
သိပ်ချစ်ကြတဲ့ ချစ်သူနှစ် ယောက် ….
ဟုတ်တယ်…
တစ်ယောက် ဘ၀ကို တစ်ယောက် ပေးပြီးတော့ကို
တကယ့် နားလည်မှု အပြည့်နဲ့ အသည်းပေါက်ထွက်တော့မတတ်
ချစ်ခဲ့ကြတဲ့ ချစ်သူနှစ် ယောက် ….။
ဒါပေမဲ့….
အဲသလို အချစ်ကြီးချစ်ခဲ့ကြတဲ့ ချစ်သူနှစ် ယောက် က
မနေ့က အချိန်တွေ အထိ ချွင်းချက်မရှိ ချစ်နေခဲ့ကြပါရဲ့ နဲ့
နောက်တစ်ရက် ပြန်ဆုံတွေ့ ကြချိန်မှာ (ဘာပြဿနာတစ်စုံတစ်ရာမှ မရှိခဲ့ပါဘဲနဲ့)
တစ်ယောက် ကို တစ်ယောက် သူစိမ်း တစ်ယောက် လို ဖြစ်သွားရတဲ့
အခြေအနေတစ်ရပ်က တစ်စက်ကလေးမှကို ယုံကြည်နိုင်စရာ/လက်ခံပေးနိုင်စရာ
အကြောင်းမရှိခဲ့။
ဟုတ်ပါတယ်….။
သို့ ပေမယ့်လည်း အဲဒီ ကိစ္စတစ်ခုက သိပ်ချစ်ကြတဲ့ ချစ်သူနှစ် ယောက် ကြားမှာ တကယ်ပဲ
ဖြစ်ပွားသွားတယ်…။ ။
လွှတ်တော် အဆောက်အအုံထဲတွင် ဖြစ်သည်။
ထုံးစံအတိုင်း တိုင်းပြည်ကောင်းကျိုးနှင့် ပြည်သူများ ၏ အရေး ကိစ္စများ ကို အထူးဂရုပြုပြီး ပြုလုပ် သင့်/မလုပ်သင့် စသဖြင့် မဲခွဲဆုံးဖြတ်မှု များ ၊ ဆွေးနွေးညှိနှိုင်းတိုင်ပင်ဆုံးဖြတ်မှု များ ဖြင့် သက်ဝင် လှုပ်ရှားနေ၏ ။
လွှတ်တော် ဥက္ကဋ္ဌကြီး ကတော့ အဆိုတင်သွင်းမှု များ ကို စင်မြင့်ထက်မှ နားထောင်ပြီး သစ်သား တူ အသေးစားလေးတစ်လက်နှင့် အလုပ်ရှုပ်နေသည်ကိုလည်း တွေ့ ရသည်။
မတ်တပ်ရပ်ပြီး အားတက်သရော ပုံစံဖြင့် အဆိုတစ်ခုကို တင်ပြနေသော အမတ်တစ်ဦးက သူပြောလက်စ အကြောင်းအရာကို လေယူလေသိမ်းမှန်ကန်စွာ နှင့် ဆက်ပြောပြနေ၏ ။
မတ်တပ်ရပ်ပြီး အားတက်သရော ပုံစံဖြင့် အဆိုတစ်ခုကိုတင်ပြနေသော အမတ်တစ်ဦးက သူ ပြောလက်စ အကြောင်းအရာကို လေယူလေသိမ်းမှန်ကန်စွာ နှင့် ဆက်ပြောပြနေ၏ ။
'လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျားးးး အဆိုပါ တင်ပြချက်ဟာ လူသားအားလုံးအတွက်တင် သာမကဘဲ…. သက်ရှိသတ္တ၀ါ အားလုံးတို့အတွက်ပါ အကျိုးရှိလာမည် ဖြစ်ပါတယ်.. အဆိုပါ တင်ပြ ချက်ကိုသာ နိုင်ငံတော် သမ္မတကြီးက တရားဝင်ခွင့်ပြုချက်နဲ့ ဆက်လက်ဆောင်ရွက်ခွင့် ပြုမည် ဆို ပါလျှင် တိုင်းပြည်အတွက် လူမှု ရေး ၊ စီးပွားရေး နှင့် အခြားအကျိုးကျေးဇူးပေါင်းများ စွာ ကို ခံစားရမည် ဖြစ်ပါကြောင်းကို ကျွန်တော့် အနေနှင့် နိုင်ငံတော် အကျိုးကို ရည်မှန်းပြီး တင်ပြခြင်း ဖြစ်ပါကြောင်းးးး။
အဆိုပါ အမတ်တစ်ဦး၏ အဆိုတင်သွင်းမှု အဆုံးမှာ လွှတ်တော် တစ်ခုလုံး အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ခေါင်းချင်းဆိုင်ပြီး တီးတိုးပြောသူများ ၊ ခေါင်းတခါခါနှင့် ဖြစ်သင့် မ ဖြစ်သင့် တွေးတောနေသူများ ၊ သဘောတကျနှင့် ထောက်ခံသလို ခေါင်းညိတ်နေသူများ ဖြင့် အချိန် အနည်းငယ်မျှ ကုန်လွန်၍ သွားသည်။
အဆုံးမှာ တော့ စင်မြင့်ထက်မှ လေးစားရပါသော ဥက္ကဋ္ဌကြီးက သူ၏ လက်ဆွဲသော် သစ် သားတူ အသေးစားလေးကို ကောက်ကိုင်လိုက်ပြီး တစ်ချက်ထုလိုက်၏ ။ နောက်.. လေးစားရပါသော ဥက္ကဋ္ဌကြီးက အဆိုပါ တင်ပြချက်ကို လက်ခံပါကြောင်းနှင့် မှတ်တမ်းစာအုပ်ထဲမှာ ရေး မှတ်ထားပြီး အဆိုပါတင်ပြချက်ကို ခွင့်ပြုသင့်/မပြုသင့်ကိုလည်း အထူးအလေးထား စဉ်းစားဆောင်ရွက်ပေး မည် ဖြစ်ကြောင်းတို့ကို ပြောကြား၏ ။
တင်ပြသူ အမတ် ကတော့ လေးစားရပါသော ဥက္ကဋ္ဌကြီး၏ စကားအဆုံးမှာ ကြည်စင်စွာ ပြုံးနေ လေတော့သည်။
'ဘ၀ဆိုတာ တိုက်ပွဲ….. ခယ်ဆိုတာ လိုက်ပွဲ…. မင်း ကတော့ ငါ့အတွက် အကြိုက်ဆွဲလို့ရမယ့် …. နတ်သမီးလေးပေါ့… အဟီးဟီးး ဒါပေမဲ့ လောကမှာ အချစ်ဆိုတာမရှိဘူးးး အတ္တရယ်၊ ဆန္ဒရယ်၊ အဓမ္မရယ်ပဲရှိတယ် ဟုတ်တယ်မလားးးး အဟားဟားးးးး The only secret in the country I can smoke … ဒီနိုင်ငံမှ ကျုပ် တစ်ယောက် တည်းသောက်တဲ့ စီးကရက်တစ်မျိုးပဲရှိတယ် Made in Nyungoo, distribute in Yango. This is known as U Boo Htike! အဟားဟားဟား….'
သည်ရပ်ကွက်ထဲက လူတွေ အတွက်တော့ အထက်ပါစကားသံတွေ က သိပ်မထူးဆန်းတော့။ နေ့စဉ်ရက်ဆက် ကြားဖူးနေကျ ဖြစ်တာကြောင့် နားရည်ဝနေကြပြီ ဖြစ်၏ ။
ထို အထူးအဆန်း စကားလုံးဝါကျပိုင်ရှင် ပုဂ္ဂိုလ် ကတော့ 'ညောင်ဦးမြို့'လုပ် 'ဦးဘိုးထိုက်' အမည် ရှိ ဖက်ကြမ်းဆေးပေါ့လိပ် တစ်လိပ်ကို ပါးစပ်မှာ ခဲထားရင်း လမ်းသွယ်လေးအတိုင်း လျှောက် လှမ်းသွားပြီ ဖြစ်သည်။
လူပုံ ကတော့ ခပ်ချောချောပင် ဖြစ်ပြီး သက်လတ်ပိုင်းအရွယ် အနေအထားမှာ ရှိပါသည်။ ၀တ်ပုံ စားပုံကလည်း တကယ်စမတ်ကျပါ၏ ။ သင်္ဘောသားဟောင်း တစ်ယောက် ဖြစ်သည်ဟုလည်း ကြား သိရပါသည်။
သို့ ပေမယ့်လည်း အဆိုပါပုဂ္ဂိုလ်သည် အိမ်ထောင်ရေး အရေး အခင်းများ နှင့် ပတ်သက်ပြီး ဤသို့ ဤပုံ ဖြစ်သွားရခြင်းပင်။ နှမြောစရာကောင်းလှ၏ ။
အခုတော့ ထိုပုဂ္ဂိုလ်သည် အဆိုတော် R ဇာနည်၏ သီချင်းလေးတစ်ပုဒ်ထဲကလို 'ယဉ်ယဉ် လေး'ဆိုသည့် ခေါင်းစဉ်အောက်မှာ နေသားကျနေခဲ့တာ အတော် ကြာပြီပဲ ဖြစ်၏ ။ ထိုပုဂ္ဂိုလ်၏ နာမည် မှာ မူ 'မောင်မောင်' ဖြစ်သည်။
အကြောင်းသိသူများ ကတော့ သူ့ကို အထူးအဆန်းလုပ်ပြီး အရေး တယူလိုက်ကြည့်မနေအား ပါ။ ကိုယ့်အလုပ်ကိုသာ ဂရုတစိုက် လုပ်နေကြသည်။ သို့ ပေမယ့်…သူ့ကို အထူးဂရုပြုငေးကြည့်ပြီး ခေါင်းတရမ်းရမ်းလုပ်နေသည့် လူ တစ်ယောက် ရှိနေသည်ကိုဆိုတာကိုလည်း မည် သူမျှ သိလိုက်ကြ မည် မဟုတ်ပါချေ။
အဆိုပါ ငေးကြည့်နေသူ၏ အမည် မှာ …
ဒေါက်တာစည်သူ…..
အိမ်တစ်အိမ်ရှေ့တွင် ဖြစ်သည်။ မအေ ဖြစ်သူက ဆယ့်နှစ် နှစ် အရွယ် ကလေး တစ်ယောက် ကို အလိုမကျမှု /အားမလိုအားမရ ဖြစ်မှု များ စွာ နှင့် မြည် တွန်တောက်တီးနေ၏ ။
'နင် ဘာအသုံးကျသလဲ…ပြောစမ်း မိဟေမာ… အစားအသောက်နဲ့ ကစားကျ မက်လိုက်တာ နှစ် ယောက် မရှိဘူး။ ကျောင်းစာကျ ဘာတစ်ခုမှ အသုံးမကျဘူး။ ဒီမနက်ဈေးမှာ ညည်းအတန်းပိုင် ဆရာမ နဲ့တွေ့ တယ်။ ငါ့ကို ပြောလိုက်တာများ မျက်နှာတောင် ဘယ်ထားရမယ်မှန်းမသိဘူး… ညည်း တော် လွန်းလို့ပေါ့… တကယ်လည်း သင်္ချာတောင် ဘဲဥကွဲအောင် မဖြေနိုင်ဘူး… မပြောလိုက်ချင် ဘူး… ဟွန်းးးး'
'……..'
'ဘာ… ခုမှ မျက်ရည်ဝဲပြနေတာလဲ… သွား အိမ်ပေးတက်… ဒီနေ့ကစပြီး ကစားဖို့မစဉ်းစား နဲ့ ငါကိုယ်တိုင် ကြပ်မတ်ပြီးတော့ ညည်းကို စာလုပ်ခိုင်းရမယ်….'
'သမီးကမှ သူများ တွေ လို ဥာဏ်မကောင်းတာကို…'
'ဒေါက်…'
'အဟီးဟီးးးးးးးး… အဟင့်…ဟင့်…'
မရဲတရဲပြန်ပြောလာသည့် သမီး ဖြစ်သူကို 'ဒေါက်'ခနဲနေအောင် အမေ ဖြစ်သူက ခေါက်လိုက် သဖြင့် 'တဟီးဟီး'ငိုသွားသော အ ဖြစ်အပျက်ကလေးကို ငေးကြည့်ပြီး သက်ပြင်းတစ်ချချလုပ်နေ သော လူ တစ်ယောက် ရှိပါသည်။
ထိုသူနာမည် မှာ
ဒေါက်တာထွန်းအောင်ကျော်…။
လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဖြစ်သည်။
ထုံးစံအတိုင်း အသံပေါင်းစုံတို့ဖြင့် စည်ဝေနေ၏ ။ 'ဒေါက်တာညီညီ'ဆိုသူ ကတော့ လမ်းမ နှင့် အနီးဆုံးစားပွဲမှာ ကော်ဖီတစ်ခွက်နှင့်လမ်းသွားလမ်းလာများ ကို အရသာခံ ငေးကြည့်နေပါသည်။
သူ့ဘေးစားပွဲမှာ တော့ 'စတားလုံး'နီးနီးတောင့်ဖြောင့်သော လူ တစ်ယောက် က နွားနို့တိုင်ကီ တစ်ခွက်နှင့် ကြက်ဥပေါင်မုန့်ကြော်တစ်ချပ်တို့ကို အပီအပြင် ဆွဲနေသည်ကို တွေ့ ရ၏ ။
အနောက်က စားပွဲဝိုင်းမှာ တော့ လူငါးယောက် ထိုင်နေကြသည်။ မိသားစုလေးတစ်စု ဖြစ်ဟန် တူပါသည်။ ကလေးနှစ် ယောက် က တစ်ယောက် မုန့်ကို တစ်ယောက် လုစားနေသည်ကြောင့် မိဘ များ က 'တဟဲ့ဟဲ့'လုပ်နေသံကိုလည်း မကြာခဏ ကြားနေရ၏ ။
'ညီလေးရေ…. ရှင်းမယ်ဟေ့'
ဘေးစားပွဲမှ အသံ ဖြစ်သည်။ 'စတားလုံး'နီးပါး တောင့်ဖြောင့်သော ပုဂ္ဂိုလ်က ပြောင်သလင်း ခါအောင် စားသောက်ပြီး ပြန်တော့မည် ထင်ပါသည်။ သို့ မဟုတ်…တစ်နေရာရာကို ကိစ္စတစ်ခုခုနှင့် သွားလျှင်လည်း သွားနိုင်ပါသေးသည်။
'တစ်ထောင့်ခုနစ်ရာ ကျပါတယ်အစ်ကို..'
'အေးရော… ငါ့ကို သုံးထောင်ပဲ ပြန်အမ်း၊ ပိုတဲ့ သုံးရာကို မင်းမုန့်ဖို့ ယူထားလိုက်…'
'ဟုတ်ကဲ့..အစ်ကို ..ကျေးဇူးပဲ…'
အနည်းငယ် ရက်ရောပြီး အနည်းငယ်သဘောကောင်းပုံရသော 'စတားလုံး'ကြီးကို ဒေါက်တာ ညီညီက အနည်းငယ်သဘောတွေ့ သွားသည်ကြောင့် အနည်းငယ် စောင်းငဲ့ကြည့်လိုက်မိသည်။
(ဟုတ်သည်ပဲ..တွေးကြည့်ရင် ခေတ်ကြီးက တစ်ပြားကိုနှစ် ပြားသုံးပြား ခွာနေကြသည့် ခေတ် မဟုတ်လား)
'စတားလုံး'ကြီး ကတော့ ခပ်တည်တည်ပဲ ဖြစ်၏ ။ ထိုစဉ် စားပွဲထိုးကောင်လေးက ပြန်အမ်းငွေ 3000 နှင့် အတူ အနားသို့ ရောက်လာပြီး တရိုတသေလှမ်းပေးလိုက် သည်။ 'စတားလုံး'ကြီးကလည်း အပြုံးနှင့် အတူ လက်ကိုလှမ်းပေးလိုက် ၏ ။ ထိုစဉ်…
'ဘုတ်'
'ဟ..ဘာကြီးလဲ…'
'အမလေး…..'
