စဉ်းစားနေ၏ ။

‘ဘာ . . . ဒါပေမယ့်လည်း ဦးကောက်ရဲ့ ဆက်ပြောလေဗျာ’

ဦးကောက်က သူ့မေးခွန်းအဆုံးမှာ ခေါင်းတစ်ချက်ညိတ်ပြီး ခပ်ဖြည်းဖြည်း ပြောလာခဲ့၏ ။

‘ဒီလိုကွ၊ ကိုယ့်ညီ စိတ်ဝင်စားမယ်ဆိုရင်တော့ ကိုယ့်ဆီမှာ လူသက်သက်သာသာနဲ့ ပိုက်ဆံများများ ရမယ့် အလုပ်တစ်ခုတော့ ရှိတယ်ကွ’

ပိုက်ဆံများများ ရမယ့် အလုပ် . . . ဆိုသည့် အသံကြောင့် သူတော် တော် စိတ်ဝင်စား သွားသည်။

အမေနဲ့ ညီမလေးအတွက် ဆေးဖိုး လိုအပ်နေတယ် မဟုတ်ပါလား . . .

‘ဟာ . . . ဒါဆိုကူညီပေးပါ ဦးကောက်ရယ် . . . ကျေးဇူးမမေ့ပါဘူးဗျာ . . . ဒါနဲ့ အလုပ်က ဘယ်မှာ လုပ်ရမှာ လဲ၊ ဘာအလုပ်လဲ၊ လခကရော ဘယ်လောက်ရမှာ လဲဟင်’

တရစပ် အားတက်သရောမေးလာတဲ့ သူ့မေးခွန်းတွေ ကြောင့် ဦးကောက်ပြုံးနေပုံရ၏ ။ ပြီးမှ-

‘ဖြည်းဖြည်းပေါ့ ကိုယ့်ညီရယ် . . .ပြောမှာ ပေါ့’

‘အဟီး . . .sorry ဗျာ၊ အမေနဲ့ ညီမလေးအတွက် ဆေးကုသစရိတ်ရှာပေးချင်လို့ စိတ်စောပြီး လောသလို ဖြစ်သွားတာပါ . . . အခုမိသားစုရဲ့ တာဝန်က ကျွန်တော့် အပေါ်မှာ မို့ပါ ဦးကောက်ရယ်’

ဦးကောက်က ခေါင်းတညိတ်ညိတ်ဖြင့် -

‘နားလည်ပါတယ် ကိုယ့်ညီရယ် . . . ဒါကြောင့် လည်း ကိုယ် ကူညီပေးဖို့ စဉ်းစားလိုက်တာ ပေါ့၊ နောက်ပြီးကိုယ့်ညီ ရူပါက လန်းနေတာလည်း ပါတာပေါ့ကွာ . . . ဟဲဟဲဟဲ’

ဟင် . . . ဘာဆိုင်လို့လဲ။

အလုပ်လုပ်တာနဲ့ . . . ရုပ်ချောတာ မချောတာက . . . ဘာပတ်သက်လို့လဲ . . .

စိတ်ထဲက တွေးမိပေမယ့် . . . သူ ဘာစောဒကမှ မတက်မိဘဲ ဦးကောက် ဆက်ပြောမည့်  အကြောင်းအရာကိုသာ စိတ်ဝင်တစား နားစွင့်ထား၏ ။

‘ဘယ်လိုပြောရမလဲ ကိုယ့်ညီရာ . . . ကိုယ်တို့အလုပ်က ရူပါလန်းရင် လန်းသလောက်၊ အသက်အရွယ် ငယ်ရွယ်ရင် ငယ်ရွယ်သလောက် . . . ပိုက်ဆံ ပိုရတယ်ကွ. . . ခွင်မိသွားရင် အချိန် တစ်နာရီ နှစ် နာရီ အတွင်းမှာ ငွေ လေးငါးပုံး ခဏလေးနဲ့ ရတဲ့ အလုပ်မျိုးကွ’

သူ ရေရေရာရာ နားမလည်ပေမယ့် ဦးကောက်အပြောမှာ နစ်မျောနေမိတာ ကတော့ အမှန်။

ပြီးတော့ ဒီအလုပ်ကိုလည်း အတော် စိတ်ဝင်စားမိသွား၏ ။

‘ကိုယ့်ညီ ဘယ်လိုသဘောရသလဲ . . . လုပ်နိုင်မှာ လား’

သူ ခပ်မြန်မြန်ပဲ ခေါင်းညိတ်ပြမိသည်။

ဟုတ်တယ်လေ . . . ဒီလိုအခွင့်အရေး မျိုး နှစ် ခါပြန်ရနိုင်မှာ မှ မဟုတ်တာ . . .

‘ဟုတ်ပြီ . . . ဒါပေမယ့် ကိုယ့်ညီရဲ့ ဒီပုံစံအတိုင်းတော့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး . . . ဒီတော့ ညီရဲ့ ဆံပင်ပုံစံက စပြီး ဒီဇိုင်းတွေ အားလုံးပြောင်းပစ်ရမယ်’

‘ဗျာ’

သူ . . . သည်အလုပ်ကို လက်ခံမိပေမယ့် ဦးကောက်ပြောတာတွေ ကိုတော့ ဘာတစ်ခုမှ နားမလည်နိုင်သေး။

‘ကိုယ့်ညီကို ရှင်းပြနေရင် မိုးလင်းသွားလိမ့်မယ် . . . ဒီတော့ မနက်ဖြန် မနက်စောစော ကိုယ်နဲ့ မြို့ထဲကိုသာ လိုက်ခဲ့၊ လုံးဝ လန်းသွားအောင် ကိုယ်တာဝန်ယူ ရွှိုင်းပေးမယ် . . . ဟုတ်ပလား’

‘ဦး . . . ဦးကောက်’

‘ဟေ . . .ဘာမေးဦးမလို့လဲ . . . မေးလေ’

မေးခွန်းတွေ များများ မေးမိသွားသည့်အတွက် ဦးကောက်ကိုသူအားနာသွားမိသည်။

သို့ ပေမယ့် မတတ်နိုင်။ သူပြောစရာရှိတာကိုတော့ ပြောထားရဦးမည် ။

‘ဟို . . . ဒီလိုပါ . . .ကျွန်တော် က ဆယ်တန်းအောင်ထားရုံကလွဲပြီး ဘာအလုပ်မှ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သေးတာ မဟုတ်တော့ . . . အဆင်မှပြေ . . .’

စကားမဆုံးခင် ဦးကောက်က လက်ကာပြသဖြင့် သူ စကားစ ပြတ်သွားရ၏ ။

‘No . . . No . . . ဒီအတွက် ဘာမှ feel ဖြစ်မနေနဲ့၊ ဘာမှတတ်စရာလည်း မလိုဘူး၊ အဓိက အချက်က ညီလေး ယောက်ျားစစ်စစ် ဖြစ်ရင် အားလုံး OK တယ်’

သူ အံ့သြမှင်သက်သွားရပြန်သည်။

ဒါ . . . ဘယ်လိုအလုပ်မျိုးလဲ။ သူမတွေးတတ်တော့ . . .

