Cover

နိဒါန်း

Super Warning

ဤစာအုပ်သည် ၀တ္ထု ဖြစ်သည်။

ထို့ကြောင့် ………….

ဤ၀တ္ထုသည် စာအုပ်တစ်အုပ်သာ ဖြစ်လေ၏ ။

Written by,

Min Ta Khit

*


Ok ! ……. Ready

1… 2 ….. 3 …… 4 ….

Let’s Go …….

*


တစ္ဆေနက္ခတ်နဲ့ ကောင်မလေး တစ်ယောက် သည်

“ ကြွက် ” အမှတ်တံဆိပ် အဖြူရောင် အင်္ကျီရောင် အင်္ကျီတစ်ထည်ကို

ဝတ်ဆင်ပြီး စာအုပ်တစ်အုပ်ကို ဖတ်နေပါသည်။

*


Opening

သူမ အလွန်အမင်းထိတ်လန့်နေသည်။ ဆက်တီမှာ ထိုင်ပြီး မျက်လုံးကို စုံမှိတ်ထားမိသည်။

သို့ သော် …. မကြာခဏဆိုသလို စားပွဲပေါ်မှာ ချထားသည့် မိုဘိုင်းဖုန်းကလေးကိုလည်း မျက်လုံးဖွင့် ဖွင့်ကြည်နေမိသည်။

အခန်းနံရံရှိ နာရီစက္ကန့်သံ တချောက်ချောက်က သူမရင်ခုန်သံကို ပိုမိုရုန်းကြွနေစေ၏ ။ သူမကို သေသေချာချာ စူးစိုက်ကြည့်မိပါက နားသယ်ဆံစပ်မှာ တွဲ လွဲခိုနေသည့် ချွေးသီးချွေးပေါက် အချို့ကိုပါ ထင်ထင်လင်းလင်း မြင်တွေ့ နိုင်မည် ဖြစ်ပါသည်။

နောက် … သူမက ခုံမှာ ထိုင်ရင်း စိတ်တည်ငြိမ်မှု ရရန်အတွက် တတ်သမျှမှတ်သမျှ ဘုရားစာများ ကိုလည်း ရွတ်ဆိုနေပါသေးသည်။ သို့ပေမယ့်လည်း သူမစိတ်ထဲက စိုးရိမ်ထိန့်လန့်မှု တို့က ဆံခြည်တစ်မျှင်မျှပင် လျော့ပါးမသွား။

စားပွဲပေါ်က ဖုန်းကလေးကို မြင်နေရတိုင်း သူမ စိုးရိမ်စိတ်တို့က ပိုမိုတိုးပွားလာရ၏ ။

သူမစိတ်ထဲမှာ တော့ “ ငါ မစမ်းသပ်ခဲ့မိရင် အကောင်းသား ” ဟု အကြိမ်ကြိမ်ညည်းတွား နေမိသည်။

နောက် မကြာခဏဆိုသလို သူမပါးစပ်က “ အဲ့ဒီဖုန်း မမြည် ပါစေနဲ့ ” ဟုလည်း ဆုတောင်းသလို တီးတိုးရွတ်ဆိုနေမိပါသေးသည်။

သူမ ဘာကြောင့် ဤမျှ စိတ်ဒုက္ခရောက်နေပါသနည်း။

သူမ ဖုန်းကိုကြည့်ပြီး ဘာအတွက် ထိတ်လန့်ကြောက်ရွံ့နေရပါသလဲ ….

မသိ …..

ထိုအဖြေကို သူမကိုယ်တိုင်ပင် သိပေလိမ့်မည် ။ တခြားမည် သူမျှ ထိုအဖြေကို သိလိမ့်မည် မဟုတ်ပေ။

“ ချောက် …. ချောက် …. ချောက် …. ”

နာရီစက္ကန့်သံ တချောက်ချောက်က အခန်းထဲမှာ ပိုင်စိုးပိုင်နင်းပြေးလွှားနေ၏ ။ တိတ်ဆိတ် မှု ကို သရုပ်ပြထားသလို သူမ အသက်ရှူသံ ခပ်ပြင်းပြင်းကလည်း ကပိုကရိုအ၀င်အထွက် လုပ်နေလေ၏ ။

ထိုစဉ် ……

လမ်းပြကြယ်လေး xxx လမ်းပြကြယ်လေး xxx နင်ဟာ ငါ့ဘ၀အတွက် xxx အလင်းများ ဖန်ဆင်းပေး

စားပွဲပေါ်က သူမ မိုဘိုင်းဖုန်းကလေး၏ Ringtone သံလေးက သူမကို အသက်ရှူရပ်တန့် သွားမတတ် ထိတ်လန့်သွားစေသည်။

“ဘုရား … ဘုရား … ငါ့ကို ဖုန်းပြန်ခေါ်နေပြီ ”

“ xxx လမ်းပြကြယ်လေး xxx

Ringtone သံလေးက အဆက်မပြတ်မြည် နေပေမယ့် သူမ မကိုင်ရဲသေးပါ။ ခေါင်းထဲမှာ တော့ သွေးပျက်ထိတ်လန့်မှု နှင့် ကြောက်ရွံ့အားငယ်မှု တို့ကသာ ကြီးစိုးနေကြ၏ ။

သူမ ဘာလုပ်ရမည် နည်း။

မသိ …

ဖုန်းမြည် သံကို သူမ ဘာကြောင့် ထိတ်လန့်နေရသနည်း။

……………… ။

နောက်ဆုံး ………

သူမ ဆုံဖြတ်ချက်တစ်ခုကို ပီပီပြင်ပြင်ချလိုက်ပြီး အသက်ခပ်၀၀ တစ်ချက်ရှူရှိုက်လိုက်၏ ။ နောက် ….စားပွဲပေါ်က သူမ မိုဘိုင်းဖုန်းလေးကို ယူလိုက်ပြီး screen ပေါ်ကို ရင်တခုန်ခုန်နှင့် ကြည့်လိုက်မိသည်။

“ ဟူး …..”

( သက်ပြင်းချသံ )

“ တော် ပါသေးရဲ့ ”

သူမရဲ့ တီးတိုးစကားသံအဆုံးမှာ ပဲ “ answer ” ကို နှိပ်လိုက်ပြီး နားမှာ ကပ်နားထောင် လိုက်သည်ဆိုသည်နှင့် တစ်ဖက်က မိန်းကလေး တစ်ယောက် ၏ ခပ်စွာ စွာ လေသံလေးကို စူးစူးရှရှ အရင်ကြားလိုက်ရသည်။

“ အမယ်လေး … သဉ္ဇာရယ် ခေါ်လိုက်ရတာ ဟာ၊ ခုမှပဲ ဖုန်းကိုင်ဖော်ရတော့တယ် … ဒါနဲ့ နင် အဆင်ပြေတယ်မို့လား … သဉ္ဇာ ”

“ အင်း …. ခုထိတော့ အဆင်ပြေနေတာပဲ Mickey (မစ်ကီ ) ငါ့စိတ်တွေ ချော်ချား နေတာတော့ အမှန်ပဲဟာ … အခု နင့်ဖုန်းခေါ်တာကိုတောင် ဟိုဖုန်းခေါ်သံမှတ်ပြီး တန်းမကိုင်ရဲတာ”

“ အဲလောက်ကြီးလည်း စိတ်ထဲစွဲမနေစမ်းပါနဲ့ သဉ္ဇာရယ် … ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေ ကလည်း တိုက်ဆိုင်ခဲ့တာနေမှာ ပါ … အဲဒီ့ နံပါတ်နဲ့ ဘာမှမဆိုင်ပါဘူးဟာ … ကဲ .. ကဲ … ဒါပါပဲ မိသဉ္ဇာ ”

“ အေးအေး … မစ်ကီ ”

“ ငါ… နင် စိုးရိမ်ထိတ်လန့်နေမှာ သိလို့ တမင်ဖုန်းဆက်ပြီး အားပေးစကားပြောနေတာ … အကြောင်းထူးရှိရင် ငါ့ဆီကို ဖုန်း ချက်ချင်း ခေါ်လိုက်နော် ”

“ အင်း … ကျေးဇူးပါပဲ မစ်ကီရယ် ”

သူငယ်ချင်း ဖြစ်သူရဲ့ အားပေးနှစ် သိမ့်မှု ကြောင့် သူမ အနည်းငယ်နေသာထိုင်သာတော့ ရှိသွား၏ ။

ဖုန်းကို စားပွဲပေါ်သို့ ပြန်တင်ထားလိုက်ပြီး -

“ အ ဖြစ်အပျက်တွေ အားလုံးက တိုက်ဆိုင်သွားတာနေမှာ ပါလေ ..” ဟုလည်း အသံတိတ် တွေးတောနေမိသေးသည်။

အခန်းထဲမှာ တော့ နာရီသံတချောက်ချောက်က စည်းချက်ညီညီ ထွက်ပေါ်နေမြဲ ဖြစ်၏ ။ ထိုစဉ် -

လမ်းပြကြယ်လေး xxx လမ်းပြကြယ်လေး xxx နင်ဟာ ငါဘ၀အတွက် xxx အလင်းများ ဖန်ဆင်းပေး

စားပွဲပေါ်က မိုဘိုင်းဖုန်းလေးက ဒုတိယအကြိမ်မြောက်မြည် လာပြန်သည်။

“ မစ်ကီ ငါ့ကို ဘာပြောစရာကျန်ခဲ့လို့လဲ ”

အထက်ပါ အတွေးနှင့် အတူ ဖုန်းကိုယူလိုက်ပြီး screen ပေါ်ကိုကြည့်မိလိုက်သည်။

“ အို … ”

ဒါ … ဒါ … ဘယ်လို ဖြစ်ရတာ လဲ ….။

ဒါဆို ဒီအ ဖြစ်အပျက်တွေ က တကယ်ပဲလား ….

ဟင့်အင်း … မ ဖြစ်နိုင်ဘူး … လုံးဝမ ဖြစ်နိုင်ဘူး …

လမ်းပြကြယ်လေး xxx လမ်းပြကြယ်လေး xxxx

တုန်ယင်နေသည့် သူမလက်ထဲမှ မိုဘိုင်းဖုန်းလေး ကတော့ အဆက်မပြတ်မြည် နေဆဲ … သူမ ဘာလုပ်နေရမည် မသိ ဖြစ်နေမိသည်။ နောက် … ဖုန်း screen ပေါ်က နံပါတ်က သူမနှလုံးခုန်နှုန်းကို ကစဥ့်ကလျား ဖြစ်နေစေ၏ ။

ဖုန်း screen ပေါ်မှာ တော့ ထူးဆန်းသော နံပါတ်တစ်ခု။

သူမ စိုးရိမ်ကြောက်လန့နေခဲ့သော …. ဖုန်းနံပါတ်တစ်ခုက တကယ်ပဲ အသက်ဝင်ခေါ်ဆို နေပြီ ဖြစ်သည်။

ငါ … ဘာလုပ်ရမလဲ ……

ဘယ်လိုလုပ်ရပါ့မလဲ ……..

မေးခွန်းအချို့ သူမခေါင်းထဲကို အစုလိုက် အသိုက်လိုက်ပြေးလွှားနေ၏ ။

နောက်ဆုံး … သူမ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး ဖုန်းလက်ခံစကားပြောလိုက်၏ ။

“ ဟယ်လို ”

“ xxxxxxxxxxxxxx ”

သူမအသံလှိုင်းတို့က တုန်ယင်ခြောက်သွေ့နေ၏ ။

“ ရှင် ”

“ xxxxxxxx ”

“ ဟုတ်ပါတယ် … ကျွန်မ ရခဲ့ပါတယ် . … ဒါနဲ့ ….. ဒီဖုန်းနံပါတ်ပိုင်ရှင်က တကယ်ပဲ လူ တစ်ယောက် ပဲလား … နာမည် ရော ဘယ်လိုခေါ်လဲဟင် ”

“ xxxxx ”

“ ရှင် ၊ သြော် … ဟုတ်ကဲ့ ….. ဟုတ်ကဲ့ ”

တစ်ဖက်ကဖုန်းပြောသူ၏ ညွှန်ကြားချက်ကြောင့် ထင် …. သူမဖုန်းပြောနေရင်းဖြင့် ပြတင်းမှန်တံခါးကို ဆွဲဖွင့်ပစ်လိုက်၏ ။

“ xxxxxxxxxx ”

“ ဟုတ်ကဲ့ ”

နောက် ……

၅ လွှာရှိ ပြတင်းပေါက်ကနေ အောက်ကို သူမ စိုက်ကြည့်နေ၏ ။ တစ်စုံတစ်ရာကို ရှာဖွေနေပုံလည်းရ၏ ။

“ xxxxxxxxx ”

“ ဘာမှလည်း မတွေ့ ရပါလား ”

“ xxxxxxxxxx ”

“ ရှင် ….. အင်း …. အင်း … ”

သူမက တစ်ဖက်က ဖုန်းပြောသူကို စိတ်မရှည်သလို ပြန်ဖြေပြီး သူမနေထိုင်ရာ ၅ လွှာပြတင်းပေါက်မှနေ အပေါ် ၈လွှာဘက်ကို ခေါင်းမော့မျှော်ကြည့်လိုက်ပြန်၏ ။

သူမမျက်ဝန်းထဲမှာ တော့ “ လက် ” ခနဲ “ လင်း ” သွားသည့် တစ်စုံတစ်ရာကို မပီဝိုးတ၀ါး မြင်တွေ့ နေရ၏ ။

သို့ သော် …. ဘာမှန်း သူမ မသိ။

နောက် . ထိုအရာက သူမမျက်စိရှေ့မှာ တင် လျင်မြန်စွာ နီးကပ်လာနေသလိုလည်း ခံစားနေရသည်။

“ ဟင် …. အဲဒါ ဘာကြီးလဲ ”

“ xxxxxxxx ”

ထိုတစ်စုံတစ်ရာဟာ “ ဘာ ” ဆိုတာကို သူမ သဲသဲကွဲကွဲသိမြင်လိုက်ရချိန်မှာ တော့ သူမရင်အစုံ ဆောင့်ခုန်သွား၏ ။ သူမမှာ ပြင်ဆင်ရှောင်တိမ်းချိန်မရှိ …

အရာအားလုံးဟာ အစီအစဉ်တကျ … ဖြစ် … ပျက် ….

“ အား ….. ”

သူမရဲ့ စူးရှကျယ်လောင်လှသော ထိတ်လန့်တကြား အော်သံတစ်ခု …….။

“ ၀ှီး ” ကနဲ ပြုတ်ကျလာခဲ့သော မှန်တစ်ချပ် ………

သေချာသည် ကတော့ ထိုအ ဖြစ်အပျက်တစ်ခုသည် “ အိပ်မက် ” တစ်ခု မဟုတ်ခဲ့ပေ။

*


“ ကျိန်စာသင့်နေသော …………. တက္ကသိုလ် ”

(၁၄-၅-၂၀၁၃)

ယခုနှစ် ၂၀၁၃ တစ်နှစ် တည်းတွင် .. တက္ကသိုလ်မှ ကျောင်းသူ / ကျောင်းသား ငါးဦးတို့သည် မတော် တဆ ဖြစ်စဉ်အမျိုးမျိုးဖြင့် ထူးဆန်းစွာ သေဆုံးခဲ့ရပါသည်။

သေဆုံးခဲ့ရသူများ မှာ မောင်ထက်နိုင်၊ မောင်လွှမ်းမိုးနိုင်၊ မအေးမိုး၊ မဇင်ဇင်နှင့် သဉ္ဇာတို့ ဖြစ်ပါသည်။

၁၃-၅-၂၀၁၃ ရက်တွင် နောက်ဆုံး သေဆုံးခဲ့ရသော မသဉ္ဇာ ( အသက် ၁၉နှစ် ၊ 2nd Physics ) ကျောင်းသူလေးသည် လည်း သူမ နေထိုင်ရာ (အဆောင် ) တိုက်ခန်း ၅ လွှာ ပြတင်းပေါက်မှ ဖုန်းပြောနေစဉ် အထက်တိုက်ခန်းတစ်ခုမှ ပြုတ်ထွက်ကျလာခဲ့သော မှန်တစ်ချပ်ကြောင့် ခေါင်းပြတ်သေဆုံးခဲ့ရခြင်း ဖြစ်ပါသည်။

( သတင်းစဉ် (၁) …………… ဂျာနယ် )

*


Physics ကျောင်းသူလေးမဉ္ဇာရဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်

၂၁-၅-၂၀၁၃

……. တက္ကသိုလ်တွင် ဒုတိယနှစ် (ရူပဗေဒ) မေဂျာဖြင့် ပညာသင်ကြားနေသော မသဉ္ဇာသည် ၁၃-၅-၂၀၁၃ ရက်နေ့တွင် ပြတင်းပေါက်တွင် ခေါင်းပြူထွက်ဖုန်းစကားပြောနေစဉ် အပေါ်ထပ်အခန်းတံခါးတစ်ခုမှ မှန်တစ်ချပ် ပြုတ်ထွက်ကျလာပြီး သူမလည်ပင်းကို လှီးဖြတ်လိုက်သကဲ့သို့ “တိ” ကနဲ ခေါင်းပြတ်ကျသေဆုံးသွားခဲ့ရပါသည်။

တာဝန်ရှိပုဂ္ဂိုလ်များ ကမူ မသဉ္ဇာ၏ အ ဖြစ်သည် မတော် တဆ သေဆုံးမှု တစ်ခုသာ ဖြစ်ကြာင်း အတည်ပြုပြောဆိုသွားသည်။

(သတင်းစဉ် (၂)၊ ………….. ဂျာနယ် )

*


လူသားစားတက္ကသိုလ်အကြောင်း တစေ့တစောင်း

၂၈-၅-၂၀၁၃

……….. တက္ကသိုလ်သည် လွန်ခဲ့သော နှစ် ပေါင်း ၁၀၀ ခန့်မှ စတင် တည်ထောင်ဖွင့်လှစ်ခဲ့သော အဆင့်မြင့် တက္ကသိုလ်တစ်ခု ဖြစ်ကြောင်း၊ ယခု ၂၀၁၃ ခုနှစ် တွင် ဒုတိယနှစ် Physics မေဂျာမှ ကျောင်းသူ / ကျောင်းသား ၅ယောက် တို့သည် ၃ လအတွင်း accident မျိုးစုံဖြင့် ထူးဆန်းတိုက်ဆိုင်စွာ သေဆုံးသွားခဲ့ရသည်မှာ မှန်ကန်သော်ငြားလည်း အဆိုပါအ ဖြစ်ဆိုးများ သည် မိမိတို့ …….. တက္ကသိုလ်၏ ပယောဂတစ်စုံတစ်ရာမပါဝင်ပါကြောင်း၊ သေဆုံးသွားသူ ကျောင်းသား / ကျောင်းသူ မိဘများ နည်းတူ ကြေကွဲဝမ်းနည်းစွာ စိတ်ထိခိုက်ခံစား နေရပါကြောင်းနှင့် ယခုသေဆုံးမှု နှင့် ပတ်သက်ပြီး ကျောင်းသားမိဘ အများ ပြည်သူများ ကြားတွင် “ လူသားစားတက္ကသိုလ် / ကျိန်စာသင့်တက္ကသိုလ် ” ဟု ခေါ်ဝေါ်သုံးစွဲနေသော စကားလုံးများ ကိုလည်း ကျေးဇူးပြု၍ ပြောဆိုသုံးစွဲဖြင်း မပြုကြပါရန် ………. တက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာဒေါ်မိုးမိုးမှ အလေးအနက်မေတ္တာရပ်ခံထားကြောင်း သတင်းထုတ်ပြန် ထားပါသည်။

( သတင်းစဉ် (၃) ၊ ….. ဂျာနယ် )

*


………….. တက္ကသိုလ်မှ သေဆုံးသွားခဲ့ရသော

ကျောင်းသူ / ကျောင်းသာ ငါးယောက် တို့၏ နောက်ဆက်တွဲ သတင်းအချို့

(၁) မသဉ္ဇာလည်ပင်းပေါ်သို့ ပြုတ်ကျခဲ့သော မှန်သည် မည် သည့် အထပ်၊ မည် သည့်အခန်းမှ ပြုတ်ကျလာခဲ့သည်ကို ဆက်လက် စုံစမ်းရာ မည် သည့် အခန်းတံခါးမှန်မှ ပြုတ်ကျခဲ့ခြင်း မရှိကြောင်းနှ့် အပေါ်ထပ်ရှိ အခန်းတံခါးမှန်ချပ်များ အားလုံးတို့သည် မူရင်း (original) မှန်များ အတိုင်းသာ ခိုင်ခိုင်ခန့်ခန့် ရှိနေကြောင်း ထူးဆန်းစွာ တွေ့ ရှိနေရ။

(၂) သေဆုံးသွားသူ မသဉ္ဇာ၏ လက်ကိုင်ဖုန်းအ၀င်အထွက်နောက်ဆုံးစာရင်းကို စစ်ဆေးကြည့်ရာ ထူးဆန်းသော ဖုန်းနံပါတ်တစ်ခုကို တွေ့ ရှိခဲ့ကြောင်းနှင့် ၎င်း ဖြစ်စဉ်တွင် အဆိုပါ ဖုန်းနံပါတ်နှင့် တစ်စုံတစ်ခု ဆက်နွယ်ပတ်သက်မှု ရှိနေကြောင်း တာဝန်ရှိသူ အချို့မှပြောကြား။

(၃) မသဉ္ဇာရှေ့မှာ သေဆုံးသွားခဲ့သော ကျောင်းသူ / ကျောင်းသားတို့၏ နောက်ဆုံးဖုန်းအ၀င်အထွက်ကို ပြန်လည်စစ်ဆေးရာတွင် လည်း အဆိုပါထူးဆန်းသော ဖုန်းနံပါတ်၏ ခေါ်ဆိုခြင်းခံရပြီး မိနစ်အနည်းငယ်အတွင်းတွင် မတော် တဆ ဖြစ်ရပ်တစ်မျိုးမျိုးဖြင့် သေဆုံးသွားခဲ့ရသည်ကို တွေ့ ရှိခဲ့ကြောင်း။

(၄) ဆက်သွယ်ရေး ဌာနသို့ ဆက်လက်စုံစမ်းရာတွင် အဆိုပါထူးဆန်းသော ဖုန်းနံပါတ်သည် အသုံးပြုထားခြင်းမရှိကြောင်းနှင့် ကိုင်ဆောင်သုံးစွဲနိုင်ရန် ဖုန်းလိုင်းပင် မရှိပါကြောင်းသိရ၍ စုံစမ်းသူများ အခက်တွေ့ နေ။

(၅) ……… တက္ကသိုလ်၏ ထူးဆန်းသော သေဆုံးမှု များ သည် အဆိုပါဖုန်းနံပါတ်နှင့် ဆက်စပ်နေနိုင်သော်လည်း မိမိတို့ ခေါ်ဆိုကြည့်ရာတွင် မည် သို့ မျှ အကြောင်းမထူးသဖြင့် မတော် တဆသေဆုံးမှု ဟုသာ သတ်မှတ်ထားရကြောင်းနှင့် ပြုတ်ကျလာသော မှန်တစ်ချပ်၏ ရာဇ၀င်သည်လည်း မိမိတို့တာဝန်ရှိသူများ ကို ခေါင်းခဲနေစေကြောင်း သတင်းထ်ုပြန်။