'စတားလုံး'ကြီး၏ ငယ်သံပေါ်အောင် အော်ဟစ်လိုက်မှု ကြောင့် တစ်ဆိုင်လုံး တိတ်ဆိတ်၍ သွားသည်။ ထို့အတူ တစ်ဆိုင်လုံး၏ မျက်ဝန်းအကြည့်တွေ ကလည်း 'စတားလုံး'ကြီးနှင့် ကြောင်ငေး ဆွံ့အနေသော စားပွဲထိုးကောင်လေးတို့ နှစ် ဦးထံမှာ သာ ဖြစ်၏ ။
ပြန်အမ်းရန်ယူလာခဲ့သော တစ်ထောင်တန်ငွေစက္ကူ သုံးရွက်ကလည်း ကြမ်းပြင်မှာ ကျဲပြန့် နေ၏ ။ အကြောင်းက ပိုက်ဆံကိုလှမ်းယူလိုက်စဉ် အပေါ်မှ တစ်စုံတစ်ခုသည် ပြုတ်ကျလာသည်။ ဤသည်ကို လန့်ပြီး 'စတားလုံး'ကြီးက လန့်၍ အော်လိုက်သည်။ ထိုအော်သံကြောင့် စားပွဲထိုးလူငယ် လေးကလည်း ထိတ်လန့်သွားပြီး လက်ထဲမှ ငွေစက္ကူသုံးရွက်ကို လွှတ်ချလိုက်ခြင်း ဖြစ်၏ ။
ထိုစဉ် ဆိုင်ပိုင်ရှင် ဖြစ်ဟန်တူသော ခပ်၀၀ ပုဂ္ဂိုလ် တစ်ယောက် က ကောင်တာကို အမည် ပေါက်သော နေရာမှ ကားကား၊ ကားကားနှင့် ထလာပြီး
'မောင်လှ… Customer နဲ့ ဘာ ဖြစ်လာတဲ…'
'မဟုတ်ဘူးဆရာ… ကျွန်တော် က ပိုက်ဆံအမ်းတာ အဲဒါ သူလှမ်းယူတော့…'
မောင်လှ စားပွဲထိုးကောင်လေးက စားပွဲခုံအောက်တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။
'ဟင်..အိမ်မြောင်'
'ဟို…ဒီကောင်လေးနဲ့ မဆိုင်ပါဘူး။ ကျွန်တော့် လက်ပေါ်ကို ရုတ်တရက် အမိုးပေါ်က အိမ်မြှောင်လေး ပြုတ်ကျလာခဲ့တာကို အမှတ်တမဲ့လန့်ပြီး ကျွန်တော် အော်လိုက်မိတာပါ…အဟီး….'
'သြော်…'
သို့ မှ အားလုံးသဘောပေါက်သွားကြပြီး ပြုံးစိစိ ဖြစ်ကုန်ကြ၏ ။ တချို့ဆို ပြောင်ပြောင်တင်း တင်းကြီးကို ရယ်မောနေကြ၏ ။
ရယ်မည် ဆိုလည်း အပြစ်မဆိုသာပါ။ လူပုံက 'စတားလုံး'အထာနှင့် 'အိမ်မြောင်လေး'တစ် ကောင်ကိုတွေ့ ပြီး ငယ်သံပါအောင် အော်လိုက်သည်ကိုး။
ကိုရွှေစတားလုံးက အရှက်ပြေပင် ပြောလိုက်သေးသည်။
'ကျွန်တော် က ငယ်ငယ်ကတည်းက အိမ်မြောင်ဆိုရင် အသေကြောက်တာဗျ… အဟီးဟီး သွားဦးမယ်နော်'
သူ့ခင်ဗျာ ရှက်၍ ထင့် ကြမ်းပြင်ပေါ်ကျနေသော ငွေသုံးထောင်ကိုယ်ပင် ကောက်၍ မသွား ချေ။
လမ်းလျှောက်ထွက်သွားပုံ ကတော့ အတော် ကိုမိုက်သည်။ မသိရင် တကယ့် Fighter !
'ဒေါက်တာညီညီ' ကတော့ 'စတားလုံး'အ ဖြစ်ကိုကြည့်ပြီး အများ နည်းတူ မရယ်နိုင်အားပါ။ တစ်စုံတစ်ခုကိုတွေးပြီး ခေါင်းတရမ်းရမ်းသာ လုပ်မိနေလေတော့၏ ။
အသက် 15 နှစ် အရွယ် ကောင်မလေး တစ်ယောက် သည် ၀မ်းနည်းပက်လက်ငိုကြွေး နေလေ၏ ။ သူမသည် တစ်ခါတရံတွင် တက်၍ ပင်သွားတတ်သေးသည်။ ဘေးနားက လူတွေ က မနည်းဆွဲထိန်းပေးနေရ၏ ။
'သမီးလေးရယ်..စိတ်ကို ထိန်းမှပေါ့ကွယ်…'
'အဟီး…ဟီး… အမေ သမီးတို့ကို ထားခဲ့ပြီပေါ့.. အမေပဲ သမီးကို စိတ်မချပါဘူးဆို… အခု သမီး ကို စိတ်ချသွားတာလား အမေရဲ့ အဟီး'
'သေတဲ့လူက သေသွားပြီပဲ တူမကြီးရယ်.. စိတ်ကိုလျှော့စမ်းပါ'
'အဟီး…ဟီး…အမေ…'
ထိုစဉ် ၀ရုန်းသုန်းကား အ ဖြစ်အပျက်တစ်ခုက ရုတ်ချည်း ဖြစ်လာခဲ့ပြန်၏ ။
'အမေ…အမေ့နောက်ကို ကျုပ်တစ်ခါတည်း လိုက်ခဲ့မယ်.. ကျုပ်လိုက်ခဲ့မယ်….'
'ဟဲ့..ဟဲ့.. ဟိုကောင်လေးကို ထိန်းကြပါဦးဟ၊ လက်ထဲမှာ လည်း ဓားကြီးနြ့…'
'အမေ… ကျုပ်လာပြီ အမေ…'
'ဟဲ့.. ဆွဲထားကြပါဦးဟ.. သြော် .. အငယ်မကတစ်မျိုး အကြီးကောင် ငမူးက တစ်မျိုးနဲ့….'
'လုပ်ကြပါဦးဟ… လုပ်ကြပါဦး…'
အသုဘ အိမ်လေးက အတော် ရုပ်ပျက်ဆင်းပျက် နိုင်လှ၏ ။
အိမ်ရှေ့မှ ထောင်ထားသော အထက်ပါဆိုင်းဘုတ်ကလေးပင် လူတွေ ရုတ်ရုတ်သဲသဲကြောင့် ပြုတ်ကျသွားသည်။ ဦးနှောက်သွေးကြောပြတ်ပြီး လူ့လောက၀ဋ်ဆင်းရဲမှ ထွက်ခွာသွားသော ဒေါ် သွန်းသုသုသာ ဆိုသူ ကတော့ သားနှင့် သမီးလေးတို့၏ ၀မ်းနည်းကြေကွဲမှု အ ဖြစ်သနှစ် တွေ ကို မကြား မသိနိုင်တော့။ ခုတင် တစ်လုံးအထက်မှာ ဆန့်ဆန့်ကြီးလဲလျောင်းနေဆဲပင် ဖြစ်၏ ။
'အမေရေ… အမေ.. ကျုပ်ကို လိုက်ခွင့်မပေးကြဘူးဗျ'
'အဟီးဟီး… အမေ သမီးကို ထမကြည့်တော့ဘူးလား အဟီး…'
'…….'
အသုဘတစ်ခု၏ အခင်းအကျင်းတစ်ခုက မလှမပ။ ၀မ်းနည်းပူဆွေးမှု မျက်ရည်စများ နှင့် သာ ပြည့်နှက်နေကြသည်။
လူအုပ်ထဲမှ 'ဒေါက်တာနိုင်ရဲ'ဆိုသူ ကတော့ အတွေးတချို့နှင့် ခေါင်းတညိတ်ညတ်လုပ်နေပြီး သက်ပြင်းတစ်ချက်ကို စိတ်ပါလက်ပါ ပစ်ချကာ အသုဘ အိမ်ကလေးအတွင်းမှ တရွေ့ရွေ့ ထွက်ခွာ သွားခဲ့ပြီ ဖြစ်လေတော့၏ ။
ရန်ကုန်မြို့ရှိ နာမည် ကြီးဟော်တယ် တစ်လုံး၏ အထူးသီးသန့်စားသောက်ခန်း တစ်ခန်းထဲ တွင် အသက် 30 ပတ်ဝန်းကျင် လူလေးယောက် တို့သည် တစ်စုံတစ်ရာသော အတွေ့ အကြုံ အကြောင်းအရင်းများ ကို တစ်ယောက် စီအလှည့်ကျ ပြောပြနေကြ၏ ။
တစ်ယောက် ပြောပြသည့် အကြောင်းအရာကို ကျန်သုံးယောက် ကလည်း စိတ်ဝင်တစား နား ထောင်ပေးနေ၏ ။ နောက်တော့ အဆိုပါ လူလေးယောက် တို့သည် အကြောင်းအရာတစ်ခုကို အလေး အနက် ဆွေးနွေးတိုင်ပင်နေကြလေ၏ ။
ခေါင်းညိတ်ခြင်း၊ ခေါင်းခါခြင်းများ ကိုလည်း တွေ့ ရ၏ ။ အချိန်အတော် ကြာကြာ ဆွေးနွေးတိုင် ပင်ပြီးချိန်မှာ တော့ တစ်စုံတစ်ခုကို အတည်ပြုဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ အပြုံးတွေ ကိုယ်စီ ပိုက်တွေးထားကြ၏ ။ မျက်ဝန်းတွေ က ကြယ်ရောင် တွေ လို တဖျတ်ဖျတ် လင်းလက်တောက်ပနေကြ ၏ ။
တစ်စုံတစ်ခုသော မျှော်လင့်ချက်အတွက် သူတို့လေးယောက် မျက်နှာပေါ်မှာ အားမာန်အပြည့်၊ ယုံကြည်ချက်အပြည့်ကိုလည်း လင်းလင်းထင်းထင်းတွေ့ မြင်နေရ၏ ။
'ငါတို့တွေ ဘယ်တော့လောက် စကြမလဲ'
'မနက်ဖြန်က စမယ်လေ.. ကိုယ့်အပိုင်းကို ကိုယ်ချွင်းချက်မရှိအောင် ကြိုးစားကြပါ… ငါတို့ လုပ်လိုက်တဲ့ အလုပ်တစ်ခုက တစ်ရာ ရာနှုန်းပြည့်စုံနေမှ ဖြစ်မယ်'
'ဟုတ်တယ်.. ဒီအလုပ်က ငါတို့အားလုံးရဲ့ နာမည် တွေ ကမ္ဘာပေါ်မှာ ရာစုနှစ် အဆက်ဆက် သမိုင်းတွင် ကျန်နေရစ်မယ့်အလုပ်ပဲ.. ကမ္ဘာကျော်မယ့် အလုပ်လည်း ဖြစ်တယ်'
'ဒါတင် ဘယ်ကမလဲ.. ဒီအလုပ်က လူသားအားလုံးအတွက် အကျိုးပြုလည်း ဖြစ်သလို လူ့ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အကောင်းဆုံးလုပ်ဆောင်ချက်လက်နက်လည်း ဖြစ် လာနိုင်တယ်လေ… ပြီးတော့ ဒါဟာ ကမ္ဘာမှာ မြန်မာဟေ့ဆိုတဲ့ ကြွေးကြော်သံကို ပီပီပြင်ပြင် ဟစ် အော်နိုင်မယ့် အခွင့်အရေး ပဲ.. နောက်… ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေ က ကမ္ဘာ့အလယ်မှာ ဂုဏ်ယူ ၀င့်ကြွားနိုင်မယ့် ကိစ္စ ဖြစ်တဲ့အတွက် ငါတို့လေးယောက် ပူးပေါင်းကြိုးစားပြီး နိုင်ငံတော် ကို ကျေးဇူး ဆပ်ကြရလောင်လားကွာ…'
လူလေးယောက် တို့ မျက်ဝန်းတွေ ဆုံစည်းမိကြသည်။
'ဒါနဲ့.. ငါတို့ ဒီပရောဂျက်ကို ဘယ်လိုနာမည် သတ်မှတ်ထားကြမလဲ'
'ဟုတ်တယ်.. ငါတို့နာမည် ပေးဖို့လိုတယ်…'
'ဘယ်လိုပေးရမလဲ..'
'မာစတာဘရိမ်း (Master Brain) ဆိုရင် မကောင်းဘူးလား'
စကားဝိုင်းလေး ခတ္တတိတ်ဆိတ်သွားပြီး တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြ သည်။ နောက်..
'မဆိုးဘူးကွ… အဲဒီ နာမည် လေး..'
'မဆိုးတာကို မဟုတ်သေးဘူး။ အဲဒီ နာမည် နဲ့ လိုက်ကိုလိုက်ဖက်တယ်'
'ဒါဆို.. ဒီပရောဂျက်ကို မာစတာဘရိမ်းလို့ပဲ အတည်ပြုကြမလား'
'အိုကေ.. ငါတို့ သဘောတူတယ်…'
နောက်တော့ တစ်ယောက် က အနီရောင် အရည်တချို့ပါသော ဖန်ခွက်လှလှလေးတစ်လုံးကို မြှောက်ကိုင်ပြီး…
'ငါတို့ရဲ့ မာစတာဘရိမ်း ပရောဂျက်ကြီး အမြန်ဆုံးအောင်မြင်ပါစေ'
စကားအဆုံးမှာ တော့ ကျန်သုံးယောက် ကလည်း ဖန်ခွက်ကိုယ်စီကောက်ကိုင်လိုက်ပြီး ဖန်ခွက် ချင်း ထိခတ်လိုက်ကြသည်။
'ခွပ်'
'မာစတာဘရိမ်း ပရောဂျက် အမြန်ဆုံးအောင်မြင်ပါစေ'
အထက်ပါအတိုင်း အသံပြိုင်ရွတ်ဆိုလိုက်ပြီး ပြိုင်တူ မော့သောက်လိုက်ကြသည်။
ထိုလူလေးယောက် တို့သည် အခြားသူများ အဟုတ်။ အမေရိကန်နိုင်ငံ အခြေစိုက် 'အပြည်ပြည် ဆိုင်ရာ အဆင့်မြင့်နည်းပညာတက္ကသိုလ်'မှ ကျောင်းဆင်းပြီး အမိမြန်မာနိုင်ငံသို့ ပြန်ရောက်လာ သည်မှာ အချိန် သုံးလခန့်သာရှိသေးသော ထူးချွန်ပုဂ္ဂိုလ်များ ပင် ဖြစ်၏ ။
ထိုကျောင်းသည် နိုင်ငံတကာမှ အတော် ဆုံးသော နည်းပညာဆရာကြီးများ ကိုသာ သင်ကြား ခွင့်ပြုထားပြီး နိုင်ငံတကာမှ အရည်အချင်းထူးချွန်ထက်မြက်သော လူငယ်များ ကိုသာ အဆင့်ဆင့် စိစစ်ရွေးချယ်ပြီး တစ်နှစ် လျှင် ကျောင်းသားဦးရေ 50 သာ လက်ခံသော ကမ္ဘာ့တစ်ကျောင်းတည်း သော အဆင့်မြင့်တက္ကသိုလ် ဖြစ်၏ ။
မြန်မာနိုင်ငံမှ နည်းပညာကို စိတ်ဝင်စားပြီး ထိုကျောင်းကို တက်လိုသော ကျောင်းသူ/သား များ သည် သော င်းချီပြီး နှစ် စဉ်ဝင်ခွင့်လျှောက်ကြသော်လည်း ထိုလူလေးယောက် သာ မြန်မာနိုင်ငံမှ ရွေးချယ်ခံခဲ့ရသည်။ ထို့နောက်မှာ တော့ မည် သည့်ကျောင်းသားမှ တက်ရောက်ခွင့်မရကြသေးပေ။
ပညာသင်ချိန်သည် ခြောက်နှစ် တိတိ ဖြစ်၏ ။ နောက်ဆုံးမှာ တော့ ထိုလူလေးယောက် တို့သည် 'အပြည်ပြည်ဆိုင်ရာ အဆင့်မြင့်နည်းပညာတက္ကသိုလ်'မှ အဆင့်မြင့်ဘွဲ့လက်မှတ်ကိုပိုက်ပြီး အမိ နိုင်ငံတော် သို့ အောင်မြင်စွာ ခြေချနိုင်ခဲ့ပြီ ဖြစ်၏ ။
တခြားနိုင်ငံတွေ က ထိုကျောင်းဆင်းလူငယ်တွေ ကို မတန်တဆ လစာကောင်းများ နှင့် ချက်ချင်း ခေါ်သွင်းနေသော်လည်း ရည်ရွယ်ချက်ကြီးများ လွန်းသော ထိုလူလေးယောက် တို့ ကတော့ တခြားနိုင်ငံတွေ မှာ အလုပ်မ၀င်ဘဲ ဆုံးဖြတ်ချက်တူညီစွာ ဖြင့် မြန်မာနိုင်ငံသို့ သာ ပြန်လာခဲ့ကြ၏ ။
ယခုမူ သူတို့၏ မဟာရည်ရွယ်ချက်ကို 'မာစတာဘရိမ်း'ဟု အမည် သတ်မှတ်ပြီး စတင် အကောင်အထည်ဖော်နိုင်တော့မည် ဖြစ်သည်။ ထိုလေးယောက် တို့မှာ …
(1) ဒေါက်တာစည်သူ
(2) ဒေါက်တာ ထွန်းအောင်ကျော်
(3) ဒေါက်တာညီညီနှင့်
(4) ဒေါက်တာ နိုင်ရဲတို့ပင် ဖြစ်လေတော့၏ ။
ထိုလူလေးဦးတို့၏ မဟာရည်ရွယ်ချက်ဆိုတာ
ဘာများ လဲ ?
Master Brain Project ဆိုသည်မှာ
အသို့ နည်း ?
- သင့်အနေဖြင့် အနည်းငယ်တော့ သိချင်စိတ် ပြင်းပြနေပြီ ဖြစ်သည်ကို ပွင့်လင်းရိုးရှင်းစွာ
ဝန်ခံရန် အတင်းမတောင်းဆိုလိုပါ….
သို့ သော်..
အသိအမှတ်ပြုသော အားဖြင့် သင် ခေါင်းတချက်တော့ ညိတ်လိုက်ပါ…။
- ဟုတ်ကဲ….
