
နိဒါန်း
အချစ်ကို (လုံးဝ) ယုံကြည်မှု မရှိခဲ့သော ကောင်လေး တစ်ယောက်
အချစ်ကို ယုံယုံကြည်ကြည် တန်ဖိုးထားတတ်လွန်းသော ကောင်မလေး တစ်ယောက် ။
ကိုယ်ပိုင်အချစ်ခံယူချက် Theory တွေ ကို Tattoo အ ဖြစ်ရေထိုးပြီး သူမရဲ့ ထူးဆန်းသော ဆက်သွယ်ပတ်သက်ခွင့်လျှေက်လွှာများ ။
သူကိုယ်တိုင် လက်တွေ့ ကျကျ ထုတ်ဖော်ထားခဲ့သော Love Equation များ ။
ထိုအစွန်းရောက်ကောင်လေးထံသို့ အသိအမှတ်ပြုကတ်ပြားနှင့် အစွန်းရောက်ကောင်မ လေးထံသို့ ပတ်သက်ခွင့်လျှောက်လွှာကို အလိုလို ရောက်ရှိလာခဲ့သော
အခါ……
သူမသည်….
ထိုကဲ့သို့သော ကောင်မလေးမျိုး ဖြစ်သည်။]
“ကိုယ့်ကိုယ် စကားလေးတစ်ခွန်းလောက်တော့ ပြန်ပြောပါ ခွန်းသချယ်”
“-----”
စကားပြန်ပြောဖို့ နေနေသာသာ ခွန်းသချယ်လို့ အမည် ရတဲ့ ထိုကောင်လေးက တစ်ချက် ကလေးများ စောင်းငဲ့၍ တောင် မကြည့်။ သူမဘေးမှ ထိုကောင်လေး ကပ်ပါလာတာကိုပင် သတိ ထားမိဟန် မတူပါ။
သူမရဲ့ ပင် Style အတိုင်း ခေါင်းကလေးကိုမော့ထားပြီး စည်းချက်မှန်မှန် လျှောက်နေပါ ၏ ။
ကောင်လေးမှာ သာ အခက်တွေ့ နေရသည်။ ဆက်လိုက်ရခက် လှည့်ပြန်ရခက်နှင့် ဖြစ်နေပုံ ရသည်။ အစကတည်းက သူငယ်ချင်းတွေ ပြောစကားအတိုင်း လက်ခံခဲ့မိရင် အကောင်းသားဟု လည်း တွေးနေမိသည်။
ဘယ်သူမပြု မိမိအမှု ပေါ့လေ။
ဟူး……။
အခုမှတော့ မတတ်နိုင်တော့။
“ခွါန်းသချယ်…….ကိုယ့်ကို တစ်ခုခုတော့ ပြန်ပြောပါဦးကွာ”
“……………”
ထုံးစံအတိုင်း သူမ ကတော့ တုံဏှိဘာဝေ။
သူ သူမနောက်ကို လိုက်လာခဲ့တော့ ကျောင်းအ၀မှ ဖြစ်သည်။ အခု Canteen ရှေ့ကိုတောင် ရောက်တော့မည် ဆိုတော့ သူလိုက်လာခဲ့တာ အချိန်ဆယ့်ငါးမိနစ်ထက် မနည်းနိုင် တော့။
တော် တော် အကြောမာတဲ့ ဟာမလေး။
ကျောင်းထဲကို ရောက်လာလေလေ လူပိုစည်လာလေမို့ သူနှင့်သူမတို့ကို ကွက်ကြည့်ကွက် ကြည့်လုပ်သွားကြတဲ့ ကျောင်းသူကျောင်းသားတွေ ရဲ့ မျက်ဝန်းတွေ ၊ တီးတိုးပြောဆိုသွားကြတဲ့ ဘာသာစကားတွေ ကို သူ သဘောပေါက်မိပါ၏ ။
ကျောမလုံသလို သူခံစားနေရပေမယ့် သူမ ကတော့ ဘာကိုမှ ဂရုပြုအလေးထားနေပုံ မပေါ်။ဒါကြောင့်လည်း ခွန်းသချယ် ဆိုတာ ဒီတက္ကသိုလ်မှာ နာမည် ကြီးလာခဲ့တာနေမှာ ပေါ့။
“ဟိုင်း”
သူမက Canteen ထဲမှာ အရင်ရောက်နှင့်နေတဲ့ သူမသူငယ်ချင်းတွေ ကို လက်ပြနှုတ်ဆတ် နေလိုက်သေး၏ ။ ယောက်ျားလေးပဲမို့ ရှက်စိတ်နှင့် အတူ သူ သူမကို နည်းနည်း တင်းသွားတာ တော့ အမှန်။
“မင်း လူမှု ရေး ခေါင်းပါးလှချည်လား ခွန်းသချယ်”
သူ့အသံက ဒေါသရိပ်တို့ကြောင့် အနည်းငယ် မာပြတ်သွားသည်။ ရုတ်တရက် ခြေလှမ်းရပ် လိုက်ပြီး သူမက သူ့ကို မျက်နှာချင်းဆိုင်လိုက်သဖြင့် သူ တွန့်သွားမိ၏ ။
နောက် …….
သူမက မျက်နှာတစ်ဝက်နီးပါးခန့် ဖုံးကွယ်ထားတဲ့ အမျိုးအမည် မသိ တန်ဖိုးကြီးနေကာ မျက်မှန်ကို ဟန်ပါပါ ဆွဲချွတ်လိုက်သည်။
သူမ သူငယ်ချင်းတွေ အပါအ၀င် Canteen အတွင်းမှ ကျောင်းသူ ကျောင်းသားအတော် များများ က သူမတို့ကို ဘာလဲ၊ ဘာဆက် ဖြစ်မလဲဆိုတဲ့အတွေးနှင့် ငေးကြည့်နေကြသည်။
“ကျွတ်……..ကွိုင်ပဲ”
“ခွန်းသတို့ ကတော့ စပြီ”
သူမသူငယ်ချင်းတွေ က တစ်ခုခုကို စိုးရိမ်စိတ်ပျက်နေသလို ညည်းတွားနေကြ၏ ။
“ဒီမယ် ကိုအ၀ှာ”
“ကျွန်တော့်နာမည် ”
“စိတ်မ၀င်စားဘူး၊ စောစောက စကားအဓိပ္ပာယ်က ဘာကိုဆိုလိုတာလဲ”
“ဟင်”
သူမက အေးစက်တည်ငြိမ်စွာ ဖြတ်မေးလိုက်သည်ကြောင့် သူ တစ်ချက်ကြောင်ငေးသွားမိ ၏ ။
“မေးနေတယ်လေ”
သူမအသံက အေးစက်မှု ကို ပျော်ဝင်နေပေမယ့် Tone Colour ညီညီ ကြည်လင် ပြတ် သားလွန်းပါ၏ ။ ပြည့်ပြည့်စုံစုံပြောရရင် အမည် မသိ ဓာတ်တစ်ခုနဲ့ ဆွဲညှိထားသလို မိန့်မူးချင်စရာပင် ကောင်းသေး၏ ။
အဖြေမဲ့နေတဲ့သူ့ကို သူမက စိတ်ပျက်သလို စုတ်တစ်ချက်သပ်လိုက်ပြီး…..
“ကျွတ်………လူမှု ရေး ဆိုတာ တစ်ယောက် အလိုဆန္ဒကို တစ်ယောက် က အလိုလိုနား လည်ဖြည့်ဆည်းပေးခြင်း တစ်မျိုးပဲ ၊ တို့အလိုဆန္ဒကို တစ်ယောက် က အလိုလိုနား လည်ဖြည့် ဆည်းပေးခြင်း တစ်မျိုးပဲ၊တို့အလိုဆန္ဒကို မသိဘဲနဲ့ တို့အနားမှာ အတင်းတွယ်ကပ်လိုက်လာခဲ့တာ ဘယ်သူ လူမှု ရေး ခေါင်းပါးတာလို့ ရှင်ထင်လဲ”
“ဗျာ”
သူမက အသံမှာ တင် စွဲဆောင်မှု ရှိတာမဟုတ်၊ စကားအပြောအဆိုပါ လိမ္မာပါးနပ်မှန်း သူသိ လိုက်ရသည်။
“ရော့ ဒီစာရွက်ထဲက အချက်အလက်တွေ က ရှင့်အတွက် ခွန်းသချယ်နဲ့ ပက်သက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ”
Gucci တံဆိပ် ဘေးလွယ်အိတ်ကလေးထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပေးရင်းမှ သူမက အပြုံးအရယ်မဲ့ တည်ငြိမ်စွာ ပြော၏ ။
ထုံးစံအတိုင်း ကျောင်းသူကျောင်းသားတွေ က သူမတို့ကို ငေးမောနေကြသည်။
အရှက်ပြေပဲဆိုဆို သူ အလျင်အမြန်ပင် ထိုစာရွက်ကလေးကို ယူလိုက်မိ၏ ။ သူမ ကတော့ ခြေလှမ်းမှန်မှန်နှင့်ပင် ဘာမှ မ ဖြစ်ခဲ့သလို Canteen ထဲသို့ ၀င်သွားခဲ့ပြီး ဖြစ်သည်။
သူ တွေးမိလိုက်တာ တစ်ခုတော့ရှိပါ၏ ။
“င့ါပုံစံအပေးခံလိုက်ရပြီ”
ဟုတ်ကဲ့……..