*


Breaking News

• ……… တက္ကသိုလ်မှ သေဆုံးသွားသော ကျောင်းသူ / သား ၅ ဦးတို့သည် မေဂျာတစ်ခုလည်းမှ သူငယ်ချင်းများ ဖြစ်ကြပြီး တစ်ဦးနှင့် တစ်ဦး အင်မတန်ရင်းနှီး ချစ်ခင်သူများ ဖြစ်ကြသည်။

• ၎င်းတို့သူငယ်ချင်း ၅ ဦးစလုံးသည် ၃ လအတွင်း ဖြစ်ရပ်ဆိုးများ ဖြင့် ရှေ့ဆင့်နောက်ဆင့် (ထူးဆန်းသော မတော် တဆမှု များ ဖြင့် ) သေဆုံးခဲ့ရပြီး ဖုန်းနံပါတ်တစ်ခုနှင့် ဆက်စပ်ပတ်သက်ခဲ့ပုံခြင်းလည်း တူညီနေသည်ကိုတွေ့ ရသည်။

• သေဆုံးသွားသူ သူငယ်ချင်း ၅ ယောက် ၏ သူငယ်ချင်းအသစ် ( ၆ယောက် မြောက်၊ တခြားတက္ကသိုလ်မှ ပြောင်းရွှေ့လာခဲ့သူ ) မစ်ကီ (ခေါ် ) မလင်းသထက်လင်းသည်လည်း တစ်စုံတစ်ခုကို ကြိုတင်ကာကွယ်သော အနေဖြင့် ကျောင်း ပြောင်းသွား ပြီ ဖြစ်ကြောင်း၊ သူမနည်းတူ “ လူသားစားတက္ကသိုလ်” ဟု အမည် ထွက်နေသော …… တက္ကသိုလ်မှ ကျောင်းသား / ကျောင်းသူ အယောက် ၄၀ ထက် မနည်းသည်လည်း အခြားတက္ကသိုလ်များ သို့ ပြောင်းရွှေ့သွားကြကြောင်း၊

• တာဝန်ရှိ ပုဂ္ဂိုလ်များ ကမူ အဆိုပါ တက္ကသိုလ်မှ ထူးဆန်းသော မတော် တဆမှု များ နှင့် ပတ်သက်၍ အများ ပြည်သူများ ကို (မသေချာသေးသော်လည်း) အသက်အန္တရာယ် လုံခြုံရေး အတွက် အဆိုပါဖုန်းနံပါတ်ကို မည် သို့ မျှ မခေါ်ဆိုမိကြစေရန် အောက်ပါ သတိပေးကြော်ငြာတစ်ရပ်ကို ထွက်ရှိသမျှ မဂ္ဂဇင်း၊ ဂျာနယ်နှင့် online ပေါ်မှာ ပါ တရားဝင်ထုတ်ပြန်ထားလိုက်ပြီ ဖြစ်ပါသည်။

Cover

*


သတိပေးခြင်း

အများ ပြည်သူများ အနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်တစ်ခုကို စမ်းသပ်လို၍ သော်လည်းကောင်း၊ အကြောင်းတစ်စုံတစ်ရာ ကြောင့် သော်လည်းကောင်း၊ မည် သို့ သော အကြောင်းကိစ္စနှင့် မျှ မခေါ်ဆိုမိပါစေရန် အသိပေးအပ်ပါသည်။

ထိုဖုန်းနံပါတ်သည် ကျောင်းသူ / သား ငါးယောက် ၏ အသက်အန္တရာယ်ကို ထိုခိုက်စေခဲ့သည်ဟု သံသယရှိနေပါသော ကြောင့် ဂဃနဏအဖြေ မထုတ်နိုင်သေးပါသော်လည်း မိဘပြည်သူများ ၏ အသက်အန္တရာယ်အတွက် ထိုနံပါတ်ကို မနှိပ်မိစေရန် လေးစားစွာ အသိပေးတားမြစ်လိုက်ရပါသည်။

Cover

( ………… ) ဌာနချုပ်

*


Second Opening

ပုံမှန်အနေအထားအရ တက္ကသိုလ်တစ်ခု၏ နံနက်ခင်း canteen ချိန်များ တွင် ကျောင်းသူကျောင်းသား ၈၀ % ကျော်သည် ဆန့်ကျင်ဘက်လိင်တစ်ဦး တစ်ယောက် ၏ အကြောင်းအရာအချို့ကို ပြောဆိုဆွေးနွေး ရင်ဖွင့်တိုင်ပင် ရယ်မော်အပုပ်ချပြီး သွက်လက် တက်ကြွ ရွှင်မြူးနေရသည်မှာ ဓမ္မတာတစ်ခုလိုပင် ဖြစ်၏ ။

သို့ သော် ..

ယခုမူ canteen လေးသည် လူပြည့်နေပါလျက်နှင့် အနည်းငယ် တိတ်ဆိတ် ခြောက်သွေ့နေလေ၏ ။

အဘယ်ကြောင့် ဆိုသော် စားပွဲဝိုင်းတိုင်းတွင် ကိုယ့်အစုလေးနှင့် ကိုယ် ဂျာနယ်ကိုယ်စီနှင့် အတွေးတစ်ခုကို အလိုမတူဘဲ ယုယပိုက်ထွေးနေကြသော ကြောင့် ဖြစ်ပါသည်။

အားလုံး ကြားသိထားကြသည့်အတိုင်းပါပင်။ “ လူသားစားတက္ကသိုလ် / ကျိန်စာသင့် တက္ကသိုလ် ” ဟု အမည် ထွက်နေသော ……… တက္ကသိုလ်မှ ကျောင်းသား ငါးယောက် ၏ သေဆုံးမှု သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါး၊ ဝေဖန်သုံးသပ်ချက်၊ ကြေငြာတားမြစ်ချက်၊ ထူးဆန်းသော ဖုန်းနံပါတ် ( *999* ) စသည့် အကြောင်းအရာများ ကို ကျောင်းသူကျောင်းသား အားလုံးနီးပါး (ပြည်သူများ ပါ ) စိတ်ဝင်စားနေကြသည်။

ထို့ထက် ပိုမိုစိတ်ဝင်စားစရာကောင်းသော သတင်းကြေငြာချက် အသစ်တစ်ခုကလည်း စူးစမ်းလိုသော ၊ တက်ကြွလိုသော တက္ကသိုလ်ကျောင်းသူကျောင်းသားများ အားလုံးကို ငြိမ်သက်တိတ်ဆိတ်ပြီး အတွေးပိုနေစေပါလိမ့်မည် ။

ထိုကြေငြာချက်တစ်ရပ်ကို ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုမှ (နောက်ဆုံး) အသစ်ထပ်မံ ထုတ်ပြန်လိုက်သော Hot News တစ်ပုဒ်ပင် ဖြစ်လေ၏ ။

ထိုစိတ်ဝင်စားဖွယ် ကြေငြာချက်မှာ တစ်ဖက်ပါအတိုင်းပင် ဖြစ်ပါသည်။

သိန်းတစ်ထောင်ရရှိနိုင်သော အခွင့်အရေး

*( …….. ) တက္ကသိုလ်မှ သေဆုံးသွားခဲ့သော ကျောင်းသူ / သား ၅ယောက် ၏ ဖြစ်စဉ်အချို့ကို သော်လည်းကောင်း၊

*ထူးဆန်းသော ဖုန်းနံပါတ် (*999*) ၏ ဇစ်မြစ် (သို့ မဟုတ်) သေဆုံးသူ ကျောင်းသား / သူ ငါးယောက် တို့နှင် ဆက်စပ်ပတ်သက်မှု ကိုသော်လည်းကောင်း၊

*ဆက်စပ်သေဆုံးခဲ့ရပုံ အကြောင်းရင်းကို သော်လည်းကောင်း ဖော်ထုတ်အဖြေရှာ (သို့ ) အကြံပြုတင်ပြပေးနိုင်သူ မည် သူမဆို (တစ်ဦး တစ်ယောက် ချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ) (……) လိပ်စား၊ (……) ဖုန်းနံပါတ်ကို ဆက်သွယ်တင်ပြနိုင်ပါသည်။

*အကျိုးအကြောင်းဆီလျော်ညီညွတ်ပြီး ခိုင်လုံမှု ရှိပါက (သို့ ) ဖော်ထုတ်နိုင်ခဲ့ပါက (…..) ဌာနချုပ်မှ တင်ပြဆက်သွယ်လာသူမိတ်ဆွေတို့အား ငွေကျပ် သိန်းတစ်ထောင်တိတိကို ဂုဏ်ပြုဆုငွေအ ဖြစ် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

လေးစားစွာ ဖြင့် …….

( ………. ) ဌာနချုပ်

( A )

“ တောက် ”

မျက်မှန်တပ်လူငယ် တစ်ယောက် ၏ ဆိုင်းမဆင့်ဗုံမဆင့် “ တက် ” ခေါက်သံကြောင့် လူငယ် ၄ ယောက် လန့်သွားကြသည်။

ထိုမျက်မှန်တပ် လူငယ်လေးက တုတ်၊ ဓား လက်နက်အချို့နှင့် ခြိမ်းခြောက်လိုက်၍ လန့်ဖျပ်သွားကြခြင်းမျိုးလည်း မဟုတ်ပါ။

တစ်စုံတစ်ခုကို စူးစူးနစ်နစ် စိတ်ဝင်တစား တွေးတောနေချိန်မျိုးတွင် အနီးကပ်ထွကပေါ်လာသော သင်းကွဲအသံတစ်ခုကြောင့် အာရုံပျက်ယွင်းထိတ်လန့်သွားမှု ကိုသာ ဆိုလိုပါသည်။

ဟုတ်ပါသည်။

ထိုမျက်မှန်တပ်လူငယ်လေး၏ “ တက် ” ခေါက်သံလေးကြောင့် ဂျာနယ်ကိုယ်စီဖတ်ပြီး အတွေးလွန်နေသော အခြားလူငယ် ၄ ယောက် ကို လန့်ဖျပ်သွားစေခဲ့ပြီး ဖြစ်၏ ။

“ ဟာ …. ဘာလဲ မှု န်ကြီးရာ၊ ဒီမှာ *999* အကြောင်း တွေးနေတာ …. လန့်သွားတာပဲ ”

“ ဟုတ်ပါ့ ”

တစ်ဝိုင်းတည်းထိုင်နေကြသူများ ဖြစ်၍ ခပ်၀၀လူငယ်က သူ့ခံစားမှု ကို ဖွင့်ထုတ် ပြောလိုက်၏ ။

ထိုစကားကို ဆံပင်ခပ်ရှည်ရှည် ကောင်မလေး တစ်ယောက် က ထောက်ခံသမှု ပြုပေးနေပါသည်။

ရက်ပါဒီဇိုင်းဝတ်ဆင်ထားသော လူငယ်လေး ကတော့ မျက်မှန်တပ်လူငယ်လေးကို “မပြောချင်တော့ပါဘူး ” ဆိုသည့် အထာနှင့် ခေါင်းတရမ်းရမ်းလုပ်ပြီး ဂျာနယ်ကို ဆက်ဖတ်နေ၏ ။

ကျန်ခပ်ဖြောင့်ဖြောင့် လူငယ် ကတော့ မျက်ခုံးနှစ် ခုကို အကြောတချို့ အကူအညီဖြင့် ဆွဲကပ်လိုက်ပြီး ခပ်ဆတ်ဆတ်လေသံဖြင့် မျက်မှန်တပ်လူငယ်ကို မေးလိုက်၏ ။

“ ဒီမှာ ဂျာနယ်ထဲက သိန်းတစ်ထောင်ကိစ္စကို နက်နက်နဲနဲ တွေးနေတာ … မင်းက ဘာတွေ ဖြစ်လို့ တက်ခေါက်နေရတာ လဲ … အာရုံနောက်တယ် မှု န်ကြီးရာ ”

“ ဟာ … ငါလည်း အဲဒီ သိန်းတစ်ထောင် ရလိုက်ရင်တော့ကွာ …. ဆိုတဲ့ အတွေးနဲ့ တက်ခေါက်မိသွားတာပဲလေ … ငါ ဘာမှားလို့လဲ … မင်းတို့တွေ ကလဲကွာ … ”

“ ပြောမနေနဲ့ တော့ ခေတ်အုပ်စိုး … ဒီကောင် မှု န်ကြီးအကြောင်းလည်း သိရဲ့ သားနဲ့ … အူကြောင်ကြောင်နဲ့ ”

မှု န်ကြီး အမည် ရ မျက်မှန်တပ်လူငယ့်အဖြေစကားကို ရက်ပါပုံစံ လူငယ်လေးက အထက်ပါအတိုင်း မှတ်ချက်ပြုပေးသွားသည်။ ခေတ်အုပ်စိုးက -

“ မှု န်ကြီး ”

“ ဟေ ”

“ မင်းက အခု … မျက်စိလေးပဲ မှု န်တာနော် ”

“ အေးလေ .. ငါက ဘာပြောနေလို့လဲ ”

“ သြော် .. ဘာမှတော့ မဟုတ်ပါဘူး၊ တော် ကြာမှ မတန်မရာတွေ တွေးပြီး ဥာဏ်မမီဘဲ ရူးသွားခါမှ ဂေါက်ကြီး ဆိုတဲ့ ဘွဲ့လေး ထပ်တိုးလာဦးမယ်လို့ သတိပေးမလို့ပါ ”

“ ဟာ … ”

“ ဟား …. ဟား …. ”

“ ဟာ…. ”

Canteen မှာ တစ်မနက်လုံး တိတ်ဆိတ်ခြောက်သွေ့နေခဲ့သမျှ အခုမှပဲ ရယ်သံအချို့ကို ဖြန့်ချနိုင်ြ ကတော့သည်။

ဟုတ်တယ်လေ … အားလုံးက စိတ်ဝင်စားစရာ feel ကိုယ်စီနဲ့ လွင့်နေကြတာမို့လား ….

“ ငါက အကောင်းမှတ်လို့နားထောင်နေတာ … သေဦးမယ် ခွေးမျိုးအုပ်စိုး ”

“ ဟွန်း .. နင့်ကိုလည်း အုပ်စိုးက အကောင်းသတိပေးနေတာကို ”

“ အာ .. မိသွန်း၊ နင်က တမှော င့် ”

မိသွန်း အမည် ရ ဆံပင်ရှည်ရှည်ကောင်မလေး၏ အချွန်နဲ့ ထပ်မ မှု ကြောင့် သူတို့အဖွဲ့ကလေး ဒုတိယအကြိမ်မြောက် ရယ်မိကြပြန်သည်။

အတော် ကလေးကြာတော့မှ … ခပ်၀၀လူငယ်လေးက စကား စ လာခဲ့၏ ။

“ အခုကြော်ငြာထားတဲ့ သိန်းတစ်ထောင်ကိစ္စက ၀ိုင်းစုခိုင်သိန်းဆိုပေမယ့် ပြဿနာကို အဖြေရှာနိုင်ဖို့ ကတော့ တကယ့် Boby Soxer ပဲ ”

“ ဘယ်လို … ”

“ ဖက်တီး … နင့်စကားက ဘာကြီးလဲ ဟ ”

ဖက်တီး အမည် ပေါက် ခပ်၀၀လူငယ်လေးရဲ့ စကားကို မျက်မှန်တပ်လူငယ်လေး မှု န်ကြီးနှင့် ရက်ပါပုံစံလူငယ်လေး ရှိန်းသူ ဆိုသူတို့က နားမလည်နိုင်စွာ ပြန်မေးလိုက်သည်ကို မှု န်ကုပ်ကုပ်လုပ်နေသည့် ခေတ်အုပ်စိုးက စိတ်မရှည်သလို ၀င်ဖြေပေးလိုက်၏ ။

“ ဟိုကောင် ဖက်တီးကလ်ညး စကားကို ဘယ်တော့မှ ဒဲ့မပြောဘူး … မင်းတို့နှစ် ယောက် ကလည်း ခေတ်လူငယ်တွေ ဖြစ်ပြီး ဒါလေးတောင် သဘောမပေါက်ကြဘူး၊ ၀ိုင်းစုခိုင်သိန်းဆိုတာ မက်လောက်စရာ Bobby Soxer ဆိုတာက မလွယ်ပါဘူးလို့ ဆိုလိုထားတာ နားလည်ပြီလား ”

သည်တော့မှ မိသွန်းက သဘောပေါက်သွားပြီး ဖက်တီးစကားကို တိုက်ရိုက်ပြန်ပြော ကြည့်မိမှ အားလုံးသဘောပေါက်သွာြး ကတော့သည်။

“ အခုကြော်ငြာထားတဲ့ သိန်းတစ်ထောင်ကိစ္စက မက်လောက်စရာကြီးဆိုပေမယ့် ပြဿနာကို အဖြေရှာနိုင်ဖို့ ကတော့ တကယ်မလွယ်တဲ့ကိစ္စပဲ ”

“ အင်း ”

ခေတ်အုပ်စိုး ကတော့ သက်ပြင်းတစ်ချက်ကို ပီပီပြင်ပြင်မှု တ်ထုတ်ရင်း canteen ရှေ့ကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိ၏ ။

ထိုစဉ် မိသွန်းက -

“ ဟဲ့ .. ငါပြောဖို့တစ်ခု မေ့နေတာ .. ခုမှပဲ သတိရတော့တယ် ”

“ ဘာလဲဟ ”

“ ဒီလိုဟ .. ငါတို့ကျောင်းကို လူသားစားတက္ကသိုလ်က ပြောင်းလာတဲ့ ကျောင်းသူ တစ်ယောက် က ငါ့အဆောင်ရဲ့ အပေါ်ထပ်မှာ လာငှားနေတယ်တဲ့ ”

မိသွန်းအပြောဆုံးမှာ ရှိန်းသူက သိပ်မထူးခြားသလိုပုံစံနှင့်

“ ဒါများ အထူးအဆန်းလုပ်လို့ မိသွန်းရာ၊ အဲဒီ ကျောင်းက ပြောင်းလာတဲ့ ကျောင်းသူကျောင်းသားတွေ ငါတို့ကျောင်းမှာ အများ ကြီးပဲ ဥစ္စာ ”

“ ဟဲ့ … ဒီ တစ်ယောက် က ထူးတယ်တဲ့ ”

“ ဘာထူးလို့လဲ … ခေါင်းမှာ ချိုကြီးပေါက်နေလို့လား ”

မှု န်ကြီးက အထက်ပါအတိုင်း ခပ်လှောင်လှောင်ပြန်ပြောတော့ မိသွန်းက -

“ ငါ အတည်ပြောနေတာ .. ဟိုတစ်ခါ .. ဂျာနယ်ထဲမှာ တောင် နာမည် ပါလာသေးတယ်လ .. သေသွားတဲ့ ကျောင်းသူကျောင်းသား ၅ယောက် တို့ရဲ့ ၆ ယောက် မြောက် သူငယ်ချင်းအသစ် ဆိုတဲ့ တစ်ယောက် လေ ”

“ ဟင် … ”

“ သြော် .. ငါ မှတ်မိပြီ၊ နာမည် က ခပ်လွယ်လွယ်လေးထဲကပါ … ဘာပါလိမ့် ”

“မစ်ကီ”

“ ဟုတ်တယ် .. ဟုတ်တယ် .. ကြွက်နာမည် လေ ”

တစ်ချိန်လုံး ငြိမ်သက်စွာ နားထောင်နေသည့် ခေတ်အုပ်စိုးက ခှုမှဝင်ပြောဖော်ရ၏ ။

“ အဲဒီ မစ်ကီဆိုတာက သူ့နာမည် အရင်းလား မိသွန်း”

“ မဟုတ်ဘူးဟ .. နာမည် ပြောင် ဖြစ်မယ်ထင်တယ်၊ ငါကြားတာ ကတော့ သူက Micky Mouse အမှတ်တံဆိပ်ရုပ်ကလေးတွေ ပါတဲ့ အင်္ကျီတွေ ကိုပဲ အမြဲဝတ်တတ်လို့ အားလုံးက သူ့ကို မစ်ကီ (Micky) လို့ပဲ ခေါ်ကြာတာတဲ့ … ပြီးတော့ သူကလည်း အဲ့ဒီနာမည် ကို သဘောကျတာကြောင့် အသုံးများ ပြီး အမည် တွင် နေတာ .. နာမည် အရင်းက သိပ်ခေါ်လို့ အဆင်မပြေတာလည်း ပါမယ်ထင်ပါတယ်ဟာ ”

“ ဒါဆို .. သူ့နာမည် အရင်းက ဘာလဲ ”

အုပ်စိုးရဲ့ အမေးစကားအဆုံးမှာ .. မိသွန်းက မစ်ကီ ( Micky) ၏ အမည် ရင်းကို တစ်လုံးချင်း ပြောပြလိုက်လေ၏ ။

“ လင်းသထက်လင်း … တဲ့ ”

*


( B )

တက္ကသိုလ်တစ်ခု၏ canteen တစ်ခုထဲတွင် စားသောက်နေကြသော ကျောင်းသူ ကျောင်းသားများ သည် ကိုယ့်အဖွဲ့လေးတွေ နှင့် ကိုယ် ၀ိုင်းဖွဲ့ပြောဆိုနေကြပါသည်။ သို့ သော် canteen ၏ ထောင့်ကျကျနေရာက စားပွဲဝိုင်းတစ်ခုမှာ တော့ ကောင်မလေး တစ်ယောက် တည်း အအေးသောက်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေသည်ကိုတွေ့ ရမည် ဖြစ်သည်။

သူမက လက်ထဲမှ စာအုပ်ကို အာရုံအပြည့်စူးစိုက်ထားသည်မှာ သေချာလှသော်လည်း အခြားစားပဲတွေ မှ ကျောင်းသူကျောင်းသားတွေ ကတော့ Micky Mouse Logo ပါ တီရှပ် တစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်ထည်ကို စမတ်ကျကျ ရိုးရှင်းစွာ ၀တ်ဆင်ထားပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်သလိုပုံစံဖြင့် စာအုပ်တစ်အုပ်ကိုသာ အေးအေးလူလူ ဖတ်နေသော သူမကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်ဖုံ အားလုံးက အကဲခတ်သလို ငေးကြည့်နေကြသည်။

ထို့အတူ canteenရှေ့ရှိ ယူကလစ်ပင်ကြီးနောက်မှာ အကာအကွယ်ယူပြီး သူမကို ခိုးကြည့်နေသော လူ ၅ ယောက် လည်းရှိနေပါသေးသည်။