သင်၏ တုန့်ပြန်မှု အတွက် များ စွာ ကျေးဇူးတင်ရှိမိပါသော်လည်း
သင်၏ ပြင်းပြလှသော သိချင်စိတ်အတွက် ဤစာအုပ်ကို
ဆက်၍ ဖတ်ရှုပေးရန်မှတစ်ပါး
အခြားအကောင်းဆုံးနည်းလမ်း မရှိတော့ပါ
ကြောင်းသာ ကျွန်ုပ်ဘက်မှ အကြံပြုပေးနိုင်ပါသည်။
လေးစားစွာ ဖြင့် …
စာရေး သူ
တက္ကသိုလ်တစ်ခု၏ နံနက်ခင်းသည် နုပျိုလတ်ဆတ်ပြီး လင်းဝင်းတောက်ပနေေ၏ ။ အနာဂတ် ၏ သားကောင်းရတနာများ ဖြစ်လာကြမည့်  ကျောင်းသားကျောင်းသူတိုင်း၏ တက်ကြွလှပသော ခြေလှမ်းအစုံတို့သည် တစ်စုံတစ်ရာ စွမ်းအားများ ဖြင့် လက်ကြွနေကြသည်။
တက္ကသိုလ်တိုင်း၏ အထင်ကရ နေရာတစ်ခု ဖြစ်သည့် Canteen လေးတွေ ထဲမှာ လည်း ခိုးခိုးခစ်ခစ် ရယ်မောသံများ ၊ စနောက်သံများ ၊ စကားသံများ နှင့် ကျောင်းသားကျောင်းသူများ စည်ကား နေလျက်ရှိသည်။
ကျောင်းသားလေး တစ်ယောက် သည် လူစည်ကားလှသော Canteen လေးထဲသို့ မျက်စိတစ် ချက် ကစားလိုက်သည်။
ဟော..တွေ့ ပြီ။ အားလုံး လူစုံတက်စုံ ရောက်နေကြပြီပဲ။
ကျောင်းသားလေးက အပြုံးတစ်ခုနှင့် အတူ ဆန့်ကျင်ဘက်လိင်နှစ် ဦးစီရှိနေသော လူလေး ယောက် စားပွဲဝိုင်းကလေးဆီသို့ ဦးတည်လိုက်သည်။
'ဟော… လာပါပြီဗျာ.. ခေတ်သစ်ကို…'
'အေး.. ငါ နည်းနည်း နောက်ကျသွားတယ်ကွာ…'
ခေတ်သစ်ကို အမည် ရ ကျောင်းသားလေးက သူငယ်ချင်း ဖြစ်သူ သင်းမောင်မောင်ကို အထက်ပါအတိုင်း အဖြေပေးရင်း ထမင်းကြော်တစ်ပွဲကို မှာ လိုက်၏ ။
'ညီလေး… ကိုယ့်အတွက် သီးစုံထမင်းကြော်တစ်ပွဲ လုပ်ပေးကွာ'
'ဒါနဲ့ ခေတ်သစ်ကို မင်းနဲ့လင်းခက်ဆစ်တို့က Final Exam ဖြေပြီးတာနဲ့ ရုံးတက်လက်မှတ်ထိုး ထားမှာ ဆို…'
'ဟုတ်တယ်.. ငါတို့လည်း ခက်ဆစ်ဆီက ကြားတယ်'
အေးဇော်အမေးကို ကေခိုင်ကပါ ထောက်ခံသလို ၀င်ပြောပေးသည်။ ခေတ်သစ်ကို ဆိုသူက တော့ ရောက်လာသည့် အငွေ့တထောင်းထောင်း ထမင်းကြော်ပွဲကိုသာ တဖူးဖူးမှု တ်ပြီး အာရုံရောက် နေပုံရ၏ ။
ဇာခြည်စိုးဆိုသူက တပ်ထားသည့် ပါဝါမျက်မှန်လေးကို ပင့်တင်ပြီး လက်က နာရီကို တစ်ချက် ကြည့်လိုက်ကာ…
'ဒီနေ့မှ ခက်ဆက်ကလည်း နောက်ကျလိုက်တာဟာ'
'ဟုတ်ပါ့…'
ကေခိုင်ကပါ ဇာခြည်အဆိုကို ထောက်ခံပေးလိုက် ပြီး ဆိုင်ရှေ့ကို ငေးကြည့်နေသည်။
'ဟေ့ကောင်.. ခေတ်သစ်.. ငါတို့မေးတာ ဖြေဦးလေကွာ'
'ဘာကိုလဲကွာ..'
အေးဇော်အမေးကို ခေတ်သစ်ကိုက ထမင်းကြော်တစ်ဇွန်းခပ်စားရာမှ အထက်ပါအတိုင်း ပြန် ပြောနေ၏ ။ ဤသည်ကို သင်းမောင်မောင်က
'မင်းနဲ့လင်းခက်ဆစ်တို့ စာမေးပွဲပြီးရင် ရုံးတက်လက်မှတ်ထိုးထားကြမှာ ဆို…'
'…….'
ခေတ်သစ်ကိုက မဖြေသေးဘဲ သင်းမောင်မောင်ကိုသာ နားမလည်နိုင်စွာ ဖြင့် ပြူးကြောင် ကြောင်ပြန်ငေးကြည့်နေမိသည်။
မိန်းကလေး သူငယ်ချင်းနှစ် ယောက် ဖြစ်သည့် ဇာခြည်စိုးနှင့် ကေခိုင်တို့ကလည်း ခေတ်သစ် ကို နားမလည်နိုင်စွာ ပြန်ငေးကြည့်နေကြလေ၏ ။
'ပြောလေကွာ.. ဘာကြောင်ကြည့်နေတာလဲ…'
အေးဇော်က စိတ်မရှည်နိုင်စွာ ၀င်ပြောတော့ ခေတ်သစ်ကိုက…
'မင်းတို့တွေ က ငါ့ကို ဘာတွေ လာမေးနေကြတာလဲ… ငါ ဘာမှနားမလည်နိုင်ဘူး… ပြီးတော့.. အဲဒီ လင်းခက်ဆစ်ဆိုတာကရော ဘယ်သူလဲ'
'ဟေ'
'ဟာ…'
'…….'
ခေတ်သစ်ကို စကားကြောင့် အားလုံးအံ့အားသင့်ကုန်ကြ၏ ။ အနည်းငယ်စိတ်ဆတ်ပုံရသည့် ကေခိုင် ကတော့ ချက်ချင်း ပဲ ၀င်ပြောလိုက်သည်။
'ခေတ်သစ်.. ဘာအရူးကွက်လာနင်းနေတာလဲ.. ခက်ဆစ်ပြောပြလို့ ငါတို့အားလုံးသိပြီးနေပြီ … နင်တို့နှစ် ယောက် စားမေးပွဲပြီးရင် ရုံးတက်လက်မှတ်ထိုးထားကြမှာ တဲ့'
'ဟုတ်တယ်'
ဇာခြည်စိုးကပါ ၀င်ထောက်ခံနေတော့ အေးဇော်ကပါ ၀င်ပြောနေ၏ ။
'ငါနဲ့ကေခိုင်လည်း မင်းတို့နဲ့အတူ လက်မှတ်လိုက်ထိုးမလို့ မေးနေတာ'
'ဟုတ်တယ်.. ငါနဲ့ဇာခြည်တို့အတွဲ ရောပဲ'
'ဟင်'
ခေတ်သစ်ကို တစ်ယောက် အတော် ဦးနှောက်ခြောက်နေပုံရသည်။ ခေါင်းကိုကုပ်သည် သက်ပြင်းကိုချသည်။ စားလက်စ ထမင်းကြော်ကိုပင် ရပ်တန့်ထား၏ ။ ပြီးမှ မထော်မနန်း ၀ါကျအချို့ ကို ပြောလာခဲ့၏ ။
'ဒါဆို မင်းတို့တွေ ပြောပုံအရ ငါနဲ့ လင်းခက်ဆစ်ဆိုတဲ့ ကောင်မလေးနဲ့က ချစ်သူတွေ ပေါ့… ဟုတ်လား'
'ဘုရားရေ…'
'ဟူး'
စကားအဆုံးမှာ သက်ပြင်းချသူကချ၊ ရင်ဘတ်ကို လက်နှင့် ဖိသူကဖိ၊ အာမေဋိတ်သံ ထွက်သူ ကထွက်နှင့် ဖြစ်ကုန်ကြသည်။
ခေတ်သစ်ကို ကတော့ သူတကယ်ပဲ ဘာမှမသိနားမလည်ပုံဖြင့် အားလုံးကို ငေးကြည့်နေ၏ ။ အတော် ကြာမှ…
'ငါ့ကို ဘာပြူးကြည့်နေကြတာလဲ.. မေးတာကို ဖြေဦးလေ.. ငါနဲ့ လင်းခက်ဆစ်နဲ့က ချစ်သူ တွေ လားလို့'
'ဟုတ်တယ်လေ… မင်းနဲ့ခက်ဆစ်နဲ့က နည်းနည်း နောနော ချစ်ကြတာတောင် မဟုတ်ဘူး။ တကယ့်ကို သဲသဲလှုပ်ပြီး အကဲပိုပို ချစ်ကြလွန်းတဲ့ နာမည် ကြီးချစ်သူတွေ … တစ်ကျောင်းလုံးကို မေးကြည့်… မင်းတို့အတွဲ ကို မသိသူမရှိ…'
အေးဇော်က ရွဲ့ပြီးဖြေတော့ သူ့ကောင်မလေးကေခိုင်က အရူးကွက်နင်းနေသည့် ခေတ်သစ် ကိုကို မျက်စောင်းခဲထား၏ ။
'ဟုတ်… ဟုတ်လို့လားကွာ.. ငါ .. ငါမှ အဲဒီ လင်းခက်ဆစ်ကို မသိတာ.. ငါ့မှာ တကယ်ရော အဲလိုချစ်သူရှိလို့လား၊ မ ဖြစ်နိုင်တာကွာ…. မင်းတို့နှစ် တွဲ ပေါင်းပြီး ငါ့ကို ရုပ်တည်ကြီးတွေ နဲ့ ကျပ်မနေ ကြစမ်းပါနဲ့…
'အမလေး…သူကပဲ တပြန်ကြီး ပြန်ပြောရတယ် ရှိသေးတယ်'
ဇာခြည်စိုးက အထက်ပါအတိုင်း ပွစိပွစိ ၀င်ပြောတော့ သူမရဲ့ ဘဲ သင်းမောင်မောင်က…
'ဟုတ်ပါ့.. မင်းသာ ငါတို့ကို လာစားနေတာ၊ မနေ့ကတောင် မင်းတို့အတွဲ ကျောင်းဖျက်ပြီး ရုပ်ရှင်အတူ သွားကြည့်ကြသေးတာ…'
'မဟုတ်ဘူး.. မင်းတို့တစ်ခုခုတော့ လွဲနေပြီနော်.. ငါတော့ အဲဒီ လင်းခက်ဆစ်ဆိုတာကို လုံးဝ မသိဘူး ဖြစ်နေတယ်'
စကားမဆုံးခင် ဖြတ်ပြောလိုက်သည့် ခေတ်သစ်ကို ကေခိုင်က မကျေမချမ်းပုံစံဖြင့် ….
'ဒီမယ် ခေတ်သစ်.. နင်မပြောချင်လည်းနေတော့.. ဟုတ်ပြီလား'
'မဟုတ်ဘူး ကေခိုင်ရဲ့ .. ငါတကယ်ကို ဘာမှမသိတာ'
'သြော်.. သုံးနှစ် သုံးမိုး ချစ်လာကြပြီး မနေ့က အချိန်တွေ အထိ လက်ချင်းချိတ်ထားကြတဲ့ ချစ်သူ တစ်ယောက် ကို အခုနင်က လုံးဝမသိရအောင် ရူးနေလို့လား'
'အေး… ငါတော့ နင်တို့ပြောတာနဲ့တင် ရူးချင်နေပြီ'
ခေါင်းကို တဗျင်းဗျင်းကုတ်နေသည့် ခေတ်သစ်ကိုကြည့်ပြီး အေးဇော်က
'နေပါစေတော့ ဒီကောင့်ကို မေးမနေဲ့တော့.. ဒီကောင် လျှောက်နောက်နေဦးမှာ .. ခဏနေ ခက်ဆစ်လာမှတွေ့ မယ်'
'ဟုတ်တယ်.. ငါတို့သူငယ်ချင်း လင်းခက်ဆစ် တစ်ယောက် နဲ့ ပြာပြာသလဲ ထကြိုလို့ ကတော့ တွေ့ မယ်.. ဟွန်း'
ကေခိုင်တို့ အတွဲ ကတော့ ခေတ်သစ်တို့ကို ကောင်းကောင်းကြိမ်းဝါးနေပြီ ဖြစ်သည်။ ဇာခြည် စိုးတို့အတွဲ ကလည်း ခေတ်သစ်ကိုကို ဘုလျှိုးလျှိုးနေကြသည်။
ခေတ်သစ် ကတော့ တကယ်ပဲ နားမလည်ပုံဖြင့် ဟိုတွေးဒီငေး လုပ်နေလေ၏ ။ ထိုစဉ်…
'ဟာ… ဟိုမှာ ခက်ဆစ် လာနေပြီ….'
ကေခိုင်ကပြောတော့ ခေတ်သစ်ကို အပါအ၀င် အားလုံးရဲကအကြည့်တွေ က Canteen ရှေ့ သို့ ရောက်သွားကြသည်။ ကောင်မလေး တစ်ယောက် ။ သိပ်ကိုလှပသည့် ကောင်မလေး တစ်ယောက် ။ ဖက်ဖူးစိမ်းရောင် ချည်ဖွန်သားဝမ်းဆက်ဝတ်စုံကို ရိုးယဉ်စွာ ၀တ်ဆင်ထားပြီး အပြာရောင် တစ်ခုကို လက်မှာ ပိုက်ထားသည်။
မျက်တောင်မခတ်စတမ်း ငေးကြည့်နေသည့် ခေတ်သစ်ကိုကို သင်းမောင်မောင်က အချွန်နှင့် ၀င်မပေးလိုက် ၏ ။
'ဘာငေးနေတာလဲ….. သွားကြိုလိုက်ဦးလေ….. တော်ာကာမှ စိတ်ကောက်နေဦးမယ်'
'ငါက ဘာလို့သွားကြိုရမှာ လဲ…'
တုံးတိတိ အဖြေစကားကြောင့် စုံတွဲ နှစ် တွဲ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး မျက်ခုံးတွေ ပင့်ကုန်ကြသည်။ လင်းခက်ဆစ် ကတော့ အပြုံးတစ်ပွင့်နှင့် အတူ စားပွဲဝိုင်းမှာ ၀င်ထိုင် လိုက်ပြီး ခေတ်သစ်ကို တစ်ချက်ကြည့်လိုက်သေးသည်။ ပြီးမှ…
'နင်တို့တွေ ရောက်နေတာ ကြာပြီလား'
'အေး'
'ကားလမ်းတွေ က ကျပ်ပါတယ်ဆို… VIP ခရီးစဉ် ရှိလို့တဲ့ဟေ့၊ နာရီဝက်လောက် စောင့်နေရ တာနဲ့ နောက်ကျသွားတာ….'
အရင်ကဆို ချစ်သူနှစ် ယောက် ဖြစ်သည့် ခေတ်သစ်ကိုနှင့် လင်းခက်ဆစ်တို့က တွေ့ လိုက် သည်နှင့် ရွှန်းရွှန်းဝေအောင် စကားတွေ ဖောင်ဖွဲ့နေကျ။ ပြီးတော့ တစ်ယောက် အနားမှာ တစ်ယောက် ပူးကပ်မတတ် ထိုင်နေကျ။ အခုတော့ တစ်ယောက် နှင့် တစ်ယောက် က မျက်နှာချင်းဆိုင် အနေ အထားမှာ ။
သူတို့စုံတွဲ ဘာ ဖြစ်နေကြတာလဲ။ စိတ်ကောက်နေကြတာများ လား။ နှစ် ယောက် သားများ တိုင်ပင်ပြီး သူငယ်ချင်းတွေ ကို နောက်နေကြတာလား။
သူငယ်ချင်းတွေ အတွက် အနေအထားက အတော် စဉ်းစားရခက်နေကြသည်။ ထိုစဉ် လင်း ခက်ဆစ်၏ အမေးစကားတစ်ခွန်းကြောင့် အားလုံးပဲ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြရပြန်သည်။
'နင်တို့ ဧည့်သည်ရောက်နေတာလား'
'ဘာ…ခက်ဆစ်… ဧည့်သည် ဟုတ်လား'
'အေးလေ… ဟို တစ်ယောက် ကိုပြောတာ…'
'ဟင်…'
ခက်ဆစ် မျက်နှာတစ်ခုလုံး ပန်းနုရောင် လွှမ်းသွားသည်။ ရှက်စိတ်ကြောင့် ခေါင်းပင် မဖော်ဝံ့ တော့။ စိတ်ထဲမှာ လည်း လေးလုံးမ ဇာခြည်စိုးကို ကြိမ်ဆဲနေမိ၏ ။
ခုမှတွေ့ ရသည့် သူစိမ်းယောက်ျား တစ်ယောက် နှင့် သည်လိုကြီး စ စရာတဲ့လား။
'အမယ်..သူကပဲ ရှက်နေတယ်ရှိသေး'
'ဟဲ့..နင်တို့ ပြောလေကဲလေပါလားးးး အားနာစရာကြီးဟာ'
ခက်ဆစ်ပုံစံနှင့် ခက်ဆစ်ပြောစကားကြောင့် ခေတ်သစ်ကိုမှတစ်ပါး အားလုံးတဟားဟား ရယ် ဖြစ်ကြသည်။
'ဘာကို ငါတို့က အားနာရမှာ လဲဟဲ့..နင်နဲ့ခေတ်သစ်ကိုနဲ့က ချစ်သူတွေ ပဲဟာကို…'
'ခေတ်သစ်ကို ဆိုတာက…'
'ဒီမှာ လေ….'