သူမသည် ထိုကဲ့သို့ သော ကောင်မလေးမျိုး ဖြစ်ပါသည်။
“ဟား ဟား ဟား”
“နည်းတောင် နည်းသေးတယ်”
“ပြောထားတဲ့ကြားက မှတ်မိပြီလား…….ခွီး ခွီး”
ထက်သူအောင်၊ မျိုးဟော်ကြိုင်၊ နန်းဝင်းအောင်တို့ သုံးယောက် က ပြောပြီး တဟားဟား ပွဲ ကျနေကြသည်။ ပြောပြလိုက်မိတဲ့ ကာယကံရှင် ဇော်မင်းလတ်မှာ သာ ရယ်ရခက် ငိုရခက်နှင့် အီး မှန်ထားသလို မျက်နှာကြီး ရှုံတွနေ၏ ။ မင်းခက်နွယ် ကတော့ ထူးမခြားလှစွာ ငြိမ်သက်နားစွင့်နေပါ သည်။ တစ်စုံတစ်ရာ ၀င်ရောက်မေးမြန်းခြင်း မရှိသလို သူငယ်ချင်း ဖြစ်သူအတွက် ဘာတစ်ခုမှ လည်း မှတ်ချက်မပြုပါ။
ဒါသည်ပင် မင်းခက်နွယ်၏ ထူးခြားမှု ပင်ကိုစရိုက်ဟု ဆိုရမည် ဖြစ်ပါသည်။
“နေစမ်းပါဦး ဇော်မင်းလတ်…….မင်းက ဘာကိစ္စ ဒီအကြောမာတဲ့ ခွန်းသချယ်ကို သွားပက်သတ်ချင်ရတာ လဲ……..ပြောစမ်းပါဦး”
မျိုးဟော်ကြိုင် (ခေါ်) ဟော်ကြီးရဲ့ အမေးကြောင့် စကားဝိုင်းလေးက မဆိုစလောက်လေး အေးစက်သွားသည်။ ဇော်မင်းလတ်က မျက်နှာပေါ်က အကြောတစ်ချို့ကို ဖြတ်လျှော့ချလိုက်ပြီး လေပူတစ်ချက်ကို မှု တ်ထုတ်လိုက်သည်နှင့် မျက်နှာပိုးသတ်ခြင်းကိစ္စ တစ်ခု ပြီးဆုံး သွားပါ၏ ။
ဇော်မင်းလတ် လေးလေးနက်နက်ပြောတော့မည် ဟု သူလည်း ရိပ်စားမိလိုက်သည်ကြောင့် အနည်းငယ်တော့ စိတ်ဝင်စားမိသွားသည်။
“ဇာတ်လမ်းအစက ဒီလိုကွ”
“ပြောစရာရှိတာ ပြောစမ်းပါကွာ……..ပုံကြီးချဲ့မနေစမ်းပါနဲ့ ”
ဇော်မင်းလတ်၏ လေသံနဲ့ ဟန်ပန်ကိုကြည့်ပြီး နန်းဝင်းအောင်က စိတ်မရှည်သလို ဘုဝင်တော၏ ။ ဟုတ်တော့လည်း ဟုတ်သည်။ ဒီကောင် ဇော်မင်းလတ်က ရဲ့ ရဲ့ သားပီပီ ကိစ္စတစ် ခုကို အင်မတန် ဇာချဲ့နိုင်လွန်းသည်။
“အေးပါကွာ…….မင်းတို့ကလည်း”
ရှုံ့တွသွားတဲ့ ဇော်မင်းလတ်မျက်နှာကြီးကြောင့် တခွီးခွီးရယ် ဖြစ်ကြကုန်သည်။ မင်းခက်နွယ် ကတော့ ပြုံးနေ၏ ။
“ငါ ခွန်းသချယ်ဆိုတဲ့ နာမည် ကို ကြားဖူးနေတာတော့ ကြာပြီ လူတွေ့  ကတော့ မနေ့ကမှ ဆုံဖူးတယ်။ ကြားထားတဲ့ သတင်းနဲ့ လက်တွေ့  ကတော့ ကွက်တိပဲ”
“ဘယ်လိုလဲ”
“သေချာအောင် ပြောပါကွာ”
ထက်သူအောင်နဲ့ မျိုးဟော်ကြိုင်တို့က ၀င်ထောက်ပေးတော့မှ ဇော်မင်းလတ်က အားတက်သွားဟန်နှင့် ချောင်းတစ်ချုက် ဟန့်ပြီး ဆက်ပြောပြတယ်။
“ငါ မိန်းကလေးတွေ ကို စိတ်မ၀င်စားတာ မင်းတို့သိပါတယ်”
ကြားဖြတ်ကြော်ငြာထိုးသွားပုံကို အတော် သည်းခံလိုက်ကြရသည်။ အားလုံး “အဟင်း အဟင်း” တွေ လုပ်ကုန်ကြသည်။
“ဒါဆို ခွန်းသချယ်ကို ဘာကိစ္စ သွားလိုက်တာလဲ” ဟု မေးလိုက်ချင်ပေမယ့် မျိုးဟော်ကြိုင် မမေး ဖြစ်လိုက်ပါ။
“င့ါအစ်ကိုတစ်ဝမ်းကွဲ ကိုထက်ကို သိတယ်မဟုတ်လား၊ Eco Final ကလေ”
အားလုံးခေါင်းညိတ်ကြသည်။
“အေး……..သူက သတင်းကြီးတဲ့ ရွှေမင်းသမီး လေး ခွန်းသချယ်ကို မြင်မြင်ချင်း ကြွေတော် မူပါလေရော”
“အဲဒါနဲ့ မင်းက အောင်သွယ်ဖို့ သွားခဲ့တယ်ဆိုပါတော့”
“No No”
“ဟင်……ဒါဆို ဘယ်လိုကြီးလဲ”
“ငါပြောတာဆိုတာ ဆုံးအောင်နားထောင်ကြပါကွာ။ အဲလို တစ်ယောက် တစ်ပေါက် လျှောက်ပြောနေရင် လိုရင်းကို ရောက်တော့ မှာ မဟုတ်ဘူး”
ဇော်မင်းလတ်အပြောကြောင့် အားလုံး ဇက်ပုသွားကြသည်။
“အဲဒီ လို င့ါအစ်ကို ကိုထက်က ခွန်ုးသချယ်ကိုလိုက်တော့ တာပဲ”
“မင်းလိုပဲ ပုံစံပေးခံခဲ့ရရောလား”
ထက်သူအောင်က မနေနိုင်မထိုင်နိုင် ၀င်ပြောတော့ ဇော်မင်းလတ်က “ပြောထားတယ်နော်” ဆိုတဲ့ အကြည့်မျိုးနဲ့ ပြန်ကြည့်နေသဖြင့် ပါးစပ်ကို လက်နှင့် ပိတ်သွား၏ ။
“မဟုတ်ဘူး၊ သူနဲ့ ပတ်သက်လို့ ဘာတွေ လိုအပ်တယ်ဆိုတာ စုံစမ်းမလာခဲ့ဘူးလားလို့ ပြန်မေးခံရတယ်၊ ကိုထက်က အရိုးခံ အတိုင်း ခေါင်းယမ်းပြတော့ ခွန်းသချယ်က ဒါဆိုရင်တော့ ရှင့်အနေအထားနဲ့ တော် တော် ကို ဝေးသေးတယ်လို့ ပြောသွားတယ်တဲ့ကွ”
“အဲဒီ တော့”
မိန်းမကိစ္စတွေ မှာ ဆို ဘယ်တော့မှ စိတ်ဝင်တစားအရေး တယူ ၀င်မပြောဖူးတဲ့ မင်းခက်နွယ်ရဲ့ စိတ်လိုလက်ရ စကားထောက်ပေးမှု ကြောင့် သူငယ်ချင်းအားလုံးရဲ့ အကြည့်တွေ သူ့အပေါ်ကို ပုံကျလာသည်။
“ဘာ ဖြစ်လို့ င့ါကို ပြူးကြည့်နေကြတာလဲ၊ဇော်မင်းလတ်ဆက်ပြောလေ”
“ငါမပြောဘူးလား၊ ခွန်းသချယ်က လူတင်မဟုတ်ဘူး၊နာမည် ကပါ စန်းပွင့်နေတာပါဆို၊ ခုပဲ ကြည့်……နာမည် လေးကြားနေရုံနဲ့ ငါတို့ အုတ်နီခဲကြီးတောင် စိတ်ဝင်စားသွားပြီ”
ဇော်မင်းလတ်က ထင်ရာတွေ ၀င်ပြောတော့ မင်းခက်နါယ်က မလုံမလဲ အတင်းဖြောင့်ချက် တွေ ပေး၏ ။
“စိတ်မ၀င်စားပါဘူးကွာ၊ ငါက နည်းနည်း ထူးခြားနေတယ်ထင်လို့ မေးကြည့်တာပါ”
“အေးပါ အေးပါ”
“ဇော်မင်းလတ် ဆက်ပြောလေကွာ၊ ခက်နွယ်ကိစ္စ ခဏထားလိုက်စမ်းပါ”
“ဟုတ်တယ် ပြောတော့”
ဇာတ်ရှိန်က မြင့်နေပြီမို့ သူငယ်ချင်းတွေ က အတင်းမေးနေကြပြီ။ သို့ မှ မင်းခက်နွယ်လည်း နည်းနည်း အသက်ရှူချောင်သွားခဲ့သည်။
ဟုတ်ပါ့…..ငါကလည်း စပ်စပ်စုစု ၀င်ပြောလိုက်မိတာကိုး။
“အဲ့ဒီမှာ ငါ့အစ်ကိုက ငါ့ကိုလာပြီး သူ့ခံစားချက်တွေ ကို ရင်ဖွင့်တာပဲ၊ မင်းတို့လည်း သိတဲ့အတိုင်းပဲ……ကိုထက်တို့က မပြည့်စုံတော့ ခွန်းသချယ်က အဆင့်ခွဲတယ်၊ ငွေစကားပြော တယ်ဆိုပြီး Feel ဖြစ်ပြီး ကြေကွဲသွားတာကွာ”
“အေးလေကွာ…….ဒီလိုတော့ အဆင့်မခွဲသင့်ပါဘူးကွာ”
“ခံစားရမှာ ပေါ့။ မုန်းတယ်လို့ တစ်ခါတည်း ဖြေလိုက်တာက မှ တော် ဦးမယ်”
“ငါတော့မကျေနပ်ဘူးကွာ”
“အဲလို မဟုတ်သေးဘူးကွ…….လွဲနေပြီ”
ဇော်မင်းလတ်ကအပြောကြောင့် အားလုံးနေဝေတိမ်တောင် ဖြစ်ကုန်ကြ၏ ။
“ဟင်……ဒါဆို ဘယ်လိုလဲ”
“အေး…….ငါလည်း အစ ကတော့ မင်းတို့ထင်သလို ထင်ပြီး ခွန်းသချယ်ကို အတော် တင်းသွားတာပဲ၊ ဒါနဲ့ ငါ့အနေအထားနဲ့ စုံစမ်းကြည့်တော့ အဲလိုမဟုတ်ဘူးကွ၊ နားလည်မှု လွဲကုန်ကြတာ”
“မင်းပြောမှ ပိုရှုပ်ကုန်ပြီကွာ……ရှုင်းအောင်ပြောစမ်းပါ”
နန်းဝင်းအောင်က ၀င်မေးတော့ ဇော်မင်းလတ်က ခေါင်းတကုတ်ကုတ်နှင့်…..