၎င်းတို့မှာ -

(၁) ခေတ်အုပ်စိုး (ခ) အုပ်စိုး

(၂) မိသွန်း (ခ) သွန်းခကြယ်

(၃) မှု န်ကြီး (ခ) ဖြိုးမင်းသူ

(၄) ရှိန်းသူ နှင့်

(၅) ဖက်တီး (ခ) သင်းမောင်မောင်တို့ ဖြစ်ကြပါသည်။

Canteen ထောင့်တစ်နေရာရှိ သူမ ကတော့ စာအုပ်ကို ခဏပိတ်ပြီး အအေးတစ်ငုံ ယူသောက်လိုက်သည်။ သူမကို ၀ိုင်းအကဲခတ်နေကြသော အခြားသူများ ကို သတိထားမိသွားပြီး စိတ်ပျက်သလို သက်ပြင်းချလိုက်၏ ။

“ အဲ့ဒီ တီရှပ်အဖြူနဲ့ တစ်ယောက် ပဲ မစ်ကီဆိုတာ ”

“ နာမည် နဲ့လူနဲ့ ကတော့ ကွက်တိပဲ ”

“ ဟုတ်ပါ့ .. အင်္ကျီမှာ တော့ မစ်ကီမောက်အရုပ်ကလေးနဲ့ ”

“ ပုံစံ ကတော့ တကယ့်အမိုက်စားထဲကပဲ ”

မိသွန်းရဲ့ သတိပေးချက်၊ အတည်ပြုချက်အဆုံးမှာ အုပ်စိုးက လွဲပြီး အားလုံးက သူမကို မှတ်ချက်ကိုယ်စီပေးနေကြသည်။

ထိုစဉ် မိသွန်းက -

“ အုပ်စိုး .. မစ်ကီ့ပုံစံကို နင်ရော ဘယ်လိုမြင်လဲ ”

“ င့ါအမြင် ကတော့ သူက ခပ်သသ ခပ်ထထအစားထဲကပဲ မိသွန်း ”

မစ်ကီကို မျက်တောင်မခတ်စတမ်းငေးကြည့်ရင်း ဖြေလိုက်သည့် အုပ်စိုးစကားကြောင့် အားလုံး မျက်လုံးပြူးကုန်ကြသည်။

မိသွန်း ကတော့ ဘုရားပင် တ ယူနေရပြီး အုပ်စိုးကိုလည်း မမြင်ဖူးသူ တစ်ယောက် လို ငေးကြည့်နေလေ၏ ။

“ ဘုရား .. ဘုရား .. အုပ်စိုး … နင် … နင် တကယ်မထင်ရဘူးဟာ .. သူများ သားသမီး ကိုများ ပြောရက်လိုက်တာ ”

“ ဟင် ”

သို့ မှ ခေတ်အုပ်စိုးလည်း သဘောပေါက်မိသွားပြီး အားလုံးနားလည်အောင် ပြန်ရှင်းပြ လိုက်ရသည်။

“ ဟ .. သြော် . ခက်တာပဲဟာ .. ငါဆိုလိုတာက မစ်ကီ့ပုံစံက ခပ်သွက်သွက် ခပ်ထက်ထက်ပုံစံမျိုး၊ ထက်ထက်မြက်မြက် သွက်သွက်လက်လက် အမျိုးအစားထဲက၊ ဒါကို အတိုကောက် ခပ်သသ ခပ်ထထ အစားထဲကလို ပြောလိုက်တာ ”

“ သြော် ”

“ သိပါဘူး အုပ်စိုးရာ၊ ငါ့မှာ တော့ မစ်ကီက ဘာတွေ သပြီး ဘာများ ထနေတာလဲဆိုပြီး တွေးလိုက်ရတာ ၊ အမယ်လေး .. ကြက်သီးတွေ တောင် ထတယ် ”

ပြောရင်း အကဲပိုသလို တုန်ခါပြနေသည့် ရှိန်းသူကို မိသွန်းက

“ အရေး ထဲ နှာဘူးက တစ်မျိုး ” ဆိုပြီး ထောပနာပြုပေးလိုက် ပြီး ဖက်တီးက ရှိန်းသူ၏ ဇာက်ပိုးကို “ ဖြောင်း” ကနဲ နေအောင် ရိုက်ပြီး ဆုချပေးလိုက် ၏ ။

“ ဟာ .. မင်းတို့ကို ရှင်းပြနေရတာ နဲ့ ဟိုမှာ မရှိတော့ဘူး … ဘယ်အချိန် ထသွားတာလဲ မသိဘူး .. ဟူး ”

အုပ်စိုးက ပြောပြီး စိတ်ပျက်သလို သက်ပြင်းတစ်ချက်ချ၏ ။ မစ်ကီ ဆိုသူလေး ကတော့ အအေးသောက်ပြီး တစ်နေရာသို့ ထွက်သွားခဲ့ပြီ ပဲ ဖြစ်သည်။

“ ကဲ .. အုပ်စိုး .. နင် ဘယ်လိုဆက်လုပ် ချင်သေးလဲ၊ ငါ ထပ်သိလာရသလောက်တော့ မစ်ကီက သီးသန့် တစ်ယောက် တည်းသမား တဲ့။ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်တတ်သလို ဘယ်သူနဲ့မှလည်း အရောတ၀င် မနေတတ်ဘူးတဲ့ ”

“ သူ့ကို ချဉ်းကပ်ဖို့ မလွယ်တာတော့ အမှန်ပဲ .. ပြီးတော့ သူက တခြားမိန်းကလေးတွေ လို ရောလို့လွယ်မယ့်ပုံလည်း မဟုတ်ဘူးကွ .. မစ်ကီကိုတော့ လုံးဝလျှော့တွက်ထားလို့ မရဘူး။ ပြီးတော့ … သူ့ပုံစံကိုကြည့်ရတာ သူ့သူငယ်ချင်းသေဆုံးမှု နဲ့ ပတ်သက်ပြီး သူ တစ်ခုခုကို သိနေတယ်လို့ ငါခံစားနေရတယ် ”

ခေတ်အုပ်စိုးမှတ်ချက်ကို မှု န်ကြီးက မျက်မှန်ကလေး ပင့်ကာပင့်ကာဖြင့် ၀င်ထောက်ပေး၏ ။

“ အုပ်စိုး … မင်း .. အဲလို တရားလက်လွတ်ပြောလို့တော့ မရဘူးလေ ..သူ့ကို သံသယရှိရင် ရဲက ဖမ်းစစ်မှာ ပေါ့ဟ ”

“ ဟုတ်တယ် .. မှု န်ကြီးပြောတာ သဘာဝကျတယ် အုပ်စိုး .. နေစမ်းပါဦး … မင်းက ဘာ ဖြစ်လို့ မစ်ကီကို အဲလိုကြီး ထင်လိုက်ရတာ လဲ ”

ဖက်တီးကပါ ၀င်ထောက်ပေးတော့ မိသွန်းနှင့် ရှိန်းသူတို့မှာ လည်း ခေါင်းတညိတ်ညိတ်ဖြင့် အုပ်စိုးအဖြေကို ငံ့လင့်သလို ငေးကြည့်နေကြသည်။

ခေတ်အုပ်စိုး ကတော့ canteen ထဲက သူမမရှိတော့တဲ့ စားပွဲဝိုင်းအလွတ်ကလေးကို ငေးစိုက်ကြည့်ရင်း ဖြေပေးလိုက် ၏ ။

“ ငါ ဘာ ဖြစ်လို့ အဲလိုထင်မိသလဲဆိုတော့ တစ်အချက် သူ့မျက်နှာ ဘာစိုးရိမ်ထိတ်လန့်မှု ကိုမှ မတွေ့ ရဘူး .. တကယ်ဆို သူ့သူငယ်ချင်း ၅ယောက် စလုံးဟာ မကြာခင်အချိန်ကပဲ အသေဆိုးနဲ့ သေသွားခဲ့တာ မဟုတ်လား .. အနည်းဆုံးတော့ သူ့မျက်နှာမှာ ညှိုးငယ်ဝမ်းနည်း မှု တော့ ရှိနေသင့်တယ်မို့လား ”

“အေးဟ .. အဲဒါ ကတော့ အုပ်စိုးပြောတာ ဟုတ်တယ် ”

“ ကဲ .. အသာနေစမ်းပါ ဖက်တီးရာ .. အုပ်စိုး .. ဆက်ပြောပါဦး ”

မိသွန်းက လေကြောဝင်ရှည်နေသည့် ဖက်တီးကို ၀င်ကောလိုက်ပြီး အုပ်စိုးကို ထပ်ပြောခိုင်းနေ၏ ။

“ နှစ် ချက်က မစ်ကီက မနေ့တစ်နေ့ကမှ ရောက်လာတဲ့ ကျောင်းသူအသစ် တစ်ယောက် ဆိုပေမယ့် သူ့လှုပ်ရှားသွားလာမှု တွေ က ဘာမှသိပ်မထူးခြားသလို နေသားတကျ ပုံစံမျိုး ဖြစ်နေတယ်၊ အမှန်က ကျောင်းသူအသစ် တစ်ယောက် အနေနဲ့ စမ်းတ၀ါးဝါးနဲ့ ဟိုငေးဒီသေး တစ်ယောက် လောက်တော့ ဖြစ်နေသင့်တယ်လေ ”

“ ဒါလည်း ဟုတ်တာပဲဟ၊ မစ်ကီ့ပုံစံက အေးအေးဆေးဆေးပဲ .. ဘာအပူအပင်မှ ရှိပုံမပေါ်ဘူး ”

သည်တစ်ခါလည်း ၀င်လျှာရှည်နေသော ဖက်တီးကို မိသွန်းက ဖိဟောက်လိုက်ပြီး အုပ်စိုးကို စကားဆက်စေပြန်သည်။

မှု န်ကြီးနှင့် ရှိန်းသူတို့လည်း ခေတ်အုပ်စိုးစကားကို စိတ်ဝင်စားနေမိကြ၏ ။

“ မစ်ကီ့မျက်နှာမှာ လျှိုဝှက်မှု တွေ မာယာတွေ ပြည့်နှက်နေတယ်လို့ ငါထင်တယ် .. ဒီသေဆုံးမှု တွေ .. ဒီကြေညာချက်ထုတ်ထားတဲ့ ဖုန်းနံပါတ်တွေ နဲ့သူနဲ့ တစ်နည်းနည်း တော့ ပတ်သက်နေမယ်လို့လည်း ငါထင်တယ် ”

“ အုပ်စိုး .. နင့်အထင်က အထင်ပဲနော် … သွားပြီ ပြဿနာတွေ ရှာမနေနဲ့ .. ဒီအမှု တွေ က နိုင်ငံကျော်အမှု တွေ နော် .. ကိုယ့်ဘက်က ဘာမှ မသေချာဘဲနဲ့ သွားပြောလို့မရဘူး … အေး .. သိပ်သေချာနေတယ်ဆိုရင်တောင် ပြောရမှာ နင့်အလုပ်မဟုတ်သေးဘူး အုပ်စိုး၊ အဲဒါ ကူညီပါရစေ ( May I Help You ) တွေ ရဲ့ အလုပ် ”

သူငယ်ချင်းအတွက် စိတ်ပူသလိုပြောလာခဲ့သော မိသွန်းကို အုပ်စိုးက နားလည်သလို ပြုံးပြပြီ။

“ငါနားလည်ပါတယ် မိသွန်းရာ၊ ဒါပေမယ့် ငါ့အတွေး မမှားဘူးဆိုရင်တော့ ငါ့အထင်က သိပ်သေချာနေတယ် .. ပြီးတော့ မစ်ကီကို ငါတို့နဲ့ သူငယ်ချင်း ဖြစ်အောင် ကြိုးစားရမယ် ”

“ ဘာကြောင့် လဲ … ပြီးတော့ သူက သူငယ်ချင်းထားတတ်တဲ့ သူမျိုးလည်း မဟုတ်ဘူးလေ”

“ ဘာကြောင့် လဲဆိုတော့ .. ငါ ..တော် တော် ကြီးကို စိတ်ဝင်စားသွားမိလို့ပဲ ”

“ ဟေ … ”

အုပ်စိုးအပြောကြောင့် တစ်ဖွဲ့လုံး “ ဟေ ” သွားရ၏ ။ အတော် ကြာမှ ရှိန်းသူက -

“ ဟေ့ကောင် အုပ်စိုး ”

“ ဘာလဲ ”

“ မင်းစိတ်ဝင်စားတယ်ဆိုတာက ထူးထူဆန်းဆန်း သေဆုံးမှု တွေ လား .. သိန်းတစ်ထောင် ကိစ္စ၊ ဖုန်းနံပါတ်ကိစ္စတွေ လား … မစ်ကီဆိုတဲ့ ကြွက်မလေးကိုလား ”

“ ဟုတ်တယ်၊ ငါတို့ကိုနားလည်အောင် ရှင်းရှင်းပြောလေကွာ ”

ရှိန်းသူတင်ပြမှု ကို မှု န်ကြီးကပါ ထောက်ခံသလို မေးလာခဲ့တော့ အုပ်စိုး ပြုံးလိုက်မိ၏ ။ ပြီးမှ

“ ငါ .. စိတ်ဝင်စားသွားတယ်ဆိုတာက မင်းတို့ပြောတဲ့အရာတွေ အားလုံးကိုပဲ .. ဒီတော့ မနက်ဖြန်ကစပြိး မစ်ကီနဲ့ ပတ်သက်ရလိမ့်မယ် ”

“ ထင်သလောက် မလွယ်ဘူးနော် အုပ်စိုး ”

“ ဘယ်သမုင်းမှာ မှ ခပ်လွယ်လွယ် အကြောင်းအရာတွေ ကို ကမ္ဗည်းမတင်ခဲ့ပါဘူးဟာ ..ဒီတော့ ငါ သူနဲ့ရင်းနှီးဖို့အတွက် မင်းတို့အားလုံးရဲ့ အကူအညီတွေ ကို လိုအပ်တယ် .. ဘယ်လိုလဲ .. ကူညီကြမှာ လား ”

အားလုံး ကတော့ မပြောချင်တော့ဘူးဆိုတဲ့ အထာနှင့် တစ်ယောက် ကို တစ်ယောက် ကြည့်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေကြလေတော့၏ ။

*


( C )

တက္ကသိုလ်စာကြည့်တိုက်ထဲတွင် ဖြစ်သည်။

လူအတော် များများ ကလည်း ရှိနေကြပါသည်။ စာဖတ်လို၍ တော့ မဟုတ်။

အေးအေးလူလူ အကြည်ဆိုက်လို၍ လာခဲ့ကြဟန်တူသော စုံတွဲ ၃-၄ တွဲ ။ ကိုယ်သဘောကျသည့် ကောင်မလေးကို စာဖတ်ချင်ဟန်ဆောင်ပြီး ပြောင်ပြောင်တင်းတင်း ထိုင်ကြည့်ရန် မဟာအကြံအစည်နှင့် ရောက်လာခဲ့သော ကျောင်းသာ ၄-၅ ယောက် နှင့် ထိုသို့ အကြည့်ခံလို၍ လာကြသော / တမင် ပဲပေးလို၍ လာခဲ့ကြသော ကျောင်းသူ ၇ ၈ ယောက် ခန့်နှင့် စာကြည့်တိုက်ကလေးက အသက်ဝင်လှုပ်ရှားနေလေ၏ ။

အမှန်တကယ်စာဖတ်လို၍ လာရောက်ခဲ့သူ ဟူ၍ (ဘုရားစူး / မိုးကြိုးပစ် / မြွေပွေးကိုက် ) တစ်ယောက် ဆိုမှ တကယ် တစ်ယောက် တည်းပဲ ရှိနေပါသည်။

သူ့အမည် ကတော့ လင်းသထက်လင်း (ခ) မစ်ကီ ပဲ ဖြစ်ပါသည်။

သူမသည် ထုံးစံအတိုင်း ထောင့်ကျကျစားပွဲ တစ်လုံးမှာ .. ထုံးစံအတိုင်း တစ်ယောက် တိုင်း .. ကမ္ဘာကျော်ကြွက်တံဆိပ်အင်္ကျီကို ၀တ်ဆင်ထားပြီး .. ထုံးစံအတိုင်း စာအုပ်ကို အာရုံအပြည့် စူးစိုက်ထားပါသည်။

ထိုစဉ် လူငယ် တစ်ယောက် သည် စာကြည့်တိုက်ထဲသို့ ရောက်ရှိလာပြီး တစ်ချက်ဝှေ့ ကြည့်လိုက်သည်။ ထိုလူငယ်ပုံစံက တစ်စုံ တစ်ယောက် ကို မသိမသာရှာဖွေနေဟန်မျိုးရှိပါသည်။

ဟုတ်ကဲ့ … ထိုအဆိုသည် အမှန်ပဲ ဖြစ်သည်။ ယခုဝင်လာသော လူငယ်သည် အကြံအစည်တချို့တစ်ဝက်နှင့် ၀င်ရောက်လာခဲ့သော ခေတ်အုပ်စိုးပဲ ဖြစ်သည်။

ဝေ့၀ဲကြည့်နေသော သူ့မျက်လုံးအစုံသည် ထောင့်စွန်းစားပွဲဝိုင်းတွင် တစ်ယောက် တည်း အေးအေးဆေးဆေးစာထိုင်ဖတ်နေသော သူမ ကိုယ်ခန္ဓာပေါ်မှာ ရပ်တန့်သွားသည်။

(သူမ= မစ်ကီ / လင်းသထက်လင်း / ကြွက်မ )

သူ … သူမကို စက္ကန့် အနည်းငယ်မျှ ငေးစိုက်ကြည့်လိုက်ပြီး စာအုပ်စင်ပေါ်တွင် အသင့်တွေ့ ရသော ခပ်ထူထူစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်သည်။ နောက် … သူမ ရှိရာ စားပွဲဝိုင်းသို့ လှမ်းထွက်ခဲ့ပြီး သူမနှင့် မျက်နှာချင်းဆိုင်အနေအထားမှာ ရုပ်တည်ကြီးဖြင့် ၀င်ထိုင်လိုက်၏ ။

သူမက အမှတ်တမဲ့မို့ သူ့ကို တစ်ချက်မော့ကြည့်မိသည်။ စာအုပ်စင်ပေါ်တွင် အသင့်တွေ့ ရသော ခပ်ထူထူစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်သည်။ နောက် … သူမရှိရာ စားပွဲဝိုင်းသို့ လှမ်းထွက်ခဲ့ပြီး သူမနှင့် မျက်နှာချင်းဆိုင်အနေအထားမှာ ရုပ်တည်ကြီးဖြင့် ၀င်ထိုင်လိုက်၏ ။

သူမက အမှတ်တမဲ့မို့ သူ့ကို တစ်ချက်မော့ကြည်မိသည်။

“ sorry … ဒီစားပွဲဝိုင်းလေးက ကိုယ် စာလာဖတ်တိုင်း အမြဲထိုင်နေကျ နေရာလေးလေ .. အခုတော့ ဒီက သူငယ်ချင်းက အရင်ရောက်နတာဆိုတော့ ဆက်ဖတ်ပါ … ဒီနေရာလေးက တခြားနေရာတွေ ထက် ပိုစာဖတ်လို့ကောင်းတယ် .. ကိုယ်လည်း ဒီမှာ ထိုင်ဖတ်မယ်နော် ”

ဟုတ်သော်ရှိ မဟုတ်သော်ရှိ သူ ကတော့ စွတ်ဖြီးနေမိပြီ ဖြစ်သည်။

ဟုတ်သည်ပဲ … အုပ်စိုးတို့အုပ်စုက Second Year Maths သာ ရောက်လာခဲ့သည်။ တစ်ခါမှ သည်စာကြည့်တိုက်ထဲကို ရောက်ဖူးခဲ့သည် မဟုတ်။ ကိုယ်နှင့် မည် သို့ မျှ မပတ်သက်သည့် နေရာတစ်ခုကို ခပ်ကင်းကင်းပဲ နေခဲ့ကြသည် မဟုတ်ပါလား ….

