Cover

အခန်း(၁)

မင်းတခေတ်

EXIT

ကိုယ့်ဘဝတစ်ခုလုံး ပုံအောပြီးချစ်ခဲ့ရတဲ့ ယောက်ျား တစ်ယောက် ရဲ့ ပေးဆပ်တုံ့ပြန်မှု က ဒါပဲလား။

အချစ်ဆိုတာဘာလဲ ????

စကားလုံးတစ်ခုအ ဖြစ်နဲ့ပဲ လူသားတွေ ရဲ့ ပါးစပ်ဖျားမှာ နူးနူးညံ့ညံ့ သုံးစွဲနေကြတာလား။

ဘယ်လိုခံစားချက်၊ ဘယ်လိုခံယူချက်တွေ မှ မပါဘူးတဲ့လား။

ကိုယ့်ဘက်က နည်းနည်း လေးမှားယွင်းတိမ်းစောင်းသွားမိရုံလေး တစ်ခုအတွက်နဲ့ ဘဝတစ်ခုလုံး အဆုံးရှုံးခံလိုက်ရတဲ့ အ ဖြစ်က ထင်ထားတာထက်ကို ခါးသီးလွန်းပါတယ်မောင်။

ကိုယ့်အသက်ထက်ချစ်ရသူ ယောက်ျား တစ်ယောက် က ကိုယ့်မျက်စိရှေ့မှာ တင် တခြားမိန်းက လေး တစ်ယောက် နဲ့ ပျော်ပါးကြည်နူးနေတာကို ဘယ်လိုရင်ဘတ်မျိုးနဲ့ ခံစားနိုင်စွမ်းမှာ တဲ့လဲ။

ကိုယ်ချင်းစာတရားကို ကျွန်မကတော့ လက်ကိုင်ထားတယ်၊ ဘယ်လိုရင်ဘတ်မျိုးကိုမှ ကျွန်မ ကြောင့် ကွဲကြေမသွားစေချင်ဘူး။

ကျွန်မမောင့်ကို ပိုင်ဆိုင်ခဲ့ရတဲ့ အချိန်ကာလလေးတွေ က တကယ့်ကို ချိုမြိန်တဲ့ ရက်စွဲလေး တွေ ပါပဲ။

သုံးနှစ် သုံးမိုးဆိုတဲ့ မေတ္တာတရားကို မေ့ထားပြီး ရက်သုံးဆယ်တောင် မပြည့်သေးတဲ့ မိန်းမ တစ်ယောက် ကို အိမ်ပေါ်ခေါ်တင်လာခဲ့တာတော့ ရင်ထဲမှာ နာလိုက်တာမောင်ရယ်။

အဟွန်း …

မိန်းမတွေ ရဲ့ အချစ်ကလည်း ခက်သားလားမောင်။

ကျွန်မနှလုံးသားကတော့လေ …

မောင့်အတွက်နဲ့ ယဲ့ယဲ့လေး ကျန်ခဲ့တာတောင် မောင့်ကို စူးစူးနစ်နစ် ချစ်နေတုန်းပါပဲ မောင် … ။

(ဇူးဇူးဇင်)

•••

ကျွန်တော် သူ့ကိုချစ်လွန်းလို့ ဘဝတစ်ခုလုံးစာအတွက် လက်ထပ်ခဲ့တာပေါ့ ..

အနားမှာ နိုင်ငံကျော်မင်းသမီးတွေ ၊ မော်ဒယ်လ်တွေ ဝိုင်းဝိုင်းလည်နေခဲ့တာတောင် ကျွန်တော် အလုပ်သဘောဆိုတာထက် ပိုမဆက်ဆံခဲ့ပါဘူး။ မိန်းမ တစ်ယောက် အနေနဲ့ ချစ်လို့သဝန်တိုတာကို လက်ခံလို့ရတယ်။ ဒါကြောင့် လည်း သူ့အတွက် ကျွန်တော် ဟာ အကောင်းဆုံး အမြဲတမ်း ဖြစ် အောင် ပြင်ဆင်နေထိုင်ခဲ့သူပါ။

သူဟာ ကျွန်တော့် အတွက် အကောင်းဆုံးသော ဘဝလက်တွဲ ဖော်ပါ။ ကျွန်တော် သူ့ကို သိပ်ချစ် တာပေါ့။ ဒါပေမဲ့ ဘာမဟုတ်တဲ့ အကြောင်းပြချက်၊ ထင်မြင်ချက်လေးတစ်ခုအတွက်နဲ့ သူ ကျွန်တော့် ကို ထားသွားခဲ့တယ်။

ရင်ထဲမှား ခါးလိုက်တာ …

အိမ်ကိုပြန်လာတဲ့အခါတိုင်းက ကျွန်တော့် ရင်ကို မီးစနဲ့ ထိုးဆွနေသလို ခံရခက်စေတယ်။

တကယ်တော့ အချစ်ကို နားမလည်နိုင်တဲ့သူက ဘယ်သူလဲ …?

သူ ကျွန်တော့် ကို သိပ်ချစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။

အဲသလို သူ သိပ်ချစ်လွန်းလို့ပဲ ကျွန်တော့် ကို နားမလည်နိုင် ဖြစ်ခဲ့ရတယ် ထင်ပါရဲ့ ။

အဲသလိုနဲ့ပဲ သူ ကျွန်တော့် ကို ထားသွားခဲ့တယ်။

အိပ်မက်တစ်ခုလိုပါပဲ ..

ပြန်တွေးကြည့်တိုင်း ခုချိန်ထိ ကျွန်တော့် ရင်ကို စွတ်စိုနေသေးတယ်။

ဒါပေမဲ့လည်း …

ကျွန်တော် တို့တွေ …

ဝေးသွားခဲ့ကြပြီ …

ကျွန်တော့် မှာ ဘာတစ်ခုမှ ရှင်းပြခွင့်မရှိ၊ ဘာတစ်ခုမှ လက်ဆုပ်လက်ကိုင် ထုတ်ပြခွင့် မရှိခဲ့၊

…… …… …… …… မရှိ။

ခံစားချက်ပြင်းပြင်းနဲ့ အော်ငိုနေတတ်တဲ့ နှလုံးသားတစ်စုံက လွဲရင်ပေါ့။

(ထင်ရှားအောင်)

•••

နာမည် ကြီးမော်ဒယ်လ်မင်းသမီး တစ်ယောက် အနေနဲ့ ကျွန်မအနားမှာ ယောက်ျားတွေ ဝိုင်းဝိုင်း လည်နေခဲ့တာ သိပ်တော့ မဆန်းပါဘူးလေ။

ဒါပေမဲ့ ကျွန်မနှလုံးသားက အိမ်ထောင်ရှိပြီးသားယောက်ျား တစ်ယောက် ကိုမှ လက်ညှိုး ညွှန်ပြနေတယ်လေ။

သူကကျွန်မရဲ့ ဆရာ တစ်ယောက် ဆိုပါတော့။ လေးစားအားကိုးမိသလို မြတ်မြတ်နိုးနိုး လည်း ချစ်မိနေခဲ့တယ်။

ကျွန်မလေ မ ဖြစ်သင့်မှန်းသိပေမဲ့လည်း ဆရာ့ကို အရမ်းချစ်မိနေတာက ရောဂါ ဆိုးတစ်ခု လိုပါပဲ

ကျွန်မကို အချိန်ပြည့် နှိပ်စက်နိုင်လွန်းပါတယ်။

အဲသလိုနဲ့ ..