သို့ ပေမယ့် . . . လူပုံ နုနယ်ပုံပေါက်သည့် သူ့ကို အထင်မမှားစေရန် စကားတစ်ခွန်းတာ့ ပြန်ပြော ဖြစ်အောင် ပြောလိုက်ရ၏ ။

‘ကျွန်တော် ယောက်ျားစစ်စစ်ပါဗျ’

‘ဟားဟား . . . ဟားဟား . . . အေးပါကွာ . . . အေးပါ . . . ငါက သဘောအ ဖြစ်ပြောတာ ပါကွ၊ ကဲကဲ . . . ကိုယ့်ညီဘက်က အလုပ်လုပ်မှာ သေချာသွားပြီဆိုရင် ကိုယ် ဖုန်းလှမ်းချိတ်လိုက် တော့မယ်နော်’

အရယ်တစ်ဝက်ဖြင့် ဦးကောက်က သူ့ကိုမေးသလိုပါပြောလာတော့ သေချာအောင် သူ ခေါင်းအမြန်ညိတ်ပြလိုက်ရသည်။

သူ့ဘက်က သေချာသွားပြီ . . . ဆိုတော့မှ ဦးကောက်က သူ့ ဘောင်းဘီအိတ်ထဲမှ hand phone ကို ထုတ်ပြီး ဖုန်းပြောနေ၏ ။

‘Hi . . . မမခင်၊ နေကောင်းတယ်နော်’

‘××××××’

‘ဟဲဟဲ . . . ဟဲ . . . သိပါတယ်ဗျာ တို့ မမခင်တို့က အမြဲတမ်းဖလန်းဖလန်းထပြီး Active ဖြစ်နေတယ်ဆိုတာ . . . ဟဲဟဲ’

‘××××××’

‘ဟုတ်တယ် . . . အဲဒီ အတွက် တမင် ဦးဦးဖျားဖျား ခေါ်လိုက်တာပေါ့’

‘××××××’

‘ဒါပေါ့ . . . တွေ့ လို့မှ မမခင် ဘက်က No ဆိုရင် ကျွန်တော့် ဘက်က ၁၀ ဆ ပြန်လျော်ပေးမယ်’

‘××××××’

‘အပြောနဲ့အလုပ် ညီ မညီကို မနက်ဖြန် ဆုံတော့မှ ပြောပါလေ . . . ဈေးလား . . . ဈေး ကတော့ ငါးပုံးကိုလုံးဝ အလျှော့အတင်းမရှိဘူးနော်’

‘××××××’

‘Please! ဒီတစ်ခါ ကတော့ တစ်နာရီပဲ ရမယ်မမခင် . . . ကျွန်တော့်  ညီလေးက ဒီအလုပ်နဲ့ ပတ်သက်ပြီး အခုမှ ပထမဆုံးစ,လုပ်မယ့် အစိမ်းသက်သက်လေးမို့ပါ၊ ဒါ . . . ကျွန်တော့်  ဘက်က request လုပ်တာပါ’

‘××××××’

‘ဆယ့်ရှစ်တောင် မပြည့်သေးဘူး၊ နောက်မှ မမခင် စိတ်ကြိုက်လုပ် . . . ဟုတ်ပြီလား’

အခုချိန်ထိ . . . ဘာကိုမှ . . . ဂဃနဏ နားမလည် နိုင်သေးတဲ့ အတွက် သူ အသာပဲ နားစွင့်နေမိသည်။

ဘာတွေ လဲ . . . ဘာအလုပ်လဲ . . . ငါက ဘာလုပ်ရမှာ လဲ။

‘အိုကေလေ . . . အိုကေပါ၊ See you tomorrow’

‘××××××’

‘Bye!’

ဦးကောက်က သူ့ဖုန်းလေးကို စားပွဲပေါ်ချပြီး အပြုံးတစ်ပွင့်နှင့် အတူ -

‘ကဲ . . . ညီလေး၊ မနက်ဖြန်ပဲ အလုပ် စလုပ်ရမယ်၊ တစ်နာရီပဲ လုပ်ရမှာ ပါ’

‘ ဖြစ် . . . ဖြစ်ပါ့မလား . . . ကျွန်တော် အခုထိ ဘာမှ နားလည်သေးတာမဟုတ်ဘူးနော်’

ရယ်စရာ မပါဘဲနှင့် တဟားဟားရယ်နေသည့် ဦးကောက်ကို သူ ခုထိနားမလည်သေးသလိုကြည့်နေမိ၏ ။

‘ဟားဟား . . . အေးဆေးပါကွာ . . . နောက်တော့ တဖြည်းဖြည်းနဲ့ အဆင်ပြေ သွားပါလိမ့်မယ် . . . အလုပ်က သင်ပေးသွားလိမ့်မယ် ဆိုတဲ့ သဘောပေါ့ . . . မနက်ဖြန်အတွက်လည်း ဘာမှ တွေးပူမနေနဲ့ . . . ညီလေးရဲ့ အလုပ်ရှင် မမခင်က အားလုံး သင် သွားလိမ့်မယ်၊ ကိုယ့်ညီ ဒီအလုပ်ကို သဘောကျသွားမှာ ပါကွာ . . . ဟား . . .ဟား . . . ဟား’

အလုံးစုံ သဘောမပေါက်သေးပေမယ့် ဦးကောက်အပြောကြောင့် အနည်းငယ်တော့ စိတ်အေးသွားသဖြင့် ဦးကောက်နှင့် အတူ သူပါ ရောရယ်နေမိ၏ ။

ရင်ထဲမှာ တော့ ဘာကိုမှ ရှင်းရှင်းလင်းလင်း မသိသေးပေ။

‘မနက်ဖြန်တို့ ညီအစ်ကို နှစ် ယောက် မြို့ထဲကိုစောစောလစ်ရမယ်နော် . . . ကိုယ့်ညီ အတွက် . . . အ၀တ်အစားတွေ ၀ယ်ပေးမယ်. . . ပြီးရင် . . . ကိုယ့်အသိ Beauty Saloon တစ်ခု မှာ အားလုံးကို လန်ထွက်သွားအောင် ပုံပြောင်းပေးမယ်၊ သြော် . . . မေ့တော့မလို့၊ ကိုယ် မနက်ဖြန် ညီလေးရဲ့ တစ်နာရီလုပ်အားခကို ငါးပုံးနဲ့ လက်ခံထားတယ် . . . မနက်ဖြန်အတွက် ကုန်ကျစရိတ်အားလုံးနဲ့ ကိုယ့်အတွက် ကော်မရှင် နုတ်လိုက်ရင် . . . ညီလေးအတွက် တစ်ပုံးရမယ်’

‘ဗျာ. . . ဘယ်လို . . . ဘယ်လို . . . ကျွန်တော် က အလုပ်တစ်နာရီ လုပ်ရုံနဲ့ ငွေ တစ်သိန်းကြီးများ တောင် ရမှာ ဟုတ်လား’

ဦးကောက် လက်ကနဲ ပြုံးရင်းမှ ခေါင်းညိတ်ပြသဖြင့် . . . သူ တွေးရင်းပျော်သွားမိ၏ ။

ဘာပဲပြောပြော ဒါဟာ သူ့အတွက်တော့ ဘုရားပေးတဲ့ ဆုပင် ဖြစ်သည်။

အမေ . . .

ပြီးတော့ ညီမလေး . . .

သူ တွေးရင်း မျက်ရည်ပင် စို့သွားမိ၏ ။

‘သား ကြိုးစားမှာ ပါ အမေ . . . အမေနဲ့ ညီမလေးကို သား ရောဂါ ပျောက်အောင် ကုပေး နိုင်အောင် အစွမ်းကုန်ကြိုးစားမှာ ပါ အမေ. . . အရင် အခြေအနေကို ပြန်မရောက်ခဲ့ရင်တောင် အမေနဲ့ ညီမလေးကို လူတန်းစေ့ ထားနိုင်အောင်သားကြိုးစားမှာ ပါ အမေ။ သား ကတိပေးပါတယ် အမေရယ်. . .’

အတွေးနှင့် မျက်ရည်စတွေ ပင် လွင့်ကျလာခဲ့၏ ။

ဘယ်လောက် ခက်ခဲပင်ပန်းတဲ့ အလုပ် ဖြစ်ပါစေ . . . သူ လုပ်ဖို့ ဆုံးဖြတ်ထားမိ၏ ။

သို့ ပေမယ့် . . .

မနက်ဖြန် လုပ်ရတော့မယ့် သူ့ အလုပ်က ဘယ်လိုအလုပ်များ လဲ . . .?

*


No sister flower would be forgiven

If is disdained its brother;

And the sunlight clasps the earth

And the moon beams kiss the sea

(Percy Byssbe Shelley)

ပွင့်လွှာတစ်ဖတ် မပါဘဲနဲ့

ပန်းတစ်ပွင့်တည်း ပွင့်နေတာ ခွင့်မလွှတ်ချင်စရာ . . .

