
အခန်း(၁)
မင်းတခေတ်
ရိုဘော့(တ်)
(လုံးချင်းဝတ္ထုအသစ်)
အရူးဆိုသည်မှာ အဘယ်နည်း။
အရူးဆိုသည်မှာ လူအများ သတ်မှတ်လက်ခံထားသည့် လူ့ဘောင်လူ့စည်းကမ်း
(သို့ မဟုတ်)
အပြောအဆို အမူအကျင့်၊ အယူအဆများ နှင့် အံမ၀င်သော ….. ကွဲလွဲသော … အခြေအနေ အနေအထားတချို့ကို ပိုင်ဆိုင်ထားသော လူတစ်ဦး တစ်ယောက် ပင် ဖြစ်။
မရွာတဲ့ ကောင်းကင်ကို
လက်ညှိုးထိုးပြီး
တိမ်ရိုင်းတွေ နဲ့ စီးချင်းထိုးနေတဲ့ ကောင်ဟာ
ငါပဲ……….။ ။
နိဒါန်း
‘ကျွီ’
တိုးလျလှသော စက်တံခါးပွင့်သံက သူ့နားထဲတွင် ဗုံးကွဲသံအလား ကျယ်လောင်လှ၏ ။ သူ၏ အခန်းဖော် ဖြစ်သည့် ပီတာကလည်း စက်တံခါးပွင့်သံကြောင့် အာရုံစိုက်ကြည့်နေ၏ ။ မျက်နှာအနေ အထား ကတော့ ပုံမှန်ထက် ထူးမခြားလှ။
သူ့မှာ သာ တစ်စုံတစ်ရာ စိုးရိမ်မှု ကြောင့် စိတ်လှုပ်ရှားနေရသည်။ တံခါးအ၀မှာ တော့ လူသား ဆန်ပုံမရသည့် ယူနီဖောင်းဝတ် ပုဂ္ဂိုလ်နှစ် ဦးကို တွေ့ ရ၏ ။ နောက်နားမှာ တော့ ခေါင်းဆောင် ဖြစ်ဟန် တူသည့် ဗိုက်ရွှဲရွှဲ ပုဂ္ဂိုလ်ကြီးတစ်ဦးက တာဝန်ရှိသူတစ်ဦးနှင့် စကားပြောနေ၏ ။
‘ခေါ်သွားရမှာ က ဘယ်သူလဲ…. ဟို တစ်ယောက် လား’
‘မဟုတ်ဘူး…. ဒီဘက်က ခပ်ပိန်ပိန် တစ်ယောက် ’
‘အိုး… ခပ်ငယ်ငယ်ပဲ ရှိသေးတာကိုး’
‘ဟုတ်တယ်… သိပ်ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး’
‘မသိရင် ပုံစံက ထင်ရက်စရာတောင် မရှိဘူး’
‘…………….’
‘………..’
အထက်ပါ စကားသံများ ကြောင့် သူ့ စိုးရိမ်စိတ်တို့က ပိုမိုရုန်းကြွလာသည်။ နှလုံးခုန်သံတို့သည် နှစ် ဆ သွက်လက်လာ၏ ။သူ့မျက်နှာပေါ်မှာ တော့ တစ်စုံတစ်ရာ စိတ်ခံစားမှု ကြောင့် ချွေးသီးချွေးပေါက် တို့ တွဲ ခိုနေ၏ ။
သူ၏ အခန်းဖော် ပီတာ ကတော့ သူ့ကို စိတ်မသက်သာသော ပုံစံဖြင့် ငေးကြည့်နေသည်။ ပီတာ့မျက်ဝန်းမှ အဓိပ္ပာယ်ကို သူကောင်းကောင်း သဘောပေါက်ပါသည်။ သို့ သော် အခြေအနေက မလူးသာမလွန့်သာ ဖြစ်နေခဲ့သည်။
စိတ်ထဲ ကတော့ ပီတာ့မျက်ဝန်းတွေ ကို တွန်းလှန်မြည် ဟည်းနေမိသည်။
‘မဟုတ်ဘူး ပီတာ။ မင်းထင်ထားတာတွေ တစ်ခုမှ မဟုတ်ပါဘူးကွာ။ ကျေးဇူးပြုပြီး ငါ့ကိုအဲဒီ မျက်လုံးတွေ နဲ့ မကြည့်ပါနဲ့…… ငါပြောတာတွေ ကို ယုံပါ ပီတာရာ…’
‘ဟားဟားဟား….’