အခွင့်အရေး ရလာတဲ့တစ်နေ့မှာ ကျွန်မ ဆရာ့ကို ဖြားယောင်းသိမ်းသွင်းခဲ့မိတာ အမှားလား …

ဆရာ့အတွက်ဆိုရင် ကျွန်မဘဝတစ်ခုလုံးကို စတေးရဲတယ်။ ပြီးတော့လေ …

ဆရာ့အတွက်ဆိုရင် ဘာကိုမှ မကြောက်လန့်တတ်သလို ဘာကိုမဆိုလည်း လုပ်ရဲတယ် ဆိုတဲ့ အာဂမိန်းမမျိုး။

(ခေတ်ပျိုဖြူ)

•••

Opening

အင်္ဂလိပ်မင်း လက်ထက်တုန်းက ဆိုပါတော့ ..

တစ်ခါတုန်းက ရန်ကုန်မြို့ရဲ့ မထင်မရှား ရပ်ကွက်ငယ်လေးတစ်ခုမှာ နိုင်ငံခြားဗိသုကာ ပညာရှင် တစ်ယောက် နေထိုင်ခဲ့ဖူးတယ် …

သူနေထိုင်ခဲ့စဉ် အချိန်တစ်နှစ် အတွင်းမှာ သူ့ရဲ့ ဗိသုကာပညာကို အသုံးချပြီး၊ မြန်မာနိုင်ငံက မိသားစုတစ်စုအတွက် အလွန်ခေတ်မီဆန်းကြယ်ပြီး ထူးဆန်းခိုင်ခန့်လွန်းတဲ့ အိမ်ကြီး တစ်လုံးကို တည်ဆောက်ပေးခဲ့ဖူးတယ် …

လွန်ခဲ့သော နှစ် တစ်ရာလောက်ကပဲ ဆိုပါတော့။

ခုတော့ ထိုအိမ်ကြီးက ဆေးတွေ အနည်းငယ် ဟောင်းနွမ်းလွင့်ပြယ်ပြီး အိမ်ပုံစံဒီဇိုင်းက ခေတ်မမီတော့တာကလွဲရင် အားလုံးဟာ ယခင်လက်ရာအတိုင်း တည်ရှိနေဆဲပါ။

အဲဒီ ထူးဆန်းတယ်ဆိုတဲ့ အိမ်ကြီးကို လင်မယားနှစ် ယောက် ဝယ်ယူနေထိုင်ပြီးချိန် မှာ တော့…

•••

(A)

“မိန်းမ တစ်ယောက် ကို ဘယ်လိုရင်ဘတ်မျိုးနဲ့ ရှင် ချစ်ခဲ့တာလဲ ကိုဟိန်းသူ။ ပြောပါ ကျွန်မ မျက်နှာကို တည့်တည့်ကြည့်ပြီး ရှင် ပြောလိုက်စမ်းပါ”

“ကိုယ်မှား သွားပါတယ် မီးငယ်၊ ကိုယ် တောင်းပန်ပါတယ်၊ ကိုယ်ပြုမူခဲ့တဲ့ အပြစ် အတွက် မီးငယ် ကိုယ့်ကို ကြိုက်တဲ့အပြစ်ပေးပါ။ ကိုယ်ခံယူဖို့ အသင့်ပါပဲ မီးငယ်”

ဆန့်ကျင်ဘက် လိင်နှစ် ဦးကတော့ တစ်ယောက် မျက်နှာကိုသာ တစ်ယောက် ငေးကြည့်နေ ကြပြီး မည် သည့်စကားမျှ ဆက်မပြော ဖြစ်ကြ။

တစ်ဦးမျက်ဝန်းမှာ တော့ နာကြည်းခံပြင်းမှု နှင့် ဝမ်းနည်းမှု တို့အရှိန်ကြောင့် မျက်ရည်စတွေ တွဲ လွဲခိုနေပြီး၊ တစ်ဦးမျက်ဝန်းမှာ တော့ ဝမ်းနည်းမှု နှင့် တောင်းပန်တိုးလျှိုးမှု တို့ကို အထင်းသား မြင်တွေ့  နေရ၏ ။

ပတ်ဝန်းကျင်တစ်ခုလုံးကတော့ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေ သည်။ လှုပ်ရှားမှု တစ်စုံတစ်ရာရယ်ဟူလို့ လေတဖြူးဖြူးအရှိန်ကြောင့် အနားမှာ တလှုပ်လှုပ် ဖြစ် နေသည့် သစ်ရွက်ကလေးတွေ ပဲ ရှိသည်။

အချိန်အတော် ကြာတော့မှ ..

“ကိုယ့်ကို ခွင့်လွှတ်ပါ မီးငယ်။ ဒါမှမဟုတ်ရင်တော့ ကိုယ့်ကို တစ်ခုခုလုပ်လိုက်ပြီး ထွက် သွား ခွင့်ပြုပါတော့။ ကိုယ်တောင်းပန်ပါတယ်၊ ကိုယ် ဘယ်လိုမှ မခံစားနိုင်တော့လို့ပါ မီးငယ်ရယ်”

“ကောင်းပြီလေ။ ဒီလိုဆိုတော့လည်း ကျွန်မဘက်က ပြတ်သားပေးရတော့မှာ ပေါ့။ ရှင် ကျွန်မ နားက ထွက်သွားရရင် ရှင် ပျော်မယ်၊ စိတ်ချမ်းသာမယ်မို့လား။ ရပါတယ် ထွက် သွားလိုက်ပါ။ ဒါပေမဲ့ ကျွန်မအချစ်ကို လိမ်ညာခဲ့တဲ့အတွက်တော့ အခါခါနမ်းခဲ့ဖူးတဲ့ ရှင့်ပါး ကို နောက်ဆုံး အနေနဲ့ နာကျင်မှု တစ်ခုတော့ ပေးခွင့်ပြုပါ။ ဒါဟာ တစ်သက်လုံး ရှင် ကျွန်မကို အမှတ်ရနေ စေဖို့ပဲ”

မိန်းမငယ်လေးတစ်ဦး၏ သေးသွယ်ဖြူဖျော့နေသော ညာလက်တစ်ဖက်က ဖြည်းညင်းစွာ မြောက်တက်လာ၏ ။ ကောင်လေးကတော့ သူ ပြုမူထားခဲ့ပုံရသော အပြစ်တစ်စုံတစ်ရာအတွက် မျက်လုံးအစုံကိုသာ မှိတ်ထားပေးလိုက် သည်။

တိတ်ဆိတ်မှု ကတော့ ပိုမိုအေးခဲလာနေဆဲ …

လက်တစ်ဖက် ..