ကေခိုင်က ခေတ်သစ်ကိုပြတော့ နှစ် ယောက် သားမျက်ဝန်းချင်း ဆုံမိကြသည်။ တစ်ယောက် ကို တစ်ယောက် မသိမသာ အကဲခတ်နေကြပုံလည်းရ၏ ။ ရှက်ရွံ့မှု /နားမလည်နိုင်မှု ပေါင်းများ စွာ ဖြင့် နှစ် ယောက် သား ရင်တွေ လည်း ခုန်နေကြရသည်။
'နင်တို့နှစ် ယောက် က မနေ့ကတောင် ရုပ်ရှင်သွားကြည့်ကြသေးတာပဲ၊ ဒီနေ့မှ နှစ် ယောက် လုံး ကြောင်တောင်တောင်နဲ့ ဘာလဲ… ရန် ဖြစ်ထားကြလို့လား၊ အဲဒါတွေ က ထားစမ်းပါ.. ဒီမယ် ခက်ဆစ်၊ နင် ငါ့ကို ဟိုတစ်ခါပြောထားတယ်မို့လား… စာမေးပွဲပြီးရင် လက်မှတ်ထိုးမယ်ဆိုတဲ့ကိစ္စလေ၊ အဲဒါ ကို နင့်ဘဲက မသိသလို ဘာလိုလို လာလုပ်နေတယ်နော်… အဟွန်း နည်းနည်း ပုံစံပေးလိုက်ဦး ခက်ဆစ်'
ကေခိုင် ကတော့ ရူးဟန်ဆောင်နေသည့် ခေတ်သစ်ကို ကောင်းကောင်းတွန်းပို့နေပြီ ဖြစ်သည်။ သည်ကောင် ခေတ်သစ်က ခက်ဆစ်စိတ်ကောက်နေရင် လုံးဝမနေတတ်တဲ့ကောင်ပဲ မဟုတ်လား။ မှတ်ပလား ခေတ်သစ်ကို။
ကေခိုင့် လုပ်ဆောင်ချက်က အထမမြောက်ပေ။ အကြောင်းက…
'ကေခိုင်..နင်တို့ ငါ့ကို ဒီနေ့ ဘာတွေ လာပြောနေတာလဲ။ ငါ ဘာတစ်ခုမှ မသိဘူး…. ဘာလဲ … လာနောက်နေကြတာလား'
'ဟင်'
စုံတွဲ နှစ် တွဲ အတွေးများ သွားကြသည်။
ခေတ်သစ်ကိုနှင့် လင်းခက်ဆစ်တို့ နှစ် ယောက် မှာ သာ တစ်ယောက် ကို တစ်ယောက် ခိုးကြည့် ပြီး သက်ပြင်းချနေမိကြ၏ ။
(ဘာတွေ ဖြစ်ကုန်ပြီလဲ.. လုံးဝန်းတဲ့ ကမ္ဘာမြေကြီးးးးး)
တစ်စုံတစ်ခုကို တွေးမိထားသည့် သင်းမောင်မောင် ကတော့ အောက်ပါအတိုင်း မှတ်ချက် တစ်ခုကို အဆိုပြု၏ ။
'ကဲကဲ ထားလိုက်တော့.. ဘာမှလည်း ဦးနှောက်စားမနေနဲပတော့ ခေတ်သစ်နဲ့ခက်ဆစ်တို့ အတွဲ က နှစ် ယောက် ပေါင်းပြီး ငါတို့တွေ ကို ကျပ်နေတာရယ်.. နေပါစေ သူတို့အရှိန်ဲ့သူတို့ လိမ့် လိမ့်မယ်…'
'မဟုတ်ဘူး..မဟုတ်ဘူး…'
ခေတ်သစ်ကိုနှင့် လင်းခက်ဆစ်တို့ သံပြိုင်ပြောမိသွားပြီး မျက်ဝန်းချင်းဆုံမိကြ၏ ။ အားလုံးက တော့ သူတို့အတွဲ ကို 'မပြောချင်တော့ဘူး'အထာနှင့် ငေးကြည့်နေကြပြီး ခေါင်းတခါခါ လည်တခါခါ လုပ်နေကြသည်။
အတော် ကလေးကြာတော့မှ အေးဇော်က စကားစသည်။
'ကဲ.. အားလုံးပြီးရင်လည်း အတန်းကို သွားကြစို့လေ…'
'သြော်… အေး…'
'ဒါနဲ့ ဒီက မလင်းခက်ဆစ်က ဒီကျောင်းကပဲလား'
'ရှင်.. သြော်… ဟုတ်ကဲ့ .. ကိုခေတ်သစ်ကို'
သူတို့အတွဲ ကိုကြည့်ပြီး ဇာခြည်စိုး(ခ)လေး လုံးမ ကတော့ အတော် ဖုသွားပုံရပါသည်။
'အမလေး .. ငါ တကယ် အမြင်ကတ်လိုက်တာနော်… တကိုထဲကိုနေတဲ့ ဟာမက ကိုခေတ် သစ်ကိုတဲ့… ဟို တစ်ယောက် ကလည်း မလင်းခက်ဆစ်တဲ့၊ လိုက်လည်းလိုက်ပါတယ်.. ဒါကြောင့် လည်း တွဲ မိကြတာ၊ အသွင်မတူအိမ်သူမ ဖြစ်တဲ့ဟေ့.. နင်တို့က ကျောင်းရော မေဂျာပါ တူတာ မဟုတ်ဘူး၊ စိတ်ဓာတ်တွေ ပါ တူတာဟေ့.. လာ သွားမယ်…'
ပြောပြီး သူမရဲ့ ဘဲ သင်းမောင်မောင်လက်ကိုဆွဲကာ ဘုတ်ဆတ်ဆတ်နှင့် ထထွက်သွား သည်။ ကေခိုင်တို့အတွဲ ကလည်း မကြည်သလိုကြည့်ကာ Canteen လေးမှ ထွက်သွားကြလေတော့သည်။
ခေတ်သစ်နှင့် ခက်ဆစ်တို့ နှစ် ယောက် မှာ သာ ဘုမသိဘမသိနှင့် သူငယ်ချင်းများ ၏ စိတ်ဆိုး ခြင်းကို ခံလိုက်ရပြီး ကြောင်စီစီဖြင့် ကျန်နေခဲ့ရရှာသည်။
တစ်ယောက် နှင့် တစ်ယောက် ခိုးကြည့်မိရာမှ မျက်ဝန်းချင်း ထိပ်တိုက်ဆုံမိသွားသည်ကြောင့် အရှက်ပြေ ပြုံးနေမိကြ၏ ။ ပြီးမှ ခေတ်သစ်က..
'ဒါဆို မလင်းခက်ဆစ်က ကျွန်တော် တို့နဲ့အတူတူ အီးမေဂျာကပဲပေါ့နော်'
'ဟုတ်ကဲ့ရှင့်.. ဒါနဲ့ ကိုခေတ်သစ်ကိုကို ကျွန်မ မမြင်ဘူးသလိုပဲ'
'အင်း.. ကျွန်တော် လည်း မလင်းခက်ဆစ်ကို ဒါ ပထမဆုံး မြင်ဖူးတာပဲ'
'ဟုတ်'
'အင်း'
နှစ် ယောက် သား ပြောစရာစကားစ ရှာမရသဖြင့် နှစ် ယောက် သား တိတ်ဆိတ်သွားကြပြန် သည်။ အတော် ကလေးကြာမှ ခေတ်သစ်ကိုက အရဲစွန့်ပြီး စကားစ၏ ။
'ဟို.. ကျွန်တော့် ကို မသိပေမယ့်လည်း ဟိုကောင်တွေ အေးဇော်နဲ့ သင်းမောင်မောင်တို့ကို ခင်သလို ခင်နိုင်ပါတယ်ဗျာ.. ပြီးတော့ ကျွန်တော့် ကို ရင်းရင်းနှီးနှီး ခေတ်သစ်လို့ပဲခေါ်ပါ…'
'ဟုတ်ကဲ့.. ကျွန်မကိုလည်း သူငယ်ချင်းတွေ ခေါ်သလို ခက်ဆစ်လို့ပဲခေါ်ပါ…ကျွန်မကိုလည်း ကေခိုင်တို့ ဇာခြည်တို့လိုပဲ ခင်ပါရှင်'
'ဟုတ်ကဲ့..မလင်း.. အဲ ခက်ဆစ်…'
နှစ် ယောက် သား အကြည့်ချင်း ဆုံမိကြပြန်သည်။ ပြီးတော့ .. ဘာဆက်ပြောရမည် မသိ ဖြစ် ကြပြန်၏ ။
'ဟို… ခက်ဆစ်ကို ကျွန်တော် တောင်းလည်း တောင်းပန်ပါတယ်။ ဟို သူငယ်ချင်းတွေ က ကျွန်တော် နဲ့ခက်ဆစ်ကို နောက်ပြောတဲ့ကိစ္စလေ ချစ်သူတွေ ဆိုတာ..'
'ရပါတယ် ကိုခေတ်.. ဟိုခေတ်သစ်ရယ်.. သူတို့တွေ က အဲလိုပဲလေ.. သိပ်ပြောင်တတ်ကြ တာ၊ စာမေးပွဲဖြေပြီးရင် ရုံးတက်လက်မှတ်ထိုးကြမယ်ဆိုတာတောင် ပါသေးတယ်.. တတ်လည်း တတ်နိုင်ကြတဲ့ဟာတွေ '
နှစ် ယောက် သား ပြောသာပြောနေကြရပေမယ့် ရင်တွင်းကိုယ်စီမှာ မေးခွန်းတွေ နားမလည် မှု တွေ အပြွတ်လိုက် အခိုင်လိုက် သီးပွင့်နေကြရသည်။
နောက်တော့လည်း နှစ် ယောက် သား အတန်းသွားရအောင်လေဟုဆိုကာ အတန်းထဲသို့ သာ ထွက်သွားကြလေတော့သည်။
ထိုနေ့က မြေကမ္ဘာအထက်က အချစ်ပုံပြင်တစ်ပုဒ် ရုတ်တရက် ပျောက်ဆုံးသွားခဲ့လေ၏ ။

တက္ကသိုလ်၏ ကျောင်းဝန်းလေးထဲတွင် အနက်အဓိပ္ပာယ်ကို ရှာဖွေဖော်ထုတ်ရန် မစွမ်းနိုင် သော ပြဿနာတစ်ခုသည် မိုးကျရွှေကို တစ်ပါးလို ကိုယ်ရောင် ကိုယ်ဝါ တောက်ပစွာ ဖြင့် ရုတ်တရက် ခမ်းနားနေသည်။
ပြဿနာ၏ အရင်းအမြစ် ကတော့ အီးမေဂျာကင်း ခေတ်သစ်ကိုနှင့် အီးမေဂျာကွင်း လင်းခက် ဆစ်တို့ စုံတွဲ ပင် ဖြစ်သည်။ သုံးနှစ် သုံးမိုး တွဲ လာကြသည့် စံပြစုံတွဲ လည်း ဖြစ်သည်ကြေင့် တစ် ကျောင်းလုံးက လေးစားအားကျခြင်းကို ခံခဲ့ရသည့် ချစ်သူနှစ် ယောက် …
အဲသည်လို ချစ်ခဲ့ကြသည့် ချစ်သူနှစ် ယောက် ဟာ အကြောင်းအရင်းမယ်မယ်ရရ မရှိခဲ့ပါဘဲနှင့် ခပ်ကင်းကင်း ဖြစ်သွားကြသည့်ကိစ္စ။ လူအတော် များများ ခေါင်းစားပြီး စိတ်ဝင်စားနေကြသည်မှာ မဆန်းပါ။
သို့ သော် သူတို့အတွဲ က ရန်တွေ ဘာတွေ ဖြစ်ပြီး ပြတ်ကြစဲကြသည့် အနေအထားမျိုး မဟုတ် ပြန်တော့လည်း စဉ်းစားရခက်နေကြသည်။
သိပ်မလိုသူ တချို့ ကတော့…
'ဒီထက် နာမည် ကြီး ဦးမလားဆိုပြီး စတန့်ထွင်နေတာ နေမှာ ပါ'
'ကျောင်းထွက်ပြီး နှစ် ယောက် လုံး မင်းသားမင်းသမီး သွားလျှောက်ကြတာမဟုတ်ဘူး'
'……'
ဟု မှတ်ချက်ပြုထားကြ၏ ။
ဤကိစ္စအတွက် ကာယကံရှင်တွေ ဖြစ်သည့် ခေတ်သစ်နှင့် ခက်ဆစ်တို့လည်း အတော် ခေါင်း စားနေကြရပုံရသည်။ သူတို့ကိုယ်တိုင်ပင် တစ်ယောက် ကို တစ်ယောက် မနေ့တစ်နေ့ကမှ သိကျွမ်း ကြတဲ့အ ဖြစ်မှာ အားလုံးက သူတို့နှစ် ယောက် ကို ချစ်သူတွေ လို့ တထစ်ချ ပြောနေကြတဲ့အ ဖြစ်မှာ အမှားအယွင်းကဘာလဲ။
အတော် ကသိကအောက် နိုင်လှသော အ ဖြစ်တစ်ခုပင် ဖြစ်၏ ။
စိတ်ဆိုးနေကြသော သူငယ်ချင်းတွေ လည်း အခြေနေကို တဖြည်းဖြည်းနှင့် သံသယ ၀င်လာ ခဲ့မိကြ၏ ။ ဒါ…ဘာလဲ… ဘယ်လို ဖြစ်ကြတာလဲ။ တစ်ကျောင်းလုံးကို အရူးလုပ်နေကြတာလား။
ဟင့်အင်း.. မ ဖြစ်နိုင်ဘူး။ သူတို့နှစ်ယောက် ပုံစံက အဲသလို မရိုးမသား ပုံစံမျိုးလည်း မပေါက်။ ရုတ်တရက် ဦးခေါင်းကို ထိခိုက်မိပြီး အတိတ်မေ့သွားသလားဟု ထည့်စဉ်းစားပေးရအောင်လည်း အခြေအနေက မပေး။
သူငယ်ချင်းတွေ ၊ ကျောင်းစာတွေ လုပ်နေကျ သွားနေကျ နေရာတွေ ဆရာ။ ဆရာမ တွေ … အို... အားလုံးက ပုံမှန်အတိုင်း အစီစဉ်တကျ။ ပြီးတော့ လူနှစ် ယောက် ဟာ တစ်ပြိုင်နက်တည်း လိုလို ဦးခေါင်းကို ထိခိုက်မိပြီး ချစ်သူ တစ်ယောက် တည်းကိုကွက်ပြီး မေ့သွားတာမျိုးလည်း မ ဖြစ်နိုင်ပါ။
ဒါဆို အဖြေကဘာလဲ.. အဓိပ္ပာယ်က ဘာလဲ။
ဟုတ်တယ်.. သေချာဖို့တော့ လိုပြီ။
သူငယ်ချင်းလေးယောက် တိတ်တိတ်ကလေး ဆုံမိကြသည်။ သူငယ်ချင်းနှစ် ယောက် ဆိုသော် ငြားလည်း အတွဲ နှစ် တွဲ ဟု ရေး ပါက ပိုမှန်ကန်မည် ထင်ပါသည်။
'တစ်ရက် နှစ် ရက်ထဲ ကိစ္စလည်း မဟုတ်တော့ဘူး၊ ခေတ်သစ်ကိုတို့ ငါတို့ လေးယောက် ကို နောက်နေတာ မ ဖြစ်နိုင်တော့ဘူး'
'ဟုတ်တယ်.. တစ်ကျောင်းလုံးကလည်း ခပ်ကွာကွာ ဖြစ်သွားကြတဲ့ ခက်ဆစ်တို့အတွဲ ကို ရိပ်မိ ကုန်ကြပြီ။ မနေ့ကတောင် စပ်စပ်စုစုနိုင်တဲ့ ဖလော်က အေးမိုးအောင်တို့အုပ်စုက ခေတ်သစ်တို့ အတွဲ ဘာပြဿနာ ဖြစ်တာလဲ၊ ပြတ်သွားကြတာလား.. ဘာလား ညာလား၊ ငါ့ကိုလာမေးနေကြသေးတယ်'
'ခက်တာက ကျန်တာတွေ အားလုံး ဘာမှမ ဖြစ်ဘဲနဲ့ ခေတ်သစ်က ခက်ဆစ် တစ်ယောက် တည်းကို မသိတော့တဲ့ကိစ္စက တော် တော် ကြီးထူးဆန်းနေတယ်…'
'ဘာထူးလို့လဲ ခက်ဆစ်ကလည်း သူ ဒီလောက်ချစ်တဲ့ ခေတ်သစ်ကို ရုတ်တရက် မသိဘူး ဆိုတဲ့အ ဖြစ်က .. ငါတော့ တကယ်နားမလည်နိုင်တော့ဘူး'
အတွဲ နှစ် တွဲ အဖြေရှာမရဘဲ ဒီနေရာမှာ တင် တ၀ဲလည်လည် ဖြစ်နေကြရသည်။
'ငါလေ ချစ်သူတွေ ဖြစ်ရက်နဲ့ တစ်ယောက် ကို တစ်ယောက် ရှက်နေကြပြီး မနေ့တစ်နေ့ကမှ စသိကြတဲ့ သူငယ်ချင်းတွေ လို ဆက်ဆံပြောဆိုနေကြတာကြီးကို အသည်းယားလိုက်တာနော်'
'သူတို့နှစ် ယောက် ပေါင်းပြီး နောက်နေတာ မဟုတ်တာတော့ သေချာပါတယ်နော်'
'ဒါဆိုလည်း သေချာအောင် စမ်းသပ်ကြည့်ကြမယ်လေ'
'ဘယ်လိုမျိုးလဲ'
'ဒီလိုမျိုးဟာ….'