“ ဒါနဲ့ .. ဒီက သူငယ်ချင်းက ကျောင်းသူအသစ်ပဲ ထင်တယ်၊ ကိုယ် တစ်ခါမှ မမြင်ဖူးဘူး၊ စိတ်မရှိနဲ့နော် … ကိုယ့်နာမည် က …. ”

သူ့စကားလုံးတို့က အဆုံးသတ် မရှိပါဘဲ … ရုတ်တရက်ရပ်တန့်သွားရ၏ ။ အကြောင်းက .. စကားတွေ မလိုအပ်ဘဲ သိပ်များ နေသည့် သူ့ကို သူမက သိပ်အလိုမကျဟန် မျက်လုံးခပ်စိမ်းစိမ်းကြီးနှင့် စူးစိုက်ကြည့်ပြီး နံရံတစ်နေရာသို့ လက်ညှိုးထိုးပြနေသော ကြောင့် ပင် ဖြစ်၏ ။

သူလည်း ယောင်နနနှင့် သူမ လက်ညှိုးညွှန်ရာသိုပ အကြည့်ရောက်သွားမိသည်။

သတိ
စကားကို တိုးတိုးသာသာ ပြောပါ။

“ ဟိုက် ”

သတိပေးကြေငြာကို ဖတ်ပြီး သူ အသာပဲ စာအုပ်ကို ဟိုလှန်ဒီလှန်လုပ်နေလိုက်သည်။ စိတ်ထဲမှာ တော့ သူမကို “ အတော် လာတဲ့ ဟာလေးပဲ ” ဟု မှတ်ချက်ပြုနေမိ၏ ။

အချိန်အတော် ကြာသည်အထိ သူ စာအုပ်ကို ဟိုလှန်ဒီလှန်လုပ်လိုက်၊ နာရီကို ငုံ့ကြည့်လိုက်၊ သူမကို ခိုးကြည့်လိုက်ဖြင့် အချိန်ဖြုန်းနေမိသည်။ သူမ ကတော့ ထုံးစံအတိုင်း …

ထိုစဉ် -

Xxxxx တကယ်ပဲလည်း နင် မချစ်ဘဲနဲ့ xxx ခံစားချက်ထပ်မပေးပါနဲ့ xxx ကွဲအက်ခဲ့ပြီ ငါ့နှလုံးသား xxx အရှုံးများ နဲ့ အဆုံးသတ်လို့သွားပြီ xxx ရိုးသားခြင်းမရှိတဲ့နောက်မှာ xxx မလာခဲ့နဲ့ ငါ့အနား xxxx

သူ့ဘောင်းဘီအိတ်ထဲမှ ဖုန်းမြည် သံကြောင့် သူ အမြန်ထုတ်ဖြေလိုက်၏ ။

“ ဟယ်လို … ရှိန်းသူ ပြော ”

ရုတ်တရက် သူ့အသံက ကျယ်သွားသည်မို့ သူမရဲ့ အစိမ်းနုရောင် မျက်ဝန်းတစ်စုံနှင့် ဆုံစည်းခွင့်ရခဲ့ပြန်သည်။

နောက် … မလုံမလဲနှင့် သူမကို တစ်ချက်ပြုံးပြပြီး တောင်းပန်သလို လက်ကာပြလိုက်၏ ။ အသံကိုလည်း သိသိသာသာ လျှော့ချပြောဆိုနေမိ၏ ။

“ အေး .. အခုသွာြး ကတော့မှာ လား ”

“ …. ”

“ ဒါဆို ငါ အခုထွက်လာခဲ့မယ်လေ … မိသွန်းမွေးနေ့ကို ငါမေ့နေတာကွ ”

“ …….. ”

“ အေး … ဒါဆိုလည်း ဒါပဲနော် သားကြီး ”

ပြောပြီး ဖုန်းကို စားပွဲပေါ်သို့ တင်လိုက်ပြီး ဖတ်လက်စ စာအုပ်ကို အသာပိတ်လိုက်၏ ။ နောက် ကျောပိုးအိတ်ကို နေသားတကျ ကောက်လွယ်လိုက်ပြီး

“ ကျွန်တော့် ကို ခွင်ပြုပါဦး .. သူငယ်ချင်း တစ်ယောက် မွေးနေ့ပွဲရှိနေတာ သွားလိုက်ဦး မယ်နော်”

သူ၏ အရေး တယူနှုတ်ဆက်မှု ကို သူမက မည် သို့ မျှ တုန့်ပြန်မလာသဖြင့် နိုင်ငံခြားမင်းသား တွေ လို ဟန်ပါပါ ပခုံးတစ်ချက်တွန့်ပြီး သူထွက်လာခဲ့မိ၏ ။

သူ့နှုတ်ခမ်းအစုံမှာ တော့ အပြုံးရောင် စုံတို့က တွဲ လွဲခိုစီးနေပါသည်။ အကြောင်းက သူ့ကြိုတင်ကြံစည်မှု တို့ အောင်မြင်လာခဲ့ရပြီ မဟုတ်ပါလား …။

*


( D )

သူငယ်ချင်းတွေ နှင့် ဆုံနေကျနေရာကိုရောက်တော့ သူ့ကိုစိတ်ပူသလို ၀ိုင်းဝန်းမေးကြသည့် မေးခွန်းအချို့နှင့် အရင်မျက်နှာချင်းဆိုင်တွေ့ ရ၏ ။

“ ဘယ်လိုလဲ အုပ်စိုး ”

“ အခြေအနေ … ”

“ နင်ဆင်ထားတဲ့အတိုင်း လုပ်လိုက်နိုင်ရဲ့ လား ”

“ မစ်ကီ ရိပ်မိသွားသေးလား …. ပြောပါဦးဟ ”

အုပ်စိုးက အားလုံးကို ပြုံးပြုံးကြီးတစ်ချက်ခြုံကြည့်လိုက်ပြီး လက်မ ထောင်ပြလိုက်၏ ။

“ OK ပါတယ်။ ဒါပေမဲ့ မစ်ကီနဲ့ ခင်ဖို့က ထင်သလောက်တော့ မလွယ်ဘူးဟ ”

“ ငါ မပြောဘူးလား ”

အရေး ထဲ မိသွန်းက အမှတ်ယူပြနေသေး၏ ။

“ ဒါပေမယ့် ငါအောင်မြင်အောင် လုပ်နိုင်မှာ ပါဟာ ”

“ အေး .. အခုတော့ အမှတ်စဉ် (၁) တော့ လုပ်ခဲ့ပြီးပြီ (၂) တွေ (၃) တွေ ဆက်လုပ် တော့လေကွာ ”

သိပ်တက်ကြွပြနေသည့် ဖက်တီးကို သူတစ်ချက်ကြည့်လိုက်ပြီး လက်က နာရီကိုပါ တစ်ပါတည်းကြည့်လိုက်သည်။

ပြီးမှ -

“ ဖုန်းဆက်ဖို့ စောပါသေးတယ် ” ဟု သူပြန်ပြောလိုက်၏ ။

“ အုပ်စိုး ”

“ ပြောလေ မှု န်ကြီး ”

“ မင်း အခု … မစ်ကီနဲ့ ရင်းနှီးဖို့ ကြိုးစားနေတာက က သိန်းတစ်ထောင်ကိစ္စအတွက်လား … ဒါမှမဟုတ် မင်း သူ့ကို နီးစပ်ချင်လို့လား ”

မှု န်ကြီးအမေးကို ရုတ်တရက် သူ အဖြေမပေးနိုင် ဖြစ်နေ၏ ။

အမှန်အတိုင်းဝန်ခံရလျှင် လူသားစားတက္ကသိုလ်က သေဆုံးမှု တွေ နှင့် ဖုန်းနံပါတ်ကို သူ စိတ်ဝင်စားမိသည်။ နောက် … သိန်းတစ်ထောင်အထိ ဆုငွေထုတ်ထားသော ထိုပြဿနာက ဘယ်လောက်ကြီးကျယ်တဲ့ ပြဿနာလဲဆိုတာကို သူ စိတ်ဝင်စားသည်။

နောက် … သူမ (မစ်ကီ) ရဲ့ ပုံစံကိုလည်း…..

သူ ဆက်တွေးမနေတော့ဘဲ မုသားတချို့ကိုသာ ထုတ်ပေးလိုက် ၏ ။

“ မင်းတို့တွေ ကြေညာချက်ထုတ်ထားတဲ့ ဆုငွေ … သိန်းတစ်ထောင်ကို မလိုချင် ကြဘူးလား ”

ရုတ်တရက် သူ့အမေးကြောင့် အားလုံး ကြောင်သွားကြပြီး တစ်ယောက် မျက်နှာ တစ်ယောက် ငေးကြည့်နေကြသည်။

ပြီးမှ ခေါင်းညိတ်ပြကြ၏ ။

“ အေး .. အဲဒါပဲ .. ဒီကွင်းဆက်တွေ ကို သိရဖို့အတွက် အခုအချိန်မှာ အကောင်းဆုံးသဲလွန်စ တစ်ခုက မစ်ကီပဲ။ ဘာလို့လဲဆိုတော့ သေဆုံးသွားတဲ့သူ ၅ ယောက် လုံးနဲ့ သူက အနီးကပ်နေခဲ့ဖူးတဲ့ သူငယ်ချင်း တစ်ယောက် ဖြစ်နေခဲ့လို့ပဲ ”

သူ့အဆိုကို ရှိန်းသူနှင့် မိသွန်းတို့က စောဒကထပ်တက်နေ၏ ။

“ သူ ဘာမှမသိပါဘူးလိုပ တာဝန်ရှိပုဂ္ဂိုလ်တွေ ကို ဖြေထားတဲ့ အကြောင်း ဂျာနယ်တွေ ထဲမှာ ဖော်ပြထားတာပဲ .. သူ ဘာသိမှာ လဲ ”

“ အေးလေ ”

ခေတ်အုပ်စိုးက လေပူတစ်ချက်မှု တ်ထုတ်လိုက်ပြီး -

“ မစ်ကီ့မျက်နှာပေါ်မှာ တစ်ခုခုဖုံးကွယ်ထားတာကို ငါ့ခံစားမိနေတယ် … အဲဒါ ဘာလဲတော့ ငါလည်း မသိဘူး … ပြီးတော့ အဲ့ဒီထူးဆန်းတဲ့ ဖုန်းနံပါတ်ကိစ္စ ”

“ ဘာ ဖြစ်လို့လဲ ”

“ ဘာ ဖြစ်ရမလဲ … အဲ့ဒီ *999* ဆိုတဲ့ နံပါတ်က ငါခေါ်ကြည့်ပြီးပြီ၊ ဘာမှအလုပ်မလုပ်ဘူး .. အလကားနံပါတ်ပဲ၊ ဒါကို ဘာလို့ရေး ကြီးခွင်ကျယ်လုပ်နေကြတာလဲ .. ငါ့အထင်တော့ အဲ့ဒီနံပါတ်က တစ်စုံတစ်ခုကို ကာကွယ်ချင်လို့ ဟန်ပြရှေ့ထုတ်ထားတဲ့ လုပ်ဇာတ်တစ်ခုလို့ပဲ ငါထင်တယ် ”

သူ့စကားအဆုံးမှာ အားလုံးတွေ သွားကြသည်။

“ မင်းတို့ပဲ စဉ်းစားကြည့်စမ်း … ခုဆိုရင် လူတွေ က လူသေဆုံးမှု တွေ ထက် သိန်းတစ်ထောင်ကိစ္စနဲ့ ဆက်နွယ်ပြီး အဲဒီ ဖုန်းနံပါတ်ကို ပိုစိတ်ဝင်စားနေကြပြီ မဟုတ်လား ”

“ ဟာ … ငါတို့လည်း မပြောတတ်တော့ဘူး အုပ်စိုးရာ ”

“ ကဲ .. ကဲ .. အခု နံပါတ် (၂) အစီအစဉ်အရ မင်းလုပ်စရာရှိတာ ဆက်လုပ် လိုက်တာ အကောင်းဆုံးပဲ အုပ်စိုး … ငါလည်း နံပါတ် (၃) ကိစ္စအတွက် Heart Beat ကို ဖုန်းဆက်ရဦးမယ် ”

ဖက်တီးက အထက်ပါအတိုင်း ပစ္စုပ္ပန်ကို ချပြလိုက်တော့ မိသွန်းက သူ့လက်ထဲက မိုဘိုင်းဖုန်းလေးကို အုပ်စိုးအား ပေးရင်း

“ ရော့ … နင်ဆက်တော့လ ”

“ အေး ”

သူ အလွတ်ရပြီးသား နံပါတ်အချို့ကို မိသွန်းဖုန်းထဲကို ရိုက်ထည့်လိုက်ပြီး ခေါ်ဆိုလိုက်၏ ။

ချက်ချင်း ဆိုသလိုပင် လိုင်းဝင်သွားသဖြင့် အားလုံကို တိုးတိုးတိတ်တိတ်နေရန် သူ လက်ဟန်ခြေဟန်ဖြင့် ပြပေးလိုက် သည်။

Xxx တူ xxx တူ xxx တူ xxx

*


( E )

Xxx တကယ်ပဲလည်း နင် မချစ်ဘဲနဲ့ xxx ခံစားချက်ထပ်မပေးပါနဲ့ xxx ကွဲအက်ခဲ့ပြီ ငါ့နှလုံးသား xxx အရှုံးများ နဲ့ အဆုံးသတ်လို့ သွားပြီ xxx ရိုးသားခြင်းမရှိတဲ့နောက်မှာ xxx မလာခဲ့နဲ့ ငါ့အနား xxx ဆုံးရှုံးခြင်းရလဒ်များ နဲ့ xxx ပျော်နေပြီ အချစ်ရေ xxx တကယ်ပဲလည်း နင်မချစ်ဘဲနဲ့

ဖုန်း Ringtone သံလေးက အဆက်မပြတ် မြည် ဟီးနေ၏ ။ တိတ်ဆိတ်လှသည့် စာကြည့်တိုက်အတွင်းမှာ မို့ “ချမ်းချမ်း” အသံလေးက လိုအပ်သည်ထက် ပိုမိုစူးရှကျယ်လောင် လှ၏ ။

သူမ ရှေ့တည့်တည့်မှ မြည် နေသည်မို့ စာအုပ်ကို အကြည့်ခွာပြီး ဖုန်းပိုင်ရှင်ကို သူမ မော့ကြည့်လိုက်မိသည်။

မတွေ့  ….

သို့ သော် ပိုင်ရှင်မဲ့ အော်မြည် နေသော apple အမှတ်တံဆိပ် မိုဘိုင်းဖုန်းလေး တစ်လုံးကိုသာ တွေ့ ရ၏ ။

ဦးနှောက်၏ အလိုအချောက် အလုပ်လုပ်မှု ကြောင့် အစောကကိုရွှေချော တစ်ယောက် မေ့ကျန်ခဲ့မှန်း သူမ ရိပ်မိသွား၏ ။ ဖုန်းကိုင်သင့် မကိုင်သင့်ကိုတော့ သူမ တွေ့ ဝေနေရဆဲ ဖြစ်နေသည်။

ထိုစဉ် ဖုန်းကိုင်လိုက်ပါဦးကွယ် … တခြားသူတွေ အနှောက်အယှက် ဖြစ်မှာ စိုးလို့ပါ ” ဟု ဆိုလာသဖြင့် သူမတွေ ဝေမှု ကို အမြန်အဆုံးသတ်ပစ်လိုက်ရ၏ ။

“ ဟယ်လို ”

“ ဟိုတာ … စာကြည့်တိုက်ထဲက တစ်ယောက် များ လား မသိဘူး … ”

“ ဟုတ်ပါတယ် ရှင်က … ”

“ ကျွန်တော် အစောက တစ်ယောက် ပါ … သူငယ်ချင်း တစ်ယောက် မွေးနေ့ပွဲက အရေး ကြီးနေတာနဲ့ အမြန်ထွက်လာလိုက်တာ ဖုန်းမေ့ကျန်ခဲ့လို့ .. အဲဒါ .. ”

“ အဲဒါ … ကျွန်မက ဘာလုပ်ရမှာ လဲ ”

“ ဟို … ဟို … ဘာမှတော့ မလုပ်ရပါဘူး၊ အခုလို ဖုန်းယူထားပေးလို့ ကျေးဇူးပါဗျာ ”

“ ဒီမယ် .. ကိုအ၀ှာ ”

“ ကျွန်တော့် နာမည် ခေတ်အုပ်စိုး ပါ ”

“ ရှင့်ဘာသာ ခေတ်အုပ်စိုး မကလို့ ခေတ်မုဆိုးပဲ ဖြစ် ဖြစ် … ကျွန်မနဲ့ မဆိုင်ဘူး၊ စိတ်လည်း မ၀င်စားဘူး .. ပြီးတော့ ရှင်ကျန်ခဲ့တဲ့ ဖုန်းကို ကျွန်မ ယူထားတာလည်း မဟုတ်ဘူး။ သိတောင် မသိဘူး .. ရှင်ကျန်ခဲ့တာကို .. ဖုန်းသံက အရမ်းဆူနေလို့ ကောက်ကိုင်လိုက်တာ ”

“ ဟုတ်ပါပြီဗျာ .. ဘာပဲ ဖြစ် ဖြစ် ခင်ဗျားကို ကျွန်တော် ကျေးဇူးတင်ပါတယ်”

“ ဒီမှာ .. ရှင့်ဖုန်းကို ပြန်လာယူမှာ ဆိုလည်း မြန်မြန်ပြန်လာယူ … ကျွန်မ အတန်းတက်ရတော့မယ် … အချိန်သိပ်မရှိဘူးရှင့် ”

“ အဲဒါမှ ခက်တော့တာပဲဗျာ ”

“ ရှင်၊ ဘာ ဖြစ်လို့လဲ ”

“ ဘာ ဖြစ်ရမလဲဗျာ - ကျွန်တော့် သူငယ်ချင်းမွေးနေ့အတွက် ကျွန်တော် အပြင်ရောက် နေတာဗျ၊ ကျောင်းထဲမှာ မဟုတ်ဘူးလေ ”

“ သြော် … ”

“ နယ်က ဖေဖေတို့ကလည်း ဒီနေ့ညမှ ဖုန်းပြောဖို့ ချိန်းထားပြီးသားကြီး ဖြစ်နေတယ် .. ခုမှတော့ ဘယ်တတ်နိုင်ပါ့မလဲဗျာ ..ထားလိုက်ပါတော့ .. နောက်နေ့ ကျောင်းရောက်မှပဲ ကျွန်တော် ပြန်လာယူပါတော့မယ် ”

တစ်ဖက်သားရဲ့ ခပ်ညည်းညည်းစကားသံလေးကြောင့် သူမတစ်ချက်တွေ သွားမိပြီး -

“ ဒါနဲ့ နေပါဦး၊ ခု .. ရှင်က ဘယ်နေရာမှာ မို့လဲ ”

“ မွေးနေ့ပွဲမှာ ”

“ ဟုတ်ပါပြီ ၊ အဲဒီ မွေးနေ့ပွဲက ဘယ်နေရာမှာ လဲ ”

“ Heart Beat စားသောက်ဆိုင်ရဲ့ သီးသန့်ခန်း နံပါတ် (၇) ထဲမှာ ပါ ”

“ အဲ့ဒီ Heart Beat စားသောက်ဆိုင်က ( …… ) လမ်းက မို့လား ”

“ ဟုတ်တယ်လေ … ဘာ ဖြစ်လို့လဲ ဗျ ”

“ ဒါဆိုရင်တော့ ရှင် ကံကောင်းသွားပြီ ”

“ ဗျာ … ”

“ ကျွန်မအတန်းပြီးတဲ့အထိ ရှင် စောင့်နိုင်မယ်ဆိုရင်တော့ ရှင့်ဖုန်းကို ကျွန်မ ယူလာပေးမယ်လေ ”

“ ဟာ … ကျေးဇူးတင်လိုက်တာဗျာ ”

“ သြော် … တစ်မျိုးတော့ မထင်နဲ့ဦးနော် .. ကျွန်မ နေတဲ့ အဆောင်ကလည်း ( ….. ) လမ်းထဲမှာ မို့ အပမ်းမကြီးလို့ ယူလာပေးတာ ”

“ ဟုတ်ကဲ့ပါဗျာ ၊ ဒါနဲ့ စကားမစပ် အဲဒီ လမ်းထဲမှာ အဆောင်တစ်ခုပဲ ရှိတာပါ၊ ဧကန္တ ခင်ဗျားလည်း နတ်သမီးအဆောင်ကပဲ ထင်တယ်၊ သြော် .. တစ်မျိုးတော့ မထင်နဲ့ဦးနော် အခုမွေးနေ့ရှင် ဖြစ်တဲ့ ကျွန်တော့သူငယ်ချင်း သွန်းခကြယ် (ခ) မိသွန်းကလည်း အဲ့ဒီအဆောင်ကမို့ မေးကြည့်လိုက်တာပါ ”

တစ်ဖက်လူရဲ့ စကားပြောဆို ပါးနပ်မှု နှင့် ချေပတုံ့ပြန်ပြောဆိုမှု တို့ကို သဘောပေါက်ပြီး သူမပင် စကားပြောရင်း ပြုံးမိလိုက်၏ ။ ပြီး ….. ။

သူမ စိတ်ထဲမှာ လည်း ထူးဆန်းသော ဖြစ်ပျက်တိုက်ဆိုင်မှု လေးတစ်ခုကို အနည်းငယ် သံသယ၀င်မိသွားသည်။ သို့သော် သူမအတွေးကို သူမကိုယ်တိုင် ပြန်လည်ချေဖျက်ပြီး ဖတ်လက်စ စာအုပ်ကို ပိတ်ပစ်လိုက်၏ ။

နောက် … ကိုရွှေချောရဲ့ လက်ကိုင်ဖုန်းလေးကို သူမရဲ့ Micky Mouse လွယ်အိတ်အ၀ါရောင် လေးထဲသို့ သိမ်းဆည်းလိုက်ပြီး အတန်းတက်ရန်အတွက် ခြေလှမ်းတချို့ကို စတင်လိုက်၏ ။

*


HEART BEAT
RESTAURANT

( F )

Heart Beat Resraurant ၏ သီးသန့်ခန်းလေးထဲတွင် “ သွန်းခကြယ် ” (ခ) မိသွန်း၏ မွေးနေ့ပွဲ အတုလေးက ယူနီဖောင်းအပြည့်အစုံနှင့် ငြိမ်သက်နေ၏ ။

လေးထောင့်ဆန်ဆန် စားပွဲရှည်တစ်ခုပေါ်မှာ တော့ Birthday Cake တစ်လုံးနှင့် အတူ ညစာစားပွဲတစ်ခုက လူ ၆ ယောက် စာအတွက် အသင့်။ သို့ သော် ထိုင်ခုံအလွတ်တစ်လုံး ကတော့ ခေတ်အုပ်စိုးနှင့် မျက်နှာချင်းဆိုင်အနေအထားမှာ ခပ်တည်တည် ငြိမ်သက်နေပါသည်။

လူ ၅ယောက် ကတော့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး တစ်စုံတစ်ခုကို တွေးတောနေကြလေ၏ ။

“ အုပ်စိုး … မစ်ကီက လာရောလာပါဦးမလား ”

တိတ်ဆိတ်မှု ကို စတင်ဖောက်ခွဲသူက ဖက်တီး ဖြစ်သည်။

“ အေးလေ … ညနေခြောက်နာရီတောင် ထိုးနေပြီ ” ဟုလည်း မိသွန်းက ဟာမိုနီ လိုက်ပေးနေ၏ ။

ရှိန်းသူနှင့် မှု န်ကြီးတို့ နှစ် ယောက် ကတော့ ခုံကို တဒေါက်ဒေါက်ခေါက်နေကြသည်။

“ သူ လာမှာ ပါ ”

အုပ်စိုးအသံက ယုံကြည်မှု အပြည့်။

ထိုစဉ် သီးသန့်ခန်းတံခါးလေးသည် ညင်သာစွာ ပွင့်သွားလေ၏ ။ အားလုံး၏ အကြည့်တွေ က အခန်းဝဆီသို့ စုပုံကျနေ၏ ။

သို့ သော် မြင်ကွင်းထဲကို ကျရောက်လာသူက waiter တစ်ယောက် ဖြစ်နေသည်ကြောင့် စိတ်ဓာတ်ပင် ကျသွားမိ၏ ။

“ ကိုခေတ်အုပ်စိုးဆိုတာများ ပါလား မသိဘူး ”

“ သြော် … ဆိုင်ထဲမှာ ဧည့်သည်ကောင်မလေး တစ်ယောက် ရောက်နေပါတယ်၊ နာမည် က မစ်ကီတဲ့ …. အဲ့ဒါ …. ”

Waiter လေးရဲ့ စကားအဆုံးမှာ အုပ်စိုးတို့အုပ်စု တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးမိကြသည်။

“ OK .. ညီလေး .. သူ့ကို ဒီအခန်းထဲ ပို့ပေးလိုက် ပါကွာ ”

“ ဟုတ်ကဲ့ အစ်ကို … ဘာများ လိုအပ်ပါသေးလဲ၊ လိုတာရှိရင် ပြောပါအစ်ကို ”

“ ကျေးဇူးပဲ ညီလေး … လိုတာရှိရင် ခေါ်လိုက်ပါ့မယ် ….. လောလောဆယ် ကောင်မလေးကိုပဲ လိုက်ပို့ပေးပါကွာ ”

အုပ်စိုးအပြောကို waiter ကောင်လေးက မည် သို့ ထင်သွားသည်မသိ၊ ပြုံးပြုံးကြီးလုပ်ပြီး လှည့်ထွက်သွားလေသည်။ သိပ်မကြာခင် အချိန်လေးအတွင်းမှာ ပဲ … သူမသည် အုပ်စိုးတို့ သီးသန့်ခန်းလေးရှေ့သို့ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။

ထုံးစံအတိုင်း သူမသည် Micky Mouse Logo ပါ တီရှက်ခပ်ပွပွ တစ်ထည်ကို ဂျင်းကွာတား တစ်ထည်နှင့် တွဲ ဖက်ဝတ်ဆင်ထားပါသည်။ ဆံပင်ကိုလည်း အနောက်ကို စုစည်းထားသည်ကြောင့် သူမ မျက်နှာလေးက ပိုမိုရှင်းသန့်ကြည့်စင်နေပါ၏ ။