မျက်ဝန်းတစ်စုံ ..

မျက်ရည်စ အချို့ ..

အားလုံးဟာ အလိုက်သင့် စီးမျောနေချိန်။

“ကဒ်”

အကယ်ဒမီ ပူပူနွေးနွေးလေး ရရှိထားသော လူငယ်ဒါရိုက်တာထင်ရှားအောင်၏ အော်သံ ကြားတော့မှ ဇာတ်ထဲမှာ မျောဝင်ခံစားနေကြသော လူအများ လှုပ်လှုပ်ရှားရှား ပြန် ဖြစ်သွားသည်။ သို့ မှ ရိုက်ကွင်းတစ်ခု၏ အသက်က ပြန်ဝင်လာ၏ ။

တကယ်တော့ အရာအားလုံးဟာ ရှုတင်တစ်ခုအပေါ်က ဇာတ်ဝင်ခန်းလေးတစ်ခုသာ ဖြစ်သည်။ ယခုတော့ မျက်ဝန်းအစုံကို မှိတ်ထားပေးသော မင်းသားကောင်လေးလည်း ရယ်ရယ် မောမောနဲ့ သူ့နေရာမှာ သွားနားနေပြီ ဖြစ်သည်။ နာကျင်ကြေမွနေခဲ့ရရှာသော မင်းသမီး ကောင်မ လေးလည်း မျက်ရည်စအချို့ကို ဖယ်ထုတ်၍ ဒါရိုက်တာရှိရာနေရာသို့ ပြုံးရွှင်စွာ ရောက်ရှိလာ ခဲ့ပြီ ဖြစ်၏ ။

“ဆရာ ခေတ် သရုပ်ဆောင်တာ အဆင်ပြေရဲ့ လားဟင်၊ ဆရာနဲ့က ဒီကားမှ စဆုံဖူးတော့ ခေတ်ဘက်က အဆင်မပြေမှာ အရမ်းစိုးရိမ်မိနေတာ၊ ပြီးတော့ ဆရာ့လိုဒါရိုက်တာမျိုးက ခေတ်ကို ယုံယုံကြည်ကြည်နဲ့ ခုလို ပထမဆုံး ရုပ်ရှင်ကားကြီးမှာ ခေါ်ရိုက်တဲ့အတွက်အရမ်း လည်း ပျော်ရွှင်မိသလို၊ အရမ်းလည်း ဂုဏ်ယူမိပါတယ်ဆရာ၊ ကျေးဇူးလည်း တင်ပါတယ် ဆရာရယ်”

“အဆင်ပြေပါတယ် ခေတ်ပျိုဖြူ၊ ကျွန်တော် လိုချင်တဲ့ အက်ရှင်တွေ ၊ ဒိုင်လော့တွေ က ကွက်တိပါပဲ။ ခုလို ကားကြီး ခေါ်ရိုက်တယ်ဆိုတာလည်း ဒီဇာတ်ရုပ်နဲ့ ခေတ်ပျိုဖြူနဲ့က အ လိုက်ဖက်ဆုံး ဖြစ်နေလို့ ကျွန်တော် ခေါ်သုံးလိုက်တာပါ။ ထူးထွေ ကျေးဇူးတင်နေစရာ မရှိပါဘူး”

“ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ ဆရာရယ်၊ ခေတ်က ဒီလောကထဲကိုမဝင်ခင်၊ ဆရာလည်း ခုလောက် နာမည် မကြီးခင် အချိန်ကတည်းက ဆရာ့အနုပညာကို လေးစားသတိထားမိနေ ခဲ့တာ၊ ခေတ် မင်းသမီးမ ဖြစ်ခင် မော်ဒယ်လ်ဘဝမှာ ကတည်းက တစ်နေ့နေ့မှာ ဆရာနဲ့ လက်တွဲ ပြီး အလုပ်လုပ်ချင်ခဲ့တာ ခေတ်ရဲ့ အိပ်မက်တစ်ခုပဲဆိုပါတော့ ဆရာရယ်”

ခေတ်ပျိုဖြူရဲ့ စကားတွေ အတွက် တော် ရုံဒါရိုက်တာ တစ်ယောက် ယောက် ဆိုရင် ကျေနပ် ပီတိ ဖြစ်ပြီးနေမှာ အသေအချာပဲ ဖြစ်သည်။ သို့ သော် ထင်ရှားအောင်ကတော့ ထိုသို့ မဟုတ်၊ ခပ် တည်တည် အနေအထားမှာ ပင် ဖြစ်သည်။ အလုပ်ကိစ္စမှလွဲပြီး တော် ရုံအပိုစကားလည်း မပြော။ အနေတည်သလို အလုပ်ကို အလုပ်နှင့် တူအောင်လည်း လုပ်တတ်သည်။ မည် ကဲ့သို့ သော ကားမျိုး ဖြစ်နေပါစေ၊ သူစိတ်တိုင်းမကျလျှင် မလွှတ်။

ခေတ်ပျိုဖြူဆိုသည်ကလည်း ခေတေတေမင်းသမီးတစ်လက်တော့ မဟုတ်။ မြန်မာနိုင်ငံမှာ လက်ချိုးရေတွက်လို့ရသည့် စူပါမင်းသမီးတွေ ထဲက တစ်ယောက် ပင် ဖြစ်သည်။ ဒါရိုက်တာ ထင်ရှားအောင်နှင့် ရိုက်ခွင့်ရဖို့အတွက် တခြားကားတော် တော် များများ ကို သူမ လက်လွှတ်ခဲ့ ရသည်။ သို့ သော် ကိစ္စမရှိပါ။ ဒါရိုက်တာထင်ရှားအောင်ဆိုသည်နှင့် အပေါစားကား၊ အပေါစား ဇာတ်လမ်း မဟုတ်။ တစ်ကားဆို တစ်ကား ပရိသတ်ရင်ထဲကို ထင်ကျန်နေစေခဲ့သည် မဟုတ် ပါလား။

“အကောင်းဆုံး ဖြစ်အောင်သာ ကြိုးစားပေးပါ။ ကျွန်တော့် ဘက်ကလည်း အကောင်းဆုံး ဖြစ်အောင် လုပ်သွားမှာ ပါ ခေတ်ပျိုဖြူ”