“ခွန်းသချယ်က ကုမ္ပဏီပိုင်ရှင်သူဌေးရဲ့ တစ်ဦးတည်းသော သမီး၊ ပိုက်ဆံချမ်းသာတာ မှန်ပေမယ့် အဲသလို အဆင့်တန်းခွဲတတ်တဲ့ စိတ်ဓာတ်မရှိဘူး၊ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်တာပဲရှိတယ်”
“ဒါဆိုရင် ကိုထက်က ဘယ်လို ဖြစ်……”
“အေး…..အဲဒါပဲ၊ ပြဿနာက အဲဒီ မှာ ”
ကော်ဖီကို ငုံသောက်နေလိုက်သေးသဖြင့် မင်းခက်နွယ်ပင် အတော် သည်းခံနေလိုက်ရ သည်။
ဝင်ပြောပြန်ရင်လည်း ထပ်အပြောခံနေရဦးမှာ မို့ အသာပင်နားစွင့်နေလိုက်ရသည်။
ဝင်ပြောပြန်ရင်လည်း ထပ်အပြောခံနေရဦးမှာ မို့ အသာပင်နားစွင့်ထားလိုက်၏ ။
“ဒီလိုကွ……ခွန်းသချယ်က ရုပ်ရှိ ရေလျှံ အလန်းဇယားထဲကဆိုတော့ လိုက်သူကြိုက်သူက အင်မတန် များ တယ်”
“ဘာလဲ ……သူက Queen မို့လား”
“ငါတို့ အုတ်နီခဲကြီး မင်းခက်နွယ်လိုပဲ နေမှာ ပေါ့၊ King နဲ့ Queen တွေ ဆိုတော့ ကပ်လာတဲ့ ဇယားကို ခွာချရတာ များ နေတယ်ဆိုပါတော့”
“မဟုတ်ဘူးကွ”
ဟော်ကြီးနဲ့ ထက်သူအောင် (ခ) ငထက်ရဲ့ အပြောကို ဇော်မင်းလတ်က ဘူးခံလိုက်သည်ဖြင့် နန်းဝင်းအောင်နဲ့ မင်းခက်နွယ်တို့ပါ အတွေးရခက်သွားကြသည်။
“အေး……ဒါပေမဲ့ အဲဒီ Queen ဆိုတာထက် Popular ဖြစ်ပြီး Attraction လည်းရှိတယ်၊ ဒီဇိုင်းနဲ့ ဟန်ပန်တွေ လည်း သူများ နဲ့မတူ လန်ထွက်နေတယ်၊ ပြီးတော့ ခွန်းသရဲ့ ထူးခြားတဲ့ စိတ်ကူးစိတ် သန်း အယူအဆကြောင့် ဟောဒီတက္ကသိုလ်မှာ တင် မကဘဲ ပြင်ပမှာ ပါ Chemistry က ခွန်းသချယ်ဆိုရင် အားလုံးသိနေကြတာ”
“အဲလောက်တောင် နာမည် ကြီးတာ”
“ပိုတောင်ပိုသေးတာပေါ့ ငထက်ရာ”
“ငါတို့ King မင်းခက်နွယ်လိုပဲပေါ့”
ဟောကြီးက ထပ်ကွန့်တော့ ဇော်မင်းလတ်က ခေါင်းယမ်းပြီး
“ဟင့်အင်း…….မတူဘူး၊ခွန်းသက လိုက်သူပေါပြီး ထူးခြားတဲ့ ဆက်ဆံမှု တစ်ခုကို ဖန်တီးပြီး အနားကပ်လာတဲ့ ဘဲတွေ ကို မလူးသာ မလှုပ်သာအောင် အလိမ္မာနဲ့ ထိန်းချုပ်ထားတတ်တယ်၊ အဲ ဒါကြောင့်လည်း ပိုပြီးနာမည် ကြီးနေတာ”
ထူးဆန်းတဲ့စကားအသွားအလာတွေ မို့ မင်းခက်နွယ် အတော် စိတ်ဝင်စားသွားမိတာတော့ ၀န်ခံပါသည်။ ဒါပေမဲ့…..
“ငါတို့ကောင်ကြီး ကတော့ ကပ်လာတဲ့ မဒီလေးတွေ ကို အပြတ်ကောကောလွှတ်လို့ မာနမင်းသားဆိုပြီး နာမည် ကြီးနေတာ၊ ခွန်းသ နာမည် ကြီးပုံနဲ့ မတူဘူး”
“ဟုတ်သားပဲ ခက်နွယ်ရာ၊ နောက်ဆုံးနှစ် တောင် ရောက်နေပြီပဲ၊ ဟို သချာင်္ကွင်း နန်းကြည် ဖြူဆိုရင် မင်းကို ခိုက်လိုက်တာမှာ တုန်တက်နေတာပဲ၊ တစ်ဗွေလောက် ရွေးချစ်ကြည့်လိုက်ပါ လား’
ဟော်ကြီးစကားကို မင်းခက်နွယ်က…..
“ငါမှ အချစ်ကို စိတ်မ၀င်စားတာ၊ ပြီးတော့ အချစ်ကိုလည်း အယုံအကြည်မရှိဘူး”
ခက်နွယ်အပြောကြောင့် အားလုံးနှာခေါင်းရှုံ့ကုန်ကြသည်။
“ထားလိုက်ပါကွာ”
“ပြောထားပေါ့၊တကယ် အချစ်နဲ့ တွေ့ မှ ……ဟွန်း”
“ဇော်မင်းလတ်……မင်းဇာတ်လမ်းကို ဆက်ပြောလေကွာ”
“အေး…..ဟုတ်ပါရဲ့ ၊ ဒါနဲ့ ငါပြောတာ ဘယ်ရောက်သွားပြီလဲ”
ထူးခြားတဲ့ ဆက်ဆံမှု တစ်ခု ဖန်တီးတဲ့နေရာ ရောက်ပြီဟု နန်းဝင်းအောင်က ထောက်ပေး လိုက်မှ ဆက်ပြောပြသည်။
“ဟုတ်တယ်ကွ…..ခွန်းသက ထူးခြားတဲ့ ဆက်ဆံမှု တစ်ခုကို ဖန်တီးထားတယ်ကွ”
“ဘယ်လိုမျိုးလဲ”
“ဘယ်လိုမျိုးလဲဆိုတော့ ဒီလို ဟော်ကြီးရ……ခွန်းသက အနားကပ်လာတဲ့ ဘဲတွေ ကို တခြားမာနခဲမလေးတွေ လို အပြင်းထန် မတုံ့ပြန်ဘဲ ကြည်ကြည်ဖြူဖြူ အနားကပ်ခွင့် ပေးထားတယ်ကွ”
“ဟင်…..ဒါဆို ကိုထက်ကြီးကျတော့ ဘယ်လိုမြင်တာလဲ”
“မင်းလည်း ကိုယ်တွေ့  ခံလာခဲ့ရပြီးပြီ မဟုတ်လား”
“အေးလေ”
ဇော်မင်းလတ်က အားလုံးကို “လာမယ်လေ၊ မလောစမ်းပါနဲ့” ဆိုတဲ့ မျက်ဝန်းတွေ နဲ့ ပစ်ကျဲလိုက်ပြီး အပြုံးတစ်ဝက်နဲ့အတူ ဆက်ပြောသည်။
“အထာလေးတွေ တော့ လိုတာပေါ့ကွာ၊ ဒီလိုလုပ်…….မင်းတို့ နားလည်အောင် ရှင်းရလည်းလွယ်အောင် ဒီလိုလုပ်”
ဇော်မင်းလတ်က လွယ်အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။
“ရော့….ဒါ ခွန်းသပေးလိုက် တဲ့ စာရွက်ပဲ”
“ဟို….သူနဲ့ ပက်သက်ဖို့ တစ်ခုတည်းသော နည်းလမ်းဆိုတဲ့ စာရွက်လား”
“အေး…ဟုတ်တယ်၊ မင်းတို့ အဲဒါကို အရင်ဖတ်လိုက်၊ ဒါမှ ငါရှင်းပြတာကို မင်းတို့ ပိုသဘောပေါက်မှာ ”
ဟော်ကြီး(ခ) မျိုးဟော်ကြိုင်၊ ထက်သူအောင် (ခ) ငထက်နှင့် နန်းဝင်းအောင်တို့ သုံးယောက် ပေါင်းဖက်ပြီး မင်းခက်နွယ်ကို ထိုးပေးလိုက် သည်။
မင်းခက်နွယ် တစ်ယောက် ထိုစာရွက်ကိုဖတ်ပြီး အတော် ကလေး အံ့သြမိသွားသည်။ ပို၍ လည်း စိတ်ဝင်စားမိ၏ ။
“ဇော်မင်းလတ်……ဒါဆိုရင် ခွန်းသချယ်က သူထုတ်ထားတဲ့ စည်းကမ်းချက်တွေ နဲ့ ကိုက် ညီမှ အနားကပ်ခွင့်ရမယ့်သဘောပေါ့”
“အေးလေ……မလန်းဘူးလား ခက်နွယ်”
မင်းခက်နွယ်က ကျွတ်ခနဲ ညည်းညူရင်း …….