သူမလက်ထဲမှာ တော့ အုပ်စိုးအမည် ပေါက် လက်ကိုင်ဖုန်းတစ်လုံးနှင့် နာမည် ကြီး စာရေး ဆရာ တစ်ယောက် ၏ စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသည်။

“ သူငယ်ချင်း လာလေ … ထိုင်”

အုပ်စိုးက ရင်းရင်းနှီးနှီးခေါ်တော့ သူမ ခပ်တည်တည်ပဲ ခုံအလွတ်မှာ ၀င်ထိုင်လိုက်ပြီး -

“ Sorry ပဲ … စောင့်နေတာ ကြာပြီလား ၊ ကျွန်မ နည်းနည်း နောက်ကျသွားတယ် …အစ ကတော့ ကျောင်းကအပြန် တစ်ခါတည်းဝင်ပေးမလို့ပဲ … အစ ကတော့ ကျောင်းကအပြန် တစ်ခါတည်း ၀င်ပေးမလို့ပဲ … ဒါပေမဲ့ ခေါင်းနည်းနည်း နောက်တာနဲ့ အဆောင်ကိုပြန်ပြီး ရေချိုးပြီးမှ ထွက်လာခဲ့လိုက်တာ … ရော့ ..ဒီမှာ ရှင့်ဖုန်း ”

“ သြော် .. ရပါတယ် .. ကိစ္စမရှိပါဘူး ၊ ဒါနဲ့ .. ကြုံတုန်း မိတဆက်ပေးရဦးမယ် ” ဟု အစချီကာ အုပ်စိုးက ဖုန်းယူရင်း အားလုံးနဲ့ မိတ်ဆက်ပေးလိုက် ၏ ။

“ ဒီကောင်က ဖက်တီး၊ သူက မှု န်ကြီး၊ သူက ရှိန်းသူ၊ ကျွန်တော် ကတော့ အုပ်စိုး၊ အဲ .. ဒီက မွေးနေ့ရှင် ကတော့ .. နတ်သမီးအဆောင်က မိသွန်း (ခ) သွန်းခကြယ်ပါ ”

သူမက ဟက်ဟက်ပက်ပက်ကြီး မဟုတ်သော်ငြားလည်း အားလုံးကိုတော့ လူမှု ရေး အရ သဲ့သဲ့ကလေး ပြုံးပြလိုက်ပါသည်။

“ သြော် … ဒါနဲ့ ဒီက သူငယ်ချင်းနာမည် က …”

“ လင်းသထက်လင်း ပါ .. ဒါပေမယ့် မစ်ကီလို့ပဲ မှတ်ထားလိုက်ပါ ”

“ ဟုတ်ကဲ့ ”

“ ကဲ .. ရှင်နဲ့ ကျွန်မ ကိစ္စလည်းပြီးသွားပြီဆိုတော့ .. ကျွန်မကို ပြန်ခွင့်ပြုပါဦး ကိုခေတ်အုပ်စိုး ”

သူမစကားကြောင့် အုပ်စိုးတို့အားလုံး “ကွက် ” ကနဲ မျက်နှာတစ်ချက်ပျက်သွားကြသည်။ သို့ သော် …

“ ဟာ … ဒီအတိုင်းပြန်လို့ ဘယ် ဖြစ်မလဲ မစ်ကီရဲ့ ”

“ …… ”

ထိုစကားရဲ့ အဓိပ္ပာယ်ကို ရုတ်တရက် သဘောမပေါက်သည်ကြောင့် သူမ မျက်မှော င် ကုတ်သွားရ၏ ။

“ ကျွန်တော် တို့အားလုံးက မွေးနေ့ပွဲကို တမင် မစ သေးဘဲ မစ်ကီ့ အလာကို စောင့်နေကြတာလေ ”

“ ဘာအတွက်လဲ ”

“ သြော် .. ဘာအတွက်ရမှာ လဲ .. ကျွန်တော် ဖုန်း ပြန်ယူလာပေးတဲ့အတွက်ရော၊ ဒီက သူငယ်ချင်းအသစ်ရတဲ့ မိတ်ဆက်ပွဲအတွက်ရော … ပြီးတော့ တစ်ဆောင်တည်းနေ တစ်ကျောင်းတည်းတက် သူငယ်ချင်းရဲ့ မွေးနေ့အတွက်ပေါ့ မစ်ကီရဲ့ ”

“ ကျွန်မ စိတ်မ၀င်စားဘူး ” ဆိုသည့်စကားကို သူမ မပြော ဖြစ်လိုက်ပါ။ အဘယ်ကြောင့် ဆိုသော် မွေးနေ့ရှင်အပါအ၀င် အားလုံးက သူမကို ရင်းနှီးပျူငှာစွာ ဖိတ်ခေါ်နေသော ကြောင့် ပင် ဖြစ်ပါသည်။

“ ဟုတ်ပါတယ် မစ်ကီရယ် .. ငါတို့အားလုံးက ခင်တတ်ပါတယ် .. ပြီးတော့ ခပ်ပျော်ပျော် သမားတွေ ပါ ”

“ ဟုတ်တယ် မစ်ကီရဲ့ … ဘာပဲ ဖြစ် ဖြစ် တို့ရဲ့ မွေးနေ့ပွဲမှာ သူငယ်ချင်းအသစ် ထပ်ရတယ်ဆိုတော့ အမှတ်တရ ဖြစ်သွားတာပေါ့ … ပြီးတော့ နတ်သမီးအဆောင်မှာ ပဲ နေတာဆိုတော့ တို့နဲ့လည်း အတူတူပဲလေ ”

ရှိန်းသူနှင့် မိသွန်းစကားမှာ သူမ မငြင်းသာ ဖြစ်နေရ၏ ။

“ ကဲ .. ကဲ .. မွေးနေ့ပွဲလေး စ လိုက်ရအောင်၊ ငါ ဒီမှာ ဗိုက်ဆာလှပြီဟ ”

ဖက်တီးရဲ့ နောက်တောက်တောက် အတည်စကားကြောင့် အားလုံးရယ် ဖြစ်ကြ၏ ။ ( မှတ်ချက် ။ ။ ထုံးစံအတိုင်း သူမ ကတော့ သဲ့သဲ့လေးပဲ ပြုံးပါသည်။)

ဘာအထာမှန်း သိပ်မသိပေမယ့်လည်း မိသွန်းရဲ့ မွေးနေ့ပွဲအတုလေးကို ရုပ်ရှင်တွေ ထဲအတိုင်း ဖယောင်းတိုင်မှု တ်ခြင်း ကိတ်မုန့်ခွံကျွေးခြင်း ၊ Happy Birthday သီချင်းဆိုခြင်းတို့ဖြင့် စတင်ပြီး Dinner စားခြင်းတို့ဖြင့် အထမြောက်စေခဲ့ပါသည်။

“ မစ်ကီ … ထပ်စားဦးလေ … တော် ပြီလား ”

သူမကို အုပ်စိုးက အထက်ပါအတိုင်း ဂရုတစိုက်မေးတော့ သူမက -

“ အင်း … ဗိုက်နည်းနည်း တင်းနေလို့ပါ၊ ကဲ … စားလို့တော့ ပြီးသွားပြီ၊ မွေးနေ့ရှင်အတွက် ဘာလက်ဆောင်မှတော့ မပါခဲ့ဘူးနော် ” ဟု အုပ်စိုးကို ပြောသလိုလိုနှင့် မိသွန်းကို ပြောလိုက်သည်။

“ အိုး .. ရပါတယ် မစ်ကီရယ် … သူငယ်ချင်းတွေ ဖြစ်နေပြီပဲ ” မိသွန်းစကားအဆုံးမှာ အုပ်စိုးက

“မစ်ကီ့ပုံစံက ကျွန်တော် တို့ကို သိပ်မခင်သလိုပဲနော် ”

“ ဟုတ်တယ် .. ပြီးတော့ စကားလည်း သိပ်မပြောဘူးနော် ဘာ ဖြစ်လို့လဲဗျ ”

မှု န်ကြီးကပါ ထပ်ဖြည့်မေးတော့ သူမ သက်ပြင်းတစ်ချက်ချပြီး အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ပြီးမှ -

“ မခင်ချင်တာ မဟုတ်ပါဘူး .. မခင်ရဲတာပါ ”

“ ဗျာ ”

“ ရှင် ”

သူမစကားကို အားလုံးနားမလည်နိုင် ဖြစ်နေကြ၏ ။

“ ဟုတ်တယ် ..ရှင်တို့အားလုံးလည်း ကျွန်မ သူငယ်ချင်း ၅ယောက် အကြောင်းကို ကြားပြီးပြီနေမှာ ပါ ”

သူမကို အားလုံးက ယောက် နနဖြင့် ခေါင်းညိတ်ပြနေကြသည်။

“ ကျွန်မ အရမ်းစိတ်ထိခိုက်နေတယ် … ပြီးတော့ အပြစ်မကင်းသလိုလည်း ခံစားနေရတယ်”

သူမအသံ တိုးလျလျလေးအဆုံးမှာ … စုပ်တစ်ချက်သပ်ပြီး -

“ ကျွတ်၊ ဒါ ကတော့ accident တွေ ပဲ၊ မစ်ကီနဲ့ ဘာမှ မှ မပတ်သက်တာ … အဲဒါကို ခံစားနေရင် မစ်ကီပဲ နာကျင်နေရမှာ ပေါ့ ”

“ ဘာလို့မပတ်သက်ရမှာ လဲ .. သိပ်ပတ်သက်တာပေါ့၊ သူတို့တွေ သေဆုံးခဲ့ရတာ ကျွန်မကြောင့် ပဲ ”

“ ဟင် ”

သူမစကားကြောင့် အားလုံးအံ့အားသင့် သွားကြ၏ ။ စိတ်ဝင်စားမှု လည်း ပိုမိုမြင့်မား လာခဲ့ကြ၏ ။

မနေနိုင် မထိုင်နိုင်သူ ရှိန်းသူက ထုတ်၍ ပင် မေးလိုက်သေးသည်။

“ ဘယ်လိုပတ်သက်ပြီး ခုလိုတွေ ဖြစ်ခဲ့တာလဲ မစ်ကီ ”

သူမက ဝေ့တက်လာသည့် မျက်ရည်စအချို့ကို ကြွေမကျစေရန် ထိန်းသိမ်းလိုက်ပြီး

“ သူတို့တွေ ဟာ ကျွန်မနဲ့ ပတ်သက်မိလို့ ခင်မင်မိလို့ ခုလိုမျိုးအသေဆိုးနဲ့ သေခဲ့ရတာ ပါ ”

“ မစ်ကီ ဘာကိုဆိုလိုတာလဲ၊ ကျွန်တော် သိပ်နားမလည်ဘူး ”

“ ကျွန်မကို လူကြီးတွေ က မကောင်းဆိုးဝါးနက္ခတ်နဲ့ ယှဉ်ပြီးမွေးလာခဲ့တယ်လို့ ငယ်ငယ်ကတည်းက ပြောခဲ့ကြတယ် .. ရှင်းရှင်းပြောရရင် ကျွန်မက တစ္ဆေနက္ခတ်ပိုင်ရှင်ပေါ့ရှင် ”

“ ဟင် ”

သူမ နှုတ်က ထွက်ကျလာသည့် စကားလုံးထူးထူး၊ ၀ါကျဆန်းဆန်းတွေ့ ကြောင့် အားလုံးမှင်သက်ကုန်ကြ၏ ။

“ ဟုတ်တယ် … အဲဒါဟာ အမှန်တရားပဲ .. အစ ကတော့ ဒီစကားကို ကျွန်မကိုယ်တိုင် လက်မခံနိုင်ခဲ့သလို ယုံလည်း မယုံကြည်ခဲ့ပါဘူး …. ဒါပေမယ့် အဲဒါဟာ တကယ်ပဲ ”

သူမစကားသံတို့ ၀မ်းနည်းကြေကွဲမှု တို့ စွတ်ဖက်ပျော်ဝင်နေသည်ကြောင့် အုပ်စိုးပင် စိတ်မကောင်း ဖြစ်သွားမိသည်။

“ ကျွန်မနဲ့ ရင်းရင်းနှီးနှီး ခင်မင်ပတ်သက်တဲ့သူတိုင်း ကံဆိုးသွားစေတယ် … အဲဒါဟာ တစ္ဆေနက္ခတ်ရဲ့ အဓိက အစွမ်းပဲ၊ သူတို့တွေ လည်း ကျွန်မနဲ့ ခင်မင်မိလို့ ခုလိုအ ဖြစ်ဆိုးတွေ ကြုံတွေ့ ခဲ့ကြတာပဲ .. ကျွန်မနဲ့ ရင်းနှီးပတ်သက်မှု ပိုများ လေလေ .. အဲဒီ လူ ကံပိုဆိုးလာလေလေပဲ ”

“ ဟင် ”

သူမစကားလုံးတို့ အဆုံးမှာ အားလုံးပင် ကြက်သီးထ မိကြသည်။

ဒါ .. ဘယ်လိုနက္ခတ်မျိုးလဲ ..

“ အဲဒါကြောင့် ကျွန်မ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ ကိုယ့်ဘာသာ သီးသီးသန့်သန့် နေလာခဲ့တာပါ .. ရင်ထဲမှာ အားငယ်နာကျင်မှု ၊ ၀မ်းနည်းမှု ၊ တို့ ပြည့်သိပ်နေခဲ့ပေမယ့် ကျွန်မ ငယ်ငယ်လေးကတည်းက နေတတ်အောင် နေခဲ့ပါတယ်၊ ဒါပေမယ့် ( …. ) တက္ကသိုလ်ကိုရောက်တော့ .. သူတို့ ၅ယောက် အဖွဲ့က … ”

သူမက စီးကျနေသည့် မျက်ရည်စအချို့ကို ခပ်ဖွဖွသုတ်ဖယ်ပစ်လိုက်ပြီးမှ ဆက်ပြောပြ၏ ။ ပြောသင့် မပြောသင့် တွေးတောနေဟန်လည်း ရှပါသည်။

“ အခု … ရှင်တို့ သူငယ်ချင်း ၅ယောက် လိုပဲ ကျွန်မကို မငြင်းရက်နိုင်အောင် စတင်မိတ်ဖွဲ့လာခဲ့လို့ပါပဲ ”

“ ဗျာ ”

“ ဟုတ်ပါတယ်… အဲဒါကြောင့် ရှင်တို့တွေ အားလုံး ကျွန်မနဲ့ သူငယ်ချင်း မ ဖြစ်ချင်ကြပါနဲ့ရှင် .. ကျွန်မနဲ့ မခင်မင် မပတ်သက်ချင်ကြပါနဲ့ .. ကျွန်မကြောင့် ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေချင်ဘူး၊ ကျွန်မရင်ထဲမှာ မခံစားနိုင်တော့လို့လည်း ဒီကျောင်းကို ပြောင်းလာခဲ့တာပါ ကျွန်မကို နားလည်ပေးကြပါရှင် ”

အကြောက်တတ်ဆုံးစာရင်းဝင်သည့် ဖက်တီးနှင့် မိသွန်းတို့ ကတော့ သွေးပျက် နေကြပုံရ၏ ။ မှု န်ကြီးနှင့် ရှိန်းသူတို့ ကတော့ သူမကို စူးစိုက်ကြည့်နေကြ၏ ။

ခေတ်အုပ်စိုးအတွေးထဲမှာ တော့ ( ? ) များ စွာ လူးလာကူးခတ်နေပါသည်။ ပြီးမှ အုပ်စိုးက သဘာဝကျကျ စကားစလိုက်သည်။

“ ကျွန်တော် လည်း ခေတ်လူငယ် တစ်ယောက် ဆိုပေမယ့် ရှေးဟောင်းစာအုပ် အတော် များများ ကို ဖတ်ဖူးပါတယ် … ပြီးတော့ အကြားအမြင်ဗဟုသုတလည်း အဲလောက် မခေါင်ပါးပါဘူး မစ်ကီ … သူခိုးနက္ခတ်၊ ဘီလူးနက္ခတ်၊ တို့ကိုတော့ ကျွန်တော် ကြားဖူးပါတယ် … ခု .. မစ်ကီပြောတဲ့ တစ္ဆေနက္ခတ်ဆိုတာတော့ တကယ်မကြားဖူးပါဘူး .. ပြီးတော့ မစ်ကီနဲ့ ပတ်သက်တဲ့သူတိုင်း အဲလို ဖြစ်တယ်ဆိုတာကြီး ကတော့ လုံးဝအဓိပ္ပာယ် မရှိလူးလို့ ကျွန်တော် မြင်တယ် ”

“ ဘာလဲ ..ရှင် ကျွန်မပြောတာတွေ ကို မယုံကြည့်လို့လား .. ဒါမှမဟုတ် ကျွန်မကို တစ်ခုခု ဆိုလိုချင်လို့လား ”

မွေးနေ့ပွဲအတုကလေးကို လူ ၆ယောက် နှင့် တန်ဆာဆင်ခဲ့သည် ဆိုပေမယ့် ယခုအချိန်မှာ တော့ လူနှစ် ယောက် ၏ စကားရည်လုပွဲ အသေးစားနှင့် ပင် တူနေပါသေးသည်။

ကျန်လေးယောက် ကတော့ အားပေးသူပရိသတ် သက်သက်။

“ မစ်ကီ စိတ်စွဲနေတာ .. ဒါမှမဟုတ် အ ဖြစ်အပျက်တွေ က ထူးဆန်းစွာ တိုက်ဆိုင်လာခဲ့တာရော မ ဖြစ်နိုင်ဘူးလား ”

“ တစ်ယောက် .. တိုက်ဆိုင်တာ၊ နှစ် ယောက် .. ထားလိုက်ဦး တိုက်ဆိုင်တာ၊ သုံးယောက် .အခုဟာက ၅ယောက် ၊ ကဲ .. ရှင် တိုက်ဆိုင်တာပါလို့ ပြောချင်သေးလား .. ဒီမှာ ခေတ်အုပ်စိုး၊ ရှင်ဘာမှမသိဘဲနဲ့ ကောက်ချက် အလွယ်တကူမချပါနဲ့ .. ရှင် မသိသေးတဲ့အရာတွေ ဘေးပတ်လည်မှာ အများ ကြီးရှိနေပါသေးတယ် ”

“ ငါ သေသေချာချာသိတာ တစ်ခုတော့ရှိနေတယ် မစ်ကီ ”

အထက်ပါစကားကို အုပ်စိုးက သူမစကားမဆုံးခင် ဖြတ်ပြောလိုက်ခြင်း ဖြစ်၏ ။

“ ဘာလဲ ”

“ မင်းသူငယ်ချင်း ၅ ယောက် သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး .. မင်းရင်ထဲမှာ သိပ်ကြီးမားတဲ့ ဆိုက်ကို ( Psycho) တစ်ခု အမြစ်တွယ်နေပြီ .. မစ်ကီ ”

“ ဘာ ”

“ ဟုတ်တယ် .. ငါ အကြံပေးနေတာ .. မင်းစိတ်ကို လျှော့ချပြီး သက်သော င့်သက်သာပဲ နေပါ .. ဖြစ်ခဲ့တဲ့ကိစ္စတွေ အားလုံးက မင်းနဲ့ ဘာမှ မဆိုင်ပါဘူး .. သူ့အကြောင်းတရားနဲ့သူ ဖြစ်ပျက်ခဲ့တာတွေ ပဲ ”

“ အဟင်း .. ဘာလဲ .. ရှင်က ကျွန်မကို ရူးနေတယ်လို့ဆိုလိုချင်နေတာလား ”

သူမအပြောကို အုပ်စိုးက ခပ်မြန်မြန်ပဲ ဖြေပေးလိုက် ၏ ။

“ ကျွန်တော် အဲလို မရည်ရွယ်ပါဘူး ”

“ ထားပါ …. ကျွန်မကို ဘယ်လိုမြင်မြင် ကျွန်မ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် .. သေချာအောင်တော့ ထပ်ပြောခဲ့ဦးမယ် အဲဒီ ဖြစ်ရပ်ဆိုးတွေ က ကျွန်မဆီက စခဲ့တာ .. ကျေးဇူးပြုပြီး ကျွန်မနဲ့ ခင်မင်ပတ်သက်ဖို့ မကြိုးစားပါနဲ့တော့ .. ရှင်တို့တွေ ကံဆိုးသွားလိမ့်မယ် .. ကျွန်မက တစ္ဆေနက္ခတ်နဲ့လူပါ ”

သူမအပြောကို အုပ်စိုးက သဘောကျသလို ပြုး၍ ပင် နေလိုက်သေးသည်။

“ ငါ အဲဒါတွေ ကို အယုံအကြည့်မရှိသလို .. စိတ်လည်း မ၀င်စားဘူး၊ ဒါပေမယ့် .. ငါတို့အဖွဲ့က မင်းကိုတော့ တကယ်ခင်သွားမိပြီ မစ်ကီ ”

အုပ်စိုးစကားအဆုံးမှာ သူမက တစ်ဖွဲ့လုံးကို မျက်လုံးအပြူးသားနှင့် အံ့သြတကြီး ငေးကြည့်နေပြီး

“ ဟင့်အင်း … မခင်ကြပါနဲ့ .. ငါ့ကို မခင်ကြပါနဲ့ ”

“ ကဲပါ …. အဲဒီ ကိစ္စကို ဒီမှာ ပဲ ထားလိုက်ပါတော့ မစ်ကီ၊ ဒါနဲ့ စကာမစပ် .. ခု သိန်းတစ်ထောင်တောင် ကြော်ငြာထုတ်ထားတဲ့ *၉၉၉* ကရော ဘာလဲ .. ခေါ်တော့ ကြည့်ပြီးပါပြီ .. ဘာမှလည်း မဟုတ်ဘူး ..အလကား လျှော်ကြီးအောင် ချဲ့ကား ရေး နေကြတာတွေ ပဲ ”

အုပ်စိုးက တမင်စကားလမ်းလွှဲပြီး ဖုန်းနံပါတ်ကိစ္စကို စလိုက်မှ အခြေအနေက ပိုဆိုးသွားခဲ့၏ ။

“ မဟုတ်ဘူး အဲဒီ ဖုန်းနံပါတ်က တကယ်ရှိတယ် ”

“ ဟင် ”

“ ဟုတ်တယ် .. ဒါပေမယ့် ..နောက်ထပ် အဲဒီ ဖုန်းနံပါတ်ကို ဘယ်သူမှ မခေါ်မိကြပါစေနဲ့ .. အရမ်းအန္တရာယ်ကြီးတယ် ”

သူမအသံက ကြောက်လန့်ဝမ်းနည်းမှု ထက် .. အနည်းငယ် အထိတ်တလန့် နိုင်လွန်းလှပါသည်။

“ ဘာလို့လဲ ”

“ အဲဒီ နံပါတ်က တစ္ဆေဖုန်းနံပါတ်ပဲ ”

သူမစကား အဆုံးမှာ အုပ်စိုးတို့ တစ်အုပ်စုလုံး ရူးသွပ်သွားသည်။ တစ္ဆေနက္ခတ်တွေ ရော တစ္ဆေနံပါတ်တွေ ရော ဘာတစ်ခုမှ သူတို့ နားမလည်နိုင်ကြ။