“ဟုတ်ကဲ့ပါ ဆရာ၊ ခေတ် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာ ပါ။ ဆရာ့စိတ်၊ ဆရာ့ ဒဿနကိုလည်း ခေတ် နားလည်ပါတယ်”

သူမအပြောကြောင့် သူ တစ်ချက်ကြောင်သွား၏ ။

“ဘာကို ဆိုလိုတာလဲ မသိဘူး”

“သြော်.. ဆရာ့ရဲ့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကလေးကို ပြောတာပါ။ ဟိုးအရင် မဂ္ဂဇင်း တစ်အုပ်ထဲမှာ ဆရာ အင်တာဗျူး ဖြေထားတဲ့ အထဲက စာသားလေးပါ။ ခေတ် သဘောကျလို့ မှတ်ထားတာလေ။ အကောင်းဆုံးကိုမှ မရရင် ဘာကိုမှ မလိုချင်တော့ဘူးဆိုတဲ့ စကားလေ”

သူ ခုမှ သဘောပေါက်သွားပြီး ပြုံးလိုက်မိသည်။

ဟုတ်တာပေါ့။ ဒါ သူ့ရဲ့ ဆောင်ပုဒ်လေးပဲလေ။ အကောင်းဆုံးမှ မရရင်တော့ သူ တကယ် ဘာကိုမှ မလိုချင်တော့ပါ။ အရာရာကို သူ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့သည်။ ဒါကြောင့် လည်း ဒီနေ့ ဒီနေရာ၊ ဒီအနေအထားနဲ့ သူ ရပ်တည်နိုင်ခဲ့တာပေါ့။

“ဟုတ်ကဲ့ပါ။ ခုလို ကျွန်တော့် စိတ်ကို နားလည်ပြီး ပိုကြိုးစားပေးတဲ့အတွက်လည်း ခေတ်ပျိုဖြူ ကို ကျေးဇူးတင်ပါတယ်ဗျာ။ တကယ်တော့ ကြိုးစားမှု တိုင်းက ဘယ်တော့မှ အလကား မ ဖြစ်ပါဘူး။ တစ်ချိန်ချိန်မှာ ကိုယ့်အတွက် အထောက်အကူ ဖြစ်လာမှာ ပါပဲဗျာ။ ကျွန်တော် တို့ အနုပညာ မောင်နှမတွေ အကောင်းဆုံး ကြိုးစားကြတာပေါ့”

“ခေတ်ကတော့ ဘာပဲ ဖြစ် ဖြစ် ဆရာ့အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပေးသွား မှာ ပါ ဆရာ”

“ဗျာ”

“သြော် ဒီလိုပါ။ ဆရာရိုက်နေတဲ့ ခု ဒီကားကြီးအတွက် ခေတ်ကြိုးစားမယ်လို့ ပြောတာပါ။ ဒါနဲ့ ဆရာ ခေတ်ကို စကားပြောရင် တခြားသူတွေ ခေါ်သလို ရင်းရင်းနှီးနှီး ခေတ် လို့ပဲ ခေါ်ပါလား ဟင်။ ခေတ်ပျိုဖြူ ခေတ်ပျိုဖြူနဲ့ ခေါ်နေရတာ ထောက်များ နေသလား လို့ပါ ဆရာ”

“သြော် … ဟုတ်ကဲ့ အင်း”

ထိုစဉ် သူ့ဆီမှာ ဒါရိုက်တာပညာ လာရောက် ဆည်းပူးနေသော ကောင်လေး ရောက် လာ၏ ။

“ဆရာ ထမင်းစားဖို့ အဆင်သင့် ဖြစ်နေပါပြီ ဆရာ”

“သြော် အေးစားမယ်လေ။ ငါလည်း အလုပ်ထဲ စိတ်ရောက်နေတာနဲ့ ထမင်းဆာတာတောင်

သတိမထားမိတော့ဘူး။ ခုမှ တော် တော် ဆာနေမှန်း သိတော့တယ်”

“ရှုတင်ထမင်း စားမနေနဲ့တော့လေ ဆရာရဲ့ ။ ဆရာ့အတွက် ခေတ် ထမင်းပိုယူလာခဲ့တယ်။ ဆရာကြိုက်တတ်တဲ့ ဝက်ပုန်းကို တမင်ကို တကူးတက ချက်ခိုင်းပြီး ယူလာခဲ့တာ။ ဘာမှ အားနာစရာမလိုဘူးနော်။ ပြီးတော့ ခေတ်လည်း ဆာနေပြီဆိုတော့ အလုပ်အကြောင်း စကားလေးဘာလေး ပြောရင်း အတူတူ စားကြတာပေါ့နော်။ ဟဲ့ မေဖြိုး ဆရာနဲ့ငါ စားဖို့ အမြန်သွားပြင်လိုက်”

သူမက ရေပက်မဝင်အောင် တစ်ယောက် တည်း ပြောပြီး တစ်ယောက် တည်း စီစဉ် ညွှန်ကြားနေလေ၏ ။ သူလည်း ဘာဆက်ပြောရမည် မသိ ဖြစ်ကာသွားသည်။ ထမင်းစားဖို့ လာခေါ် သည့် ကောင်လေးလည်း ထင်ရှားအောင်နှင့် ခေတ်ပျိုဖြူတို့ကိုသာ တစ်လှည့်စီ ငေးကြည့်နေမိလေ တော့သည်။

“ဟာ ..မဟုတ်တာ ..နေပါစေ။ ကျွန်တော့် လူတွေ နဲ့ပဲ စားလိုက်ပါ့မယ်။ ပြီးတော့ ဇာတ်ညွှန်း ဆရာနဲ့လည်း ပလော့လေး တစ်ခုကို ဆွေးနွေးစရာ ရှိနေလို့ပါ။ သူလည်း ကျွန်တော့် ကို ထိုင်စောင့်နေတာ အားနာစရာကောင်းလို့ပါ။ ကျွန်တော့် ကို သွားခွင့်ပြုပါဦး ခေတ်ပျိုဖြူ”

ပြောပြောဆိုဆိုဖြင့် သူ ထလိုက်၏ ။

“ဆရာ .. တစ်ခါတစ်လေပဲ ဆရာရယ်။ ခေတ်နဲ့ပဲ အတူတူ စားလိုက်ပါလား။ ဟင်းတွေ က ဆရာ့အတွက် တမင်ချက်ယူလာခဲ့တာမို့ပါ”

ဒီလိုဆိုပြန်တော့လည်း တစ်ဖက်ကို သူ အားနာနေမိပြန်သည်။ မင်းသမီးနဲ့အတူလည်း သူ သွားထိုင်မစားချင်ပါ။ ကိုယ့်မှာ က အိမ်ထောင်နှင့် မို့လား။ အစစအရာရာ ဆင်ခြင်နိုင်မှ တော် ကာ ကျမည် ။ ပြီးတော့ ရှုတင်မှာ ရှိနေသည့် မျက်လုံးပေါင်း သော င်းခြောက်ထောင်နှင့် မီဒီယာသမား တွေ ကိုလည်း ဂရုစိုက်နေရသေးသည်။

“ဒါဆို ဒီလိုလုပ်ပါလား။ ဟင်းတွေ လည်း အလကားမ ဖြစ်အောင် ကျွန်တော့် ထမင်းစားပွဲကို ယူသွားလိုက်မယ်လေ”

ဒါမျိုးဆို ဆရာ့အထာကို ချက်ချင်း သိသည့်ကောင်လေးက ..