' .. + - × * @ = / + * - = '
'……….'
စုံတွဲ နှစ် တွဲ ခေါင်းချင်းပူးကပ်သွားကြသည်။ တိုးသဲ့သော ၀ါကျတိုလေးများ သည် တိတ်တဆိတ် ပြေးလွှားနေကြသည်။
သေချာသည် ကတော့ ဒီတက္ကသိုလ်ကျောင်းဝင်းထဲတွင် ခေတ်သစ်နှင့် ခက်ဆစ်တို့ စုံတွဲ ၏ အထူးအဆန်းအ ဖြစ်အပျက်ကို အဖြေရှာမရ။ အမည် တပ်မရ။ အဓိပ္ပာယ် ဖော်ထုတ်မရ ဖြစ်နေကြ၏ ။
သို့ ကြောင့် …
အဓိပ္ပာယ်ဖွင့်ဆိုချက် တိတိပပ ချပြရန် မစွမ်းသာသော ခေတ်သစ်နှင့် ခက်ဆစ်တို့၏ အ ဖြစ်ကို 'ခေတ်သစ်ခက်ဆစ်' ပုစ္ဆာဟုသာ လတ်တလောသတ်မှတ်ထားလိုက်ကြပါဦးစို့။ ။
လူနှစ် ယောက် သုံးယောက် ဖက်စာမျှရှိသော သစ်ပင်ကြီးတစ်ပင်အောက်တွင် ဖြစ်သည်။ လူ နှစ် ယောက် ၊ သုံးယောက် လောက် ထိုင်နိုင်သော ခုံတန်းပြာလေးတစ်ခုလည်း ရှိနေပါသည်။ ထိုင်ခုံ တန်းပြာလေးပေါ်တွင် ဆန့်ကျင်ဘက်လိင်နှစ် ဦးက တစ်တောင်ခန့်ခွာပြီး ထိုင်နေကြလေ၏ ။
အချိန် ဆယ့်ငါးမိနစ်ခန့် ကြာပြီ ဖြစ်သော်ငြားလည်း မည် သူမျှ စကားမစမိကြသေးဘဲ ရှေ့တူရှု ဆီသို့ သာ အဓိပ္ပာယ်မဲ့ ငေးကြည့်နေကြသည်။ အချိန်အနည်းငယ်ကြာတော့မှ ယောက်ျားလေး ဖြစ် သူဘက်မှ အမြင်မှန်တစ်ခု ရသွားကာ စကားစပြော၏ ။
'ခက်ဆစ်… ကျွန်တော့် ကို ပြောစရာရှိတယ်ဆို… ပြောလေ'
'ရှင်'
'အ၀ှာဗျာ.. ဇာခြည်နဲ့ကေခိုင်တို့က မနက် ကျွန်တော့် ကို ခက်ဆစ်က ပြောစရာရှိလို့ တွေ့ ချင် တယ်ဆိုလို့ ကျွန်တော် လာခဲ့တာပါ'
'ဘာ'
'ဗျာ……'
သူမ အသံက အနည်းငယ်မာဆတ်ပြီး ကျယ်လောင်သွားသည်ကြောင့် သူယောင်၍ ပင် ဗျာမိ သွားသည်။
'တွေ့ ဦးမယ်.. ဒင်းတို့တွေ …'
သူမက အံအေးကိုကြိတ်ပြီး အထက်ပါအတိုင်း ကျိန်းဝါးနေသည်ကိုကြည့်ပြီး သူဘာလုပ်ပေး ရမည် မသိ ဖြစ်နေ၏ ။ မျက်နှာလေးကလည်း မာလကာရွက်မျှသာ ရှိတော့သည်။
သူ့အ ဖြစ်ကို အခုမှ သတိထားမိပုံသွားသည့် သူမက သူ့ကို အားနာသွားမိပြီး အလိုက်သင့် တစ်ချက်ပြုံးပြလိုက်သည်။
'ဆောရီးပဲ ခေတ်သစ်.. ဒါ ဟိုနှစ် တွဲ ငါတို့ကို ချွန်တန်းလုပ်လိုက်တာနေမှာ '
'ဗျာ'
'ဟုတ်တယ်.. ဟိုနှစ် ယောက် လေ၊ အေးဇော်နဲ့ သင်းမောင်မောင်ပေါ့၊ ခေတ်သစ်က အရေး တကြီးပြောစရာရှိလို့ ဒီနေရာကို လာခဲ့ပါလို့ မနက်က ပြောသွားတယ်လေ..'
'သြော်…'
သူ အခုမှ ကောင်းကောင်းသဘောပေါက်မိသွားပြီး သူမကို အားနာနေမိသည်။
'ဟာ.. ဒီနှစ် တွဲ က တော် တော် နောက်တာပဲ၊ အားနာလိုက်တာ ခက်ဆစ်ရယ်…'
'ရပါတယ်.. ဒါပေမဲ့…'
သူမက စကားကို ရှေ့ဆက်မပြောသေးဘဲ သူ့မျက်နှာကို ကြည့်လိုက်သေးသည်။ ပြောသင့် မပြောသင့် စဉ်းစားနေပုံလည်းရသည်။ နောက်တော့ သူမက ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရ၏ ။
'အစက ဒီနှစ် တွဲ က ခေတ်သစ်နဲ့ကျွန်မကို နီးစပ်စေချင်လို့ အတင်းလှော်ပေးနေတယ်လို့ တွေးမိတယ်.. နောက် ခေတ်သစ်က ကျွန်မကို စိတ်ဝင်စားလို့ သူငယ်ချင်းတွေ အကူအညီနဲ့ ၀င် ရောတယ်လို့လည်း တွေးမိထားတယ်'
'ဟာ.. အဲလို မဟုတ်ရပါဘူး ခက်ဆစ်ရယ်..'
သူက စကားမဆုံးခင် ပြာပြာသလဲ ၀င်ငြင်းတော့ သူမက လက်ကာပြပြီး..
'ဟုတ်ပါတယ်.. ခေတ်သစ်လုပ်ခိုင်းတာမဟုတ်မှန်း သိလိုက်ပါပြီ'
သူ သက်ပြင်းတစ်ချက်ချလိုက်မိစဉ် သူမနှင့် မျက်ဝန်းချင်းဆုံမိသေးသည်။ သူမက အကြည့် ကို မလွှဲဖယ်ဘဲ ဆက်ပြောသည်။
'ခေတ်သစ်နဲ့ကျွန်မ ခင်တာ တစ်ပတ်တိတိ ရှိသွားပြီနော်'
'ဟုတ်တယ်'
'ကျွန်မစိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတယ်'
'အင်း.. ကျွန်တော် လည်း တစ်မျိုးကြီး ခံစားနေရတယ်'
အခုထိ အကြည့်တွေ ကို မလွှဲဖယ်ပစ်ကြသေး။ ရင်ထဲမှာ စကားလုံးတွေ ကိုယ်စီပြည့်နှက်နေပုံ ရသည်။ ခံစားချက်ကို အတင်းထိန်းချုပ်ထားတတ်ပုံမရသည့် သူမက တော့ ထင်မြင်ချက်တစ်ခုကို အခွင့်ကြုံတုန်း ပြောပြလိုက်မိ၏ ။
'ကျွန်မနဲ့ခေတ်သစ်ကို သူငယ်ချင်းတွေ က သုံးနှစ် သုံးမိုး တွဲ ခဲ့ကြတဲ့ချစ်သူတွေ … စာမေးပွဲဖြေ ပြီးတာနဲ့ ရုံးတက်လက်မှတ်ထိုးထားကြမယ့် အရမ်းချစ်ကြတဲ့ စုံတွဲ နှစ် ယောက် လို့ ပထမဆုံး ခေတ် သစ်နဲ့စတွေ့ တဲ့နေ့မှာ ပဲ ပြောခဲ့ကြတယ်နော်'
'အင်း'
သူ ယောင်နနနှင့် ခေါင်းလည်းညိတ်ပြမိသည်။ နောက်.. မျက်ဝန်းချင်းဆုံနေရာကနေ သူမ အပြောကြောင့် ယောက်ျားလေးတန်မဲ့ ရှက်ရွံ့ပြီး ခေါင်းကိုပင် ငုံ့ထားမိသွားသည်။ ပြီးမှ မလုံမလဲပုံစံ နှင့် ပြောသည်။
'ဟို.. အဲဒါက သူတို့တွေ တမင်သက်သက် ကျွန်တော် တို့နှစ် ယောက် ကို နောက်နေတာနေ မှာ ပါ.. စိတ်ထဲ ထားမနေပါနဲ့ ခက်ဆစ်ရာ'
'ဟင့်အင်း.. အခုတော့ ကျွန်မတို့ကို နောက်နေတာလို့ မထင်တော့ဘူးခေတ်သစ်'
'ဗျာ…'
'ဟုတ်တယ်.. ခေတ်သစ်နဲ့ကျွန်မကို သိပ်ချစ်ကြတဲ့ချစ်သူတွေ ဆိုတာရော၊ ရုတ်တရက်ကြီး ချစ်သူဘ၀ကနေ သူငယ်ချင်းတွေ လို ပြောင်းနေကြတာရဲ့ ပြဿနာဆိုတာတွေ ရော.. ဒီကျောင်းထဲ မှာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ကျွန်မ ကြားနေရတယ်.. နောက်.. Math second Year မှာ နယ်က ကျွန်မညီမ၀မ်းကွဲ တစ်ယောက် ကလည်း ဖုန်းဆက်ပြီး ကျွန်မကို မေးသေးတယ်'
'ဘာမေးတာလဲဟင်'
သူမက သက်ပြင်းဖွဖွတစ်ချက်ချသည်။ သူ့မျက်ဝန်းတွေ ကိုလည်း ငေးကြည့်နေသေးသည်။ ပြီးမှ သူမရဲ့ လက်ဆွဲတော် ဖိုင်အပြာကလေးကြားထဲမှ SAMSUNG အမှတ်တံဆိပ် အဖြူရောင် ဖုန်း လေးကိုထုတ်ပြီး Record ယူထားသော Audio အသံဖိုင်တစ်ခုကို ဖွင့်ပြသည်။
သူလည်း သေချာဂရုစိုက် နားထောင်ကြည့်နေမိ၏ ။
' ×××× Hello မမလား…. ညီမလေးရယ်… '
'… ××× အေး.. ညီမလေး … ပြော…'
'မမနဲ့ ကိုခေတ်သစ်တို့ ပြတ်သွားကြတာလား၊ ဘာပြဿနာ ဖြစ်ကြတာလဲ…'
'အဲ..ဟိုဟာ…'
'ဘာလဲ .. ကိုခေတ်သစ်မှာ မမအပြင် အခြား တစ်ယောက် ရှိနေလို့လား၊ အင်း.. ဒါလည်း မ ဖြစ် နိုင်ပါဘူး။ ကိုခေတ်သစ်က အဲလိုသစ္စာမဲ့တဲ့ယောက်ျားပုံစံမျိုးမှ မဟုတ်တာ… ပြီးတော့ မမကို သဲသဲ လှုပ်သိပ်ချစ်တာကို တစ်ကျောင်းလုံး အသိပဲကို'
'ဟိုလေ.. မမ အတန်းဝင်ရတော့မှာ မို့…'
'သိပြီ… သိပြီ.. မမ နောက် တစ်ယောက် ကို တွေ့ ထားလို့ ကိုခေတ်သစ်ကို ခါချလိုက်တာမို့ လား၊ အဲလိုကြီးတော့ မမ မလုပ်သင့်ပါဘူး။ ကိုခေတ်သစ်ကြီး သနားပါတယ်.. မမနော်.. ကိုခေတ် သစ်လို ချစ်သူမျိုးကို ဘယ်မှာ ရှာလို့တွေ့ မလဲ ပြောပါဦး…'
'ကဲကဲ.. ညီမလေး.. နင် ဘာမှမသိဘဲနဲ့ စွတ်ပြောမနေနဲ့ဦး၊ ငါ တကယ်ရူးချင်တော့တာပဲဟာ …. ဒါပဲဟာ နောက်မှ ငါ ဖုန်းပြန်ဆက်မယ်'
'ဟာ.. မမ နေဦးလေ.. မမ .. တီ'
သူမက ဖုန်းကိုပိတ်ပြီး အပြာရောင် ဖိုင်လေးကြားထဲကို ပြန်ထည့်လိုက်၏ ။ သူက သူမလုပ် သမျှကိုသာ ထိုင်ငေးကြည့်နေမိသည်။ သူမက…
'ကျွန်မ ထင်တာတော့ ကေခိုင်တို့တွေ နောက်ပြောင်နေတာ လုံးဝမဟုတ်ဘူး။ ပြီးတော့ ခေတ်သစ်နဲ့ကျွန်မကို တစ်ကျောင်းလုံးက ချစ်သူတွေ ဆိုတာ သိထားနေကြတာကိုက အထင်ရှားဆုံး သက်သေပဲလေ…'
'ကျွန်တော် လည်း တွေးမိပါတယ်… ဒါပေမဲ့ မိန်းကလေး ဖြစ်တဲ့ ခက်ဆစ်ဆို အားနာလို့ ကျွန်တော့် ဘက်က ဘာမှမသိသလိုနေပြီး တမင်မပြောဘဲ ထားခဲ့တာပါ'
'ပြောစရာရှိတာ တိုင်ပင်စရာရှိတာကို ပွင့်ပွင့်လင်းလင်းသာပြောပါ ခေတ်သစ်ရာ.. ကျွန်မကို ဘာမှ အားမနာပါနဲ့… ခပ်ရှင်းရှင်းပြောရရင် ခေတ်သစ်နဲ့ကျွန်မနဲ့က ဘာမှန်းမသိတဲ့ ချစ်သူတွေ ပဲ မို့လား'
သူမက ပြောပြီး ရှက်ရွံ့သွားပုံရသည်။ ခေါင်းငုံ့သွားသည်။
သူ့ရင်ထဲမှာ လည်း လိုင်းတချို့ပွက်ထသွား၏ ။
'တခြားကျောင်းသားတွေ က မေးတယ်၊ မင်းနဲ့ခက်ဆစ်နဲ့က ဒီလောက်ချစ်နေကြပြီးမှ ဘာ ဖြစ် နေကြတာလဲတဲ.. စိတ်ကောက်တာဆိုရင်လည်း မြန်မြန်ပြန်ချော့တော့လေတဲ့.. ဒီတစ်ကျောင်း လုံးက မင်းတို့စုံတွဲ ကို သစ္စာအရှိဆုံး အလိုက်ဖက်ဆုံး အချစ်ကြဆုံး စုံတွဲ အ ဖြစ် လေးစားအားကျပြီး စံပြ ထားထားတာတဲ့.. ကျွန်တော် လည်း ခက်ဆစ်ဂုဏ်သိက္ခာလည်း မထိခိုက်ရအောင် ဟိုလိုလို ဒီလိုလိုပဲ မယုတ်မလွန် ဖြေထားလိုက်တယ်။ ဒါပေမဲ့ ခက်တာက မေးတဲ့လူက တစ်ယောက် လည်းမဟုတ် နှစ် ယောက် လည်းမဟုတ်ဆိုတော့….'