“ ဟုတ်တယ် .. အဲဒီ ဖုန်းနံပါတ်က သိပ်ကြောက်ဖို့ကောင်းတယ်။ ပြီးတော့ .. ကျွန်မရဲ့ တစ္ဆေနက္ခတ်နဲ့လည်း တစ်ခုခု ဆက်စပ်နေပုံရတယ်။ ကျွန်မနဲ့ ခင်မင်ပတ်သက်သူတွေ ကို ကံအကြီးအကျယ်ဆိုးလာစေတဲ့အထဲမှာ အဲဒီ ဖုန်းနံပါတ်က အဓိကပါဝင်ပတ်သက်နေတယ်။ ဘာပဲ ဖြစ် ဖြစ် .. ရှင်တို့အားလုံး .. ကျွန်မစကာကို ယုံယုံကြည်ကြည်နဲ့ နားထောင်ပေးပါ ”

“ လုံးဝ အဓိပ္ပာယ်မရှိတာပဲ မစ်ကီရယ် ”

အုပ်စိုးစကားကြောင့် သူမက တဖွဲ့လုံးကို တင်းကနဲ တစ်ချက်ကြည့်လိုက်ပြီး -

“ ရှင် မကြုံဖူးလို့ .. ဒီလိုစကားမျိုး ပြောထွက်တာပါ ”

“ ဟုတ်ပြီလေ .. ဒါဆိုလည်း အဲဒီ ဖုန်းနံပါတ် ဘာလဲ၊ ဘယ်သူသုံးတာလဲ၊ ဘာအတွက်လဲ ပြောပြလေ ”

“ ကျွန်မ မသိဘူး”

သူမအသံက ပြတ်သည်။

အုပ်စိုး ကတော့ သူမမျက်နှာကို ခပ်လှောင်လှောင် တစ်ချက်ကြည့်ပြီး စားပွဲပေါ်က သူ့ဖုန်းကိုယူပြီး တစ္ဆေနံပါတ်၊ သိန်းတစ်ထောင်တန်နံပါတ်၊ *၉၉၉* ကို သူမရှေ့မှာ တင် ခေါ်ပြလိုက်၏ ။

ပြီး -

“ တွေ့ လား အဲဒီ နံပါတ်က ခေါ်လို့မရဘူး၊ တကယ်လည်းမရှိဘူး မစ်ကီ .. မင်းစိတ်ထဲမှာ အဓိပ္ပာယ်မရှိတဲ့ အရာတွေ ကို တကယ်ရှိသလို ထင်မြင်ပြီး၊ မင်းစိတ်တွေ ကစဥ့်ကလျား ဖြစ်နေတာပါ မစ်ကီ ”

သူမက ခေတ်အုပ်စိုးမျက်နှာကို စေ့စေ့ကြည့်ပြီး

“ ရှင် ထင်ချင်သလို ထင်လို့ရတယ် အုပ်စိုး၊ ဒါပေမယ့် .. အဲဒီ ဖုန်းနံပါတ်ကိုတော့ နောက်ထပ် ဘယ်တော့မှ ထပ်မခေါ်တော့ဖို့ ကျွန်မမေတ္တာရပ်ခံပါတယ်။ ကဲ .. အားလုံးပဲ ကျွန်မကို ခွင့်ပြုပါဦး ” ဟု ဆိုကာ သီးသန့်လေးထဲကနေ ထ ထွက်သွားလေတော့သည်။

အားလုံးက သူပြောသည့် အကြောင်းအရာတွေ ကြားမှာ နစ်မြောစိတ်ဝင်စားနေမိပြီး သူမကို တားဆီးဖို့ပင် မေ့လျော့နေမိကြ၏ ။

တစ်အောင့်နေမှ ရှိန်းသူက စားပွဲပေါ်မှ တစ်စုံတစ်ရာကို မြင်သွားပြီး -

“ ဟာ .. ဒီမှာ စာအုပ် မစ်ကီ မေ့ကျန်ခဲ့ပြီ .. ငါ အမြန်လိုက်ပေးလိုက် ဦးမယ် ” ဟု ဆိုကာ သူမနောက်သို့ ပြေးလိုက်သွား၏ ။

“ သြော် .. ရှိန်းသူ ကတော့လေ ဘူးမယ်ဆိုတာချည်းပဲ၊ မိသွန်းလည်း ခဏနေ အဆောင်ပြန်မှာ ပဲ။ ယူသွားပြီးပေးလိုက် ရင် ရတဲ့ကိစ္စကို သူ့ရည်းစားလင်နောက်လိုက်သလို ပြာယာခတ်ပြီး လိုက်ပေးနေသေးတယ် ”

“ အေးလေ ”

ဖက်တီးရဲ့ အဆိုကို မိသွန်းက ထောက်ခံပေးနေ၏ ။ စဉ်းစားခန်းဝင်နေသော အုပ်စိုးကိုတော့ မှု န်ကြီးက မေးခွန်းအချို့နှင့် စကားစနေ၏ ။

“ ဒီကိစ္စအားလုံးကို ဘယ်လိုမြင်လဲ အုပ်စိုး ”

“ ငါလား ”

“ အေး ”

“ ငါ ကတော့ အားလုံးကို အလိမ်တွေ ပဲမြင်တယ် မှု န်ကြီး ”

“ Right! ငါလည်း အဲလိုပဲ ထင်တယ် .. ဆက်စပ်ကြည့်လို့လည်း မရဘူး၊ အဓိပ္ပာယ်လည်း လုံးဝမရှိဘူး ဟုတ်တယ်မို့လား ”

မှု န်ကြီးစကားအဆုံးမှာ မိသွန်းက သူ့အဆိုကို ဖြတ်တင်ဘောတစ်လုံးကို တင်ပေးလာခဲ့၏ ။

“ ကဲ .. ဟုတ်ဟုတ် .. မဟုတ်ဟုတ် ငါ ကတော့ အဆောင်ကို လစ်တော့မယ်၊ င့ါတာဝန်လည်း ကျေပြီ၊ နင်တို့ဘာသာ ဆက်ငြင်းကြခုန်ကြ .. အဆောင်လည်း လိုက်ပို့မနေနဲ့တော့၊ ငါ့ဘာသာပဲ ပြန်လိုက်တော့မယ် ”

“ သြော် .. အေး .. အေး .. မိသွန်း”

“ ပြောလို့သာ ပြောရတာ နော် အုပ်စိုး၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ .. မစ်ကီပြောစကား တွေ အရတော့ တကယ်ကြောက်စရာကြီး ”

မိသွန်းက ပြန်ရန် ဟန်ပြင်နေရာမှ အထက်ပါအတိုင်း ပြောလာသည်ကို အုပ်စိုးက

“ သွားစမ်းပါ မိသွန်းရာ၊ ခေါင်းနဲ့ သိပ်စားမနေနဲ့ ဘာအဓိပ္ပာယ်မှကို မရှိတာ ”

“ အင်းပါ .. ဒါနဲ့ ဒီက ပြန်ရင် နင်တို့ အဖွဲ့ KTV သွားကြဦးမှာ ဆို ..”

မိသွန်းအမေးကို ဖက်တီးက ၀င်ရောက် ထောက်ခံပေးလိုက် ၏ ။

“ အင်း ”

“ မူးရူးပြီး သိပ်လည်း ကဲမနေကြနဲ့ဦး ”

“ အေးပါ ငါတို့က သီချင်းဆိုရုံပါပဲ .. အညှီအဟောက်တွေ ဘာမှမပါပါဘူးဟာ၊ ဒါနဲ့ .. ဟိုကောင် ဖွန်ကြောင်ရှိန်းသူကလည်း စာအုပ်လိုက်ပေးတာ ကြာလိုက်တာ ”

“ လာပါလိမ့်မယ်၊ ကဲ .. ကဲ .. ငါသွားပြီနော် သူငယ်ချင်းတို့ ”

“ အေး … အေး ”

“ See you tomorrow”

“good night!”

တစ်ယောက် တစ်မျိုး နှုတ်ဆက်ပြီး ချိန်မှာ တော့ မိသွန်း တစ်ယောက် ထွက်သွားခဲ့ပြီ ဖြစ်သည်။

ရှေ့စဉ်နောက်ဆက်ဆိုသလို ရှိန်းသူ တစ်ယောက် လည်း ပြန်ရောက်လာခဲ့၏ ။

“ စာအုပ်ပေးခဲ့ပြီလား ”

“ အင်း ”

“ ကဲ .. အားလုံးရှင်းပြီးရင် Super KTV ကို ဒိုးကြမယ် ”

“ ဟေး ”

အုပ်စိုး၏ ဦးဆောင်သံကို အားလုံးက တက်ညီလက်ညီ “ဟေး” လိုက်ပေးလိုက် ၏ ။ ( ဒါဟာလည်း လူငယ်ဘ၀နေ့ရက်တွေ ရဲ့ အထင်ကရ အပြုအမူတစ်ခုပဲ မဟုတ်ပါလား)

သို့ သော် … ထို “ ဟေး ” အော်သံတွေ ထဲမှာ “ ရှိန်းသူ ” အသံတွေ ပျောက်ဆုံး နေတာကိုတော့ မည် သူမျှ သတိထားမိလိုက်မိမည် မဟုတ်ချေ ….

အဘယ့်ကြောင့် ဆိုပါလေသော် ……..

*


Super K.T.V

( G )

Xxx ဟာအာဟာ xxx နင်မရှိဘဲ မနေတတ်တဲ့ ငါ့အားနည်းချက် xxx ဘာလုပ်လုပ် တစ်ယောက် တည်းမို့ xxx ပိုပင်ပန်းနေတယ် xxx နင် ငါ့အနားရှိချိန်တွေ ပြန်လည်သတိရနေတယ် xxx နင့်ရဲ့ အငွေ့အသက်များ ကို ငါ တမ်းတဆဲ xxx ဒီမှာ အိပ်ယာနိုးလည်း ငါ မထသေးဘူး xxx အရင်လို ဖုန်းဆက်နှိုးမယ့် မင်းဖုန်းကို စောင့်မိဆဲ xxx ဒါ မ ဖြစ်နိုင်မှန်း ကြိုသိထားလည်း xxx နင်မရှိလို့ ရှုပ်ယှက်ခတ်နေတဲ့ အခန်းလေးထဲ xxx ငါ တစ်ယောက် တည်း မ ဖြစ်တဲ့ဘ၀မို့ ငါ့ရဲ့ အနားနား ပြန်လာပါ xxx

ရဲရင့်အောင်တော့ မဟုတ်ပါ။

အဆိုတော် အသံနှင့် မတူတူအောင် ဖြစ်ညှစ်ဆိုနေသော မှု န်ကြီးရဲ့ မဟာကျူးရင့်သံ( အသံ ဆိုးကြီး) သာ ဖြစ်ပါသည်။

အလုံခန်းမို့သာ တော် ရော့သည် …. မဟုတ်လို့ ကတော့ … အဟွန်း။

အစားမက်သည့် ဖက်တီး ကတော့ သောက်တာက တစ်ပက်အမြည် စားတာက တစ်ဝက် လုပ်နေ၏ ။ အုပ်စိုး ကတော့ ဘာကိုခံစားနေသည် မသိ၊ လက်ထဲက ၀ီစကီခွက်ကို မယားငယ်ကြည့် ကြည့်နေလေ၏ ။

ထူးခြားမှု ကတော့ မောင်ရှိန်းသူသာ ဖြစ်ပါသည်။ အရင်လည်း ၀င်မသောက်၊ စကားလည်း မပြော၊ သီချင်းလည်းမဆိုနှင့် … ထောင့်တစ်ထာင့်မှာ ငြိမ်သက်နေ၏ ။ မသိရင် ပရော်ဖက်ဆာ တစ်ယောက် သီအိုရီတစ်ခုထိုင်နေသလို အနေအထားမျိုး ။

အခန်းလေးထဲမှာ တော့ မှု န်ကြီးရဲ့ အသံဆိုးကြီးက ပယ်ပယ်နယ်နယ် လှည့်ပတ် နေဆဲ ဖြစ်၏ ။

ငါ တစ်ယောက် တည်း မ ဖြစ်တဲ့ဘ၀မို့ တစ်နေနေ့တော့ နင်ပြန်လာမလား xxx အိပ်မက်ဆိုးများ ကြားထဲ ခုထက်ထိ ငါကြံရာမရ xxx နင်မသိဘူး xxx လွမ်းလွန်းလို့သေနိုင်တယ် xxx နင်မသိဘူး xxx

ရှိန်းသူကို စတင် သတိထားမိသူ ကတော့ ဖက်တိးပင် ဖြစ်သည်။

“ ဟေ့ကောင် … လာ .. ချလေကွာ ၊ အဲဒီ မှာ ထိုင်ပြီး ဘာလုပ်နေတာလဲ ”

“ ငါတွေးနေတာ ဖက်တီးရ ”

“ အမယ်၊ ဘာတွေ များ .. မင်းက ကြီးကြီးကျယ်ကျယ် တွေးစရာ ရှိလို့လဲ ”

“ မစ်ကီ ”

ရှိန်းသူအဖြေကြောင့် ဖက်တီးက ဟက်ဟက်ပက်ပက်ရယ်နေလေ၏ ။

“ ဟား .. ဟား .. ဟား … ဖြစ်ရလေ ရှိန်းသူရာ .. မင်းမလဲ အဲဒါ ရောပါပဲ၊ တလောကလည်း မန္တလေးသူ နေပြည်တော် မမကြီးကို အသည်းအသန်၊ ဟော .. ခုလည်း ကျောင်းသူအသစ်လေး မစ်ကီကို စိတ်ဝင်စားနေပြီမို့လား ”

တခြာားအချိန်တွေ ဆို ထိုမေးခွန်းအတွက် .. ပြုံးဖြီးဖြီးကြီးနှင့် အရှက်မရှိ ပြည်လည်တုန့်ပြန်မိမည် ဖြစ်သော်ငြားလည်း သည်တစ်ခါတော့ ရှိန်းသူ တစ်ယောက် တကယ်ပဲ ငြင်းဆန်လိုက်၏ ။

“ မဟုတ်ဘူး ဖက်တီး .. ငါဆိုလိုတာက ဟိုဖုန်းနံပါတ်ကိစ္စကို ပြောတာ ”

“ ဟင် ”

ထိုအသံကို ကြားသည်နှင့် ခေတ်အုပ်စိုး တစ်ယောက် လက်ထဲက ၀ီစကီခွက်ကို ခုံပေါ်သို့ ချလိုက်ပြီး

“ ဘယ်လိုကွ .. ငါတို့ နားလည်အောင် သေချာပြောစမ်း .. ရှိန်းသူ၊ ဟိုကောင် မှု န်ကြီး .. မင်းအသံပြဲကြီးကို ခဏရပ်ထားလိုက်စမ်းပါ ” ဟု မှု န်ကြီးကိုပါ တစ်ပါတည်းပြောလိုက်၏ ။

ဘာမှန်းမသိပေမယ့် တက်လက်စ Feel ကို ခဏဖြုတ်သိမ်းပြီး မှု န်ကြီး တစ်ယောက် မှု န်ကုတ်ကုတ်နှင့် အနားရောက်လာခဲ့သည်။

“ ရှိန်းသူ … ဆက်ပြော ”

“ ဒီလိုကွ .. ငါ ..မစ်ကီ့ကို စာအုပ်လိုက်ပေးရင်းနဲ့ အဲဒီ ဖုန်းနံပါတ်ကိစ္စကို လက်မခံနိုင်တဲ့ အကြောင်း .. စကား စ မိရာကနေ ဒီအကြောင်းတွေ သိခဲ့ရတာ ပဲ ”

“ အင်း … ”

“ ဇာတ်လမ်းက ဒီလိုကွ ” ဟု အစချီကာ ရှိန်းသူက မစ်ကီနှင့် ပြောဆိုခဲ့ပုံများ ကို ရုပ်ရှင်အနှေးပြကွက်တစ်ခုလို တစ်ဖက်ပါအတိုင်း ဟန်ကျပန်ကျ ပြောပြနေလေတော့သည်။

ညနေခပ်စောင်းစောင်း၏ ပလက်ဖောင်းတစ်ခုပေါ်တွင် ဂျင်းကွာတားနှင့် Mickey Mouse အမှတ်တံဆိပ် တီရှပ်တစ်ထည်ကို တွဲ ဖက်ဝတ်ဆင်ထားသော ကောင်မလေး တစ်ယောက် သည် ခြေလှမ်းမှန်မှန်ဖြင့် လမ်းလျှောက်နေပါသည်။

လူငယ်လေး တစ်ယောက် ကတော့ စာအုပ်တစ်အုပ်ကို ကိုင်ပြီး သူမနောက်သို့ အပြေးတစ်ပိုင်းနှင့် လိုက်လာနေပြီး သူမနာမည် ကိုလည်း တကြော်ကြော် အော်ခေါ်နေပါလေ၏ ။

“ မစ်ကီ .. မစ်ကီ .. ခဏနေပါဦး ”

အသံသဲ့သဲ့၏ ရိုက်ခတ်မှု ကြောင့် သူမ ခြေလှမ်းအစုံတို့ ရပ်တန့်သွားပြီး နောက်သို့ လှည့်ကြည့်မိ၏ ။

“ ဟင် .. ရှိန်းသူ ”

“ ရှင် ”

“ ဒီမှာ …. မစ်ကီ့စာအုပ် ကျန်ခဲ့လို့ .. ကျွန်တော် လိုက်ပေးတာ …ဟူး ..မောလိုက်တာ ”

မိန်းကလေးတွေ နှင့် တွေ့ တိုင်း အော်ဟိုမစ်တစ် ပြောင်းလဲသွားတတ်သည့် ရှိန်းသူ၏ အိုဗာအိုက်တင်နှင့် လေယူလေသိမ်းတို့ကို သူမ သတိထားမိ မထားမိကိုတော့ မပြောတတ်ပါ။

သေချာသည် ကတော့ ရှိန်းသူလက်ထဲက (သူမ အင်မတန် မက်မောနှစ် ခြိုက်သော ) စာအုပ်ကို မြင်လိုက်ရသည်ကြောင့် သူမမျက်နှာ ချက်ချင်း ပြုံးရွှင်သွား၏ ။

“အိုး .. ဟုတ်ပါရဲ့ ၊ မစ်ကီ မေ့ကျန်ခဲ့တာ .. ကျေးဇူးပါပဲရှင် ”

“ ရပါတယ်ဗျာ … သူငယ်ချင်းချင်း တွေ ပဲဟာကို၊ သြော် .. ဒါနဲ့ စကားမစပ် .. ဟိုဖုန်းနံပါတ်က ဘာလဲဗျာ .. ခေါ်လို့ရတာ လည်း မဟုတ်ဘဲနဲ့”

“ မခေါ်တာ အကောင်းဆုံးပါပဲ”

“ မဟုတ်ဘူးလေ ကျွန်တော် ပြောချင်တာက ဘာမှအကြောင်းထူးတာ မဟုတ်ဘဲနဲ့ အဲဒီ နံပါတ်က တစ္ဆေနံပါတ်ဆိုပြိး …ဘာကြောင့် နာမည် ကြီးနေရတာ လဲ ”

ရှိန်းသူစကားအဆုံးမှာ သူမက ခပ်တင်းတင်း ငေးစိုက်ကြည့်လိုက်ပြီး

“ ဒီမယ် ရှိန်းသူ ”

“ ….. ”

“ အဲ့ဒီနံပါတ်က တကယ်ကြောက်စရာကောင်းတယ် ”

ရှိန်းသူက ကိုရီးယားမင်းသားစတိုင်မျိုးဖြင့် ဟက်ကနဲ တစ်ချက်ရယ်ကာ

“ ကျွန်တော် ကတော့ သူများ ပြောတိုင်း အလွယ်တကူ ခေါင်းညိတ်တတ်တဲ့ လူစားမျိုးတော့ မဟုတ်ဘူး၊ ပြီးတော့ … ကျွန်တော် က သူများ ဖြဲချောက်တိုင်းလည်း မကြောက်တတ်ဘူး ”

“ ဒါဆိုလည်း ရှင် ည တစ်နာရီတိတိမှာ ဖုန်းခေါ်ကြည့်လိုက်လေ ”

“ ဗျာ ”

ပြောပြီး .. သူမ ကတော့ ပလက်ဖောင်းလေးအတိုင်း သူမ အဆောင်ရှိရာသို့ ခြေလှမ်းမှန်မှန်ဖြင့် လှည့်ထွက်သွားခဲ့ပြီ ဖြစ်၏ ။

ရှိန်းသူမှာ တော့ ယုံရခက် မယုံရခက်နှင့် တွေ တွေ ကြီးရပ်ကျန်ခဲ့လေတော့သည်။

“ ဟင် … ဒါဆိုရင် .. အဲဒီ ဖုန်းနံပါတ်က မင်းပြောပုံအရ ညတစ်နာရီတိတိမှာ ခေါ်မှ ထူးခြားမှု ရှိမယ်ပေါ့ ”

“ အင်း .. ငါလည်း သေချာတော့ မပြောတတ်ဘူး .. ဒါပေမယ့် .. တစ်ခုခုထူးမယ်လို့တော့ ငါထင်တယ် ၊ ဘာ ဖြစ်လို့လဲဆိုတော့ မင်ကီ့ပုံစံက လုံးဝအတည်ပေါက်ကြီးကွ”

ဖက်တီးနှင့် မှု န်ကြီးတို့ ကတော့ ဖြစ်နိုင် မ ဖြစ်နိုင်ကို တွေးတောသုံးသပ်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေလေ၏ ။

ထိုစဉ် ခေတ်အုပ်စိုး၏ မဆီမဆိုင် ရယ်သံကြီးကြောင့် အားလုံးပင် ကြောင်သွားကြသည်။

“ ဟား .. ဟား .. ဟား .. ”

“ အုပ်စိုး … မင်း ဘာရယ်တာလဲ ”

“ မင်းတို့ပြောတာတွေ သဘောကျလို့ပေါ့ကွ၊ မင်းပဲ စဉ်းစားကြည့်ပါဦး ရှိန်းသူရာ … လိမ်ပြီဆိုကတည်းက ရုပ်တည်ကြီးနဲ့ လိမ်မှာ ပေါ့ .. ဘယ်သူက ပြုံးစိစိလုပ်ပြီး လိမ်မှာ လဲ၊ အဲဒါကို မင်းက တကယ်ထင်ပြီး ခံစားနေတာလား …. ရူးပါ့ကွာ ”

“ မင်း … အဲလို လက်လွတ်စပယ်မပြောနဲ့ အုပ်စိုး၊ မစ်ကီက င့ါကို သေသေချာချာ ပြောခဲ့တာကွ ”

ရှိန်းသူအသံမှာ မခံချင်စိတ်တို့ ရောယှက်နေသည်ကို သဘောပေါက်မိသော ဖက်တိးက ဆင်ဝှေ့ရန်ရှောင် ၀င်ပြောပေးလိုက် ၏ ။