“ဒါဆို ဆရာသွားနှင့် လေ။ ကျွန်တော် မင်းသမီးဆီက ဟင်းယူပြီး လိုက်လာခဲ့မယ်”

“အေးအေး .. သြော် .. ဒါနဲ့ ခေတ်ပျိုဖြူ”

“ရှင် ဆရာ”

“သြော် .. နောက်ကို ခုလို တကူးတက ဘာမှ လုပ်မလာခဲ့ပါနဲ့၊ ကျေးဇူးတင်ပါတယ်”

ထင်ရှားက ပြောပြီး လှည့်ထွက်သွားသည်။ ခေတ်ပျိုဖြူကတော့ သူ့ကျောပြင်ကိုသာ ငေး ကြည့်ရင်း ကျန်နေခဲ့၏ ။

‘သွား .. ဘယ်လိုလူကြီးမှန်းလည်း မသိဘူး .. ဟွန်း’ ဟုလည်း သူမ တွေးကောင်းတွေးနေ နိုင်ပါသေးသည်။

ထင်ရှားအောင်ရင်ထဲမှာ တော့ တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောနေမိမှာ အသေအချာပင် ဖြစ်လေတော့၏ ။

•••

(B)

မှတ်မှတ်ရရ သူ အကယ်ဒမီရပြီး နောက်တစ်ရက်မှာ ပဲ သူ့ချစ်သူ ဇူးဇူးဇင်ကို ရုံးတက်လက် မှတ်ထိုး ဖြစ်ခဲ့သည်။ မင်္ဂလာပွဲကိုတော့ အိမ်အသစ်ဝယ်ပြီးမှပဲ ထရိတ်ဒါးမှာ စည်စည်ကားကား လုပ် တော့မည် ဟု ချစ်သူနှစ် ယောက် ဆွေးနွေးဆုံးဖြတ်ထားကြသည်။ သူမကလည်း သဘောတူ ပါသည်။

တကယ်တော့ သူမက သူသဘောကျမယ့်အရာအားလုံးကို လက်ခံလိုက်လျောပေးတတ် တဲ့ သူမျိုးပဲမို့လား။

“တီ .. တီ .. တီ .. တီ”

အိမ်ရှေ့က ဘဲလ်တီးသံကြားသည်နှင့် လုပ်လက်စအလုပ်တချို့ကို ပစ်ချပြီး တံခါးကို အပြေးအလွှား သွားဖွင့်ပေးလိုက် သည်။ ဒီအချိန်ဆို မောင်ပြန်လာနေကျပဲလေ။

သူမ တံခါးဖွင့်လိုက်စဉ်မှာ တော့ အတော် ကလေး အံ့အားသင့်သွားမိသည်။

“ဟင်”

တံခါးဝမှာ ဘယ်သူမှမရှိ။ သူမက အတွင်းက သစ်သားတံခါးအပြင်အနားက သော့ တစ် ချောင်းကို ဆွဲယူကာ သံပန်းတံခါးကိုပါ ထပ်ဖွင့်ပြီး ကြည့်လိုက်ချိန်မှာ တော့ …

“ဟိတ် မလှုပ်နဲ့”

“အိုး .. အမေ့.. ဟင် ..အမလေး ..လန့်လိုက်တာ မောင်ရယ်။ ဇူးတစ်ကိုယ်လုံးကို တုန်သွား တာပဲ”

ထင်ရှားကတော့ သူမ ဖြစ်ပု့ကို သဘောတကျနှင့် ပင် ရယ်နေလိုက်သေးသည်။

“ဟားဟား။ ကောင်မလေး တော် တော် လန့်သွားပုံရတယ်”

“အိုး .. လန့်တာပေါ့ မောင်ရဲ့ ”

သူမကပြောပြောဆိုဆိုဖြင့် သူ့လက်ထဲက ဖိုင်တချို့ကို ကူသယ်ပေးလိုက် သည်။

ရိုက်ကွင်းပေါ်မှာ အနေတည်သလောက် သူ့ရဲ့ ကိုယ်ပိုင်အချိန် ကိုယ်ပိုင်ဘဝလေးထဲကို ရောက်ရှိလာချိန်မှာ တော့ သူဟာ တကယ့်လူငယ်လေး တစ်ယောက် လို လွတ်လပ်ပေါ့ပါးစွာ နေ ထိုင် စနောက်တတ်သူမျိုးပါ။ အထူးသဖြင့် သူ သိပ်ချစ်ရတဲ့ ဇနီးချောလေး ဇူးဇူးဇင်ရဲ့ ရှေ့မှာ ဆိုရင်ပေါ့။

“မောင်”

“ပြော .. ချစ်”

“အပြင်က ဘာစားလာခဲ့သေးလဲဟင်”

“ဟင့်အင်း .. မောင် ဆိုင်မှာ ဘီယာတစ်ခွက်ပဲ ထိုင်သောက်လာခဲ့တာ၊ နောက်နေ့ ရှုတင် အတွက် လိုအပ်တာတွေ ပြောပြီး တန်းပြန်လာခဲ့တာ။ ဘာမှ မစားခဲ့ဘူး”

“ဒါဆို မောင်ဆာနေရောပေါ့။ သွား ရေမြန်မြန်သွားချိုးလိုက်။ ဇူး ထမင်းပွဲ အဆင်သင့် ပြင်ထားလိုက်မယ်။ ရေကိုလည်း အကြာကြီး စိမ်ချိုးမနေနဲ့ဦးနော်။ ရာသီဥတုက အေးလာ နေပြီ”

သူမရဲ့ အပြောကို သူက ပြုံးစစနှင့် လက်ကလေးပိုက်ပြီး

“ဟုတ်ကဲ့ပါ ခင်ဗျ”

ဟု အရွှန်းဖေါက်သလို ဖြေတော့ နှစ် ယောက် သား ရယ် ဖြစ်ကြသည်။

တစ်ခါတစ်ရံမှာ သူက အရမ်းကို ကလေး တစ်ယောက် လို ဖြူစင်ပြီး သိပ်ချစ်ဖို့ကောင်းလွန်း ခဲ့ပါသည်။