“သွားစမ်းပါကွာ…..သူပြောသိလို အလုပ်လျှောက်သလို ပုံစံနဲ့ CV Form တွေ ဖြည့် Tatoo တွေ ထိုးရအောင်၊ ငါတို့က အရူးလား”
“ရူးလား မရူးလား တော့မသိဘူး ခက်နွယ်ရေ၊ ရန်ကုန်မြို့ပေါ်က တက္ကသိုလ်တွေ အားလုံး မှာ တော့ ယောက်ျားလေးတော် တော် များများ က အဲဒီ Tatoo Logo ပုံကို မြတ်မြတ်နိုးနိုး ထိုးထားကြတာနော်”
“အရူးတွေ ”
“ခက်နွယ်……..မင်း အဲလို လက်လွတ်စပယ်တော့ မပြောနဲ့ မင်းလည်း ခွန်းသနဲ့ မဆုံဖူး သေးလို့ပါ၊ ဆုံသွားခဲ့ရင်….. ”
“ဒီမှာ ဇော်မင်းလတ်…..င့ါအကြောင်းကို မင်းသိပါတယ်၊ အဲလိုအထာကြီးလွန်းတဲ့ ကောင်မလေးမျိုးဆိုရင် ငါပိုလို့တောင် စိတ်မ၀င်စားသေးတယ်”
“ကဲပါကွာ…..တော် ကြစမ်းပါ”
နန်းဝင်းအောင်စကားကြောင့် သူတို့ ဆက်မငြင်း ဖြစ်တော့ဘဲ ငြိမ်သက်သွားကြသည်။
“ဒါဆိုရင် ခွန်းသချယ်အနားကို ဟောဒီစာရွက်ထဲက Tatoo ပုံကိုထိုးပြီး လိုအပ်တဲ့အချက်အလက်ပုံစံတွေ ဖြည့်ပြီး ကပ်လိုက်ရင် ဇယားငြိမ်းမယ်ပေါ့….ဟုတ်လား”
“Right ငထက်၊ အဲ ဒါပေမဲ့ ညာဘက်လက်ဖျံပေါ်မှာ နော်”
“မိုက်တယ်ကွာ”
ဟော်ကြီးက သူ့အမြင်အတိုင်း ၀င်ပြောတော့ မင်းခက်နွယ်က အလိုမကျသလို ကြည့်နေ ၏ ။ ဒါကို သဘောပေါက်တဲ့ ဟော်ကြီးက ခက်နွယ်ကို တမင်စလိုက်သည်။
“ငါတို့အဖွဲ့ထဲမှာ ခက်နွယ်က ရုပ်ရာရော ၊ ဂုဏ်ပကာသနရော Top ဆိုတော့ မင်း…..ခွန်း သဆီ ၀င်လုံးလိုက်ပါလား၊ မင်းအနေထားနဲ့ဆို ပစ်ကျလာမှာ အသေအချာပဲ……ငါလောင်းရဲတယ်”
“တော် စမ်းပါကွာ……..ရှုပ်ရှုပ်ယှက်ယှက်”
“အံမယ်……..ခွန်းသလည်း မင်းလိုပုံစံမျိုးကို Sorry ပါတဲ့၊ မက်လောက်စရာ မရှိတဲ့လေ”
“မင်းစကားက ဘာကြီးလဲ ဇော်မင်းလတ်”
ဇော်မင်းလတ်ရဲ့ သရော်မှု ကြောင့် ခက်နွယ်ရင်ကို ထိ၏ ။
ဟုတ်တယ်လေ……မင်းခက်နွယ်ဆိုတာက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မဟုတ်လား၊ ခွန်းသချယ်ဆိုတာကကော ဘာမို့လို့လဲ။
“ကဲပါကွာ….မင်းကလည်း ဒီကောင် မကြိုက်တာကို သွားနောက်မနေစမ်းပါနဲ့၊ ဒါနဲ့ ဇော်မင်းလတ်….မင်းဘယ်လိုဆက်လုပ် မယ် စိတ်ကူးလဲ”
“ဘာကိုလဲ ငထက်”
“မင်း ဒီ Tatoo ကို ထိုးမှာ လား မထိုးဘူးလား”
ဂရုမစိုက်ဟန် လုပ်နေပေမယ့် ဇော်မင်းလတ်အဖြေကိုတော့ မင်းခက်နွယ် စိတ်ဝင် စား နေ မိသည်။
ဇော်မင်းလတ် ဘာလုပ်မှာ လဲ။
မိန်းကလေး တစ်ယောက် ကို ပက်သက်ခွင့်ရဖို့ သေရာပါသွားမယ့် Tatoo ထိုးရတာ တန် ရောတန်လို့လား။
ဒါ ကတော့ ကာယကံရှင်တွေ ရဲ့ စိတ်ခံစားမှု အပေါ်မှာ ပဲ မူတည်တယ် ထင်ပါရဲ့ ။
အဲဒီ နေ့က ကြည်လင်ဝင်းပနေသော ကောင်းကင်ကြီးသည် ခဏချင်း ရုတ်ခြည်း အုံ့ဆိုင်း သွားခဲ့လေ၏ ။
“ဟယ် ခွန်းသ……..နင် ဒီနေ့ နောက်ကျလှချည်လား”
“အေးလေ…..အတန်းချိန်တောင်နီးနေပြီ”
“လာထိုင်”
Canteen ထဲကို ခွန်းသချယ် ရောက်လျှင်ရောက်ချင်းပင် သူမရဲ့ သူငယ်ချင်းမျာ ဖြစ်တဲ့ လင်းစက်၊ အိအိ၊ သဇင်တို့က တစ်ယောက် တစ်မျိုး ဆီးကြိုနှုတ်ဆတ်ကြသည်။
ခွန်းသက ဘေးလွယ်အိတ်ကလေးကို စားပွဲပေါ်သို့ ပစ်ချပြီး ဆောင့်ဆောင့် အောင့်အောင့် ၀င်ထိုင်လိုက်၏ ။ သေချာပြီ….။ဒီနေ့ ခွန်းသတို့ ကွိုင်တစ်ခုခုတော့ ဖြစ်လာခဲ့ပြီ။
မျက်နှာပေါ်မှာ အလိုမကျမှု တို့က အထင်းသား။
“မျက်နှာကြီးကလည်း ဟယ်…..ဘာ ဖြစ်လာတာလဲ”
“ရည်းစားစာပေးခံရပြန်ပြီထင်တယ်”
“ပြောပါဦး ခွန်းသရဲ့ ”
သူမက သက်ပြင်းရှည်တစ်ခုကို ဖွဖွချပြီး……..
“ဒီလိုဟေ့ ဒီလို…….လမ်းမှာ င့ါကားက ထိုးရပ်သွားတယ်။ ဘာ ဖြစ်မှန်းမသိ၊ ငါလည်း ဘာမှမလုပ်တတ်ဘူးလေ”
“ဟဲ့ ခွန်းသ….နင် BMW twodoor က အသစ်ကြီးမဟုတ်လား၊ ဟိုတစ်ပတ်ကမှ နင့်ဒယ်ဒီ ၀ယ်ပေးထားတာ မဟုတ်လား”
“အဲဒ်ါကြောင့် ငါ ပိုပြီးတင်းတာပေါ့၊ ဒယ့်ဒီကို င့ါ ဖုန်းဆက်ပြီး စိတ်ကောက်လိုက်တော့ Company က ကားတစ်စီးလွှတ်ပေးလိုက် တယ်၊ အဲဒါ စောင့်နေတာနဲ့ ငါ နောက်ကျသွားတာ”
“သြော်…..ဒါများ ခက်နွယ်ရယ်…..ငါ့မှာ တော့ ဘယ်ကောင်များ ငါတို့ သူငယ်ချင်းလေးကို အတင်း ရည်းစားစကားလိုက်ပြောလို့လဲလို့”
“မိအိမ……အဲလို ရည်းစားစကားလိုက်ပြောတဲ့ ဇယားလောက် ကတော့ ခွန်းသတို့က အသာလေး ခေါက်ထားလို့ရတယ်၊ ဘာမှ မသိသေးဘဲနဲ့ စွတ်ပြောမနေနဲ့ဦး”
“ဟဲ့….ဒါဆို ဘာ ဖြစ်နေသေးလို့လဲ”
လင်းစက်ကပါ စိုးရိမ်သလို ၀င်မေး၏ ။ ခွန်းသက မဖြေသေးဘဲ သစ်ခွဖျော်ရည်တစ်ခွက်ကို အရင်မှာ နေသေးသည်။ ပြီးမှ…..