“ ကဲ … ကဲ .. အားလုံး အမြင်ရှင်းသွားအောင် မစ်ကီပြောတဲ့ ညတစ်နာရီကျရင် ခေါ်ကြည့်ကြတာပေါ့ .. ဟုတ်ဘူးလား၊ ခုပဲ ဆယ့်နှစ် ခွဲနေပြီပဲ ခဏစောင့်ကြည့်ကြတာပေါ့ ”

“ ဟုတ်တယ် ”

မှု န်ကြီးကလည်း ဖက်တီးအဆိုကို ထောက်ခံ၏ ။

အချိန်နာရီ၊ မိနစ်တို့သည် တရွေ့ရွေ့ ရှေ့ဆက်နေကြ၏ ။ များ မကြာမီ အချိန်အတွင်းမှာ ပင် ညတစ်နာရီတိတိကို ရောက်ရှိတော့မည် ဖြစ်သည်။

ရှိန်းသူ၊ မှု န်ကြီးနှင့် ဖက်တီးတို့ ကတော့ မိုဘိုင်းလ်ဖုန်းတစ်လုံးစီနှင့် ငြိမ်သက်နေကြသည်။ အုပ်စိုး ကတော့ သူတို့တွေ ကိုကြည့်ပြီး ပြုံးစိစိလုပ်လိုက်၊ ၀ီစကီမော့လိုက်နှင့် ဟန်ကျနေ၏ ။

“ ထိုးတော့မယ် ရှိန်းသူ ”

“ အေး … ခေါ်ကြည့်လိုက်မယ် ”

Result က ခေတ်အုပ်စိုးကို အားပေးအားမြှော က် ပြုနေ၏ ။

“ call ended တဲ့ … မရဘူး ”

ရှိန်းသူရဲ့ စိတ်ပျက်လက်ပျက်စကားအဆုံးမှာ … မှု န်ကြီးနှင့် ဖက်တီးတို့လည်း ခေါ်ကြည့်မိ၏ ။

ရလဒ်က စိတ်ပျက်ချင်စရာ …

“ call ended ”

“ ဟား .. ဟား .. ငါ မပြောဘူးလား။ မစ်ကီ ငါတို့ကို အစားခိုင်းနေတာပါဆို ”

ထိုစဉ် .. ရှိန်းသူ နှုတ်မှ အလောတကြီး ၀ါကျတစ်ကြောင်း ကပိုကရို လွတ်ကျလာ၏ ။ အုပ်စိုး၏ ပြောလက်စကားလည်း ရပ်တန့်သွားပြီး ရှိန်းသူအနားကို တိုးကပ်သွားလိုက်ကြ၏ ။

“ တူ .. တူ .. တူ .. တူ ”

ရှိန်းသူ တစ်ယောက် လိုင်းဝင်သံသဲ့သဲ့ကို မနည်းအာရုံစိုက် နားထောင်နေ၏ ။

တစ်စုံတစ်ခုကို သဘောပေါက်မိသွာသည့် အုပ်စိုးက

“ ခွေးမျိုး .. ငါတို့ကို အရူးလုပ်နေတာပေါ့လေ ” ဟု ရယ်ကျဲကျဲနှင့် ပြောပြီး ခုံမှာ ပြန်ထိုင်သွားသည်။

“ ဗျစ် … ဗျစ် … ဗျစ် ”

“ ဟယ်လို …. ဟယ်လို ”

“ xxxxx ”

“ ဟယ်လို ”

အုပ်စိုးက ရှိန်းသူကို

“ မင်း … မင်းသားလုပ်ပါလား … action တွေ မိုက်တယ် ”

“ မဟုတ်ဘူးလား … ငါ အတည်ပြောနေတာ … ဖုန်း ၀င်နေတာ လိုင်းမကြည်လို့ ”

ရှိန်းသူစကား တစွန်းတစ်စနှင့် ရပ်တန့်သွား၏ ။ အကြောင်းက အမည် မသိ ပုဂ္ဂိုလ်၏ ကြက်သီးထဖွယ်ရာ ? အသံကြောင့် ပင် ဖြစ်ပါသည်။

“ ဟယ်လို .. ၉၉၉ ကကြိုဆိုပါတယ် ”

“ ဗျာ ”

“ ဒါ … ဒါဆို … ဒီ .. ဒီ ဖုန်းနံပါတ်က တ .. တကယ်ရှိတာပေါ့ ”

ရှိန်းသူကိုကြည့်ပြီး အားလုံးပင် ကြောင်နေကြ၏ ။ အုပ်စိုးက တော့ “ တော် တော် အိုက်တင် ကောင်းတဲ့ကောင် ” ဟု အသံတိတ်မှတ်ချက်ပြုနေ၏ ။

“ ဘာ အလိုရှိပါသလဲ ပြောပါ … ဗျစ် .. ဗျစ် ”

“ ဟင် … ဟို … ”

စိတ်မြန်လက်မြန်ရှိသည့် မှု န်ကြီးက အ ထစ်အ ထစ် ဖြစ်နေသည့် ရှိန်းသူလက်ထဲမှ ဖုန်းကို ယူလိုက်ပြီး ပြောလိုက်၏ ။

“ ဟယ်လို …၉၉၉ က ပါလား ”

“ တူ .. တူ .. တူ .. တူ ”

“ Hello ”

“ တူ .. တူ ”

မှု န်ကြီးက ဖုန်းကိုတစ်လှည့် ရှိန်းသူကို တစ်လှည့်ကြည့်ပြီး

“ ဟင် .. လိုင်းလည်း မ၀င်ဘဲနဲ့ တစ်ယောက် တည်း လျှောက်ပြောနေတယ် … ငါက တကယ်မှတ်လို့ နားထောင်နေတာကို … ခွေးမျိုး…. ”

“ ဟာ .. ငါနဲ့နိုင်းနိုင်းနိုင်း နဲ့ တကယ်ပြောနေတာဟ …ပေးစမ်းပါ ငါ့ဖုန်း .. ဘာအလိုရှိပါသလဲ ပြောပါတဲ့ .. အသံသြသြကြီးနဲ့ သေချာ ငါ ကြားရတယ် ”

“ ဒါဆိုလည်း မင်းသိပ်လိုချင်တဲ့ GTR ပြိုင်ကားတစ်စီး ပေးပါလို့ ပြောလိုက်လေကွာ ”

ဟု မှု န်ကြီးက ခပ်ရွဲ့ရွဲ့ပြောတော့ ရှိန်းသူက မှု န်ကြီး လက်ထဲက သူ့ဖုန်းကို ပြန်ယူလိုက်ပြီး

“ Hello ……. Hello”

“ ဗျစ် … ဗျစ် ”

ရှိန်းသူကိုကြည့်ပြီး မှု န်ကြီးနဲ့ ဖက်တီးတို့ ခေါင်းတရမ်းရမ်းလုပ်နေကြသည်။ အုပ်စိုး ကတော့ တခွီးခွီး အော်ရယ်နေ၏ ။ ရှိန်းသူမှာ ကား

“ ဟယ်လို ”

“ ဟယ်လို … ဘာအလိုရှိပါသလဲ ပြောပါ ”

“ ဟို ဟို GTR ပြိုင်ကားတစ်စီး လိုချင်တယ်ဗျာ ”

“ Ok ရရပါစေမယ် ”

“ တူ … တူ .. တူတူ … တူတူ ” လိုင်းကျသံ

“ ဟယ်လို … ဟယ်လို ကျွန်တော့နာမည် က ရှိန်းသူပါ၊ ခင်ဗျားနာမည် က … ဟာ … ဖုန်းချသွားပြီထင်တယ် ”

ရှိန်းသူက ပြောရင်းဖြင့် *၉၉၉* ကို ထပ်ခေါ်လိုက်၏ ။ မရ call ended ပဲ ဖြစ်နေ၏ ။

သို့ ဖြင့် မှု န်ကြီး၊ ဖက်တီးတို့၏ ဖုန်းကို ယူပြီး ထပ်ခေါ်ကြည့်၏ ။ မရတော့ပေ။

ခေတ်အုပ်စိုး ကတော့ ရှိန်းသူကို ကြည့်ပြီး ဟာသတစ်ခုလို ရယ်နေမြဲပင် ဖြစ်၏ ။ မှု န်ကြီးနှင့် ဖက်တီးတို့လည်း ရှိန်းသူကိုကြည့်ပြီး ပြုံးစိစိ ဖြစ်နေကြ၏ ။

“ ကဲ … ငါတော့ နောက်တစ်ပန်းကန်လောက် ထပ်ဆွဲလိုက်ဦးမယ် ”

“ ကောင်းတယ် … မှု န်ကြီး ငါလည်း ဆက်ကစ်လိုက်ဦးမယ် ”

အုပ်စိုးက ၀ီစကီတစ်ခွက်နှင့် မှု န်ကြီးအဆိုကို ထောက်ခံလိုက်၏ ။ ဖက်တီးကလည်း ရိုးရာမပျက် အမြည်းခွက်ကို လက်သွက်သွင်နှင့် အဓမ္မကျင့်နေလေ၏ ။

သီးသန့်ခန်းလေးထဲမှာ တော့ မှု န်ကြီးရဲ့ အသံပြဲကြီးက ဆက်လက်ဖုံးလွှမ်းထားလေသည်။ ရှိန်းသူ ကတော့ အခန်းထောင့်လေးမှာ ခပ်ကုပ်ကုပ်ပြန်ထိုင်ပြီး ပရော်ဖက်ဆာ တစ်ယောက် သီအိုရီတစ်ခု ထုတ်နေသလို ငြိမ်သက်နေလေတော့၏ ။

*


( H )

ထိုင်နေကျ canteen ထဲမှာ ဖြစ်သည်။

အုပ်စိုးတို့အဖွဲ့ လူစုံတက်စုံဖြင့် breakfast ကို စားသုံးနေကြ၏ ။ ညက အကြောင်းအရာ တို့ကိုလည် မေ့မေ့ပျောက်ပျောက်သဘောထားပြီး အခြားအကြောင်းအရာအချို့ကိုသာ ပြောဆို ဖြစ်ကြသည်။

“ ဟား … ဟား .. ဟား .. ဟား … ”

Ringtone သံတစ်ခု ဖြစ်သည်။

တိတိကျကျ ဆိုရသော် ရှိန်းသူ၏ မိုဘိုင်းဖုန်း ringtone သံပင် ဖြစ်၏ ။

ရှိန်းသူက ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ပြီး screen ပေါ်ကို တစ်ချက်ကြည့်လိုက်ပြီး

“ ဟင် .. ဘယ်သူ့ဖုန်းလဲ မသိဘူး .. ၀၉ … တဲ့ ”

မိသွန်းက ၀င်ပြောတော့ ရှိန်းသူက ခေါင်းညိတ်ပြပြီး ဖုန်းပြောလိုက်သည်။

“ ဟယ်လို ”

“ …. ”

“ ဟုတ်ကဲ့ ”

“ …… ”

“ ဗျာ ”

“ …. ”

“ တကယ် …. ”

“ …. ”

“ ဟာ … ၀မ်းသာလိုက်တာဗျာ .. ဟုတ်ကဲ့ .. ကျွန်တော် ခု ချက်ချင်း လာခဲ့ပါမယ် … လိပ်စာလေး တစ်ချက်လောက် ပြန်ပြောပါဦး .. ”

“ …………………. ”

“ သြော် …… ဟုတ်ကဲ့ ….. ကျေးဇူးပါဗျာ ”

“ ……….. ”

ရှိန်းသူမျက်နှာကြီး ပြုံးဖြီးနေမှု ကြောင့် အားလုံးက စားလက်စကို ရပ်ပြီး အာရုံစိုက် နားထောင်နေကြ၏ ။ အနေအထားက စိတ်ဝင်စားဖို့လည်း ကောင်းလှသည်ကိုး …..

“ ဒါပဲ …. အဲဒါပဲကွာ …. Yahoo! ”

ဖုန်းကိုချပြီး ရှိန်းသူက အနားမှာ ရှိသည့် ဖက်တီးကို ဖက်ပြီး အထက်ပါအတိုင်း အော်ဟစ်ပျော်မြူးနေလေ၏ ။

အားလုံး ကတော့ ဘာကိုမှ နားမလည်နိုင်ကြသေး …..

“ ဟာ … ဘာ ဖြစ်တာလဲ ရှိန်းသူရာ ”

“ ဘာ ဖြစ်ရမှာ လဲ ကွ … ငါ .. ကံစမ်းမဲပေါက်တယ်ကွ ”

“ ဟေ …. ”

သူငယ်ချင်း ဖြစ်သူစကားကြောင့် အားလုံးပျော်သွားကြ၏ ။

“ ငါက ဘယ်ကံစမ်းမဲမှ ကူပွန်တွေ ဘာတွေ ပြန်ပို့လေ့ပို့ထရှိတာ မဟုတ်ဘူး … စိတ်လည်း မ၀င်စားဘူး .. အဲဒီ ကော်ဖီမစ်အထုပ်ထဲက ကံစမ်းမဲကူပွန်က ငါလိုချင်တဲ့ GTR ပြိုင်ကားမဲပါတာနဲ့ ဟိုလကတည်းက စာတိုက်ကနေ သေချာဖြည့်ပြီး ပြန်ထည့်ပေးထားတာ ... အဲဒါ ...အခု ငါ ကားကံစမ်းမဲပေါက်လို့ ရုံးချုပ်ကနေ ဆုလက်ခံယူဖို့ အကြောင်းကြားလိုက်တာ ”

“ တကယ် …”

“ ဒါပေါ့ ”

ရှိန်းသူအသံက ၀မ်းသာအံ့သြမှု ကြောင့် ရွှင်မြူးတက်ကြွနေ၏ ။ အားလုံးကလည်း ရှိန်းသူအတွက် ၀မ်းသာနေကြ၏ ။

(ဒါပဲပေါ့ … သူငယ်ချင်းဆိုတာ မျှဝေခံစားပေးခြင်းကို အခြေပြုထားခဲ့တာပဲ မဟုတ်လား)

“ ဒါပဲနော် ဒီနေ့ breakfast အတွက် မင်း ဒကာ ဖြစ်သွားပြီ ”

“ ဖြစ်ရမှာ ပေါ့ သူငယ်ချင်းတို့ရာ … ငါ အခုလို GTR ပြိုင်ကားလေးရတာ မစ်ကီ့ကို ကျေးဇူးတင်ရမယ် ”

“ ဟင် … ”

“ ဘယ်လို ”

အစပ်အဟပ် မတည့်သည့်စကားမို့ အားလုံး နဝေတိမ်တောင် ဖြစ်သွားကြသည်။

“ ဒီလိုလေကွာ .. ညက ကိစ္စလည်း မင်းတို့ သိပြီးသားပဲ …မစ်ကီကတစ်ဆင့် *999* ရဲ့ သော့ ချက်ကို ငါသိခဲ့ရတယ် … ပြီးတော့ အဲဒီ ကပဲ ငါလိုချင်တာကို ဖန်တီးပေးလိုက် တယ်လေ”

“ ဖွီ .. သွားစမ်းပါ ရှိန်းသူရာ .. အဲဒါက ဘာမှ မဆိုင်ပါဘူး ကွာ … ညက ကိစ္စ၊ ညမှာ ပဲ ထားလိုက်တော့ … လာစားမနေနဲ့တော့ ”

အုပ်စိုးစကားကို ရှိန်းသူက-

“ ငါ နောက်နေတာ မဟုတ်ဘူး အုပ်စိုး … ညက ဖုန်းတကယ်ဝင်သွားပြီး ဘာအလိုရှိသလဲ ပြောပါဆိုလို့ … ငါလည်း ငါလိုချင်တာကို ပြောလိုက်တာ … ဟော … အခု … ”

“ တော် ပြီ သူငယ်ချင်း … မင်းလိုချင်တဲ့ကား မဲပေါက်တယ်ဆိုလို့ ငါ တကယ် ၀မ်းသာပါတယ် … ဒါပေမယ့် အဲဒီ့ ဖုန်းနဲ ဘာမှမဆိုင်ဘူး .. မင်းပြောသလို ဖုန်းဝင်တယ်ဆိုရင် ဟိုကောင်တွေ ပြောတော့ ဘာလို့ လိုင်းမ၀င်သလဲ .. ပြီးတော့ … ဘယ်မလဲ မင်းနဲ့ပြောထားတဲ့ Record ”

မိသွန်း ကတော့ နားမလည်သူပီပီ နှုတ်ဆိတ်နေ၏ ။ မှု န်ကြီးနှင့် ဖက်တီးကလည်း အုပ်စိုးစကားကို ထောက်ခံဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေ၏ ။

ရှိန်းသူ ကတော့ အချက်ကျသော အုပ်စိုးမေးခွန်းအတွက် … အဖြေမဲ့နေလေ၏ ။

အဘယ့်ကြောင့် ဆိုသော် ….

သူ့ Handset က Auto record မကျန်တာတော့ Handset ကြောင်သွားလို့နေမှာ ပေါ့ … ဒါပေမယ့် ညက ငါ တကယ်ဖုန်းရခဲ့တယ် အုပ်စိုး ”

“ ဟုတ်ပါပြီကွာ … အဲဒါဆိုရင်လည်း ဖုန်းလိုင်းပူးဝင်ပြီး အခုကိစ္စနဲ့ တိုက်ဆိုင်သွားတာရော မ ဖြစ်နိုင်ဘူးလား .. ပြီးတော့ ဒီကားက မင်းလွန်ခဲ့တဲ့ တစ်လက ပြန်ထည့်လိုက်တဲ့ ကော်ဖီမစ်ကူပွန်ကြောင့် မဲပေါက်ပြီး ရခဲ့တာလေ .. *999* နဲ့ ဘာမှမဆိုင်ဘူး .. ငါ ဘာလို့ အဲလိုပြောသလဲဆိုတော့ အဲဒီ နံပါတ်ကို လုံးဝအယုံအကြည်မရှိလို့ပဲ သူငယ်ချင်း ”

ခေတ်အုပ်စိုးရဲ့ စကားအဆုံးမှာ ရှိန်းသူက မျက်နှာကို တည့်တည့်ကြည့်ပြီး

“ အေး … မင်းတို့ မယုံကြည်ပေမယ့် ငါ ကတော့ အဲဒီ နံပါတ်တကယ်ရှိတယ် ဆိုတာကို ယုံကြည်သွားပြီး အုပ်စိုး … ဒီကား ရလာခဲ့တာလည်း … အဲ့ဒီနံပါတ်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေလို့ပဲ ဖြစ်လိမ့်မယ် … ကဲ .. ငါ ဆုလက်ခံယူဖို့အတွက် ရုံးချုပ်ကို သွားလိုက်ဦးမယ် .. သြော် .. ဒီနေ့ ငါ ကျောင်းကို ပြန်မလာတော့ဘူးနော် ”

ထထွက်သွားသည့် ရှိန်းသူကို မည် သူမျှ မတားမိသလို၊ ဘာစကားမှလည်း မဆို ဖြစ်တော့ပါ။

အားလုံး ကတော့ အတွးကိုယ်စီနှင့် ငြိမ်သက်နေကြလေ၏ ။

ဒါဟာ … တိုက်ဆိုင်မှု တစ်ခုလား ….

ဒါမှမဟုတ် ….

……….. ?

*


( I )

အင်မတန် စိုပြည်တက်ကြွခဲ့သော canteen လေးသည် ထူးဆန်းစွာ သွေ့ပျက်ခြောက်ကပ် နေ၏ ။

အဆိုးဆုံး ကတော့ ခေတ်အုပ်စိုး တို့စားပွဲဝိုင်းလေးတွင် ဖြစ်သည်။ သတင်းဂျာနယ်တစ်ခုကို ကြည့်ပြီး မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်နေကြသည်။

အံ့အားသင့်ဖွယ် ကောင်းသော ဆန့်ကျင်ဘက်သတင်း ၂ ပုဒ်သည်လည်း အယ်ဒီတာ၏ အထားအသိုပါးနပ်မှု ကြောင့် ဘေးချင်းယှဉ်လျက် ဓာတ်ပုံများ နှင့် အတူ ဝေေ၀ဆာဆာ ဖော်ပြထား၏ ။

သတင်း (၁)

Cover

သတင်း (၂)

Cover

“ ငါ တားတဲ့ကြားက ဒီလို ဖြစ်တာကို ရင်နာလို့ မဆုံးဘူး …. ကြည်သာနဲ့မှ ကားပြိုင်မောင်းရတယ်လို့ ”

“ ငါထင်တယ် … ညနေက ဒီကောင် ကြည်သာကို ဖုန်းဆက်ပြီး ကားပြိုင်မောင်းဖို့ စိန်ခေါ်နေကတည်းက ငါတားလိုက်သေးတယ် ”

အုပ်စိုး ကတော့ ဂျာနယ်ကိုသာ တွေ တွေ ကြီးစိုက်ကြည့်နေ၏ ။

ထိုစဉ် ဖက်တီး တစ်ယောက် canteen ထဲသို့ ပျာယီးပျာယာနှင့် ၀င်လာပြီး -

“ ငါ .. သတင်းတစ်ခု ထပ်ကြားလာသေးတယ် … အတွင်းသတင်းဆိုပါတော့ ”

“ ဘာလဲ ”

“ ရှိန်းသူလက်ထဲမှာ ဖုန်းကို ကျစ်ကျစ်ပါအောင်ကိုင်ရင်း သေသွားခဲ့တာတဲ့ .. မျက်နှာအပါအ၀င် ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိဘူး တဲ့ … အဲ …ထူးခြားတာက ဒီကောင်မသေခင် မိနစ်ပိုင်းအတွင်းမှာ *999* က ဖုန်းပြန်ခေါ်ထားတာကို တွေ့ ရတယ်တဲ့ ”

“ ဟင် ”

“ ဟုတ်တယ် ၊ လူသားစားတက္ကသိုလ်က ကိစ္စတွေ နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ က ပြည်သူတွေ ကို မလိုလားအပ်ဘဲ ထိတ်လန့်စေမှာ စိုးလို့ တမင်ထိမ်ချန်ထားတာတဲ့ ”

“ နေပါဦး ဖက်တီး .. နင့်သတင်းက သေချာလို့လား ”

မိသွန်းရဲ့ အမေးကို ဖက်တီးက သက်ပြင်းတစ်ချက် ချလိုက်ပြီး -

“ ငါ့အဖေက ဘာကောင်ဆိုတာ နင်တို့မေ့သွားပြီလား ”

“ ဟုတ်ပါရဲ့ ဖက်တီးက မိတ်ဆွေတို့ မကြာခဏပြောပြောနေတဲ့ အကောင်ကြီးရဲ့ သားဆိုတဲ့ လူစားမျိုးလေ …. ( သတိ - ဘာကောင်မှန်းတော့ မပြောတတ်ပါ။ )

“ ဒါဆို ရှိန်းသူ accident က ဟိုဖုန်းနံပါတ်နဲ့ များ ပတ်သက်နေမလား ”