“သြော် .. ဒါနဲ့ မောင့်ကို ဝမ်းသာစရာပြောရဦးမယ်”

“ဘာများ လဲ ဇူးရဲ့ ”

“ထမင်းစားရင်းနဲ့မှပဲ ပြောပါတော့မယ် မောင်ရယ်။ အိမ်ဝိုင်းရှာခိုင်းတဲ့ ကိစ္စပါ။ ခု ရေပဲ မြန်မြန် သွားချိုးလိုက် ဟုတ်ပြီလား”

သူ ခေါင်းညိတ်ပြပြီး အိပ်ခန်းထဲကို ဝင်ခဲ့လိုက်သည်။ သူမကတော့ ထမင်းစားခန်းထဲမှာ ပြင်ဆင်စရာရှိတာတွေ ကို ပြင်ဆင်ရန် ထွက်လာခဲ့၏ ။

နာရီဝက်ခန့်ကြာချိန်မှာ တော့ လင်မယားနှစ် ယောက် ထမင်းစားပွဲမှာ အသင့်အနေအထား ပင် ရောက်နေကြပြီ ဖြစ်သည်။ သူမက ထုံးစံအတိုင်း သူ့အတွက် စားဦးစားဖျားဟင်းအချို့ကို အရင် ဦးချလိုက်သည်။

“မောင် အားရပါးရစားနော်။ ဒီနေ့ မောင့်အကြိုက်တွေ ပဲ ရွေးချက်ထားတာလေ။ ဒါက ဝက်ကလီစာ၊ ဒါက မြင်းခွာရွက်ကို မောင့်အကြိုက် ချဉ်ချဉ်လေး သုပ်ပေးထားတာ။ အဆင် ပြေလား .. မြည်းကြည့်ပါဦး။ အချဉ်လိုရင် ထပ်ထည့်ပေးရအောင်လို့”

သူ တစ်ဇွန်းခပ်မြည်းကြည့်လိုက်ပြီး ..

“ရတယ် အနေတော် ပဲ ချစ်။ အဲဒါတွေ ကြောင့် မောင့်မိန်းမလေးကို ချစ်နေရတာ ”

“တော် ပါ အပိုတွေ ။ ရှုတင်မှာ မင်းသမီးလေးတွေ နဲ့လည်း ဒီလိုပဲ ပြောနေတာမို့လား”

သူ မကြိုက်မှန်းသိ၍ သူမ တမင်ပဲ နောက်လိုက်၏ ။ သူကလည်း ထုံးစံအတိုင်း မျက်နှာကြီး တည်ပြီး သူမကို ပြန်ကြည့်ပြီး ..

“ဇူးကိုယ့်အကြောင်းလည်း သိရဲ့ သားနဲ့ကွာ။ မောင့်ကို အဲလိုပြောရင်မကြိုက်ဘူးဆိုတာ သိရဲ့ သားနဲ့။ မောင့်ဘဝမှာ မိန်းမ တစ်ယောက် ကိုပဲ စူးစူးနစ်နစ်ချစ်ခဲ့သလို အဲဒီ မိန်းမ တစ် ယောက် ကိုပဲ လက်ထပ်ခဲ့တယ်။ နောက်ကို မောင်မကြိုက်တဲ့ စကားမျိုးတွေ မပြောပါ နဲ့လားကွာ”

သူ တကယ် စိတ်မကောင်း ဖြစ်သွားမိသည်။

“Sorry ပါမောင်ရယ်။ ဇူးက တမင်နောက်လိုက်တာပါ”

“…………………”

“ကြည့်ပါဦး ရုပ်ကြီးကလည်း ဖြစ်နေလိုက်တာ။ နာမည် ကျော် ဒါရိုက်တာကြီး ထင်ရှား အောင် တဲ့။ ဟန်တောင် မဆောင်နိုင်ဘူး။ စိတ်ကောက်နေလိုက်တာ။ ဒီပုံသာ ဓာတ်ပုံရိုက် ပြီး ဖေ့ဘုတ် ပေါ်တင်လိုက်လို့ကတော့ Like တွေ သော င်းချီတက်လာမှာ အသေအချာ ပဲနော်”

“ပေါက်ကရတွေ လျှောက်မလုပ်နဲ့နော်”

“မျက်နှာကြီး စူပုပ်မနေနဲ့။ ဇူးကို ပြုံးပြ”

သူ့မျက်နှာ စူပုပ်ပုပ်ကလေးလည်း သူမအတွက် မရိုးနိုင်သော ကဗျာတစ်ပုဒ်ပင် ဖြစ်သည်။

“……………………”

“ဘာလဲ မပြုံးပြဘူးလား။ ရတယ်လေ”

သူမက ပြောပြောဆိုဆိုနှင့် Samsung အမှတ်တံဆိပ် Handset ကလေးကို ကောက်ကိုင် လိုက်တော့မှ ..

“မလုပ်နဲ့နော် .. မလုပ်နဲ့။ ဒီမှာ မောင် ပြုံးပြနေတယ်”

ဆိုပြီး ပြုံးပြလာသည်။

“အမယ် ဒီလောက်လေးနဲ့ မရပါဘူး။ သွားတွေ ပေါ်အောင် ပြုံးပြ”

သူဟာ သိပ်ချစ်ဖို့ကောင်းတဲ့ ယောက်ျား တစ်ယောက် ဆိုတာကို သူမ အကြွင်းမဲ့ ယုံကြည် ထားပါသည်။

ခုလည်း ကြည့်လေ။ သူမအတွက် သူရဲ့ အချိုမြိန်၊ အလတ်ဆတ်ဆုံးသော အပြုံးတွေ ကို ချခင်း ပေးနေလေရဲ့ ။

ချစ်လိုက်တာ မောင်ရယ် .. ။

“ဒါနဲ့ မောင့်ကို အိမ်ဝိုင်းရှာခိုင်းထားတဲ့ကိစ္စ ပြောမယ်ဆို”

“အင်း ဟုတ်ပါရဲ့ ။ မောင့်ကိုပြောဖို့ မေ့တော့မလို့။ ဒီိလို မောင်ရဲ့ မှော်ဘီဘက်မှာ အိမ်တစ်လုံး တွေ့ ထားတယ်ဆိုလို့။ ဇူးဒီနေ့ပဲ သွားကြည့် ဖြစ်တယ်”

“အင်း ဘယ်လိုနေလဲ”