“အေး….အဲဒီ Company က ကားမလာမချင်း ငါက အဲဒီ ကားဘေးမှာ ရပ်နေရတယ်လေ၊ ကားထဲမှာ က Aircon ပါ အလုပ်မလုပ်တော့လို့ မနေနိုင်တော့ဘူး။ အဲဒီ မှာ နင်တို့ကို ငါ တစ်ခါ ပြောပြဖူးတဲ့ ငါတို့လမ်းထိပ်က အကြော်သည်မကြီးရဲ့ သား တော် တီဆိုတဲ့ အရူးအပေါလေ”
“ဟို……နင်က အဒေါ်ကြီးကို သနားလို့ တမင် အကြော်တွေ ၀ယ်ဝယ်ပြီး သူများ တွေ ကို အလကားပေးပေးပစ်တဲ့ဆိုင်က ဘောလုံးရူး ဘ၀င်ရူး တစ်ယောက် လား ခွန်းသ”
“အေးဟေ့…….ခုမှ ဘောလုံးရူး ဘ၀င်ရူးတင်မကဘဲ မယားတရူးပါ ရူးနေမှန်း သိရတော့ တယ်….တကယ်၊ ပြောရမှာ ရယ်ရမှာ လိုလို ရှက်ရမှာ လိုလို တကယ်စိတ်ပျက်ဖို့ကောင်းတယ်”
“လုပ်စမ်းပါဦး ခွန်းသရဲ့ …….ရယ်ရလို့ပါဟ”
သဇင်က ၀င်ပင့်ပေး၏ ။
ထိုစဉ် မှာ ထားတဲ့ သစ်ခါဖျော်ရည်ရောက်လာသဖြင့် ခွန်းသတစ်ငုံသောက်လိုက်သည်။
“အဲဒီ တော် တီဆိုတဲ့ အရူးဟာလေ တကယ်ရှက်အကြောက်လည်း မရှိဘူး၊ အရိပ်ကဲလည်း နားမလည်ဘူး၊ သူပြောချင်တာတွေ စွတ်ပြောတော့တာပဲ”
“နင် ကားပျက်တဲ့နေရာကို သူ ဘယ်လိုရောက်လာတာလဲ”
“ဈေးဝယ်အပြန်မှာ တွေ့ တာနေမှာ ပေါ့။ ခြင်းကြီးတစ်ခြင်းနဲ့ ဘူးသီးတွေ ဆီပုံးတွေ ပါပါ တယ်”
“ဒါ ဖူးစာများ လား”
အိအိက အရွှန်းဝင်ဖောက်တော့ အားလုံးရယ် ဖြစ်ကြသည်။
“နင် ယူလိုက်ပါလား၊ သဇင်နဲ့ဆို လိုက်ဖက်မှာ ”
“ကဲပါ…..ဇာတ်လမ်းကို ဆက်ပါဦး၊ ဘယ်လိုဆက် ဖြစ်ကြလဲ”
“ဘာ ဖြစ်ရမှာ လဲ…..အဲဒီ ကောင်က င့ါကိုတွေ့ တာနဲ့ မင်း သမီးလေးဆိုပြီး အတင်းရော တော့တာပဲ၊မေးလိုက်တာမှလည်း စုံစေ့နေတာပဲ၊ သူ့တွံထွေးမစဉ်အောင် ငါ့မှာ မနည်း ရှောင်နေရတာ ၊ လူကသာ ရှစ်တန်းမအောင်တာ……Broken English Talking တွေ ကလည်း ညှပ်ပြောလိုက်တာ တကယ်ရယ်စရာကြီး၊ ဖြတ်သွားဖြတ်လာလူတွေ က သူ့ကြောင့် င့ါကို ကြည့် ကြည့်သွားတော့ စဉ်းစားကြည့်စမ်း……ငါဘယ်လောက်စိတ်တိုနေမလဲဆိုတာ”
“နင်ပြောတော့ သူက တစ်ခန်းလွတ်နေတာဆို”
“အေးပေါ့…..အဲဒါကြောင့် ငါ ဒီလောက်သည်းခံခဲ့တာပေါ့ ဟဲ့ ၊ကားက ဘာ ဖြစ်တာလဲ ဘယ်ကစ ဖြစ်တာလဲ ဆီပြတ်တာလား ဘာလား အို…သူမသိ မတတ်တာတွေ ကိုလူတတ်ကြီးလုပ် ပြီး မေးနေလိုက်တာဟာ၊ ဒါတောင် သူ့အမေ၀ယ်ခိုင်းထားတဲ့ အကြော်ကြော်မယ့်ဆီတွေ ကို လိုအပ်ရင် မောင်းထည့်ဖို့ အတင်းပေးနေလို့ ငါ့မှာ ရယ်ချင်စိတ်ကို မနည်းထိန်းနေရတယ်ဟယ်.. သိလား”
“ခွန်းသတို့ ကတော့ ဖြစ်လိုက်ရင် အမိုက်တွေ ချည်းပဲ”
“ဟဲ့…နင်ပြောတော့ အဲဒီ တော် တီဆိုတဲ့လူက လူလည်နာမည် ကြီးဆို”
“အေးလေ…င့ါကိုအိမ်ကအကူ မိအေးကပြောပြတာပဲ၊ သူဈေးသွားရင် လမ်းထိပ်လက်ဖက် ရည်ဆိုင်က သူ့အသံကို တစ်လမ်းလုံးကြားရတယ်၊ ဘယ်အကြောင်းအရာပဲ ပြောပြော သူမပါရင် မပြီးတဲ့၊ တတ်ယောင်ကားနဲ့ ရွှီးတော့တာပဲ၊ Internet ကအစ၊ 5000 တန်ဖုန်း၊အလယ် ၊အိုဘား မားအဆုံး သူအကုန်ရွှီးတတ်တယ်၊”
“ဒါလည်း ပါရမီတစ်မျိုးပဲ နေမှာ နော်”
သဇင်က ၀င်ထောက်တော့ ခွန်းသချယ်က ဆက်ပြောပြ၏ ။
“ငါ့အထင်တော့ သူ့ရဲ့ ၀ါသနာပဲထင်တယ်၊ သူက သူများ အကြောင်းရော နေရာတကာမှာ ပါ ၀င်မပြောပြရင် မနေနိုင်တာ၊လူရာဝင်ချင်နေတာပေါ့အေ။လက်ဖက်ရည်ဆိုင်မှာ ဆို သူ့ကိုရှောင်တဲ့ သူတွေ ကို မနည်းဘူး၊ ဒါပေမဲ့ သူက အလိုက်ကမ်းဆိုးကလည်း မသိတော့ ကြွားဝါ မြှော က်ပင့် လိုက်ကပ်ထိုင်နေတာပဲ”
“ဟယ် ပေါရဲလိုက်တာဟယ်”
“ဂေါက်ပါဆို နင်ကလည်း”
“အဲဒါ သူ့နာမည် က ဘယ်သူ”
အိအိအမေးကို သဇင်က ၀င်ဖြေပေးသည်။
“တော် တီလေဟယ်၊ ကိုယ့်ဘဲနာမည် ကို မေ့နေရသလား”
“အဲဒါ သူ့နာမည် အရင်းလား”
ခွန်းသချယ်က မျက်ခုံးလေး ရှုံ့ပြီး ……..
“နာမည် အရင်းတော့ ငါလည်းမသိဘူး၊ တော် တီဆိုတာက တော့ Romar ဘောလုံးအ သင်းက တိုက်စစ်မှုးနာမည် ပဲ။ သူ့ကို အဲလိုခေါ်မှ သဘောကျတာ….သိတယ်မဟုတ်လား ငပေါဆို တော့”
“ကဲပါ …..သူ့အကြောင်းထားလိုက်ပါတော့ ၊ ဒီနေ့ရော နင့်ဆီကို လျှောက်လွှာ ဘယ် နှစ် ယောက် လာတင်သွားပြီလဲ…..ပြောပါဦး”
လင်းလက်က စကားလွှဲမေးလိုက်တော့ သူမက အပြုံးစစဖြင့် ဖြေသည်။
“လျှောက်လွှာအပ်သွားတာတော့ ဒီနေ့ (၄) ယောက် ၊လျှောက်လွှာ လာတောင်း သွား တာ ကတော့ (၇)ယောက် ၊ အမှတ်စဉ် ကတော့ (၂၀၀)ကျော်နေပြီ”
“ခွန်းသ”
အိအိက ခေါ်ပြီး ပြောသင့်မပြောသင့် စဉ်းစားနေဟန်ပြုနေသေးသည်။ ပြီးမှ……
“နင် စတဲ့ဇာတ်က တော် တော် အရှိန်မြင့်နေပြီနော်……ဘယ်လိုစခန်းသွားမှာ လဲ”
“မိအိ ဘာကိုဆိုလိုတာလဲ”
လင်းစက်နဲ့သဇင်တို့ ဘာမှ ၀င်မပြော ဖြစ်၊ အိအိပြောသလို သူမတို့လည်း ခွန်းသကို သတိ ပေးချင်နေသည် မဟုတ်ပါလား။
“ငါ ဘာကိုဆိုလိုတာလဲဆိုတာ နင်သိပါတယ် ခွန်းသ”
“ငါ ကတော့ ဘာမှ မပြောင်းလဲပါဘူး၊ င့ါခံစားချက်နဲ့ပဲ ဆက်လုပ် မှာ ပါ၊ အခုလက်ရှိအခြေအနေက သူတို့ကို ငါကောင်းကောင်း ထိန်းချုပ်ထားနိုင်တာပဲ”
“ဒါတော့ ဒါပေါ့ ခွန်းသရယ်။အခုချိန်မှာ သူတို့က သူတို့ရဲ့ အလိုဆန္ဒအတွက် ကြောင်လေးတွေ အ ဖြစ်နဲ့ သခင်အလိုကျ ပြုသလိုနုနေကြပေမယ့် သူတို့ဇာတိအမှန်က ကျားတွေ လေ”
“ငါတို့က နင့်အတွက် စိုးရိမ်လို့ပါ ခွန်းသ၊ အခုတောင် သတင်းတစ်ခုထွက်နေတယ်”
“ဘာသတင်းလဲ”
လင်းစက်နဲ့ သဇင်တို့ကို သူပြန်မေး ဖြစ်သည်။ သို့ ပေမယ့် ထိုမေးခွန်းရဲ့ အဖြေကို အိအိကပဲ ဖြေပေးလိုက်သည်။
“ဘာသတင်းရမလဲ…..ခွန်းသက ရုပ်ကလေးလှသလောက် မာယာတွေ များ လွန်းတယ်တဲ့ သူတို့ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်တဲ့”
“ဒါ ကတော့ သူတို့ထင်မြင်ချက်လေ၊ ငါက လက်ယပ်ခေါ်နေခဲ့တာမှ မဟုတ်တာ၊ သူတို့ဘာသာ ကြည်ကြည်ဖြူဖြူနဲ့ လက်မှတ်ထိုးပြီး လျှောက်လွှာလာတင်ကြတာပဲလေ”
“င့ါသဘော ကတော့ နင် တစ်ယောက် ကို ရွေးချယ်သင့်ပြီထင်တယ် ခွန်းသ၊”
“သဇင်ပြောတာ ငါထောက်ခံတယ် ခွန်းသ၊ဒါမှ နင့်မှာ နွယ်နေတဲ့ဇယားတွေ ပြတ်သွားမှာ ”
ခွန်းသ ငြိမ်သက်နေသည်။ လင်းစက်ကလည်း သူ့ထင်မြင်မှု တွေ ကို ၀င်အကြံပေးသည်။
“တော် ကြာ ခွန်းသ တရားဝင်ချစ်သူထားလိုက်လို့ ကျန်ခဲ့တဲ့ သူတွေ ထပေါက်ကွဲမှာ ကို လည်း ထည့်တွက်ကြဦးနော်”
“အေးဟ….နင် ဆယ်တန်းပြီးကတည်းက ဒီ Tatoo Fashion နဲ့ Law ကို စထွင်ခဲ့တာ၊ အခု နောက်ဆုံးနှစ် ရောက်ပြီဆိုတော့ နင့်ကို ဇွဲကြီးကြီးနဲ့ စောင့်နေတဲ့လူတွေ ရဲ့ ခံစားချက်ကို နင် လျစ်လျူတော့ ရှုမထားနဲ့ ဦး”