နေရောင် ခြည်က ကမ္ဘာမြေကို ရိုက်ပုတ်

လရောင် က ပင်လယ်ကို နမ်းစုပ်နေလိုက်ပုံများ . . .။

*


အတိတ် - (၃)

မြို့ထဲကို ရောက်ရောက်ချင်း သူ အရင်ဦးဆုံး စ,လုပ်ရသည့် အလုပ်က ဦးကောက် အစီအစဉ်နှင့် အတူ Shopping mall ထဲက နာမည် ကြီးဖက်ရှင်ဆိုင် တစ်ဆိုင်မှာ အ၀တ်အထည်၊ နာရီ၊ မျက်မှန် အစရှိတဲ့ သူ့ဘ၀နှင့် အတော် အလှမ်းဝေးသည့် အသုံးအဆောင်ပစ္စည်း အတော် များများ ကို ၀ယ်ယူရခြင်း ဖြစ်သည်။

နောက်တော့ နာမည် ကြီး Beauty Saloon တစ်ခုထဲမှာ . . . မျက်နှာပေါင်းတင်၊ ဆံပင်ပုံသွင်း၊ ခေါင်းလျှော်၊ ဆေးဆိုးရပြန်၏ ။

ထိုဆိုင်ပိုင်ရှင် မမကြီးက စပြီး ၀န်ထမ်းမိန်းကလေးအကုန်လုံးနှင့် ဦးကောက်က ရင်းနှီးကျွမ်းဝင်နေပုံလည်း ရသည်။

ဦးကောက်နှင့် တွတ်ထိုးနေလိုက်ကြသည်မှာ . . . လက်ပံပင် ဆက်ရက်ကျသလို ဘယ်သူ့ရေမှ ပက်မ၀င်နိုင် ဖြစ်နေ၏ ။ ဆိုင်ရှိ မိန်းကလေးများ ကလည်း အတော် ရဲတင်းပွင့်လင်း လွန်းသည်ဟု သူသတ်မှတ်မိ၏ ။

မိန်းကလေးတွေ တန်မဲ့ . . . လူကို အမျိုးမျိုး စ, နောက်နေကြသည်။ ကြာတော့ သူ မနေ တတ်တော့ . . .

စိတ်ရှုပ်ရှုပ်နှင့် အကူအညီ ရလိုရငြား ဦးကောက်ကို လှမ်းကြည့်ပြန်တော့ ဆိုင်ရှင် မမနှင့် ပွဲကျနေသည်။

‘ဟူး’

သူ သက်ပြင်း တစ်ချက် မှု တ်ထုတ်လိုက်ပြိး မ ဖြစ်တော့တဲ့ အဆုံးမို့ စ,နောက်နေသမျှကို . . . မျက်စိစုံမှိတ်ပြီး မကြားဟန် ပြုနေရ၏ ။

‘အမယ် . . . ကျောက်ရုပ်ကြီးက အရမ်းလန်းတယ်နော် . . . ခစ်ခစ်’

‘အဟိ. . . ဟုတ်တယ်ဟ . . . တကယ့်အမိုက်စားထဲကပဲ’

‘ကောင်မတွေ နော် . . . သူ့ lady ကြားရင် နင်တို့ကို ရိုက်လိမ့်မယ် . . . ကဲဟယ် . . . ကဲ . . .’

‘ခစ်ခစ်ခစ် . . .ခစ်’

‘အဟဲ . . . ဟားဟား . . .’

အခြေအနေကို သဘောပေါက်သွားပုံရသည့် ဦးကောက် ၀င်ပြောတော့မှ သူ သက်သာရာ ရတော့သည်။

‘ဟေ့ . . . သမီးလေးတွေ . . . သြော် . . . ကိုယ့်ညီကို အဲလောက်မနောက်ကြပါနဲ့၊ ကိုယ့်ညီက ရှက်တတ်တယ်’

ဒါကိုပင် မိန်းမချောလေး တစ်ယောက် က အတွန့် တက်သေးသည်။

‘ဟာ . . . ဦးကလဲ . . . သမီးတို့က နောက်တာ မဟုတ်ပါဘူးနော် . . . တကယ် ထိသွားတာ . . . ခစ်ခစ်’

သူမအပြောကြောင့် အားလုံးပွဲကျသွားပြန်၏ ။

‘ဟူး ဒါလည်း ၀ဋ်ကြွေးပဲ’

သူတွေးလိုက်မိ၏ ။

ရှေ့ဆက်ရမယ့်ခရီးက သည့်ထက် အဆပေါင်းများ စွာ ဆိုးရွားဦးမည် ဆိုတာကို သူ ကြိုသိခွင့် ရှိနေခဲ့ရင် . . .

နံနက် ၁၁ နာရီ ထိုးပြီးချိန်မှာ တော့ သူ ၀ဋ်ကျွတ်သါားရ၏ ။

သူ အားလုံးသဘောကျပြင်ဆင်ပြီး အတွင်းခန်းထဲက ထွက်လာချိန်မှာ တော့ ဦးကောက်ပင် ပါးစပ်အဟောင်းသားနှင့် ငေးသွားရသည်။

ကြည့်ပါဦး . . .

Alter Shirt အနက်နှင့် 501 တံဆိပ် ဂျင်း အဖြူနုနုလေးကို လိုက်ဖက်လှစွာ တွဲ ၀တ်ထားပြီး All Star ဖိနပ်ကို ခပ်မိုက်မိုက်လေး စီးထား၏ ။ Rabin မျက်မှန် ဆီးရောင် ကလေးကိုပါ တပ်ထားသည့် သူ့ပုံမှာ ဟောလိဝုဒ်က မင်းသားတွေ ပင် ငိုသွားနိုင်လောက်၏ ။

‘ဟာ . . . ကိုယ့်ညီပုံက လန်းရုံတင်မဟုတ်ဘူး၊ လုံးဝကို ဆန်းသွားပြီကွ’

ကောင်မလေးတွေ ရှေ့မှာ မို့ သူ မနေတတ် မထိုင်တတ်နှင့် ရှက်သွားမိသည်။

‘ဦးကောက်ကလဲဗျာ . . .’

‘ဟယ် . . . တကယ်ပြောတာ၊ မမတောင် လူမှားသွားပြီ’

ဦးကောက် ကတော့ အရယ်တစ်ဝက်ဖြင့် -

‘ကိုယ့်ညီလေးကို နတ်သားလေးလို ဖန်ဆင်းပေးတဲ့အတွက် အားလုံးကို ကျေးဇူးကမ္ဘာပါဗျာ . . . ပြောပါဦး . . . ကိုယ် ဘယ်လိုပေးရမလဲ’

ဆိုင်ရှင် မမကိုပါ တစ်ပါတည်းမေးလိုက်၏ ။

‘ကိုယ့်ဖောက်သည်တွေ ပဲ ထုံးစံအတိုင်းပဲပေးခဲ့ပါ ကိုကောက်ရယ် . . . စကားမစပ် . . . ကိုကောက်ခေါ်လာတဲ့ ကောင်လေးတွေ ထဲမှာ တော့ ဒီ တစ်ယောက် က အလန်းဆုံးပဲ’

ဦးကောက်က သဘောကျသလို တစ်ချက်ပြုံးပြီး ပိုက်ဆံ တစ်ထပ်ကို ထုတ်ပေးလိုက် ၏ ။

ပြီးတော့ သူကိုယ်တိုင် အချောသပ် ထုဆစ်ပုံသွင်းပြီးသွားတဲ့ ပန်းပုရုပ် တစ်ရုပ်လို သူ့ကို ခြေဆုံးခေါင်းဆုံး စေ့စေ့ စပ်စပ်ကြည့်ပြီး . . . ကျေနပ် အားရသွားပုံဖြင့် ခေါင်းတညိတ်ညိတ်နှင့် ပြုံးနေပြန်သည်။

သူ ကတော့ ဇာတ်ဆရာအလိုကျ ဦးကောက် ကြိုးဆွဲရာကိုသာ စည်းချက်အလိုက် လိုက်ကပေးနေရသည်။

အခုထိ ဘာဆိုဘာမျှ နားမလည်နိုင်သေး။ ပိုလို့ပင် ခေါင်းရှုပ်နေရ၏ ။

သေချာသည်က သည်ဆိုင်ကိုခေါ်လာတာ သူက ပထမဆုံးမဟုတ်။ သူ့ရှေ့မှာ ဘယ်နှ ယောက် ခေါ်လာခဲ့ပြီးပြီလဲ . . .

ဒီလိုဆို ဦးကောက်အလုပ်က ဘာလဲ . . .