'ကျွန်မ နားလည်ပါတယ် ခေတ်သစ်ရယ်.. ဒီကိစ္စကို တစ်ကျောင်းလုံးက စိတ်ဝင်စားနေတယ် ဆိုတာကိုရောပေါ့.. ဒါပေမဲ့ ကာယကံရှင်တွေ ဖြစ်တဲ့ ကျွန်မတို့တွေ တောင် ကိုယ့်ကိုယ်ကိုယ် ဘာတွေ ဖြစ်နေမှန်း လိုက်မမီတဲ့ကိစ္စဆိုတော့.. အင်း'
သူမလည်း အတော် ကြီးခေါင်းစားနေပုံရသည်။ သို့ ပေမယ့် ခေတ်သစ်နှင့် ချစ်သူတွေ ဖြစ်ရမှာ ဆို၍ ဖြစ်ခဲ့၍ ခေါင်းစားနေခြင်းမျိုးတော့မဟုတ်။ သိပ်ချစ်ကြတဲ့ချစ်သူတွေ ဖြစ်ခဲ့ပါရဲ့ နဲ့ လုံးဝ မမှတ်မိ မသိတော့၍ ခေါင်းစားနေခြင်းပင် ဖြစ်သည်။
သူလည်း ဤအချက်ကိုပဲ တွေးမရ ဖြစ်နေသည်။ ချစ်သူ တစ်ယောက် ထဲကိုပဲ ကွက်ပြီး မသိ တော့တဲ့အ ဖြစ်က ဘယ်လောက်ဆိုးဝါးလွန်းပါသလဲ။
သူမနဲ့ ဘယ်လို စတွေ့ ခဲ့ကြသလဲ။ ဘယ်လိုတွေ ချစ်သူ ဖြစ်ခဲ့ကြတာလဲ။ ဘယ်နေ့မှာ ချစ်သူ တွေ စ ဖြစ်ကြတာလဲ။ သူမကို ဘယ်လိုနာမ်စားသုံးပြီး ခေါ်ဝေါ်ခဲ့ပါသလဲ… သူမကရော ကိုယ့်ကို ဘယ်လိုမျိုးခေါ်ဝေါ်ပါသလဲ။
သူတွေးသည်။
ဟင့်အင်း… မရ။ သူ ဘာတစ်ခုမှ စဉ်းစား၍ မရ၊ လုံးဝ အစဖော်၍ ပင် မရခဲ့။ ခက်သည်က သူမနဲ့ ချစ်သူတွေ ဆိုသည့်အချက်က သိပ်သေချာလွန်းနေပြီ မဟုတ်ပါလား။
'ကျွန်တော် တို့နှစ် ယောက် တစ်ခုခုတော့ မှားနေကြပြီ'
'ဟုတ်တယ်…'
'အားလုံးအတွက်မှန်ပြီး ကျွန်တော် တို့နှစ်ယောက် ထဲကွက်ပြီး မှားယွင်းနေတဲ့ကိစ္စက ဘာလဲ.. အဖြေတစ်ခုခုတော့ ရှာဖို့ လိုပြီထင်တယ် ခက်ဆစ်…'
သူမက သူ့ကိုသာ ငေးကြည့်နားစွင့်ထား၏ ။ ခေါင်းညိတ်ပြခြင်းမှတစ်ပါး အခြားဘာစကားမှ ၀င်မပြောပေ။
'ကျွန်တော် တို့နှစ် ယောက် တကယ်ပဲ ချစ်သူတွေ ဖြစ်ဖို့များ တယ်၊ ဦးစွာ ပထမ ဒီအချက်ကို အတည်ပြုဖို့လိုမယ်.. ပြီးမှ ကျွန်တော် တို့မသိတဲ့ ကျွန်တော် တို့ ဇာတ်လမ်းကို သေသေချာချာ သူငယ် ချင်းတွေ ဆီမှာ ပြန်နားထောင်ရမယ်… အားလုံး လုံးစေ့ပတ်စေ့ သိပြီဆိုတော့မှ ကျွန်တော် တို့နှစ် ယောက် ကြားက မှားယွင်းမှု အဖြေကို ရှာကြတာပေါ့.. ဘယ်လိုလဲ.. ကျွန်တော့် အစီအစဉ်ကို လက်ခံ လား ခက်ဆစ်…'
'အင်း.. သဘောတူတယ်.. ဒါဆို ဟိုနှစ် တွဲ ကို ဖုန်းဆက်ပြီးချိန်းလိုက်မယ်၊ မနက်ဖြန် ကျောင်း ပိတ်တာပဲ… တစ်ဆိုင်ဆိုင်မှာ ချိန်းထိုင်ကြတာပေါ့။ သြော်.. ဒါနဲ့ ခေတ်သစ် မနက်ဖြန် အားရော အားရဲ့ လား။ တခြားသွားစရာတွေ ဘာတွေ ရှိနေရင် ရက်ရွှေ့လိုက်လေ….'
'ရပါတယ်.. မနက်ဖြန် ကျွန်တော် အားပါတယ်'
'ကောင်းပြီလေ…ဒါဆို မနက်ဖြန် ဆုံကြတာပေါ့'
'ဟုတ်ကဲ့.. ကဲ.. ကျွန်တော် တို့လည်း သွားကြရအောင်လေ'
'အင်း'
နှစ် ယောက် သား တရွေ့ရွေ့ထွက်ခွာသွားနေပုံက ညနေခင်းတစ်ခုအောက်မှာ လျော့ရိရွဲနေ၏ ။ လေတိုးသံကြောင့် လှုပ်ခတ်သွားကြသည့် သစ်ရွက်တို့၏ ပွတ်တိုက်သံသည်ပင်လျှင် တယော တစ်လက်၏ အလွမ်းသံစဉ်တစ်ပုဒ်နှင့် ခပ်ဆင်ဆင် တူနေသလိုရှိ၏ ။
လူနှစ် ယောက် သုံးယောက် ဖက်စာမျှရှိသော သစ်ပင်ကြီး၏ နောက်အကွယ်မှာ တိတ်တဆိတ် ချောင်းမြောင်းနားထောင်နေကြသော လူငယ်လေးယောက် တို့သည် အစောက စုံတွဲ မဟုတ်တဟုတ် နှစ် ယောက် မရှိတော့မှ ထွက်လာကြပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး တစ်ယောက် တစ်မျိုးစကားဆိုလာခဲ့၏ ။
'ငါမပြောဘူးလား.. သူတို့နှစ် ယောက် နောက်နေကြတာ မဟုတ်ဘူး'
'ထူးဆန်းလိုက်တာနော်.. ဘယ်လို ဖြစ်ပြီး ချစ်သူနှစ် ယောက် က တစ်ယောက် ကို တစ်ယောက် မသိနိုင်ြ ကတော့တာလဲ'
'ကဲ.. အားလုံးကြားတဲ့အတိုင်းပဲ… မနက်ဖြန် သူတို့ချိန်းတဲ့ဆိုင်ကိုသွားပြီး သူတို့ဇာတ်လမ်းကို သေချာပြန်ပြောပြကြတာပေါ့… ပြဿနာရှိရင် အဖြေတော့ရှိမှာ ပေါ့… ငါတို့လည်း ၀ိုင်းကူစဉ်းစား ပေးကြတာပေါ့ဟာ'
'ငါတော့ တကယ် ဘာမှကို နားမလည်တော့ဘူး။ သူတို့နှစ်ယောက် ကို သနားမိတာပဲသိတော့ တယ်ဟာ.. ဟွန်း'
သစ်ရွက်တွေ ထဲ အလွမ်းသိတယောသံလေး ကတော့ လေထုထဲမှာ ပြေးလွှားဝဲရှုပ်နေဆဲပင် ဖြစ်လေတော့၏ ။
အပြင်အဆင်မဆိုးလှသော တိတ်ဆိတ်အေးချမ်းလှသည့် ဆိုင်လေးတစ်ဆိုင်အတွင်းတွင် လူ ခြောက်ယောက် ၀ိုင်းဖွဲ့ထိုင်နေကြ၏ ။
အကြောင်းအရာ တစ်စုံတစ်ခုကို တိုင်ပင်ဆွေးနွေးနေကြပုံလည်းရသည်။ ထိုလူခြောက် ယောက် တို့မှာ -
(1) ခေတ်သစ်ကို
(2) လင်းခက်ဆစ်
(3) သင်းမောင်မောင်
(4) ဇာခြည်စိုး
(5) အေးဇော်
(6) ကေခိုင်တို့ ဖြစ်၏ ။
အေးဇော်က ခုံကို တတောက်တောက်ခေါက်ပြီး ပြဿနာကို စဉ်းစားနေ၏ ။ သင်းမောင်မောင် က သူနှင့် သူမတို့နှစ် ယောက် ကိုသာ ငေးကြည့်နေသည်။ ဇာခြည်စိုးက ခေါင်းကိုငုံ့ထား၏ ။
သူနှင့် သူမတို့ ကတော့ သက်ပြင်းကိုသာ မကြာခဏ ခိုးချနေကြသည်။ နှုတ်သွက်လျှာသွက် ဖြစ်သည့် ကေခိုင်က လိုရင်းကို မြန်မြန်ဆန်ဆန်ပဲ အတည်ပြုပေး၏ ။
'ဒီမယ် ….. ခေတ်သစ်နဲ့ခက်ဆစ် နင်တို့နှစ် ယောက် က ချစ်သူတွေ ဖြစ်တယ်ဆိုတာကိုတော့ ဘာသံသယမှ ၀င်မနေနဲ့… ဒါဟာ အသေအချာဆုံးပဲ။ ဒီအတွက် လုံးဝ ခေါင်းရှုပ်မနေနဲ့…'
'ဟုတ်တယ်… မှတ်မှတ်ရရပြောရရင် ငါတို့ရဲ့ ပထမနှစ် Fresher Welcome ပွဲမှာ ပဲ မင်းတို့ တွေ ဇာတ်လမ်း ဖြစ်ခဲ့ကြတာ.. ခေတ်သစ်က King ရတယ်… ခက်ဆစ်က ကွင်းရတယ်။ နှစ် ယောက် သား စင်ပေါ်မှာ လက်ချင်းတွဲ လမ်းလျှောက်ရာကနေ စတယ်ပဲဆိုပါတော့..'
လိုအပ်သမျှကို အေးဇော်ကပါ ၀င်ဖြည့်စွက်ပေးတော့ သူမက သူမှတ်မိသမျှကို ၀င်ထောက် ပေးလိုက် သည်။
'ငါ… Fresher ပွဲကို မှတ်မိတယ်၊ ပြီးတော့.. ငါ့ကို ကွင်းပေးတာကိုလည်း မှတ်မိတယ်။ ဒါပေမဲ့.. ငါ ခေတ်သစ်ကို လုံးဝမမှတ်မိဘူး ဖြစ်နေတယ်'
'ဟုတ်တယ်.. ငါလည်း အတူတူပဲ…'
သူကပါ ၀င်ပြောတော့ အားလုံးလိုလို သက်ပြင်းချကုန်ကြသည်။ ပြီးမှ သင်းမောင်မောင်က..
'မင်းတို့နှစ် ယောက် က အဲဒီ Welcome ပွဲအပြီး နောက်တစ်ရက်မှာ ပဲ တရားဝင်ချစ်သူတွေ ဖြစ် ခဲ့ကြတာ၊ မှတ်မှတ်ရရပြောရရင် ဖေဖော်ဝါရီ 7 ရက်နေ့ ငါဘာကြောင့် မှတ်မိနေသလဲဆိုတော့ အဲဒီ နေ့မှာ မင်းတို့စုံတွဲ က သူငယ်ချင်းတွေ ဖြစ်တဲ့ မင်းဘက်က ငါတို့နှစ် ယောက် ခက်ဆစ်ဘက်က ဇာခြည် တို့ခြောက်ယောက် ကို အမှတ်တရမုန့်လိုက်ကျွေးေးတယ်လေ… အဲဒီ မှာ ငါတို့ခြောက်ယောက် တွဲ မိ သွားကြတယ်.. နောက်တော့ ငါနဲ့ဇာခြည်နဲ့ အေးဇော်နဲ့ကေခိုင်တို့လည်း ချစ်သူတွေ ဖြစ်သွားကြ တယ်'
'ဟုတ်တယ်.. အဲဒီ တုန်းက အမှတ်တရဓာတ်ပုံတွေ တောင် ရိုက်ခဲ့ကြသေးတယ်'
လေးလုံးမ(ခ)ဇာခြည်စိုးကပါ ၀င်ထောက်ပေး၏ ။
'ခက်တာက ငါ အားလုံးကိုမှတ်မိပြီး ခက်ဆစ်နဲ့ပတ်သက်တဲ့ အကန့်တွေ ကိုပဲ ပြန်စဉ်းစားလို့မရ ဖြစ်နေတာ'
'ဟုတ်တယ်ဟ..'
သူမက မျက်နှာမဲ့ရှုံ့ရှုံ့လေးနှင့် အထက်ပါအတိုင်း ၀င်ပြောတော့ ကေခိုင်က..
'ဒါ ဘယ်လိုကြောင့် လဲ ငါ လုံးဝစဉ်းစားလို့ကိုမရဘူး။ ဒီလောက်ချစ်ကြတဲ့ ချစ်သူနှစ် ယောက် ကျမှ တစ်ယောက် ကို တစ်ယောက် ရုတ်တရက်မေ့သွားပြီး သူစိမ်းတွေ လို ဖြစ်ရတယ်လို့ဟာ.. ငါ တော့ နင်တို့ချစ်ခဲ့ကြတဲ့ရက် လ နှစ် တွေ ကို အရမ်းနှမြောတာပဲ..'
'နေဦး.. ဒါစိတ်ပိုင်းဆိုင်ရာ ရောဂါ တစ်ခုကြောင့် များ ဖြစ်နေမလား ဥပမာ…'စကီဇိုဖရီးယား'လို့ ခေါ်တဲ့ စိတ်ကစဥ့်ကလျား စိတ်ထင်ယောင်ထင်မှား ရောဂါ မျိုး 'ဟစ်စတီးရီးယား'တို့ 'မက်ဆိုဇင်းနစ်' တို့လို ထူးဆန်းတဲ့စိတ် ရောဂါ မျိုးရော ဖြစ်မနေနိုင်ဘူးလား'
'အေး… ဒီအချက်ကို နင်တို့ထည့်စဉ်းစားသင့်တယ်နော်၊ ဗီဒီယိုတွေ ရုပ်ရှင်တွေ ထဲမှာ အတိတ် မေ့တာတို့ ပြီးခဲ့တဲ့နှစ် ရက်သုံးရက်က ကိစ္စတွေ ကို ရုတ်တရက် မေ့သွားတာတို့ ပျောက်သွားတာတို့ လို ဇာတ်လမ်းတွေ ငါကြည့်ဖူးတယ်.. နင်တို့ အ၀ှာ ဖြစ်ရင် စိတ်ကုဆရာဝန် တစ်ယောက် ယောက် နဲ့ ဆွေးနွေးကြည့်ကြဦး'
ဇာခြည်စိုးက မျက်မှန်ကလေး ၀င့်ကာဝင့်ကာဖြင့် စိုးရိမ်သလိုပြောလာတော့ စိတ်ညစ်နေ သည့်ကြားမှာ သူ ပြုံးလိုက်မိသေးသည်။ ပြီးမှ..
'ဒါ ကတော့ လုံးဝမ ဖြစ်နိုင်ပါဘူး ဇာခြည်ရာ… ငါတို့နှစ် ယောက် က တစ်ယောက် ကို တစ်ယောက် မသိကြရုံကလွဲရင် အခြေအနေအားလုံးက ပုံမှန်အတိုင်းပဲဟာကို.. ကဲပါ နင်ပြောလို စိတ် ရောဂါ ပဲ ထားပါတော့၊ လူနှစ် ယောက် က တစ်ချိန်ထဲကြီးမှာ ဒီလိုအ ဖြစ်မျိုး ဖြစ်မတဲ့လားဟ..'
'ဟုတ်တယ်… ဒါ ရောဂါ နဲ့တော့ ဘာမှတ်မပတ်သက်ဘူးလို့ ငါထင်တယ်'
သူမကပါ ၀င်ပြောတော့ ဇာခြည်စိုးက 'ဒါဆို လူပြုစားတာများ လား'ဟုလည်း သူတွေးမိသ လောက် ပြောပြရှာပါသေးသည်။
ထိုအပြောကြောင့် ခြောက်ကပ်ကပ်ရှိလှသော စားပွဲဝိုင်းကလေးတွင် ရယ်သံအချို့ စီးဝင် သွားရ၏ ။ လောလောဆယ်တော့ ဒါဟာ အမြတ်ပဲ ဖြစ်သည်။ သူတို့တွေ သည်လိုမရယ်နိုင်ခဲ့တာ ဘာ လိုလိုနှင့် တစ်ပတ်ကျော်ခဲ့ပြီ မဟုတ်ပါလား။
'ဒါနဲ့ စကားမစပ် .. နင်တို့နှစ် ယောက် ကို ငါမေးပါရစေဦး'
'မေး…မေး'
သူနှင့် သူမတို့ သံပြိုင်ပြောမိသဖြင့် တစ်ယောက် ကို တစ်ယောက် ကြည့်လိုက်မိကြသေးသည်။ နောက်တော့လည်း မေးခွန်းမေးမည့်  ကေခိုင်မျက်နှာထံသို့ သာ အကြည့်တွေ ပုံကျသွားသည်။
'အခုရော..နင်တို့နှစ် ယောက် တစ်ယောက် ကို တစ်ယောက် ရင်းနှီးနေသလို မခံစားရဘူး လား၊ သဘောကဟာ နင်တို့ရင်ထဲမှာ တစ်ယောက် ကို တစ်ယောက် ချစ်သလိုလို ဘာလိုလို မခံစားရဘူး လား'
'ဟာ…'
'အို'
သူမ မျက်နှာကလေး ရဲသွားပြီး ခေါင်းငုံ့သွားသည်။ သူလည်း သည်မေးခွန်းအတွက် မနေတတ် မထိုင်တတ် ဖြစ်သွားပြီး ရေတစ်ဖန်ခွက်ကိုသာ စိတ်မပါဘဲ ကောက်သောက်နေမိသည်။
'တကယ်တော့ နင်တို့က အရမ်းချစ်ကြတဲ့ချစ်သူတွေ ပဲလေ… ရုံးတက်လက်မှတ်ထိုးဖို့အထိ တောင် စီစဉ်ထားကြပြီးသားပဲဟာကို…'
'ဒါက..'