ခွန်းသ သက်ပြင်းဖွဖွချပြီးပြော၏ ။
“အဲဒါ ကတော့ သူတို့ဘက်က လုပ်ပိုင်ခွင့်ပဲ၊ ငါ ဘာမှမှတ်ချက်မပေးချင်ဘူး၊ နင်တို့လည်း အချစ်နဲ့ပက်သက်တဲ့ င့ါခံစားချက်း။ င့ါခံယူချက်ကို သိပြီးသားပဲလေ၊ ငါ ကတော့ င့ါပုံစံအတိုငး ဆက်သွားရမှာ ပဲ”
ခွန်းသရဲ့ စကားအဆုံးမှာ သူမတို့ ဘာမှ ထပ်မပြော ဖြစ်သေး။
ခွန်းသရဲ့ စိတ်နေသဘောထားကို အားလုံးမသိဘဲ ဖြစ်သည်။ ခေါင်းမာသည်၊ ခံယူချက် ပြင်းသည်။ ဆုံးဖြတ်ချက်ကို လွယ်လွယ်ပြင်ဆင်တတ်သူမျိုးမဟုတ်၊ သူ့အယူအဆကို သူ တန်ဖိုးထားတတ်သည်။ သို့ ပေမယ့် သူငယ်ချင်းကောင်းတွေ အနေဖြင့် သူမကို ပြောသင့်ပြောထိုက်တာတွေ ကိုတော့ ပြောရဦးမည် ဖြစ်၏ ။
“တချို့ ကောင်လေးတွေ ဆိုရင် အခု တော် တော် နာမည် ကြီးနေတဲ့ အချစ်ဝန်ဆောင်မှု ကုမ္ပ ဏီ Home of Heart က Member တွေ အတွက် Free side ဖြစ်တဲ့ Second cupid account ကနေ အကြံဥာဏ်တွေ တောင်းခံနေကြတယ်တဲ့၊ နင့်သတင်းက အပြင်မှာ တင် မဟုတ်ဘူး Internet ပေါ်မှာ တောင် ပျံ့နေပြီနော်”
“ကောင်းတာပေါ့။ မိတ်ဆတ်ပွဲတွေ ဘာတွေ လုပ်စရာမလိုဘဲ အလိုလို နာမည် ကြီးတာပေါ့ဟာ”
ခွန်းသက အရေး မထားသလို လုပ်နေသဖြင့် အိအိက မကျေမနပ် ၀င်ပြောလိုက်သည်။
“ခွန်းသ ……..ပေါ့မနေနဲ့နော်။ Home of Heart က Second cupids ကတော် တော် လေး မှန်တယ်တဲ့နော်၊ သူတို့ လုပ်ပေးလိုက်တဲ့ စုံတွဲ တွေ လင်မယားတွေ မနည်းတော့ဘူးလေ”
“နင်ထင်သလို မဟုတ်ဘူးလေ။ တစ်ယောက် ယောက် ကို ရွေးချယ်ချစ်လိုက်ဖို့ဆိုတာ လွယ်တယ်ဆိုပေမယ့် ငါ့အတွက် ခက်ခဲလွန်းပါတယ်၊ ငါ အချစ်ကို ယုံကြည်သလို တန်ဖိုးလည်း ထားတယ်။ငါနဲ့ ထိုက်တန်မယ့် အချစ်တစ်ခု င့ါရင်ခွင်ကို အလိုလို ရောက်လာမှာ ပါဟာ၊ ကဲပါ….. ထားလိုက်ပါတော့။ ငါတို့ အတန်းသွားကြရအောင်လေ”
ထိုနေ့က အချစ်နဲ့ ဘ၀အတွက် နောက်ဆုံးပေါ် ဥပဒေတစ်ခုအဆိုတင်သွင်းခဲ့၏ ။ အချစ် သည် ဘ၀အတွက် အဓိပ္ပာယ်လား ။
ဘ၀သည် အချစ်အတွက် အစိတ်အပိုင်းလား။
ထိုဥပဒေသပါ Equation တွေ ကိုတော့ အချစ်သုတေသီအဖွဲ့တို့ အတည်ပြုဆုံးဖြတ်ပေးရန် အတွက် အရေး ပေါ်ခွဲခြမ်းစိတ်ဖြာနေကြတုန်းပင် ဖြစ်၏ ။
ထိုနေ့သည် ကမ္ဘာ့အသိအမှတ်ပြု သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာဦးမည် ဟု တွေးမိကြပုံရ၏ ။ ဟုတ် မဟုတ်ကိုတော့ အချိန်က ဆုံးဖြတ်ပေးဖို့ တာဝန်ယူထားလိုက်လေသည်။
တမင် မတွေးတော မစဉ်းစားပါဘဲနှင့် သူ့ခေါင်းထဲကို သူမ အကြောင်းတို့ ထူးဆန်းစွာ ၀င် ရောက်မွှေနှောက်နေခဲ့သည်။
ခွန်းသချယ်……မင်းက ဘယ်လိုမိန်းမမျိုးလဲ။
ဘာကြောင့် င့ါခေါင်းထဲကို မင်းလိုမိန်းမရှုပ် တစ်ယောက် ရဲ့ အကြောင်းတွေ ရောက်နေရ တာလဲ။
မင်းခက်နွယ်…….သူ အိပ်လို့မရတဲ့အဆုံး အိပ်ရာပေါ်ကထထိုင်လိုက်ပြီး Apple တံဆိပ် Laptop လေးကို ဖွင့်ကြည့်လိုက်သည်။
နိုင်ငံခြားမှာ ရောက်နေတဲ့ သူ့သူငယ်ချင်းတွေ နဲ့ စကားမပြော ဖြစ်တာပင် အတော် ကြာနေပြီ မဟုတ်လား။Mail တွေ အရင်စစ်ဦးမှ။ ဒီကောင်တွေ ဘာတွေ ပို့ထားသေးလဲ။
အရေး ထဲ ထုံးစံအတိုင်း Connection ကြောင့် G,Talk တစ်ခုဖွင့်ဖို့ အချိန်နာရီဝက်ခန့် စောင့်လိုက်ရသေးသည်။
ထိုစဉ် သူငယ်ချင်းဇော်မင်းလတ်ပြောသည့် အကြောင်းအရာတချို့ ခေါင်းထဲကို ရောက်လာခဲ့၏ ။ မသိစိတ်၏ စေ့ဆော်မှု ကြောင့် ထင်…..သူ့လက်ချောင်းတို့က မစေခိုင်းရဘဲ အောက်ပါအကောင့်တစ်ခုကို add လိုက်ပြီး ဖြစ်နေလေတော့သည်။
ထို Account ကတော့ Home of Heart Company ၏ ပဲ့ကိုင်သူ Second cupid အမည်ခံ ပုဂ္ဂိုလ်ထံသို့ ပင် ဖြစ်၏ ။
secondcupidsecondcupid@gmail.com
Add ပြီးမှ သူ ကိုယ့်ကိုယ်ကို အံ့သြသွားမိသည်။
ငါက ဘာအတွက် ဒီ account ကို ဆက်သွယ်ရမလဲ။ ငါ့အနေအထားနဲ့ ကလေးကလား ဆန်နေစရာလား။
တွေးနေရင်းမှ သူ့လွယ်အိတ်ထဲကနေ တစ်စွန်းတစ်စ ထွက်နေတဲ့ စာရွက်ကလေးကို မြင် တွေ့ သွားသည်။ ဟင်…ဒါ ခွန်းသချယ်ရဲ့ စည်းကမ်းချက်စာ၇ွက်။ဇော်မင်းလတ် မေ့ကျန်ခဲ့တာကို သူပြန်တွေးမိပြီး နောက်တစ်ကြိမ် ပြန်ဖတ်နေမိ၏ ။
ဟွန်း…..တော် တော် တတ်နိုင်တဲ့ကောင်မလေး။
ထိုစာရွက်ထဲမှာ တော့……
ခွန်းသချယ်နှင့် ဆက်နွယ်ပက်သက်လိုသူများ အတွက် စည်းကမ်းချက်များ ။
၁။ ခွန်းသချယ်နှင့်ပက်သက်လိုသူများ သည် မိမိတို့၏ ပတ်စပို့ဓာတ်ပုံ (၂) ပုံ။ အမည် ရင်း နိုင်ငံသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ အပြည်အစုံ၊ ဆက်သွယ်ရန် ဖုန်း နံပါတ်၊ မွေး သက္ကရာဇ်။ တက်ရောက်နေသည့်အတန်း (သို့ ) ပညာ အရည် အချင်း။ အလုပ်အကိုင်နှင့် ကိုယ်ရေး အကျဉ်းတို့ကို မိမိဆန္ဒအရ ဖြည့်စွက် လက်မှတ်ထိုး တင်သွင်းရမည် ။
၂။ ပတ်သက်လိုသူသည် ရည်းစားမရှိသူ၊အိမ်ထောင်မရှိသူသာ ဖြစ်ရမည် ။ အသက် (၁၈)မှ (၃၀) အတွင်းနှင့် ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည် ။ စိတ်သဘောထား ကြီးမြတ်သူ ဖြစ်ရမည။်
၃။ ခွန်းသချယ်မှ ပြန်လည်ပေးအပ်သော မိတ်ဆွေသူငယ်ချင်းအ ဖြစ် အသိအမှတ်ပြု ကတ်ကလေးအား ဂရုတစိုက်မပျောက်ပျက် ထိန်းသိမ်းထားနိုင်ရမည် ။
၎။ ထိုကတ်ရသည့်နေ့မှစ၍ ခွန်းသချယ်နှင့် အတူထိုင်၊ သွားလာခွင့်၊ စကားပြောခွင့် တရားဝင်ရရှိမည် ဖြစ်သည်။
( ဖုန်းအပါအ၀င်)
(မှတ်ချက်။ ။ ထို့ထက်အဆင့်တက်ရန် ကြိုးစားခွင့်အပြည့်အ၀ ရရှိထားသော် ငြားလည်း ချစ်သူ/ရည်းစား အ ဖြစ်သို့ သတ်မှတ်ထားခြင်းမ၇ှိသော်လည်း မိမိတို့အ နေဖြင့် နားလည်ထားရမည် ဖြစ်သည်။)
၅။ အောက်ဖော်ပြပါ Tatoo Logo ပုံအား မိမိ၏ ညာဘက်လက်ဖျံပေါ်တွင် ရေး ထိုး ထား၇မည် ဖြစ်သည်။ အရွယ်အစား ကန့်သတ်မထားသော်လည်း ဖော်ပြပါ အရောင် တို့ကို သာ အသုံးပြုရမည် ။
၆။ ထိုဆက်နွယ်ပက်သက်ခွင့်ကို ခွန်းသချယ်ဘက်မှ အချိန်မရွေး ဖျက်သိမ်း ခွင့် ရှိသည်။ စည်းကမ်းချက်နှင့် မညီညွတ်သော လျှောက်လွှာရှင်၊ပက် သက်လို သူတို့ အား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၇။ မိမိတို့ ညာလက်ဖျံပေါ်တွင် ရေး ထိုးထားရမည့်  Tatoo Logo ပုံမှာ ……..