လူကုန်ကူးတာများ လား . . .

သူ . . . တွေးရင်း ဦးနှောက်ခြောက်လာ၏ ။ မမြင်ရသေးတဲ့ အနာဂတ်ကို တွေးပူမနေ တော့ဘဲ ဦးကောက် ခေါ်ဆောင်ရာကိုသာ အသာ နှုတ်ဆိတ် လိုက်လာခဲ့မိ၏ ။

သူ . . . ဘာဆက်လုပ် ရမလဲ . . .

ဦးကောက်က ဘာအလုပ်လုပ်တယ်ဆိုတာကို . . . မကြာခင် အချိန်အတွင်းမှာ သူ ကောင်းကောင်း နားလည်သဘောပေါက်သွားရတော့မည် မဟုတ်ပါလား . . .

*


အတိတ် - (၄)

မြို့လယ်ခေါင်ဟု ဆိုရမည့်  နာမည် ကြီး coffee bar တစ်ခုမှာ သူနှင့် ဦးကောက်တို့ ထိုင်နေ ကြ၏ ။

‘ကဲ . . . ကိုယ့်ညီ ကြိုက်တာမှာ . . . အဓိက ကိုယ့်ညီ သတိထားရမှာ က ဘာပဲလုပ်လုပ် . . . style ရှိရှိ smart ကျကျ လုပ်ရမယ်၊ သွားတာ လာတာ . . . စားတာသောက်တာက အစပေါ့ . . . နောက်တစ်ချက်က ဒီဆိုင်ထဲက လူတိုင်းကို ပျူပျူငှာငှာ ပြောဆိုဆက်ဆံပါ’

ဦးကောက်ရဲ့ ဆိုလိုရင်းကို သူ သဘောမပေါက်ပေမယ့် . . . ခေါင်းညိတ်ပြ ဖြစ်၏ ။

ဦးကောက်က coffee bar နဲ့လည်း အတော် ရင်းနှီးပုံရသည်။ လူအတော် များများ က ဦးကောက်ကို ပြုံးပြနှုတ်ဆက်ကြသူတွေ ချည်းပင် ဖြစ်၏ ။

‘အစ်ကိုကောက် . . . ထုံးစံပဲလား၊ ဒီက အစ်ကိုလေးကရော . . . ဘာများ သုံးဆောင်မလဲ ဟင်’

‘သြော် . . . အစ်ကို့အတွက် ဘရာဇီးကော်ဖီ တစ်ခွက်ပေးကွာ’

ဦးကောက် စကားအရ သူ မသောက်ဖူးတဲ့ ဘရာဇီးကော်ဖီဆိုတာကို မီနူးထဲမှာ တွေ့ တာနဲ့ အရဲစွန့်မှာ လိုက်ခြင်း ဖြစ်သည်။

ဦးကောက်က သူမှာ တာကို သဘောကျသလို အသိအမှတ်ပြု ပြုံးပြသေး၏ ။

‘ဟုတ်ကဲ့ . . . အစ်ကိုကောက်၊ ဒီအစ်ကို ကတော့ မိုက်တယ်ဗျာ’

ဦးကောက် ခေါင်းညိတ်ပြတော့ waiter လေးက ထွက်သွား၏ ။ ဦးကောက် ကတော့ သူ့ ပန်းပုရုပ်လေးကို ကြည့်မ၀ ငေးမ၀ပုံဖြင့် ငေးနေ၏ ။

သူ မနေတတ် မထိုင်တတ် ဖြစ်လာသဖြင့် ဘာရယ်မဟုတ် ဆိုင်ကလေးထဲကို အကဲ ခတ်သလို လျှောက်ကြည့်နေလိုက်မိသည်။

ဆိုင်ကလေးက ကျယ်ဝန်းသည်ဟု မဆိုနိုင်သော်လည်း . . . ကျဉ်းသည်ဟုလည်း တစ်ထစ် ချ မဆိုနိုင်ပါ။

ဆိုင်ကလေး၏ အပြင်အဆင် decoration ပုံစံက ဥရောပ ဆန်ပုံရ၏ ။

အသေအချာ ဂရုစိုက်ကြည့်မိမှ အီတလီစတိုင်အပြင်အဆင်မှန်း တွေ့ ရ၏ ။ တခမ်းတနားကြီး မဟုတ်ပေမယ့် သပ်ရပ် သန့်ရှင်းနေသည်။

ဒီ ကော်ဖီဘားလေးကို သူ ပထမဆုံးအကြိမ် ရောက်ဖူးခဲ့ခြင်း ဖြစ်သော်ငြားလည်းသဘောကျနေမိသည်။

ထူးခြားသည်က ထိုဆိုင်ကလေးအတွင်းမှာ သူနှင့် မတိမ်းမယိမ်း ခပ်ဖြောင့်ဖြောင့် လူငယ် လေးတွေ လိုအပ်သည်ထက် ပိုမိုများ ပြားနေခြင်း ဖြစ်၏ ။

တစ်ချို့ကောင်လေးတွေ က တစ်ယောက် တည်း၊ တချို့တွေ က နှစ် ယောက် ၊ သုံးယောက် စသည်ဖြင့် ကိုယ့်အစုလေးနှင့် ကိုယ် တီးတိုးပြောဆိုနေကြပြီး လူစိမ်း ဖြစ်နေသည့် သူ့ကို မကြာခဏလည်း အကဲခတ် ကြည့်နေကြတာကို တွေ့ ရသည်။

နောက်ထပ်ထူးခြားမှု ကတော့ ဆိုင်ထဲတွင် အသက် ၃၀ နှင့် အထက် အစ်မကြီးတွေ အ၀င် အထွက် များ နေခြင်း ဖြစ်၏ ။ လေးဆယ် အရွယ် ပတ်ဝန်းကျင်တွေ ပင် ပါသေးသည်။

ထို အစ်မကြီးတွေ ပုံက ပိုက်ဆံချမ်းသာညပီး လက်ဖွာပုံ ရမှန်းလည်း မြင်တာနဲပ သိသာစေ၏ ။ သူမြင်ထားသလောက် အားလုံး ကိုယ်ပိုင်ကား ပုံစံမျိုးစုံဖြင့် လာကြသည်ကို မှန်တံခါးမှတဆင့် သူတွေ့ ထားသည်။

ကောင်လေးတွေ အများ စု ကတော့ တက္ကဆီ (သို့ မဟုတ်) on foot တွေ သာများ သည်။

ဦးကောက် ကတော့ နာရီကိုကြည့်လိုက်၊ ဆိုင်ရှေ့ကို ကြည့်လိုက်ဖြင့် တစ်စုံ တစ်ယောက် ကို မျှော်နေ၏ ။

ထိုစဉ် . . . ကော်ဖီဘားလေးရဲ့ သီးသန့် ကား parking ထဲသို့ Prado ကားအနက် ကလေး တစ်စီး ထိုးရပ်လာ၏ ။ ထိုကားကို မြင်လိုက်သည်နှင့် ဦးကောက် မျက်ဝန်းတွေ လက်သွားရသည်။

‘ညီလေး . . . ဒီနေ့အတွက် မင်းရဲ့ Boss လာပြီ’

ဦးကောက် စကားမဆုံးသေးခင် . . . ခပ်လန်းလန်း မိန်းမ တစ်ယောက် ဆိုင်ထဲသို့ ၀င်လာ သည်။

အသက်အရွယ်နှင့် မလိုက်ဝတ်စားပြင်ဆင်ထားပြီး တန်ဖိုးကြီး နေကာမျက်မှန်တစ်လက်ကို လည်း ဟန်ပါပါ တပ်ဆင်ထားသေး၏ ။

‘မမခင်’

ဦးကောက်က ခေါ်သံနှင့် အတူ လက်ပြလိုက်တော့ သူမက အပြုံးနှင့် အတူ ရောက်လာပြီး သူ့ကို စားတော့ ၀ါးတော့မလို စိုက်ာကည့်နေ၏ ။

အားမရသေး . . . မျက်မှန်ကို ချွှတ်ပြီး သူ့ကို စေ့စေ့ စပ်စပ် ထပ်ကြည့်နေပြန်သေးသည်။

ပြီးတော့ ဦးကောက်ကို သဘောကျသလို ပြုံးပြနေ၏ ။ သူ့မှာ သာ ဦးကောက်နှင့် သူမတို့ကို ကြည့်ပြီး မနေတတ်မထိုင်တတ် ဖြစ်နေရ၏ ။

‘ကဲ . . . မမခင်၊ ဘယ်လိုလဲ’

‘အိုး . . . ဘာမှကို ပြောစရာမလိုပါဘူး၊ အလန်းဆိုမှ အလန်းလေးပဲ၊ ကိုကောက် ပြောတုန်း က အဲလောက်ကို မထင်ထားဘူး . . . ကိုယ်တိုင်တွေ့ မှပဲ . . .’