'အင်း'
ရုတ်တရက် သူရောသူမပါ မည် သို့ ဖြေရမည် မသိ ဖြစ်နေကြသည်။ ရှက်ရွံ့မှု ကြောင့် ထင့် ရင်ခုန် သံတွေ ပါ မြန်ဆန်ကုန်ကြ၏ ။
ရုပ်ပျက်ယွင်းမှု ကို သဘောပေါက်သည့် အေးဇော်က ကေခိုင့်ကိုဆက်မပြောတော့ဖို့ မျက်နှာ ရိပ်မျက်နှာကဲနှင့် ပြော၏ ။
'ငါက ..သူတို့နှစ် ယောက် ကိုကြည့်ပြီး ရင်ထဲမကောင်းလို့ပါဟာ၊
အရင်လိုပုံစံလေး ပြန်မြင်ချင် မိလို့ပါ….. ဖြစ်နိုင်ရင် နင်တို့နှစ် ယောက် ပြန်ချစ်လိုက်ပါလားဟင်'
အလိုက်ကမ်းဆိုးမသိတာလား၊ စေတနာပိုတာလားတော့ မပြောတတ်။ မိကေခိုင်တို့ လေရှည် တာတော့ သိပ်သေချာသည်။
ဟိုမှာ ကြည့်ပါဦး။ ခေတ်သစ်နဲ့ခက်ဆစ်တို့ ဖြစ်နေလိုက်ကြတာများ ။ တော် ပါသေးသည်။ သင်းမောင်မောင်က အချိန်ကိုက် ၀င်ထိန်းပေးနိုင်ခဲ့၍ ။
'ဒါက ဒီလိုရှိတယ်လေဟာ.. ခေတ်သစ်နဲ့ခက်ဆစ်တို့က အရင်က ချစ်သူတွေ ဆိုပေမယ့်လည်း လက်ရှိအခြေအနေမှာ က ဟိုတစ်ပတ်ကမှ စသိကြခင်ကြတဲ့ သူငယ်ချင်းအဆင့်ပဲရှိနေတာလေ…. ဘယ်လိုလုပ် ရုတ်တရက်ကြီး ချစ်သူတွေ လို ခံစားလို့ရမှာ လဲ'
ထိုစကားကြောင့် အားလုံးငြိမ်သက်ကုန်ကြသည်။
သူ့ရင်ထဲမှာ လည်း နွေးခနဲလှိုက်ခနဲ ခံစားနေရ၏ ။
သူမလည်း ထို့အတူပင် ဖြစ်နေလေ၏ ။ အဆုံးမှာ တော့ အေးဇော်၏ အကြံပြုစကားကိုပဲ အားလုံးအတည်ပြု ဖြစ်သွားကြသည်။
'ငါ အကောင်းဆုံး အကြံပေးရရင်တော့ ခေတ်သစ်က အိမ်မှာ ရှိတဲ့ ခက်ဆစ်နဲ့ပတ်သက်ဆက် နွှယ်နေတဲ့အရာတွေ ကိုပြန်ရှာပြီး တစ်ခုချင်းကို အသေးစိတ်ပြန်စဉ်းစားပြီး အစဖော်ကြည့်… ခက် ဆစ်လည်း အဲလိုပဲလုပ်'
'ဘာကို ပြောတာလဲဟင်…'
သူမက သဘောမပေါက်သဖြင့် အထက်ပါအတိုင်း မေးလိုက်၏ ။
'နင်ကလည်း ဝေးလိုက်တာဟာ.. ခေတ်သစ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတို့၊ စာတို့ လက်ဆောင် ပစ္စည်းတို့လိုဟာမျိုးဟာ…'
'သြော်'
အခုမှ သဘောပေါက်မိသွားပြီး သူမ ရှက်ဝဲ၀ဲလေး ဖြစ်ကာသွားသည်။
အားလုံးကလည်း လက်ရှိအခြေအနေမှာ ဒီအကြံက အကောင်းဆုံးဟုဆိုကာ ဆွေးနွေးတိုင်ပင်ပွဲလေးကို အဆုံးသတ် လိုက်ကြ၏ ။
ရာသီဥတု ကတော့ အထူးတလည်ကြီးမဟုတ်သော်ငြားလည်း အတော် ကလေးတော့ သာသာ ယာယာရှိနေပါသည်။ သို့ သော် သူနှင့် သူမတို့ ရင်ထဲမှာ တော့ မတင်မကျ ခံစားချက်ကိုယ်စီနှင့် ခိုးလို ခုတု ဖြစ်နေကြရလေ၏ ။
အခန်းလေးတစ်ခုလုံး ရှုပ်ပွနေသည်။ ကျောင်းစာအုပ်များ ၊ ပို့စကတ်ကလေးများ ၊ ဓာတ်ပုံနှင့် စာအိတ်အပိုင်းအစများ အားလုံး ပျံ့ကျဲနေ၏ ။
ဘေးနားမှာ တော့ ခေတ်သစ်ကို တစ်ယောက် ဒိုင်ယာရီအပြာရောင် စာအုပ်ကလေးတစ်အုပ်ကို အသဲအမဲဖတ်နေ၏ ။ ခေါင်းတဆတ်ဆတ်လည်း ညိတ်နေ၏ ။ ခေါင်းတရမ်းရမ်းလုပ်ပြီး သက်ပြင်း အချို့ကိုလည်း မကြာခဏချနေပြန်၏ ။
နဖူးကြောတချို့ကို ရှုံ့၏ ။ ခေါင်းကိုကုပ်၏ ။ ဓာတ်ပုံတစ်ပုံကို ကောက်ကြည့်ပြီး အခန်းလေးထဲ မှာ လည်း ဟိုလျှောက်ဒီလျှောက် လုပ်နေပြန်ပါသေး၏ ။
ဓာတ်ပုံက သူနှင့် ခက်ဆစ်တို့စုံတွဲ ပြုံးပျော်စွာ ရိုက်ထားသော ပုံ ဖြစ်၏ ။ ဓာတ်ပုံနောက်မှာ လည်း ချစ်သက်တမ်း သုံးနှစ် ပြည့်အမှတ်တရဟု ရေး ထိုးထားသည်ကိုလည်း တွေ့ ရသည်။
နောက် ဒိုင်ယာရီစာအုပ်ကလေးထဲမှာ လည်း သူနှင့် ခက်ဆစ်တို့ စတင်ဆုံတွေ့ ပုံမှ လွန်ခဲ့သော တစ်ပတ်ကျော်အချိန်အထိကို သူကိုယ်တိုင် ရေး မှတ်ထားသည်ကို တွေ့ ထားရသည်။
ပြီးတော့ ခက်ဆစ်ဝယ်ပေးထားသော ဘောလ်ပင်၊ ပုဆိုး၊ နာရီ အစရှိသည့် ချစ်လက်ဆောင် ပစ္စည်းလေးများ ၊ သူမရေး ပေးထားခဲ့သော စာများ ၊ ပို့စကတ်များ ။
သေချာလွန်းပါသည်။ သူနှင့် ခက်ဆစ်တို့ဟာ သိပ်ချစ်ကြသည့် ချစ်သူတွေ ။ သို့ သော်… ခက်နေ သည်က သည်လောက် အချက်အလက်အထောက်အထား ပြည့်စုံနေသည်ကိုပင် သူ ဘာတစ်ခုမှ အစဖော်စဉ်းစား၍ မရခြင်းပင် ဖြစ်သည်။
ကိုယ့်ချစ်သူကို ကိုယ်သက်သေပြန်ရှာပြီး ပြန်စဉ်းစားရသည့်အ ဖြစ်က အတော် ဆိုးလွန်းပါ သည်။
'ဟူး'
သူ သက်ပြင်းချလိုက်သည်။ နောက်..ဓာတ်ပုံတစ်ပုံကို ကောက်ကြည့်လိုက်သည်။
သူမ(ခ)ခက်ဆစ် တစ်ယောက် တည်း ရိုက်ထားသော ဓာတ်ပုံလေး ဖြစ်သည်။ ကျောဘက် မှာ လည်း 'ကို့အတွက် အမှတ်တရ ခက်ဆစ်'ဟု ရေး ထားသည်ကို တွေ့ ရ၏ ။
သူ ခက်ဆစ် ဓာတ်ပုံလေးကို သေသေချာချာ စူးလိုက်ကြည့်လိုက်သည်။ ပြည့်ဖောင်းနေသည့် ပါးမို့မို့လေး။ ပါးမို့မို့လေးတွေ ပေါ်က သွေးကြောမျှင်လေးများ ၊ လင်းရှဝိုင်းစက်နေသည့် မျက်နက် ၀န်းလေးများ ၊ ဖူးငုံနေသော နှုတ်ခမ်းလေးများ နှင့် ဆံနွယ်ရှည်လေးများ အားလုံးကို ခြုံငုံကြည့်တော့ ခက်ဆစ်ဟာ အတော် လှသော ကောင်မလေး တစ်ယောက် ဖြစ်ကြောင်း သူဝန်ခံနေမိသည်။
'မင်းတော် တော် လှတာပဲ ခက်ဆစ်.. အင်း ဒါကြောင့် လည်း ငါချစ်ခဲ့မိတာ ဖြစ်မယ်'
သူ တစ်ကိုယ်တည်း တီးတိုးပြောပြီး သဘောတကျ ပြုံးလိုက်မိ၏ ။ ထူးထူးခြားခြား အဖြေ တစ်ခုတလေကိုတော့ သူ လုံးဝအဖြေရှာမရခဲ့။
သို့ သော်… သူ…
သူမ အတော် ခေါင်းစားနေပါသည်။ ခေတ်သစ် ၀ယ်ပေးထားခဲ့သော ပန်းနုရောင် ၀က်ဝံရုပ် ကလေးကိုသာ လက်ညှိုးငေါက်ငေါက်ထိုးပြီး…
'ငါ… ဘာမှပြန်စဉ်းစားလို့မရတော့ဘူး သိရဲ့ လား'
ဝက်ဝံရုပ်ကလေး ကတော့ ဘာမှ ပြန်မပြောပါ။ သူမမှာ သာ ခေတ်သစ်ပေးထားခဲ့သော စာလေး တစ်စောင်ကိုဖတ်ပြီး အခန်းထဲမှာ တစ်ယောက် တည်းရှက်နေမိသည်။
'ခက်ဆစ်ရေ.. ကျောင်းပိတ်ရက်မှာ ခက်ဆစ်ပြောထားတဲ့အတိုင်း 'ကို' ရုပ်ရှင်လိုက်ပြမယ် နော်.. ဆုံနေကျဆိုင်ကလေးမှာ မနက် 10 နာရီတိတိမှာ တွေ့ မယ်နော်.. နောက်မကျကြေး သိ တယ်နော် လောင်းကြေးကို နောက်ကျတဲ့သူ အနမ်းခံရမယ်.. ဒါပဲ..ချစ်ရတဲ့ကို…'
သူမက စာကိုဖတ်ပြီး မျက်နှာလေး ရှုံ့မဲ့သွားသည်။
'ဟွန်း.. ရှင်တော် တော် နာနေဦးမယ်… အဟီး..သူ့ကိုယ်သူများ ကို တဲ့.. ဒါနဲ့ အဲဒီ နေ့က ဘယ်သူများ အနမ်းခံလိုက်ရလဲ.. မသိဘူး၊ အို… ငါ တစ်ယောက် တည်း ဘာတွေ တွေးနေမိပါလိမ့်….'
ခေတ်သစ်မျက်နှာလေးကို သူမ ပြန်မြင်ယောင်ကြည့်မိသည်။ လူပုံ ကတော့ လူချောလူသန့် လေးပင် ဖြစ်သည်။
'ချောမှာ ပေါ့.. သူက မေဂျာကင်းပဲဟာကို…'
သူမက တစ်ယောက် တည်းတွေး။ တစ်ယောက် တည်းဖြေပြီး တစ်ယောက် တည်း အဖြေရှာမရ လည်း ဖြစ်နေရ၏ ။ နောက်…သူမက ခေါင်းအုံးအောက်မှ ပြန်ရှာတွေ့ ထားသော သူမနှင့် ခေတ်သစ် တွဲ ရိုက်ထားသော ဓာတ်ပုံလေးကို သေချာစိုက်ကြည့်နေမိသည်။
ကြည့်စမ်း.. ခေတ်သစ် ကောင်စုတ်.. ငါ့ကိုများ ဖက်ထားလိုက်တာ၊ သူ့ရည်းစားကျနေတာပဲ… အို … မဟုတ်သေးပါဘူး၊ သူက ငါ့ရည်းစားပဲ စာမေးပွဲပြီးရင် လက်မှတ်ထိုးထားဖို့တောင် ငါတို့ စီစဉ် ခဲ့သေးတာကိုး။
အမလေး.. ရင်တွေ မောလိုက်တာနော်..။
ဘုရားရေ.. ဓာတ်ပုံလေးထဲမှာ ကိုက .. အဲလေ… ခေတ်သစ်က ပြုံးရယ်နေလိုက်တာများ ကလေးလေးကျနေတာပဲ။ ဒါနဲ့.. အဲဒီ နှုတ်ခမ်းလေးတွေ နဲ့ ငါ့ကို ဘယ်နှစ် ကြိမ်များ နမ်းခဲ့ပြီးပြီလဲ… အို…
ခေတ်သစ်နှင့် ပတ်သက်သည့် အကြောင်းတစ်စုံတစ်ရာကိုတော့ ဘာတစ်ခုမှ သူမ…
သို့ သော်…
ခေတ်သစ်ဟာ သူမ ချစ်သူဆိုတာကိုတော့ သူမ အကြွင်းမဲ့ယုံကြည်လက်ခံမိလိုက်ပြီ ဖြစ်လေ တော့၏ ။
ယနေ့ခေတ်သည် သတင်းမီဒီယာခေတ်တစ်ခေတ် ဖြစ်ကြောင်းကို အထူးပြောစရာ လိုမည် မထင်ပါ။ ထို့အပြင် လွတ်လပ်မျှတသော ဒီမိုကရေစီ(Democracy)လမ်းစဉ်ပေးကို လျှောက်လှမ်း နေပြီ ဖြစ်ပါသော ကြောင့် ကမ္ဘာအရပ်ရပ်မှ သတင်းအချက်အလက်များ ကို မိနစ်ပိုင်း စက္ကန့်ပိုင်း အတွင်း အလွယ်တကူ ရယူသိရှိနေနိုင်မည် ဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင်း ရုပ်သံဌာနများ ၊ စာနယ်ဇင်းများ တွင် အထူးရေပန်းစားပြီး Hot ဖြစ်နေ သော သတင်းတစ်ပုဒ် ထွက်ပေါ်နေပါသည်။ မြန်မာနိုင်ငံအတွက် အထူးမျက်နှာပန်းပွင့် ဂုဏ်တက် စေသော သတင်းတစ်ပုဒ်ဆိုလျှင်လည်း ငြင်းဆန်၍ မရနိုင်ပေ။
ထိုသတင်းကို ပထမဦးဆုံးထုတ်လွှင့်ပေးသော ဌာနမှာ ကမ္ဘာ့အကြီးဆုံးသတင်းဌာနတစ်ခု ဖြစ်သည့် 'CNN' သတင်းဌာနမှ ဖြစ်သည်။ နောက်မှာ တော့ ကမ္ဘာအရပ်ရပ်ရှိ ရုပ်သံဌာနများ ၊ အွန် လိုင်းစာမျက်နှာများ နှင့် ပြည်တွင်းရှိ သတင်းဌာနများ မှ အသီးသီးထုတ်လွှင့်ပေးနေပြီ ဖြစ်ပါသည်။ ထိုသတင်းမှာ
မြန်မာနိုင်ငံမှ ဒေါက်တာလေးဦးအား နှစ် ဆယ့်တစ်ရာစုနှစ် အတွင်း သိပ္ပံပညာအတွက် အကြီးမားဆုံး ရှာဖွေတွေ့ မရှိမှု အ ဖြစ် ဒေးလာသန်း 30 စီ ဆုချီးမြှင့်ပြီး ပရော်ဖက်ဆာဘွဲ့ပေးအပ် …
ဆိုသည့်သတင်းပင် ဖြစ်၏ ။
ရုပ်သံဌာနများ တွင် ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် အင်တာဗျူး အစီအစဉ်များ ကိုလည်း ထုတ်လွှင့်ပေးနေသည်ကို တွေ့ ရ၏ ။
၎င်းလေးဦးတို့မှာ ကမ္ဘာ့တစ်ကျောင်းတည်းသော တက္ကသိုလ် 'အပြည်ပြည်ဆိုင်ရာ အဆင့် မြင့်နည်းပညာတက္ကသိုလ်'ကို မြန်မာနိုင်ငံမှ ပထမဦးဆုံး တက်ခွင့်ရခဲ့ပြီး ဒေါက်တာဘွဲ့ရခဲ့သော သူများ ဖြစ်သည်။ ၎င်းတို့လေးဦးသည် အခြားနိုင်ငံများ တွင် အလုပ်မလုပ်ကြဘဲ အမိမြန်မာနိုင်ငံသို့ ပြန်ကာ သူငယ်ချင်းလေးယောက် ပူးပေါင်းပြီး တီထွင်ကြံဆမှု တစ်ခုကို ပြုလုပ်ခဲ့ကြပြီး တစ်နှစ် အတွင်းမှာ ကောင်းမွန်စွာ အကောင်အထည်ဖော်ပြနိုင်ခဲ့ကြသည်။
၎င်းရှာဖွေ တီထွင်ကြံဆမှု သည် လူ့စွမ်းအားအရင်းအမြစ်အတွက်/လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက် မှု အတွက် များ စွာ အထောက်အကူပြုပေးနိုင်ကြောင်း ကမ္ဘာ့အဖွဲ့အစည်းအသီးသီးမှ လက်ခံပေးကြ ၏ ။
ဒေါက်တာ လေးဦးတို့သည် ၎င်းတို့ကြိုးစားအားထုတ်မှု အတွက် နိုင်ငံတော် သမ္မတကြီးထံသို့ တင်ပြထားပြီး အပြည်ပြည်ဆိုင်ရာ နည်းပညာသုတေသနဌာနသို့ လည်း တင်ပြခဲ့သည်။
ထိုတင်ပြမှု ကို မြန်မာနိုင်ငံမှ အသုံးပြုခွင့်/မပြုခွင့်ကို လွှတ်တော် ထဲတွင် ဆွေးနွေးတိုင်ပင်နေ ကြဆဲ ဖြစ်သော်ငြားလည်း အဆိုပါ သုတေသနဌာန ကတော့ ၎င်းဒေါက်တာလေးဦးအား 21 ရာစုနှစ် အတွင်း အကြီးမားဆုံးရှာဖွေတီထွင်တွေ့ ရှိမှု 'ဟု မှတ်တမ်းတင်ကာ တစ်ဦးလျှင် ဒေါ်လာသန်း 30 စီ ဆုတံဆိပ်နှင့် အတူ ပေးအပ်ကာ သိပ္ပံပညာနည်းပညာဆိုင်ရာ ပရော်ဖက်ဆာဘွဲ့ကိုပါ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
၎င်းလေးဦးမှာ -
(1) ပရော်ဖက်ဆာ ဒေါက်တာစည်သူ
(2) ပရော်ဖက်ဆာ ဒေါက်တာထွန်းအောင်ကျော
(3) ပရော်ဖက်ဆာ ဒေါက်တာနိုင်ရဲနှင့်
(4) ပရော်ဖက်ဆာ ဒေါက်တာညီညီတို့ပင် ဖြစ်ကြလေ၏ ။
CHAPTER – (7)
'ခက်ဆစ်…'
'ပြောလေ… ကေခိုင်…'
'စာမေးပွဲဖြေဖို့က နှစ် လလောက်ပဲလိုတော့တာနော်'
'အေးလေ.. အဲဒါ ဘာ ဖြစ်လို့လဲ..'