၈။ ထိုပုံ၏ အင်္ဂလိပ်စာလုံး ( MTS နှင့် EM)တို့သည် သက်ဆိုင်သူ၏ နာမည် ကို ရည် ညွှန်းခြင်း ဖြစ်သည်။ပုံ၏ ၀ဲဘက်သည် ယောက်ျားလေးအတွက် ဖြစ်ပြီး ယာဘက် သည် မိန်းကလေးအတွက် ဖြစ်ပါသည်။ ပုံပါ အင်္ဂလိပ်စာလုံးများ သည် ဥပမာအနေ ဖြင့် ဖော်ပြထားခြင်း ဖြစ်၏ ။ ယော်ကျာ်းလေးအမည် သည် “မျိုးသူစိုး” ဖြစ်သော ကြောင့် (MTS) ဖြင့် ဖော်ပြပြီး မိန်းကလေးအမည် သည် “အိမွန်” ဖြစ် သော ကြောင့် (EM) ဖြင့် ဖော်ပြခြင်း ဖြစ်သည်။
အကယ်၍ သင့်နာမည် က ပြည့်လင်း ဖြစ်ပါက (PL) ဟုရေး ရမည် ဖြစ်ပြီး မိန်းကလေး နာမည် က ဒေ၀ီဆိုပါက (DW)ဟု ရေး ရပါမည် ။
၉။ အကယ်၍ သင့်မှာ ရည်ရွယ်ထားသူ ၊ချစ်သူ မရှိသေးပါက သင့်နာမည် သာ ရေး ထိုးထားပြီး အခြားနာမည် တွင် ကွက်လပ်ထားပါ။ သင်လိုအပ်ချိန်မှသာ သက် ဆိုင်သူအမည် ကိုရေး ထိုးထားလိုက်ပါ။ တစ်နည်းအားဖြင့် သင့်အချစ်ကို သက်သေ ပြပြီး ဖြစ်နေပါလိမ့်မည် ။ (ခွန်းသချယ် အမည် သာ ရေး ထိုးထားရန် မလိုပါ)။
၁၀။ ခွန်းသချယ်အသိအမှတ်ပြု ကတ်ပြားရပြီးပါက ထို Tatoo ပုံ၏ အဓိပ္ပာယ်ကို သင် ရှင်းရှင်းလင်းလင်း သိရမည် ဖြစ်ပါသည်။
မှတ်ချက်။ ။ ထို Tatoo ပုံအား သင့်စိတ်ဆန္ဒဖြင့်သာ ထိုးသင့်မထိုးသင့် ဆုံးဖြတ် ရွေးချယ်ပါ။
၁၂။ ပက်သက်လိုသူကိုယ်တိုင် လက်မှတ်ထိုးလျှောက်လွှာတင်ပြီး အသိအမှတ်ပြုကတ် ပြားကို ကိုယ်တိုင် ထုတ်ယူရမည် ။

သူ သက်ပြင်းတွေ ကိုသာ မှု တ်ထုတ်နေမိသည်။
သူငယ်ချင်းတွေ ပြောသလို သူမ Idea တွေ က လတ်ဆတ်သစ်လွင်ပြီး ဆန်းသစ်မှု တွေ ရှိ နေတာကိုတော့ သူဝန်ခံပါသည်။
မမြင်ဖူးသေးပေမယ့် မင်းခက်နွယ်ဘ၀မှာ မိန်းကလေး တစ်ယောက် အကြောင်းကို စိတ်ဝင်တစား စဉ်းစားတွေးတောခဲ့ဖူးတာတော့ ခွန်းသချယ် တစ်ယောက် သား ရှိပါသေးသည်။
ဒါ Popular အတွက်လား မိန်းကလေး။
သူမနဲ့ ခင်မင်ခွင့်ရရုံကလေးဖြင့် ဘာမှန်းမသိတဲ့ သေရာပါ Tatoo ပုံကို ထိုးရမှာ တော့ အနည်းငယ်ကြောင်သည်ဟု သူတွေးမိ၏ ။
ကိုယ်တိုင်က အချစ်ကိုမယုံကြည်သူဆိုတော့ ပိုဆိုးသည်ပေါ့။
ပြီးတော့ ထိုးရမှာ က ညာဘက်လက်မှာ တဲ့။ ယောက်ျားတို့ ဘုန်းလက်ရုံးလေး။ ဘယ်လိုအ ယူအဆ ရည်ရွယ်ချက်တွေ နဲ့ လဲ မိန်းကလေး။ ကျားတွေ ကို တမင်သက်သက် အရူးလုပ် ကစားချင် နေတာလား။
ထို Tatoo Logo ပုံမှာ အဓိပ္ပာယ်တွေ ပါဝင်နစ်မြုပ်နေတာကိုတော့ သူရိပ်မိသည်။ ဒါပေမဲ့ ဘာကိုမှတော့ သူ တိတိပပ မပြောပြနိုင်သေးပါ။
မိန်းမ တစ်ယောက် ရဲ့ ဆွဲငင်ညို့ယူမှု တွေ မှာ ဘယ်တော့မှမနစ်မြောခဲ့ဖူးတဲ့ သူ့ဘ၀မှာ တော့ ခွန်းသချယ်ဆိုတဲ့ မိန်းကလေး တစ်ယောက် က နာမည် လေးတစ်ခုနဲ့တင် သူ့အတွေးစဉ်တွေ ကို လွယ်လင့်တကူ သိမ်းပိုက်သွားခဲ့တာကိုတော့ သူ တိတ်တိတ်ကလေး ၀န်ခံပစ်လိုက်ရပြီ ဖြစ်၏ ။
သူမသည်း ထိုသို့ လည်း ဆွဲငင်ညို့ယူနိုင်စွမ်းသော ကောင်မလေး တစ်ယောက် ဖြစ်ပါသည်။
အတန်းမစခင်အချိန်မှာ ဖြစ်သည်။
“ခွန်းသလေး …….အတန်းပြီးရင် ကိုယ်နဲ့ ၀ိဇ္ဇာ Canteen ဘက်သွားထိုင်ရအောင်”
“ခွနုးသ မအားဘူး ကိုသက်စိုးဦး”
“ကျွတ်”
သက်စိုးဦးမျက်နှာပေါ်မှာ စိတ်ပျက်မှု တို့က အထင်းသား။သူမ သူငယ်ချင်း ဖြစ်သည့် အိအိ၊ လင်းစက်နှင့် သဇင်တို့ ကတော့ ဘာသိဘာသာပုံဖြင့် အရိပ်အခြည်ကို စောင့်ကြည့်နေကြ၏ ။
သက်စိုးဦးက ခွန်းသအဖေ ဦးဝဋ္ဌာတို့နှင့် အကျိုးတူ စီးပွားဖက်လုပ်ငန်းရှင်ဦးအာကာ၏ တစ်ဦးတည်းသော သား။ဆွေကြီးမျိုးကြီး အသိုင်းအ၀ိုင်းကြီးထဲကမို့ စိတ်ကမြန်သည်။ အရာရာ သူ့စိတ်သူ့သဘော နေလာခဲ့သူ။
အခုတော့ သူ့ဘ၀ သူ့သီအိုရီအားလုံးတွေ က ခွန်းသချယ်နှင့်တွေ့ တော့မှ အားလုံးပြောင်း ပြန် ဖြစ်ကုန်ရသည်။
“ခွန်းသချယ်”
သက်စိုးဦးရဲ့ ခေါ်သံမှာ အရင်လို နူးညံ့ကြင်နာမှု တို့ ကင်းမဲ့နေသည်။
ခွန်းသချယ် ကတော့ မျက်လွှာတစ်ချက်ပင့်ကြည့်ပြီး နားစွင့်ထား၏ ။
“ကိုယ်မင်းကို ပထမနှစ် ကတည်းက အရူးအမူးချစ်လာခဲ့တာ အခု နောက်ဆုံးနှစ်အထိပဲ။ ဒါပေမဲ့ ခွန်းသရဲ့ တုံ့ပြန်မှု တွေ က မနွေးထွေးဘူး။ဒါဘာကြောင့်လဲ၊ ကိုယ့်မှာ ဘာချွတ်ယွင်းချက် တွေ ရှိနေလဲ၊ ပြောပါ ခွန်းသ”
“ရှင်ထင်လို့ပါ…..ခွန်းသက အားလုံးကို ဒီပုံစံအတိုင်းပဲ ဆက်ဆံခဲ့တာပါ”
“မတူဘူး ခွန်းသချယ်”
သက်စိုးဦးအသံက အနည်းငယ် မာကျောလာသည်။
“ဘာတွေ များ ထူးခြားနေလို့လဲ”
ရောင်းသူ ၀ယ်သူ အသံတူလာမှု ကြောင့် အိအိက ခွန်းသကို သတိပေးသလို လက်တို့နေ ၏ ။ သဇင်နဲ့ လင်းစက်တို့ ကတော့ ဘုရားတနေကြ၏ ။
သူမက မထင်ရင် မထင်သိလို ပြူမူတတ်သည်မဟုတ်လား။
“ကိုယ်ဘာကောင်လဲ မင်းအသိဆုံးပါ ခွန်းသချယ်”
ထိုစကားကြောင့် ခွန်းသ မသိမသာ ပြုံးသည်။
“ကိုယ့်အခြေအနေနဲ့ မိန်းကလေး တစ်ယောက် မဟုတ်ဘူး ဆယ်ယောက် တွဲ လို့ရတယ်”
“ရှင့်ကို ဘယ်သူက တားဆီးပိတ်ပင်ထားလို့လဲ ကိုသက်စိုးဦး”
ခွန်းသချယ်စကားအဆုံးမှာ သက်စိုးဦးက ညာဘက်အင်္ကျီလက်ကို ပင့်တင်ပြီး ….
“ဒီတက်တူး ကြောင့်ပဲ”
ခွနုးသက တစ်ချက်ကလေးမှ စောင်းငဲ့မကြည့်ပဲ…..