စကားစကိုဖြတ်ပြီး သူမက တဟင်းဟင်းရယ်နေ၏ ။

ဦးကောက် ကတော့ ပြုံးနေ၏ ။

‘မမခင် . . . သူ့နာမည် က သျှင်မင်းခ . . .တဲ့၊ ကဲ . . . ညီလေး၊ ဒါ . . . ညီလေးရဲ့ Boss မမခင်. . . တဲ့’

‘အိုး . . . လူတင်မဟုတ်ဘူး၊ နာမည် ကပါ အလန်းကိုး’

‘ဒါနဲ့ . . . ငွေကို ဒီမှာ ချေခဲ့မှာ လား . . .ပြန်လာမှ ညီလေးနဲ့ပေးလိုက် မှာ လား’

‘အပြန်မှပဲ ဒီကမောင်လေးနဲ့ ပေးလိုက် မယ်လေ . . . အခု . . . အဲလောက်ထည့်မလာခဲ့ ဘူး’

‘အိုကေပါ . . . ရတယ် No Problem . . . ကဲ . . . ညီလေး၊ မမခင်နဲ့ လိုက်သွားတော့’

‘ဗျာ’

ရုတ်တရက် သူ နားမလည် ဖြစ်သွားပြီး မေးလိုက်မိသည်။

‘ဟို . . . ကျွန်တော် က ဘယ်ကိုလိုက်သွားရမှာ လဲ’

‘မင်းရဲ့ Boss နဲ့ အလုပ်သွားလုပ်ဖို့ပေါ့ကွ’

သူမ ကတော့ ဘာတွေ သဘောကျပြီး ရယ်နေသည် မသိ။

တဟင်းဟင်း လုပ်နေ၏ ။

‘ကဲ. . . မမခင်၊ တစ်နာရီပဲနော် . . . ညီလေး . . . ကိုယ် ဒီဆိုင်ကပဲ စောင့်နေမယ်၊ တခြားဇယားလေးတွေ ရှိသေးလို့’

‘သြော် . . . ဟုတ်ကဲ့’

သူ ယောင်နနဖြင့် ပြန်ဖြေတော့ သူမက အပြုံးတစ်ဝက်နှင့်

‘ကိုကောက်က ကောင်လေးကို ဘာမှ မပြောမထားရသေးဘူးလား . . . ဒါလည်း တစ်မျိုး ကောင်းပါတယ်လေ . . . အတွေ့ အကြုံ အသစ်ပေါ့ . . . အဟင်း’

‘ဟုတ်တယ် . . . ကိုယ့်ညီလေးကို အားလုံးနားလည်အောင်တစ်ခါတည်း သင်ပေးလိုက် ပါဗျာ . . . ဟဲ . . . ဟဲ’

‘စိတ်ချပါ . . . စိတ်ချ . . . အဲလို အားကိုးရလို့ . . . ကိုကောက်ကို ကျေးဇူးတင်နေတာ . . . ကဲ . . . သွားတော့မယ်နော် . . . လာ . . . မောင်လေး . . .ထ’

သူမက ပြောပြောဆိုဆို ထထွက်သွားတော့ သူလည်း ‘ဟုတ်’ ဆိုပြီး ကြောင်ပြီး ကျန်နေခဲ့သဖြင့် ဦးကောက်က -

‘ထ . . . လိုက်သွားလေကွာ’ ဆိုပြီး တွန်းလွှတ်ပေးရသေး၏ ။

ဒီနေ့ အတွေ့ အကြုံ ကတော့ သူ့အတွက် အထူးအဆန်းတွေ ချည်းပဲ ဖြစ်သည်။ ဟိုကို ရောက်ရင် သည်ထက်မက ထူးဆန်းအံသြဖွယ်ရာတွေ ကြုံတွေ့ ရဦးမည် ဆိုသည်ကိုတော့ သူ လုံးဝ မရိပ်မိခဲ့ပါပေ။ . . .

*


အတိတ် - (၅)

ခြံဝန်းအကျယ်ကြီး တစ်ခုအတွင်းသို့ သူမ၏ Prado ကားအနက်ကြီးကို ကွေ့ဝင်လိုက်၏ ။

ခြံထဲမှာ နှစ် ထပ်တိုက်ကြီးတစ်လုံးကို ‘ဘွား’ကနဲ တွေ့ လိုက်ရသဖြင့် သူထင်ထားခဲ့သည် ထက် သူ့ Boss က ပိုမိုကြွယ်ဝမှန်း ရိပ်မိခဲ့သည်။ နည်းနည်း နောနော အသိုင်းအ၀ိုင်းထဲက ဟုတ်မည် ဟုပင် သူမထင်ရဲတော့ချေ။

တိုက်ထဲကိုရောက်မှ သူထင်ထားသည်ထက် အဆတစ်ရာပိုမိုချမ်းသာမှန်း အံ့သြဖွယ်တွေ့  လိုက်ရ၏ ။

‘လာ . . . မောင်လေး . . . လာ . . .’

သူမက ဦးဆောင်ပြီး အပေါ်ထပ်ကို လှေခါးထစ်က တစ်ဆင့် ဦးဆောင်တက်သွား၏ ။သူမက အခန်းတစ်ခန်းရှေ့မှာ ရပ်ပြီး တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေသည့် သူ့ကို အပြုံးဖြင့် စောင့်ကြိုနေရာမှ အခန်းတ့ခါးကို အသာတွန်းဖွင့်လိုက်သည်။

‘အို . . . ၀င်လေ. . . အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲလို့’

သူမက အခန်းထဲဝင်ပြီး အပြင်မှာ ရပ်ကျန်ခဲ့သည့် သူ့ကို နားမလည်သလို မေးလိုက်ခြင်း ဖြစ်ပုံရ၏ ။

‘ဟို . . . ဟိုလေ . . .’

သူမက ဖိတ်ခေါ်နေပေမယ့် . . . မိန်းကလေး တစ်ယောက် ရဲ့ အခန်းထဲကို သူ ၀င်သင့် မ၀င်သင့် တွေးတောနေမိ၏ ။

တိတိပပ ရေရေရာရာ အဖြေမထွက်သေးခင်မှာ ပင် သူမက သူ့လက်ကို ဆွဲပြီး အခန်းထဲကို ခေါ်သွင်းလိုက်ပြီး အခန်းတံခါးကို ‘ဖြောင်း’ ကနဲနေအောင် ပိတ်ချလိုက်သဖြင့် ယောက်ျားတန်မြ့ သူ တစ်ချက် တွန့်သွားမိသည်။

ဘာရယ်မဟုတ် . . . အခန်းထဲမှာ သူဝေ့၀ဲကြည့်လိုက်မိတော့ သူမက နှစ် ယောက် အိပ် ကုတင်ကြီးပေါ်က စပရိန်မွေ့ယာကြီးပေါ်မှာ ဟန်ပါပါ ထိုင်ပြိး သူ့ကို မျက်ဝန်းစိုစိုတွေ နှင့် စိုက်ကြည့်နေသည်ကို တွေ့ လိုက်ရသဖြင့် သူရင်ဖိုသွားမိ၏ ။

‘ကဲ . . . မောင်လေး . . . အရေအရင် ချိုးကြမလား . . . ဒါမှမဟုတ် ဒီအတိုင်းလေးပဲ အိပ်မက်ကမ္ဘာထဲကို သွားကြမလားဟင်’

‘ဗျာ . . . ဘယ်လို . . .’