“ဒီဇိုင်းလေးအောက်နေတာနဲ့ ဆေးတွေ ပျက်စပြုနေတာကလွဲရင် ဈေးကအစ အားလုံး အိုကေတယ် မောင်။ မောင့်အကြိုက် ရေကူးကန်လေးလည်း ပါတယ်။ ပန်းခြံသေးသေး လေးတစ်ခုလည်း ပါသေးတယ်။ ခြံဝန်းကလည်း အကျယ်ကြီးပဲ မောင်ရဲ့ ။ စာကြည့်ခန်း၊ ဧည့်ခန်း၊ အိပ်ခန်း အားလုံး သပ်သပ်ရပ်ရပ်ပဲ မောင်”

“ဆေးက ပြဿနာမရှိပါဘူး။ မောင်တို့ကြိုက်တဲ့ အရောင် ပြောင်းသုတ်လို့ ရတာ ပဲကို။ အဓိကက ဆူညံသံတွေ နဲ့ ဝေးပြီး စိတ်အေးလက်အေး နေလို့ရဖို့ပဲ လိုတာ”

“ဒါတော့ စိတ်ချ .. မောင်။ လုံးဝ မောင့်အကြိုက် ဖြစ်ဖို့ ဇူးအာမခံတယ်။ ပြီးတော့ အိမ်ရော၊

ဝိုင်းရော အရှုပ်အရှင်း ကင်းတယ်။ အတွင်းအပြင်အဆင်တွေ ကတော့ နည်းနည်း ထူးဆန်း တယ် မောင်ရဲ့ ”

သူမစကားကြောင့် သူ စားလက်စကို ရပ်ပြီး မေး ဖြစ်လိုက်သည်။

“ဘယ်လို ထူးဆန်းတာလဲ ချစ်ရဲ့ ”

“အိမ်အတွင်းထဲမှာ က မှန်တွေ နဲ့ ဒီဇိုင်းလုပ်ထားတာ မောင်ရဲ့ ။ အခန်းနံရံတွေ ၊ တံခါးတွေ အားလုံးပေါ့နော်။ မှန်တွေ ဆိုပေမဲ့လည်း အထင်မသေးနဲ့နော်။ ကျည်ကာမှန်လို အထူကြီး တွေ နဲ့ လုပ်ထားတာ မောင်ရဲ့ ။ မသိရင် နိုင်ငံခြားကားတွေ ထဲမှာ ပါတဲ့ မှော်ဝင်အိမ်ကြီး တွေ လိုလို၊ ဘာလိုလိုနဲ့။ ဇူးကတော့ ကြိုက်တယ်။ ထူးပြီးတော့ မှန်တွေ ဝယ်စရာမလို တော့ဘူးလေ”

သူမကတော့ သူမ ရှာဖွေတွေ့ ရှိထားသော အိမ်ကြီးအတွက် ကျေနပ်နေပုံရသည်။

“ဇူး သိပ်ကြိုက်နေတယ်မို့လား”

“အင်း ကြိုက်တယ်။ ဒါပေမဲ့ ဇူးက အဓိကမကျပါဘူး။ မောင် ကြိုက်မှ ဝယ်လေ”

ဒီလိုဆိုပြန်တော့လည်း ဘာပဲ ဖြစ် ဖြစ် သူ့ကိုပဲ ဦးစားပေး ရှေ့တန်းတင်လွန်းတတ်သော မိန်းမ ဖြစ်သူကို သူ ကျေးဇူးတင် အားနာမိနေသည်။

“ဟုတ်ပြီလေ .. ဒါဆိုရင် လာမယ့် ဆန်းဒေးကျ အိမ်ကို သေချာသွားကြည့်ကြတာပေါ့။ မောင်ကြိုက်ရင် တစ်ခါတည်း ငွေချေလိုက်တော့မယ်လေ”

“မောင် အားရောအားရဲ့ လား .. အဲဒီ ရက်”

“ခုရိုက်နေတဲ့ ကားကြီးက နောက် လေးရက်လောက်ဆို ပြီးပြီလေ။ မောင် အားပါတယ်။ အိမ်ဝယ်ပြီးတာနဲ့ အမြန်ဆုံး မင်္ဂလာပွဲကို စီစဉ်ကြမယ်လေ”

“ကျေးဇူးပါမောင်။ ဇူးကို ချစ်ပေးလို့”

“သြော် .. ချစ်ရယ်”

နှစ် ယောက် သား တစ်ယောက် ကို တစ်ယောက် မက်မက်စက်စက် ငေးကြည့်နေကြသည်။ တစ်ယောက် ရင်ထဲက အကြင်နာတွေ တစ်ယောက် ရင်ထဲကို ကူးလူးရောယှက် စီးဝင်နေသလိုမျိုး။

ဒါပေမဲ့ ကံကြမ္မာဆိုတာမျိုးကလည်း မနက်ဖြန်အတွက် ကြိုမြင်ခွင့်မရှိတဲ့ အိပ်မက်၊ လှပ်ကြည့်ခွင့်မရှိတဲ့ ဝှက်ဖဲတစ်ချပ်ပဲ မဟုတ်ပါလား။

•••

(C)

ရှုတင်တစ်ခု၏ အခမ်းအနားက ထုံးစံအတိုင်း မခမ်းနားလှ။ လိုအပ်သည့် လိုက်တင်ရဖို့ အတွက် နေပူကျဲကျဲမှာ ချွေးဒီးဒီးကျအောင် ပြင်ဆင်လုပ်ဆောင်နေကြရသည်။

ကင်မရာမင်းကလည်းကင်မရာမင်းအလျောက်၊ ဒါရိုက်တာကလည်းဒါရိုက်တာ အလျောက်၊ မင်းသား၊ မင်းသမီးတွေ ကလည်း မင်းသား၊ မင်းသမီးတွေ အလျောက် မိမိကျရာ တာဝန်၊ နေရာ အတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်လုပ်ဆောင်နေကြ၏ ။

ဒါရိုက်တာထင်ရှားအောင် တစ်ယောက် ဆက်ရိုက်ရဦးမည့်  scene တစ်ခုအတွက် location ကအစ၊ camera work အဆုံး သူတွေးတော ပြင်ဆင်နေလေ၏ ။

Setting သမားတွေ ကလည်း ဇာတ်ဝင်ခန်းအရ ဒါရိုက်တာ စိတ်ကြိုက်အနေအထား တစ်ခု ကို ရောက်အောင် ကြိုးစားပမ်းစား လုပ်ဆောင်နေကြသည်။

မင်းသမီး ခေတ်ပျိုဖြူကလည်း သူ့ဇာတ်ဝင်ခန်းအတွက် အဝတ်အစားကအစ အကောင်း ဆုံး ပြင်ဆင်ထားပြီး ရိုက်ကွင်းပေါ်သို့ တက်လာခဲ့သည်။ နောက်တော့ ထုံးစံအတိုင်း ထင်ရှား အောင်နားသို့ သွားကာ …

“ဆရာ ခေတ်ဝတ်ထားတာ အဆင်ပြေလား။ လှရော လှလားဟင် ဆရာ”