‘ဟားဟားဟားဟား’
တာဝန်ရှိသူနှင့် ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတို့၏ ရယ်သံကြောင့် သူ့ရင်တွင်းစကားတို့ ပျက်စီး သွား၏ ။
လူသားဆန်ပုံမပေါ်သည့် ယူနီဖောင်းဝတ်ပုဂ္ဂိုလ်နှစ် ဦး ကတော့ အပြုံးအရယ်မရှိ၊ မလှုပ်မယှက် ပုံစံနှင့် သတိဆွဲနေ၏ ။ ထိုစဉ်……
‘ဟေ့…. ညာဘက်က တစ်ယောက် ကို ခေါ်ခဲ့ဟေ့…’
ခေါင်းဆောင်၏ အမိန့်သံကြားသည်နှင့် ယူနီဖောင်းဝတ်ပုဂ္ဂိုလ်နှစ် ဦးက သူ့အနားကို တိုးကပ်လာသည်။
သူ အလန့်တကြားဖြင့် နောက်ကို ဆုတ်လိုက်၏ ။
‘နံပါတ် D-34 မင်းလိုက်သွားလိုက်ပါ။ သူတို့ မင်းကို နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး။’
‘ခင်ဗျားတို့တွေ တစ်ခုခုတော့ မှားနေပြီနော်။ ကျုပ်က ဘာကြောင့် လိုက်သွားရမှာ လဲ’
ခေါင်းဆောင် ပုဂ္ဂိုလ်၏ စကားအဆုံးမှာ ယူနီဖောင်းဝတ် နှစ် ဦးက သူ့ရှေ့တည့်တည့်ကို တိုးကပ်လာ၏ ။ သူလည်း ဒီထက်နောက်ဆုတ်လို့ မ ဖြစ်နိုင်တော့။ အနောက်မှာ သံမဏိနံရံကြီးသာ ရှိတော့သည်။
ပီတာ ကတော့ သက်ပြင်းကိုသာ ဖိချနေ၏ ။
တာဝန်ရှိသူကြီး ကတော့ သူ့ကို ကရုဏာသက်သလို ငေးကြည့်နေ၏ ။
‘ကဲ…. ခေါ်ခဲ့တော့ကွာ။ အချိန်သိပ်မရှိတော့ဘူး’
ယူနီဖောင်းဝတ် နှစ် ဦး ကတော့ စကားလုံးတစ်လုံးတစ်ပါဒမှ မဆိုဘဲ သူ့ရဲ့ ပခုံးတစ်ဖက်ချက်ဆီ ကို ဆွဲကိုင်လိုက်သည်။
သူ ချက်ချင်း ရုန်းထွက်ပစ်လိုက်ပြီး….
‘ကျုပ်…. ခင်ဗျားတို့နဲ့ မလိုက်နိုင်ဘူး။ ကျုပ်လည်း ဘာမှမ ဖြစ်ဘူး….. ခင်ဗျားတို့ သွာြး ကတော့ဗျာ’
ယူနီဖောင်းဝတ် ပုဂ္ဂိုလ်နှစ် ဦးက သူ့ကို သေသေချာချာ ထိန်းချုပ်ပစ်လိုက်၏ ။ သူ ရုန်းကြည့်ပေ မယ့်မရ။ သို့ ဖြင့် …..
‘ဒါဆို ခင်ဗျားတို့က ကျုပ်ကို ဘယ်ခေါ်သွားကြမှာ ဘဲ….. ပြီးတော့ ဘာလုပ်ကြမှာ လဲ’
သူ့အမေးကို ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးက တဟဲဟဲ ရယ်ပြီး
‘ဘယ်ခေါ်သွားမှာ လဲဆိုတော့ အရူးထောင်ကို ဘာလုပ်မှာ လဲဆိုတော့ မင်းကိုဆေးကုပေးဖို့ပဲ’
‘ဟာ…. အဓိပ္ပာယ်မရှိလိုက်တာဗျာ…… ခင်ဗျားတို့အားလုံး မှားနေကြပြီ။ ကျုပ်ဘာမှ မ ဖြစ်ဘူး ဗျ။ အကောင်းကြီး…… ခင်ဗျားတို့ထင်သလို ရူးလည်းမရူးဘူး။ ကျုပ်ကိုသေသေချာချာ ကြည့်ကြစမ်းပါ။ ကျုပ်က အရူး တစ်ယောက် နဲ့ တူနေလို့လား’
သူ…. အရူး တစ်ယောက် လို အော်ဟစ်ပြောဆိုနေပေမယ့်လည်း မည် သူမျှ လက်မခံကြ။ ပီတာက…
‘လိုက်သွားလိုက်ပါကွာ’
‘ငါ မရူးဘူး ပီတာ…. ငါ လုံးဝမရူးဘူးကွ’
‘ကဲ…. ငြိမ်ငြိမ်သက်သက်သာ လိုက်ခဲ့ပေတော…’
‘ကျုပ် မရူးဘူး…. ကျုပ် တကယ်ပြောနေတာပါဗျာ’
‘ဘယ်အရူးမှတော့ ကိုယ့်ကိုယ်ကိုယ် အရူးလို့ မထင်တတ်ပါဘူး….. ကဲ…. ကားထဲကို ခေါ်သွားတော့’
သူ့အသံတွေ တိမ်ဝင်လုမတတ် ငြင်းဆန်နေပေမယ့် သူ့ဘက်က ထောက်ခံပေးမည့် သူမရှိ။ ခေါင်းဆောင်ပုဂ္ဂိုလ်ကြီး ကတော့ တာဝန်ရှိသူကို နှုတ်ဆက်စကားပြောပြီး ထွက်သွား၏ ။
တာဝန်ရှိသူက လက်ထဲက Remote ခလုတ်တစ်ခုကို နှိပ်ရင်း ခေါင်းတရမ်းရမ်း လုပ်နေသည်။
‘ကျွီ’
စက်တံခါးကြီးလည်း ပြန်ပိတ်သွားပြီ ဖြစ်သည်။ အခန်းထဲမှာ တော့ ပီတာ တစ်ယောက် တည်း ကျန်ရစ်ခဲ့ပြီ ဖြစ်၏ ။
သို့ သော် ပီတာ့နားထဲမှာ တော့ သူ၏ ‘မရူးဘူး…. ငါ လုံးဝ မရူးဘူး’ ဟူသည့် စကားသံတို့က ပဲ့တင်ထပ်နေလေတော့သည်။
နောက်တော့ ပီတာက တစ်စုံတစ်ခုကို တီးတိုး ရေရွတ်လိုက်၏ ။
‘ကံကောင်းပါစေ သူငယ်ချင်း’
* * * * * * *
![]() Mind | ![]() နိုင်းနိုင်းနိုင်း | ![]() တက်တူး |