သူမ အပြောကြောင့် . . . သူ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ အလုပ်ကိစ္စနှင့် ရေချိုး တာ မည် သို့ ဆက်နွယ်နေသလဲ။ သူ . . . မတွေးတတ်။

‘အိုး. . . ဆောရီး . . . မမ လောပြီးမေ့သွားတယ် . . . မောင်လေးက ဘာအတွေ့ အကြုံမှ မရှိသေးတာကို . . . လာ . . . မမနားမှာ လာထိုင်၊ မမ ပြောပြမယ်’

သူ မရဲတရဲနှင့် သူမအနားကိုရောက်တော့ သူလုံးဝ ထင်မှတ် မထားသည့် လုပ်ရပ်တစ်ခုကို သူမက အံ့သြဖွယ် လုပ်ဆောင်လိုက်၏ ။

‘ဟင် . . .’

အံ့သြမှု ၊ ရှက်ရွံ့မှု တို့နှင့် အတူ သူ ထူပူပြိး ရှိန်းဖိန်းသွားရသည်။ ရုတ်တရက်မို့ ဘာပြင်ဆင် ချိန်မှ မရလိုက်ပေ။

‘ဟာ . . . ခင်ဗျား . . . ဒါ ဘာလုပ်တာလဲဗျ’

‘နမ်းလိုက်တာလေ . . . ဘာ ဖြစ်လို့လဲ မောင်လေးရဲ၊ အဟင်း . . . ပထမဆုံးအတွေ့ အကြုံမို့ အရှက်လွန်နေတာလား . . . လာစမ်းပါ ကလေးရယ်’

အနားကို တိုးကပ်လာသည့် သူမကိုယ်ခန္ဓာကို သူ အမြန်ရှောင်တိမ်းပစ်လိုက်သည်။

‘မမအတွက် အချိန် တစ်နာရီပဲ ရတာ နော် . . . တန်ဖိုးရှိတဲ့ အချိန်တွေ ကို အရူး တစ်ယောက် လို ဖြုန်းတီးမပစ်ချင်စမ်ပါနဲ့’

‘ကျွန်တော် ဒီကိုလိုက်လာတာ အလုပ်လုပ်ဖို့ပါ . . . မဆိုင်တဲ့ဟာတွေ ကျွန်တော် စိတ်မ၀င် စားဘူး’

သူ့စကားအဆုံးမှာ သူမက ဟားတိုက်သလို ရယ်နေပြန်သည်။ ပြီးမှ-

‘အဟင်း . . . ဟုတ်တယ်လေ . . . ဒါ မောင်လေးရဲ့ အလုပ်ပဲ . . . အခု မမ ရှင်းရှင်းပဲ ပြောတော့မယ်၊ မောင်လေးကို မမရဲ့ ပျော်ရွှင်မှု အတွက် အချိန်တစ်နာရီကို ငွေငါးသိန်းပေးပြီး ခေါ်လာခဲ့တာ၊ ဟောဒီမှာ ပိုက်ဆံတွေ ’

သူမက ပိုက်ဆံ တစ်ထပ်ထုတ်ပြရင် ဆက်ပြောနေ၏ ။

‘ကိစ္စပြီးတာနဲ့ ပိုက်ဆံတွေ ယူသွားလို့ရပြီ၊ ကဲ . . . ဘယ်လိုလဲ၊ အလုပ် ဖြစ်မလား မ ဖြစ်ဘူး လား’

‘ဗျာ . . .’

သူ ရုတ်တရက်ကြီးးမို့ အတော် ထိတ်လန့် သွေးပျက်သွားမိ၏ ။ ဟာ . . . ဒါ . . . ဒါ . . . ဒီအလုပ်က . . . ဒါဆိုရင် . . .

သူ ပွင့်ပွင့်လင်းလင်း ပြန်မေးပစ်လိုက်မိ၏ ။

‘ဒီလိုဆို . . . ကျွန်တော့် ရဲ့ အလုပ်ဆိုတာက အငှားယောက်ျား အလုပ်ပေါ့ . . . ဟုတ်လား’

‘Right’

သူမက ခေါင်းပါညိတ်ပြတော့ သူ အတော် ဆို့နင့် မွန်းကျပ်သွားရသည်။

အငှားယောက်ျား . . . တဲ့ . . .

သူ ဒီအလုပ်ကို လုပ်ရမည် မှန်း အစကတည်းက မသိခဲ့ရိုး အမှန်ပါ။

အခု ကတော့ . . . သူ ဘာဆက်လုပ် ရမလဲ . . . လှည့်ပြန်ခဲ့ရမလား၊ ဒါမှမဟုတ် . . .

သူ့ဦးနှောက်တွေ ပူလောင်ခြောက်သွေ့သွားရ၏ ။ ပြီးတော့ နှလုံး ရောဂါ သည် အမေ့မျက်နှာနှင့် ဉာဏ်ရည်မမီတဲ့ ညီမလေးမျက်နှာတွေ ကို မြင်ယောင်နေမိသည်။

စားပွဲပေါ်က ငွေ တစ်ထပ်က သူ့ကို . . . လှောင်ပြောင်သလိုကြည့်ကာနေ၏ ။

ဘယ်မလဲ . . . ညီမလေးနဲ့ အမေ့အတွက် ဆေးကုသစရိတ် . . .

‘မောင်လေး . . . ဘာကြောင်ငေးနေတာလဲ . . . တစ်ခုခု ပြောဦးလေကွာ’

သူ မမခင်ကို စိတ်ပျက်သလို တစ်ချက်ကြည့်မိသည်။

နောက် . . . သူ့ဘ၀ကိုလည်း အတော် စိတ်ပျက်အားငယ်သွားမိပြီး သိမ်ငယ်သလိုပါ ခံစားလာရ၏ ။

သို့ ပေမယ့် လက်ရှိ အခြေအနေအရ ဆုံးဖြတ်ချက်တစ်ခုကို သူ အလျင်အမြန် ချရပေတော့ မည် ။

အမေ . . .

ညီမလေး . . .

ပြီးတော့ . . . သူ့ဘ၀ . . .

ငွေကြေးနဲ့ ဂုဏ်သိက္ခာ . . .

ပြော . . . ငါ ဘာဆက်လုပ် ရမလဲ ပြော . . .

သူ့ရင်ထဲမှာ ကမ္ဘာပျက်သလို တုန်ခါနေ၏ ။

ရာသီဥတုတွေ ဖောက်လွှဲဖောက်ပြန် ဖြစ်ပြီး နွေခေါင်ခေါင် လျှပ်စီးမိုးကြိုးတွေ ပစ်ချ၊ ပင်လယ်ပြင်တစ်ခုလုံး မုန်တိုင်းလှိုင်းတွေ ထန်နေခဲ့၏ ။

အချိန်အခါမဟုတ် ကြယ်တေါ အစုလိုက် ကြွေကျနေသလို . . . ဖြစ်စဉ်တစ်ခုလုံး ပြောင်းပြန်အ ဖြစ် ရှင်သန်ထကြွနေကြသလို . . .

အရာရာဟာ စိတ္တဇဆန်ဆန် ဖြစ်ပျက်ကုန်ခဲ့ရလေ၏ ။

အိပ်ယာထက်မှာ တော့ အဖြူရောင် မျက်ရည်တစ်စက်က လဲ့ကနဲကြွေဆင်းသွားသည်ကို မြင်တွေ့ လိုက်ရသည်။

စားပွဲလေးပေါ်က အလှပြပန်းကလေးတစ်ပွင့် ကတော့ ရုတ်ခြည်းညှိုးနွမ်းသွား၏ ။

ထိုနေ့က ပိတုန်းက ပန်းဝတ်ရည်ကို ရှာမစုပ်ဘဲ ပျားပိတုန်းကလေးပေါ်သို့ အဓမ္မ ကြွေလွင့်လာလေ့ရှိပြီး ၀တ်ရည်အစုပ်ခံတတ်သည့် ပန်းမျိုးစိတ် အသစ်တစ်ခုကို သုတေသီ ပညာရှင်အချို့ ရှာဖွေတွေ့ ရှိသွားကြောင်း သတင်းတစ်ခုက ဖော်ပြသွားခဲ့လေသည်။

ထိုနေ့က ရန်ကုန်မြို့တွင် အချိန်အခါမဟုတ်ဘဲ မိုးသည်းထန်စွာ ရွာသွန်းခဲ့၏ ။

*


Lonely rests my head

Oh my God!