သူမက Handset ကို ကလိနေရာမှ အထက်ပါအတိုင်းဖြေလိုက်တော့ လေးလုံးမ(ခ)ဇာခြည် မိုးက ကေခိုင့်ကို အားမလိုအားမရပုံစံဖြင့် ကြည့်ပြီး..
'နင်ကလည်း ပြောစရာရှိတာကို ပြောလိုက်တာမဟုတ်ဘူး.. အလကား ဝေ့၀ဲနေသေးတယ်…'
သို့ မှ သူမက မျက်နှာမော့လာပြီး သူငယ်ချင်းမလေး နှစ် ယောက် ကို တစ်လှည့်စီ ကြည့်လိုက် သည်။ ပြီးတော့မှ…
'ဟဲ့.. မိကေခိုင် ငါ့ကို ဘာပြောမလို့လဲ..'
'ဘာရမလဲဟ.. နင်နဲ့ခေတ်သစ်ရဲ့ ကိစ္စက ဘာလိုလိုနဲ့တစ်လကျော်လာပြီ..'
'သြော်.. အဲဒါလား.. ဒါ အားလုံးသိတဲ့အတိုင်းပဲလေ… အဖြေမှ ရှာလို့မရတာ ကြိးကို…'
'အဖြေရှာမရတာ နဲ့ပဲ ဒီအတိုင်းကြီးနေရတော့မှာ လားဟ… တော် ကြာ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက် ဇာတ်လမ်း ဖြစ်နေမယ်နော်'
အထက်ပါစကားကိုတော့ ဇာခြည်စိုးက ပြောလိုက်ခြင်း ဖြစ်၏ ။
'ဟဲ့.. ဒီအတိုင်းကြီးမနေလို့ ငါက ဘယ်လိုနေရမှာ လဲ..ဘာလဲ ကျွန်းပစ်ပြနေရမလား'
သူမ၏ ခပ်ရွဲ့ရွဲ့စကားကို ကေခိုင်နှင့် ဇာခြည်တို့က စိတ်ပျက်သလို မျက်ဝန်းအကြည့်များ ဖြင့် သာ စိတ်ပျက်လက်ပျက် တုံ့ပြန်လာပါသည်။
'ငါပြောချင်တာက ဒီလိုဟာ.. အင်း ဘယ်လိုပြောရမလဲ.. ကေခိုင် နင်ပဲပြောပြလိုက်စမ်းပါ ဟာ…. ငါဘယ်က စပြောရမှန်း မသိလို့..'
'အင်း'
ကေခိုင်က သူမ မျက်နှာကို တည့်တည့်ကြည့်ပြီး…
'ခက်ဆစ်…'
'…….'
'နင်နဲ့ ခေတ်သစ်နဲ့က အရမ်းချစ်ကြတဲ့ ချစ်သူတွေ နော်'
'အေးလေ… ဒါပေမဲ့ အခုက သူက ငါ့ကို မမှတ်မိ.. ငါက သူ့ကိုမှ မသိတာကြီးကို…'
'ဟဲ့.. နင်ဘာပဲ ဖြစ် ဖြစ် မရှည်နဲ့.. ခေတ်သစ်နဲ့နင်နဲ့က ချစ်သူတွေ ပဲ…'
'အဲဒီ တော့.. ငါက ဘာလုပ်ရမှာ လဲ..'
သူမက အထက်ပါအတိုင်း မျက်နှာထည်းတည်တည်ကလေးနှင့် ပြန်မေးတော့ ကေခိုင် ရုတ်တရက် ဘာပြန်ပြောရမည် မသိ ဖြစ်သွားပြီး ဇာခြည်မိုးကို အကူအညီတောင်းသလို ငေးကြည့် နေမိသည်။
'အဲဒီ တော့ဟာ..'
ဟုဆိုကာ ဇာခြည်စိုးကလည်း မည် သို့ အကြံပြုရမည် မသိ ဖြစ်ကာနေ၏ ။ အတော် ကြီးကြာမှ ကေခိုင်က အောက်ပါအတိုင်း မရဲတရဲလေးပြောလာခဲ့၏ ။
'နင်.. ခေတ်သစ်ကို အရင်လို ချစ်သူတွေ ပြန် ဖြစ်အောင် ကြိုးစားကြည့်ပါလား'
'ဘုရားရေ..'
သူမ အတော် ကလေး လန့်သွားမိ၏ ။ ရင်ထဲမှာ လှပ်ခနဲ လှပ်ခနဲပင် ဖြစ်နေရ၏ ။
'ဟုတ်သားပဲ ခက်ဆစ်ရာ.. နင်တို့က တကယ့်ချစ်သူတွေ ပဲဟာ ဘာရှက်စရာရှိလို့လဲ…'
ဇာခြည်စိုးကပါ ၀င်ပြောလာတော့ သူမ အတော် တင်းသွားသည်။ ဒါ ဖြစ်သင့်သတဲ့လား။ လက်ရှိ အခြေအနေမှာ တစ်ယောက် ကို တစ်ယောက် သိနေရုံကလွဲပြီး ဘာဆက်ဆံရေး မှ မပိုတဲ့လူ တစ်ယောက် ကို ချစ်သူတွေ ဖြစ်လာအောင် ဖျားယောင်းရမှာ တဲ့လား။
'လေးလုံးမရော မိကေခိုင်ရော တော် တော့် .. အလကား မ ဖြစ်နိုင်တာတွေ …'
'ဟဲ့.. ဘာလို့ မ ဖြစ်နိုင်မှာ လဲ…'
'အေးလေ..'
'ဒီမယ် လင်းခက်ဆစ်အတွက် အဲလောက်ယောက်ျားမရှားသလို နင်တို့ပြောသလောက်လဲ ငါ ဈေးမပေါသေးဘူးဟဲ့…'
'ခက်ဆစ်.. ငါတို့ ဆိုလိုချင်တာက သိပ်ချစ်ကြတဲ့ချစ်သူနှစ် ယောက် ကို အဓိပ္ပာယ်မဲ့ ဝေးမနေ စေချင်တာပါ..'
'ဟုတ်ပါတယ်ဟာ… ပြီးတော့ အမြဲတမ်း တပူးတတွဲ တွဲ ဖြစ်နေတဲ့ နင်တို့နှစ် ယောက် ကို အခုလို ကြီးမြင်တွေ့ နေရတာ ကို စိတ်ထဲမကောင်းလွန်းလို့ပါဟာ..'
ကေခိုင်နှင့် ဇာခြည်တို့က ရင်ထဲရှိတဲ့အတိုင်း ပြောပြနေသည်ကို သူမက….
'ဒီမယ်.. မ ဖြစ်မနေ ရည်းစား တစ်ယောက် ထားကိုထားရမယ်ဆိုရင်တောင် မှတ်ထား.. လင်းခက်ဆစ်တို့ဘက်က ယောက်ျား တစ်ယောက် ကို ဘယ်တော့မှစပြီး မသိမ်းသွင်းဘူး။ ပိုက်ဆံ ပေးပြီးတော့သာ ရည်းစား တစ်ယောက် လောက် ကောက်ထားပစ်လိုက်မယ် နားလည်လား…'
'ဘယ်လို..ဘယ်လို .. .ပိုက်ဆံပေးပြီး ရည်းစားထားလို့ ရလို့လား'
'ရတာ ပေါ့ဟာ.. ရည်းစားငှားလို့ရတဲ့ ၀က်ဘ်ဆိုက်'ဆိုတာကို မကြားဖူးဘူးလား'
သူမက ကေခိုင်ကို အထက်ပါအတိုင်းပြောတော့ စာဖတ်ဝါသနာကြီးသည့် လေးလုံးမ(ခ) ဇာခြည်စိုးက…
'အေး အဲဒါကိုငါသိတယ်.. စာရေး ဆရာ 'မင်းတခေတ်'ရဲ့ Robot (ရိုဘော့တ်)စာအုပ်ထဲမှာ အဲဒီ Website အကြောင်းပါတယ်… ဟဲ့.. ဒါပေမဲ့ အဲဒါက ယောက်ျားလေးတွေ အတွက် မိန်းကလေး အငှားရည်းစားတွေ ကို အချိန်အလိုက် ငွေပေးပြီး အငှားဝန်ဆောင်မှု လုပ်ပေးနေတဲ့ Website မို့လား၊ ဘာတဲ့ Website လိပ်စာတောင် ငါ မှတ်မိနေပါသေးတယ်.. 'www.girlfiriendforhire.com'ဆိုလား ပဲ'
'ဟုတ်တယ်… ဒါပေမဲ့ မိန်းကလေးတွေ အတွက်လည်း ယောက်ျားတွေ ကို ငှားရမ်းလို့ရနိုင်တဲ့ နေရာတွေ ရှိသေးတယ်'
'တကယ်'
ကေခိုင့်အသံက အံ့သြတကြီးရှိလှ၏ ။ အထူးအဆန်း ဖြစ်နေပုံလည်းရသည်။ စာဂျပိုးမ(ခ) ဇာခြည်စိုး ကတော့ မျက်မှန်ကလေးကို ပင့်ကာပင့်ကာဖြင့် သူမစကားကို ဖြစ်နိုင်မ ဖြစ်နိုင် စဉ်းစား တွေးတောနေပုံရသည်။ ပြီးမှ….
'အင်း ရှိတော့ရှိနိုင်တယ်ဟ… ဟိုတစ်ခါ စာရေး ဆရာ မင်းတခေတ်ရဲ့ Professional (ပရော် ဖက်ရှင်နယ်)စာအုပ်က အငှားယောက်ျားဇာတ်လမ်းပဲ၊ အမလေး..စာအုပ်အကြောင်း ပြန်တွေးကြည့် ပြီး ကြက်သီးတောင် ထမိတယ်'
'ဘာတွေ ပါလို့လဲ… စာအုပ်ထဲမှာ …'
ကေခိုင်က စိတ်ဝင်တစား မေးတော့ ဇာခြည်စိုးက ရှင်းပြရှာပါ၏ ။ သူမလည်း အသာနားထောင် နေလိုက်သည်။
'အဲဒီ စာအုပ်ထဲက မင်းသားက အခကြေးငွေယူပြီး ပိုက်ဆံရှိတဲ့မိန်းမတွေ ကို ပျော်တော် ဆက် ပေးတာလေ.. ဇာတ်လမ်းထဲမှာ မင်းသားက သနားစရာတော့ကောင်းပါတယ်။ နှလုံး ရောဂါ သည် အမေအိုကြီးနဲ့ စိတ်မနှံ့တဲ့ညီမလေးတို့အတွက် ခန္ဓာကိုယ်ရင်းပြီး ပိုက်ဆံရှာပေးနေတာလေ.. စာရေး ဆရာက သူများ တွေ ရေး နေကျပုံစံမျိုး မိန်းကလေးပြည့်တန်ဆာဇာတ်မျိုးမဟုတ်ဘဲ ယောက်ျားလေး ဇာတ်ကောင်သုံးပြီး ထူးထူးခြားခြား ရေး ထားတာ'
'ဟဲ့ဟဲ့.. ငါပြောတဲ့ ရည်းစားငှားတာက နင်ပြောသလောက် မကြမ်းတမ်းဘူးနော်'
သူမက လမ်းကြောင်း ပြောင်းသွား သည့် သူငယ်ချင်းနှစ် ယောက် ကို အမြန်ဝင်တားလိုက်ရ၏ ။ ဒါကို လေးလုံးမက မလုံမလဲနှင့် ..
'ငါက ဇာတ်လမ်းကိုပြောတာပါဟ… ဒါနဲ့ နင်ပြောတဲ့ဟာက ဘယ်နေရာမှာ လဲ ခက်ဆစ်.. အဟဲ.. ဗဟုသုတလေး ဘာလေးရတာ ပေါ့… အဟီး'ဟု စပ်ဖြီးဖြီးဖြင့် ပြောနေ၏ ။
(သင်းမောင်မောင်သာ ဒီစကား၊ ဒီရုပ်ကိုမြင်ပါက ပြဿနာတက်မှာ အသေအချာပင် ဖြစ် သည်။ ဟိုကောင်က သ၀န်တိုတာ နှစ် ယောက် မရှိတဲ့လူ။ ဇာခြည်စိုးကို ချစ်လိုက်သမှ တုန်လို့)။
'အင်း.. အဲဒါက အချစ်ဝန်ဆောင်မှု ကုမ္ပဏီဟ.. မြန်မာနိုင်ငံမှာ တော့မဟုတ်ဘူး။ ပြင်သစ်က ပဲရစ်မှာ ရှိတာ.. ယောက်ျား(10)ယောက် လောက်ကို ပရိုမိုးရှင်းအ ဖြစ် အမြတြမ်းပြထားတာတဲ့။ ဆိုဒ်စုံဂိုက်စုံပေါ့ဟာ'
'အမလေး'
ကေခိုင်က ရင်ဘတ်ကလေးကိုဖိပြီး အမလေး တ၏ ။ ဇာခြည်စိုး ကတော့ ပါးစပ်အဟောင်းသား နှင့် သေချာနားစွင့်ထားပုံရ၏ ။
'နင်တို့ စိတ်ဝင်စားရင်တော့ 'adopte un mce.fr'ကို online မှာ ၀င်လေ့လာလိုက်လေ… အဲဒီ မှာ ယောက်ျားရည်းစားတွေ ငှားလို့ရတယ်'
'တကယ်… ဟဲ့ ပြန်ပြောပါဦးဟ.. ငါ သေချာမှတ်ထားချင်လို့'
လေးလုံးမက လွယ်အိတ်ထဲမှ စာအုပ်နှင့် ဘောလ်ပင်ကို ထုတ်ပြီး ထပ်မေးတော့ လင်းခက်ဆစ် က ခပ်လှမ်းလှမ်းသို့ ထွက်သွားနေပြီ ဖြစ်ကြောင့် ကေခိုင်တို့ နှစ် ယောက် သား အပြေးအလွှား ထလိုက် သွားကြလေတော့၏ ။
သင့်အနေဖြင့် စိတ်ဝင်စားပါက 'ယောက်ျားလေးများ 'အတွက်
'www.girlfriendforhire.com' တွင် လည်းကောင်း
'မိန်းကလေးများ 'အတွက်
"adopte un mce.fr" တွင် လည်းကောင်း ဗဟုသုတအ ဖြစ်
ဝင်ရောက်လေ့လာနိုင်ပါကြောင်းးးး။
လေးစားစွာ ဖြင့်
စာရေး သူ
![]() Mind | ![]() Opposite | ![]() နိုင်းနိုင်းနိုင်း |