ဆိုသည့် မရိုးနိုင်သော မေးခွန်းကို မေးဦးမည် ဆိုတာ ဒီရှုတင်မှ ရှိရှိသမျှလူတိုင်း အသိ။

အလုပ်သဘောအရ ဆိုသည်ထက် သူမဘက်က နည်းနည်း ပိုကဲတာကိုတော့ ထင်ရှား အောင် အပါအဝင် အားလုံးသိပါသည်။ ထို့ကြောင့် လည်း ထင်ရှားအောင်ဘက်က အတတ်နိုင်ဆုံး ခပ်တန်းတန်းပင်နေထိုင်ခဲ့သည်။ သို့ သော်လည်း လူသားတွေ ရဲ့ ထုံးစံအတိုင်း မင်းသမီး ခေတ်ပျိုဖြူ နှင့် ဒါရိုက်တာ ထင်ရှားအောင်တို့က ဘာညာဘာညာ ဖြစ်နေကြသည်ဆိုသော အသံတွေ ကတော့ တိုးတိုးညံညံ ပျံ့လွင့်နေခဲ့ပြီ ဖြစ်၏ ။

ဒါကို နှစ် ယောက် စလုံးဘက်က မသိကျေးကျွန်ပြုပြီး ဘာမှမ ဖြစ်သလို နေနေသည်ကိုက တဖြည်းဖြည်းနှင့် အားလုံးအတွက် စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်နေတော့သည်။

ထင်ရှားအောင်ကတော့ ရှင်းသည်။ အလုပ်ကို အကောင်းဆုံးလုပ်သည်။ မလိုအပ်သည့် ကိစ္စတွေ ကို တကူးတက လိုက်လံရှင်းလင်းနေဖို့ အချိန်မရှိသလို အချိန်လည်း အဲဒီ လောက်ထိ မအား။

ဂျာနယ်တချို့မှာ သူတို့နှစ် ယောက် အကြောင်းကို ဟိုလိုလို ဒီလိုလို ရေး လာတာကိုလည်း တွေ့ နေရသည်။ သူ့တပည့်ကောင်လေးက ထွက်သမျှ အနုပညာဂျာနယ်တွေ ကို ဝယ်ဖတ်ပြီး အနုပညာလောကနှင့် ဆက်နွယ်ပတ်သက်ပြီး ထူးခြားသော သတင်းမှန်သမျှကို သူ့ဆရာ ထင်ရှားအောင်ကို တင်ပြလေ့လည်းရှိသည်။

ထင်ရှားအောင်အတွက်တော့ သူ့တပည့်လေး မိုးသီးက ဒရိုင်ဘာဆိုလည်းဟုတ်၊ ပညာသင်

တပည့်ဆိုလည်းဟုတ်၊ ညီအစ်ကိုလိုလည်း အားကိုးရသည့် ကောင်လေး တစ်ယောက် ပင် ဖြစ်သည်။

အလုပ်နှင့် ပတ်သက်လျှင်လည်း တက်တက်ကြွကြွရှိပြီး ဆရာ့မျက်နှာကြည့်ပြီး အရိပ်အကဲ ကိုလည်း ကောင်းကောင်းနားလည်သူ တစ်ယောက် လည်း ဖြစ်သည်။

ယခုလည်းကြည့် SUPER STAR JOURNAL မှာ မဟုတ်မမှန် ဖော်ပြထားတဲ့ သူ့ဆရာနှင့် မင်းသမီး ခေတ်ပျိုဖြူတို့ သတင်းကို တိုးတိုးကျိတ်ကျိတ် ပြောပြနေလေ၏ ။

“ဆရာ .. ဂျာနယ်တွေ ကတော့ လျှောက်ဖွနေပြီဆရာ။ ဆရာ့အတွက်လည်း မကောင်းဘူး။ မင်းသမီးအတွက်လည်း မကောင်းဘူး။ ကျွန်တော် ဒီဂျာနယ်ကို ဖုန်းဆက်ပြီး နောက် အပတ်ထုတ်မှာ တောင်းပန်လွှာ ပြန်ထည့်ပေးဖို့ ပြောလိုက်ရမလား ဆရာ”

“ထားလိုက်ပါ မိုးသီးရာ။ ဒါတွေ က ဘယ်လောက်အရေး ပါတဲ့ အရာတွေ မို့လို့လဲ။ ကိုယ် ကောင်းရင်ခေါင်းဘယ်မှ မရွေ့ပါဘူးကွာ။ အရေး မပါတာတွေ ကို ခေါင်းအလေးခံပြီး ထည့် တွေးမနေနဲ့။ အဓိကက ကိုယ်မှန်နေဖို့ရယ်၊ ရိုးသားကြိုးစားနေဖို့ရယ်ပဲ။ ငါ့အကြောင်းလည်း မင်းအသိဆုံးပါပဲ မိုးသီးရာ”

“ဟုတ်ပါတယ်ဆရာ။ ဒါပေမဲ့ ဒီလူတွေ ရေး ထားတာ လွန်လွန်းလို့ပါ။ ဆရာ့သိက္ခာကိုလည်း ထိခိုက်နေလို့ ကျွန်တော် ပြောတာပါ။ ဆရာဘယ်လောက် တည်ကြည်ဖြောင့်မတ်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဆရာ့ဘက်က ကျွန်တော် မခံနိုင်လို့ပါ”

“အေးပါကွာ။ ကဲ အခုတော့ မင်းသမီးကို သွားပြောလိုက်။ ခုရိုက်မယ့် scene က မင်းသမီး က စိတ်ညစ်ပြီး ရေထဲခုန်ချဖို့လုပ်နေတုန်း မင်းသားအချိန်မီ ရောက်လာပြီး ပြေးဖက်တဲ့ အခန်းလို့”

“ဟုတ်ကဲ့ ဆရာ”

မိုးသီး တစ်ယောက် ဆရာ ဖြစ်သူထင်ရှား ပြောလိုက်သည်နှင့် ချက်ချင်း ထထွက်သွားသည်။

ထင်ရှားအောင်ကတော့ တပည့် ဖြစ်သူ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းသဲ့သဲ့ကိုသာ ခိုးချနေမိတော့သည်။

‘လူတွေ က ဘာ ဖြစ်လို့များ သားပုပ်လေလွင့်ဆိုတဲ့ကောင်နဲ့ ကောလာဟလဆိုတဲ့အရာ တွေ ကို ကြိုက်နေကြပါလိမ့်နော် ??’

•••


ဝန်ဇင်းချစ်သူများ မင်းတခေတ် ၏ “ EXIT ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပရော်ဖက်ရှင်နယ်

နိုင်းနိုင်းနိုင်း

ရိုဘော့(တ်)