I am death.

(Jose’ Garcia Villa)

ငါ့ခေါင်းထဲမှာ

အထီးကျန်ခြင်းတွေ ပဲ ကျန်ခဲ့တယ်

ဘုရားရေ . . .

ငါ . . . သေဆုံးသွားခဲ့ရပြီပဲ . . .။

*


အတိတ် - (၆)

‘ညီလေး . . . ဘယ်လိုလဲ . . . အိုကေရဲ့ လား’

ခေါင်းငိုက်စိုက်ကျပြီး ကော်ဖီဘားလေးထဲကို ၀င်လာတဲ့သူ့ကို ဦးကောက်က စိုးရိမ်သလို ဆီးမေး၏ ။

သူ ဘာစကားမှ ပြောချင်စိတ်မရှိတော့သဖြင့် ပိုက်ဆံထုပ်ကိုသာ စားပွဲပေါ် တင်ပေးလိုက် မိ သည်။

‘ဟာ. . . အဆင်ပြေခဲ့တယ် ဆိုပါတော့၊ အမလေး . . . ဖြစ်နေလိုက်တာကွာ . . . ယောက်ျား မဟုတ်တဲ့ အတိုင်းပဲ . . . ရော့ . . . ဟောဒါက ကိုယ့်ညီလေးအတွက် လုပ်အားခ ငွေတစ်သိန်း’

ဒီအခြေအနေကို ရောက်ခဲ့မှတော့ သူ ဘယ်သူ့ကိုမှ အပြစ်မဖို့ချင်တော့ပါ။

ဆိုးဝါးခါးသီးလွန်းလှသည့် ကံကြမ္မာ အပေါ်ကိုသာ သူ ပုံချထားလိုက်သည်။

လက်ရှိ အခြေအနေအရ . . .

သူ့အနေနှင့် ဦးကောက်ကိုပင် ကျေးဇူးတင်ပေးရမည့်  အခြေအနေ ဖြစ်နေသည် မဟုတ်ပါ လား . . .

‘ကဲ . . . ကိစ္စပြတ်ပြီဆိုတော့ တို့တွေ ဒိုးကြရအောင်၊ ဒါနဲ့ ညီလေး ဘယ်သွားစရာ ရှိသေး လဲ’

‘ကျွန်တော် ဆရာဝန် တစ်ယောက် ဆီတော့ ၀င်ချင်တယ်’

‘အိုကေ . . . ကိုယ်လိုက်ခဲ့မယ် . . . စကားမစပ်ညီလေးအတွက် နောက်ထပ်အလုပ်တွေ ကိုယ် ချိန်ထားရဦးမလား . . . ညီလေး သဘောဘယ်လိုရှိလဲ’

သူ ဦးကောက်ကို တစ်ချက် ပင့်ကြည့်လိုက်ပြီး

‘ဘာ အခုမှ ညီလေးတွေ ဘာတွေ မေးနေသေးတယ်၊ တစ်ကယ်ဆို အစကတည်းက ပွင့်ပွင့်လင်းလင်းပြောထားပြီးရင်ပြီးတဲ့ဟာကို . . .’

‘ဒါ ကတော့ အခြေအနေနဲ့ အချိန်အခါအရကိုး’

‘ဟုတ်ပါပြီ . . . ခုမှတော့ကျွန်တော် လည်း မထူးတော့ပါဘူး၊ ဒီအလုပ်က ပိုက်ဆံရ လွယ်တယ် . . . ပြီးတော့ . . . အမေနဲ့ ညီမလေးအတွက် ကျွန်တော် ရောဂါ ပျောက်အောင် ကုပေးနိုင်ဖို့အတွက် အခုအချိန်မှာ ကျွန်တော့်  အခြေအနေနဲ့ သင့်တော် တဲ့ အလုပ်လို့လည်း ကျွန်တော် ထင်ပါတယ် . . . ဒီတော့ ဦးကောက် အလုပ်တွေ သာ ထပ်ချိတ်ထားလိုက်ဗျာ . . . ဟူး . . .’

စကားအဆုံးသတ်မှာ သက်ပြင်းရှည် တစ်ချက်ကို သူမှု တ်ထုတ်ပစ်လိုက်သည်။

ထိုလေပူထဲတွင် သူ့ရဲ့ ယောက်ျားမာန၊ သိက္ခာ . . .

ပြီးတော့ . . .

သူ့ဘ၀ ဖြစ်တည်မှု တွေ . . . အခိုးအငွေ့အ ဖြစ် အသွင်ပြောင်း လွင့်စင်မျောပါသွားခဲ့သလို ခံစားမိလိုက်၏ ။

ဦးကောက် ကတော့ ခေါင်းတညိတ်ညိတ်ဖြင့် သဘောတကျ ရယ်မောနေခဲ့လေသည်။

*


နောက်တော့လည်း တဖြည်းဖြည်း သည်လောကထဲမှာ သူကျင်လည် ဖြတ်သန်းလာခဲ့ရ သည်။

သူလုပ်နေသည့် အလုပ်က လူကြားလို့မှ မသင့်တော် သည့် အလုပ်ပင်။

ယောက်ျား တစ်ယောက် အနေနှင့် ဘယ်လောက်သိက္ခာမာန မရှိတဲ့အလုပ်များ လဲ . . .

သို့ ပေမယ့် ၀င်ငွေ ကတော့ အတော် လေးဖြူးပါ၏ ။ လူတွေ က မိန်းကလေးအချို့ ဘ၀ပေး အခြေအနေအရ ပြည့်တန်ဆာ အလုပ်လုပ်နေကြသည်ကို ဖြည့်တွေး တွေးပြီး စာနာ နားလည် ပေးနိုင်ကြလိမ့်မည် ထင်ပါသည်။

ကျန်းမာသန်စွမ်းသည့် သူ့လို ယောက်ျား တစ်ယောက် ဘ၀ကိုတော့ လူတွေ စက်ဆုပ်ရွံရှာ ကြမည် မလွဲပင် ဖြစ်၏ ။ သူကိုယ်တိုင် ဒီအလုပ်ကို ရွံရှာမိပေမယ့် သူ ဒီအလုပ်ကို စွန့်လွှတ်၍ မ ဖြစ်ပါ။ ဆက်လုပ် နေရဦးမည် သာ ဖြစ်သည်။

သူနှင့် ဘ၀တူ အချို့ကောင်လေးတွေ က ၀ါသနာအရင်းခံဖြင့် ငွေရလွယ်တဲ့ ဒီအလုပ်ကို ပေါ့ပေါ့နေ ပေါ့ပေါ့စားဘ၀ကို ဖြတ်သန်းနေကြသည်ကိုလည်း သူတွေ့ ရသည်။ သည်အတွက် လည်းသူ စိတ်မကောင်း ဖြစ်နေမိ၏ ။

အပြောအဆိုညက်ညောပြီး ရူပါဖြူးလွန်းသည့် သူ့အနေဖြင့် သည်လောကထဲမှာ အချိန် တိုတိုအတွင်း အံ့သြဖွယ်ရာ အောင်မြင်လာခဲ့သည်။ ဦးကောက်နှင့် ကံစပ်သည် ဆိုရမလား . . . သည်အလုပ်နှင့် အကျိုးပေးသည် ပြောရမလားမသိ။

သူနှင့် ထိတွေ့ ဆက်ဆံဖူးသူတိုင်းက သူ့ကို . . . တမ်းတမ်းစွဲ တမ်းတသွားကြသူတွေ ချည်းသာ ဖြစ်ခဲ့၏ ။

သူ့အချစ်တော် ပါတနာတေါထဲတါင် အလွှာစုံ စရိုက်မျိုးစုံ အမျိုးသမီးတွေ ပါဝင်သည်။

တစ်နယ်ခြားကိုထွက် ပိုက်ဆံရှာနေသူတွေ ရဲ့ ဇနီးမယားတွေ ပါဝင်သလို ငွေကြေးတောင့်တင်းပြီး အားအားယားယား အပျော်ရှာကြသည့် အပျိုကြီးမမတွေ လည်းပါသည်။ တစ်ခုလပ်၊ မုဆိုးမတွေ လည်းပါဝင်ခဲ့သည်။