“ မဝေးစမ်းပါနဲ့ မှု န်ကြီးရာ .. ဒီကောင် အခုလို ဖြစ်ရတာ က ကားကို အထာလည်း မသိသေးဘဲနဲ့ နိုင်ချင်စိတ်နဲ့ မဆင်မခြင်မောင်းလို့ အခုလို ဖြစ်ရတာ .. အဲဒါတွေ နဲ့ဘာမှမဆိုင်ဘူး .. မင်းတို့ပဲ စဉ်းစားကြည့်စမ်းပါ .. အသိဥာဏ်ရှိတဲ့လူသား တစ်ယောက် ကို ဘာမဟုတ်တဲ့ နံပါတ်ကလေး ၃ လုံးက ဒုက္ခပေးနိုင်မတဲ့လား ”

မိသွန်းရဲ့ ကြားဖြတ်အဆိုကြောင့် အုပ်စိုးစကားသံတို့ ရပ်သွားပြီး canteen ရှေ့ကို အကြည့်ရောက်သွားမိသည်။

“ ဟိုမှာ … မစ်ကီလာနေတယ် ”

ထုံးစံအတိုင်း ကြွက်တံဆိပ်အင်္ကျီကို ၀တ်ဆင်ထားပြီး လက်ထဲမှာ လည်း ရိုးရာမပျက် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားရင်း … လျှေက်လှမ်းလာနေ၏ ။

သူမက အုပ်စိုးတို့ ၀ိုင်းမှာ ခပ်တည်တည်နှင့် ၀င်ထိုင်လိုက်ပြီး -

“ အခု - ရှင်တို့အားလုံး ကျွန်မပြောတာကို ယုံပြီမို့လား ၊ ရှင်တို့သူငယ်ချင်းအတွက်တော့ ကျွန်မ တကယ်စိတ်မကောင်းပါဘူး ”

“ ကျွန်တော် တို့က ဘာကိုယုံကြည်ရမှာ လဲ ”

“ ကျွန်မက တစ္ဆေနက္ခတ် ဆိုတာကိုပေါ့ … ပြီးတော့ ကျွန်မနဲ့ ခင်မင်သူတွေ ကို ကံဆိုးစေတယ်ဆိုတဲ့ အချက်ကိုရောပေါ့ … အခုရှင်တို့ ယုံကြည်ပြီ မဟုတ်လား … ရှိန်းသူက အားလုံးအတွက် နမူနာပဲလေ ”

သူမရဲ့ တည်ငြိမ်အေးစက်လှသော စကားလုံးတွေ ရဲ့ အောင်မှာ အားလုံး ဆွံ့အနေကြ၏ ။

“ အဲဒီ တော့ .. ရှင်တို့အားလုံး ကျွန်မနဲ့ ခင်မင် ပတ်သက်ဖို့ မကြိုးစားကြပါနဲ့တော့ .. ပြီးတော့ … *999* ဆိုတဲ့ တစ္ဆေနံပါတ်ကိုလည်း ဘယ်သူမှမခေါ်ကြပါနဲ့တော့ .. ကျွန်မကို အားလုံးပဲ ခွင့်ပြုကြပါဦး ”

သူမက ပြောပြီး ထထွက်သွားမည် အလုပ်မှာ အုပ်စိုးက တားဆီးလိုက်၏ ။

“ ခဏနေပါဦး မစ်ကီ ”

“ ဘာများ လဲ ခေတ်အုပ်စိုး ”

“ မနေ့ညက ရှိန်းသူကို မစ်ကီက *999* ကို ည တစ်နာရီတိတိမှာ ခေါ်မှ ရတယ်လို့ တကယ်ပဲ ပြောခဲ့တာလား ”

သည်မေးခွန်းအတွက် သူမမျက်နှာ တစ်ချက်ပျက်သွား၏ ။ သို့ သော် သူမက မဲ့ပြုံးတစ်ခုနှင့် သက်ပြင်းတစ်ခုတို့ကို ပူးတွဲ ဖန်တီးလိုက်ပြီး ဘာမှထူးဆန်းတဲ့ မေးခွန်းတစ်ခု မဟုတ်သလို ခပ်လွယ်လွယ်ပင် ပြန်ဖြေပေးလိုက် ၏ ။

“ ဟုတ်တယ် ”

“ ဒါဆိုရင် မစ်ကီ့ကို ကျွန်တော် နောက်တစ်ခုထပ်မေးမယ် ”

သူမက “ မေး ” ဆိုသည့် သဘောနှင့် မေးဆတ်ပြ၏ ။

“ အဲ့ဒီ ဖုန်းနံပါတ်က တကယ်ပဲ တစေနံပါတ်လား .. ပြီတော့ … ဒီဖုန်းနံပါတ်အကြောင်းကို မစ်ကီက ဘာကြောင့် သိနေရတာ လဲ ”

အုပ်စိုးမေးခွန်းအဆုံးမှာ မိသွန်း၊ ဖက်တီးနှင့် မှု န်ကြီးတို့ကလည်း သူမအဖြေကို အာရုံစိုက်နားစွင့်နေကြသည်။

“ ၀မ်းနည်းပါတယ် ခေတ်အုပ်စိုး၊ ဒီမေးခွန်းအတွက် ကျွန်မမှာ အဖြေမရှိဘူး … သေချာတာ ကတော့ အဲ့ဒီနံပါတ်က တကယ်ပဲ ရှိနေတယ် … နောက်ထပ် ရှင်တို့ စမ်းသပ်ဖို့ လုံးဝမကြိုးစားပါနဲ့တော့၊ ကျွန်မနဲ့လည်း ဝေးဝေးမှာ ပဲ နေပေးကြပါ … ဒါဟာ အားလုံးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ ”

ပြောပြီး ထထွက်သွားသည့် သူမကျောပြင်ကို မျက်စိတဆုံးငေးကြည့်ရင်း အုပ်စိုး တစ်ချက်ပြုံးလိုက်မိသည်။

“ အုပ်စိုး … ရှိန်းသူက တကယ်ပဲ အဲ့ဒီကိစ္စကြောင့် သေသွားခဲ့တာများ လား ”

“ မဟုတ်ဘူး မိသွန်း … မစ်ကီ တစ်ခုခုကို လုပ်ကြံဖုံးကွယ်ပြီး ပြောနေတာကို ငါသိတယ် … ရှိန်းသူကိစ္စနဲ့ ဘာမှမဆိုင်ဘူး ”

“ ဒါဆိုရင် ရှိန်းသူမသေခင် ၀င်လာတဲ့ *999* ဖုန်းနံပါတ်ကိစ္စကရော ….”

အုပ်စိုးမျက်နှာကို မှု န်ကြီးက တည့်တည့်ကြည့်ပြီး အထက်ပါအတိုင်း မေးလာခဲ့၏ ။

“ တိုက်ဆိုင်မှု တစ်ခုပါ မှု န်ကြီးရာ ”

တက္ကသိုလ်လေးအတွင်းမှာ တော့ ရှိန်းသူ၏ accident သတင်းနှင့် ကားကံစမ်းမဲ ပေါက်သည့် သတင်းတို့က အထူးရေပန်းစားလျက် ရှိနေလေတော့၏ ။

*


( J )

အဆောင်မှာ မှု န်ကြီး တစ်ယောက် မျက်နှာမကောင်း ဖြစ်နေသည်ကို ခေတ်အုပ်စိုး သတိထားမိနေတာ ညနေကတည်းက ဖြစ်သည်။

နှုတ် ကတော့ တိုက်ရိုက်ဖွင့်မမေးမိသေး ……

အတော် ကလေးကြားမှ မှု န်ကြီးဘက်က စကားစလာခဲ့၏ ။

“ ငါ …. မနက်ဖြန် ကျောင်းမလိုက်တော့ဘူး အုပ်စိုး ”

“ ဘာ ဖြစ်လို့လဲ ”

“ ငါ ကတော့ ဘာမှမ ဖြစ်ပါဘူး … ဖြစ်နေတာက ငါ့အမေပါ၊ နယ်က ညနေက ဖုန်းဆက်တယ် … အမေ အသည်းအသန် ဖြစ်လို့ … ဆေးရုံတင်ထားရတယ်တဲ့ … အဲဒါ မနက်ဖြန်ကားနဲ့ ငါ နယ်ကိုပြန်မှ ဖြစ်မယ် ”

“ သြော် ”

သူငယ်ချင်း ဖြစ်သူအတွက် အုပ်စိုး တကယ်ပဲ စိတ်မကောင်း ဖြစ်နေမိသည်။ မှု န်ကြီးမှာ က သည်အမေ တစ်ယောက် ပဲ သံယောဇဉ် တွယ်စရာရှိတော့တာမို့လား …….

“ သိပ်လည်း စိုးရိမ်မနေပါနဲ့ သူငယ်ချင်းရာ၊ မင်းအမေ သက်သာမှာ ပါ .. ကျောင်းစာအတွက် ဘာမှစိတ်ပူမနေနဲ့ … ငါ အားလုံးကူထားပေးမယ်၊ မနက်ဖြန် မင်း စိတ်ချလက်ချသာ လိုက်သွား ”

“ ကျေးဇူးပဲ အုပ်စိုးရာ … ငါအမေ ဘာမှတော့ မ ဖြစ်လောက်ပါဘူးနော် ”

“ အာ … ဘာ ဖြစ်စရာရှိလို့လဲ မှု န်ကြီးရာ ”

“ ငါ့ဘ၀မှာ အမေက အရေး အကြီးဆုံးပါပဲကွာ ”

အမေအတွက် အလွန်အမင်းစိတ်ပူနေသော မှု န်ကြီးကို … အုပ်စိုးက တမင်ပဲ စကားလမ်းလွှဲပြီး ဖြတ်ပြောပစ်လိုက်၏ ။

“ ကဲ … မှု န်ကြီး …. မင်း ဘာမှတွေးပူမနေနဲ့၊ မနက် ခရီးထွက်ရမယ် မဟုတ်လား၊ စောစောအိပ်တော့လေကွာ … ခုမှပဲ … ဆယ့်နှစ် ခွဲတော့မယ် … ငါ ကတော့ ဒီစာအုပ်ကလေး ဆက်ဖတ်လိုက်ဦးမယ် ”

“ အေးပါ … ငါလည်း တွိုင်းလက်ခဏ၀င်ပြီး အိပ်တော့မှာ ပါ ”

မှု န်ကြီးက ပြောပြောဆိုဆိုဖြင့် တွိုင်းလက်ထဲကိုဝင်သွားပြီး ကြွေကမုတ်ပေါ်မှာ ထိုင်လိုက်၏ ။ နောက် အိတ်ထဲက Handphone ကိုထုတ်ပြီး စိတ်ပြေလက်ပျောက် Angry Bird Game လေးကို ကစားနေမိသည်။

အတော် ကြာတော့ Handphone မှ ညတစ်နာရီထိုးသည့် Alarm က ထမြည် လာသည်ကြောင့် တစ်စုံတစ်ခုကို သတိရသွားပြီး screen ပေါ်မှာ ဂဏန်းအချို့ကို နှိပ်လိုက်၏ ။

“ *999* ”

“ တူ ….. တူ …… တူ …. ”

လိုင်းက ချက်ချင်း ဆိုသလို ၀င်သွားသည်ကြောင့် မှု န်ကြီး တစ်ယောက် ရင်တစ်ချက်ပင် ဆောင့်ခုန်သွားသည်။

“ ဟယ်လို ”

“ ….. ဗျစ် …. ဗျစ် ….. ”

ဖုန်းလိုင်းက တဗျစ်ဗျစ်နှင့် မကြည်။

“ ဟယ်လို … ဟယ်လို …”

ဖုန်းထဲက ရုတ်တရက်ထွက်ပေါ်လာသည့် ယောက်ျား တစ်ယောက် ၏ သြရှရှ အသံကြီးကြောင့် မှု န်ကြီး တစ်ယောက် အံ့သြစိတ်နှင့် အတူ ကြက်သီးပင် ထနေမိသည်။

“ ဟုတ် …. ကဲ့ …”

“ဗျစ် … ဘာအလိုရှိပါသလဲ … ပြောပါ … ဗျစ် … ဗျစ် ”

မှု န်ကြီး တစ်ယောက် စိတ်ထဲရှိသည့်အတိုင်း လွှတ်ကနဲပြောလိုက်မိ၏ ။

“ ကျွန်တော့် အမေကို ကျန်းမာရေး ကောင်းမွန်စေချင်တယ် ”

“ OK …. ဖြစ်ရပါစေမယ် ”

(တူတူ … တူ … တူ …ဖုန်းကျသွားသံ)

ဖုန်းချသွားပြီးမှ “ နာမည် ဘယ်သူလဲ” ဆိုတာ ကို မေးဖို့ သတိရမိသည်။ နောက် ဖုန်းထပ်ခေါ်ကြည့်သော်လည်း မရတော့သည်ကြောင့် Toilet ထဲမှ အမြန်ထွက်ကာ အုပ်စိုးကို အံ့သြတကြီး အမြန်ပြောပြမိ၏ ။

အုပ်စိုးက မယုံကြည်သလိုမျက်နှာနှင့်

“ ဟုတ်ရဲ့ လား … မှု န်ကြီးရာ ”

“ ငါတကယ်ပြောတာ အုပ်စိုး ”

ခေတ်အုပ်စိုး တစ်ယောက် တကယ်ပဲ ခေါင်းစားနေရပြီ ဖြစ်၏ ။

ဒီဖုန်းနံပါတ်က ဘာလဲ …

ဘယ်လို ဖြစ်လာခဲ့တာလဲ …. ပြီးတော့ ……

ဘယ်သူ သုံးနေတာလဲ ….

နောက် …. မစ်ကီ ….

သူမကရော ဒီကိစ္စတွေ ကို ဘယ်လိုသိနေခဲ့တာလဲ … ဘယ်က သိလာရတာ လဲ …

မေးခွန်း အမြောက်အမြားက အုပ်စိုးဦးနှောက်ကို ကောင်းစွာ အလုပ်ပေးထားလေ၏ ။ သို့ သော်လည်း အချိန်တွေ သာ ပျက်သုန်းကုန်ဆုံးလာခဲ့၏ ။ လုံလောက်လက်ခံနိုင်လောက်သော အဖြေကိုမူ လုံးဝ စဉ်းစား၍ မရနိုင်ခဲ့ပေ …..။

*


( K )

ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့သော အဝေးပြေး မှန်လုံဘတ်စ်ကားကြီးတစ်စီးသည် နယ်မြို့ကလေးတစ်မြို့ဆီသို့ အမြန်လမ်းမကြီးမှ တစ်ဆင့် အရှိန်ပြင်းစွာ မောင်းနှင်ထွက်ခွာ လာနေ၏ ။

ကားပေါ်မှာ တော့ ခရီးသွားလူအများ ပုံစံမျိုးစုံနှင့် ငြိမ်သက်စွာ စီးနင်းလိုက်ပါလာကြသည်။

ခုံနံပါတ် (၁၃) မှာ ပါလာသည့် လူငယ်လေး ကတော့ ကားဘေးဘီဝဲယာ ရှုခင်းများ ကို ကြည့်ရင်း သက်ပြင်းကို မကြာခဏချနေသည်ကို တွေ့ ရ၏ ။ တစ်စုံတစ်ခုအတွက် စိတ်ပူပင် သော ကရောက်နေပုံလည်း ရပါသည်။

ဟုတ်ကဲ့ … အထက်ပါအဆိုသည် မလွဲမှားပါ။

အဘယ်ကြောင့် ဆိုသော် လူငယ်ကလေးသည် နယ်မှာ ဆေးရုံတင်ထားရသော မိခင် ဖြစ်သူအတွက် အလွန်အမင်း စိတ်ပူစိုးရိမ်နေသော မှု န်ကြီး ဖြစ်နေ၍ ပင် ဖြစ်ပါသည်။

မှု န်ကြီး၊ မိသွန်းနှင့် အုပ်စိုးတို့သည် နယ်မြို့မှ ရန်ကုန်မြို့သို့ ပညာလာသင်ကြရသော တက္ကသိုလ်ကျောင်းသားများ ဖြစ်သည်။ မိန်းကလေး ဖြစ်သူ မိသွန်းက နတ်သမီးဘောင်ဒါဆောင်မှာ နေပြီး မှု န်ကြီးနှင့် အုပ်စိုးတို့ နှစ် ယောက် ကတော့ မြေနီကုန်းက တိုက်ခန်းတစ်ခုမှာ အတူငှားနေ ဖြစ်သည်။

ဖက်တီးနှင့် သွားလေသူ ရှိန်းသူတို့ ကတော့ ရန်ကုန်သားများ ဖြစ်သည့်အလျောက် သူတို့အိမ်မှပင် ကျောင်းတက်ကြ၏ ။

ရှိန်းသူအတွက် တကယ်ပဲ စိတ်မကောင်း ဖြစ်မိသလို လက်ရှိ အခြေအနေအရ မိခင် ဖြစ်သူ ကျန်းမာရေး အတွက်လည်း မှု န်ကြိး တစ်ယောက် စိုးရိမ်ပူပန်နေရပြန်သည်။

ထိုစဉ် …..

အိုးလေး လှုပ်ပါဟေ့ xxxx ရေအိုးလေး လှုပ်ပါဟေ့ xxx ကောင်မလေးတွေ xxxx အိုလေးလှုပ်ပါဟေ့ xxx

လက်ထဲမှ ဖုန်းမြည် သံကြောင့် screen ကို ကြည့်မိတော့ နယ်က ဦးလေးဝမ်းကွဲ တစ်ယောက် ဆီက ဖြစ်နေ၏ ။

“ ဟယ်လို .. ဦးအောင် ….ပြော ”

“အေး … ဘာမှတော့ မဟုတ်ပါဘူးကွာ ၊ မင်းအမေက မင်းဆီကို ဖုန်းဆက်ခိုင်းလို့ဟေ ”

“ သြော် .. ဟုတ် .. ဦးအောင် …ပြော ”

“ မင်းစိတ်ပူနေမှာ စိုးလို့တဲ့၊ မနေ့က မင်းအမေ သွေးတိုးပြီး သတိလစ်သွားလို့ ခဏတက်လိုက်ရတာ … အခု အိမ်ထောင်ပြန်ရောက်နေပြီး … ဘာမှ မ ဖြစ်တော့ဘူး သိလား၊ အဲဒါ … မင်းအမေက ကျောင်းဖျက်ပြီး ပြန်လာမနေတော့နဲ့တဲ့ … အပြောခိုင်းလို့ဟေ့ ”

“ အာ … ကျွန်တော် က အခု ပြန်လာနေပြီး .. ကားပေါ်မှာ ၊ လက်စနဲ့ မထူးတော့ပါဘူးဗျာ .. ပြန်ခဲ့ပါမယ့် ”

“ အေး … အေး … ငါ မင်းအမေဆီကို ဒီအတိုင်းပဲ ပြောလိုက်တော့မယ် … ဒါဆို .. ဒါပဲနော် ဖုန်းချလိုက်တော့မယ် ”

“ ဟုတ်ကဲ့ ”

သည်လိုဆိုတော့လည်း မှု န်ကြီးရင်ထဲ အတော် ကလေး ပေါ့သွားရသည်။ အမေ ကျန်းမာသွားပြီ တဲ့။

ဟင် ….

မှု န်ကြီး တစ်ယောက် တစ်စုံတစ်ခုကို ချက်ချင်း ဆိုသလို သတိရမိသွားပြီး ဆက်စပ် စဉ်းစားကြည့်လိုက်မိသည်။

*999*

ဟုတ်ပါသည်။ ညက တစ်နာရီတိတိမှာ ခေါ်လိုက်မိသော တစ္ဆေနံပါတ် / ထူးဆန်းသော ဖုန်းနံပါတ်အကြောင်းပင် ဖြစ်သည်။ ညက စကားသံများ ကိုလည်း သူ ပြန်ကြားယောင်နေမိသည်။

“ ဟယ်လို …. ၉၉၉ .. က ကြိုဆိုပါတယ် .. ဘာအလိုရှိပါသလဲ .. ပြောပါ ”

“ ကျွန်တော့် အမေကို ကျန်းမာရေး ကောင်းမွန်နေစေချင်တယ် ”

“ Ok … ဖြစ်ရပါစေမယ် ”

မှု န်ကြီး တစ်ယောက် ယုံရခက်၊ မယုံရခက်နှင့် အတော် စဉ်းစားရခက်နေခဲ့၏ ။

“ ဒါ .. တကယ်ပဲ *999* ကို GTR ပြိုင်ကား လိုချင်ကြောင်း ပြောပြီး မနက်မှာ ကံစမ်းမဲပေါက်ပြီး ရခဲ့သည် မဟုတ်ပါလား။ ပြီးတော့ … ရှိန်းသူ တစ်ယောက် …

ညက မှု န်ကြီး တစ်ယောက် မိခင်ကျန်းမာရေး ကောင်းမွန်ဖို့အတွက် တောင်းဆိုခဲ့ပြီး ယခု မိခင်ကျန်းမာရေး က ကောင်းမွန်နေပြီ ဖြစ်၏ ။ သည်လိုဆိုလျှင် သူလည်း …..

သူ ခေါင်းတစ်ချက်ပူပြီး ရင်အစုံ ဆောင့်ခုန်သွားမိ၏ ။ ယခု သူ ဘာလုပ်ရမည် နည်း။ လာလုပ်သင့်ပါသနည်း။

ဦးဆုံးသတိရမိသူ ကတော့ ခေတ်အုပ်စိုးကိုပင် ဖြစ်၏ ။ သူ့ ကိစ္စကို ဖုန်းဆက်ပြီး အုပ်စိုးကို တိုင်ပင်ကြည့်ရမည် ။ အဖြေတစ်ခုတော့ ထွက်လာကောင်းပါ၏ ။

မှု န်ကြီး တစ်ယောက် သူ့ Handest ထဲရှိ contact list မှ အုပ်စိုးကို ရှာလိုက်၏ ။ ထိုစဉ် ….

အိုးလေး လှုပ်ပါဟေ့ xxx ရေအိုးလေး လှုပ်ပါဟေ့ xxx ကောင်မလေးတွေ xxx အိုးလေး လှုပ်ပါဟေ့ xxx

ထူးဆန်း တိုက်ဆိုင်လွန်းသော အ ဖြစ်အပျက်တစ်ခုကြောင့် မှု န်ကြီး တစ်ယောက် ဖုန်းပင် မပြောနိုင်သေးဘဲ စကရင်ပေါ်မှ နံပါတ်ကိုကြည့်ပြီး ကြက်သေ သေသွားမိသည်။

ဖုန်းစကရင်ပေါ်မျာကား

*999* အဝေးပြေးမှန်လုံကားကြီး ကတော့ လေအဟုန်ကို ခွင်ပြီး အရှိန်ခပ်ပြင်းပြင်းနှင့် အမြန်လမ်းမကြီးအထက်မှာ နယ်မြို့လေးတစ်မြို့ဆီကို ဦးတည်ပြီး ခရီးဆက်နေဆဲပင် ဖြစ်လေတော့၏ ။



ဝန်ဇင်းချစ်သူများ မင်းတခေတ် ၏ “ နိုင်းနိုင်းနိုင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


THE VILLAGE

EXIT

တားရော့