“ဒါကိုယ့်ဆန္ဒနဲ့ကိုယ် ထိုးခဲ့တာလေ….ဘယ်သူမှ အတင်းအကျပ် မထိုးခိုင်းပါဘူး”
“ဒါတော့ ဒါပေါ့ကွ၊ အခုဒီ Tatoo ကြောင့် င့ါဂုဏ်သိက္ခာတွေ မြောင်းထဲရောက်နေပြီ၊ လူတွေ က င့ါကို ခွန်းသချယ်ရဲ့ အမဲလိုက်ခွေးတစ်ကောင်လို ဆက်ဆံနေကြပြီကွ…..ဒါတွေ ကို မင်းသိလား”
စကားအဆုံးမှာ သူမ “၀ုန်း” ခနဲ မတ်တတ်ထရပ်လိုက်သည်။
“ခွန်းသ”
“သူငယ်ချင်း”
လင်းစက်နှင့် သဇင်တို့ပါ ခွန်းသနည်းတူ မတ်တတ်ရပ်မိသား ဖြစ်ကုန်ကြသည်။ အခြေအ နေက တင်းမာနေ၏ ။
“ဒီမှာ ကိုသက်စိုးဦး ….ရှင့်ဘာသာ ဘာကောင်ပဲ ဖြစ် ဖြစ် ဂရုမစိုက်ဘူး။ ဒီ Tatoo ကြောင့်ပဲ ရှင့်ကို ဒီအခြေအနေ ဒီအခွင့်အရေး နဲ့ လက်ခံစကားပြောခဲ့တယ် မှတ်ပါ၊ …..ဒီမှာ ကြည့်”
ခွန်းသက သူမရဲ့ ဘယ်ဘက်လက်ကို ရှေ့ထုတ်ပြလိုက်ပြီး …….
“ကျွန်မရဲ့ ညာဘက်မှာ ကွက်လပ်အတိုင်းပဲ၊ ကျွန်မအချစ်နဲ့ ထပ်တူကျမယ့် ရင်ခုန်မှု အ ချစ်စစ်စစ် မတွေ့ မချင်း ကျွန်မ ဘယ်သူ့ကိုမှ ချစ်မှာ မဟုတ်ဘူး။ ရှင်ထွက်သွားလိုက်ပါ။ ရှင့်ကို Sorry ပါ။ ဒီထက် ပိုစော်ကားလာမယ်ဆိုရင်တော့ ခွန်းသချယ် အဆိုးမဆိုနဲ့”
သက်စိုးဦး တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်ပစ်လိုက်ပြီး လှည့်ထွက်ရန် ဟန်ပြင်နေစဉ် ခွန်းသက…….
“ရှင့်ကို တစ်လက်စတည်း ပြောလိုက်မယ်။ စည်းကမ်းချက် အမှတ်စဉ် (၆) အရ ရှင့်ကို ကျွန်မနဲ့ ဆက်နွယ်ပက်သက်ခွင့်ကို ကျွန်မဘက်က ဖျက်သိမ်းပါတယ် ကိုသက်စိုးဦး”
“မင်း သက်စိုးဦးဆိုတဲ့နာမည် ကို မြဲမြဲမှတ်ထားလိုက်ပါ ခွန်းသချယ်…….Good Luck ပါ။”
ပြောပြီး လှည့်ထွက်သွားတဲ့ သက်စိုးဦးကျောပြင်ကို ကြည့်ပြီး ခွန်းသက ငွေ့ငွေ့ကလေး ပြုံးလိုက်ပြီး ပြန်ထိုင်လိုက်သည်။
အခုမှ သူမသူငယ်ချင်းတွေ လည်း သက်မကိုယ်စီ ချနိုင်ကြသည်။
“ခွန်းသ ……နင် သက်စိုးဦးပြောသွားတဲ့ စကားအဓိပ္ပာယ်က တွေးရခက်တယ်နော်”
“ဂရုစိုက်မနေစမ်းပါနဲ့ဟာ”
“ခွန်းသ”
သဇင်ကပါ တစ်ခုခုဝင်ပြောမည် လုပ်နေစဉ် တာဝန်ကျ ဆရာမ တစ်ဦး အတန်းဝင်လာသ ဖြင့် အားလုံးရပ်တန့်သွားကြရ၏ ။
သူမ ကတော့ စောစောက ဘာမှမ ဖြစ်တဲ့အတိုင်း အရာရာ ပုံမှန်စီးဆင်းနေလေသည်။
ဟုတ်ကဲ့……သူမသည် ထိုကဲ့သို့ လည်း ဆတ်ဆတ်ကြဲ ကောင်မလေးတစ်မျိုး ဖြစ်၏ ။
“ဇော်မင်းလတ်” ညာဘက်လက်ပေါ်က Tatoo ပုံကိုကြည့်ပြီး အားလုံး အံ့အားသင့်ကုန်ကြသည်။
“မင်း တကယ်ထိုးလာတာပဲ”
“မင်း ကြိုးစားတော့မယ်ပေါ့”
ထက်သူအောင်နဲ့ မျိုးဟော်ကြိုင်တို့အမေးကို ဇော်မင်းလတ်က အပြုံးနှင့် တုံ့ပြန်လိုက်ပြီး……
“ဒါပေါ့……ဒီမှာ င့ါရဲ့ ဘိုင်အိုဂရက်ဖီစာရွက်လေ”
“အခု ခွန်းသချယ်ကို သွားပေးတော့မှာ ပေါ့”
နန်းဝင်းအောင် အမေးကို ဇော်မင်းလတ်က ခေါင်းညိတ်ပြတော့ မင်းခက်နွယ် မနေနိုင် တော့။
“မင်း တော် တော် ရူးတဲ့ကောင်ပဲ။ နေစမ်းပါဦး …ခွနုးသချယ်ပေးလိုက် တဲ့ စာရွက်က င့ါဆီမှာ ကျန်နေခဲ့တယ်လေ၊ ဒီပုံကို မင်းဘယ်လိုထိုးခဲ့တာလဲ”
အားလုံးအကြည့်တွေ က ဇော်မင်းလတ်ထံမှာ စုပုံနေ၏ ။ ဒါကို ဇော်မင်းလတ်က သရော်သ လို အပြုံးဖြင့်…….
“ဟာ…..ဒါများ ကွာ ဒီစည်းကမ်းချက်စာရွက်နဲ့ ဒီပုံက ဘယ်နေရာမဆို အလွယ်တကူ ရနိုင်တာပဲ၊ သူနဲ့ပက်သက်တဲ့လူတွေ ဆီကပဲ ဖြစ် ဖြစ် တောင်းယူလို့ရနေတဲ့ဟာ ကို”
သြော်….တော် တော် အရှက်အကြောက်ကင်းမဲ့တဲ့ ဟာလေးပါလားဟု မင်းခက်နွယ် တွေးမိသည်။
“ဒါနဲ့ ခက်နွယ် …..မင်းရော Tatoo ထိုးပြီး ငါနဲ့အတူ ၀င်ပြိုင်ပါလား”
ဇော်မင်းလတ်က အရွှန်းဖောက်သလို အတည်အတန့်မေးတော့ မင်းခက်နွယ် ဟက်ဟက် ပက်ပက် ရယ်မောမိ၏ ။
“ဟား…ဟား….ဟား…မေးရဲလိုက်တာကွာ။ ငါ အဲလောက်မရူးဘူးကွ၊ ဒါနဲ့ မင်း သူ့ဆီက အဖြေရမယ်လို့် ထင်ထားသလား ဇော်မင်းလတ်”
“No……ဒါတော့ ငါမပြောတတ်ဘူး။ဘာ ဖြစ်လဲကွာ….ရတော့ အမြတ်၊ မရတော့ အရင်းပေါ့။ အဲ…..ဒါပေမဲ့ ဘောလုံးပွဲ လောင်းပြီး ထိုင်ကြည့်နေရတာ ထက်တော့ စိတ်လှုပ်ရှားဖို့ကောင်းတာအ မှန်ပဲဗျ။ အဲဒီ Feel ကို ငါကြိုက်တယ်”
“အဲဒါပဲ……ငါ အချစ်ကို အယုံအကြည်မရှိတာ အဲဒါတွေ လည်း ပါတယ်၊ တော် တော် ရည် ရွယ်ချက် ကြီးတဲ့ကောင်ပဲ”
ဘာပဲပြောပြော ဇော်မင်းလတ် ကတော့ အပြုံးအရယ်မပျက်ပါ။
“ကဲ ကဲ……ငါလည်း အချိန်လေးရှိတုန်း ဖူးမြော်ခွင့် လျှောက်လွှာလေး သွားတင်လိုက်ဦး မယ်”
“သွား သွား…..မင်း အဲဒါနဲ့ သေမယ့်ကောင်”
ဇော်မင်းလတ်ထွက်ခွာသွားစဉ် စိတ်ရှုပ်သလို ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက်မှု တ် ထုတ်နေစဉ် ဟော်ကြီးအပြောကြောင့် မင်းခက်နွယ် ပိုစိတ်ညစ်သွားသည်။
“ဟာ….မင်းခက် ……ဟိုမှာ E-Major Queen ယဉ်နမဒီ လာနေပြီ ”
“ကျွတ်……ကွိုင်ပဲကွာ”
“ယဉ်နဒီ လန်းပါတယ်ကွာ၊ရည်းစားထားဖူးတယ် ရှိအောင် ဆွဲစိကြည့်လိုက်စမ်းပါကွာ”
“တော် စမ်းပါကွာ ငထက်ရာ၊……ငါလစ်တော့မယ်၊ မင်းတို့ ကြည့်ရှင်းလိုက်တော့”
“ဟာ….ဟေ့ကောင်”
“မင်းခက်”
“အားနာစရာကွာ….ဒီကောင် ကတော့ လုပ်ပြီ”
မင်းခက်နွယ်လုပ်ပုံကြောင့် ယဉ်နဒီ မျက်နှာပျက်သွားသည်ကို အားလုံးမြင်လိုက်သော ကြောင့် စိတ်မကောင်း ဖြစ်သွားကြသည်။
မင်းခက်နွယ်က မိန်းမကိစ္စနှင့် ပက်သက်လာလျှင် တီကိုဆားနဲ့ ပက်သလို ဖြစ်နေသော ကြောင့် မိန်းကလေးတွေ ရဲ့ ကြားမှာ သတင်းစကားတစ်ခုပင် ထွက်နေခဲ့တာ ကြာပြီ ဖြစ်သည် ။
သို့ ပေမယ့် မင်းခက်နွယ် ကတော့ ဂရုမစိုက်ခဲ့ပါ။ ပိုနေမြဲ ကျားနေမြဲပင်။
ထိုသတင်းစကား ကတော့……
“Major King မင်းခက်နွယ်က Gay ဖြစ်နေတာ” တဲ့လေ။
![]() နိုင်းနိုင်းနိုင်း | ![]() မာစတာ ဘရိန်း | ![]() ရိုဘော့(တ်) |