ထူးဆန်းသည်က . . . အားလုံးက ငွေကြေးတောင့်တင်းပြီး အသိုင်းအ၀ိုင်းကြီးတွေ ထဲက ဖြစ်နေခြင်းပင် ဖြစ်၏ ။

အပေါ်ယံရွှေမှု န်ကြဲပြီး . . . ဂုဏ်ဒြပ် တံတိုင်းတွေ အလယ်က ဂုဏ်သရေရှိ မိန်းမတွေ အ ဖြစ် လူပုံအလယ်မှာ ဟန်ဆောင်ပြီး ဆိတ်ကွယ်ရာမှာ လော်လီဖောက်ပြား ဆန္ဒကျူးပြီး တဏှာ ရူး ရူးနေကြသည့် အ ဖြစ်ကိုသူ အတော် စိတ်ပျက်မိသလို ရွံရှာမုန်းတီးမိပါ၏ ။ (အားလုံးကို မဆိုလို ပါ)

ဘာပဲ ဖြစ် ဖြစ် . . . လက်ရှိဘ၀မှာ တော့ သူနှင့် သူ့မိသားစု ဒီအလုပ်ကြောင့် အသက်ရှူ ချောင်လည် ခဲ့ရပါသည်။

သူက သည်အလုပ်တစ်ခုတည်းတင် မဟုတ်သေး။ လုပ်ကွက် အသစ်တွေ ကို ပါးပါးနပ်နပ် မြင်တတ်လာခဲ့ပြီ ဖြစ်သည်။ ထိုအလုပ်က လက်ရှိ အလုပ်ထက် အနည်းငယ် အဆင့်မြင့်သည်ဟု ဆိုရမည် ။

သည်အလုပ် ကတော့ သူဌေးသမီးလေးတွေ ကို အပိုင်ကြံချဉ်းကပ်ပြီး ငွေချူရခြင်း ဖြစ်သည်။ ခပ်ရှင်းရှင်းဆိုရလျှင် သူ ပိုင်းလုံးအလုပ်ကိုပါ အကျွမ်းတ၀င် လုပ်ကိုင်လာနိုင်ခဲ့၏ ။

ဒါ ကတော့ အတွေ့ အကြုံနှင့် အလုပ်က သင်ပေးသွားခြင်း ဖြစ်၏ ။ သူ့ရဲ့ ထူးခြားဆွဲဆောင်မှု ရှိသည့် ရုပ်ခံနှင့် စကားကြွယ်မှု တို့ရဲ့ အထောက်အကူလည်း များ စွာ ပါဝင်ခဲ့သည်ပေါ့။

အဆင့်အတန်းရှိရှိ စမတ်ကျကျ သွားလာပြုမူ ပြောဆိုဟန်တွေ က မိန်းကလေးတွေ ကျမည် ဆို ကျလောက်စရာ။ တော် ရုံ မိန်းကလေးတွေ ဆို သူ့အပြောမှာ တင် အတုံးအရုံး။

အလုပ်နှင့် ရုပ်က ထင်ရက်စရာတစ်စက်ကလေးမှ မရှိခဲ့တဲ့အပြင် သူ့ပုံစံက မက်လောက် စရာပင် ကောင်းနေလေတော့ ဘယ်သူကမှလည်း သူ့ကို အထင်မသေးရဲခဲ့ပေ။

ထိုသို့ မထင်ရအောင်လည်းသူ အထူးဂရုပြုနေထိုင်လာခဲ့သည်။ ဟာကွက်မရှိအောင် ပြောဆို လှုပ်ရှားခဲ့၏ ။ မသိရင် သူ့ပုံစံက တကယ့် လုပ်ငန်းရှင် သူဌေးလေး တစ်ယောက် အသွင်မှာ ရှိနေခဲ့သည်။

ပရိယာယ် အပြောအဆိုကြွယ်ဝလှသည့် သူ့သတင်းက သူဌေးလူကုံထံအသိုင်းအ၀ိုင်းထဲမှာ အတော် ရေပန်းစားခဲ့၏ ။

အပြောကောင်းသော ၊ ရုပ်ဖြောင့်သော ၊ ပညာ ဥစ္စာပေါသော ၊ လုပ်ငန်းရှင် ဖြစ်သော သူ့ကို သားမက်ဖမ်းချင်သူတွေ ၊ လက်ထပ်ပေါင်းသင်းချင်သူတွေ ဒုနဲ့ဒေး ဖြစ်လာခဲ့၏ ။

အားလုံးကို သူ အလိမ္မာနှင့် ရှောင်ကွင်းနိုင်ခဲ့သည် ချည်းပင်။ ယခု သူ့မှာ အလုပ်ဇယားတွေ အပြင် ရည်းစားလက်ရှိ လေးယောက် ရှိသည်။ အားလုံးက အခြေအနေကြီးတွေ ထဲက သူ လိုသလို နှိုက်လို့ ရသည့် ရွှေတွင်းတွေ ချည်းပင် ဖြစ်၏ ။

နောက်ဆုံးတွဲ ဖြစ်ခဲ့သည့် မသီတာဆို သူ့ကို ချစ်လိုက်သည်မှာ ခိုက်ခိုက်ကို တုန်လို့ . . .

သူလိုအပ်သမျှ ဖြည့်ဆည်းပေးသည်။ အားလုံး ပံ့ပိုးပေးထား၏ ။ ဗန်းစကားအရ သူ့မှာ မိန်းမ စပွန်ဆာတွေ ၀ိုင်းဝိုင်းလည်နေသည်။

ယခုဆိုပါလျှင် သူ့မှာ အတော် အတန် စုမိဆောင်းမိ ဖြစ်နေခဲ့ပြီ ဖြစ်၏ ။

အမေနှင့် ညီမလေးတို့ကို အသိမပေးသေးဘဲ တန်ဖိုးကြီး ကွန်ဒိုတိုက်ခန်းတစ်ခန်းကို ၀ယ်ယူထားခဲ့ပြီး ဖြစ်၏ ။

သူနှင့် သူ့မိသားစုဘ၀ကို တစ်က ပြန်စနိုင်ဖို့အတွက် သူကြိုးစားခဲ့တာ အခုထိ အထ, မမြောက်နိုင်သေးပေမယ့် အတော် ကလေးတော့ နီးစပ်လာခဲ့ပြီ ဖြစ်သည်။

သူ့အစီအစဉ် ကတော့ . . .

ဒီလောကထဲကနေ တိတ်တိတ်ကလေး အစဖျောက်ထွက်ခွာပြီး သူဝယ်ထားခဲ့သည့် ကွန်ဒို မှာ မိသားစုကို အဆင့်မြင့်မြင့်ထားပြီး ပြောင်းရွှေ့နေထိုင်ကြမည် ။ ပြီးတော့ . . . Mini Mart လေး ဖွင့်ကာ သူ ဦးစီးလုပ်ကိုင်ပြီး အေးအေးချမ်းချမ်းဘ၀ကို ဖြတ်သန်းပြီးအမေနဲ့ညီမလေး ရောဂါ ကို ကုသပေးမည် ။

အချစ် . . . အချစ် ဟုတ်လား . . .

မှန်တာပြောရလျှင် ဒီစကားလုံးက သူနှင့် ဟိုးအဝေးဆုံးမှာ ပါ . . . ရင်ခုန်ခြင်းဆိုတာ မည် သို့ မှန်းပင် မသိ။ သူ့စိတ်ထဲ ဦးနှောက်ထဲ တို့မှာ အမေနှင့် ညီမလေးတို့သာ ရှိသည်။

သေချာသည် ကတော့ တစ်နေ့နေ့မှာ သူ ဒီလောကထဲကနေ အပြီးအပိုင်ထွက်ပြီး အရင်အခြေအနေမျိုးနဲ့ မိသားစု ပျော်ပျော်ရွှင်ရွှင် အပူအပင်မဲ့ နေထိုင်ရေး သာ ဖြစ်၏ ။

အခုတော့ . . .



ဝန်ဇင်းချစ်သူများ မင်းတခေတ် ၏ “ ပရော်ဖက်ရှင်နယ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရိုဘော့(တ်)

EXIT

ဗန်ပိုင်းယာ